GOODNEWS
  HOME  GOODNEWS  2024 APR
 


နေကြတ်ခြင်း

ဧပြီလ ၈ ရက် တနင်္လာနေ့၌ အမေရိကန်ပြည်ထောင်စု Indianapolis မြို့၌ မွန်းလွဲ ၁း၄၅ မှ ၄း၃၀ နာရီတွင် နေကြတ်ပြီး၊ လုံးဝနေကြတ်ခြင်းကို ၃း၀၆ မှ ၃း၀၉ နာရီအတွင်းဖြစ်မည်။ ထိုနေကြတ်ခြင်းကို ကြည့်ဘို့ရန် Indianapolis မြို့သို့ လူတသိန်းကျော်လာကြမည်၊ ဟုသိရသည်။ လူများစွာတို့သည် အလွန်စိတ်လှုပ်ရှားကြ သည်။ ထိုအရာသည် အလွန်စိတ်လှုပ်ရှားစရာ ဟုတ်ပါသလား။ နေကြတ်ခြင်းသည် နေနှင့်ကမ္ဘာအကြား၌ လ ကကွယ်သောကြောင့်ဖြစ်သည်။ နေကြတ်ခြင်းသည် နှစ်တိုင်း နေရာပြောင်းပြီး ဖြစ်တတ်သောအရာဖြစ်သည်။ နေကြတ်ခြင်းသည် နှစ်စဉ်ဖြစ်နေကျဖြစ်သောကြောင့် အံ့ဩစရာမရှိပါ။ ထိုအရာသည် ဘုရားသခင်၏ အထူးနိမိတ်လက္ခဏာလည်းမဟုတ်ပါ။ သို့သော်လူများစွာတို့သည် စိတ်လှုပ်ရှားစွာကြည့်ရှု ကြမည်။

                ကျွန်တော်တို့ မေလ ၈ ရက်နေ့ နေကြတ်ချိန်တွင် Indianapolis လေဆိပ်မှ လေယဉ်ပျံဖြင့် လေယဉ်ကွင်းမှ ကောင်းကင်သို့ လေယဉ်ပျံ တက်ချိန်ဖြစ်သည်။ လေယဉ်ပြုတင်းပေါက်မှ Indianapolis မြို့ကြီးကို ကြည့်သောအ ခါ အနည်းငယ်မှောင်သော်လည်း ညကဲ့သို့ လုံးဝမှောင်သွားခြင်းမတွေ့ရပါ။ လေယဉ်ပျံအတွင်း၌လည်း လုံးဝမှောင်သွားခြင်းမရှိပါ။ ရာသီဥတုဆိုးချိန် မိုးတိမ်ထူထပ်သောနေ့တွင် မှောင်သလောက် သာလျှင်မှောင်သည်ကို တွေ့ရသည်။


 

                                               နှစ်စဉ်ကမ္ဘာဒေသအသီးသီး၌ပြောင်း၍နေကြတ်ခြင်းပြမြေပုံ

ဘုရားကပြုလုပ်သောနေကြတ်ခြင်းများ

အဲဂုတ္တုရှင်ဘုရင် ဖါရောက ဣသရေလလူများကို ကျွန်အဖြစ်မှ မလွှတ်ချင်သောကြောင့် ထာဝရဘုရားက အဲဂုတ္တုပြည်ကို မှောင်မိုက်ခြင်းအားဖြင့် ဤကဲ့သို့တရားစီရင်ခဲ့သည်၊ တဖန်ထာဝရဘုရားက၊ အဲဂုတ္တုပြည် တလျှောက်လုံး၌ မှောင်မိုက် သာမညမဟုတ်၊ စမ်းသပ်၍ တွေ့ရသော မှောင်မိုက် ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုးကောင်းကင်သို့ ဆန့်လော့၊ ဟုမောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေသည် မိမိလက်ကို မိုးကောင်းကင် သို့ ဆန့်၍၊ အဲဂုတ္တုပြည် တလျှောက်လုံး၌ ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။ ထိုအခါ တစ်ယောက်ကို တစ်ယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှ မထရကြ။ သို့ရာတွင် ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ မိမိတို့နေရာ၌ အလင်းကိုရကြ၏။ (ထွက်မြောက်ရာ ၁၀း၂၁-၂၃)

အထက်ပါနေကြတ်ခြင်းသည် သဘာဝမဟုတ်ပါ။ ဘုရားသခင်၏ လက်ရာတော်ဖြစ်သည်။ သို့သော်ထိုအရာ အားဖြင့် အဲဂုတ္တုလူများနှင့် ဣသရေလလူများ၊ ဘုရား၏အစွမ်းကို အံ့ဩ၍ ယုံကြည်ကြပါသလော။ ကျွန်ုပ်တို့ အနေဖြင့် ထိုကဲ့သို့ သုံးရက်နေကြတ်ခြင်း ကြုံပါက မည်ကဲ့သို့ဖြစ်ကြမည်နည်း။ ယခုနေကြတ်ခြင်းသည် သုံးမိနစ် ခန့်မျှသာဖြစ်မည်။ အဲဂုတ္တုပြည်၌ ကြတ်ခဲ့နေသည် သုံးရက်လုံးလုံးဖြစ်၍ အဘယ်သူမျှ မိမိနေရာမှ မထရကြ၊ ဟုဆိုသည်။ ယနေ့ကျွန်ုပ်တို့အနေဖြင့် ထိုအရာကို မကြုံရကြတော့သော်လည်း၊ ကျမ်းစာဖတ်ခြင်း အားဖြင့် ဘုရား၏ အစွမ်းသတ္တိကို သိနိုင်သည်။ ထို့ကြောင့်ထာဝရဘုရားကို ယုံကြည်သင့်သည်။ သို့သော် ဘုရား ၏အစွမ်းကို မအံ့ဩကြခြင်းသည် အံ့ဩစရာပင်ဖြစ်သည်။ 

ထာဝရဘုရားက အဲဂုတ္တုပြည်ကို တရားစီရင်ခြင်း နှင့်ပတ်သက်၍ ပရောဖက် ယေဇကျေလအားဖြင့် ဤသို့ဆိုခဲ့ သည်၊ သင့်ကိုဆုံးစေသောအခါ မိုးကောင်းကင်ကို ငါဖုံးလွှမ်း၍ ကြယ်တို့ကို မိုက်စေရမည်။ နေကိုမိုးအုံစေ၍ လသည်လည်း အလင်းကိုမပေးရ၊၊ သင့်အထက်မိုးကောင်းကင်၌ ထွန်းလင်းသော အလင်းအိမ် အလုံးစုံတို့ကို မိုက်စေ၍ သင့်ပြည်ကို မှောင်မိုက်နှင့်ဖုံးလွှမ်းမည်။ (ယေဇကျေလ ၃၂းရ-၈)  ယေဇကျေလ ရေး သောအထက်ပါ နေကြတ်ခြင်းသည် ဘယ်အချိန်၌ ပြည့်စုံသည်ကို မသိရပါ။ 

သခင်ယေရှုသေသောအခါ

သခင်ယေရှု သေသောအခါ၌၊ မွန်းတည့်အချိန်မှစ၍ သုံးချက်တီး အချိန်တိုင်အောင် မြေတပြင်လုံး ၌ မှောင်မိုက်အတိဖြစ်လေ၏။  သုံးချက်တီးအချိန်၌ ယေရှုက"ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိ" ဟုကြီးသောအ သံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ် တော်မူသနည်း၊ ဟုဆိုလိုသတည်း။ ထိုအရပ်၌ ရပ်နေသောသူ အချို့တို့သည် ကြားလျှင်၊ သူသည် ဧလိယကို ခေါ်သည်၊ ဟုဆိုကြ၏။(မဿဲ ၂ရး၄၅-၄ရ) သူတို့သည် နေမှောင်မိုက်သွားသောကြောင့် ကြောက်ရွံ့ခြင်း၊ အံ့ဩ ခြင်းရှိကြပါသလော။ ဣသရေလလူများက မယုံကြည်နိုင်ချိန်တွင် ယေရှုကို စောင့်သော တပ်မှူးမှစ၍ စစ်သူရဲ များတို့သည်၊ မြေကြီးလှုပ်ခြင်း စသည်တို့ကို မြင်လျှင် အလွန်ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏ သားတော်မှန်ပေ၏၊ ဟုဆိုကြ၏။ (မဿဲ ၂ရး၅၄)။ 

ယနေ့ ခရစ်ယာန်များစွာတို့လည်း လောကသားများနှင့် ခွဲခြား၍မရတော့ပါ။ လောကသားများ အံ့ဩ သောအရာများကို လိုက်၍အံ့ဩကြသည်။ သူတို့ကြောက်သောအရာများကို ကြောက်၍ သူတို့မကြောက်သော အရာများကို မကြောက်ကြချေ။ ထိုအရာနှင့်ပတ်သက်၍ ပရောဖက် ဟေရှာယက ဤသို့ရေးခဲ့သည်၊ ဤလူမျိုး ၏ ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရမည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကိုသွန်သင်၍ မိန့်တော်မူသည်ကား၊ သင်းဖွဲ့ခြင်း၊ ဟုဤလူမျိုး ဆိုသမျှအတိုင်း သင်တို့သည် သင်းဖွဲ့ခြင်း၊ ဟုမဆိုကြနှင့်၊၊ သူတို့ကြောက်တတ်သော အရာကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားကို ရိုသေခြင်းရှိကြလော့၊၊ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း ရှိကြလော့။ ထိုသို့ပြုလျှင် ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်၊၊ (ဟေရှာယ ၈း၁၁-၁၄)

‌ ဘေးဒဏ်ကြီးကာလအတွင်း နေကြတ်မည့်အရာများ

ဘေးဒဏ်ကြီးကာလအတွင်း နေကြတ်မည့်အရာများကို အောက်ပါအတိုင်း ရေးသားခဲ့ပြီ၊ ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည် အမွေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက် လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်း ကင်ကြယ်တို့သည် မြေပေါ်သို့ကျကြ၏။ မိုးကောင်းကင် သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ ၏။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင် များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်း၊ ဟုပြောဆိုကြ၏။(ဗျာဒိတ် ၆း၁၂-၁ရ)

တဖန်၊ စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံး စုတစု ကြတ် ၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညသုံးစုတစုသည် အလင်းမရှိ။ (ဗျာဒိတ် ၈း၁၂)

ဆက်၍၊  ပဥ္စမ ကောင်းကင်တမန်သည် မိမိဖလားကို၊ သားရဲ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။  နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့်၊ မိမိတို့လျှာကို ကိုက်ခဲကြ၏။ မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့်၊ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။(ဗျာဒိတ် ၁၆း၁၀-၁၁)

ဘေးဒဏ်ကြီးကာလတွင် အထက်ပါကဲ့သို့ မကြာခဏ နေကြတ်မှာဖြစ်သောကြောင့် အလွန်ခြောက်ခြား စရာဖြစ်မည်။ ထိုအရာများသည် မဖြစ်သေးသော်လည်း သေချာစွာ စဉ်းစားဆင်ခြင်လျှင် အလွန်ကြောက်စရာ ကောင်းမည်။ သို့သော် လူအများစုသည် ကျမ်းစာကိုမဖတ်သောကြောင့်၎င်း၊ ဘုရားကိုမယုံကြည်သောကြောင့် ၎င်း၊ ထိုအနာကပ်နေကြတ်ခြင်းများကို ဂရုမစိုက်ကြ၊ ပြင်ဆင်မှုလည်းမလုပ်ကြချေ။ အကောင်းဆုံးပြင်ဆင်မှု သည်၊ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ယုံကြည်လက်ခံခြင်းဖြစ်သည်။ သင်သည် ကယ်တင်ခြင်းသို့ ရောက်ပြီးသွားပါက၊ လောက၌ရောက်ရှိလာမည့် ဒုက္ခဆင်းရဲခြင်းများကို ကြောက်စရာမလို တော့ချေ။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG