သခင့်ဆီပြညွှန်သောပုံပြင်လေးများ 

LYDIA HAN

အခန်း ( ၃ ) 

🤴ဘုရင်၏ ဖိတ်ခေါ်စာ

တစ်ခါက ရွာငယ်လေးတစ်ရွာမှာ အလွန်ဆင်းရဲတဲ့ လူငယ်တစ်ယောက် နေထိုင်တယ်။ သူက "ငါက ဘာမှမတန်ဖိုးရှိဘူး" လို့ အမြဲတွေးပြီး အသက်ရှင်နေခဲ့တယ်။

တစ်နေ့မှာ ဘုရင်နန်းတော်က တမန်တော်တစ်ယောက် ရွာထဲရောက်လာပြီး လူတိုင်းကို စာတစ်စောင် ဝေပေးတယ်။

စာထဲမှာ "ဘုရင်က မင်းကို သူ့အိမ်တော်မှာ နေစေချင်တယ်။ မင်းအတွက် နေရာပြင်ဆင်ထားပြီးပြီ။ လာပါ။"

လူတချို့က ရယ်ကြတယ်။ "ငါတို့လိုလူကို ဘုရင်က ဘာလို့ ခေါ်မှာလဲ။"

တချို့ကလည်း ပြောတယ်။ "နောက်မှ သွားမယ်။"

ဒါပေမဲ့ လူငယ်လေးက စာကို ဖတ်ပြီး မျက်ရည်ကျတယ်။

"ငါလိုလူကိုတောင် ဘုရင်က ခေါ်တာလား..."

သူဟာ ဘုရင်ကို တွေ့ဖို့ ထွက်လာတယ်။ 

လမ်းမှာ သူ့အဝတ်အစားဟောင်းတွေ၊ ဖုန်တွေနဲ့ အရှက်တရားတွေကို ကြည့်ပြီး ပြန်လှည့်ဖို့ စဉ်းစားမိတယ်။

ဒါပေမဲ့ နန်းတော်တံခါးရောက်တော့ ဘုရင်က အပြင်ထွက်လာပြီး ပြုံးကာ ပြောတယ်။

"ငါ မင်းရဲ့အဝတ်ကို မကြည့်ဘူး။ မင်း လာခဲ့တာကိုပဲ ငါဝမ်းမြောက်တယ်။"

ဘုရင်က သူ့ကို အဝတ်သစ်ဝတ်ပေးတယ်။ 

သန့်ရှင်းစေတယ်။ မိသားစုဝင်တစ်ယောက်လို လက်ခံတယ်။

အဲဒီအချိန်မှာ လူငယ်လေး နားလည်သွားတယ်။

"ဘုရင်ကငါကောင်းလို့ခေါ်တာမဟုတ်ဘူး။ ငါနဲ့ ထိုက်တန်လို့ ခေါ်တာမဟုတ်ဘူး။ ငါ့ကို ချစ်လို့ ခေါ်တာပဲ။"ငါ့ရဲ့ ကောင်းမှုတွေက ဘုရင်ရဲ့  ချစ်ခြင်းကို မရရှိစေခဲ့ဘူး။ ဘုရင်ရဲ့  ချစ်ခြင်းကသာ ငါ့ကို ပြောင်းလဲစေခဲ့တယ်။”ဆိုတာကို လူငယ်လေးက သဘောပေါက်သွားခဲ့ပါတယ်။

💡 သင်ခန်းစာ

ဤပုံပြင်က ကျွန်ုပ်​တို့ကို သွန်သင်ပေးသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တိုင်ကောင်းလို့ ဘုရားထံ ခေါ်ခြင်းခံရခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့၏ ကောင်းမှုများ၊ အရည်အချင်းများ၊ သို့မဟုတ် ထိုက်တန်မှုများကြောင့် မဟုတ်ဘဲ ဘုရားသခင်၏ မေတ္တာနှင့် ကျေးဇူးတော်ကြောင့်သာ ခေါ်ယူခြင်းခံရခြင်းဖြစ်ပါသည်။

လူသားသည် အပြစ်နှင့် မပြည့်စုံမှုရှိသော်လည်း၊ ဘုရားသခင်သည် ထိုသူကို ပစ်မထားဘဲ ယေရှုခရစ်တော်အားဖြင့် ကိုယ်တော်၏ မိသားစုထဲသို့ ဖိတ်ခေါ်တော်မူပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ တုံ့ပြန်မှုမှာ ငါထိုက်တန်လို့ လာတာမဟုတ်ဘူး ဟု ဝန်ခံပြီး၊ ဘုရား၏ ချစ်ခြင်းကို ယုံကြည်စွာ လက်ခံခြင်းဖြစ်ပါသည်။

 

📖ကျမ်းပိုဒ်

ဧဖက်ဩဝါဒစာ။  2:8

“ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်  ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။”

 

🙏 ဆုတောင်းစကား

ဤစာကို ဖတ်ရှုရသူတိုင်းသည် ကယ်တင်ခြင်း၏ အမှန်တရားကို အပြည့်အဝ နားလည်နိုင်ပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံရရှိနိုင်ပါစေ။

အာမင် 🙏

 

 

 

 

68 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS - PART 3

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -