GOODNEWS
  HOME  GOODNEWS  2010 JAN
 


အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် နှစ်သစ်ထဲသို့ ရောက်သွားကြ ပြီ။ ကယ်တင်ခြင်းသို့ ရောက်၍ ကောင်းကင် တက်မည့်သူများအတွက် ချီ ဆောင်ခြင်းသို့ ပါရန်တနှစ်နီးသွားပြန်ပြီ။ ကယ်တင်ရှင် သခင်ဘုရားနှင့် တွေ့ရတော့မည် ဖြစ်သောကြောင့် ဝမ်းမြောက်စရာ ဖြစ်သည်။ သို့သော် သခင်၏ အလိုတော်အတိုင်း အသက်မရှင်၊ လောကသားများကဲ့သို့ အသက်ရှင်သော ယုံကြည်သူများမူကား သခင်ဘုရားကြွလာမှာကိုလည်းမမျှော်၊ ဂရုလဲမစိုက်၊ လောကသားများကဲ့သို့ပင်လောကအရာများ၌ ဗျာများ နေကြသေး သောကြောင့် ဝမ်းနည်းစရာ ပင်။ သို့သော် သခင်ဘုရားကြွလာမှာကိုမျှော်လင့်၍ သခင်၏ အလိုတော်ကို ဆောင်သော ယုံကြည်သူများအတွက် မူဝမ်းမြောက်စရာဖြစ်သည်။ ကယ်တင်ခြင်းသို့ မရောက်သောကြောင့် ငရဲလားရမည့်သူများအတွက် မူ အလွန် ဝမ်းနဲစရာ ပင်။ အကြောင်းမူကား ငရဲဆင်းဘို့ရန် တနှစ်နီးသွားပြန်ပြီ။ သို့သော်ဝိညာဉ် မျက်စိကမ်းသောကြောင့် အားရဝမ်းမြောက်စွာနှင့် နှစ်သစ်ကို ကြိုကြသည် မှာ အလွန် စိတ်ထိခိုက်စရာဖြစ်သည်။ 

ရှင်ပေါလုက ထိုကြောင့် ငါတို့သည်အား လျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်း လူမူကား တနေ့ထက် တနေ့ပြုပြင်ခြင်းကို ခံရ၏။ အကြောင်းမူကား၊ မျက်မှောက်၌ ထင်ရှားသောအရာ တို့သည် ခဏသာတည်၍၊ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသောအရာ တို့ကို မကြည့်မမှတ်ဘဲ၊ မထင်ရှားသောအရာ တို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းထက် အလွန်ကြီး မြတ်လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဘို့ ဖြစ်စေတတ်၏။ (၂ ကော ၄း၁၆-၁၈) ဟုရေးသားခဲ့သည်။ ​ကျွန်ပ်တို့၏ ပြင်လူ တည်းဟူသော ကိုယ်ခန္ဓာသည် တနေ့တ ခြားယိုယွင်းပျက်စီးပြီး အတွင်းလူ တည်းဟူသော ဝိညာဉ် မူကား တနေ့တခြား ပြုပြင်ခြင်းရှိသည်။ မြင်နိင်သော အရာများသည် ခဏသာတည်၍ မမြင်နိင်သောအရာ တို့သည် ထာဝရ တည်မည် ဟုဆိုသည်။ ​ကျွန်ပ်တို့၏ ခန္ဓာကိုယ်နှင့်တကွ မြင်နိင်သော အဝတ်အစားများ၊ ကား၊ အိမ်များသည် ပျက်စီးသွားမည် ဖြစ်သည်။ သို့သော် မမြင်နိင်သော ​ကျွန်ပ်တို့၏ ဝိညာဉ် မူကား ထာဝရ တည်မည် ဖြစ်သောကြောင့် ဝိညာဉ် အတွက် အချိန်၊ ဘဏ္ဍာ၊ စွမ်းအားများကို အသုံးပြုသင့်သည်။ အထူးသဖြင့် ချီဆောင်ခြင်း အလွန် နီးနေပြီ ဖြစ်သောကြောင့် အစွမ်း ကုန် အသုံးပြုသင့်နေပြီ။ 

ထို့အပြင် ချီဆောင်ခြင်း အလွန် နီးနေပြီ ဖြစ်သောကြောင့် ယခုခံစားရသော ဒုက္ခဆင်းရဲခြင်းများကြောင့် စိတ်ပျက်ညည်းတွားခြင်း မပြုဘဲ ရှေ့မကြာမှီခံစားမည့် ဘုန်းကိုမျှော်လင့်ပြီး လုပ်စရာ ရှိသော အရာများကို လုပ်ဆောင်ကြစို့။ ရှင်ပေါလုမှာထားသည့်အတိုင်း ညီအစ်ကိုတို့၊ ငါပြုသောအမှု တခုဟူမူကား၊ နောက်ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍၊ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက် အရပ်မှခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ ထိုကြောင့် စုံလင်သောသူရှိသမျှတို့သည် ဤသို့သော သဘောကို စွဲလမ်းရကြမည်။ (ဖိလိ ၃း၁၃-၁၅) ဘုရားသခင်က ငါတို့အတွက် ပန်းတုံးတိုင်သို့ ပြေးကြကုန်အံ့။ နှစ်သစ်အတွင်း အယောက်တိုင်း ဘုရားသခင်က လမ်းပြ၍ အသုံးပြုကြပါစေသော်။ 
 
မည်ကဲ့သို့ ပြင်ဆင်ရမည်နည်း
Rev. Moses R Cung - Gospel Baptist Church, Indianapolis


ခရစ်တော် ကြွလာမည့် အချိန်သည် အလွန် နီးပြီ။ လောကသားများပင်လျှင် ၂၀၁၂ ၌ ကမ္ဘာ ကုန်ဆုံးမည့် အရာကို ရုပ်ရှင်ထုတ်လုပ်ပြသနေကြပြီ။ ယုံကြည်သူများ အနေဖြင့် မည်ကဲ့သို့ ပြင်ဆင် ရမည်နည်း။ မိမိ၏ အချိန်၊ ဘဏ္ဍာ၊ အစွမ်းအစကို မည်ကဲ့သို့ အသုံးပြုမည်နည်း။ ဒုတိယမွေးဘွားခြင်း မရှိသောသူများ အနေဖြင့် ချီဆောင်ခြင်းနှင့် ဒုတိယကြွလာမည့် အရာကိုမသိကြ၊ ဂရုမစိုက်ကြ၊ စိတ် မဝင်စားကြ၊ မကြားချင်ကြပေ။ ထိုအရာကို ဟောပြောသောသူကိုလည်း မုန်းကြသည်။ အဘယ်ကြောင့်နည်းဟူမူကား ဝိညာဉ်ပိုင်းမျက်စိကမ်း၊ နားလေးသောကြောင့် ဖြစ်သည်။ ဒုတိယမမွေးသောသူများ အနေဖြင့် ဤလောက၌ မျှော်လင့် ချက်အပြည့်ထား ကြသည်။ ဤကမ္ဘာကြီး ကုန်ဆုံးမည်ကို မသိကြ။ သိလျှင်လည်း မိမိ အလိုဆန္ဒကလွှမ်းမိုးနေသောကြောင့် ချီဆောင်ခြင်း အကြောင်းကို စိတ်မဝင် စားကြ။ ချီဆောင်ခြင်း ပြီးသော နောက်ဘေးဒဏ်ကြီးကာလ ရောက်မည့် အရာကိုလည်း မကြားချင် ကြ။ ဒုက္ခရောက်မည့် အရာကို ပြောသောသူသည် လူများကို စိတ်ဓါတ်ကျစေသည်ဟု မြင်၍ အမြင်ကပ်ကြသည်။ နောက်ပိုင်း၌ ထိုအရာကို ဟောပြောသောသူများကို အရေးယူဖမ်းဆီးသည် အထိဖြစ်နိုင်သည်။ 

ဘေးဒဏ်ကြီး ကာလနှင့်နီးလာလေလေ ဤလောကသည် ပို၍ ပို၍ ပျက် စီးလေလေ ဖြစ်မည်။ စီးပွားရေးကျဆင်းလာလေလေအလုပ်လက်မဲ့လည်း ပို၍ များလာမည်။ အလုပ်လက်မဲ့များ လာလေလေစားသောက်စရာ မရှိသောကြောင့်ခိုးမှု၊ လုယက်မှု မှစ၍ ဒုစရိုက်အပြစ်များလာမည်။ ဒုစရိုက်အပြစ်များ လာသောအခါ လုံခြုံမှုမရှိ၊ နေရာတိုင်းသည် ကြောက်စရာ ကောင်းသော နေရာ ဖြစ်လာမည်။ သို့သော် ဘုရားသခင်ကို ယုံကြည်သောသူများအတွက် မည်မျှပင်ခက်ခဲသော ကာလ ဖြစ်ပါစေ မျှော်လင့်ချက်ရှိသည်။ အကြောင်းမှာ ဒုက္ခ ပြသနာ ရှိမှဘုရားသခင်၏ လက်တော်၊ တန်ခိုးတော်ကို တွေ့နိင်သည်။ လာဇရုသည် မသေခဲ့သော် ခရစ် တော်သည် တန်ခိုးပြနိင်မည် မဟုတ်။ ဂါလိလဲအိုင်၌ လှိုင်းတပိုးမတိုက်ခတ်ခဲ့သော် ခရစ်တော်သည် ငြိမ်းစေဘို့ လိုမည် မဟုတ်။ ဘေးဒဏ်ကြီး ကာလသည် ဘုရားသခင်၏ အမျက်တော်လောင်းသောနေ့ ဖြစ်သည်။ သို့သော် ယုံကြည်သူများအတွက် ကြောက်စရာ မရှိ။ ပရောဖက် နာဟုန်က၊ အမျက်တော် ရှေ့မှာ အဘယ်သူ ရပ်နိုင်သနည်း။ အမျက်တော် အရှိန်ကို အဘယ်သူ ဆီးတားနိုင်သနည်း။ မီးလောင် သကဲ့သို့ အမျက် ထွက်၍၊ ကျောက်တို့ကို ဖြိုချတော်မူ၏။ ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှု ရောက်သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံသော သူတို့ကို သိမှတ်တော်မူ၏။ (နာဟုံ ၁း၆ -၇) ဟုရေးထားပါသည်။ 

                     သို့ဖြစ်လျှင် ခရစ်တော် ကြွလာမည့် အရာကို မည်ကဲ့သို့ ပြင်ဆင် မည်နည်း။ ခရစ်တော် မရရှိ သေးသောသူများ အနေဖြင့် ခရစ်တော် အမြန်ဆုံးရရှိဘို့ လိုအပ်သည်။ အကြောင်း မူကား ခရစ်တော်၏ ဝိညာဉ်ကို မရသောသူသည် ခရစ်တော်နှင့် မဆိုင် (ရော ၈:၉) ဟုဆိုထားသည်။ အမည်ခံ ခရစ်ယာန် ဖြစ်ရုံဖြင့် မရပါ။ ချီဆောင်ခြင်း အချိန်၌ ခရစ်တော်သည် သူ၏ဝိညာဉ် ရသောသူများကိုသာ ချီဆောင်သွားမည်ဖြစ်သည်။ အကျင့်ကောင်းသောသူ၊ ဘုရားတရားကြိုးစား သောသူ၊ ကောင်းမှု ကုသိုလ်ပြုသော သူတို့ကို ချီဆောင်မှာ မဟုတ်။ ထို့ကြောင့် ခရစ်တော်ကိုမရသောသူများအနေဖြင့် ခရစ်တော်ကို စိတ်နှလုံးထဲ၌ ခေါ်ဘိတ် လက်ခံဘို့လိုသည်။ ခရစ်တော်ကို ရရှိပြီးသောသူများ အနေဖြင့် ချီဆောင်ခြင်း၌ ပါဝင်မည် ဖြစ်သောကြောင့် အောက် ပါအချက်များ ပြင်ဆင်ဘို့ရန်လိုအပ်သည်။ 
 
ဘုရားဝတ်၌ မွေ့လျော်ရန်

မင်္လာရှိသော မျှော်လင့်ရာကို၎င်း၊ကြီး မြတ်သော ဘုရားသခင် တည်းဟူသော ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မျှော်လင့်လျက်၊ ဘုရား မဲ့တရားမဲ့ နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက် ယခုဘဝ ၌ ဣ​န္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည် (တိတု ၂း၁၁-၁၃) 
 
ကိုယ်ကိုကိုယ်သန့်ရှင်းစေရန်

ချစ် သူတို့ ယခုတွင် ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြ၏။ နောက်မှ အဘယ်သို့ သောသူ ဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း၊ ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့ သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည် အတိုင်းကို ငါတို့သည် မြင်ရကြလတံ့။ ထိုသို့ မြော်လင့်သောသူ မည်သည်ကား၊ ကိုယ်တော် သန့်ရှင်းတော်မူသည် နည်းတူ၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေတတ်၏။ (၁ ယော ၃း၂-၃) 
 
အချင်းချင်းစည်းဝေးခြင်း လုပ်ရန်

လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ကြိုး စားကြလော့။ (ဟေ ၁၀း၂၅) 
 
ပြင်ဆင်လျက်နေရမည်

လူသားသည် ကြွ လာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ် လိမ့်မည်။ ရေလွှမ်းမိုးခြင်း မဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သောနေ့ တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေ၍၊ ရေ လွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ၊ လူသား ကြွ လာသောအခါ ၌ ဖြစ်လိမ့်မည်။ ထိုအ ခါလယ်၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ သူခိုးလာ မည်အချိန် နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့် နေလိမ့်မည်ကို သင်တို့သိကြ၏။ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သောအချိန် နာရီ၌ လူသားသည် ကြွလာ လိမ့်မည်။ (မ ၂၄း၃ရ- ၄၄) 

ပညတ်တရားတော် (၁၀) ပါး
 
Rev. Joshua Hrang Kip Zul - Gospel Baptist Church, Atlanta

သမ္မာကျမ်းစာတွင် ပညတ်တရားတော် အကြောင်းကို အသွင် အမျိုးမျိုးဖြင့် ပေးထားသည်ကို တွေ့ရသည်။ အဓိကအားဖြင့် လိုက်နာရန်နှင့် ဦးဆောင်မှု ပေးရန်ဟူ၍ နှစ်မျိုးနှစ်စားခွဲခြားနိုင်ပါသည်။ ဘုရားသခင်က မိဘများ အားလည်း ကောင်း၊ သင်ကြားသူဆရာများ အားလည်း ကောင်း၊ သူတို့ သွားရာလမ်း၊ ပြုရသော အမှုတို့ကို သိရှိစေရန် (က ၂၆:၅၊ ထွက် ၁၈:၂၀၊ သု ၃:၁၊ ၆:၂၀) ပေးထားကြောင်း တွေ့ ရသည်။ ဘုရားသခင် စီရင်တော်မူသော တရားတော် ဟုလည်း (ဆာ ၁၁၉:၁၈-၂၀၊ ၅၇-၅၈)၌ တွေ့ရသည်။ တချို့နေရာတွင် ပညတ္တိကျမ်း (မ ၅:၁၇)၊ မောရှေ၏ ပညတ္တိ ကျမ်း (လု ၂၄:၄၄၊ ယော ၁:၄၅၊ ၁၅:၂၅) ဟူ၍ ဖြစ်သည်။ ပညတ္တိကျမ်းများကို ဘုရားသခင်သည် မောရှေအားဖြင့် သိနာတောင် တွင် ဣသရေလ လူတို့ထံသို့ ပေးတော်မူ ခဲ့သည်။ (ထွက် ၂၄:၁၂၊ တရား၄:၄၄၊ ဧဇရ ၇:၆၊ ယော ၁:၁၇ ဂလာ ၃:၁၇၊ ၁၉)။ 
 
အကြောင်း အရာ။ ဖော်ပြပါများကို အဓိကထားလေ့လာသွားကြမည် ဖြစ်ပါသည်။ 
 
၁။ ဣသရေလ လူမျိုးထံ ဘုရားသခင် ပေးသော ပဋိညာဉ်တရားတော် 

ဘုရားသခင်၏ ကျေးဇူးဂရုဏာတော် သက်သက်ကြောင့်အာဗြဟံ၏ မျိုးနွယ်ထဲမှ ဣသရေလ အမျိုးကို ခါနန်ပြည်ကို ထာဝရ အမွေပိုင်အဖြစ် ပေးသနား ထားပါသည်။ (က၊ ၁၇:၁-၈)။သို့ဖြင့် ဘုရားသခင်၏ ဣသရေလ လူမျိုးတို့သည် ထူးခြားသော ကောင်းကြီး များနှင့်အတူ ထာဝရဘုရား၏ ကွယ်ကာမှု အောက်၌ နှစ်ပေါင်းလေးရာကျော်ကျင်လည်ခဲ့ ကြသည်။ ထိုအခါ သူတို့သည် များစွာ ပွားများ၍ သီးခြားတည်ထောင်နိုင်သော အဆင့်အထိ ရောက် လာသောအခါ ထာဝရဘုရားသခင်သည် အံ့ဖွယ်အမှု အဖုံဖုံကို ပြုလျှက်အီဂျစ်ဘုရင်ဖါရော၏ ​ကျွန်အဖြစ် မှလွတ် မြောက်စေတော်မူ ခဲ့ပါသည်။ ဘုရားသခင်သည် သူတို့၏ ဘိုးတော် အာဗြဟံ ထံပေးထားသော ဂတိတော်နှင့် အညီလူမျိုးတော်ကို အီဂျစ်ပြည် မှခေါ်ထုတ်လျှက်သိ နာတောင်သို့ ရောက်လာကြသောအခါ အာဗြဟံထံပေးထားသော ဂတိတော်ကို ထပ်မံ၍ အတည်ပြုခဲ့ပါသည်။ (ထွက် ၂၄:၇)။ 

ထိုဂတိတော်များပြည့်စုံစေခြင်းငှာ ဘုရားသခင်သည် ဣသရေလ လူတို့ကို ကယ်တင်တော်မူပြီး သူ၏ တန်ခိုးတော်ဖြင့် ရစ်ပတ်လျက် ​ကျွန်ဘဝမှကယ် နှုတ်တော်မူ ခဲ့သည် (ထွက် ၂:၂၄၊ ၃:၁၆:၆-၈)။ သို့သော် ဣသရေလ လူမျိုးများကလည်း အာဗြဟံထံတွင် ပေးထားသော ဂတိတော်များပြည့်စုံလာနိုင်ရန် အတွက် ဘုရားသခင်၏ ပညတ်တရားတော်ကို လိုက်နာကြရန်လိုအပ်ပါသည်။ (ထွက်၊ ၂၄:၇-၈)။ သိနာတောင်တွင် ဘုရားသခင် ပေးသော ပညတ်တော် တရားတွင် ဣသရေလ လူမျိုးတို့ နာခံမှု ဖြင့် လိုက်နာစေလိုသော အချက်များ ပါဝင်သည်။ ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေဘို့ရန် ဣသရေလ လူမျိုးတွင် တာဝန် ရှိလာ ပါသည်။ (ဝတ် ၁၈:၅၊ ရော ၇:၁၀-၁၅၊ ကလာ ၃:၁၂)။ ထို့အပြင် ပညတ်တော် (၁၀) ပါးကို သူတို့၏ နေ့စဉ် အသက်ရှင်နေထိုင်မှု ှုပုမူဆောင်ရွက်မှု အဝ ၀တို့၏ ဇစ်မြစ်အစ ဖြစ်ရန်နှင့် ထိုနည်းဖြင့် ဘုရားသခင်နှင့် မိသဟာယဖွဲ့နိုင်ရန် ပေးအပ် ထားခြင်း ဖြစ်သည် (ထွက် ၂၀:၁-၁ရ)။ 
 
၂။ ဣသရေလ အမျိုးနှင့် ပညတ်တရားတော် 

(Israelites and Law)

ဣသရေလ လူမျိုးတို့အတွက် ဂတိတော် မရှိလျှင် အသက်သည် ဘဝအဓိပ္ပါယ် မဲ့နေသည်။ ဤသည်မှာ ဣသရေလတို့အတွက် ပညတ်တော် တရား၏ ထူးခြားချက် ဖြစ်သည်။ ထိုပညတ်တရားတော်တွင် ဘုရားသခင်သည် ဣသရေလ လူမျိုးတို့အတွက် ဝတ်ပြုကိုးကွယ်နည်း၊ အုပ်ချုပ်စီမံနည်းနှင့် နေ့စဉ် နေထိုင်ပြုမူနည်းဟူ၍ တရားတော် (၃) မျိုးကို ပေးထားပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းကို အ​ခြေခံလျှက်နေ့စဉ် အသက်ရှင် နေထိုင်မှု ကိစ္စအဝ ၀ကို ပါသင်ကြားပေးထားပါသည်။ သို့သော် ဤကိစ္စကို (၂) မျိုးခွဲခြားပေးထားပါသည်။ 

၁။ ဘုရားသခင် ထံပြုရသော အမှု၊ ဘုရားသခင် ပညတ်ထားသော တရားတော်နှင့် အညီဝတ်ပြုကိုးကွယ်လျှင် ဘုရားသခင်နှင့် ဆက်သွယ်မိတ်ဖွဲ့မှု အဆင်ပြေပြီး ကောင်းကြီးခံစား ကြရမည်။ 

၂။ လူတို့ အချင်းချင်း အကြား လိုက်နာ ပြုလုပ် ရမည့် တရားတော်များကို လိုက်နာ ပြုကျင့်ကြလျှင် ဘုရား အလိုတော်နှင့် တွေ့ပြီး ကောင်းကြီး ပေးတော်မူသည်။ 

ဣသရေလတို့သည် ဤပညတ်တရားတော်များကို လိုက်နာကျင့်သုံးခြင်းကြောင့် လူမျိုးတော် ဖြစ်ခြင်းကို ရရှိသည် မဟုတ်ပါ။ လူမျိုးတော်ဖြစ်ခြင်းကြောင့် လိုက်နာကျင့်ကြံရမည့် ကျင့်ဝတ်များကို သင်ပေးခြင်း သာလျှင် ဖြစ်ပါသည်။ ဥပမာ။ မိဘမရှိသူနှင့် မုဆိုးမများကို မနှောင့်ယှက်ရန် (ထွက် ၂၂:၂၂၊ ၂၃:၆)တွင် တ​ကျွန်း တနိုင်ငံသား ဧည့်သည်ကို မညှဉ်းဆဲရ (ထွက် ၂၃:၉) စသည်တို့ကို သင်ကြားပေးသော်လည်း မလိုက်နာနိုင်ကြ၍ ကျိန်ဆိုခြင်းကို ခံရကြသည် (ဂလာ ၃:၁၀)။ 
 
၃။ ခရစ်တော်နှင့် ပညတ်တရားတော် 
(Christ and Law)


သိနာတောင်ပေါ်တွင် ပေးခဲ့သည့်ပညတ်တရားသည် ထာဝရ အဖို့မဟုတ်ပေ။ ခရစ်တော် ပေါ်လာတော်မူ မည့်အကြောင်း၏ နိမိတ်လက္ခဏာမျှသာ ဖြစ်သည် (ဂလာ ၃:၁၉-၂၄ ဟေ ၉:၁၅)။ သို့သော် ယေရှုခရစ် တော်သည် ပညတ် တရားအောက်၌ ဖွားမြင်ခြင်း ခံရသည် (ဂလာ ၄:၄)။ ထိုတရားတော် အောက်၌ ကြီးထွားလာသည် (လု ၂:၂၁-၂၄၊ ၄၂)။ တရားတော်ကို ပြည့်ဝစွာ လိုက်နာကျင့်သုံး၏ (မဿဲ ၇:၂၁၊ ၅:၁၇)။ တရားတော်ကို ချိုးဖောက်ဘို့ မသွန်သင်၊ လိုက်နာရန် သာသွန်သင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ရေးရာတရား ဖြစ်သောကြောင့် ဖြစ်သည် (ရော ၇:၁၄)။ ပညတ်တရားသည် သန့်ရှင်းပြီး ကောင်းမွန်သည်။ လူတို့၏ အကျိုးအလို့ငှာ ဘုရားသခင် ပေးထားသော တရား ဖြစ်သည် (မဿဲ ၂၂း ၃၆-၄၀၊ လု ၁၀:၂၅-၂၈၊ ရော ၇:၁၂)။ သို့သော် ယုဒလူတို့ ကပညတ်တရားတော်ကို သူတို့၏ ထုံးတမ်းဓလေ့အဖြစ် မှတ်ယူပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို ဆန့် ကျင်ကြသည် (မဿဲ ၁၃:၃-၄)။ ထို့ကြောင့် သူတို့အတွက် ပညတ်တရားသည် ကျိန်ခြင်း နှင်သေခြင်းကို ဖြစ်စေသော တရား ဖြစ်ခဲ့သည်။ 

သို့သော် ခရစ်တော်၏ အသေခံခြင်းဖြင့် ထိုကျိန်ဆဲမှု ဒဏ်မှကင်းလွတ် ခွင့်ကို ယနေ့ ယုံကြည် သူများ ခံစားရရှိခြင်းသည် ကောင်းကြီး မင်္ဂလာ ဖြစ်သည်။ ခရစ် တော်သည် ​ကျွန်ုပ်တို့ အပေါ်တင်ရှိနေသော ကျိန်ခြင်း၏ အဖိုးအခများကို အသက် စတေးခြင်းဖြင့် အကျေအလည်ပေးဆပ်ခဲ့ပြီး ဖြစ်ပါသည် (ကော ၂:၁၄-၁၅)။ ပညတ် တရားတော်သည် ခရစ်တော် ပေါ်ထွန်းလာရန်ပုံရိပ်မျှသာ ဖြစ်ပြီး အစစ်အမှန်သည် ခရစ်တော် သာလျှင် ဖြစ်ပါသည် (ကော ၂:၁၆-၁၈) ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သူများအားလုံး သည် ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ​ဖြောင့်မတ်ရာသို့ ရောက်ကြရသည်။ ပညတ်တရားတော် စောင့်ရှောက်ခြင်းကြောင့် မဟုတ်၊ စောင့်ရှောက်ရန်ပညတ်တော် မရှိတော့ပေ (ရော ၁၀:၄၊ ၇:၆၊ ဂလာ ၅:၄)။ 

 ယခုပညတ်တရား၏ ချည်နှောင်ှုခင်းမှ လွတ်မြောက်ကြပြီး ပညတ်တရားတော်အားဖြင့် အသက်ရှင်သည် မဟုတ်၊ ဝိညာဉ်တော်၌ သာအသက်ရှင်ကြသည် (ရော ၇:၆၊ ၈:၁၄)။ အစဉ်် ယဇ်ပူဇော်ရန်မလိုတော့ပေ။ ယေရှုခရစ် တော်၏ တစ်ကြိမ်တစ်ခါတည်းသော ပူဇော်ခြင်းအားဖြင့် ခရစ်တော်၏ ခန္ဓာကိုယ်နှင့် ခွဲမ ရသော အသစ်သော အသက်တာတွင် ခရစ်တော်နှင့်အတူ တစ်လုံးတစ်ဝတည်းဖြစ်စေ ပြီ (ဂလာ ၃:၂၇-၂၈၊ ဧဖက် ၁:၁၃၊ ၂၂-၂၃)။ 
 
၄။ ကယ်တင်ခြင်းသည် ပညတ်တရားကြောင့် မဟုတ်ပါ 
(Salvation is not by Law)

ပညတ်တရားစောင့်ရှောက်ခြင်းဖြင့် မည်သူမျှအပြစ် ​ဖြေလွှတ်ခြင်း မရနိုင်ပါ (ဂလာ ၃:၁၁)။ ဓမ္မဟောင်းခေတ် ဘုရားသခင်၏ လူများ ဖြစ်သည့်အာဗြဟံ၊ ဒါဝိတ်တို့နှင့် ဓမ္မသစ်ခေတ်မှပေတရု၊ ပေါလုတို့ကလည်း ပညတ်တရားစောင့်ရှောက် မှုကြောင့် ခွင့်လွှတ်ခြင်းရရှိသည် မဟုတ်ယုံကြည်ခြင်းဖြင့် သာ​ဖြောင့်မတ်ရာသို့ ရောက်ရကြောင်း (က ၁၅:၆၊ ရော ၃:၂၈၊ ၄:၁-၁၆၊ ၂၂၊ ဂလာ ၃:၁၇-၁၈၊ ဧဖက် ၂:၈၊ ၁ တိ ၁:၁၄-၁၆)တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ကယ်တင်ခြင်းသည် လူတို့၏ အကျင့်ကောင်းမှုကြောင့် မဟုတ်၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဘုရားသခင် သနားတော်မူရာ ဖြစ်ပါသည် (ဧဖက် ၂:၉)။ 

 ဣသရေလတို့ လုံးဝ မှားယွင်းခဲ့သည့်အချက်မှာပညတ်တရားတော် စောင့် ရှောက် လိုက်နာခြင်းဖြင့် ကယ်တင်ခြင်းရရှိမည်အကြောင်း }ကြိုးစားအား ထုတ်ကြခြင်း ဖြစ်သည် (ရော ၉:၃၀-၃၂)။ ဘုရားသခင် ခင်းပေးသော ​ဖြောင့်မတ်ခြင်းရရာလမ်းကို မလိုက်နာ၊ မယုံကြည် သူတို့၏ ကောင်းသော အကျင့်နှင့် ပညတ်တရား စောင့်ရှောက်ခြင်းဖြင့် သာ​ဖြောင့်မတ်ခြင်းသို့ ရောက်မည်ဟူသော ခံယူချက်ကို စွန့် လွှတ်ရန်နှင့် သဘောပေါက်ရန်ပေါလုက ဆုတောင်း ပေးခဲ့သည် (ရော ၁၀:၁-၃)။ သူတို့ သဘောပေါက် နားမလည်သည်မှာ ဘုရားသခင်က ပညတ်တရားတော်ကို သူ၏ သန့်ရှင်းခြင်း၊ ​ဖြောင့်မတ်ခြင်းနှင့် သူတို့၏ အပြစ်ကို သူတို့ နားလည် သဘောပေါက် ရန်ပေးထားခြင်း ဖြစ်သည် ဟူသော အချက် ဖြစ်သည် (ရော ၃:၂၀)။ လူသည် အပြစ်သား ဖြစ်ကြောင်း မိမိကိုယ်ကို သိရှိ သဘောပေါက် နားလည်မှသာ အပြစ်၏ အခသေခြင်းကို ရင်ဆိုင်ရမည့်သူ ဖြစ်ကြောင်း ခံယူနိုင်သည်။ သို့မှသာ ကယ်တင် ရှင်ဘုရား ထံပြန်လှည့်လာနိုင်မည်။ ထို့ကြောင့် လူသည် မိမိကိုယ်ကို အပြစ်သား ဖြစ်ကြောင်းရှင်းလင်းသိရှိနိုင်ရန် ဘုရားသခင်သည် သူ၏ သန့်ရှင်းခြင်း၊ ​ဖြောင့်မတ်ခြင်း တရားကို သုံးပြီး လူကို ပညတ်တရား၏ အကျဉ်းသား ဖြစ်စေသည် (ဂလာ ၃း၂၂-၂၃)။ ထို့ကြောင့် ပညတ်တရားအားဖြင့် ကယ်တင်ခြင်း မရရှိနိုင်၊ အပြစ်သား ဖြစ်ကြောင်း သိရှိစေခြင်းကိုသာ တတ်စွမ်းနိင်သည် (ဂလာ ၃:၁၂)။ အဓိက နားလည် ရမည့် အကြောင်းမှာ ပညတ်တရားအားဖြင့် ​ဖြောင့်မတ်ခြင်းသို့ ရောက်အောင်ကြိုးစားသူ၊ ပညတ်တရားမလိုက်ရှောက်နိုင်သူဘုရားကို မျက်ကွယ်ပြုသူသည် ကျေးဇူးတော်ကို မထီမဲ့မြင် ပြုသူ ဖြစ်သည် (ဂလာ ၅:၄-၅)။ 

ပညတ်တရားတော် လိုက်လျှောက်နိုင်ခြင်းနှင့် မလိုက်လျှောက်နိုင်ခြင်း၌ ​ဖြောင့်မတ်ခြင်း တရားသည် မတည်၊ အ​ခြေမခံ၊ ယုံကြည်ခြင်းနှင့် မယုံကြည်ခြင်းသည် သာအဓိက ဖြစ်သည် (ယော ၃:၈)။ ထို့ကြောင့် ယုံကြည်သူများသည် ပညတ် တရား၏ ကျိန်ခြင်းနှင့် အပြစ်၏ ချည်နှောင်ခြင်းမှ လွတ်မြောက် သူများ ဖြစ်ကြသည် (တရာ ၂၇:၂၆၊ ဂလာ ၃:၁၃)။ အခုအပြစ် မှ​ဖြေလွတ်ခြင်း၊ ခွင့်လွတ်ခြင်းကို ရရှိပြီး ဘုရားသခင်နှင့် သင့်မြတ်ရသော အခွင့်ထူးကို ခံစားရကြပြီ ဖြစ်သည် (ရော ၅:၁၀၊ ၈:၁-၃)။ အဘယ်ကြောင့်ဆိုသော်​ကျွန်ုပ်တို့ မစောင့်ထိန်းနိုင်သော ပညတ်တော် တရားကို ခရစ်တော် ယေရှုက ပြည့်စုံစွာ စောင့်ထိန်းပေး၍ ဖြစ်သည် (မဿဲ ၅:၁၇၊ ရော ၁၀:၄)။ နောက်တစ်ခုသိထားရမည်မှာပညတ်တရားတော်သည် ကလေး ထိန်းသည် ကလေး၏ မိခင် အလုပ်လုပ်ချိန်၌ ထိုကလေးကို ထိန်းကျောင်းပေးသော်လည်း မိခင် အလုပ်မှပြန်လာချိန်တွင် မိခင် ထံကလေးကို ပြန်ပေး၍ မိခင် ကက လေးကို ယုယစွာ သူ၏ ရင်ခွင်ထဲသို့ ပိုက်ထွေး သကဲ့သို့ဖြစ်ပါသည်။ ပညတ်တရားသည် ယေရှုခရစ် တော် မလာမီထိန်းကျောင်းသူသာ ဖြစ်ပြီး ယေရှုခရစ် တော် ပေါ် လာသောအခါ မိခင် ကဲ့သို့ ​ကျွန်ုပ်တို့ကို ပညတ်တရားအောက်မှ ကယ်တင်ပြီး သူ၏ ရင် ခွင်ထဲသို့ သွင်းပေးသည် (ဂလာ ၃:၂၃-၂၆)။ 
 
၅။ ခရစ်ယာန် အသက်တာသည် ပညတ်တရားအားဖြင့် မဟုတ်ပါ 
(Christian Life is not by Law)

ကယ်တင်ခြင်းသည် လူ၏ ကောင်းမကြောင့် မဟုတ်၊ ဘုရားသခင်၏ ကျေး ဇူးတော် သက်သက်ဖြင့် ပေးသော လက်ဆောင် ဖြစ်သည်။ သို့သော် ကယ်တင်ခြင်းရရှိပြီး သူများ ကပညတ်တော်ကို လိုက်ရှောက်ရန်လိုကြောင်း လွှဲမှားစွာ ခံယူလေ့ ရှိကြသည်။ ကနဦး ခရစ်ယာန်များက သူတို့သည် ပညတ်တရားအောက်မှလွတ် မြောက်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်မှုနှင့် အသက်ရှင်ကြောင်းကို ကောင်းစွာ နားလည်ခဲ့ကြသည် (ရော ၇:၆၊ ၈:၁၄)။ သို့သော် ယုဒတို့၏ ထုံးတမ်း ဓလေ့ပွဲများတွင် ပါဝင်လေ့ရှိကြသည် (တမန် ၂:၁၊ ၄၆၊ ၃:၁)။ အကြောင်းမှာ ယုဒ ဘာသာမှလတ်တလောပြောင်းလဲလာ သူများ ဖြစ်ကြသည်။ 

သတေဖန်သည် ယုဒဘာသာနှင့် ခရစ်ယာန် ဘာသာဆက်နွယ်မှု မရှိကြောင်း ကောင်းစွာ သဘောပေါက်သည် (တမန် ၆:၁၃-၁၄)။ ပေတရုကလည်း ယုဒထုံးတမ်းစဉ်လာနှင့် ခရစ်ယာန်တို့ ပတ်သက်မှု မရှိကြောင်း၊ ပညတ်တရားသည် ယုဒ ဘာသာဝင်တို့အတွက်သာ ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်သည် (တမန် ၁၀:၁၅၊ ၁၁:၂-၃)။ ရှင်ပေါလုကလည်း ကောင်းစွာ ခံယူသည် (ရော ၁၄:၁၇၊ ၂ ကော ၃:၁၂-၁၈)။ ဝိညာဉ် အသက်တာ၌ မရင့်ကျက်သေး သူတို့က ပြောင်းလဲသူဟေလသများကို အရေဖျားလှီး၍ မောရှေ၏ တရားကို လိုက်ကျင့် ရန်တိုက်တွန်း ကြသည်။ (တမန် ၁၅:၁-၅)။ သို့သော် ပေတရုကပယ်ချသည် (တမန် ၁၅:၆-၉၊ ၁၉)။ ယုဒလူ ဖြစ်စေ၊ ဟေလသလူ ဖြစ်စေ၊ ကယ်တင်ခြင်းရရှိ ရန်သီးခြားနည်းလမ်းမရှိပေ။ ထို့အတူ ခရစ်ယာန် အသက်တာအတွက်လည်း အတူတူပင် ဖြစ်ပါသည်။ ယုံကြည်ခြင်း အားဖြင့်သာ အသက်ရှင်ရန် ဖြစ်သည် (ရော ၃:၂၁-၃၁၊ ဂလာ ၃:၂၈၊ ဟေ ၁၀:၃၈)။ ထို့ကြောင့် ပညတ်တရား လိုက်နာခြင်းနှင့် ခရစ်ယာန် အသက်တာကို လျှောက်လှမ်းလို သူများသည် ​ကျွန်မမှမွေးသော သား၊ ဇာတိပကတိအားဖြင့် ဖွားသော သားများဖြစ်ကြသည် (ဂလာ ၄:၂၁-၃၁)။ ထို့ကြောင့် ပညတ်တရားအားဖြင့် ဝိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာ၊ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သော အသက်တာကို မရရှိနိုင်ပေ (ဂလာ ၃:၁-၅၊ ၅:၁-၃၊ ယာ ၂:၁၀-၁၁)။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရ၏ (ဧဖက် ၂:၈)။ ယုံကြည်၍သာ ဝိညာဉ်ပကတိ၌ အသက်ရှင် သူများ ဖြစ်ကြ၏ (ရော ၈:၁၄)။ 

၆။ ယုံကြည်သူများသည် ပညတ်တရားမှလွတ်လပ် သူများ ဖြစ်ကြပြီ၊ သို့သော်လည်း ပညတ်တရားကိုမူမကျူးလွန်ပါ 
(Free from the law but not violence)

ပညတ်တရား၏ အဓိက ရည်ရွယ်ချက်သည် သန့်ရှင်းစွာ အသက်ရှင်နေ ထိုင်တတ်ရန် ဖြစ်သော်လည်း မည်သူတစ်စုံတစ်ယောက်မျှ ထိုကဲ့သို့ အသက်မရှင် နိုင်ကြကြောင်း (​ရော ၃:၂၀) ကဆိုထားသည်။ ခရစ်ယာန် အသက်တာ၌ သန့်ရှင်းသော အသက်တာနှင့် လွတ်လပ်သော အသက်တာသည် သန့်ရှင်း ဝိညာဉ်တော် အားဖြင့်သာလျှင်ရရှိမွေးဖွားလာသည်။ အပြစ်၏ အုပ်စိုးသော ​ကျွန် ဖြစ်နေကြသည် (ရော ၇:၁၄၊ ၂၁၊ ၂၃)။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အုပ်စိုးသွန် သင်မှု လိုအပ်သည်။ လူသည် ပြောင်းလဲခြင်းရရှိသည့်တစ်ချိန်တည်းတွင် ခရစ်တော်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိတ်ပေးခြင်းကို ခံရ၏ (ဧဖက် ၁:၁၃-၁၄)။ ဝိညာဉ်တော်၌ ဗတ္တိဇံခံရ၏ (ဂလာ ၃:၂၇-၂၈၊ ၁ ကော ၁၃:၁၃)၊ သို့ဖြင့် ယေရှုခရစ် တော်နှင့် တစ်လုံးတစ်ဝတည်း ယေရှုခရစ် တော်၏ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်လာ ရပြီး ဝိညာဉ်ပကတိ၌ အသက်ရှင်ရ၏ (ရော ၇:၆)။ ထို့အပြင် သခင် ခရစ်တော်က ပညတ်တရားကိုပြီး ပြည့်စုံစွာ လိုက်လျှောက်ပြီး ဖြစ်ခြင်းကြောင့် (​ကျွန်တော်တို့ ထပ်မံ၍ လိုက်လျှောက်ရန်မလိုတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်း)ဖြင့် ဝိညာဉ်် ပကတိ၌ အသက်ရှင်ပြီ ဖြစ်၍ ထိုသို့သော ပညတ်တရားများသည် အလိုလိုလိုက် လျှောက်ပြီး ဖြစ်ပါတော့သည်။ 
 
၇။ ပညတ်တရားကို အကျဉ်းချုံး၍ ပြန်ကြည့်ခြင်း 

၁။ ပညတ်တရားသည် အပြစ်သားများအတွက် ပေးခြင်း ဖြစ်သည် (၁ တိ ၁:၉-၁၁)။ 
၂။ ပညတ်တရားသည် သန့်ရှင်းခြင်း၊ ​ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏ (ထွက် ၂၀:၁-၁၇)။ 
၃။ ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်၏ (ရော ၇:၁၄၊ ဆာ ၁၉:၇-၈)။ 
၄။ ပညတ်တရားသည် အပြစ် တရားကို ထင်ရှားစေသူသာ ဖြစ်၏ (ရော ၃:၂၀၊  ၇:၈၊ ဂလာ ၃:၁၉)။ 
၅။ ပညတ်တရားသည် ခရစ်တော်ထံသို့ ပို့ဆောင်ပေးသူ ဖြစ်၏ (ဂလာ ၃:၂၄)။ 
၆။ ပညတ်တရားအားဖြင့် မည်သူမျှ​ဖြောင့်မတ်ရာသို့ မရောက်နိုင် (ရော ၃:၂၀၊ ဂလာ ၃:၁၀၊ တမန် ၁၃:၃၉)။ 
၇။ ပညတ်တရားအားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်ရန်}ကုိးစားသူသည် ဘုရားသခင် ၏ ကျေးဇူးတော်ကို ဥပက္ခာပြုသူ၊ ခရစ်တော်နှင့် မဆိုင်သူ ဖြစ်သည် (ဂလာ ၅:၄)။ 
၈။ ပညတ်တရားလိုက်လျှောက်သူသည် ကျိန်ဆဲခြင်း တရား၌ ဍှိတွယ်နေသူ ဖြစ်၏  (ဂလာ ၃:၁၀)။ 
၉။ ဒုတိယမွေးခြင်းကို သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခံရသူသည် ဝိညာဉ်တော် ၏ ဦးဆောင်မှု အောက်၌ ရှိကြောင်း မခံယူဘဲ ပညတ်တရားကို လိုက်ရှောက်ရန်အား ထုတ်နေလျှင် သူသည် ပညာမဲ့သူ ဖြစ်၏ (ဂလာ ၃:၁)။ 
၁၀။ ပညတ်တရားကို မောရှေထံတွင် ပေးခြင်း ဖြစ်၍ အသင်းတော် အတွက် ပေးခြင်း  မဟုတ်ပါ (ထွက် ၂၀:၁၉၊ ယော ၁:၁၇၊ ဟေ ၁၂:၁၈)။ 
၁၁။ ပညတ်တရားကို ယေရှုက ပြည့်စုံစေပြီ ဖြစ်၍ ​ကျွန်ုပ်တို့ လိုက်ရှောက်ရန်မလိုအပ်တော့ပေ (မဿဲ ၅:၁၇)။ 
၁၂။ ခရစ်တော်ကို ယုံကြည်သည့်တစ်ချိန်တည်း၌ ပညတ်တရားသည် ဆုံးခန်းတိုင်၏ (ရောမ ၁၀:၄)။ 


 
ကျမ်းစာ လေ့လာခြင်း 
၁ ယော ၂

 ၁၊ ချစ်သား တို၊ သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကို ပြုမိလျှင်၊ ​ဖြောင့်မတ်တော်မူသော အရှင် ယေရှုခရစ် တည်းဟူသော ငါတို့ အမှုဆောင်သခင်သည် ခမည်းတော် ထံ၌ ရှိတော်မူ၏။ 

ချစ်သားတို့ ဟုဆိုသောကြောင့် ဝိညာဉ် ဖခင်က ဝိညာဉ် သားများထံရေးသောစာ ဖြစ်သည်။ မယုံကြည်သူများအတွက် မဟုတ်ချေ။ 

သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။ ယောဟန်ကသူ ဤစာရေးပေးရခြင်းသည် ယုံကြည်သူများဒုစရိုက်မပြုစေခြင်းငှါ ဖြစ်သည်။ သို့ဖြစ်လျှင် ဤစာရေးပေးရုံနှင့် မည်ကဲ့သို့ ဒုစရိုက် မပြုဘဲ နေနိင်မည်နည်း။ ဒုစရိုက်မပြုဘို့ရန် မှာကျမ်းစာကို ဖတ်ရမည်။ ဆာလံ ဆရာကလူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊ (ဆာ ၁၁၉:၉) နှုတ်ကပတ်တော် အတိုင်း သတိပြုလျှင် အသက်တာ သန့်ရှင်းနိင်သည်။ နှုတ်ကပတ်တော်ကို စိတ်နှလုံးထဲ၌ လဲသိုထားဘို့ လိုကြောင်း ဤသို့ ရေးထားသည်။ ကိုယ်တော်ကို မပြစ််မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားပါပြီ (ဆာ ၁၁၉:၁၁)။ ရှင်ပေါလုကလည်း ဤသို့ ရေးထားသည်။ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည် ဖြစ်၍၊ အညစ်အ​ကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော် ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ် သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော် အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။ (ဧဖက် ၅:၂၆-၂ရ)။ ခရစ်တော်သည် နှုတ်ကပတ်တော် ရေအားဖြင့် အသင်းတော်ကို ဆေးကြောသည် ဟုဆိုသည်။ မည်ကဲ့သို့ ဆေး ကြောသနည်း။ အသင်းတော် ကနှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာ၍ နှုတ်ကပတ်တော် အတိုင်း လျှောက်လှမ်းမှသာ သန့်ရှင်းနိင်သည်။ ထို့ကြောင့် ယုံကြည်သူများသည် အသက်တာ သန့်ရှင်းရန်နှုတ်ကပတ်တော်ကို ဖတ်ရမည်၊ လေ့လာ ရမည်၊ အလွတ်ကျက်ရမည်၊ လိုက်လျှောက်ရမည်။ 

တစုံတယောက်သောသူသည် ဒုစရိုက်ကို ပြုမိလျှင်၊ အချို့သောသူများက ယုံကြည်သူများသည် ဒုစရိုက် ပြုလုပ် နိုင်သေးသလော ဟုဆိုတတ်ကြသည်။ ယုံကြည်သူများသည် ကောင်းကင်နိင်ငံ၌ နာမည်စာရင်းပါသော်လည်း မြေကြီး ပေါ်၌ နေသေးသောကြောင့် အပြစ်လုပ်နိင်သေးသည်။ 

​ဖြောင့်မတ်တော်မူသော အရှင် ယေရှုခရစ် တည်းဟူသော ငါတို့ အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။ တရားရုံးတော်၌ အမှုသည်ကို အကောင်းဆုံးကာကွယ်နိင်သောသူသည် ရှေ့နေ ဖြစ်သည်။ မြန်မာလိုရှေ့နေဟူသောစကား လုံးသည် အလွန် လျောက်ပတ်သည်။ ဤကြောင်း မှာရှေ့နေသည် တရား ခံကို တရားသူကြီး ကအပြစ် မမြင်နိင်ရန်ရှေ့မှကာပေးသောသူ ဖြစ်သည်။ ရှေ့နေ များသည် တရားဥပဒေကို နားလည်သည်သာမက နေ့တိုင်း တရားရုံး၌ ကျင်လည်လျက် အလုပ်လုပ်သောကြောင့် အမှု သွားအမှု လာကို နားလည်။ ထိုမျှသာမက တရားသူကြီး နှင့်လည်း သိနိင်သည်။ တရားသူကြီးနှင့် ရင်းနှီးပါက သူလိုက်သောအမှု နိုင်ဘို့ မှာအ​ခြေအနေများသည်။ ထို့ကြောင့် ရှေ့နေကောင်းလိုအပ်သည်။ 

ယုံကြည်သူများလည်း တရားသူကြီး တည်းဟူသော ဘုရားသခင် ရှေ့မှာ ကာကွယ်ပေးမည့်သူ ရှေ့နေကောင်းလိုအပ်သည်။ ထိုသို့သော ရှေ့နေကို တရားသူကြီး တည်းဟူသော ဘုရားသခင် ကိုယ်တော်တိုင် ကစီစဉ်ပေးထားသည်။ ထိုသူသည် သခင်ယေရှုခရစ် ဖြစ်ကြောင်းရှင်ယောဟန်ကရေးထားသည်။ သခင်ယေရှုသည် ဘုရားသခင်ကိုယ်တိုင် ကစီစဉ်ပေးထားသောကြောင့် သူနှင့် ရင်းနှီး၍ အ​ကျွမ်း ဝင်သောသူ ဖြစ်သည်။ ထို့ကြောင့် အကျင်သူသည် သခင်ယေရှုခရစ်ကို မိမိ၏ အမှုဆောင်အဖြစ် အားကိုးပါက အမှု နိုင်ဘို့ရန် မှာသေချာနေပြီ။ ထိုကဲ့သို့ သိသောသူတိုင်း ကအရှင် ယေရှုခရစ်ကို အားကိုး ကြသည်။ ထို့ကြောင့် စိတ်ချစွာ အိပ်ပျော် နိုင်သည်။ မိတ်ဆွေ၊ အရှင် ယေရှုခရစ်ကို မိမိ၏ အမှုဆောင်အဖြစ် အားကိုး မည်လော၊ သို့မဟုတ် မိမိကိုယ်ကို ကာကွယ်မည်လော။ 

၂။ ထိုသခင်သည် ငါတို့၏ အပြစ် မက၊ လောကီသား အပေါင်းတို့၏ အပြစ် ​ဖြေစ ရာအကြောင်း ဖြစ်တော်မူ၏။

ခရစ်တော်သည် ငါတို့ တည်းဟူသော ယုံကြည်သူများ၏ အပြစ်သာမက လောကီသား အပေါင်း (မယုံကြည်သူများ)၏ အပြစ် ​ဖြေစရာ အကြောင်း ဖြစ်သည် ဟုဆိုသည်။ ထိုသို့ဖြစ်လျှင်လောကီသား အပေါင်းသည် ကယ် တင်ခြင်းသို့ ရောက်ကြမည်လော၊ ​ဖြောင့်မတ်၍ ကောင်းကင်နိင်ငံသို့ ဝင်ကြမည်လော။ အ​ဖြေမှာဝင်ရကြမည် မဟုတ်။ အကြောင်းမူကား ခရစ်တော်အားဖြင့် အပြစ် ​ဖြေကြောင်းကို မယုံကြည် ကြ။ အဘယ်ကြောင့်မယုံကြသနည်းဟူမူကား မသိသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် မသိကြသနည်း ဟုဆိုလျှင် မပြော သောကြောင့်သော်၎င်း၊ ပြောသော်လည်း ခေါင်းမာ၍ မကြားချင်သော ကောင့် ဖြစ်သည်။ သို့သော် မကြားသောကြောင့် မယုံကြည်ပါက ပြောပြဘို့ရန် မှာယုံကည် သူတိုင်း၏ တာဝန် ဖြစ်သည်။ အပြစ်ကြောင့် ငရဲသွားမည့်သူ မရှိတော့ပါ။ အပြစ် ပြသနာကို သခင်ယေရှု ကအသက်နှင့် အသွေးတော်အားဖြင့် ​ ဖြေရှင်းပြီး သွားပြီ။ သို့သော် ထိုအရာကို မသိ၊ မယုံကြည် သောကြောင့် သွားရလျှင် အလွန် သနားစရာ မကောင်းပေဘူးလား။ 
 
၃။ ထိုသခင်ကို ကိုယ်တိုင် သိ​ကျွမ်းသည်ကို အဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။

ယုံကြည်သူများသည် ပညတ်တော်အားဖြင့် ​ဖြောင့်မတ်ရာသို့ မရောက် ဟုဆိုသောကြောင့် ပညတ်တော် မစောင့် ရှောက်ရဟူယူဆနိင်သည်။ မှန်သည်၊ ပညတ်တော် စောင့်ခြင်းအားဖြင့် ​ဖြောင့် မတ်ရာသို့ မရောက်ရပါ။ ခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့်သာ ရောက်ရသည် (ရော ၃:၂၂၊ ၂၅)။ ထိုသို့ ယုံကြည်သူများသည် မိမိ၏ လုပ်ဆောင်ချက် မပါဘဲ ခရစ်တော်အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်သောကြောင့် ​ဖြောင့်မတ်သောသူကဲ့သို့ အသက်ရှင်ဘို့ လိုလာသည်။ ​ဖြောင့်မတ်သောသူကဲ့သို့ အသက်ရှင်ခြင်းသည် ပညတ်တော် အတိုင်း အသက်ရှင်ခြင်း ဖြစ်သည်။ ထိုကြောင့် တမန်တော် ယောဟန် ကထိုသခင် (ယေရှု)ကို ကိုယ်တိုင် သိ​ကျွမ်းခြင်းသည် ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့် သိရသည် ဟုဆိုခြင်း ဖြစ်သည်။ 

၄။ ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကို သုံးသောသူ ဖြစ်၍ ထိုသူ၌ သစ္စာ မရှိ။

ခရစ်တော်ကို သိသော်လည်း ပညတ်တော်ကို မစောင့်သောသူသည် မုသာသုံးသောသူ ဖြစ်၍ သစ္စာ တည်းဟူသော သမ္မာတရားလည်း မရှိ ဟုဆိုသည်။ သို့ဖြစ်လျှင် ပညတ်တော် စောင့်ခြင်းသည် အဘယ်အရာနည်း။ ရှင်ပေါလုက အချင်းချင်းချစ်ခြင်း မေတ္တာမှတပါးအဘယ်ကြွေး မျှမတင်စေနှင့်။ သူတပါးကို ချစ်သောသူသည် အကျင့်တရားနှင့် ပြည့်စုံပြီ။ ဤကြောင်း မူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥဏာကို မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်၊ သူ့ဥဏာကို တပ်မက်လိုချင်သော စိတ်မရှိစေနှင့် ဟူသော ပညတ် မှစ၍ အခြားသော ပညတ်ရှိသမျှတို့ သည်၊ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှ ချစ်လော့ဟူသော ပညတ် တခု၌ အပါအဝင် ဖြစ်ကြ၏။ ချစ်ခြင်း မေတ္တာရှိသောသူသည် ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အကျိုးကို မဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်း မေတ္တာသည် အကျင့်တရား ပြည့်စုံရာ ဖြစ်သတည်း။ (ရော ၁၃:၈-၁၀) ဟုဆိုထားသည်။ ထို့ကြောင့် သူတပါးကို ချစ်ခြင်းသည် ပညတ်တော်ကို စောင့်ရှောက်ခြင်း ဖြစ်သည်။ သခင်ယေရှု ကပေးသော ပညတ်တော်လည်း အချင်းချင်းချစ်ဘို့ ဖြစ်ကြောင်း ဤသို့ တွေ့ရသည် သင်တို့သည် အချင်းချင်းတယောက်ကို တယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ် သစ်ကို ငါပေး၏။ (ယော ၁၃:၃၄) ထို့ကြောင့် ချစ်ခြင်းမေတ္တာမရှိသောသူသည် ပညတ်တော်ကို မစောင့်သောသူ ဖြစ်သည်။ 

၅။ ထိုသခင်၏ စကားတော်ကို နားထောင်သောသူ မည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန် ပြည့်စုံ၏။ ငါတို့သည် ထိုသခင်၌ ရှိကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။

ရှင်ယောဟန်ကအဘယ်ကြောင့်ထိုသခင်၏ စကားကို နားထောင်သောသူသည် ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန် ပြည့်စုံသည် ဟုဆိုသနည်းဟူမူကား၊ ဘုရားသခင်က သူကို ချစ်ဘို့ရန် ပညတ်ထားသည်။ အကြီး မြတ်ဆုံးသော ပညတ်တော်သည် သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသျွှိရှိသမျှနှင့် ချစ်လော့။ (တရာ ၆:၅) ဟူသောအရာ ဖြစ်သည်။ ထိုအရာကို သခင်ယေရှု ကယေရှုက၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဥာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမ ပညတ် ဖြစ်၏။ကြီး မြတ်သော ပညတ်လည်း ဖြစ်၏။ ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။ (မဿဲ ၂၂:၃ရ- ၃၉) ဟုဆိုထားသည်။ ထို့ကြောင့် ဘုရားသခင်ကို ချစ်မှ သာလျှင် ခရစ်တော်၏ စကားကို နားထောင် သောသူ၊ ခရစ်တော်၌ ရှိသောသူ ဖြစ်သည် ဟုဆိုနိင်သည်။ သို့ဖြစ်လျှင် ဘုရားသခင်ကို ချစ်ကြောင်း မည်သို့ သိနိင်သနည်း။ အချက် များစွာ ရှိသည်။ 

ဘုရားသခင်ကို ချစ်လျှင် သူ၏ နှုတ်ကပတ်တော်ကို ဖတ်ချင်မည်။ ဘုရားသခင်ကို ရှိခိုးဘို့ရန် စိတ်ဆန္ဒပြင်းပြမည်။ ဘုရားကျောင်းနောက်မကျရ။ ဘုရား၏ အလိုတော်ကို အဓိကထားမည်။ သူ့စကားကို နားထောင် မည်ဆယ်ဘို့ တဘို့နှင့် အလှူတော် ငွေကို ထည့်ချင်မည်။ ဘုရား အတွက် မိမိအသက်တာနှင့် အချိန်ကို အသုံးပြုချင်မည်။ ဘုရား ချစ်လျှင် ဘုရားသခင်က ချစ်သော လူသားများကိုလည်း ချစ်မည်။ ရှင်ယောဟန်က ဤသို့ ဆိုသည် တစုံတယောက်သောသူက၊ ငါသည် ဘုရားသခင်ကို ချစ်၏ ဟုဆိုလျက် ပင်မိမိ ညီအစ်ကိုကို မုန်းလျှင်၊ ထိုသူသည် မုသာကို သုံးသောသူ ဖြစ်၏။ မိမိမြင်ရသော မိမိ ညီအစ်ကိုကို မချစ်လျှင်၊ မမြင် သေးသော ဘုရားသခင်ကို အဘယ်သို့ ချစ်နိုင်မည်နည်း။ ဘုရားသခင်ကို ချစ်သောသူသည် မိမိ ညီအစ်ကိုကို ချစ်ရမည်ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ ခံရကြ ပြီ။ (၁ ယော ၄:၁၉-၂၀) 


၆။ ထိုသခင်၌ ငါတည်၏ ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူကျင့်ရမည်။

ထိုသခင်၌ တည်သောသူသည် ထိုသခင်ကျင့်သည့်နည်းတူ ကျင့်သည် ဟုဆိုသည်။ သို့ဖြစ်လျှင် ထိုသခင်သည် မည်ကဲ့သို့ ကျင့်သနည်း။ ထိုအရာကို မေးသောအခါ လူအများစုကသခင်ယေရှုသည် လူနာများကို ကျန်းမာစေသည်၊ လူသေတို့ကို ထမြောက် စေသည်၊ နတ်ဆိုးတို့ကို နှင်ထုတ်၍ အံ့ဩဘွယ် နိမိတ်လက္ခဏာများကို ပြသည်ဟု ​ဖြေတတ်ကြသည်။ ထို့ကြောင့် ထိုသခင်၌ တည်သောသူသည် ထိုအ ရာများကို လုပ်နိင်ရမည်ဟု အ​ဖြေထွက်လာသည်။ ထိုအရာများလည်း မှန်ပါသည်။ သို့သော် ထိုသခင်ကျင့်သော အရာများ မှာ​ကျွန်ကဲ့သို့ နှိမ့်ချသည်။ သခင်ယေရှုခရစ်သည် ဘုရား စင်စစ် ဖြစ်သော်လည်း ခမည်းတော်၏ စကားကို နားထောင်၍ လူသားရိုးရိုးအဖြစ် ခံယူသည်သာ မဟုတ်၊ ​ကျွန်ကဲ့သို့ ခံယူ၍ လက်ဝါးကပ်တိုင်၌ အသေခံသည့်တိုင်အောင် သူ့ကို သူနှိမ့်ချသည် (ဖိလိ ၂:၅-၈)။ ထိုကဲ့သို့သော စိတ်နှလုံးကို သင်တို့၌လည်းရှိစေကြလော့ဟု ရှင်ပေါလုကမှာထားခဲ့သည်။ 

ထို့ပြင် ခရစ်တော်သည် ခမည်းတော်၏ စကားကို မည်မျှ နားထောင် သနည်းဟူမူကား ယေရှုကလည်း၊ သင်တို့အား ငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍ သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှ အတိုင်း သားတော်လည်း ပြု၏။ (ယော ၅:၁၉) ငါသည်ကိုယ် အလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရား တော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။ (ယော ၅:၃၀)။ ခရစ်တော်သည် ခမည်းတော် ပြုသည့်အတိုင်း သာပြုသည်။ သူ၏ အလိုကို မလိုက် ခမည်းတော်၏ အလိုကိုသာလျှင် လိုက်သည်။ ထို့ထိုသခင်ကျင့်သည် အတိုင်း ဆိုရာတွင် ထိုသခင်သည် သူ့အလိုကို ငြင်းပယ်၍ ခမည်းတော်၏ အလိုကို လိုက် သကဲ့သို့ ထိုသခင်၌ ငါတည်သည် ဟူသောသူသည် ကိုယ့်အလိုကို ငြင်းပယ်၍ ဘုရားသခင်၏ အလိုတော်ကို လက်ခံလိုက်ရှောက်ရမည်။ 


 
သက်သေခံချက်များ 
 
ထန်းအွမ် (Thang Om)- Baltimore, MD

ရှေ့ဦးစွာ ဘုရားသခင် ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကျနော်ဟာ ငယ်ငယ်ကတည်း ကစပြီး တော့ ခရစ်ယာန် ဖြစ်ပါတယ်။ ဒါပေမဲ့အရောင်ဆောင် ခရစ်ယာန်ဘဲ ဖြစ်ခဲ့ပါတယ်။ ကျနော်ရဲ့အဖေလဲဘဲ ခရစ်ယာန် တရားဟောဆရာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့နှစ်ပေါင်း၂၉ နှစ်အသက်ရှင်ခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်ဇူလိုင် လ ၁၅ ရက်နေ့တွင် Arizona ကို ရောက်လာခဲ့ပါတယ်။ ဩဂုတ်လ ၈ ရက်နေ့မှာ Baltimore မြို့သို့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ကျေးဇူးတော်ကြောင့် ဆရာမောဇက် ရဲ့သင်တန်းကို တက်ခဲ့ရတယ်။ ပဌမ အပတ်မှာကျနော်ရဲ့အသက်တာနဲ့ လုံးဝ မပတ် သက်ဘူးလို့ကျနော်ခံစား မိပါတယ်။ ဆရာရဲ့မျက်နှာတောင်မကြည့်ချင် တော့ ဘူး၊ သူပြောတဲ့တရားကို လဲမကြားချင် တော့ဘူး။ နောက် တပတ်သင်တန်း မှာတော့ကျနော့မိန်းမကသွား နားထောင် ပါလို့ပြောလို့မသွားချင် ပေမဲ့သွားနား ထောင်ခဲ့ပါတယ်။ အဲဒီလိုမသွားချင်ဘဲ နဲ့ နားထောင် တဲ့အခါမှဘဲ ဘုရားရှင်ကဆရာရဲ့သင်ပေးချက်အားဖြင့် ကျနော့စိတ်နှလုံးအထဲမှာ အလုပ်လုပ်လာ ပါတယ်။ ဟာလေလုယ။ 

မောရှေလက်ထက် မှာအပြစ် လွှတ်ခြင်း ခံဘို့ရန် အပြစ် ​ဖြေရာယဇ်ကို ပူဇော် တတ်ကြတယ်။ ဘုရားသခင် ရှေ့မှာ မွှေးကြိုင်ဘို့ရန် မီးရှို့ရာ ယဇ်ပူဇော်တတ်ကြ တယ်။ ထိုအရာများကို သခင်ယေရှု ကလက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းဖြင့် ပြည့်စုံစေပြီ။ ထိုကြောင့် ကျနော်ရဲ့အပြစ်များလွှတ်ကာ သန့်ရှင်းစေပြီဆို တာကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျနော်ယုံကြည် လက်ခံခဲ့ရတယ်။ ဘုရားသခင် ရဲ့ကျေးဇူးတော်ကို အလွန် ချီးမွမ်းမိပါတယ်။ မိတ်ဆွေ ကောကျနော့ လိုဘဲ အယောင်ဆောင် ခရစ်ယာန် နဲ့အသက်ရှင်နေပါသလား။အချိန် အနည်းငယ်ရှိတဲ့အချိန် မှာအသက် ပေးတဲ့ ခရစ်တော် ယေရှုကို ယုံကြည် အားကိုး ပါလို့ တိုက်တွန်းလိုပါတယ်။ ဖတ်ရှုသူအယောက်တိုင်း ဘုရားသခင်ကောင်းကြီး ပေးပါစေ။ 
 
ဦးကျင်မန်း (U Cin Mang) - Atlanta GBC

ကျနော်သည် ၁၉၅၉ ခုနှစ်ဧပြီလ ၁၀ ရက်နေ့တွင် ဖလမ်းမြို့တွင် အဘ ဦးဆွမ်းမန်းနှင့် အမိဒေါ်ခွင်သင်ပါရ်တို့မှ မွေးဘွားခဲ့ပါသည်။ ​ကျွန်တော်သည် မိရိုး ဖလာအမည်ခံ ခရစ်ယာန် မိသားစုမှကြီး ပြင်းလာပါသည်။ ဖလမ်းနှစ်ခြင်း အသင်းတော်၏ ထုံးစံအရအသက် ၁၂ နှစ်ပြည့်နှစ်တွင် ထုံးစံအတိုင်းရေနှစ်ခြင်း ခံခဲ့ရပါသည်။ သို့သော် ​ကျွန်တော်တို့ အသင်းတော်တွင် ဒုတိယမွေးဖွားခြင်း အကြောင်းကို လုံးဝ မဟောပြောသောကြောင့် ပြောင်းလဲခြင်း မရှိ၊ အမည်ခံ ခရစ်ယာန်သာ ဖြစ်နေခဲ့ပါသည်။ 


 ၁၉ရ၅ ခုနှစ်တွင် အိန္ဒိယပြည် မီဇိုရမ်မှမျက်မမြင် ဧဝံဂေလိ ဆရာဇာဒေါလာ ကဖလမ်းမြို့မြို့မခန်းမဆောင်တွင် ကယ်တင်ခြင်း အကြောင်းကို ဟောပြောခဲ့ပါသည်။ တရက်မှမပျက်ကွက်ဘဲ ထိုတရားဟောပွဲ၌ ​ကျွန်တော် တက်ရောက်ခဲ့ပါသည်။ သန့်ရှင်းတော် ဝိညာဉ်တော် ဘုရား၏ မျိုးစေ့ကျ​ဲခြင်းကို ​ကျွန်တော် ခံစားရပါသည်။ ထိုမျိုးစေ့သည် ၁၉ရရ ခုနှစ်တွင် ဖလမ်းမြို့၌ ဝိညာဉ်ပိုင်းနိုးကြားမှု ဖြစ်သောအခါ အပင်ပေါက်လာပါသည်။ ခရစ်တော် ဘုရားကို ​ကျွန်တော်၏ ကယ်တင် ပိုင်ရှင်အဖြစ် လက်ခံခဲ့ရပါသည်။ သို့သော် ​ကျွန်တော်သည် ဘောလုံးကစားခဲ့ သောကြောင့် လောက ဖက်၌ ပြန်လဲသွားပါသည်။ ဘုရားသခင်ကို ကောင်းမွန်စွာ တခါယုံကြည် ဖို့လိုအပ်တဲ့အကြောင်း ​ကျွန်တော်၏ အသက်တာ၌ ပေါ်လွင်ပါသည်။ ဘုရားသခင်က ​ကျွန်တော့ကို အမှုတော်ဆောင်ရန်အတွက် ၂၅ နှစ်လုံး လုံးစောင့်မျှော်ခဲ့ပါသည်။ ကျွန်တော်လောက ဖက်တွင် လဲသွားသော အချိန်တွင် ကောင်းကြီး မင်္ဂလာ မခံစားရဘဲ အမင်္ဂလာများသာခံစား ခဲ့ရပါသည်။ ​ကျွန်တော် အမေရိကန်ရောက်ပြီး နောက်သုံးနှစ်ခွဲတွင် အတ္တလန်တာသတင်းကောင်း နှစ်ခြင်း အသင်းတော်၌ အသင်းတော် လူကြီး အဖြစ်အရွေးခံပါသည်။ အသင်းတော် လူကြီး စလုပ်ပြီးသောအချိန် မှယနေ့ အထိ ဘုရားသခင်၌ တတ်နိင်သလောက် သစ္စာရှိစွာနှင့် လုပ်ဆောင်သောအခါ ဘုရားသခင်၏ ကောင်းကြီး မြောက် များစွာ ခံစားရရှိပါသည်။ ယခုလောလောဆယ်တွင် ​ကျွန်တော်လောက အလုပ်မလုပ်ဘဲ ​ကျွန်တော့အမျိုးသမီးနှင့်သား သာလျှင် အလုပ်လုပ်ကြပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်အချိန် ပြည့်ဘုရား အမှုတော် မြတ်၌ ပါဝင်ပါသည်။ 

ယနေ့ နောက်ဆုံးသောကာလ ခရစ်တော် ကြွလာတော့မည့်အချိန် ဖြစ်သောကြောင့် ခရစတော်၏ ကယ်တင်ခြင်း အကြောင်းကို ဟောပြော သက်သေခံကြဘို့ တိုက်တွန်းနှိုးဆော်လိုပါသည်။ ဘုရား အမှုတော် မြတ်၌ ပါဝင်ခြင်းသည် ထာဝရ ကာလ အတွက် ဖြစ်ပါသည်။ လောကအရာအားလုံး သည် အတုအယောင် ဖြစ်ပါသည်၊ ခဏအတွက် ဖြစ်ပါသည်။ 
 

Thelma Lee -San Jose, California  

​ကျွန်မနာမည် Thelma  ဖြစ်ပါတယ်။ San Jose, California  မှာနေပါတယ်။ ဘုရားသခင် ရဲ့ကျေးဇူးတော်ကြောင့် ယခု Maryland  မှာအမှုတော်ဆောင် သင်တန်းတက်ခွင့်ရပါတယ်။ ​ကျွန်မတို့ မိသားစုဟာယခင်ကဗုဒဝ ဘာသာဝင်များဖြစ်ကြပါတယ်။ အမေရိကန်ကို ၁၉၈၉ ခုနှစ်မှာရောက်ရှိလာကြပါတယ်။ အမေရိကန်ရောက်ပြီး မကြာမီမှာဘဲ depression ဝင်လာပါတယ်။ အဲဒီအခါဘယ် လိုမှငြိမ်သက်မှု မရခဲ့ဘူး။ အစ်မတယောက်အားဖြင့် ခရစ်တော် ဟာငြိမ်သက်ခြင်းရဲ့အရှင်၊ ကယ်တင်ရှင် ဖြစ်တယ်ဆိုတာသိရတယ်။ ခရစ်တော် ယေရှု ဟာဘုရား ဖြစ်တယ်၊ ဆုတောင်း ယူပါလို့ပြောတယ်။ ​ကျွန်မလဲငြိမ်သက်ခြင်းကို လိုအပ်နေ တဲ့အချိန် မှာငြိမ်သက်ခြင်းရဲ့အရှင်ကို သိခွင့်ရလို့ ခရစ်တော် ယေရှု ဘုရား ထံတောင်း ခံခဲ့ပါတယ်။ အဲဒီအချိန် မှစပြီး ​ကျွန်မတဖြည်းဖြည်းနဲ့ဝမ်းမြောက်မှု ရလာခဲ့ပါတယ်။ အမေရိကန်ရောက်ခါစအလုပ်ပင်ပန်း၊ လစာနဲသော်လဲငြိမ်သက်ဝမ်းမြောက် မှုကို ခံစား ခဲ့ရတယ်။ ​ကျွန်မစိတ်ထဲမှာခင်ပွန်း ဖြစ်သူကို လဲဖွင့် မပြောရဲခဲ့ဘူး။ ခင်ပွန်း ဖြစ်သူဟာဗုဒဝဘာသာမှာစိတ်အားကြီး တဲ့သူတယောက် ဖြစ်နေလို့ပါဘဲ။ ဒီလိုနဲ့ ၁၉၉၃ ခုနှစ်မှာ မိခင် ဖြစ်သူဆုံးပါးသွားခဲ့တယ်။ ​ကျွန်မစိတ်ထဲမှာဘုရားရှေ့လူရှေ့ မှာဗတ္တိဇံခံလိုတယ်။ ဒါပေမဲ့ခင်ပွန်း ဖြစ်သူနဲ့အိမ်ထောင်ရေးအစဉ် မပြေမှာ စိုးရိမ် စိတ်ကလဲ ဖြစ်နေတယ်။ 

အမေဆုံးပြီး နောက်​ကျွန်မအစ်ကို နဲ့အတူ အစ်မ ဖြစ်သူတက်နေတဲ့တရုပ် နှစ်ခြင်း အသင်းတော် မှာဘဲ ဗတ္တိဇံခံ ဖြစ်သွားတယ်။ အဲဒီအချိန် ကစပြီးကိုးကွယ်မှု မတူညီတဲ့အိမ်ထောင်မှာမကြာခဏအဆင် မပြေမှု တွေ ဖြစ်ခဲ့တယ်။ ​ကျွန်မ လဲ ကယ်တင်ခြင်းသို့ ရောက်ပေမဲ့ သမ္မာတရား ကောင်းစွာ မသိခဲ့တဲ့အတွက် ခင်ပွန်း ဖြစ်သူကို လဲ ဧဝံဂေလိ ကောင်းစွာ မပြောနိင်ခဲ့ဘူး။ သူ့ကို တော့၊ ခရစ်တော် မရရင်ငရဲကျမယ်၊ ငါတော့သေရင်ကောင်းကင် သွားရမယ်၊ ဆိုတာလောက်ဘဲ ပြော နိင်ခဲ့တယ်။ ဒါနဲ့သူလည််းယုံဘို့ မပြောနဲ့ပိုပြီး ငြင်းဆန်မှု ဖြစ်လာတယ်။ ​ကျွန်မ လဲဒီထက် ပိုပြီး မပြောနိင်တော့ဆက် မပြောတော့ဘဲ ဘုရား ဆီမှာဘဲ ဆုတောင်း ပေးခဲ့တယ်။ ဘုရားသခင် ဟာ အလွန် အံ့ဩဘွယ်ပြုတော်မူသော ဘုရား၊ အချိန်နဲ့ အလုပ်လုပ်တော်မူသော ဘုရား ဖြစ်ပါတယ်။ ၂၀၀၅ နိုဝဘ်ာလမှာ​ကျွန်မနဲ့ လုပ်ဖေါ်အမျိုးသမီးတယောက် ရဲ့ဘိတ်ခေါ်ချက်ဖြင့် ှ​ေည ​ဲသျန ဘုရားကျောင်း မှာမွေးနေ့ပွဲတက် ဖြစ်ခဲ့တယ်။ အဲဒီနေ့မှာ အသင်းတော်မှ ကယ်တင်ခြင်း အကြောင်း ဧဖက် ၂:၈-၉ နဲ့ဒုတိယမွေးဖွားခြင်း အကြောင်း ဝေငှပါတယ်။ အဲဒီဝေငှချက်ဟာ ​ကျွန်မကို အတော် လေးခွန် အားရစေပါတယ်။ ​ကျွန်မ ခရစ်ယာန် ဆိုပေမဲ့ ဒုတိယမွေးဖွားခြင်း နဲ့ ကယ်တင်ခြင်း အကြောင်း သေချာစွာ မသိခဲ့ပါဘူး။ အဲဒီဝေ ငှချက်ကြားလိုက်မှ​ကျွန်မဟာ သမ္မာတရားကို နက်နက်နဲနဲ မသိပါလားဆိုတာ သိရှိလာစေတယ်။ 

ဘုရားသခင် ရဲ့ကျေးဇူးတော်ကြောင့် ​ကျွန်မကို သမ္မာတရား သိရှိစေဘို့ မြန်မာ အသင်းတော်ကို ပို့ဆောင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ အသင်းတော် ကဧဝံ ဂေလိ တရားဟောဆရာကို ဘိတ်ခေါ်ပြီး အသင်းတော် မှာတလသင်တန်းပေးပါ တယ်။ အဲဒီသင်တန်းမှာဘဲ ​ကျွန်မခင်ပွန်းဟာ ယေရှုခရစ် တော်ကို ယုံကြည် လက် ခံခဲ့ပါတယ်။ ဘုရားသခင် ရဲ့ကျေးဇူးတော် ကိုလည်း ချီးမွမ်းပါတယ်။ ​ကျွန်မလဲအဲဒီ ကျမှဘဲ ကယ်တင်ခြင်းကို ရှင်းလင်းစွာ သိရှိခဲ့ပြီး စိတ်ချမှု လဲရှိလာတယ်။ 

ယုံကြည်ခြင်း ဟာကြားနာခြင်း ကစတယ်။ ခင်ပွန်း ဖြစ်သူလဲ ဧဝံဂေလိတရားကို ကြားပြီးမှပြောင်းလဲသွားတယ်။ အရင်က​ကျွန်မကိုယ်တိုင် လဲကောင်းစွာ သဘော မပေါက်ခဲ့ဘူး။ အခြားသူကို လဲကောင်းစွာ မဝေငှတတ်ခဲ့ဘူး။ ဘာ သာတရားအနေနဲ့ကိုးကွယ်ခဲ့လို့ယQင်ကနှစ်ယောက်သား စကားများခဲ့တယ်။ ကယ် တင်ခြင်း တရားကို ကောင်းစွာ သိပြီး တဲ့ နောက်မှာနှုတ်ကပတ်တော်ကို ဆာငတ် လာတယ်။ အခြားသူများကို လဲဝေငှချင် လာတယ်။ အသင်းတော် ကညီအမများ ကလဲဆရာမောဇက်ရဲ့ တရားဟောခွေများကို ပေးနားထောင် တယ်။ ယုံကည်သူ ခရစ်ယာန် တယောက် ဟာပျောက်ဆုံးနေတဲ့ ဝိညာဉ် တွေကို ဘုရားသခင် ထံပြန် ပို့ပေးခြင်း ဟာ ဘုရားသခင် ရဲ့အလိုတော် လဲ ဖြစ်တယ်၊ အမိန့်တော် လဲ ဖြစ်တယ်ဆို တာဆရာမောဇက်ရဲ့တိပ်ခွေအားဖြင့် သိရတယ်။ 

သမ္မာတရားကို ပိုင်းခြားတတ်ဘို့၊ ဧဝံဂေလိတရားကို သက်သေခံဝေငှတတ်ဘို့ လဲဆရာတွေကသင်ပေးပါတယ်။ ဆရာမောဇက်လဲ​ကျွန်မတို့ ကာလိဖိုးနီးယားကို နှစ်ခေါက်လာရောက်သင်ကြားပေးပါတယ်။ ​ကျွန်မတို့ လဲ ကယ်တင်ခြင်း သင်ခန်းစာ၊ ပညတ်တော်နှင့်ကိုးကွယ်ခြင်း ဆိုင်ရာ၊ ဝတ်ပြုရာတဲတော်၊ ဝတ်ပြုခြင်း ဆိုင်ရာအကြောင်း၊ ဘုရားသခင်၏ အုပ်စိုးမှု အသက်တာဆိုင်ရာများ သင်ကြား ခဲ့ရပါတယ်။ ဘုရားသခင် ရဲ့ကျေးဇူးတော်ကြောင့် အခုလဲ အခြားသူများကို သက်သေခံဝေငှခွင့်ရခဲ့ပါတယ်။ တပါးသူကို ဝေငှတဲ့အခါ သူတို့အတွက် လဲကြားနာခွင့် ရသလိုကိုယ့်အတွက် လဲခွန်အား ဖြစ်စေပြီး ပိုမိုတည်ဆောက်စရာ ဖြစ်ပါတယ်။ သက်သေခံဝေငှထားတဲ့ သူ များစွာ ထဲက ဘုရားသခင် ရဲ့ကျေးဇူးမေတ္တာတော်ကြောင့် အချို့သောသူများ ကယ်တင်ခြင်းသို့ ရောက်သွားတာမြင်ရတော့ကိုယ်တော် ရဲ့နှုတ်ကပတ်တော် တရားဟာအသက်ရှင်ခြင်း၊ တန်ခိုးနဲ့ပြုပြင်ပြောင်းလဲခြင်းကို ဖြစ်စေတယ်ဆိုတဲ့ယုံကြည်ခြင်းကို ပို၍ တိုးပွားစေတယ်။ 

အခုလဲ ဘုရားသခင် ပြင်ဆင် ပေးတဲ့အမှုတော်ဆောင်သင်တန်းကို တက်ရောက်ခွင်ရရှိခြင်း ဟာ ဘုရားသခင် ရဲ့ကျေးဇူးတော်ဘဲ ဖြစ်တယ်။ အစက တော့ဒီသင်တန်းတက်ဘို့ အခက်အခဲရှိခဲ့တယ်။ ​ကျွန်မအလုပ်ပြုပ်ပြီး အလုပ် သစ်လျှောက်ထားတဲ့အချိန် လဲ ဖြစ်တယ်။ သင်တန်းတက်ဘို့ လေယဉ်လက်မှတ် ဝယ်ပြီးမှလျှောက်ထားတဲ့အလုပ်ကအလုပ်ဝင်ဘို့ ခေါ်လာတယ်။ ဘယ်လိုဆုံး ဖြတ်ရမှန်း မသိ ဖြစ်တဲ့အချိန် မှာဘဲ စိတ်ထဲမှာနှုတ်ကပတ်တော် တခုကို အမှတ်ရ လိုက်တယ်။ နိင်ငံတော် နဲ့​ဖြောင့်မတ်ခြင်းကို ရှေ့ဦးစွာ ရှာကြလော့၊ နောက်မှထို အရာများကို ထပ်၍ ပေးတော်မူ မယ်၊ ဆိုတဲ့ကျမ်းချက်ကို သတိရပြီး၊ ​ကျွန်မဒီဇဘ်ာ လမှာမေရိလင်မှာနှစ်ပတ်သင်တန်းတက်ဘို့ ရှိတယ်၊ အဲဒါကို ခွင့်ပြုမယ်ဆိုရင်် တော့လုပ်နိင်ပါတယ်လို့ပြောလိုက်တဲ့အခါ၊ ဒါဆိုရင်စဉ်းစားအုံးမယ်၊ နောက်မှအကြောင်း ပြန်မယ်လို့ပြောပါတယ်။ 

ဘုရားသခင် ဟာ အလွန် ကောင်းမြတ်ပါတယ်။ နောက်ရက်မှာဘဲ ​ကျွန်မကို ဖုံးပြန်ခေါ်တယ်။ အခုအလုပ်ဆင်းပေးပါ။ ဒီဇဘ်ာလမှာနှစ်ပတ်ခွင့်ယူဘို့ လဲ ခွင့်ပြုပါတယ်လို့ဆိုပါတယ်။ အဲဒါနဲ့ဘဲ လွန်ခဲ့တဲ့နိုဝဘ်ာလ ၉ ရက်နေ့မှာဘဲ အလုပ်သစ်ဝင်ခဲ့ရပါတယ်။ ​ကျွန်မတို့ကိုးကွယ်တဲ့ဘုရား ;ဟာကောင်းမြတ်တော်မူသော ဘုရား၊ ဂတိတည်သော ဘုရား ဖြစ်ပါတယ်။ ​ကျွန်မယုံကြည် ပါတယ်၊ အခုသင် တန်းပြီး လို့ပြန်သွားရင် ဘုရားသခင် ရဲ့အမှုတော် မြတ် ဖြစ်တဲ့ပျောက်ဆုံးဝိညာဉ် ဖမ်းနိင်ဘို့ အတွက် ဘုရားသခင် လမ်းဖွင့်ပေးမည် ဖြစ်ပါတယ်။ သက်သေခံချက်ကို ဖတ်ရှုတဲ့သူအယောက်တိုင်း လဲ ဘုရားသခင် ရဲ့အမှုတော် မြတ်မှာပါဝင်ပြီး ပျောက် ဆုံး ဝိညာဉ်များဘုရားသခင်ထံသို့ ပို့ပေးသူများ ဖြစ်ကြပါစေ။ 

 

သတင်းများ
 ပျောက်ဆုံးဝိညာဉ် ဖမ်းနည်းသင်တန်းပြီးဆုံး

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဒီဇဘ်ာလ ၁၉ ရက်နေ့မှ ၃၀ ရက် နေ့အထိ ၁၁ ရက် ပျောက်ဆုံးဝိညာဉ် ဖမ်းနည်းနှင့် သမ္မာတရား သင်တန်းကို 305  Adam Rd., Frederick, Maryland ၌ အောင်မြင် စွာ ပြုလုပ် ပြီးစီးခဲ့ပါသည်။ တက် ရောက်သောသူများသည် San Jose, CA  မှနှစ်ယောက်၊၍ Indianapolis မှငါးယောက် Atlanta မှတယောက် Michigan မှတယောက် Roanoke,VA မှ တယောက် Maryland  မှနှစ်ယောက် ဖြစ်ပြီးအချိန် ပိုင်းတက် သူများနှင့် စုစုပေါင်း၁၅ယောက်မှ ၂၀ ခန့်ရှိကြပါသည်။ ထို့အပြင် VZO အားဖြင့် Seattle, WA., Battle Creek,MI., Traycy, CA.,Greenville, SC များမှလည်း တက်ယောက်ကြပါသည်။ 

သင်ကြားသော အရာများ မှာဆရာနော်ဂျာအားဖြင့် ကျမ်းစာဖတ်နည်း၊ ဘုရားသခင်နှင့် တဦးချင်းအချိန် ယူနည်း၊ ဆရာမောဇက်အားဖြင့် ပျောက်ဆုံးဝိညာဉ် ဖမ်းနည်း၊ ချီဆောင်ခြင်းနှင့်အချိန် ကာလများအကြောင်း၊ ပဋ္ဋိညာဉ်တ ရားဟောင်းမှအရိပ်များကို သခင်ယေရှုက ပြည့်စုံစေသော ပွဲတော်များ၊ ဥပုသ်နေ့၊  ယဇ်ပူဇော်ခြင်းများ၊ စားသောခြင်း ဆိုင်ရာပညတ်များ၊ အသင်းတော်နှင့် အသင်းတော်၏ တာဝန်များ၊ နိင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရား၊ ဝိညာဉ်ဆုကျေးဇူးများ၊ကို သင်ကြားပေးပါသည်။ တရက်လျှင် ၈ နာရီ ခန့်မရပ်မနားသင်ကြားသော်လည်း သမ္မာတရား ဆာငတ်ကြသောကြောင့် ကောင်းစွာ နားထောင် နာခံ နိင် ကြသည်။ 

ဆရာမဟန္နကလည်း နံနက်စာ၊ နေ့လည်စာ၊ ညစာများကို အရသာရှိစွာ နဲ့အချိန် မှီချက်ပေးကျွေးမွေးသောကြောင့် အားလုံးဝလင်စွာ စားရကြပါသည်။ လိုအပ်သော ငွေ​ကြေးများလည်း ယုံကြည်သူများကပေးလှူကြသောကြောင့် လိုလေသေးမရှိကောင်းကြီး ခံစားရကြပါသည်။ ထို့အပြင် ဆန်အိတ်များ၊ မုန့်များ၊ သစ်သီးဝလံများ၊ သောက်စရာများအားဖြင့်လည်း ပါဝင်ကြသောကြောင့် ပေးလှူပါဝင်ကြသောသူအယောက်တိုင်း အပေါ် ဘုရားသခင်က ောင်းကြီး ပေးပါစေ။ 

သင်တန်းသား များသည် မအား မလပ်သော်လည်း ချီဆောင်ချိန်နီးပြီ ဖြစ်သောကြောင့် မိမိတို့ အချိန်ကို ပေးလျက် တက်ရောက်ရခြင်း ဖြစ်ပါသည်။ အချို့သောသူများသည် အလုပ်မလျှောက်ဘဲ သင်တန်းကို ဦးစားပေးတက်ရောက်ကြခြင်း ဖြစ်ပါသည်။ ဤသင်တန်းသည် အစသာလျှင် ဖြစ်၍ နောက်ပိုင်း၌လည်း လုပ် ဘို့ရန် အားလုံး ဆန္ဒရှိကြပါသည်။ ဆုတောင်း ပေးခြင်းအားဖြင့် ကူညီကြသောသူများအပေါ်၌ ဘုရားရှင်ကောင်းကြီး ပေးပါစေ။ 
 
ဆရာမောဇက်ခရီးစဉ်

ဆရာမောဇက်သည် ဒီဇဘ်ာလ ၁၁မှ ၁၄ ရက်နေ့အတွင်း Lansing, MI သို့ သွားရောက်ကာကျမ်းစာ သင်တန်းများ ပြုလုပ် ခဲ့ပါသည်။ ကယ်တင်ခြင်းသို့ ရောက်သောသူ ၆ ဦးကိုလည်း ရေ၌ ဗတ္တိဇံပေးခဲ့ပါသည်။ 

ဆရာမောဇက်နှင့် ဇနီးတို့သည် ဇန္နဝါရီလ ၅ ရက်နေ့တွင် မြန်မာပြည်သို့ သွားကာသတင်းကောင်း နှစ်ခြင်း ကျမ်းစာကျောင်း၌ ပျောက်ဆုံးဝိညာဉ် ဖမ်းနည်း သင်တန်းများ ပေးဘို့ ရှိပါသည်။ ချီဆောင်ခြင်း မဖြစ်သေး၍ ဘုရား အလိုတော် ရှိလျှင် ဖေဖဝါရီလ ရရက်နေ့အိမ်ပြန်ရောက်ဘို့ ရှိပါသည်။ 
 

 


 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG