Periodical: Good News July 2009

Home   >   Periodicals    >    gn072009

gn072009

JULY, 2009
GOOD NEWS PERIODICAL

.

မာတိကာ

  • အမှာစာ
  • ဒုက္ခ ဆင်းရဲကို မည်ကဲ့သို့ ကျော်လွှားရမည်နည်း
  • ပညတ်တော်လိုက်လျှောက်သည့် သူဌေးလုလင်
  • မှန်ကန်သော ရွေးချယ်ခြင်း
  • ခရစ်တော် ပဌမ အကြိမ်ကြွလာခြင်းမှ ဒုတိယအကြိမ် ကြွလာခြင်း အထိ
  • ကျန်းမာရေး
  • သတင်းတိုထွာများ
  • ဝိညာဉ်ရေးရာဆိုင်ရာ အထောက်အကူများ
    .

    အမှာစာ

    ဤသတင်းကောင်း စာစောင်ဆက်လက်ထုတ်ဝေခွင့်ပြုသော ဘုရားသခင်၏ နာမသည် ကမ္ဘာအဆက် ဆက်ဘုန်းကြီး၍ မင်္လာရှိပါစေသော်။

    လစဉ်ဝယ်ယူ အားပေးကြသော ယုံကြည်သူ အယောက်စီတိုင်း အပေါ်၌လည်း ဘုရားသခင်ကကောင်းကြီးပေးပါစေ။ ယခုလိုလစဉ်ထုတ်ဝေနိုင်ရန် အတွက် စာမှုများကိုအချိန်ပေး၍စုဆောင်းခြင်း၊ ပုံနှိပ်ရေးသားခြင်း၊ ထုတ်ဝေခြင်းများကိုဘုရားသခင်မျက်နှာ ထောက်ရှု၍ အမှုတော်မြတ်၌ပါဝင်သော ဦးီန်နညခန ူ​ေူတေညါနှင့် မိသားစုများ အားလုံး အပေါ်၌လည်း ဘုရားသခင်ကကောင်းကြီးပေးပါစေ။ ထို့အပြင်ဖတ်ရှု အားပေးကြသော ယုံကြည်သူများထံမှလည်း အကြံပြုစာများ၊ သက်သေခံချက်များ၊ ကဗျာ၊ ကာတွန်းနှင့် တိုက်တွန်းဝေငှချက်များကို ပေးပို့စေလို ပါသည်။

    လစဉ်ထုတ်ဝေသော စာစောင်များသည်လည်း သမ္မာတရား အတိုင်း ထုတ်ဝေနိုင်ရန်နှင့် စာမှု ရေးသား သူများ အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်ကောင်းချီးပေးမူ၊ အလင်းပေး ဖေါ်ပြမှု ပိုမိုရရှိနိုင်ရန် ဆုတောင်း ပေးခြင်းအားဖြင့် ပါဝင်ကြပါရန် ခရစ်တော် နာမ၌ နိုးဆော်အပ်ပါသည်။ စာရှုသူအယောက်တိုင်း စီပေါ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် စပ် ဆိုင်သော ကောင်းချီးမင်္လာသက်ရောက်ပါစေ။
    ဆရာနော်ဂျာ

    .

    ဒုက္ခ ဆင်းရဲကို မည်ကဲ့သို့ ကျော်လွှားရမည်နည်း

    (ဆရာ မောဇက် ထောင်ကျုံး)

    ဆင်းရဲဒုက္ခသည်အမှန်ကြုံတွေ့နေရပြီ
    ကမ္ဘာ့ဆင်းရဲဒုက္ခသည်အမှန်တကယ်ကြုံတွေ့နေရပြီ။ ကမ္ဘာ့စီးပွါးရေးသည်ကျဆင်းနေပြီ။ အလုပ်လက်မဲ့ခြင်းလည်းတနေ့တခြား များပြားနေသည်။ အချို့သောသူများသည် အလုပ်မရှိတော့ချေ။ လက်ရှိ အလုပ်လုပ်နေသောသူများလည်းအချိန် ပြည့်လုပ်စရာ မရှိ၊ လုပ်ချိန်များ လျှော့သောကြောင့် ယခင်ကလောက်ဝင်ငွေမရှိ။ မည်သည့်အချိန်၌ မဆိုအလုပ်ပြုပ်နိုင်သည်။ အလုပ်မရှိလျှင် မည်သူကကျွေးမည်နည်း။ အစိုးရကလည်း အလုပ်မလုပ်သောသူများကို ယခုထောက်ပံ့နေသော်လည်း နောက်ပိုင်း၌ ဆက်လက်ထောက်ပံ့နိုင်မည် မဟုတ်။ ထို့ကဲ့သို့ဖြစ်နေသော ကာလ၌ မည်ကဲ့သို့ ပြသနာကို ​ ဖြေရှင်းရမည်နည်း။ မည်သူ့ကို အားကိုးရမည်နည်း။ လွန်ခဲ့သော အချိန်များ၌ ဘုရားသခင်က မည်ကဲ့သို့​ ဖြေရှင်း ခဲ့သနည်း။

    ဆင်းရဲ ဒုက္ခသည် ယခုမှသာ မဟုတ်၊ ရှေးကာလ၌လည်း လူသားများက အမျိုးမျိုး တွေ့ကြုံခံစား ခဲ့ရ ကြသည်။ ထိုသို့ တွေ့ကြုံကြသောအခါ ဘုရားသခင်က မည်ကဲ့သို့ ​ ဖြေရှင်း ပေးခဲ့သနည်းဟူသောအရာကို လေ့လာခြင်းဖြင့် ​ကျွန်ပ်တို့လည်း မည်ကဲ့သို့ လုပ်ရမည်ကို သိနိုင်ပေမည်။

    အာဗြဟံလက်ထက်
    ဘုရားသခင်ကအာဗြဟံကိုဥရအရပ်မှတကူးတကခေါ်ကာ၊ ခါနန်ပြည်သို့ပို့ဆောင်ခဲ့သည်။ သို့သော်အာဗြဟံခါနန်ပြည်သို့ရောက်သောအခါအစာခေါင်းပါးခြင်းကပ်နှင့်တွေ့ကြုံရင်ဆိုင်ရသည်။ ထိုနောက်၊ ခါနာန်ပြည်၌အစာခေါင်းပါးခြင်းဖြစ်၏။ အလွန်အစာ ခေါင်းပါးသောကြောင့်၊ အာဗြံသည်အဲဂုတ္တု ပြည်၌တည်းခိုခြင်းငှါ သွားလေ၏။ (က၊ ၁၂:၁၀) ဘုရားသခင်သည်အဘယ်ကြောင့်သူ့ဧည့်သည်တော်ကြီးရောက်ရောက်ခြင်းအစာခေါင်းပါးခြင်းနှင့်ရင်ဆိုင်စေသနည်း။ ကျမ်းစာကအကြောင်းရင်းကိုမဖေါ်ပြသော်လည်း ဘုရားသခင်သည်အာဗြဟံကိုစုံစမ်းခြင်းဖြစ်နိုင်သည်။ သူသည် ဘုရားသခင်ကိုစောင့်မည်လော၊ သို့မဟုတ်သူ့အမြင်အတိုင်းအစာရှိသောအဲဂုတ္တုပြည်သို့ခိုလှုံမည်လော။ ကျမ်းစာကအာဗြဟံသည်အဲဂုတ္တုပြည်၌တည်းခိုခြင်းငှါသွားလေ၏၊ ဟုဆိုထားသည်။ အာဗြဟံသည်အဲဂုတ္တု ပြည်သို့သွားရောက်ခိုလှုံသောကြောင့်သူ၏မိန်းမစာရာကိုလက်လွှတ်လိုက်ရသည်။ အကြောင်းမှာအဲဂုတ္တုလူများရှေ့၌ စာရာသည်အလွန်လှပသည်။ ထို့ကြောင့်အဲဂုတ္တုရှင်ဘုရင်ဖါရောက စာရာကိုသိမ်းပိုက်လိုက်သည်။ ဘုရားသခင်၏ကယ်မမှုကြောင့်သာအာဗြဟံသည်သူ၏မိန်းမကိုပြန်လည်ရရှိသည်။

    အဗြဟံ၏ အဲဂုတ္တု ပြည် ခိုလှုန်မှုကြောင့် ယနေ့ တိုင်အောင် ကမ္ဘာ့ ပြသနာသည် မပြီး ပြတ်နိင်ဘဲ ဒုက္ခ ရောက်ရ ကြသည်။ အာဗြဟံသည်သား မရနိင်သောအခါ သူ၏ မိန်းမစာရာကအဲဂုတ္တု ပြည် မှပြန်လာစဉ်တွင် ပါလာသော ​ကျွန်မဟာဂရကို အဗြဟံနှင့် ပေးစားလိုက်သည်။ ထို​ကျွန်မအားဖြင့်သား ဣရှမေလကို ရရှိသည် (က၊ ၁၆)။ ဣရှမေလသည် ယနေ့ အာရပ်လူမျိုးများ၏ ဖခင် ဖြစ်သည်။ စာရာ သူကိုယ်တိုင်သား ဣဇက်ကို မွေး လာသောအခါ ​ကျွန်မအားဖြင့် ရရှိသော ဣရှမေလကို မောင်းထုတ်လိုက်သည်။ ယနေ့ ကမ္ဘာ့ ပြသနာသည် အာဗြဟံ၏ သားများဖြစ်ကြသော ဣရှမေလနှင့် ဣဇက်တို့၏ ရန်ဖြစ်ခြင်း၏ အကျိုးဆက် ဖြစ်သည်။

    ယာကုပ်လက်ထက်
    ယာကုပ်လက်ထက်၌လည်း ခါနန်ပြည်၌ အစာ ငတ်မွတ် ခေါင်းပါးမှု ဆိုက်ရောက်ခဲ့သည် (က၊ ၄၂)။ ထိုအစာခေါင်းပါးမှုသည်ဘုရားသခင် ၏လုပ်ဆောင်ချက်ဖြစ်သည်။ ယာကုပ်နှင့်သူ၏သားများကိုအဲဂုတ္တု ပြည်သို့ခေါ်ဆောင်ဘို့ရန်ရည်ရွယ်သောအရာဖြစ်သည်။ ထိုအရာကိုမသိသောယာကုပ်နှင့်သား များသည်အလွန်စိတ်ပင်ပန်းကာတယောက်နှင့်တယောက်အပြစ်တင်ကြသည်။ ထိုအစာခေါင်းပါးမှုသည်သူတို့အတွက်ကောင်းဘို့ရာဖြစ်သည်။ ထိုအရာကိုမသိသောယာကုပ်က၊ သင်တို့သည်ငါ့သားတို့ကိုလုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္င်္ယာမိန်ကိုလည်းယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟုသူတို့အားဆို၏။ (က၊ ၄၂:၃၆) အမှန်မှာခပ်သိမ်းသောအရာတို့သည်သူ့အဘို့ဖြစ်သော်လည်း၊ မသိသောအခါဤအမှုအလုံးစုံတို့သည်ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည် တကား၊ ဟုညည်းတွားခဲ့သည်။ အစာခေါင်းပါးမှုမရောက်ခဲ့ပါကအဲဂုတ္တုပြည်၏အဆီအနှစ်များကိုခံစားနိုင်မည်မဟုတ်။ ထိုအရာအားလုံး သည်ဘုရားသခင်၏လုပ်ဆောင်ချက်ဖြစ်သည်။ ထို့ကြောင့်ကျွန်ပ်တို့လည်းဘုရားသခင်စီစဉ်သောအရာများကိုမသိမမြင်နိုင်သောအခါမလိုအပ်ဘဲစိတ်ပင်ပန်းခြင်း၊ တယောက်နှင့်တယောက်အပြစ်တင်ခြင်း၊ မလုပ်သင့်သောအရာများကိုလုပ်မိခြင်းများဖြစ်နိုင်သည်။ လူသည် အနာဂတ်ကိုမမြင်နိုင်၊ မထိန်းချုပ်နိုင်သောကြောင့်အရာခပ်သိမ်းကို အုပ်စိုးတော်မူသောဘုရားသခင်၏အစီအစဉ်ကိုလေ့လာ၍လက်ခံဘို့ လိုသည်။ သို့မှသာစိတ်ချမ်းသာရာရနိုင်ပေမည်။

    တရားသူကြီးများလက်ထက်
    တရားသူကြီးများအုပ်စိုးသောအချိန်၌ဗက်လင်မြို့တွင်အစာငတ်မွတ် ခေါင်းပါးမှုဆိုက်ရောက်ခဲ့သည်။   ၁ တရားသူကြီးအုပ်စိုးသော ကာလ၊ တရံရောအခါဣသရေလပြည်၌အစာအဟာရခေါင်းပါး၍ ယုဒပြည်ဗက်လင်မြို့သားတယောက်သည်မယားနှင့်သားနှစ်ယောက်ပါလျက်မောဘပြည်၌တည်းခိုခြင်းငှါသွား၏။ ၂ ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကားနောမိ၊ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့်ခိလျုန်တည်း၊ သူတို့သည်ဒယုပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား၍နေကြ၏။ ၃ နောမိ၏ခင်ပွန်းဧလိမလက်သည်သေ၍မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။ ၄ သားတို့သည်မောဘပြည်သူဩရပနှင့်ရုသအမည် ရှိသောမိန်းမနှစ်ယောက်တို့နှင့်စုံဘက်ခြင်းကို ပြု၍၊ ထိုပြည်မှာဆယ်နှစ်ခန့်မျှနေပြီးမှ၊ ၅ ထိုသားနှစ်ယာက်မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိကျန်ရစ်လေ၏။ (ရုသ ၁:၁-၅)။

    အစာခေါင်းပါးမှုဆိုက်ရောက်သောအခါ ဧလိမလက်နှင့် နောမိတို့ လင် မယားသည် ထာဝရဘုရား၌ မခိုလှုံဘဲ မောဘပြည်သို့ ထွက်သွားခဲ့ ကြသည်။ သို့သော် ထိုပြည်၌ ဧလိမလက်နှင့်သား နှစ်ယောက်သေဆုံးသွားခဲ့ ကြသည်။ ဗက်လင်မြို့၌ ကျန်ရစ်ခဲ့ကြသောသူများသည် မသေမပျောက် ဘုရားသခင်က ကျွေးမွေးခဲ့သည်။ ဧလိမလက်သည် ဘုရားသခင် ထံမခိုလှုံသောကြောင့်သား နှစ်ယောက်နှင့် သေဆုံးသွားခဲ့ကြောင်း သင်ခန်းစာယူသင့်သည်။ နောမိလည်း မုဆိုး မအဖြစ်သို့ ရောက်သွားခဲ့ကြောင်း ဤသို့ တွေ့ရသည်၊ ထိုသူနှစ်ယောက်တို့သည် ခရီးသွား၍ ဗက်လင်မြို့သို့ ရောက်သောအခါ၊ တမြို့လုံးအုတ်အုတ်ကျက်ကျက်ဖြစ်၍၊ ဤသူကားနောမိဟုတ်သလောဟု မေးကြ၏။ ၂၀ သူကလည်းနောမိဟူ၍မခေါ်ပါနှင့်။ မာရဟူ၍ခေါ်ပါ။ အနတ္တတန်ခိုးရှင်သည်ငါ့အားအလွန်ခါးသောအရာကိုပေးတော်မူပြီ။ ၂၁ ငါသည်ကြွယ်ဝပြည့်စုံလျက်ထွက်သွား၏။ ယခုမူကားဆင်းရဲလျက်တကိုယ်တည်းရှိမှ၊ ထာဝရဘုရားသည်ငါ့ကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားလည်းငါ့ကိုနှိမ့်ချ၍အနတ္တတန်ခိုးရှင်သည်ငါ့ကိုဆင်းရဲ စေတော်မူသည်ဖြစ်၍၊ နောမိအမည်ဖြင့်အဘယ်ကြောင့်ငါကို ခေါ်ကြသနည်းဟုပြန်ပြော၏၊ (ရုသ ၁:၁၉-၂၁)။

    နောမိက သူ့ကို နောမိဟု မခေါ်ဘဲ မာရဟု ခေါ်ဘို့ ပြောခဲ့သည်။ နောမိ၏ အဓိပ္ပါယ်သည် "ကောင်းသော၊ မင်္ဂလာရှိသော" ဟူ၍ဖြစ်သည်။ မာရသည် "ခါးသီးခြင်း" ကိုဆိုလိုသည်။ နောမိသည်အစ၌သူ့ဘဝကောင်းမွန်ခဲ့သော်လည်း၊ မောဘပြည်၌နေထိုင်သောအခါ သူ့ယောက်ျားနှင့်သားနှစ်ယောက်သေဆုံးသောကြောင့်အလွန် ခါးသီးသောဘဝသို့ရောက်သွားသည်။ သူပြောသကဲ့သို့ဗက်လင်မြို့မှကြွယ်ဝပြည့်စုံစွာနှင့်ထွက်သွားခဲ့သော်လည်း၊ ဆင်းရဲနွမ်းပါးစွာဖြင့် ပြန်လာသည်။ သူနေထိုင်ခဲ့သောဗက်လင်မြို့၏အဓိပ္ပါယ်သည် "မုန့်တိုက်" သို့မဟုတ် "စပါးကျီ" ဖြစ်သည်။ သူတို့သည်မုန့်တိုက်မှထွက်ခွါသွားသောကြောင့်ဆင်းရဲစွာပြန်လာရသည်။ နောမိကအနတ္တတန်ခိုးရှင်သည်ငါ့အားအလွန်ခါးသောအရာကိုပေးတော်မူပြီ၊ ဟုဆိုသည်။ တဖန်ထာဝရဘုရားလည်းငါ့ကိုနှိမ့်ချ၍အနတ္တတန်ခိုးရှင်သည်ငါ့ကို ဆင်းရဲစေတော်မူသည်ဟုထာဝရဘုရားကိုအပြစ်တင်သည်။ အမှန်မှာသူဆင်းရဲရခြင်းသည်ထာဝရဘုရားကြောင့်မဟုတ်၊ သူကိုယ်တိုင် ကြောင့်ဖြစ်သည်။ ဗက်လင်မြို့၌အစာခေါင်းပါးသောအခါအခြားသူ များသည်အစာရေစာနောက်သို့လိုက်မသွားဘဲ၊ ထာဝရဘုရားထံမှီခိုသောကြောင့်အချိန်တန်သောအခါထာဝရဘုရားကအကြည့်အရှုကြွလာ၍အစာရေစာပြန်ပေးသည်။ နောမိတို့မိသားစုမူကားထာဝရ ဘုရားထက်အစာနောက်သို့လိုက်သောကြောင့်သေဆုံးခြင်းနှင့်ဆင်းရဲခြင်းဖြင့်နိဂုံးချုပ်ရသည်။

    ကျွန်ုပ်တိုလည်းနောမိတို့မိသားစုထံမှဘဝသင်ခန်းစာယူသင့်သည်။
    ယခုစီးပွါရေးကျဆင်းလာသောအခါကြောက်လန့်တုန်လှုပ်ခြင်းမဖြစ်ဘဲ၊ ထာဝရဘုရားကိုအားကိုးမှီခိုဘို့ဖြစ်သည်။ သခင်ယေရှုက၊ "ထိုကြောင့်အဘယ်သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်းဟူ၍မစိုးရိမ်ကြနှင့်။ ထိုအရာများကိုသာသနာပလူတို့သည်ရှာဖွေ တတ်ကြ၏။ ထိုအရာများကိုသင်တို့သည်အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတံ့။ ထိုကြောင့်နက်ဖြန်အဘို့မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည်မိမိအဘို့စိုးရိမ် လိမ့်မည်။ ယခုနေ့၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေ့ဘို့လောက်ပေ၏။" (မဿဲ ၆း၃၁-၃၄) ဟု​ကျွန်ပ်တို့ကိုသတိပေး၊ အား ပေးခဲ့သည်။ ထို့ကြောင့်ခက်ခဲသောကာလ၌ဘုရားသခင်ကိုအားကိုး မှီခိုကြစို့။

    အစားအသောက်နှင့်လိုအပ်သောအရာများသည်ဘုရားသခင်ကပေးနိုင်သည်။ သူ၏နိုင်ငံနှင့်ဖြောင့်မတ်ခြင်းအရင်ရှာဘို့သာလျှင်အရေး ကြီးသည်။ ဗက်လင်မြို့သားများကိုဘုရားသခင်ကအစာရေစာပြန်ပေးကြောင်းကိုနောမိကကြားသည်ဟုဆိုသည်။ တဖန်ထာဝရဘုရားသည်မိမိတို့လူတို့ကိုအကြည့်အရူကြွ၍မုန့်ကိုပေးသနားတော်မူကြောင်းကိုထိုမိန်းမသည်မောဘပြည်၌ကြားသောအခါ၊ မောဘပြည် မှပြန်သွားမည်ဟုချွေးမနှစ်ယောက်နှင့်အတူထ၍၊ တည်းခိုရာအရပ်ကထွက်ပြီးလျှင်ယုဒပြည်သို့ရောက်လိုသောငှါသွားကြ၏။ (ရုသ ၁:၆ -ရ)။ နောမိဘဝသည်ဘုရားသခင်နောက်မလိုက်ဘဲအစာရေစာနောက် သာတိရစ္ဆာန်ကဲ့သို့တကောက်ကောက်လိုက်ခဲ့သည်။ ထို့ကြောင့်လင်ယောက်ျားနှင့်သားနှစ်ယောက်ဆုံးရှုံးရသည်။ ချမ်းသာစွာထွက်ခဲ့သော် လည်း၊ ဆင်းရဲစွာပြန်လာရသည်။ ခါးသီးသောဘဝကိုဘုရားသခင်က ပေးသည်မဟုတ်။ သူကိုယ်တိုင်ရှာဖွေသောအရာဖြစ်သည်။ ယခု ခက်ခဲသောကာလ၌လည်းအလုပ်အကိုင်နှင့်ငွေနောက်မလိုက်ဘဲ ထာဝရဘုရားနောက်သို့လိုက်ကြစို့။

    ဧလိယလက်ထက်
    ဧလိယလက်ထက်၌အာဟတ်မင်းကထာဝရဘုရားကိုမကိုးကွယ်ဘဲ ဗာလဘုရားကိုကိုးကွယ်သောကြောင့်၊ သုံးနှစ်လုံးလုံးမိုးခေါင်ကာအစာငတ်မွတ်ခေါင်းပါးမှုရောက်ခဲ့သည် (၃ ရာ ၁ရ)။ ထိုအခါ ထာဝရဘုရားကသူ၏ပရောဖက်ဧလိယကိုကျီးအများအားဖြင့်နေ့စဉ် မုန့်နှင့်အမဲသားကျွေးခဲ့ကြောင်းဤသို့တွေ့ ရသည်၊ "သင်သည်ဤအရပ်မှထွက်သွားလော့။ အရှေ့သို့ပြောင်း၍ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာပုန်းရှောင်၍နေလော့။ ထိုချောင်းရေကိုသောက်ရမည်။ ကျီးအတို့သည် သင့်ကို​ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟုမိန့်တော်မူသည်အတိုင်း၊ ဧလိယသည်သွား၍ ယော်ဒန်မြစ်တ ဘက်၊ ခေရိတ်ချောင်းနားမှာနေလေ၏။ ကျီးအတို့သည်နေ့တိုင်းနံနက်တခါ၊ ညဦးတခါမုန့်နှင့်အမဲသားကိုဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်း သောက်ရ၏။ (၃ရာ ၁ရး၃-၆) ဘုရားသခင်သည်ကျီးအများကိုအသုံးပြု၍သူ၏လူကိုကျွေးမွေးနိုင်ကြောင်းတွေ့ရသည်။ ထိုသို့ဧလိယသည်တော၌အစာဝလင်စွာစားနေ၍အဆင်ပြေနေသော်လည်း သူသောက်သောခေရိတ်ချောင်းရေသည် မိုးခေါင်မှုကြောင့် ခန်း ​ခြောက်သွားခဲ့သည်။ သို့သော် ပြသနာ မရှိပါ။ ထာဝရဘုရား၌ အကြံရှိသည်။ သူ့ကို သူဌေးကြီးအားဖြင့် မဟုတ်ဘဲ မုတ်ဆိုးမအားဖြင့် ကျွေးမွေးခဲ့ကြောင်းတွေ့သည်။

    နောက်တဖန် မိုးမရွာသောကြောင့် ချောင်းရေခန်း​ခြောက်လေ၏။ ၈ ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရောက်လာသည်ကား၊ ၉ သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့ သွား၍ နေလော့။ ထိုမြို့၌ နေသော မုတ်ဆိုး မတယောက်သည် သင့်ကို ​ကျွေးမွေး မည်အကြောင်း ငါမှာထားပြီးဟု မိန့်တော်မူသည် အတိုင်း၊ ၁၀ ဧလိယသည် ထ၍ ဇရတ္တမြို့သို့ သွား၏။ မြို့တံခါးသို့ ရောက်သောအခါ၊ မုတ်ဆိုးမသည် ထင်းခွေလျက် ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ ဆို၏။ ၁၁ မိန်းမသည် ရေကိုယူခြင်းငှါသွားစဉ်တွင်၊ တဖန်ဟစ်၍မုန့်တဖဲ့ကိုလည်းသင့်လက် ၌ ယူခဲ့ပါလော့ဟုဆိုပြန်လျှင်၊ ၁၂ မိန်းမက၊ သင်၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်း၊ မုန့်ပြားတပြားမျှမရှိ။ အိုးထဲမှာမုန့်ညက်တလက်ဆုပ်၊ ဘူး၌ ဆီ အနည်းငယ်သာရှိ၏။ ​ကျွန်မနှင့်သား ငယ်အဘို့ ဖုတ်၍ စားလိုသော ငှါ၎င်း၊ စား ပြီးမှသေလိုသော ငှါ၎င်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။ ၁၃ ဧလိယကလည်း မစိုးရိမ်နှင့်။ သင်ဆိုသည် အတိုင်း သွား၍ ပြုလော့။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ်တပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှသင်နှင့် သင်၏သား ငယ် အဘို့ လုပ်လော့။ ၁၄ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုးရွာစေတော်မမူမှီတိုင်အောင်၊ အိုး၌ ရှိသော မုန့်ညက်မကုန်။ ဘူး၌ ရှိသော ဆီမလျော့ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ ၁၅ ထိုမုတ်ဆိုးမသည် သွား၍ ဧလိယစကား အတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင် မှစ၍၊ အိမ်သားတို့သည် အင်တန်ကာလ ပတ်လုံုးစားရကြ၏။ ၁၆ ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော်မူသောစကားအတိုင်း၊ အိုး၌ ရှိသော မုန့်ညက်မကုန်၊ ဘူး၌ ရှိသော ဆီမလျော့။ (၃ ရာ ၁ရးရ- ၁၆)

    ဘုရားသခင်သည် ဧလိယကို ကျွေးဘို့ရန် ချမ်းသာသောသူကို အသုံးမပြုခဲ့ချေ။ မုန့်တနပ်စာသာရှိ၍ သေဘို့ရန် ပြင်ဆင်သော မုတ်ဆိုးမကို အသုံးပြု ခဲ့သည်။ အဘယ်ကြောင့်နည်းဟူမူကား သူ၏ တန်ခိုးကို ဖေါ်ပြဘို့ရန် ဖြစ်သည်။ ထိုကြောင့် ​ကျွန်ပ်တို့လည်း ကိုယ်ထင်မှတ်ထားသည့်အတိုင်း မဟုတ်၊ မဖြစ်နိုင်သော နည်းအားဖြင့် အဘ ဘုရားသခင်က ကျွေးမွေးမည် ဖြစ်သောကြောင့် ပူပင်သော ကရောက်စရာ မလို။ မုတ်ဆိုးမ၏ အိုး၌ မုန့်ညက်သည် မကုန်၊ ဘူး၌ ရှိသော ဆီလည်း မလျော့၊ ထိုကဲ့သို့သော အိုးနှင့် ဘူးသည် ​ကျွန်ပ်တို့အတွက် ပြင်ဆင် ပေးနိင်သည်။ ဘဏ်စာရင်း၌ ငွေသည် မလျော့၊ ပိုက်ဆံအိပ်၌ သုံးစရာ ငွေအမြဲ တမ်း ဘုရားသခင်က ပြင်ဆင် ပေးနိုင်သည်။ မုတ်ဆိုးမအနေဖြင့် ထိုကဲ့သို့ ဘုရားကောင်းကြီးခံစား ဘို့ရန် ပရောဖက် ဧလိယခိုင်းသည့်အတိုင်း ပရောဖက် အတွက် အရင် လုပ်သည်။ သူသည် နာခံမှု ရှိသောကြောင့် ကောင်းကြီး ခံစားရသည်။ သူ့အ​ခြေအ နေကြည့်လျှင် မည်သို့ မျှဧလိယစကားကို နာခံနိင်စရာ အကြောင်း မရှိ။ သို့သော် တွေးတောခြင်း မရှိငြင်းခုံခြင်း မရှိဘဲ ဧလိယစကား အတိုင်း လိုက်နာသောကြောင့် သူမနှင့် သူ့သားသည် အစာ ခေါင်းပါးသည့်ကာလ တလျှောက် လုံးဝ လင်စွာ စားရသည်။ ထိုအကြောင်း အရာများသည် သိဘို့ရန်သာ မဟုတ်၊ ယခု​ကျွန်ပ်တို့ အချိန်တွင် လက်တွေ့လိုက်လျှောက်ဘို့ရန် ဖြစ်သည်။ ထို့ကြောင့် အစာထက် ဘုရားနှင့် သူ၏ စကားကို နာခံကြစို့။ ခရစ်တော်၏ မယ်တော်မာရိက ဤသို့ ဆိုခဲ့သည်၊ ငတ်မွတ်သော သူတို့ကို ကောင်းမွန်စွာ ပေး၍ ရတတ်သော သူတို့ကို လက် ချည်းလွှတ်လိုက်တော်မူပြီ။ (လုကာ ၁:၅၃)

    .

    ပညတ်တော်လိုက်လျှောက်သည့် သူဌေးလုလင် (မဿဲ ၁၉:၁၆-၂၆)

    (Alfred Sang Nawn)

    ဥစ္စာ များစွာ ရတတ်သောသူဌေးလုလင်တဦးသည် သခင်ယေရှုထံ ချဉ်းကပ်ပြီး ... ကောင်းမြတ်သော ဆရာ၊ ထာဝရ အသက် ရအံ့သော ဌါအ​ကျွန်ပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေး လျှောက်သော် ... အသက်ရှင်ခြင်းသို့ ဝင်စားလိုလှျင်ပညတ်တော်ကို လိုက်လျှောက်လော့ ... ဟု သခင်ယေရှု ပြန်လည်မိန့်တော်မူ ခဲ့သည်။ သူဌေးလုလင်ကတဖန် ... မည်သည့်ပညတ်တော်ကို လိုက်လျှောက်ရမည်နည်းဟု ... ပြန်လည်မေးလျှောက်ပါသည်။ ထိုအမေးကို ထောက်ရှုခြင်းအားဖြင့် သူဌေးလုလင်သည် ပညတ်တရားအားလုံး ကို မလိုက် လျှောက်ကြောင်း ထင်ရှားပါသည်။ ပညတ်တော် အလုံးစုံကို လိုက်လျှောက်သောသူ ဖြစ်ပါက ထိုမေးခွန်းကို မေးမည် မဟုတ်ပါ။ ပညတ်အလုံးစုံကို ​ကျွန်တော် လိုက် လျှောက်ပြီး ပါပြီဟု အ​ဖြေပေးမည် ဖြစ်ပါသည်။ ပညတ်တရားအကြောင်း အနည်းငယ်လေ့လာကြပါစို့။

    ပညတ်တော် (၁၀) ပါး (ထွက် ၂၀:၂-၁၇)
    ထာဝရဘုရားက မောရှေလကိသို့ ပညတ်တော် (၁၀) ပါးပေးအပ်ခဲ့ပါသည်။ ပညတ်တော် (၁၀) ပါးကို တဖန် (၂) ပိုင်းခွဲခြား၍ ရပါသည်။
    (၁) ဝတ်ပြုခြင်းနှင့် စပ်ဆိုင်သည့်ပညတ်တရားများ (ထွက်၊ ၂၀:၂-၁၀)
    (၂) လူ့ကျင့်ဝတ်နှင့် စပ်ဆိုင်သည့်ပညတ်တရားများ (ထွက်၊ ၂၀:၁၁-၁၇)

    ၀တ်ပြုခြင်း ဆိုင်ရာပညတ်တရား (၄) ပါး (ထွက်၊ ၂၀:၂-၁၀)
    (၁) ထာဝရဘုရား မှလွှဲ၍ အခြားဘုရားကို မကိုးကွယ်ရ
    (၂) ရုပ်တုဆင်းတုကို မကိုးကွယ်ရ
    (၃) ထာဝရဘုရား၏ နာမတော်ကို မုသာနှင့် ဆိုင်၍ မမြွက်ဆိုရ
    (၄) ဥပုဒ်နေ့ကို သန့်ရှင်းစေလော့

    ထာဝရဘုရားကို အမှန်ချစ်သည် ဆိုပါက အခြားဘုရားကို ကိုးကွယ်မည် မဟုတ်သလိုရုပ်တုဆင်းတုတို့လည်းကိုးကွယ်မည် မဟုတ်ပါ။ ထာဝရ ဘု ရားကို အမှန်ချစ်ပါက ထာဝရဘုရား၏ နာမတော်ကို အလွှဲသုံးစားလုပ်မည်မဟုတ်ပါ။ ထာဝရဘုရားကို အမှန်ချစ်ပါက ဥပုဒ်နေ့သာမက တပါတ်လှျင် (၇) ရက် လုံးလုံးထာဝရဘုရား ပေးသည့်အချိန် နာရီ နေ့ရက်က်ိုကောင်းမွန်စွာ ဘုရားသခင်အတွက် အသုံးပြုမည် ဖြစ်ပါသည်။

    သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမ့​ဲညဏ်ရှိသမျှနှင့် ချစ်လော့ဟူသော ပညတ်သည် ပဌမ ပညတ် ဖြစ်၏။ကြီး မြတ်သော ပညတ်လည်း ဖြစ်၏ ... ဟူသခင်ယေရှု (မဿဲ ၂၂:၃၇၊ ၃၈)တွင် မိန့်တော်မူ ခဲ့သည်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမ့​ဲညဏ််ရှိသမျှနှင့် ချစ်မှသာ ဝတ်ပြုခြင်း ဆိုင်ရာ ပညတ်တရား (၄) ပါး (ထွက်၊ ၂၀:၂ ; ၁၀)ကို လိုက်နာမည် ဖြစ်ပါသည်။

    လူ့ကျင့်ဝတ်နှင့် စပ်ဆိုင်သည့်ပညတ်တရား (ထွက်၊ ၂၀:၁၁-၁၇)
    (၁) မိဘရိုသေလော့
    (၂) လူ့အသက်ကို မသတ်နှင့်
    (၃) သူ့မယားကို မပြစ်မှားနှင့်
    (၄) သူ့ဥစ္စာကို မခိုးနှင့်
    (၅) မမှန်သော သက်သေမခံနှင့်
    (၆) လောဘမလွင်ကျူးနှင့်

    ကိုယ့်မိဘကို တကယ် ချစ်လျှင် ရိုသေမည်။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ချစ်ပါက ထိုသူ၏ အသက်ကို သတ်မည် မဟုတ်ပါ။ ကိုယ်နှင့် စပ်ဆိုင်သောသူကို တကယ် ချစ်ပါက ထိုသူ၏ မယားကို ပြစ်မှားမည် မဟုတ်ပါ။ ကိုယ်နှင့် စပ် ဆိုင်သောသူ၏ ဥစ္စာပစ္စည်းကို ခိုးယူချင် စိတ်မရှိသည့်အပြင်ခိုးယူခြင်းလည်း ပြုမည် မဟုတ်ပါ။ ကိုယ်နှင့် စပ်ဆိုင်သောသူကိအမှန််ချစ်ပါက သူ၏ အခြားတ ဖက်၌လည်း မမှန်သော သက်သေခံမည် မဟုတ်ပါ။ ကိုယ်တကယ် ချစ်သောသူ၏ အိမ်၊ မယား၊ ကîန်၊ နွား၊ မြည်းမှစ၍၊ ထိုသူ၏ ဥစ္စာပစ္စည်းတစုံတခုကိုမျှ လိုချင် တပ်မက်မည် မဟုတ်ပါ။

    ကိုယ်နှင့် စပ်ဆိုင်သောသူကို အမှန်တကယ် ချစ်လှျင်၊ ထွက် (၂၀:၁၁-၁၇)တွင် ဖေါ်ပြသည့်လူ့ကျင့်ဝတ်နှင့် ဆိုင်သည့်ပညတ်တရားအားလုံး ကို အလိုအလျောက်ကျင့်ဆောင်ပြီးသား ဖြစ်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပင် ... ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့််အမျှချစ်လော့ ... ထိုဒုတိယ ပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ ညီ၏ ... ဟု သခင်ယေရှု ကမဿဲ (၂၂ ; ၃၉)တွင် မိန့်တော်မူ ခဲ့သည်။

    ပညတ်တရား (၆၁၃) ပါး
    ကျမ်းတတ်ပုဂိုုလ်များ၏ အဆိုအရ၊ သမ္မာကျမ်းစာထဲတွင် ပညတ်တရား ပေါင်း (၆၁၃) ပါးရှိပါသည်ဟု သိရပါသည်။ ကျင့်ရမည့် တရားပေါင်း (၂၄၈)နှင့် မကျင့်ရမည့် တရားပေါင်း (၃၆၅) ပါးရှိပါသည်။ ပညတ်တရား (၆၁၃) ပါးကို အမျိုး အစား (၄) မျိုးခွဲခြားထားပါသည်။ ၄င်းတို့မှာ၊

    (၁) ဝတ်ပြုခြင်း ဆိုင်ရာပညတ်တရား (Ceremonial Law)
    (၂) အကျင့်စာရိတ္တနှင့် ဆိုင်သည့်ပညတ်တရား (​Moral Law)
    (၃) အုပ်ချုပ်ရေးနှင့့််ဆိုင်သည့်ပညတ်တရား (Civil Law)
    (၄) စားသောက်ခြင်းနှင့့််ဆိုင်သည့်ပညတ်တရား (Dietary Law)

    အမှတ်စဉ် ၂၊ ၃၊ ၄တို့ကို ခရစ်ယာန်များဖြစ်စေ၊ အမည်ခံ ခရစ်ယာန်များဖြစ်စေ၊ အခြားသော ဘာသာ (Other Religion) ကိုးကွယ်သောသူများ ဖြစ်စေ၊ နတ်ကိုးကွယ်သောသူများ ဖြစ်စေ၊ ဘုရား မကိုးကွယ်သောသူများ ဖြစ်စေ၊ အနည်းနှင့် အများ လိုက်လျှောက်ကြကြောင်း တွေ့နိုင်ပါသည်။

    သူဌေးကလေးကမည်သည့်ပညတ်တရားတို့ကို လိုက်လှောက် ရမည်နည်းဟု မေးလျှောက်သည့်အခါ သခင်ယေရှု ​ဖြေကြားသည့်မဿဲ (၁၉:၁၈၊ ၁၉)တို့ကို ပညတ်တရားအမျိုးအစားအလိုက်လေ့လာကြပါစို့။

    ပညတ်တရားများနှင့် ၎င်းတို့နှင့် သက်ဆိုင်ရာ ပညတ်တရားအမျိုးအစား
    (၁)။ လူ့အသက်ကို မသတ်နှင့်... အုပ်ချုပ်ရေးနှင့့််ဆိုင်သည့်ပညတ်တရား
    (၂)။ သူ့မယားကို မပြစ်မှားနှင့်၊ ...အကျင့်စာရိတ္တနှင့် ဆိုင်ရာပညတ်တရား
    (၃)။ သူ့ဥစ္စာကို မခိုးနှင့်.... အုပ်ချုပ်ရေးနှင့့််ဆိုင်ရာပညတ်တရား
    (၄)။ မမှန်သော သက်သေမခံနှင့်...အကျင့်စာရိတ္တနှင့် ဆိုင်ရာပညတ်တရား
    (၅)။ မိဘရိုသေလော့ ... အကျင့်စာရိတ္တနှင့် ဆိုင်ရာပညတ်တရား
    (၆)။ ကိုယ်နှင့် စပ်ဆိုင်သောသူကိုကိုယ်နှင့် အမျှချစ်လော့ (မဿဲ ၂၂:၂၉) ... ထွက် (၂၀:၁၁-၁၇)တွင် ဖေါ်ပြသည့်လူ့ကျင့်ဝတ်နှင့် စပ်ဆိုင်သည့်ပညတ်တရား (၆) ပါး၏ အချုပ် ဖြစ်သည်။

    သူဌေးကလေးလိုက်လျှောက်ရန်အတွက် သခင်ယေရှု ပြောခဲ့သည့် ပညတ်တရားများ (မဿဲ ၁၉:၁၈၊ ၁၉)ကို သေချာစွာ ဖတ်ပါက အောက်ပါအချက်များတွေ့နိုင်ပါသည်။
    (၁) ပညတ်တော် (၁၀) ပါးထဲမှဝတ်ပြုခြင်း ဆိုင်ရာပညတ်တရား (၄) ပါး (ထွက် ၂၀:၁-၁၁) ဖြစ်သည့် ... (က) ငါမှတပါး အခြားသော ဘုရားကို မကိုးကွယ်ရ၊ (ခ) ရုပ်တု၊ ဆင်းတုကို မကိုးကွယ်ရ၊ (ဂ) ထာဝရဘုရား၏ နာမကို မုသားနှင့် ဆိုင်၍ မမြွက်ဆိုရ၊ (ယ) ဥပုဒ်နေ့ကို သန့်ရှင်းစေလော့ ... တို့ကို သခင်ယေရှု ကတမင်တကါမိန့်မြွက်တော် မှုခြင်း မရှိဘဲ ချန်ထားခဲ့ကြောင်း တွေ့ရမည်- မည်သည့်အတွက် ချန်ထားခဲ့ပါသနည်း။

    (၂) ပညတ်တော် (၁၀) ပါးထဲမှနောက်ဆုံးပညတ် ဖြစ်သည့်လောက လွန် ကျူးခြင်းကို ရှောင်လော့ (ထွက် ၂၀:၁၇)ကို ိုသခင်ယေရှု မိန့်မြွက်ခြင်း မပြုဘဲ ထပ် မံကါတမင်ချန်ထားပြန်ပါသည် -ဘာကြောင့်ပါသလဲ။ ထိုသူဌေးကလေးသည် ပစ္စည်းဥစ္စာတပ်မက်သောသူ (လောဘလွန်ကျူးသောသူ) ဖြစ်သည်ကို သခင်ယေရှု သိပါသည်။ သခင်ယေရှု လူ့ဇာတိအားဖြင့် အသက်ရှင်စဉ်ကါလ၌၊ ဖါရိရှဲ၊ ဇဒ္ဒ​ ုဂဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်တို့ကို အပြစ်တင်လေ့ရှိသော်လည်း၊ သာမန် လူသားတို့ကို အပြစ်တင်လေ့မရှိကြောင်း ခရစ်ဝင်ကျမ်းများ အရသိရှိနိုင်ပါသည်။ သာမန် လူသားများဖြစ်သည့်သူဌေးကလေးကိုလောဘလွန်ကြူးသူ ဖြစ်ကြောင်း သိသော်လည်း အပြစ် မတင်ရက်၍ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်လော့ဟု မိန့်တော်မူခြင်း ဖြစ်ပါသည်။

    ပညတ်တော်ကို လိုက် လျှောက်သည့်သူဌေးကလေး
    မဿဲ ၁၉:၂၀တွင် သူဌေးကလေးက ... ထိုပညတ်ရှိသမျှတို့ကို အ​ကျွန်ပ်သည် ငယ်သော အရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ်အကျင့်လိုသနည်းဟု ပြန်လည်လျှောက်ထားပါသည်။ ထိုပညတ်ရှိသမျှတို့ကို ငယ်ရွယ်စဉ်မှစ စောင့်ကြောင်း ထိုသူဌေးကလေးကလိမ်ညာပြောမည် မဟုတ်ပါ။ သခင်ယေရှု ကသင်သည် ထိုပညတ်တို့ကို စောင့်သောကြောင့် ထာဝရ အသက်ကို ရသောသူ ဖြစ်သည်။ ငြိမ်ဝပ်စွာ သွားလော့ဟု မပြောပါ။ ဘာကြောင့်ပါလဲ။

    လူ့အသက်ကို မသတ်နှင့်၊ သူ့မယားကို မပြစ်မှားနှင့်၊ မခိုးနှင့်၊ မမှန်သော သက်သေမခံနှင့်၊ မိဘကို ရိုသေလော့ဆိုသည့်ပညတ်တရားများမှာ ဖေါ်ပြခဲ့ပြီးသည့်အတိုင်း အုပ်ချုပ်ရေးနှင့် ဆိုင်ရာပညတ်တရားနှင့် အကျင့်စာရိတ္တနှင့် ဆိုင်ရာ ပညတ်တရားများ ဖြစ်ပါသည်။ ထာဝရဘုရားကို ကိုးကွယ်ခြင်း ပြုသည့်ဝတ်ပြုခြင်း ဆိုင်ရာပညတ်တရားများ မဟုတ်ပါ။ ဝတ်ပြုခြင်း ဆိုင်ရာပညတ်တရား (၄) ပါး (ထွက် ၂၀:၁-၁၀)ကို မလိုက်လှေျာက်ခြင်းသည် ထာဝရဘုရားကို ကိုးကွယ်ခြင်း မဟုတ်သည့်အတွက် ထာဝရ အသက် ရမည် မဟုတ်ပါ။ ထိုတရား (၄) ပါးထဲမှတ ခုခုကို ချိုးဖေါက်ပါကလည်း ထာဝရ အသက် ရမည် မဟုတ်ပါ။ ဝတ်ပြုခြင်း ဆိုင်ရာ ပညတ်တရားများ မကျင့်သည့်အတွက် ထိုသူဌေးကလေးအား ထာဝရ အသက် ရပြီဟု မပြောခြင်း ဖြစ်ပါသည်။

    စုံလင်ခြင်းသို့ ရောက်လိုလျှင်
    သင်သည် စုံလင်ခြင်းသို့ ရောက်လိုလှျင်သွားလော့။ ကိုယ်ဥဏာကို ရောင်း၍ ဆင်းရဲသားတို့ အားပေးလော့့။ ထိုသို့ ပြုလှျင်ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။သို့ ပြီးမှငါ့နောက်သို့ လိုက်လော့ ... ဟု (မဿဲ ၁၉:၂၁) သခင်ယေရှု ကသူဌေးလုလင်ကို မိန့်တော်မူသည်။

    သူဌေးလုလင်သည် ဝတ်ပြုခြင်း ဆိုင်ရာပညတ်တရားမလိုက်လျှောက် ကြောင်းနှင့်လောဘလွန်ကျူးသူ ဖြစ်ကြောင်း သခင်ယေရှု သိပါသည်။ သို့သော် သူ့ကို အပြစ် မတင်ပါ။ ပညတ်တရားအပြည့်အစုံမလိုက်လျှောက်ကြောင်းလည်း မပြောပါ။ ဥစ္စာများကို ရောင်းပြီး ဆင်းရဲသားတို့ အားပေးရန်ပြောပါသည်။ ထိုသို့ သူဌေးလုလင်အား စေခိုင်းခြင်းမှ ာလည်း၊ လောဘလွန်ကျူးခြင်း၊ ပစ္စည်းဥစ္စာ တပ်မက်ခြင်း မရှိဖို့ရန်အတွက် သွယ်ဝိုက်သော နည်းဖြင့် လမ်းမှန်ညွှန်ပြခြင်း ဖြစ်ပါသည်။

    ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ ... ဟု ဆာလံ (၁၉:၇)တွင် ဖေါ်ပြထားပါသည်။ စုံလင်ဖို့ရန်ပညတ်တရားအားလုံး လိုက်လျှောက် ဖို့လိုပါသည်။ ပညတ်တရားကို အားလုံး ကို မည်သူမျှမလိုက်ရှောက်နိုင်ပါ။ မလိုက် ရှောက်နိုင်ပါက စုံလင်ခြင်း မရှိနိုင်ပါ။ စုံလင်ခြင်း မရှိပါက ဘုရားသခင် ရှေ့တွင် မ​ဖြောင့်မတ်နိုင်ပါ။ ဘုရားသခင် ရှေ့တွင် မ​ဖြောင့်မတ်ပါက အဘယ်သို့ ထာဝရ အသက် ရပါမည်နည်း။

    သူဌေးလုလင်သည် သူ၏ ပစ္စည်းဥစ္စာများကို ရောင်းပြီး ဆင်းရဲသားတို့ကို ပေးပါက စုံလင်ခြင်းသို့ ရောက်မည်လော။ မရောက်နိုင်ပါ။ ပညတ်တရားကို ကြိုးစားပြီး လိုက်လှေျာက်ပါကလည်း စုံလင်ခြင်းသို့ မရောက်နိုင်ပါ။ ထိုသူဌေး လုလင်သည် ဝတ်ပြုခြင်း ဆိုင်ရာပညတ်တရားကို လိုက်လျှောက်ခြင်း မပြု ခဲ့သည့်အတွက် စုံလင်ခြင်းသို့ ရောက်လိုလျှင် ငါ့နောက်သို့ လိုက်လော့ဟု သခင်ယေရှု မိန့်တော်မူခြင်း ဖြစ်ပါသည်။ သခင်ယေရှု နောက်တော်သို့ လိုက်မှသာ သခင် ယေရှုကို ယုံကြည် လာမည် ဖြစ်ပါသည်။ သခင်ယေရှုကို ယုံကြည်ပြီး သခင်ယေရှု စကားကို နားထောင် မှသာ ထာဝရ အသက် ရမည် ဖြစ်ပါသည်။ သခင်ယေရှု နောက်တော်သို့ လိုက်မှသာ ဝတ်ပြုခြင်း ဆိုင်ရာပညတ်တရားလိုက်လျှောက် ရာရောက်မည့် အပြင်စုံလင်ခြင်းရှိမည် ဖြစ်ပါသည်။ ... သခင်ယေရှုသည် အ​ကျွန်ပ်တို့၏ ယုံကြည်ခြင်း အစအဦးစီရင်၍ စုံလင်စေတော်မူ၏ဟု ... ဟေဗြဲ (၁၂:၂)တွင် ဖေါ်ပြထားပါသည်။

    ထိုသူဌေးလုလင်အနေဖြင့် သခင်ယေရှုကို စွန့်ပြီး ဥစ္စာပစ္စည်းများကို ရွေးချယ်ရမည်လော။ သို့မဟုတ် ဥစ္စာပစ္စည်းကို စွန့်ပြီး သခင်ယေရှု နောက်လိုက် ရမည်လော။ တခုခုရွေးချယ်ဖုိ့လိုသည်။ ရွေးချယ်ပိုင်ခွင့်ရှိသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ၊ ... ထိုလုလင်သည် ဥစ္စာရတတ်သောသူ ဖြစ်၍၊ ထိုစကားကို ကြားလျှင် စိတ်မသာစွာဖြင့် ထွက်သွားလေ၏ ... ဟု မဿဲ (၁၉:၂၂)တွင် ဖေါ်ပြထားပါသည်။ ထိုသူဌေးကလေးသည် ထာဝရ အသက် ပိုင်ရှင်၊ ယုံ ကြည်ခြင်းအားဖြင့် စုံလင်စေသည့်အရှင် ဖြစ်သော သခင်ယေရှုကို စွန့်ပြီး ဤလောက ပစ္စည်းဥစ္စာကို ရွေးချယ်သွားပါသည်။

    ပညတ်တရားလိုက်လျှောက်ခြင်းအားဖြင့် ကောင်းကင်ဘုံမဝင်စား နိုင်ပါ။ ကောင်းသော အကျင့်အမျိုးမိျုးကျင့်ခြင်းအားဖြင့် ကောင်းကင် နိုင်ငံမဝင် နိုင်ပါ။ သခင်ယေရှု မပါဘဲနှင့် ကောင်းကင် နိုင်ငံမရောက်နိုင်ပါ။

    သခင်ယေရှုက ငါသည် လမ်းခရီး ဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလှျင်အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက် ရ ... ဟု ယောဟန် (၁၄:၆) မှာအတိအလင်းပြောထားပါသည်။ မိတ်ဆွေ သွားရ မဲ့နေရာဟာမိတ်ဆွေ ရဲ့ရွေးချယ်မှုအပေါ်မှာ တည်နေပါတယ်။

    မှန်ကန်စွာ ရွေးချယ်နိုင်ကြဖို့ရန်အယောက်တိုင်း အပေါ်ဘုရားရှင် ကောင်းကြီး ပေးပါစေ။

    .

    မှန်ကန်သော ရွေးချယ်ခြင်း

    (ဆရာနော်ဂျာ)

    တရားဟောရာကျမ်း၃၀:၁၉ “အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်း ချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တဖက်၌ ကောင်းကင် မြေကြီးကို ငါတိုင်တည်၏။”

    နေ့စဉ် အသက်တာ၌ ဘုရားသခင်သည် ​ကျွန်ပ်တို့အား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ပေးထားပါသည်။ မှန်ကန်သော ရွေးချယ်မှုကို ပြုမည်ဆိုလျှင် ဘုရားသခင်ထံမှ ကောင်းချီးမင်္လာကို ရရှိမည် ဖြစ်သကဲ့သို့ ရွေးချယ်မှု မှားခဲ့လျှင် ကျိန်ခြင်း အမင်္လာကို ခံစားရမည်မှာဧကန်မုချ ဖြစ်ကြောင်း ဘုရားသခင်သည် ကောင်ကင်မြေကြီးကို တိုင်တည်၍ ကျိန်ဆိုထားသည်။

    ထို့ကြောင့် နေ့စဉ် ​ကျွန်ပ်တို့ ရွေးချယ်မှုသည် အလွန် အရေးကြီး လှပါသည်။ သေးငယ်သော ကိစ္စမှကြီးမားသော ကိစ္စအထိ ရွေးချယ်မှု မမှားရန်သေ ချာစွာ ဆုံးဖြတ်သင့်သည်။ နေ့စဉ် ​ကျွန်ပ်တို့ ရွေးချယ်ရမည့် အရာမှာ အလွန်များလှပါသည်။ ဥပမာအားဖြင့် -
    (၁) ကျမ်းစာဖတ်ရမလား (သို့) ရုပ်ရှင်ကြည့်ရမလား?
    (၂) ဘုရားကျောင်းသွားရမလား (သို့) အိပ်နေရင်ရင်ကောင်းမလား?
    (၃) ဆုတောင်းရရင်ကောင်းမလား (သို့) အတင်း ပြောနေရရင်ကောင်းမလာ?
    (၄) အရက်သောက်ရရင်ကောင်းမလား (သို့) မသောက်ဘဲ နေရရင်ကောင်းမလာ?
    (၅) လောင်းကစားလုပ်ရရင်ကောင်းမလား (သို့) မလုပ်ဘဲ နေရရင်ကောင်း မလား?
    (၆) မိသဟာယသွားရရင်ကောင်းမလား (သို့) ညငါ့အ ခူကဘ သွားရင်ကောင်းမလား?
    (၇) လူတစ်ယောက်ကို ချည်နှောင်ရင်ကောင်းမလား (သို့) ခွင့်လွတ်လိုက်ရရင် ကောင်းမလား?
    (၈) မယုံကြည်သူကို လက်ထပ်ရမလား (သို့) ယုံကြည်သူကိုဘဲ မျှော်ရမလား?
    (၉) ဥညူငညန၌ ဘုရား အကြောင်း ကြည့်ရမလား (သို့) လောက ညစ်ညူးခြင်း ကြည့်ရမလား?
    (၁၀) ဒီမြို့ကနေပြောင်းရမလား (သို့) မပြောင်းဘဲ နေရင်ကောင်းမလား?
    (၁၁) မတရားသော စီးပွားရေးလုပ်ရမလား (သို့) မလုပ်ဘဲ နေရင်ကောင်း မလား?

    ရွေးချယ်စရာ ကြုံတွေ့ လာသောအခါ ဘုရားသခင် အလိုတော်နှင့် ကိုက် ညီသော ရွေးချယ်မှု ပြုရန် အလွန် အရေးကြီးသည်။ ရွေးချယ်မှု မှားသွားပါက ဘဝအ သက်တာတစ်လျှောက်လုံးဆုံးရှုံးခြင်း ပူဆွေးခြင်းနှင့် ဘဝကို အဆုံးသတ်သွားမည် ဖြစ်သည်။ မှန်ကန်သော ရွေးချယ်မှု ပြုပါက ပျော်ရွင်ဝမ်းမြောက်ခြင်းနှင့် ခရစ်ယာန် အသက်တာကို လျှောက်လှမ်းရမည့် အကြောင်းကို ကမ္ဘာဦးကျမ်းထဲမှ အဗြဟံနှင့်လောတ၏ အသက်တာကို နှိုင်းယှဉ်၍ ဖေါ်ပြလိုပါသည်။

    အဗြဟံနှင့်လောတသည် အဲဂုတ္တု မပြန်လာပြီး နောက်စည်းစိမ်ဥစ္စာများ လွန်း၍ တစ်နေရာထဲ၌ နေရန်မ ဖြစ်နိုင် တော့သည့်အခါနေရာဒေသကို ရွေးချယ် ဖို့ရန် ဖြစ်လာသည်။ ထိုအခါလောတသည်လောက အမြင်နှင့် ငွေ​ကြေးဥစ္စာများ အပေါ်အ​ခြေပြု၍ ထာဝရဘုရား ဥယျဉ်တော် ကဲ့သို့၎င်း၊ အဲဂုတ္တု ပြည်သို့၎င်း ဖြစ်သောသော ဒုံမြို့နှင့် ဂေါမောရမြို့ဟူသော ဘုရားသခင် အလွန် မုန်းတီးသော အပြု အမူများပြုသည့်အရပ်ကို ရွေးချယ်ခဲ့သည်။ (He seeked riches and easy life rather than a path of obedience to God) (က၊ ၁၃:၁၀-၁၁)

    ကျွန်ပ်တို့လည်းလောတနည်းတူ ကြုံတွေ့ရသောအခါ ဘုရား အလိုနှင့် အညီရွေးချယ်လား? (သို့) လောက ဇာတိအရာ၌ ကြွယ်ဝ၍ ဘုရားသခင်နှင့် ဝေးသော နေရာကို ရွေးချယ်မညလားဆိုသည့်အရာကို ဆုံးဖြတ်ရန်လိုအပ်သော အ​ခြေအနေရှိလာနိုင်မည် ဖြစ်သည်။

    လောတရွေးချယ်သောလမ်းကို ယနေ့လောကသားများအားလုံး ကြိုက်နှစ်သက်ကြမည် ဖြစ်သော်လည်း ယုံကြည်သူများအတွက် မူကား အလွန် ကြောက်စရာ ကောင်းကြောင်းကိုလောတ၏ ရှေ့ ဖြစ်လာမည့် အကျိုးအဆက်ကို ကြည့်ရှု၍ ဆင်ခြင်နိုင်ရန် ဝေငှလိုပါသည်။

    လူသားတို့ အလွန် ပျော်စရာ ကောင်းသည်ဟု ယူဆသော အရပ်တိုင်း၌ ဘုရားသခင် မရှိပါ။ “သို့သော် ဘုရားသခင် ရှိသည့်အရပ်တိုင်း၌ ပျော်ရွှင်စရာ အလွန်ကောင်းသည်” ဆိုသောစကား အတိုင်း ဘုရားသခင် ထားရာအရပ်၊ ဘုရားသခင်နှစ်သက်ရာအရပ်၌ နေထိုင်ရန်ရွေးချယ်ခဲ့သူအဗြဟံ၏ အသက်တာ၌ ဘုရားသခင်ကောင်းချီးမင်္လာခံစားရသည့်အရာများကို ခွန်အား ယူနှလုံးသွင်းရန် ဖြစ်သည်။ မှန်ကန်သော ရွေးချယ်မှု ပြုသူအဗြဟံနှင့် မှားယွင်းသော ရွေးချယ်မှုကို ပြုခဲ့သောလောတ၏ အသက်တာကို နှိုင်းယှဉ််ကြည့်ကြပါစို့။



    .

    ခရစ်တော် ပဌမ အကြိမ်ကြွလာခြင်းမှ ဒုတိယအကြိမ် ကြွလာခြင်း အထိ

    (ဆရာ ထောင်ကျုံး-ယခင်လမှအဆက်)

    သိုးသူငယ်၏ မင်္လာဆောင်ပွဲ
    ယုံကြည်သူများသည် ထိုကဲ့သို့ ဆုပေးပွဲအပြီးမှာသိုးသူငယ်၏ မင်္လာ ဆောင်ပွဲ၌ ပါဝင်ကြမည် ဖြစ်သည်။ ကျမ်းစာ၌ ငါတို့သည် ဝမ်းမြောက် ရွှင်လန်းကြ ကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္လာ ဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသောသူအများတို့၏ အသံ၊ သမုဒ္ဒ​ရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သ တည်း။ ကောင်းကန်တမန်ကလည်း၊ သိုးသငယ်၏ မင်္လာဆောင်ပွဲ သို့ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည် မင်္လာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော် ထွက်စင်စစ် ဖြစ်၏ ဟူ၍၎င်း၊ ငါ့အား ပြောဆို၏။ (ဗျာ ၁၉:ရ- ၉)

    အထက်ပါ ကျမ်းပိုဒ်များ၌ ပါသော သိုးသူငယ်သည် ခရစ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ သူ၏ မိန်းမသည် အသင်းတော် ဖြစ်သည်။ အသင်းတော်သည် ခရစ်တော်၏ မိန်းမ ဖြစ်မည့် အကြောင်းများကို ဧဖက် ၅:၂၆၌ ဤသို့ တွေ့ရသည်။ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည် ဖြစ်၍၊ အညစ်အ​ကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော် ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ် သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော် အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။

    တဖန် ရှင်ပေါလုက ဤသို့ ဆိုသည်၊ အကြောင်းမူကား၊ ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ကညာကဲ့သို့ ခရစ်တော်အား ဆက် အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြား ဆောင်နှင်းပြီး သောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သော စိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။ (၂ ကော ၁၁:၂) ထို့ကြောင့် ခရစ်တော်၏ အသင်းတော် တည်းဟူသော ယုံ ကြည် သူများသည် ခရစ်တော်၏ မိန်းမ ဖြစ်မည် ဖြစ်သောကြောင့် သန့်ရှင်းစွာ နေဘို့ လိုသည်။ လောကအရာများနှင့် ညစ်ညူးခြင်းများမရှိသင့်ချေ။

    ဘေးဒဏ်ကြီးကာလ
    ယုံကြည်သူများကောင်းကင်သို့ ချီဆောင်ခြင်း ခံရပြီးသော နောက် ဤလောက၌ အနှေးနှင့် အမြန် ဘေးဒဏ်ကြီးကာလ စမည် ဖြစ်သည်။ ထိုဘေးဒဏ်ကြီး ကာလ အကြောင်းကို သခင် ခရစ်တော်က ရှင်မဿဲ ၂၄နှင့် ဗျာဒိတ်ကျမ်း၆မှ ၁၉တွင် ဖေါ်ပြထားသည်။ ထိုကာလသည် အလွန် ခက်ခဲသောကြောင့် အဘယ် သူမျှမခံနိုုင်ဟု ခရစ်တော်က ဤသို့ ဆိုခဲ့သည် အကြောင်းမူကား၊ က​ြာဦး မှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဘို့ အလိုငှါ ထိုကာလသည် တိုလိမ့်မည် (မ၊ ၂၄:၂၁၊ ၂၂) ထိုကာလကို ပရောဖက် ယေရမိက ဤသို့ ရေးသား ခဲ့သည် အလိုလေး၊ ထိုနေ့ရက်ကား၊ ခိုင်းနိှုင်းစရာ မရှိ။ ကြီးသော နေ့ရက် ဖြစ်၏။ ယာ ကုပ်အမျိုး၌ အမှု ရောက်သော နေ့ရက် ဖြစ်၏။ သို့ရာတွင်၊ သူတို့သည် ကယ် တင်ခြင်းသို့ ရောက်ကြလိမ့်မည်၊ (ယေရ ၃၀:ရ)။

    ကမ္ဘာ့ အစိုးရပေါ်လာမည်
    ဘေးဒဏ်ကြီး ကာလ၌ အန္တီခရစ် တည်းဟူသော စာတန်၏ လူက ဤလောက တခုလုံးကို အုပ်ချုပ်မည်။ ထိုကာလ၌ ကမ္ဘာ့ အစိုးရပေါ်လာ၍ အာ ဏာရှင်တဦးတည်း ကအုပ်ချုပ်မည် ဖြစ်သည်။ ထိုသူကို ပရောဖက် ဒံယေလက ချိုငယ်တချောင်း ဟုဆိုသည် -ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများ အလယ်၌ ချို ငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့် တကွနှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်၎င်း၊ ပြည့်စုံ၏ (ဒံ ရး၈)။ တဖန် ရွံရှာ ဘွယ် ဟုဆိုသည် ထိုမင်း နောက်မှစစ်လက်နက်တို့သည် ပေါ်လာသဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရာ ဌာနတော်ကို ညစ်ညူး စေ၍၊ နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်ရှင်းကြလိမ့်မည်။ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာကိုလည်း တည်ထား ကြလိမ့်မည် (ဒံ ၁၁:၃၁)။

    ထိုကမ္ဘာ့ ခေါင်းဆောင်ကို ရှင်ပေါလုက ဒုစရိုက်လူဟု ခေါ်သည် အဘယ် သူမျှသင်တို့ကို အဘယ်သို့အားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင် ဖြစ်၍၊ ဒုစရိုက်လူ တည်းဟူသော ပျက်စီးခြင်း၏ သားသည် ပေါ်လာရလိမ့်မည်။ (၂ သက် ၂:၃) ရှင်ယောဟန်ကအœိ ခရစ်ဟု ခေါ်သည် -ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလ ဖြစ်၏။ ခရစ်တော်၏ ရန်သူ တည်းဟူသော အန္တီခရစ် ပေါ်လာကြောင်းကို သင်တို့ ကြားရသည် အတိုင်း၊ ယခုပင် အန္တီခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခုကာလသည် နောက်ဆုံးသောကာလ ဖြစ်သည်ကို သိရ၏။ (၁ ယော ၂:၁၈) ဗျာဒိတ်ကျမ်းထဲ၌ ထိုသူကို ပဌမသားရဲဟု ခေါ်သည် -ထိုသားရဲသည် သူ့အရင် ဖြစ်သော ပဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဌမသားရဲကို မြေကြီး မှစ၍ မြေကြီးသားတို့ သည်ကိုးကွယ်စေခြင်းငှါ ပြု၏ (ဗျာ ၁၃:၁၂)။

    ထိုကမ္ဘာ့ အာဏာရှင်သည် သွေးထွက်သံယိုခြင်း မရှိဘဲ အာဏာကို ရရှိလိမ့်မည်။ ကမ္ဘာ့ စီးပွါးရေး၊ နိင်ငံရေး ပြသနာသည် ​ ဖြေရှင်း၍ မရနိင်အောင် ကြီးမားသောအခါ ထိုပြသနာများကို ​ ဖြေရှင်း ပေးမည့်သူကို တကမ္ဘာလုံးကမျှော် နေကြမည် ဖြစ်သည်။ ထိုအခါ ထိုပြသနာများကို ​ ဖြေရှင်း နိင်မည်ဟု နှုတ်သတ္တိညဏ်သတ္တိ ရှိသောသူပေါ်လာ၍ လူအများက သူ့ကို လိုလိုချင် ချင်ဖြင့် အာဏာလွှဲအပ်မည် ဖြစ်သည်။ ထိုသူသည် အစပိုင်း၌ အလွန် အောင်မြင်သော်လည်း နောက်ပိုင်း၌ ပြသနာများလာ၍ သူ့လက်ထက်၌ စစ်ပွဲများ ဖြစ်၍ ငြိမ်သက်မှုသည် မြေကြီး ပေါ် မှရုတ်သိမ်းမည် ဖြစ်သည်။ ထိုအရာများကို ဗျာဒိတ်ကျမ်း၌ ဤသို့ တွေ့ရသည် သိုးသငယ်သည် တံဆိပ် ခုနစ်ချက်တွင် တချက်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ မိုဃ်းကြိုးသံမြည် သကဲ့သို့၊ သတ္တဝါလေးပါးတွင် တပါးက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌ သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်၎င်း၊ အောင်မြင်ခြင်း ငှါ၎င်း၊ ထွက်သွား၏။ (ဗျာ ၆:၁၊ ၂)

    အထက်ပါ ကျမ်းပိုဒ်၌ မြင်းဖြူစီးသောသူသည် ခရစ်တော် အတု အန္တီခရစ် ဖြစ်သည်။ သူသည် ခရစ်တော် ယောင်ဆောင်၍ မြင်းဖြူစီးသည်။ လေးကိုကိုင်သော်လည်း မြှားမပါချေ။ အကြောင်းမှာ စစ်မတိုက်ဘဲ အောင်မြင် မည့် အရာကို ဆိုလိုခြင်း ဖြစ်သည်။ ထိုသူသည် လူတိုင်းက ကြိုဆို လက်ခံချီးမြှောက်ကြသော်လည်း မကြာမှီတွင် ပြသနာများလာ၍ စစ်တိုက်မည်။

    စစ်တိုက်မည်
    ဒုတိယတံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယသျွှဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ မြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီး ကရုပ်သိမ်းခြင်းငှါ၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်း ငှါ၎င်းအခွင့်ရ၏။ သူ၌ ထားကြီးကို ပေးတော်မူ၏။ (ဗျာ ၆:၃-၄) မြင်းစီးသောသူ၏ ပုံစံ မဖေါ်ပြ သော်လည်း သူစီးသော မြင်းသည် အနီရောင် ဖြစ်သည်။ အနီ ရောင်သည် သွေးကို ဖေါ်ပြသည်။ ကမ္ဘာ့ အာဏာရှင်သည် သူအာဏာရ၍ မကြာ မှီစစ်တိုက်မည့် အကြောင်းကို ဘုရားသခင်က ကြိုတင် ဖေါ်ပြထားသည်။

    ထိုစစ်ပွဲသည် ယေဇကျေလဟောဘူးသော ဂေါဂနှင့် မာဂေါဂစစ်ပွဲ ဖြစ်နိင်သည်။ ယေဇကျေလကနောင်အခါ ဣသရေလ တိုင်း ပြည်ကို မြောက်ဖက် အစွန်းနိင်ငံမာဂေါဂကတိုက်ခိုက်မည် ဟုဆိုထားသည် (ယေဇ ၃၈:၁-၂၊ ၃၉:၁-၂)။ ထိုတိုက်ပွဲ၌ အခြားတိုင်း ပြည် များလည်း ပါမည့် အကြောင်း ဤသို့ တွေ့ရသည်  အသီးအသီးဒိုင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိ (အီရန်) ပြည်သား၊ ကုရု (အီသီယိုးပီယား) ပြည်သား၊ ဖုတ (လိဗျား) ပြည်သား၊ ဂေါမာ (တူရဂီ)နှင့် သူ၏ တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏ တပ်များအလုံးအရင်းများ အပေါင်းတို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။ (ယေဇ ၃၈:၅-၆)

    ထိုရန်သူများသည် ဣသရေလ တိုင်း ပြည် အပေါ်၌ မိုးအုပ် သကဲ့သို့ များစွာသော စစ်တပ်နှင့် ချီလာကြလိမ့်မည် (၃၈:၁၆)။ မိုးအုပ် သကဲ့သို့ ဟုဆိုခြင်းသည် များစွာသော တိုက်လေယဉ်များနှင့် လာမည့် အရာကို ဆိုလိုနိင်သည်။ သို့သော် ဘုရားသခင်က ရန်သူများကို သူ၏ တန်ခိုးအားဖြင့် တိုက်ခိုက် အောင်မြင်မည်။ ဘုရားသခင်က ကြီးစွာသော မြေငလျှင် လှူပ်စေမည် (၃၈:၁၉၊ ၂၀)။ အကယ် စင်စစ်ထိုအခါ ဣသရေလ ပြည်၌ ကြီးစွာသော လှုပ်ရှားခြင်း ဖြစ်လိမ့်မည်ဟု ငါ၏ ဒေါသ မီးလောင်လျက် ငါပြောပြီ။ ပင်လယ်ငါး၊ မိုဃ်းကောင်းကင် ငှက်၊ တော တိရစ္ဆာန်နှင့် မြေ၌ တွားတတ်သော တိရစ္ဆာန်၊ မြေပေါ်မှာ ရှိသော လူအပေါင်းတို့သည် ငါ့ရှေ့မှာ တုန်လှုပ်ကြလိမ့်မည်။ တောင်တို့သည် ပြိုလျက် အစောက်မြင့်သော အရပ်တို့သည် လဲလျက် အလုံးစုံသော အုတ်ရိုးပြိုလျက် ရှိကြလိမ့်မည်။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါ့တောင်များ အရပ်ရပ်တို့တွင် သူ့တဘက်၌ ထားကို ငါမှာလိုက်သဖြင့်၊ လူအပေါင်းတို့သည် တယောက်ကို တယောက်ထားနှင့် ခုတ်ကြလိမ့်မည်။ ငါသည် ကာလနာ ဘေး၊ အသေသတ်ခြင်း ဘေးအားဖြင့် သူ့ကို ဒဏ်ပေးမည်။ သူနှင့် သူ၌ ပါသော တပ်များ၊ အလုံးအရင်များပေါ်မှာ လွှမ်းသော မိုဃ်းရေကြီးသော မိုဃ်းသီး၊ ကန့်နှင့် ရောသော မီးမိုဃ်းကို ရွာစေမည်။ ထိုသို့ ငါသည် ကိုယ်ကို ချီးမြှောက်၍ ရိုသေဘွယ်သော ဂုဏ်လQဏာကို ပြလျက်၊ များစွာသော လူမျိုးတို့ ရှေ့မှာ ထင်ရှားသောအခါ ငါသည် ထာဝရ ဖြစ်ကြောင်းကို သူတို့ သိရကြလိမ့််မည်ဟု မိန့်တော်မူ၏။ (၃၈:၁၉-၂၃)

    ထိုစစ်ပွဲသည် မာဂေါဂ တည်းဟူသော ရုရှားပြည်နှင့်တကွ၊ ပေရသိ (အီရန်) ပြည်သား၊ ကုရု (အီသီယိုးပီယား) ပြည်သား၊ ဖုတ (လိဗျား) ပြည်သား၊ ဂေါမာ (တူရကီ)များက ဣသရေလ တိုင်း ပြည်ကို တိုက်မည့် စစ် ဖြစ်သည်။ တ ကမ္ဘာလုံးက ဣသရေလ တိုင်း ပြည်သည် အမှုန့်ဖြစ်သွားမည်ဟု ထင်မှတ်ကြ လိမ့်မည်။ သို့သော် ဘုရားသခင်က တိုက်ပေးသဖြင့် ဣသရေလ ဖက်ကအနိင် ရမည် ဖြစ်သည်။ ဘုရားသခင် သုံးသော လက်နက်မှာမိုဃ်းရေ၊ မိုဃ်းသီး၊ ကန့်နှင့် ရောသော မီးမိုဃ်း၊ မြေငလျှင်၊ ရန်သူများ အချင်းချင်းရှုပ်ထွေးစေ၍ အချင်းချင်း သတ်ဖြတ်ခြင်းဖြင့် ဆုံးရှုံးစေမည် ဖြစ်သည်။ ထိုလက်နက်များကို ဘုရားသခင်က ဓမ္မာဟောင်းကာလ၌လည်း အကြိမ်ကြိမ်းသုံးခဲ့ဘူးပြီ။ ထိုအခါ ဘုရားသခင်၏ ဘုန်းတန်ခိုးသည် တကမ္ဘာလုံးကသိ၍ သူသည် ထာဝရဘုရား ဖြစ်ကြောင်းကို အသိအမှတ်ပြုကြမည် ဖြစ်သည်။

    .

    ကျန်းမာရေး

    (ဆရာမောဇက် ထောင်ကျုုံး)

    ကျန်းမာရေးသည် ယုံကြည်သူများအတွက် အလွန် အရေးကြီးသောအရာ ဖြစ်သည်။ ကျန်းမာမှဘုရား အတွက် ပို၍ အမှုဆောင်နိင်မည်။ ကျန်းမာဘို့ရန်မှာ ဘုရား ပေးထားသော အစားအစာများကို ရွေးချယ်တတ်ဘို့ လိုသည်။ ဝမ်းချုပ်လျှင် ဒူလာ၊ လိပ်ခေါင်းများ ဖြစ်စေသည်။ ဝမ်းချုပ်လျှင် အခြားသော ရောဂါများ ဖြစ်စေနိင်သည်။ ထို့ကြောင့် ဝမ်းမချုပ်ဘို့ရန် Fiber ပါသော အစားအစာများ၊ များများ စားဘို့ လိုသည်။ ​ကျွန်တော် ကိုယ်တိုင် ဝမ်းချုပ်တတ်သောကြောင့် ဝမ်းချုပ်ခြင်း၏ အခက် အခဲကို သိသည်။ ဝမ်းချုပ်တတ်သောသူများ Fiber ပါသော အစားအစာများ၊ များများ စားကြပါ။ ထိုအစားအစာများမှာ၊ သစ်သီးမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ ​Brown rice တို့ ဖြစ်သည်။ ပန်းသီးသစ်တော့သီးသခွါးသီးများကို အခံွမန$ာဘဲ အခံွနှင့် စားပါ။ ဝမ်းချုပ်စာ ဖြစ်သော ကောက်ညှင်း စားလိုပါက Fiber မှုန့်နှင့် စားပါ။ Fiber မှုန့်ကို ဆေးဆိုင် တိုင်းတွင် ဝယ်ယူနိင်သည်။ Fiber သည် bad cholesterol ကိုလည်း လျော့နည်းစေသည်။ အင်္လိပ်လိုဆက်ဖတ်ပါ။

    What is Fiber?
    Fiber is a non-digestible part of plant foods (like grains, fruits, vegetables and legumes) that supports good health. Non-digestible means that the enzymes in the digestive system are not able to break this part of food down, which means it travels through the whole digestive system, including the colon. The fact that fiber isn't digested by the body is part of what makes it so beneficial to good health.

    Soluble and Insoluble fiber
    One way of classifying fibers is as soluble and insoluble, which relates to how well they dissolve in water. Both function very differently in the body, and both types are needed as part of a healthy diet.

    Soluble fiber is soluble in water, which means it can blend with water to form a gel. Soluble fiber helps you to feel full. It can also help lower Low-Density Lipoprotein (LDL) blood-cholesterol (also known as the "bad cholesterol") levels and regulate blood sugar levels. Some examples of foods that contain soluble fiber are psyllium, oat bran, apples, pears, legumes and barley.

    Insoluble fiber is not soluble or does not dissolve in water. Acting like a sponge, this fiber swells in size, absorbing up to 15 times its own weight in water. Insoluble fiber is often referred to as "roughage". Insoluble fiber provides bulk, which can help you feel full longer. It also speeds up the movement of food through the digestive system, helping to promote regularity and reduce the incidence of constipation. Some examples of foods that contain insoluble fiber include wheat bran and bran cereals, corn bran, some whole-wheat foods, vegetables and fruit.

    A greater understanding of fiber's role in health has brought innovations in the development of fiber-enhanced foods and ingredients. Traditionally, corn, wheat and oat ingredients have been used to supply the fiber in other foods. Today, components of fiber are being extracted (or "isolated") from fruits, vegetables, legumes and seeds, too. These are sometimes referred to as "isolated", "novel" or "functional" fibers - because they do, indeed, function as a fiber.
    A few examples of these newer fiber sources include inulin (which is most often found in chicory root, onions and Jerusalem artichokes) and polydextrose (which is made from corn).

    While these ingredients may seem relatively new, they have been around and studied for quite some time. What's important to understand is that even if you don't recognize these newer fibers, you're body sure does! They are all non-digestible and support good health. The development and use of these newer fiber ingredients has, and will continue to, improve the taste of fiber-containing processed foods, helping us to get more fiber in our diets each day.

    Are all fibers the same?
    No, but they are all beneficial to the body in their own way. While all fibers have one thing in common - they are not digested by the body - each fiber has its own special characteristics. For example, some fibers can help lower cholesterol and others can't. Some fibers help promote regularity while others don't. Certain fibers may help you feel fuller longer. So are all fibers the same? No - but they are all good for health.

    .

    သတင်းတိုထွာများ

    ကယ်တင်ခြင်း သင်တန်းများ
    ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၎င်း၊ ယုံကြည်သူများ၏ ဆု တောင်းပေးမှုကြောင့်၎င်း၊ ဆရာမောဇက်ထောင်ကျုံးသည် ဇွန်လ ၂၆ ရက်နေ့ညမှစ၍ ၂၈ ရက်နေ့ညအထိ၍ ညိင​ေညစေသူငျ မြို့ရှိ ဃ့ငည ဃ့မငျအင​ေည ဃ့ကမခ့ အသင်းတော်၌ ကယ်တင်ခြင်း သင်တန်းကို ပြုလုပ် နိင်ခဲ့ပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော် လှုပ်ရှားမှုကြောင့် သင်တန်းတက်ရောက်သူ ၆၀ ကျော်သည် စနေနေ့၌ နံနက် ၁၀မှ ည၁၂ နာရီ အထိ ထမင်းစားချိန်များမှအပသင်တန်းတက်ကြပါသည်။ တနင်္နွေနေတွင် လညး်ညနေ ၂ နာရမှ ၄ နာရီ အထိ ဝတ်ပြုစည်းဝေး၌ တရားဟောခွင့်ရရှိခဲ့ကာည ၉ နာရီမှ ၁၂:၃၀ အထိ သင်တန်းပေးခဲ့ပါသည်။ သင်တန်းတက်သူတိုင်း စိတ်ဝင်စားစွာဖြင့် တက်ရောက်ကြပါသည်။ သင်တန်းချိန် တိုတောင်းလွန်းသောကြောင့်အား မရကြပါ။ မည်မျှ ကယ်တင်ခြင်းသို့ ရောက်သွားကြသည်ကို ဘုရားသခင် သာလျှင် သိပါလိမ့်မည်။ သင်တန်းပေးခြင်းကို ဦးစားပေးသောကြောင့် သက်သေခံမည့်အချိန် မရလိုက်ကြပါ။ ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းပါသည်။

    ဆက်လက်၍ ဆရာမောဇက်သည် ၂၉ ရက်နေ့မှဇူလိုင်လ ၄ နေ့အ ထိ ှပမခေကျနမြို့သတင်းကောင်း နှစ်ခြင်း အသင်းတော်၏ ဒေသန္တရ အသင်းတော် ဖြစ်သော ှပမခေကျန ​ြပ​ေညာမေ ​ြစေအငျအ ဃ့ကမခ့ အသင်းတော်၌ ကယ် တင်ခြင်း သင်တန်းကို ပေးခဲ့ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် လူ၄၀မှ ၆၀ ခန့်အထိ တက်ရောက်ကြပါသည်။ ကယ်တင်ခြင်း သဘောပေါက်သွားသောသူများ အတော် အတန်ရှိ ကြသည်။ အလွန် အားရကျေနပ် ကြပြီး သင်တန်းတက်ခြင်း၌ မဝဘဲ အလွန် လိုချင် ကြသေးကြောင်း သိရပါသည်။ ထိုအသင်းတော်၏ သင်းအုပ်ဆရာ၊ ဆရာ ဇကေ​ြ​ေကလည်း ခရစ်ယာန် အိမ်ထောင်ရေးအကြောင်းများကို သင်ကြား ပေးခဲ့ပါသည်။ ယနေ့ ခရစ်ယာန်များ၌ ပြသနာများလွန်းသောကြောင့် အိမ် ထောင်ရေးအကြောင်းများကို ကျမ်းစာထဲမှ၎င်း၊ ယနေ့ အမေရိကန်ပြည် ရှိအိမ်ထောင်ရေး ပြသနာများမှ၎င်း၊ သင်ပေးသောအခါ ယုံကြည်သူများ၊ များစွာ အားရကျေနပ် ကြကြောင်း သိရှိရပါသည်။ ထိုသင်တန်း၌ ဆရာများက မြန်မာလိုသင်ကြားပေး၍ ဆရာလယ်မူးဝါးကစကောကရင်ဘာသာဖြင့် ဘာသာပြန်ပေးခဲ့ပါသည်။

    “Roanoke Gospel Trip” အစီရင်ခံချက်
    (ဆရာ နော်ဂျာ)

    ရှေးဦးစွာ Gospel Baptist Church, Rockville မှလူငယ်များ Roanoke, Virginia သို့ Gospel Trip သွားရောက်ရန်အခွင့်ပေးသော ဘုရားရှင်နာမတော်ကို ရှေးဦးစွာ ချီးမွမ်းပါသည်။

    ကျွန်တော်တို့ Roanokeကို လူငယ်အယောက် ၂၀ တိတိနဲ့သွားခဲ့ပါ တယ်။ Laurel က U Hram Ceu တို့ အိမ်မှာလူစုပြီးchurch van တစ်စီးပြီး တော့ကို ထွန်းလင်းရဲ့ကား တစ်စီးစုစုပေါင်းကား၂ စီးနဲ့နေ့လည် ၁၁ နာရီ (27 June) စထွက်ပါတယ်။ လမ်းမှာနဲနဲ traffic ရှိတော့ Roanokeကို ညနေ ၃:၃၀လောက်မှရောက်တယ်။ ရောက်ရောက်ခြင်း အမာခံ ယုံကြည်သူ တစ်ဦး ဖြစ်တဲ့ ုသ ​ြမေငညါတို့ ကဝမ်းမြောက်ဝမ်းသာစွာ နဲ့ကြိုဆိုဧည့်ဝတ်ပြုပါတယ်။

    အားလုံး ရေမိုးချိုးထမင်းစားပြီး World’s Largest Man-made Star ရှိတဲ့တောင်ပေါ်ကို နာရီ ဝက်လောက်သွားလည်ပတ်ကြတယ်။ပြီး တော့ကယ် တင်ခြင်း သင်တန်းကို ည၇:၄၅ မှစပြုနိုင်ပြီး ည၁၀:၃၀ မှာပြီး ပါတယ်။

    မ ယုံကြည်သူ ကရင်မိသားစု ၃ စုနဲ့ ယုံကြည်သူ အယောက် ၂၀ ကျော် စုစုပေါင်း၅၀ ခန့်နဲ့ ဧဝံဂေလိ သင်တန်းကို လုပ်ဆောင်နိုင်ခဲ့တယ်။ ဆရာမရှိ တော့နှုတ်ကပတ်တော် ဆာငတ်နေတဲ့ ယုံကြည်သူ နဲ့ ကယ်တင်ခြင်းကို လိုအပ် နေတဲ့သူတွေများ တော့နှုတ်ကပတ်တော်ကို အားရပါးရဝေငှခွင့်ရတယ်။ သင် တန်းပြီး ခါနီးမှာ ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည် လက်ခံကြောင်း တိုင်ပေးတော့အားလုံး နီးပါးလိုက်ဆိုကြတယ်။

    နောက်နေ့မနက် ၉ နာရီလောက်မှာတော့ ယုံကြည်သူ အိမ် ၃ အိမ် မှာအိမ်လှည့် ဆုတောင်း ပေးပြီး နေ့လည် ၂:၃၀ ကနေ ည၄:၃၀ ထိ Sunday ဝတ်ပြုကိုးကွယ်ခြင်းကို ပြုလုပ် ကြတယ်။ အဲဒီဝတ်ပြုစည်းဝေးခြင်း ကတော့ ကို Chris နဲ့မိသားစုတွေရောအချိန် မှီလာရောက်ပါဝင်ကြတယ်။

    Chris ရောက်လာတော့​ကျွန်တော်တို့ ဏမ​ေငျန ရျွှသမျ့ငစ လုပ်တာ အရမ်းအဆင်ပြေသွားတယ်။ စနေနေ့ညကအသံဝင်နေတဲ့ီင​ေည​ေကလည်း Sunday ရောက်တော့ကျေးဇူးတော်ကြောင့် အားရပါးရပြန် ဦးဆောင်တဲ့အခါ ကြားနာတဲ့သူတွေအရမ်း အားရပြီး သီချင်းတွေကိုတော် တော် ကြာကြာတိုက် ရမှာဘဲ နော်ဆိုပြီး မေးကြတယ်။

    အဲဒီ Sunday ဝတ်ပြုမှာလည်း ကယ်တင်ခြင်း အကြောင်းကို ဆက် လက်ဝေငှတယ်။ ယုံကြည်သူများဝမ်းမြောက် သလို အထူးသဖြင့် ​ကျွန်တော်တို့ လူငယ်တွေပိုပြီး တော့ဝမ်းမြောက် ကြတယ်။ Gospel Trip များများ ထွက်ပြီး လုပ်ဆောင်ကြမယ်ဆိုတဲ့အသံတွေလည်း ကြားရတော့ဘုရားရှင်ရဲ့နာမတော်ကို ချီးမွမ်းမိပါတယ်။

    ဒီခရီး စဉ်မှာ ဘုရားသခင် ရဲ့ကျေးဇူးတော်ကြောင့်၊ ယုံကြည်သူများရဲ့ ဆုတောင်း ပေးမှုကြောင့် အစစအရာရာ အစဉ်ပြေသလိုလူငယ်များရဲ့ ဧဝံဂေလိ မျိုးစေ့ကြဲခြင်း အရသာကို အစပြုလှုံ့ဆော်ပေးတဲ့ခရီး စဉ် ဖြစ်လို့အရမ်းဘဲ ဝမ်းမြောက်ပီတိ ဖြစ်မိတယ်။

    Roanoke မိတ်သဟာယကို ကူညီဖို့နဲ့ခရီး စဉ်အတွက် ကုန်ကြစရိတ်တွေကို personally အားဖြင့်လည်း ကောင်းလူငယ် fund နဲ့ရောပါဝင်ကြပေမယ့် Roanoke ယုံကြည်သူများပေးတာပိုများ တော့​ကျွန်တော်တို့ ပါလာတဲ့်ကညိ တွေလည်း မကုန်တဲ့အပြင် fund တောင်အများကြီး ထပ်တိုးလာတော့ လူငယ်တွေ ဝမ်းနည်းဝမ်းသာ ဖြစ်ကြတယ်။

    ညဝတ်ပြုပြီး Ko Maring တို့ အိမ်မှာ sabuti စားပြီး တော့ဆရာမ ​Bee တို့ အိမ် (refugee case worker)မှာ ဆုတောင်း ပေးပြီး ည၆:၃၀မှာ Maryland ကို ပြန်ကြတယ်။ ည ၁၁းဝ၀ မှာအိမ်ပြန်ရောက်တယ်။

    လူငယ်တွေရဲ့လှုပ်ရှားမှု မှာဒီတခေါက်တော့အအောင်မြင် ဆုံးနဲ့အရသာ အရှိဆုံးခရီး စဉ် ဖြစ်မယ်လို့ယုံကြည် တယ်။ လူငယ်များ အပေါ်နဲ့ ယုံကြည်သူများအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ။

    .

    ဝိညာဉ်ရေးရာဆိုင်ရာ အထောက်အကူများ

    အောက်ပါ ဝိညာဉ်ရေးရာဆိုင်ရာ စာအုပ်များနှင့်စီဒီများ မှာယူနိင်ပါသည်။

    ၁။ ကယ်တင်ခြင်း စာပေးစာယူသင်တန်း ( မြန်မာ) တအုပ် ၅ ဒေါ်လာ
    ၂။ ကယ်တင်ခြင်း စာပေးစာယူသင်တန်း (ဖလမ်းဘာသာ) တအုပ် ၅ ဒေါ်လာ
    ၃။ ပညတ်တော်နှင့် ယဇ်ပူဇော်ခြင်းများ ( မြန်မာဘာသာ) တအုပ် ၅ ဒေါ်လာ
    ၄။ ပညတ်တော်နှင့် ယဇ်ပူဇော်ခြင်းများ (ဖလမ်းဘာသာ) တအုပ် ၅ ဒေါ်လာ
    ၅။ ကယ်တင်ခြင်းမှ ခရစ်ယာန် အသက်တာ၊ ခေတ်ကာလ များ CD ၂ရ ချပ် ၂ရ ဒေါ်လာ
    ၆။ ကယ်တင်ခြင်းမှ ခရစ်ယာန် အသက်တာ၊ ခေတ်ကာလ များ DVD ၈ ချပ် ၂၀ ဒေါ်လာ
    ရ။ သတင်းကောင်း စာစောင် လစဉ်ထုတ် တအုပ် ၁ ဒေါ်လာ
    ဂ။ သတင်းကောင်း နှစ်ခြင်းရန်ကုန်အဖွဲ့ချုပ် ငွေရတုသဘင် DVD ၂ ချပ် ၁၀ ဒေါ်လာ

    ဆက်သွယ်ရန်၊
    Rev. Moses Cung
    mosescung@yahoo.com 240.367.5366