BOOKSTORE
HOME  BOOKSTORE  HEBREW COMMENTARY PART 2

 

ဟေဗြဲကျမ်း အနက်ဖွင့်ခြင်း

Rev. MOSES R CUNG

PART B

.

မာတိကာ

.

^

ဟေဗြဲ (၉)

တဲတော်

၁။ တနည်းကား၊ ပဌမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်၎င်း၊ လောကီသန့်ရှင်းရာဌာနတော်နှင့်၎င်း၊ စပ်ဆိုင်၏။

ပဌမ ပဋိညာဉ်တရားသိနာတောင်အောက်၌ မောရှေအားဖြင့် ဘုရားသခင်နှင့် ဣသရေလ လူများ ပြုလုပ်သောအရာ ဖြစ်သည် (ထွက် ၁၉:၅-၆၊ ထွက် ၂၄:၁-၈)။ ထိုပဌမ ပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်၎င်း၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့်၎င်း၊ စပ်ဆိုင်၏ဟုဆိုသည်။ 

၂။ အဘယ်သို့နည်းဟူမူကား၊ ဟဂျာဟု ခေါ်ဝေါ်သော ပဌမတဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့်ပြင်ဆင် လျက်ရှိ၏၊

ဟဂျာဟူသော စကားသည် ဂရိတ်စကားဖြစ်၍ "Ἅγια"အင်္ဂလိပ်အသံထွက် Hagia ဖြစ်သည်။ အဓိပ္ပါယ်မှာ သန့်ရှင်း ဟူ၍ ဖြစ်သည်။ အခြားနေရာများ၌ သန့်ရှင်းရာဌါနဟု ခေါ်လေ့ရှိသည် (Holy place)။ တဲတော်၏ အပြင်ခန်း ဖြစ်သည်။ ထိုအခန်း၌ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော် မုန့်တင်သော စားပွဲများရှိသည်။ နံ့သာပေါင်းမွှေး မီးရှို့ရာယဇ်ပလ္လင်လည်းရှိသော်လည်း ဤနေရာ၌ မဖေါ်ပြချေ။ 

၃။ ဒုတိယကုလားကာအတွင်း၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော် ရှိ၏။ 

ဒုတိယကုလားကာသည် အသန့်ရှင်းဆုံးနှင့် သန့်ရှင်းရာဌါနကို ကာထားသော ကုလားကာ ဖြစ်သည်။ ဟဂျာဟဂျုန်သည် ဂရိတ်စကား ဖြစ်၍ Ἅγιαἁγίων အင်္ဂလိပ်အသံထွက် Hagia hagion "အသန့်ရှင်းဆုံး" ဟုအဓိပ္ပါယ်ရသည်။ ကုလားကာအတွင်း၌ ရှိသောအခန်းကို အခြားနေရာများ၌ အသန့်ရှင်းဆုံးဌါနဟု ရေးထားသည်။

၄။ ထိုတဲတော်၌ ရွှေလင်ပန်းနှင့်ရွှေဖြင့် မွမ်းမံသောပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကိုထားသောရွှေအိုး၊ အပွင့်ပွင့်အာရုန်၏လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့သည်ရှိကြ၏။ 

အသန့်ရှင်းဆုံးဌါနကို "ထိုတဲတော်" ဟုဤနေရာ၌ ရေးထားသည်။ အသန့်ရှင်းဆုံးအခန်း၌ ပဋိညာဉ်သေတ္တာရှိ၏။ အစပဌမ မောရှေက ပြုလုပ်သော အချိန်တွင် ပဋိညာဉ်သေတ္တာသာလျှင် ရှိခဲ့သည်။ နောက်ပိုင်း၌ မန္နမုန့်ကို အမှတ်တရအဖြစ် ရွှေအိုး၌ထားသည် (ထွက် ၁၆:၃၂-၃၃)။ ကောရဒါသန်အဘိရံတို့ ကမောရှေနှင့် အာရုန်ကိုတော် လှန်ပုန်ကန်ပြီး နောက်၊ ဘုရားသခင်က မောရှေနှင့်အာရုန်ကို သူရွေးချယ်ကြောင်း၊ ဘိသိက်ကြောင်းကို ထင်ရှားစေရန်အာရုန်လှံတံကို အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကို သီးစေခြင်းအားဖြင့် သက်သေပြခဲ့သည်။ ထိုလှံတံကို အသန့်ရှင်းဆုံးဌါန၌ ဘုရားသခင်က ထားခိုင်းသည် (တော ၁ရ)။ ဟေဗြဲစာရေးသောအချိန် အထိ ထိုပစ္စည်းသုံးမျိုးသည် အသန့်ရှင်းဆုံးဌါန၌ ရှိပုံရသည်။ သို့မဟုတ် ရှိခဲ့ဘူးသောအရာကို ဖေါ်ပြခြင်းဖြစ်သည်။ 

၅။ ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာများကို ယခုသေချာစွာ ပြောစရာ အကြောင်းမရှိ၊

ပဋိညာဉ်သေတ္တာအပေါ်၌ ရွှေဖြင့်လုပ်ထားသော ခေရုဗိမ် ကောင်းကင်တမန် နှစ်ပါးသည် မျက်နှာချင်းဆိုင်လျက် အတောင်ခြင်း ထိစပ်လျက်ရှိသည်။ ထိုအရာများကို ယခုသေချာစွာ ပြောစရာ အကြောင်းမရှိဟု ရေးသည်။ ထိုသေတ္တာအဖုံးသည် ကောင်းကင်နိုင်ငံရှိ ဘုရားသခင်၏ ပလ္လင်တော်ကိုပုံဆောင်သည်။ သေတ္တာအဖုံးကို မြန်မာကျမ်းစာအုပ်၌ သေတ္တာအဖုံးဟူ၍ သာရေးထားသည်။ အင်္ဂလိပ်ကျမ်းစာ၌ ဂရုဏာပလ္လင် (mercy seat)ဟုရေးထားသည်။ ကောင်းကင် ရှိဘုရားသခင်၏ ပလ္လင်တော်သည် ယခုတိုင်ဂရုဏာပလ္လင် ဖြစ်သေးသည်။ သို့သော် ဘေးဒဏ်ကြီးကာလ၌ တရားစီရင်ရာပလ္လင်၊ အမျက်တော်လောင်းသောပလ္လင် ဖြစ်လာလိမ့်မည် (ဗျာ ၆:၁၆-၁ရ)။ ယခုကျေးဇူးတော်ကာလ ကုန်ခါနီးလေးဖြစ်သည်။ ထိုကြောင့်ထိုအချိန် မတိုင်မှီတွင် အမြန်ဆုံး ကယ်တင်ခြင်းသို့ရောက်ဘို့၊ ကယ်တင်ခြင်းကို အသေအလဲ သင်ယူလက်ခံဘို့ လိုသည်။ ထိုမျှသာမက အခြားသူများကိုလည်း အမြန်ဆုံး ပြောပြဘို့လိုသည်။ 

၆။ ထိုသို့ခပ်သိမ်းသောအရာ တို့သည် ပြင်ဆင်လျက်ရှိသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု၍ ပဌမတဲတော် အတွင်းသို့ အစဉ်ဝင်ရကြ၏။

ယဇ်ပုရောဟိတ်များသည် နေ့တိုင်း ပဌမတဲတော် တည်းဟူသောသန့်ရှင်းရာဌါန၌၊ နံ့သာပေါင်းမွှေး မီးရှို့ဘို့နှင့် ရွှေမီးခုံ၌ သံလွင်ဆီထပ်ထည့်ဘို့၊ မီးစာရှင်းလင်းဘို့ အတွက် နံနက်တကြိမ်ညနေတကြိမ် ဝင်ရသည်။ 

ရ။ ဒုတိယတဲတော် အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါးတည်းသာ မိမိအပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ ပူဇော်သောအသွေးကိုဆောင်၍ တနှစ်လျှင်တခါတည်းသာဝင်ရ၏။

ဒုတိယတဲတော် တည်းဟူသော အသန့်ရှင်းဆုံးဌါန၌မူ၊ ယဇ်ပုရောဟိတ်မင်းသာလျှင် ဝင်ခွင့်ရှိသည်။ ရိုးရိုးယဇ်ပုရောဟိတ်များမဝင်ရ။ ယဇ်ပုရောဟိတ်မင်းပင်လျှင် တနှစ်လျှင် တကြိမ်သာအပြစ်ဖြေရာနေ့၌ ဝင်ရသည်။ သူသည် သတင်းကျွတ်လ၌ သာဝင်ရသည်။ ထိုနေ့၌ ယဇ်ပုရောဟိတ်မင်းသည် သူ၏မိသားစုအတွက် အပြစ်ဖြေရာယဇ် နှင့်မီးရှို့ရာယဇ် ပူဇော်တတ်သည်။ ပရိသတ်အတွက်လည်း ထိုယဇ်နှစ်မျိုးပူဇော်ရသည် (ဝတ်ပြု ၁၆)။ 

၈။ ပဌမတဲတော် မပျက်မှီတိုင်အောင်၊ သန့်ရှင်းရာဌာနသို့ သွားသောလမ်းမဖွင့် သေးသောအကြောင်းကို၊ ထိုအမှုအရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အရိပ်ပေးတော်မူ၏။

ပဌမတဲတော်သည် မောရှေဆောက်သော တဲတော်ကို ဆိုလိုသည်။ ရှောလမုန်၏ ဗိမာန်တော်လည်း မောရှေဆောက်သော တဲတော်နှင့် သဘောခြင်းတူသည်။ ထိုမြေကြီးပေါ်၌ ဆောက်သောတဲတော်နှင့် ဗိမာန်တော်ရှိသောကာလသည် အရိပ်ဖြစ်၍ ကောင်းကင်တဲတော်စစ်၌ ပူဇော်မည့် အရာကိုသေချာစွာ မသိနိုင်သေးချေ။ 

၉။ ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သောကာလ တည်းဟူသော၊ မျက်မှောက်ကာလ ပတ်လုံးပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့်ယဇ်များတို့သည်၊ ကိုယ်ကိုကိုယ်သိသောစိတ်ကို ထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်း အကျိုးကို မပေးနိုင်သည် ဖြစ်၍၊ ၁၀။ စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသောနှစ်စရာ တည်းဟူသော၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များနှင့်တကွ အသစ်ပြုပြင်ခြင်းကာလ တိုင်ရုံမျှသာတည်ရကြ၏။ 

“ထိုတဲတော်ကား” ဟုဆိုသောအရာ သည်လောက၌ မောရှေဆောက်သော တဲတော်ကို ဆိုလိုသည်။ ထိုအရာသည် အရိပ်ဖြစ်၍ ယခုမျက်မှောက်ကာလ တည်းဟူသောကောင်းကင် တဲတော်စစ်၌ ပူဇော်ခြင်းနှင့် ခွဲခြားရှင်းပြလိုခြင်း ဖြစ်သည်။ မြေကြီးပေါ်ရှိတဲတော်၌ ဝတ်ပြုခြင်းသည် အရိပ်သာ ဖြစ်သောကြောင့် ဝတ်ပြုသော သူအား စုံလင်ခြင်း အကျိုးမပေးနိုင်ဟုဆိုသည်။ ထိုအရာသည် အစစ်မလာခင်အထိ အတွက်သာ ယာယီအားဖြင့် ဝတ်ပြုခြင်း ဖြစ်သည်။ 

၁၁။ ယခုမှာလူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့်မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သောခရစ်တော်သည်၊

တဲတော်သည် ကောင်းကင်နှင့် မြေကြီး ပေါ်၌ မောရှေဆောက်ခဲ့သော တဲတော်သာရှိသည်။ မြေကြီး ပေါ်ရှိတဲတော်သည် အဲဂုတ္တု ​ကျွန်မှ ထွက်၍ သိနာတောင်တွင် ဆောက်ခဲ့သည်။ ရှောလမုန်ကဗိမာန်တော် ဆောက် သောအခါ တဲတော်ကို အသုံးမပြုတော့ချေ။ ထိုအရာသည် မြေကြီး ပေါ်၌ လူလက်ဖြင့် ဆောက်ထားသော တဲတော် ဖြစ်သည်။ ယခုမှာလူလက်ဖြင့် မဆောက်၊ ဘုရားသခင် ဆောက်သော တဲတော်ကို ဆိုလိုသည်။ ဤလောက ဓာတ်နှင့် မစပ်ဆိုင်ဆိုသည်မှာ ဤလောက၌ မရှိ၊ ကောင်းကင် တဲတော်ကို ဆိုလိုသည်။ ထိုတဲတော်သည် သာ၍ ကြီး မြတ်စုံလင်သော တဲတော်ဟု ခေါ်သည်။ ထိုတဲတော်၌ ဝတ်ပြုခြင်း၊ ယဇ်ပူဇော်ခြင်းကို ဆိုလိုသည်။ ယခင်၌ မြေကြီး တဲတော်၌ ဝတ်ပြုရသော်လည်း၊ ယခုမှာကောင်းကင် တဲတော်၌ ဝတ်ပြုရသည်။ ထို့ကြောင့် တဲတော် ပြောင်းသွားပြီး ဖြစ်သည်။ ထို့ကြောင့် ယေရုရှလင် မြို့ဗိမာန်တော် အတွင်းရှိကုလားကာကွဲခဲ့ခြင်း ဖြစ်သည်။

နောက်မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊ ” တဲတော်ပြောင်းသကဲ့သို့ ယဇ်ပုရောဟိတ်လည်းပြောင်းပြီ။ ယခင်ယဇ်ပုရောဟိတ်များသည် လူဖြစ်၍ ယခုယဇ်ပုရောဟိတ်သည် အပြစ်ကင်းသော ခရစ်တော်ဘုရားဖြစ်သည်။ ယခုတဲတော်သည်သာ၍ ကောင်းသကဲ့သို့၊ ယဇ်ပုရောဟိတ်လည်းသာ၍ ကောင်းသည်။ 

၁၂။ ငါတို့အဘို့ ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တခါတည်းဝင်တော်မူ၏။

ငါတို့အဘို့ ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍ ၊ ” ယခင်ရွေးနှုတ်ခြင်း များသည် အပြစ် မလုပ်ခင်အထိ သာခံတတ်သည်။ ယခုရွေးနှုတ်ခြင်း မူကား ထာဝရကာလတိုင်ခံသည်။

 “ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့်” ယဇ်ပုရောဟိတ်မင်းသည် ဆိတ်နွားအသွေးနှင့် အသန့်ရှင်းဆုံးဌါနထဲသို့ဝင်တတ်ကြသည်။ သို့သော် ယဇ်ပုရောဟိတ်ယေရှုသည် မိမိအသွေးနှင့် သန့်ရှင်းရာဌါနသို့ ဝင်သည်ဟုဆိုသည်။ ထိုသို့ ဝင်ခြင်းသည် အသေခံ၍ ရှင်ပြန်ထမြောက်ပြီးမှဖြစ်သည်။ ထို့ကြောင့်ယေရှု၏ လုပ်ငန်းသည် လက်ဝါးကပ်တိုင်၌ အဆုံးမဟုတ်ဘဲ၊ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်တက်ကာ အသန့်ရှင်းဆုံးဌါန၌ မိမိအသွေးပူဇော်မှသာ ပြီးဆုံးသွားသည်။

သန့်ရှင်းရာဌာနထဲသို့ တခါတည်းဝင်တော်မူ၏။” သန့်ရှင်းရာဌာနဟုရေးသော်လည်း၊ အသန့်ရှင်းဆုံးဌါနကို ဆိုလိုခြင်း ဖြစ်သည်။ လူယဇ်ပုရောဟိတ်မင်းသည် တနှစ်တကြိမ် အသန့်ရှင်းဆုံးဌါနထဲသို့ ဝင်ရသည်။ အကြောင်းမှာ တခါတည်းနှင့် မစုံလင်နိုင်သောကြောင့်ဖြစ်သည်။ ယေရှုမူကား တခါတည်းဝင်ခြင်းသည် စုံလင်သောကြောင့် နောက်တဖန် ဝင်စရာ မလိုခြင်းကိုဖေါ်ပြသည်။ 

၁၃။ အကြောင်းမူကား၊ အညစ်အ​ကြေးရှိသော သူတို့ အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည်၊ သူတို့ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊

                 ဘုရားသခင်က မောရှေအားဖြင့် မစင်ကြယ်သော သူတို့သည် မည်ကဲ့သို့ သန့်ရှင်းခြင်း ပြုရမည်ကို ဤသို့ ညွှန်ကြားခဲ့သည်၊ “သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသေအရိုး၊ လူသင်္ချိုင်းကိုလယ်ပြင်၌ တွေ့၍ထိလျှင်၊ ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည်။ ၁၇ မစင်ကြယ်သော သူဘို့အပြစ် ကင်းစေရာ မီးရှို့သောနွားမ၏ ပြာအချို့ကိုယူ၍ ၊ စီးသောရေနှင့်အတူ အိုး၌ ထည့်ပြီးမှ၊ စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌နှစ်၍ တဲပေါ်မှာ၎င်း၊ တန်ဆာများ၊ တဲ၌ရှိသော လူများပေါ်မှာ၎င်း၊ လူသေအရိုး၊ သတ်၍ သေသောသူ၊ နာ၍သေသောသူ၊ သင်္ချိုင်းကိုထိသောသူ ပေါ်မှာ၎င်း၊ ထိုရေကိုဖြန်းရမည်။ စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက်မြောက်သောနေ့၊ ခုနစ်ရက်မြောက်သောနေ့၌ ဖြန်းရမည်။ ခုနစ်ရက်မြောက်သောနေ့၌ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မိမိအဝတ်ကိုလျှော်၍ ရေချိုးလျှင်၊ ညဦးအချိန်တွင် စင်ကြယ်လိမ့်မည်။” (တော ၁၉:၁၆-၁၉) လူသေအလောင်းကို လိုအပ်သောကြောင့် ထိလျှင်ဖြစ်စေ၊ မတော်တဆ ထိမိလျှင် ဖြစ်စေ မသန့်ရှင်းဟု ဘုရားသခင်က သတ်မှတ်ထားသည်။ ထိုသူသည်သန့်ရှင်းနိုင်ဘို့ရန် နွားမ၏ပြာနှင့် အထက်၌ ဖေါ်ပြသကဲ့သို့ သန့်ရှင်းရေးပြန်လုပ်ရသည်။ 

၁၄။ ထိုမျှမက၊ အပြစ်ကင်းသောကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသောစိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင် တော်မူသည် မဟုတ်လော။ 

                ခရစ်တော်၏ ကိုယ်နှင့် အသွေးသည် နွားမကလေး၏ပြာထက် သာ၍မြတ်သည်။ ထိုခရစ်တော်၏ ကိုယ်တော်ကို ထာဝရ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့၌ တင်လှူပူဇော်သည်ဟုဆိုသည်။ လောက၌ ပူဇော်သောအရာများသည် ဇာတိကိုယ်ခန္ဓာအားဖြင့် ဖြစ်သည်။ ခရစ်တော်၏ကိုယ်နှင့် အသွေးမူကား ဝိညာဉ်အားဖြင့် ဖြစ်သောကြောင့် မပျောက်ပျက်နိုင်တော့ချေ။ ခရစ်တော်၏ ပူဇော်ခြင်းက ကိုယ်ကိုကိုယ် သိသောစိတ်ကို စင်ကြယ်စေခြင်းငှါ သာ၍ တတ်နိုင်သည်ဟုဆိုသည်။ ကိုယ်ကိုကိုယ်သိသော စိတ်စင်ကြယ်ခြင်း ဆိုသည်မှာ စိတ်ကြည်လင်ခြင်း၊ ရှင်းသွားခြင်း ကျေနပ်ခြင်းကို ဆိုလိုသည်။ ဘုရားကိုးကွယ် သောအခါ များသောအားဖြင့် စိတ်ကြည်လင်ခြင်း မရှိတတ်ချေ။ သို့သော် ခရစ်တော်၏ ပူဇော်ခြင်းကို နားလည်သော သူသည် စိတ်ကြည်လင်ခြင်းရရှိသည်။ အကြောင်းမှာ သူ့ကို ဘုရားသခင်က အပြစ်လွှတ်၍ လက်ခံကြောင်းကို သိသောကြောင့် ဖြစ်သည်။

၁၅။ ထိုကြောင့်ပဌမ ပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသော အပြစ်ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံ တော်မူသည်ဖြစ်၍ ၊ ခေါ် တော်မူသောသူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရအမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည်ပဋိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ၏။ 

                  ပဌမပဋိညာဉ်တရားသည် သိနာတောင်၌ မောရှေအားဖြင့် ဘုရားနှင့် ဣသရေလလူများ လုပ်သော စာချုပ်ဖြစ်သည်။ ထိုတရားအရ ဣသရေလလူများသည် ဘုရားစကားနားထောင်ရမှာ ဖြစ်သော်လည်း၊ နားမထောင်နိုင်ခဲ့ကြချေ။ ထို့ကြောင့် ပဋိညာဉ်တရားသစ်ပေးမည်၊ ဟုဘုရားကဆိုခဲ့သည် (ယေရမိ ၃၁:၃၁)။ ပဌမပဋိညာဉ်တရားပြုရာတွင် နွားနှင့်ဆိတ်အသွေးအားဖြင့် တည်စေခဲ့သည်။(ထွက် ၂၄း၈။ ဟေဗြဲ ၉း၁၈-၂၁) ပဋိညာဉ်တရားသစ်မူကား ခရစ်တော်၏အသွေး အားဖြင့်တည်စေသည်။ ပဌမပဋိညာဉ်တရားအားဖြင့် အပြစ်မလွှတ်နိုင်သောအရာကို ခရစ်တော်အသေခံခြင်းအားဖြင့် လွှတ်နိုင်သည်။ ခရစ်တော်က၊ “ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွှတ်စေခြင်းငှါ သွန်းသောငါ၏အသွေးဖြစ်၏။” ဟုဆိုခဲ့သည် (မဿဲ ၂၆:၂၈)။

 ၁၆။ အမွေခံစေခြင်းငှါ အခွင့်ပေး၍ စာချုပ်သည် အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။ ၁ရ။ အကယ်၍မသေလျှင်၊ ထိုစာချုပ်သည်မတည်၊ သေမှသာတည်၏။ ၁၈။ ထိုကြောင့် ပဌမပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးနှင့်ကင်း၍မစီရင်။

                မိဘများက သားသမီးများကို အမွေပေး သောအခါ စာချုပ်ပြုလုပ် တတ်သည်။ အမွေသည် မိဘအသက် ရှင်စဉ်တွင် မပေးတတ်ချေ။ မိဘသေမှသာလျှင် ပေးတတ်သည်။ သို့သော် မိဘသေသွား သောအခါ၊ သူတို့ကိုယ်တိုင်ဘာမျှ မပြောနိုင်တော့သောကြောင့် စာချုပ်ထဲ၌ မသေမှီက သူတို့၏ ဆန္ဒများကို ရေးတတ်သည်။ ထိုစာချုပ်သည် မိဘသေပြီးမှသာလျှင် ဖေါက်၍ကြည့်ရသည်။ အမွေမှန်သမျှသည် စာချုပ်အတိုင်း တည်ရသည်။ ပဌမပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးအားဖြင့် စီရင်သည်ဟုဆိုသည်။ အသွေးသည် ခန္ဓာကိုယ်၏ အသက်ဖြစ်သည် (ဝတ်ပြု ၁ရး၁၁)။ အသွေးထွက်ခြင်းသည် သေပြီဟူသောအရာ ကိုဆိုလိုသည်။ 

၁၉။ တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့်ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုးသော သိုးမွှေးတပ်သော ဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်း၊ လူအပေါင်းကို၎င်း၊ ဖြန်းလျက်၊ ၂၀။ ဤအသွေးကား၊ သင်၌ ဘုရားသခင်ဝန်ခံ တော်မူသော ပဋိညာဉ်၏ အသွေး ဖြစ်သည်၊ ဟုပြောဆို၏။ 

             တရားတော်၌ ပါသမျှသော ပညတ်သည် ဘုရားကပြော၍ မောရှေကရေးသောစာ၊ ပဋိညာဉ်စာဖြစ်သည် (ထွက် ၂၄:၄၊ ရ)။ ထိုစာကိုကျမ်းစာဟုခေါ်သည်။ မောရှေက ဋိညာဉ်စာနှင့် ဣသရေလလူများကို ရေရောသော နွားနှင့်ဆိတ်အသွေးနှင့် ဖြန်းသည်ဟုဆိုသည်။ ထွက်မြောက်ရာ ၂၄ တွင် နွားအသွေးသာ ဖေါ်ပြသော်လည်း အထက်ပါ ကျမ်းစာ၌ ရေနှင့်ဆိတ်အသွေးကိုလည်း ဖေါ်ပြသည်။ ပဋိညာဉ်တရားသစ်အတွက်မူ တိရစ္ဆာန်အသွေးမသုံးတော့ဘဲ၊ သခင်ယေရှုက မိမိအသွေးကို သွန်းကြောင်း သူကိုယ်တိုင် ဤသို့ဆိုခဲ့သည်၊ “ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွှတ်စေခြင်းငှါ သွန်းသော ငါ၏အသွေးဖြစ်၏။” (မ ၂၆:၂၈) ဟုဆိုခဲ့သည်။ နွားနှင့်ဆိတ်အသွေး၌ ရေရောသည်ဟုဆိုသည်။ ထို့ကြောင့်ဖြစ်မည်၊ ခရစ်တော်၏ နံဘေးကို ရောမစစ်သားက၊ လှံနှင့်ထိုးသောအခါ သွေးနှင့် ရေထွက်သည်၊ ဟုယောဟန်ကရေးထားသည် (ယော ၁၉:၃၄)။ 

၂၁။ တဲတော်နှင့်ဝတ်ပြုသော တန်ဆာများကိုလည်း ထိုနည်းတူ အသွေးနှင့်ဖြန်းရ၏။ 

              တဲတော်နှင့်ဝတ်ပြုသော တန်ဆာများကို အဘယ်ကြောင့်အသွေးနှင့် ဖြန်းသနည်း။ အကြောင်းမှာ တဲတော်နှင့်တန်ဆာများသည် ညစ်ညူးသောလူများ အလယ်၌ ရှိသောကြောင့် ညစ်ညူးသည်။ ဘုရားသခင်က၊ “ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သော အပြစ်ကြောင့်၎င်း၊ ပြစ်မှားသောအပြစ် အမျိုးမျိုးတို့ကြောင့်၎င်း၊ သန့်ရှင်းရာဌာနတော်အဘို့ အပြစ်​ဖြေခြင်းကို ပြုရမည်။ ထိုသို့ဣသရေလ အမျိုးသားတို့၏ မစင်ကြယ်သောအပြစ်ထဲမှာ နေရသောပရိသတ်စည်းဝေးရာတဲတော် အဘို့ ပြုရမည်။” (ဝတ်ပြု ၁၆:၁၆) ဟုတဲတော်အတွက် အသွေးဖြင့် သန့်ရှင်းရေးလုပ်ခိုင်းသည်။

 ၂၂။ ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ်အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။

               ဘုရားသခင်က အပြစ်ကို အသွေးအားဖြင့်သာ စင်ကြယ်စေနိုင်သည်၊ ဟုပညတ်ထားခဲ့သည်။ “အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။” ဟုအဘယ်ကြောင့်ဆိုသနည်း။ “ခန္ဓာကိုယ်၏ အသက်သည် အသွေး၌တည်၏” (ဝတ် ၁ရး၁၁) ဟုဆိုသည်။ ထို့ကြောင့် အသွေးသွန်းခြင်းသည် အသက်ပေးခြင်းကို ပုံဆောင်သည်။ အပြစ်၏အခသည် သေခြင်းဖြစ်သည်ဟုဆိုသည် (ရော ၆:၂၃)။ လူသည်အပြစ်ကြောင့် သေရမည်။ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်ကလူကို အသက် ပေးသောအခါ သူ၏အလိုတော်အတိုင်း အသုံးပြုရမည်။ လူသည် ဘုရားအလိုတော်အတိုင်း အသက်ကို မသုံးသောအခါ၊ ဘုရားကလူ၏ အသက်ကို ပြန်တောင်းသည်။ သို့သော်လူသည် အသက်ကိုမပေးနိုင်၊ ပေးလျှင်သေမည်။ ထို့ကြောင့် လူအသက်အစား တိရစ္ဆာန်အသက်ကိုပေးခိုင်းသည်။ တိရစ္ဆာန်အသက် ပေးကြောင်းကို အသွေးဖြန်းခြင်းဖြင့် သက်သေပြသည်။ အသွေးကိုဘုရားရှေ့၌ ဖြန်းသောအခါ အသက်ပေးပြီဖြစ်ကြောင်း၊ အပြစ်အတွက် အသက်အားဖြင့်လျော်ပြီ ဖြစ်ကြောင်းကို သက်သေပြခြင်းဖြစ်သည်။ အဘယ်ကြောင့်၊ “ခပ်သိမ်းသောအရာ တို့ကိုကုန်မတတ်” ဟုဆိုသနည်း။ အပြစ်ဖြေရာယဇ် ပူဇော်သောအခါ ချမ်းသာသောသူများသည် နွားထီး၊ လူလတ်တန်းစားများသည် သိုးသို့မဟုတ်ဆိတ်၊ ဆင်းရဲသားတို့သည် ချိုးသို့မဟုတ်ခိုကောင်ဖြင့် ပူဇော်ရသည်။ သို့သော်အလွန် ဆင်းရဲသော သူများသည် ထိုအရာများကို မတတ်နိုင်သောကြောင့် ဂျုံမှုန့်အားဖြင့် အပြစ်​ဖြေစေကြောင်း ဘုရားကဤသို့ ဆိုထားသည်၊ “ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို မတတ်နိုင်လျှင် ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ်အရာ၌ မုန့်ညက်တဩမဲကို ဆောင်ခဲ့၍ ဆက်ရမည်။ အပြစ်​ဖြေရာယဇ် ဖြစ်သောကြောင့် ဆီကိုမလောင်းရ။ လောဗန်ကို မတင်ရ။ ၁၂ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်း တည်းဟူသောပူဇော်သက္ကာအတွက်အတာကိုယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ အပြစ်​ဖြေရာယဇ်ဖြစ်သတည်း။ ၁၃ ထိုသို့ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသော အပြစ်တစုံတခုအတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွှတ်လိမ့်မည်။” (ဝတ်ပြု ၅:၁၁-၁၃)

၂၃။ ထိုကြောင့်၊ ကောင်းကင်ဘုံ၌ ရှိသောအရာတို့၏ပုံများကို၊ ထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရသည်ဖြစ်၍၊ ကောင်းကင်အရာတို့ကို သာ၍မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။

              မြေကြီးပေါ်၌ ပူဇော်သောအရာများသည် အရိပ်သာလျှင်ဖြစ်၍ အစစ်သည် ကောင်းကင်၌ရှိသည်။ မြေကြီးပေါ်၌ ပူဇော်သောအရာများသည်၊ လူဆောက်သော တဲတော်၌ တိရစ္ဆာန်အားဖြင့် ပူဇော်သည်။ ကောင်းကင်၌ ပူဇော်သောအရာသည် ဘုရားဆောက်သော တဲတော်၌ ယေရှု၏အသွေးနှင့် ကိုယ်အားဖြင့် ပူဇော်သောကြောင့် သာ၍မြတ်သော ပူဇော်ခြင်းဟု ခေါ်ခြင်းဖြစ်သည်။ 

၂၄။ ထိုသို့နှင့်အညီ၊ မှန်သောသန့်ရှင်းရာဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာနထဲသို့ ခရစ်တော်သည် မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှါ၊ ကောင်းကင်ကိုယ်ထဲသို့ဝင်တော်မူပြီ။

               ငါတို့၏ ယဇ်ပုရောဟိတ် ခရစ်တော်သည် လူလက်နှင့် ဆောက်သောလောက တဲတော်ထဲရှိ သန့်ရှင်းရာဌါနသို့ မဝင်ဘဲ၊ ဘုရားဆောက်သော ကောင်းကင်သန့်ရှင်းရာဌါန၌ ကိုယ်ကိုပြခြင်းငှါဝင်သည်။ ထို့ကြောင့် သူ၏ပူဇော်ခြင်းသည် သာ၍မြတ်သည်ဟုဆိုလိုခြင်း ဖြစ်သည်။ 

၂၅။ သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတပါးအသွေးနှင့်နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာကိုယ်ကို ပူဇော်ရသည် မဟုတ်။ ၂၆။ ထိုသို့ ပူဇော်ရသည်မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ်ကာလအဆုံး၌ တခါတည်းကိုယ်ကို ပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။

               လူယဇ်ပုရောဟိတ်များသည် နေ့တိုင်း၊ နှစ်တိုင်းယဇ်ပူဇော်ရသည်။ အကြောင်းမှာ သူတို့၏ပူဇော်ခြင်းသည် အရိပ်သာလျှင်ဖြစ်၍ ထပ်ခါထပ်ခါပူဇော်ဘို့ လိုသည်။ သို့သော်ခရစ်တော်၏ ပူဇော်ခြင်းသည်အစစ်၊ အကောင်အထည်ဖြစ်၍ တခါတည်းပူဇော်ခြင်းအားဖြင့် ပြီးစီးသွားပြီးဖြစ်သည်။ ထို့ကြောင့်သူ၏ ပူဇော်ခြင်းကို ယုံကြည်သော သူတို့သည် အပြစ်လုပ်တိုင်း ပူဇော်စရာမလိုတော့ခြင်းဖြစ်သည်။ မည်မျှဝမ်းမြောက်စရာရှိသနည်း။ 

၂ရ။ လူသည် တခါတည်းသေ၍ ထိုနောက်မှတရားစီရင် တော်မူခြင်းကို ခံရသကဲ့သို့၊ 

                လူသည်ခါတည်းသေ၍ ဟုဆိုသည်။ နှစ်ခါမသေရပါ။ ထိုနောက်အမှုမပြီးဆုံးသေးပါ။ တရားစီရင်ခြင်း ခံရဦးမှာဖြစ်သည်။ သို့သော် သားတော်ကို ယုံကြည်လျှင် အပြစ် စီရင်ခြင်း မခံရတော့ပါ (ယော ၃:၁၈)။ ယုံကြည်သူများသည် အလုပ်အတွက်သာ တရားစီရင်ခြင်း ခံရမှာဖြစ်သည် (၂ ကော ၅:၁၀၊ ၁ ကော ၃:၁၁-၁၅)။ မ ယုံကြည်သူများမူကား ပလ္လင်ဖြူကြီးရှေ့၌ တရားစီရင်ခြင်း ခံရဦးမှာဖြစ်သည် (ဗျာ ၂၀:၁၁-၁၅)။

၂၈။ ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်း အလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။

              ခရစ်တော်သည် အပြစ်ဖြေရှင်းဘို့ရန် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်တုန်းက လူ့ဇာတိခံခဲ့ပြီးပြီ။ ယခုအပြစ်အတွက်မဟုတ်ဘဲ၊ သူ့ကိုယုံကြည်သောသူများကို ဤလောကမှ အပြီးအပိုင် ကယ်တင်ဘို့ရန် ကြွလာဦးမည်။ ထိုအချိန်ကို မြော်လင့်စောင့်စားဘို့ ဖြစ်သည်။

                                                                                             အခန်း ၉ မေးခွန်းများ 

၁။ ပဌမပဋိညာဉ်တရားသည် ဘာနှင့်ဆိုင်သနည်း။................................ 

၂။ ဟဂျာ၏အဓိပ္ပါယ်သည် အဘယ်အရာနည်း။................................... 

၃။ သန့်ရှင်းရာဌါန၌ အဘယ်အရာများရှိသနည်း။........................................

၄။ ဟဂျာဟဂျုန်သည် အဘယ်အရာနည်း။....................................

၅။ ဟဂျာဟဂျုန်၌ ဘာပစ္စည်းများရှိသနည်း။...............................

၆။ ပဋိညာဉ်သေတ္တာဖုံးကို မည်သို့ခေါ်သနည်း။

ရ။ ပဋိညာဉ်သေတ္တာဖုံးပေါ်၌ ဘာရှိသနည်း။..................

၈။ ဂရုဏာပလ္လင်သည် ဘယ်အရာကို ပုံဆောင်သနည်း။................................ 

၉။ ဘုရား၏ပလ္လင်တော်သည် ယခုအခါ ဘာပလ္လင်ဖြစ်သေးသနည်း။..................နောင်၌ဘာပလ္လင်ဖြစ်မည်နည်း။.......................

၁၀။ သန့်ရှင်းရာဌါန၌ ယဇ်ပုရောဟိတ်များသည် တနေ့ဘယ်နှစ်ကြိမ်ဝင်တတ်ကြသနည်း။........................

၁၁။ သန့်ရှင်းရာဌါန၌ ယဇ်ပုရောဟိတ်များသည် ဘာလုပ်တတ်ကြသနည်း။......................... 

၁၂။ အသန့်ရှင်းဆုံးဌါန၌ မည်သူသာလျှင် ဝင်နိုင်သနည်း။..........................

၁၃။ ယဇ်ပုရောဟိတ်မင်းသည် အသန့်ရှင်းဆုံးဌါန၌ ဘာလုပ်ဘို့ဝင်တတ်သနည်း။..................... ဘယ်အချိန်မှာဝင်ရသနည်း။............................

၁၄။ ပဌမတဲတော်သည် ဘာကိုဆိုလိုသနည်း။............................. 

၁၅။ လောကတဲတော်၌ ဝတ်ပြုခြင်းသည် ဝတ်ပြုသောသူကို အကျိုးပေးနိုင်ပါသလား။......................

၁၆။ တဲတော်ဘယ်နှစ်ခုရှိသနည်း။..................... မည်သည့်နေရာ၌ရှိသနည်း။...................

၁ရ။ ယခုတဲတော်သည် ဘယ်မှာရှိ၍..................... မည်သူကဆောက်သနည်း။.............................

၁၈။ တဲတော်ပြောင်းပြီးလား။.................... ယဇ်ပရောဟိတ်ကောပြောင်းပြီလား။........................ 

၁၉။ ယခုယဇ်ပုရောဟိတ်သည် မည်သူနည်း။..................................

၂၀။ ယခုရွေးနှုတ်ခြင်းသည် မည်မျှခံသနည်း။............................

၂၁။ ယဇ်ပုရောဟိတ် ယေရှုသည် ဘာအသွေးကို သုံးသနည်း။........................

၂၂။ ယေရှု၏အလုပ်သည် မည်သည့်နေရာ၌ အဆုံးသပ်သနည်း။............................ 

၂၃။ အဘယ်ကြောင့် ယဇ်ပုရောဟိတ်ယေရှုသည် သန့်ရှင်းရာဌါနထဲသို့ တခါတည်း သာဝင်သနည်း။......................

၂၄။ မသန့်ရှင်းသော သူများကို ဘာနှင့် သန့်ရှင်းရေးလုပ်ရသနည်း။............................ 

၂၅။ နွားမကလေး၏ပြာနှင့် ခရစ်တော်၏ကိုယ်အသွေးသည် မည်သည့်အရာပို၍ သန့်ရှင်းစေနိုင်သနည်း။

၂၆။ ခရစ်တော်၏ ပူဇော်ခြင်းသည် အဘယ်ကြောင့်စိတ်ကြည်လင်စေနိုင်သနည်း။.......................

၂ရ။ ပဌမပဋိညာဉ်တရားအားဖြင့် အပြစ်မလွှတ်နိုင်သောအရာကို ဘယ်အရာကလွှတ်နိုင်သနည်း။.................... 

၂၈။ အမွေစာချုပ်တည်ဘို့ရန် ဘာဖြစ်ရမည်နည်း။...........................

၂၉။ အသွေးထွက်ခြင်းသည် ဘာကိုဆိုလိုသနည်း။....................... 

၃၀။ တဲတော်နှင့်ဝတ်ပြုသော တန်ဆာများကို အဘယ်ကြောင့်အသွေးနှင့် ဖြန်းသနည်း။..........................

၃၁။ အသွေးသွန်းခြင်းသည် ဘာကိုပုံဆောင်သနည်း။............................. 

၃၂။ အသွေးတောင်းခြင်းသည် ဘာကိုတောင်းခြင်း ဖြစ်သနည်း။..........................

၃၃။ လူသည် မိမိအပြစ်အတွက် အသေခံနိုင်ပါသလော။......................... အဘယ်ကြောင့်နည်း။.................... 

၃၄။ အသွေးကို ဘုရားရှေ့၌ ဖြန်းခြင်းသည် ဘာကို ဆိုလိုသနည်း။........................

၃၅။ အဘယ်ကြောင့် “ခပ်သိမ်းသောအရာတို့ကို ကုန်မတတ်” ဟုဆိုသနည်း။..................................................

၃၆။ အလွန်ဆင်းရဲသောသူတို့ ဘာအားဖြင့် အပြစ်ဖြေရာ ယဇ်ပူဇော်နိုင်သနည်း။............................

၃၇။ အဘယ်ကြောင့်ကောင်းကင်၌ ပူဇော်သောအရာတို့ကို သာ၍မြတ်သော ယဇ်ပူဇော်ခြင်းဟု ခေါ်သနည်း။............................... 

၃၈။ ယခင်၌ အပြစ်လုပ်တိုင်း ပူဇော်စရာလိုပါသလား။............................

၃၉။ ယခုအပြစ်လုပ်တိုင်း ပူဇော်စရာလိုပါသလား။...................... အဘယ်ကြောင့်နည်း။....................

၄၀။ လူသည်သေပြီးနောက် ဘာခံရဦးမည်နည်း။....................... 

၄၁။ ယုံကြည်သူများသည် ဘာအတွက် တရားစီရင်ခြင်း ခံရမည်နည်း။...........................

၄၂။ မယုံကြည်သူများသည် ဘာအတွက် တရားစီရင်ခြင်း ခံရမည်နည်း။.................. 

၄၃။ ခရစ်တော်သည် အပြစ်အတွက်လာဦးမည်လော။.................. ဘာအတွက်လာမည်နည်း။.......................

.

^

ဟေဗြဲ (၁၀)

 ခရစ်တော်ယဇ်ကောင်

၁။ တနည်းကား၊ ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာ အကျိုးတို့၏ သေချာသော ပုံသဏ္ဍာန်ကိုမပြ၊ အရိပ်ကို သာပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ်ပူဇော်သောယဇ်အားဖြင့် အထံတော်သို့ချဉ်းကပ်သော သူတို့ကို စုံလင်ခြင်း အဖြစ်၌ မတည်စေနိုင်ရာ။

                ပညတ်တရားဟုဆိုရာတွင် လူတိုင်း၏ စိတ်ထဲ၌ကိုယ်ကျင့်ပိုင်းဆိုင်ရာပညတ်ကို ထင်မှတ်ကြလိမ့်မည်။ သို့သော် အထက်ပါ ကျမ်းပိုဒ်၌ ဖေါ်ပြသော ပညတ်သည်၊ ဝတ်ပြုခြင်း ဆိုင်ရာပညတ်ကို ဆိုလိုခြင်း ဖြစ်သည်။ ဣသရေလ များသည် သူတို့ စိတ်ကူးယဉ်အကြံ အစည်အားဖြင့် ဘုရားကို ယဇ်ပူဇော်ကြသည် မဟုတ်၊ ဘုရား၏ ပညတ်တော် အတိုင်း၊ ဘုရား၏ ညွှန်ကြားချက်အတိုင်းသာပြု ကြသည်။ သို့သော် ထိုပူူဇော်ခြင်း များသည် အရိပ်မျှသာ ဖြစ်သောကြောင့် ပူဇော်သော သူသည် စုံလင်ခြင်းသို့ မရောက်နိင်ဟုဆိုရခြင်း ဖြစ်သည်။ 

၂။ တည်စေနိုင်လျှင်၊ ဝတ်ပြုသော သူတို့သည် တခါတည်းနှင့် စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ၊ နောက်တဖန် သံဝေဂတရားရစရာ အကြောင်း အလျှင်း မရှိသည် ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တခါတည်း သာပူဇော်၍၊ နောက်တဖန် မပူဇော်ဘဲ နေရကြမည် မဟုတ်လော။ ၃။ ယခုမူကား၊ ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်း အောက်မေ့ခြင်းရှိ၏။ 

                  သံဝေဂတရားဆိုသည်မှာသတိရခြင်း၊ မှတ်မိခြင်း (conciousness)ကိုဆိုလိုသည်။ ပညတ်တရားအတိုင်း ပူဇော်သော ယဇ်သည် ပူဇော်သောသူကို စုံလင်ခြင်းသို့ ရောက်နိုင်လျှင်၊ ပူဇော်ပြီးသည့်နောက်၌ သူ၏အပြစ်များကို မှတ်မိတော့မည် မဟုတ်ချေ။ သို့သော် ယဇ်ပူဇော်ပြီးသော်လည်း အပြစ်များကို မမေ့နိုင်ဘဲ မှတ်မိနေသည်။ 

၄။ အကြောင်းမူကား၊ နွား၊ ဆိတ်၏ အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။ 

               အပြစ်များကို မှတ်မိနေခြင်းသည် နွားနှင့်ဆိတ်၏ အသွေးသည် အပြစ်ကို မပယ်နိုင်သောကြောင့်ဖြစ်သည်။ တိရစ္ဆာန်သည် လူထက် အဆင့်နိမ့်သောကြောင့် လူကိုကိုယ်စားမပြုနိုင်ခြင်းဖြစ်သည်။

၅။ ထိုကြောင့်၊ ခရစ်တော်သည် ဤလောက ကသို့ ကြလာသောအခါ၊ အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည်ဖြစ်၍ ၊ အ​ကျွန်ုပ်အဘို့ကိုယ်ခန္ဓာကို ပြင်ဆင် တော်မူပြီ။

               အထက်ပါ ကျမ်းပိုဒ်၌ ခရစ်တော်သည် ကောင်းကင်မှ မြေကြီး ပေါ်သို့ ဆင်းကာလူ့ဇာတိခံမည့်အချိန်၌ ခမည်းတော်ကို နှုတ်ဆက်သော စကားဖြစ်သည်။ ခရစ်တော် ဤလောကသို့ ဆင်းကြွခြင်းသည် ယဇ်ကောင် ဖြစ်ဘို့ရန် ဖြစ်သည်။ ကောင်းကင်၌ သူသည် ဝိညာဉ်အားဖြင့်ရှိ၍၊ ကိုယ်ခန္ဓာမရှိခဲ့ချေ။ ထိုသို့ကိုယ်ခန္ဓာမရှိသောကြောင့်၊ အသွေးမသွန်းနိုင်၊ အသက် မသေနိင်ချေ။ ထို့ကြောင့် ခမည်းတော်ကသေနိုင်သော အသွေးအသားကိုယ်ခန္ဓာကို ပေးခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်များ၏ အသွေးအသား ပူဇော်ခြင်းကို ခမည်းတော် ဘုရားက လက်မခံနိုင်သောကြောင့်ဖြစ်သည်။ 

၆။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကိုအားရနှစ်သက်တော် မမူသောအခါ၊ ရ။ ကျမ်းစာလိပ်၌ အ​ကျွန်ုပ်အမှတ်​ပြု၍ ရေးထားသည်နှင့်အညီ၊ အ​ကျွန်ုပ်သည်ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်၊ ဟုအ​ကျွန်ုပ်ဝန်ခံပါသည်၊ ဟုလျှောက်ဆို၏။

                ယဇ်နာမည်အမျိုးမျိုးရှိသည်။ ဤနေရာ၌ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို သာ ဖေါ်ပြသည်။ ဣသရေလ လူများ ပူဇော်သော ယဇ်များကို ဘုရားသခင်ကအားရနှစ်သက်တော် မမူသောကြောင့် သားတော်သည် လူဇာတိခံ၍ ယဇ်ကောင် အဖြစ်ပူဇော်ရမည်ဟုဆိုသည်။ “ကျမ်းစာလိပ်၌ အ​ကျွန်ုပ်အမှတ်ပြု၍ ရေးထားသည်နှင့်အညီ၊” ဟူသောအရာသည် ဆာလံကျမ်းကိုကိုးကားခြင်း ဖြစ်သည်။ “ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍ အ​ကျွန်ုပ်နားကို ဖွင့် တော်မူပြီ၊ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို တောင်းတော် မမူ သောအခါ၊ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့် အညီအ​ကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။” (ဆာ ၄၀:၆ -ရ) ဤဆာလံသည် ဒါဝိဒ်ကရေးခြင်းဖြစ်လျှင် သူကိုယ်တိုင်အတွက်ရေးဟန်မရှိ။ အကြောင်းမှာ ယဇ်နှင့်ပူဇော်သက္ကာကို ဘုရား ကတောင်းတော်မမူလျှင် ဒါဝိဒ်သည်မည်သည့်နေရာသို့သွားမည်နည်း။ ထို့ကြောင့်ဒါဝိဒ်သည် ခရစ်တော်အတွက်ကြိုရေးထားခြင်းဖြစ်မည်။ “ကျမ်းစာလိပ်၌ အ​ကျွန်ုပ်ကိုအမှတ်ပြု၍ ရေးထားသည်နှင့်အညီ” ဟုဆိုရာတွင် မည်သည့်ကျမ်းစာလိပ်ကိုဆိုလိုသနည်း။ ဒါဝိဒ်ခေတ်၌ ကျမ်းစာသည် ပညတ္တိငါးကျမ်း၊ ယောရှုမှတ်စာ၊ တရားသူကြီးမှတ်စာ၊ နှင့် ယောဘဝတ္ထုများသာလျှင်ရှိမည်။ ထိုကျမ်းများ၌ ခရစ်တော်ကြွလာမည့်အရာကို အနည်းငယ်တွေ့ရသော်လည်း ထင်ထင်ရှားရှား၊ ယဇ်ကောင်အဖြစ်လာဘို့ ရေးထားခြင်းမတွေ့ရချေ။ သို့မဟုတ်ကောင်းကင်၌ ရေးထားခြင်းဖြစ်မည်လော။ အကြောင်းမှာ ကောင်းကင်၌ စာလိပ်များတွေ့ရသည် (ဗျာ ၆)။

အ​ကျွန်ုပ်သည်ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။” ခရစ်တော်သည် မိမိအလိုဆန္ဒကို ဦးစားမပေး၊ ခမည်းတော်၏ အလိုဆန္ဒကို ဆောင်ရွက်ခြင်းသည် သူ၏စားစရာ ဖြစ်သည် (ယော ၄:၃၄) ဟုဆိုခဲ့သည်။ ​ကျွန်ုပ်တို့လည်းကိုယ် အလိုဆန္ဒကို ဦးစားမပေးဘဲ၊ ဘုရား၏အလိုတော်ကို ဆောင်ဘို့အမြဲတန်းရွေးချယ်သင့်သည်။ ခရစ်တော်သည် ခမည်းတော်၏ အလိုတော်ဆောင်ဘို့ သွားရာတွင်၊ အလုပ်လုပ်ဘို့မဟုတ်၊ ယဇ်ကောင်အဖြစ်အသေခံဘို့ကို ဆိုလိုခြင်းဖြစ်သည်။ ခရစ်တော်သည် အသေခံသည့်တိုင်အောင် ခမည်းတော်၏ အလိုတော်ကိုဆောင်ခဲ့သည်။ ​ကျွန်ုပ်တို့လည်း သူ့နည်းတူဖြစ်သင့်သည်။ သို့သော်ကိုယ်အလိုဆန္ဒကို သာလျှင် လုပ်ဆောင်နေကြသည်မဟုတ်လော။ 

၈။ ပညတ်တရားအတိုင်း ပြုရသော ဝတ်ကိုရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ်အစရှိသော ယဇ်များနှင့် ပူဇော်သက္ကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော်မမူဟု အထက်ကဆိုနှင့်ပြီးမှ၊ ၉။ တဖန်တုံ၊ အိုဘုရားသခင်၊ အ​ကျွန်ုပ်သည်ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟုဆိုသည် တွင်၊ ဒုတိယဝတ်ကိုတည်စေခြင်းငှါ ပဌမဝတ်ကိုပယ်၏။ 

              ပဌမဝတ်သည် ပညတ်တရားအရ၊ ဣသရေလလူများ၏ ယဇ်ပူဇော်ခြင်းကိုဆိုလိုသည်။ ဒုတိယဝတ်သည် ခရစ်တော် ၏ကိုယ်ခန္ဓာကို ယဇ်ကောင်အဖြစ်ပူဇော်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ခရစ်တော်၏ကိုယ်ကို ပူဇော်ခြင်းအားဖြင့် ဣသရေလ လူများ၏ ယဇ်ပူဇော်ခြင်းကိုပယ်သည်။ 

၁၀။ ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။

               ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်း ပူဇော်ခြင်းအားဖြင့် ငါတို့သည် စင်ကြယ်သည်ဟုဆိုသည်။ အကျင့်ကောင်းကျင့်နိင်သောကြောင့်၊ အပြစ်ကျူးလွန်မည့်အရာကို ချုပ်တည်းနိုင်သောကြောင့် စင်ကြယ်ကြသည်မဟုတ်။ ကျမ်းစာ ကစင်ကြယ်သည်ဟုဆိုလျှင် စင်ကြယ်သည်၊ ဟုလက်ခံယုံကြည်ဘို့ရန်သာရှိသည်။ 

၁၁။ ယဇ်ပုရောဟိတ်မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကိုမ​ဖြေနိုင်သောယဇ်ကို အထပ်ထပ်အဖန်ဖန်ပူဇော်လျက်ရပ်နေရ၏။

ယဇ်ပုရောဟိတ်များသည် အပြစ်ကိုမ​ဖြေနိုင်သောယဇ်ကို နေ့တိုင်း အထပ်ထပ်အဖန်ဖန်ပူဇော်သည်ဟုဆိုသည်။ အကြောင်းမှာ သူတို့လုပ်သောအရာသည် အရိပ်မျှသာဖြစ်သောကြောင့်ဖြစ်သည်။ တဲတော်၌ ထိုင်ခုံမရှိသောကြောင့် ယဇ်ပုရောဟိတ်များသည် မတ်တပ်ရပ်နေရသည်။ ဆိုလိုသည်မှာ သူတို့၏ပူဇော်ခြင်းသည် မပြီးသေးကြောင်း ထင်ရှားစေသည်။ 

၁၂။ ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကိုပူဇော်ပြီးမှစ၍ ၊ ဘုရားသခင်၏လကျ်ာတော်ဘက်၌ အစဉ်အမြဲထိုင်၍၊ ၁၃။ မိမိရန်သူတို့ကို မိမိ​ခြေတင်ရာမချမထားမှီတိုင်အောင် မြော်လင့်လျက်နေတော်မူ၏။

ခရစ်တော်သည် မိမိကိုယ်ခန္ဓာကို ပူဇော်ပြီးသည့်နောက်၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ အစဉ်အမြဲထိုင်နေ တော်မူသည်။ ယဇ်ပုရောဟိတ်များသည် တဲတော်၌မထိုင်တတ်ကြချေ။ အကြောင်းမှာ ယဇ်ပူဇော်ခြင်း မပြီးစီးသေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့်တဲတော်၌ ထိုင်ခုံလည်းချမထားချေ။ သို့သော် ခရစ်တော်သည် ခမည်းတော် အနား၌ ထိုင်တော်မူခြင်းသည်၊ နောက်ထပ်ယဇ်ပူဇော်စရာ မရှိတော့ကြောင်း၊ ယဇ်ပူဇော်ခြင်း အားလုံး၏ အဆုံးသည် သူ၏ကိုယ်ခန္ဓာပူဇော်ခြင်းဖြင့်ပြီး စီးပြီးဖြစ်ကြောင်းကို ဖေါ်ပြသည်။ ခရစ်တော်သည် မိမိရန်သူ တည်းဟူသောစာတန်ကို မိမိ​ခြေတင်ရာမချမထားမှီတိုင်အောင် မြော်လင့်သည် ဟုဆိုသည်။ ရန်သူအပေါ်​ခြေတင်ခြင်းသည် ရန်သူကိုအောင် နိုင်ခြင်းကို ဆိုလိုသည်။ ဒါဝိဒ်သည် ကောလျက်ကိုအောင် နိုင်သောအခါ၊ “ဓါးမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ ထားကို ထားအိမ်မှာနှုတ်ဆွဲပြီးလျှင် လည်ပင်းကိုဖြတ်၍ အပြီးသတ်လေ၏။” (၁ ရာ ၁ရး၅၁)။ ရန်သူသည် အသက် ရှင်သေးလျှင်၊ အားရှိသေးလျှင် အနင်းခံမည်မဟုတ်။ သေသွားသောသူအပေါ်၌ သာ​ခြေနင်းနိုင်သည်။ ထို့ကြောင့် ရန်သူအပေါ်၌ ​ခြေနင်းခြင်းသည် ရန်သူကို နိုင်ခြင်းဖေါ်ပြခြင်း ဖြစ်သည်။ ခရစ်တော်လည်း စာတန် အပေါ်​ခြေနင်းဦးမည်။ ထိုအချိန်သည် မဝေးတော့ပါ။ ဒုတိယကြွလာသောအခါ ပြည့်စုံမှာဖြစ်သည်။ 

၁၄။ အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်း အကျိုးကိုရစေခြင်းငှါ၊ တခါတည်းပူဇော်ခြင်း အားဖြင့်ပြုတော်မူ၏။

 စင်ကြယ်သောသူတို့သည် ယုံကြည်သူများကိုဆိုလိုသည်။ ခရစ်တော်၏ပူဇော်ခြင်းကြောင့် ယုံကြည်သူများသည် ထာဝရစုံလင်ခြင်း အကျိုးကိုရစေသည်။

၁၅။ ထိုသို့နှင့်အညီ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အားသက်သေပေးတော်မူသည်မှာ၊ ၁၆။ နောင်ကာလ အခါသူတို့၌ ငါပေးသော ပဋိညာဉ််တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့ နှလုံးထဲမှာပေးသွင်းမည်။ သူတို့ စိတ် ဝိညာဉ်၏ အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ၊ ၁ရ။ တဖန်တုံ၊ သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲနေမည်၊ ဟုလာသတည်း။ ၁၈။ ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကို ပြုစရာအကြောင်းမရှိ။

အထက်ပါ ကျမ်းပိုဒ်သည် ယေရမိ ၃၁:၃၁-၃၄ ၌ရေးထားသော နောင်ကာလ၌ ပေးမည့် ပဋိညာဉ််တရားသစ်ဖြစ်သည်။ ထိုပဋိညာဉ််တရားသစ်သည် ဘုရားသခင်နှင့် ဣသရေလ လူများ အကြား ပြုလုပ် မည့်အရာဖြစ်သည်။ ထိုပဋိညာဉ််တရားသစ်ပြုလုပ်ဘို့ရန် သခင်ယေရှု ဤလောကသို့ ကြွလာခဲ့သော်လည်း မလုပ်ဖြစ်ခဲ့ပါ။ အကြောင်းမှာ သူ၏ လူမျိုးများ ကလက်မခံခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ပဋိညာဉ််တရားသစ်ကို တည်စေဘို့ရန် သူ၏ အသွေးသွန်းခဲ့ပြီ။ သူကိုယ်တိုင်က၊ “ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏ အပြစ်ကိုလွှတ်စေခြင်းငှါ သွန်းသော ငါ၏အသွေးဖြစ်၏။” (မဿဲ ၂၆:၂၈) ဟုဆိုခဲ့သည်။ သူတို့သည် ခရစ်တော် ဒုတိယအကြိမ် ကြွလာမှသာပဋိညာဉ််တရားသစ် ပြုလုပ်မှာဖြစ်သည်။ ပဋိညာဉ််တရားသစ်၏ ထူးခြားချက်များမှာ၊ (၁) ပညတ်တို့ကို သူတို့ နှလုံးထဲမှာပေးသွင်းမည်။ သူတို့ စိတ် ဝိညာဉ်၏ အပေါ်မှာ ရေးထားမည် (၂) သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ဘုရားသခင်က မအောက်မေ့ဘဲနေမည်။ 

၁၉-၂၀။ ထိုကြောင့်ညီအစ်ကိုတို့၊ ယေရှု၏ကိုယ်ခန္ဓာ တည်းဟူသောကုလားကာအားဖြင့် ထိုသခင် ပြင်ဆင် တော်မူသော အသက် လမ်းသစ်တွင်၊ ငါတို့သည် သန့်ရှင်းရာ ဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသော အခွင့်ရှိသဖြင့်၎င်း၊ ၂၁။ ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊ ၂၂။ ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘော ရှိ၍ ဝိစိကိစ္ဆာနှင့် ကင်းသော ယုံကြည်ခြင်း၌ တည်လျှက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။ 

ယေရှု၏ကိုယ်ခန္ဓာ တည်းဟူသောကုလားကာ” ယေရှု၏ကိုယ်ခန္ဓာသည် ကုလားကာဟု ခေါ်ရာတွင် ဘာကိုဆိုလိုသနည်း။ လူသည်ဝိညာဉ်ဖြစ်သည်။ ဝိညာဉ်သည် ကောင်းကင်တက်ဘို့ရန်သော်၎င်း၊ ငရဲဆင်းဘို့ရန်သော်၎င်း၊ ကိုယ်ခန္ဓာကကာစီးနေသည်။ ကိုယ်ခန္ဓာပျက်စီး သောအခါ၊ သို့မဟုတ် ကိုယ်ခန္ဓာအထဲမှ ဝိညာဉ်ထွက်သွားသောအခါ၊ ကယ်တင်ခြင်းသို့ ရောက်သော သူများသည်၊ သူတို့၏ ဝိညာဉ် ကောင်းကင်သို့ တက်သွား၍၊ ကယ်တင်ခြင်းသို့ မရောက်သော သူများသည်၊ ငရဲထဲသို့ ဆင်းသွားသည်။ ထို့ကြောင့် ကိုယ်ခန္ဓာသည် ကုလားကာဟု ခေါ်ရခြင်း ဖြစ်သည်။

ထိုသခင်ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊ ငါတို့သည်သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကိုအမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသောအခွင့်ရှိသဖြင့်၎င်း

ခရစ်ယာန်များအနေဖြင့် ခရစ်တော်ပြင်ဆင်သော အသက်လမ်းသစ် တည်းဟူသောသန့်ရှင်းရာဌါနသို့ ဝင်ခွင့်သည် အဓိပ္ပါယ် နားမလည် သောကြောင့်၊ တန်ဘိုးထားမည်မဟုတ်။ ပညတ်တော်အတိုင်း မြေကြီးပေါ်၌ လူဆောက်သော တဲတော်အထဲရှိ သန့်ရှင်းရာဌါနသို့ ပင်လူတိုင်းဝင်ခွင့်မရှိ။ ယဇ်ပုရောဟိတ်မင်းသာလျှင် အသွေးနှင့် ဝင်ခွင့်ရှိသည်။ ယခု ဘုရားသခင် ဆောက်သော ကောင်းကင်တဲတော်ရှိသန့်ရှင်းရာဌါနသို့ ဝင်ခွင့်ရရှိခြင်းသည် မည်မျှတန်ဘိုးရှိ၍ ဝမ်းမြောက်စရာရှိသနည်း။ ဝါရှင်တန်မြို့ရှိသမတအိမ်ဖြူတော် အတွင်း၌ လူတိုင်းဝင်ခွင့်မရှိချေ။ ဝင်ခွင့်ရရှိသော သူများသည် ဂုဏ်ယူ၍ တန်ဘိုးထားကြသည်။ ထိုထက်မက၊ ဘုရားသခင်ကိုယ်တော်တိုင် ကျိန်းဝပ်သော သန့်ရှင်းရာဌါနထဲသို့ ဝင်၍ ဘုရားသခင်ကို ဖူးမျှော်ကိုးကွယ်ခွင့်ရရှိခြင်းသည် တန်ဘိုး မဖြတ်နိုင်သော အခွင့်အရေးဖြစ်သည်။

ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊” ဘုရား၏ အိမ်တော်သည်လောက၌ တဲတော်၊ ဗိမာန်တော်ဟု ခေါ်သည်။ ထိုအထဲ၌ ယဇ်ပုရောဟိတ်မင်းသည် အုပ်စိုးသောသူ ဖြစ်သည်။ ထို့ကြောင့် လူများ ကသူ့ကို အလွန် ရိုသေ၍ အားကိုးကြသည်။ ယခုကောင်းကင် အိမ်တော်၌ အုပ်စိုးသော သူသည် ယဇ်ပုရောဟိတ်မင်းယေရှု ပင် ဖြစ်သည်။

ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း၌တည်လျှက်၊ ”ဟူသောအရာ ကို အင်္ဂလိပ်လိုဤသို့ ရေးထားသည်၊ “​a sincere heart in full assurance of faith” ။ ထို့ကြောင့် “ငါတို့သည် ရိုးသား၍ ယုံကြည်ခြင်းခြင်း အပြည့်ရှိလျှက်၊” ဟု ဘာသာပြန်လျှင်ပို၍ နားလည်လွယ်မည်။ “စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ ” ဟူသောအရာကို အင်္ဂလိပ်လိုဤသို့ ရေးထားသည်၊ “having our hearts sprinkled clean from an evil conscience and our bodies washed with pure water” ။ ထို့ကြောင့် “စိတ်နှလုံးကို ညစ်ညူးသော ဩတ္တပ္ပစိတ်မှလွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း သန့်ရှင်းသောရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊” ဟုဘာသာပြန်လျှင်ပို၍ နားလည်လွယ်မည်။

ထို့ကြောင့် အထက်ပါ အချက်များကို ချုပ်ပါက၊ ခရစ်တော်၏ကိုယ်ခန္ဓာကုလားကာအားဖြင့် အသက်လမ်းသစ်သို့ အသွေးတော်အားဖြင့် သန့်ရှင်းရာဌါနသို့ အတားအဆီးမရှိဝင်ခွင့်ရရှိသောကြောင့်၎င်း၊ ဘုရား၏အိမ်တော် အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းယေရှု ရှိသောကြောင့်၎င်း၊ ငါတို့သည်ရိုးသား၍ ယုံကြည်ခြင်းအပြည့်ရှိလျှက်၊ စိတ်နှလုံးကို ညစ်ညူးသော ဩတ္တပ္ပစိတ်မှလွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း သန့်ရှင်းသောရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။

မိဖုရားဧသတာသည် သူ၏လင်ယောက်ျားဖြစ်သော ရှင်ဘုရင်အာရွှေရုထံသို့ တိုးဝင်ချဉ်းကပ်နိုင်ဘို့ရန် သုံးရက်အစာရှောင်ခဲ့သည်။ အကြောင်းမှာ ရှင်ဘုရင်ကမခေါ်ဘဲ သူ့ထံသို့ဝင်လျှင် အသေသတ်ခြင်းခံနိုင်သည်။ (ဧသတာ ၄:၁၁)။ ထိုသို့ဧသတာသည် သုံးရက်အစာရှောင်ပြီးမှအသက်စွန့်၍ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ရှင်ဘုရင်ထံသို့ ဝင်ခဲ့သည်။ လောကလူသား အချင်းချင်းပင်လျှင် ထိုမျှလောက်ကြောက်ရလျှင်၊ ထာဝရဘုရားထံသို့ တိုးဝင်ခွင့်သည် မည်မျှကြောက်စရာ ကောင်းမည်နည်း။ ခရစ်တော်ကသာ လမ်းမဖွင့်ပေး၊ သန့်ရှင်းရေးမလုပ်ပေးလျှင်၊ ထာဝရဘုရား ထံတော်သို့ တိုးဝင်ဘို့သည် လုံးဝအခွင့်အလမ်းမရှိချေ။ ထိုအရာကိုသိလျှင် ထာဝရဘုရားထံတော်သို့ တိုးဝင်ခွင့်ရခြင်းကို အလွန် ဂုဏ်ယူ၍ တန်ဘိုးထားမှာဖြစ်သည်။ ထိုအခွင့်အရေးကို အလေးထား၍၊ ဝမ်းမြောက်ဝမ်းသာဖြင့် တိုးဝင်ချဉ်း ကပ်ကြကုန်အံ့။ 

၂၃။ မြော်လင့်ခြင်းအကြောင်းကိုဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ဂတိထား တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ 

မြော်လင့်ခြင်းအကြောင်းကိုဝန်ခံ၍ ” ယုံကြည်သူများဝန်ခံသော မြော်လင့်ခြင်းသည် အဘယ်အရာ ဖြစ်မည်နည်း။ ခရစ်တော် ခင်းပေးသောလမ်းဖြင့် သန့်ရှင်းရာဌါနတော်ထဲသို့ဝင်၍ ဘုရားသခင်ကို တိုးဝင်ချဉ်းကပ်ကိုးကွယ်ဘို့ ဖြစ်ပေလိမ့်မည်။

မတိမ်းယိမ်းမရွေ့လျော့ဘဲတည်ကြည်ကြကုန်အံ့။” ယုံကြည်သူများသည် တိမ်းယိမ်းရွေ့လျော့နိုင်သောကြောင့် ထိုသို့ မဖြစ်ဘို့အားပေး၊ သတိပေးခြင်းဖြစ်သည်။ အောင်မြင်ခြင်းသည် မရွေ့လျော့ဘဲ တည်ကြည်ခြင်းအားဖြင့် ရရှိနိုင်သည်။ များစွာသောသူများသည် အစပြုတာထွက်ကောင်းသော်လည်း၊ ပန်းတုန်းတိုင်အထိမပြေး၊ ရွေ့လျော့ခြင်းအားဖြင့် ဆုံးရှုံးတတ်ကြသည်။

အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။” မတိမ်းမယိမ်း၊ မရွေ့လျော့ဘဲ တည်ကြည်သင့်ခြင်းသည်၊ ဂတိထားတော်မူသော ဘုရားသခင်သည် သစ္စာရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူကဲ့သို့မဟုတ်၊ သစ္စာတည်သောကြောင့် သူ့ထံသို့လာလျှင် ငြင်းပယ်မည်မဟုတ်ချေ။ 

၂၄။ ထိုမှတပါး၊ မေတ္တာစိတ်ရှိစေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်းနိုးဆော်ရသော အခွင့်ကိုရှာ၍၊ အချင်းချင်းတယောက်ကိုတယောက် ထောက်စာကြည့်ရှုကြကုန်အံ့။

မေတ္တာစိတ်ရှိဘို့နှင့် ကောင်းသောအကျင့်ကိုကျင့်ဘို့ တိုက်တွန်းနိုးဆော်ခိုင်းသည်။ လူသည် အချင်းချင်းနှိုးဆော်ခြင်းအားဖြင့်အားတက်နိုင်သည်။ တယောက်ထဲနေလျှင် စိတ်ဓါတ်ကျကဆုံးရှုံးခြင်းသို့ ရောက်နိုင်သည်။ စာတန်သည် တယောက်တည်း နေစေချင်သည်။ ဘုရားသခင်က မူတယောက်တည်း မနေစေချင်ပေ။ ကိုယ့်အမှုအရာကိုသာလျှင် ဂရုစိုက်၍ သူတပါးကို ဂရုမစိုက်ခြင်းသည် ယုံကြည်သူများ၏ အသက်တာမဖြစ်သင့်ချေ။ 

၂၅။ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ကြိုးစားကြလော့။

ယုံကြည်သူအချို့သည် အစည်းအဝေးပြုခြင်းကို ရှောင်တတ်ကြသည်။ အထူးသဖြင့် ယခုခေတ်တွင် တီဗီနှင့်အင်တာနက်မှတရားဟောချက်များ အိမ်မှနားထောင်နိုင်သောအခါ၊ ဘုရားကျောင်းနှင့်စုပေါင်းဝတ်ပြုကိုးကွယ်သော နေရာကို မလာချင် ကြတော့ချေ။ သူတို့၏အကြောင်းပြချက်မှာ၊ အသင်းတော်၌ပြသနာများသည်၊ တယောက်တည်းနေလျှင် ပြသနာအေးသည်ဟူ၍ဖြစ်သည်။ သို့သော်ထိုသို့တယောက်တည်းနေခြင်းသည် စာတန်၏လှည့်ဖျားမှုဖြစ်သည်။ လူသည်ပြည့်စုံခြင်းမရှိပါ။ ခလေးများလျှင်ပြသနာများသည်။ သို့သော်မိဘများက သူတို့၏ခလေးများကို ပစ်မထားပါ။ ပြုစုပျိုးထောင်၍ ကြီးပြင်းလာသောအခါ မိဘများကို ပြန်လည်ကူညီ​ကျွေးမွေးသော သူများဖြစ်လာကြသည်။ ထို့ကြောင့်၊ ဝိညာဉ်ရေးရာ၌ ကြီးထွားရင့်ကျက်လာသောအခါ အသင်းတော်၌ ဝမ်းမြောက်စရာ၊ ခွန်အားရစရာ ဖြစ်လာသည်။

ကာလအချိန်ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ကြိုးစားကြလော့” ကာလအချိန် ရောက်လုနီးသည်ဟုဆိုခြင်းသည် သခင်ဘုရားကြွလာ၍ ချီဆောင်မည့်အချိန်ကိုဆိုလိုသည်။ လောကမှာကြာကြာနေရတော့မှာ မဟုတ်သောကြောင့် သာ၍ကြိုးစားဘို့ပြောခြင်းဖြစ်သည်။ ခရစ်တော်ကြွလာမည့်အရာသည် ပေါလုတို့လက်ထက်မှာလည်း မြော်လင့်ခဲ့ပြီ။ သို့သော်သူတို့ခေတ်မှာကြွမလာခဲ့ပါ။ ထိုအရာသည် သူတို့မှားယွင်းခြင်းမဟုတ်ပါ။ ပရောဖက်များသည် ဘုရားခိုင်း၍ သာဟောပြောကြသည်၊ သူတို့ဟောပြောသောအရာများကို သူတို့ကိုယ်တိုင်အကုန်အစင် မသိကြောင်း ပေတရုကဤသို့ ရေးထားသည်၊ “ထိုကယ်တင်ခြင်း အကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့် သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန် ကာလကို၎င်းဆိုလိုတော်မူသည်ဟု မေးမြန်ရှာဖွေ ကြ၏။” (၁ ပေ ၁:၁၀-၁၁)။ အဘယ်ကြောင့် ခရစ်တော်ကသူလာမည့် အရာကိုအတိအကျမပြောသနည်းဟူမူကား၊ ခေတ်အဆက်ဆက်ရှိ ယုံကြည်သူတိုင်း အဆင်သင့်ရှိစေချင် သောကြောင့်ဖြစ်သည်။

၂၆။ အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှကိုယ်အလိုသို့ လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသော ယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ၊ ၂ရ။ ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသော အကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဘို့ ရာအမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။

အထက်ပါ ကျမ်းပိုဒ်ကို ကြည့်၍ ကယ်တင်ခြင်း ဆုံးရှုံးနိင်သည်ဟု ယူဆနိင်သည်။ ထိုသို့မဟုတ်ပါ။ သမ္မာတရား တည်းဟူသောဘုရားသခင်၏ ကယ်တင်ခြင်းနှင့် အကြံတော် များကို သိသော်လည်း၊ သိရုံသာသိ၍ ယုံကြည်ခြင်း မရှိသော သူကို ဆိုလိုသည်။ ဤစာကို ရေးသော သူက၊ “ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင်ရသော အခွင့်ကို ပေးသော ဂတိတော်သည် ငါတို့၌ ရှိရစ်လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမှီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။ ငါတို့သည် ဝမ်းမြောက်စရာ သိတင်းကို ထိုသူတို့ ကဲ့သို့ ကြားရကြပြီ။သို့ ရာတွင် သူတို့ ကြားရသော တရားစကားသည်၊ ကြားရသော သူတို့ အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကို မပေး။” (ဟေဗြဲ ၄:၁-၂) ဟုရေးခဲ့ပြီ။

ခရစ်တော်၏ကိုယ်ခန္ဓာနှင့် အသွေးကို ပူဇော်ခြင်းသည် အရိပ် မဟုတ်၊ အစစ်နှင့် နောက်ဆုံးသော ယဇ် ဖြစ်သည်။ ထိုအရာကို သိသော်လည်း မယုံကြည်သော သူသည် နောက်ထပ် ယဇ်ပူဇော်စရာ မရှိတော့သောကြောင့်၊ ကယ်တင်ခြင်းသို့ မရောက်ဘဲ မီးအိုင် ထဲဆင်းဘို့ သာလျှင် ရှိသည်။ ဓမ္မဟောင်းကာလ၌ မယုံကြည် ပြစ်မှားသော သူများသည် ခရစ်တော်၏ ပူဇော်ခြင်းကို လက်ခံခြင်းအားဖြင့် အပြစ် ပြေနိင်သည်။ ခရစ်တော် ပူဇော်ပြီး နောက်မှမယုံကြည်၊ ပြစ်မှားသူအတွက် နောက်ထပ်ပူဇော်စရာ ယဇ်မရှိတော့သောကြောင့် ပျက်စီးခြင်းသို့ သာသွားရမည်။ 

၂၈။ မောရှေ၏တရားကို ပယ်သောသူမည်သည်ကား၊ သက်သေခံနှစ်ဦးသုံးဦးရှိလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။ အထက်ပါ ကျမ်းပိုဒ်သည်၊ “ သက်သေခံနှစ်ယောက်သုံးယောက်ရှိလျှင် သေထိုက်သော သူသည် အသေခံ ရမည်။” (တရားဟော ၁ရး၆) ကိုကိုးကားခြင်း ဖြစ်သည်။

 ၂၉။ ထိုမျှမက ဘုရားသခင်၏ သားတော်ကို ​ခြေနှင့်ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ်တရား၏ အသွေးကို အပြစ် တင်လျှက်ဆုကျေးဇူးကို ပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင် ပြုလျက် ရှိသော သူသည်၊ အဘယ်မျှလောက်ကြီးစွာသော ဒဏ်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။

ဘုရားသခင်၏ သားတော်ကို ​ခြေနှင့် ကျော်နင်းခြင်း” သည်သခင်ယေရှုကို မယုံကြည်၊ ကယ်တင်ရှင်နှင့် ဘုရား အဖြစ်လက်မခံခြင်းဖြစ်သည်။

မိမိကိုစင်ကြယ်စေသော ပဋိညာဉ်တရား၏ အသွေးကို အပြစ်တင်လျှက်” လူ၏ အပြစ်ကို ပဋိညာဉ်တရား၏ အသွေးအားဖြင့် ခွင့်လွှတ်သည် (ယေရမိ ၃၁:၃၄)။ ထိုသို့အပြစ်ဖြေစေသော ပဋိညာဉ်တရား၏ အသွေးကို လက်မခံဘဲ အပြစ် တင်လျှင် မည်သို့ မျှအပြစ် လွှတ်ခြင်းရစရာ အကြောင်းမရှိတော့ချေ။

 “ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင် ပြုလျက်ရှိသောသူ” ယုံကြည်သူများသည် ဝိညာဉ်အားဖြင့် ဒုတိယမွေး သောအခါ ဝိညာဉ်တော် ကဆုကျေးဇူးများကို အသီးသီးပေးသည် (၁ ကော ၁၂)။ သို့သော် ထို ဝိညာဉ်တော်ကို မထီမဲ့မြင် ပြုလျှင်ဟုဆိုခြင်းသည် မယုံကြည်ခြင်း၊ ဂရုမစိုက်ခြင်းဖြစ်သည်။

 “အဘယ်မျှလောက်ကြီးစွာသော ဒဏ်ဖြင့်ခံထိုက်သည်ကို သင်တို့ထင်ကြသနည်း။” အထက်ပါ ပုဂ္ဂိုလ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မသိသည်မဟုတ်၊ ဝိညာဉ်တော်၏ အလုပ်ကိုလည်း သိသောသူဖြစ်သည်။ သို့သော် မယုံကြည်မလက်ခံ၊ မာနကြီးသောသူဖြစ်သည်။ ထိုသူသည် ကြီးစွာသော ပြစ်ဒဏ်ကို ခံထိုက်သည်။ ခရစ်တော်က၊ “များစွာသော တန်ခိုးတော်ကို ပြတော်မူသော မြို့ရွာတို့သည် နောင်တ မရသောကြောင့်၊ ထိုမြို့တို့ကို ဤသို့ ကဲ့ရဲ့ပြစ်တင် တော်မူ၏။ အိုခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်း မူကား၊ သင်တို့တွင် ပြသော တန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကိုဝတ်၍ ၊ ပြာနှင့်လူးလျက် နောင်တရကြလိမ့်မည်။ ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။ အိုကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့၊ အကြောင်းမူကား၊ သင်၌ပြသောတန်ခိုးကိုသော ဒုံမြို့၌ပြဘူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင် တည်ရာ၏။ ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်သည်သောဒုံမြို့ထက် သာ၍ ခံရလတံ့၊ ဟုမိန့်တော်မူ၏။” (မ ၁၁:၂၀-၂၄) ထို့ကြောင့် အခြားဘုရားကိုးကွယ်သော သူများထက် ခရစ်ယာန်များသည်၊ တရားဆုံးဖြတ်သောနေ့၌ သာ၍ခံရမည်ဟုသိရသည်။

၃၀။ ငါသည်အပြစ် တရားကိုစီရင်ပိုင်၏။ အပြစ်နှင့် အလျောက်ငါဆပ်ပေးမည်ဟူ၍၎င်း၊ ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင်မည်ဟူ၍၎င်း၊ မိန့်တော်မူသောသူကို ငါတို့သည်အမှန်သိကြ၏။

အထက်ပါ ကျမ်းပိုဒ်သည်၊ တရားဟော ၃၂:၃၄-၃၅ ကိုကိုးကားခြင်းဖြစ်သည်။ အပြစ်ပေးပိုင်သောသူသည် လူလူချင်း မဟုတ် ဘုရားသခင်ဖြစ်သည်။ လူလူချင်းအပြစ် မပေးပိုင်သောကြောင့် တရားသူကြီးထံ၌ တရားစွဲတတ်သည်။ ဘုရားသခင်သည် တရားသူကြီးဖြစ်သောကြောင့် အပြစ်စီရင်ပိုင်သည် (ဟေရှာယ ၃၃:၂၂)။ ထိုဘုရားကို ငါတို့သိသည်ဟုဆိုသည်။ 

၃၁။ အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဘွယ်သောအမှု ဖြစ်သတည်း။ 

 ဘုရားသခင်၏ လက်တော်သို့ ကျရောက်ခြင်း အမှုဆိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းကိုဆိုလိုသည်။ ယဇ်ပုရောဟိတ်ဧလိက ဆိုးသွမ်းသောသူ့သားများထံ ဤသို့ဆိုခဲ့ဘူးသည်၊ “ဧလိသည် အသက် အရွယ်လွန် သောအခါ သူ၏သားတို့သည် ဣသရေလလူအပေါင်းတို့၌ ပြုသမျှကို၎င်း၊ ပရိတ်သတ်စည်းဝေးရာတဲတော် တံခါးနားမှာစည်းဝေးသော မိန်းမနှင့်မှားယွင်းကြောင်းကို၎င်း ကြားသိလျှင်၊ ၂၃ သင်တို့သည် အဘယ်ကြောင့်ဤသို့ ပြုကြသနည်း၊ သင်တို့ ပြုသော ဒုစရိုက်တို့ကို လူအပေါင်းတို့သည်ပြော၍ ငါကြားရ၏။ ၂၄ မကောင်းဘူးငါ့သားတို့၊ ငါကြားသော သိတင်းသည် ကောင်းသော သိတင်းမဟုတ်၊ ထာဝရဘုရား၏ လူတို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ ပြုကြသည် တကား၊ ၂၅ လူချင်းတယောက်ကိုတယောက် ပြစ်မှားလျှင်၊ တရားသူကြီး စစ်ကြောစီရင်ရ၏။ လူသည် ထာဝရဘုရားကို ပြစ်မှားလျှင်၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်း၊ ဟုဆုံးမသော်လည်း၊ သူတို့သည် အဘ၏စကားကို နားမထောင်ကြ။” (၁ ဓမ္မ  ၂:၂၂-၂၅)။

၃၂-၃၃။ သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကိုခံရသဖြင့်၎င်း၊ ထိုသို့ခံရသောသူတို့နှင့် ဆက်ဆံသောအပေါင်းအဘော်ဖြစ်သဖြင့်၎င်း၊ ကြီးစွာသောဆင်းရဲ ဒုက္ခဝေဒနာများကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့။

ရှေးယုံကြည်သူများသည် သူတို့၏ယုံကြည်ခြင်းကြောင့် လူများ၏ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံခဲ့ကြသည်။ ထိုမျှသာမကကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာများကို ဆိုင်ပြိုင်တိုက်လှန်ခဲ့ကြသည်။ ထိုအရာကို အောက်မေ့သတိရစေသည်။ အကြောင်းမှာ လူသည် အဆင်ပြေလာသောအခါ၊ ယုံကြည်ခြင်းအားလျော့၍ အပြစ်သွေးဆောင်ရာသို့ ပါသွားတတ်သည်။ 

၃၄။ ထိုအခါသင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသောစိတ်ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ၌ သာ၍မြတ်သော အမြဲတည်သော ဘဏ္ဍာရှိသည်ကိုသိ၍ ၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သော စိတ်နှင့်ဝန်ခံကြ၏။ 

ဤစာကို လက်ခံသော သူများသည် ယုံကြည်ခြင်းကြောင့် ဆင်းရဲဒုက္ခ ခံခဲ့စဉ်တုန်းကအကျဉ်းခံရသော သူများကို ကြင်နာသော စိတ်ရှိခဲ့သည်။ သို့သော် ဤစာကို လက်ခံရရှိချိန်တွင်၊ ထိုသို့သော စိတ်ထားမျိုးမရှိတော့ကြောင်း ထင်ရှားသည်။ လူသည်ကိုယ်တိုင်ဒုက္ခခံရလျှင် သူတပါးကို စာနာတတ်သည်။ ကောင်းစားသောအခါ ထိုစိတ်ကုန်တတ်သည်။ သူတို့သည် ဥစ္စာပစ္စည်းများ လုယူဖျက်ဆီးခြင်း ခံရသော်လည်း ဝမ်းမြောက်ကြသည်။ အကြောင်းမှာ သူတို့၏ ဘဏ္ဍာသည် ဤလောက၌မဟုတ်၊ ကောင်းကင်၌ သိုထားသောကြောင့်ဖြစ်သည်။ လောကဘဏ္ဍာများသည် ကုန်ခန်းခြင်း၊ ပျက်စီးခြင်း၊ ခိုးယူခြင်းခံနိုင်သော်လည်း ကောင်းကင်ဘဏ္ဍာသည် ထာဝရတည်တန့်သည်။ ထို့ကြောင့် သခင်ယေရှုက ဘဏ္ဍာများကို ကောင်းကင်၌ သိုထားဘို့ ပြောခြင်းဖြစ်သည် (မဿဲ ၆:၁၉-၂၀)။ 

၃၅။ ထိုကြောင့်၊ ကြီးစွာသော အကျိုးနှင့်ယှဉ်သော သင်တို့၏ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။ ၃၆။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ပြီးမှ၊ ဂတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ်ရှိရမည်။

ဤစာရေးသူက ယုံကြည်သူများသည် ယုံကြည်ခြင်းနှင့် ယှဉ်သော ရဲရင့်ခြင်းစိတ်ကို မစွန့်ကြဘို့ အားပေးသည်။ သူတို့သည် ယုံကြည်ခြင်း၌ အားလျော့လာသောကြောင့် ထိုသို့ရေးခြင်းဖြစ်မည်။ ဘုရား၏အလိုတော် ဆောင်ခြင်းသည် အကျိုးရရှိဘို့ ဂတိရှိသည့်အတိုင်း အမှန်ရရှိမှာဖြစ်သည်။ လူသည် အစကောင်းတတ်သော်လည်း အနှောင်းပိုင်း၌ ပျက်ချော်သွားတတ်သည်။ 

၃၇။ အဘယ်ကြောင့်နည်းဟူမူကား၊ ကြွလာလတံ့သော သူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မှီရောက် တော်မူလိမ့်မည်။

ကြွလာလတံ့သောသူသည် သခင်ယေရှုပင်ဖြစ်သည်။ ရှေးယုံကြည်သူများ၏ တခုတည်းသော မြော်လင့်ရာသည် သခင်ယေရှု ကြွလာမည့်အရာဖြစ်သည်။ သို့သော်ယနေ့ယုံကြည်သူများ၏ မျှော်လင့်ချက်သည်၊ ဤလောကကိုပိုင်ဆိုင်ရေးဖြစ်သည်။ သင်သည် မည်သည့်အရာကို မျှော်လင့်သနည်း။ ကြွလာမည့် သခင်ယေရှုကို မျှော်လင့်ပါသလော။ 

၃၈။ ​ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ် ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိ၊ ဟုဘုရားသခင် အမိန့်တော်ရှိ၏။

ဤကျမ်းပိုဒ်သည် ဟဗက္ကုတ် ၂:၄ ထဲမှဖြစ်၍ ဓမ္မသစ်ကျမ်းတွင် ပေါလုက (ရော ၁:၁ရ) နှင့် (ဂလာ ၃:၁ရ) ၌ကိုးကား ထားသည်။ ဤကျမ်းပိုဒ်သည် ရိုမင်ကက်သလိပ်သွန်သင်ချက်ကိုတော်လှန်သူ၊ မာတင်လူသာကို ပြောင်းလဲစေသော ကျမ်းပိုဒ်ဖြစ်သည်။ ဤကျမ်းပိုဒ်အားဖြင့် မာတင်လူသာသည် ကယ်တင်ခြင်းတရားကို သိခွင့်ရခဲ့သည်။ ​ဖြောင့်မတ်သောသူသည် ဘုရားပေးသော ​ဖြောင့်မတ်ခြင်း လက်ခံသောသူဖြစ်သည်။ လူလူချင်း အပေါ်မှာ ​ဖြောင့်မတ်ခြင်း မဟုတ်။ ကျမ်းစာက၊ “ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူ အပေါင်းတို့အဘို့ ဖြစ်၍ ၊ ထိုသူ အပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီ။ ယေရှုခရစ် ရွေးနှုတ် တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” (ရော ၃:၂၂၊ ၂၄)။ 

၃၉။ ငါတို့မူကားပျက်စီးခြင်းသို့ ရောက်အံ့သောငှါ ရွေ့လျော့သောသူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ ယုံကြည်သောသူဖြစ်ကြ၏။

သင်နှင့်ကျွန်ပ်လည်း ဤစာရေးသူနှင့်အတူ ရွေ့လျော့သောသူမဟုတ်ဘဲ ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ ယုံကြည် သောသူဖြစ်ကြသည်။

 အခန်း (၁၀) မေးခွန်းများ

 ၁။ အထက်၌ဖေါ်ပြသော ပညတ်သည် ဘာပညတ် ဖြစ်သနည်း။.......................................

၂။ အဘယ်ကြောင့် ဣသရေလ လူများ၏ ပူဇော်ခြင်းသည် မစုံလင်စေနိုင်သနည်း။.......................................

၃။ သံဝေဂတရားဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ .......................................

၄။ ဣသရေလ လူများသည် ယဇ်ပူဇော်ပြီးလျှင် အပြစ်ကို မေ့နိုင်ကြသလော။.......................................

၅။ အဘယ်ကြောင့်မမေ့နိုင်ကြသနည်း။....................................... 

၆။ ခရစ်တော် ဤလောကသို့ ဆင်းကြွခြင်းသည် ဘာဖြစ်ဘို့ရန် ဖြစ်သနည်း။ .......................................

ရ။ အဘယ်ကြောင့် ခရစ်တော်သည် လူ့ဇာတိခံဘို့လိုသနည်း။.......................................

၈။ ဣသရေလလူများ ပူဇော်သောယဇ်များကို ဘုရားသခင်ကအားရနှစ်သက် တော်မူသလော။....................................... 

၉။ ခရစ်တော်သည် မိမိအလိုဆန္ဒကို ဦးစားပေးသလော၊.................. မည်သူ၏အလိုတော်ကို ဖြည့်ဘို့ ကြိုးစားသနည်း။....................................... 

၁၀။ သင်သည် မည်သူ၏အလိုဆန္ဒကို ဦးစားပေးသနည်း။.......................................

၁၁။ ခရစ်တော်သည် မည်ကဲ့သို့ ခမည်းတော်၏ အလိုတော်ကို ဆောင်ခဲ့သနည်း။.......................................

၁၂။ ပဌမဝတ်သည် ဘာကိုဆိုလိုသနည်း။.......................................

၁၃။ ဒုတိယဝတ်သည် ဘာကိုဆိုလိုသနည်း။ .......................................

၁၄။ ငါတို့သည် ဘာကြောင့်စင်ကြယ်ခြင်းသို့ ရောက်ကြသနည်း။.......................................

၁၅။ အဘယ်ကြောင့် ယဇ်ပုရောဟိတ်များသည် အပြစ်ကိုမ​ဖြေနိုင်သောယဇ်ကို နေ့တိုင်း အထပ်ထပ်အဖန်ဖန်ပူဇော်သနည်း။ .......................................

၁၆။ အဘယ်ကြောင့်တဲတော်၌ ထိုင်ခုံမရှိသနည်း။.......................................

၁ရ။ အဘယ်ကြောင့် ခရစ်တော်သည် ခမည်းတော် အနား၌ ထိုင်နေတော်မူသနည်း။.......................................

၁၈။ ရန်သူအပေါ်​ ခြေတင်ခြင်းသည် ဘာကိုဆိုလိုသနည်း။....................................... 

၁၉။ ခရစ်တော်သည် မည်သူအပေါ်၌ မည်သည့်အချိန်တွင် ​ခြေနင်းမည်နည်း။.......................................

၂၀။ ယုံကြည်သူများသည် ထာဝရစုံလင်ခြင်း အကျိုးကို မည်ကဲ့သို့ ရကြသနည်း။..........................................

၂၁။ ပဋိညာဉ််တရားသစ်သည် မည်သူနှင့် မည်သူအကြား ပြုလုပ်မည့်အရာ ဖြစ်သနည်း။............................... 

၂၂။ ခရစ်တော်သည် ပဋိညာဉ််တရားသစ်ကို တည်စေဘို့ရန် ဘာလုပ်ခဲ့သနည်း။...............................

၂၃။ မည်သည့်အချိန်၌ ပဋိညာဉ််တရားသစ်ကို ပြုလုပ်ကြမည်နည်း။............................... 

၂၄။ ပဋိညာဉ််တရားသစ်၏ ထူးခြားချက်များကို ဖေါ်ပြပါ။.......................................

၂၅။ အဘယ်ကြောင့် ကိုယ်ခန္ဓာသည် ကုလားကာ ဟုခေါ်သနည်း။.......................... 

၂၆။ ခရစ်တော်ပြင်ဆင်သော အသက်လမ်းသစ် တည်းဟူသောသန့်ရှင်းရာဌါနသို့ ဝင်ခွင့်ကို အဘယ်ကြောင့်တန်ဘိုး မထားကြသနည်း။..................................

၂ရ။ သန့်ရှင်းရာဌါနသို့ ဝင်ခွင့်သည် အဘယ်ကြောင့်တန်ဘိုးရှိသနည်း။............................................. 

၂၈။ ဘုရားသခင်၏ အိမ်တော်သည် ဘာကိုဆိုလိုသနည်း။..................အဘယ်သူကထိုအိမ်တော်ကို အုပ်စိုးသနည်း။..................

၂၉။ ကောင်းကင်ရှိ ဘုရား၏အိမ်တော်ကို အဘယ်သူက အုပ်စိုးသနည်း။...........................

၃၀။ ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍ ၊ ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း၌ တည်လျှက်ဟူသောအရာကို မည်ကဲ့သို့ ဘာသာပြန်နိုင်သနည်း။.......................................... 

၃၁။ “စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ ” ဟူသောအရာကို မည်ကဲ့သို့ ဘာသာပြန်လျှင် ပို၍ နားလည်နိုင်သနည်း။.....................................................

၃၂။ မိဖုရားဧသတာသည် အဘယ်ကြောင့်အစာရှောင်သနည်း။................................. 

၃၃။ ဘုရားသခင်ထံ ဝင်ဘို့သည် ကြောက်စရာ ကောင်းပါသလား။.......................................

၃၄။ အဘယ်ကြောင့်ငါတို့သည် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခွင့်ရကြသနည်း။................................ 

၃၅။ ယုံကြည်သူများဝန်ခံသော မြော်လင့်ခြင်းသည် အဘယ်အရာ ဖြစ်မည်နည်း။...........................

၃၆။ အောင်မြင်ခြင်းသည် မည်သို့အားဖြင့် ရရှိနိုင်သနည်း။...............................

၃၇။ ဂတိထား တော်မူသောသူသည် အဘယ်သူနည်း။................................... 

၃၈။ ယုံကြည်သူများသည် အချင်းချင်းနိုးဆော်ဘို့ အဘယ်ကြောင့်လိုသနည်း။............................. 

၃၉။ တယောက် ထဲနေကောင်းသလော။..................... အဘယ်ကြောင့်နည်း။...............................

၄၀။ အဘယ်ကြောင့် ဘုရားကျောင်းနှင့် စုပေါင်းဝတ်ပြုကိုးကွယ်သော နေရာကို မလာချင်ကြသနည်း။..................

၄၁။ အသင်းတော်သည် ပြည့်စုံပါသလော။................................ 

၄၂။ အသင်းတော်၌ လာခြင်းဖြင့် ဘာအကျိုးရှိသနည်း။................................. 

၄၃။ အဘယ်ကြောင့်သာ၍ ကြိုးစားဘို့လိုသနည်း။..................................

၄၄။ အဘယ်ကြောင့် ခရစ်တော်က သူလာမည့်အရာကို အတိအကျ မပြောသနည်း။.............................

၄၅။ အငယ် ၂၆ သည် ကယ်တင်ခြင်း ဆုံးရှုံးနိုင်သည် ဟုဆိုခြင်းဖြစ်သလော။..............မည်သည့်အရာကို ဆိုလိုသနည်း။........................

၄၆။ “ဘုရားသခင်၏ သားတော်ကို ​ခြေနှင့်ကျော်နင်းခြင်း” သည်ဘာကိုဆိုလိုသနည်း။......................... 

၄၇။ “မိမိကို စင်ကြယ်စေသော ပဋိညာဉ်တရား၏ အသွေးကို အပြစ်တင်လျှက်” ဟူသောအရာကို ရှင်းပြပါ။............................... 

၄၈။ “ဆုကျေးဇူးကို ပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုခြင်း” သည်ဘာကို ဆိုလိုသနည်း။..........................

၄၉။ အငယ် ၂၉ ၌ဖေါ်ပြသောသူသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဝိညာဉ်တော်၏ အလုပ်ကို သိပါသလော။ 

၅၀။ တရားသူကြီးသည် မည်သူဖြစ်သနည်း။..................................

၅၁။ ဘုရားသခင်၏ လက်တော်သို့ ကျရောက်ခြင်း အမှုသည် ဘာကို ဆိုလိုသနည်း။..............................

၅၂။ စာရေးသူက ယုံကြည်သူများကို အငယ် ၃၂-၃၃ ၌ဘာကို သတိရစေသနည်း။................... အဘယ်ကြောင့်နည်း။......................

၅၃။ ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း၊ အဘယ်ကြောင့်ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြသနည်း။...............................................

၅၄။ ယုံကြည်သူများ၏ ဘဏ္ဍာသည် ဘယ်မှာရှိသနည်း။.....................................

၅၅။ ဘုရားသခင်၏ အလိုတော်ကို ဆောင်လျှင် ဘာရမည်နည်း။....................................

၅၆။ ရှေးယုံကြည်သူများ၏ တခုတည်းသော မြော်လင့်ရာသည် အဘယ်အရာနည်း။........................ 

၅၇။ ယနေ့ ယုံကြည်သူများ၏ မျှော်လင့်ချက်သည် အဘယ်အရာနည်း။.................................. 

၅၈။ သင်၏ မျှော်လင့်သောအရာသည် အဘယ်အရာနည်း။....................................

၅၉။ ​ဖြောင့်မတ်သော သူသည် ဘာအားဖြင့် အသက် ရှင်လိမ့်မည်နည်း။..................................................

၆၀။ ငါတို့သည် ပျက်စီးခြင်းသို့ ရောက်အံ့သောငှါ ရွေ့လျော့သောသူ ဖြစ်ကြပါသလား။.................................

.

^

ဟေဗြဲ(၁၁:၁-၁၆) 

ယုံကြည်ခြင်း

၁။ ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်းဖြစ်၏။

 ဤကျမ်းပိုဒ်၌ ယုံကြည်ခြင်း၏ အနက်အဓိပ္ပါယ်ကို ဖေါ်ပြထားသည်။ များသောအားဖြင့် တမန်တော်သော မကဲ့သို့ ယုံကြည် နိုင်ဘို့ရန် မျက်စိနှင့် မြင်တွေ့ချင်ကြသည်။ မျက်စိနှင့်မြင်ပြီးလျှင် ယုံကြည်စရာမလိုတော့ချေ။ ယုံကြည်ခြင်းသည် မမြင်သေးသောအရာဖြစ်ရမည်။ ထိုအရာကို မျက်မှောက်ပြု၍၊ သိမှတ်စွဲလမ်းခြင်း ဖြစ်သည်ဟုဆိုသည်။

၂။ ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။

ရှေးယုံကြည်သူများ တည်းဟူသောနောဧ၊ အာဗြဟံ၊ မောရှေ၊ ဒံယေလတို့သည် သူတို့၏ ယုံကြည်ခြင်းကြောင့် ချီးမွမ်းခြင်း ခံရသည်ဟုဆိုသည်။

 ၃။ ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသောအရာထဲက မဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။

ယခုမြင်ရသောအရာများဖြစ်သော မြေကြီးနှင့်မြေကြီးပေါ်၌ ရှိသမျှသောအရာများ၊ နေလကြယ်နက္ခတ္တာရာများသည် မရှိသောအရာမှ ဘုရား၏ အမိန့်တော်အားဖြင့် တည်ရှိကြသည်ဟုဆိုသည်။ လူ၏ပညာဦးနှောက်ဖြင့် မတွက်နိင်ပါ။ လူဖန်တီး ပြုလုပ်သောအရာ များပင်လျှင် နားမလည်နိုင်၊ အံ့ဩနေရသည် မဟုတ်လော။ ဘုရား၏အစွမ်းနှင့် လုပ်ဆောင်ချက်များသည် လူ့ပညာနှင့် မသိနိုင်ချေ။ ဘုရား၏အစွမ်းအစကို မယုံကြည်သူများက အရာခပ်သိမ်းသည် သူ့အလိုလိုဖြစ်၍ ၊ သဘာဝဖြစ်သည်ဟုဆိုသည်။ သူ့အလိုအလျောက် အဘယ်အရာမှ မဖြစ်နိုင်ပါ။ ဥပမာ၊ လူကမပြုလုပ်လျှင် သစ်သားသည် နှစ်ပေါင်းမည်မျှပင် ကြာပါစေ၊ စားပွဲမ ဖြစ်နိုင်ပါ။ ထို့ကြောင့် ဖန်ဆင်းရှင်ဘုရားရှိသည်၊ ဟုယုံကြည်ရသည်။ 

၄။ အာဗေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိ​ဖြောင့်မတ်သည်၊ ဟုသက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့ နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။ 

အာဗေလသည် ယုံကြည်ခြင်းအားဖြင့် အကိုကာဣနထက် မြတ်သောယဇ်ပူဇော်သည်။ ထို့ကြောင့်၊ အသက်တိုတောင်းသော်လည်း အကျိုးရှိသည်။ ယနေ့ တိုင်အောင် သူ့ကို ယုံကြည်သူများက စံနမူနာထား၍ ပြောကြသည်။ အသက်ရှည်ပြီး မယုံကြည်သည်ထက် အာဗေလကဲ့သို့ အသက်တိုပြီး ယုံကြည်သော သူသည် သာ၍ မင်္ဂလာရှိသည်။ ကာဣနသည် သူ့ညီထက် အသက်ရှည်သော်လည်း အကျိုးမရှိပါ။ ဒုစရိုက်အပြစ်ကို ကျူးလွန်၍ ဘုရားထံမှ ထွက်ခွါသွားသည်။ သူ့အကြောင်းကိုလည်း နောက်ထပ်မသိရတော့ပါ။ 

၅။ ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည်နောက်တဖန် မပေါ်မရှိ။ သူသည်ဘဝမပြောင်းမှီ ဘုရားသခင်၏စိတ်တော်နှင့် တွေ့သောသူဖြစ်သည်၊ ဟုသက်သေခံခြင်းကို ရလေ၏။

ဧနောက်သည် အသက် သုံးရာ​ခြောက်ဆယ်အသက် ရှင်သည်။ သူသည် ဘုရားသခင်နှင့် နှစ်ပေါင်းသုံးရာသွားလာ၍ ဘုရားသခင်က ရုပ်သိမ်းလိုက်သည် (ကမ္ဘာ ၅:၂၁-၂၄)။ အဘယ်ကြောင့် ဘုရားသခင်က ရုပ်သိမ်းသနည်းဟူမူကား ဘုရား စိတ်တော်နှင့် တွေ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်က သူ့ကို မြေကြီး ပေါ်၌ သွားလည်၍ ပေါင်းဖေါ်သည်ထက် ကောင်းကင်သို့ ခေါ်၍ ပေါင်းဖေါ်ချင်သည်။ လူသားများလည်း သူငယ်ချင်းများကို အဝေးမှ ာသွားလည်သည်ထက်ကိုယ့်အနီးသို့ ခေါ်၍ ပေါင်းဖေါ်ချင် ကြသည်။ ဘုရားသခင်သည် ​ကျွန်ပ်တို့နှင့် ပေါင်းဖေါ်ချင် ပါမည်လော။ သို့မဟုတ် သင်သည် ဘုရားသခင်နှင့် ပေါင်းဖေါ်ချင် ပါသလော။ 

၆။ ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။

ဘုရား စိတ်တော်နှင့် တွေ့ဘို့ရန် မှာသူ့ကို ယုံကြည် စိတ်ချရမည်။ လူတိုင်းကိုယ့်ကို စိတ်မချသောသူ၊ သံသယရှိသော သူကို မနှစ်သက်ကြပါ။ ယခုမှစ၍ ဘုရားသခင်ကို ယုံကြည် စိတ်ချပါ။ ဘုရား ထံချဉ်းကပ်သော သူသည် ဘုရားရှိကြောင်းနှင့် သူထံချဉ်းကပ်သော သူကို အကျိုးပေးကြောင်း ယုံကြည် ရမည်ဟုဆိုသည်။ ထိုအရာများသည် အလွန် ကောင်း၍ လွယ်ကူသည် မဟုတ်ပါလော။ 

ရ။ နောဧသည် မမြင် သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သား တို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ၏။ ထိုသို့ ယုံကြည်ခြင်း အားဖြင့်လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ​ဖြောင့်မတ်ခြင်း ကိုလည်း အမွေခံရ၏။

နောဧနှင့် မိသားစုသည် မ ယုံကြည်သူများအလယ်၌ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ယုံကြည်၍ သင်္ဘောဆောက်ခြင်းအားဖြင့် ပြင်ဆင် ခဲ့သည်။ ထို့ကြောင့် မ ယုံကြည်သူများနှင့်အတူ မပျက်စီးဘဲ လွတ်မြောက်ခဲ့၍ နောင်လာနောက်သား များကို ပုံသက်သေကောင်းပြသနိင်ခဲ့သည်။ သူတို့သည် မိသားစုတစုတည်း ဖြစ်သော်လည်း စိတ်မပျက်ဘဲ ဘုရား စကား နားထောင် သကဲ့သို့၊ ​ကျွန်ပ်တို့လည်း ပတ်ဝန်းကျင်ထက် ဘုရား စကားကို နားထောင် သင့်သည်။ ဘုရားသခင် ထံမှ ​ဖြောင့်မတ်ခြင်း ကိုလည်း ရရှိသည်။ 

၈။ အာဗြဟံသည် အမွေခံ ရလတံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ် တော်မူ သောအခါ၊ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင် မသိဘဲလျက်၊ ယုံကြည်ခြင်း အားဖြင့် နားထောင်၍ ထွက်သွားလေ၏။ 

ယခုတိုးတက်သော ခေတ်တွင် ပင်လူအများစုသည်ကိုယ်မရောက်ဘူးသော နေရာ၌ မသွားရဲကြချေ။ ရောက်ဘူးသော နေရာသို့ ပင် မပြောင်းလိုကြချေ။ အာဗြဟံတို့ ခေတ်တွင် တိုင်း တပါးသို့ သွားဘို့သည် အလွန် ခက်ခဲသောအရာ ဖြစ်မည်။ သို့သော် သူသည် ဘုရားသခင်၏ ခေါ် တော်မူသော အသံကို နားထောင်၍၊ ယုံကြည်ခြင်း အားဖြင့် ဘုရား နောက်လိုက် နိုင်ခဲ့သည်။ ​ကျွန်ပ်တို့လည်း ဘုရားသခင် ခိုင်းသောအရာ ကို ယုံကြည်ခြင်းအားဖြင့် လိုက်နာဘို့ လိုအပ်သည်။ 

၉။ သူတပါးပိုင်သော ပြည်၌ ဧည့်သည် နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ ယုံကြည်ခြင်း အားဖြင့် ဧည့်သည် ဖြစ်၍နေ၏။ ထိုဂတိတော်ကို အမွေခံ ရသော အဘော်အဘက် တည်းဟူသောဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲ၌ နေလေ၏။ ၁၀။ အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစု တော်မူသော၊ ခိုင်ခံ့မြဲမြံသော မြို့ကို မြော်လင့်သတည်း။ 

အာဗြဟံသည် ဘုရားသခင်က ခေါ် သောအခါ သူတပါးပိုင်သော ပြည် တည်းဟူသောခါနန်ပြည်၌၊ အိမ်ရှင်ကဲ့သို့ နေသည် မဟုတ်၊ ဧည့်သည် ကဲ့သို့ နေသည်။ လူတိုင်း ဧည့်သည် ကဲ့သို့ ထက် အိမ်ရှင်လိုနေချင် ကြသည်။ အကြောင်းမှာ ဧည့်သည်သည် အိမ်ရှင်၏ အလိုဆန္ဒကို သာ လိုက်နာနေရသည်။ သို့သော် အာဗြဟံသည် ဧည့်သည် ကဲ့သို့ တဲ၌ အပြောင်းပြောင်းအလည်လည်နေခဲ့သည်။ အကြောင်းမူကား ဘုရားသခင် တည်ထောင်ပြုစု တော်မူသော၊ ခိုင်ခံ့မြဲမြံသော ကောင်းကင်နိင်ငံကို မြော်လင့်သည်ဟုဆိုသည်။ ​ကျွန်ပ်တို့လည်း ဤလောက၌ ခဏနေစဉ်တွင် အိမ်ရှင်ကဲ့သို့ မဟုတ်၊ ဧည့်သည် ကဲ့သို့ နေသင့်သည်။ 

၁၁။ သူ၏ ခင်ပွန်းစာရာ သည်လည်း အရွယ်လွန် သောအခါ၊ ပဋ္ဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်း အားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိထား တော်မူသော သူသည် သစ္စာရှိသည်ဟု စိတ်စွဲလန်းခြင်းရှိ၏။

ဘုရားသခင်သည် အာဗြဟံနှင့် စာရာတို့ကို အမွေခံ မည့်သူသား ယောက်ျားပေးမည်ဟု ဂတိပြုသော်လည်း ချက်ချင်း မပေးခဲ့ပါ။ သူလည်း အသက် ကြီး၍ စာရာလည်းသား ဖွားနိင်သော အသက် အရွယ်လွန်ပြီးမှသာအမွေခံ မည့်သူ သားကို ပေးခဲ့သည်။ အကြောင်းမှာ လူ့သဘာဝအားဖြင့် ရသောသား မဟုတ်ဘဲ၊ ဘုရားသခင် ပေးသောသား ထင်ရှားစေဘို့ရန် အရွယ်လွန်မှ၊ လူ့အားဖြင့် မဖြစ်နိင်တော့မှသာပေးခဲ့သည်။ ထိုအရာကို ယုံကြည်ခြင်း အားဖြင့် ခံရလေသည်ဟုဆိုသည်။ ထိုသို့ ပြုခြင်းအားဖြင့် ယုံကြည်သူ တိုင်းလည်း ဘုရား အပေါ်ယုံကြည် လာဘို့၊ စောင့်စားလာဘို့ သင်တန်းပေးသည်။ ဘုရားသခင်သည် တတ်နိင် တော်မူ ကြောင်းကို ​ကျွန်ပ်တို့ ယုံကြည် ပါသလား။ 

၁၂။ သို့ဖြစ်၍၊ ထိုအမှု အရာ၌ လူသေနှင့် တူသော သူတယောက်သည်၊ အရေအတွက် အားဖြင့် ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒ​ရာကမ်းနား၌ မရေတွက်နိုင်သော သဲလုံးကဲ့သို့၎င်း၊ များစွာသော သူတို့၏ အဘ ဖြစ်သတည်း။ 

ဘုရားသခင်က အာဗြဟံတို့ လင်မယားကို သားသမီး ချက်ချင်း မပေးသော်လည်း၊ အရွယ်လွန် သောအခါ ကောင်းကင် ကြယ်နှင့် အမျှ၊ သမုဒ္ဒ​ရာသဲလုံးနှင့် အမျှသားရလိမ့်မည်ဟု ဂတိပြုခဲ့သည် (က ၁၅:၆)။ လက်တွေ့မှာတကယ် ပင် ပြည့်စုံခဲ့သည်။ ကောင်းကင် ကြယ်နှင့် အမျှ၊ သမုဒ္ဒ​ရာသဲလုံးနှင့် အမျှဟူသောအရာသည် အလွန်များကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။ 

၁၃။ ယခုဆိုခဲ့ပြီး သောသူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီး ပေါ်မှာ တ​ကျွန်းသူတနိုင်ငံ သား၊ ဧည့်သည် အာဂန္တု ဖြစ်သည်ကို ထင်ရှားစွာ ဝန်ခံလျက်၊ ယုံကြည်ခြင်း စိတ်နှင့် သေလွန်ကြ၏။

ယခုဆိုခဲ့ပြီးသော သူတို့သည် နောဧနှင့် အာဗြဟံတို့ ဖြစ်သည်။ သူတို့သည် အထက်၌ ကောင်းကင်နိင်ငံကို မြော်လင့်သည်ဟုဆိုသည်။ သူတို့သည် မြော်လင့်သောအရာ ကို လက်စုတ်လက်ကိုင်မဖမ်းနိုင်သောကြောင့် စိတ်နှလုံးနှင့် ဘက်ယမ်းလျက် မြေကြီး ပေါ်မှာ ဧည့်သည် ကဲ့သို့ နေပြီးမှယုံကြည်ခြင်း စိတ်နှင့် သေလွန် ကြသည်။ ​ကျွန်ပ်တို့လည်း သူတို့ ကဲ့သို့ ခဏသာထင်ရှားမည့် ဤလောက အရာများကို မစွဲလန်းဘဲ ကောင်းကင်နိင်ငံကို စိတ်နှလုံးနှင့် ဘက်ယမ်းလက် နေကြကုန်အံ့။ ဤလောက၌ အိမ်ရှင်ကဲ့သို့ မဟုတ်ဘဲ ဧည့်သည် ကဲ့သို့ နေကြကုန်အံ့။ ပြသနာ အားလုံးသည် အိမ်ရှင်ကဲ့သို့ ဤလောက၌ နေချင် ကြသောကြောင့် ဖြစ်သည်။ 

၁၄။ ထိုသို့ ဝန်ခံသော သူတို့သည် မိမိတို့ အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏။

အထက်ပါ ယုံကြည်သော သူတို့သည် ခါနန်ပြည်ကို ရှာသည် မဟုတ်၊ ခိုင်ခံ့မြဲမြံသော ကောင်းကင်နိင်ငံကို ရှာ ကြသည်။ ​ကျွန်ပ်တို့လည်း မကြာမှီဒုက္ခ ရောက်တော့မည့် ဤလောကကို မရှာဘဲ၊ ကောင်းကင်နိုင်ငံကို ရှာကြပါစို့။ 

၁၅။ ထိုသူတို့သည် အထက် ကထွက်သွားသော ပြည်ကို အောက်မေ့သည် မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။ 

အထက် ကထွက်သော ပြည်သည် အချို့လူများ ကအဲဂုတ္တု ပြည်ဟုဆို ကြသည်။ သို့သော် ထိုပြည် မဟုတ်၊ ဥရမြို့နှင့် ခါရန်အရပ်တို့ ဖြစ်သည်။ ထိုဒေသသည် ဥဖရနှင့် တိုက်ဂရစ်မြစ်ဝှမ်းလွင်ပြင်၊ ယခုခေတ် အီရတ်ပြည် ဖြစ်၍ မြေဩဇာကောင်း၍ မြစ်ရေသောက်သုံးသော နေရာ ဖြစ်သည်။ ထိုနေရာကို အောက်မေ့လျှင် သူတို့သည် ပြန်သွားနိုင်သည်။ သို့သော် ဘုရား ခေါ်သော နေရာခါနန်ပြည် မှာသေသည် အထိ နေကြသည်။ 

၁၆။ ထိုပြည်ကို မအောက်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသောသာ၍ မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့နှင့် သူတို့၏ ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ၊ သူတို့နေစရာဘို့ မြို့ကို တည်ထောင်တော်မူပြီ။

အာဗြဟံနှင့်သား များသည် ဥရအရပ်ထက် ကောင်းကင် ပြည်ကို သာ၍ တောင့်တကြသည်။ ထို့ကြောင့် ခရစ်တော်က ကောင်းကင်နိင်ငံကို အာဗြဟံရင်ခွင်ဟု တင်စားခဲ့သည် (လု ၁၆:၂၂)။ အာဗြဟံသည် ကောင်းကင်နိင်ငံ၌ ရှိသည် (မ ၈:၁၁)။ ​ကျွန်ပ်တို့လည်း ဤလောကထက် ကောင်းကင် ပြည်ကို သာ၍ တောင့်တလိုချင်သော စိတ်ရှိရမည်။ ဘုရားသခင်သည် အာဗြဟံ၏ ဘုရား၊ ဣဇက်၏ ဘုရား၊ ယာကုပ်၏ ဘုရားဟု သူ့ကိုယ်သူမိတ်ဆက်သည် (ထွက် ၃:၆)။ သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခြင်းကို မရှက်ဟုဆိုသည်။ ဘုရားသည် သင်၏ ဘုရားဟု ခေါ်ဝေါ်ခြင်းကို ရှက် တော်မူ မည်လော။

အခန်း (၁၁:၁-၁၆) မေးခွန်းများ

၁။ ယုံကြည် ဘို့ရန် မျက်စိဖြင့် မြင်စရာ လိုပါသလား။.......................................

၂။ ရှေးလူဟောင်းတို့သည် မည်သူတို့ ဖြစ်သနည်း။....................................... 

၃။ အရာခပ်သိမ်းသည် ဘာအားဖြင့် တည်ကြသနည်း။....................................... 

၄။ အရာခပ်သိမ်းသည် အလိုလို ဖြစ်နိုင်ပါသလား။.......................................

၅။ အသက် ရှည်ပြီး မယုံကြည်သည်ထက် မည်သည့်အရာသည် သာ၍ မင်္ဂလာရှိသနည်း။.......................................

၆။ အာဗေလသည် သေလွန်သော်လည်း ယခုပင်မည်ကဲ့သို့ တရားဟောသေးသနည်း။.......................................

ရ။ ဧနောက်ကို ဘုရားသခင်က အဘယ်ကြောင့်ရုပ်သိမ်းသနည်း။ .......................................

၈။ သင်သည် ဘုရားသခင်နှင့် ပေါင်းဖေါ်ချင် ပါသလော။.......................................

၉။ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့နိုင်ရန်ဘာလုပ်ရမည်နည်း။.......................................

၁၀။ ဘုရားကဘာကို ယုံကြည် စေချင်သနည်း။....................................... 

၁၁။ နောဧသည် ဘာအားဖြင့် ​ဖြောင့်မတ်ခြင်း အမွေခံရသနည်း။.......................................

၁၂။ နောဧသည် ဘာအားဖြင့် ဘုရားယုံကြည်ကြောင်း သက်သေပြသနည်း။ .......................................

၁၃။ အာဗြဟံသည် ဘုရားသခင် ခေါ် တော်မူ သောအခါ အဘယ်ကြောင့်လိုက်နိုင်သနည်း။...................................

၁၄။ သင်သည် ဘုရားသခင်က ခိုင်းလျှင် သွားနိုင်ပါသလား။.......................................

၁၅။ အာဗြဟံသည် ခါနန်ပြည်၌ အိမ်ရှင်ကဲ့သို့ နေသလော ဧည့်သည် ကဲ့သို့ နေသလော။.......................................

၁၆။ ​ကျွန်ုပ်တို့လည်း ဤလောက၌ ခဏနေစဉ်တွင် မည်ကဲ့သို့ နေသင့်သနည်း။.......................................

၁ရ။ အဘယ်ကြောင့် ဘုရားသခင်သည် အာဗြဟံနှင့် စာရာတို့ကို အရွယ်လွန်မှသား ပေးသနည်း။ .......................................

၁၈။ ​ကျွန်ုပ်တို့လည်း ဘာအားဖြင့် ဘုရားကို စောင့်ဘို့ လိုသနည်း။.......................................

၁၉။ ဘုရားသခင်သည် သူ၏ ဂတိအတိုင်း အာဗြဟံကို များစွာသောသား များကို ပေးပါသလား။..............................

၂၀။ ရှေး ယုံကြည်သူများသည်၊ ဂတိတော်ကို အဘယ်ကြောင့်စိတ်နှလုံးနှင့် ဘက်ယမ်းကြသနည်း။...........................

၂၁။ ဤလောက၌ ပြသနာ အားလုံးသည် အဘယ်ကြောင့် ဖြစ်သနည်း။.......................................

၂၂။ ရှေးယုံကြည်သူ တို့သည် ခါနန်ပြည်ကို ရှာကြသလော၊ မည်သည့်နိုင်ငံကို ရှာကြသနည်း။ ...........................

၂၃။ ​ကျွန်ုပ်တို့သည် ဘယ်နေရာကို စွဲလန်းသင့်သနည်း။.......................................

၂၄။ အထက် ကထွက်သော ပြည်သည် ဘယ်ပြည်ဖြစ်သနည်း။ .......................................

၂၅။ ဘုရားသခင်သည် သူတို့နှင့် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကို အဘယ်ကြောင့်ရှက်တော် မမူသနည်း။.......................................

--------------------------------------------------------------------------

.

^

ဟေဗြဲ(၁၁:၁၇-၄၀)

ယုံကြည်ခြင်းဖြင့်ကတိတော်စောင့် 

၁ရ။ အာဗြဟံသည် စုံစမ်း တော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။ ၁၈။ ဣဇာက်၌ သာသင်၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ဂတိတော်များကို ခံရသောသူသည်၊ မိမိ၌ တယောက်တည်းသော ထိုသားကိုပူဇော်၏။ ၁၉။ ထိုသို့ ပူဇော်သောအခါ သေခြင်းမှထမြောက် စေခြင်းငှါ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည်အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။

အာဗြဟံသည် သူ၏ဇာတိသား ဣရှမေလကို ဘုရားကနှင်ထုတ် ခိုင်းသောအခါ၊ အလွန်ခက်ခဲခဲ့သည်။ (ကမ္ဘာဦး ၂၁:၁၁) သို့သော် သားဣဇက်ပူဇော်ဘို့ရန် တောင်း သောအခါတွင်မူ ခက်ခဲခြင်းမရှိဘဲ လုပ်နိုင်သည် (ကမ္ဘာဦး ၂၂)။ အဘယ်ကြောင့်နည်း။ သားဣရှမေလနှင်ထုတ်မည့်အချိန်တွင် ယုံကြည်ခြင်းမရှိ၊ မရင့်ကျက်သေးသောကြောင့်ဖြစ်သည်။ ဣဇက်ပူဇော်မည့်အချိန်တွင်မူ ရင့်ကျက်လာသည်၊ ယုံကြည်ခြင်းလည်းရှိသည်။ ယနေ့ယုံကြည်သူများ အဘယ်ကြောင့်ဘုရားအတွက် ဘာမျှမလုပ်နိုင်သနည်း။ ယုံကြည်ခြင်းမရှိသောကြောင့်ဖြစ်သည်။ 

၂၀။ ဣဇာက်သည်လည်း၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ကို အမှတ်ပြု၍ ယာကုပ်နှင့်ဧသောကို ကောင်းကြီးပေး၏။ 

ဣဇာက်သည် သားငယ်ယာကုပ်ကို ဤသို့ကောင်းကြီး ပေးခဲ့သည်၊ “ငါ့သား၏အနံ့သည်၊ ထာဝရဘုရား ကောင်းကြီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့် တူ၏။ ထိုကြောင့်၊ ဘုရားသခင်သည် မိုးကောင်းကင်၏ နှင်းကို၎င်း၊ မြေကြီး၏ ဆီဥကို၎င်း၊ များစွာသောဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အားပေးတော်မူ စေသတည်း။ ၂၉ သူတပါးတို့သည် သင်၌ ​ကျွန်ခံ၍၊ အပြည်ပြည်တို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့ရှေ့၌ အရှင်ဖြစ်၍ ၊ သင့်အမိ၏သားတို့သည် သင့်ရှေ့မှာ ဦးညွတ်ရကြစေသတည်း။ သင့်ကိုကျိန်ဆဲသောသူ အပေါင်းတို့သည် ကျိန်ဆဲခြင်းကို ခံရကြစေသတည်း။ သင့်ကိုကောင်းကြီး ပေးသောသူ အပေါင်းတို့သည် ကောင်းကြီးကို ခံရကြစေသတည်း၊ ဟုကောင်းကြီး ပေးလေ၏။” (ကမ္ဘာဦး ၂ရး၂ရ- ၂၉) သားကြီးဧသောကိုလည်း ဤကဲ့သို့ကောင်းကြီးပေးခဲ့သည်၊ “အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏နေရာသည် မြေကြီး၏ဆီဥနှင့်၎င်း၊ အထက် မိုးကောင်းကင်၏နှင်းနှင့်၎င်း ပြည့်စုံလိမ့်မည်။ ၄၀ ထားဖြင့် အသက်ကို မွေးရလိမ့်မည်။ ညီ၌ကျွန်ခံရလိမ့်မည်။ နောက်တဖန်အစိုးရသောအခါ၊ သူတင်သောထမ်းဘိုးကို သင်၏လည်ပင်းမှချိုးပယ်လိမ့်မည်၊ ဟုပြန်၍ဆိုလေ၏။” (ကမ္ဘာဦး ၂ရး၃၉-၄၀)။ အဖကောင်းကြီး ပေးသည့်အတိုင်း ယာကုပ်သည် ဘုရားသခင်၏ ကောင်းကြီးကို ခံစားသောသူဖြစ်သည်။ သူ၏နာမည်ကိုလည်း ဣသရေလဟု ပြောင်း၍ သူ၏အမျိုးသာလျှင် ဣသရေလလူမျိုးဖြစ်သည်။ ဖခင်တိုင်းကိုယ့် သားသမီး များအပေါ်မကျိန်ဆဲဘဲ ကောင်းကြီး ပေးဘို့ လိုအပ်သည်။ 

၂၁။ ယာကုပ်သည်လည်း၊ သေချိန်နီးသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ယောသပ်၏သား နှစ်ယောက်ကို ကောင်းကြီးပေး၍၊ တောင်ဝေးထိပ်အပေါ်မှာကိုးကွယ်လေ၏။

ယာကုပ်သည် ယောသပ်၏သား နှစ်ယောက်တို့ တွင်၊ သား ငယ်ဧဖရိမ်ကိုသား ကြီး မနာရှေအရှေ့မှာ ထား၍ ဤကဲ့သို့ ကောင်းကြီး ပေးခဲ့သည်၊ “အဘသည် ငြင်း၍ ငါသိ၏ငါ့သား၊ ငါသိ၏။ သူသည်ကြီးစွာသောလူစု ဖြစ်လိမ့်မည်။ သို့သော်လည်း သူ့ညီသည် သူ့ထက်သာ၍ကြီးသဖြင့်၊ သူ၏အမျိုးအနွယ်သည် များစွာသော လူအစုစု ဖြစ်လိမ့်မည်ဟုဆို၏။ ၂၀ တဖန်ဘုရားသခင်သည် သင့်ကိုဧဖရိမ်ကဲ့သို့၎င်း၊ မနာရှေကဲ့သို့၎င်း၊ ဖြစ်စေတော်မူပါစေသောဟူ၍၊ ဣသရေလအမျိုးသားတို့သည် သင်အားဖြင့် ကောင်းကြီးပေးကြလိမ့်မည်၊ ဟုထိုနေ့၌ သူတို့ကို ကောင်းကြီး ပေးလေ၏။” (ကမ္ဘာဦး ၄၈:၁၉-၂၀)။ သူပေးသည့်အတိုင်း ဧဖရိမ်သည် ဣသရေလ လူမျိုး၌ လူမျိုးကြီး ဖြစ်ခဲ့သည်။ တိုင်းပြည်နှစ်ခြမ်းခွဲ သောအခါ၌လည်း မြောက်ဖက်တိုင်းပြည်ကို ဣသရေလပြည်ဟု ခေါ်၍ ဧဖရိမ်ဟုလည်းခေါ်တတ်သည်။ 

၂၂။ ယောသပ်သည် သေဆဲရှိသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးတို့၏ ထွက်မြောက်ခြင်းအရာကိုပြ၍ မိမိအရိုးတို့၏ အကြောင်းကို မှာထားလေ၏။

ယောသပ်သည် ဘုရားသခင် ယုံကြည်၍၊ သူ၏အကြံအစည်ကို သိသောကြောင့် ဤကဲ့သို့မှာထားသည်၊ “​ကျွန်ုပ်သေတော့မည်။ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာတော်မူမည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့၊ ဤပြည်မှဆောင်သွားတော်မူမည်၊ ဟုအစ်ကိုတို့အား ဆို၏။ ၂၅ တဖန်တုံ၊ အကယ်စင်စစ် ဘုရားသခင်သည်၊ သင်တို့ကို အကြည့်အရှုကြွလာတော်မူမည်။ အ​ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလ အမျိုးသားတို့ကို ကျိန်ဆိုစေ၏။” (ကမ္ဘာ ၅၀:၂၄-၂၅) သူမှာထားသည့်အတိုင်း ဘုရားသခင်သည် ဣသရေလလူတို့ကို ဘုရားသခင်က အဲဂုတ္တုပြည်မှ ကယ်နှုတ်၍ သူ၏အရိုးတို့ကိုလည်း ယူသွားကြသည်။ “အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာ တော်မူမည်။ ​ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ်ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ယူဆောင်လေ၏။” (ထွက် ၁၃:၁၉)။ 

၂၃။ မောရှေကို ဘွားမြင်ပြီးမှ အဆင်းလှသော သူငယ်ဖြစ်သည်ကို မိဘတို့သည်မြင်လျှင်၊ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံး သူ့ကိုဝှက်ထားလေ၏။

မောရှေမွေးဘွားချိန်တွင် ဣသရေလလူများသည် အလွန်တိုးပွားသောကြောင့်၊ “ဖါရောဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင်သော သူငယ်ယောက်ျား အပေါင်းတို့ကို မြစ်ထဲသို့ ချပစ်စေ။ မိန်းမကိုမူကား အသက်ရှင်စေ၊ ဟုမိမိလူအပေါင်းတို့ကို မှာထားတော်မူ၏။” (ထွက် ၁:၂၂)။ သို့သော် မောရှေ၏ မိဘတို့က ထိုအမိန့်တော်ကို နာမခံဘဲ သားမောရှေကို အိမ်၌သုံးလထားခဲ့ကြသည်။ 

၂၄-၂၆။ မောရှသည် အသက်အရွယ်ကြီး သောအခါ၊ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့်အတူ  ညှဉ်းဆဲခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊ အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည်၊ သာ၍မြတ်သောစည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်း စိတ်ရှိ၍ ဖာရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကို ပယ်၏။ အကြောင်းမူကား၊ နောက်ရလတံ့သော အကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။ ၂ရ။ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကို စွန့်သွား၏။ အကြောင်းမူကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။ 

လူသည်ကောင်းစားသောအခါ အလွယ်တကူဘဝမေ့တတ်သည်။ သို့သော်မောရှေသည် နန်းတော်၌ကောင်းစားသောအခါ ဘဝကိုမမေ့၊ ဘုရားသခင်ကို ယုံကြည် သောကြောင့် မိမိလူမျိုးတို့ကို အကြည့်အရှုကြွခဲ့သည်။ ဣသရေလလူမျိုးကို ကူညီခြင်းသည် အန္တရာယ်ရှိကြောင်း သိသော်လည်း ကူညီခဲ့သည် (ထွက် ၂:၁၁-၁၆)။ ထိုသို့ကူညီခဲ့သောကြောင့် နန်းတော်မှ ထွက်ပြေး၍ မိဒျန်တော၌ သိုးထိန်းဘဝဖြင့် နှစ်ပေါင်း ၄၀ နေခဲ့ရသည်။ ​ကျွန်ုပ်တို့လည်း ခဏကောင်းစားချိန်တွင် ဇိမ်မခံဘဲ၊ ဘုရားခိုင်းသောအမှုကို လုပ်ကြပါစို့။ 

၂၈။ သားဦးများကို ဖျက်ဆီးသောသူသည်၊ ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကို၎င်း၊ အသွေးဖြန်းဆွတ်ခြင်းကို၎င်း၊ စောင့်လေ၏

ဣသရေလလူများသည် အဲဂုတ္တုပြည်မှ ထွက်မည့်ညတွင်၊ ထာဝရဘုရားမှာထားတော်မူသည့်အတိုင်း၊ ပသခါပွဲကို ယုံကြည်ခြင်းအားဖြင့် ကျင်းပခဲ့ကြသည် (ထွက် ၁၂)။ ပသခါသိုး၏ အသွေးကိုလည်း ဘုရားမှာထားသည့်အတိုင်း တံခါးထုတ်နှင့် တံခါးတိုင်၌ ထိုးခဲ့ကြသည်။ 

၂၉။ ဣသရေလ လူတို့သည် ကုန်းကြောင်းသွားသကဲ့သို့၊ ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီအလယ်၌ ရှောက်သွားရကြ၏။ ထိုသူတို့ နည်းတူ အဲဂုတ္တု လူတို့သည် သွားမည်အား ထုတ် သောအခါ နစ်မြုပ်ကြ၏။ 

ဘုရားသခင်သည် ဖါရောစစ်သား များက ဣသရေလ လူများကို လိုက် သောအခါ၊ ဧဒုံပင်လယ်ကို ကွဲစေ၍ ပင်လယ်အထဲမှသူတို့ကို ဖြတ်သန်း စေခဲ့သည်။ ဖါရောစစ်သား များလည်း ဖြတ်သန်း သောအခါ သူတို့ကို ပင်လယ်ပြန်စေ့စေခြင်းအားဖြင့် ရေထဲ၌ နစ်မြှုပ် စေခဲ့သည်။ (ထွက် ၁၄) 

၃၀။ ယေရိခေါမြို့ကို ခုနစ်ရက်ပတ် လုံးဝိုင်း၍ လှည့်ပြီးမှယုံကြည်ခြင်း အားဖြင့် မြို့ရိုးသည်ပြိုလဲ၏။

ဘုရားသခင်က ဣသရေလ လူများကို ယေရိခေါမြို့တိုက်ရာတွင် ခုနှစ်ရက်ပတ် လုံးဝ ိုင်း၍ လှည့်ပတ်ခိုင်းသည်။ အဘယ်ကြောင့်မြို့ရိုးကို ခုနှစ်ရက်ပတ်ခိုင်းသနည်းဟူမူကား၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ စကား နားထောင်ခြင်းကို စုံစမ်းခြင်း ဖြစ်မည်။ သူတို့သည် ဘုရား ပြောသည့်အတိုင်း ခုနှစ်ရက်ပတ်လုံးစကား မပြောဘဲ ပတ်ခြင်းအားဖြင့် အောင်မြင်ခြင်းရသည်။ ခုနှစ် ရက်နေ့တွင် ခုနှစ်ကြိမ်ပတ်၍ နောက်ဆုံး၌ ကြွေးကြော် သောအခါ မြို့ရိုးသည် အကုန်အစင်ပြိုလဲသည်။ ​ကျွန်ပ်တို့လည်း ဘုရား စကားကို ယုံကြည်ခြင်းအားဖြင့် နာခံလျှင် အောင်မြင်မှု သေချာပေါက်ရရှိမှာ ဖြစ်သည်။ 

၃၁။ ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သော သူတို့နှင့်အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်း အားဖြင့် ချမ်းသာ ရ၏။ ပြည့်တန်ဆာရာခပ်ကသူလျှုိများကို အဆွေဖွဲ့၍ လက်ခံခြင်းသည် လွယ်ကူသည် မဟုတ်။ သူ၏ အမျိုးကို သစ္စာ ဖေါက်ခြင်း ဖြစ်သည် သာမက၊ သူ၏ မြို့သားများကသိသွားပါက အသတ်ခံမှာသေချာသည်။ ယေရိခေါမြို့သား များသည် ထာဝရ ဘုရား၏ အစွမ်းအစကို ယုံကြည် ကြသည်။ သို့သော် အညံ့မခံကြချေ။ ရာခပ်မူကား ထာဝရ ဘုရားကို ယုံကြည်ခြင်းအားဖြင့် အသက် ရင်း၍ သူလျှိုများကို ကူညီခဲ့သည်။ ထို့ကြောင့် အသက် ချမ်းသာ ရာရရှိခဲ့သည်။ ယုံကြည်ခြင်းသည် လုပ်ဆောင်မှုဖြင့် သက်သေထူရမှာ ဖြစ်သည်။

၃၂။ ထိုမှတပါး၊ အဘယ်သို့ ပြောစရာ ရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလမှစ၍ ပရောဖက်တို့ အကြောင်း များကို ပြော၍ မကုန်နိုင်။

ဂိဒေါင်သည် ဘုရား စကား နားထောင်ခြင်းအားဖြင့် ရန် သူများကို လူ၃၀၀နှင့် နိုင်ခဲ့သည် (တရားသူကြီး ၆-၈)။ ဗာရက်သည် ထာဝရ ဘုရား၏ အကူအညီအားဖြင့် ရန်သူတို့ကို နိင်ခဲ့သည် (တရားသူကြီး ၄-၅)။ ရှံဆုန်သည် ဖိလိလ္လိလူတို့ အား၎င်း (တရားသူကြီး ၁၃-၁၆)၊ ယေဖသသည် အာမုန်အမျိုးသား တို့ကို၎င်း (သူကြီး၁၁-၁၂)၊ ယုံကြည်ခြင်းအားဖြင့် အနိင်ရခဲ့သည်။ (တရားသူကြီး ၁၁)။ ဒါဝိဒ်သည် ဘုရား အားကိုးခြင်း အားဖြင့် ဝက်ဝံနှင့် ခြင်္သေ့ကို၎င်း၊ ဖိလိတ္တိလူဂေါလျက်ကို၎င်းနိင်ခဲ့သည်။ ထိုမျှသာမက ဣသရေလ လူများ၏ အအောင်မြင် ဆုံး၊ နာမည်အကြီး ဆုံးသော ရှင်ဘုရင် ဖြစ်နိင်ခဲ့သည်။ ရှမွေလ သည်လည်း ဘုရား အပေါ်အား ထားခြင်းအားဖြင့် အောင်မြင်သော ယဇ်ပုရောဟိတ်နှင့် ပရောဖက် ဖြစ်ခဲ့သည်။ 

၃၃။ ထိုသူတို့သည် ယုံကြည်ခြင်း အားဖြင့် အခြားသော တိုင်းနိုင်ငံကို အောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကို ဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကို ပိတ်ခြင်း၊ ၃၄။ မီးအရှိန်ကို ငြိမ်းစေခြင်း၊ ထားလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ အနာမှထမြောက် ၍ ကျန်းမာခြင်း၊ စစ်တိုက် သောအခါ ခွန်အားနှင့် ပြည့်စုံခြင်း၊ တပါးအမျိုးသား တို့၏ တပ်များကို ဖျက်ဆီးခြင်း အမှု များကို ပြုကြ၏။ 

 “အခြားသော တိုင်းနိုင်ငံကို အောင်ခြင်း၊ ” (သူကြီး၄၊ ရ၊ ၁၁၊ ၁၄၊ ၂ရာ ၅၊ ၈၊ ၁၀)

တရားသဖြင့် စီရင်ခြင်း၊ ” ရှမွေလသည် တရားသဖြင့် စီရင်ခဲ့သည် (၁ရာ ၁၂:၄) ဒါဝိဒ်လည်း တရားသဖြင့် စီရင်ခဲ့သည် (၂ရာ ၈:၁၅)

ဂတိတော်ကို ဝင်စားခြင်း၊ ” ယောရှုနှင့် ကာလက်တို့သည် ယုံကြည်ခြင်းကြောင့် ဘုရားသခင် ဂတိပြု တော်မူသော ခါနန်ပြည်ကို ဝင်စားခွင့်ရရှိခဲ့ကြသည် (တော ၃၂:၁၁-၁၂) 

ခြင်္သေ့နှုတ်ကို ပိတ်ခြင်း၊ ” ဒံယေလသည် ဘုရားကို ယုံကြည်ခြင်းအားဖြင့် ခြင်္သေ့တွင်း ၌ ချခြင်း ခံရသော်လည်း၊ သူ့ကို မကိုက်သတ်ဘဲ ဘုရားသခင်က ကာကွယ်ခဲ့သည် (ဒံ ၆:၂၂)

မီးအရှိန်ကို ငြိမ်းစေခြင်း၊ ” ဒံယေလ၏ သူငယ်ချင်းသုံးယောက်ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် နေဗုခဒ်နဇောမင်းတည်ထားသော ရွှေရုပ်တုကို မကိုးကွယ်ချင် သောကြောင့်၊ မီးဖုိထဲ၌ ချပစ်ခြင်း ခံသော်လည်း မလောင်ဘဲ အသက် ရှင်ခဲ့ ကြသည်။ (ဒံ ၃:၁၉-၂ရ)

ဓါးလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ ” ဒါဝိဒ်ကို ဖိလိလ္လိတပ်နှင့် တိုက် သောအခါ မောပန်း၍ ရန်သူလက်မှအဘိရဲှကကယ်နှုတ်ခဲ့သည် (၂ရာ ၂၁:၁၅-၁ရ)၊ ဧလိရှဲကို ရှုရိတပ်များ ကဝိုင်းထားသော်လည်း၊ သူတို့ကို မြို့ရိုးရှိသော ရှမာရိမြို့တွင်းသို့ ခေါ်ဆောင်သွားကာ၊ အစာ​ကျွေးပြီးမှပြန်လွှတ်လိုက်သည် (၄ရာ ၆:၈-၂၃)၊ ရှုရိတပ်ကရှမာရိမြို့ကို ကြာမြင့်စွာ ဝိုင်းထားပြီးမှ ဘုရားသခင်က စစ်ချီသံကြားစေ၍ ၊ ရန်သူတို့သည် ကြောက်အား လန့်အားဖြင့် ထွက်ပြေးခဲ့သည် (၄ရာရ)၊ 

အနာမှထမြောက် ၍ ကျန်းမာခြင်း၊ ” ဟေဇကိမင်းသည် ဘုရားသခင်က သေမည်ဟုဆိုသော်လည်း၊ ငိုကြွေးလျက် တောင်းပန် သောအခါ ဘုရားသခင်က သူ့ကို ပြန်လည်ကျန်းမာ စေခဲ့သည် (၄ရာ ၂၀)။ 

စစ်တိုက် သောအခါ ခွန်အားနှင့် ပြည့်စုံခြင်း၊ ” ဘုရား၏ တန်ခိုးအားဖြင့် ဂိဒေါင် ဦးဆောင်၍ မိဒျန်စစ်တတ်ကို အောင်မြင် နိုင်ခဲ့သည် (သူကြီးရ)။

တပါးအမျိုးသား တို့၏ တပ်များကို ဖျက်ဆီးခြင်း” ယုဒရှင်ဘုရင်ယောရုဖတ်နှင့် တပ်များသည်၊ ရန်သူအမ္မုန်အမျိုးသား မောဘအမျိုးသား၊ ဧဒုံ (စိရတောင်သား)တို့ တဘက်၌ ထာဝရ ဘုရားကို ချီးမွမ်းကြ သောအခါ၊ ရန်သူတို့သည် အချင်းချင်းသတ်ဖြတ်၍ တယောက် မကျန်အသေကောင် ဖြစ်ကြသည် (၆ရာ ၂၀:၁-၃၀)။ 

၃၅။ မိန်းမတို့သည် လည်း၊ သေခြင်း မှထမြောက်သော မိမိတို့ သားကို ရပြန်ကြ၏။ အချို့သော သူတို့သည်၊ သာ၍ မြတ်သော ထမြောက် ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကို မခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။

မိန်းမတို့သည် လည်း၊ သေခြင်း မှထမြောက်သော မိမိတို့ သားကို ရပြန်ကြ၏” ဧလိယကဇိဒုန်ပြည် ဇရတ္တမြို့ရှိသူ၏ အိမ်ရှင်မုဆိုးမ၏ သားကို အသက် ပြန်ရှင် စေခဲ့သည် (၃ ဓမ္မ ၁ရး၂၃)။ ဧလိရှဲကလည်း သူ၏ အိမ်ရှင်မရှုနင်အမျိုးသမီး၏ သားကို အသက် ပြန်ရှင် စေခဲ့သည် (၄ ဓမ္မ ၄:၃၆)။ 

၃၆။ အချို့သော သူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကို ခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။ 

ယောသပ်သည် အစ်ကို များ၏ မနာလိုမုန်းတီးမှုကြောင့် နာကျင်စွာ ရိုက်ပုတ်ပြီးမှ​ကျွန်အဖြစ် ရောင်းစားခြင်း ခံခဲ့ရသည်။ (က ၃ရး၂၃-၂၈)၊ တဖန် ပေါတိဖါမိန်းမကတပ်မက်၍ သူနှင့် မှားယွင်းဘို့ သွေးဆောင်၍ မရသောအခါ၊ မတရားစွပ်စွဲခြင်း ခံ၍ ထောင်ထဲ၌ လှောင်ထားခြင်း ခံခဲ့ရသည် (က ၃၉)။ ယေရမိသည် ယုဒ ယေရုရှလင် မြို့ကို ဗာဗုလုန်များ ကတိုက်၍ အောင် မည့် အကြောင်းကို ပြော သောအခါ၊ သူ့ကို ထောင်ချခဲ့ကြသည် (ယေရမိ ၃၂:၁-၅၊ ၃ရ) 

၃၇။ ကျောက်ခဲနှင့် ပစ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းတိုက်ဖျက်ခြင်း၊ စုံစမ်းနှောက်ရှက်ခြင်း၊ ဓါးလက်နက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ၊ ဆိတ်ရေကိုဝတ်၍ လှည့်လည်ရကြ၏။

“ကျောက်ခဲနှင့် ပစ်ခြင်း၊ ” ဣသရေလ ဘုရင်အာဟပ်၏ မိန်းမယေဇဗေလက၊ စပျစ်ခြံပိုင်ရှင်နာဗုတ်ကို ခဲနှင့် ပေါက်၍ သတ်ခဲ့သည် (၃ရာ ၂၁)။ ယုဒရှင်ဘုရင်ယောရှမင်းက၊ ယဇ်ပုရောဟိတ် ဇာခရိကို ခဲနှင့် ပေါက်စေ၍ သတ်ခဲ့သည် (၆ရာ ၂၄:၁ရ- ၂၂)။ သခင်ယေရှုက ယေရုရှလင် မြို့နှင့် ပတ်သက်၍ ဤသို့ ဆိုခဲ့သည်၊ “အို ယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသား ငယ်တို့ကို အတောင်အောက်၌ စုရုံး သကဲ့သို့ သင်၏သား တို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။” (မ ၂၃:၃ရ) ဓမ္မသစ်ကျမ်း၌ သတေဖန်ကိုလည်း ကျောက်ခဲ့နှင့် ပစ်သတ်ကြသည် (တရး၅ရ- ၆၀)။

လွှနှင့်အပိုင်းပိုင်းတိုက်ဖျက်ခြင်း၊ ” ကျမ်းစာ၌ လွှနှင့်အပိုင်းပိုင်းဖျက်ခြင်း မတွေ့ရချေ။ ပရောဖက် ဟေရှယကို မနာရှေမင်းကလွှနှင့် ပိုင်းဖျက်သည်ဟု သမိုင်း၌ရှိသည်။

စုံစမ်းနှောက်ရှက်ခြင်း၊ ” ယောဘသည် စုံစမ်းနှောက်ရှက်ခြင်း အခံရဆုံးဖြစ်သည်။ သူ့သားသမီး ၁၀ ယောက်သေဆုံးသွားကြသည့်အပြင်၊ သူ၏ တိရစ္ဆာန်အားလုံးလည်း ဆုံးရှုံးခဲ့သည် (ယောဘ ၁-၂)။

ဓါးလက်နက်နှင့် ကွပ်မျက်ခြင်း” ဧလိယကဘုရားထံ၊ “ကိုယ်တော်၏ ပရောဖက်များကို ဓါးနှင့်သတ်ကြပါပြီ။” ဟုဆိုခဲ့သည်။ 

အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည်ရကြ၏။” ရှေးယုံကြည်သူများသည်လောကနှင့် အပေးအယူမလုပ်ချင်သောကြောင့် အလွန်ဆင်းရဲစွာ နှိပ်စက်ညှဉ်းဆဲခြင်းကို ခံခဲ့ကြသည်။ 

၃၈။ ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်း ထဲမှာအပြောင်းပြောင်း အလည်လည် နေရကြ၏။

 “ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်” ဘုရားသခင်၌ ယုံကြည် အားကိုးသောသူတို့သည်၊ ဤလောက၌ နေချင်သော စိတ်မရှိကြချေ။ ဤလောကသည် စာတန်ပိုင်ဖြစ်၍ သူတို့နှင့် မထိုက်တန်ချေ။ သို့သော် ယနေ့ယုံကြည်သူများအတွက် မူကား ဤလောကသည် နေဘို့ရန် အလွန်ထိုက်တန်သောနေရာ ဖြစ်နေသည်။

သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်း ထဲမှာအပြောင်းပြောင်းအလည်လည်နေရကြ၏” ရှေးသန့်ရှင်းသူများသည် တောကြိုတောင်ကြား ဥမင်မြေတွင်း၌ အပြောင်းပြောင်းအလည်လည် နေရသည်ဟုဆိုသည်။ “ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက် တို့ကို ပယ်ဖြတ် သောအခါ၊ ဩဗဒိသည် ပရောဖက် တရာကို မြေတွင်း ထဲမှာငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ​ကျွေးလေ၏။” (၃ ဓမ္မ ၁၈:၄) ဧလိယသည် ယေဇဗေလရန်ကို ကြောက်သောကြောင့်၊ “အရက်လေးဆယ်ခရီး သွား၍ ဘုရားသခင်နှင့် ဆိုင်သော ဟောရပ်တောင်သို့ ရောက်သဖြင့်၊ ဥမင်ထဲသို့ ဝင်၍နေ၏။” (၃ ဓမ္မ ၁၉:၈-၉)။ ယနေ့ တရုတ်ပြည်ရှိ မြေအောက် အသင်း သားများလည်း၊ အတည်တကျမရှိဘဲ မြို့ရွာများ၌ ထွက်ပြေးတိမ်းရှောင် နေကြသည်။ နေရပ်လိပ်စာမရှိနိုင်ကြချေ။ သို့သော် ရောက်လေရာရာ၌ သတင်းကောင်းကို ကြားပြောကြသောကြောင့် ဝမ်းမြောက်မှုရှိကြသည်။ သူတို့၏ ဝမ်းမြောက်သောအရာနှင့် ​ကျွန်ုပ်တို့၏ ဝမ်းမြောက်သောအရာသည် အလွန်ကွာခြားပါသည်တကား။ သူတို့သည် ဘုရားအလိုတော်ဆောင်၍ ပျောက်ဆုံးဝိညာဉ်ဖမ်းခြင်း၌ ဝမ်းမြောက်သည်။ ​ကျွန်ုပ်တို့မူကား လောကပစ္စည်းဥစ္စာရရှိခြင်း၌ ဝမ်းမြောက်ကြသည် မဟုတ်လော။

၃၉။ ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။

ယုံကြည်သူများသည်လောက၌နေစဉ် သူတို့၏ယုံကြည်ခြင်းအတွက် ချီးမွမ်းခြင်းခံရသော်လည်း၊ ဂတိတော်အတိုင်း အကျိုးကို မခံရဟုဆိုသည်။ အဘယ်ကြောင့်နည်းဟူမူကား၊ သူတို့ခံရမည့် ဂတိတော်သည် ဤလောက၌မဟုတ်၊ ကောင်းကင်နိုင်ငံ၌ ဖြစ်သောကြောင့် ဖြစ်သည်။ ​ကျွန်ပ်တို့လည်း ဤလောက၌မဟုတ်၊ ကောင်းကင်နိုင်ငံ၌ အကျိုးခံစားမည့်အရာကို မြော်လင့်ခြင်းဖြင့် အသက်ရှင်လုပ်ဆောင်သင့်သည်။ 

၄၀။ အဘယ်ကြောင့်နည်းဟူမူကား၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့ မရောက်ရမည်အကြောင်း ဘုရားသခင်သည် ငါတို့အဘို့ အလိုငှါ သာ၍မြတ်သော ကျေးဇူးကို ကြံစည်တော်မူ၏။

ယုံကြည်သူများ၏ အကျိုးခံစားခြင်းသည်၊ ယုံကြည်သူများအားလုံးစုံလင်မှ ဖြစ်သည်။ ထို့ကြောင့် အရင်ကောင်းကင် ရောက်သော်လည်း၊ သူတို့သည် ​ကျွန်ုပ်တို့ကို စောင့် နေကြသေးသည်။ ချီဆောင်ခြင်း အပြီး၌ ပေးမည့် ဆုပေးပွဲကို ဆိုလိုသည်။

အခန်း (၁၁:၁၆-၄၀) မေးခွန်းများ

၁။ အာဗြဟံသည် အဘယ်ကြောင့်သား ဣဇက်ပူဇော်ဘို့ရန် တောင်း သောအခါတွင် ခက်ခဲခြင်း မရှိဘဲ လုပ်နိုင်သနည်း။.......................................

၂။ ယနေ့ ယုံကြည်သူများအဘယ်ကြောင့်ဘုရား အတွက် ဘာမျှမလုပ်နိုင်သနည်း။.......................................

၃။ ဣဇက်ကောင်းကြီး ပေးသည့်အတိုင်း သားများ၌ သက်ရောက်ပါသလား။.......................................

၄။ ဖခင်များသား သများ အပေါ်ကောင်းကြီး ပေးသင့်သလော၊ ကျိန်ဆဲသင့်သလော။ .......................................

၅။ မနာရှေနှင့် ဧဖရိမ်တို့သည် မည်သူ၏ သားများဖြစ်၍ မည်သူကအကြီး ဖြစ်သနည်း။.......................................

၆။ မနာရှေနှင့် ဧဖရိမ်ကို မည်သူကကောင်းကြီး ပေးသနည်း။................... ပေးသည့်အတိုင်း ဖြစ်ပါသလော။...........................

ရ။ ယောသပ်သည် မိမိအရိုးတို့၏ အကြောင်းကို မည်ကဲ့သို့ မှာထားသနည်း။.......................................

၈။ အဘယ်ကြောင့်မောရှေကို မိဘများကအိမ်မှာသုံးလထားခဲ့သနည်း။....................................... 

၉။ မောရှေသည် အဘယ်ကြောင့် နန်းတော်ကို စွန့်သနည်း။.......................................

၁၀။ လူသည် မည်သည့်အချိန်၌ ဘဝမေ့တတ်သနည်း။....................................... 

၁၁။ ပသခါပွဲကို ဘာအားဖြင့် ကျင်းပကြသနည်း။ .......................................

၁၂။ ဘုရားသခင်က ဣသရေလလူများကို အဘယ်ကြောင့်မြို့ရိုးကို ခုနှစ်ရက်ပတ်ခိုင်းသနည်း။......................

၁၃။ အဘယ်ကြောင့် ပြည့်တန်ဆာရာခပ်က သူလျှိုများကို ကူညီသနည်း။................... လွယ်ကူပါ့မည်လော။ ...................

၁၄။ ဒါဝိဒ်၏ ယုံကြည်ခြင်းအားဖြင့် အောင်မြင်ခြင်းများဖေါ်ပြပါ။.......................................

၁၅။ ရှမွေလ၏ အောင်မြင်ခြင်းများဖေါ်ပြပါ။ .......................................

၁၆။ မည်သူကခြင်္သေ့နှုတ်ကို ပိတ်စေနိုင်ခဲ့သနည်း။.......................................

၁ရ။ မီးထဲချခြင်းခံပြီး မလောင်နိုင်သော သူများသည် အဘယ်သူနည်း။ .......................................

၁၈။ ဧလိယက မည်သူကို အသက်ပြန်ရှင်စေခဲ့သနည်း။....................................... 

၁၉။ ဧလိရှဲက မည်သူကို အသက် ပြန်ရှင် စေခဲ့သနည်း။ .......................................

၂၀။ မည်သူတို့ ထောင်ထဲ၌ လှောင်ထားခြင်း ခံခဲ့ကြသနည်း။.......................................

၂၁။ မည်သူတို့ ကမည်သူတို့ကို ကျောက်ခဲနှင့် ပေါက်သတ်ကြသနည်း။ .......................................

၂၂။ ရှေးယုံကြည်သူများအတွက် ဤလောကသည် နေဘို့ ထိုက်တန်ပါသလား။ .......................................

၂၃။ သင့်အတွက် ဤလောကသည် ထိုက်တန်ပါသလော။.......................................

၂၄။ မည်သူကပရောဖက် ၁၀၀ ကို မြေတွင်းထဲ၌ ဝှက်ထားခဲ့သနည်း။....................................... 

၂၅။ ယခုခေတ်တွင် မည်သူတို့ နေရပ်လိပ်စာအတည်တကျမရှိကြသနည်း။....................................... အဘယ်ကြောင့်နည်း။.......................................

၂၆။ ယုံကြည်သူများသည် လောက၌နေစဉ် ဂတိတော်အတိုင်း အကျိုးကို ခံရကြသလော။....................................... အဘယ်ကြောင့်နည်း။.......................................

.

^

ဟေဗြဲ (၁၂)

သခင်ယေရှုကိုစေ့စေ့ထောက်ရှုကြ

၁။ ထိုကြောင့်၊ ဤမျှလောက်များစွာသော သက်သေ အပေါင်းတို့သည်၊ ငါတို့ကို ဝိုင်းရံလျက် ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောက်ရှက်တတ်သော ဒုစရိုက်ကို၎င်းပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အားမလျော့ဘဲပြေးကြကုန်အံ့။

ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည်၊ ငါတို့ကိုဝိုင်းရံလျက် ရှိကြသည်ဖြစ်၍ ” ဤအရာသည် ဟေဗြဲ ၁၁ ၌ ဖေါ်ပြထားသော ရှေးယုံကြည်သူများ၏ အကြောင်းအရာကို ဆိုလိုခြင်းဖြစ်သည်။ ရှေးယုံကြည်သူများ၏ အသက်တာ၌၊ ဘုရားသခင်၏မစခြင်း၊ ကွယ်ကာခြင်းများကို မြင်တွေ့ရသောကြောင့် ဘုရားအားကိုးဘို့ရန်၊ ဒွိဟမရှိသင့်တော့ချေ။ ရဲရင့်စွာ စိတ်ချစွာ ဘုရားကို အားကိုးသင့်သည်။

ငါတို့သည်ခပ်သိမ်းသောဝန်တို့ကို၎င်း၊ နှောက်ရှက်တတ်သော ဒုစရိုက်ကို၎င်းပယ်ရှား၍ ” ခပ်သိမ်းသောဝန် ဟူသောအရာများသည် လောကနှင့်ဆိုင်သော ဝန်ထုတ်ဝန်ပိုးများဖြစ်သည်။ ထိုဝန်များကို ခရစ်တော်က၊ “ဝန်လေးသောသူ အပေါင်းတို့၊ ငါထံသို့လာကြလော့၊ ငါသည်နားရသောအခွင့်ပေးမည်။” (မ ၁၁:၂၈) ဟုသူ့ထံသို့လာ၍ဝန်ချကာ၊ အနားယူဘို့ခေါ်ဘိတ်သည်။ ငါတို့၏ဝန်များကို ခရစ်တော်ထံ၌ချထား၍ အနားယူကြရအောင်။ လူသည် ဝန်လေးသည့်အပြင်၊ ဒုစရိုက်ပြုလုပ်ခြင်းအားဖြင့် နှောက်ရှက်ခြင်းခံတတ်သည်။ ထို့ကြောင့် ဒုစရိုက်ပြုခြင်းဖြင့် ပြသနာပို၍ များအောင် မပြုလုပ်ဘဲ နေကြပါစို့။ 

ငါတို့မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။” လူသည် ဘုရား ပေးထားသော ပန်းတိုင် မဟုတ်ဘဲ၊ ကိုယ့်ပန်းတိုင်ရှိကြသည်။ ဘုရားပေးထားသော ပန်းတိုင်သို့ပြေးကြစို့။ ပေါလုကသူသည်၊ “ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။” (၂ တိ ၄:ရ) ဟုဆိုခဲ့သည်။ သူကိုယ်တိုင်မက ယုံကြည်သူတိုင်းလည်း ဆုရဘို့ ပြေးမည့်အကြောင်း တိုက်တွန်းသည်၊ “မြေတလင်း၌ပြိုင်၍ ပြေးကြသောသူ အပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း၊ တယောက်တည်း သာလျှင် ဆုကို ရသည်ဟု သင်တို့ မသိကြသလော။ ဆုကို ရမည်အကြောင်း ပြေးကြလော့။” (၁ ကော ၉:၂၄)။ 

၂။ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေ တော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့ ၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေတော်မူ၏။

ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေ တော်မူသော သခင်ယေရှုကိုစေ့စေ့ထောက်ရှုကြကုန်အံ့။” ယုံကြည်ခြင်းရှိဘို့ရန် အစအဦးစီရင်သူသည် သခင်ယေရှု ဖြစ်သည်ဟုဆိုသည်။ အကြောင်းမှာ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်သည် (ရော ၁၀:၁ရ)။ ယုံကြည် စရာကို သခင်ယေရှု ကမပြုလုပ် ခဲ့လျှင် အဘယ်အရာကို ယုံကြည် မည်နည်း။ သူ၏ ကယ်တင်ခြင်း လုပ်ဆောင်ချက် များကို ယုံကြည် ကြသည် မဟုတ်လော။ ထိုသခင်ယေရှုကို စေ့စေ့ထောက်ရှုဘို့ တိုက်တွန်းထားသည်။ အကြောင်းမူကား သူကိုယ်တိုင်မည်ကဲ့သို့ အခက်အခဲများကို ကျော်လွှားသည်ကို သိ ခြင်းအားဖြင့် ၊ နည်းသိသည် သာမက၊ ခွန်အားလည်းရရှိမှာ ဖြစ်သည်။

ထိုသခင်သည် မိမိရှေ့ ၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာ ကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊” သခင်ယေရှု ရှေ့၌ ထားရှိသော ဝမ်းမြောက်ခြင်းသည် အဘယ်အရာနည်း။ အသေခံ ပြီးမှချီးမြှောက်ခြင်း ခံ၍ ခမည်းတော်၏ နား၌ ထိုင်ခွင့် ဖြစ်သည်။ သူသည် သေမည့် အရာကို မည်မျှကြောက်ကြောင်းကို ဂေသရှေမန်ဥယျဉ်၌ ဤကဲ့သို့ တွေ့နိင်သည်၊ “အိုအဘ၊ အလိုတော် ရှိလျှင် ဤခွက်ကို အ​ကျွန်ုပ်မှလွှဲ တော်မူပါ။ သို့သော်လည်း အ​ကျွန်ုပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည် အတိုင်း မဖြစ်ပါစေသောဟု ဆုတောင်း တော်မူ၏။ ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။ ပြင်းစွာသော ဝေဒနာကို ခံလျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်း တော်မူ၏။ ချွေးထွက် တော်မူသည်ကား၊ မြေပေါ်၌ ကျသော သွေးစက်ခဲကဲ့သို့ဖြစ်သတည်း။” (လု ၂၂:၄၂-၄၄)။ ထိုမျှလောက်ကြောက်သော်လည်း သူသည် အသေခံ ခဲ့သည်။

ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေ တော်မူ၏။” သခင်ယေရှုသည် သူ၏ လုပ်ရမည့် အလုပ်များပြီး စီးသောကြောင့် ထိုင်နေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ထိုင်မည့် အရာကို ဆာလံဆရာကဤကဲ့သို့ ရေးခဲ့ပြီ၊ “ထာဝရ ဘုရား ကသင်၏ ရန်သူတို့ကို သင်၏ ​ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါလက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူ၏၊ ၊ ” (ဆာ ၁၁၀:၁)။ ထိုအရာကို သခင်ယေရှုကိုယ်တိုင်ဤသို့ ဆိုခဲ့သည်၊ “ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော် အားဖြင့် အဘယ်ကြောင့်ခေါ်သနည်း။ ၄၄ ဒါဝိဒ်၏ စကားမှာ၊ ထာဝရ ဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ ​ခြေတင်ရာငါမချမထားမှီတိုင်အောင် ငါ့လကျ်ာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။ ၄၅ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင်၊ အဘယ်သို့ သူ၏သား ဖြစ်သနည်းဟု မေးတော်မူသည် ရှိသော်၊ ၄၆ အဘယ်သူ မျှစကား တခွန်းကို ပြန်လျှောက်ခြင်းငှါ မတတ်နိုင် ကြ။ ထိုနေ့မှစ၍ နောက်တဖန် အဘယ်သူ မျှမမေးမလျှောက်ဝံ့ကြ။” (မဿဲ ၂၂:၄၃-၄၆) 

၃။ အပြစ်ရှိသော သူတို့ လက်တွင်၊ ထိုမျှလောက်ကြီးသော ဆီးတားနှောက်ရှက်ခြင်းကို ခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်သော အားဖြင့်၊ အား လျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ် အံ့သောငှါ ကြိုးစား ကြလော့။ 

 “အပြစ်ရှိသော သူတို့ လက်တွင်၊ ထိုမျှလောက်ကြီးသော ဆီးတားနှောက်ရှက်ခြင်းကို ခံတော်မူသော သခင်” သခင်ယေရှုသည် ယုဒလူနှင့် ရောမအာဏာရှင်များ လက်၌ ဘယ်အပြစ် မျှမကျူးလွန်ဘဲ ကြီးစွာသော ညှင်းဆဲနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ သူသည် ဖန်ဆင်းရှင်ဘုရား ဖြစ်သော်လည်း၊ သူဖန်ဆင်းထားသော လူသားများကကြီးစွာသော နှိပ်စက်ညှင်းဆဲခြင်း ပြုလုပ် ခဲ့ ကြသည်။

ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့။” သခင်ယေရှု ပင်လျှင် နှိပ်စက်ခြင်း ခံရလျှင် ​ကျွန်ုပ်တို့သည် နှိပ်စက်ခြင်း ခံဘို့ အဆင်သင့်ဖြစ်ရမည်။ သူကိုယ်တိုင်ဤသို့ ဆိုခဲ့သည်၊ “သူတို့သည် ငါ့ကို ညှဉ်းဆဲလျှင် သင်တို့ကို ညဉ်းဆဲကြလိမ့်မည်။” (ယော ၁၅:၂၀)။ “သင်တို့သည်လောက၌ ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ် ကြနှင့်။ ငါသည်လောကကိုအောင် ပြီဟု မိန့်တော်မူ၏။” (ယော ၁၆:၃၃)

၄။ သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ဗြုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည် တိုင်အောင် မခံရကြသေး။ ယောသပ်သည် ဒုစရိုက်အပြစ်ကို တိုက်လှန်သောကြောင့် ထောင်ကျခဲ့သည်။ ဒံယေလသည် လူကို မကိုးကွယ်လိုသောကြောင့် ခြင်္သေ့လှောင်အိမ်ထဲ၌ ချခြင်း ခံခဲ့ရသည်။ အကယ်၍ သာဘုရား ကမကယ်လျှင် သူ့ကို ခြင်္သေ့များ ကကိုက်ဖျက်၍ သွေးထွက်ကာအသက် ရှုံးမှာ ဖြစ်သည်။ သူ၏ သူငယ်ချင်းများလည်းရုပ်တုမကိုးကွယ်သောကြောင့် မီးဖုိထဲ၌ ပစ်ခြင်း ခံခဲ့ ကြသည်။ ခရစ်တော်သည် အပြစ်ကို တိုက်လှန်သောကြောင့် အသေသတ်ခြင်း ခံခဲ့ရသည်။ သတေဖန်သည် အပြစ်ကို တွန်းလှန်သောကြောင့် ခဲနှင့် ပေါက်ပစ်၍ အသေခံ ခဲ့ရသည်။ ​ကျွန်ပ်တို့သည် အပြစ် ဒုစရိုက်ကို တိုက်လှန်သောကြောင့် နှိပ်စက်ခြင်း၊ ရိုက်သတ်ခြင်း ခံဘူးကြပါသလော။ ကိုယ့်အပြစ်ကြောင့် သာလျှင် ခံကြသည် မဟုတ်လော။

ဘုရား၏ဆုံးမခြင်း

၅။ ထိုမှတပါး၊ ငါ့သား၊ ထာဝရ ဘုရား ဆုံးမ တော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏ အပြစ်ကို စစ်ဆေး တော်မူ သောအခါ စိတ်မပျက်နှင့်။ 

ထာဝရ ဘုရား ဆုံးမ တော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။” ဤကျမ်းပိုဒ်သည် သုတ္တံ ၃:၁၁- ၁၂ ကိုးကားခြင်း ဖြစ်သည်။ ရှောလမုန်က၊ “ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူ သောအခါ စိတ်မပျက်စေနှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သားကို ဒဏ်ခတ်တော်မူတတ်၏။” ဟုရေးထားသည်။ ထို့ကြောင့် ထာဝရဘုရား ဆုံးမခြင်းခံလျှင် မှတ်ရမည်။ သင်ခန်းစာယူ၍ အကျင့်ပြောင်းရမည်။

သင်၏အပြစ်ကို စစ်ဆေးတော်မူ သောအခါ စိတ်မပျက်နှင့်။” အဘယ်ကြောင့် ဘုရားသခင်သည် အပြစ်ကို စစ်ဆေး တော်မူသနည်း။ အကြောင်းမှာ၊ အနာသိမှ ဆေးရှိသည်ဟုဆိုသည့်အတိုင်း အပြစ်သိမှ မည်ကဲ့သို့ ​ဖြောင့်မတ်စေမည်ကို သိနိုင်သည်။ လူသည် မိမိအပြစ် မသိတတ်သောကြောင့် ခက်နေသည်။ ယောဟန်က၊ “ကိုယ်အပြစ် မရှိဟု ငါတို့သည် ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌ သမ္မာတရားမရှိ။ ဒုစရိုက်ကို မပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ် တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ။” (၁ ယော ၁:၈၊ ၁၀) ဟုဆိုခဲ့သည်။ ဤအပြစ် စစ်ဆေးခြင်းသည် တရားသူကြီး သို့မဟုတ် တရားလိုရှေ့နေက အပြစ်တင်ဘို့ စစ်ဆေးခြင်းမျိုး မဟုတ်ဘဲ၊ ဘခင်က သားအပေါ် လိမ္မာစေချင်၍ အပြစ်စစ်ဆေးခြင်းဖြစ်သည်။

 ၆။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ် တော်မူတတ်၏၊ ဟုသူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။ 

 “ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။” အဘယ်ကြောင့် ဘုရားသခင်သည် သားသမီးများကို ဆုံးမသနည်းဟူမူကား၊ အပြစ်ဒုစရိုက်ကို ရှောင်ဘို့အလိုရှိသောကြောင့်ဖြစ်သည်။ သန့်ရှင်းသော အသက်တာဖြင့် အသက် ရှင်နိုင်ဘို့ရန်ဖြစ်သည်။ အလိုလိုက်ထားသော သားသမီးများသည် သေချာပေါက်ဆိုးသွမ်းတတ်သည်။ သားသမီးများကို မဆုံးမလျှင် ချစ်ရာမရောက်ချေ။

လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏၊ ဟုသူငယ်တို့ကို ဆိုသကဲ့သို့၊ ” လူတိုင်း ကြိုက်နှစ် သက်သည်မှာ ဆုံးမခြင်း ဒဏ်ခတ်ခြင်း မရှိခြင်းဖြစ်သည်။ အပြစ်အတွက် ဒဏ်ခတ်ခြင်းမရှိလျှင် လူသည် အလွန် ဆိုးသွမ်း၍၊ ထိန်းမရသိမ်းမရ ဖြစ်မှာသေချာသည်။ ထို့ကြောင့် ဒဏ်ခတ်ခြင်းသည် လိုသည်။ အစိုးရကလည်း အပြစ် လုပ်သောသူများကို ဒဏ်ခတ်တတ်သောကြောင့် ငြိမ်သက်ခြင်းရှိနိုင်သည်။ မိဘများလည်း သားသမီးများ အပြစ်လုပ် သောအခါ ဒဏ်မခတ်ဘဲ အလိုလိုက်လျှင်၊ သားသမီးများသည် လူဆိုးများဖြစ်ကြမည်။ သားသမီး အလိုလိုက်လျှင် ဆိုးသွမ်း ကြသည်။ သို့သော် ချစ်ဇောကြောင့် မဆုံးမကြချေ။ ထိုမျှသာမက အပြစ်လုပ်သည်၊ ဟုမမြင်ကြခြင်းသည် ပြသနာဖြစ်သည်။

သင်တို့ကိုပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။” ယခုခေတ်သည် သားသမီးများကို မဆုံးမသော ခေတ်ဖြစ်သည်။ မိဘများ၊ ဆရာများက ခလေးများကို အလိုလိုက်သောခေတ် ဖြစ်သောကြောင့်၊ သားသမီး ဆုံးမသည့်ဩဝါဒလည်း မကြားမပြောကြချေ။ ဘုရားကျောင်း၊ စာသင်ကျောင်းများလည်း ခလေးအလိုလိုက်ကြသောကြောင့် သားသမီး ဆုံးမမည့် ဩဝါဒမကြားကြချေ။ 

ရ။ သင်တို့သည် ဆုံးမ တော်မူခြင်းကို ခံလျှင်၊ သား တို့ကို ပြု သကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြု တော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက် ရှိသလော။ 

 ဘုရားသခင်က ဆုံးမလျှင်သား အပေါ်ဘခင်ကဆုံးမ သကဲ့သို့ဖြစ်သည်။ ဘုရား သားသမီး ဖြစ်ပြီး နောက်ပိုင်းတွင် အပြစ် တရားစီရင်ခြင်း မှလွတ်ခဲ့ပြီ (ယော ၃:၁၈)။ ခရစ်တော် ကလူအားလုံးကိုယ်စားအပြစ် စီရင်ခြင်း တည်းဟူသောသေခြင်းကို လက်ဝါးကပ်တိုင်တော်၌ ခံခြင်းဖြင့် အပြစ် စီရင်ခြင်း မှကင်းလွတ် ခဲ့ပြီ။ ထိုအရာကို ယုံကြည်သော သူများသည် ဘုရား သားသမီး ဖြစ်၍ အဘကသား များကို ဆုံးမ သကဲ့သို့ ဆုံးမမှာ ဖြစ်သည်။ ကျမ်းစာ ရေးသော ခေတ်၌ ဘခင်တိုင်းက သားသမီးများကို ဆုံးမလေ့ရှိဟန်ရှိသည်။ သို့သော် ယခုခေတ် တွင် ဘခင်များက သားသမီးများကို မဆုံးမ သူများ လာသည်။ ဘခင်တိုင်း သားသမီး များကောင်းစား စေလို ပါက မျှော်လင့်စရာ ရှိစဉ်ငယ်ရွယ်စဉ်မှစ၍ ဆုံးမကြပါစို့။

၈။ သား အပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲ နေလျှင်၊ သား အရင်း မဟုတ်၊ မင်းဦးမင်းလွင်ရသောသား ဖြစ်ကြ၏။

ဘုရား၏ သားသမီး ဖြစ်သည်ဟု ခံယူသော်လည်း အပြစ် ပြုလုပ် သောအခါ ဘုရား၏ ဆုံးမခြင်းကို မခံရလျှင်သားရင်း မဟုတ်ဟုဆိုသည်။ မင်းဦးမင်းလွင်ရသော သားသည် လက်မထပ်ဘဲ တရားမဝင်ရသော သားကို ဆိုလိုသည်။ ထိုသို့သောသား များကို မိခင် ကသာလျှင် ​ကျွေးမွေး ကြည့်ရှု၍ ဘခင်များ ကမ​ကျွေးမွေး မကြည့်ရှုသောကြောင့် ဆုံးမခြင်းလည်း မပြုလုပ် နိင်ကြချေ။ သင်သည် အပြစ် လုပ်သော်လည်း ဆုံးမခြင်း မခံရလျှင် ဘုရား၏သား စစ် မဟုတ်သောကြောင့် ဝမ်းနည်းစရာ ကောင်းသည်။ ဘုရား သားဟုတ် မဟုတ်ကို ပြန်လည်း စစ်ဆေးစေလို ပါသည်။ 

၉။ တနည်းကား၊ ကိုယ်ကာယနှင့် စပ်ဆိုင်သော အဘတို့ လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရ သောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ် ဝိညာဉ် တို့၏ အဘအလိုသို့ လိုက်၍ ၊ အသက် ချမ်းသာ ရကြမည် မဟုတ်လော။

ဇာတိဘခင်များ ကဆုံးမ သောအခါ သူတို့ကို ကြောက်၍ ရိုသေ ကြသည်။ ထိုမျှမက ဝိညာဉ် ဘခင် ဖြစ်သော ဘုရား၏ ဆုံးမခြင်းကို သာ၍ ခံစား ကာလ ိမ္မာသင့််သည်။ 

၁၀။ အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့ လိုက်၍ တခဏသာဆုံးမပေးကြ၏။ ကိုယ် တော်မူကား၊ မိမိသန့်ရှင်းခြင်း ပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှါ၊ ငါတို့ အကျိုးကို ထောက်၍ သာဆုံးမ ပေးတော်မူ၏။

ဘုရား၏ ဆုံးမခြင်းသည် သန့်ရှင်းသော အသက်တာနှင့် အသက် ရှင်ဘို့ရန် ဖြစ်သည်။ အကြောင်းမူကား ဘုရားသခင်သည် သန့်ရှင်း တော်မူသောကြောင့် သူနှင့် ဆက်ဆံဘို့ရန် မှာ သန့်ရှင်းရသည်။ “ငါသည် သန့်ရှင်း တော်မူသောကြောင့် သင်တို့ သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာ လာသတည်း။” (၁ ပေ ၁:၁၆၊ ဝတ် ၂၀:၂၆)။ 

၁၁။ ဆုံးမခြင်း မည်သည်ကား၊ ခံရစဉ်အခါဝမ်းမြောက်စရာ မထင်၊ ဝမ်းနည်းစရာ ထင်တတ်၏။ သို့သော်လည်း ၊ ဆုံးမခြင်းကို ခံရသော သူတို့သည်၊ နောက်မှငြိမ်သက်ခြင်းနှင့် သက်ဆိုင်သော ​ဖြောင့်မတ်ခြင်း အကျိုးကို ခံရကြ၏။ 

ဆုံးမခြင်းသည် ခံရစဉ်တွင် ဝမ်းနည်းခြင်း၊ စိတ်ဆိုးခြင်း ဖြစ်တတ်သည်။ သို့သော်လည်း ဆုံးမခြင်းကြောင့် အသက်တာ ပြုပြင်ပြောင်းလဲ လာပါက ငြိမ်သက်ခြင်းနှင့် ​ဖြောင့်မတ်ခြင်း အကျိုးရတတ်သည်။ ထို့ကြောင့် ဆုံးမခြင်းသည် ခံတတ်ဘို့ လိုသည်။ 

၁၂။ ထိုကြောင့်၊ တွဲလွှဲနေသော လက်တို့နှင့်အား မရှိသော ဒူးတို့ကို ခိုင်ခံ့စေကြလော့။ 

တွဲလွှဲသော လက်သည်အား မရှိခြင်းကြောင့် ဖြစ်သည်။ ပျင်းရိသော သူနှင့် နေမကောင်းသော သူတို့သည်အား နည်းတတ်သည်။ ထို့ကြောင့် ဝိညာဉ် အစာကို ဝလင်စွာစား၍၊ အပြစ် မလုပ်လျှင်အားရှိလာကာဘုရား ခိုင်းသောအရာ များကို လုပ်နိုင်မှာဖြစ်သည်။ 

၁၃။ ​ခြေမစွမ်းသော သူတို့သည် အဆစ်မပြုတ်သည် သာမကချမ်းသာ ရစေခြင်းငှါ၊ သင်တို့ သွားဘို့ ရာ​ဖြောင့်သော လမ်းတို့ကို ပြင်ဆင် ကြလော့။

ခြေမစွမ်းလျှင် လမ်းရှောက်၍ မရသကဲ့သို့၊ ဝိညာဉ် ပိုင်း​ခြေမစွမ်းလျှင် ဝိညာဉ် အရာများ လုပ်နိင်မည် မဟုတ်ချေ။ အဆစ်ပြုတ်လျှင် လမ်းသွား၍ မရ၊ လက် ဖြစ်လျှင်လည်း ဘာမျှကိုင်၍ မရချေ။ ဝိညာဉ် ပိုင်းလည်း သန်မာကျန်းမာမှသာ ဝိညာဉ် လမ်းရှောက်နိင်ပေမည်။ သွားသော လမ်းမည်ကဲ့သို့ ပြင်ဆင် မည်နည်း။ ကျမ်းစာက၊ “ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာ၌ ထာဝရ ဘုရားကို မျက်မှောက်ပြုလော့။သို့ ပြုလျှင် သင်၏ လမ်းခရီး တို့ကို ပဲ့ပြင် တော်မူမည်။ ငါသည် ပညာရှိ၏ ဟုကိုယ်ကို မထင်နှင့်။ ထာဝရ ဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍ ၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။” (သု ၃:၅-၈) ဟုဆိုထားသည်။ 

၁၄။ လူအပေါင်းတို့သည် အသင့် အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်း ပါရမီကို၎င်း၊ မှီအောင် လိုက်ကြလော့။ သန့်ရှင်းခြင်း ပါရမီမရှိလျှင်၊ အဘယ်သူ မျှထာဝရ ဘုရားကို မဖူးမမြင်ရ။

လူသည် ခဏသာအသက် ရှင်ရသည်။ သို့သော် ထာဝရ အသက် ရှင်မှာကဲ့သို့ ခိုက်ရန် ဖြစ်ပွားတတ် ကြသည်။ ဘုရား သားသမီး ဖြစ်လျှင် လူတိုင်းနှင့် အသင့်အတင့်နေရမည်။ “ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကို ပြုလော့။ သူတပါးနှင့် အသင့် အတင့်နေခြင်းကို ရှာ၍ မှီအောင် လိုက်လော့။” (ဆာ ၃၄:၁၄)။ “ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်၎င်းယှဉ်သောအရာ တို့ကို မှီအောင် လိုက်ကြကုန်အံ့။” (ရော ၁၄:၁၉)။

သန့်ရှင်းခြင်းသည် စိတ်မှစ၍ ကိုယ်ခန္ဓာတိုင်အောင် ဖြစ်သည်။ ကိုယ်ခန္ဓာသည် စိတ်၏ စေခိုင်းသည့်အတိုင်း လုပ်တတ်သည်။ ခန္ဓာကိုယ်လည်း စိတ်မပါသော်လည်း တောင့်တမှု ရှိတတ်သည်။ ဥပမာအရက်မသောက်ချင် တော့သော်လည်း ခန္ဓာကတောင်းဆိုနေလျှင် စိတ်ကလိုက်လျောရသည်။ သို့သော် စိတ်၏ ခွင့်ပြုချက်လိုအပ်သည်။ သို့ဖြစ်၍ သန့်ရှင်းရေးသည် စိတ်နှလုံးမှစရသည်။ ယေရှုက၊ “စိတ်နှလုံးဖြူစင်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။” (မ ၅:၈)။ စိတ်နှလုံးဖြူစင်ရန်ကျမ်းစာ ဖတ်၊ ဆင်ခြင်၊ လုပ်ဆောင်ဘို့ လိုသည်။ ဘုရား၏ ဦးဆောင်မှု လိုအပ်သည်။

သန့်ရှင်းခြင်း ပါရမီမရှိလျှင်၊ အဘယ်သူ မျှထာဝရ ဘုရားကို မဖူးမမြင်ရ။” အဘယ်ကြောင့် ယုံကြည်သူများသည် သန့်ရှင်းဘို့ လိုသနည်းဟူမူကား ဘုရားသခင်သည် သန့်ရှင်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်က၊ “ငါသည် သန့်ရှင်း တော်မူသောကြောင့် သင်တို့ သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာ လာသတည်း။” (ဝတ် ၂၀:၂၆၊ ၁ ပေ ၁:၁၆)။ ယုံကြည်သူများသည် ဘုရား သားသမီး များဖြစ်၍ ဘုရား၏ အိမ်တော် သားများ၊ ဘုရားနှင့် မိဿဟာယဖွဲ့မည့်သူများဖြစ် ကြသည်။ ထို့ကြောင့် သန့်ရှင်းဘို့ လိုသည်။ အဘယ်ကြောင့်ရုံးသွား သောအခါ သန့်ရှင်းရေးလုပ်ကြသနည်း။ ဘုရားသခင်သည် အရာရှိများထက် သန့်ရှင်းသည်။ ထို့ကြောင့် အပြောအဆို၊ အနေအထိုင်၊ အစားအသောက်၊ အကြံအစည်အားလုံး သန့်ရှင်းဘို့ လိုသည်။ 

၁၅။ သင်တို့တွင် တစုံတယောက် မျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲ မနေစေခြင်း ငှါ၎င်း၊ ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့ နှောက်ရှက်သဖြင့်၊ လူအများ တို့သည် အပြစ်နှင့် မညစ်ညူး စေခြင်း ငှါ၎င်း၊ မတရားသော မေထုန်၌ မှီဝဲသော သူမရှိစေခြင်း ငှါ၎င်း၊ တနပ်စာအဘို့နှင့်သား ဦးအရာကို ရောင်းသော ဧသော ကဲ့သို့၊ ဘုရားတရား ကို မရိုသေပြုသော သူမရှိစေခြင်း ငှါ၎င်း၊ သတိနှင့် ကြည့်ရှုကြလော့။

 “သင်တို့တွင် တစုံတယောက် မျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲ မနေစေခြင်း ငှါ၎င်း၊ ” စာရေးသူက ယုံကြည်သူ တိုင်း ဘုရားသခင်၏ ကျေးဇူးတော်ကို ရစေချင်သည်။ ကျေးဇူးတော်သည် လူဆိုးလူကောင်းအားလုံးရသောအရာ ရှိသည် (မ ၅:၄၅)။ သူရေးသောအရာသည် ထိုအရာ ဖြစ်မည် မထင်ပါ။ ယုံကြည်ခြင်းအားဖြင့် ရရှိသော ကျေးဇူးတော်ကို ဆိုလိုခြင်း ဖြစ်မည်။

ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့ နှောက်ရှက်သဖြင့်၊ လူအများ တို့သည် အပြစ်နှင့် မညစ်ညူး စေခြင်း ငှါ၎င်း၊” ခါးစွာသော ပင်မြစ်ပေါက်ခြင်း ဆိုသည်မှာ မကောင်းသော အပြစ်ကို ကြံစည်ခြင်းဖြစ်သည်။ လူစိတ်သည် အလွန်အံ့ဩစရာ ကောင်းသည်။ မကောင်းသော အကြံများလည်း ကြံစည်နိင်သည်။ မောရှေကလည်း ခါးစွာသောအသီး၊ ဒေါနကို သီးတတ်သော အပင်မြစ်သည် သင်တို့တွင် ပေါက်မည်ဟု သတိပေးခဲ့သည် (တရားဟော ၂၉:၁၈)။ လူသည် မိမိစိတ်ကို မနိုင်သောကြောင့် အစဉ်မပြတ် ဘုရားကို အားကိုးဘို့ လိုသည်။ ညစ်ညူးသော အကြံအစည်၊ အတွေးများ ဧည့်မခံဘို့ အရေးကြီးသည်။ မကောင်းသော အကြံစိတ်ထဲ၌ ပေါ်လာလျှင် ကျမ်းစာ ဖတ်ခြင်း၊ ယုံကြည်သူများနှင့် မိဿဟာယဖွဲ့ခြင်း၊ ဖုန်းအားဖြင့် နှုတ်ကပတ်တော် ဆွေးနွေးခြင်း၊ ဆုတောင်းခြင်းများပြုလုပ် သင့်သည်။

မတရားသော မေထုန်၌ မှီဝဲသော သူမရှိစေခြင်း ငှါ၎င်း၊ ” လက်မထပ်ဘဲ ယောက်ျားမိန်းမအတူ နေခြင်းသည်၊ ဘုရားမုန်းသော အပြစ်တခုဖြစ်သည်။ ထိုသို့ မရှိရန်အိမ်ထောင်ပြုပါ။ သို့မဟုတ် ဝိညာဉ် ပိုင်းဆိုင်ရာ၌ အလုပ်ရှုပ်ပါ။ အပြာကားများမကြည့်ပါလေနှင့်။ အကျင့်ပါတတ်သည်။

 “တနပ်စာအဘို့နှင့်သား ဦးအရာကို ရောင်းသော ဧသော ကဲ့သို့ ဘုရားတရား ကို မရိုသေပြုသော သူမရှိစေခြင်း ငှါ၎င်း” ဧသောကို ဘုရားသခင်ကသား ဦးအဖြစ် မွေးဘွားခွင့်ပေးသော်လည်း ထိုအရာကို မထီမဲ့မြင် ပြုခဲ့သည် (က ၂၅:၂၉-၃၄)။ ဘုရားတရား ကို မရိုမသေပြုသော သူများလည်း ဧသော ကဲ့သို့ ဘုရား ပေးသောအရာ များကို တန်ဘိုး မထားဘဲ နေတတ် ကြသည်။ လောက သားများကဲ့သို့ မနေဘို့ အရေးကြီးသည်။

၁ရ။ သင်တို့ သိသည် အတိုင်း ဧသောသည် နောက်မှကောင်းကြီး မင်္လာကို အမွေခံခြင်းငှါ အလိုရှိ သောအခါ၊ ငြင်းပယ်ခြင်းကို ခံရ၏။ မျက်ရည်ကျ၍ ကောင်းကြီး မင်္ဂလာကို အလွန် ရှာသော်လည်း၊ မိမိအဘ၏ စိတ်ပြောင်းလဲခြင်း အခွင့်ကို မတွေ့မရ။

ဧသောသည် ဘုရား ပေးသောသား ဦးအရာကို မထီမဲ့မြင် ပြုသောကြောင့်၊ သူ့ဖခင်ထံမှ ကောင်းကြီးကို မရရှိခဲ့ချေ။ ယနေ့ များစွာသော ယုံကြည်သူများလည်း၊ ဘုရား ပေးထားသောအရာ ကို မထီမဲ့မြင် ပြုကြသောကြောင့်၊ ဘုရား ထံတော် မှများစွာသော ကောင်းကြီးများဆုံးရှုံး နေကြသော်လည်း မသိသောကြောင့် အရေးမစိုက်ကြချေ။ ယုံကြည်သူများရောက်သော နေရာ 

၁၈။ ထိုမှတပါး၊ သင်တို့သည် လက်နှင့် တွေ့နိုင်သော တောင်သို့၎င်း၊ လောင်သော မီးသို့၎င်း၊ မဲသော တိမ်တိုက်၊ မှောင်မိုက်၊ မိုးသက်မုန်တိုင်းသို့၎င်း၊ ၁၉။ တံပိုးမှုတ်ခြင်း အသံသို့၎င်း၊ နှုတ်ကပတ်တော် အသံသို့၎င်း၊ ရောက်ကြသည် မဟုတ်။ ထိုအသံတော်ကို ကြားသော သူတို့သည်၊ ထပ်၍ မိန့်တော် မမူမည်အကြောင်း တောင်းပန်ကြ၏။ ၂၀။ အဘယ်ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကို ထိမိလျှင်၊ ကျောက်ခဲနှင့် ပစ်၍ သေစေဟု ပညတ် တော်မူ သံကို လူတို့သည် နားမခံနိုင်ကြ။ ၂၁။ ထိုသို့ ထင်ရှားသောအရာသည် အလွန် ကြောက်မက်ဘွယ် ဖြစ်၍၊ မောရှေက၊ ငါသည် ကြောက်ရွံ့တုန်လှုပ်ခြင်းရှိသည်ဟုဆို၏။

ဣသရေလ လူများသည်၊ သိနာတောင်သို့ ရောက် သောအခါ၊ “သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့် တကွမိုးတိမ်တိုက်လွှမ်းမိုး၍ ကြီးသော အသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ ရှိသော လူအပေါင်းတို့သည် တုန်လှုပ်ကြ၏။ ၁၇ မောရှေ သည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှါ၊ လူများ တို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်​ခြေရင်းအောက်၌ ရပ် နေကြ၏။ ၁၈ ထာဝရ ဘုရားသည် မီးဖြင့် လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက် တော်မူသောကြောင့်၊ တတောင်လုံးမီးခိုးထွက်လေ၏။ မီးခိုး သည်လည်း မီးဖို၏ မီးခိုးကဲ့သို့ တက်၍ တတောင်လုံးပြင်းစွာ လှုပ်လေ၏။” (ထွက် ၁၉:၁၆-၁၈) “လူ အပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်း အရာတို့ကို မြင် သောအခါ၊ ကြောက်သောကြောင့် ရွေ့၍ အဝေး၌ ရပ် နေကြ၏။ ၁၉ မောရှေကိုလည်း ၊ အ​ကျွန်ုပ်တို့ အားကိုယ်တော် မိန့်တော်မူပါ၊ အ​ကျွန်ုပ်တို့သည် နားထောင် ပါမည်။ အ​ကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော် မမူပါစေနှင့်။ အ​ကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ် ပါသည်ဟု လျှောက်ဆိုကြ၏။ ၂၀ မောရှေကလည်း၊ မစိုးရိမ် ကြနှင့်။ သင်တို့ကို စုံစမ်းခြင်း ငှါ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်းကိုယ်တော်ကို ကြောက်စေခြင်းငှါ၊ ဘုရားသခင်ကကြွလာ တော်မူပြီဟု လူများ တို့အား ပြောဆို၏။” (ထွက် ၂၀:၁၈-၂၀) ယနေ့ ယုံကြည်သူများသည် ထိုကဲ့သို့သော တောင်သို့ ရောက်ကြသည် မဟုတ်ဟုဆိုသည်။ ယုံကြည်သူများရောက်သော နေရာကို အောက်တွင် ဖေါ်ပြထားသည်။ 

၂၂။ သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက် ရှင် တော်မူသော ဘုရားသခင်၏ မြို့တော် တည်းဟူသောကောင်းကင် ယေရှု ရှလင်မြို့သို့၎င်း၊ အတိုင်း မသိများစွာသော ကောင်းကင်တမန် တို့၏ စည်းဝေးခြင်းသို့၎င်း၊ ၂၃။ ကောင်းကင် စာရင်း၌ ဝင်သောသား ဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသော သူတို့ကို တရားစီရင် တော်မူသော ဘုရားသခင် အထံတော်သို့၎င်း၊ စုံလင်ခြင်းသို့ ရောက်သော သူတော် ကောင်းတို့၏ စိတ် ဝိညာဉ်တို့ ထံသို့၎င်း၊ ၂၄။ ပဋိညာဉ်တရားသစ်၏ အာမခံ တည်းဟူသောယေရှု ထံတော်သို့၎င်း၊ အာ​ဗြေလ၏ အသွေး ပြောဆိုသောအရာ ထက် သာ၍ မြတ်သောအရာ ကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်းရောက်ကြ၏။

သင်တို့သည် ဇိအုန်တောင်သို့၎င်း” ဇိအုန်တောင်သည် နှစ်နေရာရှိသည်။ မြေကြီး ပေါ်ရှိဇိအုန်တောင်သည် အစ္စရေးနိင်ငံ ယေရုရှလင် မြို့တည်ရှိသော တောင် ဖြစ်သည်။ အခြားဇိအုန်တောင်သည် ကောင်းကင်၌ ရှိသည်။

အသက် ရှင် တော်မူသော ဘုရားသခင်၏ မြို့တော် တည်းဟူသောကောင်းကင် ယေရှု ရှလင်မြို့သို့၎င်း” ယေရုရှလင် မြို့လည်း နှစ်ခုရှိသည်။ မြေကြီး ယေရုရှလင်နှင့် ကောင်းကင် ယေရုရှလင်တို့ ဖြစ်သည်။

အတိုင်း မသိများစွာသော ကောင်းကင်တမန် တို့၏ စည်းဝေးခြင်းသို့၎င်း၊ ” ကောင်းကင်သည် အတိုင်း မသိ ကောင်းကင်တမန် များ၏ စည်းဝေးသော နေရာ ဖြစ်သည်။

ကောင်းကင် စာရင်း၌ ဝင်သောသား ဦးတို့၏ အသင်းတော်သို့၎င်း၊” သားဦးသည် ဦးစားပေးခြင်း၊ အလေးထားခြင်း၊ အဘ၏ အရိုက်အရာကို ဆက်ခံခြင်းကို ဆိုလိုသည်။သား ဦး ဖြစ်ခြင်းသည် ဂုဏ်ယူစရာ ဖြစ်သည်။ ဧသောသည်သား ဦးအရာကို အစာနှင့် ရောင်းလိုက်ကြောင်း သိရပြီ။ အသင်းတော်သည် ခရစ်တော်၏ကိုယ်ခန္ဓာ ဖြစ်သည်။ ထို အသင်းတော်သည်သား ဦးအရာကဲ့သို့ဖြစ်ကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ “ခပ်သိမ်းသော သူတို့ကို တရားစီရင် တော်မူသော ဘုရားသခင် အထံတော်သို့၎င်း၊ ” ခပ်သိမ်းသော သူဟုဆိုသောကြောင့် ယုံကြည်သူ မယုံကြည်သူ အားလုံးဆိုလိုသည်။ ထိုသူများကို ဘုရားသခင်က တရားစီရင်မှာ ဖြစ်သည်။

စုံလင်ခြင်းသို့ ရောက်သော သူတော် ကောင်းတို့၏ စိတ် ဝိညာဉ်တို့ ထံသို့၎င်း၊” လူ၏ ကြိုးစား လုပ်ဆောင်မှုအားဖြင့် မည်သူမျှစုံလင်ခြင်းသို့ မရောက်နိင်ပါ။ လူတိုင်း၏ စုံလင်ခြင်း ဖြစ်သော ခရစ်တော် ယုံကြည်ခြင်းအားဖြင့် သာစုံလင်နိင်သည်။ သူတော် ကောင်းလည်း လူ့အစွမ်းအားဖြင့် မဖြစ်နိင်ပါ။ ခရစ်တော်၏ ကောင်းမြတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်နိုင်သည် “ပဋိညာဉ်တရားသစ်၏ အာမခံ တည်းဟူသောယေရှု ထံတော်သို့၎င်း၊” ပဋိညာဉ်တရားသစ်သည် ဣသရေလနှင့် ဘုရား အကြား ခရစ်တော် ဒုတိယအကြိမ် ကြွလာမှ ပြုလုပ် မည့် အရာဖြစ်သည်။ ထိုတရားသစ်အတွက် ခရစ်တော်သည် အသွေးသွန်းခဲ့ပြီ (မ ၂၆:၂၈)။ ထို့ကြောင့် ဤနေရာ၌ ခရစ်တော်ကို ပဋိညာဉ်တရားသစ်၏ အာမခံဟု ခေါ်ခြင်းဖြစ်သည်။ “အာ​ဗြေလ၏အသွေး ပြောဆိုသောအရာထက် သာ၍ မြတ်သောအရာ ကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း” အာဗြေလေ၏ အသွေးသည် ကောင်းကင် ရှိဘုရား ထံ၌ အော်ဟစ်သည်ဟုဆိုသည် (က ၄:၁၀)။ အာ​‌ဗြေလ၏ အသွေးထက် သာ၍ မြတ်သော အသွေးသည် ခရစ်တော်၏ အသွေး ဖြစ်သည်။ ခရစ်တော်၏ အသွေးသည် ကောင်းကင်၍ ဘုရားသခင် ထံသို့ သူကိုယ်တိုင်က ဖြန်းဆွတ်ခဲ့သည် (ဟေဗြဲ ၉:၁၂)။

ရောက်ကြ၏။” ယုံကြည်သူများသည်ကိုယ်ခန္ဓာအားဖြင့် မြေကြီး ပေါ်၌ ရှိသေးသော်လည်း၊ စိတ် ဝိညာဉ်အားဖြင့် ကောင်းကင်သို့ ရောက်ကြောင်းကို အထက်၌ ဖေါ်ပြသောအရာ များအားဖြင့် တင်စား ဖေါ်ပြခြင်း ဖြစ်သည်။ လူသည် အနာဂတ်ကို မပိုင်သောကြောင့် ကြိုတင် အပြတ် မပြောရဲကြချေ။ ဘုရားသခင်သည် အနာဂတ်ကိုလည်း ပိုင်သောကြောင့် မဖြစ် သေးသောအရာ များ ကိုလည်း ဖြစ်ပြီး ဘိ သကဲ့သို့ ပြောတတ်သည်။ ယုံကြည်သူများသည် ခန္ဓာကိုယ်၌ ရှိသေးသောကြောင့် မြေကြီး ပေါ်၌ နေသေးသော်လည်း တနေ့ ကောင်းကင်နိင်ငံရောက်မည့်သူများဖြစ်သည်။ ထိုကြောင့်စာရေးသူက“ရောက်ကြ၏။” ဟုဆိုခြင်း ဖြစ်သည်။ 

၂၅။ သင်တို့သည် မိန့်တော်မူသော သူ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏ စကားကို ငြင်းပယ်သော သူတို့သည် အပြစ် မလွတ်ရသည် မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံကမိန့် တော်မူသော သူ၏ စကားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ ကြီးစွာသော အပြစ်နှင့် အဘယ်သို့ ကင်းလွတ် နိုင်မည်နည်း။

မြေကြီး ပေါ်၌ မောရှေမှစ၍ ပရောဖက်များအားဖြင့် မိန့်တော်မူသော စကားကို ငြင်းပယ်သော သူများသည် အပြစ် သင့်၍ နာခြင်း၊ သေခြင်း တိုင်အောင် ဖြစ်ကြသည်။ ထို့ကြောင့် ကောင်းကင်ဘုံမှ လာသော ဗျာဒိတ်သည် သားတော် ခရစ်တော်အားဖြင့်၎င်း၊ နှုတ်ကပတ်တော် ကျမ်းစာအားဖြင့်၎င်း ဖြစ်သည်။ ထိုအရာကို နားမထောင်လျှင် အပြစ်နှင့် မလွတ်နိင်ဟုဆိုသည်။ ထို့ကြောင့် ကျမ်းစာ ဖတ်၍ ဘုရား စကား နားထောင် ကြပါစို့။

အခန်း (၁၂) မေးခွန်းများ

၁။ ရှေး ယုံကြည်သူများ၏ အသက်တာကို ကြည့်ခြင်းဖြင့် သင်၌အား တက်မှု ရှိပါသလော။............................... 

၂။ ဘုရားသခင်က ငါတို့ ဝန်ကို ထမ်းပေးချင် ပါသလား။ သင်၏ ဝန်ကို ခရစ်တော်ထံချမလား။............................... 

၃။ ဒုစရိုက်အပြစ်သည် ငါတို့ကို ဘာဖြစ်စေတတ်သနည်း။............................... 

၄။ ဘုရား ပေးထားသော ပန်းတိုင်လား၊ ကိုယ်သတ်မှတ်သော ပန်းတိုင်သို့ ပြေးမလား။............................... 

၅။ ရှင်ပေါလုကဘာရဘို့ ပြေးခိုင်းသနည်း။............................... 

၆။ ယုံကြည်ခြင်းရှိဘို့ရန် အစအဦးစီရင်သောသူသည် အဘယ်သူနည်း။...............................  

ရ။ မည်သူကိုစေ့စေ့ထောက်ရှုကြမည်နည်း။............. အဘယ်ကြောင့်နည်း။............................... 

၈။ သခင်ယေရှုရှေ့၌ ထားရှိသော ဝမ်းမြောက်ခြင်းသည် အဘယ်အရာနည်း။.............................. 

၉။ သခင်ယေရှုသည် သေရမှာကို ကြောက်ခဲ့ပါသလား။ ...................အဘယ်ကြောင့်အသေခံနိုင်သနည်း။............................... 

၁၀။ သခင်ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေ တော်မူ သနည်း။...............................  

၁၁။ သခင်ယေရှုသည် ဤလောက၌ ဇိမ်ခံမည့် အစားဘာခံခဲ့သနည်း။............................... 

၁၂။ သခင်ယေရှုပင်လျှင် နှိပ်စက်ခြင်းခံရလျှင် ​ကျွန်ုပ်တို့သည် မည်ကဲ့သို့ ပြင်ဆင်သင့်သနည်း။..............................

၁၃။ သခင်ယေရှုက ယုံကြည်သူများဇိမ်ခံဘို့ ပြောသလော၊ ဆင်းရဲနှိပ်စက်ခြင်း ခံဘို့ပြောသလော။...............................  

၁၄။ ဒုစရိုက်မလုပ်သောကြောင့် ဒုက္ခဆင်းရဲခြင်း၊ သတ်ခြင်းခံသူများ ဖေါ်ပြပါ။............................

၁၅။ သင်သည် အပြစ်ဒုစရိုက်ကို တိုက်လှန်သောကြောင့် နှိပ်စက်ခြင်း၊ ရိုက်သတ်ခြင်း ခံဘူးပါသလော။............................... 

၁၆။ အဘယ်ကြောင့် ဘုရားသခင်သည် အပြစ်ကို စစ်ဆေးတော်မူသနည်း။............................... 

၁ရ။ ဘုရား၏အပြစ် စစ်ဆေးခြင်းသည် မည်ကဲ့သို့သော စစ်ဆေးခြင်းမျိုးဖြစ်သနည်း။...................

၁၈။ အဘယ်ကြောင့် ဘုရားသခင်သည် သားသမီးများကို ဆုံးမသနည်း။ ............................... 

၁၉။ အလိုလိုက်ထားသော သားသမီးများသည် ဘာဖြစ်တတ်သနည်း။............................... 

၂၀။ သင်သည် သားသမီးများကို ဆုံးမဘူးပါသလား။............... ဆုံးမရက်ပါသလား။ ....................

၂၁။ ယခုခေတ်သည် သားသမီးများကို ဆုံးမသောခေတ် ဖြစ်ပါသလား။............................... 

၂၂။ ဘုရားသခင်၏ ဆုံးမခြင်းသည် ဘာသကဲ့သို့ဖြစ်သနည်း။ ............................... 

၂၃။ ကျမ်းစာရေးသောခေတ်၌ ဘခင်တိုင်းက သားသမီးများကို ဆုံးမလေ့ရှိပါသလား။....................

၂၄။ သင်၏သားသမီးများ ကောင်းစားစေလိုပါက ဘာလုပ်ရမည်နည်း။............................... 

၂၅။ သင်သည် အပြစ် ပြုလုပ်သော်လည်း ဘုရား၏ ဆုံးမခြင်းကို မခံရလျှင် မည်ကဲ့သို့သောသား ဖြစ်သနည်း။...............................  

၂၆။ ဇာတိဘခင်နှင့် ဝိညာဉ် ဘခင်မည်သူ၏ စကားကို ပို၍ နားထောင် သင့်သနည်း။............................... 

၂ရ။ ဘုရား၏ ဆုံးမခြင်းသည် ဘာအတွက် နည်း။ ............................... 

၂၈။ ဆုံးမခြင်းသည် ခံရစဉ်တွင် မည်ကဲ့သို့ ခံစား တတ်သနည်း။............................... 

၂၉။ ဆုံးမခြင်းကို နာခံလျှင် ဘာ အကျိုးခံစား နိုင်သနည်း။ ............................... 

၃၀။ အဘယ်ကြောင်လက်တို့သည် တွဲလွဲဒူးတို့သည် မခိုင်ကြသနည်း။.............................. 

၃၁။ သွားသော လမ်းမည်ကဲ့သို့ ပြင်ဆင် မည်နည်း။ ............................... 

၃၂။ ယုံကြည်သူများသည် ရန်ဖြစ်သင့်သလော။ အဘယ်ကြောင့်နည်း။............................... 

၃၃။ သန့်ရှင်းရေးသည် မည်သည့်နေရာမှစရမည်နည်း။ မည်ကဲ့သို့ သန့်ရှင်းနိုင်မည်နည်း။...............................  

၃၄။ အဘယ်ကြောင့် ယုံကြည်သူများသည် သန့်ရှင်းဘို့ လိုသနည်း။............................... 

၃၅။ ဘယ်အပိုင်း သန့်ရှင်းဘို့ လိုသနည်း။...............................  

၃၆။ ယုံကြည်သူ တိုင်း ဘုရားသခင်၏ ကျေးဇူးတော်ကို ရသင့်သလော။ ............................... 

၃၇။ ခါးစွာသော ပင်မြစ်ပေါက်ခြင်း ဆိုသည်မှာ အဘယ်အရာနည်း။...............................  

၃၈။ မည်သူကခါးစွာသော အသီး၊ ဒေါနကို သီးတတ်သော အပင်မြစ်သည် သင်တို့တွင် ပေါက်မည်ဟု သတိပေးခဲ့သနည်း။ ............................... 

၃၉။ မတရားသော မေထုန်၌ မှီဝဲခြင်းကို ဘုရားသခင်က ကြိုက်နှစ်သက်ပါသလား။...............................  

၄၀။ ဘုရားတရား ကို မရိုမသေပြုသော သူများသည် မည်သူကဲ့သို့ဖြစ်သနည်း။............................... 

၄၁။ ဧသောသည် ကောင်းကြီး ပြန်လိုချင်သော်လည်းရခဲ့သလား။...............................  

၄၂။ ယနေ့ လူများစွာလည်း ဘုရားတရား ကို မထီမဲ့မြင် ပြုသောကြောင့် ဘာဆုံးရှုံးကြသနည်း။............................... 

၄၃။ ဣသရေလ လူများရောက်သော တောင်သည် မည်ကဲ့သို့သော တောင် ဖြစ်သနည်း။ ............................... 

၄၄။ ယုံကြည်သူများရောက်သော နေရာသည် မည်သည့်နေရာ ဖြစ်သနည်း။...............................  

၄၅။ ဇိအုန်တောင်ဘယ်နှစ်ခုရှိသနည်း။ အားလုံး ဖေါ်ပြပါ။............................... 

၄၆။ ယေရုရှလင်မြို့ဘယ်နှစ်ခုရှိသနည်း။...............................  ဖေါ်ပြပါ။............................... 

၄၇။ အသင်းတော်သည် ဘာကဲ့သို့ဖြစ်သနည်း။...............................  

၄၈။ မည်ကဲ့သို့ စုံလင်ခြင်းသို့ ရောက်သော သူတော် ကောင်း ဖြစ်နိုင်သနည်း။............................... 

၄၉။ ပဋိညာဉ်တရားသစ်၏ အာမခံသည် မည်သူနည်း။ ............................... 

၅၀။ ကောင်းကင်ဘုံကမိန့် တော်မူသော သူ၏ စကားကို ငါတို့သည် နားမထောင်ဘဲ နေလျှင် ဘာခံရမည်နည်း။............................... 

.

^

ဟေဗြဲ (၁၃)

အမျိုးမျိုးသောခရစ်ယာန်အသက်တာသွန်သင်ခြင်း

၁။ ညီအစ်ကိုခြင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည် ဝတ်ပြုခြင်း အမှုကို မမေ့မလျော့ကြနှင့်။

 ချစ်ခြင်း မေတ္တာ၌ တည်ခြင်းသည် ခရစ်တော်၏ အမိန့်တော် ဖြစ်သည် သာမက၊ သူ၏ တပည့်တော် ဖြစ်ကြောင်း အမှတ်အသား ဖြစ်သည်။ သူကိုယ်တိုင်က ၊ “သင်တို့သည် အချင်းချင်းတယောက်ကို တယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏ တပည့် ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။” (ယော ၁၃:၃၄-၃၅)

ဧည့်သည် ဝတ်ပြုခြင်း အမှုကို မမေ့မလျော့ကြနှင့်” ဧည့်သည် ဝတ်ပြုခြင်းသည် ရင့်ကျက်ခြင်း၏ လက္ခဏာ တခု ဖြစ်သည်။ မရင့်ကျက် သူများအတွက် မလွယ်ကူချေ။ ဘုရားသခင်က ဣသရေလ လူများထံ၊ “မိဘမရှိသော သူငယ်၊ မုတ်ဆိုးမဘက်၌ တရားစီရင်၍ ၊ ဧည့်သည် အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသော ဘုရား ဖြစ်တော်မူ၏။ ၁၉သို့ဖြစ်၍ ဧည့်သည် တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တု ပြည်၌ ဧည့်သည် ဖြစ်ကြဘူးပြီ။” ဟု မှာကြားခဲ့သည် (တရားဟော ၁၀:၁၈-၁၉)။

၂။ အချို့သော သူတို့သည် ဧည့်သည် ဝတ်ကို ပြုသည် တွင်၊ ကောင်းကင်တမန် တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ။

အာဗြဟံသည် ကောင်းကင်တမန် များကို ဧည့်ခံဘူးသည် (ကမ္ဘာ ၁၈)။ ထို့ကြောင့်သောဒုံမြို့ မီးမိုးရွာမည့် အကြောင်းကို သိခဲ့၍၊ လောတမိသားစုအတွက် တောင်းပန်နိုင်ခဲ့သည်။ လောတသည်လည်း ကောင်းကင်တမန်များကို အတင်းခေါ်၍ ဧည့်ခံသောကြောင့် သေကျေပျက်စီးခြင်းမှ လွတ်မြောက်ခဲ့သည် (ကမ္ဘာ ၁၉) 

၃။ အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရ သကဲ့သို့ မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည်ကိုယ်ခန္ဓာနှင့် မကင်းမလွတ်သောသူ ဖြစ်၍ ၊ ညှဉ်းဆဲခံရသော သူတို့ကို အောက်မေ့ကြလော့။

သခင် ယေရှုခရစ်က၊ “ငါသည် ထောင်ထဲမှာနေရ သောအခါ သင်တို့သည် ငါ့ထံသို့ လာကြ၏။” (မ ၂၅:၃၆)ဟု သိုးတို့ထံ၌ ဆိုခဲ့သည်။ အကျဉ်းသားများထံ၌ သက်သေခံခြင်းသည် ထိရောက်မှု ရှိနိုင်သည်။ အကြောင်းမှာ သူတို့သည် ဒုက္ခရောက် နေကြသောကြောင့် အာရုံစိုက်နိုင်သည်။ ကယ်တင်ရှင်ကို တမ်းတကြသည်။ ယုံကြည်သူများအနေဖြင့် ထောင်ကျသော သူများကို ကိုယ်ချင်းစာနာခြင်းရှိ၍ သတိရခိုင်းသည်။ 

၄။ ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်း အမှုနှင့် သစ္စာသံဝါသပြုခြင်း အမှုသည် အသရေရှိစေလော့။ မတရားသော မေထုန်ကို ပြုသောသူနှင့် သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင် စစ်ကြောစီရင် တော်မူလိမ့်မည်။ 

မင်္ဂလာဆောင်ခြင်းသည် ဘုရားသခင်က စတင်ပေးခြင်းဖြစ်သည်။ အာဒံနှင့် ဧဝကို လင်မယား ဖြစ်ဘို့ ဖန်ဆင်းခဲ့သည် (ကမ္ဘာ ၂:၂၄)။ လင်မယားအကြား သစ္စာ သံဝါသပြုခြင်း သည်လည်း သန့်ရှင်း၍ ဘုရား၏ အလိုတော်ဖြစ်သည်။ သို့သော် မတရားသော မေထုန်ပြုခြင်းကိုမူ ဘုရားသခင် အလွန်မုန်း၍ တရားစီရင်မှာ ဖြစ်သည်။ ဘုရားသခင်သည် ဒါဝိဒ်ကို ချစ်သော်လည်း မတရားသော မေထုန်ပြု သောအခါ တရားမစီရင်ဘဲ မနေချေ (၂ ဓမ္မရာဇဝင် ၁၂)။ 

၅။ သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကို တပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသော ဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကို မစွန့်၊ သင့်ကို အလျှင်း ပစ်၍ မထားဟု ဂတိတော်ရှိ၏။

ဘုရားသခင်သည် ငွေတပ်မက်ခြင်းကို မနှစ်သက်ချေ။ ပေါလုက၊ “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှု အပေါင်းတို့တွင် မူလအမြစ် ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်း တရားလမ်းမှလွဲသွား၍ ၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ခြင်း ခပ်အောင်ထိုးကြပြီ။” (၁ တိ ၆:၁၀)ဟု ရေးခဲ့သည်။ လူသည် အလိုအလျောက်ငွေကို နှစ်သက်အားကိုး ကြသည်။ အဘယ်ကြောင့်ဆိုသော်ငွေရှိလျှင် ဘာမဆိုတတ်နိုင်သည်၊ ဟုယူဆသောကြောင့် ဖြစ်သည်။ ငွေသည် သုံးတတ်လျှင် ​ကျွန်ဖြစ်သည်။ ဘယ်အရာမဆိုငွေအားဖြင့် လုပ်နိုင်သည်။ သို့သော် မသုံးတတ်လျှင် ငွေ၏ကျွန် ဖြစ်သွားနိုင်သည်။ ငွေ၏ကျွန်ဆိုသည်မှာ ငွေရဘို့ အတွက်ဆိုလျှင် ဘာမဆိုလုပ်မည်၊ ကိုယ်ခန္ဓာပင်ပန်းခြင်း ကိုလည်း ဂရုမစိုက်နိုင်၊ အလုပ်လုပ်လိုလာသည်၊ သားမယားကိုလည်း မကြည့်ရှုနိုင်၊ ငွေရမည်ဆိုလျှင် အိပ်ရေးပျက်၊ အစာငတ်ခံနိုင်သည်။ ထိုသို့ဖြစ်လျှင် သင်သည် ငွေ၏ကျွန် ဖြစ်သည်ကိုသိပါ။

ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။” လူ၏ အလိုဆန္ဒသည် အံ့ဩဘွယ် ဖြစ်သည်။ ကိုယ်၌ ရှိသောအရာနှင့် မရောင့်ရဲနိုင်ကြချေ။ ထိုအရာလည်း ဘေးနားမှာရှိသော လူများ၏ ယပိုင်ဆိုင်မှု ှုကိုအား ကျသောကြောင့် ဖြစ်သည်။ ဤလောက ပစ္စည်းများသည် မရှိလျှင်လည်း ဖြစ်သော်လည်း အခြားလူများ ကရှိလာလျှင် မရမကအား ကျ၍ လိုချင် တတ်ကြသည်။ အောင်မြင်သော သူဝမ်းမြောက်သော သူသည် တင်းတိမ်ရောင့်ရဲသောသူ ဖြစ်သည်။ ရှင်ပေါလုက၊ “ငါတို့သည် ဤလောက ထဲသို့ အဘယ်အရာမျှ မပါဘဲ လာသည် ဖြစ်၍ ထွက်သွားလျှင် လည်း၊ အဘယ်အရာကို မျှယူ၍ မသွားနိုင်ဟု ထင်ရှားလျှက်ရှိ၏။ ၈သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျှက် နေကြကုန်အံ့။” (၁ တိ ၆:ရ- ၈) ဟုဆိုခဲ့သည်။

“ငါသည် သင့်ကို မစွန့်၊ သင့်ကို အလျှင်း ပစ်၍ မထားဟု ဂတိတော် ရှိ၏။” ဤကျမ်းပိုဒ်သည် “သင်ရှေ့မှာ ထာဝရ ဘုရားသည်ကိုယ်တိုင်ကကြွ၍ သင်နှင့် ရှိတော်မူ လိမ့်မည်။ သင့်ကို စွန့်တော် မမူ၊ ပစ်ထားတော် မမူ။ မစိုးရိမ် နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသား အပေါင်းတို့ ရှေ့မှာ ပြောဆို၏။” (တရားဟော ၃၁:၈) “သင့်အသက် တည်သည် ကာလ ပတ်လုံးသင့်ရှေ့မှာ အဘယ်သူ မျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကို ပစ်၍ မထား။” (ယောရှု ၁:၅) ကိုကိုးကားခြင်း ဖြစ်သည်။ ဤကတိတော်သည် ယုံကြည်သူ တိုင်း အသုံးပြုရမည့် အရာ ဖြစ်သည်။ 

၆။ ထိုကြောင့်ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍ ၊ လူသည် ငါ၌ ပြုနိုင်သမျှကို မကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆို ရသောအခွင့်ရှိကြ၏။

ဆာလံဆရာက၊ “ထာဝရ ဘုရားသည် ငါ့ဘက်၌ ရှိတော်မူသည် ဖြစ်၍ ကြောက်စရာမရှိ၊ ၊ လူသည် ငါ၌ အဘယ်သိုု့ပြုနိုင်သနည်း၊ ” (ဆာ ၁၁၈:၆)ဟု ရေးခဲ့သည်။ ထာဝရ ဘုရားသည် အရာခပ်သိမ်းထက် ကြီး မြတ်၍ တန်ခိုးကြီး သောကြောင့်၊ သူ့ကို အမှီပြုလျှင် ဘာမျှကြောက်စရာ မရှိတော့ချေ။ သို့သော် ထာဝရ ဘုရားရှိကြောင်းကို သတိမထားကြသောကြောင့် အလိုလိုကြောက်လာတတ် ကြသည်။ ယခုမှစ၍ ထာဝရ ဘုရားကို ခိုလှုံကြပါစို့။ 

ရ။ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ ယုံကြည်ခြင်းကို မှီအောင် လိုက်ကြလော့။

ယုံကြည်သူများ၊ အသင်းသား များသည် သူတို့၏ သင်းအုပ်များ၊ ဝိညာဉ် ရေးရာ ဦးဆောင်လမ်းပြ သူများကို သတိရအောက်မေ့ဘို့ နိုးဆော်ထားသည်။ မည်ကဲ့သို့ အောက်မေ့ရမည်နည်း။ သူတို့၏ ကျင့်ကြံပြုမူ၍ စုတေ့သည့်များကို ဆင်ခြင်ရမည်။ သူတို့၏ ယုံကြည်ခြင်းကို မှီအောင် လိုက်ရမည်။ ဦးဆောင်သူနှင့် အသင်းသားများယုံကြည်ခြင်း၌ မမှီလျှင် ပြသနာများ၍ နောက်ဆုံး၌ မလိုလားအပ်ဘဲ သင်းကွဲခြင်း၊ အစဉ်သဖြင့် ဆန့်ကျင်ခြင်းများရှိနိုင်သည်။ 

၈။ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေ တော်မူ၏။ 

လူသည် နှစ်ပေါင်းကြာလာသောအခါ၊ အိုလာသောအခါ၊ နေရာပြောင်းလဲလာသောအခါ၊ အ​ခြေအနေပြောင်းလဲလာသောအခါ နဂုိအတိုင်း မဟုတ်တော့ဘဲ လုံးဝ ခြားနားတတ်သည်။ ယခင်ကကဲ့သို့ အာဏာမရှိ၊ မတတ်စွမ်းနိုင်၊ စိတ်ပြောင်းလဲသွားနိုင်သည်။ သို့သော် လွန်ခဲ့သော အနှစ်နှစ်ထောင်နီးပါက တန်ခိုးပြခဲ့သော ယေရှု၊ ကယ်တင်ရှင်ယေရှုသည် ယနေ့တိုင်အောင် အားကိုး၍ရသည်။ မပြောင်းမလဲတည်ရှိသည်။ ထိုအရာကသူသည် သာမန်ရိုးရိုးလူမဟုတ်ဘဲ၊ ဘုရားဖြစ်ကြောင်းကို ထင်ရှားစေသောအရာဖြစ်သည်။ 

၉။ အထူးထူး အပြားပြားသော အယူဝါဒသစ်ကို လိုက်၍ မဖောက်ပြန်ကြနှင့်။ အစာများ အားဖြင့် စိတ်ခိုင်ခံ့မြဲမြံခြင်း မရှိဘဲ၊ ကျေးဇူးတော် အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှု ထားသော သူတို့သည် အကျိုးကို ရကြပြီ မဟုတ်။

ဤစာရေးသော အချိန်၌ အယူဝါဒမျိုးစုံရှိခဲ့ပြီ။ ယခုနောက်ဆုံးသော ကာလ၌ ပို၍ အလွန် များသည်။ ထို့ကြောင့် အယူဝါဒသစ်၌ မဖေါက်ပြန်ဘို့ အရေးကြီးသည်။ ဘုရား၏ အလိုတော်ကို ရိုးရိုးသိလိုလျှင်၊ ကျမ်းစာကို အားကိုး ၍ တန်ဘိုး ထားလျှင်၊ ကျမ်းစာကို စေ့စေ့လေ့လာလျှင် အယူဝါဒဖေါက်ပြန်စရာ မရှိပါ။ ဝတ်ပြုရာကျမ်း၁၁၌ ဘုရားသခင်က သန့်ရှင်းသော အသားနှင့် မသန့်ရှင်းသော အသားများအကြောင်းကို ဖေါ်ပြထားသည်။ ထိုအသားများစားခြင်း မစားခြင်းသည်ကိုယ်ခန္ဓာအတွက် အကျိုးရှိသော်လည်း၊ စိတ်ဝိညာဉ် အတွက် မကျိုးမရှိချေ။ ကျေးဇူးတော်အားဖြင့် သာလျှင် အကျိုးရှိစေသည်။ 

၁၀။ တဲတော်၌ ဝတ်ပြုသော သူတို့ စားရသော အခွင့်မရှိသော ယဇ်ပလ္လင်သည် ငါတို့၌ ရှိ၏။ 

“တဲတော်၌ ဝတ်ပြုသော သူတို့” သူတို့သည် ဓမ္မဟောင်းခေတ်၌ ပူဇော်သော သူများ ဖြစ်သည်။ “စားရသော အခွင့်မရှိသော ယဇ်ပလ္လင်သည် ငါတို့၌ ရှိ၏” ဓမ္မဟောင်းခေတ်ပူဇော်သော သူများက၊ ခရစ်တော်၏ ယဇ်ပူဇော်ခြင်းကို မသိ၊ နားမလည် ကြချေ။ “ယေရှု ကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကို မစား၊ အသွေးကို မသောက်လျှင် သင်တို့၌ အသက် မရှိ။ ငါ၏ အသားကို စား၍ ငါ၏ အသွေးကိုလည်း သောက်သော သူသည် ထာဝရ အသက်ကို ရ၏။ ထိုသူကို နောက်ဆုံးသော နေ့၌ ငါထမြောက် စေမည်။ ငါ၏ အသားသည် စားစရာ ကောင်း၏။ ငါ၏ အသွေးလည်း သောက်စရာ ကောင်း၏။ ငါ၏ အသား အသွေးကို သောက်စားသော သူသည် ငါ၌ တည်၏။ ထိုသူ၌လည်း ငါတည်၏။” (ယော ၆:၅၃-၅၆) ဟုဆိုသော်လည်း တဲတော်၌ ဝတ်ပြုသောသူ တည်းဟူသောယုဒလူများက နားမလည်နိင်ချေ။ ဤနေရာ၌ ခရစ်တော် ကသူ့ကို ဝိညာဉ်အားဖြင့် စားရမည့် အကြောင်းကို ပြောခြင်း ဖြစ်သည် (ယော ၆:၆၃)။ ခရစ်တော်ကို ယုံကြည် လက်ခံသော သူများသည် ခရစ်တော်ကို ဝိညာဉ် အားဖြင့် စားသော သူများ ဖြစ်သည်။ 

၁၁။ အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ် ​ဖြေသော ယဇ်ကောင်၏ အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။ အထက် ဖေါ်ပြပါ ယဇ်ပူဇော်ခြင်းသည် ဝတ်ပြုရာ ၄ ၌ ဖေါ်ပြသော အပြစ် ​ဖြေရယဇ်ကို ဆိုလိုခြင်း ဖြစ်သည်။ ထိုကျမ်း၌၊ “နွား၏ ခေါင်း၊ ​ခြေထောက်၊ အအူ၊ ချေးနုနှင့် တကွအရေ၊ အသား၊ ရှိသမျှ တည်း ဟူသော၊ နွားတကောင်လုံးကိုးရာရှင်းလင်းသော အရပ်သို့ ယူသွား၍ ထင်း အပေါ်၌ မီးရှို့ရမည်။ ပြာသွန်၍ ထားရာအရပ်၌ မီးရှို့ရမည်။” (ဝတ် ၄:၁၀-၁၂)

၁၂။ ထိုသို့နှင့် အညီ၊ ယေရှုသည် မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှါ၊ မြို့တံခါးပြင်၌ အသေခံ တော်မူ၏။

ယေရှုသည် ပုံဆောင်ခြင်း များစွာကို ပြည့်စုံ စေခဲ့သည်။ ယခုအပြစ် ​ဖြေရာ ယဇ်ပူဇော်ခြင်းကို ဟေဗြဲရေးသော သူက ဖေါ်ပြနေခြင်း ဖြစ်သည်။ ယေရှု အသေခံ တော်မူသော ဦးခေါင်းခွံအရပ်သည် ယေရုရှလင် မြို့အပြင်ဖက်၌ ရှိသည်။ “ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကို ထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သော အရပ်သို့ ထွက် တော်မူ၏။ ထိုအရပ်ကား ဟေဗြဲစကား အားဖြင့် ဂေါလဂေါသအမည်ရှိ၏။” (ယော ၁၉:၁ရ) 

၁၃။ သို့ဖြစ်၍ ၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကို ခံ၍ ၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြကုန်အံ့။ 

သခင်ယေရှုသည် မြို့ပြင်၌ ကဲ့ရဲ့ခြင်းကို ခံလျက် အသေခံသည့်နည်းတူ ၊ သူ့ကို ယုံကြည်သူများလည်း မြို့တွင်း တည်းဟူသောအဆင်ပြေသည့်နေရာ၊ ချီးမွမ်းခြင်း ခံရာအသိုင်းအဝိုင်းထဲမှ ထွက်၍ ကဲ့ရဲ့ခြင်း ခံရာ၊ ဘုရား၏ အလိုတော် ရှိရာသို့ ထွက်သွားဘို့ တိုက်တွန်းခြင်း ဖြစ်သည်။ လူအများစုသည် သမ္မာတရားကို သိသော်လည်း၊ ဘုရား ပေးသော ဘုန်းထက် လူပေးသော ဘုန်းကို ကြိုက်နှစ်သက်သောကြောင့် (ယော ၅:၄၄) အသိုင်းအဝိုင်း၊ အမျိုး၊ အသင်းတော်ကို မစွန့်ရဲကြချေ။ မျက်စိကန်းဘူးသော သူသည် ယေရှုကို ထောက်ခံသောကြောင့် တရားစရပ်မှနှင်ထုတ်ခြင်း ခံခဲ့ရသည် (ယော ၉:၃၄)။ ထိုသို့ နှင်ထုတ် လိုက် သောအခါ မှသာသခင်ယေရှုနှင့် ပြန်တွေ့ရသည်။ သင်လည်း သခင်ယေရှု မရှိသော အသင်းတော်၊ အသိုင်းအဝိုင်းမှ ထွက်ပါ။ သို့မှသာ သခင်ယေရှုနှင့် ပြန်တွေ့ရမှာ ဖြစ်သည်။ 

၁၄။ အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သော မြို့မရှိ။ နောက် ဖြစ်လတံ့သော မြို့ကို ရှာကြ၏။ 

ယုံကြည်သူများထာဝရ နေရမည့် မြို့သည် ပျက်စီးမည့် ဤလောက၌ မရှိချေ။ ထာဝရ တည်တန့်သော ယေရုရှလင် မြို့၌ နေရကြမှာ ဖြစ်သည်။ ထိုမြို့ကို ရှာကြသော်လည်း၊ ဤလောကကို သာပြန်စွဲလန်းသော သူများစွာ ရှိသည်။ 

၁၅။ ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီး တည်းဟူသောချီးမွမ်းခြင်း ယဇ်ကို သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။

နှုတ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းခြင်းသည် အလွယ်ကူဆုံး၊ အကုန်အကျမရှိသောအရာ ဖြစ်သည်။ ဘုရားသခင်သည် ယုံကြည်သူ သားသမီး များ၏ ချီးမွမ်းခြင်းကို တန်ဘိုး ထားနှစ်သက်သည်။ ချီမွမ်းခြင်းသည် နှုတ်ခမ်းအသီးဟုဆိုသည်။ ထိုအရာပင်လျှင် မလုပ်ချင် ပါက မည်ကဲ့သို့သော ယုံကြည်သူ ဖြစ်မည်နည်း။ ယခုမှစ၍ ရက်ရောစွာ ချီးမွမ်းကြကုန်အံ့။ 

၁၆။ ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်း အမှု တို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သော ယဇ်ကို ဘုရားသခင်သည် အားရနှစ်သက် တော်မူ၏။ 

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သူတပါးလိုအပ်သော သူများကို ဥစ္စာဝေမျှနိင်သော အ​ခြေအနေ၌ ထားသောကြောင့် ရက်ရောစွာ ဝေမျှကြပါစို့။ လူသည် အဆင်ပြေ သောအခါ သူတပါး ခက်ခဲခြင်းကို မေ့လျော့ တတ်သည်။ ဝေမျှခြင်းသည် ဘုရား၏ အလိုတော် ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် ပေးဝေသောသူ ဖြစ်သည်။ 

၁ရ။ သင်တို့ကို အုပ်သော သူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက် နေကြလော့။ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသော သူကဲ့သို့၊ သင်တို့ စိတ် ဝိညာဉ်၏ အကျိုးအလိုငှါ စောင့် နေကြ၏။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်း မရှိ၊ ဝမ်းမြောက်ခြင်းရှိ၍ ၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက် နေကြလော့။ 

လူ၌အလွယ်ဆုံးနှင့် အခက်ဆုံးအရာသည် နားထောင်ခြင်းဖြစ်သည်။ အာဒံသည် ဘုရားစကားနားမထောင်၊ စာတန် စကားကို နားထောင်ကြောင့် အပြစ်သား ဖြစ်ရသည်။ ခရစ်တော်သည် ဘုရား စကား နားထောင်ခြင်းကြောင့် လူတိုင်း ​ဖြောင့်မတ်သော အခွင့်ကို ရရှိစေနိုင်သည် (ရော ၅:၁၉)။ နားမထောင်ခြင်းသည် စိတ်မနှိမ့်ချသောကြောင့် ဖြစ်သည်။ မတတ်နိင်သော အချိန်တွင် စိတ်နှိမ့်ချဘို့ လွယ်သော်လည်း၊ တတ်နိင်သော အချိန်တွင် စိတ်နှိမ့်ချခြင်းသည် အလွန် ခက်သည်။ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင် စကားကို နားထောင်၍ စိတ်နှိမ့်ချဘို့ လိုအပ်သည်။ ဝိညာဉ် ပိုင်း ဦးဆောင် သူများသည် ယုံကြည်သူများ၏ အကျိုးကို စောင့် နေကြသော သူများ ဖြစ်သည်။ ထို့ကြောင့် သူူတို့၏ ဦးဆောင်မှုကို နာခံသင့်သည်။ ခေါင်းဆောင် အတုများသည် အသင်းသား များ၏ အကျိုးကို ဂရုမစိုက်သော်လည်း၊ အစစ်များမူ အသင်းသားများဝမ်းနည်းခြင်း မရှိ၊ ဝမ်းမြောက် စေဘို့ရန် အစဉ်သတိပြုကြသည်ကို သိသင့်သည်။ 

၁၈။ ငါတို့အဘို့ ဆုတောင်း ကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်လျက်၊ အရာရာ တို့၌ ကောင်းမွန်စွာ ကျင့်နေခြင်းငှါ အလိုရှိသောသူ ဖြစ်သည်ဟု စိတ်စွဲလမ်းခြင်းရှိကြ၏။ ၁၉။ ငါသည် သင်တို့ ရှိရာသို့ အလျှင်အမြန် ပြန်ရသော အခွင့်ရှိစေခြင်းငှါ၊ ငါတို့အဘို့ ဆုတောင်း မည်အကြောင်း ငါသည် သာ၍ နိုးဆော်တောင်းပန်၏။

ငါတို့ အဘို့ ဆုတောင်း ကြလော့” ယုံကြည်သူများသည် အချင်းချင်း ဆုတောင်း ပေးဘို့ လိုအပ်သည်။ ဝိညာဉ် ရေးရာ၌ ကြိီးရင့်သော သူများ ကသာ ဆုတောင်း ပေးဘို့ မဟုတ်၊ ငယ်ရွယ်သော သူများကလည်း ဆုတောင်း ပေးဘို့ လိုသည်။ ဆုတောင်းရမည့် အချက်မှာစာရေးသူသည် ယုံကြည်သူများထံ အမြန် ပြန်လာနိင်သော အခွင့်ရှိဘို့ ဆုတောင်း ခိုင်း ဖြစ်သည်။ ယခုမှစ၍ ဆရာများထံ ဆုတောင်း ခံခြင်း သာမက၊ ဆရာများအတွက် ဆုတောင်း ပေးကြပါစို့။ 

၂၀။ ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကို သေခြင်း မှနှုတ်ဆောင် တော်မူသော၊ ငြိမ်သက်ခြင်း၏ အရှင် ဘုရားသခင်သည်၊ ၂၁။ မိမိနှစ်သက် တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့်၊ သင်တို့၌ ပြု တော်မူ၍၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသော အကျင့်အမျိုးမျိုး၌ သင်တို့ကို ပြုပြင် တော်မူ ပါစေသော။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီး တော်မူ စေသတည်း။ အာမင်။

ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ ” ခရစ်တော်က၊ “ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွှတ်စေခြင်းငှါ သွန်းသော ငါ၏အသွေးဖြစ်၏။” (မ ၂၆:၂၈) ဟုဆိုခဲ့သည်။ ခရစ်တော်အားဖြင့် ပြုသောပဋိညာဉ်သည် ထာဝရတည်တန့်မှာဖြစ်သည်။

သိုးများကို ထိန်းသော သိုးထိန်းကြီး ဖြစ်သော ငါတို့ သခင်ယေရှု” သခင်ယေရှုက၊ “ငါသည် ကောင်းသော သိုးထိန်းလည်း ဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့ အလိုငှါ၊ မိမိအသက်ကို စွန့်တတ်၏။” (ယော ၁၀:၁၁) ဟုဆိုခဲ့သည်။ သခင်ယေရှုသည် ရိုးရိုးသိုးထိန်း မဟုတ်၊ ကောင်းသော သိုးထိန်း ဖြစ်သည်။ ကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့ မိမိအသက်ကို စွန့်တတ်သည်။ ဒါဝိဒ်လည်း ကောင်းသော သိုးထိန်း ဖြစ်သည်။ အကြောင်းမှာ သိုးတို့ကို ကိုက်စားမည့် ခြင်္သေ့နှင့် ဝံကို သတ်ခဲ့သည် (၁ရာ ၁ရး၃၄-၃၆)။ ကောင်းသော သိုးထိန်း (သင်းအုပ်) များသည် သိုး တည်းဟူသောအသင်းသားများအတွက် အနစ်နာခံနိင်သည်။

သခင်ယေရှုကို သေခြင်း မှနှုတ်ဆောင် တော်မူသော၊ ” သခင်ယေရှုကို သေခြင်း မှနှုတ်ဆောင် တော်မူသော သူသည်၊ ခမည်းတော်ဘုရား ပင်ဖြစ်သည် (ရော ၆:၄)။

“ငြိမ်သက်ခြင်း၏ အရှင် ဘုရားသခင်သည် ၊ ” ငြိမ်သက်ခြင်း၏ အရှင် ဘုရားသခင်သည် ခမည်းတော်နှင့် သခင်ယေရှု ဖြစ်သည်။ သခင်ယေရှုက၊ “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း မရှိစေနှင့်။” (ယော ၁၄:၂ရ) ဟုဆိုခဲ့သည်။ ထို့ကြောင့် ငြိမ်သက်လိုလျှင် ဘုရားသခင်၏ အုပ်စိုးခြင်းကို ဝန်ခံရမည်။

မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့်၊ သင်တို့၌ပြုတော်မူ၍၊” ဘုရားသခင်သည် သူနှစ်သက်သောအရာကို ယေရှုခရစ်အားဖြင့် ​ကျွန်ုပ်တို့ အပေါ် ပြုလုပ် ချင်သည်။ ထိုအရာကိုကိုယ်ကခွင့်ပေးဘို့ ဖြစ်သည်။

သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသော အကျင့်အမျိုးမျိုး၌ သင်တို့ကို ပြုပြင် တော်မူ ပါစေသော” ဘုရား အလိုတော် အတိုင်း လိုက်၍ ကောင်းသော အကျင့်အမျိုးမျိုး ပြုလုပ် ဘို့ရန်၊ လူအားဖြင့် မဖြစ်ပါ၊ ဘုရား ကသာ ပြုလုပ် နိင်သည်။

၂၂။ ညီအစ်ကိုတို့၊ ငါသည် အကျဉ်းအားဖြင့် ရေးထား၍ ကြားလိုက်သော ဤဆုံးမခြင်း ဩဝါဒစကား ကိုသည်း ခံမည်အကြောင်း၊ ငါသည် သင်တို့ကို နှိုးဆော်တောင်းပန်၏။ ၂၃။ ငါတို့ ညီတိမောသေကို အခြားသို့ လွှတ်လိုက်သည် အရာကို သိမှ တ်ကြလော့။ သူသည် မကြာမမြင့်မှီရောက်လျှင်၊ ငါသည် သူနှင့်အတူ လာ၍ သင်တို့ကို တွေ့မြင်လိမ့်မည်။

ဤဟေဗြဲစာရေးသော သူသည် မည်သူ ဖြစ်မှန်း မထင်ရှားပါ။ အငယ် ၂၃၌ တိမောသေနှင့်အတူ လာမည်ဟု ရေးထားသောကြောင့် ပေါလု ဖြစ်မည်ဟု ယူဆရသည်။ စာရေးသူကဟေဗြဲစာကို ရေးခြင်းသည် ဆုံးမခြင်း ဩဝါဒစကား ဖြစ်သည်ဟုဆိုသည်။ အထူးသဖြင့်၊ “ထိုမေလခိဇေဒက်၏ အကြောင်းကို ငါတို့ ပြောစရာ စကား အများရှိ၏။ သို့သော်လည်း ၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြောခက်လှ၏။ သင်တို့သည် ကာလ ကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသော တရားနုတို့ကို သူတပါးထံ၌ တဖန် သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ​ကြေခဲသော အစာကို မသုံးဆောင်၊ နို့ကို သာသုံးဆောင်ရသောသူ ဖြစ်ကြ၏။” (ဟေ ၅:၁၁-၁၂)ဟု အပြစ် တင်ခဲ့သည်။ 

၂၄။ သင်တို့ကို အုပ်သောသူ အပေါင်းတို့ကို၎င်း၊ သန့်ရှင်းသူ အပေါင်းတို့ကို၎င်း၊ နှုတ်ဆက်ကြလော့။ ဣတလိပြည် သူပြည်သား တို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ ၂၅။ သင်တို့ အပေါင်း၌ ကျေးဇူးတော် ရှိစေသတည်း။ အာမင်။ 

စာရေးသူသည် ဣတလိပြည် မှာရှိကြောင်း ထင်ရှားသည်။ စာရေးသူသည် အခြားသော ယုံကြည်သူများ၏ နှုတ်ဆက်ခြင်း ကိုလည်း ရေးသား ထားသည်။ ယုံကြည်သူများသည် သွေးသား မတော် စပ်လျှင် လည်း၊ ဘုရား၏ သားသမီး များဖြစ်ကြသောကြောင့် တယောက်နှင့် တယောက် ချစ်ကြ၊ ခင်ကြ၊ ဂရုစိုက် ကြသည်။

အခန်း (၁၃) မေးခွန်းများ 

၁။ ခရစ်တော်၏ တပည့် ဖြစ်သည်ကို ဘာအားဖြင့် သိနိင်မည်နည်း............................... 

၂။ ဘုရားသခင်သည် ဧည့်သည်ကို ချစ်သလော။ ဣသရေလ လူများလည်း ဘာကို ချစ်ခိုင်းသနည်း။............................... 

၃။ မည်သူတို့က ကောင်းကင်တမန် များကို ဧည့်ခံခဲ့သနည်း။ ............................... 

၄။ ယုံကြည်သူများသည် မည်သူတို့ကို သတိရရမည်နည်း။ ............................... 

၅။ လင်မယား ဆက်ဆံခြင်းသည် အပြစ်ရှိသလော။............................... 

၆။ လူအချို့တို့သည် အဘယ်ကြောင့်ယုံကြည်ခြင်း တရားလမ်းမှလွှဲသွားကြသနည်း။............................... 

ရ။ မကောင်းသောအမှု အပေါင်းတို့တွင် မူလအမြစ်သည် အဘယ်အရာနည်း။ ............................... 

၈။ ငွေ၏ ​ကျွန် ဖြစ်လျှင် မည်ကဲ့သို့ နေသနည်း။............................... 

၉။ အဘယ်ကြောင့်ရှိသမျှနှင့် ရောင့်ရဲဘို့ လိုသနည်း။............................... 

၁၀။ ငါသည် သင့်ကို မစွန့်၊ သင့်ကို အလျှင်း ပစ်၍ မထားဟူသောအရာသည် အဘယ်ကျမ်းပိုဒ်များ ဖြစ်သနည်း။............................... 

၁၁။ ထာဝရ ဘုရားကို ခိုလှုံသော သူသည် မည်သည့်အရာကို ကြောက်ရသနည်း။ ............................... 

၁၂။ အဘယ်ကြောင့် ယုံကြည်သူများနှင့် ဦးဆောင် သူများ ဝိညာဉ် ရေးရာ၌ မှီအောင် လိုက်ဘို့ လိုသနည်း............................... 

၁၃။ အဘယ်ကြောင့်ယေရှုသည် မပြောင်းမလဲရှိနိုင်သနည်း။ ............................... 

၁၄။ ယေရှုကို အဘယ်ကြောင့်အားကိုး နိုင်သနည်း။ ............................... 

၁၅။ အဘယ်ကြောင့်အယူဝါဒအမျိုးမျိုး ပေါ်ပေါက်ရသနည်း။............................... 

၁၆။ တဲတော်၌ ဝတ်ပြုသော သူတို့ စားရသော အခွင့်မရှိသော ယဇ်သည် အဘယ်အရာနည်း။............................... 

၁ရ။ တပ်ပြင်၌ မီးရှို့ရသော ယဇ်သည် ဘာယဇ် ဖြစ်သနည်း။ ............................... 

၁၈။ ယေရှုသည် မည်သည့်နေရာ၌ အသေခံ ခဲ့သနည်း။ ............................... 

၁၉။ လူအများစုသည် အဘယ်ကြောင့်ယေရှု မရှိသော နေရာ၌ ပျော် နေကြသနည်း။............................... 

၂၀။ ယုံကြည်သူများအတွက် ဤလောက၌ မြို့ရှိပါသလား။ ............................... 

၂၁။ နှုတ်ခမ်းအသီးသည် အဘယ်အရာကို ဆိုလိုသနည်း။ ............................... 

၂၂။ ဘုရားသခင်က ကပ်ဆည်းနည်းသော သူကို နှစ်သက်ပါသလား။............................... 

၂၃။ အလွယ်ဆုံးနှင့် အခက်ဆုံးသည် အဘယ်အရာနည်း။............................... 

၂၄။ ခေါင်းဆောင် အစစ်နှင့် အတုသည် မည်ကဲ့သို့ ခြားနားသနည်း။............................... 

၂၅။ ငယ်သော သူများကလည်း ကြီးသော သူများအတွက် ဆုတောင်း ပေးဘို့ ပါသလား။............................... 

၂၆။ ထာဝရ ပဋ္ဋိညာဉ်တရားသည် မည်သည့်အရာကို ဆိုလိုသနည်း။ ............................... 

၂ရ။ သခင်ယေရှုခရစ်သည် မည်ကဲ့သို့သော သိုးထိန်း ဖြစ်သနည်း။ ............................... 

၂၈။ ငြိမ်သက်ခြင်းသည် မည်သူ၌ ရှိသနည်း။............................... 

၂၉။ ဟေဗြဲစာကို ရေးသော သူသည် မည်သူ ဖြစ်နိုင်သနည်း။ အဘယ်ကြောင့်နည်း။............................... 

၃၀။ ဤစာကို မည်သည့်နေရာမှရေးသနည်း။ ............................... 

Part A (ပြန်ဖတ်ရန်)

 MORE AT BOOKSTORE

 YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG