1

Periodical: Good News August 2022

Home >   Periodicals > August 2022

GN082022
August 2022
GOOD NEWS PERIODICAL

ကပ်ကာလမသိခြင်းသည်အလွန်အပြစ်ကြီး

၁ ထိုအခါဖာရိရှဲနှင့်ဇဒ္ဒုကဲတို့သည်ကိုယ်တော်ကိုစုံစမ်းနှောင့်ရှက်ခြင်းငှါချဉ်းကပ်၍၊ မိုဃ်းကောင်းကင်ကဖြစ်သောနိမိတ်လက္ခဏာကိုပြတော်မူမည်အကြောင်းတောင်းပန်ကြ၏။ ၂ ကိုယ်တော်ကလည်း၊ သင်တို့သည်ညဦးယံ၌ပြောဆိုတတ်သည် ကား၊ ယခုမိုဃ်း တိမ် နီ သည်ဖြစ်၍မိုဃ်းကြည်လင်လိမ့်မည်ဟုဆိုတတ်ကြ၏။ ၃ နံနက်ယံ၌ကား၊ ယခုမိုဃ်းအုံ့ လျက်ရှိ၏။ နီမောင်းသောအဆင်းလည်းရှိ၏။ ယနေ့မိုဃ်းသက်မုန်တိုင်းလာလိမ့် မည်ဟု ဆို တတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည်မိုဃ်း ကောင်းကင်၏မျက်နှာကိုပိုင်း ခြား ၍သိနိုင်ကြ၏။ ကပ်ကာလ၏နိမိတ်လက္ခဏာတို့ကိုပိုင်းခြား၍မသိနိုင် ကြ။ ၄ ဆိုး ညစ် ၍ မျောက်မထားသောအမျိုးသည်နိမိတ်လက္ခဏာကိုတောင်းသည်မှာ၊ ပရောဖက် ယောန၏နိမိလက္ခဏာမှတပါးအဘယ်လက္ခဏာကိုမျှသူတို့အားမပြရာဟုမိန့်တော်မူပြီးလျှင်ထိုသူတို့ရှိရာမှထွက်၍ကြွတော်မူ၏။ (မဿဲ ၁၆း၁-၄)

 သခင်ယေရှုကကပ်ကာလမသိသောကျမ်းတတ်ပုဂ္ဂိုလ်ဖါရိရှဲနှင့်ဇဒ္ဒုကဲများကို၊ လျှို့ဝှက်သောသူ၊ ဆိုးညစ်သောသူ၊ မျောက်မထားသောသူဟုဆိုသည်။ အဘယ်ကြောင့် ထိုသို့ဆိုသနည်း။ ထိုအရာများကိုလေ့လာကြပါစို့။

လျှို့ဝှက်သောသူ

မြန်မာကျမ်းစာအုပ်၌လျှို့ဝှက်သောသူဟုဆိုသောအရာသည်၊ အင်္ဂလိပ်ကျမ်းစာအုပ်များ၌၊ hypocrite ဟုတွေ့ရသည်။ hypocrite ဆိုသည်မှာပြော သည့်အတိုင်းမလုပ်သောသူ၊ “ပါးစပ်ဘဲ” ဟုအဓိပ္ပါယ်ရသည်။ ဥပမာ၊ လုပ်အားပေးဘို့ တိုက်တွန်းကြေညာသော်လည်းကိုယ်တိုင်လုပ်အားမပေး၊ လှူဘို့ရန်အားပေးသော်လည်း ကိုယ်တိုင်မလှူ၊ မူးယစ်ဆေးဝါးမသုံးဘို့အော်နေသော်လည်းကိုယ်တိုင်တိပ်တဆိပ်သုံးသူ သည်၊ ပါးစပ်ဘဲ (hypocrite) ဖြစ်သည်။

ကျမ်းတတ်ပုဂ္ဂိုလ်များလည်းခရစ်တော်ကြွလာမည့်အရာကိုမြော်လင့်စောင့်စားကြသော်လည်း၊ အရှေ့ပြည်ကပညာရှိများရောက်လာ၍၊ ယုဒရှင်ဘုရင်မည်သည့်နေရာ ၌မွေးဘွားသနည်းဟုမေးမြန်းသောအခါ၊ ဗက်လင်မြို့၌မွေးဘွားမည့်အကြောင်းချက်ချင်း ကျမ်းစာအားဖြင့်ပြောပြနိုင်ကြသည်။ သို့သော်လည်း၊ သွားရောက်ရှာဖွေ၍ဖူးတွေ့ပူဇော်ကိုးကွယ် မည့်အစား၊ ဟေရုဒ်မင်းနှင့်တကွစိတ်ပူပန်ကြသည် (မဿဲ ၂း၃)။ ထို့ကြောင့်သူတို့၏မြော် လင့်ခြင်းသည်ပါးစပ်ဘဲဖြစ်သည်။ အရှေ့ပြည်ကပညာရှိများမူကား၊ သူတို့၏ရှင်ဘုရင်မ ဟုတ်သော်လည်း၊ ခရီးဝေးမှလာရောက်၍မတွေ့မချင်းရှာဖွေကြသည်။ တွေ့ရှိသောအခါ အလွန်ဝမ်းမြောက်၍လက်ဆောင်များကိုပေးကာကိုးကွယ်ကြသည်။

ယနေ့ယုံကြည်သူဟုဆိုသောသူများလည်း၊ ခရစ်တော်ကိုဘုရားအဖြစ်လက်ခံကိုး ကွယ်သည်ဟုဆိုသော်လည်း၊ သူကြွလာမည့်အရာကိုငြင်းဆိုသောအဖွဲ့ရှိသည်။ ထိုသူ များသည်၊ ဦးနှောက်သုံးသောလီဘရယ်များဖြစ်သည်။ သူတို့သည်ခရစ်တော်ကြွလာမည့် အရာကိုမပြောကြ၊ သိလည်းမသိကြ၊ ဂရုလည်းမစိုက်ကြချေ။ ပြန်လည်မကြွလာတော့ ဘူးဟုလည်းဆိုကြသည်။ လူတစ်ယောက်သေဆုံးသောအခါ၊ သူ့အတွက်ကြွလာပြီဟုဆို ကြသည်။ ထိုသူများအတွက်ခရစ်တော်သည်ကြွလာမည်မဟုတ်။ သူတို့အ တွက်ခရစ် တော်ကြွလာမည်မဟုတ်သောကြောင့်၊ သူတို့ပြောသောအရာသည်သူတို့အတွက်မှန် သည်။

ယုံကြည်သူများအထဲ၌ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်ခံသော်လည်း၊ ခရစ် တော်ကြွလာမည့်အရာများကိုလည်းပြောဆိုဟောပြောနေသော်လည်း၊ ပြင်ဆင်ခြင်းမရှိ၊ နဂိုလ်အတိုင်းဘဲနေ၍၊ မယုံကြည်သူများနည်းတူလောကအရာကိုသာရှာဖွေနေကြသည်။ ထိုသူများထံပေတရုကဤသို့ရေးထားသည်၊ “ရှေ့ဦးစွာသိမှတ်အပ်သောအရာဟူမူ ကား၊ နောက်ဆုံးသောကာလ၌ပြက်ယယ်ပြုတတ်သောသူတို့သည်၊ မိမိတို့တပ်မက်ခြင်းအ တိုင်းကျင့်နေ၍၊ သခင်ဘုရားကြွလာမည်ဟူသောဂတိတော်သည်အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွပေါ်လာကြလိမ့်မည်။” (၂ ပေ ၃း၃-၄)။ အ ဘယ်ကြောင့်ထိုသို့ဆိုသနည်းဟူမူကား၊ မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေသော ကြောင့်  ဖြစ်သည်။ ထိုသူများလည်းပါးစပ်ဘဲဖြစ်သည်။ သင်သည်ထိုသို့သောလူဖြစ်နေပါ သလား။ ခရစ်တော်ကြွလာမည့်အရာကိုမြော်လင့်ရင်းဖြင့်အသက်တာပြင်ဆင်ပါသလား။

ဆိုးညစ်သောသူ

အဘယ်ကြောင့်ခရစ်တော်ကကပ်ကာလမသိသောသူတို့ကိုဆိုးညစ် သောသူဟုဆိုသနည်း။ ဆိုးညစ်သောသူနှင့်ပတ်သက်၍သခင်ယေရှုကဤသို့ဥပမာစကား ပြောခဲ့သည်။ “အခြားသောသူသည်လာ၍၊ သခင်၊ အကျွန်ုပ်သည်ပဝါ၌ထုတ်ထားသော ကိုယ်တော်၏ငွေတပိဿာရှိပါ၏။ကိုယ်တော်သည်ခဲယဉ်းသောသူဖြစ်သည်နှင့်၊ ၂၁      ကိုယ် မသိုမထားသောဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသောလယ်၌ရိတ်တတ် သည် ကိုအကျွန်ုပ်ထောက်၍၊ ကိုယ်တော်ကိုကြောက်ပါသည်ဟုလျှောက်လျှင်၊ ၂၂ သခင်က၊ ဆိုးညစ်သောငယ်သား၊ သင် ၏စကားကိုသာလိုက်၍သင်၏အမှုကိုငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြစ်လျက်၊ ကိုယ်မသိုမထားသောဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုး သော လယ်၌ရိတ်သည်ကိုသင်သိသည်မှန်လျှင်၊ ၂၃ ငါ့ငွေကိုပွဲစားလက်သို့အဘယ် ကြောင့် မအပ်သနည်း။ ထိုသို့အပ်လျှင်ငါပြန်လာသောအခါငွေရင်းနှင့်အတိုးကိုရနိုင် သည် ဟုမိန့်တော်မူပြီးသော်၊ ၂၄ အချွေအရံတို့အား၊ ငွေတပိဿာကိုသူ့လက်မှနှုတ်ကြ။ အခွက်တဆယ်ရှိသောသူအားပေးကြဟုမိန့်တော်မူ၏။ ၂၅ အချွေအရံတို့ကလည်း၊ သခင်၊ ထိုသူ၌အခွက်တဆယ်ရှိပါ၏ဟုလျှောက်ကြလျှင်၊ ၂၆ ငါဆိုသည်ကား၊ အကြင် သူသည်ရတတ်၏၊ ထိုသူအားပေးဦးမည်။ အကြင်သူသည်ဆင်းရဲ၏၊ ထိုသူ၌ရှိသမျှ ကိုပင် နှုတ် လိမ့်မည်။”(လုကာ ၁၉း၂၀-၂၆)

 ဤနေရာ၌သခင်ယေရှုက၊ သခင်၏စကားကိုနားမထောင်၊ သခင်လာမည်ကို လည်းဂရုမစိုက်အပြစ်တင်ရဲ သောသူကို၊ ဆိုးညစ်သောသူဟုဆိုသည်။ ယနေ့ခရစ်ယာန် အများစုသည်၊ သခင်ခိုင်းသောအမှုကိုမလုပ်သည်သာမက၊ သခင်လာမည့်အချိန်ကို လည်းဂရုမစိုက်ကြသောကြောင့်ဆိုးညစ်သောသူများဖြစ်ကြသည်။ သခင့်သဘောမ ဟုတ်၊ ကိုယ့်သဘောနှင့်အသက်ရှင်ကြသည်။ သင်သည်ထိုသို့သောသူဖြစ်နေပါသလား။

မျောက်မထားသောသူ

အဘယ်ကြောင့်ခရစ်တော်ကကပ်ကာလမသိသောသူတို့ကို မျောက်မထားသောသူဟုဆိုသနည်း။ အင်္ဂလိပ်ကျမ်းစာများ၌မျောက်မထားသောသူကို adulterous ဟုရေးထားသည်။ ဆိုလိုသည်မှာခင်ပွန်းသည်အပေါ်သစ္စာမရှိ၊ လင်ငယ်၊ မယားငယ်ရှိသောသူ၊ ဖေါက်ပြန်သောသူ၊ နောက်မီးလင်းသောသူကိုဆိုလိုသည်။ ယုံကြည် သူများသည်သခင်ယေရှု၏သတို့သမီးများဖြစ်ကြသော်လည်း(၂ ကော ၁၁း၂)၊ သခင်ယေရှုထက်လောကကိုချစ်နေကြသည်။ လောကကိုချစ်သောသူသည်လောကပိုင် ရှင်၊ စာတန်ကိုချစ်နေကြသောကြောင့်၊ သခင်ယေရှုလာမည့်အချိန်ပင်လျှင်မသိ၊ မသိချင်၊ မကြားချင်ကြချေ။ ထို့ကြောင့်ခေတ်ကာလမသိသောသူသည်နောက်မီးလင်းသောသူဟု သခင်ယေရှုကပြောခြင်းဖြစ်သည်။