သခင့်ဆီပြညွှန်သောပုံပြင်လေးများ

LYDIA HAN

သင်ခန်းစာ ( ၁၀ )

🖥 Game ဆော့လွန်းတဲ့ လူငယ်လေး 🙍‍♂️

ဒီနေ့တော့ Game အရမ်းဆော့လွန်းတဲ့ လူငယ်လေးကို သွားကြည့်ကြရအောင်🤗

လူနေထူထပ်တဲ့ မြို့ရွာလေး တစ်ခုမှာ Kevin ဆိုတဲ့ လူငယ်တစ်ယောက်ရှိတယ်။

သူ့ဘဝမှာ ဘုရားဆိုတာ မရှိတာမဟုတ်ဘူးရှိတယ်။

ဒါပေမဲ့ သူ့အတွက် ဘုရားက အရေးမကြီးတဲ့ background sound လိုပဲသူသဘောထားခဲ့တယ်။

သူ့ဘဝရဲ့ main screen က Game ပါပဲ။

ည 12 နာရီကျော်လည်း မအိပ်ဘူး သူက နောက်တစ်ပွဲပဲ ဆိုပြီး ဆက်ကစားတယ်။

မနက်နိုးတာနဲ့ ဖုန်းယူတယ်။

ညအိပ်ချိန်ရောက်တဲ့အထိ လက်ထဲမှာ Game မပြတ်ခဲ့ဘူး။

ဘုရားကိုဆုတောင်းဖို့ဆိုရင် နောက်မှလုပ်မယ် လို့ပြောတတ်တယ်။

ဘုရားကျောင်းသွားဖို့ဆိုရင်လဲ အချိန်မရှိဘူး လို့ထင်တတ်တယ်။ 

ဒါပေမဲ့ တစ်နေ့မှာ သူ့ဘဝထဲကို မမျှော်လင့်တဲ့အရာတစ်ခု ရောက်လာခဲ့တယ်။

သူ့အဖေ ဟာ ရုတ်တရက် ဆေးရုံတင်ရတယ်။

ဆရာဝန်က တိတ်တိတ်လေးပြောတယ်

“အခြေအနေ မကောင်းဘူး အချိန်မသေချာတော့ဘူး”

Kevin ဟာသူ့လက် ​ထဲက ဖုန်းတောင် လွတ်ကျသွားခဲ့ပါတယ်။

အဲ့ဒီညမှာ သူ Game ကိုမဖွင့်နိုင်တော့ဘူး။

ဘယ်လိုပဲကြိုးစားကြိုးစား စိတ်က မဝင်တော့ဘူး။

သူ့အဖေဘေးနားမှာထိုင်ရင်း ပထမဆုံးအကြိမ် သူတွေးမိ လာတယ်

Game ထဲမှာ ငါအမြဲ respawn လုပ်လို့ရတယ်

ဒါပေမဲ့ လူ့ဘဝမှာတော့ တစ်ခါပဲရှိတယ်

အဲ့ဒီအချိန်မှာ သူ့စိတ်ထဲကို ကျမ်းပိုဒ်တစ်ခု ဝင်လာတယ်

📖 “ လူသည် တခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရသကဲ့သို့၊။”  (ဟေဗြဲ၉:၂၇)

သူ့လက်တွေတုန်လာတယ်။

Game ထဲမှာဆိုရင် fail ဖြစ်ရင် restart လုပ်လို့ရတယ်။

ဒါပေမဲ့ ဘဝမှာ restart button မရှိဘူး။

အဲ့ဒီညမှာ သူ ပထမဆုံးအကြိမ် တကယ်လေးနက်စွာ ဘုရားကို သူစကားပြောလိုက်တယ်။

“ကိုယ်တော် ကျွန်နော်  ကိုယ်တော်အတွက်ဆို အမြဲနောက်ကျခဲ့တယ်။

Game ကိုပဲ အရေးကြီးဆုံးထားခဲ့တယ်။

ကိုယ့်ဘဝကိုလဲ ကိုယ်ပဲထိန်းချုပ် နိုင်မယ်လို့ ထင်ခဲ့တယ် အခု….. ကျွန်နော် ဘာလုပ်ရမလဲဆိုတာ မသိတော့ပါဘူး”
 
လို့ သူပြောနေခဲ့မိတယ်။

အဲ့ဒီအချိန်မှာ အံ့သြစရာတစ်ခုမျိုး မဖြစ်ခဲ့ဘူး။

မီးလင်းသွားတာမျိုး၊ အသံကြားတာမျိုးလည်း မရှိဘူး။

ဒါပေမဲ့ Kevin ရဲ့နှလုံးသားထဲမှာတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ တစ်ခုခုပြိုကျသွားတယ်။

“သူ အရာအားလုံးကို ကိုယ်တိုင်ထိန်းချုပ်နိုင်တယ် ဆိုတဲ့ အထင်။”

အဲ့ဒီအထင်က ပထမဆုံးအကြိမ် သူ့လက်ထဲကနေ လွတ်ကျသွားသလို ခံစားလိုက်ရတယ်။

နောက်ရက်တွေမှာတော့ အဖေက တဖြည်းဖြည်း နေပြန်ကောင်းလာတယ်။

အိမ်ထဲက လေထုလည်း ပြန်ငြိမ်သွားတယ်။

ဒါပေမဲ့ Kevin ကတော့ အရင်လို ပြန်မဖြစ်တော့ဘူး။

Game က သူ့ဘဝရဲ့ အဓိကနေရာမှာ မရှိတော့ဘူး။

ဆော့နေတုန်းရှိသေးပေမဲ့ အချိန်ဖြည့်ဖို့အရာ လောက်ပဲ ဖြစ်သွားတယ်။

အရင်က နောက်တစ်ပွဲပဲ ဆိုပြီး အချိန်တွေကို ဆွဲထားတတ်တဲ့သူက အခုတော့ အရေးကြီးတာတွေကို 

အရင်လုပ်ရမယ် ဆိုတဲ့ စိတ်မျိုးကို စတင်နားလည်လာခဲ့ပါပြီ။

ဘုရားကိုလည်း တဖြေးဖြေးနဲ့ ပြန်ရှာလာပါတော့တယ်။

 

💡 သင်ခန်းစာ

Game ထဲမှာ သင် next level ကို ရနိုင်တယ်။

ဒါပေမဲ့ ဘဝမှာတော့ နောက်ဆုံး level ဆိုတာ မရှိဘူးအဆုံးတစ်ခုပဲရှိတယ်။

တစ်နေ့မှာ သင့်လက်ထဲက ဖုန်းက မကယ်နိုင်ဘူး။

WiFi က မကယ်နိုင်ဘူး။

Game account က မလိုက်လာနိုင်ပါဘူး။

“ဒါပေမဲ့ တစ်ခုကတော့ လိုက်လာမယ်။ 

အဲ့ဒါဟာ သင်ဘုရားနဲ့ရှိခဲ့တဲ့ ဆက်ဆံရေးပဲ။”

နောက်ဆုံး ကျမ လူငယ်တွေအတွက် ချန်ခဲ့ခြင်တဲ့  message တစ်ခုကတော့ —

ဒီနေ့ Game ကိုမပိတ်ချင်သေးရင် မပိတ်ပါနဲ့။

ဒါပေမဲ့ ဒီမေးခွန်းကိုတော့ မရှောင်ပါနဲ့—?

ငါ သေသွားရင် ငါ့ဘဝက ဘယ်ကိုသွားမလဲ?

ဘုရားက သင့်ကို ချစ်လို့ အချိန်ပေးထားပါတယ်။

ဒါပေမဲ့ အချိန်ဆိုတာ အမြဲမရှိဘူး။

 

📖 ကျမ်းပိုဒ် 

 ဧဖက်ဩဝါဒစာ။  5:16 

“ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။”

ဒါကြောင့် ဒီနေ့ပဲ Game ထက်ပိုကြီးတဲ့အရာတစ်ခုကို စတင်ရွေးချယ်ပါ။

🕯ခရစ်တော်ဘုရား ✝

 

 

 

23 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS - PART 10

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -