Periodical: Good News February 2020

Home >   Periodicals > February 2020

gn0220

FEBRUARY 2020

GOOD NEWS PERIODICAL

.

မာတိကာ

အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖေဖဝါရီလသို့ ရောက်ကြပြီ။ ကမ္ဘာတဝှမ်းလုံး၌ ဒုက္ခ ရောက် သူများ၊ သဘာဝ ဘေးဒဏ်ခံ သူများ၊ ရောဂါကြောင့် သေဆုံး သူများ၊ စစ်တိုက်ခြင်း သတင်းများ၊ စစ်တိုက်မည့် သတင်း များကြားနေရသည်။ ထိုအရာများသည် သခင်ဘုရားက ကြိုတင် ပြောထားပြီး ဖြစ်သောကြောင့်၊ ကျမ်းစာ ဖတ်သော သူများ အတွက် အံ့သြစရာ မရှိချေ။ သို့သော်ကျမ်းစာ မဖတ်သော သူများ၊ ထိုအရာကို ဟောပြောခြင်း မကြား သူများ အတွက်၊ မိမိ တို့ စိီမံကိန်းများ၌ စိတ်လှုပ်ရှား နေကြဆဲ ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ အလွန် နီးနေပြီ။ ယေရှု က၊ "သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကို ၎င်း၊ စစ်တိုက်အံ့သော သိတင်း စကားကို ၎င်း၊ ကြားရကြ လိမ့်မည်။ သို့သော်လည်း စိုးရိမ် တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိ ပြုကြလော့။ ထိုအမှု အရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။ ၇လူတမျိုးနှင့် တ မျိုးတနိုင်ငံနှင့် တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာ ခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်း၊ မြေကြီး လှုပ်ခြင်း တို့သည် ဖြစ်ကြလိမ့်မည်။ ၈ထိုအမှု အရာတို့သည် ဒုက္ခ ဆင်းရဲခြင်း ၏ အစအဦး (ခလေး မွေးနာ)ဖြစ်သတည်း။ "(မ ၂၄:၆-၈)ဟု ဆိုခဲ့သည်။ တဖန်၊ " လူသားသည် ကြွလာသောအခါ၊ နောဧလက်ထက်၌ ဖြစ် သကဲ့သို့ ဖြစ်လိမ့် မည်။ ၃၈ရေလွှမ်းမိုးခြင်း မဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သော နေ့တိုင် အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေ၍၊ ၃၉ရေလွှမ်းမိုးခြင်း ရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင် ပယ်ရှင်းသည် တိုင်အောင် သတိမဲ့နေ ကြသည် နည်းတူ၊ လူသား ကြွလာသောအခါ၌ ဖြစ်လိမ့်မည်။ ၄၀ထိုအခါ လယ်၌ ရှိသော သူနှစ်ယောက်တို့ တွင် တယောက်ကို သိမ်းယူ၍ တယောက် မူကား နေရစ်ရလတံ့။ ၄၁ ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့ တွင် တယောက်ကို သိမ်းယူ၍ တယောက်မူ ကား နေရစ်ရလတံ့။ ၄၂သင်တို့ အရှင်သည် အဘယ်အချိန် နာရီ၌ ရောက်လာမည်ကို သင်တို့ မသိ သောကြောင့် စောင့် နေကြလော့။ ၄၃သူခိုးလာမည်အချိန် နာရီကို အိမ်ရှင် သိရလျှင်၊ မိမိ အိမ်ကို မထွင်းမဖောက် စေခြင်းငှါ စောင့်နေလိမ့်မည်ကို သင်တို့ သိကြ၏။ ၄၄ထိုကြောင့် သင်တို့သည် ပြင်ဆင် လျက် နေကြလော့။ အကြောင်းမူကား၊ သင် တို့ မထင်မမှတ်သော အချိန် နာရီ၌ လူသားသည် ကြွလာလိမ့်မည်။ "(မ ၂၄:၃ရ-၄၄)။ သင်သည် သတိမဲ့သော သူဖြစ်သလော၊ အသင့် ပြင်ဆင် သူဖြစ်သလော။ သိမ်းဆည်းခြင်း ခံမည်လော၊ ကျန်ရစ်သူဖြစ်မည်လော။ သေချာစွာ စဉ်းစားပါ။

.

ထာဝရ တည်မည်လော

ဤလောက လူသား များသည် နေ့စဉ် အလုပ်များ နေကြသည်။ အပူတပြင်း ရှာဖွေ စုဆောင်း၊ ကြိုးစား တိုက်ခိုက် ရုန်းကန် ကြသည်။ အချို့လူများသည် ပူပင်မှု မရှိ အေးအေး ဆေးဆေး နေ နေကြသည်။ မည်သို့ ပင်ဖြစ်စေ၊ သင်၏ အသက် ရှင်ခြင်း၊ လုပ် ဆောင်ခြင်း၊ ကြိုးစား အားထုတ်ခြင်း၊ ဂုဏ်ယူ ဝါကြွား ကျေနပ်ခြင်း တို့သည် ထာဝရ ကာလတိုင်အောင် တည်မည်လော။ ထာဝရ ကာလ တိုင်မတည်လျှင် အနတ္တသက်သက်အ ကျိုးမရှိချေ။ တိရစ္ဆန် များသည် အသက် ရှိကြသော်လည်း၊ ဝိညာဉ် မရှိသောကြောင့် ထာဝရ ကာလ တိုင်ရှိကြမည် မဟုတ်။ သို့သော်လူသည် ဝိညာဉ် ရှိ သောကြောင့် ထာဝရ ကာလ တိုင်ရှိကြမှာ ဖြစ်သည်။ ဝိညာဉ်သည် ကိုယ်ခန္ဓာ ကဲ့သို့ သေကျေ ပျက်ဆီး သွားနိုင်သည် မဟုတ်ချေ။ ကယ်တင်ခြင်းသို့ ရောက်သော သူများသည် ကောင်းကင် နိုင်ငံ၌ ထာဝရ သုခချမ်းသာ ခံစား၍၊ ကယ်တင်ခြင်းသို့ မရောက်သော သူများသည် ငရဲမီးအိုင် ထဲ၌ ထာဝရ ဆင်းရဲ ဒုက္ခ ခံရမှာ ဖြစ်သည်။ ဘုရားသခင်က လူတိုင်း သူနှင့် အတူ ကောင်း ကင်ဘုံ၌ ထာဝရ သုခခံစား စေချင်သည်။ သို့သော် စာတန် ကလူတိုင်း သူနှင့် အတူ ငရဲမီး အိုင်၌ ထာဝရ ဆင်းရဲ ဒုက္ခ ခံစား စေလိုသည်။ သင်သည် ထာဝရ ဘုရားကို ရွေးမည်လော၊ စာတန်ကို ရွေးမည်လော။ သင်၏ ရွေးချယ်မှု အပေါ်မှာ သင်၏ အနာဂတ်သည် ရှိနေသည်။ ဘုရားသခင်က၊ "အသက် ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီး ပေးခြင်း၊ ကျိန်ခြင်း တို့ကို သင့်ရှေ့၌ ငါထားသည် " (တရားဟော ၃၀:၁၉)ဟု ဘုရားသခင်က ဆိုထားသည်။ ထို့ကြောင့် သင်၏ ရွေးချယ်မှုသည် အလွန် အရေးကြီးသည်။

.

မိခင် မေတ္တာထက် ကြီးမားသော မေတ္တာ

"မိန်းမသည် မိမိ ဘွားသော သားကို မသနားသည် တိုင်အောင်၊ မိမိ နို့စို့သူ ငယ်ကို မေ့လျော့ နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။ " (ဟေရှာယ ၄၉:၁၅) ဘုရားသခင်က ဣသရေလ လူများထံ အထက် ပါကဲ့သို့ သူ၏ ချစ်ခြင်း မေတ္တာကို ဖေါ်ပြခြင်း ဖြစ်သည်။ မိခင် များသည် သားသမီး များကို ဖခင်များထက် ပို၍ ချစ်ကြသည်။ အကြောင်းမှာ သားသမီး များကို ဝမ်း၌ကိုးလလွယ်သည် သာမက၊ နို့ ကွာသည် အထိနို့တိုက် သောကြောင့် ဖြစ်သည်။ သားသမီး များကလည်း ဖခင်ထက် မိခင်ကို ပို၍ ရင်းနှီး ချစ်ခင် တတ်ကြသည်။ မိခင် များသည် သူများ အိမ်မှာခဏ သွားလည်၍ စကား ကောင်း သောကြောင့် ကြန့်ကြာ သွားသောအခါ၊ ချက်ချင်း မိမိ နို့စို့သူငယ်ကို သတိရတတ်သည်။ အကြောင်းမှာ သူ၏ နို့တင်းလာ၍ ခလေး နို့စို့မည့် အချိန် ရောက် သောကြောင့် ဖြစ်သည်။ မိခင်ကို နို့ကသတိ ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က မိခင်သည် မိမိ နို့စို့သူငယ်ကို သတိ မေ့နိုင်သလောဟု ဆိုသည်။ ဘုရားသခင်က ဣသ ရေလကို မိခင် ကခလေးကို မသနားသည့်တိုင်အောင် သတိ မေ့လျော့ နိုင်သလော၊ အကယ်၍ သတိ မေ့လျော့သော်လည်း သင့်ကို ငါမမေ့လျော့ဟု ဆိုသည်။ ထိုမေတ္တာသည် မိခင်ထက် ကြီးမားသော မေတ္တာ ဖြစ်သည်။

ဘုရားသခင်သည် ဣသရေလ အမျိုးကို သာ မဟုတ်၊ တကမ္ဘာ လုံးက လူသား တိုင်းကို ထိုကဲ့သို့ ချစ်ကြောင်း ဤသို့ ဆိုထားသည်၊ " ဘုရားသခင်၏ သားတော်ကို ယုံ ကြည်သောသူ အပေါင်းတို့သည် ပျက်ဆီးခြင်း သို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင် အောင်လောကီသား တို့ကို ချစ်တော်မူ ၏။ "(ယော ၃:၁၆)။ မည်သူမဆိုသူ တပါးအ တွက်ကိုယ့်သားကို အသေခံ ခိုင်းမည် မဟုတ်။ မည်မျှ ပင် နှမျောသော်လည်း သူတပါး အစားကိုယ် သားကို စွန့်နိုင်မည် မဟုတ်ချေ။ သို့သော် ဘုရားသခင်သည် သင်အပါအ ဝင်လောကသား အားလုံး ပျက်ဆီးခြင်း သို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ သူ၏ သားကို စွန့်တော်မူသည်။ ထိုမေတ္တာကို သင်မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ ဂရုမစိုက် ဘဲ နေမည်လော။ ထိုအရာကို ပြောလျှင် စိတ်ဆိုးရမည်လော။

ပေါလုကလည်း၊ "ဖြောင့်မတ်သော သူအတွက်ကြောင့် အသေခံ မည့်သူ ရှိခဲ ၏။ သူတော် ကောင်းအတွက်ကြောင့် အသေခံ ဝံ့သောသူ ရှိကောင်း ရှိလိမ့်မည် မှန်စေတော့။ ၈ငါတို့သည် အပြစ် ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့ အတွက်ကြောင့် အသေခံတော်မူသည် ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည် ကို ငါတို့ အားထင်ရှားစွာ ပြတော်မူ ၏။ "(ရော ၅:ရ-၈)။ ဖြောင့်မတ်သော သူသေမည်ဟု ဆိုလျှင် နှမျှ ော် ကြသည်။ သနားကြသည်။ ဖြစ်နိုင်လျှင် မသေစေချင် ကြချေ။ သို့သော်သူ့နေရာ၌ အစားထိုး သင်ချင်သောသူ၊ သေရဲသော သူရှိပါမည်လော။ အပြစ် ရှိသောသူ၊ လူများကို ဒုက္ခ ပေးသော သူသေဘို့ ရှိလျှင် အဘယ်သူ ကမျှ မနှမျှ ော် ကြချေ။ သူသေလျှင် ကောင်းသည်ဟု ကျိန်ကြမှာ ဖြစ်သည်။ သူ့အတွက် သေပေးမည့်သူ ရှိလျှင် အလွန် စိတ်ဆိုး၊ မကျေနပ် ကြမှာ ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်ကြောင့် သေထိုက်သော သူများ ဖြစ်သည်။ သို့သော် ခရစ်တော်သည် ငါတို့ အတွက်ကြောင့် အသေခံတော်မူ ၏ဟု ဆိုသည်။ အကြောင်းမှာ ငါတို့ကို အလွန် ချစ် သောကြောင့် ဖြစ်သည်။ ထိုမျှလောက်သင့်ကို ချစ်သော ဘုရားကို အဘယ်ကြောင့် မုန်းသနည်း။ အဘယ်ကြောင့် သူ့ အကြောင်းကို မသိချင်၊ မကြားချင် သနည်း။

ဘုရားသခင်သည် လူသား များကို ရှို့ဘို့ ရန် မီးအိုင် ကြီးကို ဖန်ဆင်းတော်မူသည် မဟုတ်၊ ဘုရားသခင်က၊ "သင်သည် ဖျက်၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့ တွင် သွားလာရ၏။ ၁၅ဘွားသော နေ့မှစ၍ သင့်အပြစ် ထင်ရှားသော နေ့ တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက် ရှိ၏။ ၁၆သို့ ရာတွင်၊ ကုန်သွယ်ခြင်း များပြားသော အားဖြင့်၊ အဓမ္မအမှု တို့နှင့် ပြည့်စုံ၍ မြစ်မှားသော အပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကို ဘုရားသခင်၏ တောင်တော် ပေါ်က နှင် ထုတ်မည်။ အိုလွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သော ကျောက်တို့ အထဲက သင့်ကို ငါ ပယ်ရှင်းမည်။ ၁၇သင်သည် ကိုယ်၌ တင့်တယ်ခြင်း အသရေကြောင့် ဝါကြွားသော စိတ် ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့်၊ သင်၏ ပညာသည် ဖောက်ပြန်လျက် ရှိလေ ပြီ။ ငါသည် သင့်ကို မြေတိုင်အောင် နှိမ့်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကို ကြည့် ±ှု့၍ ဝမ်းမြောက် စေခြင်းငှါ၊ သူတို့ ရှေ့မှာသင့်ကို ငါချထားမည်။ ၁၈သင့်အပြစ်သည်များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာ ဌာနတို့ကို ညစ်ညူး စေ သောကြောင့်၊ သင့်ကို မီးရှို့ဘို့ သင့်အလယ်၌ မီးကို ငါညှိ မည်။ "(ယေဇ ၂၈:၁၄-၁၈)ဟု ဆိုသည်။ လွှမ်း မိုးသော ခေရုဗိမ်သည် ကောင်းကင်တမန် မင်းဖြစ်၍၊ ဘုရား စကား နားမထောင်၊ ဘုရားကိုတော် လှန် သောကြောင့် စာတန် ဖြစ်လာ၍ သူကို မီးရှို့ဘို့ ဘုရားကမီးညှိခြင်း ဖြစ်သည်။

ခရစ်တော် ကလည်း၊ "ထိုအခါ လက်ဝဲတော် ဘက်၌ ရှိသော သူတို့ အား မင်း ကြီး က၊ ကျိန်ခြင်းကို ခံရသော သူတို့၊ မာရ်နတ်နှင့် သူ၏ တမန် တို့ အဘို့ ပြင်ဆင်သော ထာဝရ မီး ထဲသို့ ငါ့ထံမှ ခွါသွားကြလော့။ "(မ ၂၅:၄၁)ဟု ဆိုသည်။ ထို့ကြောင့် ထာဝရ မီးအိုင်သည် လူသား များအတွက် ဖန်ဆင်းသည် မဟုတ်။ မာရ်နတ်နှင့် သူ၏ တမန် တို့ အတွက် ဖြစ်သည်။ သို့သော် လူသား များက စာတန် မာရ်နတ်၏ လှည့်စားခြင်းကို ယုံကြည်၍ သူ့ နောက်လိုက် သောကြောင့်၊ မီးအိုင် ထဲသို့ သွားဘို့ လိုခြင်း ဖြစ်သည်။ ထိုမီးအိုင်မှ လွတ်ဘို့ ရန် ဘုရားသခင်က လူသား တိုင်း အတွက် ပြင်ဆင် ပေးထားသည်။ လူသည် ကိုယ်တိုင်အပြစ် ကျူးလွန် သောကြောင့် အပြစ် သား ဖြစ်သည် မဟုတ်၊ အာဒံ သားသမီး ဖြစ်သောကြောင့် အပြစ် သား အဖြစ် မွေးဘွားခြင်း ဖြစ်သည်။ ထို့ကြောင့် လွတ်လမ်းကိုလည်း ကိုယ်တိုင်လုပ်၍ မရ၊ ဘုရားသခင်က လွတ်လမ်းကို ပေးထားသည်။ သို့သော်လူသည် ဘုရား၏ အကြံ အစည်ကို နားမလည်၊ ကျမ်းစာ မဖတ်၊ မှားယွင်းသော အယူကို ယူ သောကြောင့် မလိုအပ်ဘဲ ငရဲမီးအိုင် ထဲသို့ ဆင်းသွားကြရမှာ ဖြစ်သည်။ မိတ်ဆွေ ထိုသူ များထဲ၌ သင့်ကို မပါစေလို သောကြောင့် ဤစာကို ရေးရခြင်း ဖြစ်သည်။

ဘုရားသခင်က သင့်ကို မည်မျှလောက် ချစ်သနည်း။ ကျမ်းစာ က၊ "ကိုယ် မိဘ တို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရ ဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူ မည်၊ "(ဆာ ၂ရ:၁၀)ဟု ဆိုသည်။ မိတ်ဆွေ သင့်ကို မိဘမောင်နှမ များက စွန့်ကောင်း စွန့်နိုင်သည်။ ခင်ပွန်းနှင့် ရီးစားက စွန့်ကောင်း စွန့်နိုင်သည်။ သို့သော်ဝမ်းမနည်းပါနှင့်။ မိဘညီအစ်ကို မောင်နှမ၊ ခင်ပွန်း၊ ရီးစားထက် သင့်ကို ချစ်သော သူရှိသည်။ ထိုသူသည် သားတော်ကို ပင်မနှမြောဘဲ သင့်အတွက် စွန့်သော ဘုရားသခင် ဖြစ်သည်။ ကျမ်းစာ က၊ "ထာဝရ ဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသော သူသည် မင်္ဂလာရှိ၏။ "(ဆာလံ ၃၄:၈)ဟု ဆိုသည်။ ထို ဘုရား၏ ကောင်းမြတ်ခြင်း၊ သင့်ကို ချစ်ခြင်းကို မြည်စမ်းပါ။

.

ဘုရားနှင့် တလုံးတဝတည်း

တလုံးတဝ တည်း အကြောင်းကို ယခင်လ၌ ဖေါ်ပြခဲ့ပြီး ပြီ။ ယခုလည်း ဆက်၍ ဖေါ်ပြလိုပါသည်။ သခင်ယေရှု ကသူသည် ခမည်းတော်နှင့် တလုံးတဝတည်း ဖြစ်သည်ဟု ဆိုသည် (ယော ၁၀:၃၀)။ တလုံးတဝ တည်း၏ အဓိပ္ပါယ်သည် တ သဘော တည်း၊ ရည်ရွယ်ချက်နှင့် လုပ်ဆောင်မှု တခုတည်းကို ဆိုလိုခြင်း ဖြစ်သည်။ သခင်ယေရှု က၊ သူသည် ခမည်းတော် ပြုလုပ် သကဲ့သို့ သာပြုသည်၊ မိမိ သဘောနှင့် အဘယ်အရာကိုမျှ မပြုဟု ဆိုသည် (ယော ၅:၁၉၊ ၃၀)။ ယုံကြည်သူ များလည်း ဘုရားနှင့် တလုံးတဝတည်း၊ တ သဘော တည်း ရှိဘို့ လိုသည်။ သခင်ယေရှု ကဲ့သို့ ဘုရားသခင်၏ အလိုတော်ကို နားလည်၍ သူဖြစ်စေချင်သည့်အတိုင်း လုပ်ဘို့၊ နေဘို့၊ ကြံစည်ဘို့ ဖြစ်သည်။ ထိုသို့ ဘုရားနှင့် တလုံးတဝတည်း ဖြစ်လျှင် ဘုရားသခင်က အားလုံး တာဝန် ယူ သောကြောင့် အစစအရာရာ မှာအဆင်ပြေမည်။ ယခုမူလူတိုင်း ဘုရားနှင့် တလုံးတဝတည်း မရှိ၊ မိမိ သ ဘောဖြင့် အသက် ရှင်ကြသည်။ ဘုရားကို သဘော တရားကို းကွယ် နေကြသည်၊ လိမ်ညာ နေကြသည်။ ထိုု့ကြောင့် ဘုရား၏ ကောင်းကြီး ရသင့်သလောက် မရကြခြင်း ဖြစ်သည်။ ဘုရားနှင့် အာဗြဟံအသက် တာအားဖြင့် ကြည့်ကြစို့။

အာဗြဟံ

"ထာဝရ ဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ၍၊ သင်၏ ပြည်နှင့် တကွအ မျိုးသား ချင်းပေါင်းဘော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့ သွားလော့။ ၂ငါသည် သင့်ကို လူမျိုးကြီး ဖြစ်စေမည်။ ငါကောင်းကြီး ပေး၍ သင်၏ နာမကို ကြီး မြတ် စေမည်။ သင်သည် ကောင်းကြီး ခံရသော သူဖြစ်လိမ့်မည်။ ၃သင့်ကို ကောင်းကြီး ပေးသော သူကို ငါကောင်းကြီး ပေးမည်။ သင့်ကို ကျိန်ဆဲသော သူကို ငါကျိန်ဆဲမည်။ သင် အားဖြင့်လည်း လူမျိုး အပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ ၏။ ၄ထိုသို့ ထာဝရ ဘုရား မိန့်တော်မူသည် အတိုင်း၊ အာဗြံထွက်သွား၍လော တလည်း လိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှ ထွက်သွားသောအခါ၊ အသက် ခုနစ် ဆယ်ငါးနှစ်ရှိ၏။ ၅အာဗြံသည် မယားစာရဲ၊ အစ်ကို သားလောတနှင့် ဥစ္စာရတတ်သမျှ ကို ၎င်း၊ ခါရန်မြို့၌ ရသော လူတို့ကို ၎င်းယူပြီးလျှင်၊ ခါနာန်ပြည်သို့ ရောက်ခြင်းငှါ ထွက် သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။ "(ကမ္ဘာ ၁၂:၁-၅)

အထက် ပါက ျမ်းပိုဒ်ကို ဖတ်သော်လည်း လေးနက်စွာ မစဉ်းစားလျှင် ထူးခြားမှု ရှိမည် မဟုတ်ချေ။ အာဗြံသည် ခါရန်မြို့မှ ထွက်သွားသောအခါ အသက် ခုနစ်ဆယ်ငါး နှစ်ရှိသော အဘိုးကြီး ဖြစ်နေပြီ။ လူငယ်ကဲ့သို့ ဖျက်လတ်ခြင်း ရှိတော့မည် မဟုတ်ချေ။ ထိုမျှ သာမကသေး၊ မိမိ ပြည်နှင့် အပေါင်းအဖေါ် ဆွေမျိုးများအားလုံးကို ထားခဲ့ရမည်။ ထိုအပြင်ဘုရား သွားခိုင်းသော ပြည်သည် သူရောက်ဘူးသည် မဟုတ်၊ ယခုခေတ်ကဲ့သို့ တိုးတက်သော နေရာလည်း မဟုတ်။ ဘုရားသခင်က အတင်း သွားခိုင်းသည် မဟုတ်။ သို့သော်သူသည် အရာခပ်သိမ်းကို စွန့်ပစ်၍ ဘုရား စကား နားထောင်ခြင်း အားဖြင့် ဘုရားနှင့် တလုံးတဝတည်း ဖြစ်သည်။

သင်သည် အာဗြဟံကဲ့သို့ အမျိုးနှင့် ဒေသကို စွန့်၍ ကိုယ်မသိသော တိုင်းနိုင်ငံသို့ သွားခိုင်းလျှင် သွားမည်လော။ လုံးဝ သွားမည် မထင်ပါ။ ထိုသို့ ခိုင်းပါက အသံပင်လျှင် ကြားချင် မည် မဟုတ်ချေ။ ဘုရားနှင့် တလုံးတဝတည်း ရှိသော သူသည် ဆင်ခြေမ ပေးပါ၊ ခိုင်းသည့်အတိုင်း လုပ်သည်။ အာဗြဟံသည် မည်မျှ ချီးမွမ်းစရာ ကောင်းသ နည်း။ ထို့ကြောင့် ဘုရားသခင်က ယုံကြည်သူ တိုင်း၏ ဘခင်အဖြစ် ချီးမြှောက်ခြင်း ဖြစ်သည်။

အာဗြဟံသည် ထိုကဲ့သို့ ဘုရားနှင့် တလုံးတဝတည်း ဖြစ်သောကြောင့် ခါနန် ပြည်သို့ ပြောင်းရွှေ့ရသော်လည်း၊ ခါနန်ပြည် ရောက်သောအခါ ဘုရားနှင့် တလုံးတဝ တည်း မဖြစ်တော့ဘဲ ကွဲပြား သွားကြောင်း ဤသို့ တွေ့ရသည်၊ "ထိုနောက်၊ ခါနာန်ပြည်၌ အစား ခေါင်းပါးခြင်း ဖြစ်၏။ အလွန် အစား ခေါင်းပါး သောကြောင့်၊ အာဗြံသည် အဲဂုတ္တု ပြည်၌ တည်း ခိုခြင်းငှါ သွားလေ၏။ ၁၁အဲဂုတ္တု ပြည်နှင့် နီးသောအခါ၊ မိမိ မယား စာရဲကို၊ သင်သည် အဆင်းလှသော မိန်းမ ဖြစ်သည်ကို ငါသိ၏။ ၁၂အဲဂုတ္တု လူတို့သည် သင့်ကို မြင်သောအခါ၊ ဤမိန်းမသည် သူ၏ မယားဖြစ်၏ဟု ဆိုလျက်၊ ငါ့ကို သတ်၍ သင့်ကို အသက် ချမ်းသာ ပေးလိမ့်မည်။ ၁၃သို့ ဖြစ်၍ သင်သည် ငါ့နှမ ဖြစ်ကြောင်း ကို ပြော ပါလော့။ သို့ ပြောလျှင်၊ သင့်အတွက် ငါကောင်းစား လိမ့်မည်။ သင်၏ ကျေးဇူးအားဖြင့်၊ ငါအသက် ချမ်းသာ ရလိမ့်မည်ဟု ဆို၏။ "(က ၁၂:၁၀-၁၃)။

အဘယ်ကြောင့် ဘုရားသခင်က အာဗြံကို ဂတိပေးသော ပြည်၌ အစာငတ်မွတ် ခေါင်းပါးခြင်း နှင့် ကြုံတွေ့ စေသနည်း။ ကျမ်းစာ ကအကြောင်း ရင်း မပြော သောကြောင့် စဉ်းစားဘို့ လိုလာသည်။ အစာ ခေါင်းပါးခြင်းကို ဘုရားသခင်က မသိသည် မဟုတ်။ အာဗြံသည် မည်ကဲ့သို့ ပြသနာ ဖြေရှင်း မည်နည်း၊ ဘုရားကို အားကို း၍ မေးမည်လော သို့မဟုတ် သူ့ဉာဏ်ကို အားကို းမည်လောဟူ၍ ဖြစ်မည်။ ကျွန်ုပ်တို့လည်း ပြသ နာကြုံတွေ့သောအခါ ဘုရားကို မေးသည်ထက်၊ စောင့်သည်ထက်၊ ကိ်ုယ့်ဉာဏ်ကို အမှီပြု၍ ဆုံးဖြတ် ပြုလုပ် တတ်ကြသည်။ အာဗြံသည် အထက်၌ ဖေါ်ပြ သကဲ့သို့ အစာရှိသော အဲဂုတ္တု ပြည်သို့ ဘုရားကို မမေးဘဲ သွားဘို့ ရည်ရွယ်သည်။ ထိုသို့ သွားလျှင် အသက်အန္တရာယ် ရှိကြောင်း ကိုလည်း ကြိုသိထားသည်။ ထို့ကြောင့် မယားစာရဲကို စွန့် ပြီး အသက် ချမ်းသာ ရာရဘို့ ကြံစည်သည်။ မယားကို စွန့်ခြင်း အမှုသည် လုံးဝ လွယ်ကူ မည် မဟုတ်ချေ။ အကယ်၍ ဘုရားကို မေးလိုက်လျှင် ဘုရားသခင်က ဖေါ်ပြမှာ ဖြစ်သည်။ ဘုရားကလည်း သူ့ကို လုံးဝ မတားဆီး ဘဲ ဘာလုပ်မည်ကို ကြည့်နေသည်။ ကျွန်ုပ်တို့ အတွက်သင်ခန်းစာ ဖြစ်သည်။ ပြသနာ ကြုံတွေ့သောအခါ ကိုယ် ့ဉာဏ်ကို အားမကို းဘဲ ဘုရားသခင်ကို ဆုတောင်း၍ အဖြေကို စောင့်ကြပါစို့။ သို့မဟုတ် အာဗြံကဲ့သို့ အသဲကွဲ မှာ ဖြစ်သည်။

အာဗြံသည် သူ့ သဘောနှင့် အဲဂုတ္တု ပြည် သွား၍သူ ကြိုတင် ခန့်မှန်းထားသည့်အတိုင်း သူ့မယားစာရဲကို အဲဂုတ္တု ရှင်ဘုရင်က သိမ်းပိုက် လိုက်သည်။ ဘုရားနှင့် တလုံးတဝတည်း မဖြစ်သောကြောင့် ဖြစ်သည်။ သို့သော်ဘုရားသည် အာဗြံကို မစွန့်၊ သူ့ မယားကို ကာကွယ်ပေး၍ သူ့ရင်ခွင်၌ ပြန်အပ်သည်။ ကျွန်ုပ်တို့လည်း ဘုရား စကား နားမထောင်ဘဲ ကိုယ့် သဘောနှင့် သွားသော်လည်း၊ ဘုရားကမ စွန့်၊ ထွက်လမ်းကို ပြင် ဆင်ပေးလိမ့်မည်၊ "လူ၌ ဖြစ်တတ်သော စုံစမ်း နှောင့်ရှက်ခြင်းကို သာ သင်တို့သည် ခံ ရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်း နှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော် မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်း နှောင့်ရှက်ခြင်း အရာနှင့် တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူ လိမ့်မည်။ "(၁ ကော ၁၀:၁၃)

အာဗြံသည် အဲဂုတ္တု ပြည် မှခါနန်ပြည်သို့ ပြန်လာသောအခါ၊ ဘုရားသခင်က ကောင်းကြီး ပေးဘို့ ထပ်၍ ပြောသည်၊ "ထိုနောက်မှ ဗျာဒိတ်တော် အားဖြင့်၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ် နှင့်။ ငါသည် သင်၏ အကွယ်အကာဖြစ်၏။ သင်၏ အကျိုးသည် အလွန် ကြီး လှ၏ဟု မိန့်တော်မူ လျှင်၊ ၂အာဗြံက၊ အရှင်ထာဝရ ဘုရား၊ အကျွန်ုပ်သည် သား မရှိဘဲ သွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အကျွန်ုပ်၏ အမွေခံ ဖြစ်ရပါ၏။ သို့ ဖြစ်၍ အဘယ် ကျေးဇူးကို ပြုတော်မူ ပါမည်နည်းဟု လျှောက်ဆို၏။ ၃တဖန် အာဗြံက အကျွန်ုပ်အားအ မျိုး အနွယ်ကို ပေးတော် မမူပါ။ အကျွန်ုပ်၏ အိမ်၌ ဘွားသော သူသည်၊ အကျွန်ုပ်၏ အမွေခံဖြစ်ရပါသည် တကားဟု လျှောက်ဆို၏။ ၄တဖန် ထာဝရ ဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည် ကား၊ ဤသူသည် သင်၏ အမွေခံ မဖြစ်ရ။ သင်၏ ကိုယ်ထဲက ထွက်သော သူသည် သင်၏ အမွေခံ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ ပြီးလျှင်၊ ၅အာဗြံကို ပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေ တွက်နိုင်လျှင် ရေတွက်လော့။ သင်၏ အမျိုးအနွယ်သည် ထိုသို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏။ ၆အာဗြံသည် ထာဝရ ဘုရားကို ယုံကြည်သည် ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်တော်မူ ၏။ "(က ၁၅:၁-၆)

ဘုရားကအသက် ကြီးသော အာဗြံကို ကောင်းကြီး ပေးဘို့ ပြောသောအခါ သူသည် စိတ်မလှုပ်ရှားပါ။ အကြောင်းမှာ သူ၌ အမွေခံ မည့်သူ သား မရှိသောကြောင့် ဖြစ်သည်။ သို့သော်ဘုရားကသူ၏ ကိုယ်ထဲမှ အမွေခံ သား မွေးမည်ဟု ပြောသောအခါ အာ ဗြံကယုံကြည် လိုက်သည်။ လူ့အမြင် အသိအားဖြင့် မဖြစ်နိုင်သော်လည်း၊ အာဗြံသည် ဘုရားကို ယုံကြည် လိုက် သောကြောင့် ဘုရားကသူ့ကို ဖြောင့်မတ်ခြင်း ဘွဲ့ပေးလိုက်သည်။ အာဗြံသည် ဘုရားနှင့် တလုံးတဝတည်း ရှိပြန်သည်။ ကျွန်ုပ်တို့လည်း ဘုရားကို ယုံကြည်လျှင် ဘုရားနှင့် တလုံးတဝတည်း ရှိ သောကြောင့်၊ အာဗြံကဲ့သို့ ဖြောင့်မတ်ခြင်းကို ရရှိ၍ အာဗြံ၏ သား ဖြစ်မည်။ (ဂလာ ၃:၆-ရ)

အာဗြံသည် ဘုရားနှင့် တလုံးတဝတည်း ရှိပြီး နောက် ဘုရား ထံမှ ကွဲသွားပြန်သည်။ သူသည် မိန်းမစာရဲနှင့် တလုံးတဝ ရှိကြောင်း ဤသို့ ရေးထားသည်၊ "အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်း မရှိသဖြင့်၊ အဲဂုတ္တု ပြည်သူ ဟာဂရအမည်ရှိသော ကျွန်မ တယောက် ရှိသည် ဖြစ်၍၊ ၂စာရဲက၊ အကျွန်ုပ်အားသားဘွားရသော အခွင့်ကို ထာဝရ ဘုရား ပေးတော် မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်း ရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို၍၊ အာဗြံသည် စာရဲ၏ စကားကို နားထောင် လေ၏။ ၃ထိုသို့ အာဗြံသည် ခါနာန်ပြည်၌ ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏ မယားစာရဲသည် မိမိ ကျွန်အဲဂုတ္တု ပြည် သူဟာဂရကို ယူ၍၊ မိ မိခင် ပွန်းအာဗြံ သိမ်းပိုက် စေဘို့ အပ်နှင်းလေ၏။ ၄အာဗြံသည်လည်း ဟာဂရထံသို့ ဝင်၍၊ ဟာဂရသည် ပဋ္ဋိသန္ဓေစွဲလေ၏။ "(က ၁၆:၁-၄)။

ဘုရားသခင်က အာဗြံထံသူ၏ ကိုယ်ထဲမှ သား ပေးမည်ဟု ဂတိပေးသော်လည်း၊ စာရဲကဘုရားကို စိတ်မချ သောကြောင့် သူ့ဉာဏ်ကို သုံး၍ အာဗြံအားကျွန်မ ဟာဂရကို အပ်လိုက်သည်။ အာဗြံသည် ဘုရားကို မမေးဘဲ၊ ဇနီးသည်နှင့် တလုံးတဝ တည်း ဖြစ်ကာကျွန်မနှင့် နေလိုက်သည်။ လင်မယား တလုံးတဝတည်း ဖြစ်ခြင်းသည် ကောင်းသော်လည်း၊ ဘုရားနှင့် တလုံးတဝ မဖြစ်လျှင် လုံးဝ မကောင်းချေ။ အာဒံနှင့် ဧဝ တလုံးတဝတည်း ဖြစ်သောကြောင့် လူသား တရပ်လုံးဒုက္ခ ရောက်ရပြီ။ ယနေ့ တိုင် အောင် ရိတ်သိမ်း၍ မကုန်နိုင်အောင် လူတိုင်း ပြသနာ ရှိပြီး နောက်ဆုံး၌ ငရဲထဲသို့ ထာဝရ မီးလောင်ခံရကြသည်။ ယခုလည်း အာဗြံနှင့် စာရဲတို့ တလုံးတဝတည်း ဆုံးဖြတ်ချက် ကြောင့် ကျွန်မဟာဂရထဲမှ သား ဣရှမေလ မွေးဘွားရသည်။

စုံစမ်း သွေးဆောင်မှုနှင့် ဘုရားကို မယုံကြည်၊ သံသယရှိခြင်းသည် လူတိုင်း၌ ဖြစ်နိုင်သော်လည်း၊ မိန်းမများထံမှ ပို၍ ဖြစ်တတ်ကြောင်း တွေ့ရသည်။ စာရဲသည် ဘုရား၏ အစွမ်း၊ တန်ခိုးကို မယုံကြည် သောကြောင့် ထိုကဲ့သို့ မိမိ ယောကျာ်းကို ကျွန်မ၌ အပ်ခြင်း ဖြစ်သည်။ သို့သော်နောက်ပိုင်း၌ သူ၏ စိတ်ကို အနှောင့်အရှက် ဖြစ်စေကြောင်း ဤသို့ တွေ့ရသည်၊ "၉အဲဂုတ္တု အမျိုးသား ဟာဂရတွင် အာဗြဟံရသော သားသည် ဆဲ ရေးသည်ကို စာရာသိမြင်လျှင်၊ ၁၀ဤကျွန်မနှင့် သူ၏ သားကို နှင်ထုတ် ပါလော့။ ဤ ကျွန်မသားသည် အကျွန်ုပ်၏ သား ဣဇာက်နှင့် အတူ အမွေမခံရဟု၊ အာဗြဟံအား ဆိုလေ၏။ " (က ၂၁:၉-၁၀)။ စာရာသည် သူစိုက်သော အရာအားဖြင့် စိတ်အနှောင့် အရှက်ဖြစ်၍ ကျွန်မနှင့် သူ၏ သားကို ပြန်နှင်ထုတ် ခိုင်းသည်။ ကျွန်ုပ်တို့လည်း ကိုယ်စိုက် ခဲ့သော အပြု အမူ အားဖြင့် စိတ် အနှောင့်အရှက် ပြန်ဖြစ်တတ်သည်။ ထို့ကြောင့် ဘုရားနှင့် မခွဲဘဲ၊ အမြဲတမ်းတလုံးတဝ တည်း ဖြစ်သင့်သည်။

အာဗြဟံသည် ဘုရားကို မမေးဘဲ၊ မိန်းမစကားကို နားထောင်၍ သူနှင့် တလုံးတဝတည်း သဘောတူ ပြုမူမှုကြောင့် သူ၏ စိတ်ပြန်နာကြောင်း ဤသို့ တွေ့ရသည်၊ "အာဗြဟံလည်း၊ မိမိ သား ဖြစ်သောကြောင့်၊ ထိုအမှု အလွန် ခက်သည်ဟု ထင်လေ ၏။ " (က ၂၁:၁၁) စာရာအတွက် ကျွန်မနှင့် သားသည် သူနှင့် ဘာမျှ သွေးသားတော် စပ်ခြင်း မရှိသောကြောင့် နှင်ထုတ် ဘို့ လွယ်သော်လည်း၊ အာဗြဟံအတွက်မူ လုံးဝ မလွယ် ကူပေ။ အကြောင်းမှာ ဣရှာမေလသည် သူ၏ သား ရင်း ဖြစ်သည်။ ကျွန်ုပ်တို့လည်း အာ ဗြဟံကဲ့သို့ ခင်ပွန်းသည်နှင့် သဘောတူ ပြီး ဘုရားသခင်ကို မတိုင်ပင်သောအခါ၊ အာဗြဟံကဲ့သို့ ဒုက္ခ ရောက်နိုင်သည်။ ဘုရားသခင်က ယောကျာ်းများကို ခေါင်းအဖြစ် ထား သောကြောင့် လင်မယား ဆုံးဖြတ်ချက် များသည် ယောကျာ်းများ၏ တာဝန် ဖြစ်သည်။ ထို့ကြောင့် လင်မယား တလုံးတဝတည်း ဖြစ်ရုံဖြင့် မပြီး ပါ။ ဘုရားသခင်နှင့် တလုံးတဝ တည်း ဖြစ်ဘို့ အလွန် အရေးကြီးသည်။

စာရာကကျွန်မနှင့် သားကို နှင်ထုတ် ဘို့ ရန်ပြောသောအခါ၊ အာဗြဟံသည် အခက်တွေ့ရသော်လည်း ဘုရားသခင်က ဤသို့ ဆိုထားသည်၊ "သို့ ရာတွင် ဘုရား သခင်က၊ ထိုသူငယ်နှင့် သင်၏ ကျွန်မကြောင့်၊ ဤအမှု ခက်သည်ဟု မထင်နှင့်။ စာရာ ပြောလေရာရာ၌ သူ၏ စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌ သာ သင်၏ အမျိုးတည်လိမ့်မည်။ ၁၃ကျွန်မ၏ သားသည် သင်၏ အမျိုး ဖြစ်သောကြောင့်၊ သူ့ ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြဟံအားမိန့်တော်မူ ၏။ ၁၄အာဗြဟံသည် နံနက် စောစော ထ၍၊ မုန့်နှင့် ရေဘူးကို ယူသဖြင့်၊ ဟာဂရပခုံး၌ တင်ပြီးလျှင်၊ သူငယ်ကို အပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ "(က ၂၁:၉-၁၄) အာဗြဟံသည် ဇနီးစာရာနှင့် သ ဘောမတူနိုင်ခဲ့သော်လည်း၊ ဘုရားသခင်က နှင်ထုတ် ဘို့ ပြောသောအခါ၊ စကား နား ထောင်ခြင်း အားဖြင့် ဘုရားနှင့် တလုံးတဝတည်း ပြန်ဖြစ်သွားသည်။

"ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကို စုံစမ်းခြင်းငှါ၊ အာဗြဟံဟု ခေါ်တော်မူ၍၊ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊ ၂သင်သည် အလွန် ချစ်သော တယောက်တည်းသော သား ဣဇာက်ကို ယူ၍၊ မောရိပြည်သို့ သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ၊ သူ့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ ၏။ " (က ၂၂: ၁-၂)။ ယခု ဘုရားသခင်က အခက်ဆုံးသော အရာအားဖြင့် အာဗြဟံကို စုံစမ်း လာသည်။ အဘယ်မိဘမှကိုယ် ့သားကို သတ်၍ မီးရှို့ရဲမည် မဟုတ်ချေ။ သို့သော်အာဗြဟံသည် ဘုရားနှင့် တလုံးတဝတည်း ဖြစ်သွားပြီ။ ဘုရား၏ သဘော သဘဝကို သိသွားပြီ။ ထို့ကြောင့် သူ့သားကို ပူဇော်ဘို့ ရန်သုံးရက်ခရီး သွားသည်။ "အာဗြဟံသည် နံနက် စောစော ထ၍၊ မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ မိမိ သား ဣဇာက်နှင့် ငယ်သား နှစ် ယောက်ကို ခေါ်၍၊ ယဇ်ရှို့စရာ ထင်းကို ခွဲပြီးမှ၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။ ၄သုံးရက်မြောက်သော နေ့၌ မြော်ကြည့်၍၊ ထိုအရပ်ကို အဝေးကမြင်လျှင်၊ ၅ငယ်သား နှစ်ယောက်တို့ အား၊ သင်တို့သည် ဤအရပ်၌ မြည်းနှင့် အတူ နေရစ် ကြလော့။ ငါသည် သားနှင့် အတူ ထိုအရပ်သို့ သွား၍၊ ကို းကွယ်ခြင်းကို ပြုအံ့။ ထိုအမှု ပြီးမှ၊ သင်တို့ ဆီသို့ ပြန်လာဦးမည်ဟု ဆိုလေ၏။ "(က ၂၂:၃-၅)

အာဗြဟံသည် သူ့သား ပူဇော်ဘို့ ရန်နံနက် စောစော ထသည်။ နံနက်စော စောထခြင်းသည် တက်ကြွခြင်း လက္ခဏာ ဖြစ်သည်။ အမှန်မှာ သွားဘို့ ရန်ဖင့်နွဲ့နေရမှာ ဖြစ်သည်။ သို့သော်သူသည် စောစော သွားသည်။ အဘယ်ကြောင့် ဘုရားသခင်က သုံး ရက်ခရီး သွားခိုင်းသနည်း။ ဘုရားသခင် သွားခိုင်းသော နေရာသည် မောရိတောင်ဖြစ်သည်။ ထိုတောင်ပေါ်၌ ရှောလမုန်က ယေရုရှလင် ဗိမာန်တော်ကို ဆောက်ခဲ့သည်။ (၂ ချုပ် ၃:၁-၂)။ အာဗြဟံသည် လုံးဝ နှောင့်နှေးခြင်း မရှိပါ။ ငယ်သား များကိုလည်း ကောင်းစွာ မှာနိုင်သည်။ စိုးရိမ်ခြင်း၊ ဝမ်းနည်းခြင်း၊ ခက်ခဲခြင်း လက္ခဏ ာများမပြပါ။ ဘုရား စကား နားထောင်ခြင်း ဖြင့် တလုံးတဝတည်း ဖြစ်နေသည်။

"ထိုအခါ ယဇ်ရှို့စရာ ထင်းကို ယူ၍၊ သား ဣဇာက် အပေါ်မှာ တင်ပြီးလျှင်၊ မီးနှင့် ထားကို မိမိ လက်၌ကိုင်လျက်၊ နှစ်ယောက်အတူ သွားကြ၏။ ၇သွားကြစဉ်တွင်၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟု ခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟု အာဗြဟံထူးလေ ၏။ ဣဇာက်ကလည်း၊ မီးပါ၏။ ထင်းလည်း ပါ၏။ ယဇ်ရှို့စရာ ဘို့ သိုးသငယ်သည် အဘယ်မှာ ရှိသနည်းဟု မေးလျှင်၊ ၈အာဗြဟံက၊ ငါ့သား၊ ယဇ်ရှို့စရာ ဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိ အဘို့ ပြင်ဆင်တော်မူ လိမ့်မည်ဟု ဆိုလေ၏။ " (က ၂၂:၆-၈)။ သား ဣဇာက်က ယဇ်ကောင် သိုးသငယ် အဘယ်မှာ နည်းဟု မေးသောအခါ၊ ဖခင်အ တွက်အလွန် ဖြေရခက်မှာ ဖြစ်သည်။ သို့သော်အာဗြဟံသည် ဘုရားကို စိတ်ချသည်။ ဘုရား တတ်နိုင်သည်၊ အကြောင်း မဲ့သူ့ကို မခိုင်းကြောင်း သိနေသည်။ ဘုရားနှင့် တလုံးတဝတည်း ဖြစ်နေသည်။ ဘုရားကသိုးပေးမည်ကို မသိသော်လည်း စိတ်ချသည်။ အာ ဗြဟံကသားထံ၊ ဘုရားသခင်သည် မိမိ အဘို့ ပြင်ဆင်တော်မူ လိမ့်မည်ဟူသော စကား လုံးသည် ဟေဗြဲစကား လုံး အဲဒေါနိုင်ယေရဲ့ ဗိသညငေ-ငြမန့ ဖြစ်သော်လည်း၊ လူအများ စုက ဲန့သလေ့ ဲငမန့ ယေဟောဝါးယေရဲ့ဟု သိကြသည်။ ထိုစကား လုံးသည် ယုံကြည် သူများ အထဲ၌ အသိများ၍၊ ဘုရားကို အားကို းသူ၊ စိတ်ချ သူများ၏ လက်သုံးစကား ဖြစ် လာသည်။ အာဗြဟံ၏ ထိုကဲ့သို့ ဘုရားကို စိတ်ချခြင်းသည် ကျွန်ုပ်တို့ အတွက် သင်ခန်းစာ ဖြစ်သည်။ ဘုရားသခင်က အာဗြဟံလောက် ခက်ခဲသော အရာကို ကျွန်ုပ်တို့ အား လုပ်ခိုင်းမည် မထင်ပါ။ ကျွန်ုပ်တို့ တတ်နိုင်သော အရာကို သာလျှင် လုပ်ခိုင်းမည်ဟု ယုံကြည်ခြင်း ဖြင့် ဘုရား စကားကို နားထောင် ကြစို့။

"ထိုသို့ နှစ်ယောက် အတူ သွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည် ယဇ်ပလ္လင်ကို တည်၍၊ ထင်းကို ခင်းပြီးလျှင်၊ သား ဣဇက်ကို ချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။ ၁၀မိမိ လက်ကို ဆန့်၍၊ သားကို သတ်ခြင်းငှါ၊ ထားကိုကိုင်ယူလေ၏။ "(က ၂၂:၉-၁၀) အာဗြဟံသည် သားကို သတ်၍ ပူဇော်မည့် အရာကို ဟန်ဆောင် လုပ်နေခြင်း မဟုတ်၊ အမှန်တကယ် လုပ်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ လုပ်နိုင်သနည်း။ ဘုရားသခင်ကို စိတ်ချ၍ သူနှင့် တလုံးတဝတည်း ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏ အသိဉာဏ်၊ သူ၏ စိတ်ခံစား ချက်ကို လုံးဝ အားကို းခြင်း မရှိကြောင်း ထင်ရှားသည်။ သင်နှင့် ကျွန်ုပ်အဘယ်ကြောင့် ဘုရား ခိုင်းသော အရာကို ပြုလုပ် ဘို့ ခက်နေသနည်း။ ကိုယ့်အသိဉာဏ်ကို အသုံးပြုခြင်း၊ စိတ်၏ ခံစား ချက်ကို လိုက်ခြင်းကြောင့် ဖြစ်သည်။ အာဗြဟံကဲ့သို့ ဘုရားကို စိတ်ချ လက်ချ နားထောင် ကြပါစို့။

"ထိုအခါ၊ ထာဝရ ဘုရား၏ ကောင်းကင်တမန် က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင် ပေါ်ကခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊ ၁၂ထို လု လင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏ သား၊ သင်၌ တယောက်တည်းသော သားကို ငါတောင်း၍၊ သင်သည် ငါ့ကို မငြင်းဟု မိန့်တော်မူ ၏။ ၁၃ထိုအခါ အာဗြဟံသည် မြော် ကြည့်၍၊ မိမိ နောက်မှာ ချုံဖုတ်၌ ချိုညိလျက် ရှိသော သိုးကို မြင်လေ၏။ ထိုသိုးကို သွား၍ ယူပြီးလျှင်၊ မိမိ သား ကိုယ်စား မီးရှို့ရာယဇ်ပြု၍ ပူဇော်လေ၏။ "(က ၂၂:၁၁-၁၃)။ ကောင်းကင်တမန် ကအာဗြဟံထံ၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ဆိုသည်။ ဘုရားကို ကြောက်ရွံ့သော သူသည် ဘုရား ခိုင်းသော အရာကို လုပ်နိုင်သည်။ ယောသပ်လည်း ဘုရားကို ကြောက်ရွံ့ သောကြောင့် အပြစ်ကို တိမ်းရှောင် နိုင်ခဲ့သည်။

အာဗြဟံသည် ဘုရား၏ သဘော သဘာဝကို သိ သောကြောင့် စာမေးပွဲအောင် သွားသည်။ သား ဣဇက်ပူဇော်သည့်နောက်ပိုင်းတွင် အပြစ် တင်စရာ မရှိတော့ချေ။

ယာကုပ်

ယာကုပ်သည် အမိဝမ်းထဲမှ စ၍ ဘုရားသခင်က ရွေးကောက်ခဲ့ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ "ဣဇာက်သည်၊ မိမိ မယား ရေဗက္ကမြုံ သောကြောင့်၊ ထာဝရ ဘုရားကို တောင်းပန်၍၊ ထာဝရ ဘုရား နားထောင်တော်မူ သဖြင့်၊ သူ၏ မယားသည် ပဋ္ဋိသန္ဓေစွဲယူလေ၏။ ၂၂၀မ်းအတွင်း၌ တည်သော သူငယ်တို့သည်၊ အချင်းချင်းတိုက် ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ ဖြစ်၍ ငါ၌ အဘယ်အမှု ရောက်ပါ လိမ့်မည်နည်း ဟုဆိုသဖြင့်၊ ထာဝရ ဘုရားကို မေးလျှောက်ခြင်းငှာ သွားလေ၏။ ၂၃ထာဝရ ဘုရားကလည်း၊ သင်၏ ဝမ်းတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ ဝမ်းတွင်းထဲကခြားနားသော လူစု နှစ်စုကို ဘွားရလိမ့်မည်။ လူတမျိုးသည် တမျိုးထက် အားကြီး လိမ့်မည်။ အကြီးသည် အငယ်၌ ကျွန်ခံရလိမ့်မည်ဟု မိန့်တော်မူ ၏။ "(က ၂၅:၂၁-၂၃)

ယာကုပ်သည် အငယ်ဖြစ်၍ ဘုရားသခင်က သူ့ကို ကောင်းကြီး ပေးဘို့ ရွေး ချယ်ခြင်း ခံရသည်။ ထိုအရာသည် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်။ သို့သော် ယာကုပ်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သိသော်လည်း၊ လူ့ထုံးစံကို လိုက်၍ သား ဦးဖြစ်ချင်၍ သား ဦးအရာကို အကို ဧသော ထံမှ ဝယ်သည်။ "တနေ့သ၌၊ ယာကုပ်သည် စားစရာကို ချက်ပြုတ်စဉ်တွင်၊ ဧသောသည် တောမှလာ၍ မော သောကြောင့်၊ ၃၀ယာကုပ်အား၊ ထိုနီသော စားစရာနှင့် ငါ့ကို ကျွေးပါလော့၊ ငါမောပါသည်ဟု ဆိုလေ ၏။ ထိုကြောင့် သူ၏ နာမည်ကို ဧဒုံဟု တွင် သတည်း။ ၃၁ယာကုပ်ကလည်း၊ ယနေ့ ပင် သင်၏ သား ဦးအရာကို၊ ငါ့အား ရောင်းပါဟု ဆိုလျှင်၊ ၃၂ဧသော က၊ ငါသေလုပြီ။ သား ဦးအရာအားဖြင့် အဘယ် အကျိုး ရှိပါလိမ့်မည်နည်းဟု ဆို၏။ ၃၃ယာကုပ်ကလည်း၊ ယ နေ့ပင် ငါ့အား ကျိန်ဆိုခြင်းကို ပြုပါဟု ဆိုသော်၊ သူသည် ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိ သား ဦးအရာကို ရောင်းလေ၏။ ၃၄ထိုအခါ ယာကုပ်သည်၊ မုန့်နှင့် ပဲဟင်းကို ဧသော အားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှ ထ၍ သွားလေ၏။ "(က ၂၅:၂၉-၃၄)

အမှန်မှာ ယာကုပ်သည် သား ဦး မဟုတ်သည်ကို အားရ ကျေနပ် ရမှာဖြစ်သည်။ အကြောင်းမှာ ဘုရားကသူ့ကို ရွေးချယ်ပြီး ဖြစ်သည်။ သူသည် သား ငယ်ဖြစ်သည်ကို ကျေနပ် ရမှာ ဖြစ်သည်။ သူသာသား ဦးဖြစ်ခဲ့လျှင် ဘုရားသခင်၏ ရွေးကောက်ခြင်း ခံရမည် မဟုတ်။ သို့သော်သား ဦးအရာကို အကို ဧသော ထံမှ ဝယ်ယူခြင်းသည် ဘုရားသခင် အကြံ အစည်နှင့် ဆန့်ကျင်သည်။ သူသည် ဘုရားသခင်နှင့် တလုံးတဝ တည်း မရှိခြင်း၊ သဘော မတူခြင်း ဖြစ်သည်။ သူသည် သူ့ဉာဏ်အားဖြင့် သား ဦးအရာကို ဝယ်သော်လည်း အထမမြောက်ခဲ့ပါ။ သူသည် ဘုရားနှင့် တလုံးတဝတည်း မဖြစ်ခဲ့ပါ။

ယာကုပ်သည် အကို ထံမှ သား ဦးအရာကို ဝယ်သည် သာမက၊ သူဖခင်ထံမှလည်း အမေ၏ အကြံပေးမှုကြောင့် ကောင်းကြီး လုယူသွားခဲ့ကြောင်း၊ ထိုသို့ ကောင်း ကြီး လု သောကြောင့် အကို ထံမှ ထွက်ပြေးကြောင်း ယခင်လစာစောင်၌ ရေးထားခဲ့ပြီ။ အကို၏ ရန်ကြောက် သောကြောင့် ထွက်ပြေး သောအခါ၊ ဘုရားသခင်က သူ့ကို မစွန့်ပါ။

.

ကျမ်းစာဖတ်ကြစို့

၁ သက်သာလောနိ ၅

၁။ ညီအစ်ကို တို့၊ ကပ်ကာလ အချိန် များကို သင်တို့ အား ရေး၍ ပေးလိုက်စရာ အကြောင်း မရှိ။ ၂။ အဘယ်ကြောင့် နည်းဟူမူကား၊ သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာ သိကြ၏။

အဘယ်ကြောင့် ပေါလုကသက်သာလောနိတ် အသင်းသား များထံ ကပ်ကာလအချိန် များကို ရေးပေးစရာ မလိုဟု ဆိုသနည်းဟူမူကား၊ သူတို့သည် သခင်ဘုရား၏ နေ့ရက်သည် သူခိုးလာ သကဲ့သို့ လာမည်ဟု သိကြ သောကြောင့် ဖြစ်သည်။ သခင်ဘုရား၏ နေ့ရက်သည်၊ ဗျာ ၆:၁ရ၌ ဤသို့ ရေးထားသည်၊ "လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသော သူမှစ၍ ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌ ၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌ ၎င်း၊ ပုန်းရှောင် လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ၁၆ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော် ကို ကွယ် ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ ၁၇အမျက်တော် ထင်ရှားသော နေ့ကြီး ရောက်ပါပြီတ ကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆို ကြ၏။ " ဘေးဒဏ်ကြီး ကာလ ခုနနှစ်လုံးသည် သခင်ဘုရား၏ နေ့ ဖြစ်သည်။ ထိုနေ့ရက်သည် ယုံကြည်သူ များအတွက် မထင်မှတ်ဘဲ လာမည် မဟုတ်၊ မယုံကြည်သူ များအတွက် သာလျှင် သူခိုးကဲ့သို့ လာမှာ ဖြစ်သည်။ သို့သော်ယနေ့ ယုံကြည်သူ များစွာသည် ချီဆောင်ခြင်းနှင့် ဘေးဒဏ် ကြီး ကာလ အကြောင်းကို လှစ်လှိူရှုကြသည်။

၃။ ငြိမ်ဝပ်ခြင်း ရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန် ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌လျှင် မြန်စွာသော ပျက်ဆီးခြင်း ရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။

ငြိမ်ဝပ်ခြင်း ရှိ၏ ဘေးအန္တရာယ်နှင့် ကင်လွတ်၏ဟု ဆိုစဉ်တွင် ဟူသော အရာကို အင်္ဂလိပ် ကျမ်းစာ များ၌ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟု ဆိုထားသည်။ ယခုကမ္ဘာ ခေါင်း ဆောင်များသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဆွေးနွေး နေကြဆဲ၊ ကြိုးစား နေကြ ဆဲ ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ၌ ထိုအရာကို အမြဲ ဆွေးနွေး နေကြသည်။ သို့သော် မည်သို့ ပင် ဆွေးနွေး ကြိုးစားသော်လည်း၊ ငြိမ်သက်ခြင်း၏ အရှင်သခင်ယေရှု မကြွလာ၍ ဤလောကကို မအုပ်ချုပ်မှီ၌ ငြိမ်းချမ်းရေး ရှိမည် မဟုတ်ချေ။ ဘေးဒဏ်ကြီး ကာလသည် ကိုယ်ဝန်ဆောင်မိန်းမ၌ သားဘွားခြင်း ဝေဒနာ မမျှ ော်လင့်ဘဲ ဖြစ် သကဲ့သို့ ရောက် ရှိလာမည်ဟု ဆိုသည်။ ခရစ်တော် ရရှိထားသော သူများ အတွက် ထိုအချိန် မတိုင်မှီချီ ဆောင်ခြင်း ခံရမှာ ဖြစ်သည်။ ခရစ်တော် မရရှိသော သူများ မူဘေးဒဏ်ကြီး ကာလ၌ စစ် ဘေး၊ အစာ ငတ်မွတ် ခေါင်းပါးခြင်း၊ ရောဂါ ကျရောက်ခြင်း ဖြင့်လျှင် မြန်စွာ သေဆုံးကြရ မှာ ဖြစ်သည် (ဗျာ ၆:၈)

၄။ သို့သော်လည်း၊ ညီအစ်ကို တို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည် မဟုတ်။

သခင်ဘုရား၏ နေ့ရက်တည်း ဟူသော ဘေးဒဏ်ကြီး ကာလသည် ယုံကြည်သူများအပေါ်၌ သူခိုးကဲ့သို့ လာမည် မဟုတ်ဟု ဆိုသည်။ အကြောင်းမှာ ယုံကြည်သူ များသည် မှောင်မိုက်၌ နေကြသည် မဟုတ်၊ အလင်း၌ နေကြသည်။ မှောင်မိုက်သည် ဘုရား၏ အကြံအစည် သမ္မာတရား နားမလည်ခြင်း၊ ကိုယ်အကြံ အစည်အတိုင်း အသက်ရှင်ခြင်းကို ဆိုုလိုသည်။ သင်သည် ဘုရား၏ အချိန် ဇယားကို သိပြီး ထိုအချိန် ဇယား အတိုင်း အသက် ရှင်ပါသလား။

၅။ သင်တို့ အပေါင်းသည် အလင်း၏ သား၊ နေ့၏ သား ဖြစ်ကြ၏။ ညဉ့်၏ သား၊ မှောင် မိုက်၏ သား မဟုတ်။

ယုံကြည်သူ များသည် အလင်းတည်း ဟူသော ဘုရား (၁ ယော ၁:၅)၏ သားများ ဖြစ်ကြသည်။ ညဉ့်တည်း ဟူသော ( စာတန် )၏ သားများမဟုတ်။ သင်သည် အလင်း၏ သားလော၊ ညဉ့်၏ သား ဖြစ်သလော။

၆။ သို့ ဖြစ်၍၊ အခြားသော သူတို့သည် အိပ်ပျော် သကဲ့သို့၊ ငါတို့သည် အိပ်မ ပျော်ဘဲ သမ္မာသတိ ရှိ၍ စောင့်ကြကုန်အံ့။ ရ။ အကြောင်းမူကား၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။ သေရည် သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။

အလင်းသား များသည် အိပ်မပျော်ဟု ဆိုသည်။ ဝိညာဉ် ပိုင်း၌ အိပ်ပျော်ခြင်း ဆိုသည်မှာ ဘုရား၏ အလိုတော်ကို မသိ၊ ကိုယ်အလိုဆန္ဒအတိုင်း အသက် ရှင်ခြင်း ဖြစ်သည်။ အိပ်ပျော်သောအခါ အိပ်မက်မက်တတ်ကြသည်။ အိပ်မက်ထဲ၌ စိတ်၏ ခံစား ချက်သည် နိုးသော အချိန်၌ ခံစား သကဲ့သို့ ရှိသည်။ အိပ်မက်ထဲ၌ ချစ်သူ၌ အလွန် ပျော် နိုင်သည်။ သို့မဟုတ် အလွန် ကြောက်လန့်နိုင်သည်။ သို့သော်နိုးလာသောအခါ အား လုံးပျောက်ကုန်သည်။ ယခုငွေရှာ၍ ရရှိခြင်း၊ လောကပစ္စည်းများ ယပိုင်ဆိုင်ခြင်း၊ ရာထူး အာဏာများရရှိ၍ ဝါကြွား ကျေနပ်ခြင်း၊ အပျော်အပါးလိုက်၍ ပျော်ရွှင်ခြင်း၊ ရန်ဖြစ်ခြင်း ပညာလိုက်စား၍ ဘွဲ့ထူး ဂုဏ်ထူးများရရှိခြင်း၊ ဤလောကနှင့် ဆိုင်သမျှ ရရှိဘို့ ကြိုးစားခြင်း တို့သည်၊ သခင်ဘုရား နေ့၌ အကုန် ကုန်ဆုံးသွားကြမှာ ဖြစ်သည်။ ထာဝရ ကာလ၌ ယူဆောင်သွား၍ မရ၊ အိပ်မက်ကဲ့သို့ ပျောက်သွားမှာ ဖြစ်သည်။ ထိုအရာများအ တွက်အချိန်၊ ဘဏ္ဍာ၊ စွမ်းအားများကို အကုန်အသုံးပြုခြင်းသည် အိပ်ပျော်ခြင်း ဖြစ်သည်။ ထာဝရ ကာလ၌ တည်တန့်မည့် ဘုရား၏ အလိုတော် လိုက်ခြင်း သာလျှင် လုပ် ဆောင်သင့်သည်။

၈။ နေ့၏ သား ဖြစ်သော ငါတို့ မူကား၊ သမ္မာသတိ ရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်း တည်း ဟူသော ရင်အုပ်တန်ဆာကို ၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်း တည်း ဟူသော သံခမောက်လုံးကို ၎င်း၊ ဝတ်ဆောင် ကြကုန်အံ့။

ခရစ်တော် ရရှိ သူများသည် နေ့၏ သား ဖြစ်သောကြောင့် သမ္မာသတိ ရှိဘို့ ဖြစ်သည်။ သမ္မာသတိ ရှိခြင်း ဆိုသည်မှာ၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ မြော်လင့်ခြင်း ဖြင့် အသက်ရှင်ခြင်း ဖြစ်သည်။ ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်၏ ဘုန်းတော် မတွေ့မမြင်နိုင် ချေ (ယော ၁၁:၄၀)၊ ဘုရား၏ စိတ်တော် နှင့်လည်း မတွေ့နိုင်ချေ (ဟေ ၁၁:၆)။ ချစ်ခြင်း မရှိလျှင် ဘုရား၏ သားသမီး များမပီသချေ၊ အကြောင်းမှာ ဘုရားသခင်သည် ချစ်ခြင်း မေတ္တာဖြစ်တော်မူ ၏ (၁ ယော ၄:၈)။ မြော်လင့်ခြင်း မရှိလျှင် ဝမ်းနည်း ကျေကွဲခြင်း ဖြစ်နိုင်သည် (၁ သက် ၄:၁၃)။ မြော်လင့်ခြင်း ရှိမှလူသည် အသက် ရှင်ရကျိုးနပ်၍ အသက် တာလည်း လှူပ်ရှားလာသည်။

၉။ အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည် မဟုတ်။ ငါတို့ သခင်ယေရှု ခရစ်အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ ခန့်ထားတော်မူ ၏။

အချို့သော သူများ ကယုံကြည်သူ များသည် ဘုရား၏ အမျက်တော် တည်း ဟူသော ဘေးဒဏ်ကြီး ကာလကို ဖြတ်သန်းမည်ဟု ဆိုကြသည်။ ရှာဒရက်၊ မေရှက်၊ အဗေ ဒနေဂေါတို့ကို ဘုရားသခင်က မီးဖိုကြီး ထဲမှ ကယ်နှုတ် သကဲ့သို့၊ ယုံကြည်သူ များလည်း ဘေးဒဏ်ကြီး ကာလ ပဌမ သုံးနှစ်ခွဲခံစား ပြီးမှကယ်နှုတ်မည်ဟု ယူဆကြသည်။ အချို့က ဘေးဒဏ်ကြီး ကာလ အဆုံးမှသာ ကယ်တင်မည်ဟု ဆိုကြသည်။ သို့သော်ဘေးဒဏ် ကြီး ကာလသည် မယုံကြည်သူများအပေါ်ဘုရား၏ အမျက်တော်လောင်းသော အချိ်န် ဖြစ်သည်။ ပေါလုကအမျက်တော် ခံစေခြင်းငှါ ငတို့ကို ခန့်ထားတော်မူသည် မဟုတ်ဟု ဆို သောကြောင့် ဘေးဒဏ်ကြီး ကာလ မရောက်မှီ ချီဆောင်သွားမှာ ဖြစ်သည်။

၁၀။ ငါတို့သည် နိုးလျက် ရှိသည် ဖြစ်စေ၊ အိပ်ပျော်သည် ဖြစ်စေ၊ ထိုသခင်နှင့် အတူ အသက်ရှင် မည်အကြောင်း၊ ငါတို့ အဘို့ အသေခံတော်မူ ပြီ။

ယုံကြည်သူ သည် နိ်ုးသည် ဖြစ်စေ အိပ်ပျော်သည် ဖြစ်စေသခင်ဘုရားနှင့် အတူ အသက် ရှိနေသည်။ ထိုနိုးခြင်းနှင့် အိပ်ပျော်ခြင်းသည် ကိုယ်ခန္ဓာ ပိုင်း သို့မဟုတ် ဝိညာဉ် ပိုင်းဆိုလိုနိုင်သည်။ မည်သို့ ပင်ဖြစ်စေ၊ ယုံကြည်သူ သည် သခင်ဘုရားနှင့် အသက် ရှင် နေ သောကြောင့် စိုးရိမ်စရာ မလိုချေ။ ချီဆောင်ခြင်း၌ ပါသွားမှာ ဖြစ်သည်။ ထိုသို့ ပါမှာ ဖြစ်သောကြောင့် ပေါ့ဆဘို့ မဟုတ်ပါ၊ သမ္မာသတိ ရှိဘို့ လိုသည်။ လောကီသား များကဲ့သို့ လောဘလွန်ကျူးခြင်း၊ မရှိဘို့ သတိ ထားရမည်။

၁၁။ ထိုကြောင့်၊ သင်တို့သည် ယခုပင်ပြုသည် နည်းတူ အချင်းချင်းတိုက်တွန်း၍ တ ယောက်ကို တယောက် တည်ဆောက် ကြလော့။

သက်သာလောနိတ် အသင်းသား များသည် အချင်းချင်းချစ်ကြ၍ တိုက်တွန်းခြင်း၊ တယောက်နှင့် တယောက် တည်ဆောက်ခြင်း ရှိကြသည်။ ထိုကဲ့သို့ ဖြစ်သင့်သည်။ ယုံကြည်သူ များသည် အချင်းချင်း အတင်း ပြောခြင်း၊ အမြင် ကပ်ခြင်း၊ စကား မပြောနိုင်ခြင်း၊ မသင်္ကာခြင်း၊ ရန်ဖြစ်ခြင်း၊ များမရှိဘဲ အချင်းချင်းတည်ဆောက်ဘို့ လိုသည်။ သို့ မှသာဘုရား၏ တန်ခိုးရှိ၍ အောင်မြင် မှု၊ ဝမ်းမြောက် မှု၊ နိုးကြားမှု ရှိနိုင်မည်။

၁၂။ ထိုမှတပါး၊ ညီအစ်ကို တို့၊ သင်တို့ တွင် အမှုတော်ကို ဆောင်ရွက်ခြင်း၊ သခင်ဘုရား အခွင့်နှင့် အုပ်စိုးခြင်း၊ သတိ ပေးခြင်း အမှုကို ပြုသော သူတို့ကို သိမှတ်၍၊ ၁၃။ သူတို့ ပြုသော အမှုကြောင့် မေတ္တာစိတ်နှင့် အလွန် ချစ်ခင် လေးမြတ်မည်အကြောင်း၊ ငါ တို့သည် တောင်းပန်ကြ၏။ အချင်းချင်းအတင့်အသင့် နေကြလော့။

ယုံကြည်သူများ၊ အသင်းသား များအနေဖြင့်၊ ဝိညာဉ် ရေးရာ၌ ဦးဆောင်သူများ၊ တာဝန် ရှိ သူများကို သိမှတ်၍၊ ဝေဖန်ခြင်း၊ ဆန့်ကျင် တိုက်ခိုက်ခြင်း ပြုမည့်အစား ထောက်မခြင်း၊ လေးစား လိုက်နာခြင်းများရှိသင့်သသည်။ ဦးဆောင် သူများသည် ဘုရားသခင် အခွင့်မပေးလျှင် မအုပ်စိုးနိုင်ပါ။ တည်ဆောက်ခြင်းသည် ခက်သော်လည်း ဖျက်စီးခြင်းသည် အလွန် လွယ်ကူသည်။

၁၄။ တဖန်တုံ၊ ညီအစ်ကို တို့၊ မတရားစွာ ပြုသော သူတို့ကို သတိ ပေးကြလော့။ စိတ် ငယ်သော သူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသော သူတို့ အားရှည်သော စိတ်ရှိစေကြလော့။

အချို့သော သူများသည် မတရားစွာ ပြုသော သူတို့ကို သတိ မပေးချင် ကြချေ။ အကြောင်းမှာ၊ အာဏာခြင်း၊ သူတပါးကို တရားစီရင်ရာကျမည်ဟု စိုးရိမ်ခြင်း၊ စိတ်ဆိုး မှာကြောက်ခြင်း၊ ပြသနာ ပို၍ များမှာ စိုးရိမ်ခြင်း စသည် ဖြင့် အကြောင်း အမျိုးမျိုး ရှိကြသည်။ မုန်းတီးခြင်းကြောင့် မဟုတ်၊ မေတ္တာစိတ်နှင့် ကောင်းစေလိုလျှင် မှားယွင်းသော သူကို သတိ ပေးဘို့ ဖြစ်သည်။ မကြောက်မ စိုးရိမ် ပါနှင့်။ စိတ်အားငယ်သော သူများကို အားပေးဘို့လည်း လိုသည်။ စိတ်အားငယ်သော သူများကို အပြစ် မတင်ရ၊ ဖေးမရ မည်။ လူနာနှင့် တူသည်။ အားနည်းသော သူကိုလည်း ထောက်မရမည်။ မရင့်ကျက်သော သူများ ကသူတပါးကို နားမလည်ဘဲ အပြစ် သာလျှင် မြင်တတ်သည်။ ယုံကြည်သူ များသည် ထိုကဲ့သို့ မဟုတ်ရပါ။ စိတ်ရှည်ခြင်းသည် အောင်မြင်ခြင်း ဖြစ်သည်။ စိတ်တိုသော သူသည် ကျဆုံးခြင်း ဖြစ်သည်။ စိတ်တိုခြင်းသည် အလိုလိုဖြစ်တတ်သည်။ စိတ် တိုလာလျှင် စကား မပြောဘဲ နေပါ။ နောက်ပိုင်း၌ သင်၏ စိတ်တိုခြင်းသည် ဘာမျှ မဟုတ်၊ အရေးမကြီးသော အရာ ဖြစ်တတ်သည်။

၁၅။ သူတပါး၌ အဘယ်သူမျှ ရန်တုံ့ မမူစေခြင်းငှါ သတိ ပြု၍၊ အချင်းချင်းတို့၌ ၎င်း၊ ခပ် သိမ်းသော သူတို့၌ ၎င်း၊ ကာလ အစဉ် ကြိုးစား၍ ကျေးဇူးပြု ကြလော့။

ဘုရားကို ယုံကြည်ခြင်း ၏ လက္ခဏ ာ တခုသည် ရန်တုံ့ မမူခြင်း ဖြစ်သည်။ အကြောင်းမှာ အဘယ်အရာမျှ ဘုရား အခွင့်မပေးဘဲ မဖြစ်နိုင် ချေ။ ထို့ကြောင့် သင့်ကို ရန်မူသော သူသည် ဘုရားကခွင့်ပေးခြင်း ဖြစ်သည်။ စိတ်ရှည်ဘို့ ခွင့်လွှတ်ဘို့ ရန်သင့်ကို အခွင့်ပေးခြင်း၊ စမ်းသတ်ခြင်း ဖြစ်သည်။ ဘုရားသခင်က၊ "အပြစ် တရားကို စီရင်ရသော အခွင့်၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကို ငါပိုင်၏။ "(တရားဟော ၃၂:၃၅)ဟု ဆိုသည်။ "ချစ်သူတို့၊ သူတပါးသည် သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ် ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာ လာသည် ကား၊ ငါသည် အပြစ် တရားကို စီရင်ပိုင်၏။ အပြစ်နှင့် အလျောက် ငါဆပ်ပေးမည်ဟု ထာဝရ ဘုရား မိန့်တော်မူ ၏။ ၂၀ထိုကြောင့် သင်၏ ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာ ဘို့ ပေးလော့။ ထိုသို့ ပြုလျှင်၊ သူ၏ ဦးခေါင်းပေါ်၌ မီးခဲကို ပုံထား လိမ့်မည်။ ၂၁အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်း အားဖြင့် အဆိုးကို နိုင်လော့။ " (ရော ၁၂:၁၉-၂၁)

ယုံကြည်သူ များ၏ တာဝန်သည် ရန်တုံ့ ပြုခြင်း၊ ဂလဲ့စားခြေခြင်း မဟုတ်ဘဲ၊ ကျေးဇူးပြုခြင်း ဖြစ်သည်။ လူသည် ဆိုက်သည့်အတိုင်း ရိတ်ရသည် (ဂလာ ၆:ရ)။ ထို့ကြောင့် တတ်နိုင်သမျှ ကျေးဇူးပြုခြင်းကို လုပ်ကြရအောင်။

၁၆။ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့။

အစဉ်မပြတ် ဝမ်းမြောက် ခိုင်းသည်။ အစဉ်မပြတ်သည် အဆင်ပြေချိန်မကအ ဆင် မပြေချိန်မှာလည်း ဝမ်းမြောက် ခိုင်းသည်။ အဘယ်ကြောင့် နည်း။ ဖြစ်နိုင် ပါ့မည်လော။ မယုံကြည်သူ များလည်း အဆင်ပြေ သောအခါ ဝမ်းမြောက် တတ်သည်။ ယုံကြည် သူများ အတွက် ဘုရားသခင်သည် ဘယ်သောအခါမျှ မကောင်းသော အရာကို မလုပ်ပါ။ ထိုအရာကို ယုံကြည်သူ အတွက်အချိန် တိုင်း ဝမ်းမြောက် နိုင်ပေမည်။

၁ရ။ မခြားမလပ် ဆုတောင်း ပဌနာ ပြုကြလော့။

ဆုတောင်းခြင်း သည် ဘုရားသခင်ကို စကား ပြောခြင်း ဖြစ်သည်။ ချစ်သူနှင့်သူ ငယ်ချင်းများနှင့် အချိန် မရွေးစကား ပြောနိုင်သည်၊ ပြောချင်သည်။ မချစ်လျှင် မုန်းလျှင် မပြောနိုင်ပါ။ အချိန် မရွေးဘုရားနှင့် စကား ပြောခြင်းသည် ဘုရားကို မည်မျှ ချစ်သည်ကို ထင်ရှားသည်။

၁၈။ အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှါ၊ ယေရှု ခရစ်၌ ဘုရားသခင် အလိုတော် ရှိ၏။

အရာရာ၌ ဟု ဆိုရာတွင် အဆင်ပြေမှ၊ အောင်မြင်မှ မဟုတ်၊ အဆင် မပြေသော အချိန်၌ လည်း ကျေးဇူးတော်ကို ချီးမွမ်းဘို့ ဖြစ်သည်။ ပေါလု ကိုယ်တိုင်လည်း ဖိလိပ္ပိထောင်ထဲမှ ဘုရားကို သန်းခေါင်အချိန်၌ ချီးမွမ်းနိုင်ခဲ့သည်။ ထို့ကြောင့် ဘုရား၏ တန်ခိုးမြင်တွေ့ခံစား ခဲ့ရသည်။ ဘုရားသခင်သည် ယုံကြည်သူ သားသမီး များအပေါ်အ ကောင်းဆုံးလမ်းပြသည်။ ထို့ကြောင့် ဘုရား အပေါ်ယုံကြည် စိတ်ချလျှင် အရာရာ၌ ကျေးဇူးတော် ချီးမွမ်းနိုင်မှာ ဖြစ်သည်။

၁၉။ ဝိညာဉ်တော်၏ အရှိန်ကို မငြိမ်းစေနှင့်။

ဝိညာဉ်တော်၏ အရှိန်ဆိုသည်မှာ ဝိညာဉ်တော်၏ ဦးဆောင်ခြင်း၊ အသုံးပြုခြင်း၊ မိဿဟာယဖွဲ့ခြင်း တို့ ဖြစ်သည်။ ဝိညာဉ်တော် ကအုပ်စိုးလျှင်၊ ကြောက်စိတ်၊ ရှက်စိတ်၊ များမရှိပါ။ ရှင်းလင်းသည်။ ဖြောင့်ဖြိုးသည်။ ထိုအရှိန်ကို မငြိမ်းစေရပါ။ ဝိညာဉ်တော် အရှိန်ကို ငြိမ်းစေသော အရာသည် အပြစ် ကျူးလွန်ခြင်း၊ ဇာတိနှင့် သွားခြင်း တို့ ဖြစ်သည်။ အပြစ် ကျူးလွန် လျှင်လည်း ချက်ချင်း နောင်တ ရတောင်းပန်ရမည်။

၂၀။ ပရောဖက် ပြုခြင်းကို မထီမဲ့မြင် မမှတ်ကြနှင့်။

သူတို့ ခေတ်၌ ဓမ္မသစ်ကျမ်းစာ မရှိသေးပါ။ ထို့ကြောင့် ဘုရားသခင်က ယုံ ကြည် သူများကို ပရောဖက် များအားဖြင့် စကား ပြောတတ်သည်။ ယခုခေတ်တွင် ကျမ်းစာရှိပြီ။ ကျမ်းစာ အားဖြင့် ယုံကြည်သူ များကို လမ်းညွှန်သည်။ ထို့ကြောင့် ကျမ်းစာကို နားလည်အောင် ဖတ်ဘို့ လိုသည်။ တရက်၊ တပတ်၊ တလလောက်ဖတ်ရုံနှင့် အားလုံး မသိနိုင်ပါ။ အမြဲဖတ်ဘို့ လိုသည်။ ကျမ်းစာ မရှိသော နေရာများ၌ ပရောဖက် ပြုခြင်းများရှိနိုင်ပါသည်။

၂၁။ ခပ်သိမ်းသော အရာကို စုံစမ်း၍၊ ကောင်းသော အရာကို မြဲကိုင်စွဲကြလော့။

ခပ်သိမ်းသော အရာကို အလျှင် အမြန် လက်မခံရစုံစမ်း ရမည်။ မပျော်ရွှင်များ အနေဖြင့် အရာခပ်သိမ်းကို မစုံစမ်း ဘဲ ချက်ချင်း လက်ခံတတ်သည်။ ထို့ကြောင့် မှားယွင်း မှု များသည်။ ကောင်းသော အရာကို မြဲကိုင်စွဲရသည်။ ကြာပြိီ၊ ပျင်းပြီဟု မဆိုရ။

၂၂။ မကောင်းသော အမှု အမျိုးမျိုး ရှိသမျှကို ရှောင်ကြလော့။

မကောင်းသော အမှု အမျိုးမျိုးကို ရှောင်ခိုင်းသည်။ ဤလောကကြီး၌ မကောင်းသော အမှု များလွန်းသည်။ ထိုအရာများကို ရှောင်ရမည်။ သွေးဆောင်မှုကို အလျှင်းသင့်လက်မခံရ။ မကောင်းသော အမှုကို၊ ယုံကြည်သူ ဖြစ်စေ၊ မယုံကြည်သူ ဖြစ်စေ ရှောင်နိုင်သည်။ ယောသပ်လည်း မတရားသော မေထုန်ပြုမည့် အရာကို ရှောင်ခဲ့သည်။ ဒါဝိဒ်လည်း ရှောလုမင်းသတ်မည့် အရာကို ရှောင်ခဲ့သည်။

၂၃။ ငြိမ်သက်ခြင်း၏ အရှင် ဘုရားသခင်က ိုယ်တော် တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင် ယေရှု ခရစ် ကြွလာတော်မူ သောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ် အပေါင်းကို အပြစ် တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူ ပါစေသော။

သန့်ရှင်းခြင်းသည် လူ့အပိုင်းမှလုပ်ရမည့် အရာရှိ သကဲ့သို့ ဘုရား ဖက်မှလုပ် ပေးမည့် အရာလည်း ရှိသည်။ ဘုရားသခင်က သူ၏ ဝိညာဉ်တော် အားဖြင့် ၎င်း၊ နှုတ်ကပတ်တော် အားဖြင့် ၎င်း၊ သန့်ရှင်းစေနိုင်သည်။ လူ့အပိုင်းကအထက် က ဖေါ်ပြသည့်အ တိုင်း အပြစ်ကို ရှောင်ရမည်။ သခင်ယေရှု ခရစ်ကြွလာသောအခါ၊ ယုံကြည်သူ ၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်သည် အပြစ် တင်ခွင့်နှင့် ကင်းလွတ်ဘို့ လိုအပ်သည်။ ယေရှု ကြွလာ မည့် အရာကို မြော်လင့်သော်လည်း၊ သင်သည် ညစ်ညူး နေပါက အရှက်ကွဲမှာသော ချာသည်။ ယခုမှစ၍ သန့်ရှင်းခြင်းကို ဦးစားပေးကြပါစို့။

၂၄။ သင်တို့ကို ခေါ်တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ ပြုတော်မူ လိမ့်မည်။

သင်တို့ကို ခေါ်တော်မူသော သူသည် ဘုရား ဖြစ်သည်။ သူသည် သစ္စာ ရှိသည်။ ထို့ကြောင့် သန့်ရှင်းစေဘို့ ရန် ပြုလုပ်တော်မူ မည်ဟု ဆိုသည်။

၂၅။ ညီအစ်ကို တို့၊ ငါတို့ အဘို့ ဆုတောင်း ကြလော့။

ပေါလုသည် ဆုတောင်း အားသန်သော်လည်း၊ ယုံကြည်သူ များ၏ ဆုတောင်း ပေးခြင်း ကိုလည်း လိုလားသည်။ ပေတရု အဖမ်းခံ သောအခါ ယုံကြည်သူ များသည် သူ့ အဘို့ ကြိုးစား၍ ဆုတောင်း ပေးကြသည် (တမန် ၁၂:၅)။ ထို့ကြောင့် ဘုရားသခင်က ကောင်းကင်တမန် ကို စေလွှတ်၍ သူ့ကို ကယ်ခဲ့သည်။ ထို့ကြောင့် ယုံကြည်သူ များသည် ဝိညာဉ် ခေါင်းဆောင် များအတွက် ကြိုးစား၍ ဆုတောင်း ရမည်။

၂၆။ ညီအစ်ကို အပေါင်းတို့ကို သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။

နမ်းခြင်းသည် သူတို့ အတွက် လက်ဆွဲ နှုတ်ဆက်ခြင်း မျိုးဖြစ်၍ အလွန် ထူးခြားသော အရာ မဟုတ်။ သို့သော်အရှေ့တိုင်း သား များအတွက် မဖြစ်နိုင်သော အရာဖြစ်သည်။ မြန်မာဗုဒ္ဓ ဘာသာဝင် များအတွက် လက်ဆွဲ နှုတ်ဆက်ခြင်း ပင်လျှင် အထူးအ ဆန်းဖြစ်၍ သူတို့ အတွက် မလွယ်ကူပေ။

၂ရ။ ဤစာကို သန့်ရှင်းသော ညီအစ်ကို အပေါင်းတို့ အားဘတ်စေခြင်းငှါ၊ သခင်ဘုရားကို တိုင်တည်၍၊ ငါသည် သင်တို့ကို ဓိဋ္ ဌာန် သစ္စာ ပေး၏။

ပေါလုသည် ယုံကြည်သူ တဦးချင်းထံ စာမရေးနိုင်ပါ။ ထို့ကြောင့် ဤစာကို ယုံ ကြည်သူ ညီအကူ အပေါင်းတို့ အားဘတ်ပေးဘို့ သစ္စာ ပေးခြင်း ဖြစ်သည်။ ကျွန်ုပ်တို့မူ သူတပါးကဖတ်ပေးစရာ မလိုဘဲ၊ ကိုယ်တိုင်ကိုယ် ကြိုက်နှစ်သက်သေ ာ နေရာနှင့် အချိန် တွင် ဘတ်နိုင်ကြသည်။ မည်မျှ ကျေးဇူးတော် ခံစား ကြသနည်း။ သို့သော်ထိုအခွင့်အ ရေးကို တန်ဘိုး မသိကြ သောကြောင့် မဖတ်ချင် ကြ။

၂၈။ ငါတို့ သခင်ယေရှု ခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။

သခင်ယေရှု၏ ကျေးဇူးတော် တည်း ဟူသော သနားခြင်း ဂရုဏာသည် သင်တို့၌ ရှိစေသော်ဟု နိဂုံးချုပ်သည်။ လူတိုင်း လိုအပ်သော အရာသည် ထိုဂရုဏာတော် ဖြစ်သည်။ လူသည် မာန ကြီး၍ အပြောကြီးသော်လည်း၊ ဘုရား၏ သနားခြင်း ဂရုဏာတော် မရှိလျှင် ဘာမျှ မတတ်နိုင် ကြချေ။ ယခုမှစ၍ ဘုရား၏ သနားခြင်း ဂရုဏာကို မှီ၍ မာန် မာန ထောင်လွှားခြင်း ရှောင်ကြပါစို့။

.

ခရိုနာဗိုင်းရပ် ရောဂါ

ခရိုနာဗိုင်းရပ် ရောဂါနှင့် ပတ်သက်၍ တကမ္ဘာ လုံးဂယက်ရိုက်သွားပါသည်။ ထို ရောဂါသည် တရုတ်ပြည် ဟိုဘဲ ပြည် နယ်ဝူဟန်မြို့မှ စတင်ခြင်း ဖြစ်သည်။ ဤ ရောဂါ၏ လက္ခဏာများမှာ ကိုယ်ပူခြင်း၊ ချမ်းခြင်း၊ အသက် ရှုကြပ်ခြင်း၊ ကိုယ်ခန္ဓာ ကိုက်ခဲခြင်း ချောင်းဆိုးခြင်း တို့ ဖြစ်သည်။ ဤ ရောဂါသည် ဒီဇင်္ဘာလတွင် စတင်၍ ယခုအခါ နိုင်ငံ ပေါင်း တွင် ပြန့်နှံ့နေပြီ ဖြစ်သည်။ ဤ ရောဂါကြောင့် တရုတ်ပြည်၌ လူ ရ၅ သန်းသွား လာခြင်း များပိတ်ပင်၍၊ တရုတ်အစိုးရကျေညာချက်အရ ဤစာရေးချိန်တွင် ရောဂါ ကူးဆက်ခံရသူ ရ၅၀ဝ၀နှင့် သေဆုံးသူ ၂၀ဝ၀ ကျော်သွားပြီ ဖြစ်သည်။ ဤ ရောဂါကြောင့် အလုပ်များပိတ် သောကြောင့်၊ ကမ္ဘာ့ စီးပွါးရေးထိခိုက်မှာ ဖြစ်သည်။ အစိုးရက အလုပ်များပြန်လုပ်ခိုင်းသော်လည်း၊ ရောဂါကူးဆက်မှာ စိုးရိမ် နေကြသည်။ ကမ္ဘာ့ နိုင်ငံ တိုင်းသည် တရုတ်ပြည် ထုတ်ပစ္စည်းများ သုံးဆွဲကြ သောကြောင့် နိုင်ငံတိုင်း၌ အလုပ် လက်မဲ့များ၊ အလုပ်ရုံပိတ်ခြင်းများဖြစ်နိုင်သည်။ အလုပ်ရုံများပိတ်လျှင် ဝင်ငွေမရှိဘဲ ဖြစ်မည်။ ထို့ကြောင့် ဘုရားသခင် ထံတိုးဝင်ချဉ်းကပ်ဘို့ လိုသည်။ ရောဂါကူးဆက်ခြင်း မရှိဘို့၊ ရောဂါခံစား နေသူများ အတွက် ဆုတောင်း ဘို့ လိုသည်။

ဤ ရောဂါ ကျရောက်ခြင်းသည် တရုတ်အစိုးရက ထာဝရ ဘုရား ကိုးကွယ်ခြင်းကို ပိတ်ပင် တားစီး သောကြောင့် ဖြစ်မည်ဟု ယူဆရသည်။ ခရစ်ယာန်များကို နှိပ်စက်၍ ဘုရားကျောင်းများကို ဖျက်ဆီး သောကြောင့် ဖြစ်နိုင်သည်။

ခရိုနာဗိုင်းရပ် ရောဂါသာမက၊ အီဘိုလာ ရောဂါ၊ ကြက်တုတ်ကွေး၊ ဝက် တုတ်ကွေးများလည်း ဖြစ်ပွားနေသည်။ ထိုအရာများသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏ ာများ ဖြစ်သည်။ ခရစ်တော် ကသူကြွလာခါနီးသောအခါ၊ "အရပ်ရပ်တို့၌ ကြီး စွာသော မြေလှုပ်ခြင်း၊ အစာ ခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်း တို့သည် ဖြစ် ကြလိမ့်မည်။ " (လု ၂၁:၁၁) "အရပ်ရပ်တို့၌ အစာ ခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီး လှုပ်ခြင်း တို့သည် ဖြစ်ကြလိမ့်မည်။ ၈ထိုအမှု အရာတို့သည် ဒုက္ခ ဆင်းရဲခြင်း ၏ အစအဦး (ခလေး မွေးနာ) ဖြစ်သတည်း။ " (မ ၂၄:ရ-၈)။ ဟု ခရစ်တော် ကဆို ခဲ့သည်။ ထို့ကြောင့် ကာလနာများကျရောက်သောအခါ၊ ကြောက်နေရုံ မဟုတ်ဘဲ သ ခင်ဘုရားကြွလာတော့မည်ဟု သိလျက် အသင့် ပြင်ဆင် ဘို့ လိုသည်။ ကယ်တင်ခြင်း စိတ်မချသေး သူများ အနေဖြင့်၊ ကယ်တင်ခြင်း စိတ်ချမှု မရှိမခြင်း အငြိမ်မနေသင့်ချေ။ ကယ်တင်ခြင်း အကြောင်းကို သင်ပေးနိုင်သော သူထံအလျှင် အမြန် သင်ဘို့ လိုသည်။ ကယ်တင်ခြင်း စိတ်ချမှု ရှိပြီးသော သူများ အနေဖြင့်၊ မိသားစုဝင်များ၊ ဆွေမျိုး သား ချင်းများ၊ လုပ်ဘော်ကိုင်ဖက်၊ အိမ်နီးချင်းများကို ကယ်တင်ခြင်း အကြောင်း ဝေငှသင့်သည်။ ဤလောကကို မတပ်မက်တော့ဘဲ၊ ကောင်းကင် ဖက်မော်ကြည့်၍ သခင်ဘုရားကြွလာ မည့် အရာကို မြော်လင့်လျက်၊ သန့်ရှင်းသော အသက် တာဖြင့် အသက် ရှင်သင့်သည်။ မူးယစ်ဆေးဝါး၊ အရက်၊ ကွမ်းယာ၊ ခိုင်နီး သုံးဆွဲနေသာ သူများလည်း ထိုအရာများကို စွန့်၍ ဘုရားဝတ်၌ မွေ့လျော်သင့်သည်။ မိသားစုအတွင်းအဆင် မပြေနိုင်သော သူများ လည်း၊ စိတ်လျှော့၍ တယောက်နှင့် တယောက်သည် းခံကာ၊ ဘုရား ဘက်၌ လှည့်သင့်သည်။ လောဘလွန်ကျူး၍ ချမ်းသာ ဘို့၊ တိုးတက်ဘို့၊ မကြိုးစား တော့ဘဲ မိမိ ဝိညာဉ်ကို အစာကျွေးသင့်သည်။ ဤစာစောင်ကိုလည်း ဝယ်ယူ၍ လူတိုင်း ထံဝေသင့်သည်။ ဝေစာများကိုလည်း ဝေ၍ သတင်းကောင်း ပြောသင့်သည်။ ဧဝံဂေလိ လုပ်ငန်းအတွက် ပျောက်ဆုံး ဝိညာဉ် ဖမ်းခြင်း၌ အလှူများကိုလည်း လှူသင့်ပြီ။ အယောက်တိုင်း ဘုရား အသုံးပြုပါစေ။

.

ကျိုင်းကောင်များ

အဲဂုတ္တု ပြည်၌ ကျွန်ခံသော ဣသရေလ များကို မလွှတ်ချင် သောကြောင့် ဘုရား သခင်က ကျိုင်းကောင်များကို လွှတ်ကြောင်း ဤသို့ တွေ့ရသည်၊ "ထာဝရ ဘုရားကလည်း၊ ကျိုင်းတို့သည် အဲဂုတ္တု ပြည်သို့ ရောက်လာ၍ မိုဃ်းသီးမဖျက်၊ မြေပေါ်မှာ ကျန် ရစ်သော အပင်ရှိသမျှ တို့ကို စားစေခြင်းငှါ၊ အဲဂုတ္တု ပြည် အပေါ်မှာ လက်ကို ဆန့်လော့ဟု မောရှေအားမိန့်တော်မူသည် အတိုင်း၊ ၁၃မောရှေသည် မိမိ လှံတံကို အဲဂုတ္တု ပြည် အပေါ်မှာ ဆန့်သဖြင့်၊ ထိုနေ့နှင့် ထိုညဉ့်ပတ်လုံး၊ အရှေ့လေကို မြေပေါ်မှာ ထာဝရ ဘုရား လာစေတော်မူ၍၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကို ဆောင်ခဲ့လေ၏။ ၁၄ထို ကျိုင်းတို့သည် အဲဂုတ္တု ပြည်ကို လွှမ်းမိုး၍၊ ပြည် နယ်နိမိတ်ရှိသမျှ အပေါ်မှာ နားသဖြင့် အလွန် များပြား ကြ၏။ ထိုသို့သော ကျိုင်းတို့သည် ရှေးကမဖြစ်စဖူး၊ နောက်၌လည်း မဖြစ်ရလတံ့။ ၁၅မြေမည်းသည် တိုင်အောင် မြေတပြင် လုံးကို ဖုံးအုပ်၍ တပြည် လုံးတွင် မြက်ပင်ရှိသမျှ မိုဃ်းသီးနှင့် လွတ်သော သစ်သီးရှိသမျှကို စားကြသဖြင့်၊ အဲဂုတ္တု ပြည် တလျှောက်လုံးတွင် သစ်ပင်မြက်ပင်တို့၌ စိမ်းသော အရာတစုံ တခုမျှ မကျန်ရစ်။ " (ထွက် ၁၀:၁၂-၁၅)

ယခုအခါ ယူကန်ဒါ၊ အီသယိုပြား၊ ဆူဒန်၊ ကင်ယာ၊ ပါက စ္စတန် နိုင်ငံ များ၌ အလွန် များပြားသော ကျိုင်းကောင်များ ကျရောက်သဖြင့် အပင်များစားကြကာ၊ အစာ ခေါင်းပါးခြင်း ဖြစ်လာမှာ ဖြစ်ကြောင်း သိရှိရသည်။ နောက်ဆုံးသော ကာလ၏ နိမိတ် လက္ခဏာ တခု ဖြစ်သည်။

.

ရာစုနှစ်စာချုပ်

ရာစုနှစ်စာချုပ် (Deal of the Century))သည် အစ္စရေးနှင့် ပါလက်စတင်းများအကြား ချုပ်မည့် အရာ ဖြစ်သည်။ ထိုအရာကို ကျမ်းစာ ကဤသို့ ရေးထားခဲ့သည်၊ "တသိတင်း တွင် လူအများတို့နှင့် ပဋ္ဋိညာဉ် ဖွဲ့ခြင်း ရှိ၍၊ ထိုသိတင်း တဝက်တွင် ယဇ်ပူ ဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သော အရာ၏ အထွဋ္ဋ် ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ ဖြစ်လိမ့်မည်ဟု ကြား ပြော၏။ "(ဒံ ၉:၂ရ)။ ထိုစာချုပ် ချုပ်သောအခါ တတိယဗိမာန်တော် ကိုလည်း ဆောက် ခွင့်ပါလိမ့်မည်ဟု ယူဆရသည်။ ယခုအခါ ထိုစာချုပ်ပါ အချက်အလက် များကို ကျေညာ လိုက်ပြီ ဖြစ်သည်။ အစ္စရေးဖက်မှလက်ခံသော်လည်း ပါလက်စတင်းများဖက်မှ လုံးဝ လက်မခံ သောကြောင့် အောင်မြင် မလားဟူသော အရာကို စောင့်ကြည့် ရဦးမှာဖြစ်သည်။

.

ဘုရားသခင် ပင်စိတ်ညစ်ရသည်

ဘုရားသခင်သည် သူ၏ လူများကသူ့ကို မယုံကြည်၊ အားမကို း၊ ကျေးဇူးမ တင်၊ စွန့်ပစ်သောအခါ အလွန် ခံစား ရကြောင်း ဤသို့ တွေ့ရသည်၊ "ထာဝရ ဘုရား မိန့်တော်မူသည် ဖြစ်၍၊ အိုကောင်းကင်၊ ကြားလော့၊ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူ ချက်ဟူမူကား၊ ငါကျွေးမွေး ပြုစုသော သားသမီး တို့သည် ငါ့ကို ပုန် ကန်ကြ ပြီ၊ ၃နွားသော်လည်း မိမိ အရှင်ကို သိ၏၊ မြည်းသော်လည်း မိမိ သခင်၏ မြင်းဇောင်းကို သိ၏၊ ဣသရေလ အမျိုးသား တို့ မူကား ငါ့ကို မသိကြ၊ ငါ၏ လူမျိုးမူကား၊ မဆင်ချင် တတ်ပါတကား၊ ၄ဆိုးယုတ်သော အမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သော လူစု၊ မတရား သဖြင့် ပြုသော အနွှယ်၊ ဖောက်ပြန်သော သားသမီး ပါတကား၊ ထာဝရ ဘုရားကို စွန့် ကြပြီ၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ၊ ကျောခိုင်း၍ ခွာသွားကြပြီ၊ ၅သူတို့ကို အဘယ်သို့ ဒဏ်ပေးရဦးမည်နည်း၊ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း၊ ဦးခေါင်းသည် အနာသက်သက်ရှိ၏၊ နှလုံးသည်လည်း ခွန်အား အလျှင်းမရှိ။ ၆ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်း မရှိ။ စုတ်ရှသော အနာ၊ ထိခိုက်၍ ရောင်သော အနာ၊ ရိယွဲသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ်မနယ်ရ၊ အဝတ်နှင့် မစည်းရ၊ ဘယောင်းဆီနှင့် မပြော့စေရသေး၊ "(ဟေရှယ ၁:၂-၆)။

ခရစ်တော်လည်း စိတ်ညစ်ခဲ့ရသည်၊ "အို ယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိ သား ငယ်တို့ကို အတောင်အောက်၌ စုရုံးသ ကဲ့သို့ သင်၏ သား တို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမ ရှိ။ "(မ ၂၃:၃ရ)

ဟေရှယလည်း ဤသို့ ဆိုခဲ့သည်၊ "ငါတို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံသနည်း၊ ထာဝရ ဘုရား၏ လက်တော်သည် အဘယ်သူ အား ထင်ရှားတော်မူ သနည်း၊ "(ဟေရှာယ ၅၃:၁)။