GOODNEWS
  HOME  GOODNEWS  2010 MAR
 


ဤစာစောင်၌........


အမှာစာ

တစိတ်တပိုင်း ချီဆောင်ခြင်း 

သားသမီးများကို ပြုစုခြင်း ကဏ္ဍ

ပျောက်ဆုံး ဝိညာဉ်များဖမ်းခြင်း 

မိတ်ဆွေ၌ ရုံးချိန်းရှိသည် 

သာသနာ ပြုသတင်း 

ဘိတ်ခေါ်ပါသည် 

 

 

အမှာစာ
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၁၀ ခုနှစ် မတ်လရောက် ကြပြန်ပြီ။ ချီဆောင်ခြင်း နေ့ရက်လည်း တနေ့တခြား နီးကပ်လာပြီ။ ကမ္ဘာ့ အ​ခြေအ နေကြည့်လျှင်လည်း တနေ့တခြား ဆိုးဝါးလာသည်။ မြေငလျှင် လှူပ်ခြင်းလည်း ပို၍ ပို၍ များလာသည်။ လေမုန်တိုင်း တိုက်ခတ်ခြင်းလည်းများပြားသည်။ နှင်းမုန်တိုင်း ကျသည် မှာလည်း အမေရိကန်ပြည် ထောင်စု၌ ပြည်နယ် ၅၀ ရှိရာတွင် ၄၉ ပြည်နယ်၌ ကျခြင်းအားဖြင့် ထူးခြားသည်။ အချို့သော နိင်ငံများ၌ မိုးများ လွန်းသောကြောင့် ရေကြီးခြင်း မြေပြို+ခင်းများလည်းရှိသည်။ မိုးခေါင်သောကြောင့် ရေ ရှားပါး၍ အစာ ငတ်မွတ် ခေါင်းပါးသော နိင်ငံ များလည်းရှိကြသည်။ 

 ထိုကဲ့သို့ သဘာဝ ဘေးရန်များရှိသည်သာမက တိုင်း နိင်ငံများလည်း မတည်မငြိမ်စစ်တိုက်မည့် အကြောင်း အရာများကို အဆက်မပြတ် ကြားနေ ကြရသည်။ လူများ တီထွင်မှု များလည်း အံ့ဩဘွယ်ကောင်းလောက်အောင် ဖြစ်နေသည်။ ယခုမှစ၍ နောက်ထပ်အနှစ်နှစ်ဆယ်အတွင်း၌ အမ်အမ်ခေါ် မော်လီကျူးထုပ်လုပ်ခြင်း (​ြသူနခကူမေ ​ြ​ေညက်ခေအကမငညါ) ပြုလုုပ်နိင်ပါက ဒုတိယအကြိမ် စက်မှုတော် လှန်ရေးကြီး ဖြစ်နိင်သည်။ ထိုအကြောင်း အရာ သိချင်ပါက ​ြမငအအွငူူနအအန၏ ဃသာမှာစ​ေျအမေအငခူနျ၌ ဖတ်ရှုနိင်သည်။ ထို့ကြောင့် မိတ်ဆွေ အချိန်ကို အလဟသမကုန်စေဘဲ မိမိဝိညာဉ် ကယ်တင်ခြင်းသို့ ရောက် ရေးနှင့် ဘုရား အလိုတော်အတိုင်း အသက်ရှင်ဘို့ရန် တိုက်တွန်းလိုပါသည်။ ကယ်တင်ခြင်းသို့ မရောက် သေးသောသူများကိုလည်း ပြောပြစေလို ပါသည်။ ဤစာစောင်နှင့် စာအုပ်များ တရားဟောစီဒီ၊ ဒီဗီဒီများကို ဖြန့်ပေးနိင်ပါသည်။ 
 

တစိတ်တပိုင်း ချီဆောင်ခြင်း 

Partial Rapture 

Moses R Cung
 
 
ချီဆောင်ခြင်းနှင့် ပတ်သက်၍ ခရစ်ယာန်များထဲ၌ ခံယူချက် အမျိုးမျိုးရှိကြသည်။ ချီဆောင်ခြင်းသည် 
၁။ ဘေးဒါဏ်ကြီး ကာလ မတိုင်မှီ ဖြစ်ရမည် (pretrib) 
၂။ ဘေးဒါဏ်ကြီး ကာလ အလယ်၌ ဖြစ်ရမည်(midtrib) 
၃။ ဘေးဒါဏ်ကြီး ကာလ အဆုံး၌ ဖြစ်ရမည် (posttrib) 
၄။ ဘေးဒါဏ်ကြီး ကာလ အစ၌၊ အလယ်၌၊ အဆုံး၌ အပိုင်းပိုင်း ဖြစ်ရမည်၊ တကြိမ်တည်း မဟုတ် (partialtrib) ဟု အမျိုးမျိုး ခံယူချက်ကွဲပြားကြသည်။ 


ထိုခံယူချက် အမျိုးမျိုးသည် ကျမ်းစာ နားလည်ပုံခြင်း မတူညီသော ကြောင့် ဖြစ်သည်။ ထိုအထဲမှ အထူးခြားဆုံး ဖြစ်သော တစိတ်တပိုင်း ချီဆောင်ခြင်း ;(partial rapture) အကြောင်း ကို အဓိကထား၍ လေ့လာ​ ဖြေရှင်းကြစို့။


တစိတ်တပိုင်း ချီဆောင်ခြင်း ခံယူချက်အရယုံကြည်သူများ၏ ချီဆောင်ခြင်းသည် တကြိမ်တည်း မဟုတ်။ ဘေးဒါဏ်ကြီး ကာလ မတိုင်မှီ၌ ပဌမ အကြိမ် ချီဆောင်ခြင်းရှိမည်။ ထိုချီဆောင်ခြင်း၌ ပါဝင်မည့်သူ များသည် အောင်မြင်သောသူများ၊ ဝိညာဉ်ရေးရာ၌ ရင့်ကျက်သောသူများ၊ ခရစ်တော် ကြွလာမည့် အရာကို စောင့်မျှော်၍ ဆုတောင်းသောသူများ၊ ထိုက်တန်သောသူများသာလျှင် ဖြစ်မည်။ ဒုတိယ မွေးဘွားသောသူတိုင်း ထိုချီဆောင်ခြင်း၌ ပါဝင်မည်မဟုတ်။ ကယ်တင်ခြင်းသည် အခမဲ့ ဖြစ်သော်လည်း ချီဆောင်ခြင်းသည် အခမဲ့ မဟုတ်၊ လုပ်ဆောင်ချက် အပေါ်မူတည်သည်၊ ထိုက်တန်သောသူမှသာ ပါဝင်မည် ဟုဆိုသည်။ 

ထိုပဌမ ချီဆောင်ခြင်း၌ မပါဝင်သော ယုံကြည် သူများသည် ဘေးဒါဏ်ကြီး ကာလ အတွင်း၌ သူတို့၏ အပြစ်များကို ချေးခွျတ်မည် ဟုဆိုသည်။ ဘေး ဒါဏ်ကြီး ကာလ အတွင်း၌လည်း ချီဆောင်ခြင်းသည် တကြိမ်တည်း မဟုတ်၊ သူတို့၏ ရင့်ကျက်မှု အပေါ်မူတည်၍ အစောပိုင်းနှင့် အနှောင်းပိုင်း ချီဆောင်ခြင်း အပိုင်းပိုင်း ဖြစ်မည်။ အချို့သောသူများသည် ဘေးဒါဏ်ကြီး ကာလ အတွင်း၌ ချီဆောင်ခြင်း မထိုက်သော ကြောင့်အနှစ်တစ်ထောင်ကာလ နောက် ပလ္လင်ဖြူကြီး တရားစီရင်ခြင်း၌ ချီဆောင်ခြင်း ခံရမည်ဟူ၍ ဖြစ်သည်။ 


တစိတ်တပိုင်း ချီဆောင်ခြင်း ခံယူ သူများ၏ အဓိကကျမ်းချက်များမှာ (မ ၂၄:၄၀-၅၁၊ ၂၅:၁၃၊ မာ ၁၃:၃၃-၃ရ၊ လု ၂၀:၃၄-၃၆၊ ဖိလိ ၃:၁၀-၁၂၊ ၁ သက် ၅:၆၊ ၂ သက် ၂:၂-၄၊ ၂ တိ ၄:၈၊ တိတု ၂:၁၃၊ ဟေ ၉:၂၄-၂၈၊ ဗျာ ၃:၃၊ ၁၂:၁-၆)တို့ ဖြစ်သည်။ 
 
၁။ ကယ်တင်ခြင်းသည် ကျေးဇူးတော် သက်သက်ကြောင့် ဖြစ်သည်။ ကြိုး စားမှု၊ စောင့်မျှော်မှု သစ္စာ စောင့်မှု ကြောင့် မဟုတ်။ အစ၌လည်း ကျေးဇူးတော် ကြောင့် (တိတု ၂:၁၁) အဆုံး၌လည်း ကျေးဇူးတော် ကြောင့်သာလျှင် ဖြစ်မည် (၁ ပေ ၁:၁၃) 
 
၂။ ချီဆောင်ခြင်းသည် ဝိညာဉ်ပိုင်းရင့်ကျက်မှု၊ အဆင်သင့်ရှိမှု၊ စောင့်မျှော်မှု ကြောင့် ဖြစ်ပါက မည်မျှအဆင်သင့်ရှိရမည်နည်း။ မည်မျှရင့်ကျက်ရမည်နည်း။ မည်သူမျှထိုမေးခွန်းကို မ​ဖြေနိင်။ ထို့ကြောင့် ချီဆောင်ခြင်း၌ ပါမည်ဟု မည်သူ မျှစိတ်ချမှု မရှိနိင်။ 
 
၃။ ဤခံယူချက်ရှိ သူများ ကပေါလုပင်လျှင် ဖိလိပိ` ၃:၁၁၌ ပဌမ ရှင်ပြန်ထ မြောက်ခြင်း၌ ထမြောက် နိင်ဘို့ရန် မထိုက်တန် ဟုဆိုသည်။ ထိုသို့ ပေါလု ပင်လျှင် မထိုက်တန် ဟုဆိုလျှင် မည်သူထိုက်တန်မည်နည်း။ 
 
၄။ ခရစ်တော် ပြန်လာမည့် အရာကို စောင့်မျှော်ခြင်းသည် အလွန် ကောင်း၍ အသက်တာကိုလည်း သန့်ရှင်းစေသည် (၁ ယော ၃:၃)။ သို့သော် ချီဆောင်ခြင်း၌ ပါဝင်ဘို့ရန် ကျေးဇူးတော်နှင့် လုပ်ဆောင်ချက် ပူးပေါင်းမှ ဖြစ်မည်ဆိုခြင်းသည် မဖြစ်နိင်ပါ။ 
 
၅။ ကောရိန်သု အသင်းသား များသည် ဇာတိ ခရစ်ယာန်များဖြစ်ကြသည် (၁ ကော ၃:၁-၅)။ သို့သော် ပြောင်းလဲခြင်း၌ သူတို့လည်း ပါမည်ဟု ရှင်ပေါလု ကရေးခဲ့သည် (၁ ကော ၁၅:၅၁-၅၃)။ 
 
၆။ ကျမ်းစာက၊ မျှော်လင့်လျက် စောင့်နေကြလော့၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝကြလော့၊ သစ္စာရှိကြလော့ဟု ပြောသော ကြောင့်ထို သူများသာလျှင် ချီဆောင်ခြင်း၌ ပါမည် ဟုဆိုလိုခြင်း မဟုတ်။ 
 
ရ။ ယုံကြည် သူများသည် ချီဆောင်ခြင်း ခံပြီးသော နောက်၊ ကိုယ်ခန္ဓာ၌ လုပ် ဆောင်သည့်အတိုင်း ခရစ်တော် ကဆုပေးမည်ဟူသောအရာသည် ငြင်းစရာ မရှိပါ (မ ၁၆:၂ရ၊ ရော ၂:၆၊ ၁၄:၁၂၊ ၂ ကော ၅:၁၀၊ ၁ ပေ ၁:ရ၊ ဗျာ ၂:၂၃၊ ၂၂:၁၂)။ သို့သော် ချီဆောင်ခြင်းသည် ဆုအားဖြင့် ရသည် မဟုတ်။ ကျေးဇူးတော် ကြောင့် ဖြစ်သည်။ 
 
၈။ ၁ ကော ၃:၁၁-၁၅၌ လုပ်ဆောင်သော အရာများကို မီးဖြင့် စစ်ဆေး၍ လောင်​ကျွမ်းကုန်သောသူများသည် ဆုမရသော်လည်း မီးဖြင့် လွတ်မည် ဟုဆိုထားသည်။ ထို သူတို့သည် ချီဆောင်ခြင်း၌ မပါလျှင် မည်ကဲ့သို့ ဆုပေးခြင်း၌ ပါဝင်နိင်မည်နည်း။ 
 
၉။ ချီဆောင်ခြင်းသည် ဆု ဖြစ်လျှင် အသက်ရှင်သောသူများအတွက် ဖြစ်နိင်သည် ဆိုစေတော့၊ ထိုအရာကို မသိ၊ ဂရုမစိုက်ဘဲ သေသွားသော ခရစ်တော်၌ သေလွန်ပြီးသောသူများသည် မည်ကဲ့သို့ဖြစ်မည်နည်း။ ရှင်ပြန်ထမြောက် ခြင်း၌ ပါဝင်မည်လော။ ရှင်ပေါလုက ခရစ်တော်၌ သေလွန်သောသူများ ထမြောက်မည်ဟု ရိုးရိုးလေးရေးထားသည် မဟုတ်လော (၁ သက် ၄:၁၆)။ 
 
၁၀။ ရှင်ပေါလုက ၁ သက် ၄:၁၃-၁ရ၌ ငါတို့ စောင့်မျှော်သောသူများ၊ ငါတို့ အောင်မြင်သောသူများသည် ချီဆောင်မည်ဟု မရေး၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည်ဟု သာရေးထားသည်။ ထို့ကြောင့်အသက်ရှင်လျက် ယုံ 
ကြည်သောသူအားလုံး ကို ဆိုလိုသည်။ ထို့နည်းတူ ခရစ်တော်၌ သေလွန်သော သူတို့ ထမြောက် မည်ဟု သာရေးသည်။ ခရစ်တော်၌ စောင့်မျှော်၍ သေ လွန်သော သူတို့ အောင်မြင်လျက် သေလွန်သော သူတို့ဟု မရေးချေ။ 
 
၁၁။ ထို့အပြင် ထိုစာသည် ယုံကြည် သူများကို အားပေးသောစာ ဖြစ်သည်။ ၁ သက် ၄:၁၈၌ ယုံကြည် သူများသည် ဍှင်းဆဲနှိပ်စက်ခြင်း ကြောက်နေသော ကြောင့်မကြောက်ကြနှင့်၊ မကြာမှီ ခရစ်တော် ကြွ လာသောအခါ ချီဆောင်ခြင်း ခံရ၍ သခင်ဘုရားနှင့်အတူ နေမည်ဟု အားပေးသောအရာ ဖြစ်သည်။ အကယ်၍ အောင်မြင်သောသူများတို့ သာလျှင် ချီဆောင်မည်ဆိုပါက အောင်မြင်သော အသက်တာမရှိသောသူများအတွက် ခရစ်တော် ကြွလာခြင်းသည် အားပေးစကား မဟုတ်ဘဲ ချိန်း​ခြောက်သောစကား ဖြစ်မည် မဟုတ်လော။ ထိုသို့ ချီဆောင်ခြင်း၌ မပါဝင်ဘဲ ဘေးဒါဏ်ကြီး ကာလ၌ ရောက်သွားပါက သေလျှင် သာ၍ ကောင်းမည် မဟုတ်လော။ 
 
၁၂။ ချီဆောင်ခြင်း၌ မပါသော ယုံကြည် သူများသည် သူတို့၏ အပြစ်ကို ဘေး ဒါဏ်ကြီး ကာလ၌ ခွျတ်မည်ဟတစိတ်တပိုင်း ချီဆောင်ခြင်း ယုံ သူများ ကဆိုသည်။ သို့ဖြစ်လျှင် ရိုမင်ကက်သလိပ်များ၏ ငရဲလေး (စကမါအေသမပ) ခံယူချက်နှင့်အတူ တူပင် ဖြစ်မည်။ ကွာခြားချက်မှာပရိုတက်တင့်ငရဲလေး (စကမါအေသမပ)သည် အသက်ရှင်စဉ် ဖြစ်၍ ဤလောက၌ ဖြစ်မည်။ ကက်သလိပ်ငရဲလေးသည် သေပြီးမှ ဖြစ်၍ ဤလောက၌ မဟုတ်။ ထိုအရာနှစ်ခုစလုံးသည် ကျမ်းစာ အရ မဟုတ်။ 
 
၁၃။ ခရစ်တော်နှင့်အတူ သေသော လူဆိုးသည် အသက်တာ၌ ကောင်းကွက် မရှိ။ သို့သော် ထိုနေ့၌ ခရစ်တော်နှင့်အတူ ပရသိသုဘုံ၌ ရောက်သွားခဲ့သည်။ သူသည် မထိုက်တန်၊ ရင့်ကျက်ခြင်း မရှိ၊ သို့သော် ထိုနေ့၌ ပင်လျှင် ပါရသိသုဘုံသို့ ရောက်သည်ဟု ယူဆရသည်။ အကြောင်းမှု ကား ခရစ်တော် ကယနေ့ သင်သည် ငါနှင့်အတူ ပါရသိသုဘုံ၌ ရှိမည် ဟုဆိုသည် (လု ၂၃:၄၃)။ 
 
၁၄။ တစိတ်တပိုင်း ချီဆောင်ခြင်း ခံယူ သူများသည် ခရစ်တော် ကိုယ်ခန္ဓာတလုံးတဝ တည်းဖြစ်ခြင်း (ဧ ၂:၁၄-၃:၆၊ ၄:၁-၆၊ ၁၂-၁၆၊ ကော ၃:၁၁၊ ၁၅)ကို ငြင်း ဆိုသည်။ သူတို့ အဆိုအရအောင်မြင်သောသူများသည် ချီဆောင်ခြင်း၌ ပါဝင်၍ အများစုသည် ဘေးဒါဏ်ကြီး ကာလ၌ ဖြတ်သန်းကာဘေးဒါဏ်ကြီး ကာလအတွင်းတွင် အပိုင်းလိုက် ချီဆောင်မည်။ အချို့သောသူများသည် ဘေးဒါဏ်ကြီး ကာလ၌လည်း မထိုက်တန် သေးသောကြောင့် အနှစ် ၁၀၀၀ ကာလ အပြီး ပလ္လင်ဖြူကြီးရှေ့မှာ သာထမြောက်မည် ဟုဆိုသည်။ ထို့ကြောင့် ခရစ်တော်၏ ကိုယ်ခန္ဓာသည် တပိုင်းတစ ဖြစ်ကုန်သည်။ 
 
၁၅။ ယော ၁၄:၁-၃၌ ခရစ်တော် ကငါသည် သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ပြီးမှတဖန် ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်တို့ကို ငါထံသို့ သိမ်းဆည်းမည် ဟုဆိုခဲ့သည်။ ထိုသို့ သိမ်းဆည်းခြင်း ခံဘို့ရန် ခရစ်တော်က ဘုရားသခင်ကို ယုံကြည်ကြလော့၊ ငါ့ကိုလည်း ယုံကြည်ကြလော့ဟု သာဆို ခဲ့သည်။ ထိုသို့ ခရစ်တော် ပြောသောအခါ တပည့်တော် များသည် ဇာတိသ ဘောအားဖြင့် ခရစ်တော်ကို လိုက်နေသောအချိန် ဖြစ်သည်။ ခရစ်တော် ကသင်တို့ အထဲမှအောင်မြင် သောသူ၊ ငါ့ကို စောင့်မျှော်သောသူများကို သိမ်းဆည်း မည်ဟု မဆိုချေ။ 
 
၁၆။ ဧ ၅:၂၆၌ ခရစ်တော်သည် အသင်းတော်ကို ဘေးဒါဏ်ကြီးအားဖြင့် သန့်ရှင်းစေသည်ဟု မဆို၊ နှုတ်ကပတ်တော်အားဖြင့် သန့်ရှင်းစေသည် ဟုဆိုသည်။ 
 
၁ရ။ ဧ ၂:၅-၆၌ ဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူးတော် ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။ ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက် စေတော်မူ၍ ကောင်းကင်အရပ်၌ နေရာ ပေးတော်မူ ပြီ ဟုဆိုထားသည်။ ထိုသို့ ကောင်းကင် အရပ်၌ နေရာပေးခြင်းသည် ငါတို့၏ အောင်မြင်မှု ကြောင့် မဟုတ်၊ ​ဖြောင့်မတ်ခြင်း ကြောင့် မဟုတ်။ ကျေးဇူးတော် ကြောင့် ဖြစ်သည်။ ထိုသို့ ကောင်းကင် အရပ်၌ ပင် နေရာပေးခြင်း ခံပြီးမှ ချီဆောင်ခြင်း၌ မပါဝင်ခြင်းသည် အဓိပ္ပါယ်မရှိပါ။ 
 
၁၈။ ခရစ်တော်၏ ကိုယ်ခန္ဓာသည် အပိုင်းလိုက်ပိုင်းခြားခြင်း မရှိပါ။ တလုံးတဝ တည်းဖြစ်သည်။ ဗျာ ၁၉:ရ- ၉၊ ၂၁:၉၌ အသင်းတော်သည် ခရစ်တော်၏ သတိုး သမီးအဖြစ် တွေ့ရသည်။ အသင်းတော်သည် သတို့သမီး ဖြစ်လျှင် အဘယ် ကြောင့်အပိုင်းပိုင်း ဖြစ်ရမည်နည်း။ အဘယ်သူမျှ ကိုယ့်အားဖြင့် ​ဖြောင့်မတ် သောသူ၊ အောင်မြင် သောသူ၊ ထိုက်တန်သောသူ၊ ချီဆောင်ထိုက်သောသူ မရှိပါ။ သို့သော် ခရစ်တော်၏ ​ဖြောင့်မတ်ခြင်း၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ထိုက်တန်သောသူ ဖြစ်စေပြီ။ ထိုကြောင့် ခရစ်တော် ကြွ လာသောအခါ ယုံကြည် သူများသည် ပြောင်းလဲကြမည် ဖြစ်သည်။ ကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတ့ုိသိ 
ကြ၏ (၁ ယော ၃:၃)။ 
 
၁၉။ မ၂၅:၁-၁၃၌ မင်္လာဆောင်လုလင်ကို စောင့်သော သတို့သမီး တကျိတ်တို့နှင့် ပတ်သက်၍ အဘယ်သူမျှ မင်္လာဆောင်လုလင်ကို မစောင့်နိင်ကြဘဲ အိပ်ပျော်နေကြသည် မဟုတ်လော။ သူတို့ စောင့်မျှော်ခြင်းသည် မအိပ်ဘဲ စောင့်ခြင်း မဟုတ်ဘဲ မီးခွက်ထဲ၌ ဆီပါခြင်းကို ဆိုလိုသည်။ အကယ်၍ မအိပ်ဘဲ စောင့်ခြင်းကို ဆိုလိုပါက ပညာရှိများလည်း မစောင့်နိင်ဘဲ အိပ်ပျော်နေကြသည်။ သူတို့ စောင့်မျှော်ခြင်းသည် ဆီပါခြင်း ဖြစ်၍ ယုံကြည် သူများအတွက် ဖြစ်လျှင် သန့်ရှင်းသောဝိညာဉ်တော် ရရှိခြင်း ဖြစ်သည်။ 


 
သားသမီးများကို ပြုစုခြင်း ကဏ္ဍ
ဆရာမဟန္န

ယခုခေတ် များစွာသော မိဘတို့သည် သားသမီး များမွေးဘွားလာကြသော်လည်း ကိုယ်ခန္ဓာပိုင်းကိုသာ ကျွေးမွေးပြုစု၍ သူတို့၏ ဝိညာဉ်ပိုင်း လုံးဝ ဂရုမစိုက်ကြချေ။ သားသမီး များသည် ဝိညာဉ် ရှိသောကြောင့် သူတို့လည်း ဘုရားသခင်ကို ကိုးကွယ်ဘို့ လိုအပ်သည်။ ကယ်တင်ခြင်းသို့ ရောက်ဖုိ့လည်း လိုအပ်သည်။ ငယ်ရွယ်သော သားသမီး များသည် စာရွက်ဖြူလို ဖြစ်သည်။ စာရွက်ဖြူပေါ်၌ ရေးသမျှ ထင်ရှားသည်။ ထို့နည်းတူ သားသမီး များသည် မိဘပြောသမျှကို ယုံကြည်သည်။ ထိုကြောင့် ငယ်ရွယ်သော အချိန်၌ ကြိုးစား၍ ကယ်တင်ခြင်း အကြောင်းနှင့် သမ္မာတရားကို သွန်သင်ရမည်။ ဤကဲ့သို့ သင်ပေးနိင်သည်။ 
 
တိုတောင်းသော အသက်တာ
အလွတ်ကျက်ရမည့် ကျမ်းပိုဒ် ၁ ပေ ၁:၂၄-၂၅ လူမျိုးရှိသမျှသည် မြက် ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက် ပင်သည် ညှိုးနွမ်းသွေ့​ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလ အစဉ်အမြဲတည်၏။ 

ကျမ်းပိုဒ်ကို အလွတ်ကျက်ခိုင်းပါ။ မြန်မာလိုမရလျှင် အင်္လိပ်လိုကျက် ခိုင်းပါ။ စာတကြောင်း စီကို အနည်းဆုံးသုံးခါလိုက်ဆိုခိုင်းပါ။ ကျမ်းပိုဒ်အလွတ် ရမှသာလျှင်မှတ်မိနိင်မည် ဖြစ်သည်။ ကျမ်းပိုဒ်ရပြီးလျှင် တကြောင်း စီ၏ အဓိပ္ပါယ်ကို ရှင်းပြပါ။ အဘယ်ကြောင့်ဆိုသော်နှုတ်ကပတ်တော်သည် အသက်ရှင်သည်။ ကျမ်းပိုဒ်ကို ရှင်းပြပြီးလျှင် ပြန်မေးပါ။ အောက်ပါကဲ့သို့ ပြန်မေးနိင်သည်။ 

ဘုရားသခင် ရဲ့အမြင် မှာလူတွေဟာမြက်ပင်ကဲ့သို့ဖြစ်တယ်။ ဒါကြောင့် ငါတို့ ဟာဘာတွေလဲ (မြက်ပင်)။ ငါတို့ ရဲ့အောင်မြင်ခြင်း တွေဟာ ပန်းပွင့်လေးတွေနဲ့တူတယ်။ ဥပမာ၊ လှတာ၊ တော် တာ၊ ပိုက်ဆံရှိတာ၊ အဝတ် အစားကောင်းကောင်း ရှိတာ၊ တွေဟာပန်းလိုဘဲ ကြာရှည်မခံဘူး။ ခဏသာ တည်တယ်။ လောက မှာရှိတဲ့အရာတွေအားလုံး နဲ့ လူသား အားလုံး ဟာတ နေ့ကျရင်မြက်ပင်တွေ​ခြောက်သွေ့သွားသလိုသေသွားကြလိမ့်မယ်။ ငါတ့ုိ အားလုံး လဲသေသွားကြရမယ်။ ဒို့လဲတနေ့ကျရင်သေသွားကြမလား။ သေမဲ့အချိန် ကောဒို့သိနိင်သလား၊ စသဖြင့် ကျမ်းပိုဒ်ကို ရှင်းပြပြီး ပြန်လည်မေးနိင်သည်။ 

အထောက်အကူ အနေဖြင့် ကျမ်းစာထဲကမိုက်သောသူဌေးကြီး အကြောင်း (လုကာ ၁၂:၁၆-၂၁)ကို ပြောပြနိင်သည်။ ထိုကျမ်းပိုဒ်ကို ဖတ်ပြပြီး သင်ပေးနိင်သည်။ ထိုအကြောင်း အရာကို ဖတ်ပြရှင်းပြပြီးလျှင် ထိုဥပမာ၏ ရည် ရွယ်ချက်ကို ပြောပြပါ။ ဤကဲ့သို့ ပြောပြနိင်သည်။ ဒီသူဌေးကြီး ဟာအသက်တာ ရှည်ပြီး ပျော်မွေ့ဘို့ ရည်ရွယ်တယ်။ သူရဲ့ဥစ္စာတွေနဲ့စပါးကျီကို အရမ်းစိတ် ချတယ်။ အဲဒီအချိန်မှာ ဘုရားသခင်က အချင်းလူမိုက်ဒီညမင်းရဲ့အသက် 
ယူမယ်လို့ပြောတယ်။ ဒီသူဌေးကြီး ဟာ ကိုယ်ခန္ဓာအတွက်ဘဲ ပြင်ဆင် တယ်။ ကောင်းပါတယ်။ ဒါပေမဲ့သူ ဝိညာဉ် အတွက် မပြင်ဆင် ခဲ့ဘူး။ ဝိညာဉ် ရှိမှန်းလဲ သတိမထားခဲ့ဘူး။ ဒီသူဌေးကြီးရဲ့အသက်တာဟာ အလွန် တိုတောင်းလှ တယ်။ သူ့လိုဘဲ ငါတို့ ရဲ့အသက်တာလဲ အလွန် တိုတောင်းတယ်။ မင်းတို့ ငါတို့ ရဲ့အသက် လဲ မထင်မှတ်တဲ့အချိန် မှာမျက်စိတမှိတ်အတွင်း၌ သေဆုံးသွား နိင်တယ်။ တကယ် လို့များသား၊ သမီးသေသွားရင်မင်း ဝိညာဉ် ဘယ်ရောက် မလဲ။ သိရဲ့လား။ ခရစ်တော် မရရင်တော့ငရဲသွားရလိမ့်မယ်။ ခရစ်တော် ရရင် တော့ကောင်းကင် ရောက်မယ်။ ဒါကြောင့် ခရစ်တော်ကို မိမိစိတ်နှလုံးထဲမှာ ခေါ်ဘိတ် လက်ခံဘို့ လိုတယ်၊ ဟုပြောနိင်သည်။ 

အဆုံးမှာ ခရစ်တော်ကို မိမိစိတ်နှလုံးအထဲမှာခေါ်ဘိတ် လက်ခံဘို့ တိုက်တွန်းပါ။ ဆုတောင်းခြင်းအားဖြင့် ခေါ်ဘိတ်ဘို့ သွန်သင်ပေးပါ။ ဤကဲ့သို့ ဆုတောင်း နိင်သည်။ အဘ ဘုရားသခင်၊ ​ကျွန်ပ်၏ အသက်တာသည် မြက် ပင်ကဲ့သို့ ခဏသာထင်ရှားမည် ဖြစ်သည်။ မိုက်သောသူဌေးကြီး ကဲ့သို့ကို ိယ်ခန္ဓာ အတွက် သာမ ပြင်ဆင် ချင်ပါ။ ​ကျွန်ပ်၏ ဝိညာဉ် ထာဝရ အသက်ရှင်ဘို့ရန် အ တွက်သားတော် ယေရှုခရစ်ကို ပေးသောကြောင့် ကျေးဇူးတင်ပါ၏။ သခင်ယေ ရှုဘုရား၊ ​ကျွန်ပ်၏ စိတ်နှလုံးထဲ၌ ဝင်တော်မူပါ။ ​ကျွန်ပ်၏ ဤသက်တာကို ကိုယ်တော် အားပေးအပ်ပါ၏။ အလိုရှိသလိုအုပ်စိုးတော်မူပါ။ အာမင်။ 

 
ပျောက်ဆုံး ဝိညာဉ်များဖမ်းခြင်း 
Moses R Cung

ယုံကြည်သူတိုင်း ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့သည် သခင်ဘုရား၏ အမိန့် တော်နှင့် အလိုတော် ဖြစ်သည်။ ထိုအရာကို အကောင်အထည်ဖေါ်နိင်ရန် နည်းပေးလိုပါသည်။ ပျောက်ဆုံးသော ဝိညာဉ် များသည် သခင်ဘုရားက ငါး များနှင့် နှိုင်းထားပါသည်။ သင်တို့ကို လူကို မြှားသော တံငါသည် ဖြစ်စေမည် ဟုဆိုသည် (မ ၄:၁၉)။ ငါးလည်း အမျိုးစုံရှိသလိုဖမ်းနည်းလည်း မတူညီကြချေ။ ထို့နည်းတူ ပျောက်ဆုံးဝိညာဉ် များလည်း အမျိုးစုံရှိ၍ သူတို့ကို ဖမ်းနည်းလည်း ကွဲပြား ကြသည်။ ထိုအထဲမှယေဟောဝါ သက်သေခံတို့ကို မည်ကဲ့သို့ ပြောရမည်ကို လေ့လာကြစို့။ 
 
ယေဟောဝါး သက်သေခံများ 

ယေဟောဝါသက်သေတို့သည် အလွန် လှုပ်ရှား၍ အိမ်တိုင်းကို တံခါး ခေါက် သက်သေခံတတ်ကြသည်။ ထို သူတို့ကို အချို့သောသူများ ကအား နာ၍ နားထောင် တတ်ကြသည်။ အချို့သောသူများ ကရှုပ်သည်ဟု နားမ ထောင်ချင် ကြ။ အချို့သောသူများက သူတို့၏ သက်သေခံချက်ကို ငြင်းခုံချေ ပသော်လည်း အချည်းနှီးအာ​ညောင်းလူပင်ပန်းရုံ ဖြစ်တတ်သည်။ သူတို့သည် အဆက်မပြတ် သူတပါးကို ဝေငှနိင်သောကြောင့် သူတို့ကို ရရှိခြင်းသည် သူတို့ ကိုယ်တိုင် ကယ်တင်ခြင်းသို့ ရောက်သည်သာမက၊ တောမျိုးစေ့ကြဲမည့် သူကို လျော့နည်းစေမည် ဖြစ်သောကြောင့် အလွန် အရေးကြီးသည်။ ငါးဖမ်းသောအခါ တကိုယ်လုံးချောသောကြောင့် ဖမ်း၍ ရမည် မဟုတ်။ သို့သော် ပါးဟက်ကို ကိုင်မိလျှင် လုံးဝ လှုပ်နိင်မည် မဟုတ်။ လူတိုင်း၌ ပါးဟက်ရှိသည်။ ယေဟော ဝါ သက်သေခံများ၏ ပါဟက်ကို ဖေါ်ပြရလျှင်၊ 
 
ကျမ်းစာသည် အဓိက
ယေဟောဝါ သက်သေခံများသည် ကျမ်းစာကို ယုံကြည်ကြသည်။ ကျမ်းစာသည် နောက်ဆုံးအဆုံးအဖြတ်ပေးမည့် အာဏာအရှိဆုံးဟု ယုံ 
ကြည်သည်။ ထိုအရာသည် အလွန် ကောင်းသည်။ ထို့ကြောင့်ကျမ်းစာအားဖြင့် သခင်ယေရှုသည် ဘုရား ဖြစ်သည်ကို ဖေါ်ပြနိင်လျှင် သူတို့၏ ခံယူချက် ပြောင်းလဲမည် ဖြစ်သည်။ 
 
သုံးပါးတဆူဘုရား 

ယေဟောဝါး သက်သေခံများ အနေဖြင့် သခင်ယေရှုသည် ကောင်းကင်တမန် မိက္ခေလဟု ယုံကြည်ကြသည်။ ဘုရားသခင်သည် တဆူတည်းရှိ၍ ယေဟောဝါဟူသော အမည်ရှိသည်။ ယေရှုကို ဘုရားဟု လုံးဝ လက်မခံချေ။ သုံးပါးတဆူဘုရားကို လက်မခံချေ။ သန့်ရှင်းသော ဝိညာဉ် ဘုရားကိုလည်း ဘုရားဟု လက်မခံ။ ဘုရား၏ တန်ခိုးဟု ယူဆကြသည်။ ထို့ကြောင့်သုံးပါးတ ဆူအထဲမှသခင် ယေရှုခရစ်သည် ဘုရား ဖြစ်ကြောင်းကျမ်းစာ အထဲမှသက် သေပြဘို့ လိုသည်။ ထို့ကြောင့် အခြားအကြောင်းအရာများကို လုံးဝ မဆွေး နွေးဘဲ သခင်ယေရှု ဘုရား ဖြစ်ကြောင်းကို ဦးတည်၍ ဆွေးနွေးရမည်။ 
 
ယေရှုသည် ဘုရား ဖြစ်ကြောင်း


၁။ ပဌမ ဦးစွာသော မကသခင်ယေရှုကို ဘုရား အဖြစ်ကိုးကွယ်ခြင်းကို သက်သေပြရမည်။သော မကလည်း၊ အ​ကျွန်ုပ်၏ အရှင်၊ အ​ကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍ လျှောက်၏ (ယော ၂၀:၂၈)။ တမန်တော်သော မသည် သခင်ယေရှု ရှင်ပြန်ထမြောက် ခြင်းကို မယုံ၊ သူ့လက်နှင့် ဒဏ်ချက်တော်များကို စမ်းသပ်မှယုံကြည်မည် ဟုဆိုခဲ့သည်။ သခင်ယေရှု ကသော မကို သင် လက်နှင့် ငါ့ကို စမ်းသပ်လော့ ဟုဆိုသောအခါသော မကအထက်ပါ ကဲ့သို့ အ​ကျွန်ုပ်၏ အရှင်၊ အ​ကျွန်ုပ်၏ ဘုရားသခင် ပါတကားဟု ဝန်ခံခဲ့သည်။ ဤနေ ရာ၌သော မကသခင်ယေရှုကို အ​ကျွန်ပ်၏ ဘုရားသခင် ဟုဆိုရာတွင် သခင်ယေရှု ကငြင်းပယ်ပါသလား၊ဟု မေးပါ။ သခင်ယေရှုသည် ကောင်းကင်တမန်သာ ဖြစ်လျှင် ထိုအရာကို လုံးဝ လက်ခံမည် မဟုတ်။ ဤနေရာ၌ ယေဟောဝါသက်သေ ခံများက၊ ဒါကတော့သခင်ယေရှုကို ဆိုလိုတာ မဟုတ်ဘူး။ အံ့ဩ လို့ယေဟောဝါဘုရားကို ပြောဆိုခြင်း ဖြစ်သည်ဟု ချေပနိင်သည်။ သူတို့ မည်သို့ ပင် ဆိုစေသခင်ယေရှုသည် ဘုရား ဖြစ်ကြောင်း ဖေါ်ပြလိုက်ပြီ။ 


၂။ အကြောင်းမူကား၊ သင်သည် ငါ့သား ဖြစ်၏။ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီး ဟူ၍၎င်း၊ ငါသည် သူ၏အဘ ဖြစ်မည်၊ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်ဟူ၍၎င်း၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါ မျှမိန့်တော်မူ သနည်း။ တနည်းကား၊ သား ဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင်တမန် အပေါင်းတို့သည် ထိုသူကို ပြပ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း။ တနည်းကား၊ မိမိတမန်တို့ကို လေ ကဲ့သို့၎င်း၊ မိမိအစေအပါတို့ကို မီးလျှံကဲ့သို့၎င်း၊ ဖြစ်စေတော်မူ ထသောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း။ သားတော်ကိုကား၊ အို ဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရ ပလ္လင် ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံ ဖြစ်ပါ၏။ ကိုယ်တော်သည် ​ဖြောင့်မတ်ခြင်း တရားကို နှစ်သက်၍၊ မတရားသော အမှုကို မုန်းတော်မူ၏။ ထိုကြောင့်၊ အို ဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်း ဆီနှင့် ဘိသိက် ပေးတော်မူ ပြီဟု လာသတည်း။ (ဟေဗြဲ ၁:၅-၉) 

အထက်ပါ ကျမ်းပိုဒ်များ အရသား ဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင်တမန် အပေါင်းတို့သည် ထိုသူကို ပြပ်ဝပ်ကိုးကွယ်ကြစေ ဟုဆိုရာတွင်သား ဦးသည် မည်သူနည်း (သခင်ယေရှု ဖြစ်သည်)။ ကောင်းကင်တမန်တို့သည် မည်သူကိုကိုးကွယ်စေသနည်း (သား ဦး)။ သို့ဖြစ်လျှင်သား ဦးသည် မည်သူနည်း (သခင်ယေရှု)။ ကောင်းကင်တမန်တို့သည် သခင်ယေရှုကို မည်သို့ ပြုရမည်နည်း (ကိုးကွယ်ရမည်)။ ကိုးကွယ်ခြင်းသည် မည်သူ့ထံ၌ သာပြုရမည်နည်း ( ဘုရားသခင်)။ သို့ဖြစ်လျှင်သား ဦး တည်းဟူသော ယေရှုသည်ကိုးကွယ်ခြင်း ခ ံဘို့ ပြောသောကြောင့် ယေရှုသည် ဘုရား ဖြစ်တော်မူသည် မဟုတ်လော။ဟု သူတို့ကို ပြောပါ။ ဤနေရာ၌ ယေဟောဝါ သက်သေခံများ ကကိုးကွယ်ရမည်ဟု မဟုတ်။ သူတို့၏ ကျမ်းစာ (​ြနတ တသမူိ အမ​ေညျူအေငသည)၌ (ဥဘနငျ​ေညခန) ရိုသေပါ ဟုဆိုသည်ဟု ပြန်ပြော နိင်သည််။ တဖန် သားတော်ကိုးကား၊ အို ဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိဏထာဝရ ပ†င် ဖြစ်ပါ၏။ ဟုဆိုရာတွင် သားတော်ကို ကျမ်းစာ ကမည်သို့ ဆိုသနည်း။ အို ဘုရားသခင် ဟုဆိုသည် မဟုတ်လောဟု ထောက်ပြပါ။ 

ဆက်လက်၍ အို ဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်း ဆီနှင့် ဘိသိက် ပေးတော်မူ ပြီဟု လာသတည်း။ ဟုဆိုရာတွင် အိုဘုရားသခင်ဟု ပဌမ ဆိုသောသူသည် မည်သူနည်း (သခင် ခရစ်တော်)။ ကိုယ်တော်၏ ဘုရားသခင်ဟု ထပ်မံဆိုပြန်သောအခါ ကိုယ်တော်၏ ဟူသောသူသည် မည်သူနည်း (သခင်ယေရှု)။ ပဌမ အို ဘုရားသခင်သည် ယေရှု ဖြစ်၍ ကိုယ်တော်၏ ဟူသောအရာလည်း ယေရှုကို ဆိုလိုသည် မဟုတ်လော။ ထို့ကြောင့် ဤကျမ်းပိုဒ်များ အရယေရှုသည် ကောင်းကင်တမန် မဟုတ်ဘဲ ဘုရားသခင် ဖြစ်သည် မဟုတ်လောဟု မေးပါ။ 
ဆက်ရန်၊ 
 
