Periodical: Good News, December 2009

Home   >   Periodicals    >    gn122009

GN122009

DECEMBER, 2009

GOOD NEWS PERIODICAL

.

မာတိကာ

  • အမှာစာ
  • ခရစ္စမတ်
  • ကျမ်းစာ လေ့လာခြင်း
  • ယေရုရှလင်မြို့နှင့် ပတ်သက်၍
  • အချိန် မရှိတော့ပါ
  • အသင်းများ
  • ရနိင်သော စာပေနှင့် စီဒီ၊ ဒီဗီဒီများ
    .

    အမှာစာ

    ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် နှစ်၏ နောက်ဆုံးလ ဖြစ်သော ဒီဇဘ်ာလတိုင်အောင် အသက်ရှင်လှုပ်ရှားသွားလာခွင့်နှင့် ကောင်းကြီး မင်္လာအ မျိုးမျိုးကို ခံစားရကြသည်။ ယခုနှစ်အတွင်း ဘုရားသခင်၏ ကောင်းကြီး မင်္လာခံစားသောသူများရှိသလိုဒုက္ခ ဆင်းရဲ အမျိုးမျိုး ခံစားသော သူများလည်းရှိကြပေလိမ့်မည်။ ယခုနှစ်အတွင်း ချစ် သူများနှင့် ခွဲခွါရသောသူများရှိသလိုချစ် သူများနှင့် ပေါင်း ဖေါ်ရသောသူများလည်းရှိပေမည်။ မည်သို့ ပင်ရှိစေကာမူတနှစ်ကုန်လွန်သွားခဲ့ ပြန်ပြီ။ သို့ဖြစ်၍ တနှစ်အတွင်း ခံစားရသော ကောင်းကြီး မင်္လာများကို ရေတွက် ကာ ဘုရားသခင်အား ကျေးဇူးတော် ချီးမွမ်းစေချင်သည်။

    နှစ်ဟောင်းကုန်လွန်သည်နှင့် အမျှနှစ်သစ်ရောက်လာတော့မည် ဖြစ်သည်။ လူတိုင်း ကနှစ်သစ်ကို အားရစွာ ကြိုဆိုကြမည် ဖြစ်သည်။ နှစ်လရက်များ ကုန် လွန်သည်နှင့် အမျှလူတိုင်း အသက်ကြီး လာသည်။ ကယ်တင်ရှင် ခရစ်တော် ကြွလာ၍ အသင်းတော် သိမ်းဆည်းဘို့ရန်လည်း ပို၍ ပို၍ နီးလာပြီ။ ချီဆောင်ခြင်း၌ ပါဝင် မည့်သူများအနေဖြင့် မင်္လာရှိသော မျှော်လင့်ခြင်းရှိသောကြောင့် ဝမ်းမြောက် စ ရာပင်။ သို့သော် ကယ်တင်ခြင်းသို့ မရောက်သောသူများ၊ ဒုတိယအကြိမ် ဝိညာဉ်ပိုင်း၌ မမွေးသောသူများ အတွက်မူ ချီဆောင်ခြင်း၌ ပါဝင်မှာ မဟုတ်သောကြောင့် အလွန် ဝမ်းနည်းစရာ၊ အလွန် ကြောက်စရာပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်က အသင်းတော်ကို သိမ်းဆည်းပြီးသော နောက်ဘေးဒဏ်ကြီးကာလ ခုနှစ်နှစ်ရောက်မည် ဖြစ်သည်။ ထိုကာလ၌ စစ်တိုက်ခြင်း၊ အစာ ခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ သဘာဝ ဘေးအန္တရာယ်များကျရောက်ခြင်း၊ လူလူ ချင်းမုန်းတီးခြင်းများကြောင့် ဤလောက ကြီးသည် အလွန်ပင် ကြောက်စရာ ကောင်းသော နေရာ ဖြစ်ပေမည်။ ဘုရားသခင်၏ အမျက်တော်လောင်းသောအချိန် ဖြစ်မည်။ အဘယ်သူမျှ ခံရပ်နိင်မည် မဟုတ်။

    ထိုဘေးဒဏ်ကြီး ကာလ၌ ကယ်တင်ခြင်းသို့ ရောက်လိုလျှင် လည်ပင်းဖြတ် ခံနိင်မှသာလျှင်ရရှိမည် ဖြစ်သည်။ ထို့အပြင် အစာငတ်ခံဘို့ လိုလိမ့်မည်။ အကြောင်းမူကား ထိုကာလ၌ အန္တီခရစ်က တကမ္ဘာလုံးကို အုပ်ချုပ်၍ လူတိုင်းကို လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ ၆၆၆ တံဆိပ်ခပ်မည် ဖြစ်သည်။ ထိုတံဆိပ်မခပ်သောသူသည် ရောင်းဝယ်၍ ရမည် မဟုတ်။ ထို့ကြောင့် အစာငတ်ခံပြီး သေဘို့ လိုလိမ့်မည်။ ထိုတံဆိပ်ခပ်လိုက်ပါက ကယ်တင်ခြင်း ဆုံးရှုံးမည် ဖြစ်သည်။ ထို့ကြောင့် ထိုကာလ၌ မည်သူမျှမရောက်ကောင်း။ သို့သော် အလွန် ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုအရာများကို မသိသောကြောင့်၎င်း၊ သိသော်လည်း ဂရုမစိုက်သောကြောင့်သော်၎င်း၊ မလိုအပ်ဘဲ ဘေးဒုက္ခ ခံရကြမည် ဖြစ်သည်။ သို့သော် ဘေးဒဏ်ကြီးကာလ အတွင်း လည်ပင်းဖြတ်ခံ၍ ကယ်တင်ခြင်းသို့ ပြန်လည်ရောက်ရှိပါက တော် သေးသည်။ သို့သော် ကယ်တင်ခြင်းသို့ မရောက်တော့ဘဲ ငရဲမီးအိုင် ထဲသို့ ဆင်းသွား မည့်သူ များသည် ထာဝရ ကာလ ပတ်လုံးအံသွားခဲကြိတ်လျက် ဒုက္ခ ခံမည် ဖြစ်သောကြောင့် မမွေးလျှင် သာ၍ ကောင်းသည်။ ထိုသို့ မမွေးလျှင် သာ၍ ကောင်းမည့်သူများအထဲ၌ မပါဘဲ မွေးရကျိုးနပ်စေရန် ဘုရားသခင်က အခမဲ့ပေးထားသော ထာဝရ အသက်ကို ယခု လက်ခံဘို့ရန် တိုက်တွန်းလိုပါသည်။

    ကျမ်းစာ ကထာဝရ အသက်သည် ဘုရားသခင်က အခမဲ့လက်ဆောင်အဖြစ် ပေးထားသည် ဟုဆိုသည်။ ထိုလက်ဆောင်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံဘို့ သာလျှင် လိုအပ်သည်။ ထိုထာဝရ အသက်ကို မိတ်ဆွေ မရရှိသေးပါက အချိန် မနှောင်းမှီ အမြန်ဆုံး လက်ခံဘို့ တိုက်တွန်းလိုပါသည်။အချိန် ရှိသေးသည် ဟူ၍ မပေါ့ ဆပါနှင့်။ မယုံဘဲလည်း မနေပါနှင့်။ မိတ်ဆွေ၏ အသက်သည် မိတ်ဆွေ မပိုင်။ ဘုရားသခင်လက်ထဲ၌ ရှိသောကြောင့် မိတ်ဆွေ၏ အသက် မရုပ်သိမ်းမှီ ဘုရားသခင် ပေးထားသော အသက်ကို ရယူပါ။

    .

    ခရစ္စမတ်

    ဒီဇဘ်ာလရောက်လေတိုင်း ခရစ္စမတ်ရာသီဟု လူတိုင်း ကသိ ကြသည်။ ခရစ်ယာန် နိင်ငံ မဟုတ်သော ဂျပန်ပြည်၌ ပင်လျှင် စတိုးဆိုင်များ၌ ခရစ္စမတ်တေးများ ကြားနိင်သည်။ အမေရိကန် ပြည်၌ ဒီဇဘ်ာလရောက်လာလျှင် အိမ်တော် တော်များများ၌ ရောင်စုံလျှပ်စစ် မီးများဖြင့် အိမ်ပြင်ပကို ဆင် ကြသည်။ ထိုသို့ အိမ်များကို ပြင်ဆင်သည်နှင့်အမျှ ခရစ္စမတ်နှင့် မဆိုင်သော အရာများလည်း ပြုလုပ် ကြသည်။ ထိုအရာများမှာ ခရစ်တော်ထက် စန်တာကလော့ကို၎င်း၊ ကောင်းကင်တမန် များထက် နှာခေါင်းနီ သမင်ကို၎င်း၊ ခရစ်တော် လူ့ဇာတိခံယူခြင်း၏ အကြောင်းထက် အစားအသောက် များကို၎င်း၊ ဦးစားပေး ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ ကောင်းကြီးခံစား သင့်သည့်အတိုင်း မခံစား ကြချေ။

    ခရစ္စမတ်သည် ခရစ်တော်၏ မွေးနေ့အတွက် ပွဲလုပ်ခြင်း ဖြစ်သည်။ မွေး နေ့ပွဲလုပ်သောအခါ မွေးနေ့ရှင်သည် အရေးကြီးဆုံး ဖြစ်သည်။ သို့သော် စာတန်၏ လှည့်ဖျားမှုကြောင့် ခရစ္စမတ်နေ့၌ ခရစ်တော်ထက် အခြားအရာများကို အလေး ထား၍ ခရစ်တော်ကို သတိမရကြ။ ခရစ်တော် အကြောင်း ပြောသောအခါ၌လည်း ခရစ်တော် အဘယ့်ကြောင့် ဤလောကသို့ ကြွလာသနည်းဟူသောအရာထက် မည်ကဲ့သို့ ကြွလာသနည်းဟူသောအရာကိုသာ နှစ်တိုင်း ထပ်ခါတလဲလဲပြော တတ်ကြသည်။ ခရစ်တော် မည်ကဲ့သို့ လူ့ဇာတိခံသည်ကို သိသင့်ပါသည်။ သို့သော် ထိုထက် အရေးကြီးသောအရာမှာ ခရစ်တော်သည် မည်သည့်အရာအ တွက်ကြွလာသနည်းဟူသောအရာ၊ သူကြွလာရခြင်း၏ အကြောင်းရင်းကို သိ၍ အကျိုးခံစားဘို့ လိုအပ်သည်။ ထိုအရာများကို လေ့လာကြစို့။ ခရစ်တော် ကြွလာ ရခြင်း အကြောင်းရင်းများသည် အလွန် များသည်။ ထိုအရာများ ထဲမှအချို့ကို ဖေါ် ပြရလျှင်။

    လူများကို စကားပြောဘို့
    သမ္မာကျမ်းစာ၌ ဤသို့ တွေ့ရသည် -ရှေးလွန်လေပြီးသောအခါ ပရောဖက် များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလ အခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်တော် ပေးတော်မူပြီ။ (ဟေ ၁:၁) ဗျာဒိတ်ပေးခြင်း ဆိုသည်မှာ စကားပြောခြင်း ဖြစ်သည်။ ဓမ္မဟောင်းကာလ၌ ဘုရားသခင်သည် လူသားများကို ပရောဖက် အားဖြင့်သော်၎င်း၊ အိပ်မက်ရူပါရုံအားဖြင့်သော်၎င်း၊ အသံတော် အားဖြင့်၎င်း၊ ကောင်းကင်တမန် များအားဖြင့်သော်၎င်း စကား ပြောတတ်သည်။ သို့သော် နောက်ဆုံး၌ သူ့သားတော်အားဖြင့် စကားပြောသည်။ တမန်တော် ယောဟန်က ခရစ်တော်ကို နှုတ်ကပတ်တော် (ယော ၁:၁)ဟု ခေါ်သည်။ ထို့ကြောင့် ခရစ်တော် ပြောသမျှသောအရာသည် ဘုရားသခင် ပြောသောအရာ ဖြစ်သည်။ ​ကျွန်ပ်တို့သည် ခရစ်တော် မတွေ့ရတော့သော်လည်း ကျမ်းစာ၌ သူပြောသော အရာများကို ဖတ်ခြင်းအားဖြင့် သူပြောသော အရာများကို နားလည်နိင်သည်။ ထို့ကြောင့် ကျမ်းစာဖတ်ခြင်းသည် အလွန် အရေးကြီး ပေသည်။ ပညာရှိများ၊ နာမည်ကြီးသောသူများ၊ ခေါင်းဆောင်များကို ကိုယ်တိုင် တွေ့၍ စ ကား ပြောလိုတတ်ကြသည်။ သို့သော် ထိုသူများထက် ဘုရားသခင်နှင့် စကားပြောခြင်းသည် အတိုင်းထက် မကလိုချင် တောင့်တသင့်သည်။

    ဘုရား၏ ပုံသဏ္ဍာန်ထင်ရှားစေဘို့
    လူသည် ဘုရားသခင်ကို တွေ့မြင်လို ကြသည်။ ဘုရားသခင်သည်မည် ကဲ့သို့သော ပုံသဏ္ဍာန်ရှိသနည်းဟု တွေ့မြင်လို ကြသည်။ ကမ္ဘာဦးကျမ်း၁:၂၆၌ ဘုရားသခင်သည် လူကို မိမိပုံသဏ္ဍာန်ှနှင့် အညီလူကို ဖန်ဆင်းသည် ဟုဆိုသော်လည်း လူသည် ဘုရားသခင်ကို မျက်စိနှင့် မြင်လို ကြသည်။ ထို့ကြောင့် ခရစ်တော်သည် ဘုရားသခင်၏ ပုံသဏ္ဍာန်ကို ထင်ရှား ဖေါ်ပြခြင်းငှါ လာသည်ဟု ယောဟန်က ဤသို့ ရေးထားသည်-ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ (ယော ၁:၁၈) ဟုဆိုသည်။ ထို့ကြောင့် ခရစ်တော်ကို မြင်သောသူသည် ဘုရားသခင်ကို မြင်သည် ဟုဆိုနိင်သည်။ တမန်တော် ဖိလိ`ုကလည်း သခင်၊ ခမည်းတော်ကို အ​ကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ ပြတော်မူလျှင် အ​ကျွန်ုပ်တို့ အလို ပြည့်စုံပါမည်ဟု လျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပု ဤ မျှကာလ ပတ်လုံးငါသည် သင်တို့နှင့်အတူ ရှိပြီးမှသင်သည် ငါ့ကို မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏ - ဟုဆိုခဲ့သည် (ယော ၁၄:၈-၉)။ ထို့ကြောင့် ခရစ်တော်ကို မြင်သောသူသည် ဘုရားသခင်ကို မြင်ပြီ။ သို့သော် ​ကျွန်ပ်တို့သည် ခရစ်တော်ကို မမြင်သောကြောင့်အား မရဖြစ်နိင်သည်။ သို့သော် ခရစ် တော်သည် ​ကျွန်ပ်တို့ ကဲ့သို့သော လူသား ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ​ကျွန်ပ်တို့ ကဲ့သို့သော ပုံပန်းသဏ္ဍာန်ရှိသည်။

    မာရ်နတ်အမှု ပယ်ဖျက်ခြင်းငှါ
    ဤလောကကို ဘုရားသခင်က ဖန်ဆင်း၍ အာဒံလက်သို့ အပ်နှံခဲ့သည်။ သို့သော် အာဒံက စာတန်၏ စကားကို နားထောင်ခြင်းဖြင့် မိမိပိုင်သော ဤလော ကကို သစ်သီးတလုံးနှင့် ရောင်းလိုက်သည်။ ထို့ကြောင့် စာတန်က ခရစ်တော်ထံသို့ ဤလောဘုန်းစည်းစိမ်ရှိသမျှတို့ကို ငါလက်သို့ အပ်နှံထားပြီး ပြီ (လု ၄:၆) ဟုဆိုခဲ့သည်။ စာတန်သည် ဤလောကသာမက လောကသား များလည်း သ့ူ လက်ထဲ၌ ရှိ၍ သူကြိုက်နှစ်သက်သလို မောင်းနှင်အုပ်စိုးနေသည် (ဧဖက် ၂:၁-၂၊ ၁ ယော ၅:၁၉)။ ဤလောကသားများက စာတန်ကို မသိ၍ ရှိခိုးကိုးကွယ်ကြသည် (၁ ကော ၁၀:၂၀)။ စာတန်ကို ကြောက်၍ တသက်လုံး​ကျွန်ခံသောကြောင့် ဘုရားသခင်ကို မကိုးကွယ်နိင်ကြ (ဟေဗြဲ ၂:၁၄-၁၅)။ ထို့ကြောင့် ခရစ်တော်သည် မာရ် နတ်၏ အမှုကို ပယ်ဖျက်ခြင်း ငါှကိုလောကသို့ ကြွရောက် လာသည် (၁ ယော ၃:၈)။

    ခရစ်တော်သည် မည်ကဲ့သို့ စာတန်၏ အမှုကို ဖျက်သနည်း။ စာတန်၏ လက်နက်အကြီး ဆုံးသည် သေခြင်း ဖြစ်သည်။ ထိုသေခြင်းဖြင့် လူများကို ချိန်း ​ခြောက်ကာအနိင်ကျင့်နေသည်။ လူများလည်း သေမှာကို ကြောက်သောကြောင့် ဘုရားသခင်ထံသို့ မချဉ်းကပ်နိင်ကြ။ တနင်္နွေနေ့၌ ဘုရားရှိခိုး၍ မရအောင် အလုပ်လုပ်ခိုင်းသည်။ ထိုကြောင့် ခရစ်တော်သည် လူ့ဇာတိခံကာသေခြင်းကို ရင် ဆိုင်သည်။ ခရစ်တော် ကအသက်ရှင်စဉ်တွင် ငါသည် ရှင်ပြန်ထမြောက် ခြင်းနှင့် အသက်ရှင်ခြင်း အကြောင်း ဖြစ်သည် (ယော ၁၁:၂၅) ဟုဆိုခဲ့သည်။ သို့သော် လူများ ကယုံကြည် နိင်မည် မဟုတ်။ ထို့ကြောင့် သူကိုယ်တိုင် အသေခံ၍ ရှင်ပြန် ထမြောက်ခြင်းအားဖြင့် အသက်နှင့် ရှင်ပြန်ထမြောက်ခြင်း ဖြစ်ကြောင်း သက် သေပြလိုက်သည်။ စာတန်ကို ကြောက်စရာ မလိုတော့ချေ။ သေလျှင်လည်း ခရစ်တော်ကို ယုံကြည်လျှင် ရှင်ပြန်ထမြောက်မည် ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုက -အိုသေမင်း၊ သင်၏ လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏ အောင်ခြင်းသည် အဘယ်မှာ ရှိသနည်း။ (၁ ကော ၁၅:၅၅)ဟု စိန်ခေါ်နိင် ခဲ့သည်။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သောသူများ အနေဖြင့် စာတန်ကို ကိုးကွယ်စရာ၊ ကြောက်စရာ မလိုတော့ချေ။ ထိုသို့ စာတန်၏ အမှုကို ဖျက်ပယ်ခြင်းငှါ ခရစ်တော်သည် ဤလောကသို့ ကြွရောက် လာခဲ့သည်။ သို့သော် ထိုအရာများကို မသိသဖြင့် စာတန်၏ လက်ထဲ၌ ရှိနေ သေးသော မိတ်ဆွေသည် ဤ သမ္မာတရားအားဖြင့် လွတ်ခြင်း အခွင့်ရနိင်ပါစေ။

    .

    ကျမ်းစာ လေ့လာခြင်း

    (၁ ယော ၁)
    ၆ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီ ဟုဆိုလျက် ပင်၊ မှောင်မိုက်၌ ကျင်လည်လျှင်၊ သဏာတရားကို မကျင့်၊ မုသာကို သုံးသောသူ ဖြစ်ကြ၏။

    အခန်းငယ် ၅ ၌ ဘုရားသခင်သည် အလင်း ဖြစ်သည်ဟု သိရပြီ။ ဘုရားသခင်၌ မှောင်မိုက်မရှိ။ သို့ဖြစ်၍ ဘုရားသခင်နှင့် မိဿဟာယဖွဲ့လျှင် မှောင်မိုက်၌ ကျင်လည်၍ မရ။ မှောင်မို်က်၌ ကျင်လည်ခြင်း ဆိုသည်မှာ အပြစ် အမျိုးမျိုးကို လုပ်ခြင်း ဖြစ်သည်။ မှောင်မိုက်ထဲ၌ ကောင်းသောအရာ လုပ်၍ မရ၊ အပြစ်ကိုသာ လုပ် နိင်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့သော်လည်း အပြစ်လုပ်နေလျှင် သစ္စာ တရား တည်းဟူသော သမ္မာတရားကို မကျင့်၊ မုသာသုံးသောသူ ဖြစ်သည်။

    ရ ဘုရားသခင်သည် အလင်း၌ ရှိတော်မူ သကဲ့သို့၊ ငါတို့သည် အလင်း၌ ကျင် လည်လျှင်၊ အချင်းချင်းမိဿဟာယဖွဲ့ခြင်းရှိကြသည် ဖြစ်၍၊ ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။

    ဘုရားသခင်သည် အလင်း၌ ရှိတော်မူ သကဲ့သို့ ငါတို့သည် လင်း၌ ကျင် လည်လျှင် အချင်းချင်းမိဿဟာယဖွဲ့ခြင်းရှိကြသည် ဖြစ်၍၊ ယုံကြည်သူများသည် အလင်း၏ သားများဖြစ်၍ အလင်း၌ ကျင်လည်ဘို့ ရှင်ပေါလုက ဤသို့ ရေးထားသည် -အထက် ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သား ကဲ့သို့ ကျင့် နေကြလော့။ (ဧဖက် ၅:၈) အလင်း၌ ကျင့်ခြင်း ဆိုသည်မှာ မိမိ ညီအစ်ကိုကို ချစ်ခြင်း ဖြစ်ကြောင်းရှင်ယောဟန်က ဤသို့ ရေးထားသည် -မိမိ ညီအစ်ကိုကို ချစ်သောသူသည် အလင်း၌ တည်နေ၏။ ထိမိ၍ လဲစရာ အကြောင်းသည် ထိုသူ၌ မရှိ။ မိမိ ညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ ရှိ၏။ မှောင်မိုက်၌လည်း ကျင်လည်သွားလာ၏။ မှောင်မိုက်ကြောင့်သူ၏ မျက်စိမမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကိုကိုယ် မသိ။ (၁ ယော ၂:၁၀) ယုံကြည်သူသည် အလင်း၌ ကျင်လည်သောကြောင့် မိမိ ညီအစ်ကိုကို မမုန်းချစ်သည်။ ထို့ကြောင့် ညီအစ်ကိုသည် ထိမိ၍ လဲစရာ မဖြစ်၊ မိမိ ညီအစ်ကိုကို ချစ်သောကြောင့် မိဿဟာယဖွဲ့နိင်သည်။ မိဿဟာယသည် ချစ်သောသူနှင့်သာဖွဲ့နိင်သည်။ ထို့ကြောင့် မိဿဟာယမဖွဲ့လိုလျှင် ထိုသူကို မချစ်ကြောင်း ထင်ရှားသည်။

    ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏-ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးသည် အလင်း၏ သားများသာမက အမှောင်သားများအတွက်လည်း ဖြစ်သည်။ ရှင်ယောဟန်က-ထိုသခင်သည် ငါတို့၏ အပြစ် မက၊ လောကီသား အပေါင်းတို့၏ အပြစ်​ဖြေစရာ အကြောင်း ဖြစ်တော်မူ၏ - ဟုဆိုထားသည် (၁ ယော ၂:၂)။ သို့သော် လောကီသား များသည် အလင်း၌ မရှိသောကြောင့် ထိုအပြစ် လွှတ်ခြင်း အကြောင်းကို မသိကြ၊ မခံစားရကြ။

    ၈ ကိုယ်အပြစ် မရှိဟု ငါတို့သည် ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာ တရားမရှိ။ အငယ် ရ၌ ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးသည် ငါတို့၏ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏ ဟုဆိုသော်လည်း ယခုကိုယ် အပြစ် မရှိ ဟုဆိုလျှင် ကိုယ်ကိုကိုယ် လှည့်ဖြားသည်၊ သစ္စာ တရား ( သမ္မာတရား)လည်း ငါတို့၌ မရှိ ဟုဆိုပြန်သည်။ အဘယ်ကြောင့် ထိုသို့ ဆိုသနည်း။ ထိုအရာကို သိရှိနိင်ရန် သခင်ယေရှုက တပည့်တော် များ၏ ​ခြေကို ဆေးခြင်း အကြောင်း သိဘို့ လိုသည်။

    စားပွဲမှထ၍ ဝတ်လုံတော်ကို ချွတ်ပြီးလျှင်၊ ပဝါကို ယူ၍ ခါးကို စည်းတော်မူ၏။ ထိုနောက်မှရေကို အင်တုံ၌ လောင်း၍ တပည့်တော်တို့၏ ​ခြေကို ဆေးပြီးမှ ခါး၌ စည်းသော ပဝါနှင့် သုတ်တော်မူ၏။ ရှိမုန်ပေတရုဆီသို့ ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ​ခြေကို ဆေးတော်မူ မည်လောဟု မေးလျှောက်၏။ ယေရှုကလည်း၊ သင်သည် ငါပြုသော အမှုကို ယခု နားမလည် သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော်မူ၏။ ပေတရုကလည်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ​ခြေကို အလျင်းဆေးတော်မမူရဟု လျောက်၏။ ယေရှုက လည်း၊ သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ၏။ ရှိမုန် ပေတရုကလည်း၊ အ​ကျွန်ုပ်၏ ​ခြေကိုသာ မဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်းဆေးတော်မူပါဟု လျှောက်ပြန်၏။ ယေရှုကလည်း၊ ရေချိုးပြီးသောသူ မည်သည်ကား၊ ​ခြေဆေးခြင်းမှတပါး ဆေးရသော အကြောင်း မရှိ။ တကိုယ်လုံးစင် ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် တချို့မစင် ကြယ်ဟု မိန့်တော်မူ သတည်း။ (ယော ၁၃:၄-၁၁)

    အထက်ပါ အဖြစ် အပျတ်၌ သခင်ယေရှုက ရေချိုးပြီးသောသူနှင့် ​ခြေဆေးခြင်း ဟုဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ပဌမ ဦးစွာ ရေချိုးခြင်းနှင့် ​ခြေ ဆေးခြင်း အကြောင်း သိဘို့ လိုသည်။ သူတို့ ခေတ်၌ ရေချိုးခြင်းသည် အိမ်၌ မဟုတ်၊ ရေတွင်း အနား၌ ချိုးရသည်။ ရေတွင်း၌ ရေချိုးပြီးသည် နောက်အိမ်သို့ ပြန်ရာတွင် အပြန်လမ်း၌ ​ခြေသည် ဖုံမှုန့်ကြောင့်ပြန်လည်ညစ်ပတ်သည်။ ထို့ကြောင့် အိမ်ရောက်သောအခါ ​ခြေပြန်ဆေးလေ့ရှိသည်။ အိမ်သို့ ရောက်သောအခါ ရေ ချိုးစရာ မလိုတော့ချေ။ ​ခြေသာလျှင် ပြန်ဆေးရသည်။ သို့ဖြစ်လျှင် ဝိညာဉ်ရေးရာ၌ မည်ကဲ့သို့ အဓိပ္ပါယ်သက်ရောက်မည်နည်း။ ရေချိုးပြီးသောသူသည် ခရစ်တော်၏ အသွေးအားဖြင့် သန့်ရှင်းပြီး သောသူ ဖြစ်၍ တခါသာဆေးကြောပေးဘ့ုိ လိုသည်။ ယုံကြည်သူသည် ရေချိုးပြီး သောသူ ဖြစ်သည်။ သို့သော် ယုံကြည်သူ၏ အသက်တာသည် ဤလောက၌ လျှောက်လှမ်းသောကြောင့် ဤလောကအားဖြင့် ညစ်ညူးသည်။ ကိုယ်ခန္ဓာ၌ ​ခြေထောက်သည် မြေကြီးနှင့် နီးသောကြောင့် ညစ်ညူးသည်။ ဝိညာဉ်ရေးရာ၌ စိတ်နှလုံးသည် မြေကြီး အရာကို စွဲလန်းသောကြောင့် ညစ်ညူးသည်။ ထို့ကြောင့် စိတ်နှစ်လုံးကို အမြဲဆေးကြောဘို့ လိုသည်။ စိတ်နှလုံးကို မည်သည့်အရာအားဖြင့် ဆေးကြောမည်နည်း။ ရှင်ပေါလုက ခရစ် တော်သည် အသင်းတော်ကို နှုတ်ကပတ်တော် ရေအားဖြင့် ဆေးကြောသည် ဟုဆိုသည် (ဧဖက် ၅:၂၆)။ နှုတ်ကပတ်တော်အားဖြင့် မည်သို့ ဆေးကြောနိင်မည် နည်း။ နှုတ်ကပတ်တော်ကို ဖတ်ရှု၍ စိတ်နှလုံးထဲ၌ သိုထားရမည်။ ဆာလံဆရာ က-လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊ အ​ကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏၊၊ ပညတ်တော် လွဲစေတော်မမူပါနှင့်၊၊ ကိုယ်တော်ကို မပြစ််မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားပါပြီ၊၊ (ဆာလံ ၁၁၉:၉-၁၀) သန့်ရှင်းရေးကို ကျမ်းစာဖတ်ခြင်းအားဖြင့် ပြုလုပ် နိင်သည်။ ထိုမျှသာမက ကျမ်းစာကို အလွတ်ရရမည်။

    ၉ ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ဒုစ ရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သဏာတရားနှင့်၎င်း၊ ​ဖြောင့် မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏။

    ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ဘို့ လိုကြောင်း သိရသည်။ ဘုရား သခင်နှစ်သက်သောအရာသည် အပြစ် ပြုလုပ်သောအရာကို ဘော်ပြတောင်းပန်ခြင်း ဖြစ်သည်။ အပြစ်သည် ဖုံးထားလျှင် ဘော်ထုတ်ချင်သည်။ ဘော်ပြလျှင် မည်သူကမျှ စိတ်မဝင်စားတော့ချေ။ ဆာလံဆရာက-ငါသည် အပြစ်ကို မဘော် မပြဘဲ နေစဉ်အခါတနေ့လုံးညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏၊၊ နေ့ညဉ့်မပြတ် ကိုယ်တော်၏ လက်သည် အ​ကျွန်ုပ် အပေါ် မှာလေး၍ အ​ကျွန်ုပ်၏ ချွေးရည်သည် နွေကာလ၌ သွေ့​ခြောက်ခြင်း ကဲ့သို့ ဖြစ်ပါ၏၊၊ တဖန် အ​ကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊၊ ပြုမိသော ဒုစရိုက်ကို ဝှက်၍ မထားပါ၊၊ ငါလွန်ကျုးသောအရာကို ထာဝရဘုရားအား ဘော်ပြတောင်း ပန်မည်ဟု ပြောဆိုသောအခါ ကိုယ်တော်သည် အ​ကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကို လွှတ်တော်မူ၏၊၊ (ဆာ ၃၂:၃-၅) ဆာလံဆရာကအပြစ်ကို ဘော်ပြတောင်း ပန်မည်ဟု စိတ်ထဲ၌ ကြံစည်စဉ်ပင်ထာဝရဘုရားကသူ၏ အပြစ်ကို လွှတ်တော်မူပြီ ဟုဆိုသည်။ ထို့ကြောင့် ကိုယ့်အပြစ်ကို ဘော်ပြတောင်းပန်ဘို့ လိုသည်။

    ရှင်ယောဟန်က ဘုရားသခင်သည် အပြစ် လွှတ်ဘို့ရန် သစ္စာ တရားနှင့်၎င်း ​ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏ ဟုဆိုသနည်း။ ဆိုလိုသည်မှာ ဘုရားသခင်သည် ပြောသည့်အတိုင်း လုပ်သော ဘုရား ဖြစ်သောကြောင့် အပြစ် ဘော်ပြလျှင် လွှတ်မည်ဟု ပြောပြီးမှမလွှတ်ဘဲ မနေပြောသည့်အတိုင်း လွှတ်မည် ဖြစ်ကြောင်းကို သိစေလိုသည်။ ဘုရားသခင်သည် လူလူချင်းကဲ့သို့ ယုံကြည်သူ ထံစကား မပြောတော့ချေ။ သို့ဖြစ်လျှင် ယုံကြည်သူ ကသူ၏ အပြစ်များကို ဘော်ပြတောင်း ပန်လျှင် အမှန်တကယ် လွှတ်ကြောင်း မည်ကဲ့သို့ သိနိင်မည်နည်း။ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် သိနိင်သည်

    ၁၀ ဒုစရိုက်ကို မပြုပြီဟု ငါတို့သည် ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ် တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌ မရှိ။

    အထက်၌ ဖေါ်ပြခဲ့ပြီးသည့်အတိုင်း ယုံကြည်သူများသည် ယေရှုခရစ်၏ အသွေးတော်အားဖြင့် အပြစ် လွှတ်ခြင်း ခံရပြီး ဖြစ်သည်။ သို့သော် နေ့စဉ် ခရစ်ယာန် အသက်တာလျှောက်လှမ်းရာတွင် အပြစ်လုပ်မိမည် ဖြစ်သည်။ အပြစ် ဟုဆိုရာတွင် လူတိုင်း သိသော ခိုးခြင်း၊ သတ်ခြင်း၊ မုသာပြောခြင်းများ စသော ပြုလုပ် မှားသော အရာများသာမက၊ မပြုလုပ်သော အပြစ်များလည်းရှိသည်။ လိုအပ်သော အရာများမှာဆုမတောင်းခြင်း၊ ကျမ်းစာ မဖတ်ခြင်း၊ ဘုရားသခင်နှင့်အချိန် ယူ၍ မိဿ ဟာယမဖွဲ့ခြင်း၊ သူတပါးကို မြင်ပြင်းခြင်း၊ အကူအညီလိုသောသူများကို မကူ ညီခြင်းမှ စ၍ ပြုလုပ် သင့်သော်လည်း မပြုလုပ်သော အရာ များစွာ ရှိသေးသည်။ ထို့အပြင် ဘုရားသခင် အပေါ်မယုံကြည်၊ စိတ်မချ၊ အားမကိုးဘဲ၊ ဘုရားသခင်ထက် လူကို အားကိုးခြင်း များသည်လည်း အပြစ် ဖြစ်သည်။ ကျမ်းစာ၌ -ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသျွှဝါကို အမှီပြုသဖြင့်၊ စိတ် နှလုံးထဲ၌ ထာဝရဘုရား ထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူ ဖြစ်၏။ ထိုသူသည် လွင်ပြင်၌ ရှိသော သစ်ပင်​ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှ မနေသော ဆားမြေ၊ သွေ့​ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။ (ယေရမိ ၁ရး၅-၆) ဟုဆိုထားရာ ထာဝရဘုရားကို မကိုးစားခြင်းသည် ကျိန်အပ်သောသူ ဖြစ်သည်။

    ထို့ကြောင့် ယုံကြည်သူများအနေဖြင့် နေ့စဉ်နှင့် အမျှအပြစ် ကျူးလွန် မည်သာ ဖြစ်သည်။ သို့သော် ငါအပြစ် မရှိ ဟုဆိုလျှင် ဘုရားသခင်ကို မုသာအပြစ် တင်၍ နှုတ်ကပတ်တော်လည်း ငါတို့၌ မရှိ ဟုဆိုသည်။ အဘယ်ကြောင့်နည်း။ ငါတို့ကို အပြစ်ရှိသည် ဟုဆိုသောသူသည် ဘုရားသခင် ဖြစ်သည်။ သို့သော် ငါတို့ ကအပြစ် မရှိ ဟုဆိုလျှင် ဘုရားသခင်ကို မုသာပြောသောသူဟု အပြစ်တင်ရာရောက်သည်။ နှုတ်ကတော်ကလည်း အပြစ်ကို ဆီးတားနိင်သည်။ အကြောင်းမှာ နှုတ် ကပတ်တော်သည် ဘုရားသခင်၏ နှုတ်ထွက်စကားတော် ဖြစ်သည်။ ထို့ကြောင့် နှုတ်ကပတ်တော် ရှိသောသူသည် အပြစ် မလုပ်ဘို့ရန် ဆီးတားနိင်သည်။ အဘယ်သို့ ဆီးတားသနည်း။ အပြစ်လုပ်မည်ဟု ကြံစည်သောအခါ ဘုရားသခင်၏ စကားတော် ကစိတ်နှလုံးအထဲ၌ သတိပေးနေသည်။ ထို့ကြောင့် ယုံကြည်သူ အပြစ်လုပ်ဘို့ ကြံစည်သောအခါ ဩတပ္ပစိတ်မကြည်လင်ချေ။ စိတ်နှလုံးအထဲ၌ နှုတ်ကပတ်တော် ရှိသောသူသည် အပြစ် ကျူးလွန်သောအခါ ဝန်ခံတတ်သည်။ ထို့ကြောင့် ဆာလံဆရာရေး သကဲ့သို့ ကြိုယ်တော်ကို မပြစ််မှားဘဲ နေနိုင်မည် အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားသင့်သည်။

    .

    ယေရုရှလင်မြို့နှင့် ပတ်သက်၍

    by Florina Phunkulh

    AD 70
    ရောမစစ်ဗိုလ်ချုပ်တိတုက ဒုတိယဗိမာန်တော်ကို ဖျက်စီးခဲ့သည်။ ဗိမာန်တော် ဆောက်သောအခါ ကျောက်များ ထဲမှာ ရွှေများ ဖွက်ထားသည်ဟု သတင်းရရှိသောကြောင့် ရောမစစ်သားများက ရွှေရလိုဇောနှင့် ထိုကျောက်များကို အကုန်ဖျက် စီးခဲ့သည်။ မဿဲ ၂၄:၂ ၌ သခင်ယေရှု ပြောထားသည့်အတိုင်း မဖြိုမချဘဲ ကျောက် တခု အပေါ် တခုမတည်မနေရ ဟူသောစကား ပြည့်စုံခဲ့သည်။

    AD 132-135
    Bar Kochba (ဘာခိုဘာ) စစ်ဖြစ်၍ ယေရုရှလင်သည် ယုဒမြို့တော် ပြန်ဖြစ်သည်။

    AD 135
    Emperor Hadrian ဧကရာဇ်ဟေဒရံက ယေရုရှလင်မြို့ကို လုံးဝ ဖျက်စီး၍ မြို့ရိုးသစ်နှင့် မြို့သစ်ဆောက်ကာ အယ်လီယာကေပီတိုလိယာဟု နာမည်ပြောင်း မှည့်သည်။ ဂျိုးလူမျိုးများအား ယေရုရှလင်မြို့၌ နေခွင့်မပေး။

    AD 326 ဧကရာဇ်ကွန်စတင်တိုင်း၏ မယ်တော် ဟယ်လယ်နာ ယေရုရှလင်မြို့သို့ သွားရောက်လည်ပတ်၍ သခင်ယေရှု၏ နောက်ဆုံးနေ့ရက်များ နေရာကို သပ်မှတ်၍ သတိရအောက်မေ့ဘို့ ဘုရားကျောင်းများနှင့် သင်္ချိုင်းများကို အေဒီ ၃၃၅တွင် တည်ဆောက်သည်။

    AD 438
    Empress Eudocia ဘုရင်မယူဒိုးစီးယားကယုဒလူများကို ယေရုရှလင်မြို့၌ နေထိုင်ခွင့်ပြုသည်၊၊

    AD 614 ပါးရှားလူမျိုးများက ယေရုရှလင်မြို့ကို သိမ်းပိုက် ကာ ဘုရားကျောင်းများကို ဖျက်၍ ယုဒလူများကိုလည်း နှင်ထုတ် လိုက်သည်။

    AD 629 Byzantines ဘိုင်ဇင်တိုင်းများက ယေရုရှလင်မြို့ကို ပြန်သိမ်းသည်။

    AD 638 မိုဟာမက်သေပြီး နောက်​ခြောက်နှစ်တွင် ခါလိပ်အုံမာ ယေရုရှလင်မြို့သို့ ဝင်၍ အာရပ်မူစလင်ဥပဒေအရအုပ်ချုပ်သည်။ ဂျုးလူမျိုးများကို ယေရုရှလင်သို့ ပြန်လက်ခံသည်။

    AD 688-691
    Abd al-Malik က မိုဟာမက်ကောင်းကင်သို့ တက်သွားသည့် နေရာဟု ယုံကြည်သော နေရာ၌ မူစလင်ဗလီ Dome of the Rock (Mosque of Omar) ကို တည်ဆောက်ခဲ့သည်။

    AD 715
    Al Aqsa mosque ကို အာရပ်များက တည်ဆောက်ခဲ့သည်။

    AD 1010
    Caliph Al-Hakim က ဂျုးများ၏ တရားစရပ်များနှင့် ဘုရားကျောင်းများကို ဖျက်စီးဘို့ အမိန့်ပေးခဲ့သည်။

    (RaptureReady.com မှကောက်နှုတ်ထားသည်)

    .

    အချိန် မရှိတော့ပါ

    ယခု ဤစာရေးနေချိန်၌ ပါလက်စတင်းများအနေဖြင့် အစ္စရေးများ၏ အလိုဆန္ဒမပါဘဲ အချုပ်အခြာနိင်ငံကျေညာဘို့ ကမ္ဘာ ခေါင်းဆောင် များနှင့် တိတ်တဆိတ် ဆွေးနွေးကြပါသည်။ ထိုသို့ ကျေညာပါက ကမ္ဘာနိင်ငံများ ကအသိအမှတ်ပြုဘို့ ရှိပါသည်။ ပါလက်စတင်းနိင်ငံအဖြစ် ပါဝင် မည့် နယ်မြေများ မှာဂါဇာကမ်းမြောင်ဒေသ၊ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း ​ခြေနှင့် ယေရုရှလင်မြို့အရှေ့ဖက်ခြမ်းများ ဖြစ်သည်။ အကယ်၍ ကမ္ဘာ့ ကုလသမဂ္ဂနှင့် နိင်ငံကြီးများကအသိအမှတ်ပြုလိုက်ပါက ထိုနယ်မြေများသည် နိင်ငံခြား ဖြစ်လာ၍ အစ္စရေးများအတွက် နယ်မြေကျဉ်းသွားမည် ဖြစ်သည်။ ထိုအရာသည် ယုံ ကြည် သူများနှင့်သော်၎င်း၊ ကမ္ဘာနှင့်သော်၎င်း၊ မည်ကဲ့သို့ ပတ်သက်နိင်ပါသနည်း။

    သမ္မာကျမ်းစာ၌ ဤသို့ တွေ့ရသည် -ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော် တည်းဟူသော၊ မိုဃ်းကောင်းကင်ကို ကြက်၍ မြေကြီး တိုက်မြစ်ကို ချတော်မူ ထသော၊ လူအထဲ၌ လူ၏ ဝိညာဉ်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလ အမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ်စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ​ကြေမွကြလိမ့်မည်။ လောကီသား အမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မင်းတို့ကို မိန်းမောခြင်းငှါး၊ မြင်းစီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်း ငှါ၎င်း၊ ငါသည် ဒဏ်ခတ်မည်။ ယုဒ အမျိုးကို ငါကြည့်ရှု၍၊ တပါးအမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်မည်။ ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်က ောင်းကင် ဗိုလ်​ခြေအရှင်ထာဝရဘုရားအားဖြင့် သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏ဟု စိတ်ထဲမှာဆိုကြလိမ့်မည်။ (ဇာခရိ ၁၂:၁-၅)

    အထက်ပါ ကျမ်းပိုဒ်အရယနေ့ ဖြစ်ပျက်နေသည်။ ယေရုရှလင်မြို့ကို အစ္စရေးများက ၁၉၄၉ ခုနှစ်တွင် သူတို့၏ မြို့တော် အဖြစ်သတ်မှတ်ခဲ့သည်။ ၁၉၆ရ ခုနှစ် ၆ရက်တိုက်ပွဲတွင် တမြို့လုံးသည် အစ္စရေးများ လက်ထဲရောက်ရှိခဲ့သည်။ ယခုအမေရိကအပါအဝင်နိင်ငံအများက ယေရုရှလင်မြို့အရှေ့ချမ်းကို ပါလက်စ တင်းများ၏ မြို့တော် ဖြစ်ဘို့ ကြံစည် နေကြသည်။ ဘုရားသခင်က ယေရုရှလင်မြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည် ဟုဆိုခဲ့သည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ့​ကြေမွကြလိမ့်မည် ဟုဆိုသည့်အ တိုင်း ယေရုရှလင်မြို့နှင့် ပတ်သက်၍ ပြသနာ ​ ဖြေရှင်းဘို့ ကြိုးစား နေသော အမေရိကန် ပြည် ထောင်စုလည်း အမျိုးမျိုးသော ပြသနာ ဒုက္ခများကြုံတွေ့ နေရသည်။ မကြာ ခဏလေပြင်းမုန်တိုင်း၊ လေဆင်နှာမောင်းများ ဒဏ်ခံရသည်။ မငြိမ်းသတ်နိင်သော တောမီးများ နွေရာသီ၌ လောင်ကာ ဆုံးရှုံးမှုများလှပြီ။ ကျောင်းများ၌လည်း လုံခြုံမှု ရှိ။ ယခုစစ်တပ် အတွင်း၌လည်း လုံခြုံမှု မရှိတော့ချေ။ သို့သော် ဝိညာဉ်ပိုင်းမျက်စိကမ်းသောကြောင့် မမြင်နိင်ကြ။ ယခုစီးပွါးရေးလည်း ကျသောကြောင့် အလုပ်လက်မဲ့တွေများ လာသည်။

    ထာဝရဘုရား၏ နေ့ရက်သည် ရောက်သောအခါ၊ သူတပါးတို့သည် သင်၏ ဥဏာကို လုယူ၍ သင့်အလယ်၌ ဝေဖန်ကြလိမ့်မည်။ ယေရုရှလင်မြို့ကို တိုက်စေခြင်းငှါ၊ လူမျိုး အပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကို တိုက်ယူပြီးလျှင်၊ အိမ်တို့ကို လုယှက်၍၊ မိန်းမတို့ကို အဓRပြုကြလိမ့်မည်။ မြို့သား တဝက်ကို သိမ်း သွား၍၊ တဝက်သာမြို့၌ ကျန်ကြွင်းလိမ့်မည်။ (ဇာခရိ ၁၄:၁-၂)

    အထက်ပါ ကျမ်းပိုဒ်များ အရ ယေရုရှလင်မြို့သည် နှစ်ခြမ်း ဖြစ်ပြီး စစ်တိုက်မှုဖြင့် အဆုံးသတ်မည့် အရာကို ထင်ရှားနေသည်။ ယေရုရှလင်မြို့နှင့် အစ္စရေးနိင် ငံထိသူသည် ဘုရားသခင်၏ မျက်ဆံကို ထိသောသူ ဖြစ်သည်ဟု ဘုရားက ဆိုခဲ့သည် (ဇာခရိ ၂:၈)။ ထို့ကြောင့် တိုင်း နိင်ငံများ ကအစ္စရေးနိင်ငံနှင့် ယေရုရှလင်မြို့ကို သိမ်းပိုက်ပါက ဘုရားသခင်၏ မျက်ဆံကို ထိသောကြောင့် ဘုရားသခင်၏ တ ရားစီရင်ခြင်းသည် အလွန် နီးနေပြီ ဖြစ်ကြောင်း သိနိင်သည်။ ထို့ကြောင့်အချိန် မရှိတော့ပါ။ ကယ်တင်ခြင်းသို့ မရောက်သောသူများ ကယ်တင်ခြင်းကို လက်ခံ၍ ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများ အနေဖြင့် ကယ်တင်ခြင်း လက်မခံ မသိ သေးသောသူများကို အမြန်ဆုံး နည်းဖြင့် ပြောပြဘို့ လိုသည်။

    .

    ကျန်းမာရေးကဏ္ဍ

    သမ္မာကျမ်းစာ၌ ဤသို့ တွေ့ရသည်။ အဘယ်သို့ နည်း။ သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော၊ သင်တို့ အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန် ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။ (၁ ကော ၆:၁၉-၂၀)

    သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူသည် ကို၎င်း၊ မသိကြ သလော။ အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏၊ ထိုသူကို ဘုရားသခင် ဖျက်ဆီးတော်မူ လိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။ (၁ ကော ၃:၁၆-၁ရ)

    အထက်ပါ ကျမ်းများသည် ဝိညာဉ် ရေးအရာအတွက်သာမက ကိုယ်ခန္ဓာအ တွက်လည်း ဖြစ်သည်။ ကိုယ်ခန္ဓာသည် ဘုရားသခင်က ပိုင်၍ ယုံကြည်သူသည် ကြည့်ရှုစောင့်ရှောက်သူ ဖြစ်သည်။ ထို့ကြောင့် မိမိ ကိုယ်ခန္ဓာစောင့်ရှောက်ထိန်း သိမ်းဘို့လည်း ယုံကြည်သူ တိုင်း၌ တာဝန် ရှိသည်။ မိမိ ကိုယ်ခန္ဓာကို ဖျက်စီးပါက အနာရောဂါများမည်၊ အသက်တာတိုတောင်းမည်။ ထိုအထဲ၌ မလိုအပ်ဘဲ နာ၍ သေတတ်သောအရာကို ဖေါ်ပြလိုသည်။ ထိုအရာမှာအစာအိမ် ရောဂါ ဖြစ်သည်။ အစာအိမ် ရောဂါသည် အစားအသောက်မမှန်သောကြောင့် ဖြစ်သောအရာ ဖြစ်သည်။ အစာအိမ်၌ နာရီ ပေါင်း များစွာ အစာမရှိသောအခါ အစာအိမ်အချင်းချင်း ပွတ်သတ်ခြင်းကြောင့် အနာ ဖြစ်လာသည်။ ထိုကြောင့် အစာမစားဘဲ ကြာမြင့်စွာ မနေကောင်း။ အချို့သောသူများသည် အလုပ်ကြောင့်အစာစားချိန်မရှိသောအခါ ကြာမြင့်စွာ အစာမစားသောကြောင့် အစာအိမ်နာလာသည်။ ထို့ကြောင့် အစာကို မှန်မှန်စားပါ။ အစာအိမ်နာသည် အထိ မစောင့်ပါနှင့်။ မိမိအ​ခြေအနေကို သိ၍ စားစရာ တခုခုကို အမြဲဆောင်ထားပါ။ ဘာမျှစားစရာ မရှိလျှင် ရေသောက်ပါ။ အစာအိမ်နာသောသူများ ဆရာဝန်များနှင့် အမြန် ကုသပါ။ ကုသပြီးပါက ယခင်ကဲ့သို့ အစာမစားကြာမြင့်စွာ မနေပါနှင့်။ ထိုသို့ နေလျှင် ပြန်နာလာမည် ဖြစ်သည်။

    အစာစားသောအခါ၌လည်း နံနက်ပိုင်း၌ ဘာမျှမစားချင်။ အကြောင်းမှာ ညစာကိုများများ စားသောကြောင့် ဖြစ်သည်။ အမှန်မှာ နံနက်ပိုင်းနှင့် နေ့လည် စာကိုများများ စား၍ ညစာကို နည်းနည်းစားသင့်သည်။ ညအိပ်ခါနီးဘာမျှ မစားသင့်ချေ။ အကြောင်းမှာ ညပိုင်း၌ လှုပ်ရှားမှု မရှိသောကြောင့် စားသမျှသည် အဆီ ဖြစ်စေသည်။ နံနက်ပိုင်းနှင့် နေ့ခင်းပိုင်းတွင် စားသော အစာများသည် တနေကုန် လှုပ်ရှားမှုကြောင့် အဆီမ ဖြစ်စေနိင်။ ထို့ကြောင့် အစားအသောက်များလည်း စား သောက်တတ်ဘို့ လိုသည်။

    .

    သတင်းများ

    VZO သင်တန်းများ
    ၁။ ဆရာမောဇက်ထောင်ကျုံးသည် နိုဝင်ဘာလတွင် နှစ်ကြိမ် ​Baltimore မြို့တွင် ကယ်တင်ခြင်း သင် တန်းများကို အောင်စွာ ပြုလုပ် ကာ ကယ်တင်ခြင်းသို့ ရောက်သွားသောသူများရှိကြပါသည်။
    ၂။ ဆရာမောဇက်ထောင်ကျုံးသည် VZO အားဖြင့် သင်တန်းများ ပြုလုပ် နေပါသည်။ နိုဝင်ဘာလအတွင်း ဆရာမောဇက်သည် ဒင်မတ်အဖွဲ့၊
    ကယ်လီဖိုးနီးယားအဖွဲ့၊ ဗာဂျီးနီးယား အဖွဲ့များနှင့် သင်တန်းများ ပြုလုပ် နိင်ခဲ့ပါသည်။ ဆရာမောဇက်နှင့် VZO အားဖြင့် ဆက်သွယ်လိုပါက mosesang ဖြင့် ဆက်သွယ်နိင်ပါသည်။

    အစည်းအဝေး
    သတင်းကောင်း နှစ်ခြင်း အသင်းတော် များ၏ အသင်းချုပ် အစည်းအဝေးကို နိုဝင်ဘာ လ ၁၄ ရက်နေ့တွင် ဆရာမောဇက်ထောင်ကျုံး၏ နေအိမ်တွင် အောင်မြင် စွာ ကျင်းပနိင်ခဲ့ပါသည်။ ထိုအစည်းအဝေး၌ အသင်းတော် ၆ ပါးမှသင်းအုပ်ဆရာ ၅ ပါးနှင့် အသင်းတော် လူကြီးများအားလုံး စုစုပေါင်း၂၂ယောက်တက်ရောက် ကြပါသည်။ ထိုအစည်းမှရွေးကောက်ပွဲ ပြုလုပ် ရာအောက်အီးစီလူကြီးများရွေး ချယ်ကြပါသည်။

    ဥက္ကဌ -Rev. Peter Van Hnuai Sum (Pastor, Frederick GBC)
    အတွင်းရေးမှုး -Rev. Joshua Hrang Kip Zul (Pastor, Atlanta GBC)
    ဘဏ္ဍာထိန်း -U Defence Lalawng (Rockville GBC)
    စာရင်းစစ် - (၁)U Thang Bur (Frederick GBC)
    စာရင်းစစ် - (၂)U Albert Pau Za Lian (Rockville GBC)
    သာသနာ ပြုဒါရိုက်တာ-Rev. Moses Cung (Pastor, Rockville)
    တို့ ဖြစ်ပါသည်။

    North Carolina State Durham မြို့တွင် အသင်းတော် သစ်စတင်ရာ အသင်းချုပ်မှအသိအမှတ်ပြုကြောင်း မှတ်တမ်းတင်ပါသည်။ ထိုအသင်းတော်ကို ဦးဆောင်သော ဆရာဂိဒေါင် (Gideon) ကိုလည်း သင်းအုပ်ဆရာအဖြစ် လက် ခံကာ ဆုတောင်း ပေးကြပါသည်။

    သတင်းကောင်း ပွဲတော် ကြီးနှင့် ဗိမာန်တော် ဖွင့်ပွဲ
    သတင်းကောင်း ပွဲတော် ကြီးနှင့် (Rockville  GBC)၏ ဘုရားရှိခိုးကျောင်းသစ် ဖွင့်ပွဲကို သန့်ရှင်း သူများ ချီဆောင်ခြင်း မရှိသေးပါက ၂၀၁၀ ခုနှစ်ဇူလိုင်လ   ၄ ရက် နေ့တွင် ကျင်းပဘို့ရန် ရှိပါသည်။ ထိုပွဲ၌ ှပမခေကျန အသင်းတော်၏ သင်းအုပ် ဆရာဆရာဇော်ဂျာလထော်ကိုလည်း သိက္ခာတင်ဘို့ ဖြစ်ပါသည်။

    ပျောက်ဆုံး ဝိညာဉ်များဖမ်းနည်းသင်တန်း
    ဒီဇဘ်ာလ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပျောက်ဆုံးဝိညာဉ် များဖမ်းနည်းသင်တန်းကို ပြုလုပ်ဘို့ ရှိပါသည်။ စိတ်ဝင်စားသောသူတိုင်း၊ ဘုရားသခင်၏ အမှုတော် မြတ်ကြီး၌ ပါဝင်လိုသောသူတိုင်း အခမဲ့တက်ရောက်နိင်ပါသည်။ ဆရာ မောဇက်ထံဆက်သွယ်မေးမြန်းနိင်ပါသည်။
    နေရာ 305 Adam Rd. Frederick, Maryland 21701

    .

    ရနိင်သော စာပေနှင့် စီဒီ၊ ဒီဗီဒီများ

    ၁။ မြန်မာကျမ်းစာအုပ်တအုပ်လျှင် မြန်မာပြည် မှသယ်ခ ဒေါ်လာ ၁၀ ယူပါသည်။ အဝေးမှမှာ သူများ ပို့ခအပိုပေးလျှင် ပေးပို့နိင်ပါသည်။
    ၂။ သတင်းကောင်း နှစ်ခြင်း အသင်းတော် မှထုတ်သော မြန်မာလိုသီချင်းစာအုပ် တအုပ်လျှင် ၄ ဒေါ်လာဖြင့် ဖြန့်နေပါသည်။ စာပို့ခ ပေးဘို့ လိုသည်။
    ၃။ သတင်းကောင်း စာစောင်၊ တအုပ်လျှင် ၁ ဒေါ်လာ
    ၄။ ကယ်တင်ခြင်း စာပေးစာယူသင်တန်းစာအုပ် တအုပ်လျှင် ၅ ဒေါ်လာ
    ၅။ ပညတ်တော် များနှင့် ယဇ်ပူဇော်ခြင်းများစာအုပ် တအုပ်လျှင် ၅ ဒေါ်လာ
    ၆။ ကယ်တင်ခြင်းမှ ခရစ်ယာန် အသက်တာအထိ စီဒီ ၂ရ ချပ်ကို ၂၅ ဒေါ်လာ
    ရ။ ကယ်တင်ခြင်းမှ ခရစ်ယာန် အသက်တာအထိ ဒီဗီဒီ ၈ ချပ် ဒေါ်လာ ၂၀
    ၈။ သတင်းကောင်း နှစ်ခြင်း အသင်းတော် ရန်ကုန် သာသနာ နယ်၏ ငွေရတုသ ဘင်ပွဲ ဒီဗီဒီ ၂ ချပ် ၅ ဒေါ်လာ

    ဆက်သွယ်ရန်၊ ဆရာမောဇက်ထောင်ကျုံး mosescung@yahoo.com