GOODNEWS
  HOME  GOODNEWS  2009 OCT

 


အမှာစာ
ဥပုသ်စောင့်ခြင်း 
ချိုဆယ်ချောင်းနိင်ငံများ 
အသင်းတော် 
ဧဝံဂေလိ ခရီး စဉ်

အမှာစာ

ဒင်းမတ်နိုင်ငံရောက်တဲ့အခါ ကမ္ဘာပျက်မယ်ဆိုတာ မယုံစရာပါဘဲ။ ဘာကြောင့်လဲဆိုတော့ ဒင်းမတ်မြို့ရွာတွေဟာ အေးအေးဆေးဆေး လေးနဲ့ အလွန်သာယာတယ်။ လူတွေကလဲနည်းတော့ ကားတွေလဲနည်းတယ်။ လူဆိုးတွေလဲမရှိသလောက်လို့  သိရတယ်။ အချို့ရွာတွေမှာဆိုရင် ပုလိပ်တောင်မရှိဘူး။ အိမ်တွေလဲ သပ်သပ်ရပ်ရပ်လေးနဲ့၊ အိမ်ခြံဝင်းတွေလဲ လှလှပပလေးနဲ့ပြုပြင်ထားကြတယ်။ အဲဒီနိုင်ငံမှာနေတဲ့လူများအတွက် စစ်ပွဲတို့၊ ဒုစရိုက်တို့၊ ဆိုတာ ရုပ်မြင်သံကြားနဲ့ အင်တာနက်တို့က မဖေါ်ပြဘူးဆိုရင် မယုံနိုင်စရာဘဲ။ 

ဒါပေမဲ့၊ ကမ္ဘာကြီးဟာ နေရာတိုင်းမှာ အေးအေးချမ်းချမ်းမရှိဘူး။ တိုင်းနိုင်ငံတိုင်းမှာ ပြသနာတွေနဲ့ စီးပွားရေးမပြေလည်တာတွေ၊ မိုးခေါင်လို့ အစာငတ်မွတ်ခေါင်းပါးမှုတွေ၊ စစ်မက်ဖြစ်ပွါးတာတွေဟာ နေ့စဉ်ရက်ဆက်ပါဘဲ။ အထူးသဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများ မှာ ဆူပွက်နေတယ်။ အစ္စရေးနိုင်ငံဆိုရင် နေ့နဲ့ ည ဘယ်တော့ရန်သူတွေက တိုက်မလဲဆိုတာကိုဘဲ စိုးရိမ်ပြီး ကျီးလန့်စာစားနေရ ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေလဲ အစ္စရေးအာရပ်ပြသနာ၊ အီရန်နဲ့မြောက်ကိုးရီးယားအနုမြူပြသနာ၊ ကမ္ဘာ့စီးပွါးရေးပြသနာ၊ ဝက် ရောဂါပြသနာများအပြင် များစွာသောပြသနာတွေအတွက် ခေါင်းရှုပ်နေကြတယ်။ မိသားစုနဲ့ တဦးချင်းတွေမှာလဲ ကိုယ့်ပြသနာနဲ့ကိုယ်ရှိနေကြတယ်။ အလုပ်အကိုင်မရရှိလို့၊ အလုပ်ရှိတဲ့လူတွေကျပြန်တော့်လဲ အလုပ်ချိန်နည်းလို့ ဝင်ငွေလျော့နည်းလာတယ်။ လူ့လောကကြီးတခုလုံးဟာ ပြသနာပေါင်းမြောက်များစွာနဲ့ ဖြစ်နေတယ်။ 

ဒီလိုပြသနာ ပတ်ပတ်လည်ဝိုင်းနေတဲ့အချိန်မှာ မိတ်ဆွေဘယ်လိုအသက်ရှင်ရမလဲ။ အမှန်မှာ အားလုံးသော ပြသနာတွေဟာ လူတွေကဖန်ဆင်းရှင်ဘုရားသခင်ကို မယုံကြည်၊ အားမကိုး၊ ဘုရားမပါဘဲ ကိုယ်ကြမ္မာကိုယ်ဖန်တီးချင်တဲ့အတွက် ဖြစ်ပါတယ်။ မကြာခင်တည်ထောင်မဲ့ ခရစ်တော်ရဲ့ အနှစ်တစ်ထောင်နိုင်ငံတော်မှာတော့ အစစအရာရာ အဆင်ပြေမယ်။ အစာရေစာလဲပေါများမယ်။ လူတွေ လဲကျန်းမာပြီး အနှစ်တစ်ထောင်အထိ သက်တမ်းရှည်ကြမယ်။ စစ်တိုက်တာတွေ၊ စစ်လေ့ကျင့်တာတွေလဲ ရှိတော့မှာမဟုတ်ဘူး။ လူတိုင်း အေးအေးချမ်းချမ်းနဲ့ နေကြလိမ့်မယ်။ အဲဒီအချိန်ဟာ သိပ်မကြာတော့ဘူး။ ခရစ်တော်အုပ်စိုးတဲ့နိုင်ငံမှာတော့ အဲသည်လိုအရမ်းကောင်းတဲ့အ​ခြေနေတွေဖြစ်မယ်။ 

ဒါကြောင့်၊ လောလောဆယ် ပြသနာနဲ့ စိတ်ဓါတ်မကျဘဲ ကျန်ရှိသေးတဲ့အချိန်ကလေးမှာ မိမိရဲ့အသက်တာကို ဘုရားသခင်ထံ အပ်နှံပြီး သူ့ကိုအားကိုးဘို့ တိုက်တွန်းလိုပါတယ်။ ထိုကြောင့်၊ ပညာမဲ့ကဲ့သို့ မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။ ထိုကြောင့်၊ သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူဖြစ်ကြလော့။ (ဧဖက် ၅:၁၅-၁ရ)

 

 
ဥပုသ်စောင့်ခြင်း 

ရေး၊ ဆရာမောဇက်ထောင်ကျုံး

(ယခင်လမှအဆက်)

ဥပုသ်နေ့တနေ့ခရီး 

ထိုအခါ ယေရုရှလင်မြို့နှင့် ဥပုသ်နေ့တနေ့ခရီးသာကွာ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင်မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။ (တမန် ၁:၁၂) ခရစ်တော်လက်ထက်၌ ဥပုသ်နေ့တနေ့ခရီးသည် ယေရုရှလင်မြို့မှ သံလွင်တောင်အထိဖြစ်သည်၊ ဟုသတ်မှတ်ထားသည်။ ထိုခရီးသည် ကိုက် ၁၀၀၀ ခန့်ရှိသည်။ ဥပုသ်နေ့၌ ကိုက် ၁၀၀၀ ထက် ခရီးသွားလျှင် ဥပုသ်ကျိုးသည်ဟုယူဆသည်။ ထိုအရာသည် ဘုရားသခင်၏ သတ်မှတ်ချက်မဟုတ်၊ လူများ၏သတ်မှတ်ချက်ဖြစ်သည်။ 

ဥပုသ်နေ့နှင့်ခရစ်တော် 

ခရစ်တော်သည် လူနာများကမတောင်းဆိုဘဲ သူ့အလိုအလျောက် လူနာများကို ကျန်းမာစေလျှင် ဥပုသ်နေ့၌ ဖြစ်တတ်သည်။ ဥပုသ်နေ့၌ လူနာများက ကျန်းမာစေဘို့ မတောင်းတတ်သော်လည်း ခရစ်တော်က ကျန်းမာစေသည်။ အဘယ့်ကြောင့် ထိုသို့ပြုသနည်း။ ခရစ်တော်၌ အကြောင်းရှိသည်။ 

နတ်ဆိုးနှင်ထုတ်ခြင်း 

ကပေရနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည် ချက်ချင်း တရားစရပ်သို့ ဝင်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။ ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒ ပေးတော်မူ ခြင်းကို အလွန် အံ့ဩ ကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်း တူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒ ပေးတော်မူ၏။ ထိုသူတို့၏ တရားစရပ်၌ ညစ်ညူးသော နတ်စွဲသောသူရှိ၍၊ ​‌ဪနာဇရက်မြို့သား ယေရှု၊ ကိုယ်တော်သည် အ​ကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အ​ကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါလာ သလော။ ကိုယ်တော်သည် အဘယ်သူ ဖြစ်သည်ကို အ​ကျွန်ုပ်သိပါ၏။ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်၊ ဟုဟစ်ကြော်လေ၏။ ယေရှုကလည်းတိတ်ဆိတ်စွာနေလော့။ ထိုသူ၏ အထဲကထွက်သွားလော့၊ ဟုဆုံးမတော်မူလျှင်၊ ညစ်ညူးသော နတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသော အသံနှင့် အော်ဟစ်၍ ထွက်သွား၏။ (မာကု ၁:၂၁-၂၆) 

လက်တဖက်သေသူအနာငြိမ်းစေခြင်း 

တရားစရပ်သို့ တဖန် ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက်သေသောသူတယောက် ရှိ၏။ ဥပုသ်နေ့၌ သူ၏ ရောဂါကို ငြိမ်းစေမည်မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကိုရှာ၍ ချောင်းကြည့်ကြ၏။ ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့၊ ဟုလက်တဘက်သေသောသူအား မိန့်တော်မူပြီးမှ၊ ဥပုသ်နေ့၌ ကျေးဇူးပြု အပ်သလော၊ သူ့အကျိုးကို ဖျက်ဆီးအပ် သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထို သူတို့သည် တိတ်ဆိတ်စွာ နေကြ၏။ ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့ စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကို ဆန့်လော့၊ ဟုထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကို ဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိ ဖြစ်လေ၏။ ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရ အံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ခြင်း တိုင်ပင်ကြ၏။ (မာကု ၃:၁-၆) 

၁၈ နှစ်နတ်ဆိုးစွဲသူ

တနေ့သော ဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒ ပေးတော်မူသောအခါ၊ တဆယ်ရှစ်နှစ်ပတ်လုံးနတ်စွဲ၍ ရောဂါနှိပ်စက်ခြင်းကို ခံရသော မိန်းမတယောက် ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်း မဆန့်နိုင်။ ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ ခေါ်၍၊ အချင်း မိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊ သူ့အပေါ်မှာ လက်တော်ကို တင်တော်မူ သဖြင့်၊ သူသည် ချက်ခြင်း တည့်မတ်ခြင်းသို့ ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ထိုသို့ ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကို ငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသော နေ့ရက်​ခြောက်ရက်ရှိ၏။ ထိုနေ့ရက်တွင် လာ၍ အနာရော ဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို၏။ သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှလွှတ်၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည် မဟုတ်လော။ တဆယ်ရှစ်နှစ်ပတ်လုံး စာတန် ချည်နှောင်သော အာဗြဟံ၏ သမီး ဖြစ်သော ဤ မိန်းမကို ဤချည်နှောင်ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသောသူ အပေါင်းတို့သည် ရှက် ကြောက်ခြင်းရှိ၍၊ ပြုတော်မူသော အံ့ဩဘွယ်အမှုများတို့ကို လူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက် ကြ၏။ (လုကာ ၁၃:၁၁-၁ရ) 

၃၈ နှစ် အနာစွဲသူကျန်းမာစေခြင်း 

ထိုနောက်မှ ယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြတော်မူ၏။ ယေရုရှလင်မြို့၌ သိုးတံခါးနားမှာဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒ အမည်ရှိသော ရေကန်ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။ ထိုကနားပြင်တို့၌ မျက်စိကန်း၊ ​ခြေမစွမ်း၊ ကိုယ်ပိန်​ခြောက်သော သူတို့မှစ၍ အနာရောဂါစွဲသောသူများ အပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့်၍ နေကြ၏။ အကြောင်းမူကား၊ အချိန်တန်လျှင် ကောင်းကင်တမန်သည် ရေကန်သို့ ဆင်းသက်၍ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ ရေလှုပ်ရှားသည်နောက်၊ ရှေ့ဦးစွာ ဝင်သောသူသည် မိမိ၌ စွဲသမျှသော အနာရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။ ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံးရောဂါစွဲသောသူတယောက်သည် ရေကန်နားမှာရှိ၏။ ထိုသူသည် တုံးလုံးနေသည်ကို ယေရှု မြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျန်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။ နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အ​ကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အ​ကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အ​ကျွန်ုပ် ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။ ယေရှုကလည်း ထလော့၊ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့၊ ဟုမိန့်တော်မူသည်၊ ခဏခြင်းတွင် ထိုသူသည် ပက တိအဖြစ်သို့ ရောက်၍၊ မိမိအိပ်ရာကို ဆောင်လျက်လှမ်းသွား၏။ (ယော ၅:၁-၉) ထိုအမှုကို ဥပုသ်နေ့၌ ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကို ညှဉ်းဆဲကြ၏။ (ယော ၅:၁၆) 

မျက်စိကမ်းသူမြင်စေခြင်း 

လမ်း၌ သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတယောက်ကို တွေ့မြင်တော်မူ၏။ တပည့်တော်တို့ က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏ အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။ ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ ထင်ရှားစေမည်အကြောင်းတည်း။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အမှုကို နေ့အချိန် ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှ အမှု မပြုနိုင်သောအချိန် တည်းဟူသော ညဉ့်အချိန် လာသေး၏။ ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏ အလင်း ဖြစ်၏၊ ဟုမိန့်တော်မူပြီးလျှင်၊ မြေပေါ်မှာထွေး၍ တံထွေးနှင့်ရွံ့လုပ်ပြီးမှ ကန်းသောသူ၏ မျက်စိကို ရွံ့နှင့်လူး၍၊ သင်သွားလော့။ ရှိလောင် ရေကန်၌ မျက်စိကို ဆေးလော့၊ ဟုမိန့်တော်မူ၏။ ရှိလောင်အနက်ကား စေလွှတ်သည် ဟုဆိုလိုသတည်း။ ထိုသူသည် သွား၍ ဆေးပြီးမှ၊ မျက်စိမြင်လျက် ပြန်လေ။ (ယော ၉:၁ -ရ) 

အဘယ်ကြောင့် ခရစ်တော်သည် ဥပုသ်နေ့တွင် လူနာများကို ကျန်းမာစေသနည်း။ တရားစရပ်မှုး ပြောသလိုကျန်သော ရက်များ၌ မကျန်းမာစေနိုင် သလော။ ဥပုသ်နေ့၌ လူနာများကို ကျန်းမာစေသောကြောင့် ယုဒလူများက အပြစ်တင်ညှင်းဆဲကြသည် မဟုတ်လော။ သူ၌ ထိုသို့ ပြုခြင်းသည် ရည်ရွယ်ချက် ရှိသလော။ 

ဥပုသ်နေ့၌ ခရီးသွားခြင်း 

ထိုကာလ အခါယေရှုသည် ဥပုသ်နေ့၌ ဂျုံ၊ စပါး၊ လယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအ သီးအနှံကို ဆွတ်၍ စားကြ၏။ ဖာရိရှဲတို့သည် မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သော အမှုကို ပြုကြပါသည် တကားဟု လျှောက်ကြသော်၊ ကိုယ်တော်က၊ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊ ဘုရားသခင်၏ အိမ်တော်သို့ ဝင်၍ မိမိမစားအပ်၊ မိမိအဘော်မစားအပ်၊ ယဇ်ပုရောဟိတ်တို့ သာစားအပ်သော ရှေ့တော် မုန့်ကို စားသည် အကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။ ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင် ဥပုသ်နေ့၌ ဥပုသ်ပျက်သော်လည်း အပြစ် မသင့်သည်ကို ပညတ္တိကျမ်း၌ မဘတ်ဘူးသလော။ ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက် သာ၍ကြီး မြတ်သောအရာ ရှိ၏။ ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသော သူတို့ကို အပြစ် မတင်မစီရင်ကြပြီ။ ထိုသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။ (မ ၁၂:၁-၈)

အဘယ်ကြောင့်သခင် ယေရှုခရစ်သည် ဥပုသ်နေ့၌ ခရီးသွားသနည်း။ ခရီး သွားသည်သာမက စပါးအသီးအနှံကို အဘယ်ကြောင့်ဆွတ်၍ စားကြသနည်း။ သူ့ကို အပြစ်တင်ကြသောအခါ ဒါဝိတ်နှင့် အဘော်များ ဘုရား၏ အိမ်တော် အထဲမှ မုန့်ကို စားခြင်းနှင့် ​ခြေပသည်။ ထိုသို့ ​ခြေပခြင်းသည် သင့်လျော်သလော။ သူသည် ဥပုသ်နေ့ကို အစိုးရသည် ဟုဆိုသည်။ သို့ဖြစ်လျှင် ဥပုသ်နေ့၌ သူကြိုက်သလိုနေ ထိုင်ခွင့်ရှိသလော။ ဥပုသ်နေ့၏ အရှင်သည်သာ၍ စောင့်သင့်သည် မဟုတ်လော။ 

ဥပုသ်နေ့ကို ပြည့်စုံစေခြင်း 

သခင်ယေရှုသည် ဥပုသ်နေ့နှင့် ပွဲနေ့များ လဆန်းနေ့များကို ပြည် စုံစေသူ ဖြစ်သည်ဟု ရှင်ပေါလုက ဤသို့ ရေးထားသည်၊ ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်း အမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်။ ထိုအရာတို့သည် နောက် ဖြစ်လတံ့သောအရာ တို့၏ အရိပ် ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။ (ကောလောသဲ ၂:၁၆-၁ရ) သို့ဖြစ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ ပွဲများ လဆန်းနေ့များ၊ ဥပုသ်နေ့များကို ပြည့်စုံစေသနည်း။ သူကိုယ်တိုင်ကလည်း ဤသို့ဆိုသည်၊ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း (မဿဲ ၅:၁ရ)။ မည်ကဲ့သို့ ပြည့်စုံစေသနည်း။ 

ဥပုသ်သည် အနားယူခြင်း 

ဥပုသ်စောင့်ခြင်းသည် အနားယူခြင်း၊ အလုပ်မလုပ်ခြင်း ဖြစ်သည်။ ခရစ်တော်က၊ ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည်နားရသောအခွင့်ပေးမည်။ (မဿဲ ၁၁:၂၈) ဟုဆိုထားသည်။ ဆိုလိုသည်မှာ ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် နားရသော အခွင့်ကိုပေးမည်၊ ဟုဆိုလိုခြင်းဖြစ်သည်။ လူနာများသည် နာနေလျှင် မနားကြချေ။ သခင်ယေရှုနှင့် တွေ့မှသာလျှင်အနာငြိမ်း၍ နားရကြသည်။ ပြသနာ ရှိသောသူ အပေါင်းတို့သည်လည်း မနားရချေ။ ကိုယ့် ပြသနာကို သခင်ယေရှု ထံချထားမှ နားရသော အခွင့်ရှိ ကြသည်။ ထို့ကြောင့် သခင်ယေရှုနှင့် မတွေ့ကိုယ့်ဝန်ကို သခင်ယေရှု ထံမချထားသောသူသည် ဝန်လေးနေ၍ အလုပ်လုပ်သောသူ၊ ဥပုသ်မ စောင့်သောသူ ဖြစ်ကြသည်။ ထို့ကြောင့် သတ္တမနေ့ တည်းဟူသော စနေနေ့တွင် အလုပ်နားသော်လည်း ခရစ်တော်နှင့် မတွေ့ကိုယ့်ကိုယ်ကို သူ့ထံ၌ မအပ်နှံလျှင် အလုပ်လုပ်နေသေးသည်။ ထို့ကြောင့် ဥပုသ်ကျိုးသောသူ ဖြစ်သည်။ ခရစ်တော်သည် ဥပုသ်နေ့၏ အရှင် ဖြစ်သည်။ သူ့ကို မရရှိသောသူ၊ သူ့ကို မကိုးစားသောသူသည် မည်မျှပင်ဥပုသ်နေ့ကို စောင့်နေသော်လည်း၊ ဘုရားအမြင်၌ ဥပုသ်ကျိုးသောသူဖြစ်သည်။ 

ခရစ်တော်သည် ဥပုသ် ဖြစ်ကြောင်းကို လူများ သိစေရန်ဥပုသ်နေ့၌ လူနာများကို အနာပျောက်စေသော်လည်း လူများက နားမလည်နိုင်ချေ။ ဣသရေ လလူများက နားမလည် သကဲ့သို့ ယနေ့ ခရစ်ယာန်များကလည်း နားမလည်ကြချေ။ ဥပုသ်စောင့်ခြင်း ဆိုသည်မှာ ကိုယ်ကိုယ်ကိုသော်၎င်း၊ မိသားစုသော်၎င်း၊ အလုပ်နှင့်ပြသနာသော်၎င်း၊ ခရစ်တော်ကို အားကိုး ပုံချခြင်းဖြစ်သည်။ ထိုသို့ ဆိုသော်အလုပ်မလုပ်ဘဲ ထိုင်နေရမည်ဟု မဆိုလို။ အမှန်မှာ လူတဦးကို အားကိုးခြင်းအားဖြင့် စိတ်မပင်ပန်းတော့ သကဲ့သို့ ခရစ်တော်ကို အားကိုးခြင်းအားဖြင့် ဝန်လေးပင်ပန်းခြင်း မရှိတော့ချေ။ ထိုသို့ဖြစ်လျှင် ခရစ်တော်ကို ဘယ်နှစ်ရက် အားကိုးရမည်နည်း။ နေ့စဉ် ရက်ဆက်အသက်ရှင်သရွေ့အားကိုးရမည်။ ထိုသို့ အားကိုးလျှင် ဥပုသ်စောင့်ခြင်း ဖြစ်သည်။ ထို့ကြောင့် စနေနေ့မှသာ မဟုတ် နေ့တိုင်း ခရစ်တော်ကို အားကိုးခြင်းအားဖြင့် ဥပုသ်စောင့်ရမည်။ ထိုသို့ စောင့်လျှင် ပြသနာကြောင့်သော ကရောက်စရာ မရှိတော့ချေ။ ထို့ကြောင့် ပြသနာကြား၌ အောင်မြင်သော အသက်တာနှင့် အသက်ရှင်နိုင်ပေမည်။ 

တနင်္ဂနွေနေ့ဥပုသ်စောင့်ခြင်းလော

သို့ဖြစ်လျှင် ခရစ်ယာန်များတနင်္ဂနွေနေ့၌ ဘုရားရှိခိုးခြင်းသည် ဥပုသ်စောင့်ခြင်းလော။ မဟုတ်ပါ။ တနင်္ဂနွေနေ့၌ ဘုရားရှိခိုးခြင်းသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနေ့၊ ယုံကြည်သူကိုယ်တိုင်လည်း ခရစ်တော်နှင့် ထမြောက်သောနေ့ဖြစ်၍ ဘုရားကိုချီးမွမ်းခြင်းဖြစ်သည်။ တနင်္ဂနွေနေ့သည် ခရစ်တော်၏ ထမြောက်ခြင်းနေ့ ဟုသာသိနေကြသည်။ ကျမ်းစာက ခရစ်တော်နှင့်အတူ ယုံကြည်သူများလည်း ထမြောက်ကြောင်း ဤသို့ရေးထားသည်၊ ထိုကြောင့် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ အကြောင်းမူကား ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည်နည်းတူ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။ (ရော ၆း၄) တဖန်၊ ယေရှုခရစ်အားဖြင့်၊ ငါတို့ကို ထမြောက်စေ၍၊ ကောင်းကင်အရပ်၌၊ နေရာပေးတော်မူပြီ။ (ဧဖက် ၂း၆)။  ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။(ကောလော ၂း၁၂) ဆက်လက်၍၊ အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည် မှန်လျှင်၊ ဘုရားသခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာအရပ်၌ ရှိသော အထက်အရာတို့ကို ရှာကြလော့။(ကောလော ၃း၁) 

                      တမန်တော်များနှင့် ရှေးဦးခရစ်ယာန်များသည် တနင်္ဂနွေနေ့၌ ဘုရားရှိခိုးတတ်သောကြောင့် ယနေ့ ခရစ်ယာန် များလည်း တနင်္ဂနွေနေ့၌ ဘုရားရှိခိုးခြင်းဖြစ် သည်။ တမန်တော်များနှင့် ရှေးဦး ခရစ်ယာန်များသည် တနင်္ဂနွေနေ့၌ ဘုရားရှိခိုးတတ်ကြောင်း၊ ဤသို့ တွေ့ရသည်၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက် နေလေ၏။ (တမန် ၂၀းရ) တဖန်၊ သန့်ရှင်းသူတို့ အဘို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ၊ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။ ငါရောက်လာသောအခါ လှူဒါန်း၍ စုထား စရာမရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာ တဘို့ကို ထုတ်၍စုထားကြလော့။(၁ ကော ၁၆း၁-၂) တမန်တော်များခေတ်၌ ခုနှစ်ရက်တွင် ပဌမနေ့ရက်တည်းဟူသော တနင်္ဂနွေနေ့၌ ဘုရား ရှိခိုးတတ်ကြောင်းတွေ့ရသည်။                                                                

                   ထို့ကြောင့်၊ ဥပုသ်နေ့ကို စနေနေ့မှ တနင်္ဂနွေနေ့သို့ ရိုမင်ကက်သလိပ်များက ရက်ရွေ့လိုက်သည်၊ ပုပ်ရဟန်းမင်းက ရွှေ့လိုက်သည်၊ ရောမဧကရာဇ်မင်း ကွန်စတဲတင်းကရွှေ့လိုက်သည်၊ နိုင်ဆင်းအသင်းတော်အစည်းအဝေးက ရွှေ့လိုက်သည် ဟူ၍၎င်း၊ ပြောကြခြင်းများသည်မမှန်ပါ။

 
 
 
 
ချိုဆယ်ချောင်းနိုင်ငံများ 

Florina Phunkulh


ပရောဖက် ဒံယေလကနောက်ဆုံးသော ကာလတွင် ချိုဆယ်ချောင်းနိုင်ငံပေါ်ပေါက်မည့် အရာကို ဤသို့ ရေးသားခဲ့သည်၊ ထိုသူကလည်း၊ စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။ ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတံ့သော မင်းကြီးဆယ်ပါးဖြစ်၏။ သူတို့ နောက် အခြားသော မင်းကြီး ပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည် (ဒံယေလ ရး၂၃-၂၄)။ 

ထိုဆယ်နိင်ငံများသည် ၁၉၉၅ ခုနှစ်၌ ပေါ် လာသော ဥရောပအနောက်ပိုင်းယူနီယံ Western European Union or The Brussels Treaty Powers  ဖြစ်သည်။ ထိုဆယ်နိင်ငံများသည် NATO (North Atlantic Treaty Organization)ESifhEuropean Union Member များဖြစ် ကြသည်။ ထိုနိုင်ငံများ၏ သဘောတူ ညီချက် တခုမှာ သူတို့ အထဲကနိုင်ငံတနိုင်ငံကို အခြားနိုင်ငံကတိုက်ခိုက်ပါက သူတို့ အဖွဲ့ဝင်နိုင်ငံအားကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ယူဆမည် ဖြစ်သည်။ ထိုဆယ်နိုင်ငံများမှာ၊ Belgium, France, Germany, Greece, Italy, Luxemburg, Netherlands, Portugal, Spain, United Kingdom တို့ ဖြစ်သည်။ ထိုဆယ်နိင်ငံအပြင် Associate member အရံ နိုင်ငံများလည်းရှိသည်။ ထိုနိုင်ငံများမှာ Czech Republic, Norway, Hungary, Poland, Iceland, Turkey နိုင်ငံတို့ ဖြစ်သည်။ ထို့အပြင် လေ့လာသူနိုင်ငံများလည်းရှိသည်။ ထိုနိုင်ငံများမှာ Austria, Ireland, Denmark, Sweden, Finland  နိုင်ငံတို့ ဖြစ်သည်။ ထို့အပြင် Associate Partner နိုင်ငံများလည်းရှိသေးသည်။ ထိုနိုင်ငံများမှာ Bulgaria, Romania, Estonia, Slovakia, Latvia, Slovenia, Lithuania နိုင်ငံတို့ ဖြစ်သည်။ 

ထိုသို့ နိုင်ငံပေါင်း များစွာ ရှိသော်လည်း ပဌမဦးဆုံး ပါဝင်သော ဆယ်နိုင်ငံများသာလျှင် တင်းပြည့်အဖွဲ့ဝင်နိုင်ငံများ ဖြစ်၍ မဲထည့်နိုင်သည်။ ဆိုလိုသည်မှာ ထိုဆယ်နိုင်ငံများသာလျှင် အာဏာရှိသည် ဟူ၍ ဖြစ်သည်။ ပရောဖက် ဒံယေလ ဟောထား သကဲ့သို့ ထိုဆယ်နိုင်ငံများ မှမင်းကြီး ဆယ်ပါးသည် ပေါ်လာနိုင်သည်။ ထိုမင်းကြီးများနောက်တွင် မင်းကြီး တပါးပေါ်လာလိမ့်မည်။ ထိုမင်းကြီး ကအရင်မင်းကြီး သုံးပါးကို ဖယ်ရှားခြင်းအားဖြင့် သူ၏ အာဏာကို တည်မြဲစေမည် ဖြစ်သည်။ ထိုမင်းကြီးသည် ဘေးဒဏ်ကြီး ကာလတွင် တကမ္ဘာလုံးကို အုပ်စိုးမည့် ကမ္ဘာ့ခေါင်းဆောင်ကြီး အန္တိခရစ် (သို့) ဗျာဒိတ်ကျမ်းထဲ၌ ရေးထားသော ပဌမသားရဲပင်ဖြစ်သည်။ 
(Fulfilled Prophecy ထဲကကောက်နှုတ်ထားပါသည်။)


 
 
 
 အသင်းတော် 

၁။ အသင်းတော်ဆိုသည်မှာ အဘယ်အရာနည်း 

အသင်းတော် ဆိုသည်မှာ ဂရိတ်စကားလုံး အက်ကလေးရှား (Ecclesia) မှဖြစ်ပေါ်လာသည်။ အဓိပ္ပါယ်မှာသီးသန့်ခေါ်ထား သူများဖြစ်သည်။ အသင်းတော်သည် ဤလောကသားများအထဲမှသီးသန့်ခေါ်ထားသောသူများ ဖြစ်သည်။ (၁ ပေ ၂:၉) 
 
၂။ အသင်းတော်ကို မည်သူကတည်ထောင်မည် ဟုဆိုသနည်း 

သခင်ယေရှုက ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက် ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။ (မဿဲ ၁၆:၁၈) ဟုဆိုခဲ့သည်။ ထို့ကြောင့် အသင်းတော်ကို ခရစ်တော်က တည်ထောင်သည်။ 
 
၃။ အသင်းတော်ကို မည်သူကပိုင်သနည်း

ခရစ်တော် ကငါ့အသင်းကို ငါတည်ထောင်မည် ဟုဆိုသောကြောင့် အ သင်းတော်သည် ခရစ်တော်က ယပိုင်ဆိုင်သည်။ လူတဦးတယောက်၊ လူအစုအ ဝေး၊ လူမျိုးတမျိုးကပိုင်သည် မဟုတ်။ ယုံကြည်သူများကလည်း မပိုင်။ ယုံကြည်သူများသည် အသင်းတော်၌ ပါဝင်သောသူများ ဖြစ်သည်။ 

၄။ အသင်းတော်ကို မည်သည့်အချိန်၌ စတင်တည်ထောင်သနည်း

ခရစ်တော် ကငါ့အသင်းကို ငါတည်ဆောက်မည် ဟုဆိုသောကြောင့် ထိုအချိန်၌ အသင်းတော် မရှိသေးကြောင်း ထင်ရှားသည်။ အသင်းတော်သည် ပင်တေကုတ္တေနေ့၌ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်လာမှစတင်သည် (တမန် ၂)။ 
 
