1

Periodical: Good News, February 2019

Home >   Periodicals > February 2019

gn022019

FEBRUARY, 2019

GOOD NEWS PERIODICAL

မာတိကာ

အမှာစာ
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဤစာစောင်ကို မိတ်ဆွေ ဖတ်ရှုနိုင်သေးခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့ လူမှု ကိစ္စမြောက်များစွာ အတွက် အလုပ်ရှုပ်၊ ပြသနာများ​ ဖြေရှင်း နေချိန်တွင် သခင်ဘုရား ကြွလာမည့် အချိန်သည် အလွန် နီးနေပြီ ဖြစ်သည်။ ထိုအရာနှင့် ပတ်သက်၍ ယခုလတွင် များစွာ ရေးထားပါသည်။ ကျမ်းစာက၊ “အကယ်စင် စစ် အရှင်ထာ၀ရ ဘုရားသည် မိမိ ​ကျွန်ပရောဖက် တို့အား မဘော်မပြဘဲ အဘယ်အမှုကို မျှ စီရင်တော် မမူ။ ၈ ခြသေ့်ဟောက် သောအခါ၊ အဘယ်သူ မျှအကြောက် မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင်ထာ၀ရ ဘုရား မိန့်တော်မူ သောအခါ အဘယ်သူသည် ပရောဖက် မပြုဘဲ နေလိမ့်မည်နည်း။” (အာမုတ် ၃:ရ- ၈ ) ဟု ရေးထားပါသည်။ ထာ၀ရ ဘုရားသည် သူလုပ်မည့် အရာများကို သူ၏ ကျွန်များ ထံမဘော်ပြဘဲ မနေပါ။ ဘုရားသခင်သည် သူ့ကို မယုံကြည် မထီမဲ့မြင် ပြုသော သူများ ကိုလည်း သတိပေးတတ်သည်။ နောဧခေတ်ကလူများ ကိုလည်း ရေလွှမ်းမိုးမည့် အကြောင်း ဖေါ်ပြသည်။ မယုံကြည်သူ ဖါရောမင်းကိုလည်း အစာ ခေါင်းပါး မည့် အကြောင်း ပြောပြခဲ့သည်။ နိနေ၀ိမြို့ကို တရားစီရင်မည့်အရာကိုလည်း ယောနအား ပြောခိုင်းသည်။ ယခုရှေ့အနာဂတ်မှာ ပြုလုပ် မည့် အရာများ ကိုလည်း ဒံယေလကျမ်း၊ ဟေရှာယ၊ ဇာခရိ၊ ဗျာဒိတ်ကျမ်းများ၌ များစွာ ပြောထားသည်။ သခင်ဘုရားကိုယ်တိုင်ကလည်း များစွာ ပြောသည်။ ဂရုမစိုက်၊ နားမလည်၊သော သူများသည် မလိုအပ်ဘဲ ဘေးဒုက္ခ တွေ့ကြရတော့မှာ ဖြစ်သည်။ အရှင်ထာ၀ရ ဘုရား မိန့်တော်မူ သောအခါ အဘယ်သူသည် ပရောဖက် မပြုဘဲ နေလိမ့်မည်နည်းဟုဆိုသည်။ ထို့ကြောင့် ​ကျွန်တော်လည်း ကျမ်းစာနှင့်လောက ကြီး၌ ဖြစ်ပျက်သော အရာများကို နှုိင်းယှဥ်ကြည့်ခြင်းအားဖြင့် သိသလောက် ဖေါ်ပြထားပါသည်။ ဂရုမစိုက်သော သူများသည် နောင်တ အကြီး အကျယ်ရမှာ ဖြစ်သည်။ နောက်မကျမှီဘုရား သတိပေးသော အရာကို ဂရုစိုက်ကြပါ။

.

ချီဆောင်ခြင်းသည် လူတိုင်း ထင်သည်ထက်နီးပြီ

ချီဆောင်ခြင်းနှင့် ဘေးဒဏ်ကြီး ကာလသည် သင်ထင်သည်ထက် နီးနိုင်သည်။ ခရစ်တော်က၊ “သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေ တခုကို မှတ်ကြလော့။ သင်္ဘော သဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက် သောအခါ နွေ ကာလ နီးသည်ကို သင်တို့ သိကြ၏။ ထိုနည်းတူ ၊ ထိုအကြောင်း အရာအလုံးစုံတို့ကို မြင် ရလျှင် လူသားသည် တံခါး၀တိုင်အောင် အနီးသို့ ရောက် တော်မူသည်ကို သိမှတ် ကြလော့။ ငါအမှန်ဆိုသည်ကား၊ ယခု ဖြစ်သော လူများ မကုန်မှီ ထိုအကြောင်း အရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စ ကား တည်လိမ့်မည်။ ထိုအ ချိန်နာရီကို ကား အဘယ်သူ မျှ မသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော် တပါးတည်း သာသိ တော်မူ၏။” (မ ၂၄: ၃၂-၃၅ ) ဟုဆိုသောကြောင့် ခရစ်တော် ကြွလာမည့် အရာကို မလိုချင်သော သူများက၊ လုံး၀ မသိချင် ကြချေ။ ကြားလည်း မကြားချင် ကြချေ။ သို့သော်ပေါလုက၊ “သူခိုးသည် ညဥ့်အခါလာ သကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာ သိကြ၏။ ၃ ငြိမ်၀ပ်ခြင်း ရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟုဆိုစဥ်တွင်၊ ကိုယ်၀န် ဆောင်သော မိန်းမ၌ သားဘွားခြင်း ဝေဒနာ ရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်း ရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။ ၄သို့သော် လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည် မဟုတ်။ ၅ သင်တို့ အပေါင်းသည် အလင်း၏ သား၊ နေ့၏သား ဖြစ်ကြ၏။ ညဥ့်၏ သား၊ မှောင်မိုက်၏သား မဟုတ်။ ၆သို့ဖြစ်၍၊ အခြားသော သူတို့သည် အိပ်ပျော် သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။” ( ၁ သက် ၅: ၁-၆ ) ဟုဆိုထားသည်။ ထို့ကြောင့်
သင်သည် အလင်း၏သား ဖြစ်လျှင် သခင်ဘုရားသည် သူခိုးကဲ့သို့ ကြွလာမည် မဟုတ်။ သမ္မာသတိနှင့် စောင့်သောကြောင့် သိနိုင်သည်။
ချိုဆယ်ချောင်း
ဒံယေလသည် အိပ်မက်ထဲ၌သား ရဲလေးကောင်ကို မြင်မက်ခဲ့သည် (ဒံ ရ)။ ပဌမသား ရဲသည် ခြင်္သေ့ဖြစ်၍ ဗာဗုလုန်အင်ပိုင်ယာကို ပုံဆောင်သည်။ ဒုတိယသား ရဲသည် ၀ံ ဖြစ်၍ မေဒုိပါးရှားအင်ပိုင်ယာကို ဆိုလိုခြင်း ဖြစ်သည်။ တတိယသား ရဲသည် ကျားသစ် ဖြစ်၍ ဂရိတ်အင်ပိုင်ယာကို ဆိုလိုသည်။ စတုတ္ထ္ဂသား ရဲသည် ချိုဆယ် ချောင်းရှိ၍ ကြောက်မက်ဘွယ်ကောင်းသည်။ စတုတ္ထ္ဂသား ရဲနှင့် ပတ်သက်၍၊ “ထိုညဥ့်အခါ၊ တဖန် ငါသည် အာရုံပြုစဥ်၊ ကြီးစွာသော ခွန်အားဖြင့် ပြည့်စုံ၍ အလွန် ကြောက်မက် ဘွယ်သော စတုတ္ထ္ဂသား ရဲသည် ထင်းရှား၏။ ကြီးစွာသော သံသွားလည်း ရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသော အရာကို ​ခြေဖြင့် နင်းချေ၏။ သူသည် အရင်သား ရဲရှိသမျှ တို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်း ရှိ၏။ ထိုချိုတို့ကို ငါကြည့်ရှုစဥ်၊ ချိုများ အလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့် တကွနှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့် ၎င်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့် ၎င်း ပြည့်စုံ၏။” (ဒံ ရ:ရ- ၈ ) ဟု တွေ့ရသည်။ ထိုသား ရဲသည် ရောမအင်ပိုင်ယာကို ဆိုလိုသည်။ ထိုသား ရဲ၏ ခေါင်းမှချိုဆယ်ချောင်းသည် နောက်ဆုံးသော ကာလ၌ ပေါ်ပေါက် လာမည့် ဆယ်နိင်ငံကို ဆိုလိုသည်။ ထိုသား ရဲနှင့် ပတ်သက်၍၊ “စတုတ္ထ္ဂသား ရဲသည် မြေကြီး ပေါ်မှာ အခြားသော နိုင်ငံရှိသမျှ တို့ထက် ထူးခြားသော စတုတ္ထ္ဂနိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီး ရှိသမျှကို ကိုက် စား ချိုးဖဲ့နင်းချေလိမ့်မည်။ ၂၄ ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတ့ံသော မင်းကြီး ဆယ်ပါး ဖြစ်၏။ သူတို့ နောက်အခြားသော မင်းကြီး ပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ ၂၅ အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့ကို ညှဥ်းဆဲနှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ်တရား တို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလ တ၀က်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ ၂၆ ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏ တန်ခိုးအာဏာကို နှုတ်၍ ရှင်းရှင်း ဖျက်ဆီးကြလိမ့်မည်။” (ဒံ ရ: ၂၃-၂၆ )။ ချိုဆယ်ချောင်းနှင့် ပတ်သက်၍ ခံယူ ချက်အမျိုးမျိုး ရှိသည်။ ထိုချိုများ၏ကိုယ်သည် ရောမအင်ပိုင်ယာကို ဆိုလို သောကြောင့် ထိုချိုဆယ်ချောင်းသည်၊ ရောမ အင်ပိုင်ရာဟောင်းမှပြန်လည်ထလာမည့် မင်းကြီး များဟု ယူဆ ကြသည်။ မူစလင်မှ ခရစ်ယာန် ဖြစ်လာ သူများ ကထိုဆယ် နိင်ငံသည် အရှေ့အ လယ်ပိုင်းမူစလင်နိင်ငံများဖြစ်မည်ဟု ယူဆ ကြသည်။
ချိုငယ်လေး
ချိုဆယ်ချောင်းနောက်မှပေါက်လာသော ချိုငယ်လေးသည် စိတ်၀င်စားစရာ ကောင်းသည်။ သူသည် သေးငယ်၍ နောက်မှပေါက်သော်လည်း အရင်မင်းကြီး သုံးပါးကို နှိမ့်ချနိင်သောကြောင့် တန်ခိုးရှိသည်။ အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ ကြီးစွာသော စကား ပြောခြင်း ဆိုသည်မှာ အလွန်၀ါကြွားခြင်း၊ အပြောကြီး ကျယ်ခြင်းကို ဆိုုလိုသည်။ ဘုရားကို ဆန့်ကျင် သောကြောင့် ဘုရား၏ လူများ တည်း ဟူသော သန့်ရှင်းသူများကိုလည်း ညှဥ်းဆဲနှိပ်စက် လိမ့်မည်။ ကာလ အချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲဘို့ ကြံစည်မည်ဟုဆိုသည်။ ကာလ အချိန်သည် ဘုရား ကသတ်မှတ်ထားသည်။ တပတ်လျှင် ခုနှစ်ရက်ရှိခြင်း၊ တလမှာရက်ပေါင်းသုံးဆယ်၊ တနှစ်လျှင် ရက်ပေါင်းသုံးရာ​ခြောက်ဆယ်ရှိခြင်း များသည် ဘုရား၏ သတ်မှတ်ချက် ဖြစ်သည်။ ဂျူးများ အတွက် စနေနေ့သည် ဥပုသ်နေ့ ဖြစ်သည်။ ခရစ်ယာန်များ အတွက် တနဂ်နွေနေ့သည် ဘုရား ရှိခိုးသည့်နေ့ ဖြစ်သည်။ မူစလင်များ အတွက်သော ကြ်ာ နေ့သည် ဆုတောင်းသည့်နေ့ ဖြစ်သည်။ ဗုဒဝဘာသာများအတွက် ဥပုသ်နေ့သည် ပြောင်းလဲနေသည်။ ထို့ကြောင့် ချိုငယ်လေး၏ ဥပုသ်နေ့သည် ဘယ်နေ့ ဖြစ်မည်ကို မသိသော်လည်း ပြောင်းလဲမှာ ဖြစ်သည်။ ယခုအမေရိကန်၌ စတင်ပြောင်းလဲနေပြီ။ ထို့ကြောင့် တနဂ်နွေနေ့၌ အလုပ်လုပ် နေကြပြီ။ သို့သော်လူအများစုက နားမလည် ကြပါ။ နားလည်လျှင်လည်း ဘာမျှမတတ်နိင်ပါ။ တနဂ်နွေနေ့ အလုပ်မဆင်းလျှင် အလုပ်မရနိင်မှာ စိုးရိမ် သောကြောင့် လုပ် နေကြပြီ မဟုတ်လား။ ဘုရားသခင်က ဣသရေလ လူများ ထံတစ်နှစ်လျှင် ပွဲခုနှစ်မျိုး လုပ်ဘို့ သတ်မှတ်ပေးထားသည် (၀တ် ၂၃ )။ ယေရောဗောင်ကထာ၀ရ ဘုရားကို စွန့်၍ ရုပ်တုကိုး ကွယ် သောအခါ ပွဲနေ့ကိုလည်း သူ့စိတ်တိုင်း ကျသတ်မှတ်လိုက်သည် ( ၃ရာ ၁၂: ၃၂ )။ ပညတ်တ ရားကိုလည်း ပြောင်းလဲလိမ့်မည်။ ဘုရား၏ ပညတ်တော်နှင့် ဆန့်ကျင် လိမ့်မည်။ ထို့ကြောင့် ပညတ်တော် ဆယ်ပါးကို ရုံးများ၊ ကျောင်းများ၊ လူထုစည်းဝေးရာများ မှဖယ် ရှား နေပြီ။ ယခုထိုအရိပ်အရောင်များ တွေ့မြင်ခံစား နေရသော်လည်း သတိမထားမိကြချေ။ ယခုလူများစွာတို့ ကပညတ်တော် ဆယ်ပါးနှင့် တကွထာ၀ရ ဘုရားနှင့် ပတ်သက်သော အရာများကို အလွန် မုန်းတိီး၍ တိုက်ခိုက် နေကြပြီ။ ထိုချိုငယ်လေးသည် တကာလ (တနှစ်)၊ နှစ်ကာလ (နှစ်နှစ်)၊ ကာလ တ၀က် (နှစ်၀က်) အခွင့်ရလိမ့်မည်ဟုဆိုသည်။ ထိုကာလများပေါင်း လိုက်လျှင် သုံးနှစ်ခွဲ ဖြစ်သည်။ ထိုအချိန်သည် ဘေးဒဏ်ကြိီးကာလ၏ ဒုတိယပိုင်းနှင့် ကိုက်ညီနေသည်။
ထိုချိုငယ်လေးသည် မည်သူ သို့မဟုတ် မည်သည့်နိင်ငံကို ဆိုလိုသနည်း။ ထို့အပြင်ယခုအချိန်သည် နောက်ဆုံးသော ကာလ ဖြစ်သည်။ အမေရိကန်ပြည် ထောင်စုသည် ကမ္ဘာမှာအင်အား အကြီး ဆုံးနိင်ငံ ဖြစ်သည်။ ပြည်တွင်း ၌ သာမကကမ္ဘာတ၀ှမ်းလုံး၌ စစ်စခန်း ၈၀၀ ကျော်ရှိသည်။ ထို့အပြင်အမေရိကသည် လေယဥ်တင် စစ် သင်္ဘော ၁၀ စင်းရှိသေးသည်။ တကမ္ဘာလုံးကို လွှမ်းမိုးနေသည်။ နိုင်ငံခြား၌ စစ်စခန်းရှိသော နိုင်ငံများ မှာရုရှား- ၈ ခု၊ ဂရိတ်ဗြိတိန် ရ ခု၊ ပြင်သစ် ၅ ခုနှင့် အခြားနိင်ငံများ တခုစီရှိ ကြသည်။ အားလုံးပေါင်းလျှင် ၂ ရခုသာလျှင် ရှိသည်။ ပရောဖက် ပြုချက်ကို လေ့လာသာများ ကအဘယ်ကြောင့်ထိုမျှလောက်အင်အားကြီးသော အမေရိကန် နိုင်ငံအကြောင်းကို ကျမ်းစာ က မဖေါ်ပြ သနည်းဟု သိချင် ကြသည်။ အမှန်မှာ ချိုဆယ်ချောင်းများ နောက်ပေါက်လာသော ချိုငယ်လေးသည် အမေရိကန်ကို ဆိုလိုနေခြင်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ချို ငယ်လေး ဖြစ်သနည်း၊ အင်အား ငယ်သောကြောင့် လော၊ မဟုတ်ပါ။ နောက်မှပေါက်သောကြောင့် ဖြစ်သည်။ ဥရောပနိုင်ငံများသည် နှစ်ပေါင်းထောင်နှင့် ချီ၍ ကြာခဲ့ကြပြီ။ ဥရောပနိင်ငံများမှ ဖြစ်လာသော အမေရိကန်သည် ၁ ရရ ၆ ခုနှစ်မှသာနိုင်ငံစတင်လာသောကြောင့် နှစ်ပေါင်း ၂၄၂ နှစ်သာလျှင် ရှိသေးသည်။ ထိုသို့ အလွန် နောက်ကျမှ ဖြစ်ပေါ်လာသော်လည်း မိခင် နိုင်ငံများထက် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အစစအရာရာတွင် ကမ္ဘာမှာအင်အား အကြီး ဆုံး၊ ခေါင်းဆောင် နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် ချိုငယ်လး ဖြစ်သည်ဟု ယူဆရခြင်း ဖြစ်သည်။
လူမျက်စိကဲ့သို့သောမျက်စိ
ချိုငယ်လေး၏ ထူးခြားချက်မှာလူမျက်စိကဲ့သို့သော မျက်စိရှိခြင်း ဖြစ်သည်။ မျက်စိသည် မြင်နိင်ခြင်းကို ဆိုုလိုသည်။ အမေရိကန်ပြည် ထောင်စုသည် ကမ္ဘာပေါ်၌ ဖြစ်ပျက်သမျှကို အစောဆုံးသိမြင်နိင်သော နိင်ငံ ဖြစ်သည်။ ထိုမျှသာမကပြည်တွင်း ၍ တိုင်း သူပြည်သား များ၏ အကြောင်း အရာကိုလည်း အကုန်သိမြင်နိင်သည်။ အဘယ်သူ မျှပုန်းရှောင်၍ မရချေ။ ထိုအပြင်ပညာအတော် ဆုံးဟုလည်း ဆိုနိုင်သည်။ တီထွင်မှု တွင်လည်း ထိပ်တန်းနိုင်ငံ ဖြစ်သည်။

တစ်​ဒေါ်လာ၌ ရှိသော မျက်စိ (ပုံ)

ကြီးစွာသော စကားကို ပြောတတ်သော နှုတ်
ချိုငယ်လေး၏ ဒုတိယထူးခြားချက်မှာကြီးစွာသော စကား ပြောတတ်သော နှုတ်ရှိခြင်း ဖြစ်သည်။ မှန်ပါသည် အမေရိကန်သား များသည် အလွန် ၀ါကြွားတတ်သော သူများ ဖြစ်သည်။ နိုင်ငံတိုင်း ကလည်း အထင်ကြီးသည်။ တိုင်း သူပြည် သားများသာမကယခုသမ္မတထမ်းလည်း အလွန် ၀ါကြွားတတ်သည်။ အပြောကြီးသည်။ ယခု အမေရိကန် ပဌမဟု ​ကျွေးကျော်နေပြီ။ ထို့ကြောင့် ချိုငယ်လေးသည် အမေရိကန်ပြည် ထောင်စု ဖြစ်သည်ဟုဆိုနိုင်သည်။
သမ္မတထရမ်း
သမ္မတထရမ်းသည် ဘေးဒဏ်ကြီး ကာလ၌ တကမ္ဘာလုံးကို အုပ်စိုးမည့်သူ ဖြစ်နိုင်သည်။ အကြောင်း ရင်းများမှာ၊ အလွန် ၀ါကြွားတတ်သည်။ သူ့ကို ဆန့် ကျင်မည့်သူ များကို တယောက်ပြီး တယောက် ဖယ်ရှားနိင်သည်။ ယေရုရှလင် မြို့ကို အစ္စရေးမြို့တော် အဖြစ်အသိအမှတ်ပြုရဲ၊ ပြုနိင်သည်။ ယေရုရှလင် မြို့ကို အစ္စရေး မြို့တော် အဖြစ် အသိအမှတ်ပြုဘို့ The Jerusalem Embassy Act of 1995 ကို ၁၉၉၅ ခုနှစ်တွင် အထက် လွှတ်တော် မဲ ၉၃-၅၊ အောက်လွှတ်တော် မဲ ၃ ရ၄-၃ ရအားဖြင့် သမ္မတလက်မှတ်ထူးစရာ မလိုဘဲ လွှတ်တော် ကဆုံးဖြတ်၍ အမေရိကန်သံရုံး ကိုလည်း ၁၉၉၉ ခုနှစ်မေလ ၃၁ ရက်နေ့မတိုင်မှီတွင် Tel Aviv မြို့မှ ယေရုရှလင် မြို့သို့ ပြောင်းရွှေ့ဘို့ ဥပ​ေဒပြုခဲ့ ကြသည်။ သို့သော်သမ္မတ Clinton, Bush, and Obama တို့က ခြောက်လတကြိမ်ရွှေ့ဆိုင်းရင်းဖြင့် ၂၂ နှစ်ကြာခဲ့ရသည်။ သမ္မတ ဤမကာစလည်း ချက်ချင်း မရွှေ့ဘဲ ယခင်သမ္မတများ ကဲ့သို့ ​ခြောက်လဆိုင်းခဲ့သည်။ သို့သော် ၂၀၁ ရခုနှစ်ဒီဇဘ်ာလ ၆ ရက်နေ့တွင် ယေရုရှလင် မြို့သည် အစ္စရေးမြို့တော် အဖြစ် ကျေညာလိုက်သည်။ နောက်တနေ့တွင် ကုလသမဂ္ဂလုံခြံုရေးကောင်စီက အမေရိကန်ဆုံးဖြတ်ချက်ကို ၁၅ နိုင်ငံထဲမှ ၁၄ နိုင်ငံက ကန့်ကွက် ကြသည်။ ဒီဇဘ်ာလ ၂၁ ရက်နေ့တွင် ကမ္ဘာကုလသမဂ္ဂညီလာခံ၌ မဲခွဲကြရာ၊ အမေရိကန်ထောက်ခံသူ ၈ နိုင်ငံ၊ ကန့်ကွက်သူ ၁၂၈ နိုင်ငံ၊ မဲမထည့်သူ ၃၅ နိုင်ငံ ဖြစ်သည် ( မြန်မာနိုင်ငံမဲမထည့်ပါ)။ ထို့သို့ ကမ္ဘာ့ နိုင်ငံအများစုကကန့်ကွက်သော်လည်း သမ္မတထမ်းသည် လုံး၀နောက်မဆုတ်ချေ။ ရုရှားသမ္မတပူတင်က ၂၀၁ ရခုနှစ်ဧပြီလ ၆ ရက်နေ့တွင် ယေရုရှလင် မြို့ကို အစ္စရေးမြို့တော် အဖြစ်အသိအမှတ်ပြုခဲ့သည်။ ထမ်းထက် ၈ လကြိုအသိအမှတ်ပြုခဲ့သော်လည်း မည်သူကမျှဂရုမစိုက်၊ သိလည်း မသိကြပါ။ အဘယ်ကြောင့်ထမ်းကအသိအမှတ်ပြုမှသာလျှင် တကမ္ဘာလုံးတုန်လှုပ်သွားသနည်း။ ကျမ်းစာက၊ “ငါသည် ယေရုရှလင် မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ် (ဒယိမ်းဒယိုင်) စေသော ဖလား ဖြစ်စေမည်။ ယေရုရှလင် မြို့ကို ဝိုင်းထားစဥ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ ၃ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ​ကြေမွကြလိမ့်မည်။” (ဇာခရိ ၁၂: ၂-၃ ) ဟူသော အရာ ပြည့်စုံနေခြင်း ဖြစ်သည်။
ဗိမာန်တော် ဆောက်လုပ်ခွင့်
အစ္စရေးဘာသာရေးခေါင်းဆောင်များကဗိမာန်တော် ဆောက်လုပ်ခွင့်ပေးဘို့ သမ္မတထမ်းနှင့် ရုရှားသမ္မတပူတင်ထံ၌ ၂၀၁၆ နို၀ဘ်ာလ ၁၁ ရက်နေ့တွင် တောင်း ဆို ကြသည်။ ထိုအရာနှင့် ပတ်သက်၍၊ “တသိတင်းတွင် လူအများ တို့နှင့် ပဋ္ဋိညာဥ်ဖွဲ့ခြင်း ရှိ၍၊ ထိုသိတင်း တ၀က်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေ လိမ့်မည်။ ရွံရှာဘွယ်သော အရာ၏ အထွဋ္ဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။” (ဒံ ၉: ၂ရ)။ ဗိမာန်တော် ဆောက်လုပ်ခွင့်ကို တသိတင်း ပဋ္ဋိညာဥ်ဖွဲ့ခြင်းအားဖြင့် ပေးမှာ ဖြစ်သည်။ တသိတင်းသည် ခုနှစ်ရက် ဖြစ်သည်။ တရက်အစားတနှစ်ကို ထား၍ တသတင်းသည် ခုနှစ်နှစ် ဖြစ်သည် (တော ၁၄: ၃၄ )။ အစ္စရေးနှင့် အာရပ် (ပါလက်စတင်း) များခုနှစ်နှစ်ငြိမ်းချမ်း ရေးစာချုပ် ချုပ်ဆို၍ အန္တီ ခရစ်ကဦးဆောင်မှာ ဖြစ်သည်။ ထိုစာချုပ်အရဗိမာန်တော်ကို နဂုိလ်နေရာ၌ ဆောက်ခွင့်ပေး၍ ဣသရေလ လူများသည် ရှေးကကဲ့သို့ မီးရှို့ရာယဇ်ပူဇော်ကြမှာ ဖြစ်သည်။ ကျမ်းစာက၊ “တဖန်တုံ လှံတံနှင့် တူသော ကျူပင်တလုံးကို ငါ့အား ပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုးကွယ်သော သူတို့ ကိုလည်း ရေတွက်လော့။ ဗိမာန်တော် တန်တိုင်းကို မတိုင်း နှင့်၊ ပယ်ထားလော့။ တပါးအမျိုးသား တို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လလေးဆယ်နှစ်လပတ်လုံးနင်းကြလိမ့်မည်။” (ဗျာ ၁၁: ၁-၂ ) အဘယ်ကြောင့်ဗိမာန်တန်တိုင်းကို မတိုင်း ခိုင်းသနည်းဟူမူကား တန်တိုင်း အတွင်း ၌ မူစလင်များ၏ ဗလီကြီး ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဗိမာန်တော် ပြန်ဆောက်၍ ယဇ်ပြန်ပူဇော်မည့် အရာသည် သေချာ နေသည်။ ထိုသို့ ဗိမာန်တော် ဆောက်ခွင့်ကို သမ္မတထမ်းကပေးဘို့ရန် အလားအလာရှိနေသည်။ မူစလင်ဗလီအနားတွင် ဗိမာန်တော် ဆောက်မှာ ဖြစ်သည်။

မူစလင်ဗလီအနားတွင် ဗိမာန်တော် ဆောက်မည့် (ပုံ)

ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာ
သို့သော်ဗိမာန်တော် ဆောက်ပြီး၍ သုံးနှစ်ခွဲယဇ်ပူဇော်ခြင်းပြီး နောက်အန္တီ ခရစ်သည် ဗိမာန်တော် ထဲ၌ သူသည် ဣသရေလ လူများ မျှော်လင့်နေသော မေရှိယ ဖြစ်သည်ဟု ကျေညာကာသူ့ကိုကိုး ကွယ်ဘို့ အမိန့်ပေးမှာ ဖြစ်သည်ဟု ဒံယေလကဟောခဲ့ပြီ။ ထိုအရာကို သခင်ဘုရား ကလည်း ဤသို့ သတိပေးခဲ့သည်၊ “ထိုကြောင့် ပရော ဖက်ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် သန့်ရှင်းသော အရပ် ဌာန၌ စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သော သူသည် နားလည် ပါစေ။ ၁၆ ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ ၁၇အိမ်မိုးပေါ်မှာ ရှိသော သူသည် အိမ်ထဲကဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ ၁၈ လယ်၌ ရှိသော သူလည်း မိမိ အ၀တ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်၊ ၁၉ ထိုနေ့ရက်၌ကိုယ်၀န်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန် ခက်ကြလိမ့်မည်။ ၂၀သင်တို့ ပြေးရသော အချိန်သည် ဆောင်းကာလ၌ မကျ၊ ဥပုသ်နေ့၌လည်း မကျမည် အကြောင်း ဆုတောင်း ကြလော့။ ၂၁ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ၂၂ ထိုကာလ တာ ရှည်လျှင် အဘယ် သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့ အဘို့ အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။” (မ ၂၄: ၁၅-၂၂ )။ သန့်ရှင်းသော အရပ်ဌါနသည် ဗိမာန်တော် ဖြစ်သည်။ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် အန္တီ ခရစ် ဖြစ်သည်။ သူသည် ဗိမာန်တော်၌ ထိုင်သည် မှစ၍ နောက်ထပ်သုံးနှစ်လုံးလုံး ဣသရေလ လူများကို ညှင်းဆဲသတ်ဖြတ်တော့မှာ ဖြစ်သည်။ ထို့ကြောင့် သခင်ဘုရား ကအိမ်ထဲမှဘယ်အရာကို မျှမယူဘဲ ထွက်ပြေးဘို့ အကြံပေးခြင်း ဖြစ်သည်။ ကိုယ်၀န်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမ တို့သည် အလွန် ခက်ကြလိမ့်မည်ဟုဆိုသည်။ အကြောင်းမှာ သူတို့ အတွက် ပြေးဘို့ရန် အလွန် ခက်မည်။ သူတို့ ပြေးမည့် အချိန်သည် ဆောင်းကာလ မကျမည့် အကြောင်း ဆု တောင်းခိုင်းသည်။
အဘယ်ကြောင့်ဆိုသော်ဆောင်းကာလ၌ အ၀တ်မပါဘဲ စစ်ပြေးခြင်းသည် အလွန် ခက်ခဲမည်။ ဥပုသ်နေ့မကျမည့် အကြောင်းဟုဆိုခြင်းသည်၊ ဥပုသ်နေ့၌ ငါးဖါလုံ (တကီလိုမီတာ) လောက်သာ သူတို့၏ ပညတ်အရခရီး သွားနိုင်သောကြောင့် မပြေးနိုင်ဘဲ ဖြစ်မည်။ ထိုအရာကို ပေါလုကလည်း ရေးထားသည် ( ၂ သက် ၂: ၃-၄ )။ အကယ်၍ သမ္မတထမ်းသည် အန္တီ ခရစ် ဖြစ်ပါက၊ ဗိမာန်တော် ဆောက်ခွင့်ပေးတော့မှာ ဖြစ်သည်။ သမ္မတထမ်းက ယေရုရှလင် မြို့ကို အသိအမှတ်ပြုလိုက် သောအခါ၊ ပါလက်စတင်းသမ္မတအဘတ်ကအမေရိကန်သည် ပါလက်စတင်းနှင့် အစ္စရေးငြိမ်းချမ်းရေး စေ့စပ်ခြင်း၌ ဦးဆောင်ဘို့ရန် မဖြစ်တော့ကြောင်း ကျေညာခဲ့သည်။ သို့သော်သမ္မတထမ်းက၊ ထိုကဲ့သို့ ငြိမ်းချမ်းရေး စေ့စပ်ခြင်း၌ ပါလက်စတင်းများ မလာချင် ပါက၊ အမေရိကန်ကပါလက်စတင်းများ ငွေကျေးထောက်ပံ့ခြင်းကို ဖြတ်တောက်မည်ဟု ခြိမ်း​ခြောက်လိုက်ပြီ။ ပါလက်စတင်းများကို ထောက်ပံ့ သူများ ထဲ၌ အမေရိကန်သည် အများ ဆုံး ဖြစ်သည်။ ထို့ကြောင့် မကျေနပ် လျှင်လည်း ငြိမ်းချမ်းရေး စာချုပ် ချုပ်ဘို့ရန် ပါလာကြလိမ့်မည်။ ထို့ကြောင့် ခုနှစ်နှစ် ပဋ္ဋိညာဥ်ဖွဲ့ခြင်းကို ပြုလုပ် ပေးဘို့ရန် သမ္မတထမ်းသည် အလားအလာရှိနေသည်။
အာရပ်နိင်ငံများ
အာရပ်နိင်ငံများသည် မူစလင်များ ဖြစ်သည် သာမက၊ ပါလက်စတင်းများနှင့် လူမျိုးတူသောကြောင့် ပါလက်စတင်းများကို အမြဲထောက်ခံကာ၊ အစ္စရေးနိင်ငံပပျောက်သွားရေးသည် သူတို့၏ အဓိကရည်ရွယ်ချက် ဖြစ်သည်။ ထို့ကြောင့် အစ္စရေးနှင့် ၁၉၄၈ လွတ်လပ်ရေးစစ်ပွဲ၊ ၁၉၅၆ စူအက်တူးမြောင်းစစ်ပွဲ၊ ၁၉၆ ရ​ခြောက်ရက် ကြာစစ်ပွဲ၊ ၁၉ ရ၃၌သာ ုငစစကမစစ်ပွဲများ အကြီး ကျယ်တိုက်ကြပြီ။ သို့သော်အစ္စရေးကအမြဲအနိုင်ရရှိသောကြောင့် မည်သို့ မျှမလုပ်နိုင်ကြခြင်း ဖြစ်သည်။ ထိုသို့ အစ္စရေးကို စစ်ရေးအရမတိုက်နိုင် သောအခါ အာရပ်နိုင်ငံများက၊ ရေနံကို လက်နက်အဖြစ် အသုံးပြု၍ ၁၉ရ၃-၁၉ရ၄ ခုနှစ်အတွင်း အနောက်နိင်ငံများသို့ ရေနံမရောင်း တော့ဘဲ ဆန္ဒပြ ကြသည်။ ထိုအခါ အနောက်နိင်ငံများ၌ စက်ရုံများ ပိတ်သည် သာမက၊ ကား များလည်း ဓါတ်ဆီဆိုင်များ၌ တန်းစီခဲ့ ကြသည်။ ထိုသို့ ရေနံမရောင်းချခြင်းသည် အနောက်နိင်ငံများ ကအစ္စရေးကို ကူညီသောကြောင့် ဟုဆိုသည်။ ထိုအချိန် မှစ၍ နောက်နိင်ငံများ ကအာရပ်ရေနံနိင်ငံများကို ကြောက် နေကြသည်။ ထို့ကြောင့် အာရပ်နိင်ငံများ စိတ်ဆိုးမည့် အရာများကို ရှောင် ကြသည်။ အစ္စရေးနိင်ငံလည်း ပြသနာ အဖြစ်မြင်လာ ကြသည်။ ထို့ကြောင့် အစ္စရေးနိင်ငံကို ဆန့်ကျင် ကြသည်။
မူစလင်နှစ်မျိုး
သမ္မတထရမ်းက ယေရုရှလင် မြို့ကို အသိအမှတ်ပြု သောအခါ၊ အာရပ်မူစလင်နိင်ငံများ ကဆန့်ကျင် ကြသော်လည်း ထင်သလောက်မဆိုးရွားချေ။ အကြောင်းမှာ မူစလင်ဘာသာသည် အဓိကနှစ်မျိုးကွဲ၍ ရှိအာ နှင့် ဆူနီ  ဂိုဏ်း ဖြစ်သည်။ ရှိအာများသည် အီရန်၊ အီရတ်အများစု၊ ဆီးရီးယား၊ လေဗနုန်နိင်ငံများ၌ ရှိ၍ တကမ္ဘာလုံးမူစလင်လူဦးရေ၏ ၂၀ရာခိုင်နှုန်းလောက်သာလျှင် ရှိသည်။ ဆူနီများသည် ဆော်ဒီအာရဗျ၊ အီဂျစ်၊ တူရကီ၊ ပါကစ္စတန်၊ ဘဂ်လာ​ေဒရှ်၊ မလေးရှား၊ အင်ဒိုနီးရှီးယားနိင်ငံများ ဖြစ်သည်။ ရှိအာနိင်ငံ ဖြစ်သော အီရန်ကရေနံမှရသော ၀င်ငွေအားဖြင့် အစ္စရေးတိုက်ဖျက်ရေးနှင့် ရှိအာအယူ၀ါဒပြန့်နှံ့ရေးအတွက် စစ်လက်နက်မျိုးစုံ၊ အနုမြူဗုံးနှင့် ဒုံပျံများကို ရုရှားအကူအညီနှင့် ထုတ်လုပ်တီထွင်နေသည်။ ထို့အပြင်အီရတ်၊ ဆီးရီးယား၊ လေဘနုန်၊ ယေမင်၊ ဆူဒန်နိင်ငံများ၌ စစ်လက်နက်များ ကူညီနေသည်။ ထိုအခါ ဆူနီနိင်ငံများ ကအီရန်ကို ကြောက်၍ အစ္စရေးနှင့် အမေရိကန်ကို စစ်ရေးအရအားကိုး လာ ကြသည်။ ထို့ကြောင့် အမေရိကန်ကအစ္စရေးမြို့တော်ကို အသိအ
မှတ်ပြု သောအခါ မနှစ်သက်သော်လည်း အောင့်အီးသီးခံကြခြင်း ဖြစ်သည်။ ဆော်ဒီအာရဗျနိင်ငံသည် အီရန်တိုက်ဘို့ရန် အစ္စရေးကို သူတို့၏ တိုက်လေယဥ်များ နိုင်ငံဖြတ်သန်းခွင့်များ ပေးထားသည်။ ထို့ကြောင့် ယေရုရှလင် မြို့အရေးထက် အီရန်ရန်ကာကွယ်ရေးသည် ပို၍ အရေးကြီး သောကြောင့် ထမ်းကဦးဆောင်၍ အစ္စရေးပါလက်စတင်း ငြိမ်းချမ်းရေး စာချုပ် ချုပ်ဘို့သည် ဖြစ်မြောက်နိုင်မည့်အလားအလာရှိနေသည်။ ထိုစာချုပ်သည် ကျမ်းစာ ကရေးထားသည် အတိုင်း ခုနှစ်နှစ်စာချုပ် ဖြစ်၍ မကြာမှီအကောင်အထည်ဖေါ်နိင်မည့် အလားအလာရှိနေသည်။ ထို့ကြောင့် ချီဆောင်ခြင်းနှင့် ဘေးဒဏ်ကြီး ကာလသည် အလွန် နီးနေပြီ။ သို့သော်ယုံကြည်သူ များသည် ခလေး လိုဘု မသိဘ မသိ ဖြစ်ပြီး၊ လောက အရာများကို တပ်မက် နေကြ၊ ရှာဖွေ နေကြသေးသည်ကို ရင်လေးဘွယ်ရာ ဖြစ်သည်။ ​
ခြောက်သုံးလုံး
ဘေးဒဏ်ကြီး ကာလ၌ ​ခြောက်သုံးလုံးတံဆိပ်ခတ်မည့် အကြောင်းကို ကျမ်းစာ ကဤသို့ ကြိုတင် ရေးထားခဲ့သည်၊ “ငွေရတတ် သောသူ၊ ဆင်းရဲ သောသူ၊ ​ကျွန် ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှ တို့သည် လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်း ငှါ၎င်းထိုတံဆိပ်လက်မှတ်တည်း ဟူသောသား ရဲ၏ နာမ ဖြစ်စေ၊ နာမ၏ အရေအတွက် ဖြစ်စေ၊ တခုခုကို မခံသော သူတယောက် မျှ မရောင်းမ၀ယ်စေခြင်း ငှါ၎င်း စီရင်၏။ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသော သူသည်သား ရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက် ဖြစ်၏။ ​ခြောက်ရာ​ခြောက်ဆယ်​ခြောက်လည်း ဖြစ်၏။” (ဗျာ ၁၃: ၁၆-၁၈ ) ​ခြောက်သုံးလုံးသည် ဂဏန်း ၁၈ လုံး ဖြစ်သည်။ ယခုအမေရိကန်တွင် လူတိုင်း လူမှု လုံခြုံရေးနံပါတ် Social security ရှိ ကြ သည်။ ထိုနံပါတ်သည် စုစုပေါင်း ၉ လုံး ဖြစ်၍ ပဌမ သုံးလုံး၊ ဒုတိယ နှစ်လုံး၊ တတိယလေးလုံး ဖြစ်သည်။ ၂၀၁ ရခုနှစ်အောက်တိုဘာလ ၃ ရက်နေ့တွင် သမ္မတထမ်းက (ှသခင​ေူ ှနခကမငအပ) သည် ဟောင်းနွမ်း၍ ထိရောက်မှု မရှိတော့ ကြောင်း၊ အစားထိုး စံနစ်ကို အသုံးပြုဘို့ ပြောကြားခဲ့သည်။ အစားထိုး မည့် အရာသည် ဘိုင်အိုမက်ထိတ် (​ြငသာနအမငခ) ဖြစ်မည့် အကြောင်း ကိုလည်း သတင်း ပြန့် နေသည်။ ထိုအရာသည် စက်အားဖြင့် လက်ဗေွ၊ မျက်စိ၊ ကိုယ်ခန္ဓာတိုင်း တာခြင်း ဖြစ်သည်။ ထိုအရာသည် ကျမ်းစာ ထဲမှ ၆၆၆ သုံးမည့် အရာ ဖြစ်နေသည်။ ယခုထိုစက်များသည် အဆင်သင့်တီထွင်ပြီး သားများဖြစ်သည်။ အစိုးရကအသုံးပြုဘို့ရန် ဆုံးဖြတ်ချက် ချသည်နှင့် တပြိုင်နက်ချက်ချင်း အသုံးပြုသွားမှာ ဖြစ်သည်။ ထို့ကြောင့်အချိန် မရှိတော့ပါ။ ၀ိညာဥ်ပိုင်း၌ အိပ်မနေတော့ဘဲ နိုးမည့်အချိန် ရောက်လာပါပြီ။ နေအာရုဏ်လင်းနေပြီ။ အအိပ်မပုပ်ဘို့ အရေးကြီးသည်။ ဤကြောင်း အရာများနှင့် ပတ်သက်၍  youtube ထဲမှ နားထောင် စေချင် ပါသည။ youtube လိပ်စာဘား၌ Gbc.in ဟုရေး၍ နှိပ်ပါ။ အမေရိကန်အလံပေါ်လာလိမ့်မည်။ ထိုအလံကို နှိပ်လျှင် ဆရာမောဇက် တရားဟောချက်များ တွေ့ပါလိမ့်မည်။
မည်ကဲ့သို့ ပြင်ဆင် မည်နည်း
ကယ်တင်ခြင်း စိတ်မချသေး သူများ အနေဖြင့် ကယ်တင်ခြင်း စိတ်ချဘို့ သင်ဘို့ လိုသည်။ ထိုအရာအတွက် ကယ်တင်ခြင်း သင်ခန်းစာများ စာအုပ်ရှိသည်၊ မှာယူနိင်သည်။ ကယ်တင်ခြင်း သင်ပေးနိုင် သူများ ထံမရှက်မကြောက်ဘဲ သင်ဘို့ လိုသည်။
ကယ်တင်ခြင်း စိတ်ချပြီး သူများ အနေဖြင့်လောက အရာများကို မချစ်၊ ဦးစားမပေးတော့ဘဲ သန့်ရှင်းသော အသက်တာဖြင့် အသက် ရှင်ဘို့ လိုသည်။ ကျမ်းစာ ဖတ်၊ ဆုတောင်း၊ သက်သေ ခံ၊ သင်တန်းတက်၊ မိဿဟာယဖွဲ့ခြင်းများလုပ်သင့်သည်။ အလုပ်လည်းလောဘကြီးစွာ မလုပ်တော့ဘဲတော် သင့်ရုံလောက်သာလုပ်သင့်သည်။ ကိုယ်မိသား စု၊ ဆွေမျိုးသား ချင်းများ ကိုလည်း ပြောပြသင့်သည်။

.

                ကျမ်းစာနားမလည်ဘုရားတန်ခိုးမသိသောကြောင့်

ဇဒ္ဒုကဲတို့ကရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်ပတ်သက်၍မေးခွန်းမေးသောအခါ၊ သခင်ယေရှုက၊ “သင်တို့သည်ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကိုမသိသောကြောင့်မှားသောအယူကိုယူကြ၏။” (မဿဲ ၂၂:၂၉ ) ဟု​ဖြေခဲ့သည်။ ယနေ့များစွာသော ခရစ်ယာန်များလည်း ကျမ်းစာကိုနားမလည်၊ ဘုရား၏တန်ခိုးကိုလည်းမသိကြသောကြောင့်မှားယွင်းနေကြကြောင်းတွေ့ရသည်။ ခရစ်ယာန်လောက၌အကြမ်းအားဖြင့် အဖွဲ့သုံးဖွဲ့ရှိသည်။ Liberal လီဘရယ်များ၊ Pentecostal ပင်တေကောစတဲလ်များ  Fundamental ဖန်ဒမဲင်တိလ်များဖြစ်သည်။

Liberal လီဘရယ်များသည်ဘုရားသခင်ကိုယုံကြည်သည်ဟုဆိုသော်လည်းလူ့အမြင်၊ လူ့အကြိုက်နှင့်ကိုးကွယ်သူများဖြစ်၍ဘုရားသခင်၏အစွမ်းကိုမယုံကြည်ကြချေ။ ကျမ်းစာ ကိုလည်းမယုံကြည်ကြချေ။ ပညာရှိများ၏အတွေးအခေါ်များကိုအဓိကထား၍၊ ကောင်းကင်တက်ဘို့လည်းစိတ်မ၀င်စား၊ လူ့အခွင့်အရေးများကိုဦးစားပေးကြသည်။ ကျမ်းစာခေတ်၌ဇဒ္ဒုကဲများနှင့်တူသည်။

Pentecostal ပင်တေကောစတဲလ်များသည် ဘုရားယုံကြည်ကြသော်လည်း ကျမ်းစာကို ကောင်းစွာမလေ့လာ၊ စိတ်လှုပ်ရှားမှုနှင့်ခံစားချက်များကိုဦးစားပေးကြသည်။ နတ်ဆိုး၀ိညာဥ်ကိုလည်းမခွဲခြားဘဲ၊ အားလုံးသန့်ရှင်းသော၀ိညာဥ်တော်၏အလုပ်ဟူ၍လက်ခံကာ၊ နိမိတ်လက္ခဏာနှင့်အံ့ဩဘွယ်များကိုရှာဖွေလက်ခံကျင့်သုံးကြသည်။ ကျမ်းစာခေတ်၌ နိမိတ်လက္ခဏာကိုသာတောင်းတတ်သောယုဒလူများနှင့်တူသည် ( ၁ ကော ၁: ၂၂-၂၃)။

Fundamental ဖန်ဒမဲင်တဲလ်များ၊ ဘုရားကိုကျမ်းစာအားဖြင့်သာရှာ၍၊ သန့်ရှင်းသော၀ိညာဥ်တော်၏အလုပ်များကိုသိသင့်သလောက်မသိကြချေ။ သန့်ရှင်းသော၀ိညာဥ်တော်၏ အလုပ်များ၊ ၀ိညာဥ်ဆုကျေးဇူးများသည်တမန်တော်များသာလျှင်ပေး၍ ယာယီဆုကျေး ဇူးနှင့်အမြဲဆုကျေးဇူးဟုခွဲခြားကာ၊ ကျမ်းစာကိုသာလျှင်ယုံကြည်ကြသည်။ ကျမ်းစာ ခေတ်၌ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲများနှင့်တူသည်။ ဘုရားသခင်၏တန်ခိုးကိုအသုံးမပြုကြချေ။

သမ္မာတရားကိုမှန်ကန်စွာပိုင်းခြား
ပေါလုကသူ၏ ၀ိညာဥ်သား တိမောသေထံဤသို့စာရေးခဲ့သည်၊ “သင်မူကား၊ ၀န်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကိုမှန်ကန်စွာပိုင်းခြားတတ်သောဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ကိုယ်ကိုကိုယ်ဆက်သခြင်းငှါကြိုးစားအား ထုတ်လော့။” ( ၂ တိ ၂: ၁၅ )။ တိမောသေသာမဟုတ်ပါ၊ ယုံကြည်သူ တိုင်း သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်ဘို့ လိုသည်။ သို့မဟုတ် ပါကလမ်းလွှဲခြင်း၊ ဆုံးရှုံးခြင်း၊ ရှက်ကြောက်စရာများခံစား ရမှာ ဖြစ်သည်။ ဆရာသမားများ သင်ပေးသမျှကို မှန်မမှန်ကျမ်းစာအားဖြင့် စစ်ဆေးဘို့ လိုသည်။ ပေါလုက၊ “ဗေရိမြို့သား တို့သည် သက်သာလောနိတ်မြို့သား တို့ထက် ထူးမြတ်သဖြင့်၊ အလွန် ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်း ငှာ၊ ကျမ်းစာကို နေ့တိုင်း အစဥ်စေ့စေ့ကြည့်ရှုကြ၏။ ၁၂ ထိုကြောင့်၊ ယုဒလူအများ တို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမတို့နှင့် ယောက်ျားအများတို့ သည်လည်း ယုံကြည် ကြ၏။” (တမန် ၁ရ: ၁၁-၁၂ ) ဟု ရေးခဲ့သည်။ လူတိုင်း ဗေရိမြို့သားများကဲ့သို့ ကျမ်းစာကို နေ့တိုင်း အစဥ်စေ့စေ့ကြည့်ရှုဘို့ လိုသည်။
သို့မှသာမှားယွင်းသော သွန်သင်မှုများကိုရှောင်နိင်၍ မှန်ကန်သော သွန်သင်မှု များကို သိရှိကာ အကျိုးခံစား နိင်မှာ ဖြစ်သည်။
ယေရှုထက်ကြီးသောအမှု
“ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သော သူသည်ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုအမှု တို့ထက် သာ၍ ကြီးသော အမှုတို့ ကိုလည်း ပြုလိမ့်မည်။” (ယော ၁၄: ၁၂ ) သခင်ယေရှု ကအထက်ပါ ကဲ့သို့ ဆို သောအခါ တမန်တော်များအတွက် သာဆိုသည် မဟုတ်၊ သူ့ကို ယုံကြည်သော သူတိုင်းကို ဆိုုလိုသည်။ ထို့ကြောင့် တမန်တော် များထက် ပင်ယုံကြည်သူ ဖိလိပ္ပုသည် ရှာမရိမြို့၌ များစွာသော နိမိတ်ကို ပြုလုပ်ကြောင်း ဤသို့ ရေးထားသည်၊ “ဖိလိပ္ပုသည် လည်း၊ ရှမာရိမြို့သို့ သွား၍ ခရစ်တော်၏ အကြောင်းကို ဟောလေ၏။ လူအစုအဝေးတို့သည် ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင် သောအခါ၊ သူ၏ စကားကို တညီတညွတ်တည်း နားထောင် ကြ၏။ အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများ တို့၏ အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ​ခြေမစွမ်းသော သူအများတို့ သည်လည်း ပကတိ အဖြစ်သို့ ရောက်ကြ၏။ ထိုမြို့သူမြို့သား တို့သည် အလွန် ၀မ်းမြောက်ခြင်း ရှိကြ၏။” (တမန် ၈: ၅-၈ ) ဖိလိပ္ပုသည် တမန်တော် မဟုတ်ပါ။ အစာဝေသူမျှသာလျှင် ဖြစ်သည် (တမန် ၆: ၁-၆ )။ သို့ဖြစ်လျှင် အဘယ်ကြောင့်သူ့အားဖြင့် ဘုရားသခင်က နိမိတ်လက္ခဏာများ ပြုလုပ် သနည်း။ သခင်ဘုရား ခိုင်းသော အလုပ်ကို လုပ်သောကြောင့် ဖြစ်သည်။ သူသည် ရှမာရိမြို့သို့ သွား၍ ခရစ်တော်၏ အကြောင်းကို ဟောသည်။ ယနေ့ ယုံကြည်သူ များ၏ အသက်တာ၌ အဘယ်ကြောင့်နိမိတ်လက္ခဏာမတွေ့ရသနည်း။ သခင်ဘုရား ခိုင်းသည့်အတိုင်း တရားမဟောကြသောကြောင့် ဖြစ်သည်။ ဟောလျှင်လည်း ဇာတိအားဖြင့် ဟော၍ ငွေရဘို့ရန်၊ နာမည်ကြီး ဘို့ရန်၊ အသင်းတော်နှင့် အဖွဲ့ အစည်းက၊ လခပေးသောကြောင့် တာ၀န်ကျေဟောသောကြောင့် ဖြစ်သည်။
ယုံကြည်သောသူတို့၌ ဖြစ်အံ့သောနိမိတ်လက္ခဏာ
သခင်ယေရှုက၊ “ယုံကြည်သော သူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ ဟူမူကား၊ ငါ၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ် ကြလတံ့။ ထူးခြားသော ဘာသာ စကား မျိုးတို့ကို ပြောကြလတံ့။ ၁၈ မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ် အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ် ကြလတံ့။ မကျန်း မမာသော သူတို့ အပေါ်မှာ လက်ကို တင်၍ ချမ်းသာ ပေးကြလတံ့ဟု မိန့်တော်မူ၏။” (မာ ၁၆: ၁ ရ- ၁၈ ) ဤကျမ်းပိုဒ်နှင့် ပတ်သက်၍ အချို့သော သူများ ကမူလကျမ်းစာ ထဲ၌ မပါပါဟုဆို ကြသည်။ အဘယ်ကြောင့်ထိုုသို့ ဆိုသနည်းဟူမူကား သူတို့၏ အသက်တာ၌ အထက်ပါ နိမိတ်လက္ခဏာများ မရှိနိုင်သောကြောင့် ဖြစ်သည်။
ကွယ်ပျောက်လိမ့်မည်
ပေါလုက၊ “ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမိျုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။ ယခုမူကား၊ ငါတို့သည် မစုံမလင်သိတတ်ကြ၏။ ပရောဖက် ဥာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။ စုံလင်ခြင်းသို့ ရောက် သောအခါ မူကား၊ မစုံလင်သမျှ တို့သည် ကွယ်ပျောက်ကြလိမ့်မည်။” ( ၁ ကော ၁၃: ၈-၁၀) ဟု ရေးထားသည်။ အချို့သော သူများ ကစုံလင်ခြင်းသည်၊ ဓမ္မသစ်ကျမ်း ပြည့်စုံ သောအခါ ဟုဆို ကြသည်။ ထိုအ ရာသည် မမှန်နိင်ပါ။ ဓမ္မသစ်ကျမ်းရေးပြီး သွားသော်လည်း ယုံကြည်သူ များသည် စုံလင်စွာ အားလုံးကို မသိရသေးပါ။
ထို့ကြောင့် ကျမ်းစာကို အ​ခြေခံလျက် ပြောလျှင်လည်း ငြင်းခုံစရာများရှိ နေကြသေးသည်။ သင်းကွဲခြင်း များသည် ထိုသို့ မစုံမလင်သိကြသောကြောင့် ဖြစ်သည်။ အချို့သော သူများ ကစုံလင်ခြင်းသည် ကောင်းကင် နိင်ငံ ရောက် သောအခါ ဟုဆိုသည်။ ထိုအရာသည် ပို၍ မှန်နိင်သည်။ အကြောင်းမှာ ပရောဖက်များနှင့် တမန်တော်များပင်လျှင် မစုံလင်နိင်ကြပါ။ သို့ဖြစ်လျှင် အထက်၌ ဖေါ်ပြသော ပရောဖက် ဥာဏ်မှစ၍ အမျိုးမျိုးသော ဘာသာစကား ကုုိပြောနိင်သော အခွင့်များ၊ သိပ္ပံအတတ်များသည် မည်သည့်အချိန်၌ ကုန်မည်နည်း။ ကောင်းကင် ရောက်မှ ဖြစ်မည်။ သို့သော်အတုများ လွန်းသောကြောင့် အစစ်ကို ပါငြင်းပယ်ခြင်းသည် မမှန်နိင်ပါ။
သန့်ရှင်းသော၀ိညာဥ်တော် တန်ခိုး
သခင်ယေရှု ကတမန်တော်များထံ၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသော ၀ိညာဥ်တော် ဆင်းသက်သော အခါသင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင် မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီး စွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တ ၁: ၈ ) သခင်ယေရှုက သန့်ရှင်းသော ၀ိညာဥ်တော်သည် တန်ခိုး ဖြစ်သည်ဟုဆိုသည်။ စစ်မှန်သော ယုံကြည်သူ တိုင်း သန့်ရှင်းသော ၀ိညာဥ်တော် ရရှိ ကြသည်။ ထို၀ိညာဥ်တော်သည် တန်ခိုး ဖြစ်သည်။ သို့သော်၀မ်းနည်းဘွယ်ကောင်းသည် မှာထို၀ိညာဥ်တော် တန်ခိုးကို အသုံးမပြုသောကြောင့် ဤလောက၌ ဆုံးရှုံးသော သူများ ဖြစ်နေကြသည်။ အဘယ်ကြောင့် သန့်ရှင်းသော ၀ိညာဥ်တော် တန်ခိုးအသုံးမပြုနိင်ကြသနည်း။ သန့်ရှင်းသော ၀ိညာဥ်တော် ပေးရခြင်း၏ အကြောင်း ရင်း တခုမှာသက်သေ ခံဘို့ရန် ဖြစ်သည်။ သို့သော် သန့်ရှင်းသော ၀ိညာဥ်တော် ရရှိသော သူများသည် သက်သေ မခံဘဲ၊ မခိုင်းသော အရာများကို သာလျှင် လုပ် နေကြသည်။ သခင်ယေရှု မှစ၍ တမန်တော် များသည် လူများ ထံသက်သေ ခံသောအခါ၊ ၀ိညာဥ်တော် ကတန်ခိုးများ ပြုလုပ် တတ်သည်။ ထို့ကြောင့် ယုံကြည်သူများသခင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို၊ လက်မခံမယုံကြည်သူများထံအဆက်မပြတ် သက်သေ ခံဘို့ ဖြစ်သည်။ သို့ဖြစ်လျှင် သန့်ရှင်းသော ၀ိညာဥ်တော် ကအတည်ပြုသော အနေဖြင့် တန်ခိုးနိမိတ်လက္ခဏာများ ပြုမှာ ဖြစ်သည်။
အမြဲဆောင်ရွက်
“ထို သူများသည် တမန်တော် တို့၏ ဆုံးမဩ၀ါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကို ဖဲ့ခြင်း၊ ပဌနာ ပြုခြင်း တို့ကို အမြဲဆောင်ရွက်၍ နေကြ၏၊ ၄၃ လူအပေါင်းတို့သည် ကြောက်လန့်ခြင်း ရှိသည် ဖြစ်၍ တမန်တော် တို့သည် များစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှု တို့ကို ပြုကြ၏။” (တ ၂: ၄၂-၄၃ ) “ထိုသူတို့ သည်လည်း ဗိမာန်တော်၌ နေ့တိုင်း အစဥ်တညီအညွတ်တည်း နေ၍၊ ကိုယ်အိမ်၌ မုန့်ကို ဖဲ့လျက် ကြည်ဖြူရွှင်လန်း၀မ်းမြောက်သော စိတ်နှင့် အစာအာဟာရကို သုံး ဆောင်ကြ၏။ ၄၇ ဘုရားသခင်က ိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကို ရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သော သူတို့ ကိုလည်း နေ့စဥ် မပြတ် သခင်ဘုရားသည် သင်း၀င်စေ တော်မူ၏။” (တ ၂: ၄၆-၄ရ)
အဘယ်ကြောင့်တမန်တော် များသည် အထက်၌ ဖေါ်ပြ သကဲ့သို့ များစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှု တို့ကို ပြုနိင်ကြသနည်း။ ထိုအရာ၏ လှုိ့၀ှက် ချက်မှာရိုးရိုးလေးပင် ဖြစ်သည်။ သူတို့သည် ဆုံးမဩ၀ါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကို ဖဲ့ခြင်း၊ ပဌနာ ပြုခြင်း တို့ကို အမြဲဆောင်ရွက်၍ နေကြသောကြောင့့် ဖြစ်သည်။ တဖန်၊ ထိုသူတို့ သည်လည်း ဗိမာန်တော်၌ နေ့တိုင်း အစဥ်တညီအညွတ်တည်း နေ၍၊ကိုယ်အိမ်၌ မုန့်ကို ဖဲ့လျက် ကြည်ဖြူရွှင်လန်း၀မ်းမြောက်သော စိတ်နှင့် အစာအာဟာရကို သုံး ဆောင်ကြ၏ဟုဆိုသည်။ ယနေ့ ယုံကြည်သူ များသည် သူတို့ ကဲ့သို့ နေ့တိုင်း၊ အစဥ်သဖြင့် ဩ၀ါဒပေးခြင်း ခံခြင်း၊ ဆုတောင်းခြင်းများပြုလုပ် ကြပါ သလော။ သူတို့ ကဲ့သို့ ဘုရား အလိုတော်ကို ရှာကြသလော။
ယနေ့ ယုံကြည်သူ များသည် ​ခြောက်ရက်လုံးလုံးလောက၌ ရှာဖွေ နေထိုင်၍ တနဂ်နွေနေ့မှသာတစ်နာရီ၊ နှစ်နာရိီမျှလောက်သာဘုရား ရှိခိုးကြသည် မဟုတ်လော။ ထိုအချိန်၌ တရားဟောဆရာက သမ္မာတရား စစ်ပြောလျှင်တော် ပါသေးသည်။ များသောအားဖြင့် လူ့အကြိုက်လူ့အမြင် များကို သာပြောကြသည် မဟုတ်လော။ သီချင်းဆိုလျှင်လည်းကိုယ်စိတ်လှုပ်ရှားအား ရဘို့ သာရှာကြသည် မဟုတ်လော။ ဆုတောင်း လျှင်လည်းကိုယ့်ဇာတိအလို ဆန္ဒများကို သာတောင်းကြသည် မဟုတ်လော။ မည်ကဲ့သို့ ဘုရားသခင်က ျေနပ် နိင်မည်နည်း။ သခင်ဘုရားက၊ “ဤလူမျိုးသည် နှုတ်နှင့် ငါ့ ထံသို့ ချဥ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပ​ေဒသပေးလျက် ပင် ငါ့ကို အချည်းနှီးကိုး ကွယ်ကြ၏ဟု နောက် ဖြစ်လတံ့သော အရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍ မိန့်တော်မူ၏။” (မ ၁၅:ရ- ၉ )။ သခင်ဘုရားသည် ယုဒလူများကို သာပြောသလော၊ ယနေ့ ခရစ် ယာန် များလည်း သူတို့ ကဲ့သို့ဖြစ်ကြသည် မဟုတ်လော။ ထိုသို့ ဘုရား အလိုတော် အတိုင်း အသက် မရှင်၊ သူခိုင်းသော အလုပ်များကို မလုပ်သောကြောင့် ၀ိညာဥ်တော်သည် တန်ခိုးမ ပြနိင်ခြင်း ဖြစ်သည်။ ထိုအခါ ၀ိညာဥ်ဆုကျေးဇူးများသည် တမန်တော် ကြီး များကို သာလျှင် ပေးသည် ဟုကိုယ်ကိုကိုယ်ကာကွယ် ပြောဆို လာ ကြသည်။
ငွေတန်ခိုးလော၀ိညာဥ်တော် တန်ခိုး
လောယနေ့ တန်ခိုးပြသည်ဟုဆိုသော အမှုတော် ဆောင်များသည် တမန်တော် များ၏ စိတ်ထားမရှိကြောင်း တွေ့ရသည်။ ပေတရုက​ခြေမစွမ်းသော သူတောင်းစားကို ကျန်းမာစေ သောအခါ ဤကဲ့သို့ ဆိုသည်၊ “ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကို သင့်အား ပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော် အားဖြင့် ထ၍ လှမ်းသွားလော့ဟုဆိုလျက်၊ ၇သူ၏ လက်ျာလက်ကိုကိုင်ဆွဲချီကြွလေသော ခဏချင်းတွင်၊ ​ခြေနှစ် ဘက်ဖမျက်စိတို့သည် စွမ်းအားကို ရသဖြင့်၊ ၈ ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်း သွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော် တို့နှင့်အတူ ဗိမာန်တော်သို့ ၀င်လေ၏။” (တ ၃: ၆-၈ ) ပေတရုကသူ၌ ရွှေငွေမရှိဟုဆိုသည်။ ယနေ့ အမှုတော် ဆောင်အများစုသည် ငွေနှင့် လောက ပစ္စည်းကို သာတပ်မက် ကြသည်။ သန့်ရှင်းသော ၀ိညာဥ်တော်၏ တန်ခိုးထက် ငွေတန်ခိုးကို သာအသုံးပြုချင် ကြသည်။ သခင်ဘုရားက၊ “အဘယ်သူ မျှသခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကို မုန်း၍ တဦးကို ချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊လောကီစည်းစိမ်၏ အစေကို၎င်းမခံနိုင်ကြ။” (မ ၆: ၂၄ ) ဟုဆိုခဲ့သည် မဟုတ်လော။ ယခုမှစ၍ ငွေနှင့် လောကီတန်ခိုးမသုံးတော့ဘဲ ယေရှုခရစ်၏ နာမတော်ကို အသုံးပြုကြစို့။
တမန်တော်တို့၏ စိတ်ထား
အထက်၌ ​ခြေမစွမ်းသော သူကို ပေတရုကသခင်ဘုရား၏ နာမတော်အားဖြင့် ကျန်းမာစေ သောအခါ လူများ ကဩအံ့၍ တမန်တော် များသည် မည်မျှအစွမ်းထက် ကြ သနည်းဟူသော မျက်နှာဖြင့် ကြည့်ကြသည်ကို၊ “ပေတရုသည် မြင်လျှင်၊ ဣသရေလ လူတို့ အဘယ်ကြောင့်ဤအမှုကို အံ့ဩ ကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သော အခွင့်ကို ငါတို့သည်ကိုယ်တန်ခိုး၊ ကိုယ်သီလ အားဖြင့် ပေးဘိ သကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်ရှုကြ သနည်း။ ၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ် တို့၏ ဘုရားသခင်၊ ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိ သားတော်၏ ဘုန်းကို ထင်ရှားစေ တော်မူ ပြီ။” (တ ၃: ၁၂ ) ဟုဆိုခဲ့သည်။ သူတို့သည် ချီးမွမ်းခြင်းကို မခံ၊ သခင် ယေရှုကို ချီးမွမ်းစေ ကြသည်။ ယနေ့ နိမိတ်လက္ခဏာ ပြုလုပ် သူများသည်၊ ဘယ်နှစ်ရက်အစာရှောင်ကြောင်း၊ မည်မျှဒုက္ခ ဆင်းရဲ ခံ၍ ဆက်ကပ်ကြောင်းကို ပြောလိုတတ် ကြသည်။ ထိုမျှမကအလှုငွေများ ပေးဘို့ရန် ရေလာမြောင်းပေးလုပ်တတ် ကြသည်။ ဘုရား ခိုင်းသော အမှုကို ငွေနှင့် လဲလှယ်လို ကြသည်။ ထို့ကြောင့် စစ်မှန်သော တန်ခိုးများ မဟုတ်ဘဲ စာတန် ထံမှ တန်ခိုးများ အသုံးပြုလာတတ် ကြသည်။ စစ်မှန်သော ဘုရား၏ လူများ ဖြစ်လျှင် ပေတရုကဲ့သို့ သခင်ဘုရားကို သာလျှင် ချီးမွမ်း၍ကိုယ်ချီးမွမ်းခြင်း ခံမည်မဟုတ်ချေ။
ပေတရု၏ အရိပ်
ပေတရုသည် သခင်ဘုရား နောက်လိုက်ခြင်းအားဖြင့် ဘာ အကျိုးရမည်နည်းဟု ဤသို့ မေးခဲ့သည်၊ “ပေတရုက၊ အ​ကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ကိုယ်တော် နောက်သို့ လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊” (မ ၁၉: ၂ရ)။ ယနေ့ အမှုတော် ဆောင်များနှင့် ယုံကြည်သူ များလည်း ပေတရုကဲ့သို့ တခုခုအမြတ်ရလိုသောကြောင့် သခင်ဘုရားကို လိုက် ကြသည်။ သို့သော်ပေတရုသည် သန့်ရှင်းသော ၀ိညာဥ်တော်နှင့် ပြည့်၀လာ သောအခါ ဆုတောင်းခြင်းအားဖြင့် မဟုတ်တော့ဘဲ သူ၏ အရိပ်အားဖြင့် ပင်လူနာများ ကျန်းမာကြကြောင်း ဤသို့ တွေ့ရသည်၊ “ပေတရုသည် လမ်း၌ ရှောက်သွားစဥ် အနာစွဲသော သူတို့တွင် တယောက် ယောက်ကို သူ၏ အရိပ်လွှမ်းမိုးစေခြင်းငှါ၊ လူနာတို့ကို လမ်းနားသို့ ထုတ်၍ ခုတင်မွေ့ယာပေါ်မှာ တင်ထားကြ၏။ ပတ်လည်၀န်းကျင်၌ ရှိသသော မြို့သူရွာသား အပေါင်းတို့သည် အနာ စွဲသောသူ၊ နတ်ဆိုးညှဥ်းဆဲသော သူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှလင် မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာ အပေါင်းတို့သည် အနာကင်းလွတ်ခြင်းသို့ ရောက်ကြ၏။” (တ ၅: ၁၅-၁၆ )။ လူနာများ ကျန်းမာစေသူ၊ နတ်ဆိုးများ နှင်ထုတ် သူသည် ပေတရု မဟုတ်ပါ၊ သူ့အရိပ်လည်း မဟုတ်ပါ။ သခင်ယေရှု ပင် ဖြစ်သည်။ သင်လည်း ပေတရုကဲ့သို့ ရိုး သားစွာ ဘုရား အမှုတော် ဆောင်လျှင်၊ ဘုရား ခိုင်းသော အရာကို လုပ်လျှင် ထူးဆန်းသော တန်ခိုးနိမိတ်လက္ခဏာများကို တွေ့မြင်မှာ ဖြစ်သည်။ သန့်ရှင်းသော ၀ိညာဥ်တော်ကို တန်ခိုးပြခို်င်း၍ မရပါ၊ သူ့အလိုတော် အတိုင်း ပြသွားမှာ ဖြစ်သည်။
ပေါလုသုံးသောပု၀ါ
ပေါလုလည်း သခင်ဘုရား ခိုင်းသော အလုပ်ကို နေ့ညမပြတ် ဆောင်ရွက်ခဲ့ကြောင်း ဤသို့ ရေးထားသည်၊ “ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာ လုပ်ဆောင်၍ ကြိုးစားအား ထုတ်ကြောင်းကို သင်တို့ မှတ်မိကြ၏။ သင်တို့တွင် တယောက်ကို မျှ မနှောင့်ရှက်ခြင်းငှါ ငါတို့သည် နေ့ညဥ့်လုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧ၀ံဂေလိ တရားကို သင်တို့အား ဟောပြောကြ၏။” ( ၁ သက် ၂: ၉ )။ “ပင်ပန်းစွာ အမှု ဆောင်ရွက်ခြင်း၊ အ}ကိမ်များစွာ မအိပ်ဘဲ စောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အ}ကိမ်}ကိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အ၀တ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်း များကို ငါခံခဲ့ပြီ။” ( ၂ ကော ၁၁: ၂ရ)။ ထို့ကြောင့် သူ့အားဖြင့် သခင်ဘုရား ကတန်ခိုးပြကြောင်း ဤသို့ ရေးထားသည်၊ “ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုးများကို ပြတော်မူသည် ဖြစ်၍၊ ပေါလုသုံးသော ပု၀ါ၊ ခါးပန်း တခုခုကို အနာ ရောဂါရှိသော သူတို့ ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာ ရောဂါနှင့် ကင်းလွတ် ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွား ကြ၏။” (တ ၁၉: ၁၁-၁၂ )။
သူတို့လည်း ခံရသည်
တမန်တော် ကြီးများနှင့် ရှေးယုံကြည်သူများအားဖြင့် သခင်ဘုရားသည် တန်ခိုးနိမိတ်များကို ပြသော်လည်း တချိန်လုံး မဟုတ်ပါ။ ပေါလုကတိမောသေ၏ ရောဂါအ တွက်စပျစ်ရည်သောက်ခိုင်းကြောင်း ဤသို့ တွေ့ရသည်၊ “သင်၏ ရင်ထဲ၌ အကျိုး ဖြစ်စေခြင်း ငှါ၎င်း၊ မကြာမကြာခံရသော ရောဂါကြောင့်၎င်း၊ ယခုမှစ၍ ရေကို သာ မသောက်ဘဲ၊ စပျစ်ရည်အနည်းငယ်ကို သုံးလော့။” ( ၁ တိ ၅: ၂၃ )။ အဘယ်ကြောင့်ပေါလုသည် တိမောသေ၏ ရောဂါကို မပျောက်စေနိင်သနည်း။ သူကိုယ်တိုင်လည်း ခံရကြောင်း ဤသို့ ရေးထားသည်၊ “ငါခံရသော ဗျာဒိတ်တော် အလွန် ထူးမြတ်၍ ငါသည် ထောင်လွှားသော စိတ်မရှိစေခြင်းငှါ၊ ငါ့ကို ဒဏ်ခတ်သော စာတန်၏ တမန် တည်း ဟူသော ငါ့ကိုယ်၌ စူးသော ဆူးကို ပေးတော်မူ၏။ ၈ ထိုဆင်းရဲခြင်း နှင့် ကင်းလွတ် မည်အကြောင်း သုံး}ကိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားခံတော် ခံပြီး လျှင်၊ ၉ ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည်အား နည်းခြင်း အဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။” ( ၂ ကော ၁၂:ရ- ၉ )။ ပေါလုလည်း နောက်ဆုံးမှာမာတုရအဖြစ် သေမည့် အကြောင်း ဤသို့ ရေးထားသည်၊ “ငါ့ကို ယဇ်ပေါ်မှာလောင်းရသောအချိန် ရှိပြီ။ စုတေ့ရသောအချိန် ရောက်လေပြီ။ ၇ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသော လမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။” ( ၂ တိ ၄: ၆ -ရ)။ အဘယ်ကြောင့်ပေါလုကို ဘုရားသခင်က အိုသည် အထိ မထားဘဲ စောစော သေခိုင်းသနည်း။ လူ့အမြင်အားဖြင့် သူသည် အလွန် အသုံး၀င်သော်လည်း ဘုရားသခင်က သူ့ကို မာတုရအနေဖြင့် ဆုချချင် သောကြောင့် ဖြစ်မည်။ လူအားဖြင့် မသိနိုင်။
ဘုရား ခိုင်းရာလုပ်ကြစို့
အထက်၌ ယုံကြည်သူ များ၏ အသက်တာအားဖြင့် သန့်ရှင်းသော ၀ိညာဥ်တော်သည် များစွာ အလုပ်လုပ်ကြောင်း တွေ့ရပြီ။ ထိုသို့ သိရုံဖြင့် အကျိုးမရှိပါ။ သခင်ဘုရား ခိုင်းသော အရာကို လုပ်ကြစို့။ ပေါလုက၊ “လူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော် ရှိ၏။” ( ၁ တိ ၂: ၄ )။ သို့သော်သက်သေ မခံပျောက်ဆုံးသော ၀ိညာဥ်များကို မချဥ်းကပ် မပြောလျှင် မည်ကဲ့သို့ ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရား သိနိင်မည်နည်း။ သခင်ဘုရားက၊ “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊သား တော်၊ သန့်ရှင်းသော ၀ိညာဥ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော် တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩ၀ါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့်အတူ အစဥ်မပြတ် ရှိသည်ဟု တပည့်တော် တို့အား မိန့်တော်မူ၏။” (မ ၂၈: ၁၉-၂၀)။ ဤအမိန့်တော်သည် တမန်တော်များနှင့် သာဆိုင်သလော၊ ယုံကြည်သူ တိုင်းနှင့် ဆိုင်သလော။ သင်တို့ သွား၍ဟု ပြောသည်။ ယခုသွားကြသလော။ လူမျိုးတကာတို့ကို သူ့တပည့် ဖြစ်စေကြစို့။ တဖန်၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသော ၀ိညာဥ်တော် ဆင်းသက်သော အခါသင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင် မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီး စွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တမန် ၁: ၈ )။ သင်၏ ယေရုရှလင်သည် မိသားစု ဖြစ်သည်။ ယုဒပြည်သည် ဆွေမျိုးများ၊ ကိုယ့်နေသော အနီးအနားပတ်၀န်းကျင် ဖြစ်သည်။ ရှမာရိပြည်သည်ကိုယ်နေသော မြိ့၊ ပြည်နယ်တိုင်း ပြည် ဖြစ်သည်။ မြေကြီး စွန်းတိုင်အောင်သည် တကမ္ဘာလုံး ဖြစ်သည်။ ပြည်နယ်တိုင်း ပြည်နှင့် တကမ္ဘာလုံးမသွားနိင်သော်လည်း၊ ကိုယ့်မိသား စု ဆွေမျိုးနှင့် အနီးအနားရှိလူများ ထံ၌ သက်သေ ခံကြစို့။ မတတ်လျှင်လည်း သင်ကြစို့။ ဘာမဆိုဆန္ဒရှိလျှင် တတ်နိင်သည်။ သခင်ဘုရားကို ကျေးဇူးတင်သော အားဖြင့်၊ လေးစားသောအား ဖြင့်၊ ချစ်သော အားဖြင့် သူခိုင်းရာကို ပဌမ ဦးစားပေးလုပ်ဆောင်ကြပါစို့။ ထိုသို့ ပြုလျှင် ၀မ်းမြောက်ခြင်း၊ ကျေနပ်ခြင်း၊ ကောင်းကြီး မဂ်လာများ ရရှိမှာသေချာနေပါသည်။

.

                         မျိုးဆက်များ Generations

ယုံကြည်သူများအနေဖြင့် မိမိကိုယ်ကို၎င်း၊ သားသမီး များကို၎င်း၊ ခေတ်ကာလနှင့် အခြား သူများကို၎င်းသိနားလည်ဘို့ လိုသည်။ သို့မဟုတ် ပါက ပြသနာ ကြုံတွေ့ သောအခါ အဘယ်ကြောင့် ဖြစ်သည်ကို၎င်း၊ မည်ကဲ့သို့ ​ ဖြေရှင်း မည်ကို၎င်း မသိသောကြောင့် စိတ်လိုက်မာန်ပါလုပ်ခြင်း ဖြင့် ပို၍ ဒုက္ခ ရောက်နိင်သည်။ သမိုင်းသည် ပြန်ပြန် လည်ပတ်လျက် ရှိသည်။ ကျမ်းစာ၌၊ “ယောရှုလက်ထက် ကာလ၌ ဖြစ်သောသူ အပေါင်းတို့သည် လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ ရောက်ကြ၏။ ထာ၀ရ ဘုရားကို၎င်း၊ ဣသရေလ အမျိုးအဘို့ ပြု တော်မူသော အမှု တို့ကို၎င်း၊ မသိသော နောင်ကာလ အမျိုးသား တို့သည် ပေါ်လာကြ၏။ ထိုကာလ အခါ ဣသရေလ အမျိုးသား တို့သည် ထာ၀ရ ဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ဗာလဘုရား တို့ကို ၀တ်ပြုကြ၏။ အဲဂုတ္တု ပြည် မှသူတို့ကို ဆောင်ခဲ့ တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာ၀ရ ဘုရားကို စွန့်၍၊ ပတ်၀န်းကျင်၌ ရှိသော လူမျိုးတို့၏ ဘုရား တပါးတို့ နောက်သို့ လိုက်လျက် ဦးညွတ်သဖြင့်၊ ထာ၀ရ ဘုရား အမျက်တော်ကို ထွက်စေကြ၏။ ထာ၀ရ ဘုရားကို စွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရား တို့ကို ၀တ်ပြုကြသောကြောင့်၊ ထာ၀ရ ဘုရားသည် ဣသရေလ အမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်၊ လုယူသော သူတို့ လက်သို့ အပ်၍၊ ပတ်၀န်းကျင်ရှိ ရန်သူတို့၌ ရောင်း တော်မူ သဖြင့်၊ ရန်သူတို့ ရှေ့မှာ သူတို့သည် တဖန် မရပ်နိုင်ကြ။ သူတို့သည် ထွက်သွားလေရာရာ၌ ထာ၀ရ ဘုရား မိန့်မြွက်ကျိန်ဆို တော်မူသည် အတိုင်း၊ လက်တော် အဆီးအတားနှင့် တွေ့၍၊ အလွန် ဆင်းရဲခြင်းသို့ ရောက် ကြ၏။” (သူကြီး ၂: ၁၀- ၁၅ ) အဘယ်ကြောင့်တရားသူကြီးများလက်ထက်၌ ထာ၀ရ ဘုရားကို စွန့်၍ ဗာလဘုရား များကို ၀တ်ပြုကြသနည်းဟူမူကား ထာ၀ရ ဘုရားကို၎င်း၊ ဣသရေလ အမျိုး အဘို့ ပြု တော်မူသော အမှု တို့ကို၎င်း၊ မသိသော နောင်ကာလ အမျိုးသားတို့ (new generation) ပေါ်ပေါက်လာသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ထိုသို့ဖြစ်နိင်သနည်း။
ထိုကဲ့သို့ဖြစ်မှာကို ကြိုမြင်သောကြောင့် ဘုရားသခင်က ဣသရေလ များကို ဤကဲ့သို့ သေသေချာချာမှာထားခဲ့သည်၊ “သင်၏ ဘုရားသခင် ထာ၀ရ ဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတိျွှရှိသမျှနှင့် ချစ်လော့။ ၆ ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ၇ထိုစကားကို သင်၏ သားသမီး တို့အား ကြိုးစား၍ သွန် သင်ရမည်။ အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ။ အိပ်လျက်။ ထလျက် ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။ ၈ ထိုစကား ကိုလည်း သင်၏ လက်၌ လက္ခဏာသက်သေဘို့ ရာ၎င်း၊ သင်၏ မျက်စိကြားမှာသင်းကျစ်ကဲ့သို့၎င်းချည်ထားရမည်။ ၉ အိမ်တံခါး၊ မြို့တံခါးတို့၌ လည်း ရေးထားရမည်။” (တရားဟော ၆: ၅-၈ )။ သို့သော် အဘယ်ကြောင့်နောင်လာနောက်သားများကထာ၀ရ ဘုရားကို မသိကြသနည်း။ မိဘများက သားသမီး များကို ဘုရား မှာထားသည့်အတိုင်း မသင်ပေးသလော။ သို့မဟုတ် သင်ပေးသော်လည်း နားမထောင်ကြသလော။ ကျမ်းစာက၊ “ထိုကာလ၌ ဣသရေလ ရှင်ဘုရင်မရှိ၊ လူတိုင်း မိမိ စိတ်အလိုရှိသည် အတိုင်း ပြုသတည်း။” (သူကြီး ၂၁: ၂၅၊ ၁ရ: ၆၊ ၁၈: ၁၊ ၁၉: ၁ ) ဟု ရေးထားသည်။ ဆိုလိုသည် မှာဦးဆောင်မည့်ခေါင်းဆောင် မရှိသောကြောင့် ဘုရားကို မကိုး ကွယ်တော့ဘဲ မိမိတို့ ကြိုက် နှစ်သက် သကဲ့သို့ နေကြသည်။ မိဘများက သားသမီး များကို ဘုရား ချစ်လာရန်မသင်ပေးကြသောကြောင့် ထိုကဲ့သို့ဖြစ်ရသည်။ ထိုအမှားကို ယနေ့ မိဘများ သင်ခန်းယူ၍ ရှောင်ဘို့ရန် လိုသည်။ သို့သော်ကိုယ်တိုင်ဘုရားကို မချစ်၊ မကြောက်လျှင် မည်ကဲ့သို့ သင်ပေးနိင်မည်နည်းခေတ်များ သို့မဟုတ် မျိုးဆက်များကို အောက်ပါကဲ့သို့ ပိုင်းခြား ခေါ် ကြသည်။
The Depression Era စီးပွါးရေးကျ၊ စိတ်ဓါတ်ကျမျိုးဆက်များ
ဤမျိုးဆက်များသည် ၁၉၁၂မှ ၁၉၂၁ အတွင်း မွေးဘွား သူများ ဖြစ်၍၊ ယခုနှစ်အခါအသက် အသက် ၉ရ မှ ၁၀၆ နှစ်ရှိကြပြီ။ သူတို့သည် USA နိင်ငံတွင် ၁၁မှ ၁၂ သန်းရှိ၍ အလျှင်အမြန်လျော့နည်းလာကြသည်။ ဤမျိုးဆက်များသည် ချွေတာခြင်း၊ စုစောင်းခြင်း၊ အကြွေးနည်းနိင်သမျှ နည်းခြင်း၊ သားသမီးများကိုအမွေပေးလိုခြင်း၊ မျိုးချစ်စိတ်ရှိခြင်း၊ ပျော်ရွှင်ဘို့ထက်အလုပ်ကို ဦးစားပေးခြင်း၊ အုပ်စိုးသူများကိုရိုသေလေးစားခြင်း၊ အကျင့်သိက္ခာရှိခြင်းများသည်သူတို့၏ထူးခြားချက်များဖြစ်သည်။
World War II ဒုတိယကမ္ဘာစစ်မျိုးဆက်များ
ဤမျိုးဆက်များသည် ၁၉၂၂မှ ၁၉၂ ရအတွင်း မွေးဘွား သူများ ဖြစ်၍၊ ယခုနှစ်အခါအသက် အသက် ၉၁မှ ၉၆ နှစ်ရှိကြပြီ။ သူတို့သည် USA နိင်ငံတွင် ၁၁ သန်းရှိ၍ အလျှင် အမြန် လျော့နည်းလာ ကြသည်။ ဤမျိုးဆက်များ၏ ကျင့်ကြံပြုမူခြင်း များသည် ခြားနား ကြသည်။
Post-War Cohort ဒုတိယကမ္ဘာစစ်မျိုးဆက်များ
ဤမျိုးဆက်များသည် ၁၉၂၈ မှ ၁၉၄၅ အတွင်း မွေးဘွားသူများဖြစ်၍၊ ယခုနှစ်အခါအသက်အသက် ရ၃ မှ ၉၀ နှစ်ရှိကြပြီ။ သူတို့သည် USA နိင်ငံတွင် ၄၁ သန်းရှိ၍ လျော့နည်းလာကြသည်။ ဤမျိုးဆက်များသည်စစ်ပြီးသောကြောင့်အလုပ်အကိုင်ပေါများ၍ မျှော်လင့်ချက်များစွာရှိသည်။ သို့သော်အမေရိကန်နှင့် ရုရှားစစ် အေးတိုက်ပွဲကြောင့် စိုးရိမ်ကြောင့် ကျနေ သူများ ဖြစ်သည်။ သူတို့သည် လုံခြုံရေး၊ နှစ်သိမ့်ခြင်း၊ ​ကျွမ်းကျင်သော လုပ်ဆောင်မှု၊ ပတ်၀န်းကျင်ဂရုစိုက်ခြင်းများထူးခြားသည်။
The Baby Boomers
ခလေး မွေးနှုန်းတိုးသော ကာလ ဤမျိုးဆက်များသည် ၁၉၄၆ မှ ၁၉၅၄ အတွင်း မွေးဘွား သူများ ဖြစ်၍၊ ယခုနှစ်အခါအသက် အသက် ၆၄ မှ ရ၂ နှစ်ရိှကြပြီ။ သူတို့သည် USA နိုင်ငံတွင် ၃၃ သန်းရှိ၍ တဖြည်းဖြည်းလျော့နည်းလာ ကြသည်။ ဤမျိုးဆက်များသည် စစ်တိုက်ခြင်းကို ဆန့်ကျင် ကြသည်။ စီးပွားရေးနှင့် အသက်တာတိုးတက်ဘို့ မျှော်လင့်ချက်ရှိသော မျိုးဆက်များ ဖြစ်သည်။ ယခုအခါ ပင်စင်များ ယူ၍ အငြိမ်းစားလာကြ သူများ ဖြစ်သည်။
Boomers II ခလေးမွေးနှုန်း တိုးသောကာလ ဒုတိယပိုင်း
ဤမျိုးဆက်များသည် ၁၉၅၅ မှ ၁၉၆၅ အတွင်း မွေးဘွား သူများ ဖြစ်၍၊ ယခုနှစ်အခါအသက် အသက် ၄၃မှ ၆၃ နှစ်ရှိကြပြီ။ သူတို့သည် USA နိင်ငံတွင် ၄၉ သန်းရှိ၍ အလုပ်လုပ်နိင်သေးသောသူများဖြစ်ကြသည်။ သူတို့အရင်မျိုးဆက်ထက်အခွင့်အရေးနည်းလာ ကြသည်။
Generation X မျိုးဆက် X များ
ဤမျိုးဆက်များသည် ၁၉၆၆ မှ ၁၉ရ၆ အတွင်း မွေးဘွား သူများ ဖြစ်၍၊ ယခုနှစ်အခါအသက်အသက် ၄၂ မှ ၅၂ နှစ်ရိှကြပြီ။ သူတို့သည် USA နိင်ငံတွင် ၄၁ သန်းရှိ၍ အိမ်တွင် ကြည့်ရှုသော သူမရှိ၊ မိဘနှစ်ပါးအလုပ်လုပ်သောကြောင့် တံခါးပိတ်ထားသော မျိုးဆက် ူအေခ့ုနပုငိျများဖြစ်သည်။ တခါတရံပျောက်ဆုံးမျိုးဆက်များဟုလည်း ခေါ် ကြသည်။ ခလေး များကို သူတပါးကထိမ်းပေး၍၊ လင်မယား ကွာရှင်းမှု များသည်။ မျှော်လင့်ချက်မရှိမျိုးဆက်များ ဖြစ်သည်။ Generation Y, or Millenniums မျိုးဆက် Y သို့မဟုတ် မီလီနီယမ်မျိုးဆက်များဤမျိုးဆက်များသည် ၁၉ရရ မှ ၁၉၉၄ အတွင်း မွေးဘွား သူများ ဖြစ်၍၊ ယခုနှစ်အခါအသက် အသက် ၂၄မှ ၄၁ နှစ်ရှိကြပြီ။ သူတို့သည် USA နိင်ငံတွင် ရ၁ သန်းရှိ၍ လူဦးရေအများဆုံးသောမျိုးဆက်ဖြစ်သည်။ လူမျိုးခွဲခြားမှုနည်းသည်။ ဤမျိုးဆက်များသည် အီလက်ထောနစ်ပညာ၌ ယခင်မျိုးဆက်များထက် ​ကျွမ်းကျင်ကြ၍ မိဘများ မသွန်သင်သောကြောင့် ပျင်းရိ ကြသည်။ ခရဲဒစ်ခတ်များကို အသုံးပြု ကြသည်။
Generation Z မျိုးဆက် Z
ဤမျိုးဆက်များသည် ၁၉၉၅ မှ ၂၀၁၂ အတွင်း မွေးဘွား သူများ ဖြစ်၍၊ ယခုနှစ်အခါအသက် အသက် ၆ မှ ၂၃ နှစ်ရှိကြပြီ။ သူတို့သည် USA နိင်ငံတွင် ၂၃ သန်းရ၍ အလျှင် အမြန် တိုးတက်လျက် ရှိသည်။ ဤမျိုးဆက်သစ်များသည် မွေးစမှစ၍ စမတ်ဖုန်း၊ အိုင်ပက်၊ တီဗီ၊ ကွန်ပြူတာများနှင့်အချိန် ကုန်သော သူများ ဖြစ်သည်။ ထို့ကြောင့် မျက်စိမှု န်ကြ၍ မျက်မှန်တပ်သော မျိုးဆက် ဖြစ်သည်။ အီလက်ထောနစ်ဆော့ဘို့ သာလျှင် သိ၍၊ သူတို့ ကြည့်သော ရုပ်ရှင်အတိုင်း အလွန် စိတ်မြန် ကြသည်။ ဘာမဆိုချက်ချင်း လိုချင်၍၊ ဘာမှလုပ်ခိုင်း၍လည်း မရချေ။ မိဘလူကြီးများကိုလည်းအား နာခြင်း၊ ကျေးဇူးတင်ခြင်း၊ ရှက်ခြင်းများမရှိ၊ သူတို့ အကြိုက်ကို သာလုပ်ချင် သောသူများဖြစ်သည်။ ပေါလုက ၁ တိ ၃:၁-၆ ထဲ၌ ရေးထားသော မျိုးဆက်များ ဖြစ်သည်။ နောက်ဆုံးသော မျိုးဆက်များ ဖြစ်ပေလိမ့်မည်။ သူတို့ ကြီး လာလျှင် လူမှု အသိုင်းအဝို်င်းသည် အလွန် ကြမ်းတမ်းဆိုး၀ါးလာလိမ့်မည်။ မိဘများကို ဓါးမြတိုက်၍ စိတ်ဆင်းရဲ စေသော သူများ ဖြစ်သည်။

.

ကျမ်းစာဖတ်ကြစို့

ယောဟန် ရ
၁။ ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည် တော်မူ၏။ ယုဒလူတို့သည်ကိုယ်တော်ကို သတ်အံ့သောငှါ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှါ အလိုတော် မရှိ။
ယုဒလူများသည် ဗာဗုလုန်​ကျွန်ခံရာမှပြန်လာ သောအခါ၊ ဘာသာရေးဘက်၌ စိတ်အားကြီး သူများသည် ယေရုရှလင် မြို့နှင့် ပတ်၀န်းကျင်ယုဒပြည်၌ အ​ခြေချ ကြသည်။ စိုက်ပျိုးရေးစီးပွါးရေးဘက်စိတ်အားကြီး သူများသည် ဂါလိလဲပြည်၌ အ​ခြေချ ကြသည်။ ယေရှုသည် ဘာသာရေး၌ စိတ်အားကြီး သူများ ကသတ်ဘို့ ရှာကြံ ကြသည်။ အကြောင်းမှာ ဘာသာရေးသမားများ၏ အမှားများကို သခင်ယေရှု ကဖေါ်ထုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဂါလိလဲပြည်၌ လှည့်လည်ရခြင်း ဖြစ်သည်။
၂။ ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊ ၃ ညီတော် တို့က၊ သင်ပြုသော အမှု တို့ကို တပည့်များ တို့သည် မြင်စေခြင်းငှါ ဤအရပ်မှ ထွက်၍ ယုဒပြည်သို့ ကြွပါ။ ၄ ကျော်စော ကိတ္တိကို အလိုရှိသော သူမည်သည်ကား၊ မထင်ရှားသော အားဖြင့် အဘယ်အမှုကို မျှ မပြုတတ်။ ဤအမှု တို့ကို သင်သည် ပြုလျှင်၊ ဤလောက၌ ကိုယ်ကို ထင်ရှားစွာ ပြပါဟု၊ ၅ မယုံကြည် သောကြောင့် ယေရှုအား ဆိုကြ၏။
သကေနေပွဲသည် တဲပွဲ ဖြစ်သည် (၀တ် ၂၃)။ ဣသရေလ လူများ နှစ်ပေါင်းလေးဆယ်တောလည်ရာတွင် ဘုရားသခင်၏ ​ကျွေးမွေး မစဦးဆောင်ခြင်းကို သတိရဘို့ ကျင်းပသောပွဲ ဖြစ်သည်။ အနှစ်တစ်ထောင်ကာလတွင် ခရစ်တော် ကဤလောကကို အုပ်ချုပ်၍ သာယာ၀ပြောမည့် အရာကိုလည်း ညွန်ပြသည်။ သခင်ဘုရား၏ ညီတော်များက သူတို့၏ အကိုကို မယုံကြည့်ခဲ့ကြသောကြောင့်၊ ကျော်စောချင်လျှင် ပွဲသို့ သွားပါဟု သရော်၍ ပျက်ရယ်ပြုကြခြင်း ဖြစ်သည်။ သူ၏ ညီတော်များမှာ၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒတို့ ဖြစ်သည် (မ ၁၃: ၅၅)။ သူ၏ ညီတော် များသည် နောက်ပိုင်း၌ သူတို့၏ အကိုကို ပြန်လည်ယုံကြည်၍ အမှုတော် ဆောင်များ ဖြစ်ကြသည်။ ယာကုပ်သည် ယေရုရှလင် မြို့အသင်းတော်၏ သင်းအုပ် ဖြစ်၍ ယာကုပ်ဩ၀ါဒစာကို ရေးသောသူ ဖြစ်သည်။ ပေါလုကသခင်ဘုရား၏ ညီတော် ယာကုပ်တွေ့ခဲ့ကြောင်း (ဂလာ ၁: ၁၉)၌ ရေးထားသည်။ ယုဒလည်း ဩ၀ါဒစာကို သူ့နာမည်နှင့် ရေးထားသည်။ ယုဒက၊ ” ယေရှုခရစ်၏ ​ကျွန် ဖြစ်သော ယာကုပ်ညီငါယုဒ” (ယုဒ၁: ၁) ဟု ရေးခဲ့သည်။ ယာကုပ် ကလည်း၊ “ဘုရားသခင်နှင့် အရှင် ယေရှုခရစ်၏ ​ကျွန်ငါယာကုပ်” (ယာ ၁: ၁) ဟု သူတို့ကို သူတို့ ယေရှုခရစ် ယ​ကျွန်ဟု ပြန်၀န်ခံ ကြသည်။
၆။ ယေရှု ကလည်း၊ ငါ့အချိန် မရောက်သေးသင်တို့ဘို့ ခပ်သိမ်းသောအချိန် သင့်လျက် ရှိ၏။
သခင်ယေရှု ကငါ့အချိန် မရောက်သေးဟုဆိုတတ်သည်။ သူသည် သတ်မှတ်ထားသော အချိန်နှင့် အလုပ်လုပ်တတ်သည်။ ​ကျွန်ပ်တို့လည်းအချိန် စောင့်တတ်ဘို့ လိုသည်။ လူပျိုအပျိုများသည်အချိန် မတန်မှားယွင်းတတ်ကြသောကြောင့် ဘ၀ပျက် ကြသည်။ အဘယ်ကြောင့်သင်တို့ အဘို့ ခပ်သိမ်းသောအချိန် သင့်လျက် ရှိသည်ဟုဆို သနည်း။ အရေးမကြီး သော၊ စိီမံကိန်းပန်းတိုင်မရှိသော သူများ အတွက်၊ စျေးသွားဘို့၊ ပွဲသွားဘို့၊ သူများ အိမ်လည်ဘို့ ဆိုလျှင်လည်း ခေါ်တိုင်း လိုက်တတ်သည်။ အကြောင်းမှာ ရည်ရွယ်ချက်မရှိသောကြောင့့် ဖြစ်သည်။
ရ။ လောကီသား တို့သည် သင်တို့ကို မမုန်းနိုင်၊ ငါ့ကို မုန်းကြ၏။ အကြောင်း မူကား၊ ငါသည် သူတို့၏ အကျင့်ဆိုးညစ်ကြောင်းကို သက်သေ ခံ၏။
အဘယ်ကြောင့် လောကီသားများက သခင်ယေရှုကို မုန်းကြသနည်း။ သူတို့၏ အကျင့်ဆိုးညစ်ကြောင်းကို သက်သေ ခံသောကြောင့် ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း လူများ၏ အပြစ်ကို ပြောလျှင် အမုန်းခံမှာ ဖြစ်သည်။ သခင်ဘုရား၏ ​ကျွန်မှန်လျှင် လူများ၏ အမုန်းကိုလည်း ခံ၍ သူတို့ကို အပြစ် နွံထဲမှဆွဲနှုတ်ဘို့ လိုသည်။
၈။ ထိုပွဲွသို့ သင်တို့ သွား ကြလော့။ ၉ ငါမသွားသေး။ ငါ့အချိန် မပြည့်စုံသေးဟု မိန့်တော်မူပြီး လျှင်၊ ဂါလိလဲပြည် မှာနေ တော်မူ၏။ ၁၀။ ညီတော်တို့ သွားပြီးမှကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွ တော်မူ၏။
သခင်ဘုရားသည် အဘယ်ကြောင့်ပွဲသို့ မသွားဟုဆိုပြီးမှပြန်သွားသနည်း။ သူ့ညီတော်များနှင့်အတူ မသွားလိုသောကြောင့့် ဖြစ်မည်။ ထို့ကြောင့် ယောဟန်က မထင်မရှားကြွ တော်မူ၏ဟု ရေးထားသည်။ သို့သော်နောက်ပိုင်းတွင် ထင်ရှားစွာ ဆုံးမဩ၀ါဒပေးကြောင်း တွေ့ရသည်။
၁၁။ ထိုပွဲ၌ ယုဒလူတို့က၊ ယေရှုသည် အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေ ကြ၏။ ၁၂ လူအ စုအဝေးတို့သည်ကိုယ်တော်ကို အကြောင်း ပြု၍ အုတ်အုတ်သဲသဲ ဖြစ်ကြ၏။ အချို့တို့က၊ သူသည် သူတော် ကောင်း ဖြစ်သည် ဟူ၍၎င်း၊ အချို့တို့က၊ သူတော် ကောင်း မဟုတ်၊ လူများကို လှည့်ဖြားသည် ဟူ၍၎င်းဆိုကြ၏။ ၁၃သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူ မျှအတည့်အလင်း မပြော၀ံ့ကြ။
လူများသည် သခင်ယေရှုကို ရှာ နေကြသည်။ သူ့ကို ကြိုက်နှစ်သက်သော သူများ ရှိသလို၊ လှည့်ဖြားသော သူဟု စွပ်စွဲသော သူများလည်း ရှိသည်။ သူပင်လျှင် ထိုသို့ စွပ်စွဲလျှင် ကျွန်ုပ်တို့လည်း မတရားသဖြင့် စွပ်စွဲမည့်သူများရှိမှာသေချာသည်။ ယုဒလူများကို ကြောက်သောကြောင့် ယေရှု အကြောင်းကို အတည့်အလင်း မပြော၀ံ့ကြဟုဆိုသည်။ ထိုသူများ ပင်လျှင် ယုဒလူများ မဟုတ်လော။ ဟုတ်ပါသည်။ သို့သော်ထိုသို့ ပြောသော သူများသည် လူနည်းစု ဖြစ်ပေလိမ့်မည်။ လူထု၏ အပြစ် တင်မှာကို စိုးရိမ် ကြသည်။
၁၄။ ထိုပွဲကို ခံစဥ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့ တက်၍ ဆုံးမဩ၀ါဒ ပေးတော်မူ၏။ ၁၅ ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲ လျက် အဘယ်သို့ တတ်ဘိ သနည်းဟုဆိုကြ၏။
ယေရှုသည် မထင်မရှားကြွသောကြောင့် အစပိုင်း၌ လူများ ကမတွေ့၍ ရှာကြခြင်း ဖြစ်သည်။ သို့သော်ယခုဗိမာန်တော်သို့ တက်၍ ဆုံးမဩ၀ါဒပေးနေပြီ။ သူသည် ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲများ ထံ၌ စာမသင်သောကြောင့် လူများ ကအံ့ဩ နေကြခြင်း ဖြစ်သည်။ သူ၏ အဖြစ်မှန်ကို သိကြပါကအံ့စရာ မလို၊ သူ့ကို ယုံကြည်၍ကိုး ကွယ်ရုံသာရှိသည်။
ယနေ့ လူများစွာ တို့လည်း သူ့ကို မသိကြသောကြောင့်၊ သူ့ကို ဂရုမစိုက်မကိုး ကွယ်ဘဲ နေကြသည်။ သင်သည် ထိုသို့ သောသူ မဟုတ်ဘို့ ဘုရားသခင်က သင်၏ မျက်စိကို ဖွင့်ပေး တော်မူ ပါစေသော်။
၁၆။ ယေရှု ကလည်း၊ ငါဟောသော ​ေဒသနာသည် ငါ၏ ​ေဒသနာ မဟုတ်။ ငါ့ကို စေလွှတ် တော်မူသော သူ၏ ​ဒေသနာ ဖြစ်၏။ ၁၇ထိုသူ၏ အလိုတော်သို့ လိုက်ချင်သော သူမည်သည်ကား၊ ဤ​ေဒသနာသည် ဘုရားသခင်၏ ​ဒေသနာတော် ဖြစ်သလော၊ ငါသည်ကိုယ်အလို အလျောက် ဟောပြောသလောဟု ပိုင်းခြား၍ သိလိမ့်မည်။ ၁၈ကိုယ်အလိုအလျောက် ဟောပြောသော သူသည် မိမိ ဘုန်းအသရေကို ရှာတတ်၏။ မိမိကို စေလွှတ် တော်မူသော သူ၏ ဘုန်းအသရေကို ရှာသော သူမူကား၊ ယုံလောက် သောသူ ဖြစ်၏။ ထိုသူ၌ မုသာမရှိ။
ယေရှု ကသူသည် ပေါက်ကယသူ့ သဘောနှင့် မဟောကြောင်း၊ သူ့ကို စေလွှတ်သော သူရှိကြောင်း ပြောပြသည်။ သူ့ကို စေလွှတ်သော သူသည် ခမည်းတော် ဘုရား ဖြစ်သည်။ ဘုရား၏ အလိုတော်ကို လိုက်ချင်သော သူကသာလျှင် ယေရှု၏ ​ေဒသနာကို နားလည်နိင်သည်။ ယနေ့ များစွာသော အမှုတော် ဆောင်များနှင့် ယုံကြည်သူများအဘယ်ကြောင့်ဘုရား၏ အလိုတော်ကို နားမလည် နိင်ကြသနည်းဟူမူကား၊ ဘုရား၏ အလိုတော်ကို မရှာဘဲကိုယ်ဆန္ဒကို သာလုပ်ချင် ကြသောကြောင့် ဖြစ်သည်။ ကိုယ်အလိုအလျောက်ဟောပြောသော သူသည် မိမိ ဘုန်းအသရေကို ရှာသောသူ ဖြစ်သည်ဟုဆိုသည်။ ​ကျွန်ုပ်တို့သည် ဘုရား ဘုန်းကို သာလျှင် ရှာကြစို့။
၁၉။ မောရှေသည် ပညတ်တရားကို သင်တို့အား ပေးသည် မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက် မျှမကျင့်။ ငါ့ကို သတ်အံ့သောငှါ အဘယ်ကြောင့်ရှာကြံကြသနည်းဟု မိန့်တော်မူ၏။
မောရှေပေးသော ပညတ်တရားကို ယုဒလူများ တယောက် ကမျှမကျင့်ကြောင်း ယေရှုအားဖြင့် သိရသည်။ အကြောင်းမှာ ပညတ်တရားသည် ဇာတိစွမ်းအားဖြင့် မကျင့်နိင်ချေ။ ယုဒလူများ ကယေရှုကို သတ်ဘို့ ရှာကြံကြောင်း ဒုတိယအကြိမ်ပြောပြန်သည် (ရ: ၁)။
၂၀။ လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူ ဖြစ်၏။ သင့်ကို သတ်အံ့သောငှါ အဘယ်သူ ရှာကြံသနည်းဟုဆိုကြ၏။
လူများ ကယေရှုသည် နတ်ဆိုးစွဲသည်ဟု စွပ်စွဲ ကြသည်။ လူများ ကနတ်ဆိုးစွဲသူဟုဆိုလျှင် သင်ခံနိင်ပါမည်လော။ ယေရှုသည် သူတို့ မျှော်လင့်စောင့်စားနေသော မေရှိယဟု သိလျှင် ထိုကဲ့သို့ လုံးပြောရဲကြမည် မဟုတ်။ မသိခြင်းသည် အလွန် ခက်လှပါတကား။ ကျွန်ုပ်တို့လည်းကိုယ် မသိသော အရာအတွက် ပြောတတ်ဆိုတတ် ကြသည်။ ထို့ကြောင့် ဘုရားသခင်က သမ္မာတရား သိစေဘို့ ဆုတောင်း ကြစို့။
၂၁။ ယေရှု ကလည်း၊ ငါပြုသော အမှု တခုကို သင်တို့ ရှိသမျှသည် အံ့ဩခြင်း ရှိကြ၏။ ၂၂ မောရှေသည် အရေဖျားလှီးခြင်း တရားကို သင်တို့အား ပေး၏။ ထိုသို့ ဆိုသော် မောရှေမှ အစစွာ ခံရသည်ဟု မဆိုလို။ ဘိုးဘေးများ မှဆက်ခံရသတည်း။ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။ ၂၃ မောရှေ၏ တရားမပြတ် စေခြင်းငှါ လူသည် ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကို ခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်ထွက်ရာ သလော။ ၂၄ မျက်နှာကို သာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။
အရေဖျားလှီးခြင်းသည် ဘုရားသခင်က အာဗြဟံထံခိုင်းသော အရာ ဖြစ်သည် (က ၁ရ)၊ မောရှေအားဖြင့် ပေးသည် မဟုတ်။ ဣသရေလ လူများသည်သား ယောက်ျားများကို ရှစ်ရက်မြောက်သော နေ့၌ အရေဖျားလှီးပေးတတ် ကြသည်။
ထိုရှစ်ရက်မြောက်နေ့သည် ဥပုသ်နေ့ ဖြစ်လျှင်လည်း အရဖျားလှီးပေးတတ် ကြသည်။ ထို့ကြောင့် သခင်ဘုရားက၊ သင်တို့သည် မောရှေ၏ တရားကို မပြတ် စေခြင်းငှါ ဥပုသ်နေ့၌ အရေဖျားလှီးတတ် ကြသည်။ သို့သော်ယေရှု ကလူနာကို ဥပုသ်နေ့၌ ကျန်းမာစေ သောအခါ အဘယ်ကြောင့်အပြစ် တင်ကြသနည်း၊ဟုဆိုခြင်း ဖြစ်သည်။
၂၅။ ထိုအခါ ယေရုရှလင် မြို့သား အချို့ကလည်း၊ ဤသူကို သတ်အံ့သောငှါ ရှာကြသည် မဟုတ်လော။ ၂၆ ကြည့်ပါ။ သူသည် ထင်ရှားစွာ ဟောပြော၍ အဘယ်မြစ်တားခြင်းကို မျှမပြုကြပါတကား။ ဤသူသည် ခရစ်တော် ဖြစ်ကြောင်းကို မင်းများ တို့သည် အမှန်သိကြသလော။ ၂၇သို့သော်လည်း ဤသူသည် အဘယ်က ဖြစ်သည်ကို ငါတို့ သကြ၏။ ခရစ်တော်သည် ကြွလာ တော်မူ သောအခါ အဘယ်က ဖြစ်တော်မူသည်ကို အဘယ်သူ မျှ မသိရဟုဆိုကြ၏။
ဣသရေလ လူများ ကယေရှုကို ခရစ်တော် အဖြစ်လက်မခံနိင်ကြချေ။ အကြောင်း ရင်းမှာသူတို့ ကြိုက်နှစ်သက်သလိုတန်ခိုးနှင့် အာဏာနှင့် ခန်းနားကြီး ကျယ်စွာ မလာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် “ဤသူသည် ယောသပ်၏သား ယေရှု ဖြစ်သည် မဟုတ်လော။ သူ၏ မိဘကို ငါတို့ သိသည် မဟုတ်လော။ ငါသည် ကောင်းကင်မှ ဆင်းသက်၏ဟု သူသည် အဘယ်သို့ ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။” (ယော ၆: ၄၂) ဟုဆိုခဲ့ပြီး ပြီ။ ယော ရ: ၄၁၌ လည်း တွေ့ရဦးမည်။ ယော ၉: ၂၉၌ လည်း “ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထား တော်မူ ကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိ” ဆို ကြသည်။ ထိုသို့ မသိနိင်ခြင်းသည် လူ့အမြင်၊ ဇာတိမျက်စိဖြင့် ကြည့်သောကြောင့် ဖြစ်သည်။ ယေရှုကို ခရစ်တော် ဖြစ်ကြောင်း မသိခြင်းသည် အလွန် ဆုံးရှုံးခြင်း ဖြစ်သည်။ တမန်တော် များ၏ အဓိကဟောပြောသော အချက်မှာ၊ “သင်တို့သည် လက်၀ါးကပ်တိုင်မှာကွပ်မျက်သော ယေရှုကို ဘုရားသခင်သည် ခရစ်တော် အရာ၌၎င်း၊ အစိုးရသော အရှင်အရာ၌၎င်းခန့်ထား တော်မူသည် အကြောင်းကို ဣသရေလ အမျိုးသား အပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။” (တမန် ၂: ၃၆)။ “ရှောလု သည်လည်းအား တိုးပွားသဖြင့် ဒမာသက်မြို့၌ နေသော ယုဒလူတို့သည် ပြောသမျှသော စကားကို ချေ၍၊ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှားစွာ ပြ၏။” (တမန် ၉: ၂၂) ပေါလုက၊ “ငါဟောပြောသော ယေရှုသည် ခရစ်တော် ဖြစ်သည် ဟူသော အကြောင်း အရာတို့ကို ရှင်းလင်းစွာ ဖွင့်ပြလေ၏။” ( တ ၁ရ: ၃)
၂၈။ ယေရှု ကလည်း၊ သင်တို့သည် ငါ့ကို သိကြ၏။ ငါသည် အဘယ်က ဖြစ်သည် ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည်ကိုယ်အလိုအလျောက်လာသည် မဟုတ်။ ငါ့ကို စေလွှတ် တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံ တော်မူ၏။ ထိုသူကို သင်တို့ မသိကြ။ ၂၉ ငါမူကား သိ၏။ အကြောင်းမူကား၊ ထိုသူ၏ အထံတော် မှငါလာ၏။ သူ သည်လည်း ငါ့ကို်စေလွှတ် တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩ၀ါဒပေး တော်မူ စဥ်တွင် ကြွေးကြော်၍ မိန့်တော်မူ လျှင်၊ ၃၀ကိုယ်တော်ကို ဘမ်းဆီးခြင်း အခွင့်ကို ရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန် မစေ့မရောက် သေးသောကြောင့် အဘယ်သူ မျှမဘမ်းမဆီးကြ။
ယေရှု ကသင်တို့သည် ငါ့ကို သိကြ၏ဟုဆိုရာတွင် လူဇာတိပိုင်းကို ဆိုလိုသည်၊ ဘုရား ဖြစ်ခြင်း ပိုင်းကို မသိကြခြင်း ဖြစ်သည်။ ယေရှု ကသူသည် သူ့ သဘောနှင့် မလာ ကြောင်း၊ သူ့ကို စေလွှတ် တော်မူသော သူတည်း ဟူသော ခမည်းတော် ဘုရားကို သူတို့ မသိကြောင်း ပြောလိုက်သည်။ အကယ်၍ ခမည်းတော်ကို သိလျှင် ယေရှု ကိုလည်း သိမှာ ဖြစ်သည်။ ထိုသို့ ပြောသော်လည်း သူ့အချိန် မရောက် သေးသောကြောင့် မဖမ်းကြသေးချေ။
၃၁။ လူအစုအဝေးထဲ၌ ပါသော သူအများ တို့သည် ယုံကြည်သည် ဖြစ်၍၊ ခရစ်တော်သည် ကြွလာ တော်မူ သောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူ မည်လောဟုဆိုကြ၏။
လူအစုအဝေးထဲ၌ ယေရှုကို ယုံကြည်သူ များလည်း ရှိကြသည်။ ထိုသို့ ယုံကြည်ခြင်း သည်လည်း နိမိတ်လက္ခဏာများ မြင်သောကြောင့် ဖြစ်ဟန်ရှိသည်။ ထို့ကြောင့် ခရစ်တော် ကြွလာ သောအခါ သာ၍များသော နိမိတ်လက္ခဏာပြမည်လောဟုဆို ကြသည်။ တပါးအမျိုးသား ဖြစ်သော ​ကျွန်ုပ်တို့ အတွက် ယေရှုနှင့် ခရစ်တော်သည်အတူ တူဟု ယုံသော်လည်း၊ သူတို့ အမြင်၌ ယေရှုသည် လူသား ဖြစ်၍ ခရစ်တော်သည် ကယ်တင်ရှင်မေရှိယ ဖြစ်သည်။ သူကို ယုံကြည်သော သူများ အနေဖြင့် ယေရှုဟု ယုံကြည်သော်လည်း ခရစ်တော် အနေနှင့် မယုံကြည် သေးကြောင်း ထင်ရှားသည်။
၃၂။ ထိုသို့ လူများ အုတ်အုတ်သဲသဲ ဖြစ်ကြသည်ကို ဖာရိရှဲတို့သည် ကြားလျှင်၊ ယဇ်ပုရောဟိတ် အကြီး တို့နှင့် တိုင်ပင်ပြီးမှကိုယ်တော်ကို ဘမ်းဆီးစေခြင်းငှါ မင်း လုလင် တို့ကို စေလွှတ်ကြ၏။
ဖာရိရှဲတို့သည် သာမန်လူထဲမှကျမ်းစာ လေ့လာ၍၊ ဘုရား၌ စိတ်အားကြီးသော သူများ ဖြစ်သည်။ ယဇ်ပုရောဟိတ််များသည် အာရုန်အနွယ်မှသာ ဖြစ်၍ ဇဒ္ဒုကဲများဟုလည်း ခေါ်တတ်သည်။ ယေရှုကို လက်ခံသူနှင့် လက်မခံ သူများ အုတ်အုတ်သဲသဲ ဖြစ်လာ သောအခါ ဖာရိရှဲတို့နှင့် ယဇ်ပုရောဟိတ် များက စိုးရိမ် လာကြသောကြောင့် သူ့ဘမ်းဘို့ လုလင်တို့ကို စေလွှတ်ကြခြင်း ဖြစ်သည်။
၃၃။ ယေရှု ကလည်း၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေပြီး လျှင်၊ ငါ့ကို စေလွှတ် တော်မူသော သူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ၃၄ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟု မိန့်တော်မူ လျှင်၊ ၃၅။ ယုဒလူတို့က၊ ငါတို့ မတွေ့စေခြင်းငှါ သူသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း။ ဟေလသ လူတို့တွင် အရပ်ရပ်သို့ ကွဲပြား လျက် နေသော သူတို့ ရှိရာသို့ သွား၍ ဟေလသလူတို့အား တရားဟောလိမ့် မည်လော။ ၃၆ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့ မရောက်နိုင်ကြ ဟူသော စကားသည် အဘယ်သို့ ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။ အဘယ်ကြောင့်ယေရှု၏ စကားကို နားမလည် နိုင်ကြသနည်းဟူမူကား၊ သူတို့ အမြင်၌ ယေရှုသည် သာမန်လူ၊ ယောသပ်နှင့် မာရိတို့၏သား ဖြစ်သောကြောင့် ဖြစ်သည်။ ယေရှု ဆိုလိုသည် မှာသူသည် မှာသူသည် မကြာမှီကောင်းကင်သို့ တက်သွားတော့မည့် အကြောင်းကို ပြောခြင်း ဖြစ်သည်။
၃ရ။ ထိုပွဲကို ခံ၍ နောက်ဆုံး ဖြစ်သော နေ့မြတ်၌ ယေရှုသည် ရပ်၍ ကြွေးကြော် တော်မူသည်ကား၊ ရေငတ်သော သူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ၃၈ ငါ့ကို ယုံကြည်သော သူသည် ကျမ်းစာ လာသည် အတိုင်း အသက် ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ၃၉ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ၀ိညာဥ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော် မမူ သေးသောကြောင့် သန့်ရှင်းသော ၀ိညာဥ်တော်ကို ပေးတော် မမူသေး။
သကေနေတည်း ဟူသော တဲပွဲသည် သတ္တမလတည်း ဟူူသော ထေးရှရေးလ (သတင်း ကွဋ္ဌတ်လ)တွင် ကျ၍ ခုနှစ်ရက် ကျင်းပတတ် ကြသည်။ ယေရှု ကရေငတ်သော သူဟုဆိုရာတွင် သောက်ရေကို ဆိုလိုသည် မဟုတ်၊ ၀ိညာဥ်အတွက် ရေ ဖြစ်သော သန့်ရှင်းသော ၀ိညာဥ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ အမှန်မှာ လူတိုင်း သန့်ရှင်းသော ၀ိညာဥ်တော်ကို ဆာငတ် ကြသည်။ သို့သော် မသိ သောအခါလောက အရာကို အလွှဲလွှဲအချော်ချော်ရှာဖွေ တတ် ကြသည်။ သင်လည်း ထိုရေတည်း ဟူသော သန့်ရှင်းသော ၀ိညာဥ်တော် လိုအပ်သည်။ သင်ရရှိပြီး ပြီလော။
၄၀။ စကားတော်ကို ကြားသော သူအများ တို့က၊ ဤသူသည် လာလတံ့သော ပရောဖက် အမှန် ဖြစ်သည်ဟုဆိုကြ၏။ ၄၁ အချို့ကလည်း၊ ဤသည်သည် ခရစ်တော် ဖြစ်သည်ဟုဆိုကြ၏။ အချို့ကလည်း၊ ခရစ်တော်သည် ဂါလိလဲပြည်သား ဖြစ်ရသလော။ ၄၂ ခရစ်တော်သည် ဒါ၀ိဒ်အမျိုး၊ ဒါ၀ိဒ်နေရာ ဌာန၊ ဗက်လင်ရွာသား ဖြစ်ရမည်ဟု ကျမ်းစာ လာသည် မဟုတ်လောဟုဆိုကြ၏။ ၄၃ ထိုသို့ လူများ တို့သည် ကွဲပြား ကြသည် ဖြစ်၍၊ အချို့တို့သည်ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ အလိုရှိကြ၏။ ၄၄သို့သော်လည်း အဘယ်သူ မျှမဘမ်းမဆီးကြ။
ယုဒလူများ ကယေရှုကို အမျိုးမျိုး ထင်မှတ် ကြသည်။ အချို့ကပရောဖက် အဖြစ်သာယုံကြည် ကြသည်။ အချို့က ခရစ်တော် အဖြစ် လက်ခံ ကြသည်။ သို့သော်မသေ ချာသောကြောင့် အချင်းချင်းငြင်းခုံ နေကြခြင်း ဖြစ်သည်။ အမှန်မှာ သူသည် ဒါ၀ိဒ်အမျိုးလည်း ဖြစ်၍ ဗက်လင်မြို့မှာလည်း မွေးဘွားခဲ့သည်။ သို့သော်သူမွေးသည့်နေရာကို မသိကြတော့ချေ။ အကြောင်းမှာ နာဇရက်မြို့၌ ကြီး ပြင်းသည်။ သူ့အချိန် မရောက် သေးသောကြောင့် မဖမ်းဆီးကြသေးချေ။
၄၅။ ထိုအခါ မင်းလုလင်တို့သည် ယဇ်ပုရောဟိတ် အကြီး၊ ဖာရိရှဲထံသို့ ပြန်၍၊ ထိုမင်းတို့က၊ အဘယ်ကြောင့်သူ့ကို မဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင်၊ ၄၆ မင်းလုလင် တို့က၊ ထိုသူဟောပြော သကဲ့သို့ အဘယ်သူ မျှမဟောစဖူးပါဟု လျှောက်ကြ၏။ ၄ ရဖာရိရှဲတို့ ကလည်း၊ သင်တို့ကို ပင်လှည့်ဖျားပြီလော။ ၄၈ မင်းများ၊ ဖာရိရှဲများ တို့တွင် သူ့ကို ယုံကြည်သော သူတစုံတယောက် မျှရှိသလော။ ၄၉ တရားကို မသိသော ဤလူမျိုးများ တို့သည် ကျိန်ခြင်းကို ခံရသောသူ ဖြစ်သည်ဟုဆိုကြ၏။
အော် မသိတတ်ကြပါတကား။ ဖာရိရှဲတို့သည် ကျမ်းတတ်ဟုဆိုသော်လည်း သူတို့၏ သခင်၊ ကယ်တင်ရှင်မေရှိယကို မယုံကြည် ကြဘဲ ဖမ်းဘို့ လုလင်များကို စေလွှတ် ကြသည်။ သူတို့ကိုယ်တိုင်မင်းများ၊ ဖာရိရှဲတိုတွင် ယေရှုကို ယုံကြည်သူ တယောက် မျှမရှိဟု နှုတ်ဖြင့် ၀န်ခံ ကြသည်။ တရားကို မသိသောကြောင့် ဤလူမျိုးသည် ကျိန်ခြင်း ခံရသည်ဟုဆို ကြသည်။ အမှန်မှာ တရားကို မသိကျိန်ခြင်း ခံသော သူတို့သည် သူတို့ သာလျှင် ဖြစ်နေသည်။ ယနေ့ အမှုတော် ဆောင်များစွာနှင့် ခရစ်ယာန် များစွာလည်း သမ္မာတရားကို မသိသောကြောင့် သူတပါးကို တရားစီရင်တတ် ကြသည်။
၅၀။ အထက်က ညဥ့်အခါ၌ အထံတော်သို့ လာသော သူတည်း ဟူသော ထိုမင်းများ အ၀င် ဖြစ်သော နိကောဒင်ကလည်း၊ ၅၁ ငါတို့ တရားသည် လူကို မစစ်၊ သူ့အမှုကို မသိမီကပင် ရှေ့မဆွက ဆုံးဖြတ်တတ် သလောဟုဆိုလျှင်၊ ၅၂ သူတို့က၊ သင်သည်လည်း ဂါလိလဲပြည်သား ဖြစ်သလော။ စစ်ဦးလော့။ ဂါလိလဲပြည်၌ အဘယ်ပရောဖက် မျှမပေါ်မထွန်းသည်ကို မှတ်လော့ဟုဆိုကြပြီးမှ၊ ၅၃ ထိုသူ အပေါင်းတို့သည် မိမိတို့ အိမ်သို့ သွားကြ၏။ နိကောဒင်ဖာရိရှဲ ဖြစ်သော်လည်း ယေရှုကို ယုံကြည်သည်။ သို့သော်ထင်ရှားစွာ သူ၏ ယုံကြည်ခြင်းကို မဖေါ်၀င့်ချေ။ ထို့ကြောင့် ယေရှု ထံသို့ ညအခါလာခဲ့သည် (ယော ၃: ၁-၆)။ ယေရှု မြှုပ်နှံရာတွင်လည်း အရိမသဲမြို့သား ယောသပ်နှင့်အတူ ပါ၀င်ခဲ့သည် (ယော ၁၉: ၃၉)။ သူကအမှု မသိဘဲ တရားမစီရင်သင့်ကြောင်း သူ့အဖေါ်များကို ပြော သောအခါ၊ ဖေါ်များ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရသည်။

[wb-pageview page=”gn022019″]