မထင်မှတ်တဲ့နေ့
ကျမက ငယ်ငယ်ကတည်းက ဗုဒ္ဓဘာသာအဆုံးအမတွေနဲ့ ကြီးပြင်းလာခဲ့သူတစ်ယောက်ပါ။
စေတနာထားတတ်တယ်၊
ပေးကမ်းတတ်တယ်၊
လူကြီးတွေကိုရိုသေတယ်၊
ကျေးဇူးတရားကိုလည်း နားလည်တတ်ခဲ့တယ်။
ဘုရားကျောင်းတွေလည်း သွားခဲ့တယ်။
_____
ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျမအတွေးထဲမှာ မေးခွန်းတွေ ပေါ်လာခဲ့တယ်။
လူကောင်းမှုတွေ၊ စိတ်ကောင်းထားတာတွေ၊ အကျင့်ကောင်းတာတွေက တကယ်ဘာကြောင့်လဲ? ဆိုတာပါ။
တချို့က ငရဲမရောက်ချင်လို့၊ တချို့က ပြန်ကူညီခံရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကောင်းမှုလုပ်နေကြတာကိုလည်း မြင်လာခဲ့တယ်။
ကျမအသက် ၂၃ နှစ်လောက်မှာ မထင်မှတ်တဲ့နေ့တစ်နေ့ ရောက်လာခဲ့ပါတယ်။ Solomon ဆိုတဲ့လူ တစ်ယောက်က ကျမကို “အသက်ရှင်တဲ့ဘုရား” အကြောင်း ပြောပြခဲ့တယ်။
သူကထပ်ပြောတယ်...
“ဘုရားကို ဆုတောင်းပါ၊ ကျမ်းစာဖတ်ပါ၊ ဘုရားကသူရှိတာကို မင်းကို သက်သေပြလိမ့်မယ်” တဲ့။
အဲဒီစကားကြောင့် ကျမနှလုံးသားထဲမှာ စိတ်ဝင်စားမှုတစ်ခု စတင်လာခဲ့တယ်။
ဘုရားကို ရှာချင်တဲ့စိတ်နဲ့ ဆုတောင်းနည်းတွေကို လေ့လာခဲ့တယ်။
မနက်နိုးထချိန်နဲ့ ညအိပ်ချိန်တိုင်း ဘုရားကို ရှာဖွေနေခဲ့တယ်။
______
တစ်နေ့မှာ ကျမ ပထမဆုံးအနေနဲ့ “ကျမ်းစာအုပ်လိုချင်တယ်” လို့ ဆုတောင်းခဲ့တဲ့အခါ...
နောက်နေ့မနက်မှာပဲ တစ်ယောက်သောသူက ကျမကို ကျမ်းစာအုပ်ရအောင် ကူညီခဲ့တယ်။
အဲဒီအချိန်ကစပြီး ကျမစိတ်ထဲမှာ “ဒါဟာ တိုက်ဆိုင်မှုလား၊ ဘုရားက တကယ်တုံ့ပြန်တာလား?” ဆိုတဲ့ အတွေးတွေ ဝင်လာခဲ့တယ်။
ကျမ်းစာကို ရခဲ့ပေမယ့် ကျမနှလုံးသားထဲမှာတော့ အပြည့်အဝမတည်ငြိမ်သေးပါဘူး။
အဲဒီအချိန်မှာ ကျမကို ဘုရားအကြောင်းပြောခဲ့သူက ထပ်ပြောလာပြန်တယ်။
ကျမ်းစာဖတ်ရုံနဲ့မလုံလောက်ဘူး၊ ကယ်တင်ခြင်းရဖို့လိုတယ် တဲ့။
ဒါပေမဲ့ ကယ်တင်ခြင်း ဆိုတာ ဘာလဲ၊ ဘယ်လိုရမလဲဆိုတာ ကျမ မသိခဲ့ဘူး။
သူလည်း ဘာသာစကားအခက်အခဲကြောင့် အပြည့်အဝမရှင်းပြနိုင်ခဲ့ဘူး။
အဲဒါကြောင့် သူ့မိခင်ဆီသွားပြီး ကယ်တင်ခြင်းသင်ခန်းစာတွေကို သင်ယူခဲ့တယ်။
နောက်ပိုင်းမှာ အမေရိက မှ ဆရာတစ်ဦး👨💼ဆရာအောင်လင်း နဲ့ မိတ်ဆက်ပြီး ကျမ်းစာသင်ခန်းစာတွေကို ဆက်လက်လေ့လာခဲ့တယ်။
တဖြည်းဖြည်းနဲ့ ကျမနှလုံးသားထဲမှာ အမှန်တရားတစ်ခု ပိုရှင်းလာခဲ့တယ်။
ကယ်တင်ခြင်းက လူ့အကျင့်ကောင်းမှုကြောင့်မဟုတ်ဘဲ ဘုရားရဲ့ကျေးဇူးတော်ကြောင့်သာ ဖြစ်တယ် ဆိုတာပါ။
_____
“ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။” (ဧဖက်ဩဝါဒစာ ၂း၈)
၂၀၂၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ — အဲဒီအချိန်က ကျမ ရဲ့အသက် အန္တရာယ်ကြုံခဲ့ရတဲ့ အခါ ဘုရားက ကျမကို သေဘေးကနေ လွတ်မြောက်စေခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်ကြောင့်ပဲ ကျမ ပထမဆုံး ဝမ်းသာမျက်ရည်ကျခဲ့တယ်။ ဘုရားက ငါ့ကို တကယ်ချစ်နေပါလား ငါ့ကို တကယ် ကာကွယ်နေပါလား ဆိုတာကို နားလည်ခဲ့တယ်။
ဒီအကြောင်းအရာတွေကို ကျမ ဆရာ ရှေ့မှာ သက်သေခံပြီး အသက်တာပြောင်းလဲမှုအတွက် ဗတ္တိဇံခံဖို့ ဆုံးဖြတ်ခဲ့တယ်။
ကျမ ဆရာ ဆရာအောင်လင်း ကလည်း ဗတ္တိဇံအကြောင်းကောင်းကောင်းနားလည်ရန် သင်ကြားပေးခဲ့တယ်။
နောက်ပိုင်းမှာ Solomon မိခင်မှတစ်ဆင့် မြန်မာပြည်က ဆရာစောဝင်းလွင်နဲ့တွေ့ဆုံခဲ့ပြီး ၂၀၂၅ အောက်တိုဘာလ ၅ ရက်နေ့ မှာ နှစ်ခြင်းဗတ္တိဇံကို ခံယူခဲ့ပါတယ်။
နောက်ဆုံးမှာ ကျမအသက်တာဟာ လုံးဝအသစ်ဖြစ်သွားခဲ့တယ်။
ယေရှုခရစ်တော်ကြောင့် ကယ်တင်ခြင်းရရှိပြီး လူသစ်တစ်ယောက် အဖြစ် အသစ်သောအသက်တာကို စတင်ခဲ့တယ်။
_____
“လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” (ကောရိန္သုဩဝါသစာဒုတိယစောင်။ ၅း၁၇)
ယနေ့ကျမနားလည်တာက—ဘုရားကို ရှာတဲ့သူကို ဘုရားက မစွန့်ဘူး။ကယ်တင်ခြင်းက လူ့အကျင့်ကောင်းမှုကြောင့်မဟုတ်ဘဲ ဘုရားရဲ့ကျေးဇူးတော်ကြောင့်သာ ဖြစ်တယ်။
ပြီးတော့ ယေရှုခရစ်တော် အထဲမှာ ရှိသူတိုင်းဟာ အသစ်သော အသက်တာရှိတဲ့ လူသစ်တစ်ယောက် ဖြစ်ပါတယ်။
−Lydia Han (သို့) Kyawt Kyawt Han
