Periodical: Good News, May 2019

Home  >  Periodicals > May 2019

gn052019

MAY 2019

GOOD NEWS PERIODICAL

.

မာတိကာ

  • မိခင်များနေ့
  • ယေရုရှလင် ဗိမာန်တော်
  • စစ်သားများနောက်တန်းပြန်
  • ယောဘ၀တ္တုမှသင်ခန်းစာ
  • ကျမ်းစာဖတ်ကြစို့
  • အမှုတော်ဆောင်သင်တန်း
  • မီဒီယာကဏ္ဍ

  • အမှာစာ

    ကျွန်ုပ်တို့ ဤလောက၌ နေရမည့် အချိန်သည် ရေတွက်လျက် ရှိသော်လည်း၊ လူအများစုသည် မသိသောကြောင့် မိမိတို့ စိတ်ဆန္ဒရှိသည့်အတိုင်း စီမံကိန်းများ ချမှတ်၍၊ မျှော်လင့်ချက်ကြီးစွာဖြင့် ဤလောကကို အသုံးပြု နေကြသည်ကို ၀မ်းနည်းဘွယ်တွေ့ မြင်နေရသည်။ သခင်ယေရှုက၊ "သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ " (မ ၂၄:၄၂) ဟုဆိုသော်လည်း စောင့်နေသော သူအလွန် နည်းသည်။ ရှင်ပေါလုကလည်း၊ "သူခိုးသည် ညဥ့်အခါ လာ သကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာ သိကြ၏။ ၃ငြိမ်၀ပ်ခြင်း ရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟုဆိုစဥ်တွင်၊ ကိုယ်၀န်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်း ရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။ " (၁ သက် ၅:၂-၃) ဟု သတိပေးခဲ့သည်။ တဖန်၊ "ညဥ့်အချိန် ကုန်လု၍ နေ့အ ချိန်ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော်ရာမှနိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလ အချိန်ကို ထောက် လျက်၊ မေှာင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ၀တ်ဆင်ဆောင် ရွက်ကြကုန်အံ့။ ၁၃ပွဲလုပ်ခြင်း၊ ယစ်မျိုး သောက်ကြူးခြင်း၊ မတရားသော မေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း အမှု တို့ကို ကြဥ်ရှောင်၍၊ နေ့အချိန်၌ ကဲ့သို့ တင့်တယ်လေျာက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ " (ရော ၁၃:၁၂-၁၃) ဟု အိပ်မပျော်ဘို့ သတိပေးခဲ့သည်။ သင်သည် အသင့် စောင့်သော သူလော၊ အိပ်ပျော်နေသော သူလော။ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း တို့သည် အိပ်ပျော်ခြင်း ဖြစ်သည်။ ထိုအရာများ အပြင်၊ တီဗီ၊ ကွန်ပြူ တာ၊ ဖုန်း၊ အသုံးပြုခြင်း များသည် နောက်ဆုံးပေါ် အိပ်ပျော်ခြင်း ဖြစ်သည်။ ထို့ထက် နက်နဲသော အိပ်ပျော်ခြင်း မှာ၊ ကယ်တင်ခြင်းသို့ မရောက်ဘဲ၊ ဘုရား အမှုတော် ဆောင်ခြင်း၊ ချီးမွမ်းသီချင်းကို အစွမ်းကုန်သီဆိုခြင်း၊ ဘုရား၌ စိတ်အားကြီးခြင်းတို့ ဖြစ်သည်။
    အဘယ်ကြောင့်နည်းဟူမူကား အိပ်ပျော် သောအခါ အိပ်မက်မက် ကြသည်။ အိပ်မက်ထဲ၌ ခံစား ချက်မျိုးစုံရှိသည်။ သို့သော်နိုးလာ သောအခါ အဘယ်အရာမျှမ ကျန်ပျောက်ကုန်သည်။ ယနေ့ လုပ်ဆောင်ခံစား နေရသော အရာတိုင်းသည်၊ ခဏသာ ရှိ၍ ထာ၀ရ ကာလ၌ ရှိတော့မည် မဟုတ်။ ထို့ကြောင့် ထာ၀ရ မတည်မြဲမည့် အရာများ အတွက်အချိန် ကုန်၊ လူပင်ပန်း၊ ငွေကုန်ကျေး ကျမခံသင့်ချေ။ သင်သည် အဘယ်အရာ၌ အိပ်ပျော်နေသနည်း။ ကယ်တင်ခြင်း စိတ်မချသေးလျှင် ကယ်တင်ခြင်း စိတ်ချဘို့ ရှာသင့်သည်။ ကယ်တင်ခြင်း စိတ်ချပြီး သူများ အနေဖြင့်၊ မိသားစု၀င်များ၊ သူငယ်ချင်းများ၊ ကိုယ်နှင့် နီးစပ်သော သူများကို သတိပေး သင့်သည်။

    .

    မိခင်များနေ့

    ယခုနှစ် မိခင်များနေ့သည် မေလ ၁၂ ရက်တနဂ်နွေနေ့ ဖြစ်သည်။ မိခင်များနေ့သည် သားသမီး များကကိုယ့် မိခင်ကို ဂုဏ် ပြုခြင်း၊ ရိုသေလေးစားခြင်း ပြုဘို့ ရန်အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်။ ခေတ်သစ် မိခင်များနေ့သည် အမေရိကန်ပြည် ထောင်စု၊ အနောက်ဗာဂျီးနီးယားပြည်နယ်၊ Grafton မြို့မက်သဒစ်အသင်းတော် မှစတင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၀၈ခုနှစ်တွင် Anna Jarvis ဆိုသူက ၁၉၀၅ခုနှစ်တွင် သူ့အမေသေဆုံးသောကြောင့် သူ့ကို ဂုဏ်ပြုခြင်းအားဖြင့် မိခင်များနေ့ ပြုလုပ် ဘို့ ကြိုးစား ခဲ့ခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ၊ သားသမီး များအတွက် မိခင်ထက် ပြုစုကြည့်ရှုဂရုစိုက်သော သူကမ္ဘာပေါ်၌ မရှိ သောကြောင့် ကိုယ်၏ မိခင်ကို၊ ဂုဏ်ပြုစေခြင်း ဖြစ်သည်။ သို့သော်နောက်ပိုင်း၌ စီးပွားရေးသမားများက၊ မိခင်များနေ့၌ ပို့စကတ်၊ ပန်းများ၊ မုန့်များ၊ အမျိုးမျိုးသော ပစ္စည်းများ ရောင်းခြင်းဖြင့် သူ၏ ရည်ရွယ်ချက်မှလွှဲ စေခဲ့သည်။ မှန်ပါသည် မိခင်များနေ့၌ မိခင်ကို လက်ဆောင်ပေးသင့်သည်။ သို့သော်ထိုထက် မွန်မြတ်သော အရာသည်၊ မိခင်၏ စိတ်ကို ကျေနပ် စေခြင်း ဖြစ်သည်။ မိခင် များသည် သားသမီး များကို ၀မ်း၌ ၉လလွယ်၍ ခက်ခဲနာကျင်စွာ မွေးဘွားပေးသည်။ ထို့နောက်နို့ တိုက်ခြင်း၊ နေ့ညမရွေးကြည့်ရှုပြုစုခြင်းဖြင့် အလွန် ပင်ပန်း ကြသည်။ မိခင် များသည် သားသမီး များအပေါ်ဖခင်များထက်များသောအားဖြင့် ဂရုစိုက်ချစ် ကြသည်။ ဖခင်သည် ၀င်ငွေရှာသူ ဖြစ်၍၊ မိခင်သည် သားသမီး များကို ပြုစုစောင့်ရှောက်သူ ဖြစ်သည်။ ထို့ကြောင့် သားသမီး များအနေဖြင့် မိခင်ကို ရိုသေလေးစားတန်ဘိုး ထားသင့်သည်။ မိခင်ကို ၀မ်းမနည်းစေဘဲ၊ စကား နားထောင်ခြင်း သည် အကောင်းဆုံးသော လက်ဆောင်ပေးခြင်း ဖြစ်သည်။ မိခင် ရှိသေးသော သူတိုင်း မိခင်ကို အသက် ရှင်စဥ် ကျေးဇူးပြု သင့်သည်။ မိခင်ကို အတတ်နိုင်ဆုံးပြုစုခြင်း၊ စကား နားထောင်ခြင်း ပြုသင့်သည်။ မိခင်ထက် ပညာတတ်လျှင် လည်း၊ ကိုယ့် မိခင်ကို ရိုသေလေးစားစွာဖြင့် ဆက်ဆံသင့်သည်။ မိခင် သေပြီးမှနောင်တ မရရလေအောင်၊ ယခုအသက် ရှင်စဥ်တွင်ကိုယ့် မိခင်ကို ၀မ်းမြောက်စေပါ။ သူ့ စကား နားထောင်ပါ။ ကိုယ်ကပညာတတ်လျှင်ကိုယ် မိခင်ကို ပြန်လည်၍ သူသိသင့်သော အရာများကို ဝေငှပါ။ တန်ဘိုး ထားပါ။ "သင်၏ ဘုရားသခင် ထာ၀ရ ဘုရား ပေးသနား တော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည်အကြောင်း၊ သင်၏ မိဘကို ရိုသေစွာ ပြုလော့။ " (ထွက် ၂၀:၁၂) "အသက် ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်၊" (သု ၂၃:၂၂) "လူတိုင်းကိုယ် မိဘကို ရိုသေရမည်။ " (၀တ် ၁၉:၃)

    .

    ယေရုရှလင် ဗိမာန်တော်

    ယေရုရှလင် ဗိမာန်တော်သည် ခေတ်ကာလ များကို ဖေါ်ပြသည်။ ပဌမ ဗိမာန်တော်ကို ရှောလမုန်မင်းကဘီစီ၉၆၀တွင် တည်ဆောက်ခဲ့သည်။ ကျမ်းစာက၊ "ယေရုရှလင် မြို့တွင် မောရိတောင်ပေါ်မှာ ခမည်းတော် ဒါ၀ိဒ်အား ထာ၀ရ ဘုရား ထင်ရှား တော်မူ ရာအရပ်၊ ယေဗုသိလူအရောန၏ ကောက်နယ်တလင်းကို ဒါ၀ိဒ် ပြင်ဆင် ခဲ့ပြီးသော အရပ်၌ ရှောလမုန်သည် နန်းစံလေး နှစ်ဒုတိယလနှစ် ရက်နေ့တွင် ထာ၀ရ ဘုရား၏ အိမ်တော်ကို တည်စပြု တော်မူ၏။ " (၆ရာ ၃:၁-၂) ထိုဗိမာန်တော်ကို ဘုရားသခင်ကိုယ်တိုင်က၊ ဗာဗုလုန်ရှင်ဘုရင်နေဗုဒ်ခဒ်နဇောကို ဘီစီ ၅၈၅ ခုနှစ်တွင် ဖျက်ဆီးခွင့်ပြုလိုက်သည်။

    ကုရုမင်း Cyrus king
    ဒုတိယဗိမာန်တော် ပြန်ဆောက်မည့် အကြောင်းကို၊ ဘုရားသခင်က ပရောဖက် ဟေရှာယအားဖြင့် ဤသို့ ရေးလိုက်သည်၊ "ကုရုမင်းကို လည်း၊ သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင် မြို့တည် ဆောက်စေ၊ ဗိမာန်တော် တိုက်မြစ်ကျစေဟု စီရင်လိမ့်မည်ဟူ၍၎င်းငါဆို၏။ " (ဟေရှာ ၄၄:၂၈)။ ကုရုမင်းသည် ပါးရှား (အီရန်) ရှင်ဘုရင် ဖြစ်သည်။ သူသည် ထာ၀ရ ဘုရားကိုး ကွယ်သူ မဟုတ်သော်လည်း၊ ဘုရားသခင်က ငါ့သိုးထိန်းဟုဆိုသည်။ သူ့ကို ဒုတိယဗိမာန်တော် ဆောက်ဘို့ နှစ် ပေါင်း ၂၀၀ ခန့် ကြိုတင် ပြောထားသည်။ ထိုအရာ ပြည့်စုံခြင်းကို ကျမ်းစာ ကဤသို့ ရေးထားသည်၊ "ပါးရှား (ပေရသိ) ရှင်ဘုရင် ကုရုမင်း နန်းစံပဌမ နှစ်တွင် ပရောဖက် ယေရမိအားဖြင့် ဘုရားသခင်ပြောသော စကား ပြည့်စုံမည့် အကြောင်း၊ ပါးရှား (ပေရသိ) ရှင်ဘုရင်ကုရုမင်း၏ စိတ်ကို ဘုရားသခင်က နိုးဆော် တော်မူ၍ သူ၏ နိုင်ငံအားလုံး၌ အမိန့်တော် စာကို ထုတ်ပြန် တော်မူသည် ကား၊ ကောင်းကင် ဘုံ၏ အရှင် ဘုရားသခင် ထာ၀ရ ဘုရားသည်၊ မြေကြီး ပေါ်မှာ တိုင်းနိုင်ငံရှိသမျှ တို့ကို ငါ့အား ပေးတော်မူသည် ဖြစ်၍၊ ယုဒပြည် ယေရုရှလင် မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်းမှာ ထား တော်မူ ပြီ။ သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏ လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင် ရှိတော်မူ ပါစေသော။ " (ဧဇရ၁:၁-၃)
    ပါးရှား သို့မဟုတ် ပေရသိရှင်ဘုရင်ကုရု (Cyrus) မင်းသည် ထာ၀ရ ဘုရားကို ကိုး ကွယ်သူ မဟုတ်ချေ။ သို့သော်ဘုရားက သူသည် ငါ၏ သိုးထိန်း ဖြစ်သည်ဟုဆိုသည်။ ဒုတိယဗိမာန်တော် ကိုလည်း ဆောက်စေသည်။ သူသည် ဘီစီ ၅၃၉တွင် နန်းထိုင်၍ ထိုနှစ်တွင် ပင်ဗိမာန်တော်ကို ဆောက်ခိုင်းသည်။ ထို့ကြောင့် ဣသရေလ လူမျိုးများက၊ သူ့ကို အလွန် ကျေးဇူးတင်၍ ကြည်ညိုလေးစား ကြသည်။ ဒုတိယဗိမာန်တော်ကို ယုဒအမျိုးယေရုဗ​ဗေလဦးဆောင်ခြင်းဖြင့် ဆောက်၍ ဘီစီ ၅၁၆ ခုနှစ်တွင်ပြီး စီးခဲ့သည်။ ဒုတိယဗိမာန်တော်ကို အေဒီ ရ၀တွင် ရောမစစ်ဗိုလ်တိတုဦးဆောင်ခြင်းဖြင့် မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုကြောင့် ဣသရေလ လူမျိုးများသည် အေဒီ ရ၀ မှစ၍ ယခုတိုင်ဗိမာန်တော် မရှိသောကြောင့်၊ ယဇ်ပူ​ဇော်ခြင်း မပြုလုပ် နိုင်ကြချေ။ ထိုအရာသည် ပရောဖက်က၊ "ဣသရေလ အမျိုးသား တို့သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသား မရှိ၊ ယဇ်ပူ​ဇော်ခြင်း မရှိ၊ ဆင်းတုမရှိ၊ သင်တိုင်း မရှိ၊ တေရပ် ရုပ်တုမရှိဘဲ နေရကြလိမ့်မည်။ " (ဟောရှေ ၃:၄) ဟူသော အရာပြည့်စုံခြင်း ဖြစ်သည်။
    ဣသရေလ လူမျိုးများသည် ရှင်ဘုရင်မရှိ၊ ဗိမာန်တော် မရှိ၊ ယဇ်ပူ​ဇော်ခြင်း မရှိသည် သာမကသူတို့ တိုင်း ပြည်၌ လည်း မရှိ၊ အတိုင်း တိုင်း အပြည် ပြည်၌ ထွက်ပြေးနေထိုင်ခဲ့ ကြသည်။ ထိုအချိန်တွင် သူတို့ တိုင်း ပြည်တွင် မူစလင်များက၊ ယေရုရှလင် မြို့ ဗိမာန်တော် ဆောက်လုပ်သော နေရာ၌၊ အေဒီ ၆၉၁တွင် ဗလီဆောက်လိုက် ကြသည်။ ထိုဗလီသည် ယနေ့ တိုင်အောင် ရှိကာ ဣသရေလ လူမျိုးများ အတွက် အနှောက်အရှက် ဖြစ်နေသည်။

    ​Balfour Declaration
    ဣသရေလ လူမျိုးများသည် ၁၉၀၀အစပိုင်းတွင် သူတို့ တိုင်း ပြည်သို့ ပြန်လာဘို့ ရန်အချင်းချင်းနိုးဆော် ကြသည်။ ပဌမ ကမ္ဘာစစ်အပြီးတွင် ​ြဗိတိန်ကအရှေ့အလယ်ပိုင်းကို အုပ်ချုပ်လာ သောအခါ၊ ကမ္ဘာပေါ်ရှိဂျူး (အစ္စရေး၊ ဣသရေလ ) လူမျိုးများကို သူတို့ ပြည်သို့ ပြန်လာခွင့်ပေးလိုက်သည်။ ထိုအရာကို ​ြဗိတိန်နိုင်ငံခြားရေး၀န်ကြီး ​ြ​ေူ်သကမ နာမည်ဖြင့် ၁၉၁ရ ခုနှစ်တွင် ထုတ်ပြန် ကျေညာသောကြောင့် အစ္စရေးလူမျိုးများ အလွန်အား ရကျေနပ် ကြသည်။

    Donald Trump
    ၂၀၁ရ ခုနှစ်ဒီဇဘ်လ ၆ ရက်နေ့တွင် အမေရိကန်သမတထမ်းက၊ ယေရုရှလင် မြို့ကို အစ္စရေးမြို့တော် အဖြစ်အသိအမှတ် ပြုလိုက်သည်။ ၂၀၁၈ မေလ ၁၄ ရက်နေ့တွင် အမေရိကန်သံရုံးကို၊ တယ်လေဗစ်မြို့မှ ယေရုရှလင် မြို့သို့ ပြောင်းရွှေ့လိုက်သည်။ သမတထမ်းကတတိယဗိမာန်တော် တည်ဆောက်ခွင့်ပေးလိမ့်မည်ဟု မျှော်လင့်လျက်၊ ဗိမာန်တော် အခွန်အကြွေပြားကို ထုတ်လုပ်၍၊ ဒုတိယဗိမာန်တော် ဆောက်ခွင့်ပေးခဲ့သော ကုရုမင်းနှင့် ပါးရှားအလံ၊ တတိယဗိမာန်တော် ပြန်ဆောက်ခွင့်ပေးမည်ဟု မျှော်လင့် လျက်ဒေါ်နာလ်ထမ်းနှင့် အမေရိကန်အလံ၊ကို ပုံသွင်းထုတ်လုပ် ကြသည်။

    တတိယဗိမာန်တော်
    ပဌမနှင့် ဒုတိယဗိမာန်တော်သည် ဘုရားသခင်ကိုယ်တိုင်၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့ ကြသည်။ အကယ်၍ တတိယ ဗိမာန်တော် တည်ဆောက်ပါက၊ ဘုရားသခင်၏ ခွင့်ပြုချက် မဟုတ်ဘဲ၊ အန္တီ ခရစ်ယခွင့်ပြုချက်အရ ဖြစ်လိမ့်မည်။ တတိယဗိမာန်တော် ဆောက်မည့် အရာကို ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ "တဖန်တုံလှံတံနှင့် တူသော ကျူပင်တလုံးကို ငါ့အား ပေး၍ ငါ့ကို ပြောဆိုသည် ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုး ကွယ်သော သူတို့ ကိုလည်း ရေ တွက်လော့။ ဗိမာန်တော် တန်တိုင်းကို မတိုင်း နှင့်၊ ပယ်ထားလော့။ တပါးအမျိုးသား တို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လလေးဆယ်နှစ်လပတ်လုံးနင်းကြလိမ့်မည်။ " (ဗျာ ၁၁:၁-၂) တိုင်း တာခြင်းသည် ယပိုင်ဆိုင်ခြင်းကို ဖေါ်ပြသည်။ ဗိမာန်တော်ကို ပြန်ဆောက်သော်လည်း၊ တန်တိုင်းကို မတိုင်းဘဲ ပယ်ခြင်းသည်၊ တပါးအမျိုးသား များက ယပိုင်ဆိုင်မည့် အရာကို ဖေါ်ပြခြင်း ဖြစ်သည်။ ဗိမာန်တော်ကို၊ မူစလင်ဗလီနှင့် ယှဥ်တွဲပြီးမှဆောက်မည့် အရိပ်ကို ဖေါ်ပြခြင်း ဖြစ်သည်။ ယခုအခါ ဗိမာန်တော် ဆောက်ဘို့ ရန်အဆင်သင့်ရှိနေပြီ၊ အခွင့်ရရှိဘို့ သာလျှင် စောင့်နေရသည်။
    ယဇ်ပလ္လင်တည်ဆောက်ပြီ
    ဒုတိယဗိမာန်တော် ဆောက်ခဲ့စဥ်က၊ ဗိမာန်တော် အရင်ယဇ်ပလ္လင်ကို ဆောက်ခဲ့ ကြသည်။ "သတ္တမလရောက်မှ မြို့ရွာ အရပ်ရပ်၌ နေသော ဣသရေလ အမျိုးသား လူအပေါင်းတို့သည် ယေရုရှလင် မြို့သို့ တညီတညွတ်တည်း လာ၍ စုဝေးကြ၏။ ၂ထိုအခါ ယောဇဒက်သား ယောရှုနှင့် သူ၏ ညီအစ်ကို ယဇ်ပုရောဟိတ် များ၊ ရှာသေလသားဇေရုဗ​ဗေလနှင့် သူ၏ ညီအစ်ကိုများတို့သည် ထ၍ ဘုရားသခင်၏ လူမောရှေရေးထားသော ပညတ္တိကျမ်းစာ၌ ပါသည် အတိုင်း၊ မီးရှို့ရာယဇ်တို့ကို ပူ​ဇော်လိုသောငှါ၊ ဣသရေအမျိုး၏ ဘုရားသခင့်ယဇ်ပလ္လင်ကို တည်ကြ၏။ " (ဧဇရ ၃:၁-၂) ယခုလည်း ၂၀၁၈ ဒီဇဘ်ာလ ၁၀ ရက်နေ့တွင် ယဇ် ပလ္လင်တည်၍ ယဇ်ပူ​ဇော်ခဲ့ကြပြီ။ ထို့ကြောင့် ဗိမာန်တော် ဆောက်ဘို့သည် အလွန် နီးနေပြီ။

    လူအများတို့နှင့် ပဋ္ဋိညာဥ်ဖွဲ့
    ဗိမာန်တော် ဆောက်ပြီး ပါကယဇ်ပူ​ဇော်ကြတော့မည့် အရာကို ကျမ်းစာ ကဤသို့ ရေးထားသည်၊ "တသိတင်းတွင် လူအများတို့နှင့် ပဋ္ဋိညာဥ်ဖွဲ့ခြင်း ရှိ၍၊ ထိုသိတင်း တ၀က်တွင် ယဇ်ပူ​ဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သော အရာ၏ အထွဋ္ဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။ " (ဒံ ၉:၂ရ)။ ဤအရာကို ယေရှုက ဤသို့ ပြန်ပြောသည်၊ "ထိုကြောင့် ပရောဖက် ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် သန့်ရှင်းသော အရပ် ဌာန၌ စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သော သူသည် နားလည်ပါစေ။ ၁၆ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ " (မ ၂၄:၁၅-၁၆)။ ပေါလုကလည်း ဤသို့ ရေးထားသည်၊ "ငြိမ်၀ပ်ခြင်း ရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟုဆိုစဥ်တွင်၊ ကိုယ်၀န်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်း ရောက်၍ လွတ်ခြင်း အခွင့် မရှိ ရကြ။ " (၁ သက် ၅:၃) ဆက်၍၊ "ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲခြင်း (apostasy) (ခွဲခွါခြင်း၊ ချီဆောင်ခြင်း ) သည် အရင် ဖြစ်၍၊ ဒုစရိုက်လူတည်း ဟူသော ပျက်စီးခြင်း၏သား (အန္တီ ခရစ်၊သား ရဲ) သည် ပေါ်လာရ လိမ့်မည်။ ၄ထိုသူသည် ဘုရားသခင် ဟူ၍၎င်း၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသော အရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြောက်သော အားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်က ဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကို ပြသောသူ ဖြစ်သတည်း။ " (၂ သက် ၂:၃-၄)

    ချီဆောင်ခြင်း အလွန်နီးပြီ
    အထက်ပါ ကျမ်းပိုဒ်များကို ခြံုကြည့်ပါက၊ အန္တီ ခရစ်ဦးဆောင်ခြင်း ဖြင့်၊ အစ္စရေးနှင့် အာရပ်နိုင်ငံများသည် ငြိမ်းချမ်းရေးနှင့် လုံခြံုရေးအတွက် ခုနနှစ်စာချုပ် ချုပ်မည်။ ထိုစာချုပ်အရတတိယဗိမာန်တော်လည်း ဆောက်ခွင့်ပေးကာသုံးနှစ်ခွဲယဇ်ပူ​ဇော်ကြမည်။ သုံးနှစ်ခွဲရောက် သောအခါ၊ အန္တီ ခရစ်က၊ သူသည် ဘုရား ဖြစ်ကြောင်း ကျေညာ၍ ဗိမာန်တော် ထဲ၌ ထိုင်ကာသူ့ကို လူတိုင်း ကကိုး ကွယ်ဘို့ အမိန့်ထုတ်မည်။ မကိုး ကွယ်သော သူများကို သတ်ဖြတ်မည်။ ထိုစာချုပ်မချုပ်မှီယုံကြည်သူ များကို ကောင်းကင်သို့ ခေါ်သွားဘို့ ဖြစ်မည်။ ထို့ကြောင့် ချီဆောင်ခြင်း နေ့ရက်သည် အလွန် နီးပြီ ဖြစ်သည်။ ချီဆောင်ခြင်း၌ ပါဘို့ ရန်၀ိညာဥ်အားဖြင့် ဒုတိယအကြိမ် မွေးဘွားဘို့ လိုသည်။ ခန္ဓာအားဖြင့် မိခင် ၀မ်းမှတကြိမ် မွေးဘွားခဲ့ကြပြီ။ ယခု၀ိညာဥ်အားဖြင့် ခရစ်တော် အထဲမှဒုတိယ မွေးဘွားဘို့ လိုသည်။ ဒုတိယမ မွေးဘွားလျှင် ဘေးဒဏ်ကြီး ကာလ ထဲရောက်သွားကာ၊ ကမ္ဘာဦးမှစ၍ မရှိစဘူး၊ နောက်၌လည်း မရှိလတံ့သော ကြီးစွာသော ဆင်းရဲ ဒုက္ခ ရောက်လိမ့်မည်။ ထိုအချိန်တွင် ကယ်တင်ခြင်းသို့ ရောက်လိုပါက၊ လည်ပျင်းဖြတ်ခံဘို့ လိုလိမ့်မည်။ ထို့ကြောင့် ထိုအချိန် မရောက်မှီယခုကျေးဇူးတော် ကာလ၌၊ ခရစ်တော်ကို မိမိ၏ ကယ်တင်ရှင်အဖြစ် လက်ခံပါ။ ဦးနှောက်ဖြင့် သိရှိ လက်ခံခြင်း မဟုတ်ဘဲ၊ နှလုံးသားဖြင့် လက်ခံရမည်။ ဦးနှောက်ဖြင့် လက်ခံခြင်းသည် ရင်မခုံရပါ။ နှလုံးသားနှင့် လက်ခံ သောအခါ ရင်ခုန်၍၊ အသက်တာပြောင်းလဲသွားနိုင်သည်။

    Deal of the Century
    ငြိမ်းချမ်းရေး စာချုပ်နှင့် ပတ်သက်၍ ယခင်၌ အစ္စရေးနှင့် ပါလက်စတင်းများ အကြား သာချုပ်ဆိုဘို့ ဖြစ်တတ်သည်။ ယခုအခါ သမတထမ်းက၊ ပါလက်စတင်းများကို အရေးမပါ ဖြစ်ဘို့ ရန်လေျာချ၍၊ အာရပ်နိုင်ငံများနှင့် ပါချုပ်ဘို့ ဖြစ်မည့် သဘော ရှိသည်။ ဒံယေလကလည်း လူအများနှင့် ပဋ္ဋိညာဥ်ဖွဲ့ခြင်း ရှိ၍ဟုဆိုထားသည်။ ပါလက်စတင်းသမတအဘတ်စကစာချုပ် ချုပ်ဘို့ လုံး၀ငြင်းဆို ထားသည်။ သို့သော်ဆော်ဒီအရဗျားက၊ လက်ခံဘို့ ပြောထားသည်။ ဆော်ဒီကပါလက်စတင်းကို၊ တနှစ်လျှင်ဒေါ်လာသန်းပေါင်း တထောင်၊ ဆယ်နှစ်အတွက် သန်းပေါင်းတသောင်းကူညီဘို့ ကမ်းလှမ်းထားသည်။ ပါလက်စတင်းများသည် ထမ်းကအထောက်အပံ့ဖြတ်ထားသောကြောင့် လူနေမှု ကြပ်တည်း လာသည်။ ထို့ကြောင့် ထိုအထောက်အပံ့ကို ယူပြီး စာချုပ်ချုုပ်နိုင်သည်။ ထိုစာချုပ်ပါ အချက်အလက် များကို ဇွန်လကုန်တွင် ကမ္ဘာကသိရန်ဖွင့်ပြဘို့ ပြောထားသည်။ သို့သော် ချီဆောင်ခြင်း နောက်ပိုင်းမှစာချုပ် ချုပ် ဖြစ်မည်ဟု ယူဆရသည်။ မည်သို့ ပင် ဖြစ်စေစာချုပ် ချုပ်ဘို့ နီးကပ်လာသောကြောင့် ချီဆောင်ခြင်း နီးကပ်နေပြီ ဖြစ်ကြောင်း သိနိုင်သည်။

    တံပိုးမှုတ်မည်
    သခင်ယေရှုသည် တံပိုးမှုတ်ပြီး ကြွလာမည်ဟုဆိုသည်၊ "သခင်ဘုရားသည် ​ေကြွးကြော်ခြင်း၊ ကောင်းကင်တမန် မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့် တကွ၊ ကောင်းကင် ဘုံမှ ကိုယ်တိုင်ဆင်းသက် တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ၁၇ထိုအခါ အသက် ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်း ကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့် တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသော အားဖြင့် သခင်ဘုရားနှင့်အတူ အစဥ်မပြတ် နေရကြလိမ့်မည်။ " (၁ သက် ၄: ၁၆-၁ရ)။ ယခုနှစ်တံပိုးမှုတ်ပွဲသည် စက်တဘ်ာလ ၃၀ ရက်နေ့ ဖြစ်သည်။ ထို့ကြောင့် ထိုနေ့တွင် ချီဆောင်ခြင်း ဖြစ်မည်လားဟု မြော်လင့်စရာ ရှိသည်။ ထိုနေ့တွင် ဖြစ်မည်ဟု မဆိုပါ။ သို့သော် ဖြစ်ခဲ့သည် ရှိသော်ယုံကြည်သူများဤလောက၌ နေမည့် အချိန်များများ မကျန်တော့ပါ။ အမြန်ဆုံး ကိုယ့်မိသား စု၀င်များ၊ ဆွေမျိုးသား ချင်းများ၊ သူငယ်ချင်းများ၊ နီးစပ်ရာလူများကို သတိပေးဘို့ လိုသည်။

    .

    စစ်သားများနောက်တန်းပြန်

    လောက စစ်သား များသည် ရှေ့တန်း၌ စစ်တိုက်သည် ဖြစ်စေ၊ မတိုက်သည် ဖြစ်စေတသက်လုံးမနေရပါ။ နောက်တန်းရှိ တပ်ရင်းသို့ ပြန်သွားတတ် ကြသည်။ ထို့နည်းတူယေရှု စစ်သားများလည်း၊ ရှေ့တန်းတည်း ဟူသော ဤလောက မှကောင်းကင် ဌါန ချုပ်သို့ ပြန်သွားဘို့ လိုသည်။ ထိုသို့ ပြန်သွားမည့် အချိန်သည် ချီဆောင်ခြင်း နေ့ရက်၌ ဖြစ်သည်။

    ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲ
    ယေရှုခရစ်ကို ယုံကြည်သော သူတိုင်းသည်၊ ယေရှု စစ်သားများဖြစ်ကြောင်း ပေါလုကရေးထားသည်။ ပေါလုကသူ၏ ၀ိညာဥ်သား တိမောသေထံ၊ "ငါ့သား၊ သင်သည် ယေရှုခရစ်၌ ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်း ရှိလော့။ ၂သက်သေ ခံအများ ရှိသည်နှင့် ငါ့ထံ၌ ကြားရပြီးသော အရာတို့ကို၊ သစ္စာနှင့် ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူတို့၌ အပ် ပေးလော့။ ၃ထိုသို့ အလိုငှါ သင်သည်၊ ယေရှုခရစ် ထံ၌ ကောင်းသော စစ်သူရဲကဲ့သို့၊ ဆင်းရဲ ဒုက္ခ ကိုသည်း ခံလော့။ ၄စစ်သူရဲမည်သည် ကား၊ မိမိကို စစ်သူရဲအရာ၌ ခန့်ထားသော သူကို နှစ်သက်စေခြင်းငှါ၊လောကီမှု ရေးနှင့် ပြွမ်းနှောရှုပ်ထွေးခြင်းကို ပယ်ရှား တတ်၏။ " (၂ တိ ၂:၁-၄) ဟု စာရေးခဲ့သည်။ ပေါလုကတိမောသေသည် ယေရှု စစ်သား ဖြစ်၍၊ သူ့ကို စစ်သူရဲအရာ၌ ခန့်ထားသော သူသည် ယေရှု ဖြစ်သောကြောင့်၊ ယေရှု နှစ်သက်စေခြင်း ငှါလောကီမှု ရေးနှင့် ပြွမ်းနှောရှုပ်ထွေးခြင်း မပြုဘို့ သတိပေးထားသည်။ ယုံကြည်သူ တိုင်းသည် ယေရှု၏ စစ်သားများဖြစ် ကြသည်။ သို့သော်မိမိကိုယ်ကို စစ်သား ဖြစ်မှန်း မသိကြဘဲ၊ ရိက္ခာကို သာထုတ်ချင် ကြသည်။ ယခုမှစ၍ကိုယ်ကိုကိုယ်စစ်သား ဖြစ်ကြောင်း သိ၍၊ စစ်တိုက်ကြပါစို့။

    တိုက်ဘို့ အမိန့်
    ပေါလုက၊ "ငါ့သား တိမောသေ၊ သင့်ကို ရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည် အမှီပြု၍၊ ယုံ ကြည်ခြင်းကို၎င်း၊ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း၊ စဲွလမ်း၍ ကောင်းသော စစ်ကို တိုက်စေခြင်းငှါ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့် အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်း အခွင့်ကို သင်၌ ငါအပ်ပေး၏။ " (၁ တိ၁:၁၈) ဟူ၍၎င်း၊ "ယုံ ကြည်ခြင်းနှင့် ဆိုင်၍ ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုလော့။ " (၁ တိ ၆:၁၂) ဟူ၍၎င်း၊ စစ်တိုက်ဘို့ ရန်မှာကြားခဲ့သည်။ အကြောင်းမှာ သူသည် ရန်သူနယ်မြေ၌၊ လူများ ကယ်တင်ခြင်းသို့ ရောက်ဘို့ ရန်ကူညီနေသောကြောင့်၊ စာတန် ကတိုက်ခိုက် မှာ ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူ တိုင်း လည်း၊ ရန်သူ စာတန်ကို တိုက်ခိုက် ဘို့ လိုအပ်သည်။

    ပေါလုကိုယ်တိုင်လည်းတိုက်
    ပေါလုသည် တိမောသေကို သာစစ်တိုက်ခိုင်းသည် မဟုတ်၊ သူကိုယ်တိုင်လည်း တိုက်ခိုက်ကြောင်း ဤသို့ ရေးထားသည်၊ "ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသော လမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက် ပြီ။ " (၂ တိ ၄:ရ)။ ကောရိန်သုအသင်းတော် ထံ၌လည်း ဤသို့ ရေးထားသည်၊ "သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌လောကီဝေါဟာရအားဖြင့်၊ အထက်က ငါသည်သား ရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြ ကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။ " (၁ ကော ၁၅:၃၂)။ ပေါလုသည် ဧဖက်မြို့၌သား ရဲတို့နှင့် တိုက်သည်ဟုဆိုသည်။ သူပြောသောသား ရဲသည် တိရစ္ဆာန်သား ရဲကို ပြောသည် မဟုတ်၊ သူဟောပြောသော သမ္မာတရား ကယ်တင်ခြင်း အကြောင်းကို မကြိုက်နှစ်သက်သေ ာကြောင့် သူ့ကို တိုက်ခိုက်သော ယုဒလူများကို ဆိုလိုသည်။ ဧဖက်မြို့သည် အာရှိပြည်၌ ရှိသည်။ ထိုမြို့၌သူတို့ ခံရသော အရာကို ဤသို့ ရေးထားခဲ့သည်၊ "ညီအစ်ကိုတို့၊ အာရှိပြည်၌ ငါတို့ ခံရသော ဆင်းရဲခြင်း တည်း ဟူသော အသက် မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင် အတိုင်းထက် အလွန် လေးသော ဆင်းရဲ ခံရကြောင်းကို သင်တို့ မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။ ၉ငါတို့သည် မိမိကိုယ်ကို အစဥ်မကိုး စားဘဲ၊ သေသော သူတို့ကို ထမြောက် စေ တော်မူသော ဘုရားသခင်ကို ကိုး စားမည်အကြောင်း သေစေ၊ဟု စီရင်ခြင်းကို ကိုယ်တိုင်ခံရ သကဲ့သို့ဖြစ်၏။ ၁၀ထို ဘုရားသခင်သည် ငါတို့ကို ထိုမျှလောက်ကြီးစွာသော သေဘေးမှကယ်လွှတ် တော်မူ ပြီ။ ယခု၌လည်း ကယ်လွှတ် တော်မူ သေး၏။ " (၂ ကော ၁:၈-၁၀)။ ထို့ကြောင့် ပေါလုသည် တိမောသေကို စစ် တိုက်ဘို့ ပြော သောအခါ၊ သူကိုယ်တိုင်လည်း တိုက်ခဲ့ကြောင်း တွေ့ရသည်။

    သခင်ယေရှုလည်း တိုက်
    သခင်ယေရှုသည် ဤလောကသို့ လူဇာတိခံ၍ ဆင်းကြွခဲ့စဥ်၊ နေ့တိုင်း ရန် သူများနှင့် တိုက်ခိုက် ခဲ့သည်။ ယောဟန်က၊ "သူသည် မိမိ ​ေဒသအရပ်သို့ ကြွလာသော်လည်း၊ မိမိ လူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏။ " (ယော ၁:၁၁) ဟု ရေးခဲ့သည်။ တဖန်၊ "ယုဒလူတို့ ကလည်း၊ သင်သည် ရှမာရိလူ ဖြစ်၏။ နတ်ဆိုးစွဲသော သူလည်း ဖြစ်၏ဟု ငါတို့ ပြောသော စကားသည် လေျာက် ပတ်သည် မဟုတ်လောဟုဆိုကြ၏။ " (ယော ၈:၄၈)။ ဆက်၍ ဖတ်လျှင်၊ "ထိုအခါ ယုဒလူတို့သည်ကိုယ်တော်ကို ခဲနှင့် ပစ်ခြင်းငှါ တ ဖန်ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏ အခွင့်နှင့် ကောင်းသော အမှု အများ တို့ကို သင်တို့အား ပြပြီ။ ထိုအမှု တို့တွင် အဘယ်မည်သော အမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေး တော်မူ လျှင်၊ ယုဒလူတို့က၊ ကောင်းသော အမှုကြောင့် ခဲနှင့် ပစ်မည် မဟုတ်။ သင်သည် လူဖြစ်လျက် ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသော စကားကြောင့် ခဲနှင့် ပစ်မည်ဟုဆိုကြ၏။ " (ယော ၁၀:၃၁-၃၃) "နတ်ဆိုးစွဲသော လူကန်းလူအတယောက်ကို အထံတော်သို့ ဆောင် ခဲ့ကြလျှင်၊ ထိုလူကန်းလူအသည် မျက်စိမြင်၍ စကား ပြောနိုင်အောင် ကယ်မ တော်မူ၏။ ၂၃လူအစုအဝေး အပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤသူသည် ဒါ၀ိဒ်၏ သားတော် ဖြစ်လိမ့်မည်လောဟု ပြောဆို ကြ၏။ ၂၄ဖာရိရှဲတို့သည် ကြားလျှင်၊ ဤသူသည် နတ်ဆိုး မင်း​ဗေလ​ေဇဗုလကို အမှီပြု၍ သာနတ်ဆိုးတို့ကို နှင်ထုတ်သည်ဟုဆိုကြ၏။ " (မ ၁၂:၂၂-၂၄) ယေရှုကလည်း ယုဒလူများကို၊ "သင်တို့သည် သင်တို့၏ အဘတည်း ဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရားမရှိ သောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြော သောအခါ မိမိ ပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏ အဘလည်း ဖြစ်၏။ " (ယော ၈:၄၄) ဟုဆိုသည်။ တဖန် ယေရှုက၊ "အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည် အဆိုး ဖြစ်လျက် ကောင်းသော စကားကို အဘယ်သို့ ပြောနိုင်မည်နည်း။ စိတ်နှလုံးအပြည့်ရှိသည် အတိုင်း နှုတ်မြွက် တတ်၏။ " (မ ၁၂:၃၄) အဘယ်ကြောင့်သခင်ဘုရားနှင့် ယုဒလူတို့သည်၊ အမြဲတန်းထိုကဲ့သို့ တိုက်ခိုက် ကြသနည်း။ ရန်သူ ဖြစ်သောကြောင့် ဖြစ်သည်။ နောက်ဆုံး၌ ယေရှုကို သတ်လိုက် ကြသည်။ ယေရှုသည် ရန်သူနယ်မြေမှာဇိမ်ခံဘို့ မလာဘဲ စစ်တိုက်ခဲ့သည်။

