တရားစီရင်ခြင်း
ယခုအခါ အမေရိကန်ပြည်ထောင်စု အစိုးရဝန်ကြီးဌါနအသီးသီးကို သမတဒေါ်နာလ်ထမ်း ကဖွဲ့စည်းလိုက်သော စစ်ဆေးရးအဖွဲ့ Department of Government Efficiency (DOGE) က စာရင်းစစ်ဆေးနေသည်။ တစ်လအတွင်း စစ်ဆေးရာမှ မလိုအပ်ဘဲ သုံးစွဲသောငွေ ဒေါ်လာ ၅၅ ဘီလီယံ (သန်းပေါင်း ငါးသောင်းငါးထောင်) တွေ့ရှိ ဖေါ်ထုတ်ခဲ့ပြီးဖြစ်သည်။ diversity, equity, and inclusion (DEI) (မတူကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပါဝင်မှု) ဌါနကို လုံးဝဖျက်သိမ်းလိုက်ပြီဖြစ်သည်။ ထို့အပြင် အခြားဝန်ကြီးဌါနများလည်း အလွဲသုံးစားမှုများကို ဆက်လက်ဖေါ်ထုတ်သွားဦးမည်ဖြစ်သည်။ ထိုသို့အစိုးရက နိုင်ငံတော်ဘဏ္ဍာများကို သုံးဖြုန်းခြင်းကို ဖေါ်ထုတ်မည်ကိုသိသောကြောင့် ယခင်သမ္မတဟောင်းများနှင့် နိုင်ငံရေးခေါင်းဆောင်များက ဒေါ်နာလ်ထမ်းကို မကြိုက်နှစ်သက်ခြင်း ဖြစ်သည်။ လုပ်ကြံခြင်းကို ပြုလုပ်ကြသော်လည်း မအောင်မြင်ခဲ့ကြသောကြောင့် ယခုသူတို့အပြစ်များ ဖုံးဖိ၍မရအောင် ပေါ်ကုန်ပြီဖြစ်သည်။ သူတို့အတွက် တရားစီရင်ခြင်းနေ့ရက်များ ဖြစ်သည်။ မည်ကဲ့သို့ ခံစားကြသနည်း။ ထိုသို့အပြစ်များမဖေါ်ထုတ်ခင်အထိ သူတို့သည် ဇိမ်ခံကြ၊ အမြတ်ထုတ်နေခဲ့ကြ သည်။ ယခုသူတို့၏အပြစ်များ ငြင်းမရ၊ ဖုံးမရပေါ်ကုန်ပြီ။ ထို့နည်းတူ ယနေ့လူသားအားလုံး (သင်အပါအဝင်) လည်း တနေ့ငြင်းခုံ၍မရအောင် ဘုရားသခင်က အပြစ်များကို ဖေါ်ပြတရားစီရင်မည်ဖြစ်သည်။ ငါတို့ကို စစ်ကြော စီရင်တော်မူသော သူရှေ့၌ မထင်ရှားသော အရာတစုံတခုမျှမရှိ။ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာမရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏။(ဟေဗြဲ ၄း၁၃) ဘုရားသခင်သည် လူအသီးသီးတို့အား၊ မိမိတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။ (ရောမ ၂း၆) ထို့ကြောင့်၊ ယခုအချိန်အနည်းငယ် ရှိသေးချိန်တွင် ကိုယ့်အပြစ်များကို ဖေါ်ပြ၍ ဘုရားသခင်နှင့်ဖြေရှင်းဘို့ သတိပေးလိုပါသည်။
မယုံကြည်သူများ
သင်သည်ထာဝရဘုရားကို မယုံကြည်သူ၊ ဂရုမစိုက်သောသူ ဖြစ်နိုင်သည်။ သို့သော်၊ သင်၏ မယုံ ကြည်ခြင်းကြောင့် အပြစ်စီရင်ခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း ကျမ်းစာက ဤသို့ရေးထားသည်၊ တဖန်တုံ၊ ဖြူသော ပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကို၎င်း၊ ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍သူတို့နေစရာအရပ်မရှိ။၁၂။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင် တည်းဟူသော အခြားတပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ ၁၃။ သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံသည်လည်း မိမိတို့၌ ရှိသောလူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ ၁၄။ ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။ ၁၅။ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။(ဗျာဒိတ် ၂၀း၁၁-၁၅)
ဤတရားစီရင်ခြင်းသည် နောက်ဆုံး၊ ကမ္ဘာအဆုံး၌ ဖြစ်မည့်အရာဖြစ်သည်။ ကမ္ဘာပေါ်၌ မွေးဘွားအသက်ရှင်ခဲ့သမျှသောလူတို့သည် သေသွားသော်လည်း သူတို့၏လုပ်ဆောင်မှုများအတိုင်း တရားစီရင်ပြီး ဒီဂရီချရဦးမည်ဖြစ်သည်။ ဤတရားစီရင်ခြင်းခံမည်သူများသည် အသက်ရှင်သောသူတယောက်မျှမရှိ၊ သေလွန်ပြီးသောသူများသာဖြစ်သည်။ လူကြီးများသာမက လူငယ်များ လည်းပါဝင်သည်။ ထို့ကြောင့်၊ ဤတရားစီရင်ခြင်းမှ လွတ်မြောက်ဘို့လိုအပ်သည်။ ဘုရားကိုမသိသောသူများ၊ မယုံကြည်သောသူများ၊ မကြောက်သောသူများ၊ ဂရုမစိုက်သောသူများအားလုံး စီရင်မည်ဖြစ်သောကြောင့် သင်လှစ်လှိုရှု၍မရပါ။ ကြိုတင်ပြင်ဆင်ဘို့လိုသည်။
တဖန် ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည် အမွေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ ၁၃။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ကျကြ၏။ ၁၄။ မိုးကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။ ၁၅။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကိုခေါ်လျက်၊ ၁၆။ ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ ၁၇။ အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်း၊ ဟုပြောဆိုကြ၏။(ဗျာဒိတ် ၆း၁၂-၁၇)
ဘေးဒဏ်ကြီးကာလသည် ဘုရားသခင်၏ အမျက်ဒေါသလောင်းသောအချိန်၊ တရားစီရင်သောအချိန်ဖြစ်သည်။ မြေကြီးသာမက ကောင်းကင်နှင့် နက္ခတ္တာရာများအထိ တရားစီရင်သောအချိန်ဖြစ်သည်။ အကြီးမားဆုံးသော မြေငလျှင်များလှုပ်မည်။ နေသည်မှောင်မည်းသွားသဖြင့် အလွန်ကြောက်စရာကောင်းမည်။ လသည်အသွေးကဲ့သို့နီမည်။ ကောင်းကင်ကြယ်များတည်းဟူသော ကြယ်ပျံများ မြေပေါ် သို့အကြီးအကျယ်ကျသဖြင့် လူများစွာသေမည်။ မိုးကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လိပ်သွားမည်။ ထို့ကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ကို မြေကြီးမှမြင်နိုင်မည်။ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံခေါင်းဆောင်များ၊ စစ်သူကြီးများ၊ သူဌေးသူကြွယ်များ ခွန်အားကြီးသူများနှင့်တကွ၊ လူတိုင်းအလွန်ကြောက်လန့်ကြ လိမ့်မည်။ သူတို့သည်ကြောက်လွန်းအားကြီးသောကြောင့် မြေအောက်တိုက်ခန်းများ၌ ပုန်းရှောင် ကြသော်လည်း၊ လွတ်နိုင်မည်မဟုတ်။ ဘုရားသခင်နှင့် သိုးသငယ်တည်းဟူသော ခရစ်တော်၏ အမျက်ဒေါသလောင်းသောအချိန်ဖြစ်သည်။ လူသားများသည် သူတို့အပေါ်၌ တောင်များကျောက်များ ကျဘို့ တောင်းလျှောက်ကြလိမ့်မည်။ ထိုသို့တောင်းလျှောက်ခြင်းသည် သေခြင်းကို ရှာဖွေခြင်းဖြစ်သည်။
ယခုအခါလူသားများသည် ဘုရားသခင်ကို လုံးဝမကြောက်၊ ဂရုမစိုက်ကြချေ။ ဘုရားသခင်သည် လေကဲ့သို့ဖြစ်သည်။ ဟေဗြဲစကား၌ ר֥וּחַ အသံထွက် rū·aḥ စကားလုံးတစ်ခုတည်း ကို ဝိညာဉ် သို့မဟုတ် လေ ဟုအသုံးပြုသည်။ လေသည်ဘုရားနှင့်တူညီ ချက်များရှိသည်။ လေမရှိလျှင်လူအသက်ရှုစရာမရှိ၊ သေမည်။ ဘုရားမရှိလျှင်လူသည် ဝိညာဉ်ပိုင်းသေနေသည်။ လေသည်ငြိမ်နေလျှင် ကြောက်စရာမရှိ၊ မရှိသကဲ့သို့ဖြစ်သည်။ ဘုရားသည်အမျက်ဒေါသမထွက်လျှင် ကြောက်စရာမရှိချေ။ အမျက်ဒေါသထွက်လာလျှင် မည်သူမျှမခံနိုင်ချေ။ ထိုနေ့မရောက်မှီ ဘုရားထံလာဘို့လိုသည်။ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင် တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်။(ဟေရှာယ ၁း၁၈) ဟုလူတိုင်းကို မေတ္တာနှင့်ခေါ်နေသည်။ သို့သော် ထိုသို့ခေါ်ခြင်းသည် ခန္ဓာအသက်ရှင်စဉ်အတွက်သာလျှင်ဖြစ်သည်။ သေပြီးလျှင်၊ ထို အခွင့်မရှိတော့ကြောင်း ဤသို့တွေ့ရသည်၊ လူသည် တခါတည်းသေ၍၊ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရမည် (ဟေဗြဲ ၉း၂၇)။ သေခြင်းသည်အရွယ်မရွေး၊ အချိန်မရွေးဖြစ်နိုင်သည်။ ထို့ကြောင့် မသေမှီအမြန်ဆုံး ဘုရားထံလာပြီး သူ၏အပြစ်လွှတ်ခြင်းကို လက်ခံဘို့လိုသည်။ သေလွန်ပြီးနောက်ထိုအခွင့် လုံးဝရတော့မည်မဟုတ်ချေ။ ထို့ကြောင့် သင်မသေမှီ ဘုရားထံလာဘို့ မေတ္တာနှင့် သတိပေးခေါ်ဘိတ်လိုပါသည်။
ကျမ်းစာက၊ သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးမဲ့မခံကြနှင့်၊ ဟုငါတို့သည် အမှုတော်ကိုဆောင်ရွက်သောသူချင်းဖြစ်၍၊ သင်တို့ကို နှိုးဆော်သွေးဆောင်ကြ၏။ ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဘွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီ၊ ဟုလာသည်နှင့်အညီ၊ ယခုပင်နှစ်သက်ဘွယ်သော အချိန်ရှိ၏။ ယခုပင် ကယ်တင်ရာ နေ့ရက်ကာလရှိ၏။(၂ ကော ၆း၁-၂)
ယုံကြည်သူများ
ယုံကြည်သူများသည် အပြစ်စီရင်ခြင်းမှ လွတ်မြောက်ပြီးသော်လည်း (ယော ၃း၁၈) အလုပ်နှင့်ပတ်သက်၍ တရားစီရင်ခြင်း ရှိသေးကြောင်း ကျမ်းစာကဤသို့ရေးထားသည်၊ အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ လုပ်ဆောင်ခဲ့သမျှ၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။(၂ ကော ၅း၁၀) အပြစ်အတွက် ငရဲကျစရာမရှိတော့သော်လည်း၊ ဆုပေးပွဲ၌ ဘာဆုမျှမရရှိဘဲ၊ အရှက်တကွဲအကျိုးနည်းဖြစ်မည်ကို စိုးရိမ်စရာရှိသည်။ ဘုရားခိုင်းသောအလုပ်သည်၊ လုံးဝမခက်ချေ။ သူကိုယ်တိုင် သင်၏ခန္ဓာ၊ အချိန်၊ စွမ်းအားကိုအသုံးပြုလိုသည်။ သူကိုယ်တိုင်၏ အစွမ်းအားဖြင့်လုပ်ဆောင်ဘို့ဖြစ်သည်။ သူခိုင်းသောအရာကို ကျမ်းစာ၌ ဤသို့တွေ့ရသည်၊ သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏၊ ဂုဏ်ကျေးဇူးများကို ဖေါ်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။ (၁ ပေတရု ၂း၉)။
ယုံကြည်သူအများစုက ကျွန်ုပ်ကိုဘုရားသခင်က မရွေးဘူး ဟုဆင်ခြေပေးတတ်ကြ သည်။ သို့သော်ပေတရုက သာမန်ယုံကြည်သူများကို အထက်၌ဖေါ်ပြသကဲ့သို့ ဘုရား၏ဂုဏ်ကျေးဇူး များကိုဖေါ်ပြစေခြင်းငှါ ရွေးချယ်တော်မူသောအမျိုး၊ ဟုရေးထားသည်။ လူ၏ဂုဏ်များ ဖေါ်ပြခြင်း ထက် ဘုရား၏ဂုဏ်များ ဖေါ်ပြခြင်းသည် အလွန်ကောင်းသည်။ သို့သော်၊ ယုံကြည်သူများသည် ဘုရား၏ဂုဏ်ကို မဖေါ်ပြချင်ကြချေ။ ရုပ်ရှင်မင်းသားမင်းသမီးများ၊ အားကစားအကျော်အမော်များ၊ ပညာရှိများ၊ အာဏာရှင်များ၏ အကြောင်းအရာများကို အလွန်ဖေါ်ပြချင်တတ်ကြသည်။ လူ၏ဂုဏ်ဖေါ်ပြခြင်းသည် ဘာမျှအကျိုးမခံစားရချေ။ သူတို့ကလည်း သူတို့အကြောင်းကို ဖေါ်ပြကြောင်းမသိ၊ ကျေးဇူးလည်းမတင်တတ်ကြချေ။
ဘုရား၏ဂုဏ်ဖေါ်ပြ ခြင်းဖြင့် ဘုရားထံမှကောင်းကြီးများရရှိသည်သာမက၊ ကြားနာယုံကြည်သူများလည်း ဘုရားထံမှ အကျိုးခံစားရရှိမည်။ ကိုယ်တိုင်လည်းထာဝရ အကျိုးရမည့်အကြောင်း ကျမ်းစာ၌ဤသို့ တွေ့ရသည်၊ ပညာရှိသောသူတို့သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်း တရားလမ်းထဲသို့ သွင်းသောသူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။(ဒံယေလ ၁၂း၃)။ လူများဖြောင့်မတ်ခြင်းတရားလမ်းသို့ သွင်းခြင်းသည် ပျောက်ဆုံးဝိညာဉ်များ ဖမ်းခြင်းဖြစ်သည်။ သင်သည်ထိုအရာ ကိုလုပ်ချင်ပါသလား။ လုပ်လျှင်ကြယ်များကဲ့သို့ ထာဝရထွန်းလင်းမည်ဖြစ်သည်။ ယခုမှစ၍ ကျန်ရှိသောအချိန်အနည်းငယ်ကို ဘုရားခိုင်းသောအလုပ်လုပ်ခြင်းဖြင့် ကုန်လွန်စေကြပါစို့။ (ဘုရားအကြောင်း မပြောတတ်သောသူများအနေဖြင့် gbcusa.org သို့ဝင်ပြီး BOOKSTORE ထဲမှ ကယ်တင်ခြင်းသင်ခန်းစာများကို ဖတ်ပြပေးနိုင်သည်။ သို့မဟုတ် GOODNEWS ထဲမှစာမူများကို ဖတ်ပြပေးနိုင်သည်။)