Periodical: Good News, October 2017

Home  >  Periodicals > Octorber 2017

gn102017

October 2017

GOOD NEWS PERIODICAL

.

မာတိကာ

  • မသိလို့ပါ
  • ချီဆောင်ခြင်းလောဒုတိယကြွလာခြင်းလော
  • ဘုရားသခင်၏ဘုန်းတော်
  • အလိုတော်၌ ဆုတောင်းခြင်း အသက်တာ (၄)
  • ကျမ်းစာ ဖတ်ကြစို့
  • အသင်းတော်လှုပ်ရှားမှု

    အမှာစာ
    ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင်အသက် ရှင်လှုပ်ရှားသွားလာနိင်ကြသေးသည်။ လွန်ခဲ့သော လတံပိုးမှုတ်ပွဲ၌ ချီဆောင်ခြင်း ဖြစ်မည်လောဟု ယုံကြည်သူ အချို့တို့သည် စိတ်လှုပ်ရှားစွာ စောင့်မျှော်သော်လည်း မဖြစ်သေးပါ။ ထိုသို့ မဖြစ် သေးသောကြောင့် အချို့သော ယုံကြည်သူများသည် စိတ်ပျက်နိင်သည်။ သို့သော် စိတ်ပျက်စရာ မရှိပါ။ ခရစ်တော်က၊ “ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။” (မ ၂၄:၃၅) ဟုဆိုခဲ့သည်။ ခရစ်တော် ကြွလာမှာကို ယုံကြည် မျှော်လင့်ခြင်းဖြင့် အရှုံး လုံးဝ မရှိပါ။ ချီဆောင်ခြင်းကို မျှော်လင့်သော သူများသည် ဤလောကကို မချစ်၊ တန်ဘိုး မထားတော့ဘဲ၊ ကောင်းကင် အရာ၊ ဝိညာဉ် ပိုင်းဆိုင်ရာကို စိတ်ဝင်စားတတ်သည်။ ထိုသူများသည် ဘုရား မဲ့တရားမဲ့မနေ၊ လောကီတပ်မက်ခြင်းကို ပယ်၍ ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း တို့ဖြင့် အသက်တာကုန်လွန်စေတတ်သည်။ ထိုသို့ သခင်ဘုရား ကြွလာခြင်းကို မြော်လင့်သော သူများကို သရဖူပေးမည့် အကြောင်း ပေါလုကဤသို့ ရေးခဲ့သည်၊ “ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက် ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူ တည်းဟူသောသခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ် ပေးတော်မူ မည်။ ထိုမျှမက၊ ပေါ်ထွန်း တော်မူခြင်းကို တောင့်တသောသူ အပေါင်းတို့၌လည်း အပ် ပေးတော်မူ မည်။” (၂ တိ ၄:၈)။ ထိုသရဖူကို သင်ရရှိဘို့ မျှော်လင့်ပါသလော။ ဤလောကသည် ပျက်စီးခြင်းသို့ အလျှင်အမြန် သွားနေသောကြောင့် မတပ်မက်သင့်တော့ပါ။ အောက်တိုဘာလ ၄ ရက်နေ့မှစလောင်သော ကယ်လိုဖိုးနီးယားမိီးကြောင့်ဤစာရေးသည် အထိ လူ၃၅ ယောက်သေ၍ ၂၅၀ ကျော်ပျောက်ဆုံး နေကြသည်။ အိမ် ၃၅၀၀ ကျော်မီးလောင်ပျက်စီး၍ ၊ ဧကနှစ်သိမ်းကျော်လောင်သည်။ သင်နှင့် ​ကျွန်ပ်လည်း မည်သည့်အချိန်တွင် မည်ကဲ့သို့ဖြစ်မည်ကို မသိနိင်ပါ။ ထို့ကြောင့် မိုးကောင်းကင် ဖက်မြော်ကြည့်၍ အသက်တာအသုံးပြုကြဘို့ နိုးဆော်လိုပါသည်။

    .

    ^

    မသိလို့ပါ

    လူတိုင်း ငရဲမီးအိုင် ထဲမဆင်းချင် ကြပါ။ ကောင်းကင်နိင်ငံသို့ သွားချင် ကြသည်။ သို့သော် ဤလောက၏ လှည့်ဖျားမှုကို မလွန်ဆန်နိင်သောကြောင့် ထိုအရာများကို လိုက်စားရင်း ကောင်းကင်နိင်ငံသွားမည့် အရာကို စိတ်မဝင်စားတော့ချေ။ ဤလောကကို အုပ်စိုးသော စာတန်ကလည်း ကောင်းကင်နိင်ငံမဝင်ချင်အောင် လူတိုင်း၏ ဥာဏ်မျက်စိကို ကွယ်ထားသည် (၂ ကော ၄:၄)။ စာတန် အသုံးပြုသောအရာ များ မှာလူတစ်ဦးစီ၏ ဝါသနာအတိုင်း ကွာခြားသည်။ နိင်ငံရေးဝါသနာပါသော သူများကို နိင်ငံရေးဖက်၌ လိုက်စားစေခြင်းအားဖြင့်အချိန် ကုန်မှန်း မသိကုန်သွားကာနောက်ဆုံးသေသွား သောအခါ ငရဲသို့ ဆင်းသွားရသည်။ နိင်ငံအုပ်ချုပ်ရေးသည် ဖန်ဆင်းရှင်ကိုယ်တိုင်က အုပ်ချုပ်မှသာလျှင် ငြိမ်သက်ခြင်း၊ သာယာဝပြောခြင်း၊ အောင်မြင်ခြင်းရှိနိင်သည်။ အနှစ်တစ်ကောင်ကာလတွင် သခင်ယေရှု ကဤလောကကို အုပ်ချုပ် သောအခါ သာယာဝပြော၍ တရားမျှတမှုလည်းရှိမည်၊ ငြိမ်သက်ခြင်းလည်းရှိမည်။ ထိုအချိန် မတိုင်မှီလူတဦးချင်းစီကို ဘုရားသခင်က အုပ်စိုးဘို့ လိုအပ်သည်။ ထိုသို့ အုပ်စိုးနိင်ရန် ကယ်တင်ခြင်းသို့ ရောက်ဘို့ လိုသည်။ ကယ်တင်ခြင်းသို့ မရောက်လျှင် ခရစ်တော်၏ အုပ်စိုးခြင်းကို မခံနိင်ချေ။ အခြားသော လူများ အုပ်စိုးဘို့ရန်လည်း ခရစ်တော်၏ အုပ်စိုးခြင်းကို မခံကြသောကြောင့် လွယ်ကူသည် မဟုတ်။ ထို့ကြောင့် ယခုအချိန်တွင် လူတိုင်း ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံ၍ သူ၏ အုပ်စိုးခြင်းကို ဝန်ခံနိင်ဘို့ရန် လိုအပ်သောအချိန် ဖြစ်သည်။

    ရွှေငွေချမ်းသာ ချင်သော သူများကို စာတန် ကဤလောက ဘုန်းစည်းစိမ်များအားဖြင့် သွေးဆောင်ကာထိုအရာများကို ရှာဖွေ ရင်းဖြင့်အချိန် ကုန်မှန်း မသိကုန်စေသည်။ စာတန် ကယေရှုထံ၊ “ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူ အားပေးရသည် ဖြစ်၍ ကိုယ်တော် အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည်ကိုယ်တော်၏ ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။” (လု ၄:၆ -ရ)။ စာတန်သည် ဤလောက ဖန်ဆင်းရှင်ကို ပင်အား မနာ၊ အရှက်မရှိဘဲ သူဖန်ဆင်းထားသောလောက အရာများအားဖြင့် သူ့တပည့် ဖြစ်ဘို့ သွေးဆောင်ခဲ့သည်။ ဤလောကကို ပိုင်လိုလျှင် စာတန်ကို ကိုးကွယ်ဘို့ လိုသည်။ ထို့ကြောင့် ခရစ်တော် ကလက်မခံခဲ့ချေ။ “ရွှေနှင့် ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင် ဗိုလ်​ခြေအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။” (ဟဂ္ဂဲ ၂:၈)။ ထို့ကြောင့် ရွှေငွေထက်၊ ရွှေငွေပိုင်ရှင်၊ ဖန်ဆင်းရှင်ကိုကိုးကွယ်ကြစို့။ ရွှေငွေပိုင်ရှင်ကိုကိုးကွယ်လျှင် ရွှေငွေသည် အလိုလိုရပြီးသား ဖြစ်သည်။ ထိုမျှသာမကရွှေငွေသည် လူကို အကန့်သတ်သာကူညီနိင်သည်။ “ထာဝရ ဘုရား အမျက်ထွက် တော်မူသော နေ့၌ သူတို့ ရွှေငွေသည် သူတို့ကို မကယ်နိုင်ရာ။” (ဇေဖနိ ၁:၁၈)။ လူ၏ တန်ဘိုးသည် ရွှေငွေ ယပိုင်ဆိုင်မှု အပေါ်၌ မတည်ပါ။

    လူ၏ တန်ဘိုးသည် ဝိညာဉ် အပေါ်၌ တည်သည်။ “ဝိညာဉ်နှင့် ကင်းသောကိုယ်သည် အသေ ဖြစ်သည််” (ယာ ၂:၂၆)။ သင်၏ တန်ဘိုးသည် သင်၏ ဝိညာဉ် အပေါ်၌ တည်နေသည်။ သင်၏ ဝိညာဉ်ကိုယ်ခန္ဓာအထဲမှ ထွက်သည်နှင့် တပြိုင်နက်သင့်ကို အဘယ်သူ ကမျှမချစ်တော့ပါ။ သင်၏ကိုယ်ခန္ဓာကို အမြန်ဆုံး သင်္ချိုင်းတွင်း ၌ မြှုပ်ကြမှာ ဖြစ်သည်။ သင်အချစ်ဆုံးမိဘ၊ ခင်ပွန်းသည်၊ သားသမီးများကို ယ်တိုင်သင့်ကို အမြန်ဆုံး အိမ်မှထုတ်ပယ်မှာ ဖြစ်သည်။ ထို့ကြောင့် တန်ဘိုးရှိလှသော သင်၏ ဝိညာဉ် အတွက် သာ၍ အသက် ရှင်သင့်သည်။ သင်၏ကိုယ်ခန္ဓာထဲမှ ဝိညာဉ် ထွက်သွားလျှင် ဘယ်နေရာသို့ သွားမည်နည်း။ သင်စဉ်းစားဘူးပါသလား။ “ခရစ်တော်၏ ဝိညာဉ်ကို မရသော သူမည်သည်ကား ခရစ်တော်နှင့် မဆိုင်။” (ရော ၈:၉)။ သင်သည် ခရစ်တော်၏ ဝိညာဉ် မရလျှင် ခရစ်တော်နှင့် မဆိုင်သောကြောင့် သင်၏ ဝိညာဉ်သည် ငရဲသို့ ဆင်းသွားမှာ ဖြစ်သည်။ သင်၏ ဝိညာဉ်သည် မည်သည့်အချိန််နေ့ရက်တွင်ကိုယ်ခန္ဓာထဲမှ ထွက်သွားမည်ဟု မသိနိင်၊ အချိန် မရွေးထွက်သွားနိင်သည်။ အသက် ကြီးသည် အထိ အသက် ရှင်ရမည်ဟု အာမမခံနိင်ပါ။ ကား တိုက်၍ သော်၎င်း၊ အသတ်ခံ၍ သော်၎င်း၊ နှလုံးဦးနှောက်သွေးကြောပြတ်၍ သော်၎င်း၊ အကြောင်း အမျိုးမျိုးကြောင့် ချက်ခြင်း သေနိင်သည်။ ထို့ကြောင့် ဝိညာဉ် သွားမည့် နေရာကို ကြိုတင် ပြင်ဆင်ဘို့ လိုသည်။ ခရစ်တော်၏ ဝိညာဉ် ရထားလျှင် ခရစ်တော်နှင့် ဆိုင်သောကြောင့် ချက်ခြင်း ကောင်းကင် ရောက်သွားနိင်သည်။ ခရစ်တော်ကို စိတ်နှလုံးတံခါးဖွင့်ပေးခြင်းအားဖြင့် ခေါ်ဘိတ် လက်ခံပါ။

    အချို့သော သူများသည်လောကီပညာလိုက်စားရင်းဖြင့် မိမိဝိညာဉ် ရှေ့ရေးအတွက် ပင်မစဉ်းစားနိင်အချိန် မပေးနိင်ဘဲ စာကို သာအဓိကထား ကြိုးစား ကြသည်။ ထိုသို့ ပညာရှာခြင်းသည် ဝင်ငွေကောင်းဘို့၊ သက်သော င့်သက်သာနေနိင်ဘို့၊ ဂုဏ်ရှိဘို့ အတွက် ဖြစ်သည်။ လောကီပညာသည် အတိုင်း တာ တခုအတွက် အရေးကြီးသော်လည်း အဓိကလိုအပ်ချက် မဟုတ်ပါ။ လောကီပညာရှိလာသောအခါ မာနထောင်လွှား၍ ဘုရားကို မယုံကြည်၊ ဂရုမစိုက် ဖြစ်တတ်သည်။ “ဥာဏ်သည် ထောင်လွှားစေတတ်၏။” (၁ ကော ၈:၁)။ လောကီပညာရှိသော်လည်း ငရဲသွားလျှင် မတန်ပါ။ ထို့ကြောင့် လောကီပညာရှာခြင်းဖြင့် မိမိအချိန်ကို မကုန်စေသင့်ပါ။ ပေါလုက၊ “ညီအစ်ကိုတို့၊ သင်တို့ကို ခေါ် တော်မူခြင်း အကြောင်း အရာကို ဆင်ခြင်လော့။ ခေါ် တော်မူသော သူတို့ တွင်လောကီပညာရှိိအများ မပါ။ ထင်ရှားသော လူကြီး အများ မပါ။ မင်းမျိုးမင်းနွယ် ဖြစ်သော သူအများ မပါ။ ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအရာ၌ မိုက်မဲသော သူတို့ကို ရွေးကောက် တော်မူ၏။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအရာ၌အား နည်းသော သူတို့ကို ရွေးကောက် တော်မူ၏။” (၁ ကော ၁:၂၆-၂ရ)ဟု ရေးထားသည်။ ဘုရားရွေးကောက်သော သူတို့ တွင်လောကီပညာရှိအနည်းငယ်သာပါသည်ဟုဆိုသည်။ အကြောင်းမှာ ပညာရှိများက၊ “ဘုရားသခင်၏ ဝိညာဉ်တော် အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာ ဖြစ်သည်ဟု ထင်တတ်၏။” (၁ ကော ၂:၁၄)။ လောကီပညာရှိ ဖြစ်ပြီး ငရဲသွားသည်ထက် ပညာမဲ့ပြီး ကောင်းကင် သွားခြင်း ကသာ ၍ ကောင်းသည်။ ထိုသို့ ဆိုသော်လောကီပညာကို လုံးဝ မသင်ရဟု မဆိုလို၊ ဘုရားတရား ယုံကြည် မည့် အရာကို တားဆီး စေသော ပညာမ ဖြစ်စေဘို့ အရေးကြီးသည်။ ပညာရှာသောကြောင့် မိမိဝိညာဉ် သွားမည့် နေရာကို ပင်မ ပြင်ဆင် နိင်လျှင် မသင်သည် ကသာ ၍ ကောင်းသည်။ ထို့ကြောင့် လောကီပညာရှာရင်းဖြင့် ဘုရား ပေးထားသော ထာဝရ အသက်ကို ရှာဖွေ လက်ခံသင့်သည်။

    များစွာသော လူများသည် ခဏပျော်ပါးရေးကို သာလျှင် ရှာဖွေ နေကြသည်။ မတရားသော မေထုန်မှီဝဲခြင်း၊ သူ့ခင်ပွန်းနှင့် မှားယွင်းခြင်း၊ သေရည်သေရက်သောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ပွဲလုပ်ခြင်းများအားဖြင့်အချိန် ဖြုန်း နေကြသည် (ရော ၁၃:၁၃)။ ထိုအရာများသည် ခဏာပျော်ရွှင်သော်လည်း ဝိညာဉ် ရေးရာ၌ စိတ်မဝင်စားဘဲ အပြစ်သို့ သာဆက်တိုက်သွားစေသည်။ ထိုအရာများသည် စာတန်၏ လက်နက်များ ဖြစ်၍ လူ့အစွမ်းအားဖြင့် မအောင်မြင် နိင်ချေ။ ဘုရား၏ တန်ခိုးအားဖြင့် သာအောင် နိင်သည်။ “သမ္မာတရား ကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်” (ယော ၈:၃၂)၊

    စာတန်၏ နောက်ဆုံးပေါ်လက်နက် တခုသည် အီလက်ထောနစ်ပစ္စည်းများ ဖြစ်သည်။ ဖုန်း၊ အိုင်ပက်၊ ဗီဒယိုကင်း၊ ကွန်ပြူတာ၊ တီဗီများအားဖြင့် လူငယ်များ သာမက၊ လူကြီးများ၊ ခလေးများ၊ အမှုတော်ဆောင်များ အထိ လူတန်းစားအားလုံးကို ယစ်မူးစေသည်။ ထိုအရာများ ကြည့်ရှုရှာဖွေ၊ ကစားခြင်းဖြင့်အချိန် ကုန်၊ အပြစ် သင်၊ အပြစ် လုပ် နေကြပြီ။ ဘုရားတရား ကိုလည်း စိတ်မဝင်စားတော့ချေ။ ဘုရားကျောင်းသွားလျှင်လည်း ထိုအရာများကို သာလျှင်ကိုင်တွယ်ကြည့်ရှု နေကြသည်။ “သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည်အကြောင်း နှင့်၊ မိမိကို မကိုးကွယ်သော သူရှိသမျှ တို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်း ရ၏။” (ဗျာ ၁၃:၁၅)။ ဘေးဒဏ်ကြီး ကာလ၌ သားရဲ၏ ရုပ်တုသည် အသက် သွင်းမှာ ဖြစ်သည်။ ယခုတီထွင်ထားသော အထက် ဖေါ်ပြပါအရာများသည် ထိုရုပ်တု၏ ရှေ့ပြေးများ ဖြစ်ကြသည်။ လူများကို အာဏာမသုံးဘဲ အလွန် နိင်နေပြီ ဖြစ်သည်။ မိတ်ဆွေ၊ ထိုအရာများ အသုံးပြုခြင်းဖြင့်အချိန် ဖြုန်းပြီး မိမိဝိညာဉ် အတွက် မစဉ်းစားမ ပြင်ဆင်လျှင်အချိန် ကုန်၍ ကယ်တင်ခြင်းသို့ မရောက်ဘဲ ငရဲရောက်သွားနိင်သည်။ ထိုအရာများကို လိုအပ်သည်ထက် မသုံးဘဲကိုယ် ဝိညာဉ် အတွက် ပြင်ဆင် စေချင်သည်။

    လူမျိုးရေးလည်း သတိမထား၍ မရပါ။ကို ယ့်မြို့ကိုယ့်ရွာ၌ နေခဲ့စဉ်တွင် လူမျိုးရေးမရှိခဲ့ပါ။ တိုင်း တပါးရောက် သောအခါ အခြားလူမျိုးများ၏ လှူပ်ရှားမှုကြောင့် ကိုယ်လူမျိုးကို ပို၍ ချစ်လာကာအကြီး အကျယ်လူမျိုးရေး၌ လှူပ်ရှားလာကြခြင်းဖြင့် အချိန််ဖြုန်း ကြသည်။ ခရစ်တော်က၊ “လူတမျိုးနှင့် တမျိုးတနိုင်ငံနှင့် တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။” (မ ၂၄:ရ)ဟု ဗျာဒိတ်ပြုခဲ့ပြီးသည့်အတိုင်း လူတမျိုးနှင့် တမျိုးရန်ဘက်ပြု နေကြပြီ။ ကိုယ့်လူမျိုးကို ဇာတိပိုင်းတိုးတက်စေခြင်းသည် အကျိုးမရှိပါ။ လူမျိုးတိုးတက်လာလျှင် ဇာတိသွေးကြွစေ၍ မာန်မာနထောင်လွှားကာ အခြားလူမျိုးများနှင့် ရန်ဖြစ်စေသည်။ ကိုယ့်လူမျိုးအားလုံးပညာရှိချမ်းသာ၍ ခေါင်းဆောင်များဖြစ်သော်လည်း သေ သောအခါ ငရဲသွားလျှင် အကျိုး လုံးဝ မရှိပါ။ ကိုယ့်လူမျိုးကို ချစ်လျှင် ကယ်တင်ခြင်းသို့ ရောက်စေခြင်း သာလျှင် အကျိုးရှိသည်။ ခရစ်တော်၌ လူမျိုးရေးမရှိတော့ချေ။ “ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ​ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျ်ားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။” (ဂလာ ၃:၂၈)

    စာတန်၏ နောက်ဆုံးလက်နက် တခုသည် ဘာသာရေးလိုက်စားစေခြင်း ဖြစ်သည်။ စာတန် ကဘာသာရေးကို လုံးဝ မမှုချေ။ ဘာသာရေးသည် သူ၏ ဥစ္စာ ဖြစ်သည်။ ထို့ကြောင့် ဘာသာရေးလိုက်စားစေခြင်းဖြင့် စိတ်ဓါတ်များ ပြင်းထန်လာကာ အခြားဘာသာများ ကိုလည်း မုန်း၍ သတ်ချင် လာသည်။ ခရစ်ယာန် ဘာသာကိုလည်း မကြောက်ချေ။ ခရစ်တော် မရသော နာမည်ခံ ခရစ်ယာန် များသည် စာတန်၏ လူများ ဖြစ်သည်။ ကျမ်းစာ တတ်၊ ကျမ်းစာကျောင်းအောင်၍ ဘွဲ့ ကြီး ကြီးမား မားရရှိသော သူများလည်း စာတန်က လုံးဝ မကြောက်ချေ။ သူ၏ လူများ ဖြစ်သောကြောင့် ဘုရားကို ယုံကြည်သည်ထက် မယုံကြည်အောင် သင်ပေးသော သူများ ဖြစ်သည်။ သင်သည် ထိုသို့ သောသူ မဟုတ်ဘဲ ကယ်တင်ခြင်း စိတ်ချသောသူ၊ ကယ်တင်ခြင်း အကြောင်းကို ဝေငှသောသူ ဖြစ်သင့်သည်။

    အချို့သော သူများသည် ကယ်တင်ခြင်း စိတ်ချမှု မရှိသော်လည်းရှိသကဲ့သို့ ခပ်တည်တည်နေတတ် ကြသည်။ ထိုအရာသည် မိမိကိုယ်ကို လိမ်ညာနေခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းသည် ရှက်ခြင်း၊ မာနရှိခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်က၊ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့ မဖြစ်လျှင် ကောင်းကင် နိုင်ငံတော်သို့ မရောက်ရကြ၊ ၄ ထိုကြောင့်အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကို မိမိနှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင် နိုင်ငံတော်၌ သာ၍ ကြီး မြတ်လိမ့်မည်။” (မ ၁၈:၃-၄) ဟုဆိုခဲ့သည်။ သူငယ်သည် စိတ်နှိမ့်ချ၍ ပြောသောအရာ ကို လက်ခံတတ်သည်။ လူအများစုသည် စိတ်မနှိမ့်ချသောကြောင့် ငရဲသွားရမည့် အရာသည် အလွန် ဝမ်းနည်းစရာ ဖြစ်သည်။ ကောင်းကင်နိင်ငံသည် မဝင်နိင်အောင် ပိတ်ထားသည် မဟုတ်။ သို့သော် စိတ်မဝင်စား၊ ပြောသောအရာ နားမထောင်မာနကြီး သောကြောင့် သာမဝင်နိင်ခြင်း ဖြစ်သည်။

    .

    ^

    ချီဆောင်ခြင်းလောဒုတိယကြွလာခြင်းလော

    မသဲ ၂၄:၃ရ- ၂၅:၃၀

    မ ၂၄:၃ရ- ၉၌ နောဧခေတ်ကဲ့သို့ဖြစ်မည်။ မ၂၄:၄၀-၄၄တွင် နှစ်ယောက်ထဲမှတယောက် သိမ်းမည်။ မ၂၄:၄၅-၅၁၌ ​ကျွန်ကောင်းနှင့် ​ကျွန်ဆိုးအကြောင်းရေးထားသည်။ မ၂၅:၁-၁၃တွင် မင်္လာဆောင်လုလင်စောင့်သော အပျိုကညာ ၁၀ ယောက်အကြောင်းရေးထားသည်။ မ၂၅:၁၄-၃၀တွင် ငွေခွက်အပ်ထားသော ငယ်သား သုံးယောက်အကြောင်းရေးထားသည်။ ထိုအရာများသည် ချီဆောင်ခြင်း၌ ဖြစ်မည့် အရာများလော၊ ခရစ်တော် ဒုတိယအကြိမ် ကြွလာမည့် အချန်၌ ဖြစ်မည့် အရာများလောဟူသောအရာ ကို လေ့လာကြစို့။ ကျမ်းတတ်ပုဂ္ဂိုလ်အများစုကအထက်ပါ ကျမ်းပိုဒ်များသည် ဒုတိယကြွလာမည့် အချိန်၌ ပြည့်စုံမည့် အရာများဟုဆို ကြသည်။ ထိုသို့ ဆိုရခြင်းသည် မ၂၄နှင့် ၂၅ တခုလုံးကို ဘေးဒဏ်ကြီးကာလ အတွက်ဟု ယူဆသောကြောင့် ဖြစ်သည်။ ထို့အပြင် ချီဆောင်ခြင်းသည် ပေါလုကနက်နဲသောအရာဟု ၁ ကော ၁၅:၅၁-၅၃၌ ရေးသား သောကြောင့် ဖြစ်သည်။ နက်နဲသောအရာသည် မဖေါ်ပြသောအရာ ဖြစ်၍ ပေါလုကသာလျှင် စတင် ဖေါ်ပြသည်ဟုဆိုသည်။ ခရစ်တော် ကတပည့်တော်များထံ၊ “ငါသည် သွား၍ သင်တို့ နေစရာ အရပ်ကို ပြင်ဆင် ပြီးမှတဖန် လာပြန်၍ ၊ ငါရှိရာအရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” (ယော ၁၄:၃) ဟုဆိုခဲ့သည်။ ထို့အပြင် ခရစ်တော်က၊ မ၂၄ ပြောချိန်တွင် အသင်းတော် မရှိ သေးသောကြောင့် အသင်းတော်ကို သိမ်းဆည်းမည့် အရာကို မပြောဟုဆို ကြသည်။ သိုု့သော် ခရစ်တော်က၊ မ၁၆:၁၈တွင် အသင်းတော် တည်ထောင်မည့် အရာကို ပြောပြီး ဖြစ်သည်။ အသင်းတော်ကို တမန်တော်များအားဖြင့် တည်ထောင်မှာ ဖြစ်၍ ထိုသို့ ပြောပြီး နောက်နှစ်လလောက်အကြာတွင် တည်ထောင်သောကြောင့်၊ တမန်တော် များသည် အသင်းတော်နှင့် သက်ဆိုင်သော သူများ၊ အသင်းတော်၏ အုတ်မြစ်များ ဖြစ်သည်။ ထို့ကြောင့် အသင်းတော် သိမ်းဆည်းမည့် အရာကို တမန်တော်များထံပြောပြခြင်း ဖြစ်သည်။ ချီဆောင်ခြင်းနှင့် ဒုတိယကြွလာခြင်းသည် အလွန် နီးသောကြောင့် ခရစ်တော် ကထိုအရာနှစ်ခုကို ရော၍ ပြောပြခြင်း ဖြစ်သည်။ အထက်ပါ ကျမ်းပိုဒ်များသည် ချီဆောင်ခြင်း အကြောင်း ပြော၍ ဒုတိယကြွလာခြင်း မဟုတ်ကြောင်း အောက်ပါအချက်များအားဖြင့် သိရသည်၊

    ၁။ နောဧလက်ထက်ကဲ့သို့
    “လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ၃၈ ရေလွှမ်းမိုးခြင်း မဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သော နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေ၍ ၊ ၃၉ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ ၊ လူသား ကြွလာသောအခါ၌ ဖြစ်လိမ့်မည်။” (မ ၂၄:၃ရ- ၃၉) “နောဧသည် သင်္ဘောထဲသို့ ဝင်၍ ၊ ရေလွှမ်းမိုးခြင်း ဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေကြ၏။ ၂၈ ထိုနည်းတူ ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့၎င်း၊ ၂၉လောတသည်သော ဒုံမြို့မှ ထွက်သော နေ့၌ ကောင်းကင်မှ ကန့်နှင့် ရောသော မီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်း သကဲ့သို့၎င်း၊ ၃၀ လူသား ပေါ်ထွန်းသော နေ့၌ ဖြစ်လိမ့်မည်။” (လု ၁ရး၂ရ- ၂၉)

    နောဧလက်ထက်၌ ရေလွှမ်းမိုးသည် အထိ လူများသည်၊ နေ့စဉ် လုပ်နေကျ ဖြစ်သော စားသောက်ခြင်း၊ ထိမ်းမြား စုံဘက်ခြင်းများပြုလုပ် ကြ၍ သတိမဲ့ နေကြသည်။ ထိုနည်းတူ လောတလက်ထက်၌လည်း မီးမိုးရွာသည် အထိ၊ စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေကြ၍ မပြင်ဆင် ကြချေ။ ထိုသို့ သတိမဲ့လျက် မပြင်ဆင်ခြင်းသည် ယခုအချိန် ချီဆောင်ခြင်း မတိုင်မှီနှင့် ကိုက်ညီနေသည်။ ယနေ့ လူအများ တို့သည် သခင်ယေရှု ကြွလာမည်မှန်းလည်း မသိကြ၊ နေ့စဉ် လုပ်နေကျအရာများကို သာအာရုံစိုက် နေကြသည်။ ဒုတိယကြွလာခြင်း မတိုင်မှီဘေးဒဏ်ကြီး ကာလ၏ ဒုတိယပိုင်းသည် ဘုရားသခင်၏ အမျက်ဒေါသမီးကမ္ဘာပေါ်သို့လောင်းချိန် ဖြစ်သည် သာမက၊ စာတန်သည် ကောင်းကင်၌ စစ်ရှုံး၍ မြေကြီး ပေါ်သို့ ချပစ်ခြင်း ခံရသောကြောင့် သူ၏ အမျက်ဒေါသဖြင့် မြေကြီး သားများအပေါ်ရမ်းမှာ ဖြစ်သောကြောင့် လူများသည်၊ စားသောက်လျက်၊ လက်ထပ်လျက်၊ ရောင်းဝယ်လျက်၊ အိမ်ဆောက်နိင်ကြမည် မဟုတ်ချေ။ ကမ္ဘာ့ လူဦးရေလည်း အများစုသေဆုံးကုန်၍ အနည်းငယ်သာကျန်မှာ ဖြစ်သောကြောင့် အလွန် ​ခြောက်ခြားစွာဖြင့် ပုန်းရှောင်ထွက်ပြေးမည့်အချိန် ဖြစ်သည်။ ထိုကြောင့်နောဧလက်ထက် ကကဲ့သို့ ဆိုခြင်းသည် ယခုအချိန် ချီဆောင်ခြင်း မတိုင်မှီ ဖြစ်သည်။

    ၂။ တယောက်သိမ်းမည်
    “ထိုအခါ လယ်၌ ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ ၄၁ ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။” (မ ၂၄:၄၁) “၃၄ ငါဆိုသည်ကား၊ ထိုနေ့ညဉ့်တွင် အိပ်ယာ တခု၌ ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ ၃၅ ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ ၃၆ လယ်၌ ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင်၊ ၃၇ သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ လင်းတတို့သည် စုဝေးကြလတံ့ဟု မိန့်တော်မူ၏။” (လု ၁ရး၃၄-၃ရ)

    အထက်ပါ သိမ်းယူခြင်းနှင့် နေရစ်ခြင်းကို ဒုတိယကြွလာသောအခါ၌ ဖြစ်၍ သိမ်းယူခြင်း ခံသော သူတို့သည် တရားစီရင်ခြင်း ခံရ၍ နေရစ်သော သူတို့သည် အနှစ်တထောင်ကာလ၌ ဝင်မည့်သူ များဟုဆို ကြသည်။ ထိုသို့ ဆိုရခြင်းသည် နောဧလက်ထက်၌၊ “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်” ဟူသောအရာ ကို အင်္လိပ်လို၊ “The flood came and took them all away” “ရေလှိုင်းကထုတ်ယူသွားသည်” ဟုဆိုသောကြောင့် ထုတ်ယူသွားသော သူတို့သည် ရေ၌ ပျက်ဆီး သေဆုံး ကြသည်။ ထို့ကြောင့် ထုတ်ယူသွားသော သူတို့သည် တရားစီရင်ခြင်း ခံမည့်သူ များဟု ယူဆကြခြင်း ဖြစ်သည်။ မြန်မာကျမ်းစာ မှာသုတ်သင် ပယ်ရှင်းသည်ဟုဆိုထားသည်။ ထို့ကြောင့် သုတ်သင်ပယ်ရှင်းခြင်းသည် သိမ်းယူခြင်းနှင့် ဘာမျှမဆိုင်ပါ။ အကယ်၍ အထက်ပါ အရာသည် ဒုတိယကြွလာခြင်း၌ ဖြစ်မည်ဟုဆိုလျှင် လည်း၊ ချီဆောင်ခြင်း၌ ယုံကြည်သူများကို မ ယုံကြည်သူများထံမှ ကောင်းကင်သို့ ချီဆောင်သွားမည် မဟုတ်လော။ ယုံကြည်သူ နှစ်ယောက်အိပ်လျှင် နှစ်ယောက်စလုံးသိမ်းသွားမည်။ နှစ်ယောက်စလုံးမယုံကြည်လျှင် နှစ်ယောက်စလုံးကျန်ရစ်၍ ၊ တယောက် ယုံကြည်၍ တယောက် မယုံကြည်လျှင် တယောက်ကို သိမ်းသွား၍ တယောက်ကို ထားရစ်ခဲ့မည် မဟုတ်လော။ ထို့ကြောင့် သိမ်းသွားခြင်း ခံသော သူတို့သည် ချီဆောင်ခြင်း ခံ၍ နေရစ်သော သူတို့သည် ဘေးဒဏ်ကြီး ကာလ၌ နေရစ်မည့်သူ ဖြစ်သည်။

    ၃။ သူခိုးကဲ့သို့လာမည်
    “၄၂ သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ ၄၃ သူခိုးလာမည်အချိန် နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကို သင်တို့ သိကြ၏။ ၄၄ ထိုကြောင့်သင်တို့သည် ပြင်ဆင် လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သောအချိန် နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” (မ ၂၄:၄၂-၄၄) သခင်ယေရှု ကသူသည် သူခိုးကဲ့သို့ လာမည်ဟုဆိုသည်။ သူကြွလာခြင်းကို သူခိုးကဲ့သို့ ခိုင်းနှိုင်းခြင်းသည် အကြောင်း နှစ်ခု ဖြစ်နိင်သည်။ တခုမှာသူခိုးသည် အိမ်ထဲရှိပစ္စည်းမှန်သမျှကို မယူသွားပါ။ တန်ဘိုးရှိသောအရာ များကို သာယူသွားတတ်သည်။ ထို့နည်းတူ သခင်ယေရှုလည်းလောကသား တိုင်းကို မခေါ်သွားပါ၊ သူ့ကို လက်ခံရရှိသော သူများကို သာလျှင် ခေါ်သွားမှာ ဖြစ်သည်။ ထိုအရာသည် ချီဆောင်ခြင်း၌ ဖြစ်မည့် အရာ ဖြစ်သည်။ ဒုတိယအချက်မှာသူခိုးသည် အိမ်ရှင်များ မသိရလေအောင် သူတို့ အိပ်ပျော်နေသော အချိန်၊ မထင်မှတ်သော အချိန်၌ လာတတ်သည်။ ထို့နည်းတူ သခင်ယေရှု သည်လည်း လူများ မထင်မှတ်သော အချိန််၊ အိပ်ပျော်နေသော အချိန်၌ ကြွလာမှာ ဖြစ်သည်။

    ဒုတိယအကြိမ် ကြွလာသောအခါ သူခိုးကဲ့သို့ လာမည် မဟုတ်၊ သူကိုယ်တိုင်က ၊ “ထိုကြောင့်သူတို့က ခရစ်တော်သည် တော၌ ရှိသည်ဟုဆိုသော်လည်း မထွက်သွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။ ၂၇ လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်း သကဲ့သို့၊ လူသားသည် ကြွလာ တော်မူ လတံ့။ ၂၈ အသေကောင်ရှိရာ၌ လင်းတတို့သည် စုဝေးကြလတံ့။ ထိုကာလ၏ ဒုက္ခ ဆင်းရဲခြင်း နောက်ရုတ်ခနဲနေသည် မိုက်လိမ့်မည်။ လသည် အရောင်ကို မပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင် တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ၃၀ ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီး ပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍ ၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော် ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာ တော်မူသည်ကို မြင်ရကြလိမ့်မည်။ ၃၁ လူသားသည် မိမိတမန် တို့ကို စေလွှတ်၍ တံပိုးခရာကို ပြင်းစွာ မှုတ်စေ တော်မူ သဖြင့်၊ သူတို့သည် ရွေးချယ် တော်မူသော သူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင် အောက်ထက် ဝန်းကျင်တို့ မှခေါ်၍ စုရုံးကြလတံ့။” (မ ၂၄:၂၉-၃၁)

    ဒုတိယကြွလာသောအခါ လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်း သကဲ့သို့၊ ဖြစ်မည်။ နေသည် ရုတ်ခနဲမိုက်မည်။ လလည်း မိုက်မည်။ ကြယ်တို့ ကျမည်။ ကောင်းကင် တန်ခိုးတို့သည် တုန်လှုပ်မည်။ တံပိုးခရာကို ပြင်းစွာ မှုတ်မည်။ လူတိုင်းက မသိမရှိရလေအောင် မိုးချုပ်သွားမည်။ လျှပ်စစ်လက် သကဲ့သို့ လင်းမည်။ နားမကြားသော သူများကလည်း မြင်၍ သတိထားကြမည်။ မျက်စိမမြင်သော သူများကလည်း ပြင်းစွာသော အသံကို ကြားသောကြောင့် သိမည်။ ထိုအရာတို့သည် မည်ကဲ့သို့ သူခိုးကဲ့သို့ ကြွလာခြင်း ဖြစ်နိင်မည်နည်း။ ထိုအပြင်ဘေးဒဏ်ကြီး ကာလ၌ နေသော သူအားလုံးကဘုရား၏ အမျက်တော်ကို ကြောက်လွန်းအားကြီး သောကြောင့် တောင်များ ကျောက်များ သူတို့ အပေါ်သို့ ကျဘို့ရန် သေကြောင်း ကြံကြမည် (ဗျာ ၆:၁၅-၁ရ)။ ကမ္ဘာ့ လူအများစုလည်း သေသွားကြမည်။ ဒုတိယ ခရစ်တော် ကြွလာချိန်၌ ကျန်ရစ်မည့်သူများအနေဖြင့် မည်ကဲ့သို့ အေးအေး ဆေးဆေး နေနိင်မည်နည်း။ တောင်များ ​ကျွန်းများရွေ့၍ ပျောက်လောက်သော အကြီးမားဆုံး ငလျှင်များလှုပ်မည်။ ပေါင် ၁၀၀ လေးသော မိုးသိီးများလည်း ကျမည်။ လူများစွာ သေမည် (ဗျာ ၁၆)။

    ပေါလုက၊ “သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာ သိကြ၏။ ၃ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။ ၄သို့သော်လည်း ၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည် မဟုတ်။ ၅ သင်တို့ အပေါင်းသည် အလင်း၏ သား၊ နေ့၏သား ဖြစ်ကြ၏။ ညဉ့်၏ သား၊ မှောင်မိုက်၏သား မဟုတ်။ ၆သို့ဖြစ်၍ ၊ အခြားသော သူတို့သည် အိပ်ပျော် သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။ ၇ အကြောင်းမူကား၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့ သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။ ၈ နေ့၏သား ဖြစ်သော ငါတို့ မူကား၊ သမ္မာသတိရှိကြကုန်အံ့။” (၁ သက် ၅:၂-၈)ဟု ရေးထားသည်။ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ ဟူသောအရာသည် ယခုအချိန် ဖြစ်သည်။ ဘေးဒဏ်ကြီးကာလ မဖြစ်နိင်ချေ။ အိပ်ပျော်ခြင်းသည် ဝိညာဉ် ပိုင်းကို ဆိုလိုသည်။ ခရစ်တော် လာမည့် အရာကို မမြော်လင့်၊ မပြင်ဆင်ဘဲလောက အရာကို သာအာရုံစိုက်ခြင်း၊ လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ ထိုအရာလည်း ယခုအချိန် ဖြစ်သည်။ မ၂၄:၄၅-၅၁၌ ဖေါ်ပြသော ​ကျွန်ကောင်းနှင့် ​ကျွန်ဆိုး၊ မ၂၅:၁-၁၃တွင် ဖေါ်ပြသော သတို့သမီး ကညာဆယ်ယောက်၊ မ၂၅:၁၄-၃၀ အထိ ဖေါ်ပြသော ငယ်သားများဥပမာများသည် ချီဆောင်ခြင်းနှင့် သက်ဆိုင်သောအရာ များ ဖြစ်သည်။

    .

    ^

    ဘုရားသခင်၏ဘုန်းတော်

    Lal Tan Puia
    “ဘုရားသခင်သည် ရှေ့မဆွေကသိ တော်မူသော သူတို့ကို သားတော်၏ ပုံသဏ္ဍာန်နှင့် တညီတည်း ဖြစ်စေခြင်းငှါ ရှေ့မဆွကခွဲခန့်မှတ်သားတော်မူ၏။ ၃၀ ထိုသို့ ခွဲခန့်မှတ်သား နှင့်သော သူတို့ကို ခေါ် တော်မူ၏။ ခေါ် တော်မူသော သူတို့ ကိုလည်း ​ဖြောင့်မတ်ရာ၌ တည်စေ တော်မူ၏။ ထိုသို့ တည်စေ တော်မူသော သူတို့ ကိုလည်း ချီးမြှောက် တော်မူ၏။” (ရော၊ ၈:၂၉ ခ- ၃၀) အထက်ပါ ကျမ်းချက်အရ ဘုရားသခင်၏ ဘုန်းတော် အတွက် သူချီးမြှောက်လိုသော သူတို့ကို ဘုရားသခင်က ပင်ရှေးမဆွကသိမှ တ် တော်မူကြောင်း တွေ့ရသည်။ အကြောင်းမှာ ဘုရားသခင်သည် အလုံးစုံတို့ကို သိတော်မူသော ဘုရား ဖြစ်သောကြောင့် ဖြစ်သည် (၁ရာ၊ ၂:၃)။ ထိုသို့ကိုယ်တော် ကသိမှ တ် တော်မူသော သူတို့အား သားတော်၏ ပုံသဏ္ဍာန်နှင့် တညီတည်း ဖြစ်စေရန်ကြိယာပုဒ် (၄) မျိုးဖြင့် အဆင့်ဆင့် ဖေါ်ပြထားခြင်းကို မှတ်သားစရာ ရှိသည်။

    (၁) ခွဲခန့်မှတ်သားခြင်း
    ခွဲခန့်မှတ်သားခြင်း ဆိုသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အငန်းအတာတစ်ရပ် ဖြစ်သည်။ တနည်းအားဖြင့် ဖန်ဆင်းရှင် ဘုရားသခင်သည် အပြစ်၌ ကျဆုံးသွားသော ဖန်ဆင်းခံ လူသားအား အပြစ်လောက မှပြန်လည် ကယ်တင််ရန်အတွက် ကယ်တင်ခြင်း စီမံကိန်း ဖြစ်သည်။ ဘုရားသခင်သည် ခေတ်ကာလ အလိုက်လုပ်ဆောင် သူများအား ရာထူးနှင့် တာဝန်ကို သူကိုယ်တိုင်အပ်နှင်း တော်မူ လျက်၊ ပျောက်ဆုံး ဝိညာဉ် ကယ်တင်ခြင်း လုပ်ငန်းအား သူအလိုရှိသည့်အတိုင်း အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း ဖြစ်သည်။ ဘုရား ကခွဲခန့်ထား သူများ ဖြစ်ကြသည့် တရားသူကြီး ၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ရှင်ဘုရင်၊ တမန် တော်၊ သာသနာ ပြု၊ သင်းအုပ်၊ ဧဝံဂေလိ ဆရာ၊ သင်ကြားပေးသော ဆရာ၊ တရားဟောသူ၊ သက်သေခံသူအမျိုးမျိုး တို့ကို ခွဲခန့်ထားခြင်း အားဖြင့် ဘုရားသည် အလိုတော် ရှိသည့်အတိုင်း ကြိုတင် စီမံခြင်း၊ အကောင်အထည်ဖေါ်ခြင်း မျိုး ဖြစ်သည်။ (ဧ၊ ၁:၄၊ ၆၊ ၁၁:၄ ; ၁၁-၁၂) “ခပ်သိမ်းသောအရာ တို့သည်ကိုယ်တော် အထဲက၎င်း၊ ကိုယ်တော် အားဖြင့်၎င်း၊ ကိုယ်တော် အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။” (ရော၊ ၁၁:၃၆ ခ)

    (၂) ရွေးကောက် တော်မူခြင်း၊ ခေါ်တော်မူခြင်း
    “ထိုုအမှု များကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာ မှစ၍ ၊ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သော သူသည် အဘယ်သူ နည်းဟူမူကား၊ အဦးဆုံးသောသူ ဖြစ်၍ ၊ နောက်ဆုံးသော သူတို့နှင့် ရှိသော ငါထာဝရ ဘုရား ပေတည်း။” (ဟေရှာ၊ ၄၁:၄) ဘုရားသခင်သည် သူအလိုရှိသော သူတစ်ဦးချင်းကို တိုက်ရိုက်အမည်တပ်ခေါ်ယူခြင်း မျိုးရှိ သကဲ့သို့၊ မိမိဆန္ဒအရလာလိုကလာနိုင်ကြောင်း၊ အားလုံးကို လွှမ်းခြုံဖိတ်ခေါ်သော ရွေးကောက်ခေါ်ယူခြင်း မျိုးကိုလည်း တွေ့နိုင်သည်။ တိုက်ရိုက်နာမည်တပ်၍ တစ်ဦးချင်းကို သီးသန့်ခေါ်ယူခြင်း မျိုးတွင် ခေါ်ယူရွေးကောက်ခံရသူသည် ဘုရား၏ ခေါ် တော်မူခြင်းကို ငြင်းပယ်၍ မရပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသူအား အကြောင်း မဲ့မခေါ်၊ ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင် စီမံအတည်ပြုထားခြင်းကြောင့် ဖြစ်သည်။ ထိုရည်ရွယ်ချက် သည်လည်း ဘုရားသခင်၏ ဘုန်းတော် အတွက် ဖြစ်သည်။ ထိုကဲ့သို့သော ရွေးကောက်ခေါ်ယူခြင်းသည် မမွေးဖွါးမီအမိဝမ်းတွင်း ကပင်စတင်နိုင်ကြောင်း သိရသည်။ ရှင်ပေါလုကလည်း (ရော ၁:၁)တွင် တစ်ပါးအမျိုးသား တို့အား ဧဝံဂေလိ တရားဟောဘို့ အတွက် ဘုရား ကသူ့အား အမိဝမ်းတွင်း ကပင်ရွေးကောက်ထားပြီး ဖြစ်ကြောင်း သက်သေခံသည်။ ဘုရားသည် ရှမွေလကို ခေါ် တော်မူ သောအခါ၊ ရှမွေလက၊ “အိုထာဝရ ဘုရား၊ အမိန့်ရှှိ တော်မူပါ။ ကိုယ်တော့်​ကျွန်ကြားပါသည်” ဟု ဘုရားသခင်၏ မိန့်တော်မူ သမျှကို နာခံရန်အသင့် ရှိကြောင်း ပြန်လျှောက်ခဲ့သည် (၁ရာ ၃:၁၀)။ အကယ်၍ ၊ သင့်အနေဖြင့် သခင့်ခေါ်သံကို ကြားရမည်ဆိုလျှင် သင််မည်ကဲ့သို့ ပြန်ထူးမည်နည်း။ အားလုံးကို လွှမ်းခြုံခေါ်ဖိတ်ခြင်း ဆိုသည်မှာ ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ ​ကျွန်ုပ်တို့ အပြစ် အတွက် အသေခံ ပြီး၊ မြှုပ်နှံခြင်း ခံကာ၊ ကျမ်းစာ လာသည့်အတိုင်း သုံးရက်မြောက်သော နေ့၌ ရှင်ပြန်ထမြောက် တော်မူသော ဘုရား၏ သားတော်၊ ယေရှုခရစ် တော်အား မိမိ၏ ကယ်တင်ရှင်၊ ဘုရားသခင် အဖြစ်ယုံကြည် လက်ခံရန်ဖိတ်ခေါ်ခြင်း ဖြစ်သည်။ မိမိ၏ အလိုဆန္ဒကပြ ဌာန်းသည့်အတိုင်း သာ လက်ခံဘို့ ဖြစ်သည်။၊ လူတိုင်းကို ခေါ်ခြင်း ဖြစ်သည့်အတွက် လာလိုသော သူတိုင်း လာနိုင်ပြီး၊ မလာလိုပါက ၊ ကိုယ့်ဆန္ဒအတိုင်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်၊ ငြင်းပိုင်ခွင့်ရှိ်သည်။ ထိုနည်းတူ ၊ ခရစ်တော်သည် “ရေငတ်သော သူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။” ဟူ၍ ၎င်း၊ “ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့ လာကြလော့” ဟူ၍ ၎င်းဖိတ်ခေါ်ထားသည်။ သင်၏ တုန့်ပြန်မှုသည် သင်၏ ဆန္ဒ အပေါ်တွင် မူတည်နေပေသည်။

    တနေ့၊ ​ကျွန်ုပ်နှင့်အတူ သက်သေခံထွက်သော ဧဝံဂေလိ ဆရာမအသစ်စက်စက်လေးတစ်ဦး၏ အတွေ့အကြုံ တခုကို ပြေးသတိရမိသည်။ ဆရာမလေးကအပြောလည်း ညက်သလို၊ စိတ်အားလည်းထက် သန်သည်။ ခလေး များ၏ အာရုံကိုလည်း ဆွဲဆောင်နိုင်သည်။ အတွေ့အကြုံနုသော်လည်း၊ ဝိညာဉ် ပိုင်းဆိုင်ရာခွန်အား ကမသေးပါ။ အိမ်တအိမ်၌ အပြစ် သားများအတွက် ခရစ်တော်၏ အသေခံခြင်း၊ ကယ်တင်ခြင်း အကြောင်းကို ခလေး (၃) ယောက်အား စိတ်ရှည်လက်ရှည်သူ မပြောပြနေသည်။ ပြောပြီးသည်နှင့် အငယ်ဆုံးခလေး မလေးတယောက်ကို ဤသို့ မေးလိုက်သည်။ ဧဝံဂေလိ ဆရာမ၊ “ကောင်းကင်ဘုံသွားချင် သလားသမီး” ။ ခလေး မလေး၊ “မသွားချင် ပါဘူး” ။ ဧဝံဂေလိ ဆရာမ၊ “ဘာ ဖြစ်လို့လဲ” ။ ခလေး မလေး၊ “ဟင့်အင်း၊ သမီးကြောက်တယ်” ။ ကျိန်းသေသည်။ တခုခုတော့လွှဲနေပြီ။ ခလေး မလေးသည် ကောင်းကင်ဘုံအကြောင်းကို မည်သို့ နားလည်သည် မသိပါ။ သူမကြောက်နေသည်။ ယနေ့ ​ကျွန်ုပ်တို့အား ကယ်တင်ရန် ဘုရားသခင် ခေါ်နေသည်။ ဘုရားသခင် သင့်ကို ခေါ်နေသည်။ သင်မည်ကဲ့သို့ နားလည်သနည်း၊ မည်ကဲ့သို့ ​ဖြေမည်နည်း။ သင်၏ အ​ဖြေသည် ပရောဖက် ရှမွေလ​ဖြေ သကဲ့သို့သော အ​ဖြေလော (သို့) ခလေး မလေးကဲ့သို့ သင်ကြောက်နေသလော။ ဘုရားသခင်၏ ရွေးကောက်ခြင်း (ခေါ် တော်မူခြင်း)တွင် ရည်ရွယ်ချက်ရှိပြီးသား ဖြစ်သည်။ မည်သည့်အရာကသင်နှင့် အ​ကျွန်ုပ်အား ဆီးတားနေသနည်း။ အိုနာသေခြင်း ကင်းပြီး ထာဝရ ငရဲမှ လွတ်မြောက်သော ကယ်တင်ခြင်းနှင့် ယှဉ်သော ဘုရားသခင်၏ ရွေးနှုတ်ခြင်း ကျေးဇူးတော်ကို လက်မခံရဲ၊ မယုံကြည် နိုင် ဖြစ်ရခြင်း အကြောင်းမှာ အဘယ့်ကြောင့်နည်း။ မိမိကို မိမိစမ်းစစ်ဘို့ လိုသည်။ ဘုရား ကရွေးကောက်ခြင်းသည် ထိုက်တန်၍ ရသည် မဟုတ်၊ ဘုရား၏ ကျေးဇူးပြုခြင်း သက်သက် ဖြစ်သည်။ “ဘုရားသခင်ကို ချစ်သောသူ တည်းဟူသောကြံစည် တော်မူခြင်း အတိုင်း ခေါ် တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသောအရာ တို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့ သိကြ၏။” (ရော၊ ၈:၂၈)

    (၃)ဖြောင့်မတ်ခြင်း
    ဖြောင့်မတ်ခြင်း ဆိုသည်မှာ (ရော ၂:၁၃၊ ၂၃၊ ၂ရ) အရထာဝရ ဘုရား ပြဌာန်းထားသော ပညတ်စံနှုန်းတို့ကို လိုက်လျှောက်နိုင်ခြင်း အားဖြင့် သာလျှင် ဘုရားရှေ့တွင် ​ဖြောင့်မတ်ခြင်း ဖြစ်သည်။သို့ ရာတွင် ဘုရားသခင်၏ ပညတ်စံနှုန်းကို လူသားတို့ မလိုက်လျှောက်နိုင်ကြပါ။ အကြောင်းမှာ လူသည် မွေးကတည်း ကအပြစ်သား ဖြစ်သောကြောင့် ဖြစ်သည် (ဆာ၊ ၅၁:၅)။ လူသားတို့ အစအာဒံနှင့် ဧဝတို့သည် မစားရဟု ပညတ်ထားသည့်ကောင်းမကောင်း သိ​ကျွမ်းရာအသီးကို စားလိုက်သည့်အချိန် ကစပြီး လူမျိုးနွယ်ဆက်တိုင်းသည် ဘုရား၏ ကျိန်ခြင်း သင့်နေခဲ့ ကြသည်။ မောရှေအားဖြင့် ပညတ်တော်ကို ပေးခဲ့သော်လည်း၊ ပညတ်တရားသည် မည်သူ့ကို မျှမ​ဖြောင့်မတ်စေသည် သာမကဘုရား၏ အမျက်တော်ကို သာတည်စေကြောင်း နားလည်ရသည် (ဂလာ ၃:၁၈)။ ဘုရား၏ အမျက်ဒေါသသည် ခရစ်တော် အပေါ်သို့ သွန်းလောင်းခြင်း အားဖြင့်၊ ​ကျွန်ုပ်တို့ အပေါ်စူးရှခဲ့သော ဘုရား၏ အမျက်တော် ပြေခဲ့သည်။ ထို့ကြောင့် ဆာလံဆရာကဆာ ၃၂:၁-၂တွင် ဤသို့ စပ်ဆိုခဲ့သည်၊ “အပြစ် မှလွှတ်ခြင်း ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သော သူသည် မင်္လာရှိ၏၊ ၊ ထာဝရ ဘုရား အပြစ် တင် တော်မူခြင်း နှင့် လွတ်၍ လှည့်စားတတ်သော စိတ် သဘောနှင့် ကင်းစင်သော သူသည် မင်္လာရှိ၏၊ ၊ ” တနည်းအားဖြင့် တစ်ယောက်သောသူ (အာဒံ) စကား နားမထောင်ခြင်းကြောင့် တလောက လုံးအပြစ် အောက် ကျရောက် သကဲ့သို့၊ တစ်ယောက်သောသူ တည်းဟူသောခရစ်တော်သည် လက်ဝါးကပ်တိုင်၌ အသေခံသည့်တိုင်အောင် ဘုရား၏ စကားကို နားထောင်ခြင်း အားဖြင့် ​ကျွန်ုပ်တို့ အားလုံး​ဖြောင့်မတ်ရာသို့ ရောက်ရသည်။ (ရော ၅:၁၈-၁၉) ခရစ်တော်ကို လက်ခံရရှိသူတိုင်း၊ ယုံကြည်ခြင်း အားဖြင့် ​ဖြောင့်မတ်ခြင်း အခွင့်ရသည်။ မည်ကဲ့သို့ ​ဖြောင့်မတ်စေသနည်း။ ရောမ ၈:၃၀ အရ“ခေါ် တော်မူသော သူတို့ကိုလည်း ၊ ​ဖြောင့်မတ်ရာ၌ တည်စေ တော်မူ၏” ဟုဆိုထားသည့်အတွက် ​ကျွန်ုပ်တို့ကို ခေါ် တော်မူသောသူ (ခမည်းတော်)သည် ​ကျွန်ုပ်တို့အား ‘​ဖြောင့်မတ်ရာ’ ( ခရစ်တော်)၌ တည်စေသောကြောင့် သာ ဖြစ်ကြောင်း မှတ်ယူရသည်။

    (၄)ချီးမြှောက်တော်မူခြင်း
    တလောက လုံးတွင် ​ဖြောင့်မတ်သော သူတစ်ယောက်မျှမရှိသောကြောင့်၊ ဘုရားသခင်သည် သူ၏ တစ်ပါးတည်းသော သားတော် ယေရှုခရစ် တော်ကိုလောကသို့ စေလွှတ်၍ ၊ အစေခံ​ကျွန်ုပ်၏ သဏ္ဍာန်ကို ဆောင်ယူစေသည်။ အကြောင်းမှာ “ထို​ဖြောင့်မတ်သော ငါ၏ ​ကျွန်ကို သိ​ကျွမ်းခြင်း အားဖြင့်၊ သူသည် အများသော သူတို့ကို ​ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်၊ ၊ ” (ဟေရှာ ၅၃:၁၁)ဟု ပရောဖက် ဟေရှာယအားဖြင့် ဟောထားသော ဗျာဒိတ်တော် ပြည့်စုံဘို့ ဖြစ်သည်။ ထိုသို့ ခရစ်တော်သည် အစေခံ​ကျွန်၏ သဏ္ဍာန်ကို ဆောင်သည် သာမက၊ လက်ဝါးကပ်တိုင်၌ အသေခံသည့်တိုင်အောင် အစေ​ကျွန်ခံလျက်၊ မိမိကိုယ်ကို နှိမ့်ချပြီး ဘုရား၏ အလိုတော်ကို အဆုံးတိုင်အောင် နာခံခဲ့သည်။ အမှုတော်ကိုပြီး စီးသည် အထိ ဆောင်ရွက်ခဲ့သောကြောင့် ဘုရားသခင်က ​ဖြောင့်မတ်သော ​ကျွန် ခရစ်တော်အား အကြီး မြတ်ဆုံးသော ဘွဲ့နာမတော်ကို ပေး၍ ချီးမြှောက် တော်မူ ကြောင်းကို တွေ့ရသည်။ “ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီး မြတ်သောဘွဲ့နာမတော်ကို ပေးသနား တော်မူ၏။” (ဖိ၊ ၂:၉) ခရစ်တော်ကို ချီးမြှောက် တော်မူသော ဘုရားသခင်သည် ယုံကြည်သူတို့ ကိုလည်း ချီးမြှောက် တော်မူသည်။ ယုံကြည်ခြင်း အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရကြောင်းကို (ဧ ၂:၈) အရသိရသည်။ ကယ်တင်ခြင်းဟုဆိုရာတွင် ကယ်တင်ခြင်း သုံးမျိုးရှိကြောင်း မှတ်သားရသည်။ ထာဝရ ငရဲမှ ကယ်တင်ခြင်း၊ အပြစ် တန်ခိုးမှ ကယ်တင်ခြင်း၊ အပြစ်လောကမှ ကယ်တင်ခြင်း ( ချီဆောင်ခြင်း)တို့ ဖြစ်သည် (ဧ ၁:၁၄)။ တနည်းအားဖြင့် ထာဝရ ငရဲမှ ကယ်တင်ခြင်း လုပ်ငန်းသည် ကရာနီကုန်းလက်ဝါးကပ်တိုင်၌ ပေါ်ထွန်းခဲ့သော ဘုရား၏ ကျေးဇူးတရားအားဖြင့်ပြီး စီးသွားပြီ ဖြစ်သည်။ အပြစ် တန်ခိုးမှ ကယ်တင်ခြင်း ဆိုရာတွင် ကယ်တင်ခြင်းသို့ ရောက်ပြီးသည့်နေ့မှစပြီး၊ ချီဆောင်ခြင်း နေ့ရက် (ရွေးနှုတ် တော်မူခြင်း) အထိ ကာလ အတွင်း ဆိုးယုတ်သော အပြစ်လောကမှ ကယ်တင်နေဆဲ ဖြစ်စဉ် ကယ်တင်ခြင်းကို ဆိုလိုသည်။ (၁ ကော၊ ၁၅:၂) “ထိုသို့ အလိုငှါ ငါတို့ ဧဝံဂေလိ တရားအားဖြင့် သင်တို့ကို ခေါ် တော်မူပြီ။ “အကြောင်းမူကား၊ သင်တို့သည် ငါတို့ သခင်ယေရှုခရစ်၏ ဘုန်းကို ပိုင်ရမည်အကြောင်း တည်း။” (၂ သက်၊ ၂:၁၃-၁၄) သခင်ယေရှုခရစ် တော်၏ ဘုန်းတော်ကို ပိုင်ရမည့် အကြောင်း၊ ယုံကြည်သူ၏ ဘဝ ဖြစ်စဉ်အဆင့်ဆင့်တွင် ခေါ် တော်မူသော သူသည် သန့်ရှင်း တော်မူသည့်အတိုင်း အသက်တာ သန့်ရှင်းခြင်း (၁ ပေ၊ ၁:၁၅)၊ ဝိညာဉ်တော် ဘုရား၏ သွန်သင်ပဲ့ပြင်ပေးခြင်း အားဖြင့် ဘုန်းအသရေတိုးပွါးခြင်း (၂ ကော၊ ၃:၁၈)၊ သားတော်၏ ပုံသဏ္ဍာန်နှင့် တညီတည်း ဖြစ်လာစေရန်အတွက် အတွင်း ဖက်မှပြုပြင်ပေးသည့် ဝိညာဉ်တော်၏ ကျေးဇူးပြုခြင်း ဖြင့်၎င်း၊ နေ့စဉ် ရင်ဆိုင်ကြုံတွေ့ရသော စုံစမ်း သွေးဆောင်ခြင်း၊ အခက်အခဲပြဿနာများ အစရှိသည့် အပြင်ဖက်မှသက်ရောက်လာသည့်ပြုပြင်ခြင်း အားဖြင့် ၄င်း၊ ခပ်သိမ်းသောအရာ တို့သည် ခေါ် တော်မူသော သူတို့ အဘို့ တညီတညွတ်တည်း ပြုစုကြခြင်း ဖြစ်သည်။ (ရော၊ ၈:၂၈) လူ့လောကမှ ကယ်တင်ခြင်း ဆိုသည်မှာ ယုံကြည်သူများအား ဘုရား၏ သားသမီး အဖြစ်၎င်း (ယော ၁:၁၂)၊ ခရစ်တော်၏ သတို့သမီး အဖြစ် ၎င်း (ဧ၊ ၅:၂၆-၂၇) လာရောက်သိမ်းယူမည့် နေ့ရက် (သို့) ဘုရားသခင်၏ အမျက်ဒေါသသွန်းလောင်းရာ ကြောက်မက်ဖွယ် ဘေးဒဏ်ကြီး ကာလမှ ကယ်တင်ခြင်း (၁ သက်၊ ၅:၉) သုခနှင့် ပြည့်စုံသော ထာဝရ ကောင်းကင်ဘုံ၌ ဘုန်းစည်းစိမ်နှင့် စိုးစံစေရန်အတွက််အပြီး အပိုင်သိမ်းဆည်းခြင်း ဖြစ်သည်။ “သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍ ၊ ဝိညာဉ်တော် တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ် တော်မူသည် အတိုင်း၊ ငါတို့သည် ဘုန်းအသရေတိုးပွါး၍ ပုံသဏ္ဍာန်တော်နှင့် အညီပြောင်းလဲခြင်းရှိရကြ၏။” (၂ ကော၊ ၃:၁၈)

    ဘုရားသခင်သည် ​ကျွန်ုပ်တို့ကို ဤကဲ့သို့ ချီးမြှောက််ထားသည်။ အမှောင်ထဲမှအလင်းသို့၎င်း၊ သေခြင်း မှအသက် ရှင်ခြင်းသို့၎င်း၊ မြွေဆိုးအမျိုးမှဘုရား အမျိုးသို့၎င်း၊ စာတန်သား အဖြစ်မှဘုရားသား အဖြစ်သို့၎င်း၊ ငရဲသား မှကောင်းကင် သားသို့၎င်း၊ သိင်္ခါရတရားမှထာဝရ တရားသို့၎င်း၊ တဒင်္ဂအသက် မှထာဝရ အသက်သို့၎င်း၊ အမင်္လာမှမင်္လာသို့၎င်း၊ ထာဝရ ငရဲမှထာဝရ ကောင်းကင်ဘုံသို့၎င်းပို့ဆောင် ပေးတော်မူ သော ဘုရား မေတ္တာတော်နှင့် ကျေးဇူးတော်သည် ခရစ်တော်ကို ချီးမြှောက််ခြင်း ပင် ဖြစ်သည်။ “ဆင်းရဲသော သူကို မြေမှုန့်ထဲက၎င်း၊ ငတ်မွတ်သော သူကို နောက်ချေးပုံထဲက၎င်း၊ ချီးမြှောက်၍ ၊ မင်းသား တို့နှင့် ထိုင်ရသော အခွင့်၊ ဘုန်းကြီးသော ပလ္လင်ကို အမွေခံ ရသော အခွင့်ကို ပေးတော်မူ၏။” (၁ရာ၊ ၂:၈) အ​ကျွန်ုပ်တို့ ယုံကြည်သူ အားလုံးကိုလည်း ခရစ်တော်၏ သတို့သမီး အဖြစ်သော်၎င်း၊ ဘုရား သားသမီး အဖြစ်၎င်း၊ ရွေးချယ် တော်မူသော အမျိုးအဖြစ် ၎င်း၊ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် အဖြစ် ၎င်း၊ သန့်ရှင်းသော လူမျိုးအဖြစ် ၎င်း၊ ဘုရားသခင်၏ ပိုင််ဆိုင် တော်မူသော လူမျိုးအဖြစ် သို့၎င်း၊ ပြုပြင်ပြောင်းလဲတည်ဆောက်ပေးလျက် ရှိကြောင်းရှေးမဆွကသိမှ တ် တော်မူသော သူတို့ကို ခွဲခန့်မှတ်သားခြင်း၊ ခေါ်ယူရွေးကောက် တော်မူခြင်း၊ ​ဖြောင့်မတ်ရာ၌ တည်စေ တော်မူခြင်း အပြင် ခရစ်တော်နှင့်အတူ ထာဝရ ဘုန်းတော် ဝင်စား၍ သခင့်ဘုန်းတော်ကို ယပိုင်ဆိုင်ဘို့ အလို့ငှာ ချီးမြှောက် တော်မူခြင်း သည်လည်း ဘုရား၏ ဘုန်းတော် အတွက် ပင် ဖြစ်ပေသည်။

    .

    ^

    အလိုတော်၌ ဆုတောင်းခြင်း အသက်တာ (၄)

    သားထူး

    ချစ်သော မိတ်ဆွေ သင်၏ အသက်တာထဲမှာဒုစရိုက်အပြစ်၊ ဘုရားရှင်မနှစ်သက်သော အကျင့်၊ ညစ်ညူးခြင်း အမှု၊ ဆိုးညစ်သော အသက်တာဖြင့် ကျင်လည်နေခြင်းမှ လွတ်မြောက်၍ ဘုရားသခင်နှင့်အတူ သွားလာလိုပါသလား။ ဘုရားသခင် နှစ်သက်သည့်အတိုင်း ဆုတောင်းပါ။ သင်သေချာပေါက် လွတ်မြောက်လိမ့်မည်။ ထိုသို့ ဆိုခြင်း၌ စာရေးသူကိုယ်တိုင်သက်သေရခဲ့သောကြောင့် ဖြစ်သည်။ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် မိဿယဖွဲ့ခြင်း ဖြစ်သောကြောင့် ဘုရားသခင်နှင့် ရင်းနှီး လာလေလေ​ကျွန်ုပ်တို့၏ အသက်တာ၌ သန့်ရှင်းလာလေလေ ဖြစ်သည်။ တနည်းအားဖြင့် ဆိုရသော်ဘုရားနှင့် နီးလာလေဒုစရိုက်ပြစ်နှင့် သာ၍ ဝေးကွာလာလေ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် သန့်ရှင်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းသောကြောင့် ကိုယ်တော် ထံတော်သို့ တိုးဝင်ခိုလှုံသောသူ အပေါင်းတို့သည် သန့်ရှင်းခြင်း၏ အကျိုးကို ယခုဘဝ၊ နောင်ဘဝခံစား ကြရမှာ ဖြစ်ကြောင်း ဘုရားသခင်သည် ခရစ်တော် အားဖြင့် သက်သေခံ တော်မူ ခဲ့ပြီး ဖြစ်သည်။သို့ ပါသောကြောင့် အထံတော် သိုု့သာ၍ ချဉ်းကပ်စေခြင်းဖြင့် ဆုတောင်း လျက် တိုးဝင်ကြဖို့ရန် ဘုရားသခင်၏သား ဖြစ်သောသူ အပေါင်းတို့အား တိုက်တွန်းနိုးဆော်အပ်ပေသည်။ ဆုတောင်းခြင်းသည် သန့်ရှင်းခြင်း အကျိုးကို ပေးတတ်သည်။ ထိုကောင်ချီးကို ခံစား တတ်ဖို့ရန် ဘုရားသခင်သည် သခင် ခရစ်တော် အားဖြင့် ယုံကြည် သောသူ အပေါင်းတို့၌ ဆုတောင်း အားကြီး သောသူ၊ တနည်းအားဖြင့် ကိုယ်တော်နှင့် မိဿဟာရဖွဲ့၍ ဘုရားဝတ်၌ မွေ့လျော်သော သူများ ဖြစ်ဖို့ရန်အလိုတော် ရှိကြောင်း သမ္မာကျမ်းစာ အားဖြင့် သက်သေခံ တော်မူ နှင့် ပြီးလည်း ဖြစ်သည်။

    ဆုတောင်းခြင်းသည် ဘာသာတရားကိုင်းရှိုင်းခြင်း မဟုတ်
    ဘုရားဝတ်၌ မွေ့လျော်ခြင်း အသက်တာသည် ဘာသာတရား၌ မွေ့လျော်ခြင်း အသက်တာနှင့် လုံးဝ မတူကြောင်း နားလည် သဘော ပေါက်ဖို့ရန်အလွန် အရေးကြီး ပေသည်။ ယုံကြည်သူများသည် ဘာသာတရား၌ မွေ့လျော်ဖို့ရန် ကြိုးစားအား ထုတ်လေ့ရှိသော သဘောကို စာရေးသူအနေဖြင့်တော် တော်များများ တွေ့မြင်ခဲ့ရသည်။ ထိုသို့သော သဘောသည် အချည်းနှီးသက်သက် ဖြစ်ကြောင်း ဆင်ခြင်မိစေချင် ပါသည်။ ထိုသူတို့သည် ဆုတောင်းသည့်အခါခါတိုင်း၌ ဘာသာတရား သဘော သဘာဝ အတိုင်း အကျိုးမဲ့ ဘုရားသခင် ထံသို့ တိုးဝင်တတ် ကြသည်။ ချစ်သော မိတ်ဆွေ သင်လည်း ထိုကဲ့သို့သော သဘောကို ကျင့်လျက် ဆုတောင်းခြင်း ဝတ်ကို ပြုနေပါသလား။ မိမိကိုယ်ကို မိမိဆင်ခြင်သုံးသပ်စေချင် ပါသည်။ ထိုသို့ တိုက်တွန်းခြင်း မှာ ခရစ်တော်၏ ချစ်ခြင်းမေတ္တာအားဖြင့် သာ ဖြစ်သည်။ ဆုတောင်းခြင်းသည် ဘာသာတရားကိုင်းရှိုင်းခြင်း မဟုတ်၊ အထံတော်သို့ မိဿဟာရဖွဲ့တိုးဝင်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် ဆိုရသော်မိမိ၏ ဝိညာဉ် အသက်တာ၌ ဘုရားသခင်နှင့် တိုက်ရိုက်ရင်းနှီး ​ကျွမ်းဝင်ဖို့ရန်အသက် ရှင်နေထိုင်ခြင်း ဖြစ်သည်။ ထိုထက် ပို၍ ဆိုရသော် ဘုရားသခင်နှင့်အတူ သွားလာတတ်ခြင်း သဘောကို ဆောင်သည်။ ဘုရားသခင်၏ မျက်မှောက်တော် ရှေ့၌ အစဉ်တစိုက်တိုးဝင်နေထိုင်ခြင်း ဖြစ်သောကြောင့် ဘုရားသခင်၌ အနားယူခြင်း ဖြစ်သည်။ မိမိအသက်တာ၏ ဒုက္ခ အခက်အခဲပြဿနာများကို အထံတော်၌ ဖွင့်ဟဝန်ခံခြင်း အားဖြင့် ငြိမ်သက်ရသော အခွင့်ကို ဘုရားသခင် ပြင်ဆင် ပေးမည် ဖြစ်ကြောင်း ယုံကြည်ခြင်းဖြင့် တိုးဝင်ခိုလှုံခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ၌ ဘုရားသခင်နှင့် သွားလာသောသူ (သို့) ဘုရားသခင်နှင့် ရင်းနှီး ​ကျွမ်းဝင်သော သူများကို လေ့လာဆင်ခြင်ကြည့် သောအခါ ထိုသူတို့သည် ဘာသာတရားကိုင်းရှိုင်း သူများ မဟုတ်ပဲ၊ ဘုရားသခင် ရှေ့တော်၌ သန့်ရှင်းသောသူ၊ ​ဖြောင့်မတ်သော သူများ အဖြစ်ကိုယ်တော်တိုင် ချီးမြောက်ခြင်းကို ကိုယ်စီခံခဲ့ကြရသည်။ ထို့ကြောင့် ဆုတောင်းခြင်းသည် ဘာသာတရားကိုင်းရှိုင်းခြင်း မဟုတ်ကြောင်း ဖော်ပြလိုပါသည်။

    ဘုရားသခင်နှင့်အတူ သွားလာခြင်း
    လူသည် မိမိကို ဖန်ဆင်းသော ဘုရားသခင်နှင့် သွားလာနိုင်ဖို့ရန်အတွက် သူနှင့် ရင်နှီး​ကျွမ်းဝင်ခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ ဝတ်ပြုတတ်ခြင်း၊ ကိုးကွယ်တတ်ခြင်းရှိဖို့ရန်လိုအပ်သည်။ မိမိ အလိုဆန္ဒနှင့် တိုးဝင်ခြင်း မျိုး မဟုတ်ဘဲ၊ ဘုရားသခင်၏ အလိုတော် အတိုင်း သာ ဖြစ်ဖို့ရန်အလွန် အရေးကြီး ပါသည်။ အကြောင်းမှာ ဘုရား အမြင်နှင့် လူ့အမြင်၊ ဘုရား စကားနှင့် လူ့စကား၊ ဘုရား အကျင့်နှင့် လူ့အကျင့်မတူသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အလွန် သန့်ရှင်းမြင့်မြတ်သော်လည်း လူမူကား အလွန် ညစ်ညူးသည်။ ထို့ကြောင့် သင်နှင့် ​ကျွန်ုပ် သည်လည်း ဘုရားသခင် ထံတော်သို့ တိုးဝင်ချင်သော်၎င်း၊ ကိုယ်တော်နှင့် သွားလာလိုလှျင်၎င်း၊ ​ဖြောင့်မတ် သန့်ရှင်းဖို့အထူးလိုအပ်ပါသည်။ သမ္မာကျမ်းစာ၌ ဘုရားသခင်နှင့်အတူ သွားလာခဲ့သော သူများ၏ အကြောင်းကို လေ့လာဆင်ခြင်ကြပါစို့။

    ဘုရားသခင်နှင့်အတူ သွားလာသော ဧနောက်
    “ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည် မရှိ။ အကြောင်းမူကား ဘုရားသခင် သိမ်းယူ တော်မူသောကြောင့် တည်း” (က ၅:၂၄) ဟူ၍ ဖော်ပြထားရာ၌ ဧနောက်သည် ဘာသာတရားကိုင်းရှိုင်းသူ မဟုတ်၊ ဘုရားသခင်နှင့် နှစ်ပေါင်းသုံးရာပတ်လုံးအတူ သွားလာသောသူ ဖြစ်သည်။ သာမန်လူများ ကဲ့သို့ အိမ်ထောင်ပြုခြင်း၊ သားသမီးများကို မွေးလျက် ပင်ဘုရားဝတ်ကို ပြုသောသူ ဖြစ်သည်။ ထိုသို့ ဖော်ပြခြင်း မှာလူအချို့တို့သည် ဘုရားဝတ်ပြုရာ၌သား ဝတ်၊ မယားဝတ်ကို ပင်ရှောင်ရှားဖို့ရန် ကြိုးစားအား ထုတ်တတ်သောကြောင့် ဖြစ်သည်။ ဧနောက်၏ အသက်တာ၌ ဘုရားသခင်နှင့်အတူ သွားလာလျက် ပင် သားသမီးများကို မြင်ခဲ့သည် (က ၅:၂၂)။ ဧနောက်သည် ထိုကဲ့သို့ သန့်ရှင်းမြင့်မြတ်စုံလင်သော ဘုရားသခင်နှင့်အတူ သွားလာဖို့ရန်အထူးအရေအချင်းများ မလိုအပ်ပေ။ အဓိကမှာယုံကြည်ခြင်း ပင် ဖြစ်သည်။ ဘုရားသခင်သည် ကိုယ်တော်ကို ယုံကြည် သောသူ အပေါင်းတို့အား အထံတော် ရှေ့၌ ​ဖြောင့်မတ်သော သူကဲ့သို့ မှတ်ယူသည်။ ဧနောက်သည် ယုံကြည်ခြင်း အားဖြင့် ​ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်း၊ သန့်ရှင်းခြင်း၊ ချီးမြောက်ခြင်း ခံရ၍ နှစ်ပေါင်းသုံးရာပတ်လုံး ဘုရားသခင်နှင့်အတူ သွားလာပြီး၊ အဆုံး၌ကိုယ်တော် ထံသိမ်းဆည်းခြင်းကို ခံခဲ့ရသည်။ ဘုရားသခင် နှင့်လည်း နှစ်ပေါင်းအကြာဆုံးနေထိုင်ခဲ့သူအဖြစ် ကောင်းချီးပေးခြင်းကို ခံခဲ့ရသည်။ မိတ်ဆွေ၊ စဉ်းစားကြည့်ဖူးပါသလား။ ဧနောက်သည် ဘုရားသခင်နှင့် နှစ်ပေါင်းများစွာအတူ သွားလာ၍ မိဿဟာယဖွဲ့သည့်အခါမည်ကဲ့သို့သော စကား များကို ပြောကြမည်ဟု ထင်မှတ်ပါသနည်း။ နေစရာ အိမ်၊ စားစရာ အစာ၊ ဝတ်စရာ အဝတ်၊ လောက စည်းစိမ်များကို တချိန်လုံးတောင်းခံနေသည် မဟုတ်ဘုရား နှစ်သက်သော စကား၊ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် တကွ၊ ဘုရားရှင်နှစ်သက်သော ယဇ်ကို ယုံကြည်ခြင်း အားဖြင့် နေ့ရက်စဉ်တိုင်း ဆက်သပူဇော်သွားခြင်း သာ ဖြစ်မည်။ ထိုသို့သော အားဖြင့် နောဧ၏ စစ်မှန်သောကိုးကွယ်ခြင်း အသက်တာကို နှစ်သက်ကြောင်းနေ့၊ လ၊ နှစ်များစွာ ခံယူ တော်မူ၍ သက်သေပေးချီးမြောက် တော်မူ ခဲ့သည်။ ​ကျွန်ုပ်တို့လည်း ထိုသို့သော ကောင်းချီးမျိုးကို ယုံကြည်ခြင်း အားဖြင့် ရရှိနိုင်ပါသည်။ ယခု​ကျွန်ုပ်တို့ကိုးကွယ်နေသော ဘုရားသည် နောဧ၏ ဘုရား၊ အာဗေလ၏ ဘုရား၊ အာဒံ၊ ဧဝတို့၏ ဘုရား ဖြစ်သောကြောင့် ယနေ့ တိုင်အသက် ရှင်သော ဘုရား ဖြစ်သည်။ မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲတည်ရှိနေသော ဘုရား ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်ကို ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း အသက်တာအားဖြင့် ဆက်လက်တိုးဝင်ရန်တိုက်တွန်းခွန် အားပေးလိုပါသည်။

    ဘုရားသခင်နှင့်အတူ သွားလာသော နောဧ
    ဧနောက်၏ မျိုးဆက်သုံးဆက်မြောက်သော သူနောဧ သည်လည်း ဘုရားသခင်နှင့်အတူ သွားလာခဲ့သည်။ နောဧခေတ်၌ သူနေထိုင်ရာပတ်ဝန်းကျင်သည် အလွန် ဆိုးယုတ်သောကြောင့် ဘုရားသခင်သည် ရေအားဖြင့် ဆေးကြောခြင်း ပြုခါနီးအချိန်ကာလ ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ပစ်ပယ်၍ မိမိစိတ်ရှိသည့်အတိုင်း အိမ်ထောင်ပြုလျက်၊ စားလျက်၊ သောက်လျက် သတိတရားမဲ့အသက် ရှင်နေထိုင်ကြသော ခေတ်ကာလ ဖြစ်သည်။ တနည်းအားဖြင့် ယခုနေ့ရက်ကာလ အတိုင်း ဖြစ်သည်။ သို့သော် နောဧသည် မိမိ၏ ဘုရားသခင် ထာဝရ ဘုရားကို မျက်မှောက်ပြုလျက် အသက် ရှင်သွားလာခဲ့ကြောင်း နှုတ်ကပတ်တော်အားဖြင့် သိရသည်။ “နောဧ အတ္ထ္ဂုပ္ပတ္တိ ဟူမူကား၊ နောဧသည် ​ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူ ဖြစ်၏။ ဘုရားသခင်နှင့်အတူ သွားလာ၏။” (က ၆:၉)ဟု သက်သေခံ တော်မူ ခဲ့သည်။ ထို​ဖြောင့်မတ်ခြင်း၊ စုံလင်ခြင်းသည် လူရှေ့၌ မဟုတ်၊ ဘုရားသခင် ရှေ့တော်၌ ဖြစ်သည်။ ထိုသို့သော ချီးမြောက်ခြင်းကို နောဧသည် လွယ်လွယ်နှင့် ရခဲ့ခြင်း မဟုတ်ပဲ ဘုရားသခင် ခိုင်းသမျှသောအရာ များကို ခိုင်းသည့်အတိုင်း လုပ်ဆောင်ခြင်းဖြင့် (တနည်းအားဖြင့်) မှာထား တော်မူသည့်အတိုင်း ပြုခဲ့သောကြောင့် ဖြစ်သည်။ နောဧ ခေတ်ကာလ လူတို့သည် ဘုရားသခင်ကို စွန့်ပယ်၏။ မိမိတို့ စိတ်အလိုရှိသည် အတိုင်း အသက် ရှင်လျက်၊ စားလျက်၊ သောက်လျက်၊ ပျော်ပါးလျက် နေထိုင်ကြသော်လည်း နောဧမူကား ဘုရားသခင် မှာထား တော်မူသည့်အတိုင်း ​ဖြောင့်မတ်ခြင်း တရားကို ဟော၍ ကယ်တင်ခြင်း သင်္ဘောကို ယုံကြည်ခြင်း အားဖြင့် တည်ဆောက်သောကြောင့် ရေလွမ်းမိုးခြင်း လာသောအခါ မိမိနှင့် တကွအိမ်သူ၊ အိမ်သား အပေါင်းတို့သည် ရှေ့တော်၌ မျက်နှာရ၍ ကယ်တင်ခြင်း ကျေးဇူးတော်ကို ခံစား ခဲ့ရသည်။ (က ၆:၂၂၊ ရး၅၊ ၂ ပေ ၂:၅) ယခု ခေတ်ကာလသည် နောဧ ခေတ်ကာလ အ​ခြေအနေနှင့်အတူ တူပင် ဖြစ်သည်။ ခရစ်တော် ဒုတိယအကြိမ် ကြွလာဖို့ရန်အလွန် နီးကပ်နေပြီ ဖြစ်သော်လည်း၊ လူတို့သည် သတိလွတ်လျက်၊ မိမိတို့ စိတ် သဘော ရှိသည့်အတိုင်း နေထိုင်လျက်၊ စားလျက်၊ သောက်လျက် ဘုရားသခင်၏ စိတ်ရှည်သည်း ခံခြင်း ဂရုဏာတော်ကို မထီမဲ့မြင် ပြုလျက် ရှိကြသည်။ ချစ်သော မိတ်ဆွေ၊ သင်နှင့် သင်၏ အိမ်သူ၊ အိမ်သား တို့သည် နောဧနှင့် သူ၏ မိသားစုုကဲ့သို့ဖြစ်နေပြီလား။ မိမိအသက်တာကို ပြန်လည်ဆင်ခြင်စေချင် ပါသည်။

    ဘုရားသခင်နှင့်အတူ သွားလာသော အာဗြံဟံ
    မိတ်ဆွေ သင်သိပါသလား။ ဘုရားသခင်သည် သူရွေးနှုတ်သော သူကိုကိုယ်တော် ရှေ့၌ စုံလင်၍ ယုံကြည်ခြင်း အရာ၌ ​ဖြောင့်မတ်စေကာ ဘုရားသခင်နှင့်အတူ သွားလာစေလို ကြောင်းက ၁၇:၁၌၊ “ထို့နောက်အာဗြံသည် အသက်ကိုး ဆယ်ကိုး နှစ်ရှိ သောအခါ၊ ထာဝရ ဘုရားသည် အာဗြံအား ထင်ရှား တော်မူ၍ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။” ဟု အာဗြံဟံကို မှာထားသည့်အတိုင်း ​ကျွန်ုပ်တို့ ယုံကြည်သူများကို မိန့်မွတ် တော်မူ လျက် ရှိဆဲ ဖြစ်သည်။ ထိုမိန့်မှာ တော်မူ ချက်အတိုင်း အာဗြံဟံသည် မိမိအသက်တာ၌ လိုက်လျှောက်ခြင်း အကြောင်းကို မိမိ​ကျွန်ရင်း၌ သက်သေခံရာတွင်က ၂၄:၄၌ သခင်ကအကြင်ထာဝရ ဘုရားသခင် ရှေ့တော်၌ ငါသွားလာ၏ဟုတွေ့ရသည်။ ထိုကြောင့်လည်း အာဗြံဟံသည် လူမျိုးတကာတို့ ရှေ့၌ ချီးမြောက်ခြင်းကို အဦးခံရရုံမျှမကသူ၏ ယုံကြည်ခြင်းကို ​ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်ယူ တော်မူ၏။ ထိုသို့ အာဗြံဟံသည် ဘုရားသခင်၏ ရှေ့တော်၌ သွားလာရာတွင် မှာထား တော်မူသည့်အတိုင်း အသက်တာကို လျောက်လှမ်းခြင်း အားဖြင့် လူူမျိုးတကာတို့၏ အဘ ဖြစ်ရသော အခွင့်ကို ပေးတော်မူ ခဲ့သည်။

    မိမိလူတို့ကို ရှေ့တော်၌ စုံလင်စေချင်သော ဘုရား ဘုရား
    သခင်သည် ယနေ့ ခေတ် ယုံကြည်သူများကိုလည်း ကိုယ်တော်၏ ရှေ့၌ စုံလင်စေလို တော်မူသည်။ တရား၁၈:၁၃၌ သင်သည် သင်၏ ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ စုံလင်ခြင်းရှိရမည်ဟု လေဝိသား များကို မှာထား တော်မူ သကဲ့သို့ ​ကျွန်ုပ်တို့ ကိုလည်း မှာထား တော်မူ ဆဲရှိကြောင်း သတိပြုဆင်ချင် မိစေချင် ပါသည်။ တဖန် မာလ ၂:၄-၇၌ “ငါ၏ ပဋ္ဋိညာဉ်ကို လေဝိအမျိုး၌ တည်စေခြင်းငှါ၊ ဤပညက်စကားကို သင်တို့ ဆီသို့ ငါပေးလိုက်ကြောင်းကို သင်တို့ သိရကြလိမ့်မည်ဟု ကောင်းကင် ဗိုလ်​ခြေအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။ ငါဖွဲ့သော အသက် ပဋ္ဋိညာဉ်၊ ငြိမ်ဝပ်ခြင်း ပဋ္ဋိညာဉ်သည် ထိုအမျိုး၌ ရှိ၏။ ငါ့ကို ကြောက်ရွံ့၍ ငါ၏ နာမတော် ရှေ့၌ ထိတ်လန့်သောကြောင့် ငါဖွဲ့၍ ပေး၏။ ထိုအမျိုးသည် သစ္စာ တရားစကားကို ပြောတတ်၏။ သူ့နုတ်၌ အပြစ်ကို ရှာ၍ မတွေ့။ ငြိမ်ဝတ်ခြင်း တရား၊ ​ဖြောင့်မတ်ခြင်း တရားအတိုင်း ငါနှင့်အတူ သွားလာ၍ များစွာသော သူတို့ကို ဒုစရိုက်အပြစ် မှလွှဲရှောင်စေတတ်၏။ ယဇ်ပုရောဟိတ်၏ နှုတ်ခမ်းသည် ပညာကို စောင့်ရမည်။ သူ၏ နှုတ်၌ လူတို့သည် တရားတော်ကို ရှာရကြမည်။ အကြောင်းမူကား သူသည် ကောင်းကင် ဗိုလ်​ခြေအရှင်ထာဝရ ဘုရား စေလွှတ် တော်မူသော တမန် ဖြစ်၏။” ဟု လေဝိသား၊ ယဇ်ပုရောဟိတ် နှင့် ဆိုင်သောအရာ များကို သက်သေခံချက် ပေးတော်မူ သည်။ မိတ်ဆွေ သင်အနေဖြင့် စဉ်စားကောင်း၊ စဉ်းစားပါလိမ့်မည်။ လေဝိအမျိုးနှင့် ယုံကြည်သူ ဘယ်လိုပတ်သက်နိုင်မည်လဲ။ ထိုနှုတ်ကပတ်တော်သည် ငါ့တို့အတွက် မဟုတ်ဟုယူဆပါသလား။ ၁ ပေ ၂:၉၌ သင်တို့ မူကား၊ မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်း တော်မူသော သူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်သော အပေါင်းအသင်း ဖြစ်ကြ၏။ဟု သက်သေခံ တော်မူ ရာ၌ ယုံကြည်သူများကို ရည်းညွှန်း၍ တိုက်တွန်းခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့သည် ယဇ်ပုရောဟိတ် မျိုး ဖြစ်သောကြောင့် ဘုရားသခင်နှင့်အတူ သွားလာဖို့ရန်လိုအပ်သည်။ ဘုရားသခင်နှင့်အတူ သွားလာဖို့ရန်အတွက်ကိုယ်တော်နှင့် မိဿဟာရဖွဲ့ ဆုတောင်း တတ်ဖို့ရန်အထူးလိုအပ်ကြောင်း ထောက်ပြတိုက်တွန်းလိုခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့ အားလုံးသည် သခင် ခရစ်တော် အားဖြင့် ဘုရားသား ဖြစ်ရသောကြောင့် ကိုယ်တော်နှင့် ရန်ငြိမ်း၍ ရင်းနှီး ​ကျွမ်းဝင်ရသော အခွင့်ကို မထီမဲ့မြင် မပြုမိစေရန်အလွန် အရေးကြီး ပေသည်။ ထိုသို့ ဆိုခြင်း၌ ကိုယ်တော် ထံအဘယ်သို့ ဆုတောင်းရမည်ကို ဝန်ခံစေလို သောကြောင့် တိုက်တွန်းလိုခြင်း ဖြစ်သည်။

    မိဿဟာယတရားနှင့် ဆုတောင်းခြင်း
    ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ရန်ပြေငြိမ်း၍ ကိုယ်တော်နှင့်အတူ မိဿဟာယဖွဲ့စေလိုကြောင်း၂ ကော ၅:၁၈-၁၉၌ ဘုရားသခင်သည် ယေရှုခရစ် အားဖြင့် ငါတို့၏ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေ တော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌ အပ် ပေးတော်မူ၏။ ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော် အထဲ၌ ရှိနေလျက်၊ လောကီသား တို့၏ အပြစ်များကို မှတ်တော် မမူ၊ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေ တော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌ အပ် ပေးတော်မူ၏။ဟု ရှင်ပေါလုသည် ဆိုရာ၌ ​ကျွန်ုပ်တို့ ယုံကြည်သူများကို ကိုယ်တော်နှင့်အတူ ရင်းနှီး ​ကျွမ်းဝင်၍ ရှေ့တော်၌ အစဉ်အမြဲသွားလာတတ်ဖို့ရန်သွန်သင်ထားခြင်း ဖြစ်သည်။ ထိုသို့ ကိုယ်တော်နှင့်အတူ သွားလာဖို့ရန်အလိုတော်၌ ဆုတောင်းခြင်းသည် မရှိမ ဖြစ်လိုအပ်ပေသည်။ ထိုအတွက်ကိုယ်တော်က ယုံကြည်သူများဆုတောင်း သင့်သည့်အတိုင်း ဆုတောင်းခြင်း ယဇ်ကို ပူဇော်တတ်ဖို့ရန်သခင်ယေရှု အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြပို့ဆောင်ခြင်းကို မိမိလူတို့ အဖို့မစကောင်းချီးချ ပေးတော်မူပြီး လဲ ဖြစ်သည်။ ရောမ ၈:၂၆-၂၇၌ ထိုမှတပါး၊ ငါတို့ မတတ်နိုင်သောအရာ မှာ ဝိညာဉ်တော်သည် မစ တော်မူ၏။ ငါတို့သည် ဆုတောင်း သင့်သည့်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟု မသိကြ။သို့ ရာတွင် ငါတို့ ဆုတောင်းခြင်း အမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်း အားဖြင့် ဝိညာဉ်တော်သည် စောင့်မ တော်မူ၏။ စိတ်နှလုံးကို စစ် တော်မူသောသူ သည်လည်း ဝိညာဉ်တော်၏ စိတ် သဘောကို သိတော်မူ၏။ အကြောင်းမူကား၊ ဝိညာဉ်တော်သည် သန့်ရှင်း သူတို့၏ ဆုတောင်းခြင်း အမှုကို ဘုရားသခင်၏ အလိုတော်နှင့် အညီစောင့်မ တော်မူ၏။ဟု သွန်သင်ရာတွင် ယုံကြည်သူများအနေဖြင့် အလိုတော်နှင့် အညီ ဆုတောင်း သင့်သည့်အတိုင်း ဆုတောင်း ကြဖို့ရန် သန့်ရှင်းသော ဝိညာဉ်တော်ကို ​ကျွန်ုပ်တို့၌ အပ်ထားပေးပြီး ဖြစ်သည်။ ​ကျွန်ုပ်တို့ ကသာ ဝိညာဉ်တော်၏ အုပ်စိုးခြင်းကို ဝန်ခံ၍ အလိုတော် အတိုင်း ဆုတောင်း လျက် အသက်တာကို ပြင်ဆင် ဆက်ကပ်ကြဖို့ရန်သာလိုအပ်ပေသည်။ နေ့ရက်၊ အချိန်ကာလ တို့သည် တရွေ့ရွေ့ ကုန်ဆုံးလျက်၊ ယခုပင်လှျင်အိမ်ပြန်ချိန်နီးကပ်လာပြီး ဖြစ်သောကြောင့် ---ချစ်သော မိတ်ဆွေ ​ကျွန်ုပ်တို့ အသက်တာ၌ ယခုနေ့ရက်ပင်လျှင် ကိုယ်တော်နှင့်အတူ သွားလာ၍ ကိုယ်တော် အလိုတော်နှင့် အညီကိုယ်တော်ကို မိဿဟာရဖွဲ့လျက်၊ ဆုတောင်း လျက်ကိုယ်တော် ရှင်နှစ်သက် တော်မူသော၊ ချီးမြောက်ခြင်းကို ခံရသော သူအဖြစ် ကျန်ရှိနေသော အသက်တာကို ဖြတ်သန်းကြဖို့တိုက်တွန်းခွန် အားပေးလိုပါသည်။ ဤစာစောင်အားဖြင့် အယောက်စီတိုင်းရှေ့တော်၌ သွားလာတတ်သော သူများ ဖြစ်ကြပါစေ။ အာမင်။

    .

    ^

    ကျမ်းစာ ဖတ်ကြစို့

    ယော ၄

    ၂၄။ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သမ္မာတရားနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။
    ခရစ်တော်က ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏ဟုဆိုသည်။ ဇဒ္ဒုကဲများနှင့် ယေဟောဝါ သက်သေခံများ ကနံဝိညာဉ် ရှိသည်ဟု မယုံကြည် ကြချေ (တ ၂၃:၈)။ နံဝိညာဉ် ရှိကြောင်း မယုံကြည်လျှင် ဘုရားသခင်ကို မယုံကြည်ခြင်း ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်သည်။ ကောင်းကင်တမန် များလည်း နံဝိညာဉ် ဖြစ်၍ ဘုရားကိုးကွယ် ကြသည်။ မြေကြီး ပေါ်၌လည်း ဘုရားသခင်က လူသားများကို နံဝိညာဉ် ပါလျက် ဖန်ဆင်းသည်။ နံဝိညာဉ် ရှိသော ကောင်းကင်တမန် များနှင့် လူသားများသည် ဘုရားကို နံဝိညာဉ် ဖြင့်ကိုးကွယ်ရမည်။ ဝိညာဉ် ရှိသော်လည်း ဘုရား မကိုးကွယ်သော သူများသည် အပြစ်ရှိသည်။ ဘုရားကို စိတ်နှင့် ခန္ဓာအားဖြင့်ကိုးကွယ်ခြင်းလည်း မှားသည်။ စိတ်နှင့် ကိုးကွယ်ခြင်းသည် စိတ်ကျေနပ် ဘို့ကိုးကွယ်ခြင်း ဖြစ်သည်။ ခန္ဓာနှင့် ကိုးကွယ်ခြင်းသည် ခန္ဓာကိုယ်ကောင်းစားရေးအတွက် သာကြည့်သူ ဖြစ်သည်။

    ၂၅။ မိန်းမကလည်း၊ မေရှိကြွလာ တော်မူသည်ဟု အ​ကျွန်ုပ်သိပါ၏။ ရောက် တော်မူ သောအခါ အ​ကျွန်ုပ်တို့အား အလုံးစုံတို့ကို ဘော်ပြတော်မူ မည်ဟု လျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော်ဟုဆိုလိုသတည်း။
    မေရှိသည် ဟေဗြဲစကား ဖြစ်၍ ခရစ်တော်သည် ဂရိတ်စကား ဖြစ်သည်။ အဓိပ္ပါယ်မှာဘိသိက်ခံသောသူ ဖြစ်သည်။ ဂျူး သို့မဟုတ် ဣသရေလ လူမျိုးများ ကမေရှိကြွလာမည်ဟု မျှော်လင့်ခဲ့ ကြသည်။ ထိုနည်းတူ ဂျူးကပြားများ ဖြစ်သော ရှမရိလူမျိုးများကလည်း မျှော်လင့် ကြသည်။

    ၂၆။ ယေရှု ကလည်း၊ သင်နှင့် စကားပြောသော ငါသည် မေရှိပင် ဖြစ်သည်ဟု မိန့်တော်မူ၏။
    ယေရှု ကရှမာရိအမျိုးသမီးထံသူသည် မေရှိပင် ဖြစ်ကြောင်း ဖွင့်ပြောလိုက်သည်။ သူမသည် ယေရှု ပြောသောအရာ ကို ယုံကြည် သောကြောင့် မြို့သွား၍ အခြား သူများကို တဆင့်ပြောပြလိုက်သည် (၂၈)။

    ၂ရ။ ထိုအခါ တပည့်တော် တို့သည် ရောက်လာ၍ ၊ ထိုမိန်းမနှင့် စကားပြော တော်မူသည်ကို အံ့ဩခြင်းရှိကြ၏။ သို့သော်လည်း ၊ အဘယ်အလိုတော် ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့်စကား ပြော တော်မူ သနည်းဟု အဘယ်သမျှ မလျှောက်ကြ။
    အဘယ်ကြောင့်တပည့်တော်များကသခင်ယေရှု ရှမာရိအမျိုးသမီးနှင့် စကားပြောသည်ကို အံ့ဩ ကြသနည်း။ အထက်၌ ဖေါ်ပြပြီး သကဲ့သို့ ဣသရေလ လူမျိုးများ ကရှမာရိလူမျိုးများကို အထင်သေး၍ မပေါင်းဖေါ်သောကြောင့် ဖြစ်သည်။

    ၂၈။ ထိုမိန်းမ သည်လည်းရေအိုးကို ထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊ ၂၉ အ​ကျွန်ုပ်ပြုဘူးသမျှသော အမှုအရာ တို့ကို ထုတ်ဘော်သော သူကို လာ၍ ကြည့်ကြပါ။ ထိုသူသည် ခရစ်တော် မှန်လိမ့်မည်လောဟု လူများ တို့အား ပြောဆိုသော်၊ ၃၀ သူတို့သည် မြို့ထဲမှ ထွက်၍ အထံတော်သို့ သွားကြ၏။
    ရှမာရိအမျိုးသမီးသည် ရေအိုးကို ထားခဲ့၍ မြို့ထဲရှိလူများကို အဘယ်ကြောင့်ယေရှု အကြောင်း ပြောသနည်း။ ရေခပ်ဘို့ လာသော်လည်း အဘယ်ကြောင့်ရေအိုးကို ထားခဲ့သနည်း။ သူသည် မေရှိကို တွေ့သောကြောင့် အလွန် ဝမ်းမြောက်၍ ဖြစ်မည်။ သူသည် ယေရှုကို ထိုတကြိမ်သာလျှင် တွေ့ဘူးပေလိမ့်မည်။ ယေရှုကလည်း သူ့အကြောင်းကို ပြောဘို့ မခိုင်းပါ။ သို့သော် အမြန်ဆုံး ပြောလိုက်သည်။ ယနေ့ ယေရှု ယုံကြည်သူများ၊ ယေရှု အကြောင်းကို အဘယ်ကြောင်း မသိ သေးသော သူများထံ မပြောကြသနည်း။ ထိုအမျိုးသမီးသည် ယေရှု အကြောင်းကို ပြော သောအခါ တိုတိုတုတ်တုတ်ဖြင့် ပြောပြသည်။ ယနေ့ သက်သေခံ သူများသည် မလိုအပ်သော စကား အပိုများစွာကို ပြောတတ် ကြသည်။ ထိုအမျိုးသမီးကဲ့သို့ လိုရင်းကို တိုတိုဖြင့် ပြောတတ်ကြဘို့ သင်သင့်သည်။ ရှမာရိမြို့သား များလည်း ထိုမိန်း မပြောသောအရာ ကို အရေးတယူသွား၍ ယေရှုကို တွေ့ဘို့ ထွက်သွား ကြသည်။ အရှေ့ပြည် မှပညာရှိများ ကယုဒရှင်ဘုရင်မွေးကြောင်း ပြောသော်လည်း ယေရုရှလင် မြို့သား များသည် ထွက်၍ မရှာကြပါ။ သင်သည် ရှမာရိမြို့သားများကဲ့သို့ လော ယေရုရှလင် မြို့သားများကဲ့သို့ လော။

    ၃၁။ မရောက်မှီတွင် တပည့်တော် တို့က၊ အရှင်ဘုရား၊ အစာကို သုံးဆောင် တော်မူ ပါဟု တောင်းပန်ကြလျှင်၊ ၃၂ သင်တို့ မသိသော စားစရာသည် ငါ၌ ရှိသည်ဟု မိန့်တော်မူ၏။ ၃၃ ထိုကြောင့်တပည့်တော် တို့က၊ တစုံတယောက်သော သူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်းမေးမြန်းကြလျှင်၊ ၃၄ ယေရှုက၊ ငါ့ကို စေလွှတ် တော်မူသော သူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကိုပြီး စီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။
    ယေရှု တပည့်များ မသိသော အစာသည် အဘယ်အရာနည်း။ ယေရှု ကငါ့ကို စေလွှတ် တော်မူသော သူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကိုပြီး စီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏ဟုဆိုသည်။ ယေရှု ကရှမရိအမျိုးသမီးထံသူ့ကိုယ်သူမေရှိ ဖြစ်ကြောင်း ဖေါ်ပြ သောအခါ အစာစားစရာ မလိုတော့ချေ။ ယေရှုသည် ဤလောကသို့ အစာစားဘို့ အဓိကလာသည် မဟုတ်။ သူ့ခမည်းတော် ခိုင်းသော အမှုကိုပြီး စီးအောင် ဆောင်ရွက်ဘို့ လာသည်။ ယုံကြည်သူ တိုင်း သခင်ဘုရား ခိုင်းသော အမှုကိုပြီး စီးသည် အထိ ဆောင်ရွက်ကြလျှင် မည်မျှကောင်း၍ ဘုရားအားရကျေနပ် မည်နည်း။ ယခုမူကိုယ့်အလွန် ဆန္ဒကို သာအလေးထား၍ ဘုရား ခိုင်းသောအရာ ကို လုံးဝ မလုပ်လိုကြချေ။ ယေရှုသည် အစာစားစရာ မလိုလောက်သည် အထိ ဝမ်းမြောက်ကြောင်း ထင်ရှားသည်။ သင်လည်း ဝမ်းမြောက် လိုလျှင် သခင်ဘုရား အကြောင်းကို သူတပါးထံ၌ ပြောပြပါ။

    ၃၅။ ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ ကြည့်ကြလော့။
    သခင်ယေရှု ကစပါးများ ဝင်းဝင်းမှည့်နေပြီဟုဆိုခြင်းသည် တကယ့်စပါးပြောသည် မဟုတ်၊ လူဝိညာဉ်များရိတ်သိမ်းဘို့ မည့်သည့်အကြောင်း ဝိညာဉ် စကားပြောခြင်း ဖြစ်သည်။ အဘယ်ကြောင့်လေးလလိုသေးသည်ဟုဆိုသနည်း။ ပျင်းရိသော သူများ၏ အကြောင်း ပြချက်ကို ဆိုလိုခြင်း ဖြစ်သည်။ သင်သည် ဘုရား အတွက် သက်သေခံဘို့ အဘယ်သို့သော် ဆင်​ခြေများ ပေးနေဦးမည်နည်း။ ဝိညာဉ်များဝင်းဝင်းမှည့်နေသောအရာ ကို မမြင်ခြင်းသည် မျှော်၍ မကြည့်သောကြောင့်၊ ကိုယ်လိုချင်သောအရာ ကို သာဆိုက်ကြည့်သောကြောင့် ဖြစ်သည်။

    ၃၆။ စပါးရိတ်သော သူသည် အခကို ခံရ၍ ထာဝရ အသက် ရှင်ခြင်း အလိုငှါ အသီးအနှံကို စုသိမ်း၏။ သို့ဖြစ်လျှင် ပျိုးကြဲသော သူနှင့် စပါးရိတ်သော သူတို့သည်အတူ ဝမ်းမြောက် ကြလိမ့်မည်။ ၃ရတဦးကား ပျိုးကြဲ၏။ တဦးကား စပါးရိတ်၏ ဟူသော စကားသည် ဤအရာ၌ အမှန်ကျသတည်း။
    ခရစ်တော် ကပျိုးကြဲသော သူနှင့် စပါးရိတ်သော သူသည်အတူ ဝမ်းမြောက် မည်ဟုဆိုသည်။ တကဲ့စပါးရိတ် သောအခါ လယ်သမားများ အလွန် ဝမ်းမြောက် တတ်ကြသည်။ ဆာလံဆရာကလည်း၊ “မျက်ရည်ကျလျက် မျိုးစေ့ကြဲသော သူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။ မျက်ရည်ကျလျက် ကြဲရန်မျိိုးစေ့ကို ဆောင်၍ ထွက်သွားသော သူသည်၊ ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသော စိတ်နှင့် အမှန်ပြန်လာလိမ့်မည်။” ဟုဆိုသည် (ဆာ ၁၂၆:၅-၆)။ ရှင်ပေါလုကလည်း၊ “ငါသည် စိုက်ပျိုးသောသူ ဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူ ဖြစ်၏။ အပင်ကို ကြီး ပွါးစေသော သူကား၊ ဘုရားသခင် ပေတည်း။ စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသော သူလည်း မတတ်နိုင်။ ကြီး ပွါးစေ တော်မူသော ဘုရားသခင် သာလျှင် တတ်နိုင် တော်မူ၏။ သို့သော်လည်း ၊ စိုက်ပျိုးသော သူနှင့် ရေလောင်းသော သူသည် တလုံးတဝတည်း ဖြစ်၍ ၊ အသီးအသီးမိမိ လုပ်သည် အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်။” ဟု ရေးခဲ့သည် (၁ ကော ၃:၆-၈)။

    ၃၈။ သင်တို့သည် လယ်မလုပ်သော အရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကို ငါစေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍ ၊ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။
    သင်တို့ ဟူသောအရာသည် တမန်တော် များကို ဆိုသည်။ သူတို့သည် လယ်မလုပ်သော နေရာ၌ ခရစ်တော် ကစေလွှတ်သည်။ ထိုနေရာသည် ယုဒလူမျိုးများကို ဆိုလိုသည်။ အခြားသော သူတို့သည် လုပ်ကြ၍ ဟူသောအရာသည် ဓမ္မဟောင်းပရောဖက်များ၊ ယဇ်ပရောဟိတ်များနှင့် ဗတ္တိဇံယောဟန်ကို ဆိုလိုသည်။ သူတို့ ကယုဒလူများကို ဘုရား အကြောင်း ဟောပြောခဲ့ကြပြီ။ ထိုသူတို့ စခဲ့သော အလုပ်ထဲ၌ တမန်တော်များကအလုပ်ဝင်ကြခြင်း ဖြစ်သည်။ ယနေ့ အမှုတော်ဆောင်များနှင့် သက်သေခံများ လည်း၊ သူတပါးလုပ်ပြီးသော အလုပ်ထဲ၌ ဝင်ခြင်း ဖြစ်ဖြစ်သည်။ ထို့ကြောင့် အောင်မြင် လျှင်လည်း မဝါကြွားသင့်ချေ။ မအောင်မြင် လျှင်လည်း စိတ်ဓါတ်မကျသင့်ချေ။ သခင်ဘုရားကိုယ်တိုင်အသက်တော် ထင်ရှားစဉ်တွင် မအောင်မြင်ဘဲ၊ သူစိုက်ခဲ့သောအရာ ကို တမန်တော်များကရိတ်သိမ်းကြောင်း တွေ့ရသည်။

    ၃၉။ ရှမာရိမိန်းမက၊ အ​ကျွန်ုပ်ပြုဘူးသမျှသော အမှုအရာ တို့ကို သူသည် ထုတ်ဘော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌ နေသော ရှမာရိလူအများ တို့သည် ယေရှုကို ယုံကြည် ကြ၏။
    ရှမာရိမိန်းမကသူပြုဘူးသော (ယောက်ျားငါးယောက်ရှိဘူးသော) အရာကို မရှက်မကြောက် ဖေါ်ပြသည်။ ထိုအရာသည် စစ်မှန်သော နောင်တ ရခြင်း ဖြစ်သည်။ များစွာသော သူတို့သည် မိမိတို့ အပြစ်ကို မဖေါ်ပြ လိုကြချေ။ သူတပါး မသိသော ပြစ်ကိုမူဘုရား ထံ၌ သာ ဖေါ်ပြရမည်၊ လူများ ထံမှာ မဖေါ်ပြ ရချေ။ အပြစ် ဖေါ်ပြတောင်းပန်ခြင်းသည် ဘုရားသခင်က နှစ်သက် သကဲ့သို့ လူများကလည်း နှစ်သက်၍ အပြစ် လွှတ်တတ်သည်။ အပြစ်ကို ဖုံးလျှင် လူများ ကပို၍ ဖေါ်ချင် ကြသည်။ ဖွင့်ပြ၍ ဝန်ခံလိုက်လျှင် လူများ ကစိတ်မဝင်စားတော့ချေ။ “၃ ငါသည် အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါတနေ့လုံးညည်းတွားသော အားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ရ၏၊ ၊ ၄ နေ့ညဉ့်မပြတ်ကိုယ်တော်၏ လက်သည် အ​ကျွန်ုပ်ပေါ်မှာ လေး၍ အ​ကျွန်ုပ်၏ ချွေးသည် နွေကာလ၌ သွေ့​ခြောက်ခြင်း ကဲ့သို့ ဖြစ်ပါ၏၊ ၊ ၅ တဖန် အ​ကျွန်ုပ်သည်ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊ ၊ ပြုမိသော ဒုစရိုက်ကို ဝှက်၍ မထားပါ၊ ၊ ငါလွန်ကျုးသောအရာ ကို ထာဝရ ဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆို သောအခါ ကိုယ်တော်သည် အ​ကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကို လွှတ် တော်မူ၏၊ ၊ ” (ဆာ ၃၂:၃-၅) “ကိုယ်အပြစ် တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာ တရားနှင့်၎င်း၊ ​ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံ တော်မူ၏။” (၁ ယော ၁:၉)

    ၄၀။ ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ ရောက်လျှင်၊ မိမိတို့ အရပ်၌ နေတော်မူ မည်အကြောင်း တောင်းပန်ကြ၏။ ထိုအရပ်၌ နှစ်ရက်နေ တော်မူ၏။
    ရှမာရိလူများက ခရစ်တော်ကို သူတို့ အရပ်၌ နေဘို့ တောင်းဆို သောအခါ အစီအစဉ်မရှိဘဲ၊ နှစ်ရက်နေ တော်မူသည်ဟုဆိုသည်။ ထိုအရာသည် နှုတ်ကပတ်တော်ကို ဆာငတ်ခြင်း၊ သခင်ယေရှုကို လက်ခံခြင်း ဖြစ်သည်။ သင်သည် သခင်ယေရှုနှင့် နှုတ်ကပတ်တော်ကို ရှမာရိလူများ ကဲ့သို့ ဆာငတ်ပါသလား။

    ၄၁။ အခြားသော သူအများ တို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍ ၊ ၄၂ ထိုမိန်းမအား၊ ယခု ဖြစ်လျှင် ငါတို့သည် သင်၏ စကားကြောင့် သာယုံကြည်သည် မဟုတ်။ စကားတော်ကို ကိုယ်တိုင်က ကြားနာရ၍ ၊ ဤသူသည်လောကီသား တို့ကို ကယ်တင် တော်မူသော သခင် တည်းဟူသောခရစ်တော် အမှန်စင်စစ် ဖြစ်တော်မူ ကြောင်းကို သိသည်ဟုဆိုကြ၏။
    ယုဒလူတို့၊ အထူးသဖြင့် ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲများနှင့် ယဇ်ပရောဟိတ်များသည် သခင်ယေရှု၏ သွန်သင်ဟောပြောသောအရာ ကို သုံးနှစ်လုံးလုံးကြားရသော်လည်း မယုံကြည် ကြချေ။ ရှမာရိအမျိုးသားများမူကား နှစ်ရက်အတွင်း ၌ သခင်ယေရှုကိုလောကီသား၏ ကယ်တင်ရှင် ခရစ်တော်ဟု သိသွားကြသည်၊ အဘယ်ကြောင့်နည်း။ ယနေ့ အမည်ခံ ခရစ်ယာန်များနှင့် ကျမ်းစာကျောင်းထွက်အမှုတော်ဆောင်များ ကသခင်ယေရှုကို မသိ၊ အသုံးမပြု၊ မယုံကြည်၊ နှုတ်အားဖြင့် သာ လက်ခံ၍ နှလုံးသား မှမယုံကြည် တတ်ကြချေ။ သင်သည် ထိုကဲ့သို့ သောသူ ဖြစ်နေပါသလား။

    ၄၃။ နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှ ထွက်၍ နာဇရက်မြို့ကို ရှောင်လျက် ဂါလိလဲပြည်သို့ ကြွ တော်မူ၏။ ၄၄ အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည်ကိုယ်တိုင် သက်သေခံ တော်မူ၏။
    ယေရှုသည် နာဇရက်မြို့ကို ရှောင်သည်ဟုဆိုသည်။ အကြောင်းမှာ နာဇရက်မြို့သားများကသူ့ကို မယုံကြည် လက်မခံကြသောကြောင့် ဖြစ်သည်။ အမှန်မှာ နာဇရက်မြို့သား များသည် အခြား သူများထက် အခွင့်ထူးရရှိကြသော်လည်း မသိသောကြောင့် ဆုံးရှုံး ကြသည်။ ယနေ့ တရားဟောဆရာများ၏ ဆွေမျိုးသား ချင်းများ၊ မြို့သူမြို့သား များလည်း ဘုရား ပေးသောအရာ ကို မသိသောကြောင့် မဟာဆုံးရှုံးမှု ခံစား နေတတ် ကြသည်။

    ၄၅။ ဂါလိလဲပြည်သို့ ရောက် တော်မူ သောအခါ၊ ဂါလိလဲလူတို့သည်ကိုယ်တော်ကို လက်ခံကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယေရုရှလင် မြို့၌ ခံသော ပွဲသို့ သွားတတ်သဖြင့်၊ ထိုပွဲအတွင်း တွင် ပြု တော်မူ သမျှ တို့ကို မြင်ခဲ့ကြ၏။
    သခင်ဘုရားကို နာဇရက်မြို့သားများကလက်မခံသော်လည်း ဂါလိလဲလူတို့ကို လက်ခံ ကြသည်။ ထိုအရာသည် သူတို့အတွက် ကောင်းသောအရာ ဖြစ်သည်။ သင်လည်း နာဇရက်မြို့သားများကဲ့သို့ မဟုတ်ဘဲ၊ ဂါလိလဲလူများ ကဲ့သို့ ဘုရားကို ယုံကြည် လက်ခံသောသူ ဖြစ်နိင်ပါစေ။

    ၄၆။ ရေကို စပျစ်ရည် ဖြစ်စေသော အရပ်၊ ဂါလိလဲပြည် ကာနမြို့သို့ တဖန် ကြွ တော်မူ၏။ ကပေရနောင်မြို့၌ အမတ်တယောက်၏ သားသည် အနာ ရောဂါစွဲလျက် ရှိ၏။ ၄ရယေရှုသည် ယုဒပြည် မှဂါလိလဲပြည်သို့ ရောက် တော်မူသည်ကို ထိုအမတ်သည် ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီး ဖြစ်သော မိမိသား ဆီသို့ ကြွ၍ အနာ ရောဂါကို ငြိမ်းစေ တော်မူ မည်အကြောင်း တောင်းပန်လေ၏။
    အထက်၌ ဖေါ်ပြသော အမတ်သည် သခင်ယေရှုကို ယုံကြည်သော်လည်း သူကိုယ်တိုင်ကကြွ၍ သူ၏ သားကို ကျန်းမာစေချင်သည်။ လုကာရး၆၌ ဖေါ်ပြသော ရောမတပ်မှူးနှင့် မတူချေ။ ရောမတပ်မှူးသည် ယေရှု၏ နှုတ်ထွက်စကား၌ တန်ခိုးရှိကြောင်း ယုံကြည်သည်။ ထို့ကြောင့် သခင်ယေရှုကို သူ့အိမ်သို့ မလာဘဲ အမိန့်တော် သာပေးမည့် အကြောင်း ပြောခဲ့သည်။ သင်သည် ကျမ်းစာ၌ ပြောသောအရာ များကို ယုံကြည် နိင်ပါသလော။

    ၄၈။ ယေရှု ကလည်း၊ သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှု တို့ကို မမြင်ရလျှင် ယုံခြင်း မရှိကြဟု မိန့်တော်မူသော်၊ ၄၉ သခင်၊ အ​ကျွန်ုပ်သား မသေမှီကြွ တော်မူ ပါဟု အမတ်လျှောက်ပြန်၏။ ၅၀ ယေရှု ကလည်း၊ သွားလော့။ သင်၏ သားသည် အသက် ချမ်းသာ ရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှု မိန့်တော်မူသော စကားကို ယုံ၍ သွားလေ၏။
    အမတ်သည် သခင်ယေရှု၏ အစွမ်းကို ယုံကြည်သော်လည်း၊ သူကိုယ်တိုင်ကကြွလာဘို့ တောင်းဆိုနေသည်။ လူအများစုသည် သူကဲ့သို့ပင် ဖြစ်ကြသည်။ သခင်ယေရှု ကရောမတပ်မှုး၏ ယုံကြည်ခြင်းကို အံ့ဩ ချီးမွမ်းသော်လည်း ဤအမတ်ကိုမူအပြစ် တင်သည်။ ယေရှု ကသင်တို့သည် နိမိတ်က္ခဏာမြင်မှယုံကြည် တတ်သည်ဟု အပြစ် တင်သည်။ သို့သော် အမတ်၏ သားကို ကျန်းမာစေသည်။

    ၅၁။ လမ်း၌ သွားစဉ်တွင် မိမိငယ်သား တို့သည် ခရီး ဦးကြိုလာ၍ ၊ ကိုယ်တော်၏ သားသည် အသက် ချမ်းသာ ရပါပြီဟု ကြားလျှောက်ကြ၏။ ၅၂ အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟု မေးလျှင်၊ မနေ့ ခုနစ်နာရီ အချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။ ၅၃ ထိုအချိန်ကား၊ သင်၏ သားသည် အသက် ချမ်းသာ ရပြီဟု ယေရှု မိန့်တော်မူသောအချိန် ဖြစ်သည်ကို အဘသိ၍ ၊ ကိုယ်တိုင်မှစသော မိမိအိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ၅၄ ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည် မှဂါလိလဲပြည်သို့ ကြွသည် နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာ ဖြစ်သတည်း။
    အမတ်၏ သားသည်ကိုယ်တိုင်ထိတွေ့ခြင်း မရှိသော်လည်း သခင်ယေရှု ကသင်၏သား ချမ်းသာ ရပြီဟုဆိုသော အချိန်၌ ကျန်းမာကြောင်း တွေ့ရသည်။ ထို့ကြောင့် သခင်ဘုရား၏ နှုတ်တော် ထွက်စကားသည် တန်ခိုးရှိကြောင်း သိရသည်။ ​ကျွန်ုပ်တို့လည်း သခင်ဘုရားကို ကိုယ်တိုင်ကိုယ်ခန္ဓာအားဖြင့် မတွေ့ရသော်လည်း သူ၏ နှုတ်ကပတ်တော်ကို ဖတ်ရှု၍ ယုံကြည်လျှင် များစွာသော အကျိုးကျေးဇူူးခံစား နိင်ပါသည်။ အမတ်ကသာ မဟုတ်သူ၏ အိမ်သူအိမ်သား များလည်း သခင်ယေရှုကို ယုံကြည်လာ ကြသည်။

    .

    ^

    အသင်းတော်လှုပ်ရှားမှု

    အသင်းတော် သစ်ဖွင့်ခြင်း
    ဘုရားသခင်၏ လုပ်ဆောင်မှုကြောင့် ယခုလ ၈ရက်တနင်္နွေနေ့တွင် ​ြငညညနျသအပြေည်နယ်ှအ၏ ဏကေူမြို့၌ သတင်းကောင်း နှစ်ခြင်း အသင်းတော်ကို အသင်းသား၄၀ ကျော်ဖြင့် စတင်နိင်ခဲ့ပြီ ဖြစ်ပါသည်။ အသင်းတော် ဖွင့်သော နေ့၌ အသင်းသား၁ရဦးတို့သည် ဆရာနော်ဂျာအားဖြင့် ဗတ္တိဇံမင်္လာခံယူကြပါသည်။ ထို အသင်းတော်ကို ဆရာဗန်ထာအုပ်ကကြည့်ရှုလျက် ရှိပါသည်။

    အမှုတော်ဆောင်သင်တန်း
    လစဉ် ၄ရက် ပြုလုပ် နေကျအမှုတော်ဆောင်သင်တန်းကို အောက်တိုဘာလ ၁ရ- ၂၀ အထိ ပြုလုပ် မှာ ဖြစ်သည်။ အမှုတော်ဆောင်ဘို့ လူသစ်များလည်း လာဘို့ သတင်းရရှိထားသည်။ ထိုသို့ သင်တန်း ပြုလုပ်ခြင်းအားဖြင့် အမှုတော်ဆောင်များ အတွက်အားရှိသကဲ့သို့အသစ်ပါဝင်လိုသော သူများ အတွက်လည်း အခွင့်အရေး ဖြစ်သည်။ ကယ်တင်ခြင်း စိတ်ချမှု ရှိပြီး ပျောက်ဆုံး ဝိညာဉ် ဖမ်းခြင်း၌ စိတ်ဝင်စားသော သူတိုင်း ပါဝင်နိင်ပါ။ လခရရှိဘို့နှင့် အခွင့်ထူးလိုချင် သူများအတွက် မဟုတ်ပါ။
    ^