Periodical: Good News, March 2019

Home   >   Periodicals    >    gn032019

gn032019

MARCH, 2019

GOOD NEWS PERIODICAL

မာတိကာ

  • ယုံကြည်ခြင်း
  • စိတ်ချလွန်ခြင်း
  • သင်အစာစားပြီလော
  • ကျမ်းစာဖတ်ကြစို့
  • ခေတ်ကာလ
  • အမှာစာ

    ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင်အသက် ရှင်သွားလာလှုပ်ရှားကြသေးသည်။ ကမ္ဘာပေါ်၌ နေရာမြောက် များစွာတွင် ဒုက္ခ ရောက်၍၊ သေကျေ ပျက်ဆီး သူနေ့တိုင်း ကြားမြင်နေရသည်။ သဘာ၀ဘေးရန်များလည်း အလွန် များသည်။ များစွာသော သူများသည် မီးဘေး၊ ရေဘေး၊ လေဘေး၊ စစ်ဘေး၊ကြောင့် အိုးအိမ်ပျက်စီး၍ သေဆုံးသွား ကြသည်။ ဤနိုင်ငံ၌ နေ့တိုင်း ကား စီးသောကြောင့်အချိန် မရွေးကား တိုက်သေဆုံးခြင်း၊ ကိုယ်လက်အဂ်ါဒဏ်ရာရ၍ ဒုက္ခ ိတ ဖြစ်သွားနိုင် ကြသည်။ ကိုယ့်ကိုယ်ကို စောင့်ရှောက်တတ်လွန်းသောကြောင့်၊ အသက် ရှင်ကျန်းမာကြသည် မဟုတ်၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ ထို့ကြောင့် နေ့တိုင်း ဘုရားသခင်ကို ချီးမွမ်းသင့်သည်။ ဆာလံဆရာနှင့် အတူ၊ "ငါသည် အသက် ရှင်စဥ်၊ ထာ၀ရ ဘုရားကို သီချင်းဆိုမည်။ ငါဖြစ်သည် ကာလ ပတ်လုံး၊ ငါ့၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။ ၃၄ ငါဥဒါန်းကျူးခြင်း အသံသည် နှစ်သက် တော်မူ ဘွယ် ဖြစ်၍၊ ထာ၀ရ ဘုရား၌ ငါရွှင်လန်းလိမ့်မည်။ ၃၅ ပစ်မှားသော သူတို့ကို မြေကြီး မှသုတ်သင် ပယ်ရှင်း၍၊ မတရားသော သူတို့သည် နောက်တဖန် မဖြစ်ရကြ။ အိုငါ့၀ိညာဥ်ထာ၀ရ ဘုရားကို ကောင်းကြီး ပေးလော့။ ဟာလေလုယ။" (ဆာ ၁၀၄: ၃၃ - ၃၅ )

    .

    ယုံကြည်ခြင်း

    ဘုရားသခင်က လူသား များကို အရာခပ်သိမ်းကျေးဇူးတော်အားဖြင့် ပေးသည်။ ကျေးဇူးတော် ဆိုသည်မှာ သနားခြင်း၊ အခမဲ့နှင့် ပေးခြင်း ဖြစ်သည်။ ထာ၀ရအသက် ၊ အပြစ် လွှတ်ခြင်း၊ ​ဖြောင့်မတ်ခြင်း၊ စသော ၀ိညာဥ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ ကိုယ်ကာယ ပိုင်းဆိုင်ရာ ဖြစ်သော၊ အစားအသောက်၊ လေရေများ အားလုံးကို အခမဲ့ပေးထားသည်။ ထိုအရာများကို လူကယုံကြည်ခြင်းဖြင့် ယူ ရသည်။ ထိုကြောင့်သခင်ယေရှုက၊ "ယုံကြည်ခြင်း ရှိလျှင် သင်တို့ မတတ်နိုင်သော အမှု မရှိ။"ဟုဆိုသည် (မ ၁ရ: ၂၀)။ တဖန်၊ "ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေွွ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဥ်းကပ်သော သူသည်၊ ဘုရားသခင် ရှိတော်မူသည် ကို၎င်း၊ကိုယ်တော်ကို ရှာသော သူအား အကျိုးပေး တော်မူသည် ကို၎င်း၊ ယုံကြည် ရမည်။" (ဟေ ၁၁: ၆ ) ဟုဆိုသည်။ ထို့ကြောင့် ယုံကြည်ခြင်း သည် အလွန် အရေးကြီး၍၊သော့ချက် ဖြစ်သည်။ ယုံကြည်ခြင်း မရှိသော သူသည်သော့ပျောက်စေသော သူနှင့် တူသည်။
    သို့ဖြစ်လျှင် ယုံကြည်ခြင်း ရှိဘို့ရန် မည်ကဲ့သို့ လုပ်ရမည်နည်း။ ကျမ်းစာက၊ "ယုံကြည်ခြင်း သည် ကြားနာခြင်း အားဖြင့် ဖြစ်၏။ ကြားနာခြင်းသည် လည်း၊ ဘုရားသခင်၏ စကားတော် အားဖြင့် ဖြစ်၏။" (ရော ၁၀: ၁ရ) ဟုဆိုသည်။ ထို့ကြောင့် ယုံကြည် နိုင်ရန် ပဌမ ကြားရမည်။ ဘုရား အပေါ်ယုံကြည် နိုင်ဘို့ရန် ဘုရား၏ စကားတော်ကို ကြားရမည်။ ယုံကြည်ခြင်း သည် ကြားနာခြင်းအားဖြင့် ဖြစ်သောကြောင့်၊ ယုံကြည်ခြင်း အားကြီး လိုလျှင်များများ ကြားရမည်။ တခေါက်ကြားသော အရာနှင့် အခေါက်တရာကြားသော အရာသည် မတူပါ။ အခေါက်တရာကြားသော အရာသည် ပို၍ ယုံကြည် ရသည်။ သို့ဖြစ်လျှင် ဘုရား စကားကို မည်ကဲ့သို့ များများ ကြားနိုင်မည်နည်း။ တရားဟောချက်များ နားထောင် ရမည်။ ဘုရား ကျောင်း၌ တပတ်တစ်ကြိမ်တရားနာရုံဖြင့် မလုံလောက်ပါ။ ကိုယ်တိုင်နေ့တိုင်း ကျမ်းစာ ဖတ်ဘို့ လိုသည်။ ကျမ်းစာက၊ "ဗေရိမြို့သား တို့သည် သက်သာလောနိတ်မြို့သား တို့ထက် ထူးမြတ် သဖြင့်၊ အလွန် ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်း ငှာ၊ ကျမ်းစာကို နေ့တိုင်း အစဥ်စေ့စေ့ကြည့်ရှုကြ၏။" (တမန် ၁ရ: ၁၁ ) ဟု ရေးထားသည်။ ယနေ့ ယုံကြည်သူ များသည် ကျမ်းစာ မဖတ်ကြသောကြောင့် ယုံကြည်ခြင်း မရှိခြင်းသည် အံ့ဩစရာ မဟုတ်ချေ။ ကျမ်းစာ ဖတ် သောအခါ ဦးနှောက်ကသိ၍၊ စိတ်နှလုံးထဲသို့ သွင်းရမည်။ စိတ်နှလုံးရောက်မှသာလျှင် ယုံကြည် နိုင်သည်။ သို့ဖြစ်လျှင် မည်ကဲ့သို့ စိတ်နှလုံးထဲသို့ သွင်းရမည်နည်း။ ကျမ်းစာက၊ "ထာ၀ရ ဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဥ့်မပြတ် ဆင်ခြင်အောက်မေ့သော သူသည် မဂ်လာရှိ၏၊၊" (ဆာလံ ၁: ၂ ) ဟုဆိုသည်။ ထို့ကြောင့် အခြားသော အရာများကို ဆင်ခြင်ခြင်းထက် တရားတော်ကို နေ့ညဥ့်မပြတ် ဆင်ခြင်လျှင်၊ ယုံကြည်ခြင်း တိုးပွားနိုင်သည်။
    ကျမ်းစာ ဖတ်ခြင်း၊ ဆင်ခြင်ခြင်းအားဖြင့် ယုံကြည်ခြင်း တိုးပွားနိုင်ကြောင်း သိပြီ။ သို့သော်ကျမ်းစာ မဖတ်ချင်၊ ဖတ် သောအခါ အိပ်ငိုက်သွားတတ်သည်၊ မည်ကဲ့သို့ ဖတ်နိုင်မည်နည်း။ အချက်များစွာ ရှိသည်။ ကျမ်းစာ ဖတ်ချိန်သတ်မှတ်လျှင် ကောင်းသည်။ ထမင်းစားချိန်သတ်မှတ် သောအခါ၊အချိန် တန်လာလျှင် ထမင်းဆာတတ် သကဲ့သို့၊ ကျမ်းစာ ဖတ်ချိန်သတ်မှတ်လျှင် ဆာငတ်လာလိမ့်မည်။ ကျမ်းစာ မဖတ်ချင်ခြင်း သည် ကျမ်းစာ၏ တာဘိုး မသိသောကြောင့်လည်း ဖြစ်သည်။ အောင်မြင်ခြင်း၊ တိုးတက်ခြင်း၊ ကောင်းကြီး မဂ်လာ အပေါင်းသည်၊ တရားတော်၌ ရှိကြောင်း သိလျှင်၊ ဘတ်ချင် လာမှာ ဖြစ်သည်။ ကျမ်းစာက၊ "ထိုသူ (ကျမ်းစာ ဆင်ခြင်အောက်မေ့သော သူ) သည် မြစ်နားမှာ စိုက်လျက် မိမိအချိန် တန်မှ အသီးကို သီး၍ အရွက်မညှိနွမ်းတတ်သော အပင်နှင့် တူ၏၊၊ ပြုလေသမျှ တို့၌ အောင် လိမ့်သတည်း၊၊" (ဆာလံ ၁: ၃ ) ဟုဆိုထားသည် မဟုတ်လော။ သင်သည် ကျမ်းစာ ဖတ်၍ နေ့ညဥ့်မပြတ် ဆင်ခြင်အောက်မေ့လျှင်၊ မြစ်နားမှာစိုက်လျက် မိမိအချိန် တန်မှ အသီးကို သီး၍ အရွက်မညှိနွမ်းတတ်သော အပင်နှင့် တူမည်။ ပြုလေသမျှ၌ အောင်မြင် မည်ဟုဆိုသည်။ ပြုလေသမျှ၌ အောင်မြင် ချင်လျှင် အခြားလမ်းမရှိပါ၊ ကျမ်းစာကို ဆင်ခြင်အောက်မေ့ဘို့ ဖြစ်သည်။
    ကျမ်းစာ မဖတ်ချင်ခြင်း၏ အဓိကအကြောင်း တခုမှာ၊ နားမလည်ခြင်း ဖြစ်သည်။ မှန်ပါသည်၊ ကျမ်းစာကို ဖတ်ဖတ်ခြင်း လူရေးထားသော အခြားစာအုပ်များ ကဲ့သို့ နားမလည် နိုင်ပါ။ ကြာကြာဖတ်မှနားလည်နိုင်သည်။ သန့်ရှင်းသော ၀ိညာဥ်တော် ကဖေါ် ပြမှလည်း နားလည်နိုင်သည်။ ထို့ကြောင့် ကျမ်းဖတ် သောအခါ၊ သန့်ရှင်းသော ၀ိညာဥ်တော်က ဖေါ်ပြဘို့ရန် ဆုတောင်း ရသည်။ ထို့အပြင်ကျမ်းစာ ဖတ် သောအခါ နားလည်လွယ်သော စာအုပ်များ မှစဖတ်ရသည်။ ၀တ္ထ္ဂုဖတ်တတ် သူများ အတွက်၊ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ ယောရှုမှတ်စာ၊ ဓမ္မရာဇ၀င်များ၊ ဒံယေလများ ဖတ်သင့်သည်။ ဓမ္မသစ်၌ ယောဟန် ခရစ်၀င်ကျမ်း၊နှင့် ပေါလုရေးထားသော ဩ၀ါဒစာများ ဖတ်ခြင်း ဖြင့် သိရလွယ်သည်။ မည်သို့ ပင် ဖြစ်စေ၊ စိတ်ဓါတ်မကျဘဲ မှန်မှန်ဖတ်ခြင်း ဖြင့် နောက်ပိုင်း၌ နားလည်လာလိမ့်မည်။ နောက်ပိုင်း၌ အကျင့် ဖြစ်၍ ဖတ်ချင် လာ သောအခါ၊ ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ အစဥ်အတိုင်း တနေ့တခန်းနှစ်ခန်းဖတ်သင့်သည်။ သို့မှသာ ဘုရား၏ အလိုတော်ကို နားလည်နိုင်လိမ့်မည်။ များသောအားဖြင့် ဆာလံကျမ်း၊ သု တ္တံကျမ်းများ၊ကိုယ်အား ရသော အပိုင်းများကို သာထပ်ခါတလဲလဲဖတ်တတ် ကြသည်။ ထိုသူများသည် ကျမ်းစာ တအုပ်လုံးမဖတ် သောအခါ ဘုရား၏ အလိုတော်ကို သိသင့်သလောက် မသိဘဲ တပိုင်းတစသာလျှင် သိပြီး ငြေးငွေ့လာနိုင်သည်။
    ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ရွှေထက် တန်ဘိုး ကြီး၍ ပျားလပို့ထက် ချိုကြောင်း ဆာလံဆရာကဤသို့ ရေးထားသည်၊ "ထာ၀ရ ဘုရား၏ စီရင် တော်မူ ချက်တို့သည် သစ္စာ တရားနှင့် ညီ၍ တညီတညွတ်တည်း ​ဖြောင့်မတ်ကြ၏၊၊ ရွှေထက် မကများစွာသော ရွှေစင်ထက် နှစ်သက်ဘွယ် ဖြစ်၍ ပျားရည်ထက် မကပျားလပို့ထက် ချိုကြ၏။" (ဆာ ၁၉: ၉ - ၁၀)။

    .

    စိတ်ချလွန်ခြင်း

    "တရံရောအခါ ဗေလရှာဇာမင်းကြီးသည် မှူးမတ်တထောင်ကို ခေါ်ပြီးလျှင် ကြီးစွာသော ပွဲကို လုပ်၍၊ မှူးမတ်တ ထောင်နှင့် တကွ စပျစ်ရည်ကို သောက် တော်မူ၏။ ၂ စပျစ်ရည်ကို မြည်းစမ်း သောအခါ၊ ယေရုရှလင် မြို့ဗိမာန်တော် ထဲက ခမည်းတော် နေဗုခဒ်နဇောသိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလားတို့နှင့်ကိုယ်တော်တိုင်
    မှစ၍ မင်းသား၊ မိဖုရား၊ မောင်မမိဿံ တို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူခဲ့ရမည်ဟု အမိန့်တော် ရှိသည် အတိုင်း၊ ၃ ယေရုရှလင် မြို့၌ ရှိသော ဘုရားသခင်၏ ဗိမာန်တော် တိုက်ထဲကသိမ်းယူဆောင်ခဲ့သော ရွှေဖလား တို့ကို ယူခဲ့၍၊ မင်းကြီး၊ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ၏။ ၄ စပျစ်ရည်ကို သောက်၍၊ ရွှေဘုရား၊ ငွေဘုရား၊ ​ကြေး၀ါဘုရား၊ သံဘုရား၊ သစ်သား ဘုရား၊ ကျောက်ဘုရား တို့ကို ချီးမွမ်းကြ၏။ ၅ ထိုအချိန် နာရီတွင် လူ၏ လက်ဖျားသည် ပေါ်လာ၍ မီးခုံအထက်၊ နန်းတော် အုပ်ထရံ အဂ်တေ၌ အက္ခရာ တင်၍ ရေးထား၏။ ထိုသို့ ရေးသော လက်ဖျားကို ရှင်ဘုရင်မြင် တော်မူ လျှင်၊ ၆ မျက်နှာတော် ညှိုးငယ်၍ စိတ် ပူပန်ခြင်းသို့ ရောက်သဖြင့်၊ ခါးဆစ်ပြုတ်မတတ် ဖြစ်၍ ဒူးခြင်း ထိခိုက်သည် ရှိသော်၊ ၇ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိ ဆရာ တို့ကို ခေါ်ချေဟု ဟစ်ကြော်ပြီး လျှင်၊ ထိုစာကို ဘတ်၍ အနက်ကို ဘော်ပြ နိုင်သော သူသည် အ၀တ်နီကို ၀တ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယမင်း ဖြစ်စေဟု ဗာဗုလုန်ပညာရှိတို့အား အမိန့်တော် ရှိ၍၊ ၈ ပညာရှိဆရာတော် အပေါင်းတို့သည် လာရောက်ကြသော်လည်း၊ ထိုိစာကို မဘတ်နိုင်ကြ။ အနက်အဓိပ္ပါယ်ကို ရှင်ဘုရင်အား မဟော မပြောနိုင်သောကြောင့်၊ ၉ ဗေလရှာဇာမင်းကြီးသည် အလွန် စိတ်ပူပန်ခြင်း၊ မျက်နှာတော် ညှိုး ငယ်ချင်းရှိ၍၊ မှူးတော် မတ်တော် တို့သည် မှိုင် လျက် နေကြ၏။
    ၁၀ထိုအခါ မယ်တော် မိဖုရားသည် ရှင်ဘုရင်၏ စကား၊ မှူးမတ်တို့၏ စကားကို ကြားသိလျှင်၊ ပွဲတော်သို့ ၀င်၍၊ အရှင် မင်းကြီး၊ အသက်တော် အစဥ်အမြဲ ရှင်ပါစေ။ စိတ်တော် ပူပန်ခြင်း မရှိပါနှင့်။ မျက်နှာညှိုးငယ်တော် မမူပါနှင့်။ ၁၁ သန့်ရှင်းသော ဘုရားသခင်၏ ၀ိညာဥ်တော်နှင့် ပြည့်စုံသောသူ တယောက်သည် နိုင်ငံတော်တွင် ရှိပါ၏။ ခမည်းတော် ဘုရား လက်ထက်တော်၌၊ ထိုသူတွင် ဘုရား ပညာနှင့် တူသော ပညာဥာဏ်သတ္တိထင်ရှားလျက် ရှိပါ၏။ ထိုသူကို ခမည်းတော် ဘုရား နေဗုခဒ်နေ ဇာမင်းကြီးသည် မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့ အပေါ်တွင် ဆရာအုပ်အရာ၌ ခန့်ထား တော်မူ၏။ ၁၂ အကြောင်းမူကား၊ အိပ်မက်အနက်ကို ဘတ်ခြင်း၊ နက်နဲ ခက်ခဲသော အရာကို ဖွင့်ပြခြင်း၊ ပုစ္ဆာအမေးကို ​ဖြေခြင်းငှါ တတ်စွမ်း နိုင်သော ဥာဏ်ပညာနှင့် တကွ၊ ထူးဆန်းသော စိတ်၀ိညာဥ်သည် ဒံယေလအမည်ရှိသော ထိုသူတွင် ထင်ရှားလျက် ရှိပါ၏။ ဗေလတရှာဇာဟူသော ဘွဲ့နာမကိုလည်း ရှင်ဘုရင်ပေး သနား တော်မူ၏။ ထိုဒံယေလကို ခေါ် တော်မူ လျှင်၊ အနက်ကို ဟောပြော ပါလိမ့်မည်ဟု လျှောက်သော်၊ ၁၃ ဒံယေလကို အထံတော်သို့ ခေါ်သွင်းလေ၏။ ရှင်ဘုရင်က၊ ငါ့ခမည်းတော် ဘုရားသည် ယုဒပြည် ကသိမ်းယူ တော်မူ ခဲ့၍၊ ယုဒလူစု၌ ပါသော ဒံယေလမှန်သလော။ ၁၄ သင်သည် ဘုရားသခင်၏ ၀ိညာဥ်နှင့်၎င်း၊ ထူးဆန်းသော ပညာဥာဏ်သတ္တိနှင့်၎င်း၊ ပြည့်စုံသည်ဟု သင်၏ သိတင်းကို ငါကြား၏။ ၁၅ ထိုစာကို ဘတ်၍ အနက်ကို ငါ့အား ဘော်ပြစေခြင်းငှါ ဗေဒင်တတ် ပညာရှိတို့ကို ငါ့ထံသို့ သွင်းသော်လည်း၊ သူတို့သည် အနက်ကို မဘော်မပြနိုင်ကြ။ ၁၆ သင်သည် အနက်များကို ဘော်ပြ၍ ပုစ္ဆာအမေးတို့ကို ​ဖြေနိုင်သည်ဟု ငါကြားပြီးသည် အတိုင်း၊ ထိုစာကို ဘတ်၍ အနက်ကို ငါ့အား ဘော်ပြ နိုင်လျှင်၊ အ၀တ်နီကို ၀တ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယမင်း ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
    ၁၇ဒံယေလကလည်း၊ ဆုတော် လပ်တော်ကို ကိုယ်တော်၌ ရှိစေ တော်မူပါ။ ပေးလိုသော အရာများကို အခြားသူအား ပေးသနား တော်မူပါ။ သို့သော်လည်း၊ ရှေ့တော်၌ ထိုစာကို ဘတ်၍ အနက်ကို ဘော်ပြပါမည်။ ၁၈ အရှင်မင်းကြီး၊ အမြင့််ဆုံးသော ဘုရားသခင်သည် ခမည်းတော် နေဗုခဒ်နဇောမင်းကြီး၌ နိုင်ငံတော်နှင့် တကွ ရွှေဘုန်းတော် မြတ်၊ ဂုဏ်အသရေကို ပေးသနား တော်မူ၏။ ၁၉ ပေးသနား တော်မူသော ထိုရွှေဘုန်းတော် မြတ်ကြောင့်၊ အရပ်ရပ်တို့၌ နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့သည် ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက် နေကြ၏။ သတ်လိုသော သူတို့ကို သတ် တော်မူ၏။ အသက် ရှင်စေလိုသော သူတို့ကို ရှင်စေ တော်မူ၏။ ချီးမြှောက်လိုသော သူတို့ကို ချီးမြှောက် တော်မူ၏။ နှိမ့်ချလိုသော သူတို့ကို နှိမ့်ချ တော်မူ၏။ ၂၀မာန်မာနစိတ်နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ၊ ဘုန်းတန်ခိုးကွယ်ပျောက်၍ နန်းတော် မှကျ၏။ ၂၁ လူသား စုထဲက နှင်ထုတ်ခြင်းကို ခံ၍ တိရစ္ဆာန် သဘောနှင့် ပြည့်စုံ၏။ အမြင့််ဆုံးသော ဘုရားသခင်သည်လောကီနိုင်ငံကို အုပ်စိုး၍၊ အလိုတော် ရှိသောသူ တို့အား အပ် တော်မူသည်ကို မသိမမှတ်မှီတိုင်အောင်၊ မြည်းရိုင်းတို့နှင့် ပေါင်းဘော်လျက်၊ နွားကဲ့သို့ မြက်ကို စားလျက်၊ မိုဃ်းစွတ်ခြင်းကို ခံ၍ နေရ၏။
    ၂၂ အရှင်သားတော် ဗေလရှာဇာ၊ ကိုယ်တော်သည် ထိုအမှု အလုံးစုံတို့ကို သိသော်လည်း၊ စိတ်နှလုံးကို မနှိမ့်ချဘဲ၊ ၂၃ ကောင်းကင် ဘုံ၏ အရှင်ကို ဆန့်ကျင် ဘက်ပြု၍၊ ဗိမာန်တော်၏ ဖလားတို့ကို ရှေ့တော်သို့ ယူခဲ့စေ၍၊ ကိုယ်တော်တိုင် မှစသော မှူးတော် မတ်တော်၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် စပျစ်ရည်ကို သောက်ကြပြီတကား။ မျက်စိမမြင်၊ နားမ ကြား၊ အဘယ်အရာကို မျှ မသိသော ငွေဘုရား၊ ရွှေဘုရား၊ ​ကြေး၀ါဘုရား၊ သံဘုရား၊ သစ်သား ဘုရား၊ ကျောက်ဘုရား တို့ကို ချီးမွမ်း၍၊ ကိုယ်တော်၏ အသက် သခင်တည်း ဟူသောကိုယ်တော်၏ အမှု အလုံးစုံတို့ကို စီရင်ပိုင် တော်မူသော ဘုရားသခင်ကို မချီးမွမ်းဘဲ နေပါပြီတကား။ ၂၄ ထိုကြောင့်၊ လက်ဖျားကို စေလွှတ်၍ ထိုစာကို ရေးစေ တော်မူ၏။ ၂၅ စာချက်ဟူမူကား၊ မေနေမေနေ၊ တေကလ၊ ဖေရက်ဟု အက္ခရာတင်လျက် ရှိ၏။ ၂၆ မေနေ၏ အနက် အဓိပ္ပါယ်ကား၊ ကိုယ်တော်၏ နိုင်ငံကို ဘုရားသခင် ရေတွက်၍ ဆုံးစေ တော်မူ၏။ ၂၇တေကလ၏ အနက်အဓိပ္ပါယ်ကား၊ကိုယ်တော်ကို ချိန်ခွင့်နှင့် ချိန်၍ လျော့ကြောင်းကို တွေ့မြင် တော်မူ၏။ ၂၈ ဖေရက်၏ အနက်အဓိပ္ပါယ်ကား၊ နိုင်ငံတော်ကို ခွဲဝေ၍ မေဒိလူ၊ ပေရသိလူတို့အား အပ်ပေး တော်မူ၏ဟုဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြားလျှောက်ထား၏။ ၂၉ ထိုအခါ ဗေလရှာဇာမင်းကြီး မိန့်တော်မူသည် အတိုင်း၊ ဒံယေလကို အ၀တ်နီ၀တ်ဆင်စေ၍ လည်ပင်း၌ ရွှေစလွယ်ဆွဲပြီးမှ နိုင်ငံတော်တွင် တတိယမင်း ဖြစ်သည်ဟု မြို့ကို လည်၍ ဟစ်ကြော်ကြ၏။ ၃၀ထိုညဥ့်၌ ပင်ခါလဒဲရှင်ဘုရင်ဗေလရှာဇာမင်းသည် အသက် ဆုံး၍၊ ၃၁ မေဒိအမျိုး ဒါရိမင်းသည် အသက် ​ခြောက်ဆယ်နှစ်နှစ်တွင် နိုင်ငံတော်ကို သိမ်းယူ တော်မူ၏။" (ဒံ ၅: ၁ - ၃၀)
    ဗေလရှာဇာမင်းသည် အဘယ်ကြောင့်အသတ်ခံရသနည်း။ သူသည် ရန် သူများ ကဗာဗုလုန်မြို့ကို ဝိုင်းထားပြီ ဖြစ်သော် လည်း၊ ဗာဗုလုန်မြို့ရိုးကို စိတ်ချသောကြောင့် ရန် သူများ မ၀င်နိုင်ဘူးဟု ယူဆဟန်ရှိသည်။ ရန် သူများသည် မြို့ဝိုင်းထားသောကြောင့် သာပွဲလုပ်သော ည၊ ဒံယေလကနံရံတွင် လက်နှင့် ရေးသော စာကို အနက်ပြန်သော ည၌ အသတ်ခံရခြင်း ဖြစ်သည်။ သူသည် ရန် သူများကို တိုက်မည့် အစား၊ ပွဲလုပ်ခြင်းသည် မိုက်မဲခြင်း၊ စိတ်ချလွန်ခြင်း၊ ပေါ့ဆခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အသက် ဆုံးရသည်။ ယနေ့ ခရစ်ယာန်များလည်း၊ ဘေးဒဏ်ကြီး ကာလ အလွန် နီးပြီ ဖြစ်သော်လည်း၊ ယခုတိုင်အောင် အေးအေး ဆေးဆေး ဖြစ်နေကြသေးသည်။ ဘေးဒဏ်ကြီး ကာလမှ လွတ်မြောက်မည့် လမ်းကို မရှာဘဲ၊ မိမိ ဆန္ဒအတိုင်း ကျင့်ကြံ ပြုလုပ် နေကြဆဲ ဖြစ်သည်။ ထို့ကြောင့် ဗေလရှာဇာမင်းကဲ့သို့ အငိုက်မိကြမှာသေချာနေသည်။ ခရစ်တော် ကမ ပြင်ဆင်၊ ဂရုမစိုက်သော သူများထံ၊ "သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ ၄၃ သူခိုးလာမည်အချိန် နာရီကို အိမ်ရှင်သိရလျှင်၊ မိမိ အိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကို သင်တို့ သိကြ၏။ ၄၄ ထိုကြောင့်သင်တို့သည် ပြင်ဆင် လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သောအချိန် နာရီ၌ လူသားသည် ကြွလာလိမ့်မည်။" (မ ၂၄: ၄၂ - ၄၄ ) ဟု သတိပေးခဲ့သည်။ တဖန်၊ "သင်သည် ခံယူ၍ နားထောင် ပြီးသည် အရာကို အောက်မေ့၍ စောင့်ရှောက်လော့။ နောင်တ ရလော့။ စောင့်၍ မနေလျှင်၊ သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန် နာရီ ကိုလည်း သင် မသိရ။" (ဗျာ ၃: ၃ ) ဟု သတိပေး ထားသည်။ ရှင်ပေါလုကလည်း၊ "သူခိုးသည် ညဥ့်အခါ လာ သကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင် တို့သည် သေချာစွာ သိကြ၏။ ၃ ငြိမ်၀ပ်ခြင်း၊ ဘေးအန္တရာယ်နှင့် ကင်းခြင်းဟုဆိုစဥ်တွင်၊ ကိုယ်၀န်ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်း ရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။" ( ၁ သက် ၅: ၂ - ၃ )။ ပေါလုကသက်သာလောနိတ် အသင်းသားများထံဤသို့ ရေးထားသည်၊ "ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည် မဟုတ်။ ၅ သင်တို့ အပေါင်းသည် အလင်း၏ သား၊ နေ့၏သား ဖြစ်ကြ၏။ ညဥ့်၏ သား၊ မှောင်မိုက်၏သား မဟုတ်။ ၆သို့ဖြစ်၍၊ အခြားသော သူတို့သည်
    အိပ်ပျော် သကဲ့သို့၊ ငါတို့သည် အိပ်မ ပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။ ၇အကြောင်း မူကား၊ အိပ်ပျော်သော သူတို့သည် ညဥ့်အခါ အိပ်ပျော် တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့ သည်လည်း ညဥ့်အခါ ယစ်မူးတတ်ကြ၏။ ၈ နေ့၏သား ဖြစ်သော ငါတို့ မူကား၊ သမ္မာသတိရှိကြကုန်အံ့။" ( ၁ သက် ၅: ၄ - ၈ ) ဟု ရေးထား သကဲ့သို့ ဤစာဖတ်သူတိုင်းလည်း အိပ်မပျော်ဘဲ၊ သခင်ဘုရား ကြွလာမည့်အချိန်ကို စောင့်ကြကုန်အံ့။

    .

    သင်အစာစားပြီလော

    လူတိုင်း၏ အသက်တာတွင်ကိုယ်ခန္ဓာအစားအစာသည်၊ အဓိကအခန်းကဏ္ဍမှပါ၀င်သည်။ ဗိုက်ဆာနေလျှင် စိတ်ဆိုး ကြသည်။ အစားသောက်မပါလျှင် ပွဲလည်း မပါ၀င်ချင် ကြချေ။ အလုပ်လုပ်ခြင်း၏ အဓိကရည်ရွယ်ချက်လည်း၊ အစားအစာ၀ယ်စားနိုင် ဘို့ရန် ဖြစ်သည်။ လူသည် မစားမသောက်ဘဲ ကြာကြာနေ၍ မရပါ။ တရက်နှစ်ရက်မှ တပတ်နှစ်ပတ်လောက်သာနေနိုင် ကြသည်။ ထိုသို့ ကြာကြာအစာမစားလျှင် မသေလျှင်လည်းအား မရှိတော့ပါ။ ထို့ကြောင့် အစားအသောက်သည် အရေးကြီးသည်။ လူ၌ အစားအသောက်သည် အရေးကြီး ကြောင်းကို၊ ဖန်ဆင်းရှင် ဘုရားသခင်က ကောင်းကောင်းသိပါသည်။ သို့သော်အစာထက် သူ၏ အလိုတော် ဆောင်ခြင်းသည် သာ၍ အရေးကြီး ကြောင်း၊ "တပည့်တော် တို့က၊ အရှင်ဘုရား၊ အစာကို သုံးဆောင် တော်မူ ပါဟု တောင်း ပန်ကြလျှင်၊ သင်တို့ မသိသော စားစရာသည် ငါ၌ ရှိသည်ဟု မိန့်တော်မူ၏။ ထိုကြောင့် တပည့်တော် တို့က၊ တစုံတယောက်သော သူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်းမေးမြန်းကြလျှင်၊ ယေရှုက၊ ငါ့ကို စေလွှတ် တော်မူသော သူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကိုပြီး စီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။" (ယော ၄: ၃၁ - ၃၄ ) ဟုဆိုခဲ့သည်။
    ခရစ်တော် အတွက်ကိုယ်ခန္ဓာအစာစားသည် ထက်၊ သူ့ကို စေလွှတ် တော်မူသော ခမည်းတော်၏ အလိုတော် ဆောင်ခြင်းသည်၊ သာ၍ အရေးကြီးကြောင်း တွေ့မြင်ရသည်။ သူ့ကို စေလွှတ် တော်မူသော သူ၏ အလိုတော်သည် အဘယ်အရာကို ဆိုလိုသနည်း။ ယေရှု ကရှမာရိအမျိုးသမီးကို သက်သေ ခံသည်။ သူ့ကိုယ်သူမေရှိ ဖြစ်ကြောင်းကို ဖေါ်ပြသည်။ ထိုအမျိုးသမီးသည် သူ့ကို ယုံ ကြည်သွားသောကြောင့် ရေခပ်ဘို့ လာသော်လည်း၊ ရေအိုးကို ထားခဲ့၍ သူ၏ မြို့သူမြို့သား များကို ယေရှု ထံသို့ လာဘို့ရန် ခေါ်ဘိတ်သည်။ ထိုအမျိုးသမီးယုံကြည် လာဘို့ရန် သက်သေ ခံခြင်းသည် သူ၏ စားစရာ ဖြစ်သည်။ ယေရှုသည် အလွန် ၀မ်းမြောက်သောကြောင့် အစာပင်မစားတော့ဘဲ ထိုသို့ ပြောခြင်း ဖြစ်သည်။ ယနေ့ ယုံကြည်သူ များသည်၊ ကယ်တင်ရှင်ဘုရား စေခိုင်းသော အရာထက် မိမိတို့ အလိုဆန္ဒ ပြုလုပ် ဘို့သည် အဓိက ဖြစ်နေကြသည်ကို ၀မ်းနည်းဘွယ် ဖြစ်သည်။ သခင်ယေရှုက၊ "သင်တို့ သွား၍ လူမျိုး တကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊သား တော်၊ သန့်ရှင်းသော ၀ိညာဥ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ၂၀ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော် တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမဩ၀ါဒပေးကြလော့။။" (မ ၂၈: ၁၉ - ၂၀) "သင်တို့ အပေါ်သို့ သန့်ရှင်းသော ၀ိညာဥ်တော် ဆင်းသက်သေ ာ အခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင် မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီး စွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်။" (တမန် ၁: ၈ ) ဟု မိန့်တော်မူသော်လည်း၊ ယုံကြည်သူ များသည် ထိုအလိုတော်၊ အမိန့်တော်ကို လုံး၀မလုပ်လိုကြ၊ ငြင်းဆန် နေကြခြင်းသည် အလွန် ၀မ်းနည်းစရာ ဖြစ်သည်။ ခရစ်တော် ပင်လျှင် သူ့ခမည်းတော်၏ အလိုတော် ဆောင်ခြင်းကို အဓိကထားလျှင်၊ ယုံကြည်သူများအဘယ်ကြောင့်သခင်ဘုရား၏ အလိုတော်ကို မဆောင်ချင် ကြသနည်း။ သခင်ယေရှု ကခမည်းတော် ခိုင်းသော အမှု ဆောင်ရွက်ခြင်းသည်၊ သူ၏ စားစရာ ဖြစ်သည်ဟုဆိုသည်။ သင်သည် ဘုရား၏ အလိုတော် ဆောင်ပြီး ပြီလော။ အစာစားပြီး ပြီလော။
    ယေရှုသည်ကိုယ်ခန္ဓအားဖြင့် နေခဲ့စဥ်တွင် ခန္ဓာအစာစားဘို့ လိုသည်။ သူ သည်လည်း ဆာမွတ်တတ်သည် (မာ ၁၁: ၁၂ )။ အမှုတော် စတင်ဆောင်ရွက်တော့မည့် အချိန််တွင် ရက်ပေါင်းလေးဆယ်အစာရှောင်ပြီး နောက်၊ စာတန် ကကျောက်ခဲကို မုန့်လုပ်ပြီး စားခိုင်းသည်။ ထိုအခါ၊ "ယေရှု ကလည်း၊ လူသည် မုန့်အားဖြင့် သာအသက်ကို မွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကို မွေးရမည် ကျမ်းစာ
    လာသည်ဟု ပြန်ပြော တော်မူ၏။" (မ ၄: ၄၊ တရားဟော ၈: ၃ )။ အဘယ်ကြောင့်ယေရှုသည် အစာရှောင်သနည်း။ အစာထက် ဘုရား၏ အမိန့်တော် အရေးကြီးကြောင်း ဖေါ်ပြလိုသောကြောင့် ဖြစ်မည်။ ယုံကြည်သူများအား ပုံသက်သေ ပြခြင်းလည်း ဖြစ်မည်။ သူသည် အလွန် စာမွတ်သော အချိန်တွင် အစာထက် ဘုရား၏ အမိန့်တော်ကို အရေးထားသည်။ ကွျန်ုပ်တို့လည်း အစာထက် ဘုရား၏ အမိန့်တော်ကို အလေးထားရမည်။
    ဓမ္မဟောင်းခေတ်၌လည်း ဘုရားသခင်က၊ ပရောဖက် ဟေရှာယအားဖြင့် ဤသို့ ဆိုခဲ့သည်၊ "အိုရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသော သူတို့၊ လာကြ၊၊ ၀ယ်၍ စားသောက် ကြလော့၊၊ ငွေမ ပါဘဲ အဘိုးကို မပေးဘဲ လာ၍ စပျစ်ရေနှင့် နို့ကို ၀ယ်ကြလော့။ အစာ မဟုတ်သော အရာဘိုု့သင်တို့ ငွေကို၎င်း၊ အမွတ် မပြေနိုင်သော အရာအဘို့ သင်တို့ ဥစ္စာကို၎င်း၊ အဘယ်ကြောင့်ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့ နားထောင် လျက်၊ ကောင်းသော အစာကို စားကြလော့။ သင်တို့၏ ၀ိညာဥ်သည် ချိုသော အရာတို့၌ မိမိကို မိမိ မွေ့လျော်စေလိမ့်မည်။ နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင် ကြလော့။သို့ ပြုလျင်သင်တို့၏ ၀ိညာဥ်သည် အသက် ရှင်ရလိမ့်မည်။ ငါသည် လည်း၊ သင်တို့နှင့် ထာ၀ရ ပဋ္ဋိညာဥ်ပြု၍၊ ဒါ၀ိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ပေးမည်။" (ဟေရှာယ ၅၅: ၁ - ၃ )
    အထက်ပါ ကျမ်းပိုဒ်အရဘုရား ကအစာနှင့် ရေကို ပြောသည် တွင်၊ကိုယ်ခန္ဓာအစာထက် ၀ိညာဥ်အစာကို ပြောကြောင်း ထင်ရှားသည်။ ကိုယ်ခန္ဓာအစာသည် မည်မျှပင် စားသော်လည်း၊ မ၀နိုင်ချေ။ ရေလည်း အငတ် မပြေနိုင်ချေ။ သို့သော်၀ိညာဥ်အစာ စားပြီး ၀ိညာဥ်ရေသောက်သော သူတို့သည်၊အား ရကျေနပ်၍ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက် ရှင်ရကျိုးနပ်စေသည်။ သို့သော်၀ိညာဥ်မျက်စိကန်း၊ နားလေး၊ သေနေသော သူများ အနေဖြင့်၊ ထိုအရာကို နားမလည် နိုင်ချေ။ ထို့ကြောင့် သင်၏ ၀ိညာဥ်မျက် စိမြင်၍၊ ၀ိညာဥ်နားကြားနိုင်ဘို့ ဘုရား ထံစိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းပါ။ ရေငတ်သော သူကို ဘုရားသခင်က ပေးဘို့ရန် အဆင်သင့်ရှိနေပါသည်။

    .

    ကျမ်းစာဖတ်ကြစို့

    ယော ၁၉
    ၁။ ထိုအခါ ပိလတ်မင်းသည် ယေရှုကို ယူ၍ ရိုက်ပြီးမှ၊ ၂ စစ်သူရဲတို့သည် ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌ တင်၍၊ နီမောင်းသော ၀တ်လုံနှင့် ခြုံစေပြီး လျှင်၊ ၃ ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မဂ်လာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။ ယေရှုသည် သူကိုယ်တိုင်အတွက် မဟုတ်ဘဲ၊ လူသား အားလုံးကိုယ်စားအရိုက်ခံရမည်ကို ဟေရှာယကဤသို့ ရေးသား ခဲ့ပြီ၊ "ထိုသူသည် ငါတို့ လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏၊၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည်၊ သူ့ အပေါ်သို့ ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏၊၊" (ဟေရှာယ ၅၃: ၅ )။
    ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သော်လည်း၊ ဣသရေလ လူများ၏ ဆန္ဒကို မလွန်ဆန်နိုင်သောကြောင့် သတ်မိန့်ကို ပေးလိုက်ခြင်း ဖြစ်သည်။ ဆူးပင်နှင့် ရက်သော ဦးရစ်ဆောင်းစေခြင်းနှင့် နီမောင်းသော ၀တ်လုံကို ခြံုစေခြင်းသည်၊ ရှင်ဘုရင် ဖြစ်သည်ဟုဆိုသောကြောင့် သရော်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် မဟုတ်မမှန်စွပ်စွဲခံရ၍ ထိုကဲ့သို့ သရော်ခြင်းသည် အလွန် ခံရခက်ပေလိမ့်မည်။ သို့သော်သူသည် တိတ်ဆိတ်စွာဖြင့် ခံနေသည်။ လူသားများမူမတရားခံရလျှင်၊ ပြန်၍ တိုက် ခိုက်တတ် ကြသည်။ ဤလောကသည် စာတန် အုပ်စိုးသောကြောင့်၊ တရားမျှတမှု ရှိမည် မဟုတ်။
    ၄။ ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကို မျှ ငါမတွေ့ကြောင်းကို သင်တို့ သိစေခြင်းငှါ၊ သူ့ကို သင်တို့ ရှိရာသို့ ငါထုတ်ပြသည်ဟုဆို၏။ ၅ ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီမောင်းသော ၀တ်လုံကို ၀တ်လျက် ပြင်သို့ ထွက်ကြွ တော်မူ၏။ ပိလတ်မင်း ကလည်း၊ သူ့ကို ကြည့်ကြလော့ဟုဆို၏။
    ပိလတ်မင်းကသခင်ယေရှု၌ အဘယ်အပြစ် မျှမတွေ့ချေ။ သို့သော်ဘုရားကိုး ကွယ်၍၊ မေရှိကို မျှော်လင့်သော ဣသရေလ လူများ အတွက် အသေသတ်ခံသင့်သည် အထိ အပြစ် မြင် ကြသည်။ ထို့နည်းတူ ခရစ်တော် နောက်လိုက်သော သူတို့ကို လည်း၊ သာ သနာပလူများ မက၊ နာမည်ခံ ခရစ်ယာန် များ၏ အပြစ် တင်ခြင်းကို ခံရမည်ကို ကြိုတင် သိထားဘို့ လိုသည်။
    ၆။ ယဇ်ပုရောဟိတ် အကြီး တို့နှင့် လုလင်များ တို့က ထိုသူကို လက်၀ါး ကပ် တိုင်မှာရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းက၊ သင်တို့သည် သူ့ကို ယူ၍ လက်၀ါးကပ်တိုင်မှာ ရိုက်ထားကြ။ ငါသည် သူ၌ အပြစ်ကို မတွေ့ဟုဆိုလျှင်၊ ရယုဒ လူတို့က၊ ဤသူသည် ဘုရားသခင်၏ သားတော် ဖြစ်ယောင် ဆောင် သောကြောင့် အ​ကျွန်ုပ်တို့၌ ရှိသာ ဓမ္မသတ်အတိုင်း သေ ထိုက်ပါသည်ဟု လျှောက်ကြ၏။
    ပိလတ်မင်းကသူသည် ယေရှု အပြစ်ကို မတွေ့ဟု သေချာအောင် နောက်ဆုံး ပြောဆို ပြန်သည်။ သို့သော် ဣသရေလ လူများက၊ ကျောက်ခဲနှင့် ပေါက်ခြင်း မဟုတ်၊ ကျိန်ခြင်း ခံသော သူတို့ သာသတ်တတ်သော လက်၀ါးကပ်တိုင်ပေါ်သူ့ကို သတ်ဘို့ရန် တောင်းဆို ကြသည်။ သူတို့ စွဲတင်သော အပြစ်မှာ၊ ဘုရားသခင်၏ သားတော် ယောင်ဆောင်သည်ဟုဆိုသည်။ အမှန်မှာ သူတို့ နားလည်လဲွမှားခြင်း ဖြစ်သည်။ ယေရှုသည် ဘုရား၏ သားတော် ယောင်ဆောင်သည် မဟုတ်၊ အမှန်တကယ် ဖြစ်နေသည်။ ယနေ့ လူအများစုကလည်း၊ ဘုရား အပေါ်၊ စစ်မှန်သော ခရစ်ယာန်များအပေါ်အထင်လွှဲမှား နေကြသည်။
    ၈။ ထိုစကားကို ကြားလျှင် ပိလတ်မင်းသည် သာ၍ ကြောက်သဖြင့်၊ အိမ်တော် ဦး ထဲသို့ ၀င်ပြန်၍၊ ၉ ယေရှု အား၊ သင်သည် အဘယ်က ဖြစ်သနည်းဟု မေးလျှင် တခွန်းကို မျှ ပြန်တော် မမူ။ ၁၀ပိလတ်မင်းကလည်း၊ ငါနှင့် စကား မပြောသလော။ ငါသည် သင့်ကို လက်၀ါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကို၎င်း၊ လွှတ်ပိုင်သည်ကို၎င်း၊ သင် မသိလောဟုဆိုသော်၊ ၁၁ အထက် အရပ်မှအခွင့်ကို မရလျှင် မင်းကြီးသည် ငါ့ကို အဘယ်သို့ မျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီး လက်သို့ အပ်နှံသော သူသည် သာ၍ ကြီးသော အပြစ် ရှိသည်ဟု မိန့်တော်မူ၏။
    ပိလတ်မင်းသည် ထာ၀ရ ဘုရား ယုံကြည်သူ မဟုတ်သော်လည်း၊ ယေရှုသည် ဘုရားသား ယောင်ဆောင်သည်ဟု စွပ်စွဲ ခံရသောအခါ သာ၍ ကြောက်လာသည်။ ထို့ကြောင့် ယေရှုကို မေးခွန်းမေးပြန်သည်။ သို့သော်ယေရှု စကား မပြောတော့ချေ။ ထိုအခါ သူသည် ယေရှုကို သတ်ပိုင်လွှတ်ပိုင်ကြောင်းကို ပြော သောအခါ၊ ယေရှု ကခမည်းတော် ခွင့်မပြုလျှင် သူသည် ဘာမျှမလုပ်နိုင်ကြောင်း ပြောလိုက်သည်။ မှန်ပါသည်၊ ဘုရားသခင် ခွင့်မပြုလျှင် အဘယ်သူ မျှဘာမျှလုပ်ပိုင်ခွင့်မရှိပါ။ ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သော်လည်း၊ မလွှတ်ရဲသောကြောင့် မပြစ်မကင်းကြောင်း ယေရှု ကပြောလိုက်သည်။ သူထက် ဣသရေလ လူများ အပြစ် ရှိကြောင်း ယေရှု ကပြောလိုက်သည်။ ကွျန်ုပ်တို့လည်း အမှု မပတ်ချင် သောကြောင့် ရှောင်နေလျှင် လည်း၊ အပြစ် မကင်းကြောင်း သိသင့်သည်။
    ၁၂။ ထိုအခါ မှစ၍ ပိလတ်မင်းသည်ကိုယ်တော်ကို လွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ ကလည်း၊ ထိုသူကို လွှတ်လျှင်ကိုယ် တော်သည် ကဲသာဘုရင်၏ အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သော သူမည်သည်ကား၊ ကဲသာဘုရင်၏ ရန်သူ ဖြစ်ပါသည်ဟု လျှောက် ကြ၏။
    ပိလတ်မင်းကယေရှုသည် အပြစ် မရှိကြောင်း ကောင်းကောင်းသိသောကြောင့် လွှတ်ဘို့ ကြိုးစားသည်။ သို့သော်အခက် တွေ့နေသည်။ ဣသရေလ လူများ က ကဲသာဘုရင်ကို မလိုလားကြသော်လည်း၊ ယေရှုကို သတ်ချင် သောကြောင့် ကဲသာဘုရင်ကို လက်ခံ ဟန်ဆောင် ကြသည်။ ကွျန်ုပ်တို့လည်း ဘုရား ဘက်၌ ရပ်တည် သောအခါ ရန် သူများ အချင်းချင်းပူးပေါင်းသွားနိုင်ကြောင်း သိဘို့ လိုသည်။
    ၁၃။ ထိုစကားကို ကြားလျှင် ပိလတ်မင်းသည် ယေရှုကို ပြင်သို့ ထုတ်ပြီးမှ ဟေဗြဲစကား အားဖြင့် ဂဗ္ဗသ အမည်ရှိ၍ ကျောက်ခင်းဟု ခေါ်ဝေါ်သော အရပ်၍ တရားပလ္လင်ပေါ်မှာ ထိုင်လေ၏။ ၁၄ ထိုနေ့အချိန်ကား၊ ပသခါအဘိတ်နေ့တချက်တီးအချိန်လောက် ရှိ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆို လျှင်၊ ၁၅ ထိုသူကို ထုတ်ပါ။ ထုတ်ပါ။ လက်၀ါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများ ဟစ်ကြော်ကြ၏။ ပိလတ်မင်း ကလည်း သင်တို့၏ ရှင်ဘုရင်ကို လက်၀ါးကပ်တိုင်မှာ ရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရောဟိတ် အကြီး တို့က၊ အ​ကျွန်ုပ်တို့၌ ကဲသာဘုရင်မှတပါးအဘယ်ရှင်ဘုရင်မှမရှိ ပါဟု ပြန်ပြောကြ၏။
    ပိလတ်မင်းသည် ယေရှုကို လွှတ်လျှင် သူကိုယ်တိုင်အမှု ပတ်နိုင်သောကြောင့်၊ သတ်ဘို့ရန် ထုတ်ပေးလိုက်သည်။ ပိလတ် မင်းကသင်တို့၏ ရှင်ဘုရင်ကို သတ်ရမည်လောဟု မေးသောအခါ၊ ယဇ်ပုရောဟိတ် အကြီး တို့က၊ အ​ကျွန်ုပ်တို့၌ ကဲသာဘုရင်မှတ ပါးအဘယ်ရှင်ဘုရင်မှမရှိပါ၊ ဟု ယေရှု အစား ကဲသာဘုရင်ကို ရွေးချယ်လိုက် ကြသည်။ ကွျန်ုပ်တို့လည်း မသိ သောအခါ ဘုရားထက် အခြားအရာကို ရွေးချယ် နေကြသည်။
    ၁၆။ ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်၀ါးကပ်တိုင်မှာ ရိုက်ထား စေခြင်းငှါ ထိုသူတို့ လက်သို့ အပ်သဖြင့်၊ သူတို့သည်ကိုယ်တော်ကို ယူ၍ ထုတ်သွားကြ၏။ ၁ ရကိုယ်တော်သည် မိမိ လက်၀ါးကပ်တိုင်ကို ထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သော အရပ်သို့ ထွက် တော်မူ၏။ ထိုအရပ်ကား ဟေဗြဲစကား အားဖြင့် ဂေါလဂေါသအမည်ရှိ၏။
    ဣသရေလ လူများသည် သူတို့ တောင်းဆိုသော အရာရရှိသွားသောကြောင့်အား ရစွာ ယေရှုကို သတ်ဘို့ ထုတ်သွား ကြသည်။ ကျွန်ုပ်တို့လည်း အပြစ် လုပ် သောအခါ အကောင်းထင်ပြီးအား ရတက်ကြွစွာ လှုပ်ရှားတတ် ကြသည်။ လက်၀ါးကပ်တိုင်၌ ရိုက်သတ်မည့်သူ များသည် သူတို့ကိုယ်တိုင်လက်၀ါးကပ်တိုင်ကို ထမ်းခိုင်းတတ် ကြသည်။ ထို့ကြောင့် ယေရှုက၊ "ငါ၌ ဆည်းကပ် လိုသောသူ ဖြစ်လျှင်ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်၀ါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။" (မ ၁၆: ၂၄ ) ဟု ကြိုပြောရခြင်း ဖြစ်သည်။ လက်၀ါးကပ်တိုင်ထမ်းခြင်း ဆိုသည်မှာ၊ကို ယ့်အပိုင်းသေခြင်း၊ ခရစ်တော် အလိုတော် အတိုင်း အသက် ရှင်ခြင်း ဖြစ်သည်။ ခရစ်တော် သတ်မည့် နေရာသည် ယေရုရှလင် မြို့အပြင်ဘက်၊ ဦးခေါင်းခွံအရပ် (ဂေါလဂေါသ) ဟု ခေါ်သော နေရာ ဖြစ်သည်။ ထိုနေရာကို King James Bible ၌ Calvary (ကာရနီ)ဟု ဘာသာပြန်သောကြောင့်၊ လူတိုင်း ကကာရနီ ဟူ၍သာ သိ နေကြသည်။ (အခြားအဂ်လိပ်ကျမ်းစာများနှင့် မြန်မာကျမ်းစာအုပ်၌ ကာရနီစလုံးမတွေ့ရပါ။ သို့သော်ဂေါလဂေါသထက် လူတိုင်း ကကာရနီကို ပို၍ သိကြသည် )
    ၁၈။ ထိုအရပ်၌ကိုယ်တော်ကို အခြားသော သူနှစ်ယောက်နှင့် တကွလက်၀ါးကပ်တိုင်မှာရိုက်ထားကြ၏။ ထိုသူနှစ်ယောက် အလယ်မှာယေရှုသည် နေရာကျသတည်း။
    ယေရှုသည် လူဆိုးတို့နှင့် အသတ်ခံမည့် အကြောင်းကို ပရောဖက် ကဤသို့ ရေးထားနှင့် ပြီ၊ "ထိုသိုု့မိမိ အသက်ကို သေခြင်း၌ သွန်း၍ မတရားသော သူတို့နှင့် ရေတွက်၀င်ခြင်းသို့ ရောက်သဖြင့်၊ လူများ တို့၏ အပြစ်ကို ဆောင်ရွက်၍ မတရားသော သူတို့ အဘို့ တောင်း ပန်သောကြောင့်၊ လူကြီး တို့ကို သူတို့ အဘို့ ဖြစ်စေခြင်းငှါ ငါခွဲမည်၊၊" (ဟေရှာယ ၅၃: ၁၂ )။ ယေရှုသည် လူသား အားလုံး၏ အပြစ်ကို ယူတင်ဆောင်ရွက်သောကြောင့်၊ လူဆိုးများနှင့်အတူ ရိုက်သတ်ခြင်း ဖြစ်သည်။ ထိုသို့ ရိုက်သတ်ခြင်းသည် သင်နှင့် ​ကျွန်ုပ်ကိုယ်စား ဖြစ်၍၊ ထိုအရာကို ယုံကြည်လျှင် အပြစ် စီရင်ခြင်းမှ လွတ်မြောက်နိုင်သည် (ယော ၃: ၁၈ )။
    ၁၉။ ပိလတ်မင်း သည်လည်း ကမ္ဗည်းလိပ်စာကို ရေး၍ လက်၀ါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင်နာဇရက်မြို့သား ယေရှုဟု ရေးထားသတည်း။ ၂၀ ယေရှုကို လက်၀ါးကပ်တိုင်မှာရိုက်ထားသော အရပ်သည် မြို့နှင့် နီးသည် ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများ တို့သည် ဘတ်ကြ၏။ ၂၁ ထိုကြောင့် ယုဒယဇ်ပုရောဟိတ် အကြီး တို့သည် ပိလတ်မင်းထံသို့ ၀င်၍၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည် ယုဒရှင်ဘုရင် ဖြစ်သည်ဟု သူဆိုကြောင်းကို ရေး တော်မူ ပါဟု လျှောက်ကြလျှင်၊ ၂၂ ပိလတ်မင်းက၊ ငါရေးပြီးသော အရာကို ငါရေးပြီဟု ပြန်ဆို၏။
    ပိလတ်မင်းကယေရှု၏ ခေါင်းတော် ပေါ်၌ ယုဒရှင်ဘုရင်ဟု ရေးထားသည်။ ထိုအရာကို ထိုခေတ်၌ လူသိများသော ဘာသာ သုံးမျိုးဖြင့် ရေးထားသည်။ ထိုသို့ ရေးခြင်းကို ယဇ်ပုရောဟိတ် မင်းတို့ ကမကျေနပ် ကြသောကြောင့် ပိလတ်မင်းကို ပြင်ခိုင်းသည်။ သို့သော်ပိလတ်မင်းကမပြင်လိုချေ။ သူတို့သည် မသိသောကြောင့် ထိုကဲ့သို့ သတ်၍ ငြင်းပယ်ခြင်း ဖြစ်သည်။
    ဒုတိယအကြိမ်ကြွလာ သောအခါ၊ သူတို့၏သား စဥ်မြေးဆက်များ ကရှင်ဘုရင်အဖြစ် လက်ခံကြမှာ ဖြစ်သည်။ သူတို့ မသိခြင်းသည် အလွန် ဆုံးရှုံး ပါတ ကား။ လူများစွာလည်း ယေရှုကို ဘုရား ဖြစ်ကြောင်း၊ ရှင်ဘုရင် ဖြစ်ကြောင်း မသိကြသောကြောင့် လက်မခံ၊ မကိုး ကွယ်ကြချေ။ သူ့ကို လက်ခံသော သူများ ကလည်း၊ ၀ိညာဥ် ကယ်တင်ရှင်အဖြစ် သာ လက်ခံ၍၊ နေ့စဥ်အသက်တာ၌ အရှင်သခင်အဖြစ် မလက်ခံကြ သောကြောင့်၊ သူ့အလိုတော်ကို မဆောင်၊ ကိုယ့် သဘောဖြင့် အသက် ရှင် နေကြသည်။
    ၂၃။ စစ်သူရဲတို့သည် ယေရှုကို လက်၀ါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အ၀တ်တော် တို့ကို လေးပိုင်းပိုင်း၍ တယောက် တပိုင်းစီ ယူ ကြလေ၏။ အတွင်း အင်္ကျီတော်ကား၊ မချုပ်ဘဲ လျက် အထက် စွန်းမှသည် အောက်စွန်းတိုင်အောင် ယက်သော အင်္ကျီ ဖြစ်သောကြောင့်၊ ၂၄ ထိုသူတို့ ကအင်္ကျီကို မဆုတ်ကြနှင့်။ အဘယ်သူ ယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်းဆိုကြ၏။ ကျမ်းစာ လာသည်ကား၊ သူတို့သည် အ​ကျွန်ုပ်အ၀တ်ကို အချင်းချင်းဝေဖန်၍ အ​ကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ ဟူသော အချက် စကားကို ပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ ပြုကြ၏။
    ယေရှု၌ ကိုယ်ပိုင်ပစ္စည်းဟူ၍ ထိုအင်္ကျီသာလျှင် ရှိသည်။ ဤလောက၌ ဧည့်သည် အာဂန္တုအနေဖြင့် နေခဲ့သောကြောင့် ဘာ မျှမပိုင်ခြင်း ဖြစ်သည်။ ယုံကြည်သူများအတွက် ပုံသက်သေ ကောင်း ဖြစ်သည်။ လောကသည် စာတန် ပိုင်သောကြောင့်၊ သူ့ဥစ္စာကိုများများ ပိုင်သော သူကို စာတန် ကကြိုက်နှစ်သက်သလိုကြိုးကိုင်နိုင်သည်။ ယေရှု၏ အင်္ကျီစာရေးတံချမည့် အရာကို ဒါ၀ိဒ်ကကြို တင်ရေးသား ခဲ့ပြီ (ဆာ ၂၂: ၁၈ )။
    ၂၅။ ယေရှု၏ လက်၀ါးကပ်တိုင်တော် နားမှာ မယ်တော်နှင့် မယ်တော်၏ ညီမ ဖြစ်သော ကလောဖ၏ မယားမာရိနှင့် မာဂဒလမာရိ တို့သည် ရပ် နေကြ၏။ ၂၆ ထိုအခါ မယ်တော်နှင့် ချစ် တော်မူသော တပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင် တော်မူ လျှင်၊ မယ်တော် အား၊ အချင်းမိန်းမ၊ သင်၏ သားကို ကြည့်ပါဟူ၍၎င်း၊ ၂၇တပည့်တော်အား လည်း၊ သင်၏ အမိကို ကြည့် ပါဟူ၍၎င်းမိန့် တော်မူ၏။ ထိုအခါ မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိ အိမ်၌ သိမ်းထား၏။
    ယေရှု အသေခံ သောအခါ တပည့်တော်များထွက်ပြေးသွားကြသော်လည်း၊ အမျိုးသမီးများ မူကား အနားမှာရပ်၍ နေနေကြသည်။ သူတို့ အနေဖြင့် မကာကွယ်နို်င်သော်လည်း၊ ထိုသို့ ရပ်တည်ပေးခြင်းသည် အလွန် အရေးကြီးသည်။ ကျွန်ုပ်တို့လည်း ဒုက္ခ ရောက်သော သူများ၊ ကျေကွဲ ၀မ်းနည်းသော သူများကို အနား၌ နေပေးခြင်း ဖြင့်အား ပေးရမည်။ ယေရှု ချစ် တော်မူသော တပည့်တော်သည် ဤစာကို ရေးသော သူယောဟန် ဖြစ်သည်။ ယေရှု ကယောဟန်ကို မယ်တော် စောင့်ရှောက်ဘို့ရန် မှာသည်။ မယ်တော်သည် မည်မျှ၀မ်းနည်း ကျေကွဲ မည်နည်း။ ယောဟန်ကမယ်တော် မာရိကို မိမိ အိမ်သို့ ခေါ်သွားသည်။
    ၂၈။ ထိုနောက် ကျမ်းစာ ပြည့်စုံစေခြင်းငှါ အမှု ရှိသမျှ ကုန်စင်ပြီးသည်ကို သိတော်မူ လျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။ ၂၉ ထိုအရပ်၌ ပုံးရည်နှင့် ပြည့်သော အိုးတလုံး ရှိသည် ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတထွေးကို ပုံးရည်နှင့် ပြည့်စေပြီး လျှင်၊ ဟု ဿုပ်ပင်အကိုင်းဖျား၌ တပ်၍ ခံတွင်း တော်သို့ ကပ်ထားကြ၏။ ၃၀ယေရှုသည် ပုံးရည်ကို ခံပြီးမှ၊ အမှုပြီး ပြီဟု မိန့်တော်မူ လျက်၊ ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့် တော်မူ၏။
    ကိုယ်ခန္ဓာဒဏ်ရာရသောကြောင့် ယေရှုသည် ရေငတ်သည်။ ထိုအရာသည် လူသားများငရဲ၌ ရေငတ်မည့် အစားအငတ် ခံခြင်း ဖြစ်သည်ဟုဆိုနိုင်သည်။ ပုံးရည်သည် စပျစ်ဝိုင်အချဥ် ဖြစ်သည်။ ထိုသို့ဖြစ်မည့် အရာကို ဆာလံ ၂၂: ၁၅နှင့် ၆၉: ၂၁၌ ရေး ထားခဲ့ပြီ။ ယေရှုသည် မိမိ အသက်ကို စွန့် တော်မူသည် ဟုဆိုသည်။ ယေရှု ကအမှုပြီး ပြီဟူသော စကားသည် လူများ ကယ်တင်ခြင်း လုပ်ငန်းပြီး ပြီ၊ အပြစ် ဆေးကြောခြင်းပြီး ပြီ၊ ယဇ်ပူဇော်ခြင်းပြီး ပြီ၊ လူများ၏ ပြသနာ အပေါင်း​ ဖြေရှင်း ပေးပြီဟူ၍ အဓိပ္ပါယ်များစွာ ရှိသည်။ ထိုအရာကို ယုံကြည်၍ ကျေးဇူးတော် ချီးမွမ်းဘို့ ဖြစ်သည်။
    ၃၁။ ထိုနေ့သည် အဘိတ်နေ့ ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီး မြတ်သော ဥပုသ်နေ့ ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်၀ါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ ပိလတ်မင်းထံသို့ ၀င်ပြီး လျှင်၊ ​ခြေကို ချိုး၍ ထိုအလောင်း ကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။
    အဘိတ်နေ့ဆိုသည်မှာ ကြိုတင် ပြင်ဆင်သော နေ့ဟုဆိုခြင်း ဖြစ်သည်။ နောက်တနေ့သည် ဥပုသ်နေ့ ဖြစ်သောကြောင့် ထိုနေ့မတိုင်မှီ ပြင်ဆင်ခြင်းကို ဆိုလိုသည်။ ဥပုသ်နေ့၌ ယေရှု၏ အလောင်းကို လက်၀ါးကပ်တိုင်၌ မထားလိုကြချေ။ လက်၀ါးကပ်တိုင် မှာရိုက်သတ် သောအခါ၊ မသေလျှင် ​ခြေကို ချိုးရသည်။ ထို့ကြောင့် ပိလတ်မင်းထံယေရှုနှင့် လူဆိုးနှစ်ယောက်၏ ​ခြေချိုးဘို့ရန် ခွင့်တောင်းခြင်း ဖြစ်သည်။
    ၃၂။ ထိုအခါ စစ်သူရဲတို့သည် သွား၍ကိုယ်တော်နှင့်အတူ လက်၀ါးကပ်တိုင်မှာရိုက်ထားသော သူနှစ်ယောက်တို့၏ ​ခြေကို ချိုးလေ၏။ ၃၃ ယေရှု ထံသို့ ရောက်၍ အသက် မရှိကြောင်းကို မြင်လျှင် ​ခြေကို မချိုးဘဲ၊ ၃၄ စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့် ထိုး ဖောက်၍ သွေးနှင့် ရေသည် ချက်ခြင်း ထွက်လာ၏။ ၃၅ ထိုအကြောင်း အရာကို မြင်သော သူသည် သက်သေ ခံ၏။ သူ၏ သက်သေ ခံချက် သည်လည်း မှန်ပေ၏။ သင်တို့သည် ယုံကြည် မည်အကြောင်း၊ သူပြောသော စကား မှန်သည်ကို သူသိ၏။ ၃၆ ထိုအကြောင်း အရာကား၊ သူ၏ အရိုးကို မချိုးရဟု ကျမ်းစာ လာချက် ပြည့်စုံမည်အကြောင်း တည်း။ ၃၇တဖန် ကျမ်းစာ လာသည်ကား၊ ထိုသူ တို့သည် မိမိတို့ ထိုးဖောက်သော သူကို ရှုမြင်ရကြလိမ့် မည်ဟု လာ၏။
    လူဆိုးနှစ်ယောက်တို့သည် မသေ သေးသောကြောင့်၊ သူတို့၏ ​ခြေကို ချိုးရသည်။ သို့သော်ယေရှုသည် အသက် မရှိတော့ သောကြောင့် ​ခြေမချိုးတော့ဘဲ၊ နံဖေးတော်ကို လှှံနှင့် ထိုးလိုက်သည်။ ထိုအရာသည် ကျမ်းစာ ပြည့်စုံမည့်အကြောင်း ဖြစ်သည်။ ပသခါ သိုးသငယ်ကို သတ် သောအခါ အရိုးမချိုးရဟုဆိုသည် (ထွက် ၁၂: ၄၆၊ တော ၉: ၁၂ )။ ပသခါ သိုးသငယ်သည် ယေရှုကို ပုံ ဆောင်သည် ( ၁ ကော ၅:ရ)။ ဆာလံဆရာက၊ "​ဖြောင့်မတ်သော သူသည် များစွာသော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း၊ ထာ၀ရ ဘုရားသည် ခပ်သိမ်းသော ဒုက္ခ ဆင်းရဲ ထဲက ကယ်လွှတ် တော်မူ၏။ ၂၀သူ၏ အရိုးရှိသမျှ တို့ကို စောင့်ရှောက် တော်မူသည် ဖြစ်၍၊ တစ်ချောင်းမျှ မကျိုးမပဲ့ရ။" (ဆာ ၃၄: ၁၉ - ၂၀) ဟုဆိုခဲ့သည်။ နံဖေးတော် လှန်ထိုးမည့် အရာကိုလည်း ကျမ်းစာ ကဤသို့ ရေးထားခဲ့ပြီ၊ "ကျေးဇူးတော်ကို ခံသော သဘော၊ ဆု တောင်း ပဌနာ ပြုသော သဘောကို ဒါ၀ိဒ်မင်းမျိုး၊ ယေရုရှလင် မြို့သားတို့ အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။" (ဇာခရိ ၁၂: ၁၀)
    ၃၈။ ထိုနောက်မှ အရိမသဲမြို့သား ယောသပ်သည် ယုဒလူတို့ကို ကြောက်၍ မထင်မရှားတပည့်တော် ဖြစ်သည် နှင့်၊ ပိလတ်မင်း ထံသို့ ၀င်၍ ယေရှု၏ အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည် သွား၍ ယေရှု၏ အလောင်းတော်ကို ယူ လေ၏။
    အရိမသဲမြို့သား ယောသပ်သည် ယေရှုကို ယုံကြည်သော တပည့် ဖြစ်သော်လည်း၊ ယုဒလူများကို ကြောက်သောကြောင့် မထင်မရှား နောက်လိုက် သောသူ ဖြစ်သည်။ သူ့အကြောင်းကို မဿဲကဤသို့ ရေးထားသည်၊ "ယောသပ်သည် အလောင်းတော်ကို ယူ၍ ဖြူစင်သော ပိတ်ချောနှင့် ပတ်ရစ်ပြီး လျှင်၊ ၆၀ကျောက်၌ ထွင်းသော မိမိ သင်္ချိုင်းတွင်း သစ်ထဲမှာထားလေ၏။" (မ ၂ရ: ၅၉ - ၆၀)။ ယောသပ်သည် မိမိ သင်္ချိုင်းတွင်း ရှိသောကြောင့် ချမ်းသာ သောသူ၊ အရေးကြီး သောသူ ဖြစ်လိမ့်မည်။ ထို့ကြောင့် ပိလတ်မင်း ထံ၌လည်း ယေရှု အလောင်းကို တောင်းရဲခြင်း ဖြစ်သည်။ သူသည် သူဌေး ဖြစ်ကြောင်း ဟေရှာယကဤသို့ ရေးခဲ့ပြီ၊ "ပြစ်မှားခြင်းကို မပြု၊၊ သူ၏ နှုတ်၌ မုသား မရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင်ကြ၏၊၊သို့ ရာတွင် သေပြီးမှသူဌေး၌ ရှိ၏၊၊" (ဟေရှာယ ၅၃: ၉ ) ဆိုလိုသည် မှာယေရှုသည် အသက် ရှင်ခဲ့စဥ်ကဆင်းရဲ ခဲ့သော်လည်း၊ သေ သောအခါ သူဌေးယောသပ်၏ သင်္ချိုင်း၌ မြှုပ်ခြင်းကို ခံရသည်။
    ၃၉။ အထက်က ညဥ့်အခါ ယေရှု ထံတော်သို့ လာသော နိကောဒင်သည် လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန် ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပျောင်းကို ဆောင်လျက် လာ၏။ ၄၀ထိုသူတို့သည် ယေရှု၏ အလောင်းတော်ကို ယူ၍၊ ယုဒလူတို့၏ သင်္ဂြိုလ်ခြင်းနှင့် ဆိုင်သော ပြင်ဆင်ခြင်း ထုံးစံရှိသည် အတိုင်း နံ့သာမျိုးနှင့် တကွပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။
    နိကောဒင်လည်း ဖါရိရှဲအရာရှိ ဖြစ်သည်။ ယေရှုကို ယုံကြည်သော်လည်း၊ ယောသပ်ကဲ့သို့ လူများကို ကြောက်သောကြောင့် ထင်ရှားစွာ ယေရှု နောက်သို့ မလိုက်ရဲသောသူ ဖြစ်သည်။ သူသည် ယေရှု အလောင်းကို သင်္ဂြိုလ်ဘို့ရန် မုရန်၊ အကျော် ရော နှောသော နံ့သာပျောင်းကို ယူဆောင်သည်။ ထိုနံ့သာပျောင်းသည် တန်ဘိုး ရှိ၍ ခရစ်တော်နှင့် ပတ်သက်၍ ဆာလံကျမ်း၌ ဤသို့ ရေးသား ခဲ့သည် "အို ဘုရားသခင်ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာ၀ရ ပလ္လင် ဖြစ်ပါ၏၊၊ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံ ဖြစ်ပါ၏၊၊ ၇ကိုယ်တော်သည် ​ဖြောင့်မတ်ခြင်း တရားကို နှစ်သက်၍ မတရားသော အမှုကို မုန်း တော်မူ၏၊၊ ထိုကြောင့် အို ဘုရားသခင်၊ကိုယ်တော်၏ ဘုရားသခင်သည်ကိုယ်တော်၏ အပေါင်းအဘော်တို့ထက်ကိုယ်တော်ကို ချီးမြှောက်၍ ၀မ်း မြောက်ခြင်း ဆီနှင့် ဘိသိက်ပေး တော်မူ ပြီ၊၊ ဆင်စွယ်ဘုံဗိမာန်ထဲက ထုတ်သော အ၀တ်တန်ဆာတော် ရှိသမျှ တို့သည် မုရန်၊ အကျော်၊ သစ်ကြံပိုးအမွှေးနှင့် ပြည့်စုံ၍ နှစ်သက် တော်မူ ဘွယ် ဖြစ်ကြပါ၏၊၊" (ဆာ ၄၅: ၈ )
    ၄၁။ လက်၀ါးကပ်တိုင်မှာရိုက်ထားသော အရပ်တွင် ဥယျာဥ်ရှိ၏။ ထိုဥယျာဥ်၌ တယောက်ကို မျှမသင်္ဂြိုဟ်ဘူးသော သင်္ချိုင်းတွင်း သစ်ရှိ၏။ ၄၂ ယုဒလူတို့၏ ဘိတ်နေ့ ဖြစ်သောကြောင့်၊ အနီးအပါးတွင် ရှိသော ထိုသင်္ချိုင်းတွင်း ၌ အလောင်းတော်ကို ထားကြ၏။
    ထိုသင်္ချိုင်းနှင့် ပတ်သက်၍ အငယ် ၃၉၌ ဖေါ်ပြခဲ့ပြီး ပြီ။ ယေရှုကို မြှုပ်နှံသော နေ့သည်သော ကြ်ာနေ့ ဖြစ်၍ ထိုနေ့မိုဃ်းချုပ်လျှင် ဥပုသ်နေ့ ဖြစ်တော့မှာ ဖြစ်သောကြောင့် ထိုအချိန် မရောက်မှီ အမြန်ဆုံး နီးရာသင်္ချိုင်း၌ မြှုပ်နှံလိုက်ကြခြင်း ဖြစ်သည်။ ထိုသို့ မြှုပ် နှံခြင်းကို ဟေရှာယကရေးထားနှင့် ပြီ၊ သို့မဟုတ် ထိုသို့ ရေးထားသည့်အတိုင်း ပြည့်စုံခဲ့သည်။

    .

    ခေတ်ကာလ

    ပေါလုက၊ "ယခုနေ့ရက်ကာလ တို့သည် ဆိုးယုတ်သောကြောင့် ကာလ အချိန်ကို ရွေးနှုတ်ကြလော့။" (ဧဖက် ၅: ၁၆ ) ဟု ဧဖက်အသင်းတော် ထံစာရေးခဲ့သည်။ ရောမအသင်းတော် ထံ၌ လည်း၊ "ထိုမှတပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊ ၁၂ ညဥ့်အချိန် ကုန်လု၍ နေ့အချိန် ရောက် လု သောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော် ရာမှနိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလ အချိန်ကို ထောက် လျက်၊ မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ၀တ်ဆင်ဆောင်ရွက်ကြကုန်အံ့။ ၁၃ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက် ကြူးခြင်း၊ မတရားသော မေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ဗြုင်ခြင်း အမှု တို့ကို ကြဥ်ရှောင်၍၊ နေ့အ ချိန်၌ ကဲ့သို့ တင့်တယ် လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ ၁၄ သခင် ယေရှုခရစ်ကို ယူတင်၀တ်ဆောင်ကြလော့။ ကိုယ် ကာယ၏ တပ်မက်ခြင်း အလို့ငှါ မကြံစည်ကြနှင့်။" (ရော ၁၃: ၁၁ - ၁၄ ) ရေးခဲ့သည်။ ထို့ကြောင့် ယုံကြည်သူများသာမက၊ လူတိုင်း ခေတ်ကာလကို သိ၍၊ လုပ်သင့်သော အရာများကို လုပ်ဘို့ လိုအပ်သည်။

    နိုင်ငံရေး
    အမေရိကန်ပြည် ထောင်စုသည် နှစ်ခြမ်းကွဲနေပြီ။ ပါတီအားဖြင့် ရီပါပလီကင်ပါတီနှင့် ဒီမိုခရေးတိတ်ပါတီ ဖြစ်သည်။ ထိုနှစ်ပါတီသည် ဆန့်ကျင် ဘက် ဖြစ်၍ အမြင် ဆန္ဒမတူညီကြချေ။ ရီပါပလီကင်ပါတီကနိုင်ငံတိုးတက်ရေးနှင့် လုံခြံုရေးကို ဦးစားပေးချိန်တွင် ဒီမိုခရေးတိတ်ပါတီက၊ ကမ္ဘာနိုင်ငံထူထောင်ရေးနှင့် အမေရိကန်ပြည် ထောင်စု၌ နိုင်ငံခြားသား အားလုံး၀င်ရောက်ဘို့ အလိုရှိသည်။ မြို့ကြီး အားလုံးသည် ဒီမိုခရေးတိတ်များ ကကြီး စိုး၍ ရီပါပလီကင်များသည် မြို့ပြင်နှင့် တောရွာများ၌ နေထိုင် ကြသည်။ ရီပါပလီကင် များသည် ပညာရှိများ၊ ယောက်ျားများ၊ လူဖြူများ၊ ဘုရား တရားရှိ သူများ ဖြစ်၍၊ ဒီမိုခရေတိတ်များသည်၊ လူမဲများ၊ စပဲနစ်များ၊ အာရှသားများ၊ မိန်းမများ၊ လူငယ်များ၊ ကောလိပ်ကျောင်းသားများ၊ ဆင်းရဲ သားများ၊ ဘုရား တရားမရှိ သူများ၊ လိင်တူဆက်ဆံ သူများ၊ မူးယစ်ဆေး၀ါးသုံးစွဲ သူများ၊ ရုပ်ရှင်မင်းသား မင်းသမီးများ၊ နာမည်ကျော်ပုဂ္ဂိုလ်များ အများစု ဖြစ်ကြသည်။ လက်ဝဲအဖွဲ့များကသမတထမ်းကို ဆန့်ကျင်၍ ရာထူးမှဖြှုပ်ချရေးကို သာ ကြိုးစား နေကြသည်။အချိန် မရွေးပြည်တွင်း စစ် ဖြစ်နို်င်သည်။ ကမ္ဘာ၌လည်း ကမ္ဘာ့ အစိုးရထူထောင်လို သူများ တနေ့တခြားတိုးပွား ကြသည်။ ထို့ကြောင့် အနောက်ဥရောပနိုင်ငံများ၌ နိုင်ငံခြားသား များကို လက်ခံ နေကြသည်။ သူတို့ အဓိက လက်ခံသော ဒုက္ခသည်များမှာ၊ မူစလင်များ ဖြစ်ကြသည်။ ထိုသူများကြောင့် လူသတ်မှု၊ မုဒိန်းကျင့်မှု အလွန်များပြားသော်လည်း၊ ထိုသတင်း များကို မဖေါ်ပြ လိုကြချေ။ အကြောင်းမှာ လက်ဝဲအုပ်စုအစိုးရများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ ဗြိတိန်၊ ဘယ်ဂျီယန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဆီွဒင်နိုင်ငံများကို မူစလင်များ ကကြီး စိုးစပြုနေ ကြပြီ။

    သဘာ၀ဘေး
    ကမ္ဘာ့ နေရာအနှံ့အပြား၌ သဘာ၀ဘေးအန္တရာယ် များလည်း နေ့တိုင်း ကြံုတွေ့နေရ၍ လူများစွာ သေကျေ၍၊ အိုးအိမ် ပစ္စည်းမြောက်များစွာ ပျက်စီးဆုံးရှုံးနေရသည်။ မီးတောင်ပေါက်ကွဲခြင်း၊ မြေငလျှင် လှုပ်ခြင်း၊ ပြန်ကျမိုးရွာ၍ မြို့ရွာများ၌ ရေလျှံခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ တောမီးမှမြို့ရွာများလောင်ကွျမ်းခြင်း၊ မိုးခေါင်ခြင်း၊ မိုးသီးနှင့် နှင်းများစွာ ကျခြင်း၊ အေးလွန်းခြင်း၊ ပူလွန်းခြင်း၊ မြေ​ကျွံခြင်း၊ များကို နေ့တိုင်း ကြားသိနေရသည်။ သို့သော်ကိုယ်တိုင်မကြံုတွေ့သော သူများက၊ မသိကြ၊ ဂရုမစိုက်ကြချေ။ ထိုအရာများသည် ခရစ်တော် လာမည့် နိမိတ်လက္ခဏာများ ဖြစ်သည်။

    အကျင့်စာရိတ္တ
    ရှင်ပေါလုက၊ "နောင်ကာလသည် ခဲယဥ်းသော ကာလ ဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့ နည်းဟူမူကား၊ လူတို့သည်ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊ ၀ါကြွားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကို ရှုတ် ချ သောသူ၊ မိဘစကားကို နားမထောင် သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ပကတိကြင် နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သော သူ၊ကိုယ်ဣ​ေ​ြန​ြကို မချုပ်တည်း နိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော် ကောင်းကို မုန်းသောသူ၊ သစ္စာကို ဖျက်တတ်သောသူ၊ သတိ ပေးခြင်း ကိူမခံသောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကို သာ၍ နှစ်သက်သေ ာသူ၊ ဘုရား ၀တ်၌ မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။" ( ၂ တိ ၃: ၁ - ၄ ) ဟု ဟောသည့်အတိုင်း ဖြစ်နေပြီ။ လင်မယား ကွဲခြင်း၊သား အဖ၊သား အမိ ပြသနာ ဖြစ်ခြင်း၊ ပျင်းရိ၍ အချောင်စားလိုခြင်း၊ ဒုစရိုက်မျိုးစုံ ပြုလုပ် ကျူးလွန်ခြင်း၊ ဘုရားနှင့် ဘုရား လူများကို မုန်းခြင်းများတ နေ့တခြားတိုးပွား နေကြသည်။ မြို့ကြီး များသည် နေချင်စရာ မကောင်းတော့ဘဲ၊ အလွန် ညစ်ပတ်ခြင်း၊ မူးယစ်ဆေး၀ါးသုံးခြင်း၊ သူခိုးဓါးမြပေါများခြင်းဖြင့် လုံး၀ကြောက်စရာ ကောင်းသော နေရာများ ဖြစ်ကြပြီ။ အပြစ်ကို ​ေဗြာင်လုပ် နေကြပြီ။ လိင်တူဆက်ဆံခြင်း၊ ယောက်ျားမှမိန်းမ၊ မိန်းမမှယောက်ျားအဂ်ါပြောင်းခြင်း များလည်း နေ့တိုင်း ကြားနေရသည်။သော ဒုံဂေါမောရမြို့သား များထက် အပြစ် အလွန် ကြီး နေကြပြီ။ မိခင်နှင့် သား၊ ဖခင်နှင့် သမီးလက်ထပ်၊ ခလေး ရခြင်း များလည်း ကြ နေကြပြီ။ ထိုသို့ ဘုရား၏ အမျက်​ေဒါသကို နိုးဆော်ကြသောကြောင့်၊ အမျက်​ေဒါသမီးလောင်းတော့မည့် အချိန်သည် အလွန် နီးနေပြီ။

    ဘာသာရေး
    သခင်ဘုရား ကလောဒိကိအသင်းတော်ထံ၊ "သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းဖူးပြီ။ တစုံ တခုကို မျှမလိုဟု ပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အ၀တ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။" (ဗျာ ၃: ၁ရ) ဟု စာရေးခဲ့သည်။ လောဒိကိအသင်းတော်သည် ဇာတိပိုင်း၌ ချမ်းသာ၍၊ တစုံ တခုမျှမလိုဟု သူတို့ကို သူတို့ ကျေနပ်သော အသင်းတော် ဖြစ်သည်။ မျက်စိလည်း ကောင်း၍ အ၀တ်အစားလည်း၊ ကောင်းကောင်း၀တ်နိုင်သော အသင်းတော် ဖြစ်သည်။ သို့သော်ဘုရား အမြင်၌ သူတို့သည် ၀ိညာဥ်ပိုင်းဆင်းရဲ၍ အ၀တ်အချည်းစည်း ဖြစ်သောကြောင့် သနားဖွယ်ရှက်ဖွယ်ကောင်းသော အသင်းတော် ဖြစ်သည်။ ယနေ့ အသင်းတော်များလည်း၊ သေသော အသင်းတော်များ၊ လူများ လျှင်လည်းလောဒိကိအသင်းတော် ကဲ့သို့ ၀ိညာဥ်ပိုင်းဆင်းရဲ၊ ကိုယ်တုံးလုံး ဖြစ်နေကြသည်။ ဘုရား တရားမရှိတော့ဘဲ၊ ဘုရား တရားရှိ သူများလည်း ဟန်ပြမျှသာ ဖြစ်ကြပြီ။ ဘုရား တရားလိုက်ခြင်းလည်း အကျိုးစီးပွားရရှိရေး၊ နာမည်ကျော်ကြားရေးအတွက် သာ ဖြစ်နေကြသည်။ ဘုရား၏ အလိုတော် လိုက်သည် ထက်၊ မိမိ ိအလိုဆန္ဒ ပြည့်စုံရေးကို ဦးစားပေး နေကြသည်။ မပူမဧနွေးရုံရှိသော အသင်းတော်များဖြစ် ကြသည်။ မူစလင်များလည်း အလွန် ပြင်းထန် ကြသည်။ အသက်ကို မနှမျောဘဲ မိမိတို့၏ ယုံကြည်ခြင်း အတွက် အသက် ရှင်ရဲ၊ အသေခံ ရဲကြသောကြောင့် အခြားဘာသာ၀င်များ ကကြောက်ရွံ့ နေကြသည်။ တကမ္ဘာလုံးမူစလင် ဖြစ်ရေးသည် သူတို့၏ ပန်းတိုင် ဖြစ်သည်။ ထိုအချိန်တွင် ခရစ်ယာန် များသည် သူတပါးကို သက်သေ ခံခြင်း ပင်လျှင် လုံး၀မလုပ်ချင် ကြချေ။

    စီးပွားရေး
    ယခုအချိန်တွင် သမတထမ်းတက်လာသောကြောင့် အမေရိကန်စီးပွားရေးတက်လာကာ၊ အလုပ်လက်မဲ့လည်း အနည်း ဆုံးရောက်သည့်အချိန် ဖြစ်သည်။ လူများ အလုပ်ရှိကြသဖြင့်လောက ပိုင်းမှာစိတ်ချမ်းသာ ကြသော်လည်း၊ စီးပွားရေးသည်အချိန် မရွေးကျသွားနိုင်သည်။ အမေရိကန်နိုင်ငံသည် ကွေျးအလွန် ထူ၍ အတိုးပင်မပေးနိုင်တော့ချေ။ ယခုနိုင်ငံအကွေျးသည် ၂၂ ထီလျံရှိ နေပြီ။ ထို့ကြောင့်အချိန် မနှောင်းမှီ ခရစ်တော် ကျောက်ထဲ၌ ခိုလှုံဘို့ လိုသည်။

    စစ်ရေး
    ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံများလည်း အမေရိကန်နိုင်ငံတိုက်ခိုက် ဘို့ရန် တချိန်လုံးကြိမ်း၀ါးနေသည်။ လက်နက်အသစ်အဆန်းများ ကိုလည်း တီထွင် နေကြသည်။ သို့သော် မသိ နားမလည်သော သူများသည် အေးဆေးစွာကိုယ့်ကိစ္စ၌ ဗျာများနေ ကြသည်။ ယေဇကျေလ ၃၈ - ၃၉၌ ဖေါ်ပြသော ဂေါဂ၊ မာဂေါဂစစ်လည်း ဖြစ်ဘို့ရန် အဆင်သင့် ဖြစ်နေပြီ။ ထိုစစ်သည် ရုရှား ဦးဆောင်၍၊ အီရန်၊ တူရကီ၊ ဆူဒန်၊ လစ်ဗျားနိုင်ငံတို့ ကအစ္စရေးနိုင်ငံကို တိုက်ခိုက် မည့် စစ် ဖြစ်သည်။ ထိုစစ်ပွဲ၌ ဘုရားသခင်က တိုက်ပေးသဖြင့် အစ္စရေးကနိုင်မှာ ဖြစ်သည်။

    ငြိမ်းချမ်းရေးစာချုပ်
    ဒံယေလ ၉: ၂ ရ၌ ဖေါ်ပြသော ငြိမ်းချမ်းရေး စာချုပ်လည်း ချုပ်ခါနီးနေပြီ။ ထိုစာချုပ်သည် အစ္စရေးနှင့် အိမ်နီးချင်းအာရပ် နိုင်ငံများ အကြား ချုပ်မည့် စာချုပ် ဖြစ်သည်။
    ယခုအခါ အစ္စရေးနှင့် လုံး၀မတည့်သော၊ ဆော်ဒီအရဗျား၊ အီဂျစ်၊ ယူအေအီး၊ ဂျော်ဒန်နိုင်ငံများသည် အစ္စရေးနှင့် အလွန် ရင်းနှီး နေကြပြီ။ ထိုအာရပ်နိုင်ငံများသည် အီရန်ရန်ကို ကြောက်သောကြောင့် အစ္စရေးနိုင်ငံကို အားကိုးခြင်း ဖြစ်သည်။ ထိုစာချုပ် ချုပ်ပါက၊ အစ္စရေးများက၊ တတိယဗိမာန်တော်ကို ဆောက်မည်ဟု ယူူဆရသည်။ ထိုစာချုပ် ချုပ်ခြင်းသည် ဘေးဒဏ်ကြီး ကာလ အစ ဖြစ်မည်ဟု ယူဆရသည်။ ထိုကြောင့်အချိန် မရှိတော့ချေ။ အမြန် ယေရှု၌ ခိုလှုံဘို့ လိုသည်။