Periodical: Good News, August 2019
Home > Periodicals > August 2019
AUGUST 2019
GOOD NEWS PERIODICAL
.
မာတိကာ
အမှာစာ
ယခုကမ္ဘာလောက ကြီးသည်၊ အဖက်ဖက်မှ ယိုယွင်းပျက်စီး၍ ဘေးဒဏ်ကြီး ကာလ နှင့် အလွန် နိးနေပြီ။ ထိုဘေးဒဏ်ကြီး ကာလကို ခရစ်တော် က၊ “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခ” ဟု ဆိုသည်။ မာလခိက၊ “မီးဖို၌ မီးလောင် သကဲ့သို့ လောင်သောနေ့ ရက်ကာလသည် ရောက်လိမ့်မည်။ မာန ကြီးသော သူနှင့် ဒုစရိုက်ကို ပြုသောသူ အပေါင်းတို့သည် အမှိုက်ခြောက် ဖြစ်လိမ့်မည်။ သူတို့ အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှါ ထိုနေ့ ရက်သည်လောင်လိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေအရှင် ထာ၀ရ ဘုရား မိန့် တော်မူ၏။ ” (မာလခိ ၄:၁) ဟု ရေးထားသည်။ ယေရမိက၊ “ယောက်ျားသည် သားဘွား တတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဘွားခြင်း ဝေဒနာကို ခံရ သောအခါ၊ မိမိ ခါး၌ လက်တင် သကဲ့သို့ ယောက်ျား တိုင်း ပြု၍၊ ခပ်သိမ်းသောသူ တို့ သည် မျက်နှာပျက် လျက် ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ ၇ အလိုလေး၊ ထိုနေ့ရက်ကား၊ ခိုင်းနှိုင်းစရာ မရှိ။ ကြီးသော နေ့ရက် ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက်သော နေ့ရက် ဖြစ်၏။က် ဖြစ်၏။ ” (ယေရ ၀:၆-ရ) ဟုဆိုသည်။ ထိုနေ့ရက်သည် လက်တကန်းသာ ဝေးတော့သည်။
သို့သော် ဘုရားကို ခိုလှုံသော သူများ အတွက်၊ “ဘုရားသခင်သည် ငါတို့ ခိုလှုံရာ ဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမ တော်မူကြောင်း ထင်ရှားလျက် ရှိ၏၊၊ ၂ထိုကြောင့်ပထ၀ီမြေကြီးသည် ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒြရာသို့ ကျသော်လည်း ငါတို့သည် ကြောက်လန့်ခြင်း မရှိ၊၊ ၃ သမုဒ္ဒရာ ရေသည်ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ၊၊ လှိုင်းတံပိုးထသဖြင့် တောင်များ တုန်လှုပ်ပါစေလေ၊၊ ၄မြစ်တမြစ်ရှိသေး၏၊၊ ထိုမြစ်ရေသည် စီး၍ ဘုရားသခင်၏ မြို့တည်း ဟူသော အမြင့်ဆုံးသော ဘုရားကျိန်း၀ပ် တော်မူရာ သန့် ရှင်းသော မြို့တော်ကို ရွှင် လန်းစေတတ်၏၊၊ ၅ထိုမြို့သည် ဘုရားသခင်ကျိန်း၀ပ် တော်မူရာ ဖြစ်၍ တုန်လှုပ်ခြင်း မရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင်က ူမ တော်မူ လိမ့်မည်။ ” (ဆာ ၄၆:၁-၁၁) ဘုရား ခိုလှုံနိုင်ဘို့ ရန်သခင်ယေရှုကို စိတ်နှလုံးထဲ၌ ခေါ်ဘိတ် လက်ခံပါ။ သို့မှသာ ဘေးဒဏ်ကြီး ကာလ မရောက်မှီ ချီဆောင်ခြင်း၌ ပါသွားမည် ဖြစ်သည်။
ဆရာမောဇက်ထောင်ကျုံး
.
ကယ်တင်ခြင်း
လူတိုင်းကိုယ်အလိုဆန္ဒပြည့်စေဘို့ ရန်အတွက် နေ့တိုင်း ရုန်းကန် လှုပ်ရှား၍ အလုပ်ရှုပ် နေ ကြသည်။ ကိုယ့်အလိုဆန္ဒပြည့်ဘို့ရန် နံနက် စောစော ၃ နာရီ ထသူထ၊ ၄ နာရီ၊ ၅ နာရီ ထသူများ ထကြကာအလုပ်သွား ကြသည်။ ထိုသို့ စောစော ထ၍ အလုပ် လုပ်ခြင်းသည်၊ ၀ါသနာပါ၍ မဟုတ်ချေ။ မည်သူမဆိုနောက်ကျမှ၊ အိပ်ရေး၀မှထချင် ကြသည်။ အလုပ်လည်း စိတ်ပါမှ၊အား မှလုပ်ချင် ကြသည်။ သို့ သော်အိပ်ရေးမ၀လျှင်လည်း လုပ် ကြသည်။ စိတ်မပါလျှင်လည်း လုပ်ကြသည်။ မအားလျှင်လည်း အလုပ်ကို ဦးစားပေးလုပ် ကြသည်။ အကြောင်းမှာ အလုပ်မလုပ်လျှင် ကိုယ်လိုချင်သော အရာများကို မ၀ယ်နိုင်၊ မသုံးနိုင်၊ မဆောင်နိုင်မှာစိုးသောကြောင့် ဖြစ်သည်။ နံနက် စောစော ထသူများ သည်၊ ညနေပိုင်း၌လည်း သူများ နှင့် မိ၏ ဟာယမဖွဲ့နိုင်ဘဲ စောစော အိပ်ယာ ၀င်တတ် ကြသည်။ လောက အရာတည်း ဟူသော အိမ်၊ ကား၊ အ၀တ်အစားများ လို ချင် သောကြောင့် ထိုသို့ မိမိ ဆန္ဒကို ငြင်းပယ်၍ ကြိုးစား လုပ်ကိုင် ကြသည်။ ထိုသို့ ကြိုး စားခြင်းသည် တရက်တည်းလည်း မဟုတ်၊ အနှစ်နှစ်အလလ၊ ရာသီဥတုဆိုးလျှင်လည်း လုပ် ကြသည်။ သိပ်နေမကောင်းလျှင်လည်း ကြိုးစား လုပ်ဆောင် ကြသည်။ ထိုသို့ အလုပ်အတွက် ဖြစ်စေ၊ မိမိ ဆန္ဒအတွက် ဖြစ်စေ၊ မိမိ ဘ၀ တခုလုံးပုံအပ်ပြီး လုပ်ကိုင် ဆောင်ရွက်ရင်းနှင့် အသက် ကြီး လာကြကာ၊ နောက်ဆုံးသေဆုံးကြရသည်။ ကိုယ့်ထက် အရင်သေ၍ သခ်ျိုင်း၌ လိုက်လံပို့သကြသော်လည်း သံဝေဂတရား မရတတ်ကြ ချေ။
လူသည် ထိုကဲ့သို့ အလုပ်လုပ်၊ စားသောက်၊ အိမ်ထောင်ပြု၊ သားသမီး များရ ရှိ၊ အိမ်၀ယ်၊ ကား ပိုင်၊ ပျော်ပွဲရွှင်ပွဲသွား၊ စသည် ဖြင့် အလုပ်ရှုပ်နေသော်လည်း နောက် ဆုံး၌ သေဆုံးကြရသည်။ လူဘ၀သည် ထိုသို့ ပင် ဖြစ်သလော။ အဘယ်အကျိုး ရှိသနည်း။ များစွာသော သူများသည် ဘ၀ကို ပျော်ရွှင်စွာ အသုံးပြုနေရင်းမ မျှော်လင့်ဘဲ၊ ကင်ဆာ ရောဂါရ၊ ကျောက်ကပ်မကောင်း၊ ဆီးချို ရောဂါ၊ သွေးတိုး ရောဂါများ ရ၍ စား ချင်သော အရာမစားရ၊ ကိုယ်လက်အဂ်ါများ ကောင်းစွာ မလှုပ်ရှားနိုင်၊ မမျှော်လင့်ဘဲ ခင်ပွန်းသည် သေဆုံး၊ သားသမီး များသေဆုံး၊ မတော် တဆဒဏ်ရာရ၍ ဒုက္ခ ိတ ဖြစ်စသည် ဖြင့် လူမှု ဒုက္ခ မျိုးစုံခံစား ရကြသည်။ လူငယ်များလည်း ရီးစားနှင့် ကွဲ၍ ရင်ကွဲရ၊ မိဘများနှင့် အဆင်မပြေ၊ အလုပ်လုပ်ဘို့လည်း ပျင်း၊ ဘ၀မျှော်လင့်ချက်မရှိ၊ အင်တာနက်အား ဖြင့် တကမ္ဘာလုံးလှည့်သော်လည်း မကျေနပ်။ အသက် တာသည် ထိုသို့ ဖြစ်သင့်သလော။
လူသား များသည် နောက်ဆုံး၌ လူမှုဒုက္ခ မျိုးစုံခံစား ပြီးမှသေဆုံး သောအခါ၌ လည်း ငရဲမီးအိုင် ထဲကျဆင်းကာ၊ ထာ၀ရ ဒုက္ခ ခံစားခြင်း သည် မွေးရကျိုး၊ အသက်ရှင်ရ ကျိုးနပ်ပါသလော။ သင်၏အသက် တာသည် အထက်၌ ဖေါ်ပြထား သကဲ့သို့ အဓိပ္ပါယ် မဲ့ ဖြစ်နေပါသလော။ စိတ်ပျက်နေပါသလော။ စိတ်မပျက်မပါနှင့် သတင်းကောင်း ပြော လိုပါသည်။ လူသည် ထိုကဲ့သို့ မဖြစ်သင့်ပါ။ အသက် တာသည် အဓိပ္ပါယ်ရှိပြီး၊ မျှော်လင့် ချက်အပြည့်၊ ၀မ်းမြောက်မှု နှင့် အောင်မြင် မှုများနှင့် အသက် ရှင်နိုင်သည်။ နောက်ဆုံး၌လည်း ငရဲမသွားဘဲ ကောင်းကင်သို့ ရောက်ရှိနိုင်သည့်လမ်းရှိသည်။
လူသည် ဒုက္ခ ရောက်ဘို့ ရန်ဖန်ဆင်းရှင်ကမရည်ရွယ်ထားပါ။ ဘုရားသခင်က လူကို သူကိုယ်တိုင် ကြည့်ရှုစောင့်ရှောက် ကျွေးမွေး၍ နောက်ဆုံးကောင်းကင် ဘုံသို့ ခေါ် သွားဘို့ ရန်အကြံရှိသည်။ သို့သော် စာတန်၏ လှည့်ဖျားမှုကို ယုံကြည် သောကြောင့်၊ ဘုရား၏ ရည်ရွယ်ချက်အတိုင်း မဟုတ်တော့ဘဲ အထက် ပါက ဲ့သို့ ဒုက္ခ မျိုးစုံခံစား ပြီးမှငရဲ ဆင်းရခြင်း ဖြစ်သည်။ ယခု ဘုရားသခင်၏ လူ အပေါ်ရည်ရွယ်ချက်များကို လေ့လာကြရ အောင်။ ပေါလုက၊ “လူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်း ငှါ၊ ဘုရားသခင် အလိုတော် ရှိ၏။ ” (၁ တိ ၂:၄) ဟု ရေးထားသည်။ သင်လည်း လူ အပေါင်းထဲမှ ပါသောကြောင့် ကယ်တင်ခြင်းသို့ ဘုရားသခင်က ရောက်စေချင်သည်။ ယေရှု က၊ “သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါ သာ လာတတ်၏။ ငါ မူကား၊ သိုးတို့သည် အသက် လွတ်ရံုမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။ ” (ယော ၁၀:၁၀) ဟု ဆိုထားသည်။ ထို့ကြောင့် သင်၏ ဘ၀အသက် တာကောင်းစား စေဘို့ ရန်ယေရှု ကြွလာကြောင်း စိတ်ချပါ။ သို့ သော်သင်ကိုယ်တိုင်ဘု ရားထံမလာလျှင်၊ ဘုရားသခင်က အတင်း ခေါ်မည် မဟုတ်ချေ။ ယေရှု က၊ “ငါ့ထံသို့ လာသော သူကို ငါသည် အလျှင်း မပယ်။ ” (ယော ၆:၃ရ) ဟု ဆိုပြန်သည်။ လူနာသည် ဆရာ၀န်ထံသို့ မလာလျှင် မည်သို့ ကုသခြင်း ခံယူနိုင်မည်နည်း။ ဆရာ၀န်သည် လူနာ ထံသို့ မလာပါ။ လူနာသာလျှင် ဆရာ၀န်ထံသို့ လာရိုးထုံးစံရှိသည်။ ထို့နည်းတူသင်လည်း ယေရှု ထံသို့ လာလျှင် သင်၏ဘ၀ကို တည်ဆောက်ပေးမည် ဖြစ်သည်။ ယေရှုက သင်၏ ၀န်လေးခြင်းကို သနား၍ ဤသို့ ဘိတ်ခေါ်နေသည်၊ “၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် နားရသော အခွင့်ကို ပေးမည်။ ငါ့ထမ်း ဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘော ရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့၀န်လည်း ပေါ့၏ဟု မိန့် တော်မူ၏။ ” (မ ၁၁:၂၈)
သို့ဖြစ်၍ စိတ်နှိမ့်ချခြင်း နှင့် သခင်ယေရှု ထံသို့ လာပါ။ ဆုတောင်းခြင်းအား ဖြင့် သူ့ထံသို့ လာနိုင်သည်။ သခင်ယေရှု၌ ပြသနာ ဖြေရှင်းခြင်းခြင်း သာမက၊ ထာ၀ရ အသက်လည်း ပါကြောင်း ဤသို့ ရေးထားသည်၊ “ဘုရားသခင်သည် ငါတို့အား ထာ၀ ရအသက်ကို ပေးတော်မူ၍၊ ထိုအသက် သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော် မရသော သူမူ ကား အသက်ကို မရ။ ” (၁ ယော ၅:၁၁-၁၂)။ ထာ၀ရ အသက် ရခြင်း ဆိုသည်မှာ ဘုရား၏ အသက်ကို ရရှိခြင်း ဖြစ်၍ သေလျှင် ကောင်းကင် နိုင်ငံသို့ ရောက်မည့် အရာကို ဆိုလိုသည်။ ထာ၀ရ အသက် မရလျှင်၊ ထာ၀ရ သေခြင်း တည်း ဟူသော ငရဲမီးနိုင်ထဲသို့ ဆင်းရမည် ဖြစ်သည်။
ဘုရားသခင်သည် သင့်ကို ကောင်းကင်သို့ ခေါ်ချင်သည်။ သို့ သော်သင်ကိုယ် တိုင်ကမလာလျှင် အတင်း ခေါ်မှာ မဟုတ်။ ထို့ကြောင့် ထာ၀ရ ကာလ ပတ်လုံးကောင်း ကင်ဘုံ၌ စံစားဘို့ ရန်ဘုရား၏ ခေါ်ခြင်းကို လက်ခံလိုက်ပါ။ ဘုရားသခင်က သင့်ကို ထာ၀ ရအသက် ပေးရုံသာမက၊ ဤလောက၌ လည်း သင်၏ အသက် တာကို တည်ဆောက်လိုသည်။ သင်၏ အပြစ် ကိုလည်း သားတော် ယေရှုခရစ်အား ဖြင့် ဖြေရှင်း ပေးကြောင်း ဤသို့ ရေးထားသည်၊ “ထိုသခင်သည် ငါတို့၏ အပြစ် မက၊ လောကီသား အပေါင်းတို့၏ အပြစ် ဖြေစရာ အကြောင်း ဖြစ် တော်မူ၏။ ” (၁ ယော ၂:၂)။ တဖန်၊ “ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့ အပြစ် ရှိသမျှကို ဆေးကြော တော်မူ၏။ ” (၁ ယော ၁:ရ) ဟု ဆိုသည်။ ထိုသို့ ဆေးကြောခြင်းသည် လူ့အမြင်၌ မဟုတ်၊ ဘုရား၏ အမြင်၌ ဖြစ်သည်။ ဘုရားသခင်က သင်၏ အပြစ်ကို မမြင်၊ လွှတ် တော်မူ လျှင် သင့်ကို အပြစ် တင်မည့်သူ မရှိတော့ချေ (ဆာ ၃၂:၂)။ ဗတ္တိဇံယောဟန်က၊ “နက်ဖြန် နေ့၌ ယေရှု ကြွလာ တော်မူသည် ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။ ” (ယော ၁:၂၉)။ ဟု ဆို ခဲ့သည်။ ယေရှုသည် သင်၏အပြစ် အပါအ၀င် တလောက လုံး၏ အပြစ်ကို ယူတင် ဆောင်ရွက်သွားပြီ ဖြစ်သည်။ ထိုအရာကို သင်ယုံကြည်လျှင် အပြစ် စီရင်ခြင်း ခံရတော့ မည် မဟုတ် (ယော ၃:၁၈)။
ကိုယ့်အသက် တာကို ဘုရား အုပ်စိုးခိုင်းပါ။ ကျမ်းစာ က၊ “ထာ၀ရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုး စားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ ၆သွားလေရာ၌ ထာ၀ရ ဘုရားကို မျက်မေှာက်ပြုလော့။ သို့ ပြုလျှင် သင်၏ လမ်းခရီး တို့ကို ပဲ့ပြင် တော်မူ မည်။ ၇ငါသည် ပညာရှိ၏ ဟုကိုယ်ကို မထင်နှင့်။ ထာ၀ရ ဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။ ၈သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အရိုးတို့သည် ခြင် ဆီနှင့် ပြည့်စုံကြလိမ့်မည်။ ” (သုတ္တံ ၃:၅-၈) ဟု ရေးထားပါသည်။ ယခုအသက် တာကို ဘုရား အားကိုး ဘို့ သင်သိရှိပြီ။အား မကိုး လျှင် အဘယ် အကျိုးကို မျှမရ၊ ဒုက္ခ ပြသနာများနှင့် ရင်ဆိုင်နေရဦးမည် ဖြစ်သည်။ ဘုရားကို အားကိုးလျှင် သင့်အသက် တာကို တာ ၀န်ယူ၍ သင်၏ လမ်းခရီး တို့ကို ပဲ့ပြင် တော်မူ မည်။
.
ခရစ်ယာန် အသက်တာ
များစွာသော ကယ်တင်ခြင်း မရှင်းနိုင်ခြင်းသည်၊ ခရစ်ယာန် အသက်တာကို နားမလည် ခြင်းကြောင့် ဖြစ်သည်။ ကယ်တင်ခြင်းသို့ ရောက်သွားပြီး၊ ဒုတိ ယအကြိမ်၀ိညာဥ်အား ဖြင့် မွေးဘွားပြီး လျှင်၊ အပြစ် မလုပ်နို်င်တော့ဘူးဟု ထင်မှတ် ကြ သောကြောင့်၊ အပြစ် ပြန်လုပ်လျှင် ကယ်တင်ခြင်း ပြန်ဆုံးရှုံးမည်ဟု ယူဆ ကြသည်။ ကယ်တင်ခြင်းသို့ ရောက်သွားသော သူသည် ၀ိညာဥ်၌ မွေးဘွားသောသူ ဖြစ်၍၊ ဇာတိ ခလေး ကဲ့သို့ ဖြစ်သည်။ လူသည် မိခင် ၀မ်းမှလူကြီး နှင့် မမွေးကြပါ၊ ခလေး လေးနှင့် မွေး ဘွားသည်။ ထို့ကြောင့် မိဘကကျွေးမွေး ပြုစုစောင့်ရှောက်ဘို့ လိုသည်။ လူကြီး ကဲ့သို့ သန့်ရှင်းရေးလည်း မလုပ်တတ်ကြပါ။ ကိုယ်မစင်နှင့် ဆော့တတ်သည်။ လူကြီး ကဲ့သို့ အလုပ်လည်း မလုပ်တတ်ကြပါ။ ထို့နည်းတူ၀ိညာဥ်ခလေး များလည်း အပြစ်ကို မရွံရှာ ဘဲ လုပ်တတ်ကြသေးသည်။ ထို့ကြောင့် ကျမ်းစာ က၊ “ကိုယ်အပြစ် မရှိဟု ငါတို့သည် ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာ တရားမရှိ။ ဒုစရိုက်ကို မပြုပြီဟု ငါတို့သည် ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ် တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌ မရှိ။ ” (၁ ယော ၁:၈၊ ၁၀) ဟု သတိပေးထားသည်။ ယောဟန်ကငါတို့သည်ဟု ဆိုသောကြောင့် သူကိုယ်တိုင်လည်း ပါ၀င်သည်။ ယုံကြည်သူ များသည် အပြစ် မရှိဟု ဆို လျှင်ကိုယ်ကိုကိုယ်လှည့်ဖြားသည်၊ သမ္မာတရားလည်း မရှိ၊ ဘုရားသခင်က ိုလည်း မု သာအပြစ် တင်သည်။ နှုတ်ကပတ်တော်လည်း မရှိဟု ဆိုသည်။ ထို့ကြောင့် ယုံကြည်သူ များသည် ၀ိညာဥ်ပိုင်း မွေးဘွားလိုက်ရုံဖြင့် အပြစ် ကင်းသည် မဟုတ်။ အပြစ် လွှတ်ခြင်း ခံ ရသော သူများ၊ အပြစ် စီရင်ခြင်းမှ လွတ်မြောက်သော သူများ သာလျှင် ဖြစ်သည်။ ဆက်၍ ယောဟန်က၊ “ကိုယ်အပြစ် တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ် များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာ တရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံ တော်မူ၏။ ” (၁ ယော ၁:၉) ဟု ရေးထားသည်။ ယုံကြည်သူ သည် ကောင်းကင် မတက်မချင်း၊ အနည်းနှင့် အများ အပြစ် ကျူးလွန် နိုင် သေးသည်။ ထိုသို့ ကျူးလွန်လျှင် ဘုရားသခင် ထံ၀န်ချတောင်းပန်ရမည်။ ထိုသို့ မတောင်းပန်လျှင် စိတ်မသာငြီးတွားမည့် အကြောင်း ဤသို့ ဆာလံဆရာကရေးသား ခဲ့သည်၊ “ငါသည် အပြစ်ကို မဘော်မပြဘဲ နေစဥ်အခါတနေ့လုံး ညည်းတွားသော အားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်း သို့ ရောက်ရ၏၊၊ ၄နေ့ညဥ့်မပြတ် ကိုယ်တော်၏ လက်သည် အကျွန်ုပ်ပေါ်မှာ လေး၍ အကျွန်ုပ်၏ ခေဋ္ဌးသည် ေနွကာလ၌ သွေ့ခြောက်ခြင်း ကဲ့သိုိ့ ဖြစ်ပါ၏၊၊ ၅တဖန် အကျွန်ုပ်သည်ကိုယ်အပြစ်ကို ရှေ့တော်၌ ၀န်ချပါ၏၊၊ ပြုမိသော ဒုစရိုက်ကို ၀ှက်၍ မထားပါ၊၊ ငါလွန်ကျုးသော အရာကို ထာ၀ရ ဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆို သောအခါ ကိုယ် တော်သည် အကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကို လွှတ် တော်မူ၏၊၊” (ဆာ ၃၂:၃-၅)။ ထို့ကြောင့် ယုံကြည်သူ သည် အပြစ် ပြုမိ သောအခါ ဘုရားသခင် ထံနောင်တ နှင့် တောင်းပန်ဘို့ လိုသည်။
၀ိညာဥ်ခလေးသည် ကြီး ထွားဘို့ လိုသေးသည်။ မကြီး ထွားသော ခလေးသည် ခလေး ကဲ့သို့ ကျင့်နေမည် ဖြစ်သည်။ ပေါလုကကောရိန်သု အသင်းသားများထံ၊ “ညီအစ်ကိုတို့၊ အထက် ကငါသည် ၀ိညာဥ်လူတို့အား ဟောပြော သကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့ အား၎င်း၊ ခရစ်တော်၌ သူငယ်က လေးတို့ အား၎င်း၊ ဟောပြော သကဲ့သို့ ဟော ပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ။ နို့ကိုသာ တိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်သေး။ ယခုပင်လည်း၊ ဇာတိပကတိ လူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည် ဖြစ်၍၊ သင်တို့သည် ဇာတိ ပကတိ လူ ဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။ ” (၁ ကော ၃:၁-၃) ဟု စာရေးခဲ့သည်။ ကောရိန်သု အသင်းသား များသည် ဒုတိယ မွေးဘွားသော်လည်း၊ ၀ိညာဥ်ပိုင်း၌ ခလေးများသာ ဖြစ်ကြ သေးသောကြောင့် ဇာတိလူနှင့် ခဲွ၍ မရအောင် အကျင့်တူနေသည်။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်း ချင်းကွဲပြားခြင်း ရှိကြသေးသည်။ ထိုအရာကို သင်ခန်းစာယူသင့်သည်။ ကောရိန်သုအ သင်းသား များသည် ခလေးများ ဖြစ်ကြသော်လည်း ချီဆောင်ခြင်း၌ ပါ၀င်မည့် အကြောင်း ပေါလုကဤသို့ စာရေးသား ခဲ့သည်၊ “နက်နဲသော အရာ တခုကို ငါပြ ဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ သို့ သော်လည်း၊ နောက်ဆုံးသော တံပိုး မှုတ် သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက် သောအခါ သေလွန်သော သူတို့သည်၊ မပုပ် နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက် ရကြမည်။ ယခုမျက်မေှာက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သော အဖြစ်သို့ ၀င်စား ရမည်။ ယခုမျက်မေှာက်သေတတ်သော အရာသည် မသေနိုင်သော အရာအဖြစ် သို့ ၀င်စားရမည်။ ” (၁ ကော ၁၅:၅၁-၅၃)
ပေတရုကလည်း၊ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မြည်း စမ်းကြသည် ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့၀ှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်း ရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ် တရား၏ နို့စစ်အားဖြင့် ကြီး ပွားမည်အကြောင်း ဘွားစသော သူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့။ ” (၁ ပေ ၂:၁-၃) ဟု ရေးထားသည်။ သူကယုံကြည်သူ ခလေးများထံ ဘွားစသော သူငယ်ကဲ့သို့ နှုတ်ကပတ်တရားနို့စစ်အား ဖြင့် ကြီး ပွားမည့် အကြောင်းဟု ရေးသည်။ ထို့ကြောင့် ၀ိညာဥ်ခလေးများမွေးဘွား သောအခါ၊ ကြီး ထွားဘို့ လိုသေးကြောင်း သတိပြုရမည်။ များသောအား ဖြင့် လူတယောက် ၀ိညာဥ်ပိုင်း၌ မွေး
ဘွား သောအခါ၊ ၀ိညာဥ်အစာကျွေးပြီး စောင့်ရှောက်မည့် အစား၊ မည်သည့်အချိန်၌ လဲမည်နည်းဟူသော အရာကို သာလျှင် စောင့်နေတတ် ကြသည်။ ထိုသို့ စောင့်နေသော သူများသည် ခလေးကို ဖျားနာဘို့ သေဘို့ ရန်တိုက်ခိုက်သော ရောဂါများ နှင့် တူသည်။ ထို့ကြောင့် လူတယောက် ခရစ်တော်၌ မွေးဘွားလျှင် ခလေး ကဲ့သို့ စောင့်ရှောက် ဘို့ ကြိုးစား ပါ။
သင်ကိုယ်တိုင်၀ိညာဥ်ခလေး ဖြစ်လျှင် ကြီး ထွားဘို့ လိုသေးကြောင်း သိ၍၊ ၀ိညာဥ်အစာတည်း ဟူသော နှုတ်ကပတ်တော်ကို မှန်မှန်ဖတ်ပါ။ ၀ိညာဥ်ရေးရာစာပေများဖတ်ပါ။ ဆုတောင်း ပါ။ ၀ိညာဥ်လူများ နှင့် များများမိ၏ ဟာယဖွဲ့ပါ။ ဇာတိလူများကို ရှောင်ပါ။ ဘုရား၏ ကယ်တင်ခြင်း အကြောင်းကို မသိ သေးသော သူများ ထံပြောပြပါ။ ၀ိညာဥ်ပိုင်းမွေးခါစလူများသည်ကိုယ်ခန္ဓာပိုင်း၌ အသက် ကြီး သော်လည်း ၀ိညာဥ်ပိုင်း၌ နုနယ်သောကြောင့် ခလေး ကဲ့သို့ စိတ်အားထက် သန်ခြင်း၊ ၀ါကြွားခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ရန် ဖြစ်ခြင်းများဖြစ်တတ်သည်။ ထို့ကြောင့် သတိထားဘို့ လိုသည်။ ရင့်ကျက်သောသူများကကြည့်ရှုစောင့်ရှောက်ဘို့ လိုသည်။ ပေါလုက၊ “ငါသည် သူငယ် ဖြစ်စဥ်အခါ၊ သူငယ်လိုစကား ပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက် ကြီး သောအခါ မူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။ ” (၁ ကော ၁၃:၁၁) ဟု ဆိုခဲ့သည်။ စိတ်အားထက် သန်တိုင်းသည် ရင့်ကျက်သည် မဟုတ်။ ရင့်ကျက်သော သူသည် ၀ိညာဥ်အသီးများ သီးလာမည်။ ၀ိညာဥ်အသီးများ မှာ၊ “ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ စောင့်ခြင်း၊ ၂၃နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း ပေတည်း။ ” (ဂလာ ၅:၂၂-၂၃) အပင် များသည် ရင့်ကျက် သောအခါ မှသီးတတ် သကဲ့သို့ ၀ိညာဥ်လူများလည်း ရင့်ကျက် သောအခါ မှ၀ိညာဥ်အသီးများ သီးနိုင်သည်။ ထိုအသီးများသည် ကြိုးစားစရာ မလို ဘဲ အသက် တာ ဖြစ်လာမည်။
ဇာတိလူသည် ချစ်စရာ ကောင်းသော သူကို သာလျှင် ချစ်တတ်သည်။ မုန်းစ ရာကောင်းသော သူများ ကို မုန်းတတ်သည်။ သို့ သော်၀ိညာဥ်ရင့်ကျက်သော သူသည် မုန်းစရာ ကောင်းသော အရာကို မမုန်းဘဲ ချစ်လာတတ်သည်။ မည်ကဲ့သို့ ချစ်နိုင်သ နည်း။ လူကို ဇတိမျက်စိနှင့် မကြည့်တော့ဘဲ ဘုရား မျက်စိနှင့် ကြည့်လာ သောအခါ၊ လူ တိုင်းသည် သနားစရာ ကောင်းလာသည်။ လူများ ချစ်စရာ မကောင်းခြင်းသည်၊ စိတ် ထားမကောင်း၊ အကျင့်ဆိုးသောကြောင့် ဖြစ်သည်။ ၀ိညာဥ်လူကထိုသူကို သနားလာသည်။ အကြောင်းမှာ ထိုချစ်စရာ မကောင်းသော သူသည်၊ စာတန် ကအုပ်စိုးသည်သို့ မဟုတ်၊ ဇာတိအား ကြီး လွန်းသည်ဟု သိသောကြောင့်၊ စာတန် ကျွန်၊ ဇာတိကျွန်ခံရသည်ဟု သနားလာသည်။ ထို့ကြောင့် မုန်းမည့် အစား၊ သနား၍ ဆုတောင်း ပေးသည်၊ သူ့ကို စိတ်ရှည်စွာ မေတ္တာပြလာနိုင်သည်။ ထို့ကြောင့် ဇာတိလူကသူ့ကို နားမလည်
နိုင်ချေ။ ဇာတိလူသည် လူနာကဲ့သို့ ဖြစ်၍ အနာ ရောဂါက လူကို နာစေ သကဲ့သို့ ဖြစ်သည်။ ရင့်ကျက်သော သူသည် လူနာ၏ ခံစား ချက်ကိုကိုယ်ချင်းစာနိုင်သောကြောင့် သူ အော်ဟစ်ေငါက်ငန်းလျှင် လည်းသည်း ခံနိုင်ခြင်း ဖြစ်သည်။ သို့ သော်မရင့်ကျက်သော သူကမူသည်း မခံနိုင်သောကြောင့် လှည့်မကြည့်တော့ဘဲ လူနာကို အပြစ် တင်၍ ထားခဲ့ တတ်သည်။
၀ိညာဥ်လူသည် မိမိ အသက်တာကို မိမိ မအုပ်စိုးတော့ဘဲ၊ သခင်ယေရှု သို့မဟုတ် သန့်ရှင်းသော ၀ိညာဥ်တော်ကို အုပ်စိုးစေသောသူ ဖြစ်သည်။ သန့်ရှင်းသော ၀ိညာဥ်တော် ကအုပ်စိုး သောအခါ၊ ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း တို့သည် အလိုလိုအသက် တာ၌ ထင်ရှားလာသည်။ ၀မ်းမြောက်စရာ ရှိသောကြောင့် ၀မ်း မြောက်ခြင်းသည် ဇာတိလူများလည်း တတ်နိုင်သည်။ သို့ သော်၀မ်းမြောက်စရာ မရှိသော အချိန်၌ ၀မ်းမြောက်ခြင်းသည် ၀ိညာဥ်တော် အုပ်စိုးသော သူကသာ တတ်နို်င်သည်။ ပေါလုနှင့် သိလတို့သည် နေ့ခင်း၌ မတရားသဖြင့် အရိုက်ခံရသည်။ ညတွင် အမေှာင်ထံ၌ သံကြိုးနှင့် ချီနှောင်ခြင်း ခံရသည်။ ထိုအချိန်တွင် ဘုရားသခင်ကို ချီးမွမ်းဘို့သည် ဇာတိလူအတွက် လုံး၀မလွယ်ကူပါ။ အစစအရာရာ အဆင်ပြေချိန်၊ ၀င်ငွေ ကောင်းနေချိန်၊ ကျန်းမာချိန်တွင် ဘုရား ချီးမွမ်းခြင်းသည် လူတိုင်း လုပ်နိုင်သည်။ သို့ သော်ဒုက္ခ ရောက်ချိန်၊ ဘိုင်ပြတ်ချိန်၊ နေမကောင်းချိန်တွင် ချီးမွမ်း၀မ်းမြောက်ခြင်းသည် လုံး၀မလွယ်ကူပါ။ သို့ သော်၀ိညာဥ်လူ၊ ရင့်ကျက် သူများ အတွက် ၀မ်းမြောက်နိုင်သည်။ အဘယ်ကြောင့်၀မ်းမြောက်သနည်း။ သခင်ဘုရားကြောင့် “ဒုက္ခ ဆင်းရဲခြင်းကို ခံ၍ ၀ါေကြွား၀မ်းမြောက်ခြင်း ရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခ ဆင်းရဲခြင်း သည်သည်း ခံခြင်းကို ပြုစုတတ်၏။ သည်း ခံခြင်း သည်လည်း သက် သေ ထင်ရှားခြင်းကို ပြုစု တတ်၏။ သက်သေ ထင်ရှားခြင်း သည်လည်း မြော်လင့်ခြင်းကို ပြုစုတတ်၏။ ” (ရော ၅:၃-၄) ပေတရုကလည်း၊ “အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီး တတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်း ထက်၊ သင်တို့ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းသော အရာသည် သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန် တော်မူ သောအခါ အချီးအ မွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှါ ဖြစ်မည်အကြောင်း၊ အထူး ထူးအပြား ပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသော အကြောင်း ရှိလျှင်၊ သင်တို့သည် ယခုခဏ ခံရ၍ ၀မ်းနည်းသော်လည်း၊ အထက် ဆိုခဲ့ပြီးသော ကျေးဇူးတော်ကို ထောက်၍ ရွှင်လန်းသော စိတ်ရှိကြ၏။ ” (၁ ပေ ၁:၆-ရ) ဟု ရေးသည်။ သို့ သော်၀ိညာဥ်ပိုင်းခလေး ဖြစ်နေလျှင် ထိုအရာသည် လုံး၀မ ဖြစ်နိုင် ချေ။ ထို့ကြောင့် ၀ိညာဥ်ပိုင်းကြီး ထွားရင့်ကျက်မှသာ ဘုရား အလိုတော် အတိုင်း အသက် ရှင်နိုင်သည်။ ဘုရား ခိုင်းသော အရာများကို လုပ်ဆောင်နိုင်သည်။
.
ပညတ်တော် နှင့် ယုံကြည်သူများ
ယုံကြည်သူ များသည် ပညတ်တော် လိုက်လျှောက်ရမည်လော၊ မလိုက် လျှောက်ရမည်လောဟူသော အရာသည်၊ ယုံကြည်သူ များစွာကို စိတ်အနှောက်အ ရှက်ပေးတတ်သည်။ အချို့သော ဆရာများ က၊ ပညတ်တော် လိုက်လျှောက်သေးလျှင် သမ္မာတရား မသိသေး၊ ဓမ္မဟောင်း၌ ရှိသေးသည်၊ ကျိန်ခြင်း အမဂ်လာခံရမည်ဟု ဆို ကြသည်။ သို့ ဖြစ်လျှင် ပညတ်တော်၌ ပါသော၊ သူ့ဥစ္စာမခိုးရ၊ သူ့မယားကို မပြစ်မှားရ၊ သူ့ဥစ္စာကို မတပ်မက်ရ၊ လူ့အသက်ကို မသတ်ရ၊ ဟူသော အရာများကို မလိုက်နာ တော့ဘဲ ချိုးဖေါက်ရမည်လောဟု မေးနိုင်သည်။ ပေါလုက၊ “ပညတ်တရား၏ အကျင့်ကို အမှီပြုသော သူရှိသမျှ တို့သည် အကျိန်နှင့် စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိ ကျမ်းစာ၌ ပါသမျှသော စကားတို့ကို အမြဲမကျင့်သော သူတိုင်း ကျိန်တော်မူခြင်း ကို ခံစေ သတည်းဟု ကျမ်းစာ လာ၏။ ” (ဂလာ ၃:၁၀) ဟု ရေးထားသည်။
ယေရှု ကလည်း၊ “ပညတ္တိကျမ်း၊ အနာ ဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါ လာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည် မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသည် တည်း။ ၁၈ငါအမှန်ဆိုသည် ကား၊ ကောင်းကင်နှင့် မြေကြီး မပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံး ဗိန္ဓုတလုံး မျှ ပြည့်စုံခြင်းသို့ မရောက်မီှ မပျက် စီးရ။ ၁၉ထိုကြောင့်အကြင်သူသည်၊ အငယ်ဆုံးသော ပညတ် တခုကိုကိုယ် တိုင်လွန် ကျူး၍ သူတပါးတို့ အားလည်း ထိုအတူ သွန်သင်၏၊ ထိုသူသည် ကောင်း ကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူ ဖြစ်လိမ့်မည်။ အကြင်သူသည်ကိုယ်တိုင်ကျင့်၍ သူတပါး တို့ အားလည်း သွန်သင်၏၊ ၂၀ထိုသူသည် ကောင်းကင် နိုင်ငံတော်၌ ကြီး သောသူ ဖြစ် လိမ့်မည်။ သင်တို့ ကျင့်သော အကျင့်သည် ဖာရိရှဲ တို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သော အကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင် နိုင်ငံတော်သို့ မ၀င်ရကြဟု ငါအမှန်ဆို၏။ ” (မ ၅:၁ရ-၂၀) ဟု ဆိုထားပြန်သည်။
ပေါလုရေးထားသော အရာနှင့် ယေရှု ပြောသော အရာသည် ဆန့်ကျင် ဘက် ဖြစ်နေသည် မည်ကဲ့သို့ နားလည်ရမည်နည်း။ မှန်ပါသည်။ ပေါလုပြောထားသော အရာသည် ပညတ်တော် လိုက်လျှောက်ခြင်းအား ဖြင့် ဖြောင့်မတ်ဘို့၊ ကောင်းကင် နိုင်ငံ ရောက်ဘို့ ကြိုးစားလျှင် လုံး၀မ ဖြစ်နိုင်၊ ကျိန်ခြင်း သာခံရမည်ဟု ဆိုသည်။ အကြောင်းမှာ ပညတ်တရားကို လူ့အမြင်၌ ကျင့်နိုင်သည်ဟု ထင်ရသော်လည်း၊ ဘုရား အမြင်၌ လုံး ၀မကျင့်နိုင်ကြသောကြောင့် ဖြစ်သည်။ ဣသရေလ လူများ၏ မှားယွင်းခြင်းလည်း ထိုအ ရာ ဖြစ်သည်။ ပေါလုက၊ “၁ညီအစ်ကိုတို့၊ ဣသရေလ လူတို့သည် ကယ်တင် တော်မူခြင်း သို့ ရောက်စေခြင်း ငှါ၊ ငါ၏ စေတနာ အလိုရှိ၍ ဘုရားသခင်ကို ဆုတောင်း လေ့ရှိ၏။ ၂ထိုသူတို့သည် မှန်သော ပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အား ကြီးသည်ဟု သူတို့ အဘို့ ငါသက်သေ ခံ၏။ ၃ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ ကိုယ်ဖြောင့် မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားကို ၀န်မခံကြ။ ၄ယုံကြည် သောသူ အပေါင်း တို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော် အားဖြင့် စုံလင်ခြင်း ရှိ၏။ ” (ရော ၁၀:၁-၄) ဟု ရေးခဲ့သည်။ ဣသရေလ လူများ အဘယ်ကြောင့် ကယ်တင်ခြင်းသို့ မရောက်သနည်းဟူမူကား၊ ဘုရား ပေးသော ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအား ဖြင့် မယူဘဲ၊ မိမိတို့ ကျင့်သော အကျင့်အား ဖြင့် ဖြောင့်မတ်ဘို့ ကြိုး စားသောကြောင့် ဖြစ်သည်။ ယနေ့ များစွာသော ခရစ်ယာန် များလည်း ပညတ်တော် လိုက်လျှောက်ခြင်းအား ဖြင့် ဖြောင့်မတ်မည်၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု ယူဆနေ ကြသည်။ ပညတ်တော် မလိုက်လျှောက်သော သူများ ကလည်း ထိုကဲ့သို့ ပင်ယူဆနေ ကြသည်။ ဖြောင့်မတ်ခြင်း၊ ကယ်တင်ခြင်းသည် ဘုရားကပေးမှရရှိနိုင်သည်။
ပေါလုက၊ “ငါတို့ ကျင့်သော ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိ သနားခြင်း ကရုဏာတော်နှင့် အညီဒုတိယမွေးခြင်းနှင့် ဆိုင်သော ဆေးကြောခြင်း အားဖြင့်၎င်း၊ သန့်ရှင်းသော ၀ိညာဥ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်၎င်း၊ ငါတို့ကို ကယ် တင် တော်မူ၏။ ” (တိတု ၃:၅) ဟု ရေးသည်။ တဖန်၊ “ဖြောင့်မတ်ခြင်းကို မှီအောင် မလိုက်သော တပါးအမျိုးသား တို့သည် ဖြောင့်မတ်ခြင်းကို မှီကြ၏။ ထိုသို့ ဆိုသော် ယုံ ကြည်ခြင်း အားဖြင့် မှီသော ဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။ ၃၁ဖြောင့်မတ်ခြင်း တရားကို မှီအောင် လိုက်သော ဣသရေလ လူတို့ မူကား၊ ဖြောင့်မတ်ခြင်း တရားကို မမှီကြ။ ၃၂အဘယ်ကြောင့်မမှီကြသနည်း။ ယုံကြည်ခြင်း အားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အား ဖြင့် သာ လိုက်ကြသတည်း။ ” (ရော ၉:၃၀-၃၂)
ထို့ကြောင့် ဖြောင့်ခြင်းသည် ပညတ်တော် ကျင့်ခြင်းအား ဖြင့် မဟုတ်၊ ကျေးဇူးတော်အား ဖြင့် ဘုရားသခင်က ပေး၍ ယုံကြည်ခြင်းအား ဖြင့် လက်ခံရသည်။ ထိုဖြောင့် မတ်ခြင်းကို ရရှိသော သူတို့သည် ဖြောင့်မတ်သော သူကဲ့သို့ အသက် ရှင်ရသည်။ ဆိုလိုသည် မှာဖြောင့်မတ်သော သူတို့သည် ပညတ်တော် အတိုင်း အသက် ရှင်ရမည်။ သို့ သော်ပညတ်တော် များသည် ဘုရား၏ အကျင့် ဖြစ်သောကြောင့် လူ့အစွမ်းအစအား ဖြင့် မတတ်နိုင်။ ဘုရား တန်ခိုးအားဖြင့် သာလျှင် တတ်နိုင်သည်။ ထို့ကြောင့် အသက် တာကို ဘုရား အုပ်စိုးခိုင်းရမည်။ သင်၏ အသက် တာကို ဘုရားကအုပ်စိုးလျှင်၊ ၀ိညာဥ် အသီးများ တည်း ဟူသော၊ “ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ စောင့်ခြင်း၊ ၂၃နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း ” (ဂလာ ၅:၂၂-၂၃) များသီးလာမည် ဖြစ်သည်။
.
သင်ခန်းစာများ
“ညီအစ်ကိုတို့၊ ငါတို့ ဘိုးဘေး အပေါင်းတို့သည် မိုဃ်းတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ ရှောက်သွားကြသည် ဟူ၍၎င်း၊ မိုဃ်းတိမ်နှင့် ပင်လယ်ထဲမှ ာ မော ရှေ၌ ဗတ္တိဇံကို ခံကြသည် ဟူ၍၎င်း၊ ဓမ္မအစာကို အတူ စားကြသည် ဟူ၍၎င်း၊ ဓမ္မရေကို အတူ သောက်ကြသည် ဟူ၍၎င်း၊ သင်တို့ မသိမမှတ်ဘဲ နေစေခြင်းငှါ ငါအလိုမရှိ။ ထိုသူ တို့ နောက်၌ လိုက်သော ဓမ္မကျောက်မှ ထွက်သော ရေကို သောက်ကြ၏။ ထိုကျောက် ကား ခရစ်တော် ဖြစ်သတည်း။ သို့ သော်လည်း ထိုသူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည်အား ရနှစ်သက်တော် မမူ။ သူတို့သည် တော၌ သေကြေပျက်ဆီးခြင်း သို့ ရောက်ကြ၏။ ” (၁ ကော ၁၀:၁-၅)
အဘယ်ကြောင့်ပေါလုကကောရိန်သု အသင်းသားများထံ၊ ဣသရေလ လူ များ၏ အဲဂုတ္တု ပြည်မှ ထွက်လာသော သမိုင်းကို သိစေချင် သနည်း။ ကောရိန်သုအသင်းသား များသည် တပါးအမျိုးသားများ ဖြစ်ကြသောကြောင့်၊ ဣသရေလ လူများ၏ သမိုင်းသည် သူတို့ နှင့် မသက်ဆိုင်ချေ။ သို့ သော်၀ိညာဥ်ရေးရာအား ဖြင့် သူတို့သည် သက်ဆိုင်သည် သာမက၊ လူသည် သူတပါး၏အား နည်းချက်၊ မှားယွင်းချက်များ သိခြင်း ဖြင့် သင်ခန်းစာ ရရှိနိုင်သည်။ ပညာရှိများသည် သူတပါး၏ အတွေ့အကြံုအား ဖြင့် ပညာရရှိ တတ် ကြသည်။ သို့ သော်ပညာမဲ့သော သူများ မူကား သူတပါးထံမှ သင်ခန်းစာမရရှိသည် သာမက၊ သတိပေးပြောပြလျှင်လည်း နားမထောင်တတ်ကြချေ။ ထို့ကြောင့် မလို အပ်ဘဲ ဘေးဒုက္ခ ရောက်တတ် ကြသည်။ သင်သည် သတိပေးသော အရာကို နားလည် နားထောင် တတ်ပါသလား။
ဣသရေလ လူများ၏ သမိုင်းသည် အဲဂုတ္တု ကျွန်မှ လွတ်မြောက်ရာမှစတင်၍ နှစ်ပိုင်းပိုင်းနိုင်သည်။ အဲဂုတ္တု ကျွန်မှသူတို့ အစွမ်းအစအားဖြင့် မလွတ်နိုင် သောအခါ ဘုရားသခင်က သူ၏ တန်ခိုးတော်အား ဖြင့် ကယ်တင်ခဲ့သည်။ ဘုရားသခင်က အဲဂုတ္တု ပြည်ကို ရစရာ မရှိအောင် ဖျက်ဆီးပြီးမှ မဟာတန်ခိုးတော်အား ဖြင့် နှစ်ပေါင်းလေးဆယ် တော၌ ကျွေးမွေး ခဲ့သည်။ သူတို့သည် ပင်လယ်နီကို တညအတွင်း ဖြတ်သန်းနိုင်ခဲ့သည်။ တော၌ သူတို့ မလုပ်သော မနြမုန့်ကို နေ့တိုင်း စားကြ၍၊ ကျောက်ထဲမှ ရေကိုလည်း သောက် ကြသည်။ အဲဂုတ္တု စစ်သားများကလိုက် သောအခါ၌ လည်း သူတို့ကိုယ်တိုင် တိုက်စရာ မလိုဘဲ၊ ဘုရားသခင်က ရန် သူများ ကို ပင်လယ်နီထဲ၌ နှစ်မြှုပ်ခြင်းအား ဖြင့် အောင်မြင် ခဲ့ ကြသည်။ သူတို့ ဖြတ်သန်းသော တောသည် သဲကနျွှာရ ဖြစ်၍ နေ့အချိန်၌ အလွန် ပူပြင်း၍ ညအချိန်၌ အလွန် အေးတတ်သည်။ သို့ သော်သူတို့ကို မိုဃ်းတိမ်အား ဖြင့် ကွယ်ကာ၍ ရာသီဥတုဒဏ်လုံး၀မခံခဲ့ကြချေ။ သို့ သော်လည်း ဘုရားသခင်ကို မယုံ ကြည်ဘဲ၊ ပတ်၀န်းကျင်လူများ ကဲ့သို့ ရုပ်တုများကို သာကိုး ကွယ်လို ကြသည်။ ဘုရား
ယုံကြည်သော ခေါင်းဆောင် ကောင်းများ ဖြစ်သော မောရှေ၊ ယောရှု၊ ဒါ၀ိဒ်မင်း၊ အာ ဆာမင်း၊ ယောရှဖတ်မင်း၊ ဟေဇကိမင်း၊ ယောရှိမင်းတို့ လက်ထက်တွင် ဘုရားကိုး ကွယ်ကြသော်လည်း၊ ရုပ်တုကိုး ကွယ်သော အချိန်သည် ပို၍ များသည်။ သူတို့ကို ပ ရောဖက်များအား ဖြင့် အကြိမ်ကြိမ်သတိပေးသော်လည်း လုံး၀နားမထောင်နှလုံးခိုင် မာ ကြသည်။ ထို့ကြောင့် ဘီစီ ရ၂၂ နှစ်တွင် ဣသရေလ များကို အာရှုရိကျွန်ခံစေ၍သူ တို့ တိုင်း ပြည် မှနှင်ထုတ် ကာတိုင်း တပါးသို့ ရောက်သွား ကြသည်။ ထို သူများသည် ပြန် မလာတော့ဘဲ တပါးအမျိုးသားများကြား၌ ပျောက်သွား ကြသည်။ ယုဒလူများလည်း ဘုရား စကား နားမထောင်သောကြောင့် ဘီစီ ၆၀၆မှ ၅၈၅ အတွင်း သုံးကြိမ်ဗာဗုလုန်များကသိမ်း၍ သူတို့ တိုင်း ပြည် မှနှုတ်ကာဗာဗုလုန်နိုင်ငံသို့ ခေါ်သွားခြင်း ခံခဲ့ ကြသည်။
ယုဒလူများသည် ဗာဗုလုန်ကျွန်ခံ သောအခါ နောင်တ ရ၍ ဘုရားသခင်က သူ တို့ တိုင်း ပြည်သို့ ပြန်လာခွင့်ကို ပေးခဲ့သည်။ ထိုသို့ ပြန်လာ သောအခါ ဘုရား ဘက်၌ စိတ်အား ကြီး၍ ယခင်ကျွန်မခံမှီ၌ ကျမ်းစာ အုပ်မရှိကြသော်လည်း၊ ကျမ်းစာ များကို များစွာ ကူး၍ ထိုသို့ ကျမ်းစာ ကူး သူများသည် စာရေးများဟု လူတန်းစားပေါ်ပေါက်ခဲ့သည်။ ကျွန်မခံမှီ၌ ဘုရား စကားကို အလေးမထားခဲ့ကြသော်လည်း၊ ကွျန်ခံရာမှပြန် လာ သောအခါ ကျမ်းစာကို သေသေချာချာဖတ်ရှုလေ့လာသော သူလူတန်းစားပေါ်လာ၍ ထို သူများသည် ဖာရိရဲှများ ဖြစ် ကြသည်။ ပညတ်တော်များကိုလည်း လိုက်စား၍ စောင့်ရှောက်ကြကာဘုရား ဖက်၌ အလွန် စိတ်အား ကြီး ကြသည်။ သို့ သော်သူတို့သည် ဘုရား၏ အလိုတော်ကို နားမလည် ဘဲ ဇာတိအား ဖြင့် စိတ်အား ကြီး ကြခြင်း ဖြစ်သည်။ သခင်ယေရှုသည် ထိုသို့ သူတို့ စိတ်အား ကြီး ချိန်တွင် လူ့ဇာတိခံ၍၊ ဘုရား၏ အလိုတော်ကို ဖေါ်ပြကာ၊ သူတို့၏ မှားယွင်းခြင်း များကို တည့်မတ်ပေးသော်လည်း လုံး၀မ လိုချင် ကြချေ။ သခင်ယေရှုသည် ဘုရား ထံမှ မဟုတ်၊ စာတန် မင်း၏ တန်ခိုးအားဖြင့် နတ် ဆိုးများကို နှင်ထုတ်၍၊ တန်ခိုးများ ပြသည်ဟု စွပ်စွဲ ကြသည်။ နောက်ဆုံး၌ ခရစ်တော်ကို လမ်းလွှဲဆရာ၊ လူစင်စစ်မှဘုရား ဖြစ် ဟန်ဆောင် သူဟု လက်၀ါးကပ်တိုင်၌ သတ်ပစ် လိုက် ကြသည်။ သခင်ယေရှု သတ်ပစ်ခြင်းသည် ဘုရား ဘက်၌ စိတ်အား ကြီး လွန်းသောကြောင့် ဖြစ်သည်။
ထိုသို့ ဖြင့် ဣသရေလ လူများ၏ သမိုင်းသည် အကြမ်းအား ဖြင့် နှစ်ပိုင်းပိုင်းနိုင်သည်။ ဗာဗုလုန်ကျွန်မခံမှီအထိ ထာ၀ရ ဘုရားကို စွန့်၍ ရုပ်တုများကို သာကိုး ကွယ် ကြသည်။ ဗာဗုလုန်ကျွန်ခံရာမှပြန်လာ သောအခါ ဘုရား ဘက်၌ စိတ်အား ကြီး ကြသော်လည်း ဘုရား၏ အလိုတော်ကို မသိကြသောကြောင့်၊ ဘုရားကို ဆန့်ကျင် ပြီး သားတော် ယေရှုကို သတ်လိုက် ကြသည်။ ထို့ကြောင့် အေဒီ ရ၀တွင် ဒုတိယအကြိမ်တိုင်း ပြည်မှ နှင်ထုတ်ခြင်းကို ခံခဲ့ကြကာနှစ်ပေါင်း ၁၉၀၀ လုံးလုံးတိုင်း ပြည် မရှိဘဲ တိုင်း တပါး၌ ဧည့်သည် အဖြစ်နေထိုင် ကြသည်။ ၁၉၄၈ ခုနှစ်တွင် ဘုရားသခင်က တိုင်း ပြည် ပြန်ပေးကာ
အိမ်နီးချင်းအာရပ်နိုင်ငံများ ကအကြိမ်အကြီး အကျယ်တိုက်ခိုက် ကြသော်လည်း နိုင်ငံမ ပျောက်သွားဘဲ ယနေ့ တိုင်အောင် လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်နိုင် ကြသည်။ ထိုသို့ ရပ်တည်နိုင်ခြင်းသည် ဘုရား၏ အကူအညီအား ဖြင့် ဖြစ်သော်လည်း ယနေ့ တိုင် ဘုရား၏ အလိုတော် မသိဘဲ၊ လောက အရာများကို သာရှာ နေကြဆဲ ဖြစ်သည်။ သူတို့သည် ဘေးဒဏ်ကြီး ကာလ ရောက်မှသာ၊ အန္တိ ခရစ်၏ နှိပ်စက်ခြင်းကြောင့် သခင်ယေရှု ကြွလာမှာကို မျှော်လင့်စောင့်စား၍ ခရစ်တော် ကြွလာ သောအခါ ကျန်ကြွင်းသော သူအနည်းငယ်သည် အနှစ်တစ်ထောင်အုပ်စိုးခြင်း၌ ၀င်ကြမည် ဖြစ်သည်။
ယနေ့ ခရစ်ယာန် အများစုလည်း ဣသရေလ လူများ ကဲ့သို့ ဘုရားသခင်ကို ကိုး ကွယ် ဟန်ဆောင် ကြသော်လည်း၊ ပါးစပ်အား ဖြင့် သာလျှင် ဖြစ်၍ စိတ်နှလုံးမပါက ြ ချေ။ ထို့ကြောင့် ဘုရား အတွက် အချိန်၊ စွမ်းအား ဘဏ္ဍာကို မပေးနိုင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်ကို ဣသရေလ လူများ ကဲ့သို့ ကောင်းကြီး ပေးဘို့ နှင့် ကွယ်ကာစောင့် ရှောက်ခြင်း ခံဘို့ ရန်အတွက် သာ လိုချင် ကြသည်။ ဣသရေလ လူများကခါနန်ပြည် မ၀င်ချင် သကဲ့သို့ ယနေ့ ခရစ်ယာန် အများစုလည်း ကောင်းကင် နိုင်ငံကို မ၀င်ချင် ကြချေ။ ဣသရေလ လူများ အဲဂုတ္တု ပြည်ကို သာတမ်းတ၍ ပြန်လှည့်ချင် သကဲ့သို့ ခရစ်ယာန် များလည်း ဤလောကကို သာလျှင် စွဲလန်းတပ်မက် နေ ကြသည်။ ဣသရေလ လူများ ခါနန် ပြည် ၀င်ခွင့်မရဘဲ လမ်း၌ သေကျေ ပျက်စီးခဲ့ကြ သကဲ့သို့ ခရစ် ယာန် များလည်း မလိုအပ် ဘဲ ငရဲသွားကြမည် ဖြစ်သည်။ သင်သည် ထိုကဲ့သို့ သောသူ ဖြစ် နေပါသလား။ သို့မဟုတ် ဘုရား ဘက်မှာအလိုတော် မသိဘဲ စိတ်အား ကြီး နေပါသလား။ ဘုရား ဘက်မှာသမ္မာ တရား မသိဘဲ စိတ်အား ကြီးခြင်း သည် လူအမြင်၌ ကောင်း ဟန်ရှိသော်လည်း၊ ဘုရား သခင်က ို ဆန့်ကျင်ခြင်း ဖြစ်သောကြောင့် အလွန် ကြောက်စရား ကောင်းသည်။ ဘုရားသခင်သည် များစွာသော ဣသရေလ လူများ၌ အား ရတော် မမူ သကဲ့သို့ သင့် အပေါ်၌အား ရပါမည်လောဟူသော အရာကို ဆင်ခြင်ရင်းအလိုတော်ကို ရှာ၍ ၀န်ခံနားထောင် ကြပါစို့။
.
ချီဆောင်ခြင်း
နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ ထဲမှ ၀ိညာဥ်ပိုင်းဆိုင်ရာပြည့် စုံခြင်း များကို ဖေါ်ပြလိုပါသည်။
ခရစ်တော် အတုပေါ်မည်
“ယေရှု ကလည်း၊ သင်တို့ကို အဘယ်သူ မျှမလှည့်ဖြားစေခြင်းငှါ သတိ ပြုကြလော့။ ၅ အများသော သူတို့ က၊ ငါသည် ခရစ်တော် ဖြစ်၏ဟု ဆိုလျက်၊ ငါ၏ ယောင်ကို ဆောင်၍ ပေါ်လာသဖြင့် လူအများ တို့ကို လှည့်ဖြား ကြ လိမ့်မည်။ ” (မ ၂၄:၄-၅)
“ခရစ်တော်၏ အယောင်ကို ဆောင်သော သူနှင့် မိစ္ဆာပရောဖက် တို့သည် ပေါ်လာ၍ ရွေးချယ်သော သူတို့ကို ပင်လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ် လက္ခဏာ၊ အံ့ဘွယ်သော အမှု တို့ကို ပြကြလိမ့်မည်။ ” (မ ၂၄:၂၄)
ယခုကမ္ဘာပေါ်၌ ခရစ်တော် အတု၊ ဘုရား အတုထောင်နှင့် ချီ၍ ပေါ်လာခဲ့ကြ ပြီ။ ဘေးဒဏ်ကြီး ကာလတွင် အန္တိ ခရစ်သည် ခရစ်တော် ဟန်ဆောင် မည် ဖြစ်သည်။ သူ့ကို လူအများ က လက်ခံမည့် အကြောင်း ခရစ်တော် ကဤသို့ ပြောခဲ့ဘူူးသည်၊ “ငါသည် ခမည်းတော်၏ အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကို လက်မခံကြ။ အခြားသော သူသည် မိမိ အခွင့်နှင့် ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။ ” (ယော ၅:၄၃)
ပရောဖက် အတုများမည်
“မိစ္ဆာပရောဖက် အများ တို့သည် ပေါ်လာ၍ လူအများ တို့ကို လှည့်ဖြား ကြ လိမ့်မည်။ ” (မ ၂၄:၁၁) ပရောဖက် အတုနှင့် ခရစ်တော် အတုသည် ကွာခြားသည်။ ခရစ်တော် အတုများသည် သူတို့ကိုယ်တိုင် ခရစ်တော် ဖြစ်သည်ဟု ဆိုပြီးကိုး ကွယ်ခြင်း ခံ ကြသည်။ ပရောဖက် အတုများသည် အနာဂတ်မှာ ဖြစ်ပျက်မည့် အရာများကို စာတန် တန်ခိုးနှင့် ဟောပြောမည်။ ယခုအခါ လူကိုယ်တိုင်အား ဖြင့် သော်၎င်း၊၌ သက အကဘနအား ဖြင့် သော်၎င်း၊ ပရောဖက် ပြုသော သူများ စွာ ရှိလာပြီ။ ကျမ်းစာ မဖတ်၊ သမ္မာတရား နားမလည်သော သူများသည် ထို သူများ နောက်လိုက်၍ ဘ၀ပျက်စီးသွားတတ်သည်။ ထိုပရောဖက် အတုများကို လုံး၀နားမထောင်ပါနှင့်။
ယုံကြည်ခြင်း စွန့်ပယ်မည်
“၀ိညာဥ်တော်သည် အတည့်အလင်း ဗျာဒိတ်ထား တော်မူသည် ကား၊ နောင် ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့် ခတ်ခြင်းကို ခံပြီး လျှင်၊ မုသာစကားကို ပြောတတ်သော သူတို့၏ လျှို့၀ှက်ခြင်း အားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်၀ိညာဥ်တို့၌ ၎င်း၊ နတ်ဘုရား တို့နှင့် စပ်ဆိုင်သော ဩ၀ါဒတို့၌ ၎င်းမှီဝဲဆည်းကပ်ကြလိမ့်မည်။ ” (၁ တိ ၄:၁-၂)
နောက်ဆုံးသော ကာလ၌ ဘုရားသခင် အပေါ်ယုံကြည်ခြင်းကို စွန့်ပယ်သော သူများ ပေါ်လာဘို့ ပေါလုကအထက် ပါက ဲ့သို့ သတိပေးခဲ့သည်။ အဘယ်ကြောင့်ယုံ ကြည်ခြင်းကို စွန့်ကြသနည်းဟူမူကား၊ ဩတ္တပ္ပစိတ်တွင် သံပူနှင့် ခတ်ခြင်းကို ခံသောကြောင့် ဖြစ်သည်။ တိရစ္ဆာန်များ၏ အရေခွံ၌ ပိုင်ရှင်ကသံပူနှင့် တံဆိပ်ခတ် သောအခါ ထို နေရာသည်လောင်၍ အမွှေး မပေါက်တော့ဘဲ၊ အသားမာ ဖြစ်သွားတတ်သည်။ ထိုနည်းတူလူ၏ ဩတ္တပ္ပစိတ်သံပူခတ်ခြင်း ဆိုသည်မှာ ဩတ္တပ္ပစိတ်ပျက်သွားခြင်းကို ဆိုလိုသည်။ ဩတ္တပ္ပစိတ်သည်၊ သာမိုစတက် (Thermostat) နှင့် တူသည်။ သာမိုစတက်သည် အိမ်အတွင်း ၌ အပူအအေးစက်ကို နိုးစေသော၊ နံရံ၌ တပ်ထားသော စက်ကလေး ဖြစ်သည်။ ထိုအရာပျက်သွားလျှင် အပူအအေးစက်ကို မနိုးစေတော့ချေ။ ထို့နည်းတူ လူ၏ ဩတ္တပ္ပစိတ်ပျက်သွား သောအခါ၊ ဘုရား အပေါ်ယုံကြည်ခြင်း မရှိတော့ဘဲ၊ လူ့ပညာ၊ လူအများစု၏ အမြင်၊ ကိုယ့်ဇာတိအကြိုက်များကို ဦးစားပေးလာတတ်သည်။ Hillsong မူလချီးမွမ်းခြင်း စတင်ခြင်း၌ ပါ၀င်သူ Marty Sampson သည် ဘုရား အပေါ်ယုံကြည်ခြင်း မရှိတော့ကြောင်း၊ သူသည် ခရစ်ယာန် မဟုတ်တော့ကြောင်း ဩဂုတ်လ ၉ ရက်နေ့၌ ကျေညာလိုက်သည်။ သူကကျမ်းစာသည် တခုနှင့် တခုမညီ ကြောင်း၊ ယုံကြည်စရာ မရှိကြောင်း ပြောလိုက်သည်။ ထိုသို့ ဖြစ်ခြင်းသည် အစက တည်းက သမ္မာတရားအား ဖြင့် မပြောင်းလဲခဲ့ဘဲ၊ စိတ်၏ လှုပ်ရှားမှု၊ သီချင်း၏ ဆွဲဆောင် မှုအား ဖြင့် ပြောင်းလဲခဲ့သောကြောင့် ဖြစ်သည်။ I Kissed Dating Goodbye စာအုပ်ရေးသူ Maryland ပြည် နယ် Gaithersburg မြို့ရှိ Covenant Life megachurch pastor Joshua Harris လည်း သူ၏ မိန်းမနှင့် ကွာ၍ သူသည် ခရစ်ယာန် မဟုတ်တော့ကြောင်း၊ လိင်တူဆက်ဆံ သူများ ကို ဆန့်ကျင် မိခြင်းလည်း တောင်းပန်ကြောင်း ရေးသွားသည်။ ထိုသို့ ဖြစ်ခြင်းကို တမန်တော် ယောဟန်ကဤသို့ ရေးသား ခဲ့ဘူူးပြိီ၊ “ထိုသူတို့သည် ငါတို့ ထံမှ ထွက် သွားကြ၏။ သို့ သော်လည်း အထက်က ငါတို့နှင့် မစပ်ဆိုင်ကြ။ ငါတို့နှင့် စပ်ဆိုင်လျှင် ငါတို့နှင့် အတူ နေကြလိမ့်မည်။ ထိုသူ အပေါင်းတို့သည် ငါတို့နှင့် မစပ်ဆိုင်ကြောင်းကို ထင်ရှား စေခြင်း ငှါ၊ ငါတို့ ထံမှ ထွက်သွားကြ၏။ ” (၁ ယော ၂:၁၉) ထိုသူတို့ နှင့် ပတ် သက်၍ သခင်ယေရှု ကဤသို့ သတိပေးခဲ့ပြီ၊ “သခင်၊ သခင်ဟု ငါ့ကို လျှောက်သော သူတိုင်း ကောင်း ကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည် မဟုတ်။ ကောင်းကင် ဘုံ၌ ရှိ တော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သော သူသာလျှင် ၀င်ရလိမ့်မည်။ ၂၂ထိုနေ့၌ ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည်ကိုယ်တော် အခွင့်နှင့် ဆုံးမဩ၀ါဒပေးပါပြီမဟုတ်လော။ ကိုယ်တော် အခွင့်နှင့် နတ်ဆိုးတို့ကို နှင် ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော် အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီ မဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ၂၃ထိုသို့ လျှောက်ကြ သောအခါ သင်တို့ကို ငါအလျှင်း မ သိ။ အဓမ္မအမှုကို ပြုသော သူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်းငါ ပြော မည်။ ” (မ ရ:၂၁-၂၃)။ တဖန်၊ “အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားမထောင်ဘဲ နေ၏၊ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့် တူကြောင်းကို ငါပုံပြမည်။ ၂၇မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက် သောအခါ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက်လေသည်ဟု ဟော တော်မူ၏။ ” (မ ရ:၂၆-၂ရ)။
အထက် ပါယုံကြည်ခြင်း မှလမ်းလွှဲ သူများသည် ခရစ်တော်၏ ေဒသနာတော်၌ နက်နဲစွာ အမြစ်မတွယ်ဘဲ၊ အပေါ်ယံကျောနှင့် ခံစား မှု၊ အခြေအနေပေါ်၊ လူ့ပညာ အပေါ်၌ မိမိတို့ ယုံကြည်ခြင်း နှင့် ဘ၀ကို တည်ဆောက်ကြသောကြောင့်၊ စာတန် ထံမှ လာသော အတွေး အခေါ်နှင့်၊ လူထံမှ လာသော ဆင်ခြင်တုံတရားများ လာ သောအခါ၊ ဇဝေဇ၀ါ ဖြစ်၍ ဘုရားကို စွန့်ကြခြင်း ဖြစ်သည်။ သင်လည်း နှုတ်ကပတ်တော်၌ ယုံကြည်ခြင်း အုတ် မြစ်မချထားလျှင် သူတို့ ကဲ့သို့ ယုံကြည်ခြင်းကို စွန့်သွားနိုင်သည်။ မိမိကိုယ်ကို ကောင်းစွာ သမ္မာတရား၌ အုတ်မြစ်ချဘို့ သတိပေးလိုပါသည်။
ကြွလာခြင်းကို ပျက်ရယ်ပြုမည်
နောက်ဆုံးသော ကာလ၏ ထင်ရှားသော လက္ခဏာ တခုသည်၊ ခရစ်တော် ကြွလာမည့် အရာကို မယုံကြည်၊ မပြင်ဆင်သည် သာမက၊ ပြက်ယယ်ပြုသော သူများ ပေါ်လာခြင်း ဖြစ်သည်။ ပေတရုက၊ “ရှေ့ဦးစွာ သိမှတ်အပ်သော အရာဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုိင်း ကျင့်နေ၍၊ ၄သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်း စက ဖြစ် သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ဟု ဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့် တကွပေါ်လာ ကြလိမ့် မည်။ ” (၂ ပေ ၃:၃-၄) ဟု သတိပေးခဲ့သည်။ ယခုအခါ သာမန်လူများ သာမက၊ အမှုတော် ဆောင်ဟု ဆိုသော သူများ ထဲမှ ပင်၊ ချီဆောင်ခြင်း နှင့် ခရစ်တော် ကြွလာမည့် အရာကို ပြက်ယယ်ပြုသော သူများ ရှိ နေကြပြီ။ အဘယ်ကြောင့်ထိုသို့ ပြုကြသနည်း ဟူမူကား၊ မိမိတို့ တပ်မက်ခြင်း အတိုင်း ကျင့်နေသောကြောင့် ဖြစ်သည်။ သူတို့ တပ်မက်သော အရာသည်လောက အရာ ဖြစ်သည်။ လောက ပစ္စည်းတပ်မက် သူများ အနေဖြင့် ခရစ်တော် ကြွလာခြင်းကို မကြားလိုချေ။ ယခုအချိန်တွင် ၀င်ငွေကောင်းနေ သူများ၊ စီး ပွါးတက်နေ သူများ အနေဖြင့်၊ ခရစ်တော် ကြွလာခြင်းကို မကြားလိုကြချေ။ ရီးစားရှိ၍ လက်ထပ်မည့်သူများ၊ ကျောင်းတက်၍ ဘဲ ွ့လိုချင် သူများ၊ အလုပ်အကိုင်ကောင်း၍ အစစအရာရာ အဆင်ပြေ သူများ အနေဖြင့်၊ ခရစ်တော် ကြွလာခြင်းသည် သူတို့၏ စိတ်ကူး ယဥ်ကမ္ဘာကို ဖျက်ဆီး သကဲ့သို့ ခံစား သောကြောင့် ကြားပင်မကြားလိုကြချေ။ သင်သည် ထိုကဲ့သို့ သောသူ ဖြစ်နေပါက အလွန် ၀မ်းနည်းစရာ ကောင်းသည်။ သေချာစွာ ကျမ်းစာ ဖတ်၍ စဥ်းစားဆင်ခြင်စေချင်သည်။ ဤလောက နှင့် သင်ကိုယ်တိုင်သည် အချိန်မရွေးပျောက်ကွယ်သွားနိုင်ကြောင်း သတိပေးလိုပါသည်။
ဗိမာန်တော် ပြန်ဆောက်မည်
“တဖန်တုံလှံတံနှင့် တူသော ကျူပင်တလုံးကို ငါ့အား ပေး၍ ငါ့ကို ပြောဆိုသည် ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုး ကွယ်သော သူတို့ ကိုလည်း ရေတွက်လော့။ ၂ဗိမာန်တော် တန်တိုင်းကို မတိုင်း နှင့်၊ ပယ်ထားလော့။ တပါးအမျိုးသား တို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော် ကို၊ လလေးဆယ်နှစ်လပတ်လုံးနင်းကြလိမ့်မည်။ ” (ဗျာ ၁၁:၁-၂)
အထက် ပါက ျမ်းပိုဒ်များ အရ၊ ဘေးဒဏ်ကြီး ကာလတွင် ဣသရေလ လူများသည် တတိယဗိမာန်တော်ကို ပြန်ဆောက်ကြမည် ဖြစ်သည်။ ဗိမာန်တော် ဆောက်မည့် နေရာ၌ မူစလင်များ၏ ဗလီကြီးကို အေဒီ ၆၉၀တွင် ဆောက်ခဲ့ရာယနေ့ တိုင်အောင် ရှိ နေသည်။ ထိုဗလီကြီး အနား၌ ဗိမာန်တော်ကို အနျွှီ ခရစ်က ဆောက်ခွင့်ပေးမည် ဖြစ်သည်။ သို့ သော်ဗိမာန်တော် ၀င်းအတွင်း ၌ တပါးအမျိုးသားများဖြစ်သော မူစလင်များက ယပိုင်ဆိုင်နေသောကြောင့် မတိုင်း ခိုင်းခြင်း ဖြစ်သည်။ ထိုဗိမာန်တော်တွင် ဣသရေလ လူများသည် ဓမ္မဟောင်းကာလ၌ ကဲ့သို့ ယဇ်ပြန်လည်ပူဇော်ကြမည် ဖြစ်သည်။ သို့ သော် သုံး နှစ်ခဲွသာပူဇော်၍၊ အန္တိ ခရစ်ကသူသည် ဘုရား ဖြစ်ကြောင်း ကျေညာမည်အရာကို ဤသို့ ရေးခဲ့ပြီ၊ “ထိုကြောင့် ပရောဖက် ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် သန့်ရှင်းသော အရပ် ဌာန၌ စိုက်နေသည်ကို သင်တို့ မြင်ရ လျှင်၊ ကျမ်းစာကို ကြည့်သော သူသည် နားလည်ပါစေ။ ” (မ ၂၄:၁၅)။ ပေါလုကလည်း၊ ထိုနေ့ရက်မ ရောက်မှီ ဖောက်ပြန်သင်းခွဲခြင်း (apostasy) (ခွဲခွါခြင်း၊ ချီဆောင်ခြင်း ) သည် အရင် ဖြစ်၍၊ ဒုစရိုက်လူတည်း ဟူသော ပျက်စီးခြင်း၏သား (အနျွှီ ခရစ်၊သား ရဲ) သည် ပေါ်လာရလိမ့်မည်။ ၄ထိုသူသည် ဘုရားသခင် ဟူ၍၎င်း၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ် သမျှသော အရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြောက်သော အားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်က ဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက်ကိုယ်ကို ပြသောသူ ဖြစ်သတည်း။ ” (၂ သက် ၂:၃-၄) ယခုအစ္စရေးများ ကသမတထမ်းကို ဗိမာန်တော် ဆောက်ခွင့်ပေးဘို့ ရန်အလွန် မျှော်လင့် နေ ကြသည်။ ထို့ကြောင့် ဗိမာန်တော် အခွန်အကြွေပြား၌ လည်း၊ ကုရုမင်းနှင့် ေဒါ်နာလ်ထမ်း၏ ရုပ်ပုံကို ထွင်းထားကြပြီ။
ယခုအစ္စရေးနှင့် အာရပ်များ ငြိမ်းချမ်းရေး နှင့် လုံခြံုရေးစာချုပ် ချုပ် ဖြစ်ပါက၊ ထိုစာချုပ်အ ရတတိယဗိမာန်တော် ဆောက်ခွင့်ပေးလျှင်၊ ထိုအချိန် မတိုင်မှီ ချီဆောင်ခြင်း ဖြစ်နိုင်စရာ အလားအလာရှိသည်။ ထို့ကြောင့် ယခုအချိန်သည် နောက်ဆုံးသော ကာလ ဖြစ်ကြောင်း ထင်ရှားသည်။
.
ကျမ်းစာ ဖတ်ကြစို့
ဂလာတိ ၃
၁။ ပညာမဲ့သော ဂလာတိလူတို့၊ လက်၀ါးကပ်တိုင်မှာ အသေခံ တော်မူသော ယေရှုခရစ် တော်ကို သင်တို့ မျက်မှောက်၌ ထင်ရှားစွာ ပြပြီးသည် ဖြစ်၍၊ သမ္မာတရားကို နား မထောင်စေခြင်းငှါ သင်တို့ကို အဘယ်သူ ပြုစားသနည်း။
ပေါလုကဂလာတိပြည် ရှိယုံကြည်သူ များကို ပညာမဲ့ဟု စာရေးလိုက်သည်။ ယခုခေတ်တွင် ထိုသို့ ရေးပါက၊ ထိုအမှုတော် ဆောင်ကို လုံး၀ခေါ်တော့မည် မထင်ပါ။ ထို ခေတ်တွင် ရိုးသား ကြသောကြောင့် သော်၎င်း၊ ပေါလုကို ကြည်ညိုသောကြောင့် သော်၎င်း၊ ထိုသို့ ရေးခြင်းကို လက်ခံနိုင်ခြင်း ဖြစ်မည်။ ဂလာတိယုံကြည်သူ များသည် ပေါလု တို့ ဟောပြောခြင်းအား ဖြင့် လက်၀ါးကပ်တိုင်မှာအသေခံသော ယေရှုကို ယုံကြည် လက် ခံကြပြီး ဖြစ်သည်။ ထို သမ္မာတရားကို ဤစာရေးချိန်တွင် လက်မခံတော့ဘဲ ဖြစ်သောကြောင့် ပေါလုကစာရေးခြင်း ဖြစ်သည်။
၂။ ပညတ်တရား၏ အကျင့်အားဖြင့် ၀ိညာဥ်တော်ကို ခံရကြသလော။ သို့မဟုတ် ယုံကြည်ခြင်း တရားကို ကြားနာခြင်းအား ဖြင့် ခံရကြသလော ဟူသော အရာ တခုကို သာသင်တို့၌ ငါသိလို၏။
သန့်ရှင်းသော ၀ိညာဥ်တော်သည် ပညတ်တရား၏ အကျင့်အား ဖြင့် မဟုတ်၊ ယုံကြည်ခြင်း တရားကို ကြားနာခြင်းအား ဖြင့် သာလျှင် ရရှိနိုင်သည်။ ဂလာတိယုံကြည် သူများသည် ယုံကြည်ခြင်း တရားမှ၊ ပညတ်တရားအကျင့်ကို ပြန်လည်တည် ဆောက် လိုကြသောကြောင့် ထိုသို့ ဆိုရခြင်း ဖြစ်သည်။
၃။ ဤမျှလောက် ပညာမဲ့ကြသလော။ ၀ိညာဥ်တော်ကို အမှီပြု၍ လုပ်စရှိပြီးမှ၊ ဇာတိကို အမှီပြု၍ ပြီး စေကြသလော။
ပေါလုသည် သူ၏ ၀ိညာဥ် သားသမီး များလမ်းလွှဲ သောအခါ အလွန် ခံစား သောကြောင့်၊ ဤမျှလောက်ပညာမဲ့ကြသလောဟု အပြစ် တင်ခြင်း ဖြစ်သည်။ ပညတ် တရားကျင့်ခြင်းကို အားကိုး ခြင်းသည် ၀ိညာဥ်တော်ကို အားကိုး ခြင်း မှဇာတိကို ပြန် အားကိုး ခြင်း ဖြစ်သည်။
၄။ ဤမျှလောက်သော ဆင်းရဲခြင်းကို အချည်းနှီးခံကြပြီလော။ အချည်းနှီးသက်သက် ဖြစ်ရမည်လော။
၀ိညာဥ်တရားကို လက်ခံခြင်းသည် စာတန် နှင့် ဇာတိလူများ၏ တိုက်ခိုက် မှု ကြားထဲမှ လက်ခံခြင်း ဖြစ်သောကြောင့် ပေါလုကဆင်းရဲ ခံခြင်းဟု ဆိုခြင်း ဖြစ်သည်။ အသိုင်းအ၀ုိင်းများ၏ အပြစ် တင်ခြင်း ကြားမှယုံကြည် ကြသောကြောင့်၊ ယခုနဂုိလ်အ တိုင်း ပညတ်တရားကို ပြန်အားကိုး လျှင် အချည်းနှီးဆင်းရဲ ခံခြင်းဟု ဆိုခြင်း ဖြစ်သည်။
၅။ ထိုမှတပါး၀ိညာဥ်တော်ကို သင်တို့အား ပေး၍၊ သင်တို့၌ တန်ခိုးများကို ပြသော သူသည် ပညတ်တရား၏ အကျင့်အား ဖြင့် ပြသလော။ ယုံကြည်ခြင်း တရားကို နာခြင်း အားဖြင့် ပြသလော။
ဘုရားသခင်က သူတို့ကို ၀ိညာဥ်တော်ကို ယုံကြည်ခြင်းကြောင့် ပေးထားသည်။ ထို၀ိညာဥ်တော် ကလည်း တန်ခိုးများကို ပြသည်။ ထိုအရာသည် သူတို့ ပညတ် တရားလိုက်လျှောက်ခြင်းအား ဖြင့် မဟုတ်ကြောင်း ပေါလုကမေးခွန်းထုတ်နေခြင်း ဖြစ်သည်။
၆။ ထိုနည်းတူအာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည် ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ် တော်မူ၏။
ဂလာတိလူများ ကဲ့သို့၊ ယုံကြည်ခြင်း၏ ဖခင်အာဗြဟံလည်း ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအား ဖြင့် ရရှိသည်ဟု ဆိုသည်။ ဘုရားသခင်က အသက် အိုသော အာဗြဟံကိုသား အမွေပေးမည်ဟု ဆို သောအခါ၊ အာဗြဟံသည် ဘုရားသခင်၏ စကားကို ယုံသောကြောင့်၊ ဘုရားသခင်က သူ့ကို ဖြောင့်မတ်သည်ဟု သတ်မှတ်လိုက်သည် (က ၁၅:၆၊ ရော ၄:၃)။
ရ။ ယုံကြည်ခြင်း ရှိသော သူသည် အာဗြဟံ၏သား ဖြစ်သည်ဟု အမှန်သိမှတ်ကြလော့။
ယုံကြည်သော သူသည် အာဗြဟံ၏သား ဖြစ်သည်ဟု ဆိုသည်။ ဣသရေလ လူများ ကသူတို့သည် အာဗြဟံ၏သား ဖြစ်သည်ဟု ၀ါကြွားစိတ်ချတတ် ကြသည်။ ထို့ကြောင့် ဗတ္တိဇံယောဟန်က၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့ထံ၊ “အာဗြဟံသည် ငါတို့ အဘ ဖြစ်သည် ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့ မှအာ ဗြဟံသား တို့ကို ထုတ်ဖေါ်ဖန်ဆင်းနိုင် တော်မူသည် ဟု ငါအမှန်ဆို၏။ ” (မ ၃:၉) ဟု ဆိုခဲ့သည်။ ယုဒလူတို့က “အာဗြဟံသည် ငါတို့ အဘ ဖြစ်၏ဟု ဆိုကြ၏။ ယေရှု ကလည်း၊ သင်တို့သည် အာဗြဟံ၏သား မှန်လျှင် အာဗြဟံ၏ အကျင့်ကို ကျင့်ကြလိမ့်မည်။ သင် တို့သည် သင်တို့၏ အဘတည်း ဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ ” (ယော ၈:၃၉၊ ၄၄) ဟု ဆိုခဲ့ဘူူးသည်။ သို့ သော် ဘုရားသခင်က သူ့ကို ယုံကြည်သော သူတို့အား အာ ဗြာဟံ၏သား ဖြစ်ရသော အခွင့်ကို ပေးခြင်းသည် အလွန် မွန်မြတ်သော အရာ ဖြစ်သည်။ အာဗြဟံသား ဖြစ်လျှင် အာဗြဟံနေသော ကောင်းကင် ဘုံသို့ ရောက်ကြလိမ့်မည် (မ ၈:၁၁)
၈။ ဘုရားသခင်သည် ယုံကြည်ခြင်းကို ထောက်၍၊ တပါးအမျိုးသား တို့ကို ဖြောင့်မတ် ရာ၌ တည်စေ တော်မူ မည်ဟု ကျမ်းစာသည် မြော်မြင်လျက်၊ အာဗြဟံအား အမိန့်ရှိ၍၊ သင့်အားဖြင့် လူမျိုး အပေါင်းတို့သည် ကောင်းကြီး မဂ်လာကို ခံရကြလိမ့်မည်ဟု ဧ၀ံဂေ လိ တရားကို ဟောနှင့် လေ၏။
ဘုရားသခင် တောင်းသည့်အတိုင်း၊ အာဗြဟံကသူ၏သား ဣဇက်ကို ပူဇော် ဘို့ ရန် မငြင်းသောကြောင့် ဘုရားသခင်က၊ “သင်၏ အမျိုး အနွယ်အားဖြင့်၊ လူမျိုး အပေါင်း တို့သည် ကောင်းကြီး မဂ်လာကို ခံရကြလိမ့်မည်ဟု ငါ၏ စကားကို သင် နားထောင် သောကြောင့်၊ ငါသည်ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာ၀ရ ဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။ ” (က ၂၂:၁၈)။ ထို့ကြောင့် ဘုရားသခင်က လူမျိုးအ ပေါင်းတို့ကို ကောင်းကြီး ပေးဘို့သည် အာဗြဟံလက်ထက် ကတည်းက ရည်ရွယ် ကြောင်း သိနိုင်သည်။
၈။ သို့ ဖြစ်၍ ယုံကြည်ခြင်း ရှိသော သူတို့သည် ယုံကြည်သော အာဗြဟံနှင့် အတူ ကောင်း ကြီး မဂ်လာကို ခံရကြ၏။
အာဗြဟံသည် ယုံကြည်ခြင်း၏ ဖခင် ဖြစ်သည်။ အာဗြဟံသည် ယုံကြည်ခြင်း
အား ဖြင့် ကောင်ကြီး မဂ်လာကို ခံရ သကဲ့သို့၊ ဘုရားသခင်ကို ယုံကြည်သူ တိုင်းလည်း ကောင်းကြီး မဂ်လာခံစား ရသော အခွင့်ရှိခြင်းသည် အလွန် ၀မ်းမြောက်စရာ ဖြစ်သည်။ ယုံကြည်ခြင်း သည် ကြားနာခြင်းအား ဖြင့် ဖြစ်သောကြောင့် (ရော ၁၀:၁ရ) ယုံကြည်အား ကြီး ဘို့ ရန်များများကြားရမည်။ ဘုရားသခင်ကို ယုံကြည် နိုင်ခြင်းသည်၊ ရွှေငွေ၊ ရာထူး၊ ဂုဏ်၊ အာဏာအားလုံးထက် သာ၍ တန်ဘိုး ရှိသည်။ သင်သည် ဆင်းရဲ နုန်ချာ လျှင်လည်း ဘုရား အပေါ်ယုံကြည် နိုင်လျှင် အလွန် ၀မ်းမြောက်ပါ။ ယုံကြည်ခြင်း သည် အောင်မြင်ခြင်း ဖြစ်သည် (၁ ယော ၅:၄)
၁၀။ ပညတ်တရား၏ အကျင့်ကို အမှီပြုသော သူရှိသမျှ တို့သည် အကျိန်နှင့် စပ် ဆိုင် ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ ပါသမျှသော စကား တို့ကို အမြဲမ ကျင့်သော သူတိုင်း ကျိန် တော်မူခြင်း ကို ခံစေသတည်းဟု ကျမ်းစာ လာ၏။
အဘယ်ကြောင့်ပညတ်တရား၏ အကျင့်ကို အမှီပြုလျှင် ကျိန်ခြင်း ခံရမည်နည်း။ အကြောင်းမှာ ပညတ်တရားနှင့် ပတ်သက်၍ ဘုရားသခင်က မောရှေအား ဖြင့်၊ “ဤ ပညတ်တရားစကား တို့ကို အမြဲမကျင့်သော သူသည် အမဂ်လာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်းတို့ ကအာမင်ဟု ၀န်ခံရကြမည်။ ” (တရားဟော ၂ရ:၂၆) ဟု ဆိုခဲ့ သောကြောင့် ဖြစ်သည်။ ကျမ်းစာ ထဲ၌ ပညတ်ပေါင်း ၆၁၃ ပါးရှိ၍ ထိုအရာအားလုံးကို အမြဲကျင့်ဘို့သည် လုံး၀မ ဖြစ်နိုင် ချေ။ အမြဲဆိုသည်မှာ အသက် ရှုခြင်း ကဲ့သို့ ဖြစ်ရမည်။ မည်သူမျှအသက် ရှုဘို့ မမေ့တတ်ကြ၊ ကြိုးစား စရာလည်း မလို၊ အလိုလိုအသက် ရှုကြ၍ မပင်ပန်းကြချေ။ အသက် ရှုခြင်းသည် အသက် တာ ဖြစ်သည်။ ထို့နည်းတူပညတ်တော် လိုက်လျှောက်ခြင်း သည်လည်း အသက် တာ ဖြစ်ရမည်။
ပညတ်တော် လိုက်ရာတွင် အားလုံးလိုက်ရမည်ဟု ဆိုပြန်သည်။ ထိုအရာနှင့် ပတ်သက်၍ ယာကုပ်က၊ “ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံ တခု၌ မှားမိလျှင်၊ ပညတ်တရားအလုံးစုံကို လွန်ကျူးသော အပြစ်ရှိ၏။ ” (ယာ ၂:၁၀) ဟု ဆို
သည်။ စာမေးပွဲဖြေရာတွင် ဘာသာအားလုံးအောင် ရသည်။ တဘာသာကျလျှင် ကျန်သော ဘာသာများလည်း ကျသည်။ ထို့နည်းတူပညတ်တော်လည်း ဖြစ်သည်။ ပညတ် တခုမလိုက်နိုင်လျှင် အားလုံးမလိုက် သကဲ့သို့ ဖြစ်သွားသည်။ ထို့ကြောင့် လူတိုင်း ကျိန်ခြင်း ခံရသည်။ သို့ သော် မသိကြသောကြောင့် ပြသနာလည်း မရှိ၊ ပူပန်မှုလည်း မရှိကြ ချေ။
၁၁။ တဖန်တုံ၊ ဖြောင့်မတ်သော သူသည် ယုံကြည်ခြင်း အားဖြင့် အသက် ရှင်လိမ့်မည်။
ဤကျမ်းပိုဒ်သည် ဘုရားသခင်က ဟာဗက္ကုတ် ၂:၄တွင် ပြောခဲ့သော အရာကို ပေါလုကဤနေရာနှင့် ရောမ ၉:၃၀၌ ကိုး ကား ထားသည်။ ဟေဗြဲ ၁၀:၃၈၌ လည်းကိုး ကား ထားသည်။ ဤကျမ်းပိုဒ်အား ဖြင့် မာတင်လိုသာ၏ ယုံကြည်ခြင်း နှင့် အသက် တာပြောင်းလဲ စေခဲ့သည်။ ထို့ကြောင့် ရိုမင်ကက်သလိပ်အယူ၀ါဒကိုတော် လှန်၍ သင် နှင့် ကျွန်ုပ်တိုင်အောင် အကျိုး ခံစား ရ ကြသည်။
၁၂။ ပညတ်တရားမူကား ယုံကြည်ခြင်း နှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သော သူသည်၊ ထိုအကျင့်အားဖြင့် အသက် ရှင်လိမ့်မည်ဟု ဆိုသတည်း။
ပညတ်တရားနှင့် ယုံကြည်ခြင်း သည် ရော၍ မရကြောင်း ပြောထားသည်။ ပေါ လုက၊ “အကျင့်ရှိသော သူမည်သည် ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည် မဟုတ်။ ခံထိုက်သော အားဖြင့် ခံရ၏။ ၅အကျင့်မရှိသော သူမည်သည် ကား၊ မတရားသော သူ၏ အပြစ်ကို ဖြေသော သူကို ုယုံကြည် လျှင်၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်လျက် ရှိ၏။ ” (ရော ၄:၄-၅) ဟု ဆိုထားသည်။ ပညတ်တရားသည် ကျင့် နိုင်သော သူကို ဖြောင့်မတ်စေမည်။ သို့ သော်မည်သူမျှကျင့်နို်င်သော သူမရှိ။ ယုံကြည်ခြင်း မူကား ဘုရားသခင်၏ သနားခြင်းကို ယုံကြည်လျှင် ဖြောင့်မတ်၍ အသက် ရှင်နိုင်သည်။
၁၃။ ထိုကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူ မျှဖြောင့် မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက် ရှိ၏။ သစ်တိုင်၌ ဆဲွထားခြင်းကို ခံရသော သူတိုင်း ကျိန်ခြင်းကို ခံရသောသူ ဖြစ်သည်ဟု ကျမ်းစာ လာသည် နှင့် အညီ၊ ခရစ်တော်သည် ငါတို့ အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူ ဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်း မှရွေးနှုတ် တော်မူ ပြီ။
ပေါလုကပညတ်တရားအား ဖြင့် ဘုရား ရှေ့တော်၌ အဘယ်သူ မျှမဖြောင့်မတ် နိုင်ဟု အတိအလင်းဆိုထားသည်။ လူရှေ့မှာ ဖြောင့်မတ်နိုင်သော်လည်း လူသည် တ ရားသူကြီး မဟုတ်ပါ။ တရားသူကြီး ဖြစ်သော ဘုရား ရှေ့မှာ ဖြောင့်မတ်ဘို့ လိုသည်။ လူသည် ဘုရား ရှေ့တော်၌ ပညတ်တော် မလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်း ခံ ကြသည်။ ကျိန်ခြင်း ခံသော သူသည် သစ်တိုင်၌ ဆွဲခြင်း ခံရမည်ဟု (တရားဟော ၂၁:၂၃)၌ ဆိုထားသည်။ သင်နှင့် ကျွန်ုပ်သည် သစ်တိုင်၌ ဆွဲခြင်း ဖြင့် အသေသတ်ခြင်း ခံရမည့်သူ
များ ဖြစ် ကြသည်။ သို့ သော် ဘုရားသခင်က ကျွန်ုပ်တို့ကိုယ်စား ခရစ်တော်ကို သစ်တိုင်၌ ဆွဲ၍ အသေခံ စေခြင်းအား ဖြင့် ပညတ်တော် ကျိန်ခြင်း မှကယ်နှုတ်ခဲ့ပြီ။ မည်မျှကျေးဇူးတော် ချီးမွမ်းသင့်သနည်း။ သို့ သော်ထိုအရာ မသိသော သူများသည် မယုံကြည် သောကြောင့် မလိုအပ်ဘဲ ငရဲဆင်းသွားကြဦးမည်။ ထို့ကြောင့် ထိုသတင်းကို အတတ်နိုင်ဆုံး ကြားပြောကြရအောင်။
၁၄။ အကြောင်းမူကား၊ အာဗြဟံခံရသော ကောင်းကြီး မဂ်လာသည် ယေရှုခရစ်အား ဖြင့် တပါးအမျိုးသား တို့၌ သက်ရောက်သည် ဖြစ်၍၊ ငါတို့သည် ဂတိတော်နှင့် ယှဥ်သော ၀ိညာဥ်တော်ကို ယုံကြည်ခြင်း အားဖြင့် ခံရကြမည်အကြောင်း တည်း။
အာဗြဟံခံရသော ကောင်းကြီး မဂ်လာသည် ယေရှုခရစ်အား ဖြင့် အထက် ပါက ဲ့သို့ တပါးအမျိုးသားများထံသက်ရောက်သည်ဟု ဆိုသည်။ ဘုရားသခင်သည် ယေရှုခရစ်အား ဖြင့် လူတိုင်းကို ကောင်ကြီး မဂ်လာပေးနေပြီ။ ထိုကောင်းကြီးသည် ၀ိညာဥ်တော်အား ဖြင့် ဖြစ်၍ ယုံကြည်ခြင်းဖြင့် ယူရသည်။ သင်လည်း ယုံကြည်ခြင်း ရှိလျှင် ထိုကောင်းကြီး မဂ်လာခံရသောသူ ဖြစ်နိုင်သည်။
၁၅။ ညီအစ်ကိုတို့၊ လောကီဝေါဟာရအားဖြင့် ငါပြောမည်။ လူသော်လည်း ၀န်ခံစာကို ချုပ်ပြီးမှအဘယ်လူမျှမပယ်ရ၊ ထပ်ဆင့်၍ စကားကို မသွင်းရ။
လူသည် နှစ်ဦး သဘောတူပြီး စာချုပ် ချုပ်ပြီးနောက်၊ စာချုပ်ထဲ၌ ပါသော အရာများကို ထပ်၍ မထည့်ရ၊ ပယ်လည်း မပယ်ရချေ။ အကယ်၍ တဖွဲ့ကအခြားတဖွဲ့ မသိဘဲ စာချုပ်ပါအရာများကို နှုတ်ပယ်ခြင်း၊ ထပ်ထည့်ခြင်း ပြုလုပ် ခဲ့သည် ရှိသော်၊ ထိုစာချုပ်သည် တရားမ၀င် ဖြစ်သွားမည် ဖြစ်သည်။ ထိုကြောင့်စာချုပ်ကို ပယ်ခြင်း၊ ထပ်ထည့်ခြင်း ပြုလုပ် လိုလျှင် နှစ်ဦး သဘောတူ ပြန်ချုပ်ဘို့ လိုအပ်သည်။
၁၆။ ဂတိတော် တို့ကို အာဗြဟံနှင့် သူ၏ အမျိုးအနွယ်၌ ထား တော်မူ၏။ အမျိုးအနွယ် တို့ဟု အများသော သူတို့ကို ရည်မှတ်၍ မိန့် တော်မူသည် မဟုတ်။ သင်၏ အမျိုးအနွယ်ဟု တယောက်သော သူကို ရည်မှတ်၍ မိန့် တော်မူ၏။ ထိုတယောက် သောသူ ကား ခရစ်တော် ဖြစ်သတည်း။
အာဗြဟံကို ဘုရားသခင်က သူ၏ အမျိုးအနွယ်အား ဖြင့် လူမျိုး အပေါင်းတို့သည် ကောင်းကြီး ခံစား ရမည်ဟု ပြော သောအခါ၊ အမျိုးအနွယ်တို့အား ဖြင့်ဟု မပြော ပါ၊ သင်၏ အမျိုးအနွယ်အား ဖြင့်ဟု တယောက်အား ဖြင့် သာပြောသည်။ ထိုအမျိုးအ နွယ်သည် ခရစ်တော် ဖြစ်သည်ဟု ဆိုသည်။
၁ရ။ ငါဆိုသည်ကား၊ ခရစ်တော်ကို ရည်မှတ်၍ ဘုရားသခင် တည်စေ တော်မူနှင့်သော ပဋ္ဋိညာဥ်တရားကို အနှစ်လေးရာသုံးဆယ်လွန်ပြီးမှ နောင် ဖြစ်သော ပညတ်တရားသည် မပယ်နိုင်။ ဂတိတော်ကို အချည်နှီးမ ဖြစ်စေနိုင်။
ဘုရားသခင်က အာဗြဟံကို ဂတိပေးသော အရာသည် ပဋ္ဋိညာဥ် (စာချုပ်) ဟု ဆိုသည်။ ထိုစာချုပ် ချုပ်ပြီး နောက်အနှစ်လေးရာသုံးဆယ်လွန်မှ မောရှေထံပညတ်တော် ပေးပြန်သည်။ ထိုပညတ်တော် ကပဋ္ဋိညာဥ် (စာချုပ်) ပါအရာများကို မပြောင်းလဲ နိုင်၊ မပယ်နိုင်၊ အချည်းနှီးမ ဖြစ်စေနိုင်ဟု ဆိုသည်။
၁၈။ ထိုမှတပါး၊ အမွေတော်သည် ပညတ်တရားနှင့် စပ်ဆိုင်လျှင် ဂတိတော် နှင့် မစပ် ဆိုင်။ ဘုရားသခင်သည် ဂတိတော် အားဖြင့် အာဗြဟံအား ထို အမွေတော်ကို သနား တော်မူ၏။
အမွေတော်သည် ဂတိတော်အား ဖြင့် ပေး၍ ပညတ်တော်အား ဖြင့် ပေးသည် မဟုတ်။ ဘုရားသခင်က အာဗြဟံထံအမွေပေးမည်ဟု ဆို သောအခါ ပညတ်တော်အားဖြင့် မဟုတ်၊ ဂတိတော်အား ဖြင့် ပေးသည်။
၁၉။ သို့ ဖြစ်၍ ပညတ်တရားသည် အဘယ် အကျိုး ရှိသနည်း ဟူမူကား၊ ဂတိတော်ကို ခံသော အမျိုးအနွယ်မ ဖြစ်မှီတိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ ပေး တော်မူ၏။ ထိုတရားကို ကောင်းကင်တမန် များအားဖြင့် အာမခံ၏ လက်၌ ထား တော်မူ၏။
ဘုရားသခင်သည် အာဗြဟံထံအမွေပေးဘို့ ဂတိပြုပြီးမှအဘယ်ကြောင့် ပညတ်တော်ကို ပေးပြန်သနည်းဟူမူကား အမျိုးအနွယ်တည်း ဟူသော ခရစ်တော် မရောက်ခင်လူများသည် အပြစ် ဒုစရိုက်ကြောင့် ပေးသည်ဟု ဆိုသည်။ ထိုတရားသည် ပညတ်တရားကို ဆိုလို၍ ကောင်းကင်တမန်အား ဖြင့် အာမခံ၏ လက်၌ ထားသည်ဟု ဆိုသည်။ ထိုအာမခံသည် သခင်ယေရှု ဖြစ်ကြောင်း ပေါလုကဤသို့ ရေးထားသည်၊ “ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူ ဖြစ်သော ယေရှုခရစ် တည်း ဟူသော အာမခံ တဦးတည်း ရှိ၏။ ” (၁ တိ ၂:၅)။ အာမခံသည် ဖျန်ဖြေပေးသူ (ာနိငအေသမ) ကို ဆိုလိုသည်။ ယေရှု နှင့် လူနှင့် ဘုရား အကြား ပြေလည်အောင် ဖျန်ဖြေပေးသူ ဖြစ်သည်။
၂၀။ အာမခံမည်သည် ကား၊ တဘက်နှင့် သာဆိုင်သည် မဟုတ်။ ဘုရားသခင် မူကား တဘက် ဖြစ် တော်မူ၏။
အာမခံ (ဖျန်ဖြေပေးသူ) ယေရှုသည် ဘုရားနှင့် သာဆိုင်သည် မဟုတ်။ ထို့ နည်းတူလူနှင့် သာဆိုင်သည် မဟုတ်။ ဘုရား ထံတွင် လူများကိုယ်စားပြု၍၊ လူများ ထံတွင် ဘုရားကို ကိုယ်စားပြုသည်။ ထို့ကြောင့် ယေရှုသည် နှစ်ဖွဲ့ အကြားတွင် ရှိသည်။ ဘုရားသခင် မူကား တဘက်၌ ရှိ တော်မူသည်။
၂၁။ သို့ ဖြစ်၍ ပညတ်တရားသည် ဘုရားသခင်၏ ဂတိတော် တို့ နှင့် ဆန့်ကျင် ဘက် ဖြစ် သလော။ ထိုသို့ မဖြစ်နိုင် ရာ။ အသက် ရှင်စေနိုင်သော ပညတ်တရားကို ပေးတော်မူသည် မှန်လျှင်၊ အကယ်စင်စစ် ထိုတရားအားဖြင့် ဖြောင့်မတ်ခြင်းကို ရလိမ့်မည်။
ပေါလုဆိုလိုသည် မှာပညတ်တရားသည် ဘုရားသခင်၏ ဂတိတော် နှင့် ဆန့် ကျင်ဖက် ဖြစ်သလော၊ မဖြစ်နိုင် ရာဟု ဆိုသည်။ ပညတ်သည် ကျင့်မှရမည်။ ဂတိတော်သည် ကျင့်စရာ မလို၊ ပေးသူကပေးသည်ကို ယုံကြည်၍ ရယူရုံသာ ဖြစ်သည်။ ပညတ် တရားပေးရခြင်း၏ အကြောင်း ရင်းကို ၂၃တွင် ဖေါ်ပြထားသည်။
၂၂။ ယခုမူကား၊ ယုံကြည်သော သူတို့သည် ယေရှုခရစ် ကို ယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ဂတိတော်ကို ရမည် အကြောင်း ကျမ်းစာသည် လူ အပေါင်းတို့ကို အပြစ်၌ ချုပ် ထား၏။
ယုံကြည်သူ တို့သည် ယေရှုခရစ် ကို ယုံကြည်ခြင်း နှင့် စပ်ဆိုင်သော ဂတိတော်ကို ရရှိမည်။ သို့ သော်ထိုဂတိတော် များကို မရခင်ကျမ်းစာ ကလူများကို အပြစ်၌ ချုပ်သည်ဟု ဆိုခြင်းမှာ၊ လူများကို ကျမ်းစာ ကအပြစ် နားလည်စေသည်။ လူသည် လွတ် လပ်နေချိန်တွင် လွတ်လပ်ခြင်း၏ အရသာနှင့် တန်ဘိုး မသိနိုင်သော်လည်း၊ ထောင်ကျ သောအခါ လွတ်လပ်ခြင်း၏ အရသာနှင့် တန်ဘိုးကို သိတတ် ကြသည်။ လူသည် အပြစ် ရှိကြောင်း မသိ သောအခါ၊ ဘုရား ပေးသော ဖြောင့်မတ်ခြင်းကို တန်ဘိုး မထား၊ ဂရုမ စိုက်ကြချေ။ ထို့ကြောင့် ကျမ်းစာ ကလူများကို အပြစ် နားလည်စေဘို့ လိုသည်။
၂၃။ ယုံကြည်ခြင်း တရားမရောက်မှီ ပညတ်တရားသည် စောင့်နေသည် ဖြစ်၍၊ ထိုအ ခါ ငါတို့သည် နောက်၌ ထင်ရှားလတံ့သော ယုံကြည်ခြင်း တရားကို မြော်လင့်၍ ချုပ် ထားလျက် ရှိကြ၏။
ယုံကြည်ခြင်း တရားမရောက်မှီလူကို ပညတ်တရားကစောင့်ရှောက်သည်။ ယုံကြည်ခြင်း တရားရောက် သောအခါ လူသည် စောင့်ရှောက်စရာ လိုတော့မည် မဟုတ်ချေ။ အကြောင်းမှာ ယုံကြည်ခြင်း ရှိသော သူသည် ဘုရား၏ အလိုတော် နှင့် စကားကို နား ထောင်ချင်သော စိတ်ရှိ၍၊ ခိုင်းနေစရာ၊ တားမြစ်နေစရာ၊ ထိန်းစရာ လိုတော့မည် မဟုတ်ချေ။
၂၄။ ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော် ထံသို့ ငါတို့ကို ပို့ဆောင်၍ ငါတို့၏ အထိ န်း ဖြစ်သ တည်း။ ၂၅ယုံကြည်ခြင်း တရားသည် ရောက်လာ သောအခါ၊ ငါတို့သည် ထိုအထိ န်းလက် မှလွတ်ကြ၏။
ခလေး များသည် မိဘ၏ အမွေခံများ ဖြစ်ကြသော်လည်း၊ အထိ န်းသည် လက်၌ အပ်ထားရသည်။ အကြောင်းမှာ သူတို့သည် ငယ် သေး သောအခါ၊ မိဘ၏ ဥစ္စာများကို မကိုင်တွယ်တတ်ကြချေ။ အိမ်ထဲ၌ ရှိသမျှ အစားအစာများသည်၊ ခလေးများအတွက် ဖြစ်သော်လည်း၊ ငယ် သေး သောအခါ အထိ န်း၏ စီမံသည့်အတိုင်း စားရသည်။ ထို နည်းတူယုံကြည်ခြင်းအား ဖြင့် ဖြောင့်မတ်ခြင်းသို့ မရောက်သေးမှီတွင်၊ လူသည် ပညတ် တရားကထိန်းရသည်။ ပညတ်တရားကမခိုးရ၊ မသတ်ရ၊ လောဘမကြီး ရဟု ဆိုသောကြောင့် ထိုအရာများကို လိုက်နာရသည်။ ယုံကြည် လာ သောအခါ ထိုအရာများကို တားမြစ်စရာ မလိုတော့ဘဲ၊ အလိုလိုရှောင်တတ်လာသည်။ ထိုကြောင့်ခလေး များသည် အရွယ်ရောက်လာ သောအခါ၊ အထိ န်းလက်မှလွတ်လာ သကဲ့သို့ လူသည် ယုံ ကြည်လာ သောအခါ၊ ပညတ်တရားလက်မှလွတ်လာသည်။ ထိုသို့ လွတ်လာ သောအခါ ပေါက်ကရလုပ်ဘို့ မဟုတ်၊ ဘုရား၏ အလိုတော်ကို လိုက်ခြင်း ဖြင့် ပညတ်တရား လိုက်နာပြီးသား ဖြစ်သွားသည်။
၂၆။ အဘယ်သို့ နည်း ဟူမူကား၊ သင်တို့ အပေါင်းသည် ယေရှုခရစ် ကို ယုံကြည် သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏။
ယေရှုခရစ် ကို ယုံကြည်ခြင်းအား ဖြင့် လူသည် ဘုရားသခင်၏သား ဖြစ်ရခွင့်ရ ကြသည်။ ပညတ်တော် လိုက်လျှောက်ခြင်းအား ဖြင့် ဘုရားသား မဖြစ်ရပါ။ လူသည်သူ ဌေးသား၊ သမတသား၊ အရာရှိသား ဖြစ်ချင် တတ် ကြသည်။ အကြောင်းမှာ အရေးကြီး ပုဂ္ဂိုလ်၏သား ဖြစ်လျှင် အခွင့်ရေးများသည်။ သို့ သော်ဘုရား၏ သားကို မူမ ဖြစ်ချင် တတ် ကြ၊ အလေးမထားတတ်ကြချေ။ အမှန်မှာ ဘုရားသား ဖြစ်ခြင်းသည် အကောင်းဆုံးသော အရာ ဖြစ်သည်။
၂ရ။ ခရစ်တော်၌ ဗတ္တိဇံကို ခံသော သူရှိသမျှ တို့သည် ခရစ်တော်ကို ယူတင်၀တ်ဆောင် သောသူ ဖြစ်ကြ၏။
ဗတ္တိဇံသည်များသောအား ဖြင့် ရေနှစ်ခြင်းဟု ချက်ခြင်း ခံယူတတ် ကြသည်။ ဗတ္တိဇံသည် ဂရိတ်စကား ဖြစ်၍၊ အရေထဲမှ ာ ဖြစ်လျှင် နှစ်သည် ဟူ၍၎င်း၊ အဆိုင်အခဲ ထဲမှ ာ ဖြစ်လျှင် မြှုပ်သည် ဟူ၍၎င်း၊ အဓိပ္ပါယ်ရှိသည်။ ခရစ်တော်၌ ဗတ္တိဇံခံခြင်း ဆိုသည်မှာ ဘုရားကလူကို ခရစ်တော် အထဲ၌ ထည့်လိုက်ခြင်း၊ ရေတွက်ခြင်းကို ဆိုလိုသည်။ ယေရှုခရစ်၌ ဗတ္တိဇံခံသော သူသည် ယေရှုခရစ် ကို ယူတင်၀တ်ဆောင်သည်။ မိန်းမသည် ယောက်ျားနှင့် လက်ထပ် သောအခါ၊ ယောက်ျားထဲ၌ ရှိ၍ ယောကျ်ားနှင့် အစစအရာရာ၌ ရေတွက်ခြင်း ခံရသည်။ ထို့ကြောင့် ယောက်ျားအမျိုးထဲ၌ ၀င်၍ သားသမီး များလည်း ဖခင်၏ အမျိုး ဖြစ်သွားသည်။
၂၈။ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျ်ား မရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံး တ၀တည်း ဖြစ်ကြ၏။
ယေရှုခရစ်၌ ရှိသော သူများသည် လူမျိုးမရှိတော့ချေ။ လူမျိုးသည် မဖေျာက် နိုင်သော်လည်း၊ လူမျိုးအနေနှင့် ဘာမျှမလှုပ်ရှားတော့ချေ။ ယေရှု၌ အဆင့်အတန်းခွဲ ခြားခြင်းလည်း မရှိတော့ချေ။ ဆင်းရဲ ချမ်းသာ၊ ပညာရှိပညာမဲ့ဟူ၍ ခွဲခြားခြင်း မရှိတော့ ချေ။ ယေရှုခရစ်၌ ယောက်ျားမရှိ၊ မိန်းမမရှိဟု ဆိုရာတွင် မိန်းမများသည် ယောက်ျား ဖြစ် သွားကြသည် မဟုတ်။ ကျမ်းစာ ခေတ်၌ မိန်းမများကို နှိမ်ကြသည်။ သို့သော် ယေရှုခရစ်၌ ထိုကဲ့သို့ နှိမ်ခြင်း၊ အထင်သေးခြင်းများမရှိတော့ချေ။ အားလုံးသည် သခင်ဘုရား၌ တ လုံးတ၀တည်း ဖြစ်သွား ကြသည်။
၂၉။ ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍၊ ဂတိတော် အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏။
ခရစ်တော်၌ ယုံကြည်သူ သည် အာဗြဟံ၏ အမျိုးအနွယ် ဖြစ်သွားကြပြီ။ အာ ဗြဟံ၏ အမျိုးအနွယ် ဖြစ်ခြင်းသည် အရေးကြီးသည်။ ဆင်းရဲသား လာဇရုသည် အာဗြ ဟံရင်ခွင်၌ ရောက်သွားခဲ့သည် (လု ၁၆:၂၂ )။ အာဗြဟံသည် ကောင်းကင်၌ ရှိသည် (မ ၈:၁၁)။ ထို့ကြောင့် အာဗြဟံအမျိုးအနွယ် ဖြစ်လျှင် ကောင်းကင်၌ ရောက်ရှိသွားမည် ဖြစ်သည်။
.
သာသနာ ပြုသတင်း
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ သာသနာ ပြုလုပ် ငန်းလည်း အောင်မြင် လျက် ရှိသည်။ ယခုအခါ သာသနာ ပြုရာမှစတင်သော အသင်းတော် ၁၀ ပါးရှိလာ ပြီ ဖြစ်သည်။ ထို့အပြင်ယခုလ ၂၄ ရက်နေ့၌၍ Iowa ပြည် နယ် Ottumwa မြို့တွင် အသင်းတော် ဖွင့်မှာ ဖြစ်ပါသည်။ ထို့အပြင် သာသနာ ပြုနေရာသစ်များ ကိုလည်း စတင် နေကြပြီ ဖြစ်ပါသည်။ Texas ပြည် နယ် Fort worth မြိ့တွင် ဆရာရှားအား ဖြင့်၎င်း၊ Texas ပြည် နယ် Dallas မြိ့တွင် ဆရာ၀င်းမောင်အား ဖြင့်၎င်း၊ Nebraska ပြည် နယ် Omaha မြိ့တွင် ဆရာ Abel Om Nan ဖြင့်၎င်း သာသနာ ပြုလုပ် ငန်းစတင်နေ ပါပြီ။ ဆုတောင်းခြင်းအား ဖြင့် ကူညီကြပါစို့။ ဆရာစိုးထွန်းလည်း မြန်မာပြည် မှာဇနီးသည် ထံသွားရင်းသင်တန်းများ လုပ်နေသည်။ ဆုတောင်းခြင်း ဖြင့် ပါ၀င်ကြပါစို့။ သူ၏ အသင်းတော် ကိုလည်း ဆရာထောင်ကွေးလျာက ကြည့်ရှုနေပါသည်။
.
ပျောက်ဆုံး၀ိညာဥ် ဖမ်းနည်းသင်တန်း
ခရစ်တော် ကြွလာချိန်အလွန် နီးသည်နှင့် အမျှ ကယ်တင်ခြင်း အကြောင်း ဟောပြောမည့်သူ များစွာ လိုအပ်သည်။ ထို့ကြောင့် ပျောက်ဆုံး၀ိညာဥ်ဖမ်းနည်း သင် တန်းကို စက်တဘ်ာလအတွင်း ၌ တပတ်သင်တန်းပေးဘို့ ရည်ရွယ်ထားပါသည်။ ကယ် တင်ခြင်းသို့ ရောက်ပြီး သောသူ၊ ပျောက်ဆုံး၀ိညာဥ်များ သနား၍၊ ဟောပြောချင်သော သူတိုင်း တက်ရောက်နိုင်ပါသည်။ စားသောက်စရိတ်နှင့် တည်း ခိုမည့် နေရာ အခမဲ့ ဖြစ်ပါသည်။ ဆရာမောဇက်ထံ ဆက်သွယ်မေးမြန်း နိုင်ပါသည်။ ဖုံးနံပါတ် 240-367-5366
AUGUST 2019
GOOD NEWS PERIODICAL
[wb-pageview page=”gn082019″]