သခင့်ဆီပြညွှန်သောပုံပြင်လေးများ

LYDIA HAN

နိဒါန်း

ဤစာအုပ်ထဲရှိ ပုံပြင်များသည် ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာ၊ ကျေးဇူးတော်နှင့် ကယ်တင်ခြင်းအကြောင်းကို နားလည်လွယ်ကူစေရန် ရေးသားထားသော ကိုယ်ပိုင်ပုံပြင်များ ဖြစ်ပါသည်။

ဤပုံပြင်များ၏ ရည်ရွယ်ချက်မှာ ဖတ်ရှုသူများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဆီ ပိုမိုနီးကပ်စေပြီး ယေရှုခရစ်တော်ကို ပို၍နားလည်သိကျွမ်းလာစေရန် ဖြစ်ပါသည်။ 


ကလေးများအတွက်လည်း နားလည်လွယ်ကူစေပြီး လူကြီးများအတွက်လည်း စိတ်နှလုံးကို စဉ်းစားဆင်ခြင်စေသော သင်ခန်းစာများ ပါဝင်စေရန်ရည်ရွယ်ထားပါသည်။

ဤပုံပြင်များသည် ကျမ်းစာကို အစားထိုးရန် မဟုတ်ဘဲ၊ သမ္မာကျမ်းစာ၏ အမှန်တရားများကို ပိုမိုနားလည်စေရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ချစ်မြတ်နိုးစေရန် အထောက်အကူပြုရန်သာ ရေးသားထားခြင်း ဖြစ်ပါသည်။

ဤစာအုပ်ကို ရေးသားနိုင်ရန်အတွက် လိုအပ်သော ဉာဏ်ပညာ၊ အကြံဉာဏ်နှင့် ခွန်အားတို့ကို ပေးသနားတော်မူသော ဘုရားသခင်အား အထူးပင် ကျေးဇူးတင်ရှိပါသည်။ ထို့ပြင် ကျွန်မ၏ ယုံကြည်ခြင်းကို တည်ဆောက်ပေးခဲ့ကြသော၊ သမ္မာကျမ်းစာကို မှန်ကန်စွာ နားလည်သင်ယူနိုင်ရန် ဆုံးမသွန်သင်ပေးခဲ့ကြသော ဆရာများအားလည်း လေးစားစွာ ကျေးဇူးတင်ရှိပါသည်။ ဤစာအုပ်တွင် ကောင်းသောအရာတစ်စုံတစ်ရာရှိပါက ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်ပြီး၊ အမှားအယွင်းတစ်စုံတစ်ရာရှိပါက ကျွန်မ၏ အားနည်းချက်သာ ဖြစ်ပါသည်။

ကျွန်မ၏ အဓိက ရည်မှန်းချက်မှာ ဖတ်ရှုသူတိုင်းသည် ဤပုံပြင်များမှတဆင့် ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာကို သိမြင်ပြီး ကိုယ်တော်ထံ ပိုမိုနီးကပ်လာစေရန် ဖြစ်ပါသည်။

ဒီပုံပြင်များသည် ဖတ်ကောင်းရုံသာမက လူများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဆီ ပို့ဆောင်ပေးနိုင်သော လမ်းတစ်လမ်း ဖြစ်လာပါစေ။

 

✝ အဆုံးသတ် ဆုတောင်း 🙏

ဤစာအုပ်မှတဆင့် လူတိုင်းသည် မျှော်လင့်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ကယ်တင်ခြင်းကို ယေရှုခရစ်တော်၌ တွေ့ရှိနိုင်ပြီး၊ ကိုယ်တော်နှင့် ပိုမိုနီးကပ်သော အသက်တာကို လျှောက်လှမ်းနိုင်ကြပါစေ။

အာမင်။🙏

 

 

 

 

56 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS - INTRO

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -