Periodical: Good News July 2022

Home >   Periodicals > July 2022

gn072022

JULY 2022
GOOD NEWS PERIODICAL

     မည်ကဲ့သို့အသင့်ပြင်ဆင်မည်နည်း

GPS မပေါ်ခင်၌ခရီးသွားသောအခါမြေပုံနှင့်လမ်းပေါ်ရှိဆိုင်းဘုတ်များကိုချိန်ကိုက် တတ်မှသာလျှင်လိုရာခရီး သွားနိုင်သည်။ မြေပုံမရှိဘဲခရီးသွား၍မရချေ။ လမ်းပေါ်ရှိ ဆိုင်းဘုတ်များမဖတ်တတ်လျှင်လည်းခရီးသွား၍မရချေ။ ထို့နည်းတူ၊ ဝိညာဉ်ခရီးသွား ရာတွင်၊ မြေပုံနှင့်ဆိုင်းဘုတ်များလိုအပ်သည်။ လမ်းပြမြေပုံသည်ကျမ်းစာအုပ်ဖြစ်၍၊ ဆိုင်းဘုတ်များသည်ကမ္ဘာပေါ်၌ဖြစ်ပျက်သောအရာများဖြစ်သည်။ မြေပုံရှိ၍ဆိုင်းဘုတ်ရှိ သော်လည်း၊ မဖတ်တတ်၊ မယှဉ်တတ်လျှင်ခရီးသွား၍မရသကဲ့သို့၊ ကျမ်းစာအုပ်ရှိသော် လည်းမဖတ်၊ သို့မဟုတ်အဓိပ္ပါယ်မသိလျှင်မြေပုံမဖတ်တတ်သကဲ့သို့ဖြစ်သည်။ လမ်းပေါ်ရှိဆိုင်းဘုတ်များမြင်နေရသော်လည်း၊ မဖတ်တတ်သို့မဟုတ်မြေပုံနှင့်မယှဉ်၊ မကြည့်တတ်လျှင်လည်း၊ ခရီးသွား၍မရသေးချေ။ ထိုသို့မြေပုံမရှိ၊ မကြည့်တတ်၊ ဆိုင်းဘုတ်နှင့်မြေပုံယှဉ်မကြည့်တတ်သူများသည်၊ ကြည့်တတ်သောသူများကိုအားကိုးဘို့လိုသည်။ ထိုနည်းတူကျမ်းစာမဖတ်၊ ဖတ်လျှင်လည်းနားမလည်၊ ကမ္ဘာ့သတင်းများကိုလည်းနားမထောင်၊ နားမလည်သောသူများအတွက်ဤစာကိုရေးပေးရခြင်းဖြစ်ပါသည်။

သုံးကာလ

ကျမ်းစာ၌၊ ကမ္ဘာ့ပြက္ခဒိန်ကိုရေးပြီးသားဖြစ်သည်။ ဘုရားသခင်က၊ အစအဦးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှစ၍ မဖြစ်သေးသောအမူအရာတို့ကို၎င်း၊ ဘော်ပြလျက်ငါ့အကြံတည်လိမ့်မည်။ (ဟေရှာယ ၄၆း၁၀) ဟုဆိုထားသည်။ ထို့ကြောင့်ကမ္ဘာ့ ပြက္ခဒိန်ကိုကျမ်းစာ၌ကြည့်ဘို့လိုသည်။ ဤကမ္ဘာကြီးသည်အစမှအဆုံးအထိသုံး ကာလဖြင့်ခွဲထားသည်။ ထိုအရာတို့မှာ၊ ရေမလွှမ်းမိုးမှီကာလ၊ ယခုနေ့ရက်ကာလနှင့်၊ အနှစ်တစ်ထောင်ကာလတို့ဖြစ်သည်။ ဖန်ဆင်းစမှနောဧခေတ်ရေလွှမ်းမိုးသည်အထိသည် ရေမလွှမ်းမိုးမှီကာလဖြစ်၍၊ လူ့သက်တန်းသည်နှစ်ပေါင်း ၉၀၀ ကျော်ရှိကြသည်။ ထိုကာလသည်ယခုကာလထက်အလွန်ကောင်းသည်။ ရေလွှမ်းမိုးပြီးမှစ၍ခရစ်တော်ဒုတိယအကြိမ်ကြွလာသည်အထိသည် ယခုနေ့ရက်ကာလဖြစ်၍လူ့သက်တန်းသည်၊ အနှစ်ခုနစ် ဆယ်သာရှိသည်သာမက၊ လူမှုဒုက္ခအပေါင်းနှင့်ပြည့်သောကြောင့်အလွန်ဆိုးသည်။ မောရှေက၊ “ အကျွန်ုပ်တို့၏အသက်အရွယ်သည်အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍၊ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည်ပင်ပန်းခြင်းနှင့်ဝမ်းနည်း ခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်းမြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည်စုတေ့ကြပါ၏။” ဟုရေး ထားသည်(ဆာလံ ၉၀း၁၀)။ ထို့ကြောင့်ပေါလုက၊  ”ယခုနေ့ရက်ကာလတို့သည်ဆိုး ယုတ်သောကြောင့်၊ ကာလအချိန်ကိုရွေးနှုတ်ကြလော့။  ထိုကြောင့်သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏အလိုတော်ရှိရာကိုပိုင်းခြား၍၊ သိသောသူဖြစ်ကြလော့။” (ဧဖက် ၅း၁၆-၁ရ) ဟုသတိပေးရခြင်းဖြစ်သည်။

အဘယ်ကြောင့်ယခုနေ့ရက်ကာလတို့သည်ဆိုးယုတ်သည်ဟုဆိုသနည်း။ အကြောင်းမှာလူသက်တန်းသည်အလွန်တိုတောင်းသည်သာမက၊ ပြသနာဒုက္ခပေါင်းစုံ တွေ့ကြုံခံစားရကြသောကြောင့်ဖြစ်သည်။ သို့သော်လူအများစုသည်ထိုအရာကိုမသိကြ ချေ။ ထို့ကြောင့်ဤလောက၌ထာဝရနေမည်ကဲ့သို့အသက်ရှင်ကြသည်။ ဤလောက၌လူ့ သက်တန်းသည်ထာဝရကာလနှင့်နှိုင်းယှဉ်ပါက၊ မျက်စိတမှိတ်လောက်သာလျှင်ရှိသည်။ ဟေရှာယက၊ ”တဖန်ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင်ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟုမေးသော်၊ လူမျိုးရှိသမျှသည်မြက်ပင်ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်းတောအပွင့်ကဲ့သို့ဖြစ်၏။ ၇ ထာဝရဘုရား၏လေတိုက်သောအခါ၊ မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်သည်လည်းကြွေတတ်၏။ အကယ်စင်စစ်လူတို့သည်မြက်ပင်ဖြစ်ကြ၏။ ၈ မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ ထာဝရဘုရား၏နှုတ်ကပတ်တရားမှုကား၊ ကာလအစဉ်အမြဲတည်၏ဟုဆိုသတည်း။”(ဟေရှာယ ၄၀း၆-၈)ဟုရေးထားသည်။

လူ့သက်တန်းသည်မြက်ပင်သက်တန်းလောက်သာလျှင်ရှိသည်။ လူ၏ဘုန်းတည်းဟူသော၊ လှပခြင်း၊ ချမ်းသာခြင်း၊ အာဏာရှိခြင်း၊ နာမည်ကျော်ကြားခြင်း၊ ပညာထိုးချွန်ခြင်းတို့သည်ပန်းပွ့င်ကဲ့သို့ခဏသာလျှင်တည်သည်။ သို့သော်လူသည်ထိုအရာများကိုသာလိုက်စား၊ ခံစားချင်နေကြသည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား၊ ကာလအစဉ်တည်မြဲသည်။ သို့သော်အလွန်ဝမ်းနည်းဘွယ်ကောင်းသောအချက်မှာ၊ လူအများစုသည်၊ သခင်ဘုရား၏အလိုတော်ကိုမရှာဘဲ၊ မိမိစိတ်တိုင်းကျအသက်ရှင်နေကြသည်။

နောက်ဆုံးသောကာလ

လမ်းပြမြေပုံဖြစ်သောကျမ်းစာကိုကြည့်သောအခါ၊ ယခုအချိန်သည်နောက်ဆုံး သောအချိန်ဖြစ်ကြောင်းသိရှိနိုင်သည်။ ခရစ်တော်ကိုတပည့်တော်များက၊ သူလာမည့် အချက်များနှင့်ပတ်သက်၍၊ နိမိတ်လက္ခဏာများကိုမေးသောအခါ၊ ခရစ်တော်က၊ ဤသို့ ပြောခဲ့သည်၊ ”သင်တို့သည်စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သောသိတင်းစကားကို၎င်း၊ ကြားရကြလိမ့်မည်။ သို့သော်လည်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည်ဖြစ်ရမည်။ သို့သော်လည်းအဆုံးသည်မဖြစ် သေး။ ၇ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ၊ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်။ ၈ ထိုအမှုအရာတို့သည်ဒုက္ခဆင်းရဲခြင်း၏အစအဦး (ခလေးမွေးနာ) ဖြစ်သတည်း။” (မဿဲ ၂၄း၆-၈)

ရှင်ပေါလုကလည်း၊  ”၁ နောင်ကာလသည်ခဲယဉ်း သော ကာ လဖြစ်မည်ဟုသိမှတ်လော့။ အဘယ်သို့နည်းဟူမူ ကား၊ ၂ လူတို့သည်ကိုယ်ကို ကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူး မရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ၃ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေ ကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ ၄ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည် ထက်ကာမဂုဏ်ခံစားခြင်း ကိုသာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင် ဆောင် ၍၊ ၅ မွေ့လျော်ခြင်းတန်ခိုးကိုငြင်း ပယ်သောသူဖြစ် ကြလိမ့်မည်။ ” (၂ တိ ၃း၁-၅)ဟုဆိုထားပါသည်။

ယခုအချိန်သည်ကျမ်းစာ၌ရေးထားသကဲ့သို့ခဲယဉ်းသောကာလထဲသို့ချဉ်းကပ်လာပြီဖြစ်သည်။ ကျမ်းစာထဲ၌ရေး ထားသမျှပြည့်စုံနေပြီဖြစ်သည်။ ငွေတပ်မက်ခြင်းသည် ခေတ် အ ဆက်ဆက်လူတိုင်း၌ဖြစ်သော်လည်းယခုအချိန် တွင်ပို၍များလာသည်။ ယခင်ခေတ် များ၌သန်းကြွယ်သူဌေးဟူ၍သာသိခဲ့ရသော်လည်း၊ ယခုအခါကုဋေကြွယ် သူ ဌေးအလွန်များနေပြီဖြစ်သည်။ (မြန်မာကုဋေသည်ဆယ်သန်းသာဖြစ်သော်လည်း၊ အင်္ဂလိပ်ကုဋေသည်သန်းတစ် ထောင်ဖြစ်သည်) လူများသည်ငွေတပ်မက်သော ကြောင့် ဘုရားစွန့်၊ မိသားစုကွဲ၊ အသက်ပေးသည်အထိချမ်းသာဘို့ ရှာဖွေနေကြသည်။ အမေရိကန် ရောက် မြန်မာ ပြည် သားများလည်းကိုယ်ပိုင်စီးပွားရေးရှာဖွေ လုပ်ကိုင်နေ ကြသည်။ အမှန်မှာလောက ချမ်းသာခြင်းသည်ခဏသာဖြစ်သည်သာမက၊ ယခုအခါ ကမ္ဘာ့စီးပွါးရေးသည်အလွန်ကျဆင်းလာပြီဖြစ်သည်။ သို့သော်ဝိညာဉ်မျက်စိကန်းသော အခါထိုအရာများကိုသာလျှင်ကြိုးစားရှာဖွေနေကြသည်။ အလွန်ဝမ်းနည်းဖွယ်ရာဖြစ် သည်။

ကမ္ဘာ့လူဦးရေလျှော့ချဘို့

ယခုအခါကမ္ဘာ့လူဦးရေသည်သန်းပေါင်းရှစ်ထောင်(ရှစ်ဘီလီယံ) နားကပ်နေပြီ။ လက်ဝဲအုပ်စုများအမြင်တွင် ကမ္ဘာ့လူဦးရေသည်အလွန်များနေသည်။ ဤကမ္ဘာမြေသည် လူဦးရေသန်းငါးရာလောက်သာနေဘို့သင့်တော်သည်ဟု မြင်ကြသည်။ ထို့ကြောင့်ကမ္ဘာ့ လူဦးရေ လျှော့ချဘို့အတွက်၊ ကိုဗစ်ရောဂါကိုဖန်တီးလွှတ်ကြသည်။ ထိုရောဂါအား ဖြင့် လူ များစွာသေကြဘို့ဖြစ်သည်။ ထိုရောဂါကာကွယ်ဆေးများထုတ်ရာတွင်၊ နောက်ထပ် လူ များစွာသေဘို့ကြံရွယ်၍ ကာကွယ်ဆေးများကိုအတင်းထိုးခိုင်းသည်။ လူအများစု သည် ကာကွယ်ဆေး၏အန္တရာယ်ကိုမသိသောကြောင့်ကာကွယ်ဆေးများကိုအ လုအ ယက် ထိုးကြသည်။ ကာကွယ်ဆေးထိုးကြသောကြောင့်ကျန်းမာသန်စွမ်းသောသူများ ကောက်ကာငင်ကာသေဆုံးသွားခဲ့ကြပြီ။ ထိုအရာကိုသတင်းမီဒီယာများကမ ဖေါ်ပြ သော ကြောင့်လူအများစုကနားမလည်ကြချေ။ ထိုကာကွယ်ဆေးမထိုး ချင်သောသူ များကို အလုပ် ထုတ်ခြင်း၊ အမျိုးမျိုးသောခွဲခြားခြင်းများပြုလုပ်ကြသည်။ ကာကွယ် ဆေးမထိုး ချင်သောသူများလည်း အလုပ်မှထွက်သွားကြ သည်။ ထိုသို့အလုပ်သမားများ အလုပ်မှ ထုတ်ခြင်း၊ အလုပ်သမားများကိုယ်တိုင်ကအလုပ်မှထွက်ခြင်းကြောင့် အလုပ် သမား မလုံ လောက်မှုရှိလာသည်။ ထိုအခါကုန်ထုတ် လုပ်မှုကျဆင်းခြင်း၊ ကုန်စည်ဖြန့် ဖြိုး မှုနှောင့် နှေး ခြင်းများဖြစ်လာသည်။ ထိုအ ခါအလုပ်ရုံများ၌အလုပ်သမားများ ထပ်မံ ၍လျှော့ ချလာသည်၊ အလုပ်ချိန်များကိုလည်းလျှော့ချလာသည်။ အမေရိကန် မှာအစိုးရ ကလည်း၊ လူထုကိုအ ထောက်အပံ့ပေးမှုများလွန်းသည်။ ထောက်ပံ့ကျေးဖြတ်မှာ စိုး သောကြောင့် အလုပ်မလုပ်လို၊ လျှော့ချကြသည်။ ထို့ အပြင်ဒေါ်လာငွေစက္ကူကိုလည်း အသား ကုန် လှိမ့် ထုတ်သောကြောင့် ငွေကျေး တန်ဘိုးလျော့လာ သည်။ ဒေါ်လာ တန်ဘိုး ကျသောကြောင့်ကုန်စျေးနှုန်းများလည်းသုံးဆလောက်တက်နေပြီ။ အလုပ်ရုံစက်ရုံများလည်းအ လုပ်သမားများလျှော့လာကြသည်။ အလုပ်လက်မဲ့များ ပို၍ပို၍ များလာကြလိမ့်မည်။ အိမ်စျေးများလည်းအဆမတန်တက် ၍၊ ဘဏ်အတိုးနှုန်း များလည်းတက်လာသည်။ ယခုအခါအိမ်ဝယ်ဘို့မကောင်းတော့ချေ။ ထိုမျှသာမကအ လုပ် လက်မဲ့ဖြစ် လာလျှင်မည်ကဲ့သို့အိမ်ဘိုးများပေးနိုင်မည်နည်း။ Food Bank ဟုခေါ် သော အစားအစာထောက်ပံ့သောနေရာများ၌တန်းစီ သူများ၊ တနေ့တခြားများလာကြပြီ။ လက်ဝဲအုပ်စုများအုပ်ချုပ်သောမြို့ကြီးများ၌လုယက်မှု၊ ဖေါက်ထွင်းမှု၊ လူသတ်မှုများ အလွန်များပြားလာသည်။ သေနတ်ပစ်မှုများလည်းနေရာတိုင်း၌ဖြစ်ပွားနေသောကြောင့်၊ စာသင်ကျောင်းများ၊ ဘုရားကျောင်းများ၊ ဆိုင်များ၊ ရပ်ကွက်များ၊ မည်သည့်နေရာ၌ မဆို၊ မလုံခြုံတော့ချေ။

ရာသီဥတုလည်းအလွန်ဖေါက်ပြန်သောကြောင့်သီးနှံထုတ်လုပ်မှုကျဆင်းနေသည်။ အလွန်ခြောက်သွေ့ခြင်း၊ မိုးများလွန်းခြင်း၊ အပူလှိုင်းများရိုက်ခတ်ခြင်းများ ကြောင့် ပြသနာ များစွာရှိသည်။ ရုရှားယူကရိန်းစစ်ကြောင့်ဓါတ်မြေဩဇာထုတ် လုပ်မှုကျ ဆင်း ခြင်း၊ သီးနှံတင်ပို့ရောင်းချမှုပိတ်စို့ခြင်းများကြောင့်အချို့နိုင်ငံများ၌အစာငတ်မွတ်ခေါင်း ပါးလာသည်။ တိရစ္ဆာန်များကိုလည်းသတ်ဖြတ်ခြင်းအလွန်များသောကြောင့် အသား စျေး များ၊ အဆမတန်တက်လာသည်။ ကုန်လှောင်ရုံ များမီလောင်မှုများကြောင့်ကုန် စည်များ ပျက်ဆီးခြင်းများပြားသည်။ ဓါတ်ဆီ၊ ဒီရယ်ဆီစျေးနှုန်းအဆမတန်တက်သော ကြောင့်ကုန်စျေးနှုန်းများအလွန်ထိုးတက်သွားသည်။ ထိုအခါစားသုံးသူများ ထိခိုက်လာ သည်။

လူမှုအကျင့်ပျက်ခြင်း

လိင်တူဆက်ဆံခြင်းများလည်းအရှိန်အဟုတ်ဖြင့်တိုးတက်နေသည်။ နောဧခေတ်၌ ရေလွှမ်းမိုးခြင်းဖြင့်၊ ဘုရားသခင်ကကမ္ဘာကိုဆေးကြောခဲ့သည် (က ၆)။ သောဒုံနှင့် ကောမောရမြို့နှင့်ပတ်ဝန်းကျင်မြို့များလည်းလိင်တူဆက်ဆံခြင်းအပြစ်များကြောင့်မီး ဖြင့်ဖျက်ဆီးခဲ့ရသည် (က ၁၉)။ ယခုအခါမတရားသောမေထုန်ပြုခြင်းများသည်နည်းမျိုး စုံဖြင့်ကျူးလွန်နေကြသည်။ ယခုအခါယောက်ျားများကလည်းမိန်းမဖြစ်ချင်၊ မိန်းမများ ကလည်းယောက်ျားဖြစ်ချင်ကြသောကြောင့်ခွဲစိတ်မှုများပြုလုပ်ရာမှပြသနာများရင်ဆိုင် ကြသည်။

ဘုရားအမျက်ဒေါသထွက်နေသည်ဟုရှင်ပေါလုကဤသို့ရေးထားသည်၊  ”သမ္မာ တရားကိုအဓမ္မဖြင့်ဆီးတားနှိပ်စက်သောသူတို့ပြုတတ်သောဘုရားမဲ့နေခြင်းအမှု၊ တရား ကိုလွန်ကျူးခြင်းအမှုအ မျိုးမျိုးတို့တဘက်၌၊ ဘုရားသခင်၏အမျက်တော်သည်ကောင်း ကင် မှထင် ရှားလျက်ရှိ၏။ ၁၉ အဘယ်ကြောင့်နည်းဟူမူ ကား၊ သိအပ်သောဘုရားသခင် ၏အကြောင်းအရာတို့သည်၊ သူတို့တွင်ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည်သူတို့အား ပြ တော်မူ ပြီ။ ၂၀ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှု သဖြင့်၊ ထာဝရတန်ခိုးတော်နှင့်ထာဝရအဖြစ် တော်တည်းဟူသောမျက်မြင်မရသော ဘုရား သခင်၏အရာတို့သည်၊ ကမ္ဘာတည်သည်ကာလမှစ၍ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည်ကိုယ်အပြစ်ကိုမဖုန်းနိုင်ရာ။ ၂၁ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုသိလျက်ပင်၊ ဘုရား သခင်ကိုချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူး တော်ကိုလည်းမသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးမိုက်မဲ ခြင်း သို့ ရောက်ကြ၏။ ၂၂ ပညာရှိယောင်ဆောင်လျက်နှင့်လူမိုက်အရာ၌တည်ကြသည် ဖြစ် ၍၊ ၂၃ မဖောက်ပြန်မပျက်ဆီးနိုင်သောဘုရားသခင်၏ဂုဏ်တော်ကိုပယ်လျက်၊ ဖောက် ပြန် ပျက်စီးတတ်သောလူ၏ရုပ်တု၊ သားငှက်အစရှိသောတွားတတ်သောတိရစ္ဆာန် ၏ ရုပ်တုတို့ကို၊ ဘုရားသခင်အရာ၌ချီးမြှောက်ကြ၏။၂၄ ထိုကြောင့်သူတို့သည်၊ မိမိတို့ ကိုယ်ကာယ၏အသရေကိုအချင်းချင်း ရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည်သူတို့ကို သူတို့၏ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့အပ်လိုက်တော်မူ၏။ ၂၅ သူတို့သည်မှန်သောဘုရားသခင့်အရာ၌အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သောသခင်ကိုပယ်၍၊ ဖန် ဆင်း အပ်သောအရာကိုဝတ်ပြုကိုးကွယ်သောသူဖြစ်ကြ၏။ ထိုသခင်သည် ထာဝရ မင်္ဂလာ ရှိတော် မူ၏၊ အာမင်။ ၂၆ ထိုသို့ပြုကြသောကြောင့်ဘုရားသခင်သည်သူတို့ကို၊ ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူ ကား၊ မိန်းမတို့သည်ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့်ဆန့်ကျင်ဘက်ထုံးစံကို လိုက်ကြ ၏။ ၂၇ ထိုအတူ၊ ယောက်ျားတို့သည်လည်းမိန်းမနှင့်ဆက်ဆံခြင်းပကတိထုံးစံကိုစွန့်၍၊ အချင်းချင်းကိလေသာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျား ခြင်းပြုလျက်၊ မိမိတို့မှားယွင်းခြင်းနှင့်အလျောက်မိမိတို့အပြစ်ဒဏ်ကိုခံရ ကြ၏။ ၂၈ ထို သူတို့သည်ဘုရားသခင်ကိုမသိမမှတ်လိုသည်ဖြစ်၍၊ လျောက်ပတ်သောအမှုကိုပြု စေ မည်အကြောင်း၊ ဘုရားသခင်သည်သူတို့ကိုမောဟ(အကျင့်ပျက်ခြင်း)လက်သို့အပ်လိုက် တော်မူ သည်နှင့်အညီ၊ ၂၉ သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသောမေ ထုန် ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက် ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကိုမြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသော သူ၊ ချောစားသောသူ၊ ၃၀ ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်း သော သူ၊ မာနထောင်လွှားသောသူ၊ ဝါကြွားသောသူ၊ မတတ်ကောင်းသောအ တတ်ကိုစီရင် သော သူ၊ မိဘစကားကိုနားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊ ၃၁  မိဘသားမယား စသည်တို့ကိုမချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာ စိတ်မရှိသောသူဖြစ်ကြ၏။ ၃၂ ထိုသို့ကျင့်သောသူတို့သည်သေပြစ်ကိုခံ ထိုက်သည်ဟု၊ ဘုရားသခင်စီရင်တော်မူကြောင်းကိုထိုသူတို့သည်သိလျက်ပင်၊ ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ကျင့်သောသူတို့၌အားရဝမ်းမြောက်ကြ၏။” (ရောမ ၁း၁၈-၃၂)

ယုဒပြည်အာခတ်မင်းလက်ထက်ကဲ့သို့

ကမ္ဘာ့လူမှုပြသနာများသည်အလွန်များပြားသည်။ ထိုအရာများသည်လောက ကိုမချစ်ဘို့၊ လောက၌အုပ်မြစ်ချခြင်း၊ စိတ်စွဲလန်းခြင်းမရှိဘို့ညွှန်ပြနေသည်။ သို့သော် လူအများစုသည်ကိုယ်တိုင်ပြသနာမကြုံမချင်း၊ သင်ခန်းစာမရနိုင်ကြပါ။ လုံး၀မရုန်း ကန်နိုင် မှသာလျှင်လက်မှိုင်ချပြီးဘာမျှမလုပ်တတ်ဘဲဘ၀ကိုအရှုံးပေးကြသည်။

ယနေ့ကမ္ဘာ့အခြေအနေသည်ယုဒပြည်ကိုအာခတ်မင်းအုပ်ချုပ်ချိန်နှင့်တူသည် (၂ ရာဇဝင်ချုပ် ၂၈ ဖတ်ပါ)။ အာခတ် မင်းသည်ဘုရားသခင်ကိုစွန့်သောကြောင့် တိုင်းပြည် ကို မအုပ်ချုပ်နိုင်ချေ။ အိမ်နီးချင်းနိုင်ငံများကတိုက်တိုင်းစစ်ရှုံးရသည်။ တိုင်းပြည်ကိုမ ကာ ကွယ်နိုင်သောကြောင့်သေကျေပျက်ဆီးခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ အနိုင် ကျင့် ခြင်းများတခုပြီး တခုရင်ဆိုင်ရသည်။ သို့သော်အာခတ်မင်းသည်ထာ၀ရဘုရား ကိုအားမကိုး၊ အခြားသောဘုရားများကိုသာတိုး၍ကိုးကွယ် အားကိုးသည်။ သေသည့် အထိသင်ခန်းစာမရ၊ မည်သူကမျှမနှမြောဘဲဆုံးသွားခဲ့ရသည်။

ဟေဇကိမင်းကဲ့သို့

သားတော်ဟေဇကိမင်း သည်ငယ် ရွယ်သော်လည်း၊ ပြသနာအရင်းအမြစ်ကိုသိ သည်။ ယုဒပြည်ဒုက္ခရောက်ခြင်း သည်၊ ထာ၀ရဘုရားကိုစွန့်ခြင်းကြောင့်ဖြစ် သည်ကိုသိ သော်ကြောင့်၊ ဘုရားထံအစွမ်း ကုန်အားကိုးခိုလှုံသည်။ ရုပ်တုဆင်းတုများကိုဖျက်ဆီး ၍တိုင်းပြည်နှင့်လူများကိုသန့်ရှင်း ရေးပြုလုပ်သည်။ ထာ၀ရဘုရားကိုစိတ်နှလုံး အကြွင်း မဲ့ခိုလှုံသောကြောင့်ရန်သူများ ကို အောင်နိုင်၍၊ ရွှေငွေဥစ္စာ များလည်းရရှိလာသည်။ ယနေ့ယုံကြည်သူများသည်ဟေဇကိမင်းကဲ့သို့ထာ၀ရဘုရားထံချဉ်းကပ်ခိုလှုံမည့်အချိန်ဖြစ်သည်။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာသင်တန်းတက်ခြင်း၊ ဧဝံဂေလိ ဟောပြောခြင်း၊ ယုံကြည်သူများနှင့်မိသဟာယ ဖွဲ့ခြင်း၊ မကောင်းသောမူးယစ်ဆေးဝါး များကိုဖြတ်ခြင်း၊ သန့်ရှင်းသောအသက်တာ၊ ဘုရားနှစ်သက်သောအသက်တာဖြင့် အသက်ရှင်ရမည့်အချိန်ဖြစ်သည်။ ဘုရားဝတ်၌မွေ့လျော်ရမည့်အချိန်ဖြစ်သည်။ နိုင်ငံ ရေး၊ စစ်ရေး၊ လူမျိုးရေး၊ စီပွားရေး၊ ပညာရေး၊ ဝါသနာများလိုက်စားရမည့် အချိန် မဟုတ်တော့ချေ။

၁၁ သို့ဖြစ်၍၊ဤအရာအလုံးစုံတို့သည်ကုန်စင်မည်မှန်သောကြောင့်၊ ၁၂ မိုဃ်းကောင်း ကင်သည်မီး နှင့်ပျက်၍၊ လော ကဓာတ်တို့သည်ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရ သော နေ့တည်းဟူသော၊ ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟုသင်တို့ သည်မြော်လင့် တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။(၂ ပေ ၃း၁၁-၁၂)

၁၁ ထိုမှတပါး၊ ငါတို့ကိုကယ်တင်သောကျေးဇူးတော်သည်၊ ငါတို့ယုံကြည်သောနေ့ရက်၌ နီးသည်ထက်၊ ယခုသာ၍နီးသောကြောင့်၎င်း၊ ၁၂ ညဉ့်အချိန်ကုန်လု၍နေ့အချိန်ရောက်လု သောကြောင့်၎င်း၊ ယခုအခါအိပ်ပျော်ရာမှနိုးရသောအချိန်ရောက်ခဲ့ပြီဟု၊ ငါတို့သည်သိ ၍ကာလအချိန်ကိုထောက်လျက်၊ မှောင်မိုက်၏အကျင့်ကိုပယ်ရှား၍၊ အလင်း၏လက် နက်စုံ ကိုဝတ်ဆင်ဆောင် ရွက်ကြကုန်အံ့။ ၁၃ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန် တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအ မှုတို့ကိုကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့တင့်တယ်လျောက်ပတ်စွာ၊ ကျင့်ဆောင်ပြုမူကြ ကုန်အံ့။၁၄ သခင်ယေရှုခရစ်ကိုယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ် မက်ခြင်း အလို့ငှါမကြံစည်ကြနှင့်။(ရောမ ၁၃း၁၁-၁၄)

သာသနာပြုဌါနမှအမှုတော်ဆောင်သင်တန်း

             အမေရိကန်ပြည်ထောင်စုသတင်းကောင်းနှစ်ခြင်းအသင်းတော်မှသာသနာပြုအ မှုတော်ဆောင်မွမ်းမန်သင်တန်းကို ဇူလိုင်လ ၄-၈ ရက်နေ့များတွင်၊ Kentucky  ပြည်နယ် Bowling Green မြို့ သတင်းကောင်းနှစ်ခြင်းအသင်းတော်၌အောင်မြင်စွာပြုလုပ်နိုင်ပါသည်။ ထိုသင်တန်း၌သုံးတန်းဖြင့်သင်ကြားကြ၍၊ ဆရာမောဇက်ကအမှုတော်တော် ဆောင်များကိုမြို့နယ်စာကြည့်တိုက်၌ မေတ္တာဓါတ်ဆီ ခေါင်းစဉ်ဖြင့်သင်ကြားပေးပါသည်။ အမှုတော်ဆောင်ကတော်များနှင့်ပျောက်ဆုံးဝိညာဉ်များဖမ်းချင်သူများကို ဆရာ

No description available.

                       အမှုတော်ဆောင်သင်တန်းတက်ရောက်သူများ