Periodical: Good News July 2021

Home >   Periodicals > July 2021

gn072021

JULY 2021
GOOD NEWS PERIODICAL

.

မာတိကာ

.

^

ခရစ်တော် ကြွလာခါနီးပြီ

ယခုအခါ ခရစ်တော် ကြွလာခါနီးပြီ။ ဘေးဒဏ်ကြီးကာလ နှုတ်ခမ်း၌ ရောက်နေပြီ။ ထို့ကြောင့် အားလုံး အဆင် သင့်ရှိဘို့ရန် သတိပေးနိုးဆော်လိုပါသည်။ ခရစ်တော် ကသူကြွလာခါနီးသောအခါ၊ ဖြစ်ပြတ်မည့် နိမိတ်လက္ခဏာ များစွာ ပြောပြသော်လည်း၊ မဿဲ ခရစ်ဝင် ၂၄:ရ- ၈၌ ဖေါ်ပြသော အရာများကိုသာ ဖေါ်ပြလိုပါသည်၊ ခရစ်တော်က၊ “လူတမျိုးနှင့် တမျိုး တနိုင်ငံနှင့် တနိုင်ငံ ရန် ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာ ခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီး လှုပ်ခြင်း တို့သည် ဖြစ်ကြ လိမ့်မည်။ ၈ ထိုအမှု အရာတို့သည် ဒုက္ခ ဆင်းရဲခြင်း၏ အစအဦး ( ခလေး မွေးနာ) ဖြစ်သတည်း။” ဟုဆိုခဲ့သည် (မ ၂၄:ရ- ၈)။ ထိုအချက်များကို တခုပြီးတခု အောက်၌ ဖေါ်ပြထားပါသည်။

လူတမျိုးနှင့် တမျိုးတနိုင်ငံနှင့် တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်
ယခုအခါ အမေရိကန် ပြည် ထောင်စု၌ လူမဲလူဖြူ ပြသနာသည် အလွန် ကြီးထွားနေသည်။ အမေရိကန်ကို ရုရှားနှင့် တရုတ် ကတိုက်ခိုက်ဘို့ ကြံရွယ်နေသည်။ အစ္စရေးနိုင်ငံကို အီရန်နှင့် တူရကီကတိုက်ခိုက်ဘို့ ကြံစည် နေကြသည်။ မြန်မာနိုင်ငံလည်း ပြည်တွင်း စစ်စတင် ဖြစ်နေပြီ။ တိုင်းနိုင်ငံတိုင်း စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်စုဆောင်း နေကြသည်။ ထိုအရာများသည် ဘေးဒဏ်ကြီး ကာလနှင့် အလွန် နီးကြောင်း ဖေါ်ပြသော နိမိတ်လက္ခဏာများ ဖြစ်သည်။ ဤလောက ကြီးသည် ငြိမ်သက်မှု မရှိတော့ပါ။

အရပ်ရပ်တို့၌ အစာ ခေါင်းပါးခြင်း၊
ယခုအခါ ကမ္ဘာတဝှမ်းစားနပ်ရိက္ခာမလုံမလောက် ဖြစ်နေသည်။ တရုတ်ပြည်၌လည်း မနှစ်ကမိုးရာသီတွင် အလွန် မိုးများ သောကြောင့် စားနပ်ရိက္ခာ ခက်ခဲနေသည်။ အမေရိကန်ပြည် ထောင်စုလည်း ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်နေသည်။ အမေရိ ကန်အနောက်ဘက်ပြည်နယ်များ၌ မိုးခေါင်လွန်းသောကြောင့် စိုက်ပျိုးရေးမလုပ်နိုင်ကြချေ။ မြန်မာပြည်တွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မိုးရာသီအတွင်း စိုက်ပျိုးရေးမလုပ်နိုင်ကြ သောကြောင့် ရိပ်သိမ်းစရာ ရှိမည် မဟုတ်။ စစ်ဘေးရှောင် နေကြသောကြောင့်၎င်း၊ ရောဂါကူးဆက်မှုကြောင့်၎င်း၊ အလွန် ငတ်ပြတ် နေကြပြီ။ ထိုအရာများကို သိပြီး၊ ဘုရားသခင်ထံသို့ စိတ်နှလုံးအကြွင်းမဲ့ချဉ်းကပ် ချိန်တန်နေပြီ။

ကာလနာများပြားခြင်း
တကမ္ဘာလုံး၌ တရုတ်ပြည်က ပြုလုပ်သော ကူဗစ် ရောဂါကြောင့်လူ များစွာ သေ နေကြပြီ။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ သတင်း အရတကမ္ဘာလုံး၌ ရောဂါကူးစက်ခံရသူ သန်းပေါင်း၁၈၆ ကျော်ရှိ၍၊ သေဆုံးသူပေါင်း၄ သန်းကျော်ရှိပြီ။ ထိုစာရင်းသည် မမှန်ပါ။ အကြောင်းမှာ အာဏာရှင်နိုင်ငံများ ဖြစ်သော၊ တရုတ်၊ မြောက်ကိုးရီးယား၊ အီရန်များ၌ စာရင်းမှန် မသိရပါ။ အမေရိကန်ပြည် ထောင်စုတွင် ဗိုင်းရပ်ကြောင့်သေဆုံးလျှင်၊ အစိုးရမှဆေးရုံများကို ထောက်ပံ့ကျေးပေးသောကြောင့်၊ ဆေးရုံများက အခြားရောဂါများကြောင့် သေလျှင် လည်း၊ ခရိုနာဗိုင်းရပ်ကြောင့်ဟု စာရင်းပြသောကြောင့်၊ စာရင်းဖေါင်းပွနေခြင်း ဖြစ်သည်။

ကာကွယ်ဆေးများ ထုတ်လုပ်ကြသော်လည်း စိတ်မချရချေ။ ကာကွယ်ဆေးထိုးခြင်းကြောင့် ဥရောပနိုင်ငံများ၌ လူ၁၅၀၀၀ထက် မနည်းသေ ကြသည်။ အမေရိ ကန်ပြည် ထောင်စု၌ လူ၃၅၀၀ ကျော်သေဆုံးကြပြီ။ ထို့ကြောင့် ကာကွယ်ဆေးထိုးခြင်းဖြင့် စိတ် ချ၍ မရချေ။ ဤ ရောဂါကို နိုင်ငံရေးကစားခြင်း၊ ဆေးဝါးထုတ်လုပ်သော ကုမ္ပဏီများ ကအမြတ်အစွန်းရလိုခြင်း၊ ကမ္ဘာ့ လူဦးရေလျှော့ ချလိုခြင်းများကြောင့် သတင်း မှန်များ မသိနိုင်ချေ။

ကိုယ်ကိုယ်ကို စစ်ဆေးပါ
“သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလော ဟု ကိုယ်ကိုကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ် စုံ စမ်းကြလော့။” (၂ ကော ၁၃:၅) ယခုအချိန်သည် ကျေးဇူးတော် ကာလ၊ အသင်းတော် ကာလ၏ နောက်ဆုံးပိုင်း ဖြစ်နေပါပြီ။ ထို့ကြောင့် လူတိုင်း အမည်ခံ ခရစ်ယာန် ဘဝနှင့် မကျေနပ်ဘဲ၊ ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလော ဟူသောအရာကို မိမိကိုယ်ကို စစ်ဆေးမည့်အချိန် ရောက်နေပါပြီ။ အချိန်မရွေးရောဂါအားဖြင့်၊ စစ်အားဖြင့်၊ အစာ ငတ်မွတ်ခြင်းအားဖြင့် သေဆုံးနိုင်ပါသည်။ ထို့ကြောင့် ကိုယ့်ကိုကိုယ်စစ်ဆေးဘို့ လိုအပ်သည်။ ကိုယ်ကိုကိုယ် စစ်ဆေးပြီးသည် နောက်၊ ခင်ပွန်း သားသမီးများ၊ မိဘ ညီအစ်ကို မောင်နှမများကိုလည်း စစ်ဆေးဘို့ လိုပါသည်။ အကြောင်းမှာ သေသွားပြီးသည် နောက်ငရဲရောက်သွားလျှင် ပြန်လမ်းမရှိတော့ပါ။ ထို့အပြင်၊ မိတ်ဆွေ သူငယ်ချင်းများ၊ လုပ်ဘော်ကိုင်ဖက်များ၊ ကိုယ်နှင့် စပ်ဆိုင်သောသူတိုင်း၏ ယုံကြည်ခြင်း ကိုလည်း စစ်ဆေး၍ ကယ်တင်ခြင်း အကြောင်းကို ပြောပြသင့်ပါသည်။

လောက မချစ်နှင့်
“လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ ၁၆လောက၌ ရှိသမျှသောအရာ တည်းဟူသောကိုယ်ကာယတပ် မက်ခြင်း၊ မျက်စိတပ် မက်ခြင်း၊ လောကီ စည်းစိမ်၌ ဝါကြွားခြင်း တို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ ၁၇လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီကျင့်သောသူမူကား၊ နိစ္စထာဝရ တည်၏။” (၁ ယော ၂:၁၅-၁ရ)။ ယခုအချိန်တွင် ဤလောက၌ အမြစ်တွယ်ပြီး အခိုင်အမာအုတ်မြစ်ချချိန် မဟုတ်တော့ကြောင်း လူတိုင်း သိသင့်နေပြီ။ မည်မျှပင်ချမ်းသာသော်လည်း၊ ပညာတတ်၍ ဘွဲ့ ထူး ဂုဏ်ထူးများ ရရှိသော်လည်း၊ မည်မျှပင်ကျော်ကြားသော်လည်း၊ အရသာခံ၍ မရတော့သည့်အချိန် ရောက်နေပါပြီ။ ဘုရားကို မချစ်၊ ကောင်းကင်ကို မစွဲလမ်းခြင်းသည်၊ ဤလောကကို စွဲလမ်းတပ်မက်သောကြောင့် ဖြစ်သည်။ ဤလောကနှင့် သင်ကိုယ်တိုင်သည် မတည်မြဲပါ။ အခိုးအငွေ့ကဲ့သို့ ခဏသာထင်ရှားပြီး ပျောက်ကွယ်သွားတော့ မည့် အရာများကို မချစ်မစွဲလမ်းသင့်တော့ပါ။ ထိုအရာထက်၊ နိုင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်းကို ရှာဘို့ (မ ၆:၃၃) ခရစ်တော် ကအ ကြံပေးထားပါသည်။ ယခု မြန်မာပြည် သို့လည်း ငွေပို့ဘို့ မလွယ်တော့ပါ။ ပို့နိုင်လျှင်လည်း ဝယ်စရာ ပစ္စည်းများ မရောင်းကြတော့ပါ။ ထို့ကြောင့် ကောင်းကင် ဘက်ဦးမော့ပြီး၊ ကောင်းကင် တက်မည့် နည်းကို ရှာဖွေ သင့်နေပါပြီ။

ဘေးဒဏ်ကြီးကာလ ရောက်တော့မည်
“အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ၂၂ ထိုကာလ တာ ရှည်လျှင် အဘယ် သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဘို့ အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။” (မ ၂၄:၂၁-၂၂)ဟု သခင်ယေရှု ကကြိုပြောခဲ့ပါသည်။ ထိုအရာကို ဘေးဒဏ်ကြီး ကာလဟု လူသိများပါသည်။ ဘေးဒဏ်ကြီး ကာလသည် လုံးဝ မဝေးတော့ပါ။ ယခုပင်လျှင် ဘေးဒဏ်ကြီး ကာလ၏ အစပိုင်းရောက်နေပါပြီ။ ဤလော ကသည် ဘုရားကိုယ်တိုင်ဖန်ဆင်း၍ သူကိုယ်တိုင်အုပ်ချုပ်စီမံနေပါသည်။ ထို့ကြောင့် သူ့အစီအစဉ်တိုင်း သွားနေသောကြောင့် သူ သတိပေး သကဲ့သို့ ယုံကြည် လက်ခံပြီး၊ ထိုဘေးဒဏ်ကြီး မှလွတ်လမ်းကို ရှာသင့်ပါသည်။ ဘေးဒဏ်ကြီးမှ တခုတည်းသော လွတ် လမ်းသည်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ယုံကြည် လက်ခံ၍၊ ချီဆောင်ခြင်း၌ ပါဝင်ဘို့ ဖြစ်သည်။

ချီဆောင်ခြင်း
“သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည် မဟုတ်။ ၁၆ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်း သက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ၁၇ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ၊ ထို သူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” (၁ သက် ၄:၁၅-၁ရ)

ချီဆောင်ခြင်းနှင့် ပတ်သက်၍ ရှင်ပေါလုကအထက်ပါ ကဲ့သို့ ရေးသား ခဲ့သည်။ သခင်ဘုရားကြွ လာသောအခါ ခရစ်တော်ကို ယုံကြည် လက်ခံ၍ သေလွန်သော သူတို့သည် ဘုန်းရှိသော ကိုယ်ခန္ဓာနှင့် ရှင်ပြန်ထမြောက်၍ အသက်ရှင်လျက် ရှိသော သူတို့သည် မသေတော့ဘဲ ကိုယ်ခန္ဓာပြောင်းလဲကာ ကောင်းကင်သို့ တက်သွားကြမည်။ ထိုအ ချီဆောင်ခြင်း၌ သင်နှင့် သင်၏ အိမ်သူ အိမ်သား များသည် ပါဝင်ဘို့ လိုသည်။ ချီဆောင်ခြင်း၌ မပါဝင်ပါက ဘေးဒဏ်ကြီး ကာလ၌ ရောက်သွားကာ သေခြင်း သို့မဟုတ် အ လွန် ခက်ခဲသော ဒုက္ခ ဆင်းရဲခြင်း ခံရမည် ဖြစ်သည်။

.

^

စိတ်မခိုင်မာဘို့

လူသည် ခန္ဓာကိုယ်၊ စိတ်၊ ဝိညာဉ် သုံးမျိုးဖြင့် ဖွဲ့စည်းထားသည်။ ထိုသုံးမျိုးအနက် ပြသနာ အရှိဆုံးသည် စိတ်နှလုံး ဖြစ်သည်။ ဝိညာဉ်သည် ဘုရားသခင်ကို အလွန် ဆာငတ်သည် (ဆာ ၄၂:၁၊ ၅)။ သို့သော် စိတ်နှလုံးသည် ဘုရားသခင်ကို ဆန့်ကျင်၍ မိမိအလိုကိုသာလျှင် လိုက်ကာ ကိုယ်ခန္ဓာကို စေခိုင်းတတ်သည်။ ကျမ်းစာက၊ “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲ တတ်၏။ အလွန် ယိုယွင်းသော သဘော ရှိ၏။ စိတ်နှလုံး သဘောကို အဘယ်သူ သိနိုင်သနည်း။” ဟုဆိုထားသည် (ယေရမိ ၁ရး၉)။ အလွန် ယို်ယွင်းသောအရာသည် လွှင့်ပစ်ဘို့ သာလျှင် ဖြစ်သည်။ စိတ်နှလုံးယိုယွင်းပျက်စီးကြောင်း သိရခြင်းသည်၊ ဘာ ရောဂါရှိသည်ကို သိခြင်းနှင့် တူသည်။ ရောဂါသိခြင်းသည် အလွန် အရေးကြီးသည်။ သို့သော် ရောဂါသိရုံဖြင့် မပြီး သေးပါ။ ရောဂါကို ကုသ နိုင်မှ၊ ဖယ်ရှားနိုင်မှသာလျှင်ကျန်းမာမည် ဖြစ်ပါသည်။ ရောဂါကိုများသောအားဖြင့် ဆရာဝန်များ ကသာလျှင် ကုသ ပေးနိုင်ပါသည်။ ကိုယ်တိုင်မကုသနိုင်ကြပါ။ ထို့ကြောင့် ရောဂါသိရှိရုံနှင့် မပြီး သေးဘဲ ကုသနိုင်သူထံသို့ သွားပြီး ကုသခံဘို့ ဖြစ်သည်။ သို့ဖြစ်လျှင် လူ၏ စိတ်နှလုံးကို မည်သူကကုသနိုင်မည်နည်း။

စိတ်နှလုံးကို ကုသနိုင်သောသူသည် ဖန်ဆင်းရှင် ဘုရားသခင် သာလျှင် ဖြစ်သည်။ ဘုရားသခင်က၊ “စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘော သစ်ကို သွင်းထားမည်။ သင်တို့ ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသား နှလုံးကို ပေးမည်။ ၂၇ ငါ့ ဝိညာဉ် ကိုလည်း သင်တို့ အထဲသို့ သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏ တရားလမ်းသို့ လိုက်၍၊ ငါစီရင်တော်မူ ချက် တို့ကို စောင့် ရှောက်ကြလိမ့်မည်။ ဟုဆိုသည် (ယေဇကျေလ ၃၆:၂၆)။ ဆရာဝန်ကကုသနိုင်သော်လည်း၊ လူနာကဆရာဝန်ဆီမလာ၊ ကုသမှု မခံလျှင် မရနိုင် သကဲ့သို့၊ စိတ်နှလုံးအသစ်ရရှိဘို့ရန် လူက ဘုရား ထံမလာလျှင် ဘုရားသခင်က အတင်း ပေးမည် မဟုတ်ပါ။ အချို့သောသူများသည် အနာရောဂါကို ကုသဘို့ရန် ဆရာဝန်ထံမသွားဘဲ သေခံ ကြသည်။ ထို့နည်းတူ လူလည်း စိတ်နှလုံးအသစ်လဲ ပေးဘို့ရန် ဘုရား ထံမလာလျှင်၊ ဘယ်သောအခါ မှဘုရား၏ တရားတော်ကို လုက်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ဆာလံဆရာက၊ “ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံး မရှိကြနှင့်။ ၉ သင်တို့ အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်းစုံစမ်း၍၊ ငါ၏ အမှု တို့ကို မြင်ရသော တောတွင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ ၁၀ ထိုလူမျိုးကို ငါရွံသည် ဖြစ်၍၊ ထို သူတို့သည် စိတ်သဘော မှားယွင်းတတ်သော လူမျိုး ဖြစ်ကြ၏။ ငါ၏ အလေ့အလာတို့ကို နားမလည် ကြဟု ငါဆိုရ၏။ ၁၁ ထို့ကြောင့် သူတို့သည် ငါ၏ ချမ်း သာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆို၏။” ဟု သတိပေးထားပါသည် (ဆာ ၉၅:၈-၁၁)။ ဣသရေလ လူများသည် ဘုရားသခင်က၊ နိုးနှင့် ပျားရည်စီးသော ခါနန်ပြည်သို့ ပို့ဆောင်ကောင်းကြီး ပေးဘို့ ဂတိပေးရည်ရွယ်သော်လည်း၊ လုံးဝ မလိုက်ချင် ကြချေ။ စိတ်နှလုံးခိုင်မာပြီး၊ အဲဂုတ္တု ပြည်သို့ ပြန်လှည့်ချင် ကြသည် (တော ၁၄:၃-၄)။ အဲဂုတ္တု ပြည်ကို နို့နှင့် ပျားရည်စီးသော ပြည် ဟုဆိုကြသည် (တော ၁၆:၁၃)။ ထို့ကြောင့် ဘုရားသခင် အမျက်ထွက်၍ သူတို့ကို ခါနန်ပြည်သို့ ရောက်ခွင့်မပေးဘဲ လမ်းခရီး၌ သေ ဆုံးကုန် ကြသည်။

ထိုအကြောင်း အရာကို အမှီပြု၍ ဟေဗြဲကျမ်းရေးသောသူက ဤသို့ ယုံကြည်သူများကို သတိပေးရေးသား ထားသည်၊ “သန့်ရှင်းသော ဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံ (His voice)ကို ကြားလျက် ရှိသည် ဖြစ်၍၊ ၈-၉ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့ အဘများသည် အနှစ်လေးဆယ် ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍၊ ငါ၏ အမှု တို့ကို မြင်ရသော တောတွင် ငါ့ကို ဆန့်ကျင်ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ ၁၀ ထိုလူမျိုးကို ငါရွံသည် ဖြစ်၍၊ သူတို့သည် အစဉ်စိတ် သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာ တို့ကို နားမလည် ကြဟု ငါဆိုရ၏။ ၁၁ ထိုကြောင့်၊ သူတို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု မိန့်တော်မူ ချက်ရှိသည်နှင့် အညီ၊ ၁၂ ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည် တတ်၊ ဆိုး ညစ်သော စိတ်နှလုံး မရှိစေခြင်းငှါ သတိပြုကြလော့။ ၁၃ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံးမခိုင်မာစေခြင်းငှါ၊ ယနေ့ ဟူ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်း အစဉ်အချင်းချင်း တယောက်ကို တယောက် တိုက်တွန်းနိုးဆော်ကြလော့။ (ဟေဗြဲ ၃:ရ- ၁၃)

.

^

အထပ်ထပ်ဆင့်၍ တည်ဆောက်ခြင်း

ပီတာထူး
လူတိုင်း ကြီးပွားတိုးတက်ချင်ကြသည်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ မိသားစုရေး စသည်ဖြင့် မိမိတို့ ကျင်လည်ရာနယ်ပယ်အသီးသီး၌ အောင်မြင်ချင်ကြသည်။ သို့သော်မိမိတို့ရှာသောအရာ အချည်းနှီးဖြစ်သည်ကို အချိန်လွန်မှ သိမြင်တတ်ကြသည်။

ဘုရားသခင်သည် လူတိုင်းကို ကြီးပွားတိုးတက်‌အောင်မြင် စေချင်သည်။ လူ့အမြင်၊ လူ့နည်းလမ်းနှင့်မဟုတ်ပဲ၊ ဘု ရားသခင်၏အမြင်၊ ဘုရားနည်းလမ်းဖြင့် တခဏမဟုတ်ပဲ ထာဝရကောင်းကျိုးချမ်းသာကို လူတိုင်ကို ပေးချင်သော ဘုရား ဖြစ်သည်။ ထိုအရာကို လူတိုင်းနားမလည်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် လူသည်မိမိစိတ်ကြိုက် မိမိဘဝကို ဖန်တီးချင် သောကြောင့်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အနတ္တသက်သက်ဖြစ်ကြောင်း၊ လေကိုကြက်စားသောအမှုဖြစ်ကြောင်း ကို ကျမ်းစာတချက်၌ (သု ၁၄း၁၂)"လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌သေခြင်းသို့ပို့သော လမ်း တစ်မျိုးရှိ၏" ဟုဆိုထားပါသည်။ ထို့ကြောင့် မိမိတို့ရှိသမှအမှုကို ဘုရားသခင်လက်တော်သို့အပ်တတ်ဖို့ရန်လိုအပ်ပါသည်။

ဘုရားနည်းလမ်းဖြင့် အသက်တာကို တည်ဆောက်ဖို့ရန် လိုအပ်ကြောင်းအထက်ကဖော်ပြခဲ့ပြီးဖြစ်သည်။ ဆာလံ ကျမ်းတနေရာ၌ (၁၂၇း၁) "ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီး လုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။" ဟုဖော်ပြထားပါသည်။ မိမိတို့၏အသက်တာကို ဘုရားသခင်အားမဆောက်ခိုင်းလျှင် မည်သည့်နည်းဖြင့် ‌ဆောက် သည်ဖြစ်စေ အချည်းနှီးဖြစ်သည်။ ကင်းစောင့်မရှိသောမြို့သည် မလှုံခြုံသကဲ့သို့ ဘုရားကိုမကိုးစားသောအသက် တာသည် ပင်ပန်းခြင်း၊ ကျရှုံးခြင်းများနှင့်သာ ရင်ဆိုင်တွေ့ကြုံရမည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အသက်တာကို အလိုတော်နှင့်အညီတည်ဆောက်သည့်အခါ အဆင့်ဆင့်ထပ် ၍ တည်ဆောက်လေ့ရှိသည်။ ကမ္ဘာဦးမှ ဗျာဒိတ်ကျမ်းထိ ကျမ်းစာကို ဖတ်ရှုဆင်ခြင်သည့်အခါ ထိုသို့သော သ ဘောများကိုသာဆင်ခြင်တွေ့ရှိရသည်။ မိသားစုကိုဖြစ်စေ၊ လူမျိုးတစုကိုဖြစ်စေ၊ အသင်းတော်ကိုဖြစ်စေ အဆင့် ဆင့်ထပ်၍ တည်ဆောက်ကြောင်းကိုလည်း လေ့လာတွေ့ရှိနိုင်သည်။

လူတစ်ယောက်ခြင်းစီ၏အသက်တာကို တည်ဆောက်ဖို့ ရန် ၂ပေ ၁း၅-၇ "ထိုသို့အလိုငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလ ကို၎င်း၊ သီလ၌ ပညာကို၎င်း၊ ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကို ၎င်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍မွေ့လျော်ခြင်းကို၎င်း၊ ထို မွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကို၎င်း၊ ညီအစ်ကိုစုံမက်ခြင်း ၌ ချစ်ခြင်းမေတ္တာကို၎င်း၊ အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့် ကြလော့။" ဟုဆိုထားပြီး၊ အသက်တာကို မည့်ကဲ့သို့ထပ်ဆင့် တည်ဆောက်ရမည်ကို တမန်တော်ကြီးရှင်ပေတရုအားဖြင့် သွန်သင်ထားပါသည်။ (ဖော်ပြပါပုံနှင့် ယှဥ်တွဲလေ့ လာစေလိုပါသည်။) ခရစ်ယာန်အသက်တာအား ဘုရားသခင်၏ အလိုတော်နှင့်အညီ တိုးတက်ကြီးပွားဖို့ရန်အတွက် ဖြတ်လမ်းနည်းမရှိပေ။

အခြားကျမ်းချက်တနေရာ၌လည်း ၁ပေ ၂း၄-၆ "လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြက်တည်းဟူသော ထိုသခင်ထံသို့သင်တို့သည်ရောက်၍၊ အသက်ကျောက်များကဲ့သို့ အဆင့်ဆင့် အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးလည်းဖြစ်ကြ၏။ ထိုသို့နှင့်အညီကျမ်းစာလာသည် ကား၊ ရွေးချယ်သောတိုက်ထောင့်အမြစ်ကျောက်မြက်ကို ဇိအုန်တောင်ပေါ်မှာ ငါချိတ်ထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာဟုလာသတည်း။" ဟုဖော်ပြထားပါသည်။ လူသည် ဘုရားသခင်‌ ရှေ့တော်၌ အပြစ်သားဖြစ်သောကြောင့် ဘုရားသခင်ကို ဖူးတွေ့ကိုးကွယ်ဖို့ရန်မဖြစ်နိုင်ပေ။ သို့သော်လည်း ယေရှု ခရစ်တော်၏ အသေခံခြင်း၊ မြုပ်နှံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတည်းဟူသော ကျေးဇူးတော်ကို ယုံကြည်ခြင်း အားဖြင့်၊ ယုံကြည်သောသူတို့အား ဘုရားသခင်သည် ကောင်းကင်အရပ်၌ နေရာပေးတော်မူပါသည်။ ဘုရားသခင် ၏ကျေးဇူးတော်သည် နက်နဲကြီးမားလှပါ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ် တော်မူသော ထိုအသက်ကျောက်မြတ်တည်းဟူသော သခင်ခရစ်တော်အားဖြင့် အဆင့်ဆင့်အထပ်ထပ်တည် ဆောက်ခံရသည့်အတွက် ဘုရားသခင်၏ဓမ္မတိုက်များဖြစ်ရုံမျှမက၊ ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူ ဇော်ရသော သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးအဖြစ်ကို ယုံကြည်ခြင်းဖြင့်ခံရကြသည်။ ထိုကြောင့် ယေရှုခရစ် တော်အပေါ်၌ ထပ်ဆင့်တည်ဆောက်ခြင်းခံရသဖြင့် ဘုရားသခင်ရှေ့တော်၌ ရှက်ကြောက်ခြင်းမရှိနိုင်တည်းဟူ သော အပြစ်လွတ်ခြင်းကျေးဇူးတော်ကို မဟာမေတ္တာတော်အားဖြင့်ခံရကြသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်ပဲ သန့်ရှင်းသူတို့၏ အ မျိုးသားခြင်းဖြစ်ကြောင်းနှင့် အဆင့်ဆင့်ထပ်၍ တည်ဆောက်ထားကြောင်းကို ဧ ၂း၁၉-၂၂ "ထိုကြောင့်၊ သင်တို့ သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်းဖြစ်ကြ၏။ ဘုရား သခင်အိမ်တော်သားလည်း ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူ သော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍တည်ဆောက်လျက်ရှိကြ၏။ ထိုတိုက်ထောင့်အမြစ်ကျောက် ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့်တတိုက်လုံးသည် စေ့စပ်၍ကြီးပွားသဖြင့်၊ သခင်ဘုရားအဘို့အ လိုငှါ သန့်ရှင်းသောဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်း ဝပ်တော်မူခြင်းအလိုငှါ၊ သင်တို့သည် ငါတို့နှင့်အတူတည်ဆောက်လျက်ရှိကြ၏။" ဟုဖော်ပြထားပါသည်။ ထို့အ ကြောင်းကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ အသက်တာကို မည်မျှတန်ဖိုးထားကြောင်းထင်ရှားလျက်ရှိပါ သည်။ ကျွန်ုပ်တို့ကို ရှေးသန့်ရှင်းသူများ၏ ယုံကြည်ခြင်းပေါ်၌ ထပ်ဆင့်တည်ဆောက်ထားခြင်းအားဖြင့် ဘုရားသ ခင်ကိုယ်တော်တိုင် ကျိန်းဝပ်တော်မူရာ ဗိမာန်တော်များဖြစ်လျက် ဘုရားသခင်၏ အိမ်တော်သားများဖြစ်ကြရပေ သည်။ ပြုတော်မူသော ဘုရားသခင်၏ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးစေသတည်း။ အာမင်...

နိဂုံးအားဖြင့် ကျွန်ုပ်တို့အသက်တာကို ထပ်ဆင့်တည်ဆောက်တတ်ဖို့ရန်လိုအပ်ကြောင်း လေ့လာသိရှိခဲ့ရ ပြီဖြစ်သည်။ သို့သော်လည်း အဘယ်သို့ထပ်ဆင့်တည်ဆောက်သည်ကို လူတိုင်းမိမိကိုယ်ကို သတိပြုဆင်ခြင်နိုင် ရန်အတွက် တမန်တော်ရှင်ပေါလုက ၁ကော၃း၁၀-၁၅ "ဘုရားသခင်၏ကျေးဇူးတော်ကို ငါခံရသည်နှင့်အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍တည်ဆောက်လေ၏။ သို့ရာတွင်၊ အဘယ်သို့ထပ်ဆင့်၍တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။ အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော ချလျက်ရှိသောတိုက်မြစ်မှတပါး အခြားသောတိုက်မြစ်ကို အဘယ်သူမျှမချနိုင်။ ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍တည်ဆောက်သောသူရှိသမျှ၊ အသီးသီး လုပ်သောအလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဘော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင် ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သောအလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့် မည်။ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏၊ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။ အကြင်သူ၏အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့် လွတ်သကဲ့သို့သူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။" ဟုဖော်ပြထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ယုံကြည် သူများအနေဖြင့် မိမိတို့၏အသက်တာကို မည့်သည့်အရာများပေါ်၌ ထပ်ဆင့်တည်ဆောက်ထားသည်ကို အထူး သတိပြုရန်လိုအပ်ပါသည်။ လောကနှင့် ဆက်ဆိုင်သော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမျိုး ရေး၊ ဂိုင်းဂဏ္ဍများကို အခြေခံ၍ တည်ဆောက်ထားလျှင် မီးသည်စစ်ကြောစုံစမ်းသောအခါ အားလုံးဆုံးရှုံးခြင်းသို့ ရောက်ရကြပေလိမ့်သည်။ ထို့ကြောင့်ကျမ်းချက်တနေရာ၌ ဟေဗြဲ ၁၂း၂၉ "ငါတို့ဘုရားသခင်သည် လောင်းသော မီးဖြစ်တော်မူ၏" ဟုဆို ထားပါသည်။ မကြာမမြင့်မှီ ကျွန်ုပ်တို့ယုံကြည်ရာ သခင်ခရစ်တော်သည် အမြန်ပြန်ကြွ လာတေ့ာမည်မှန်သောကြောင့် မိမိအသက်တာကို ဘုရားသခင်ရှေ့တော်၌ ပိုင်းခြားဆင်ခြင်နိုင်ရန်အတွက် ရေး သားတိုက်တွန်းအပ်ပါသည်။

.

^

အသင်းတော်များ၏ ဇူလှိုင်လအတွင်းလှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းများ

North West Association
၁။ June 29-July 4, 2021 ထိ ဆရာဖိလိပ္ပုဝင်းမောင်နှင့် ဆရာမဒေါ်ကာတို့သည် ဆရာမိုက်ကယ်ဦးဆောင်နေ သည့် Kansas City သတင်းကောင်းနှစ်ခြင်းအသင်းတော်သို့ သွားရောက်၍ ဧဝံဂလိတရားဝေငှခြင်း သင်တန်း ပေးခြင်းများပြုလုပ်၍ သွားရောက်ကူညီတည်ဆောက်ပေးခဲ့ပါသည်။

၂။ July 3-4, 2021 များတွင် ဆရာ ဂျိုးဆက်ကောင်းနှင့် ဆရာမလီလီတို့သည် Bowling green သတင်းကောင်းနှစ် ခြင်းအသင်းတော်သို့ သွားရောက်လည်ပတ်ခြင်းအားဖြင့် လူငယ်အစီအစဥ်၊ ကိုးကွယ်ခြင်းအစီအစဥ်များတွင် မိဿယဖွဲ့ပါဝင်ခဲ့ပါသည်။

၃။ July 5-9, 2021 ထိ ဆရာဂျွန်ရီရယ်နှင့် ဆရာမ ရုသတို့သည် အိုမဟာသတင်းကောင်းနှစ်ခြင်းအသင်းတော်တို့ သွားရောက်၍ ကလေးသင်တန်းနှင့် လူကြီးများအားသင်တန်းပေးခြင်းကို ပြုလုပ်၍ ဝိုင်းဝန်းတည်ဆောက်ကူ ညီပေးခဲ့ကြပါသည်။ ကလေးဦးရေ (၂၈)ယောက်တက်ရောက်နိုင်ခဲ့ပြီး အချို့ကလေးများ တော်တော်အား တက်ခဲ့ကြကြောင်းကြားသိရပါသည်။

၄။ July 5-9, 2021 ထိ ဆရာမိုက်ကယ်သည် Dallas သတင်းကောင်းနှစ်ခြင်းအသင်းတော်သို့သွားရောက်၍ ကလေးများကို သင်တန်းပေးခြင်းနှင့် လူကြီးများကိုပါ ဝိညာဥ်‌ရေးရာပိုင်း၌ သင်ကြားတည်ဆောက်ပေးခဲ့ပါ သည်။ ကလေးဦးရေ (၂၈) ယောက်တက်ရောက်နိုင်ခဲ့ပါသည်။ အကျိုးရှိသောသင်တန်းဖြစ်ပါသည်။

၅။ July 4-11, 2021 ထိ ဆရာရှမွေလနိုင်လင်းသည် Milwakee အသင်းတော်သို့ လာရောက်၍ တပတ်တာသင် တန်းကို လုပ်ဆောင်ခဲ့ပါသည်။

၆။ June 25 - July 2 ထိ ဆရာပီတာထူးသည် အိုမဟာ အသင်းတော်သို့သွားရောက်၍ တပတ်တာ ကျမ်းစာသင် ကြားခြင်းနှင့် ဧဝံဂလိသတင်းကောင်းဝေငှခြင်းများကို ပြုလုပ်ခဲ့ပါသည်။

၇။ July 4, 2021 နေ့တွင် ကိုလံဘီယအသင်းတော်မှ ဆရာရှားအနေဖြင့် မိသားစုခရီးစဥ်နှင့်အတူ Durham, NC အသင်းတော်၌ပါဝင်ခဲ့ပြီး၊ July 7-8, 2021 ရက်နေ့များတွင် Bowling green အသင်းတော်သို့ ခရီးတထောက် ဝင်ရောက်၍ မိဿဟာရအစီအစဥ်တချို့၌ ပါဝင်ခဲ့ပါသည်။
ပြုတော်မူသော ဘုရားသခင်၏နာမတော်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးပါစေသတည်း။

သတင်းနှင့် မှတ်တမ်းဌာန
North West Association





^