
မာတိကာ
ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်း
(ယခင်လမှအဆက်)
၆၆၆ အန္တီခရစ်၏ တံဆိပ်
ဘေးဒဏ်ကြီး ကာလ၌ ခက်ခဲမှု အမျိုးစုံရှိသည်တွင် တခုသော ခက်ခဲခြင်းသည် လူတိုင်းကို အန္တီခရစ်၏ တံဆိပ်ခပ်ခြင်း ဖြစ်သည်။ ထိုတံဆိပ်မခပ်သောသူသည် ရောင်းဝယ်၍ ရမည် မဟုတ်။ ထို့ကြောင့် အငတ်ခံသေဘို့ သာလျှင် ရှိသည်။ ထိုအကြောင်းကို ကျမ်းစာ၌ ဤသို့ တွေ့ရသည်။ အခြားသောသားရဲတ ကောင်သည်၊ သိုးသား ငယ်၏ ချိုနှင့် တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီး ထဲကထွက်သည်ကို ငါမြင်၏။ ထိုသားရဲသည် သူ့အရင် ဖြစ်သော ပဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဌမသားရဲကို မြေကြီး မှစ၍ မြေကြီးသားတို့ သည်ကိုးကွယ်စေခြင်းငှါ ပြု၏။
ကြီးစွာသော နိမိတ်လက္ခဏာတို့ ကိုလည်း ပြ၏။ လူတို့ မျက်မှောက်၌ ကောင်းကင်ကမြေကြီး အပေါ်သို့ မီးကို ဆင်းစေ၏။ ပထမသားရဲရှေ့၌ ပြပိုင်သော နိမိတ် လQဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား၏။ ထားနှင့် ခုတ်သော ဒဏ် ချက်ကို ခံရ၍ အသက်ရှင် သေးသောသားရဲ၏ ရုတ်တုကို လုပ်စေခြင်းငှါ မြေကြီးသားတို့ကို မှာထား၏။သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည်အကြောင်း နှင့်၊ မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်း ရ၏။ ငွေရတတ်သောသူ၊ ဆင်းရဲ သောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှတို့သည် လက်ျာ လက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ ၊ ထိုတံဆိပ် လက်မှတ်တည်း ဟူသောသားရဲ၏ နာမ ဖြစ်စေ၊ နာမ၏ အရေအတွက် ဖြစ်စေ၊ တ ခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ စီရင်၏။ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည်သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက် ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ်၏။ (ဗျာ ၁၃:၁၁-၁၈)
အထက်ပါ ကျမ်းပိုဒ်များ၌ ပဌမသားရဲသည် နိုင်ငံရေးခေါင်းဆောင် ဖြစ်၍ အန္တီခရစ် ဖြစ်သည်။ နောက်ထပ်ပေါ်လာသော ဒုတိယသားရဲသည် ဘာသာ ရေးခေါင်းဆောင် ဖြစ်၍ မှားယွင်းသော ပရောဖက် ဖြစ်သည်။ သူတို့ နှစ်ယောက်သည် တယောက်နှင့် တယောက် အထောက်အကူ ပြု ကြသည်။ ပဌမသားရဲကို ကမ္ဘာသူကမ္ဘာသားများကကိုးကွယ်ဘို့ရန် ဒုတိယသားရဲကစီစဉ်သည်။ ပဌမသားရဲ၏ ရုပ်တုကို ပြုလုပ်၍ အသက် သွင်းပေးနိုင်မည်။ ကြီးစွာသော နိမိတ် လက္ခဏာများကိုလည်း ပြသဖြင့် လူများကို လှည့်ဖြားမည်။
တကမ္ဘာလုံးရှိလူတိုင်းကိုသားရဲ၏ တံဆိပ် တည်းဟူသော ၆၆၆ကို လက်ျာ လက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေတံဆိပ်ခပ်စေမည်။ ထိုတံဆိပ်မခပ်သောသူသည် ရောင်းဝယ်၍ မရသောကြောင့် အစာငတ်သေဘို့ ရှိလိမ့်မည်။ သို့သော် ထိုတံဆိပ် ခပ်သော သူတို့သည် ကယ်တင်ခြင်းသို့ ရောက်နိုင်တော့မည် မဟုတ်။ ဘုရားသခင်၏ အမျက်ဒေါသကို ခံဘို့ ရှိကြောင်း ဤသို့ တွေ့ရသည်၊ အကြင်သူသည်သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်၍၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ ရှေ့၊ သိုးသငယ် ရှေ့တွင် ကန့်နှင့် ရောသော မီးထဲမှာပင်းစွာသော ည ဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုည ဉ်းဆဲခြင်း၏ မီးခိုးသည် ကြာအဆက်ဆက်တက်လျက် ရှိ၏။သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်၍၊ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသော သူတို့သည် နေ့ညဉ့်မပြတ် သက်သာမရကြဟု လိုက်၍ ကြီးသော အသံနှင့် ပြောဆို၏။ (ဗျာ ၁၄:၉-၁၁)
ထိုတံဆိပ်လက်မှတ်သည် ယခုတီထွင်ထားပြီး ဖြစ်၍ အဆင်သင့်အသုံး ပြုနိင်ပြီ။ ထိုတံဆိပ်ကို မိုင်ခရုချိပ် (microchip) ဟူ၍ ၊ Radio Frequency Identification(RFI) ဟူ၍ ခေါ်သည်။ ထိုအရာသည် ဆန်စေ့တစေ့လောက် သာရှိ၍ ဆေးထိုးအပ်ဖြင့် အရည်ပြားထဲ၌ ထည့်နိင်မည် ဖြစ်သည်။ ထိုအထဲ၌ မှတ် ပုံတင် နံပါတ်၊ credit card နံပါတ်၊ ကား မောင်းလိုင်စင်မှစ၍ လိုအပ်သော အရာများ ပါ ဝင်မည် ဖြစ်သည်။ ထိုတံဆိပ်ခပ်သောသူသည် ပိုက်ဆံအိပ်ပါစရာ လိုတော့မည်မဟုတ်။ အကြောင်းမူကား ထိုတံဆိပ်ထဲ၌ လိုအပ်သမျှ ပါဝင်သဖြင့် သွားလေရာရာ၌ အဆင်ပြေစွာ အသုံးပြုနိင်ပေမည်။
ယခုကား မောင်းသောအခါ ရဲကဖမ်းလျှင် ကား မောင်းလိုင်စင်၊ ကား မှတ် ပုံတင်များ တောင်းတတ်သည်။ ထိုအချိန်တွင် မူထိုအရာများကို မတောင်းတော့ဘဲ ရဲကသင်၏ လက်ျာလက်ပြပါ ဟုဆိုကာ ကွန်ပြူတာစကင်နာလေးဖြင့် သင်၏ လက် သို့မဟုတ် နှဖူးကို စကင် (scan) လိုက်လျှင် ရဲကား ထဲမှာရှိသော ကွန်ပြူတာ ထဲ၌ သင်၏ အကြောင်း အရာများ အကုန်ပေါ်မည် ဖြစ်သည်။
ထိုmicrochipသည် ငွေအစားလည်း အသုံးပြုမည် ဖြစ်သည်။ ငွေစက္ကူ အစားချက် check အသုံးပြုခဲ့ ကြသည်။ နောက်ပိုင်း check အစားcredit card ကို အသုံးပြုလာသည်။ ယခုအမေရိကန်ပြည် ထောင်စုတွင် ငွေစက္ကူ အသုံးပြုခြင်းသည် ရောင်းဝယ်မှု အားလုံး ၏ ၄ ရာခိုင်နှုန်းသာလျှင် ရှိသည်။ ၉၆ ရာခိုင် နှုန်းသည် credit card သော် ၊ စာရွက်အားဖြင့်သော် ၊ ရောင်းဝယ် နေကြသည်။ ဘေးဒဏ်ကြီး ကာလတွင် ငွေစက္ကူ၊ check ယ ဃမနိငအ ခမေိများအစား microchip များကိုသာ အသုံးပြုလာတော့မည် ဖြစ်သည်။ အဘယ်သို့ နည်းဟူ မူကား၊ အလုပ်လုပ်၍ ရသော လုပ်အား ခကို သင်၏ ဘဏ်စာရင်း၌ သွင်းပေးမည်။ သင်သည် ပစ္စည်းဝယ်သောအခါ ငွေမချေတော့ဘဲ သင်၏ လက် သို့မဟုတ် နှဖူးကို ခသာစကအနမ ျခေညညနမနှင့် ျခေည လိုက်လျှင် သင်၏ ဘဏ်၌ ငွေချေပြီးသား ဖြစ်မည်။ အလွန် အစဉ်ပြေမည် ဖြစ်သည်။ ငွေခိုး၍လည်း မရတော့ချေ။ ငွေအတုလည်း မရှိနိုင်၊ ငွေပျောက်သွားခြင်း၊ ငွေရေတွက်မှားခြင်း များလည်း မရှိနိင်တော့ချေ။ ငွေသယ်ခြင်း ပြသနာလည်း မရှိတော့ချေ။ ထိုစံနစ် အသုံးပြုဘို့ရန် စက်ကရိယာများတီထွင်ထားပြီး ဖြစ်သောကြောင့် ခရစ်တော်က အသင်းတော်ကို ချီဆောင် ဘို့ရန် အလွန် နီးနေပြီ။
ထို microchipအားဖြင့် လူများရှိသော နေရာလည်းအချိန်မရွေး လိုက် လံရှာဖွေ နိင်တော့မည် ဖြစ်သည်။ လူဆိုးများလည်း ပုန်းကွယ်၍ မရ၊ သူတို့ ရှိသော နေရာများကို သိရှိနေမည် ဖြစ်သည်။ သို့သော် သင်၏ လွတ်လပ်မှုလည်းရှိတော့မည် မဟုတ်။
ထို microchipသည် ၆၆၆နှင့် မည်သို့ ဆိုင်သနည်း။ ၆ သုံးလုံးသည် ဂဏန်း၁၈ လုံးကို ဆိုလိုခြင်း ဖြစ်သည်။ ထိုအရာသိရှိ နားလည်နိင် ရန်မှာအမေရိကန်တယ်လီဖုန်းနံပါတ်များသည် ဂဏန်း၁၀ လုံးရှိ၍ အုပ်စုသုံး စုဖြင့် ခွဲထားသည်။ ပဌမ အစု၌ သုံးလုံး၊ ဒုတိယအစု၌ သုံးလုံး၊ နောက်ဆုံး၌ လေး လုံး၊ စုစုပေါင်း၁၀ လုံးရှိသည်။ ဥပမာ၊ ကျွန်ပ်အိမ်ဖုန်းနံပါတ်သည် ၃၀၁-၆၆၃ -ဝ ၁၆၈ ဖြစ်သည်။ ထိုအရာကို ၃၃၄ ဟုဆိုနိင်သည်။ credit card နံပါတ် များလည်း ဂဏန်း၁၆ လုံး ဖြစ်သည်။ ထို၁၆ လုံးကို လေးအုပ်စုနှင့် ခွဲထားသည်။ ဥပမာ ၂၄၃၃-၅၉၆၈-၃၉၄၅ -ဝ ၉၈၃သည် ၄၄၄၄ ဟုဆိုနိင်သည်။ ထို့ကြောင့် ဥပမာ ၉၀၈၇၉၈-၃၄၅၂၁၂-၃၉၄၈၅၈သည် ၆၆၆ ဟုဆိုနိုင်သည်။
ထို microchipများကို ဆေးရုံများ၌လည်း အသုံးပြုမည် ဖြစ်သည်။ ယခုလူ နာတယောက် ဆေးရုံးရောက်သောအခါ မှတ်ပုံတင်ဘို့ရန် လိုအပ်သည်။ လူနာ၏ အကြောင်း အရာများကို စာရေးများ ကမေးမြန်းနေရသည်။ သို့သော် microchip အသုံးပြုသောအခါ လူနာကို မှတ်ပုံတင်စရာ လိုတော့မည် မဟုတ်။ သူ့လက်၌ သို့မဟုတ် သူ့နှဖူး၌ ရှိသော microchipကို ျခေညညနမနှင့် ျခေည လိုက်သည်နှင့် တပြိုင် နက်ကွန်ပြူတာအထဲ၌ လူနာ၏ အကြောင်း အရာအားလုံး ပေါ်မည် ဖြစ်သည်။ ဆရာဝန်နှင့် ဆရာမများလည်း တယောက်နှင့် တယောက် တွေ့စရာ မလိုတော့ဘဲ ကွန်ပြူတာအထဲမှညွှန်ကြား နေကြပြီ။ ထိုသို့ microchip များကိုတွင် ကျယ်စွာ အသုံးပြုမည် ဖြစ်သောကြောင့် ဘေးဒဏ်ကြီး ကာလနှင့် အလွန် နီးပြီ ဖြစ်ကြောင်း သိနိင်သည်။
ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်း
ဘေးဒဏ်ကြီး ခုနှစ်နှစ်အဆုံးတွင် ခရစ်တော်သည် ဒုတိယအကြိမ် မြေကြီး ပေါ်သို့ ကြွလာမည် ဖြစ်သည်။ ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းသည် ပဌမ အကြိမ်ကြွလာခြင်းနှင့် အစစအရာရာ ကွာခြားမည် ဖြစ်သည်။ ပဌမ ကြွ လာသောအခါ တိတ်ဆိပ်စွာ ကြွလာခဲ့သည်။ ဒုတိယကြွ လာသောအခါ တလောက လုံးက သိနိင်ရန် ကောင်းကင်တမန် မင်း၏ အသံပေးခြင်း၊ တံပိုးခရာမှုတ်ခြင်း၊ ရောင်ခြည် တော်နှင့် ဆူညံစွာ ဘုန်းတန်ခိုးနှင့် ကြွလာမည် ဖြစ်သည်။ ပဌမ ကြွ လာသောအခါ နှိမ့်ချစွာနှင့် နွားစားခွက်ထဲ၌ ကြွလာသော်လည်း ဒုတိယအကြိမ် ကြွ လာသောအခါ အုပ်စိုးခြင်း အာဏာစက်နှင့် ကြွလာမည် ဖြစ်သည်။ ပဌမ အကြိမ်ကြလာခဲ့ စဉ်ကအပြစ် ထဲမှ လူသားများကို ကယ်တင်ဘို့ရန် ကြွလာခဲ့သော်လည်း ဒုတိယ အကြိမ်ကြွ လာသောအခါ အပြစ်သားများကို တရားစီရင်ဘို့ရန် ကြွလာမည် ဖြစ်သည်။ ပဌမ ကြွလာခဲ့စဉ်ကတပါးတည်း ခလေး လေးအဖြစ် ကြွလာခဲ့သော်လည်း ဒုတိယအကြိမ် ကြွ လာသောအခါ သန့်ရှင်း သူများ၊ ကောင်းကင်တမန် အခြေွအရံများနှင့်တကွ ရှင်ဘုရင်အဖြစ် ကြွလာမည် ဖြစ်သည်။
အသင်းတော် မတိုးတက်ရရှိခြင်း၏ လျှို့ဝှက်ချက်များ
ပြုစုသူ၊ ဆရာမ Daphne
၁။ တယောက်နှင့် တယောက် အစေခံရန်အခွင့်ရှာပါ။
"ထိုအခါ ကိုယ်တော်သည် ထိုင်လျက် တကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍၊ အရင် အဦး ဖြစ်လိုသောသူ မည်သည်ကား နောက်ဆုံး ဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံလည်း ဖြစ်ရမည်ဟု မိန့်တော်မူ၏။" (မာကု၊ ၉:၃၅) မိမိကိုယ်ကို ငြင်းပယ်ပြီး သူတပါးကို ကူညီဖို့လိုပါသည်။ အနစ်နာခံဖို့လိုပါသည်။ ထိုသို့ လုပ်ဆောင် နိုင်မည့် အခွင့်ကို ရှာဖို့လိုပါသည်။
၂။ ပေးကမ်း စွန့်ကြဲပါ။
"၁၅ ညီအစ်ကို နှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်း စာရသော အစာမရှိသောအခါ၊ ၁၆ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ ကိုယ်နှင့် တော် လျော်သော အသုံးအဆောင်ကို မပေးဘဲ နေလျှင် အဘယ် အကျိုးရှိသနည်း။" (ယာကုပ် ၂:၁၅၊ ၁၆) အချိန်၊ ငွေကြေး၊ အဝတ်အစား၊ ပစ္စည်းဥစ္စာများ ပေးကမ်း စွန့်ကြဲပါ။ ပိုလျှံသည့်အခိျန်၊ ပိုလျှံသည့်ပစ္စည်းများ ပေးကမ်းခြင်း ပြုပါ။ ထိုထက် ပိုကောင်းသည် မှာမိမိ ကိုယ်တိုင် အကျဉ်းအကြပ်နှင့် ရင်ဆိုင်ရစဉ်သူတပါးအား အခိျန်၊ ငွေ ကြေး၊ အဝတ်အစား၊ ပစ္စည်းဥစ္စာများ မျှဝေပေးပါက ပိုတန်ဖိုးရှိပါသည်။ အကောင်းဆုံးသော လုပ်ဆောင်ချက်လည်း ဖြစ်သည်။
၃။ သူတပါးသည် ကိုယ်ထက််မြတ်သည်ဟု ခံယူပါ။
ဘုရားသခင်၏ ရှေ့တော်၌ လူတိုင်းသည် တန်ဖိုးရှိသောသူများ ဖြစ်ကြ၍ သူတပါးကို အထင်မသေးသင့်ပါ။ လူတိုင်း လူတိုင်းသည် သူတပါးနှင့် မတူညီဘဲ ထူးခြားသည့် ဤေူနညအများရှိတတ်သည်။ သို့သော် မကောင်းသည့်ဖက်၌ မြှောက်ပင့်ချီး မွမ်းခြင်းကို ရှောင်ဖို့လိုပါသည်။
၄။ သူတပါး၏ အသက်တာကို စိတ်ဝင်စားဖို့လိုပါသည်။
ဖိလိပ္ပိ (၂:၄)တွင် ၄ ကိုယ်အမှု အရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှု အရာကို အချင်း ချင်းရှုမှတ်ကြလော့။ဟု ဖေါ်ပြထားပါသည်။ ကိုယ့်ကိစ္စထက် သူတပါးကိစ္စကို ဦးစားပေးဖို့လိုပါသည်။
၅။ သူတပါးကို အားပေးတိုက်တွန်းရမည်။
နိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲ ဝေ ငှသောသူသည် လျစ်လျုသော စိတ်နှင့် ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကို ပြုသောသူသည် စေတနာစိတ်နှင့် ပြုစေ။ မည်သည့်အခြေအနေ၌ မဆို အားပေးတိုက်တွန်းရမည်။ နှစ်သိမ့်မှု ပေးရန်လိုပါ ကနှစ်သိမ့်မှု ပေးရမည်။
၆။ သူတပါးအား ကျေးဇူးတင်တတ်ရမည်။
ကျေးဇူးတင်ရမည့် အချက်များရှာကြံပါက ကျေးဇူးတင်စရာ အမြဲတန်းတွေ့ရမည်။ သေးငယ်သောအရာ မှစတင်ပြီး ကျေးဇူးတင်တတ်ရမည်။
၇။ ပြုံးပြတတ်ဖို့သင်ယူပါ။
၂၇ ငါသည် မြည်တမ်းသော စကားကို ဖြတ်၍၊ ရွှင်လန်းသော မျက်နှာကို ဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း (ယောဘဝျွှု ၉:၂၇)။ ၂၂ စိတ် ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်း မူကား၊ အရိုးတို့ကို သွေ့ ခြောက်စေတတ်၏။ (သုတ္တံကျမ်း၊ ၁၇:၂၂) ဃ့ကမခ့ ွမသတအ့ နထစနမအများက ခ့ကမခ့များတွင် အသင်းသူ၊ သားများပြုံးပြတတ်လျှင် ဃ့ကမခ့ ွမသတအ့ ၂၀ ဏ ကေအသာအေငခေူူပ ရှိလာကြောင်း ဆန်းစစ်တွေ့ထားသည်။
၈။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်ပါ။
၁၉ မိဘကို ရိုသေစွာ ပြုလော့။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်လော့ဟု မိန့်တော်မူ၏။ (မဿဲ ၁၉:၁၉) ယုံကြည်သောသူတိုင်းသည် ဘုရားသခင် ချစ်သည့်အသက်တာအားဖြင့် ရပ်တည်ရမည်။ မေတ္တာမပါဘဲ ဘုရားသခင်၏ စ ကား နားခံပြီး ဘုရား၏ အစေကို ခံနိုင်ပါသည်။ သို့သော် ဘုရားကို တကယ် ချစ်လျှင် ဘုရား၏ စကားကို နားမထောင်ဘဲ မနေနိုင်ပါ။ ထို့အပြင် ထာဝရဘုရား၏ အစေကို မခံဘဲ မနေနိုင်ပါ။
ဇာတိ သဘောအားဖြင့် ဘုရားသခင်ကို မချစ်နိုင်ပါ။ သို့သော် ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် ဘုရားသခင်ကို ပြန်ချစ်နိုင်ပါသည်။ -ထိုမြော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမှုကား၊ ငါတို့ အားပေးတော် မှုသော သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော် မှု၏။-(ရော မ၅:၅)။
(၂၀၀၉ ခုနှစ်ဇူလိုင်လ (၁၈) ရက်နေ့တနင်္နွေနေ့တွင်၊ သတင်းကောင်း နှစ်ခြင်း အသင်းတော် (Uှဗ)၌ ဆရာမီစေ့ေညန သင်ကြားပေးသည့်ကျမ်းစာ သင်တန်းကို အကျင်းဖေါ် ပြအပ်ပါသည်)
ခရစ်ယာန် အိမ်ထောင်
ဆရာမောဇက်ထောင်ကျုံး
ကျမ်းစာ၌ ဤသို့ တွေ့ရသည် ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့် ကြ၏။ စောစော ထလျက်၊ ညဉ့်နက်သည့်တိုင်အောင် မအိပ်ဘဲ နေလျက်၊ ပင် ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုးမရှိ၊ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူသောသူအား အမှန် ပေးတော်မူ၏။ (ဆာ ၁၂ရး၁၊ ၂)
ဘုရား ဆောက်ရမည်
အထက်ပါ ကျမ်းပိုဒ်အရအိမ်သည် ဘုရားသခင်က ဆောက်မှသာလျှင်အောင်မြင် နိင်သည်။ လူသည် မိမိအိမ်ကို မိမိကိုယ်တိုင် တည်ဆောက်ချင် ကြသည်။ အချို့သောသူများသည် မိမိအိမ်ကို ငွေအားဖြင့် ဆောက်နိင်မည်ဟု စိတ် ထင်သောကြောင့် ငွေကို အတတ်နိင်ဆုံးရှာဖွေ ကြသည်။ သို့သော် ငွေအားဖြင့် ပျော်ရွှင်ချမ်းမြေ့သော အိမ်ကို မဆောက်နိင်ချေ။ လူငယ်များသည် ချစ်ခြင်းမေတ္တာအားဖြင့် အိမ်ဆောက်နိင်မည်ဟု ထင်သောကြောင့် မိဘလူကြီးများစကား ပင်နားမထောင်ဘဲအချိန် မတိုင်မှီမိမိ အိမ်ကို ဆောက် ကြသည်။ မည်မျှပင်မိဘများကတားမြစ်သော်လည်း တယောက်နှင့် တယောက် ခိုးပြေးကာဘယ်တော့ မှစကား မများ၊ ရန်မ ဖြစ်မည့် ပုံနှင့် အလျှင် စလိုအိမ်ထောင်ပြုတတ်ကြသည်။ သို့သော် အဆုံး၌ ဝမ်းနည်းခြင်း ယူကျုံးမရခြင်းနှင့် နိဂုံးချုပ်တတ်ကြသည်။ အိမ်သည် ကျမ်းစာ ကပြောသလိုပင်ဘုရား တည်ဆောက်မှသာ အဓိပ္ပါယ်ရှိ၍ ပျော်ရွှင်ချမ်း မြေ့သော အိမ်ထောင် ဖြစ်နိုင်သည်။
ဘုရား သားသမီး ဖြစ်ရမည်
သို့ဖြစ်လျှင် ဘုရားသခင်က အိမ်ထောင်ကို မည်ကဲ့သို့ ဆောက်ရမည် နည်း။ အိမ်ထောင်သည် လင်နှင့် မယားပေါင်းစပ်ရာမှစတင်သည်။ ထို့ကြောင့် လင်နှင့် မယားနှစ်ယောက်စလုံးက ဘုရားသခင်ကို တည်ဆောက်ခွင့်ပေးရမည်။ ထိုသို့ ဘုရားသခင်က တည်ဆောက်နိုင်ရန် လင်နှင့် မယားနှစ်ယောက်စလုံးသည် ဘုရား စကား နားထောင်သောသူနာခံသောသူ ဖြစ်ရမည်။ ဘုရားသခင်၏ စကားကို ဦးထိပ်ထားရမည်။ ထိုသို့ဖြစ်နိင်ရန်နှစ်ယောက်စလုံးသည် ဘုရားသခင်နှင့် ဆက်သွယ်သောသူဘုရား၏ သားသမီး များတနည်းအားဖြင့် ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားပြီးသောသူများ ဖြစ်ရမည်။ ထို့ကြောင့် အိမ်ထောင်ဖက်ရွေး ချယ်ရာတွင် ဒုတိယမွေးဖွားပြီးသောသူများကိုသာ ဦးစားပေးရွေးချယ်ရမည်။ အိမ် ထောင်ဖက်ရွေးချယ်ရာတွင် ချစ်ခြင်းမေတ္တာကို ပဌမ ဦးစားမပေးရ။ ဘုရား သားသမီး ဖြစ်မ ဖြစ်ကို ပဌမ ဦးစားပေးရွေးချယ်ရမည်။ ထိုသို့သောသူများကို ရရှိရန်ဆုလည်း တောင်းရမည်။ ကိုယ်တိုင် ဘုရား သားသမီး မဖြစ်ပါက ဘုရား သားသမီး ဖြစ်ဘို့ သမ္မာတရားများကို နားထောင် ဖတ်ရှုရမည်။
ဘုရား စကား နာခံရမည်
များစွာသော ဘုရား သားသမီး များသည် ဘုရားနှင့် ဆိုင်သော်လည်း ဘုရား စကားထက် မိမိတို့၏ အလိုဆန္ဒကို ဦးစားပေးသောကြောင့် ဘုရားသခင်က တည် ဆောက်၍ မရချေ။ ဘုရားသခင်က တည်ဆောက်နိင်ရန်မှာလင်မယား နှစ်ယောက် စလုံး ဘုရားသခင်ကို ဦးထိပ်ထားသောသူ ဖြစ်ရမည်။ မည်ကဲ့သို့ ဘုရားသခင်ကို ဦးထိပ်ထားရမည်နည်းဟူမူကား နေ့တိုင်း ဘုရားနှင့် မိဿဟာယဖွဲ့သောသူ ဖြစ်ရမည်။ မည်ကဲ့သို့ ဘုရားနှင့် မိဿဟာယဖွဲ့ရမည်နည်း၊ ဘုရားနှင့် အနည်းဆုံး၁၅ မိနစ်အချိန် ယူသောသူ ဖြစ်ရမည်။ ဘုရားနှင့် မိဿဟယဖွဲ့ခြင်း ဆိုသည်မှာ ကျမ်းစာဖတ် ဆုတောင်းခြင်းကို ဆိုလိုသည်။ ဘုရားနှင့်အချိန် ယူရာတွင် အစ၌ ဘုရားသခင်၏ ဝိညာဉ်တော် ထံ၌ နှုတ်ကပတ်တော်ကို နားလည်နိုင်ဘု့ိရန်ဆု တောင်းရမည်။ ထို့နောက်ကျမ်းစာကို နားလည်ဘို့ရန် စိတ်ဝင်စားစွာ ဖတ်ရမည်။ တာဝန် ကျေဖတ်လျှင် အကျိုးရှိသင့်သလောက် မရှိ။ ကျမ်းစာထဲမှဘုရား၏ စကားကို နားလည်အောင် ဖတ်၍ ဆင်ခြင်ရမည်။ အဆုံး၌ ဆုတောင်းခြင်းဖြင့် အဆုံးသတ်ရမည်။
မည်ကဲ့သို့ ဆုတောင်းရမည်နည်း
ပဌမ ဦးစွာ ဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းရမည်။ ဘုရားနှင့် မိဿဟာယ ဖွဲ့လေလေ၊ ဂုဏ်တော်ကို ချီးမွမ်းတတ်လေလေ ဖြစ်မည်။ လူတယောက်၏ အကြောင်းကို မသိဘဲ မချီးမွမ်းနိင် သကဲ့သို့ ဘုရား၏ အကြောင်းကို မသိဘဲ မချီးမွမ်း နိင်ချေ။ ချီးမွမ်းရမည့် အရာများကိုလည်း မဆင်ခြင်ဘဲ မသိနိင်ချေ။ ဆာလံကျမ်းနှင့် အခြား ဝိညာဉ်လူများ၏ ဘုရားကို ချီးမွမ်းခြင်းများကို ဖတ်ရွတ်ရမည်။ ထိုသို့ ဘုရား၏ ဂုဏ်တော် ချီးမွမ်းပြီးမှအပြစ် ဝန်ချတောင်းပန်ရမည်။ လုပ်မိသော အပြစ်နှင့် လစ်ဟင်းသော အပြစ်များကို ဝန်ချရမည်။ ထိုနောက် သူတပါးအတွက် ဆု တောင်းပေးရမည်။ နောက်ဆုံးမှကိုယ့်အတွက် ဆုတောင်းရမည်။ ဝိညာဉ်ရေးရာ တိုးတက်ရင့်ကျက်ဘို့၊ ကိုယ်ကာယပိုင်နှင့် စိတ်ပိုင်းလိုအပ်ချက်များ၊ ငွေရေးကြေးရေးမှစ၍ လိုအပ်ချက်အားလုံး ကို တောင်းရမည်။ ဆုတောင်းရာတွင်လည်း ခရစ်တော် နာမဖြင့် တောင်းရမည်။သို့ပြုလျှင် ဘုရားသခင်၏ အလိုတော်အတိုင်း တည် ဆောက်နိင်သောသူ ဖြစ်မည်။ လင်နှင့် မယားနှစ်ယောက်စလုံး ထိုကဲ့သို့ ဘုရားသခင်ကို ဦးထိပ်ထားလျှင် ဘုရားသခင်က အလိုတော်များကို ဖေါ်ပြ၍ တည်ဆောက် မှာသေချာသည်။
ဘုရားနှင့် မိဿဟာယမဖွဲ့နိင်ခြင်း
တိုးတက်သော နိုင်ငံများ၌ နေရသောအခါ ဘုရားသခင်နှင့်အချိန် မယူ နိင်လောက်အောင် အလုပ်များ တတ်သည်။အချိန် မရသည်သာမက အလုပ် ပင်ပန်းသောကြောင့် စိတ်တိုကာအာရုံမစိုက်နိုင်ဘဲ ဖြစ်နိင်သည်။ အိမ်ရောက်သောအခါ သားသမီး ငယ်များကြောင့် အနားမယူနိင်၊ အိပ်၍ မရ၊ လိုအပ်ချက်များ သောကြောင့် ပင်ပန်းနွမ်းရိ၍ နောက်ဆုံး၌ ပေါက်ကွဲတတ်သည်။ ထိုသို့ ပေါက် ကွဲသည် အထိ စောင့်ပါက အိမ်ထောင်ပြုိကွဲနိုင်သည်။ မလိုအပ်သော အရာများ ဖြစ်နိုင်သည်။ ထို့ကြောင့် ထိုသို့သော အခြေအနေရောက်နေသောသူများ အနေဖြင့် အလုပ်ချိန်ကို လျှော့ဘို့ လိုအပ်သည်။ အလုပ်ချိန်ပြောင်းဘို့လည်း လိုအပ်ပေ လိမ့်မည်။ လိုအပ်လျှင် အလုပ်ပြောင်းလုပ်ဘို့ လိုအပ်ပေလိမ့်မည်။ အိမ်ထောင် ပြုိကွဲသည်ထက် အလုပ်ပြုပ်လျှင်လည်း အပြုပ်ခံဘို့ လိုအပ်သည်။ ဘုရားနှင့် အချိန်မယူနိုင်လောက်အောင် အခြေအနေဆိုးပါက ထိုအရာကို အဓိကထား၍ ဖြေ ရှင်းဘို့ လိုအပ်သည်။ ဘုရားနှင့်အချိန် မယူနိင်လောက်အောင် အလုပ်မလုပ်ရ။ ဘုရားနှင့်အချိန် မယူနိုင်လျှင် ဘုရား တည်ဆောက်သော အိမ်ထောင်မ ဖြစ်နိုင်။ ထိုသို့ဖြစ်လျှင် အလွန်ပင် စိုးရိမ် စရာ၊ ကြောက်စရာ ကောင်းသော အိမ်ထောင် ဖြစ်နေပြီ ဖြစ်ကြောင်း သတိထားဘို့ လိုအပ်သည်။
ဘုရားကို ဦးစားပေးရမည်
များစွာသော အိမ်ထောင်ရှင်များသည် ဘုရားသခင်ထက် မိမိတို့ အလို ဆန္ဒကို ဦးစားပေး ကြသည်။ ဘုရား အလိုတော်ထက် အိမ်နီးနားခြင်း၊ သူငယ်ချင်း များနှင့် အခြားလူများကိုအား ကျတတ်သည်။ သူတပါး ယပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို တပ်မက်လိုချင် သောကြောင့် ထိုအရာများကို မရမက ဝယ်ယူတတ်ကြသည်။ ထိုအခါ မိမိဝင်ငွေနှင့် မလုံလောက်သောအခါအချိန် ပိုလုပ်ဘို့ လိုအပ်သည်။ အချိန်ပိုလုပ်သောအခါ ပင်ပန်းနွမ်းရိကာ ဘုရားသခင်ကို ပင်အမှု မထားနိင်တော့ချေ။ ဘုရားသခင် သတိပေးသော အရာများကိုလည်း မသိတော့ချေ။
ဘုရားသခင်က၊ အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကို မုန်း၍ တဦးကို ချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို င်း၊ လောကီစည်းစိမ်၏ အစေကို င်း၊ မခံနိုင်ကြ။ (မ ၆:၂၄) ဟုဆိုသော်လည်း ထိုသတိပေးချက်ပင်လျှင် မကြား၊ သတိမရနိင်တော့ချေ။ လူအများစုဒုက္ခ ရောက်ရခြင်းသည် ဘုရား အစေထက်လောကီ တည်းဟူသော ငွေအစေခံသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍ လောကီအစေမခံတော့ဘဲ ဘုရားသခင်၏ အစေကို ခံကြစို့။ ခရစ်တော်က၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့။ (မ ၆:၃၃) ဟူသော သတိပေးချက်ကို နာခံကြစို့။
ယခုမှစ၍ ဘုရားသခင်ကို မိမိ၏ အိမ်ကို တည်ဆောက်စေကြစို့။ ဘုရားသခင်ကို အဓိကထားကြစို့။ ဘုရာအလိုတော်ကို ပဌမ ရှာကြစို့။ အစပိုင်း၌ နားမလည်နိင်သော်လည်း နောက်ပိုင်း၌ နားလည်လာလိမ့်မည်။ ထို့ကြောင့် ဘုရား အကြံ ပေးထားသည့်အတိုင်း နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို အရင်ရှာကြစို့။ ဖတ်ရှု သူအယောက်တိုင်း ဘုရားရှင်ကောင်းကြီး ပေးပါစေ။
နှိမ့်ချခြင်း၏ နိဂုံး
ရေး၊ Lal Ceu
ဘုုရားသခင်သည် မိမိကိုယ်က်ိုချီးမြောက်သောသူကို မုန်းပြီး မိမိကိုယ်ကို နှိမ့်ချသောသူကို ချီးမြောက်ချင် တဲ့အကြောင်း (ရှင်မဿဲ ၂၃:၁၂) ၁၂ အကြင်သူသည် မိမိကို ချီးမြေ ာက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ ရောက်လတံ့။ အကြင် သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြေ ာက်ခြင်းသို့ ရောက်လတံ့။ ဆာလံကျမ်း၁၄၇:၆ မှာလည်း တွေ့ ရသည်။ ၆ ထာဝရဘုရားသည် စိတ်နှိမ့်ချသော သူတို့ကို ကွပင့်၍ မတရားသော သူတို့ကို ကား မြေပေါ်မှာ လဲှတော်မူ၏၊၊ ထို့အတူ လူသား တွေကလည်း မာနကြီး သောသူ၊ မတရားသောသူတွေထက် စိတ်နှိမ့်ချသောသူကို အပေါင်းအဖော်၊ လုပ်ဖေါ်ကိုင်ဖက် ဖြစ်ရန်လိုချင် ကြသည်။ သခင်ယေရှု ကိုယ်ကိုင်လည်း ဤလောကသို့ နှိမ့်ချစွာဖြင့် ကြွလာ တဲ့အကြောင်းရှင်မာကု (၁၀:၄၅) ၄၅ အကြောင်းမူကား၊ လူသားသည် သူတ ပါးကို စေစားခြင်းငှါ မလာ၊ သူတပါးအစေကို ခံခြင်းငှါ ၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်းငှါ ၊ ကွလာသတည်းဟု မိန့်တော်မူ၏။
နှိမ့်ချခြင်းကို နည်းမျိုးစုံဖြင့် ဖေါ်ပြနိုင်သည်။
(၁) သူတပါးကို ချီးမွမ်းခြင်း
(၂) သူတပါးကို ချစ်ခြင်း
(၃) သူတပါးအပြစ်ကို ခွင့်လ တ်ခြင်း
(၄) အရာရာ၌ သည်း ခံခြင်း
(၅) ဘုရား၏ အလိုတော် နာခံခြင်း
ထိုအချက်တွေထဲမှာ ဘုရားသခင် အလိုတော်ကို နာခံခြင်း ဆိုသော အချက်ကို အထူး ဖေါ်ပြလိုသည်။ အကြောင်း ကတော့ ဘုရားသခင် ရဲ့အလိုတော် (သို့) အမိန့်တော်ကို နာခံခြင်း မရှိဘဲ စည်းကျော်သွားသောသူကို ဘုရား မည်ကဲ့သို့ ဆုံး မပြီး ဘုရားသခင် အလိုတော်ကို နာခံသောသူကို မည်ကဲ့သို့ ချီးမြောက်ခြင်း ခံရသ လဲဆိုသည်ကို ကျမ်းစာထဲမှာ များစွာ တွေ့ရသည်။ ဥပမာ- ရှန်ဆုံသည် ဘုရားသခင်ကအစ္စရေးလူတွေ ကယ်တင်နိုင်သော ခွန် အားပေးထားသည်။ သို့သော် ဘုရားသခင် ရဲ့အစီအစဉ်အမိန့်တော်ကို နာခံခြင်း မရှိဘဲ ကိုယ်ခန္ဓာတပ်မက်ခြင်း စိတ်ကို ပိုပြီး ဦးစားပေးသောအခါ ဘုရားသခင်၏ အမျက်တော် ခံရပြီး အသက် ဆုံးရှုံးခြင်းသို့ ရောက်ရသည်။
ယောနသည်လည်း ဘုရားသခင် စီစဉ်သည့်နိနဝေးမြို့ကို မသွားဘဲ နေသောအခါ ပင်လယ်ငါးဗိုက်ထဲသို့ ရောက်ရသည်။ ရှောလုဘုရင်၊ နေဗုဒ်ခနဇော ဘုရင်စသည်တို့၏ အသက်တာကြည့်တဲ့အခါ ဘုရားသခင် အလိုတော် မနာခံခြင်းကြောင့် ရှုံးဆုံးခြင်းသို့ ရောက်ရကြောင်း တွေ့ရသည်။ ဒါဝိဒ်မင်းသည် ငယ်စဉ် ကသိုးထိန်းဘဝသာ ဖြစ်ခဲ့သည်။ သို့သော် သူသည် ဘုရားသခင် ထားတဲ့ဘဝမှာ ကျေနပ်စွာ နေခဲ့သည်။ နေ့တိုင်း ဘုရားသခင်ကို သီချင်းအားဖြင့် ၊ ပလွေအားဖြင့် ၊ ချီးမွမ်းခဲ့သည်။ ထို့နောက် ဘုရားသခင်၏ ချီးမြောက်ခြင်းကို ခံရပြီး အစ္စရေးဘုရင် ဖြစ်လာခဲ့ကြောင်း တွေ့ရသည်။ ယောသပ်ရဲ့အသက်တာ၌ ဒုက္ခ ဆင်းရဲခြင်းများခံစားသည်ကို တွေ့ရသည်။ သို့သော် ဘုရားသခင်၏ အလိုတော် နာခံပြီး ငြိမ်ဝပ်စွာ နေသောအခါ ဘုရားသခင်က ပြန်လည်ချီးမြောက်ကြောင်း တွေ့ ရသည်။ ထို့အတူ ဒံယေလရဲ့အသက်တာ၌လည်း ဆင်းရဲခြင်း၊ ဒုက္ခ ပေါင်းမြောက် များစွာ ခြသေ့်တွင်း ထဲထိရောက်သွားခဲ့ပေမဲ့ ဘုရားသခင် ရဲ့အလိုတော်ကို နာခံ တဲ့အခါမှာ ဘုရားသခင် ရဲ့ချီးမြောက်ခြင်း ခံရသည်။ ယောဘသည် အိမ်မွေး တိရစ္ဆာန်များ သေဆုံးခြင်း၊ သားသမီး များသေဆုံးခြင်းနှင့် ကိုယ်ခန္ဓာဒုက္ခ ပေါင်း မြောက်စွာ ကြုံခဲ့ရသော်လည်း ဘုရားသခင် ရဲ့အလိုတော် နာခံသောအခါ ဘုရားသခင်ကောင်းကြီး မြောက် များစွာ ပြန်လည်ချပေးကြောင်း တွေ့ရသည်။
သခင်ယေရှုသည်လည်း သူ့ဖခင်ရဲ့အလိုတော်ကို နာခံပြီး ဆင်းရဲ ဒုက္ခ ပေါင်းများ စာခံစားရုံသာမက အသက်တော် စတေးသွားသောအခါ ဘုရားသခင်သည် ဘွဲ့တကာတို့ထက်ကြီး မြတ်သော ဘွဲ့ကို ပေးခဲ့သည်။ ကောင်းကင် သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေအောက်ရှိသတ္တဝါအားလုံး သည် ယေရှု၏ ဘွဲ့ကို ဒူးထောက်၍ သခင် ဖြစ်တဲ့အကြောင်း ဝန်ခံကြောင်း တွေ့ရသည်။ (ဖိလိပိ` ၂:၉ ; ၁၁)-၉ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြေ ာက်၍ ဘွဲ့နာမတကာတို့ထက်ကြီး မြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ ၁၀ အကြောင်းမူကား၊ ကောင်းကင် သျွှဝါ၊ မြေကြီး သျွှဝါ၊ မြေကြီး အောက်၌ ရှိသော သျွှဝါ တည်းဟူသော ခပ်သိမ်းသော သျွှဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ၁၁ ယေရှုခရစ်သည် သခင် ဖြစ်တော်မူ၏ဟု နှုတ်နှင့် ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်း တည်း။ ထိုသို့အားဖြင့် ဘုရားသခင် ဘုန်းတော် ထင်ရှားသည်။
ထို့ကြောင့် ယုံကြည်သူ တိုင်းသည် ဘုရား အလိုတော် နာခံခြင်းဖြင့်် မိမိအတွက် ကောင်းကြီး ခံစားရုံသာမက ဘုရားသခင်၏ ဘုန်းတော်လည်း ထင်ရှားစေပါသည်။ ထိုကြောင့် အဆင်ပြေသည်သည် ဖြစ်စေ၊ ခက်ခဲသည် ဖြစ်စေ၊ အောင်မြင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည် ဖြစ်စေ၊ ဝမ်းမြောက်သည် ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ ဘုရားသခင်၏ အလိုတော်ကို နာခံ၍ ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေသော ဘုရား၏ သားသမီး များဖြစ်ဖို့ ကြိုးစား ကြစို့။ နှိမ့်ချခြင်း၏ နိဂုံးသည် အောင်မြင်းခြင်း ဖြစ်သည်။ ဖတ်ရှုသူတိုင်း အပေါ် ဘုရားသခင်က ောင်းကြီး ပေးပါစေ။
ဘုရားသခင်နှင့်အချိန် ယူခြင်း
ရေး၊ ဆရာထောင်ကျုံး
ယုံကြည်သူများသည် အဘယ်ကြောင့် အားနည်းပြီး၊ စုံစမ်းခြင်းကို မခံ နိုင်ကြသနည်းဟူမူကား ဘုရားသခင်နှင့်အချိန် မယူသောကြောင့် ဖြစ်သည်။ ယုံ ကြည် သူများသည် ကယ်တင်ခြင်း စိတ်ချမှု ရှိသော်လည်း လောက၌ အဘယ်ကြောင့် ဒုက္ခ ပြသနာများကို မဖြေရှင်း နိုင်ဘဲ စိတ်ပျက်အား ငယ်ခြင်း၊ ဝမ်းနဲကြေကွဲခြင်းနှင့် အဆုံးသတ်ကြသနည်းဟူမူကား သူတို့၏ အစွမ်းတန်ခိုး ဖြစ်သော ဘုရားသခင်နှင့် မိဿဟာယမဖွဲ့သောကြောင့် ဖြစ်သည်။ ယုံကြည်သူများအဘယ်ကြောင့် အပြစ် ကျူးလွန် ကြသနည်းဟူမူကား ဘုရားသခင်ကို မကြောက်ခြင်းကြောင့် ဖြစ်သည်။ ဤလောကသည် ရန်သူနယ်မြေ၊ စာတန် အုပ်စိုးသော နိုင်ငံ ဖြစ်သည်။ ယုံကြည်သူများသည် ရန်သူနယ်မြေ၌ ဇိမ်ခံလို ကြသည်။ ရန်သူစာ တန်၏ ဥစ္စာများကို အလွန် လိုချင် ကြသည်။ ထို့ကြောင့် အောင်မြင်သော အသက်တာနှင့် အသက်မရှင်နိုင်၊ ဘုရား၏ ဘုန်းတော်ကို မထင်ရှားစေနိုင်ဘဲ ဘုရား၏ ဘုန်းတော်ကို ရှုတ်ချစရာ ဘဝနှင့် အသက်ရှင် နေကြသည်။ ထိုသို့မဟုတ်ဘဲ အောင်မြင်သော အသက်တာ၊ အဓိပ္ပါယ်ရှိသော အသက်တာဝမ်းမြောက် ပျော်ရွှင်ဘွယ် ရာအသက်တာနှင့် အသက်ရှင်နိုင်ဘို့ရန် အဘ ဘုရားသခင်နှင့်အချိန် ယူဘို့ လို အပ်သည်။
သခင်ယေရှု၏ စံနမူနာ
သခင်ယေရှုသည် ဘုရားသခင်၏သား ဖြစ်သော်လည်း ခမည်းတော်နှင့် အချိန်ယူတတ်သည်။ ထိုအရာများကို ကျမ်းစာ၌ ဤသို့ တွေ့ရသည် -ယေရှုသည် စည်းဝေးသော သူတို့ကို လွှတ်တော်မူ စဉ်တွင်၊ တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတဘက်သို့ အရင်ကူးစေတော်မူ၏။ စည်းဝေးသော သူတို့ကို လွှတ်ပြီးမှ ဆုတောင်း ပဌနာ ပြုအံ့သောငှါ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက် ကွ သဖြင့်၊ ညအချိန် ရောက်သောအခါ၊ တယောက် တည်းရှိတော်မူ၏။ (မ၊ ၁၄ : ၂၂-၂၃) သခင်ယေရှုသည် အဘယ်ကြောင့်တောင်ပေါ်၌ တယောက် တည်းနေတော်မူ သနည်းဟူမူကား အဘ ဘုရားသခင်နှင့် မိဿဟာယဖွဲ့လိုသောကြောင့် ဖြစ်သည်။ တနေ့လုံးလူများနှင့် ပေါင်း ဖေါ်ပြီး နောက်တယောက် တည်းအဘ ဘုရားနှင့်အချိန် ယူသည်။ သခင်ယေရှု ပင်လျှင် ထိုသို့ အဘ ဘုရားသခင်နှင့် အချိန်ယူဘို့ လိုလျှင် ယုံကြည်သူ သားသမီး များလည်း အဘ ဘုရားသခင်နှင့်အချိန် ယူဘို့ လိုအပ်သည်။
သခင်ယေရှုသည် နံနက်အချိန် စောစော၌လည်း အဘ ဘုရားသခင်နှင့်အချိန် ယူကြောင်း ဤသို့ တွေ့ရသည် နံနက်အချိန်၊ မိုဃ်းမလင်းမှီကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ ထွက် ကွ၍ ဆုတောင်းတော်မူ၏။ (မာ၊ ၁:၃၅) သခင်ယေရှုသည် တနေကုန်လူများက သူ့ကို ဝိုင်းလျက် အမျိုးမျိုး တောင်းဆိုကြ ပေါင်းဖေါ်ကြတော့မည် ဖြစ်သောကြောင့် နံနက် စောစော ထ၍ မိုးမလင်းမှီအဘ ခမည်းတော်နှင့် မိဿဟာယဖွဲ့ခဲ့သည်။ ထိုကြောင့် ယုံကြည်သူ သားသမီး များလည်း နံနက် စောစော ဘုရားသခင်နှင့် မိဿဟာယဖွဲ့သင့်သည်။
အချိန် သတ်မှတ်ဘို့ လိုသည်
ဘုရားသခင်နှင့် တဦးတည်းအချိန် ယူခြင်းသည် အလွန် အရေးကြီး သောကြောင့်အချိန် သတ်မှတ်ဘို့ လိုသည်။ တဦးနှင့် တဦးအချိန် အဆင််ပြေချိန်သည် မတူညီသောကြောင့် မိမိအစဆင်ပြေသလိုအချိန် သတ်မှတ်ဘို့ လိုသည်။ အချို့သောသူများအတွက် နံနက်ပိုင်းသည် အဆင်ပြေလျှင် နံနက်ပိုင်း၌ အချိန်ယူသင့်သည်။ နေ့လည်အလုပ်နားချိန်၌ အဆင််ပြေလျှင် ထိုအချိန်၌ မှန်မှန်အချိန် ယူသင့်သည်။ ညအိပ်ရာဝင်ခါနီးမှအချိန် ရသောသူများအတွက် ညတိုင်းအချိန် ယူသင့်သည်။ ဘုရားသခင်နှင့်အချိန် ယူချိန်မမှန်ပါက ပျက်ကွက်ဘို့ရန် လွယ်သည်။ ထို့ကြောင့် ဆက်ကပ်ပြီးအချိန် ယူသင့်သည်။
ဘုရားနှင့်အချိန် ယူရာတွင်
ဘုရားသခင်နှင့်အချိန် ယူရာတွင် အနှောင့်အရှက်များပေါ်လာတတ်သည်။ ထို့ကြောင့် ဖုန်းများကို ပိတ်ထားသင့်သည်။ တီဗီနှင့် စီဒီများကိုလည်း ပိတ်ထားသင့်သည်။ ဧည့်သည် များလည်း မလာနိုင်သောအချိန် သို့မဟုတ် မလာနိုင်သော နေရာ၌ အချိန် ယူရမည်။ ဘုရားသခင်သည် အလွန် အရေးကြီးသော ပုဂ္ဂိုလ် ဖြစ်သောကြောင့် သူနှင့်အချိန် ယူသော ခါမည်သည့်အရာကမျှစိတ် အနှောင့်အရှက် မရှိစေရန်ကြုိတင် ပြင်ဆင် သင့်သည်။ ဘုရားထက် မည်သည့် အရာမျှ အရေးမကြီး စေသင့်ပေ။
မည်ကဲ့သို့အချိန် ယူရမည်
ဘုရားနှင့်အချိန် ယူရာတွင် မည်ကဲ့သို့ ယူရမည်နည်း။ စိတ်ပူစရာများ၊ စိတ်ရှုပ်ထွေးမှုများမရှိသင့်ချေ။ ပဌမဦးဆုံး ကျေးဇူးတော် ဂုဏ်တော် ချီးမွမ်းသင့်သည်။ ထို့နောက်ကျမ်းစာဖတ်သင့်သည်။ ကျမ်းစာဖတ်ရာတွင် နေ့တိုင်း အစဉ် အတိုင်း ဖတ်သင့်သည်။ အနည်းဆုံး အခန်းကြီး တခန်းဖတ်သင့်သည်။ ကျမ်းစာဖတ်ရာတွင် အရေးကြီးသော အရာများကို မျဉ်းတားသင့်သည်။ ကျမ်းစာ ရွက်၏ ဘေးနားတွင်လည်း မှတ်ချက်များရေးသား သင့်သည်။ ကျမ်းစာအုပ်ပေသွားမှာကို မနှမြောသင့်ပေ။ ကျမ်းပြိုင်များကိုလည်း ရေးမှတ်သင့်သည်။ ဖြစ်နိင်လျှင် ဗလာ စာအုပ်၌ ခွန် အားရရှိသော အရာများကို ရေးမှတ်သင့်သည်။ သို့မှသာ နောက် ပိုင်း၌ ဘုရားသခင်၏ ဖေါ်ပြချက်များကို ပြန်လည်သတိရ၍ လိုအပ်သောအခါ အ သုံးပြုနိင်သည်။ နောက်ဆုံး၌ ဆုတောင်းခြင်း အရှည်ဖြင့် အဆုံးသတ်သင့်သည်။ ဆုတောင်းရာတွင် ဘုရား၏ ဘုန်းတော် ဂုဏ်တော်များကို ချီးမွမ်းရမည်။ အပြစ် ဝန်ချတောင်းပန်ရမည်။ ထိုနောက် သူတပါးအတွက် ဆုတောင်း ပေးရမည်။ နောက်ဆုံး၌ မိမိ အလိုဆန္ဒများကို တောင်းသင့်သည်။
အကျိုး
ထိုကဲ့သို့ နေ့စဉ် မှန်မှန် ပြုလုပ်ပါက ကြာ လာသောအခါ ဝိညာဉ် ခွန်အား ပြည့်ဝ၍ စုံစမ်း သွေးဆောင်ခြင်းများကိုလည်း ရှောင်ကွင်းနိင်ပေမည်။ ဒုက္ခ ပြသနာနှင့် ကြုံတွေ့သောအခါ၌လည်း တည်တည်ငြိမ်ငြိမ် ဖြေရှင်း နိုင်ပေမည်။ ဇာတိနှင့် အသက်မရှင်ဘဲ ဝိညာဉ်တော် အလိုအားဖြင့် အသက်ရှင်နိုင်ခြင်းအားဖြင့် ဝိညာဉ် အသီးများ တည်းဟူသော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကောင်းမြတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း၊ သစ္စာ စောင့်ခြင်း၊ ကျေးဇူးပြုခြင်းများကို အချိန်တန်မှ သီးပွင့်နိုင်ပေမည်။ ဝိညာဉ်လူဖြစ်ဘို့ရန် ဖြတ်လမ်းမရှိပါ။ ဘုရားသခင်နှင့် အသက်ရှင်မှသာလျှင်ဝိညာဉ်တော် အလိုအတိုင်း အသက်ရှင်နိင်မည် ဖြစ်သည်။ သိရုံနှင့် မပြီးပါ။ လုပ်ဆောင် သောသူ ဖြစ်ဘို့ လိုအပ်ပါသည်။ အယောက်တိုင်း ဘုရားသခင်နှင့်အချိန် ယူသောသူများ ဖြစ်နိင်ဘို့ ဆုတောင်း ပေးလိုက်ပါသည်။ အာမင်။
ဥရောပသို့ ဧဝံဂေလိခရီးစဉ်
ဆရာမောဇက်နှင့် ဆရာမဟန္န
၂၀၀၉ ခုနှစ်ဇူလိုင်လ ၁၀ ရက်နေ့ည ၁၀ နာရီတွင် ကျွန်နော်တို့ လင် မယားဟာဥရောပတိုက်ဆွီဒင်နိင်ငံနှင့် ဒင်မတ်နိင်ငံသို့ ဧဝံဂေလိ တရားဟောဘို့ရန် ဗြိတိသျှလေယဉ်ပျံနှင့် ပျံသန်းခဲ့ကြပါတယ်။ ဝါရှင်တန်ကနေလန်ဒန်မြို့အ ထိ ရနာရီ ပျံသန်းခဲ့ရပါတယ်။ လန်ဒန်မြို့ကနေဆွီဒင်နိင်ငံစတော့ဟုန်းမြို့အ ထိနှစ်နာရီ နီးပါးပျံသန်းခဲ့ရပါတယ်။ စတော့ဟုန်းမြို့ရောက်တဲ့အခါ နာကျင်း ဆိုတဲ့ချင်းလူမျိုးကလေဆိပ်မှာကြိုဆိုပါတယ်။ ဆွီဒင်နိင်ငံကလူဦးရေ ၉ သန်းဘဲ ရှိတဲ့အတွက် လေဆိပ်မှာလဲလူကသိပ်မများ ဘူး။ နာကျင်းကသူ့သူငယ်ချင်း ကား နဲ့ကီလိုမီတာ ၂၀လောက်ဝေးတဲ့စတော့ဟုန်မြို့ဘူတာကြီးသို့ ကျွန်နော်တို့ကို ခေါ်သွားပါတယ်။ အဲဒီကနေ အမြန် ရထားနဲ့ဆွီဒင်နိင်ငံမြောက်ပိုင်း၊ နိင် ငံရဲ့အလယ်လောက်မှာရှိတဲ့ဟု ိဒစ်ဗါလ်မြို့သို့ ကျွန်နော်တို့ နှစ်ယောက်လည်း ထွက်ခွါသွားကြပါတယ်။ ထိုကဲ့သို့ ခရီး ဦးကြိုသည်သာမက ရထားလက်မှတ် နဲ့စားစရာ သောက်စရာများကို ဝယ်ပေးတဲ့ကို နာကျင်းကိုသည် ဤစာစောင်ထဲ မှကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
