GOODNEWS
  HOME  GOODNEWS  2010 FEB
 


အမှာစာ

ကိုယ့်အကျင့်တို့ကို ဆင်ခြင်ကြလော့

သတ္တမနေ့ဥပုသ်အကြောင်း 

သက်သေခံချက်များ 

အမှုတော်ဆောင်သင်တန်း (၂၀၁၀) 

မြန်မာပြည် ခရီး စဉ်

သာသနာ ပြုလုပ် ငန်း

 

အမှာစာ

မည်မျှပင်လျစ်လျူရှုသော်လည်း ဘေးဒါဏ်ကြီး ကာလသည် ပို၍ပို၍နီးလာပြီ ဖြစ်ကြောင်းရာသီဥတုအားဖြင့်သိရသည်။ ကမ္ဘာ့ ခေါင်းဆောင်များက ကမ္ဘာကြီးသည် ပို၍ ပူလာသည် ဟုဆိုချိန်တွင် ယခုနှစ်ဆောင်းရာသီသည် ပို၍ နှင်းများ ကျလာသည်။ ကမ္ဘာ့ ခေါင်းဆောင်များကို ဘုရားသခင်က အရှက်ခွဲခြင်း သို့မဟုတ် သတိပေးခြင်း ဖြစ်နိင်သည်။ သို့သော် အများသော သူတို့သည် မသိ နိင်ကြ။ အကြောင်းမူကား ဝိညာဉ် မျက်စိကမ်းသောကြောင့် ဖြစ်သည်။ ကမ္ဘာ့ သဘာဝ ဘေးရန်များသည် ယခင်ထက် ပို၍ ပို၍ များလာသည်။ ကယ်လီဖေါနီးယား ပြည်နယ်၌ မကြာခဏ မီးလောင်ခြင်း၊ အမေရိကန်ပြည် တောင်ပိုင်းနှင့် အရှေ့ပိုင်း၌ ကြီးမားသော ဟာရီကင်းမုန်တိုင်းများမကြာခဏတိုက်ခိုက်၍ အပျက််အဆီးများခြင်း၊ အလယ်ပိုင်းပြည်နယ်များ၌ လေဆင်နှမောင်းအားဖြင့် အသေအပျောက် များခြင်း များသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ ဖြစ်သည်။ 

အရှေ့အလယ်ပိုင်းနိင်ငံများ၌ အစ္စရေးနှင့် အိမ်နီးချင်းနိင်ငံများ ဖြစ်ကြသော လေဗနုန်၊ ဆီးရီးယား၊ အီရန်၊ ပါလက်စတင်းများသည် အစဉ်သဖြင့် တိုက်ပွဲ ဖြစ်မည့် အရာများကိုသာ နေ့စဉ်နှင့် အမျှ ပြောဆို နေကြသည်။ မီးတောင်ပေါက် မည့် အရာကို စောင့်ကြည့် နေသကဲ့သို့ဖြစ်သည်။ လေဗနုန်၌ ဟက်စဘောလများအစိုးရ၌ ပါဝင်လာသောကြောင့် အကယ်၍ စစ် ဖြစ်ပါက ယခင်ကဲ့သို့ မညှာတော့ဘဲ အားလုံး ကို အပြတ်ချေမှုန်းမည် ဖြစ်ကြောင်း အစ္စရေးနိင်ငံကကြိမ်းမောင်း ထားသည်။ ယေရုရှလင်မြို့အရှေ့ခြမ်းကို ပါလက်စတင်းများ၏ မြို့တော် ဖြစ်ဘို့ ပါလက်စတင်းများနှင့် အမေရိကန်၊ အီးယူများက ပြောဆို နေချိန်တွင် အစ္စရေးကလည်း လုံးဝ မပေးနိင်ကြောင်း ပြောဆို နေသည်။ ထိုအရာများသည် ကျမ်းစာ ဟောပြောချက် ပြည့်စုံဘို့ရန် ဖြစ်သည်။ ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်း ထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူအ ပေါင်းတို့သည် ကျိုးပဲ​ကြေမွကြလိမ့်မည်။ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ (ဇာခရိ ၁၂:၂-၃)။ ဤကျမ်းချက်အတိုင်း ယခု ဖြစ်နေသည်။ ယေရုရှလင်မြို့နှင့် ပတ်သက်၍ ကမ္ဘာ့ နိင်ငံများသည် ပြသနာ လုပ်နေကြသည်။ ထိုနိင်ငံများကို ဘုရားသခင်က ကျိုးပဲ့ကျေမွစေသော်လည်း နားမလည်နိင်ကြ။ 

ထိုသို့ ကမ္ဘာ့ နောက်ဆုံးသော ကာလတွင် မိတ်ဆွေ မည်ကဲ့သို့ အသက်ရှင်မည်နည်း။ မတည်မြဲသည်သာမက၊ မကြာမှီပျက်စီးမည့်လောကအရာများ၌ စိတ်ဝင်စားသင့်သေးသလော။ လောကအရာများကို ရှာဖွေ၍ လောဘကြီး သင့် သေးသလော။ အကောင်းဆုံးမှာ ဘုရားသခင်၏ အကြံတော်ကို နားလည်၍ သူ၏ အကြံအစည်တော်၌ ပါဝင်ဘို့ ဖြစ်သည်။ ကယ်တင်ခြင်းသို့ မရောက်သေးသောသူများ ခရစ်တော်ကို အမြန်ဆုံး လက်ခံသင့်သည်။ သို့မဟုတ် ဘေးဒဏ်ကြီး ကာလ၌ အလွန် ဒုက္ခ ရောက်မှာသေချာသည်။ ထိုမျှမက အသက် ကုန်ဆုံးလျှင် ငရဲရောက်သွားမည် ဖြစ်သည်။ ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများ အနေဖြင့် ကယ်တင်ခြင်းသို့ မရောက် သေးသောသူများကို ကယ်တင်ခြင်း အကြောင်း နည်းမျိုးစုံဖြင့် ပြောပြသင့်သည်။ ပျောက်ဆုံးသော ဝိညာဉ်များကို သနားသင့်သည်။ မိမိ၏ ဘဏ္ဍာ၊ စွမ်းအား၊ အချိန်ကို ဝိညာဉ်ရေးရာအတွက် အစွမ်းကုန် အသုံးပြုသင့်သည်။ 

 

 
 
ကိုယ့်အကျင့်တို့ကို ဆင်ခြင်ကြလော့
Rev. Moses Cung (Rockville GBC)


ထာဝရဘုရားက ဣသရေလ လူများသည် ဖေါက်ပြန်လျက် အခြားသော ဘုရား များကိုသာ ကိုးကွယ်လျက် မတရားသော အမှုကိုသာ ပြုကြသောအခါ သူတို့ကို သူတို့ ပြည် မှ နှင်ထုတ်၍ ဗိမာန်တော်ကြီး ကိုလည်း ဖျက်ဆီးမည်ဟု ဤသို့ သတိပေးခဲ့သည်။ ၁ ထာဝရဘုရား၏ အထံတော် ကနှုတ်ကပတ် တော်သည် ယေရမိသို့ ရောက်လာ၍၊ သင်သည် ဗိမာန်တော် တံခါးဝ၌ ရပ်လျက် ကြွေးကြော်ရမည်စကား ဟူမူကား၊ ထာဝရဘုရားကို ကိုးကွယ်ခြင်းငှါ၊ ဤတံခါးတို့ အတွင်းသို့ ဝင်သော ယုဒအမျိုးသား အပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပါတ်တော်ကို နားထောင် ကြလော့။ ၃ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ဘာသာဓလေ့နှင့် သင်တို့ အကျင့်များကို ပြုပြင်ကြလော့။သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေစေမည်။ ၄ ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန် တော်၊ ထာဝရဘုရား၏ ဗိမာန်တော် ဖြစ်သတည်းဟု မုသာ စကားကို ပြောသော သူတို့၌ မမှီဝဲကြနှင့်။ ၅ သင်တို့ ဘာသာဓလေ့နှင့် သင်တို့ အကျင့်များကို စုံလင်စွာ ပြုပြင်လျှင်၎င်း၊ အမှုသည် ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင်၎င်း၊ ၆ ဧည့်သည် အာဂœု၊ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမကို မညှဉ်းဆဲ၊ အပြစ် မရှိသောသူ၏ အသက်ကို ဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကို ဖျက်၍ အခြားတပါးသော ဘုရားတို့ကို မချဉ်းကပ်ဘဲ နေလျှင်၎င်း၊ ရသင်တို့ ဘိုးဘေးတို့ အား၊ ငါသည် အစဉ်မပြတ် ပေးသော ပြည် တည်းဟူသော ဤအရပ် ဌာန၌ သင်တို့ကို ငါနေ စေမည်။ ၈ အကျိုးမရှိဘဲ မုသာစကားကို ပြောသော သူတို့၌ သင်တို့သည် ခိုလှုံ ကြ၏။ ၉ သင်တို့သည် သူ့ဥဏာကို ခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကို ပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့လျက်၊ကိုယ် မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့ လိုက်လျက် နှင့်၊ ၁၀ ငါ၏ နာမဖြင့် သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာ ဝင်၍ ရပ်လျက်၊ ဤရွံရှာဘွယ်သောအမှု အလုံးစုံတို့ကို ပြုသောကြောင့်၊ အ​ကျွန်ုပ်တို့သည် ကယ်နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရကြမည်လော။ ၁၁ ငါ၏ နာမဖြင့် သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ထား ပြတွင်း ကဲ့သို့ ထင်ကြသလော။ ဤအမှုကို ငါကိုယ်တိုင် မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ ၁၂ ရှေ့ဦးစွာ ငါ၏ နာမကို ငါတည်စေသော အရပ်၊ ရှိလောရွာ၌ ရှိသော ငါ့အရပ် ဌာနသို့ သွား၍၊ ငါ၏ အမျိုး ဣသရေလ လူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ ငါပြုဘူးသည်ကို ကြည့်ရှုကြလော့။ ၁၃ ယခုတွင် ထာဝ ရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှု အလုံးစုံတို့ကို ပြုသောကြောင့်၎င်း၊ ငါသည် စောစော ထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်၎င်း၊ ၁၄ ရှိလောရွာကို ငါပြု သကဲ့သို့၊ ငါ၏ နာမဖြင့် သမုတ်သော၊ သင်တို့ ခိုလှုံသော ဤအိမ် တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ် ဌာနကို ငါပြုမည်။ ၁၅ သင်တို့ ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါ နှင်ထုတ် သကဲ့သို့၊ သင်တို့ကို ငါ့ထံမှ ငါ နှင်ထုတ်မည်။ (ယေရမိ ရး၁-၁၅) 

အထက်၌ တွေ့ရ သကဲ့သို့ ဣသရေလ လူများသည် ထာဝရဘုရားကို စွန့်၍ အခြားသော ဘုရားများကို ကိုးကွယ် ကြသည်။ မတရားသော အမှုတို့ကို ပြု ကြသည်။ ထာဝရဘုရား၏ စကားကို လုံးဝ နားမထောင်ကြ။ သို့သော် ထာဝရဘုရား၏ ဗိမာန်တော်ကြီး ဘုရား၏ ဗိမာန်တော်ကြီး ဘုရား၏ ဗိမာန်တော် ကြီး ဟုဆို ကြသည်။ ဆိုလိုသည်မှာ ထာဝရဘုရားကဗိမာန်တော် ကြီးကို အဖျက်ခံမည် မဟုတ်။ ထိုသို့ ဗိမာန်တော် ကြီးကို စောင့်ရှောက်လျှင် သူတို့ ကိုလည်း ကာကွယ်မည်ဟု ထင်ကြသည်။ ထာဝရဘုရားကို မကိုးကွယ်သော်လည်း သူ၏ အကွယ်အကာမူကား လိုချင် ကြသည်။ ယနေ့ များစွာသော လူများလည်း ထာဝရဘုရား၏ အလိုတော်အတိုင်း မကိုးကွယ်၊ အလိုတော်ကို မရှာ၊ မိမိကြိုက်နှစ်သက်သလို အသက်ရှင်ကြသော်လည်း ဒုက္ခ ရောက်သောအခါ ထာဝရဘုရားကို အားကိုး တတ်ကြသည် မဟုတ်လော။ ထိုသို့သောသူ၌ မိတ်ဆွေ ပါဝင်နေပါသလော။ 

ထာဝရဘုရားက ယေရုရှလင် ဗိမာန်တော် အဖျက်ခံရမည်၊ ယခင်ကလည်းရှိလောရွာမှာတဲတော်ကို ဆောက်၍ ထာဝရဘုရားကျိန်းဝပ်ခဲ့သော်လည်း ဘုရား စကား နားမထောင်သောကြောင့် ဘုရားသခင်က စွန့်ခဲ့ကြောင်းကို သက်သေပြခဲ့သည်။ သို့သော် သူတို့သည် ထာဝရဘုရား၏ သတိပေးခြင်းကို နားမထောင် သူတို့၏ စိတ်အထင်ကို ယုံကြည် အားကိုး ကြသည်။ ထို့ကြောင့် ဗိမာန်တော် ကြီးကို အဖျက်ခံလိုက်ရသည်။ ယနေ့ များစွာသော လူများလည်း ဘုရားသခင်ထက် ဘုရားနှင့် ပတ်သက်သော အရာများ အားကိုး တတ်ကြသည်။ ထာဝရဘုရား၏ အလိုတော်ကို မသိဘဲ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ကျမ်းစာအုပ်ဆောင်ထားခြင်း၊ ကောင်းမှု ကုသိုလ်ပြုခြင်း၊ သူတပါးကို ကူ ညီမစခြင်း၊ ဘုရားကျောင်းဆောက်ခြင်း၊ အလှူပေးခြင်းများကို အားကိုး တတ်ကြသည်။ ထိုအရာများသည် ကောင်းသော်လည်း ထာဝရဘုရား၏ အလိုတော်ကို အရင်ရှာဘို့ လိုသည်။ ဣသရေလ လူများ၏ အမှားကို တဖန် မပြု လုပ်ကြဘို့ အရေးကြီးသည်။ 
 
ဗိမာန်တော် ဖျက်ခံရခြင်း 

ထာဝရဘုရားသခင်သည် သူပြောနှင့် ပြီးသည့်အတိုင်း ယေရုရှလင် ဗိမာန်တော် ကြီးကို ဗာဗုလုန်များအား ဖျက်ခွင့်ပေးခဲ့ကြောင်း ဤသို့ တွေ့ရသည်၊ ၁၀ ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နဇော၏ ​ကျွန်တို့သည် ယေရုရှလင်မြို့သို့ စစ်ချီ၍ ဝိုင်းထားကြ၏။ ၁၁ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ် နဇောသည် ကိုယ်တိုင် ရောက်၍၊ သူ၏ ​ကျွန်တို့သည် မြို့ကို ဝိုင်းထားသောအခါ၊ ၁၂ ယုဒရှင်ဘုရင်ယေခေါနိသည် မယ်တော် မှစသော ​ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန်ရှင်ဘုရင်ထံသို့ ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်း စံရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကို ရ၏။ ၁၃ ထာဝရဘုရား မိန့်တော်မူ ဘူးသည် အတိုင်း ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော် ဘဏ္ဍာရှိသမျှကို သိမ်း သွား၍၊ ဗိမာန်တော် အဘို့ ဣသရေလ ရှင်ဘုရင်လုပ်သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်း ပိုင်းဖြတ်လေ၏။ (၄ရာ ၂၄:၁၀-၁၃) 


ဗိမာန်တော် ပြန်ဆောက်မည့် အကြောင်း ဟောပြောခြင်း 

ဘုရားသခင်သည် ဗိမာန်တော်ကို ဖျက်ဆီးခဲ့သော်လည်း ဒုတိယအ ကြိမ်ပြန်လည်ဆောက်မည့် အကြောင်းကို ပရောဖက် ဟေရှယအားဖြင့် ဤသို့ ဟောခဲ့သည် ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိ သမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့တည်ဆောက်စေ၊ ဗိမာန်တော် တိုက်မြစ်ကျစေဟု စီရင်လိမ့်မည်ဟူ၍၎င်းငါဆို၏။ (ဟေရှယ ၄၄:၂၈) ပရာဖက်ဟေရှယသည် ခရစ်တော် မပေါ်မှီနှစ်ပေါင်း ရဝ၀ ခန့်က ထိုသို့ ဟောခြင်း ဖြစ်သည်။ ထိုအချိန်၌ ဗိမာန်တော် ကြီးသည် ဖျက်စီးခြင်းလည်း မဖြစ် သေး။ သို့သော် ဖျက်စီး၍ ပြန်လည်တည်ဆောက်မည့် အရာကို နှစ်ပေါင်း ၃၀၀ ခန့်ကြိုတင်ဟောနှင့် ခဲ့ပြီ။ ပရောဖက် ယေရမိအားဖြင့်လည်း ယုဒလူများသည် နှစ်ပေါင်း ရဝ ဗာဗုလုန်​ကျွန်ခံ၍ ပြန်လာမည့် အကြောင်းကို ဤသို့ ဆိုခဲ့သည် တဖန် မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌ အနှစ် ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှုကြွလာမည်။ ငါထားသော ဂတိကောင်းကို တည်စေ၍၊ သင်တို့ကို ဤပြည်သို့ ပို့ဆောင်ဦးမည်။ (ယေရ ၂၉:၁၀) 
 
ဗိမာန်တော် ပြန်လည်ဆောက်ခိုင်းခြင်း 

ဘုရားသခင်သည် ပရောဖက်များဟောထားသည့်အတိုင်း ပေရသိ ရှင်ဘုရင်ကုရုမင်းကို နှိုးဆော်၍ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်စေကြောင်း ဤသို့ တွေ့ရသည်။ ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်ကို ပြည့်စုံစေခြင်းငှါ၊ ပေရသိရှင်ဘုရင်ကုရုနန်းစံပဌမ နှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော် စာကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊ ၂ ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင် ထာဝရဘုရားသည် မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့ အားပေးတော်မူသည် ဖြစ်၍၊ ယုဒပြည် ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်းမှာ ထားတော်မူပြီ။ ၃ သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏ လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင် ရှိတော်မူပါစေသော။ ယုဒပြည် ယေရုရှလင်မြို့သို့ သွား၍ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင် ဖြစ်တော်မူ၏။ ၄ ဘုရားသခင်၏ လူတည်း ခိုရာအရပ်ရပ်၌ နေသော သူတို့သည်၊ ယေရုရှလင်မြို့မှာရှိတော်မူသော ဘုရားသခင်၏ အိမ်တော် အဘို့ အလိုလိုလှူသော အလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။ (ဧဇရ ၁:၁-၄) 
 
ဗိမာန်တော် ပြန်ဆောက်ခြင်း 

ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန်အဆွေအမျိုးသူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့် တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ထကြ၏။ အိမ်နီးချင်းရှိသမျှ တို့သည်၊ အလိုလိုလှူသော အလှူမှတပါး၊ ငွေတန်ဆာနှင့် ရွှေအစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သောအရာ တို့နှင့် မစကြ၏။ ထိုမှတပါး၊ ယေရုရှလင်မြို့မှနေဗုခဒ်နဇောသိမ်း သွား၍၊ မိမိဘုရားတို့ ဗိမာန်၌ သွင်းထားသော ဗိမာန်တော် တန်ဆာတို့ကို၊ ပေရသိရှင်ဘုရင်ကုရုသည် ရွှေ တိုက်စိုးမိသရေဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်းရှေရှဗာဇ၌ ရေတွက်လျက် အပ်တော်မူ၏။ (ဧဇရ ၁:၅-၈) ထိုသို့ သိမ်းသွားခြင်း ခံရာမှပြန်လာသောသူများသည် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ကြသည် (ဧဇရ ၃) 
 
နှောက်ရှက်ခံရ၍ လက်စမသပ်နိင်ခြင်း 

ဣသရေလ လူများ ထိုသို့ ဗိမာန်တော် ကြီးကို ပြန်လည်တည်ဆောက်သောအခါ စာတန်၏ လူများ ကနှောက်ရှက် ကြသည်။ သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့ သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အဘို့ ဗိမာန်တော်ကို တည်ကြသည်ဟု ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုး၏ ရန်သူတို့သည် ကြားလျှင်၊ ဇေရုဗဗေလနှင့် အဆွေအမျိုးသူကြီးတို့ထံသို့ လာ၍၊ ငါတို့သည် သင်တို့ ထံ၌ တည်းခိုပါရစေ။ သင်တို့၏ ဘုရားသခင်ကို သင်တို့ ရှာ သကဲ့သို့ ငါတို့လည်းရှာကြ၏။ ငါတို့ကို ဤပြည်သို့ ဆောင်ခဲ့သော အာရှုရိရှင် ဘုရင်ဧသရဟ​ြုန်လက်ထက် မှစ၍ ထိုဘုရားသခင်အား ယဇ်ပူဇော်ကြသည် ဟုဆိုကြသော်၊ ဇေရုဗဗေလနှင့် ယောရှုအစရှိသော ဣသရေလ အဆွေအမျိုး သူကြီးတို့ က၊ ငါတို့၏ ဘုရားသခင် အဘို့ ဗိမာန်တော် တည်ခြင်း အမှုကို၊ သင်တို့သည် ငါတို့နှင့် ဝိုင်း၍ မလုပ်ရ။ ပေရသိရှင်ဘုရင်ကုရုမင်းကြီး အမိန့်တော် အတိုင်း၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အဘို့ ငါတို့သည် ကိုယ်တိုင် တည်ရမည်ဟု ပြန်ပြောကြ၏။ ထိုအခါ ပြည်သားတို့သည် ယုဒအမျိုးတို့ကို လက်အား လျော့စေ၍၊ တည်ဆောက်ခြင်း အမှုကို နှောက်ရှက်ကြ၏။ ယုဒအမျိုးသားတို့၏ အကြံကို ဖျက်ဆီးခြင်းငှါ၊ ပေရသိရှင်ဘုရင်ကုရုလက်ထက် ကာလ ပတ်လုံးမှသည်၊ ပေရသိရှင်ဘုရင်ဒါရိလက်ထက် တိုင်အောင်၊ ရှေ့နေတို့ကိုငှါး၍ တားကြ၏။ အာရွှေရုနန်းထိုင်စကယုဒပြည်သည်၊ ယေရု ရှလင်မြို့သားတို့၌ အပြစ်တင်သော လွှာစာကို ပေးလိုက်ကြ၏။ (ဧဇရ ၄:၁-၆) ထိုသို့ ယေရုရှလင်မြို့၏ ဗိမာန်တော် တည်ခြင်း အမှုပျက်၍၊ ပေရသိရှင်ဘုရင် ဒါရိနန်းစံနှစ်နှစ်တိုင်အောင် လက်စမသတ်ဘဲ နေလေ၏။ (ဧဇရ ၄:၂၄) 

 
ဗိမာန်တော် ဆောက်ဘို့ နှိုးဆော်

ရန်သူများ၏ နှောက်ရှက်မှုကြောင့် ဗိမာန်တော် မဆောက်နိင်သောအခါ မိမိတို့ အိမ်များကိုသာ အဓိကထား၍ ဆောက် ကြသည်။ ဘုရား၏ အိမ်တော် ဆောက်နိင်ဘို့ရန် ဆုတောင်းခြင်း၊ ကြိုးစားခြင်း မရှိကြ။ ထိုသို့ ဘုရားသခင်၏ အိမ်တော်ကို မဆောက်ကြသောကြောင့် ပရောဖက် ဟဂ္ဂဲအားဖြင့် ဘုရားသခင်က သူတို့ကို အပြစ်တင်ကြောင်း ဤသို့ တွေ့ရသည် ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အချိန် မရောက်သေး၊ ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ရသောအချိန် မရောက်သေးဟု ဤလူများ ပြောဆို ကြသည်မှာ၊ ပရောဖက် ဟ~​ဲအားဖြင့် ထာဝရဘုရား၏ နှုတ် ကပတ်တော် ရောက်လာသည်ကား၊ အချင်းလူတို့၊ သင်တို့သည် အမိုးနှစ် ထပ်နှင့် ပြည့်စုံသော အိမ်၌ နေချိန်ရှိလျက် ပင်၊ အိမ်တော် ပျက်လျက် နေရမည်လော။ ယခုမှာကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ကို ဆင်ခြင်ကြလော့။ သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာ မစားရကြ။ သောက်ရသော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ်လုုပ်၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာသိုထားရ၏။ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အကျင့်ကို ဆင်ခြင်ကြလော့။ တောင်ပေါ်သို့ တက် သွား၍ သစ်သားကို ဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ငါသည်လည်း အားရ၍ ငါ၏ ဘုန်းသည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ သင်တို့သည် များစွာ ရမည်ဟု မြော်လင့်သော်လည်း ရသော ဥဏာခေါင်း ပါးရ၏။ အိမ်သို့ ရောက်သောအခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ငါ့အိမ်သည် ပျက်လျက် ရှိသောကြောင့်၎င်း၊ သင်တို့သည် အသီးအသီး မိမိတို့ အိမ်သို့ ပြေးသောကြောင့်၎င်း ဖြစ်သတည်း။ ထိုကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့် နှင်း မကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။ မြေပေါ်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဆန်စပါး၊ ချိုသော စပျစ်ရည်၊ ဆီအပေ၌၎င်း၊ မြေထဲကထွက်သမျှ အပေါ်၌၎င်း၊ လူသျွှဝါတိရဈာန် အပေါင်းတို့၌၎င်း၊ လုပ်ဆောင်သမျှ အပေ၌၎င်း၊ သွေ့​ခြောက်ခြင်း အမှုကို ငါမှာလိုက်လေပြီဟု မိန့်တော်မူ၏။ (ဟဂ္ဂဲ ၁:၂-၁၁) 
 
ဗိမာန်တော် ပြန်ဆောက်ခြင်း 

ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းယော ဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသောသူ အပေါင်းသည် မိမိတို့ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရား စေခိုင်းတော်မူသော ပရောဖက် ဟဂ္ဂဲစကားကို၎င်း နားထောင် သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။ ထိုအခါ ထာဝရဘုရား မှာထားတော်မူသည် အတိုင်း ထာဝရဘုရား၏ တမန် ဟဂ္ဂဲက၊ ငါသည် သင်တို့နှင့်အတူ ရှိ၏ ဟု၊ ထာဝရဘုရား မိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။ ထာဝရ ဘု ရားသည်လည်း၊ ယုဒမြို့ဝန်နှင့် ရှာလလေလသား ဇေရုဗဗေလနှင့် ယဇ်ပုရော ဟိတ်မင်းယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသောသူ အပေါင်းတို့ကို နှိုးဆော်တော်မူသော အားဖြင့်၊ ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဌမလနှစ်ဆယ် လေးရက်နေ့တွင်၊ သူတို့သည် လာ၍ မိမိတို့ ဘုရားသခင်၊ ကောင်းကင် ဗိုလ် ​ခြေအရှင်ထာဝရဘုရား၏ အိမ်တော်၌ အလုပ်လုပ်ကြ၏။ (ဟဂ္ဂဲ ၁:၁၂-၁၅) 
 
ဗိမာန်တော် ပြီးစီးခြင်း 

ထိုအခါ ဒါရိမင်းကြီး ပေးလိုက်သော အမိန့်တော် အတိုင်း၊ မြစ်အနောက် ဘက်မြို့တော် ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သူတို့ အပေါင်းအဘော်တို့သည် အလျင် အမြန် ပြုကြ၏။ ယုဒအမျိုးအသက်ကြီးသူ တို့သည် တည်ဆောက်၍၊ ပရောဖက် ဟဂ္ဂဲ​နှင့် ဣဒေါသား ဇာခရိဟောသော အားဖြင့်၊ အကြံထမြောက် ကြ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် အမိန့်တော်နှင့် ပေရသိရှင်ဘုရင် ကုရုမင်း၊ ဒါရိမင်းအမိန့်တော် အတိုင်း၊ တည်ဆောက်၍၊ လက်စသတ်ကြ၏။ ဒါရိမင်းကြီး နန်းစံ​ခြောက်နှစ်၊ အာဒါလသုံးရက်နေ့တွင် အိမ်တော်သည်ပြီး ပြည့်စုံ၏။ (ဧဇ ၆:၁၃-၁၅) 

အထက်ပါ ဒုတိယအကြိမ် ဗိမာန်တော် ပြန်ဆောက်ခြင်းအားဖြင့် ရရှိသော သင်ခန်းစာများမှာ၊ 

၁။ ဘုရားသခင်သည် ဣသရေလ ူများကို ဖေါက်ပြန်မှုကြောင့် ဗိမာန်တော် ကြီးကို အဖျက်ခံခဲ့သည်။ 

၂။ ဘုရားထက် ဗိမာန်တော် အားကိုး ခြင်းသည် မှားသည်။ ထိုနည်း တူ ယခုခေတ်၌ ဘုရားထက် ဆယ်ဘို့ တဘို့ ပေးခြင်း၊ ဆုတောင်း နိင်ခြင်း၊ ကျမ်းစာဖတ်နိင်ခြင်း၊ ဘုရား အမှုတော်ဆောင်များကို အားကိုးခြင်းများကို မလုပ် သင့်ချေ။ 

၃။ ဘုရားသခင်သည် ဗိမာန်တော်ကို ဖျက်ခိုင်းသော်လည်း တပါးအမျိုးသား ရှင်ဘုရင်များကို ပြန်ဆောက်ခိုင်းသည်။ ထို့ကြောင့် အရာခပ်သိမ်းသည် ဘုရား လက်ထဲ၌ ရှိကြောင်း ထင်ရှားသည်။ 

၄။ ဒုတိယဗိမာန်တော်သည် ဘုရားသခင် ပြန်ဆောက်ခိုင်းသော်လည်း ရန်သူများ ကအတော် အတန်နှောက်ရှက်နိင်သည်။ ထို့ကြောင့် တခုခုလုပ်သောအခါ အနှောက်အရှက်ခရံခြင်းသည် ဘုရား၏ အလိုတော် မဟုတ် သောကြောင့်ဟု အလျှင်အမြန် ဝေဖန်ဘို့ မဟုတ်ကြောင်း သိရသည်။ 

၅။ အနှောက်အရှက်ခံရသောအခါ ဣသရေလ လူများသည် မိမိတို့ အိမ် ဘက်၌ အာရုံစိုက်ကာဘုရား ခိုင်းသောအရာကို လျစ်လျူရှု ကြသည်။ ထိုနည်း တူဘုရား ခိုင်းသော အမှုကို ထားခဲ့၍ မိမိလိုချင်သောအရာကို ဦးစားမပေး သင့်ချေ။ 

၆။ ဘုရားသခင်သည် မိမိအစပြုသောအရာကို အဆုံးသတ်သည် အထိ တတ်စွမ်းနိင်သည်။ ထို့ကြောင့် ဘုရားသခင် အမှုဆောင်ရာတွင် အဆုံးတိုင်အောင် တည်ကြည်ကြပါစို့။ အဆုံး၌ အောင်မြင်ခြင်းရရှိမှာသေချာနေသည်။ 
 

သတ္တမနေ့ဥပုသ်အကြောင်း (Sabbath)

Rev. Joshua Hrang Kip Zul (Atlanta GBC)

Sabbath (ဆာဗက်) ဟူသောစကား လုံးသည် ဟေဗြဲဘာသာ စကား ဖြစ်သည်။ အဓိပ္ပါယ်မှာပြီး ဆုံးမည် ဟုဆိုလိုသည်။ ဘုရားသခင်သည် ​ခြောက်ရက်အတွင်း ဖန်ဆင်းခြင်း အမှု အလုံးစုံကိုပြီး မြောက်စေပြီး ခုနှစ်ရက် မြောက်သော နေ့တွင် ဖန်ဆင်းခြင်း အမှု မှအနားယူတော်မူသည် (က ၂:၁-၃)။ လူသားတို့လည်း ဤကဲ့သို့ ခုနှစ်ရက်မြောက်နေ့တွင် နားကြသည် (က ၈:၁၀-၁၂၊ ၂၉:၂၇-၂၉)။ ဤကဲ့သို့ ခုနှစ်ရက်မြောက်နေ့၌ နားခြင်းတွင် ရည် ရွယ်ချက် (၂) ခုရှိသည်။ ပထမအချက်သည် ခုနှစ်ရက်မြောက်နေ့ကို မိမိတို့ အဘို့ထက် ဘုရားသခင် အဘို့ သန့်ရှင်းစွာ အသုံးပြုရန်နှင့် ဒုတိယအချက် မှာပင်ပန်းစွာ အလုပ်လုပ်ခြင်းမှ အနားယူရန် ဖြစ်သည် (ထွက် ၁၆:၂၂-၃၀)။ 
 
 (က) ဘုရားသခင်က ဣသရေလတို့ ထံပေးအပ်ရခြင်း အကြောင်း 

ခုနှစ်ရက်မြောက်နေ့ကို နားရန်နေ့အဖြစ် ပေးသည် (ထွက် ၃၁း၁၆-၁၇)။ ထို့ကြောင့် သတ္တမနေ့ဥပုသ်နေ့ကို မစောင့်စည်းလျှင် သေဒဏ် ခံရမည် (ထွက် ၃၁:၁၃-၁၇)၊ (တောလည် ၁၅:၃၂-၃၆)။ ဣသရေလ လူတို့ ထံဥပုဒ်နေ့ကို သန့်ရှင်းစေရန်ပေးရခြင်းတွင် အီဂျစ်​ကျွန်ဘဝမှလွတ် မြောက်သော နေ့ကို အောက်မေ့သတိရဘို့ရန် ဖြစ်သည် (တရာ၊ ၅:၁၅)။ ထို့အပြင် အလုံးစုံကို ဖန်ဆင်းသော ဘုရားရှင်ကို အောက်မေ့သတိရဘို့ရန် (ထွက် ၂၀:၈-၁၀) ဖြစ်၍ ဤအကြောင်း (၂) မျိုးကို မေ့လျော့သူ၊ မစောင့် စည်းသူသည် သေခြင်း ပြစ်ဒဏ်ကို ခံထိုက်သူ ဖြစ်သည် (တရား၅:၁၄)။ သို့သော် ဣသရေလ လူတို့သည် ဥပုသ်နေ့ကို သန့်ရှင်းစွာ မစောင့်ကြစီးပွားရှာ ရန်မမှန်သော ပိဿချိန်ကို အသုံးပြုခြင်းဖြင့် အမြတ်ရှာစားကြသည် (ဟေရှာ ၅၈:၁၃-၁၄၊ ယေရ ၁၇:၂၁-၂၃)။ ဥပုဒ်နေ့ကို စင်ကြယ်စွာ မစောင့်ရှောက် သဖြင့် သူတို အပေါ်တွင် ဘေးအန္တရာယ်များကျရောက်ခဲ့သည် (ထွက် ၂၀ ; ၂၃-၂၄၊ ၂၃:၂၈)။ ထိုအခက်အခဲအန္တရာယ်များမှ ဘုရားရှင်ထံပြန်လည် အားကိုး လာရန်အလိုတော် ရှိသည်။ ဗာဗုလုန်​ကျွန်မှ လွတ်မြောက်မလာမီ ပရောဖက် နေဟမိကကြိုတင်၍ သတိပေးခဲ့သည် (နေ ၁၃:၁၅-၂၂)။ 
 
 (ခ) ယေရှုနှင့် ဥပုသ်နေ 

(Jesus and Sabbath)

ယေရှု ကသူသည် ဥပုသ်နေ့ အရှင်သခင် ဖြစ်သည်ဟု ပြောခဲ့သည် (မဿဲ ၁၂:၈)။ ထို့ကြောင့် သူ့တပည့်တော်များက ဥပုသ်နေ့တွင် စပါးနှံများကို ခူးကြသည် (မဿဲ ၁၂:၁)။ နာမကျန်း သူများကို အနာရောဂါငြိမ်းစေသည် (မဿဲ ၁၂:၉-၁၃)။ ထိုအခါ ယုဒလူဖာရိရှဲတို့ ကဥပုသ်နေ့ကို ညစ် ညမ်းစေသည်ဟု စွပ်စွဲ၍ သူ့ကို သတ်အံ့သောငှာ တိုင်ပင်ကြ၏ (မဿဲ ၁၂:၁၄)။ သို့သော် ယေရှုက ဥပုသ်နေ့မှစ၍ ပူဇော်သက္ကာပြုခြင်း ပွဲများသည် သူကြွ လာမည့် အကြောင်းကို }ကုိတင်သိရှိနိုင်ရန် ပေးထားသည့်ပုံရိပ်နိမိတ်များသာ ဖြစ်ကြပြီး ဧကန်အမှန်သခင်သည် သူ (ယေရှု)သာ ဖြစ်ကြောင်း သဘောပေါက် နိုင်ရန် သင်ပြခြင်း ဖြစ်သည် (ကော၊ ၂:၁၆-၁၇)။ ယေရှု၏ ဦးတည်ရည်ရွယ် ချက်သည် ယုဒထုံးတမ်းစဉ်လာဟု ပညတ်တရားနှင့် ခရစ်ယာန် တရားတော်ကို ယှဉ်တွဲ၍ ကျင့်သုံးရန်မ ဖြစ်နိုင်ကြောင်း ဖော်ပြသည် (မဿဲ ၉:၁၆-၁၇)။ ယု ဒထုံးတမ််းပညတ်တရားသည် စပျစ်ရည်အဟောင်း ဖြစ်၍ အသစ်သောသားရေဗူးတွင် ထည့်သွင်းခြင်း မပြုနိုင်ကြောင်းနှင့် စပျစ်ရည်အသစ်ကိုလည်း အဟောင်းတွင် ထည့်သွင်း၍ မရကြောင်း ဖော်ပြသည်။ ယုဒထုံးတမ်းဓလေ့သည်သားရေဗူးဟောင်း ဖြစ်သည်။ ယင်းကို ဗူးသစ် ဖြစ်သော ခရစ်ယာန်၌ သွတ်သွင်း၍ မရနိုင်ပါ။ အရေဖျားလှီးခြင်းနှင့် ပညတ်တရားစောင့်ရှောက်ခြင်းသည် ဘုရား၏ လူမျိုးတော် ဖြစ်ကြောင်း၏ သက်သေ ဖြစ်သည် (က ၁၇:၁၀-၁၁၊ ထွက် ၃၁)။ သို့သော် အသင်းတော် ခေတ်တွင်သား ဖြစ်ရသော အမှတ်လက္ခဏာသည် ဝိညာဉ်တော်အားဖြင့် တံဆိပ်ခပ်နှိပ်ခြင်း ဖြစ်သည် (ရော ၈:၉၊ ဧဖက် ၁:၁၃-၁၄)။ ဤဖွင့်ဆိုမှုကို သဘောပေါက် နားလည် သူများသည် ယနေ့ထက် တိုင်ပညတ် တရားကို အဓိကထားလျှက်ဥပုသ်နေ့ကို စောင့်ရှောက် နေကြပါသည်။ ထိုတရားတော်သည် ကယ်တင်ရှင် ခရစ်တော် ဤလောကသို့ ကြွလာမည့် အကြောင်းကို ဘုရားသခင် မှကြိုတင်၍ ပုံရိိပ်နိမိတ်ပြထားခြင်း ဖြစ်သည်ကို မသိကြပေ။ သို့ဖြစ်၍ ပညတ်တရားတော်ကို လိုက်နာကျင့်သုံးနေသူ များနှင့် ဥပုသ်နေ့ကို အထူးတလည်စောင့်ရှောက်နေ သူများသည် ပုံရိပ်နိမိတ်တွင် တဝဲဝဲလည်နေ သူများသာ ဖြစ်ကြပါသည် (ကော ၂:၁၆-၁၇)။ သို့ဖြစ်သောကြောင့် အစစ်အမှန်ပေါ်ထွန်းလာပြီး နောက်အတုအယောင်တွင် ဆက် လက်၍ ကျင်လည်နေ သူများသည် သနားဖွယ်ကောင်းသော ယုံကြည်သူများဖြစ် ကြသည်။ 
 
 (ဂ) သတ္တမမြောက်ဥပုသ်နေ့နှင့် ခရစ်ယာန်များ

(Sabbath and Christians)

ဆိုခဲ့ပြီးသည့်အတိုင်း ဥပုသ်နေ့သည် ခရစ်ယာန်များကို ပေးခြင်း မဟုတ်။ ယုဒထုံးတမ်းစဉ်လာကို ထိန်းသိမ်းရမည့် ဣသရေလ လူမျိုးတို့အတွက် ပေးထားခြင်း ဖြစ်ကြောင်း နက်နဲစွာ သိရှိထားရမည် (ဂလာ ၅:၁၂၊ ၄:၉-၁၀)။ သမ္မာကျမ်းစာ ကပညတ်တရားနှင့် ဥပုသ်နေ့ကို စောင့်ထိန်းရန် မလိုတော့သည့်အကြောင်း ဖော်ပြခြင်းမရှိ၊ ဟုဆိုကြပါသည်။ ထို သူတို့သည် ယေရှု၌ ထိုအရာအားလုံး ပြီး ပြည့်စုံပြီး ဖြစ်ကြောင်း၊ သူ့ကို လက်ခံယုံကြည်သည်နှင့် ထာဝရ ​ဖြောင့်မတ်ခြင်း အဖြစ်သို့ ရောက်ရှိပြီး ကြောင်းကို မသိကြခြင်းကြောင့် ဖြစ်သည် (ရော ၁၀:၄၊ ဂလာ ၃:၂၅-၂၆)။ ဥပုသ်နေ့သည် ပညတ်တရားတွင် အမှတ်စဉ် (၄) ဖြစ်၍ ခွဲထုတ်၍ မရ(ထွက် ၂၀:၈-၁၁)။ ထိုပညတ်တရား၏ ပြည့်စုံရာသည် ခရစ်တော် ဖြစ်လျှင် ဥပုဒ်နေ့သည်လည်း ခရစ်တော်၌ ပြည့်စုံပြီးကြောင်း သိရမည်။ သတိပြုရမည့် အချက်မှာဓမ္မဟောင်း ခေတ်တွင် ပညတ်တရားကို စောင့်ရှောက်လျှင် ဘုရားသခင် အမျက်တော် ထွက်ပြီး ဓမ္မသစ်ခေတ်တွင် ဥပုသ်နေ့မစောင့်ခြင်းကြောင့် မဟုတ်တော့ဘဲ ဝိညာဉ်တော်ကို စိတ်နာစေခြင်းတွင်သာ ဘုရားသခင် စိတ်နာသည် (ဧဖက် ၄:၃၀)။ 

ကနဦး ခရစ်ယာန် များသည် ဥပုသ်နေ့ကို မစောင့်ရှောက်ကြတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ဥပုသ်နေ့သည် ဣသရေလ လူမျိုးတို့အတွက်သာ ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်ကြခြင််းကြောင့် ဖြစ်သည်။ ထို့ကြောင့် ရက်သတ္ တပတ်၏ ပထမနေ့ ခရစ်တော် ရှင်ပြန်ထမြောက်သော နေ့တွင် မိသဟာယဖွဲ့ ကြသည်။ စုဝေးကြလျှက်အချင်းချင်း အားပေးနှစ်သိမ့် ကြသည်။ သခင်ဘုရား အကြောင်းကို ဆွေးနွေး ကြသည်။ ထိုနေ့ ဖြစ်သော တနင်္နွေနေ့သည် ဥပုသ်နေ့ကို အစားထိုးခြင်း မဟုတ်သလိုပထမရာစု ၃၂၅ ခုနှစ်ကကွန်စတန်တင်နိုပဲလ်နေဘုရားကိုးကွယ် သူများကို ဆွဲဆောင်သိမ်း သွင်းနိုင်ရန် ဥပုသ်နေ့ကို တနင်္ဂနွေနေ့ဖြင့် အစားထိုးခြင်း ဖြစ်သည်ဟု စွပ်စွဲ ကြသည်။ (တမန် ၂၀:၇)ကို ဖတ်ကြည့်လျှင် ဥပုသ်နေ့ကို တနင်္ဂနွေနေ့ဖြင့် အစားထိုးခြင်း မဟုတ်ကြောင်း ကောင်းစွာ သိနိုင်သည်။ ထိုနေ့သည် သခင်ယေရှု ထမြောက်သောနေ့ ဖြစ်သည် (ယော ၂၀:၁၊ လု ၂၄:၁၊ မဿဲ ၂၈:၁)။ 

သို့ဖြစ်၍ ယေရှုခရစ်၏ အသွေးတော်ဖြင့် ရွေးနှုတ်ထားသော ခရစ်ယာန်များအဘို့မူ ပညတ်တရားအပုဒ် (၄) ပါဥပုသ်နေ့ကို စောင့်ထိန်းခြင်းထက် ယေရှုခရစ် တော် သေခြင်းကို အောက်မေ့ပြီး ရှင်ပြန်ထမြောက်သောနေ့ ဖြစ်သည့် တနင်္ဂနွေနေ့တွင် ထိုအသက် သခင်ကို ချီးမွမ်းခြင်း အမှုနှင့် ဝတ်ပြုစည်း ဝေးခြင်း အမှုကို ပြုလျှင် ပို၍ မြင့်မြတ်ပေမည်။ နေ့အားလုံး သည် အမည်နာမနှင့် လူတို့၏ သတ် မှတ်ချက်သာ ဖြစ်ပြီး နေ့အားလုံး အတူ တူသာ ဖြစ်သည်။ သန့်ရှင်းသော နေ့ဟူ၍ သီးခြားနေ့မရှိပါ။ ထိုကဲ့ သို့ဖြစ်လျှင်လည်း လူသည် သန့်ရှင်းခြင်း မရှိသဖြင့် ထိုနေ့ကို ညစ်ညမ်းစေမည်သာ ဖြစ်သည် (ရော ၃:၁၂ ၁၉ ၂၂-၂၅၊ ယောဘ ၁၄:၁-၄)။ သို့ဖြစ်၍ ဥပုသ်နေ့ကို စောင့်ခြင်းဖြင့် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့ရန်ကြိုးစားနေ သူများသည် စာတန်၏ လှည့်ဖျားခြင်း၊ လိမ်လည်မှုကို နာခံ သူများ ဖြစ်၍ သမ္မာကျမ်းစာသည် ထို သူတို့အတွက် ဖုံးအုပ်လျှက်ရှိနေသည် (၂ ကော ၃:၁၃-၁၆)။ အပြစ် စီရင်တတ်သော ထိုတရားတော်ထက် ​ဖြောင့်မတ်စေသော တရားသည် ပို၍ ဘုန်းအာနု ဘော်ရှိကြောင်းနှင့် ပယ်ရှင်းရသောအရာထက် တည်နေသောအရာသည် သာ၍ ဘုန်းရှိကြောင်း (၂ ကော ၃:၉၊ ၁၀)တွင် အတိအလင်းဖော်ပြထား ပါသည်။ ထို့အပြင် ဟေဗြဲဘာသာစကား ဥပုသ်နေ့၏ အဓိပ္ပါယ်သည် အဆုံးသတ်သည်ဟု ဖြစ်၍ ယခုအဆုံးသတ်ပြီ ဖြစ်ကြောင်း သိရန်လိုသည်။ 

ကနဦး ခရစ်ယာန်တို့သည် ပထမနေ့ ဖြစ်သော တနင်္ဂနွေနေ့ကို ဝတ် ပြုစည်းဝေးပြုခြင်း၊ သူတို့၏အလှူများစုဆောင်းရက်နေ့၊ ပွဲတော်မင်္ဂလာ သုံးဆောင်သည့်နေ့ (တမန် ၂၀:၇၊ ၁ ကော ၁၆:၁-၂) အဖြစ် အသုံးပြု ကြသည်။ ဤနေ့တွင်ရှင်ယောဟန်ကရူပါရုံကို မြင်ရသည် (ဗျာ ၁:၁၀)။ ထို့ကြောင့် နေ့တစ်နေ့တွင် မဟုတ် ခရစ်တော် ယေရှု၌ တည်နေသောသူ (မဿဲ ၁၁:၂၈)တို့သည် ထိုသခင်၏ သေခြင်း၊ မဇ္စုမာန်ကို အောင်မြင်၍ ရှင်ပြန်ထ မြောက်သော နေ့ကို ဝတ်ပြုကိုးကွယ်ရာနေ့အဖြစ် ဝမ်းမြောက် ရွှင်လန်းစွာ အသုံးပြု နေကြခြင်း ဖြစ်ပါသည်။ 
 
 
သက်သေခံချက်များ 

James Lee

​ကျွန်တော့နာမည် James Lee ဖြစ်ပါတယ်။ မိရိုးဖလာဗုဒဝဘာ သာဝင်တစ်ဦး ဖြစ်ပါတယ်။ မှတ်မှတ်ရရ ၂၀၀၆ ခုနှစ်မှာ San Jose, California မြန်မာ အသင်းတော် တခုမှာ ဧဝံဂေလိ ဆရာတဦးလာပြီး သင်တန်းပေး တဲ့အချိန် မှာဝင် နားထောင် ဖြစ်ခဲ့တယ်။ အဲဒီ ကယ်တင်ခြင်း သင်ကြားခြင်းမှာဘဲ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ရပါတယ်။ ဗုဒ္ဓဘာသာဝင် တယောက် အဖြစ်ရှိစဉ်က​ကျွန်တော့ဇနီး Thelma ကပြောပါတယ်။ ခရစ်တော်ကို လက်ခံပါ၊ ခရစ်တော်ကို လက်မခံရင်ငရဲကို သွားရမယ်၊ ခရစ်တော် တပါးတည်းဘဲ ကယ်တင်နိင်တယ်။ ကျန်ဘာသာ ဝင်တွေအားလုံး ငရဲသွားရမယ်ပြောခဲ့တယ်။ ​ကျွန်တော် လဲဒါဘဲ သိရတယ်။ ဘာလို့ ခရစ်တော် လိုသလဲ။ ဘာကြောင့် လက်ခံဘို့ လိုသလဲဆိုတာလဲ မသိ ခဲ့ရဘူး။ ဒီလိုနဲ့​ကျွန်တော် အလုပ်မှာမန်နေဂျာအမျိုးသမီးတယောက်ကို သိရတယ်။ သူက​ကျွန်တော့ကို ဘာဘာသာလဲလို့မေးတော့​ကျွန်တော် ဗုဒဝဘာသာ ဖြစ်တယ်၊ ဒါနဲ့ခင်ဗျားရောဘာလဲလို့မေးတော့သူမကသူဟာ ခရစ်ယာန် လို့ပြောတဲ့အချိန် မှာသူရဲ့အကြည့်က​ကျွန်တော့ အပေါ်မှာ၊ သူကကောင်း ကင်သွားမဲ့ကောင်းကင် သား၊ ​ကျွန်နော်ကတော့ငရဲသွားမဲ့သူဆိုတဲ့အ ကြည့်မျိုးနဲ့ကြည့်တယ်။ ဒီအမျိုးသမီးကမာနလဲကြီး တယ်၊ လူလဲကြင်နာ သနားမှု မရှိဘူးဆိုတာသိတော့ ​ကျွန်နော်စဉ်းစားကြည့်မိတယ်။ ဒီလိုလူမျိုး ကောင်းကင် သွားပြီး ဗုဒဝဘာသာထဲမှာသူထက် မွန်မြတ်စိတ်ထားကောင်း တဲ့သူတွေအများကြီး ငရဲကို သွားရမယ်ဆိုရင်ဟုတ်နိင်ပါ့မလား။ သူတို့ ပြော တဲ့ ခရစ်တော် ဟာဘုရား ဆိုရင်ဒီလိုစီရင်မှာ မဟုတ်ပါဘူး၊ ဆိုပြီး ခရစ်ယာန် ဘာသာကို လုံးဝ စိတ်မဝင်စားခဲ့ဘူး။ 

နောက်အလုပ်မှာ​ကျွန်နော်အထက်က Vice President ဟာအ လွန်ဒေါသကြီး သူတယောက် ဖြစ်ပြီး လူမှု ဆက်ဆံရေးမှာလဲ အလွန် မောက် မာတဲ့လူတယောက် ဖြစ်တယ်။ တနေ့သူကကျနော်နဲ့လုပ်ဖေါ်တယောက်ကို ထမင်းစားဘိတ်ကျွေးစဉ်ကျနော့ကို မေးတယ်။ ခရစ်တော် အကြောင်းကို သိချင် ရင်ပြောပြမယ်လို့စကား စပြောလာတယ်။ ကျနော့စိတ်ထဲမှာတော် ပါတော့သူဌေးရယ်၊ ကျွေးမဲ့ထမင်းသာမြန်မြန်ကျွေးပါ၊ ပြီးရင်အလုပ် ပြန်ဝင်ပါရစေ၊ မပြောနဲ့လို့ကိုယ့်စိတ်ထဲမှာပြောမိတယ်။ ဒါပေမဲ့နှုတ်က တော့ရပါတယ်သူဌေးရယ်နောက်အချိန် ရမှပြောကြတာပေါ့ဆိုပြီး အဆုံး သတ်ခဲ့တယ်။ ပုံသက်သေကောင်း ဖြစ်ရမယ်ဆိုတာတကယ်ဘဲ အရေးကြီး တယ်။ 

ကိုယ့်ကို ကိုယ်လဲဘာမှသိပ်ဆိုးတာမလုပ်တော့၊ သိပ်မကောင်းသော်လဲသိပ်ဆိုးတယ်လို့လဲ မထင်ထားဘူး။ မိမိကိုယ်ကို လဲအပြစ်ရှိတဲ့အ ပြစ်သား အဖြစ်မမြင်ခဲ့ဘူး။ ဘုရားသခင်ကို လဲတကိုယ်ကောင်းဆံတဲ့ဘုရားဘဲ၊ ဘာလို့ငါမှတပါး အခြားဘုရား မကိုးကွယ်ရလို့တားမြစ်ထားတာလဲ။ ဗုဒ္ဓဘာသာမှာတော့အရမ်းမွန်မြတ်တယ်။ ဘာမှမတားမြစ်ဘူးလို့ထင်ခဲ့ တယ်။ ဒါကို လဲကျနော့နှလုံးထဲမှာ ဖေါ်ပြခြင်း ခံခဲ့ရတယ်။ အဆုံးကို အစက တည်းကမြင်တဲ့ဘုရားကကျနော်တို့ ရဲ့အား နဲချက်ကို သိတယ်။ ကိုယ်ထက် အစွမ်းရှိတဲ့အရာမှန်သမျှ ဘုရား အဖြစ် လူတွေကကိုးကွယ်မယ်၊ ဒီလိုကိုးကွယ်မှားရင်ထာဝရ ပျက်စီးခြင်းသို့ ရောက်မယ်ဆိုတာကြိုတင်မြင်လို့တား မြစ်ထားတာဟာသူ့အတွက် မဟုတ်ဘဲ ကျနော့အတွက် ဖြစ်တယ်ဆိုတာ နောက်မှသိခဲ့ရတယ်။ 

နောက်မရှင်းတာ တခုက ခရစ်ယာန် တွေကမျက်မြင်မရတဲ့အရာကို ဘုရား အဖြစ်ကိုးကွယ်တာအဓိပ္ပါယ်မရှိဘူး။ ဗုဒ္ဓဘာသာမှာကမြင်ရတဲ့ ဂေါဓမ္မကဘုရား ပွင့်သွားတာလို့ထင်ခဲ့တာ။ ဒါကို လဲအ​ဖြေရခဲ့တယ်။ မျက် မြင်မရတဲ့အသံလှိုင်းတွေလေထဲမှာရှိတာ၊ လေဆာအလင်းရှိပြီး မျက်စိနဲ့ မြင်လို့မရဘူး။ မြင်တယ်ဆိုရင်ကန်းသွားနိင်တယ်။ သေသွားနိုင်တယ်။ ဒါကြောင့် အလွန် သန့်ရှင်းမြင့်မြတ်တဲ့ဘုရားရဲ့ဘုန်းတန်ခိုးရောင်ခြည်ဟာ ညစ်ညူး လွန်းတဲ့လူရဲ့မျက်စိနဲ့မမြင်နိင်တာကို မရှိဘူးလို့သတ်မှတ်တာ မမှန်ဘူးဆိုတာပြန်သိခဲ့ရတယ်။ 

သန့်ရှင်းပြီး အသက်ရှင်တဲ့ဘုရား ဟာလူတို့ နေတဲ့အိမ်၊ လူတွေ သတ်မှတ်တဲ့ သန့်ရှင်းတယ်ဆိုတဲ့နေရာမှာနေနိင်ပါ့မလား။ ကျမ်းစာမှာ ကမ္ဘာမြေဟာငါရဲ့​ခြေတင်ခုံ ဖြစ်တယ်ဆိုတာသိခဲ့ရတယ်။ ကျနော်တို့ လက်ခံထားတဲ့ရုပ်တုထဲမှာအနေကစာတင်အသက် သွင်းထားတဲ့ဘုရား ဝိညာဉ် ဟာဒီရုပ်တုထဲမှာအသက်ရှင်လျက် ရှိရင်တဖက်ခန်းမှာရှိတဲ့ ကျနော်တို့ မောင်နှမ တတွေဆူဆဲနေတဲ့အသံကို နားခံနိင်ပါ့မလား၊ ကျနော့ မိခင် တောင်နားမခံနိင်ဘူးနော်၊ အသက်ရှင်တဲ့ဘုရား ဖြစ်ရင်ဒီအခန်းထဲမှာနေ နိင်မှာ မဟုတ်ဘူးဆိုတာ နားလည် စေခဲ့တယ်။ အသက်ရှင်တဲ့ဘုရား ဟာ ကျနော့စိတ်ထဲမှာရှိတဲ့သံသယစိတ်နဲ့မေးခွန်းတွေကို ရှင်းလင်းစွာ သိစေခဲ့ တယ်။ ဒီလိုနဲ့ ၂၀၀၆ ဧဝံဂေလိ သတင်းကောင်းကို SanJose  ဘုရားကျောင်း မှာကောင်းစွာ သိခဲ့တော့မှဒါဟာဘာသာ မဟုတ်ဘူး၊ ကယ်တင်ရှင် ယေရှုခရစ် တော် နဲ့အပြစ်ရှိတဲ့ကျနော့ရဲ့ဆက်နွယ်တော် စပ်မှု ပါလားဆိုတာသိရှိ လာခဲ့ပြီး သင်တန်းအဆုံးမှာနှစ်ခြင်း ခံခဲ့ရပါတယ်။ 

နှစ်ခြင်း ခံပြီး နောက်မှာ ဝိညာဉ် အစာငတ်မှု လဲမရှိခဲ့ပါဘူး။ ကိုယ့် အလုပ်နဲ့ကိုယ်ရှုပ်နေရင်းတနှစ်ကျော်ကြာခဲ့တယ်။ ဒီကြားထဲမှာတော့ သင်တန်းပေးတဲ့ဆရာတွေလာရင်အမြဲ နားထောင် ဖြစ်တယ်။ ဆရာမောဇက် ကျနော်တို့ ဆီရောက်လာပြီး နောက်မှာကျနော် သမ္မာတရား လဲပိုမိုသိလာ ရတယ်။ ဒီနောက်ကျမ်းစာဖတ်ချင် လာတယ်။ သူများကို စပြီး ကျနော်ရဲ့ အသက်တာမှာ အသက်ရှင်သော ဘုရား တွေ့လာရပုံကို စ သက်သေခံ ဖြစ်လာတယ်။ ဘုရားထံ ဆုတောင်းခြင်း လုပ် ဖြစ်လာတယ်။ ဘုရားသခင် ​ကျွန်ုပ် ရဲ့နေ့စဉ် အသက်တာမှာကိုယ်တော် ရဲ့အသစ်ဖွင့်ပြခြင်းကို သိချင် ပါတယ်။ ​ကျွန်တော်ကို သွန်သင်ပါ၊ သိခွင့်ပေးပါ၊ ကိုယ်တော် ဟာ​ကျွန်ပ်ရဲ့အရှင်သခင် ဖြစ်ပါတယ်၊ ​ကျွန်ပ်ဘဝကို အုပ်စိုးတော်မူပါလို့ ဆုတောင်းပြီး တဲ့နောက်ပိုင်းမှာ ဆရာ များစွာအားဖြင့် ဖွင့်ပြခြင်း အသစ်နဲ့တကွကျနော်ရဲ့စိတ် ဝိညာဉ်ကို မီးတောက်စေပါတယ်။ ဆရာမောဇက်လဲ များစွာ ခွန် အားပေးခဲ့ပါတယ်။

ကျနော်တနာရီ ဒေါ်လာနှစ်ဆယ်သုံးဆယ်ကို ကြိုးစားရှာနေချိန် မှာခေါင်းထဲကို အသိ တခုဝင်လာတယ်။ အဲဒါကလောကမှာ ဒေါ်လာကိုရှာမလား၊ ပျောက်ဆုံးဝိညာဉ်ကို ကောင်းကင် ပို့ခြင်းဖြင့် စကြာဝဠာထက်မက တန်ဘိုးရှိတဲ့ ဝိညာဉ် တွေကို ရှာမလားဆိုတဲ့အရာ ဖြစ်တယ်။ ဘုရားသခင်လဲ ကျနော်ကောင်းကင် ရောက်ရင် လက်ဗလာနဲ့ ကောင်းကင်သား အဖြစ်မ တွေ့မမြင်လိုဘူး၊ ဆုပေးဘို့ စောင့်နေတယ်။ ဒါပေမဲ့ကျနော်သိရက်သား နဲ့ မလုပ်ရင်တရားမျှတတဲ့ ဘုရားသခင်က ကျနော့ကို ဆုပေးဘို့ မဖြစ်နိင်ဘူး။ ဒါကြောင့်ဒီအချိန် ဟာဘုရား အခွင့်ပေးနေတုန်း စကြာဝဠာထက် မကတန် ဘိုးရှိတဲ့ပျောက်ဆုံးဝိညာဉ် ဖမ်းရမယ်။ ထာဝရ စံစားရဖို့အတွက် ဒီခဏတာ အချိန်ကို အသုံးပြုရမယ်။ အခုလဲအမှုတော်ဆောင်သင်တန်းတက်ဘို့ ဘုရား ပြင်ဆင် ပေးပါတယ်။ ဆရာမောဇက်ကို လဲ ဘုရားသခင် ဒီထက်ပို၍ အသုံးပြုခြင်းဖြင့် ကောင်းကြီး ပေးပါစေ။ မိမိဘက်ကဆန္ဒ တခုသာရှိပါ။ ကျန် တာ ဘုရားသခင် ပံ့ပိုး ပြင်ဆင် ပေးမည် ဖြစ်ပါတယ်။ ကျနော့ကို ထာဝရ နဲ့တ ခဏတည်မြဲခြင်း နဲ့ပျက်စီးခြင်း တွေကို သိမြင်စေတဲ့ ဘုရားသခင် ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ 

သက်သေခံခြင်း ဟာ အလွန် လွယ်ကူပါတယ်။ မိမိခံစား ပြောင်းလဲခြင်း နဲ့မေတ္တာရှင်ဘုရားရ့​ဲ လူသား တွေ အပေါ် ကျေးဇူးပြုခြင်းကို မသိသေးသူတွေကို လက်ဆင့်ကမ်းဝေငှခြင်း ပါဘဲ။ ဒါကြောင့်စာဖတ်သူ ညီအစ်ကို မောင်နှမ အားလုံး ကို လဲကျနော်ရဲ့ဘဝမှာအသက်ရှင်သော ဘုရားရဲ့ပြုပြင်ပြောင်း လဲပေးမှုကို သက်သေခံရင်း ဝိညာဉ် မြောက် များစွာကို ဘုရားသခင်ထံသို့ ပို့ဆောင် ကြပါစို့။ ထာဝရ စံစားရဘို့ နဲ့ဘုရားနှင့် ဝမ်းမြောက်စွာ တွေ့ဆုံဘို့ အတွက် ချီဆောင်ခြင်း မလာခင်အခုအချိန် လေးမှာ ဝိညာဉ် ဖမ်းကြပါစို့။ ဘုရားသခင် မေတ္တာဖြင့်၊ ​James Lee
 

Luri, Za Hlawng

သက်သေခံဝေငှနိင်သော အခွင့်ကို အဖ ဘုရားသခင် ပြင်ဆင် ပေး၍ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ အမေရိကန်ရောက်ရောက်ချင်းကိုယ်တော် အဖ social worker  လုပ်ရင်းနဲ့ ကယ်တင်ခြင်း တရားဝေငှပြီး ကိုယ်တော် ရဲ့အမှုတော် မြတ်၌ ပါဝင်ဖို့ ဆုတောင်း ဆက်ကပ်လိုက်ပါတယ်။ အဲဒီလိုနဲ့ဘဲ အလုပ်မရသေးတဲ့လူတွေအလုပ်လျှောက်ပေးခြင်း၊ Green Card, Social Security card, Medicaid လျှောက်ပေးခြင်းများ၊ အလုပ်တဖက်နဲ့ အားရက်များ မှာလူများကို ကူညီခဲ့ပါတယ်။ လူတွေကူညီတယ်ဆိုတာလုပ်ဘူးသူကတော့ နားလည်မယ်ထင်ပါတယ်၊ လူ့အကြိုက် ၁၀ ခေါက်လိုက်မလိုက်တခါရှိသော် ကြီးစွာ ရန်သူမှတ်ပေ၏။

တနေ့တော့မ မျှော်လင့်ဘဲ ကျနော်လုပ်တဲ့ကုမ္ပဏီကအလုပ်နား လိုက်ရတယ်။ အဲဒီအချိန်မှာ ကျနော့မှာငွေတပြားမှမရှိတော့ဘူး။ Food Stamp သွားလျှောက်တော့လဲမပေးဘူး။ ဒါကြောင့်ကျနော်ဝမ်းနဲ​ကြေကွဲစွာ နဲ့အများ အကျိုးဆောင်ကိုယ့်ပုဆိုးပေါင်ပဲ။ ကျနော်ကူညီဘူးတဲ့လူတွေ သူတို့ တော့အဆင်ပြေလို့ကျနော့ကို မသိသလိုဘဲ နေကြတယ်။ ဒါကြောင့်ကျ နော့ကိုးကွယ်တဲ့အဖကျနော်အခုလုပ်နေတာတွေကိုယ့် အကျိုးဖက်ပြီး လုပ် နေတာ မဟုတ်ဘူး။ ဒါကို ကိုယ်တော် သိတယ်။ ကျနော့အလုပ်ကို လဲမြဲအောင် မကာကွယ်ဘူးဆိုပြီး အဖဘုရားကို အပြစ်တင်လိုက်တယ်။ အဲဒီနေ့ မှာဘဲ ကျနော်တခြားမြို့ပြောင်းမယ်၊ လူတွေကူညီတဲ့အလုပ်ကို လဲမလုပ် တော့ဘူး၊ ကိုယ်ကြိုက်သလိုဘဲ နေတော့မယ်ဆိုပြီး ပြောင်းဘို့ အစီအစဉ် လုပ်လိုက်တယ်။ 

အဲဒီအချိန် မှာဘဲ Catholic Charities  ရုံးမှာ Job placement position မှာလူလိုနေတယ် interview  လုပ်ဖို့ခေါ်တယ်။ ဒါပေမဲ့ကျနော့် စိတ်ကလူတွေကူညီတာအဆိပ် တခုလိုဘဲ ဖြစ်နေတယ်။ CIR Company မှာ အလုပ်လုပ့် hire ဖို့ ကြိုးစား တာတွေသဲထဲရေသွန်သလိုဆိုပြီး ငြင်းလိုက် တယ်။ ဒါကြောင့်ဆုံးဖြတ်ထားတဲ့အတိုင်း တခြားမြို့ပြောင်းဘို့ စီစဉ်လိုက်တယ်။ ခရီး မထွက်ခင်မှာ ဆုတောင်း လိုက်တယ်။ ကိုယ်တော် ဤလောက၌ အသက်ရှင် စဉ်အရှက်တကွဲ အကျိုးနဲအသက်ရှင်နေမဲ့အစားသေတာကောင်း တယ်၊ ဒါပေမဲ့ကိုယ်တော် ကကျနော့အသက်တာမှာကိုယ်တော် ပြုချင် တာ ရှိတယ်၊ ချစ်တယ်ဆိုရင်​ဖြေပေးပါလို့ ဆုတောင်း လိုက်တယ်။ အဲဒီလိုနဲ့ဘဲ ခရီး ထွက်လာတယ်။ Tyson Company  မရောက်ခင်မှာဘဲ မမျှော်လင့်ဘဲ ကား တိုက်တယ်။ ကျနော့ကား၃ ခေါက်လိမ့်ပြီး အကုန်လုံး​ကြေမွကုန်တယ်။ ကား ထဲကလူတွေအပြင်ထွက်လာပြီး ချိန်ကျနော်သတိရတာကအမေရိကန် ရောက်စတုံးက ဆုတောင်း ဂတိပြုခဲ့တာတွေပြန်သတိရလာတယ်။ စဆု တောင်းခဲ့တာကလူတွေအလုပ်ရဖို့နဲ့ ကယ်တင်ခြင်း တရားဝေငှဖို့ပါပဲ။ 

ဘုရား ဖက်ကတော့လုပ်ပေးပါတယ်။ ဆုတောင်း ဆက်ကပ်ပြီး အလုပ်လျှောက်သူတိုင်း အလုပ်ရကြပါတယ်။ သူတို့ အလုပ်ရပြီးရင်ကျနော့ ဖက်က ကယ်တင်ခြင်း တရားဝေငှဖို့မလုပ်တော့ပဲဆက်ပြီးလောက အလုပ် ထဲမှာဘဲ နစ်မွန်းနေတယ်။ ကိုယ့်ဟာကိုယ်တကယ် ဂုဏ်ယူ လာမိတယ်ဆို တာသိလိုက်တယ်။ ဒါကြောင့်ကား မှောက်တဲ့ဘေးနားမှာပဲ ဆုတောင်း လိုက် တယ်။ ကိုယ်တော် အဖအ​ကျွန်ပ်ကို လူတကာထက် ပိုချစ်တယ်ဆိုတာ သိရလို့ဂုဏ်ယူ ချီးမွမ်းတယ်။ 

ကိုယ်တော် ထံဂတိပြုတာတွေဆက်လက်လုပ်နိုင်ဘို့ရန် သမ္မာတရား ကောင်းမွန်စွာ ပိုင်းခြားနိုင်ဘို့ သင်ကြားပေးပါဆိုပြီး ဆုတောင်းလိုက်တယ်။ အဲဒီလိုနဲ့ပဲဆရာထောင်ကျုံးကဖုံးဆက်လာတယ်။ ပျောက်ဆုံးဝိညာဉ် ဖမ်းနည်းသင်တန်းလုပ်ဖို့ရှိတယ်ဆိုတာသိရတယ်။ ဒီလိုနဲပဲဒီဇဘ်ာလ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်တန်းတက် ဖြစ်ခဲ့တယ်။ အဲဒီသင်တန်း တက်တဲ့အချိန် မှာပဲ ဘုရားသခင် ရဲ့ဝိညာဉ်တော် အုပ်စိုးခြင်းမခံ၊ မိမိအလိုအတိုင်းအား ထုတ် ကြိုးစားပြီး ဘုရားထက်ပိုပြီးတော်၊ ပိုပြီးမြန်နေတဲ့ကျနော့ အသက်တာကို သိမြင်လာရပါတယ်။ ဒီလိုသိခွင့်ပေးတဲ့အဖ ဘုရားသခင် ရဲ့ ကျေးတော်ကို ချီးမွမ်းမိပါတယ်။ 

ဘုရားသခင် ပေးသော စည်းစိမ်၌ ပျော်မွေ့ကာမိမိ အလိုအတိုင်း ကြိုက် သလိုမိန်းမယူတဲ့ရှောလမုန်ဘုရင်အကြောင်း သွားသတိရတယ်။ ရှောလမုန် မင်းဟာ ဘုရားသခင် ရဲ့အလိုတော် မဟုတ်၊ မိမိ အလိုဆန္ဒအတိုင်း အသက်ရှင်ခဲ့တယ်။ သူ့ကို ကောင်းကြီး ပေးတဲ့ဘုရားကို စွန့်၍ အခြားဘုရားများကို တည် ထားကိုးကွယ်ခဲ့တယ်။ သူ့အပြစ်ကြောင့် သူသေသော နောက်နိင်ငံတော် လဲနှစ်ခြမ်းကွဲသွားတယ်။ နေ့စဉ် အသက်တာမှာဘုရားရဲ့အလိုတော် သိပြီး ဝိညာဉ်တော် ရဲ့အုပ်စိုးခြင်းကို ခံဘို့ လိုတယ်။ 

ကျနော်လုပ်တဲ့ကုမ္ပဏီကနေအလုပ်နားခိုင်းလို့ဘုရားကို အပြစ်တင်တာဟာအလုပ်ရှင်ကကျနော့ကို မငှါး လို့ပါပဲ။ ဒါကြောင့်လူကို နိင်သောအရာသည် လူ၏ သခင် ဖြစ်တယ်လို့သမ္မာကျမ်းစာ၌ ဖေါ်ပြထားပါတယ်။ ဒါပြီးရင်ကျနော်ဟာလူမြောက် များစွာကိုလောက ရေးရာ၌ အစွမ်းကုန်ကူညီ နေတာတွေဟာဘုရားရဲ့အမှုတော်၌ ပါဝင်နေတယ်လို့ထင်မှတ်ခဲ့တယ်။ မကူညီရဘူးလို့မဆိုလိုပါဘူး။ ဒီထက် မယုံကြည်သူများရဲ့ဝိညာဉ် သာ၍ အရေးကြီးကြောင်း သိလာရတယ်။ ကျနော်အထင်ကတော့ ယုံကြည်သူ ဖြစ်လာရင်လဲလူတိုင်းက ဝိညာဉ် ဖမ်းနိင်မှာ မဟုတ်ဘူး၊ ဘုရားရွေးကောက်တဲ့ လူမှပဲဖမ်းနိင်မယ်လို့ထင်ခဲ့တယ်။ 

တမန်တော်များဟာ ပင်တေကုတ္တေပွဲနေ့ မှာ သန့်ရှင်းသောဝိညာဉ်တော် နဲ့ပြည့်ပြီး နောက် ယေရုရှလင်မြို့၌ သာနှုတ်ကပတ်တော် ဟောနေကြ တယ်။ သခင်ယေရှု မှာခဲ့တဲ့၊ သင်တို့ သွား၍ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေခံကြလော့ဆိုတာမေ့ နေကြတယ်။ ဒါကြောင့်ပြင်းစွာသော နှိပ်စက်ခြင်း ကျရောက်လာပြီး ယုံကြည်သူ အသင်းဝင်များ နေရာအနှံ့အပြားကွဲလွင့်ကြတယ်။ ရောက်တဲ့နေရာတိုင်းမှာ ကယ်တင်ခြင်း သတင်း စကား ဟောပြောကြတယ်။ အစားအစာဝေသူ ဖိလိပ္ပုလဲရှမာရိမြို့ကို သွားပြီး ဧဝံဂေလိ တရားဟောခဲ့တယ် (တမန် ၈:၄-၆)။ ဒါကြောင့် ယုံကြည်သူတိုင်း ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့၊ ဧဝံဂေလိ တရားဟောဘို့ လိုတယ်ဆိုတာကို ဝေငှလိုပါတယ်။ အဖ ဘုရားသခင် ရဲ့ကျေးဇူူးတော် န့​ဲ ဆရာမောဇက်ရဲ့ပေးဆပ်မှုကို အထူးပဲကျေးဇူးတင်လျက်။ 
 
 

 

အမှုတော်ဆောင်သင်တန်း

4 July 2010

ဘုရား အလိုတော် ရှိ၍ သန့်ရှင်း သူများ ချီဆောင်ခြင်း မရှိသေးလျှင် ဒုတိယအကြိမ် အမှုတော်ဆောင်သင်တန်းကို ဇူလိုင်လ၌ ကျင်းပဘို့ရန် ရှိပါသည်။ ဇူလိုင်လ ၄ ရက်နေ့တနင်္ဂနွေ နေ့၌ Rockville ဘုရားရှိခိုးကျောင်း ဖွင့်ပွဲရှိမည် ဖြစ်သည်။ ထိုပွဲတော်နှင့် တဆက်တည်း အမှုတော်ဆောင်သင်တန်း လုပ်ဘို့ရန် ရှိသောကြောင့် ဘုရားသခင်၏ အမှုတော် မြတ်ကြီး၌ အချိန် ပြည့်သော်၎င်း၊ အချိန် ပိုင်းအားဖြင့်သော်၎င်းပါဝင်လိုသောသူတိုင်း ကြိုတင် ခွင့်များတောင်း၍ အသင့် ပြင်ဆင် ကြပါရန်နှိုးဆော်လိုပါသည်။ သင်တန်း ကာလ တစ်ပတ်ကြာမည် ဖြစ်ပါသည်။ လိုအပ်သည်များကို နောက်မှကျေ ညာပါမည်။ ဆရာမောဇက်ထောင်ကျုံးထံဆက်သွယ်မေးမြန်းနိင်ပါသည်။ 
 


 
မြန်မာပြည်ခရီးစဉ်
 (မောဇက်ထောင်ကျုံး) 


ဘုရားရှင်၏ ခွင့်ပြုချက်အရကျနော်တို့ လင်မယားသည် ဇန္နဝါရီလ ၆ ရက်နေ့တွင် မြန်မာပြည်သို့ ခရီး ပြုခဲ့ ကြသည်။ လမ်းခရီးတွင် အခက်အခဲ မရှိဘဲ ရန်ကုန်မြို့သို့ ချောမောစွာ ရောက်ရှိသွားပါသည်။ ရောက်ရောက် ချင်း မြန်မာပြည် သတင်းကောင်း နှစ်ခြင်း အသင်းတော် အသင်းချုပ်အ စည်းအဝေးများ၌ ပါဝင်ကြပါသည်။ ထို့နောက်သတင်းကောင်း နှစ်ခြင်း ကျမ်းစာသင်ကျောင်း၌ သွား၍ ပျောက်ဆုံးဝိညာဉ် များဖမ်းဘို့ အကြောင်းများကို တပတ်တိတိသင်ကြားပို့ချခွင့်ရပါသည်။ နံနက်ပိုင်း၌ ကျမ်းစာ သင်ကျောင်း၌၊ ညတိုင်း ခဝဲခြံသတင်းကောင်း နှစ်ခြင်း အသင်းတော်၌ သင်တန်းပေးခဲ့ရပါသည်။ 

မြန်မာပြည်၌ အသင်းတော်နှင့် ကျမ်းစာကျောင်း၊ ဘာသာရေး လုပ်ငန်းမြောက် များစွာ ရှိသော်လည်း ပျောက်ဆုံးဝိညာဉ်များကို ချစ်၍ ကယ်တင်ခြင်းအကြောင်း ပြောသောသူ အလွန်နည်းပါးသည်။ ဘုရား အမှုဆောင်ခြင်းသည် ခရစ်ယာန် အသိုင်းအဝိုင်း၌ သာရည်ရွယ်ထားကြ၍ သာသနာ ပ လူများထံဟောပြောဘို့ရန် စိတ်မဝင်စားကြခြင်းသည် အလွန် ဝမ်းနည်းစရာ တွေ့ရသည်။ ထိုအထဲမှ သာသနာ ပ ဝိညာဉ်များကို အဓိကထား၍ ကယ်တင်ခြင်း အကြောင်း ဟောပြောနေသောသူများ အထဲမှစိတ်ဝင်စားစရာများကို ဖေါ်ပြလိုပါသည်။ 

ဆရာလိန်းမနားသည် သတင်းကောင်း နှစ်ခြင်း အသင်းတော် ရန်ကုန် အဖွဲ့ချုပ်၏ အတွင်းရေးမှုး ဖြစ်သည်။ ခဝဲခြံသတင်းကောင်း နှစ်ခြင်း အသင်းတော်၏ သင်းအုပ်ဆရာလည်း ဖြစ်သည်။ သူသည် ပျောက်ဆုံးသော ဝိညာဉ်များကို ဖမ်းခြင်း၌ အလွန် အလုပ်များ သောသူ ဖြစ်သည်။ နာမည်ခံ ခရစ်ယာန် ဖြစ်စေ၊ သာသနာပလူများ ဖြစ်စေ၊ ကယ်တင်ခြင်း အကြောင်းကို ဟောပြော၍ တနှစ်လုံးမနားမနေလုပ်ဆောင်နေသော ဆရာ ဖြစ်သည်။ သူ့အားဖြင့် ဝိညာဉ် များစွာတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပြီ။ သူနှင့် ထိတွေ့သောသူတိုင်း ဗုဒဝဘာသာဘုန်းကြီး ဖြစ်ပါစေ သူ့ကို ခင်မင်ရင်းနှီး သွားအောင် ပေါင်းနိင်သောသူ ဖြစ်သည်။ လိုအပ်သော နေရာများ၌ ဘုန်းကြီး သံနှင့် ဟောပြောခြင်းအားဖြင့် ဗုဒဝ ဘာသာဝင်များအတွက် နားလည်လွယ်၍ လက်ခံလာ ကြသည်။ သူသည် အလွန် ရက်ရော၍ သူ့အတွက် လုံးဝ ချန် ထားခြင်း မရှိ။ သူ့မိသားစုကိုလည်း ယုံကြည်ခြင်းအားဖြင့် အသက်ရှင်စေသည်။ ဆရာကတော်လည်း ခံနိင်ရည်ရှိ၍ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သောကြောင့်သာအမှုတော် မြတ်ကြီး၌ အောင်မြင် နိင်ခြင်း ဖြစ်သည်။ 

ဆရာပီတာလိန်းမောင်းသည် ဆရာလိန်းမနား၏ ညီဖြစ်၍ သူသည်လည်း ဘုရားသခင်အသုံးပြုသော ဆရာဖြစ်သည်။ သူသည် ပါဠိလိုလည်းပြောတတ်သည်။ ဗဟုသုတလည်း အလွန် ကြွယ်ဝသဖြင့် ကျမ်းစာကို ခေတ်နှင့် လျော်ညီစွာ တဖက်သား စိတ်ဝင်စားအောင် ပြောနိင်သောသူ ဖြစ်သည်။ ဆံပင်ညှပ် လျှင်လည်း ကယ်တင်ခြင်း ပြောသောကြောင့် သူ့ကို အခမဲ့ညှပ်ပေးတတ်သည်။ မျက်မမြင်ကျောင်း၌ အနှိပ်ခံသောအခါ၌လည်း အနှိပ်သည်များကို တနာရီ ခန့် တရားဟောခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်သွား ကြသည်။ သူသည် အမှုဆောင်ပြီးမှကျမ်းစာ ကျောင်းတက်နေသူ ဖြစ်သည်။ ကျောင်း တက်နေစဉ်လည်း အသင်းတော်ကို ကြည့်ရှုရသည်။ ဧဝံဂေလိ ကိုလည်း အစဉ်မပြတ် လုပ်သောကြောင့် ဘုရားသခင်၏ ကျေးဇူးတော် ကိုလည်း အလွန် ခံစား သောသူ ဖြစ်သည်။ သူကို မည်ကဲ့သို့ ဗုဒ္ဓဘာသာအကြောင်းနှင့် ပါဠိ တွေကို သိနိုင်သလဲဟု မေးရာတွင် အညာဖက်၌ သက်သေခံခဲ့ကြောင်း၊ ထန်း သမားများကို သက်သေခံချင် သောကြောင့် ထန်းပင်များ အပေါ်ထိ သူတို့နှင့်အတူ တက်၍ သက်သေခံကြောင်း၊ ထန်းလျက်များကိုလည်း ညအခါလုံးပေးရင်းဖြင့် သက်သေခံခဲ့ကြောင်း၊ မြန်မာပြည် အနှံ့ သက်သေခံခဲ့ကြောင်း ပြော ပြပါသည်။ သူနှင့် သူ့အကို ဆရာလိန်းမနားကို တညဗုဒဝဘာသာများထံ မည်ကဲ့သို့ သက်သေခံရမည့် အကြောင်း သင်ပြခိုင်းရာနှစ်ယောက်စလုံးအ လွန်စိတ်ဝင်စားဘွယ်ရာကောင်း၍ အံ့ဩ မိန်းမောရလောက်အောင် သင်ပြ သွားခဲ့ကြပါသည်။ 

ဆရာဆဲင်ဗွန်သည် သတင်းကောင်း နှစ်ခြင်း အသင်းတော် စတင်ရာ၌ ပါဝင်ခဲ့သောသူ ဖြစ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ကိုယ်ပိုင် အသင်းတော်နှင့် သက်သေခံလုပ်ငန်းကို အင်းစိန်မြို့နယ်ဖေါ့ကန်၌ ပြုလုပ် နေသော ဆရာ ဖြစ်သည်။ သူသည် ခရစ်ယာန်များထံ၌ လုံးဝ သက်သေမခံဘဲ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒိူနှင့် မူစလင်များကိုသာ စိတ်ဝင်စားဟောပြောသောသူ ဖြစ်သည်။ သူသည် မြန်မာလိုကောင်းစွာ မပြောတတ်သော်လည်း ပျောက် ဆုံးသော ဝိညာဉ်များကို ချစ်ခြင်း၊ ဘုရားသခင်ကို အားကိုး ခြင်းကြောင့် အောင်မြင် နေသောသူ ဖြစ်သည်။ ဗုဒဝ ဘာသာဝင်များကို ခရစ်ယာန် ဖြစ်ဘို့ အကြောင်း မပြောဘဲ ဧကောဗုဒေါဆူတည်းသော ဘုရား တည်းဟူသော ထာဝရဘုရားရှိကြောင်းကို သက်သေပြနိင်လျှင် ထာဝရဘုရားကို မကိုးကွယ်ဘဲ မနေနိင်ကြဟု သက်သေခံသည်။ သူသည် လုပ်စားနေသော ခရစ်ယာန် အမှုဆောင်များကဲ့သို့ အထောက်အပံ့ကို မရှာဘဲ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သောကြောင့် အလွန် ခက်ခဲသောသူ ဖြစ်သည်။ သို့သော် စိတ်ဓါတ်ကျခြင်း လုံးဝမရှိ။ 

ဆရာမသီမာအေးသည် သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ အမှုဆောင်နေသော ဆရာမ ဖြစ်၍ လောလောဆယ်သတင်းကောင်း ကျမ်းစာကျောင်း၌ နောက်ဆုံးနှစ်တက်နေသူ ဖြစ်သည်။ သူသည် မြန်မာစစ်စစ်မုံရွာ မြို့အနီးကူတောပလ္လင်ရွာသူ ဖြစ်သည်။ ၁၉၈၃ ခန့်တွင် သူတို့ ရွာ၌ ချင်း ခရစ်ယာန်များအားဖြင့် သတင်းကောင်းကို ကြားခဲ့သည်။ ​ကျွန်တော် ရေးသား ခဲ့သော ချီဆောင်ခြင်းနှင့် ခေတ်ကာလ များအကြောင်းကို ဖတ်ရှုခြင်းအားဖြင့် ပြောင်းလဲလာသူ ဖြစ်သည်။ မိဘများ ကွဲသောကြောင့် ဘဝမပျော်ရွှင် ဖြစ်၍ သေကြောင်း ကြံစည်ခဲ့သည်။ သူ့ဒုက္ခ ဆင်းရဲကြောင့် သေရမှာပင်မကြောက် ခဲ့သော်လည်း ဘေးဒဏ်ကြီး ကာလ၌ သေခြင်းကို ရှာဖွေသော်လည်း သေနိင်မည် မဟုတ်ဟူသောအရာကို သိခြင်းဖြင့် ကြောက်စိတ်ဝင်၍ ကယ်တင်းခြင်းကို လက်ခံခဲ့သူ ဖြစ်သည်။ သူသည် ရောက်လေရာရာ၌ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရ၍ သူ့အားဖြင့် မြောက် များစွာသော ဝိညာဉ်များကယ်တင်ခြင်းသို့ ရောက်ကြပြီ။ သူများ ကဲ့သို့ ပါဋ္ဋိမတတ်သော်လည်း ထာဝရဘုရား အကြောင်းကို ဟောပြောနိင်ကြောင်း ဤသို့ သက်သေခံသွားပါသည်။ ဗုဒဝဘာ သာဝင်တယောက်က၊ ထာဝရဘုရားသခင်သည် သူ့ကိုသာ ကိုးကွယ်ရမည်၊ အခြားသော ဘုရားကို ကိုးကွယ်သောသူကို အပြစ် မြင်သောကြောင့် အတ္တ စွဲသော ဘုရား ဖြစ်သည် ဟုဆိုရာတွင် သူက၊ သင်၌ မိန်းမရှိ၍ အခြားသော မိန်းမများကို ချစ်လျှင် သင်၏ မိန်းမကအပြစ် မြင်မည် မဟုတ်လော။ အခြား မိန်းမများနှင့် စကားပြောကာမျှနှင့် သင်၏ မိန်းမကသဝန်တို၍ စိတ်ဆိုးလျှင် သင်၏ မိန်းမသည် အတ္တဆန်သော မိန်းမ ဟုဆိုနိင်မည်လော၊ အကယ်၍ အတ္တဆန်လျှင်လည်း ဆန်သင့်သည် မဟုတ်လောဟု ပြောပြလိုက်သောအခါ သူ သဘောပေါက်သွားကြောင်း စိတ်ဝင်စားစရာ သက်သေခံသွားပါသည်။ 

အထက်ပါ ဆရာ၊ ဆရာမများ ကဗုဒဝ ဘာသာဝင်များကို ထာဝရဘုရား အကြောင်းကိုသာ ဘုရား ဖြစ်ကြောင်း ပြောပြနိင်လျှင် သူတို့ မကိုးကွယ်ဘဲ မနေနိင်ကြောင်း ပြောပြသွားကြပါသည်။ ခရစ်တော်နှင့် ခရစ်ယာန် အကြောင်း ပြောပြလိုက်လျှင် နိင်ငံခြားဘာသာဟု ချက်ခြင်း ယူဆ၍ နားမဝင်တော့ကြောင်း၊ ထို့ကြောင့် အသက်ရှင်တော်မူသော ထာဝရဘုရား အကြောင်းကို ယုံကြည်လောက်သော သက်သေများဖြင့် ဖေါ်ပြဘို့ လိုကြောင်း သိရှိရပါသည်။ ထိုသို့အမှန်တကယ် ပျောက်ဆုံးဝိညာဉ်များကို ကယ်တင်နေသောသူများကို ကူ ညီသင့်သည်။ အမှန်တကယ် အလုပ်လုပ်နေသောသူများသည် အကူအ ညီရဘို့ရန် မရည်ရွယ်သောကြောင့် အကူအညီမရှာ၊ သူတို့၏ လုပ်ငန်းများကိုလည်း မတင်ပြသောကြောင့် ဆင်းဆင်းရဲ ရဲဖြင့် အမှုဆောင် နေကြသည်။ ဟုတ်တိပတ်တိမလုပ်သောသူများ မူကား အကူအညီကိုသာ ရှာဖွေ၍ ပျောက် ဆုံးသော ဝိညာဉ်များမရှာဖွေ သောကြောင့် ကူညီပေးမည့်သူများထံကောင်းစွာ စံနစ်တကျတင်ပြတတ်သောကြောင့် ချမ်းသာ နေကြသည်။ ခရစ်တော် လုပ်ဆောင်ခဲ့သော ကယ်တင်ခြင်း လုပ်ငန်းကို အကျိုးစီးပွားအတွက် လုပ်ရက် ကြ၊ လုပ်ရဲ ကြသည်။ ထိုသူများသည် သခင်ဘုရားနှင့် တွေ့ဆုံသောအခါ အ ရှက်တကွဲ အကျိုးနည်း ဖြစ်မှာသေချာသည်။ 

ကလေးမြို့သို့လည်း၅ ညအိပ်သွားခဲ့ ကြသည်။ ယောက္ခမကြီးရှိသောကြောင့် သွားရသော်လည်း ဘုရားသခင်သည် မူလ​ကျွန်တော်၏ ရည်ရွယ်ချက်ကို ကလေးမြို့၌လည်း ပြန်လုပ်စေသည်။ ကလေးမြို့တောင် ဖီလာရပ်ကွက်၌ ရှိသော ကလေးနယ်သတင်းကောင်း နှစ်ခြင်း အဖွဲ့ချုပ်ပိုင် ကျမ်းစာ သင်ကျောင်း၌ သုံးရက်ပျောက်ဆုံးဝိညာဉ် ဖမ်းဘို့ လိုကြောင်းနှင့် ဖမ်း နည်းများကို သင်ပေးခွင့်ရရှိခဲ့ပါသည်။ ကျောင်းသား ၂ရ ယောက်နှင့် ဆရာ ဆရာမ ၅ ယောက်ကို အားရပါးရအမှု ဆောင်ဘို့ ပြောပြသောအခါ အ လွန် အားရကြကြောင်း၊ ပျောက်ဆုံးဝိညာဉ် များအမြန် ဖမ်းလိုကြကြောင်း သိရှိရပါသည်။ သာယာရွာ၌ ပြုလုပ်သော အရက်သမားများ သင်တန်းလည်းရောက်ရှိခဲ့ရပါသည်။ ကလေးနယ်နှင့် ချင်းပြည်နယ်မှအရက်သမား ၄၀ ယောက် ကျော်ကို စခန်းသွင်းသင်ကြားပေးကြရာတွင် ကယ်တင်ခြင်းသို့ ရောက်သွား ကြ၍ ဝမ်းမြောက်သော မျက်နှာများနှင့် တွေ့ရသည်။ ချီဆောင်ခြင်း နီးပြီ ဖြစ်၍ သူတို့သည် နောက်ဆုံးပိုင်း ကယ်တင်ခြင်းသို့ ရောက်သွားသောသူများ ဖြစ်ကြောင်းကို ​ကျွန်တော် သင်ပေးလိုက်ပါသည်။ သူတို့ကို ဦးဆောင်သော ဆရာ ငွန်ကျုံးသည် သူကိုယ်တိုင် မသင်ပေးတတ်သော်လည်း အစီအစဉ် ဖြစ်မြောက်အောင် စည်းရုံးဆောင်ရွက်နိင်သူ ဖြစ်သည်။ သူ၌ တနှစ်လုံးအစီအစဉ်များရှိပြီး ဖြစ်သည်။ ကူညီလိုသောသူများ ကူညီနိင်သည်။ 

မြန်မာပြည် အသွားလေယဉ်ပေါ်၌ အင်ဒိုနီးရှားအမျိုးသမီးနှင့် စကားပြောရာတွင် သူမသည် ခရစ်ယာန်ဖြစ်ကြောင်း၊ ဖရက်ဗတီးရီးယား အသင်းတော်တွင် စာရင်းကိုင်လုပ်ကြောင်း သိရှိရသည်။ သူမကို ချီဆောင်ခြင်း နီးကြောင်း ပြောပြသောအခါ အလွန် စိတ်ဝင်စား၍ တခါမှမကြားဘူးကြောင်း၊ သူသည် အလွန် စိတ်ဝင်စားကြောင်း ပြောပြသွားပါသည်။ မြန်မာပြည် မှအ ပြန်တွင် တိုင်ဝမ်ပြည်၌ တညနားရသည်။ တိုင်ဝမ်၌ တရားဟောမည်ဟု ကြံစည်သည့်အတိုင်း ထိုနိင်ငံရောက်သွားသောအခါ အင်တာနက်မှ အသင်းတော် ရှာရာတွင် ကျေးဇူးတော် နှစ်ခြင်း အသင်းတော်သို့ ရောက်ရှိသွားပါသည်။ ထိုအသင်းတော်၌ အသင်းသား ပေါင်းသုံးလေးဆယ်ခန့်ရှိသော်လည်း အလုပ်ကြောင့် အယောက် ၂၀ ခန့်သာတက်ရောက်နိင် ကြသည်။ အသင်းသား အများစုသည် ဖိလိပိုင်လူမျိုးများ ဖြစ်၍ အသင်းအုပ်ဆရာလည်း ဖိလိပင်း ဖြစ်သည်။ ဘုရားသခင် ထံအလှူပေးဘို့ လိုသည့်အကြောင်းကို အချက်ကျကျဟောပြောသွားပါသည်။ ဝတ်ပြုစည်းဝေးအပြီးတွင် ​ကျွန်တော့်ကို သင်တန်းမိနစ် ၃၀ ပေးခွင့်ပေးရာတွင် ခေတ်ကာလ များအကြောင်း သင် ပေးရာ အလွန် စိတ်ဝင်စား ကြသည်။အချိန် မလောက်သောကြောင့်အား မလိုအား မရစွာဖြင့် ခွဲခွါခဲ့ကြပါသည်။ တခါမှမတွေ့ဘူးကြ၊ မသိဘူးကြသော်လည်း ဓမ္မမိတ်ဆွေ ကောင်း ဘုရားသခင်က ပြင်ဆင်၍ သိခွင့်ပေးသောကြောင့် ကျေးဇူးတော် ချီးမွမ်းမိပါသည်။ 

အပြန်ခရီးတွင် လေယဉ်ပေါ်၌ လူခပ်ပုပုသေးသေးယောက်ျားနှင့်အတူ ထိုင်ကြပါသည်။ သူ့ကို တောသားဟု ထင်မိသော်လည်း ဘုရား အကြောင်းကို သက်သေခံဟောပြောခွင့်ရသည်။ သူသည် အစ၌ တိုင်ဝမ်တွင် တရုပ်စကား သင်ကြောင်း ပြောပြခဲ့သည်။ သူ့ကို ကယ်တင်ခြင်း အကြောင်း မှစ၍ ချီဆောင်ခြင်း အကြောင်းများကို ပြောပြရသည်။ နောက်ပိုင်းတွင် ​ကျွန်တော် ပြောသောအရာကို သဘော ကျ၍ မေးခွန်းများ မကြာခဏမေးလာသည်။ ​ကျွန်တော် ပြောသောအရာသည် နားလည်လွယ်၍ စိတ်ဝင်စားဘွယ်ကောင်းကြောင်း သူတို့ ပြည်၌လည်း လာရောက်ပြောပြဘို့ ဘိတ်ခေါ်လာသည်။ သူ၏ လိပ် စာကဒ်ကို ပေးသောအခါ သူသည် ပီရူးနိင်ငံ၌ တက္ကသိုလ် တခုမှဆရာ ဖြစ်ကြောင်း သိရှိရသည်။ နုယူးယောက်မြို့၌ တက္ကသိုလ် တခု၌ သွားရောက်လည်ပတ်၍ ဝါရှင်တန်ဒီစီကိုလည်း ကြည့်ရှုလိုကြောင်း၊ ​ကျွန်တော််တို့ အိမ်၌ လာရောက် လည်ပတ်ဖုိ့ ဖြစ်သော်လည်း ဝါရှင်တန်ပတ်ဝန်းကျင်၌ နှင်းမုန်တိုင်း ကျသောကြောင့် အစီအစဉ်များ ပျက်ပြားသွားရသည်။ 

အချုပ်အားဖြင့် ကြည့်ရလျှင် ​ကျွန်တော်တို့၏ မြန်မာပြည် ခရီး စဉ်သည် အောင်မြင် သည် ဟုဆိုနိင်သည်။ ပျောက်ဆုံးဝိညာဉ် များဖမ်းဘို့ ဟောပြော သင်ပြသော အရာများ မည်မျှ အကျိုးသက်ရောက်မည်ကို ဆုတောင်း ပေးခြင်းဖြင့် စောင့်မျှော်ဘို့ လိုသည်။ ​ကျွန်တော်တို့အတွက် ဆုတောင်းခြင်း၊ အလှူ ငွေအားဖြင့် ပေးလှူကြသောသူ အပေါင်းထံ ဘုရားသခင်ထံမှ ကြွယ်ဝသော ကောင်းကြီး မင်္လာခံစားရရှိပါစေသော်။ 

သာသနာပြုလုပ်ငန်း

မြန်မာပြည် သတင်းကောင်း နှစ်ခြင်း အသင်းတော် သာသနာ ပြုဌါန မှသာ နာပြုဒါရိုက်တာ၏ အယ်ဒီတာအာဘော်၊ 

၂၀၀၉ ခုနှစ်အဆုံးတိုင်၊ အောင်မြင်ခြင်းသို့ ဦးဆောင်လမ်းပြတော်မူသော ဘုရားသခင်ကို ချီးမွမ်းပါသည်။ နေရာဒေသ အသီးသီး၌ ရှိကြသော ယုံကြည်သူများသည် ခရစ္စမတ်ပွဲတော်ကို ဝမ်းမြောက်စွာ ကျင်းပကြသည့်နည်း တူ သာသနာ နယ်မှာရှိ နေကြသော သာသနာ ပြုဆရာဆရာမများကလည်း မယုံကြည်သူများထံသို့ အစားအသောက်အားဖြင့် မေတ္တာပြခြင်း၊ တရား ဟောခြင်းများဖြင့် ကျင်းပနိင်ကြပါသည်။ သာသနာ ပြုလုပ် ငန်းအတွက် ပေးကမ်းခြင်း၊ ဆုတောင်း ပေးခြင်း၊နှင့် အဖက်ဖက်မှပါဝင်ကြ သူများ အပေါ်ဘုရားသခင်ကောင်းကြီး ပေးပါစေ။ 

ဤ သာသနာ လုပ်ငန်းကြီးသည် ၂၀၀၁ ခုနှစ်မှစတင်​ခြေလှမ်းခဲ့ရာ သာသနာ ပြုဆရာ၊ဆရာမ ၅၈ ဦး စေလွှတ်နိင်ခဲ့ပါသည်။ သို့သော် အချို့တို့သည် အကြောင်း အမျိုးမျိုးကြောင့် အလုပ်မှရပ်နားပြီး ယခုတွင် ဆရာ၊ မ၃၁ ဦးကနယ်အသီးသီး၌ ကြိုးစား လုပ်ဆောင်ကြပါသည်။ ၂၀၀၉ ခုနှစ်တွင် သာသနာ ပြုဆရာ၊ မများ၏ လုပ်ဆောင်မှု အပေါ်၌ ဘုရားသခင်က ကောင်းကြီး ပေးတော်မူသောကြောင့် အခြား ဘာသာဝင်မှ ၅၀ ယောက်ကျော်အ မည်ခံ ခရစ်ယာန်များမှ ၃၀ နီးပါးစုစုပေါင်း ၈၄ ဦးတို့က ခရစ်တော်ကို လက်ခံယုံကြည် သဖြင့် ဗတ္တိဇံခံကြပါသည်။ ၂၀၁၀ ခုနှစ်မှာလည်း ယုံကြည်သူများအား မလျော့ဘဲ ပိုမို၍ ကြိုးစား လုပ်ဆောင်ကြပါရန်ဘိတ်ခေါ်အပ်ပါသည်။ 
-ဒါရိုက်တာ ဆရာ ဆန်းလှယ်ခုပ်၊

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG