
မာတိကာ
အမှာစာ
၂၀၀၉ ခုနှစ်ဖေဖေါ်ဝါရီလအတွက် ဤသတင်းကောင်း စာစောင်ကို ထုတ်ဝေခွင့်ပေးသော ဘုရားရှင်နာမတော် ကမ္ဘာအဆက်ဆက်ဘုန်း ကြီး၍ မင်္လာရှိပါစေသော်။
ယုံကြည်သူများဝိညာဉ်ရေးရာကြီး ထွားရင့်ကျက်၍ ဘုရားသခင်၏ အလိုတော်ကို သိရှိ နားလည်နိုင်ရန် သမ္မာကျမ်းစာဖတ်ရှုလေ့လာ ရုံ တင်မကဘဲ ဝိညာဉ်ရေးရာနှင့် ပတ်သက်သော စာစောင်များ ဖတ်ရှုလေ့ လာခြင်းသည်လည်း အလွန် အရေးကြီး ပါသည်။
ယခုကဲ့သို့ စာစောင်များ လေ့လာခြင်းအားဖြင့် ယုံကြည်သူများခရစ်ယာန် အသက်တာ တိုးတက်လာ သကဲ့သို့ မယုံကြည် သေးသောသူများ ပင်လျှင် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံလာခဲ့ ကြသည်။
ထို့ကြောင့် လူသားများအားလုံး အတွက် အကျိုးပြုသော ယခု ကဲ့သို့ စာစောင်များကို ကိုယ်တိုင် ဖတ်ရှုလေ့လာ ရုံမကဘဲ သူတပါးအား ထပ်ဆင့်ဝေငှခြင်း၊ မိမိအသက်တာ၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းများကို စာမူများ၊ ကဗျာများရေးသား ပေးပို့ခြင်း အားဖြင့်သော်လည်း ကောင်း၊ ဆုတောင်း ပေးခြင်း အားဖြင့်သော်လည်း ကောင်းပါဝင်ပေးကြ ပါရန် ခရစ်တော်၏ နာမတော်အားဖြင့် နိူးဆော်အပ်ပါသည်။
ဤစာစောင်ဖတ်ရှုသူအယောက်စီတိုင်း ပေါ် ဘုရားသခင်က ကောင်းကြီး ပေးပါစေ။
ဆရာနော်ဂျာ
၀တ်ပြုခြင်း ဆိုင်ရာပညတ်နှင့် ယဇ်ပူဇော်ခြင်းများ
၄။ စားသောက်ခြင်း ဆိုင်ရာပညတ် (Dietary Law)
မည်သည့်အစားအစာများ စား၍ မည်သည့်အရာများရှောင်ရမည်ဟူသော ပညတ်များ ဖြစ်သည်။
လူအများစုကကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပညတ်နှင့် အုပ်ချုပ်ရေးဆိုင် ရာပညတ်များကိုသာ သိ၍ စားသောက်ခြင်း ဆိုင်ရာပညတ်နှင့် ဝတ်ပြုခြင်း ဆိုင်ရာ ပညတ်များကို မသိကြ။ အရေးကြီးသည်ဟု မထင်သောကြောင့် မိမိကြိုက်နှစ်သက် သလိုစားသောက်ကြ၊ ကိုးကွယ် ကြသည်။
စားသောက်ခြင်း ဆိုင်ရာပညတ်ချိုးဖေါက်လျှင် ကိုယ်ခန္ဓာကခံစားရသည်။ ဝတ်ပြုခြင်း ဆိုင်ရာပညတ်ချိုးဖေါက်ပါက ဝိညာဉ် ကခံစားရသည်။ ကိုယ်ကျင့်ပိုင်းဆိုင် ရာပညတ်ချိုးဖေါက်ပါက အဓိကအားဖြင့် စိတ်ကခံစားရသည်။
စားသောက်ခြင်း ဆိုင်ရာနှင့် ပတ်သက်၍ ဘုရားသခင်က သန့်ရှင်းသော အစားအစာနှင့် မသန့်ရှင်းသော အစားအစာကို ဝတ်ပြုရာကျမ်း အခန်းကြီး ၁၁၌ ဤသို့ ဖေါ်ပြထားသည်။
ခွါကွဲပြား၍ စားမြှုံ့ပြန်သော အသားများကို သင်တို့သည် စားရသော အခွင့် ရှိ၏။ သို့သော်လည်း၊ စားမြှုံပြန်သော အသား၊ ခွါကွဲပြားသော အသားတို့တွင် မစားရသော အသား ဟူမူကား၊ ကုလားအုပ်သည် စားမြှုံပြန်သော်လည်း ခွါမကွဲပြား သောကြောင့် သင်တို့၌ မစင်ကြယ်။ ရှာဖန်သည် စားမြှုံ့ပြန်သော်လည်း၊ ခွါမကွဲပြား သောကြောင့် သင်တို့၌ မစင်ကြယ်။ အာရနဘက်သည် စားမြံုပြန်သော်လည်း၊ ခွါမ ကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။ ဝက်သည် ခွါကွဲပြားသော်လည်း၊ စားမြှုံ့မ ပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ ထိုသို့သော တိရဈာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့ မှတ်ရကြမည်။ (ဝတ် ၁၁:၃-၈)
အသွေးနှင့် တိရစ္ဆာန်ဆီ
ဘုရားသခင်သည် သူဖန်ဆင်းသော တိရစ္ဆာန်များ၏ ဆီနှင့် အသွေးများကို မစားဘို့ရန် ပညတ်ထားခဲ့သည်။
သင်တို့ အမျိုးအစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကို မစားရ၊ အသွေးကို မစားရ၊ ထာဝရ ပညတ်တော် ဖြစ်သည်ဟု မိန့်တော်မူ၏။ (ဝတ် ၃:၁ရ)
သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သား သွေးမှစ၍ အသွေးမည်မျှကို မစားရ။ (ဝတ်ရး၂၆)
ဣသရေလ အမျိုးသား မှစ၍၊ သင်တို့တွင် တည်းနေသော တပါအမျိုးသား တစုံတယောက်သည်၊ အသွေးတမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှငါပယ်ရှင်းမည်။ ဤကြောင်း မူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်၏။ သင်တို့ ပြုသော အပြစ်ကို ဖြေစေခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပ†င်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ဖြေသောအရာ ကား၊ အသွေး ဖြစ်သတည်း။ ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကို မစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုးသားလည်း အသွေးကို မစားရဟု ဣသရေလ အမျိုးသားတို့အား ငါအ မိန့်တော် ရှိ၏။ ဣသရေလ အမျိုးသား မှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကို သွန်၍ မြေနှင့် ဖုံးရမည်။ အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်ရှင်ရာအကြောင်း ဖြစ်၏။ (ဝတ် ၁ရး၁၀-၁၄)
အချို့သောသူများ ကအသွေးနှင့် အဆီစားခြင်းဖြင့် ကယ်တင်ခြင်းရှုံးမည်လောဟု မေးနိင်သည်။ ကယ်တင်ခြင်းသည် ဆီနှင့် အသွေးစားခြင်းဖြင့် မဆုံးရှုံးနိင်ပါ။ သို့သော် အသွေး၌ ရောဂါများ၍ အဆီသည် သွေးကြောပိတ်စေနိုင်သည်။ ထို့ကြောင့် မိမိ ကိုယ်ခန္ဓာကို ကျန်းမာစေလို၍ အသက်တာရှည်လိုလျှင် အသွေးနှင့် ဆီကို မစားသင့်ချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများကို သိသည်။ ထို့ကြောင့် လူအတွက် မစားမည့် အရာများကို သတိပေးသည်။ နားမထောင်သော သူသည် နာတာရှည် ရောဂါရနိင်သည်သာမက လောက၌ အသက်တာတိုတောင်း နိင်သည်။
အသွေးနှင့် အဆီသာမက မစားသင့်သော အရာများ မှာကြက်ဥအနှစ်၊ ရိုးတွင်း ခြင်ဆီမှန်သမျှ၊ ဦးနှောက်၊ မလိုင်၊ တိရစ္ဆာန်အရေခွံများ မစားသင့်ချေ။ အရ သာရှိသည် ဟုဆိုသော အချိုအစိမ့်များကို ရှောင်သင့်သည်။ အထူးသဖြင့် တိုးတက်သော နိင်ငံ၌ နေသောသူများရှောင်သင့်သည်။ ထိုအရာများ အစားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများများ များ စားသင့်သည်။ အစားအသောက် မဆင်ခြင်သောကြောင့် အချို့သောသူများ လေဖြတ် ရောဂါ၊ နှလုံးသွေးကြော၊ ဦးနှောက်သွေးကြော ပိတ်ကာမ မျှော်လင့်ဘဲ အသေစော ကြသည်။ ထိုအခါ ယုံကြည်သူ ဖြစ်လျှင် ဘုရား၏ အလိုတော်ကြောင့် ဟုဆို ကြသည်။ မယုံကြည်သူ ဖြစ်လျှင် ကံဆိုးသည် ဟုဆို ကြသည်။ အမှန်မှာ ဘုရားသခင်က ရှည်သော အသက်တာကို ပေးလိုသော်လည်း သူ ပညတ်ထားသော စားသောက်ခြင်း ဆိုင်ရာပညတ်ကို ချိုးဖေါက်သောကြောင့် စော စောစီးစီးသေရ ကြသည်။ သေသောသူသည် ဘာမျှ မသိတော့သော်လည်း ကျန်ရစ် သူမိသားစုများ အလွန် နာကျင်စွာ ခံစားရကြသည်။
ကျေးဇူးတရား နှင့် ပညတ်တရား
By: Alfred Sang Nawn
အဘယ်ကြောင့်ပေးလှူရကြသနည်း
အဘယ့်ကြောင့်ကျေးဇူးတော် မချီးမွမ်းကြသနည်း