သခင့်ဆီပြညွှန်သောပုံပြင်လေးများ 

LYDIA HAN

သင်ခန်းစာ (၂ )

🔐Password မသိတဲ့အကောင့်

တစ်ခါတုန်းက လူငယ်တစ်ယောက်ရှိတယ်  တစ်နေ့မှာ လူငယ်တစ်ယောက်ဆီကို ဘဏ်က ဖုန်းဆက်လာခဲ့တယ်။

“သင့်နာမည်နဲ့ အကောင့်တစ်ခုရှိပြီး အထဲမှာ အမွေရတဲ့ငွေများစွာရှိနေပါတယ်” လို့ ပြောတယ်။

လူငယ်က အရမ်းဝမ်းသာသွားတယ်။

“ငါကတော့ ချမ်းသာသွားပြီ” လို့ ထင်လိုက်တယ်။

ဒါပေမယ့် သူ့မှာပြဿနာတစ်ခုရှိ​နေတယ်—

အဲဒီအကောင့်ကိုဖွင့်ဖို့ Password လိုတယ်။

သူက စမ်းကြည့်တယ်—

သူ့ရဲ့မွေးနေ့

123456

password

သူ့နာမည်

ဒါပေမယ့် ဘာမှမပွင့်ဘူး။

သူက “ငါ့မှာ ပိုက်ဆံရှိတယ်” လို့ပြောပေမယ့် လက်တွေ့မှာတော့ တစ်ကျပ်မှ မသုံးနိုင်ဘူး။

နောက်ဆုံးမှာ ဘဏ်ဝန်ထမ်းတစ်ယောက်က ပြောတယ်—

“ဒီအကောင့်ကိုဖွင့်ဖို့ ဘဏ်ကပေးထားတဲ့ မှန်ကန်တဲ့ Password ကိုပဲ အသုံးပြုရမယ်။ ကိုယ့်စိတ်ကြိုက်နည်းလမ်းနဲ့ မဖွင့်နိုင်ဘူး။”

လူငယ်က နားလည်သွားပြီး ဘဏ်ကပေးတဲ့ Password ကို လက်ခံလိုက်ပါတယ်။

ချက်ချင်းပဲ အကောင့်ပွင့်သွားပြီး သူပိုင်တဲ့အမွေငွေအားလုံးကို ရရှိသွားခဲ့ပါတယ်။ ဒီလိုပါပဲ သင်တို့အနေနဲ့ သင်ခန်းစာယူရမှာက— 

အကောင့်တစ်ခုရှိပေမယ့် password မသိရင် ဝင်လို့မရသလို၊ လူတစ်ယောက်မှာ ဘဝအခွင့်အရေးတွေရှိနေပေမယ့် အတွင်းက သော့ မရှိရင် အဲဒီအရာတွေကို 

တကယ်အသက်ဝင်​အောင်  မသုံးနိုင်ပါဘူး။

လူအများစုက အပြင်အရာတွေကို ပြည့်စုံမှုလို့ထင်တတ် ကြ ​ပေမယ့် အမှန်တကယ်တော့ နှလုံးသားကို ဖွင့်ပေးတဲ့ key မရှိသေးရင် အတွင်းကနေ မပြည့်စုံသေးနိုင်ပါဘူး။

ခရစ်တော်ကတော့ အဲဒီဘဝတံခါးကို ဖွင့်ပေးတဲ့ သော့လိုပဲဖြစ်ပါတယ်။ သူ့ကို ယုံကြည်လက်ခံလာတဲ့အခါ အပြင်အရာတွေပြောင်းလဲတာထက် အတွင်းစိတ်က စပြီး 

ပြောင်းလဲလာတယ်ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်းနဲ့ အမှန်တရားကို သိမြင်လာတယ်။

ဒါကြောင့် ဘဝမှာ အရေးကြီးတာက ငါ့မှာဘာရှိလဲ မဟုတ်ဘဲ ငါ့ဘဝကို တကယ်ဖွင့်ပေးမယ့် ခရစ်တော်ကို ငါလက်ခံထားပြီလား ဆိုတာပဲ ဖြစ်ပါတယ်။ 

 

📖 ကျမ်းပိုဒ် 

ရှင်ယောဟန်ခရစ်ဝင်။  14:6

ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။”

 

✝ ဆုတောင်းစကား🙏

ဤစာကို ဖတ်ရှုသူအားလုံးသည် ကယ်တင်ခြင်း၏ အမှန်တရားကို နားလည်ပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံရရှိနိုင်ပါစေ။

အာမင်🙏

 

 

 

 

69 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS - PART 2

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -