Periodical: Good News December 2021
Home > Periodicals > December 2021
DECEMBER 2021
GOOD NEWS PERIODICAL
.
မာတိကာ
.
ခရစ္စမတ်
နှစ်စဉ်ကျင်းပတတ်သည့်အတိုင်း ကမ္ဘာ့ နေရာအနှံ့အပြား၌ ခရစ္စမတ်ပွဲ ကျင်းပကြတော့မည်ဖြစ်သည်။ ခရစ္စမတ်ပွဲကျင်းပဘို့ရန် ကျမ်းစာ၌ခိုင်းခြင်း၊ နှိုးဆော်ခြင်း မတွေ့ရပါ။ သို့သော် ခရစ္စမတ်ပွဲ ကျင်းပခြင်းသည် အစဉ်အလာဖြစ်နေပြီ။ ခရစ္စမတ်သည် ခရစ်တော်၏မွေးနေ့ကိုဂုဏ်ပြုပွဲဖြစ်သော်လည်း၊ ယခုအခါ ခရစ်တော်ကိုပင်ဂရုမစိုက်တော့ဘဲ၊ စားသောက်ပွဲ၊ အချင်းချင်းလက်ဆောင်ပေးခြင်းနှင့် အခြားသော အရာများကိုသာလျှင် အာရုံပြုကျင်းပနေကြပါသည်။ ခရစ်တော်နှင့်မဆိုင်သော Santa Claus နှင့် Red-Nosed Reindeer များကိုသာအာရုံစိုက်ကြ၊ ဓါတ်ပုံရိုက်ကြသည်။ သင်၏မွေးနေ့ပွဲ၌ မဆိုင်သူဧည့်သည်ကိုသင်ထက်ဂရုစိုက်ကြလျှင် သင်မည်ကဲ့သို့ ခံစားမည်နည်း။ ထို့ကြောင့်စစ်မှန်သော ခရစ်ယာန်များအနေဖြင့် ခရစ်တော်နှင့် မပတ်သက်သော အရာများကို ရှောင်ရှားသင့်သည်။
ခရစ္စမတ်အချိန်တွင်များသောအားဖြင့် ခရစ်တော်မည်ကဲ့သို့ လာသနည်းဟူသောအရာကိုသာလျှင် ဟောပြောတတ်ကြသည်။ ခရစ်တော် မည်ကဲ့သို့ လူ့ဇာတိခံသနည်းဟူသောအရာသည် အရေးကြီး သောကြောင့် ခရစ်ဝင်ကျမ်းများ ထဲ၌ ရေးထားသည်။ သို့သော် ထိုအရာထက် ခရစ်တော် မည်သည့်ကိစ္စအတွက် လာသနည်း၊ မည်ကဲ့သို့ အကျိုးခံစားရမည်နည်းဟူသောအရာသည် ပို၍အရေးကြီးသည်။ ထို့ကြောင့် ခရစ်တော်သည် မည်သည့်အရာအတွက် လာသည်ကို အဓိကထားဆင်ခြင်ကြပါစို့။ ခရစ်တော် လူ့ဇာတိခံခြင်း၌ရည်ရွယ်ချက်များစွာရှိသည်။ ထိုအရာများမှာ၊
ဘုရား၏ပုံသသဏ္ဍာန်ဖေါ်ပြဘို့
ဘုရားသခင်က၊ “ငါတို့ ပုံသဏ္ဍာန်နှင့် တညီတသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးကို၎င်း၊ မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း၊ သား ယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ၂၇ ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့် အညီလူကိုဖန်ဆင်းတော်မူ၏။” (ကမ္ဘာ ၁:၂၆-၂ရ) ဟုဆိုရေးထားသည်။ သို့သော်လူသည်ဘုရားသခင်၏ပုံပန်းသဏ္ဍာန်ကိုသိမြင်လို ကြသည်။ “ဖိလိပ္ပုကလည်းသခင်၊ ခမည်းတော်ကိုအကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင်အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟုလျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပုဤမျှကာလပတ်လုံးငါသည်သင်တို့နှင့်အတူရှိပြီးမှသင်သည်ငါ့ကိုမသိသေးသလော။ ငါ့ကိုမြင်သောသူသည်ခမည်းတော်ကို မြင်၏။” (ယော ၁၄:၈-၉) ဟုဆိုခဲ့သည်။
ယောဟန်က၊ “ဘုရား၏ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။” (ယော ၁:၁၈) ဟုဆိုခဲ့သည်။ သခင်ယေရှုသည် လူသားများနှင့် ပုံသသဏ္ဍာန်တူသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားများဖြစ်သော သင်နှင့် ကျွန်ုပ်နှင့် တူသည်။ သို့သော် လူသားများနှင့် ဘုရားသခင်၏ ကွာခြားချက်မှာ၊ ဘုရားသခင်သည် ဘုန်းရှိ၍ လူသားများမှာဘုန်းမရှိချေ။ လူသားများထဲ၌ လှပသောသူများသည် အခြားသူများထက် ဘုန်းရှိသည်။ ထို့ကြောင့် သူတို့ကို လူတိုင်း ကချစ်ကြ၊ ရှုမငြီး ဖြစ်ကြသည်။ သို့သော် လူထဲ၌ လှပသောသူများသည် ဘုရား ဘုန်းနှင့် ယှဉ်သော်ဘာမျှနှိုင်း၍ မရချေ။
ခရစ်တော်သည် သူ၏ ဘုန်းကို ကောင်းကင်၌ ထားခဲ့၍ လူသားများနှင့် တူအောင် နေသောကြောင့် သူ့ခေတ် လူသားများကအထင်မကြီး ဂရုမစိုက်၊ မကြောက်ရွံ့မရိုသေကြချေ။ သို့သော် သူ၏ ဘုန်းမြင်သော တမန်တော်များက အလွန် ကြောက်ရွံ့ကြောင်း ဤသို့ တွေ့ရသည်၊ “ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီယောဟန်တို့ကို ခေါ်၍ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာ အရပ်သို့ ဆောင်ကြွတော်မူ၏။ ၂ သူတို့ ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည် ဖြစ်၍ ။ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက် ရှိ၏။ ၃ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက် နေကြ၏။ ၄ ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့ တဆောင်၊ ဧလိယဘို့ တဆောင်၊ တဲသုံးဆောင်ကို အလိုတော် ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။ ၅ ထိုသို့ လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုဃ်းတိမ်သည် ထို သူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်း။ သူ၏ စကားကို နားထောင် ကြလော့ဟု မိုးဃ်းတိမ်ကအသံတော် ဖြစ်လေ၏။ ၆ တပည့်တော် တို့သည် ကြားရလျှင်၊ ပြပ်ဝပ်၍ အလွန် ကြောက်လန့်ခြင်းရှိကြ၏။" (မဿဲ ၁ရး၁-၆) အဘယ်ကြောင့် တပည့်တော် များသည် အလွန် ကြောက်လန့်ကြသနည်း။ ကိုယ်တော်၏ ဘုန်းကို မြင်ကြသောကြောင့် ဖြစ်သည်။
တမန်တော် ယောဟန်သည် သခင်ယေရှု၏ ရင်ခွင်၌ မှီ၍ လျောင်းတတ်သည် (ယော ၁၃:၂၃)။ ထိုသို့ လျောင်းရဲခြင်းသည် သူ့ကို မကြောက်သောကြောင့် ဖြစ်သည်။ သို့သော် ယောဟန်သည် အသက်ကိုးဆယ်ကျော်အဘိုးကြီး ဖြစ်သောအခါ သခင်ယေရှုကို ပြန်မြင်သည်။
သူက၊ “ထိုသို့ ငါနှင့် စကားပြော၍ အသံမြည်သောသူကို မြင်ခြင််းငှါ ငါသည် လှည့်ကြည်လျှင်၊ ရွှေမီးခွက် ခုနစ်လုံးကို၎င်း၊ ၁၃ ထိုမီးခွက် ခုနစ်လုံးအလယ်၌ လူသားတော်နှင့် တူသောသူတဦးကို၎င်း၊ မြင်၏။ ထိုသူသည် ခြေသို့ တိုင်အောင် ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက် ဖြစ်၏။ ၁၄ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ၁၅ ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့ ဖြစ်၏။ ၁၆ လကျ်ာ လက်တော်သည်လည်း ကြယ် ခုနစ်လုံးကို ကိုင်၏။ ခံတွင်း တော် ထဲကလည်းထက်သော သန်လျင်ထွက်၏။ မျက်နှာတော်သည် အရှိန် တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။ ၁၇ ထိုသူကို ငါမြင်သောအခါ၊ သေမတတ် ဖြစ်၍ ခြေတော် ရင်း၌ လဲလျက် နေ၏။" (ဗျာ ၁:၁၂-၁ရ)ဟု ရေးထားသည်။ အဘယ်ကြောင့်ယောဟန်သည် သူ၏ သခင်ကို မြင်သောအခါ သေမတတ်ကြောက်သနည်း။ သူ၏ ဘုန်းတန်ခိုးနှင့် မြင်သောကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် ဘုရား၏ ဘုန်းတော်ကို မမြင်ဘူးကြချေ။ ထို့ကြောင့် ဘုရား အပေါ်အံ့ဩခြင်း၊ ကြောက်ရွံ့ခြင်း၊ ရိုသေ လေးစားခြင်း မရှိကြချေ။ ယုဒလူများ ကသခင်ယေရှုကိုသာ မန်လူကဲ့သို့ မြင် ကြသည်။ ထို့ကြောင့် သူ၏ အလိုတော် လိုက်ဘို့၊ စကား နားထောင်ဘို့ အလွန် ခက် နေကြခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်နှင့် သခင်ယေရှု၏ ဘုန်းကို မြင်ကြလျှင်၊ စကားတော် နားထောင်ဘို့၊ အလိုတော် လိုက်ဘို့သည် အလွန် လွယ်ကူမည် ဖြစ်သည်။ ဘုရား၏ ဘုန်းတော်ကို ဇာတိမျက်စိဖြင့် မမြင်နိုင်သော်လည်း၊ စိတ်ဝိညာဉ်အားဖြင့်၊ ဆင်ခြင်ခြင်းအားဖြင့် မြင်နိုင်သည်။ ယခုနှစ်ခရစ္စမတ်အချိန်တွင် ဘုရား၏ ဘုန်းတော်ကို စာရှု သူများ မြင်နိုင်ကြပါစေ။
လူသားများကိုစကားပြောဘို့
ဘုရားသခင်သည် ဣသရေလ လူများကို သိနာတောင်ခြေရင်း၌ ပညတ်တော် ဆယ်ပါးပေးသောအခါ ဤကဲ့သို့ စကားပြောခဲ့သည်၊ “၁၈ လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်း အရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွေ့၍ အဝေး၌ ရပ်နေကြ၏။ ၁၉ မောရှေကိုလည်း၊ အကျွန်ုပ်တို့ အားကိုယ်တော် မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင် ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ် ပါသည်ဟု လျှောက်ဆိုကြ၏။ ၂၀ မောရှေကလည်း၊ မစိုးရိမ် ကြနှင့်။ သင်တို့ကို စုံစမ်းခြင်း ငှါ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်းကိုယ်တော်ကို ကြောက်စေခြင်းငှါ၊ ဘုရားသခင်ကကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏။” (ထွက် ၂၀:၁၈-၂၀) ဘုရားသခင်က ဣသရေလ လူများထံအထက်ပါ ကဲ့သို့ စကားပြောသောအခါ အလွန် ကြောက် ကြသည်။ ထို့ကြောင့် မောရှေ မှတဆင့်သာပြောဘို့ တောင်းဆို ကြသည်။
သခင်ယေရှုကို ခမည်းတော် ထံ ဤသို့ စကားပြောခဲ့သည်၊ “အိုအဘ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကား သံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန် ချီးမြှောက်ဦးမည်ဟု လာ၏။ ဝန်းရံလျက် ရှိသော လူအစုအဝေးတို့သည် ကြားလျှင် မိုဃ်းချုန်းသည် ဟုဆိုကြ၏။ အချို့ကလည်းကိုယ်တော်အား ကောင်းကင်တမန် မြွက်သည် ဟုဆိုကြ၏။” (ယော ၁၂:၂၈-၂၉) ခမည်းတော်ဘုရားက သားတော် ထံ စကား ပြောသောအခါ၊ လူများက နားမလည် ကြချေ။ မိုဃ်းချုန်းသည် ဟူ၍၎င်း၊ ကောင်းကင်တမန်က စကားပြောသည် ဟူ၍၎င်း၊ ပြော ကြသည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ စကားကို နားမလည် နိုင်ချေ။
“ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ် အနည်းနည်း ဗျာဒိတ်ပေး ( စကား ပြော)တော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလ အခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်တော် ပေး( စကား ပြော)တော်မူပြီ။” (ဟေဗြဲ ၁:၁) ခရစ်တော် ဤလောကသို့ ဆင်းကြွလာခြင်း၏ အကြောင်းရင်းတခုသည်၊ လူသားများကို စကားပြောဘို့ရန် ဖြစ်သည်။
“အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်က ပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။” (ယော ၁:၁-၂) “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည် ဖြစ်၍၊ ခမည်းတော်၌ တပါး တည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ယော ၁:၁၄)
ဘုရားသခင်၏ စကားကို လူများက နားမလည် နိုင်သောအခါ၊ နောက်ဆုံး၌ သားတော် ယေရှုကို စေလွှတ်၍ လူများကို သူ၏ အလိုတော် ဘော်ပြစေသည်။ သို့သော် ယေရှု၏ စကားကို ယုဒလူများက နားမလည်ကြောင်း ဤသို့ တွေ့ရသည်၊ “အဘယ်ကြောင့် ငါ့စကားကို နားမလည် ကြသနည်း။ ငါ၏ ဒေသနာကို နားမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည် ကြ။” (ယော ၈:၄၃) အဘယ်ကြောင့် နားမလည်ကြသနည်း။ ယေရှုက၊ “ငါသည် သမ္မာတရား ( သစ္စာ စကား)ကို ပြောသောကြောင့် သင်တို့ မယုံကြ။ ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူ ဘော်ပြသနည်း။ သမ္မာတရား ( သစ္စာ စကား)ကို ငါပြောသည် မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။ ဘုရားသခင်နှင့် စပ်ဆိုင်သောသူသည် ဘုရားသခင်၏ စကားတော်ကို နားထောင် တတ်၏။ သင်တို့သည် ဘုရားသခင်နှင့် မစပ်ဆိုင်သောကြောင့် နားမထောင် ကြဟု မိန့်တော်မူ၏။” (ယော ၈:၄၅-၄ရ)။ သခင်ယေရှုနှင့် စပ်ဆိုင်သောသူများ ကသာလျှင် သူ၏ စကားကို နားလည်သည်။ သို့ဖြစ်လျှင် သင်သည် သခင်ယေရှု၏ စကားများကို နားလည်နိုင်ပါသလော။ နားမလည်လျှင် ခရစ္စမတ်ပွဲ ကျင်းပနေသော်လည်း အဓိပ္ပါယ်မရှိချေ။ ဘုရား စကား နားလည်ဘို့ရန်သူနှင့် စပ်ဆိုင်ဘို့ လိုသည်။
လူများ၏အပြစ်ကိုယူဆောင်သွားဘို့
အပြစ်တင်ပိုင်လွှတ်ပိုင်သောသူသည် ဘုရားသခင် သာလျှင် ဖြစ်သည်။ အကြောင်းမှာ သူသည် တရားသူကြီး ဖြစ်သောကြောင့် ဖြစ်သည် (ဟေရှာယ ၃၃:၂၂)။ ထို့ကြောင့်၊ “ထာဝရဘုရား အပြစ်တင်တော်မူခြင်းမှ ကင်းလွတ် မှသာလျှင်မင်္လာရှိသည်” (ဆာလံ ၃၂:၁)ဟု ဆာ လံဆရာကဆိုခြင်း ဖြစ်သည်။ ထောင်ထဲရှိအကျဉ်းသား များသည် တရားသူကြီး များကချခြင်း ဖြစ်သည်။ ထောင်အပြင်ဘက်မှာနေသော သင်နှင့် ကျွန်ုပ်သည် တရားသူ ကြီးများကအပြစ် မမြင်၊ အပြစ် မတင်သောကြောင့် ဖြစ်သည်။ ထာဝရဘုရားက နှစ်စဉ်ထေးစရေးလ (သတင်း ကျွတ်လ)တွင် ဣသရေလ လူများ၏ အပြစ်နှင့် ပတ်သက်၍ ဤသို့ စီရင်လေ့ရှိသည်၊ “ထိုသို့ သန့်ရှင်းရာ ဌာနတော် အဘို့၊ ပရိသတ်စည်းဝေးရာ တဲတော် အဘို့၊ ယဇ်ပလ္လင်အဘို့ အပြစ် ဖြေခြင်းကို ပြီးစီးပြီးမှ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည်။ ၂၁ အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလ အမျိုးသား တို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသော အပြစ် အမျိုးမျိုးရှိသမျှ တို့ကို ဘော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော် လျော်သော လူတွင် တောသို့ စေလွှတ်ရမည်။ ၂၂ သူတို့ အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည်။” (ဝတ်ပြုရာ ၁၆:၂၀-၂၂) ထိုအရာသည် အရိပ် ဖြစ်သည်။
ပရောဖက် ဟေရှာယကလည်း၊ “ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွား ကြသည် ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်တင်တော်မူ၏၊၊ ” (ဟေရှာယ ၅၃:၆) ဟုဆိုသည်။ ငါတို့ ရှိသမျှ ဟုဆိုသောကြောင့် သင်နှင့် ကျွန်ုပ်လည်း ပါဝင်သည်။ သိုးကဲ့သို့ လမ်းလွှဲသည် ဟုဆိုသည်။ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည် ဟုဆိုသည်။ ဘုရား လမ်း၊ ဘုရား အလိုတော်သို့ မလိုက်ဘဲ၊ ကိုယ့်လမ်းလိုက် ကြသည်။ ထိုအရာသည် အပြစ် ဖြစ်သည်။ ထိုအပြစ်များကို ဘုရားသခင်က သူ တည်းဟူသော ယေရှုခရစ် အတော် အပေါ်၌ တင်ထားသည်။ ယေရှုခရစ် ကအပြစ် ယူတင်ဆောင်ရွက်သွားမည့် အရာကို ကြိုပြောထားခြင်း ဖြစ်သည်။ ထိုအရာနှင့် ပတ်သက်၍ ဗတ္တိဇံယောဟန်၏ အမြင်ကို တမန်တော် ယောဟန်က ဤသို့ ရေးထားသည်၊ “နက်ဖြန်နေ့၌ ယေရှု ကြလာတော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသ ငယ်ကို ကြည့်လော့။” (ယော ၁:၂၉) ဗတ္တိဇံ ယောဟန်သည် လူများ ကဲ့သို့ မမြင်၊ ဘုရား၏ အမြင် တိုင်မြင်သောကြောင့် ယေရှုသည် ဤလောက၏ အပြစ်ကို ဆောင်သွားသည် ဟုဆိုသည်။ ရှင် ပေါလုကလည်း၊ “အဘယ်ကြောင့် နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်း တည်း။” (၂ ကော ၅:၂၁)ဟု ရှင်းပြရေးသား ထားသည်။ အပြစ်နှင့် ကင်းစင်သောသူသည် ယေရှု ဖြစ်သည်။ ဘုရားသခင်က ယေရှုကို ငါတို့အတွက် ကြောင့် အပြစ်သား ဖြစ်စေသည်။ အကြောင်းမှာ ငါတို့သည် ယေရှုအားဖြင့် ဘုရား အမြင်၌ ဖြောင့်မတ်သောသူ ဖြစ်ဘို့ရန် ဖြစ်သည်။ ယခုနှစ်ခရစ္စမတ်အ ချိန်တွင် သင်၏ အပြစ်များကို ယေရှု ကယူတင်ဆောင်ရွက်သွားပြီး ဖြစ်သောကြောင့် ထိုအရာကို ယုံကြည်ခြင်းအားဖြင့် သင်သည် ဘုရား အမြင်၌ ဖြောင့်မတ်သောသူ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။
ထာဝရအသက်ပေးဘို့
လူသည် မတည်မြဲသော ကိုယ်ခန္ဓာအသက်ကိုသာလျှင် သိ၍၊ အလွန် တန်ဘိုး ထားသည်။ ယာယီအသက်ကို တည်မြဲဘို့ရန် ကြိုးစား ကြသည်။ ခန္ဓာအသက် သေမှာကို အလွန် ကြောက် ကြသည်။ ခန္ဓာအသက် သေမည့် အရာမှ ကယ်တင်နိုင်သောသူများကို အလွန် ကျေးဇူးတင် တတ်သည်။ သို့သော် ယာယီ ဖြစ်သော ခန္ဓာအသက်သည် မည်မျှပင်စောင့်ရှောက်သော်လည်း အနှစ် ခုနစ်ဆယ်၊ ရှစ်ဆယ်သာလျှင် ရှင်ကြရမည် ဖြစ်သည်။ သို့သော် ထာဝရ တည်တန့်မည့် အသက်ကိုမူ မသိသောကြောင့် တန်ဘိုး မထား၊ ရရှိဘို့ရန်လည်း ဆန္ဒမရှိကြချေ။သို့ ဖန်ဆင်းရှင်ဘုရားသခင်က လူသားများကို ထာဝရ အသက် ပေးကြောင်း ဤသို့ ရေးထားသည်၊ “ဘုရားသခင်သည် ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော် မရသောသူမူကား အသက်ကို မရ။” (၁ ယော ၅:၁၁-၁၂) ခရစ်တော် ဤလောကသို့ ဆင်းကြွလာခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ၊ လူသားများကို ထာဝရ အသက်ပေးဘို့ရန် ဖြစ်သည်။ သင်သည် ထာဝရ အသက် ရရှိပြီး ပြီလား။ မရရှိသေးလျှင် သင်၏ ကိုယ်ခန္ဓာသေသောအခါ သင်၏ ဝိညာဉ်သည် မီးငရဲ ထဲဆင်းသွားမည် ဖြစ်သည်။ ထို့ကြောင့် ထာဝရ အသက်ကို သင်၏ ကိုယ်ခန္ဓာမသေမှီရရှိစေချင်သည်။
ထာဝရ အသက်သည် အကျင့်ကောင်းခြင်း၊ ကုသိုလ်ပြုခြင်း၊ ဘာသာတရား၌ ကြိုးစားအား ထုတ်ခြင်း၊ တရားကျင့်ခြင်း၌ မရှိပါ။ သခင်ယေရှု၌ သာလျှင် ရှိသည်။ ယေရှုက၊ “ငါသည် အသက် ဖြစ်၏” (ယော ၁၄:၆) ဟုဆိုထားပါသည်။ ထာဝရ အသက် ဖြစ်သော ယေရှုက သင်၏ အထဲဝင်ဘို့ရန် ဤသို့ ဆိုသည်၊ “ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။” ( ဗျာဒိတ် ၃:၂၀) ယေရသည် သင်၏ စိတ်နှလုံးတံခါးရှေ့မှာ ရပ်၍ ဝင်ဘို့ရန် ခေါက်နေသည်။ သင်သည် သူ့ကို ဝင်ခွင့်ပေးပါက သင်၏ စိတ်နှလုံးထဲ၌ ဝင်၍ သင်နှင့် မိဿဟာယဖွဲ့မည် ဖြစ်သည်။ မည်ကဲ့သို့ ဖွင့်၍ ဝင်ခွင့်ပေးမည်နည်း။ ဤသို့ ဆိုတောင်းခြင်းဖြင့် ဝင်ခွင့်ပေးနိုင်သည်။ သခင်ယေရှု ဘုရား၊ ကျွန်ုပ်၏ စိတ်နှလုံးတံခါးဖွင့်ပါ ပြီ။ ကိုယ်တော် ပြောသည့်အတိုင်း ကျွန်ုပ်၏ စိတ်နှလုံးအထဲ၌ ဝင်တော်မူပါ။ ကျွန်ုပ်၏ အသက်တာကို အလိုတော် ရှိသည့်အတိုင်း အုပ်စိုးတော်မူပါ။ အာမင်။ သင်သည် အမှန်တကယ် စိတ်ရင်းဖြင့် ထိုသို့ ဘိတ်ခေါ်ပါက၊ သူသည် သင်၏ အထဲ၌ ဝင်ပါပြီ။ သူသည် တံခါးခေါက်ပြီးမှဝင်ခွင့်ပေးသောအခါ မဝင်ဘဲ ပြေးသွားမည် မဟုတ်၊ ဂတိတော် အတိုင်း ဝင်မည် ဖြစ်သည်။ ထိုသို့ ဝင်လျှင် သင်သည် သခင်ယေရှုကို ရရှိပြီ။ ထာဝရ အသက်လည်းရရှိပြီ။
သခင်ယေရှုသည် သင်၏ အထဲ၌ ဝင်သောအခါ၊ ခံစားချက် ရှိနိုင်သည်။ မရှိဘဲလည်း ဖြစ်နိုင်သည်။ ခံစားချက် အားဖြင့် သူဝင်မဝင်ကို မတိုင်းရပါ။ သူ၏ ဂတိတော် နှုတ်ကပတ်တော်အားဖြင့် စိတ်ချဘို့ ဖြစ်သည်။ ထမင်းမျိုသောအခါ လည်ချောင်းအောက်ပိုင်း၌ ခံစားချက် မရှိတော့ပါ။ နှာခေါင်းမှာလေရှုသောအခါ၌လည်း ကိုယ်ခန္ဓာ၌ အောက်ဆီဂျင်သည် လက်ချောင်းများ ခြေချောင်းများ အထိ ရောက်ရှိသွားသည်။ သို့သော် ခံစားချက် မရှိပါ။ ထို့ကြောင့် ယေရှုနှင့် ပတ်သက်လာလျှင် အာရုံငါးပါးဖြင့် သိဘို့ မဟုတ်ပါ။ အချို့သောသူများ ကဘုရားနှင့် ပတ်သက်သော အရာများကို အာရုံငါးပါးတည်း ဟူသော၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ အရေခွံများအားဖြင့် သိဘို့ သင်ပေးကြသောကြောင့် ဒုက္ခ ရောက်သွားတတ်ကြသည်။ ဘုရားကို အာရုံငါးပါးဖြင့် မသိနိုင်ပါ။ ယုံကြည်ခြင်းအားဖြင့်သာလျှင် သိရှိနိုင်သည်။
.
ကမ္ဘာ့ အခြေအနေ
ယခုအခါ ကမ္ဘာ့ အခြေအနေသည် လုံးဝ ပြောင်းလဲနေပြီ ဖြစ်သည်။ ကျမ်းစာ၌ ဖေါ်ပြထားသည့်အတိုင်း တကမ္ဘာလုံး၌ ပြသနာ ပေါင်း များစွာ တွေ့ကြုံခံစား နေကြသည်။ ထိုအရာများ ထဲမှအချို့ကို ဖေါ်ပြလိုပါသည်။
မတရားမှုများပြားခြင်း
“မတရားသောအမှု တို့သည်များပြားသဖြင့် အများသော သူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါး လိမ့်မည်။” (မ ၂၄:၁၂) ယခုအခါ ကမ္ဘာတဝှမ်း၌ မတရားမှုများ တနေ့တခြား များပြားနေသည်။ သတင်း မီဒီယာများလည်း မမှန်မကန်သတင်း ပေးပို့ခြင်း၊ ကန့်သတ်ချုပ်ချယ်ခြင်းများကြောင့် ယုံကြည်ဘို့ ခက်ခဲလာသည်။ တိုင်းနိုင်ငံများကို သတင်း မီဒီယာများ ကချယ်လှယ်အုပ်ချုပ်လာသည်။ မတရားမှုများပြားလာသောကြောင့် မေတ္တာ ခေါင်းပါး လာသည်။
စစ်မက်ဖြစ်ပွားမည့်အရာ
“သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်း စကားကို၎င်းကြားရကြလိမ့်မည်၊ သို့သော်လည်း စိုးရိမ် တုန် လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှု အရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။ ၇ လူတမျိုးနှင့် တမျိုးတနိုင်ငံနှင့် တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။” (မ ၂၄:၆ -ရ)
လူအများစုသည်ကိုယ် ပြသနာနှင့် ကိုယ်ရှိ နေကြစဉ်တွင် ကမ္ဘာ့ ခေါင်းဆောင် များသည် တနိုင်ငံနှင့် တနိုင်ငံ စစ်တိုက်မည့် အရာများ ကြံ စည် နေကြသည်။ တရုတ်ပြည်သည် တိုင်ဝမ်ကျွန်းကို တိုက်ခိုက် သိမ်းပိုက်ဘို့ ကြံစည်၍ စစ်ရေးလေ့ကျင့်နေသည်။ အမေရိကန်နှင့် အခြားနိုင်ငံများကတိုင်ဝမ်းနိုင်ငံကို ကာကွယ်မည် ဟုဆိုကြသောကြောင့် မတိုက် ဖြစ်သေးချေ။ ရုရှားနိုင်ငံလည်း ယူကရိမ်းနိုင်ငံနယ်စပ်တွင် စစ်သား အမြောက်အများကို ပို့ကာစစ် ဖြစ်မည့် အကြံရှိနေသည်။ အမေရိကန်နှင့် နေတိုးနိုင်ငံများ ကယူကရိန်းနိုင်ငံကို ကူညီမည် ဟုဆိုသောကြောင့် မတိုက် ဖြစ်ဘဲ ရှိနေသည်။ အစ္စရေးနိုင်ငံလည်း အနုမြူဗုံး ပြုလုပ်ပြီး သူ့ကို တိုက်ခိုက်ဘို့ ကြံရွယ်နေသော အီရန်နိုင်ငံကို တိုက်ခိုက်ဘို့ ကြိမ်းဝါးနေသည်။ မြန်မာနိုင်ငံတွင်လည်း စစ်တပ်နှင့် ပြည် သူ့ကာကွယ်ရေးတပ်များ နေ့တိုင်း တိုက်ခိုက် နေကြသည်။ ထိုအရာများသည် ခရစ်တော် ကပြောခဲ့သော အရာများ ပြည့်စုံခြင်း ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ တိုက်မည့်စစ်များ၏ ရှေ့ပြေးသတင်းများဖြစ်သည်။
ကာလနာများပြားခြင်း
“အရပ်ရပ်တို့၌ အစာ ခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီး လှုပ်ခြင်း တို့သည် ဖြစ်ကြလိမ့်မည်။” (မ ၂၄:ရ) ယခုအခါ တရုတ် ပြည် မှစသော ကာလနာသည် ကမ္ဘာတဝှမ်းလုံး၌ ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်၍ ပုံစံ အမျိုးမျိုးဖြင့် ပြန့်နှံ့နေဆဲ ဖြစ်သည်။ ၂၀၂၁ နိုဝဘ်ာလ ၂၈နေ့ မှသတင်း အရ ဥရောပနိုင်ငံများ တွင်ကို ဗစ်ကာကွယ်ဆေးထိုးခြင်းကြောင့် သေသူပေါင်း ၃၁၀၁၄ ယောက်၊ ဒါဏ်ရာ ရသူပေါင်း ၂၈၉၀၆၀၀ ဦး၊ ထိုအထဲမှတဝက်သည် ပြင်းထန်စွာ ခံစားရကြသည်။ ကာကွယ်ဆေးထိုးပြီး သူများ အနေဖြင့် မိမိတို့သည် ရောဂါမကူး ဆက်နိုင် တော့ဟု စိတ်ချလက်ချ နေကြသည်။ သို့သော် ကာကွယ်ဆေးထိုး ပြီးသောသူများလည်း များစွာ သေကြပြီ။ အောက်၌ ကွယ်ဆေး ထိုးပြီး သေသွားသော ဆရာဝန်များ၏ ဓါတ်ပုံများကို ဖေါ်ပြပါသည်။
ကာကွယ်ဆေးထိုးသောကြောင့် သေဆုံးသွားသော ဆရာဝန်များ၏ ဓါတ်ပုံ
ကာကွယ်ဆေးထိုးခြင်းကြောင့် သေသွားကြသော အသက် ငယ်ရွယ်သော လူငယ်များ
.
ကျေးဇူးတော်ချီးမွမ်းခြင်း
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၂၁ ကုန်သည့်လအထိ အသက်ရှင်သွားလာလှုပ်ရှားခွင့်ရရှိ ကြသည်။ ခရစ်တော် ကြွလာခါ နီးလေလေ၊ ဘေးဒဏ်ကာလနှင့် နီးလေလေ ဖြစ်သည်။ ထို့ကြောင့် လူမှု ဒုက္ခ အမျိုးစုံရင်ဆိုင်တွေ့ကြုံခံစားရကြသည်။ ရောဂါကြောင့်လူစုလူဝေး ကန့်သတ်ခြင်း၊ အလုပ်အကိုင်များ နည်းသွားခြင်း၊ အလွန်များလာခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း အမျိုးစုံ ဖြစ်နေသည်။ ထိုအထဲမှပျောက်ဆုံး ဝိညာဉ်များကယ်တင်ခြင်းသည် အလွန် လိုအပ်နေသည်။ ယခုအခါ အမှုတော်ဆောင်များသာမက ယုံကြည်သူများလည်း ပျောက်ဆုံးဝိညာဉ် ဖမ်း နေသူများရှိလာသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ ယခင်၌ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းသည် ဧဝံဂေလိ ဆရာများ၏ အလုပ်ဟု ထင်ကြသော်လည်း ယခုအခါ ယုံကြည်သူများကိုယ်တိုင်လုပ် နေကြပြီ။ ယခင်၌ ဝိညာဉ် ဖမ်းဘို့ တပတ်သင်တန်းများ ပြုလုပ် တတ်ကြသော်လည်း ယခုအ ခါနေ့တိုင်း၊ တကြိမ်မှငါးကြိမ်အထိ တနှစ်ပတ်လုံးလုပ်ဆောင် နေကြပြီ ဖြစ်သည်။ ထို့ကြောင့် တမန်တော် ဝတ္တုထဲမှ တမန်တော်များနေ့တိုင်း နှုတ် ကပတ်တော် ဝေငှခြင်း၊ ဆုတောင်းခြင်း ဟူသော အရာများကို ဖတ်ရှုခြင်းသာ မဟုတ်တော့ဘဲ၊ ထိုအသက်တာဖြင့် အသက်ရှင်လာနိုင် ကြသည်။ တမန်တော်ခေတ် ယုံကြည်သူများသည် အလွန် ဝမ်းမြောက် ကြ သကဲ့သို့ ယခု ယုံကြည်သူများလည်း၊ နေ့တိုင်း ကျမ်းစာ သင်ပေးခြင်း၊ ဆုတောင်းခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ ဝိညာဉ်များကယ်တင်ခြင်းသို့ ရောက်ခြင်းများကြောင့် အလွန် ဝမ်းမြောက်လာ ကြသည်။ သို့သော် ထိုသို့ လုပ်သောသူ များသည်ယောက် ငါးဆယ်ပတ်ဝန်းကျင်လောက်သာရှိ သေးသောကြောင့်၊ အခြား ယုံကြည်သူများလည်း ပါဝင်ဘို့ ဘိတ်ခေါ်လိုပါသည်။ လုပ် တတ်ရန်လည်း သင်ပေးနေပါသည်။ ထိုသို့ လုပ်ဆောင်နေသောသူများကို ဆက်သွယ်နိုင်ပါသည်။
၂၀၂၀ ခုနှစ်အတွင်း၌ အမှုတော်ဆောင်သင်တန်း ပြုလုပ်ခြင်းကို ရပ်တန့်သွားသော်လည်း၊ ၂၀၂၁ နှစ်အတွင်း သုံးကြိမ် ပြုလုပ် လာနိုင်ပါသည်။ ယခင်နှစ်များ၌ အင်ဒီယားနား၌သာ ပြုလုပ် တတ်သော်လည်း၊ ယခုနှစ်မှစ၍ သာသနာ ပြု အသင်းတော်များဖြစ်သော အော်စတင်၊ အော် တွမ်ဝါ၊ ကင်းဆပ်မြို့များ၌ ပြုလာနိုင်ကြပြီ ဖြစ်သည်။ ထိုသို့ သင်တန်းများကို ဧည့်ခံကျွေးမွေးသော အသင်းတော် များသည် ဝန်ထုတ်ဝန်ပိုးမရှိ၊ ပေါ့ ပါးစွာ ပြုလုပ် နိုင် ကြသည်။ ဘုရားသခင်ကို အားကိုး လာတတ်ကြသည်။ ခရစ်တော်၏ ပေါ့ပါးသော ဝန်ကို ထမ်းချင်၊ ထမ်းတတ်လာ ကြသည်။ ဘုရား၏ အမှုတော်ကို ဘုရား၏ တန်ခိုး၊ ဝိညာဉ်တော်အားဖြင့် ဆောင်ရွက် လာတတ်ကြသည်။ ပျောက်ဆုံးဝိညာဉ်များကို ဖမ်းတတ်၊ ဖမ်းချင်လာ ကြသည်။ ဝိညာဉ် သားသမီးများကိုလည်း ဂရုစိုက်ပြုစုပျိုးထောင် လာတတ်ကြသည်။ ဘုရား၏ လက်တော် လှုပ်ရှားခြင်းကို နေ့စဉ် တွေ့မြင်လာ ကြသည်။ အချင်းချင်းလည်း ချစ်ကြဘို့ ပြောစရာ မလိုချစ်လာ ကြသည်။ လောကကို မချစ်ဘို့များများ ပြောစရာ မလိုဘဲလောကအရာများကို ရှောင်ကာ၊ ဝိညာဉ်ရေးရာ၌ အချိန် အများဆုံး အသုံးပြုလာနိုင် ကြသည်။ ပြုတော်မူသော ဘုရား၏ ကျေးဇူးတော်များကို ရေတွက်၍ မကုန်မ ဆုံးနိုင်ပါ။ စာရှုသူကိုယ်တိုင်လည်း ထိုသို့ ဘုရား အားကိုး ခြင်းအားဖြင့် အမှုတော်ဆောင်သောသူ ဖြစ်နိုင်ဘို့ ဘုရားရှင်က ဝိညာဉ် မျက်စိိများ မြင် နိုင်သော အခွင့် ပေးတော်မူပါစေသော်။
.
သတင်းကောင်းမီဒီယာဌါန
အမေရိကန်ပြည် ထောင်စုအင်ဒီယားနားပိုလစ်သတင်းကောင်း နှစ်ခြင်း အသင်းတော်မှ ကယ်တင်ခြင်းနှင့် သမ္မာတရား သတင်းကောင်းများကို ထုတ်ဝေဖြန့်ဖြိုးအသံလွှင့်နေပါသည်။ အောက်ပါဝက်ဆိုက်များတွင် ဖတ်ရှု နားထောင် ရှုစားနိုင်ပါသည်။
Website............gbcusa.org (Burmese) and gbcusa.net (International)
Youtube............gbc.in
Facebook...........Gospel Baptist Church of Indianapolis
.
သတင်းတိုထွာ
တနင်္လာနေ့တိုင်းသာသနာပြုအမှုတော်ဆောင်များ zoom fellowship ပြုလုပ်ကြစဉ်