    ယုံကြည်သူများ
    ယေရှုကို ယုံကြည်သူ များသည် ယေရှု စစ်သားများဖြစ်ကြကြောင်း ပေါလုကဧဖက်အသင်းတော် ထံဤသို့ ရေးထားသည်၊ "ငါတို့သည် အသွေးအသား ရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက် တို့နှင့်၎င်း၊ လောကီမေှာင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင် တိုက်လှန်ရကြ၏။ " (ဧဖက်၆:၁၂)။ သို့ဖြစ်၍ ယုံကြည်သူ များသည်၊ ရန်သူနယ်မြေမှာနေ့ တိုင်း စစ်တိုက်သင့်သည်။ ထို့ကြောင့်၊ "ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူ ဖြစ်လျှင်ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်၀ါး ကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ ၂၅အကြင်သူသည် မိမိ အသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက် ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။ " (မ ၁၆:၂၄-၂၅) စစ်တိုက်ရာတွင် အသက် ရှုံးနိုင်သည်။ ထို့ကြောင့် အသက် မနှမျော ဘု ိ့အရှုံးခံဘို့ ပြောခြင်း ဖြစ်သည်။ "သင်တို့ သွားလေသည် အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ် တို့ကို စေလွှတ် သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ " (လု ၁၀:၃) ဟုလည်း ဆိုသည်။ တဖန်၊ "သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေ လျက်၊ ခမည်းတော်၊သား တော်၊ သန့်ရှင်းသော ၀ိညာဥ်တော်၏ နာမ၌ ဗတ္တ ိဇံကို ပေးကြလော့။ " (မ ၂၈:၁၉) ဟူ၍၎င်း၊ "သင်တို့ အပေါ်သို့ သန့်ရှင်းသော ၀ိညာဥ်တော် ဆင်းသက် သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍၊ ယေရုရှလင် မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီး စွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ " (တမန် ၁:၈) တန်ခိုးသည် အဘယ်ကြောင့်လိုသနည်း။ ရန်သူကို တိုက်ဘို့ ရန်လိုအပ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူ များသည် ကောင်းကြီး ခံစား၍ ဇိမ်ခံနေဘို့ မဟုတ်၊ ကိုယ်အလိုဆန္ဒကို လုပ်ဘို့ မဟုတ်၊ သခင်ဘုရား ခိုင်းသော စစ်ကို တိုက်ဘို့ ဖြစ်သည်။

    ရန်သူသိဘို့လို
    စစ်တိုက် သောအခါ ရန်သူကို ကောင်းစွာ သိဘို့ လိုသည်။ ရန်သူကို ကြို မသိထားလျှင် ဆုံးရှုံးဘို့ များသည်။ ယုံကြည်သူ ယေရှု စစ်သား များ၏ ရန်သူကို ပေါလုကဤကဲ့သို့ ရေးပြီး သတိပေးသွားသည်၊ "ငါတို့သည် အသွေးအသား ရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊လောကီမေှာင်မိုက်၌ အစိ ုးတရ ပြုလုပ်သော မင်း တို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။ " (ဧဖက် ၆:၁၂)။ ရန်သူသည် အသွေးအသား မရှိ၊ နတ်ဆိုးတို့ ဖြစ်သောကြောင့် ဇာတိလက်နက်ဖြင့် တိုက်၍ မရနိုင်ချေ။ ယုံကြည်သူများအသုံးပြုတတ်သော လက်နက်များ မှာ၊ ကျမ်းစာ ကျောင်းဆင်းဘဲ ွ့၊ အဂ်လိပ်စာတတ်ခြင်း၊ ငွေ၊ လူအင်အား၊ စည်းကမ်းရှိခြင်း၊ ကြိုးစားခြင်း၊ လူ့ဥာဏ်များ၊လောကီ ပညာများ၊ အဆောက်အဦးနှင့် ကားများ၊ အီလက်ထောနစ်ပစ္စည်းများ၊ နည်းပညာများ ဖြစ်သည်။ ထိုအရာများအားဖြင့် စာတန် ၀ိညာဥ်ဆိုးများကို လုံး၀မနိုင်နိုင်ချေ။ ထိုအရာများကို ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲများ၊ ဇဒ္ဒုကဲများ၊ ယဇ်ပုရောဟိတ် များ ကအသုံးပြု၍ မအောင်မြင် ခဲ့ကြချေ။

    သုံးရမည့်လက်နက်
    ယေရှု စစ်သား များ၏ အကြီးမား ဆုံး၊ အထိ ရောက်ဆုံးသော လက်နက်သည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ စာ တန်ကို တိုက်ခိုက် သောအခါ၊ လူ့အစွမ်းအစများ မကိုး စားဘဲ၊ ထာ၀ရ ဘုရားကို သာကိုး စားရမည်။ ကျမ်းစာ၌ ထာ၀ရ ဘုရားသည် ငါတို့၏ ခွန်အား ဗလ၊ အစွမ်းသတ္တိ ဖြစ်ကြောင်း ဤသို့ ရေးထားသည်။ "ထာ၀ရ ဘုရားသည် ငါ၏ ခွန်အား ဗလ၊ ငါ၏ အကွယ်အကာ ဖြစ်တော်မူ၏၊၊ ငါ့နှလုံးသည် ထိုဘုရားကို ကိုး စား၍ ငါ့ကို စောင့်မ တော်မူသောကြောင့်၊ ငါ့နှလုံးသည် ရွှင်လန်းလျက် ရှိ၏၊၊ သီချင်းဆို လျက် ဂုဏ်တော် ကိ ုငါချီးမွမ်းမည်။ " (ဆာ၂၈:ရ) "ဘုရားသခင်သည် ငါတို့ ခိုလှုံရာ ဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမ တော်မူကြောင်း ထင်ရှားလျက် ရှိ၏၊၊" (ဆာ၄၆:၁) "အရှင်ထာ၀ရ ဘုရားသည် ငါ၏ အစွမ်းသတ္တိ ဖြစ်တော်မူ၏။ " (ဟဗက္ကုတ်၃:၁၉) "ထာ၀ရ ဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကို ကယ်တင်သော အရှင် ဖြစ်တော်မူ၏။ " (ထွက်၁၅:၂) "မ စိုးရိမ် နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့ သစ္စာ လက်ျာလက်ဖြင့် ထောက်ပင့်မည်။ ၁၁သင့်၌ အမျက်ထွက်သော သူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည်။ သင်၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ် သကဲ့သို့ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက် ကြလိမ့်မည်၊၊ ၁၂သင်နှင့် ဆန့်ကျင် ဘက်ပြုသော သူတို့ကို သင်သည် ရှာ၍ မတွေ့ရ၊၊ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှမဟုတ် သကဲ့သို့၎င်း၊ အနတ္တသက်သက်ကဲ့သို့ဖြစ်ကြလိမ့်မည်။ ၁၃အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာ၀ရ ဘုရားက၊ မစိုးရိမ် နှင့်။ ငါမစမည်ဟု သင့်အား ဆိုလျှက်၊ သင်၏ လက်ျာလက်ကိုကိုင်မည်။ " (ဟေရှာယ ၄၁:၁၀-၁၃) ဤကျမ်းပိုဒ်များသည် သိဘို့ သက်သက် မဟုတ်၊ တရားဟောရာတွင် သာသုံးဘို့ မဟုတ်၊ ရန်သူ စာတန်နှင့် သူ၏ လူများကို တိုက်ခိုက် ရာတွင် ခိုလှုံအားကိုး ဘို့ရာ ဖြစ်သည်။ လူသည် တရားဟောရာတွင် ဖြစ်စေ၊ ဘုရား ကျောင်းမှာ ဖြစ်စေ၊ ဘုရား အားကိုး ဘို့ ပြောကြသော်လည်း၊ တကယ် လက်တွေ့ရန်သူ၏ တိုက်ခိုက်ခြင်း ခံသောအခါ၊ ထာ၀ရ ဘုရားကိုအား မကိုး တော့ဘဲ လူကို သာလျှင် အားကိုး တတ် ကြသည်။ "ထာ၀ရ ဘုရား၌ ခိုလှုံခြင်းသည် လူကိုကိုး စားခြင်းထက် သာ၌ ကောင်း၏၊၊ ၉ထာ၀ရ ဘုရားကို ခိုလှုံခြင်းသည် မင်းကိုကိုး စားခြင်းထက် သာ၍ ကောင်း၏၊၊ ၁၀လူအမျိုး အပေါင်းတို့သည် ငါ့ကို ၀ိုင်းကြသော်လည်း၊ ထာ၀ရ ဘုရား၏ နာမတော် အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊ ၁၁ငါ့ကို ၀ိုင်းကြ၏၊၊ ၀ိုင်းသော်လည်း ထာ၀ရ ဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊ ၁၂ပျားများ ကဲ့သို့ ငါ့ကို ၀ိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏၊၊ ထာ၀ရ ဘုရား၏ နာမတော် အားဖြင့် သူတို့ကို ပြယ်ဖြတ်ရ၏၊၊" (ဆာ ၁၁၈:၈-၁၂) ပေါလုက၊ ညီအစ်ကိုတို့၊ သခင်ဘုရား အားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်း ရှိကြလော့။ " (ဧဖက် ၆:၁၀) ဟုဆိုထားသည်။

    ဘုရားတပ်ဆင်ပေးသော လက်နက်
    စစ်တိုက် သောအခါ အသုံးပြုမည့် လက်နက်များကို၊ စေခိုင်းသူကတပ်ဆင်ပေးရသည်။ ပေါလုက၊ "အဘယ်သူသည်ကိုယ်စရိတ်ကို သုံး၍ စစ်မှုကို ထမ်းရသနည်း။ " (၁ ကော ၉:ရ) ဟုဆိုသည်။ ထို့ကြောင့် လက်နက်ကိုလည်း ဘုရားကိုယ်တိုင်ကတပ်ဆင်ပေးကြောင်း ဤသို့ ရေးထားသည်၊ "မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင် တော်မူသော လက်နက်စုံကို ၀တ်ဆောင်ကြလော့။ ၁၂အကြောင်းမူကား၊ ငါတို့သည် အသွေးအသား ရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက် လှန်ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။ ၁၃ထိုကြောင့်၊ ခဲယဥ်းဆိုးယုတ်သော နေ့ရက် ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကိုပြီး စီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင် တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။ ၁၄ သစ္စာ တည်း ဟူသော ခါးပန်းကို စည်းလျက်၊ ​ဖြောင့်မတ်ခြင်း ပါရမီတည်း ဟူသော ရင်အုပ်တန်ဆာကို ၀တ်ဆင်လျက်၊ ၁၅ငြိမ်သက်ခြင်းနှင့် ယှဥ်သော ဧ၀ံဂေလိတရားကို ဟောပြောအံ့သောငှါ၊ ပြင်ဆင်သော အဖြစ်တည်း ဟူသော ​ခြေစွပ်ကို စွပ်လျက် ခံရပ်ကြလော့။ ၁၆မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော၊ ယုံကြည်ခြင်း တည်း ဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက်တို့ အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။ ၁၇ ကယ်တင်ခြင်း တည်း ဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ်တည်း ဟူသော ၀ိညာဥ်တော်၏ ထားကို၎င်းယူကြလော့။ " (ဧဖက် ၆:၁၁-၁၆) ဘုရား တပ်ဆင်ပေးသော လက်နက်များ မှာ

    သစ္စာတည်းဟူသော ခါးပန်း
    သစ္စာသည် သမ္မာတရားကို ဆိုလိုသည်။ သမ္မာတရားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ အကြံတော်ကို ဆိုလိုသည်။ ပေါလုက၊ "သင်မူကား၊ ၀န်ခံ တော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်း မရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမား ဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစားအား ထုတ်လော့။ " (၂ တိ ၂:၁၅) ဟု တိမောသေကို မှာကြားခဲ့သည်။ သမ္မာတရား တည်း ဟူသော ဘုရားသခင်၏ အကြံတော် နားမလည် လျှင်၊ကိုယ့်အကြံကို အသုံးပြု၍ ဘုရား အမှုတော် ဆောင်လျှင် လည်း၊ ဆန့်ကျင် ဘက် ဖြစ်နေမည်။ ပေါလုလည်း၊ ရှောလုဘ၀၌ ဘုရား ဘက်၌ စိတ်အားကြီး၍ အလွန် ကြိုး စားသော်လည်း ခရစ်တော်က၊ "အဘယ်ကြောင့်ငါ့ကို ညှဥ်းဆဲသနည်း" (တမန် ၉:၄) ဟုဆိုခဲ့သည် မဟုတ်လော။ ခရစ်တော် ကသူ့ကို ညှဥ်းဆဲခြင်းသည်၊ "ဒုတ်ခဋ္ဌန်ကို ​ခြေနှင့် ကျောက်လျှင် ခက်လှသည်၊" (တမန် ၂၆:၁၄) ဟုဆိုသည်။ ထို့ကြောင့် စာတန် နိုင်ဘို့ ရန် သမ္မာတရားကို သိရမည်။ ယောဟန်က၊ "သင်သည် သမ္မာတရား၌ ကျင်လည်သည် အတိုင်း၊ သင်၌ ရှိသော သမ္မာတရား၏ အကြောင်းကို၊ ညီအစ်ကို တို့သည် လာ၍ သက်သေ ခံကြ သောအခါ၊ ငါသည် အလွန် ၀မ်းမြောက်ခြင်း ရှိ၏။ ၄ငါ၏ သားသမီး တို့သည်၊ သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ၀မ်းမြောက်ခြင်း ထက်၊ သာ၍ ၀မ်းမြောက်ခြင်း မရှိ။ " (၃ ယော ၃-၄) ဟုဆိုခဲ့သည်။ ​

    ဖြောင့်မတ်ခြင်း ပါရမီတည်း ဟူသော ရင်အုပ်တန်ဆာ
    စစ်သား များသည် ရင်အုပ်တန်ဆာကို ၀တ်ဆင်တတ် ကြသည်။ အကြောင်းမှာ ရင်အုပ်သည်ကိုယ်ခန္ဓာ၌ ပစ်မှတ်အ ကျယ်ဆုံးနေရာ ဖြစ်သောကြောင့်၊ ရန်သူကရင်အုပ်ကို ပစ်မှတ်ထားတတ်သည်။ ၀ိညာဥ်ရေးရာ၌၊ ​ဖြောင့်မတ်ခြင်းသည် အလွန် အရေးကြီးသည်။ ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းသည် ယေရှုခရစ် ကိုယ်တိုင် ဖြစ်သည် (၁ ကော ၁:၃၀)။ ခရစ်တော်သည် ဘုရား ရှေ့၌ ငါတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သည်။ သို့သော်လူများ ကထိုအရာကို မမြင်နိုင်ချေ။ လူရှေ့မှာ ​ဖြောင့်မတ်နိုင်ဘို့ ရန်မှာငါတို့၏ ကျင့် ကြံပြုမူခြင်းများဖြစ်သည်။ ကျင့်ကြံပြုမူခြင်း မမှန်ပါက၊ စာတန် လူများ ကထိုအား နည်းချက်ကို ထောက်၍၊ တိုက်ခိုက် သောအခါ ဆုံးရှုံးမှု ဖြစ်လာနိုင်သည်။ ထိုကျင့်ကြံပြုမူခြင်းလည်း ဇာတိအားဖြင့် ကြိုးစားအား ထုတ်ခြင်း မဟုတ်ဘဲ၊ သန့်ရှင်းသော ၀ိညာဥ်တော် အုပ်စိုးခြင်းအားဖြင့် ရရှိသော ​ဖြောင့်မတ်ခြင်း ဖြစ်ရမည်။ ထို​ဖြောင့်မတ်ခြင်း ရှိသော သူကို ရန်သူကမည်သို့ မျှဒုက္ခ မပေးနိုင်ချေ။

    ဧ၀ံဂေလိတရားဟောပြောရန် ပြင်ဆင်သောခြေစွပ်
    ဧ၀ံဂေလိဟောပြောခြင်းသည် ယေရှု စစ်သား များ၏ ​ခြေစွပ်လက်နက် ဖြစ်သည်။ ယနေ့ ယုံကြည်သူ အများစုသည် ဧ၀ံဂေ လိတရားကို ဟောပြောခြင်း မရှိသောကြောင့်၊ ရန်သူ၏ အနိုင်ကျင့်ခြင်းကို ခံနေကြသည်။ သို့သော်လည်း ထိုအရာကို မသိကြသောကြောင့် ဧ၀ံဂေလိဟောဘို့ ပြော သောအခါ၊ အမျိုးမျိုး ဆင်​ခြေပေးတတ် ကြသည်။ ဧ၀ံဂေလိဟောခြင်းသည်၊ တရားဟောဆရာများ၏ လုပ် ဖြစ်သည်၊ ငါမဟောတတ်ဘူး၊ မအား ဘူး၊ ကျမ်းစာ နားမလည် ဘူးဟူ၍ အကြောင်း အမျိုးမျိုး ပြ ကြသည်။ ဧ၀ံဂေလိသည် သခင်ယေရှုက၊ အပြစ်သား များကို ကယ်တင်ခြင်း အကြောင်း ဖြစ်၍ ရိုးရိုးလေး ဖြစ်သည်။ ၀ိညာဥ်တော် ကအသုံးပြုလျှင် လူများ ပြောင်းလဲမှာ ဖြစ်သည်။ ထို့ကြောင့် ဧ၀ံဂေလိဟောပြောခြင်းသည် စာတန်ကို တိုက်ခိုက်ခြင်း၊ စာတန် လက်ထဲမှလူများကို လုယူခြင်း ဖြစ်သောကြောင့် အလွန် အရေးကြီးသည်။ ပေါလုက၊ "နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။အချိန် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ကြိုးစားအား ထုတ်လော့။ အပြစ်ကို ဘော်ပြလော့။ ဆံ ုးမခြင်းကို ပြုလော့။ အလွန် ရှည်သော စိတ်နှင့် ဩ၀ါဒမျိုးကို ပေး၍ တိုက်တွန်းသွေးဆောင်လော့။ " (၂ တိ ၄:၂) ဟု ရေးထားသည်။ ယခုမှစ၍အချိန် မရွေးသက်သေ ခံနိုင်ရန်၊ ကြိုတင် လေ့လာသင် ကြားကြစို့။

    ယုံကြည်ခြင်းတည်းဟူသောလွှား
    ယုံကြည်ခြင်း သည် လွှားနှင့် နှုိင်းယှဥ်ထားသည်။ မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို လွှားတည်း ဟူသော ယုံကြည်ခြင်းအားဖြင့် ကာသတ်နိုင်သည်။ မာရ်နတ်ကလူများကို အသုံးပြုပြီး၊ အတင်း ပြောခြင်း၊ အပြစ် တင်ခြင်း၊ ခြိမ်း​ခြောက်ခြင်း၊ ပျက်ယယ်ပြုခြင်းများပြုလုပ် သောအခါ၊ ယုံကြည်ခြင်း ရှိလျှင် လုံး၀စိတ်ဓါတ်မကျဘဲ၊ ခရစ်ယာန် အသက်တာကို ဆက်လက်ရပ်တည်နိုင် မှာ ဖြစ်သည်။ ဤယုံကြည်ခြင်း သည်၊ ကယ်တင်ခြင်းကို ယုံကြည်ခြင်း မဟုတ်ဘဲ၊ စစ်တိုက်ရာတွင် ဘုရားသခင်အားဖြင့် အောင်မြင် မည်ဟူသော ယုံကြည်ခြင်း ဖြစ်သည်။ ယုံကြည်ခြင်း သည်ကိုယ်ကိုယ်ကို ယုံခြင်း မဟုတ်ဘဲ၊ ဘုရားကို ယုံကြည် အားကိုးခြင်း ဖြစ်သည်။ များစွာသော ယုံကြည်သူများအဘယ်ကြောင့်ဆုံးရှုံးကြသနည်း၊ အဘယ်ကြောင့်အမှု မဆောင်နိုင်သနည်းဟူမူကား၊ ဘုရားကို မယုံကြည်၊ လောကကို စွဲလန်းပြီး၊ ဇာတိနှင့် အသက် ရှင်သောကြောင့် ဖြစ်သည်။ ဘုရားနှင့် အမြဲမိ၏ ဟာယဖွဲ့၍၊ အလိုတော် ဆောင်ရွက်သော သူတို့သည် ဘုရား ကိုလည်း ယုံကြည် အားကိုး ရဲသည်။ အောင်မြင် မှုလည်း ရရှိ ကြသည်။

    ကယ်တင်ခြင်း သံခမောက်လုံး
    ဤ ကယ်တင်ခြင်းသည် ယုံကြည် ခါစမှာရှိသော အရာ မဟုတ်ဘဲ၊ နေ့စဥ်အသက်တာတွင် စာတန် မာရ်နတ်နှင့် တိုက်ခိုက် ရာတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ကယ်တင်ခြင်း သုံးမျိုးရှိသည်။ အပြစ် တရားစီရင်ခြင်းမှ ယေရှုခရစ် အ သေခံခြင်းဖြင့် ကယ်တင်ခဲ့ပြီ။ နေ့စဥ်အသက်တာတွင် အပြစ် သွေးဆောင်ခြင်းမှ ကယ်တင်နေဆဲ ဖြစ်သည်။ ချီဆောင်ခြင်း နေ့၌ အပြစ်လောကမှ ကယ်တင်ဦးမှာ ဖြစ်သည်။ လက်၀ါးကပ်တိုင်တွင် ၀ိညာဥ် ကယ်တင်ခဲ့ပြီ။ နေ့စဥ်အသက်တာတွင် စိတ်ပိုင်းနှင့် ခန္ဓာပိုင်းကို မိမိ၏ ယုံကြည်ခြင်း အပေါ်မူတည်၍ ကယ်တင်နေဆဲ ဖြစ်သည်။ ချီဆောင်ခြင်း နေ့၌ကိုယ်ခန္ဓာနှင့် စိတ်ကို အပြီး အပိုင် ကယ်တင်၍ လုံး ၀ဖျားနာခြင်း၊ စိတ်ပျက်ဆင်းရဲခြင်း ရှိတော့မည် မဟုတ်။ ယခုလောက၌ အသက် ရှင်စဥ်တွင် ဘုရားသခင်က၊ အပြစ် သွေးဆောင်ခြင်းနှင့် ခန္ဓာစိတ် ပြသနာမှ ကယ်တင်ဘို့ ရန်ဘုရား ထံချဥ်းကပ်ဘို့ လိုသည်။

    နှုတ်ကပတ်တည်းဟူသော ၀ိညာဥ်တော်၏ထား
    အထက်၌ ဖေါ်ပြသော စစ်လက်နက်များ မှာ၊ ခံစစ်၊ ကွယ်သော လက်နက်များ ဖြစ်သည်။ နှုတ်ကပတ်တော် တည်း ဟူသော ၀ိညာဥ်တော် ထားသည်၊ တိုက်ခိုက်သော လက်နက် ဖြစ်သည်။ ထားကိုင်ထားလျှင် ရန်သူကအနီးကပ် မတိုက်ခိုက် ရဲချေ။ အကြောင်း ရန်သူကို ထားနှင့် ခုတ်သတ်နိုင်သည်။ ထို့နည်းတူနှုတ်ကပတ်တော်သည် စာတန် ကကြောက်သော လက်နက် ဖြစ်သည်။ ကျမ်းစာက၊ "ဘုရား၏ နှုတ်ကပတ်တရားတော်သည် အသက် ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက် တကာတို့ထက် ထက်ခြင်း နှင့် ပြည့်စုံသည် ဖြစ်၍၊ အသက်နှင့် စိတ်၀ိညာဥ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်းပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံး အကြံ အစည်များ ကိုလည်း သိမြင်တတ်၏။ " (ဟေ ၄:၁၂) ဟုဆိုထားသည်။ ယေရှုလည်း စာတန်ကို နှုတ်ကပတ်တော်အားဖြင့် အနိုင်ယူခဲ့သည် (မ၄:၁-၁၁)။ နှုတ်ကပတ်တော်ကို မှန်ကန်စွာ ပိုင်းခြားနားလည်၍၊ အသက်တာ၌ ကျင်လည်သော သူကို စာတန် ကမည်သို့ မျှမထိခိုက်နိုင်သည် သာမက၊ စာတန်ကို အောင်မြင် နိုင်သည်။

    .

    ယောဘ၀တ္တုမှ သင်ခန်းစာ

    ယောဘ၀တ္တုဖတ် သောအခါ ဆိုလိုရင်း နားမလည်လျှင် အကျိုး ရှိသင့်သလောက်မရှိချေ။ ထို့ကြောင့် အကြမ်းဖျဥ်းဆိုလို ရင်းကို ထုတ်ဖေါ်ကြရအောင်။ ယောဘသည်၊ "စုံလင်​ဖြောင့်မတ်ခြင်း ရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူ ဖြစ်၏၊၊" (ယောဘ ၁:၁) ဟု ရေးထားသည်။ သူသည် ဘုရားသခင်က ဤကဲ့သို့ ကောင်းကြီး ပေးထားသည်၊ "သား ခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏၊၊ ၃သူ၏ ဥစ္စာကား၊ သိုး ခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဥ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်း မသိများသည် ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သား တကာတို့ထက် သာ၍ ကြီး သောသူ ဖြစ်၏၊၊" (ယောဘ ၁:၂-၃)။ သူ၏ ဘုရား အပေါ်ယုံကြည်ခြင်း၊ အပြစ် တင်ခြင်း ခံမှာကို ကြောက်ရွံ့ခြင်း ကိုလည်း ဤသို့ ရေးထားသည်၊ "ယောဘ၏သား တို့သည် နှစ်စဥ်အတိုင်း အသီးအသီးဘွားသော နေ့ရောက်လျှင်၊ မိမိတို့ အိမ်၌ ပွဲခံသ ဖြင့်၊ နှမသုံးယောက် ကိုလည်း ခေါ်၍အတူ စားသောက်လေ့ရှိကြ၏၊၊ ၅ပွဲခံသော နေ့ရက်လွန် သောအခါ၊ ယောဘသည် သူတို့ကို ခေါ်၍ သန့်ရှင်း စေပြီးလျှင် နံနက် စောစော ထ၍ သူတို့ အရေအတွက် အတိုင်း မီးရှို့သော ယဇ်ကို ပူ​ဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သား တို့သည် မှား ယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘ အောက်မေ့၏၊ ထိုသို့ ယောဘသည် အစဥ်ပြုမြဲရှိ၏၊၊" (ယောဘ ၁:၄-၅)။ ယောဘ၏ စုံလင်ခြင်းကို ဘုရားကိုယ်တော်တိုင် စာတန် ထံဤသို့ ပြောခဲ့သည်၊ "ထာ၀ရ ဘုရား ကလည်း ငါ့​ကျွန်ယောဘကို ဆင်ခြင်ပြီလော၊၊ မြေကြီး ပေါ်မှာ သူနှင့် တူသော သူတယောက် မျှမရှိ၊၊ စုံလင်​ဖြောင့်မတ်ပေ၏၊၊ ဘုရားသခင်ကို ကြောက် ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူ ဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏၊၊" (ယောဘ၁:၈)။
    "စာတန် ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရား ၀တ်ကို ပြုသလော၊၊ ၁၀ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှ ပတ်လည်၌ စောင်ရန်းကာ တော်မူသည် မဟုတ်လော၊၊ သူပြုလေသမျှ တို့ကို ကောင်းကြီး ပေးတော်မူ ပြီ၊၊ သူ့ သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန် ပွားများ ကြပြီ၊၊ ၁၁ယခုမူကား၊ လက်တော်ကို ဆန့်၍ သူ၏ ဥစ္စာရှိသမျှကို ထိခိုက် တော်မူ လျှင်၊ သူသည် မျက်မေှာက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာ၀ရ ဘုရားကို ပြန်လျှောက်လေ၏၊၊" (ယော ဘ၁:၈)။ ထို့ကြောင့် ဘုရားသခင်က စာတန်အား ယောဘကို ဖျက်ဆီးခွင့်ပေးလိုက်သည်။ စာတန် ကလည်း သူ့သား သမိီးဆယ်ယောက်စလုံးသေစေ၍၊ သူ၏ သိုးနွားကုလားအုပ်မြည်းများ မှစ၍ ကွျန်များကို ဆုံးရှုံးစေသည်။ "ထိုအခါ ယောဘသည် မိမိ ၀တ်လုံကို ဆုတ်လေ၏၊၊ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာ ၀ပ်လျက်ကိုး ကွယ်ပြီး လျှင်၊ ငါသည် အ၀တ်မပါဘဲ အမိ၀မ်းထဲကထွက် လာ၏၊၊ ၂၁အ၀တ်မပါဘဲ အမိ၀မ်းထဲသို့ ပြန်သွားတော့မည်၊၊ ထာ၀ရ ဘုရား ပေးတော်မူ၏၊၊ ထာ၀ရ ဘုရားလည်း ရုပ်သိမ်း တော်မူ၏၊၊ ထာ၀ရ ဘုရား၏ နာမတော်သည် မဂ်လာရှိပါစေသတည်းဟုဆိုလေ၏၊၊ ၂၂ယောဘသည် ဤအမှု များနှင့် တွေ့}ကုံသော်လည်း မမှားယွင်း၊၊ ထာ၀ရ ဘုရား ကိုလည်း အပြစ် မတင်ဘဲ နေ၏၊၊" (ယောဘ ၁:၂၀-၂၂)။ တဖန် စာတန် ကဘုရား ခွင့်ပြုချက်ဖြင့် ယောဘကို တကိုယ်လုံးအနာစိမ်းပေါက်စေ၍၊ကိုယ်ကို ခြစ်စရာ အိုးခြမ်းကိုကိုင်ယူ၍ မီးဖုိပြာထဲမှာထိုင်လေ၏၊ "ထိုအခါ မယားက၊ သင်သည် ​ဖြောင့်မတ်သော တရားကို စွဲလမ်းသေးသလော၊၊ ဘုရားသခင်ကို စွန့် ပယ်၍ သေလော့ဟုဆို၏၊၊ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ် သကဲ့သို့ သင်သည် ပြော၏၊၊ အဘယ်သို့ နည်း၊၊ ငါတို့သည် ဘုရားသခင်၏ လက်တော် မှသုခချမ်းသာကို ခံယူသည် ဖြစ်၍၊ ဒုက္ခ ဆင်းရဲကို မခံမယူရာသလောဟုဆို၏၊၊" (ယောဘ၂:၉-၁၀)။ ထိုအချိန် ထိယောဘသည် ဘုရားကို မပြစ်မှားဘဲ၊ ခံနု ိင်ခဲ့သည်။ "ထိုအခါ တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ​ဇောဖါတည်း ဟူသော ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည်၊ သူ၌ ရောက်သော ဤအမှု ကြီး အလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကို နှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည် အတိုင်း၊ အသီးအသီး မိမိတို့ နေရာအရပ်မှ ရောက်လာကြ၏၊၊ ၁၂ထိုသူတို့သည် အဝေးက မျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကို လွှင့်၍ ငုိ​ေကြွးကြ၏၊၊ အသီးအသီးမိမိတို့ ၀တ်လုံကို ဆုတ်၍ မြေမှု န့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ ကျရောက်စေခြင်းငှါ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏၊၊ ၁၃ ခုနစ်ရက်ပတ်လုံးယောဘနှင့်အတူ မြေပေါ်မှာ ထိုင်၍ သူသည် ပြင်းစွာသော ဆင်းရဲ ခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူ မျှစကား မပြောမဆိုဘဲ နေကြ၏၊၊" (ယောဘ ၂:၁၁-၁၃) ယောဘ၏ အဆွေခင်ပွန်းများသည် ထိုကဲ့သို့ အလွန် စိတ်ထိခိုက်သောကြောင့်၊ စကား ပင် မပြောနိုင်ငုိကြွေး၍ ၀တ်လုံများကို ဆုတ်၍ မြေမှု န့်ကု ိမိမိတို့ ခေါင်းပေါ်တင်ပြီး၊ ခုနစ်ရက်ပတ်လုံးစကား မပြောနိုင်ဘဲ နေကြသည်။
    သို့သော်အတိုကောက်ပြောပါက၊ သူ၏ အဆွေများ ကယောဘသည် အပြစ် ရှိ၍ သာ၊ ဘုရားသခင်က ဒဏ်ခတ်သည်ဟု စွပ်စဲွ ကြသည်။ ယောဘကလည်း သူ၌ အဘယ်အပြစ် မျှမရှိ၊ ဘုရားသခင်က သက်သက်မဲ့အကြောင်း မရှိဘဲ ဒဏ်ခတ်သည်ဟုဆိုသည်။ ယောဘသည် အစပိုင်း၌ ခံနိုင်ရည်ရှိပြီး၊ ဘုရားသခင် အပေါ်အပြစ် မတင်သော်လည်း၊ အဆွေခင်ပွန်းများ၏ စွပ်စွဲမှုကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ရင်းဘုရားကို အပြစ် တင်လာသည်။ ​ကျွန်ုပ်တို့လည်း ၀မ်းနည်း​ကြေကွဲသော သူများကို နှစ်သိမ့်မည့်အစား အပြစ် တင်တတ်သည်ကို သတိထားရမည်။ ကိုယ်ပြောသော စကားကို သေချာစွာ စဥ်းစားဘို့ လိုသည်။ နောက်ဆုံး၌ ဘုရားသခင်ကိုယ်တိုင်က၊ ယောဘကို စကား ပြောကာသူ၏ အပြစ်ကို ဖေါ်ပြသည်။ အကြောင်း မသိဘဲကိုယ်ကိုယ်ကို ကာကွယ်သည်ကို စစ်ဆေးသည်။ သူ၏ အဆွေခင်ပွန်းများ ကိုလည်း ဘုရားသခင်က အပြစ် တင်ကာ၊ ယောဘကို ဆုတောင်း ပေးခိုင်းသည်။ ဤအဖြစ် အပျက်အား ဖြင့်၊ လူသည် ကောင်းစားသော အချိန်တွင် ဘုရား ချီးမွမ်းဘို့ လွယ်ကူကြောင်း သိရှိရသည်။အား ပေးစကား မပြောတတ်လျှင် အပြစ် တင်ခြင်း ဖြစ်သွားနိုင်သည်။ အပြစ် တင်ခြင်း ခံလျှင်ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သည်။ ထို့ကြောင့် ဘုရား၏ အမြင် တိုင်း မမြင်နိုင်သောကြောင့်၊ အကြောင်း စုံ မသိသောကြောင့်၊ အပြစ် တင်စွပ်စဲွခြင်း၊ကို ယ့်ကိုယ်ကို ကာကွယ်ခြင်း မျိုး မလုပ်သင့်ချေ။

    .

    ကျမ်းစာဖတ်ကြစို့

    ယောဟန် ၂၁
    ၁။ တဖန် ယေရှုသည် တိ​ဗေရိအိုင်နားမှာ တပည့်တော်တို့ အားကိုယ်ကို ပြတော်မူ၏။ ပြတော်မူသည် အကြောင်း အရာဟူမူကား၊ ၂ရှိမုန်ပေတရုနှင့် ဒိဒုမုဟု အမည်ရှိသောသောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ဇေ​ဗေဒဲ၏သား နှစ်ယောက်၊ အခြားသော တပည့်တော် နှစ်ယောက်တို့သည်အတူ ရှိကြ၏။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်ပြီး နောက်၊ တပည့်တော်များထံ၌ သာကိုယ်ကို ပြတော်မူသည်။ မယုံကြည်သူများထံ၌ မပြချေ။ ထိုအရာအားဖြင့် သိနိင်သည်မှာ၊ ဘုရားသခင်သည် ယုံကြည်သူများသာလျှင် သမ္မာတရားကို သိစေ၍၊ မယုံကြည်သူ များသည် မသိနိုင်ချေ။ တိ​ဗေရိအိုင်သည် ဂါလိလဲအိုင် ဖြစ်သည်။ ယေရှုက ကိုယ်ကို ပြသောအခါ တပည့်တော် ခုနစ်ယောက်သာလျှင် ရှိသည်။
    ၃။ ရှိမုန်ပေတရုကအ​ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့ ကအ​ကျွန်ုပ်တို့လည်း လိုက်မည်ဟု ပြောဆိုသည်နှင့် ထွက် သွားကြ၏။ ချက်ခြင်း လှေထဲသို့ ၀င်၍ ထိုညဥ့်တွင် တကောင်ကို မျှမရကြ။ ရှိမုန်သည် တပည့်တော် များ၏ ခေါင်းဆောင် ဖြစ်သည်။ သူတို့ ထံယေရှုက ကိုယ်ကို အနည်းဆုံးနှစ်ကြိမ်ပြပြီးသော်လည်း၊ နားမလည် ကြသေးချေ။ သခင်ခိုင်းသော သက်သေ ခံခြင်း မလုပ်ဘဲ၊ နဂုိလ်အလုပ် ဖြစ်သော ငါးဖမ်းခြင်းကို ပြုလုပ် ကြသည်။ ၀ိညာဥ်နုနယ် သေးသော သူများ လည်း၊ ယေရှု အလိုတော် ဖြစ်သော သက်သေ ခံခြင်းကို မပြုလုပ် လိုကြချေ။ သူတို့သည် တညလုံးဖမ်းသော်လည်း တကောင်မျှမရှိခြင်းသည် အံ့ဩစရာ ဖြစ်သည်။
    ၄။ နံနက်ရောက် သောအခါ ယေရှုသည် ကမ်းနားမှာရပ် တော်မူ၏။သို့ ရာတွင် ယေရှု ဖြစ်တော်မူသည်ကို တပည့်တော် တို့သည် မသိကြ။
    တပည့်တော် များသည် ထိုကဲ့သို့ အသုံးပြု၍ မရ၊ နဂိုလ်အလုပ်၌ ပြန်လဲသွားကြသော်လည်း၊ ယေရှုသည် စိတ်မပျက်ဘဲသူတို့ ရှိရာသို့ အရောက်လာသည်။ ယနေ့ ​ကျွန်ုပ်တို့ အကြိမ်ကြိမ်သခင်ဘုရားကို ဂတိပေး၍ ပျက်သော်လည်း၊ ​ကျွန်ုပ်တို့ကို နားလည်ပေးမည်ဟု ယုံကြည်သည်။ တပည့်တော် များသည် သူတို့၏ သခင် ဖြစ်မှန်းကို မသိကြဟုဆိုသည်။ အကြောင်းမှာ သူ့ကို မမျှော်လင့် သောကြောင့် ဖြစ်မည်။
    ၅။ ယေရှုကလည်း ချစ်သားတို့၊ စားစရာ တစုံ တခုရှိသလောဟု မေးတော်မူလျှင် မရှိပါဟု ပြန်ပြောကြ၏။
    ယေရှုက တပည့်တော် များကို ဖခင်ကသား များကို နှုတ်ဆက် သကဲ့သို့ ခေါ်သည်။ လူ့ဇာတိအားဖြင့် အရွယ်တူနိုင်ကြသော်လည်း၊ ဘုရား ဇာတိအားဖြင့် အလွန် ကွာခြားသည်။ သခင်ဘုရားသည် စားစရာကို တောင်းသော်လည်း၊ သူ၌ မုန့်နှင့် ငါးကင် ရှိပြီး ဖြစ်သည်။ ရှာမာရိအမျိုးသမီးထံမှလည်း ရေတောင်းသော်လည်း မသောက်ခဲ့ပါ။
    ၆။ တဖန် ယေရှုက၊ လေှလက်ျာဘက်၌ ပိုက်ကွန်ကို ပစ်ချလော့။ ထိုသို့ ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍ များစွာသော ငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကို စွဲ၍ မရနိုင်။ ယေရှုက လှေလက်ျာဘက်၌ ပိုကကွန်ပစ်ချခိုင်း သောအခါ သူတို့သည် နားထောင်၍ များစွာသော ငါးအုပ်မိ ကြသည်။ ထိုအဖြစ် အပျက်မျိုးကို အမှုတော် စတင်ခါစ၌လည်း ဖြစ်ခဲ့ဘူးသည် (လု ၅:၄-၆)။ ထိုအဖြစ် အပျက်၌ သခင်ယေရှုက ရေနက်ရာသို့ ပိုက်ကွန်ချခိုင်း သောအခါ၊ ပေတရုကစောဒကတက်သော်လည်း၊ နားထောင်ခြင်းဖြင့် ချ သောအခါ များစွာသော ငါးများကို ရရှိခဲ့သည်။ ယခုတွင် ရေနက်ရာ သို့မဟုတ် တော့ဘဲ လက်ျာဘက်၌ ပိုက်ကွန်ကို ချခိုင်းသည်။ ပေတရုသည် ယခင်ကကဲ့သို့ မငြင်းတော့ဘဲ ချ သောအခါ များစွာသော ငါးကို ရရှိသည်။ တညလုံးငါးမရရှိခြင်းသည် ငါးမရှိသောကြောင့် မဟုတ်၊ သခင်ဘုရား ကမရရှိအောင် ပြုလုပ်ခြင်း ဖြစ်မည်။ သူ့အမိန့်တော်ကို နာခံ သောအခါ နည်းနည်း မဟုတ်၊ ပိုက်ကွန်စွဲ၍ မရနိုင်လောက်အောင် ရရှိကြခြင်းသည် သခင်ဘုရား၏ တန်ခိုးအားဖြင့် ဖြစ်မည်။ ယေရှုသည် တံငါသည် မဟုတ်၊ လက်သမား ဖြစ်သည်။ သို့သော်သူသည် အရာခပ်သိမ်း၏ အရှင် ဖြစ်ကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း အစွမ်းကုန် ကြိုးစားသော်လည်း မအောင်ဘဲ ရှိနိုင်သည်။ စိတ်မပျက်ဘဲ ဘုရား အားကိုး ခြင်း၊ နားထောင်ခြင်းအားဖြင့် အောင်မြင် နိုင်သည်။
    ရ။ ထိုအခါ ယေရှု ချစ် တော်မူသော တပည့်တော်က၊ ငါတို့ သခင်ပေတည်းဟု ပေတရုအား ပြောဆို၏။ သခင် ဖြစ်ကြောင်းကို ရှိမုန် ပေတရုသည် ကြားလျှင်၊ အ၀တ်ကိုမှု မခြုံဘဲ ရှိလျှက် အပေါ်အကျôကို သာ၀တ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။
    ယေရှု ချစ် တော်မူသော တပည့်တော်သည် ဤစာကို ရေးသော ယောဟန်ပင် ဖြစ်သည်။ သူကသခင်ဘုရား ဖြစ်ကြောင်းကို အရင်သိသွားသည်။ ပေတရုသည် သခင် ဖြစ်ကြောင်းကို ကြား သောအခါ အဘယ်ကြောင့်အ၀တ်ကို မခြုံဘဲ အိုင်ထဲသို့ ဆင်းသနည်း။ သူသည် စိတ်မြန်ကိုယ်မြန် ဖြစ်သောကြောင့် လုပ်မိရာလုပ်ခြင်း ဖြစ်မည်။
    ၈။ အခြားသော တပည့်တော် တို့သည်၊ ကမ်းနှင့် မနီးမဝေးအလံငါးဆယ်လောက်ကွာသည် ဖြစ်၍ ငါးများနှင့် ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍ လာကြ၏။ ၉ကုန်းပေါ်သို့ ရောက် သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသော ငါးကို၎င်း၊ မုန့်ကို၎င်းတွေ့မြင်ကြ၏။ ၁၀ ယေရှု ကလည်း ယခုရသော ငါးအချို့ကို ယူခဲ့ကြဟု မိန့်တော်မူ၏။
    တပည့်တော် တို့သည် လေှတစီးနှင့် မဟုတ်ဘဲ၊ သီးခြားငါးဖမ်း ကြသည်။ သခင်ယေရှုသည် တပည့်တော်များဖမ်းသော ငါး မဟုတ်မည်ကဲ့သို့ ငါးရနိုင်သနည်း။ မုန့်ကိုလည်း ရှိသည်။ သူ၏ တန်ခိုးအားဖြင့် ရရှိခြင်း ဖြစ်ပေမည်။ ဘုရား အတွက် ဘာမျှအခက်အ ခဲမရှိပေ။ အရာခပ်သိမ်းကို မရှိသော အရာထဲမှဖန်ဆင်းနိုင်သည်။ လမ်းလွှဲသွားသော တပည့်တော်များကို၊ အစားအစာများနှင့် တည်ခင်းဧည့်ခံသည်။ ​ကျွန်ုပ်တို့လည်း သစ္စာ မရှိလမ်းလွှဲသွားလျှင်လည်း သခင်ဘုရားက၊ လက်ကမ်းကြိုဆို နေကြောင်း စိတ်ချနိုင်သည်။ ယေရှုသည် သူကပေးမည့် အရာသာမက၊ တပည့်တော်များဖမ်းမိသော ငါးများ ကိုလည်း ယူခိုင်းခြင်းသည်၊ သူတို့၏ လုပ် ဆောင်မှုကို လက်ခံခြင်း၊ တန်ဘိုး ထားခြင်းကို ဖေါ်ပြသည်။
    ၁၁။ ရှိမုန်ပေတရုသည် လှေပေါ်သို့ တက်၍၊ ငါးကြီး တရာငါးဆယ့်သုံးကောင်နှင့် ပြည့်လျက် ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင် လေ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည် မဆုတ်ပြတ်ရှိ၏။
    သူတို့သည် ငါးများကို အတိအကျရေတွက်သောကြောင့်၊ တရာငါးဆယ့်သုံးကောင်ဟုဆိုနိုင်ခြင်း ဖြစ်သည်။ ​ကျွန်ုပ်လည်း အရာရာ၌ တိကျစွာ ရေတွက်တင်ပြတတ်ဘို့ လိုသည်။ လုကာ ၅:၄တွင် ငါးမရေတွက်ဘဲ များစွာ ရသည်ဟု သာရေးထားသည်။ ထိုအပြင်ပိုက်ကွန်ပျက်စရှိသည်ဟုဆိုသည်။ သို့သော်ယခုအဖြစ် အပျက်၌ ပိုက်ကွန်မဆုတ်ပြတ်ခြင်းကို မှတ်တမ်းတင်ထားခြင်းသည် ရည်ရွယ်ချက်ရှိလိမ့်မည်။ ဘုရား စကား နားထောင်လျှင် ​ကျွန်ုပ်တို့၏ အမှုတော် ဆောင်ခြင်း လုပ်ငန်း၌ မကဲွမပြားအောင်မြင်မှု ရရှိနိုင်သည်။
    ၁၂။ ယေရှု ကလည်း၊ လာ၍ နံနက်စာကို စားကြလော့ဟု မိန့်တော်မူ၏။ သခင် ဖြစ်တော်မူ ကြောင်းကို တပည့်တော် တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူ နည်းဟူ၍ တစုံတယောက် မျှမမေးမလျှောက်၀ံ့ကြ။ ၁၃ယေရှုသည် လာ၍ မုန့်နှင့် ငါးကို ယူ ပြီးလျှင် သူတို့အား ပေးတော်မူ၏။ ယေရှုသည် နောက်ဆုတ်သွားသော၊ စကား နားမထောင်သော တပည့်တော် များကို အပြစ် မတင်ဘဲ၊ နံနက်စာဖြင့် ဧည့်ခံသည်။ ​ကျွန်ုပ်တို့လည်း လမ်းလဲွသွားသော၊ ညီအကို များကို ပြန်လည် လက်ခံသင့်သည်။ တပည့်တော် များသည် ယေရှုကို သိသောကြောင့် ဘာမျှမမေး၀ံ့ကြချေ။ သူသည် ဖေါက်ပြန်သော တပည့်များကို ငါးနှင့် မုန့်​ကျွေးသည်။ ယေရှုသည် ရယူသောသူ မဟုတ်၊ ပေးသော သူသာလျှင် ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း သူတပါးထံမှ ရယူသောသူ မဟုတ်ဘဲ၊ ပေးသောသူ ဖြစ်ကြရမည်။ ပေါလုက "အ စွန့် အကြဲခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည် သာ၍ မဂ်လာရှိသည် ဟု၊ သခင်ယေရှု မိန့်တော်မူသော စကားတော်ကို အောက်မေ့ ရမည်" (တမန် ၂၀:၃၅) ဟု ပြောဆို ခဲ့သည်။ ​ကျွန်ုပ်လည်း ရယူသူထက်၊ ပေးသောသူ ဖြစ်ကြပါစို့။
    ၁၄။ ထိုပြတော်မူခြင်း ကား၊ ယေရှုသည် သေခြင်း မှထမြောက် တော်မူသည် နောက်၊ တပည့်တော်တို့ အားကိုယ်ကို သုံး}ကိမ်မြောက်သော ပြတော်မူခြင်း ဖြစ်သတည်း။
    ရှင်ပြန်ထမြောက် ပြီးမှယေရှုသည် သုံးကြိမ်သာတပည့်တော်များထံကိုယ်ကို ပြတော်မူသည်။ ရှင်ပြန်ထမြောက် ပြီးမှ ကောင်းကင်သို့ ပြန်တက်ချိန်အထိ၊ ရက်ပေါင်းလေးဆယ်ရှိသော်လည်း၊ သုံးကြိမ်သာပြခြင်းသည် ထို့ထက် ပြဘို့ မလိုအပ်သောကြောင့် ဖြစ်မည်။
    ၁၅။ နံနက်စာကို စားကြသည် နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည် သာ၍ ချစ် သလောဟု ရှိမုန်ပေတရုအား မိန့်တော်မူ လျှင်၊ ဟုတ်ပါ၏ သခင်။ ကိုယ်တော်ကို အ​ကျွန်ုပ်ချစ်သည် ကိ ုကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏ သိုးသငယ် တို့ကို ​ကျွေးမွေးလော့ဟု မိန့်တော်မူ၏။ ၁၆တဖန် ယေရှုက၊ ယောန၏သား ရိှမုန်၊ သင်သည် ငါ့ကို ချစ် သလောဟု ဒုတိယအ}ကိမ်မေး တော်မူ လျှင်၊ ဟုတ်ပါ၏ သခင်၊ကိုယ်တော်ကို အ​ကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏ သိုးတို့ကို ထိမ်းလော့ဟု မိန့်တော်မူ၏။
    ယောန၏သား ရှိမုန်သည် ပေတရု ဖြစ်သည်။ ယေရှု ကပေတရုကို အခြားသော တပည့်တော် များထက် သူ့ကို ချစ်သလောဟု အဘယ်ကြောင့်မေးသနည်း။ သူသည် တမန်တော် များ၏ ခေါင်းဆောင်၊ မေးခွန်းမေးတိုင်း အမြန်ဆုံး ​ဖြေတတ်သောကြောင့် ဖြစ်မည်။ သခင်ယေရှုက၊ အဂပေမေတ္တာဖြင့် နှစ်ကြိမ်မေးသော်လည်း၊ ပေတရုကဖီလီယော်မေတ္တာဖြင့် သာ​ဖြေသည်။ အဂပေမေတ္တာသည် ဘုရား၏ မေတ္တာ ဖြစ်၍၊ ကိုယ်ကျိုး စွန့်သော မေတ္တာ ဖြစ်သည်။ ဖီလီယော်မေတ္တာသည် သူငယ်ခြင်း မေတ္တာ ဖြစ်သည်။ ( မြန်မာ အသုံးအနှုန်းဖြင့် ရှင်းပြပါက၊ လူပျိုကအပျိုကို ၁၅၀၀အချစ်နှင့် ချစ်သလားဟု မေးသော်လည်း၊ အပျိုက ၅၂၈ အချစ်နှင့် ချစ်သည်ဟုဆိုလျှင် လူပျိုလိုချင်သော အချစ်မရသောကြောင့် ကျေနပ်မည် မဟုတ်။ ၁၅၀၀ အချစ်သည် သမီးရီးစားအချစ် ဖြစ်၍ ၅၂၈ အချစ်သည် မောင်နှမ အချစ် ဖြစ်သောကြောင့် ဖြစ်သည်။ ) သခင်ယေရှုက သူ့ကို ချစ်လျှင်၊ သူ၏ သိုးတို့ကို ​ကျွေးမွေး ဘို့ ထိမ်းဘို့ ပြောထားသည်။
    ၁ရ။ ယေရှုကလည်း ယောန၏သား ရှိမုန်၊ သင်သည် ငါ့ကို ချစ်သလောဟု တတိယအကြိမ်မေး တော်မူ လျှင်၊ သင်သည် ငါ့ကို ချစ် သလောဟု သုံးကြိမ်မြောက်အောင် မေး တော်မူသောကြောင့် ပေတရုသည် စိတ်နာသဖြင့်၊ သခင်၊ကိုယ်တော်သည် ခပ်သိမ်းသော အရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ​ကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏ သိုးတို့ကို ​ကျွေးမွေးလော့။
    ပေတရုကသူငယ်ချင်းအချစ်နှင့် သာ​ဖြေနေသောကြောင့်၊ တတိယအကြိမ်တွင် သခင်ယေရှုက သူ့ကို သူငယ်ချင်းအချစ်နှင့် ချစ်သလောဟု မေးသည်။ ပေတရုလည်း သုံးကြိမ်တိုင်အောင် မေးသောကြောင့် စိတ်နာလာသည်။ ထိုသို့ သုံးကြိမ်မေးခြင်းသည် ပေတရုကသုံးကြိမ်ငြင်းဆိုခဲ့သောကြောင့် ဟုဆို ကြသည်။ အချို့ကသေချာအောင် မေးခြင်း ဖြစ်သည်ဟုဆို ကြသည်။ ထိုအရာတို့သည် မှန်နိုင်ပါသည်။ သို့သော်သခင်ယေရှုက သူလိုချင်သော အ​ဖြေမရသောကြောင့် ဖြစ်နိုင်သည်။
    ၁၈။ ငါအမှန်အကန်ဆိုသည် ကား၊ သင်သည် ပျိုသော အသက် ရှိစဥ်ကိုယ်ကိုကိုယ် ပတ်စည်း၍ အလိုရှိ ရာအရပ်ရပ်သို့ သွားလာ တတ်၏။ သင်သည် အို သောအခါ လက်နှစ်ဖက်ကို ဆန့်ပြီး လျှင်၊ သူတပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူ သွားလိမ့်မည်ဟု မိန့်တော်မူ၏။
    ယေရှု ကပေတရုသည် အရွယ်ငယ် သေးသောကြောင့်၊ သူလိုချင်သော အရာကို သာလုပ်သည်။ ရင့်ကျက်လာ သောအခါ သူမလိုချင်သော အရပ်သို့ ယူသွားခြင်း ခံရမည်ဟု ဟောကိန်းထုတ်လိုက်သည်။ မှန်ပါသည် ပေတရုကဲ့သို့ ငယ်ရွယ်သော သူတိုင်းကိုယ့်အလိုဆန္ဒကို သာအလေးထား၍ လုပ်ချင် ကြသည်။ ရင့်ကျက်သော သူတိုင်း သူတပါးအလိုဆန္ဒကို လိုက်လေျာတတ်သည်။ အထူးသဖြင့် ၀ိညာဥ်ရေးရာ၌ ရင့်ကျက်သော သူများသည် ဘုရားသခင်၏ အလိုတော်ကို သာလုပ်လာ ကြသည်။
    ၁၉။ ထိုသို့ မိန့်တော်မူသော်၊ အဘယ်သို့သော သေခြင်း အားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည် အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူ ပြီးမှ၊ ငါ့နောက်သို့ လိုက်လော့ဟု ပေတရုအား မိန့်တော်မူ ပြန်၏။
    သခင်ယေရှုက ပေတရုသည် မည်ကဲ့သို့ သေမည်နည်းဟူသော အရာကို အရိပ်ပေးသည်ဟုဆိုသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ပေတရုသည် အသေသတ်ခြင်း ခံရမည်ဟု သိရသည်။ ပေတရုသည် အို သောအခါ လက်နှစ်ဖက်ဆန့်ပြီး သူ့ကို ယူသွားမည်ဆိုခြင်းသည် လက်၀ါးကပ်တိုင်၌ ရိုက်သတ်ခြင်း ခံရမည့် အရိပ် ဖြစ်သည်။ ကျမ်းစာက မဖေါ်ပြ သော်လည်း သမိုင်း၌ ပေတရုသည် လက်၀ါးကပ်တိုင်၌ ရိုက်သတ်ခြင်း ခံရသည်။ သို့သော်သူကိုယ်တိုင်၏ တောင်းဆိုချက်အတိုင်း လက်၀ါးကပ်တိုင်၌ ပြောင်းပြန်ရိုက် သတ်သည်ဟု သိရသည်။ အကြောင်းမှာ သူ့သခင်ကို ငြင်းပယ်ခဲ့သောကြောင့်၊ သူ့သခင်ကဲ့သို့ မသေထိုက်ဟုဆို၍ ပြောင်းပြန်ရိုက်သတ်ခိုင်းခြင်း ဖြစ်သည်။
    ၂၀။ ယေရှု ချစ် တော်မူ၍ အထက် ကညစာစား သောအခါ ရင်တော်ကို မှီ၍ လေျာင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသော သူကား အဘယ်သူ နည်းဟု မေးသော တပည့်တော် သည်လည်း နောက်တော်သို့ လိုက်သည်ကို ပေတရုသည် လှည့်၍ မြင်လျှင်၊ ၂၁သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊ ၂၂ ယေရှုက၊ ငါကြလာသည် ကာလ တိုင်အောင် ထိုသူကို နေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။
    ယေရှု ချစ်တော်၍ မေးခွန်းမေးခဲ့သူသည် ဤစာကို ရေးသော ယောဟန် ဖြစ်သည်။ ပေတရုကသူသည် မည်ကဲ့သို့ သေမှာကို သိသောအခါ၊ ယောဟန်လည်း မည်ကဲ့သို့ဖြစ်မည့် အရာကို သိချင်သည်။ ယေရှုက၊ သူကြွလာသည့်တိုင်အောင် သူ့ကို နေစေခြင်းငှါ အလိုရှိလျှင်၊ သင်သည် အဘယ်သို့ ဆိုင်သနည်းဟု ​ဖြေလိုက်သည်။ ထိုအရာသည် လူ၏ ထုံးစံ ဖြစ်သည်။ ကိုယ်တယေက်တည်း အဖြစ်ဆိုးမခံစား လိုကြချေ။
    ၂၃။ ထိုစကားတော်ကို ထောက်လျှင်၊ ညီအစ်ကို တို့က၊ ထိုတပည့်တော်သည် မသေရဟု အနှံ့အပြား ပြောဆို ကြ၏။ သို့သော်လည်း ထိုသူသည် မသေရဟု ယေရှု မိန့်တော်မူသည် မဟုတ်၊ ငါကြလာသည် ကာလ တိုင်အောင် ထိုသူကို နေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ ဆိုင်သနည်းဟု မိန့်တော်မူ သတည်း။
    ယောဟန်သည် ယေရှု ကြွလာသည့်တိုင်အောင် မသေရဟု သူတို့ ထင် ကြသည်။ သို့သော်ယောဟန်သည် ယေရှု မကြွလာ မှီအေဒီ ၉၅ ခန့်တွင် သေသွားခဲ့ပြီ။ သို့ဖြစ်လျှင် ဘာကု ိဆိုလိုသနည်း။ ယောဟန်သည် ယေရှု ကြွလာခြင်းကို ရူပါရုံအားဖြင့် အားလုံး မြင်၍ ဗျာဒိတ်ကျမ်းထဲ၌ အားလုံး ဖေါ်ပြခဲ့သည်။ ထိုအရာကို ဆိုလိုခြင်း ဖြစ်သည်။ မဿဲ၁၆:၂၈၌ လည်း ယေရှုက၊ ငါအမှန်ဆိုသည် ကား၊ လူသားသည် နိုင်ငံတော် တည်လျက် ကြွလာ တော်မူသည်ကို၊ ဤအရပ်၌ ရှိသော သူအချို့တို့သည် မမြင်မှီ သေခြင်းသို့ မရောက်ရကြဟု တပည့်တော် တို့အား မိန့်တော်မူ၏။ ဟုဆိုခဲ့သည်။ ထိုအရာလည်း မ၏ ၁ရ၌ ​ခြောက်ရက်ကြာ သောအခါ၊ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့က၊ တောင်ပေါ်မှာ ယေရှုနှင့်အတူ မောရှေနှင့် ဧလိယတို့ကို မြင်ခဲ့ခြင်းကို ဆိုလိုသည်။ ထိုအရာသည် ချီဆောင်ခြင်း၌ ဖြစ်မည့် အရာကို မြင်ခြင်း ဖြစ်သည်။ မောရှေသည် ချီဆောင်ခြင်း နေ့၌ ရှင်ပြန်ထမြောက် လာမည့် သန့်ရှင်း သူများကို ပုံဆောင်၍ ဧလိယသည် မသေဘဲကိုယ်ခန္ဓာပြောင်းလဲမည့်သူ များကို ပုံဆောင်သည်။
    ၂၄။ ထိုတပည့်တော် ကား၊ ဤအကြောင်း အရာတို့ကို သက်သေ ခံ၍ ရေးထားသောသူ ဖြစ်၏။ ၂၅သူ၏ သက်သေ ခံချက်မှန်သည်ကို ငါတို့ သိကြ၏။ ယေရှု ပြု တော်မူသော အခြားအမှု အရာအများ ရှိသေး၏။ ထိုအမှု အရာရှိသမျှ တို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီး မဆ့ံနိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်း ရှိ၏။
    နောက်ဆုံး၌ ယောဟန်ကသူသည် ဤစာကို ရေးသောသူ ဖြစ်သည်ဟုဆိုသော်လည်း သူ၏ နာမည်ကို မဖေါ်ပြချေ။ ယေရှုသည် များစွာသော အမှုတို့ ကိုလည်း ပြုသေးသည်။ အားလုံးရေးလျှင် မြေကြီး မဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟုဆိုသည်။ ထိုအရာကို အ​ခြေခံ၍ မှားယွင်းသော ဆရာများက၊ ကျမ်းစာသည် မပြည့်စုံဟုဆိုတတ် ကြသည်။ ထို့အပြင်သူတို့ ပြုလုပ် ပြောဆိုသော အရာများသည်၊ ဘုရားသခင်က ဖေါ်ပြသည်ဟု အခွင့်ကောင်းယူ၍ ဟောပြောတတ် ကြသည်။ ဤမျှလောက်ရေးသော ကျမ်းစာ ပင်လျှင် မဖတ်ကြ၊ မသိကြသော သူများ ထံထိုသို့ ပြော သောအခါ၊ စာတန် အတွက် အကွက်၀င်၍ သူတို့ လုပ်သမျှ၊ ပြုသမျှသည် ဘုရား ထံမှ ဖြစ်သည်ဟု လိမ်ညာ ပြောဆိုပြီး လူများစွာကို လမ်းလဲွသို့ ဦးဆောင်သွားတတ် ကြသည်။ ထို့ကြောင့် ယုံကြည်သူ တိုင်း ​ဗေရိမြို့သားများကဲ့သို့ဖြစ်သင့် ကြသည်။ ​ဗေရိမြို့သား တို့သည် သက်သာလောနိတ်မြို့သား တို့ထက် ထူးမြတ်သဖြင့်၊ အလွန် ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်း ငှာ၊ ကျမ်းစာကို နေ့တိုင်း အစဥ်စေ့စေ့ကြည့်ရှုကြ၏။ (တမန် ၁ရ:၁၁)။ သင်လည်း ယခုမှစ၍ ​ဗေရိမြို့သားများကဲ့သို့ သူတပါးသင်သမျှကို ချက်ချင်း မယုံဘဲ ကျမ်းစာကို နေ့တိုင်း စေ့စေ့ကြည့်ရှုသောသူ ဖြစ်ပါ။ သို့ဖြစ်လျှင် လိမ်လည်လှည့်ဖျားမှု များကို သိ၍ ရှောင်နိုင်ပေမည်။

    .

    အမှုတော်ဆောင်သင်တန်း

    ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပုံမှန်အမှုတော် ဆောင်သင်တန်းကို၊ ဧပြီလ ၃၀ ရက်နေ့မှမေလ ၃ ရက်နေ့အထိ အောင်မြင် စွာ ကျင်းပနိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ အမှုတော် ဆောင် ၂၀နှင့် ယုံကြည်သူ ၁၀ယောက်စုစုပေါင်း ၃၀ တက်ရောက်ကြ ပါသည်။ ထိုသင်တန်း၌ ခေတ်ကာလ များအကြောင်းကို အဓိကသင်ကြား ကြသည်။ နောက်သင်တန်းကို အသင်းချုပ်ဆရာများနှင့်အတူ ဩဂုတ်လ ပဌမ အပတ်တွင် ပြန်လုပ်ရမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

    .

    မီဒီယာကဏ္ဍ

    ကိုယ့်၀ိညာဥ်ကို သမ္မာတရား နေ့စဥ်​ကျွေးဘို့ လိုသည်။ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်ခြင်းနှင့် ကိစ္စများ မြောင်လှသောကြောင့်အချိန် မရနိုင်ချေ။ ထို့ကြောင့် သတင်းကောင်း နှစ်ခြင်း အသင်းတော် မှတရားဟောချက်များကိုအချိန် မရွေး၊ နေရာမရွေး နားထောင် နိုင်သည်။ You tube လိပ်စာတွင် gbc.in ကို ရိုက်နှိပ်လိုက်ပါက အမေရိကန်အလံကို တွေ့လိမ့်မည်။ ထိုအလံကို နှိပ်လိုက်ပါကဆရာမောဇက်ဟောပြောသော တရားများကို နားထောင် နိုင်သည်။gbcusa.org website ၌လည်း ကြည့်ရှု လည်ပတ်နိုင်သည်။