Periodical: Good News February 2023

Home >   Periodicals >February 2023

GN022023

February 2023
GOOD NEWS PERIODICAL

ဘေးဒဏ်ကြီးကာလအလွန်နီးပြီ

ဖေဖဝါရီလ ၆ ရက်နေ့၌တူရကီနှင့်ဆီးရီးယားနယ်စပ်တွင် ရ.၈ အင်အားရှိသောငလျှင်လှုပ်ခဲ့သည်။ ထိုငလျှင်သည် ရ၅ စက္ကန့်၊ တစ်မိနစ်နှင့် ၁၅ စက္ကန့်သာကြာသည်။ သို့သော်အိမ်များစွာပြိုလဲပျက်စီး၍၊ လူများစွာ သေကျေပျက်စီးရကြသည်။ ရေကာတာများစွာပေါက်၍ ရေလျှံခြင်းလည်းကြုံတွေ့ကြသည်။ ထိုအဖြစ်အပျက် အားဖြင့်သင်ခန်းစာများစွာရရှိနိုင်သည်။ လူ သည်တိုက်အိမ်မြင့်ကြီးများကိုအားရတတ်၊ ဂုဏ်ယူတတ်ကြသည်။ သို့သော်တိုက်မြင့်အိမ်များသည်လုံခြုံမှုမရှိ၊ တစ်မိနစ်အ တွင်း ပျက်စီးနိုင်သည်။ ရေကာတာများကိုတည်ဆောက်၍ ရေအားလျပ်စစ်ဓါတ်ထုတ်လုပ်နိုင်သည်။ စိုက်ပျိုးရေး၌လည်းရေပေးနိုင် သည်။ သို့သော်ရေကာတာများလည်း၊ ကြောက်စရာကောင်းသော၊ လူသေစေနိုင်၍အသက်အိုးအိမ်များကိုဖျက်ဆီးနိုင်သော အရာ များဖြစ်သည်။

အကြီးမားဆုံးငလျှင်များ

ကမ္ဘာ့အကြီးမားဆုံးသဘာဝဘေးဒဏ်များသည်၊ ရှေ့အနာဂတ်များမကြာမှီတွင်လှုပ်မည်ဖြစ်ကြောင်းဗျာဒိတ်ကျမ်းမှ လေ့ လာကြစို့။

 “ဆဌမတံဆိပ်ကိုဖွင့်သောအခါငါကြည့်လျှင်၊ ကြီးစွာသောမြေလှုပ်ခြင်းဖြစ်၏(ဗျာဒိတ် ၆း၁၂)  တောင်များ၊ ကျွန်းများအ ပေါင်းတို့သည်မိမိတို့နေရာအရပ်မှရွေ့ကြ၏ (ဗျာဒိတ် ၆း၁၄)

ထိုအချိန်နာရီ၌ကြီးစွာသောမြေလှုပ်ခြင်းဖြစ်၍၊ မြို့ရိုးဆယ်စုတစုပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌လူခုနစ် ထောင်သေကြ၏။ ကြွင်းသောသူတို့သည်ကြောက်ရွံ့၍၊ ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်ကိုချီးမွမ်းကြ၏။”(ဗျာ ၁၁း၁၃)

 သတ္တမကောင်းကင်တမန်သည်မိမိဖလားကို၊ အာကာသကောင်းကင်ပေါ်သို့သွန်းလောင်းလျှင်၊ ပြီးပြီဟု ကြီးသောအသံ သည်၊ ကောင်းကင်ဗိမာန်တော် ၌ရှိသောပလ္လင်တော်ထဲကထွက်၏။၁၈ လျှပ်စစ်ပြက်ခြင်း၊ အသံ မြည်ခြင်း၊ မိုးချုန်းခြင်း၊ ကြီးစွာ သောမြေလှုပ်ခြင်း ဖြစ်ကြ၏။ မြေကြီးအပေါ်မှာလူတို့ဖြစ်သည့်ကာလမှစ၍၊ ထိုသို့ သောလက္ခဏာနှင့်ထိုမျှလောက်ပြင်း ထန်စွာ သောမြေလှုပ်ခြင်းသည်မဖြစ်စဖူး။၁၉ မြို့ကြီးသည်သုံးဖြာကွဲပြား၍၊ လူအမျိုးမျိုးနေသောမြို့တို့သည်ပြိုလဲကြ၏။ ဘုရားသခင်သည်ပြင်းစွာသောဒေါသအမျက်တော်၏၊ စပျစ်ရည် ဖလားကိုတိုက်ခြင်းငှါ၊ ဗာဗုလုန်မြို့ကြီးကိုအောက်မေ့တော်မူ၏။ ကျွန်းရှိသမျှတို့သည်လွင့်ပြေးကြ၏။ တောင် များတို့သည်ကွယ်ပျောက်ကြ၏။”(ဗျာဒိတ် ၁၆း၁ရ-၁၉)