အမြန် ရထားကအတော် မြန်တော့အနည်းငယ်မူးချင် သလိုလိုရှိ တယ်။ အမျိုးသမီးကတော့အတော့်ကိုမူးတယ်။ ရထားလမ်းကတောင်ရိုး ပေါ်မှာ တောင်မြောက်တန်းနေပြီး အတော် လေးလည်း ငြိမ့်ပါတယ်။ ရထားထဲ မှာလူကသိပ်မများ ဘူး။ လက်ဝဲလက်ျာကြည့်တဲ့အခါမြို့ရွာတွေနဲပြီး လူလည်း အတော် လေးနည်းတယ်။ သစ်ပင်တွေလည်း ကျွန်နော်တို့ အမေရိကမှာမမြင်ဘူး တဲ့အပင်တွေဘဲ တွေ့ရတယ်။ သစ်ပင်တွေကအတော် ဖြောင့်ပြီး သိပ်မမြင့်ကြ ဘူး။ မြက်ခင်းပြင်တွေတွေ့လိုက်သစ်ပင်တောအုပ်တွေဖြတ်လိုက်နဲ့အတော် လေးလွမ်းစရာ ကောင်းတယ်။
ဟိုဒစ်ဗါလ်မြို့လေးရောက်တဲ့အခါရထားထဲကဆင်းလာပြီး သေချာအောင် ရထားစောင့်ကို မေးရပါတယ်။ အားလုံး ကဆွီဒစ်လိုဘဲ ရေးထားတော့ ဖတ်လို့မရဘူး။ အင်္ဂလိပ်စာကအတော် ခက်တယ်လိုထင်ခဲ့တာဆွီးဒစ်စာတွေ့ မှဘဲ အင်္ဂလိပ်စာဟာအတော် လွယ်မှန်းသိရတယ်။ အင်္ဂလိပ်စာမှာစာလုံးပေါင်း အတိုင်း ဖတ်လို့မရတာတွေရှိတဲ့အခါအတော် ခက်တယ်လို့ထင်ခဲ့တယ်။ ဆွီဒစ် စာကစာလုံးပေါင်းအတိုင်း တခုမှဖတ်လို့မရဘူး။ ဥပမာဒင်မတ်နိင်ငံနဲ့နီးတဲ့မြို့ ဆိုရင်စာလုံးပေါင်းက Goteborg ဖြစ်တယ်။ အဲတာကို၌ Yetabori လို့ဘဲ သူတို့ အသံထွက်တယ်။ အဲဒါကို အင်္ဂလိပ်တွေက Gothenburg လို့ရေးပြီး ဂိုသင်ဘတ် လို့အသံထွက်တယ်။ ကျွန်တော်တို့ ကိုဟု ိဒစ်ဗါလ်မြို့မှဦးHmun Lian နဲ့ Ka Kap တို့ ကကြိုဆိုကြတယ်။ ဘူတာရုံမှာလူသူလည်း မရှိဘူး။ ဘူတာရုံ နားမှာ ညစာစားကြတယ်။ အဲဒီကနေ Bus ကား နဲ့ သူတို့ နေတဲ့ရွာသို့ မိနစ် ၂၀လောက် စီးတဲ့အခါရောက်သွားကြတယ်။ ရွာနာမည်ကတော့ Bergjso ဖြစ်တယ်။ ကျွန်နော်တို့ ဆိုရင်ဘယ်လိုအသံထွက်ရမှန်း မသိဘူး။ သူတု့ိကတော့ ဘာဂျယ်ရို Berjaro လို့အသံထွက်တယ်။ ဘတ်စကား မှတ်တိုင်ကဆင်းလာ တဲ့အခါ ယုံကြည်သူ မိသားစုတွေက အားရဝမ်းမြောက်စွာ နဲ့ကြိုဆိုကြတယ်။
Berjaro ရွာကလူဦးရေ ၃၅၀၀ဘဲ ရှိတယ်။ အဲဒီရွာမှာချင်းမိသားစု ၁၀ စုလောက်နဲ့ ကချင် မိသားစုတစုရှိတယ်။ နေက ၁၀ နာရီလောက်မှဘဲ ဝင် တယ်။ မိုးက ၁၁ နာရီလောက်မှဘဲ ချုပ်တယ်။ မိုးချုပ်တယ်သာပြောရတယ်၊ အရမ်း မှောင်သွားတာတော့မရှိဘူး။ တညကျွန်နော်အိပ်လို့မရတာနဲ့မနက်တနာရီလောက်မှာထပြီး ကျမ်းစာဖတ်တာမိုးကလင်းနေပြီ။ အဲဒီရွာမှာ ယုံကြည်သူများကဆွီဒစ်နှစ်ချင်း အသင်းတော် ကလေးမှာဘုရားရှိခိုးကြတယ်။ သင်းအုပ်စရာလည်း မရှိ၊ အတွေ့အကြုံလဲမရှိတော့အတော် လေး အားနည်းတယ်။
ကျမ်းစာ သင်တန်းကို နံနက် ၁၀-၁၂ နာရီ၊ ညနေ ၁-၃ နာရီ၊ ညပိုင်းရ- ၉ နာရီ တနေ့သုံးကြိမ် ပြုလုပ် ရတယ်။ တခြားနေရာမှလူတွေလည်း လာကြ တဲ့အတွက် သင်တန်းတက်သူ ကတော့ ၂၅-၃၅ ရှိကြတယ်။ ထူးခြားတာက တော့အာဖရိကလူမျိုးတယောက်လည်း ညပိုင်းကျရင်လာရောက်ပါဝင်တတ် တယ်။ သူ့နာမည်က Victor ဖြစ်ပြီး ကျမ်းစာကျောင်းအောင် ဖြစ်တယ်။ ဆွီဒင် နိင်ငံမှာ ၁၅ နှစ်နေတဲ့အတွက် ဆွီဒစ်လိုပြောတတ်တယ်။ မြန်မာအဖွဲ့ကို ကူညီ အားပေးတဲ့လူ ဖြစ်တယ်။ ကျွန်နော်တို့ ပါလာတဲ့သီချင်းစာအုပ်ထဲကသီချင်း၁၅ ပုဒ်လောက်ကို သင်ပေးလိုက်ရသေးတယ်။ အားလုံး ကျမ်းစာကို လိုလိုလားလား သင်ကြတယ်။သော ကြာနေ့မှာတော့ရေနှစ်ခြင်း မင်္လာကို ပြုလုပ်ပြီး ကယ်တင်ခြင်း သဘောပေါက်တဲ့လူ ရယောက်ကို ဗတ္တိဇံပေးလိုက်တယ်။ အဲဒီညမှာဘဲ ပွဲတော် မင်္လာကိုလည်း ပြုလုပ် ပေးလိုက်ရတယ်။ ဘုရားကျောင်းကို ဖွင့်ပေး ပိတ်ပေးပြီး တချိန်လုံးစောင့်ပေးတဲ့ဆွီဒစ်အဘိုးကြီးလည်း ချီးမွမ်းစရာ ကောင်း တယ်။ အိမ်တိုင်း ကနေလဲကျွန်နော်တို့ ဧည့်သည်များကို နေ့လည်စာနဲ့ညစာ တွေကို ဖိတ်ကျွေးကြတယ်။ ထိုသူအားလုံး ကို ဤစာစောင်ထဲမှကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
ဆွီဒင်နိင်ငံမှာချင်းလူမျိုး၂၀၀လောက်ရှိတယ်လို့သိရတယ်။ ကရင် လူမျိုးအနည်းငယ်လည်းရှိတယ်လို့သိရတယ်။ ဒုက္ခသည် အနေနဲ့ရောက်လာ တဲလူတွေကို ရွာတွေမှာဘဲ ထားကြတယ်။ အချင်းချင်းလည်း တွေ့ဘို့ ခက်ခဲ တယ်။ တနေရာထဲမရှိတော့ဖုန်းနဲဘဲ အဆက်အသွယ်လုပ်ကြတယ်။ အလုပ် လုပ်စရာလည်း မရှိတော့ကျောင်းဘဲ တက်ကြတယ်။ အများအားဖြင့် အစိုးရရဲ့ ထောက်ပံ့မှုနှင့်ဘဲ အသက်ရှင်ကြတယ်။ ကား မောင်းလိုင်စင်ရဘို့ လဲအရမ်း ခက်တယ်။ လိုင်စင်ဘိုးကကား တန်ဘိုးထက်ကြီး နေတယ်။ ဒါကြောင့်ချင်း လူမျိုးထဲကကား ပိုင်တဲ့လူ ၂ယောက်ဘဲ တွေ့ရတယ်။ ကား လိုင်စင်ကိုတော် ရုံတန် ရုံနဲ့မပေးတဲ့အတွက် ယဉ်တိုက်မှု လဲအတော် နဲတယ်။
ဆွီဒင်နိင်ငံမှာ Lutheran အသင်းတော်ဟာ နိင်ငံတော် ဘာသာ ဖြစ်တယ်။ အဲဒါကြောင့်သင်းအုပ်ဆရာများ လဲအစိုးရအမှု ထမ်းတွေလိုဘဲ အစိုးရ ကလစာပေးတယ်။ အခြားဂိုဏ်းဂဏတွေလဲရှိတော့ရှိတယ်။ ဒါပေမဲ့အစိုးရ ထောက်ပံ့ကျေးမရဘူး။ ဆွီဒင်နိင်ငံနဲ့ပတ်သက်ပြီး Nobel Price ပေးတဲ့နိင်ငံ ဖြစ်တယ်။ ဆွီဒင်နိင်ငံကနေ Volvo နဲ့ Saab ကား ထုတ်လုပ်တဲ့နိင်ငံ ဖြစ်တယ်။ လူအများစုကအင်္ဂလိပ် စကား ပြောတတ်ကြတယ်။
(လာမဲ့လမှာ ဒင်မတ်နိင်ငံအကြောင်းရေးအုံးမယ်။)
မုံလာဥနီ
(ပြုစုသူ-Florina Phunkulh)
မုံလာဥနီဟာစားလို့ရတဲ့ဥတမျိုး ဖြစ်တယ်။ မုံလာဥထဲမှာ beta carotene ရှိပြီး ထိုအရာကို ကိုယ်ခန္ဓာက Vitamin A အဖြစ်သို့ ပြောင်းလဲစေပြီး ညပိုင်းမျက်စိမှု ံခြင်းကို ကာကွယ်ပေးတယ်။ Carotene ဟာမုံလာဥကို လိမေRာ်ရောင် ဖြစ်စေတယ်။ မုံလာဥဟာအာဟာရအိုးကြီး ဖြစ်တယ်။ အခြားသီးနှံများထက် Carotene ပါဝင်မှုက အလွန်များတယ်။ မုံလာဥဟာ Vitamin A သာ မက Vitamin B, C, D, E တို့ လဲပါဝင်တယ်။ သွေး ကျောပိတ်စေတဲ့ Cholestrol ကို လဲကျစေတယ်။ မုံလာဥနီကို အစိမ်းစား တာထက် အရည်ထုတ်ပြီး သောက်ရင်ပိုကောင်းတယ်။ မုံလာဥနီအရည်ဟာဆိုရင်ကင်ဆာ ရောဂါကိုလည်း ကာကွယ်တယ်လို့ဆိုတယ်။ မုံလာဥမှာ Vitamin C ပါတဲ့အတွက် ကိုယ်ခန္ဓာအရည်ပြားအတွက် လဲကောင်း တယ်။ မုံလာဥနီအရည်တနေ့မှာနှစ်ခွက်သောက်ခြင်းအားဖြင့် ကိုယ်ခန္ဓာရဲ့ခုခံနိင်စွမ်း အားရဝ ရာခိုင်နှုန်းတိုးစေတယ်။ ဒါကြောင့် ဒါလောက် ကောင်းတဲ့မုံလာဥနီကို ကျန်းမာရေးအတွက် သောက်ကြစို့။
(Source: Nutrition-Resource.blogspot.com)
မြန်မာပြည် ခရီး စဉ်
(ယခင်လများ မှအဆက်၊ မတ် ၁ရ-ဧပြီ ၈၊ ၂၀၀၉)
By Rev. Moses Cung
ဖလမ်းမြို့သို့
ဖလမ်းနဲ့ဟားခါးလမ်းဟာအတက်အဆင်းမရှိဘဲ အကွေ့အကောက်များလွန်းတဲ့အတွက် ကား မူးတတ်တယ်။ ဒါပေမဲ့ဒီတခေါက်ကား လုံးဝ မမူးကြဘဲ ချောမောစွာ ဖလမ်းမြို့သို့ ရောက်ရှိသွားကြတယ်။ ဖလမ်းအဖွဲ့ချုပ်အတွင်းရေး မှူး Rev. Isaac Khuah Sang ကဖလမ်းမြို့အဝင် ၃ မိုင်လောက်ဝေး တဲ့နေရာသေ ဆုံးသွားတဲ့လူတွေရဲ့အမှတ်တရကျောက်တိုင်များ ထူထားတဲ့လမ်ပါးအထိ မော်တော် ဆိုင်ကယ်နဲ့ကျွန်နော်တို့ကို ကြိုတယ်။ ရန်ကုန်ငွေရတုသဘင်သို့ သွားကြ မယ့်Lenliam နယ်ကသင်းအုပ်ဆရာသုံးပါးတို့လည်း ခြေလျှင် နဲ့ သူတို့ ရွာအသီး သီးမှတနေကုန်ပင်ပန်းစွာ လာကြတာကို အတွင်းရေးမှူးကတွေ့တော့ကျွန်နော်တို့ ကား နဲ့တင်နိုင်မှာဘဲ ဆိုပြီး စောင့်ခိုင်းလိုက်တယ်။ သူတို့ လဲဝမ်းပန်းတသာနဲ့ ကား ထဲဝင်ပြီး အသင်းတော်များအကြောင်းကို ကား ထဲမှာမေးမြန်းကြတယ်။
ဖလမ်းမြို့ရောက်တော့မှောင်ခါနီးပြီ။ အဖွဲ့ချုပ်ရုံးမှာ ၂ ညတည်း ခိုဘ့ုိ ဆင်းကြတယ်။ ယုံကြည်သူများကဝမ်းမြောက်ဝမ်းသာနဲ့ကြုိဆိုကြတယ်။ ရေ နွေးနဲ့ရေချိုးပြီး တဲ့အခါ အသင်းတော် ကတည်ခင်းတဲ့ညစာကို ဘုရားကျောင်း အပိုင်အိမ်၌ စားကြရတယ်။ ချင်းထုံးစံအတိုင်း ဝက်သတ်ပြီး ဧည့်ခံကြတယ်။ ညစာ စားပြီး တာနဲ့ဘုရားကျောင်းတက်ပြီး သင်တန်းစတင်ပေးလိုက်တယ်။ ချီဆောင်ခြင်း နဲ့ပတ်သက်တဲ့ DVD ကို ပြတယ်။ ဘုရားကျောင်းအပြည့် ယုံကြည်သူ တွေလာ ကြတယ်။ ဘုရားကျောင်းကတော့သစ်သား တိုင်တိုက်နဲ့ဆောက်ထားတယ်။
အဖွဲ့ချုပ်ရုံး
ဖလမ်းအဖွဲ့ချုပ်ဟာသတင်းကောင်း နှစ်ခြင်း အသင်းတော် ရဲ့ မိခင် ဖြစ်တယ်လို့ဆိုနိင်တယ်။ ၁၉၈၃ ခုနှစ်တွင် သတင်းကောင်း နှစ်ခြင်း အသင်းတော် စ တင်တဲ့အခါဖလမ်းအဖွဲ့ချုပ်ဘဲ ရှိခဲ့တယ်။ ဖလမ်းအဖွဲ့ချုပ်ဟာအခြေခံကျပြီး အတောင့်တင်းဆုံး ဖြစ်ခဲ့ပေမယ်လို့အခုတော့ အခြားအဖွဲ့ချုပ်များ မွေးထုတ်ပေး လိုက်တဲ့အတွက် အရင်ကလောက်အင်အား မရှိတော့ဘူး။ ဒါပေမယ့်အဖွဲ့ချုပ်ရုံး အဆောက်အဦးတော့အကောင်းဆုံး ဖြစ်နေဆဲပါဘဲ။ ရုံးအဆောက်အဦးကကား လမ်းဘေးမှာရှိပြီး အုတ်နဲ့ဆောက်ထားတဲအဆောက်အဦး ဖြစ်တယ်။ လမ်းဖက် ကနေဆိုရင်နှစ်ထပ်ဘဲ ရှိပြီး အောက်ခြေက နေကြည့်ရင်လေးထပ် ဖြစ်တယ်။ ရေချိုး ခန်းအိမ်သာတွေလဲအဆောက်အဦးထဲမှာရှိတဲ့အတွက် အရမ်းအဆင််ပြေတယ်။ အဖွဲ့ချုပ်အတွင်းရေးမှူး Rev. Isaac Khuah Sang နဲ့မိသားစုက အပေါ်ဆုံးထပ် မှာနေပြီး ဒုတိယထပ်မှာတော့ရုံးခန်းနဲ့မီးဖုိခန်းတွေရှိတယ်။ အောက်ထပ်မှာအမျိုး သမီးအဖွဲ့ချုပ်အတွင်းရေးမှူးSayama Rem Nai Tial နေအိမ် ဖြစ်တယ်။
ကျွန်နော်တို့ လင်မယား ကအမျိုးသမီးအတွင်းရေးမှူးရဲ့ဧည့်ခန်းမှာ၊ အမနဲ့ညီမတို့ ကအတွင်းရေးမှူးရဲ့အိပ်ခန်းမှာအိပ်ကြတယ်။ လျှပ်စစ်မီးကခဏဘဲ ရတယ်။ နောက်ပိုင်းမှာတော့ဖရောင်းတိုင်နဲ့တရုတ်ပြည် ကလာတဲ့လျှပ်စစ်အား သွင်းလို့ရတဲ့မီးသီးလေးတွေသုံးရတယ်။ အရင်ကဆိုရင်ရွာများ ကနေဖလမ်း မြို့ကို မီးထိန်ထိန်လင်းတာတွေ့ရတတ်တယ်။ အခုတော့ပြောင်းပြန် ဖြစ်ကုန်တယ်။ ဖလမ်းကနေတွေ့ရတဲ့ Congkua ရွာ (ဘုရားသား ဖြစ်ရပြီဆိုတဲ့သီချင်းစပ်တဲ့ Saya No Pum တို့ ရွာ) ဆိုရင်တညလုံးလျှပ်စစ်မီးလင်းနေတာတွေ့ရတယ်။ ဘယ် လိုလဲလို့မေးတဲ့အခါရေအား လျှပ်စစ်ကို သူတို့ ကိုယ်တိုင် လုပ်ပြီး နေ့ရောညပါ မီးရရှိခြင်း ဖြစ်တယ်။ တချို့ရွာမှာဆိုရင်မီးအားများလွန်းလို့အိမ်တိုင်း မီးသီးအ ကုန်ဖွင့်ခိုင်းရတယ်လို့သိရတယ်။
ဖလမ်းဂျီဘီစီ
ဖလမ်းမြို့ဂျီဘီစီဟာသစ်မာတိုင်၊ အုတ်နံရံနဲ့ဆောက်ထားတယ်။ ဖလမ်း မြို့ရဲ့အချက်အချာကျတဲ့အရင်မြို့နယ်ကောင်စီရုံးရောက်ခါနီးကား လမ်းအ ကွေ့မှာဆောက်ထားတော့အတော် လေးထင်ပေါ်ပြီး အဝေးကနေတွေ့နိုင်တယ်။ တိုက်ကသုံးထပ်လောက်ရှိပြီး အပေါ်ဆုံးထပ်ဘဲပြီး သေးတယ်။ အောက်ထပ် တွေတော့ဟောင်းလောင်းဘဲ ရှိသေးတယ်။ လက်သမားတွေရွေဘော်ထိုးနေ တာတွေ့ရတယ်။ အောက်ထပ်ကို သုံးလို့ရအောင် ဒီနှစ်အတွင်း ဆောက်မယ် လို့သိရတယ်။ အသင်းသား တွေကချမ်းသာ တဲ့လူမရှိဘူး။ ရှိသမျှ စုပြီး ဆောက် ရခြင်း ဖြစ်တယ်။ အဲသည် အဆောက်အဦးဟာလေးနေရာမြောက်ပြောင်းရခြင်း ဖြစ်တယ်။ ၁၉၉၄ ခုနှစ်ကျွန်နော်တို့ မိသားစုအမေရိကန်ကပြန်လာတဲ့ အခါမှာအခုဆောက်တဲ့နေရာမှာကျွန်နော်ကဘုရားကျောင်းဆောက်ရမယ် လို့ ဆုတောင်း ကြခဲ့တဲ့နေရာ ဖြစ်တယ်လို့သိရတယ်။ ကျွန်နော်ကိုယ်တိုင် တော့ မေ့သွားပြီ။ ဒါပေမဲ့ ဘုရားသခင်က မမေ့ဘူး။ ဒါကြောင့် ယုံကြည်သူများရဲ့ဆု တောင်းတာဆိုရ၍ ဘုရားသခင်က အရေးယူဆောင်ရွက်ပေးတတ်တယ်လို့သိရတယ်။ ဘုရားရှင်သာ၍ ဘုန်းကြီး ပါစေသော်။
ဖလမ်းဂျီဘီစီဟာကျွန်နော်သင်းအုပ်ဆရာအနေနဲ့စတင်ခဲ့တဲ့နေရာ ဖြစ်တယ်။ အဲသည် တုန်းကတော့လူကအားလုံး ပေါင်းလိုက်ရင် ခလေး လူကြီး၁၅ ရောက်လောက်ဘဲ ရှိတယ်။ ယုံကြည်ခြင်း နဲ့တကမ္ဘာလုံးသတင်းကောင်း သမ္မာ တရားဟောပြောမယ်လို့ခံယူပြီးလောက အတွက် သတင်းကောင်း (Gospel for the world ) လို့ကြွေးကြော်ကြတဲ့အတွက် အချို့ကကျွန်နော်တို့ကို အရူးလို့ ထင်မှတ်ကြတယ်။ သူတို့ ထင်မှတ်သလိုဘဲ ကျွန်နော်တို့ မှာပညာရှိလဲမပါ။ ကျမ်းစာကျောင်းဘွဲ့ ရတဲ့လူလဲမရှိ။ နိုင်ငံခြားအဆက်အသွယ်လည်း မရှိ။ သူတို့ အထင်သေးရင်လည်း သေးစရာဘဲ။ ဒါပေမဲ့ ဘုရားသခင် မှာအကြံရှိတယ်။ ကျွန်နော်တို့မှာ လုံးဝ အားနည်းခြင်း၊ အား ငယ်ခြင်း မရှိဘူး။ အတိုက်အခံ များစွာ ထဲနေ့တိုင်း သင်တန်းတွေအဆက်မပြတ် ပေးနိင်တယ်။ ဆရာတွေလည်း ညီ ညွတ်ကြတယ်။ တယောက် နဲ့တယောက် ချစ်ကြတယ်။ နေရာနဲ့ ရာထူးလုတာလည်း မရှိ။ စိတ်ထဲမှာပျောက်ဆုံးဝိညာဉ် တွေဘယ်လောက်ဖမ်းနိင်မလဲဆိုတာဘဲ စဉ်းစားပြီး ကြိုးစား ကြတယ်။ ဒါကြောင့်လည်း ဘုရားသခင်က များစွာ အောင်မြင်မှု တွေပေးခဲ့တယ်။
ဖလမ်း အသင်းတော် မှာရောက်တဲ့ညကစပြီး သင်တန်းပေးတယ်။ နောက် တနေ့အင်္ဂါနေ့လည်း မနက်ပိုင်းတကြိမ်၊ ညနေပိုင်းတကြိမ်ညပိုင်းတကြိမ်သင် တန်းပေးတာနေ့ခင်းပိုင်းမှာလူ ၂၀၀လောက်လာကြတယ်။ ညပိုင်းမှာတော့ ၃၀၀ ကျော်လောက်ရှိမယ်ထင်တယ်၊ ဘုရားကျောင်းအပြည့်လာကြတယ်။ ရာသီဥတုကလည်း မပူမအေးမိုးမရွာဆိုတော့အတော် လေးကောင်းတယ်။ ကျွန်နော်စတင်အမှု ဆောင်တဲ့နှစ် ၁၉၇၉ ခုနှစ်မှာနှစ်ခြင်း ဘုရားကျောင်းမှာချီ ဆောင်ခြင်းကို သင်ပေးခဲ့တယ်။ ဩဂုတ်လမှာဆိုတော့မိုးနဲ့တိမ်နဲ့စိုစွတ်နေတဲ့အချိန်မည် ဖြစ်ပေမယ်လို့လူ ၂၀၀လောက်တက်ခဲ့တယ်။ အခြားဂိုဏ်းဂနကလူ များလည်း လာပြီး နားထောင် ကြတယ်။ ကျွန်နော် အလွန် ပြောချင် တဲ့ ချီဆောင်ခြင်း နီးကြောင်း ပြောခွင့်ရလိုက်တဲ့အတွက် ကျေနပ် အားရမိတယ်။ အချိန်များများ မရတဲ့အတွက် တော့စိတ်မကောင်း ဖြစ်မိတယ်။ ကျွန်နော်ကတော့သင်တန်းဘဲ ပေးနေတာနဲ့ဘယ်မှမသွား ဖြစ်ဘူး။ ကျွန်နော်နဲ့လိုက်ပါလာတဲ့လူတွေကတော့ တောင်ထိပ်မှာရှိတဲ့ဆေးရုံ၊ မြို့အောက်ဖက်ဆုံးမှာရှိတဲ့အထက (၁)၊ စျေးတန်း၊ ဘဏ်တွေကို သွားကြတယ်။ ကျွန်နော်ကတော့ဘယ်နေရာမှမရောက်ဘဲ ဘုရားကျောင်းနဲ့အဖွဲ့ချုပ်ရုံးမှာဘဲ နေဖြစ်တယ်။
ဗါးဂျီဘီစီသို့
ဖလမ်းမြို့ကနေမနက် ရနာရီ ခန့်မှာစတင်ပြီး ခရီး ထွက်ပြန်တယ်။ ဖလမ်း မြို့အဝင်မှာခဏနားပြီးရှုခင်းတွေကြည့်ကြတယ်။ အဆိုတော် Salai Sun Ceu အမှတ်တရကျောက်တိုင်ရှိတဲ့နေရာမှာလည်း ခဏနားကြတယ်။ အဲသည် နေရာ ကနေကျွန်နော်တို့ ရဲ့ရွာ ဖြစ်တဲ့ Lumbang မြင်နိင်ပေမဲ့အဲသည် နေ့မှာတော့မြူ တွေထူလွန်းလို့ မတွေ့ရဘူး။ ၁၂ မိုင်လောက်ဆင်းသွားတဲ့အခါမဏိပူရမြစ်သို့ ရောက်သွားပါတယ်။ မဏိပူရမြစ်ဟာအိနိြယပြည် မဏိပူရပြည်နယ်ကမြစ်ဖျားခံ တဲ့အတွက် မဏိပူရမြစ်လို့ခေါ်ပေမယ်လို့ဒေသခံတွေကတော့ Ruun သို့မဟုတ် Var လို့ခေါ်ကြပါတယ်။ ဗမာလိုကတော့ဗါးလို့ခေါ်တယ်။ ဗါးတံတားဟာ ချင်းပြည်နယ်မှာအထင်ရှားဆုံးတံတား ဖြစ်တယ်။ အရင်တုန်းကတော့ကြိုးတံ တား ဖြစ်ပေမယ့်အခုတော့သံဘောင်နဲ့ကွန်ကရက်ကား နှစ်စီးသွားနိုင်တဲ့တံတား ဖြစ်နေပါပြီ။
ဗါးမှာဖလမ်းမြို့နဲ့အနီးအနားရွာတွေကို လျှပ်စစ်ဓါတ် အားပေးတဲ့ ငါလ်စစ်ရေအား လျှပ်စစ်စက်ရုံရှိပါတယ်။ ချောင်းရေနည်းတဲ့အတွက် ညပိုင်း မှာတနာရီ နှစ်နာရီလောက်ဘဲ လျှပ်စစ်ဓါတ် အားပေးနိင်ပါတယ်။ ဗါးမှာသ တင်းကောင်းနှစ်ခြင်း အသင်းတော် ရှိပြီး အသင်းသားများကကျွန်နော်တို့ ကားရောက်တာနဲ့ဝိုင်းအုံလာကြပါတယ်။ ပျဉ်ထောင်သွပ်မိုးဘုရားကျောင်း လေးထဲမှာ သူတို့ နဲ့အတူ ဝင်ကြပြီး ချီဆောင်ခြင်း အကြောင်းကိုအချိန် အနည်းငယ်အတွင်း မှာပြောခွင့်ရလိုက်ပါတယ်။ Rockville GBC အသင်းသူ၍ Iang Iang ရဲ့အဖေနဲ့လည်း တွေ့ရပါတယ်။ ဦးအောင် ဘိတ်တို့သား အဖကမြစ်ထဲမှာ ရေဆော့ချင် တဲ့အတွက် မြစ်ထဲ၌ ဆင်းသွားကြတယ်။ လှေနှစ်စင်းရှိတာ သူတို့ကို လှေတစင်းနဲ့ဒေသခံတွေကမြစ်ထဲမှာအပျော်စီးဧည့်ခံကြတယ်။ နွေရာသီ ဖြစ်လို့မြစ်ရေကအရမ်းနဲတယ်။
လုမ်းဘန်သို့
ဗါးကနေ ၈ မိုိင်လောက်တက်လာတဲ့အခါကျွန်နော်တို့ ရဲ့ချက်မြှပ်ရာ လုမ်းဘန်ရွာအဝင်သို့ ရောက်သွားကြပါတယ်။ လမ်းခရီး မှာချင်းတောင်မှာပဌမဦးဆုံး လက်ဝါးကပ်တိုင်စိုက်ထူခဲ့တဲ့တောင်ထိပ်ဒေသခံတွေအခေါ် Kiang pui ကိုလည်း တွေ့လိုက်ရသေးတယ်။ အခုတော့လက်ဝါးကပ်တိုင်မရှိတော့ဘဲ ဗုဒဝ ဘာသာဝင်များရဲ့စေတီလေးကိုဘဲ တွေ့ရပါတယ်။ အဲဒီလက်ဝါးကပ်တိုင် ဆောက်မယ်လုပ်တုန်းက (၁၉၈၂ နှစ်လောက်မှာ) ဆောက်မဲ့လူကို ကျွန်နော် ကအား မပေးခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့လက်ဝါးကပ်တိုင်ဆောက်ခြင်းအားဖြင့် ဗုဒဝ ဘာသာဝင် တွေကို စိမ်ခေါ်သလိုဘဲ ဖြစ်မယ်။ အရေးကြီး တာကလက် ဝါးကပ်တိုင်ရဲ့တန်ခိုးကို သိပြီး လွတ်ခြင်း အခွင့်ရရှိဘို့ဘဲ လို့ကျွန်နော်ပြောပြခဲ့ တယ်။ ဒါပေမဲ့အဲဒီဆရာကအလှူငွေတွေကောက်ပြီး ဆောက်လိုက်ကြတာ မကြာပါဘူးအစိုးရကဖျက်ပြီး စေတီဆောက်လိုက်တယ်။ အဲဒီနေရာကလည်း ကား စီးတဲ့အခါအကြာကြီး မြင်ရတဲ့ နေရာဆိုတော့ဘယ်လိုမှလှစ်လျူရှုလို့မရ ဘူး။ အဲဒီလက်ဝါးကပ်တိုင်ကို မြင်တဲ့လူတွေကချင်းတောင်နေရာအနှံ့မှာလက်ဝါး ကပ်တိုင်စိုက်ကြလို့အတော် လေး ပြသနာများတဲ့အကြောင်း သိရတယ်။
လုမ်းဘန်ရွာအဝင် Ngalphai မှာကားရပ်ပြီး ဓါတ်ပုံတွေရိုက်ကြတယ်။ Sung Vum အမှတ်တရကျောက်တိုင်များကိုလည်း တွေ့ရတယ်။ ဆက်ပြီး သွား တဲ့အခါမကြာခင်မှာကျွန်နော့်အကို တဝမ်းကွဲကိုအောင် ဘိတ်ရဲ့ဘကြီး နေအိမ် ရှေ့မှာ ကားရပ်သွားပါတယ်။ အဲဒီနေရာမှာရွာကအမျိုးတွေနဲ့ ယုံကြည်သူ တွေ ကကြိုဆိုကြတယ်။ အားရပါးရနှုတ်ဆက် စကား ပြောကြတယ်။ ကျွန်နော်က တော့ ၂၀၀၁ နှစ်မှာတညအိပ်နဲ့ရောက်ခဲ့သေးတယ်။ ကျန်တဲ့လူတွေကတော့ မရောက်တာနှစ်ပေါင်းနှစ် ၂၀ ကျော်ရှိပြီဆိုတော့ အလွန် အားရကြတယ်။ ခလေး တွေလူငယ်တွေတော့ မသိရတော့ဘူး။ သူတို့ ရဲ့အဘိုးအဘွားတွေနာမည်ပြော မှဘဲ သိရတော့တယ်။ ရွာလူဦးရေကလေးငါးရာလောက်ဘဲ ရှိတော့တယ်။ ကျွန်နော်တို့ ငယ်ငယ်တုန်းကဆိုရင်တထောင်ကျော်တယ်။ အံ့ဩစရာ ကောင်း တာကဆင်းရဲ ကြပေမယ်လို့အသက် ရှည်ကြတယ်။ အသက် ၉၀ ကျော်ရှိတဲ့ လူကြီး တွေရှိကြတယ်။
အသင်းတော် ကကျနော်တို့ကို ဝက်သတ်ပြီး ညစာ ပြင်ဆင် ပေးကြတယ်။ ကျွန်နော်တို့အတွက် တော့ကြက်သား နဲ့ဟင်းသီးဟင်းရွက်တွေချက်ပေးကြတယ်။ သူတို့ ကတော့ဝက်သား ပြုတ်ကို အားရကျေနပ်စွာ စားရကြတယ်။ ကျေးဇူးတော် ပါဘဲ ရွာရောက်တဲ့အခါရှေးဟောင်းနှောင်း ဖြစ်တွေသတိမရတဲ့အတွက် ဘာမှ စိတ်ပိုင်းမှာခံစားရခက်တာမရှိဘူး။ ဂျီဘီစီဘုရားကျောင်းကကျွန်နော်တို့ နေအိမ်မှာဆောက်ထားခြင်း ဖြစ်တယ်။ မိဘတွေအမေရိကသို့ ၁၉၈၁ ခုနှစ်မှာသွား ကြတဲ့အခါကျန်ရစ်တဲ့ကျွန်နော်ကို အမွေနဲ့ပေးထားခဲ့တယ်။ ကျနော်ကလည်း အသင်းတော်ကို ပေးလိုက်တာ အသင်းတော် ကတိုက်အိမ်နဲ့ဆောက်လိုက် တယ်။ ကျွန်နော်တို့ အိမ်ရှေ့ကအိမ်ကို လဲညီမ Lucky ကဝယ်လိုက်ပြီး အသင်း အုပ်ဆရာအိမ်နှစ်ထပ်နဲ့ဆောက်လိုက်ကြတယ်။ အသင်းသား ကတော့သိပ်မများဘူး။ ဒါပေမဲ့ သူတို့ ရဲ့ ကြိုးစားမှု နဲ့ခံယူချက်ကို ချီးကျူးမိပါတယ်။ ညကျ တော့ခါတိုင်း လိုဘဲ ချီဆောင်ခြင်း အကြောင်းကို အားရပါးရပြောပြရတယ်။ ကျွန် နော်တို့ ရွာမှာရှိတုန်းကဝမ်းနည်းတာတွေမခံစားရပေမဲ့အခုဒီစာရေးတဲ့အခါဝမ်း နည်းမှု တွေကို ပြန်ခံစားရတယ်။
တီးတိန်မြို့သို့
လုမ်းဘန်ရွာကနေနံနံက် ရနာရီလောက်စထွက်လာခဲ့ကြတယ်။ သိုင်း ငင်ရောက်သောအခါ အမျိုးသမီး အဖွဲ့များကို ဟော်တယ်၌ ထားခဲ့၍ ကျွန်နော်တို့ အဖွဲ့တီးတိန်မြို့သို့ ဆက်သွားခ့ဲကြတယ်။ တီးတိန်မြုိ့သို့ မရောက်ဘူးတဲ့ အတွက် အလွန် ရောက်ချင် တယ််။ တီးတိန်မြို့သို့ ရောက်တဲ့အခါသတင်းကောင်း နှစ်ခြင်း အသင်းတော် ပိုင်အိမ်ကလေးမှ ယုံကြည်သူများကလှိုက်လှဲစွာ ကြုိ ဆိုကြတယ်။ ယုံကြည်သူများနည်းပေမယ်လို့ အလွန် အားရစရာ ကောင်းတယ်။ ဒီနှစ်ဇန္နဝါရီလမှာအသင်းဝင်ကြတဲ့ အသင်းသား များလည်း ကျွန်နော်တို့ကို ကြို ဆိုတဲ့အထဲမှာပါဝင်ကြတယ်။ သူတို့ သီချင်းသီဆိုတဲ့အခါအသံအရမ်းကောင်းပြီး အလွန်ဘဲ အားရစရာ ကောင်းတယ်။ ဒီ အသင်းသားများဟာလောကအရာ တွေကိုမျှ ော်ကိုးပြီး ဝင်လာတာ မဟုတ်ဘဲ သမ္မာတရားကို လိုချင် လို့ဝင်လာကြခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့သတင်းကောင်း နှစ်ခြင်း အသင်းတော်မှာ ဝင်လာခြင်း ဟာရယူဘို့ထက် ပေးဆပ်ဘို့ ဖြစ်တယ်။ ကယ်တင်ခြင်း နဲ့ သမ္မာတရားကို လိုချင် တဲ့ အသင်းသားများကို မြင်တဲ့အခါ အလွန် အားရကျေနပ် မိပါတယ်။
လောလောဆယ် အသင်းတော် ပိုင်တဲ့နေရာကဘုန်းကြီး ကျောင်းအနားမည် ဖြစ်တဲ့အတွက် အခြားတနေရာကို အသင်းအုပ်ဆရာနဲ့အချို့ကပြကြတယ်။ လူနေအိမ် ဖြစ်ပြီး အသင့် နေနိုင်တဲ့အိမ် ဖြစ်တယ်။ သိန်း၈၀လောက်တောင်း တယ်လို့သိရတယ်။ ဒီသည် အိမ်နားမှာ ဆုတောင်း ခဲ့ကြတယ်။ လောလော ဆယ်မဝယ်နိုင်မကူညီနိုင်ပေမယ်လို့ ဘုရားသခင်က တတ်စွမ်းနိုင်တယ်လို့ယုံ ကြည်ခြင်း နဲ့ ဆုတောင်း ကြတယ်။
အသင်းသားများကဒေသထွက်ပန်းသီးယိုနဲ့ပေါင်မုန့်တွေလက်ဆောင် ပေးကြတယ်။ အဲသည် ပေါင်မုန့်ကစားလို့ကောင်းလွန်းလို့ သူတို့ ကပြန်ဝယ်ပေးခိုငး်် လိုက်တယ်။ အားလုံး ကုန်အောင် စားလိုက်ကြတယ်။ နောက်တော့စား သောက်ဆိုင်မှာနေ့လည်စာစားခဲ့ကြတယ်။ နေ့လည်စာစားပြီး တဲ့နောက် မှာတီးတိန်မြို့ကနေပြန်ထွက်လာခဲ့ကြတယ်။အချိန် နည်းလွန်းတော့ဘယ်နေ ရာမှမရောက်ခင်မှာခရီး ဆက်လိုက်ရတယ်။ သိုင်းငင်ရောက်တဲ့အခါအမျိုးသ မီးအဖွဲ့တွေကား ပေါ်ပြန်တက်ပြီး ကလေးမြို့သို့ ခရီး ဆက်ထွက်ကြတယ်။ ကတ္တရာ လမ်း ဖြစ်လို့ကား စီးရတာအဆင်ပြေတယ်။ တာဟန်းကို ညနေ ၅ နာရီလောက် ရောက်သွားကြတယ်။
တာဟန်းသို့
တာဟန်းရောက်တာနဲ့အဖွဲ့ကွဲသွားကြတယ်။ ကျွန်နော်တို့ လင်မယား တော့တာဟန်း အသင်းတော် လူကြီး ဖြစ်တဲ့ En Thang pa တို့ မိသားစုအိမ်မှာ တည်းခိုရတယ်။ ကျန်တဲ့သူတွေတော့အမျိုးတွေအိမ်မှာအိပ်ကြတယ်။ ရောက် တဲ့ညမှာဘဲ တောင်ဖီလာအေဂျီ အသင်းတော် မှာသင်တန်းစတင်ပေးရတယ်။ လူ၃၀၀လောက်လာကြတယ်။ တောင်ဖီလာအေဂျီ အသင်းသားများဟာကျွန်နော် ရဲ့ ဝိညာဉ် သားသမီး တွေ ဖြစ်တယ်။ ၁၉၈၀လောက်မှာကျနော်စတင်ပြီး Crusade လုပ်ခဲ့တဲ့နေရာမှာဘဲ အသင်းတော်ကို တည်ဆောက်ကြတယ်။ နောက်တ နေ့နေ့ခင်းပိုင်းမှာလဲသင်တန်းဆက်လုပ်ကြတယ်။ ခရစ်တော် ကြွလာခါနီးကြောင်း နဲ့ဝတ်ပြုခြင်း ဆိုင်ရာပညတ်တော်များကို သင်ကြပေးခဲ့တယ်။ ညပိုင်းမှာ တော့ အသင်းတော် အဆောက်အဦးအပြည့် လူ၅၀၀လောက်လာကြတယ်။ ကျွန်နော်တို့ ကစနေတနင်္နွေနေ့အထိ သင်တန်းပေးမယ်လို့ကြေညာခဲ့လို့အ ချို့ဆိုရင်နောက်ပိုင်းမှဘဲ သင်တန်းတက်မယ်လို့ရည်ရွယ်တဲ့လူများရှိကြတယ်။ ကလေးကနေတော့ကား နဲ့မသွားတော့ဘဲ လေယဉ်နဲ့ဘဲ ရန်ကုန်ဆင်းမယ်လုပ် တဲ့အတွက် သင်တန်းကို နှစ်ညဘဲ ပေးလိုက်ရတယ်။ အကယ်၍ သာတနင်္နွေနေ့ အထိ နေခဲ့ရင်တော့လူများ လာဘို့ အကြောင်းရှိတယ်။
ရန်ကုန်သို့
ကလေးမြို့ကနေရန်ကုန်သို့ မတ်လ ၂၈ ရက်နေ့စနေနေ့တွင် လေယဉ်နဲ့ ပြန်ဆင်းလာခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ကလေးမြို့မှာလေယဉ်တွေက ရောက်ဘို့ စိတ်မချတဲ့အတွက်ဘဲ ဖြစ်တယ်။ငှါး ထားတဲ့ကားကို တော့ရန်ကုန်သ တင်းကောင်းနှစ်ခြင်း အဖွဲ့ချုပ်ငွေရတုသဘင်မှာပါဝင်မဲ့ဆရာဆရာမများ ကမန္တလေး အထိ စီးခဲ့ကြတယ်။ ရန်ကုန်မြို့ရောက်တဲ့အခါမေခါးစားဟော်တယ်၌ သွားကြ တယ်။ ရန်ကုန်မြို့မှာအနားယူကြတယ်။ နောက်တနေ့တနင်္နွေနေ့မှာတော့အထက် ပန်းဆိုးတန်းလမ်းကြည် မြန်မာတိုက်မှာရှိတဲ့သတင်းကောင်း နှစ်ခြင်း အသင်းတော် မှာဝတ်ပြုကိုးကွယ်ခဲ့ရတယ်။ အဲဒီမှာလဲ ချီဆောင်ခြင်း အကြောင်း တွေကို ဟောပြောရတယ်။
မြန်မာပြည် နောက်ဆုံးခရီး စဉ်
မြန်မာပြည်သို့ ကျွန်ပ်တို့ သွားရောက်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်ဟာသတင်းကောင်း နှစ်ခြင်း အသင်းတော် ရန်ကုန်အဖွဲ့ချုပ်ရဲ့ ၂၅ နှစ်မြောက် ငွေရတုသဘင်ဆင်နဲွဘို့ရန် ဖြစ်တယ်။ ငွေရတုသဘင်ကို ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ ကျင်းပကြတယ်။ မြန်မာပြည် အနယ်နယ်အရပ်ရပ်ကနေလာကြ တယ်။ ငွေရတုသဘင်ကို ပုလဲမှာရှိတဲ့သတင်းကောင်း နှစ်ခြင်း ကျမ်းစာကျောင်းမှာ ပြုလုပ် ကြတယ်။ အားလုံး ပေါင်းလူဦးရေ ရဝ ၀ ကနေ ၁၀၀၀ အကြားလောက် လာကြတယ်။
သမိုင်းအကျဉ်းချုပ်
ရန်ကုန်သတင်းကောင်း နှစ်ခြင်း အသင်းတော် ဟာ ၁၉၈၄ ခုနှစ်မေလ ၂၀ ရက်နေ့တွင် ဘုရားသခင်က တည်ထောင်သော အသင်းတော် ဖြစ်တယ်။ ဒီ် အသင်းတော် ဟာငွေကြေးအားဖြင့် မဟုတ်၊ လူ့အစွမ်းအစအားဖြင့် မဟုတ်၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တည်ထောင်တဲ့ အသင်းတော် ဖြစ်တယ်။ အကြောင်းမှာ ထိုအချိန်၌ ငွေကြေးမရှိ၊ အဆောက်အဦးမရှိ၊ ဒေါ်သန်းတင်၏ နေအိမ်ဧည့်ခန်းမှစတင်သော အသင်းတော် ဖြစ်တယ််။
ကျနော်ဟာထိုစဉ်ကဖလမ်းမြို့သတင်းကောင်း နှစ်ခြင်း အသင်းတော် ရ့ဲ အသင်းအုပ်ဆရာ ဖြစ်တယ်။ ဖလမ်းမြို့၌ အသင်းတော် စတင်တာဟာ ရလ သာရှိသေးတယ်။ စာပေထုတ်လုပ်တဲ့အခါလိုအပ်တဲ့စာလှိမ့်စက် ဝယ်ဘို့ ကျွန်နော်နဲ့အတူ ဆရာ ၃ ပါးဟာ ၁၉၈၄ ခုနှစ်ဇန္နဝါရီလတွင် ရန်ကုန်သို့ ဆင်းလာခဲ့ကြတယ်။ စာလှိမ့်စက်မဝယ် ဖြစ်ဘဲ အသင်းတော် စတင်ဘို့ ဘုရားရှင်ကလမ်းစဖွင့်ပေးလိုက်တယ်။ ဆရာနောဧနဲ့ဘုရားရှင်ကကျွန်နော့ကို တွေ့ ခွင့်ပေးလိုက်တယ်။ သူနဲ့ အသင်းတော် ဖွင့်ဘို့ သဘောတူ ညီပြီး၁၉၈၄ ခုနှစ် မေလ ၂၀ ရက်နေ့မှာကျွန်နော်ရန်ကုန်ဆင်းလာပြီး အသင်းတော် စတင်ဘို့ သဘောတူညီခဲ့ကြတယ်။ ကျွန်နော်မေလမှာရန်ကုန်ပြန်ရောက်လာတဲ့အခါဆရာ နောဧန့ဲ အဖွဲ့ ၉ယောက်နဲ့ အသင်းတော် စတင်ဘို့ သဘောတူ ကြတယ်။ ဒါပေမယ့်နေရာအခက်အခဲကြောင့်ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ကြ ရတယ်။
ဘုရားသခင်က အသင်းတော်ကို ချိန်းချက်ထားတဲ့ရက်မှာစတင်နိုင်အောင် ဖန်တီးပေးလိုက်တယ်။ ကျွန်နော်ဟာ ယုံကြည်သူများအိမ်ကို သွားရောက် လည်ပတ်တတ်ပါတယ်။ ရန်ကုန်မြို့ ၄၄ လမ်းမှာရှိတဲ့ဒေါ်သန်းတင်ရဲ့အိမ်ကို ကျွန်နော်သွားရောက်လည်ပတ်တဲ့အခါ အသင်းတော် စတင်ချင် ပေမယ်လို့နေရာ အခက်အခဲရှိကြောင်းကို စကား စပ်မိလိုက်တဲ့အခါဒေါ်သန်းတင်ကသူ့အိမ်ဧည့် ခန်းကို အသုံးပြုနိုင်ကြောင်း ပြောပြတယ်။ ကျွန်နော်လဲဝမ်းသာ အားရစွာ နဲ့ ဆရာနောဧနဲ့အဖွဲ့တွေကို အကြောင်း ကြားတယ်။ အဲဒီလိုနဲ့ ၁၉၈၄ ခုနှစ်မေလ ၂၀ ရက်နေ့မှာ ဘုရားသခင်က သတင်းကောင်း နှစ်ခြင်း အသင်းတော်ကို လူ၁၂ယောက်နဲ့စတင်ဖွင့်လှစ်ပေးပါတယ်။ ဖွင့်တဲ့နေ့မှာမုန့်နဲ့လဖကြ်ရည်နဲ့ကျေးဇူးတော် ချီးမွမ်းကြပါတယ်။
အသင်းတော် စတင်တဲ့နေ့မှာဘဲ ဆရာနောဧအုန်းမြင့်နဲ့အခန်းငှါးဘို့ ရှာကြတယ်။ စံပေါ်ကျပ်နှစ်သောင်းတလ ၃၀၀ နဲ့အခန်းရှာဘို့ ဒေါ်သန်းတင် အိမ်ကနေထွက်လာကြတယ်။ လက်ထဲမှာငွေလဲမရှိ၊ ယုံကြည်ခြင်း နဲဘဲ သွားကြ တယ်။ ဆရာနောဧကဦးစိန်မြင့်အိမ်ကို ခေါ်သွားတယ်။ ဦးစိန်မြင့်ကလည်း သူဧည့်ခန်းကို အသုံးပြုခွင့် ပေးပြန်တယ်။ အဲဒီလိုနဲ့မနက်ပိုင်းမှာ ဒေါ်သန်းတင်အိမ်မှာ၊ ညနေပိုင်းဦးစိန်မြင့်အိမ်မှာဘုရားရှိခိုးတတ်ကြတယ်။ နောက်ပိုင်းမှာတော့ ဦးစိန်မြင့်အိမ်မောင်ခိုင်လမ်းနဲ့ကျုံးကြီး လမ်းတောင့်မှာဘဲ အသုံးပြုပြီး ဘုရားရှိခိုး ကြတယ်။ ဦရှိန်မြင့်အိမ်မှာနှစ်နှစ်လောက် အသုံးပြုပြီး တဲ့ နောက်မှာတော့ခဝဲခြံ မှာရှိတဲ့ဦးဝေဝေါ ဒေါ်ဒေစီတို့ အိမ်မှာပြောင်းရွှေ့လိုက်ရပါတယ်။ အစပိုင်းမှာ ဦးဝေဝေါတို့ ရဲ့အိမ် အပေါ်ထပ်တခန်းလေးကို အသုံးပြုကြတယ်။ အောက်ထပ်က တော့ကြက်မွေးကြတယ်။ နောက်ပိုင်းမှာလူများ လာတဲ့အတွက် ဦးဝေဝေါတို့ မိသားစုအခန်းအကုန်လုံးကို ယူပြီး အပေါ်ထပ် တခုလုံးကို ဘုရားကျောင်းလုပ်ပြီး အိမ်ရှင်တွေကတော့အောက်ထပ်ကကြက်ခြံကို ဖြုတ်လိုက်ပြီး သူတို့ နေကြတယ်။ ဦးဝေဝေါ၊ ဒေါ်ဒေစီမိသားစုလည်း အသင်းတော် အတွက် အလွန် စွန့်လွှတ်ဆက် ကပ်ကြတယ်။ ဒေါ်ဒေစီဟာခေါ်တော်မူခြင်း ခံခဲ့ပြီး သူမရှိတော့တဲ့အတွက် စိတ် မကောင်း ဖြစ်မိပါတယ်။
အသင်းတော် ရဲ့လုပ်ဆောင်ချက် များ
အသင်းတော် လေးဟာငယ်ပေမယ်လို့ကြီးမား တဲ့အလုပ်တွေလုပ်နိုင်တယ်။ မော်လမြိုင်သင်တန်းကြီး ကိုလည်း ၁၉၈၆ ခုနှစ် ဧပြီလ တလလုံးလုပ် နိုင်တယ်။ အဲဒီသင်တန်းမှာ လူ၉၉ယောက်တက်ရောက်ကြတယ်။ ရည် ရွယ်ချက်ကတော့အမှုတော်ဆောင်များ မွေးထုတ်ဘို့ရန် ဖြစ်တယ်။ နောက်ထပ် ၁၉၈၆ ခုနှစ်ဇွန်လ တလလုံးအင်းစိန်ဇီးအုန်ကုန်းမှာမွမ်းမံသင်တန်း တလလုံး လုပ်နိုင်ခဲ့ပြန်တယ်။ အရင်မော်လမြိုင်သင်တန်းတက်တဲ့လူတွေထဲလက်ရွေး စင်လူ ၃၀ကို ပြန်ခေါ်ပြီး တော့ပေးရတဲ့သင်တန်း ဖြစ်တယ်။ အဲဒီသင်တန်းက နေအမှုတော်ဆောင် ရယောက်လောက်မွေးထုတ်ပေးနိုင်ခဲ့တယ်။ အဲဒီအ မှုတော် ဆောင်သစ်တွေအားဖြင့် မြန်မာပြည် အရပ်ရပ်သို့ ဧဝံဂေလိတရားကို ဟောခဲ့ကြတယ်။ အမှုတော်ဆောင်များကို စေလွှတ်တဲ့အခါအသွားစရိတ်ဘဲ ပေးနိင်ပြီး နေစရိတ်နဲ့အပြန်စရိတ်တွေကို ယုံကြည်ခြင်း နဲ့ဘဲ ဘုရားကို အားကိုး ခိုင်းတယ်။ ဒါပေမဲ့အမှုတော်ဆောင်တွေဟာစိတ်ဓါတ်ကျခြင်း၊ အား ငယ်ခြင်း၊ ကြောက်ရွံ့ခြင်း လုံးဝ မရှိဘဲ ဝမ်းမြောက်ဝမ်းသာစွာ နဲ့သွားတတ်ကြတယ်။ ဘုရားသခင်ကကောင်းကြီး တွေနဲ့ပြန်လာ စေခဲ့တယ်။
စာစောင်များ
အသင်းတော် စတင်သည်နှင့် တပြိုင်နက် အသင်းတော် ကနေသတင်းကောင်းစာစောင်ကို ထုတ်ဝေလိုက်တယ်။ အသင်းသား မရှိသလောက် ဖြစ်ပေ မယ်လို့ ဘုရားသခင်က စာစောင်ကို အလွန် ကောင်းကြီး ပေးလို့တလအုပ်ရေ ၅၀၀ အထိ ထုတ်ဝေရတယ်။ စာမူတွေကို တော့ဆရာလေးပါး ဖြစ်တဲ့မောဇက် ထောင်ကျုံး၊ နောဧ၊ အုန်းမြင့်၊ လှမြင့်နဲ့စောစံအောင်တို့ ကဘဲ ရေးကြတယ်။ နောက်ပိုင်းမှာစာစောင်နှစ်မျိုးနဲ့ထုတ်တယ်။ ကယ်တင်ခြင်း အကြောင်း နဲ့ပတ် သက်ပြီး ကျေးဇူးတော် စာစောင်၊ ခရစ်ယာန် အသက်တာနဲ့ပတ်သက်တာကို သတင်းကောင်း စာစောင်လို့စာစောင်နှစ်မျိုးကို တမျိုးစောင်ရေ ၅၀၀ စီ ထုတ်ဝေကြတယ်။
သင်တန်းများ
နောက်ပိုင်းမှာတော့ အသင်းတော် ကနေ ဦးဆောင်ပြီး သင်တန်းကြီး ငယ်တွေကို ဆက်တိုက်လုပ်သွားတယ်။ ဧရာဝတီတိုင်း ကျုံးပျော်မြို့၊ ကျိုက် လတ်မြို့နယ်သရက်တောနဲ့ဥတိုတွေမှာသင်တန်းကြီး တွေလုပ်ကြတယ်။ ယုံကြည်ခြင်း နဲ့ပျောက်ဆုံးသော ဝိညာဉ် တွေကို ချစ်ခြင်း နဲ့လုပ်တဲ့အခါနေရာ တိုင်း မှာအောင်မြင်မှု တွေ များစွာ တွေ့ရတယ်။
၁၉၈၈ ခုနှစ်ကျွန်နော်နဲ့မိသားစုအမေရိကသို့ သွားတဲ့အခါ အသင်းတော်ကို ဆရာလှမြင့်ဆက်လက် ဦးဆောင်ခဲ့တယ်။ နောက်ပိုင်းမှာအမှုတော်ဆောင်မွေးထုတ်မဲ့သင်တန်းတွေကို ၃ လသင်တန်းအဖြစ် လုပ်ဆောင်ကြတယ်။ ကျွန်နော်အမေရိကသွားတဲ့အချိန် မှာမုံရွာ အသင်းတော် စတင်ဘို့ ဆိုင်းနေတ့ဲအချိန် ဖြစ်တယ်။ နောက်ပိုင်းမှာဘုရားရှင်က အသင်းတော် နဲ့အမှုတော်ဆောင်များကို အသုံးပြုပြီး နေရာတကာ၌ အသင်းတော်များကို စတင်ကြတယ်။ လူ့ အားနည်းချက် အမျိုးမျိုးကြောင့် အောင်မြင် မှုများထဲမှဆုတ်ယုတ်မှု တွေလည်း တွေ့ရတယ်။
အခုဆိုရင်ရန်ကုန်မြို့ကနေစခဲ့တဲ့ အသင်းတော် ဟာအဖွွဲ့ချုပ်နှစ်ခု ဖြစ်လာသည် အထိ ဘုရားရှင်ကကောင်းကြီး ပေးခဲ့ပြီ။ နိုင်ငံခြားအထောက်အ ပံ့မယူဘဲ ပြည်တွင်း ယုံကြည်သူများရဲ့လုပ်ဆောင်မှု နဲ့ အသင်းတော် ဟာအ လုပ်လုပ်တဲ့အခါဘုရားရှင်က များစွာ အောင်မြင်မှု ပေးခဲ့တယ်။ အကယ်၍သာ လူ့ အားနည်းချက်မရှိခဲ့ရင်တော့အခုချိန်မှာသတင်းကောင်း နှစ်ခြင်း အသင်းတော် ဟာအတော် ကြီးမား တဲ့ အသင်းတော်ကြီး ဖြစ်နေတာသေချာတယ်။ ကယ်တင်ခြင်း န့ဲ သမ္မာတရားကို ဖြန့်ဝေလိုက်တဲ့အတွက် အခြားဂိုဏ်းဂဏများကလည်း များစွာ အကျိုးခံစား ခဲ့ရကြပြီ။
ငွေရတုသဘင်
ငွေရတုသဘင်မှာကျွန်နော်ကို နေ့ရောညပါ တရားဟောခိုင်းကြတယ်။ ငွေရတုသဘင်မတိုင်မှီမှာအမှုတော်ဆောင်များ နဲ့ ယုံကြည်သူများကို သင်တန်း၃ ရက်ပေးထားပြီး ဖြစ်တဲ့အတွက် ၃ ကြိမ်ဘဲ တရားဟောခဲ့ရတယ်။ ရာသီ ဥတုကလဲပူတော့အတော် လေးပင်ပန်းတယ်။ ဒါပေမဲ့ကြွလာတဲ့လူတိုင်း အားရဝမ်းမြောက် ကြတယ်။ အစည်းအဝေးတိုင်း မှာလည်း အသင်းတော် အသီးသီးကလူငယ်များ သီချင်းအားဖြင့် ပါဝင်ကြတယ်။ တနင်္နွေနေ့အဓိကနေ့မှာ အသင်းတော် စတင်တုန်းကပါဝင်ခဲ့တ့ဲဆရာနောဧနှင့် ဦးစိန်မြင့်တို့ ကိုလည်း ဖိတ်ကြားပြီး ဆုတွေချီီးမြှင့်ကြတယ်။
ငွေရတုသဘင်မှာပြည်တွင်း သာသနာ ပြုဆရာဆရာမအယောက် ၃၀လောက်လည်း ပါဝင်ကြတယ်။ သူတို့ ရဲ့လုပ်ဆောင်ချက်များကို အထူးစိတ်ဝင် စားတဲ့ကာလီဖေါနီးယားမှ ဦးကျော်ဝင်းနဲ့ဆရာမဟန္နတို့ ကတွေ့ဆုံမေး မြန်း အားပေးခြင်းများကို ပြုလုပ် ခဲ့ကြတယ်။
ရန်ကုန်သတင်းကောင်း နှစ်ခြင်း အဖွဲ့ချုပ်ဟာ ၂၅ နှစ်အတွင်းမှာ ဘုရားသခင်က ကြီးမားစွာ အသုံးပြုခဲ့ပြီ။ လူ့ အားနည်းချက် အမျိုးမျိုးကြောင့် အောင်မြင် သင့်သလောက် မအောင်မြင်သော်လည်း များစွာ အောင်မြင်မှု တွေကို တွေ့ရတယ်။ များစွာသော လူတွေ ကယ်တင်ခြင်းသို့ ပို့ဆောင်ခဲ့ပြီ။ များစွာသော ယုံကြည်သူများကို သမ္မာတရား သိစေပြီ။ ဘုရား ပေးတာဝန် တွေကို ဆောင် ရွက်ခဲ့ပြီ။ ချီဆောင်ခြင်း နေ့ရက်တိုင် သစ္စာရှိစွာဖြင့် သတင်းကောင်းကို လူတိုင်း ထံကြားပြောနိုင်ဘို့ ဆုတောင်းခြင်းအားဖြင့် ဖြစ်စေ၊ အလှူတော် ငွေအားဖြင့် ဖြစ်စေ၊ လူကိုယ်တိုင်အားဖြင့် ဖြစ်စေပါဝင်ကြပါစို့။ နောက်ဆုံး၌ သတင်းကောင်း နှစ်ခြင်း အသင်းတော်ကို အသုံးပြုသော ဘုရားရှင်၏ နာမသည် ကမ္ဘာအဆက် ဆက်ဘုန်းကြီး၍ မင်္လာရှိပါစေသော်။
ပြည်တွင်း ( မြန်မာပြည်) သာသနာ ပြုသတင်း အတိုအထွာ
မြန်မာနိင်ငံသတင်းကောင်း နှစ်ခြင်း အသင်းချုပ်၏ ဌါနခွဲ တခု ဖြစ်သော သာသနာ ပြု အဖွဲ့ဒါရိုက်တာသိက္ခာတော် ရဆရာစန်းလှယ်ခုပ်၏ သတင်း ပေးပို့ချက်အရ၊
၂၀၀၉ ဧပြီလအတွင်း စစ်ကိုင်းတိုင်းဟု မ္မလင်းမြို့ရှိ သာသနာ ပြုဆရာနှင့် အဖော် များ၏ သက်သေခံမှုကြောင့် သာသနာပလူ ၅ယောက်နှင့် အမည်ခံ ခရစ်ယာန် ၃ယောက် စုစုပေါင်း၈ယောက် ကယ်တင်ခြင်းသို့ ရောက်၍ ဗတ္တိဇံမင်္လာကို ပေးခဲ့ရပါသည်။
မကွေးတိုင်း မင်းတုန်းမြို့နယ်သဖန်းယောင်ရွာ၌ ဒါရိုက်တာကိုယ်တိုင် တပတ် သင်တန်းပေးခဲ့၍ ရုပ်တုကိုးကွယ်သောသူ ၅ယောက် ယုံကြည်သူ ဖြစ်လာ၍ ဗတ္တိဇံမင်္လာကို ပေးခဲ့ပါသည်။
ဧရာဝတီတိုင်း ကြံခင်းမြို့၌လည်း ဧပြီလအတွင်း ကျမ်းစာ သင်တန်း ပြုလုပ် ခဲ့ရာ ရုပ်တုကိုးကွယ်သောသူတယောက် ပြောင်းလဲသည်။
ရန်ကုန်၊ ဒဂုံမြို့နယ်ဒါရိုက်တာ၏ အိမ်နီးနားခြင်းရုပ်တုကိုးကွယ်သောသူကို တ ပတ်လုံးလုံးကျမ်းစာ သင်ပေး၍ ကယ်တင်ခြင်းသို့ ရောက်သွားခဲ့သည်။
ရှမ်းပြည်နယ်ဟိုပန်မြို့ရှိ သာသနာ ပြုဆရာကျော်ပြည့်၏ သတင်း ပေးပို့ချက်အရ ရုပ်တုကိုးကွယ်သောသူ ၈ယောက်ပြောင်းလဲကာဗတ္တိဇံမင်္လာခံခဲ့ကြကြောင်း သိရှိရသည်။
ထို့ကြောင့် ၂၀၀၉ ခုနှစ်အတွင်းရုပ်တုကိုးကွယ်သောသူများ အထဲမှလူ ၂၀ ခန့်ကယ် တင်ခြင်းသို့ ရောက်ရ ကြသည်။ ထို့ကဲ့သို့ ပြုတော်မူသော အဘဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း မိပါသည်။ ယုံကြည်သူများ၏ ဆုတောင်း ပေးခြင်း၊ အလှူငွေများ ပံ့ပိုးခြင်းများအတွက်လည်း ကျေးဇူးတင်ကြောင်း ဖေါ်ပြလိုပါသည်။
ထို့အပြင်ဟု မ္မလင်းမြို့၊ ဝက်တော်၊ ကြံခင်း၊ ဗြန်ဒီ၊ လောက်ကိုင်စသည့်နေရာတို့တွင် အသင်းတော် တည်ထောင်နိုင်ခဲ့ကြပါသည်။ အသင်းတော် အားလုံး စုစုပေါင်း (၂၄)ကို ၂၀၀၂ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း သာသနာ ပြုလုပ်ငန်း (Home Missionary) အားဖြင့် စ တင်တည်ထောင်ခဲ့ပါပြီ။
သာသနာ ပြုလုပ် ငန်းအတွက် အောက်ပါကဲ့သို့ ပါဝင်လှူဒန်းနိုင်ပါသည်။
(၁) သာသနာ ပြုဆရာနှင့် မိသားစုအတွက်
(၂) ဘုရားကျောင်းအတွက်
(၃) သီချင်းစာအုပ်အတွက်
(၄) စက်ဘီးနှင့် သယ်ယူပို့ဆောင်ရေးအတွက်
(၅) မီးအိမ်အတွက်