1

Periodical: Good News, April 2019

Home  >  Periodicals > APRIL 2019

gn042019

APRIL 2019

GOOD NEWS PERIODICAL

မာတိကာ

အမှာစာ

ဘုရားသခင် ထံမှ ငြိမ်သက်ခြင်းနှင့် ကျေးဇူးတော်သည် ဤစာဖတ်သူတိုင်း အပေါ်သက်ရောက်ပါစေသော်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အသက် ရှင်လှုပ်ရှားသွားလာနိုင်ကြသေးသည်။ ကျေးဇူးတော် ကာလ၊ အသင်းတော် ခေတ်၏ နိဂုံးပိုင်းအထိ မြင်ခွင့်ရရှိသောကြောင့် အလွန်အား ရစရာ ဖြစ်သည်။ သို့သော်၀ိညာဥ်မျက်စိကန်းသော သူများ အနေဖြင့်မူ၊ နောက်ဆုံး ဖြစ်မှန်းလည်း မသိသောကြောင့် တန်ဘိုး ထားရမှန်းလည်း သိမှာ မဟုတ်။ သခင်ယေရှု ကတပည့်တော်များထံ၊ သူ့ကို မြင်တွေ့ရသောကြောင့်၊ “သင်တို့ မျက်စိသည် မြင်သောကြောင့် မဂ်လာရှိ၏။ သင်တို့ နားသည်လည်း ကြားသောကြောင့် မဂ်လာရှိ၏။ ၁၇ငါအ မှန်ဆိုသည်ကား၊ သင်တို့ မြင်ရသော အရာတို့ကို ပရောဖက် များနှင့် ​ဖြောင့်မတ်သော သူများ တို့သည် မြင်ခြင်းငှါ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ ကြားရသော အရာတို့ကို ကြားခြင်းငှါ အလိုရှိသော်လည်း မကြားရကြ။ ” (မ ၁၃:၁၆-၁ရ) ဟုဆိုခဲ့ဘူးသည်။ ​ကျွန်ုပ်တို့သည် သခင်ယေရှုကို ကိုယ်ခန္ဓာအားဖြင့် တွေ့မြင်ခွင့်မရှိသော လည်း၊များမကြာမှီ ချီဆောင်ခြင်း၌ မြင်တွေ့ကြတော့ မှာ ဖြစ်သောကြောင့် မဂ်လာရှိသော သူများ ဖြစ်ကြသည်။ ခရစ်တော် ကြွလာမည့် အချိန်ကို မျှော်လင့်ခွင့်ရသောကြောင့် အထူးကျေး ဇူးတော် ခံစားသော သူများ ဖြစ်ကြသည်။ မဂ်လာဆောင်မည့်သတို့သားနှင့် သတို့သမီး အနေဖြင့်၊ အခြားသော အရာများထက် သူတို့၏ မဂ်လာဆောင်ပြီးအတူ တူနေရတော့မည့် အရာထက်၊ စိတ်၀င်စားသော အရာမရှိတော့ချေ။ ထို့နည်းတူ ခရစ်တော်နှင့် လက် ထပ်ရတော့မည့် ယုံကြည်သူများအနေဖြင့်၊ ခရစ်တော် ကြွရောက် လာတော့မည့် အရာက၊ ဘ၀ တခုလုံးကို လွှမ်းမိုးသင့်သည်။ ထိုအရာထက် ကြီးမားသော အရာမရှိတော့ပြီ။ သခင်ယေရှု ကြွလာခြင်းကို မြော်လင့်သော သူအယောက်တိုင်း ဖြစ်ပါစေ။

.

အသေခံခြင်း

ယခုနှစ် ခရစ်တော် အသေခံခြင်း သည် ဧပြီလ ၁၉ ရက်နေ့ကျသည်။ ထိုနေ့သည် ဣသရေလ များ၏ ပသခါပွဲနေ့ ဖြစ်သည်။ သခင်ယေရှု အသေခံခြင်း သည် ပသခါ သိုးသငယ် အဖြစ်အသတ်ခံခြင်း ဖြစ်သည်။ ပေါလုက၊ “ခရစ်တော် တည်း ဟူသော ငါတို့ ပသခါ သိုးသငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာ ဖြစ်၏။ ” (၁ ကော ၅:ရ) ဟု ရေးထားသည်။ မည်ကဲ့သို့ ခရစ်တော်သည် ပသခါသိုးသ ငယ် ဖြစ်သနည်း။ ပသခါ သိုးသငယ်သည် ဘာကို ဆိုလိုသနည်း။ ဘုရားသခင်က ဣသရေလ များကို အဲဂုတ္တု ကျွန်ခံရာမှကယ်နှုတ်ဘို့ ရန်အဲဂုတ္တု ပြည်ကို အံ့ဘွယ်နိမိတ်လက္ခဏာများဖြင့် ရစရာ မရှိအောင် ဖျက်ဆီးခဲ့သော်လည်း၊ အဲဂုတ္တု လူများက ဣသရေလ များကို ​ကျွန်ဘ၀မှလုံး၀ထွက်ခွင့်မပေးခဲ့ချေ။ ထို့ကြောင့် နောက်ဆုံးနိမိတ်လက္ခဏာအဖြစ် ဘုရားသခင်က ဣသရေလ များကို ပသခါပွဲ ကျင်းပခိုင်းသည်။ ပသခါပွဲကို နိသန် (တန်ခူး) လ ၁၄ ရက်နေ့ညတွင် ကျင်းပသည်။

ပသခါပွဲ
ပသခါပွဲနှင့် ပတ်သက်သော အရာကို ဤသို့ မောရှေကရေးထားသည်၊ “ထာ၀ရ ဘုရားသည် အဲဂုတ္တု ပြည်၌ မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်ကား၊ ၂ဤလသည် သင်တို့၌ လဦးတည်း ဟူသော နှစ်စဥ်တွင် ပဌမ လ ဖြစ်ရမည်။ ၃သင်တို့သည် ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို မှာထားရသော စကား ဟူမူကား၊ ဤလဆယ် ရက်နေ့၌ သင်တို့ ရှိသမျှသည်၊ မိမိ အိမ် ထောင် အသီးအသီး အတိုင်း တအိမ်ထောင်လျှင် သိုးသငယ် တကောင်စီ ယူရမည်။ ၄အိမ်ထောင်ငယ်၍ သိုးသငယ် တကောင်နှင့် အတန်လျှင်၊ နီးစပ်သော အိမ်နီးချင်းနှင့် စပ်ဘက်၍ လူမည်မျှရှိသည်ဟု ရေတွက်ပြီး လျှင်၊ တကောင်ကို စားလောက်သော သူများကို ထောက်၍ သိုးသငယ် တကောင်ကို ယူရမည်။ ၅ သိုးသငယ် ဖြစ်စေ၊ ဆိတ်သငယ် ဖြစ်စေ၊ သင်တို့ ယူသော အကောင်သည် အပြစ် မပါ၊ အခါမလည်သော အထီး ဖြစ်ရမည်။ ၆ထို သိုးသငယ် တို့ကို၊ ထိုလဆယ်လေးရက် တိုင်အောင် စောင့်ထားပြီးမှ၊ ညဦးအချိန်၌ ဣသရေလ အမျိုး အစည်းအဝေး ပရိသတ် အပေါင်း တို့သည် သတ်ရကြမည်။ ၇ သိုးသငယ်၏ အသားကို စားရသော အိမ်၏ တံခါး ထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌၊ သိုးသငယ်၏ အသွေးကို ယူ၍ ထိုးရမည်။ ၈အသားကို မီးနှင့် ကင်းပြီးမှ၊ ထိုညဥ့်ခြင်းတွင် တဆေးမပါသော မုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။ ၉အသား စိမ်းသည် ဖြစ်စေ၊ ရေနှင့် ပြုတ်သည် ဖြစ်စေမစားရ။ ခေါင်း၊ ​ခြေ ထောက်၊ အသည်း ၊ နှလုံးစသည် တို့နှင့် တကွ မီးကင်ပြီးမှ စားရမည်။ ၁၀နံနက်တိုင်အောင် ထိုအသားကို မကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့် ရှို့ရမည်။ ၁၁အဘယ်သို့ စားရမည်နည်းဟူမူကား၊ ခါးစည်းကို စည်းလျက်၊ ​ခြေနင်းကို စီးလျက်၊ တောင်ဝေးကို ကိုင်လျက်၊ အလျှင် အမြန် စားရမည်။ ထာ၀ရ ဘုရား၏ ပသခါ ဖြစ်သတည်း။ ၁၂အကြောင်းမူကား၊ ယနေ့ ညဥ့်တွင် အဲဂုတ္တု ပြည်ကို ငါသည် ထုတ်ချင်း ခပ်သွား၍၊ အဲဂုတ္တု ပြည်၌ ရှိသော လူတို့၏သား ဦးများနှင့် တိရစ္ဆာန်တို့၏သား ဦးများ အပေါင်းတို့ကို ဒဏ်ခတ်၍၊ အဲဂုတ္တု ပြည်၏ ဘုရား တို့ကို တရားစီရင်မည်။ ငါသည် ထာ၀ရ ဘုရား ဖြစ်၏။ ၁၃ သိုးသငယ်၏ အသွေးသည် သင်တို့ နေရာအိမ်၌ သင်တို့၏ လက္ခဏာသက်သေ ဖြစ်၍၊ ထိုအသွေးကို ငါမြင် သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့ အဲဂုတ္တု ပြည်ကို ငါသည် ဒဏ်ခတ် သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ။ ” (ထွက် ၁၂:၁-၁၃) ထိုသို့ ဘုရားသခင်က မောရှေအားဖြင့် မိန့်တော်မူသည် အတိုင်း ဣသရေလ များသည် ပသခါပွဲကို ကျင်းပခဲ့ ကြသည်။ ထိုည၊ “သန်းခေါင်းအချိန်၌၊ ထာ၀ရ ဘုရားသည် နန်းထိုင်သော ဖါရောဘုရင်၏သား ဦးမှစ၍ ထောင်ထဲမှာအချုပ်ခံရသော သူ၏သား ဦးတိုင်အောင်၊ အဲဂုတ္တု ပြည်၌ သား ဦးရှိသမျှကို၎င်း၊ တိရစ္ဆာန်တို့၏သား ဦးရှိသမျှကို၎င်းဒဏ်ခတ် တော်မူ၏။ ၃၀ထိုညဥ့်တွင်၊ ဖါရော ဘုရင်နှင့် သူ၏ ​ကျွန်များ၊ အဲဂုတ္တု လူများ တို့သည် ထကြ၍၊ အသေကောင်ကင်းသော အိမ်တအိမ်မျှမရှိသောကြောင့်၊ အဲဂုတ္တု ပြည်၌ ကြီးစွာသော ငိုကြွေးခြင်း ဖြစ်လေ၏။ ၃၁ထိုညဥ့်ခြင်းတွင် မောရှေနှင့် အာရုန်ကို ခေါ် တော်မူ လျှင်၊ သင်တို့ မှစ၍ ဣသရေလ အမျိုးသားတို့၊ ထ၍ ငါ့လူစုထဲကထွက်သွားကြလော့။ သင်တို့ တောင်းသည် အတိုင်း ထာ၀ရ ဘုရားအား သွား၍ ၀တ်ပြုကြလော့။ ၃၂သင်တို့ တောင်းသည် အတိုင်း သိုးနွားများကို ယူ၍ သွားကြလော့။ ငါ့ကိုလည်း ကောင်းကြီး ပေးကြလော့ဟု မိန့်တော်မူ၏။ ” (ထွက် ၁၂:၂၉-၃၂)။ ထိုသို့ဖြင့် ဘုရားသခင်သည် ဣသရေလ များကို အဲဂုတ္တု ​ကျွန်မှကယ်နှုတ်ခဲ့သည်။

နှစ်စဥ် ကျင်းပရန်
ဘုရားသခင်က ပသခါပွဲကို နှစ်စဥ် ကျင်းပဘို့ ဤသို့ မှာထားခဲ့သည်၊ “ထာ၀ရ ဘုရား ပေးတော်မူ လတံ့သော ပြည်သို့ သင် တို့သည် ရောက်ကြ သောအခါ ဤ၀တ်ကို ပြုရမည်။ ၂၆သင်တို့၏သား မြေးတို့က၊ ဤ၀တ်ကို ပြု၍ အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းကြလျှင်၊ ၂၇ထာ၀ရ ဘုရားသည် အဲဂုတ္တု လူတို့ကို ဒဏ်ခတ်၍၊ ငါတို့ အိမ်များကို ချမ်းသာ ပေးတော်မူ သောအခါ အဲဂုတ္တု ပြည်၌ ဣသရေလ အမျိုးသား တို့၏ အိမ်များကို လွန်သွား တော်မူသော ထာ၀ရ ဘုရား၏ ပသခါယဇ် ဖြစ်သတည်းဟု ပြန်ပြောရကြမည်” (ထွက် ၁၂:၂၅-၂ရ)။ သို့သော် ဣသရေလ များသည် ထာ၀ရ ဘုရားကို စွန့်၍ အခြားသော ဘုရား များကို သာ၀တ်ပြုတတ်ကြသောကြောင့်၊ ပသခါပွဲကို အနည်းငယ်သာလျှင် ကျင်းပ ကြသည်။ ဟေဇကိမင်း၊ ယောရှိမင်းလက်ထက်များ၌ သာအကြီး အကျယ် ကျင်းပ ခဲ့ ကြသည်။ ယုဒရှင်ဘုရင်ဟေဇကိမင်းလက်ထက်တွင် ပသခါပွဲကို အကြီး အကျယ် ကျင်းပကြ၍၊ ကြီးစွာသော ၀မ်းမြောက်မှု ရှိကြောင်းကို ရာဇ၀င်ချုပ်ဒုတိယစောင်အခန်းကြီး ၃၀၌ ရေးထားသည်။ နောက်တဖန် ယောရှိမင်းလက်ထက်တွင် ကျင်းပကြောင်း ဤသို့ မှတ်တမ်းတင်ထားသည်၊ “တဖန် ယောရှိမင်းသည် ယေရုရှလင် မြို့၌ ထာ၀ရ ဘုရား အဘို့ ပသခါပွဲကို ခံတော်မူ၍ ပဌမ လတဆယ်လေး ရက်နေ့တွင်၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။ ၁၇စည်းဝေးသော ဣသရေလ အမျိုးသား တို့သည် ထိုအခါ ပသခါပွဲကို၎င်း၊ အဇုမပွဲကို၎င်း၊ ခုနစ်ရက်ပတ်လုံးခံကြ၏။ ၁၈ယောရှိမင်းနှင့် ယဇ်ပုရောဟိတ်၊ လေ၀ိသား၊ စည်းဝေးသော ယုဒပြည်၊ ဣသရေလ ပြည် သား၊ ယေရုရှလင် မြို့သား အပေါင်းတို့ ခံသော ထိုပသခါပွဲကဲ့သို့သော ပွဲကို ပရောဖက် ရှမွေလလက်ထက် မှစ၍၊ ဣသရေလ နိုင်ငံ၌ မခံ။ ထိုသို့သော ပသခါပွဲကို ဣသရေလ ရှင်ဘုရင်တယောက် မျှမခံ။ ၁၉ယောရှိမင်းနန်းစံဆယ်ရှစ်တွင် ထိုပသခါပွဲကို ခံကြ၏။ ” (၂ ချုပ် ၃၅:၁၊ ၁ရ-၁၉)။

ဗာဗုလုန်မှပြန်လာ သူမျာ
ယုဒလူများ ဗာဗုလုန်​ကျွန်ခံခြင်းကြောင့် နောင်တ ရ၍ ဘုရား ဘက်မှာစိတ်အားကြီး လာသောကြောင့်၊ ​ကျွန်ခံရာမှပြန်လာ ချိန်မှစ၍ ခရစ်တော် လက်ထက် တိုင်အောင် နှစ်စဥ်မှန်မှန်ပြန်၍ ကျင်းပတတ် ကြသည်။ ဗာဗုလုန်သို့၊ “သိမ်းသွားခြင်းကို ခံရသော အမျိုးသား တို့သည် ပဌမ လတဆယ်လေး ရက်နေ့တွင် ပသခါပွဲကိုလည်း ခံကြ၏။ ၂၀ယဇ်ပုရောဟိတ်နှင့် လေ၀ိသား တို့သည် တညီ တ ညွတ်တည်းကိုယ်ကို သန့်ရှင်း စေ၍၊ အလုံးစုံတို့သည် သန့်ရှင်း သဖြင့်၊ မိမိတို့ အဘို့ မှစ၍ ပေါက်ဘော်ချင်း ယဇ်ပုရောဟိတ်တို့ အဘို့နှင့် သိမ်းသွားခြင်းကို ခံရသော အမျိုးသား ပေါင်းတို့ အဘို့၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။ ၂၁သိမ်းသွားခြင်းကို ခံသော လူစုထဲကထွက်လာသော ဣသရေလ အမျိုးသားများ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာ၀ရ ဘုရားကို ရှာလိုသောငှါ၊ တပါးအ မျိုးသား နေရာအရပ်၊ အညစ်အ​ကြေးကို ပယ်ရှားသော သူများ အပေါင်းတို့သည် ပသခါပွဲကို စား၍၊ ၂၂ ခုနစ်ရက်ပတ်လုံး၀မ်းမြောက်သော စိတ်နှင့် အဇုမပွဲကိုလည်း ခံကြ၏။ အကြောင်းမူကား၊ ထာ၀ရ ဘုရားသည် ၀မ်းမြောက်သော အခွင့်ကို ပေးတော်မူ၏။ ” (ဧဇရ ၆:၁၉-၂၂)

ယေရှုနှင့် ပသခါပွဲ
သခင်ယေရှုလည်း ပသခါပွဲ၌ သွားကြောင်း ဤသို့ တွေ့ရသည်၊ “မိဘတို့သည် နှစ်တိုင်း အစဥ်ပသခါပွဲခံချိန်ရောက်လျှင်၊ ယေရုရှလင် မြို့သို့ သွားကြ၏။ ၄၂ယေရှုသည် တဆယ်နှစ်နှစ်ရှိ သောအခါ ပသခါပွဲထုံးစံအတိုင်း ယေရုရှလင် မြို့သို့ တက်ကြ၍၊ ၄၃ပွဲနေ့ ရက်လွန်ပြီးမှမိဘတို့သည် ပြန်ကြလျှင်၊ သူငယ်ယေရှုသည် ယေရုရှလင် မြို့၌ နေရစ်လေ၏။ ” (လု ၂:၄၁-၄၃)။ “ပသခါ သိုးသငယ်ကို သတ်ရသော နေ့တည်း ဟူသော အဇုမပွဲနေ့ရောက် သောအခါ၊ ၈ကိုယ်တော်က၊ ငါတို့ စားဘို့ရာ သင်တို့သည် သွား၍ ပသခါပွဲကို ပြင်ဆင် ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ် တော်မူ၏။ ၉သူတို့ ကလည်း၊ အဘယ်အရပ်၌ ပြင်ဆင် စေခြင်းငှါ အလိုရှိ တော်မူ သနည်းဟု မေးလျှာက်ကြသော်၊ ၁၀ကိုယ်တော်က၊ သင်တို့သည် မြို့ထဲသို့ ၀င်သောအခါ ရေအိုး ဆောင်သော သူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့ လိုက်၍ သူ၀င်သော အိမ်သို့ ၀င်ပြီးမှ၊ ၁၁ငါသည် ငါ့တပည့်တို့နှင့် တကွ ပသခါပွဲကို စားရသော ဧည့်သည် အခန်းကား အဘယ်မှာ ရှိသနည်း၊ ဆရာကမေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။ ၁၂ထိုသူသည် ပြင်ဆင် လျက် ရှိသော အထက် အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင် ကြလော့ဟု မိန် တော်မူ၏။ ၁၃တပည့်တော် တို့သည် သွား၍ စကားတော် အတိုင်း တွေ့လျှင်၊ ပသခါပွဲကို ပြင်ဆင် ကြ၏။ ၁၄အချိန် ရောက်မှ တမန်တော် တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လေျာင်း တော်မူ၍၊ ၁၅ငါသည် အသေ မခံမှီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှါ အလွန် အလိုရှိလေပြီ။ ၁၆ငါဆိုသည်ကား၊ ဘုရာသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စံှမှီတိုင်အောင် ယခုမှစ၍ ဤပွဲကို တဖန် ငါမစားရဟု မိန့်တော်မူ လျက်၊ ၁၇ခွက်ဖ လားကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကို ယူ၍ အချင်းချင်းဝေကြလော့။ ၁၈ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မှီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကို တဖန် ငါမသောက်ရဟု မိန့်တော်မူ၏။ ၁၉ထိုအခါ မုန့်ကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်း ပြီးမှ မုန့်ကို ဖဲ့၍၊ ဤမုန့်ကား သင်တို့ အဘို့ အလိုငှါ စွန့်သော ငါ၏ကိုယ် ဖြစ်၏။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ ပြုကြလော့မိန့် တော်မူ၏။ ၂၀ ထိုနည်းတူ ညစာစား ပြီးမှခွက်ကိုလည်း ယူ၍၊ ဤခွက်ကား သင်တို့ အဘို့ အလိုငှါ သွန်းသော ငါ၏ အသွေး၌ တည်သော ပဋ္ဋိညာဥ် တရားသစ် ဖြစ်၏။ (လု ၂၂:ရ-၂၀)။ ထိုသို့ ယေရှုနှင့် တပည့်တော်များပသခါပွဲ ကျင်းပခြင်းကို၊ ခရစ်ယာန်များကနောက်ဆုံးညစာစားပွဲဟု သိ၍၊ ပွဲတော် မဂ်လာဟု အသုံးပြုတတ် ကြသည်။ အမှန်မှာ ယေရှုသည် ပသခါပွဲ ကျင်းပခြင်းသည်၊ သူကိုယ်တိုင်ပသခါ သိုးသငယ် အဖြစ်အသတ် ခံမည့် အရာကို ဖေါ်ပြခြင်း ဖြစ်သည်။ ထို့ကြောင့် ပေါလုက၊ “ခရစ်တော် တည်း ဟူသော ငါတို့ ပသခါ သိုးသငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာ ဖြစ်၏။ ” (၁ကော ၅:ရ) ဟု ရေးထားခြင်း ဖြစ်သည်။

ပသခါ၏ အကျိုး
ဣသရေလများအဲဂုတ္တု ပြည်၌ ပသခါပွဲ ကျင်းပခြင်းအား ဖြင့်၊သား ဦးများ သေခြင်းမှ လွတ်မြောက်သည် သာမက၊ အဲဂုတ္တု ကွျန်မှလည်း လွတ်မြောက်ခဲ့ ကြသည်။ သို့သော် ဣသရေလများကတန်ဘိုး မထားခဲ့ကြချေ။ ဗာဗုလုန်ကွျန်ခံရာမှပြန်လာကြ သောအခါ၊ ထိုပွဲကို နှစ်စဥ် ကျင်းပခဲ့ကြသော်လည်း၊ ဆိုလိုရင်း နားမလည် ခဲ့ကြသောကြောင့်၊ ပသခါ သိုးသငယ် ယေရှုကို သတ်ခြင်းဖြင့် ကျမ်းစာကို ပြည့်စုံ စေခဲ့ ကြသည်။ ယနေ့ ခရစ်ယာန် များလည်း ခရစ်တော် အသေခံခြင်းကို လက်ခံဟောပြော၍၊ ကိုး ကွယ်မှု ပြုကြသော်လည်း၊ အသေခံခြင်း၏ အဓိပ္ပါယ်ကို နားမလည်၊ လေးလေးနက်နက်မစဥ်းစားသောကြောင့်၊ ထုံးစံကဲ့သို့ဖြစ်၍ ဘယ် အကျိုးကို မျှမရရှိဘဲ ဖြစ်နေကြသည်။ ခရစ်တော် ပသခါ သိုးသငယ် အသေခံခြင်း ဖြင့်၊ ​ကျွန်ုပ်တို့သည် ဘုရား၏ အပြစ် တရားစီရင်ခြင်း မှလွတ် မြောက်သည် (ယော ၃:၁၈) သာမက၊ စာတန် ကွျန်၊ အပြစ် ကွျန်မှလည်း လွတ်မြောက်လာကြပြီ (ရော ၆:၁ရ၊ ၂၂၊ ဟေ ၂:၁၄-၁၅)။

.

ရှင်ပြန်ထမြောက်ခြင်း

ယခုနှစ် ကယ်တင်ရှင် ခရစ်တော်၏ ရှင်ပြန်ထမြောက် ခြင်းသည် ဧပြီလ ၂၁ ရက်နေ့ ဖြစ်သည်။ မွေးကတည်း ကနာမည် ခံခရစ်ယာန်များအတွက် ခရစ်တော်၏ ရှင်ပြန်ထမြောက် ခြင်းသည်၊ ထူးဆန်းမှု မရှိ၊ နှစ်တိုင်း ကြားနေကျ ဖြစ်သောကြောင့်၊ ဂရုလည်း မစိုက်ကြချေ။ သို့သော် ရှင်ပြန်ထမြောက်ခြင်း အကြောင်း မရှိသော၊ အခြားဘာသာ၀င်များ အတွက် မယုံနိုင်ကြသော်လည်း၊ ယုံကြည် ပြန်လျှင် အလွန် ထူးဆန်း၍ ဘ၀ပြောင်းလဲစေနိုင်သော အဖြစ်အပျက် ဖြစ်သည်။ လူသည် သေရမှာကို အလွန် ကြောက် ကြသည်။ သေမှာ စိုးရိမ် သောကြောင့် အလုပ်လုပ် ကြသည်။ ဖျားနာ သောအခါ၌ လည်း ဆေးခန်းသွားကြရသည်။ ငွေကုန်ကျေး ကျများသော်လည်း တတ်နိုင်သမျှ အသက်ကို ဆက်ဘို့ ကြိုးစား ကြသည်။ ထို့ကြောင့် မသေတော့ဘဲ ထာ၀ရအသက် ရှင်ဘို့ ရန်ရှင်ပြန် ထမြောက် ခြင်းသည်၊ အလွန် စိတ်၀င်စားဘွယ်ကောင်း၍၊ သိနားလည်ခြင်းဖြင့် အရယူဘို့ ဖြစ်သည်။
ခန္ဓာအသက် ရ၀
သက်ရှိသတ္တ၀ါတိုင်း မသေချင် ကြချေ။ ထို့ကြောင့် အသက် ရှင်နိုင်ဘို့ ရန်ရုန်းကန် လှုပ်ရှားအလုပ်လုပ် ကြသည်။ သို့သော် လူသားများအနေဖြင့်၊ ကိုယ်ခန္ဓာအသက်ကို သာတန်ဘိုး ထား၍၊ ၀ိညာဥ်အသက်ကို မူတန်ဘိုး မထား၊ လုံး၀ဂရုမစိုက်ကြချေ။ အမှန်မှာကိုယ်ခန္ဓာအသက်သည် ခဏသာ ဖြစ်၍ အလွန် ဆုံးအနှစ် ၁၀၀လောက်သာအသက် ရှင်ကြမည်။ မောရှေက၊ “အ​ကျွန်ုပ်တို့၏ အသက် အရွယ်သည် အနှစ် ခုနစ်ဆယ်အတိုင်း အရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ၀ါကြွားခြင်းသည် ပင် ပန်းခြင်းနှင့် ၀မ်းနည်းခြင်း ဖြစ်ပါ၏။ ထိုအသက် သည်လည်း မြန်မြန်လွန်၍၊ အ​ကျွန်ုပ်တို့သည် စုတေ့ကြပါ၏။ ” (ဆာ ၉၀:၁၀) ဟု လူ့ သက်တန်းသည် အနှစ် ခုနစ်ဆယ်သာရှိကြောင်း၊ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ပင်ပန်းခြင်းနှင့် ၀မ်းနည်းခြင်း သာ ဖြစ်ကြောင်း ရေးသွားခဲ့သည်။ သို့သော်အသက် ငယ်ရွယ်သော သူများ အနေဖြင့်၊ သွေးသား ကျန်းမာသန်စွမ်း သေးသောကြောင့် ထိုအရာကို လုံး၀ နားမလည်၊ နားမ၀င်၊ ဂရုလည်း မစိုက်နိုင်ချေ။ အသက် ကြီး သူများ ပင်လျှင် သဘော မပေါက်သော သူများစွာ ရှိသေးသည်။ မည်မျှပင် အသက် ကြီးသော်လည်း၊ အနာ ရောဂါခံစားသော်လည်း၊ ကိုယ်ခန္ဓာအသက် ရှည်ရေးကို သာလျှင် လိုချင်၍၊ ဂရု စိုက် ကြသည်။

ခန္ဓာမြေမှုန့်
ဘုရားသခင်က ဆာလံဆရာအားဖြင့် လူ့ခန္ဓာအသက်နှင့် ပတ်သက်၍ ဤသို့ ဆိုသည်၊ “အဘသည်သား တို့ကို သနားစုံ မက်သည် နည်းတူ၊ ထာ၀ရ ဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက် တော်မူ၏။ ၁၄အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှု န့် ဖြစ်ကြောင်းကို အောက်မေ့ တော်မူ၏။ ၁၅လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူသည် လယ်ပြင်၌ ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။ ၁၆လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏ နေရာသည် နောက်တဖန် သူ့ကို မသိရာ။ ” (ဆာ ၁၀၃:၁၃-၁၆)။ ခန္ဓာကိုယ်ဖန်ဆင်းရှင်ကခန္ဓာသည် မြေမှု န့် ဖြစ်၍ မြက်ပင်ကဲ့သို့ တန်ဘိုး မရှိကြောင်းကို ဖေါ်ပြသည်။ ထို့အပြင်ပန်းပွင့်ကဲ့သို့ ခဏသာပွင့်၍ လေတိုက်သွားလျှင် ပန်းပွင့်ပျောက်သွား သကဲ့သို့ လူ့အသက်သည် ပျောက်သွားတတ် ကြောင်းကို ဖေါ်ပြထားသည်။

ခန္ဓာအသက် မြက်ပင်
ဘုရားသခင်က ဟေရှာယကိုလည်း ဤသို့ ရေးခိုင်းသည်၊ “တဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင် ငါက၊ အဘယ် အရာကို ဟစ်ကြော်ရမည်နည်းဟု မေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင် ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှ သည်လည်း တောအပွင့်ကဲ့သို့ဖြစ်၏။ ၇ထာ၀ရ ဘုရား၏ လေတိုက် သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့​ခြောက်တတ်၏။ အပွင့် သည်လည်း ကြွေတတ်၏။ အကယ်စင်စစ်လူတို့သည် မြက်ပင် ဖြစ်ကြ၏။ ၈မြက်ပင်သည် ညှိုးနွမ်းသွေ့​ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ” (ဟေရှာ ၄၀:၆-ရ) ခန္ဓာအသက်သည် မြက်ပင်ကဲ့သို့ ခဏသာအသက် ရှင်၍၊ အောင်မြင် ကျော်ကြားမှု များ သည်လည်း ပန်းပွင့်ကဲ့သို့ ကြွေ သွားတတ်သည်။ ခန္ဓာမသေမှီဘုန်းသည် ပျောက်ကွယ်သွားတတ်သည်။ သို့သော်လူတိုင်း ခန္ဓာအသက်နှင့် ဘုန်းကို သာလျှင် အာရုံစိုက် နေကြသောကြောင့် ဘုရား ပြောသော အရာကို ဂရုမစိုက်ကြချေ။ ဘုရားသည် သူဖန်ဆင်းထားသော ခန္ဓာနှင့် ၀ိညာဥ်အကြောင်းကို ကောင်းစွာ သိသောကြောင့် လူများကို ပရောဖက်အားဖြင့် ဟစ်ကြော်သတိပေးခိုင်းခြင်း ဖြစ်သည်။

၀ိညာဥ်အသက်
ကိုယ်ခန္ဓာအသက်ထက် ၀ိညာဥ်အသက်သည် နှုိင်းဆ၍ မရအောင် တန်ဘိုး ကြီး ကြောင်း၊ သခင်ယေရှု ကဤသို့ ပြောခဲ့သည်၊ “လူသည် ဤစကြ၀ဠာကို အကြွင်းမဲ့အစိုးရ၍ မိမိ အသက် ၀ိညာဥ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိ အသက် ၀ိညာဥ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ ” (မ ၁၆:၂၆)။ ဤကျမ်းပိုဒ်ကို ခရစ်ယာန် အများစုကသိကြသည်၊ အလွတ်လည်း ရကြသည်။ သို့သော်လေးလေးနက်နက်မစဥ်းစားသောကြောင့်၊ ၀ိညာဥ်အသက်ထက်ကိုယ်ခန္ဓာအသက်ကို သာလျှင် အရေးထား၍၊ ဤလောက ယပိုင်ဆိုင်ရေးကို သာလျှင် ကြိုးစား ရှာဖွေ၊အား ရနေကြခြင်း ဖြစ်သည်။ လူ၏ ၀ိညာဥ်အသက်သည် စကြ၀ဠာထက် တန်ဘိုး ရှိသည်။ ထိုအရာကို နားမလည်သော သူများထံ၊ “ယေရှုက ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက် ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သော သူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက် ရှင်သောသူ ရှိသမျှ တိုိ့ သည်လည်း သေခြင်းနှင့် အစဥ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ ” (ယော ၁၁:၂၅-၂၆) ဟု ပြောထားသည်။ လူတိုင်းကိုယ်ခန္ဓာအသက် ရှင် နေကြသောကြောင့်၊ ယေရှု ပြောသော ၀ိညာဥ်အသက် ရှင်ရေးသည် ဂရုမစိုက်ကြခြင်း ဖြစ်သည်။ သူသေ၍ ရှင်ပြန်ထမြောက်ခြင်း အကြောင်း ပြောနေသော်လည်း အလေးမထား၊ ထုံးစံရှိ၍ သာရှင်ပြန်ထမြောက် နေ့ကို ပွဲကဲ့သို့ ကျင်းပကြခြင်း ဖြစ်သည်။ ထို့ကြောင့် ရှင်ပြန်ထမြောက်ခြင်း နေ့၌၊ ၀ိညာဥ်အသက် ရှှင်ရေးထက်၊ ကိုယ်ခန္ဓာအစားအသောက် အတွက် ဗျာများ နေကြခြင်း ဖြစ်သည်။ အော် မသိတတ်ကြပါတကား။ ဘုရားသခင်က ၀ိညာဥ်မျက်စိဖွင့်ပေးမှသာလျှင် သိမြင်လာကြ၍ တန်ဘိုး ထားလိုချင် ကြလိမ့်မည်။ ခရစ်တော်က၊ “ငါသည် အသက် ဖြစ်၏” (ယော ၁၄:၆) ဟုဆိုရာတွင် ၀ိညာဥ်အသက်ကို လိုခြင်း ဖြစ်သည်။ သူကငါသည် အသက် ဖြစ်၏၊ ငါ့ကို ယုံကြည်သော သူသည် သေလွန်သော်လည်း ရှင်လိမ့်မည်၊ ငါ့ကို ယုံကြည်၍ အသက် ရှင်သော သူရှိသမျှ တိုိ့သည် လည်း၊ သေခြင်းနှင့် အစဥ်မပြတ် ကင်းလွတ် ကြလိမ့်မည်၊ ဟု ပြောရာတွင် ၀ိညာဥ်အသက် ရှင်မည့် အကြောင်းကို ပြောခြင်း ဖြစ်သည်။ လူသည် ခလေး ကဲ့သို့ ထိုအသက်ကို မသိသောကြောင့် မလိုချင် ကြခြင်း ဖြစ်သည်။ သိပါက မလိုချင်သော သူတယောက် မျှရှိမည် မဟုတ်။ ခရစ်တော် ပေးသော အသက်ကို သိသွားသော သူများက၊ကိုယ်ခန္ဓာအသက်ကို အဓိကမထားတော့ချေ။ ထိုအသက်ကို သာလျှင် လိုချင် ကြသည်။ ထိုအသက် သည်လည်း ၀ယ်စရာ မလို၊ အခမဲ့ပေးထားသည်။ ခရစ်တော် ကသူသည် အသက် ဖြစ်ကြောင်းကို သက်သေ ပြနိုင်ဘို့ ရန်၊ အရင်သေ၍ ပြန်လည်ရှင်ပြန်ထမြောက်ခြင်း ဖြစ်သည်။ သို့သော် နားမလည် ကြသောကြောင့် ယူရမှန်း မသိကြခြင်းသည် အလွန် နှမျော စရာ၊ ရင်နာစရာ၊ ၀မ်းနည်းစရာ ဖြစ်သည်။ ယခုရှင်ပြန်ထမြောက်ခြင်း ပွဲတွင် စားသောက်ပွဲနှင့်၊ ၀တ်ပြုစည်းဝေး၌ သီချင်းဆို၊ တရားနာခြင်းများထက်၊ သူပေးထားသော အသက်ကို ရမရသေချာစွာ စစ်ဆေးပါ။ မရသေးလျှင် ရယူပါ။ ယောဟန်က၊ “ဘုရားသခင်သည် ငါတို့အား ထာ၀ရအသက် ကို ပေးတော်မူ၍၊ ထိုအသက် သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသော သူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော် မရသော သူမူကား အသက်ကို မရ။ ” (၁ ယော ၅:၁၁-၁၂) ဟု ရေးထားသည်။ ထို့ကြောင့် သင်သည် သားတော်ကို ရရှိဘို့ လိုသည်။ မည်ကဲ့သို့ ရရှိနိုင်မည်နည်း။ ယေရှုက၊ “ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါ၀င်၍ သူနှင့်အတူ စားသောက်မည်။ သူ သည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။ ” (ဗျာ ၃:၂၀) ဟု သင်၏ စိတ်နှလုံးတံခါးကို ခေါက်နေသည်။ ဖွင့်ပေးလျှင် သူ၀င်လိမ့်မည်။ မည်ကဲ့သို့ ဖွင့်ပေးမည်နည်း။ ဤသို့ ဆုတောင်းခြင်း ဖြင့် ဘိတ်ခေါ်ပါ။ “သခင်ယေရှု ဘုရား၊ ကိုယ်တော်သည် ကွျန်ုပ်၏ အသက် ဖြစ်ကြောင်း ယုံကြည် ပါ၏။ ကွျန်ုပ်၏ အပြစ်များကို လည်း အသွေးတော်နှင့် ဆေးကြောပြီးကြောင်း ယုံကြည် လက်ခံပါ၏။ ကျွန်ုပ်၏ စိတ်နှလုံးတံခါးဖွင့်ပေးပါပြီ။ ၀င်တော်မူပါ။ ကျွန်ုပ်၏ အသက်တာကို အလိုတော် ရှိသကဲ့သို့ အုပ်စိုး တော်မူပါ။ အာမင်။ ” သင်သည် အမှန်တကယ် စိတ်နှလုံးနှင့် ဆုတောင်း ဘိတ်ခေါ်ပါကသူသည် ၀င်၍ သင်သည် ထာ၀ရအသက် ရရှိသွားပြီး ဖြစ်သည်။ မည်ကဲ့သို့ သိနိုင်သနည်းဟူမူကား၊ သူသည် ပြောသည့်အတိုင်း လုပ်သော ဘုရား ဖြစ်သည်။ ၀င်မည်ဟု ပြောပြီးမှ မ၀င်ဘဲ မနေပါ။ သူ့စကား အတိုင်း ယုံကြည်ဘို့ လိုသည်။ ထို့ကြောင့် ဤသို့ ကျေးဇူးတော် ချီးမွမ်းပါ။ “သခင်ယေရှု ဘုရား၊ ​ကျွန်ုပ်၏ စိတ်နှလုံးထဲ၀င်၍ ထာ၀ရအသက် ကို ပေးပြီ ဖြစ်သောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။ ” ဘုရားကို ကိုယ်ခန္ဓာနှင့် စိတ်၏ ခံစား ချက်ဖြင့် ဆက်ဆံ၍ မရပါ။ သူ၏ စကားကို ယုံကြည်ခြင်းအားဖြင့် သာဆက်ဆံရသည်။ “ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေွွ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဥ်းကပ်သော သူသည်၊ ဘုရားသခင် ရှိတော်မူသည် ကို၎င်း၊ ကိုယ်တော်ကို ရှာသော သူအား အကျိုးပေး တော်မူသည် ကို၎င်း၊ ယုံကြည် ရမည်။ ” (ဟေဗြဲ ၁၁:၆) ဟုဆိုသည်။ ထို့ကြောင့် နိမိတ် လက္ခဏာအား ဖြင့်သော်၎င်း၊ အိပ်မက်အား ဖြင့်သော်၎င်း၊ ခံစား ချက်အား ဖြင့်သော်၎င်း၊ ဘုရားကို မကိုး ကွယ်ဘဲ၊ သူပြောသော စကား၊ ကျမ်းစာကို ယုံကြည်ခြင်းအားဖြင့် ဆက်ဆံကိုး ကွယ်ပါ။ ဘုရား ကောင်းကြီး ပေးပါစေ။

.

ချီဆောင်ခြင်း အလွန်နီးပြီ

သာမန်လူများ အနေဖြင့် မိမိတို့ ပြသနာနှင့် အလုပ်ရှုပ်နေချိန်တွင် ကျေးဇူးတော် ကာလ သို့မဟုတ် အသင်းတော် ခေတ်သည် မကြာမှီ ကုန်ဆုံးတော့မှာ ဖြစ်သည်။ သို့သော်ထိုအရာကို မသိ သောအခါ၊ နှစ်ရှည်လများ၊သား စဥ်မြေးဆက်အတွက် စီမံကိန်းများဆွဲကာ၊ မျှော်လင့်ချက်ကြီးစွာ ထားပြီး ကြိုးစား နေကြသည်။ အချို့သော သူများလည်း ပြသနာ အမျိုးမျိုးကြောင့် စိတ်ပျက်နေသူ များလည်း ရှိကြသည်။ မည်သို့ ပင် ဖြစ်စေကျေးဇူးတော် ကာလ ကုန်ဆုံးတော့မှာ ဖြစ်သည်။ အဘယ်ကြောင့်ထိုသို့ ပြောဆို ုိနိုင်သနည်း။ ကျမ်းစာသည် လမ်းပြမြေပုံ ဖြစ်၍၊ ကမ္ဘာ့ အဖြစ်အပျက်များသည် လမ်းပြဆိုင်းဘုတ်များ ဖြစ်သည်။ ထိုအရာနှစ်ခုကို ကြည့်တတ် သူများ အတွက် အချိန်ကို သိနိုင်သည်။ အဘယ်ကြောင့်မိုးတိမ်ထူထပ်၍ မေှာင်မည်းနေသော်လည်း၊ လေယဥ်ပျံများသည် မတိုက်၊ လေယဥ်ကွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ဆင်းသက်နိုင်သနည်းဟူမူကား၊ လေယဥ်မောင်း သူများ ကမိမိတို့ အမြင် တိုင်း မဟုတ် လေယဥ်ထဲမှဒုိင်ခွက်များကို ကြည့်သောကြောင့် ဖြစ်သည်။ ထို့နည်းတူကျမ်းစာနှင့် ကမ္ဘာ့ အဖြစ်အပျက်များ ကြည့်တတ် သူများ အတွက်အချိန် နီးကြောင်း သိနိုင်သည်။ ထိုအချိန် ပြအချက်လက်အချို့ကို ဖေါ်ပြလျှင်၊

ရာစုနှစ် သဘောတူ ညီစာချုပ် Deal of the Century ဒံယေလ ၉:၂ရ၌၊ “တသိတင်းတွင် လူအများ တို့နှင့် ပဋ္ဋိညာဥ်ဖွဲ့ခြင်း ရှိ၍၊ ထိုသိတင်း တ၀က်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သော အရာ၏ အထွဋ္ဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည်၊ ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။ ” ဟု ရေး ထားသည်။ အန္တီ ခရစ်ဦးဆောင်ခြင်းဖြင့် အစ္စရေးနှင့် လူအများ တည်း ဟူသော အာရပ်များသည်၊ တသိတင်း တည်း ဟူသော ခုနှစ်နှစ်ငြိမ်း ချမ်းရေးစာချုပ် ချုပ်မှာ ဖြစ်သည်။ ထိုအရာကို အမေရိကန်သမတတိုင်းက ကြိုးစား ခဲ့ကြသော်လည်း၊ မအောင်မြင် နိုင်ခဲ့ကြချေ။ ယခုသမတထမ်းလက်ထက်တွင် ထိုစာချုပ် ချုပ်နိုင်ဘို့ အလားအလာများစွာ ရှိသည်။ ထိုစာချုပ်ကို ရာစုနှစ် သဘောတူ ညီ စာချုပ် (Deal of the Century) ဟု ခေါ်သည်။ ထိုစာချုပ်သည် အစ္စရေးနှင့် ပါလက်စတင်းများ ငြိမ်းချမ်း လုံခြံုစွာအတူ ယှဥ်တွဲ နေထိုင်နိုင်ဘို့ ချုပ်ဆိုမည်ဟု ထင်ခဲ့ရသော်လည်း၊ အ​ခြေအနေသည် ပြောင်းလဲနေသည်။ သတင်း ပေါက်ကြားမှုများအရ၊ ဂေျာ်ဒန်အနောက်ဖက်ကမ်း​ခြေမှပါလက်စတင်းများကို ဂေျာ်ဒန်နိုင်ငံကနိုင်ငံသား အဖြစ်သိမ်းသွင်းဘို့ ဖြစ်လိမ့်မည်။ ထိုသို့ လက်ခံ ရန်အမေရိကန်နိုင်ငံကဂေျာ်ဒန်နိုင်ငံကို သူတို့ ကိုဒေါ်လာဘီလီယံများစွာ ကူညီဘို့ ဖြစ်သည်။ သို့သော်ဂေျာ်ဒန် နိုင်ငံက လက်ခံနိုင် မလား။ ဂါဇာကမ်းမြောင်​ေဒသရှိပါလက်စတင်းများကို လည်း၊ အီဂျစ်နိုင်ငံကနိုင်ငံသား အဖြစ်သိမ်းယူဘို့ ဖြစ်သကဲ့သို့ ရှိသည်။ ထိုအရာလည်း ဖြစ်နိုင် ပါ့မလား၊ လက်ခံနိုင်ကြမလား၊ စောင့်ကြည့်ရမှာ ဖြစ်သည်။ သမတထမ်းကထိုစာချုပ်ကို အစ္စရေးရွေးကောက်ပွဲအပြီးတွင် ထုတ်ဖေါ်ကျေညာဘို့ ပြောထားသည်။ ယခင်ကလည်း ထိုကဲ့သို့ ကျေညာ ခဲ့သော်လည်း၊ မကျေညာ ဖြစ်ခဲ့ချေ။ အာရပ်နိုင်ငံများ ဖြစ်သော ဆော်ဒီအာရဗျနိုင်ငံ၊ အီဂျစ်၊ ပါရှန်ကွေ့အာရပ်နိုင်ငံများသည်၊ နယ်ချ​ဲ့နေသော အီရန်ရန်ကို ကြောက်သောကြောင့်၊ အမေရိကန်နှင့် အစ္စရေးကို အားကိုး ကြသည်။ ထို့ကြောင့် ပါလက်စတင်များ၏ ကိစ္စသည်၊ အီရန်ရန်နှင့် နှုိင်း ယှဥ်ပါက မပြောပလောက်သောကြောင့်၊ အမေရိကန်ကဦးဆောင်သော ငြိမ်းချမ်းရေး စာချုပ်ကို ထောက်ခံနိုင်မည့် အလားအလာရှိသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် လုံခြံုရေးစာချုပ်သည် အစ္စရေးနှင့် အာရပ်နိုင်ငံများ အကြား ချုပ်ဆိုမည့် အရာ ဖြစ်နိုင်သည်။ အကယ်၍ ထိုစာချုပ် ချုပ် ဖြစ်ပါက၊ အစ္စရေးများအား တတိယဗိမာန်တော် ဆောက်ခွင့်ပေးမှာ ဖြစ်သည်။ ထိုဗိမာန်တော်၌ သုံးနှစ်ခွဲယဇ် ပူဇော်ခွင့်ပေး၍၊ သုံးနှစ်ခွဲပြည့် သောအခါ၊ အာန္တီ ခရစ်ကသူသည် ဘုရား ဖြစ်ကြောင်း ကျေညာမှာ ဖြစ်သည်။ ခရစ်တော်က၊ “ပရောဖက် ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် သန့်ရှင်းသော အရပ် ဌာန၌ စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သော သူသည် နားလည်ပါစေ။ ၁၆ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေး ကြစေ။ ၁၇အိမ်မိုးပေါ်မှာ ရှိသော သူသည် အိမ်ထဲကဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ ၁၈လယ်၌ ရှိသော သူလည်း မိမိ အ၀တ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်၊ ၁၉ထိုနေ့ရက်၌ကိုယ်၀န်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန် ခက်ကြလိမ့်မည်။ ၂၀သင်တို့ ပြေးရသော အချိန်သည် ဆောင်းကာလ၌ မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်း ကြလော့။ ၂၁အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ” (မ ၂၄:၁၅-၂၁) ဟုဆိုသည်။ ပေါလုကလည်း၊ “ထိုသူသည် ဘုရားသခင် ဟူ၍၎င်း၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသော အရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြောက်သော အားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်က ဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက်ကိုယ်ကို ပြသောသူ ဖြစ်သတည်း။ ” (၂ သက် ၂:၄) ဟု သတိပေးခဲ့သည်။ တဖန် “ငြိမ်၀ပ်ခြင်း ရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်ခြင်း၏ဟုဆိုစဥ်တွင်၊ကိုယ်၀န်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်း ရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။ ” (၁ သက် ၅:၃) ဟု ရေးသား ခဲ့သည်။ ထို့ကြောင့် အိပ်မ ပျော်ဘဲ သမာသတိရ ှိဘို့ လိုအပ်သည်။ ဘေး

တကမ္ဘာလုံး တလုံးတ၀တည်း Globalism

ဘေးဒဏ်ကြီး ကာလ၌၊ တကမ္ဘာလုံးကို အန္တီ ခရစ်ကအုပ်စိုးမည့် အကြောင်း ကျမ်းစာ၌ ဤသို့ ရေးထားသည်၊ “သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသော အခွင့်ကို ရ၏။ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်း ရ၏။ ၈ကွပ်မျက်သော သိုးသငယ်၏ အသက် စာစောင်၌ ကမ္ဘာဦးကပင်စာရင်းမ၀င်သော မြေကြီးသား အပေါင်းတို့သည်သား ရဲကိုကိုး ကွယ်ကြ၏။ ” (ဗျာ ၁၃:ရ-၈)။ ထိုသို့ အန္တီ ခရစ်ကတကမ္ဘာလုံးအုပ်စိုးမည့် အရာကို၊ ယခုကမ္ဘာ့ ခေါင်းဆောင်များကအစွမ်းကုန် ကြိုးစား လုပ်ဆောင် နေကြသည်။ မည်ကဲ့သို့ လုပ်ဆောင်သနည်း။ တိုင်းနိုင်ငံများ နယ်နိမိတ်မရှိဘဲ၊ တ ကမ္ဘာလုံးသည် လွတ်လပ်စွာ၊ သွားလာနေထိုင်နိုင်ရမည်ဟူသော ဆောင်ပုဒ်ကို ကြွေးကျော် နေကြသည်။ ထိုအရာကို အဂ်လိပ်လို Global village Order or NWO ကမ္ဘာသစ်အစီအစဥ်ဟု ခေါ်သည်။ တနည်းအားဖြင့် ကမ္ဘာရွာ Global village ဟုလည်း ခေါ်တတ် ကြသည်။ ထိုသို့ ကမ္ဘာ့ နိုင်ငံ ပြုလုပ် လို သူများကို Globalist ဟု ခေါ်သည်။ ယခုကမ္ဘာနိုင်ငံခေါင်းဆောင် အများစုသည် Globalist အများဖြစ် ကြသည်။ ထိုသူများကို နိုင်ငံရေးလောက၌ လက်ဝဲအုပ်စုများ ဟုလည်း ခေါ် ကြသည်။ ဥရောပခေါင်းဆောင် အများစု၊ ကနေဒါ၀န်ကြီး ချုပ်မက္ကစီကို သမတ၊ လက်တင်အမေရိကန်ခေါင်းဆောင် အများစုတို့သည် Globalist အများဖြစ် ကြသည်။ အဓိကအားဖြင့် Globalist အ များသည် ကမ္ဘာ့ သူဌေးများ၊ Hollywood ရုပ်ရှင်ထုတ်လုပ် သူများ ဖြစ်ကြသည်။ အကြောင်းမှာ သူတို့၏ ကုန်များ တကမ္ဘာလုံးသို့ ရောင်းချခြင်းအားဖြင့် ပို၍ ပို၍ ချမ်းသာ ချင် ကြသောကြောင့် ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင် များသည် သူတို့၏ တပည့်များ ဖြစ်သည်။ ထို့အပြင်သတင်း ဌါန​ Media များဖြစ်သော TV,Internet, You Tube, Facebook, Twitter, သတင်း စာ၊ မဂ္ဂဇင်း၊ ပိုင်ရှင်နှင့် ထုတ်လုပ် သူများလည်း Globalist အများဖြစ်ကြသောကြောင့် သူတို့၏ အလိုဆန္ဒများကို၊ လူထုထံ၌ အဆက်မပြတ် ဖြန့်ဝေ နေကြသည်။ ထိုအပြင်၊ ကုမ`ဏီကြီးများပိုင်ကြသော၊ Amazon, Walmart, Appleတို့လည်း Globalist အများဖြစ် ကြသည်။
Globalist များ၏ အဓိကလုပ်ဆောင်ပေးသော အဖွဲ့ အစည်း တခုသည် ကမ္ဘာ့ ကုလသမဂ္ဂ UN ဖြစ်သည်။ Globalist များ၏ ရည်ရွယ်ချက်မှာ၊ တိုင်းနိုင်ငံနယ်နိမိတ်မရှိရ၊ လူမျိုးတမျိုးတည်း စု၍ မနေရ၊ အားလုံးရောနှောနေထိုင်ရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဒုက္ခသည် များကို နိုင်ငံတိုင်း က လက်ခံဘို့ ရန်တိုက်တွန်း၍ U​N ကတာ၀န်ယူဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ ​ကျွန်ုပ် တို့ကိုယ်တိုင်သည် ထိုရည်ရွယ်ချက်ဖြင့် တတိယနိုင်ငံများသို့ ရောက်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ​ကျွန်ုပ်တို့ အတွက် ကောင်း သလို ရှိသော်လည်း၊ ၀ိညာဥ်ပိုင်းမှာမကောင်းချေ။ အကြောင်းမှာ၊ တတိယနိုင်ငံသို့ ရောက်၍ ဥစ္စာပစ္စည်းကြွယ်၀လာ သောအခါ၊ ဘုရားကို သဘော တရားသာ လျှင်ကိုး ကွယ်၍၊လောက ဘက်၌ သာလျှင် စိတ်၀င်စားစွဲလန်း ကြသည်။ ထိုသို့အားဖြင့် ဇာတိ လူဖြစ်စေ၍၊ သားသမီး များလည်း မထိမ်းတတ်၊ အလုပ်ကို သာလုပ်၊ ငွေကို သာရှာခြင်းအားဖြင့် မိသားစုအတွင်း ၌လည်း ပြသနာများလွန်းသည်။ ထိုအရာအားလုံးသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ ဖြစ်သည်။
ထို့ကြောင့် ထိုအရာထဲမှ လွတ်မြောက်ဘို့ လိုအပ်သည်။ ထိုသို့ လွတ်မြောက်နိုင်သော တခုတည်းသော နည်းလမ်းမှာ၊ ဘုရားသခင် ထံစိတ်နှလုံးအကြွင်းမဲ့ခိုလှုံကိုး စားဘို့ ဖြစ်သည်။ ၀ိညာဥ်အားဖြင့် ဒုတိယအကြိမ် မွေးဘွားဘို့ လိုသည်။ ဇာတိအားဖြင့် မွေးဘွားကြသောကြောင့် ဤလောကသို့ ရောက် ကြသည်။ ၀ိညာဥ်အားဖြင့် မွေးဘွားမှသာလျှင် ၀ိညာဥ်လောက တည်း ဟူသော ကောင်းကင် နိုင်ငံ၀င်သော အခွင့်ရရှိမည်။ ထိုသို့ ၀ိညာဥ်ပိုင်း၌ မွေးဘွားခြင်း၊ ကြီး ထွားရင့်ကျက်ခြင်း ရှိနိုင်ရန် သမ္မာတရား အတိုင်း သွားသော အသင်းတော်၌ နေဘို့ လိုသည်။ သို့မှသာ စာတန်၏ လိမ်လည်လှည့်ဖျားမှုမှ လွတ်မြောက်နိုင်မည်။ ဘုရား ဘက်၌ စိတ် အားကြီး တိုင်းသည် မကောင်းပါ။ ဖါရိရှဲများသည် ဘုရား ဘက်၌ စိတ်အား အလွန် ကြီးသော်လည်း၊ ဘုရားကို ဆန့်ကျင် နေသူများ ဖြစ်ကြသောကြောင့် သခင်ယေရှုနှင့် အမြဲဆန့်ကျင် ဘက် ဖြစ်ကြသည် မဟုတ်လော။ ယခုခေတ်တွင်လည်း သမ္မာတရား အတိုင်း သွန် သင်သော အသင်းတော်၊ အမှုတော် ဆောင်များနှင့် သင်သည် ဆန့်ကျင် နေလျှင်၊ မကောင်းမြင်နေလျှင် ဖာရိရှဲ ဖြစ်ကြောင်း သိစေချင်သည်။

.

သတို့သမီး လောင်းကြိုခြင်း

ချီဆောင်ခြင်းသည် သိုးသငယ် တည်း ဟူသော ခရစ်တော်က၊ သူ၏ သတို့သမီး လောင်းအသင်းတော်ကို လက်ထပ်ဘို့ ရန် ကြိုဆိုခြင်း ဖြစ်သည်။ သတို့ သားလောင်းကို အပျိုတိုင်း က မျှော်လင့်၍ မကြိုဆိုတတ်ပါ။ အကြောင်းမှာ သူတို့ကို လက်ထပ်မှာ မဟုတ်သောကြောင့် ဖြစ်သည်။ ထိုအပျိုများသည် သတို့ သားကို လက်ထပ်ချင်သော်လည်း၊ သူတို့နှင့် စေ့စပ်ထားခြင်း မရှိသောကြောင့်၊ မျှော်လင့်၍လည်း အဓိပ္ပါယ်မရှိချေ။ ထို့ကြောင့် မမျှော်တတ်ကြချေ။ သတို့သမီး လောင်းကို မနာလို ဖြစ်ကြလျှင်၊ သတို့သား မလာမည့် အကြောင်း၊ မကောင်းကြောင်း များကို သာလျှင် ပြောကြပါလိမ့်မည်။ ထို့နည်းတူ၊ ယနေ့ ခရစ်ယာန် အများစုသည်၊ ကောင်းကင် သတို့ သားလောင်း ခရစ်တော်ကို အဘယ်ကြောင့်မ မျှော်လင့်ကြသည်ကို ရှင်းလင်းစွာ နားလည်နိုင်သည်။ အကြောင်းမှာ၊ သူတို့သည် ခရစ်တော်နှင့် လက်ထပ်ဘို့ ရန်စေ့စပ်ထားခြင်း မရှိသောကြောင့် ဖြစ်သည်။ အပျိုတယောက်သည် လူပျိုတယောက်နှင့် စေ့စပ် သောအခါ၊ သူသည် စေ့စပ်ပြီးကြောင်း သေချာစွာ သိသည်။ အကြောင်းမှာ သူ မသိဘဲ စေ့စပ်၍ မရပါ။ ထို့အပြင်သူကိုယ် တိုင်ကလက်ထပ်ဘို့ကို ဆုံးဖြတ်ရသည်။ စေ့ပြီးသည်နှင့် တပြိုင်နက်သူ၏ စိတ်ခံစား မှုလည်း ပြောင်းလဲလာသည်။ သူ လက်ထပ်မည့် လူပျိုကို သာလျှင် မြင်ယောင်မိပြီး၊ လက်ထပ်မည့် နေ့ကို မျှော်လင့်သည်။ ပြင်ဆင်မှု များလည်း ပြုလုပ် လာသည်။ အ၀တ်အစားမှစ၍၊ လက်ထပ်သည့်နေ့၌ ဧည့်ခံကြိုဆိုမည့် အဆုံး၊ လက်ထပ်ပြီးမှသတို့ သားနှင့် ဘ၀စတင်တည်ထောင်မည့် အရာများ တသီတ သန်း ကြီး နေ့တိုင်း စဥ်းစားမှာ ဖြစ်သည်။ သတို့သား ကအထင်လဲွမှာကိုလည်း စိုးရိမ် သောကြောင့်၊ အခြားလူပျိုများနှင့် မရောနှော တော့ဘဲ၊ သန့်ရှင်းစွာ အသက် ရှင်တတ်သည်။ နာမည်ခံ ခရစ်ယာန် များသည် အဘယ်ကြောင့် ခရစ်တော် ကြွလာမည့် အရာကို မကြားချင် ကြသနည်း၊ အဘယ်ကြောင့်မ ပြောကြသနည်းဟူမူကား၊ ခရစ်တော်နှင့် လက်ထပ်ဘို့ ရန်မစေ့စပ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ချီဆောင်ခြင်း ပြော သောအခါ စိတ်ဆိုးခြင်း၊ စိုးရိမ်ခြင်း ရှိတတ်ကြခြင်း ဖြစ်သည်။ စေ့မစပ်ထားသော အပျိုများက၊ သတို့သား လာမည့် အရာကို စိတ်မ ၀င်စား၊ ဂရုမစိုက် သကဲ့သို့၊ နာမည်ခံ ခရစ်ယာန်များကလည်း၊ ခရစ်တော် ကြွလာမည့် အရာကို သရော်တတ် ကြသည်။ ထိုသူတို့နှင့် ပတ်သက်၍ ရှင်ပေတရုကဤသို့ သတိပေးထားသည်၊ “နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုိင်းကျင့်နေ၍၊ ၄သခင်ဘုရား ကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ် ပျော်သည် နောက်၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့် တကွပေါ်လာ ကြလိမ့်မည်။ ” (၂ ပေ ၃:၃-၄)။ ထိုသူတို့က၊ ခရစ်တော် မကြွလာတော့ဘူးဟူ၍၎င်း၊ သူကြွလာ သောအခါ ကြွလာပါစေအထူး ပြောနေစရာ မလိုဘူးဟူ၍၎င်း၊ ပြောကြလိမ့်မည်။ မှန်ပါသည်၊ ထိုသူများ အတွက် ခရစ်တော် ကြွလာမှာ မဟုတ်ချေ။ သူတို့ကို ချီဆောင်သွားမှာ မဟုတ်သောကြောင့်၊ သူတို့ အတွက် မှန်နေသည်။ ငြင်းခုံစရာ မရှိပါ။ သနားစရာ ပင် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် ကြွလာမည့် အကြောင်း ပြော သောအခါ၊ စိတ်ဆိုးသူ၊ ပြက်ယယ်ပြုသောသူ၊ ကဲ့ရဲ့သော သူတို့သည် ခရစ်တော်နှင့် စေ့စပ်ခြင်း မရှိသော သူ၊ သို့မဟုတ် မိမိတို့ တပ်မက်ခြင်း အတိုင်း ကျင့်နေသောကြောင့်၊ ဖေါက်ပြန်သော သူများ ဖြစ်ကြောင်း သိ၍ သနားဘို့ ဖြစ်သည်။

အောင်သွယ်ယောဟန်
ဗတ္တိဇံဆရာယောဟန်က၊ “မဂ်လာဆောင်သတို့သမီးကို ရသော သူသည် မဂ်လာဆောင်လုလင် ဖြစ်၏။ မဂ်လာဆောင် လုလင်၏ အနားမှာနေ၍ သူ၏ စကားကို ကြားရသော အဆွေခင်ပွန်းသည် ထိုစကား သံကို ကြားသော အားဖြင့် ၀မ်းမြောက်ခြင်း ရှိ၏။ ထိုနည်းတူ ငါ့၏ ၀မ်း မြောက်ခြင်း ပြည့်စုံ၏။ ” (ယော ၃:၂၉) ဟုဆိုခဲ့သည်။ ဗတ္တိဇံယောဟန်ကသူသည် မဂ်လာဆောင်လုလင် မဟုတ်၊ မဂ်လာဆောင်လုလင်၏ အဆွေခင်ပွန်း (အရံ) ဖြစ်သည်ဟုဆိုလိုခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် မဂ်လာဆောင် လုလင်သည် မည်သူ ဖြစ်မည်နည်း။ သခင်ယေရှု ဖြစ်သည်။ ယနေ့ အသုံးနှုန်းအားဖြင့် ဆိုလျှင် သခင်ယေရှုသည် သတို့သား ဖြစ်၍၊ ယော ဟန်သည် သတို့ သား၏ အရံ ဖြစ်သည်။ သတို့သား အရံသည်၊ သတို့ သား၏ သူငယ်ချင်း ဖြစ်သည်။ အချို့သည် သတို့သားနှင့် သတို့သမီးကိုအောင် သွယ်ပေးသောသူ ဖြစ်တတ်သည်။ ယောဟန်သည် လူများကို ယေရှုနှင့် ဤသို့ မိတ်ဆက်ပေးသည်၊ “ငါသည် ခရစ်တော် မဟုတ်။ ခရစ်တော် ရှေ့၌ စေလွှတ်သောသူ ဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။ ထိုသခင်သည် တိုးပွားခြင်း ရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်း ရှိရမည်။ သားတော်ကို ယုံကြည်သော သူသည် ထာ၀ရအသက် ကို ရ၏။ သားတော်ကို ပယ်သော သူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏ အပေါ်၌ ဘုရားသခင်၏ အမျက်တော် တည်နေသည်ဟု ယောဟန် ဟော ပြောလေ၏။ ” (ယော ၃:၂ရ-၂၈၊ ၃၀၊ ၃၆)။ ထို့ကြောင့် ယောဟန်သည် သခင်ယေရှု အတွက်သတို့သမီး လောင်းများကို၊အောင် သွယ်သူ ဖြစ်၍ မဂ်လာဆောင်မည့် နေ့အတွက် ကြိုတင် ၀မ်းမြောက်သောသူ ဖြစ်သည်။အောင် သွယ်ပေါလုပေါလုကကောရိန်သု အသင်းသားများထံဤသို့ စာရေးခဲ့သည်၊ “ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ကညာကဲ့သို့၊ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် စေ့စပ်ပြီး သောကြောင့်၊ ဘုရားသခင်၏ အလိုတော် အတိုင်း၊ စိုးရိမ်သော စိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။ ” (၂ ကော ၁၁:၂)။ ပေါလုလည်း ယောဟန်ကဲ့သို့ သခင်ယေရှု အတွက်အောင် သွယ် ဖြစ်သည်။ ကောရိန်သု အသင်းသား များကို သခင်ယေရှု၏ သတို့သမီး ဖြစ်ဘို့ စေ့စပ်ပေးသူ ဖြစ်သည်။ အဘယ်ကြောင့်ပေါလုက စိုးရိမ် စိတ်နှင့် စောင့်ရှောက်သည်ကို ဤသို့ ရေးထားသည်၊ “မြွေသည် မိမိ ပရိယာယ်အားဖြင့် ဧ၀ကို လှည့်စားသ ကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သော စိတ်ပျောက်မည်ဟု စိုးရိမ်ခြင်း ရှိ၏။ ” (၂ ကော ၁၁:၃)။ ကောရိန်သုယုံကြည်သူများက၊ ယေရှုကို ချစ်သော စိတ်ပျောက်၍၊ အခြားသော ယေရှုကို ချစ်မှာကို စိုးရိမ်ခြင်း ဖြစ်သည်။ ယေရှုကိုယ်တိုင်ကလည်း ဧဖက်အသင်းတော်ထံ၊ ဤသို့ စာရေးခဲ့သည်၊ “သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊သည်း ခံခြင်းကို ငါသိ၏။ ၂သင်သည် မတရားသော သူတို့ကို လက်မခံနိုင်ကြောင်းကို၎င်း၊ တမန်တော် မဟုတ်ဘဲ၊ တမန်တော် ဖြစ်ယောင်ဆောင်သော သူတို့ကို စစ်ဆေး၍ လှည့်ဖြားသောသူ ဖြစ်သည်ဟု သိကြောင်းကို၎င်း၊ ၃ခန္တီနှင့် ပြည့်စုံ၍၊ ငါ၏ နာမကြောင့်ဆင်းရဲ ခံ၍အား မလျော့ ကြောင်းကို၎င်းငါသိ၏။ ၄သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်း မေတ္တာလျော့ပြီဟု သင်၌ အပြစ် တင်စရာ ရှိ၏။ ၅ထိုကြောင့်၊ သင်သည် မရွေ့လျော့မှီ၊ အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင် တရလော့။ ရှေ့ ဦးစွာသော အကျင့်ကို ကျင့်လော့။ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင် အမြန် လာမည်။ နောင်တ မရလျှင်၊ သင်၏ မီးခွက်ကို နေရာမှရွေ့မည်။ ” (ဗျာ ၂:၁-၅) ခရစ်တော်၏ စကား အရ၊ သူ့ကို မချစ်ခြင်းသည် နောင်တ ရလောက်သော အပြစ် ကျူးလွန်ခြင်း ဖြစ်သည်။

ယုံကြည်သူများသတို့သမီး
စစ်မှန်သော ယုံကြည်သူများလည်း၊ သခင်ယေရှု၏ သတို့သမီး များ ဖြစ်ကြသည်။ စစ်မှန်သော ယုံကြည်သူများကို၊ စစ်မှန်သော တရားဟောဆရာများက၊ ခရစ်တော်နှင့် မိတ်ဆက်ခြင်းဖြင့် လက်ထပ်ဘို့ စေ့စပ်ပေးထားသည်။ ထို့ကြောင့် ထိုတရားဟောဆရာများ ကယုံကြည်သူများယေရှုထက် အခြားသော အရာကို ချစ်မှာ စိုးရိမ် ရသည်။ စစ်မှန်သော အမှုတော် ဆောင်များ အနေဖြင့်၊ ယုံကြည်သူများယေရှု ချစ်ခြင်းကို လျော့သွားမှာ စိုးရိမ် ပေးရသည်။ သို့သော်အမှုတော် ဆောင်အတုများ ကမူ၊ ထိုအရာကို မသိ သောကြောင့်၊ လောကကို ချစ်ဘို့၊ အခြားသော ယေရှု တည်း ဟူသော မှားယွင်းသော ဩ၀ါဒများကို သွန်သင်ပေး နေကြသည်။ သင်သည် သခင်ယေရှု၏ သတို့သမီး ဖြစ်လျှင်၊ သီလနှင့် ပြည့်စုံသော ကညာ ဖြစ်ဘို့ လိုသည်။ သီလနှင့် ပြည့်စုံသော ကညာဆိုသည်မှာ၊ အခြားသော ယောက်ျားများကို မချစ်၊ ပြောစရာ မရှိအောင် အနေအထိ ုင်ဆင်ခြင်ခြင်းကို ဆိုုလိုသည်။ အပျိုတယောက်သည် စေ့စပ်ခြင်း မပြုလုပ်လျှင် လူပျိုများ ကသူ့ကို ချစ်ဘို့ မျှော်တတ် ကြသည်။ ထို့ကြောင့် အစွမ်းကုန်လှအောင် ပြင်ဆင် တတ်သည်။ သို့သော်လူပျိုအယောက်နှင့် စေ့စပ်ပြီး ပါက၊ အခြားသော လူပျိုများကို မမျှော်လင့်တော့ချေ။ ထို့ထက် လက်ထပ်မည့်နေ့ကို လက်ချိုးရေတွက်၍ ပြင်ဆင် မှုများပြုလုပ် တတ်သည်။ သူ၏ ခင်ပွန်းလောင်းကအထင်လွှဲမှာကိုလည်း စိုးရိမ် သောကြောင့်၊ လူပျိုယောက်ျားမှားနှင့် ရောနှောခြင်းကို ရှောင်တတ်သည်။ ထို့အပြင်မဂ်လာဆောင်မည့် နေ့ကို အလွန် မျှော်လင့်တတ်သည်။ ယုံကြည်သူများလည်း၊ သတို့ သားလောင်းယေရှု လာမည့် နေ့ကို မျှော်လင့်လျက်၊ ဤလောကနှင့် ညစ်ညူးခြင်းကို ရှောင်သင့်သည်။ ဤလောက ချစ်လျှင်၊ လောက ပိုင်ရှင် စာတန်ကို ချစ်ခြင်း ဖြစ်သည်။ ကိုယ်ကိုကိုယ် သန့်ရှင်းစွာ ဖြင့် သခင်ယေရှုကို ကြိုနိုင်ဘို့ ရန်သတိထားသင့်သည်။ ထို့ကြောင့် ယာကုပ်က၊ “မတရားသော မေထုန်၌ မှီဝဲသော ယောကျ်ားမိန်းမတို့၊ လောကီ မိ၏ ဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင့်ဘက် ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိ၏ ဟာယဖွဲ့လိုသော သူသည် ဘုရားသခင်၏ ရန်သူ ဖြစ်၏။ ” (ယာ ၄:၄) ဟု ပြင်းပြင်းထန်ထန်သတိပေးခြင်း ဖြစ်သည်။ ပေါလုက၊ “ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ် ကင်းလျက် ရှိသည် ဖြစ်၍၊ အညစ်အ​ကြေးတင်ခြင်း၊ အရေ တွန့်ခြင်းမှ စသည် တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သ အံ့သောငှါ၊ နှုတ်ကပတ်တော် ရေ၌ ဆေးကြောခြင်း အားဖြင့်၊ စင်ကြယ် သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော် အဘို့ အလိုငှါကိုယ်ကိုကိုယ် စွန့် တော်မူ၏။ ” (ဧဖက် ၅:၂ရ)။ အသင်းတော် တည်း ဟူသော ယုံကြည်သူ များသည်၊ သန့်ရှင်းရေးလုပ်နိုင်ဘို့ ရန်သခင်ယေရှုက၊ နှုတ်ကပတ်တော် ပေးထားသည်။ ထို့ကြောင့် နှုတ်ကပတ်တော်ကို ဖတ်၍ ဆင်ခြင် လိုက်နာလျှင် သန့်ရှင်းနိုင်ပေမည်။ နှုတ်ကပတ်တော် မဖတ်ရှု၊ မလေ့လာ၊ မဆင်ခြင်၊ မလိုက်လျှောက်သော သူသည်၊ ဤလောကနှင့် ညစ်ညူး၍ ရွံစရာ ကောင်းသည်။ ချီဆောင်ခြင်းသည် သတို့သား ယေရှု ကသတို့သမီး အသင်းတော်ကို လက်ထပ်ဘို့ ရန်ကြိုဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် သတို့သမီး သည် မဂ်လာဆောင်မည့် နေ့ကို မျှော်လင့်လျက်၊ သန့်ရှင်းစွာ အသက် ရှင်ခြင်းအားဖြင့် ပြင်ဆင် သင့်သည်။ ယောဟန်က သိုးသငယ် တည်း ဟူသော သခင်ယေရှု၏ မဂ်လာဆောင်ခြင်းနှင့် ပတ်သက်၍၊ ဤသို့ ရေးထားသည်၊ “တဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော ထာ၀ရ အရှင်၊ ငါတို့ ဘုရားသခင်သည် စိုးစံ တော်မူ၏။ ၇ငါတို့သည် ၀မ်းမြောက်ရွှင်လန်းကြ ကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့အကြောင်းမူကား၊ သိုးသငယ်၏ မဂ်လာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည်ကိုယ်ကို တန်ဆာဆင်ပြီ၊ ဟု စည်းဝေးသော သူအများ တို့၏ အသံ၊ သမုဒ္ဒ​ရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။ ၈ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ၀တ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့် မတ်ခြင်း ဖြစ်သတည်း။ ” (ဗျာ ၁၉:၆-၈)။ ဤကဲ့သို့ မဂ်လာဆောင်မည့်သူ များသည် စိတ်လှုပ်ရှားစွာ ဖြင့် စောင့်နေသင့်သည်။ မျှော်လင့်ချက်မရှိသောလောက သားများကဲ့သို့ မနေသင့်ချေ။ ယုံကြည်သူ များသည် ယေရှုနှင့် မဂ်လာဆောင်ပြီးမှ ဖြစ်ပြတ်မည့် အရာကို ယောဟန်ကဤသို့ ရေးသား သေးသည်၊ “နောက်ဆုံးသော ဘေးဒဏ် ခုနစ်ပါးနှင့် ပြည့်စုံသော ဖလား ခုနစ်လုံးကို ဆောင်သော ကောင်း ကင်တမန် ခုနစ်ပါးတွင် တပါးသည် လာပြီး လျှင်၊ ငါ့ကို နှုတ်ဆက်၍၊ လာခဲ့ပါ။ သိုးသငယ်၏ ခင်ပွန်းတည်း ဟူသော မဂ်လာဆောင်သတိုးသမီးကို ငါပြမည်ဟု ပြော ဆိုလျက်၊ ၁၀ကြီး မြင့်သော တောင်သို့ ၀ိညာဥ်တော် အားဖြင့် ငါ့ကို ဆောင်သွား၍၊ သန့်ရှင်းသော ယေရုရှလင် မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့်အထံတော်၊ ကောင်းကင် ဘုံမှ ဆင်းသက်သည်ကို ငါ့အား ပြလေ၏။ ” (ဗျာ ၂၁:၉-၁၀) ဤနေရာ၌ သတို့သမီးကို သန့်ရှင်းသော ယေရုရှလင် မြို့ဟုဆိုသည်။ မြို့သည် အဆောက်အဦးများကို ဆိုလိုသည် မဟုတ်၊ ယုံကြည်သူ များကို ဆိုလိုသည်။ ဘုရား ဘုန်းနှင့် ပြည့်စုံသည်ဟုဆိုသည်။ ထိုကဲ့သို့ဖြစ်လာမည့်သူ များသည် အဘယ်ကြောင့် စာတန်၏ လိမ် လည်မှုဖြင့် ဤလောကနှင့် ညစ်ညူး ကြမည်နည်း။ ယခုမှစ၍ သန့်ရှင်း​ဖြောင့်မတ်စွာ အသက် ရှင်ကြပါစို့။

.

ကျမ်းစာ ဖတ်ကြစို့

ယော ၂၀
၁။ ခုနစ်ရက်တွင် ပဌမ နေ့ရက်၊ မိုဃ်းမလင်းမီှ စောစော အချိန်၌ မာဂဒလမာရိသည် သချõုင်းတော်သို့ သွား၍တွင်း ၀၌ ပိတ်သော ကျောက်သည် ရွှေ့လျက် ရှိသည်ကို မြင်လျှင်၊ ၂ရှိမုန်ပေတရုနှင့် ယေရှု ချစ် တော်မူသော အခြားတပည့်တော် ဆီသို့ ပြေးသွား၍ သင်္ချိုင်းတော် မှသခင်ကို ယူသွားကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိဟု ပြောဆို၏။ ခုနှစ်ရက်တွင် ပဌမ နေ့ရက်သည် တနဂ်နွေနေ့ ဖြစ်သည်။ မာဂဒလမာရိသည် အဘယ်ကြောင့်မိုဃ်းမလင်းမှီ သင်္ချိုင်းသို့ သွားသနည်း။ သခင်ယေရှုကို ချစ်သောကြောင့် ဖြစ်သည်။ သခင်ယေရှုကို ချစ်သော သူများ အတွက်၊ စောလွန်းသည်၊ နောက်ကျ လွန်းသည် မရှိပါ။အချိန် မရွေးသူ့အတွက် အသက် ရှင်ချင်သည်။ မဿဲ ခရစ်၀င်ကျမ်း၌ မာဂဒလမာရိသည် အခြားသော မာရိနှင့် ဖြစ်၍ ကောင်းတမန်သည် ကျောက်ပေါ်မှာ ထိုင်လျက် မာရိတို့ကို သခင်ယေရှု ထမြောက် ပြီ ဖြစ်ကြောင်း၊ တမန်တော်တို့ ထံပြောခိုင်းသည်။ သို့သော ဤကျမ်း၌၊ သူတို့သည် သခင်ယေရှုကို ယူသွားကြပြီ၊ အဘယ်မှာ ထားကြသည်ကို မသိဟု၊ ယေရှု မရှင်ပြန်မထ မြောက်သေး သကဲ့သို့ ရေးထားသည်။
၃။ ထိုအခါ ပေတရုနှင့် အခြားသော တပည့်တော်သည် ထွက်၍၊ သချõုင်းတော်သို့ သွားကြ၏။ ၄ထိုသူနှစ်ယောက်တို့သည်အတူ ပြေးသည်တွင် အခြားသော တပည့်တော်သည် ပေတရုကို လွန်၍၊ သင်္ချိုင်းးတော်သို့ အရင်ရောက်သည် ရှိသော်ငုံ့၍ ကြည့်သဖြင့်၊ ၅ပိတ်ပုဆိုးရှိရစ်သည်ကို မြင်လျှင်၊ မ၀င်ဘဲ နေ၏။ အခြားသော တပည့်တော်သည် ယောဟန် ဖြစ်မည်ဟု ယူဆရသည်။ သူသည် အသက် ပိုငယ်သောကြောင့် ပေတရုကို လွန်၍ သင်္ချိုင်းသို့ အရင်ရောက်သွားခြင်း ဖြစ်သည်။ သူသည် သင်္ချိုင်းထဲသို့ မ၀င်ဘဲ အ၀မှကြည့်၍ ပိတ်ပုဆိုးကို သာမြင်သည်။
၆။ ရှိမုန်ပေတရုသည် နောက်သို့ လိုက်၍ ရောက် သောအခါ၊တွင်း ထဲသို့ ၀င်လျှင် ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊ ၇ခေါင်းတော်၌ ရှိသော ပ၀ါသည် ပုဆိုးနှင့်အတူ မရှိဘဲ တခြားဆီလိပ်လျက် ရှိသည်ကို၎င်းမြင်လေ၏။ ပေတရုသည် သင်္ချိုင်းတွင်း ထဲသို့ ၀င်သွားသည်။ သင်္ချိုင်းသည် ယခုခေတ်ကဲ့သို့ မြေကြီး အောက်မှာ မဟုတ်ဘဲ ကျောက်ကို ထွင်းထားသောကြောင့်တွင်း သည် မြေကြီးနှင့် တညီတည်း ဖြစ်မည် (မ ၂ရ:၆၀)။ ထိုသို့ အတွင်းသို့ ၀င်သောကြောင့် ပိတ်ပုဆိုးသာ မက၊ ပ၀ါသည် ပုဆိုးနှင့်အတူ မရှိဘဲ တခြားဆီလိပ်လျက် ရှိသည်ကို မြင်သည်။ ပေတရုသည် လူကြီး ဖြစ်သည့်အတိုင်း အတွင်းသို့ ၀င်သော ကြောင်ယောဟန်ထက် ပို၍ မြင်သည်။ ၈။ ထိုအခါ သင်္ချိုင်းးတော်သို့ အရင်ရောက်သော အခြားတပည့်တော်သည်၊ ၀င်၍ မြင်သဖြင့် ယုံလေ၏။ ၉ကိုယ်တော်သည် သေခြင်း မှထမြောက် ရမည်ဟူသော ကျမ်းစကားကို တပည့်တော် တို့သည် နားမလည် ကြသေး။ ၁၀နောက်မှထိုသူနှစ်ယောက်တို့သည် မိမိတို့ အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။သော မတ်သည် ရှင်ပြန်ထမြောက် သောကိုယ်တော်ကို မြင်သောကြောင့် ယုံကြည်သည် (ယော ၂၀:၂၄-၂၈)။ ယောဟန်သည် သင်္ချိုင်းတော် အထဲ၌ကိုယ်တော် မရှိသောကြောင့် ယုံကြည်သည်။ သို့သော်သခင်ယေရှုက၊ ငါ့ကို မမြင်ဘဲ ယုံသော သူတို့သည် မဂ်လာရှိကြ၏ဟု မိန့်တော်မူ၏။ ၁၁။ မာရိသည် သင်္ချိုင်းတော် အနားမှာငိုကြွေးလျက် ရပ်နေ၏။ ငိုကြွေးစဥ်ငုံ့၍တွင်း ထဲသို့ ကြည့်လျှင်၊ ၁၂ ကောင်းကင်တမန် နှစ်ပါး တို့သည် ဖြူသော အ၀တ်ကို ၀တ်ဆင်လျက်၊ ယေရှု၏ အလောင်းတော် လေျာင်းရာအရပ်၊ ခေါင်းရင်း၌ တပါး၊ ​ခြေရင်း၌ တပါးထိုင်ကြသည်ကို မြင်လျှင်။ ၁၃ ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်းဟု မေးလျှင်၊ ​ကျွန်မ၏ သခင်ကို ယူသွားကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိပါဟု ပြောဆို၏။ မာရိကသင်္ချိုင်းတွင်း ထဲကြည့် သောအခါ၊ ကောင်းကင်တမန် နှစ်ပါးကို မြင်တွေ့ရသည် သာမက၊ သူတို့နှင့် စကား ပြောခွင့် ရခဲ့သည်။ အဘယ်ကြောင့်ထိုသို့ မြင်တွေ့စကား ပြောခွင့်ရသနည်း။ သခင်ယေရှုကို ချစ်သော စိတ်နှင့် ကြည့်ရှုသောကြောင့် ဖြစ်မည်။ ဘုရားသခင်က သူ့ကို မြင်ခွင့်ပေးသည်။ ပေတရုနှင့် ယောဟန်ကအဘယ်ကြောင့် ကောင်းကင်တမန် များကို မြင်ခွင့်စကား ပြောခွင့်မ ရရှိခဲ့ကြသနည်း။ မာရိလောက်စိတ်မထိခိုက်၊ မရှာသောကြောင့် ဖြစ်မည်။ ထို့ကြောင့် ​ကျွန်ုပ်တို့ လည်း၊ မာရိကဲ့သို့ စိတ်ထိခိုက်ပြီး လိုချင်သော စိတ်နှင့် ဘုရားကို ရှာလျှင်၊ အမှုတော် ဆောင်ကြီးများမတွေ့မြင်နိုင်သော အရာများကို၊ ဘုရားသခင်က မြင်တွေ့ခွင့်ပေး မှာ ဖြစ်သည်။
၁၄။ ထိုသို့ ဆိုပြီးမှနောက်သို့ လှည့်လျှင်၊ ယေရှု ရပ်လျက် နေတော်မူသည်ကို မြင်သော်လည်း၊ ယေရှု ဖြစ်တော်မူသည်ကို မသိ။ ၁၅ ယေရှု ကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း၊ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည် သူ့ကို ဆောင်သွားသည် မှန်လျှင် အဘယ်မှာ ထားသည်ကို ​ကျွန်မအား ပြောပါ၊ ​ကျွန်မယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဥ်စောင့် ဖြစ်သည်ဟု ထင်မှတ်လျက် ဆို၏။ မာရိသည် ကောင်းကင်တမန် များနှင့် စကား ပြောခွင့်ရသည် သာမက၊ သခင်ယေရှုကိုယ်တိုင်နှင့်လည်း တွေ့မြင်စကား ပြောခွင့်ရသည်။ မည်မျှထူးမြတ်သနည်း။ သို့သော်ကောင်းစွာ မကြည့်သောကြောင့်၊ သခင်ကို ဥယျာဥ်စောင့်ဟု ထင်မှတ်သည်။ ကျွန်ုပ်တို့လည်း ဘုရားက ဖေါ်ပြသော်လည်း၊ မတွေ့မမြင်မှာကို စိုးရိမ် ရသည်။ သူသည် စိတ်ထိခိုက်လွန်းသောကြောင့် ငုိကြွေးနေသည်။ သခင်ယေရှု၏ အလောင်းကို ယူသွားဘို့ အထိ ပြောဆိုသည်။ ကျွန်ုပ်တို့လည်း သူကဲ့သို့ သခင်ယေရှုနှင့် ပတ်သက်၍ တယောက် တည်း ဖြစ်သော်လည်း တာ၀န်ယူချင်သော စိတ်ရှိကြပါသလား။
၁၆။ ယေရှုကလည်း မာရိဟု ခေါ် တော်မူ လျှင်၊ မာရိသည် လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား အရှင်ဘုရားဟုဆိုလို သတည်း။ ၁ရ ယေရှု ကလည်း၊ ငါ့ကို မဘက်နှင့် ဦး။ ငါသည် ငါ့ခမည်းတော် ထံသို့ မတက်ရသေး။ ငါ့ညီတို့ ရှိရာသို့ သွားလော့။ ငါ၏ ခမည်းတော် တည်း ဟူသော သင်တို့၏ ခမည်း တော်၊ ငါ၏ ဘုရားသခင် တည်း ဟူသော သင်တို့၏ ဘုရား သခင့်ထံတော်သို့ ငါတက်ရ မည်အကြောင်း အရာကို ကြားပြောလော့ဟု မိန့်တော်မူသည် နှင့် အညီ၊ သခင်ယေရှု ကမာရိဟု ခေါ်မှမာရိကသူ၏ သခင်ကို သိလာသည်။ သူသည် ယေရှုကို ဘက်ဘို့ လုပ်သောကြောင့် သခင်ယေ ရှုက၊ ငါ့ကို မဘက်နှင့် ဦးဟုဆိုသည်။ အဘယ်ကြောင့်ဘက်ခွင့်မပေးသနည်း။ သူသည် ခမည်းတော် ထံသို့ မတက်ရ သေးသောကြောင့် ဟုဆိုသည်။ ထို့ကြောင့် အချို့သော သူများက၊ သခင်ယေရှုသည် သင်္ချိုင်း၌ကိုယ်ခန္ဓာသုံးရက်လေျာင်းစဥ်တွင် ငရဲသွားသည် ဟူ၍၎င်း၊ သူ၏ ၀ိညာဥ်သည် အိပ်ပျော်နေသည် ဟူ၍၎င်း၊ ပြော ကြသည်။ အမှန်မှာ ယေရှုသည် ၀ိညာဥ်အားဖြင့် ကောင်းကင်သို့ တက်ခဲ့ပြီ။ သူခိုးဆီမှာယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိမည် (လု ၂၃:၄၃) ဟုဆိုခဲ့သည်။ ထို့အပြင်၊ သူ၏ စိတ် ၀ိညာဥ်ကို ခမည်းတော် ထံအပ်ပြီးမှအသက် ချုပ် တော်မူသည် (လု ၂၃:၄၆)။ ထို့ကြောင့် ယေရှုသည် စိတ်၀ိညာဥ်အားဖြင့် ကောင်း ကင်သို့ တက်ခဲ့ပြီ။ သို့သော်ယဇ်ပုရောဟိတ် အနေဖြင့်၊ ကောင်းကင် သန့်ရှင်းရာထဲသို့၊ သူ၏ အသွေးနှင့် ကိုယ်ခန္ဓာကို မဆက်ကပ် ရသေးပါ။ ရှင်ပြန်ထမြောက် သောအခါ ယေရှုသည် ယဇ်ပုရောဟိတ် ဖြစ်၍ ကောင်းကင်သို့ တက်ကာ၊ သူ၏ ခန္ဓာနှင့် အသွေးကို ဆက်ကပ်ခဲ့သည် (ဟေ ၉:၁၁-၁၂၊ ၁၀:၁၀)။ ယဇ်ပုရောဟိတ် များသည် အသန့်ရှင်းဆုံးဌါနသို့ ၀င်သောအခါ၊ မည်သူကမျှသူ့ကို မကိုင်မထိရပါ။ ထို့ကြောင့် သခင်ယေရှု ကမာရိကို ထိခွင့်မပေးခြင်း ဖြစ်သည်။
၁၈။ မာဂဒလမာရိသည် သွား၍ မိမိသည် သခင်ကို တွေ့မြင်သည်ကို၎င်း၊ ထိုသို့ မိန့်တော်မူသည် ကို၎င်း၊ တပည့်တော် တို့အား ကြားပြောလေ၏။ မာရိသည် သခင်ယေရှုကို တွေ့မြင်ပြီး နောက်တပည့်တော်တို့ ထံအား ရ၀မ်းမြောက်စွာ သတင်း ကြားပြောလိုက်သည်။ သခင်ယေရှုနှင့် တွေ့သူတိုင်း သူတပါးကို မကြား မပြောဘဲ မနေနိုင်ပါ။ ယနေ့တွင် မာရိကဲ့သို့ ခန္ဓာအားဖြင့် မတွေ့မြင်နိုင်တော့သော်လည်း စိတ်၀ိညာဥ်အားဖြင့် တွေ့မြင်သော သူတို့သည် မနေနိုင်ပါ။ သူတပါးကို ပြောချင်သည်။
၁၉။ ခုနစ်ရက်တွင် ပထမနေ့ ဖြစ်သော ထိုနေ့၌ ညအချိန် ရောက် သောအခါ၊ ယုဒလူတို့ကို ကြောက်၍ တံခါးများကို ပိတ်ထားလျက်၊ တပည့်တော် တို့သည် စည်းဝေးကြသော အရပ်သို့ ယေရှုသည် ကြွလာ၍ အလယ်မှာရပ် တော်မူ လျက်၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ၂၀ထိုသို့ မိန့်တော်မူ ပြီးမှလက်တော်နှင့် နံဖေးတော်ကို ပြတော်မူ၏။ တပည့်တော် တို့သည် သခင်ကို မြင်လျှင် ၀မ်းမြောက်ခြင်း ရှိကြ၏။ ခုနစ်ရက်တွင် ပထမနေ့သည် တနဂ်နွေနေ့ ဖြစ်သည်။ စနေနေ့သည် ခုနစ် ရက်နေ့ ဖြစ်သည်။ ယေရှုကို ယုံကြည် သောသူ များသည် သူတို့၏ သခင်ကို သတ်လိုက် သောအခါ အလွန် ကြောက်ရွံ့ ကြသည်။ အကြောင်းမှာ သူတို့၏ သခင်ကိုယ်တိုင်အသတ်ခံ ရသောကြောင့် သူတို့ကို ကာကွယ်မည့်သူ မရှိတော့ချေ။ ထို့ကြောင့် တံခါးများ ပိတ်လက်စည်းဝေးကြခြင်း ဖြစ်သည်။ ထိုသူတို့ အလည်၌ ယေရှုသည် ဘွားကနဲရောက်လာ၍၊ သင်တို့၌ ငြိမ်သက်ရှိရှိစေသတည်းဟု ပြောလိုက် သောအခါ၊ တပည့်တော် များသည် အလွန် ၀မ်းမြောက် ကြသည်။ သခင်ယေရှု ကသူသည် အမှန်တကယ် အသတ်ခံသောသူ ဖြစ်ကြောင်းကို သံမှူရိုက်ထားသော လက်တော်နှင့် နံဖေးတော်ကို ပြခြင်း ဖြင့် သက်သေ ထူလိုက်သည်။
၂၁။ တဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ် တော်မူသည် နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီး လျှင်၊ ၂၂ထိုသူတို့ အပေါ်မှာ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသော ၀ိညာဥ်တော်ကို ခံကြလော့။ ၂၃အကြင်သူ၏ အပြစ်ကို သင်တို့ လွှတ်လျှင် ထိုသူသည် အပြစ် လွတ်လျက် ရှိ၏။ အကြင်သူ၏ အပြစ်ကို သင်တို့ တည်စေလျှင်၊ ထိုသူသည် အပြစ် တည်လျက် ရှိ၏ဟု မိန့်တော်မူ၏။ ခမည်းတော် ကသူ့ကို စေလွှတ် သကဲ့သို့ သူကလည်း တပည့်တော် များကို စေလွှတ်သည်ဟုဆိုသည်။ စေလွှတ်ခြင်း ခံရသူသည် စေလွှတ်သူ၏ ဆန္ဒအတိုင်း လုပ်ရသည်။ မိမိ ဆန္ဒအတိုင်း မလုပ်ရ။ ​ကျွန်ုပ်တို့လည်း သခင်ဘုရား ကစေလွှတ်သောကြောင့် ကိုယ့်ဆန္ဒကို ဖယ်၍ သခင်ဘုရား၏ ဆန္ဒကို ပြုလုပ် ရမည်။ သူတို့ အပေါ်မှာ မှုတ်လျက် သန့်ရှင်းသော ၀ိညာဥ်တော်ကို ခံကြလော့ဟုဆိုသည်။ သန့်ရှင်းသော ၀ိညာဥ်တော်သည် ဘုရား ဖြစ်၍ သူ၏ တရား၀င်လောက၌ ယုံကြည်သူ တိုင်းထံ၊ ကျိန်း၀ပ်ခြင်းသည် ပင်တေကုတ္တေနေ့ (တ ၂)၌ သာလျှင် ဖြစ်သည်။ သို့သော်သခင်ယေရှု ကတပည့်တော်များထံ ကြိုတင် ခံယူခိုင်းသည်။ သူတို့အား အပြစ် လွှတ်ခွင့်နှင့် တည်ခွင့်ကို ပေးသည်။ အမှန်မှာ အပြစ် တင်နိုင်လွှတ်နိုင်သော သူသည် ဘုရား သာလျှင် ဖြစ်သည် (ဆာ ၃၂:၂၊ မာ ၂:၅-ရ)။ ဘုရားသခင်က ယေရှုခရစ်အားဖြင့် အပြစ် လွှတ်သော အရာကို၊ တပည့်တော်များအားဖြင့် ကျေညာစေသည်။ ထိုအရာကို ယုံကြည်သူ သည် အပြစ် လွှတ်ခြင်းကို ခံစား၍၊ မယုံကြည်သူ သည် မခံစား ရခြင်းကို ဆိုလိုသည်။
၂၄။ ထိုသို့ ယေရှုသည် ကြွလာ တော်မူ သောအခါ တမန်တော် တကျိပ်နှစ်ပါးအ၀င်၊ ဒိဒုမုဟု အမည်ရှိသောသော မသည် ထိုတပည့်တော် တို့နှင့်အတူ မရှိ။ ၂၅ထိုသူတို့ ကလည်း၊ အ​ကျွန်ုပ်တို့သည် သခင်ကို မြင်ရကြပြီဟုသော မအား ပြောဆို ကြလျှင်၊သော မက လက်တော်၌ သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့် မတို့ မစမ်း၊ နံဖေးတော် ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အ​ကျွန်ုပ်မယုံဟုဆို၏။သော မသည် မျက်စိနှင့် မြင်မှ၊ လက်နှင့် စမ်းမှယုံကြည် မည်ဟုဆိုသည်။ သူ့ကို အပြစ် တင်မဆောဘို့ လိုသည်။ လူအများစုသည် သူကဲ့သို့ ပင်မျက်စိနှင့် မြင်မှယုံကြည် တတ်ကြသည် မဟုတ်လော။
၂၆။ ထိုနောက်ရှစ်ရက်မြောက်သော နေ့၌ တပည့်တော် တို့သည် တဖန် အထဲမှာရှိကြ၍သော မလည်း ပါ၏။ တံခါးများကို ပိတ်ထား စဥ်အခါယေရှုသည် ကြွလာ၍၊ အလယ်မှာရပ် တော်မူ လျက်၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ၂ရ။ ထိုအခါသော မအား၊ သင်၏ လက်ညှိုးကို ဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏ လက်ကို ဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်း မရှိနှင့် ယုံလော့ဟု မိန့်တော်မူ၏။ ၂၈သော မကလည်း၊ အ​ကျွန်ုပ်၏ အရှင်၊ အ​ကျွန်ုပ်၏ ဘုရားသခင် ပါတကားဟု ပြန်၍ လျှောက်၏။ ၂၉ယေရှု ကလည်း၊ သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်း ရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသော သူတို့သည် မဂ်လာရှိကြ၏ဟု မိန့်တော်မူ၏။ နောက် တပတ်ကြာ သောအခါ၊သော မကသခင်ယေရှုကို မြင်၍ ယုံကြည်သည်။ သို့သော်သခင်ယေရှု ကသူ့ကို မမြင်ဘဲ ယုံ ကြည်သော သူသည် မဂ်လာရှိသည်ဟုဆိုသည်။ အကြောင်းမှာ မြင်ပြီးမှယုံကြည်သူ သည် သခင်ဘုရားကို သိက္ခာချခြင်းနှင့် တူသည်။ အကြောင်းမှာ သခင်ဘုရားက၊ သေပြီးမှသုံးရက်မြောက်သော နေ့တွင် ထမြောက် မည်ဟူသော စကားကို မယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း မမြင်မှီဘုရား စကားကို ယုံကြည် ရမှာ ဖြစ်သည်။ ကယ်တင်ခြင်း အတွက် သာမက၊ နေ့စဥ်အသက်တာအတွက် ကူညီမစခြင်းများအတွက်လည်း ယုံကြည်ဘို့ လိုသည်။
၃၀။ ဤကျမ်းစာ၌ ရေး၍ မထားသော အခြားနိမိတ်လက္ခဏာများတို့ ကိုလည်း ယေရှုသည် တပည့်တော်တို့ မျက်မေှာက်၌ ပြတော်မူ၏။ ၃၁ ယေရှုသည် ခရစ်တော် တည်း ဟူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ကို၊ သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ ယုံ၍ နာမတော် အားဖြင့် အသက်ကို ရမည်အကြောင်း၊ ဤမျှလောက်ရေးထားလျက် ရှိသတည်း။ ယေရှု ပြတော်မူသော နိမိတ်လက္ခဏာများစွာ ရှိသည်ဟုဆိုသည်။ သို့သော်အားလုံးကို ကျမ်းစာ၌ မရေးထားပါ။ အကြောင်းမှာ ရေးဘို့ ရန်များ လွန်းသည်။ ကျမ်းစာ ရေးရခြင်းသည် သူ့ကို ယုံကြည်၍ အသက် ရဘို့ ဖြစ်သည်။ ဤကျမ်းပိုဒ်ကို စာတန် ကအသုံးပြု၍၊ သူလူများ ထံမှ ဘုရား စကား ဟူ၍ သူတပါးကို လိမ်ညာတတ်သော သူများ ရှိသည်။ ထို့ကြောင့် ကျမ်းစာ အပြင်ဘက် မှပြောသော အရာများကို မယုံကြည်ဘို့ သတိထားရမည်။

.

အမှုတော် ဆောင်ခြင်း

အမှုတော် ဆောင်လိုသော သူများကို ဆက်လက် လက်ခံနေပါသည်။ သို့သော်အမှန်တကယ် ဘုရားကို ချစ်၍၊ ပျောက်ဆုံးသော ၀ိညာဥ်များကို သနားပြီး သင်ပေးချင်သော သူများ သာလျှင် အမှုတော် ဆောင်အဖြစ် လက်ခံမှာ ဖြစ်သည်။ လောက အလုပ်မ လုပ်ချင် သောကြောင့်၎င်း၊ အချောင်ထောက်ပံ့ကျေးလိုချင် သောကြောင့်၎င်း၊ သူများ အပေါ်ဆရာလုပ်ချင် သောကြောင့်၎င်း၊ အမှု ဆောင်ချင်သော သူများကို လက်မခံပါ။ နှိမ့်ချပြီး သင်ကြားလိုသော သူများ သာလျှင် လက်ခံပါသည်။ ပညာအရည်အချင်းမရှိသော သူများလည်း အမှန်တကယ် ဒုတိယမွေးဖွားပြီး၊ ၀ိညာဥ်များကို သနားစိတ်ရှိသော သူတိုင်း လက်ခံနေပါသည်။ ဧပြီလ ၃၀မှ မေလ ၃ ရက်နေ့အထိ ၄ ရက်အမှုတော် ဆောင်သင်တန်းရှိပါသည်။ ဆရာမောဇက်ထောင်ကျုံးထံဖုန်း (၂၄၀) ၃၆၇-၅၃၆၆၌ မေးမြန်း နိုင်ပါသည်။

[wb-pageview page=”gn042019″]