ယခုအထိမြေလှုပ်ခြင်းများသည်လူဆောက်သောအိမ်များပြိုခြင်း၊ မြေကြီးအက်ကွဲခြင်း၊ ရေကာတာများ ပေါက်ခြင်းသာလျှင်ဖြစ်စေသည်။ အနာကပ်မှာလှုပ်မည့်ငလျှင်သည်၊ တောင်များပျောက်၍၊ ကျွန်းများလွင့်ကုန် မှာဖြစ်သောကြောင့်အလွန်ကြောက်စရာကောင်းပေလိမ့်မည်။ သို့သော်ဝိညာဉ်မျက်စိကန်း၊ နှလုံးခိုင်မာသောသူများ သည်ယခုတိုင်အောင်ဂရုမစိုက်၊ ပြင်ဆင်မှုမလုပ်ကြသေးချေ။

အထက်ပါမြေလှုပ်ခြင်းများသည်အနာဂတ်မှာရှိသေးသည်။ ခရစ်တော်ကလည်းသူကြွလာခါနီးခြင်း၏နိမိတ် လက္ခာဏာအဖြစ်မြေငလျှင်လှုပ်မည့်အကြောင်းဤသို့ပြောသွားသည်၊ “လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ၊ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။” (မဿဲ ၂၄းရ)။ ကျမ်းစာနားလည်သူ၊ ချီဆောင်ခြင်းမြော်လင့်သောသူ၊ ခေတ်ကာလနားလည်းသူ၊ ဘုရားသခင်ကိုယုံကြည်အားကိုးသူများအတွက်၊ မြေငလျှင်လှုပ်ခြင်းသည်ထူးဆန်းသည်မဟုတ်၊ ခရစ်တော်ကြွလာ ခါနီးကြောင်းအချက်ပြဖြစ်သည်။

အချိန်နီးကြောင်းသိခြင်းသည်အလွန်ကောင်းသည်။ သို့သော်ပြင်ဆင်မှုမရှိလျှင်ဘာမျှအကျိုးမရှိချေ။ မည်ကဲ့ သို့ပြင်ဆင်မည်နည်း။ ခရစ်တော်ကိုရရှိဘို့လိုသည်။ ကျမ်းစာက၊ ”ဘုရားသခင်သည်၊ ငါတို့အားထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်းသားတော်၌ပါ၏။ သားတော်ကိုရသောသူသည်အသက်ကိုရ၏။ ဘုရားသခင် ၏သားတော်ကိုမရသောသူမူကားအသက်ကိုမရ။” (၁ ယော ၅း၁၁-၁၂) ဟုဆိုသည်။ ကျမ်းစာကသားတော်ကိုသိ သောသူဟုမဆိုပါ၊ ရသောသူဟုဆိုသည်။ သင်သည်သားတော်ကိုရရှိပြီလော။ သားတော်ကိုသိသောသူတိုင်းသား တော်ကိုမရရှိကြပါ။ သားတော်ကိုစိတ်နှလုံးတံခါးဖွင့်ပေးပါ။

တူရကီနိုင်ငံငလျှင်ကြောင့်သံလွင်ပင်ဥယျာဉ်ခြံနှစ်ခြမ်းကွဲသွားပြီးချိုင့်ဝှမ်းကြီးပေါ်ပေါက်လာပုံ

 

ဖေဖဝါရီလ ၆ ရက်နေ့ငလျှင်ကြောင့်တိုက်မြင့်ကြီးများပြိုကျကာလူများစွာသင်္ချိုင်းဖြစ်သွားသောပုံ

အကြီးမားဆုံးမိုးသီးများ

ဘုရားသခင်ကအဲဂုတ္တုပြည်တွင်မိုးသီးအားဖြင့်သူ၏တန်ခိုးကိုပြသခဲ့ပြီ။ ”မောရှေသည်မိမိလှံတံကိုမိုးကောင်း ကင်သို့ဆန့်၍၊ ထာဝရဘုရားသည်မိုးကြိုးနှင့်မိုးသီးကိုလွှတ်တော်မူ၏။ မီးသည်လည်းမြေပေါ်မှာပြေးလေ၏။ ထိုသို့ ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်၌မိုးသီးရွာစေတော်မူသဖြင့်၊ ၂၄ အဲဂုတ္တုပြည်တည်ထောင်သည်ကာလမှစ၍ တခါ မျှ မဖြစ်ဘူးသောမိုးသီး၊ မီးနှင့်ရော၍အလွန်ပြင်းထန်စွာသောမိုးသီးဖြစ်လေ၏။ ၂၅ အဲဂုတ္တုပြည်တရှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသောလူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များတို့ကိုမိုးသီးထိလေ၏” (ထွက်မြောက်ရာ ၉း၂၃-၂၅)

ခရစ်တော်ကြွလာခါနီးခြင်း၊ ဘေးဒဏ်ကြီးကာလနီးခြင်း၏နိမတ်လက္ခဏာတခုမှာ၊ မိုးသီးကျခြင်းဖြစ်သည်။ ကမ္ဘာပေါ်၌ဂေါက်သီးလုံး၊ ပန်းသီးလောက်ကြီးသောမိုးသီးများနေရာများများ၌ကျခဲ့ပြီ။ ကမ္ဘာ့အကြီးဆုံးမိုးသီးသည် လူခေါင်းတလုံးလောက်ကြီး၍၊ အမေရိကန်ပြည်ထောင်စု၊ တောင်ဒကိုတာပြည်နယ်၊ ဗီဗီယံမြို့တွင် ၂၀၁၀ ဇူလိုင်လ ၂၃ ရက်နေ့တွင်ကျ၍၊ နှစ်ပေါင်နီးပါးလေးသည်။ ဘေးဒဏ်ကြီးကာလတွင်ကျမည့်မိုးသီးကိုဤသို့ရေးထားသည်၊ “အချိန်အခွက်တဆယ်(ပေါင် ၁၀၀) ရှိသောမိုးသီးသည်ကောင်းကင်ကလူတို့အပေါ်သို့ကျလေ၏။ ထိုမိုးသီးဘေး ဒဏ်အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည်မိုးသီးဘေးဒဏ်ကြောင့်ဘုရားသခင်ကိုကျိန်ဆဲကြ၏။”(ဗျာ ၁၆း၂၀-၂၁) ပေါင်တရာလေးသောမိုးသီးကိုအဘယ်အိမ်ခေါင်မိုးမှခံနိုင်မည်မဟုတ်။ ထိုမိုးသီးလူအပေါ်ကျပါကမည်သို့မျှအသက် ရှင်နိုင်စရာမရှိ။

အကြီးမားဆုံးနေကြတ်လငပုပ်ဖမ်း

နေကြတ်ခြင်းနှင့်လငပုပ်ဖမ်းခြင်းများကိုတွေ့မြင်ဘူးကြလိမ့်မည်။ ကျမ်းစာထဲ၌နေကြတ်ခြင်းကိုဤကဲ့သို့ရေးသား ထားသည်၊ ”တဖန်ထာဝရဘုရားက၊ အဲဂုတ္တုပြည်တရှောက်လုံး၌မှောင်မိုက်သာမညမဟုတ်၊ စမ်းသပ်၍တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှါ၊ သင်၏လက်ကိုမိုးကောင်းကင်သို့ဆန့်လော့ဟုမောရှေအားမိန့်တော်မူသည်အတိုင်း၊ ၂၂  မောရှေသည်မိမိလက်ကို မိုးကောင်းကင်သို့ဆန့်၍၊ အဲဂုတ္တုပြည်တရှောက်လုံး၌ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံးဖြစ်လေ၏။၂၃ ထိုအ ခါတယောက်ကိုတယောက်မမြင်နိုင်ကြ။ သုံးရက်ပတ်လုံးအဘယ်သူမျှ မိမိနေရာမှမထရကြ။ သို့ရာတွင်ဣသရေလအမျိုးသားအ ပေါင်းတို့သည်၊ မိမိတို့နေရာ၌အလင်းကိုရကြ၏။” (ထွက်မြောက်ရာ ၁၀း၂၁-၂၃)

အဘယ်ကြောင့်ဘုရားသခင်ကထိုကဲ့သို့မှောင်မိုင်စေသနည်း။ အဲဂုတ္တုလူများကနေ ကိုဘုရားအဖြစ်ကိုးကွယ်သောကြောင့်သူတို့၏ဘုရားကိုတရားစီရင်ခြင်းဖြစ်သည်။ ထိုအပြင်ထာ၀ရဘုရားသည် နေကိုဖန်ဆင်းရှင်ဖြစ်သောကြောင့်သူဖန်ဆင်းထားသောနေကိုမှောင်စေနိုင်ကြောင်း၊ သူ၏တန်ခိုးကိုသိစေဘို့ရန် ဖြစ်သည်။

ခရစ်တော်သေသောအခါ၌လည်းနေကြတ်ခဲ့ဘူးကြောင်းဤသို့မှတ်တမ်းရှိသည်၊  မွန်းတည့်အချိန်မှစ၍သုံး ချက်တီးအချိန်တိုင်အောင်မြေတပြင်လုံး၌မှောင်မိုက်အတိဖြစ်လေ၏” (မဿဲ ၂ရး၄၅)အဘယ်ကြောင့်ထိုကဲ့သို့သုံး နာရီလုံးလုံးနေကြတ်သနည်း။ ကျမ်းစာကအကြောင်းရင်းမဖေါ်ပြသောကြောင့်မသိရပါ။ ခရစ်တော်သည်ဘုရား ဖြစ်ကြောင်း၊ ခမည်းတော်ဘုရားကသားတော်သေခံခြင်းကိုအသိအမှတ်ပြုကြောင်းဖြစ်နိုင်သည်။ သို့သော် ဣသရေလလူများစိတ်ပြောင်းလဲသလော။ လုံးဝမပြောင်းလဲပါ။ ဘေးဒဏ်ကြီးကာလ၌နေကြတ်ဦးမည့်အရာ ကိုကြိုတင်ဤသို့ ရေးထားခဲ့ပြီ၊ “နေသည်အမွေးဖြင့်ရက်သောအဝတ်ကြမ်းကဲ့သို့မည်း၏။ လအလုံးသည်အသွေး ကဲ့သို့ဖြစ်၏။”(ဗျာ ၆း၁၂)။ သင်သည်ဣသရေလလူများကဲ့သို့စိတ်နှလုံးခိုင်မာဦးမည်လော။ ထိုအရာများမဖြစ်မှီယခု အချိန်ရှိစဉ်ဘုရားသခင်ကိုယုံကြည်၍၊ သူပေးထားသောထာ၀ရအသက်ကိုရယူသင့်သည်။

အကြီးမားဆုံးကြယ်ကြွေကျ

စကြာဝဠာထဲ၌နေ့စဉ်နှင့်အမျှကျောက်ခဲများသည်ပျံဝဲနေကြသည်။ ထိုအရာများကိုကြယ်ပျံ၊ ဥက္ကာပျံ meteor ဟုခေါ် သည်။ ကြယ်ပျံများထက်ကြီးသောအရာများကိုဂြိုလ်သိမ်ဂြိုလ်ငယ် asteroid  ဟုခေါ်သည်။ ကြယ်ပျံများသည်တစ်စက္ကန့်လျှင် ၂၅ မိုင်မှ ၄၄ မိုက်လောက်ပျံသန်းသောကြောင့်လျှပ်စပြတ်သာလျှင်မြင်ရခြင်း ဖြစ်သည်။ ထိုကြယ်ပျံနှင်ဂြိုလ်သိမ်ဂြိုလ်င်များသည်အာကာသကောင်းကင်၌ရေတွက်၍မရနိုင်အောင်များသည်။ ထိုကြယ်ပျံများသည်သေးသေးလေးမှမိုင်များစွာကြီးအရွယ်စုံရှိသည်။ ဘေးဒဏ်ကြီးကာလတွင်ထိုကြယ်များမြေ ကြီးပေါ်ကျမည့်အကြောင်းဤသို့တွေ့ရသည်၊ “သင်္ဘောသဖန်းပင်ကိုပြင်းစွာသောလေတိုက်လျှင်၊ အချိန်မတန် သောအသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည်မြေပေါ်သို့ကျကြ၏”(ဗျာ ၆း၁၃။ ထိုသို့ကြယ်များမြေပေါ် ကျပါကလူနှင့်အသက်အိုးအိမ်များစွာသေကျေပျက်စီးမည်ဖြစ်သည်။

အာကာသကောင်းကင်၌ကြယ်ပျံများပျံသန်းပုံ

မဖြစ်ဘူးသောအရာကောင်းကင်လိပ်

မိုးကောင်းကင်သည်စာစောင်လိပ်သကဲ့သို့လွင့်သွား၏ (ဗျာ ၆း၁၄) ”တဖန်တုံ၊ ဖြူသောပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူကို၎င်းငါမြင်၏။ ကောင်းကင်နှင့်မြေကြီးသည် မျက်နှာတော်ရှေ့မှပြေးလွင့်၍သူတို့နေ စရာ အရပ်မရှိ။ (ဗျာ ၂၀း၁၁) ခပ်သိမ်းသောကောင်းကင်တန်ဆာတို့သည်ပြုတ်၍၊ မိုးကောင်းကင်သည်စာလိပ်ကဲ့သို့လိပ် လျက်ရှိလိမ့်မည်၊၊ စပျစ်နွယ်ပင်မှအရွက်ကျသကဲ့သို့၎င်း၊ သင်္ဘောသဖန်းပင်မှအသီးကျသကဲ့သို့၎င်း၊ ခပ်သိမ်းသော ကောင်း ကင်တန်ဆာတို့သည်ကျကြလိမ့်မည်” (ဟေရှာယ ၃၄း၄)

 

ဂျုံစပါးအဖျင်းနှင့်အဆံ

မဿဲ ၃ ထဲမှဗတ္တိဇံယောဟန်နှင့်ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏အခြေအတင်ပြောသောစကားများအားဖြင့်သင်္ခန်းစာယူကြပါစို့။

 ထိုကာလအခါဗတ္တံဇံဆရာယောဟန်သည်ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည်တည်လုနီးပြီ။                                                                                                                            ဗတ္တိဇံဆရာယောဟန်ကကောင်းကင်နိုင်ငံတော်တည်မည့်အကြောင်းကြွေးကြော်သည်။ ထိုနိုင်ငံတော် သည်တကမ္ဘာ လုံးနှင့်ဆိုင်သည်မဟုတ်၊ ဣသရေလလူမျိုးများနှင့်သာဆိုင်ကြောင်းခရစ်တော်ကတပည့်တော်များထံမှာသောစကားအား ဖြင့်သိနိုင် သည်။ “ထိုတကျိပ်နှစ်ပါးသောသူတို့ကိုယေရှုသည်စေလွှတ်တော်မူ၍၊ သင်တို့သည်တပါးအမျိုးသားတို့ရှိရာ သို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့မဝင်ကြနှင့်။ ဣသရေလအမျိုး၊ ပျောက်လွင့်သောသိုးများရှိရာသို့အရင်သွားကြလော့။ သွားစဉ်တွင်၊ ကောင်း ကင်နိုင်ငံတော်တည်လုနီးပြီဟုသိတင်းကြားပြောကြလော့”(မဿဲ ၁၀း၅-ရ)


 ထိုကြောင့်နောင်တရကြလော့ဟုယုဒတော၌ဟောလေ၏။                                                    ထိုကောင်းနိုင်ငံတော်သည်မြေကြီးပေါ်မှာဖြစ်၍ဝင်ခွင့်သည်အပြစ်နောင်တရခြင်းနှင့်ဆိုင်သည်။ မည်ကဲ့သို့သောအ ပြစ် များကိုနောင်တရမည်နည်း။ “လူအစုအဝေးကလည်းသို့ဖြစ်လျှင်၊ အကျွန်ုပ်တို့သည်အဘယ်သို့ပြုရပါမည်နည်းဟု၊ မေးလျှောက် ကြသော်၊ ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည်အင်္ကျီမရှိသောသူအားမျှစေ။ စားစရာရှိသောသူသည် လည်း ထိုနည်းတူ ပြုစေဟု၊ ပြန်ပြော၏။ အခွန်ခံသူတို့သည်ဗတ္တိဇံကိုခံခြင်းငှါလာ၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည်အ ဘယ် သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ သင်တို့သခင်သည်ခွဲဝေစီမံသည်ထက်သာ၍မခွဲမခံကြနှင့်ဟု ပြန်ပြော ၏။ စစ်သူရဲတို့ကလည်းအကျွန်ုပ်တို့ သည်၊ အဘယ်သို့ပြုရပါမည်နည်းဟုမေးလျှောက်ကြလျှင်၊ သင်တို့သည်အဘယ် သူ ကို မျှ၊ အနိုင်အထက်မပြုကြနှင့်။ အဘယ်သူ ကိုမျှမလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့်ရောင့်ရဲကြလော့ဟုပြန်ပြော၏” (လုကာ ၃း၁၀-၁၄)                          ယောဟန်ဟောသောကောင်းကင်နိုင်ငံသည်မြေကြီးပေါ်၌ဖြစ်သည်။ အဘယ်ကြောင်းကောင်းကင်နိုင်ငံဟုဆို သနည်းဟူမူ ကား၊ ထိုနိုင်ငံသည်ခရစ်တော်ကိုယ်တိုင်ရှင်ဘုရင်အဖြစ်အုပ်စိုး၍ကောင်းကင်နိုင်ငံ၌ကဲ့သို့တရားမျှတမှုနှင့် ကျန်းမာချမ်းသာမှုရှိ မည်ဖြစ်သည်။ ယနေ့ကျွန်ုပ်တို့ဟောပြောသောသတင်းကောင်းသည်၊ မြေကြီးပေါ်မှာတည် ထောင် မည့်အရာမဟုတ်၊ ကောင်းကင် သို့သွားမည့်အရာဖြစ်သည်။ ထို့ကြောင့်ထိုနိုင်ငံသို့ဝင်ခွင့်သည်ဒုတိယအကြိမ်မွေးဘွားခြင်း အားဖြင့်သာလျှင်ဖြစ်သည်။ “ယေရှုက၊ ဒုတိယမွေးခြင်းကိုမခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ ဟု၊ ငါအမှန်အကန်ဆိုသည်ဟု၊ ပြန်၍မိန့်တော် မူ၏။ နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည်မွေးခြင်းကိုအဘယ်သို့ ခံနိုင် ပါမည်နည်း။ အမိဝမ်းထဲသို့တဖန် ဝင်၍မွေးခြင်း ကို ခံနိုင်ပါမည်လောဟု၊ လျှောက်၏။ ယေရှုကလည်း၊ ရေနှင့်ဝိညာဉ် တော်မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော် သို့မဝင်ရဟု၊ ငါအမှန်အကန်ဆို၏။”(ယောဟန် ၃း၃-၅)

 ပရောဖက်ဟေရှယဟောဘူးသည်ကား၊ တော၌ဟစ်ကျော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြ လော့။ လမ်းခရီးတော်ကိုဖြောင့်စေကြလော့ဟူသောအချက်၌ထိုယောဟန်ကိုဆိုလိုသတည်း။  ယောဟန်သည် ကုလားအုပ်အ မွှေးနှင့်ရက်သောအဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကိုစည်းလျက်၊ ကျိုင်းကောင်နှင့်တော၌ဖြစ် သောပျားရည်ကိုစား လျက်နေ၏။                                                                       ယောဟန်ကထိုသို့ဟောပြောမည့်အရာကိုပရောဖက်ဟေရှာယကဗျာဒိတ်ပြုခဲ့ပြီးဖြစ်သည် (ဟေရှာယ ၄၀း၃)။ ယောဟန် နှင့်ပတ်သက်၍၊ “ထိုသူငယ်သည်ကားကြီးပွား၍၊ ဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလလူတို့အားမ ထင်ရှားမှီ တိုင် အောင်တော အရပ်၌နေလေ၏” (လုကာ ၁း၈၀) ဟုတွေ့ရသည်။ သူသည်မိဘများအသက်ကြီးပြီးမှမွေးဘွား သော ကြောင့်စောစောစီးစီးမိဘ မဲ့ဖြစ်သွားပုံရသည်။ ထို့ကြောင့်တော၌ကြီးပြင်း၍ဆင်းရဲသားအစာဖြစ်သော၊ ပျားရည်နှင့်ကျိုင်း ကောင်များကိုအစာအဖြစ်မှီဝဲ ခြင်းဖြစ်မည်။


 ထိုအခါယေရုရှလင်မြို့မှစ၍ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာနေသောသူအပေါင်းတို့သည်ယောဟန်ထံသို့ ထွက် သွား၍၊  မိမိတို့အပြစ်များကိုဘော်ပြလျက် ယော်ဒန်မြစ်၌ဗတ္တိဇံကိုခံကြ၏။                                                                                          အဘယ့်ကြောင့်ယုဒပြည်သူပြည်သားတို့ကိုယောဟန်ကဗတ္တိဇံပေးသနည်းဟူမူကား၊ သူတို့၏အပြစ်များကိုထိမ် ဝှက် မ ထားဘဲဘော်ပြသောကြောင့်ဖြစ်သည်။ မိမိတို့အပြစ်များကိုနောင်တရကြောင်းကိုဗတ္တိဇံခံခြင်းအားဖြင့်သက်သေ ပြခြင်းဖြစ်သည်။


ရ။ ဖာရိရှဲနှင့်ဇဒ္ဒုကဲအများတို့သည်ဗတ္တိဇံကိုခံအံ့သောငှါလာကြသည်ကိုယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက် လုသောဘေးဒဏ်မှပြေးသွားစိမ့်သောငှါ၊ အဘယ်သူသည်သင်တို့ကိုသတိပေးဘိသနည်း။  နောင်တရခြင်းနှင့် ထိုက် တန်သော အကျင့်ကိုကျင့်ကြလော့။                                                                                                         အဘယ့်ကြောင့်ယောဟန်ကဖာရိရှဲနှင့်ဇဒ္ဒုကဲများကိုဗတ္တိဇံမပေးဘဲ၊ အချင်းမြွေဆိုးအမျိုးတို့ဟုဆိုသနည်း။ သူတို့ သည်အ မိမိတို့အပြစ်များမဘော်ပြ၊ ဖြောင့်မတ်သည်ဟုယူဆသောကြောင့်ဖြစ်သည်။ သူတို့သည်ဘာသာရေးလိုက်စားသူ များ၊ ဘာသာရေး ခေါင်းဆောင်များဖြစ်သည်။ ဖာရိရှဲများ၏အကျင့်ကိုသူ၏ဆုတောင်းခြင်း၌ဤသို့တွေ့ရ သည်၊  “ဖာရိရှဲ သည်တယောက် တည်းရပ် လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည်အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိ သကဲ့သို့၊ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင်မဟုတ်သောကြောင့်ကျေးဇူး တော်ကြီးလှပေ၏။ အကျွန်ုပ်သည်ခုနစ် ရက်တွင်နှစ်ရက်အစာရှောင်ပါ၏၊ ဥစ္စာရှိသမျှတို့ကိုဆယ်ဘို့တဘို့လှူပါ၏ဟု၊ ဆုတောင်းပဌနာပြု၏”(လုကာ ၁၈း၁၁-၁၂) ထိုကဲ့ သို့ဘာသာရေး၌ကြိုးစားလုပ်ဆောင်သော် လည်းထိုအရာများအား ဖြင့်သူတို့ကိုမကယ်တင်နိုင်ချေ။ ယေရှုကဖာရိရှဲများနှင့်ပတ် သက်၍၊ “မြွေဆိုးအမျိုးတို့၊ သင်တို့သည်အပြစ်ငရဲမှအဘယ် သို့လွတ်နိုင်ကြမည်နည်း” (မဿဲ ၂၃း၃၃)ဟုဆိုခဲ့သည်။ ယနေ့ခရစ် ယာန်များလည်း၊ ဘာသာရေးခေါင်းဆောင်များ၊ ဘုရားတရားဘက်၌စိတ်အားကြီးသူတိုင်းကိုအထင်ကြီးပြီး၊ ကောင်းကင်သို့ ရောက်မည်ဟုထင်တတ်ကြသည်။


 အာဗြဟံသည်ငါတို့အဘဖြစ်သည်ဟူ၍စိတ်ထဲ၌မအောက်မေ့ကြနှင့်။ ဘုရားသခင်သည်ဤကျောက်ခဲတို့မှအာဗြဟံ သားတို့ ကိုထုတ်ဘော်ဖန်ဆင်းနိုင်တော်မူသည်ဟုငါအမှန်ဆို၏။                                                                                                                      ယောဟန်သည်မိခင်ဝမ်းထဲမှာနေစဉ်ပင်ဝိညာဉ်တော်နှင့်ပြည့်သောသူဖြစ်ကြောင်းဤသို့ရေးထားသည်၊ “ထိုသား သည် ထာဝရဘုရားရှေ့၌၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကိုမသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်ဝလိမ့်မည်” (လုကာ ၁း၁၅)။ ထို့ကြောင့်ဖာရိရှဲနှင့်ဇဒ္ဒုကဲများ၏စိတ်ထဲမှာ ရှိသောအရာ ကိုထိုး ဖေါက်မြင်နိုင် သည်။ သူတို့စိတ်၌၊ ငါတို့သည်နောင်တရစရာမလို၊ အာဗြဟံသားဖြစ်ကြသောကြောင့်ကောင်း ကင် နိုင်ငံတော်သို့ဝင်ခွင့်ရှိသည်ဟု ယူဆကြဟန်ရှိသည်။ ထို့ကြောင့်ယောဟန်ကသူတို့ကိုဗတ္တိဇံမပေးဘဲ၊ မြွေဆိုးအမျိုးဟုဆို ရခြင်း ဖြစ်သည်။                                                                                                   ထိုမျှသာမက၊ ဘုရားသခင်သည်ကျောက်ခဲတို့မှအာဗြဟံသားတို့ကိုထုတ်ဘော်နိုင်သည်ဟုဆိုသည်။ ယောဟန်စ ကား သည် မှန်ပါသလား။ လူသည်ဇာတိအားဖြင့်ကျောက်နှလုံးပိုင်ရှင်များဖြစ်သည်။ ဘုရားသခင်က၊ စိတ်နှလုံးသစ်ကိုငါ ပေးမည်။ သဘော သစ်ကိုသွင်းထားမည်။ သင်တို့ခန္ဓာထဲကကျောက်နှလုံးကိုနှုတ်၍အသားနှလုံးကိုပေးမည် (ယေဇကျေလ ၃၆း၂၆) ဟုဆိုသည်။ ဘုရားသခင်ကကျောက်နှလုံးရှိသောသူတို့ကိုအသားနှလုံးပေးနေပြီမဟုတ်လော။ အသားနှလုံးရသောသူများသည်ယုံကြည်သူ များဖြစ်သည်။ ပေါလုက၊ “ယုံကြည်ခြင်းရှိသောသူသည်အာဗြဟံ၏ သားဖြစ်သည်ဟု၊ အမှန်သိမှတ်ကြလော့” (ဂလာတိ ၃းရ) ဟုဆိုသည်။

ယနေ့နာမည်ခံခရစ်ယာန်များလည်း၊ နာမည်ခံခရစ်ယာန်ဖြစ်ရုံနှင့်ဖာရိရှဲနှင့်ဇဒ္ဒုကဲများကဲ့သို့ကျေနပ်နေကြသည်။ နာမည်ခံ ခရစ်ယာန်ဖြစ်ရုံနှင့်ကယ်တင်ခြင်းသို့မရောက်ဘူး။ ခရစ်တော်ကကျမ်းတတ်၊ ဘုရားဘက်၌စိတ်အားကြီးသူ၊ ပညတ်တော်ကိုအ တတ်နိုင်ဆုံးစောင့်ရှောက်သူဖာရိရှဲများကို၊ “မြွေဆိုးအမျိုးတို့၊ သင်တို့သည်အပြစ်ငရဲမှအဘယ်သို့လွတ် နိုင်ကြမည်နည်း။” (မဿဲ ၂၃း၃၃) ဟုဆိုခဲ့သည်။ ထို့ကြောင့်နာမည်ခံခရစ်ယာန်များလည်းအပြစ်ငရဲသို့သွားရမည် ဖြစ် သည်။ သင်သည်ထိုသို့သောသူဖြစ်နေ ပါသလား။


၁၀ သစ်ပင်အမြစ်နားမှာပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကိုခုတ်လှဲ၍မီး ထဲသို့ချ လိုက်ရ၏။                                                              ယောဟန်ကသစ်ပင်အမြစ်နားမှာပုဆိန်ထားလျက်ရှိသည်။ ပုဆိန်သည်သစ်ပင်အတွက်ကြောက်စရာကောင်းသည်။ ထိုအ ရာသည်ဘာကိုဆိုလိုသနည်း။ ဖာရိရှဲများနှင့်ဇဒ္ဒုကဲများသည်သစ်ပင်များနှင့်ခိုင်းနှိုင်းခြင်းဖြစ်သည်။ ပုဆိန်သည် တရားစီရင်ခြင်း ဖြစ်သည်။ ပုဆိန်သည်အပင်မှန်သမျှကိုမခုတ်လှဲပါ။ ကောင်းသောအသီးမသီးသောအပင်ရှိသမျှကိုသာ ခုတ်သည်။ ဖာရိရှဲနှင့်ဇဒ္ဒုကဲ များသည်ဘုရားနှစ်သက်သောအသီးများကိုမသီးသောကြောင့်တရား စီရင်ခြင်းခံရမည့်အရာ ကိုဆိုလိုသည်။ သင်သည်လည်းသူတို့ ကဲ့သို့ဘုရားသီးစေလိုသောအသီးကိုမသီးဘဲ၊ လောကသားများနည်းတူဇာတိအသီး များကိုသာလျှင်သီးနေပါသလား။

၁၁ ငါသည်နောင်တအဘို့အလိုငှါသင်တို့ကိုရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည်ငါ့ထက်တတ်စွမ်းနိုင်၏။ ထိုသူ၏ ခြေနင်းတော်ကိုမျှဆောင်ခြင်းငှါငါမထိုက်။ ထိုသူသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ မီးနှင့်၎င်းသင်တို့ကို ဗတ္တိဇံပေး မည်။                      ယောဟန်ကသူသည်နောင်တအဘို့အလိုငှါရေနှင့်ဗတ္တိဇံပေးသည်ဟုဆိုသည်။ သူ့နောက်ကြွလာသောသူ သည် ဝိညာဉ် တော် နှင့်၎င်း၊ မီးနှင့်၎င်းဗတ္တိဇံပေးမည်ဟုဆိုသည်။ အချို့သောသူများကမီးဗတ္တိဇံသည်ဝိညာဉ်တော်ဗတ္တိဇံနှင့် တူသည်ဟုယူဆ၍အလွန် လိုချင်ကြသည်။ အဘယ်ကြောင့်ထိုသို့ယူဆသနည်းဟူမူကား၊ ပေါလုကဝိညာဉ်တော်ကိုမီး နှင့်နှိုင်းသောကြောင့်၊ “ဝိညာဉ်တော်၏ အရှိန်ကိုမငြိမ်းစေနှင့်” (၁ သက် ၅း၁၉) ၎င်း၊ ပင်တေကုတ္တေနေ့၌ယုံကြည်သူများ အပေါ်  “ကွဲပြားသောလျှာတို့သည်မီး လျှာကဲ့သို့ ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌တည်နေကြ၏”(တမန် ၂း၃) ဟုဆိုသောကြောင့်၎င်းဖြစ်သည်။ ဝိညာဉ်တော်သည်မီးနှင့်နှိုင်း နိုင်ပါသည်။ ကျမ်းစာက၊ “ငါတို့ဘုရားသခင်သည်လောင် သောမီးဖြစ်တော်မူ၏။“ (ဟေဗြဲ ၁၂း၂၉) ဟုဆိုသည်။ သို့သော် ယောဟန် ပြောသောဗတ္တိဇံသည်အဘယ်အရာ ကိုဆိုလို သနည်း။ ဗတ္တိဇံသည်ဂရိတ်စကားဖြစ်၍တခုခုကိုအရေထဲမှာနှစ်ခြင်းနှင့်အရေမဟုတ် သောအရာထဲမှာမြှုပ်ခြင်းကိုဆိုလို သည်။

၁၂ လက်တော်တွင်စံကောပါလျက်၊ မိမိကောက်နယ်တလင်းကိုရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကိုကျီ၌စုသိမ်းသွင်းထား ၍၊ အဖျင်းကိုကားမငြိမ်းနိုင်သောမီးနှင့်ရှို့တော်မူလတံ့ဟုယောဟန်ဟောပြော၏။                                                                                              လက်တော်တွင်စံကောရှိသောသူသည်သခင်ယေရှုဖြစ်သည်။ စကောသည်ဂျုံစပါးနှင့်အဖျင်းကိုခွဲခြားဘို့ရန်ဖြစ် သည်။ ဂျုံစပါးသည်အဆံရှိ၍ယုံကြည်သူ၊ ခရစ်တော်ရထားသောသူများကိုပုံဆောင်သည်။ ထိုသူများကိုကျီတည်း ဟူ သောကောင်းကင် နိုင်ငံသို့သွင်း (ဗတ္တိဇံ) ထားမည်ဖြစ်သည်။ အဖျင်းသည်အဆံမရှိ၊ အပေါ်ယံအားဖြင့်ဂျုံစပါးနှင့်တူသည်။ ထိုအရာသည်နာမည်ခံ ခရစ်ယာန်များကိုပုံဆောင်သည်။ ထိုသူများသည်အထဲ၌ခရစ်တော်မရှိသောကြောင့်ထာ၀ရအသက် ကိုမရ (၁ ယော ၅း၁၁-၁၂)။ ထို သူများကိုမငြိမ်းနိုင်သောမီးတည်းဟူသောမီးငရဲအိုင်သို့ချ (ဗတ္တိဇံ) မှာဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်အားဖြင့်ဗတ္တိဇံသည်နှစ် သက်စရာရှိသော်လည်း၊ မီးဗတ္တိဇံသည်ကြောက်စရာအလွန်ကောင်းသည်။