Periodical: Good News, September 2009

Home  >  Periodicals > September 2009

GN092009

SEPTEMBER 2009
GOOD NEWS PERIODICAL

မာတိကာ
အမှာစာ
ဥပုသ်စောင့်ခြင်း
သန့်ရှင်းသောဝိညာဉ်တော်
အချိန်နီးနေပြီ၊ အသင့်ပြင်ဆင်ပြီလော
နှုတ်ကပတ်တော်၌ မွေ့လျော်ခြင်း
ဆရာမောဇက်တို့ လင်မယား ဧဝံဂေလိ ခရီးစဉ်များ
ခလေးများ ဧဝံဂေလိသတင်း
ပျောက်ဆုံးဝိညာဉ် ဖမ်းနည်းသင်တန်း

အမှာစာ

ယုံကြည်သူများ၏ မင်္လာရှိသော မြော်လင့်ခြင်းသည် သန့်ရှင်း သူများ ချီဆောင်ခြင်း ဖြစ်သည်။ ထိုနေ့ရက်သည် အလွန် နီးလာပြီ ဖြစ်သည်။ ကျမ်းစာ မှာသခင် ခရစ်တော် ပြန်လည် ကြွလာမည့် အကြောင်းနှင့် ပတ်သက်သော ဗျာဒိတ်ပြုချက်များသည် ပြည့်စုံနေပြီ ဖြစ်သည်။ ကမ္ဘာ့ နိင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ စစ်ရေး၊ ရာသီဥတုများသည် ကျမ်းစာက ကြိုတင် ဟောထားသည့်အတိုင်း ​ကျွန်ပ်တို့ လက်ထက်၌ အလျှင်အမြန် ပြည့်စုံပြီ ဖြစ်သည်။ ထို့ကြောင့် ရှင် ပေါလုက “မင်္လာရှိသော မြော်လင့်ရာကို၎င်း၊ကြီး မြတ်သော ဘုရားသခင် တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျက်၊ ဘုရား မဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍ ” (တိ ၂:၁၁-၁၄)ဟု ရေးသား ခဲ့ပါသည်။

ထို့ကြောင့် ယုံကြည်သူများ၏ မြော်လင့်ရာသည်လောကအရာမ ဖြစ်သင့်တော့ပါ။ ခရစ်တော်၏ ချီဆောင်ခြင်းကို မြော်လင့် သင့်ပါသည်။ ထိုသို့ မြော်လင့်သောသူများ အနေဖြင့် ဘုရား မဲ့တရားမဲ့မနေဘဲ ဘုရားဝတ်၌ မွေ့လျော်၍ ချီဆောင်ခြင်း၌ မိဘ ညီအစ်ကို မောင်နှမများ၊ သူငယ်ချင်းမိတ်ဆွေများ၊ လုပ်ဖေါ်ကိုင်ဖက်နှင့် အိမ်နီးချင်းများ ပါဝင်နိင်ဘို့ရန် ဆုတောင်း ပေးခြင်းနှင့် ကယ်တင်ခြင်းများကို ပြောပြသင့်သည်။ ကယ်တင်ခြင်း မသိ သေးသောသူများကို သနား သင့်သည်။ ရှိသမျှ စွမ်းအား၊ ဘဏ္ဍာနှင့်အချိန်များကို အသုံးပြု၍ ဧဝံဂေလိ လုပ်ငန်း၌ ပါဝင်သင့်သည်။ ဤစာစောင်ကိုလည်း သူတပါးအတွက် မှာယူဝေငှနိင်သည်။ နည်းမျိုးစုံနှင့် ကိုယ်ချစ်သူများကယ်တင်ခြင်းသို့ ရောက်ဘို့ရန် သွေးဆောင်သင့်သည်။

ကျေးဇူးတော် ကာလ ကုန်ဆုံးတော့မည် ဖြစ်သောကြောင့် အမှု မဲ့အမှတ်မဲ့မနေသင့်တော့ပါ။ ဘေးဒါဏ်ကြီး ကာလ နီးလေလေ ဖြစ်သောကြောင့် ကမ္ဘာ့ စီးပွါးရေးလည်း ကျဆင်းနေပြီ။ အလုပ်အကိုင်ရဘို့လည်း ခက်လေလေ ဖြစ်သည်။ အလုပ်ရှိသောသူများလည်း အာမခံချက်မရှိ သောကြောင့် လောကီအရာ၌ မပျော်မွေ့သင့်ချေ။ ဘေးဒါဏ်ကြီး ကာလ၌ ကမ္ဘာ့ အစိုးရပေါ်မည် ဖြစ်သော ကောင့်ကမ္ဘာ့ နိင်ငံရေးလည်း ပြောင်းလဲနေပြီ။ ယခင်တုန်းကရန်သူ ဖြစ်ကြသော အရင်းရှင်နိင်ငံများနှင့် ကွန်မြူးနစ်နိင်ငံများလည်း ဖက်လှဲတကင်းပေါင်းစည်း နေကြပြီ။ စီးပွါးရေး၌လည်း ယခင်ကကဲ့သို့ တနိင်ငံထဲထုတ်လုပ်ခြင်း မရှိတော့ဘဲ နိင်ငံအများနှင့် ပေါင်းစည်း နေကြပြီ။ ကမ္ဘာ့ ရာသီဥတုလည်း ဖေါက်ပြန်နေပြီ။ ထို့ကြောင့် မိတ်ဆွေ၊ သေရာမှအသက်ရှင်သင့်ပြီ။ ဝိညာဉ် ရေး၌ လဲနေသောသူများလည်း ထသင့်ပြီ။ ဆုမတောင်းဘူးသော သူများလည်း ဆုတောင်း သင့်ပြီ။ ဆုတောင်း တတ်သောသူများလည်း နှစ်ဆတိုး၍ ဆုတောင်း သင့်ပြီ။ ဝိညာဉ်များမဖမ်းဘူးသောသူများလည်း ဖမ်းသင့်ပြီ။ ဘုရားကျောင်းမရောက် တတ်သောသူများလည်းရောက်သင့်ပြီ။ “လူ အချို့တို့၏ ထုံးစံရှိသည် အတိုင်း၊ အချင်းချင်းစည်းဝေးခြင်း အမှုကို မရှောင်လွှဲကြနှင့်။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။” (ဟေ ၁၀:၂၅)

ဥပုသ်စောင့်ခြင်း

ရေး၊ ဆရာထောင်ကျုံး

ဥပုသ်စောင့်ခြင်းနှင့် ပတ်သက်၍ ခရစ်ယာန် များစွာတို့သည် အဓိပ္ပါယ် နားမလည်သောအခါ အကျိုးမခံစားရချေ။ ထိုမျှသာမက ဥပုသ်နေ့စောင့်ခြင်းနှင့် ပတ်သက်၍ စာနေ အသင်းတော် များနှင့် ဆွေးနွေးသောအခါ ဘယ်လိုပြော ရမှန်း မသိ ဖြစ်နေကြသည်။ ထို့ကြောင့် ဥပုသ်နှင့် ပတ်သက်သော အရာများကို လေ့လာကြစို့။

ပဌမဦးဆုံး
ဥပုသ်နေ့နှင့် ပတ်သက်၍ ကျမ်းစာထဲ၌ ပဌမဦးဆုံး ဥပုသ်နေ့ကို ထွက် မြောက်ရာကျမ်း၁၆:၂၃၌ ဤသို့ တွေ့ရသည် -နက်ဖြန့်နေ့သည် ထာဝရ ဘု ရားရှေ့၌ သန့်ရှင်းသော ဥပုသ်နေ့၊ ငြိမ်ဝမ်စွာ နေရသောနေ့ ဖြစ်၏။ မုန့်ကို ပေါင်းချင်သည် အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည် အတိုင်း ပြုတ်ကြလော့။ ကျန်သောအရာကို နံနက်တိုင်အောင် စောင့်၍ သိုထားကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏ -ထာဝရဘုရားက မန္နမုန့်ပေးခြင်းနှင့် ပတ်သက်၍ ဥပုသ်နေ့စောင့်ခိုင်းခြင်း ဖြစ်သည်။ - မောရှေကလည်း၊ ယနေ့သည် ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ယနေ့တွင် ထိုအရာကို တော၌ မတွေ့ရ။ ​ခြောက်ရက်ပတ်လုံးသိမ်းယူရကြ၏။ ဥပုသ်နေ့ တည်းဟူသော ခုနစ် ရက်မြောက်သော နေ့တွင် မရှိ မတွေ့ရ ဟုဆိုလေ၏။ (ထွက် ၁၆:၂၅-၂၆) ဘုရားသခင်ကမန္နမုန့်ကို တပတ်လျှင် ​ခြောက်ရက်ချပေး၍ ခုနှစ် ရက်နေ့ တည်းဟူသော စနေ့တွင် မပေးချေ။ ထို့ကြောင့်သော ကြာနေ့တွင် နှစ်ဆပေးတတ်သည်။ ခုနှစ် ရက်နေ့တွင် မန္နကို ပင် မသိမ်းမယူဘဲ ငြိမ်ဝပ်စွာ နေရမည်ဟု ပညတ်ခဲ့သည်။

သို့သော် အချို့သောသူများ ကခုနှစ် ရက်နေ့ဥပုသ်နေ့တွင် မန္နမုန့်ကို ကောက်ဘို့ ကြံစည်ကြကြောင်းကို ဤသို့ တွေ့ရသည်-ခုနစ်ရက် မြောက်သော နေ့၌၊ အချို့တို့သည် သိမ်းယူခြင်းငှါ ထွက်သွားရာတွင်၊ ရှာ၍ မတွေ့ ရကြ။ ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလ ပတ်လုံးငြင်းပယ်ကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဥပုသ် နေ့ကို သင်တို့အား ပေးတော်မူပြီ။ ထိုကြောင့် ​ခြောက်ရက်မြောက်သော နေ့၌ နှစ်ရက်အတွက် မုန့်ကို ပေးတော်မူ၏။ လူတိုင်း မိမိနေရာ၌ နေစေ၊ ခုနစ်ရက် မြောက်သော နေ့၌ မိမိနေရာမှအဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။ ထိုကြောင့် လူများတို့သည် ခုနစ်ရက်မြောက်သော နေ့၌ ငြိမ် ဝပ်စွာ နေကြ၏-(ထွက် ၁၆:၂ရ” ၃၀)။

ပညတ်တော် ဆယ်ပါး၌
ဥပုသ်နေ့နှင့် ပတ်သက်၍ ပညတ်တော် ဆယ်ပါးထဲ၌ ဤသို့ တွေ့ရသည် -ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ​ခြောက် ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏ သားသမီး၊ ​ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏ တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ ဤကြောင်း မူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒ​ရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ​ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီး ပေး၍ သန့်ရှင်းစေတော်မူ၏။-(ထွက် ၂၀:၈-၁၁)

ထာဝရဘုရားက ဥပုသ်နေ့နှင့် ပတ်သက်၍ ပညတ်တော် ဆယ်ပါး၌ ပို၍ စုံလင်စွာ ဖေါ်ပြထားသည်။ အထက်ပါ ကျမ်းပိုဒ်များ အရဥပုသ်နေ့သည် ထာ ဝရဘုရားက သန့်ရှင်းစေရမည် ဟုဆိုသည်။ သတ္တမနေ့ရက်သည် ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်သည်။ ထာဝရဘုရား ကိုယ်တော်တိုင်လည်း ဖန်ဆင်းခြင်းကို ​ခြောက် ရက်အတွင်း၌ သာလုပ်၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေသည်။ ထို့ကြောင့် လူသားများအနေနှင့်လည်း ​ခြောက်အတွင်းသာ ကြိုးစား၍ အလုပ်လုပ်ရမည်။ သတ္တမနေ့၌ ငြိမ်ဝပ်စွာ နေရမည်ဟု ပညတ်ထားသည်။ သတ္တမနေ့ရက်ကို ဘုရားသခင်ကကောင်းကြီး ပေး၍ သန့်ရှင်စေတော်မူသည် ဟုဆိုသည်။

ဥပုသ်နေ့မစောင့်ခြင်း အတွက် ပြစ်ဒဏ်
ဥပုသ်နေ့မစောင့်သောသူများကို သေဒဏ်ပေးဘို့ ထာဝရဘုရားက ဤသို့ ဆိုထားသည်-ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသောကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည် ။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား မိမိအမျိုးမှပယ်ရှင်းခြင်းကို ခံရမည်။ ​ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ ငြိမ်ရသော ဥပုသ်နေ့ ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူ မည်သည်ကား ဧကန်အမှန်အသေခံ ရမည်။ သို့ဖြစ်၍ ဣသရေလ အမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရ ပဋ္ဋိညာဉ် ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ (ထွက် ၃၁:၁၄-၁၆) ဥပုသ်နေ့ဖျက်သောသူကို ထာဝရဘုရားသခင်က သေဒဏ်ပေးဘို့ အမိန့်ချထားသည်။ ထိုမျှသာမက အမျိုးမှပယ်ခြင်း ကိုလည်း ခံရမည်။ ထို့ကြောင့် ဥပုသ်နေ့ဖျက်ခြင်းသည် အလွန်ကြီး လေးသော အပြစ် ဖြစ်သည်။ ထို့အပြင် ဥပုသ်စောင့်ခြင်းသည် ထာဝရ ပဋ္ဋိညာဉ် ဖြစ်သည် ဟုဆိုသည်။

ဥပုသ်နေ့၌ မီးပင်မမွှေးရ
ဥပုသ်နေ့စောင့်ရာတွင် အိမ်၌ မီးပင်မမွေးရကြောင်း ဤသို့ တေ့ွရသည် -​ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် သင်တို့၌ သန့်ရှင်းသောနေ့၊ ထာဝရဘုရား အဘို့ ငြိမ်ဝပ်စွာ နေရသော ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား အသေခံရမည် ။ သင်တို့ နေရာ အရပ်၌ ဥပုသ်နေ့မှာမီးကို မမွေးရဟု ဆင့်ဆို၏ -  (ထွက် ၂၅:၂-၃) ထိုသို့ မီးမမွှေးရလျှင် အစာချက်၍ မရချေ။ ထို့ကြောင့် ဥပုသ်နေ့အတွက် စားရမည့် အစာများကို ကြိုတင် ချက်ဘို့ လိုလိမ့်မည်။

ဥပုသ်နေ့၌ ချိုးခြံစွာ ကျင့်ရမည်
ဥပုသ်နေ့စောင့်ရာတွင် ချိုးခြံစွာ ကျင့်ရမည်။ ပျော်ရွှင်မှုများမလုပ်ရမည့် အကြောင်းကို ကျမ်းစာ၌ ဤသို့ တွေ့ရသည် -ထိုနေ့ရက်သည် ထာဝရ ပညတ်တော် အတိုင်း၊ သင်တိုု့ငြိမ်ဝပ်ရာဥပုသ်နေ့၊ ခြိုးခြံစွာ ကျင့်ရသောနေ့ ဖြစ်သ တည်း။ (ဝတ် ၁၆:၃၁)

ဥပုသ်နေ့၌ ထင်းခွေသူသတ်
- ဣသရေလ အမျိုးသားတို့သည် တော၌ ရှိကြသောအခါ၊ တနေ့သော ဥပုသ်နေ့၌ ထင်းခွေသောသူတယောက်ကို တွေ့လေ၏။ တွေ့သော သူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ် အပေါင်းတို့ ရှေ့သို့ ခေါ်ခဲ့ကြ၏။ သူ၏ အမှုကို စီရင်ရာလမ်း မထင်ရှား သေးသောကြောင့် ချုပ်ထားကြ၏။ ထာဝရဘုရားကလည်း၊ ထိုသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အ ပေါင်းတို့သည် တပ်ပြင်မှာ သူ့ကို ကျောက်ခဲနှင့် ပစ်ရကြမည်ဟု မောရှေအား မိန့်တော်မူ၍၊ ထိုအမိန့်တော် အတိုင်း ပရိသတ် အပေါင်းတို့သည် ထိုသူကို တပ်ပြင်သို့ ဆောင် သွား၍၊ ကျောက်ခဲနှင့် ပစ်ကြသဖြင့် သူသည် အသေခံ ရ၏။ (တော ၁၅:၃၂-၃၆)

ဥပုသ်နေ့ကို ​ကျွန်၊ ဧည့်သည်၊ တိရစ္ဆာန်များ ပင်စောင့်
သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏ သားသမီး၊ ​ကျွန်ယောက်ျား မိန်းမ၊ နွား၊ မြည်း အစရှိသော သင်၏ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာ နေသကဲ့သို့၊ သင်၏ ​ကျွန်ယောက် ကျား၊ မိန်းမတို့သည် ငြိမ်ဝပ်စွာ နေရကြမည်။   သင်သည် အဲဂုတ္တု ပြည်၌ ​ကျွန်ခံ ကြောင်းကို၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကို ဆန့်၍၊ ထိုပြည် မှသင့်ကို နှုတ်ဆောင်တော်မူကြောင်းကို၎င်း၊ အောက် မေ့လော့။ ထိုအကြောင်းကြောင့်၊ သင်သည် ဥပုသ်နေ့ကို စောင့်ရမည်ဟု သင်၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူ၏။ ( တရားဟော ၅:၁၄-၁၅)

ဥပုသ်နေ့စောင့်လျှင်
ထာဝရဘုရားက ဣသရေလ လူတို့အား ဥပုသ်စောင့်ဘို့ရန် ပရောဖက် ဟေရှာယအားဖြင့် ဤသို့ မှာခဲ့သည် -သင်သည် ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့် ရှင်းသော နေ့မှာကိုယ်အလိုသို့ မလိုက်၊  ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရား အဘို့ သန့်ရှင်းသောနေ့၊ ရိုသေဘွယ်သောနေ့ ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကို မပြု၊ ကိုယ်အလိုသို့ မလိုက်၊ ကိုယ်စကားကို မပြောဘဲ နေ၍ ထိုနေ့ကို ရိုသေလျှင်၊ သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သော အရပ်တို့ကို ငါစီးစေ၍၊ သင့်အဘယာကုပ်၏ အမွေဥစ္စာနှင့် ငါ​ကျွေး မည်ဟု ထာဝရဘုရား၏ နှုတ်တော် ထွက်အမိန့်တော် ရှိ၏။ (ဟေရှာ ၅၈:၁၃-၁၄)

ဥပုသ်မစောင့်လျှင်
ထာဝရဘုရားကပရောဖက် ယေရမိအားဖြင့် ဥပုသ်မစောင့်လျှင် ယေရုရှလင်မြို့မှစ၍ ဘုံဗိမာန်များ၊ ပျက်စီး၍ မီးလောင်မည့် အကြောင်းကို ဤသို့ သတိပေးခဲ့သည် -ဥပုသ်နေ့၌ သင်တို့ အိမ်ထဲ ကဝန်ကို မထုတ်မဆောင်ကြနှင့်။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့်။ သင်တို့ ဘိုးဘေးများကို ငါမှာထားသည် အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေကြလော့။ ဘိုးဘေးတို့သည် နားမထောင်၊ နားကို မလှည့်ဘဲ နေကြ၏။ နားမကြား၊ ဆုံးမခြင်းကို မခံမည်အကြောင်း၊ မိမိတို့ လည်ပင်းကို ခိုင်မာစေကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဥပုသ်နေ့၌ ဤ မြို့တံခါးဖြင့် ဝန်ကို မသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှ မလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည် တိုင်အောင်၊ ငါ့စကားကို စေ့စေ့နား ထောင်လျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသား မှစ၍၊ သူတို့ မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများသို့ ဝင်လျက် ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ် အမြဲတည်လိမ့်မည်။ မီးရှို့ရာယဇ်မှစ၍ အခြားသော ယဇ်များ၊ ပူဇော်သက္ကာများ၊ မီးရှိ့ရာနံ့သာပေါင်း၊ ချီးမွမ်းရာယဇ်တို့ကို ထာဝရဘုရား၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင် အရပ်များ၊ ဗယ်ာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာခရိုင်မှ လာကြလိမ့်မည်။ သို့မဟုတ်၊ ဥပုသ်နေ့၌ ဝန်ကို ထမ်းရွက်၍ ယေရုရှလင်မြို့ တံခါးများသို့ မဝင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည် တိုင်အောင်၊ သင်တို့သည် ငါ့စကားကို နားမထောင်လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကို မီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ဘုံဗိမာန်တို့ကိုလောင်ရလိမ့်မည်။ (ယေရမိ ၁ရး၂၂-၂ရ)

ဣသရေလ မြေ ဥပုသ်စောင့်
ထာဝရဘုရားသခင်က မည်မျှပင် သတိပေးသော်လည်း ဣသရေလ များသည် ဘုရားသခင်၏ စကားကို နားမထောင်ဘဲ ဥပုသ်နေ့ကို ချိုးဖေါက်သော
ကြောင့် ဣသရေလကို အာရှုရိလက်၌၎င်း၊ ယုဒကို ဗာဗုလုန်လက်၌၎င်းပေးအပ် ခဲ့သည်။ ထိုသို့ တိုင်း တပါးသို့ ခေါ်သွားခြင်း ခံရသောအခါ သူတို့ ပြည်သည် ဥပုသ်စောင့်ကြောင်းကို ကျမ်းစာ၌ ဤသို့ တွေ့ရသည် - ထိုသို့ ဣသရေလ မြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော   ထာဝရဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက် နေသော ကာလ၊ အနှစ် ခုနစ်ဆယ်စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သော အခွင့်ရှိသတည်း-(၆ရာ ၃၆:၂၁) ဘုရားသခင်က ဣသရေလ လူများကို တိုင်း ပြည်မှ နှင်ထုတ်​ြ ခင်းသည် ဥပုသ်နေ့မစောင့်ခြင်း တခုတည်းကြောင့် မဟုတ်သော်လည်း ဥပုသ်နေ့ မစောင့်ခြင်းလည်း အကြောင်း တခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမိန့်တော် အတိုင်း သူတို့၏ တိုင်း ပြည်သည် အနှစ်ခုနှစ်ဆယ်ဥပုသ်စောင့်ရသည်။ ဆိုလိုသည်မှာ လူသူမနေဘဲ လူဆိတ်ညံခဲ့သည်။

နေဟေမိလက်ထက်
ဗာဗုလုန်လက်အောက်မှပြန် လာသောအခါ ယုဒလူများသည် ဥပုသ် နေ့ကို မစောင့်ဘဲ ဥပုသ်နေ့၌ ရောင်းဝယ်မှုများပြု နေကြသောကြောင့် နေဟမိက အမိန့်အားဖြင့် ဥပုသ်နေ့စောင့်စေကြောင်းကို ကျမ်းစာ၌ ဤသို့ တွေ့ရသည်။

ထိုကာလ၊ ယုဒပြည် မှာအချို့တို့သည် ဥပုသ်နေ့၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကို သွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကို တင်လျက်၊ လုပ် ဆောင်ကြသည်ကို၎င်း၊ ဥပုသ်နေ့၌ စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး အစရှိသည်တို့ကို တင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြသည်ကို၎င်း၊ ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစာရာများကို ရောင်းအပ်သည်ဟု သူတို့အား ကြားပြောကြ၏။ ထိုအရပ်၌ နေသော တုရုမြို့သားတို့သည်လည်း၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဥပုသ်နေ့၌ ယုဒအမျိုးသားတို့ အားရောင်းတတ်ကြ၏။ ထိုအခါ ငါက၊ သင်တို့သည် ဥပုသ်နေ့ကို ဖျက်၍ ပြုသော ဒုစရိုက်ကား အဘယ်သို့ နည်း။ ဘိုးဘေးတို့သည် ထိုသို့ ပြုသောကြောင့်၊ ဤမျှလောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌၎င်း၊ ဤမြို့၌၎င်း ဘုရား သခင်ရောက်စေတော်မူသည် မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့်သာ၍ ပြင်းစွာသော အမျက်တော်ကို ဣသရေလ အမျိုး၌ ရောက် စေဦးမည်လောဟု ယုဒမှူးမတ်တို့ကို အပြစ်တင်လျက်၊ အဘိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့လွန်သည် တိုင်အောင်၊ ယေရုရှလင်မြို့ တံခါးတို့ကို ပိတ်ထားရမည်အကြောင်း စီရင်၍၊ ဥပုသ်နေ့၌ ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှါ၊ မိမိ​ကျွန်အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။ ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်းသောသူများတို့သည် ယေရုရှလင်မြို့ပြင်မှာ တခါ နှစ်ခါအိပ်ကြ၏။ ငါကလည်း၊ မြို့ရိုးပတ်လည်၌ အဘယ်ကြောင့် အိပ်ကြသနည်း။ နောက်တဖန် လာ၍ အိပ်လျှင် ဘမ်းဆီးမည်ဟု သူတို့အား သတိပေး၏။ ထိုအခါ မှစ၍ ဥပုသ်နေ့တွင် မလာဘဲ နေကြ၏။ လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ၊ စင်ကြယ်သော ကိုယ်နှင့် လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အိုအ​ကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အ​ကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကရုဏာတော်များပြားသည် အတိုင်း အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ (နေဟမိ ၁၃:၁၅-၂၂)

ထိုသို့ နေဟမိ၏ စိတ်အားထက် သန်မှုဖြင့် ဥပုသ်နေ့ကို အတင်း စောင့် စေသောကြောင့် နောက်ပိုင်း၌ ဥပုသ်နေ့ကို စောင့် ကြသည်။ ခရစ်တော် လက်ထက်၌ ဥပုသ်စောင့်ခြင်းသည် အလွန် အရေးကြီး လာသည်။ ထို့ကြောင့် ခရစ် တော်သည်လည်း ဥပုသ်စောင့်ခြင်း အပေါ်၌ ဘာသာရေး ခေါင်းဆောင်များက အပြစ်မြင်လာ ကြသည်။
(ရှေ့လဆက်ရန်)

သန့်ရှင်းသောဝိညာဉ်တော်

ဆရာနော်ဂျာ

သန့်ရှင်းသော ဝိညာဉ်တော်သည် သုံးပါးတစ်လုံးတစ်ဝတည်း ဖြစ်တော်မူသော ထာဝရဘုရား ဟူသော ခေါင်းစဉ်အောက်၌ တတိယပုဂ္ဂုလ် ဖြစ်ပါသည်။ ခမည်းတော်ဘုရား၊ သားတော် ဘုရား၊ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားတို့၌ ဘုရား ဖြစ်ခြင်း ဂုဏ်အင်္ဂါလက္ခဏာတူညီစွာ ရှိကြသည်။ ထိုသုံးပါး၌ သာ၍ တန်ခုးိ ကြီးသောသူဟူ၍ မရှိပါ။ ခမည်းတော်ဘုရားက သားတော် ဘုရားကို ဖန် ဆင်းခြင်း၊ သားတော် ဘုရားက သန့်ရှင်းသော ဝိညာဉ်တော်ကို ဖန်ဆင်းခြင်းလည်း မဟုတ်ပါ။ ငါဖြစ်သည် အတိုင်း ငါဖြစ်သည် (ထွက် ၃:၁၄) ဟူသော သုံးပါး တစ်လုံးတစ်ဝတည်း ဖြစ်တော်မူသော ထာဝရဘုရားသည် ကမ္ဘာမတည်မရှိမှီ ကတည်း ကတည်ရှိသော ဘုရား၊ စကြ်ာဝဋ္ဋာကြီး တစ်ခုလုံးကိုအတူ တကွဖန် ဆင်းသော ဘုရားသခင် ဖြစ်သည် (က ၁:၁၂၊ ယော ၁:၁၃)။   ထိုပုဂ္ဂိုလ်သုံးပါး အထဲမှ သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏ လုပ်ဆောင်ချက် အချို့ကို ဝေငှ ရေးသား လိုက်ပါသည်။

၁။ ရဲရင့်ခြင်း၊ အောင်မြင်ခြင်းကို ပေးသော သန့်ရှင်းသောဝိညာဉ်တော် ဘုရား
ဂိဒေါင်သည် သန့်ရှင်းသောဝိညာဉ်တော် ဘုရား သူ့အပေါ်မသက်ရောက် ခင်အချိန်၌ မိဒျန်လူမျိုးကို   ကြောက်ရွံ့သောသူ ဖြစ်သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော် သူ့အပေါ်သို့ သက်ရောက်သောအခါ မည်သူ့ကိုမျှ မကြောက် တော့ဘဲ တန်ပိုးမှုတ်၍ ရန်သူများကို ရဲ့စွမ်းသတ္တိအပြည့်နှင့် ဝိညာဉ်တော် တန် ခိုးကို အမှီပြု၍ တိုက်ခိုက် အောင်မြင် ခဲ့သည်။ -ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဂိဒေါင်အပေါ်မှာ သက်ရောက်၍ သူသည် တန်ပိုးမှုတ်သဖြင့် အဗေျဇာသားတို့သည် လိုက်ကြ၏-(တရားသူ ၆:၃၄)။

ထို့အတူ ကြောက်ရွံ့တတ်သော ရှောလု အပေါ်၌လည်း “သန့်ရှင်းသော ဝိညာဉ်တော် သက်ရောက် လာသောအခါ သူသည် ပြင်းစွာ အမျက်ထွက်လျက် နွားတရှဉ်းကို ယူ၍ ခုတ်ဖြတ်ပြီးမှသံတမန်တို့ လက်တွင် ဣသရေလ ပြည် တ ရှောက်လုံးသို့ ပေးလိုက်၍၊ ရှောလုနှင့် ရှမွေလနောက်သို့ ထွက်၍ မလိုက်သောသူ၏ နွားတို့ကို ဤကဲ့သို့ ပြုမည်ဟု ကြော်ငြာစေသဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏” (၁ရာ ၁၁:၆၊ ရ) ရှောလုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် အမ္မုန်အမျိုးသားတို့ကို အောင်မြင် စွာ တိုက်ခိုက် နိင်ခဲ့သည်။

ထို့ကြောင့် စာရှုသူမိတ်ဆွေ များလည်း ဂိဒေါင်နှင့် ရှောလုအသက်တာကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော် မရရှိသောကြောင့်အား ငယ်ခြင်း၊ သိမ်ငယ်ခြင်း၊ ကြောက်ရွံ့ခြင်းဖြင့် အသက်ရှင်နေပါသလား။ ရဲရင့်ခြင်း၊ အောင်မြင်ခြင်း၊ အစွမ်းသတ္တိကို ပေးနိင်သော သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးကို လက်ခံရရှိဘို့ရန် အလွန်ပင် အရေးကြီး လှပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးကို ခံရသောအခါ မိတ်ဆွေ မတတ်စွမ်းနိင်သောအရာ၊ မိတ်ဆွေ ကြောက်ရွံ့နေသောအရာ ပြသနာ အခက်အခဲများကို အောင်မြင် စွာ ကျော်လွှားနိင်သော အခွင့်ကို ဧကန်အမှန်ရရှိမည် ဖြစ်သည်။

ရှန်ဆုန်လည်း သန့်ရှင်းသောဝိညာဉ်တော် သူ့အပေါ်သက်ရောက်ခြင်း အားဖြင့်သာ မန်လူများ မတတ်စွမ်းနိင်သော အစွမ်းသတ္တိဖြင့်၊ လူတစ်ထောင်ကို မြည်းမေးရိုးဖြင့် ရိုက်သတ်ခြင်း၊ မြေခွေး၃၀၀ကို ဖမ်းဆီး၍ မီးရှို့ခြင်း၊ ကြီးမား လှသော မြို့တံခါးကြီးကို ထမ်းသွားခြင်း စသော အံ့ဩဘွယ်အရာများကို ပြုလုပ် ခဲ့သည်။

၂။ ဓမ္မဟောင်းကာလ၌ ယုံကြည်သူများအပေါ် သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏ လုပ်ဆောင်ချက်များ
ဓမ္မဟောင်း ယုံကြည်သူများဖြစ်သော ယေဖသ၊ ရှံဆုန်၊ ရှောလုတို့ အပေါ်၌ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်ခြင်း (Indwelling of the Holy Spirit) ဟု ခေါ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူများအပေါ်သက် ရောက်ပြီးမှ တဖန် ပြန်၍ စွန့်နိင်ပါသလားဟူ၍ မေးခွန်းထုတ်စရာ ရှိပါသည်။ ဓမ္မဟောင်းကာလ၌ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်ပြီးမှ စွန့်နိင် ပါသည်။ ရှောလုထံမှ သန့်ရှင်းသောဝိညာဉ်တော် ရုပ်သိမ်းခြင်းကို တွေ့ရပါသည်။ ဤကြောင်းမှာ ဘုရားသခင်၏ စကား နားမထောင်ခြင်းကြောင့် ဖြစ်သည် (၁ရာ ၁၆:၁၄) ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုထံမှ ထွက်၍ ဟု ဖေါ်ပြထား ပါသည်။ ထာဝရဘုရား၏ ဝိညာဉ်တော် စွန့်သွားသောအခါ ရှောလုအသက်တာသည် စိုးရိမ် ပူပန်ခြင်း၊ ဝမ်းနဲ​ကြေကွဲခြင်း၊ ဆုံးရှုံးခြင်း များကိုသာ အမြဲခံစားရကာ ဘဝအဆုံးသတ်ခဲ့ရသည်။

ရှံဆုန်ထံမှလည်း သန့်ရှင်းသောဝိညာဉ်တော် ထွက်သွားသောအခါ ခွန်အား မရှိတော့ဘဲ အသက်တာဆုံးရှုံးခဲ့ကြောင်း တွေ့ရသည်။ မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည် ဟုဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်အကြံရှိသော်လည်း၊ ဖိလိတ္တိလူတို့သည် ဘမ်းဆီး၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ​ကြေး ဝါကြိုးနှင့် ချည် နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။ (တရားသူ ၁၆:၂၀-၂၁) ထိုအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ဝိညာဉ်တော်နှင့်အတူ သွားလာမှု မရှိသောသူ၏ အသက်တာ၌ ပျက်စိီးခြင်း၊ ဆုံးရှုံးခြင်းများကို ကြုံတွေ့ရကြောင်းကို သင်ခန်းစာ ယူကာ အသက်တာ၌ ဘုရား၏ စကားကို နားထောင်လျက် ဝိညာဉ်တော်နှင့်အတူ အသက်ရှင်လျှောက်လှမ်းရန် အလွန် အရေးကြီးကြောင်း သိရှိရ ပါသည်။

၃။ ဓမ္မသစ်ကာလ၌ ယုံကြည်သူများအပေါ် သန့်ရှင်းသော ဝိညာဥတော်၏ လုပ် ဆောင်ချက်
ဓမ္မဟောင်းကာလ ယုံကြည်သူများအပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် ဓမ္မသစ်ကာလ၌ သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏ လုပ် ဆောင်ချက်သည် အနည်းငယ်ကွာဟမှု ရှိသည်ကို တွေ့ရသည်။ ဓမ္မဟောင်း ကာလ၌ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်ခြင်း (Indwelling of the Holy Spirit) သာရှိ၍ (Sealing of the Holy Spirit) ဟူသော သန့်ရှင်းသော ဝိညာဉ်တော်၏ တ ဆိပ်ခပ်ခြင်း ဟူ၍ မတွေ့ရပါ။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ဓမ္မ ဟောင်းကာလ ယုံကြည်သူများထံမှာသက်ရောက်၍ ပြန်လည်ထွက်သွားနိင်သည်။

သို့သော် ယနေ့ ကျေးဇူးတော် ကာလ ဓမ္မသစ်ခေတ်၌ ယုံကြည်သူများအပေါ် သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်ခြင်း (Indwelling of the Holy Spirit) ရှိသကဲ့သို့ တပြိုင်တည်း သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်း (Sealing of the Holy Spirit) ကို ယုံကြည်သူများ လက်ခံရရှိနေပြီ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်း ခံမှသာလျှင်ထာဝရ အသက် ရရှိခြင်း၊ အပြစ်ငရဲ မှကယ်လွှတ်ခံရခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ စသော အရာများကို ခံစားရမည် ဖြစ်သည်။ ထိုသို့ ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်၏ တံ ဆိပ် ခပ်ခြင်းကို မည်ကဲ့သို့ ရရှိနိင်ပါသနည်း။

(၁) ဆုတောင်းခြင်း အားဖြင့်လော
(၂) ပေးကမ်းခြင်း အားဖြင့်လော
(၃) ခေါ်ဘိတ် လက်ခံခြင်း အားဖြင့်လော
(၄) နှုတ်ကပတ်တော်ကို ကြားနား၍ ယုံကြည်ခြင်း အားဖြင့်လော

အ​ဖြေမှာ (၄) နှုတ်ကပတ်တော်ကို ကြားနာ၍ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်သည်။ သင်တို့သည်လည်း ကယ်တင်တော်မူခြင်း အကြောင်းနှင့် ယှဉ်သော ဧဝံဂေလိတရား တည်းဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည် ပြီးမှ၊ ဂတိတော်နှင့် ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံ ဆိပ်ခပ်ခြင်း (Indwelling of the Holy Spirit)ကို ခံရကြပြီ။ (ဧဖက် ၁:၁၃)

ထို့ကြောင့် စာရှုသူမိတ်ဆွေ၏ အသက်တာ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်း ခံလိုပါက ဘုရားသခင်၏ ကယ်တင်တော်မူခြင်းနှင့် ဆိုင်သော ဧဝံဂေလိတရားစကားကို ကြားနာယုံကြည်၍ ခရစ်တော်ကို မိမိကယ်တင် ပိုင်ရှင်အဖြစ် လက်ခံရန်လိုအပ်ပါသည်။ ယခုကျေးဇူးတော် ကာလ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်း မခံရ သူများသည် ဘေးဒဏ်ကြီး ကာလ၌ အန္တီခရစ်၏ ၆၆၆ တံဆိပ်ခပ်ခြင်း ခံရကာထာဝရ ငရဲသို့ သွားရမည် ဖြစ်သည်။ ငွေရတတ်သောသူ၊ ဆင်းရဲ သောသူ၊ ​ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှတို့သည် လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက် မှတ်ကို ခံစေခြင်း ငှါ၎င်း၊ ထိုတံဆိပ်လက်မှတ်တည်း ဟူသောသားရဲ၏ နာမ ဖြစ်စေ၊ နာမ၏ အရေအတွက် ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်း မဝယ်စေခြင်း ငှါ၎င်း၊ စီရင်၏။ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသော သူသည်သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက် ဖြစ်၏။ ​ခြောက်ရာ ​ခြောက်ဆယ်​ခြောက်လည်း ဖြစ်၏။ (ဗျာ ၁၃:၁၆-၁၈)။ ယခု ထိုကဲ့သို့သော တံ ဆိပ်ကို အသုံးပြုဘို့ရန် တီထွင်ပြီး ဖြစ်သည့် RFID (Radio Frequency Identification) ဟု ခေါ်သည်။ ထို့ကြောင့် ယခုကျေးဇူးတော် ကာလ မကုန်မှီအချိန် မှီ သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်း ခံယူရန်၊ ခရစ်တော်၏ ဧဝံဂေလိတရားစ ကားကို ကြားနာ၍ ယုံကြည် ရန်အရေးကြီးဆုံး သောအချိန် ရောက်ရှိနေပြီ ဖြစ်သည်။

ခရစ်တော်၏ ဧဝံဂေလိတရားကို ကြားနာ၍ ယုံကြည် လက်ခံပြီးသောသူများ အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းသည် ပြန်လည်ရုပ် သိမ်းနိင်သလော။ မရုပ်သိမ်းတော့ပါ။ ဤကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ပြီး သူတို့သည် ထာဝရ အသက် ရရှိပြီး ဖြစ်သည်။ ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် တဆိပ်ခပ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့် (ဧဖက် ၄:၃၀)ဟု ပါရှိသောကြောင့် တံ ဆိပ်ခပ်ခြင်း ခံပြီးသော ယုံကြည်သူများထံမှ သန့်ရှင်းသော ဝိညာဉ်တော်သည် မရုပ်သိမ်းတော့ပါ။ ထို့ကြောင့် ငရဲထဲ၌လည်း ပြန်ရောက်စရာ အကြောင်း မရှိ တော့ချေ။

သို့ ပါသော်လည်း ဘုရား မကြိုက်သော အလုပ်၊ သောက်စားမူးယဇ် ပျော်ပါး၍ လောကီစည်း စိမ်ခံစားလျက် ဒုစရိုက်အပြစ်၌ လွန်ကျူးနေသော ယုံ
ကြည်သူ၏ အသက်တာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်နာစေမည် ဖြစ်သည်။ ဝိညာဉ်တော်သည် စိတ်နာလျှင် ယုံကြည်သူအား စကားပြောတော့မည် မဟုတ်ပါ။ ဝိညာဉ်၏ ပဲ့ပြင်မှု၊ သွန်သင်မှု လမ်းပြမှု မရှိသော ယုံကြည်သူသည် ကောင်းကင်နိင်ငံသို့ ရောက်နိင်သော်လည်း ဤလောက၌ အသက်ရှင်စဉ်တွင် ဒုက္ခ ပြသနာ များနှင့် ရင်ဆိုင်ကာ ဘုရား ဘုန်းရှုပ်ချစရာ ဖြစ်မည်။ အသက်တာ၌လည်း ကျဆင်းကာဆုံးရှုံးခြင်း များစွာနှင့် အသက်ရှင်ရမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် တံဆိပ်ခပ်တော်မူသော သန့်ရှင်းသော ဝိညာဉ်ကို စိတ်နာစေနိင်သော ဒုစရိုက်များကို ရှောင်ရှား၍ ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း အသက်ရှင်ဘို့ လိုသည်။ သို့ဖြစ်လျှင် ဝိညာဉ်တော်၏ လမ်းပြပဲ့ပင်မှု အောက်၌ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ အောင်မြင်ခြင်းများဖြင့် အသက်ရှင်ကာ ဘုရားသခင်၏ ဘုန်းထင်ရှားစေသောသူများ ဖြစ်နိင်ပေမည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်း Sealing of the Holy Spirit) ခံပြီးသော ယုံကြည်သူများသန့်ရှင်းသော ဝိညာဉ်တော် သက်ရောက်ရန် ထပ်မံ တောင်းခံစရာ လိုပါသလား။ လုံးဝ မလိုအပ်တော့ပါ။ (တောင်းခံခြင်းသည် မရှိသေးသောအရာကို တင်ပြခြင်း ဖြစ်သည်) သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူ၏ အပြင်မှ အလုပ်လုပ်ခြင်း မဟုတ်ဘဲ အတွင်း ဝိညာဉ် ထဲမှ အလုပ်လုပ်ခြင်း ဖြစ်သောကြောင့် ရှိပြီးသား အရာကို ထပ်မံတောင်းခံစရာ မလိုတော့ပါ။ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝရန်အတွက် မူဆက်လက်၍ တောင်း ခံရန်လိုအပ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းကို (Filling of the Holy Spirit) ဟု ခေါ်ပါသည်။ ယုံကြည်သူ တိုင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်း Sealing of the Holy Spirit) ခံပြီးသော်လည်း ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း (Filling of the Holy Spirit) မရှိသေးပါ။ ထို့ကြောင့် ယုံကြည်သူတိုင်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝရန် သမ္မာကျမ်းစာက သွန်သင်နေပါသည်။ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယဇ်မူးခြင်းကို ရှောင်၍ ဝိညာဥ် တော်နှင့် ပြည့် စုံလျက် ရှိကြလော့ (ဧဖက် ၅:၁၈)။

ယနေ့ ယုံကြည်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝဘို့ရန် ထိုင်နေ၍ မရပါ။ ဆုတောင်းခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ နှုတ်ကပတ်တော် ဖတ်ခြင်းနှင့် နားထောင်ခြင်း၊ ဝေငှခြင်း၊ သက်သေခံခြင်းများပြုလုပ် ရမည်။ ဝိညာဥ် တော်နှင့် ပြည့်ဝမှသာလျှင်ဝိညာဉ်တော်၏ အကျိုးများ ဖြစ်သော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ စောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း (ဂလာ ၅:၂၂-၂၃)တို့ကို သီးနိင်ပေမည်။ ထို့ကြောင့် အသက်တာ၌ အောင်မြင်ခြင်း ပေးသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသော ယုံကြည်သူများအဖြစ် ခရစ်ယာန် အသက်တာကိုအတူ တကွလျှောက်လှမ်းနိင်ရန်ဝေငှ အားပေးလိုပါသည်။

အယောက်တိုင်း အပေါ်ဘုရာသခင်ကောင်ချီးပေးပါစေ။

အချိန်နီးနေပြီ၊ အသင့်ပြင်ဆင်ပြီလော

ဆရာထောင်ကျုံး

ယုံကြည်သူများကို ချီဆောင်မည့် အချိန်သည် အလွန် နီးနေပြီ ဖြစ်ကြောင်း ခရစ်တော် ပြောခဲ့သော စစ်ပွဲများ အကြောင်းအားဖြင့် ကြည့်ကြစို့။ ခရစ်တော်က “သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်း စကားကို၎င်းကြားရကြလိမ့်မည်၊ သို့သော်လည်း စိုးရိမ် တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှု အရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။ လူတမျိုးနှင့် တမျိုး တနိုင်ငံနှင့် တနိုင်ငံ ရန် ဘက်ပြုကြလိမ့်မည်။ (မဿဲ ၂၄:၆ -ရ)

ခရစ်တော် ပြောခဲ့ သကဲ့သို့ ယနေ့ အရှေ့အလယ်ပိုင်းနိင်ငံများ၌ ငြိမ်သက်မှု မရှိချေ။အချိန်မရွေး စစ်တိုက်မှုများဖြစ်ပွါးနိင်သည်။ ကျမ်းစာ အရလာ မည့် စစ်သည် ဟေရှာယ ၁ရး၁-၂ စစ်၊ ဆာလံ ၈၃ စစ်နှင့် ယေဇကျေလ ၃၈၊ ၃၉ စစ်ပွဲများ ဖြစ်နိင်သည်။

ဟေရှာယ ၁ရ စစ်
ဒမာသက်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့၊၊ ဒမာသက် မြို့သည် မြို့မ ဖြစ်အောင် ပျက်စီးရာပုံ ဖြစ်ရ၏၊၊ အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည် ပိုင်၍၊ အဘယ်သူမျှ မမောင်းဘဲ အိပ်ကြလိမ့်သည်။ ဧဖရိမ် ပြည်၌ မြို့မရှိရ၊၊ ဒမာသက်မြို့နှင့် ကျန်ကြွင်းသော ရှုရိပြည်၌ မင်းအာဏာမရှိရ၊၊ သူတို့သည် ဣသရေလ အမျိုးသားတို့၏ ဘုန်းသရေကဲ့သို့ဖြစ်ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန်တော်မူ၏၊၊ (ဟေရှာယ ၁ရး၁-၃)

အထက်ပါ ပရောဖက် ပြုချက်အရ ဒမာသက်မြို့သည် လုံးဝ ပျက်စီးသွားမည် ဖြစ်သည်။ သို့သော် ယခုတိုင်အောင် ထိုမြို့သည် ပျက်စီးခြင်း မရှိသေးချေ။ ကမ္ဘာ့ အဟောင်းဆုံးမြို့တမြို့ ဖြစ်သော ဒမာသက်မြို့သည် ပရောဖက် ကပြောသကဲ့သို့ တခါမှ မဖြစ်ဘူးသေး။ သို့သော် ဘုရားသခင်၏ စကား တော်သည် မပြည့်စုံဘဲ မနေရ။ သို့ဖြစ်လျှင် မည်သည့်အချိန်၌ ပြည့်စုံလိမ့်မည်နည်း။ ယနေ့ ဒမာသက်မြို့သည် ဆီးရီးယားနိင်ငံ၏ မြို့တော် ဖြစ်သည်။ ဆီးရီးယားနိင်ငံသည် အစ္စရေးနိင်ငံ၏ ရန်သူ၊ အစ္စရေးနိင်ငံကို ​ခြေမှုန်းချင် နေသော နိင်ငံ ဖြစ်သည်။ အစ္စရေးနှင့် ၁၉၄၈ ခုနှစ်၊ ၁၉၅၆ ခုနှစ်၊ ၁၉၆ရ ခုနှစ်၊ ၁၉ရ ၃ ခုနှစ်တို့တွင် စစ်လေးကြိမ်းတိုက်ခဲ့ပြီး ဖြစ်သည်။ ယခုလည်း အစ္စရေးနိင်ငံကို တိုက်ခိုက် ဘို့ရန် အစဉ် ကြိုးစားသော နိင်ငံ ဖြစ်သည်။ အစ္စရေးကို တိုက်ခိုက် နေသော ဟက်စဘော လားအကြမ်းဖက်အဖွဲ့ကို အားပေးကူညီမစနေသော နိင်ငံ ဖြစ်သည်။ ထို့ကြောင့် အစ္စရေးနှင့် စစ် ဖြစ်၍ အပြတ်ချေမှုန်းခြင်း ခံရမည် ဖြစ်သည်။

ဆာလံ ၈၃ စစ်
အို ဘုရားသခင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အို ဘုရားသခင်၊ အမိန့်တော် မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့်။ ကိုယ်တော်၏ ရန် သူတို့သည် ရုန်းရင်းခတ်ပြုကြပါ၏။ ကိုယ်တော်ကို မုန်းသော သူတို့သည် ထကြပါ၏။ ကိုယ်တော်၏ လူစုတဘက်၌ ပရိယာယ်ကို ကြံ၍၊ ကိုယ်တော် ကွယ်ကာတော်မူသော သူတို့ တဘက်၌ တိုင်ပင်ကြပါ၏။ ဣသရေလ၏ နာမကို နောက်တဖန် အောက်မေ့စရာ မရှိစေခြင်းငှာ လာကြ၊ သူတို့ အမျိုးကို ပယ်ဖြတ်ကြကုန်အံ့ ဟုဆိုကြပါ၏။ သဘော တညီတညွတ်တည်း တိုင်ပင်၍၊ ကိုယ်တော် တဘက်၌ အချင်းချင်းသင်းဖွဲ့သောသူဟူမူကား၊ ဧဒုံပြည်၌ နေသောသူ၊ ဣရှမေလ အမျိုး သား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊ ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက်ပြည်သား၊ တုရုမြို့သားနှင့် တကွ ဖိလိလ္လိအမျိုးသားတို့သည် သင်းဖွဲ့ကြပါ၏။ အာရှုရိအမျိုးသားတို့သည်လည်း၊ ဝိုင်း၍ လောတအမျိုးသားတို့ ဘက်သို့ ဝင်ကြပါ၏။ (ဆာလံ ၈၃:၁-၈)

ဆာလံဆရာကထာဝရဘုရား ထံ၌ အထက်ပါကဲ့သို့ ဆုတောင်း ခဲ့သည်။ ဣသရေလ တိုင်း ပြည်ကို ​ခြေမှုန်းဘို့ရန်သူ၏ အိမ်နီးချင်းလူမျိုးများ ဖြစ်သော ဧဒုံ ပြည်၌ နေသောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊ ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက်ပြည်သား၊ တုရုမြို့သားနှင့် တကွ ဖိလိလ္လိအမျိုးသားနှင့် အာရှုရိအမျိုးသားများကတိုင်ပင် ကြသည်။ ထိုလူ မျိုးများ နေသော နေရာများသည် ယခုခေတ်၌ ဤကဲ့သို့ တွေ့နိင်သည်။

ဧဒုံပြည်၌ နေသော ဣရှမေလအမျိုးသားများ-ဆော်ဒီအရဗျား
မောဘပြည်သား -ဂျော်ဒန်
ဟာဂရပြည်သား -အဲဂုတ္တု (အီဂျစ်ပြည်)
ဂေဗလပြည်သား -လေဗနုန်ပြည် (ဟေဇဗောလ အဖွဲ့များ နေရာ)
အမ္မုန်ပြည်သား -ဂျော်ဒန်
အာမလက်ပြည်သား -အဲဂုတ္တု (အီဂျစ်)
တုရုမြို့သား -လေဗနုန် (ဟေဇဗောလ အဖွဲ့များ နေရာ)
ဖလိတ္တိအမျိုးသား -ဂါဇာ (ဟာမတ်စအဖွဲကြီး စိုးသော နေရာ)
အာရှုရိအမျိုးသား -ဆီးရီးယားနှင့် အီရပ်

အထက်ပါ နိင်ငံများနှင့် အဖွဲ့အစည်းများသည် ယနေ့ အစ္စရေးနိင်ငံကို ပတ်ပတ်လည်ဝိုင်းရံထား၍ အစ္စရေးနိင်ငံရပ်တည်ခြင်းကို လုံးဝ မလိုလားကြချေ။ အထူးသဖြင့် ဆီးရီးယား၊ လေဗနုန်မှာရှိသော ဟေဇဗောလအဖွဲ့နှင့် ဂါဇာ ကမ်း မြောင်ဒေသမှာရှိသော ဟာမတ်စ အဖွဲ့များသည် အစ္စရေးနိင်ငံကို တိုက်ခိုက် နေသောသူများ ဖြစ်သည်။ ထိုအဖွဲ့များနှင့် အစ္စရေးနိင်ငံသည် မကြာမှီအချိန်မရွေး တိုက်ခိုက် နိင်သည်။ ထိုသို့ တိုက်ခိုက်ပါက အစ္စရေးနိင်ငံက သူတို့ကို နိင်၍ အစ္စရေး တိုင်း ပြည်သည် သူတို့၏ အဘအာဗြာဟံထံ ဘုရားသခင်က (က ၁၅:၁၈)မှာ ပေးထားသော နယ်မြေအားလုံး ကို ယပိုင်ဆိုင်မည် ဖြစ်သည်။ ထိုနယ်မြေသည် အီဂျစ် ပြည် မှဥဖရပ်မြစ်အထိ ဖြစ်သည်။ ထိုသို့ အစ္စရေးက သိမ်းပိုက်ပါက အစ္စရေးနိင်ငံသည် ရေနံအားဖြင့် အလွန် ကြွယ်ဝချမ်းသာသော နိင်ငံ ဖြစ်နိင်သည်။

နှုတ်ကပတ်တော်၌ မွေ့လျော်ခြင်း

ဆရာထောင်ကျုံး

လူသည် နှုတ်ကပတ်တော်၌ မွေ့လျော်ဘို့ လိုကြောင်းကို ဆာလံ ၁:၁-၃၌ ဤသို့ တွေ့နိင်သည် -မတရားသော သူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊ လူဆိုးတို့၏ လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင် ပြုသော သူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မ ပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္လာရှိ၏၊၊ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိ အချိန်တန်မှ အသီးကို သီး၍ အရွက် မဍိှးနွမ်း တတ်သော အပင်နှင့် တူ၏၊၊ ပြုလေသမျှတို့၌ အောင် လိမ့်သတည်း။

မိတ်ဆွေသည် ဘယ်အရာ၌ မွေ့လျော်သနည်း။ လူအများစုသည် အပျော် အပါး၌ သော်၎င်း၊ အစားအသောက်၌ သော်၎င်း၊ စီးပွားရေး၊ နိင်ငံရေး၊ လူမျိုးရေး၌ သော်၎င်း၊ ပျော်မွေ့တတ်ကြသည်။ ထိုအရာများသည် အတိုင်း အတာ တခုအထိ အောင်မြင်မှု ရနိင်သော်လည်း မင်္လာရှိသောသူမဖြစ်စေနိင်။ ထို့အ ပြင်ဒုက္ခ ပြသနာ ကြုံတွေ့သောအခါ ရှေ့ဆက်မလှမ်းနိင်တော့ဘဲ စိတ်ပျက်အား လျော့ခြင်းဖြင့် အသက်တာဆုံးနိင်သည်။ သို့သော် ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္လာရှိသောသူ ဖြစ်စေနိင်သည်။ အဘယ်ကြောင့်မင်္လာရှိသောသူဖြစ်စေ နိင်သနည်းဟူမူကား ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိ အချိန်တန်မှ အသီးကို သီး၍ အရွက်မဍိှးနွမ်းတတ်သော အပင်နှင့် တူ၏၊၊ ပြုလေသမျှတို့၌ အောင် လိမ့်သတည်း။

အပင်
အပင်သည် အဘယ်အရာကို ဆိုလိုသနည်း။ တရားတော်၌ မွေ့လျော် သောသူ၊ ယုံကြည်သူကို ဆိုလိုသည်။

မြစ်
မြစ်သည် အဘယ်အရာကို ဆိုလိုသနည်း။ တရားတော်ကို ဆိုလိုသည်။ မြစ်ရေသည် အသက်ရှင်သမျှသော အရာများအတွက် မရှိမ ဖြစ်သောအရာ ဖြစ်သည်။ အပင်အတွက်လည်းရေသည် အလွန် အရေးကြီးသည်။ ရေမရလျှင် အပင်များသည် သေဆုံးသွားနိင်သည်။ ရေမဝလျှင် အပင်များ မကြီးထွားနိင်ချေ။ ထိုမျှသာမက ရေမရှိလျှင် အပင်များ အရွက်ညိုးနွမ်းကာအသီးမသီးနိင်ချေ။ ထို့ နည်းတူ ထာဝရဘုရား၏ တရားတော်သည် လူများအတွက် မရှိမ ဖြစ်သော အသက်ရေ ဖြစ်သည်။ ထိုအသက်ရေကို သောက်နေမှသာလျှင်လူသည် လန်းဆန်း၍ အောင်မြင်သော အသက်တာနှင့် အသက်ရှင်နိင်သည်။ မြစ်သည် အစဉ်မပြတ် စီးဆင်း သကဲ့သို့ ထာဝရဘုရား၏ တရားတော်သည်လည်း မကုန်ခန်းနိင်အောင် စီးဆင်းသော ဝိညာဉ် ရေ ဖြစ်သည်။

မိမိ အချိန်တန်မှ အသီးကို သီး
သစ်ပင်များသည် အချိန်တန်မှ အသီးသီးတတ်သည်။ အရွယ်မရောက်ဘဲ မသီးနိင် သကဲ့သို့ သူ့ရာသီ မဟုတ်ဘဲ အသီးမသီးနိင်ချေ။ ထို့နည်းတူ ယုံကြည်သူများသည်လည်း ဝိညာဉ်ပိုင်း၌ အရွယ်ရောက်၍ အချိန်တန်မှ အသီးသီးမည် ဖြစ်သည်။ သစ်ပင်များ၌ အသီးသီးခြင်းသည် သူတို့၏ တာဝန်၊ အသက်ရှင်ရခြင်း၏ အကျိုး ဖြစ်သည်။ အသီးမသီးသော အပင်ကို ပိုင်ရှင်ကမနှစ်သက်။ ထို့ နည်းတူ ယုံကြည်သူများလည်း ပိုင်ရှင် ဖြစ်သော ဘုရားသခင်က အသီးသီးစေ ချင်သည်။ သို့ဖြစ်လျှင် အသီးသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဂလာတိ ၅:၂၂-၂၃၌ ယုံကြည်သူများအားဖြင့် ဝိညာဉ်တော်၏ အသီးကို ဖေါ်ပြထားသည်။ ထိုအရာများ မှာ- ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ စောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာ မဂုဏ်ချုပ်တည်းခြင်း ပေတည်း -ဟု ဖေါ်ပြထားသည်။

ယုံကြည်သူ တယောက် သည တရားတော်၌ မွေ့လျော်လျှင် ချစ်ခြင်း အသီးသီးနိင်ပေမည်။ မည်သည့်အချိန်၌ ချစ်ခြင်း သီးနိင်မည်နည်း။ ချစ်စရာ မကောင်းသော အချိန်၌၊ ချစ်စရာ မကောင်းသောသူများကို ချစ်နိင်ပေမည်။ ချစ်စရာ ကောင်းသောသူများကို ချစ်ခြင်းသည် ဇာတိလူများကလည်း လုပ်နိင်သည်။ သို့သော် ဇာတိလူများ ကမချစ်နိင်သောသူများကို တရားတော်၌ မွေ့လျော်သော ဝိညာဉ်လူများ ကချစ်နိင်သည်။ သို့မှသာ မယုံကြည်သူ၊ ဇာတိလူများနှင့် ကွဲ ပြားမည် ဖြစ်သည်။ ဝမ်းမြောက်ခြင်း အသီးကို မည်သည့်အချိန်၌ သီးနိင်မည်နည်း ဟူမူကား ဇာတိလူများ ဝမ်းမမြောက်နိင်သော အချိန်၊ ဇာတိလူများ ဝမ်းနည်းသော အချိန်၌ ဝမ်းမြောက် နိင်ပေမည်။ လူတိုင်းသည် အောင်မြင်သော အချိန်၊ အစစအရာရာ အစဉ်ပြေသောအခါ ဝမ်းမြောက် တတ်သည်။ သို့သော် ဒုက္ခ တွေ့သောအခါ၊ အစဉ် မပြေသောအခါ ဝမ်းမမြောက်နိင်ချေ။ သို့သော် တရားတော်၌ မွေ့လျော်သောသူသည် အောင်မြင်မှု အစဉ်ပြေမှု ပေါ်မှာ မရပ်တည်ဘဲ ထာဝရဘုရား၌ ရပ်တည်သောကြောင့် ခက်ခဲသော အချိန်၌လည်း ထာဝရဘုရား၌ ဝမ်းမြောက်နိင်သည်။ သင်္ဘောသဖန်းပင်မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ ကျေးဇူးကို မြော်လင့်၍ မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုး ကုန်း၍ တင်းကုပ်၌ နွားမရှိရ။ သိုးသော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။ (ဟဗက္ကုတ် ၃:၁ရ- ၁၈)

ငြိမ်သက်ခြင်းသည်လည်း ကြောက်စရာ ကောင်းသော အချိန်၊ စိုးရိမ် စ ရာရှိသော အချိန်၌ ငြိမ်သက်ခြင်းကို သိီးနိင်သည်။ အကြောင်းမူကား သူ၏ အထောက်အမသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိသောကြောင့် ဖြစ်သည်။ တ ရားတော်၌ မွေ့လျော်သောသူသည် စိတ်ရှုည်နိင်သည်။ အကြောင်းမူကား ဝိညာဉ်တော်က အုပ်စိုးသောကြောင့် အရာရာသည် ဘုရားသခင်၏ အခွင့်မရှိဘဲ မဖြစ်နိင်ကြောင်း သိသည်။ ထို့ကြောင့် ဘုရားသခင်၏ အချိန်ကို စောင့်နိင်၍ စိတ်ရှည်လာသည်။ ထို့နည်းတူ အခြားသော ဝိညာဉ် အသီးများလည်း လိုအပ်သော အချိန်၌ သီးလာမည် ဖြစ်သည်။

ပြုလေသမျှတို့၌ အောင် လိမ့်သတည်း
လောက၌ ဝမ်းအမြောက်ဆုံးသောသူ၊ လိုချင် စရာ၊ အား ကျစရာ အကောင်း ဆုံးသောသူသည် ပြုလေသမျှတို့၌ အောင်မြင် သောသူ ဖြစ်သည်။ မည်မျှပင်သေးငယ်သောအမှု ဖြစ်သော်လည်း အောင်မြင်မှု မရှိလျှင် စိတ်ညစ်ရသည်။ တရားတော်၌ မွေ့လျော်သောသူသည် ပြုလေသမျှတို့၌ အောင်မြင်ခြင်းရရှိမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။ ထို့ကြောင့် ပြုလေသမျှတို့၌ အောင်မြင် လိုလျှင် တရားတော်၌ မွေ့လျော်ကြစို့။

ဆရာမောဇက်တို့ လင်မယား ဧဝံဂေလိ ခရီး စဉ်များ

ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ကြောင့် ဩဂုတ်လ ၁၃ ရက် နေ့တွင် ကျနော်တို့ လင်မယား နှစ်ယောက် Syracuse သို့ သွားရောက်ကာ Syracuse Myanmar Baptist (GBC) အသင်းတော်၌ သင်တန်းပေးနိင်ခဲ့ပါသည်။ ထိုအသင်း တော်သည် ၂၀၀၆ ခုနှစ်မှစတင်၍ ကယ်တင်ခြင်းနှင့် သမ္မာတရားကို အဓိက ထားသင်ပေးနေသော အသင်းတော် ဖြစ်ပါသည်။ ဆရာ Zauja Lahtaw ဦး ဆောင်မှုဖြင့် တိုးတက်နေသော အသင်းတော် ဖြစ်ပါသည်။

ဆက်လက်၍ ဩဂုတ်လ ၁၄ ရက်နေ့တွင် Ottawa, Canada သို့ ခရီး ဆက် ခဲ့ပါသည်။ သင်တန်းများကို နေ့နှင့် ညပေးခဲ့ပါသည်။ ဆရာမဟာန္နက ခလေးများကို သင်ပေးကာကျနော်ကလူကြီးများသင်ပေးသည်။ ယုံကြည်သူ လွမ်ဘဲ ွ နေမကောင်းသောကြောင့် လူတိုင်း သင်တန်းသို့ မလာနိင်ကြချေ။ ထိုလူနာသည် စနေနေ့၌ သေဆုံးသောကြောင့် သင်တန်းပေးခြင်းကို ရပ်နား၍ သေဆုံး သူ၏ အိမ်၌ နှစ်သိမ့်ခြင်းများပြုလုပ် ကြသည်။ နောက်ပိုင်းတွင် အသုဘအိမ်မှာ သင်တန်းလုပ်သော်လည်း ဧည့်ခန်းငယ်လွန်းသောကြောင့် လူ၂၀ ခန့်သာတက် နိင် ကြသည်။ အသုဘကို ကြာသပတေးနေ့တွင် ကျနော်ကိုယ်တိုင် ဦးဆောင်၍ ချကြပါသည်။ ဤခရီး စဉ်၌ အစဉ်သိပ် မပြေသော်လည်း ခရစ်တော် ကြွလာမဲ့အ ရာနှင့် ပတ်သက်၍ အတော် အတန် သတိပေး နှိုးဆော်ခွင့် ရသောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းမိပါသည်။

ဆရာမောဇက်၏ ဧဝံဂေလိ ခရီး စဉ်
ဩဂုတ်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ Lansing, Michigan သို့ ဧဝံဂေလိ ခရီး သွားခဲ့ရပါသည်။ ကျနော်တယောက် တည်းလေယဉ်နှင့် သွားသောကြောင့် ပင်ပန်းခြင်း မရှိ။ကို မောင်ဇော်တို့ အိမ်မှတည်း ခိုရပါသည်။ကို မောင်ဇော်သည် ဘီးလင်းမြို့နယ်မှ ဖြစ်ပါသည်။ သူသည် သခင် ခရစ်တော်ကို မသိဘူးသော်လည်း ရူပါရုံ၌ သခင် ခရစ်တော်ကို နှစ်ကြိမ်တွေ့ခဲ့သူ ဖြစ်သည်။ သူရူပါရုံ၌ သခင် ခရစ်တော် ကသူ၏ သမီးနှစ်ယောက်ကို တောင်းသောအခါ မပေးချင် ခဲ့ပါ။ သို့သော် များမကြာမှီသူ့သမီးနှစ်ယောက်နေမကောင်း ဖြစ်သောအခါ စိုးရိမ် လာ၍ သခင် ခရစ်တော်ကို သတိရလာသည်။ ခရစ်ယာန်များထံ၌ မေးမြန်း၍ သူ့ကို အနည်းငယ်သိခွင့်ရကာ ခရစ်ယာန် ဘောင်သို့ ဝင်လာသည်။

သို့သော် အမေရိကသို့ ရောက်၍ ကျနော်နှင့် မေလတွင် တွေ့ကြသောအခါ၌ ခရစ်တော်နှင့် ကယ်တင်ခြင်း အကြောင်းကို ပိုသိလာသည်။ နောက်ပိုင်း၌ ရေနှစ်ခြင်း ပါခံချင် လာသောအခါ ကျနော့်ကို လာဘို့ မှာသောကြောင့် ကျနော် သူတို့ ဆီသွားရခြင်း ဖြစ်ပါသည်။ သူတို့ အိမ်ရောက်သောအခါ အလွန် ဝမ်းမြောက် ကြ၍ ကယ်တင်ခြင်း သမ္မာတ ရားများကို ပြန်လည် သင်ကြားပေးပါသည်။ကို မောင်ဇော်အံ့ဩသည်မှာ ထိုမျှလောက်ကောင်းသော ဘုရားသခင်၏ ကယ်တင်ခြင်းကို အဘယ်ကြောင့် ခရစ်ယာန်များ နားမလည် နားမထောင်ချင် ကြသနည်းဟူ၍ ဖြစ်သည်။ သူတို့ သမီးနှစ်ယောက်နှင့် အခြား ခလေးများကို ကျနော်ကိုယ်တိုင် နေ့တိုင်း ကျမ်းစာ သင်ပေးပါသည်။ အလွန် နားထောင်ချင် ကြသည်။ မေလတုန်းကဆရာမသင်ပေးသော ကျမ်းပိုဒ် များနှင့် သီချင်းများကိုလည်း မှတ်မိကြသေးသည်။

ညနေပိုင်းတွင် ချင်းဘာသာဖြင့် အသစ်ရောက်လာသော မိသားစုများကို နေ့တိုင်း ကယ်တင်ခြင်း သင်ပေးခဲ့ရသည်။ ညပိုင်းတွင် ကယ်တင်ခြင်း သဘောပေါက် သူများနှင့် မပေါက် သေးသောသူများကို စုပေါင်းသင်ပေးခဲ့သည်။ လူ ၁၅ ယောက်ခန့်မှနောက်ဆုံးညတွင် ၂ရယောက်ပါဝင် ကြသည်။ မိသားစုတစုသည် မိုင် ၁၄၀ ဝေးသော နေရာမှ ၄ ညစလုံး အားရပါးရကျမ်းစာ သင်ယူနိင်ကြသည်။ ၂ရ ရက်နေ့တွင်ကို မောင်ဇော်တို့ လင်မယားကို အပန်း​ဖြေရာရေ ကန်၌ ညနေ ၆ နာရီ ခန့်တွင် ရေ နှစ်ခြင်း မင်္လာပေးခဲ့ရပါသည်။ ရေနှစ်ခြင်း မခံမှီ အထိ မချိုဦးသည် နေမကောင်းခေါင်းမူးနေရာမှ ရေ ထဲမှထစဉ်တွင် နေကောင်း သွားကြောင်း ချက်ချင်း သက်သေခံသည်။ ရောက်ခါစများ ဖြစ်ကြသော်လည်း ဘုရား စကား၌ ဆာငတ်ကြသောကြောင့် အလွန် အားရစရာ ကောင်းသည်။

ထိုသို့ အောင်မြင် နိင်ခြင်းသည် အရပ်ရပ်မှ ယုံကြည်သူများ၏ ဆုောင်း ပေးခြင်း၊နှင့် အလှူငွေများအားဖြင့် ပါဝင်ကြခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အမှုတော် မြတ်ကြီး၌ ပါဝင်သူတိုင်း ဘုရားသခင် ထံချီးမွမ်းနိင်ရန်နှင့် ဆက်လက် ပါဝင်နိင်ဘို့ရန် တင်ပြအပ်ပါသည်။ ဘုရားသခင် ခွင့်ပြုလျှင် စက်တင်ဘာလ ၈-၂၄ ရက်များအတွင်း ကျနော်တို့ လင်မယား ဒင်မတ်နိင်ငံသို့ ဧဝံဂေလိ ခရီး စဉ် သွားရမည် ဖြစ်သည်။ အယောက်တိုင်း ဘုရားသခင်က ကောင်းကြီး ပေးပါစေ။

ခလေးများဧဝံဂေလိ သတင်း

ဆရာမဟန္နသည် ခလေးများကယ်တင်ခြင်း အတွက် ဝန်ထုတ်အမြဲတန်းရှိသည်နှင့် အမျှသွားလေရာရာ၌ ခလေးများကို ကယ်တင်ခြင်း ကျမ်းစာ သင်ပေးလေ့ရှိ ပါသည်။ သူ၏ ခရီး စဉ်များ မှ အားရစရာ ကောင်းသော အရာများကို ဘုရားသခင်ထံ ကျးဇူးတော် ချီးမွမ်းနိင်ရန်တင်ပြအပ်ပါသည်။

Buffalo ခရီး စဉ် (ဩဂုတ် ၁-၂)
ပဌမ ည၌ ခလေး၄၀ ကျော်ကို သင်ကြားပေးခဲ့ပါသည်။ ခလေး များသည် ဆာငတ်မှု ရှိ၍ စိတ်ဝင်စားစွာ နားထောင် ကြပါသည်။ နောက်တနေ့တွင်လည်း သင်ဖုိ့ အစီအစဉ်မရှိသော်လည်း ခလေးများကသင်ချင် သောကြောင့် အခန်းမရှိသော်လည်း hall way ၌ သင်ကြားပေးခဲ့ပါသည်။ ခလေး၅ယောက်ခန့်က ခရစ်တော်ကို လက်ခံ ကြပါသည်။ နောက်ထပ်လည်း သင်တန်းများ တက်ချင် ကြပါသေးသည်။

Ottawa ခရီး စဉ် (ဩဂုတ် ၁၄-၁၉)
ဤခရီး စဉ်တွင် ခလေးများကို ၁၀ ကြိမ်သင်ကြားပေးခဲ့ပါသည်။ အချို့သော ခလေးများစိတ်ဝင်စားစွာ သင်ကြားကြပါသည်။ ပါဝင်သော ခလေးများမှာ ၈-၂၀ ထိ ရှိသည်။ ထိုအထဲမှ ကယ်တင်ခြင်း စိတ်ချသူ ၅ယောက်ခန့်ရှိသောကြောင့် ကျေး ဇူးတော် ချီးမွမ်းပါသည်။

Rockville, MD (ဩဂုတ် ၂၂)
သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ ခလေးများကို တနေကုန်ကျမ်းစာနှင့် သီချင်းများ သင်ကြားပေးနိင်ခဲ့ပါသည်။ ခါတိုင်းထက် ခလေးများလိမ္မာရေးခြားရှိပြီး နားထောင် ကြပါသည်။ ဘုရားသခင်ကြောက်ရွံ့ဘို့နှင့် ကယ်တင်ခြင်း အကြောင်းများကို သင်ကြားပေးနိင်ခဲ့ပါသည်။ သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်း၌ မလွှဲ၊ လိုက်သွားလိမ့်မည်။ (သု ၂၂:၆)

ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ။ အိပ်လျက်။ ထလျက် ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။ ထိုစကား ကိုလည်း သင်၏ လက်၌ လက္ခဏာသက် သေဘို့ ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်းချည်ထားရမည်။ အိမ် တံခါး၊ မြိုတံခါးတို့၌လည်းရေးထားရမည်။ (တရား၆:ရ- ၉)

ငါ့ကို ယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည် မှား ယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသော ပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။ (မ ၁၈:၆)

ပျောက်ဆုံးဝိညာဉ် ဖမ်းနည်းသင်တန်း

ဘုရားသခင် အလိုတော် ရှိလျှင် ဒီဇဘ်ာလ ပဌမနှင့် ဒုတိယအပတ် နှစ်ပတ်လုံးလုံး ပျောက် ဆုံး ဝိညာဉ် ဖမ်းနည်းသင်တန်းကို ပြုလုပ် ဘို့ရန် ရှိပါသည်။ စိတ်ဝင်စားသောသူတိုင်း တက်ရောက်နိင်ပါသည်။ သင်တန်းအတွင်း အစားအသောက်နှင့် နေရာ ထိုင်ခင်းကို စီစဉ်ပေးမည်။ ခရီး စရိတ်သာလျှင် မိမိတာဝန် ဖြစ်မည်။

နေရာ၊ 305 Adam Rd., Frederick, MD 21701
နေ့ရက်၊ ဒီဇဘ်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ။

လေယဉ်ပျံနှင့် လာမည့်သူများကြိုဘို့ လိုအပ်မည် ဖြစ်သောကြောင့် ကြိုတင် အကြောင်းကြားပါရန်။