1

Periodical: Good News March 2023

Home >   Periodicals > March 2023

gn032023-2
March 2023
GOOD NEWS PERIODICAL

ဖြူသောဝတ်လုံ

 လူသားအားလုံး၏ဖခင်နှင့်မိခင်တို့သည်ဘုရားတားမြစ်ထားသော၊ ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကိုစားသောအခါ၊ သူတို့ကိုသူတို့အဝတ်အချည်းစည်းဖြစ်မှန်းသိခဲ့ကြသည်။ “ထိုသူနှစ်ယောက်တို့သည်မျက်စိပွင့်လင်း၍၊ မိမိတို့၌အဝတ်အချည်းစည်းရှိသည် ကိုသိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဖို့သင်္ဘောသဖန်းပင်အရွက်တို့ကိုချုပ်စပ်၍ခါးစည်းကိုလုပ်ကြ၏။”(ကမ္ဘာ ၃းရ) ထိုအချိန်မှစ၍သူတို့၏သား စဉ်မြေးဆက်များသည်၊ အဝတ်ဝတ်လာကြသည်။ အဝတ်အချည်းစည်းရှိခြင်းအားဖြင့်၊ ကြောက်စိတ်နှင့်ရှက်စိတ်ဝင်လာသည်။ ယနေ့လူ တိုင်းကြောက်တတ်ခြင်း၊ ရှက်တတ်ခြင်းသည်ထိုအပြစ်ကြောင့်ဖြစ်သည်။ သို့သော်လူသားများသည်ကြာလာသောအခါ၊ အဝတ်အစားကို အလှအပ၊ ဂုဏ်အတွက်ထင်မှတ်လာကြသည်။ အဝတ်အစားကောင်းကောင်းကိုပြုလုပ်သူများကပြုလုပ်၍၊ စျေးကြီးကြီးပေးဝယ်ယူကာ၊ ဂုဏ်ယူဝင့်ကြွားလာကြသည်။ လောဒိကိအသင်းတော်တည်း၊ ထိုသို့အဝတ်အစားများကိုဂုဏ်ယူစွာဖြင့်ဝတ်ကြသောကြောင့်၊ ခရစ်တော်က ဤသို့အကြံပေးခဲ့သည်၊

 “သင်ကလည်း၊ ငါသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှမလိုဟုပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်းဖြစ်သည်ကို၊ မသိပါတကား။  သင်သည်ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင်မရှက်စေခြင်းငှါခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်း၊ ငါ့ထံမှာ ဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌မျက်စဉ်းခတ်လော့ဟု၊ သင့်အားငါသည်အကြံပေး၏။” (ဗျာ ၃း၁ရ-၁၈)

လောဒိကိအသင်းတော်သည်ဇာတိကိုယ်ခန္ဓာအားဖြင့်အဝတ်ဝတ်သော်လည်း၊ ခရစ်တော်အမြင်၌အဝတ်အချည်းစည်းဖြစ်နေ သည်။ ကိုယ်တုံးလုံးဖြစ်နေသည်။ ကိုယ်တုံးလုံးဖြစ်လျှင်ရှက်စရာကောင်း၍မျက်စိမဖွင့်ရဲ၊ ခေါင်းမမော်ရဲဘဲဖြစ်မည်။ သို့သော်လောဒိကိ အသင်းတော်သည်အဝတ်အချည်းစည်းဖြစ်မှန်းသိကြသလော။ မသိကြသောကြောင့်ခရစ်တော်ကအကြံပေးဘို့လိုခြင်းဖြစ်သည်။ ယနေ့ ခရစ်ယာန်အများစုလည်းဘုရားအမြင်၌အဝတ်အချည်းစည်းဖြစ်မှန်းသိကြပါသလား။ သင်လည်းအဝတ်အချည်းစည်းဖြစ်နေပါသလား။

သခင်ယေရှုကိုဝတ်ဆင်ဘို့

ရှင်ပေါလုကရောမမြို့ရှိယုံကြည်သူများကိုဤကဲ့သို့စာရေးခဲ့သည်၊  “ထိုမှတပါး၊ ငါတို့ကိုကယ်တင်သောကျေးဇူးတော်သည်၊ ငါတို့ယုံကြည်သောနေ့ရက်၌နီးသည်ထက်၊ ယခုသာ၍နီးသောကြောင့်၎င်း၊ ညအချိန်ကုန်လု၍နေ့အချိန်ရောက်လုသောကြောင့်၎င်း၊ ယခု အခါအိပ်ပျော်ရာမှနိုးရသောအချိန်ရောက်ခဲ့ပြီဟု၊ ငါတို့သည်သိ၍ကာလအချိန်ကိုထောက်လျက်၊ မှောင်မိုက်၏အကျင့်ကိုပယ်ရှား၍၊ အလင်း၏လက်နက်စုံကိုဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌မှီဝဲခြင်း၊ ကိလေ သာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကိုကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့တင့်တယ်လျောက်ပတ်စွာ၊ ကျင့်ဆောင်ပြုမူကြ ကုန်အံ့။ သခင်ယေရှုခရစ်ကိုယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလို့ငှါမကြံစည်ကြနှင့်။” (ရော ၁၃း၁၁-၁၄)

ရှင်ပေါလုကသခင်ယေရှုခရစ်ကိုအဘယ်ကြောင့်ဝတ်ဆောင်ခိုင်းသနည်း။ ညအချိန်ကုန်လု၍နေ့အချိန်ရောက်လုသောကြောင့်ဟုဆို သည်။ သို့ဖြစ်လျှင်ညအချိန်သည်ဘာကိုဆိုလို၍ဘယ်အချိန်မှစပြီးဘယ်အချိန်ထိဖြစ်သနည်း။ ညသည်မှောင်မိုက်သည်။ မှောင်မိုက်ခြင်း သည်လည်းအလင်းမရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည်အလင်းဖြစ်သည် (၁ ယော ၁း၅)။ ဘုရားမရှိသောဤလောကသည်ည ဖြစ်သည်။ အာဒံနှင့်ဧဝအပြစ်ကျူးလွန်ချိန်မှစ၍ဤလောကသည်မှောင်မိုက်၍ညဖြစ်သည်။ ပေါလုကညအချိန်ကုန်လု၍နေ့အချိန်ရောက် လုသည်ဟုဆိုသည်။ ခရစ်တော်သည်အလင်းဖြစ်သည် (ယော ၉း၅)။ ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအခါနေ့ဖြစ်လာမည်။ ထိုအရာ ကိုကျမ်းစာ၌ဤသို့ရေးထားသည်၊ “ငါ၏နာမတော်ကိုကြောက်ရွံ့သောသင်တို့၌ကား၊ တရားတော်နေမင်းသည်အနာပျောက်စေသောအ တောင်တို့နှင့်ပေါ်ထွန်းတော်မူမည်။ သင်တို့သည်ထွက်သွား၍တင်းကုပ်၌နွားသငယ်ကဲ့သို့ခုန်ကြလိမ့်မည်။” (မာလခိ ၄း၂)။ နေသည်လူကို ကျန်းမာစေနိုင်သည်။ ခရစ်တော်ကဤလောကကိုအနှစ်တစ်ထောင်အုပ်စိုးသောအခါ၊ လူနာရှိတော့မည်မဟုတ်၊ အားလုံးကျန်းမာကြလိမ့် မည်။ ထိုအချိန်နီးနေပြီဖြစ်သောကြောင့်အိပ်ပျော်ရာမှနိုး၍မှောင်မိုက်အကျင့်တို့ကိုပယ်၍အလင်း၏လက်နက်စုံကိုဝတ်ဆင်ဘို့တိုက်တွန်း ထားသည်။

ယခုအချိန်သည်ညအချိန်ဖြစ်သေးသောကြောင့်လူတိုင်းတခေါခေါအိပ်ကာ၊ အိပ်မက်မက်နေကြသည်။ လူသည်အိပ်မက်ထဲ၌နေ့ ခင်း၌ကဲ့သို့ခံစားချက်အပြည့်ခံစားတတ်သည်။ အိပ်မက်ထဲ၌ချစ်သူနှင့်နေလျှင်အိပ်မက်ကောင်း၊ ရန်သူလိုက်ခြင်းခံရလျှင်အိပ်မက်ဆိုးဖြစ် သည်။ အိပ်မက်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်ချေ၊ နိုးသောအခါမရှိတော့ချေ။ အိပ်မက်သည်ခဏသာခံစားရသည်။ သို့ဖြစ်လျှင်ယခု ဝိညာဉ်ပိုင်းနှင့်ကြည့်ပါက၊ ညဖြစ်သောကြောင့်အိပ်မက်မက်နေကြသည်။ မည်ကဲ့သို့မက်နေကြသနည်း။ ခဏသာတည်မြဲမည့်လောကအ ရာများကိုလိုက်ခြင်း၊ ခံစားခြင်းဖြင့်အိပ်မက်မက်နေကြသည်။ အိမ်၊ ကား၊ ရွှေငွေ၊ ဥစ္စာပစ္စည်းကြွယ်ဝပိုင်ဆိုင်သူများသည်အိပ်မက်မက် ကောင်းကောင်းမက်နေကြသည်။ ထိုသူများသည်နှိုး၍မရပါ။ စစ်ဖြစ်သောကြောင့်စစ်ရှောင်သူများ၊ ဒုက္ခအကြီးအကျယ်ကြံတွေ့ခံစားသူ များ၊ နာတာရှည်ရောဂါကြောင့်စိတ်ပျက်သူများသည်အိပ်မက်ဆိုးမက်သူများဖြစ်သည်။ ထိုသူများလည်းနားမလည်သောကြောင့်ဝိညာဉ် ပိုင်း၌နှိုး၍မရချေ။ လူသားများအနေဖြင့်ဘုရား၏အချိန်ဇယားကိုမသိသည်ဖြစ်စေ၊ ဂရုမစိုက်မပြင်ဆင်သည်ဖြစ်စေ၊ သူ့အချိန်အတိုင်းအ ပြည့်စုံစေမှာဖြစ်သည်။ သခင်ယေရှုကြွလာခါနီးပြီ။

သခင်ယေရှုကသူသည်၊ မိုးသောက်ကြယ်ဖြစ်သည်ဟုဆိုသည် (ဗျာဒိတ် ၂၂း၁၆)။ မိုးသောက်ကြသည်ဆောင်းရာသီနံနက်ပိုင်းမိုးမ လင်းမှီတွင်အရှေ့ဘက်ကောင်းကင်၌ထွက်၍၊ ခဏသာလျှင်တွေ့မြင်နိုင်သည်။ နံနက်စောစောထပြီးအလုပ်ကြိုးစားသောသူများကသာတွေ့ မြင်တတ်သည်။ အအိပ်ပုပ်သောသူများကမတွေ့တတ်ချေ။ အဘယ်ကြောင့်ခရစ်တော်သည်မိုးသောက်ကြယ်ဖြစ်နိုင်သနည်း။ ခရစ်တော် သည်၊ သူ့ကိုရရှိသူများတည်းဟူသောဒုတိယမွေးဘွားသောသူများကိုချီဆောင်ဘို့ရန်ကြွလာမည်ဖြစ်သည်။ ထိုအကြောင်းကိုသူကိုယ်တိုင် ဤသို့ပြောခဲ့သည်၊ “ယေရှုကလည်း၊ ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍အသက်ရှင်သောသူရှိသမျှတို့သည်လည်း၊ သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့် မည်။” (ယောဟန် ၁၁း၂၅-၂၆) ခရစ်တော်ကြွလာသောအခါသူ့ကိုယုံကြည်၍သေလွန်သောသူများဝိညာဏကိုယ်ခန္ဓာဖြင့်ထမြောက်၍မသေ ဘဲအသက်ရှင်သေးသောယုံကြည်သူများသည်သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်မည်ဟုဆိုသည်။

 ခရစ်တော်ကိုယ်တိုင်ကချီဆောင်ခြင်း၌ဖြစ်ပျက်မည့်အရာကိုဤသို့ပြောခဲ့သည်၊ “လူသားသည်ကြွလာသောအခါ၊ နောဧလက်ထက် ၌ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မှီကာလ၌၊ နောဧသည်သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင်၊ လူများတို့သည်စားသောက် လျက်၊ ထိမ်းမြားစုံဘက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့်၊ လူခပ်သိမ်းတို့ကိုသုတ်သင်ပယ်ရှင်းသည်တိုင်အောင်သတိမဲ့နေကြ သည်နည်းတူ၊ လူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်။ ထိုအခါလယ်၌ရှိသောသူနှစ်ယောက်တို့တွင်၊ တယောက်ကိုသိမ်းယူ၍တ ယောက်မူ ကားနေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင်၊ တယောက်ကိုသိမ်းယူ၍တယောက်မူကားနေရစ်ရလတံ့။ သင်တို့အရှင် သည်အဘယ်အချိန်နာရီ၌ရောက်လာမည်ကိုသင်တို့မသိသောကြောင့်၊ စောင့်နေကြလော့။ သူခိုးလာမည်အချိန်နာရီကိုအိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ၊ စောင့်နေလိမ့်မည်ကိုသင်တို့သိကြ၏။ ထိုကြောင့်သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌၊ လူသားသည်ကြွလာလိမ့်မည်။” (မဿဲ ၂၄း၃ရ-၄၄)

ခရစ်‌တော်ပြောခဲ့သကဲ့သို့ပင်ယခုအခါနောဧခေတ်ကဲ့သို့မပြင်ဆင်ဘဲစားလျက်သောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြသည်။ နောဧလက်ထက်၌ရေလွှမ်းမိုးမည့်အကြောင်းကိုနောဧအားဖြင့်ခရစ်တော်ကသူ၏ဝိညာဉ်အားဖြင့်သတိပေးခဲ့သည်(၁ ပေ ၁း၁၀-၁၁)။ နောဧသည်သင်္ဘောဆောက်သည်သာမက၊ ဖြောင့်မတ်ခြင်းတရားဟောသောသူလည်းဖြစ်သည် (၂ ပေ ၂း၅)။ နောဧခေတ်လူများအနေဖြင့် နောဧမိသားစုကဲ့သို့၊ ဘုရား၏သတိပေးခြင်းကိုယုံကြည်၍သင်္ဘောဆောက်ဘို့ဖြစ်သည်။ သို့သော်သင်္ဘောဆောက်မည့်အစား၊ စားလျက် သောက်လျက်နေကြသည်။ ထို့ကြောင့်အားလုံးရေလွှမ်းမိုးခြင်းအားဖြင့်သေကျေပျက်စီးခဲ့ကြသည်။ ထိုသင်္ခန်းစာကိုသင်ဘို့ဖြစ်သည်။ သူတို့ စားသောက်ခြင်း၊ ထိမ်းမြားစုံဘက်ခြင်းတို့သည်မမြဲသောကြောင့်၊ အိပ်မက်မက်ခြင်းဖြစ်သည်။ ထိုသူတို့ကဲ့သို့မဖြစ်မည့်အကြောင်းနိုးကြဘို့ ရန်တိုက်တွန်းနှိုးဆော်လိုသည်။

 

အတွင်းလူဆင်ရင်ဘို့

ရှင်ပေါလုက၊  “ထိုနည်းတူ၊ မိန်းမတို့သည်ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲအဘိုးထိုက်တန်သောအဝတ်နှင့် ကိုယ်ကိုမ ဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သောအဝတ်နှင့်၎င်း၊ ၁၀ ဘုရားသခင် အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော၊ မိန်းမဆင်သင့်သည်အတိုင်းကောင်းသောအကျင့်နှင့်၎င်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှါငါအလိုရှိ၏။” (၁ တိ ၂း၉-၁၀) ဟု ရေးထားသည်။ အပေါ်ယံကိုယ်ခန္ဓာဆင်ခြင်းသည်ခဏအတွက်ဖြစ်သည်။

ရှင်ပေတရုကလည်းအပြင်လူထက်အတွင်လူကိုတန်ဆာဆင်ဘို့ဤသို့ရေးထားသည်၊  “သင်တို့၏တန်ဆာဆင်ခြင်းအမှုကား၊ ဆံပင် ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊ ဘုရားသခင့်ရှေ့မှာအဘိုးများစွာထိုက်သော၊ နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော၊ မဖောက် ပြန်မပျက်စီးတတ်သောတန်ဆာဆင်ခြင်းရှိသော၊ စိတ်နှလုံး၏အတွင်းလူဖြစ်စေကြ လော့။  ဘုရားသခင်ကိုကိုးစား၍သန့်ရှင်းသောမိန်းမတို့သည်ရှေးကထိုသို့ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည်အာဗြဟံကိုသခင်ဟုခေါ် ဝေါ်၍သူ၏စကားကိုနားထောင်သကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြ၏။ သင်တို့သည်ကောင်းမွန်စွာကျင့်၍၊ ကြောက်ရွံ့တုန်လှုပ် ခြင်းအလျှင်းမရှိဘဲနေလျှင်စာရာ၏သမီးဖြစ်ကြ၏။” (၁ ပေ ၃း၃-၅)

ဘေးဒဏ်ကြီးကာလယုံကြည်သူများ

ဘေဒဏ်ကြီးကာလ၌ပြန်လည်ယုံကြည်သူများသည်ဝတ်လုံဖြူကိုဝတ်ကြမည့်အကြောင်းဤသို့ရေးထားသည်၊ “ပဥ္စမတံဆိပ် ကိုဖွင့်သောအခါ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့သက်သေခံချက်ကြောင့်၎င်း၊ အသေသတ် ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို၊ ယဇ်ပလ္လင်အောက်၌ငါမြင်၏။ ၁၀ သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန် ၍အစိုးပိုင်တော် မူသောအရှင်၊ မြေပေါ်မှာနေသောသူ တို့သည်၊ ငါတို့အသွေးကိုသွန်းကြသောအပြစ်နှင့်အလျောက်၊ ဒဏ်မပေးဘဲအဘယ်မျှ လောက်ကာလပတ်လုံးနေတော်မူမည်နည်းဟု၊ ကြီး သောအသံနှင့်ကြွေးကြော်ကြ၏။ ထိုသူတို့၌ဖြူသောဝတ်လုံကိုပေးတော်မူ၏။ သူတို့နည်းတူအသေသတ်ခြင်းကိုခံရလတံ့သောမိမိလုပ် ဘော်ဆောင်ဘက်ညီအစ်ကိုတို့သည်ပြည့်စုံခြင်းသို့မရောက်မှီ၊ ခဏငြိမ်သက်စွာနေရကြဦးမည်ဟုသူတို့အားမိန့်တော်မူ၏။” (ဗျာ ၆း၉-၁၁)

“ထိုနောက်မှငါကြည့်လျှင်၊ အသီးအသီးဘာသာစကားကိုပြောသောလူမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင် သောလူများအပေါင်းတို့သည်၊ ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာရပ်နေကြ ၏။” (ဗျာ ရး၉)

“အသက်ကြီးသူတပါးကလည်း၊ ဖြူသောဝတ်လုံကိုဝတ်ဆင်သောဤသူတို့သည်အဘယ်သူနည်း။ အဘယ်အရပ်ကလာကြသနည်းဟု၊ ငါ့အားမေးမြန်းလျှင်၊ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ဟုပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည်ကြီး စွာသောဆင်းရဲဒုက္ခအထဲက ထွက် မြောက်၍၊ မိမိတို့ဝတ်လုံကိုသိုးသငယ်၏အသွေး၌လျှော်၍၊ ဖြူစေသောသူဖြစ်ကြသတည်း။” (ဗျာ ရး၁၄)

“တဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင်၊ ငါတို့ဘုရားသခင်သည်စိုးစံတော်မူ၏။ ငါတို့သည်ဝမ်း မြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကိုချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား၊ သိုးသငယ်၏မင်္ဂလာ ဆောင်ပွဲကိုခံချိန်ရှိပြီ။ သူ၏ မိန်းမသည်ကိုယ်ကိုတန်ဆာဆင်ပြီဟု၊ စည်းဝေးသောသူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသောမိုးကြိုးသံကဲ့သို့ငါကြား ၏။ ထိုမိန်းမသည်စင်ကြယ်ပြောင်လက်သောပိတ်ချော ကို ဝတ်ဆင်ရသောအခွင့်ကိုရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ဖြောင့် မတ်ခြင်းဖြစ်သတည်း။”(ဗျာ ၁၉း၆-၈)