အမှာစာ
လူသုံးမျိုး
တုတ်ကွေးကာကွယ်နည်း
ကျေးဇူးတော် ချီးမွမ်းခြင်း
ချီဆောင်ခြင်း၌ မည်သူများ ပါဝင်မည်နည်း
ကျမ်းစာ လေ့လာခြင်း
သတင်းများ
အမှာစာ
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျေးဇူးတော် ချီးမွမ်းရာသီရောက် လာကြပြီ။ နှစ်လများ ပြောင်းသည်နှင့် အမျှ ချီဆောင်ခြင်း နေ့ရက်များလည်း ပို၍ ပို၍ နီးကပ်လာပြီ။ ချီဆောင်ခြင်း နေ့ရက်သည် ယုံကြည်သူများအတွက် ဝမ်းမြောက်စရာ မြော်လင့်ရာ ဖြစ်သော်လည်း မယုံကြည်သူများအတွက် မူဝမ်းနည်းစရာ ကြောက် လန့်စရာဖြစ်သည်။ သို့သော် များစွာသော ယုံကြည်သူများသည် ချီ ဆောင်ခြင်း နေ့ရက်ကို မမြော်လင့် သကဲ့သို့ မယုံကြည်သူများလည်း ချီဆောင်ခြင်း၌ မပါဝင် မှာကို မသိသောကြောင့် ဂရုမစိုက်ကြ။ ချီဆောင်ခြင်း၌ မပါဝင်လျှင် ဘေးဒဏ်ကြီး ကာလအတွင်းရောက်ရှိသွားကာ ခရစ်တော် ပြောသကဲ့သို့ ကမ္ဘာပေါ်မှာ မရှိဘူးသော၊ နောင်၌လည်း မရှိလတံ့သော ဒုက္ခ နေ့ရက်ကြီး၊ ဘုရားသခင်၏ အမျက်ဒေါသ မီးလောင်းသော နေ့ရက်ရောက်မည် ဖြစ်သည်။ ထိုအချိန်၌ မာန်မာနထောင်လွှားတတ်သော အာဏာရှင်များ၊ လူကြီး လူကောင်းများ၊ သူဌေးသူကြွယ်များ၊ ပညာရှိကြီးများမှစ၍ ဆင်းရဲသား၊ တောသားများ၊ လူတန်းစားအားလုံး ဘုရားသခင်၏ အမျက် ဒေါသကို မခံနိုင်ဘဲ သေခြင်းကို ရှာကြမည်ဖြစ်သည် (ဗျာ ၆:၁၅-၁ရ)။
ဘေးဒဏ်ကြီး ကာလ၌ မိုးကောင်းကင်နှင့် မြေကြီး အပေါ်၌ မည်သို့ဖြစ် မည်နည်းဟူမူကား၊ ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသောမြေ လှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သော အဝတ်ကြမ်းကဲ့သို့မည်း၏။ လအလုံးသည် အသွေးကဲ့သသို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။ မိုးကောင်ကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ (ဗျာ ၆:၁၂-၁၄) ထိုအချိန်၌ မည်သူကမျှ မသိမကြောက်ဘဲ နေနိုင်မည်မဟုတ်။ ထာဝရဘုရား၏ လက်တော်ဖြစ်ကြောင်း၊ သူ၏အမျက်ဒေါသ မီးလောင်းချိန် ဖြစ်ကြောင်း ကိုလည်း သိကြ လိမ့်မည်။ အလွန် ကြောက်အားကြီးသောကြောင်း သေခြင်းကို ရွေးချယ်ကြလိမ့်မည်။ လူသည် ဒုက္ခရောက်သောအခါ သေလျှင် အေးမည်ဟု ထင်တတ်ကြသည်။ အမှန်မှာသေလျှင် အေးမည်မဟုတ်၊ သေလျှင်ပို၍ ပူမည်ဖြစ်သည်။
ထို့ကြောင့် ထိုနေ့ရက်ကြီး မရောက်မှီ ယခုအချိန် ကောင်းရှိသေးစဉ် ထာဝရဘုရား ထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လာကြစို့။ ငါနေ၍ မပြောနိုင် ဟုဆိုရသော ကာလသည်မနီး၊ ဆိုးသောကာလ မရောက်မှီ၊ ယခုအသက် ပျိုစဉ်အခါပင်၊ သင့်ကို ဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့လော့။ နေနှင့်အလင်း၊ လနှင့် ကြယ်တို့သည် ကွယ်၍ မိုးရွာပြီးမှ၊ အထပ်ထပ်ရွာတက်သောကာလ မရောက်မှီအောက် မေ့လော့။ (ဒေသနာ ၁၂:၁-၂)
ယုံကြည်သူများအနေဖြင့်၊ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်းစည်းဝေးခြင်း အမှုကို မရှောင်လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစားကြလော့။ (ဟေ ၁၀:၂၅)
လူသုံးမျိုး
ရှင်ပေါလုကကောရိန္သု အသင်းတော်ထံ ဤသို့ စာရေးခဲ့သည်၊ ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့ အား၎င်း၊ ခရစ်တော်၌ သူ ငယ်ကလေးတို့ အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ။ နို့ကိုသာ တိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်ကြသေး။ ယခုပင်လည်း၊ ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိသည် ဖြစ်၍၊ သင်တို့သည် ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီ ထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။ တယောက်က၊ ငါသည် ပေါလု တပည့်ဖြစ်၏ ဟူ၍၎င်း၊ တယောက်က၊ ငါသည် အာပေါလုတပည့် ဖြစ်၏ဟူ၍၎င်း၊ အသီးအသီးပြောကြလျှင်၊ ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ (၁ ကော ၃:၁-၄) အထက်ပါ ကျမ်းပိုဒ်များအရ ဤလောက၌ လူသုံးမျိုးရှိကြောင်း တွေ့ရသည်။ ၎င်းတို့ မှာ
(၁) ဇာတိပကတိ လူ။ (၂) ဝိညာဉ်ပကတိ ခရစ်ယာန်။ (၃) ဇာတိပကတိ ခရစ်ယာန်တို့ ဖြစ်သည်။
၁။ ဇာတိပကတိလူ
ဤလူသည် ခရစ်တော် မရသောကြောင့် ဇာတိပကတိ လူဟု ခေါ်သည်။ သူသည် မိမိအသက်တာကို ငါ တည်းဟူသော အတ္တကအုပ်စိုးသောကြောင့် ဘုရားသခင်၏ အလိုတော်ကို မသိ၊ ထိုမျှသာမက ဘုရား၏ အလိုတော်ကို မနှစ်သက်။ အသက်တာကို မိမိကြိုက်နှစ်သက်သလို အုပ်စိုးချင်သည်။ ထိုကဲ့သို့သော လူသည် ခရစ်ယာန် မဟုတ်သောသူတိုင်း၌သာမက ခရစ်ယာန်များ၌လည်း အမြောက်အများရှိကြသည်။ ထိုကဲ့သို့သော သူသည် သင်းအုပ်ဆရာ၊ အသင်းတော် လူကြီး၊ အမျိုးသမီးခေါင်းဆောင် လူငယ်ခေါင်းဆောင်၊ ကျမ်းစာကျောင်းအုပ်နှင့် ကျောင်းဆရာများ၊ ကျမ်းစာကျောင်းသားများ၊ ဧဝံဂေလိ တရားဟောဆရာနှင့်သာသနာ ပြုဆရာများ၌လည်းရှိနိုင်သည်။ ကျမ်းစာက သားတော် ( ခရစ်တော်)ကို ရသောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို မရသောသူမူကား အသက်ကို မရ(၁ ယော ၅:၁၂) ဟုဆိုသည်။ ဇာတိပကတိ လူများသည် ခရစ်တော်ကို မရသောကြောင့် ထာဝရ အသက်ကို မရ။ ထိုကြောင့်သေလျှင် ကောင်းကင်နိုင်ငံသို့မရောက်။ ထာဝရ မီးအိုင်သည် သူတို့အတွက် ဖြစ်သည်။ သူတို့၏ အသက်တာ၌လည်း ဝမ်းမြောက် ငြိမ်သက်မှုမရှိ။ အဆင််ပြေအောင်မြင်လျှင် မာနထောင်လွှား၍ ဝါကြွားတတ်သည်။ အဆင်မပြေလျှင် ဝမ်းနည်းကြေကွဲ၍ စိတ် ပျက်ကာငြိမ်သက်မှုမရှိ။
၂။ ဝိညာဉ်ပကတိခရစ်ယာန်
ဤလူသည် ခရစ်တော်ကို ရရှိသောကြောင့် ထာဝရ အသက် ရရှိသည်သာမက အသက်တာ၌ ခရစ်တော်ကို အုပ်စိုးစေသောကြောင့် ဝိညာဉ်ပကတိခ ရစ်ယာန်ဟု ခေါ်သည်။ လူတိုင်း ထိုကဲ့သို့သော အသက်တာကို လိုချင်ကြသည်။ ဝိညာဉ်ပကတိ ခရစ်ယာန်သည် ခရစ်တော်ကို အသက်တာ၌ အုပ်စိုးစေသောကြောင့် ဝိညာဉ်သဘောနှင့် အသက်ရှင်နိုင်သည်။ ဝိညာဉ် အသီးများ တည်းဟူသော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်း မြတ်ခြင်း၊ သဏာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း (ဂလာ ၅:၂၂-၂၃)များကို သီးသောကြောင့် အသက်တာ၌ ဘုရားဘုန်းတော် ထင်ရှားသည်။ အသက်ရှင်ရကျိုးနပ်သည်။ သူတပါးအတွက်လည်း တည်ဆောက်စရာ၊ အားကျစရာဖြစ်သည်။
၃။ ဇာတိပကတိ ခရစ်ယာန်
ဤလူစားမျိုးသည် ခရစ်တော်ကိုရရှိသောကြောင့် ထာဝရ အသက်ကိုရရှိသည်။ သို့သော် အသက်တာ၌ ခရစ်တော်ကို မအုပ်စိုးစေဘဲ ငါတည်းဟူသော မာန်မာနကအုပ်စိုးသောကြောင့် ကယ်တင်ခြင်းသို့ ရောက်သောသူနှင့်မတူ၊ မယုံကြည်သူနှင့် မခြားနားဘဲ ဖြစ်နေသည်။ ထို့ကြောင့် သူ့ကို လူများ ကသူ၏ ကယ်တင်ခြင်းပင်လျှင် သံသယရှိတတ်သည်။ ဒုတိယအကြိမ် ဝိညာဉ်အားဖြင့် မွေးဘွားပြီး သူများ အထဲ၌ အများစုသည် ဤအခြေအနေ၌ ရှိနေကြသောကြောင့် သူတို့၏ အသက်တာ၌ ဘုရား၏ ဘုန်းတော် မထင်ရှားဘဲ ရှုတ်ချစရာဖြစ်စေသည်။ သူတို့၏ အသက်တာကို ကြည့်ခြင်းဖြင့် လူများက ခရစ်တော်ကို ယုံကြည်ဘို့ရန် ဝန်လေးတတ်ကြသည်။ သူကိုယ်တိုင်လည်း ငြိမ်သက်မှုမရှိဇာတိ သဘောနှင့် အသက်ရှင်သောကြောင့် မယုံကြည်သောသူကဲ့သို့ ကြံစည်လုပ်ဆောင်တတ်သည်။ အပြစ်ကိုလည်း လုပ်တတ်သည်။
တုတ်ကွေးကာကွယ်နည်း
|
ကျေးဇူးတော်ချီးမွမ်းခြင်း
Thanksgiving
ကျေးဇူးတော် ချီးမွမ်းခြင်းသည် လူလူချင်းထံ၌သော်၎င်း၊ ဘုရားသခင်အထံတော်၌သော်၎င်း အစဉ် ပြုလုပ် သင့်သောအရာနှင့် ပြုလုပ် ရမည့် အရာဖြစ်သည်။ ကျေးဇူးတင်တတ်ခြင်းသည် ကျေးဇူးသိတတ်ခြင်းကို ဖေါ်ပြခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ခလေးဘဝ၌ မိဘများက အိမ်နီးချင်းများကို အဦးသီးသော်၎င်း၊ အခြားသောအရာ သော်၎င်း ပေးခိုင်းရာတွင် အိမ်ရှင်များ ကမည်ကဲ့သို့ ပြောသနည်းဟု မေးတတ်သည်။ မိဘများကြားလိုသောအရာသည် ကျေးဇူးတင်စကားပင်ဖြစ်သည်။ ကျေးဇူးတင်စကား မကြားချင်သောသူတယောက်မျှ ရှိမည်မဟုတ်။
အမေရိကန်ကျေးဇူးတော်ချီးမွမ်းခြင်း
အမေရိကန်ကျေးဇူးတော်ချီးမွမ်းခြင်းသည် အမျိုးမျိုးရှိသော်လည်း အဓိကနှင့် အထင်ရှားဆုံးသောအရာမှာ ၁၆၂၁ ခုနှစ်၌ ပလီမတ် (Plymouth)၊ မယ်ဆာချိုးဆက်(Massachusetts) ပြည်နယ်တွင် အခြေချကြသောသူများ၏ ကျေးဇူးတော် ချီးမွမ်းခြင်းဖြစ်သည်။ ထိုသူများသည် အင်ဒီယာန်း လူမျိုးများ၏ အကူအညီဖြင့် ပြင်းထန်သော ဆောင်းတွင်းကို ဖြတ်ကျော်ခဲ့၍ သီးနှံများကို စိုက်ပျိုးရိတ် သိမ်းနိင်သောကြောင့် ဘုရားသခင် ထံကျေးဇူးတော် ချီးမွမ်းခြင်းကို ပြုလုပ်ခဲ့ကြသည်။ အိမ်ရှင်အင်ဒီယာန်း များကိုလည်း ဘိတ်ကြားကသုံးရက်လုံးလုံးစားသောက်ခြင်းနှင့်အား ကစားပြိုင်ပွဲများ ပြုလုပ် ကြသည်။ သူတို့ စားသောက်သော အရာများ မှာပြောင်းဖူး၊ ရွှေဖရုံ၊ ကြက်ဆင်၊ ငါးများဖြစ်သည်။ အင်ဒီယာန်းများကလည်း ဂျီကောင်များကို ပစ်သတ်၍ ယူဆောင်ခဲ့ကြသည်။
နောက်ပိုင်းတွင် ကျေးဇူူးတော် ချီးမွမ်းခြင်းများကို ပြုလုပ်သော်လည်း ရက်အတိအကျသတ်မှတ်ခြင်းမရှိ။ မိမိနယ်မြေတွင် မိမိကြိုက်နှစ်သက်သော အချိန်များ၌ ကျင်းပကြသည်။ ပဌမဦးဆုံး အမေရိကန်သမ္မတဝါရှင်တန်က ၁ရရရ ခုနှစ်တွင် ဗြိတိသျှကို အောင်မြင် သောကြောင့် ကျေးဇူးတော် ချီးမွမ်းခြင်းကို ကြေညာ ခဲ့သည်။ နောက်ပိုင်းတွင် အချို့သော သမတများ ကကျေးဇူးတော် ချီးမွမ်းခြင်း နေ့ရက်များကို ကြေညာတတ်သည်။ အမေရိကန်ပြည်တွင်း စစ်အတွင်း Sarah Josepha Hale ကအဆက်မပြတ် စာရေးသောကြောင့် သမ္မတလင်ကွန်းကကျေးဇူးတော် ချီး မွမ်းရက်ကို နိုဝင်ဘာလ၏ နောက်ဆုံးပတ်ကြာသပတေးနေ့ ဖြစ်ဘို့ရန် ၁၈၆၃ ခုနှစ်တွင် ကျေညာခဲ့သည်။ ထိုအချိန် မှစ၍ အမေရိကန်ပြည် ထောင်စု၌ ကျေးဇူးတော် ချီးမွမ်းခြင်းကို နှစ်စဉ် ကျင်းပ ကြသည်။
ကျေးဇူးတော် ချီးမွမ်းခြင်း၌ အဓိကစားသောက်ကြသော အစားအစာများမှာကြက်ဆင်သား၊ အာလူး၊ ကဇွန်းဥ၊ ခရင်ဘယ်ရီယို၊ ပြောင်းဖူး၊ ရွှေဖရုံမုန့်တို့ ဖြစ်သည်။ ကျေးဇူးတော် ချီးမွမ်းခြင်းသည် အစပိုင်း၌ ဘာသာရေးပွဲ ဖြစ်၍ ဘုရားသခင်၏ ကျေးဇူးတော် ရေတွက်ချီးမွမ်းခြင်း ဖြစ်သည်။ ဘုရားသခင်၏ မစခြင်း၊ ကာကွယ်ခြင်း၊ ကောင်းကြီးများကို ချီးမွမ်းခြင်း ဖြစ်ခဲ့သည်။ အမေရိကန်ပြည် ထောင်စု၌ ကျေးဇူးတော် ချီးမွမ်းခြင်းသည် မိသားစုပွဲ ဖြစ်သည်။ ရပ်ဝေးမှာ နေကြသော မိသားစုဝင်များသည် အိမ်သို့ ပြန်လာ၍ မိသားစုအလိုက်ကျေးဇူးတော် ချီး မွမ်း ကြသည်။ ကျေးဇူးတော် ချီးမွမ်းခြင်း အပတ်သည် တနှစ်အတွင်း ခရီး သွားလာမှု အများဆုံးသောအချိန် ဖြစ်သည်။
ကျေးဇူးတော် ချီးမွမ်းခြင်းသည် ဘုရားသခင် ထံကျေးဇူးတော် ရေတွက်ချီးမွမ်းခြင်းမှ စခဲ့သော်လည်း နောက်ပိုင်းတွင် နယူးယောက်မြို့မေစီစတိုးဆိုင်မှချီ တက်ပွဲ ပြုလုပ်၍ ထိုအရာကို NBC ရုပ်မြင်သံကြားမှလွှင့်ကာ အခြားမြို့များကလည်း အတုယူ ပြုလုပ် ကြသည်။ ထို့အပြင် ကျေးဇူးတော် ချီးမွမ်းခြင်း နေ့၏ နောက်တနေ့ကို BlackFriday ဟု ခေါ်၍ စတိုးဆိုင်များ တနှစ်အတွင်း စျေးအရောင်းရဆုံးသောနေ့ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ထံကျေးဇူးတော် ချီးမွမ်းခြင်းထက် စတိုးဆိုင်များ၏ ငွေရှာသည့်ပွဲ ဖြစ်သည်။ ထို့အပြင် ကျေးဇူးတော် ချီးမွမ်းခြင်း နေ့၌ အမေရိကန် Football ပွဲကိုလည်း မရှိမနေလိုအပ်သောအရာဟု ထင်ကြသည်။ ဝမ်းနည်းစရာ ကောင်းသည် မှာကျေးဇူးတော် ချီးမွမ်းခြင်း နေ့၌ ကျေးဇူးရှင် ဘုရားသခင်ကို မချီးမွမ်းကြတော့ဘဲ၊ အစားအသောက်များ၊ စျေးဝယ်ခြင်း များနှင့် ချီတက်ပွဲများ၊ Football ပွဲများကိုသာ ဦးစားပေးကြခြင်း ပင် ဖြစ်သည်။
ယုံကြည်သူများအနေဖြင့် မည်ကဲ့သို့ ကျေးဇူးတော် ချီးမွမ်းသင့်သနည်း
ယုံကြည်သူများအနေဖြင့် မယုံကြည်သူများနည်းတူ အဓိပ္ပါယ်မရှိသောအမှုများကို မလုပ်သင့်ချေ။ ကျေးဇူးရှင် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းသင့်သည်။ သခင်ယေရှု ကနူနာ ရောဂါရှိသော လူ၁၀ယောက်ကို သန့်ရှင်းကျန်း မာစေသောအခါ ၉ယောက်တို့သည် ကျေးဇူးမတင်ဘဲ မိမိတို့ သန့်ရှင်းကြောင်းကို အသိအမှတ်ပြုခြင်း ခံဘို့ ယဇ်ပုရောဟိတ် ထံအလျှင် အမြန် သွားကြသည်။ ရှမာရိအမျိုးသား မူကား လမ်း၌ သွားစဉ်တွင် မိမိသန့်ရှင်းကြောင်း သိမြင်သောအခါ ကျေးဇူးရှင် ခရစ်တော်ထံပြန်လာ၍ ကျေးဇူးတင် စကား ပြောသည်။ ထိုအခါ ယေရှုကလည်း၊ တကျိပ်သော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည် မဟုတ်လော။ ကိုးယောက်သော သူတို့သည် အဘယ်မှာ ရှိကြသနည်း။ ဤတ ပါးအမျိုးသားကို ထား၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူတယောက်မျှ မရှိသလော ဟုဆိုခဲ့သည် (လုကာ ၁ရး၁ရ- ၁၈)။
ဘုရား၏ ဘုန်းထင်ရှားဘို့
ယုံကြည်သူများသည် ထာဝရဘုရားကို အစဉ်ချီးမွမ်းသင့်သည်။ အကြောင်းမူကား ကျေးဇူးချီးမ$မ်းခြင်း ယဇ်ကို ပူဇော်သောသူသည် ငါ၏ ဘုန်းကို ထင်ရှားစေသောသူ ဖြစ်၏၊၊ (ဆာ ၅၀:၂၃)ဟု ဘုရားသခင် ကိုယ်တော်တိုင် ကဆို ခဲ့သည်။ ယုံကြည်သူများကကျေးဇူးတော် ချီးမွမ်းခြင်းဖြင့် ဘုရားသခင်သည်မည် ကဲ့သို့ ဘုန်းထင်ရှားမည်နည်းဟူမူကား ကျေးဇူးတော် ချီးမွမ်းသောအခါ မယုံကြည်သူများက ဘုရားသခင်ကို သိလာကြမည် ဖြစ်သည်။
မည်သည့်အရာတွက်ချီးမွမ်းရမည်နည်း
အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင် အလိုတော် ရှိ၏။ (၁ သက် ၅:၁၈) အရာရာ အတွက် ကျေးဇူးတော် ချီးမွမ်းရမည်။ အကြောင်းမူကား အရာ ခပ်သိမ်းသည် ဘုရားသခင်အားဖြင့် ဖြစ်၍ သူ့အဘို့ရန် ဖြစ်သည်။ ခံစား သမျှသော ကောင်းကြီး မင်္လာများလည်း ဘုရားသခင်ထံမှ လာသောကြောင့် ကျေးဇူးတော် ချီးမွမ်းရမည်။ ဒါဝိဒ်မင်းက ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလော့။ (၅ရာ ၁၆:၃၄) ဟုဆိုထားသည်။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်အမြဲ တည်တော်မူသည်။ ထို့အတွက်ကြောင့် ချီးမွမ်းရမည်။ ဆက်လက်၍ ငါတောင်း လျှောက်သော အသံကို နားထောင်တော်မူပြီ၊ ထာဝရဘုရားသည် ငါ၏ ခွန်အား ဗလ၊ ငါ၏ အကွယ်အကာ ဖြစ်တော်မူ၏၊၊ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံးသည် ရွှင်လန်းလျက် ရှိ၏၊၊ သီချင်းဆိုလျက် ဂုဏ်တော်ကို ငါချီးမွမ်းမည်။ (ဆာ ၂၈:ရ)
မည်ကဲ့သို့ ချီးမွမ်းရမည်နည်း
ထာဝရဘုရားကို ချီးမွမ်းသောအခါ စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းဘို့ လိုကြောင်း ဤသို့ တွေ့ရသည် အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ အံ့ဘွယ်သော အမှုတော် ရှိသမျှတို့ကို ပြည¸န်ပါမည်၊၊ ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်၊၊ နာမတော်ကို ထောမနာသီချင်းဆိုပါမည်၊ အမြင့်ဆုံးသော ဘုရား။ (ဆာ ၉:၁၊ ၂) သီချင်းဆိုခြင်းနှင့် တူရိယာများကို တီးမှုတ်ခြင်း အားဖြင့်လည်း ချီးမွမ်းရမည်။ ဆာလံဆရာက စောင်းတီး၍ ထာဝရဘုရားကို ချီးမွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့ (ဆာ ၃၃:၂) ဟုဆိုသည်။ ထာဝရဘုရား၏ သန့်ရှင်း သူတို့ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့၊၊ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့၊၊ သို့ဖြစ်၍ အကျွန်ုပ်၏ ဝိ ညာဉ်သည် တိတ်ဆိတ်စွာ မနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘု ရားသခင်ထာဝရဘုရား၊ ကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းပါမည်။ (ဆာ ၃၀:၄၊ ၁၂)။
ဘယ်နှစ်ခါချီးမွမ်းရမည်နည်း
ဘုရားသခင်သည် အစဉ်ကောင်းမြတ်သောကြောင့် အစဉ်အမြဲချီးမွမ်း သင့်သည်။ ဆာလံဆရာက အကျွန်ုပ်တို့သည် မခြားမလပ် ဘုရားသခင်၌ ဝါကြား၍ နာမတော်ကို အစဉ်မြဲချီးမွမ်းကြပါ၏၊၊ (ဆာ ၄၄:၈) အကျွန်ုပ်သည်လည်း စေ တနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ အိုထာဝရဘုရား နာမတော်ကို ချီးမွမ်းပါမည်၊၊ အကြောင်းမူကား ကောင်းမြတ်တော်မူ၏၊၊ (ဆာ ၅၄:၆)
မည်သည့်နေရာ၌ ချီးမွမ်းရမည်နည်း
တံတိုင်းတော် တည်းဟူသော ဗိမာန်တော်၌ ချီးမွမ်းရမည် ဖြစ်ကြောင်း ဤသို့ တွေ့ရသည် ကျေးဇူးတော်ကို ကြီးမား ပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ ကို၎င်း၊ ဂုဏ်တော်ကို ချီးမွမ်းလျက် တန်တိုင်းတော်တို့ ကို၎င်း၊ ဝင်ကြလော့။ ကျေးဇူးတော်ကို ချီမွမ်း၍ နာမတော်ကို ကောင်းကြီး ပေးကြလော့။ (ဆာ ၁၀၀:၄) ငါသည် ဖြောင့်မတ်သော သူတို့၏ အစည်းအဝေး၌၎င်း၊ ပရိတ်သတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။ (ဆာ ၁၁၁:၁) အိုထာဝ ရဘုရား၊ ပရိသတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီချင်းဆိုပါမည်၊၊ (ဆာ ၅၇:၉)
ရှင်ပေါလု၏ ချီးမွမ်းခြင်း
ရှင်ပေါလုနှင့် သိလတို့သည် ဒုက္ခ ရောက်ချိန်၌ ပင်လျှင် ဘုရားသခင်ကို ချီးမွမ်းကြကြောင်း ဤသို့ တွေ့ရသည် -သန်းခေါင်အချိန်၌ ပေါလုနှင့် သိလတ့ိုသည် ပဌနာ ပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာနှောင် ဖွဲ့ခြင်းကို ခံရသော သူတို့သည် နားထောင် ကြ၏။ ထိုခဏခြင်းတွင် မြေကြီးသည် ပြင်းစွာ လှုပ်သောကြောင့် ထောင်ခြေရင်းလည်း လှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်း ပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့် လွတ်ကြ၏။ (တမန် ၁၆:၂၅-၂၆) လူတိုင်းသည် ကောင်းကြီးခံစား ချိန်၌ လူများရှေ့တွင် သာလျှင် ဘုရားသခင်ကို ချီးမွမ်းတတ်ကြသည်။ ဒုက္ခ ရောက်နေချိန်တွင် ညသန်းခေါင်းယံ၌ ဘု ရားချီးမွမ်းမည့်သူ ရှိလိမ့်မည် မထင်။ သို့သော် ပေါလုနှင့် သိလတို့သည် နေ့လယ် ပိုင်း၌ အရိုက်ခံရ၍ ဒဏ်ရာများ ပင်မဆေးရသေး။ သံကြိုးများနှင့် ချီနှောင်လျက် ပင်ညသန်းခေါင်အချိန်၌ ဘုရားသခင်ကို ချီမွမ်း ကြသည်။ မည်သည့်အရာအ တွက်ချီးမွမ်းကြသနည်း။ စဉ်းစားဘူးပါသလား။
သူတို့ အရိုက်ခံခြင်းနှင့် ထောင်ကျခြင်းသည် ဘုရားသခင် အတွက် အသက်ရှင်ခြင်းကြောင့် ဖြစ်သည်။ သို့သော် အဘယ်ကြောင့် ဘုရားသခင်ကို ချီး မွမ်းကြသေးသနည်း။ ယနေ့ ယုံကြည်သူများသည် အသင်းတော်များ၌ အထူးသဖြင့် လူများများရှေ့မှာ သာချီးမွမ်းလို ကြသည်။ တူရိယာများ ပြည့်စုံမှသာ ချီးမွမ်း လို ကြသည်။ စိတ်တိုင်း ကျရှိမှသာ ချီးမွမ်းတတ်ကြသည်။ သို့သော် ပေါလုနှင့် သိလတို့သည် အစဉ် မပြေ၊ တူရိယာလည်း မရှိ။ လက်ခုတ်တီးဘို့ရန် ပင်မလွတ် လပ်၊ သို့သော် ဘုရားရှင်ကို ချီးမွမ်းသီချင်းဆို ကြသည်။ ရှင်ပေါလုသည် ဖိလိပ္ပိ အသင်းတော် ထံ ဤသို့ ရေးသား ခဲ့သည် -အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည် အတိုင်း၊ ယခုလည်း ကြားသည် အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည် နည်းတူ၊ သင်တို့သည် ခံရကြသည် ဖြစ်၍၊ ခရစ်တော်ကို ယုံ ကြည်ခြင်း အခွင့်မှတပါး၊ ခရစ်တော် အတွက်ကြောင့် ဆင်းရဲ ခံရခြင်း အခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။ (ဖိလိပ္ပိ ၁:၂၉) ရှင်ပေါလုတို့ ချီးမွမ်းခြင်းသည် ကျေးဇူးတော်ကြောင့် သူ့အတွက် ဆင်းရဲ ခံရသည် ဟူ၍ ဖြစ်ပေမည်။ ထိုမှတပါး ချီးမွမ်းစရာ မရှိ။ ထို့ကြောင့် ယုံကြည်သူများလည်း သူတို့ လိုပင် ဘုရားသခင် အတွက်ဆင်းရဲ ဒုက္ခ ခံသောအခါ ကျေးဇူးတော်များချီးမွမ်းနိင်သည်။
ရှင်ပေါလုသည် ကောရိန်သုမြို့ရှိ ယုံကြည်သူများကြောင့် ကျေးဇူးတော် ချီးမွမ်းခြင်းကို ဤသို့ တွေ့ရသည် -အထက်က ခရစ်တော်၏ သက်သေကို သင်တို့တွင် တည်စေသည် ရှိသော်၊ သင်တို့သည် ထိုခရစ်တော် အားဖြင့်၊ အရာရာ၌ နှုတ် သျွှိ၊ ဥာဏ်သျွှိ အပေါင်းနှင့် ကြယ်ဝ ပြည့်စုံကြသည် ဖြစ်၍၊ ယေရှုခရစ်အားဖြင့် သင်တို့အား ပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့ အကြောင်းကြောင့် ငါ့ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း၏။ (၁ ကော ၁:၄-၆) ရှင်ပေါလုသည် သူကိုယ်တိုင် အတွက် မဟုတ်၊ သူ၏ ဝိညာဉ် သားသမီး များဘုရားသခင်ကဆုကျေးဇူးပေးခြင်းအားဖြင့် နှုတ်သတ္တိ၊ ဥာဏ်သတ္တိနှင့် ပြည့်စုံကြသောကြောင့် ကျေးဇူးတော် ချီးမွမ်းသည်။ မိတ်ဆွေ ကျေးဇူးတော် ချီး မွမ်းမည်လော။ မည်သည့်အရာအတွက် ချီးမွမ်းမည်နည်း။ ကျေးဇူးတော် ချီးမွမ်းနိင်ခြင်းသည် ဝိညာဉ်ရေးရာ၌ ရင့်ကျက်ခြင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ အစဉ်သဖြင့် ကျေးဇူးတော် ချီးမွမ်းနိင်သောသူများ ဖြစ်ကြပါစေ။
ချီဆောင်ခြင်း၌ မည်သူများ ပါဝင်မည်နည်း
ယနေ့ ယုံကြည်သူများသိမ်းဆည်းဘို့ရန် နီးလေလေသွန်သင်မှု အမျိုး မျိုးပေါ်ပေါက်သောကြောင့် ယုံကြည်သူများ၌ စိတ် အနှောင့်အရှက်များဖြစ်နေ ကြကြောင်း သိရသည်။ ထ့ုိကြောင့် ချီဆောင်ခြင်း၌ မည်သူများ ပါဝင်မည်ဟူသောအရာကို ကျမ်းစာအားဖြင့် လေ့လာကြစို့။
အချို့သောသူများက ချီဆောင်ခြင်း၌ အောင်မြင်သောသူများ၊ သန့်ရှင်း သူများကိုသာ ချီဆောင်မည်၊ ဒုတိယအကြိမ် မွေးဖွားသောသူတိုင်း ချီဆောင်မည် မဟုတ်ဟု သင်ပေး ကြသည်။ ထိုသူများ၏ သင်ပေးခြင်းသည် ချီဆောင်ခြင်းနှင့် ပတ်သက်သော ကျမ်းပိုဒ်အထဲမှ မဟုတ်၊ ပုံဆောင်ချက်များ အထဲမှဆွဲယူ သောကြောင့် ဖြစ်သည်။ ထိုကြောင့် ချီဆောင်ခြင်းနှင့် ပတ်သက်သော ကျမ်းပိုဒ်များထဲမှလေ့လာဘို့ လိုသည်။ ရှင်ပေါလုကကောရိန်သု အသင်းသားများထံ ဤ ကဲ့သို့ စာရေးခဲ့သည် -နက်နဲသောအရာ တခုကို ငါပြဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသော တန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက် ရကြမည်။ ယခုမျက်မှောက်ပုတ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။ (၁ ကော ၁၅:၅၁-၅၃)
ရှင်ပေါလုကအထက်ပါ စာကို ရေးသောအခါ ဇာတိ ခရစ်ယာန်များဖြစ်ကြသော ကောရိန်သု အသင်းသားများထံရေးသားခြင်း ဖြစ်သည်။ ကောရိန်သု အသင်းသား များသည် ဇာတိ ခရစ်ယာန်များ၊ ဝိညာဉ်ပိုင်း၌ သူငယ်များ ဖြစ်ကြောင်း ဤသို့ တွေ့ရသည် - ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့ အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့ အား၊ ဟောပြောသကဲ့သို့ ဟောပြော ရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ။ နို့ကိုသာ တိုက်ရ၏ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်ကြသေး။ ယခု ပင်လည်း၊ ဇာတိပကတိ လူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်း ကွဲပြားခြင်းရှိသည် ဖြစ်၍၊ သင်တို့သည် ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။ တယောက်က၊ ငါသည် ပေါလုတပည့် ဖြစ်၏ ဟူ၍၎င်း၊ တယောက်က၊ ငါသည် အာပေါလုတပည့် ဖြစ်၏ ဟူ၍၎င်း၊ အသီးအသီး ပြောကြလျှင် ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ (၁ ကော ၃:၁-၄)ဟု ရေးသား ထားသည်။
ရှင်ပေါလုကကောရိန်သု အသင်းသား များသည် ဇာတိ ခရစ်ယာန်များဖြစ်ကြောင်း ကောင်းစွာ သိထားသည်။ သို့သော်လည်း နောက်ဆုံးသော တန်ပိုး မှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည် ဟုဆိုရာတွင် ကောရိန်သု အသင်းသား များလည်း ပါဝင်ကြောင်း ထင်ရှားသည်။ အဘယ်ကြောင့်ဆိုတော် ငါတို့ ရှိသမျှ ဟူသောအရာ၌ ကောရိန်သု အသင်းသားများကို ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် အချို့သော ဆရာများ သင်ပေး သကဲ့သို့ ကယ်တင်ခြင်းသို့ ရောက်သောသူတိုင်း ချီဆောင်ခြင်း၌ ပါဝင်မည် မဟုတ်၊ သန့်ရှင်းသူသု့ိ မဟုတ်အောင်မြင်သောသူများသာလျှင် ပါဝင်မည်ဟူသောအရာသည် မမှန်ပါ။
သန့်ရှင်း သူများ
တဖန် သန့်ရှင်း သူများ ဟူသောအရာနှင့် ပတ်သက်၍ ရှင်ပေါလုကကောရိန်သု အသင်းတော်ကို ဤသို့ စာရေးနှုတ်ခွန်းဆက်သခဲ့သည်-ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော် အရာ၌ ခန့်ထားသော ငါပေါလုနှင့် ငါ့ညီ သုရင်သည်၊ ယေရှုခရစ်အားဖြင့် အပြစ်နှင့် ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်း ဟူသော၊ ကောရိန်သုမြို့၌ ရှိသော ဘုရားသခင်၏ အသင်းတော် မှစ၍ ခပ်သိမ်းသော အရပ်၌ ငါတို့ သခင်ယေရှုခရစ်ကို ပဌနာ ပြုသောသူ အပေါင်းတို့ကို ကြားလိုက်ပါ၏။ (၁ ကော ၁:၁-၂) ဤနေရာ၌ ရှင်ပေါလုကကောရိန်သု အသင်းတော်ကို ယေရှုခရစ်အားဖြင့် အပြစ်နှင့် ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူဟု ရေးထားသည်။ သို့သော် အခန်းကြီး ၃၌ ဤသို့ ရေးပြန်သည် - ယခု ပင်လည်း၊ ဇာတိပကတိ လူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်း ချင်းကွဲပြားခြင်းရှိသည် ဖြစ်၍၊ သင်တို့သည် ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။ တဖန် ရှင် ပေါလုက ဤသို့ ရေးသား သေးသည် -မတရားသော မေထုန်သာမည မဟုတ်၊ အဘ၏ မယားကို သိမ်းယူခြင်း တည်းဟူသော သာသနာပလူတို့တွင် ပင်မကြားရသော မေထုန်၌ မှီဝဲသောသူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စော ကြ၏။ ထိုသို့ ပြုသောသူကို သင်တို့ အထဲမှ နှင်ထုတ် မည်အကြောင်း၊ စိတ်မ သာညည်းတွားခြင်းကို မပြု၊ မာနထောင်လွှားလျက် နေကြ၏။ (၁ ကော ၅ ; ၁-၂)။
ကောရိန်သု အသင်းတော်သည် ထိုကဲ့သို့သော အပြစ်များရှိသော်လည်း အဘယ်ကြောင့် ရှင်ပေါလုကအစပိုင်း၌ ယေရှုခရစ်အားဖြင့် အပြစ်နှင့် ကင်း စင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူဟု ရေးသနည်းဟူမူကား သူတု့ိ၏ အပြစ်ကင်းခြင်းသည် သူတို့၏ လုပ်ဆောင်ခြင်းကြောင့် မဟုတ်၊ ယေရှုခရစ်၏ လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်။ ယေရှုခရစ်အားဖြင့် အပြစ်ကင်းခြင်းနှင့် သန့်ရှင်းခြင်းသည် သူတို့၏ ရပ်တည်ချက် (Standing) ဖြစ်သည်။ သူတို့၏ ရပ်တည်ချက်သည် ယေရှုခရစ်၌ ဖြစ်သောကြောင့် သန့်ရှင်း၍ အပြစ်ကင်းသည်။ ခရစ်တော်၏ သန့်ရှင်းခြင်းကို ခံစားခြင်း ဖြစ်သည်။ သူတို့၏ လုပ်ဆောင် ချက် (State) မူကား အပြစ်ရှိ၍ မသန့်ရှင်းချေ။ ကယ်တင်ခြင်းနှင့် ချီဆောင်ခြင်းသည် လုပ်ဆောင်ချက် အပေါ်မမူတည်ဘဲ ရပ်တည်ချက် အပေါ်မူတည်သည်။
ဦးခေါင်းနှင့် ကိုယ်ခန္ဓာဆက်ခြင်း
ချီဆောင်ခြင်းသည် ဦးခေါင်း တည်းဟူသော ခရစ်တော်နှင့် ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော် ပြန်လည်ဆက်ခြင်း ဖြစ်သည်။ အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဖြစ်ကြောင်း ဤသို့ တွေ့ရသည် -ခြေဘဝါးတော် အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော် အဘို့ အလိုငှါ၊ သူ့ကို အလုံးစုံတို့၏ အချုပ်အခြာဦးခေါင်း ဖြစ်စေတော်မူ၏။ ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသောသူ၏ ပြည့်စုံခြင်း တည်းဟူသော ခရစ်တော်၏ ကိုယ်ဖြစ်သတည်း။ (ဧဖက် ၁:၂၂-၂၃) အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဖြစ်သည်။ ခရစ်တော်၏ ကိုယ်ခန္ဓာသည် ပိုင်းခြား၍ မရပါ။ ကျမ်းစာ က-သင်တို့ကို ခေါ်တော်မူခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း တပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့် အညီကိုယ်တကိုယ်၊ ဝိညာဉ် တ ဝိညာဉ် တည်းရှိ၏။ (ဧဖက် ၄:၄) ချီဆောင်ခြင်း၌ အောင်မြင်သောသူများသာလျှင် ပါပါက ခရစ်တော်ကို ကိုယ်ခန္ဓာတပိုင်းသာလျှင် ချီဆောင်၍ တပိုင်းသည်လောက၌ ကျန်ရစ်ဘို့ လို ပေလိမ့်မည်။ ထိုသို့ မဖြစ်နိင်ပါ။ ခရစ်တော်၏ ကိုယ်ခန္ဓာသည် ပိုင်းခြား၍ မရပါ။
ကြီးထွားရင့်ကျက်ပုံမတူညီခြင်း
ဝိညာဉ်တော်အားဖြင့် ဒုတိယ မွေးဘွားပြီးသောသူတိုင်းသည် ယုံကြည်သူများ ဖြစ်၍ ကြီးထွားရင့်ကျက်ပုံခြင်း မတူကြပါ။ ခလေး လေး မွေးဘွားသောအခါ ကြီးထွားဘို့ လိုသေးသည်။ ထို့နည်းတူ ဝိညာဉ်ပိုင်း၌လည်း ကြီးထွားရင့်ကျက်ဘို့ လိုသည်။ ကိုယ်ခန္ဓာပိုင်း၌ မွေးကင်းစ ခလေး၊ ခလေး၊ လူငယ်၊ လူပျို အပျို၊ လူကြီး ဟူ၍ အရွယ် အမျိုးမျိုးရှိကြသည်။ မွေးကင်းစ ခလေး မှလူငယ်အရွယ်အ ထိသည် သန့်ရှင်းရေးကို ဂရုမစိုက်ကြချေ။ အကြောင်းမှာ သန့်ရှင်းရေးကို ဂရု စိုက်ရမှန်း မသိ သေးသောကြောင့် ဖြစ်သည်။ လူမဟုတ်သောကြောင့်၊ မမွေးသောကြောင့် မဟုတ်ပါ။ သို့သော် ထိုလူသည် လူပျိုအပျိုဘဝရောက် လာသောအခါ ပြောစရာ မလိုဘဲ သန့်ရှင်းရေးကို ဂရုစိုက်လာမည် ဖြစ်သည်။ လူပျိုအပျိုများသည် မိဘထက် ပင် သန့်ရှင်းလာတတ်သည်။ ထို့နည်းတူ ဝိညာဉ်ပိုင်း၌လည်း အရွယ် ရောက် လာသောအခါ ဝိညာဉ်ပိုင်း သန့်ရှင်းရေးကို ဂရုစိုက်လာမည် ဖြစ်သည်။ ဝမ်း နည်းစရာ ကောင်းသည်မှာ ယုံကြည်သူများ၌ ဝိညာဉ်ပိုင်းကြီး ထွားရင့်ကျက်သူ အလွန် ရှားသည်။ ဝိညာဉ်ပိုင်း ခလေး ဘဝနှင့် ရပ်တန့်နေသောကြောင့် သန့်ရှင်းရေးကိုလည်း ဂရုမစိုက်၊ အလုပ်လည်း မလုပ်သောကြောင့် အောင်မြင်သော အသက်တာနှင့်လည်း အသက်မရှင်နိင်ကြ။ ခလေး များသည် ညစ်ညူးသော အရာများနှင့် ကစားတတ် သကဲ့သို့ ဝိညာဉ်ပိုင်း ခလေး များသည် ဤလောကအရာများကို မယုံကြည်သူများနှင့်အတူ ကြိုက်နှစ်သက်ကြ၊ စွဲလန်း ကြသည်။ မည်မျှပင်ပြောသော်လည်း ဝိညာဉ်ပိုင်းနုနယ်နေသောကြောင့် ပြော၍ မရဖြစ်နေကြသည်။ ထိုသူများကို ကြီးထွားရင့်ကျက်စေရန်အစာကောင်းကျွေးဘို့ လိုသည်။ သို့မှသာ ကြီးထွား၍ ရင့်ကျက်လာကာ သန့်ရှင်းလာမည် ဖြစ်သည်။
ခရစ်တော်သည် ကြီးထွားရင့်ကျက်သောသူများကိုသာ ချီဆောင်မည် မဟုတ်၊ မကြီးထွားမရင့်ကျက်သော ဝိညာဉ် ခလေးများကိုလည်း ချီဆောင်မည် ဖြစ်သည်။ ထို့ကြောင့် အမျိုးမျိုးသော ဩဝါဒလေတိုက်ခတ်သောအခါ ဖရိုဖရဲမရှိဘဲ ကြီးထွားရင့်ကျက်ဘို့ လိုသည်။ ဤကြောင်း မူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆို သဖြင့်၊ ငါတို့သည် နောက်တဖန် ခပ်သိမ်းသော ဩဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူငယ်မ ဖြစ်ဘဲလျက်၊ မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်း တည်းဟူသော ခရစ်တော် မှာအရာရာတို့၌ ကြီး ပွားကြမည်အကြောင်း တည်း။ (ဧဖက် ၄:၁၄-၁၅)
ကျမ်းစာ လေ့လာခြင်း
(၁ ယော ၁:၁-၅)
၁။ ရှေ့ဦးစွာ ကပင် ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင် ကြားလျက်၊ ကိုယ်မျက်စိနှင့် မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာ တည်းဟူသော အသက်ရှင်သော နှုတ်ကပတ်တော်နှင့် ဆိုင်သောအရာ တို့ကို သင်တို့အား ပြသကြ၏။
ဤစာရေးသူ တမန်တော် ယောဟန်ကငါတို့သည် ကိုယ်တိုင် ကြားလျက်၊ ကိုယ်မျက်စိနှင့် မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာ တည်းဟူသော အသက်ရှင်သော နှုတ်ကပတ်တော် ဟုဆိုရာတွင် ခရစ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ ယောဟန်တပါးတည်း ကသာ ခရစ်တော်ကို နှုတ်ကပတ်တော် ဟုဆိုတတ်သည် (ယော ၁:၁)။ အဘယ်ကြောင့် ခရစ်တော်ကို နှုတ်က ပတ်တော် ဟုဆိုသနည်း။ ထိုအရာကို နားလည်နိင်ရန်ဟေဗြဲ ၁:၁ကို ကြည့် ကြစို့-ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလ အခါမိမိ သားတော်အားဖြင့် ငါတို့အား ဗျာဒိတ်တော် ပေးတော်မူပြီ။ ဘုရားသခင်သည် ရှေးကာလ၌ လူများကို ကောင်းကင်တမန် အားဖြင့်၎င်း၊ ပရော ဖက်အားဖြင့်၎င်း၊ ဗျာဒိတ်ရူပါရုံအားဖြင့်၎င်း၊ အိပ်မက်အားဖြင့်၎င်း၊ အသံတော် အားဖြင့်၎င်း စကားပြောတတ်သည်။ သို့သော် နောက်ဆုံး၌ မိမိသားတော်အားဖြင့် လူများကို စကားပြောတော်မူသည်။ ထိုကြောင့် ခရစ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဟု ခေါ်ရခြင်း ဖြစ်သည်။ ခရစ်တော် ကိုယ်တိုင်ကလည်း -သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍ သာပြု၏။ မိမိအလိုအလျောက်အဘယ်အမှုကိုမျှ မပြု နိုင်။ ခမည်းတော် ပြုတော်မူသမျှ အတိုင်း သားတော်လည်း ပြု၏။ ငါသည်ကိုယ် အလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရား စီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။ (ယော ၅:၁၉၊ ၃၀) ဟုဆိုသည်။ ထို့ကြောင့် ခရစ်တော်သည် မိမိအလိုအလျောက်အဘယ်အမှုကိုမျှ မပြု၊ သူပြောသော စကားသည်လည်း ခမည်းတော်ဘုရား ပြောစေလိုသောအရာကိုသာ ပြောသည်။
၂။ ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရပြီ။ ခမည်းတော်နှင့်အတူ ရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရ အသက်ကို ငါတို့သည် သင်တို့အား သက်သေခံ၍ ပြသကြ၏။
ခရစ်တော်ကို အသက် ဟူ၍ ဆိုသည်။ တဖန် ထာဝရ အသက် ဟုလည်း ဆိုသည်။ ခရစ်တော် ကိုယ်တိုင် က-ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ (ယော ၁၄:၆) ဟုဆိုခဲ့သည်။ ထိုအသက် တည်းဟူသော ခရစ်တော်ကို တမန်တော်တို့သည် မြင့်ခဲ့ရကြပြီ။ ထိုခရစ်တော်ကို ငါတို့အား သက်သေခံ၍ ပြသခြင်း ဖြစ်သည်။
၃။ ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော် ယေရှုခရစ် နှင့်၎င်း၊ မိဿဟာယဖွဲ ရသည် ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၊ ငါတို့ ကြားမြင်ရသောအရာကို သင်တို့အား ပြသကြ၏။
တမန်တော်တို့သည် ခမည်းတော်နှင့်၎င်း၊ သားတော် ယေရှုခရစ် နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည် ဖြစ်၍၊ ဟုဆိုသည်။ တမန်တော်တို့သည် သားတော် ယေရှုခရစ်နှင့် သုံးနှစ်ခွဲမိဿဟာယဖွဲ့ခဲ့ ကြသည်။ သို့သော် မည်ကဲ့သို့ ခမည်းတော်နှင့် မိဿဟာယဖွဲ့ခဲ့ကြသနည်း။ ကျမ်းစာ၌ -ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ ပြတော်မူလျှင် အကျွန်ုပ်တို့ အလို ပြည့်စုံပါမည်ဟု လျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပု ဤမျှကာလ ပတ်လုံး ငါသည် သင်တို့နှင့်အတူ ရှိပြီးမှသင်သည် ငါ့ကို မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ ဆိုရသနည်း။ (ယော ၁၄:၈-၉) ခရစ်တော်က ငါကို မြင်သောသူသည် ခမည်းတော်ကို မြင်၏ ဟုဆိုသောကြောင့် ခရစ်တော်နှင့် မိဿဟာယဖွဲ့သောသူသည် ခမည်းတော်နှင့် မိဿဟာယဖွဲ့ပြီ။
ယောဟန်က ဤစာရေးပေးရခြင်းသည် ကျွန်ပ်တို့လည်း တမန်တော်များမိဿဟာယဖွဲ့ခြင်းအားဖြင့် ခမည်းတော်နှင့်၎င်း၊ သားတော်နှင့်၎င်း၊ မိဿဟာ
ယဖွဲ့ဘို့ရန် ဖြစ်သည်။ မည်ကဲ့သို့ တမန်တော်များနှင့် မိဿဟယဖွဲ့နိင်သနည်း ဟူမူကား သူရေးသော ဤကျမ်းစာကို ဖတ်ခြင်းအားဖြင့် ဖွဲ့နိင်သည်။ လူတယောက်နှင့် တယောက် စာရေးသောအခါ ကိုယ်ခန္ဓာချင်းမတွေ့ကြသော်လည်း စာအားဖြင့် တယောက်နှင့် တယောက် မိဿဟာယဖွဲ့နိင်သည်။ ထိုနည်းတူ ကျမ်းစာဖတ်ခြင်းအားဖြင့် ဘုရားသခင်နှင့်သော်လည်း ကောင်း၊ သားတော်နှင့်သော်လည်း ကောင်းမိဿဟာယဖွဲ့နိင်သည်။ သို့သော် ကျမ်းစာကို မဖတ်ပါက ဘုရားသခင်နှင့် မိဿဟာယမဖွဲ့နိင်ကြ။
၄။ သင်တို့၏ ဝမ်းမြောက်စရာ အကြောင်း စုံလင်စေခြင်းငှါ လည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။
ယောဟန်က ဤစာကို ရေးရခြင်း အကြောင်းရင်းကို ရေးထားသည်။ ထိုအရာသည် ကျွန်ပ်တို့ ဝမ်းမြောက်စရာ စုံလင်စေခြင်းငှါ ဖြစ်သည်။ ထို့ကြောင့် ဤကျမ်းစာကို ဖတ်ခြင်းဖြင့် ဝမ်းမြောက် နိင်သည်။ သို့သော် ဤကျမ်းစာကို မဖတ်လျှင် မည်ကဲ့သို့ ဝမ်းမြောက်စရာ စုံလင်နိင်မည်နည်း။ များစွာသော ခရစ်ယာန် များသည် ကျမ်းစာ မဖတ်ကြ။ ထို့ကြောင့် ဝမ်းမြောက် စရာကိုလောက၌ ရှာနေ ကြသည်။ ဝမ်းမြောက်ခြင်း သည်လောကအရာ၌ မရှိ။ ဘုရားသခင်နှင့် သူ၏ နှုတ် ကပတ်တော်၌ သာရှိသည်။ သို့သော် များစွာသော လူတို့သည် ဘုရားသခင်နှင့် မိဿဟာယမဖွဲ့လိုသောကြောင့် ဝမ်းမြောက်ခြင်း မရှိ၊ ထို့အခါလွှဲမှားသော နေရာ၌ ဝမ်းမြောက်ခြင်းကို ရှာ ကြသည်။ ယခုမှစ၍ ကျမ်းစာကို ဖတ်ခြင်းအားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့၍ ဝမ်းမြောက််ခြင်းကို ရယူကြစို့။
၅။ ထိုနှုတ်ကပတ်တော် ထံ၌ ငါတို့သည် ကြားရ၍၊ သင်တို့အား ပြသသော တ ရားစကား ဟူမူကား၊ ဘုရားသခင်သည် အလင်း ဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်း မရှိ။
ဘုရားသခင်သည် အလင်း ဖြစ်သည်။ ဘုရားသခင်၌ မှောင်မိုက်အလျှင်း မရှိ ဟုဆိုသည်။ သို့ဖြစ်လျှင် အလင်းဆိုသည်မှာ အဘယ်အရာနည်း။ ရှင်ပေါလု က-အပြစ် ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သောအရာ ရှိသမျှသည်လည်း အလင်း ဖြစ်၏။ (ဧဖက် ၅:၁၃) ဟုဆိုထားသည်။ ထို့ကြောင့် အလင်းဆိုသည်မှာ၊ အပြစ် ထင်ရှားစေသောအရာ ဖြစ်သည်။ ဘုရားသခင် ရှိသော နေရာ၌ အပြစ် မရှိနိင်။ ဘုရားသခင်နှင့် နီးကပ်သောသူသည် မိမိအပြစ်ကို တွေ့မြင်နိင်သည်။ ယောဟန် ၈:၁-၁၀၌ မှားယွင်းသော အမျိုးသမီးကို အပြစ်တင်ကြသောသူများသည် ခရစ်တော်နှင့် တွေ့ကြသောအခါ မိမိတို့ အပြစ်ကို မြင်ကြကြောင်း တွေ့ရသည်။ ထို့ကြောင့် ထိုအမျိုးသမီးကို အဘယ်သူ ကမျှကျောက်ခဲနှင့် မပစ်တော့ဘဲ မိမိအပြစ်ကို မြင်ကာတယောက်ပြီး တယောက် ထွက်သွား ကြသည်။ ခရစ်တော်နှင့် မတွေ့မှီတွင် အမျိုးသမီး၏ အပြစ်သာမြင်ကြသော်လည်း ခရစ်တော်နှင့် တွေ့သောအခါ မိမိတို့ အပြစ် မြင် ကြသည်။ ထို့ကြောင့် ဘုရားသခင်နှင့် တွေ့သော သူတို့သည် မိမိတို့၏ အပြစ်ကို မြင် ကြရမည် ဖြစ်သည်။
ရှင်ပေါလုကဆက်လက်၍ အလင်းတော်၏ အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သဏာစောင့်ခြင်း ဖြစ်သတည်း။ (ဧဖက် ၅:၉) ဟုဆိုထားသည်။ ထို့ကြောင့် အလင်းရှိလျှင် အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာ စောင့်ခြင်းများသီးပွင့်နိင်သည်။ အလင်း၏ ဆန့်ကျင် ဖက် ဖြစ်သော မှောင်မိုက်၏ အကျင့်များကို ရှင်ပေါလုက ဤသို့ ရေးထားသည် -အ ကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏ အပြစ်ကို ပြကြလော့။ အကြောင်းမူကား၊ သူတို့သည် ဆိတ်ကွယ်ရာ၌ ပြုသော အမှုအရာတို့ကို စကားပြောကာမျှနှင့် ညစ်ညူးခြင်း ပါသေး၏။ (ဧဖက် ၅:၁၁-၁၂) အင်္လိပ်ကျမ်းစာ၌ ်သမ ငအ ငျ ျ့ောန်ကူ နလနည အသ ာနညအငသည တ့အေ အ့န ိငျသဘနိငနညအ ိသ ငည ျနခမနအ၏ နားမထောင်သော သူတို့၏ ဆိတ်ကွယ်ရာအရပ်၌ ပြုလုပ်သောအရာ တို့သည် ပြောဘို့ရန် ပင်ရှက်စရာ ကောင်းသည် ဟုဆိုသည်။ ထို့ကြောင့် ယုံကြည်သူ ိများအနေဖြင့် အလင်း၏သား ကဲ့သို့ ကျင့်ဘို့ လိုသည်။
(နောက်လဆက်ရန်)
ယေရုရှလင်မြို့နှင့် ပတ်သက်၍
Florina Phunkulh
ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ့ကြေမွကြ လိမ့်မည်။ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ (ဇာခရိ ၁၂:၃)
ယေရုရှလင်မြို့သည်လောကီသား အမျိုးမျိုးတို့ ကဆန့်ကျင် ကြလိမ့်မည်။ လူမျိုး အပေါင်းတို့အတွက် လေးသော ကျောက် ဖြစ်လိမ့်မည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲကြေမွကြလိမ့်မည်ဟု ဘုရားသခင်က ဟောပြောခဲ့ပြီ။ ယနေ့ ယေရုရှလင်မြို့သည် အစ္စရေးနှင့် ပါလက်စတိုင်းတို့သာမက ကမ္ဘာ့ ကုလသမဂ္ဂအဖွ့ဲ၌ အမြဲတမ်း ဆွေးနွေးသော မြုိ့၊ နိင်ငံတိုင်း အတွက် ပြသနာ ရှိသော မြို့ ဖြစ်သည်။ ထိုမြို့နှင့် ပတ်သက်၍ သမိုင်း၌ မည်ကဲ့သို့ ရှိကြောင်းကို ကြည့်ကြစို့။
BC ၂၀၀၀ အဗြာဟံကသူ၏သား ဣဇက်ကို ဘုရားသခင် ထံတင်လှူပူဇော်သော နေရာမောရိတောင်သည် ယခု ယေရုရှလင်မြို့ရှိဗိမာန်တော် နေရာ ဖြစ်သည်။ ထိုနေရာ၌ ဘုရားသခင်က သူ့သား အစားသုုိးကို ပေးခဲ့သည် (ကမ္ဘာ ၂၂:၁-၂၂)။
BC ၁၀၀၀ ဒါဝိဒ်မင်းက ယေရုရှလင်မြို့ကို ရုံးစိုက်ရာမြို့အဖြစ် တည်ပြီညာဉ် သေတ္တာကို တောင်ပေါ်မှာ ရှိသော တဲတော်၌ ထားခဲ့သည်။ (၂ရာ ၅:၆-၁၂)
BC ၉၅၀ ရှောလမုန်မင်းကပဌမဦးဆုံး ဗိမာန်တော် တည်ဆောက်ခဲ့သည်။ (၃ရာ ၆)
BC ၉၂၀ နိင်ငံတော် နှစ်ချမ်းကွဲ သွား၍ မြောက်ပိုင်းသည် ဣသရေလ ဖြစ်၍ တောင် ပိုင်းသည် ယုဒ ဖြစ်သည်။ တောင်ပိုင်းယုဒနိင်ငံ၏ မြို့တော်သည် ယေရုရှလင်မြို့ ဖြစ်သည်။
BC ၇၁၀ ဟေဇကိမင်းကြီး ကအာရုှရိရှင်ဘုရင်ထံဗိမာန်တော် ထဲမှရွှေငွေရှိသ မျှကို ပေးလိုက်သည်။ (၄ရာ ၁၈:၁၅-၁၆၊ ) သို့သော် ထာဝရဘုရားသခင်၏ ကောင်းကင်တမန် ကအာရှုရိစစ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကို တည ချင်းတွင် သတ်လိုက်သည်။ (၄ရာ ၁၉:၅)
BC ၆၀၅ ဗာဗုလုန်ရှင်ဘုရင်နေဗုဒ်ခတ်နဇောသည် ယေရုရှလင် ဗိမာန်တော်ကို ဖျက်စီးကာ ဗိမာန်တော် အတွင်း မှပစ္စည်းရှိသမျှကို ဗာဗုလုန်သို့ ယူဆောင်သွားသည်။ (၄ရာ ၂၄:၁၁-၁၃)
BC ၅၄၀ ဗေလရှာဇာမင်းကြီးသည် ယေရုရှလင်မြို့ဗိမာန်တော် မှယူလာသော ရွှေခွက်များ အားဖြင့်ပွဲ ကျင်းပရာနံရံ၌ ရေးထားသော လက်ကြောင့်ပွဲပျက်ရ
၏ (ဒံယေလ ၅:၁-၄)
BC ၅၃၅ ဘုရားသခင်၏ နှိုးဆော်မှုကြောင့် ပါးရှားရှင်ဘုရင်ကုရု (ဃပမကျ) မင်းသည် ယုဒလူမျိုးများ ယေရုရှလင်မြို့သို့ ပြန်သွားကာဗိမာန်တော် ဆောက်ဘို့ ခိုင်းလိုက်သည်။ (ဧဇရာ ၁:၁-၄)
BC ၅၁၅ ယေရုဗဗေလသည် ဒါရိမင်းကြီး လက်ထက်တွင် ဗိမာန်တော် ဆောက် ခွင့်ရရှိခဲ့သည်။ (ဧဇရာ ၅နှင့် ၆)
BC ၆၃ ရောမအင်ပိုင်ယာသည် ယေရုရှလင်မြို့ကို သိမ်းပိုက် ခဲ့သည်။
BC ၂၀ ဟေရုတ်မင်းသည် ယေရုရှာလင်ဗိမာန်တော်ကို အပြီး သတ်သည်။
BC ၄တွင် ခရစ်တော် မွေးဘွားလာသည်။
AD ၃၀တွင် ခရစ်တော်ကို ကား တိုင်၌ အသေသတ်ခဲ့ ကြသည်။
AD ၇၀ ယေရုရှလင် ဗိမာန်တော်ကို ရောမစစ်ဗိုလ်တိိတုကဖျက်စီးလိုက်သည်။
Source: Rapture Ready သတင်း မှကောက်နှုတ်ထားသည်။
သတင်းများ
ဧဝံဂေလိ ခရီး
ဆရာမောဇက်ထောင်ကျုံးသည် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဒင်မတ်နိင်ငံသို့ သုံးကြိမ်မြောက်သွားရောက်ကာ ဧဝံဂေလိ သတင်းကောင်းကို ဟောပြောသင်ကြားပို့ချခဲ့သည်။ လူငယ် အယောက် ၅၀ ခန့်ကို ၃ ရက်လုံး လုံး Esbjerg မြို့၌ သင်ကြားခွင့်ရရှိခဲ့သည်။ လူငယ်များအတွက် ပဌမ အကြိမ် ထိုကဲ့သို့ ကျမ်းစာ သင်တန်းတက်ရောက်ရခြင်း ဖြစ်သည်။ လူငယ်များ အလွန် စိတ်ဝင်စားစွာ သင်ကြားကြ၍ မိဘများ ထံပြန်လည်သင်ကြားပို့ချသောသူများလည်းရှိသည်။
ထို့နောက်လူကြီးများကို ဘုရားရှိခိုးကျောင်း၌ စနေနေ့နံနက် ၁၀ နာ ရီမှစ၍ ညနေ ၅ နာရီ အထိ ကယ်တင်ခြင်းနှင့် အသက်တာသင်တန်းပို့ချပါသည်။ ထိုသင်တန်း၌ လူကြီးများ အားရစွာ သင်တန်းတက်ရောက် ကြသည်။ တနင်္နွေနေ့၌ လူ၁၀၀ ကျော်ဘုရားရှိခိုးကြကာတရားဒေသနာကို တနာရီ ကျော်ဟောပြောသော်လည်း အလွန် စိတ်ဝင်စားစွာ နားထောင် ကြပါသည်။ တနလ်ာနေ့ညနှင့် အင်္ဂါ နေ့နေ့ခင်းပိုင်းတွင် Brorup မြို့ငယ်လေးတွင် သင်တန်းပို့ချသောအခါ သင်တန်း သားများ အားရကျေနပ်စွာ နားထောင် ကြသည်။ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အိမ်သို့ ကောင်းမွန်စွာ ပြန်လည်ရောက် ရှိပါသည်။ ဆုတောင်း ပေးသောသူအယောက်တိုင်း အပေါ် ဘုရားသခင်က ောင်းကြီး ပေးပါစေသော်။
ဆရာမောဇက်နှင့် ဆရာမဟန္နတို့သည် အောက်တိုဘာလ ၂၃ ရက်နေ့တွင် Roanoke, VA သို့ သွားရောက်ခဲ့ကြပါသည်။ ၂၄ ရက်နေ့တွင် Zabik Cung Zam နှင့် Duh Thluai Cin တို့ကို လက်ထပ်ပေးကာညပိုင်းတွင် သတိုးသား Zamzam တို့ အိမ်တွင် ကျမ်းစာ သင်တန်း ပြုလုပ် ခဲ့ပါသည်။ နောက်နေ့တနင်္နွေနေ့တွင် ထိုမြို့၌ ရှိသော မြန်မာပြည်သား အယောက် ၃၀ ကျော်ခန့်ဘုရားရှိခိုးခြင်း၌ တရား ဒေသနာကို ဝေငှခဲ့ပါသည်။ ညပိုင်းတွင် ဆက်လက်၍ တည်းခိုရာ Maring တို့ အိမ်တွင် သင်တန်းပေးကာလ ူအယောက် ၂၀ ကျော်စိတ်ဝင်စားစွာ သင်တန်းတက်ခံယူ ကြပါသည်။
လုပ်အားပေးကြခြင်း
အောက်တိုဘာလ ၃၁ ရက်နေ့တွင် သတင်းကောင်း နှစ်ခြင်း အသင်းတော် Rockville မှ အသင်းသား လူငယ်များသည် အသင်းတော် အဆောက်အဦး သစ်၌ လုပ် အားပေးကြပါသည်။ လူငယ်များသည် မြက်ရိတ်ခြင်း၊ အဆောက်အဦး ကွန်ကရစ်နံရံများ အချောသတ်ခြင်းများကို အားရပါးရလုပ်ဆောင်ခဲ့ကြပါသည်။ အသင်းတော် အဆောက်အဦးသည် ပြီးစီးခါနီးနေပြီ ဖြစ်သောကြောင့် အားလုံး ဝမ်းမြောက်စွာ ပါဝင်လှူပ်ရှားကြပါသည်။ ဆက်လက်၍ စနေနေ့တိုင်း လုပ် အားပေးသွားမည် ဖြစ်ပါသည်။
Webcam သင်တန်း
အောက်တိုဘာလ ၃၁ ရက်နေ့၌ ညနေ ၁:၃၀မှ ၂:၄၅ ခန့်အထိ ဆရာမောဇက်သည် Roanoke, VA မှ ယုံကြည်သူများထံတွင်၎င်း၊ ညနေ ၅မှ ၆:၄၅ ခန့်အထိ Traycy, CA မှ ယုံကြည်သူများထံတွင်၎င်း၊ ကွန်ပြူတာ Webcam အားဖြင့် ကျမ်းစာ သင်တန်းများကို ပို့ချနိင်ခဲ့ပါသည်။
ထိုင်ခုံများ လှူကြခြင်း
နိုဝင်ဘာလ ၁ ရက်နေ့ညတွင် Rသခုလငူူန သတင်းကောင်း နှစ်ခြင်း အသင်းတော် မှအသင်းသူ§သား များသည် ဦးထန်းအောင်တို့ နေအိမ်တွင် အသင်းတော် အဆောက်အဦးသစ်ဖွင့်ပွဲနှင့် ပတ်သက်၍ အစည်းအဝေး ပြုလုပ် ကြပါသည်။ အဆောက်အဦးကို လာမည့် ဒီဇဘ်ာလအတွင်းတွင် ဖွင့်လှစ်ဘို့ သဘောတူ ညီကြ ပါသည်။ အခြေအနေပြောင်းပါက ပြန်လည် ဆွေးနွေးကြဘို့ ဖြစ်ပါသည်။ အသင်းတော် အတွက် လိုအပ်သော ခေါက်ကုလားထိုင်များကို အသင်းသားများကလှူဘို့ရန် မိမိတို့ စေတနာရှိသည် အလျောက်ပြောကြသောအခါ ကုလားထိုင်အလုံးပေါင်း၁၆၅ လုံးနှင့် ထမင်းစားစားပွဲအလုံးပေါင်း၁၀ လုံးလှူဘို့ရန် ဂတိများ ပေးခဲ့ကြ ပါသည်။ အသင်းသား များသည် မများသော်လည်း အဆောက်အဦးအတွက် မိမိတို့ တတ်နိင်သမျှ ပေးကမ်းလှူဒါဏ်းခြင်းအားဖြင့် တစ်တပ်တစ်အား ပါဝင်ကြ ပါသည်။
အမှုတော်ဆောင်သင်တန်း (Ministers’ Training)
အမှုတော်ဆောင်သင်တန်းကို ဒီဇဘ်ာလ ၁၉-၃၀ ရက်နေ့အထိ ပြုလုပ်ဘို့ရန် ရှိပါသည်။ မည်သူမဆိုတက်ရောက်ခွင့်ရှိပါသည်။ ခရီး စရိတ်သာ ကိုယ်တိုင် ကျခံဘို့ လိုအပ်သည်။ စားစရိတ်နှင့် နေစရိတ်အတွက် ဘာမျှပူပင်စရာ မရှိပါ။ ဆုတောင်းခြင်းဖြင့် ပါဝင်ကြဘို့ မေတ္တာရပ်ခံလိုပါသည်။ နေရာမှာ ဆရာမောဇက်ထောင်ကျုံး၏ နေအိမ် ၃၀၅ ဗိော Rိ၏ယ်မနိနမငခုယ ြီ ၂၁၇၀၁ ဖြစ်ပါသည်။ စပါးရိပ်ရန်လယ်ပြင်သည် ဝင်းဝင်းမှည့်နေပါပြီ။ လုပ်ဆောင်သောသူနည်းလွန်းသောကြောင့် ဆုတောင်းခြင်းဖြင့် ပါဝင်ကြပါစို့။
မြန်မာပြည် သာသနာ ပြုများ
သတင်းကောင်း နှစ်ခြင်း အသင်းတော် အနေဖြင့် မြန်မာပြည် အရပ်ရပ်၌ ခရစ်ယာန် မရှိသော နေရာများ၌ သာသနာ ပြုအယောက် ၃၀ ကျော် စေလွှတ် နေပါသည်။ ထိုသူများအတွက် ဆုတောင်း ပေးရင်တလဒေါ်လာ ၃၀ ခန့်ပါဝင်ပါက သာသနာ ပြုလုပ် ငန်းအတွက် များစွာ အကျိုးရှိနိင်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ကောင်းကြီး မင်္လာများ ခံစား သူများ အနေဖြင့် ကောင်းကြီးရေတွက် နိင်ရန်မိမိတို့ ကောင်းစားသည့်အတိုင်း ပါဝင်လှူဒါဏ်းနိင်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။ ပါဝင်လူသောသူများ ဆရာမဟာန္နကို ဆက်သွယ်နိုင်ပါသည်။
စာစောင် (GOOD NEWS PERIODICAL)
ဤသတင်းကောင်း စာစောင်သည် တလတကြိမ်ထုတ်ဝေပါသည်။ စာမူများနှင့် သတင်းများကို ပေးပို့နိင်ပါသည်။ တအုပ်တဒေါ်လာနှုန်းနှင့် ဖြန့်ဝေနေ ပါသည်။ အဝေးမှ မှာယူ သူများ အနေဖြင့် ပို့ခကျခံနိင်ပါက အလွန်ပင် အကျိုးရှိမည် ဖြစ်ပါသည်။ ကိုယ်တိုင် တရားမဟောတတ်သောသူများ အနေဖြင့် မိတ်ဆွေနှင့် ဆွေမျိုးများအတွက် မှာယူပေးခြင်းအားဖြင့် ပါဝင်နိင်ပါသည်။