1

Periodical: Good News November 2022

Home >   Periodicals > November 2022

GN112022
November 2022
GOOD NEWS PERIODICAL
ကျေးဇူးတော်ချီးမွမ်းခြင်း

နို၀င်္ဘာလစတုတ္ထပတ်ကြာသပတေးနေ့သည်နှစ်စဉ်အမေရိကန်ပြည်ထောင်စု၏တရားဝင်ကျေးဇူးတော်ချီးမွမ်းခြင်းနေ့ဖြစ်သည်။ ယခုနှစ်ကျေးဇူးတော်ချီးမွမ်းခြင်းသည်နို၀င်္ဘာလ ၂၄ ရက်နေ့ဖြစ်သည်။ ထိုနေ့တွင် ထာ၀ရဘုရား၏ကျေးဇူးတော်များကိုရေတွက်ချီးမွမ်းဘို့ဖြစ်သည်။  သို့သော်ယခုအခါထာ၀ရဘုရားကိုချီးမွမ်း ခြင်းမရှိတော့ဘဲ၊ အစားအသောက်များနှင့်မိသားစုတွေ့ဆုံခြင်းများကိုသာဦးစားပေးလာကြသည်။ သင်သည်မည် ကဲ့သို့ကျေးဇူးတော်ချီးမွမ်းခြင်းကိုကျင်းပမည်နည်း။ ကျေးဇူးတော်ချီးမွမ်းခြင်းသည်၊

ဘုရား၏ဘုန်းတော်ကိုထင်ရှားစေသည်

            ကျေးဇူးချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည်ငါ၏ဘုန်းကိုထင်ရှားစေသောသူဖြစ်၏၊၊ မိမိသွားသောလမ်းကိုဆင်ခြင်သောသူအားလည်းကယ် တင်တော်မူခြင်းကျေးဇူးကိုငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏၊၊(ဆာလံ ၅၀း၂၃) သင်ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့်၊ အခြားသူများ၊ မယုံကြည်သူများက၊ ဘုရားသခင်ကိုသိ နိုင်သည်။ သူ၏ဘုန်းကိုချီးမွမ်းကြပါလိမ့်မည်။

ဘုရား၏အလိုတော်ဖြစ်သည်

               ၁၁ ယေရုရှလင်မြို့သို့ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့်ဂါလိလဲပြည်စပ်ကြား၌၊ ရှောက်သွားတော်မူ၏။၁၂ ရွာတရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသောသူတကျိပ်တို့သည်ခရီးဦးကြိုပြု၍၊ အဝေးကရပ်လျက်၊၁၃ သခင်ယေရှု၊ အကျွန်ုပ်တို့ကိုကယ်မသနားတော်မူပါဟု၊ ဟစ်ကြော်ကြ၏။၁၄ ယေရှုသည်မြင်တော်မူလျှင်၊ သင်တို့သည်ယဇ်ပုရောဟိတ်ထံသို့သွား ၍၊ ကိုယ်ကိုပြကြလော့ဟု၊ မိန့်တော်မူသည်အတိုင်း၊ သူတို့သည်သွားစဉ်တွင်သန့်ရှင်းခြင်းသို့ရောက်ကြ၏။၁၅ ထိုသူတို့တွင်တယောက်သောသူသည်၊ အနာရောဂါကင်းလွတ်သည်ကိုသိမြင်လျှင်၊ ပြန်လာ၍ကြီးသောအသံနှင့်ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းလေ၏။၁၆ ခြေတော်ရင်း၌ပြပ်ဝပ်၍၊ကျေးဇူးတော်ကြီးလှပါသည်ဟု၊ ဝန်ခံလေ၏။ ထိုသူသည်ရှမာရိလူ ဖြစ်သတည်း။၁၇ ယေရှုကလည်း၊ တကျိပ်သောသူတို့သည်သန့်ရှင်းခြင်းသို့ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သော သူတို့သည်၊ အဘယ်မှာရှိကြသနည်း။၁၈ ဤတပါးအမျိုးသားကိုထား၍၊ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းခြင်းငှါ၊ ပြန် လာသောသူတယောက်မျှမရှိသလောဟု၊ မေးတော်မူပြီးမှ၊၁၉ သင်ထ၍သွားလော့၊ သင်၏ယုံကြည်ခြင်းသည်၊ သင်၏ အနာကိုငြိမ်းစေပြီဟု၊ ထိုသူအားမိန့်တော်မူ၏။(လုကာ ၁ရး၁၁-၁၈) ထို့ကြောင့်ဘုရားသခင်ထံမှသင်ရသောကျေးဇူး တော်များကိုမရေတွက်မချီးမွမ်းလျှင်၊ ဘုရားသခင်ဘ၀မကျကြောင်းသိနိုင်သည်။

ကျေးဇူးတော်ချီးမွမ်းဘို့တိုက်တွန်း

အရာရာ၌ ကျေးဇူးကိုချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည်ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏။(၁ သက် ၅း၁၈)

ခပ်သိမ်း သောအရာတို့၌၊ ကျေးဇူးတော်ကြီးလှပါ၏ဟု၊ ငါတို့သခင်ယေရှုခရစ်၏နာမတော်ကိုထောက်၍၊ ခမည်းတော်ဘုရားသခင့်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။(ဧဖက် ၅း၂၀)

စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏နာမတော်ကိုထောက်၍ခပ်သိမ်းသောအမှုတို့ကိုပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟုထိုသခင်ကိုအမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့၌ဝန်ခံကြလော့။(ကော ၃း၁ရ)

ခရစ်တော်လည်းခမည်းတော်ကိုချီးမွမ်း

                   ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာအလိမ္မာနှင့်ပြည့်စုံသော သူတို့အားဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက်သူငယ်တို့အားဘော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကိုအကျွန်ုပ်ချီးမွမ်းပါ၏။(မဿဲ ၁၁း၂၅)

                ယေရှုသည်လာဇရုကိုသေခြင်းမှထမြောက်စေသောအခါအောက်ပါကဲ့သို့ခမည်းတော်ကိုချီးမွမ်းခဲ့သည်၊ ထိုအခါသေလွန်သောသူ၏အင်္ချိုင်းမှကျောက်ကိုရွေ့ကြ၏။ ယေရှုသည်လည်းအထက်သို့ ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည်အကျွန်ုပ်စကားကိုနားထောင်တော်မူသောကျေးဇူးတော်ကြီးလှပါ၏။(ယောဟန် ၁၁း၄၁)

              မုန့်နှင့်ငါကိုလူ ၅၀၀၀ ကျွေးသောအခါ၌ဤကဲ့သို့ချီးမွမ်းခဲ့သည်၊ ယေရှုသည်မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ တပည့်တော်တို့အားဝေငှတော်မူ၍၊ တပည့်တော်တို့သည်လျောင်းသောသူတို့အားဝေငှပြန်၏။ (ယော ၆း၁၁)

             တဖန်လူ ၄၀၀၀ အစာကျွေးသောအခါ၌လည်းဤကဲ့သို့ချီးမွမ်းခဲ့သည်၊ မုန့်ခုနစ်လုံးနှင့်ငါးတို့ကိုလည်းယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍တပည့်တော်တို့အားပေးတော်မူ၏။ တပည့်တော်တို့လည်းလူအပေါင်းတို့အားပေးကြ၏။(မဿဲ ၁၅း၃၆)

                  နောက်ဆုံးညစာစားသောအခါ၌ဤကဲ့သို့ချီးမွမ်းခဲ့သည်၊ ခွက်ဖလားကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ ဤခွက်ကိုယူ၍အချင်းချင်းဝေကြလော့။(လုကာ ၂၂း၁ရ) ခရစ်တော်ပင်လျှင်ခမည်းတော်ကိုအထက်ပါကဲ့ သို့ချီးမွမ်းလျှင်အဘယ်ကြောင့်ကျွန်ုပ်တို့လည်းမချီးမွမ်းရမည်နည်း။

ဆာလံဆရာကလည်းချီးမွမ်းခိုင်း

 ငါမူကားထာဝရဘုရား၏တရားသောအမှုတော်ကိုချီးမွမ်း၍၊ အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကိုထောမနာသီချင်းဆိုပါမည်၊၊(ဆာလံ ရး၁ရ)

                    ဖြောင့်မတ်သောသူတို့ထာဝရဘုရားကိုအမှီပြု၍ရွှင်လန်းစွာသီချင်းဆိုကြလော့၊၊ ထောမနာပြုခြင်းအကျင့်သည်သဘော ဖြောင့်သောသူတို့နှင့်ထိုက်တန်လျောက်ပတ်ပေ၏၊၊ စောင်းတီး၍ထာဝရဘုရားကိုချီး မွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့်ထောမနာသီချင်းဆိုကြလော့၊၊(ဆာလံ ၃၃း၁-၂)

            အကျွန်ုပ်၏ရှင်ဘုရင်အကျွန်ုပ်၏ ဘုရားသခင်ကိုယ်တော်ကို ချီးမြှောက်ပါမည်၊၊ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်၊၊ ကိုယ်တော်ကိုနေ့တိုင်းအစဉ်ကောင်းကြီးပေးပါမည်၊၊ နာမတော်ကိုကမ္ဘာအဆက်ဆက်ချီးမွမ်းပါမည်၊၊ ထာဝရဘုရားသည်ကြီးမြတ်၍အလွန်ချီးမွမ်းဘွယ်ဖြစ်တော်မူ၏၊၊ ကြီးမြတ်တော်မူခြင်းကိုစစ်၍မကုန်နိုင်၊၊ အမှုတော်တို့ကိုလူမျိုးအဆက်ဆက်တို့သည်ချီးမွမ်း၍တန်ခိုးတော်များကိုဟော ပြောကြပါလိမ့်မည်၊၊ အကျွန်ုပ်သည်လည်းဘုန်းတန်ခိုးအာနုဘော်တော်ကို၎င်း၊ အံ့ဘွယ်သောအမှုတော်တို့ကို၎င်း၊မြွက်ဆိုပါ၏၊၊(ဆာလံ ၁၄၅း၁-၅)

            ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးကိုချီးမွမ်းကြလော့။(၁ ချုပ် ၁၆း၃၄)

ပေါလုလည်းကျေးဇူးတော်အမြဲချီးမွမ်းခဲ့သည်

           သင်တို့၏ယုံကြည်ခြင်းအရာသည်၊ မြေတပြင်လုံး၌အနှံ့အပြားကျော်စောသည်ဖြစ်၍၊ သင်တို့အကြောင်းကြောင့်ယေရှုခရစ်တော်အားဖြင့်၊ ငါ၏ဘုရားသခင်ကျေးဇူးတော်ကိုရှေ့ဦးစွာငါချီးမွမ်း၏။(ရော ၁း၈)

             အထက်ကခရစ်တော်၏သက်သေကို၊ သင်တို့တွင်တည်စေသည်ရှိသော်၊ သင်တို့သည်ထိုခရစ်တော်အားဖြင့်၊၆ အရာရာ၌နှုတ်သတ္တိ၊ ဥာဏ်သတ္တိအပေါင်းနှင့်ကြွယ်ဝပြည့်စုံကြသည်ဖြစ်၍၊ ယေရှုခရစ်အားဖြင့်သင်တို့အားပေးတော်မူသော၊ ဆုကျေးဇူးတော်ကိုငါထောက်၍၊ သင်တို့အကြောင်းကြောင့်၊ ငါ့ဘုရားသခင်၏ကျေးဇူးတော်ကို၊ အစဉ်မပြတ်ချီးမွမ်း၏။(၁ ကော ၁း၄-၆)

            ငါသည်ဆုတောင်းပဌနပြုသောအခါခါ၊ ဝမ်းမြောက်သောစိတ်နှင့်သင်တို့ရှိသမျှအဘို့ကို၊ အစဉ်ဆုတောင်းပဌနာပြုလျက်၊ သင်တို့ကိုအောက် မေ့သောအခါခါ၊ သင်တို့သည်ရှေ့ဦးစွာသောနေ့ရက်မှစ၍၊ ယခုတိုင် အောင်ဧဝံဂေလိတရားကိုဆက်ဆံ၍၊ ခံစားကြောင်းကိုငါထောက်သဖြင့်၊ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။(ဖိလိ ၁း၃-၅)

             သင်တို့သည်ယေရှုခရစ်ကိုယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကိုချစ်ကြသည်ဟု၊ ငါတို့သည်ကြားသဖြင့်၎င်း၊ သမ္မာတ ရားတည်းဟူသောဧဝံဂေလိတရားကို၊ သင်တို့သည်အထက်ကကြားသိကြသည်အတိုင်း၊ သင်တို့အဘို့ကောင်းကင်ဘုံ၌ သိုထားသော၊ မြော်လင့်ရာကိုထောက်သဖြင့်၎င်း၊ သင်တို့အဘို့အစဉ်မပြတ်ဆုတောင်း၍၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော၊ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကြ၏။(ကောလောသဲ ၁း၃-၅)

            ငါတို့အဘတည်းဟူသောဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည်ယုံကြည်သောစိတ်နှင့်အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့်ကြိုးစားအားထုတ်ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကိုမြော်လင့်သောစိတ်နှင့်တည် ကြည်ခြင်းတို့ကို၊ ငါတို့သည်အစဉ်မပြတ်အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသောညီအစ်ကိုတို့၊ သင်တို့ခံရသောရွေးကောက်တော်မူခြင်းကိုသိလျက်၊ သင်တို့အပေါင်းကိုအကြောင်းပြုသဖြင့်ဘုရားသခင်၏ကျေးဇူးတော်ကိုကာလအစဉ်ချီးမွမ်း၍၊ သင်တို့အဘို့အလိုငှါဆုတောင်းပဌနာပြု လျက်နေကြ၏။(၁ သက် ၁း၂-၄)

            ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းသည်အလွန်တိုးပွား၍၊ လူတိုင်းအသီးအသီးတို့သည်၊ အချင်းချင်းချစ်ခြင်းမေတ္တာနှင့်ပြည့်စုံကြသည်ဖြစ်၍၊ ငါတို့သည်ပြုသင့်သည်အ တိုင်းသင်တို့ကြောင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုအစဉ်မပြတ်ချီးမွမ်းကြ၏။(၂ သက်သာ ၁း၃)

            သင်၏မျက်ရည်ကိုငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း၊ သင့်ကိုတွေ့မြင်ခြင်းငှါအလွန်လွမ်းသောစိတ်ရှိသဖြင့် ၎င်း၊ သင်၏အဘွားလောဣ၊ အမိဥနိတ်၌အရင်တည်သောယုံကြည်ခြင်း တည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊သင်၌လည်းတည်သောယုံကြည်ခြင်းစစ်ကိုမှတ်မိသဖြင့်၎င်း၊နေ့ညဉ့်မပြတ်ဆုတောင်းပဌနာပြု သည်တွင်၊ သင့်ကိုမခြားမလပ်အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း၊ ကိုယ်ကိုကိုယ်သိသောစိတ်စင်ကြယ်ခြင်းနှင့်တကွ၊ ငါကိုးကွယ်သောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။(၂ တိမောသေ ၁း၃-၅)

သာသနာပြုလုပ်ငန်း

            ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ယခုအခါ၊ အမေရိကန်ပြည်ထောင်စုသတင်းကောင်းနှစ်ခြင်းအ အသင်းတော်၊ သာသနာပြုဌါနမှဖွင့်လှစ်တည်ထောင်သောအသင်းတော်များသည် ၂၂ ပါးရှိလာပြီဖြစ်သည်။ ထိုအ သင်းတော်များ၌အသင်းသားပေါင်း ၁၃၀၆ ဦးရှိပါသည်။ ထို့အပြင်အမေရိကန်ရှိဆရာများမှဦး ဆောင်၍ မြန်မာ နိုင်ငံ၌အသင်းတော်ပေါင်း ၆ နေ ရာ၌တည်ထောင်၍ အသင်းသားပေါင်း ၁၅၀ ရှိပါသည်။ ထို့အပြင်သာသနာ ပြု အသင်းတော်များမှဆရာ၊ ဆရာမများနှင့်အချို့သောအသင်းသားများ သည်၊ နေ့တိုင်းသင်တန်းပေးခြင်း၊ သက်သေ ခံခြင်းများပြုလျက်ရှိကြပါ သည်။ ထို့ကြောင့်အသင်းတော်များသည်၊ မသေ၊ လေမဖြတ်ဘဲအ သက်ရှင်လျက်ရှိ သည်။ ယခင်နှစ်အသင်းသားဦးရေ ၁၀၄၁ ယခုနှစ် ၁၃၀၆ တနှစ်အတွင်းအသင်းသား ၂၆၅ ယောက်တိုးတက်ခြင်း ဖြစ်ပါသည်။

Name               Dedicated   Church open  Members  City
1. Samuel Nai Ling  Oct 2013 Mar6, 2015   89 Northside, IN
2. Philip Bawi      Nov 2013 Apr11,2015   64 Nashville, TN
3. Josiah Van Tha   Nov 2013 Oct 8 2017 102 St. Paul    MN
4. Ah Lay Yang      Oct,2014 Jan23,2021   75  Columbia, MO
5. Gu Ah Sa         Sept2014 Dec18,2016  163 Bowling Green, KY
6. Caleb Naw Mai    May 2015 Sept  2019   43  Battle Creek, MI
7. John  Ree        Jun 2015  Dec 2018  57  Kansas, KS
8. Ruth             Jun 2015  Dec 2018       Kansas
9. Joseph Htwe      July2015 Nov 2016  77  Fort Wayne
10. Zechariah Soe TunOct 2015  May 2018   42  Owensboro
11. Lahtaw William   July2015  May 2016   40  Rochester
12. Paul Luh         Jul 2016  Jun 2018   81  St. Paul Karen
13. Naw Gay Paw      Dec,2018                  St. Paul Karen
14. Peter Htoo       Jul 2016  Oct 2022   31  Grand Rapids
15. Andrew Puia      Aug 2016                  Albany, NY
16. Aung Lin         Jul 2017                  Indiana south
17. Eh Say           July2017                  Fort Wayne
18. Elisha Sep 2017  Aug 2020   32  Milwaukee
19. Abel Aung Nan    July2017  Dec 2019   58  Omaha
20. Mary Aung Nan    Dec 2019                  Omaha
21. Joseph Lia K SangJuly2019  Aug 2019   60  Ottumwa
22. Philip Win Maung July2019  Sep 2020  42  Dallas
23. Dorcus Mawi      Oct 2019 Sep 2020        Dallas
24. La Yu Htoo       Feb 2020  Nov 2021   41  Des Moines
25. Michael Sang     Oct 2020  Nov 2020   39  Kansas
26. Now Ring         July 4, 2016            Buffalo
27. Steven Enpi      Jun 2021 Sep 2022  31  Charlotte
28. Naw Nor          Aug 2021  Apr 2022  34  Buffalo
29. Philemon Ku Htoo Aug 2021 May 2022    25  Albert Lee, MN
30. Epaphras         2022   Oct 2018  80  Austin, MN
Total  1,306

Burma Mission Churches

1. Paungtalay        Nov 8, 2021      U Myo Thein       17
2. Htohkyiant       Nov 17, 2021      Saya Zoa          70
3. Simmiswe                           Saya Banabas      11
4. N. Dagon                          Saya Win Myit     10
5. Hlaing Taya                        Saya Win Myit     17
6. Japan Kon                         Saya Saung        25
Total            150

မြန်မာကျမ်းစာအုပ်

           အွန်လိုင်းကနေမြန်မာကျမ်းစာကိုလည်းပြုလုပ်နိုင်သောကြောင့်ကျေးဇူးတော်ချီးမွမ်းပါသည်။ ထိုကျမ်း စာကို www.gospelmyanmarbible.com တွင်ဖတ်ရှုနိုင်ပါသည်။

၁။ သတ်ပုံအမှားများနှင့်စကားလုံးအပိုအလိုများကိုစီစစ်ပြုပြင်နေဆဲဖြစ်ပါသည်။ မကြာမှီအားလုံးစစ်ဆေးပြု ပြင်နိုင်ဘို့ ဆုတောင်းပေးစေချင်ပါသည်။

၂။ ကျမ်းပြိုင်များကိုလည်းထည့်ထားပေးပါသည်။ ကျမ်းပြိုင်များကိုအင်္ဂလိပ်စာဖြင့် [A][B][C] စသည်ဖြင့်တွေ့ပါ လိမ့်မည်။ ထို စကားလုံးများကိုနှိပ်လိုက်ပါကကျမ်းပြိုင်များတွေ့ပါလိမ့်မည်။

၃။ စကားလုံးရှင်းပြချက်(Comment) များကို (a) (b) ဖြင့်တွေ့နိုင်ပါသည်။ ထိုစကားလုံးများကိုနှိပ်လိုက်ပါက၊ စာမျက်နှာအောက်ဆုံးပိုင်း၌ရှင်းပြချက်များတွေ့ပါလိမ့်မည်။

၄။ စာလုံးအကြီးအသေးချဲ့ချုံ့လိုပါက -AA+ ဘေးနားကအပေါင်း+နှင့်အနှုတ်-လက္ခဏာကိုနှိပ်ပါ။

၅။ စာမျက်နှာတခုတည်းမဟုတ်၊ နှစ်ခုမှသုံးခုအထိတပြိုင်တည်းကြည့်လိုပါက split screen ကိုနှိပ်ခြင်းအား ဖြင့်ဖွင့်နိုင်ပါသည်။ ပဌမစာမျက်နှာ၌အ ကျယ်ချဲ့လွန်လျှင် split screen မပေါ်နိုင်ပါ။

၆။ နောက်စာမျက်နှာနှင့်အရှေ့စာမျက်နှာသို့ပြောင်းလိုလျှင်၊ စာမျက်နှာဘေးတဘက်တချက်၌မျှားပေါ်လာ လိမ့် မည်။ ထိုမျှားကိုနှိပ်ပါ။ မျှားသည်ပဌမစာမျက်နှာအကျယ် ၁၂၅% အောက် မှာ သာပေါ် နိုင်ပါသည်။

ရ။ ကျမ်းစာကိုလက်ဝဲဖက်၌အခန်းငယ်များ(verses) တန်းစီစေလိုလျှင်  v ကိုနှိပ်ပါ။ စာပိုဒ်(paragraph) အလိုက် ဖတ် လိုလျှင် p ကိုနှိပ်ပါ။

၈။ စာလုံးများကိုအလယ်မှာစုလိုလျှင်အတွင်းဘက်သို့ပြသောမျှားတံနှစ်ခုကိုနှိပ်ပါ။ စာမျက်နှာအပြည့်ဖြစ် စေလို လျှင်အပြင်သို့ပြသောမျှားတံနှစ်ခုကိုနှိပ်ပါ။

၉။ ကိုယ်စိတ်ကြိုက်ပုံစံရွေးပြီးလျှင် setting  သို့သွားပါ။ အောက်ဆုံ၌ yes သို့မဟုတ် no ကိုတွေ့လိမ့်မည်။ yes ကိုနှိပ်လိုက်လျှင်ကျမ်းစာဖွင့်တိုင်း၊ ကိုယ်ရွေးပြီး သောပုံစံ အတိုင်းထွက်လာပါလိမ့်မည်။

၁၀။  ကျမ်းစာကလုံးများကိုရှာဖွေနိုင်သည်။ ဥပမာ ထာ၀ရဘုရားဟူသောစကား လုံးကို ရှာလိုလျှင်ရှာရန် ဘားထဲ ၌ ဇော်ကုဒ်စလုံးအားဖြင့်ရိုက်နှိပ်ပါကတွေ့နိုင်သည်။ မြန်မာစာလုံးမရိုက်တတ်လျှင် ကျမ်း စာထဲမှစကား လုံးများ ကို copy နှင့် paste လုပ်ခြင်းအားဖြင့်ရှာရန်ဘား၌ထည့်၍ရှာနိုင်သည်။

၁၁။ ကျမ်းစာအုပ်နာမည်အခန်းကြီးအခန်းငယ်ကိုမြန်မာလိုအင်္ဂလိပ်စာလုံးနှစ်မျိုးဖြင့်ရိုက်၍ရှာနိုင်သည်။

            ကယ်တင်ခြင်းကျမ်းစာသင်တန်းများ

            ယခုအခါကယ်တင်ခြင်းသင်တန်းများကိုအမှုတော်ဆောင်များသာမက၊ ယုံကြည်သူတော်တော်များများ ကသင်ပေးလာနိုင်ကြသောကြောင့်ကျေးဇူးတော်ချီးမွမ်းပါသည်။

ကယ်တင်ခြင်းသင်ခန်းစာများကိုမြန်မာနိုင်ငံရှိစကားတော်တော်များများအားဖြင့်ဘာသာပြန်ထုတ်လုပ် နိုင်သောကြောင့်ကျေးဇူးတော်ချီးမွမ်းပါသည်။ ထိုသင်ခန်းစာများကို www.gbcusa.org ၌ဖတ်ရှုနိုင်ပါသည်။

အွန်လိုင်းမှဖတ်ရှုနိုင်သောဘာသာစကားများမှာ၊   အင်္ဂလိပ်၊ မြန်မာ၊ ကချင်၊ စကောကရင်၊ ကယား၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ မတူ၊ မရာ၊ မီရိုးဘာသာစကားများဖြစ်သည်။

            ထို့အပြင်နိုင်ငံခြားဘာသာအနေဖြင့် တရုပ်မင်ဒရင်၊ ဖိလိပီနိုး စကားဖြင့်လည်း www.gbcusa.net ၌ဖတ်ရှုနိုင်ပါသည်။ ကျန်ကမ္ဘာ့ဘာသာစကားများအားဖြင့်လည်း၊ google အားဖြင့်ဘာသာပြန်ထားပါသည်။

ကယ်တင်ခြင်းသင်ခန်းစာဖြင့်ကျမ်းစာသင်ခြင်း၏အကျိုးများ၊

၁။ ကယ်တင်ခြင်းအကြောင်းကိုအခြေခံမှစတင်၍အဆင့်ဆင့်ရှင်းပြသောကြောင့်သင်ပေးသူနှင့်သင်ကြားသူအ တွက်သိရှိနားလည်လွယ်သည်။ အချိတ်အဆက်ရှိသည်။

၂။ သင်ပေးသူအနေဖြင့်အထူးတလည်ပြင်ဆင်စရာမလိုချေ။

၃။ သင်ခန်းစာတိုင်းသည်ဆက်စပ်မှုရှိသော်လည်းအကြောင်းအရာထပ်တလဲလဲမဟုတ်သောကြောင့်ငြေးငွေ့စရာ    မရှိချေ။

၄။ သင်ခန်းစာတိုင်း၌မေးခွန်းများဖြေရသဖြင့်သင်ကြားသောအရာသိမသိနားလည်နိုင်သည်၊ မှတ်မိနိုင်သည်။ အဖြေမှန်ဖြေနိုင်သောအခါဝမ်းမြောက်အားတက်စေသည်။

၅။ လူတယောက်နှင့်တယောက်မတူကြပါ။ အချို့သောသူများသည် သင်ခန်းစာ ၁ နှင့် ၂ လောက်နှင့်ပင်စိတ်လှုပ် ရှားပြီးစိတ်ဝင်စားသွားကြသည်။ အချို့သောသူများ သင်ခန်းစာ ရ  ၁၃  ၁ရ စသည်ဖြင့်စတင်သဘောပေါက်ကြ သည်။ မည်သို့ပင်ဖြစ်စေ၊ စိတ်ဓါတ်မကျဘဲပုံမှန်သင်သွားခြင်းဖြင့်နောက်ဆုံး၌ကယ်တင်ခြင်းသဘောပေါက်သွား ကြသည်။

၆။ ဤသင်ခန်းစာအားဖြင့်ကယ်တင်ခြင်းသို့ရောက်သွားသောသူများသည်အမြင်တူ၊ အကြံတူ၊ သဘောချင်းတူညီ လာကြသည်။

ရ။ ကယ်တင်ခြင်းသင်ခန်းစာသင်ပေးသူ၊ မအားလျှင်အခြားသင်ပေးဘူးသောသူကိုတာဝန်လွှဲပေး၍ရသည်။

၈။ သင်ခန်းစာများသည်မတိုမရှည်ဖြစ်သောကြောင့်တစ်နာရီအတွင်းပြီးနိုင်သည်။

၉။ သင်ခန်းစာအားဖြင့်ဝိညာဉ်တော်ဘော်ပြ၍သမ္မာတရားများပွားများပြောတတ်လာကြသည်။

၁၀။ ဤသင်ခန်းစာများကိုအွန်လိုင်းမှရရှိနိုင်သောကြောင့်တကမ္ဘာလုံးမှအသုံးပြုနိုင်သည်။

                         ဓါတ်ပုံမှတ်တမ်းများ

     

No description available.

          Emmanuel Gospel Baptist Church, Austin, Minnesota

No description available.

   Emmanuel Gospel Baptist Church Saya Epaphras family

No description available.

          Gospel Baptist Church of Des Moines, Iowa State

No description available.

                         Saya Lah Yu Htoo and Family GBC Des Moines 

No description available.

Gospel Baptist Church of Bowling Green, Kentucky Members

No description available.

Pastor Ah Sa and Sayama Mary Thein, GBC Bowling Green, KY

No description available.

Karen Gospel Baptist Church members, St. Paul Minnesota 

Open photo

Pastor Pawluh & Sayama Mu Ge Phaw Karen GBC, St. Paul, Minnesota 

 

No description available.

                        Gospel Baptist Church of Ottumwa, Iowa

No description available.

     Saya Joseph Kung & Sayama Lily Par GBC of Ottumwa, Iowa

No description available.

                 Gospel Baptist Church of Albert Lee, Minnesota 

No description available.

            Saya Philemon Ko Htoo family, GBC Albert Lee, Minnesota 

No description available.

Gospel Baptist Church of Kansas City, KS

No description available.

Gospel Baptist Church of Dallas, Texas

No description available.

  Saya Philip Win Maung & Sayama Dorcar Amawi GBC of Dallas, Texas

No description available.

Gospel Baptist Church of Charlotte, North Caroliana

Open photo

Saya Steven Enpi and Sayama Neh Meh GBC Charlotte, NC

No description available.

Gospel Baptist Church of Nashville, TN

No description available.

Pastor Philip Bawi Lian Kim and family, GBC Nashville, TN

No description available.

             Gospel Baptist Church of Omaha, Nebraska 

No description available.

                 Saya Abel Aung Nan family, GBC Omaha, NENo description available.

Maranatha Gospel Baptist Church, Bufalo, New York

No description available.

Saya Naw Nor family, Maranatha GBC, Bufalo

No description available.

Gospel Baptist Church of Owensboro, Kentucky

No description available.

   Saya Zechariah Soe Tun and family, GBC Owensboro, KY

No description available.

                  Gospel Baptist Church of Kansas, KS

No description available.

          Saya John Ree Reh and Family, GBC Kansas 

 

No description available.

            Gospel Baptist Church of St. Paul, Minnesota

No description available.Pastor Josiah Van Tha family, GBC St. Paul

          

Open photo

Saya Andrew family, Albany, New York

Open photo

Pastor Peter Htoo family, Myanmar GBC, Grand Rapids, MI

No description available.

No description available.

                     ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဆင်မြီးဆွဲရွာမှယုံကြည်သူများ

No description available.

             မြန်မာပြည်၊ ပဲခူးတိုင်း၊ ဆင်မြီးဆွဲသာသာပြုဆရာဗာနဗမိသားစုပုံ

Pastor Caleb Naw Mai family, Peniel GBC, Battle Creek, MI

No description available.

Gospel Baptist Church of Fort Wayne, IN

No description available.

              Crosspointe Gospel Baptist Church of Columbia, MO

No description available.

Columbia, MO Crosspointe Gospel Baptist Church pastor Shia family

No description available.

Gospel Baptist Church members Indianapolis Northside

No description available.

              Pastor Nai Lin family (GBC Indianapolis Northside)

No description available.

 Gospel Baptist Church of Rochester, New York

No description available.

                     Pastor William and family, GBC Rochester, NY

No description available.

No description available.

No description available.

No description available.

                                             Milwaukee GBC