Book: Revelation (d)

Home   >   Bookstore    >   Revelation

revelation

ဗျာဒိတ်ကျမ်း အနက်ဖွင့်ခြင်း

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

PART D

Revelation Commentary in Burmese
Copyright 2016 © Moses Cung

.

မာတိကာ

.

ဗျာဒိတ်ကျမ်း ၁၅

နောက်ဆုံးဘေးဒဏ်ခုနစ်ပါးအတွက်ပြင်ဆင်

၁။ တဖန်တုံ၊ ဘုရားသခင်၏ အမျက်တော်ကိုပြီးစီးစေသော၊ နောက်ဆုံးဘေးဒဏ်ခုနစ်ပါးရှိသော၊ ကောင်းကင်တမန်ခုနစ်ပါးတည်းဟူသော၊ ကောင်းကင်၌အံ့ဘွယ်သောနိမိတ်ကြီးအခြားတပါးကိုငါမြင်ရ၏။
ဘုရားသခင်သည်၊ ဘေးဒဏ်ကြီးကာလ၌ ကမ္ဘာပေါ်တွင်၊ အမျက်​ဒေါသလောင်းမည့်အရာကို၊ သုံးပိုင်းဖြင့်ဖေါ်ထားသည်။ တံဆိပ်ခုနစ်ခု၊ တံပိုးခုနစ်လုံးတရားစီရင်ခြင်းများအပြင်၊ ယခုဖလားခုနစ်လုံးတရားစီရင်ခြင်း ပြုလုပ်မည့်အရာကိုဖေါ်ပြထားသည်။ ဤဖလားခုနစ်လုံးတရားစီရင်ခြင်းသည်နောက်ဆုံးဖြစ်သည်။ ထိုတရားစီရင်ခြင်းကို၊ ကောင်းကင်တမန် ခုနစ်ပါးကဆောင်ရွက်မှာဖြစ်သည်။

၂။ မီးနှင့်ရောသောဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်းမြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍ အောင်မြင်သောသူတို့သည်၊ ဘုရားသခင်၏စောင်းတော်တို့ကိုကိုင်လျက်၊ ဖန်ရေကန်နားမှာရပ်နေကြသည်ကိုမြင်ရ၏။
ဖန်ရေကန်သည်၊ တဲတော်ရှေ့၌ရှိသောကြေး၀ါအင်တုံဖြစ်သည်။ ထိုအင်တုံ၌ရေထည့်၍၊ ယဇ်ပုရောဟိတ်များနှင့်ယဇ်ကောင်အသားများ၊ ဆေးကြောသောနေရာဖြစ်သည်။ ထို​ကြေး၀ါအင်တုံကို၊ ကောင်းကင်တဲတော်၌၊ ဖန်ရေကန်ကဲ့သို့တွေ့ရသည်။ ဘေးဒဏ်ကြီးကာလအတွင်း၊ သားရဲနှင့်သူ၏ရုပ်တုကိုမကိုးကွယ်၊ သားရဲ၏နာမအရေအတွက်တည်းဟူသော ၆၆၆ တံဆိပ်ကိုလည်းမခံဘဲ၊ လွတ်မြောက်အောင်မြင်သောမာတုရများသည်၊ ဖန်ရေကန်နားမှာရပ်သည်ဟုဆိုခြင်းသည်၊ သန့်ရှင်းခြင်းကိုဆိုလိုသည်။ သူတို့သည်ဘေးဒဏ်ကြီးကာလ၌၊ အလွန်ခက်ခဲသော်လည်း၊ ဘုရားသခင်၏ရန်သူတည်းဟူသောအန္တိခရစ်၏ရုပ်ကိုမကိုးကွယ်၊ သူ၏နာမ ၆၆၆ မခံဘဲသန့်ရှင်းစွာနေထိုင်သောကြောင့်၊ ဘုရားသခင်ထံသန့်ရှင်းစွာပူဇော်သော၊ ယဇ်ကောင်များကဲ့သို့ဖြစ်သည်။ ထို့ကြောင့်ဖန်ရေကန်အနား၌တွေ့ရခြင်းဖြစ်သည်။ ဘုရားသခင်၏စောင်းတော်တို့ကိုကိုင်သည်ဟုဆိုခြင်းသည်၊ သီချင်းဆို၍စောင်းတီးဘို့ ဖြစ်သည်။ သူတို့သည်အောင်မြင်သောကြောင့်၊ သီချင်းဆိုရတော့မှာဖြစ်သည်။ သူတို့သီဆိုသောသီချင်းနှင့်တီးသောစောင်းအကြောင်းကို အောက်တွင်ဆက်လက်ဖေါ်ပြထားသည်။ ​

၃။ ထိုသူတို့သည်ဘုရားသခင်၏ကျွန်မောရှေ၏သီချင်းနှင့်၊ သိုးသငယ်၏သီချင်းကိုသီ၍၊ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော၊ ထာ၀ရအရှင်ဘုရားသခင်၊ ကိုယ်တော်၏အပြုအမူတို့သည်၊ ကောင်းမြတ်၍အံ့ဩဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏အကျင့်ဓလေ့တို့သည်၊ ​ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
ထိုသူတို့သည်ဘေးဒဏ်ကြီးကာလမှလွတ်မြောက်သူများဖြစ်သည်။ သူတို့ကမောရှေ၏သီချင်းကိုသီဆိုကြသည်။ မောရှေ၏သီချင်းကိုထွက်မြောက်ရာ ၁၅ ထဲ၌တွေ့နိုင်သည်။ ထာ၀ရဘုရားက ဣသရေလလူများကိုအဲဂုတ္တုစစ်သားများလက်မှကယ်နှုတ်၍၊ ပင်လယ်နီဖြတ်ပြီးသောအခါ၊ သီဆိုသောအောင်ပွဲသီချင်းဖြစ်သည်။ နောက်သီချင်းကိုလည်း မောရှေသေခါနီးယော်ဒန်မြစ်တဖက်ကမ်း၌၊ စပ်ဆိုသောအရာကို တရားဟောရာကျမ်း ၃၂ ၌တွေ့ရသည်။ ထိုသီချင်း၌၊ ဘုရားသခင်၏ကြီးမြတ်ခြင်းနှင့်၊ သူ၏လူမျိုးဣသရေလလူများကို၊ ကယ်နှုတ်ပို့ဆောင်ခြင်းနှင့်သူတို့၏အပြစ်များကိုဖေါ်ပြသည်။

သိုးသငယ်သည် ခရစ်တော်ကိုဆိုလိုသည်။ ခရစ်တော်၏သီချင်းသည် ကျမ်းစာ၌မတွေ့ရချေ။ မောရှေသည် ဣသရေလ လူမျိုးများကို အဲဂုတ္တုကျွန်မှကယ်နှုတ်၍ ဦးဆောင်သကဲ့သို့၊ ခရစ်တော်လည်းယုံကြည်သူများကို၊ အပြစ်ကျွန်၊ စာတန်ကျွန်၊ ဤလောကကျွန်မှကယ်နှုတ်ခဲ့သည်။ ဣသရေလလူများက၊ ထိုကယ်တင်ခြင်းအတွက်၊ ဘုရားသခင်ကိုချီးမွမ်းသကဲ့သို့၊ ဘေးဒဏ်ကြီးကာလမှကယ်နှုတ်ခြင်းခံသောသူများကလည်း၊ ကောင်းကင်၌ ခရစ်တော်၏ ကယ်တင်ခြင်း သီချင်းကို၊ သီဆိုကြမှာ ဖြစ်သည်။ မောရှေနှင့် သိုးသငယ်၏ သီချင်းများ ဆိုသည့်အပြင်၊ ထာ၀ရ အရှင် ဘုရားသခင်ကိုယ်တော်၏ အပြုအမူတို့သည်၊ ကောင်းမြတ်၍ အံ့ဩဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏အကျင့်ဓလေ့တို့သည်၊ ​ဖြောင့်မတ်ဟုတ်မှန်ကြပါ၏ဟုချီးမွမ်းကြသည်။ ယနေ့လူများစွာတို့သည်၊ ဘုရားသခင်ကို အပြစ်တင်တတ်ကြသည်။ မိမိတို့ အလိုဆန္ဒအတိုင်း၊ ဘုရားသခင်ကမပေးသောအခါ၊ ဘုရားသခင်ကိုအမြင်မှားကာစိတ်ဆိုးတတ်ကြသည်။ သို့သော်ဘုရားသခင်၏ အပြုအမူများသည်၊ ကောင်းမြတ်၍ အံ့ဘွယ်ဖြစ်သည်။ ယုံကြည်သူများသည်၊ ဘုရား၏ အပြု အမူများကိုမဆင်ခြင်ကြသောကြောင့်၊ အံ့ဩဘွယ်ကောင်းမှန်း၊ ချီးမွမ်းရမှန်းလည်းမသိတတ်ကြချေ။ ယခုမှစ၍ဘုရားသခင်ပြုလုပ်သောအရာ များကို ဆင်ခြင်၍ချီးမွမ်းကြပါစို့။

၄။ အိုထာ၀ရဘုရား၊ ကိုယ်တော်ကို မကြာက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ၊ အဘယ်သူ နေရပါအံ့နည်း၊ ကိုယ်တော် တပါးတည်း သာလျှင် သန့်ရှင်း တော်မူ၏။ တရားသဖြင့် စီရင် တော်မူခြင်း အရာတို့သည် ထင်ရှားသည် ဖြစ်၍၊ လူမျိုး အပေါင်းတို့သည် လာ၍ ရှေ့တော်၌ ကိုး ကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။
ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံသည် သာမက၊ အပြု အမူ အကျင့်ဓလေ့တို့သည် ​ဖြောင့်မတ် တော်မူသောကြောင့်၊ သူ့ကို မကြောက်ရွံ့သူ၊ နာမတော်ကို မချီးမွမ်းဘဲ နေသူအဘယ်သူ ရှိမည်နည်းဟုဆို ကြသည်။ သို့သော် ယနေ့လောက သားများက၊ ဘုရားသခင်ကို ထိုသို့ ကြောက်ရွံ့ခြင်းနှင့် ချီးမွမ်းခြင်း မတွေ့ရချေ။ အကြောင်းမှာ ဘုရားသခင်ကို၊ သိသင့်သလောက် မသိကြသောကြောင့် ဖြစ်သည်။ ထာ၀ရ ဘုရားသခင်သည်၊ မည်သူ၏ မျက်နှာမှမလိုက်၊ တရားသဖြင့် တရားစီရင်သောသူ ဖြစ်သည်။ ထို့ကြောင့် လူမျိုး အပေါင်းတို့သည်၊ ရှေ့တော်၌ ကိုး ကွယ်ကြပါလိမ့်မည်ဟုဆိုသည်။ ​ကျွန်ပ်တို့လည်း ထာ၀ရ ဘုရားကို ကြောက်ရွံ့၍၊ နာမတော်ကို ချီးမွမ်းရမည်။ ထာ၀ရ ဘုရားကို သာလျှင်ကိုး ကွယ်ရကြမည်။

၅။ ထိုနောက်ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌၊ သက်သေခံ တော်မူ ချက်ဌာပနာရာတဲတော် ရှိသော၊ ဗိမာန်တော်ကို ဖွင့်ထားပြီ။
ယောဟန်ကကောင်းကင် ဗိမာန်တော် အတွင်း ပိုင်းအ သန့်ရှင်းဆုံးဌါနကို မြင်တွေ့ခြင်း ဖြစ်သည်။ ထိုနေရာသည် ထာ၀ရ ဘုရား ကျိန်း၀ပ် တော်မူ ရာနေရာ ဖြစ်သည်။ လောက၌ တည်ဆောက်သော တဲတော် နှင့်၊ ဗိမာန်တော် အတွင်းရှိသန့်ရှင်းရာဌါနကို၊ ယဇ်ပုရောဟိတ် များ သာလျှင် မြင်တွေ့ရ ကြသည်။ အတွင်း ခန်း ဖြစ်သော အသန့်ရှင်းဆုံးအခန်းကို၊ ယဇ်ပုရောဟိတ်မင်းကသာလျှင်၊ တနှစ်လျှင် တခါတွေ့မြင်ရသည်။ ယခုကောင်းကင်ဘုံရှိတဲတော် အတွင်းကို၊ ယောဟန်ကဖွင့်ထားသည်ဟုဆိုသောကြောင့်၊ ကောင်းကင်၌ ရှိသော သူတိုင်း ကမြင်တွေ့ရမှာ ဖြစ်သည်။

၆။ ဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည်၊ စင်ကြယ်ပြောင်လက်သော ပိုက်ဆန်အ၀တ်ကို ၀တ်လျက်၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော် ထဲကထွက်လာကြ၏။
ထိုဗိမာန်တော် အထဲမှနောက်ဆုံးဗျာ ၁၆မှာ၊ ဘုရားသခင်၏ အမျက်​ေဒါသကို၊ မြေကြီး ပေါ်လောင်းမည့် ကောင်းကင်တမန် တော် ခုနှစ်ပါးတို့သည်၊ ထွက် ကြသည်။ သူတို့သည် ပိုက်ဆန်အ၀တ်ကို ၀တ်သည်ဟုဆိုသည်။ ပိုက်ဆန်အ၀တ်သည် အဂ်လိပ်လိုူငညနညပိတ်ချောဟု ခေါ်သည်။ ယဇ်ပုရောဟိတ်မင်းသည်၊ အသန့်ရှင်းဆုံးဌါနသို့ ၀င်သောအခါ၊ ပိတ်ချောကို ၀တ်ဘို့ ဘုရားသခင်က၊ ဤသို့ မှာထားသည်၊ "အာရုန်သည် သန့်ရှင်းရာ ဌာနတော် အထဲသို့ အဘယ်သို့ ၀င်ရမည်နည်းဟူမူကား၊ အပြစ် ​ဖြေရာယဇ်ဘို့ အသက် ပျိုသော နွားထီးတကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးထီးတကောင်ပါရမည်။ သန့်ရှင်းသော ပိတ်ချောအင်္ကျီ၊ ပိတ်ချောပေါင်းဘီကို ၀တ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗေါင်းကိုလည်း ဆောင်းရမည်။ ထိုအ၀တ်တန်ဆာတို့သည် သန့်ရှင်သောကြောင့်၊ ကိုယ်ကို ရေချိုးပြီးမှ၀တ်ဆင်ရမည်။" (၀တ်ပြုရာ ၁၆:၃-၄)။ ဗိမာန်တော် အထဲမှ ထွက်ကြသောကြောင့်၊ ကောင်းကင်တမန် များလည်း ပိတ်ချောကို၊ ၀တ်ထားကြခြင်း ဖြစ်သည်။ ပိတ်ချောသည် ဖြူဆင် သန့်ရှင်းခြင်းကို ပုံဆောင်သည်။ ထိုကောင်းကင်တမန် တို့သည် ရင်၌ ရွှေရင်စည်းကို စည်းခြင်းသည်၊ ယဇ်ပုရောဟိတ် အကြီးနှင့် တူသည်။ သူတို့သည် ဗိမာန်တော် ထဲမှ ထွက်သောကြောင့်၊ ဘုရားသခင် ထံတော် မှဘုရား၏ အမိန့်တော် အရ၊ ဘုရား၏ အလိုတော်ကို ဆောင်ရွက်ဘို့ရန်၊ ထွက်ကြခြင်း ဖြစ်သည်။

ရ။ သတ္တ၀ါလေးပါးတွင် တပါးသည်၊ ကမ္ဘာအဆက်ဆက်အသက် ရှင် တော်မူသော၊ ဘုရားသခင်၏ အမျက်တော်နှင့် ပြည့်သော၊ ရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန် ခုနှစ်ပါးတို့အား ပေး၏။
အသက် ကြီး သူတပါးက၊ ဘုရား၏ အမျက်တော်နှင့် ပြည့်သော၊ ရွှေဖလားခုနှစ်လုံးကို၊ ကောင်းကင်တမန် တပါးလျှင်၊ တလုံး စီပေးသည်။ ထိုကောင်းကင်တမန် များသည်၊ အခန်း၁၆၌ တပါးပြီး တပါးမြေကြီး ပေါ်သို့၊ ဘုရား၏ အမျက်တော်ကိုလောင်းကြမှာ ဖြစ်သည်။ ကမ္ဘာအဆက်ဆက်ဟူသောအရာ သည်၊ ထာ၀ရ ကာလကို ဆိုလိုသည်။ ဘုရားသခင်သည် ထာ၀ရအသက် ရှင် တော်မူသောကြောင့်၊ သူ့ကို ထာ၀ရ ဘုရားဟု ခေါ်ခြင်း ဖြစ်သည်။ လူ၏ အမျက်​ေဒါသသည်၊ ကြောက်စရာ ကောင်းတတ်သော်လည်း၊ သူတို့ သေသွား သောအခါ ကြောက်စရာ မရှိတော့ချေ။ ဘုရား မူကား၊ ထာ၀ရအသက် ရှင်သောကြောင့်၊ သူ၏ အမျက်​ေဒါသသည်၊ ကြောက်စရာ ကောင်းသည်။ ယခုအခါ လူသည် မည်မျှပင် အပြစ် ကြီးသော်လည်း၊ ဘုရားသခင်သည် မရှိ သကဲ့သို့ ငြိမ်နေသည်။ ဘုရား၏ အမျက်များကို စုထားသော ဖလားများကို၊ ဘေးဒဏ်ကြီး ကာလ၌၊ မြေကြီး ပေါ်သို့လောင်းရတော့မှာ ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် အမျက်ထွက်ရသနည်း။ ဗျာ ၁၆:၆၌ ထိုသူတို့သည် သန့်ရှင်း သူတို့၏ အသွေး၊ ပရောဖက် တို့၏ အသွေးကို သွန်းလောင်းကြသောကြောင့် ဖြစ်သည်။

၈။ ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့် ပြည့်၍၊ ကောင်းကင်တမန် ခုနှစ်ပါး၏ ဘေးဒဏ်ခုနှစ်ပါးမကုန်မီတိုင်အောင်၊ ဗိမာန်တော် ထဲသို့ အဘယ်သူ မျှမ၀င်နိုင်။
ကောင်းကင် ဗိမာန်တော်၌၊ ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော်သည်၊ မီးခိုးအားဖြင့် ပြည့်သည်။ ထာ၀ရ ဘုရားရှိခြင်းသည်၊ မိီးခိုးနှင့် မိုဃ်းတိမ်အားဖြင့် လူများ ကတွေ့မြင်တတ် ကြသည်။ သိနာတောင်ပေါ်၌ ထာ၀ရ ဘုရား ဆင်းသက် သောအခါ၊ မီးခိုးအားဖြင့် ထင်ရှားကြောင်း၊ ဤသို့ တွေ့ရသည်၊ "ထာ၀ရ ဘုရားသည် မီးဖြင့် လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက် တော်မူသောကြောင့်၊ တတောင်လုံးမီးခိုးထွက်လေ၏။ မီးခိုး သည်လည်း မီးဖို၏ မီးခိုးကဲ့သို့ တက်၍၊ တတောင်လုံးပြင်းစွာ လှုပ်လေ၏။" (ထွက် ၁၉:၁၈)

မောရှေကတဲတော်ကို ဆောက်ပြီး သောအခါ၊ ထာ၀ရ ဘုရားသည် တဲတော်၌ မီးခိုးအားဖြင့် ရှိကြောင်း၊ ကို ဤသို့ တွေ့ရသည်၊ "ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာတဲတော်ကို လွှမ်းမိုး၍၊ ထာ၀ရ ဘုရား၏ ဘုန်းတော်သည်၊ တဲတော်ကို ဖြည့်လေ၏။ ထိုသို့ မိုဃ်းတိမ်သည်၊ ပရိသတ်စည်းဝေးရာတဲတော် အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့ မ၀င်ရ။ ထာ၀ရ ဘုရား၏ ဘုန်းတော်သည်၊ တဲတော်ကို ဖြည့်လျက် နေ၏။" (ထွက် ၄၀:၃၄-၃၅) ရှောလမုန်ကသူဆောက်သော ဗိမာန်တော်ကို၊ အနုမောဒနပြု (ဆက်ကပ်) သောအခါ၌လည်း၊ ယဇ်ပုရောဟိ်တ်များ မ၀င်နိင်အောင်၊ ဘုရား၏ ဘုန်းတော် တည်း ဟူသော၊ မိုးတိမ်နှင့် ပြည့်ခဲ့ကြောင်း၊ ဤသို့ ရေးထားသည်၊ "ယဇ်ပုရောဟိတ် တို့သည်၊ သန့်ရှင်းရာ ဌာနထဲကထွက်ကြ သောအခါ၊ ထာ၀ရ ဘုရား၏ အိမ်တော်သည်၊ မိုဃ်းတိမ်နှင့် ပြည့်၏။ ထိုသို့ ထာ၀ရ ဘုရား၏ အိမ်တော်သည်၊ ဘုန်းတော်နှင့် ပြည့်လျက်၊ မိုဃ်းတိမ်တော်ကြောင့် ယဇ်ပုရောဟိတ် တို့သည်၊ အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။" (၃ရာ ၈:၁၀- ၁၁)

ဗျာ ၁၅ မေးခွန်းများ

၁။ ဘုရားသခင်က၊ ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာပေါ်တွင်၊ တရားစီရင်းခြင်း သုံးမျိုးများ မှာ-----------------------------------------------------------------------------------------------------------တို့ ဖြစ်သည်။
၂။ ဖန်ရေကန်သည် ဘယ်မှာ ရှိသနည်း။ ---------------------------------------ထိုရေကန်သည် ဘာလုပ်ဘို့ ဖြစ်သနည်း။ ---------------------------------------
၃။ မောရှေ၏ သီချင်းကို ----------------------နှင့် ----------------------၌ တွေ့ရသည်။
၄။ ဘေးဒဏ်ကြီး ကာလ မှကယ်နှုတ်ခြင်း ခံသော သူများ ကလည်း၊ ဘာချီးမွမ်းကြမည်နည်း။ ---------------------------------------
၅။ ယုံကြည်သူများသည်၊ အဘယ်ကြောင့် ဘုရားသခင်ကို မချီးမွမ်းတတ်ကြသနည်း။ ---------------------------------------
၆။ အဘယ်ကြောင့်၊ ယနေ့လောက သားများက၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ချီးမွမ်းခြင်း၊ မရှိကြသနည်း။ ------------------------------------------------------------------------------
ရ။ သန့်ရှင်းရာဌါနအတွင်းသို့မည် သူများ ကာမြင်နိင်သနည်း။ ---------------------------အ သန့်ရှင်းဆုံးဌါနကို မည်သူကသာ မြင်ရသနည်း။ ---------------------------
၈။ ပိုက်ဆံလျှော်သည် ဘာကို ဆိုလိုသနည်း။ -------------------------မည် သူများက၊ မည်သည့်အချိန်တွင် ၀တ်လေ့ရှိသနည်း။ --------------------------
၉။ လူအမျက်သည် မည်သည့်အချိန်၌ ကုန်ဆုံးသွားသနည်း။ ------------------------- ၁
၀။ ဘုရား အမျက်တော်သည် အဘယ်ကြောင့်၊ ကြောက်စရာ ကောင်းသနည်း။ --------------------------------------------------
၁၁။ ထာ၀ရ ဘုရား ကျိန်း၀ပ်ကြောင်း၊ အဘယ်အရာအားဖြင့် ထင်းရှားတတ်သနည်း။ ------------------------
၁၂။ တဲတော််နှင့် ဗိမာန်တော်၌ ဘုရားသခင်သည် ဘာအားဖြင့် ရှိသနည်း။ ------------------------

.

ဗျာဒိတ်ကျမ်း ၁၆

ဖလား ခုနစ်လုံးတရားစီရင်ခြင်း

၁။ ဗိမာန်တော် ထဲကကြီးသော အသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော် ဖလား ခုနစ်လုံးကို မြေကြီး ပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။
ဤဖလားခုနှစ်လုံးတရားစီရင်ခြင်းသည်၊ နောက်ဆုံးသော တရားစီရင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှစ်ပေါင်းများ စွာသည်း ခံခဲ့သော အမျက်တော်ကို အကုန်အစင်သွန်းလောင်းခြင်း ဖြစ်သည်။

၂။ ပဌမ သူသည် သွား၍ မိမိ ဖလားကို မြေကြီး ပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ ရုပ်တုကိုကိုး ကွယ်သော လူတို့၌ အလွန််ဆိုးသော အနာစိမ်းပေါက်လေ၏။
ဗျာ ၁၃၌ သားရဲတည်း ဟူသော အန္တီ ခရစ်ကသူ၏ နံပါတ် ၆၆၆ကို လူတိုင်း နဖူး၌ ဖြစ်စေ၊ လက်ျာလက်၌ ဖြစ်စေခံ စေခဲ့သည်။ ထိုလက်မှတ်မခံသော သူများသည်၊ ရောင်း၀ယ်၍ မရသောကြောင့်၊ အစာငတ်သေရမှာ ဖြစ်သည်။ ထိုတံဆိပ်ခံသော သူများ မူကား၊ အလွန် အဆင်ပြေခဲ့မည်။ သို့သော် ကောင်းကင်တမန် ကဗျာ ၁၄:၉-၁၁၌ ဤသို့ သတိပေးခဲ့သည်၊ "အကြင်သူသည်သားရဲနှင့် သူ၏ ရုပ်တုကိုကိုး ကွယ်၍၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ​ဒေါသဖလား၌၊ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို၊ သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ ရှေ့၊ သိုးသငယ် ရှေ့တွင်၊ ကန့်နှင့် ရောသော မီးထဲမှာ၊ ပြင်းစွာသော ညှဥ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဥ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက် ရှိ၏။သားရဲနှင့်သူ၏ ရုပ်တုကိုကိုး ကွယ်၍၊ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသော သူတို့သည်၊ နေ့ညဥ့်မပြတ် သက်သာမရကြဟု၊ လိုက်၍ ကြီးသော အသံနှင့် ပြောဆို၏။" ဘုရားသခင်က အဘယ်ကြောင့်၊ သားရဲ၏ တံဆိပ်ခံသော သူကို၊ ထိုမျှလောက်အမျက်​ဒေါသထွက်၍ ပြင်းစွာသော ညှဥ်းဆဲခြင်းဖြင့်၊ ဒဏ်ခပ်သနည်းဟူမူကား၊ တံဆိပ်ခံခြင်းသည် ပိုင်ဆိုင်မှုကိုပြသည်။ လူများသည် ဘုရား၏ လူမဖြစ်ချင်ဘဲ၊ စာတန်၏ လူဖြစ်ချင် ကြသောကြောင့်၊ ထိုကဲ့သို့ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ခင်ပွန်းသည်သည်၊ အခြားသော သူကပိုင်လျှင်၊ သူ၏ခင်ပွန်းသည်သည် မည်မျှစိတ်ဆိုးမည်ကိုသိနိုင်သည်။ ထို့နည်းတူ၊ လူသား များသည် စာတန် လူဖြစ်သွားကြ သောအခါ၊ ဘုရား အမြင်၌၊ အကြီး ဆုံးသော အပြစ် ဖြစ်သည်။ လူသည် ရေရှည်ကို မကြည့်မမြင်နိုင်ကြ၊ လောလောဆယ်အဆင်ပြေမည့် အရာကို သာကြည့်ရှုတတ် ကြသည်။

သားရဲ၏ တံဆိပ်ခံသော သူများသည်၊ ကမ္ဘာအဆက်ဆက် (ထာ၀ရ) ကန့်နှင့် ရောသော မီးထဲမှာပြင်းစွာ ခံရသည် သာမက၊ မြေကြီး ပေါ်၌ အသက် ရှင်စဥ်တွင် လည်း၊ တကိုယ်လုံးအနာစိမ်းပေါက်မှာ ဖြစ်သောကြောင့်၊ အသက် ရှင်ရကျိုးနပ်ကြမည် မဟုတ်။ ထိုသို့သော အနာစိမ်းကို၊ ဘုရားသခင်က မောရှေအားဖြင့်၊ အဲဂုတ္တု လူတို့အား ခံစား စေခဲ့ဘူးသည် (ထွက် ၉:၈-၁၀)။ ထို့ကြောင့် ယခုမည်မျှပင် ကယ်တင်ခြင်း အကြောင်းကို ပြော၍ ချီဆောင်ခြင်း နီးကြောင်း၊ ဘေးဒဏ်ကြီး ကာလ ဘယ်လောက်နီးကြောင်း၊ ကြားနေရသော်လည်း မယုံကြည်၊ ဂရုမစိုက်သော သူများ၊ ချီဆောင်ခြင်း၌ မပါ၊ ဘေးဒဏ်ကြီး ကာလ၌ ရောက်သွား သောအခါ ၆၆၆ တံဆိပ်ကို မခတ်ကြဘို့ရန် သတိပေးလိုပါသည်။ ခဏအဆင်ပြေမည့် အရာကို မကြည့်ကြဘို့၊ ထာ၀ရ ကာလ တိုင်တည်မြဲမည့်အရာကို ကြည့်ကြဘို့၊ အထူးသတိပေးလိုပါသည်။ ထို့ထက် ကောင်းသောအရာသည်ယခု ကယ်တင်ခြင်းကို လက်ခံလိုက်ဘို့ ဖြစ်သည်။

၃။ ဒုတိယ ကောင်းကင်တမန် သည်၊ မိမိ ဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေး ဖြစ်၏။ ပင်လယ်၌ အသက် ရှင်သော သတ္တ၀ါ အပေါင်းတို့သည် သေကြ၏။
ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီး ဖန်ဆင်းရှင် ဖြစ်သောကြောင့်၊ သူ့အတွက် ပင်လယ်ရေသွေး ဖြစ်စေခြင်းသည် ဘာမျှမခက်ချေ။ ယခုအခါ မြစ်ရေများ နိုင်ငံအများ အပြား၌ သွေးကဲ့သို့ နီသောအရာ များ တွေ့မြင်၊ ကြားနေရပြီဖြစ်သည်။ ထိုအရာကို လူသားများကအကြောင်း အမျိုးမျိုးပြခြင်းဖြင့်၊ မထူးဆန်း သကဲ့သို့ ပေါ့ပျက်စွာ၊ ထင်မှတ် ပြောဆို တတ် ကြသည်။ ပင်လယ်နှင့် ရေများကို သွေးကဲ့သို့ နီရဲစေခြင်းသည်၊ သောက်သုံး၍ မရအောင် ဒဏ်ခတ်ခြင်း ဖြစ်သည်။ ထို့အပြင်၊ ပင်လယ်သတ္တ၀ါများသည်၊ လူသားများအတွက် အစားသောက် ဖြစ်၍၊ စားစရာ နည်းသွားမှာ ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ တွင်၊ ကုန်းပေါ်မှအစာထုတ်လုပ်မှု နည်းသွား သောအခါ၊ ပင်လင်သတ္တ၀ါနှင့် ရေညှိများကို ပို၍ စားသောက်ကြလိမ့်မည်။ ပင်လယ်၌ အသက် ရှင်သော သတ္တ၀ါထဲ၌၊ တံငါသည်များ၊ သင်္ဘောသား များလည်း ပါသောကြောင့် သူတို့လည်း သေရကြမှာ ဖြစ်သည်။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလသည် လုံး၀လွယ်ကူမည် မဟုတ်ချေ။

၄။ တတိယ ကောင်းကင်တမန် သည်၊ မိမိ ဖလားကို မြစ်ပေါ်သို့၎င်း၊ စမ်းရေတွင်း ပေါ်သို့၎င်း၊ သွန်းလောင်းလျှင်၊ ထိုအရာတို့သည် အသွေး ဖြစ်ကြ၏။
မြစ်နှင့် စမ်းရေတွင်း သွေး ဖြစ်ခြင်းသည် ဘေးဒဏ်ကြီး ကာလ၌ ဒုတိယအကြိမ် ဖြစ်သည်။ ဗျာ ၈:၈-၁၁၌ ဤသို့ တွေ့ခဲ့ရပြီ၊ "တတိယ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည် ကောင်းကင် ကကျ၍၊ မြစ်သုံးစုတစုသို၎င်း၊ စမ်းရေတွင်း သို့၎င်းရောက်၏။ ထိုကြယ်သည်ဒေါနရွက်ဟူသော အမည်ရှိ၏။ ရေသုံးစုတစုသည် ​ဒေါနရွက် ဖြစ်၍ ရေခါးသောကြောင့်၊ လူအများ တို့သည် သေကြ၏။" သက်သေခံနှစ်ပါးကလည်း ပြုလုပ် ကြလိမ့်မည် (ဗျာဒိတ် ၁၁း၆။ မြစ်နှင့် စမ်းရေတွင်းများသွေးဖြစ်ပါက၊ လူများသောက်သုံး၍ ရမည်မဟုတ်ချေ။ ရေသတ္တ၀ါများစွာသေကြဦးမည်။

၅။ ကောင်းကင်တမန်ကလည်း ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဥ်ရှိ တော်မူသော အရှင်၊ ကိုယ်တော်သည် ဤသို့ တရားစီရင် တော်မူသည် အမှု မှာ​ဖြောင့်မတ် တော်မူ၏။ ၆။ ထိုသူတို့သည် သန့်ရှင်း သူတို့၏ အသွေး၊ ပရောဖက် တို့၏ အသွေးကို သွန်းလောင်းကြသည် ဖြစ်၍၊ သူတို့အား အသွေးကို တိုက် တော်မူ ပြီ။ သူတို့လည်း ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏။
အဘယ်ကြောင့် ဘုရားသခင်သည်၊ ရေများကို အသွေး ဖြစ်စေ ခြင်းအားဖြင့်၊ လောကကို တရားစီရင်သည်ကို၊ ကောင်းကင်တမန် ကအထက်ပါ ကဲ့သို့ ရှင်းပြထားသည်။ လောကသား များသည် သန့်ရှင်းသူတည်း ဟူသော၊ ဘုရားသခင်ကို ယုံကြည်သော သူများ၏ အသွေးကို၊ သွန်းလောင်းကြသောကြောင့်၊ သူတို့ ကိုလည်း အသွေးတိုက်ခြင်း ဖြစ်သည်။ စိုက်သည့်အတိုင်းရိတ်ရမည်ဟူသောအရာ ပြည့်စုံခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို မထီမဲ့မြင် ပြု သူများ၊ သူ့လူများကို သတ်ဖျက်သော သူများကို၊ ချက်ချင်း ဂလဲ့စားမချေသော်လည်း၊ ဘေးဒဏ်ကြီး ကာလ၌ ယခုကဲ့သို့ အတိုးချစီရင်သောကြောင့်၊ ကောင်းကင်တမန် က ဘုရားသခင်သည်၊ မမှားကြောင်း၊ လောကီသား များသည် ထိုသို့ ခံထိုက်ကြောင်းကို၊ ထောက်ခံနေခြင်း ဖြစ်သည်။

ရ။ ယဇ်ပလ္လင်ကလည်း မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော၊ ထာ၀ရ အရှင် ဘုရားသခင်၊ ကိုယ်တော် စီရင် တော်မူခြင်း အရာတို့သည်ဟုတ်မှန်​ဖြောင့်မတ်ကြပါ၏၊ ဟု လျှောက်ဆိုသော အသံကို ငါကြား၏။
ယဇ်ပလ္လင်သည် ယဇ်ပူဇော်သော နေရာ ဖြစ်သည်။ ယဇ်ပူဇော်ခြင်း သည်လည်း တရားစီရင်ခြင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ အပြစ် မရှိပါကယဇ်ပူဇော်စရာ လိုမည် မဟုတ်။ ယဇ်ပလ္လင်သည် သက်မဲ့ ဖြစ်၍ စကား ပြောနိုင်သည် မဟုတ်။ သို့သော် ဘုရားသခင်က အသုံးပြု သောအခါ စကား ပြောလာသည်။ စကား မပြောတတ်သော ဗာလံ၏ မြည်းလည်း စကား ပြောခဲ့ဘူးသည်။

၈။ စတုတ္ထ္ဂ ကောင်းကင်တမန် သည်၊ မိမိ ဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသော အခွင့်ကို ရ၏။ ၉။ ပူအားကြီးသော အရှိန်ဖြင့် လူတို့သည်လောင်ခြင်းကို ခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင် တော်မူသော၊ ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်း အလိုငှါ နောင်တ မရကြ။
ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်သောကြောင့်၊ နေကိုလည်း ကြိုက်နှစ်သက်သလိုလုပ်နိင်ကြောင်း တွေ့ရသည်။ နေပူဒဏ်ခံဘူးသော သူတိုင်း သိနိင်သည်။ ထိုနေပူဒဏ်ကြောင့်လူများသည် နောင်တ ရခြင်း၊ ဘုရားသခင် ထံတောင်းပန်ခြင်းများမပြု၊ ဘုရားသခင်ကို ကျိန်ဆဲ ကြသည်။ လူသည် မည်မျှခေါင်းမာ၍၊ ဘုရားသခင်ကို မုန်းကြောင်း ဤနေရာ၌ တွေ့နိင်သည်။ ထိုသူများသည် မမွေးလျှင် သာ၍ ကောင်းသည်။ သင်လည်း ထိုသူများ ကဲ့သို့၊ ခေါင်းမာခြင်း မရှိဘို့ သတိပေးနေခြင်း ဖြစ်သည်။ ဘုရားသခင်က သူ့ထံသို့ လှည့်ဘို့ရန် ဒုက္ခ တွေ့စေ သောအခါ၊ နောင်တ ရ၍ သူ့ထံသို့ တိုး၀င်ချဥ်းကပ်ကာ၊ ကယ်တင်ခြင်းသို့ ရောက်ဘို့ လိုသည်။

 

၁၀။ ပဥမ ကောင်းကင်တမန် သည် မိမိ ဖလားကို၊ သားရဲ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏ နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ နိုင်ငံသား တို့သည် ပင်ပန်းအားကြီးသည် နှင့်၊ မိမိတို့ လျှာကို ကိုက်ခဲကြ၏။ ၁၁။ မိမိတို့ ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့်၊ ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့ အကျင့်ကိုလည်း နောင်တ မရကြ။
ဘုရားသခင်သည် အဲဂုတ္တု ပြည်၌လည်း၊ သုံးရက်လုံးလုံးမှောင်မိုက်အတိ ဖြစ်စေ ခြင်းအားဖြင့်၊ တရားစီရင်ခဲ့ဘူးပြီ၊ "တဖန် ထာ၀ရ ဘုရားက၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ မှောင်မိုက်သာမည မဟုတ်၊ စမ်းသပ်၍ တွေ့ရသော မှောင်မိုက် ဖြစ်စေခြင်းငှါ၊ သင်၏ လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူသည် အတိုင်း၊ မောရှေသည် မိိမိလက်ကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။ ထိုအခါ တယောက်ကို တယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံးအဘယ်သူ မျှမိမိ နေရာမှမထရကြ။သို့ ရာတွင် ဣသရေလ အမျိုးသား အပေါင်းတို့သည်၊ မိမိတို့ နေရာ၌ အလင်းကို ရကြ၏။" ထွက် ၁၀:၂၁-၂၃)။ ဗျာ ၆:၁၂၌လည်း၊ နေကို အမွှေးဖြင့် ရက်သော အ၀တ်ကြမ်းကဲ့သို့ မည်း စေခဲ့ပြီ။ လူသည် နေကိုလည်းကိုး ကွယ်တတ် ကြသည်။ ဖန်ဆင်းရှင်ကို မကိုး ကွယ်ဘဲ၊ ဖန်ဆင်းထားသောအရာ များကို၊ ကိုး ကွယ်ခြင်းသည် အပြစ် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သူသည် နေကိုလည်း ဖန်ဆင်း၍၊ သူကြိုက်နှစ်သက်သလိုလင်းစေ၊ မှောင်စေနိင်ကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ လျှာကိုက်ခဲခြင်းသည် အလွန် ပြင်းထန်သော ဝေဒနာ ခံခြင်းကို ဖေါ်ပြခြင်း ဖြစ်သည်။သားရဲတည်း ဟူသော ကမ္ဘာ့ ခေါင်းဆောင်သည်၊ စာတန်၏ တန်ခိုးကြောင့်အာဏာရှိ၍၊ အခိုက်အတန့်တန်ခိုးပြကြီး စိုးနိင်သော်လည်း ဘုရားသခင်က သူ့ကို မှောင်မိုက် ခြင်းအားဖြင့်၊ တရားစီရင်ခြင်းသည်၊ သူလည်း ဘုရားရှေ့၌ ဘာမျှ မဟုတ်ကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။

၁၂။ ဆဌမ ကောင်းကင်တမန် သည် မိမိ ဖလားကို ဥဖရတ်မြစ်ကြီး ပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင် စေခြင်း အလိုငှါ ထိုမြစ်ရေသည် ခမ်း​ခြောက်လေ၏။
ဥဖရတ်မြစ်ကြီးသည် ယခုအီရတ်နိင်ငံ၌ ရှိသည်။ ထိုမြစ်သည် ရှေးတုန်းကအရှေ့အနောက်ခြားထားသော မြစ် ဖြစ်သည်။ ထိုမြစ်သည် ယခုအခါ လယ်ယာစိုက်ပျိုးရေးအတွက်၊ ရေအား လျှပ်စစ်ထုတ်လုပ်ရေးအတွက် အသုံးချသောကြောင့်၎င်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့်၎င်း၊ မြစ်ရေသည် အလွန် သေးငယ်ပြီ ဖြစ်သည်။ မြစ်ရေခမ်း​ခြောက်ခြင်းသည် ကောင်းကင်တမန် ကဖလားသွန်းလောင်ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ အရှေ့ပြည် မှစစ်သား သန်းပေါင်းနှစ်ရာတို့သည် ထိုမြစ်ကို ဖြတ်ကူးမည်ဟုဆိုသည်။ ထိုစစ်သား များသည် အစ္စရေးနိင်ငံ၌ အာမေဂဒုန်စစ်တိုက်ဘို့ရန် ဖြစ်သည်။

၁၃။ ထိုအခါ၊ နဂါး၏ ခံတွင်း ထဲက၎င်း၊ သားရဲ၏ ခံတွင်း ထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်း ထဲက၎င်း၊ ဘားကောင်ကဲ့သို့ ညစ်ညူးသော ၀ိညာဥ်သုံးပါးထွက်သည်ကို ငါမြင်၏။
ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာကို အုပ်စိုးသော သုံးပါးတဆူ၊ နဂါး (စာတန်)၊ သားရဲ (အန္တျွှီ ခရစ်) နှင့် မိစ္ဆာပရောဖက် (ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်)တို့ ထံမှ ညစ်ညူးသော ၀ိညာဥ်များသည် ထွက်သည်ဟုဆိုသည်။ ထို၀ိညာဥ်များသည် ဘားကောင်ကဲ့သို့ဖြစ်သည်ဟုဆိုသည်။ ဘားသည် ရွံစရာ ကောင်း၍ စားဘို့ရန် မဟုတ်။ ယခုအချို့သော သူများသည် ဘားသားကို စား ကြသည်။ ဘားသည် စားဘို့ရန် မဖန်ဆင်းသောကြောင့် မစားသင့်ချေ။ ဘားကဲ့သို့သော ညစ်ညူးသော ၀ိညာဥ်များသည် ဘာလုပ်ကြမည်နည်း။ အောက်၌ ဖေါ်ပြထားသည်။

၁၄။ နိမိတ်လက္ခဏာတို့ကို ပြသော နတ်ဆိုး၏ ၀ိညာဥ် ဖြစ်သတည်း။ ထို၀ိညာဥ်တို့သည်လောကီတနိုင်ငံ လုံးတွင် ရှိသော ရှင်ဘုရင်တို့ ထံသို့ ထွက်သွား၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော ဘုရားသခင်၏ နေ့ကြီး၌၊ စစ်တိုက်ခြင်း အလိုငှါ စုဝေးစေကြ၏။ ၁၅။ ဟေဗြဲဘာသာ အားဖြင့်၊ အာမဂေဒုန်အမည်ရှိသော အရပ်၌ စုဝေးစေကြ၏။
အထက်၌ ဖေါ်ပြခဲ့သော ၀ိညာဥ်များသည်၊ လောကီနိင်ငံအရပ်ရပ်၌ ရှိသော ရှင်ဘုရင်တို့ကို၊ အစ္စရေးနိင်ငံရှိအာမဂေဒုန်အရပ်၌ စစ်တိုက်ဘို့ရန် စုဝေးစေခြင်း ဖြစ်သည်။ ထိုအရပ်၌ မည်သူကို တိုက်မည်နည်း။ ဆက်၍ မဖေါ်ပြ သော်လည်း၊ ခရစ်တော် ကြွလာ သောအခါ၊ လောကီရှင်ဘုရင်များ ကတိုက်မည့် အကြောင်းကို ဤသို့ တွေ့ရသည်၊ "သားရဲမှစ၍လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်​ခြေများ တို့သည်၊ မြင်းစီး တော်မူသော သူနှင့် ဗိုလ်​ခြေတော်ကို စစ်တိုက်ခြင်းငှါ၊ စည်းဝေးကြသည်ကို ငါမြင်၏။" (ဗျာ ၁၉:၁၉)။ အန္တီ ခရစ်သည် အစ္စရေးနိင်ငံကို၊ သူ၏ ဗဟု ိဌါနချုပ်အဖြစ် အသုံးပြုမည်ဟု ယူဆရသည်။ အကြောင်းမှာ ခရစ်တော်သည်၊ အစ္စရေးနိင်ငံ ယေရုရှလင် မြို့ကို မြို့တော် အဖြစ်၊ အနှစ်တစ်ထောင်ကာလ ပတ်လုံးအုပ်စိုးမှာသိသောကြောင့်၊ အစ္စရေးနိင်ငံမှာကြွလာမည့် ခရစ်တော်ကို စီးကြို၍ တိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ ခေါင်းဆောင်များကို၊ အားလုံးဆင့်ခေါ်၍ အာမဂေဒုန်အရပ်မှတိုက်ခြင်း ဖြစ်သည်။ ထိုစစ်ပွဲသည် ထူးခြားသော စစ်ပွဲ ဖြစ်သည်။ အကြောင်းမှာ လူသား အချင်းချင်းတိုက်ခိုက်ခြင်း မဟုတ်ဘဲ၊ စာတန် ဦးဆောင်သော လူသားများနှင့်၊ ခရစ်တော်နှင့် သူ၏ ဗိုလ်​ခြေများ တိုက်ခြင်း ဖြစ်သည်။ ထိုတိုက်ပွဲ၌ အန္တီ ခရစ်သည် အနုမြူဗုံးတပ်ထားသော ဒုံးပျံအမျိုးမျိုး၊ လက်နက်ဆန်းအမျိုးမျိုး ​ြုဖင့် ခရစ်တော်နှင့် သူ၏ ကောင်းကင် တပ်များကို တိုက်ခိုက် နိင်သည်။ သို့သော် ထိုတိုက်ပွဲ၏ အ​ဖြေသည် ဤကဲ့သို့ ဖေါ်ပြပြီး ဖြစ်သည်၊ "သားရဲကို ဘမ်းမိကြ၏။သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ ရုပ်တုကိုကိုး ကွယ်သော သူတို့ကို လှည့်ဖြား၍၊ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော၊ မိစ္ဆာပရောဖက် ကိုလည်း ဘမ်းမိကြ၏။ အသက် ရှင်လျက် ရှိသော ထိုသူနှစ်ဦးကို၊ ကန့်နှင့်လောင်သော မီးအိုင် ထဲသို့ ချပစ်ကြ၏။ ကြင်းသော သူတို့သည်၊ မြင်းစီး တော်မူသော သူ၏ ခံတွင်း တော် ထဲက၊ ထွက်သော သံလျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက် အပေါင်းတို့သည် ၀စွာ စားရကြ၏။" (ဗျာ ၁၉:၂၀- ၂၁)။ သားရဲတည်း ဟူသော အန္တီ ခရစ်ကမ္ဘာ့ ခေါင်းဆောင် နှင့်၊ မိစ္ဆာပရောဖက် တည်း ဟူသော ကမ္ဘာ့ ဘာသာရေးခေါင်းဆောင် တို့ကို အရှင်ဖမ်းမိကြ၍၊ ကန့်နှင့်လောင်သော မီးအိုင် ထဲသို့ ချပစ်လိုက် ကြသည်။ မီးအိုင် ထဲ၌ သူတို့ နှစ်ယောက်သည် အဦးဆုံးရောက်ရှိသွားသော သူများ ဖြစ်သည်။ နဂါးတည်း ဟူသော စာတန် မူကား အနက်ဆုံးသောတွင်း ၌ ချကြောင်း ဤသို့ တွေ့ရသည်၊ "ရှေးမြွေဟောင်း၊ မာရ်နတ် စာတန် တည်း ဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုး တို့ကို မလှည့်ဖြားရမည့်အကြောင်း အနက်ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်။" (ဗျာ ၂၀:၂-၃)

၁၆။ အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အ၀တ်အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက် နေ၍၊ ကိုယ်အ၀တ်ကို စောင့်သော သူသည် မင်္ဂလာရှိ၏။
ခရစ်တော်သည် ဗျာဒိတ်ကျမ်း တခုလုံး၌၊ သူကြွလာမည့် အရာကို အထပ်ထပ်ပြောထားသည်။ အဘယ်ကြောင့်နည်းဟူမူကား သူ့ကို ကြိုဆိုနိင်ဘို့၊ ပြင်ဆင် နိင်ဘို့ရန် အခွင့်ပေးလိုသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဘေးဒဏ်ကြီး ကာလပြီး ခါနီးသည် အထိ၊ သူကြွလာမည့် အရာကို ပြောသနည်းဟူမူကား၊ ဤစာသည် ဘေးဒဏ်ကြီး ကာလ အတွင်း မှာနေသော သူတို့ကို သာရေးသည် မဟုတ်။ ခေတ်အဆက်ဆက်၌ ရှိကြသော သူတိုင်း၊ ယခုသင်နှင့် ​ကျွန်ပ်ကိုလည်းရေးထားခြင်း ဖြစ်သည်။ ထိုကြောင့်အသင့် ပြင်ဆင် စေချင်သည်။ မည်ကဲ့သို့ ပြင်ဆင် မည်နည်း။ အာဒံနှင့် ဧ၀တို့သည် အပြစ် လုပ် သောအခါ၊ ကိုယ်တုံးလုံး ဖြစ်သွား ကြသည်။ သူတို့၏သား စဥ်မြေးဆက်တိုင်း လည်း၊ ကိုယ်တုံးလုံး ဖြစ်ကြသည်။ ထို့ကြောင်အာဒံနှင့် ဧ၀ကို ဘုရားသခင်ကသားရေပေးထား သကဲ့သို့၊ ​ကျွန်ပ်တို့ ကိုလည်း ခရစ်တော်ကို ပေးထားသည်။ ပေါလုက၊ "သခင် ယေရှုခရစ်ကို ယူတင်၀တ်ဆောင်ကြလော့" (ရော ၁၃:၁၄) ဟု ရေးခဲ့သည်။ ထို့ကြောင့် သခင်ယေရှုခရစ်ကို ယူတင်၀တ်ဆောင်ကြစို့။ ခရစ်တော် ၀တ်ဆောင်ခြင်း ဆိုသည်မှာ၊ သူ၏ ​ဖြောင့်မတ်ခြင်းကို အားကိုးခြင်း ဖြစ်သည်။ ကျမ်းစာက၊ "ထို ဘုရားသခင် အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည် နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင် တော်မူသည် အတိုင်း၊ ငါတို့၌ ပညာမှစ၍ ​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။" (၁ ကော ၁:၃၀)။

၁ရ။ သတ္တမ ကောင်းကင်တမန် သည်၊ မိမိ ဖလားကို အာကာသကောင်းကင် ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီး ပြီဟု ကြီးသော အသံသည်၊ ကောင်းကင် ဗိမာန်တော်၌ ရှိသော၊ ပလ္လင်တော် ထဲကထွက်၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်ကြ၏။ မြေကြီး အပေါ်မှာ လူတို့ ဖြစ်သည့်ကာလ မှစ၍၊ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက်ပြင်းထန်စွာသော မြေလှုပ်ခြင်းသည်၊ မဖြစ်စဖူး။ ၁၉။ မြို့ကြီးသည် သုံးဖြာကွဲပြား၍၊ လူအမျိုးမျိုး နေသော မြို့တို့သည် ဗြုလဲကြ၏။ ဘုရားသခင်သည်၊ ပြင်းစွာသော ​ေဒါသအမျက်တော်၏ စပျစ်ရည်ဖလားကို၊ တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို၊ အောက်မေ့ တော်မူ၏။ ​ကျွန်းရှိသမျှ တို့သည် လွင့်ပြေးကြ၏။ တောင်များ တို့သည် ကွယ်ပျောက်ကြ၏။
သတ္တမ ကောင်းကင်တမန် လောင်းသော ဖလားသည်၊ နောက်ဆုံး ဘုရားသခင်၏ အမျက်​ေဒါသလောင်းခြင်း ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်း၌၊ လျှပ်စစ်ပြက်ခြင်း၊ မိုဃ်းချုန်းခြင်းသည် အမြဲပါ၀င်လေ့ရှိသည်။ အကြီးမား ဆုံးသော မြေလှုပ်ခြင်းလည်း ဖြစ်သည်။ ထိုငလျှင်သည် ​ကျွန်းများကို လွင့်ပြေးစေ၍၊ တောင်များ ကိုလည်း ပျောက်စေသည်။ ယခုအခါ မြေငလျှင် လှုပ်ခြင်းသည် တနှစ်ပြီး တနှစ်၊ များပြားလာသည် သာမက၊ ပြင်းထန်လာသည်။ လူသေခြင်း၊ အဆောက်အဦးများ ပျက်စီးခြင်းလည်း ပို၍ ပို၍များပြားလာသည်။ မြန်မာပြည် တာချီလိပ်မြို့၌ ၂၀၁၁ ခုနှစ်မတ်လ ၂၄ ရက်နေ့တွင်၊ အလွန် ပြင်းထန်သော ငလျှင် လှုပ်ခဲ့၍၊ လူ၁၅၁ ဦးသေဆုံးကာ၊ အဆောက်အဦးများစွာ ပျက်စီးခဲ့သည်။ နီပေါပြည်တွင် ၂၀၁၅ ခုနှစ်စက်တဘ်ာလတွင် လှုပ်သော ငလျှင်ကြောင့်၊ လူပေါင်း၈၈၉၁ ဦးသေဆုံး၍ အိုးအိမ်ပေါင်း၆ သိန်းကျော်ပျက်စီးသွားခဲ့သည်။ ကမ္ဘာကြီးသည် မငြိမ်သက်တော့ပါ။ နေရာတကာတွင် ငလျှင် ကြီးများ၊ မကြာခဏလှုပ် နေကြသည်။

ထို့ကြောင့် ယခုအချိန် တွင်၊ ဤလောက ကမ္ဘာကို၊ တိုးတက်ဖွံ့ဖြိုးရေးလုပ်မည့်အချိန် မဟုတ်တော့ချေ။ အကြောင်းမှာ အားလုံးပြန်ပျက်စီးမည့် အရာ ဖြစ်၍၊ ငွေကုန်၊ လူပင်ပန်းရုံရှိသည်။ သို့သော် ဘုရားသခင်၏ အစီအစဥ် မသိသော သူများသည်၊ ဤလောက၌ မိမိတို့ မြို့ရွာများ တိုးတက်ရေးလုပ်ကိုင် နေကြသည်။ ပျက်စီးသွားမည့် အရာများကို အာရုံမစိုက်ဘဲ ထာ၀ရ ခိုင်ခံ့မြဲမြံသော ကောင်းကင် ရွှေပြည်ကို မြော်မှန်း၍ လုပ်ကိုင်သင့်သည်။ ရှေးကယုံကြည်သူ၊ "အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီး ပေါ်မှာ တ​ကျွန်းသူတနိုင်ငံ သား၊ ဧည့်သည် အာဂန္တု ဖြစ်သည်ကို ထင်ရှားစွာ ၀န်ခံလျက်၊ ယုံကြည်ခြင်း စိတ်နှင့် သေလွန်ကြ၏။ ထိုသို့ ၀န်ခံသော သူတို့သည်၊ မိမိတို့ အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏။" (ဟေ ၁၁:၁၃-၁၄)။ "ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်း ထဲမှာအပြောင်းပြောင်းအလည်လည်နေရကြ၏။" (ဟေ ၁၁:၃၈) ဟု ရေးထားသည်။ ရှေှးယုံကြည်သူများသည် ဤလောက၌ ဧည့်သည် ကဲ့သို့ နေကြသည်။ ဤလောကသည် သူတို့နှင့် မထိုက်တန်ဟု ခံယူ ကြသည်။ ယနေ့ ယုံကြည်သူများမူကား၊ ဤလောကသည် ကောင်းကင်ထက် ကောင်းလွန်း၍၊ လောက သားများကဲ့သို့ တပ်မက်ကြသောကြောင့်၊ ခရစ်တော် ကြွလာမှာပင်မကြိုဆိုကြ၊ စိတ်မ၀င်စားကြချေ။ ဤလောကသည် သင့်အတွက် ထိုက်တန်လွန်းပါသလား။

"မြို့ကြီးသည် သုံးဖြာကွဲပြား၍ လူအမျိုးမျိုး နေသော မြို့တို့သည် ဗြုလဲကြ၏။" မြို့ကြီးသည် ယေရုရှလင် မြို့ကို ဆိုလိုနိ်င်သည်။ ငလျှင်ကြောင့် သုံးဖြာကဲွသွားသည်ဟုဆိုထားသည်။ ထိုငလျှင်သည် မလှုပ် သေးသော်လည်း ဘုရားသခင်သည် ရှေ့အနာဂတ်မှာ ဖြစ်ပျက်မည့် အရာများ ကိုလည်း ကြိုမြင်နိင်၊ ဖြစ်စေနိင်သောကြောင့်၊ နှစ်ပေါင်းနှစ်ထောင်နိီးပါးကြိုရေးထားနိင်ခြင်း ဖြစ်သည်။ လူအမျိုးမျိုး နေသော မြို့ကြီး တို့လည်း ပြိုလဲ ကြသည်။ "မြေကြီး အပေါ်မှာ လူတို့ ဖြစ်သည့်ကာလ မှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက်ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး"ဟုဆိုထားသည်။ ယခုအထိ ကမ္ဘာ့ အပြင်းထန်ဆုံးသော ငလျှင်သည်၊ တောင်အမေရိကတိုက်ချီလီနိင်ငံတွင် ၁၉၆၀ခုနှစ်တွင် လှုပ်၍ ၉၏ ၅ ပြင်းထန်နှုန်းရှိသည်။ အနာဂတ်ဘေးဒဏ်ကြီး ကာလတွင် လှုပ်မည့် ငလျှင်သည်၊ တောင်များ ​ကျွန်းများ ပျောက်သွား၊ ရွေ့သွားကြမှာ ဖြစ်သောကြောင့်၊ အလွန် ပြင်းထန်၍ အလွန် ကြောက်စရာ ကောင်းပေလိမ့်မည်။

"ဘုရားသခင်သည် ပြင်းစွာသော ​ေဒါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့ တော်မူ၏။"ဟုဆိုထားသောကြောင့်၊ ထိုအပြင်းထန်ဆုံးသော ငလျှင်သည်၊ ဘုရား၏ အမျက်​ေဒါသကို ဖေါ်ပြခြင်း ဖြစ်သလို၊ ဗာဗုလုန်မြို့ကြီး၏ အပြစ်ကို ပြစ်ဒဏ်ခတ်ခြင်းလည်း ဖြစ်သည်။ ဗာဗုလုန်မြို့ကြီးနှင့် ပတ်သက်၍ အခန်း၁၈၌ ပြန်လည် ဖေါ်ပြထားရာထိုနေရာ၌ ပြန်လေ့လာကြစို့။

"​ကျွန်းရှိသမျှ တို့သည် လွင့်ပြေးကြ၏။ တောင်များ တို့သည် ကွယ်ပျောက်ကြ၏။" မြေငလျှင် ကြီး လွန်းသောကြောင့် ​ကျွန်းရှိသမျှသည် လွင့်ပြေးကြသည်ဟုဆိုသည်။ ထိုအရာသည် မကြာမှီ ဖြစ်မည့် အရာ ဖြစ်သည်။ ထိုအရာကို မသိသောကြောင့် တရုတ်နှင့် ဂျပန်လည်း လူမနေသော ​ကျွန်းကို လု နေကြသည်။
တရုတ်လည်း ​ကျွန်းတည်ဆောက်နေသည်။

၂၀။အချိန် အခွက်တဆယ်ရှိသော မိုဃ်းသီးသည်၊ ကောင်းကင် ကလူတို့ အပေါ်သို့ ကျလေ၏။ ၂၁။ ထိုမိုဃ်းသီးဘေးဒဏ်အလွန် ကြီးသည် ဖြစ်၍၊ လူတို့သည် မိုဃ်းသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။
ဘုရားသခင်သည်၊ အဲဂုတ္တု ပြည်ကို၊ မိုဃ်းသီးအားဖြင့် တရားစီရင်ခဲ့ပြီ (ထွက် ၉:၂၄)။ ဘေးဒဏ်ကြီး ကာလ၌လည်း၊ မိုဃ်းသီးအားဖြင့် တရားစီရင်ဦးမည်။အချိန် အခွက်တဆယ်သည် ပေါင်တရာ ဖြစ်သည်။ ထိုမျှလေးသော မိုဃ်းသီးသည် အိမ်ခေါင်မိုးကလည်း ခံနိင်မည် မဟုတ်။ ယခုအခါ အမေရိကန်​ပြည်ထောင်စု တောင်ဒါကိုတာ ပြည်နယ် Vivian ရွာလေး၌၊ ၂၀၁၀ခုနှစ်ဇူလိုင်လ ၂၃ ရက်နေ့တွင်၊ ကမ္ဘာ့ စံချိန်တင်မိုဃ်းသီးကျခဲ့ပြီ။ ထိုမိုဃ်းသီးသည် အချင်း၈ လက်မ၊ ပတ်လည် ၁၈ လက်မကျော်၊ အလေးချိန် ၂ ပေါင် နီးပါးရှိသည်။ ဘုရားသခင်က ယခုအခါ၊ ဘေးဒဏ်ကြီး ကာလ နီးကြောင်း သိစေရန်၊ တနှစ်ပြီး တနှစ်ပို၍ ပို၍ ကြီးသော မိုဃ်းသီးများကို ကျစေသည်။ ထိုမိုဃ်းသီးဒဏ်ကြောင့်လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့၍ ယုံကြည် အားကိုးခြင်း ထက်၊ ကျိန်ဆဲကြသည်ဟုဆိုသည်။ မယုံကြည် ချင်သော သူများသည်၊ လက်၀ါးကပ်တိုင်မှာသေသည် အထိ သရော်သော လူဆိုးကဲ့သို့၊ အဆုံးတိုင်အောင် ဘုရားကို ရန် ဖြစ်ကြသည်ကို၊ ၀မ်းနည်းဘွယ်ရာတွေ့ရသည်။ သင်သည်လည်း ထိုကဲ့သို့သော သူမဖြစ်ဘို့ သတိပေးလိုပါသည်။

ဗျာ ၁၆ မေးခွန်းများ

၁။ ဤဖလားခုနှစ်လုံးတရားစီရင်ခြင်းသည်၊ ------------------------------------------------တရားစီရင်ခြင်း ဖြစ်သည်။
၂။ အဘယ်ကြောင့်သားရဲလက်မှတ်ခံသော သူတို့ကို ဘုရားသခင်က ပြင်းထန်စွာ တရားစီရင်ရသနည်း။ ----------------------------------------
၃။ အဘယ်ကြောင့်လူများသည်၊ သားရဲ၏ တံဆိပ်ခတ် ကြသည်။ --------------------------------------------------------------------------------------------
၄။ ဘေးဒဏ်ကြီး ကာလ၌ ၆၆၆ ခတ်သင့်သလား။ ---------------------အဘယ်ကြောင့်နည်း။ --------------------------------
၅။ ပင်လယ်သည် သွေးကဲ့သို့ဖြစ်ခြင်းဖြင့် ဘာများ ဖြစ်မည်နည်း။ ------------------------------------------------------------------------------------------------
၆။ ဘုရားသခင်သည် အဘယ်ကြောင့်ရေကို အသွေး ဖြစ်စေခြင်းအားဖြင့် တရားစီရင်သနည်း။ --------------------------------
ရ။ ဘုရားသခင်၏ စီရင် တော်မူ ချက်များသည်၊ ​ဖြောင့်မတ်ဟုတ်မှန်သည်ဟု မည်သည့်အရာကပြောသနည်း။ --------------------------------
၈။ နေပူဒဏ်ခံစားသော သူများသည် နောင်တ ရပါသလား။ --------------------------------ဘာလုပ်ကြသနည်း။ --------------------------------
၉။ ဘုရားသခင်သည်သားရဲ၏ နိင်ငံကို၊ ဘာအားဖြင့် တရားစီရင်သနည်း။ --------------------------------လူများ နောင်တ ရကြပါသလား။ --------------------------------
၁၀။မည် သူတို့၏ ခံတွင်း အထဲမှဘားကဲ့သို့သော ၀ိညာဥ်ဆိုးများ ထွက်သနည်း။ --------------------------------------------------------
၁၁။ ၀ိညာဥ်ဆိုးများသည် ဘာလုပ်ကြမည်နည်း။ --------------------------------------------------------
၁၂။ အာမဂေဒုန်အရပ်၌ မည်သူတို့ စစ်တိုက်ကြမည်နည်း။ --------------------------------------------------------
၁၃။ ထိုတိုက်ပွဲ၌ မည်သူအနိင်ရမည်နည်း။ ----------------------------
၁၄။ အဘယ်ကြောင့် ခရစ်တော်သည် ဗျာဒိတ်ကျမ်း တခုလုံး၌ သူကြွလာမည့် အရာကို အထပ်ထပ်ပြောထားသနည်း။ ----------------------
၁၅။ အဘယ်ကြောင့်ဘေးဒဏ်ကြီး ကာလ ဆုံးခါနီးအထိ သူကြွလာမည့် အရာကို ပြောသနည်း။ --------------------------------------------------------
၁၆။ ခရစ်တော် ကြွလာမည့်အရာကို မည်ကဲ့သို့ ပြင်ဆင် မည်နည်း။
၁ရ။ အကြီးမား ဆုံးသော မြေငလျှင်သည်၊ မည်သည့်အချိန်တွင် လှုပ်မည်နည်း။ ----------------------------မည်မျှပြင်းထန်သနည်း။ --------------------------------------------------------
၁၈။ တာချီလိတ်မြို့၌ မည်သည့်နှစ်လတွင် ငလျှင် လှုပ်ခဲ့သနည်း။ ----------------------------လူဘယ်လောက်သေခဲ့သနည်း။ ----------------------------
၁၉။ နီပေါပြည်တွင် လှုပ်သော ငလျှင်ကြောင့်၊ လူဘယ်လောက်သေခဲ့သနည်း။ ----------------------------
၂၀။ ယခုအချိန်တွင် ဤလောက တိုးတက်ဘို့ လုပ်မည့် အချိန်ဟုတ်ပါသလား။ --------------အဘယ်ကြောင့်နည်း။ --------------------------------------------------------
၂၁။ အဘယ်ကြောင့်လူအများစုဤလောက၊ ရပ်ရွာတိုးတက်ရေးလုပ်ချင် ကြသနည်း။ --------------------------------------------------------
၂၂။ ရှေးယုံကြည်သူများသည်၊ ဤလောက၌ မည်ကဲ့သို့ နေကြသနည်း။ ------------------------ဤလောကသည် သူတို့အတွက် ထိုက်တန်ပါသလော။ ------------------
၂၃။ သင့်အတွက် ဤလောကသည် အလွန် ထိုက်တန်ပါသလော။ ---------------သင်သည် ဤလောက၌ အိမ်ကဲ့သို့ နေသလော၊ ဧည့်သည် ကဲ့သို့ နေသလော ---------------
၂၄။ အဘယ်ကြောင့်အနာဂတ်မှာလှုပ်၍ ပျက်စီးမည့် ငလျှင် အကြောင်းကို၊ ကြိုတင် ရေးထားနိင်သနည်း။ --------------------------------------------------------
၂၅။ ကမ္ဘာ့ အပြင်းထန်ဆုံးငလျှင်သည်၊ ------------------ခုနှစ်တွင် ------------------နိင်ငံတွင် လှုပ်၍ ပြင်းအား -------------------------ရှိသည်။
၂၆။ ထိုအပြင်းထန်ဆုံးသော ငလျှင်သည်၊ ဘာကို ဖေါ်ပြသနည်း။ --------------------------------------------------------
၂ရ။ ဘေးဒဏ်ကြီး ကာလ၌ ကျမည့် မိုဃ်းသီးသည်၊ ဘယ်နှစ်ပေါင်လေးမည်နည်း။ ----------------------------
၂၈။ ကမ္ဘာစံချိန်တင်မိုဃ်းသီးသည် --------------------ခုနှစ်၌ ----------------------------နိင်ငံ----------------------------ရွာတွင် ကျခဲ့ဘူးပြီ။
၂၉။ မိုဃ်းသီးဒဏ်ခံသော သူများသည် နောင်တ ရကြသလော။ ----------------------------
၃၀။ အဆုံးတိုင်အောင် မည်သူကဘုရားကို စော်ကား ခဲ့သနည်း။ ----------------------------

.

ဗျာဒိတ်ကျမ်း ၁၇

ဘာသာရေးဗာဗုလုန်ကို တရားစီရင်ခြင်း

၁။ ဖလား ခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တပါးသည် လာပြီးလျှင်၊ ငါ့ကို နှုတ်ဆက်၍၊ လာခဲ့ပါ။ ရေ အပေါ်မှာ ထိုင်သော ပြည် တန်ဆာကြီး၌ စီရင်ခြင်း အမှုကို ငါပြမည်။
"ပြည် တန်ဆာထိုင်သော ရေကား၊ အသီးသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး အစုစု ဖြစ်သတည်း"ဟု အငယ် ၁၅၌ ဖေါ်ပြထားသည်။ သို့ဖြစ်လျှင် လူအမျိုးမျိုး အပေါ်မှာ ထိုင်သော ပြည် တန်ဆာကြီးသည်၊ မည်သူ ဖြစ်မည်နည်း။ ထိုအရာကို သိဘို့ရန် ဘုရား အမြင်၌ ပြည့်တန်ဆာသည်၊ အဘယ်အရာ ဖြစ်သည်ကို သိဘို့ လိုသည်။ လူ့အမြင်၌ ပြည့်တန်ဆာသည်ကိုယ်ခန္ဓာကို၊ ကိလေသာအတွက် ရောင်းစားသော သူများ ဖြစ်သည်။ သို့သော် ဘုရား အမြင်၌ ပြည့်တန်ဆာသည်၊ အခြားသော ဘုရားကို ကိုး ကွယ်ခြင်း ဖြစ်သည်။ ဘုရားသခင်က၊ ဣသရေလ လူမျိုးနှင့် ပတ်သက်၍၊ ဤသို့ ဆိုခဲ့သည်၊ "ရှေးကာလ၌ သင်ထမ်းရသော ထမ်းဘိုး၊ သင်၌ ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးခဋ္ဌတ်၍ သင်က၊ အ​ကျွန်ုပ်သည် မမှားယွင်းဘဲ နေပါမည်ဟု၊ ဂတိထားသော်လည်း၊ မြင့်သော တောင်သော ရှိသမျှ အပေါ်၌၎င်း၊ စိမ်းသော သစ်ပင်ရှိသမျှ အောက်၌၎င်း၊ ကိုယ်ကို ချ၍ ပြည် တန်ဆာလုပ်လေ၏။" (ယေရမိ ၂:၂၀)။ ဣသရေလသည် မြင့်သော တောင်ရှိသမျှ အပေါ်နှင့်၊ စိမ်းသော သစ်ပင်ရှိသမျှ အောက်၌ ဘာလုပ်သနည်း။ ထိုနေရာများ၌ ယဇ်ပလ္လင်ကို တည်၍၊ အခြားသော ဘုရား များကို ကိုး ကွယ် ကြသည်။ ထို့ကြောင့့်အခြားဘုရား များကို ကိုး ကွယ်ခြင်းသည် ပြည် တန်ဆာလုပ်ခြင်း ဖြစ်သည်။

သို့ဖြစ်လျှင် အထက်၌ ဖေါ်ပြသော ပြည် တန်ဆာသည် မည်သူနည်း။ ဘေးဒဏ်ကြီး ကာလ၌ ရှိသော ဘာသာရေး ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ ရှိသော လူသား များသည်၊ ထာ၀ရ ဘုရားကို မကိုး ကွယ်ဘဲ၊ အခြားသော ဘုရား များကို ကိုး ကွယ်ကြလိမ့်မည်။ ဗျာ ၁၃၌ ပဌမသားရဲတည်း ဟူသော အန္တီ ခရစ်ကို ကမ္ဘာသူကမ္ဘာသားများကကိုး ကွယ်စေခြင်းငှါ၊ ဒုတိယသားရဲကလုပ်ဆောင်ခြင်းကို ဤသို့ တွေ့ရသည်၊ "အခြားသောသားရဲတကောင်သည်၊ သိုးသား ငယ်၏ ချိုနှင့် တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကား ပြောလျက်၊ မြေကြီး ထဲကထွက်သည်ကို ငါမြင်၏။ ထိုသားရဲသည် သူ့အရင် ဖြစ်သော ပဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဌမသားရဲကို၊ မြေကြီး မှစ၍ မြေကြီးသား တို့သည်ကိုး ကွယ်စေခြင်းငှါ ပြု၏။" (ဗျာ ၁၃:၁၁-၁၂)။ ထိုဘာသာရေးကို ဘုရားသခင်က၊ ဘေးဒဏ်ကြီး ကာလ၌ တရားစီရင်မည့် အကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။

၂။ လောကီရှင်ဘုရင်တို့သည်၊ မတရားသော မေထုန်ကို သူနှင့် ပြုကြပြီ။ မြေကြီးသား တို့သည်၊ သူ၏ မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီ၊ ဟုပြောဆို လျက်၊
လောကီရှင်ဘုရင်တည်း ဟူသော ကမ္ဘာ့ ခေါင်းဆောင်များ၊ ယခုခေတ်တွင် သမတ၊ ၀န်ကြီး ချုပ်များသည် အထက်၌ ဖေါ်ပြသော ပြည့်တန်ဆာတည်း ဟူသော၊ ကမ္ဘာ့ ဘာသာရေးနှင့် မတရားသော မေထုုန်ကို ပြုကြပြီ။ ဆိုလိုသည် မှာကမ္ဘာ့ ခေါင်းဆောင် များသည်၊ သူတို့၏ အာဏာရရှိရေးနှင့် တည်မြဲရေးအတွက်၊ ဘာသာရေးခေါင်းဆောင်များနှင့်၊ အပေးအယူလုပ် ကြသည်။ ထိုသို့ နိင်ငံရေးခေါင်းဆောင် များသည်၊ ဘာသာရေးခေါင်းဆောင် များ၏ ထောက်ခံပံ့ပိုးမှုကို၊ ခေတ်အဆက်ဆက်၌ ပြုလုပ် သွား ကြသည်။ မတရားသော မေထုန်ဆိုသည်မှာ၊ တရားမ၀င်ယောက်ျားနှင့် မိန်းမဆက်ဆံခြင်းကို ဆိုလိုသည််။ သို့ဖြစ်လျှင်လောကီရှင်ဘုရင်များသည်၊ မည်ကဲ့သို့ ပြည့်တန်ဆာကြီးနှင့် မတရားမေထုန်ပြုကြသနည်း။ လောကီဘုရင်များသည် ထာ၀ရ ဘုရားကို မကိုး ကွယ်ဘဲ၊ အန္တီ ခရစ်ကိုကိုး ကွယ်ကြခြင်းကို ဆိုလိုသည်။

"မြေကြီးသား တို့သည် သူ၏ မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆို လျက်" ကမ္ဘာ့ ခေါင်းဆောင်များသာမက၊ မြေကြီးသား တည်း ဟူသော သာမန်လူများ လည်း၊ မတရားသော မေထုန်ကို ပြုကြပြီ။ "မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီ" ဆိုသည်မှာ စပျစ်ရည်နှင့် ယစ်မူးလျှင် လူသည်၊ မူလစိတ်ပျောက်၍ စပျစ်ရည်၏ လွှမ်းမိုးခြင်းကို ခံရသည်။ ထိုနည်းတူ လောကီရှင်ဘုရင်များ မှစ၍၊ ကမ္ဘာသူကမ္ဘာသား များသည်၊ အန္တီ ခရစ်ကိုး ကွယ်ခြင်း ဘာသာဖြင့်၊ သူတိုိိိိိိ့၏ စိတ်လွှမ်းမိုးခြင်းကို ဆိုလိုသည်။

၃။ ငါ့ကို ၀ိညာဥ်တော်အားဖြင့် တောသို့ ဆောင်သွားလေ၏။ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့် အပြည့်ရှိသော၊ သားရဲနီ အပေါ်မှာ ထိုင်လျက် ရှိသော၊ မိန်းမတဦးကို ငါမြင်၏၊
၀ိညာဥ်တော် ကယောဟန်ကို တောသို့ ဆောင်သွားသည်။ ဆိုလိုသည် မှာယောဟန်၏ အလိုဆန္ဒအားဖြင့် မဟုတ်၀ိညာဥ်တော်၏ အလိုတော်အားဖြင့် ဖြစ်သည်။ တောသည် လူသူမရှိသော နေရာသစ်ပင်များ အကြား၊ သို့မဟုတ် လွင်တီးခေါင် ဖြစ်နိင်သည်။ ထိုနေရာ၌ ယောဟန်သည်၊ သားရဲနီ အပေါ်မှာ ထိုင်လျက် ရှိသော၊ မိန်းမတဦးကို မြင်သည်။ ဤနေရာ၌သားရဲနီထက် သူ့ အပေါ်၌ ထိုင်သော မိန်းမကို အသား ပေးရေးထားသည်။ ထိုမိန်းမသည် အဘယ်သူ နည်း။ ထိုမိန်းမအကြောင်းကို အငယ် ၄၌ ဆက်ပြောထားသည်။ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိသောသားရဲနီသည် အဘယ်အရာနည်း။

၄။ ထိုမိန်းမသည် အ၀တ်နီ၊ အ၀တ်မောင်းကို ၀တ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက် ရှိ၏။ စက်ဆုပ်ရွံရှာ ဘွယ်သောအရာ နှင့်၎င်း၊ မိမိ မတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း၊ ပြည့်သော ရွှေဖလားကိုကိုင်လျက် ရှိ၏။
မိန်းမသည်၊ ထာ၀ရ ဘုရား မဟုတ်ဘဲ၊ အခြားသော ဘုရားကို ကိုး ကွယ်သော သူတို့ကို ဆိုလိုသည်။ ဓမ္မဟောင်းကာလ၌ ဣသရေလများကို၊ ဘုရားသခင်၏ မိန်းမဟု တင်စားထားသည်။ "အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသော သူသည် သင်၏ လင် ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်းကင် ဗိုလ်​ခြေရှင်ထာ၀ရ ဘုရား တည်း။" (ဟေရှာယ ၅၄:၅)။ အသင်းတော် သည်လည်း သိုးသငယ် တည်း ဟူသော ခရစ်တော်၏၊ သတို့သမီး လောင်း ဖြစ်သည် (၂ ကော ၁၁:၂၊ ဧ ၅:၂၅-၂၆)။ ဘုရား၌ မိန်းမရှိ သကဲ့သို့ ဘုရားကို အမြဲအံတုသော စာတန်၌လည်း မိန်းမရှိသည်။ ထိုမိန်းမသည် သူ့ကိုကိုး ကွယ်သော၊ ဘေးဒဏ်ကြီး ကာလ၌ ပေါ်ပေါက်လာမည့် ဘာသာ ဖြစ်သည်။ ထိုဘာသာသည်၊ ယနေ့ ဘာသာမျိုးစုံပေါင်းစပ်ထားသော ဘာသာ ဖြစ်နိင်သည်။ မူစလင်ဘာသာလည်း ဖြစ်နိင်သည်။ အကြောင်းမှာ၊ မူစလင်များသည် အကျမ်းဖက်နည်းအားဖြင့်၊ လူတိုင်း မူစလင် ဖြစ်စေဘို့ ကြိုးစား နေသည်။ "ထိုမိန်းမသည် အ၀တ်နီ၊ အ၀တ်မောင်းကို ၀တ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက် ရှိ၏။"ဟုဆိုသည်။ မိန်းမများသည် အလှအပ၊ အပြင်အဆင်ကို လိုချင် တတ်မက် ကြသည်။ ထို့နည်းတူ၊ ဘာသာရေးတိုင်းသည် လှပသော အ၀တ်နီအ၀တ်မောင်းနှင့် ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာများနှင့် ဆင်ထားသည်။ ယနေ့ အသင်းတော် အတုများသည်၊ အပြင်ပန်းလှပခြင်းနှင့် ရွှေငွေရတနာများ၊ အဆောက်အဦးများကို ယပိုင်ဆိုင်လို ကြသည်။ ဘုန်းကြီးများ၊ အမှုတော် ဆောင်များသည် ခန်းနားကြီး ကျယ်စွာဖြင့် ဆင်ရင် ကြသည်။ လူများ ကကြည်ညုိလောက်အောင် အပြင်ပန်းကို ပြင်ဆင် ကြသည်။ လောဒိကိအသင်းတော်လည်း ထိုကဲ့သို့ အပြင်ပိုင်းကို ဦးစားပေးသောကြောင့် ခရစ်တော်က၊ "သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းဖူးပြီ။ တစုံ တခုကို မျှမလိုဟု ပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အ၀တ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။ သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့် ခဋ္ဌတ်ပြီးသော ရွှေကို၎င်း၊ အ၀တ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အ၀တ်ကို၎င်း၊ ငါ့ထံမှ ာ၀ယ်လော့။" (ဗျာ ၃:၁ ရ- ၁၈) ဟု အကြံပေးခဲ့သည်။ ထို့ကြောင့် အသင်းတော် များသည်လောက ပစ္စည်းများများပိုင်ဘို့ မဟုတ်၊ ပျောက်ဆုံးသော ၀ိညာဥ်များ ကယ်တင်၍ ကြီး ထွားရင့်ကျက်အောင် ပြုစုပျိုးထောင်ဘို့ တာ၀န်ရှိသည်။ အသင်းတော် အများစုသည် ၀ိညာဥ်ထက်လောက ပစ္စည်းတည်း ဟူသော ဘုရား ကျောင်း၊ အဆောက်အဦး၊ အသင်းတော် ပိုင်ကုမ္ပဏီ၊ စီးပွားရေးများကို အဓိကထားရှာဖွေ၍ တန်ဘိုး ထား နေကြသည်။ အနာဂတ်ဘာသာရေးလည်း ထိုကဲ့သို့ အပြင်ပန်းလှပကြွယ်၀ခြင်းကို ဦးစားပေးမှာ ဖြစ်သည်။

"စက်ဆုပ်ရွံရှာဘွယ်သောအရာ နှင့်၎င်း၊ မိမိ မတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း၊ ပြည့်သော ရွှေဖလားကိုကိုင်လျက် ရှိ၏" ဘုရား အမြင်၌ စက်ဆုပ်ရွံရှာဘွယ်သောအရာ သည်၊ ရုပ်တု သို့မဟုတ် ဘုရား တု ဖြစ်သည်။ မတရားသော မေထုန်၏ ညစ်ညူးခြင်း လည်း၊ ရုပ်တု သို့မဟုတ် ဘုရား တုကိုကိုး ကွယ်ခြင်း ဖြစ်သည်။ ဖလားသည် သောက်စရာ၊ အရေများကို ထည့်သောအရာ ဖြစ်သည်။ ဖလားထဲ၌ ထည့်သောအရာ သည် စပျစ်ရည် ဖြစ်လျှင် မူးတတ်သည်။ ထိုနည်းတူ ရွှေဖလားထဲ၌ ရုပ်တု၊ ဘုရား တုကိုး ကွယ်ခြင်းနှင့် ပြည့်၍ သောက်လျှင်၊ ထိုရုပ်တုဘုရား တု၏ လွှမ်းမိုးခြင်း၊ အုပ်စိုးခြင်း ခံရမည်။

၅။ နဖူး၌ အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည် တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုတ်ရွံရှာဘွယ်သောအရာ တို့၏ အမိပေတည်း။
နဖူးသည် အထင်ရှားဆုံးသော နေရာ ဖြစ်သည်။ ထိုမိန်းမ၏ဘဲ ွ့နာမသည်၊ "နက်နဲသောအရာ "ဟု ခေါ်သည်။ နက်နဲသောအရာ သည် သိဘို့ မလွယ်၊ ထိုအရာအားဖြင့် လူများစွာကို အမှောင်ထဲ၌ ကျင်လည်စေသည်။ ဗုဒဝဘာသာ၌ ပါဠိအားဖြင့် သာဟောပြောသောကြောင့်၊ သာမန်လူများသည် ဘုန်းကြီးများဟောသောအရာ ကို၊ အားလုံး နားမလည်နိင်ကြချေ။ ထိုနည်းတူ ကက်သလိတ်များ လည်း၊ သာမန်လူများ မသိသော၊ လက်တင်ဘာသာဖြင့်၊ သူတို့၏ ဘုန်းကြီးများကဟောပြောသောကြောင့်၊ ဘာသာ၀င်များ က နားမလည် ကြချေ။ စာတန်သည် သူ၏ အလိုဆန္ဒကို၊ လူတိုင်း မသိနိင်အောင်၊ နက်နဲသောအရာ ဟု လိမ်လည်တတ်သည်။

"ဗာဗုလုန်မြို့ကြီး" ဟူသောအရာ သည် ဗာဗုလုန်ရဲတိုက်ဆောက်ရာမှစခဲ့သည် (က ၁၁:၁-၉)။ ထိုရဲတိုက်မြို့ကို ဗာဗုလုန်မြို့ဟု ခေါ်သည်။ ထိုမြို့သည် ရေလွှမ်းမိုးပြီး နောက်၊ ထာ၀ရ ဘုရားကို စွန့်၍၊ အခြားဘုရား တည်း ဟူသော စာတန်ကိုး ကွယ်ခြင်း၊ စတင်သည့်နေရာ ဖြစ်သည်။ ထို့ကြောင့် ဗာဗုလုန်မြို့သည် ဘုရား အမြင်မှာ၊ ကောင်းသောအရာ မဟုတ်၊ ဘုရားကို ဆန့်ကျင်သော နေရာ ဖြစ်သည်။

"ပြည် တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုတ်ရွံရှာဘွယ်သောအရာ တို့၏ အမိ" ပြည် တန်ဆာတို့၏ အမိဆိုသည်မှာ၊ ကိုယ်တိုင်ပြည် တန်ဆာလုပ်သည် သာမက၊ ပြည် တန်ဆာတို့ကို မွေးဘွားပေးသောသူ၊ စတင်သော သူဟု အဓိပ္ပါယ်ရသည်။ အထက်၌ ဖေါ်ပြခဲ့ပြီးသည့်အတိုင်း၊ ပြည် တန်ဆာသည် တရားမ၀င်ယောက်ျားမိန်းမနှင့် မှားယွင်းခြင်း ဖြစ်သည်။ ဘုရား အတွက် ဖြစ်လျှင် သူ့ကို မကိုး ကွယ်ဘဲ၊ အခြားဘုရားကိုး ကွယ်ခြင်း ဖြစ်သည်။ ဖေါက်ပြန်သော မိန်းမသည် ယောက်ျားအတွက်၊ ရွံစရာ ကောင်း သကဲ့သို့၊ အခြားဘုရားကိုး ကွယ်ခြင်းသည် လည်း၊ ဘုရား အတွက် ရွံစရာ အကောင်းဆုံးသော အပြစ် ဖြစ်သည်။ ထိုမိန်းမသည် အ၀တ်နီ၊ အ၀တ်မောင်းကို ၀တ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက် ရှိ၏။ ထိုမိန်းမတည်း ဟူသော ကမ္ဘာ့ ဘာသာရေးသည်၊ အလွန် ချမ်းသာ ကြောင်း၊ သူ၏ အ၀တ်အစားနှင့်၊ တန်ဆာဆင်ထားသောအရာ များအားဖြင့်၊ သိနိင်သည်။ ထိုမိန်းမသည်၊ ချိုဆယ်ချောင်းရှိသောသားရဲ အပေါ်၌ ထိုင်ခြင်း ဆိုသည်မှာ၊ သားရဲသည် ကမ္ဘာ့ နိင်ငံရေးခေါင်းဆောင် ဖြစ်၍၊ ထိုဘာသာရေးသည်၊ နိင်ငံရေးခေါင်းဆောင်၏ ဦးစားပေးခြင်း၊ ချီးမြေှာက်ခြင်း ခံစား မည့် အကြောင်း ဖြစ်သည်။ နိင်ငံရေးသမားများသည် ဘာသာရေးသမားများ၏ ထောက်ခံမှုကို အမြဲယူလေ့ရှိသည်။ စက်ဆုပ်ရွံရှာဘွယ်သောအရာ နှင့်၎င်း၊ မိမိ မတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း၊ ပြည့်သော ရွှေဖလားကိုကိုင်လျက် ရှိ၏။ ဘုရား၏ အမြင်၌ စက်ဆုပ်ရွံရှာဘွယ်သောအရာ သည် ရုပ်တု ဖြစ်သည်။ မတရားသော မေထုန်နှင့် ညစ်ညူးခြင်း သည်၊ ရုပ်တုကိုး ကွယ်ခြင်း ဖြစ်သည်။ ဖလားသည် စပျစ်ရည်ထည့်သောအရာ ဖြစ်သည်။ ထိုဘာသာရေးသည် လူများကို၊ ရုပ်တုကိုး ကွယ်ဘို့ တိုက်တွန်းညွှန်ကြားမှာ ဖြစ်သည်။

၆။ ထိုမိန်းမသည် သန့်ရှင်း သူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့ မြင် သောအခါ အလွန် အံ့ဩ မိန်းမော၍ နေ၏။
ထိုမိန်းမတည်း ဟူသော၊ ဘေးဒဏ်ကြီး ကာလ ရှိစာတန်၏ အသင်းတော် သို့မဟုတ် ဘာသာသည်၊ သန့်ရှင်းသူနှင့် ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ဟုဆိုသည်။ ထိုမိန်းမတည်း ဟူသော၊ စာတန်၏ ဘာသာရေးသည် သန့်ရှင်း သူများ နှင့်၊ ယေရှု၏ သက်သေခံများကို သတ်ဖြတ်သောကြောင့်၊ အသွေးနှင့် ယစ်မူးသည်ဟုဆိုခြင်း ဖြစ်သည်။ ထိုအရာကို ယောဟန်ကမြင် သောအခါ အလွန် အံ့ဩသည်။ အဘယ်ကြောင့်ယောဟန်သည် အံ့ဩ သနည်း။ ထိုမိန်းမသည် ခရစ်တော်၏ နာမကို ခံယူသော်လည်း၊ သန့်ရှင်း သူများကို သတ်ဖြတ်သောကြောင့် ဖြစ်နိ်င်သည်။

ရ။ ကောင်းကင်တမန် ကလည်း၊ အဘယ်ကြောင့်အံ့ဩ သနည်း။ ထိုမိန်းမ၏ နက်နဲသောအရာ ကို၎င်း၊ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ထိုမိန်းမကို ဆောင်သောသားရဲ၏ နက်နဲသောအရာ ကို၎င်း၊ ငါပြောမည်။ ၈။ ယခုမြင်သောသားရဲသည် ဖြစ်ဘူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသောတွင်း ထဲကတက်၍၊ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ကမ္ဘာဦးကပင်အသက် စာစောင်၌ စာရင်းမ၀င်သော၊ မြေကြီးသား တို့သည် ဖြစ်ဘူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတံ့သောသားရဲကို မြင်ရ သောအခါ၊ အံ့ဩ ကြလိမ့်မည်။
မိန်းမသည် ဘေးဒဏ်ကြီး ကာလ ရှိ၊ စာတန်ကိုး ကွယ်သော ဘာသာရေး ဖြစ်ကြောင်း၊ အထက်၌ သိခဲ့ရပြီ။ ထိုမိန်းမသည်သားရဲ အပေါ်၌ စီးသည်ဟုဆိုသည်။ ထိုအရာသိနိင်ရန်၊ သားရဲသည် အဘယ်အရာနည်း၊ ဟူသောအရာ ကို ရှင်းဘို့ လိုသည်။သားရဲသည် ဗျာ ၁၃၌ တွေ့ရသော ကမ္ဘာ့ ခေါင်းဆောင် ဖြစ်သည်။ ထိုသားရဲသည် ဖြစ်ဘူးပြီဟုဆိုသည်။ ဖြစ်ဆဲမရှိဟုဆိုခြင်းသည်၊ ယောဟန်ကဤစာကို ရေးချိန်တွင်၊ မရှိခြင်း ဖြစ်မည်။ ဖြစ်လတံ့ဟု ရေးပြန်သည်။ ထိုအပြင်အနက်ဆုံးသောတွင်း ထဲကတက်၍၊ ဟုဆိုသောကြောင့်၊ ထိုသားရဲသည် လူမ ဖြစ်နိင်ချေ။ ခေတ်အဆက်ဆက်မှာကမ္ဘာ့ ခေါင်းဆောင်များကို၊ အသုံးပြုသော စာတန်ကို ဆိုလိုခြင်း ဖြစ်မည်။ စာတန်ကို အနက်ဆုံးသောတွင်း ၌၊ ထောင်ချမည့် အကြောင်း ဤသို့ တွေ့ရသည်၊ "ရှေးမြွေဟောင်း၊ မာရ်နတ် စာတန် တည်း ဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုး တို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍၊ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်။" (ဗျာ ၂၀:၂-၃)။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလ၌၊ ကမ္ဘာကို အုပ်စိုးမည့်သူကို၊ စာတန် ကအုပ်စိုးလွှမ်းမိုးသောသူ ဖြစ်မည်။ ထိုသားရဲ ဖြစ်သော အန္တီ ခရစ်နှင့်၊ သူ့ကို အုပ်စိုးသော စာတန်သည် လည်း၊ နောက်ဆုံး၌ ဖျက်စီးခြင်းသို့ ရောက်ဦးမည်။ စာတန် အုပ်စိုးသောသားရဲအန္တီ ခရစ်ကို၊ အသက် စာစောင်ထဲ၌ စာရင်မ၀င်သော၊ မြေကြီး သားများကမြင် သောအခါ၊ အဘယ်ကြောင့်အံ့ဩ ကြသနည်း။ သူသည် စာတန်၏ တန်ခိုးကို အသုံးပြု၍၊ အံ့ဘွယ်သောအရာ များကို ပြုလုပ် မှာ ဖြစ်သောကြောင့် ဖြစ်သည်။ ယနေ့လည်း ဘုရားသခင်၏ သမ္မာတရားကို၊ နားမလည်းသော သူများသည်၊ မှားယွင်းသော ဆရာများ၏ သွန်သင်ခြင်းကို အထင်ကြီး၍၊ သူတို့ နောက်တကောက်ကောက်လိုက်ကြသည်ကို၊ ၀မ်းနည်းဖွယ်တွေ့မြင်နေရသည်။ သူတို့ကို ပြောပြလျှင် လည်း၊ သင်တို့သည် ၀ိညာဥ်တော် မရသောကြောင့်၊ ၀ိညာဥ်တော် တိုက်ခိုက်သည်ဟု ပြောင်းပြန်စွပ်စွဲတတ် ကြသည်။

၉။ ဤအရာ၌ ပညာနှင့် ပြည့်စုံသော ဥာဏ်ရှိ၏။ ခေါင်းခုနလုံးကား မိန်းမထိုင်သော တောင် ခုနစ်လုံး ဖြစ်၏။
ခေါင်းခုနှလုံးသည်၊ မိန်းမထိုင်သော တောင်ခုနှစ်လုံး ဖြစ်သည်ဟုဆိုသည်။ အချို့သော ကျမ်းတတ်များ ကထိုတောင်ခုနှစ်လုံးသည် ရောမမြို့တည်ရှိရာတောင်ခုနှစ်လုံး ဖြစ်သည်ဟုသည်။ ကျမ်းစာ၌ တောင်သည် အုပ်စိုးခြင်း၊ နိင်ငံများကို ဆိုလိုတတ်သည်။ "နောက်ဆုံးသော ကာလ၌၊ ထာ၀ရ ဘုရား၏ အိမ်တော် တည်သော တောင်သည်၊ တောင်ကြီး တောင်ငယ်တို့၏ ထိပ်ပေါ်မှာ၊ ချီးမြှောက်၍ တည်လိမ့်မည်၊၊ ခပ်သိမ်းသော လူမျိုးတို့သည်၊ ထိုတောင်သို့ စည်းဝေးကြလိမ့်မည်" (ဟေရှာယ ၂:၂)။ ဤနေရာ၌ တောင်သည်၊ အုပ်စိုးခြင်း အာဏာကို ဆိုလိုကြောင်း ထင်ရှားသည်။ အနှစ်တထောင်ကာလ၌၊ ယေရုုရှလင်မြို့မှသခင်ယေရှုက၊ အုပ်စိုးမည့် အရာကို ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် တောင်ခုနှစ်လုံးသည်၊ ရောမမြို့ကို ဆိုလိုသည်ဟု တထစ်ချမဆိုနိင်။ ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာကို အုပ်စိုးမည့် အစိုးရများ ဖြစ်နိင်သည်။ ထိုတောင်ခုနှစ်လုံး အပေါ်၌ မိန်းမထိုင်သောကြောင့်၊ ထိုအစိုးရများ အပေါ်၌ မိန်းမတည်း ဟူသော၊ ဘာသာရေးကလွှမ်းမိုးခြင်း ဖြစ်မည်။

၁၀။ ရှင်ဘုရင် ခုနစ်ပါးလည်း ဖြစ်၏။ ငါးပါးကျပြီ၊ တပါးရှိသေး၏။ တပါး ဖြစ်လေဦးမည်။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည်။
တောင်များသည် အစိုးရကို ဆိုလိုခြင်း ဖြစ်နိင်သည်ဟု၊ အထက်က ဖေါ်ပြခဲ့ပြီး ပြီ။ အစိုးရသည် အုပ်ချုပ်သူခေါင်းဆောင် မရှိဘဲ မဖြစ်နိင်ချေ။ ရှေးခေတ်၌ အုပ်ချုပ် သူများသည် ရှင်ဘုရင် ဖြစ်၍၊ ယခုခေတ်၌ သမတနှင့် ၀န်ကြီး ချုပ်များ ဖြစ်ကြသည်။ အစိုးရနှင့် အုပ်ချုပ်သူခေါင်းဆောင် များသည် ခွဲခြား၍ မရချေ။ အချို့ကထိုရှင်ဘုရင်ခုနှစ်ပါးသည၊ ်ရောမဧကရာဇ်များ ဖြစ်သည်ဟု ယူဆ ကြသည်။ ယောဟန်ခေတ်၌ ငါးပါးကျပြီ၊ တပါးရှိသေးသည်။ တပါးသည် ဖြစ်လေဦးမည်ဟုဆိုရာတွင် ဘေးဒဏ်ကြီး ကာလ၌ အုပ်စိုးမည့် အန္တီ ခရစ်ကို ဆိုလိုသည်။ အကြောင်းမှာ အန္တီ ခရစ်သည် ခုနှစ်နှစ်သာအုပ်စိုးမှာ ဖြစ်ကြောင့် ဖြစ်သည်။ အချို့ကရှင်ဘုရင်ခုနှစ်ပါးသည် ရှေးခေတ်ကအင်ပိုင်ယာခုနှစ်ခုကို ဆိုလိုခြင်း ဖြစ်သည်ဟုဆိုသည်။ အဲဂုတ္တု၊ အာရှုရိ၊ ဗာဗုလုန်၊ မေဒုိုပါးရှား၊ ဂရိတ်အင်ပိုင်ယာငါးခုသည်၊ ယောဟန်ခေတ်၌ ဖြစ်ဘူး၍ မရှိကြတော့ချေ။ တပါးရှိ သေးသော အင်ပိုင်ယာသည် ရောမအင်ပိုင်ယာ ဖြစ်သည်။ ဖြစ်လေဦးမည့် အင်ပိုင်ယာသည်၊ ဘေးဒဏ်ကြီး ကာလ၌ တကမ္ဘာလုံးကို အုပ်စိုးမည့်၊ အန္တီ ခရစ်၏ အင်ပိုင်ယာ ဖြစ်သည်။

၁၁။ ဖြစ်ဘူး၍ ဖြစ်ဆဲမရှိသောသားရဲသည် ရှစ်ပါးမြောက်သော ရှင်ဘုရင် ဖြစ်၏။ ခုနစ်ပါးအ၀င်လည်း ဖြစ်၏ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည်။
အထက်၌ ဖေါ်ပြခဲ့သော ရောမဧကရာဇ်များ ဖြစ်စေ၊ ရှေးအင်ပိုင်ယာများ ဖြစ်စေ၊ ထိုသူများကို အုပ်စိုးသော သူသည် စာတန် ဖြစ်သည်။ ထိုလူနှင့် အင်ပိုင်ယာများသည် ကုန်ဆုံးသော်လည်း၊ သူတို့ အထဲ၌ အလုပ်လုပ်သော သူသည်၊ စာတန် ဖြစ်သောကြောင့် သူသည် မကုန်နိင်သေးချေ။ ရှင်ဘုရင်ခုနှစ်ပါး၌ ပါ၀င် သကဲ့သို့၊ ရှစ်ပါးမြောက်၌လည်း သူဘဲ ဖြစ်သည်။ သို့သော် နောက်ဆုံး၌ ဖျက်ဆီးခြင်းသို့ ရောက်မည်။

၁၂။ ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာစက်ကို မရ သေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ ရှင်ဘုရင်၏ အာဏာစက်ကိုသားရဲနှင့်အတူ တချက်တည်းရကြလိမ့်မည်။ ၁၃။ ထိုသူတို့သည် သဘောတူ၍၊ မိမိတို့ တန်ခိုးအာဏာစက်ကိုသားရဲ၌၊ အပ်ပေးကြလိမ့်မည်။
ဤချိုဆယ်ချောင်းကို ပရောဖက် ဒံယေလကဤကဲ့သို့ မြင်ခဲ့ဘူးပြီ၊ "စတုတ္ထ္ဂသားရဲသည်၊ မြေကြီး ပေါ်မှာ အခြားသော နိုင်ငံရှိသမျှ တို့ထက် ထူးခြားသော စတုတ္ထ္ဂနိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။ ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည်၊ ပေါ်လတ့ံသော မင်းကြီး ဆယ်ပါး ဖြစ်၏။ သူတို့ နောက်အခြားသော မင်းကြီး ပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား၍၊ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့ကို၊ ညှဥ်းဆဲနှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလ တ၀က်ပတ်လုံးသူသည်၊ အခွင့်ရလိမ့်မည်။ ထိုနောက်မှတရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏ တန်ခိုးအာဏာကို နှုတ်၍ ရှင်းရှင်းဖျက်ဆီးကြလိမ့်မည်။" (ဒံရ:၂၃-၃၆)

ဒံယေလကမြင်ခဲ့သော စတုတ္ထသားရဲသည်၊ ရောမအင်ပိုင်ယာ ဖြစ်သည်။ ရောမအင်ပိုင်ယာသည် ကုန်ဆုံးသွားခဲ့ပြီ။ သို့သော် ချိုဆယ်ချောင်းထွက်ဘို့ရန် ရှိသေးသည်။ ထိုချိုဆယ်ချောင်းသည် ရှင်ဘုရင်ဆယ်ပါး ဖြစ်၍၊ သူတို့ နောက်၌ အခြားမင်းကြီး တပါး၊ ပေါ်လာလိမ့်မည်ဟုဆိုသည်။ ထိုမင်းကို ယောဟန်ကသား ရဲဟု ခေါ်၍ အန္တီ ခရစ် ဖြစ်သည်။ ကမ္ဘာကြီးသည် ဘေးဒဏ်ကြီး ကာလ၌ နိင်ငံဆယ်ပါးအဖြစ် ဖွဲ့စည်း၍၊ ရှင်ဘုရင် သို့မဟုတ် သမတတပါးစီကအုပ်ချုပ်လိမ့်မည်။ ထိုသူများ၏ အထက်၌ တကမ္ဘာလုံးကို အုပ်ချုပ်မည့် ကမ္ဘာ့ ခေါင်ဆောင်အန္တီ ခရစ်သည် ပေါ်လာမည်။ ကမ္ဘာ့ ခေါင်းဆောင်ကို၊ ထိုခေါင်းဆောင်များကအာဏာအပ်ကြလိမ့်မည်။ ယခုအခါ ကမ္ဘာ့ နိင်ငံများသည် ပေါင်းစည်းဘို့ရန် အမျိုးမျိုး ကြိုးစား နေကြသည်။ စီးပွါးရေး၌လည်း တနိင်ငံတည်းရပ်တည်၍ မရတော့ချေ။ တနိင်ငံ၌ ပြသနာ ရှိလျှင် အခြားနိင်ငံများ၌လည်း ပြသနာ ဖြစ်လာသည်။ နိင်ငံရေး၌လည်း ကမ္ဘာ့ ကုလသမဂ္ဂအစား၊ ကမ္ဘာ့ အစိုးရ ဖြစ်လာမည်။ ထိုသို့ဖြစ်လာဘို့ရန် ဆက်သွယ်ရေးလည်း အလွန် ကောင်းလာသည်။

၁၄။ သူတို့သည် သိုးသငယ်ကို စစ်တိုက်၍၊ သိုးသငယ်သည် နိုင် တော်မူမည်။ အကြောင်းမူကား၊ သိုးသငယ်သည် သခင်တို့၏ သခင်၊ ဘုရင်တို့၏ ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူ ရှိသော သူတို့သည် လည်း၊ ခေါ် တော်မူသောသူ၊ ရွေးချယ် တော်မူသောသူ၊ သစ္စာရှိသောသူ ဖြစ်ကြ၏။
ကမ္ဘာ့ အစိုးရနှင့် ဆယ်နိင်ငံများသည်၊ သိုးသငယ် တည်း ဟူသော၊ ယေရှုခရစ်ကို စစ်တိုက်ကြလိမ့်မည်။ ခရစ်တော်သည် ကောင်းကင် မှာရှိသောကြောင့်၊ လောလောဆယ်မတိုက်နိင်ကြသေး။ သို့သော် ခရစ်တာ် ဒုတိယအကြိမ် ကြွလာ သောအခါ တိုက်ခိုက် ကြလိမ့်မည်။ သူတို့ တီထွင်ထားသော၊ အနုမြူထိပ်ဖူးတပ်ထားသော ဒုံပျံများနှင့် တိုက်ကြပါလိမ့်မည်။ သို့သော် ခရစ်တော် ကနိင်မည့် အကြောင်း ကြိုတင် ဖေါ်ပြခဲ့ပြီး ပြီ။ ခရစ်တော်သည် တပါးတည်း မလာဘဲ ခေါ် တော်မူသောသူ၊ ရွေးချယ် တော်မူသော သူအများနှင့် လာကြလိမ့်မည်။ ထိုသူများသည် ကောင်းကင်တမန် များမဟုတ်ဘဲ၊ ယုံကြည်သူများချီဆောင်ခြင်း၌ ပါ၀င်သွားသော အသင်းတော် ဖြစ်မည်။

၁၅။ ယခုမြင်၍ ပြည် တန်ဆာထိုင်သော ရေကား၊ အသီးသီးဘာသာစကားကို ပြောသော၊ လူအမျိုးမျိုး အစုစု ဖြစ်သတည်း။
ပြည်တန်ဆာတည်း ဟူသော ကမ္ဘာ့ ဘာသာရေးသည်၊ ရေတည်း ဟူသော ဘာသာစကား အမျိုးမျိုး ပြောဆို သော၊ လူအမျိုးမျိုး ဖြစ်သည်။ ယခုအခါ ထိုကမ္ဘာ့ ဘာသာရေးသည်၊ ပေါင်းစည်းဘို့ရန် ကြိုးစား နေကြပြီ။ ခရစ်ယာန် ဘုန်းကြီး တရားဟောဆရာများလည်း လမ်းလဲွကာ၊ ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် ဟူသော နာမည်ဖြင့်၊ အခြားသော ဘာသာများနှင့် ရောနှောပေါင်းစည်း နေကြပြီ။ ထိုအရာသည် ဘုရား အမြင်၌၊ ပြည် တန်ဆာ ဖြစ်သောကြောင့်၊ စစ်မှန်သော ယုံကြည်သူများမပါ၀င်သင့်ချေ။

၁၆။ ယခုမြင်သော ချိုဆယ်ချောင်းနှင့်သားရဲသည်၊ ပြည် တန်ဆာကို မုန်း၍၊ သူ၏ စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏ အ၀တ်တန်ဆာကို ခဋ္ဌတ်၍၊ သူ၏ အသားကို ကိုက်စားလိမ့်မည်။ ၁ရ။ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုခြင်း ငှါ၎င်း၊ နှုတ်ကပတ်တော် မပြည့်စုံမှီတိုင်အောင် သဘောတူ၍၊ မိမိတို့ နိုင်ငံများကိုသားရဲ၌ အပ်ပေးခြင်း ငှါ၎င်း၊ ဘုရားသခင်သည် သူတို့၌ အကြံ ပေးတော်မူ၏။
ဘေးဒဏ်ကြီး ကာလ၌ အုပ်စိုးသော၊ ကမ္ဘာ့ ခေါင်းဆောင် အန္တီ ခရစ်နှင့်၊ သူ့လက်အောက်မှာဆယ်နိင်ငံအုပ်စိုးသော ခေါင်းဆောင် များသည်၊ ပြည် တန်ဆာတည်း ဟူသော ကမ္ဘာ့ ဘာသာရေးနှင့်၊ ဖက်လဲှတကင်း ဖြစ်၍ သူ၏ အထောက်အပံ့ကို ယူခဲ့သော်လည်း၊ နောက်ဆုံး၌ သူတို့သည် ထိုဘာသာရေးကို မုန်း၍၊ ဖျက်ဆီးကြလိမ့်မည်။ အိမ်ဆောက်ပြီးလျှင် ညမ်းဖျက်ရသည် မဟုတ်လော။ နိင်ငံရေးခေါင်းဆောင် များသည်၊ သူတို့၏ အာဏာကို ခိုင်မြဲစွာ ဆုတ်ကိုင်ထားပြီး သောကြောင့် ဖြစ်စေ၊ ဘာသာရေးကစွပ်ဖက်မှု လုပ်သောကြောင့် ဖြစ်စေ၊ မနှစ်သက်တော့သောကြောင့် ဖျက်ဆီးခြင်း ဖြစ်မည်။ သူ၏ အ၀တ်တန်ဆာကို ခွျတ်၍၊ အသား ကိုက်စားမည်ဟုဆိုခြင်းသည်၊ ထိုဘာသာ၏ လွှမ်းမိုးမှုကို ဖျက်၍ သူ၏ ချမ်းသာ သမျှကို သိမ်းယူမည်။ သူ၏ကိုယ်ကိုလည်း မီးရှို့ခြင်း ဆိုသည်မှာ၊ မီးလောင်ပြီးလျှင် ဘာမျှမကျန်၊ အမှတ်အသား မရှိတော့ခြင်းကို ဆိုလိုသည်။ ထိုဘာသာရေးကို ဘုရား ကဖျက်ဆီးခြင်း မဟုတ်ချေ။ ဖျက်ဆီးဘို့ရန် ကမ္ဘာ့ ခေါင်းဆောင်များကို၊ ဘုရားသခင်က အကြံပေးသည်ဟုဆိုသည်။ ဘေးဒဏ်ကြီး ကာလ၌ စာတန်သည် သူကြိုက်နှစ်သက် သကဲ့သို့ ကမ္ဘာကြီးကို ချယ်လှယ်သော်လည်း၊ အရာခပ်သိမ်းကို ဖန်ဆင်းပိုင်သအုပ်စိုး တော်မူသော ဘုရားသခင်၏ တန်ခိုး၊ အာဏာသည် မကုန်၊ မလွန်ဆန်နိင်ကြောင်း တွေ့ရသည်။ အရာခပ်သိမ်းသည် ဘုရားသခင်၏ အကြံတော် အတိုင်း ဖြစ်မည်။

၁၈။ ယခုမြင်သော မိန်းမသည် လည်း၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီး ဖြစ်သတည်း ဟု၊ ကောင်းကင်တမန် ပြောဆို၏။
ယခုမြင်သော မိန်းမသည်၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီး ဖြစ်သည်ဟုဆိုသည်။ သို့ဖြစ်လျှင် မည်သည့်မြို့ ဖြစ်မည်နည်း။ လောကီရှင်ဘုရင်တို့သည်၊ ဇာတိအားဖြင့်၊ မည်သူ၏ အုပ်စိုးခြင်းကို မျှမခံလိုကြချေ။ သို့သော် သူတို့ကို အုပ်စိုးနိင်သော သူသည်၊ စာတန်၏ ၀ိညာဥ် ဖြစ်သည်။ စာတန်၏ ၀ိညာဥ်အုပ်စိုးသော နေရာ၌၊ ဒုစရိုက်ပေါများသည်။ ထို့ကြောင့် လူနည်းသော ရွာများ မှာထက် လူများသော မြို့ကြီးများ၌၊ အပြစ် ဒုစရိုက်ပေါများ တတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌လောကီရှင်ဘုရင်တို့ကို အုပ်စိုးနိင်သူသည် စာတန်၏ ၀ိညာဥ် ဖြစ်မည်။ မြို့သည် အဆောက်အဦးများ အဓိက မဟုတ်၊ လူများ အဓိက ဖြစ်သည်။ ထိုလူများကို အုပ်စိုးသူသည် စာတန် ဖြစ်သည်။

ဗျာ ၁ရ မေးခွန်းများ

၁။ လူအမြင်၌ ပြည် တန်ဆာသည် --------------------------------- ဖြစ်သည်။ ဘုရား အမြင်၌ ပြည် တန်ဆာသည် --------------------------------၏ ဖြစ်သည်။
၂။ ဣသရေလ လူများသည် ဘာများနှင့် ပြည် တန်ဆာလုပ်ကြသနည်း။ ---------------------------------
၃။ ဘေးဒဏ်ကြီး ကာလ၌ ရှိမည့် ပြည် တန်ဆာသည် မည်သူနည်း။ ---------------------------------
၄။ ဘေးဒဏ်ကြီး ကာလ၌ မည်သူကိုကိုး ကွယ်ကြမည်နည်း။ -------------------------------မည်သူကကိုး ကွယ်ခိုင်းမည်နည်း။ ----------------
၅။ လောကီဘုရင်များသည် ပြည် တန်ဆာကြီးနှင့် မည်ကဲ့သို့ မတရားသော မေထုန်ကို ပြုသနည်း။ -------------------------------
၆။ အဘယ်ကြောင့်နိင်ရေးသမားများသည်၊ ဘာသာရေးကို အသုံးပြုအားကိုး တတ်ကြသနည်း။ -------------------------------
ရ။ ပြည် တန်ဆာကြီးနှင့် မတရားသော မေထုန်ကို ခေါင်းဆောင်များသာမကမည်သူတို့ကလည်း ပြုကြသနည်း။ -------------------------------
၈။ မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြခြင်းသည် ဘာကို ဆိုလိုသနည်း။ -------------------------------
၉။ ထာ၀ရ ဘုရား၏ မိန်းမသည် မည်သူနည်း။ -------------------------------
၁၀။ သားတော် ဘုရား၏ သတို့သမီး လောင်းသည် မည်သူနည်း။ -------------------------------
၁၁။သားရဲနီ အပေါ်မှာ ထိုင်သော မိန်းမသည် မည်သူ ဖြစ်သနည်း။ -------------------------------
၁၂။ မိန်းမများသည် ဘာကို တပ်မက်တတ်ကြသနည်း။ -------------------------------
၁၃။ ယနေ့ အသင်းတော် အတုများလည်း ဘာကို နှစ်သက်ကြသနည်း။ -------------------------------
၁၄။ ဘေးဒဏ်ကြီး ကာလ၌ ရှိမည့် ဘာသာရေးလည်း ဘာကို ဦးစားပေးမည်နည်း။ -------------------------------
၁၅။ စပျစ်ရည်သောက်လျှင် ဘာ ဖြစ်သနည်း။ -------------------------------
၁၆။ ရွှေဖလားထဲ၌ ရုပ်တု၊ ဘုရား တုကိုး ကွယ်ခြင်းနှင့် ပြည့်၍ သောက်လျှင် ဘာ ဖြစ်မည်နည်း။ -------------------------------
၁ရ။ မည်သည့်ဘာသာ၌ သူတို့၏ ဘုန်းကြီးများဟောသောအရာ ကို၊ နားမလည်နိင်ကြသနည်း။ -------------------------------အဘယ်ကြောင့် မသိနိင်သော ဘာသာသုံးသနည်း။ --------------------------------------------------------------
၁၈။ အခြားဘုရားကိုး ကွယ်ခြင်းသည် ဘယ်မြို့မှစတင်ခဲ့သနည်း။ -------------------------------
၁၉။ ပြည် တန်ဆာတို့၏ အမိဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ --------------------------------------------------------------
၂၀။ ဘုရား အတွက် ရွံစရာ အကောင်းဆုံးသော အပြစ်သည် အဘယ်အရာနည်း။ -------------------------------
၂၁။ ဘေးဒဏ်ကြီး ကာလ၌ ရှိမည့် ဘာသာသည် ချမ်းသာ ကြွယ်၀မည်လော။ မည်ကဲ့သို့ သိနိင်သနည်း။ --------------------------------------------------------------
၂၂။ မိန်းမသည် ဘာနှင့် ယစ်မူးသနည်း။ --------------------------------------------------------------
၂၃။ မိန်းမစီးသောသားရဲသည် မည်သူနည်း။ --------------------------------------------------------------
၂၄။ စာတန် အုပ်စိုးသောသားရဲ၊ အန္တီ ခရစ်ကို အသက် စာစောင်ထဲ၌ စာရင်မ၀င်သော မြေကြီး သားများကမြင် သောအခါ အဘယ်ကြောင့်အံ့ဩ ကြသနည်း။ -------------------
၂၅။ သမ္မာတရား နားမလည်သော သူများ လည်း၊ မည်သူတို့ကို နောက်လိုက် နေကြသနည်း။ -------------------------------
၂၆။ တောင်ခုနှစ်လုံးသည် ဘာ ဖြစ်မည်နည်း။ --------------------------------------------------------------
၂ရ။ တောင်ခုနှစ်လုံး အပေါ်မှာ မိန်းမထိုင်ခြင်းသည် ဘာကို ဆိုုိလိုသနည်း။ --------------------------------------------------------------
၂၈။ ရှိပြီးသော အင်ပိုင်ယာငါးပါးသည် --------------------------------------------------------------တို့ ဖြစ်သည်။ ဖြစ်ဆဲသည် ------------------------------- ဖြစ်သည်။ ဖြစ်ဦးမည့် အင်ပိုင်ယာသည်
-------------------------------------------------------------- ဖြစ်သည်။
၂၉။ ရှင်ဘုရင်နှင့် အင်ပိုင်ယာများ၌ အုပ်စိုးသော သူသည် ------------------------- ဖြစ်သည်။
၃၀။ အန္တီ ခရစ်နှင့်အတူ မည်သူတို့ အာဏာရရှိလိမ့်မည်နည်း။ ------------------------------ သူတို့၏ အာဏာကို မည်သို့ ထံအပ်နှံလိမ့်မည်နည်း။ ------------------------------
၃၁။ ယနေ့ ဘာသာရေး၊ စီးပွားရေးနှင့် နိင်ငံရေးတို့သည်၊ ဘာလုပ်ဘို့ ကြိုးစား နေကြသလဲ။ ------------------------------
၃၂။ ကမ္ဘာ့ ခေါင်းဆောင် များသည် မည်သူကို စစ်တိုက်ကြမည်နည်း။ ------------------------------မည်သူကနိင်မည်နည်း။ ------------------------------
၃၃။ ခရစ်တော်သည် ကြွလာ သောအခါ မည်သူတို့ ပါ၀င်မည်နည်း။ ------------------------------
၃၄။ ပြည် တန်ထိုင်သော ရေသည်မည် သူများ ဖြစ်သနည်း။ ------------------------------
၃၅။ ဘာသာရေးရောနှောခြင်းသည် ကောင်းပါသလော။ အဘယ်ကြောင့်နည်း။ ------------------------------
၃၆။ အဘယ်ကြောင့်ကမ္ဘာ့ ခေါင်းဆောင်များက၊ ဘာသာရေးကို ဖျက်ဆီးကြသနည်း။ ------------------------------
၃ရ။ သူ၏ အ၀တ်တန်ဆာကို ခွျတ်၍၊ အသား ကိုက်စားမည်ဟုဆိုခြင်းသည် ဘာကို ဆိုလိုခြင်း ဖြစ်သနည်း။ ------------------------------
၃၈။ သူ၏ကိုယ်ကိုလည်း မီးရှို့ခြင်း ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ------------------------------
၃၉။ မြို့ရွာများကို မည်သူကအုပ်စိုးသနည်း။ ------------------------------
၄၀။ မြို့နှင့် ရွာ၌ မည်သည့်နေရာတွင် အပြစ် ပိုများ တတ်သနည်း။ ------------------------------

.

ဗျာဒိတ်ကျမ်း ၁၈

စီးပွားရေးဗာဗုလုန်ပျက်စီးခြင်း

ဗျာ ၁ရ ၌ ဘာသာရေးဗာဗုလုန်ပျက်စီးခြင်း တွေ့ခဲ့ရပြီ။ ယခု ဗျာ ၁၈ ၌ စီးပွားရေးဗာဗုလုန်ပျက်စီးခြင်းကို လေ့လာကြမှာ ဖြစ်သည်။
၁။ ထိုနောက်မှ ကောင်းကင်တမန် တပါးသည်၊ ကြီးစွာသော တန်ခိုးနှင့် ပြည့်စုံ၍၊ ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီး ထွန်းလင်းလျက် ရှိ၏။
သန့်ရှင်းသော ၀ိညာဥ်တော် ခေတ်၊ အသင်းတော် ခေတ်တွင် ကောင်းကင်တမန် များသည် မတွေ့ရသလောက်နည်းပါးသော်လည်း၊ ဘေးဒဏ််ကြီး ကာလတွင် ကောင်းကင်တမန် များသည်၊ အဓိကအခန်းကဏ္ဍမှပါ၀င် ကြသည်။ သူတို့သည် ဘုရား မဟုတ်သော်လည်း၊ ဘုရားနှင့် အလွန် နီးသောကြောင့် ထွန်းလင်း ကြသည်။ မောရှေလည်း မျက်နှာထွန်းလင်းသောကြောင့်၊ သူ၏ မျက်နှာကို ပု၀ါနှင့် ဖုံးအုပ်ထားဘို့ လိုခဲ့သည် (ထွက် ၃၄:၃၅)။ အထက်ပါ ကောင်းကင်တမန် ဆင်းသက် သောအခါ၊ လောက သားများအတွက် အံ့ဩဘွယ် ဖြစ်မည်။ သူ့ကို လူတိုင်း ကမြင်နိင်မည်။

၂။ သူသည် ကျယ်သော အသံနှင့် ​ေကြးကြော်၍။ ဗာဗုလုန်မြို့ကြီး ဗြုလဲပြီ၊ ဗြုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေပြီ။ ညစ်ညူးသော ၀ိညာဥ်မျိုး၏တွင်း ဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။
ဗျာ ၁ရ:၅ ၌လည်း ဗာဗုလုန်မြို့ကြီး ပျက်ဆီး ခဲ့ကြောင်း တွေ့ရသည်။ ထိုဗာဗုလုန်သည် ဘာသာရေးဗာဗုလုန် ဖြစ်သည်။ ယခုပြုိလဲသော ဗာဗုလုန်သည် စီးပွားရေးဗာဗုလုန် ဖြစ်သည်။ ထိုဗာဗုလုန်သည် ဘေးဒဏ်ကြီး ကာလ၌ တည်ဆောက်မည့် မြို့လော၊ သို့မဟုတ် ဘယ်မြို့ကို ဆိုလိုသနည်း။ မည်သူမျှအတိအကျ မသိနိင်ပါ။ ထိုမြို့သည် မြို့တမြို့တည်းလော၊ သို့မဟုတ် အခြားအရာကို ဆိုလိုသလော၊ ဟူသောအရာ လည်းရှင်းလင်းစွာ မသိနိင်ပါ။ ထိုအရာသည် ကမ္ဘာဦး၁၁ ထဲ၌ တည်ဆောက်သော ဗာဗုလုန်မြို့နှင့် ဆက်စပ်မှု ရှိပေမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ၊ " ဘုရားသခင်သည် မိမိ ပုံသဏ္ဍာန်နှင့် အညီလူကို ဖန်ဆင်း တော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် အညီလူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်၊ အချင်းတို့၊ များပြားစွာ မွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။" (က ၁:၂ ရ- ၂၈) ဟူသောအရာ ဖြစ်သည်။ မြေကြီးကို ပြည့်စေရမည်။ သို့သော် လူသည် မြို့ကြီးများ၌ ပြုတ်သိပ်နေအောင် နေထိုင်ကြကာ၊ ဒုစရိုက်အပြစ် ပေါများခြင်း ဖြစ်သည်။

ဗာဗုလုန်မြို့ဟု ခေါ်သော မြို့သည် ပြိုလဲ၍ နတ်ဆိုးများ၊ ညစ်ညူးသော ၀ိညာဥ်များ၏တွင်း ဖြစ်လေပြီ။ ယခုပင်လျှင် မြို့ကြီးများ၌ တောရွာထက် နတ်ဆိုးများ၊ ၀ိညာဥ်ဆိုးများ ကြီး စိုးသောကြောင့် အပြစ် ဒုစရိုက်ပေါများခြင်း ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလတွင် ပို၍ နတ်ဆိုး၀ိညာဥ်ဆိုးများ ပို၍ ပေါများသောင်းကြမ်းကြမှာ ဖြစ်သည်။

၃။ အကြောင်းမူကား၊ လူမျိုး အပေါင်းတို့သည်၊ သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်း ဟူသော၊ စပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည်၊ မတရားသော မေထုန်ကို သူနှင့် ပြုကြပြီ။ လောကီကုန်သည် တို့သည်၊ သူ၏ ကာမဂုဏ် စည်းစိမ်ကြယ်၀ခြင်း အားဖြင့်၊ ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။
ဗာဗုလုန်မြို့ပြိုလဲခြင်းသည် မတရားသော မေထုန်ကြောင့် ဖြစ်သည်။ ဘုရား အမြင်၌ မတရားသော မေထုန်ပြုခြင်းသည် အခြားဘုရားကို ကိုး ကွယ်ခြင်း၊ ထာ၀ရ ဘုရားထက် အခြားအရာတည်း ဟူသော နိင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး၊ ပညာရေး၊ ပျော်ရွှင်ရေး၊ များကို ဦးစားပေးခြင်း ဖြစ်သည်။ လောကီကုန်သည်များချမ်းသာသော သူများသည် ထိုအရာများကို ရှာဖွေခြင်းဖြင့် ကာမဂုဏ် စည်းစိမ်ကို ခံစား ကြသည်။ ထိုအရာများသည် အဆိပ်အတောက်များ ဖြစ်သည်။

၄။ အခြားသော ကောင်းကင် အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏ အပြစ် တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ် အံ့သောငှါ၊ သူ၏ အထဲကထွက်ကြလော့။
ကောင်းကင်တမန် ကထိုဗာဗုလုန်မြို့ထဲမှ ထွက်သွားဘို့ ဘုရား၏ လူများကို အကြံပေးသည်။ အဘယ်ကြောင့်ထိုသို့ အကြံပေးသနည်းဟူမူကား၊ တရားစီရင်ခြင်း ခံရတော့မှာ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုသို့ အကြံပေးခြင်းသည် ရှေးပရောဖက်များကလည်း ဤသို့ ရေးသား ကြသည်။

"ထွက်ကြ၊၊ ထွက်ကြ၊၊ ထိုအရပ်မှ ထွက်သွားကြလော့၊၊ မစင်ကြယ်သောအရာ ကို လက်နှင့် မျှမတို့ ကြနှင့်၊၊ ထိုအရပ်ထဲကထွက်သွားကြလော့၊၊ ထာ၀ရ ဘုရား၏ အဆောက်အဦးတို့ကို ဆောင်ရွက်သော သူတို့၊ သန့်ရှင်းခြင်းရှိကြလော့၊၊ သင်တို့သည် အလျင် အမြန် မထွက်ရကြ၊၊ ပြေး၍ မသွားရကြ၊၊ ထာ၀ရ ဘုရားသည် သင်တို့ ရှေ့၌ ကြ တော်မူ မည်၊၊ နောက်၌လည်း ဣသရေလ အမျိုး၏ ဘုရားသခင်သည် သင်တို့ အကွယ်အကာ ဖြစ်တော်မူ မည်၊၊ " (ဟေရှာယ ၅၂:၁၁-၁၂)

"ဗာဗုလုန်မြို့ထဲကပြေးကြလော့။ ခါလဒဲပြည်မှ ထွက်သွားကြလော။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ ပြုကြလော့။ အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသော တိုင်းနိုင်ငံသား အစုအဝေးကို ငါနိုးဆော်၍၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့မည်။" (ယေရမိ ၅၀:၈-၉)

"ငါ၏ လူတို့၊ ဗာဗုလုန်မြို့ထဲကထွက်ကြလော့။ ထာ၀ရ ဘုရား၏ ပြင်းစွာသော အမျက်တော် မှအသီးသီးကိုယ်အသက်ကို ကယ်နှုတ်ကြလော့။" (ယေရမိ ၅၁:၄၅)

"မယုံကြည်သော သူတို့နှင့် တဲွဘက်၍ ဆန့်ကျင် ဘက် ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသော အမှုသည် မတရားသော အမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သော သူသည် မယုံကြည်သော သူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း။" (၂ ကော ၆:၁၄-၁၅)။

၅။ သူ၏ အပြစ် တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည် ဖြစ်၍၊ သူ၏ မတရားသောအမှု တို့ကို ဘုရားသခင် သတိရ တော်မူပြီ။
မြေကြီးသား အပြစ်သည် ကောင်းကင် တိုင်အောင် ရောက်တတ်ကြောင်း ဤသို့ တွေ့ရသည်။ "ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကို ခေါ်၍၊ လယ်သို့ ရောက် သောအခါ၊ ညီအာဗေလကို ရန်ဘက်ပြု၍ သတ်လေ၏။ ထာ၀ရ ဘုရား ကလည်း၊ သင့်ညီအာဗေလသည် အဘယ်မှာ ရှိသနည်းဟု၊ ကာဣနကို မေးတော်မူလျှင်၊ အ​ကျွန်ုပ် မသိပါ။ အ​ကျွန်ုပ်သည် ညီကို စောင့်ရသောသူ ဖြစ်ပါသလောဟု လျှောက်ဆို၏။ ဘုရားသခင်က လည်း၊ သင်သည် အဘယ်သို့ ပြုပြီး သနည်း။ သင့်ညီအသွေး၏ အသံသည် မြေထဲကငါ့ကို အော်ဟစ်လျက် ရှိသည် တကား။" (က ၄:၈-၁၀)။ "ထာ၀ရ ဘုရားက၊ သော ဒံုမြို့၊ ဂေါမောရမြို့၌ ​ေကြးကြော်သော အသံသည် ကြီး၍၊ အလွန် အပြစ် လေးသောကြောင့်၊ ယခုငါသွား၍ ငါ့ရှေ့သို့ ရောက်ခဲ့ပြီးသော ​ေကြးကြော်ခြင်းရှိသည် အတိုင်း၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည်ဟု မိန့်တော်မူ၏။" (က ၁၈:၂၀- ၂၁)

၆။ သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည် နည်းတူသူ၌ ဆပ်ပေးကြလော့။ သူ၏ အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဘို့ နှစ်ဆတိုး၍လောင်းကြလော့။
ဗာဗုလုန်မြို့ အပေါ်နှစ်ဆသော အပြစ်ကို ဆပ်ဘို့ ပြောထားသည်။ ကျမ်းစာက၊ "အလဲွမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင် ပြုခြင်းကို ခံတော် မမူ။ လူသည် မျိုးစေ့ကြဲသည် အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။" (ဂလာ ၆:ရ) ဟုဆိုသည်။ တဖန်၊ " ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ် ပေးတော်မူ လတ့ံ။" (ရော ၂:၆) ဟုဆိုသည်။ " လူသားသည် မိမိ အဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြလာ တော်မူ လတံ့။ ထိုအခါ လူအသီးအသီးကျင့်သော အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ် ပေးတော်မူ လတံ့။" (မ ၁၆:၂ရ)။ ထို့ကြောင့် လူတိုင်း မိမိတို့ ပြုသော အကျင့်တို့ကို သတိထားဘို့ လိုသည်။ သို့သော် ခရစ်တော် ယုံကြည်သူများမူကား အပြစ် အတွက် ကြောက်စရာ မလိုတော့ချေ။ ယုံကြည် ပြီးမှအပြစ် ကျူးလွန် ပါကအသက် ရှင်စဥ်ဆုံးမခြင်း ခံရမှာ ဖြစ်သည်။ အထက်ပါ အပြစ် အတွက် နှစ်ဆခံခြင်းသည်၊ မယုံကြည်သူများအတွက် ဖြစ်သည်။

ရ။ သူသည်ကိုယ်ကို ချီးမြောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည် အတိုင်း သူ၌ ပြင်းစွာသော ဆုံးမခြင်း၊ စိတ်မသာညည်းတွားခြင်းကို ဖြစ်စေကြလော့။ ငါကား မိဘုရား ဖြစ်၏။ မုတ်ဆိုးမ မဟုတ်။ စိတ်မသာညည်းတွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ်၏။ ၈။ ထိုကြောင့်၊ သူခံရသော သေခြင်း ဘေး၊ စိတ်မသာညည်းတွားခြင်း ဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များ တို့နှင့် တနေ့ချင်းတွင် တွေ့၍၊ မီးဖြင့်လည်း ​ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင် တော်မူသော ထာ၀ရ အရှင် ဘုရားသခင်သည် ခွန်အား ဗလကြီး တော်မူ၏။
ဤနေရာ၌ ဗာဗုလုန်မြို့ကို မုတ်ဆိုးမ မဟုတ်၊ မိဘုရားဟု သူ့ကိုယ်သူခေါ်သည်။ ဆိုလိုသည် မှာ စာတန်၏ မိန်းမ၊ စာတန် ကောင်းကြီး ပေးခံရခြင်းကို ဆိုလိုခြင်း ဖြစ်မည်။ ဘုရားသခင်ကို အလိုမရှိ၊ ဂရုလည်း မစိုက်။ သို့သော် ဘုရားသခင်သည် သူ့ကို စီရင်နိင်သော တန်ခိုးခွန်အား ဗလကြီးသည်။ လောက သူဌေးများသည် သူတို့ ယပိုင်ဆိုင်သော ဥစ္စာများကြောင့် မာန်မာနကြီး တတ်ကြသည် မဟုတ်လော။

၉။ မတရားသော မေထုန်ကို သူနှင့် ပြု၍ ကာမဂုဏ်၌ ပျော်မွေ့သောလောကီရှင်ဘုရင်တို့သည်၊ သူ​ကျွမ်းလောင်ရာမီးခိုးကို မြင် သောအခါ၊ ၁၀။ သူခံရသော ညှဥ်းဆဲခြင်း ဝေဒနာကို ကြောက််၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း။ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည် တနာရီခြင်းတွင် အပြစ် စီရင်ခြင်းသို့ ရောက်ပါပြီတကား ဟူ၍ သူ့ကြောင့်ငို​ေကြးမြည်တမ်းကြလိမ့်မည်။
အခန်းကြီး ၁ ရတွင် ဘာသာရေးဗာဗုလုန်ကို၊ လောကီရှင်ဘုရင်များကိုယ်တိုင်ကမုန်း၍၊ သတ်ဖြတ်စီရင်ခဲ့ကြောင်း တွေ့ခဲ့ရပြီ။ သို့သော် ဤစီးပွားရေးဗာဗုလုန်ကို ဘုရားသခင်က စီရင်သည်။ ထိုသို့ စီရင်ခြင်းကိုလောကီရှင်ဘုရင်တို့သည် နှမျော တသ နေကြသည်။ အဘယ်ကြောင့်နည်း။ အုပ်စိုး သူများလည်း စာတန် ပိုင်သော၊ လောကီဥစ္စာများကို တပ်မက်သောကြောင့် ဖြစ်သည်။ ဘာသာရေးကို အလိုမရှိသော်လည်း၊ စီးပွားရေးမူအလွန် နှမျော ကြသည်။ ထိုမြို့ကြီးသည် အလျှင် အမြန် တနာရီ အတွင်း တွင် အပြစ် စီရင်ခြင်းကို ခံကြောင်း တွေ့ရသည်။ ထိုသို့ ခဏချင်းတွင် ပျက်စီးနိင်သော ဤလောက ပစ္စည်းများကို တပ်မက်၍ အချိန်၊ စွမ်းအား မကုန်စေကြစို့နှင့်။

၁၁။ လောကီကုန်သည် တို့သည် ထိုအတူ ငို​ေကြး၍ စိတ်မသာညည်းတွားကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊ ၁၂။ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ ပုလဲ၊ ပိတ်ချော၊ ကတ္တီပါ၊ ဖဲ၊ ပုဆိုးနီ၊ အမျိုးမျိုးသော သွိန်သစ်သား၊ အမျိုးမျိုးသော ဆင်စွယ်တန်ဆာ၊ အမျိုးမျိုးသော သစ်ကောင်းတန်ဆာ၊ ​ကြေး၀ါတန်ဆာ၊ သံတံဆာ၊ ကျောက်ဖြူတံဆာ၊ ၁၃။ သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျံုဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံ​ကျွန်၊ လူ၀ိညာဥ်တို့ကို အဘယ်သူ မျှနောက်တဖန် မ၀ယ်ရ။
ဗာဗုန်လုန်မြို့ကြီးသည်၊ လောကီကုန်သည် များ၏ ဖေါက်သည် ဖြစ်သောကြောင့်၊ ဘုရားသခင်၏ စီရင်ခြင်း ခံရ သောအခါ၊ နှမျှော် ကြခြင်း ဖြစ်သည်။ သူတို့ ကုန်သွယ်သော ပစ္စည်းများ အထက်၌ ဖေါ်ပြထားသည်။ ထိုအရာများသည် ရှေးခေတ်၌ ရှိသော ကုန်များ ဖြစ်၍၊ ယခုခေတ်တွင် ထို့ထက်များသော ကုန်များ ကုန်သွယ်ကြမှာ ဖြစ်သည်။ ဤစီးပွားရေးဗာဗုလုန်သည်၊ တကမ္ဘာလုံးနှင့် စီးပွားကုန်သွယ်သော၊ အမေရိကန်ပြည် ထောင်စု ဖြစ်လိမ့်မည်ဟု၊ အချို့သော သူများ ကယူဆ ကြသည်။ ဖြစ်လည်း ဖြစ်နိင်သည်။ သို့သော် ဖြစ်သည်ဟု ပြော၍ မရပါ။ အချို့သော သူများ ကရေနံအားဖြင့် ကြွယ်၀ချမ်းသာ သော၊ ဆော်ဒီအရဗျနိင်ငံ ဖြစ်မည်၊ ဟုဆိုသည်။ ထိုအရာလည်း မသေချာပါ။

၁၄။ သင်သည် အလွန် တပ်မက်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ။ ဆူဖြိုးးသောအရာ၊ တင့်တယ်သောအရာ ရှိသမျှ တို့လည်း ပျောက်ကုန်ပြီ။ နောက်တဖန် မတွေ့ရ။ ၁၅။ သူ့ကို အမှီပြု၍ ထိုအရာများကို ရောင်း၀ယ်သဖြင့်၊ ငွေရတတ်သော ကုန်သည် တို့သည် သူခံရသော ညှဥ်းဆဲခြင်း ဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ၁၆၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အ၀တ်နီ၊ အ၀တ်မောင်းကို ၀တ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သော မြို့ကြီး၊ ၁၇ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တနာရီခြင်းတွင် ပျက်ဆီး ပါပြီတကားဟု ငို​ေကြး၍ စိတ်မသာညည်းတွားကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီး၊ အရပ်ရပ်သို့ လွှင့်ကူးတတ်သောသူ အပေါင်းတို့နှင့် သင်္ဘောသား၊ ပင်လယ်ကုန်သည် ရှိသမျှ တို့သည် အဝေးကရပ်၍၊ ၁၈ သူ​ကျွမ်းလောင်ရာမီးခိုးကို မြင်လျှင် ထိုမြို့နှင့် အဘယ်မြို့တူသနည်းဟူ၍၎င်း၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူးသော သင်္ဘောကို ပိုင်သောသူ အပေါင်းတို့ အားကိုယ်စည်းစိမ်ကို ပေး၍ ငွေရတတ်စေသော မြို့ကြီး၊ တနာရီခြင်းတွင် ပျက်ဆီး ပါပြီတကားဟု၍၎င်းအော်ဟစ်လျက် မြေမှု န့်ကို မိမိတို့ ခေါင်းပေါ်မှာ ပစ်တင်လျက် ငို​ေကြး၍ စိတ်မသာညည်းတွားကြလိမ့်မည်။
အထက်ပါ ကဲ့သို့ လောက ပစ္စည်းများသည် ချက်ချင်း ပျောက်ကွယ်နိင်သောကြောင့် ထိုအရာများကို မစွဲလမ်းသင့်ချေ။ ကျမ်းစာက၊ "လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သော သူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်း မေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်း ဟူသောကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ၀ါကြွားခြင်း တို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့် သာစပ်ဆိုင်ကြ၏။ လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။" (၁ ယော ၂:၁၅-၁ရ)။ ယခုမှစ၍လောက အရာများအတွက် အချိန်၊ စွမ်းအား၊ ဘဏ္ဍာများကို လိုအပ်သည်ထက် အသုံးမပြု၊ မရင်းနှီးဘို့ ဆုံးဖြတ်ပါ။ ထိုအရာများထက် ထာ၀ရ တည်မြဲသော ကောင်းကင် အရာ၊ ၀ိညာဥ်ရေးရာအတွက် အချိန်၊ ဘဏ္ဍာ၊ စွမ်းအား များကို စိုက်ထုတ်ပါ။ လုံး၀နောင်တ ရမည် မဟုတ်။ ဗာဗုလုန်မြို့ပျက် သောအခါလောကသား များသည် အလွန် နှမျှော်၍ ခံစား ကြသည်။ အကြောင်းမှာ ထို့ထက် ကောင်းသော ကောင်းကင် အရာကို မသိသောကြောင့် ဖြစ်သည်။

၂၀။ ကောင်းကင် မှစ၍ သန့်ရှင်းသူတမန်တော် ပရောဖက်တို့၊ သူ့ကို ကြည့်ရှု၍ ၀မ်းမြောက်ကြလော့၊ ဘုရားသခင်သည် သင်တို့ ဘက်၌ နေ၍၊ သူ့ကို တရားစီရင် တော်မူ ပြီဟု ပြောဆိုသည်ကို ငါကြား၏။
ဗာဗုလုန်မြို့ကြီး ဖျက်ဆီး သောအခါ၊ အဘယ်ကြောင့်ကောင်းကင် မှစ၍၊ သန့်ရှင်းသူတမန်တော်များ၊ ၀မ်းမြောက်ဘို့ ပြောသနည်းဟူမူကား၊ ဘုရား ဖန်ဆင်းသော ဤလောကကို၊ စာတန် ကအုပ်စိုးသောကြောင့် ညစ်ညူးသည်။ ခရစ်တော်ကိုယ်တိုင်ဤလောကသို့ ကြွလာခဲ့စဥ်၊ သူ့ကို လက်မခံခဲ့ကြချေ။ "ထိုသူသည် ဤလောက၌ ရှိတော်မူ ပြီ။ ဤလောက ကိုလည်း ဖန်ဆင်း တော်မူ ပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကို မသိ။ ၁၁ သူသည် မိမိ ​ေဒသအရပ်သို့ ကြလာသော်လည်း၊ မိမိ လူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏။" (ယော ၁:၁၀- ၁၁) တမန်တော်များပရောဖက်များလည်း၊ လောကကို ချစ်သော သူများက၊ ညှင်းဆဲသတ်ဖြတ်ခဲ့သည်။ သူတို့ ညှင်းဆဲသတ်ဖြတ်ခြင်း ခံခဲ့စဥ်က ဘုရားသခင်သည် မရှိ သကဲ့သို့ သူ၏ လူများကို မကူညီအကာကွယ်ခဲ့သော်လည်း၊ ယခုအခါ တရားစီရင်ပြီ ဖြစ်သောကြောင့် ၀မ်းမြောက်ခိုင်းခြင်း ဖြစ်သည်။

၂၁။ ခွန်အားကြီးသော ကောင်းကင်တမန် တပါးသည်၊ ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို၊ ချီယူ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ်၍ နောက်တဖန် မပေါ်မရှိရ။
ဗာဗုလုန်မြို့ကြီး တရားစီရင်ခြင်းကို ပင်လယ်ထဲ၌ ကြိတ်ဆုံကျောက်ချပစ် သကဲ့သို့ ခိုင်းနှိုင်းထားသည်။ သူငယ်တယောက်ကို လမ်းလွှဲစေသူလည်း ထို့နည်းတူတရားစီရင်သင့်ကြောင်း ယေရှုခရစ် ကပြောခဲ့ဘူးသည် (မ ၁၈:၆ လု ၁ရ:၂၊ မာ ၉:၄၂)။ ဆိုလိုသည် မှာလုံး၀ရေပေါ်၌ မပေါ်နိင်အောင် ဖြစ်သည်။ ဘုရားသခင်သည် မည်မျှခံစား သနည်းဟူသောအရာ ကို သိနိင်သည်။

၂၂။ စောင်းသမား၊ အငြိမ့်သမား၊ ပလွေသမား၊ တံပိုးသမားများ တီးမှုတ်သော အသံလည်း သင့်အထဲ၌ နောက်တဖန် မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမားတို့ တွင်၊ တယောက် မျှသင့်အထဲ၌ နောက်တဖန် မပေါ်မရှိရ၊ }ကိတ်ဆုံသံလည်း သင့်အထဲ၌ နောက်တဖန် မမြည်ရ။
တိုင်တဲနစ်သင်္ဘောနစ် သောအခါ ဆူညံစွာ ကကုန်တီးမှုတ်ခဲ့သောအရာ များ တိတ်ဆိတ်သွားခဲ့သည်။ ထို့နည်းတူဗာဗုလုန်မြို့ကြီး ပျက်စီး သောအခါ၌လည်း ဖြစ်မည်။ ယခုအခါ ဤလောကသည် ဘုရား မပါဘဲ မိမိတို့ စိတ်ကြိုက်ဆူညံစွာ ပျော်မြူး နေကြသည်။ လူတိုင်း သမ္မာတရား ဟောသောအရာ ကို နားမထောင်ချင် ကြသော်လည်း၊ သီချင်းများ မူအချိန် တိုင်း နားထောင် နေကြသည်။ သို့သော် တနေ့ထိုအရာများ တိတ်ဆိတ်သွားမှာ ဖြစ်သည်။ အမျိုးမျိုးသော အလုပ်ကို လုပ်ကိုင်၍ ဗျာများ နေကြကာ၊ ဘုရား တရားမှန်း မသိကြသော်လည်း၊ တနေ့အားလုံးရပ်တန့်သွားကြမှာ ဖြစ်သည်။

၂၃။ ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင်သတို့သား သတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တဖန် မကြားရ။ အကြောင်းမူကား၊ လောကီမªးမတ်တို့သည် သင်၏ ကုန်သည် ဖြစ်ကြပြီ၊ လူအမျိုးမျိုး တို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြပြီဟု ကောင်းကင်တမန် ပြောဆို၏။
ဆီမီးထွန်းခြင်းလည်း မရှိတော့ချေ။ မင်္ဂလာဆောင်ခြင်းလည်း ကုန်ဆုံးသွားသည်။ ယခုုမီးထိန်ထိန်လင်းသေး၍ မင်္ဂလာဆောင်ခြင်း များလည်း တွေ့မြင်နေရသေးသည်။ သို့သော် ထိုအရာများ ပျောက်၍ ဆိတ်ညံသော အချိန်သည် လာဆဲရှိ၍ မကြာမှီ ဖြစ်တော့မည်။

၂၄။ ပရောဖက် တို့၏ အသွေး၊ သန့်ရှင်း သူတို့၏ အသွေး၊ မြေကြီး ပေါ်မှာ ကွပ်မျက်သောသူ အပေါင်းတို့၏ အသွေးကို ထိုမြို့၌ တွေ့၏။
ထိုဗာဗုလုန်မြို့သည် သွေးစွန်းသော မြို့ ဖြစ်သည်။ အထူးသဖြင့် ပရောဖက်များ၊ သန့်ရှင်း သူများကို ကွပ်မျက်သော မြို့ ဖြစ်သည်။ ယေရှုခရစ် က ယေရုရှလင် မြို့နှင့် ပတ်သက်၍ ဤကဲ့သို့ ဆိုခဲ့ဘူူးသည်၊ "အို ယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသား ငယ်တို့ကို အတောင်အောက်၌ စုရံုး သကဲ့သို့ သင်၏သား တို့ကို စုရံုးစေခြင်းငှါ }ကိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။ သင်တို့ နေသော အိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာ၀ရ ဘုရား၏ အခွင့်နှင့် ကြွလာသော သူသည် မင်္ဂလာရှိစေသောဟု သင်တို့ မပြောမှီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။" (မ ၂၃:၃ ရ- ၃၉)။

ဗျာ ၁၈ မေးခွန်းများ

၁။ အသင်းတော် ခေတ်တွင် ကောင်းကင်တမန် များတွေ့ရပါသလား။ ----------------------------------
၂။ ဘေးဒဏ်ကြီး ကာလတွင် ကောင်ကင်တမန်များမကြာခဏတွေ့ရပါသလား။ --------------------------------
၃။ ဗျာ ၁ ရ၌ ပျက်ဆီးသော ဗာဗုလုန်သည် -------------------ဗာဗုလုန် ဖြစ်၍၊ ဗျာ ၁၈၌ ပျက်ဆီးသော ဗာဗုလုန်သည် -----------------ဗာဗုလုန် ဖြစ်သည်။
၄။ မြို့ကြီးနှင့် တောရွာ၌၊ မည်သည့်နေရာ၌ နတ်ဆိုးပို၍ ပေါသနည်း။ -----------------
၅။ ဘေးဒဏ်ကြီး ကာလ၌ နတ်ဆိုးပေါများ ပါမည်လော။ -----------------
၆။ ဘုရား အမြင်၌ မတရားသော မေထုန်ပြုခြင်းသည် ဘာကို ဆိုလိုသနည်း။ ----------------------------------------------------------------
ရ။ ကောင်းတမန်က၊ လူများကို မည့်သည့်နေရာမှ ထွက်ခိုင်းသနည်း။ ------------------------------------------------
၈။ မည်သည့်ဓမ္မဟောင်းပရောဖက်များက၊ ဗာဗုလုန်မြို့ထဲကလူများကို ထွက်ခိုင်းသနည်း။ ------------------------------------------------
၉။ လောက၌ ကျူးလွန်သော အပြစ်များသည် --------------------------------သို့ ရောက်တတ်သည်။
၁၀။ မယုံကြည်သူများကအပြစ် ကျူးလွန် သမျှသည် ပြန်ခံကြရမည်လော။ ----------------
၁၁။ ဗာဗုလုန်မြို့ကသူ့ကိုယ်သူမိဖုရား ဖြစ်သည်၊ မုတ်ဆိုးမ မဟုတ်ဟုဆိုသည်ခြင်း ဘာကို ဆိုလိုသနည်း။
၁၂။ လောကီရှင်ဘုရင်တိုိ့သည်၊ ဘာသာရေးဗာဗုလုန်ကို -------------၍ သတ်ဖြတ်ကြသော်လည်း၊ စီးပွားရေးဗာဗုလုန်ကို -------------- ကြသည်။
၁၃။ လောက ပစ္စည်းများသည် တနာရီ အတွင်း တွင် ပျက်စီးနိင်သောကြောင့် စွဲလမ်းသင့််သလော။ ----------------------------
၁၄။ လောကီကုန်သည် များသည် အဘယ်ကြောင့်ငိုကြွေးကြသနည်း။ ------------------------------------------
၁၅။ အဘယ်ကြောင့်လောကသား များသည် ဗာဗုလုန်မြို့ပျက် သောအခါ အလွန် နှမျှော်၍ ခံစား ကြသနည်း။ ------------------------------------------
၁၆။ သင်သည် ဤလောက အရာများကို စွဲလမ်းတပ်မက်သလော။ ----------------------------
၁ရ။ ဤလောကသို့ ခရစ်တော် ကြွလာခဲ့ သောအခါ၊ သူ့ကို လက်ခံခဲ့ကြသလော။ --------------ဘာလုပ်ကြသနည်း။ ----------------------------
၁၈။ တမန်တော်များပရောဖက် များကို မည်သူတို့ ကသတ်ဖြတ်ခဲ့သနည်း။ ----------------------------
၁၉။ ကောင်းကင် မှစ၍ သန့်ရှင်းသူတမန်တော် ပရောဖက် တို့ကို၊ အဘယ်ကြောင့်၀မ်းမြောက်ခိုင်းသနည်း။ --------------------------------------------------------
၂၀။ ဗာဗုလုန်မြို့ကြီးကို အဘာကဲ့သို့ ချပစ်သနည်း။ ----------------------------အဘယ်ကြောင့်နည်း။ --------------------------------------------------------
၂၁။ ယနေ့၊ ဤလောကသည် ဆူညံနေပါသလား။ --------------သီချင်းများ အလွန် ကြိုက်နှစ်သက်ကြပါသလား။ ----------------------------
၂၂။ တနေ့ကျလျှင်လောက ဆူညံမှု အားလုံးဘာ ဖြစ်မည်နည်း။ ----------------------------
၂၃။ မင်္ဂလာဆောင်ခြင်းများဘာ ဖြစ်ရဦးမည်နည်း။ --------------------------
၂၄။ ဗာဗုလုန်မြို့၌မည် သူများ၏ အသွေးစွန်းသနည်း။ -----------------------------------

.

ဗျာဒိတ်ကျမ်း ၁၉

ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်း

ဗျာ ၁၉သည် ဘေးဒဏ်ကြီး ကာလ၏ အဆုံး ဖြစ်သည်။ ခရစ်တော်သည် မင်္ဂလာဆောင်၍ ရှင်ဘုရင်အဖြစ် အုပ်စိုးဘို့ရန် ဤကမ္ဘာပေါ်သို့ ဆင်းသက်လာခြင်းကို ဖေါ်ပြသွားသည်။

၁။ ထိုနောက်မှကောင်းကင်ဘုံ၌ စည်းဝေးသော သူအများ တို့၏ အသံကြီးကား၊ ဟာလေလုယ၊ ငါတို့ ဘုရားသခင်၏ ကယ်တင် တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော် ပေတည်း။
ဟာလေလုယဟူသော စကား လုံးသည် ဗျာ ၁၉:၁၊ ၃၊ ၄၊ ၆နှင့် ဆာလံ ၁၀၄:၃၅၊ ၁၀၅:၄၄၊ ၁၀၆:၄၈များ၌ သာတွေ့ရသည်။ " ဘုရားသခင်ကို ချီးမွမ်းပါ၏"ဟု အဓိပ္ပါယ်ရှိသည်။ ထိုချီမွမ်းခြင်းကို ကောင်းကင်ဘုံ၌ ရှိသောသူ၊ ယုံကြည်သူများနှင့် ကောင်းကင်တမန် များကကြီးသော အသံနှင့် ပြုခြင်း ဖြစ်သည်။ သူတို့ ချီးမွမ်းခြင်းသည် ဘေးဒဏ်ကြီး ကာလပြီး ဆီးသွား၍ ကယ်တင်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းအသေရေတန်ခိုးကို ချီးမွမ်းခြင်းလည်း ဖြစ်သည်။

၂။ စီရင် တော်မူခြင်း အရာတို့သည်ဟုတ်မှန်​ဖြောင့်မတ်ကြ၏။ မိမိ မတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည် တန်ဆာကြီးကို စစ်ကြောစီရင် တော်မူ ပြီ။ ကိုယ်တော် ​ကျွန်တို့၏ အသွေးကို သူ၏ လက်ဖြင့် သွန်းသော အပြစ်နှင့် အလျောက်ဒဏ် ပေးတော်မူ ပြီဟု ပြောဆို ကြသည်ကို ငါကြား၏။
ချီးမွမ်းခြင်း၏ အကြောင်းရင်းကို၊ ဆက်ရေးထားသည်။ ဘုရားသခင်က၊ မတရားသော မေထုန်နှင့် မြေကြီးကို ပုပ်ပျက်စေသော ပြည် တန်ဆာကြီးကို၊ စီရင် တော်မူခြင်း သည်ဟုတ်မှန်​ဖြောင့်မတ်သည်၊ ဘုရားသခင်သည် မှားယွင်းခြင်း မရှိ၊ ဟု ထောက်ခံကြခြင်း ဖြစ်သည်။ ထိုပြည် တန်ဆာကို ဗျာ ၁ရ ၌ တွေ့ရ၍ ကမ္ဘာ့ ဘာသာရေးကို ဆိုလိုသည်။ ထိုပြည် တန်ဆာသည် ဘုရား၏ ​ကျွန်များ တည်း ဟူသော ပရောဖက်များ၊ ယုံကြည်သူများကို သတ်ခဲ့၍ အသွေးသွန်းခဲ့ပြီ။ ထို့ကြောင့် သူ့ကို သူ၏ အပြစ်နှင့် အလျောက်ဒဏ်ပေးသည်ဟုဆို ကြသည်။

၃။ တဖန်တုံ၊ ဟာလေလုယဟူ၍၎င်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်သည် ဟူ၍၎င်း ပြောဆို ကြ၏။
တဖန် ဟာလေလုယဟူ၍ ဘုရားကို ချီးမွမ်းကြပြန်သည်။ ပြည် တန်ဆာကြီးကို ရှို့သော မီးသည် အခန်း၁၈၌ ဖေါ်ပြထားသောအရာ ဖြစ်သည်။ ထိုမီးခိုးသည် ကမ္ဘာအဆက်ဆက်တည်း ဟူသော ထာ၀ရ ကာလ ပတ်လုံးတက်လျက် ရှိသည်။ ထိုမီးသည် ရုပ်လောက မီး ဖြစ်ပါကကြာလာလျှင် ငြိမ်းသွားမှာ ဖြစ်သည်။ သို့သော် ၀ိဥာဏလောက၌ မူမငြိမ်းနိင်ဘဲ ထာ၀ရလောင်​ကျွမ်းမှာ ဖြစ်သည်။

၄။ အသက် ကြီး သူနှစ်ဆယ်လေးပါးနှင့် သတ္တာ၀ါလေးပါးတို့သည် ပြပ်၀ပ်၍၊ ပလ္လင်တော် ပေါ်မှာ ထိုင်တော်မူသော ဘုရားသခင်ကို ကိုး ကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။
အသက် ကြီး သူနှစ်ဆယ်လေးပါးနှင့် သတ္တာ၀ါလေးပါးတို့ကို မကြာခဏတွေ့ရသည်။ ထိုသူများကလည်း ထာ၀ရ ဘုရားကို ကိုး ကွယ်၍ ကောင်းကင်ဘုံ၌ ရှိသော သူအများနှင့် သဘောတူ လျက် ဟာလေလုယဟု ချီးမွမ်း ကြသည်။

၅။ ပလ္လင်တော် ပေါ်ကထွက်သော အသံကား၊ ဘုရားသခင်၏ ​ကျွန် အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သော သူအကြီး အငယ် အပေါင်းတို့၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ဟုဆိုသတည်း။
ပလ္လင်တော် ပေါ်ကထွက်သော အသံသည် မည်သူ၏ အသံ ဖြစ်မည်နည်း။ ဘုရားသခင်ကိုယ်တော်တိုင်၏ အသံလော သို့မဟုတ် ကောင်းကင်တမန်၏ အသံလောမရှင်းပါ။ သို့သော် ငါတို့ ဘုရားသခင်ကို ချီးမွမ်းလောဟုဆိုသောကြောင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်နိင်မည် မဟုတ်၊ ကောင်းကင်တမန် ဖြစ်နိင်သည်။ ဘုရားသခင်ကို ချီးမွမ်းဘို့ရန် တိုက်တွန်းသည်။ ဘုရားသခင်၏ ​ကျွန်နှင့် သူ့ကို ကြောက်ရွံ့သော သူများ၏ အဓိကအလုပ်သည် ချီးမွမ်းခြင်း ဖြစ်သည်။

၆။ တဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော ထာ၀ရ အရှင်၊ ငါတို့ ဘုရားသခင်သည် စိုးစံ တော်မူ၏။
နောက်ဆုံးဟာလေလုယဟု တွေ့ရသည်။ အနန္တတန်ခိုးသည် တိုင်း ဆ၍ မရသော တန်ခိုး (ဥာညငစသအနညအ)ကို ဆိုလိုသည်။ ထိုတန်ခိုးသည် ထာ၀ရ ဘုရား၌ သာရှိသည်။ ထာ၀ရ ဘုရားသည် အနန္တတန်ခိုးရှိသော်လည်း အဘယ်ကြောင့် စာတန်သည်လောလောဆယ်ကမ္ဘာကို အုပ်စိုးနေသနည်းဟု မေးနိ်င်သည်။ အကြောင်းမှာ ရန်သူအင်အားကြီး မှ၊ ထိုရန်သူကိုအောင် နိုင်သော သူ၏ တန်ခိုးသည် ထင်ရှားတတ်သည်။ ရန်သူသည် အင်အား နည်းလွန်းပါက ဘုရားသခင်၏ တန်ခိုးသည် သိနိ်င်မည် မဟုတ်။ ဂေါလျတ်သည် အလွန် ကြီး သောကြောင့်၊ သူ့ကို နိင်သော ဒါ၀ိဒ်သည် နာမည်ကြီး နိင်သည်။ ဂေါလျတ်သည် ငယ်ငယ်လေး ဖြစ်ပါက၊ ဒါ၀ိဒ်၏ အစွမ်းကို ချီးမွမ်းကြမည် မဟုတ်။ ဘုရား ဘုန်းတော်လည်း ထင်ရှားမည် မဟုတ်။

သိုးသငယ်၏ မင်္ဂလာဆောင်ပွဲ
ရ။ ငါတို့သည် ၀မ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည်ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများ တို့၏ အသံ၊ သမုဒ္ဒ​ရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။
သိုးသငယ်သည် ခရစ်တော် ဖြစ်သည်။ သူ၏ မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီဟုဆိုသည်။ သို့ဖြစ်လျှင် သတို့သမီး သည် အဘယ်သူ နည်း။ သူ၏ သတို့သမီး သည် စစ်မှန်သော အသင်းတော် ဖြစ်သည်။ ရှင်ပေါလုကအသင်းတော်သည် ခရစ်တော်၏ မယား ဖြစ်ဘို့ စေ့စပ်ထားကြောင်း ဤသို့ ရေးထားသည်၊ "ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြား ဆောင်နှင်း (စေ့စပ်)ပြီး သောကြောင့်၊ ဘုရားသခင်၏ အလိုတော် အတိုင်း စိုးရိမ်သော စိတ် (ိငလငညန​ြန​ေူသကျပ) နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။" (၂ ကော ၁၁:၂)။ တဖန်၊ "သင်တို့ (ရောမအသင်းတော် ရှိယုံကြည်သူများ) သည် အခြားသော သူတည်း ဟူသော၊ သေခြင်း မှထမြောက် တော်မူသောသူ (ယေရှု)၏ မယား ဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့် အညီတိုးပွါးမည်အကြောင်း၊ ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် သေ၍ ပညတ်တရားနှင့် ကွာကြ၏။" (ရောရ:၄)။ ထိုအပြင်ဧဖက်အသင်းတော်ထံ၊ "အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ် တော်မူ သကဲ့သို့၊ သင်တို့လည်းကိုယ်ခင်ပွန်းကို ချစ်ကြလော့။" (ဧဖက် ၅:၂၅) ဟု အသင်းတော်နှင့် ခရစ်တော်ကို လင်မယားနှင့် ခိုင်းနှိုင်းထားသည်။ ခရစ်တော်သည် အသင်းတော် တည်း ဟူသော သတို့သမီးကို မင်္ဂလာဆောင်တော့မှာ ဖြစ်သောကြောင့် ကောင်းကင်၌ ရွှင်လန်း၀မ်းမြောက်ကြဘို့ ကြီးစွာသော အသံဖြင့် ကြွေးကြော်ခြင်း ဖြစ်သည်။

၈။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော၊ ပိတ်ချောကို ၀တ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သတည်း။
ပိတ်ချောသည် သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သည်ဟုဆိုသည်။ အာဒံနှင့် ဧ၀တို့ လင်မယား အပြစ် လုပ် သောအခါ အ၀တ်အချည်းစည်း ဖြစ်၍ ရှက်ကြောက်ကြသည် (က ၃:ရ၊ ၁၀)။ သူတို့၏ သားသမီး တိုင်းလည်း အ၀တ်အချည်းစည်းဖြင့် မွေးဘွား ကြသည်။ ထို့ကြောင့် သင်ပေးစရာ မလိုဘဲ ရှက်ကြောက်တတ် ကြသည်။ ခရစ်တော် ကလောဒိကိအသင်းတော်ထံ၊ "သင်သည် အ၀တ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အ၀တ်ကို ငါ့ထံမှ ာ၀ယ်လော့။" (ဗျာ ၃:၁၈) ဟု အကြံပေးခဲ့သည်။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာအ၀တ်လှလှလေးများ၀တ်ဆင်ရုံဖြင့် မပြီးပါ။ ဘုရားသခင် ရှေ့၌ လုံခြုံဘို့ရန် ဘုရား ပေးသော အ၀တ်လိုအပ်သည်။ ဘုရားသခင်သည် ဧ၀နှင့် အာဒံတို့ကို သနားသောကြောင့်၊ "လူလင်မယား ဘို့သားရေဖြင့် ၀တ်လုံကို လုပ်၍ ၀တ်ခြုံစေ တော်မူ၏။" (က ၃:၂၁)။ အာဒံနှင့် ဧ၀တို့သည် သစ်ရွက်ဖြင့် အရှက်ဖုံး သကဲ့သို့ လူသား တိုင်းလည်း ပညတ်တော် ကျင့်ခြင်းအားဖြင့် အရှက်ဖုံးတတ် ကြသည်။ သို့သော် မလုံခြုံသောကြောင့် ဘုရားသခင်က ယေရှုခရစ်၏ ​ဖြောင့်မတ်ခြင်းကို ခြုံဘို့ရန် ပေးခဲ့ပြီ (၁ ကော ၁:၃၀)။ ထို့ကြောင့် ပေါလုက၊ "သခင် ယေရှုခရစ်ကို ယူတင်၀တ်ဆောင်ကြလော့။" (ရော ၁၃:၁၄) ဟု ရေးထားခြင်း ဖြစ်သည်။ သင်သည် သခင်ယေရှုခရစ်ကို ယူတင်၀တ်ဆောင််ပြီလော။

၉။ ကောင်းကန်တမန် ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော် ထွက်စင်စစ် ဖြစ်၏ ဟူ၍၎င်းငါ့အား ပြောဆို၏။
သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့၊ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည်၊ အဘယ်သူများဖြစ်သနည်း။ အသင်းတော်သည် မဖြစ်နိင်ချေ။ အကြောင်းမှာ သူသည် သတို့သမီး ဖြစ်သည်။ မင်္ဂလာဆောင်ပွဲသည် မည်သည့်နေရာ၌ ဖြစ်မည်နည်း။ အချို့ကကောင်းကင်၌ ဖြစ်သည်၊ အချို့ကမြေကြီး ပေါ်၌ ဖြစ်သည်ဟုဆို ကြသည်။ မင်္ဂလာဆောင်ပွဲသည် ခရစ်တော် မြေကြီး ပေါ်သို့ မဆင်းမှီ၌ ဖြစ်မည်ဟု ယူဆရသည်။ အကြောင်းမှာ မြေကြီး ပေါ်သို့ ဆင်းသက်ခြင်းကို၊ မင်္ဂလာဆောင်ပွဲနောက်ပိုင်း၌ ရေးထားသည်။ သို့ဖြစ်လျှင် ကောင်းကင်၌ ရောက်နှင့်သော သူများသည်မည် သူများ ဖြစ်မည်နည်း။ ဓမ္မဟောင်းကာလ၌ ယုံကြည်သူများနှင့်၊ ဘေးဒဏ်ကြီး ကာ၌ ယေရှုခရစ် ကြောင့်အသတ်ခံ သူများ ဖြစ်နိင်သည်။ ဓမ္မဟောင်းကာလ၌ ယုံကြည်သူ အများစုသည်၊ ဣသရေလ လူများ ဖြစ်၍၊ သူတို့သည် ခမည်းတော်၏ မိန်းမ ဖြစ်သည် (ဟောရှေ ၂:၁၉-၂၀၊ ဟေရှာယ ၅၄:၅)။ ထို့ကြောင့် ဓမ္မဟောင်းယုံကြည်သူများနှင့်၊ ဘေးဒဏ်ကြီး ကာလ၌ အသတ်ခံ၍၊ ယုံကြည်သူများသည် မင်္ဂလာဆောင်ပွဲ၌ ဘိတ်ခြင်းခံရသူများဖြစ်နိုင်သည်။

၁၀။ ငါသည် ထိုသူကိုကိုး ကွယ်ခြင်းငှါ သူ၏ ​ခြေရင်း၌ ပြပ်၀ပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဘက် ဖြစ်၏။ ယေရှု၏ သက်သေခံ တော်မူ ချက်ကို ဆောင်သော၊ သင်၏ ညီအစ်ကို တို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုး ကွယ်လော့။ အကြောင်းမူကား၊ ပရောဖက် ဟောသော စကား ချက် သဘောသည်၊ ယေရှု၏ သက်သေ ဖြစ်သတည်းဟု ငါ့အား ပြောဆို၏။
ယောဟန်သည်သူ့ထံစကားပြောသောသူကို ကြည်ညိုလွန်းသောကြောင့် ကိုးကွယ်ခြင်းငှါ သူ၏​ခြေရင်း၌ပြပ်၀ပ်သောအခါ ကောင်းကင်တမန်ကသူ့ကိုတားသည်။ ကောင်းကင်တမန်ကဘုရားကို သာလျှင်ကိုးကွယ်ဘို့ ညွှန်ပြသည်။ ဘုရားအသုံးပြုသောဆရာများကိုလည်းအလွန်ကြည်ညို၍၊ အချို့သော ယုံကြည်သူများကဘုရားနေရာ၌ ထားတတ်ကြသည်။ ထိုအရာကိုဆရာများကတားမြစ်ဘို့လိုသည်။ ဘုရားသခင်ကိုသာလျှင်ကိုးကွယ်ရသည်။ သင်သည်အကိုးကွယ်ခံလိုလျှင် စာတန်ဘက်တော်သားဖြစ်နေပြီ။

ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း

၁၁။ ထိုအခါ ကောင်းကင်ဘုံဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင် မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာ (်​ေငအ့်ကူ) ဟူသောအမည်၊ သမ္မာ (ဤမကန) ဟူသော အမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။
၁၂။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော် ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတပါး၊ အဘယ်သူ မျှ မသိသော နာမတော်သည် ရေးထားလျက် ရှိ၏။ ၁၃။ အသွေး၌ နှစ်ပြီးသော အ၀တ်ကို ၀တ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဟူသော အမည်ရှိ၏။

မြင်းဖြူစီးသော သူသည် ခရစ်တော် ယေရှု ပင် ဖြစ်သည်။ အကြောင်းမူကား သူ၏ နာမသည် သစ္စာနှင့် သမ္မာဟုဆိုသည်။ ခရစ်တော်ကိုယ်တိုင်က၊ "ငါသည် သမ္မာတရား ဖြစ်သည်"ဟုဆိုခဲ့သည် မဟုတ်လော (ယော ၁၄:၆)။ ခရစ်တော်သည် ကြွလာ သောအခါ တရားသဖြင့်စီရင်မည့်အကြောင်း ဤသို့ တွေ့ရသည်၊ "ကိုယ်တော်သည် ကြွ လာ တော်မူ၏။ မြေကြီးသား တို့ကို တရားစီရင်ခြင်းငှာကြွလာတော်မူ၏။ လောကသားတို့ကိုဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ လူများကိုသစ္စာ တော်နှင့်၎င်းစီရင်ဆုံးဖြတ်တော်မူလတံ့။" (ဆာ ၉၆:၁၃)။ တဖန်၊ "ထိုသူသည် ထာ၀ရ ဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည် ဖြစ်၍၊ မိမိ မျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ၊ ဆင်းရဲသားတို့၏ အမှုကို တရားတော်အတိုင်း စီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ဘက်၌နေလျက်၊ ​ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်၊၊ " (ဟေရှာယ ၁၁:၃-၄)။

ခရစ်တော်သည် ဒုတိယကြွလာသောအခါ အန္တီခရစ်ဦးဆောင်သော မြေကြီးသား အပေါင်းနှင့် စစ်တိုက်မည်ဟု အောက်ပိုင်း၌ တွေ့ရသည်။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်ခြင်းကို (ဗျာ ၁:၁၄၊ ၂:၁၈)၌ တွေ့ခဲ့ရပြီ။ သူသည်ခေါင်း၌ သရဖူများကိုဆောင်းထားသည်။ ဗျာ ၁၃:၂၌ အန္တိခရစ်လည်း သရဖူများကိုဆောင်းကြောင်းတွေ့ခဲ့ရသည်။ အဘယ်သူ မျှမသိသောနာမကိုလည်းရေးထားသည်ဟုဆိုသည်။ အဘယ်သူမျှမသိဟုဆိုသောကြောင့်သိဘို့ ကြိုးစားစရာမလို။ သိစေလိုလျှင်ဖေါ်ပြမှာ ဖြစ်သည်။ အသွေး၌နှစ်ပြီးသော အ၀တ်ကို၀တ်ခြင်းသည် စစ်တိုက်သောကြောင့် အသွေးသွန်းခြင်း ဖြစ်နိင်သော်လည်း ဤနေရာ၌ လက်၀ါးကပ်တိုင်တော် ပေါ်အသတ်ခံ သောအခါ စီးထွက်ခဲ့သော အသွေးတော်ကို ဆိုလိုခြင်းဟု ယူဆရသည်။ ယောဟန်ကသခင်ယေရှုကို နှုတ်ကပတ်တော်ဟုဆိုခဲ့သည် (ယော ၁:၁-၃)။

၁၄။ ကောင်းကင် ဗိုလ်​ခြေတို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ၀တ်လျက် နောက်တော်သို့ လိုက်ကြ၏။
ခရစ်တော် ဒုတိယအကြိမ် ကြွလာ သောအခါ ကောင်းကင် ဗိုလ်​ခြေများ ကမြင်းဖြူစီးလျက် လိုက်လာကြလိမ့်မည်။ ထိုအရာကို သူကိုယ်တိုင်ဤသို့ ဆိုခဲ့သည်၊ "လူသားသည် မိမိ အဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြလာတော်မူလတံ့။" (မ ၁၆:၂ရ)။ ညီတော် ယုဒကဤသို့ ရေးခဲ့သည်၊ "အာဒံမှဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူဧနောက်က၊ ထာ၀ရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့်ပြုသောအဓမ္မအမှု ရှိသမျှတို့၏အပြစ်ကို၎င်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကိုပြစ်မှား၍ပြောသော ကြမ်း တမ်းသောစကားရှိသမျှတို့၏အပြစ်ကို၎င်းဘော်ပြခြင်းငှါ၊ အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွကြွလာတော်မူ လိမ့်မည်ဟု ပရောဖက်ပြု၍ဟောပြောလေ၏။" (ယုဒ ၁:၁၄-၁၅)

၁၅။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သောသံလျက်သည်ခံတွင်း တော်ထဲကထွက်၏။ သူတို့ကိုသံလှံတံနှင့်အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသခင်၏ ​ဒေါအမျက်တော်၏ စပျစ်သီးနယ်ရာတန်ဆာကိုဖိနင်းတော်မူမည်။ ၁၆။ ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည်အ၀တ်တော်၌၎င်း၊ ပေါင်တော်၌ ၎င်း၊ ရေးထားလျက်ရှိ၏။
ခရစ်တော်သည် မြေကြီးသား တို့ကို၊ ခံတွင်း တော်မှ ထွက်သော သံလျက် နှင့်၊ ဒဏ်ခတ်မည်ဟုဆိုသည်။ ရှင်ဘုရင်များသည် သူတို့ကိုယ်တိုင်၊ လူများကို သတ်တတ်သည် မဟုတ်။ သူတို့ နှုတ်မှအမိန့်တော်အားဖြင့်၊ တရားစီရင်တတ် ကြသည်။ ရှင်ပေါလုက၊ "အဓမ္မလူကို သခင်ယေရှုသည်၊ နှုတ်ထွက်၀ိညာဥ်တော် အားဖြင့် ဖျက်ဆီး၍၊ ကြလာ တော်မူခြင်း၏ ရောင်ခြည်အားဖြင့်၊ ပယ်ရှား တော်မူ လိမ့်မည်။"ဟု ရေးခဲ့သည် (၂ သက် ၂:၈)။ သူသည် သံလှံတံနှင့် အုပ်စိုးမည့် အကြောင်း ဆာလံ ၂:၈၊ ၉ ၌ ဤသို့ ရေးခဲ့သည်၊ "င့ါကို တောင်းလော့၊၊ လူအမျိုးမျိုး တို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီး စွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်းငါပေးမည်၊၊ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍ မြေအိုးကို ခွဲဖျက် သကဲ့သို့၊ ခွဲဖျက်လိမ့်မည်ဟု င့ါ့အား မိန့်တော်မူ ပြီ၊၊" သံလှံတံနှင့်အုပ်စိုးခြင်းဆိုသည်မှာခိုင်မာခြင်း၊ ပြတ်သားခြင်းကို ဆိုလိုသည်။ ယခုခေတ်လိုတံစိုးမစားဘဲတိကျစွာတရားသဖြင့် အုပ်စိုးခြင်းကိုဆိုလိုသည်။

အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော ဘုရားသခင်၏ ​ဒေါသ အမျက်တော်၏ စပျစ်သီးနယ်ရာတန်ဆာကို ဖိနင်းခြင်း ဆိုသည်မှာ ဘုရားသခင်ကို မယုံကြည် တိုက်ခိုက်သော အန္တီ ခရစ်နှင့် မြေကြီးသား အပေါင်းကို တိုက်ခိုက်မည့် အရာကို ဆိုလိုသည်။ စပျစ်သီးနယ် သောအခါ ထွက်လာသော အရေသည် သွေးကဲ့သို့ နီသည်။ ထိုအတူ မြေကြီးသား အပေါင်းကို တိုက်ခိုက် သောအခါ အသွေးသည် မိုင် ၂၀၀စီးမည်ဟု ဗျာ ၁၄:၂၀မှာတွေ့ခဲ့ရပြီ။ ထိုသို့ဖြစ်မည့် အရာကို ပရောဖက် ကဤသို့ ရေးခဲ့ပြီ၊ "ကိုယ်တော်သည် အဘယ်ကြောင့်နီသော အ၀တ်ကို ၀တ် တော်မူ သနည်း၊၊ အ၀တ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ၏ အ၀တ်နှင့် အဘယ်ကြောင့်တူပါသနည်း၊၊ စပျစ်သီးကို ငါတယောက် တည်း နှင်းနယ်ရပြီ၊၊ လူများ အထဲကတစ်ယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာ အမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့ အသွေးသည် ငါ့အ၀တ် အပေါ်မှာ ဖျန်းလျက် ရှိပြီ၊၊ ငါ့အ၀တ်တန်ဆာရှိသမျှကို ငါဆိုးပြီ၊၊ " (ဟေရှာယ ၆၃:၃-၄)။

ခရစ်တော်သည် ဘုရင်တို့၏ဘုရင်၊ အရှင်တို့၏ အရှင် ဖြစ်သည် (ဗျာ ၁ရ:၁၄)။ ထိုအရာကို ရှင်ပေါလုက၊ "ဘုရားသခင်သည်ကိုယ်တော်ကို အလွန် ချီးမြှောက်၍ဘွဲ့နာမတကာတို့ထက် ကြီး မြတ်သောဘွဲ့နာမကို ပေးသနား တော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်သတ္တ၀ါ၊ မြေကြီးသတ္တ၀ါ၊ မြေကြီးအောက်၌ရှိသောသတ္တ၀ါတည်းဟူသောခပ်သိမ်းသောသတ္တ၀ါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်၀န်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်း တည်း။" (ဖိလိ ၂:၉-၁၁) ဟု ရေးခဲ့ဘူးသည်။

၁ရ။ ကောင်းကင်တမန် တပါးသည် နေထဲမှာရပ်လျက် ရှိသည်ကို ငါမြင်၏။ ၁၈။ သူသည် မိုဃ်းကောင်းကင် အလယ်၌ ပျံတတ်သော ငှက် အပေါင်းတို့ကို ကြီးသော အသံနှင့် ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီး အသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသော သူအသား၊ အစေခံ​ကျွန်၊ လူလွတ်၊ အကြီး အငယ်အမျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှါ၊ ကြီး မြတ် တော်မူသော ဘုရားသခင်၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။
ခရစ်တော် ကြွလာ၍ မြေကြီးသား အပေါင်းနှင့် စစ်တိုက် သောအခါ၊ မြေကြီးသား အပေါင်းသည် သေ၍၊ သူတို့၏ အသားများကို၊ ပျံတတ်သော ငှက် အပေါင်းကစားဘို့ရန် အတွက်၊ ကောင်းကင်တမန် ကခေါ်သည်။ လူသေကောင်များသည်များလွန်းသောကြောင့်၊ ကြီး မြတ် တော်မူသော ဘုရားသခင်၏ ပွဲတော်ဟု ခေါ်သည်။ ထိုသူများသည် စာတန်၏ လှည့်ဖျားခြင်းကို ယုံကြည် အားကိုး သောကြောင့်၊ ဖန်ဆင်းရှင်ကို တိုက်ခိုက်၍၊ ထိုကဲ့သို့ အသေခံခြင်း ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်ဘုရားနှင့် ဆန့်ကျင်ခြင်း၊ အာခံခြင်း၊ တိုက်ခိုက်ခြင်း လုံး၀မပြုသင့်ချေ။

၁၉။သားရဲမှစ၍လောကီရှင်ဘုရင်တို့ နှင့် သူတို့၏ ဗိုလ်​ခြေများ တို့သည် မြင်းစီး တော်မူသော သူနှင့် ဗိုလ်​ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။
သားရဲတည်း ဟူသော အန္တိခရစ်နှင့် လောကီဘုရင်များ၊ သူတို့၏ ဗိုလ်​ခြေများသည် မြင်းစီး တော်မူသော ခရစ်တော်နှင့် သူ၏ ဗိုလ်​ခြေများကို တိုက်ဘို့ စည်းဝေးကြသည်ဟုဆိုသည်။ ထိုသူများသည် ရှုံးနိမ့်၍ သူတို့ အသား များကို ငှက်များ စားစေကြောင်း အထက်၌ တွေ့ခဲ့ရပြီ။

၂၀။သားရဲကို ဘမ်းမိကြ၏။သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ ရုပ်တုကိုကိုးကွယ်သောသူတို့ကိုလှည့်ဖြား၍သားရဲရှေ့၌ နိမိတ်များကို ပြတတ်သောမိစ္ဆာပရောဖက်ကိုလည်းဘမ်းမိကြ၏။ အသက်ရှင်လျက် ရှိသောထိုသူနှစ်ဦးကိုကန့်နှင့်လောင်သောမီးအိုင်ထဲသို့ ချပစ်ကြ၏။
သားရဲဟူသော အန္တိခရစ်၊ ကမ္ဘာ့ သမတကြီးနှင့် လူများကို လှည့်ဖြား၍သားရဲ၏ တံဆိပ်လက်မှတ် ၆၆၆ကို ခံစေသော မိစ္ဆာပရောဖက်၊ ကမ္ဘာ့ ဘာသာရေးခေါင်းဆောင် တို့ကို အရှင်ဖန်မိကြ၍ မီးအိုင် ထဲသို့ ချပစ် ကြသည်။ သူတို့သည် ပဌမ ဦးဆုံးမီးအိုင် ထဲသို့ ရောက်သော သူများ ဖြစ်ကြသည်။ သူူတို့၏အရှင်စာတန်တည်းဟူသော ရှေးမြွေဟောင်းမူကား အနှစ်တထောင်ပြီးမှမီးအိုင် ထဲသို့ ချပစ်ဦးမည် (ဗျာ ၂၀:၁၀)။

၂၁။ ကြင်းသော သူတို့သည်၊ မြင်းစီးတော်မူသော သူ၏ခံတွင်းတော်ထဲကထွက်သောသံလျက်နှင့်ကွပ်မျက်ခြင်းကိုခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည်၀စွာစားရကြ၏။
ခရစ်တော်ကိုတိုက်သောမြေကြီးသားတို့ကို၊ ခရစ်တော် ခံတွင်းမှထွက်သောသံလျက်နှင့်၊ ကွပ်မျက်သည်ဟုဆိုသည်။ ထိုအရာသည်အမိန့်တော်၊ သို့မဟုတ်မီးဖြစ်နိင်သည်။ သူတို့၏အသားများကို၊ ငှက်အပေါင်းက၊ ၀စွာစားရသည်ဟုဆိုသည်။

ဗျာ ၁၉ မေးခွန်းများ

၁။ ဟာလေလုယဟူသော စကား လုံးသည် ------------------------------------ဟု အဓိပ္ပါယ်ရှိသည်။
၂။ အဘယ်ကြောင့်ဟာလေလုယဟု ချီးမွမ်းကြသနည်း။ ------------------------------------------------------------
၃။ ဘုရားသခင်၏ တရားစီရင်ခြင်းသည်မှားယွင်းပါသလော။ ------------------------------
၄။ ပြည့်တန်ဆာကိုရှို့သောမီးသည်မည်မျှကာလပတ်လုံးလောင်မည်နည်း။ --------------------------အဘယ်ကြောင့်နည်း။ ----------------------------------------------------
၅။ ဘုရားသခင်၏ ​ကျွန်နှင့်သူ့ကိုကြောက်ရွံ့သောသူများ၏အဓိကအလုပ်သည်ဘာဖြစ်သနည်း။ -----------------------------------------------
၆။ ထာ၀ရဘုရားသည်အနန္တတန်ခိုးရှိသော်လည်း အဘယ်ကြောင့် စာတန်သည်လောလောဆယ်ကမ္ဘာကို အုပ်စိုးနေသနည်း။ --------------------
ရ။ သိုးသငယ်သည်မည်သူနည်း။ --------------------------သူ၏ မိန်းမသည်မည်သူဖြစ်မည်နည်း။ --------------------------
၈။ အသင်းတော်သည် ခရစ်တော်၏မိန်းမဖြစ်မည့်ကျမ်းပိုဒ်များမှာ--------------------------------------------------------------------------------------------------------
၉။ ကောင်းကင်၌ အဘယ်ကြောင့်ရွှင်လန်းဘို့ ကြွေးကြော်သနည်း။ ------------------------------------------------------------------------------
၁၀။ ပိတ်ချောသည် သန့်ရှင်းသူတို့ --------------------------- ဖြစ်သည်။
၁၁။ ဘုရားသခင်က ပေးသော ​ဖြောင့်မတ်ခြင်း၀တ်လုံသည် ---------------------၏ ဖြစ်သည်။
၁၂။ လူတိုင်း ဘာကို ၀တ်ရမည်နည်း။ ---------------------သင်သည် ၀တ်ပြီး ပြီလော။ ---------------------
၁၃။ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့၊ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည်၊ အဘယ်သူများဖြစ်သနည်း။ ---------------------------------------------------------------
၁၄။ ကောင်းကင်တမန် များကို ကိုး ကွယ်ရပါမည်လော။ ---------------------မည်သူကို သာကိုး ကွယ်ရမည်နည်း။ ---------------------
၁၅။ မြင်းဖြူစီးသော သူသည် အဘယ်သူ နည်း။ ---------------------အဘယ်ကြောင့်နည်း။ ------------------------------------------
၁၆။ ခရစ်တော်သည် ---------------------အတိုင်း တရားမစီရင်၊ မိမိ ---------------------------မဆုံးဖြတ်ဘဲ၊ ဆင်းရဲသား တို့၏ အမှုကို-------------------------အတိုင်း စီရင်မည်။
၁ရ။ ခရစ်တော် ဒုတိယအကြိမ် ကြွလာ သောအခါ၊ မည် သူများ ကလိုက်လာကြလိမ့်မည်နည်း။ ------------------------------------------------------
၁၈။ ကြီး မြတ် တော်မူသော ဘုရားသခင်၏ ပွဲတော်သည် မည်ကဲ့သို့သော်ပွဲတော်ဖြစ်သနည်း။ ------------------------------------------------------
၁၉။ ဖန်ဆင်းရှင်ဘုရားသခင်နှင့်ရန်ဖြစ်ခြင်းသည်ကောင်းပါသလား။ ---------------------------
၂၀။သားရဲတည်းဟူသော အန္တိခရစ်နှင့်လောကီဘုရင်များ၊ သူတို့၏ ဗိုလ်​ခြေများသည် မည်သူကိုတိုက်ဘို့စည်းဝေးကြသနည်း။ ---------------------------
၂၁။ ပဌမဦးဆုံးမီးအိုင် ထဲသို့ ရောက်သောသူများသည် မည်သူတို့ ဖြစ်သနည်း။ ------------------------------------------------------
၂၂။ အန္တိခရစ်နှင့် နောက်လိုက်များသည် မြင်းစီးတော်မူသော သူကို တိုက်ခိုက်ခွင့်ရခဲ့ကြပါသလား။ ---------------------------
၂၃။ မြေကြီးသားအပေါင်းတို့ကိုခရစ်တော်က၊ ဘာနှင့်တိုက်ခိုက် သနည်း။ ------------------------------------------------------

.

ဗျာဒိတ်ကျမ်း ၂၀

အနှစ်တထောင်ကာလ

ကျမ်းစာ တအုပ်လုံး၌ ဤ ဗျာဒိတ်ကျမ်း၂၀၌ သာအနှစ်တထောင်ကို ၆ ကြိမ် ဖေါ်ပြထားသည်။ ထိုသို့ ဤနေရာ၌ သာ ဖေါ်ပြသောကြောင့်၊ အချို့သော ဓမ္မပညာရှင်များက၊ အနှစ်တထောင်အုပ်စိုးခြင်းကို မယုံကြည် ကြချေ။ အချို့ကအနှစ်ထောင်ကာလသည်၊ ယခုပင် ဖြစ်ပြီဟူ၍၎င်း၊ အချို့ကကောင်းကင်၌ ဖြစ်သည် ဟူ၍၎င်း၊ အချို့ကထိုအရာမရှိဟူ၍၎င်းသင်ပေး ကြသည်။ သို့သော် အနှစ်တထောင်ကာလသည် ရှိ၍၊ အနာဂတ်မကြာမှီတွင် ပေါ်လာတော့မှာ ဖြစ်သည်။

၁။ တဖန် ကောင်းကင်တမန် သည်၊ အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက်၊ ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။
အနက်ဆုံးသောတွင်းကို၊ အဂ်လိပ်လိုအောက်ခံမရှိသောတွင်း (the botomless pit ἀβύσσου) ဟု ခေါ်သည်။ ထိုတွင်းကို ဖွင့်၍၊ ကျိုင်းကောင်များ မီးခိုးနှင့်အတူ ထွက်ကာ၊ လူများကို တုတ်၍ ငါးလနာကြကြောင်း ဗျာ ၉၌ တွေ့ခဲ့ရပြီ။ ထိုနေရာသည် နတ်ဆိုးများ နေသော နေရာ ဖြစ်သည်။

၂။ ရှေးမြွေဟောင်း၊ မာရ်နတ် စာတန် တည်း ဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ ၃။ အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုး တို့ကို မလှည့်ဖြားရမည်အကြောင်း အနက်ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်။
ဤနေရာ၌ စာတန်၏ နာမည်အပြည့်အစုံကို ဖေါ်ပြထားသည်။ သူသည် ဧဒင်ဥယာဥ်၌ ဧ၀ကို လိမ် သောအခါ မြွေအထဲမှလိမ်သောကြောင့် ရှေးမြွေဟောင်းဟုဆိုခြင်း ဖြစ်သည်။ နဂါးဟုလည်း ခေါ်သည်။ သူသည် ကောင်းကင်တမန် မင်း ဖြစ်ခဲ့သော်လည်း၊ ဘုရားသခင်က ချီးမြေှာက် သောအခါ၊ ဘုရား ဖြစ်ချင် လာသောကြောင့်၊ သူသည် စာတန် တည်း ဟူသော ဘုရား၏ ရန်သူ ဖြစ်လာကြောင်း ယေဇကျေလ ၂၈:၁၂-၁ ရနှင့် ဟေရှာယ ၁၄:၁၂-၁၅၌ တွေ့ရသည်။ ခရစ်တော် ကဤလောကကို အစိုးရသော မင်း (ယော ၁၄:၃၀) ဟု ခေါ်သည်။ သူသည် ကမ္ဘာဦးမှအစပြု၍ လူများကို လိမ်လည်လှည့်ဖြားသောသူ ဖြစ်သည်။ ပေါလုက၊ သူသည် ဤလောက၏ ဘုရား ဟူ၍၎င်း (၂ ကော ၄:၄)၊ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း၊ တည်း ဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ၀ိညာဥ်ဟူ၍၎င်း (ဧဖက် ၂:၁-၂) ဆိုသည်။ ထိုစာတန်ကို ကိုင်ဖမ်း၍၊ အနက်ဆုံးသောတွင်း ၌၊ အနှစ်တထောင်ပတ်လုံးထောင်ချမှာ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် ကဤလောက အုပ်ချုပ်နေချိန်တွင်၊ စာတန်သည် လူသား များကို လှည့်ဖျား၍ ရတော့မည် မဟုတ်ချေ။

ဘေးဒဏ်ကြီးကာလ မာတုရများ
၄။ ပလ္လင်များ ကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။သားရဲနှင့် သူ၏ ရုပ်တုကို မကိုး ကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံ တော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ၀ိညာဥ်များကို ငါမြင်၏။ သူတို့သည် အသက် ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။
ပလ္လင်များနှင့် ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည်၊ ဘေးဒဏ်ကြီး ကာလ၌ သားရဲနှင့် သူ၏ ရုပ်တုကို မကိုး ကွယ၊ ်သူ၏ တံဆိပ်ကို မခံဘဲ၊ ယေရှု၏ သက်သေခံခြင်းကြောင့်၊ လည်ပင်းဖြတ်ခံသော သူများ ဖြစ်သည်။ ထိုသူများကို၊ ဘေးဒဏ်ကြီး ကာလ မာတုရများ၊ ဟု ခေါ်တတ်သည်။ သူတို့သည်၊ ကျေးဇူးတော် ကာလ၌ မယုံကြည် ခဲ့သောကြောင့်၊ သူတို့ကိုယ်တိုင်လည်ပင်းဖြတ်ခံရခြင်း ဖြစ်သည်။ သူတို့သည် ၀ိဥာဏကိုယ်ခန္ဓာနှင့် ထမြောက်၍၊ ခရစ်တော်နှင့်အတူ အနှစ်တထောင်အုပ်စိုးကြမှာ ဖြစ်သည်။ သူတို့သည် သိုးများ ကဲ့သို့ အိမ်ထောင်ပြုကြတော့မည် မဟုတ်။ အသင်းတော် ကဲ့သို့၊ ၀ိဥာဏကိုယ်ခန္ဓာဖြင့် နေကြ၍၊ ခရစ်တော်၏ မိန်းမလည်း ဖြစ်မည် မဟုတ်။

၅။ ကြင်းသော လူသေတို့သည်၊ ထိုအနှစ်တထောင်မကုန်မီအသက် မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပဌမ ထမြောက်ခြင်း ဖြစ်သတည်း။
ကြွင်းသော လူသေတို့ ဆိုသည်မှာ၊ မယုံကြည်သူများကို ဆိုလိုသည်။ မယုံကြည်ဘဲ သေသွားသော သူများသည်၊ အနှစ်တထောင်ကုန်ပြီးမှ၊ ပလ္လင်ဖြူကြီး တရားစီရင်ခြင်း၌၊ ထမြောက် ကြဦးမည်။ ပဌမ ထမြောက် ခြင်းသည်၊ ဘေးဒဏ်ကြီး ကာလ မာတုရများ၏၊ ထမြောက် ခြင်းကို ဆိုလိုသည်။ အကြောင်းမှာ၊ အနှစ်တထောင်အပြီးမှထမြောက် မည့် မယုံကြည်သူများ၏ ထမြောက် ခြင်းနှင့် နှုိင်းလျှင်၊ အရင်ထမြောက် သောကြောင့် ဖြစ်သည်။ ခရစ်တော် အသေခံ၍ ထမြောက်သော အချိန်၌ ထမြောက်သော သူများ (မ ၂ရ:၅၁)နှင့် ချီဆောင်ခြင်း၌ ထမြောက် မည့်သူများ (၁ ကော ၁၅:၅၁-၅၃၊ ၁ သက် ၄:၁၄-၁ရ)နှင့် မရောထွေးရပါ။

၆။ ပဌမ ထမြောက် ခြင်းကို ၀င်စားသော သူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ ဖြစ်၏။ ထိုသို့သော သူသည် ဒုတိယသေခြင်း၏ လက်နှင့် ကင်းလွတ် လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ် ဖြစ်၍၊ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။
ဘေးဒဏ်ကြီး ကာလ မာတုရများ၏ ထမြောက်ခြင်းကို၊ မင်္ဂလာရှိသော သူနှင့်၊ သန့်ရှင်းသော သူများဟုဆိုသည်။ သူတို့သည် ဒုတိယသေခြင်း တည်း ဟူသော၊ မီးအိုင် ထဲ၀င်ခြင်းနှင့် လွတ်၍၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ် နှင့်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ် ဖြစ်၍၊ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့် အတူ၊ စိုးစံရကြလိမ့်မည်။

နောက်ဆုံးစစ်ပွဲ
ရ။ ထိုအနှစ်တထောင်ကုန်ပြီးမှ စာတန်သည်၊ ထောင်ထဲကလွတ်သော အခွင့်ကို ရ၍၊ ၈။ အရေအတွက် အားဖြင့် သမုဒ္ဒ​ရာသဲလုံးနှင့် အမျှများသော ဂေါဂ၊ မာဂေါဂတည်း ဟူသော၊ မြေကြီး လေးမျက်နှာပေါ်မှာ နေသော လူအမျိုးမျိုး တို့ကို၊ လှည့်ဖြားအံ့သော ငှါ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်း ငှါ၎င်း၊ တက်လိမ့်မည်။
ခရစ်တော် ကဤလောက အုပ်စိုးချိန်တွင်၊ စာတန်ကို အနက်ဆုံးသောတွင်း ၌ ထောင်ချသော်လည်း၊ အနှစ်တထောင် ကုန်ဆုံး သောအခါ၊ သူ့ကို ခဏလွှတ်ဦးမှာ ဖြစ်သည်။ အကြောင်းမှာ၊ အနှစ်တထောင်အတွင်း မွေးဘွားလာသော လူသားများကို၊ လှည့်ဖျားနိင်ဘို့ရန် ဖြစ်သည်။ အနှစ်တထောင်အတွင်းသို့ ၀င်လာသော သိုးများသည်၊ ယုံကြည်သော်လည်း သူတို့၏ သားသမီး များသည်၊ မယုံကြည်သူများဖြစ်ကြမည်။ ထိုသူများသည် ခရစ်တော် ကသံလှံနှင့် အုပ်ချုပ်သောကြောင့်၎င်း၊ အသင်းတော်နှင့် ဘေးဒဏ်ကြီး ကာလ မာတုရများ ကလည်း၊ ခရစ်တော်ကို ဝိုင်းကူအုပ်ချုပ်သောကြောင့်၎င်း၊ အစစအရာရာ အစဥ်ပြေနေသောကြောင့် အပြစ် မလုပ်ရဲ၊ မလုပ်ကြသော်လည်း၊ စိတ်နှလုံးထဲ၌၊ ခရစ်တော်ကို ဆန့်ကျင် ချင်သောအရာ ရှိ၍၊ စာတန် ခဏလေးလွှတ်ချိန်တွင်၊ သူတို့ကို ဦးဆောင်၍ ခရစ်တော်ကို တိုက်ကြလိမ့်မည်။ ထိုသူများသည် သမုဒ္ဒ​ရာသဲလုံးနှင့် အမျှများ၍ ဂေါဂ၊ မာဂေါဂဟု ခေါ်သည်။ ဤဂေါဂ၊ မာဂေါဂသည်၊ ဘေးဒဏ်ကြီး ကာလ အစ၌ တိုက်မည့် ဂေါဂ၊ မာဂေါဂ (ယေဇ ၃၈-၃၉)နှင့် မဆိုင်ပေ။ ယေဇ ၃၈-၃၉၌ တိုက်မည့် ဂေါဂ၊ မာဂေါဂစစ်သည် မူစလင်နိင်ငံများက၊ အစ္စရေးနိင်ငံကို တိုက်မည့် အရာ ဖြစ်၍၊ ဘေးဒဏ်ကြီး အစပိုင်းမှာတိုက်ဘို့ ဖြစ်သည်။ ဤဂေါဂ၊ မာဂေါဂစစ်မူကား၊ စာတန်နှင့် ကမ္ဘာသူကမ္ဘာသားများက၊ ခရစ်တော်ကို ယေရုရှလင် မြို့၌ တိုက်မည့် စစ် ဖြစ်၍၊ အနှစ်တထောင်အပြီး၌ တိုက်ဘို့ ​ြုဖစ်သည်။ အဘယ်ကြောင့်ထိုသို့ တိုက်သနည်းဟူမူကား၊ လူသည် မည်မျှပင် အစဥ်ပြေ၍ ပတ်၀န်းကျင်ကောင်းသော်လည်း၊ အာဒံမျိုးစေ့ပါ၍ အပြစ်သား ဖြစ်သောကြောင့်၊ မကောင်းနိင်ကြောင်းကို ထင်ရှားသည်။ ထိုသူများကို စာတန် ကလှည့်ဖျား၍၊ ခရစ်တော် ရိှရာယေရုလင်မြို့ကို၊ တိုက်ကြလိမ့်မည်။

၉။ ထိုသူများ တို့သည် မြေကြီး မျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်း သူတို့၏ တပ်ကို၎င်း၊ ချစ်ဘွယ်သော မြို့တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့်အထံတော်၊ ကောင်းကင် မှမီးကျ၍ သူတို့ကို မျိုလေ၏။
သန့်ရှင်း သူတို့၏ တပ်နှင့် ချစ်ဘွယ်သော မြို့တော်သည် ယေရုရှလင် မြို့ ဖြစ်သည်။ ထိုအခါ ဘုရားသခင့်အထံတော် မှမီးကျ၍ သူတို့ကို မျိုလေ၏ ဆိုထားသည်။ ထာ၀ရ ဘုရားသည် မီးဖြင့် တရားစီရင်တတ်ကြောင်း ဤကဲ့သို့ တွေ့ရသည်၊ "ထာ၀ရ ဘုရားသည် ကောင်းကင် ထက်၊ အထံတော် မှသော ဒံုမြို့နှင့် ဂေါမောရမြို့ အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေ တော်မူ၏။" (က ၁၉:၂၄)။ ပရောဖက် ဧလိယအားဖြင့်လည်း ဣသရေလ ရှင်ဘုရင်စေလွှတ်သော စစ်သား ငါးဆယ်နှင့် တပ်မှုး နှစ်ဖွဲ့ကို ကောင်းကင် ကမီးဖြင့်လောင်၍ သေ စေခဲ့ဘူးသည် (၄ရာ ၁:၁၀၊ ၁၂)။ ယခုလည်း ဘုရားသခင်သည် ခရစ်တော်၏ ရုံးစိုက်ရာ ယေရုရှလင် မြို့ကိုလောက သားများကတိုက်ခိုက် သောအခါ ကောင်းကင် မှမီးကျ၍ သူတို့ကို မျိုမှာ ဖြစ်သည်။

၁၀။ သူတို့ကို လှည့်ဖြားသော မာရ်နတ်ကိုလည်းသားရဲနှင့် မိစ္ဆာပရောဖက် ရှိရာကန့်နှင့် ရောနှောသော မီးအိုင် ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညဥ့်မပြတ် ကမ္ဘာအဆက်ဆက်ပြင်းစွာသော ဝေဒနာကို ခံရကြလတံ့။
ရှေးမြွေဟောင်း၊ စာတန်၊ မာရ်နတ်ကိုလည်းသားရဲ (ကမ္ဘာသမတကြီး)နှင့် မိစ္ဆာပရောဖက် (ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်)တို့ ရှိရာကန့်နှင့် ရောနှောသော မီးအိုင် ထဲသို့ ချပစ်လိုက်သည်။ ထိုအရာသည် စာတန်၏ နောက်ဆုံး ဖြစ်၍ ထိုနေရာ၌ ကမ္ဘာအဆက်ဆက် (ထာ၀ရ ကာလ ပတ်လုံး) ပြင်းစွာသော ဝေဒနာကို ခံရလိမ့်မည်။

ပလ္လင်ဖြူကြီး တရားစီရင်ခြင်း
၁၁။ တဖန်တုံ၊ ဖြူသော ပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာ ထိုင် တော်မူသော သူကို၎င်း၊ ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော် ရှေ့မှပြေးလွင့်၍၊ သူတို့ နေစရာ အရပ်မရှိ။
ဤတရားစီရင်ခြင်းကို ပလ္လင်ဖြူကြီး တရားစီရင်ခြင်းဟု သိရသည်။ ထိုတရားစီရင်ခြင်းသည် နောက်ဆုံးတရားစီရင်ခြင်း ဖြစ်၍၊ ကယ်တင်ခြင်းသို့ ရောက်သော သူများအတွက် ကြောက်စရာ မရှိ။ ကျမ်းစာက၊ သားတော်ကို ယုံကြည်သော သူသည် အပြစ် စီရင်ခြင်းကို မခံရ။ (ယော ၃:၁၈) ဟုဆိုခဲ့ပြီ။ ဤတရားစီရင်ခြင်းသည် ကမ္ဘာဦးမှစ၍ ကမ္ဘာအဆုံးအထိ မယုံကြည်သူများဖြစ်သည်။

၁၂။ သေလွန်သော သူအကြီး အငယ်တို့သည်၊ ပလ္လင်တော် ရှေ့မှာ ရပ် နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက် စာစောင်တည်း ဟူသော၊ အခြားတပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သော သူတို့သည်၊ မိမိတို့ အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့် အညီ၊ တရားစီရင်ခြင်းကို ခံရကြ၏။
ခေတ်အဆက်ဆက်၌၊ ဘုရားကို မယုံကြည်ဘဲ သေလွန် သူများ၏ ၀ိညာဥ်များသည်၊ မရဏာနိင်ငံတည်း ဟူသော ငရဲထဲ၌ ရောက်သွား ကြသည်။ ထိုသူများသည်၊ တရားမစီရင်၊ ဒီဂရမချ သေးသောကြောင့်၊ တရားစီရင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတိုင်း၏ နေ့စဥ်လုပ်ဆောင်မှုများကို၊ စာအုပ်၌ မှတ်ထားသည်။ သူသည် မှတ်ဥာဏ်ကောင်းသော်လည်း၊ မှတ်ဥာဏ်ဖြင့် တရားမစီရင်ပါ။ စာအုပ်ထဲ၌ မှတ်ထားသောအရာ ကို ကြည့်၍ စီရင်သည်။ ထို့ကြောင့် ကယ်တင်ခြင်းသို့ မရောက်သော သူတိုင်း၊ မိမိတို့ လုပ်ဆောင်ချက် များ အတိုင်း ခံရကြမည်။

၁၃။ သမုဒ္ဒ​ရာသည် မိမိ၌ ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံသည် လည်း၊ မိမိတို့၌ ရှိသော လူသေတို့ကို၊ အပ်ပေးကြ၏။ လူအသီးသီးတို့သည်၊ မိမိတို့ အကျင့်အတိုင်း၊ တရားစီရင်ခြင်းကို ခံရကြ၏။
သမုဒ္ဒ​ရာအထဲ၌ သေသွား သူများသည်၊ ငါးများ ကစားသွားမှာ ဖြစ်သည်။ သို့သော် သူတို့သည် ပျောက်ပျက်မသွားပါ။ တရားစီရင်ခြင်း ခံဘို့ရန် ပြန်အပ်မှာ ဖြစ်သည်။ လူသည် ၀ိညာဥ်ရှိသောကြောင့်၊ ကိုယ်ခန္ဓာပျောက်ပျက်သွားသော်လည်း မပျောက်နိင်ပါ။ ထို့ကြောင့် ဘုရားသခင်ကို ကိုး ကွယ်ဘို့ လိုခြင်း ဖြစ်သည်။ မရဏာသည် သေခြင်း ဖြစ်သည်။ မရဏာနိင်ငံသည် သေမင်းနိင်ငံ ဖြစ်သည်။ မရဏာနိင်ငံသည် သေခြင်းကို ဆိုလို သကဲ့သို့ ငရဲကိုလည်း ဆိုလိုသည်။ ထို့ကြောင့် စာကြောင်း အရှေ့အနောက် (Context)နှင့် ကြည့်၍ အဓိပ္ပါယ် နားလည်ဘို့ လိုသည်။ အဂ်လိပ်ကျမ်းစာများ၌ (Hades) ဟု ခေါ်သည်။ ခရစ်တော်က၊ သူဌေး သည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်းအဝေးကမြင်လျှင်၊ (လု ၁၆:၂၂-၂၃) ဟုဆိုသည်။ ထို့ကြောင့် မရဏာနိင်ငံသည် ပြင်းပြစွာသော ဝေဒနာ ခံသော နေရာ ဖြစ်၍ သူဌေးကြီးသည် ထိုနေရာမှပလ္လင်ဖြူကြီး တရားစီရင်ခြင်း ခံဘို့ စောင့်နေသည်။

၁၄။ ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင် ထဲသို့ ချပစ်လေ၏။ ထိုသေခြင်း ကား ဒုတိယသေခြင်း ဖြစ်သတည်း။
မရဏာနိင်ငံသည်၊ တရားမစီရင် သေးသော အကျဥ်းသားများ၊ ခဏချုပ်ထားသော နေရာ၊ အချုပ်ခန်းနှင့် တူ၍၊ မီးအိုင်သည် တရားစီရင်ခြင်း ခံပြီး သော၊ အပြစ် သားများထားရာ၊ ထောင်နှင့် တူသည်။ မရဏာနှင့် မရဏာနိင်ငံကို၊ မီးအိုင် ထဲသို့ ချလိုက်သည်ဟုဆိုသည်။ ထို့ကြောင့် မရဏာနိ်င်ငံသည် မီးအိုင်နှင့် မတူကြောင်း သိရသည်။ ထိုသေခြင်းသည် ဒုတိယသေခြင်းဟု ခေါ်သည်။ ပဌမ သေခြင်းသည် ၀ိညာဥ်ပိုင်းသေခြင်း၊ သို့မဟုတ် ကိုယ်ခန္ဓာသေခြင်း ဖြစ်၍၊ ဒုတိယသေခြင်းသည်၊ ထာ၀ရ ကာလ ပတ်လုံးမီးအိုင် ထဲသို့ ရောက်ခြင်း ဖြစ်သည်။ မီးအိုင် ထဲ၌ ၀ိညာဥ်များသည် မသေချေ။ ခံစား ချက်အပြည့် ဖြစ်သည်။ သို့သော် ဘုရားသခင်နှင့် ခွဲခွါသောကြောင့်၊ ထိုအရာကို ဒုတိယသေခြင်းဟု ခေါ်သည်။

၁၅။ အသက် စာစောင်၌ စာရင်းမ၀င်သော သူရှိသမျှတို့ ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏။
ပလ္လင်ဖြူကြီး၌ တရားစီရင်ခြင်းသည်၊ ထာ၀ရအသက် ပြန်လည်ရရှိဘို့ မဟုတ်ဘဲ၊ ထာ၀ရ မီးအိုင် ထဲသို့ သွားမည့် အရာကို၊ စီရင်ခြင်း ဖြစ်သည်။ ထိုနေရာ၌ ယုံကြည်သူများမပါတော့ချေ။ သူတို့သည် အသက် စာစောင်၌ စာရင်းမပါသောကြောင့်၊ မီးအိုင် ထဲသို့ ချပစ်ခြင်း ဖြစ်သည်။ အလွန် ၀မ်းနည်းစရာ ဖြစ်သည်။ ထိုနေရာသို့ မရောက်ဘို့ရန်၊ အသက် ရှင်စဥ်သခင် ယေရှုခရစ်ကို၊ ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ် လက်ခံဘို့ လိုသည်။

ဗျာ ၂၀ မေးခွန်းများ

၁။ အနက်ဆုံးသောတွင်း သည်မည် သူတို့၏ နေရာ ဖြစ်သနည်း။ --------------------------------------------
၂။ စာတန်၏ နာမည်အားလုံး ဖေါ်ပြပါ။ ------------------------------------------------------------------------------------------
၃။ အဘယ်ကြောင့်ရှေးမြွေဟောင်းဟု ခေါ်သနည်း။ ------------------------------------------------------------
၄။ ခရစ်တော်က စာတန်ကို ------------------------------မင်းဟု ခေါ်သည်။
၅။ စာတန်သည် အနှစ်တထောင်ပတ်လုံးဘယ်မှာ နေမည်နည်း။ ------------------------------
၆။ စာတန်ကို အနှစ်တထောင်အပြီးတွင် ဘာလုပ်ရဦးမည်နည်း။ ------------------------------
ရ။ ဘေးဒဏ်ကြီး ကာလ၌ ခရစ်တော်ကို ပြန်လည်ယုံကြည်သူများသည် ဘာခံရမည်နည်း။ ------------------------------
၈။ ခရစ်တော် ကြွလာ သောအခါ ထိုမာတုရများသည် ဘာ ဖြစ်ကြမည်နည်း။ ------------------------------
၉။ ကြွင်းသော လူသေတို့သည် မည်သူတို့ ဖြစ်သနည်း။ ------------------------------သူတို့သည် ဘာ ဖြစ်ရဦးမည်နည်း။ ------------------------------
၁၀။ ပဌမ ထမြောက် ခြင်း၌ မည်သူတို့ ထမြောက် မည်နည်း။ ------------------------------
၁၁။ အဘယ်ကြောင့်ပဌမ ထမြောက် ခြင်းဟုဆိုသနည်း။ ------------------------------
၁၂။ ပဌမ ထမြောက် ခြင်းသည် ချီဆောင်ခြင်း၌ ထမြောက် မည့် သူများနှင့် ဆိုင်သလော။ ------------------------------
၁၃။ ပဌမ ထမြောက် ခြင်းကို ၀င်စားသော သူသည်၊ ဘာ ဖြစ်သည်ဟုဆိုသနည်း။ ------------------------------------------------------------
၁၄။ ပဌမ ထမြောက် ခြင်းကို ၀င်စားသော သူသည်မည် သူတို့၏ ယဇ်ပုရောဟိတ် ဖြစ်မည်နည်း။
၁၅။ အနှစ်တထောင်အုပ်စိုးခြင်း အပြီး၌ စာတန်ကို ခဏ------------၍၊ လူများကို ဘာလုပ်မည်နည်း။ ------------------------------------------------
၁၆။ အဘယ်ကြောင့် စာတန် နောက်လိုက်၍ ခရစ်တော်ကို တိုက်ကြမည်နည်း။ --------------------------------
၁ရ။ ဤဂေါဂ၊ မာဂေါဂသည်၊ ယေဇကျေလ ၃၈-၃၉၌ ဖေါ်ပြသောအရာ ဖြစ်သလော။ ----------------
၁၈။ သန့်ရှင်း သူတို့၏ တပ်နှင့် ချစ်ဘွယ်သော မြို့တော်သည် ----------------မြို့ ဖြစ်သည်။
၁၉။ သန့်ရှင်း သူတို့၏ တပ်နှင့် ချစ်ဘွယ်သော မြို့တော်ကို တိုက်သော သူများကို ဘာအားဖြင့် တရားစီရင်မည်နည်း။ --------------------------------
၂၀။ မာရ်နတ်ကို မည်သည့်နေရာ၌ ပစ်ချမည်နည်း။ ----------------ထိုနေရာ၌ မည်သူတို့ ရှိနှင့် သနည်း။ --------------------------------
၂၁။ ယုံကြည်သူများအနေဖြင့် ပလ္လင်ဖြူကြီး တရားစီရင်ခြင်းကို ကြောက်စရာ လိုပါသလား။ ----------------အဘယ်ကြောင့်နည်း။ --------------------------------
၂၂။ ပလ္လင်ဖြူကြီး တရားစီရင်ခြင်း၌၊ ခရစ်တော်ကို ယုံကြည် လက်ခံ သူများ၊ ပါမည်လော။ ----------------
၂၃။ ထိုသူများကို အဘယ်ကြောင့်တရားစီရင်ရသနည်း။ ------------------------------------------------
၂၄။ ဘုရားသခင်သည် မှတ်ဥာဏ်အားဖြင့် တရားစီရင်သလော။ ----------------မည်သည့်အရာအားဖြင့် တရားစီရင်သနည်း။ --------------------------------
၂၅။ မရဏာနှင့် မရဏာနိုင်ငံကို ထဲသို့ ----------------ချပစ်လေ၏။
၂၆။ ပဌမ သေခြင်းသည် ဘာသေခြင်း ဖြစ်သနည်း။ ----------------
၂ရ။ ဒုတိယသေခြင်းသည်၊ ဘာသေခြင်း ဖြစ်သနည်း။ ----------------
၂၈။ ပလ္လင်ဖြူကြီး၌ တရားစီရင်ခြင်းသည် ထာ၀ရအသက် ရမရစီရင်ခြင်း ဖြစ်သလော။ ----------------
၂၈။ အသက် စာစောင်၌ စာရင်းမပါသော သူများကို ဘာလုပ်မည်နည်း။ ----------------

ဆက်ဖတ်ရန် (PART E)

Scroll to Top