Periodical: Good News, March 2009

Home  >  Periodicals > March 2009

GN032009

MARCH 2009
GOOD NEWS PERIODICAL

မာတိကာ
ကိုယ်တော်နှင့် နီးစေပါ
ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပညတ်
အဘယ်ကြောင့်ပေးလှူရကြသနည်း
ယုံကြည်သူ ရဲ့မဟာတာဝန်
ချီဆောင်ခြင်း အလွန် နီးပြီ

အမှာစာ

ကိုယ့်ချစ်သောသူအကြောင်းကို သိချင်သည်။ ကိုယ်ချစ်သောသူအကြောင်းကို ပြောချင်သည်။ ကိုယ််ချစ်သောသူလိုသ မျှပေးချင်သည်။ ကိုယ်ချစ်သောသူ၏ အပြစ်ကို မမြင်တတ်ပါ။ အပြစ်ရှိလျှင်လည်း မတောင်းပန်မီကပင်အပြစ် မှခွင့်လွှတ်ပြီး ဖြစ်သည်။ ကိုယ့်ချစ်သူအတွက် အနစ်နာခံ တတ်သည်။

မုန်းသောသူအကြောင်းကို မသိချင်ပါ။ မုန်းသောသူအ ကြောင်းကို မပြောချင်ပါ။ မုန်းသောသူနှင့် ဝေးဝေးနေလိုသည်။ မုန်းသောသူကို ဘာမျှမပေးချင်ပါ။ ကောင်းသည့်အရာများ လုပ်လျှင် ပင်မုန်းသောသူ လုပ်သည့်အရာကို အကောင်းမမြင်တတ်ပါ။ မုန်းသောသူအတွက် အနစ်နာမခံတတ်ပါ။

ချစ်ခြင်း မေတ္တာသည် အလွန် ချိုမြိန်ပြီး မုန်းတည်းခြင်းသည် အလွန် ခါးသီးပါသည်။ သခင်ယေရှုသည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် သူ၏ ချစ်ခြင်းမေတ္တာကို ကျွန်ပ်တို့အား ပြသခဲ့၊ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ သခင်ယေရှုကို သင်ချစ် ပါသလား၊ ဒါမှ မဟုတ်မုန်းမိနေပါသလား။

ချစ်ခြင်း မေတ္တာကြည့်မှန်နှင့် မုန်းတီးခြင်း ကြည့်မှန်ရှေ့မှာ ရပ်ပြီး မိမိကိုယ်ကို စစ်ဆေးကြပါရန်တင်ပြအပ်ပါသည်။

Alfred Sang Nawn

ကိုယ်တော်နှင့် နီးစေပါ

ဆရာနော်ဂျာ

ထာဝရဘုရားနှင့် နီးကပ်စွာ နေခြင်း (ဆာလံ ၇၃:၂၇၊ ၂၈)
“အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပါ၏။ ကိုယ်တော်နှင့် ကွာ၍ မှားယွင်းသောသူ အပေါင်းတို့ကို ပယ်ရှင်းတော်မူ၏။ အ​ကျွန်ပ်မူကား၊ ဘုရားသခင်၏ ထံတော််သို့ ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော် ရှိသမျှတို့ကို ကြားပြောခြင်း အလို့ဌါ၊ အရှင်ဘုရား၌ ခိုလှုံလျက် နေပါ၏။”

ဤကျမ်းပိုဒ်သည် ဆာလံဆရာ၏ အသက်တာ၌ ဘုရားသခင်နှင့် ဝေး ဝေးနေသော အချိန်၌ ပျက်စီးခြင်း ဆုံးရှုံးခြင်းများကြုံတွေ့ ရ၍ ဘုရားသခင်နှင့််နီး ကပ်စွာ မိသဟာရဖွဲ့ခြင်းအားဖြင့် မည်မျှ အကျိုးရှိသည် ဆိုသည့်အရာကို ကိုယ်တိုင် တွေ့ကြုံခံစားရပြီး နောင်လာနောင်သားများ သင်ခန်းစာယူနိုင်ရန် အတွက် ရေးသား ထားခြင်း ဖြစ်သည်။ ယုံကြည်သူ အသက်တာ၌ အရေးကြီးဆုံး သောအရာ အဖြစ် သင့်ဆုံးသောအရာသည် ဘုရားသခင် ထံချဉ်းကပ်ခြင်း ဖြစ်၍ လုံးဝ မဖြစ်သင့်သောအရာသည် ဘုရားသခင်နှင့် ဝေးဝေးနေခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် လူသားများ၏ ပျက်စီးခြင်း အစသည် ဘုရားသခင်နှင့် ဝေးကွာခြင်းကြောင့် ဖြစ်သည်။

ဖန်ဆင်းရှင်ထာဝရဘုရားသည် လူသားများနှင့် အလွန် နီးကပ်စွာ နေ၍ ထာဝရ ကာလ ထိတိုင်အောင် မိသာဟာယဖွဲ့ချင်သော ဘုရား၊ စောင်မကြည့်ရူ ကျွေးမွေးကာရုစိုက်ချင်သော ဘုရား ဖြစ်သည်။ သို့သော်လည်း အာဒံနှင့် ဧဝ၏ နားမထောင်သော အပြစ်ကြောင့် ဘုရားသခင်နှင့် လူသား ကြားဆက်စပ်၍ မရနိုင်အောင် ဝေးကွာခဲ့ရသည်။ သို့သော် ချစ်ခြင်းမေတ္တာရှင်ဘုရားသည် လူသားများပျက်စီးဆုံးရှံူးမှူမှ ကယ်တင်ရန်အတွက် ဧမာနွေလ (ငါတို့နှင့်အတူ ရှိသော ဘုရား) အမည်ရှိသော ယေရှူ ခရစ်တော်ကို ဤလောကသို့ စေလွှတ်ကာဘုရားသခင်နှင့် လူသားများကြားပြန်လည်နီးကပ် စေခဲ့သည်။

စစ်မှန်သော ယုံကြည်သူ တိုင်းသည် ဘုရားသခင်နှင့် အနီးဆုံးနေရာ၌ သာနေလို ကြသည်။ သို့သော်လည်း စာတန် အုပ်စီုးသော ဤလောက၌ အသက်ရှင် နေထိုင်သောသူများ ဖြစ်သည့်အတွက် ရံဖန်ရံခါအခက်အခဲများ ကြုံတွေ့ရသောအခါ ဘုရားသခင်နှင့် ဝေးရာကို ထွက်သွားကာအသက်တာဆုံးရှံးမှူများနှင့် ရင် ဆိုင်တတ်ကြသည်။ ထို့ကြောင့် ဘုရားသခင်နှင့် ဝေးကွာ သကဲ့သို့ ဖြစ်နေပြီဆိုလျှင် ဝိညာဉ်ရေးရာနှင့် အသက်တာကျဆင်းခြင်း လမ်းကြောင်း အပေါ်သို့ ရောက် နေပြီ ဖြစ်ကြောင်းကိုအချိန် မှီဆင်ခြင်၍ ဘုရားသခင် ထံတော်သို့ ဆုတောင်းခြင်း၊ ယုံ ကြည် သူများနှင့် မိသာဟာရဖွဲ့ခြင်း၊ နှုတ်ကပတ်တော် နားထောင်ခြင်းဖြင့် ဘု ရားသခင်ထံသို့ ချဉ်းကပ်ရန် ဖြစ်သည်။ ထိုမှတစ်ပါး အခြားသောလမ်းမရှိပါ။

အဘယ်ကြောင့်ဆိုသော် ခရစ်တော်က “ငါသည် စပျစ်နွယ်ပင် ဖြစ်၏၊ သင်တို့်သည် အခက်များ ဖြစ်ကြ၏၊ အကြင်သူသည် ငါ၌ တည်၍ ငါသည်လည်းသူ၌ တည်၏၊ ထိုသူသည် များစွာသော အသီးကို သီးတတ်၏၊ ငါနှင့် ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင် (ယော ၁၅:၅)” ။ ဤကျမ်းပိုဒ်၌ ခရစ်တော်သည် စပျစ်နွယ်ပင် ဖြစ်ကြောင်း သူကိုယ်တိုင် နှိုင်းကာယုံကြည် သူများသည် အခက်များဖြစ်ကြောင်း ဖေါ်ပြထားသည်။ အခက်များသည် ပင်မစပျစ်နွယ်ပင်၌ မတည် လှျင်အချည်းနှီးသက်သက်သာ ဖြစ်သကဲ့သို့ ယုံကြည်သူများသည်လည်း ခရစ်တော်၌ မတည်လျှင်၊ ကွာဝေးနေလျှင် လုပ်ဆောင်သမျှသည် အချည်းနှီး ဖြစ်၍ အောင်မြင် မှူမရဘဲ ဆုံးရှူံးမှူသာလျှင် တွေ့ကြုံရမည် ဖြစ်ကြောင်းကို ဖေါ်ပြထားသည်။

ဘုရားသခင်သည် တစ်စုံတစ်ယောက်ကိုမျှ သူနှင့် ဝေးကွာလျှက်ပျက်စီးစေလိုသော ဘုရား မဟုတ်ပေ။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော် ဘု ရားကိုယ်တိုင် စိတ်ဝိညာဉ်၌ ကျိန်းဝပ်လျှက်သူ၏ ဘုန်းထင်ရှားစေရန်တာဝန် ကိုယ်စီဝေငှထားပြီး ဖြစ်သည်။ တာဝန် မရှိအလုပ်မရှိလျှင် ဦးတည်ချက်မဲ့၍ မိမိလုပ်ချင် ရာကို လုပ််မည် ဖြစ်သည်။

ထိုသို့ ဆိုသော် ဘုရားသခင် ​ကျွန်ုပ်တို့အား တာဝန် ပေးထားသော အလုပ်မှာ အဘယ်အလုပ် ဖြစ်ပါသနည်း´

၁ ကော ၁၂:၂၇ အရ ယုံကြည်သူ တိုင်းသည် ခရစ်တော်၏ အဂါ်တော် အသီးသီး ဖြစ်ကြ၏၊ ​ခြေလက်အင်္ဂါစသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများသည် သူ့နေ ရာနှင့် သူ အလုပ်လုပ်၍ ရှိသင့်ရှိထိုက်သော နေရာ၌ ရှိသောအခါ ကိုယ်ခန္ဓာ၌ အလွန်သင့်တင့်၍ အသုံးဝင်သော အစိတ်အပိုင်းများ ဖြစ်ကြသည်။ သို့သော်ကိုယ် ခန္ဓာနှင့် ကွာဝေးလျှက်ရှိနေမည်ဆိုပါက တွေ့မြင်ရသူအဖို့ ရွံရှာစရာ ဖြစ်သွားသည့်အပြင် ခန္ဓာ ကိုယ်အတွက်လည်း အသုံးမဝင်သောအရာ ဖြစ်သွားသည်။

ထိုနည်းတူ ခရစ်တော်၏ အင်္ဂါ အစိတ်အပိုင်းများ ဖြစ်သော ယုံကြည်သူများ၏ လုပ်ဆောင်ချက် များ မတူညီသော်လည်း ခရစ်တော်၌ တည်၍ မှန်ကန်သော နေရာ၌ နေထိုင်ကာမိမိ ကျရာကဏ္ဍာမှ ဘုရားသခင် အတွက် ပါဝင်ဆောင်ရွက်ပါက ကိုယ်ခန္ဓာ တည်းဟူသော ခရစ်တော် အတွက် အလွန်အသုံးဝင်ကာမြင် သူများ ရှေ့မှောက်၌လည်း တင့်တယ်လှပမည် ဖြစ်သည်။

သို့မဟုတ် ခရစ်တော်နှင့် ဝေးကွာလျက် မိမိစိတ်ကြိုက်သွားလာအသက်ရှင်နေပါက အသက်တာ၌ ခရစ်တော် အတွက် အသုံးမဝင်တော့သည့်အပြင်မြင် တွေ့ရ သူများ အဖို့ကြောက်ရွံ့စရာ အနှောက်အယှက် ပေးမည့်သူများဖြစ်သွားမည် ဖြစ်သည်။ ထိုကြောင့် မိတ်ဆွေ၏ အသက်တာ၌ ခရစ်တော်နှင့် ဝေးကွာနေ သလား၊ သို့မဟုတ် ခရစ်တော်နှင့်အတူ နီးကပ်စွာ အသက်ရှင်နေပါသလားဆိုသောအရာကို ဆင်ခြင်စေလို ပါသည်။

ဆာလံဆရာပြောထား သကဲ့သို့ “ကိုယ်တော်နှင့် ဝေးသောသူသည် ပျက်စီး၍ ဘုရားသခင် ထံချဉ်းကပ်လျှင် အကျိုးရှိ၏” ဆိုသည့်အတိုင်း အကျိုးရှိသောအရာကိုသာ ရွေးချယ်၍ ဘုရားသခင်၏ အမှူတော် ရှိသမျှတို့ကို သက်သေ ခံ ကြားပြောခြင်းအားဖြင့် ထာဝရဘုရားသခင်နှင့်အတူ သွားလာအသက်ရှင်ရန် ဤနူတ်ကပတ်တော်အားဖြင့် ဝေငှ အားပေးလိုပါသည်။

စာရှူသူအယောက်စီတိုင်း အပေါ် ဘုရားသခင်က ကောင်းချီးပေးပါစေ။

ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပညတ်

ဆရာထောင်ကျုံး

ကောင်းကင်နိင်ငံရောက်မရောက်လည်း ကိုယ်ကျင့်တရားဖြင့် တိုင်းတာ ကြသည်။ ကိုယ်ကျင့်တရားကောင်းပါက ကောင်းကင်နိင်ငံသို့ ပို့ ဆောင်၍ မကောင်းပါက ငရဲသို့ ချပစ် ကြသည်။ သို့သော် ကောင်းရှင်ဘုရားသခင်ကမူ ဝတ်ပြုခြင်း ဆိုင်ရာပညတ်ဖြင့် တိုင်းတာကြောင်း တွေ့ရသည်။

ထိုအရာကို မည်ကဲ့သို့ သိရသနည်းဟူမူကား၊ သခင်ယေရှုက ကိုယ်ကျင့်တရားပိုင်း၌ အလွန် လိုက်စားသော ဖါရိရှဲများထံ၊ “အခွန်ခံတို့နှင့် ပြည့်တန်ဆာတို့သည် သင်တို့ အရင် ဘုရားသခင်၏ နိုင်ငံတော် သို့ ဝင်တတ်ကြ၏။” ဟုဆိုခဲ့သည် (မ ၂၁:၃၁)။ အခွန်ခံနှင့် ပြည့်တန်ဆာတို့သည် သူတို့ ခေတ်၌ အလွန် အပြစ် ကြီးသည်ဟု သတ်မှတ်ခြင်း ခံရ၍ မည်သူကမျှ မပေါင်း ဖေါ်လိုကြ။ သို့သော် သခင်ယေရှု ကသင်တို့ အရင် ကောင်းကင်နိင်ငံသို့ ရောက်မည် ဟုဆိုသည်။

ဘုရားတရား၌ အလွန် စိတ်အားကြီးသော ဣသရေလ များနှင့် ပတ်သက်၍ ရှင်ပေါလုက ဤသို့ ဆိုခဲ့သည် “ညီအစ်ကိုတို့၊ ဣသရေလ လူတို့သည် ကယ် တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏ စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆု တောင်းလေ့ရှိ၏။ ထို သူတို့သည် မှန်သော ပညာမရှိသော်လည်း၊ ဘုရားသခင် ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါ သက်သေခံ၏။ ထို သူတို့သည် ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ” (ရော ၁၀:၁၃)။

ဣသရေလ လူများသည် ဘုရား ဖက်၌ စိတ်အားကြီးသော်လည်း အဘယ်ကြောင့် ကယ်တင်ခြင်းသို့ မရောက်သနည်းဟူမူကား ဘုရားသခင်ကို ကိုးကွယ်နည်း မမှန်သောကြောင့် ဖြစ်သည်။ သူတို့သည် ဝတ်ပြုခြင်း ဆိုင်ရာ၌ မှားယွင်း၍ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ၌ ကြိုးစားအား ထုတ် ကြသည်။ သူတို့ ကဲ့သို့ ဘုရားသခင်ကို ကိုးကွယ်မမှားဘို့ အရေးကြီးသည်။

ကိုးကွယ်မှားခြင်း
စကား ပုံ၌ ကုန်သွယ်မှားလျှင် တခေါက်၊ တောင်ယာခုတ်မှားလျှင် တ နှစ်၊ အိမ်ထောင်ပြုမှားလျှင် တသက် ဟုဆိုသည်။ ထိုစကား ပုံသည် အဆုံး၌ ကိုးကွယ်မှားလျှင် ထာဝရဟု ထပ်ထည့်ဘို့ လိုသည်။ ကုန်သွယ်မှားလျှင် ငွေ များစွာ ရှုံးသောကြောင့့်နောင်တ ရစရာ ပင်။ တောင်ယာခုတ်မှားလျှင် တနှစ် လုံးဝ မ်းစာဆုံးရုှံးသောကြောင့် ပြသနာ၊ အိမ်ထောင်ပြုမှားလျှင် တသက်လုံး စိတ်ဒုက္ခ ရောက်နိင်သည်။ သို့သော် ထိုအရာအားလုံး ထက် အလွန် အရေး ကြီးသော အမှားမခံရမည့် အရာသည်ကိုးကွယ်ခြင်း ပင် ဖြစ်သည်။ ကိုးကွယ် မှားခြင်းသည် သေပြီးမှသာလျှင်သိရမည် ဖြစ်၍ ထာဝရ ကာလ တိုင်အောင် ခံစားရမည် ဖြစ်သောကြောင့် အလွန် သတိထားရမည်။ သို့သော် လူအများစု ကလှစ်လျှုိရှု ကြသည်။

အဘယ်ကြောင့်ပေးလှူရကြသနည်း

(R. G. LeTourneau)

ဘုရားသခင်ကို မပေးလျှင် ဘုရားသခင်ကလည်း သင့်ကို ပေးမည် မဟုတ်။ ဘုရားသခင်သည် စာရင်းကောင်းစွာ ထားသောသူ ဖြစ်သည်။ (R. G. LeTourneau)သည် ထိုအရာကို ကောင်းစွာ သင်ခန်းစာရခဲ့သူ ဖြစ်သည်။ သူသည် မြေညှိစက်ကြီးများ ထုတ်လုပ်ရာတွင် အစပိုင်း၌ မအောင်မြင် ခဲ့ချေ။ စီးပွါးရေး ကပ်ဆိုက်ရောက်ချိန် အလယ်လောက် တနှစ်တွင် အမြတ်ငွေဒေါ်လာ ၃၅,ဝ၀၀ ရရှိခဲ့သည်။ ဝါကြွားသော စိတ်နှင့် စိတ်မြင့်၍ တနှစ်လျှင် အသင်းတော်သို့ ဒေါ်လာ ၅,ဝ၀၀ ပေးမည်ဟု ဂတိပေးခဲ့သောအရာကို မပေးခဲ့ချေ။ သူ့ရည်ရွယ်ချက်ကထိုငွေကို ပြန်လည်ရင်း၍ ထိုနှစ်တွင် အမြတ်ငွေတသိန်းရရှိတဲ့အခါဘုရား ထံပိုပေးဘို့ ဖြစ်သည်။ သို့သော် သူထင်သလိုအမြတ်တ သိန်းမရဘဲ အကြွးတသိန်းတင်လာ၍ ပြန်လည်ဒူးထောက်ရသည်။ အသင်းတော်၌ သူတင်ခဲ့သော အကြွေး ၅,ဝ၀၀ မက နောက်နှစ်၌လည်း ထိုမျှသော ငွေကို အကြွေးတသိန်းတင်နေချိန်မှာပင်လျှင် အသင်းတော်သို့ ပေးခဲ့သည်။ ထိုအချိန် မှစ၍ အ​ခြေအနေပြောင်းလာသည်။ လေးနှစ်အတွင်း သူတို့ ကုမ္ပဏီီ၏ အစရှုယ်ရာ ၉၀ ရာခိုင်နှုန်းကို သူတို့ ယပိုင်ဆိုင်လာ၍ ကမ္ဘာအနှံ့ ခရစ်တော် အတွက် များစွာ ထောက်ပံ့နိင်ခဲ့သည်။ တချိန်၌ သူတို့ ယပိုင်ဆိုင်မှုသည် သန်း ပေါင်း ၄၀ အထိ ရှိခဲ့သည်။

သူက ဘုရားသခင် ထံ ဘယ်လောက်ပေးတယ် ဆိုတာထက်၊ ဘုရား ဥစ္စာဘယ်လောက်ငါထိန်းခဲ့သလဲဆိုတာကို သူအမြဲပြောလေ့ရှိသည်။ သူမ သေခင်တွင် သူ့ဝင်ငွေ၏ ၉၀ ရာခိုင်နှုန်းကို ဘုရား ထံပေးခဲ့သည်။ ဤကြွေး တသိန်းတင်ရာမှသူ၏ စီမံကိန်း၌ ဘုရားသခင်ကို ဦးစားပေး လာသောအခါ သန်းပေါင်း၄၀ ယပိုင်ဆိုင်နိင်သည် အထိ ဖြစ်လာသည်။

ဘုရားသည်ပဌမ
ဆယ်ဘို့ တဘို့ ပေးခြင်းသည် ကောင်းကြီး မင်္လာ ဖြစ်သည်သာမက ဘုရားသခင်ကို ပဌမ ဦးစားပေးခြင်းလည်း ဖြစ်သည်။ များစွာသော ယုံကြည်သူများ၌ သူတို့၏ လိုချင်သော အရာသည် ပဌမ ဖြစ်၍ ဘုရားသခင်သည် နောက်ဆုံးမှ ဖြစ်တတ်သည်။ ဘုရားကို ပဌမ ဦးစားပေးလျှင် ဘုရားသခင်ကလည်း သင့်ကို ပဌမ ဦးစားပေးပါလိမ့်မည်။ ကိုယ်လိုချင်သော အရာများကို ဦးစားပေး၍ အကျန်ရှိမှာသာလျှင် ဘုရားသခင် အတွက် ပေးပါက ဘုရားသခင်ကို နောက်ဆုံးမှ ထားခြင်း ဖြစ်သောကြောင့် ဘုရားသခင် အနေဖြင့် သင့်ကို မည်ကဲ့သို့ ကောင်းကြီး ပေးနိင်မည်နည်း။

ဆယ်ဘို့ တဘို့ ပေးခြင်းသည် ဘုရားသခင်ကို မိမိ၏ ပိုင်ရှင် ဖြစ်ကြောင်း အသိအမှတ်ပြုခြင်း ဖြစ်သည်။ အမှန်မှာ အရာခပ်သိမ်းသည် ဘုရားကဖန်ဆင်း၍ သူ့ဥစ္စာ ဖြစ်သည်။ ကျမ်းစာ၌ ခပ်သိမ်းသောအရာ တို့သည် ကိုယ်တော် အထဲက၎င်း၊ ကိုယ်တော် အားဖြင့်၎င်း၊ ကိုယ်တော် အဘို့ အလိုငှါ၎င်း၊ ဖြစ်ကြ၏။ က​မ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူ စေသတည်း။ အာမင်။ (ရော ၁၁:၃၆)ဟု ပါရှိသည်။ ခပ်သိမ်းသောအရာ ထဲ၌ ​ကျွန််ပတို့လည်း ပါဝင်သည်။ ထို့ကြောင့် ​ကျွန်ပ်တို့ အားလုံး သည် ဘုရားသခင်အားဖြင့် ဖြစ်၍ ဘုရားသခင် အဘို့ ဖြစ်ကြသည်။ သို့သော် ​ကျွန်ပ်တို့သည် ဘုရားသခင် အဘို့ အလို့ငှါ မဖြစ်ချင် ကြ။ ကိုယ်အဘို့ အသက်ရှင်လို ကြသည်။ ထိုအရာကို ဆယ်ဘို့ တဘို့အားဖြင့် သိသာထင်ရှားသည်။

Triple T (time, talent, treasure)
ဘုရားသခင်ကို Triple T တည်းဟူသော အချိန်၊ တတ်စွမ်းသောအရာနှင့် ဘဏ္ဍာဆက်ကပ်ဘို့ လိုအပ်သည်။ အချိန်ကို မည်ကဲ့သို့ ဆက်ကပ် မည်နည်းဟူမူကား၊ ဘုရားသခင် အတွက် ဖြစ်လျှင် အကောင်းဆုံးသော အချိန်ကို ပေးရမည်။ ကိုယ်လိုချင်သောအရာ အတွက်အချိန် အားလုံး အသုံးပြု ပြီးမှဘာမျှလုပ်စရာ မရှိမှသာလျှင် ဘုရားသခင်ကိုအချိန် ပေးခြင်းသည် ဘုရားသခင်ကို ဦးစားမပေးခြင်း ဖြစ်သည်။ ဘုရားသခင်ကို မိမိ၏အချိန် အကောင်း ဆုံးပေးပါက ​ကျွန်ပ်တို့၏အချိန် ကိုလည်း ပွားများ စေမည် ဖြစ်သည်။ မည်ကဲ့သို့ ပွားများ စေမည်နည်းဟူမူကား မလိုအပ်သော အရာများအတွက် အချိန်ကို မကြာစေဘဲ အမြန်ပြီး မြောက်စေမည်။ အချိန်ကို ဘုရားသခင် အားပေးရာတွင် အ​ခြေခံအကျဆုံးနှင့် အလွယ်ဆုံးသော နည်းမှာဘုရားကျောင်းတက်ရာတွင် နောက်မကျဘဲ ကြုိတင်ဘုရားကျောင်းသို့ လာခြင်းသည် ဘုရားသခင်ကို ဦးစားပေးခြင်း၊ အချိန် ပေးခြင်း ဖြစ်သည်။ မိဿဟာယဖွဲ့သောအခါ၌လည်းအချိန် မှီရောက်၍ အချိန် မှန် ပြီးစီးခြင်းသည် အချိန်ကို ဘုရားသခင် အားပေးခြင်း ဖြစ်သည်။ ဆုတောင်း ချိန်နှင့် ကျမ်းစာဖတ်ချိန်ကိုလည်း သတ်မှတ်၍ မှန် မှန် ပြုလုပ်လျှင် ဘုရားသခင်ကို ဦးစားပေးခြင်း ဖြစ်သောကြောင့်အချိန် တန် လာလျှင် အသီးအပွင့်တွေ့ရမှာသေချာသည်။

အစွမ်းအစကို ဘုရားသခင်ကို ပေးခြင်းသည်လည်း အလွန် အရေးကြီးသည်။ လူတိုင်း ဘုရားသခင်က အစွမ်းအစ အမျိုးမျိုး ပေးထားသည်။ မိမိ၏ အစွမ်းအစကို သိနားလည်၍ ဘုရားသခင်အား ပြန်လည်ဆက်ကပ်ဘို့ လို အပ်သည်။ လူများ ကအသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ သစ္စာရှိစွာ အသုံးပြုဘို့ လိုအပ်သည်။သို့ပြုလျှင် ဘုရားသခင်က သာ၍ ကောင်းကြီး ပေးနိင်ပေမည်။

လူသည် ဘဏ္ဍာငွေကို အချစ်ဆုံး ဖြစ်သည်။ လူအများစုသည် မိမိတို့၏ ဘဏ္ဍာရှိသော နေရာကို သိကြသည်။ မမေ့နိင်ကြ။ မိမိဘဏ္ဍာကို ကောင်းစွာ ထိန်းသိမ်း ကြသည်။ ထိုအချစ်ဆုံးသော ဘဏ္ဍာကို ပေးခြင်းသည် မည်မျှချစ်ခြင်းရှိကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ ဘုရားသခင်က သင်၏ ဘုရားသခင် ထာဝရဘုရားအား စိတ်နှလုံးအကြွင်းမဲ့ညဏ်စွမ်းသျွှိရှိသမျှ ချစ်ပါ ဟုဆိုရာတွင် ဘုရားသခင်ကို မည်မျှချစ်ကြောင်းကို မိမိ၏ ဘဏ္ဍာငွေကို ဘုရားသခင် အားပေးခြင်းဖြင့် သိနိင်သည်။ စျေး၌ ပစ္စည်းစျေးလျှော့ရောင်းသောအခါ ပိုက်ဆံမရှိလျှင်လည်း ချေးငှါး၍ ဝယ်တတ်သည်။ ဝယ်ပြီးသောအခါ၌လည်း နောင်တ မရသည်သာမက အလွန် တန်သည်ဟု ကျေနပ် အားရနေတတ်သည်။ သို့သော် ဘုရားသခင် အတွက် မူဒေါ်လာနှစ်ဆယ်ဒေါ်လာတရာထုတ်ဘို့ရန် အလွန် ခက်သည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင်ကို မည်မျှချစ်သည် လေး စားသည် ကျေးဇူးသိသည်ကို မည်မျှသူ့အတွက် အသုံးပြုခြင်းဖြင့် ကောင်းစွာ သိနိင်သည်။

ဘုရားသခင်သည် ကျေးဇူးရှင် ဖြစ်ကြောင်း သိသောသူအတွက် မည်မျှပင်ပေးသော်လည်း အားရခြင်း မရှိ၊ များလွန်းသည်ဟု မထင်မှတ်။ သာ၍ ပေးချင်သည်။ ဘုရားရှင်က ဝိညာဉ် မျက်စိဖွင့်ပေးပါစေသော်။ အာမင်။

ယုံကြည်သူ ရဲ့မဟာတာဝန်

Lal Ceu

လူသား တိုင်း၌ တာဝန် ကိုယ်စီရှိ ကြသည်။ တာဝန် မရှိသောသူတယောက်မျှ မရှိပါ။ သမ္မတ၌လည်း ကြီးမားသော တာဝန် ရှိသကဲ့သို့ ဆင်းရဲ သားများ၌လည်း၎င်းတို့နှင့် ထိုက်တန်သည့်တာဝန် ရှိကြသည်။ ထိုသို့ တာဝန် ရှိကြသည် အထဲ၌ အလွန် အရေးကြီး၍ မလုပ်မ ဖြစ်လုပ်ရမည့် တာဝန်နှင့် အလွန် အရေးမကြီး သောကြောင့် မလုပ်ချင် လျှင်လည်း ထားခဲ့၍ ရသော တာဝန် များလည်းရှိသည်။ ဥပမာ- စီးပွားရေးသမားတယောက်၏ တာဝန်သည် သူ့စီးပွားရေးကို အဓိက ထားတတ်သည်။ နိုင်ငံရေးသမား တစ်ယောက်မူကား နိုင်ငံရေးအုပ်ချုပ်ရေးကို အဓိကဦးစားပေးမည် ဖြစ်သည််။

ယုံကြည်သူ တစ်ယောက်ရဲ့ အဓိကတာဝန်သည်လောကီအရပ်ရပ်၌ ကယ်တင်ခြင်း အကြောင်းကို ဟောပြောခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှု ကောင်းကင်ဘုံသို့ တက်မည့် အချိန၌ ယုံကြည်သူများအား နောက်ဆုံး အနေနဲ့မှာထားတဲ့စကား ဖြစ်တယ်။ မဿဲ ၂၈:၁၉၊ မကု ၁၆:၁၅၊ လုကာ ၂၄:၄၇၌ တွေ့နိုင်သည််။

ဥပမာ- ဘယ်လူသား မဆိုသေခါနီးမှာ လူရဲ့လျှို့ဝှက်ချက်၊ မပြောမ ဖြစ်တဲ့စကား၊ ပြောတတ်ကြတယ်။ ထို့နောက် သားသမီး တွေကလည်း ကိုယ့် အဖေရဲ့နောက်ဆုံးစကား လေးကို မဖြစ် ဖြစ်အောင်၊ မရရအောင်၊ မရှိရှိအောင် ရှိသမျှနှင့် လိုက်လုပ်တတ် ကြသည်။ အဘယ်ကြောင့်ဆိုသော် အဲဒီအဖေစ ကား အတိုင်း မလုပ်ရင်တာဝန် မကျေသောသား ဖြစ်သွားမည် ဖြစ်မည်။

ထို့ကြောင့် ​ကျွန်ပ်တို့ ယုံကြည်သူ အယောက်စီတိုင်းလည်း သခင်ယေရှု၏ နောက်ဆုံးမှာထားသည့်စကား ကယ်တင်ခြင်း အကြောင်းကိုလောကီ နိုင်ငံတိုင်း မှာဟောပြောဖို့မှာထားသည်။ မိတ်ဆွေ သင်ရဲ့တာဝန် ကျေချင် သလား၊ ထိုတာဝန်ကို မေ့လျော့ နေသလား၊ ထိုတာဝန်ကို ဂရုမစိုက်ဘဲ နေနေသ လား၊ ယခု ကြိုးစားပြီး လား၊ကိုယ့်ကိုယ်ကို သေသေချာချာ စစ်ဆေးပြီး ကိုယ့် လိုအပ်ချက်ကို ရိတ်သိမ်းချိန်မတိုင်မှီအချိန် ကောင်းအခွင့်ကောင်း၊ ဘုရားသခင် ပြင်ဆင် ပေးတဲ့အချိန် မှာသခင်ယေရှု ရဲ့အရေးကြီးဆုံးသော မှာကြားတဲ့တာ ဝန်ကို ကိုယ်တတ်နိုင်သလောက် ကြိုးစားအား ထုတ်ကြစို့။

တချို့ကတော့တတ်နိုင်သလောက်နဲ့ ဘုရားသခင် နိုင်ငံတော် အတွက်ဟောပြောခြင်း၊ ပေးကမ်းခြင်း၊ ကြွေးမွေးခြင်း၊ အားထုတ်ခြင်း၊ အမျိုး မျိုးနှင့် သခင်ယေရှု ရဲ့အရေးကြီးဆုံး မှာကြားသော တာဝန်ကို ထမ်းဆောင်ကြ တယ်။ တချို့ကတော့ သခင်ယေရှု ပေးထားတဲ့တာဝန် ထမ်းဆောင်ယောင် ဆောင်ပြီး ကိုယ့်ဝမ်းစာအတွက်၊ ကိုယ့်နာမည်ကြီး ဖို့အတွက်၊ ကိုယ့်လူမျိုး ကိုယ်ဆွေမျိုး တိုးတက်ဖို့အတွက် လုပ်ဆောင်တတ်ကြတယ်။ (၁ ကော ၃:၁၁-၁၅) မှာတွေ့ရတယ်။ အဲဒီချိန်မှာ ယုံကြည်သူ အပေါင်းတို့ ယခုထမ်း ဆောင်နေတဲ့ ယုံကြည်သူလည်း နောက်တစ်ဆ၊ မထမ်းဆောင်ရ သေးသောသူလည်း ယခုချိန်ကိုယ့်တာဝန်ကို သိပြီး သခင်ယေရှု ရဲ့အရေးကြီးဆုံး မှာကြား သွားသော တာဝန်ကို ထမ်းဆောင်ရအောင်။ ဒါဟာ ဘုရားသခင် ရဲ့အလိုတော် ဖြစ်တယ်။ အယောက်တိုင်း အပေါ် ဘုရားသခင်က ကောင်းကြီး ပေးပါစေ။

ချီဆောင်ခြင်း အလွန် နီးပြီ

အပိုင်း (၁)

သန့်ရှင်း သူများ၏ ချီဆောင်ခြင်းသည် အလွန် နီးပြီ ဖြစ်သည်။ မိတ် ဆွေအသင့် ပြင်ဆင်ပြီး ပြီလော။ ခရစ်တော် မကြာမှီကြွလာတော့မည်။ ဘုရားသခင်သည် လူများကို သတိမပေးဘဲ ဘယ်သောအခါ မျှအလုပ်မလုပ်ပါ။ အဲဂုတ္တု ပြည်၌ ကပ်ဆိုက်ရောက်မည့် အရာကိုလည်း မောရှေနှင့် အာရုန်အားဖြင့် သတိ ပေးခဲ့သည်။ သို့သော် ဖါရောဘုရင်က မယုံကြည် ဂရုမစိုက်ခဲ့။ (ထွက် ရမှ ၁၂) နိနေဝေမြို့ကြီး အပြစ် ကြီး၍ တရားစီရင်မည့် အရာကို ဘုရားသခင်က ယောနအား သတိပေးခိုင်းသည်။ ထိုမြို့သူမြို့သားတို့သည် ဘုရားသခင်၏ သတိပေးခြင်းကို ယုံကြည်၍ အစာရှောင် ဆုတောင်း ကြသောကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းမှ လွတ်ခဲ့သည် (ယောန ၃)။သော ဒုံနှင့် ဂေါမောရမြို့ကို ကန့်မီးနှင့် တရားစီရင်သောအခါ၌လည်း ကောင်းကင်တမန် များကိုယ်တိုင် ဆင်း၍ သတိပေးသော်လည်း မယုံကြည် ကြသောကြောင့် တရားစီရင်ခြင်း ခံခဲ့ရသည် (က ၁၉)။ ထို့ကြောင့် ဘုရားသခင်သည် အပြစ်သားများကို တရားစီရင်သောအခါ သတိမပေးဘဲ မစီရင်။

ခရစ်တော် ဒုတိယအကြိမ် ကြွလာမည့် အရာများကို သူကိုယ်တိုင် ကသော်၎င်း၊ အခြားသော ကျမ်းစာ ရေးသောသူများ က၎င်း၊ ရေးထားသည်။ သို့သော် လူသားများသည် ဘုရားသခင်နှင့် သူ၏ တန်ခိုးကို မယုံကြည်သောအခါ ခရစ်တော်၏ ဒုတိယကြိမ်ကြွလာမည့် အရာများကိုလည်း မယုံကြည် ကြ။ ထို့ကြောင့် တမန်တော် ရှင်ပေတရုက ရှေ့ဦးစွာ သိမှတ်အပ်သော အရာ ဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ် ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုိင်းကျင့်နေ၍၊ သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည် (၂ ပေ ၃:၃၄)ဟု ကြိုတင် ရေးထားသည်။

ချစ်သူတို့၊ ထာဝရဘုရား မှာကာလ တရက်သည်၊ အနှစ်တထောင် ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်း၊ ဖြစ်သည် အရာ တခုကို မမေ့လျော့ ကြနှင့်။ ၉ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည် အတိုင်း၊ ထာ ဝရဘုရားသည် ဂတိတော် အရာမှာနှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တ ရစေခြင်းငှါ အလိုတော် ရှိ၍၊ ငါတို့ ကိုသည်း ခံတော်မူ၏။ ၁၀ သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့် တကွပျောက်သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီး ကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ် သမျှသောအရာ တို့သည် ​ကျွမ်းလောင်ကြလိမ့်မည်။

သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုဃ်းကောင်းကင်သည် မီးနှင့် ပျက်၍ လောက ဓာတ်တို့သည် ပူအား ကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်း ဟူသော၊ ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျေှာ်လင့်တောင့်တလျက်၊ သန့်ရှင်းသော အကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း အားဖြင့်၊ အဘယ်သို့ သောသူ ဖြစ်အပ်ကြသနည်း။ ၁၃ ယခုရှိသမျှသောအရာ တို့သည် ပျက်ရသော်လည်း၊ ​ဖြောင့်မတ်ခြင်း တရားတည်နေရာမိုဃ်း ကောင်းကင်သစ်နှင့် မြေကြီး သစ်ကို ငါတို့သည် ဂတိတော်နှင့် အညီမျှော်လင့်ကြ၏။ (၂ ပေ ၃:၈-၁၃)

ရှင်ပေတရုရေးသည် အတိုင်း ဘုရားသခင်သည် အဘယ်သူကိုမျှ မပျက် စီးစေချင် သောကြောင့် ယခုတိုင်အောင် စောင့်ခြင်း ဖြစ်သည်။ ဤလောက ဓါတ်ရှိသမျှတို့သည် အားလုံး ပျက်စီးမည် ဖြစ်သောကြောင့် ထိုအရာများကို စွဲလန်းခြင်း မရှိသင့်။ ရှင်ပေတရုကပြောသည့်အတိုင်း ဘုရားသခင်၏နေ့ ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသော အကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း အားဖြင့်၊ စောင့်မျှော်သင့်သည်။ မသိ သေးသောသူများကို သတိပေးသင့်သည်။ ပျက်စီးတော့မည့် အရာများ အတွက်အချိန် မပေးသင့်ပါ။ ထိုသို့ ဆိုသောအခါ အလုပ်မလုပ်ရ၊ ကျောင်းမတက်ရ၊ ဟုဆိုလိုခြင်း မဟုတ်။ ကိုယ့်ချစ်သူ သို့မဟုတ် အရေးကြီးသော ပုဂ္ဂိုလ်ကိုယ့်ထံသို့ ရောက်ခါနီးတွင် မည်ကဲ့သို့ ရှိကြသနည်း။ ကိုယ့်ကို ကိုယ်၎င်း၊ အိမ်ကို၎င်း၊ သန့်ရှင်းစေ၍ လိုအပ်သည်များကို ပြင်ဆင်သည် မဟုတ်လော။ ထိုနည်းတူ သခင် ခရစ်တော် ကြွလာမည့် အရာကို စိတ်လှူပ်ရှား၍ ကြုိတင် ပြင်ဆင်စရာများကို ပြင်ဆင်လျက် အသင့် စောင့်နေသင့်သည်။

ဘုရားသခင်၏အချိန်ဇယား (God's Time Table)
ဤလောကသည် ဘုရားသခင်က ဖန်ဆင်း၍ သူ၏ အစီအစဉ်အတိုင်း သွားနေသည်။ ဤကမ္ဘာကြီးသည် အစရှိ သကဲ့သို့ အဆုံးလည်းရှိကြောင်းကို ဖန်ဆင်းရှင် ထာဝရဘုရားက ကျမ်းစာထဲတွင် ဖေါ်ပြထားသည်။ သို့သော် လူ သားများကျမ်းစာ မဖတ်၊ စိတ်မဝင်စားကြသောအခါ မသိ နားမလည်နိင်ကြ။ ဘုရားသခင်သည် သူ၏ အစီအစဉ်များကို မဖေါ်မပြဘဲ မနေ။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ နောက်ဆုံးအထိ ဖေါ်ပြပြီးသော အရာများကို လေ့လာကြစို့။

ကာလများ (Ages)
ဤကမ္ဘာလောက ကြီးကို ကာလအားဖြင့် သုံးကာလ ပိုင်း၍ ရသည်။ ကာလ ပြောင်းလျှင် လူ့သက်တမ်းလည်း ပြောင်းတတ်သည်။ ထိုကာလများမှာ ရေမလွှမ်းမိုးမှီကာလ၊ ယခုနေ့ရက်ကာလ၊နှင့် အနှစ်တစ်ထောင်ကာလတို့ ဖြစ်သည်။

ရေမလွှမ်းမိုးမှီကာလ (Antediluvian Age)      
ကမ္ဘာဦးမှစ၍ နောဧလက်ထက် ရေလွှမ်းမိုးသည် အထိကို ရေမလွှမ်း မိုးမှီကာလ (Antediluvian Age) ဟု ခေါ်သည်။ ထိုကာလ၌ လူ့သက်တမ်းသည် အနှစ် ၉၀၀ ကျော်ရှိ ကြသည်။ အာဒံသည် အသက် ၉၃၀ မသုရှေလ ၉၆၉ နှစ်အသက်ရှင်သည်။ ထိုကာလ ရှိလူများသည် ဆိုးသွမ်း ကြသောကြောင့် ရေလွှမ်းမိုးခြင်းဖြင့် သုတ်သင်ပယ်ရှင်းခြင်း ခံရ ကြသည်။ နောဧနှင့် မိသားစု ၈ ဦးသာ ရေလွှမ်းမိုးခြင်းမှ ကင်းလွတ် ခဲ့ ကြသည်။

ယခုနေ့ရက်ကာလ (Present Age)
နောဧခေတ်ရေလွှမ်းမိုးခြင်းမှ ခရစ်တော် ဒုတိယအကြိမ် ကြွလာမည့်အချိန် အထိကို ယခုနေ့ရက်ကာလ (Present Age) ဟု ခေါ်သည်။ ​ကျွန်ပ်တု့ိသည် ယခုနေ့ရက်ကာလ၌ နေနေကြသည်။ ရှင်ပေါလုက ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလ အချိန်ကို ရွေးနှုတ်ကြလော့။ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော် ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့။ (ဧ ၅:၁၆၊ ၁ရ) ဟုဆိုရာတွင် ဤကာလကို ဆိုလိုသည်။ ယခုနေ့ရက်ကာလတွင် လူ့သက်တမ်းသည် အနှစ် ရဝ သာရှိသည်။ မောရှေက အ​ကျွန်ုပ်တို့၏ အသက် အရွယ်သည် အနှစ် ခုနစ်ဆယ် အတိုင်း အရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အ​ကျွန်ုပ်တို့သည် စုတေ့ကြပါ၏။ (ဆာ ၉၀:၁၀) ဟုဆိုခဲ့သည်။ လူ့သက်တမ်းသည် အလွန် တိုတောင်းသောကြောင့် ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သည် ဟုဆိုရခြင်း ဖြစ်သည်။

အနှစ်တစ်ထောင်ကာလ (Millennial Age)
ခရစ်တော် ဒုတိယအကြိမ် ဤလောကသို့ ကြွရောက် လာ၍ အနှစ် တစ်ထောင် အုပ်စိုးမည် ဖြစ်သည်။ ထိုအချိန်ကို အနှစ်တစ်ထောင်ကာလ (Millennial Age) ဟု ခေါ်သည်။ ထိုအချိန်၌ လူ့သက်တမ်းသည် အနှစ် ၁၀၀၀ အထိ ပြန်လည်ရှည်မည် ဖြစ်သည်။ ထိုမြို့၌ အသက် ငယ်သောသူငယ် မရှိရ၊၊ အသက် မပြည့်စုံသော လူအိုလည်း မရှိရ၊၊ အသက် တရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏၊၊ အပြစ်ရှိသော သေသောသူသည် အသက် တရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍ မှတ်ရ၏၊၊ (ဟေရှာယ ၆၅:၂၀) ထိုကာလ၌ အသက် ၁၀၀ ရှိသောသူကို သူငယ်ဟူ၍ မှတ်ရသည် ဟုဆိုသောကြောင့် အသက် ကြီးသောသူသည် အနှစ် ၁၀၀၀ အထိ ရှည်မည် ဖြစ်သည်။ ထိုကာလ၌ အစာရေစာပေါများ၍ တိရစ္ဆာန်များလည်း အသား မစားဘဲ မြက်ကိုသာ စားမည့် အကြောင်း ဤသို့ တွေ့ရသည်။ တောခွေးနှင့် သိုးသငယ်တို့ သည်အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွား ကဲ့သို့ မြက်ကို စားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိ်မ့်မည်။ ငါ၏ သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော်မူ၏။ (ဟေရှာယ ၆၅:၂၅)