 
မိတ်ဆွေ၌ ရုံးချိန်းရှိသည် 
Moses R Cung
 

မိတ်ဆွေသည်လောက၌ ပျော်ရွှင်လျက် အပျော်ကျူးကောင်းကျူးနေမည်။ သို့မဟုတ် ဒုက္ခ ရောက်သောကြောင့် စိတ်ညစ်ကောင်းညစ်နေမည်။ ဘယ် လိုအ​ခြေအနေမျိုးဘဲ ဖြစ်နေမိတ်ဆွေ၌ တရားရုံးချိန်းရှိသည်။ တရားရုံးမှ ရုံးချိန်ရှိသောအခါ စိတ်မချမ်းသာစရာ ပင်။ သို့သော် မသိသောအခါ ပူပင်မှု မရှိ။ မိတ်ဆွေ အပါအဝင်တလောက လုံးရှိအသက်ရှင်သော လူသား အားလုံး သည် ကောင်းကင် တရားရုံးတော် မှရုံးချိန်ထားသည်။ ထိုရုံးချိန်သည် အသက် မကုန်ဆုံးမှီသွားဘို့ လိုသည်။ အသက် ကုန်ဆုံးသွားပါက နောက်ကျသွားပြီ။ ကျမ်းစာက လူသည် တခါတည်း သေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကို ခံရ သကဲ့သို့ ဟုဆိုထားသည် (ဟေ ၉:၂ရ)။ ခရစ်တော်ကလည်း တရား တွေ့ဘက်နှင့်အတူ လမ်း၌ သွားစဉ်ပင်၊ သူ၏ စိတ်ကို ပြေစေခြင်းငှါ အလျင် အမြန် ပြုလော့။ သို့မဟုတ် တရားတွေ့ဘက်သည် တရားသူကြီး၌ အပ်မည်။ တရား သူကြီးသည်လည်း လုလင်ခေါင်း၌ အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။ လျော် ပြစ်ငွေရှိသမျှကို မလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏ (မ ၅:၂၅-၂၆)။ ဤနေရာ၌ တရားတွေ့ဘက် တည်းဟူသော ငါတို့ကို အပြစ်တင်သောသူသည် ဘုရားသခင် ပင် ဖြစ်သည်။ လမ်း၌ အတူ သွားစဉ်သည် ဤလောက၌ အသက်ရှင်စဉ် ဖြစ်သည်။ တရားသူကြီးလည်း ဘုရားသခင် ပင် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ငါတို့ ခန္ဓာကိုယ်၌ အသက်ရှင် စဉ်၌ သာလျှင် ငါတို့၏ အမှုကို ပြေလည်အောင် ​ ဖြေရှင်း စေချင်သည်။ သေပြီးသော နောက်အပြစ် ပြေအောင် မလုပ်နိင်တော့ချေ။ ထို့ တရားသူကြီးနှင့် တ ရားလို ဖြစ်သော ဘုရားသခင်က လာကြ၊၊ တရားစီရင်ကြကုန်အ့့့ံ၊၊ သင်တို့ အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့် အမျှနီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည် (ဟေရှာယ ၁:၁၈)ဟု လူတိုင်းကို ရုံးချိန်းထားသည်။ ထိုရုံးချိန်းသည် ကြောက်စရာ မလို၊ ငါတို့၏ အပြစ်များကို မိုဃ်းပွင့်ကဲ့သို့ ဖြူစင်စေဘို့ ခေါ်သော ရုံးချိန် ဖြစ်သည်။ သို့သော် များစွာသော သူတို့သည် မသိသောကြောင့် မလာ။ မိမိတို့ လိုအင်ဆန္ဒ ပြည့်စုံ ရေးသည် သာလျှင် အဓိကဖြစ်စေ ကြသည်။ အချို့သောသူများသည် ထိုရုံး ချိန်းကို ကြားသော်လည်း ကောင်းစွာ သဘော မပေါက်သောကြောင့် အလေး မထားကြ။ အချို့သောသူများသည် ထိုရုံးချိန်ကို ကြားသော်လည်း အထင်လွှဲ သောကြောင့် စိတ်ဆိုး ကြသည်။ မည်သို့ပင်ဖြစ်စေ ထိုရုံးချိန်ကို ဂရုမစိုက်သောသူများသည် တနေ့ကျရင်ရင်ဆိုင်ကြရမည် ဖြစ်သည်။ အသက်ရှင်စဉ်​ ဖြေရှင်းပါက လွတ်လမ်းရှိသော်လည်း သေပြီးမှရင်ဆိုင်လျှင် ​ ဖြေရှင်း၍ မရတော့ချေ။ ထာဝရ နောင်တရရမည် ဖြစ်သည်။ 
 
တရားသူကြီး 

သို့ဖြစ်လျှင် အပြစ် စီရင်မည့်သူ တရားသူကြီးသည် မည်သူနည်း။ ကျမ်းစာက အကြောင်းမူကား၊ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏၊၊ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ရှင်ဘုရင် ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူ လိမ့်မည်၊၊ (ဟေရှာယ ၃၃:၂၂) ဟုဆိုထားသည်။ ထို့ကြောင့် ထာဝရဘုရားသခင်သည် ငါတို့၏ တရားသူကြီး ဖြစ်ကြောင်း သိရပြီ။ တရားသူကြီးသည် အပြစ်တင်နိင် လွှတ်နိင်သောသူ ဖြစ်သည်။ ဆာလံဆရာက ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍ လှည့်စားတတ်သောစိတ်သဘော ထားနှင့် ကင်းစင်သောသူသည် မင်္လာရှိ၏ ဟုဆိုသည် (ဆာ ၃၂:၂)။ သို့ဖြစ်လျှင် ထာဝရဘုရားကို မည်သူက တရားသူကြီး ခန့်ထားသနည်း။ မည်သူကခန့်ထားစရာ မလိုပါ။ မိဘများ အနေဖြင့် သူတို့ မွေးသော သားသမီးများကို ဆုံးမပိုင်ခွင့်ရှိသလိုဘုရားသခင်အနေဖြင့်လည်း သူဖန်ဆင်းထားသော လူသားများအပေါ်တရားစီရင် ပိုင်ခွင့်ရှိသည်။ ထို့ကြောင့် မိတ်ဆွေသည် ဘုရားသခင်၏ အပြစ် စီရင်ခြင်းမှ ကင်း လွတ်ဘို့ လိုသည်။ ဘုရားသခင်သည် တရားသော တရားသူကြီး ဖြစ်သည်။ ထို့ကြောင့် မတရားသဖြင့် အပြစ် မစီရင်လိုပါ။ တရားသူကြီးသည် မိမိသဘော၊ မိမိ ခံစားချက် ဖြင့် တရားမစီရင်နိင်ပါ။ သူသည် တရားသဖြင့် တရားစီရင်နိင် ရန်တရားဥပဒေကို အသုံးပြုရသည်။ ထို့နည်းတူ ထာဝရဘုရားသခင်သည် တရားသဖြင့် တရားစီရင်နိင်ရန်ပညတ်တော် အသုံးပြုမည် ဖြစ်သည်။ ရှင်ပေါလုက ပညတ်တရားကို မသိဘဲ ပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက် ဆီးခြင်းသို့ ရောက်ကြလိမ့်မည်။ ပညတ်တရားကို သိလျက် ပင်ပြစ်မှားသော သူတို့သည် ပညတ်တရား၏ စီရင်ခြင်းကို ခံရကြလိမ့်မည်။ (ရော ၂:၁၂)ဟု ရေးသား ခဲ့သည်။ ရှင်ပေါလုရေးထားသည့်အတိုင်း ပညတ်တရား မသိဘူးသောသူများလည်း တရားစီရင်ခြင်း ခံရမည်။ သိသောသူလည်း စီရင်ခြင်း ခံရမည်။ 
 
ရှေ့နေ

ဘုရားသခင်သည် တရားသူကြီး ဖြစ်သော်လည်း ငါတို့ကို သနားသည်။ ထို့ကြောင့် ငါတို့ကို ကာကွယ်ဘို့ရန် ရှေ့နေကို ပြင်ဆင် ပေးသည်။ ထိုရှေ့နေနှင့် ပတ်သက်၍ တမန်တော် ယောဟန်က ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကို ပြုမိလျှင်၊ ​ဖြောင့်မတ်တော်မူသော အရှင် ယေရှုခရစ် တည်းဟူသော ငါတို့ အမှုဆောင်သခင်သည် ခမည်းတော် ထံ၌ ရှိတော်မူ၏ (၁ ယော ၂:၁)ဟု ရေးသား ထားခဲ့သည်။ 

အထက်ပါ ကျမ်းပိုဒ်၌ သခင်ယေရှုသည် အမှုဆောင်ဟု ရေးထားသည်။ အမှုဆောင်ဟူသောအရာသည် ရှေ့နေကို ဆိုလိုခြင်း ဖြစ်သည်။ အင်္လိပ် လို​ေိလသခအေနဟု ခေါ်သည်။ ရှေ့နေသည် တရာခံများကို ကာကွယ်ပေးသောသူ ဖြစ်သည်။ တရားခံကို အပြစ် ပေးနိင်သောသူသည် တရားသူကြီး ဖြစ်သည်။ တရားခံကို တရားသူကြီး ကအပြစ် မပေးနိင်ရန်ကာကွယ်ခြင်းသည် ရှေ့နေ၏ တာဝန် ဖြစ်သည်။ သခင်ယေရှုခရစ်သည် အပြစ်သား တည်းဟူသော တရားခံငါတို့၏ အကာအကွယ် ဖြစ်သည်။ ထိုရှေ့နေကိုအား မကိုးဘဲ မိမိအကျင့်၊ ကုသိုလ်ကောင်းမှု၊ ဆက်ကပ်မှု၊ အလှူငွေပေးခြင်းများကို အားကိုးပါက အချည်း နှီး ဖြစ်မည်။ 

အဘယ်ကြောင့်တရားရုံး၌ ရှေ့နေကို အားကိုးရသနည်းဟူမူကား သာမန်လူများသည် တရားဥပဒေကို နားမလည်။ ထို့ကြောင့် ပြောသင့် မပြော သင့်ကို မသိ။ ရှေ့နေမူကား တရားဥပဒေကို လေ့လာသင်ကြားရုံသာမက နေ့ စဉ်အမှု လိုက်သောကြောင့် ​ကျွမ်းကျင်သည်။ ထိုမျှသာမက တရားရုံး၌ ကျင် လည်သောသူ ဖြစ်သောကြောင့် တရားသူကြီး နှင့်လည်း ခင်မြင်ရင်းနှီး နိင်သည်။ အကယ်၍ ရှေ့နေနှင့် တရားသူကြီး ရင်းနှီးပါက အမှု နိင်ဘို့ရန် နီးစပ်သည်။ ငါတို့၏ ရှေ့နေ ဖြစ်သော သခင်ယေရှုလည်း တရားသူကြီး တည်းဟူသော ထာဝရဘုရားနှင့််ရင်းနှီးသည်။ ထိုမျှသာမက ထာဝရဘုရားကငါတို့အတွက် ခန့်ထားသောသူ ဖြစ်သည်။ ထို့ကြောင့် ထိုရှေ့နေကို အားကိုး အသုံးပြုပါက အမှု နိင်ဘို့ရန် သေချာပေါက် ဖြစ်သည်။ 


အာမခံ

တရားခံတယောက်သည် အပြစ် အလျောက်ပြစ်ဒဏ်ခံဘို့ရန် ရှိသည်။ ဥပမာ တရားသူကြီးသည် တရားခံ၏ အဖေ ဖြစ်သည် ဆိုပါစို့။ တရားသူကြီးသည် တရားခံ ဖြစ်သောသူ၏ သားကိုသား ဖြစ်သောကြောင့် အပြစ် မပေးဘဲ မနေနိင်။ သူ့သား ဖြစ်သောကြောင့် အပြစ် မပေးခဲ့သည် ရှိသော်မတရားသော တရားသူကြီး ဖြစ်မည်။ တရားရုံးခန်း၌သား အဖအနေဖြင့် ဆက်ဆ ံ၍ မရပါ။ တရားသူကြီးနှင့် တရားခံအနေဖြင့် ဆက်ဆံရသည်။ တရားသူကြီးသည် သူ့သား တရားခံကို အပြစ် အလျောက်အချုပ်၌ ထည့်လိုက်ပြီ။ သို့သော် အိမ်ပြန်သောအခါ ဖခင်အနေဖြင့် စတင်လှူပ်ရှားလာသည်။ မြို့ခံလူ၊ သူ၏ မိတ်ဆွေ လူကြီး လူကောင်းထံသို့ သွား၍ သူ၏ သားကို အာမခံပေးဘို့ တောင်း ပန်သည်။ သူ၏ မိတ်ဆွေကလည်း သဘောတူ၍ သူ၏ တရားရုံးခန်းသို့လာ ကာသူ၏သား အတွက် အာမခံလျှောက်သည်။ ထိုတရားသူကြီးသည် သူ၏ မိတ် ဆွေကသူ့သား အတွက် အာမခံလျှောက်ထားသောကြောင့် သူ့သားကို ထောင်မှလွှတ်လိုက်သည်။ ဤနေရာ၌ သားကို ထောင်ချသောသူသည် အဖေ ဖြစ်သည်။ အာမခံရှာပေးသောသူလည်း အဖေ ဖြစ်သည်။ အပြစ် လွှတ်၍ အချုပ်မှလွှတ်သောသူသည်လည်း အဖေပင် ဖြစ်သည်။ 

ငါတို့ကို အပြစ်တင်သောသူသည် ထာဝရဘုရား ဖြစ်သည်။ ထာဝရဘုရားသည် ငါတို့ကို အပြစ် ငရဲထဲသို့ ချပစ်မည် ဖြစ်သည်။ သို့သော် ငါတို့ကို အာမခံ ပြင်ဆင် ပေးသည်။ ကျမ်းစာက ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်းရှိ၏ ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ။ ကာလ အချိန်တန်မှ သက်သေခံခြင်းရှိ၏ ဟုဆိုသည် (၁ တိ ၂:၅)။ ထိုအာမခံသည် ငါတို့ ကိုယ်စားအပြစ်ကို ခံ၍ တရား သူကြီး တည်းဟူသော ထာဝရဘုရား၏ အပြစ် ပေးခြင်းကို ခံခဲ့ရပြီ။ ထို့ကြောင့် ငါတို့သည် တရားသေအပြစ် လွှတ်ခြင်း ခံခဲ့ရပြီ။ ကျမ်းစာက ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ​ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်း တည်းဟုဆိုထားသည် (၂ ကော ၅:၂၁)။ အပြစ်နှင့် ကင်းစင်သောသူသည် သခင်ယေရှု ဖြစ်သည်။ သူ့ကို ဘုရားသခင်က အပြစ်ရှိသောသူ ဖြစ်စေသည်။ ထို့ကြောင့် ငါတို့သည် ဘုရားသခင်ရှေ့၌ ဖြာင့်မတ်သောသူများ ဖြစ်နိင်သည်။ သို့သော် ထိုအရာကို ယုံကြည် မှသာ ဖြစ်နိင်သည်။ ထိုသို့ ယုံကြည်သောသူများကို ဘုရားသခင်က ​ဖြောင့်မတ် ပြီဟု သတ်မှတ်၍ တရားစီရင်ခြင်းမှ ကင်းလွတ် ပြီ ဖြစ်ကြောင်း သခင်ယေရှု ကိုယ်တိုင် ဤသို့ ဆိုခဲ့သည် သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသော သားတော်ကို မယုံကြည် သောကြောင့် ယခုပင်အပြစ် စီရင်ခြင်းကို ခံရ၏ (ယော ၃:၁၈)။ ထို့ကြောင့် မိတ်ဆွေ ဘုရားသခင် ပြင်ဆင် ပေးသော ထိုအပြစ် လွတ်ခြင်းကို ယုံကြည် လက်ခံကြစို့။ ထိုသို့ လက်ခံလျှင် မိတ်ဆွေသည် အပြစ် မရှိတော့ဘဲ ဘုရားသခင် ရှေ့၌ မိုဃ်းပွင့်ကဲ့သို့ ဖြူစင်မည်။ ဤအကြောင်း အရာကို ဟောထားသော တရားဟောစီဒီကို တချပ်လျှင် ၁ ဒေါ်လာဖြင့် မှာယူနိင်သည်။ 
 


သာသနာ ပြုသတင်း 

ရှမ်းပြည်နယ်တာချီလိပ်မြို့တွင် သာသနာ ပြုနေသော ဆရာဘွဲထံမှ သတင်း အရသူကြည့်ရှုတည်ထောင်သော အသင်းတော် လေးသည် တိုး တက်သည်သာမက လွန်ခဲ့သော လ ၂၅ ရက်နေ့တွင် ရွာတရွာ၌ အသင်းတော် အသစ်စတင်ထူထောင်နိင်ခဲ့ပါသည်။ များမကြာမှီမှာလည်း နောက် ထပ် အသင်းတော် နှစ်ပါးတည်ထောင်နိင်မည် ဖြစ်သည်။ ဆုတောင်းခြင်းအားဖြင့် ကူညီကြပါစို့။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG