Periodical: Good News, January 2009

Home  >  Periodicals > January 2009

GN012009

JANUARY 2009
GOOD NEWS PERIODICAL

မာတိကာ

  • အမှာစာ
  • ၀တ်ပြုခြင်း ဆိုင်ရာပညတ်တော် နှင့် ယဇ်ပူဇော်ခြင်းများ
  • ကျေးဇူးတော် ချီးမွမ်းခြင်း
  • အဘယ်ကြောင့်ပျောက်ဆုံးသော ၀ိညာဉ်များ ဖမ်းဘို့ လိုသနည်း
  • သတင်းတိုထွာများ
    .

    အမှာစာ

    ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၀၉ ခုနှစ်ထဲသို့ ရောက်ကြပြီ။ နှစ်သစ်ရောက်လေတိုင်း ဤလောက ကြီးမှ ထွက်ခွါချိန်နီးလေ ဖြစ်သည်။ ယုံကြည်သူများအတွက် သခင် ခရစ်တော် ချီဆောင်ခြင်း နီးလေ ဖြစ်၍ ပို၍ ကောင်းသည်။ မယုံကြည်သူများအတွက် မူဘေးဒဏ်ကြီးကာလ နီးလာသောကြောင့် ဒုက္ခ ဆင်းရဲခြင်း ကဆည်းကြိုလျက် ရှိသည်။ အလွန် ဝမ်းနည်းစရာ ဖြစ်သည်။

    မယုံကြည်သူများအနေဖြင့်အချိန် မဖြုန်းဘဲ သခင်ယေရှုကို ခေါ်ဖိတ်လက် ခံစေချင်သည်။ သို့မှသာ ချီဆောင်ခြင်း ထဲ၌ ပါသွားမည် ဖြစ်သည်။ ယုံကြည်သူများအနေဖြင့် ချီဆောင်ခြင်း၌ ပါ သွား၍ သခင် ခရစ်တော်နှင့် တွေ့ရမည် ဖြစ်သောကြောင့် မိမိအသက်တာကို ပြန်လည်ဆင်ခြင်ဘို့ လိုအပ်သည်။ ယုံကြည်သူများလုပ်သင့်သော အရာများမှာ၊

    ၁။ အသက်တာကို သန့်ရှင်းဘို့ လိုအပ်သည်။ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ရမည်။ (၂ ကောရး၁)

    ၂။ မယုံကြည်သောသူများကို ကယ်တင်ခြင်းသို့ ပို့ဆောင်သင့်သည်။ ကိုယ်တိုင် ပြောပြခြင်းအားဖြင့် ဖြစ်စေ၊ ဆုတောင်း ပေးခြင်းဖြင့် ဖြစ်စေ၊ ကယ်တင်ခြင်း စာအုပ်များ၊ စီဒီများ၊ ဒီဗီဒီများ ပေးခြင်းအားဖြင့် ပြောပြနိင်သည်။

    ၃။ လောကအရာများကို လိုက်မရှာတော့ဘဲ ဘုရားသခင်နှင့်၎င်း၊ ယုံကြည်သူများနှင့်၎င်း၊ မိဿဟာယဖွဲ့သင့်သည်။ လူအချို့တို့၏ ထုံးစံရှိသည် အတိုင်း၊ အချင်းချင်းစည်းဝေးခြင်း အမှုကို မရှောင်လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်း နှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုး စားကြလော့။ (ဟေ ၁၀:၂၅)

    .

    ၀တ်ပြုခြင်း ဆိုင်ရာပညတ်တော် နှင့် ယဇ်ပူဇော်ခြင်းများ

    ဝတ်ပြုခြင်း ဆိုင်ရာပညတ်တော်နှင့် ယဇ်ပူဇော်ခြင်း များသည် ဘုရားသခင်ကို ကိုးကွယ်သောသူတိုင်း သိဘို့ လိုအပ်သောအရာ ဖြစ်သည်။ ဘုရားသခင်ကို ကိုးကွယ်နည်း မသိလျှင် ဘုရားသခင် အထံတော် မှကောင်းကြီး မရသည်သာမက ကျိန်ခြင်း အမင်္လာသာခံစား နိုင်သည်။ ဘုရားသခင်ကို ကိုယ်လိုချင် သလိုကိုးကွယ််၍ မရပါ။ ဘုရားသခင်၏ အလိုတော် အတိုင်းကိုးကွယ်ဘို့ လိုအပ်သည်။ ဘုရားသခင်က သူ၏ အလိုတော်များကို ကျမ်းစာထဲ၌ ရေးထားပြီး ဖြစ်သည်။ ထို့ကြောင့် ထိုဘုရားသခင်၏ အလိုတော်များကို လေ့လာရကြမည် ဖြစ်သည်။

    သင်ခန်းစာ (၁)

    ပညတ်လေးမျိုး
    ကျမ်းစာထဲ၌ ပညတ်တော် ပေါင်း၆၁၃ ပါးရှိသည်။ ထိုပညတ်တော် များသည် မောရှေရေးထားသော ပညတ္တိကျမ်းများ ဖြစ်သော။
    -ကမ္ဘာဦးကျမ်း (Genesis)
    -ထွက်မြောက်ရာကျမ်း (Exodus)
    -ဝတ်ပြုရာကျမ်း (Leveticus)
    -တောလည်ရာကျမ်း (Numbers) နှင့်
    -တရားဟောရာကျမ်း (Deuteronomy)
    များ၌ ရှိသည်။ ထိုပညတ်တော်များကို လေးပိုင်းပိုင်းနိုင်သည်။

    ၁။ ဝတ်ပြုခြင်း ဆိုင်ရာပညတ် (Ceremonial law)
    မည်သည့်ဘုရားကို မည်ကဲ့သို့ ကိုးကွယ်ရမည့် အကြောင်းများကို ဖေါ်ပြသည်။ ပညတ်တော် ဆယ်ပါးအထဲ၌ ပဌမ မှစတုတ္တပညတ်အထိ၌ ပါသော ငါမှတ ပါး အခြားသော ဘုရားကို မကိုးကွယ်ရ၊ ရုပ်တုမကိုးကွယ်ရ၊ ဘုရား နာမကို အလွှဲ မသုံးရ၊ ဥပုသ်နေ့စောင့်ပါဟူသောအရာ တို့သည် ဝတ်ပြုခြင်း ဆိုင်ရာပညတ်များ ဖြစ်သည်။

    ၂။ အုပ်ချုပ်ရေးဆိုင်ရာပညတ် (Civillaw)
    လူလူချင်းမည်ကဲ့သို့ အုပ်ချုပ်မည့် အရာများကို ဖေါ်ပြထားသော ပညတ် ဖြစ်သည်။ အုပ်ချုပ်ရေးဆိုင်ရာပညတ်တချက်ကို ဖေါ်ပြရပါက၊ လူချင်းအမှု ရှိ၍ မင်း ထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ​ဖြောင့်မတ်သောသူကို အပြစ် လွတ်စေခြင်း ငှါ၎င်း၊ ဆိုးသောသူကို အရှုံးခံစေခြင်း ငှါ၎င်းစီရင်ရမည်။ ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူကြီီးသည် ကိုယ်မျက်မှောက်၌ သူ့ကို ချ၍၊ အပြစ်နှင့် အလျောက်မည်မျှသော ဒဏ်ချက်ဖြင့် ရိုက်စေရမည်။ သို့သော်လည်း ဒဏ် ချက်လေးဆယ်ထက် မလွန်စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့်ရိုက်လျှင်၊ သင်၏ အမျိုးသားချင်း သည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိမည်ဟု စိုးရိမ်စရာ ရှိ၏။ (တရား၂၅:၁-၃)

    ၃။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပညတ် (Moral law)
    လူလူချင်းမည်ကဲ့သို့ ပေါင်းသင်းဆက်ဆံကြမည့် အကြောင်းများကို ဖေါ် ပြထားသော ပညတ် ဖြစ်သည်။ ပညတ်တော် ဆယ်ပါးအထဲ၌ ပÌမပညတ်မှဒသမ ပညတ်အထိ၌ ပါသော အောက်ပါပညတ်များသည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပညတ်များ ဖြစ်သည် “သင်၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည်အကြောင်း၊ သင်၏ မိဘကို ရိုသေစွာ ပြုလော့။ လူအသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ ကိုယ်နှင့် စပ်ဆိုင်သောသူတဘက်၌ မမှန်သော သက်သေကို မခံနှင့်။ ကိုယ်နှင့််စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သော စိတ်မရှိစေနှင့်။ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ မယား၊ သူ၏ ​ကျွန်ယောက်ျားမိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ ဥဏာတစုံတခုကိုမျှ တပ်မက်လိုချင်သော စိတ်မရှိစေနှင့်ဟု မိန့်တော်မူ၏။ (ထွက် ၂၀:၁၂ - ၁ရ)

    .

    ကျေးဇူးတော် ချီးမွမ်းခြင်း

    အဘယ့်ကြောင့်ကျေးဇူးတော် ချီးမွမ်းဘို့ လိုသနည်း။ မည်သူထံ၌ ကျေးဇူးတော် ချီးမွမ်းရမည်နည်း။ မည်ကဲ့သို့ ချီးမွမ်းရမည်နည်း။ ကျေးဇူးတော် မချီးမွမ်းလျှင် ဘာ ဖြစ်မည်နည်းစသော မေးခွန်းများကို မိတ်ဆွေ မေးဘူးပါသလား။

    ၁။ ဘုရားသခင်၏ အလိုတော် ဖြစ်သည်
    ဘုရားသခင်သည် ယုံကြည်သူများ၏ ကျေးဇူးတော် ချီးမွမ်းခြင်းကို နှစ်သက်သည်။ ရှင်ပေါလုက ဤသို့ ရေးထားသည် “အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင် အလိုတော် ရှိ၏” (၁ သက် ၅:၁၈)။

    ယေရုရှလင်မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည် စပ်ကြား၌ ရှောက်သွားတော်မူ၏။ ၁၂ ရွာတရွာသို့ ဝင်တော်မူသည် တွင်၊ နူနာစွဲသောသူတ ကျိပ်တို့သည် ခရီး ဦးကြိုပြု၍ အဝေးကရပ်လျက်၊ ၁၃ သခင်ယေရှု၊ အ​ကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။ ၁၄ ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကို်ယ်ကို ပြကြလော့ဟု မိန့်တော်မူသည် အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။ ၁၅ ထို သူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသော အသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ၁၆ ​ခြေတော် ရင်း၌ ပြပ် ဝပ်၍ ကျေးဇူးတော်ကြီး လှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သ တည်း။ ၁၇ ယေရှုကလည်း၊ တကျိပ်သော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက် ကြသည် မဟုတ်လော။ ကိုးယောက်သော သူတို့သည် အဘယ်မှာ ရှိကြသနည်း။ ၁၈ ဤ တပါးအမျိုးသားကို ထား၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူတယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊ ၁၉ သင်ထ၍ သွားလော့။ သင်၏ ယုံကြည်ခြင်းသည် သင်၏ အနာကို ငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။ (လု ၁ရး၁၁ - ၁၉)

    ဤနေရာ၌ ခရစ်တော်သည် ရှမာရိအမျိုးသား၏ ကျေးဇူးတော် ချီးမွမ်းခြင်းကို အားရကျေနပ် ကြောင်းနှင့် ကျန်သောကိုးယောက်တို့၏ ကျေးဇူး မသိတတ်ခြင်းကိုအား မရကြောင်း တွေ့ရသည်။ ကျေးဇူးတော် ချီးမွမ်းခြင်းကြောင့် ကျန်းမာခြင်းသို့ ရောက်သည် မဟုတ်သော်လည်း ကျေးဇူးတော် ချီးမွမ်းတတ်ဘို့ လိုအပ်သည်။

    ၂။ ဘုရားသခင်၏ ဘုန်းကို ထင်ရှားစေသည်
    ဘုရားသခင် ကိုယ်တော်တိုင်က ဤသို့ ဆိုသည် “ကျေးဇူးချီးမွမ်းခြင်း ယဇ်ကို ပူဇော်သောသူသည် ငါ၏ ဘုန်းကို ထင်ရှားစေသောသူ ဖြစ်၏၊၊ မိမိသွားသောလမ်းကို ဆင််ခြင်သောသူအားလည်း ကယ်တင်တော်မူခြင်း ကျေးဇူးကို ငါပြ မည်ဟု ဘုရားသခင် မိန့်တော်မူ၏”   (ဆာ ၅၀:၂၃) ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းခြင်းအားဖြင့် ဘုရား၏ ဘုန်းကို ထင်ရှားစေသည်။ လူလူချင်းပင်လျှင် ချီးမွမ်း ကြလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ၍ ချီးမွမ်းသင့်သည်။

    ၃။ ဘုရား သားသမီး များ၏ တာဝန် ဖြစ်သည်
    ဆာလံကျမ်းကို ရေးသောသူသည် ဘုရားသခင်၏ ကျေးဇူးကို သိသောကြောင့် သူ့ကိုယ်သူ ဤသို့ တိုက်တွန်း သတိပေးသည် “အိုငါ့ ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ငါ၏ အထဲမှာရှိသမျှတို့၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီး ပေးကြလော့။ အိုငါ့ ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့နှင့်။ သင်၏ အပြစ် အလုံးစုံတို့ကို ​ဖြေလွှတ်၍ သင်၏ အနာရောဂါရှိသမျှတို့ ကိုလည်း ပျောက်စေတော်မူ၏။ သင်၏ အသက်ကို ဖျက်ဆီးခြင်း ထဲကရွေး၍ ကျေးဇူူူးတော် ကရုဏာတော် များနှင့် သင်၏ ခေါင်းကို ပတ်ရစ်တော်မူ၏။ သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့် ရဲစေတော်မူ သဖြင့်၊ သင်၏ အရွယ်သည် ရွှေလင်းယုန်၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏” (ဆာ ၁၀၃:၁ - ၅)

    သူတပါး၏ တိုက်တွန်းခြင်းကို မလိုချင်လျှင် ဆာလံဆရာကဲ့သို့ကိုယ့်ကိုယ်ကို တိုက်တွန်းပါ။ ဘုရားသခင်၏ ကျေးဇူးမြောက်များ လှသောကြောင့် ထိုကျေးဇူးတော်များကို အမြဲသတိရချီးမွမ်းသင့်သည်။
    ရှေ့လ ဆက်ရန်

    .

    အဘယ်ကြောင့်ပျောက်ဆုံးသော ၀ိညာဉ်များ ဖမ်းဘို့လိုသနည်း

    ဘုရားသခင်၏ အလိုတော်
    ဘုရားသခင်က လူကို ဖန်ဆင်းသောအခါ သူနှင့် မိဿဟာယဖွဲ့ဘို့ရန် ဖြစ်သည်။ ကောင်းကင်၌ ကောင်းကင်တမန် များရှိသော်လည်း မြေကြီး ပေါ်၌ လူသားများကို ဖန်ဆင်းသည်။ သူဖန်ဆင်းခဲ့သော အာဒံဧဝတို့နှင့် မိဿဟာယဖွဲ့ခြင်းသည် ဘုရားသခင် အတွက် အလွန် ပျော်ရွှင်ခဲ့ပေလိမ့်မည်။ မိဘများက ခလေးရသောအခါ ကဲ့သို့ ဖြစ်လိမ့်မည်။ ဖန်ဆင်းစ၌ အာဒံနှင့် ဧဝတို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပတ်ရစ်သောကြောင့် အဝတ်အစားပင်သုံးစရာ မလိုပေ။ အပြစ်လည်း မရှိသောကြောင့် ရှက်ကြောက်ခြင်းလည်း မရှိခဲ့ချေ။ ဘုရားသခင် နှင့်လည်း အလိုရှိသလို စကား ပြောဆို နိင်ခဲ့သည်။ သူတို့ကို ဖျက်ဆီးမည့် တိရစ္ဆာန်မှစ၍ ရောဂါ ပိုးများလည်း မရှိ။ အလုပ်လုပ်စရာ မလိုဘဲ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် အသက်ရှင်ခဲ့ ကြသည်။ ခလေး ကဲ့သို့ အပူအပင်ကင်းမဲ့စွာ အသက်ရှင်ခဲ့ ကြသည်။ ယခု​ကျွန်ပ်တို့ သိရှိခံစားသော ဒုက္ခ ဆင်းရဲခြင်း၊ ပူပန်သော ကရောက်ခြင်းများ မသိခဲ့ကြချေ။

    အပြစ်သား ဖြစ်သွားခြင်း
    သို့သော် စာတန်၏ လှည့်ဖျားမှုကြောင့် ဘုရားသခင််တားမြစ်သော ကောင်းမကောင်း သိ​ကျွမ်းရာအပင်၏ အသီးကို စားခဲ့ကြရာမှအပြစ်သား ဖြစ်သွား ကြသည်။ ဘုရားသခင်ကြိုတင် ပြောပြသည့်အတိုင်း ဝိညာဉ် ဖက်၌ သေသွား ကြသည်။ ( ဝိညာဉ်သည် တကယ် မသေနိင်ချေ။ သေခဲ့သော်ငရဲ၌ ခံစားချက် ရှိမည် မဟုတ်) ဝိညာဉ်ပိုင်းသေခြင်း ဆိုသည်မှာ ဘုရားသခင်နှင့် အဆက်အသွယ်ပျက်ခြင်း ဖြစ်သည်။ ယခင်ကဲ့သို့ ဘုရားသခင်နှင့် မိဿဟာယမဖွဲ့နိင်တော့ချေ။ သူတို့၏ ကိုယ်ခန္ဓာလည်း သေဘို့ ဖြစ်လာ၍ မသေခင်မှာဒုက္ခ မျိုးစုံနှင့် အနာရောဂါမျိုးစုံခံစားဘို့ လိုလာသည်။ ယခု​ကျွန်ပ်တို့ ခံစား သမျှသည် အပြစ်ကြောင့် ဖြစ်သည်။

    ဘုရားသခင်၏ ချစ်ခြင်း မေတ္တာ
    ဘုရားသခင် အတွက် လူသည် အိမ်သာတွင်း ထဲ၌ ကျရောက်သွားခြင်းနှင့် တူပေမည်။ ယူကြုံးမရ ဖြစ်ပေမည်။ အပြစ်နှင့် ညစ်ညူး၍ သေဘို့ သာရှိသည်။ ကိုယ့် သားသမီး အိမ်သာတွင်း ထဲ၌ ကျသွားသည် ရှိသော်မကယ်မည့်သူ ရှိမည်လော။ ဘာ ဖြစ်လို့ငါ့စကားကို နားမထောင်သလဲသေတာကောင်းတယ်ဟူ၍ ပြောမည်လော။ မဆိုင်သောသူများ အနေနှင့်၊ တအား ဆော့တာကိုး အဲသလိုခံတာဘဲ ကောင်းပါ တယ်၊ ဟုပြောကောင်းပြောမည်။ သို့သော် မိဘများ အနေဖြင့် နှစ်ခါမစဉ်းစားဘဲ ချက်ခြင်း ကယ်နှုတ်မည် မဟုတ်လော။ ထို့နည်းတူ ဘုရားသခင်ကလည်း သူဖန် ဆင်းထားသော လူသားများကို အလွန် ချစ်မြတ်နိုးသောကြောင့် ကယ်တင်လိုက်သည်။

    ကြီးမားသော အလုပ်
    ဘုရားသခင်က လူသားများကို ကယ်တင်သောအခါ လူ့အထင်အတိုင်း အလွယ်တကူနှင့် ကယ်တင်သည် မဟုတ်။ အပြစ်၏ အခကား သေခြင်း ဖြစ်သည့် အတိုင်း လူသည် အပြစ်ကြောင့် ကိုယ်ခန္ဓာအားဖြင့်၎င်း၊ ဝိညာဉ် အားဖြင့်၎င်းသေဘို့ လိုသည်။ ဘုရားသခင်သည် တရားသော တရားသူကြီး ဖြစ်သော ကြာင့်အ ပြစ်ကို တရားမစီရင်ဘဲ ခွင့်လွှတ်နိင်ခြင်း မရှိ။ ထို့ကြောင့် လူကို ကယ်တင်ဘို့ရန် သားတော် ယေရှုခရစ် တော်ကို ဤကမ္ဘာတည်မရှိမီကပင်ခွဲခန့်မှတ်သား ခဲ့သည် (၁ ပေ ၁:၂၀)။ သို့သော် သားတော်ကိုး မ စေလွှတ်ဘဲ လူအပိုင်း၌ နှစ်ပေါင်း များစွာ ကုန်လွန် စေခဲ့သည်။ ( ဘုရားသခင် အတွက် မူခဏသာ ဖြစ်သည်)

    ကယ်တင်ခြင်း လုပ်ငန်း ပြီးစီးခြင်း
    ဘုရားသခင်၏အချိန် ကျရောက်သောအခါ တပါးတည်းသော သားတော် ယေရှုကို ဤလောကသို့ စေလွှတ်၍ ကယ်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်စေသည်။ လူ၏ အပြစ်သည် တရားမစီရင်ဘဲ မရ။ အပြစ်၏ အခသည် သေခြင်း ဖြစ်သောကြောင့် (ရော ၆:၂၃) သခင်ယေရှုခရစ်သည် သေဘို့ လိုလာသည်။ လူသား အားလုံး ၏ အပြစ်ကို ရားသခင်သည် သားတော် အပေါ်၌ တင်လိုက်သည် (ဟေရှာ ၅၃:၆)။ သားတော်သည် ဤလောက၏ အပြစ်များကို ယူတင်ဆောင်ရွက်လေ၏ (ယော ၁:၂၉)။

    ယေရှုခရစ်သည် ခမည်းတော်၏ အမိန့်တော် အတိုင်း လူသား အားလုံး ကိုယ်စားပြစ်ဒဏ်သေခြင်းကို လက်ဝါးကပ်တိုင်ပေါ်၌ သေခြင်းဖြင့် ခံခဲ့ရသည် (၁ ကော ၁၅:၃)။ သင်္ဂြိုလ်ခြင်းကို ခံပြီး နောက်ရပြန်ထမြောက်၍ ကောင်းကင်သို့ တက် ကာအဘ ခမည်းတော် ရှေ့၌ လူသားများအားလုံး အတွက် ပြစ်ဒဏ်သေခြင်းကို ခံပြီး ပြီဟု အသွေးတော်ကို ပြခဲ့သည် (ဟေ ၉:၁၁ - ၁၂)။ ခမည်းတော်သည် သားတော်၏ ပြစ်ဒဏ်ခံခြင်းကို အားရကျေနပ် ခဲ့ပြီ။ ထို့ကြောင့် လူသားများသည် သူတို့၏ အပြစ်များအတွက် အသေခံစရာ မလိုတော့ဘဲ အပြစ် လွှတ်ခဲ့ပြီ။

    .

    သတင်းတိုထွာများ


    2008 Christmas Celebration

    GBC Rockville, Maryland အသင်းတော်၏ 2008 NewYear Eve ကို Jessup မြို့ Deacon and Mrs. Albert Pau Za Lian တို့နေအိမ်၌ ကျင်းပကြပါသည်။
    ဆရာ မောဇက်ထောင်ကျုံး သည် Battle Creek GBC သို့ 27-30 December 2008 တွင် ကြည့်ရှုခွန်အားပေးခဲ့ပါသည်။

    ဆရာ မောဇက်ထောင်ကျုံး သည် Syracuse GBC 3-5 သို့ January 2009 တွင် သွားရောက်လည်ပတ်ပြီး ကျမ်းစာသင်တန်း ပြုလုပ်ခဲ့ပါသည်။ ယုံကြည်သူ (၅) ဦး နှစ်ခြင်းခံခဲ့ကြောင်း သိရှိရသည်။