၅။ အသင်းတော်သည် မည်သည့်အရာပေါ်၌ တည်ထောင်သနည်း 

သခင်ယေရှုက၊ ငါဆိုသည်ကား၊ သင်သည် ပေတရု ဖြစ်၏။ ဤကျောက် ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။ (မဿဲ ၁၆:၁၈) ဟုဆိုခဲ့သည်။ ဤနေရာ၌ ပေတရု (Petros)သည် ကျောက်ခဲလေးကို ဆိုလို၍ ဤကျောက် (Petra)သည် ကျောက်တုံးကြီးကို ဆိုလိုသည်။ ထိုကျောက်တုံးကြီးသည် ခရစ်တော်က သူ့ကိုယ်သူဆိုလိုခြင်း ဖြစ်သည်။ ကျမ်းစာ၌ ခရစ်တော်သည် ကျောက်ဖြစ်ကြောင်းကို အောက်ပါကျမ်းပိုဒ်များ၌ တွေ့ရသည်။ ကျမ်းစာ၌ လာသည်ကား၊ ထိမိ၍ လဲစရာ ကျောက်မှားယွင်းစရာ ကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်း မရှိနိုင်ရာဟု လာသည်နှင့် အညီ၊ ထိုကျောက်ကို ဣသရေလ လူတို့သည် ထိမိ၍ လဲကြ၏။ (ရော ၉:၃၃) တဖန် ထို သူတို့ နောက်၌ လိုက်သော ဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော် ဖြစ်သတည်း။ (၁ ကော ၁၀:၄) အသင်းတော်သည် ခရစ်တော်တည်းဟူသော ကျောက် အပေါ်၌ တည်ထောင်သည် (မဿဲ ၁၆:၁၈၊ ၁ ကော ၃:၁၁)။ 

ယနေ့ များစွာသော အသင်းတော်များသည် ခရစ်တော်တည်းဟူသော ကျောက်အပေါ်၌ မတည်ထောင်ဘဲ ချက်ခြင်း ပြိုလဲပျက်စီးမည့် သဲအပေါ်၌ တည်ထောင်ကြသည်။ ခရစ်တော် အပေါ်၌ တည်ထောင်ခြင်း ဆိုသည်မှာ ခရစ်တော်ကို ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ် လက်ခံ၍ ခရစ်တော်၏ သွန်သင်ချက်အပေါ် ယုံကြည်ခြင်း တည်ဆောက်ခြင်းကို ဆိုလိုသည်။ သဲအပေါ်၌ တည်ထောင်သော အသင်းတော်များမှာလူမှု ရေးအတွက် (လူမှုရေးအကူအညီပေးဘို့နှင့် ရရှိဘို့၊ သာရေးနာရေး၌ ကြည့်ရှုဘို့)၊ လူမျိုးရေး (မိမိလူမျိုးနှင့်စကား ထိန်းသိမ်းဘို့) ဘာသာရေး (မိမိ ဂိုဏ်းဂဏနှင့် အစဉ်အလာ၊ လုပ်ရိုးလုပ်စဉ်များ ခင်တွယ်အရိုးစွဲ သောကြောင့် ထိန်းသိမ်းဘို့များဖြစ် ကြသည်။ ထိုကဲ့သို့သော အသင်းတော်များ၌ ကယ်တင်ခြင်းသည် အဓိက မဟုတ်၊ ခရစ်တော် ကြွလာမည့် အရာကို မသိ၊ ကြိုလည်း မကြိုဆို၊ ခရစ်တော် ခိုင်းသော ဧဝံဂေလိတရားလည်း မဟောကြချေ။ ထို့ထက် မိမိတို့ ကြိုက်နှစ်သက်သော အစီအစဉ်များ ဖြစ်သည့်၊ ရံပုံငွေရှာခြင်း၊ သီချင်းဆိုခြင်း၊ စားသောက်ဖွယ်ရာများ ကျွေးမွေးရောင်းချခြင်း၊ ပြဇာတ်များ ပြခြင်း၊ ပျော် ပွဲစားထွက်ခြင်း၊ မိဿဟာရဖွဲ့ခြင်းများကို ပို၍ ဦးစားပေး ကြသည်။ ဝိညာဉ်ရေးရာထက် ကိုယ်ကာယပိုင်းဆိုင်ရာများကို လုပ်ဆောင် ကြသည်။ ဝိညာဉ်ရေးရာကို နားမလည်နိင်။ 
 
၆။ အသင်းတော်၌ မည်သူများ ပါဝင်သနည်း 

အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်သည်။ ကျမ်းစာက ခရစ်တော်သည် အသင်းတော် တည်းဟူသော ကိုယ်၏ ဦးခေါင်းတော် ဖြစ်တော်မူ၏၊ ဟုဆိုထားပါသည် (ကောလောသဲ ၁:၁၈) ယုံကြည်သူများသည် ခရစ်တော်၏ ကိုယ်ဖြစ်ကြ၏။ အသီးအသီး အင်္ဂါတော် ဖြစ်ကြ၏။ (၁ ကော ၁၂:၂ရ)။ ထို့ကြောင့် ခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံသောသူများ၊ ဒုတိယအကြိမ် ဝိ ညာဉ်တော်အားဖြင့် မွေးဖွားသောသူများ ပါဝင်သည်။ သို့သော် ဒုတိယအကြိမ် မမွေးဖွားသောသူများလည်း ပါဝင်နေကြသည်။ ထိုသူများသည် ခရစ်တော်၏ ကိုယ်ခန္ဓာ၌ မပါဝင်ချေ။ 
 
ရ။ အသင်းတော်သည် မည်သူ၏ အလိုအတိုင်း သွားသင့်သနည်း။ 

အသင်းတော်သည် ခရစ်တော် အပိုင် ဖြစ်သောကြောင့် ခရစ်တော်၏ အလိုတော်အတိုင်း သွားသင့်သည်။ သိုသော်ယနေ့ များစွာသော အသင်းတော် များသည် ခရစ်တော် အလိုတော်အတိုင်း မသွားမိမိတို့ အလိုအတိုင်း ဦးဆောင် ကြသည်။ ထို့ကြောင့် အချို့သော အသင်းတော်များပြသနာ တွေ့ ကြသည်။ အချို့သော အသင်းတော်များစည်းလုံးညီညွတ်စွာ နေကြသည်။ သို့သော် ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော် စိုက်တော်မမူသော အပင်ရှိသမျှတို့ကို နှုတ်ရလိမ့်မည်။ (မဿဲ ၁၅:၁၃) ဟုဆိုသည်။ 
 
၈။ အသင်းတော်၏ တာဝန်သည် မည်သည့်အရာဖြစ်သနည်း

ခရစ်တော်က အသင်းတော် တည်ထောင်ခြင်းသည် သူ၏ ကယ်တင်ခြင်း ဧဝံဂေလိ တရားဟောပြောဘို့ရန် ဖြစ်သည်။ ကောင်းကင်ဘုံသို့ မတက်ကြွမှီ ဤသို့ မှာထားသည် သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့် အတူအစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ (မဿဲ ၂၈:၁၉-၂၀) တဖန် သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်း တိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ (တ ၁:၈) သို့သော် ယ နေ့ အသင်းတော် အများစုသည် ထိုမဟာအမှုတော် မြတ်အတွက် မပါဝင်ကြ။ ပါဝင် လျှင်လည်း သဘော တရားမျှသာ ဖြစ်၍ ထိရောက်မှု မရှိ။ ခရစ်တော်၏ အသင်းတော် မှန်လျှင် ခရစ်တော် တည်းဟူသော ခေါင်း၏ အလိုတော်ကို ပဌမ ဦးစားပေး ဆောင်ရွက်ရမည်။ မိတ်ဆွေ၏ အသင်းတော်သည် ခရစ်တော်၏ အလိုကို ဆောင်သလော။ 
 
၉။ ပဌမဦးဆုံးသော အသင်းသားများသည် မည်မျှရှိခဲ့ကြသနည်း 

ပဌမဦးဆုံး အသင်းတော်၌ ယုံကြည်သူ ၁၂၀ သာရှိခဲ့သည် (တမန် ၁:၁၅)။ ပင်တေကုတ္တေနေ့၌ ယုံကြည်သူ ၃၀၀၀ ထပ်တိုးလာသည် (တမန် ၂:၄၁)။ မကြာမှီ ယုံကြည်သူများသည် ၅၀၀၀ ဖြစ်လာသည် (တမန် ၄:၄)။ 
 
၁၀။ ပဌမဦးဆုံး အသင်းတော်သည် ဘာလုပ်ကြသနည်း

ထို သူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကို ဖဲ့ခြင်း၊ ပဌနာ ပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏၊ လူအပေါင်းတို့သည် ကြောက်လန့်ခြင်းရှိသည် ဖြစ်၍ တမန်တော်တို့သည် များစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။ ယုံကြည် သောသူ အပေါင်းတို့သည် တစုတဝေးတည်း နေသဖြင့်၊ မိမိတို့၌ ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။ မိမိတို့ ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများဆင်းရဲသည် အတိုင်း အသီးသီးတို့အား ဝေငှခြင်းကို ပြုကြ၏။ ထို သူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်း အစဉ်တညီတညွတ်တည်း နေ၍၊ ကိုယ်အိမ်၌ မုန့်ကို ဖဲ့လျက် ကြည်ဖြူရွှင်လန်းဝမ်း မြောက်သော စိတ်နှင့် အစာအာဟာရကို သုံးဆောင်ကြ၏။ ဘုရားသခင်ကိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကို ရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သော သူတို့ ကိုလည်း နေ့စဉ် မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။ (တမန် ၂:၄၂-၄ရ) 
 
၁၁။ အသင်းတော်သည် သခင်ဘုရား ခိုင်းသောအရာကို ဆောင်ရွက်ကြပါ သလော 

အစဦးဆုံးသော အသင်းတော်သည် တစုတဝေးတည်း နေ၍ အတူတကွ တလုံးတဝ တည်းနေခြင်းကိုသာ နှစ်သက်ကြသည်။ သခင်ယေရှု ခိုင်းသော ဧဝံဂေလိတရားကို မဟောကြချေ။ တမန်တော်ကြီး များလည်း အလုပ်ရှုပ် နေကြသော်လည်း အပြင်သို့ မထွက်ကြ။ ယုံကြည်သူများလည်း အပြင်သို့ မထွက်သောကြောင့် အစာဝေခြင်း၌ ပြသနာ တွေ့ ကြသည်။ ထို့ကြောင့် အသင်းတော် လူကြီး ခုနှစ်ယောက်ကို ရွေးကြသည် (တမန် ၆:၁-၆)။ 
 
၁၂။ ဘုရားသခင်က အသင်းတော်ကို မည်ကဲ့သို့ အပြင်သို့ နှင်ထုတ်သနည်း

အသင်းတော်သည် သခင်ခိုင်းသော အမှုကို မဆောင်ရွက်သောကြောင့် နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် လူစုကွဲကာအရပ်ရပ်သို့ နှင်ထုတ်လိုက်သည်။ ကျမ်းစာက ထိုအခါ ယေရုရှလင်မြို့၌ ရှိသော အသင်းတော်သည် ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရသဖြင့် တမန်တော်တို့ မှတပါးသင်းဝင်သူ အပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည် အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြားကြ၏။ (တမန် ၈:၁) 

၁၃။ နှိပ်စက်ညှဉ်းဆဲသောအခါ တမန်တော်များမည်သို့ နေကြသနည်း

နှိပ်စက်ညှဉ်းဆဲခြင်း ကျရောက်သော်လည်း တမန်တော်ကြီးများသည် အပြင်သို့ မထွက်ဘဲ ယေရုရှလင်မြို့၌ အသက် စွန့်ကာနေနေကြသည်။ သူတို့အနေဖြင့် အမာခံဟု ယူဆကာအသေခံ၊ ဒုက္ခခံ၍ တောင့်ခံကြခြင်း ဖြစ်ပေလိမ့်မည်။ ထိုအချိန်တိုင်အောင် သူတို့သခင်၏ အလိုတော်ကို နားမလည် ကြသေး။ ထို့ကြောင့် မလိုအပ်ဘဲ ယေရုရှလင်မြို့၌ ကပ်နေကြသည်။ 
(နောက်လဆက်ရန်)

 

ဧဝံဂေလိ ခရီး စဉ်
ဆရာမောဇက်ထောင်ကျုံး

 စက်တင်ဘာလ ၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျနော်တို့ လင်မယား ဟာ ဒုတိယအကြိမ် ဒင်မတ်ခရီး စဉ်ကို ပြုခဲ့ကြပါတယ်။ ဒင်မတ်နိင်ငံတွင် မြန်မာပြည်သားများ၊ အထူးသဖြင့် ချင်းလူမျိုးများ၉၀၀ ကျော်နေထိုင်ကြပါတယ်။ ပဌမ ဦးစွာ Fano ​ကျွန်း ကလေးမှာရောက်ရှိသွားကြတယ်။ ထို​ကျွန်းမှာ ၂ ညသင်တန်းပေးခဲ့ရတယ်။ နှုတ်ကပတ်တော် အရမ်းဆာငတ်တဲ့အတွက် သင်ပေးရတာ အလွန် ပဲ အားရစရာ ကောင်းပါ တယ်။ အဲဒီ​ကျွန်း Uae Ribe မှာနှစ်ရက်နှင့် နှစ်ညကျမ်းစာ သင်ပေးခဲ့တယ်။ တခြားမြို့ ရွာလူကများ လဲလာကြတယ်။ စနေနေ့နဲ့တနင်္နွေနေ့တွေ ဖြစ်တဲ့အတွက် အချိန်များများ သင်ပေးနိင်ခဲ့တယ်။ အချိန်လည်း အတိတကျနဲ့စနိင်တယ်။ နှုတ်ကပတ်တော် အရမ်းဆာ ငတ်ကြတယ်။ တနလ်ာနေ့မှာတော့ Verde မြို့ကလေးသို့ ရောက်သွားကြတယ်။ အဲ ဒီမှာတော့နေ့ခင်းပိုင်းမှာအနားယူပြီး ညပိုင်းမှဘဲ သင်နိင်ကြတယ်။ နှစ်ညသင်ပေးတာတညကို လူ၁၅ယောက်လောက်သင်နိင်ကြတယ်။ ညနေ ၆ နာရီ ကနေ ၉ နာရီ အထိ မနား တန်းသင်ပေးတာ နားထောင် နိင်ကြတယ်။ အဲဒီကနေ Esbjerg (pronounce as Esbia) မြို့သို့ သွားရောက်ပြီး နှစ်ရက်နဲ့နှစ်ညသင်ပေးတယ်။ နေ့ခင်းပိုင်းမှာ ၁၀ယောက်လောက် ညပိုင်းမှာအယောက် ၂၀လောက်တက်နိင်ကြတယ်။ နောက်တနေ့မှာတော့ Agerbaek  မြို့ကလေးမှာ ခလေး အတွက် ကျေးဇူးတော် ချီးမွမ်းပွဲရှိလို့းပေးလိုက်ရတယ်။ပြီး တဲ့အခါမှာ ကျမ်းစာ သင်တန်းကို နှစ်နာရီလောက်ပေးလိုက်ရတယ်။ 

အဲဒီကနေ Olgod (pronounce as Olgo)  မြို့ငယ်ကလေးမှာပြောင်းရွှေ့ကြတယ်။ အဲဒီမြို့မှာတော့ဘုရားကျောင်းကို အသုံးပြုခွင့် ရကြတယ်။ အရင်သင်ခဲ့ပြီး တဲ့လူများရောမသင်သေးတဲ့လူတွေပါရောက်လာကြတယ်။ စနေနေ့မှာတော့မနက် ပိုင်းညနေပိုင်းနဲ့ညပိုင်းအထိ သင်တန်း ပြုလုပ် ကြတယ်။ လူပေါင်း၈၅ယောက်လောက်လာ နားထောင် ကြတယ်။ ခလေး တွေကို ဆရာမဟန္နကသင်ပေးတယ်။ အိမ်ရှင်တွေက တော့ခုနှစ်အိမ်ဘဲ ရှိတယ်။ ဧည့်သည် တွေကများ လွန်းတော့တချို့အိပ်မဲ့နေရာမရှိလို့နီး တဲ့မြို့ရွာတွေကလူတွေဆိုရင်ပြန်သွားကြတယ်။ တနင်္နွေနေ့လဲဘဲ မနက်ပိုင်းနဲ့ညနေ ပိုင်း၅ နာရီ ထိသင်တန်း ပြုလုပ် ကြတယ်။ 

တနင်္နွေနေ့ညမှာတော့နာရီ ဝက်လောက်မောင်းရတဲ့ Skjern မြို့ငယ်လေးသို့ သွားခဲ့ကြတယ်။ ရောက်တဲ့ညမှာဘဲ အခြားနေရာတွေမှာသင်တန်းမတက်ဘူးတဲ့လူ တွေအယောက် ၂၀ ခန့်သင်တန်းပေးလိုက်တယ်။ နောက်တနေ့မနက် ၉ နာရီ ကနေ ၁၁ နာရီ အထိ အလုပ်မသွားခင်လေးမှာလဲလူအယောက် ၁၀ယောက်လောက်လာပြီး တရားနာကြသေးတယ်။ Skjern မြို့ ကနေ Olgod မြို့ကို ပြန်သွားပြီး တညနဲ့ တမနက်သင်ကြားပေးတဲ့နောက်နောက်ဆုံးနားရတဲ့ Agerbae  မြို့ငယ်လေးမှာနှစ်ည သင်တန်းပေးပြီး တဲ့နောက် ၂၄ ရက် နေ့မှာအိမ်ပြန်ရတယ်။ အားလုံး ခြုံကြည့်လိုက် ရင်ကျနော်တို့ ရဲ့ခရီး စဉ်ဟာ ယုံကြည်သူများရဲ့ ဆုတောင်း ပေးမှုကြောင့်ဘဲ အလွန် အောင်မြင် တယ်လို့ဆိုနိင်ပါတယ်။ သူတို့မှာ အသင်းတော် ကိစ္စနဲ့ ပြသနာ တွေလဲရှိကြတယ်။ အသင်းတော် ဆိုတာ ခရစ်တော် အပိုင် ဖြစ်တဲ့အတွက် သူရဲ့အလိုတော်အတိုင်း သွားဘို့ လိုတဲ့အကြောင်း တွေကို လဲ ဖေါ်ပြပေးတဲ့အခါ အလွန်ဘဲ ဝန်ခံကြပါတယ်။ 

နေရာတိုင်း မှာစပါးတွေဟာဝင်းဝင်းမှည့်နေပြီ။ ရိပ်သိမ်းမဲ့လူ များစွာ လိုအပ်တယ်။ ဘုရားသခင် ရဲ့အမှုတော် မြတ်ကြီး ထဲမှာအမှု ဆောင်မဲ့ သူ များစွာ ဘုရားသခင်က ပို့ဆောင်ဘို့ ဆုတောင်း ကြစို့။ ဒီဇဘ်ာလ ၁၉မှ ၃၁ ရက်နေ့အထိ ပြုလုပ် မဲ့ပျောက်ဆုံးဝိ ညာဉ်များ ဖမ်းနည်းသင်တန်းကို လဲ ဘုရားသခင်က ကောင်းကြီး ပေးလမ်းပြပို့ဆောင်ဘို့ ဆုတောင်းခြင်းအားဖြင့် ပါဝင်ဘို့ ဘိတ်ခေါ်လိုပါတယ်။ အယောက်တိုင်း အပေါ်ဘုရားသခင်ကောင်းကြီး ပေးပါစေ။ 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG