Commentary: Peter

Home   >   Bookstore    >  Peter

Peter-commentary

ပေတရုဩဝါဒစာ

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

COMMENTARY OF EPISTLE OF PETER
Copyright 2016-2024 © Moses R. Cung

.

မာတိကာ

.

^

၁ ပေ ၁

၁-၂။ ယေရှုခရစ်၏ တမန်တော် ပေတရုသည်၊ နားထောင်ခြင်း ကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖြန်းခြင်း ကျေးဇူးကို ခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ ရောက်၍၊ ခမည်းတော်ဘုရားသခင်၏ အနာဂတံသ ဥာဏ်တော် အတိုင်းရွေးကောက်တော်မူသောသူ တည်းဟူသော ပုန္တုပြည်၊ ဂလာတိ ပြည်၊ ကပ္ပ ဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည် အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသော။

တမန်တော် ပေတရုက ပုန္တုပြည်၊ ဂလာတိ ပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ် တို့၌ ကွဲပြားသော ဧည့်သည် အာဂန္တုတို့ကို ရေးသောစာ ဖြစ်သည်။ ထိုပြည်များ၌ ရှိ အသင်းတော် များနှင့် ယုံကြည်သူများ ထံရေးသောစာ ဖြစ်သည်။ ထိုသူများသည် အဘယ်ကြောင့်ဧည့်သည် အာဂန္တုဟု ခေါ်သနည်း။ အကြောင်းမှာ ဤလောကသည် ခရီး သွားသော နေရာ ဖြစ်၍ ထာဝရ နေမည့် နေရာ မဟုတ်သောကြောင့် ဖြစ်သည်။ ထိုယုံ ကြည် သူများသည် ဘုရားသခင်၏ အနာဂတံသ ဥာဏ်တော်အားဖြင့် ရွေးကောက်သည် ဟုဆိုသည်။ ထိုအရာသည် အဘယ်အရာနည်း။ အနာဂတံသဥာဏ်ဆိုသည်မှာ အနာဂတ်မှာ ဖြစ်မည့် အရာကို သိသော ဥာဏ်ကို ဆိုလိုခြင်း ဖြစ်သည်။ ယုံကြည်သူများ၌ ဖြစ်ပျက်မည့် အရာကို ဘုရားသခင်သည် ကြိုတင် သိထားနှင့်သည်။ ယုံကြည်သူများသည် ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ ရောက််၍ နားထောင်ခြင်း၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖြန်းခြင်း ကျေးဇူးများ ခံစားရသည် ဟုဆိုသည်။

၃၊ အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း အကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့် အညီ ငါတို့ကို တဖန် ဖြစ်ဘွားစေတော်မူသော၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္လာရှိတော်မူ စေသတည်း။

အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း -လူသည် သေရမည်ဆိုလျှင် မြော်လင့်ခြင်း မရှိ၊ စိတ် ပျက်ရသည်။ အသက်ရှင်မည်ဆိုလျှင် မြော်လင့်ခြင်းရှိ၍ အားရှိသည်။ ထိုမြော်လင့်ခြင်းကို ဘုရားသခင်က ပေးတော်မူသည် ဟုဆိုသည်။

ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော် - ယုံကြည်သူများ၏ ရရှိ မည့် အမွေတော်သည် ဝိညာဉ်ပိုင်းဆိုင်ရာ ဖြစ်၍ လောကအရာများ ကဲ့သို့ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုး နွမ်းခြင်း မရှိ။ သို့သော် ထိုအမွေတော် ရမည့်သူ များသည် ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်း ဖြစ်တတ်သော ဤလောကအရာများကို အလွန် လိုချင် တောင့်တ၍ အသေအလဲရှာတတ်ကြသည်။ ယခုမှစ၍ ဤလောကအရာများထက် ထိုအမွေတော်ကို လိုချင်၍ မြော်လင့်တောင့်တရှာဖွေ ကြပါစို့။

ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့် အညီ ငါတို့ကို တဖန် ဖြစ်ဘွားစေတော်မူသော-ဖြစ်ဘွားစေတော်မူသော ဟူသောအရာသည် Born again ဒုတိယ မွေးဘွားခြင်းကို ဆိုလိုသည်။ ဘုရားသခင်က ငါတို့ကို ယေရှုခရစ် သေခြင်းမှ ထမြောက် စေခြင်းအားဖြင့် မွေးဘွားစေသည်။ ထိုကြောင့် ဒုတိယ မွေးဘွားဘို့ရန် လူ့အပိုင်းမှမတတ်နိုင်၊ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သ တည်း(ယော ၁:၁၃)။ အဘယ်ကြောင့်ငါတို့ကို ဘွားစေသနည်းဟူမူကား ကြီးစွာသော ဂရုဏာတော်ကြောင့် ဖြစ်သည်။ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္လာရှိတော်မူ စေသတည်း။ အာမင်။

၄-၅။ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသော ကာလ၌ ထင်ရှားစေခြင်းငှါ ပြင််ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့ အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက် ရှိသော အမွေတည်း။

အထက်က ပြောထားသော အမွေတော်သည် နောက်ဆုံးသောကာလ မှာထင်ရှားမည် ဟုဆိုသည်။ ထိုအမွေတော်သည် ကယ်တင်ခြင်းသို့ ရောက်သောသူများအတွက် ဖြစ်၍ ယုံကြည်ခြင်းအားဖြင့် ရရှိမည့် အရာ ဖြစ်သည်။ ထိုအမွေတော်သည် ဘုရားသခင်က စောင့်ရှောက်သောကြောင့် မပျောက်ပျက်နိင်၊ ကောင်းကင်ဘုံ၌ သို ထားသည်။ ထိုအရာကို ရရှိမည်ဟု မြော်လင့်လျက် အသက်ရှင်ကြကုန်အံ့။

၆-ရ။ အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်ဆီးတတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း အရာသည် သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်တော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်း အာနုဘော်အလိုငှါ ဖြစ်မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့် ရှက်ခြင်းကို ခံရသော အကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက် ဆို ခဲ့ပြီးသော ကျေးဇူးတော်ကို ထောက်၍ ရွှင်လန်းသော စိတ်ရှိကြ၏။

ရွှေသည် စစ်မစစ်ကို မီးအားဖြင့် အရည်ကျို၍ စုံစမ်းရသည်။ သို့သော် ယုံကြည်သူများ၌ ရွှေထက် အလွန် တန်ဘိုးရှိသောအရာ ရှိသည်။ ထိုအရာသည် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ ယုံကြည်ခြင်းသည် စစ်မ စစ်ကို အထူးထူး အပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းဖြင့် စစ်ဆေးရသည်။ စစ်မှန်သော ယုံကြည်သူများသည် စစ် ကြောစုံစမ်းခြင်း ခံရသော်လည်း ယေရှုခရစ် ရောက် လာသောအခါ ချီးမွမ်းခြင်း ဂုဏ်ပြုခြင်း၊ ဘုန်း အာနုဘော် များခံရမည် ဖြစ်ကြောင်း ပြောထားသည်။ ထိုကြောင့် စုံစမ်း နှောင့်ရှက်ခြင်း ခံသောအခါ စိတ်မပျက်ရ။ ထိုသို့ သိသောသူများ အနေဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ကြိုဆိုရမည် ဖြစ်သည်။ အကြောင်းမှာ ထိုသို့ ခံမှသာလျှင်ချီးမွမ်းခြင်း ဂုဏ်ပြုခြင်း ခံရမည် ဖြစ်သည်။ စာကြိုးစား သူသည် စာမေးပွဲ ပြုလုပ်မည့် အရာကို ကြိုဆိုသည်။ အကြောင်းမှာ စာမေးပွဲအောင်မှ သူ၏ အရည်အချင်းပေါ်လွင်မည် ဖြစ်သည်၊ စာမ ကြိုးစားသောသူမူကား စာမေးပွဲကို ကြောက်သည်၊ မုန်းသည်။

၈။ ထိုသခင်ကို သင်တို့သည် မမြင်ဘူးသော်လည် ချစ်ကြ၏။ ယခုမှာလဲ မမြင်ဘဲလျက် ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍ မမှီနိုင်သော ရွှင်လန်းခြင်း စိတ်နှင့် ဝမ်းမြောက် ကြသည် ဖြစ်၍၊

တမန်တော်များသည် သခင်ယေရှုနှင့်အတူ သွားလာကြသောကြောင့် မင်္လာရှိ ကြသည်။ သခင်ယေရှုလောက၌ သွားလာစဉ် သူ့ကို ထိတွေ့သောသူများသည် ကံကောင်းသည်ဟု ထင်ကြမည်။ သို့သော် သခင်ယေရှုက သောမထံတွင် -သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသော သူတို့သည် မင်္လာရှိကြ၏ဟု မိန့်တော်မူ၏။ (ယော ၂၀:၂၉)ဟု တွေ့ရသည်။ ထိုကြောင့် သခင်ယေရှုကို မမြင်ဘဲ ယုံကြည်ခြင်းသည် မင်္လာရှိသည်။ စစ်မှန်သော ယုံကြည်သူများသည် သခင်ယေရှုကို မမြင်ဘူးသော်လည်း ချစ် ကြသည်။ ထိုမျှသာမက ဝမ်းမြောက်ရွှင်လန်းသော စိတ်ရှိ ကြသည်။ အကြောင်းမှာ ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် သူလုပ်ပေးသော အရာများကို စဉ်းစားသောအခါ အလွန် ဝမ်းမြောက်သည်။

၉။ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်း တည်းဟူသော ယုံကြည်ခြင်း၏ အကျိုးကို ခံရကြ၏။

လူသည် ကိုယ်ခန္ဓာပိုင်း အကျိုးရမှ ကျေနပ် ဝမ်းမြောက် တတ်ကြသည်။ အမှန်မှာ ကိုယ်ခန္ဓာပိုင်းထက် စိတ်ဝိညာဉ်ပိုင်းအကျိုးသည် အလွန် ထူးမြတ်သည်။ အကြောင်းမှာ ကိုယ်ခန္ဓာ အကျိုးသည် ခဏသာတည်၌ စိတ်၀ိညာဉ်ပိုင်း အကျိုးသည် ထာဝရ တည်သည်။ ယုံကြည်သူများသည် စိတ်ဝိညာဉ်ပိုင်း ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ရကြသည်။ ထိုအရာကို ဝိညာဉ် မျက်စိကမ်းသောသူများက မလိုချင် ကြချေ။

၁၀။ ထိုကယ်တင်ခြင်း အကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြပြီ။

ယခု ယုံကြည်သူများခံစားရသော ကယ်တင်ခြင်း အကြောင်းကို ဓမ္မဟောင်းကာလ ပရောဖက်များကကြို တင်ဟောပြောခဲ့ကြပြီ။ သို့သော် သူတို့ကိုယ်တိုင်အကုန်အစင် နားမလည် သောကြောင့် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ ကြသည် ဟုဆိုသည်။

၁၁။ ခရစ်တော် ခံတော်မူ ရသော ဆင်းရဲကို၎င်း၊ ဆင်းရဲ ခံပြီးမှ ဝင်စားတော်မူ ရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့ အထဲ၌ ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန် ကာလကို၎င်း ဆိုလိုတော်မူသည်ဟု မေးမြန်ရှာဖွေ ကြ၏။

ခရစ်တော်သည် ဓမ္မဟောင်းကာလ၌ ဝိညာဉ်အားဖြင့် ပရောဖက်များအထဲမှသူခံရမည့် ဒုက္ခ ဆင်းရဲကို၎င်း၊ ဆင်းရဲ ခံပြီးမှ ဝင်စားတော်မူ ရသော ဘုန်းစည်းစိမ်ကို၎င်းဟောပြောခဲ့ပြီ။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်ပြီးသောအခါ ဧမောက်မြို့သို့ သွားသော တပည့်တော် နှစ်ယောက်ထံ၌ သူခံရမည့် အရာနှင့် ထမြောက် မည့် အရာများကို ရှင်းပြခဲ့သည်။ ထိုသူနှစ်ယောက်တို့သည် ခရစ်တော် ရှင်ပြန်ထမြောက် သည့်အရာကို အံ့ဩ နေကြသည်ကို သိသောအခါ ကိုယ်တော်ကလည်း၊ ပရောဖက် ဟောပြောသော စကားများကို ယုံနိုင်အောင် ဥာဏ်မရှိ၊ စိတ်ခိုင်မာသော သူတို့၊ ခရစ်တော်သည် ဤသို့ ပင်အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည် မဟုတ်လောဟု မိန့်တော်မူ၏။ ထိုအခါ မောရှေ၏ ကျမ်းစာ မှစ၍ ပရောဖက် တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကို ရည်မှတ်၍ ရေးထား သမျှသော ကျမ်းစာ ချက် အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။ (လု ၂၄:၂၅-၂ရ)။

၁၂။ ကိုယ်ဟောပြောပြုစုသော အရာများ တို့သည်၊ ကိုယ်အဘို့ မဟုတ်၊ သင်တို့ အဘို့ ဖြစ်သည်ဟု ထို သူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော် ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသော သူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ၊ ထိုအရာတို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာ စိတ်ရှိကြ၏။

ကိုယ်ဟောပြောပြုစုသော အရာများ တို့သည်၊ ကိုယ်အဘို့ မဟုတ်၊ သင်တို့ အဘို့ ဖြစ်သည်ဟု ထို သူတို့အား ဖွင့်ပြတော်မူ၏။ သခင်ယေရှု ဟောပြောသော အရာများသည်သူကိုယ်တိုင်အဘို့ မဟုတ် ယုံကြည်သူများအဘို့ ဖြစ်သည် ဟုဆိုသည်။

ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော် ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသော သူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ-ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော် ပါလျက် ဧဝံဂေလိတရားကို ဟောပြောသော သူတို့သည် ပေတရုအပါအဝင် တမန်တော်များ၊ ဆရာများကို ဆိုလိုသည်။

          ထိုအရာတို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာစိတ်ရှိကြ၏- ထိုအ ရာဆိုသည်မှာ ထိုဧဝံဂေလိတရားကို ဆိုလိုသည်။ ထိုဧဝံဂေလိတရားသည် ဘုရားသခင်က လူများကို ကယ်တင်ခြင်း တရား ဖြစ်သည်။ ထိုအရာကို ကောင်းကင်တမန် များ အလွန် စိတ်ဝင်စားသည် ဟုဆိုသည်။ လူများ ကယ်တင်ခြင်းသို့ ရောက်ခြင်းကို ကောင်းကင်တမန် များ အလွန် အားရဝမ်းမြောက်ကြောင်း ခရစ်တော်က ဤသို့ ပြောခဲ့ဘူးသည်-ဘုရားသခင်၏ ကောင်းကင်တမန် တို့သည် နောင်တရသော လူဆိုးတယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။ (လု ၁၅:၁၀)။ သို့သော် လူသားများက ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် စိတ်မဝင်စားခြင်းသည် အလွန် ဝမ်းနည်းစရာ ဖြစ်သည်။

၁၃။ သို့ဖြစ်၍၊ သင်တို့ စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ ရောက်လတံ့သော ဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။

           သင်တို့ စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့-ခါးပန်းစည်းဆိုသည်မှာ ခါးပတ်ကို တင်းနေအောင် စည်းထားခြင်း ဖြစ်သည်။ စိတ်နှလုံးခါးပန်းစည်းခြင်းသည် သမ္မာသတိရှိခြင်းကို ဆိုလိုသည်။

          ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကိုအဆုံးတိုင်အောင်မြော်လင့်ကြလော့-ကျမ်းစာက ယုံကြည်သူများကို ချီဆောင်ပြီးမှလူတိုင်း မိမိတို့လုပ်ဆောင်သည့်အတိုင်းဆုပေးမည်ဟု နေရာတော်တော်များများ၌ ဂတိပေးထားသည်။ လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက်၊ ကောင်းကင်တမန်အခြံအရံတို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါလူအသီးအသီးကျင့်သော အကျင့်နှင့်အလျောက်အကျိုးအပြစ်ကိုဆပ်ပေးတော်မူလတံ့။ (မ ၁၆:၂ရ) ဘုရားသခင်သည်လူအသီးသီးတို့အားမိမိတို့အကျင့်နှင့်အလျောက်အကျိုးအပြစ်ကိုဆပ်ပေးတော်မူ လတံ့။ (ရော ၂:၆) ငါတို့ရှိသမျှသည်ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကိုအသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။ (၂ ကော ၅:၁၀)။ ဤတရားစီရင်ခြင်းသည် ကယ်တင်ခြင်းသို့ ရောက်ပြီး‌သောသူများဖြစ်၍ဆုနှင့်သာဆိုင်သည်။ ကောင်းကင်တက်ခွင့်ရှိ၊ မရှိအတွက်မဟုတ်။ ယုံကြည်သူများအနေဖြင့်ထိုအရာကိုမြော်လင့်ရမည်။ သို့သော်ဝမ်းနည်းဘွယ်ကောင်းသည်မှာ ထိုနေ့နှင့်ထိုဆုရမည့်အရာထက်လောက၌ ရရှိမည့်မမြဲသောလောကီစည်းစိမ်များကိုသာလျှင် မြော်လင့်ကြသည်။

၁၄။ အထက်ကသင်တို့သည် မှောင်မိုက်ထဲမှာကျင့်သောတပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သောသူငယ်ကဲ့သို့ဖြစ်၍၊

                အထက်ကသင်တို့သည်မှောင်မိုက်ထဲမှာကျင့်သောတပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ-အထက်ကဟုဆိုခြင်းသည် ယခင်ကဟုဆိုလိုခြင်းဖြစ်သည်။ ယုံကြည်သူများသည် မယုံကြည်ခင်၌ မှောင်မိုက်ထဲမှာရှိ၍ ကိုယ်ကာယတပ်မက်ခြင်းအတိုင်း ကျင့်နေကြသည်။ သို့သော်အလင်းသို့ရောက်သွားသောနောက် ထိုမှောင်မိုက်အကျင့်များမကျင့်မည့်အကြောင်းကို တမန်တော်ကြီးကသတိပေးခြင်းဖြစ်သည်။

နားထောင် တတ်သောသူငယ်ကဲ့သို့ဖြစ်၍ -သူငယ်များသည် လူကြီးစကားကိုနားထောင် တတ်သကဲ့သို့ ယုံကြည်သူများလည်း ဘုရားစကားကိုနားထောင်ရမည်။

၁၅။ သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှ တို့၌ သန့်ရှင်းခြင်းရှိကြလော့။

ယုံကြည်သူများကိုခေါ်တော်မူသောသူသည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းသောကြောင့် ယုံကြည်သူများလည်း ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းဘို့လိုသည်။ ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်က-ငါသည်သင်တို့ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်းကိုယ်ကိုကိုယ်သန့်ရှင်စေ၍ သန့်ရှင်းခြင်းရှိရကြမည်။ မြေပေါ်မှာတွားတတ်သောတိရစ္ဆာန် တစုံတခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုကိုယ် မညစ်ညူးစေရကြ။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကိုအဲဂုတ္တုပြည်မှ ကယ်နူတ်သောထာဝရဘုရားဖြစ်၏။ ငါသည်သန့်ရှင်းသောကြောင့်၊ သင်တို့သည်သန့်ရှင်းခြင်းရှိရကြမည်။ (ဝတ်ပြု ၁၁:၄၄-၄၅) ဤနေရာ၌ အစားအသောက်အားဖြင့် သန့်ရှင်းမည့်အရာကိုပြောခြင်းဖြစ်သည်။ ခွာမကွဲစားမြုပ်မပြန်သောအသားများသည် မသန့်ရှင်းသောကြောင့် မစားရဟုဆိုသည်။

တဖန်မောရှေအားထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။ (ဝတ်ပြု ၁၉:၁) အထက်ပါ သန့်ရှင်းခြင်းသည် အခန်း ၁၈ မှအဆက်ဖြစ်သည်။ အခန်း ၁၈ ၌ ယောက်ျားမိန်းမဆက်ဆံခြင်း၊ တိရစ္ဆာန်နှင့်မှားယွင်းခြင်း၊ လိင်တူဆက်ဆံခြင်းတို့သည် ညစ်ညူးသည်ဟုဆိုသည်။ ထိုကြောင့်လိင်ဆက်ဆံခြင်း၌သန့်ရှင်းခြင်းရှိရမည်ဟုဆိုလိုခြင်းဖြစ်သည်။

        သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည်ကိုယ်ကိုသန့်ရှင်းစေ၍၊ သန့်ရှင်းခြင်းရှိကြလော့။ ၈ ငါနည်းနိဿယတို့ကိုကျင့်ဆောင်ရကြမည်။ ငါသည်သင်တို့ကိုသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။ (ဝတ်ပြု ၂၀:ရ- ၈) ဤနေရာ၌ အခြားဘုရားများကို ကိုးကွယ်ခြင်းသည် ဘုရားသခင်အမြင်၌ ညစ်ညူးခြင်းရှိသည်ဟုဆိုသည်။ ထိုကြောင့်အခြားဘုရားများအားဖြင့်ကိုယ့်ကိုယ်ကိုမညစ်ညူးစေရ။

၁၆။ အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့်သင်တို့သည်လည်၊ သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း။

အထက်၌ဖေါ်ပြထားသည့်အတိုင်း ဣသရေလလူများထံ ဘုရားသခင်က အစားအ သောက်၌ဖြစ်စေ၊ လိင်ဆက်ဆံခြင်း၌ဖြစ်စေ၊ ဘုရားကိုးကွယ်ခြင်း၌ဖြစ်စေ၊ သန့်ရှင်းစေသည်။ ဘုရားသခင်က သူ၏လူများသည် ညစ်ညူးခြင်းမရှိ၊ သန့်သန့်ရှင်းရှင်း ဖြစ်စေလိုသည်။ ထိုကြောင့်ယုံကြည်သူတိုင်း၊ ကျင့်ကြံပြုမူကိုးကွယ်ခြင်း၌ သန့်ရှင်းကြစို့။ သန့်ရှင်းခြင်းသည် လောကီရေးရာနှင့်မညစ်ညူးခြင်းဖြစ်သည်။ ယနေ့ယုံကြည်သူများသည် ဧည့်ခန်း၊ အိပ်ခန်းများ၌တီဗီ၊ ကွန်ပြူတာများနှင့်လောကအရာများကိုနေ့တိုင်း၊ အချိန်တိုင်း ကြည့်ရှုနေခြင်းအားဖြင့် မိမိတို့၏စိတ်၊ ဦးနှောက်များကိုညစ်ညူးစေကြသည်။ အချိန်တိုင်းလောကသီချင်းများကိုသာနားထောင်ကြသည်။ မည်ကဲ့သို့သန့်ရှင်းနိုင်မည်နည်း။ ဆာလံဆရာက၊ လူပျိုသည်မိမိသွားသောလမ်းကိုအဘယ်သို့သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်းသတိပြုရမည်၊၊ အ​ကျွန်ုပ်သည်ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏၊၊ ပညတ်တော်လမ်းမှလွဲစေတော်မမူပါနှင့်၊၊ ကိုယ်တော်ကိုမပြစ််မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကိုနှလုံးထဲမှာသိုထားပါပြီ၊၊ (ဆာ ၁၁၉:၉-၁၁) ဟုရေးထားသည်။ ညစ်ညူးခြင်းသည် စိတ်နှလုံးမှဖြစ်သည်။ ထိုစိတ်နှလုံးသန့်ရှင်းဘို့ရန် နှုတ်ကပတ်တော်ကို သိုထားရမည်။ ယခုမူကား နှုတ်ကပတ်တော်ထက် လောကအရာများကိုသာ သိုထားကြသောကြောင့် မည်သို့မျှသန့်ရှင်းခြင်း မရှိနိုင်ကြချေ။ ထို့ကြောင့် ထွက်လာသောစကား၊ အပြုအမူများသည် ညစ်ညူးသောအရာများသာလျှင်ဖြစ်သည်။

၁ရ။ လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင် ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြလော့။

လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသော သူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော် -ခမည်းတော်သည် လူမျက်နှာကိုမငဲ့၊ လူတိုင်းကိုသူတို့၏ အကျင့်အတိုင်း စီရင်သည်ဟုဆိုသည်။ ထိုကြောင့်ကယ်တင်ခြင်းသို့ ရောက်ပြီးသော ဘုရားသားသမီး များအနေဖြင့် သတိထားဘို့လိုသည်။ ထိုသို့မဟုတ်၊ ခမည်းတော်ကိုမကြောက်ဘဲ လုပ်ချင်တိုင်းလုပ်ပါက ဆုံးမခြင်းကိုခံရမည် (ဟေ ၁၂:၅ -ရ)

သင်တို့သည်ဆုတောင်းကိုးကွယ်လျှင် ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့်ကျင့်နေကြလော့- ခမည်းတော်ကိုဆုတောင်းကိုးကွယ်လျှင် မြေကြီးပေါ်၌ ဧည့်သည် ဖြစ်သည်ကိုသိ၍ ကြောက်ရွံ့သောစိတ်နှင့်ကျင့်ပါဟုဆိုသည်။ ဧည့်သည်သည် အိမ်ရှင်များရှေ့၌ ကြောက်ရွံ့သောစိတ်နှင့်ဧည့်ခန်း၌ ငြိမ်ငြိမ်ကလေးနေတတ်သည်။ အိမ်ရှင်ခေါ်မှစားသောက်ရ၊ လုပ်စရာကိုလည်းလုပ်ရသည်။ ဧည့်သည်သည် ကျီးမများတတ်ချေ။ ယုံကြည်သူများလည်း ဤလောက၌ ဧည့်သည်ဖြစ်သောကြောင့် ကျီးမများသင့်ချေ။ ဧည့်သည်သည် ဧည့်သည်ကဲ့သို့နေရမည်။ ဧည့်သည်ဖြစ်နည်းသင်တန်းမရှိပါ။ အလိုအလျောက်သိတတ်ကြသည်။ ထို့ကြောင့် အိမ်ရှင်ကဲ့သို့မနေကြစို့နှင့်။

၁၈။ မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်ဆီးတတ်သောဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည် မဟုတ်။ ၁၉ အဘယ်အပြစ်မျှမရှိ၊ အညစ်အ​ကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကိုသိမှတ်ကြလော့။

မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းသည် ဘုရား၏အလိုတော်နှင့် မကိုက်ညီသောအကျင့်အကြံများဖြစ်သည်။ ထိုအရာများထဲမှ ဘုရားသခင်က ပျက်စီးတတ်သောရွှေငွေနှင့်မဟုတ် အပြစ်မရှိသောခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးဝယ်ကြောင်းကိုသိမှတ်ကြလော့ ဟုဆိုသည်။ ထိုကြောင့် အချည်းနှီးသောမိရိုးဖလာ၊ ရိုးရာယဉ်ကျေးမှုများကို ပြန်လည်ထုတ်ဖေါ်သည်ထက် ဘုရားသခင်၏အလိုတော်အတိုင်း ကြံစည်၍ လုပ်ဆောင်ဘို့ ဖြစ်သည်။ ယခုအခါ အဘိုးအဘွားများ စွန့်ခဲ့ပြီးသော ရိုးရာယဉ်ကျေးမှုများကို ဝတ်ဆင်၍ ဘုရားကျောင်းပလ္လင်ပေါ်၌ အဆီးအတားမရှိကနေကြပြီကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။

၂၀။ ထိုခရစ်တော်ကား ဤကမ္ဘာ မတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဘို့၊ ဤနောက်ဆုံးသော ကာလ၌ ထင်ရှားတော်မူပြီ။

သခင်ခရစ်တော် အသေခံမည့်အရာသည် ကမ္ဘာမတည်မရှိမှီကတည်းက ခန့်ထားတော်မူသည်ဟုဆိုသည်။ ထိုကြောင့် ခရစ်တော်၏ ကယ်တင်ခြင်း လုပ်ငန်းသည် ဘုရားသခင်၏ မဟာစီမံကိန်းကြီးဖြစ်သည်။ နောက်ဆုံးသော ကာလသည် ခရစ်တော် ဤလောကသို့ ဆင်း၍ အသေခံချိန်မှစ၍ ယခုတိုင်အောင်ဖြစ်သည်။

၂၁။ သင်တို့သည် ဘုရားသခင်ကို ထောက်လျက် ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိစေခြင်းငှါ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။

ယုံကြည်ခြင်းနှင့်မြော်လင့်ခြင်းသည် သခင်ယေရှုအသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ဖြစ်သည်။ လူသည် သေရမှာကိုကြောက်သည်။ ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။ (ယော ၁၁:၂၅) ဟုဆိုသော်လည်း သူကိုယ်တိုင်သေ၍ မရှင်ပြန်၊ မထမြောက်လျှင် လူများက ယုံကြည်မြော်လင့်နိုင်မည်မဟုတ်။ ထိုကြောင့် သူကိုယ်တိုင်သေ၍ ရှင်ပြန်ထမြောက်မှသာလျှင်ယုံကြည် မြော်လင့်နိုင်သည်။

၂၂။ သင်တို့သည် ဖောက်ပြန်ပျက်ဆီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ပွားသည်မဟုတ်။ ၂၃ မဖောက်ပြန် မပျက်ဆီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှါ၊ စိတ်ထဲမှာ သမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊ စင်ကြယ်သော စိတ်နှင့် အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။

ယနေ့ များစွာသော ခရစ်ယာန်များသည် ဖောက်ပြန်ပျက်ဆီးတတ်သော မျို့စေ့တည်းဟူသော၊ စိတ်လှုပ်ရှားခြင်း၊ လူ၏လုပ်ဆောင်ချက်ဖြစ်သော ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ကျမ်းစာဖတ်၊ အလွက်ကျက်ခြင်း၊ နောင်တရခြင်း၊ အခြားသော ဘာသာစကားဖြင့်ပြောခြင်း၊ ဘုရားတရား၌ကြိုးစားခြင်း၊ အကျင့်ပြောင်းခြင်း၊ ရေနှစ်ခြင်းတို့ဖြင့် ဒုတိယအကြိမ် မွေးဘွားသည်ဟု ခံယူတတ်ကြသည်။ ထိုအရာများသည် ပျက်ဆီး၍ ပြောင်းလဲတတ်သည်။ ထိုကြောင့် ဒုတိယမွေးဘွားပြီဟု ခံယူသော်လည်း အကျင့်မပြောင်းလဲ၊ ကောက်ရိုးမီးကဲ့သို့ ခဏဘုရား တရား၌ စိတ်ဝင်စား၍ လှုပ်ရှားသော်လည်း ပြန်ငြိမ်သွားတတ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မူကား အသက်ရှင်သည်၊ မဖောက်ပြန်၊ မပျက်ဆီးတတ်၊ အစဉ်အမြဲတည်သည်။ ထိုနှုတ်ကပတ်တော်အားဖြင့် မွေးဘွားရမည်။ ဆိုလိုသည်မှာ ဒုတိယမွေးဘွားခြင်းသည် ဘုရားသခင်က စီမံ၍ ခရစ်တော်ကအသေခံပြီး ပြန်လည်ထမြောက်ခြင်းအားဖြင့် ပြည့်စုံစေသည်။ လူသည် ခရစ်တော်နှင့်အတူသေ၍ ရှင်ပြန်ထမြောက်သောအခါလူသစ်အဖြစ် ထမြောက်သည်။ ထိုအရာကို နှုတ်ကပတ်တော်အားဖြင့်သိရသည်။ ထိုကြောင့် နှုတ်ကပတ်တော်အားဖြင့် မွေးဘွားခြင်းဆိုသည်မှာ ဘုရားသခင်က ခရစ်တော်အားဖြင့် ကယ်တင်ခြင်းကို သိရှိ နားလည်၍ လက်ခံယုံကြည်ခြင်းဖြစ်သည်။

၂၄။ လူမျိုးရှိသမျှသည် မြက်ပင် ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့​ခြောက် တတ်၏။ အပွင့်လည်း ​ေကြတတ်၏။ ၂၅ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလ အစဉ်အမြဲတည်၏၊ ထိုနှုတ်ကပတ်တော်သည် သင်တို့အား ဟောပြောသော ဧဝံဂေလိတရား ဖြစ်သတည်း။

ဤနေရာ၌ လူနှင့် နှုတ်ကပတ်တော်ကို နှိုင်းယှဉ်ထားသည်။ လူမျိုးရှိသမျှသည် မည်မျှပင်အရေးကြီးသည် မျိုးကောင်းသည်ဟု ထင်မှတ်သော်လည်း မြက်ပင်များသာလျှင် ဖြစ်သည်။ မြက်ပင်သည် ဍှုိးနွမ်းသွေ့​ခြောက် သကဲ့သို့ လူများလည်း သေကျေ ပျက်ဆီးရသည်။ လူများ၏ ဘုန်းသည်လည်း မြက်ပွင့်ကဲ့သို့ သာလျှင် ဖြစ်သည်။ သို့သော် နှုတ်ကပတ်တော်မူကား အစဉ်အမြဲတည်သည်။ မပြောင်းလဲနိင်ချေ။ ထို့ကြောင့် နှုတ်ကပတ်တော် မှလွှဲ၍ မည်သည့် အရာ၌ မျှအ​ခြေမခံသင့်ချေ။

.

^

၁ ပေ ၂

၁-၃။ ထိုကြောင့်၊ သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည် ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ် တရား၏ နို့စစ်အားဖြင့်ကြီး ပွားမည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ် ရှိကြလော့။

မြည်းစမ်းခြင်းသည် တကယ် စားရပြီ မဟုတ်သေးချေ။ သို့သော် အရသာသိပြီ ဖြစ်သောကြောင့် ကိုယ်စားရမည်အရာကို သိနေပြီ။ ဘုရားသခင်၏ ကယ်တင်ခြင်းသည် အဆင့်ဆင့်ရှိသည်။ အပြစ် စီရင်ခြင်းမှ ကယ်တင်ပြီး ပြီ။ အပြစ်လောကကြီး အထဲမှနေ့တိုင်း ကယ်တင်နေသည်။ အပြစ်လောက ကြီးမှ ချီဆောင်ခြင်း၌ ကယ်တင်ရဦးမည်။ ဝိညာဉ်ပိုင်းဒုတိယ မွေးဘွားသောအခါ အပြစ် စီရင်ခြင်းမှ ကယ်တင်ခြင်း ခံရသောကြောင့် အလွန် ဝမ်းမြောက် ကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်၊ မေတ္တာတော်၊ ကောင်းမြတ်ခြင်းများကို မြည်းစမ်း သောကြောင့် ဝမ်းမြောက် ကြသည်။ ဝိညာဉ် မျက်စိပွင့် လာသောအခါ အမြင် တမျိုး ဖြစ်သွားသည်၊ ခံစားချက် ပြောင်းလဲလာ၍ အကြိုက်လည်း ပြောင်းလဲလာသည်။ သိုသော်ထိုအရာများသည် အပြည့်အဝ မဟု တသေး၊ မြည်းစမ်းရုံသာရှိသေးသည်။

ထိုသို့ ဘုရားသခင်၏ ကျေးဇူးတော်ကို မြည်းစမ်းပြီး သောကြောင့် အပြည့်အဝ ခံစားရမည့် ကျေးဇူးတော်ကို မြော်လင့်ခြင်းဖြင့် ဤလောကနှင့် သက်ဆိုင်သောအရာကို မစွဲလန်းသင့်ချေ။ မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှ တူိ့သည် အပြစ်လောက၊ ယခုဘဝ နှင့်သာသက်ဆိုင်သည်။ နောင် ဘဝ ကောင်းကင်နိင်ငံ၌ ကျေးဇူးတော်နှင့် ကယ်တင်ခြင်းကို အပြည့်ခံစား မည့်သူက ဤဘဝကို ဂရုမစိုက်သင့်တော့ချေ။

ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ် တရား၏ နို့စစ်အားဖြင့်ကြီး ပွားမည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ် ရှိကြလော့။ ကယ်တင်ခြင်း အလိုငှါဟု ရေးထားသောကြောင့် ကယ်တင်ခြင်းသည် လူ့အပိုင်းမှလုပ်မည်ဟု ယူဆနိင်သည်။ ဤ ကယ်တင်ခြင်းသည် ခရစ်ယာန် အသက်တာ၌ နေ့တိုင်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆိုလိုသည်။ နေ့တိုင်း စာတန်က ယုံကြည်သူကို တိုက်ခိုက် နေသည်။ ထိုစာတန် လက်ထဲမှ ကယ်တင်နိင်ရန် ယုံကြည်သူသည် နှုတ်ကပတ်တော်ကို ဘွားစ ခလေး ကဲ့သို့ အလွန် လိုချင်သော စိတ်ရှိရမည်။ ယုံကြည် ခါစ ဝိညာဉ် ခလေး တိုင်း မိမိတို့ ကြိုးစား မှု၊ အသိဥာဏ်၊ တက်ကြွမှု၊ သတိထားမှုများအားဖြင့် စာတန်၏ လှည့်စားမှုကို အောင်မြင် နိင်မည်ဟု ယူဆတတ်ကြသည်။ စာတန်ကို ဇာတိလက်နက်အားဖြင့် မအောင်မြင် နိင်ကြောင်း ရှင်ပေါလုက ဤသို့ ရေးထားသည်-မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည် အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ ၁၂ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန် သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန််ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ် တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီ မှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်း ကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန် ရကြ၏။ ၁၃ ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။ (ဧဖက် ၆:၁၁-၁၃)

ထိုလက်နက်များသည် ​ခြောက်မျိုး ဖြစ်၍ နောက်ဆုံး ဖေါ်ပြသော လက်နက်သည် ဝိညာဉ်တော်၏ ထား တည်းဟူသော နှုတ်ကပတ်တော် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်ကို အလွန် လိုချင်မှ စာတန်ကို တိုက်ခိုက် အောင်မြင် နိင်မည် ဖြစ်သည်။

၄-၅။ လူတို့ ပယ်ထား၍ ဘုရားသခင် ရွေးချယ်တော်မူသော အသက် ကျောက်မြတ် တည်းဟူသော ထိုသခင်ထံသို့ သင်တို့သည် ရောက်၍၊ ၅ အသက် ကျောက်များ ကဲ့သို့ အဆင့်ဆင့် အထပ်ထပ် တည်ဆောက်လျက် ရှိသဖြင့် ဓမ္မတိုက် ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူရာ ဓမ္မယဇ်ကို ပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ် မျိုးလည်း ဖြစ်ကြ၏။

လူတို့ ပယ်ထား၍ ဘုရားသခင် ရွေးချယ်တော်မူသော အသက် ကျောက်မြတ် တည်းဟူသော ထိုသခင်သည် သခင် ခရစ်တော် ပင် ဖြစ်သည်။ သခင် ခရစ်တော်ကို ယုဒလူများ ကပယ်ထား၍ ကွပ်မျက်ခဲ့ ကြသည်။ သို့သော် ထိုကျောက်ကို ဘုရားသခင်က ရွေးချယ်ထားသည်။ ဆာလံဆရာက ကြိုတင် ဤသို့ ရေးထားခဲ့သည် -တိုက်ကို တည်လုပ်သောသူများကို ပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋ္ဋ်ဖျားသို့ ရောက် ပြန်၏၊၊ ၂၃ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏၊ ငါတို့ မျက်မှောက်၌လည်း အံ့ဩဘွယ် ဖြစ်၏၊၊ (ဆာ ၁၁၈:၂၂-၂၃) ထိုအရာကို ရှင်ပေတရုက ဤသို့ကိုးကား၍ ဣသရေလ ခေါင်းဆောင်များကို အပြစ်တင်ခဲ့သည် -ထိုသခင်ကား၊ သင်တို့သည် တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန် တိုက်ထောင့် အထွဋ္ဋ်ဖျားသို့ ရောက်ပြန်သော ကျောက် ဖြစ်တော်မူ၏။ (တ ၄:၁၁)။ အဘယ်ကြောင့် ခရစ်တော်ကို ကျောက်ဟု ခိုင်းနှိုင်းသနည်းဟူမူကား ကျောက်သည် ခိုင်ခံ့သည်။ ပယ်ထားသော ကျောက်ဆိုသည်မှာ၊ ပန်ရံဆရာများက ကျောက်တိုက်ဆောက်သောအခါ အချို့ကျောက်များကို အချိုးအစားမကိုက်သောကြောင့် ပယ်ထားတတ်သည်။ သို့သော် ထိုပယ်ထားသော ကျောက်များကို ပြန်ကောက်၍ အထွဌ်အထိ ပ်၌ ပြန် အသုံးပြုတတ်သည်။ ထိုနည်းတူ လူများ ပယ်ထားသော ကျောက် တည်းဟူသော ခရစ်တော်ကို ဘုရားသခင်က အသင်းတော်၏ အထွဌ်အဖျား၌ ပြန် အသုံးပြုသည်။

ထိုသခင်ထံသို့ သင်တို့သည် ရောက်၍၊ ၅ အသက် ကျောက်များ ကဲ့သို့ အဆင့်ဆင့် အထပ်ထပ် တည်ဆောက်လျက် ရှိသဖြင့် ဓမ္မတိုက် ဖြစ်ကြ၏။ ယုံကြည်သူများသည် သခင်ယေရှုထံသို့ ရောက်သဖြင့် အသက် ကျောက်များ ဖြစ်ကြသည်။ အသက် ကျောက်ဆိုသည်မှာ အသက်ရှင်သော ကျောက် ဟုဆိုလိုသည်။ ခရစ်တော်သည် အသက် ကျောက်ဆောင်ကြီး (ဏနအမယေ ူမေါန မသခု) ဖြစ်၍ ယုံကြည်သူများသည် အသက် ကျောက် ငယ် (ဏနအမသျယ ​ေ ျအသညန) များဖြစ် ကြသည်။ ဓမ္မတိုက်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ သို့မဟုတ် အသင်းတော် ဖြစ်သည်။ ထိုကြောင့် အသက်ရှင်သော ယုံကြည်သူများသည် ထိုဓမ္မတိုက် တည်းဟူသော ခရစ်တော်၏ ကိုယ်ခန္ဓာ၊ အသင်းတော်၌ ပါဝင် ကြသည

၆။ ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ရွေးချယ်သောတိုက်ထောင့်အမြစ်ကျောက်မြတ်ကိုဇိအုန်တောင်ပေါ်မှာငါချထား၏။ ထိုကျောက်ကိုအမှီပြုသောသူသည်ရှက် ကြောက်ခြင်းမရှိနိုင်ရာဟုလာသတည်း။

ဤကျမ်းပိုဒ်သည်ဟေရှာယကဤကဲ့သို့ဟောဘူးသည်-"အရှင်ထာဝရဘုရားကစုံစမ်းသော အမြစ် ကျောက် တည်းဟူ သော၊ မလှုပ်နိုင်အောင်မြဲမြံသောတိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏၊၊ ထိုကျောက်ကိုအမှီပြု သောသူသည်ပြေးရသောအကြောင်းမရှိ၊၊" (ဟေရှာ ၂၈:၁၆)

"ဇိအုန်တောင်သည်" ယေရုရှလင်မြို့တည်ရှိသောတောင်ဖြစ်သည်။ ဟေရှာယက "စုံစမ်းသောအမြစ်ကျောက်" ဟုဆို၍ပေတရုက "ရွေးချယ်သောတိုက်ထောင့်အမြစ်ကျောက်" ဟုခေါ်သည်။ ထိုကျောက်သည်သခင်ယေရှုကိုဆိုလိုသည်။ သခင်ယေရှုသည်ယေရုရှလင်မြို့၌သွားလာဟောပြောသောအခါ၊ ဣသယေလလူမျိုးများအတွက်စုံစမ်းသောအမြစ်ကျောက်ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူတို့သည်ခရစ်တော်ကိုတွေမြင်ရသောအခါ၊ ဘုရားသခင်ကိုအမှန်တကယ်ယုံကြည်သူလောဟုစုံစမ်းခြင်းခံခြင်းဖြစ်သည်။ ထိုကျောက်တည်းဟူသောခရစ်တော်ကိုလက်ခံပါက၊ သူတို့သည်ပြေးရခြင်းအကြောင်းမရှိဟုဟေရှာယကဆိုသည်။ ဆိုလိုသည်မှာ၊ ခရစ်တော်ကိုလက်ခံပါကသူတို့သည်စစ်ပြေးရခြင်းအကြောင်းမရှိဟုဆိုသည်။ ထိုကျောက်ကိုသူတို့ငြင်းပယ်၍လက်ဝါးကပ်တိုင်၌ရိုက်သတ်ခဲ့ကြသောကြောင့်၊ ထိုသို့ရိုက်သတ်ပြီးနှစ်ပေါင်းလေးဆယ်ကြာသောအခါ၊ သူတို့လည်းရောမစစ်သားများကြောင့်၊ များစွာသေကျေ၍ထွက်ပြေးရကြသည်။ ရှင်ပေတရုရေးထားသည့်အတိုင်း၊ ထိုကျောက်ကိုပယ်သောကြောင့်ရှက်ကြောက်ခဲ့ရကြသည်။ ယနေ့တွင်လည်းခရစ်တော်ကိုယုံကြည်ပါကရှက်ကြောက်စရာရှိမည်မဟုတ်။ ဘုရားသခင်ကကွယ်ကာမစသောအားဖြင့်လုံခြုံမှုရရှိမည်ဖြစ်သည်။ သို့သော်ခရစ်တော်ကြောင့်၊ ဆင်းရဲဒုက္ခနှင့်ညှဉ်းဆဲနှိပ်စက်ခြင်းခံရပါက၊ မာတုရသရဖူရှိဘို့အတွက်ဖြစ်သောကြောင့်သည်းခံစရာကောင်းသည်။

ရ။ သို့ဖြစ်၍ယုံကြည်ခြင်းရှိသောသင်တို့၌ကားဘုန်းအသရေရှိ၏။ နားမထောင်သောသူတို့၌ကား၊ တိုက်ကိုတည်လုပ်သောသူများပယ်ထားသောကျောက်သည်၊ နောက်တဖန်တိုက်ထောင့်အထွဋ်အဖျားသို့ရောက်ပြန်၏။

ယုံကြည်သောသူများအတွက်ခရစ်တော်သည်ဘုန်းအသရေဖြစ်သည်။ နားမထောင်မယုံကြည်သောသူများ၌ကား၊ ခရစ်တော်သည်တိုက်ကိုတည်လုပ်သော သူများ၊ ပယ်ထားသောကျောက်ဖြစ်သော်လည်း၊ နောက်တဖန်တိုက်ထောင့်အထွဋ်အဖျားသို့ရောက်ပြန်၏ဟုဆိုသည်။ ထိုအရာကိုဆာလံဆရာကဤသို့ရေးသားခဲ့ပြီ၊ "တိုက်ကိုတည်လုပ်သောသူများပယ်ထားသောကျောက်သည်နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ရောက်ပြန်၏၊၊ ထိုအမှုသည်ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏၊ ငါတို့မျက် မှောက်၌လည်းအံ့ဩဘွယ်ဖြစ်၏၊၊" (ဆာ ၁၁၈:၂၂-၂၃)။ ဤကျမ်းပိုဒ်ကိုခရစ်တော်ကိုယ်တိုင်ကဤသို့ပြောဆိုခဲ့သည်၊ "ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများပယ်ထားသောကျောက်သည်၊ နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည်ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်းအံ့ဩဘွယ်ဖြစ်၏ဟူသောစကားကိုကျမ်းစာ၌သင်တို့သည်၊ တရံတခါမျှမဘတ်ဘူးသလော။" (မ ၂၁:၄၂)

ထိုကျောက်ကိုပယ်သောသူများသည်၊ ဣသရေလခေါင်းဆောင်များဖြစ်ကြောင်းရှင်ပေတရုကဤကဲ့သို့အတိအလင်းပြောသွားခဲ့သည်၊ "ထိုအခါပေတရုသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက်၊ လူများကိုအစိုးရသောမင်းတို့နှင့်ဣသရေလအမျိုးအကြီးအကဲတို့၊ အင်္ဂါချို့တဲ့သောသူကိုကျေးဇူးပြု၍၊ သူသည်အနာရောဂါနှင့် အဘယ်သို့ကင်းလွတ်သနည်းဟုငါတို့သည်ယနေ့အစစ်ခံရလျှင်၊ သင်တို့သည်လက်ဝါး ကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည်သေခြင်းမှထမြောက်စေတော်မူသောနာဇရက်မြို့သားယေရှုခရစ်၏နာမတော်အားဖြင့်ဤသူသည်သင်တို့မျက်မှောက်၌ကျန်းမာလျက် ရှိသည်ကိုသင်တို့မှစ၍ဣသရေလူအပေါင်းတို့သိမှတ်ကြလော့။ ထိုသခင်ကား၊ သင်တို့ သည်တိုက်ကိုတည်လုပ်သောအခါပယ်ထား၍၊ နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်သောကျောက်ဖြစ်တော်မူ၏။" (တ ၄:၈-၁၁)

ခရစ်တော်တည်းဟူသောကျောက်သည်ဣသရေလခေါင်းဆောင်များကပယ်ထား၍သတ်သော်လည်း၊ ဘုရားသခင်ကတိုက်ထောင့်အထွဋ်ဖျားသို့အသုံးပြုချီးမြှောက်ကြောင်းရှင်ပေါလုကဤသို့ရေးထားသည်၊ "ဘုရားသခင်သည်ကိုယ်တော်ကို အလွန်ချီးမြှောက်၍၊ ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့နာမကိုပေးသနားတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော၊ ခပ်သိမ်းသောသတ္တဝါတို့သည်ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောက် ၍၊  ယေရှုခရစ်သည်သခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကိုထင်ရှားစေကြမည်အကြောင်းတည်း။" (ဖိလိ ၂:၉-၁၁)။

ယုံကြည်သူများ၊ ခေါင်းဆောင်များလည်းအသင်းတော်၌ဖြစ်စေ၊ အဖွဲ့အစည်း၌ဖြစ်စေပယ်ထားခြင်းခံရလျှင်စိတ်မပျက်ဘို့၊ ဘုရားသခင်၏ချီးမြှောက်ခြင်းကို စောင့်တတ်ဘို့လိုအပ်သည်။ ယောသပ်လည်းအစ်ကိုများကပယ်ထားသော်လည်း၊ သူတို့ သခင်အဖြစ်သို့ဘုရားသခင်ကထိုက်ထိုက်တန်တန်ချီးမြှောက်ခဲ့သည်။ ဒါဝိဒ်လည်းရှောလုဘုရင်ကပယ်ထားသောလည်း၊ ဘုရားသခင်ကချီးမြှောက်ခဲ့သည်။ ထိုကြောင့်ပယ်ခြင်းခံသောသူများအနေဖြင့်ကျေးဇူးတော်ချီးမွမ်းကာ၊ ဘုရားသခင်၏အချိန်ကိုစောင့်ဘို့လိုသည်။

၈။ နားမထောင်ဘဲနှုတ်ကပတ်တရားတော်ကိုထိမိ၍လဲသောသူတို့သည်ထိမိ၍လဲစရာ ကျောက်၊ မှားယွင်းစရာကျောက်လည်းဖြစ်၏။ ထိုအမှုနှင့်တွေ့စေခြင်းငှါထိုသူတို့ကိုခန့်ထားတော်မူသတည်း။

များစွာသောသူများသည်နှုတ်ကပတ်တော်ကိုကြားသော်လည်း၊ နားမထောင်မယုံကြည်ကြသောကြောင့်၊ ခရစ်တော်သည်ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်ဖြစ်သည်ဟုဆိုသည်။ ထိုသူများသည်ခရစ်တော်အကြောင်းပြောသောအခါ ထိမိ၍လဲကြသည်ဟုဆိုသည်။ ဆိုလိုသည်မှာခရစ်တော်အကြောင်းပြောသောအခါ စိတ်ဆိုးကြ၊ ငြင်းပယ်ကြသည်။ ထိုကြောင့်သူတို့အတွက်ခရစ်တော်သည်မှားယွင်းစရာ ကျောက်ဖြစ်သည်။ မယုံကြည်သူများအတွက်၊ ခရစ်တော်သည်အပြစ်ပြုလုပ်ဘို့ရာ၊ အပြစ်တင်စရာဖြစ်ဘို့ရာလူဖြစ်သည်။

၉။ သင်တို့ မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်း ငှါ၊ ရွေးချယ်တော်မူသော အမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူ သော အပေါင်းအသင်း ဖြစ်ကြ၏။

ယုံကြည်သူများသည် အထက်ကမ ယုံကြည်သူများနှင့် မတူ၊ ကြချေ။ ယုံကြည်သူများသည် ဝိညာဉ်ပိုင်းအ မှောင်ထဲမှအ လင်းသို့ ခေါ်သွင်းတော်မူသောသူ တည်းဟူသော အဘ ဘုရားသခင်၏ ဂုဏ်ကျေးဇူးများကို ဘော်ပြခြင်း ငါရွေးချယ်သော အမျိုး ဖြစ်သည် ဟုဆိုသည်။ ထိုကြောင့် ယုံကြည်သူများသည် မိမိတို့ အသက်တာ တည်းဟူသော အပြောအဆို၊ အပြု အမူ၊အားဖြင့် ဘုရား ဘုန်းထင်ရှားစေဘို့ လိုအပ်သည်။ မိတ်ဆွေ၏ အသက်တာသည် ဘုရား ဘုန်းထင်ရှားစေသလော၊ သို့မဟုတ် ဘုရား ဘုန်း ရှုတ်ချစရာ ဖြစ်စေသလော။ ထိုအရာသည် တရက်သာလျှင် မဟုတ်၊ နေ့တိုင်း ဖြစ်သည်။ ထို့ကြောင့် နေ့စဉ်နှင့် အမျှမိမိ အသက် တာကို စစ်ဆေးဘို့ လိုသည်။ အရက်သေ စာများ စားသောက်ခြင်း၊ မူးယစ်ဆေးဝါးများ သုံးခြင်း၊ မသင့်တော်သော အဝတ်အစား များ ဝတ်ခြင်း၊ ယုံကြည်သူများမသွား သင့် သော နေရာ၌ သွားခြင်း၊ နားမထောင်သင့်သော သီချင်းများ နားထောင်ခြင်း၊ မပြောသင့်သော စကားများပြောဆိုခြင်းဖြင့် ဘုရားဘုန်းတော် ရှုတ်ချစရာ ဖြစ်စေသည်။ ထို့ကြောင့် အချိန် တိုင်း ဘုရားသခင်၏ ဝိညာဉ်တော် ဦးဆောင်ခြင်း ဖြစ်အသက်ရှင်သင့်သည်။မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်း အသင်း ဖြစ်ကြ၏။ ယခင်ဓမ္မဟောင်းခေတ်၌ ယဇ်ပုရောဟိတ် များသည် သာမန် ဣသရေလ လူများထက် အဆင့်မြင့်သည်။ ဘုရား အမှုတော် သာလျှင် ဆောင်ရွက်၍ ဘုရားတရား၌ အသက်ရှင် ကြသည်။ ယဇ်ပုရောဟိတ် များသည် လူနှင့် ဘုရား အကြား၌ ပေါင်းကူးပေးသောသူများ ဖြစ်ကြသည်။ ထိုကြောင့် ဘုရားသခင်က မင်းစည်း စိမ် ခံစား စေသည်။ လူများက ဘုရားသခင် ထံလှူသော အရာများ ထဲမှ ဘုရားသခင်က ယဇ်ပုရောဟိတ်များကို ခံစား ခွင့်ပေးသည်။ ထိုနည်းတူ ယနေ့ ယုံကြည်သူများလည်း ဘုရားနှင့် လူများ အကြား ပေါင်း ကူးပေးသောသူများ၊ ဘုရား အကြောင်းကို လူများအား သင်ပေးမည့်သူများ၊ လူများကိုယ်စား ဆုတောင်း ပေးမည့် ယဇ်ပုရောဟိတ် ရာထူးကို ပေးထားသည်။ ထိုယဇ်ပုရောဟိတ် အလုပ် ကို ယုံကြည်သူတိုင်း လုပ်ကြပြီလော။ ယဇ်ပုရောဟိတ် ကောင်းကြီးကို ခံစားလိုသော်လည်း ယဇ်ပုရောဟိတ် အလုပ်ကို မလုပ်လျှင် မတရားချေ။

၁၀။ အထက်က အပေါင်းအသင်း မဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်း ဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမခံရသော်လည်း ယခုတွင် ခံရကြ၏။

ယုံကြည်သူများသည် ယခင်၌ ဘုရားသခင်နှင့် အလွန် ဝေး၍ ဘာမျှမသက်ဆိုင်ချေ။ သို့သော် ယခုအခါ ကျေးဇူးတော် သက် သက်ကြောင့် ဘုရားသခင် ခရစ်တော်အားဖြင့် သက်ဆိုင်စေသည်။ ချွေးမများသည် ယောက္ခမ များနှင့် ဘာမှမပတ်သက်ခဲ့ သော်လည်း သားနှင့် လက်ထပ်သောအခါ သက်ဆိုင်လာ၍ မိသားစုအထဲ၌ အတွင်း လူဖြစ်လာ သကဲ့သို့ ယုံကြည်သူများလည်း ဘုရားနှင့် မပတ်သက်သော အပြစ်သားများဖြစ်ခဲ့သော်လည်း ခရစ်တော်နှင့် လက်ထပ်မည့် သတို့သမီး လောင်းများ ဖြစ်သော ကြောင့် ဘုရားသခင်၏ မိသားစုအဝင်အတွင်း လူများ ဖြစ်လာ ကြသည်။ ထို့ကြောင့် ယခင်၌ ကရုဏာကျေးဇူးတော်ကို မခံစား ခဲ့သော်လည်း ယခုအခါ ကရုဏာတော်ကို ခံစားလာ ကြသည်။

၁၁။ ချစသူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သောကိုယ်ကာယတပ်မက်ခြင်းတို့ကိုရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့ သော သင်တို့ကို ငါတောင်းပန်၏။

ယုံကြည်သူများကို တမန်တော်ကြီး ကချစ် သူတို့ဟု ခေါ်သည်။ အကြောင်းမှာ ယုံကြည်သူများသည် အချင်း ချင်းချစ် ကြသည်။ ထို့ကြောင့် စစ်မှန်သော ယုံကြည်သူများသည် ချစ်ခင် ကြသည်။ ယုံကြည်သူများသည် နေ့တိုင်း စစ်တိုက် နေကြသည်။ အကြောင်းမှာ ယုံကြည်သူများသည် ဝိညာဉ်ပိုင်းအသက်ရှင် လာသောအခါ ကိုယ်ကာယ တပ်မက်ခြင်းနှင့် စစ် ဖြစ်နေရသည်။ ထိုအရာကို သိသောသူသည်ကိုယ်ကာယအလိုမလိုက်ဘဲ ဝိညာဉ် အလိုလိုက်ဘို့ လိုသည်။ ကိုယ်ကာယအလိုသည် လှစ်လှိုရှုရုံနှင့် မရ၊ စစ်တိုက်ဘို့ လိုသည် ဟုဆိုသည်။ စစ်တိုက်ခြင်းသည် မလွယ်ကူပေ။ ထိခိုက်ဒဏ်ရာရနိင်သည်။ ထိုကြောင့် ယုံကြည်သူများ သည် နေ့တိုင်း စစ်တိုက်ဘို့ လိုသည်။

ဧည့်သည် အာဂန္တုကဲ့သို့သော သင်တို့ကို- ယုံကြည်သူများသည် ကောင်းကင်နိင်ငံသားများ ဖြစ်ကြပြီ ဖြစ်သောကြောင့် (ဖိလိ ၃:၂၀)၊ ဤလောက၌ ဧည့်သည် အာဂန္တုများ ဖြစ်ကြသည်။ ဧည့်သည်သည် ဧည့်သည် ကဲ့သို့ နေသင့်သည်။ ဧည့်သည် ဖြစ်လျှင် ဧည့်ခန်း၌ သာထိုင်နေရသည်။ ဧည့်သည်သည် ဗိုက်ဆာလျှင် လည်းသည်း ခံရသည်၊ အိမ်ရှင် ကဲ့သို့ စိတ်တိုခြင်း၊ ကျီးများခြင်း မပြုလုပ် တတ်ချေ။ ဧည့်သည် အလိုဆန္ဒကို ချုပ်တီးတတ်သည်။ ထိုသို့ ချုပ်တီးခြင်းသည် မခက်ချေ။ ထို့ကြောင့် ယုံကြည်သူများသည် ဤလောက၌ ဧည့်သည် ဖြစ်ကြောင်း သိ၍ ဧည့်သည် ကဲ့သို့ နေထိုင်သင့်သည်။ ဧည့်သည် မှန်းလည်း မသိ၊ မိမိကိုယ်ကာယတပ်မက်ခြင်း အတိုင်း အသက်ရှင်ပါက ပြသနာ ဒုက္ခ ရောက်သည်သာမက၊ ဘုရားသခင်၏ ဆုံးမခြင်း ကိုလည်း ခံရမည် ဖြစ်သည်။

၁၂။ သာသနာပလူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင် ကြသည် အမှုမှာ၊ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသော နေ့ရက်၌၊ သင်တို့၏ ကောင်းသော အကျင့်ကို သူတို့သည် ထောက်ရှု၍ ဘုရားသခင်ကို ချီးမွမ်းမည်အကြောင်း၊ သူတို့ ရှေ့၌ တင့်တယ်လျောက်ပတ်စွာ ကျင့် နေကြလော့။

သာသနာပလူတို့က ယုံကြည်သူများကို ကဲ့ရဲ့ပြစ်တင်တတ်ကြသည်။ ထိုသို့ ပြစ်တင်မည့် အကြောင်းကို သခင်ယေရှုက တမန်တော်တို့အား ကြိုတင် ဤသို့ ပြောထားခဲ့ပြီ-တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ် သကဲ့သို့ သင်တို့ကို ငါ စေလွှတ်၏။ ထို့ကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျှက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျှက် ရှိကြလော့။ လူတို့ကို သတိပြုကြ။ အကြောင်းမူ ကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရား စရပ် တို့၌ ရိုက်ကြလိမ့်မည်။ ထို သူတို့ မှစ၍ တပါးအမျိုးသားတို့အား သက်သေ ဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့်သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။ (မ ၁၀:၁၆-၁၈)

၁၃။ သခင်ဘုရား၏ မျက်နှာတော်ကို ထောက်လျက်၊ အထွဋ်အမြတ်တည်းဟူသော ရှင်ဘုရင် ဖြစ်စေ၊ လူဆိုး တို့ကို ဒဏ်စီရင်စေ ခြင်း ငှါ၎င်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်း ငှါ၎င်း၊ ၁၄။ ရှင်ဘုရင်ခန့်ထားသော ဝန်မင်း ဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထားသမျှ သော မင်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။

ယုံကြည်သူများသည်လောကီမင်းများ၊ အုပ်စိုး သူများ၏ အုပ်စိုးခြင်းကို ဝန်ခံရမည် ဟုဆိုသည်။ ထိုအုပ်စိုး သူများသည် ဘုရားသခင်၏ အလိုတော်အတိုင်း မအုပ်ချုပ်နိုင်သော်လည်း၊ ဘုရား ခွင့်ပြုချက်မပါဘဲ မအုပ်ချုပ်နိုင်ချေ။ ထိုကြောင့် သူတို့၏ အုပ်စိုးခြင်းကို ဝန်ခံခြင်းသည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ဝန်ခံသည့် သဘော ဖြစ်သည်။ သို့သော် ဘုရားသခင် ယုံကြည်ခြင်းကို ဟန့်တားလာလျှင်လောကီမင်းများထက် ဘုရားသခင်၏ စကားကိုသာ နား ထောင်ဘို့ လိုသည်။ ရှေးဦး ယုံကြည်သူများညှင်းဆဲနှိပ် စက် သတ်ဖြတ်ခံကြရခြင်းသည် သူတို့၏ ယုံကြည်ခြင်းကိုထိပါးလာသောကြောင့်ဖြစ်သည်။

၁၅။ အကြောင်းမူကား၊ သင်တို့သည်ကောင်းသောအကျင့်ကိုကျင့်သောအားဖြင့်လူမိုက်တို့၏ မိုက်မဲသော စကားကို ချေစေခြင်းငှါ၊ ဘုရားသခင်သည်ထိုသို့သောအလိုတော်ရှိ၏။

ယုံကြည်သူများကောင်းသော အကျင့်ကျင့်မှမ ယုံကြည်သူများနှင့် ကွာခြားမည်။ ဇာတိကို ဇာတိနှင့် တုန့် ပြန်လျှင် အကျိုး မရှိသည်သာမက၊ ဘုရား၏ ဘုန်းတော်လည်း မထင်ရှားနိုင်ချေ။

၁၆။ လူလွတ် ဖြစ်သော်လည်းလွတ်ခြင်းအကြောင်းဖြင့်မကောင်းသောအမှုတို့ကိုဖုံးအုပ်သောသူကဲ့သို့မကျင့်၊ ဘုရားသခင်၏ ​ကျွန်ကဲ့သို့ကျင့်နေကြလော့။

ယုံကြည်သူများသည် ခရစ်တော်၏ ကယ်တင်ခြင်းကြောင့် လူလွတ်များ ဖြစ်လာ ကြသည်။ သို့သော် လူ လွတ် ဖြစ်ခြင်းသည် မိမိကြိုက်နှစ်သက် သကဲ့သို့ ကျင့်ဘို့ရန် မဟုတ်။ ဘုရားသခင်၏ ​ကျွန်ကဲ့သို့ ကျင့်ဘို့ လိုသည်။ ဘုရားသခင်၏ ​ကျွန်သည် ဘုရား အလိုရှိသော အရာများကိုသာ လုပ်ရမည်။

၁ရ။ ခပ်သိမ်းသော သူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့။

ခပ်သိမ်းသောသူသည် မယုံကြည်သူများလည်း ပါဝင်သည်။ လူတိုင်းကို ရိုသေခြင်းအားဖြင့် သူတို့ကို ဧဝံဂေလိ တရားဟောနိုင်သည်။ သူတပါးကို အထင်သေးခြင်းအားဖြင့် ရှုံးဆုံးခြင်း သာလျှင် ဖြစ်စေသည်။ ခပ်သိမ်းသောသူများကို ရိုသေသောအခါ သူတို့ လုပ်သော မကောင်းသော အကျင့်များကို လိုက်ကျင့်ဘို့ မဟုတ်ကြောင်း သတိထားရမည်။ ညီအစ်ကို များသည် ယုံကြည်သူများဖြစ်သည်။ ခရစ်တော်၏တပည့်တော် ဖြစ်ခြင်း လက္ခဏာ တခုမှာ အချင်းချင်းချစ်ခြင်း မေတ္တာထားခြင်း ဖြစ်သည်။ ခရစ်တော် က-သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်း တို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏ တပည့် ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ (ယော ၁၃:၃၅)။

          ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ပညာ၏ အချုပ်အခြာ ဖြစ်သည်ဟု ရှောလမုန်မင်းကဆိုခဲ့သည် (သု ၁:ရ)။ အဘယ်ကြောင့် ဘုရားသခင်၏ အလိုတော်ကို မလိုက်နိင် ကြသနည်းဟူမူကား ဘုရားသခင်ကို မကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ အာဗြံဟံသည် ဘုရားသခင်ကို ကြောက်ရွံ့သောအခါ သူ့သား၊ တဦးတည်းသော သားကို ပူဇော်နိင်သည်။ ထိုအခါ၊ ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင် ပေါ်က ခေါ်လေ၏။ အာဗြဟံက၊ အ​ကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊ ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်း မပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏ သား၊ သင်၌ တယောက် တည်းသော သားကို ငါတောင်း၍၊ သင်သည် ငါ့ကို မငြင်းဟု မိန့်တော်မူ၏။ (က ၂၂:၁၁-၁၂) ယောသပ်သည်လည်း အပြစ် သွေး ဆောင်ရာသို့ မလိုက်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ ယောသပ်ကသူ့သခင်မထံတွင် - သို့ဖြစ်လျှင် အပြစ် ကြီး သော ဤအမှုကို ​ကျွန်တော် ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်းဟု သခင်၏ မယားကို ငြင်း၍ ပြန်ဆို၏။ (က ၃၉:၉)။ ယနေ့ ယုံကြည်သူများအဘယ်ကြောင့်အပြစ် ကျူးလွန် နေကြ သနည်းဟူမူကား၊ ဘုရားသခင်ကို မကြောက်ရွံ့ကြခြင်း ကြောင့် ဖြစ်သည်။

                ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့။ အဘယ်ကြောင့်ရှင်ဘုရင်များကို ရိုသေဘို့ လိုသနည်းဟူမူကား ဘုရားသခင်က လူများကို အုပ်စိုးဘို့ရန် ခန့်ထားသောကြောင့် ဖြစ်သည်။ ရှင်ပေါလုက-"အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကိုလူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာ စက်ရှိသမျှသည်၊ ဘုရားသခင်ခန့်ထားတော်မူရာဖြစ်သတည်း။ ထိုကြောင့်မင်းအာဏာကိုဆန်သောသူသည်ဘုရားသခင်စီရင်တော်မူရာကိုဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည်ရာဇဝတ်ကိုခံရမည်။" ဟုဆိုသည် (ရော ၁၃:၁-၂)။

၁၈။ အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွကိုယ်သခင်တို့၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ သခင်သည်စိတ်ကောင်း၍ဖြေးညှင်းသောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသောသဘောရှိသည်ဖြစ်စေဝန်ခံကြလော့။

ကိုယ်အထက်သခင်များသည်စိတ်သဘောကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေသူတို့ ၏အုပ်စိုးခြင်းဝန်ခံဘို့ရန်ပြောထားသည်။ သဘောကောင်းသောသခင်၏အုပ်စိုးခြင်း ဝန်ခံဘို့ရန်လွယ်ကူသော်လည်း၊ သဘောမကောင်းသောသခင်၏အုပ်စိုးခြင်းဝန်ခံဘို့ အလွန်ခက်ပေလိမ့်မည်။ သို့သော်သန့်ရှင်းသောဝိညာဉ်တော်၏အုပ်စိုးခြင်းခံသောသူအတွက်ဖြစ်လျှင်ခက်ခဲမှုမရှိချေ။ အကြောင်းမူကားဝိညာဉ်တော်ကအုပ်စိုးလျှင်ခံပြင်းစိတ်မရှိ၊ ဝန်ခံခြင်းသဘောသည်အလွန်လွယ်သည်။

၁၉။ အကြောင်းမူကား၊ ဘုရားသခင်၏မျက်နှာတော်ကိုထောက်၍၊ မတရားသော ညှဉ်းဆဲခြင်းကို နာကျင်စွာ ခံရလျှင် ကျေးဇူးရှိ၏။

အဘယ်ကြောင့်ဘုရားသခင်၏ မျက်နှာတော်ကို ထောက်၍ မတရားသော ညှဉ်းဆဲခြင်းကို နာကျင်စွာ ခံရလျှင် ကျေးဇူးရှိသနည်း။ အကြောင်းမှာ သခင်ဘုရားကသူ့အတွက် ခံရသောသူများကို ဂရုစိုက်သည်၊ နောက်ဆုံး၌ ဆုချမည် ဖြစ်သည်။ သို့သော် ထိုအရာများထက် ကောင်းသော အ​ဖြေမှာ၊ ဘုရားသခင်သည် ယုံကြည်သူ အတွက် တပါးတည်းသော သားတော်ကို စွန့်ခဲ့ပြီ။ လိုအပ်သော အရာများကိုလည်း ကောင်းကြီး ပေးခဲ့သည်။ သားတော်သည်လည်း မိမိအသက်ကို စွန့်၍ ယုံကြည်သူကို အပြစ် ငရဲမှ ကယ်တင်ခဲ့ပြီ။ ဘုရားသခင်၏ အပြစ် စီရင်ခြင်းမှ ကယ် နှုတ်ခဲ့ပြီ။ ထို့ကြောင့် ဘုရားသခင် အတွက် ခံခြင်းသည် သိတတ်သော ယုံကြည်သူ အတွက် ဘုရားသခင်ကို ကျေးဇူး တင်ခြင်း၊ ဖြစ်၍ အခွင့်ကောင်း ဖြစ်သည်။

၂၀။ ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်း ခံလျှင်၊ အဘယ်ချီးမွမ်းစရာ ရှိသနည်း။ ကောင်းမွန်စွာ ပြု၍ ဆင်းရဲ ခံရသောအခါ သည်း ခံလျှင်၊ ဘုရားသခင့်ရှေ့တော်၌ ကျေးဇူးရှိ၏။

ကိုယ်အပြစ်ကြောင့် ပြစ်ဒဏ်ခံသောအခါ သည်း ခံခြင်းသည် ချီးမွမ်းစရာ မရှိ။ အကြောင်းမှာ ခံထိုက်၍ ခံခြင်း ဖြစ် သည်။ သို့သော် ကောင်းမွန်စွာ ပြု၍၊ အပြစ် မရှိပါဘဲလျက်နှင့် ဆင်းရဲ ခံသောအခါ သည်း ခံလျှင် ဘုရားသခင် ရှေ့တော်၌ ကျေးဇူး ရှိသည် ဟုဆိုသည်။ ထို့ကြောင့် ယခုမှစ၍ အကောင်းပြုသော်လည်း အပြစ်တင်ခံရလျှင် ဝမ်းမြောက်စွာသည်း ခံကြစို့။ ဘုရားသခင် အထံတော် မှသနားခြင်း၊ မစခြင်း ခံရမှာဖြစသည်။ မယုံကြည်သူများမူကား ဘုရားသခင်ထံမှ နှစ်သိမ့်ခြင်း၊ ဆုချခြင်း ခံမည့် အရာမရှိသောကြောင့် သူတပါး၏ အပြစ်တင်ခြင်းကို မခံနိင်ကြချေ။

၂၂ ထိုသခင်သည်ဒုစရိုက်ကိုမပြု။ နှုတ်တော်၌လည်းမုသာကိုရှာမတွေ့။

"ပြစ်မှားခြင်းကိုမပြု၊၊ သူ၏နှုတ်၌မုသားမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူမြေမြှုပ်ခြင်းငှါစီရင်ကြ၏၊၊ သို့ရာတွင်သေပြီးမှသူဌေး၌ရှိ၏၊၊"(ဟေရှာယ ၅၃း၉)

"အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့်ဘုရားသခင်ရှေ့တော်၌​ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။" (၂ ကော ၅း၂၁)

သခင်ယေရှုသည်ဒုစရိုက်ကိုမပြုဟုဆိုသည်။ ဒုစရိုက်ဆိုသည်မှာဘုရား၏အလိုတော်နှင့်ဆန့်ကျင်သောအပြုအမူခြင်းဖြစ်သည်။ သခင်ယေရှု ကိုယ်တိုင်ဤသို့ဆိုခဲ့သည်၊  "သင်တို့အားငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသောအမှုကိုသားတော်သည်မြင်၍သာ ပြု၏။ မိမိအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်း၊ သားတော်လည်းပြု၏။" (ယောဟန် ၅း၁၉) သူသည်ခမည်းတော် ပြုမူသောအရာများကိုမျက်ခြေမပျက်ကြည့်ရှု၍ခမည်းတော်ပြုသမျှအတိုင်သူလည်းပြုသည်။ မိမိအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်ဟုသူ့ကိုယ်သူပြဌါန်းသည်။ ခမည်းတော်ပြုတောမူသမျှတိုင်းပြုသည်။ ထို့ကြောင့်ဒုစရိုက်ပြုစရာအကြောင်းမရှိ။ အဘယ်ကြောင့်သခင်ယေရှုကသူ့အ ကြောင်းကိုထိုကဲ့သို့ပြောသနည်း။ ယုံကြည်သူများအတွက်ပုံသက်သေဖြစ်ဘို့ရန်အတွက်ဖြစ်သည်။ ဆက်လက်၍  "ငါသည်ကိုယ်အလို အလျောက်အ ဘယ်အမှုကိုမျှမပြုနိုင်။ ငါသည်ကြားသည်အတိုင်းတရားစီရင်၏။ ငါစီရင်ခြင်းသည်လည်းတရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏အလိုသို့လိုက်၏။" (ယောဟန် ၅း၃၀) ဟုဆိုသည်။ သခင်ယေရှုသည်သူ့ခမည်းတော် ပြောသောစကားကိုကြားသည့်အတိုင်းတရားစီရင်သည်ဟုဆိုသည်။ ကျွန်ုပ်တို့လည်းသူကဲ့သို့ခမည်းတော်၏စကားကိုကြားကြသလော။ အသံအားဖြင့်မကြားနိုင်သော်လည်း၊ ကျမ်းစာအားဖြင့်၎င်း၊ တရားဟောခြင်းသက်သေခံခြင်းအားဖြင့်ကြားနိုင်သည်။ မိမိကြားသည့်အတိုင်းလုပ်ကြသလော။ ယေရှုကသူ့ကိုစေလွှတ်တော်မူသောခမည်းတော်၏အလိုကိုလိုက်သည်ဟုဆိုသည်။ ကျွန်ုပ်တို့လည်းဘုရား၏အလိုတော်ကိုလိုက်လျှင်မှားယွင်းစရာ အကြောင်းမရှိ။ ယခုမူကားဘုရား ၏အလိုတော်ကိုလုံဝဂရုမစိုက်၊ ကျမ်းစာလည်းမဖတ်၊ တရားနာလျှင်လည်းလိုက်နာခြင်းမရှိ။ ထို့ကြောင့်ဘုရားအ မြင်၌ဒုစရိုက်ပြုသူများဖြစ်နေကြသည်။


၂၃ ကဲ့ရဲ့ခြင်းကိုခံရသောအခါပြန်၍မကဲ့ရဲ့။ အသေခံရသောအခါခြိမ်းချောက်ခြင်းကိုမပြု။ တရားသဖြင့်စီရင်တော်မူသောသူ၌ကိုယ်ကိုကိုယ် အပ်နှံ တော်မူ၏။

သခင်ယေရှုသည်ဂေသရှေမန်ဥယျာဉ်မှာဖမ်းစီးပြီးလက်ဝါးကပ်တိုင်ပေါ်၌အ သတ်ခံသည်အထိ၊ သူ့ကိုနည်းမျိုးစုံနှင့်ကဲ့ရဲ့ကြသည်။ ထိုသို့ပြုမူ မည့်အကြောင်းကိုဟေရှာယကဤသို့ဟောခဲ့သည်၊ "ထိုသူသည်ညှင်းဆဲခြင်းနှင့်နှိမ့်ချခြင်းကိုခံ၍နှုတ်ကိုမဖွင့်ဘဲနေ၏၊၊ အသက်သတ်ခြင်းငှါ ဆောင် သွားသောသိုးသငယ်ကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသည်အမွေးညှပ်သောသူရှေ့မှာမမြည်ဘဲနေသကဲ့သို့၊ သူသည်နှုတ်ကိုမဖွင့်ဘဲနေ၏၊၊" (ဟေရှာယ ၅၃းရ) ဟေဗြဲကျမ်းစာရေးသောသူကလည်း၊ ယုံကြည်သူများကိုသခင်ယေရှုကဲ့သို့ဆင်ခြင်းဘို့ဤသို့ရေးသားထား သည်၊

"အပြစ်ရှိသောသူတို့လက် တွင်၊ ထိုမျှလောက်ကြီးသောဆီးတားနှောင့်ရှက်ခြင်းကို၊ ခံတော်မူသောသခင်ကိုထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်း နှင့်ကင်း လွတ်အံ့သောငှါကြိုးစားကြလော့။" (ဟေဗြဲ ၁၂း၃) ပေတရုကထပ်မံ၍ဤသို့သွန်သင်သည်၊

"သင်တို့သည်ကောင်းကြီးမင်္ဂလာကိုအမွေခံစေ ခြင်းအလို ငှါ၊ ခေါ်တော်မူသောသူဖြစ်သည် ဟုသိမှတ်၍အချင်းချင်းရန်တုံ့မမူ၊ ပြန်၍မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကိုပြုကြလော့။"(၁ ပေ ၃း၉)

၂၄ ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ၌အသေဖြစ်၍၊ ​ဖြောင့်မတ်ခြင်းအရာ၌အသက်ရှင်စေမည်အကြောင်း၊ ငါတို့ အပြစ် များကိုကိုယ် တော်တိုင်သစ်တိုင်မှာခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့်သင်တို့သည်အနာ ပျောက် လျက်ရှိကြ၏။

"ထိုမှတပါး၊ ငါတို့၏လူဟောင်းသည်ထိုသခင်နှင့်အတူ၊ လက်ဝါးကပ်တိုင်မှာအသေသတ်ခြင်းကိုခံပြီဟု၊ ငါတို့သိ ကြ၏။ အကြောင်းမူကား၊ ငါတို့သည်နောက်မှအပြစ်တရား၏အစေကိုမခံစေခြင်းငှါ၊ အပြစ်တရား၏ကိုယ်ကိုဖျက်ဆီး မည်အ ကြောင်း တည်း။၇ သေသောသူသည်အပြစ်တရား၏လက်မှလွတ်လျက်ရှိ၏။ ၈ ခရစ်တော်သည်သေခြင်း မှထ မြောက်သော အခါ၊ သေခြင်းနှင့်အစဉ်ကင်းလွတ်တော်မူ၏။ ၉ သေခြင်းတရားသည်၊ နောက်တဖန်ကိုယ်တော်ကို မအုပ်စိုး ရ သည်ကို ထောက်သော်၊ ငါတို့သည်ခရစ်တော်နှင့်အတူသေလျှင်၊ ထိုသခင်နှင့်အတူရှင်လိမ့်မည်ဟု၊ သဘောရှိကြ၏။
၁၀ ခရစ်တော်သည်အသေခံတော်မူရာမှာ၊ အပြစ်တရားကြောင့်တကြိမ်သာခံတော်မူ၏။ အသက်ရှင်တော်မူရာမှာ၊ ဘုရား သခင့်အဘို့ရှင်တော်မူ၏။ထိုနည်းတူသင်တို့သည်အပြစ်တရားနှင့်ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည်ဟူ၍၎င်း၊ ဘုရား သခင်နှင့်ဆိုင်သောအရာ၌ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ အသက်ရှင်သည်ဟူ၍၎င်း၊ ကိုယ်ကိုကိုယ်ထင်မှတ်ကြလော့။" (ရော ၆း၆-၁၁)


၂၅ သင်တို့သည်အထက်ကလမ်းလွှဲ၍ပျောက်သောသိုးကဲ့သို့ဖြစ်ကြ၏။ ယခုမူကား၊ သိုးထိန်းတည်းဟူသောသင်တို့ ၏ဝိညာဉ် တို့ ကိုအုပ်စိုးကြည့်ရှုတော်မူသောအရှင်ထံသို့ပြန်ရောက်ကြပြီ။

     "ငါတို့ရှိသမျှသည်သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကိုသူ့အပေါ် တင်တော်မူ၏၊၊" (ဟေရှာယ ၅၃း၆)

"ပျောက်သောသိုးကဲ့သို့အ​ကျွန်ုပ်သည်လမ်း လွဲပါပြီ၊ ကိုယ်တော်၏ကျွန်ကိုရှာတော်မူပါ၊၊ အ​ကျွန်ုပ်သည်ပညတ်တော်တို့ကိုမမေ့မလျော့ပါ။" (ဆာ ၁၁၉း၁ရ၆)

        "သိုးထိန်းအကြီးပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည်မညှိုးမနွမ်းတတ်သောဘုန်းကြီးသောပန်းဦးရစ်သရဖူ ကိုခံရကြ လိမ့်မည်။" (၁ ပေ ၅း၄)

 

 

.

 

^

၁ ပေ ၃

လင်မယား မည်ကဲ့သို့ ဆက်ဆံရမည်နည်း (၁ -ရ)

၁။ အထက် ဆိုခဲ့ပြီးသည် နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။

အဘယ်ကြောင့်မိန်းမသည်ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံဘို့ လိုသနည်းဟူမူကား ဘုရားသခင်ကယောက်ျားသည် ခေါင်းအဖြစ် ဖန်ဆင်းသောကြောင့် ဖြစ်သည်။ ကျမ်းစာ က- ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်း ဖြစ်တော်မူ သကဲ့သို့၊ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်း ဖြစ်၏။ (ဧဖက် ၅:၂၃)ဟု

ဆိုထားသည်။ တဖန် ဘုရားသခင်က-ထာဝရ အရှင် ဘုရားသခင်က လည်း၊ယောက်ျားသည် တယောက် တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။ (ကမ္ဘာ ၂:၁၈) ဟုဆိုသည်။ ထိုကြောင့် မိန်းမသည်ယောက်ျား၏ အထောက်အမ ဖြစ်ဘို့ ဖန်ဆင်းသည်။ သို့သော် အချို့သောယောက်ျားများသည် မိန်းမထက် စဉ်းစားဥာဏ် အားနည်းသောအခါ မိန်းမက ဦးဆောင်ဘို့ လိုလာသည်။ ထိုသို့ဖြစ်ပါက မိန်းမသည်ယောက်ျားကို အထင်မသေး၊ ဂရုမစိုက်မရှိဘဲ မိမိခေါင်းကို လေးစား၍ လိမ္မာပါးနပ်စွာ အကြံပေးဦး ဆောင်ဘို့ လိုပါလိမ့်မည်။ယောက်ျားများကလည်း ငါသည် ခေါင်း ဖြစ်သည်ဟု မိန်းမကို အနိင်ကျင့်ဘို့ မဟုတ်ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်-အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ သကဲ့သို့၊ သင်တို့လည်းကိုယ်ခင်ပွန်းကို ချစ်ကြလော့ (ဧဖက် ၅:၂၅)။ ခရစ်တော်သည် အသင်းတော် အပေါ်၌ ခေါင်း ဖြစ်သော်လည်း အသင်းတော်ကို အနိင်မကျင့်ပါ။ ထို့ထက် အသင်းတော်ကို ချစ်၍ အသက် စွန့်သည်။ ထိုနည်းတူယောက်ျားသည်ကိုယ့်မိန်းမကို ချစ်ရမည်။ ထိုသို့ ချစ်လျှင် အနိင်ကျင့်ဘို့ထက် အနစ်နာခံ၍ အားနည်းသောသူကို ထောက်မဘို့ ဖြစ်လာလိမ့်မည်။

၂။သို့ ပြု၍၊ နှုတ်ကပတ်တရားတော်ကို နားမထောင်သောယောက်ျားအချို့ရှိလျှင်၊ ထို သူတို့သည် တရား မနာသော် လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သော အကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏ အကျင့်အားဖြင့် သွေးဆောင်လျက်၊ အတူ ပါမည်အကြောင်းရှိ၏

အချို့ယောက်ျားများသည် နှုတ်ကပတ်တရားတော်ကို နားမထောင်ဘဲ ဖြစ်မည်။ ထိုသူများသည် ဘုရားသခင်ကို မယုံကြည်၊ ဂရုမစိုက်သောသူများ ဖြစ်မည်။ ထိုသို့ ဘုရား မယုံကြည် လျှင်လည်း ခေါင်း ဖြစ်သောကြောင့် နာခံရမည်။ ထိုသို့သောယောက်ျားများရရှိခြင်းသည် မိန်းမအနေဖြင့် ဘုရား စကား နားမထောင်ဘဲ မယုံကြည်သူကို ယူမိသောကြောင့် ဖြစ်နိင်သည်။ ထိုသို့ဖြစ်လျှင်ကိုယ်စိုက်သောအရာကို ရိပ်သိမ်းခြင်း ဖြစ်သောကြောင့် သည်း ခံဘို့ လိုသည်။ မိန်းမကိုယ်တိုင်ယောက်ျားယူပြီးမှပြောင်းလဲသောသူ ဖြစ်လျှင်သည်း ခံ၍ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို စောင့်ဘို့ လိုသည်။ အချို့မိန်းမများသည်ယောက်ျားပြောင်းလဲစေချင်သော်လည်း ကိုယ်တိုင်း အကျင့်အ ပြောင်းလဲ၊ ဆုမတောင်း၊ ဘုရားတရား အတိုင်း မလိုက်နာတတ်ကြချေ။ ထိုကြောင့် ကိုယ်ခင်ပွန်းသည် ပြောင်းလဲ စေချင် လျှင်ကိုယ်တိုင် ဝိညာဉ်လူဖြစ်ဘို့ ကြိုးစား စေချင်သည်။

၃။ သင်တို့၏ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်း တည်းဟူသော အပြင် တန်ဆာဆင်ခြင်း မဖြစ်စေဘဲ၊

မိန်းမအများစုသည် ကိုယ်ခန္ဓာအပြင်ပိုင်းတန်ဆာဆင်ခြင်းကို အလိုအလျောက်နှစ်သက်တတ်ကြသည်။ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ တန်ဘို့ ရှိသော အဝတ်များ လိုချင် တတ်ကြသည်။ အပြင်တန်ဆင်သောသူသည် အတွင်း တည်းဟူသော ဝိညာဉ် ပိုင်းတန်ဆင်ခြင်း၌ အားနည်းတတ်သည်။

၄။ ဘုရားသခင့်ရှေ့မှာ အဘိုး များစွာ ထိုက်သော နူးညံ့ငြိမ်သက်ခြင်း သဘော် တည်းဟူသော မဖောက်ပြန်မ ပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်း လူဖြစ်စေ ကြလော့။

အတွင်း လူ တည်းဟူသော ဝိညာဉ် ပိုင်းတန်ဆာဆင်ခြင်းသည် အဘိုး များစွာ ထိုက်သည် ဟုဆိုသည်။ အကြောင်းမှာ လူသည် အတွင်း လူဖြစ်သော ဝိညာဉ်ပိုင်းခိုင်ခန့်လှပမှတည်ကြည်သောသူ၊ ဘုရား အလိုတော်အတိုင်း အသက်ရှင်၍ အားကိုး ထိုက်သောသူ၊ တန်ဘိုးရှိသောသူ ဖြစ်လာသည်။ ထိုကြောင့် အပြင်ပိုင်း အလွန် အ​ကျွန်ပြင် ဆင်သောသူသည် ဇာတိလူ ဖြစ်၍ အပြင်ပိုင်းအသင့် အတင့် ပြင်ဆင်၍ အတွင်း ပိုင်း ပြင်ဆင်သောသူသည် ဝိညာဉ်လူဖြစ်ကာအားကိုး ထိုက်သောသူ၊ စိတ်ချထိုက်သောသူ ဖြစ်သည်။ အတွင်း လူကို ကျမ်းစာဖတ်ခြင်း၊ ဆင်ခြင်ခြင်း၊ လိုက်လျှောက်ခြင်း၊ ဆုတောင်းခြင်း၊ သက်သေခံခြင်း၊ သူတပါးကို ဂရုစိုက်ကူညီခြင်းဖြင့် တန်ဆာဆင်နိင်သည်။

၅-၆။ ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ကိုယ်ကို တန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟု ခေါ်ဝေါ်၍ သူ၏ စကားကို နားထောင် သကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာ ကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျင်းမရှိဘဲ နေလျှင် စာရာ၏ သမီး ဖြစ်ကြ၏။

ရှင်ပေတရုကအာဗြဟံ၏ မိန်းမစာရာသည် ဘုရားသခင်ကို ကိုးစား၍ ဝိညာဉ်ပိုင်းတန်ဆာဆင်သည် ဟုဆိုသည်။ မိမိ၏ ခင်ပွန်းအာဗြဟံကိုလည်း သခင်ဟု ခေါ်၍ သူ၏ စကားကို နားထောင် ကာအုပ်စိုးခြင်း ကိုလည်း ဝန်ခံသည် ဟုဆိုသည်။ ထိုသို့ မိန်းမတိုင်း မိမိခင်ပွန်း၏ အုပ်စိုးခြင်း ခံလျှင် မည်မျှကောင်းမည်နည်း။ ယခုခေတ်တွင် မိန်းမ များသည်ယောက်ျားများနှင့် တန်းတူသည် ဟုဆိုကာယောက်ျားကို နာမခံသောသူများများလှပြီ။ ထိုသူများသည် ဘုရား မယုံကြည်သူများ (်နာငညငျအ) များကဝါဒဖြန့်ခြင်းအားဖြင့် ဖြစ်သည်။ ဥပဒေကလည်း မိန်းများကို အလွန် ကာကွယ်သည်။ အချို့ယောက်ျားများကလည်း မိန်းမများကို လွန်နှိပ်စက်တတ်သောကြောင့် မိန်းမများကို ကာ ကွယ်ဘို့ လိုပြန်သည်။ သို့သော် ဝိညာဉ်တော် ကအုပ်စိုးလျှင် လင်မယားသည် တယောက်နှင့် တယောက် အနိင် ကျင့်စရာ၊ ပုန်ကန်ဆန့်ကျင်စရာ မလိုချေ။

ရ။ ထိုနည်းတူ၊ယောက်ျားတို့၊ ဆုတောင်းခြင်း အမှု၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံ ရသောသူချင်းကဲ့သို့ သတိပညာနှင့် လျော်စွာကိုယ်ခင်ပွန်းနှင့်အတူ နေ၍ အားနည်း သောသူကို ပြုသင့်သည် အတိုင်း သူ့ကို စောင့်မပြုစုကြလော့။

ရှင်ပေတရုကယောက်ျားတို့ ဆုတောင်းခြင်း အမှု၌ အဆီးအတားမရှိစေခြင်း ငါှ ဟုဆိုရာတွင်ယောက်ျား တိုင်းသည် ဆုတောင်းဘို့ လိုကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ သို့သော် များစွာသောယောက်ျားများသည် ဆုမ တောင်းကြချေ။ ဆုမတောင်းခြင်းသည် ဘုရားသခင်ကို ဂရုမစိုက်ခြင်း၊ အားမကိုး ခြင်း၊ ငါ့ သဘော ဟုဆိုခြင်း ဖြစ်သည်။ ယခုမှစ၍ ဆုမတောင်းတတ်သောယောက်ျားများ ဆုတောင်း ကြစို့။ သို့မှသာ ဘုရားသခင်က အသက်တာ အိမ်ထောင်ကို တည်ဆောက်နိင်ပေမည်။

ဆုတောင်း တတ်သောသူများ အနေဖြင့် ခင်ပွန်းသည်နှင့် အဆင် မပြေပါက ဆုတောင်းခြင်း၌ အလွန် အနှောက်အရှက် ဖြစ်စေသည်။ ထို့ကြောင့် ခင်ပွန်းနှင့် အဆင်ပြေဘို့သည် အလွန် အရေးကြီးသည်။

ရှင်ပေတရုကမိန်းမများ ကယောက်ျား၏ အုပ်စိုးခြင်းကို ဝန်ခံဘို့ ပြောပြီး နောက်ယောက်ျားများ အနေဖြင့်ကိုယ့်ခင်ပွန်းသည်ကို အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံ ရသောသူချင်း ဟုဆိုသည်။ အချို့ယောက်ျားများ ကမိန်းမများကို ​ကျွန်၊ သို့မဟုတ် အစေခံကဲ့သို့ ထင်မှတ်ကြကာ အလိုမကျလျှင် ရိုက်ပုတ်ခြင်း၊ ဆဲ ရေးတိုင်း ထွာခြင်း ပြုလုပ် တတ်ကြသည်။ အမှန်မှာ မိန်းမများသည် အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံဘော်ခံဘက် ဖြစ်သည်။ မိန်းမများသည် အားနည်းသော်လည်း ယောက်ျားများ၏ အထောက်အမ ဖြစ်သည်။ ထိုအပြင်ယောက်ျားတိုင်း၌ မိခင် ရှိကြသည်။ မိန်းမကို အထင်သေးလျှင်လည်း မိခင်ကိုအား ဏာသင့်သည်။

မိန်းမများသည် အားနည်းသောကြောင့်ယောက်ျားများ ကအနိင်ယူဘို့ မဟုတ်ဘဲ သနားကာ​ဖြေးမကူညီဘို့ ဖြစ်သည်။ သာမန်အားဖြင့် ဘယ်ဘက်လက်သည် အားနည်းသော်လည်း ညာဘက်လက်ကို ကူညီမှအလုပ် ဖြစ်နိင် သကဲ့သို့ မိန်းမသည်ယောက်ျား၏ကိုယ်တပိုင်း ဖြစ်သောကြောင့် ကြည့်ရှုစောင့်ရှောက်တတ်လျှင် အလွန် အကျိုးကြီးသည်။

အချင်းချင်းဆက်ဆံခြင်း မည်ကဲ့သို့ ဆက်ဆံရမည်နည်း (၈-၁ရ)

၈။ အချုပ်အခြာစကား ဟူမူကား၊ သင်တို့ အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကို ချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။

စိတ်တညီတညွတ်ရှိဘို့ ရေးထားသည်။ စိတ်မညီညွတ်နိင်ခြင်းသည် ချစ်ခြင်းမေတ္တာမရှိ၊ ငါ့ သဘော ဟူသော မာန်မာနကြောင့် ဖြစ်သည်။ စိတ်ညီညွတ်လျှင် ဘယ်အရာမဆိုအောင်မြင် နိင်သည်။ သခင် ခရစ်တော် က-အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏ နာမကို ထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့ အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။ (မ ၁၈:၂၀)ဟု ဆုသည်။ ဆာလံဆရာကလည်း- ညီအစ်ကို တို့သည် သဘောတူလျက် ပေါင်းဘော်ကြသည် အရာမှာ အလွန် ကောင်းပေ၏။ အလွန် တင့် တယ် လျောက်ပတ်ပေ၏။ အာရုံ၏ ခေါင်းပေါ်မှာလောင်းလျက်၊ သူ၏ မုတ်ဆိတ်သို့ စီး၍၊ လည်စွပ်တိုင်အောင် ကျသော နံ့သာဆီ ကဲ့သို့ဖြစ်၏။ ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးပေါ်သို့ ကျသော နှင်းကဲ့သို့ဖြစ်၏။ ထိုသို့ နေကြသော အရပ်၌၊ ထာဝရဘုရားသည် အစဉ်အမြဲ အသက်ရှင်ခြင်း အခွင့် တည်းဟူသော ကောင်းကြီး မင်္လာကို စီရင်တော်မူ၏။ (ဆာ ၁၃၃:၁-၃)ဟု ရေးထားသည်။

၉။ သင်တို့သည် ကောင်းကြီး မင်္လာကို အမွေခံ စေခြင်း အလိုငှါ ခေါ်တော်မူသောသူ ဖြစ်သည်ဟု သိမှတ်၍ အချင်းချင်းရန်တုံ့ မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။

ယုံကြည်သူများသည် ကောင်းကြီး မင်္လာကို အမွေခံ စေခြင်းငှါ ခေါ်တော်မူသောသူ ဖြစ်သည် စုသိမှတ်ဘို့ ရေးထားသည်။ ယုံကြည်သူများသည် ယုံကြည်ခြင်းကြောင့် ဆင်းရဲ ဒုက္ခ ခံသောအခါ၊ အထူးသဖြင့် မိသားစုအထဲ မှယုံကြည်ခြင်းကြောင့် ဝိုင်းပယ်ခြင်း ခံသူများ အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို အထင်လွဲနိင်သည်။ လောလောဆယ်မည်သို့ ပင် ပြသနာနှင့် ဒုက္ခ ဆင်းရဲ ခံရသော်လည်း ကောင်းကြီး မင်္လာခံမည့်သူဟုအား ယူသင့်သည်။ ထိုသို့ ကောင်းကြီး မင်္လာခံမည့်သူ ဖြစ်သောကြောင့် အချင်းချင်းရန်ပြုခြင်း၊ ကဲ့ရဲ့ခြင်း၊ များမလုပ်ဘဲ မေတ္တာပို့ခြင်း သာလုပ်ဘို့ ပြောထားသည်။

၁၀။ အသက်ကို မွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ အလိုရှိသောသူသည် မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ် စေ။ မိမိနှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့်။

လူတိုင်း အသက်ကို မွေ့လျော်ချင် ကြသည်။ ကောင်းမွန်သော နေ့ရက်တို့ ကိုလည်း တွေ့မြင်လို ကြသည်။ ထိုသို့ဖြစ်လိုလျှင် ရှင်ပေတရုကမိမိ လျှာကို ထိန်းရမည်၊ မုသာကိုလည်း မပြောဘို့ သတိပေးထားသည်။ လူသည် မိဘထံမှ နှုတ်ကြမ်းခြင်း၊ မုသာပြောခြင်း၊ လိမ်လည်ခြင်းများအမွေခံ တတ်ကြသည်။ သို့သော် ယုံကြည်သူ ဖြစ် လာသောအခါ ထိုအမွေဆိုးများကို လက်မခံသင့်ချေ။ အဘယ်ကြောင့်မိဘ၏ အမွေဆိုးများကို လက်ခံကြသနည်း ဟူမူကား မိဘပြောသော စကားများကို အစဉ်ကြားခဲ့သောကြောင့် ဖြစ်သည်။ ထိုအပြင်မိဘများ၏ အပြောအဆို အနေအထိ ုင်ကောင်းမကောင်းကို မစဉ်းစား၊ မစစ်ဆေးသောကြောင့် ဖြစ်သည်။ ထိုအပြင်တရားတော်၌ မမွေ့ လျော် သောကြောင့် ဖြစ်သည်။ လူသည် စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်သည် (မ ၁၂:၃၄)။ စိတ်နှလုံးအထဲ၌ ဘုရားတရား၊ နှုတ်ကပတ်တော် မရှိသောကြောင့် ရှိသောအရာကို နှုတ်မြွတ်တတ်ခြင်း ဖြစ်သည်။ ယခုမှစ၍ ကျမ်းစာကိုများများ စိတ်နှလုံးအထဲသို့ သွင်း (ိသတည ူသ​ေိ) ကြပါစို့။

၁၁။ ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကို ပြုစေ။ သူတပါးနှင့် အသင့် အတင့်နေခြင်းကို ရှာ၍ မှီအောင် လိုက်စေ။

လူသည် ဒုစရိုက် ပြုလုပ်ဘို့ မွေးခဲ့သည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ဒုတိယ မွေးဘွားသောအခါ သုစ ရိုက် ပြုလုပ်ဘို့ မွေးဘွားပြန်သည်။ ယုံကြည်သူသည် လူနှစ်ဦး ဖြစ်လာသည်။ လူဟောင်း (ဇာတိ)သည် မကုန်သေး ချေသောကြောင့် ဒုစရိုက်ကို ဆက်လုပ်ချင်သည်။ ထိုလူဟောင်းသည် ကိုယ်ခန္ဓာအသက်ရှင်သရွေ့ရှိမည် ဖြစ်သည်။ လူသစ် ( ဝိညာဉ်)သည် မွေးဘွားလာသော်လည်း အစာမကျွေးလျှင်အား မရှိသောကြောင့် ဇာတိ၏ အနိင်ကျင့်ခြင်း အုပ်စိုးခြင်းကို ခံနေရမည် ဖြစ်သည်။ ထိုကြောင့် ဒုစရိုက်ရှောင်နိင်ဘို့ရန်မှာ ဝိညာဉ် အစာ တည်းဟူသော နှုတ်က ပတ်တော်ကိုများများ သွင်းရမည်။ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊ အ​ကျွန်ုပ်သည်ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာ ပါ၏၊၊ ပညတ်တော် လမ်းမှ လွဲစေတော်မမူပါနှင့်၊၊ ကိုယ်တော်ကို မပြစ််မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားပါပြီ၊၊ (ဆာ ၁၁၉:၉-၁၁)

၁၂။ အကြောင်းမူကား၊ ထာဝရဘုရားသည် ​ဖြောင့်မတ်သော သူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ ဆုတောင်းခြင်း ကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသော သူတို့ကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။

ထာဝရဘုရားသည် ​ဖြောင့်မတ်သော သူတို့ကို ကြည့်ရှု၍ သူတို့ ဆုတောင်းခြင်း ကိုလည်း နား​ညောင်းတော်မူသည် ဟုဆိုသည်။ ကျမ်းစာ၌ ​ဖြောင့်မတ်ခြင်း နှစ်မျိုးရှိသည်။ ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းနှင့် လူတည် ဆောက်သော ​ဖြောင့်မတ်ခြင်းတို့ ဖြစ်သည်။ လူသည် ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းကို နားမလည် သောကြောင့် အကျင့်အားဖြင့် ​ဖြောင့်မတ်ဘို့ ကြိုးစား တတ်ကြသည်။ ရှင်ပေါလုက- ထိုသူ ( ဣသရေလ) တို့သည် ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ ကိုယ်​ဖြောင့် မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရား သခင်၏ ​ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ။ ဟုဆိုသည် (ရော ၁၀:၃)။ ဘုရားသခင်က လူကို ခရစ်တော်အားဖြင့် ​ဖြောင့်မတ်ခြင်း ပေးသည် -ယရှု ခရစ်ရွေး နှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ (ရော ၃:၂၄) ထိုအရာကို လက်ခံသောသူသည် ဘုရားသခင် ရှေ့၌ ​ဖြောင့်မတ်ပြီ။ ​ဖြောင့်မတ်သောသူသည် ​ဖြောင့်မတ်သောသူကဲ့သို့ အသက်ရှင်သင့်သည်။

လူတည်ဆောက်သော ​ဖြောင့်မတ်ခြင်းကို နှစ်မျိုးခွဲခြားနိင်ပြန်သည်။ ဇာတိအားဖြင့် တည်ဆောက်သော ​ဖြောင့်မတ်ခြင်းနှင့် ဝိညာဉ်တော် အုပ်စိုးခြင်းအားဖြင့် တည်ဆောက်သော ​ဖြောင့်မတ်ခြင်းတို့ ဖြစ်သည်။ ဇာတိအားဖြင့် ရသော ​ဖြောင့်မတ်ခြင်းသည် ဖာရိရှဲများ ကဲ့သို့ဖြစ်၍ ဝါကြွားဘို့နှင့် သူတပါးကို နှိမ်ဘို့ရန် ဖြစ်သည်။ ဝိညာဉ်တော်အားဖြင့် တည်ဆောက်သော ​ဖြောင့်မတ်ခြင်းသည် လူအားဖြင့် မဟုတ်သောကြောင့် နှိမ့်ချခြင်းရှိ၍ သူတပါး၏ အပြစ်ကို မမြင်ချေ။ ဝိညာဉ်တော်အားဖြင့် တည်ဆောက်သော ​ဖြောင့်မတ်ခြင်း ဆိုသည်မှာ ဝိညာဉ်တော် အုပ်စိုးခြင်းအားဖြင့် အသက်ရှင်သော အသက်တာ ဖြစ်သည်။ ထိုသူများ၏ ဆုတောင်း သံကို ဘ ဘုရားသခင်က နား​ညောင်းသည်။

၁၃။ သင်တို့သည် ကောင်းသော တရားကို ကျင့်သောသူ ဖြစ်လျှင်၊ အဘယ်သူ ညှဉ်းဆဲမည်နည်း။

ကောင်းသောအရာကို ကျင့်သော်လည်း ဍှဉ်းဆဲခြင်းသည် စာတန်နှင့် သူ၏ လူများ ကတိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုအရာကို ကြောက်စရာ မလို၊ အကြောင်းမှာ ဘုရားသခင်က -ထိုအလုံးအရင်းကြီးကြောင့် မကြောက် ကြနှင့် စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့ တာ မဟုတ်၊ ဘုရားသခင် တာ ဖြစ်၏။ ဟုဆိုသည် (၂ ရာဇဝင်ချုပ် ၂၀:၁၅) ဟုဆိုသည်။ သို့သော် ကိုယ်မကောင်းသောကြောင့် ဍှဉ်းဆဲခံရလျှင် ဘုရားသခင်က ကူညီမည် မဟုတ်။ ပို၍ ဒုက္ခ ခံစေမည် ဖြစ်သည်။

၁၄။ ​ဖြောင့်မတ်ခြင်း တရားကြောင့် ဆင်းရဲ ခံရလျှင် မူကား၊ မင်္လာ ရှိကြ၏။ သူတို့၏ ခြိမ်းချောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။

​ဖြောင့်မတ်ခြင်း တရားကြောင့်ဆင်းရဲ ခံလျှင် မင်္လာရှိသည် ဟုဆိုသည်။ အကြောင်းမှာ ဆင်းရဲ ခံခြင်း အပြီးတွင် ဘုရားသခင်ထံမှ ဆုလတ်များ ရရှိမည် ဖြစ်သည်။ ရှင်ပေတရုက-အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီးတတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း အရာသည် သာ၍ မြတ်သည် နှင့်၊ ယေရှုခရစ် ပေါ်ထွန်တော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်း အာနုဘော် အလိုငှါ ဖြစ်မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့် ရှက်ခြင်းကို ခံရသော အကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက် ဆိုခဲ့ပြီးသော ကျေးဇူးတော်ကို ထောက်၍ ရွှင်လန်းသော စိတ်ရှိကြ၏။ ဟုဆိုသည် (၁ ပေ ၁:၆ -ရ)။

၁၅။ စိတ်နှလုံးထဲ၌ ထာဝရ အရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့၊ သင်တို့ မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သော သဘော၊ ကြောက်ရွံ့သော သဘောနှင့် ပြန်ပြောခြင်းငှါ၊ ကာလ အစဉ်မပြတ် အသင့် ရှိနေကြလော့။

ယုံကြည်သူများသည် စိတ်နှလုံးအထဲမှထာဝရဘုရားကို ရိုသေခြင်းရှိဘို့ ပြောထားသည်။ အကြောင်းမှာ လူသည် ဘုရားသခင်ကို နှုတ်အားဖြင့် ချဉ်းကပ်၍ စိတ်နှလုံးအားဖြင့် ဝေးတတ်သောကြောင့် ဖြစ်သည် (ဟေရှာယ ၂၉:၁၃၊ မ၁၅:ရ- ၉)။

သင်တို့၏ မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းလျှင် ပြောဘို့ရန် အသင့် ရှိပါ ဟုဆိုသည်။ ယနေ့ ယုံကြည်သူများ၏ မြော်လင့်ခြင်းသည် အဘယ်အရာနည်း။ တမန်တော်များလက်ထက် ယုံကြည်သူများ၏ မြော်လင့်ခြင်းသည် သခင်ယေရှု ကြွလာမည့် အရာသာလျှင် ဖြစ်သည်။ ထိုအကြောင်းကို ပြောဘို့ရန် အဆင်သင့်ပြင်ခိုင်းသည်။ ထိုအကြောင်း ပြောသောအခါ၌လည်း နူးညံ့သောစိတ်သဘော၊ ကြောက်ရွံ့သော သဘောနှင့် ပြောကြပါ ဟုဆိုသည်။ သို့သော် ယနေ့ ယုံကြည်သူများသည် ခရစ်တော် ကြွလာမည့် အရာကို မမြော်လင့်ကြသောကြောင့် ပြောစ ရာလည်း မသိ၊ ပြောလည်း မပြောတတ် ဖြစ်နေကြသည်ကို ဝမ်းနည်းဘွယ်တွေ့မြင်နေရသည်။

၁၆။ ခရစ်တော်၌ သင်တို့ ကျင့်သော အကျင့်ကောင်းကို ရှုတ်ချသော သူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ ကိုယ်တိုင်ရှက်ကြောက်ခြင်းရှိမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သိသော စိတ်ကြည်လင်လျက် နေကြလော့။

ခရစ်တော်၌ ကောင်းသော အကျင့်ကို ကျင့်သောအခါ ရှုတ်ချကဲ့ရဲ့ခြင်း ခံနိင်သည်။ ထိုသို့ ခံရသောအခါ ရှက်ကြောက်ခြင်း မရှိမည့် အကြောင်း ကိုယ်ကိုကိုယ် သိသော စိတ်ကြည်လင်လျက် နေကြလော့ ဟုဆိုခြင်းသည် အင်္လိပ်လို ခူနမေ ခသညျခငနညခန ဟုဆိုသည်။ အဘယ်ကြောင့်ကောင်းသော အကျင့်အတွက် ကဲ့ရဲ့ကြသနည်း ဟူမူကား ယုံကြည်သူများ၏ ကောင်းသော အကျင့်သည် မယုံကြည်သူများ၏ အပြစ်ကို ထင်ရှားစေသောကြောင့် ဖြစ်သည်။ အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သား ကဲ့သို့ ကျင့် နေကြလော့။ (ဧဖက် ၅:၈)

၁ရ။ ဘုရားသခင့်အလိုတော် ရှိလျှင်၊ သုစရိုက်ကို ပြု၍ ဆင်းရဲ ခံခြင်းသည်၊ ဒုစရိုက်ကို ပြု၍ ခံခြင်းထက် သာ၍ကောင်း၏။

ဆင်းရဲ ခံခြင်း နှစ်မျိုးရှိသည်။ သုစရိုက် တည်းဟူသော ကောင်းသော အမှုကို ပြုသောကြောင့် ဆင်းရဲ ခံခြင်းသည် ဘုရားသခင်၏ စုံစမ်းခြင်း သို့မဟုတ် စာတန်၏ နှိပ်စက်ခြင်း ဖြစ်သည်။ ယုံကြည်ခြင်းကို ဆန်းစစ်ခြင်း သို့မဟုတ် နှောင့်ရှက်ခြင်း ဖြစ်သည်။ ဒုစရိုက်ကို ပြုသောကြောင့် ဆင်းရဲ ခံခြင်းသည် အပြစ်၏ အခ ဖြစ်သည်။ ဒုစရိုက်ပြုသောကြောင့် ဆင်းရဲ ခံရလျှင် ရှက်စရာ ရှိသည်။ သုစရိုက်ပြုသောကြောင့် ဆင်းရဲ ခံရခြင်းသည် ရှက်စရာ လုံးဝ မရှိချေ။ နောက်ဆုံး၌ အောင်မြင်ခြင်း၊ ချီးမြှောက်ခြင်း၊ ဆုလတ်များရှိသည်။

၁၈။ ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကို ခံ၍ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည် ဖြစ်၍ ငါတို့ကို ဘုရားသခင့်အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ​ဖြောင့်မတ်တော်မူသောသူသည် မ​ဖြောင့်မတ်သော သူတို့အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏။

ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်း ခံသော်လည်း ဝိညာဉ်တော်အားဖြင့် အသက် ပြန်ရှင်သည်။ ထိုအရာသည် ယုံကြည်သူများကိုအား တက်စေသည်။ အကြောင်းမှာ ယုံကြည်ခြင်းကြောင့် ကိုယ်ခန္ဓာ၌ အသေသတ်ခြင်း တိုင်အောင် ခံနိင်သော်လည်း ဝိညာဉ်အားဖြင့် အသက် ပြန်ရှင်မည် ဖြစ်သောကြောင့် ကြောက်စိတ်များပျောက်စေသည်။ ခရစ်တော်သည် သူကိုယ်တိုင်အသက် ပြန်ရှင်ခြင်းအားဖြင့် ငါသည် အသက်ဖြစ်သည် ဟူသောအရာကို လက်တွေ့သက်သေပြသည်။

ခရစ်တော် အသေခံခြင်းသည် အကြောင်းမဲ့ မဟုတ်၊ အပြစ်သားများဘုရားသခင် ထံတော်သို့ ပို့ဆောင်ဘို့ ဖြစ်သည်။ ခရစ်တော်သည် ထိုအရာကို တခါသာခံရသည်။ အကြိမ်ကြိမ်ခံစရာ မလိုတော့ချေ။ ယုံကြည်သူများလည်း ခရစ်တော် နည်းတူ အပြစ်သားများခရစ်တော်၏ အသေခံ ပေးခြင်းကို ယုံကြည် နိင်ဘို့၊ ဘုရားသခင်ထံသို့ ပို့ ဆောင်နိင်ဘို့ ဒုက္ခ ဆင်းရဲ ခံပါက အကျိုးရှိသည်။

၁၉။ ထိုဝိညာဉ်တော် အားဖြင့်လည်း ကြသွားတော်မူ၍ ယခုထောင်ထဲမှာလှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။

ဤကျမ်းပိုဒ်သည် နားလည်လွှဲမှားကြသော ကျမ်းပိုဒ် ဖြစ်သည်။ ခရစ်တော်သည် အသေခံ၍ သင်္ချိုင်းတွင်း၌ သုံးရက်နေသော အချိန်တွင် မရဏာနိင်ငံသို့ သွား၍ ယခုထောင်ထဲမှာလှောင်ထားသော ဝိညာဉ် တို့ကို တရား ဟောသည်ဟု ယူဆကြသည်။ ခရစ်တော်သည် သေသွားသောအခါ ပရဒိသုဘုံသို့ ရောက်သွားသည် (လု ၂၃:၄၃)။ သူ ဝိညာဉ်သည် ဘုရား ထံအပ်သောကြောင့် (လု ၂၃:၄၆) မရဏနိင်ငံ သို့မဟုတ် ငရဲထဲသို့ မဆင်းဘဲ ဘုရားသခင် ရှိရာကောင်းကင်ဘုံသို့ ရောက်သွားသည်။ ဧဖက် ၄:၉၌၊ တက်ကြွတော်မူသည် ဟုဆိုသော်၊ အစစွာ မြေကြီး အောက် အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ ဆိုသည် မဟုတ်လော။ ဟူသောအရာကို အထက်ပါ ကျမ်းပိုဒ်နှင့် လွှဲမှား၍ တွဲပေး ကြသည်။ ဤနေရာ၌ အောက်မြေကြီး အရပ်သို့ ခရစ်တော် ဆင်းသည် ဟူသောအရာသည် မရဏာ (သို့) ငရဲ မဟုတ်ဘဲ ဤလောက မြေကြီး ပေါ်သို့ ဆင်းသက်ခြင်းကို ဆိုလိုသည်။

၂၀။ ထိုဝိညာဉ်တို့ မူကားရှေးကာလ၊ နောဧလက်ထက်၌၊ နည်းသောသူ တည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သော သင်္ဘောကို တည်လုပ်စဉ်တွင် ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သော ဝိညာဉ် ဖြစ်သတည်း။

ခရစ်တော် ဟောပြောသော ဝိညာဉ် များသည် နောဧလက်ထက်၌ အသက်ရှင်ကြသော ဝိညာဉ်များဖြစ်သည်။ မည်သည့်အချိန်၌ ခရစ်တော်သည် ဟောသနည်း။ သူတို့ အသက်ရှင်ချိန်၌ ဖြစ်သည်။ မည်သို့ ဟောသနည်း။ နောဧအားဖြင့် ဟောသည်။ ခရစ်တော်၏ ဝိညာဉ် ကနောဧအထဲမှဟောသည်။ ပေတရုက-ထို ကယ်တင်ခြင်း အကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော် ခံတော်မူ ရသော ဆင်းရဲကို၎င်း၊ ဆင်းရဲ ခံပြီးမှ ဝင်စားတော်မူ ရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့ အထဲ၌ ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန် ကာလကို၎င်း ဆိုလိုတော်မူသည်ဟု မေးမြန်ရှာဖွေ ကြ၏။ ဟုဆိုသည် (၁ ပေ ၁:၁၀-၁၁)။ ထိုကြောင့် ခရစ်တော်သည် လူ့ဇာတိမခံမှီကပင်ပရောဖက်များအထဲမှ ဝိညာဉ်တော်အားဖြင့် တရားဟောကြောင်း သိရသည်။ နောဧအထဲမှလည်း ဟောသည်။ နောဧနှင့် ပတ်သက်၍ ပေတရုက-​ဖြောင့်မတ်ခြင်း တရားကို ဟောသော နောဧနှင့် လူခုနှစ်ယောက် တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ်သောလောကီသား အပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ (၂ ပေ ၂:၅) ဟုဆိုသည်။ ထိုကြောင့် ခရစ်တော်သည် အသေခံ ချိန်တွင် ငရဲသို့ တရားဟောခြင်း မဟုတ်ဘဲ နောဧခေတ်တွင် နောဧအားဖြင့် ဟောခြင်းကို ဆိုလိုသည်။

၂၁။ ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံသည် ယေရှုခရစ် ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကို ကယ်တင် တတ်၏။ ဗတ္တိဇံ ဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အ​ကြေးဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ် သိသော စိတ် ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။

ဗတ္တိဇံသည် အဓိပ္ပါယ်နှစ်မျိုးရှိသည်။ ရေထဲ၌ နှစ်ခြင်းနှင့် မြေကြီး ;ထဲ၌ သင်္ဂြိုလ်ခြင်း မြှုပ်နှံခြင်းတို့ ဖြစ်သည်။ ဘုရားသခင်သည် လူကို ယေရှုခရစ် တော်၌ ထည့်ပြီး သကာလ ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံ စေသည်။ ထိုနောက် ခရစ်တော်၌ သင်္ဂြိုလ်၍ ထိုအရာကို ဗတ္တိဇံဟု ခေါ်သည်။ ထိုနောက် ခရစ်တော်နှင့်အတူ ထမြောက် စေသည်။ ထိုသို့အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရသည်။ ဗတ္တိဇံ ဟုဆိုသော်ကိုယ်ကာယ၏ အညစ်အ​ကြေးဆေး ကြောခြင်းကို မဆိုလို ဟုဆိုခြင်းသည် ရေနှစ်ခြင်းကို ဆိုလိုသည်။ ကိုယ်ကိုကိုယ် သိသော စိတ်ကြည်လင်၍ ဘုရား သခင်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသည် ဟုဆိုခြင်းသည်၊ ဘုရား လုပ်သောအရာကို သိ၍ ဩတ္တပ္ပစိတ်ကြည်လင်ခြင်းကို ဆိုလိုသည်။

၂၂။ ထိုသခင်သည် ကောင်းကင်ဘုံသို့ ကြတော်မူသည် ဖြစ်၍၊ ကောင်းကင်တမန် အစရှိသော အာဏာစက် တန်ခိုးများ တို့ကို အုပ်စိုးလျက်၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ ရှိတော်မူ၏။

ခရစ်တော်သည်လောက၌ အလုပ်ပြီး၍ ရှင်ပြန်ထမြောက်ပြီး နောက်ကောင်းကင်သို့ တက်ကြွသွားခဲ့ပြီ။ ဘုရား ဖြစ်သောကြောင့် ကောင်းကင်တမန် များအပေါ်၌လည်း အုပ်စိုးခြင်း အာဏာစက်ရှိသည်။ ဘုရားသခင်၏ လက်ျာတော် ဖက်ရှိသည်။ ဆာလံဆရာက ခရစ်တော်နှင့် ပတ်သက်၍ -ထာဝရဘုရားက သင်၏ ရန် သူတို့ကို သင်၏ ​ခြေတင်ရာ၊ ငါမချမထားမှီတိုင်အောင်၊ ငါလက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူ၏၊၊ ဟုဆိုသည် (ဆာ ၁၁၀:၁)။ ထိုအရာကို အောက်ပါက ျမ်းပိုဒ်များ၌လည်းရေးသား ထားသည် (တ ၂:၃၃၊ ၃၄၊ ရော ၈:၃၄၊ ဧဖက် ၁:၂၀၊ ကော ၃:၁၊ ဟေ ၁:၃)

.

^

၁ ပေ ၄

၁။ ထိုသို့ ခရစ်တော်သည် ကိုယ်ခန္ဓာတော်၌ ငါတို့အတွက် ခံတော်မူသည် မှန်သောကြောင့်၊ သင်တို့လည်း ထိုသို့သော သဘောကို လက်နက်ပြု၍ သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓာ၌ ခံသောသူသည် ဒုစရိုက် တို့နှင့် လွတ်ငြိမ်းသည် ဖြစ်၍၊ ၂ နောက်တဖန် သူတို့၏ တပ်မက်ခြင်း တရားကို မကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ကျင့်လျက်၊ ကိုယ်ခန္ဓာအသက် အပိုင်း အခြား ကျန်ရစ်သော ကာလကို လွန်စေတတ်၏။

ဤလောကသည် ဇိမ်ခံမည့် နေရာ မဟုတ်ပါ။ ဝိညာဉ် စစ်တိုက်မည့် နေရာ၊ ဝိညာဉ်များရိပ်သိမ်းမည့် နေရာ ဘုရားသခင်၏ စကားကို နားထောင် မည့် နေရာ။ ဘုရား ပေးထားသော တာဝန်ကို ကျေပြွန်စွာ ဆောင်ရွက်မည့် နေရာ ဖြစ်သည်။ ခရစ်တော်သည် ဤလောက၌ နေစဉ်ကာလ ဇိမ်မခံပါ။ သူလိုချင်သော အရာများ မလုပ်ပါ။ ခမည်းတော် ခိုင်းသော အရာများကို ပြီးစီးဆောင်ဆောင်ရွက်ခဲ့သည်။ လောကသား များနှင့် တူအောင် မနေဘဲ သူတို့၏ အပြစ်များကို ဖေါ်ပြသောကြောင့် ကိုယ်ခန္ဓာတော်၌ အပြစ်တင်ခြင်း၊ နှိပ်စက်ခြင်း၊ နောက်ဆုံး၌ အသေသတ်ခြင်းကို ခံခဲ့ရသည်။ ခရစ်တော်သည် ထိုသို့ အသေသတ်ခြင်း ခံရမည်ကို သိသလော၊ အလွန် သိပါသည်။ သို့သော် ထိုသို့ အလိုငါှလာခြင်း ဖြစ်သည်ဟု သူကိုယ်တိုင်ကြိုပြောခဲ့သည်။

ထိုသို့ ခရစ်တော် အသေခံခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်သော ယုံကြည်သူများသည် ထိုသခင်နည်း တူဆင်းရဲ ဒုက္ခကို ခံသင့်သည်။ ဤလောက၌ ဇိမ်မခံဘဲ ကယ်တင်ရှင်၏ ကယ်တင်ခြင်း တရားကို တတ်နိင် သမျှ ဝေ ငှသင့်သည်။ သို့သော် လူသည် ဤလောက၌ ဇိမ်ခံလိုသည်။ ဤလောကသည် အိမ် မဟုတ်ပါ။ အလုပ် လုပ်ရသော လယ်၊ တောင်ယာ ဖြစ်သည်။ ထိုအရာကို ပြောရုံဖြင့် နားမလည်သောသူများသည် ဒုက္ခ ဆင်းရဲကိုကိုယ် ခန္ဓာ၌ ခံပြီးမှသင်ခန်းစာယူ၍ လိမ္မာတတ်သည်။ ထိုကြောင့် ဘုရားသခင်သည် သူချစ်သော သားသမီးများကို ဒုက္ခ ပြသနာများခံစား စေတတ်သည်။ ထိုသို့ ဒုက္ခ ဆင်းရဲ ခံပြီးမှသာ ဘုရား အလိုတော်အတိုင်း အသက် တတ်ကြသည်။

၃။ သာသနာပလူတို့၏ အလိုသို့ လိုက်၍၊ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကိုကိုးကွယ်ခြင်း၌ ကျင်လည်၍၊ ငါတို့ လွန်စေပြီးသော အသက် ကာလသည် ငါတို့ အားလောက်ပေ၏။

ကယ်တင်ခြင်းသို့ မရောက်မှီတွင် လူတိုင်း အနည်းနှင့် အများကိုယ်ကာယ၏ တပ်မက်ခြင်းများကို လိုက် စားခဲ့ကြဘူးသည်။ ထိုအရာများသည် မယုံကြည်သူ၊ လောကသား များ၏ အကောင်းဆုံးသော၊ အရသာ တွေ့သောအရာ ဖြစ်သည်။ ထိုအရာများသည် ယုံကြည်သူများအတွက် မသင့်တော် တော့ချေ။ ထိုအရာများကို သင်သည် စွဲလန်းသေး၍ ကျင့်နေသေးလျှင် အချက်သုံးချက်ထဲမှ တခုခု ဖြစ်မည်။ (၁) သင်သည် ကယ်တင်ခြင်းသို့ မရောက်သေးချေ။ (၂) ကယ်တင်ခြင်းသို့ ရောက်သော်လည်း ဝိညာဉ်ပိုင်း၌ ခလေး ဖြစ်သေးသည်။ (၃) ကယ်တင်ခြင်းသို့ ရောက်သော်လည်း အသက်တာကို ခရစ်တော် မအုပ်စိုးစေဘဲ ဇာတိအားဖြင့် အုပ်စိုးသည်။ ထိုဇာတိအ သက်တာများသည် ယခုဘဝ၊ နောင်ဘဝအတွက် အကျိုးမရှိသောကြောင့် စွန့်လွှတ်၍ ဝိညာဉ် သဘောဖြင့် အသက်ရှင်သင့်သည်။

၄။ ယခုမှာ သင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူးညစ်ညူးစွာ မပြုသည် အရာကို သူတို့သည် အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏။

သူတို့သည် မယုံကြည်သူ၊ လောကသားများကို ဆိုလိုသည်။ သင်တို့သည် ယုံကြည်သူကို ဆိုလိုသည်။

သင်သည် ယုံကြည်သောအခါလောကသားများနည်းတူ ကာမဂုဏ်၌ လွန်ကျူးခြင်း မရှိသောအခါ သူတို့ ကအံ့ဩ ကဲ့ရဲ့ကြမှာသေချာသည်။ ကယ်တင်ခြင်းသို့ ရောက်သောသူသည် အမြင်၊ အကြိုက်၊ အကျင့်ပြောင်းလဲ ရမည် ဖြစ်သည်။ ပြောင်းလဲရမည်ဟု သိသောကြောင့် ပြောင်းလဲခြင်း မဟုတ်ဘဲ၊ အထဲမှပြောင်းလဲလာလိမ့်မည်။ ယုံကြည်သူသည် စားသောက်ခြင်း၌လည်း ဘုရား မကြိုက်သော အရာများကို မစားသောက်တော့ချေ။ ဘုရား မချစ်သောသူများနှင့် ပေါင်းသင်း၍ မရတော့ချေ။ ထိုကြောင့် အပေါင်းအသင်းလည်း အလိုလိုပြောင်းလဲလာလိမ့်မည်။ ထိုအခါ အပေါင်းအသင်းဟောင်းများ ကကဲ့ရဲ့ပြစ်တင်လာလိမ့်မည်။ ထိုသို့ ကဲ့ရဲ့ပြစ်တင်ခြင်းသည် ပြောင်းလဲခြင်း၏ လက္ခဏာ တခု ဖြစ်သည်။ အချို့သောသူများအတွက် အပေါင်းအသင်းများက စွန့်လွှတ်သောအခါ ဝမ်းနည်းခြင်း၊ အား ငယ်ခြင်း၊ ရှက်ခြင်းများခံစား နိင်သည်။ အပေါင်းအသင်းဟောင်းများကို မလွန်ဆန်နိင်သောကြောင့် အချို့သော ယုံကြည်သူများသည် အကျင့်ဟောင်း၌ ပြန်သွားတတ်သည်။ ထို့ကြောင့် ယုံကြည်သူ အချင်းချင်း ပေါင်းသင်း အားပေးခြင်းသည် အလွန် အရေးကြီးသည်။

၅။ သို့ဖြစ်၍၊ အသက်ရှင်သော သူတို့ကို၎င်း၊ သေသော သူတို့ကို၎င်းတရားစီရင်ခြင်း ငါှ အသင့် ရှိတော်မူသောသူရှေ့၌၊ ထို သူတို့သည် စစ်ကြောခြင်းကို ခံရကြလတံ့။

ထို သူတို့သည် မယုံကြည်သူများကို ဆိုလိုသည်။ အသက်ရှင်သောသူနှင့် သေသော သူတို့ကို တရားစီရင် မည့် သူသည် သခင်ယေရှု ပင် ဖြစ်သည် (တမန် ၁၀:၄၂၊ ရောမ ၁၄:၉၊ ၂ တိ ၄:၁)။ ခရစ်တော်ကို ယခုမ ယုံကြည်သူများ ကဘုရားနှင့် သခင်အဖြစ် လက်မခံသေးသော်လည်း နောက်ဆုံးသော အချိန်၌ လက်ခံကြလိမ့်မည်။ ပေါလုက- ကောင်းကင် သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေကြီး အောက်၌ ရှိသော သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင် ဖြစ်တော်မူ၏ဟု နှုတ်နှင့် ဝန်ခံ-မည် ဟုဆိုသည် (ဖိလိပ္ပိ ၂:၁၀-၁၁)။ သို့သော် ထိုအချိန်၌ ဝန်ခံခြင်းသည် နောက်ကျသွားပြီ။ ကယ်တင်ခြင်းသို့ မရောက်တော့ဘဲ မီးအိုင် ထဲသို့ ချပစ်ခြင်း ခံကြရမည် ဖြစ်သည်။

၆။ ထိုအကြောင်းကြောင့် လူတို့ ရှေ့၌ ကိုယ်ခန္ဓာအားဖြင့် အပြစ် စီရင်ခြင်းကို ခံရသော်လည်း၊ ဘုရားသခင့် ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင် မည်အကြောင်း၊ သေသော သူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏။For this is why the gospel was preached even to those who are dead, that though judged in the flesh the way people are, they might live in the spirit the way God does.

သေသော သူတို့သည် ကိုယ်ခန္ဓာပိုင်းသေခြင်းကို ဆိုလိုလျှင် မသေမှီ ဧဝံဂေလိ ကြားသွားခဲ့ ကြသည်။ ဝိညာဉ်ပိုင်းသေခြင်းကို ဆိုလိုလျှင် ခန္ဓပိုင်းအသက်ရှင်၍ ဧဝံဂေလိကို ကြားခြင်းကို ဆိုလိုသည်။

ရ။ ခပ်သိမ်းသော အမှုအရာ တို့သည် အဆုံးသို့ ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့၊ ဆု တောင်းခြင်း အလိုငှါ စောင့် နေကြလော့။

ရှင်ပေတရုက သူတို့ ခေတ်တွင် ခပ်သိမ်းသော အမှုအရာ တို့သည် အဆုံးသို့ ရောက်လုသည် ဟုဆိုသည်။ သို့သော် သူရေးပြီးမှနှစ်ပေါင်း၂၀၀၀ ရှိနေပြီ၊ အဆုံးသို့ မရောက်သေးပါလားဟု မေးနိင်သည်။ ဟုတ်ပါသည်၊ သူကိုယ်တိုင်က ဤသို့ ရေးခဲ့သည်-ခရစ်တော် ခံတော်မူ ရသော ဆင်းရဲကို၎င်း၊ ဆင်းရဲ ခံပြီးမှ ဝင်စားတော်မူ ရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့ အထဲ၌ ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန် ကာလကို၎င်း ဆိုလိုတော်မူသည်ဟု မေးမြန်ရှာဖွေ ကြ၏။ (၁ ပေ ၁:၁၁)။

ရှေးပရောဖက်များအထဲမှ ခရစ်တော်သည် အနာဂတ်မည် ဖြစ်ပျက်မည့် အရာများကို ကြိုဟောသော်လည်း ပရော ဖက်များကိုယ်တိုင် သူတို့ ဟောသောအရာကို နားမလည်ပါ ဟုဆိုသည်။

ရှေးဦး ယုံကြည်သူများသည် ခရစ်တော် ပြန်လည်ကြွလာမည့် အရာကို အလွန် မျှော်လင့်တောင့်တ ကြသည်။ သူတို့ အသက်ရှင်စဉ်တွင် သခင်ယေရှု ကြွလာ၍ အနှစ်တစ်ထောင်ကာလ ချက်ချင်းရောက်မည်ဟု ယူဆကြသည်။ ထိုကြောင့် ဤလောကကို မစွဲလန်းဘဲ လာမည့် အနာဂတ်ကို စွဲလန်း ကြသည်။ ယခုခေတ် တွင်မူ ခရစ်တော် ကြွလာ မည့် အရာကို မစွဲလန်းကြသောကြောင့် ပေါ့ဆ ကြသည်။ တမန်တော်ကြီး ကခပ်သိမ်းသောအရာ တို့သည် အဆုံးသို့ ရောက်လုသောကြောင့် သမ္မာသတိရှိ၍ ဆုတောင်းလျက် စောင့်ဘို့ ပြောထားသည်။ သခင်ယေရှုကလည်း -

အကြင်​ကျွန်တို့သည် စောင့်လျက် နေသည်ကို သခင်သည် ပြန်လာ၍ တွေ့၏၊ ထို​ကျွန်တို့သည် မင်္လာရှိကြ၏။ ငါအမှန် ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ​ကျွန်တို့ကို စားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ၍ သူတို့အား လုပ်​ကျွေးလိမ့်မည်- ဟုဆိုသည်။ (လု ၁၂:၃ရ၊ ၂၁:၃၆၊ ၁ သက် ၅:၆)

၈။ အခြားသော အမှုအရာထက် မက၊ အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ် တို့ကို ဖုံးအုပ်တတ်၏။

အခြားသော အမှုအရာသည် လူ၏ လိုအင်ဆန္ဒ၊ အရေးထားသောအရာ အားလုံး ကို ဆိုလိုသည်။ ထိုအ ရာများကြောင့် အလုပ်ရှုပ်၊ ပြသနာများ၊ အပြစ်တင်၊ ရန်ဖြစ်တတ်ကြသည်။ သို့သော် ထိုအရာများထက် ချစ်ခြင်းမေတ္တာရှိဘို့ ပြောထားသည်။ ယုံကြည်သူများကို ဘုရားသခင်က သူ၏ ချစ်ခြင်းမေတ္တာကို ပေးထားပြီး ပြီ (ရော ၅:၅၊ ၂ တိ ၁:ရ)။ ထိုချစ်ခြင်း မေတ္တာကို အသုံးပြုရမည်။ မည်ကဲ့သို့ အသုံးပြုရမည်နည်း။ ဝိညာဉ်တော်ကို အုပ်စိုး ခွင့်ပေးရမည်။ ရှင်ပေါလုက-မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြု တတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်း မရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ လျောက်ပတ်စွာ မကျင့်တတ်၊ကိုယ် အကျိုးကို မရှာတတ်၊ ဒေါသအမျက်မ ထွက် တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊ ၆ မတရားသော အမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက် တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ (၁ ကော ၁၃:၄ -ရ)ဟု ရေးထားသည်။

၉။ မြည်တမ်းခြင်း မရှိဘဲ အချင်းချင်း ဧည့်သည် ဝတ်ကို ပြုကြလော့။

ဘုရားသခင်က ဣသရေလ လူများထံဂရုစိုက်ဘို့ရန် မှာထားသော လူသည် ဧည့်သည် အာဂန္တုများကို ကြည့်ရှုခြင်း ဖြစ်သည်။ ဟေဗြဲကျမ်းရေးသူကလည်း- ညီအစ်ကိုခြင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည် ဝတ်ပြုခြင်း အမှုကို မမေ့မလျော့ကြနှင့်။ အချို့သော သူတို့သည် ဧည့်သည် ဝတ်ကို ပြုသည် တွင်၊ ကောင်းကင်တမန် တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ။ ဟုဆိုသည် (ဟေဗြဲ ၁၃:၁-၂)။ အာဗြဟံလောတတို့သည် ကောင်းကင်တမန်များကို ဧည့်ခံခဲ့ ကြသည်။ ဧည့်သည်ကို ချစ်ခြင်းသည် ပြောင်းလဲခြင်း၏ လက္ခဏာ၊ ရင့်ကျက်ခြင်း၏ အသီး ဖြစ်သည်။

၁၀။ သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီး ခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူးအပြား ပြားသော ကျေးဇူးတော် ဘဏ္ဍာစိုး ကောင်းကဲ့ သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။

ယုံကြည်သူများသည် ဘုရားသခင်၏ ဘဏ္ဍာစိုးများ ဖြစ်ကြသည်။ ဆုကျေးဇူးအသီးသီးရရှိကြခြင်းသည် ဝါကြွားဘို့ မဟုတ်၊ ဘုရား၏ အလိုတော်အတိုင်း အသုံးပြုဘို့ ဖြစ်သည်။ သို့သော် လူသည် ဘုရား ပေးထားသော ကောင်းကြီးကို ကိုယ့်အစွမ်းအဆကြောင့်ရသည်ဟု ထင်ကာဘုရား အလိုတော်အတိုင်း အသုံးမပြုဘဲကိုယ့်အလို အတိုင်း အသုံးပြုတတ်ကြသည်။ ဘုရားသခင်၏ အလိုတော် မှာလူလူချင်းဂရုစိုက်၍ ဘုရား ပေးထားသော၊ အပ်နှံ ထားသော ဥစ္စာများကို သူတပါးနှင့်အတူ အသုံးပြုုဘို့ ဖြစ်သည်။ ကပ်ဆေးနည်းခြင်းသည် ဘုရားသခင်နှင့် ဆန့် ကျင်ခြင်း ဖြစ်သည်။ ပင်တေကုတ္တေနေ့၌ ပြောင်းလဲ၍ ခရစ်ယာန် ဖြစ်ကြသော ယုံကြည် သောသူ အပေါင်းတို့သည် တစုတဝေးတည်း နေသဖြင့်၊ မိမိတို့၌ ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။ မိမိတို့ ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများ ဆင်းရဲသည် အတိုင်း အသီးသီးတို့အား ဝေငှခြင်းကို ပြုကြ၏။ (တမန် ၂:၄၄-၄၅)

၁၁။ ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော် ထင်ရှား စေမည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့် အညီ ဟောပြောစေ။ အခြားသော အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင် ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူ စေသတည်း။ အာမင်။

ဘုရားသခင် တည်းဟူသော ခမည်းတော်ဘုရားသည် သခင်ယေရှုအားဖြင့် ဘုန်းထင်ရှားဘို့ ဖြစ်သည်။ ထိုကြောင့် သခင်ယေရှု က-အ​ကျွန်ပ်သည် မြေကြီးပေါ်မှ ာကိုယ်တော်ကို ဘုန်းထင်ရှားစေပြီ- (ယော ၁ရး၄)ဟု ဆု တောင်းခဲ့သည်။ ထို့ကြောင့် ဟောပြောသောသူ ဖြစ်စေ၊ အခြားသော အမှုကို ဆောင်ရွက်သောသူ ဖြစ်စေဘုရား၏ ဘုန်းထင်ရှားဘို့ရန် သာလျှင် လုပ်ဆောင်ရမည်။

ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့် အညီဟောပြောစေ ဟုဆိုသည်။ လူတိုင်း သက်သေခံရမည် ဖြစ်သော်လည်း လူများရှေ့၌ ဟောပြောမည့် သူသည် တရားဟောဆရာများကို ဆိုလိုသည်။ သက်သေခံသောသူဖြစ်စေ တရားဟောသောသူဖြစ်စေ ဗျာဒိတ်တော်နှင့် အညီဟောရမည်။ ဗျာဒိတ်တော်နှင့် အညီမ ဟောသောသူသည် လူ့မျက်နှာကြည့်သောသူ၊ အလှူငွေရဘို့ရန် လူ့အကြိုက်ဟောသောသူ ဖြစ်သည်။ ထိုသူ များသည် လူများ၏ ချီးမွမ်းခြင်းနှင့် အလှူငွေများရတတ်သော်လည်း ဘုရားသခင်နှင့် တနေ့ပြန်ဆုံ၍ စစ်ကြောခြင်း ခံရမည် ဖြစ်သည်။

အခြားသောအမှု ဆောင်ရွက်သောသူဆိုသည်မှာ ဟောပြောခြင်းအားဖြင့် မဟုတ်ဘဲ အခြားလိုအပ်သော အရာများကို ဆောင်ရွက်ခြင်းအားဖြင့် ဘုရား နိင်ငံတော် အတွက် ပါဝင် သူများ ဖြစ်သည်။ မိမိလုပ်ငန်းခွင်၌ ဝင်ငွေရှာ သူများ ပင်လျှင် ရိုးသားစွာ လုပ်ဆောင်လျှင် ဘုရား ဘုန်းတော် ထင်ရှားစေနိင်သည်။

၁၂။ ချစ် သူတို့၊ သင်တို့ကို စုံစမ်းစရာဘို့ ယခုခံရသော မီးစစ်ခြင်း အရာကိုကား၊ သင်တို့၌ အံ့ဘွယ်သောအရာ ဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩခြင်း မရှိကြနှင့်၊

မီးစစ်ခြင်း အရာဆိုသည်မှာ အင်္လိပ်လို အ့န်ငနမပ အမင​ေူ ဟုဆိုသည်။ မီးသည် ပူလောင်သည် သကဲ့သို့ ခက်ခဲသော စုံစမ်းခြင်းကို ဆိုလိုသည်။ ယုံကြည်သူများသည် စုံစမ်းခြင်း ခံရမည့် အကြောင်း၁ ပေ ၁:၆၌ ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ထိုစုံစမ်းခြင်းသည် သခင်ယေရှုနှင့် တွေ့ဆုံးသောအခါ ချီးမွမ်းခြင်း ခံဘို့ရန် ဖြစ်ကြောင်းဟု ဖေါ်ပြထားပြီး ဖြစ်သည်။ ထိုကြောင့် ယုံကြည်သူများအနေဖြင့် စုံစမ်းခြင်း ခံရမည်ကို သိထားနှင့်လျှင် အံ့ဩ စရာ၊ ကြောက်စရာ၊ စိတ်ပျက်စရာ မလိုတော့ချေ။

၁၃။ သင်တို့သည် ခရစ်တော်၏ ဆင်းရဲကို ဆက်ဆံကြသည် ဖြစ်၍ ဘုန်းတော် ပေါ်ထွန်းသောအခါ အလွန် ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင်ဝမ်းမြောက် ကြလော့။

ခရစ်တော်၏ ဆင်းရဲကို ဆက်ဆံခြင်း ဆိုသည်မှာ ခရစ်တော်ကြောင့် ခံရသော ဆင်းရဲခြင်းကို ဆိုလိုသည်။ ယုံ ကြည်သူတိုင်း ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်း၊ နှိမ်ခြင်း၊ ဒုက္ခ ပေးခြင်း၊ ရိုက်ပုတ်ခြင်းများခံလျှင် ဝမ်းမနည်းဘဲ ဝမ်းသာဘို့ ဖြစ်သည်။ ခင်ပွန်းသည်ကို ချစ်သောကြောင့် လက်ထပ်သောအခါ သူ၏ ကောင်းကွက်များသာ မဟုတ်၊ အားနည်းချက်များကိုလည်း ခံစားရမည် ဖြစ်သည်။ ထို့နည်းတူ ခရစ်တော်ကြောင့် ကောင်းကြီးကိုသာလျှင် မခံရဘဲ ဆင်းရဲကိုလည်း ခံဘို့ ဖြစ်သည်။ ခရစ်တော်နှင့် တွေ့သောအခါ အချီးအမွမ်းခံဘို့ ယခုဆင်းရဲ ဒုက္ခကို ခံကြစို့။ ထိုအရာကို သိသောသူများ အနေဖြင့် ကြိုတင်၍ ဝမ်းမြောက်ဘို့ ရေးထားသည်။

၁၄။ ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကို ခံရလျှင် မင်္လာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ ကား ချီး မွမ်းခြင်းရှိတော်မူ၏။

ခရစ်တော်၏ နာမကြောင့်ကဲ့ရဲ့ခြင်း ခံဘူးပါသလား။ မခံဘူးလျှင် မင်္လာမရှိသေး။ ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်း မခံခြင်းသည် အကြောင့်နှစ်ခုရှိသည်။ တကြောင်းမှာ ခရစ်တော် အတွက် အသက်မရှင်၊ သက်သေမခံသောကြောင့် ဖြစ်မည်။ တကြောင်းမှာ ခရစ်တော်ကို ယုံကြည်သောသူများနှင့်သာပေါင်းဖေါ်သောကြောင့် ဖြစ်မည်။ ကဲ့ရဲ့ခြင်း ခံရလျှင် ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့ အပေါ်၌ ကျိန်းဝပ်တော်မူ၏ ဟုဆိုရာတွင် ပေ တရုသည် သူကိုယ်တိုင်ခံစား ခဲ့ဘူးသောကြောင့် ကောင်းစွာ သိသည်။ ပင်တေကုတ္တေနေ့၌ ဖြစ်စေ၊ ​ခြေမစွမ်းသောသူကို ကျန်းမာစေသောအခါ၌ ဖြစ်စေ၊ လွှတ်အရာရှိများရှေ့၌ သူ့အပေါ် ဝိညာဉ်တော်နှင့် ပြည့်ဝသောကြောင့် ကြောက်စိတ် လုံးဝ မရှိသည်သာမက ပြောမည့် စကား များလည်း ဝိညာဉ်တော်က ဖေါ်ပြသောကြောင့် ဘုရား အလိုတော်အတိုင်း ဟောပြော​ခြေပနိင်ခဲ့သည်။ ထို့ကြောင့် ကြောက်စရာ၊ စိုးရိမ်စရာ လုံးဝ မလိုချေ။

၁၅။ လူအသက်ကို သတ်သော အပြစ်၊ သူ့ဥစ္စာကို ခိုးသော အပြစ်၊ ဒုစရိုက်ကို ပြုသော အပြစ်၊ သူတပါးအမှု၌ ရောနှောသော အပြစ်ရှိ၍၊ သင်တို့တွင် အဘယ်သူမျှ မခံစေနှင့်။

အထက်၌ ဖေါ်ပြသော ဒုစရိုက်အပြစ်များမကျူးလွန်ဘို့ သတိပေးထားသည်။ ထိုဒုစရိုက်အပြစ်များကြောင့် ခံရလျှင် ရှက်စရာ ကောင်းသည်။ ဘုရားသခင်၏ ဘုန်းတော် ရှုတ်ချစရာလည်း ဖြစ်သည်။ ယုံကြည်သူ ညီအစ်ကို များနှင့် အသင်းတော်လည်း နာမည်ပျက်စေသည်။

၁၆။ ခရစ်ယာန် ဖြစ်သောကြောင့် ခံရလျှင် မူကားရှက်ကြောက်ခြင်း မရှိစေနှင့်။ ထိုအမှုကြောင့် ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းစေ။

ခရစ်ယာန် ဆိုသည်မှာ ခရစ်တော်၏ နောက်လိုက်များ၊ ခရစ်တော် ပိုင်သောသူများ၊ ခရစ်တော် ကဲ့သို့သောသူများဟု အဓိပ္ပါယ်ရသည်။ ခရစ်ယာန် ဖြစ်သောကြောင့် ခံရလျှင် ရှက်ကြောက်စရာ မရှိ။ ထိုသို့ ခရစ်ယာန် ဖြစ်သောကြောင့် ခံရလျှင် ဘုရားသခင်၏ ကျေးဇူူးတော်၊ ဂုဏ်တော် ချီးမွမ်းဘို့ ပြောထားသည်။

၁ရ။ ဘုရားသခင်၏ အိမ်တော်သား တို့ကို ရှေ့ဦးစွာ စစ်ကြော စီရင်ရသောအချိန် ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ် ကြော စီရင်လျှင်၊ ဘုရားသခင်၏ ဧဝံဂေလိတရား စကားကို နားမထောင်သော သူတို့၏ အမှုသည် အဘယ်သို့ပြီး လိမ့်မည်နည်း။

ဘုရားသခင်၏ အိမ်တော်သား တို့သည် ရှေ့ဦးစွာ စစ်ကြောစီရင်ခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဆုံးမခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏ ဟုဆိုသည် (ဟေဗြဲ ၁၂:၆)။

ဘုရားသခင်သည် ပေတရုကိုယ်တိုင်မှတဆင့်လင်မယား၊ နှစ်ယောက်ကို ဆုံးမခဲ့ကြောင်း ဤသို့ တွေ့ရသည်-အာနနိနှင့် ရှာဖိရေအမည်ရှိသော လင်မယား နှစ်ယောက်တို့ မူကား ဥစ္စာတစုံတခုကို ရောင်းပြီးလျှင်၊ ထိုသူသည် မိမိခင်ပွန်းနှင့် သဘောတူလျက်၊ အဘိုး၏ တဘို့ကို ထိမ်ဝှက်သဖြင့်၊ တဘို့ကိုသာ ယူဆောင်ခဲ့၍ တမန်တော်တို့၏ ​ခြေရင်း၌ ထားလေ၏။ ပေတရုကလည်း၊ အာနနိ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို လှည့် စား၍၊ မြေကို ရောင်းသော အဘိုး၏ တဘို့ကို ထိမ်ဝှက်မည်အကြောင်း၊ စာတန်သည် သင်၏ စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေရသနည်း။ ထိုမြေရှိစဉ်တွင်ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ ရသော အဘိုးသည်ကိုယ် ဥစ္စာ ဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ ကြံစည်သနည်း။ လူကိုသာ မုသာပြောပြီ မဟုတ်၊ ဘုရားသခင်ကိုလည်း မုသာပြောပြီဟု ပေတရုဆို၏။ ထိုစကားကို ကြားလျှင်၊ အာနနိသည် လဲ၍ သေ၏။ (တမန် ၅:၁-၅)။

အာနနိတို့ လင်မယား သေရခြင်းသည် ဆုံးမခြင်း ဖြစ်သည်။ သူတို့သည် မြေကို ရောင်း၍ ရသမျှသော ငွေကို အသင်းတော်၌ လှူ သကဲ့သို့ လိမ်သောကြောင့် အပြစ် စီရင်ခြင်း ခံရခြင်း ဖြစ်သည်။ အားလုံး မလှူသောကြောင့် မဟုတ်။ ယုံကြည်သူများသည် ဒုက္ခ ပြသနာများတွေ့ကြုံရခြင်းသည် (၁) အပြစ်ကြောင့် (၂) ဘုရား ဘုန်းတော် ထင်ရှားဘို့ (၃) စာတန်၏ နှောက်ရှက်ခြင်းကြောင့် ဖြစ်သည်။ ယုံကြည်သူများသည် ဤလောက၌ ရှိစဉ်တွင် စီကြောစီ ရင်ခြင်း ခံရသည်။ မယုံကြည်သူများမူကား နောက်ဆုံးသောအချိန် ပလ္လင်ဖြူကြီး တရားစီရင်ခြင်း၌ ခံရမည် ဖြစ်သည်။ ယုံကြည်သူများပင်လျှင် ခံရလျှင် ဧဝံဂေလိတရားကို မခံသောသူများ၏ ခံရမည့် အရာသည် တွေးဝံ့စရာ မရှိ။ ​ဖြောင့် မတ်သောသူသော်လည်း မြေကြီးပေါ်မှ ာ အပြစ် ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာရှိသနည်း။ (သုတ္တံ ၁၁:၃၁)

၁၈။ ​ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲသည် မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ်သောသူ၊ အပြစ် ထင်ရှားသောသူသည် အဘယ်မှာ ပေါ်လိမ့်မည်နည်း။

​ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိင်ခဲသည် ဆိုသည်မှာ လူ့အမြင် အားဖြင့်၊ လူ၏ ​ဖြောင့်မတ်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ မရောက်နိင်ခြင်းကို ဆိုလိုသည်။ ထိုမျှမက ဘုရား မကိုးကွယ်သော သ၊ ူ အပြစ် ထင်ရှားသောသူသည် အဘယ်ကဲ့သို့ ဘုရားသခင် ရှေ့၌ ပေါ်လာနိင်မည်နည်း။ ပေါ်လာနိင်စရာ အကြောင်း မရှိချေ။ ထိုသူများသည် ဘုရား မရှိသော မီးအိုင် ထဲသို့ ချပစ်မည် ဖြစ်သည်။

၁၉။ ထိုကြောင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ဆင်းရဲ ခံရသော သူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက် သခင်ကဲ့သို့ မှတ်လျက်၊ ကောင်းသော အကျင့်ကို ကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့ အသက် ဝိညာဉ်ကို အပ်နှံကြစေ။

ဘုရားသခင်၏ အလိုတော်အတိုင်း ဆင်းရဲ ခံသော သူတို့သည် စိတ်မပျက်ဘဲ ဆင်းရဲ ခံဘို့ ဖြစ်သည်။ ဘုရားသခင်သည် ယုံကြည်သူ၏ ဆင်းရဲ ခံခြင်းကို သိနေသည်။ သူသည် အကြောင်း မဲ့ဆင်းခံခိုင်းသည် မဟုတ်။ ဘုရား သခင်သည် သစ္စာရှိသည်။ ထိုကြောင့် ကောင်းသော အကျင့်ကို ကျင့်နေ၍ မိမိအသက်ကို ကိုယ်တော်၌ အပ်နှံစေ ဟုဆိုသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးဍှိညွတ်သောကြောင့် စိုိးရိမ်စရာ မလိုချေ။

.

^

၁ ပေ ၅

သင်းအုပ်များ ထံမှာစာ

၁။ သင်းအုပ်အရာ၌၎င်း၊ ခရစ်တော်၏ ဆင်းရဲ ဒုက္ခ ဝေဒနာကို သိမြင်သော သက်သေအရာ၌၎င်း ခန့်ထားသောသူ၊ ထင်ရှား စေတော်မူ လတံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူ ဖြစ်သော ငါပေတရုသည်၊ သင်တို့တွင် ရှိသော သင်းအုပ်ချင်း တို့ကို တောင်းပန်ပါ၏။

သခင်ယေရှု ကပေတရုကို သင်းအုပ်အရာ၌ ခန့်ထားခဲ့ကြောင်း ဤသို့ တွေ့ရသည်၊ “ယေရှုက၊ ယောန၏သားရှိမုန်၊ ဤ သူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည် သာ၍ ချစ်သလောဟု ရှိမုန်ပေတရုအား မိန့်တော်မူလျှင်၊ ဟုတ်ပါ၏ သခင်။ ကိုယ်တော်ကို အ​ကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏ သိုးသငယ် တို့ကို ​ကျွေးမွေးလော့ဟု မိန့်တော်မူ၏။” (ယော ၂၁:၁၅)။ သခင်ယေရှု ကပေတရုအား သူ၏ သိုးတည်း ဟူသော၊ ယုံကြည် သူတို့ကို ​ကျွေးမွေး ပြုစုဘို့ရန် သုံးကြိမ်တိတိခိုင်းခဲ့သည်။ ထို့ကြောင့် ပေတရုသည် သိုးထိန်း ဖြစ်သည်။

ထိုအပြင်ပေတရုသည် ခရစ်တော်၏ ဆင်းရဲ ဒုက္ခ ဝေဒနာများကို သိိမြင်၍ သက်သေ ဖြစ်သည်။ ဂေသရှေမန်ဥယျဉ်၌ ခရစ်တော် ခံခဲ့သော ဒုက္ခ ဝေဒနာ မှစ၍ ဘာသာရေးခေါင်းဆောင် များ၏ နေ့စဉ် တိုက်ခိုက်ခြင်း၊ နောက်ဆုံး၌ ပိလတ်မင်းနှင့် ဟေရုဒ်တို့၏ တရားစီရင်ခြင်း၊ ရက်စက်စွာ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်တော်၌ အသေသတ်ခံရခြင်း အဆုံးပေတရုသည် အားလုံး မြင်ခဲ့သောသူ ဖြစ်သည်။ သူ့ထက် ခရစ်တော်နှင့် နီးသောသူမရှိပါ။

“ထင်ရှားစေတော်မူ လတံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူ ဖြစ်သော ငါပေတရု” ပေတရုသည် ခရစ်တော် ဘုန်းတော်နှင့် ကြွလာမည့် အရာကို ထူးခြားသော တောင်ပေါ်၌ မြင်ခဲ့ပြီး ပြီ၊ “ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီယောဟန် တို့ကို ခေါ်၍ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ ရှေ့၌ ထူးခြားသော အဆင်း အရောင်နှင့် ပြည့်စုံသည် ဖြစ်၍ ။ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက် ရှိ၏။ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက် နေကြ၏။” (မ ၁ရး၁-၃)

“သင်တို့တွင် ရှိသော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ၏။” ပေတရုသည် သူကိုယ်တိုင်သင်းအုပ်၊ သိုးထိန်း ဖြစ်သည့်အ တိုင်း အခြားသော သင်းအုပ်များကို စာရေးခြင်း ဖြစ်သည်။ သူသည် တမန်တော် ဖြစ်သော်လည်း အမိန့်အာဏာဖြင့် မရေးပါ။ တောင်းပန်ပါ၏ဟု ရေးထားသည်။ သင်းအုပ်တိုင်း သတိထား၊ လိုက်နာသင့်သော အချက် ဖြစ်သည်။

၂။ သင်တို့နှင့်အတူ ရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်း အမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလိုစေ တနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။

“သင်တို့နှင့်အတူ ရှိသော ဘုရားသခင်၏ သိုးတော်စု” ယုံကြည်သူ အသင်းသူ အသင်းသား များသည် သင်းအုပ်များ အနေ ဖြင့်ကိုယ်ပိုင်သည် မဟုတ်ဟူသောအရာကို သသိပြုရမည်။ ဘုရားသခင်၏ သိုးများ ဖြစ်သည်။ ဘုရား ပိုင်သော သိုးများ ဖြစ်သောကြောင့် ပိုင်ရှင်၏ အလိုအတိုင်း ကြည့်ရှုဘို့ လိုသည်။

“ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်း အမှု” သိုးထိန်းရာတွင် တာဝန် ကျေ မဟုတ်ဘဲ သတိထားဘို့ လိုကြောင့်ရေးထားသည်။ မည်ကဲ့သို့ ထိန်းမည်ကို အောက်၌ ဆက်ရေးထားသည်။

“အနိုင်ထိန်းရသောကြောင့် မဟုတ်” အနိင်ထိန်းသည် ဟုဆိုခြင်းသည် အနိင်အထက်၊ အမိန့်အာဏာဖြင့် ထိန်းခြင်းကို ဆိုလိုသည်။ အချို့သော သင်းအုပ်များသည်၊ အမိန့်အာဏာနှင့် ထိန်းသောကြောင့် သိုးများက အလွန် ကြောက် ကြသည်။ ထို့ကြောင့် အသင်းသားများက ဘုရား အလိုတော်ထက်၊ သင်းအုပ် အလိုဆန္ဒကို ဖြည့်ဘို့ ကြိုးစား လာတတ်ကြသည်။

“မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ” ယနေ့ များစွာသော သင်းအုပ်နှင့် ဘုရား အမှုဆောင်များသည် မစင်ကြယ်သော စီးပွားကို တပ်မက်၍ ရှာ နေကြသည်။ အမှုတော်ဆောင်သည် အကောင်းဆုံးအိမ်၊ ကား၊ ပစ္စည်းများရှိဘို့ အဓိက မဟုတ်ချေ။ အသင်းသားများနှင့် တန်းတူနေနိင်လျှင်တော်လောက်ပြီ။ အမှုတော် မြတ်အတွက် ပေးလှူသော ငွေများကို ကိုယ်ပိုင်ငွေကဲ့သို့ သုံးစွဲသော သူတို့သည် စာတန်၏ ကျော့ကွင်းထဲ၌ ကျော့မိသောသူများ ဖြစ်သောကြောင့်၊ ဘုရားသခင်က အသုံး မပြုနိင်ချေ။ သို့သော် လူသည်လောကအရာကိုသာလျှင် တန်ဘိုး ထားသောကြောင့်၊ လုံးဝ နားမလည်နိင်ချေ။ အမှုတော်ဆောင် သောကြောင့် ချမ်းသာ လာလျှင် အောင်မြင် သည်ဟု သဘော ကျတတ်ကြသည်။ ထိုသူများသည် ငွေတန်ခိုးအားကိုး သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ကိုကို အသုံးမပြုနိင်ကြချေ။

“အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့” သိုးထိန်းခြင်းသည် စေတနာစိတ်ရှိမှအောင်မြင် နိင်သည်။ မိဘများက သားသမီး များအပေါ်ချစ်ခြင်း မေတ္တာအားဖြင့် ကြည့်ရှု သကဲ့သို့ ကြည့်ရှုဘို့ လိုသည်။ မေတ္တာစေတနာမပါသော ခလေးထိန်းများက ခလေးထိန်းသောအခါ၊ ခလေး စားမည့် အစာကိုကိုယ်ကစား၍၊ ခလေး ကောင်းစားရေးအတွက် လုံးဝ ထည့် တွက်ခြင်း မရှိသောကြောင့် ခလေးများမကောင်းနိင်ချေ။ သင်းအုပ်များလည်း ဝိညာဉ် သားသမီး များအတွက် မဟုတ်၊ အသပြာ အတွက် လုပ်လျှင် အကျိုးမရှိသည်သာမက၊ ဆုတ်ယုတ်ဘို့ သာလျှင် ရှိသည်။ သင်သည် ထိုကဲ့သို့သော သိုးထိန်း ဖြစ်ပါသလော။

၃။ အသီးအသီး အုပ်သော အသင်းတော် တို့ကို အာဏာထား၍ အစိုးတရပြုသည် မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကို ပြသောသူ ဖြစ်ကြလော့။

သိုးထိန်းများသည် အာဏာဖြင့် မဟုတ်၊ ပုံသက်သေအားဖြင့် ဦးဆောင်ရမည်။ အာဏာသုံးသော သင်းအုပ်များသည် မအောင်မြင် နိင်ချေ။ အကြောင်း အမျိုးမျိုးကြောင့် အခိုက်အတန့်အားဖြင့် နောက်လိုက်သော်လည်း၊ အာဏာသုံးသော သင်းအုပ်များထံမှ အသင်းသားများထွက်သွားတတ်ကြသည်။ သင်းအုပ်သည် ပုံသက်သေကောင်းပါက အသင်းသားများဝမ်းမြောက် လေး စား၍ စကား နားထောင်မည် ဖြစ်သည်။

၄။ သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။

“သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ ” သိုးထိန်းကြီး တည်းဟူသော သခင်ယေရှုသည် ကောင်းကင်မှ ဆင်းသက်တော်မူ လိမ့်မည်။ သူကိုယ်တိုင်ကလည်း ပြောသွားသည် (ယော ၁၄:၃)။

“သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။” သိုးထိန်းကြီး ခရစ်တော်သည် ကောင်းကင်မှ ဆင်းသက်တော်မူသောအခါ သိုးထိန်းများကို ပေးမည့် သရဖူပါလာမည် ဟုဆိုသည်။ ထိုဆုသည် သင်းအုပ်တိုင်းရရှိမည် မဟုတ်၊ သိုးများကို ကောင်းစွာ စောင့်ရှောက်ထိန်းသိမ်းသောသူများရမည့် သရဖူ ဖြစ်သည်။ ထိုသရဖူကို ရရှိဘို့ ကြိုးစား၍ မြော် လင့်ကြပါစို့။ ထိုသရဖူသည် ညှိုးနွမ်းတတ်သော သပြေခက်များ မဟုတ်၊ ထာဝရ ကာလ တိုင်ခံနိင်သော သရဖူ ဖြစ်မည်။

၅။ ထိုနည်းတူ၊ အသက် ပျိုသော သူတို့၊ အသက် ကြီးသော သူတို့၏ စကားကို နားထောင် ကြလော့။ ထိုမျှကမ၊ အချင်းချင်း တယောက်အောက်တယောက် နှိမ့်ချလျက် နေ၍၊ နှိမ့်ချခြင်း တန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။

“အသက် ပျိုသော သူတို့၊ အသက် ကြီးသော သူတို့၏ စကားကို နားထောင် ကြလော့။” ကျမ်းစာ အရအသက် ငယ်သောသူများ ကအသက် ကြီးသော သူတို့၏ စကား နားထောင်ဘို့ ဖြစ်သည်။ သို့သော် ယခုခေတ်တွင် အသက် ငယ်သော သူတို့၏ စကားကို အသက် ကြီးသောသူများက နားထောင်ဘို့ ဖြစ်သည်ကို ဝမ်းနည်းဖွယ် ဖြစ်သည်။ကြီး စဉ်ငယ်လိုက်ရိုသေ၊ နားထောင်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။

“အချင်းချင်းတယောက် အောက်တယောက် နှိမ့်ချလျက် နေ၍၊ နှိမ့်ချခြင်း တန်ဆာကို ဆင်ကြလော့။” အချို့သောသူများ ကနှိမ့်ချခြင်းသည် ပျော့ညံ့ခြင်း၊ အခြင်း၊ အသုံးမကျ ဖြစ်ခြင်းဟု ယူဆကြသည်။ သို့သော် နှိမ့်ချခြင်းသည် အောင်မြင်ခြင်း ဖြစ်သည်။ မတတ်သောကြောင့်၊ မရှိသောကြောင့် နှိမ့်ချခြင်းသည် မမှန်ပါ။ တတ်နိင်လျက်နှင့် ရှိလျက်နှင့် နှိမ့်ချခြင်းသည် သာလျှင် စစ်မှန်သည်။

“ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။” လူ့အမြင် မှာနှိမ့်ချခြင်းသည် ဆုံးရှုံးခြင်းဟု ထင် ရသော်လည်း၊ အဆုံးအဖြတ်ပေးသောသူသည် ဘုရားသခင် ပင် ဖြစ်သည်။ ဘုရားသခင်သည် ထောင်လွှားစော်ကားသောသူကို ဆီးတားတော်မူသည် ဟုဆိုသည်။ ဟာမန်သည် ထောင်လွှားသောကြောင့် နောက်ဆုံး၌ အသေသတ်ခြင်း ခံခဲ့ရသည် (ဧသ ရး၁၀)။

“စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏” ဘုရားသခင်သည် စိတ်နှိမ့်ချသော သူတို့ကို ကျေးဇူးပြုတော်မူသောကြောင့် စိတ်နှိမ့်ချကြပါစို့။

၆။ ထိုကြောင့်၊ ကာလအချိန် တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူ မည်အကြောင်း၊ တန်ခိုးကြီးသော လက်တော် အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။

ကာလအချိန် တန်လျှင် ဘုရားသခင်သည် ချီးမြှောက်တော်မူမည် ဟုဆိုသောကြောင့် ထိုအချိန်ကို စောင့် ကြစို့။ လူလူချင်း ချီးမြှောက်ခြင်းထက် ဘုရားသခင် ချီးမြှောက်ခြင်းကို လိုချင် ကြစို့။ ခရစ်တော်က၊ “အချင်းချင်းပေးသော ဘုန်းအ ရေကိုသာ ခံ၍၊ ဘုရားသခင် သာလျှင် ပေးတော်မူ တတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။” (ယော ၅:၄၄)ဟု ယုဒလူတို့ကို အပြစ်တင်ခဲ့ဘူးသည်။

ရ။ သင်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်း အမှု ရှိသမျှ တို့ကို ကိုယ်တော်၌ အပ်နှံကြလော့။

မိဘတို့က သားသမီးများကို သတိနှင့် ကြည့်ရှု သကဲ့သို့၊ ဘုရားသခင်ကလည်း သူ့သားသမီးများကို ကြည့်ရှုသည် ဟုဆိုသည်။ ထို့ကြောင့် စိုးရိမ်စရာ မရှိ၊ ခလေးများကမိဘကို စိတ်ချလက်ချမှီခို သကဲ့သို့ ဘုရားသခင်ကို မှီခိုကြစို့။

၈။ သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့် နေကြလော့။ သင်တို့၏ ရန်သူ တည်းဟူသော မာရ်နတ်သည်၊ ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက် ရှိ၏။

“သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့် နေကြလော့” လူသည် ခန္ဓာကိုယ်မအိပ်ဘဲ နေ၍ မရ။ ထို့ကြောင့် ခန္ဓာအိပ်ခြင်း ဆိုလိုသည် မဟုတ်ဘဲ စိတ်နှလုံးအမြဲသတိရှိဘို့ကို ဆိုလိုခြင်း ဖြစ်သည်။ အပြောအဆို၊ အစားအသောက်၊ အနေအထိ ုင်အားလုံး ၌ သတိ ထားဘို့ လိုသည်။

“သင်တို့၏ ရန်သူ တည်းဟူသော မာရ်နတ်သည်၊ ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့် လည်ရှာဖွေလျက် ရှိ၏။” ခြင်္သေ့ဟောက်သောအခါသား ကောင်များ အလွန် ကြောက်တတ်ကြသည်။ ထို့နည်းတူ စာတန်သည်လည်း ယုံကြည်သူများကို ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်ကို လှည့်လည်ရှာဖွေ နေသောကြောင့်၊ သခင်ဘုရား အတောင်တော် အရိပ်အောက်၌ အမြဲခိုလှုံဘို့ရန် လိုသည်။ ကိုယ်အားကို မကိုး မိဘို့ သတိထားရမည်။

၉။ သို့ဖြစ်၍၊ လူပြည် အရပ်ရပ်တို့၌ ရှိသော သင်တို့ ညီအစ်ကိုများတို့သည်၊ ထိုသို့သော ဆင်းရဲကို ခံရကြသည်ဟု သိမှတ်လျက် ယုံကြည်ခြင်း၌ တည်၍ မာရ်နတ်ကို ဆီးတားကြလော့။

“လူပြည် အရပ်ရပ်တို့၌ ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သော ဆင်းရဲကို ခံရကြသည်ဟု သိမှတ်လျက်” ညီ အကို များသည် ယုံကြည်သူများကို ဆိုလိုသည်။ အကြောင်းမှာ ဘုရားသခင်၏ သားသမီး များဖြစ်ကြသောကြောင့် ဖြစ်သည်။ ညီအကို ယုံကြည်သူများသည် အခြားသော နေရာ၌ သူတို့ ဒုက္ခ ရောက် နေကြသည်။ တမန်တော်များခေတ်မှစ၍ ယQုတိုင်အောင် ယုံကြည်သူများသည် ဆင်းရဲ ဒုက္ခ ခံစားရကြသည်။ အကြောင်းမှာ ရန်သူနယ်မြေမှာနေသောကြောင့် ဖြစ်သည်။

“ယုံကြည်ခြင်း၌ တည်၍ မာရ်နတ်ကို ဆီးတားကြလော့။” မာရ်ကို ဆီးတားဘို့ ပြောသည်။ သို့သော် ယုံကြည်သူများသည် မာရ်နတ်ကို ဆီးတားမည့် အစား၊ သူပေးထားသောလောကအရာများကို အငမ်းမရလိုချင်သောအားဖြင့်၊ မာရ်၏ စေခိုင်းခြင်းကို ခံနေရ ကြသည်။

၁၀။ ခရစ်တော် ယေရှုအားဖြင့် ငါတို့ကို ထာဝရ ဘုန်းအသရေတော်သို့ ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကို ပြုတော်မူသော ဘုရားသခင်သည်၊ ခဏဆင်းရဲ ခံပြီးသော သင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့မြဲ+မံစေတော်မူ လိမ့်မည်။

“ခရစ်တော် ယေရှုအားဖြင့် ငါတို့ကို ထာဝရ ဘုန်းအသရေတော်သို့ ခေါ်တော်မူသော” ဘုရား ပေးမည်ထာဝရ ဘုန်းအ သရေတော်သည် လူ့နှုတ်နှင့် ပြော၍ ရမည် မထင်။ လူသည် စာတန်နှင့် သူ၏ လူများ ပေးသော ဘုန်းကို လိုချင် သောကြောင့် ဘုရား ပေးမည့် ဘုန်းကို လှစ်လှူိရှု၊ ဂရုမစိုက်ကြချေ။ သင်သည် ဘုရား ပေးမည်ဘုန်းကိုသာလျှင် လိုချင်ပါ။ ဘုရားကခဏ မဟုတ်၊ ထာဝရ တည်မည့် ဘုန်းပေးဘို့ ငါတို့ကို ခေါ်ထားသည်။

“ခပ်သိမ်းသော ကျေးဇူးကို ပြုတော်မူသော ဘုရားသခင်သည် ” ဘုရားသခင်၏ ကျေးဇူးတော်သည် အလွန်များလှသည်။ သို့သော် လူသည် ကျေးဇူးတော်ကို မရေတွက်ကြသောကြောင့် ကျေနပ် ရောင့်ရဲခြင်း မရှိနိင်ခြင်း ဖြစ်သည်။ ​ကျွန်တော်လည်း ဤစာ စောင်များကို နှစ်စဉ်ရေးနိင်ခြင်းသည် ကြီးမားသော ကျေးဇူးတော် ဖြစ်သည်။ ဤစာစောင်သည် ၈ နှစ်မြောက်ရေးခြင်း ဖြစ်သည်။ နေ့တိုင်း ကွန်ပြူတာရှေ့၌ ထိုင်ရေးသော်လည်း မျက်စိလည်း မပျက်၊ လက်ချောင်းများလည်း မနာ၊ ရေးစရာ စာများလည်း အမြဲပေး သောကြောင့် ကျေးဇူးတော် ချီးမွမ်းသည်။ အမှုတော် မြတ်ကြီး၌လည်းအချိန် ပြည့်အနေဖြင့် ၃ရ နှစ်တိုင်တိုင်ဆောင်နိင်သောကြောင့် ဘုရားရှင်ကို ချီးမွမ်းသည်။ သင်သည် ဘုရားရှင်ထံဘာချီးမွမ်းစရာ ရှိသနည်း။ ကောင်းကြီးရေတွက်ပါ။ သင်အံ့ဩ လိမ့်မည်။

“ခဏဆင်းရဲ ခံပြီးသော သင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့မြဲ+မံစေတော်မူ လိမ့်မည်။” ဤလောက၌ ဆင်းရဲ ခံခြင်းသည် ထာဝရ ကာလ၌ ခံစားရမည့် ကောင်းကြီးနှင့် နှုှုိင်းယှဉ်ပါက ဘာမျှ မပြောစလောက် ဖြစ်သည်။ ထိုမျှသာမက ငါတို့ကို စုံလင်တည်ကြည်ခိုင် မြဲစေမည် ဟုဆိုထားသောကြောင့်အား လျော့ခြင်း မရှိကြစို့နှင့်။

၁၁။ ထိုဘုရားသခင်သည်၊ ကမ္ဘာအဆက်ဆက်ဘုန်းအသရေအစွမ်းသတ္တိရှိတော်မူ စေသတည်း။ အာမင်။

ဘုရားသခင်သည် လူကဘုန်းအသရေနှင့် အစွမ်းသတ္တိပေးနိင်သည် မဟုတ်။ သို့သော် အားရခြင်း၊ ဖြစ်စေချင်ခြင်းကို ထုတ်ဖေါ်ခြင်း ဖြစ်သည်။ လူအနေဖြင့် ဘုရားသခင်ကို ပေးနိင်သောအရာသည် ချီးမွမ်းခြင်း သာလျှင် ဖြစ်သည်။

၁၂။ ငါသည် သင်တို့ကို တိုက်တွန်းသွေးဆောင်လျက်၊ သင်တို့ မှီဝဲဆည်းကပ်သော ဤအရာများသည် ဘုရားသခင်၏ ကျေးဇူးတော် အမှန် ဖြစ်သည်ဟု သက်သေခံလျက်၊ ဤစာကို အကျဉ်းအားဖြင့် ရေးပြီးမှ၊ ငါစိတ်ထင်သည် အတိုင်း သင်တို့ အမှု၌ သစ္စာရှိသော ညီအစ်ကို၊ သိလွှာနုလက်ဖြင့် ယခုပေးလိုက်၏။

ဟေဗြဲစာသည် တိုက်တွန်းသွေးဆောင်သော စာဖြင့်သည်ဟု စာရေးသူကိုယ်တိုင်ရေးထားသည်။ သင်တို့ မှီဝဲဆည်းကပ်သော ဤအရာများ ဆိုသည်မှာ ဘုရား အပေါ်ယုံကြည် အားကိုးခြင်း ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်၏ ကျေးဇူးတော် အမှန် ဖြစ်သည် ဟုဆိုသည်။ ဤစာသိလွှာနုလက်ဖြင့် ပေးလိုက်ခြင်း ဖြစ်သည်။ သူတို့ ခေတ်၌ စာတိုက်မရှိ၊ လူကြုံပါးခြင်း သာလျှင် ရှိသည်။

၁၃။ ငါ့သား မာကုမှစ၍ ဗာဗုလုန်မြို့၌ ရှိသော သင်တို့နှင့်အတူ ရွေးချယ်တော်မူသော အသင်းတော်သည်၊ သင်တို့ကို နှုတ်ဆက် ကြ၏။ ၁၄။ အချင်းချင်းတယောက်ကို တယောက်၊ မေတ္တာနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့၊ ခရစ်တော်နှင့် ဆိုင်သော သင်တို့ အပေါင်း၌ ငြိမ်သက်ခြင်းရှိစေသတည်း။ အာမင်။

လူနာမည်တူသည် များစွာ ရှိတတ်ရာသူ ဖေါ်ပြသော မာကုသည် အဘယ်သူ နည်း။ တ ၁၂:၁၂၌ ဖေါ်ပြသော ယောဟန် ခေါ် မာကု ဖြစ်နိင်သည်။ ဗာဗုလုန်မြို့သည် မေဆိုပိုတေးမေးယား ( ယခုခေတ် အီရတ်ပြည်)၌ ရှိသော မြို့ ဖြစ်မည်ဟု မထင်။ တင် စားခြင်း ဖြစ်မည်။ ယေရုရှလင်မြို့ကိုသော ဒုံနှင့် ဂေါမောရမြို့ဟု ဘုရားကဆိုခဲ့သည် (ဟေရှာယ ၁:၁၀)။ ယေရုရှလင်မြို့ကိုသော ဒုံနှင့် အဲဂုတ္တုဟု ခေါ်သည် (ဗျာ ၁၁:၈)။ ထို့ကြောင့် ပေတရုကဗာဗုလုန်မြို့ ဟုဆိုရာတွင် မည်သည့်နေရာကို ဆိုလိုသည်ကို မသိနိင်ချေ။ ရောမမြို့ကိုလည်း ဆိုလိုနိင်သည်။ ထိုမြို့၌ ရှိသော အသင်းတော်က ဤစာ လက်ခံသော သူတို့ကို နှုတ်ဆက်သည်။ ရှေးယုံ ကြည် သူများသည် မည်မျှပင်ဝေးပါစေ၊ ချစ်ကြ၊ ခင်ကြ၊ နှုတ်ဆက် ကြသည်။ သူတို့ ခေတ်တုံးက ယုံကြည်သူများသည် ယခုအမေရိ ကန်များ ကဲ့သို့ အချင်းချင်းနမ်းခြင်းဖြင့် နှုတ်ဆက် ကြသည်။ ​ကျွန်ပ်တို့ အာရှသား များသည် အကျင့်မရှိသောကြောင့် လိုက်လုပ်၍ မရပါ။

.

^

၂ ပေ ၁

၁။ ယေရှုခရစ်၏ ​ကျွန် တမန်တော် ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသော အရှင်၊ ငါတို့ ဘုရားသခင် ယေရှုခရစ်၏ ​ဖြောင့်မတ်ခြင်း တရားကို ငါတို့ ယုံကြည်သည် နည်းတူ၊ မြတ်စွာသော ယုံကြည်ခြင်းကို ရသော သူတို့အား ကြားလိုက် ပါ၏။

ပေတရုသည် သူ့ကို သူ ယေရှုခရစ်၏ ​ကျွန်ဟူ၍၎င်း၊ တမန်တော် ဟူ၍၎င်း၊ မိတ်ဆက်ထားသည်။ သူသည် နှုတ်အားဖြင့်သာမက၊ ယုံကြည်သူများကို စာအားဖြင့် နှုတ်ဆက်သွန်သင်သည်။ ​ကျွန်ပ်တို့လည်း နှုတ်အားဖြင့်သာမက၊ စာအားဖြင့်လည်း တယောက်နှင့် တယောက် သွန်သင်ဘို့ လိုသည်။ သူသည် ယေရှုခရစ်၏ ​ဖြောင့်မတ်ခြင်း တရားကို ယုံကြည်သည်။ ထိုယုံကြည်ခြင်းသည် မြတ်စွာသော ယုံကြည်ခြင်း ဟုဆိုသည်။ အကြောင်းမှာ ထိုယုံကြည်ခြင်းဖြင့် ​ဖြောင့်မတ်ခြင်းရသည်သာမက၊ ဘုရားနှင့် ဆိုင်ခွင့်၊ ကောင်းကင် ဝင်ခွင့်များ ရရှိနိင်သောကြောင့် ဖြစ်သည်။ ထိုယုံကြည်ခြင်းထက် အရေး ကြီးသောအရာ မရှိတော့ချေ။ သို့သော် လူအများစုသည် မသိသောကြောင့် မယုံကြည် ကြသောကြောင့် ဝမ်းနည်းစရာ ဖြစ်သည်။

၂။ ဘုရားသခင်ကို၎င်း၊ ငါတို့ သခင်ယေရှုကို၎င်း၊ သိသော ဥာဏ်အားဖြင့်၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသော။

ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ ဘုရားသခင်ကို၎င်း၊ ငါတို့ သခင်ယေရှုကို၎င်း၊ သိသော ဥာဏ်အားဖြင့် ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းရရှိဘို့ရန်၊ ဘုရားသခင်နှင့် ယေရှုခရစ် ကိုများများ သိရှိဘို့ ကြိုးစား ကြပါစို့။

၃။ ထိုသို့နှင့် အညီ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကို သိသော ဥာဏ်အားဖြင့်၊ ငါ့တို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း နှင်စပ်ဆိုင်သောအရာ ရှိသမျှ တို့ကို ဘုရား တန်ခိုးတော်သည် ပေးသနားတော်မူပြီ။

ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသည် ဟုဆိုသည်။ ဘုရား သိသော ဥာဏ်အားဖြင့် အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းရှိနိင်သည်။ ထိုအရာသည်လည်း ဘုရား၏ ဘုန်းတန်ခိုးတော်အားဖြင့် ဖြစ်သည် ဟုဆိုသည်။

၄။ ထိုသို့သော အားဖြင့်လည်း အလွန်ကြီး မြတ်၍ အဘိုးထိုက်သော ဂတိများကို၊ ငါတို့၌ အပ်ပေးတော်မူ ပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကို အမှီပြု၍ သင်တို့သည်လောကီတပ်မက်ခြင်း အညစ်အ​ကြေးနှင့် ကင်းလွတ် သဖြင့်၊ ဘုရား ပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်း တည်း။

ဘုရား ပေးသော ဂတိများသည် အလွန် အဘိုးထိုက်သည် ဟုဆိုသည်။ ထိုဂတိတော် များသည် ဤလောကနှင့် စပ်ဆိုင်သည် မဟုတ်။ အကြောင်းမူကား ထိုဂတိတော်များကြောင့် လောကီတပ်မက်ခြင်း အညစ်အ​ကြေးနှင့် ကင်းလွတ် စေမည် ဟုဆိုသည်။ ထို့ကြောင့် ကောင်းကင်နှင့် ဆိုင်သော ဂတိတော်များဖြစ်ပေမည်။ သူကလောကီတပ်မက်ခြင်းသည် အညစ်အ​ကြေး ဟုဆိုသည်။ သို့သော် ယုံကြည်သူ အများစုသည် ထိုအညစ်အ​ကြေးကို အလွန် စွဲလမ်းလိုချင် ကြသည်။ ထိုဂတိတော် ရှိသော သူတို့သည် ဘုရားနှင့် ဆက်ဆံသောသူများ ဖြစ်ဘို့ ဟုဆိုသည်။

၅။ ထိုသို့ အလိုငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလကို၎င်း၊ သီလ၌ ပညာကို၎င်း၊ ၆ ပညာ၌ ကာမဂုဏ် ချုပ်တည်းခြင်းကို၎င်း၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်း ခံခြင်းကို၎င်း၊ သည်း ခံခြင်း၌ ဘုရားဝတ်ကို ပြု၍ မွေ့လျော်ခြင်းကို၎င်း၊ ၇ ထိုမွေ့ လျော်ခြင်း၌ ညီအစ်ကို စုံမက်ခြင်းကို၎င်း၊ ညီအစ်ကို စုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကို၎င်း၊ အလွန် ကြိုးစားအား ထုတ်၍ ထပ် ဆင့်ကြလော့။

ယုံကြည်သူ ဘုရား သားသမီး များသည် ယုံကြည်ခြင်းရှိလျှင် လုံလောက်ပြီဟု ထင်မှတ်တတ်ကြသည်။ သို့သော် ယုံကြည်ခြင်း၌ သီလ တည်းဟူသော ကောင်းမြတ်ခြင်း၊ ​ဖြောင့်မတ်ခြင်းရှိဘို့ လိုသည်။ ယုံကြည်ခြင်းနှင့် သီလဖြင့် မလုံလောက်ပါ၊ ပညာလည်းရှိဘို့ လိုသည်။ ထိုပညာသည်လောကီပညာ မဟုတ်၊ ဘုရား သိသော ပညာရှိဘို့ လိုသည် (၁ ကော ၂:၆ -ရ)။ ထိုမျှနှင့် မလုံလောက်သေး ယုံကြည်သူသည် ကာမဂုဏ် ချုပ်တည်းခြင်း၊ သည်း ခံခြင်းလည်း လိုအပ်သည်။ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ညီအစ်ကို စုံမက်ခြင်းနှင့် ချစ်ခြင်းမေတ္တာလည်းရှိဘို့ လိုကြောင်း ဖေါ်ပြသွားသည်။ အလွန် ကြိုး စားခိုင်းခြင်းသည် ခက်ခဲသောကြောင့် ဖြစ်သည်။ ထိုအရည်အချင်းခုနှစ်မျိုးတို့သည် ယုံကြည်သူ တိုင်း၌ ရှိရမည့် အရည်အ ချင်းများ ဖြစ်သည်။

၈။ အကြောင်းမူကား၊ ထိုပါရမီ တို့သည် သင်တို့၌ ရှိ၍ ကြွယ်ဝလျှင်၊ ငါတို့ သခင်ယေရှုခရစ်ကို သိ​ကျွမ်းခြင်း၌ မပျင်း မရိစေခြင်း ငှါ၎င်း၊ အကျိုးမဲ့မ ဖြစ်စေခြင်း ငှါ၎င်း ပြုပြင်တတ်ကြ၏။ ၉ ထိုပါရမီနှင့် ကင်းသောသူမူကား၊ မျက်စိကန်း၏။ ကိုယ်မျက်စိကိုကိုယ်ပိတ်၏။ မိမိအပြစ် ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏။

အထက်၌ ဖေါ်ပြသော အရည်အချင်းခုနှစ်မျိုးကို ပါရမီဟု ခေါ်သည်။ ထိုပါရမီနှင့် ကြွယ်ဝလျှင် သခင်ယေရှုခရစ်ကို သိ​ကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှါ ပြုပြင်တတ်သည် ဟုဆိုသည်။ များစွာသော ယုံကြည်သူများသည် ထိုပါရမီများ မရှိသောကြောင့် သခင်ယေရှုနှင့် ပတ်သက်သောအရာ၌ ကြာလာလျှင် ငြေးငွေ့တတ်ကြသည်။ ထိုမျှသာမက ထိုပါရမီများရှိလျှင် အသက်တာသည် အကျိုးမမဲ့တော့ဘဲ အကျုုိး ဖြစ်စေတတ်သည်။ ထိုပါရမီနှင့် ကင်းသောသူသည် မျက်စိကန်း သို့မဟုတ် မျက်စိပိတ်သောသူ ဖြစ်သည်။ ထို့ကြောင့် အပြစ် ဟောင်းဆေးကြောကြောင်းကို မေ့လျော့၏ ဟုဆိုသည်။

၁၀။ ထိုကြောင့်၊ ညီအစ်ကိုတို့၊ သင်တို့ ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှါ သာ၍ ကြိုးစားအား ထုတ်ကြလော့။သို့ ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့် အစဉ်ကင်းလွတ်သည် ဖြစ်၍၊ ၁၁ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ထာဝရ နိုင်ငံတော် ထဲသို့ ဝင်စားခြင်း အခွင့်ကို သင်တို့အား ကြွယ်ဝစွာ ပေးသနားတော်မူ လတံ့။

ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းသည် အလွန် ထူးမြတ်သည်။ သမတကသင့်ကို ခေါ်လျှင် ရွေးချယ်လျှင် သင်မည်ကဲ့သို့ ခံစား မည်နည်း။ အလွန် ဂုဏ်ယူ၍ ဝမ်းမြောက် ဝါကြွားမည် မဟုတ်လော။ ထိုမျှသာမက ထာဝရဘုရား၏ ခေါ်တော်မူခြင်းနှင့် ရွေးကောက်တော်မူခြင်းသည် အဘယ်မျှလောက်ဂုဏ်ယူ ဝါကြွားစရာ ဖြစ်သနည်း။ ထို့ကြောင့် ဘုရား၏ ရွေးချယ်ခေါ်တော်မူခြင်းကို တန်ဘိုး ထားဘို့ တိုက်တွန်းသွားသည်။ ထိုသို့ပြုလျှင် ရွေ့လျော့ခြင်း တည်ဟူသော ဝိညာဉ်ရေးရာကျဆင်းခြင်းနှင့် ကင်းဝေးမည်။ ထာဝရ နိင်ငံတော် ထဲ၌လည်း မျက်နှာငယ်ငယ်နှင့် မဟုတ်၊ ဝါကြွားဝမ်းမြောက်စွာနှင့် ဝင်နိင်ပေလိမ့်မည်။

၁၂။ ထိုကြောင့်၊ ယခုဟောပြောသော သမ္မာတရားကို သင်တို့သည် နားလည်၍ တည်ကြည်ခြင်းရှိသော်လည်း၊ ဤသို့သော စကားများနှင့် သင်တို့အား အစဉ်မပြတ် သတိပေးမည်အမှုကို ငါမမေ့မလျော့။

ပေတရုကယုံကြည် များသည် သမ္မာတရားကို သိ၍ နားလည်တည်ကြည်သော်လည်း၊ သတိပေးခြင်း ဖြစ်သည်။ အကြောင်းမူကား သမ္မာတရား သိရုံဖြင့် တည်ကြည်သည် မဟုတ်၊ သတိထားဘို့ လိုသေးသည်။

၁၃-၁၄။ ငါတို့ သခင်ယေရှုခရစ်သည် ဗျာဒိတ် ပေးတော်မူသည် အတိုင်း ငါတည်း ခိုရာထဲကို မကြာမမြင့်မှီ ငါပစ်သွားရမည်အရာကို ငါသိမှတ်၍၊ ဤတဲ၌ ရှိနေစဉ်ကာလ ပတ်လုံး၊ သင်တို့ကို သတိပေး၍ နိုးဆော်အပ်သည်ဟု ငါသဘော ရှိ၏။ ၁၅ ထိုမှတပါး၊ ငါစုတေ့သည် နောက်၊ သင်တို့သည် ဤအရာများကို အစဉ်မှတ်မိစေခြင်းငှါ ငါကြိုးစားအား ထုတ်မည်။

ငါတည်း ခိုရာတဲဆိုသည်မှာ သူ၏ ကိုယ်ခန္ဓာကို ဆိုလိုသည်။ သခင်ယေရှု ကပေတရုထံမကြာမမမြင့်မှီသူသေ မည့်အကြောင်းကို ဖေါ်ပြထားသည်။ ထိုသို့ မသေမှီ ယုံကြည်သူများကိ သတိပေးနိုးဆော်အပ်သည် ဟုဆိုသည်။ သူသေပြီး လျှင်လည်း သူ သတိပေးခြင်းများကို အစဉ်မှတ်မိစေခြင်းငှါ စာအားဖြင့် ရေးထားခြင်း ဖြစ်သည်။

၁၆။ ငါတို့ သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်း ကို၎င်း၊ သင်တို့အား ကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍာရီစကားကို မလိုက်၊ ဘုန်း အာနုဘော် ကိုကိုယ်တိုင် မြင်သောသူ ဖြစ်ကြ၏။ ၁၇ အဘယ်သို့ နည်းဟူမူကား၊ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေ တည်းဟူသော အသံတော်သည်၊ ထူး မြတ်သော အရောင်အဝါတော် ထဲက၊ ထိုသခင်သို့ ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အ သေရေ၊ ဘုန်း အာနုဘော်ကို ခံရတော်မူ၏။ ၁၈ ကောင်းကင် ကရောက်လာသော ထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသော တောင်ပေါ်မှာ သခင်ဘုရားနှင့်အတူ ရှိသောအခါ ကြားရကြ၏။

ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် သခင်ဘုရားကို မောရှေ၊ ဧလိယတို့နှင့် တောင်ပေါ်တွင် မြင်ခဲ့ကြသည် (မ ၁ရး၁-၈ ; လု ၉:၂၈-၃၆)။ ထိုကဲ့သို့ သူတို့ မြင်သောအရာ ကို၊ ငါတို့ သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်း ကို၎င်း၊ ” ဟုဆိုသနည်းဟူမူကား သခင်ယေရှုကို သူ၏ တန်ခိုးနှင့် တွေ့မြင်သောကြောင့်၎င်း၊ ကြွလာတော်မူ ခြင်း၏ ပုံကို ဆောင်သောကြောင့်၎င်း ဖြစ်သည်။ ထိုအရာကို ယုံကြည်သူများအား ပြောသောအခါ “ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍာရီစကားကို မလိုက်၊ ဘုန်း အာနုဘော် ကိုကိုယ်တိုင်မြင်သောသူ ဖြစ်ကြ၏။” ဟုဆိုသည်။ သူတို့၏ကိုယ် တွေ့ကို ပြောခြင်း ဖြစ်သည်။ သခင်ယေရှုက၊ “ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော် တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ ရှိသောသူအချို့တို့သည် မမြင်မှီသေခြင်းသို့ မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။” (မ ၁၆:၂၈) ဟုဆိုခဲ့သည်။ သခင်ယေရှု ကြွလာခြင်းသည် အနာဂတ်မှာရှိသေးသည်။ သို့သော် သခင်ယေရှုနှင့်အတူ ရှိသောသူ၊ ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့သည် တောင်ပေါ်၌ သခင်ဘုရားနှင့် မောရှေဧလိယတို့ မြင်ခြင်းကို ကြွလာတော်မူခြင်းကို မြင်သည် ဟုဆိုသည်။ အကြောင်းမှာ သခင်ဘုရားကြွ လာသောအခါ တောင်ပေါ်၌ မြင် သကဲ့သို့ ဘုန်းနှင့် ကြွ လာမည်။ မောရှေသည် လွန်သော ယုံကြည် သူတို့၊ ဧလိယသည် မသေဘဲ ချီဆောင်ခြင်း၌ အသက်ရှင်လျက် ပြောင်းလဲ မည့် ယုံကြည်သူများကို ပုံဆောင်သည်။

၁၉။ ထိုမှတပါး၊ သာ၍ မြဲမြံသော အနာဂတ္တိစကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ်နှလုံးထဲ၌ အာရုဏ်တက်၍ ကြယ်နီ ပေါ်ထွက်သည် ကာလ တိုင်အောင်၊ ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသော ဆီမီးကဲ့သို့ မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။

အထက်၌ ဖေါ်ပြသော အဖြစ်အပြတ်များသာမက၊ သာ၍ မြဲမြံသော အနာဂတ္တိစကား တော်သည် ငါတို့၌ ရှိသေး၏ ဟုဆိုသည်။ ထိုအရာများကို ၂ ပေ ၃၌ ဖေါ်ပြထားသည်။ စိတ်နှလုံးထဲ၌ အာရုဏ်တက်ခြင်း ဆိုသည်မှာ၊ အာရုဏ် တက်သောအခါ လင်းလာသည်။ ဆိုလိုသည်မှာ စိတ်ထဲ၌ အလင်းမြင်ခြင်း၊ သိနားလည်ခြင်းကို ဆိုလိုသည်။ ကြယ်နီဆိုသည်မှာ မိုဃ်းသောက်ကြယ်ကို ဆိုလိုသည်။ ခရစ်တော် ကသူသည် မိုဃ်းသောက်ကြယ် ဟုဆိုခဲ့သည် (ဗျာ ၂၂:၁၆)။ ခရစ်တော်သည် အသင်းတော်ကို ချီဆောင်ဘို့ရန် ကြွလာခြင်းကို မိုဃ်းသောက်ကြယ်ပေါ်ထွန်းခြင်း ဟုဆိုသည်။ မိုဃ်း သောက်ကြယ်သည် ဆောင်းတွင်း နံနက်မိုဃ်းမလင်းမှီတွင် ထွက်တတ်သည်။ စောစော ထသောသူများသာလျှင် မြင် ကြသည်။ အအိပ်ပုပ်သောသူများ၊ ပျင်းရိသောသူများ မမြင်ကြချေ။ စောစော ထသောသူများ တည်းဟူသော ဒုတိယမွေးဖွားသောသူများသာလျှင် ထိုချီဆောင်ခြင်း ထဲ၌ ပါသွားမည် ဖြစ်သည်။

အနာဂတ္တိစကား ကား များသည် မှောင်မိုက်၌ ထွန်းလင်းသော အလင်းကဲ့သို့ဖြစ်သည်။ မှောင်မိုက်၌ လူမျက်စိသည် ဘာကိုမျှ မမြင်နိင်ချေ။ သို့သော် မီးရှိလျှင် မြင်နိင်သည်။ ထို့နည်းတူ ဝိညာဉ်ပိုင်းမှောင်မိုက်ထဲ၌ အနာဂတ္တိစကားသည် ဆီမီးကဲ့သို့ဖြစ်သောကြောင့် ယုံကြည်သူများကအမှီပြုသင့်သည် ဟုဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် အနာဂလ္လိစကား နားမလည်သောသူများသည် တခေါခေါ အိပ်ပျော်လျက် သခင်ဘုရားကြွလာမည့် အချိန်ကို မသိ၊ မစောင့်သောကြောင့်၊ ဤလောကကို ချစ်ခြင်းဖြင့် သေ နေကြသည်။

၂၀။ ကျမ်းစာ၌ ပါသော အနာဂတ္တိစကား မည်သည်ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။ ၂၁ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဘူးသည် မဟုတ်။ ဘုရားသခင်၏ သန့်ရှင်းသူ တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။

အနာဂတ္တိစကား များသည် လူအားဖြင့် အလိုအလျောက်အနက် မသိနိင် ဟုဆိုသည်။ အဘယ်ကြောင့်နည်းဟူ မူကား၊ အနာဂတ္တိစကားသည် လူအားဖြင့် မဟုတ်၊ ဘုရားသခင်၏ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းခြင်းအားဖြင့် ဟောပြောကြသည် ဟုဆိုသည်။ သို့သော် ဘုရား၏ တန်ခိုးနှင့် အလုပ် မသိသောသူများ အနေဖြင့် ထိုအရာကို မသိ နားမလည်နိင်ချေ။ ထို့ကြောင့် ကျမ်းစာကို မယုံကြည် ကြ၊ အချိန်ကာလ ကိုလည်း မသိကြခြင်း ဖြစ်သည်။

.

^

၂ ပေ ၂

၁။ သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက် ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိအယူများကို ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကို ငြင်းပယ်လျက်၊ မိမိတို့ အပေါ်သို့ လျင်စွာသော ဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင် ရှိကြလိမ့်မည်။

ယုဒလူတို့တွင် သူတို့၏ သမိုင်းတလျှောက်လုံး၌ မိစ္ဆာ (မှားယွင်းသော) ပရောဖက်များရှိ ကြသည်။ ထိုနည်းတူ အ သင်းတော်၌လည်း မိစ္ဆာ ဆရာ၊ ဆရာမများရှိမည့် အကြောင်းကို၊ ပေတရုက သတိပေးခဲ့သည်။ ပဌမ ရာစု၊ အသင်းတော် စတင်သည့်အချိန် မှစ၍ ယခုနှစ်ပေါင်း နှစ်ထောင် အတွင်း၌ မှားယွင်းသော ဆရာမြောက် များစွာ ပေါ်ပေါက်ခဲ့ကြပြီ။ ယခုခေတ် တွင်လည်း မြောက် များစွာသော မိစ္ဆာဆရာများ ပေါ်ပေါက်နေသော်လည်း မသိကြပါ။ မိစ္ဆာဆရာ၊ ဆရာမ များသည် ဖျက်ဆီးတတ်သော မှားယွင်းသော အယူဝါဒများ သင်ပေးလိမ့်မည်။ သို့သော် လူအများစုသည် ကျမ်းစာ မဖတ်၊ သမ္မာတရား နားမလည် သောကြောင့် မှားယွင်းသော အယူဝါဒများ သင်ပေးလျှင်လည်း မသိနိင်ကြချေ။

၂။ သူတို့ ညစ်ညူးသော အကျင့်ဓလေ့တို့ကို အများသော သူတို့သည် လိုက်သောအားဖြင့် သမ္မာ တရားလမ်းအသရေသည် ပျက်စီးလိမ့်မည်။

မှားယွင်းသော ဆရာ၊ ဆရာမများသည် ညစ်ညူးသော အကျင့်ဓလေ့ကို ကျင့်ကြသည် ဟုဆိုသည်။ ထိုအကျင့် တို့သည် သမ္မာတရားနှင့် မဆိုင်၊ လောကီရေးရာနှင့် သာဆိုင်သည်။ ထိုသူများသည် သမ္မာတရားကို မသိသောကြောင့် ဘုရား၏ အမှုတော်ကို လူ့အလိုအဖြင့် လုပ်ဆောင်ကြ သောကြောင့် လူ များစွာ ကလိုက် ကြသည်။ သမ္မာတရားလမ်း အ သရေပျက်စီးခြင်း ဆိုသည်မှာ၊ သမ္မာတရားကို ပြောင်လှောင်၍၊ လူများက သမ္မာတရားကို မကြိုက်နှစ်သက်အောင် ပြောခြင်း ဖြစ်သည်။

၃။ သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သော စကားနှင့် သင်တို့ကို ကုန်သွယ် ကြလိမ့်မည်။ သူတို့ အပြစ် စီရင်ခြင်းသည် ရှေးကာလ မှစ၍ မဖင့်မန​ဲွ့၊ သူတို့ ဖျက်ဆီးခြင်းသည်လည်း အိပ်၍ မပျော်။

မှားယွင်းသော ဆရာများသည်လောဘလွန်ကျူး၍ ချော့မော့သော စကားနှင့် သင်တို့ကို ကုန်သွယ်မည် ဟုဆိုသည်။ ထိုလိုသည်မှာ သူတို့၏ အမှုတော်ဆောင်လုပ်ငန်းကို ဘန်းပြ၍ လူများ ကလှူချင် လာအောင် ဟောပြောခြင်း ဖြစ်သည်။ ထိုဆရာ၊ ဆရာမ များ၏ စိတ်ဝင်စားသည်မှာ လူများ ကယ်တင်ခြင်းသို့ ရောက်ဘို့ မဟုတ်၊ အလှူငွေများများ ရရှိဘို့နှင့် နာမည်ကျော်ကြားဘို့ ဖြစ်သည်။ သူတို့သည် အပြောကောင်းသောကြောင့်၊ သမ္မာတရား မသိမခွဲခြားတတ်သောသူများက နောက်လိုက် ကာစေတနာကြီးစွာဖြင့် ပေးလှူတတ်ကြသည်။

ထိုဆရာ၊ ဆရာမများကို ဘုရားသခင်က တရားစီရင်ရဦးမည် ဖြစ်သည်။ အချို့သော ဆရာ၊ ဆရာမများသည် သူတို့ အသက်ရှင်စဉ်ပင် အသက်တာခန်း​ခြောက်ကာ၊ တရားဟော၍ မရဖြစ်ကြသည်။ အချို့သောသူများမူ စာတန် တန်ခိုးနှင့် ဆက်လက်၍ လူများကို လိမ်နိင်ကြ သေးသည်။ သို့သော် သူတို့ ခံရမည့် ပြစ်ဒဏ်သည် အလွန် ရင်လေးစရာ ဖြစ်သည်။ ထိုသူများကို ရှောင်သင့်သည်။

၄။ အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန် တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်း အလိုငှါ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။

လူသာလျှင် မှားယွင်းသည် မဟုတ်၊ ကောင်းကင်တမန် များလည်း မှားယွင်းကြကြောင်း တွေ့ရသည်။ မှားယွင်းသော ကောင်းကင်တမန် များပင်လျှင် ဘုရားသခင်က နှမြောတော်မမူ၊ ငရဲထဲသို့ ချပြီးမှတရားစီရင်ခြင်း ခံရဦးမည် ဖြစ်သောကြောင့်၊ အား ကျပြီး သူတို့ နောက်မလိုက်သင့်ချေ။

၅။ ရှေးလောက ဓာတ်ကိုလည်း နှမြောတော်မမူ။ ​ဖြောင့်မတ်ခြင်း တရားကို ဟောသော နောဧနှင့် လူခုနှစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ်သောလောကီသား အပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။

ရှေးလောက ဓာတ်သည် နောဧခေတ်ကရေမလွှမ်းမိုးမှီကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် ရှေးလောက ဓာတ်တို့ ကိုလည်း မနှမြော သောကြောင့် ယခုခေတ် မှားယွင်းသောသူများကိုလည်း နှမြော်တော်မူမည် မဟုတ်။ နောဧသည် ​ဖြောင့်မတ်ခြင်း တရားဟောသည် ဟုဆိုသည်။ သူတို့ မိသားစု ၈ယောက်သာလျှင် ရေဘေးမှလွတ်၍ ကျန်သောလောကီသား အပေါင်းတို့ကို ရေလွှမ်းမိုး စေခဲ့သည်။

၆။ သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ ဖျက်ဆီးရာ၊ ဒဏ်စီရင်တော်မူ သဖြင့် နောင်၌ မတရားသော အကျင့်ကို ကျင့် အံ့သော သူတို့အား ပုံ သက်သေကို ထားတော်မူ၏။

အပြစ်များသော၊သော ဒုံနှင့် ဂေါမောရမြို့တို့ကို ဘုရားသခင်က မီးဖြင့် ဖျက်ဆီးခဲ့သည် (က ၁၉)။ ထိုသို့ မီးရှို့ဖျက်ဆီးခြင်းသည် သူတို့အတွက်သာ မဟုတ်ဘဲ၊ နောင်၌ မတရားသော အကျင့်ကို ကျင့်မည့်သူများကိုလည်း သတိပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ​ကျွန်ပ်တို့လည်း သတိထားဘို့ လိုသည်။

ရ။ ထိုအခါ မတရားသော သူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ရှက်ခြင်းကို ခံရသောသူ၊ ​ဖြောင့်မတ်သောလောတကို ကယ်နှုတ်တော်မူ၏။

လောတသည် မတရားသော သူတို့၏ အကျင့်အားဖြင့် နှောင့်ရှက်ခြင်း ခံရသော လည်း၊ သူတို့ နည်းတူ အပြစ် မလုပ်၊ ​ဖြောင့်မတ်စွာ အသက်ရှင် ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် ​ဖြောင့်မတ်သောလောတကို မီးထဲမှကယ်နှုတ်ခဲ့သည်။

၈။ ထို​ဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင် နေစဉ်အခါ၊ သူတို့၏ မတရားသောအမှုများကို နေ့တိုင်း မပြတ် မျက်စိမြင်လျက်၊ နားကြားလျက် ရှိသဖြင့်၊ မိမိ​ဖြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာ ညှဉ်းဆဲရ၏။

လောတသည် မတရားသော သူတို့ အကြား၌ နေသောအခါ၊ နေ့တိုင်း မတရားမှုများကို မျက်စိနှင့် မြင်၊ နားနှင့် ကြားနေရသောကြောင့်၊ သူ၏ စိတ်နှလုံးကို ပြင်းစွာ ညှဉ်းဆဲရ၏။ ဘုရားတရား နှင့် ​ဖြောင့်မတ်စွာ အသက်ရှင်သောသူများသည် အနှောင့်အရှက်ခံရမည့်ကြောင်း ခရစ်တော်က ဤသို့ ပြောခဲ့ပြီ၊ “လူ အပေါင်းတို့သည်လည်း ငါ၏ နာမကြောင့်သင်တို့ကို မုန်းကြလိမ့်မည်။” (မ ၁၀ ;)။ တဖန်၊ “လောကီသား တို့သည် သင်တို့ကို မုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကို မုန်းကြသည်ကို သိမှတ်ကြလော့။” (ယော ၁၅:၁၈)။ အဘယ်ကြောင့်နှောင့်ရှက်ခံရသနည်း။ ​ဖြောင့်မတ်သောသူများသည် လင်း၍ အပြစ်လုပ်သောသူများ၏ အပြစ် ပေါ်ကုန်သောကြောင့် ဖြစ်သည်။

၉-၁၀။ ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်း နှောင့်ရှက်ခြင်း အထဲကကယ်နှုတ်ခြင်း ငှါ၎င်း၊ မတရားသော သူတို့ကို ဒဏ်ခံစေမည်အကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့် တကွ၊ ကာမဂုဏ် အလိုသို့ လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင် ပြုသော သူတို့ကို အထူးသဖြင့် ဒဏ်ခံစေ မည်အကြောင်း၊ တရားဆုံးဖြတ်သော နေ့အဘို့ ချုပ်ထားခြင်း ငှါ၎င်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။ ထို သူတို့သည် ရဲရင့်သောသူ၊ကိုယ် အလိုသို့ လိုက်တတ်သောသူ ဖြစ်၍၊ ဘုန်းတန်ခိုးကြီးသော သူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။

လောတကိုသော ဒုံမြို့ထဲမှကယ်နှုတ် သကဲ့သို့၊ ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်း နှောင့်ရှက်ခြင်း ထဲမှ ဘုရားသခင်က ကယ်နှုတ် နိင်သည်။ ထို့ကြောင့် နှောင့်ရှက်ခြင်း ခံသောအခါ စိတ်ပျက်အား ငယ်စရာ မလိုပါ။ ဘုရားသခင်သည် အပြစ်သားများကို တရားဆုံးဖြတ်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သူတို့ကို ကြောက်၍ သော်၎င်း၊ စိတ်ဓါတ်ကျ၍ သော်၎င်း၊ အပြစ် မကျူးလွန်ဘို့ အရေးကြီးသည်။ အပြစ် ကျူးလွန် သူတို့သည် သူတို့၏ အလိုဆန္ဒကို လိုက်၍ ဘုန်းကြီးသော သူတို့ကို ပင်ကဲ့ရဲ့ဝံ့ ကြသည်။

၁၁။ ကောင်းကင်တမန်တို့ မူကား၊ သူတို့ထက် ခွန်အား တန်ခိုးကြီးသော်လည်း၊ ထာဝရဘုရားရှေ့တော်၌ သူတို့အား ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုကြ။

ကောင်းကင်တမန် များသည် အလွန် ခွန်အားကြီးသော်လည်း၊ ဘုရားရှေ့တော်၌ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုကြ ဟုဆိုသည်။ သခင်ဘုရား၏ ညီတော်ကလည်း ဤသို့ ရေးထားသည်၊ “ယောင်ယမ်းသော အဓမ္မလူတို့သည်၊ ရှေးနည်းတူ မိမိတို့ကိုယ်ကို ညစ်ညူး စေ၍၊ အာဏာ စက်ကို ပယ်လျက်၊ ဘုန်းတန်ခိုးကြီးသော သူတို့ကို၊ ကဲ့ရဲ့တတ်ကြ၏။ ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ကိုယ်ကို အကြောင်း ပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူ စေသတည်း၊ ဟူ၍သာ ပြောဆို၏။ ထို သူတို့ မူကား၊ မိမိတို့ နားမလည်သော အရာများကို ကဲ့ရဲ့တတ်ကြ၏။” (ယုဒ ၁:၈-၁၀)

၁၂။ သူတို့ မူကား၊ ဘမ်း၍ ဖျက်ဆီးဘို့ ရာဖန်ဆင်းသော တိရစ္ဆာန်သက်သက်ကဲ့သို့၊ မိမိတို့ နားမလည်သောအရာကို ကဲ့ရဲ့လျက်၊ မိမိတို့ ပုပ်ပျက်သောအားဖြင့် အကုန်အစင်ပျက်စီးခြင်းသို့ ရောက်၍၊ မတရားသော အမှု၏ အပြစ်ကို ခံရကြလိမ့်မည်။

မတရားသောအမှု ပြုသောသူ၊ မှားယွင်းသော ဆရာ၊ ဆရာမများသည် ဖျက်ဆီးဘို့ ရာဖန်ဆင်းသော တိရစ္ဆာန်များကဲ့သို့ဖြစ်သည် ဟုဆိုသည်။ ထို့ကြောင့် သူတို့ နောက်လိုက်ဘို့ မဟုတ်သည်သာမက၊ အား ကျဘို့လည်း မဟုတ်ချေ။ အပြစ် ဒဏ်မခံမှီခဏလေး ကောင်းစားခြင်း ဖြစ်သည်။ သူတို့သည် သူတို့ မသိသော အရာများကို ကဲ့ရဲ့တတ်ကြသည်။

၁၃။ နေ့အချိန်၌ ပင် လွန်ကျူးစွာ ကာမဂုဏ် ခံစားခြင်း အမှုသည် ပျော်မွေ့ရာ ဖြစ်သည်၊ ဟု သူတို့ သဘော ရှိ၏။ သင်တို့နှင့်အတူ စားသောက်ပွဲလုပ်သောအခါ၊ မိမိတို့ မှားယွင်းသော သဘောနှင့် လွန်ကျူးစွာ ကာမဂုဏ် ခံစား၍၊ သင်တို့၌ အညစ်အ​ကြေးအစွန်းအကွက် ဖြစ်ကြ၏။

ထို မိစ္ဆာဆရာ၊ ဆရာမများသည် ညအချိန်ကို ပင်မစောင့်နိင်ဘဲ နေ့အချိန်၌ ပင်လျှင် လွန်ကျူးစွာ ကာမဂုဏ် ခံစား၍၊ ထိုအရာသည် ပျော် မွေ့ရာ ဖြစ်သည်ဟု ယူဆကြသည်။ ထိုသူများကို ယုံကြည်သူများအနေဖြင့် မပေါင်းသင့်ချေ။ သူတို့နှင့် ပေါင်းသင်း ခြင်းအားဖြင့် ကိုယ်ပါပေါ့ပျက်၍၊ အညစ်အ​ကြေးစွန်းကွက်တတ်သည်။ ထို့ကြောင့် အဝေးမှ ရှောင်ရမည်။

၁၄။ သူတို့သည် သူ့မယားကို ပြစ်မှားသော ကိလေသာနှင့် ပြည့်စုံသော မျက်စိရှိ၍၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို အပြစ်သို့ သွေးဆောင်တတ်ကြ၏။ လောဘလွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန်တော်မူခြင်း၏သား ဖြစ်ကြ၏။

ခေတ်အဆက်ဆက်သူ့မယားကို ပြစ်မှားခြင်း၊ ကိလေသာစိတ်ရှိခြင်းသည် အဆန်း မဟုတ်ချေ။ သို့သော် ယခုအခါ ယခင်ခေတ်များထက် အလွန် ဆိုးလာသည်။ ဗီဒီယို၊ ကွန်ပြူတာ၊ အင်တာနက်၊ ဖုန်းများအားဖြင့် အပြာရုပ်ရှင်များ ကြည့်ခြင်း၊ ချိန်းတွေ့ခြင်းများအဆက်မပြတ် ပြုလုပ်နိင်သောကြောင့် ပို၍ ဆိုးခြင်း ဖြစ်သည်။ ကိလေသာစိတ်ရှိသောသူများသည် အပြစ် မလုပ်ဘဲ မနေနိင်ကြချေ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို သွေးဆောင်နိင်သည် ဟုဆိုသောကြောင့် စိတ်နှလုံးတည်ကြည်ဘို့ရန်၊ ဘုရားတရား၌ နေဘို့ အလွန် လိုအပ်သည်။ ထိုသူများသည်လော ဘလည်း လွန်ကျူးသည် ဟုဆိုသည်။ အပြစ်သည် တခုတည်း မဟုတ်၊ အတွဲလိုက်ကျူးလွန် တတ်သည်။ ထိုသူများသည် ဘုရားသခင်၏ ကျိန်တော်မူခြင်း ခံရသောသူများ ဖြစ်သည်။ ထိုသူများကို အဝေးမှ ရှောင်ပါ။

၁၅။ ​ဖြောင့်မတ်သောလမ်းထဲကထွက်၍ လွှဲသွားသဖြင့်၊ ဗောသော်၏သား ဗာလမ်၏ လမ်းကို လိုက်ကြ၏။ ၁၆။ ထိုဗာလမ်သည် မတရားသော အမှု၏ အခကို တပ်မက်၍၊ မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်းကို ခံရ၏။ အဘယ်သို့ နည်းဟူမူကား၊ စကား မပြောနိုင်သော မြည်းသည် လူဘာသာအားဖြင့် မြွက်၍၊ ထိုပရောဖက်၏ မိုက်မဲခြင်းကို မြစ်တားလေ၏။

ဗာလမ်ကို မောဘရှင်ဘုရင်ဗာလက်က၊ ဣသရေလ လူများကို ကျိန်ဘို့ရန် ခေါ်သည်။ ဗာလမ်က ဘုရားသခင်ကို မေးသောအခါ မသွားဘို့ ပြောသည်။ ဒုတိယအကြိမ်၌ သွားခွင့်ပြုသည်။ ထိုသို့ သွားသောအခါ သူစီးသော မြည်းကသုံးကြိမ်လမ်းလွှဲသောကြောင့် သူ့မြည်းကို ရိုက်သည်။ သူ့မြည်းကငါ့ကို ဘာကြောင့်ရိုက်သနည်းဟု မေးသောအခါ၊ ငါ့စကားကို နားမထောင်သောကြောင့်ဟု မြည်းနှင့် ရန်ဖြစ်သည်။ အမှန်မှာ ဗာလမ်သည် မြည်းက စကား ပြောသောအခါ၊ လန့်ဖြန့်ပြီး ကြောက်သင့်၊ အံ့ဩ သင့်သည်။ အဘယ်ကြောင့်ဗာလမ်သည် လန့်ဖြန့်မည့် အစားသူ့မြည်းနှင့် ရန်တွေ့သနည်းဟူမူူကား၊ ဗာလက်မင်းကပေးမည့် လက်ဆောင်ကိုသာ စိတ်စွဲလန်းတပ်မက်သောကြောင့် ဖြစ်သည်။ ယနေ့ အမှုတော်ဆောင် များစွာလည်း ငွေနှင့် လောက ပစ္စည်းများကိုသာ စွဲလန်းသောကြောင့်၊ ဗာလမ်ကဲ့သို့ မျက်စိကန်းကာ၊ ရန်မ ဖြစ်သင့််သောသူများနှင့် ရန်ဖြစ်တရားစွဲ ဆိုတတ်ကြသည်။ သခင်ဘုရား ခိုင်းသော ပျောက်ဆုံးဝိညာဉ် ရှာဖွေ၍ ဖမ်းမည့် အစား၊ ငွေနှင့်လောက ပစ္စည်းကိုသာ ရှာဖွေ စုဆောင်း ကြသည်။ ထို့ကြောင့် ဝိညာဉ်ရေးရာ၌ ခမ်း​ခြောက်၍ ဝိညာဉ်ရေးရာ၌ မအောင်မြင်သော်လည်း၊ ငွေနှင့် လောကအရာများ ရရှိသောကြောင့် ကျေနပ် နေကြသည်။ သင်သည် ထိုကဲ့သို့ သောသူ ဖြစ်နေပါသလား။ ကိုယ့်ကိုယ်ကို စစ်ဆေးပါ။

၁ရ။ ထို သူတို့သည် ရေမရှိသော ရေတွင်း ကဲ့သို့၎င်း၊ လေတိုက်၍ လွင့်သော မိုဃ်းတိမ်ကဲ့သို့၎င်း ဖြစ်ကြ၏။ သူတို့အဘို့ တခဲနက်သော ထာဝရ မှောင်မိုက်ကို သိုထားလျက် ရှိ၏။

ရေတွင်းသည် ရေရှိရမည်။ သို့မှသာ အကျိုးရှိသည်။ ရေမရှိသော ရေတွင်းသည် အန္တရာယ် ရှိသည်။ ထို့နည်းတူ မေစ္ဆာဆရာများသည် အကျိုးမရှိသည်သာမက၊ အန္တရာယ် ရှိသည်။ အဝေးမှ ရှောင်သင့်သည်။ မိုဃ်းတိမ်သည် ရေခိုးရေငွေ့ ဖြစ်သည်။ မိုဃ်းတိမ်မှမိုဃ်းရွာတတ်သည်။ သို့သော် မိုဃ်းမရွာသော မိုဃ်းတိမ်သည် အကျိုးမရှိချေ။ မှားယွင်းသော ဆရာများသည် လေတိုက်၍ လွင့်သွားသော မိုဃ်းတိမ်ကဲ့သို့ဖြစ်သည်။ ထို သူတို့အတွက် တခဲနက်သော ထာဝရ မှောင်မိုက်သည်၊ သိုထားလျက် ရှိသည် ဟုဆိုသည်။ ထိုအရာသည် ငရဲမီးအိုင်ကို ဆိုလိုခြင်း ဖြစ်သည်။

၁၈။ အကြောင်းမူကား၊ မှားယွင်းခြင်း၌ ကျင်လည်သော သူတို့ အထဲကပြေးထွက်လုသော သူတို့ကို၊ ထောင်လွှားသော အချည်းနှီး စကား ပြောသည် နှင့်၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။

မှားယွင်းသော ဆရာ၊ ဆရာမများသည် အပြစ် ထဲမှ ထွက်လုသော သူတို့ကို၊ အချည်းနှီးသော စကား၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေ သာလွန်ကျူးခြင်းများအားဖြင့် ပြန်လည်သွေးဆောင်တတ်သည်။ ဘုရားသခင်ကို ယုံကြည် လာသောအခါ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကို ဖြတ်လာ တတ်ကြသည်။ ထိုအခါ နှုတ်ဆက်ပွဲဟူ၍ နောက်ဆုံးဟု သောက်စားစေခြင်းအားဖြင့် ပြန်လည်ပါသွားတတ်သည်။ ထို့ကြောင့် ထိုသူများကို ဝေးဝေးမှ ရှောင်သင့်သည်။ ဘုရားသခင်ကို ယုံကြည်ကိုးစား လာသောအခါ၊ အပေါင်းအသင်းလည်း ပြောင်းလဲဘို့ လိုသည်။ အပြစ်လုပ်နေသောသူငယ်ချင်း များကိုအား မနာ၊ မနှမြောဘဲ စွန့်၍ ယုံကြည်သူများကို ပေါင်းသင့်သည်။ သို့မဟုတ်ပါက မူလအပြစ် ထဲ၌ ပြန်လည်ပါသွားမှာသေချာသည်။

၁၉။ လွတ်ခြင်း အခွင့်ရှိသည်ဟု ဝန်ခံလျက် ပင်၊ ကိုယ်တိုင်ပုပ်ပျက်ခြင်း၏ ​ကျွန် ဖြစ်ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ လူကို နိုင်သောအရာသည် လူ၏ သခင် ဖြစ်၏။

မှားယွင်းသော ဆရာ၊ ဆရာမများသည်၊ သခင်ယေရှုအားဖြင့် လွတ်ခြင်း အခွင့်ရပြီဟု ဝန်ခံလျက် ပင်၊ အစားအသောက်၊ အနေအထိ ုင်၌ ​ကျွန် ဖြစ်သွားတတ်သည်။ ကောင်းကြီးရ လာသောအခါ ဝိညာဉ်ပိုင်းကြီး ထွားရင့်ကျက်ဘို့၊ အမှုတော်ဆောင်ဘို့ အတွက် အသုံးမပြုဘဲ၊ ဇာတိအ လိုဇိမ်ခံဘို့ အတွက် ကောင်းကြီးများကို အသုံးပြုရာမှ မသိမသာအပြစ် ကျူးလွန် တတ်သည်။ လူကို နိင်သောအရာသည် လူ၏ သခင် ဖြစ်သည် ဟုဆိုသည်။ ယုံကြည် လာသောအခါ မူးယစ်ဆေးဝါးများကို ရှောင်နိင်သော်လည်း၊ အကောင်းဆုံးစားသောက်ခြင်း၊ ဇိမ်ခံပစ္စည်းများ စွဲလန်းခြင်းဖြင့် စာတန်၏ ​ကျွန် ဖြစ်တတ်ကြသည်။ ယခုနောက်ဆုံးပေါ်စွဲလန်းခြင်းသည် အီလက်ထောနစ်ပစ္စည်း ဖြစ်သည်။ ယခုအမှုတော်ဆောင်များ မှစ၍၊ အရွယ်မျိုးစုံ၊ ငယ်ရွယ်သောသူမှစ၍ အအိုအ ထိအားလုံး ၏ သခင်သည််ခေန ဘသသုယ လငဘနမ ဖြစ်သည်။ ထိုအရာသည် အပြစ် မရှိဟု ထင်ရသော်လည်း လူတိုင်း၏ အချိန်နှင့် စိတ်ကို စွဲလန်းစေသည်။ ညအိပ်ယာဝင်နောက်ကျရာမှ ဝိညာဉ်ရေးရာပိုင်း၌ စိတ်မဝင်စားကြတော့ချေ။ ထို့ကြောင့် အကန့်အ သတ်နှင့် မသုံးတတ်လျှင် အပြစ်ရှိသည်။ သင်၏ သခင်သည် အဘယ်အရာနည်း။ ဘုရား မဟုတ်လျှင် အပြစ် ရှိသည်။

၂၀။ ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကို သိ​ကျွမ်းခြင်း အားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်းလွတ် ပြီးမှ၊ တဖန် ကျော့မိ၍ ရှုံးလျှင်၊ နောက် ဖြစ်ဟန်သည် ရှေး ဖြစ်ဟန်ထက် သာ၍ ဆိုး၏။

အဘယ်ကြောင့်သခင်ယေရှု သိ​ကျွမ်းပြီး သူများ အပြစ် ပြန်လုပ်လျှင် အရင်ကထက် ပိုဆိုးသနည်းဟူမူကား၊ သူ့ကို သမ္မာ တရားအားဖြင့် ဆုံးမ၍လည်း မရ၊ ငါသိသည်ဟု ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများအပြစ်၌ မလဲမိဘို့ရန် အလွန် အရေးကြီးသည်။ လူသည် လဲနိင်သည်။ သို့သော် နောင်တရကာပြန်လည်တောင်းပန်ဘို့ လိုသည်။ ကျမ်းစာက၊ “ကိုယ်အ ပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ၊ ဘုရားသခင်သည် သစ္စာ တရားနှင့်၎င်း၊ ​ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏။” (၁ ယော ၁:၉)ဟု ရေးထားသည်။

၂၁။ ​ဖြောင့်မတ်ခြင်း တရားလမ်းကို သိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသော ပညတ်ကို တဖန် စွန့်ပစ်သည်ထက်၊ ထိုလမ်းကို မသိဘဲ နေသော်သာ၍ ကောင်း၏။

အဘယ်ကြောင့်​ဖြောင့်မတ်ခြင်း တရားလမ်းသိ၍ စွန့်ပစ်သည်ထက် မသိဘဲ နေသော်သာ၍ ကောင်းနိင်သနည်း။ အကြောင်းမှာ တရားဆုံးဖြတ်သော နေ့၌ ​ဖြောင့်မတ်ခြင်း တရားကို သိလျှက် စွန့်သောသူသည် မသိသောသူထက် သာ၍ ခံရမည် ဖြစ်သည်။ ခရစ်တော်က၊ “များစွာသော တန် ခိုးတော်ကို ပြတော်မူသော မြို့ရွာတို့သည် နောင်တ မရသောကြောင့်၊ ထိုမြို့တို့ကို ဤသို့ ကဲ့ရဲ့ပြစ်တင်တော်မူ၏။ အိုခေါရာဇိန်မြို့၊ သင်သည် အမင်္လာရှိ၏။ အိုဗက်ဇ​ဲဒမြို့၊ သင်သည် အမင်္လာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင် ပြသော တန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာနှင့် လူးလျက် နောင်တရကြလိမ့်မည်။ ငါဆိုသည်ကား၊ တရားဆုံးဖြတ်သော နေ့၌ သင်တို့သည် တုရု မြို့နှင့် ဇိဒုန်မြို့ထက် သာ၍ ခံရကြလတံ့။ အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်း ကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော် လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့၊ အကြောင်းမူကား၊ သင်၌ ပြသော တန်ခိုးကိုသော ဒုံမြို့၌ ပြဘူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင် တည်ရာ၏။ ငါဆိုသည်ကား၊ တရားဆုံးဖြတ်သော နေ့၌ သင်သည်သော ဒုံမြို့ထက် သာ၍ ခံရလတံ့ဟု မိန့်တော်မူ၏။” (မ ၁၁:၂၀-၂၄)

၂၂။ ခွေးသည် မိမိအန်ဖတ်ကို ပြန်၍ စား၏။ ဝက်သည်လည်း ဆေးပြီးမှရွှံ့တွင် လူးပြန်၏ဟု မှန်သောစကား ပုံသည် ထို သူတို့၌ ပြည့်စုံသတည်း။

ခွေးသည် မိမိအန်ဖတ်ကို ပြန်စား၍ ဝက်သည် ဆေးပြီးမှရွှံ့တွင် ပြန်လူးတတ် သကဲ့သို့၊ အချို့သောသူများသည် မကောင်းသော အပြစ်များကို စွန့်ပြီးမှပြန်လုပ်တတ်သည်။ ထိုသို့ မဖြစ်ရလေအောင် ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဘုရားဝတ်ပြုခြင်း၊ ယုံကြည်သူများနှင့် မိဿဟာရဖွဲ့ခြင်း၊ သက်သေခံခြင်းများအမြဲ ပြုလုပ် ကြပါစို့။

.

^

၂ ပေ ၃

၁-၂။ ချစ် သူတို့၊ ဤဒုတိယဩဝါဒစာကို သင်တို့အား ယခုငါရေး၍ ပေးလိုက်၏။ သန့်ရှင်းသော ပရောဖက် တို့သည် အထက်က ဟောပြောသောစကား များကို၎င်း၊ ကယ်တင်တော်မူသော အရှင်သခင်ဘုရား၏ တမန်တော် ဖြစ်သော ငါတို့၏ ပညတ်ကို၎င်း၊ သင်တို့သည် အောက်မေ့စေခြင်းငှါ၊ ဤစာနှစ်စောင်၌ သင်တို့၏ ကြည်ဖြူသော စိတ်ဝိညာဉ် တို့ကို ငါ သတိပေး၍ နိုးဆော်၏။

ပေတရုကစာနှစ်စောင်ရေးထားသည်။ သူရေးရခြင်း၏ အကြောင်းရင်းကိုလည်း ဤသို့ ရေးသား ထားသည် -ပရောဖက် တို့၏ စကားနှင့် တမန်တော်များ၏ ပညတ်တို့ကို အောက်မေ့ဘို့ရန် ဖြစ်သသည်။

၃။ ရှေ့ဦးစွာ သိမှတ်အပ်သောအရာ ဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ် မက်ခြင်း အတိုိင်းကျင့်နေ၍၊ ၄။ သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာ ကြလိမ့်မည်။

ပေတရုကနောက်ဆုံးသော ကာလ၌ သခင်ဘုရားကြွလာမည့် ဂတိတော်ကို ပြက်ယယ်ပြုလျက် ကဲ့ရဲ့ခြင်းနှင့် တကွပေါ်လာ လိမ့်မည် ဟုဆိုသည်။ ထို သူတို့သည် အဘယ်ကြောင့် ထိုကဲ့သို့ ပြက်ယယ်ပြုကြသနည်းဟူမူကား၊ မိမိတို့ တပ်မက်ခြင်း အတိုင်း ကျင့် နေသောကြောင့် ဖြစ်သည် ဟုဆိုသည်။ သူတို့ တပ်မက်သောအရာ သည်လောကအရာ ဖြစ်သည်။ အပြစ် ဒုစရိုက်၊ လောက စည်းစိမ်၊ ဝါသနာ၊ လူမျိုးရေး၊ နိင်ငံရေး၊ အပျော်အပါး၊ အား ကစား၊ ပညာရေး၊ အိမ်ထောင်ရေး၊ စသည် တို့ကို တပ်မက်၍ ခရစ်တော် ကြွ လာခြင်းကို အလိုမရှိခြင်း ဖြစ်သည်။ ခရစ်တော် ကြွလာလျှင် သူတို့ ကျင့်ချင်သော အရာများ စွန့်လွှတ်ဘို့ လိုသည်ဟု စိုးရိမ် သောကြောင့် ခရစ်တော် ကြွလာမည့် အကြောင်းကို မကြားချင်ကြခြင်း ဖြစ်သည်။ ထို သူတို့သည် ဘုရား မဲ့တရားမဲ့များထက် ဘုရားတရား၌ လှုပ်ရှားပါဝင် သူများ ဖြစ်တတ်သည်။ ဘုရား မဲ့တရားမဲ့များသည် ခရစ်တော် လာမည့် အရာပင်လျှင် မသိသောကြောင့် ကြိုက်ရမှန်း မကြိုက်ရမှန်း မသိကြချေ။ အမှုတော်ဆောင်များ ပင်လျှင် ခရစ်တော် ကြွလာမည့် အရာကို လုံးဝ မကြိုက်ကြချေ။ အကြောင်းမှာ ချီ ဆောင်ခြင်း၌ ပါမှာ မဟုတ်၊ ခရစ်တော်နှင့် မဆိုင်သောကြောင့် ဖြစ်သည်။ ယခုအခါ ခရစ်တော် ကြွလာမည့် အရာကို ပျက်ရယ်ပြုသောသူများ ပေါ်လာသောကြောင့် နောက်ဆုံးသောကာလ ဖြစ်ကြောင်း ထင်ရှားသည်။

၅-၆။ ရှေးကာလ၌ မိုဃ်းကောင်းကင်ကို၎င်း၊ ရေထဲကထွက်၍ ရေဖြင့် တည်သော မြေကြီးကို၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်း နှင့်၊ ဖြစ်ဘူးသောလောက ဓာတ်ကို ထိုသို့အားဖြင့် ရေနှင့် လွှမ်းမြှုပ်၍ ဖျက်ဆီးကြောင်းကို ထို သူတို့သည် မှတ်မိချင်သော စိတ်မရှိကြ။

အထက်၌ ဖေါ်ပြခဲ့သော သခင်ဘုရားကြွလာမည့် အရာသည် ဘုရားသခင် ကိုယ်တော်တိုင် စီရင်၍ ဟောပြောခြင်း ဖြစ်သည်။ ဘုရားသခင်သည် မိုဃ်းကောင်းကင်နှင့် ရေထဲမှမြေကြီးကို နှုတ်ကပတ်တော်နှင့် ဖန်ဆင်းကြောင်း ကမ္ဘာဦးကျမ်း၁၌ တွေ့နိင်သည်။ ထိုအပြင်နောဧခေတ်၌ ကမ္ဘာကို ရေနှင့် လွှမ်းမိုးစေကြောင်း ကိုလည်း တွေ့မြင်နိင်သည်။ ဘုရားသခင်သည် သူ၏ နှုတ်ထွက်တော်အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်းပြုပြင်ဖျက်ဆီးနိင်သည်။ ထို့ကြောင့် သခင်ဘုရားကြွဆင်းမည့် အရာလည်း ဘယ်အရာက မျှတားဆီး နိင်မည် မဟုတ်၊ အမှန်တကယ် ဖြစ်ပြတ်မည့် အရာ ဖြစ်သည်။ သို့သော် အဘယ်ကြောင့်မယုံကြည် နိင်၊ လက်မခံနိင်ကြသနည်း။ ဘုရားထက် မိမိတို့၏ တပ်မက်ခြင်းကို ဦးစားပေးသောကြောင့် ဖြစ်သည်။ သင်သည် ထို သူတို့ အထဲ၌ မပါဝင်ဘို့ အရေးကြီးသည်။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းထက် ကြောက်မက်ဘွယ်သောအရာ မရှိတော့ချေ။

ရ။ ယခုရှိသော မိုဃ်းကောင်းကင်နှင့် မြေကြီး မူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက်တိုင်အောင်၊ ထိုနှုတ် ကပတ်တော်အားဖြင့် သိုထားလျက် ရှိ၍၊ မီးရှို့ခြင်း အဘို့ အလိုငှါ နေရစ်သတည်း။

မိတ်ဆွေ၊ သင်သည်ကိုယ်ပိုင်အိမ်နှင့် မြေယာများ ယပိုင်ဆိုင်ပါသလား။ ထိုယပိုင်ဆိုင်မှု အပေါ် ကျေနပ် အားရလျက် ဝါကြွားနေ ပါသလား။ ဤကမ္ဘာကြီးသည် မီးနှင့် ရှို့ဘို့ ရာပိုင်ရှင် ဖြစ်သော ဘုရားသခင်က ရာထားကြောင်းကို သိစေချင်သည်။ မြေကြီးသည် အစဉ်အမြဲတည်မည်ဟု ထင်ရသော်လည်း ထိုသို့မဟုတ်ပါ။ တနေ့ မီးရှို့ပျက်စီးသွားမည့် အရာ ဖြစ်သည်။ မြေကြီး မပျက်မှီတွင် သင်၏ အသက် ကုန်ဆုံးသွားနိင်သည်။ ထို့ကြောင့် မတည်မြဲသော မြေကြီးနှင့် အိမ်၊ ရွှေငွေနှင့် ဥစ္စာများ အပေါ်မဝါကြွားဘို့၊ မမှှီခိုဘို့ ဤနှုတ် ကပတ်တော်က သတိပေးနေပါသည်။ ဘုရားသခင်သည် အနှစ်တစ်ထောင်အုပ်စိုးအပြီးတွင် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးကာ အသစ်ပြန်ဖန်ဆင်းရဦးမည် ဖြစ်သည်။

၈။ ချစ် သူတို့၊ ထာဝရဘုရား မှာကာလ တရက်သည်၊ အနှစ်တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်း ဖြစ်သည် အရာ တခုကို မမေ့လျော့ ကြနှင့်။

ယခုခေတ် လူသားများသည် အနှစ်တစ်ရာပင်မနေရကြပါ။ ထာဝရဘုရား အတွက် အနှစ်တစ်ထောင်သည် တရက်ကဲ့သို့၎င်း၊ တရက်သည်လည်း အနှစ်တထောင်ကဲ့သို့ဖြစ်သည် ဟုဆိုသည်။

၉။ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည် အတိုင်း၊ ထာဝရဘုရားသည် ဂတိတော် အရာမှာနှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှ တို့သည် နောင်တရစေခြင်းငှါ အလိုတော် ရှိ၍၊ ငါတို့ ကိုသည်း ခံတော်မူ၏။

လူ များစွာက ခရစ်တော် ကြွလာမည့် အရာကြားခဲ့သည် မှာကြလှပါပြီ၊ ယခုတိုင်အောင် မဖြစ်သေးပါက လား ဟုဆိုတတ်ကြသည်။ ထိုသို့ သူများကို ပြောချင်သည်။ သင်ကြားသောအရာသည် နှစ်အနည်းငယ်သာလျှင် ရှိသေးသည်။ ထိုအရာကို ၁၉ရ ၅ ခုနှစ်မှစ၍ ​ကျွန်တော် စတင်ပြောခဲ့သောကြောင့် နှစ်ပေါင်း၄၂ ကြာပါပြီ။ သို့သော် ​ကျွန်တော် အတွက် မရိုးနိင်၊ ပြောနေဆဲ ဖြစ်သည်။ ဘုရားသခင်သည် ​ကျွန်တော် တို့၏ အသက်ကို ကယ်တင်လိုသည်။ သင် မပြောင်းလဲ သေးသောကြောင့် သင့်ကို စောင့်နေသည်။ ထိုအရာကို မသိဘဲ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုပြီး ပျက်ရယ်မပြုဘို့ မေတ္တာနှင့် သတိပေးလိုပါသည်။

၁၀။ သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့် တကွ ပျောက်သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှ ာ ပြုလုပ် သမျှသောအရာ တို့သည် ​ကျွမ်းလောင်ကြလိမ့်မည်။

သူခိုးသည် အိမ်ရှင်များ မထင်မှတ်သော အချိန်၊ အိပ်ပျော်နေသော ချိန်၌ လာတတ်သည်။ ထိုကဲ့သို့ပင်ထာဝရဘုရား၏ နေ့သည် လူများ မထင်မှတ်သော အချိန်၊ သတိမထားသော အချိန်၌ လာမည် ဟုဆိုသည်။ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့် တကွပျောက်ကွယ်သွားလိမ့်မည် ဟုဆိုသောကြောင့် အလွန် ကြောက်စရာ ကောင်းလိမ့်မည်။ လောက ဓာတ်တို့ တည်းဟူသော အာကာသ၌ ရှိသမျှ တို့လည်း ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးနှင့် အထဲ၌ ရှိသမျှ တို့လည်း မီးဖြင့် ​ကျွမ်းလောင်မည် ဟုဆိုသည်။ ထို့ကြောင့် လောကနှင့် အထဲမှာရှိသမျှ တို့ကို မစွဲလန်းဘဲ ကောင်းကင် အရာ၊ အထက် အရာကိုသာလျှင် စွဲလန်းကြစို့။

၁၁-၁၂။ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုဃ်းကောင်းကင်သည် မီးနှင့် ပျက်၍ လောက ဓာတ် တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်း ဟူသော၊ ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသော အကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း အားဖြင့်၊ အဘယ်သို့ သောသူ ဖြစ်အပ် ကြသနည်း။

ဘုရားသခင်၏ နေ့ တည်းဟူသော ဖန်ဆင်းထားသောအရာ အားလုံး ပျက်စီးခြင်းရောက်မည် ဖြစ်သောကြောင့်၊ လောကအရာများ စွဲလန်းခြင်းဖြင့်အချိန် မကုန်သင့်ချေ။ သန့်ရှင်းခြင်း တည်းဟူသော ဘုရား အလိုတော်အတိုင်း အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းဖြင့် အသက်ရှင်သင့်သည်ဟု အကြံပေးထားပါသည်။ ယခုအချိန်သည် ဘုရားဝတ်၌ မွေ့လျော်ချိန် ဖြစ်သည်။ ယခုအ ချိန်တွင်အချိန် ပိုလုပ်၍ ငွေရှာခြင်း၊ လောဘကြီးခြင်း မပြုသင့်ချေ။

၁၃။ ယခုရှိသမျှသောအရာ တို့သည် ပျက်ရသော်လည်း၊ ​ဖြောင့်မတ်ခြင်း တရားတည်နေရာမိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ဂတိတော်နှင့် အညီမြော်လင့်ကြ၏။

ယခုရှိသမျှသောအရာ တို့သည် တနေ့နေ့ပျက်ရဦးမည်။ သို့သော် ယုံကြည်သူများအနေဖြင့် ​ဖြောင့်မတ်ခြင်း တရာတည် ရာမိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို မြော်လင့်ကြသည် ဟုဆိုသည်။ သင်သည် ထိုအရာကို မြော်လင့်ပါသလား။ ထိုအရာကို မြော်လင့်သောသူသည် ယခုလောလောဆယ်အရာများကို တပ်မက်စွဲလန်းခြင်း မရှိတော့ချေ။

၁၄။ ထိုသို့ မြော်လင့်ခြင်းရှိသောကြောင့်၊ ချစ် သူတို့၊ သင်တို့သည် အညစ်အ​ကြေးနှင့် ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည်အကြောင်း ကြိုးစားအား ထုတ်ကြလော့။

ဝိညာဉ်ပိုင်းညစ်ညူးခြင်း သည်လောကအရာကို စွဲလန်းခြင်း ဖြစ်သည်။ လောကအရာများ ကလူ၏ စိတ်ဝိညာဉ်ကို ညစ်စေသည်။ ထို့ကြောင့် မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို မြော်လင့်သော သူတို့ အနေဖြင့် သန့်ရှင်းခြင်းကို ဦးစားပေးဘို့ လိုအပ်သည်။ စာရေးသူက၊ “သင်တို့ကို ခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည် နည်းတူ၊ ကျင့်ကြံပြုမူသမျှ တို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာ သတည်း။” (၁ ပေ ၁:၁၅-၁၆)ဟု ရေးခဲ့ပြီး ပြီ။

၁၅။ ငါတို့ ချစ်သော ညီပေါလုသည်၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အား ရေး၍ ပေးလိုက်သော စာ၌၎င်း၊ သူသည် ဤ အရာများကို ပြော၍ စီရင်သော ဩဝါဒစာရှိသမျှ တို့၌ ၎င်းပါသည်နှင့် အညီ၊ ငါတို့ သခင်ဘုရားသည်း ခံတော်မူခြင်းသည် ကယ်တင် မည်အကြောင်း ဖြစ်သည်ဟု မှတ်ကြလော့။

ပေတရုကပေါလု၏ စာရေးသား ချက်များကို အသိအမှတ်ပြုသည်။ သူနှင့် ပေါလုတို့သည် တလုံးတဝတည်း ဖြစ်ကြောင်းကို ထင်ရှားစေသည်။

၁၆။ ထိုစာတို့၌ ခက်ခဲသောအရာ အချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်း မရှိသော သူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသော ကျမ်းစာ၏ အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ် ဖျက်ဆီးတတ်ကြ၏။

မတတ်သောသူ၊ တည်ကြည်ခြင်း မရှိသောသူများ ကကျမ်းစာ၏ အနက်ကို မှောက်လှန်၍ ကိုယ်ကိုကိုယ် ဖျက်ဆိီးတတ်သည် ဟုဆိုသည်။ မည်သို့ ဖျက်ဆီးသနည်း။ ကျမ်းစာ အနက်ကို အလွှဲယူသောကြောင့် မကျင့်သင့်သောအရာ၊ မမျှော်လင့်သောအရာကိုမျှ ော်လင့်၊ မပြောသင့်သော အရာများကို ပြောတတ်သည်။ ထိုအရာများသည်လောက အကြိုက်၊ လူ့ဇာတိအကြိုက်များကို လုပ်ခြင်းအားဖြင့် ပျက်စီးတတ်သည်။

၁ရ။ သို့ဖြစ်၍၊ ချစ် သူတို့၊ မတရားသော သူတို့၏ ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင်ရာသို့ လိုက်၍၊ သင်တို့ တည်ကြည်ခြင်းမှ မရွေ့လျော့မည်အကြောင်း၊ ဤအရာများကို သိနှင့် ပြီ ဖြစ်၍၊ ကိုယ်ကိုကိုယ် စောင့်ရှောက်ကြလော့။

မတရားသော သူတို့၏ ပရိယာယ်အားဖြင့် သွေးဆောင်ရာသို့ လိုက်၍ မရွေ့လျောဘို့ရန် ကိုယ်ကိုကိုယ် စောင်ရှောက်ဘို့ မှာထားသည်။ ကိုယ်ကာပိုင်းနှင့် စိတ်ပိုင်းမှားယွင်းခြင်းသည် ခဏသာခံစားရသော်လည်း ဝိညာဉ်ပိုင်းမှားယွင်းခြင်းသည် ထာဝရ ကာလ တိုင်တည်နိင်သောကြောင့် အလွန် သတိထားရမည်။

၁၈။ ကျေးဇူးတော်၌၎င်း၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကို သိ​ကျွမ်းခြင်း၌ ၎င်းကြီး ပွါးကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရ နေ့ရက်ကာလ ပတ်လုံးဘုန်းအသရေရှိတော်မူ စေသတည်း။ အာမင်။

ကျေးဇူးတော်၌၎င်း၊ ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကို သိ​ကျွမ်းခြင်း၌ ၎င်းကြီး ပွါးကြဘို့ မှာထားသည်။ သို့သော် ယုံကြည်သူများသည် ငွေကျေး၎င်း၊ လောကအရာနှင့် ပညာ၌၎င်း၊ကြီး ပွားချင် ကြသည်။ ယခုမှစ၍ ဝိညာဉ်ရေးရာ၌ ကြီး ပွားဘို့ ကြိုးစား ကြပါစို့။ သခင်သည် ယခုမှစ၍ ထာဝရ နေ့ရက် ကာလ ပတ်လုံး ဘုန်းအသရေရှိတော်မူ စေသတည်း။ အာမင်။