Book: Revelation (c)
ဗျာဒိတ်ကျမ်း အနက်ဖွင့်ခြင်း
သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး
PART C
Revelation Commentary in Burmese
Copyright 2016 © Moses Cung
.
မာတိကာ
- ၁။ နိဒါန်း
- ၂။ ဓမ္မဟောင်းနှင့် ဓမ္မသစ်
- ၃။ မဖတ်ဘူးသော ကျမ်းစာ
- ၄။ မေရှိယကျမ်း
- ၅။ အံ့ဩဘွယ်စာအုပ်
- ၆။ မင်္ဂလာစာအုပ်
- ရ။ ဖွင့်ထားသော စာအုပ်
- ၈။ ပရောဖက် ကျမ်း
- ၉။ ဘုန်းရှိသော ရှင်ဘုရင်စာအုပ်
- ၁၀။ တကမ္ဘာလုံးခြုံသော စာအုပ်
- ၁၁။ စစ်တိုက်သော စာအုပ်
- ၁၂။ စုစည်းသော စာအုပ်
- ၁၃။ ကျမ်းရေးသူ
- ၁၄။ မည်သည့်အချိန်၌ ရေးသနည်း
- ၁၅။ ရည်ရွယ်ချက်
- ၁၆။ ထူးခြားချက်များ
- ၁ရ။ သင်ကြားမည့် နည်း
- ၁၈။ အခန်းကြီး ၁ သခင်ယေရှုကို ယောဟန်ကမြင်
- ၁၉။ အခန်းကြီး ၂ ခရစ်တော် ကအသင်းတော်များထံစာရေး
- ၂၀။ အခန်းကြီး ၂:၁ -ရဧဖက်အသင်းတော်
- ၂၁။ အခန်းကြီး ၂:၈-၁၁ စမုရနအသင်းတော်
- ၂၂။ အခန်းကြီး ၂:၁၂-၁ ရပေရဂံအသင်းတော်
- ၂၃။ အခန်းကြီး ၂:၁၈-၂၉ သွာတိရအသင်းတော်
- ၂၄။ အခန်းကြီး ၃:၁-၆ သာဒိအသင်းတော်
- ၂၅။ အခန်းကြီး ၃:ရ- ၁၃ ဖိလဒေလဖိအသင်းတော်
- ၂၆။ အခန်းကြီး ၃:၁၄-၂၂လောဒိကိအသင်းတော်
- ၂ရ။ အခန်းကြီး ၄ ကောင်းကင် မြင်ကွင်း
- ၂၈။ အခန်းကြီး ၅ ကောင်းကင် မြင်ကွင်းအဆက်
- ၂၉။ အခန်းကြီး ၆ ဘေးဒဏ်ကြီး ကာလ အစ
- ၃၀။ အခန်းကြီး ရ ၁၄၄၀၀၀ တံဆိပ်ခတ်
- ၃၁။ အခန်းကြီး ၈ မိုဃ်းကောင်းကင်တန်ဆာနှင့် မြေကြီးကိုတရားစီရင်ခြင်း
- ၃၂။ အခန်းကြီး ၉ အနက်ဆုံးသောတွင်း မှနတ်ဆိုးများ
- ၃၃။ အခန်းကြီး ၁၀ စာအုပ်ငယ်ကိုင်သော ကောင်းကင်တမန်
- ၃၄။ အခန်းကြီး ၁၁ ဗိမာန်တော် ပြန်ဆောက်မည်
- ၃၅။ အခန်းကြီး ၁၂ နဂါးနှင့် မိန်းမ၊ ကောင်းကင်၌ စစ်ဖြစ်
- ၃၆။ အခန်းကြီး ၁၃ ပဌမသားရဲအန္တီ ခရစ်၊ ဒုတိယသားရဲမိစ္ဆာပရောဖက်
- ၃ရ။ အခန်းကြီး ၁၄ ၁၄၄၀၀၀ နှင့် သိုးသငယ်၊ ကောင်းကင်တမန် တရားဟော၊ ဗာဗုလုန်ပြိုလဲ
- ၃၈။ အခန်းကြီး ၁၅ နောက်ဆုံးဘေးဒဏ် ခုနစ်ပါးအတွက် ပြင်ဆင်
- ၃၉။ အခန်းကြီး ၁၆ ဖလား ခုနစ်လုံးတရားစီရင်ခြင်း
- ၄၀။ အခန်းကြီး ၁ရ ဘာသာရေးဗာဗုလုန်ကို တရားစီရင်ခြင်း
- ၄၁။ အခန်းကြီး ၁၈ စီးပွားရေးဗာဗုလုန်ပျက်စီးခြင်း
- ၄၂။ အခန်းကြီး ၁၉ ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်း
- ၄၃။ အခန်းကြီး ၂၀ အနှစ်တထောင်ကာလ
- ၄၄။ အခန်းကြီး ၂၁ ကောင်းကင်သစ်နှင့် မြေကြီးသစ်
- ၄၅။ အခန်းကြီး ၂၂ ကောင်းကင် နိင်ငံနှင့် ခရစ်တော် ကြွလာခြင်း
- ၄၆။ ကိုးကားသော စာအုပ်များ
.
ဗျာဒိတ်ကျမ်း (၈)
မိုဃ်းကောင်းကင်တန်ဆာများနှင့် မြေကြီးကို တရားစီရင်ခြင်း
၁။ သတ္တမတံဆိပ်ကိုဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌နာရီ၀က်မျှတိတ်ဆိတ်စွာနေကြ၏။
ဤသတ္တမတံဆိပ်သည် အခန်း၆ ထဲမှတံဆိပ်များ၏ အဆက် ဖြစ်သည်။ သတ္တမတံဆိပ်ဖွင့် သောအခါ၊ အဘယ်ကြောင့်ကောင်းကင်၌၊ နာရီ၀က်မျှတိတ်ဆိတ်စွာနေကြသနည်း။ တိတ်ဆိတ်စွာ နေခြင်းသည်၊ စိတ်မကောင်းခြင်း၊ ၀မ်းမမြောက်ခြင်း၊ အရေးကြီးခြင်း မျိုး၌ ဖြစ်တတ်သည်။ တံဆိတ် ၆ ခုဖွင့်သောအခါ၊ ကမ္ဘာပေါ်၌အကြီးအကျယ်ဒုက္ခ ရောက်ခဲ့ပြီ။ သို့သော်ထိုအရာသည်နောက်ဆုံးမဟုတ်သေး။ နောက်ထပ်ဘုရားသခင်၏ အမျက်တော်၊ ကမ္ဘာပေါ်၌သွန်းလောင်းဦးမည်။ တံပိုးခုနှစ်လုံးတရားစီရင်ခြင်းခံရဦးမှာ ဖြစ်သောကြောင့်၊ ကောင်းကင်၌စကားမပြော၊ သီချင်းမဆို၊ တီးမှုတ်ခြင်းမပြု၊ တိတ် ဆိတ်စွာနေရခြင်းဖြစ်မည်။ မိသားစုထဲ၌ဖခင်ကသားကိုဆူဆုံးမသောအခါ၊ မိသားစု တခုလုံးတိတ်ဆိတ်စွာနေသကဲ့သို့ဖြစ်သည်။
၂။ ဘုရားသခင့်ရှေ့တော်၌၊ ရပ်နေသော ကောင်းကင်တမန် ခုနှစ်ပါးကိုငါမြင်၏။ သူတို့၌ တံပိုးခုနှစ်လုံးကို ပေး၏။ ၃။ ကောင်းကင်တမန်တပါးသည်လာ၍၊ ရွှေလင်ပန်းကိုကိုင်လျက်၊ ယဇ်ပလ္လင်နားမှာရပ်နေ၏။ ပလ္လင်တော် ရှေ့၌ ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ၊ သန့်ရှင်းသူ အပေါင်းတို့၏ ပဌနာနှင့်အတူ ဆက်ကပ်ခြင်းငှါ၊ မီးရှို့သော နံ့သာပေါင်းအများကို ထိုသူ၌ ပေး၏။
ရွှေယဇ််ပလ္လင်သည်၊ ဗိမာန်တော် အထဲမှာရှိသော၊ နံ့သာပေါင်းမွှေး မီးရှို့ရာပလ္လင် ဖြစ်သည်။ နံ့သာပေါင်းမွှေးမီးရိှု့ခြင်းသည်၊ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို ပုံဆောင်ထားသည်။ ထိုအရာကို ဗျာ ၅:၈နှင့် ဆာလံ ၁၄၁:၂၌လည်း တွေ့နိင်သည်။ ဤနေရာ၌ နံ့သာပေါင်းကို၊ ကောင်းကင်တမန်၌ ပေးထားသည်။ နံ့သာပေါင်းကို ယဇ်ပုရောဟိတ် များ ကသာ မီးရှို့နိင်သည်။ ထို့ကြောင့် ဤ ကောင်းကင်တမန် သည်၊ ယဇ်ပုရောဟိတ် နေရာကို ယူခြင်း ဖြစ်သည်။ ဗတ္တိဇံယောဟန်၏ ဘခင်ဇာခရိက၊ ယေရုရှလင် ဗိမာန်တော် အထဲမှနံ့ပေါင်းမွှေး မီးရှို့ချိန်တွင်၊ ပြင်၌ ပရိသတ်များ ဆုတောင်း ကြောင်းကို၊ လုကာ ၁:၈-၁၁၌ တွေ့မြင်နိင်သည်။
၄။ မီးရှို့သော နံ့သာပေါင်း၏ အခိုးအငွေ့သည်၊ သန့်ရှင်း သူတို့၏ ပဌနာများနှင့် အတူ၊ ကောင်းကင်တမန်၏ လက်ထဲက၊ ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။
သန့်ရှင်းသူသည် ယုံကြည်သူများကို ဆိုလိုသည်။ ယခုခေတ်တွင် ယုံကြည်သူများကို သန့်ရှင်း သူများဟု မခေါ်ကြတော့ချေ။ အကြောင်းမှာ၊ သန့်ရှင်းသော အသက်တာဖြင့်၊ အသက် မရှင်ကြသောကြောင့် ဖြစ်မည်။ ရှေးယုံကြည်သူများကို သန့်ရှင်း သူများဟု ခေါ်တတ်သည်။ သန့်ရှင်း သူများ၏ ဆုတောင်းခြင်း သည်၊ ဘုရားသခင် ရှေ့၌ နံ့သာပေါင်းမွှေး မီးရှို့ သကဲ့သို့ဖြစ်သည်။ နံ့သာပေါင်းမွှေးသည် မွှေးကြိုင်သည်။ ကိုယ့်ချစ်သူ၏ စကားသည် နားထောင် ရန်ချိုမှိန် သကဲ့သို့၊ သန့်ရှင်း သူများ၏ ဆုတောင်းခြင်း သည် လည်း၊ ဘုရားသခင် အတွက် မွှေးသည်။ အကြောင်းမှာ ဘုရားသခင်သည် သန့်ရှင်း သူများကို၊ ချစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်း သူများ အနေဖြင့်၊ ဆုတောင်းခြင်း တည်း ဟူသော၊ ဘုရားသခင်နှင့် စကား ပြောခြင်းကို၊ အစဥ်မပြတ် လုပ်သင့်သည်။ သင်သည် ဘုရားသခင်နှင့် စကား ပြောခြင်း၌ ငြေးငွေ့သလော။
၅။ ကောင်းကင်တမန် သည် လင်ပန်းကို ယူ၍၊ ယဇ်ပလ္လင်၏ မီးနှင့် ပြည့်စေပြီးမှ၊ မြေကြီး အပေါ်သို့ ချလိုက်သည် ဖြစ်၍၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီး လှုပ်ခြင်း ဖြစ်ကြ၏။
သန့်ရှင်း သူများ၏ ဆုတောင်းခြင်း သည်၊ ဘုရားသခင် ရှေ့၌ မွှေးကြိုင်သည်။ ထိုဆုတောင်း သံကို ဘုရားသခင်က အဖြေပေးသော အနေဖြင့်၊ ကောင်းကင်တမန် ကယဇ်ပလ္လင်မီးနှင့် ပြည့်သော မီးကို၊ မြေကြီး ပေါ်သို့ ချလိုက်သည်။ ထိုအခါ မြေကြီး ပေါ်၌ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီး လှုပ်ခြင်း ဖြစ်သည်ဟုဆိုသည်။ သန့်ရှင်း သူများ၏ ဆုတောင်းခြင်း သည် ဤသို့ တွေ့ရသည်၊ “ပဥဏမတံဆိပ်ကို ဖွင့် သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ၀ိညာဥ်များကို၊ ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ သူတို့ ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင် တော်မူသော အရှင်၊ မြေပေါ်မှာ နေသော သူတို့သည်၊ ငါတို့ အသွေးကို သွန်းကြသော အပြစ်နှင့် အလျောက်ဒဏ်မပေးဘဲ၊ အဘယ်မျှလောက်ကာလ ပတ်လုံးနေ တော်မူ မည်နည်း၊ ဟု ကြီးသော အသံနှင့်ကြွေးကြော်ကြ၏။ ထိုသူတို့၌ ဖြူသော ၀တ်လုံကို ပေးတော်မူ၏။ သူတို့ နည်းတူအသေသတ်ခြင်းကို ခံရလတံ့သော၊ မိမိ လုပ်ဘော်ဆောင်ဘက်ညီအစ်ကို တို့သည်၊ ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။” (ဗျာ ၆:၉-၁၁) ထိုဆုတောင်း ချက်ကို ယခုအဖြေပေးခြင်း ဖြစ်သည်။ ထို့ကြောင့် မြေကြီး ပေါ်၌ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီး လှုပ်ခြင်း ဖြစ်သည်။
၆။ တံပိုး ခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနှစ်ပါးတို့သည်၊ မှုတ်အံ့သောငှါ မိမိတို့ကို ပြင်ဆင် ကြ၏။ ရ။ ပဌမ သူသည် တံပိုးမှုတ် သောအခါ မိုဃ်းသီး ဖြစ်၏။ အသွေးနှင့် ရောနှောသော မီးလည်း ဖြစ်၏။ မြေကြီး အပေါ်သို့ ချလိုက်၍၊ မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသော မြက်ပင်ရှိသမျှ တို့ကို ကျွမ်းလောင်လေ၏။
ထိုကဲ့သို့ မိုဃ်းသီးနှင့် အသွေးရောနှောသော မီးသည်၊ အဲဂုတ္တု ပြည်၌ ဖြစ်ခဲ့ဘူးပြီ။ ကျမ်းစာ၌၊ “ထာ၀ရ ဘုရား ကလည်း၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ လူတို့ အပေါ်မှာ၎င်း၊ တိရစ္ဆာန်များ အပေါ်မှာ၎င်း၊ လယ်ပြင်၌ ရှိလေသမျှသော အပင်များ ပေါ်မှာ၎င်း၊ မိုဃ်းသီးရွာစေခြင်းငှါ၊ သင်၏ လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည် မိမိ လှံတံကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ ထာ၀ရ ဘုရားသည် မိုဃ်းကြိုးနှင့် မိုဃ်းသီးကို လွှတ် တော်မူ၏။ မီး သည်လည်း မြေပေါ်မှာ ပြေးလေ၏။ ထိုသို့ ထာ၀ရ ဘုရားသည်၊ အဲဂုတ္တု ပြည်၌ မိုဃ်းသီးရွာစေ တော်မူ သဖြင့်၊ အဲဂုတ္တု ပြည် တည်ထောင်သည် ကာလ မှစ၍၊ တခါမျှမ ဖြစ်ဘူးသော မိုဃ်းသီး၊ မီးနှင့် ရော၍ အလွန် ပြင်းထန်စွာသော မိုဃ်းသီး ဖြစ်လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့် တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များ တို့ကို မိုဃ်းသီးထိလေ၏။” (ထွက် ၉:၂၂-၂၅) မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသော မြက်ပင်ရှိသမျှ တို့ကို ကျွမ်းလောင်လျှင်၊ လူလည်း အသက် ရှင်စရာ အကြောင်း မရှိချေ။ ဘုရားသခင်သည် တခါတည်း၊ တကမ္ဘာလုံးကို တရားမစီရင်ဘဲ၊ ကျန်ရှိသော သူများ နောင်တ ရစရာအချိန် ပေးထားသည်။ ထိုကဲ့သို့ ကောင်းကင်မှ မီးရှို့နိင်သော ဘုရားသခင်ကို၊ ကြောက်သင့် ကြသည်။ မိုဃ်းရွာစဥ်မီးလည်းလောင်ခြင်းသည််၊ လျှပ်စစ်လက်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် မိုဃ်းတိမ်အထဲ၌ လျှပ်စစ်ဓါတ်အားလည်း ထည့်ထားသည်။ ထိုအရာကို လျှပ်စစ်လက် သောအခါ တွေ့မြင်နေရ ကြသည်။ ဘုရားသခင် မတတ်နိင်သောအမှု မရှိချေ။ လူသည် လျှပ်စစ်ကို မော်တာလည်စေခြင်းအားဖြင့် လုပ်တတ်သည်။ သို့သော် ဘုရားသခင်သည် မိုဃ်းတိမ်၌၊ အလွန် အားများသော လျှပ်စစ်ဓါတ်အားကို သိုထားနိင်သည်။
ယခု လူသား များသည် “မိခင် မြေ၊ စိမ်းလန်းစိုပြေစေရမည်” “ပတ်၀န်းကျင်ကို ထိန််းသိမ်းစောင့်ရှောက်ရမည်” ဟူသော ဆောင်ပုဒ်ဖြင့် မြေကြီးကို ထိန်းသိမ်းဘို့ ကြိုးစား နေကြသည်။ အချို့သော သူများအတွက် မြေကြီးသည်၊ သူတို့၏ ဘုရား ဖြစ်သည်။ မြေကြီးကို အဘယ်သူ ဖန်ဆင်းသည်ကို မသိသောကြောင့်၊ ဖန်ဆင်းရှင်ကိုကိုး ကွယ်မည့် အစား၊ ဖန်ဆင်းထားသော မြေကြီးနှင့် အထဲ၌ ရှိသော၊ သစ်ပင်၊ ကျောက်တုံးကြီး၊ တောင်ကြီး၊ မြစ်ချောင်းများကို ကိုး ကွယ် ကြသည်။ ထိုအရာအားလုံးသည်၊ ဘုရားသခင်က ဖန်ဆင်း၍၊ သူကြိုက်နှစ်သက်သလိုတရားစီရင်နိင်ကြောင်းကို၊ မီးလောင်စေခြင်းအားဖြင့် သက်သေပြခြင်း ဖြစ်သည်။ လူသားများကမည်မျှပင် မြေကြီးကို၊ ထိမ်းသိမ်းဘို့ ကြိုးစား ကြသော်လည်း၊ နောက်ဆုံး၌ ဘုရား သင်က၊ မီးရှို့ဖျက်ဆီးမည်အရာကို ပေတရုကဤသို့ ရေးသား ခဲ့ပြီ၊ “သူခိုးသည် ညဥ့်အခါလာ သကဲ့သို့၊ ထာ၀ရ ဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည်၊ ကြီးစွာသော အသံနှင့် တကွပျောက်သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီး ပေါ်မှာ ပြုလုပ် သမျှသောအရာ တို့သည်၊ ကျွမ်းလောင်ကြလိမ့်မည်။” (၂ ပေ ၃:၁၀)။ ထိုကြောင့်ဘုရား ဖျက်စီးမည့် မြေကြီးနှင့် မြေကြီး ပေါ်ရှိအရာများကို၊ စိတ်စွဲလမ်းခြင်း မရှိဘို့ ဤသို့ သတိပေးခဲ့သည်၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သော သူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်း မေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်း ဟူသော၊ ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ၀ါကြွားခြင်း တို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့် သာစပ်ဆိုင်ကြ၏။ လောကနှင့်လောကီတပ်မက်ခြင်းသည်၊ ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ၊ ကျင့်သော သူမူကား၊ နိစ္စထာ၀ရ တည်၏။” (၁ ယော ၂:၁၅-၁ရ)
အောက်တွင် အမေရိကန်ပြည် ထောင်စု၊ ကယ်လေဖုိးနီးယားပြည်နယ်တွင်၊ အကြီးမား ဆုံးလျှပ်စစ်မိုဃ်းကြိုးကြောင့်၊ တောမီးလောင်မှုနှင့် လူသေစာရင်းများကို ဖေါ်ပြထားပါသည်။
၈။ ဒုတိယ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ မီးလောင်သော တောင်ကြီးကို၊ ပင်လယ်ထဲသို့ ချလိုက် သကဲ့သို့ဖြစ်၍၊ ပင်လယ်သုံးစုတစုသည် အသွေး ဖြစ်၏။ ၉။ ပင်လယ်၌ အသက် ရှင်သော သတ္တ၀ါသုံးစုတစုလည်း သေ၏။ သင်္ဘောသုံးစုတစုလည်း ပျက်၏။
မီးလောင်သော တောင်ကြီးသည်၊ လူလုပ်သော လက်နက်မ ဖြစ်နိင်ချေ။ ဘုရားသခင်၏ လက်တော် ဖြစ်သည်။ ပင်လယ်ထဲသို့ ချလိုက် သောအခါ၊ ပင်လယ်သုံးစုတစု၊ အသွေး ဖြစ်၍ ပင်လယ်သတ္တ၀ါသုံးစုတစုလည်း၊ သေသည်ဟုဆိုသည်။ သင်္ဘောသုံးစုတစုလည်း ပျက်သည်။ သင်္ဘောပျက်လျှင်၊ သင်္ဘောအထဲ၌ ရှိသမျှသော လူများလည်း သေကြမည်။ ဘုရားသခင်သည်၊ သူဖန်ဆင်းထားသော ပင်လယ်နှင့် အထဲ အပေါ်၌ ရှိသမျှသောအရာ တို့ကို၊ တရားစီရင်နိင်ကြောင်းကို တွေ့ရသည်။
၁၀။ တတိယ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည်၊ ကောင်းကင် ကကျ၍၊ မြစ်သုံးစုတစုသို့၎င်း၊ စမ်းရေတွင်း သို့၎င်းရောက်၏။ ၁၁။ ထိုကြယ်သည် ဒေါနရွက်ဟူသော အမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါနရွက် ဖြစ်၍၊ ရေခါးသောကြောင့်၊ လူအများ တို့သည် သေကြ၏။
မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည် လည်း၊ ဘုရား၏ လက်ရာတော် ဖြစ်သည်။ ကြယ်ပျံများ ကျ သောအခါ၊ အနုမြူဗုံးပေါက်ကဲွ သကဲ့သို့ ပြင်းထန်သည်။ ၂၀၀၀ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာပေါ်၌ ကြယ်ပျံ ၂၆ ကြိမ်ကျခဲ့ပြီး ပြီ။ သို့သော် မြေကြီး ပေါ်ထက် ပင်လယ်သမုဒ္ဒရာထဲ၌ ကျခြင်းများသောကြောင့်၊ ထိခိုက်ဒဏ်ရာရမှု နည်းပါးသည်။ ထိုကြယ်ပျံများသည် ၁ ကီလိုတန်မှ ၆၀၀ကီလိုတန်အထိ ုပြင်းထန် ကြသည်။ ဟီးရိုးရှိးမားမြို့၌ ချခဲ့သော အနုမြူဗုံးသည် ၁၅ ကီလိုတန်သာလျှင် ရှိသည်။ ထိုကြယ်ပျံများသည် တနာရီ မိုင် ၆သောင်းမှတသိန်းခန့်၊ တစက္ကန့်လျှင် ၂၅-၄၀မိုင် အမြန်ဖြင့် ပြန်သန်းသောကြောင့် အလွန် အရှိန်ကြီးမား ကြသည်။ လူနေထူထပ်သော မြို့ကြီး အပေါ်၌ ကျပါက၊ အားလုံးပြာကျသွားမှာ ဖြစ်သည်။ အထက်ပါ ကျမ်းပိုဒ်ပါကြယ်ကြီး၊ မြေကြီး ပေါ်ကျ သောအခါ၊ မြစ်သုံးစုတစုနှင့် စမ်းရေတွင်း ၌ သာထိခိုက်ခြင်းသည်၊ အံ့ဩစရာ ဖြစ်သည်။ မြို့ပြများ၌ ကျသည်ဟု မဆိုချေ။ ထိုကြယ်၏ နာမည်သည် ဒေါနရွက် (wormwood) ဟု ခေါ်သည်။ ေဒါနရွက်သည် သစ်ရွက်တမျိုး ဖြစ်၍ ခါးသည်။ ထိုကြယ်ကြောင့်ရေသုံးစုတစုသည် ခါ၍ လူများကို သေစေသည်။
ကမ္ဘာပေါ်ကျခဲ့ပြီးသော ကြယ်ပျံများ စာရင်း
နိင်ငံအလိုက်ကျခဲ့ပြီးသော ကြယ်ပျံများ စာရင်း
အားလုံးစုစုပေါင်းဥက္ကာပျံကျ ၁၁၀၃၁
၁၂။ စတုတ္တ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံးစုတစု၊ ကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညဥ့်သုံးစုတစုသည် အလင်းမရှိ၊
နေသုံးစုတစုကြတ်သောကြောင့် လသုံးစုတစုလည်း ကြတ်သည်။ အကြောင်းမှာ လသည် နေမှအလင်းရောင်ရသည်။ ကြယ်များ မူကား သူတို့၌ ကိုယ်ပိုင်အလင်းရောင်ရှိ ကြသည်။ ဘုရားသခင်သည် နေလကြယ်များကို ဖန်ဆင်းရှင် ဖြစ်သောကြောင့် သူကြိုက်နှစ်သက်သလိုကြတ် (မှောင်) စေနိင်ကြောင်း ထင်ရှားသည်။ ဤအရာများသည် မဖြစ် သေးသော်လည်း၊ ကြိုတင် ဟောပြောထားခြင်း ဖြစ်သည်။ နေနှင့် လကြတ်ခြင်း တွေ့ဘူးကြပေလိမ့်မည်။ နေနှင့် လကြတ် (မှောင်) သောအခါ မြေကြီး ပေါ်၌လည်း မှောင်မှာ ဖြစ်သည်။ ထို့ကြောင့် အလွန် ခြောက်ခြားစရာ ကောင်းမှာ ဖြစ်သည်။
ကျမ်းစာ ကအဘယ်ကြောင့်၊ နေလကြယ်များကို ကြတ်စေသည်ကို မပြောသော်လည်း၊ ထိုကောင်းကင် တန်ဆာများကို၊ လူသားများကကိုး ကွယ်တတ် ကြသည်။ ထိုအရာများသည် သက်မဲ့ ဖြစ်၍၊ ဘုရားသခင်က ဖန်ဆင်းထားသည်။ ကောင်းကင် တန်ဆာများသည်၊ အံ့ဩစရာ ကောင်း၍၊ ကြီးမား ကြသည်။ သို့သော် ထိုအရာများကို ကိုး ကွယ်အားကိုးဘို့ မဟုတ်။ ထိုအရာများကို ဖန်ဆင်းသော၊ ဘုရားကို သာလျှင်ကိုး ကွယ်ရမည်။ ဘုရားသခင်က ဣသရေလ လူများကို ဤသို့ မှာထားခဲ့သည်၊ “မိုဃ်းကောင်းကင်ကို မြော်၍၊ နေ၊ လ၊ ကြယ်များ တည်း ဟူသော မိုဃ်းကောင်းကင် တန်ဆာရှိသမျှ တို့ကို မြင် သောအခါ၊ သင်တို့၏ ဘုရားသခင် ထာ၀ရ ဘုရားသည်၊ မိုဃ်းကောင်းကင် အောက်၌ ရှိသမျှသော လူမျိုးတို့အား ဝေငှပေးကမ်း တော်မူသော ထိုတန်ဆာတို့ကို ၀တ်ပြုကိုး ကွယ်စေခြင်း ငှာ၊ သူတပါးတို့သည် သွေးဆောင်၍ မရနို်င်မည်အကြောင်း၊ ကို်ယ်ကိုကိုယ်သတိပြုကြလော့။” (တရား၄:၁၉)။ ထိုသို့ သတိပေးသော်လည်း ဣသရေလ လူများသည် နေကို ဘုရား အဖြစ်ကိုး ကွယ်ကြောင်း၊ ဤသို့ တွေ့ရသည်၊ “မိမိတို့ ဘုရားသခင်၊ ထာ၀ရ ဘုရား၏ ပညတ်တော် ရှိသမျှ တို့ကို စွန့်၍၊ နွားသငယ်တည်း ဟူသော သွန်းသော ရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ၏။ မိုဃ်းကောင်းကင် တန်ဆာများကို ကိုး ကွယ်၍၊ ဗာလဘုရား ကိုလည်း၀တ်ပြုကြ၏။” (၄ရာ ၁ရ:၁၆) “ထာ၀ရ ဘုရား၏ အိမ်တော် အတွင်း တန်တိုင်း ထဲသို့ ဆောင်သွား၍၊ ဗိမာန်တော် တံခါး၀ဗိမာန်တော် ဦးနှင့် ယဇ်ပလ္လင်ကြားမှာ၊ လူနှစ်ကိျပ်ငါးယောက်တို့သည်၊ ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့မျက်နှာပြုလျက်၊ အရှေ့မျက်နှာ၌ နေကိုကိုး ကွယ်ကြ၏။” (ယေဇ ၈:၁၆)။ လူသား များကိုး ကွယ်အားကိုး သော၊ ကောင်းကင် တန်ဆာများကို၊ ဘုရားသခင်က သူကြိုက်နှစ်သက်သလို၊ မှောင်စေနိင်လင်းစေနိင်ကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ ထိုအရာများသည် ဘုရား မဟုတ်သောကြောင့်၊ ဖန်ဆင်းရှင်ဘုရားကို သာလျှင်ကိုး ကွယ်ဘို့၊ ဖေါ်ပြခြင်း ဖြစ်သည်။
၁၃။ ထိုအခါ ငါကြည့်လျှင်၊ လင်းယုန်တကောင်က၊ ကြွင်း သေးသော ကောင်းကင်တမန် သုံးပါးမှုတ်လုလတံ့သော၊ တံပိုးသံကြောင့်မြေကြီးသား တို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ ဟု၊ ကောင်းကင် အလယ်၌ ပျံဝဲ၍ ကြီးသော အသံနှင့် ဆိုသည်ကို ငါကြား၏။
တံပိုးလေးလုံးမှုတ်ခဲ့၍ မြေကြီး ပေါ်၌ ပျက်စီးမှုနှင့် လူများစွာ သေကျေ ကြပြီ။ သို့သော် မပြီး သေးပါ။ နောက်ထပ်တံပိုးသုံးလုံးမှုတ်ရဦးမှာ ဖြစ်ကြောင့်လင်းယုန်တကောင်က၊ ကောင်းကင် အလည်၌ ပျံဝဲ၍ ကြီးသော အသံနှင့် ဆိုသည်။ (မြန်မာကျမ်းစာအုပ်၌ လင်းယုန်အစားရွှေလင်းတဟု နေရာတိုင်း၌ ရေးထားသည်။ ထိုအရာကို အဂ်လိပ်ကျမ်းစာအုပ်များ၌ (eagle) ဂရိတ်ကျမ်းစာအုပ်၌ (ἀετοῦ) လင်းယုန်ဟု ရေးထားသည်။ ထို့အပြင်၊ လင်းတသည် အပုပ်ကောင်များ သာစားတတ်သောကြောင့်၊ ရွှေဟု တင်စားခြင်းသည် မသင့်လျော်ချေ။ လင်းယုန်များ မူကား၊ သူတို့ကိုယ်တိုင်ဖမ်းသော အသား များကို စား၍ သန့်ရှင်းသည်။ ထို့ကြောင့် ရွှေလင်းယုန်ဟု တင်စားလျှင်လည်း ပို၍ သင့်တော်သည်။ အဂ်လိပ်နှင့် ဂရိတ်ကျမ်းစာများ၌ ရွှေလည်း မပါချေ။)
ကောင်းကင်တမန် သုံးပါးမှုတ်မည့် အရာသည်၊ အခန်း၉၌ တွေ့ရဦးမှာ ဖြစ်သည်။ ဘုရားသခင်သည် ယခုအခါ၊ လုံး၀မရှိ သကဲ့သို့ ငြိမ်သက်နေသော်လည်း၊ ဘေးဒဏ်ကြီး ကာလ၌ မဆုံးနိင်အောင်၊ သူ၏ အမျက်ေဒါသမီးကို မြေကြီး အပေါ်သို့၊ တခုပြီး တခုလောင်းမည့် အရာကို ကြိုတင် ဟောပြောထားသည်။ ထို့ကြောင့် အလွန် ကြောက်စရာ ကောင်းသည်။ သို့သော် လူအများစုက မသိသောကြောင့် သူ့ကို လုံး၀မကြောက်၊ ဂရုမစိုက်ဘဲ နေကြသည်။ ယခုမှစ၍ ဘုရားသခင်ကို ကြောက်ကြစို့။ သူ့ထံသို့ လက်မြေှာက်ကြစို့။ သူ၏ ကယ်တင်ခြင်းနှင့် အပြစ် လွှတ်ခြင်းကို လက်ခံကြစို့။
ဗျာ ၈ မေးခွန်းများ
၁။ အဘယ်ကြောင့်ကောင်းကင်၌ နာရီ ၀က်လောက်တိတ်ဆိတ်သွားသနည်း။ —————————————————
၂။ သန့်ရှင်း သူများ၏ ဆုတောင်းခြင်း သည်၊ ဘုရား အတွက် ဘာကဲ့သို့ဖြစ်သနည်း။ —————————————————အဘယ့်ကြောင့်နည်း။ —————————————————
၃။ အခန်းငယ် ၆ -ရ၌ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို ပဌမ ဦးစွာ ဘာဖြင့် အဖြေပေးသနည်း။ —————————————————
၄။ ၂၀၀၆မှ ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်၌ မိုဃ်းကြိုးပစ်မှုကြောင့် လူဘယ်နှစ်ဦးသေသနည်း။ —————————————————
၅။ ဒုတိယတံပိုးမှုတ် သောအခါ ဘာ ဖြစ်သနည်း။ —————————————————
၆။ အဘယ်ကြောင့် ဘုရားသခင်က မြေကြီးကို မီးနှင့် ရှို့ခြင်း ဖြစ်နိင်သနည်း။ —————————————————
ရ။ ၂၀၀၆မှ ၂၀၁၃ အမေရိကန်ပြည် ထောင်စု၌ မိုဃ်းကြိုးကြောင့်သေဆုံးသူမည်မျှရှိသနည်း။ —————————————————
၈။ အဘယ်ကြောင့် ဘုရားသခင်သည် နေ၊ လ၊ ကြယ်များကို ကြတ်စေသနည်း။ —————————————————
၉။ မြန်မာကျမ်းစာအုပ်၌ ရွှေလင်းတဟူသောအရာ သည်၊ အမှန်မှာ အဘယ်အရာနည်း။ —————————————————
၁၀။ အဘယ်ကြောင့် ဘုရားသခင်သည် ဘေးဒဏ်ကြီး ကာလ၌၊ အမျက်ေဒါသမီးကို၊ တခုပြီး တခုလောင်းချသနည်း။ ————————-
.
ဗျာဒိတ်ကျမ်း ၉
အနက်ဆုံးသောတွင်းမှ နတ်ဆိုးများ
၁။ ပဥဏမ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ ကြယ်တလုံးသည် ကောင်းကင် ကမြေကြီး ပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌ အနက်ဆုံးသောတွင်း၏သော့ကို အပ်ပေးသည် ဖြစ်၍၊ ၂။ သူသည် အနက်ဆုံးသောတွင်းကို ဖွင့်လျှင်၊ ကြီးစွာသော မီးဖို၏ အခိုးကဲ့သို့သော အခိုးသည်တွင်း ထဲကတက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသကောင်းကင်သည် မှောင်မိုက်လေ၏။
ပဥ္စမ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ ကြယ်တလုံးသည် ကောင်းကင် ကမြေကြီး ပေါ်သို့ ကျသည်ဟုဆိုသည်။ ထိုကြယ်သည် ရိုးရိုးကြယ် မဟုတ်လောက်ချေ။ အကြောင်းမူကား သူ၌ ပုဂ္ဂုိလ်ကဲ့သို့ ဆက်ပြောထားသည်။ ထို့အပြင်အနက်ဆုံးသောတွင်း၏သော့ကို ပေးထားသည်ဟုဆိုသည်။ ကျသည် ဟူသောအရာ လည်း၊ ဆင်းသက်လာခြင်းကို ဆိုလိုခြင်း ဖြစ်မည်။ ကျခြင်းသည် မရည်ရွယ်ဘဲ ဖြစ်တတ်သည်။ ဆင်းသက်ခြင်းသည် ရည်ရွယ်ချက်ရှိသည်။ ကျသည်ဟုဆိုခြင်းသည် အလွန်လျှင် မြန်ခြင်းကြောင့် ဖြစ်နိင်သည်။
အနက်ဆုံးသောတွင်းနှင့် ပတ်သက်၍၊ ကျမ်းစာ၌ ခုနှစ်ကြိမ်တွေ့ရသည်။ ဗျာဒိတ်ကျမ်း၌ ၅ ကြိမ်နှင့် အခြား၌ ၂ ကြိမ်တို့ ဖြစ်သည်။ သင်္ချိုင်းတစပြင်၌ နေသော သူ၏ အထဲမှနတ်ဆိုးများ (လေဂေါင်) ကသခင်ယေရှု ထံသူတို့ကို၊ “အနက်ဆုံးသော အရပ်သို့ သွားစေခြင်းငှါ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏။” (လု ၈:၃၁)။ ထိုနတ်ဆိုးလေဂေါင်များ ကသခင်ယေရှုထံ၊ “အချိန် မရောက်မီှ၊ အကျွန်ုပ်တို့ကို ညှဥ်းဆဲခြင်းငှါ ကြလာ တော်မူ သလော ဟု၊ အော်ဟစ်၍ လျှောက်ကြ၏။” (မ ၈:၂၉) ဟုဆိုသောကြောင့် ထိုအနက်ဆုံးသော နေရာသည် ၀ိညာဥ်များ၊ ညှဥ်းဆဲသော နေရာ ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ သက်သေခံနှစ်ပါးကို ဘုရားသခင်က သက်သေခံခိုင်းမည်။ မည်သူကမျှသူတို့ကို မသတ်နိင်ခဲ့ချေ။ သူတို့သည် သက်သေခံပြီး သောအခါ၊ အနက်ဆုံးသောတွင်း ထဲက၊ တက်သောသားရဲသည်၊ သူတို့ကို စစ်တိုက်၍အောင် လိမ့်မည် (ဗျာ ၁၁:ရ)။ ထိုသားရဲသည် အန္တီ ခရစ် ဖြစ်၍ အနက်ဆုံးသောတွင်း ထဲမှတက်လာသည်ဟုဆိုသည်။ စာတန်ကို ထိုအနက်ဆုံးသောတွင်း ၌၊ အနှစ်တစ်ထောင်ပတ်လုံးချုပ်ထားမည့် အကြောင်းကို၊ ဤသို့ ရေးထားသည်၊ “တဖန် ကောင်းကင်တမန် သည်၊ အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက် ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ်နတ် စာတန် တည်း ဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုး တို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်” (ဗျာ ၂၀:၁-၃)။ ဤနေရာ၌ စာတန်ကို၊ အနက်ဆုံးသောတွင်း ၌ ဖမ်းကိုင်၍ ချမည့် သူသည်၊ ကောင်းကင်တမန် ဖြစ်သည်။ ထိုကောင်းကင်တမန်၌ အနက်ဆုံးသောတွင်း၏သော့ရှိသည်။
၃။ ကျိုင်းကောင်တို့သည်၊ မီးခိုးအထဲကမြေကြီး အပေါ်သို့ ထွက်၍၊ မြေကင်းမြီးကောက် တန်ခိုးကဲ့သို့သော တန်ခိုးကို ရကြ၏။
မီးခိုးထဲမှ ထွက်သောကြောင့်၊ တကဲ့ကျိုင်းကောင် မဟုတ်နိင်။ ထိုကျိုင်းကောင်များသည် ၀ိညာဥ်ဆိုးများ ဖြစ်နိင်သည်။ ထိုကျိုင်းကောင်များသည် မြေကင်းမြီးကောက်ကဲ့သို့သော အဆိပ်ရှိသည်။ ကင်းမြီးကောက်သည် အမြီး၌ အဆိပ်ရှိ၍၊ လူကို တုတ်လျှင် အလွန် နာစေနိင်သည်။
၄။ မြေ၏ မြက်ပင်မှစ၍ စိမ်းသောအရာ များ၊ သစ်ပင်များ အပေါင်းတို့ကို ထား၍၊ နဖူး၌ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသော လူတို့ကို သာညှဥ်းဆဲမည်အကြောင်း၊ သူတို့အား ပညတ်ထား၏။
ကျိုင်းကောင်တို့သည် သစ်ရွက်နှင့် မြက်ပင်များ သာစားတတ်သည်။ သို့သော် ထိုကျိုင်းများသည်၊ သစ်ပင်မြက်ပင်များကို စားရန် မဟုတ်ဘဲ၊ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသော သူတို့ကိုသာ၊ ညှဥ်းဆဲဘို့ရန် ပညတ်ထားသည်ဟုဆိုသည်။ ထို့ကြောင့် သူတို့ သည၊ ် ဘုရားသခင်က ချုပ်ကိုင်ထားသော အကောင်များ ဖြစ်ကြောင်း ထင်ရှားသည်။ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်း ခံရ သူများသည် အခန်းရ၌ တွေ့ရသော ဣသရေလ လူ၁၄၄၀၀၀တို့ ဖြစ်သည်။ စာတန်ကလည်း သူ့လူများကို ၆၆၆ တံဆိပ်ခတ်မည့် အကြောင်း အခန်းကြီး ၁၃၌ တွေ့ရသည်။ ထိုတံဆိပ်မခတ်ထားသော သူများရောင်း၀ယ်၍ မရဟု သိရသည်။ ဘေးဒဏ်ကြီး ကာလသည် ဘုရားသခင်၏ လူနှင့် စာတန်၏ လူကဲွကဲွပြားပြားခြားနား၍၊ ကိုယ့်လူသူ့လူကာကွယ်သော ကာလ ဖြစ်သည်။ ယခုခေတ် ကဲ့သို့မဟုတ်။
၅။ တံဆိပ်ခတ်ခြင်းကို မခံသော သူတို့ကိုကား၊ သတ်ရသော အခွင့်မရှိ။ ငါလပတ်လုံးပြင်းစွာသော ဝေဒနာ ဖြစ်စေသော အခွင့်ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ ဖြစ်သတည်း။ ၆။ ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ ထံမှ ပြေးသွားလိမ့်မည်။
ကျိုင်းကောင်တို့သည်၊ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်း မခံသော သူများကို၊ ငါးလ လုံးဝ ေဒနာ ဖြစ်စေနိင်မှာ ဖြစ်သည်။ ထိုကျိုင်းကောင်များကြောင့် ဝေဒနာ ခံသူများသည်၊ ဝေဒနာ ခံစားရသော်လည်း မသေနိင်ဘဲ ဖြစ်ကြသည်။ ဖြစ်နိင်ခြေရှိသည်မှာ၊ ထိုဝေဒနာ ခံသူများကို ဆေးရုံ၌ ထား၍၊ ကိုယ်ကိုယ်ကို သတ်မသေနိင်ခြင်း ဖြစ်နိင်သည်။ လူ၏ ထုံးစံမှာကိုယ်ခန္ဓာ ဖြစ်စေ၊ စိတ် ဖြစ်စေ၊ ဝေဒနာ မခံနိင် သောအခါ သေချင် ကြသည်။ သေခြင်း ဖြင့် ဝေဒနာ ငြိမ်းသွားမည်ဟု ထင်တတ်သည်။ အမှန်မှာ သေခြင်းဖြင့် ဝေဒနာ မငြိမ်းနိင်ပါ။ ငရဲသွားမည့်သူများအတွက်၊ သေခြင်းသည် ဝေဒနာ၏ အစသာလျှင် ဖြစ်သည်။ ကျိုင်းကောင်တုတ်သော သူများကို၊ အဘယ်ကြောင့်ထို ဝေဒနာကို ခံစား စေကြောင်း မသိရချေ။ ဖြစ်နိင်ချေရှိသည် မှာ အခန်းကြီး ၁၃၌ ရေးထားသော စာတန်၏ တံဆိပ် ၆၆၆ကို မခတ်ကြဘို့ရန် သတိပေးခြင်း ဖြစ်နိင်သည်။ ထိုကျိုင်းကောင်းများ၏ ထိုးခြင်း ဝေဒနာကြောင့်၊ ဘုရားသခင်ကို ပြန်လည်ယုံကြည်၍၊ စာတန်၏ တံဆိပ်မခတ်ဘို့ရန် သတိပေးခြင်း၊ ဟု ယူဆရသည်။ သို့သော် ကျမ်းစာ ကအတိအကျ မပြောသောကြောင့်၊ ရှင်းလင်းစွာ မသိရပါ။
ရ။ ထိုကျိုင်းကောင်းတို့၏ အဆင်းသဏ္ဍန်သည်၊ စစ်တိုက်ခြင်းငှါ ပြင်ဆင်သော မြင်း၏ အဆင်းသဏ္ဍန်နှင့် တူ၏။ ခေါင်းပေါ်မှာ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ မျက်နှာသည် လူမျက်နှာကဲ့သို့ဖြစ်၏။ ၈။ ဆံပင်သည် မိန်းမဆံပင်ကဲ့သို့ဖြစ်၏။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ဖြစ်၏။
ယောဟန်ကထိုကျိုင်းကောင်များ၏ အဆင်းသဏ္ဍန်ကို ဖေါ်ပြထားသည်။ ထိုကျိုင်းကောင်များသည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သော မြင်းနှင့် တူသည်ဟုဆိုသည်။ ခေါင်းပေါ်မှာ ရွှေသရဖူဆောင်းဟန်ရှိ၍၊ လူမျက်နှာကဲ့သို့ဖြစ်သည်ဟုဆိုသည်။ ထိုအရာသည် အချို့သော ကျမ်းစာ အနက်ပြန် သူများက၊ စစ်ရဟတ်ယဥ်များ ဖြစ်မည်ဟုဆိုသည်။ ယခုခေတ်တွင် ယဥ်များ၌ ပုံအမျိုးမျိုး ဆဲွတတ်သောကြောင့် ထိုအရာများကို ရူပါရုံအားဖြင့် မြင်ခြင်း ဖြစ်နိင်သည်။ သို့သော် စစ်တိုက်ရဟတ်ယဥ်များသည် လူကို သေစေနိင်သည်။ ထိုမျှသာမကရဟတ်ယဥ်များသည်၊ အနက်ဆုံးသောတွင်း ထဲမီးခိုးထဲမှ ထွက်ကြသည် မဟုတ်သောကြောင့်၊ လူလုပ်သော ယဥ်များ ဖြစ်မည်ဟု မဆိုနိင်ချေ။ ထိုအရာသည် စာတန်၏ နတ်ဆိုးများ ဖြစ်နိင်သည်။
၉။ ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ဖြစ်၏။ အတောင်ခတ်သော အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်၏။
ထိုကျိုင်းကောင်များ၌ သံရင်အုပ်တန်ဆာကဲ့သို့ ရှိသည်ဟုဆိုသည်။ အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်သည်ဟုဆိုသည်။ ဆိုလိုသည် မှာထိုအကောင်များသည် တိတ်တိတ်ဆိပ်ဆိပ်ရှိမည် မဟုတ်၊ အသံပြုမည်။ ခြောက်ခြားစရာ ကောင်းလိမ့်မည်။ မြို့ထဲ၌ မီးသတ်ကားများ၊ ရဲကားများ၊ လူနာတင်ကားများ၊ ဥဩသံပြု၍ ဆူညံ သောအခါ စိတ်ခြောက်ခြားစရာ ကောင်းသည် မဟုတ်လော။
၁၀။ အမြီးသည် ကင်းမြီးကောက်နှင့် တူ၏။ အမြီး၌လည်း ဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံးညှဥ်းဆဲရသော အခွင့်တန်ခိုးရှိ၏။
ထိုကျိုင်းကောင်များသည် အမြီး၌ ဆူးရှိ၍၊ လူတို့ကို ငါးလပတ်လုံးညှဥ်းဆဲရသော အခွင့်ရှိသည်ဟုဆိုသည်။ အထက်၌လည်း ငါးလပတ်လုံး၊ ဝေဒနာ ခံစား ကြကြောင်း ဖေါ်ပြခဲ့ပြီ။ အဘယ်ကြောင့်ငါးလအထိ ခံစား ကြသနည်း။ အဘယ်ကြောင့်မသေနိငကြသနည်း။ မသိရပါ။
၁၁။ သူတို့၏ ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ၍၎င်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန်ဟူ၍၎င်း၊ ခေါ်ဝေါ်သော အနက်ဆုံးသောတွင်း တမန် ဖြစ်၏။
ထိုကျိုင်းကောင်များ၌ ရှင်ဘုရင်ရှိသည်ဟုဆိုသည်။ ထိုရှင်ဘုရင်ကို ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟေလသတည်း ဟူသော ဂရိတ်ဘာသာအားဖြင့် အပေါလျုန်ဟု ခေါ်သည်။ ထိုစကား လုံး၏ အဓိပ္ပါယ်မှာဖျက်ဆီးသူ ဖြစ်သည်။ ထိုကျိုင်းကောင်များသည် ဖျက်ဆီးဘို့ရန် သူတို့၏ ဘုရင်ကဦးဆောင်သည်။
၁၂။ အမင်္ဂလာတပါးလွန်ပြီ။ ထိုနောက်မှအမင်္ဂလာနှစ်ပါးလာလေဦးမည်။
ဘုရားသခင်သည် ယခုအခါ၊ မည်မျှပင် စော်ကား၍ ဆန့်ကျင် တိုက်ခိုက်သော်လည်း၊ မရှိ သကဲ့သို့၊ မကြား သကဲ့သို့ ငြိမ်နေသည်။ အကြောင်းမှာ ဘေးဒဏ်ကြီး ကာလ၌၊ အတိုးချသူ၏ အမျက်ေဒါသကိုလောင်းဘို့ရန်၊ ရာထားသောကြောင့် ဖြစ်နိင်သည်။ ဘေးဒဏ်ကြီး ကာလတွင်မူ၊ အမင်္ဂလာတပါးပြီး တပါးမြေကြီး ပေါ်၌ ကျရောက်စေမှာ ဖြစ်သည်။ ယခုလည်း အမင်္ဂလာနှစ်ပါးလာဦးမည်ဟုဆိုခြင်းသည်၊ မြေကြီး ပေါ်၌ နေထိုင် သူများအတွက် ကြောက်စရာ ဖြစ်သည်။
၁၃။ ဆဌမ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ ဘုရားသခင့်ရှေ့တော်၌ ရှိသော၊ ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်းထဲက၊ ထွက်သော အသံကား၊ ၁၄။ ဥဖရတ်မြစ်ကြီး နားမှာချည်နှောင်လျက် ရှိသော၊ ကောင်းကင်တမန် လေးပါးကို လွှတ်လော့၊ ဟု တံပိုးရှိသော၊ ဆဌမ ကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။
ရွှေယဇ်ပလ္လင်သည် နံ့သာပေါင်းမွှေး မီးရှို့ရာယဇ်ပလ္လင် ဖြစ်သည်။ ထိုပလ္လင်၌ နံ့သာပေါင်းမွှေး မီးရှို့ခြင်းသည်၊ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို ပုံဆောင်သည် (ဗျာ ၅:၈၊ ၈:၃၊ ဆာ ၁၄၁:၂)။ ယဇ်ပလ္လင်၏ ဦးချိုသည် ဆုတောင်းခြင်း၏ တန်ခိုး ဖြစ်သည်။ ဦးချိုသည် တိရစ္ဆာန်များ၏ အစွမ်းတန်ခိုး ဖြစ်သကဲ့သို့၊ ဆုတောင်းခြင်း သည် သန့်ရှင်း သူများ၏ အစွမ်းတန်ခိုး ဖြစ်သည်။ ယခုပလ္လင်၏ ဦးချိုမှအသံထွက်သည်မှာ၊ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို ဘုရားသခင်က၊ နားေညာင်း၍ တုံ့ပြန်သောအရာ ဖြစ်သည်။ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို (ဗျာ ၆:၉-၁၁)၌ တွေ့ရသည်။ ဘေးဒဏ်ကြီး ကာလ အစပိုင်း၌၊ ယုံကြည်သူများသည်၊ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကို ခံရကြမှာ ဖြစ်သည်။ သူတို့၏ ၀ိညာဥ်များ ယဇ်ပုလ္လင်အောက်၌ တွေ့ရခြင်းသည်၊ သူတို့၏ ဆုတောင်းခြင်း၊ သို့မဟုတ် ယဇ်ကောင် ကဲ့သို့ ပူဇော်ခံရခြင်းကို ဆိုလိုခြင်း ဖြစ်နိင်သည်။ သူတို့က၊ သူတို့ကို သတ်သော သူများကို၊ ကလဲ့စားချေဘို့ တောင်းလျှောက် ကြသည်။ သို့သော် အသေသတ်ခြင်း ခံရဦးမည့်သူများရှိ သေးသောကြောင့်၊ ခဏစောင့်ခိုင်းသည်။ ယခု သူတို့၏ ဆုတောင်း သံများကို ဘုရား ကအဖြေပေးခြင်း ဖြစ်သည်။
ထိုအသံက၊ ဥဖရတ်မြစ်ကြီး နားမှာချည်နှောင်လျက် ရှိသော၊ ကောင်းကင်တမန် လေးပါးကို လွှတ်လော့၊ ဟု တံပိုးရှိသော ဆဌမ ကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။ အဘယ်ကြောင့် ကောင်းကင်တမန် လေးပါးကို ချည်နှောင်သနည်း။ ထိုကောင်းကင်တမန် များသည်၊ ဘုရား၏ စကား နားမထောင်သောကြောင့်၊ ချည်နှေှာင်ခြင်း ခံသော သူများ ဖြစ်မည်။ သန့်ရှင်းသော ကောင်းကင်တမန် များသည်၊ ချည်နှောင်ခြင်း ခံမည် မဟုတ်။ အဘယ်ကြောင့်ဥဖရတ်မြစ်ကြီး နားမှာချည်နှောင်သနည်း။ ဥဖရတ်မြစ်သည်၊ အပြစ် စတင်ကျူးလွန်သော နေရာ၊ ဘုရားကို စတင်ပုန်ကန်သော နေရာ ဖြစ်သည်။ အာဒံနှင့် ဧ၀တို့ နေခဲ့သော ဧဒင်ဥယျာဥ်လည်း၊ ထိုမြစ်နှင့် ပတ်သက်သည် (က ၂:၁၄)။ ဗာဗုလုန်ရဲတိုက်ဆောက်၍၊ ကောင်းကင် မိဘုရားကိုး ကွယ်သော နေရာ၊ ဣသရေလ များကို နှိပ်စက်ခဲ့သော အာရှုရိအင်ပိုင်ယာ၊ ဗာဗုလုန်နှင့် ပါရှားအင်ပိုင်ယာများ လည်း၊ ထိုမြစ်နှင့် ပတ်သက်သည်။ တိုင်း နိင်ငံများသည်၊ နတ်ဆိုးမင်းများ ကအုပ်စိုးကြောင်း၊ ဤကဲ့သို့ တွေ့ရသည်၊ “ပေရသိနိုင်ငံကို အစိုးရသော မင်းမူကား၊ အရက်နှစ်ဆယ်တရက်ပတ်လုံးငါ့ကို ဆီးတား၏။” (ဒံ ၁၀:၁၃)။ ဒံယေလ ဆုတောင်း သောအခါ၊ ပေရသိ (အီရန်) နိင်ငံကို အစိုးရသော မင်းက၊ ဒံယေလထံသို့ လာသော ကောင်းကင်တမန်ကို၊ နှစ်ဆယ့်တရက်ပတ်လုံးဆီးတားခဲ့သည်။ ထိုမင်းသည် ကောင်းကင်တမန်ကို ပင်လျှင်၊ ဆီးတားနိင်သောကြောင့် လူမဟုတ်၊ နတ်ဆိုးမင်း ဖြစ်သည်။ တိုင်း နိင်ငံများကို နတ်ဆိုးမင်းများ ကအုပ်စိုးသည်။ ထို့ကြောင့် အထက်၌ ဖေါ်ပြခဲ့သော၊ ကောင်းကင်တမန် များလည်း၊ နတ်ဆိုးမင်းများ ဖြစ်သည်။ ထိုကောင်းကင်တမန် လေးပါးတို့ လွှတ်လျှင် ဘာလုပ်ကြမည်နည်း။
၁၅။ ထိုအခါ လူသုံးစုတစုကို အသေသတ်ခြင်းငှါ၊ တနာရီ၊ တရက်၊ တလ၊ တနှစ်အဘို့ ပြင်ဆင်သော ကောင်းကင်တမန် လေးပါးတို့ကို လွှတ်လေ၏။
ထိုကောင်းကင်တမန် လေးပါးတို့သည်၊ လူသုံးစုတစုအသေသတ်ခြင်းငှါ လွှတ်ခြင်း ဖြစ်သည်။ လူသုံးစုတစုသည် ကမ္ဘာ့ လူဦးရေထဲမှ ဖြစ်နိင်သည်။ ဗျာ ၆:၈၌ ကမ္ဘာ့ လူဦးရေ၏ လေးပုံတပုံသေခဲ့ပြီ။ ယခုကမ္ဘာလူဦးရေသည်၊ သန်းပေါင်းရ ၄၀၀ရိှရာလေးပုံတပုံသေလျှင်၊ သန်းပေါင်း၅၅၅၀ကျန်မည်။ ထိုအထဲမှသုံးပုံတပုံသေလျှင် သန်းပေါင်း၃၆၆၃ သာကျန်ရစ်မည်။ ထိုနတ်ဆိုးမင်းများက လူသား များကို မည်ကဲ့သို့ သေစေမည်နည်း။
၁၆။ မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊ နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။
နှစ်သင်္ချေသည် သန်းပေါင်း၂၀၀ ဖြစ်သည်။ ထိုမြင်းစီးသူရဲများသည် လူစစ်သားလော၊ နတ်ဆိုးများလောမေးစရာ ရှိသည်။ လူစစ်သားများဖြစ်ပါက၊ မြင်းစီးသူရဲသန်းပေါင်းနှစ်ရာသည် ဗျာဒိတ်ကျမ်းရေးချိန်လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ခန့်၌ လုံး၀မ ဖြစ်နိင်ချေ။ အကြောင်းမှာ ထိုအချိန် အခါ၌၊ ကမ္ဘာလူဦးရေပင်လျှင်၊ ထိုမျှလောက်သာ ဖြစ်ပေမည်။ ယခုအခါ ကမ္ဘာ့ လူဦးရေသည် သန်းပေါင်းရ ၄၀၀ ဖြစ်လာသောကြောင့်၊ စစ်သား သန်းနှစ်ရာသည် မခက်ခဲတော့ချေ။ နတ်ဆိုးများ ဖြစ်ပါကထိုမျှလောက်နတ်ဆိုးရှိဘို့ရန် ခက်ခဲမည် မဟုတ်။ ထိုမြင်းစီးသူရဲများ ဘာလုပ်ကြမည်နည်း။
၁ရ။ ထိုအတူ ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကို၎င်း၊ ကန့်၊ မီး၊ ၀ှါကိမ်သုကျောက်နှင့် ပြီးသော ရင်အုပ်တန်ဆာရှိသော မြင်းစီးသူရဲတို့ကို၎င်း၊ ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၏။ သူတို့၏ ခံတွင်း ထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။
အထက်ပါ ရူပါရုံ၌ မြင်းတို့၏ ခေါင်းသည်၊ ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၍ ခံတွင်း ထဲမှကန့်၊ မီးလျံ၊ မီးခိုးထွက်သည်ဟုဆိုသောကြောင့်၊ ယခုခေတ်စစ်တိုက်လက်နက်များကို၊ မြင်ခြင်း ဖြစ်နိင်သည်။ တင့်ကား၊ သံချပ်ကာကား၊ ရဟတ်ယဥ်များ၌ သေနပ်များ တပ်ထားကြရာမီးထွက်နိင်သည်။ သို့မဟုတ် နတ်ဆိုးများ ဖြစ်နိင်သည်။
၁၈။ သူတို့၏ ခံတွင်း ထဲကထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်း ဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစုသေကြ၏။ ၁၉။ အကြောင်းမူကား၊ သူတို့ တန်ခိုးသည် ခံတွင်း ၌၎င်း၊ အမြီး၌၎င်းတည်၏။ အမြီးသည် ခေါင်းနှင့် ပြည့်စုံ၍ မြွေနှင့် တူ၏။ အမြီးအားဖြင့် ညှဥ်းဆဲတတ်ကြ၏။
အထက်က ဖေါ်ပြခဲ့သော မြင်းစီးသူရဲသန်း၂၀၀တို့ ကကမ္ဘာ့ လူသုံးစုတစုကို၊ သတ်မှာ ဖြစ်ကြောင်း၊ ထိုသို့ သတ်ရာတွင် သူတို့ စီးသော မြင်းများမှ ထွက်သော ကန့်၊ မီးလျံ၊ မီးခိုးများအားဖြင့် ဖြစ်မည့် အကြောင်း ဖေါ်ပြထားပါသည်။
၂၀။ ထိုဘေးဒဏ်ကြောင့်မသေဘဲ ကြွင်းသော လူတို့သည် နတ်တို့ကို၎င်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကို၎င်း၊ မကိုး ကွယ်ဘဲ နေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သောအရာ များကို နောင်တ မရဘဲ နေကြ၏။
လူသည် မည်မျှပင် ဆင်းရဲ ဒုက္ခ ရောက်သော်လည်း၊ ၀ိညာဥ်မျက်စိကန်းသောကြောင့်၊ စစ်မှန်သော ဘုရားကို မသိနိင်၊ သူတို့ လက်နှင့် လုပ်သော ရုပ်တုများကို၊ ဘုရား အဖြစ်နှင့် ကိုး ကွယ်တတ်သည်မှာ၊ အလွန် အံ့ဩဘွယ် ဖြစ်သည်။ မလှုပ်ရှားနိင်၊ မကြား၊ မမြင်နိင်သော လူလက်နှင့် လုပ်သောအရာ များကို ကိုး ကွယ်ခြင်းသည်၊ စာတန်၏ လှည့်စားမှုကြောင့်၎င်း၊ စိတ်နှလုံးခိုင်မာသောကြောင့်၎င်း ဖြစ်သည်။
၂၁။ ကိုယ်ကျင့်သော အကျင့်တည်း ဟူသော လူအသက်ကို သတ်ခြင်း၊ သူတပါးကို ပြုစားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ အမှု များကို လည်နောင်တ မရဘဲ နေကြ၏။
လူသည် အပြစ်သား ဖြစ်သောကြောင့်၊ အပြစ် လုပ်ဘို့ရန် မွေးဘွားကြောင်း၊ ဤနေရာ၌ အလွန် ထင်ရှားသည်။ မည်မျှပင် ဒုက္ခ ရောက်သော်လည်း နောင်တ မရ၊ မိမိတို့ အလိုဆန္ဒအတိုင်း ကျင့်နေမည့် အကြောင်း၊ ကျမ်းစာက ကြိုတင် ဟောထားသည်။ လူသည် ခေတ်အဆက်ဆက်ဆိုးသွမ်းသော်လည်း၊ ဘေးဒဏ်ကြီး ကာလ၌ အဆိုးဆုံး ဖြစ်မည်။ ထိုအချိန်နှင့် အလွန် နီးသောကြောင့် ယခုအခါ အပြစ် ဒုစိုရိုက်များ ပို၍ ပို၍များလာကာ၊ နေ့စဥ်သတင်းများ၌ သတင်းကောင်းထက် သတင်း ဆိုးများသာ၊ ကြားနေရခြင်း ဖြစ်သည်။
ဗျာ ၉ မေးခွန်းများ
၁။ ပဥဏမ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ ကျသော ကြယ်သည် ဘာ ဖြစ်နိင်သနည်း။ —————————————————
၂။ အနက်ဆုံးသောတွင်း သည်မည် သူများ နေမည့် နေရာ ဖြစ်သနည်း။ —————————————————
၃။ ကျိုင်းကောင်များ ကမည် သူများကို သာတုတ်မည်နည်း။ —————————————————
၄။ ကျိုင်းကောင်တုတ်ခံရသော သူများ ဘာကို ရှာကြမည်နည်း။ —————————————————
၅။ နံ့သာပေါင်းမွှေး မီးရှို့ရာယဇ်ပလ္လင်၏ ဦးချိုသည် ဘာကို ဆိုလိုသနည်း။ —————————————————
၆။ ဥဖရတ်မြစ်နား၌ ချည်နှောင်သော ကောင်းကင်တမန် များသည်မည် သူများ နည်း။ —————————————————
ရ။ တိုင်း နိင်ငံများကို မည်သူတို့ ကအုပ်စိုးသနည်း။ —————————————————
၈။ မြင်းစီးသူရဲတို့၏ အရေအတွက် နှစ်သခေ်ျသည် မည်မျှ ဖြစ်သနည်း။ —————————————————
၉။ လူသည် ဒုက္ခ ရောက်လျှင်လည်း မည်သည့်အရာကို အားကိုး တတ်သနည်း။ —————————————————
၁၀။ အဘယ်ကြောင့်နေ့တိုင်း သတင်း ဆိုးများ သာကြားနေရကြသနည်း။ —————————————————
.
ဗျာဒိတ်ကျမ်း ၁၀
စာအုပ်ငယ်ကိုင်သော ကောင်းကင်တမန်
၁။ ခွန်အားကြီးသော ကောင်းကင်တမန် တပါးသည်၊ မိုဃ်းတိမ်ကို ၀တ်လျက်၊ ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ခေါင်းပေါ်၌ သက်တံ့ရှိ၏။ သူ၏ မျက်နှာသည် နေကဲ့သို့ဖြစ်၏။ သူ၏ ခြေ သည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။
“ခွန်အားကြီးသော ကောင်းကင်တမန်၊ ” ဗျာ ၅:၂၌လည်း ခွန်အားကြီးသော ကောင်းကင်တမန် ဟု ဖေါ်ပြခဲ့ပြီ။
“မိုဃ်းတိမ်ကို ၀တ်လျက်၊ ” တကဲ့မိုဃ်းတိမ်သည် ၀တ်၍ ရသည် မဟုတ်၊ မိုဃ်းတိမ်ကလွှမ်းခြုံခြင်းကို ဆိုလိုသည်။ မိုဃ်းတိမ်သည် ဘုရားသခင်ကို ဆိုလိုတတ်သည်။ ဣသရေလ လူများကို၊ အဲဂုတ္တု ပြည် မှမိုဃ်းတိမ်တိုင်အားဖြင့် ဦးဆောင်ခဲ့သည်။ တဲတော် ထဲ၌ ပဋ္ဋိညာဥ်သေတ္တာပေါ်တွင်၊ ဘုရားသခင်သည် မိုဃ်းတိမ်အားဖြင့်၊ ကျိန်း၀ပ်ခဲ့သည်။ ထို့ကြောင့် မိုဃ်းတိမ်ကို ၀တ်ခြင်းသည် ဘုရားသခင်၏ အခွင့်အားဖြင့် ဖြစ်ကြောင်း၊ ကို ဆိုလိုခြင်း ဖြစ်သည်။
“ကောင်းကင် ကဆင်းသက်သည်” နတ်ဆိုး စာတန်နှင့် သက်ဆိုင်သော သူများသည်၊ အနက်ဆုံးသောတွင်း ထဲမှတက်တတ်သော်လည်း၊ ဘုရားသခင်နှင့် ဆိုင်သော သူများသည်၊ ကောင်းကင် မှဆင်းသက်တတ်သည်။ “သူ၏ ခေါင်းပေါ်၌ သက်တံ့ရှိ၏” သက်တံ့သည်၊ ဘုရားသခင်က နောဧထံမြေကြီးကို ရေလွှမ်းမိုးခြင်း အားဖြင့် မဖျက်စီးတော့မည့် အကြောင်း၊ ပဋ္ဋိညာဥ်ပြုထားသော သက်သေလက္ခဏာ ဖြစ်သည် (က ၉:၈-၁ရ)။ ဆိုလိုသည် မှာ ဘုရားသခင်သည်၊ မြေကြီးသား အပေါင်းကို မဖျက်စီးချင်သော သဘောကို ပြသည်။ ဘုရားသခင်၏ မေတ္တာနှင့် ဂရုဏာတော်ကို ဖေါ်ပြသည်။
“သူ၏ မျက်နှာသည် နေကဲ့သို့ဖြစ်၏” နေသည် ထွန်းလင်းသည်။ မောရှေသည် ဘုရားနှင့် မိဿဟာယပြု သောအခါ သူ၏ မျက်နှာသည် ထွန်းပသည် (ထွက် ၃၄:၂၉-၃၀)။ သခင်ယေရှု၏ မျက်နှာတော်သည် တောင်ပေါ်၌၊ နေကဲ့သို့ ထွန်းတောက်၍ အ၀တ်တော်သည်၊ အလင်းကဲ့သို့ ဖြူခဲ့သည် (မ ၁ရ:၂)။ ဤ ကောင်းကင်တမန် သည်၊ ဘုရားသခင်နှင့် အနီးကပ်နေသောကြောင့် သူ၏ မျက်နှာသည်၊ နေကဲ့သို့ဖြစ်ခြင်း ဖြစ်သည်။ သူ၏ ခြေသည် လည်း၊ မီးခဲတိုင်ကဲ့သို့ဖြစ်၏။ ယောဟန်ကသခင်ယေရှု၏ ခြေတော်ကို၊ မီး၌ ခဋ္ဌတ်ပြီးသော ကြေး၀ါစစ်ကဲ့သို့ မြင်ခဲ့ပြီ (ဗျာ ၁:၁၅)။ မီးခဲတိုင်ကဲ့သို့ဖြစ်ခြင်းသည်၊ တရားစီရင်မည့် အရာကို ဆိုလိုခြင်း ဖြစ်မည်။
၂။ ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက် ရှိ၏။ လကျ်ာခြေသည် ပင်လယ်ပေါ်မှာ၎င်း၊ လက်ဝဲခြေသည် မြေကြီး ပေါ်မှာ၎င်းနင်း၍၊
ကောင်းကင်တမန်၏ လက်၌၊ ဖွင့်ထားသော စာစောင်ငယ်ကိုင်လျက် ရှိသည်။ ထိုစာစောင်၌ ဘာရှိသည်ကို မပြောသောကြောင့် မသိနိင်ချေ။ ဘုရားသခင်၏ လက်ျာလက်၌လည်း၊ တံဆိပ်ခုနှစ်ချက်နှင့် ပိတ်ထားသော စာစောင်ကို ဗျာ ၅:၁၌ တွေ့ခဲ့ရပြီ။ ကောင်းကင်တမန် သည်၊ ပင်လယ်ပေါ်မှာ လက်ျာခြေ၊ မြေကြီး ပေါ်မှာ လက်ဝဲခြေဖြင့် နင်းထားသည်။ ထိုကောင်းကင်တမန် သည်၊ အလွန် ကြီးမား ဘွယ်ရှိသည်။ ပင်လယ်နှင့် မြေကြီး နင်းခြင်း ဆိုသည်မှာ၊ တကမ္ဘာလုံးကို အုပ်စိုးခြင်း ဖြစ်နိင်သည်။ ရှေးတုန်း၌ ရန်သူကိုအောင် နိင်လျှင်၊ ခြေဖြင့် နင်းတတ်သည်။ မြေကြီးနှင့် ပင်လယ်ကို နိင်ခြင်း၊ တရားစီရင်နိင်ခြင်းကို ဆိုလိုသည်။
၃။ ခြသေ့်ဟောက် သကဲ့သို့ ကြီးသော အသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှမိုဃ်းကြိုးသံ ခုနစ်ချက်မြည်လေ၏။
ကောင်းကင်တမန် သည်၊ ခြင်္သေ့ဟောက် သကဲ့သို့ ကြီးသော အသံနှင့် ကြွေးကြော်သည်။ ခြင်္သေ့ဟောက်သံသည်၊ ကြောက်စရာ ကောင်းသည်။ ကျမ်းစာ၌၊ “ထာ၀ရ ဘုရားသည် လည်း၊ ဇိအုန်တောင်ပေါ်ကေကြးကြော်၍၊ ယေရုရှလင် မြို့ထဲကအသံကို လွှင့် တော်မူ သဖြင့်၊ မိုဃ်းကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့်မည်။” (ယောလ ၃:၁၆)၊ ဟု တွေ့ရသည်။ တဖန်၊ “ထာ၀ရ ဘုရားသည်၊ ဇိအုန်တောင်ပေါ်ကကြွေးကြော်၍၊ ယေရုရှလင် မြို့ထဲအသံကို လွှင့် တော်မူသောကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။” (အာမုတ် ၁:၂) ဟု တွေ့ရသည်။ ထာ၀ရ ဘုရား၏ ကြွေးကြော်ခြင်းသည်၊ ကြောက်စရာ ကောင်းကြောင်း တွေ့ရသည်။ ဤကောင်းကင် တံမန်သည် လည်း၊ ကြွေးကြော်သောကြောင့်၊ ကြောက်စရာ ကောင်းမည်။
၄။ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ၊ ငါသည် ရေးမှတ်မည်ဟုအား ထုတ်သော်၊ ကောင်းကင်မှ ထွက်သော အသံကား၊ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်သောအရာ ကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့် ဟုဆိုသည်ကို ငါကြား၏။
မိုဃ်းကြိုးသံသည် ဘုရားသခင်၏ ဘုန်းတန်ခိုးကို ဖေါ်ပြတတ်သည်။ မိုဃ်းကြိုးသံခုနှစ်ချက်ကို အဘယ်ကြောင့်မရေးခိုင်သည်၊ ကို မဖေါ်ပြ သောကြောင့် မသိရပါ။ လူများ သိဘို့ မလိုအပ်သောကြောင့် မဖေါ်ပြခြင်း ဖြစ်သည်။ သိဘို့ မကြိုးစား ကြပါစို့နှင့်။
၅။ ထိုအခါ ငါမြင်၍ မြေနှင့် ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန် သည်၊ လကျ်ာလက်ကို ကောင်းကင်သို့ ချီပြီးလျှင်၊
ကောင်းကင်တမန် သည်၊ အဘယ်ကြောင့်လက်ျာလက်ကို ကောင်းကင်သို့ ချီသနည်း။ ဘုရားသခင်ကို တိုင်တည်ခြင်း သို့မဟုတ် နာခံခြင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ မောရှေသည် အာမလက်လူမျိုးများကို တိုက် သောအခါ၊ လက်ကို မြေှာက်ခဲ့သည် (ထွက် ၁ရ)။ ဘုရားကို အားကိုးခြင်း ဖြစ်သည်။
၆ -၇။ ဘုရားသခင်၏ ကျွန်တော် မျိုးပရောဖက်တို့ အား၊ ၀မ်းမြောက်စရာ သိတင်းကို ဗျာဒိတ်ထား တော်မူသည် နှင့် စပ်ဆိုင်သော၊ ဘုရားသခင်၏ နက်နဲသောအရာ သည်၊ ကာလ မနှေးဘဲ သတ္တမ ကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ကာလ၌၊ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကို၎င်း၊ အရပ်ရပ်၌ ရှိရှိသမျှ တို့ကို၎င်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက်အသက် ရှင် တော်မူသော သူကို၊ တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။
အထက်၌ ကောင်းကင်တမန်၏ သဏ္ဍာန်ကို ဖေါ်ပြခဲ့၍၊ ယခုမှသူဆင်းလာရခြင်း၏ အကြောင်းရင်းကို ဖေါ်ပြသည်။ သူသည၊ ် ဘုရားသခင်၏ ကျွန်တော် မျိုးပရောဖက်တို့ အား၊ ၀မ်းမြောက်စရာ သတင်းကို ကာလ မနှေးဘဲ၊ သတ္တမ ကောင်းကင်တမန် တံပိုးမှုတ် သောအခါ၊ ပြည့်စုံမည်ဟု ကြွေးကြော်ခြင်း ဖြစ်သည်။ ကောင်းကင်တမန် ကမှုတ်မည့် တံပိုးသည်၊ ခုနှစ်ခုမြောက် ဖြစ်၍ ှဗျာ ၁၁:၁၅၌ ဖေါ်ပြထားသည်။ ဘုရားသခင်၏ ကျွန်ပရောဖက်များအတွက်၊ ၀မ်းမြောက်စရာ သတင်းသည်၊ အဘယ်အရာ ဖြစ်မည်နည်း။ ပရောဖက် များသည်၊ ဘုရား ပြောခိုင်းသော သတင်းကို၊ လူများတို့ အား၊ ကြားပြောသော သူများ ဖြစ်သည်။ လူများသည် အပြစ် လုပ်သောကြောင့်၊ နောင်တ ရဘို့၊ နောင်တ မရလျှင် ဘုရား၏ အမျက်တော် ခံ၍၊ တရားစီရင်ခြင်း ခံရမည့် အကြောင်း များကို ဖေါ်ပြ ကြသည်။ သို့သော် သူတို့၏ သတိပေးခြင်းကို လူများ တို့သည်၊ မယုံကြည် တတ်ကြချေ။ “ငါတို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံသနည်း၊၊ ထာ၀ရ ဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှား တော်မူ သနည်း”ဟု ပရောဖက် ဟေရှာယကညီးခဲ့ဘူးသည် (ဟေရှာယ ၅၃:၁)။
၈။ ငါကြားရသော ကောင်းကင် အသံသည်၊ တဖန် ငါ့အား ပြောသည်ကား၊ မြေနှင့် ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏ လက်၌၊ ဖွင့်ထားလျက် ရှိသော စာစောင်ငယ်ကို သွား၍၊ ယူလော့ဟုဆိုလျှင်၊ ၉။ ငါသည် ကောင်းကင်တမန် ထံသို့ သွား၍၊ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍ စားလော့။ ၀မ်းကို ခါးစေလိမ့်မည်။ သို့သော်လည်း၊ ပစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟုဆိုလျှင်၊ ငါသည် စာစောင်ကို၊ ကောင်းကင်တမန်၏ လက်မှယူ၍၊ စား၏။ ပစပ်၌ ပျားရည်ကဲ့သို့ ချို၏။ စားပြီးမှ၀မ်း၌ ခါး၏။
စာစောင်ကို၊ ယောဟန်စား သောအခါ၊ ပါးစပ်၌ ပျားရည်ကဲ့သို့ ချိုသည်၊ ဟုဆိုသည်။ အဘယ်ကြောင့်နည်း။ ထိုစာစောင်ငယ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ စာစောင်ကို စားခြင်း ဆိုသည်မှာ၊ နှုတ်ကပတ်တော်ကို ခံယူခြင်း ဖြစ်သည်။ သမ္မာတရား တည်း ဟူသော၊ ဘုရားသခင်၏ အကြံအစည်တော်ကို သိသောအခါ၊ အလွန်အားရ၀မ်းမြောက်တတ် ကြသည်။ အထူးသဖြင့် ဗျာဒိတ်ကျမ်း၏၊ ဆိုလိုရင်းများကို နားလည် သောအခါ၊ အလွန် ၀မ်းမြောက်တတ်သည်။ အလွန် ချိုမြိုန်သည်။ ဗျာဒိတ်ကျမ်း၌ ရေးထားသော ဘေးဒဏ်များ မှ၊ လွတ်မြောက်မည့် အရာများကို၊ သိသောအခါ အလွန်အားရ၀မ်းမြောက်တတ် ကြသည်။ သို့သော်၊ ထိုတရားစီရင်ခြင်း များကို သိ၍၊ ကိုယ်၏ မိဘညီအစ်ကို မောင်နှမ သားသမီး များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများက၊ မယုံကြည် သောကြောင့်၊ ထိုဘေးဒဏ်ကြီးကို ခံစားရမည့် အရာကို၊ ဆင်ခြင် သောအခါ အလွန် ၀မ်းနည်းရပြန်သည်၊ အလွန် ခါးသည်။ ကိုယ်တိုင်ဘေးဒဏ်ကြီး မှလွတ်မှာ ဖြစ်သောကြောင့်၊ အားရ၀မ်းမြောက်သလောက်၊ သူတပါးအတွက် စဥ်းစားပေး သောအခါ၊ အလွန် ၀မ်းနည်းရသည်။ ယောဟန်လည်း ဘုရားသခင်၏ အလိုတော်ကို သိသောအခါ၊ အလွန်အားရသော်လည်း၊ ဘေးဒဏ်ကြီး ကာလ၌ ခံရမည့်သူများအတွက်၊ ခါးသည်ဟု ခံစားရသည်။
၁၁။ ကောင်းကင်တမန် ကလည်း၊ သင်သည် အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး တို့၌ ၎င်း၊ ရှင်ဘုရင်တို့၌ ၎င်း၊ တဖန် ပရောဖက် ပြု၍ ဟောပြောရမည်ဟုဆိုလေ၏။
ဘုရားသခင်၏ လုပ်ဆောင်ချက် နှင့်၊ တရားစီရင်မည့် အချက်များသည်၊ ယောဟန်ကသိရှိ၍ အရသာခံဘို့ရန် သက်သက် မဟုတ်၊ လူတိုင်းကို ဟောပြောဘို့ရန် စေခိုင်းခဲ့ပါသည်။ များစွာသော ယုံကြည်သူများသည် လည်း၊ ဤ သမ္မာတရားကို သိသောအခါ၊ အလွန်အားရ၍ (ချို၍) အရသာခံဘို့ရန် သက်သက် ဖြစ်တတ်သည်။ ကိုယ်သိပြီးသောအရာ ကို၊ သူတပါးထံ၌ ပြောပြခြင်း မရှိတတ်ကြချေ။ ဘုရားသခင်က၊ ကိုယ်သိပြီးသောအရာ ကို၊ မသိ သေးသော လူများထံ၊ ဟောပြောခိုင်းသည်။ ယုံကြည်သူများသည်၊ တခုတည်းသော ဘုရား ခိုင်းသည့်အရာကို၊ မလုပ်ချင်ဘဲ၊ အခြားအရာများကို လုပ်တတ် ကြသည်။ ဘုရား ခိုင်းသည်မှာ၊ ဤ သမ္မာတရားကို၊ မသိ သေးသော သူများထံ၊ ဖြန့်ဝေဘို့ ဖြစ်သည်။ ယခုမှစ၍ကိုယ့်အနီးအနား၌ ရှိသော လူတိုင်း ထံဝေငှကြပါစို့။
ဗျာ ၁၀ မေးခွန်းများ
၁။ မိုဃ်းတိမ်ကို ၀တ်ခြင်း ဆိုသည်မှာ အဘယ်အရာနည်း။ —————————————————
၂။ ကောင်းကင်တမန် သည် ပင်လယ်နှင့် မြေပေါ်ရပ်ခြင်း ဆိုသည်မှာ ဘာကို ဆိုလိုသနည်း—————————————————။
၃။ ကောင်းကင် မတန်လက်ထဲ၌ ဘာရိှသနည်း။ —————————————————
၄။ မိုဃ်းကြိုးသံခုနှစ်ချက်ကို အဘယ်ကြောင့်မရေးခိုင်းသနည်း။ —————————————————
၅။ လက်မြေှာက်ခြင်း ဆိုသည်မှာ ဘာကို ဆိုသနည်း။ —————————————————
၆။ ဘုရားသခင်၏ ကျွန်ပရောဖက်များအတွက်၊ ၀မ်းမြောက်စရာ သတင်းသည် ဘာ ဖြစ်နည်နည်း။ —————————————————
ရ။ ယောဟန်ကစာစောင်ကို စား သောအခါ၊ ဘာအရသာရှိသနည်း။ —————————————————
၈။ စာစောင်စား သောအခါ အဘယ်ကြောင့်ချိုသည်ဟုဆိုသနည်း။ —————————————————
၉။ စာစောင်စား သောအခါ ၀မ်း၌ အဘယ်ကြောင့်ခါးသနည်း။ —————————————————
၁၀။ သင်သည် ဗျာဒိတ်ကျမ်းကို လေ့လာခြင်းဖြင့် မည်ကဲ့သို့ ခံစား သနည်း။ —————————————————
.
ဗျာဒိတ်ကျမ်း ၁၁
တတိယဗိမာန်တော် ဆောက်မည်
ဗျာဒိတ်ကျမ်း ၆ မှ ၁၉ အထိ သည် အနာဂတ်မှာ ဖြစ်မည့် ဘေးဒဏ်ကြီး ကာလ အကြောင်းကို ကြိုတင် ရေးထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်မ ဖြစ်သေးသောအရာ ကို ထိုသို့ ရေးနိင်သနည်းဟူမူကား အရာခပ်သိမ်းသည် ဘုရားသခင်၏ အစီအစဥ်အတိုင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌၊ ယေရုရှလင် မြို့တွင် ဗိမာန်တော် ပြန်ဆောက်မည့် အရာကို ရေးထားသည်။ ထိုအရာကို ကြည့်ကြစို့။
၁။ တဖန်၊ တုံလှံတံနှင့် တူသော ကျူပင်တလုံးကို၊ ငါ့အား ပေး၍၊ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုး ကွယ်သော သူတို့ကိုလည်း၊ ရေတွက်လော့။
ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်း ခိုင်းသည်။ ထိုသို့ တိုင်း ခိုင်းခြင်းသည်၊ ဗိမာန်တော် ပြန်ဆောက်မည့် အရာကို ဖေါ်ပြသည်။ ပဌမ ဦးဆုံးဗိမာန်တော်ကို ရှောလမုန်မင်းက၊ ဘီစီ ၉၆၀ခန့်တွင် ဆောက်ခဲ့ကာဘီစီ ၅၈၆တွင် ဗာဗုလုန်စစ်သားများကဖျက်စီးခဲ့သည်။ ဒုတိယဗိမာန်တော်ကို၊ ယေရုဗဗေလဦးဆောင်ခြင်းဖြင့် ဘီစိ ၅၃၈တွင် စတင်ဆောက်၍ ဘီစီ ၅၁၅တွင်ပြီး စိီးခဲ့သည်။ ထိုဗိမာန်တော်ကို ဟေရုဒ်မင်းကပြန်လည်မွန်းမံတည်ဆောက်ခဲ့သည်။ ထိုဗိမာန်တော်ကို၊ ရောမစစ်သားများကအေဒီရ၀တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုဗိမာန်တော် နေရာတွင်၊ မူစလင်များ ကဗလီကို အေဒီ ၆၉၁ နှစ်တွင် ဆောက်ကာ၊ ယခုတိုင်တည်နေဆဲ ဖြစ်သည်။ ၁၉၆ ရခုနှစ်အစ္စရေးအာရပ်ခြောက်ရက်ကြာစစ်ပွဲ၌၊ အစ္စရေးများ ကဗိမာန်တော် နေရာကို သိမ်းပိုက် နိင်ခဲ့သော်လည်း၊ အာရပ်များ ထံသို့ ပြန်လည်အပ်နှံခဲ့သည်။ အစ္စရေးများ ကထိုနေရာ၌၊ ဗိမာန်တော်ကို ပြန်လည်ဆောက်ဘို့ရန်၊ ပစ္စည်းများကို ၁၉၉၅ ခန့်မှစ၍ စုဆောင်း ပြင်ဆင် ခဲ့ကြရာ၊ ယခုအခါ ပြင်ဆင်ပြီး သွားခဲ့သော်လည်း၊ ဆောက်လုပ်ခွင့်မရရှိကြသေးချေ။ ချီဆောင်ခြင်း အပြီး၌၊ အန္တီ ခရစ်က၊ အာဏာရလာ သောအခါ၊ အစ္စရေးများနှင့် ခုနှစ်နှစ်ပဋ္ဋိညာဥ်ပြု၍၊ ဗိမာန်တော် ဆောက်ခွင့်ကို ပေးမှာ ဖြစ်သည်။ ထိုသို့ ပြီးမှဓမ္မဟောင်းကာလ၌၊ ယဇ်ပူဇော် သကဲ့သို့ ယဇ်ပူဇော်ကြမှာ ဖြစ်သည်။
ထိုအရာကို ပရောဖက် ကဤသို့ ရေးခဲ့ပြီ၊ “တသိတင်းတွင် လူအများ တို့နှင့် ပဋ္ဋိညာဥ်ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တ၀က်တွင်၊ ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို၊ ပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သောအရာ ၏ အထွဋ္ဋ်ပေါ်သို့၊ ဖျက်ဆီးသော သူသည် ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည်၊ ပျက်စီးအပ်သော သူတို့ကို၊ မလွှမ်းမိုးမှီတိုင်အောင်၊ ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။” (ဒံ ၉:၂ရ)
ခရစ်တော် ကလည်း၊ ဒံယေလရေးထားသောအရာ ကို၊ ဤသို့ကိုးကား၍ ပြောခဲ့သည်၊ “ထိုကြောင့်ပရောဖက် ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်အရာသည်၊ သန့်ရှင်းသော အရပ် ဌာန၌၊ စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သော သူသည်၊ နားလည်ပါစေ။ ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသော သူတို့သည်၊ တောင်ပေါ်သို့ ပြေးကြစေ။ အိမ်မိုးပေါ်မှာ ရှိသော သူသည်၊ အိမ်ထဲကဥစ္စာကို ယူခြင်းငှါ၊ မဆင်းစေနှင့်။ လယ်၌ ရှိသော သူလည်း၊ မိမိ အ၀တ်ကို ယူခြင်းငှါ၊ နောက်သို့ မပြန်စေနှင့်၊ ထိုနေ့ရက်၌ကိုယ်၀န်ဆောင်သော မိန်းမနှင့်၊ နို့စို့သူငယ်ရှိသော မိန်းမတို့သည်၊ အလွန် ခက်ကြလိမ့်မည်။ သင်တို့ ပြေးရသော အချိန်သည်၊ ဆောင်းကာလ၌ မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း၊ ဆုတောင်း ကြလော့။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော၊ ကြီးစွာသော ဒုက္ခသည်၊ ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာရှည်လျှင်၊ အဘယ်သူ မျှမလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့ အဘို့ အလိုငှါ၊ ထိုကာလသည် တိုလိမ့်မည်။” (မ ၂၄:၁၅)
ဒံယေလနှင့် သခင်ယေရှု ပြောသော သန့်ရှင်းရာအရပ်သည်၊ ဗိမာန်တော် ဖြစ်သည်။ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည်၊ အန္တီ ခရစ် ဖြစ်သည်။ လင်ယောက်ျားအတွက်၊ ရွံစရာသည် မိန်းမဖေါက်ပြန်ခြင်း ဖြစ်သကဲ့သို့၊ ဘုရား အတွက် ရွံစရာ ကောင်းသောအရာ သည်၊ ဘုရား အတု၊ စာတန်၏ လူ၊ အန္တီ ခရစ် ဖြစ်သည်။ အန္တီ ခရစ်သည်် ဣသရေလ လူများကို၊ ဘေးဒဏ်ကြီး ကာလ အစပိုင်း၌၊ ဗိမာန်တော် ပြန်ဆောက်ခွင့်ပေးလိမ့်မည်။ သုံးနှစ်ခွဲယဇ်ပူဇော်ခြင်းကို ခွင့်ပြုလိမ့်မည်။ သုံးနှစ်ခွဲ (ဘေးဒဏ်ကြီး ကာလ၏ အလယ်) တွင်၊ သူကိုယ်တိုင်ဘုရား ဖြစ်သည်ဟု၊ ဗိမာန်တော် ထဲ၌ ထိုင်၍၊ ကိုး ကွယ်ခိုင်းမည်။ ထိုအရာကို ရှင်ပေါလုကလည်း၊ ဤသို့ ရေးထားသည်၊ “အဘယ်သူ မျှသင်တို့ကို အဘယ်သို့ အားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မှီ၊ ဖောက်ပြန်သင်းခွဲခြင်းသည် အရင် ဖြစ်၍၊ ဒုစရိုက်လူတည်း ဟူသော၊ ပျက်စီးခြင်း၏ သားသည်၊ ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင် ဟူ၍၎င်း၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာ တို့ကို၊ ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြောက်သော အားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌၊ ဘုရားသခင်က ဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက်၊ ကိုယ်ကို ပြသောသူ ဖြစ်သတည်း။” (၂ သက် ၂:၃-၄)။ ရှင်ပေါလုကထိုသို့ ရေးသောအချိန် တွင်၊ ဗိမာန်တော်သည် ရှိသေးသည်။ ယောဟန်က ဗျာဒိတ်ကျမ်းရေးသောအချိန် အေဒီ ၉၆ ခန့်တွင်၊ ဗိမာန်တော် မရှိတော့ချေ။ ရောမစစ်သားများကအေဒီရ၀တွင် မီးရှို့ဖျက်ဆီးခဲ့ပြီ။ သို့သော် အနာဂတ်တွင် ပြန်ဆောက်လာကြမှာ ဖြစ်၍၊ ယခုအခါ အဆင်သင့် ဖြစ်နေပြီ။ အဘယ်ကြောင့်မဆောက်သေးသနည်းဟူမူကား၊ အန္တီ ခရစ်ကခွင့်မပြု သေးသောကြောင့် ဖြစ်သည်။ ထိုခွင့်ပြုချက်မတိုင်မှီ ချီဆောင်ခြင်း ဖြစ်မှာ ဖြစ်သောကြောင့်၊ ယခုအခါ ချီဆောင်ခြင်း အလွန် နီးနေပြီ။
၂။ ဗိမာန်တော် တန်တိုင်းကို မတိုင်း နှင့်၊ ပယ်ထားလော့။ တပါးအမျိုးသား တို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လလေးဆယ်နှစ်လပတ်လုံးနင်းကြလိမ့်မည်။
ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်း ခိုင်းသော်လည်း၊ အဘယ်ကြောင့်ဗိမာန်တော် တန်တိုင်းကို၊ မတိုင်း ခိုင်းသနည်း။ တိုင်းခြင်း ဆိုသည်မှာ ယပိုင်ဆိုင်ခြင်းကို ဖေါ်ပြသည်။ အန္တီ ခရစ်ကဗိမာန်တော်ကို ပြန်လည်ဆောက်ခွင့်ပေးသော်လည်း၊ တန်တိုင်း တော်သည် တပါးအမျိုးသား များက ယပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဗိမာန်တော်ကို မူစလင်များ၏ ဗာလီအနား၌ ဆောက်သောကြောင့် တန်တိုင်း တော်သည်၊ မူစလင်များက ယပိုင်ဆိုင်မည့် အရာကို ဖေါ်ပြခြင်း ဖြစ်သည်။ တပါးအမျိုးသား တည်း ဟူသော မူစလင်များ ကဗိမာန်တော်ကို လေးဆယ်နှစ်လတည်း ဟူသော၊ သုံးနှစ်ခွဲလုံးလုံး ယပိုင်ဆိုင်မှာ ဖြစ်သည်။ ဗိမာန်တော် နေရာကို၊ ယခုပင်လျှင် တပါးအမျိုးသားများဖြစ်သော မူစလင်များ ကပိုင်သော်လည်း၊ အဘယ့်ကြောင့်သုံးနှစ်ခွဲပိုင်မည်ဟုဆိုသနည်း။ သုံးနှစ်ခွဲပိုင်ခြင်းသည် ဗိမာန်တော် ဆောက်ပြီးမှရေတွက်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလသည် ခုနှစ်နှစ် ဖြစ်၍၊ ဗိမာန်တော်ကို ဘေးဒဏ်ကြီး ကာလ အစပိုင်း၌ ဆောက်ကာ၊ သုံးနှစ်ခွဲအချိန်တွင် ဗိမာန်တော် အထဲ၌၊ အနီျွှ ခရစ်ကသူက၊ သူသည် ခရစ်တော် ဘုရား ဖြစ်သည်ဟု ကျေညာမှာ ဖြစ်သည် (ဒံမ ၂၄:၁၅၊ ၂ သက် ၂:၃-၄)။
သက်သေခံနှစ်ပါး
၃။ ငါ၏ သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအ၀တ်ကို ၀တ်လျက်၊ အရက်တထောင်နှစ်ရာခြောက်ဆယ်ပတ်လုံးပရောဖက် ပြုကြလိမ့်မည်။
ဘုရားသခင်က သူ၏ သက်သေခံနှစ်ပါးကို၊ ဘေးဒဏ်ကြီး ကာလ၌ စေလွှတ်မှာ ဖြစ်သည်။ လျှော်တေအ၀တ်၀တ်ခြင်း ဆိုသည်မှာ ၀မ်းနည်းခြင်း၊ နှိမ့်ချခြင်းကို ဖေါ်ပြသည်။ ဘုရား၏ သက်သေခံနှစ်ပါးတို့သည်၊ အရက်တထောင်နှစ်ရာခြောက်ဆယ်တည်း ဟူသော၊ သုံးနှစ်ခွဲပတ်လုံးသက်သေခံကြလိမ့်မည်။ ထိုသုံးနှစ်ခွဲသည် ခုနှစ်နှစ်ဘေးဒဏ်ကြီး ကာလ၏ တ၀က် ဖြစ်သည်။ သူတို့ ပရောဖက် ပြုမည့် အရာများသည် ဘုရားသခင် ယုံကြည်ဘို့၊ စာတန်နှင့် သူ၏ လူအန္တီ ခရစ်နှင့်၊ မိစ္ဆာပရောဖက် တို့၏ လိမ်လည်လှည့်ဖျားခြင်းကို၊ မယုံကြည် ဘို့နှင့် သူတို့ကို မကြောက်ဘို့၊ ဘုရားသခင်၏ တရားစီရင်ခြင်းများခံရမည့် အရာများ ဖြစ်ပေလိမ့်မည်။ တံပိုးခုနှစ်ခုမြောက်မှုတ် သောအခါ၊ ဘုရားသခင်၏ အမျက်တော် ဖလားခုနှစ်လုံး၊ မြေကြီး အပေါ်၌လောင်းမည့်အရာများကို သတိပေးပေလိမ့်မည်။
၄။ ထိုသူတို့သည်ကား၊ မြေကြီး အရှင်၏ ရှေ့တော်၌ စိုက်ထားသော၊ သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သတည်း။
သက်သေခံနှစ်ပါးတို့သည်၊ သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သည်ဟုဆိုသည်။ သံလွင်ပင်နှစ်ပင်နှင့် ဆီမီးခုံကို ိဓမ္မဟောင်း၌ တွေ့ရသည်။ ဘုရားသခင်က ဗာဗုလုန်များ ဖျက်ခဲ့သော ဗိမာန်တော်ကို၊ ယုဒမြို့၀န်ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ် ယောရှုတို့ အား၊ ဦးဆောင်၍ တည်ဆောက်ခိုင်းသည် (ဧဇရ ၁)။ သူတို့ နှစ်ယောက်သည် ဘုရားသခင် ဘိသိက်ထားသော သူများ ဖြစ်၍၊ ဆီမီးခုံကို ဆီဖြည့်ပေးသော သံလွင်ပင်နှင့် နှုိင်းထားသည် (ဇာခရိ ၄)။ သူတို့ တည်ဆောက်ရမည့် ဗိမာန်တော်သည် ကြီးမားသည်။ ပဌမ ဗိမာန်တော် ဆောက်ခဲ့စဥ်က၊ ရှောလမုန်မင်းသည် အာဏာနှင့် ရွှေငွေချမ်းသာ ကြွယ်၀သည်။ ဗိမာန်တော် ဆောက်ဘို့ရန် အခက်အခဲမရှိ။ ဘခင်ဒါ၀ိဒ်ကလည်း ကြိုတင်၍၊ ပစ္စည်းများ စုဆောင်းထားခဲ့သည်။ ဇေရုဗဗေလနှင့် ယောရှုတို့အတွက်၊ ဗိမာန်တော် ဆောက်ဘို့ရန်မှာ၊ တောင်ကြီးကို ဖြုိ သကဲ့သို့ ကြီးမားသော အလုပ် ဖြစ်သည်။ ကျမ်းစာ၌၊ “ဇေရုဗဗေလသို့ ရောက်လာသော၊ ထာ၀ရ ဘုရား၏ နှုတ်ကပတ်တော် ဟူမူကား၊ ဤအမှု (ဗိမာန်တော် ဆောက်မည့်အမှု) သည် ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့၀ိညာဥ်အားဖြင့် ဖြစ်လိမ့်မည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာ၀ရ ဘုရား မိန့်တော်မူ၏။ အိုတောင်ကြီး၊ သင်သည် အဘယ်သို့ နည်း။ ဇေရုဗဗေလရှေ့မှာ ညီသော အရပ် ဖြစ်ရလိမ့်မည်။ လူများ တို့က၊ ကျေးဇူးတော် ရှိပါစေသော။ ကျေးဇူးတော် ရှိပါစေသောဟု ေကြးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့်အထွဋ္ဋ်ကျောက်ကို တင်ထားရလိမ့်မည်။ (ဇာခရိ ၄:၆ -ရ) ဟုအား ပေးခဲ့သည်။ ဆိုလိုသည်မှာ၊ ဗိမာန်တော်ကို ဇေရုဗဗေလကိုယ်တိုင်၊ အဆုံးသတ်ရမည်။ ထိုဗိမာန်တော်ကို ရှောလမုန်မင်းကဲ့သို့၊ တန်ခိုးအာဏာအားဖြင့် မဆောက်ဘဲ၊ ဘုရားသခင်၏ ၀ိညာဥ်တော် တန်ခိုးအားဖြင့်၊ ဆောက်မည်ဟုဆိုသည်။ ၀ိညာဥ်တော်က၊ ဇေရုဗဗေလနှင့် ယောရှုတို့ နှစ်ယောက်ကို အသုံးပြုမှာ ဖြစ်သည်။
ဇေရုဗဗေလနှင့် ယောရှုတို့သည်၊ ဗိမာန်တော် ဆောက်ဘို့ရန် အတွက်၊ ၀ိညာဥ်တော်အားဖြင့်အား ပေး၍၊ လူများကို နိုးဆော်ဥိီးဆောင်သော သူများ ဖြစ်သောကြောင့်၊ သံလွင်ပင်နှစ်ပင်နှင့် နှုိင်းထားခြင်း ဖြစ်သည်။ ထိုအရာကို ပရောဖက် ဇာခရိက၊ ဤသို့ ရေးသား ထားသည်၊ “ငါကလည်း၊ မီးခုံလက်ျာဘက်၊ လက်ဝဲဘက်၌ ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား၊ အဘယ်သို့ နည်းဟူ၍၎င်း၊ ဆီညှစ်ရာရွှေစက်နှစ်ခုအားဖြင့့်၊ မိမိတို့ ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းအား အဘယ်သို့ နည်းဟူ၍၎င်း၊ မေးလျှောက်သော်၊ ကောင်းကင်တမန်က၊ ထိုအကိုင်းတို့ကို နားမလည် သလောဟု မေးလျှင၊ ်အကျွန်ုပ် နားမလည် ပါသခင်ဟု လျှောက်၏။ ကောင်းကင်တမန် ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီး တပြင်လုံးကို အစိုးပိုင် တော်မူသော အရှင်၏ ရှေ့တော်၌ ရပ်နေသော၊ ဘိသိက်ခံသူနှစ်ပါး ဖြစ်သည်ဟုဆို၏။” (ဇာခရိ ၄:၁၁-၁၄) ထိုဘိသိက်ခံသူနှစ်ပါးသည် မြို့၀န်မင်းဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ် ယောရှုတို့ ဖြစ်သည်။
ဘေးဒဏ်ကြီး ကာလ၌လည်း၊ စာတန် ကအန္တီ ခရစ်နှင့် မိစ္ဆာပရောဖက် တို့ကို အသုံးပြု၍၊ တလောက လုံးကို အုပ်စိုးချိန်တွင် ဘုရားသခင် အတွက် သက်သေခံမည့် အရာသည်၊ အလွန် ကြီးမားသော လုပ်ငန်း ဖြစ်သည်။ အတိုက်အခံများစွာ ခံရမှာ ဖြစ်သည်။ စာတန် အုပ်စိုးသောကြောင့်၊ ၀ိညာဥ်ပိုင်း၌ ကမ္ဘာလောကသည် မှောင်မိုက်ချိန် ဖြစ်၍၊ ညမှောင်မိုက်ချိန်တွင် မီးခွက်အားဖြင့် အလင်းတွေ့ရ သကဲ့သို့၊ ထိုသက်သေခံနှစ်ပါးသည်လောက သားများအတွက် အလင်း ဖြစ်မည်။ သူတို့ကို သံလွင်ဆီတည်း ဟူသော သန့်ရှင်းသော ၀ိညာဥ်တော် ကတန်ခိုးပေးထားမှာ ဖြစ်သည်။
၅။ တစုံတယောက်သော သူသည်၊ သူတို့ကို ညှဥ်းဆဲခြင်းငှါ အလိုရှိလျှင်၊ သူတို့၏ ခံတွင်း ထဲကမီးထွက်၍ ရန်သူတို့ကို မျိုတတ်၏။ တစုံတယောက်သော သူသည်၊ ထိုသူတို့ကို ညှဥ်းဆဲခြင်းငှါ အလိုရှိလျှင်၊ ထိုသို့ အသေသတ်ခြင်းကို ခံရမည်။
လောက သားများကသက်သေခံနှစ်ဦးကို၊ အလိုရှိမည် မဟုတ်ကြောင်း ကြိုတင် သိရသည်။ ထို့ကြောင့် ထိုသူနှစ်ယောက်တို့ကို အသေသတ်ချင် ကြလိမ့်မည်။ သို့သော် သူတို့ကို ညှဥ်းဆဲသတ်ဖြတ်မည့်သူ များကို သူတို့၏ ခံတွင်း ထဲမှမီးထွက်၍ မျိုလိမ့်မည်ဟုဆိုသည်။ ခံတွင်း ထဲမှမီးထွက်ခြင်းသည် တကယ့်မီးထွက်ခြင်းလည်း ဖြစ်နိင်သည်။ သို့မဟုတ် မီးထွက်ဘို့ရန် အမိန့်ပေးခြင်းလည်း ဖြစ်နိင်သည်။ ဧလိယသည် သူ့ကို ဖမ်းမည့် တပ်မှုးနှင့် စစ်သား ငါးဆယ်ကို ကောင်းကင် မှမီးကျစေ ခြင်းအားဖြင့်၊ နှစ်ဖွဲ့သေ စေခဲ့ဘူးသည် (၄ရာ ၁:၁၀- ၁၂)။ ဘုရားသခင်က ပရောဖက် ယေရမိထံ၌ ဤသို့ ပြောခဲ့ဘူးသည်၊ “ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာ၀ရ ဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ထိုသို့ ဆိုသောကြောင့်၊ ငါ့စကားကို သင်၏ နှုတ်၌ မီးကဲ့သို့၎င်း၊ ဤလူမျိုးကို ထင်းကဲ့သို့၎င်းငါ ဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည်။” (ယေရမိ ၅:၁၄)။
၆။ ထိုသူတို့သည် ပရောဖက် ပြုသော နေ့ရက်ကာလ၌ မိုဃ်းမရွာစေခြင်းငှါ၊ မိုဃ်းကောင်းကင်ကို ပိတ်ရသော အခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေး ဖြစ်စေရသော အခွင့်၊ မိမိတို့ အလိုရိှသမျှ သောအခါ၌၊ ဘေးအမျိုးမျိုး ဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ၏။
သက်သေခံနှစ်ယောက်တို့သည် သူတို့၏ စကားကို တည်စေခြင်း ငှါ၎င်း၊ မယုံကြည် သောလောကသား များကို ဒဏ်ခတ်ခြင်း ငှါ၎င်း၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကောင်းကင်ကို ပိတ်မည်။ ဧလိယသည် ဗာလဘုရားကို ကိုး ကွယ်သော ဣသရေလများကို၊ သုံးနှစ်ခွဲမိုဃ်းမရွာစေခြင်း ငါှဒဏ်ခတ်ခဲ့ဘူးသည် (၃ရာ ၁ရ)။ သက်သေခံနှစ်ပါးသည် မြစ်ရေ၊ တွင်းရေများကို အသွေး ဖြစ်စေမှာ ဖြစ်သည်။ မောရှေသည် အဲဂုတ္တု ပြည် ရှိနိင်းမြစ်နှင့် ရေအားလုံးကို၊ အသွေး ဖြစ်စေခဲ့ဘူးသည် (ထွက်ရ)။ ထိုသို့ မိုဃ်းကောင်းကင်ကို ပိတ်နိင်ခွင့်နှင့် ရေကို အသွေး ဖြစ်စေနိင်မှာ ဖြစ်သောကြောင့်၊ ထိုသက်သေခံနှစ်ပါးတို့သည်၊ မောရှေနှင့် ဧလိယ ဖြစ်မည်ဟု၊ ယူဆ ကြသည်။ သူတို့ နှစ်ယောက်လည်း ဖြစ်နိင်သည်။ သို့မဟုတ် အခြားသူလည်း ဖြစ်နိင်သည်။ ဘုရားသခင်သည် အလိုရှိသော သူကို အသုံးပြုနိင်သည်။ အဘယ်ကြောင့်ထိုသက်သေခံနှစ်ပါးကို စေလွှတ်သနည်းဟူမူကား၊ ဘုရားသခင်သည် ဘေးဒဏ်ကြီး ကာလ အတွင်း ၌လည်း၊ လူများကို ကယ်တင်လိုသည်။ ဒုက္ခ ဆင်းရဲ တွေ့ကြုံခြင်းအားဖြင့် လူများသည်၊ ဘုရားသခင် ထံသို့ တိုး၀င်ချဥ်းကပ်စေလိုသည်။
ရ။ သူတို့သည် သက်သေခံပြီး သောအခါ၊ အနက်ဆုံးသောတွင်း ထဲကတက်သောသားရဲသည်၊ သူတို့ကို စစ်တိုက်၍အောင် လိမ့်မည်။ အသက်ကို သတ်ပြီးမှ၊
သက်သေခံနှစ်ပါးတို့သည်၊ သုံးနှစ်ခွဲလုံးလုံးဘေးအန္တရာယ် ကင်းစွာ ဖြင့်၊ သက်သေခံနိင်မှာ ဖြစ်သော်လည်း၊ သူတို့အတွက် ဘုရားသခင်က သတ်မှတ်ထားသောအချိန် စေ့သောအခါ၊ အနက်ဆုံးသောတွင်း ထဲမှတက်လာသော၊ သားရဲကသူတို့ကို စစ်တိုက်၍၊ အောင် လိမ့်မည်ဟုဆိုသည်။ အနက်ဆုံးသောတွင်း သည်၊ စာတန် တည်း ဟူသော ရှေးမြွေဟောင်းကို အနှစ်တစ်ထောင်ထောင်ချမည့် နေရာ ဖြစ်သည်။သားရဲသည် တကမ္ဘာလုံးကို အုပ်စိုးမည့် အန္တီ ခရစ် ဖြစ်သည်။ သူ့ကိုသားရဲဟု ခေါ်ခြင်းသည် ဘုရား အမြင်၌ သားရဲကဲ့သို့ဖြစ်သည်။ လူ့အမြင်၌ ကမ္ဘာသမတ၊ သို့မဟုတ် ရှင်ဘုရင် ဖြစ်မည်။ ဘုရားသခင်ကသားရဲသည် သက်သေခံနှစ်ဦးကို အနိင်တိုက်ရသော အခွင့်ကို ပေးထားသည်။
၈။ သူတို့ သခင်သည်၊ လက်၀ါးကပ်တိုင်မှာအသေခံ တော်မူသော အရပ်တည်း ဟူသော၊ သော ဒံုဟူ၍၎င်း၊ အဲဂုတ္တု ဟူ၍၎င်း၊ အတွင်း အနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏ လမ်း၌၊ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။
သူတို့ သခင်သည် သခင်ယေရှုကို ဆိုလိုသည်။ ယေရှုကို လက်၀ါးကပ်တိုင်မှာအသေခံ တော်မူသော အရပ်သည်၊ ယေရုရှလင် မြုိ့ ဖြစ်သည်။ ထိုမြို့ကိုသော ဒုံဟု ခေါ်သည်။ ရှေးသော ဒုံမြို့သည် လိင်တူဆက်ဆံခြင်းကို ပြု၍ အပြစ် ကြီး သောကြောင့် ဘုရားသခင်က၊ ကန့်ရောသော မီးနှင့် ဒဏ်ခတ်ခဲ့ဘူးသည် (က ၁၉)။ ယေရုရှလင်နှင့် ယုဒလူများသည် အပြစ် ကြီး သောကြောင့် ဘုရားသခင်က၊ “သော ဒံုမြို့ကို အစိုးရသော မင်းတို့၊ ထာ၀ရ ဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့၊၊ ဂေါမောရမြို့သားတို့၊ ငါတို့ ဘုရားသခင်၏ တရားတော်ကို နားထောင် ကြလော့။” (ဟေရှယ ၁:၁၀) ဟုဆိုခဲ့ဘူးသည်။ ယခုအခါ၌၊ အစ္စရေးလူများသည်၊ ဘုရားသခင်ကို ဂရုမစိုက်၊ လိင်တူဆက်ဆံခြင်းကို ကျင့်သုံးထောက်ခံကာ၊ နှစ်တိုင်း ချီတက်ပွဲများ ပြုလုပ် တတ် ကြသည်။ ဘုရား၏ အမျက်တော်ကို နိုးဆော် နေကြသည်။ အဲဂုတ္တု သည်လည်း ယေရုရှလင် မြို့ကို ဆိုလိုသည်။ အဲဂုတ္တုသည်လောက၊ ဘုရား မအုပ်စိုးသော နိင်ငံ ဖြစ်သည်။ လောက သားများကသက်သေခံနှစ်ဦး၏ အလောင်းကို၊ ယေရုရှလင် မြို့လမ်းမပေါ်၌ ထားကြလိမ့်မည်။
၉။ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့သည်၊ သုံးရက်ခွဲပတ်လုံးအလောင်းကောင်တို့ကို မြင်ရ၍၊ သင်္ဂြိုလ်ခြင်းကို မြစ်တားကြလိမ့်မည်။
သက်သေခံနှစ်ဦး၏ အလောင်းများကို၊ မသင်္ဂြိုလ်ဘဲ အဘယ်ကြောင့်လမ်းမပေါ်၌ ထားကြသနည်းဟူမူကား၊ သူတို့ကို ညှင်းဆဲခဲ့သောကြောင့်၊ သူတို့ကို အောင်မြင် စွာ သတ်နိင် သောအခါ၊ အားရကျေနပ် လွန်းသောကြောင့် ဖြစ်သည်။
၁၀။ မြေကြီး ပေါ်မှာ နေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင် သောအခါ၊ ၀မ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တယောက်ကို တယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက် ကထိုပရောဖက် နှစ်ပါးတို့သည် မြေကြီး ပေါ်မှာ နေသော သူတို့ကို၊ ပြင်းစွာ နှောက်ရှက်ညှဥ်းဆဲကြသည်ဟု၊ ငါ့အား ပြောဆို လေ၏။
ထိုပရောဖက် နှစ်ပါးသည်၊ အဘယ်ကဲ့သို့ သူတို့ကို ိုပြင်းစွာ နှောက်ရှက်ညှဥ်းဆဲကြသနည်းဟူမူကား၊ သုံးနှစ်ခွဲလုံးလုံးမြေကြီး ပေါ်၌ မိုဃ်းခေါင်စေ ခြင်းအားဖြင့်၊ သောက်သုံးစရာ ရေမရှိ၊ ရှိသော ရေများလည်း သွေး ဖြစ်စေသောကြောင့် ရေငတ်၍ အလွန် ဒုက္ခ ရောက်ကြလိမ့်မည်။ သူတို့ကို သတ်ဘို့ ကြိုးစား၍လည်း မရ။ အကြောင်းမူကား သူတို့ကို မသတ်နိင်မှီသူတို့ ကအရင်သတ်တတ် ကြသည်။ သူတို့သည် နှစ်ယောက်တည်း သာ ဖြစ်သော်လည်း၊ သူတို့ ပြုလုပ်သော ဘေးဒဏ်သည် လူအများ ကအလွန် ခံစား ခဲ့ ကြသည်။ ထို့ကြောင့် သူတို့ကို ပြန်လည်ခလှဲ့စားချေနိင် သောအခါ၊ အလွန်အားရ၀မ်းမြောက်ကြလိမ့်မည်။
၁၁။ ထိုနောက်သုံးရက်ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့်အထံတော် ကအသက် ၀ိညာဥ်သည် သူတို့၌ ၀င်သဖြင့်၊ သူတို့သည် မတ်တတ်ထ၍ မြင်သမျှသော သူတို့သည် အလွန် ကြောက်ရွံ့ကြ၏။
လောက သားများက၊ သက်သေခံနှစ်ပါးကို အသေသတ်နိင်သောကြောင့်၊ အားရကျေနပ် နေချိန်တွင်၊ ဘုရားသခင်က သူတို့ကို အသက် ပြန်ရှင်စေသည်။ ဤနေရာ၌ကိုယ်ခန္ဓာအသက်သည်၊ ၀ိညာဥ်၌ ရှိကြောင်း တွေ့ရသည်။ အကြောင်းမူကား သူတို့၏ ၀ိညာဥ်ခန္ဓာကိုယ်၌ ၀င်သောအခါ အသက် ပြန်ရှင်သည်။ သူတို့သည် သုံးရက်ခွဲအပြင်လမ်းမပေါ်၌ ထားသောကြောင့် နွေရာသီ ဖြစ်ပါကကိုယ်ခန္ဓာပုပ်သိုးလောက်ပြီ။ သို့သော် မပုပ် မသိုးဘဲ အသက် ပြန်၀င်စေသည်။ ထိုအရာကို မြင်ကြ သောအခါ၊ လူများသည် အလွန် ကြောက်ရွံ့ ကြသည်။ သူတို့အားရကျေနပ်၍ ၀မ်းမြောက်ခဲ့ကြသမျှ၊ သဲထဲရေသွန်သလိုပျောက်သွားကြကာ၊ ၀မ်းမြောက်ခြင်းသည်၊ ကြောက်ရွံ့ခြင်း၊ အံ့ဩခြင်း၊ မကျေနပ်ခြင်းသို့ ပြောင်းသွားမှာ ဖြစ်သည်။
၁၂။ ကောင်းကင် ကထွက်သော အသံကြီးကား၊ ဤအရပ်သို့ တက်ကြလော့ဟု မိမိတို့အား ပြောဆိုသည်ကို သူတို့သည် ကြားလျှင်၊ မိုဃ်းတိမ်ဖြင့် ကောင်းကင်သို့ တက်၍ ရန်သူတို့သည် မြင်ကြ၏။
သက်သေခံနှစ်ဦးတို့ အသက် ပြန်ရှင်၍လောက သားများအလွန် အံ့ဩ ကြောက်ရွံ့ချိန်တွင် ကောင်းကင် ကအသံကကောင်းကင်သို့ တက်ဘို့ရန် ခေါ်သည်။ ယောဟန်ကို တိုင်လည်း ထိုကဲ့သို့ ခေါ်ခြင်း ခံခဲ့ရသည် (ဗျာ ၄:၁)။ သူတို့သည် ကောင်းကင်သို့ တက်သွား သောအခါလောကီသား များသည် အလွန် ကြောက်ရွံ့သည် သာမကမကျေမနပ် ဖြစ်နေကြမှာ ဖြစ်သည်။
၁၃။ ထိုအချိန် နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၍၊ မြို့ရိုးဆယ်စုတစုဗြုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြင်းသော သူတို့သည် ကြောက်ရွံ့၍ ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်ကို ချီးမွမ်းကြ၏။
သက်သေခံနှစ်ဦးကောင်းကင် တက်ချိန်တွင် ကြီးစွာသော မြေလှုပ်၍ မြို့ရိုးဆယ်စုတစုပြိုသည်။ ထိုမြို့သည် ယေရုရှလင် မြို့ ဖြစ်မည်။ မြေငလျှင် လှုပ်သောကြောင့် လူခုနှစ်ထောင်သေသည်ဟုဆိုသည်။ ဤအရာအားလုံးသည် မဖြစ်သေး၊ ရှေ့မှာ ဖြစ်မည့် အရာ ဖြစ်သော်လည်း ဘုရားသခင်သည် ကြိုတင် အတိအကျပြောထားခြင်းသည် အနာဂတ်ကို အုပ်စိုးကြောင်း ထင်ရှားသည်။ မြေလှုပ်ခြင်းကြောင့် မသေသော လူများသည် ကြောက်ရွံ့၍ ဘုရားသခင်ကို ချီးမွမ်း ကြသည်။ ဘုရားကို ချီးမွမ်းခြင်းသည် ဘုရားကို ယုံကြည် လာခြင်းကို ဖေါ်ပြသည်။
၁၄။ ဒုတိယအမင်္ဂလာလွန်ပြီ။ တတိယအမင်္ဂလာသည် အလျင် အမြန် လာလိမ့်မည်။
လင်းယုန်တကောင်က၊ ကြွင်းသေးသော ကောင်းကင်တမန် သုံးပါးမှုတ်လုလတံ့သော တံပိုးသံကြောင့်မြေကြီးသား တို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ဟု ကောင်းကင် အလယ်၌ ပျံဝဲ၍ ကြီးသော အသံနှင့် ဆိုသည်ကို ငါကြား၏ (ဗျာ ၈:၁၃) ဟု တွေ့ခဲ့ရသည်။ ပဌမ အမင်္ဂလာသည် ပဥဏမတံပိုးမှုတ် သောအခါ ဖြစ်၍ အနက်ဆုံးသောတွင်း ဖွင့် သောအခါ ကျိုင်းကောင်တို့ ထွက်လာသည်။ ထိုကျိုင်းကောင်များကြောင်း လူများသည် ငါးလပတ်လုံးအလွန် ဝေဒနာ ခံ၍ သေချင် သောလည်း မသေနိင်ခဲ့ကြချေ (ဗျာ ၉)။ ဒုတိယအမင်္ဂလာသည် ဆဌမတံပိုးမှုတ် သောအခါ အထက်၌ ဖေါ်ပြသော သက်သေခံနှစ်ပါးပေးသော နှောက်ရှက်ခြင်းနှင့် မြေလှုပ်ခြင်းကြောင့် လူခုနှစ်ထောင်သေခြင်း ဖြစ်သည်။ တတိယအမင်္ဂလာဟု ကျမ်းစာ ကမရေးတော့သော်လည်း ဗျာ ၈:၁၃၌ ကောင်းကင်တမန် သုံးပါးမှုတ်လုလတံ့သော တံပိုးသံကြောင့်ဟုဆိုသောကြောင့် တတိယအမင်္ဂလာသည် သတ္တမ ကောင်းကင်တမန် တံပိုးမှုတ် သောအခါ ဖြစ်ပျက်သောအရာ ဖြစ်မည်။ ထိုအရာကို အောက်တွင် တွေ့ရသည်။
၁၅။ သတ္တမ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ ကောင်းကင်ဘုံ၌ ကြီးသော အသံတို့က၊ လောကီနိုင်ငံသည် ငါတို့ အရှင်၏ နိုင်ငံ ဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော် နိုင်ငံ ဖြစ်လေပြီ။ သူ သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံ တော်မူ မည်ဟု ပြောဆို ကြ၏။
သတ္တမ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါလောကီနိင်ငံသည် ငါတို့ အရှင်၏ နိင်ငံ ဖြစ်လေပြီဟုဆိုသည်။ လောကီတနိင်ငံလုံးကို ခရစ်တော် ကအုပ်စိုးလေပြီ။ ဤအရာသည် ဘေးဒဏ်ကြီး ကာလ၏ အဆုံး၊ ခရစ်တော် ဒုတိယအကြိမ် ကြွလာမှ ပြည့်စုံမည့် အရာ ဖြစ်သည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ဗျာဒိတ်ကျမ်း၏ အလယ်၌ ထိုကဲ့သို့ ရေးထားသနည်းဟု ေဒွ့ဟ ဖြစ်နိင်သည်။ ကျမ်းစာ ရေး သောအခါ အစဥ်အလိုက်မရေးဘဲ နောက် ဖြစ်မည့် အရာကို အရှေ့၊ ရှေ့ ဖြစ်မည့် အရာကို အနောက်မှာရေးတတ်သည်။ ဥပမာ၊ အာဒံနှင့် ဧ၀ဖန်ဆင်းခြင်းကို ကမ္ဘာဦးကျမ်း၁:၂ ရ၌ ရေးထားခဲ့ပြီ။ သို့သော် က ၂:၁၈၌၊ “ထာ၀ရ အရှင် ဘုရားသခင်က လည်း၊ ယောက်ျားသည် တယောက် တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦးမည်ဟု အကြံရှိ တော်မူ၏။” ဟူ၍ ဧ၀ကို မဖန်ဆင်းသေးချိန်ကို ပြန်ရေးလိုက်သည်။ တဖန်၊ “ထိုအခါ ထာ၀ရ အရှင် ဘုရားသခင်သည် လူကို ကြီးသော အိပ်ခြင်းနှင့် အိပ်စေ တော်မူ၍၊ လူသည် အိပ်ပျော်စဥ်၊ နံရိုးတချောင်းကို ဘုရားသခင် ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေ တော်မူ၏။ ထာ၀ရ အရှင် ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။” (က ၂:၂၁-၂၂) ဟု ရေးပြန်သည်။ ဆိုလိုသည် မှာအစ၌ အာဒံနှင့် ဧ၀ဖန်ဆင်းခြင်းကို အကြမ်းဖျဥ်းရေးထား၍ နောက်မှအသေးစိပ်ပြန်ရေးခြင်း ဖြစ်သည်။ ဒံယေလကလည်း သူစာရေး သောအခါ အခန်းကြီး ၆သည် အခန်းကြီး ရနောက်မှ ဖြစ်ပျက်သော်လည်း အခန်းကြီး ၆ကို အရင်ရေးလိုက်သည်။ ထိုနည်းတူ ဗျဒိတ်ကျမ်း၁၁:၁၅၌ ဘေးဒဏ်ကြီး ကာလ ဆုံး၍ ခရစ်တော်၏ နိင်ငံတည်ထောင်ခဲ့ပြီ။ သို့သော် အခန်းကြီး ၁၂-၁၉ အထိ သည် နောက်ကြောင်း ပြန်၍သော်၎င်း၊ အသေးစိပ်၍သော်၎င်းပြန်လည်ရေးထားခြင်း ဖြစ်သည်။ ၁
၁၆။ ဘုရားသခင့်ရှေ့တော်၌ မိမိတို့ ပလ္လင်ပေါ်မှာ ထိုင်သော အသက် ကြီး သူနှစ်ဆယ်လေးပါးတို့သည် ပြပ်၀ပ်၍ ဘုရားသခင်ကို ကိုး ကွယ်လျက်၊ ၁ရ။ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဥ်ရှိ တော်မူသော ထာ၀ရ အရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံ တော်မူသော ကျေးဇူးတော်ကို ကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။
တလောက လုံးသည် ခရစ်တော်က စာတန် လက်ထဲမှနှုတ်၍ ပြန်လည်အုပ်ချုပ် သောအခါ ကောင်းကင်၌လည်း အလွန် ၀မ်းမြောက်ကြကြောင်း တွေ့ရသည်။ စာတန်သည် မြေကြီး အပေါ်၌ သာမကကောင်းကင်၌လည်း အနှောက်အရှက် ဖြစ်သည်။ ဤလောကသည် စာတန်က ယပိုင်ဆိုင်သည်ကို ကောင်းကင် ရောက်ယုံကြည်သူများအား မရ ဖြစ်နေကြသည်။ ထို့ကြောင့် ခရစ်တော် ကအုပ်စိုး သောအခါ အလွန်အားရ၍၊ အသက် ကြီး သူနှစ်ဆယ်လေးပါးတို့ ကအားရလွန်း၍ ထာ၀ရ ဘုရားကို ပြပ်၀ပ်၍ကိုး ကွယ်ကြသည်၊ ချီးမွမ်း ကြသည်။ သို့သော် ယနေ့ ယုံကြည်သူများက ခရစ်တော် အုပ်စိုးမည့် နိင်ငံကို မမြော်လင့်ဘဲ စာတန် အုပ်စိုးနေသော ဤလောကကို အလွန် နှစ်သက်ကြကို ၀မ်းနည်းဘွယ်တွေ့မြင်နေရသည်။ ထိုသို့ဖြစ်ခြင်းသည် စာတန် ကအုပ်စိုးခြင်းကို နှစ်သက်ကြသောကြောင့် ဖြစ်သည်။ သို့မဟုတ် မသိ နားမလည် သောကြောင့် ဖြစ်သည်။
၁၈။ လူမျိုးတို့သည် အမျက်ထွက်ကြသည် ဖြစ်၍၊ အမျက်တော် သည်လည်းရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ် တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်း ဟူသော ပရောဖက်တို့ အား၎င်း၊ သန့်ရှင်းသူတို့ အား၎င်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူ၊ အကြီး အငယ်တို့ အား၎င်း၊ ဆုကျေးဇူးကို ပေးသနား တော်မူ၍၊ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီး တော်မူသောအချိန် ရောက်ပါပြီဟု လျှောက်ဆိုကြ၏။
ထိုနောက်ဆုံးသော တရားစီရင်ခြင်း၊ ခရစ်တော် ကအုပ်စိုးခြင်းသည်၊ ဘုရား၏ အုပ်စိုးခြင်းကို မခံလိုသော လူမျိုးတို့ကို အမျက်တော်လောင်းခြင်း ဖြစ်သည်။ သူတို့သည် သေလွန်သွားလျှင်လည်း တရားစီရင်ခြင်း ခံရမှာ ဖြစ်ကြောင်း ဗျာ ၂၀၌ တွေ့ရသည်။ သို့သော်၊ ဘုရားသခင်၏ ကျွန်များ တည်း ဟူသော ပရောဖက်များနှင့် သန့်ရှင်းသူတည်း ဟူသော ယုံကြည်သူများ၊ အတွက် မူထိုနောက်ဆုံးသော အချိန်သည် ဆုကျေးဇူးခံစားရသောအချိန် ဖြစ်သည်။ ယခုအခါ ယုံကြည်သူများအထူးသဖြင့် မှန်ကန်စွာဖြင့် အမှုတော် ဆောင် သူများသည် ညှင်းဆဲခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ နှိမ်ခြင်းများခံစား နေရသည်။ ထို့ကြောင့် ပရောဖက် ဟဗက္ကုက်က၊ “အိုထာ၀ရ ဘုရား၊ ကိုယ်တော်သည် ကြားတော် မမူဘဲ၊ အဘယ်မျှကာလ ပတ်လုံးအကျွန်ုပ်အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော် မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလ ပတ်လုံးအော်ဟစ်ရပါမည်နည်း။ မတရားသော အမှုကို အကျွန်ုပ်အား အဘယ်ကြောင့်ပြ တော်မူ သနည်း။ အဓမ္မအမှုကို အဘယ်ကြောင့်မြင်စေ တော်မူ သနည်း။ လုယူခြင်း၊ အနိုင်အထက် ပြုခြင်း အမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့်ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း၊ အဘယ်ကြောင့်လူချင်းပြုရပါသနည်း။ သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင်ဆုံးဖြတ်ခြင်း မရှိပါ။ မတရားသော သူတို့သည် ဖြောင့်မတ်သော သူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင်ဆုံးဖြတ်ကြပါ၏။” (ဟာ ၁:၂-၄) ဟု မေးသောအရာ၊ ဆာလံဆရာက၊ “အိုထာ၀ရ ဘုရား အကျွန်ုပ်ကို အလျှင်း မမှတ်ဘဲ အဘယ်မျှကာလ ပတ်လုံးမေ့လျော့ တော်မူ မည်နည်း၊၊ အဘယ်မျှကာလ ပတ်လုံးမျက်နှာတော်ကို ကွယ်ထား တော်မူ မည်နည်း၊၊ အကျွန်ုပ်သည် အစဥ်၀မ်းနည်းလျက် အဘယ်မျှကာလ ပတ်လုံးတွေးတောသော စိတ်ရှိရပါမည်နည်း၊၊ အကျွန်ုပ်၏ ရန်သူသည် အဘယ်မျှကာလ ပတ်လုံးအကျွန်ုပ်ကို အုပ်စိုုးရပါမည်နည်း၊ ” (ဆာ ၁၃:၁-၂) ဘေးဒဏ်ကြီး ကာလ၌၊ “ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံချက်ကြောင်း၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ၀ိညာဥ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ သူတို့ ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင် တော်မူသော အရှင်၊ မြေပေါ်မှာ နေသော သူတို့သည် ငါတို့ အသွေးကို သွန်းကြသော အပြစ်နှင့် အလျောက်ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလ ပတ်လုံးနေ တော်မူ မည်နည်း၊ (ဗျာ ၆:၉-၁၀) ဟု မေးသောအရာ များကို နောက်ဆုံး၌ အဖြေပေးသောအချိန် ဖြစ်သည်။
၁၉။ တဖန်၊ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍ ဗိမာန်တော် ထဲမှာပဋ္ဋိညာဥ်သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်း ဖြစ်ကြ၏။
ဗိမာန်တော် အစစ်သည် ကောင်းကင်ဘုံ၌ ရှိသည်။ ထိုဗိမာန်တော် အထဲ၌ ရှိသော ပဋ္ဋိညာဥ်သေတ္တာတော်သည် အသန့်ရှင်းဆုံးဌါနတွင် ရှိသည်။ ထိုပဋ္ဋိညာဥ်သေတ္တာတော်သည် ဘုရားသခင်၏ ပလ္လင်တော် ဖြစ်သည်။ ထိုအရာမြင်ခြင်းသည် သန့်ရှင်းသောသူ ဖြစ်သည်။ အကြောင်းမှာ၊ “သန့်ရှင်းခြင်း ပါရမီမရှိလျှင်၊ အဘယ်သူ မျှထာ၀ရ ဘုရားကို မဖူးမမြင်ရ။” (ဟေ ၁၂:၁၄) ဟု ရေးထားသည်။ ထိုသေတ္တာတော်၊ သို့မဟုတ် ပလ္လင်တော် ပေါ်၌၊ ဘုရားသခင်က ျိန်း၀ပ် တော်မူသည် (ထွက် ၂၅:၂၂)။ ထိုပလ္လင်ပေါ်မှ၊ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်း တို့သည် ဘုရားသခင်၏ အမျက်တော်လောင်းခြင်း၊ တရားစီရင်ခြင်း၊ ဘုန်းတန်ခိုးပြခြင်းတို့ ဖြစ်သည်။ သူသာလျှင် အရာခပ်သိမ်းကို ပိုင်သအုပ်စိုးခြင်းကို ဖေါ်ပြသည်။
ဗျာ ၁၁ မေးခွန်းများ
၁။ ဣသရေလ လူမျိုးများ တတိယဗိမာန်တော်ကို မည်သည့်အချိန်တွင် ပြန်ဆောက်မည်နည်း။ —————————————————
၂။ ဗိမာန်တော်ကို မည်သူကဆောက်ခွင့်ပေးမည်နည်း။ —————————————————
၃။ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် ဘာကို ဆိုလိုသနည်း။ —————————————————
၄။ မည်သည့်အချိန်တွင် ဗိမာန်တော်၌၊ မည်သူကဘုရား ကဲ့သို့ ထိုင်မည်နည်း။ —————————————————
၅။ ယခုအချိန်တွင် ဗိမာန်တော်ကို အဘယ်ကြောင့်မဆောက်ရသေးသနည်း။ —————————————————
၆။ ဗိမာန်တော် ဆောက်ဘို့ နီးသောကြောင့် ဘာ ဖြစ်ဘို့ နီးသည်ဟု သိနိင်သနည်း။ ———————————————
ရ။ သက်သေခံနှစ်ပါးတို့သည် ဘာကို သက်သေခံကြမည်ဟု ယူဆရသနည်း။ —————————————————
၈။ ဇာခရိကျမ်း၌ သံလွင်ပင်နှစ်ပင်သည် မည်သူတို့ကို ဆိုုလိုသနည်း။ —————————————————
၉။ ယေရုဗဗေလနှင့် ယောရှုတို့ကို ဘုရားသခင်က ဘာဆောက်ခိုင်းသနည်း။ —————————————————
၁၀။ ရှောလမုန်မင်းသည် ဗိမာန်တော်ကို —————————————————အားဖြင့် ဆောက်၍ ယေရုဗဗေလသည် —————————————————အားဖြင့် ဆောက်ဘို့ ဘုရားသခင်က ပြောထားသည်။
၁၁။ သက်သေခံနှစ်ဦးသည် ဘာတန်ခိုးအားဖြင့် သက်သေခံမည်နည်း။ —————————————————
၁၂။ သက်သေခံနှစ်ဦးတို့သည် မည်ကဲ့သို့ ရန်သူတို့ကို နိင်မည်နည်း။ —————————————————
၁၃။ သက်သေခံနှစ်ဦးသည် ဧလိယကဲ့သို့ ဘာလုပ်နိင်မည်နည်း။ —————————————————
၁၄။ သက်သေခံနှစ်ဦးကို မည်သူကနိင်မည်နည်း။ —————————————————
၁၅။ သက်သေခံနှစ်ဦးကို သတ်နိင် သောအခါလောက သားများမည်ကဲ့သို့ ခံစား ကြမည်နည်း။ —————————————————
၁၆။ သက်သေခံနှစ်ဦးသည် နောက်ဆုံး၌ ဘာ ဖြစ်မည်နည်း။ —————————————————
၁ရ။ သက်သေခံနှစ်ဦးကောင်းကင် တက် သောအခါ ဘာ ဖြစ်မည်နည်း။ ——————————————အဘယ်ကြောင့်ကြိုပြောနိင်သနည်း။ —————————————————
၁၈။ တတိယတံပိုးမှုတ် သောအခါ ဘာ ဖြစ်မည်နည်း။ —————————————————
၁၉။ ခရစ်တော် ကဤလောက အုပ်စိုး သောအခါ မည်သူတို့ ၀မ်းမြောက်ကြသနည်း။ —————————————————
၂၀။ ယခုအခါ စာတန် ကဤလောက အုပ်စိုးခြင်းကို အဘယ်ကြောင့် လူသား များက ကျေနပ်အားရနေကြသနည်း။ —————————————————
၂၁။ ဘေးဒဏ်ကြီး ကာလသည်မည် သူတို့၏ ဆုတောင်းခြင်းကို အဖြေပေးချိန် ဖြစ်သနည်း။ —————————————————
၂၂။ ကောင်းကင် ဗိမာန်တော် ထဲမှဘာများ ထွက်၍၊ ထိုအရာများသည် ဘာကို ဆိုလိုသနည်း။ —————————————————
.
ဗျာဒိတ်ကျမ်း ၁၂
နဂါးနှင့် မိန်းမ
၁။ ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာဟူမူကား၊ မိန်းမတဦးသည် နေကို ၀ပ်လျက်၊ လကို ခြေဖြင့် နင်းလျက်၊ မိမိ ခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့် ပြီးသော သရဖူကို ဆောင်းလျက် ပေါ်လာ၏။
နေကို ၀ပ်လျက်၊ လကို ခြေဖြင့် နင်းလျက်၊ ခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့် ပြီးသော သရဖူဆောင်သော မိန်းမသည်၊ အဘယ်သူ နည်း။ အချို့ကသခင်ယေရှု၏ မယ်တော် မာရိ ဖြစ်သည်ဟု၊ ယူဆ ကြသည်။ အချို့ကအသင်းတော် ဖြစ်သည်ဟု၊ ယူဆ ကြသည်။ ထိုသူကို သိရှိဘို့ရန်မှာ၊ ဓမ္မဟောင်းကျမ်းကို လှန်ဘို့ လိုသည်။ ယောသပ်က၊ အစ်ကိုတို့ အား၊ “အခြားသော အိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့် တကွ၊ ကြယ်ဆယ်တလုံး တို့သည်၊ ကျွန်ုပ်ကို ရှိခိုးကြ၏ဟု ကြားပြောလေ၏။ ထိုသို့ အဘနှင့် အစ်ကို တို့အား ကြားပြော သောအခါ အဘက၊ သင်မြင်သော အိပ်မက်သည် အဘယ်သို့ နည်း။ ငါနှင့် သင်၏ အမိ၊ သင်၏ အစ်ကို တို့သည်၊ သင့်ထံသို့ စင်စစ်လာ၍၊ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကို ဆုံးမလေ၏။” (က ၃ရ:၉-၁၀)။ ထိုကြောင့်နေသည် ယာကုပ်၊ လသည် ယောသပ်၏ အမေရာခေလ၊ ကြယ်ဆယ်တလုံးသည် ယောသပ်၏ ညီအစ်ကိုများဖြစ်သည်။ ထိုညီအစ်ကို ဆယ်နှစ်ဦးအားဖြင့် ဣသရေလ လူမျိုးဆယ့်နှစ်မျိုး ဖြစ်ပွားလာသည်။ ထို့ကြောင့် ထိုမိန်းမသည် ဣသရေလကို ဆိုလိုသည်။ ဣသရေလသည် ဘုရားသခင်၏ မိန်းမဟု၊ အောက်ပါကျမ်းများ၌ ဖေါ်ထားသည်။ (ယေရမိ ၃:၂၀၊ ဟေရှာယ ၅၄:၅၊ ဟောရှေ ၂:၁၆)
၂။ ထိုမိန်းမသည်ကိုယ်၀န်ဆောင်၍၊ ဘွားအံ့သော ဝေဒနာ ပြင်းသောကြောင့်၊ အော်ဟစ်လေ၏။
ထိုမိန်းမတည်း ဟူသော ဣသရေလသည်၊ ကိုယ်၀န်ဆောင်သည်ဟုဆိုသည်။ ထိုမိန်းမဆောင်သောကိုယ်၀န်သည် အငယ် ၅ မှာ ဖေါ်ပြသော၊ လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော၊ သား ယောက်ျား ဖြစ်သည်။ လူမျိုးတကာကို သံလှံတံနှင့် အုပ်စိုးမည့် သူသည်၊ အခြားသူ မဟုတ်သခင်ယေရှု ပင် ဖြစ်သည်။ သခင်ယေရှုနှင့် ပတ်သက်၍၊ “ထာ၀ရ ဘုရား ကသင်သည် ငါ့သား ဖြစ်၏၊၊ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီ၊၊ င့ါကို တောင်းလော့၊၊ လူအမျိုးမျိုး တို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီး စွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကို ိလည်း ငါပေးမည်၊၊ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်ဟု၊ င့့ါအား မိန့်တော်မူ ပြီ၊၊ ” (ဆာ ၂:ရ- ၉) ဟုဆိုထားသည်။ မိန်းမများသည်ကိုယ်၀န်ကိုး လဆောင်တတ်၍၊ ဘွားခါနီး၌ ဝေဒနာ ပြင်းစွာ ခံစား ကာအော်ဟစ်တတ်သည်။ ထိုနည်းတူ၊ ဣသရေလ လူမျိုးများ လည်း၊ တိုင်း တပါး၏ နှိပ်စက်ခြင်းကို ခံ ခြင်းအားဖြင့်၊ ဝေဒနာ ခံစား ခဲ့ ကြသည်။
၃။ ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည်၊ ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့် တကွခေါင်းပေါ်၌ သရဖူခုနှစ်ဆူကို ဆောင်းလျက် ရှိ၏။
ကောင်းကင်၌ အခြားသော၊ နိမိတ်လက္ခဏာ တခုမှာ၊ အဆင်းနီသော နဂါးကြီး ပေါ်လာသည်။ အဆင်းနီဆိုခြင်းသည်၊ အသွေးကို ဖေါ်ပြသည်။ ထိုနဂါးကြီးသည်၊ ဧ၀ကို လိမ်ညာခဲ့သော ရှေးမြွေဟောင်း ဖြစ်သည် (ဗျာ ၂၀:၂)။ သူ၌ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိသည်။ ဗျာ ၁၃:၁၌လည်း၊ “ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲတကောင်သည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့် တကွချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲကတက်သည်ကို မြင်၏။” ဗျာ ၁ရ:၃၌လည်း၊ “ခေါင်း ခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော၊ နာမတို့နှင့် အပြည့်ရှိသော၊ သားရဲနီ အပေါ်မှာ ထိုင်လျက် ရှိသော၊ မိန်းမတဦးကို ငါမြင်၏၊ “ဟု တွေ့ရသည်။ ထိုအရာကို ဒံယေလကပဌမ ဦးဆုံးမြင်ခဲ့သည်၊ “ငါသည် အာရုံပြုစဥ်၊ ကြီးစွာသော ခွန်အားနှင့် ပြည့်စုံ၍၊ အလွန် ကြောက်မက်ဘွယ်သော၊ စတုတ္ထ္ဂသားရဲသည် ထင်းရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍၊ ကြင်းသောအရာ ကို ခြေဖြင့် နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှ တို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်းရှိ၏။ ထိုချိုတို့ကို ငါကြည့်ရှုစဥ်၊ ချိုများ အလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့် တကွနှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့် ၎င်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့် ၎င်း ပြည့်စုံ၏။” (ဒံရ:ရ- ၈) “ထိုသူကလည်း၊ စတုတ္ထ္ဂသားရဲသည်၊ မြေကြီး ပေါ်မှာ အခြားသော နိုင်ငံရှိသမျှတို့ ထက်၊ ထူးခြားသော စတုတ္ထ္ဂနိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည်၊ မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။ ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည်၊ ပေါ်လတ့ံသော မင်းကြီး ဆယ်ပါး ဖြစ်၏။ သူတို့ နောက်ခြားသော မင်းကြီး ပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား၍၊ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့ကို၊ ညှဥ်းဆဲနှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ်တရားတို့ကို၊ ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလ တ၀က်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ ထိုနောက်မှတရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏ တန်ခိုးအာဏာကို နှုတ်၍၊ ရှင်းရှင်းဖျက်ဆီးကြလိမ့်မည်။” (ဒံရ:၂၃-၂၆) ခေါင်းခုနှစ်လုံးသည် တိုင်း နိင်ငံများ ဖြစ်၍၊ ချိုဆယ်ချောင်းသည် မင်းကြီး ဆယ်ပါး ဖြစ်သည်ဟု၊ ဒံယေလအားဖြင့် သိရသည်။ တိုင်း နိင်ငံများနှင့် မင်းများသည်၊ စာတန် လက်ထဲမှာရှိ၍၊ သူကအုပ်ချုပ်သည်။ ထို့ကြောင့် စာတန်နှင့် အန္တီ ခရစ်ခေါ်သားရဲတို့၌ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိရခြင်း ဖြစ်သည်။
၄။ သူ၏ အမြီးသည် ကောင်းကင် ကြယ်သုံးစုတစုကို ဆွဲငင်၍၊ မြေကြီးသို့ ချလိုက်လေ၏။ သားကို ဘွားလုသော မိန်းမသည်၊ ဘွား သောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့် အကြံနှင့်၊ မိန်းမရှေ့၌ ရပ်နေ၏။
နဂါး၏ အမြီးသည် ကောင်းကင် ကြယ်သုံးစုတစုကို ဆဲွငင်၍၊ မြေကြီးသို့ ချလိုက်လေ၏၊ ဟုဆိုခြင်းသည်၊ ဘေးဒဏ်ကြီး ကာလ မှာ ဖြစ်ပျက်သည် မဟုတ်။ ကမ္ဘာမတည်မရှိမီှှ၊ ကောင်းကင်တမန် မင်းဘ၀မှဘုရား ဖြစ်ချင် သောကြောင့်၊ ဘုရား ကိုတော် လှန်ပုန်ကန်ခဲ့ချိန်တွင်၊ ကောင်းကင်တမန် သုံးစုတစုကို၊ သူနှင့်အတူ ဘုရား ပုန်ကန်ဘို့ ဆွဲဆောင်သောကြောင့်၊ ချပစ်ခြင်း ခံသော ကောင်းကင်တမန် များဖြစ်သည်။ ထိုကောင်းကင်တမန် များသည်၊ နတ်ဆိုး၀ိညာဥ်ဆိုးများ ဖြစ်ကြသည်။ စာတန်သည် မိန်းမတည်း ဟူသော ဣသရေလမှ မွေးဘွားမည့် ခရစ်တော်ကို၊ ကိုက်စားဘို့ရန် မိန့်မရှေ့၌ ရပ်နေသည်ဟုဆိုသည်။ သမိုင်းတလျှောက်ကြည့်ပါက၊ စာတန်သည် ခရစ်တော် မွေးဘွားမည့် အရာကို၊ တတ်နိင်သမျှ ပိတ်စို့ထားသည်။ အထင်ရှားဆုံးများမှာ၊ ဘုရားသခင်က လက်ခံသော အာဗေလကို၊ အကို ကာဣနအထဲမှသတ်လိုက်သည်။ ယာကုပ်ကိုလည်း၊ အကို ဧသော အထဲမှသတ်ဘို့ရန် ကြံစည်ခဲ့သည်။ ခရစ်တော် ဘိုးဘွား ဖြစ်မည့်ဒါ၀ိဒ်ကိုလည်း၊ ရှောလုဘုရင်ကသတ်ဘို့၊ စစ်သား သုံးထောင်နှင့် ကြိုးစား ခဲ့သည်။ အာသလိအားဖြင့် ဒါ၀ိဒ်၏ အမျိုးပျက်ဘို့ရန်၊ သူ၏ မြေးများကို သတ်ဘို့ ကြိုးစား ခဲ့သည်။ သို့သော် ဘုရား၏ ကွယ်ကာမစမှုကြောင့်၊ ယဇ်ပုရောဟိတ် ယေဟောရဒအားဖြင့်၊ ယောရှကို အသက် ချမ်းသာ ရာရရှိစေသည်။ မယ်တော် မာရိအထဲမှ၊ သူငယ်တော် ယေရှု မွေးဘွား သောအခါ၌လည်း၊ ဟေရုဒ်မင်းအားဖြင့်၊ သတ်ဘို့ ကြံစည်ခဲ့သည်။ ထို့ကြောင့် စာတန် တည်း ဟူသော နဂါးသည်၊ ခရစ်တော် မွေးဘွားမည့် အရာကို၊ အတတ်နိင်ဆုံးဖျက်ဆီးသော်လည်း မရပါ။
၅။ ထိုမိန်းမသည်၊ လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော၊ သား ယောက်ျားကို ဘွားမြင်၏။ ထိုသားကို ဘုရားသခင့်ထံသို့၎င်း၊ ပလ္လင်တော်သို့၎င်း၊ ချီယူ တော်မူ၏။
ဣသရေလသည်၊ လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးမည့်သား ယောက်ျား၊ ခရစ်တော်ကို မွေးဘွားလိုက်သည်။ ထိုအရာသည်၊ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်တုန်းက ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ အတွင်း မှာ မွေးဘွားသည်ဟု မဆိုလိုချေ။ ခရစ်တော်သည်၊ ဤလောကကို သံလှံတံနှင့် အုပ်စိုးမည့် အကြောင်းကို၊ ဆာလံဆရာကဤသို့ ရေးထားခဲ့ပြီ၊ “ဗျာဒိတ်တော် အချက်ကို ငါပြန်ကြားပေအံ့၊၊ ထာ၀ရ ဘုရား ကသင်သည် ငါ့သား ဖြစ်၏၊၊ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီ၊၊ င့ါကို တောင်းလော့၊၊ လူအမျိုးမျိုး တို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီး စွန်းတိုင်အောင်၊ ပိုင်ထိုက်သော အခွင့်ကို ိလည်း ငါပေးမည်၊၊ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်ဟု၊ င့့ါအား မိန့်တော်မူ ပြီ၊၊ ” (ဆာ ၂:ရ- ၉) ခရစ်တော််ဤလောကကို သံလှံတံနှင့် အုပ်စိုးမည့် အကြောင်း၊ ဒုတိယအကြိမ် ကြွလာခြင်းကို ယောဟန်ကဤသို့ ရေးထားသည်၊ “ထိုအခါ ကောင်းကင်ဘုံဖွင့်လှစ်လျက် ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာ ဟူသော အမည်၊ သမ္မာဟူသော အမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော် ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတပါး၊ အဘယ်သူ မျှ မသိသော နာမတော်သည် ရေးထားလျက် ရှိ၏။ အသွေး၌ နှစ်ပြီးသော အ၀တ်ကို ၀တ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဟူသော အမည်ရှိ၏။ ကောင်းကင် ဗိုလ်ခြေတို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ၀တ်လျက် နောက်တော်သို့ လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သော သံလျက်သည် ခံတွင်း တော် ထဲကထွက်၏၊ သူတို့ကို သံလှံတံနှင့် အုပ်စိုး တော်မူမည်။” (ဗျာ ၁၉:၁၁-၁၅) ထိုသားကို ဘုရားသခင် ထံသို၎င်း၊ ပလ္လင်တော်သို့၎င်း၊ ချီယူ တော်မူ၏ဟုဆိုခြင်းသည် အသေခံပြီးရှင်ပြန်ထမြောက် သောအခါ၊ ကောင်းကင်သို့ တက်ရောက်၍၊ ဘုရားသခင် ထံတော်၌ ဆက်ကပ်ခြင်း၊ ပလ္လင်တော်၏ လက်ျာဖက်မှာထိုင် တော်မူခြင်းကို ဆိုလိုသည်။
၆။ မိန်းမသည်၊ အရက်တထောင်နှစ်ရာခြောက်ဆယ်ပတ်လုံး၊ တော၌ ကျွေးမွေးခြင်းကို ခံရမည်အကြောင်း၊ ဘုရားသခင် ပြင်ဆင် တော်မူသော အရပ်သို့ ပြေးလေ၏။
မိန်းမသည် အရက်တထောင်နှစ်ရာခြောက်ဆယ်တည်း ဟူသော၊ သုံးနှစ်ခွဲလုံးလုံးတော၌ ဘုရားသခင်က ကျွေးမွေးသည်၊ ဟုဆိုသောကြောင့်၊ မယ်တော် မာရိမ ဖြစ်နိင်ချေ။ အကြောင်းမှာ မယ်တော် မာရိသည်၊ ထိုမျှကာလ ပတ်လုံးတော၌ ဘုရား၏ ကြည့်ရှုခြင်း မခံစား ခဲ့ဘူးချေ။ အဲဂုတ္တု ပြည်၌ ထွက်ခဲ့သော်လည်း၊ ဟေရုဒ်သည် မာရိကို သတ်ဘို့ရန် ကြိုးစား ခဲ့သည် မဟုတ်၊ သူငယ်တော် ယေရှုကို သတ်ဘို့ ကြိုးစားခြင်း ဖြစ်သည်။ ထို့အပြင်မိန်းမ၏ သားသည်၊ ကောင်းကင်သို့ တက်သွားပြီးမှကျွေးမွေးခြင်း ခံရသည်၊ သားတော် မပါချေ။ မယ်တော် မာရိအဲဂုတ္တု ပြည်သို့ သွားခဲ့ရာတွင်၊ သားတော် ယေရှုလည်း ပါခဲ့သည်။ အန္တီ ခရစ်သည် ဘေးဒဏ်ကြီး ကာလ၏ အစပိုင်း၌ ဣသရေလ လူများနှင့် ပဋ္ဋိညာဥ်ဖွဲ့၍၊ သူတို့ကို ဗိမာန်တော် ဆောက်ခွင့်ပေးကာ၊ ယဇ်ပူဇော်ခြင်း များကို ပြုလုပ် ခွင့်ပေးခဲ့သော်လည်း၊ သုံးနှစ်ခွဲကြာ သောအခါ သူသည် ဘုရားသခင်၊ ကယ်တင်ရှင် ဖြစ်သည်ဟု ကျေညာကာယဇ်ပူဇော်ခြင်းကို ရပ်တန့်စေ၍၊ သူ့ကိုကိုး ကွယ်ခိုင်းမည်။ ထိုအရာနှင့် ပတ်သက်၍၊ ခရစ်တော် ကဤသို့ သတိပေးခဲ့သည်၊ “ထိုကြောင့်ပရောဖက် ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်အရာသည်၊ သန့်ရှင်းသော အရပ် ဌာန၌ စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သော သူသည် နားလည်ပါစေ။ ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ အိမ်မိုးပေါ်မှာ ရှိသော သူသည်၊ အိမ်ထဲကဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ လယ်၌ ရှိသော သူလည်း၊ မိမိ အ၀တ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်၊ ထိုနေ့ရက်၌ကိုယ်၀န်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည်၊ အလွန် ခက်ကြလိမ့်မည်။ သင်တို့ ပြေးရသော အချိန်သည် ဆောင်းကာလ၌ မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်း ကြလော့။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍၊ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော }်ကီးစွာသော ဒုက္ခသည်၊ ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာရှည်လျှင်၊ အဘယ်သူ မျှမလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့ အဘို့ အလိုင၊ ှါထိုကာလသည် တိုလိမ့်မည်။” (မ ၂၄:၁၅-၂၂) ထိုသို့ ဣသရေလ လူများသည်၊ အန္တီ ခရစ်၏ ရန်မှပြေး သောအခါ၊ ဘုရားသခင်က မကာကွယ်လျှင်၊ မည်သို့ မျှလွတ်နိင်စရာ အကြောင်း မရှိချေ။ သို့သော် ဘုရားသခင်က၊ သူတို့ကို အန္တီ ခရစ်နှင့် သူ၏ စစ်သားများကမတွေ့နိင်အောင်၊ ကာကွယ်ပေးလိမ့်မည်။ သူတို့ကို ဘေးဒဏ်ကြီး၏ အလယ်မှအဆုံးအထိ၊ သုံးနှစ်ခွဲလုံးလုံးဖုံးကွယ်မှာ ဖြစ်သည်။ မည်သည့်နေရာ၌ မည်ကဲ့သို့ ဖုံးကွယ်မည်ကို မသိနိင်သေးချေ။ သူတို့၏ ဘိုးဘေးများ ဖါရောစစ်သားများကလိုက် သောအခါ၌၊ မိုဃ်းတိမ်အားဖြင့် သူတို့ကို ကာကွယ်ခဲ့ဘူးသည် (ထွက် ၁၄:၁၉-၂၀)။ ထိုသို့ ကာကွယ်ရာ၌ မိုဃ်းတိမ်ကို အသုံးပြုခဲ့သည်။ ဘုရား အတွက် အရာခပ်သိမ်းသည် လွယ်လွန်းသည်။ ဣသရေလ လူများသည်၊ တော၌ နှစ်ပေါင်းလေးဆယ်လုံးလုံးမန္နမုန့်ဖြင့် ကျွေးမွေး ခဲ့ သကဲ့သို့၊ ဘေးဒဏ်ကြီး ကာလ၌လည်း၊ သုံးနှစ်ခွဲလုံးလုံး ဘုရားသခင်က ကျွေးမွေး ဦးမည်။
ကောင်းကင်၌ စစ် ဖြစ်
ရ။ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန် တို့သည်၊ နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏ တမန် တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့ နေစရာ မရှိ။
ဘေးဒဏ်ကြီး ကာလသည်၊ မြေကြီး ပေါ်၌ အကြီးမား ဆုံးစစ်ပွဲများ တိုက်ခိုက် ကြမှာ ဖြစ်သည် (ဗျာ ၆)။ မြေကြီး ပေါ်၌ သာမက၊ ကောင်းကင်၌လည်း စစ် ဖြစ်ကြမည်။ စာတန်နှင့် သူ၏ ၀ိညာဥ်ဆိုးများသည်၊ ဘုရားသခင်က သူတို့ကို နှင်ထုတ် ချိန်မှစ၍၊ အစဥ်အမြဲ ဘုရားသခင်နှင့် သူ၏ လူများကို စစ်တိုက် ကြသည်။ ထို့ကြောင့် ရှင်ပေါလုကယုံကြည်သူများထံဤသို့ သတိပေးခဲ့သည်၊ “ညီအစ်ကိုတို့၊ သခင်ဘုရား အားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။ မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင် တော်မူသော လက်နက်စုံကို ၀တ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ဗြုင်တိုက်လှန််ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ဗြုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆:၁၀- ၁၂)။ သို့သော် ယုံကြည်သူများသည်၊ ၀ိညာဥ်ဆိုးများနှင့် စစ်တိုက် နေကြမှန်းကို မသိကြဘဲ၊ စာတန် ပိုင်သော ဤလောကကို တပ်မက် ခြင်းအားဖြင့်၊ ၀ စာတန်၏ ကျော့ကွင်းတွင် မိ နေကြသည်။ ဘေးဒဏ်ကာလ အလယ်၌ ကောင်းကင် စစ်ပွဲ ဖြစ်ပွားမည်။ ထိုစစ်ပွဲ၌ ကောင်းကင်တမန် တပ်ကိုမိက္ခေလကဦးဆောင်၍၊ နဂါးနှင့် သူ၏ တမန်များစစ်ရှုံးမည်။ နဂါးသည် မာရ်နတ် စာတန်၊ ရှေးမြွေဟောင်း ဖြစ်ကြောင်း ဗျာ ၁၂:၈နှင့် ၂၀:၂၌ ဖေါ်ပြထားသည်။ ထို့ကြောင့် နဂါး၊ ရှေးမြွေဟောင်းမာရ်နတ်၊ စာတန် ဟူသော နာမည်များသည် တဦးတည်း ဖြစ်သည်။ စာတန် ရှိသောကြောင့် စစ် ဖြစ်ရသည်။ စာတန် မရှိလျှင် ကမ္ဘာပေါ်၌ စစ် ဖြစ်မည် မဟုတ်။ စာတန် မရှိတော့သော အနှစ်တစ်ထောင်ကာလ တွင်၊ စစ်မရှိတော့မည့် အကြောင်း ဤသို့ ရေးထားသည်၊ “ထာ၀ရ ဘုရားသည်၊ လူမျိုးတို့တွင် တရားစီရင်၍၊ များပြားသော လူတို့ကို ဆုံးမ တော်မူ သဖြင့်၊ သူတို့ ထားလက်နက်များကို၊ ထွန်သွား ဖြစ်စေခြင်း ငှါ၎င်း၊ လှံများကို တံစဥ် ဖြစ်စေခြင်း ငှါ၎င်း၊ ထုလုပ်ကြလိမ့်မည်၊၊ တပြည်ကို တပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။” (ဟေရှာယ ၂:၄၊ မိက္ခာ ၄:၃)။
၈။ ထိုအခါ၊ ဤလောက တနိုင်ငံ လုံးကို လှည့်ြ့ဖား၍၊ မာရ်နတ် စာတန် အမည်ရှိသော၊ ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကို၎င်း၊ ၉။ သူနှင့် အတူ၊ သူ၏ တမန် တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။
စာတန်သည်၊ ယခုတိုင်အောင် ကောင်းကင်၌၊ သွားရောက်နိင်ကြောင်းကို၊ ဤကျမ်းပိုဒ်အားဖြင့် သိရသည်၊ “ဘုရားသခင်၏သား တို့သည်၊ ထာ၀ရ ဘုရား ထံတော်၌ ခစားခြင်းငှါ၊ လာရသော နေ့ရက်အချိန် ရောက်လျှင်၊ စာတန် သည်လည်း သူတို့နှင့် ရောနှော၍ လာ၏၊၊ ထာ၀ရ ဘုရား ကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု၊ စာတန်ကို မေးတော်မူလျှင်၊ စာတန် ကမြေကြီး ပေါ်မှာ လှည့်လည်၍၊ အရပ်ရပ်သွားလာခြင်း အမှု ထဲကလာပါသည်၊ ဟု ပြန်လျှောက်လေ၏။” (ယောဘ ၁:၆ -ရ)။ သို့သော် ဘေးဒဏ်ကြီး ကာလ၏ အလယ်တွင်၊ သူသည် စစ်ပွဲရှုံးသောကြောင့်၊ ကောင်းကင်၌ နေရာမရတော့ဘဲ၊ မြေကြီး ပေါ်သို့ ချခြင်းကို ခံရမှာ ဖြစ်သည်။ ထိုအချိန် မှစ၍ စာတန်နှင့် သူ၏ တမန် များသည်၊ ကောင်းကင် နိင်ငံသို့ ရောက်နိင်သော အခွင့်ရှိတော့မည် မဟုတ်။
၁၀။ ကောင်းကင်ဘုံ၌ ကြီးသော အသံကား၊ ယခုမှာ ကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ ခရစ်တော်၏ အာဏာတော် စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ ညီအစ်ကို များကို ငါတို့ ဘုရားသခင့်ရှေ့တော်၌၊ နေ့ညဥ့်မပြတ် အပြစ် တင်သော ရန်သူကို အောက်သို့ ချလေပြီ။
စာတန်ကို မြေကြီး အပေါ်ချလိုက်ချိန်မှစ၍၊ ကောင်းကင် နိင်ငံ၌လည်း အလွန် ချမ်းသာ ရာရကြမည်။ စာတန်သည် ကောင်းကင် နိင်ငံ၌၊ ယောဘကို အပြစ် တင် သကဲ့သို့၊ ယုံကြည်သူများကို နေ့ညဥ့်မပြတ် အပြစ် တင်ကြောင်း တွေ့ရသည်။ စာတန်၏ အဓိကအလုပ်သည်၊ သူတပါး၏ အပြစ်ကို ဘုရားသခင် ထံ၌ တင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ သားသမီး များလည်း၊ သူတပါး၏အား နည်းချက်များကို အပြစ် မြင်တတ်၊ ပြောတတ် ကြသည်။ ယုံကြည်သူများပင်လျှင်၊ မယုံကြည် ခင်ကအကျင့်ကို မဖေျာက်ဖျက်နိင်ဘဲ၊ သူတပါး၏ အပြစ်များကို အလွန် ပြောချင် တတ် ကြသည်။ သူတပါး၏ အပြစ်ကို ပြောခြင်း၊ အတင်း ပြောခြင်းသည် ဘုရား သားသမီး များ၏ အလုပ် မဟုတ်၊ စာတန်နှင့် သူ၏ တမန်များအလုပ် ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍ သူတပါး၏ အပြစ်ကို မပြောတော့ဘဲ၊ သူတို့၏အား နည်းချက်များ အတွက်၊ ဆုတောင်း ပေးကြပါစို့။ လူသည် အပြစ်၊ အား နည်းချက်အမျိုးမျိုးရှိနေမှာ ဖြစ်သည်။ သို့သော် ထိုအရာအတွက် အပြစ် မလုပ်ဘို့ရန် နှင့်၊ ဘုရားသခင်က ခွင့်လွှတ်ဘို့ရန် ဆုတောင်း ပေးကြပါစို့။
၁၁။ သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့ သက်သေခံချက်နှုတ်ကပတ်တရားအားဖြင့်၎င်း၊ အောင်မြင်၍၊ အသေခံသည် တိုင်အောင်၊ ကိုယ်အသက်ကို မနှမြောကြ။
ဘေးဒဏ်ကြီး ကာလ ယုံကြည်သူများ၏ အောင်မြင်ခြင်း သည်၊ အချက်သုံးချက်ကြောင့် ဖြစ်ကြောင်း သိရသည်။ ထိုအရာများမှာ၊ သိုးသငယ် တည်း ဟူသော ခရစ်တော်၏ အသွေး၊ သူတို့၏ သက်သေခံချက်နှုတ်ကပတ်တော် နှင့်၊ အသေခံသည့်တိုင်အောင်ကိုယ့်အသက်ကို မနှမြောခြင်းတို့ ဖြစ်သည်။ ခရစ်တော်၏ အသွေးသည် တန်ခိုးရှိသည်။ ဘုရားသခင်၏ စိတ်ကို ကျေနပ် စေသည်။ စာတန်ကို ရှုံးစေသည်။ ယုံကြည်သူ၏ စိတ်၌၊ ဘုရား၏ အပြစ် လွှတ်ခြင်းကို စိတ်ချစေသည်။ ယုံကြည်သူများ၏ သက်သေခံခြင်းသည် လည်း၊ အောင်မြင်ခြင်း ဖြစ်သည်။ အကြောင်းမှာ သက်သေခံခြင်း ဖြင့်၊ စာတန် နိင်ငံတုန်လှုပ်စေ၍၊ သူချုပ်နှောင်ထားသော လူများ လွတ်မြောက်စေသည်။ ထိုမျှမကသက်သေခံသူသည်၊ ပို၍ ယုံကြည် လာကာခွန်အား ဖြစ်စေသည်။ ယုံကြည်သူများအသက် မနှမြောဘဲ၊ အသေခံခြင်း သည်လည်း စာတန်၏ တန်ခိုး၊ သေခြင်းကို အနိင်ယူခြင်း ဖြစ်သည်။ သေရမှာမကြောက်သော သူများကို၊ စာတန် ကမည်သို့ မျှခြိမ်းခြောက်၍ မရ၊ လှည့်ဖျား၍ မဖြစ်နိင်ချေ။
၁၂။ ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိ ကာလ တခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ေဒါသအမျက်နှင့် တကွ၊ သင်တို့ ရှိရာသို့ ဆင်းလေပြီဟုဆိုကြသည်ကို ငါကြား၏။
စာတန်နှင့် သူ၏ တမန် များကို ကောင်းကင် မှချလိုက်သောကြောင့်၊ ကောင်းကင်၌ အလွန်အားရ၀မ်းမြောက်ရသော်လည်း၊ မြေကြီး ပေါ်၌ အမင်္ဂလာ ဖြစ်သည်။ အကြောင်းမှာ စာတန်သည်၊ ကောင်းကင်၌ နေရာမရတော့သောကြောင့်၊ အလွန် ေဒါသထွက်၍ မြေကြီး ပေါ်၌ သူ၏ ေဒါသမီးလောင်းတော့မှာ ဖြစ်သည်။ ထို့ကြောင့််ဘေးဒဏ်ကြီး ကာလ၏ ဒုတိယပိုင်းသည်၊ ပို၍ ဒုက္ခ ရောက်မှာ ဖြစ်သည်။ စာတန်သည်အချိန် ခဏလေးသာရတော့မှာကိုလည်း သိသည်။
၁၃။ ထိုနဂါးသည် မြေကြီးသို့ကိုယ်ကျသည်ကို သိမြင်လေသော်၊ သား ယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဥ်းဆဲ၏။
စာတန်သည် မြေကြီး ပေါ်သို့ ကျ သောအခါ၊ သား ယောက်ျားကို ဘွားမြင်သော မိန်းမကို၊ ညှဥ်းဆဲသည်ဟုဆိုသည်။ အဘယ်ကြောင့်နည်း ဟူမူကား၊ ထိုသား ယောက်ျားတည်း ဟူသော ယေရှုခရစ် တော် ကသူ့ကို နိင်၍၊ ကောင်းကင် မှချသောကြောင့် ဖြစ်သည်။ ကမ္ဘာဦးကျမ်း၃:၁၅၌ ဘုရားသခင် ပြောသော၊ မိန်းမ၏သား ကသူ၏ ခေါင်းကို ကျိတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုမိန်းမတည်း ဟူသော ဣသရေလ လူများကို၊ တတ်နိင်သမျှ သတ်ဖြတ်မှာ ဖြစ်သည်။ ခရစ်တော်သည် စာတန်ကို တိုက်ဘို့ရန်၊ ဤလောကသို့ ဆင်းသက်ကြောင်း ဤသို့ ရေးသား ထားသည်၊ “မာရ်နတ်အမှု တို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်း တော်မူ၏။” (၁ ယော ၃:၈)။ ခရစ်တော် လူ့ဇာတိခံယူခြင်းသည်၊ စာတန်၏ တန်ခိုးသေခြင်းကို ဖျက်ဆီး၍ သေခြင်းကို ကြောက်သောကြောင့်၊ တသက်လုံးကျွန်ခံနေရသော သူများကို ကယ်နှုတ်ဘို့ ဖြစ်ကြောင်း၊ ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံ တော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသော သူတည်း ဟူသော၊ မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံးကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူအသွေးအသားကို ဆောင်ယူ တော်မူ၏။” (ဟေဗြဲ ၁၄-၁၅)။ ခရစ်တော် လက်၀ါးကပ်တိုင်တော်၌ အသေခံခြင်း သည်၊ စာတန်ကို တိုက်ခိုက်၍အောင် နိင်ခြင်း ဖြစ်ကြောင်း၊ ခရစ်တော်ကိုယ်တိုင်ဤသို့ ဆိုခဲ့သည်၊ “ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကို ခံရ၏။ ယခုတွင် ဤလောကကို အစိုးရသော မင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရလိမ့်မည်။ ငါသည်လည်း မြေကြီးနှင့် ခွါ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။” (ယော ၁၂:၃၁-၃၂)။ ခရစ်တော် လက်၀ါးကပ်တိုင်၌ အသေခံ၍၊ ရှင်ပြန်ထမြောက် သောအခါ စာတန်သည် စစ်ရှုံးစပြုနေပြီ။ သေခြင်းအားဖြင့် လူများကို မခြိမ်းခြောက်နိင်တော့ချေ။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သူများစွာ တို့သည်၊ ခရစ်တော် အတွက် အသေခံ ရဲ ကြသည်။ သို့သော် လူများစွာနှင့် ယုံကြည်ခြင်း နုနယ် သူများကို သေ ခြင်းအားဖြင့်၊ အနိင်ကျင့်ကာကျွန်ပြုနေသေးသည်။ သို့သော် ဘေးဒဏ်ကြီး ကာလ အပြီးတွင် စာတန်သည်၊ ဤလောက မင်း မဟုတ်တော့ဘဲ၊ အဝေစိတွင်း ထဲ၌ နှစ်ပေါင်းတစ်ထောင်ထောင်ချမှာ ဖြစ်သည် (ဗျာ ၂၀:၁-၃)။ ထိုအရာကို သိနေသောကြောင့်၊ ခရစ်တော်ကို မုန်း၍ သတ်ခဲ့သည်။ သို့သော် ရှင်ပြန်ထမြောက် ကာကောင်းကင်သို့ တက်သွားသည်။ ထိုသို့ ခရစ်တော်ကို မဖျက်ဆီးနိင် သောအခါ၊ သူ့ကို မွေးထုတ်ပေးသော မိန်းမတည်း ဟူသော၊ ဣသရေလ လူမျိုးကို အညှုိးထား၍ ညှဥ်းဆဲခြင်း ဖြစ်သည်။
၁၄။ မိန်းမသည် ထိုမြွေနှင့် လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလ တ၀က်ပတ်လုံးကျွေးမွေးခြင်းကို ခံရာအရပ်တည်း ဟူသော တောအရပ်သို့ ပျံနိုင်မည်အကြောင်း၊ လင်းယုန်ကြီး၏ အတောင်နှစ်ဘက်ကို ရလေ၏။
စာတန်သည်၊ ခရစ်တော် မွေးဘွားပေးမည့် ဣသရေလကို၊ သမိုင်းတလျှောက်သတ်ဖျက်ညှဥ်းဆဲခဲ့သည်။ ဣသရေလ လူများ၊ အပြစ် ကျူးလွန်ခြင်း များသည်၊ သူတို့၏ စိတ်နှလုံးခိုင်မာခြင်းလည်း ဖြစ်သော်လည်း၊ စာတန်၏ အထူးဖျက်ဆီးခြင်းလည်း ပါသည်။ ထို့ကြောင့် ပါရှားအင်ပိုင်ယာခေတ်တွင်၊ ဟာမန်အားဖြင့် ဂျူး (ဣသရေလ) လူမျိုးပြုတ်သွားဘို့ ကြိုးစား ခဲ့သည် (ဧသတ္တာ၀တ္တု)။ ယခုခေတ်တွင် ဟစ်တလာကလည်း၊ အမျိုးပြုတ်သွားဘို့ရန် ကြိုးစား၍၊ ဣသရေလ လူ၆ သန်းသတ်ခဲ့သည်။ ဘေးဒဏ်ကြီး ကာလတွင် လည်း၊ ဣသရေလ လူများကို အားလုံးသတ်ဘို့ ကြိုးစား လိမ့်မည်။ သို့သော် ဘုရားသခင်က တကာလ (တစ်နှစ်)၊ နှစ်ကာလ (နှစ်နှစ်)၊ ကာလ တ၀က် (နှစ်၀က်)ကို ကွယ်ကာ၍ တော၌ ကျွေးမွေး လိမ့်မည်။ ထိုနေရာသည် အဘယ်နေရာ၌ ဖြစ်မည်ကို အတိအကျ မသိနိင်ပါ။ ဘုရားသခင်သည် ဣသရေလ လူများကို သဲကန္တာရထဲ၌ နှစ်ပေါင်း၄၀ကျွေးမွေး ခဲ့ကြောင်း တွေ့ရသည်။ “လင်းယုန်သည် အသိုက်ကို မွှေလျှက်၊ သား ငယ်တို့ အပေါ်မှာ လှုပ်ရှားလျှက်၊ အတောင်တို့ကို ဖြန့်လျှက်၊ သား ငယ်တို့ကို ယူ၍ မိမိ အတောင်တို့ ဖြင့် ဆောင် သကဲ့သို့၊ ထာ၀ရ ဘုရား တပါးတည်း သာလျှင်၊ ယာကုပ်ကို ဆောင်သွား တော်မူ၏။” (တရားဟော ၃၂:၁၁-၁၂)။ ဘုရားက၊ “ငါသည် အဲဂုတ္တု ပြည် လူတို့၌ ပြုသော အကြောင်း၊ သင်တို့ကို လင်းယုန်အတောင်ဖြင့် ထမ်း၍ကိုယ်ဘို့ သိမ်းယူသော အကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။” (ထွက် ၁၉:၄) ဟုဆိုခဲ့သည်။ လင်းယုန်အတောင်ဖြင့် ဆောင်သွားခြင်းသည်၊ လျှင် မြန်လွယ်ကူခြင်းကို ဆိုလိုသည်။ ဘေးဒဏ်ကြီး ကာလတွင် လည်း၊ ဘုရားသခင်သည် ဣသရေလ လူများကို၊ စာတန် လက်မှကွယ်ကာ၍ သုံးနှစ်ခွဲကျွေးမွေး ဦးမည်။
၁၅။ ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ၊ နဂါးသည် မိမိ ခံတွင်း ထဲကမြစ်ရေစီး သကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။
နဂါးတည်း ဟူသော စာတန်သည်၊ မိန်းမတည်း ဟူသော ဣသရေလကို၊ မိမိ ခံတွင်း ထဲမှမြစ်ရေဖြင့် မျောသွား၍ သေစေရန်ပြုသည်။ ထိုရေသည် အဘယ်အရာကို ဆိုလိုသနည်း။ တကဲ့ရေလည်း ဖြစ်နိင် သကဲ့သို့ စစ်သားများကိုလည်း ဆိုလိုနိင်သည်။ ဗျာ ၁ရ:၁၅ ၌၊ “ယခုမြင်၍ ပြည် တန်ဆာထိုင်သော ရေကား၊ အသီးသီးဘာသာစကားကို ပြောသော၊ လူအမျိုးမျိုး အစုစု ဖြစ်သတည်း။”ဟုတွေ့ရသည်။ ဤနေရာ၌ရေသည်လူအမျိုးမျိုးကို ဆိုလိုသည်။
၁၆။ မြေကြီးသည်မိန်းမကိုမစ၍မိမိခံတွင်းကိုဖွင့်ပြီးလျှင်၊ နဂါး၏ခံတွင်းထဲကထုတ်ပစ်သောမြစ်ရေကိုမျိုလေ၏။
မြေကြီးသည်နဂါးခံတွင်းမှထုတ်ပစ်သောမြစ်ရေကိုမျိုလိုက်သည်ဟုဆိုသည်။ နဂါးတည်း ဟူသောစာတန်စေလွှတ်သောလူများ၊ စစ်သားများကိုမြေကြီးကမျိုလိုက်ခြင်းဖြစ်မည်။ ဘုရားသခင်က၊ မောရှေနှင့်အာရုန်ကိုတော်လှန်ပုန်ကန်သော၊ ကောရနှင့်အဖွဲ့ကိုမြေမျိုစေခြင်းဖြင့်၊ တရားစီရင်ခဲ့ဘူးသည် (တော ၁၆:၂၉-၃၃)။ မည်ကဲ့သို့ပင်ဖြစ်စေ၊ စာတန်သည် မိန်းမကိုမဖျက်ဆီးနိုင်ချေ။ ဖါရောဘုရင်ကဣသရေလလူမျိုးများကို၊ သတ်ဖြတ်ဘို့ရန် လိုက်လာသောအခါ၊ သူတို့ကိုပင်လယ်ရေအားဖြင့်၊ ဖျက်စီးခဲ့ဘူးသည်။
၁ရ။ နဂါးသည်မိန်းမကိုအငြိုးထား၏။ ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကိုစွဲလန်းသောသူတည်းဟူသော၊ ထိုမိန်းမ၌ကြွင်းသော အမျိုးအနွယ်ကိုစစ်တိုက်ခြင်းငှါသွား၏။
မိန်းမ၌ကြွင်းသောအမျိုးအနွယ်သည်၊ မိန်းမကိုချစ်၍ ကာကွယ်သောသူများဖြစ်မည်။ ထို့ကြောင့်နဂါးကစစ်တိုက်ခြင်းဖြစ်သည်။ သို့ဖြစ်လျှင်မိန်းမတည်းဟူသောဣသရေလကို ချစ်၍၊ ကာကွယ်သောသူများသည်အဘယ်သူဖြစ်မည်နည်း။ ထိုသူသည်ကယ်တင်ခြင်းသို့ ရောက်၍၊ ဧ၀ံဂေလိတရားကိုဟောပြောသက်သေခံသော၊ ယုံကြည်သူများဖြစ်သည်။ ယနေ့ဧ၀ံဂေလိအသင်းတော်များကသာလျှင်၊ ဣသရေလများကိုချစ်၍သူ့ဘက်၌ နေသည်။ ထိုသူများသည်ချီဆောင်ခြင်း၌ပါသွားပြီးဖြစ်သည်မဟုတ်လော။ ထို့ကြောင့် ကျေးဇူးတော်ကာလ၌ယုံကြည်သူများမဖြစ်နိုင်ချေ။ ထိုသူများသည်ဘေးဒဏ်ကြီး ကာလ၌ပြန်လည်ယုံကြည်သူများဖြစ်မည်။ ထိုသူများသည်နဂါးတည်းဟူသောစာတန်က၊ တိုက်ခိုက်သောကြောင့်သတ်ဖြတ်ခံသောသူများဖြစ်မည်။
ဗျာ ၁၂ မေးခွန်းများ
၁။ ကောင်းကင်၌တွေ့သောမိန်းမသည်၊ မည်သူဖြစ်သနည်း။ ——————အဘယ်ကြောင့်ထိုသို့ဆိုနိင်သနည်း။ ————————————————
၂။ ထိုမိန်းမသည်မည်သူကိုမွေးဘွားပေးသနည်း။ ——————
၃။ အငယ် ၃ ၌ယောဟန်ကဘာကိုမြင်သနည်း။ ———————————-
၄။ အဆင်းနီသောနဂါးသည်ဘာကိုဆိုလိုသနည်း။ —————အဘယ်ကြောင့်နဂါးဟု ခေါ်သနည်း။ ———————————-
၅။ နဂါးကကောင်းကင်တမန်သုံးစုတစုဆွဲချခြင်းသည်မည်သည့်အချိန်၌ဖြစ်ခဲ့သနည်း။ ———————————-
၆။ နဂါးသည်အဘယ်ကြောင့်၊ မိန်းမမွေးသောသားကိုသတ်ချင်သနည်း။ ———————————-
ရ။ လူမျိုးတို့ကိုသံလှံတံနှင့်အုပ်စိုးမည့်သူသည်မည်သူနည်း။ ————–
၈။ အဘယ်ကြောင့်မိန်းမသည်မယ်တော်မာရိမဖြစ်နိင်သနည်း။
၉။ ကောင်းကင်၌မည်သူများတိုက်ခိုက်ကြသနည်း။ —————————–မည်သူကနိင်သနည်း။ —————————–
၁၀။ စာတန်သည် ကောင်းကင်၌ ယခုတိုင်သွားနိင်သလော။ ———————————————————-
၁၁။ စာတန်သည် ကောင်းကင်၌ ဘာလုပ်သနည်း။ ———————————————–
၁၂။ ယုံကြည်သူများသည် အဘယ်အရာများ အားဖြင့် အောင်မြင် ကြသနည်း။ ———————————————–
၁၃။ အဘယ်ကြောင့်ကောင်းကင်၌ ရွှင်လန်း၀မ်းမြောက်ကြလော့ဟုဆိုသနည်း။ ———————————————–
၁၄။ အဘယ်ကြောင့်မြေကြီး ပေါ်၌ အမင်္ဂလာ ဖြစ်သနည်း။ ———————————————–
၁၅။ ခရစ်တော်သည် စာတန်ကို မည်ကဲ့သို့ အောင်မြင် သနည်း။ ———————————————–
၁၆။ တကာလ၊ နှစ်ကာလ၊ ကာလ တ၀က်သည် မည်မျှကြာသနည်း။ ———————————————–
၁ရ။ အဘယ်ကြောင့် စာတန်သည်သား ယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဥ်းဆဲချင် သနည်း။ ———————————————–
၁၈။ လင်းယုန်အတောင်ဖြင့် ဆောင်သွားခြင်းသည် ဘာကို ဆိုလိုသနည်း။ ———————————————–
၁၉။ နဂါး၏ ခံတွင်း ထဲကထုတ်ပစ်သော မြစ်ရေသည် ဘာ ဖြစ်နိင်သနည်း။ ———————————————–
၂၀။ မိန်းမ၌ ကြင်းသော အမျိုးအနွယ်သည် မည်သူတို့ ဖြစ်မည်နည်း။ ———————————————–
.
ဗျာဒိတ်ကျမ်း ၁၃
ပဌမသားရဲအန္တီခရစ်
ဗျာဒိတ် ၁၃ သည်၊ ဘေးဒဏ်ကြီး ကာလ၌ တကမ္ဘာလုံးကို အုပ်ချုပ်မည့်၊ ကမ္ဘာခေါင်းဆောင် အန္တီ ခရစ်၏ အကြောင်း အချို့ကို ရေးထားခြင်း ဖြစ်သည်။ ဤကမ္ဘာကြီးသည် အလွန် ရှုပ်ထွေး၍ ပြသနာ များစွာကြောင့်၊ ထိုပြသနာကို ဖြေရှင်း နိင်သူကို ရှာဖွေ နေသည်။ ထိုအခါ စာတန် လူအန္တီ ခရစ်ပေါ်လာ၍၊ ကမ္ဘာသူကမ္ဘာသားများက မျှော်လင့်ချက်ကြီးစွာ ဖြင့်၊ ကယ်တင်ရှင်ဟု ထင်မှတ်ကာ၊ ခေါင်းဆောင် တင်ကြမှာ ဖြစ်သည်။ သို့သော် သူသည် အာဏာရှင် ဖြစ်လာ၍၊ သူ့ကို လူသား တိုင်း ကကိုး ကွယ်ဘို့ အမိန့်ထုတ်မှာ ဖြစ်သည်။ သူ့ကို ကူညီမည့်သူ ဘာသာရေးခေါင်းဆောင် လည်း၊ ပေါ်ပေါက်မည့် အကြောင်း ဖေါ်ပြထားသည်။
၁။ ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲတကောင်သည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့် တကွချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲကတက်သည်ကို မြင်၏။
ပင်လယ်နား၌ သဲပေါ်မှာ ရပ်သော သူသည်၊ အခြားသောကျမ်းစာများ၌ယောဟန်မဟုတ်ဘဲသားရဲ ဖြစ်သည်။ သဲပေါ်မှာရပ်ခြင်း ဆိုသည်မှာ မခိုင်မြဲခြင်းကို ဆိုလိုသည် (မဿဲ ရ:၂၆-၂ရ)သားရဲဆိုသည်မှာ ကမ္ဘာ့ ခေါင်းဆောင်ကိုဆိုလိုသည်။သားရဲများသည် တောဘုရင် ဖြစ်သကဲ့သို့၊ ကမ္ဘာ့ ခေါင်းဆောင်လည်း ဘုရင် ဖြစ်မည်။ လူ့အမြင်၌ သမတ သို့မဟုတ် ခေါင်းဆောင်ဟု မြင်ရသော်လည်း၊ ဘုရား အမြင်၌ သားရဲကဲ့သို့ မြင်ရသည်။ ဒံယေလရ၌လည်း ကမ္ဘာအင်ပိုင်ယာများကို၊ သားရဲများ အဖြစ်မြင်ခဲ့ပြီး ပြီ။ ခေါင်းသည် ခေါင်းဆောင် ဖြစ်ခြင်းကို ဆိုလိုသည်။ ချိုသည် တိရစ္ဆာန်များ၏ လက်နက်၊ သို့မဟုတ် တန်ခိုး ဖြစ်သည်။ သရဖူသည် တန်ခိုး၊ အာဏာ၊ ရာထူးကို ဆိုလိုသည်။ ပင်လယ်သည် လူများစွာကို ဆိုလိုသည် (ဗျာ ၁ရ:၁၅)။
ခေါင်းခုနှစ်လုံးသည်၊ ဗျာ ၁ရ:၉-၁၁ ၌ ဤသို့ တွေ့ရသည်၊ “ခေါင်းခုနှစ်လုံးကား မိန်းမထိုင်သော တောင်ခုနှစ်လုံး ဖြစ်၏။ ရှင်ဘုရင်ခုနှစ်ပါးလည်း ဖြစ်၏။ ငါးပါးကျပြီ၊ တပါးရှိသေး၏။ တပါး ဖြစ်လေဦးမည်။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည်။” ထို့ကြောင့် ခေါင်းခုနှစ်လုံးသည်၊ တောင်ခုနှစ်လုံးတည်း ဟူသော ရှင်ဘုရင်ခုနှစ်ပါး ဖြစ်သည်။ ထိုရှင်ဘုရင်များသည်၊ ကမ္ဘာ့ အင်ပိုင်ယာနိင်ငံများကို ဆိုလိုသည်။ ငါးပါးကျပြီဟူသောအရာ သည် အဲဂုတ္တု၊ အာရှုရိ၊ ဗာဗုလုန်၊ မေဒိုပါးရှား၊ ဂရိတ်အင်ပိုင်ယာများ ဖြစ်သည်။ တပါးရှိသေး၏ ဟူသောအရာ သည် ထိုအချိန်၌ တည်ရှိသော၊ ရောမအင်ပိုင်ယာကို ဆိုလိုသည်။ တပါး ဖြစ်လေဦးမည်ဟူသောအရာ သည်၊ ဘေးဒဏ်ကြီး ကာလ၌ ပေါ်ပေါက်လာမည့်၊ ကမ္ဘာ့ အစိုးရကို ဆိုလိုသည်။ ခဏသာတည်လိမ့်မည်ဟူသောအရာ သည် ခုနှစ်နှစ်သာတည်တန့်မည့် အရာကို ဆိုလိုသည်။
ချိုဆယ်ချောင်းနှင့် ပတ်သက်၍ လည်း၊ ဤသို့ အနက်ဖွင့်ထားသည်၊ “ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာစက်ကို မရ သေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ ရှင်ဘုရင်၏ အာဏာစက်ကိုသားရဲနှင့် အတူ၊ တချက်တည်းရကြလိမ့်မည်။ ထိုသူတို့သည် သဘောတူ၍၊ မိမိတို့ တန်ခိုးအာဏာစက်ကိုသားရဲ၌ အပ်ပေးကြလိမ့်မည်။” (ဗျာ ၁ရ:၁၂-၁၃)။ ထို့ကြောင့် ချိုဆယ်ချောင်းသည် အာဏာရရှိလာမည့် ရှင်ဘုရင်ဆယ်ပါး ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌၊ သားရဲတည်း ဟူသော ကမ္ဘာ့ ခေါင်းဆောင်သည်၊ ရှင်ဘုရင်ဆယ်ပါးနှင့်အတူ တပြိုင်နက်အာဏာရရှိ၍၊ သူတို့၏ အာဏာကိုသားရဲ၌ အပ်လိမ့်မည်ဟုဆိုသည်။ ဘေးဒဏ်ကြီးကာလ၌ကမ္ဘာကြီးသည်၊ ဆယ်နိုင်ငံအဖြစ် ခွဲ၍ ရှင်ဘုရင်ဆယ်ပါးကအုပ်ချုပ်မှာ ဖြစ်သည်။ ထိုဆယ်ပါးသောနိုင်ငံများသည် မြောက်အမေရိက၊ တောင်အမေရိက၊ အဖရိက၊ ဥရောပ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းမူစလင်နိင်ငံများ၊ နှင့်ဩစီးနီးယား (ဩစတြေးလျ၊ နယူူးဇီလန်၊ ပစိဖိတ်ကျွန်းများ) ဟူ၍ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ကိုဖြစ်ရမည်ဟုမဆိုလိုပါ၊ ဖြစ်နိင်သည်။ ယခုအခါကမ္ဘာအခြေအနေသည်ချက်ချင်း၊ ချက်ချင်းပြောင်းလဲနေကြောင်း၊ နေ့တိုင်း တွေ့မြင်နေရသည်။ ကျမ်းတတ်အများစုကထိုဆယ်နိင်ငံသည်၊ ယခင်ရောမအင်ပိုင်ယာမှာပါ၀င်ခဲ့သော နိင်ငံများ ဖြစ်မည်ဟု ယူဆ ကြသည်။ ထိုသို့ဖြစ်ပါကတကမ္ဘာလုံးအတွက် မဟုတ်နိင်ချေ။ အချို့ကအရှေ့အလယ်ပိုင်းမူစလင်နိင်ငံများ ဖြစ်မည်ဟု ယူဆ ကြသည်။ အတိအကျကို ဘေးဒဏ်ကြီး ကာလ၌ တကယ် ပေါ်လာမှသိရပါလိမ့်မည်။
“ခေါင်းပေါ်၌လည်းဘုရားသခင်၏အသရေတော်ကို ရှုတ်ချသောနာမရှိလျက်၊ ” အန္တိ ခရစ်သည် ခရစ်တော်အတုဖြစ်သဖြင့် ဘုရားသခင်၏ရန်သူ၊ ဆန့်ကျင်သူဖြစ်သည်။ ထို့ကြောင့် တတ်နိင်သမျှ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချခြင်းသည်၊ သူ၏ အဓိကရည်ရွယ်ချက်နှင့် အလုပ် ဖြစ်သည်။ “ပင်လယ်ထဲကတက်သည်ကို မြင်၏၊ “သားရဲလေးကောင်ပင်လယ်ထဲကတက်သည်ကို ဒံယေလကဤကဲ့သို့ မြင်ခဲ့ဘူးပြီ၊ “ငါဒံယေလသည် ညဥ့်အခါအာရုံပြု၍၊ မိုဃ်းကောင်းကင် လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒရာပေါ်မှာ အချင်းချင်းတိုက်ကြလျှင်၊ သဏ္ဍန်ချင်းမတူသောသားရဲလေးကောင်တို့သည်၊ သမုဒ္ဒရာထဲကထွက်လာကြ၏။ (ဒံယေလ ရ:၂-၃) ပင်လယ် သို့မဟုတ် သမုဒ္ဒရာသည် လူများကို ဆိုလိုခြင်း ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “ယခုမြင်၍ ပြည် တန်ဆာထိုင်သော ရေကား၊ အသီးသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး အစုစု ဖြစ်သတည်း။” (ဗျာ ၁ရ:၁၅)။ ထို့ကြောင့်သားရဲတည်း ဟူသော ကမ္ဘာ့ ခေါင်းဆောင် အန္တီ ခရစ်သည်၊ လူအများ ထဲမှပေါ်ထွက်လာမှာ ဖြစ်သည်။
၂။ ထိုသို့ ငါမြင်သောသားရဲသည် ကျားသစ်နှင့် တူ၏။ သူ၏ ခြေသည် ၀ံခြေကဲ့သို့ဖြစ်၏။ သူ၏ နှုတ် သည်လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိ တန်ခိုးနှင့် မိမိ ပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း၊ သားရဲ၌ အပ်ပေး၏။
ယောဟန်မြင်သောသားရဲသည်၊ ကိုယ်ခန္ဓာအားဖြင့် ကျားသစ်နှင့် တူသည်။ ကျားသစ်၊ ၀ံနှင့် ခြင်္သေ့တို့ကို ဒံယေလကဤသို့ မြင်ခဲ့ပြီး ပြီ၊ “ပဌမသားရဲသည် ခြသေ့်နှင့် တူ၏။ လင်းယုန်အတောင်လည်းရှိ၏။ ငါကြည့်ရှု၍ နေစဥ်၊ သူ၏ အတောင်ကို နှုတ်ကြ၏။ မြေမှကိုယ်ကို ချီကြလျက် လူကဲ့သို့ ခြေဖြင့် မတ်တပ်ရပ်၍၊ လူစိတ် သဘော ကိုလည်းရ၏။ ဒုတိယသားရဲသည် ၀ံနှင့် တူ၏။ တဘက်၌ကိုယ်ကိုကိုယ်ချီကြ၏။ ပါးစပ်၌ နံရိုးသုံးချောင်းကို ကိုက်လျက် ရှိ၏။ သင်ထလော့။ အသား များကို ကိုက်စားလော့ဟု သူ့အား ပြောကြ၏။ တဖန် ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့် တူသောသားရဲတကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင်လေးခုရှိ၏။ ခေါင်းလေးလုံးနှင့် ပြည့်စုံ၏။ အုပ်စိုးရသော အခွင့်လည်းရှိ၏”။ (ဒံယေလ ရ:၃-၆)။ ထိုသားရဲများကို ဒံယေလကဘုရား အမြင်နှင့် မြင်၍၊ နေဗုခတ်နဇောကလူရုပ်တုအဖြစ်၊ ဤကဲ့သို့ မြင်ခဲ့ပြီး ပြီ၊ “သူ၏ ဦးခေါင်းသည် ရွှေစင် ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေ ဖြစ်၏။ ၀မ်းနှင့် ပေါင်နှစ်ဘက်သည် ကြေး၀ါ ဖြစ်၏။” (ဒံ ၂:၃၂-၃၃)။ ရုပ်တု၏ ဦးခေါင်းနှင့် ခြင်္သေ့သည်၊ ဗာဗုလုန်အင်ပိုင်ယာ၊ ရင်ပတ်နှင့် လက်နှစ်ဖက်နှင့် ၀ံသည်၊ မေဒိုပါးရှားအင်ပိုင်ယာ၊ ၀မ်းနှင့် ပေါင်နှစ်ဖက်နှင့် ကျားသစ်သည်၊ ဂရိတ်အင်ပိုင်ယာကို ဆိုလိုခြင်း ဖြစ်သည်။ ယောဟန်ကအနာဂတ်မှာပေါ်ပေါက်လာမည့် အန္တီ ခရစ်ကို၊ သားရဲကဲ့သို့ မြင်ခြင်းသည်သားရဲကဲ့သို့ ကြမ်းကြုတ်မည့် အရာကို သိနိင်သည်။ အနာဂတ်သားရဲ၏ အရည်အချင်းနှင့် လက္ခဏာများသည်၊ ယခင်ရှိခဲ့ပြီးသော အင်ပိုင်ယာများနှင့် တူမည့် အရာကို ဖေါ်ပြသည်။
“နဂါးသည် မိမိ တန်ခိုးနှင့် မိမိ ပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း၊ သားရဲ၌ အပ်ပေး၏။” နဂါးသည် စာတန်ကို ဆိုလိုသည်။ စာတန်သည် အန္တီ ခရစ်ကို၊ မိမိ တန်ခိုးနှင့် ပလ္လင်နှင့် အာဏာစက်များကို ပေးသည်ဟုဆိုသည်။ ထို့ကြောင့် အန္တီ ခရစ်တည်း ဟူသော အနာဂါတ်ကမ္ဘာ့ ခေါင်းဆောင်သည်၊ စာတန် ၀င်စား၍ အလွန် တန်ခိုးကြီး မှာ ဖြစ်သည်။ စာတန်သည် ခမည်းတော် ဘုရား နေရာကို ယူ၍ အန္တီ ခရစ်သည် ခရစ်တော်ကို အတုယူခြင်း ဖြစ်သည်။ ခရစ်တော်က၊ “သားတော်သည် ခမည်းတော် ပြု တော်မူ သမျှ အတိုင်း ပြုသည်။ တရားစီရင်ခြင်း အခွင့်ရှိသမျှ ကိုလည်း သားတော်အား အပ် တော်မူ၏။” (ယော ၅:၁၉၊ ၂၃) ဟူသောအရာ တို့ကို အတုယူခြင်း ဖြစ်သည်။
၃။သားရဲ၏ ခေါင်းတလုံးသည် သေအောင် ကွပ်မျက်ပြီး သကဲ့သို့ဖြစ်၍၊ သေစေသော ဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေကြီးသား အပေါင်းတို့သည်၊ သားရဲနောက်သို့ လိုက်၍ အံ့ဩကြ၏။
အန္တီ ခရစ်သည် ခရစ်တော်ကို အတုယူသည့်အတိုင်း၊ သူ သည်လည်း အသေသတ်ခြင်း ခံ၍ ရှင်ပြန်ထမြောက် သည့် သဘောကို ဆောင်သည်။ ခရစ်တော် သေခံ၍ ရှင်ပြန်ထမြောက် ခြင်းနှင့် ပတ်သက်၍၊ ဤသို့ ရေးထားသည်၊ “ထိုအခါ ပလ္လင်တော် မှစသော သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ အလယ်၌၊ အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည် ရပ်လျက် ရှိသည်ကို ငါမြင်၏။” (ဗျာ ၅:၆) ထိုသူတို့ ကလည်း၊ “အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီး မင်္ဂလာကို ခံထိုက် တော်မူ၏ ဟု၊ ကြီးသော အသံနှင့် ပြောဆို ကြ၏။” (ဗျာ ၅:၁၂)။ မယုံကြည်သော သူများသည် ခရစ်တော် အသေခံ၍၊ ရှင်ပြန်ထမြောက် ခြင်းကို မယုံကြသော်လည်း၊ အန္တီ ခရစ်အသေသတ်ခံ၍ ရှင်ပြန်ထမြောက် ခြင်းကိုမူ၊ အံ့ဩ ယုံကြည်၍ သူ့နောက်သို့ လိုက်ကြလိမ့်မည်။ အန္တီ ခရစ်သည် အမှန်တကယ် သေ၍ ရှင်ပြန်ထမြောက် သလော၊ သို့မဟုတ် သေလုမျောပါးသတိလစ်၍၊ ပြန်ရှင်သလော မသိရပါ။ မည်သို့ ပင် ဖြစ်စေသူသည် ခရစ်တော်ကို အတုယူသောကြောင့်၊ ရှင်ပြန်ထမြောက် သည်ဟုဆိုသည်။
၄။ ထိုသားရဲ၌ အာဏာစက်ကို အပ်ပေးသော နဂါးကိုကိုး ကွယ်ကြ၏။သားရဲကိုလည်းကိုး ကွယ်၍၊ အဘယ်သူသည်သားရဲနှင့် တူသနည်း။ အဘယ်သူသည် သူ့ကို စစ်ဗြုင်နိုင်သနည်းဟု ပြောဆို ကြ၏။
သားရဲတည်း ဟူသော အန္တီ ခရစ်ကို၊ တန်ခိုးပေးသော နဂါးကို၊ ကမ္ဘာသူကမ္ဘာသားများကကိုး ကွယ် ကြသည်။ စာတန်သည် အစကပင်ဘုရား ဖြစ်ချင်၍၊ ထိုသို့ကိုး ကွယ်ခြင်းကို အလိုရှိခဲ့သည်။ ယခုအခါ ဤလောကကို ချစ်သော သူတိုင်းသည်၊ စာတန်ကို သွယ်ဝိုက်ကိုး ကွယ်ကြခြင်း ဖြစ်သည်။ ထိုအချိန်တွင် မူတိုက်ရိုက်ကိုး ကွယ်ကြတော့မှာ ဖြစ်သည်။ စာတန်နှင့်အတူ သူ၏ လူသားရဲအန္တီ ခရစ်ကိုလည်းကိုး ကွယ်ကြ၍၊ အဘယ်သူသည် သူ့ကို စစ်ပြိုင်နိင်သနည်းဟု၊ ချီးမွမ်းကြလိမ့်မည်။ သူသည် လုပ်ကြံခံရ၍ သေရာမှရှင်ပြန်ထမြောက် သောကြောင့်၊ မည်သူကမျှသူ့ကို နောက်ထပ်မတိုက်ခိုက် ရဲတော့ဘဲ၊ ချီးမွမ်းကိုး ကွယ်ကြမှာ ဖြစ်သည်။
၅။ ထိုသားရဲ သည်လည်း ကြီးစွာသော စကားကို၎င်း၊ ဘုရားသခင်ကို ပြစ်မှားသော စကားကို၎င်း၊ ပြောတတ်သော နှုတ်နှင့် ပြည့်စုံ၍၊ လလေးဆယ်နှစ်လပတ်လုံးစီရင်ရသော အခွင့်ကို ရ၏။
သားရဲတည်း ဟူသော အန္တီ ခရစ်သည် အပြောကြီး မှာ ဖြစ်သည်။ အလွန် ၀ါကြွား၍ ကြီး ကျယ်သော စကား များကို ပြောမည်။ ဘုရားသခင်ကို ပြစ်မှားသော စကားများကိုလည်း ပြောမည်။ သူသည် မိမိ ကြိုက်နှစ်သက် သကဲ့သို့ လုပ်ဆောင်နိင်သော်လည်း ထိုအရာသည် ဘုရားသခင်၏ ခွင့်ပြုချက်ဘောင်အတွင်း မှ ဖြစ်ကြောင်း၊ အချိန် အကန့်အသတ်ပေးထားခြင်း အားဖြင့် သိနိင်သည်။ လလေးဆယ်နှစ်လသည် သုံးနှစ်ခွဲ ဖြစ်သည်။ ထိုအချိန်သည် ဘေးဒဏ်ကြီး ကာလ၏ ဒုတိယပိုင်း ဖြစ်သည်။
၆။ ဘုရားသခင်ကို ပြစ်မှားသော စကား အားဖြင့် နာမတော်နှင့် တဲတော်ကို၎င်း၊ ကောင်းကင်သား တို့ကို၎င်းပြစ်မှားခြင်းငှါ နှုတ်ကို ဖွင့်ထား၏။
ပညတ်တော် ဆယ်ပါး၌ တတိယပညတ်သည်၊ “သင်၏ ဘုရားသခင် ထာ၀ရ ဘုရား၏ နာမတော်ကိုမုသာနှင့်ဆိုင်၍မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့် ဆိုင်၍မြွက်ဆိုသောသူကိုအပြစ်မရှိဟု၊ ထာ၀ရဘုရားမှတ်တော်မမူ။” (ထွက် ၂၀:ရ) ဟူ၍ ဖြစ်သည်။ အဂ်လိပ်ကျမ်းစာ၌၊ ဘုရား၏ နာမကို အကျိုးမရှိမမြွက်ဆိုနှင့် ဟူ၍ ဖြစ်သည်။ အန္တီ ခရစ်သည် ထိုပညတ်ကို ဆန့်ကျင်၍၊ ဘုရား၏ နာမတော်ကို ပြစ်မှားမည်။ တဲတော်သည် ဘုရားရှိသော ကောင်းကင် နိင်ငံကို ဆိုလိုသည်။ သူသည် ကောင်းကင် နိင်ငံနှင့် ကောင်းကင်သား တို့ကိုလည်း၊ နှုတ်အားဖြင့် ပြစ်မှားသည်။ အကြောင်းမှာ ကောင်းကင်၌ နေရာမရသောကြောင့် ဖြစ်သည်။ လူပင်လျှင်ကိုယ်မနိင်သော သူများကို၊ စကားအားဖြင့် အနိင်ယူချင် ကြသည် မဟုတ်လော။
ရ။ သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသော အခွင့်ကိုရ၏။ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို၊ အုပ်စိုးရသော အခွင့်ကိုလည်းရ၏။
အန္တီ ခရစ်သားရဲသည် သန့်ရှင်းသူတို့ကို၊ စစ်တိုက်၍ နိင်သော အခွင့်ရသည်ဟုဆိုရာ၊ မည်သူတို့ ဖြစ်သနည်း။ ထိုခေတ်၌ ခရစ်တော် ယုံကြည်သူများကို၊ သန့်ရှင်း သူများဟု ခေါ်သည်။ ထိုသန့်ရှင်း သူများသည်၊ ဘေးဒဏ်ကြီး ကာလ၌ ပြန်လည်ယုံကြည်သူများဖြစ် ကြသည်။ ဘေးဒဏ်ကြီး ကာလ ယုံကြည်သူများကို၊ သားရဲကနိင်သော အခွင့်နှင့် အုပ်စိုးသော အခွင့်ကို၊ ဘုရားသခင်က ခွင့်ပြုထားသည်။
၈။ ကွပ်မျက်သော သိုးသငယ်၏ အသက် စာစောင်၌၊ ကမ္ဘာဦးကပင်စာရင်းမ၀င်သော မြေကြီးသား အပေါင်းတို့သည်၊ သားရဲကိုကိုး ကွယ်ကြ၏။
ကွပ်မျက်သော သိုးသငယ်သည် ခရစ်တော် ဖြစ်သည်။ သူ၏ အသက် စာစောင်၌ ကမ္ဘာဦးကပင်စာရင်းမ၀င်သော မြေကြီးသား အပေါင်းတို့၊ ဟုဆိုထားရာအသက် စာစောင်၌ စာရင်း၀င်ခြင်းသည်၊ ဘုရားသခင်ကရွေးကောက်ပြီးသား၊ သတ်မှတ်ပြီးသားဖြစ်သည်ဟု ယူဆနိင်သည်။ ထိုအရာကိုအချိန် အကန့်အသတ်အတွင်း၌ရှိသော၊ လူသားအနေဖြင့်သိဘို့အလွန်ခက်သည်။ ဘုရားသခင်သည်အချိန်အကန့်အသတ်အတွင်း၌မရှိချေ။ ဘုရားသည်ဖြစ်ပျက်မည့်အရာအားလုံးကို၊ သိနှင့်ပြီးသောသူဖြစ်သည်။ ထို့ကြောင့်အဘယ်သူ ယုံကြည်မည်၊ မယုံကြည်မည်ကိုသိနှင့်ပြီးဖြစ်သည်။ “အသက် စာစောင်၌၊ ကမ္ဘာဦးကပင်စာရင်းမ၀င်သော မြေကြီးသား အပေါင်းတို့သည်၊ သားရဲကိုကိုး ကွယ်ကြ၏” လူသည် အလွန်ခက်သည်။ ဖန်ဆင်းရှင် ဘုရားသခင်ကို မကိုး ကွယ်ချင်ဘဲ၊ ဘုရား၏ ရန်သူ စာတန်ကို ကိုး ကွယ်ချင် ကြသည်။ ဤနေရာ၌လည်း၊ စာတန်၏ လူသားရဲတည်း ဟူသော၊ ကမ္ဘာ့ ခေါင်းဆောင်ကို ကိုး ကွယ် ကြသည်။ ထိုအရာသည် လူ၏ ခေါင်းမာမှုကြောင့်၎င်း၊ သားရဲ၏ လိမ်လည်လှည့်ဖျားမှုကို ယုံကြည်ခြင်းကြောင့်၎င်း ဖြစ်သည်။
၉။ နားရှိသောသူမည်သည်ကားကြားပါစေ။
ခရစ်တော်ကနားရှိသောသူမည်သည်ကားကြားပါစေဟု၊ လောက၌အသက်ရှင်စဥ်တွင်ပြောတတ်ခဲ့သည် (မဿဲ ၁၃:၉၊ ၄၃)။ လူတိုင်းနားရှိကြသည်။ သို့ဖြစ်လျှင်အဘယ်အရာကိုဆိုလိုသနည်း။ လူသည် နားရှိသော်လည်း၀ိညာဥ်နားမရှိကြသောကြောင့်၊ ဘုရားသခင်၏ ဆိုလိုရင်းကို နားမလည် တတ်ကြချေ။ ဘုရားသခင်က နားဖွင့်ပေးမှသာလျှင် နားလည်နိင်သည်။ “အရှင်ထာ၀ရဘုရားသည်ငါ့နားကိုဖွင့်တော်မူ၍၊ ငါလည်းမငြင်းမဆန်၊ နောက်သို့မဆုတ်၊ “ဟုတွေ့ရသည် (ဟေရှာယ ၅၀:၅)။ “ထာ၀ရ ဘုရား ကလည်း၊ ထိုလူမျိုးရှိရာသို့ သွားပြီးလျှင်၊ သင်တို့သည် ကြားလျက် ပင်၊ အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်၊၊ မြင်လျက် ပင်အာရုံမှပြုဘဲ မြင်ကြလိမ့်မည်ဟု ပြောလော့၊၊ သူတို့ မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံး မသိ၊ အကျင့် မပြောင်းလဲ၊ သူတို့ အနာ ရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့ စိတ်နှလုံးကို မိုက်စေလော့၊၊ သူတို့ နားကိုလည်း ထိုင်းစေလော့၊၊ သူတို့ မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။” (ဟေရှာယ ၆:၉-၁၀)။ ထို့ကြောင့် နားကြားခြင်း၊ မျက်စိမြင်ခြင်းသည် ဘုရားသခင်က ခွင့်ပြုမှသာလျှင် ဖြစ်နိင်သည်။ ထိုသို့ဖြစ်ဘို့ရန် လိုချင် ရမည်၊ ဆာငတ်ရမည်။
၁၀။ သူတပါးကို ဘမ်းဆီးယူသွားသော သူသည်၊ ကိုယ်တိုင်ဘမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည်။ ထားဖြင့် သတ်တတ်သော သူသည်လည်း ကိုယ်တိုင်ထားဖြင့် သေရမည်။ ဤအရာ၌ သန့်ရှင်းသူတို့ လည်းသည်း ခံစရာ အကြောင်း၊ ယုံကြည်စရာ အကြောင်းရှိ၏။
ဘုရားသခင်က သန့်ရှင်းသူတို့ တည်း ဟူသော၊ ဘေးဒဏ်ကြီး ကာလ ယုံကြည်သူများကို၊ အား ပေးခြင်း ဖြစ်သည်။ အန္တိခရစ်နှင့် သူ၏ လူများက၊ သန့်ရှင်း သူများကို သတ်ဖြတ် သောအခါ၊ သူတို့လည်း သတ်ဖြတ်ခြင်း ပြန်လည်ခံရမည်၊ သူတပါးကို ဖမ်းဆီးသော သူများ လည်း၊ ဖမ်းဆီးခြင်း ပြန်ခံမည်ဟုဆိုသည်။ ထို့ကြောင့် သူတို့ အနေဖြင့် အခံရခက်သော်လည်း၊ ဘုရားသခင်က ပြန်လည်ခလဲ့စားချေမှာ ဖြစ်သောကြောင့်၊ သည်း ခံဘို့ရန်၊ ယုံကြည် ဘို့ရန်၊ အား ပေးခြင်း ဖြစ်သည်။
ဒုတိယသားရဲမိစ္ဆာပရောဖက်
၁၁။ အခြားသောသားရဲတကောင်သည်၊ သိုးသငယ်၏ ချိုနှင့် တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကား ပြောလျက်၊ မြေကြီး ထဲကထွက်သည်ကို ငါမြင်၏။
ဤနေရာ၌ အခြားသောသားရဲတည်း ဟူသော၊ ဘာသာရေးခေါင်းဆောင် အကြောင်းကို ဖေါ်ပြထားသည်။ သိုးသငယ်၏ ချိုနှင့် တူသော ချိုနှစ်ချောင်း၊ ဆိုသည်မှာ သိုး ဟန်ဆောင်ခြင်းကို ဆိုလိုသည်။ ခရစ်တော်က၊ “အတွင်း ၌ ကြမ်းတမ်းသော တောခွေး ဖြစ်လျက်၊ သိုးရေကို ခြုံ၍ သင်တို့ ရှိရာသို့ လာသော၊ မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့။” (မဿဲ ရ:၁၅) ဟုသတိပေးခဲ့ပြီ။ ဘေးဒဏ်ကြီး ကာလ၌ အန္တိခရစ်သည် နိင်ငံရေးခေါင်းဆောင် ဖြစ်၍၊ ဤဒုတိယသားရဲသည် ဘာသာရေးခေါင်းဆောင် ဖြစ်မည်။ သူသည် တောခွေး ဖြစ်သော်လည်း၊ သိုးသငယ် ကဲ့သို့ ဟန်ဆောင်ခြင်း ဖြစ်သည်။ သူ သည်လည်း နဂါးတည်း ဟူသော စာတန်က၊ တန်ခိုးပေးထားသောကြောင့်၊ နဂါးကဲ့သို့ စကား ပြောခြင်း ဖြစ်သည်။ ဘုရားသည်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဥ်တော်၊ ဟု သုံးပါးတဆူ ဖြစ်သကဲ့သို့ စာတန် လည်း၊ နဂါး၊ အန္တိခရစ်ပဌမသားရဲ၊ မေစ္ဆာပရောဖက် ဒုတိယသားရဲ၊ ဟု သုံးပါးတဆူ ဖြစ်မည်။ ဘုရားသခင်၏ ဖြစ်သမျှနှင့် လုပ်သမျှကို၊ အတုခိုးကာလ ုပ်ဆောင်သည်။
၁၂။ ထိုသားရဲသည် သူ့အရင် ဖြစ်သော ပဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဌမသားရဲကို မြေကြီး မှစ၍ မြေကြီးသား တို့သည်ကိုး ကွယ်စေခြင်းငှါ ပြု၏။
ဒုတိယသားရဲသည် ပဌမသားရဲ၏ လက်ထောက် ဖြစ်သည်။ ကမ္ဘာ့ သမိုင်း၌ နိင်ငံရေးခေါင်းဆောင် များသည်၊ ဘာသာရေးခေါင်းဆောင်များကို၊ သူတို့ အာဏာတည်မြဲရေးအတွက် အသုံးချတတ် ကြသည်။ အကြောင်းမှာ လူသည် ဘာသာရေးခေါင်းဆောင်ကို လေးစား၍၊ စကား နားထောင် တတ်သောကြောင့် ဖြစ်သည်။ သို့သော် သူတို့ အာဏာတည်မြဲလာ သောအခါ၊ ဘာသာရေးခေါင်းဆောင်ကို ဖယ်ရှားတတ် ကြသည်။ အန္တိခရစ်လည်း ဘာသာရေးခေါင်းဆောင်ကို သူ၏ အာဏာတည်မြဲရေးအတွက် အသုံးချမှာ ဖြစ်သည်။ ဘာသာရေးခေါင်းဆောင် ကနိင်ငံရေးခေါင်းဆောင်ကို၊ ကိုး ကွယ်ကြဘို့ရန် တိုက်တွန်းမှာ ဖြစ်သည်။ ထိုဘာသာရေးခေါင်းဆောင်ကို၊ မိစ္ဆာပရောဖက် ဟုလည်း ခေါ်တတ်သည်။
၁၃။ ကြီးစွာသော နိမိတ်လက္ခဏာတို့ ကိုလည်း ပြ၏။ လူတို့ မျက်မှောက်၌ ကောင်းကင်ကမြေကြီး အပေါ်သို့ မီးကို ဆင်းစေ၏။
ဒုတိယသားရဲ၊ ဘာသာရေးခေါင်းဆောင်သည်၊ ကြီးစွာသော နိမိတ်လက္ခဏာများ ကိုလည်း ပြနိင်သည်။ ကောင်းကင် ကမြေကြီး အပေါ်သို့ မီးကိုလည်း ဆင်းစေမည်။ ခရစ်တော် ကဤကဲ့သို့ သတိပေးခဲ့ပြီ၊ “သင်တို့ကို အဘယ်သူ မျှမလှည့်ဖြားစေခြင်းငှါ၊ သတိပြုကြလော့။ အများသော သူတို့က၊ ငါသည် ခရစ်တော် ဖြစ်၏ဟုဆိုလျက်၊ ငါ၏ အယောင်ကို ဆောင်၍ ပေါ်လာသဖြင့်၊ လူအများ တို့ကို လှည့်ဖြားကြလိမ့်မည်။” (မ ၂၄:၄-၅) “မိစ္ဆာပရောဖက် အများ တို့သည် ပေါ်လာ၍၊ လူအများ တို့ကို လှည့်ဖြားကြလိမ့်မည်” (မဿဲ ၂၄:၁၁)။ “ခရစ်တော်၏ အယောင်ကို ဆောင်သော သူနှင့် မိစ္ဆာပရောဖက် တို့သည်၊ ပေါ်လာ၍ ရွေးချယ်သော သူတို့ကို ပင်လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင်၊ ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု တို့ကို ပြကြလိမ့်မည်” (မဿဲ ၂၄:၂၄)။ ဘေးဒဏ်ကြီး ကာလ အတွင်း ၌၊ မိစ္ဆာပရောဖက် (ပရောဖက် အတု) များစွာ ပေါ်ပေါက်မည်ဟုဆိုသည်။ ယခုလည်း ဘေးဒဏ်ကြီး ကာလ အလွန် နီးသောကြောင့်၊ ပရောဖက် အတုများစွာ ပေါ်ပေါက်နေပြီ။ သို့သော် လူအများစုသည် ကျမ်းစာ မဖတ်၊ နားမလည်၊ စိတ်နှလုံးမှားယွင်းသောကြောင့်၊ ထိုပရောဖက် အတုများကို မသိကြ၊ လက်ခံ ကြသည်။ “လူတို့ မျက်မှောက်၌ ကောင်းကင် ကမြေကြီး အပေါ်သို့ မီးကို ဆင်းစေ၏။” မိစ္ဆာပရောဖက်သည် လူများကို အထင်ကြီး စေဘို့၊ လိမ်လည်ဘို့ရန် ကောင်းကင် ကမြေကြီး ပေါ်သို့ မီးကို ကျစေမည်ဟုဆိုသည်။ ပရောဖက် ဧလိယကထာ၀ရ ဘုရားသည် သာဘုရား စစ်၊ ဘုရား မှန် ဖြစ်ကြောင်း၊ ကောင်းကင် ကမီးကျစေကာ၊ ယဇ်ပူဇော်သောအရာ များကိုလောင်ကျွမ်းစေခြင်း အားဖြင့်၊ သက်သေထူခဲ့ဘူးသည် (၃ ရာဇ၀င် ၁၈:၃၈)။ ထို့ကြောင့် မိစ္ဆာပရောဖက် ကလည်း၊ သူသည် ဘုရားသခင်၏ လူဖြစ်ကြောင်း၊ ကောင်းကင် ကမီးကျစေမှာ ဖြစ်သည်။
၁၄။ ပထမသားရဲရှေ့၌ ပြပိုင်သော နိမိတ်လက္ခဏာတို့ အားဖြင့်၊ မြေကြီးသား တို့ကို လှည့်ဖြား၏။ ထားနှင့် ခုတ်သော ဒဏ်ချက်ကို ခံရ၍၊ အသက် ရှင် သေးသောသားရဲ၏ ရုပ်တုကို လုပ်စေခြင်းငှါ၊ မြေကြီးသား တို့ကို မှာထား၏။
မေစ္ဆာပရောဖက်သည်၊ အန္တိခရစ်၏ အခွင့်နှင့် နိမိတ်လက္ခဏာတို့ကို ပြခြင်း ဖြင့်၊ လူများကို လှည့်စားမည်။ ပဌမသားရဲသည် လည်း၊ နဂါးတည်း ဟူသော စာတန် ထံမှ တန်ခိုးရရှိခြင်း ဖြစ်သည်။ အန္တိခရစ်သည် လုပ်ကြံခြင်း ခံရသော်လည်း၊ ပြန်လည်ရှင်ပြန်မည်။ သူ၏ ရုပ်တုကို၊ မိစ္ဆာပရောဖက် ကမြေကြီး သားများကို၊ လုပ်ဘို့ မှာထားသည်။ ရှေးခေတ်ဘုရင်များ၏ ရုပ်တုများကို ကိုး ကွယ် သကဲ့သို့၊ ကိုး ကွယ်စေဘို့ ဖြစ်သည်။
၁၅။သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည်အကြောင်း နှင့်၊ မိမိကို မကိုး ကွယ်သော သူရှိသမျှ တို့ကို၊ သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်းရ၏။
ယခုခေတ်တွင် စက်ရုပ်တုများသည်၊ လူကဲ့သို့ စကား ပြောသည် သာမက၊ စဥ်းစားတတ်၊ လုပ်ကိုင်တတ်ကြပြီ။ ထို့ကြောင့် ရုပ်တုစကား ပြော၍ အသက် သွင်းပေးခြင်းသည်၊ မဆန်းတော့ချေ။ ထိုရုပ်တုကို မကိုးကွယ်သော သူတိုင်း၊ ရုပ်ကိုယ်တိုင်ကသတ်မှာ ဖြစ်သည်။
၁၆။ ငွေရတတ်သောသူ၊ ဆင်းရဲ သောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှ တို့သည်၊ လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်း ငှါ၎င်း၊ ၁ရ။ ထိုတံဆိပ်လက်မှတ်တည်း ဟူသောသားရဲ၏ နာမ ဖြစ်စေ၊ နာမ၏ အရေအတွက် ဖြစ်စေ၊ တခုခုကို မခံသော သူတယောက် မျှ၊ မရောင်းမ၀ယ်စေခြင်း ငှါ၎င်း၊ စီရင်၏။ ၁၈။ ဤအရာ၌ ပညာရှိ၏၊ ဥာဏ်ရှိသော သူသည်သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက် ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ်၏။
ဘေးဒဏ်ကြီး ကာလ တွင်၊ လူတိုင်းသားရဲ၏ အမှတ်တံဆိပ်တည်း ဟူသော ၆၆၆ တံဆိပ်ကို လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ ခတ်မှာ ဖြစ်သည်။ ထိုတံဆိပ်မခတ်သော သူသည် ရောင်း၀ယ်၍ ရမည် မဟုတ်ဟုဆိုသည်။ ရောင်း၀ယ်၍ မရလျှင်၊ ငတ်သေဘို့ သာလျှင် ရှိသည်။ ယခုအခါ အမေရိကန်ပြည် ထောင်စု၌၊ လူတိုင်း မှတ်ပုံတင်နံပါတ်တည်း ဟူသော လူမှု လုံခြုံရေးကပ်ပြား (Social Security Card) ရှိကြသည်။ ထိုကပ်ပြားမရှိလျှင် ကား မောင်းလိုင်စင်လုပ်၍ မရ၊ အလုပ်လျှောက်၍ မရ၊ ဘဏ်စာရင်းဖွင့်၍ မရသောကြောင့်၊ ထိုကပ်ပြားကိုအရင်ဦးဆုံးလျှောက်ထားရကြသည်။ ထိုကပ်ပြား၌နံပါတ်ရလုံးရှိ၍ သုံးအုပ်စုဖြင့်ခွဲထားသည်။ ပဌမအုပ်စု၌ဂဏန်းသုံးလုံး၊ အလယ်၌နှစ်လုံး၊ နောက်ဆုံး၌ လေးလုံး ဖြစ်၍၊ ထိုနံပါတ်ကို ၃၂၄ ဟုဆိုနိင်သည်။ ဖုန်းနံပါတ်လည်း၊ ဂဏန်းဆယ်လုံး ဖြစ်၍ သုံးအုပ်စုဖြင့် ဖွဲ့ထားသည်။ ပဌမ အုပ်စု၌ သုံးလုံး၊ အလယ်၌ သုံးလုံး၊ နောက်ဆုံး၌ လေးလုံး ဖြစ်သည်။ ထိုကြောင့်ဖုန်းနံပါတ်တိုင်းသည် ၃၃၄ ဟုဆိုနိင်သည်။ ထိုအရာများသည် ၆၆၆၏ ရှေ့ပြေးအရာများ ဖြစ်သည်။ ယခုအခါ၊ လူနာမည်ထက်ကိုယ်ပိုင်နံပါတ်များသည်၊ ပို၍ အရေးကြီး လာသည်။ မိုင်ခရိုချိတ် (Microchip) ဟု ခေါ်၍ ဆန်တစေ့လောက်ရှိသော စက်ကို တီထွင်ကာ၊ ကျန်းမာရေးအာမခံအဖြစ် အသုံးပြုဘို့ ဖြစ်သည်။ ထိုအရာအသုံးပြုလျှင် ငွေကျေးသုံးစွဲတော့မည် မဟုတ်။ ထိုအရာသည် ဃမနိငအခမေိလည်း ဖြစ်မည်၊ မှတ်ပုံတင်လည်း ဖြစ်မည်။ ထိုအရာအသုံးမပြုသေးခြင်းသည် အန္တီ ခရစ်မပေါ် သေးသောကြောင့် ဖြစ်သည်။ အန္တီ ခရစ်မပေါ်သေးခြင်းသည် လည်း၊ ချီဆောင်ခြင်း မဖြစ် သေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ချီဆောင်ခြင်းသည် အချိန်မရွေး ဖြစ်နိင်သည်။ ထိုချီဆောင်ခြင်း၌ မိတ်ဆွေ ပါ၀င်ဘို့ရန် အရေးကြီးသည်။ မပါ၀င်ပါကဘေးဒဏ်ကြီး ကာလ၌ အန္တီ ခရစ်၏ အုပ်ချုပ်မှု အောက်တွင် အလွန် ခက်ခဲမှာ ဖြစ်သည်။
ဗျာ ၁၃ မေးခွန်းများ
၁။သားရဲသည် မည်သူ၏ အမြင် မှာ ဖြစ်သနည်း။ —————-လူ့အမြင်၌ မည်ကဲ့သို့ ခေါ်မည်နည်း။ —————-
၂။ ခေါင်းသည် —————-ကို ဆိုလို၍၊ ချိုသည် —————- ဖြစ်သည်။ သရဖူသည် —————-ကို ဆိုလို၍၊ ပင်လယ်သည် —————-ကို ဆိုလိုသည်။
၂။ တောင်ခုနှစ်လုံးသည် ရှင်ဘုရင်ခုနှစ်ပါးလည်း ဖြစ်သည်ဟုဆိုသည်။ ထိုရှင်ဘုရင်များသည် —————————————————————————————————————————————တို့ ဖြစ်သည်။
၃။ ချိုးဆယ်ချောင်းသည် ဘာကို ဆိုလိုသနည်း။ ——————————
၄။ အန္တိခရစ်၏အဓိကရည်ရွယ်ချက်နှင့်အလုပ်သည်ဘာဖြစ်သနည်း။ ————————————————————
၅။သားရဲကို မည်သူကတန်ခိုးပေးသနည်း။ ——————————
၆။သားရဲပုံစံကို မည်သူကမြင်ခဲ့ပြီး သနည်း။ ——————————တိရစ္ဆာန်များသည် ဘာကို ပုံဆောင်သနည်း။ ——————————————————————————————
ရ။ လောကသား များသည် —————အသေခံ၍ ရှင်ပြန်ထမြောက် ခြင်းကို မယုံကြည်သော်လည်း၊ —————————ရှင်ပြန်ထမြောက် ခြင်းကို ယုံကြည်၍ ချီးမွမ်းကြလိမ့်မည်။
၈။ စာတန်၏ ရည်ရွယ်ချက်မှာသူ့ကို လူသားများက—————————ဘို့ ဖြစ်သည်။
၉။ လောကကို ချစ်သော သူသည် မည်သူကိုကိုး ကွယ်ကြသနည်း။ ——————————
၁၀။သားရဲသည် ဘယ်နှစ်လ အုပ်စိုးခွင့် ရှိမည်နည်း။ ——————————ထိုအရာသည် ဘယ်နှစ်နှစ် ဖြစ်သနည်း။ —————————–
၁၁။သားရဲသည် အဘယ်ကြောင့်နာမတော်နှင့် သန့်ရှင်းရာဌါနတော်ကို နှုတ်အားဖြင့် ပြစ်မှားသနည်း။ ———————————————
၁၂။ သန့်ရှင်း သူများသည် မည်သူတို့ ဖြစ်သနည်း။ —————————–
၁၃။ အသက် စာစောင်၌ စာရင်း၀င်ခြင်းသည်၊ ဘုရားသခင်က ရွေးကောက်ပြီးသား ဖြစ်ပါသလား။ —————အဘယ်ကြောင့်ထိုသို့ ဆိုသနည်း။ ——————————
၁၄။ မြေကြီးသား အပေါင်းသည် မည်သူကိုကိုး ကွယ်ကြသနည်း။ ——————————
၁၅။ နားကြားခြင်း၊ မျက်စိမြင်ခြင်းသည် မည်သူကသာ ပေးနိင်သနည်း။ —————လူ့ဘက်မှဘာလိုသနည်း။ ——————————
၁၆။ ဒုတိယသားရဲသည် မည်သူနည်း။ —————အဘယ်ကြောင့် သိုးသငယ် ချိုကဲ့သို့ ရှိသနည်း။ ——————————
၁ရ။ နိင်ငံရေးခေါင်းဆောင် များသည်၊ အဘယ်ကြောင့်ဘာသာရေးခေါင်းဆောင် များကို အသုံးပြုတတ်ကြသနည်း။ —————
၁၈။ ကောင်းကင် မှမီးကျစေခြင်းသည် ဘာကို ပြချင် သနည်း။ ——————————
၁၉။ ဘေးဒဏ်ကြီး ကာလ၌ ဘာကိုကိုး ကွယ်ကြမည်နည်း။ —————
၂၀။ ခြောက်သုံးလုံး၏ ရှေ့ပြေးအသုံးပြုနေသောအရာ များ ဖေါ်ပြပါ။ ———————————————
၂၁။ ခြောက်သုံးလုံးသည် ဂဏန်းဘယ်နှစ်လုံးရှိမည်နည်း။ ——————————
၂၂။ အဘယ်ကြောင့်ခြောက်သုံးလုံးမသုံးသေးသနည်း။ —————————— ချီဆောင်ခြင်း နီးပြီလော။ ———————————————
.
ဗျာ ၁၄ တသိန်းလေးသောင်းလေးထောင်များ
၁။ ထိုနောက်မှငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏ နာမနှင့် ခမည်းတော်၏ နာမကို နဖူး၌ အက္ခရာတင်သော သူတသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။
ဇိအုန်တောင် (Mt Zion) သည် ယေရုရှလင် မြို့တည်နေရာတောင် ဖြစ်သည်။ ဇိအုန်တောင်သည်၊ မြေကြီး ပေါ်၌ ရှိသကဲ့သို့ ကောင်းကင်၌လည်းရှိသည်။ ကျမ်းစာ၌၊ “သင်တို့သည်ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသောဘုရားသခင်၏မြို့တော် တည်း ဟူသော၊ ကောင်းကင်ယေရှုရှလင်မြို့သို့၎င်း၊ အတိုင်းမသိများစွာသောကောင်းကင်တမန် တို့၏စည်းဝေးခြင်းသို့၎င်း၊ —-ရောက်ကြ၏။” (ဟေဗြဲ ၁၂:၂၂-၂၄) ဟု တွေ့ရသည်။ ထို့ကြောင့်အထက်ပါ ဇိအုန်တောင်သည် မြေကြီး ပေါ်မှာလော၊ ကောင်းကင် မှာလော၊ ဟူသောအရာ ကို ခွဲခြားဘို့ လိုလာသည်။ အထက်ပါ ဇိအုန်တောင်သည် ကောင်းကင် ဇိအုန် ဖြစ်နိင်စရာ များသည်။ အကြောင်းမှာ အငယ် ၃၌ ၁၄၄၀၀၀တို့သည် ပလ္လင်တော် ရှေ့၌၎င်း၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏၊ ဟုဆိုသောကြောင့် ထိုအရာများသည်၊ ကောင်းကင်၌ဖြစ်သည်။ ထို့အပြင်ဗျာဒိတ် (၁၄) သည် ဘေးဒဏ်ကြီး ကာလ၏ အလယ်၌ ဖြစ်သည်၊ မဆုံးသေးချေ။ သိုးသငယ် တည်း ဟူသော ခရစ်တော်သည် ဘေးဒဏ်ကြီး ကာလပြီး ဘို့ရန် ကြွလာ၍၊ ထိုအချိန် မှသာမြေကြီးသို့ ဆင်းကြွလာမှာ ဖြစ်သည်။ ထို့ကြောင့် သိုးသငယ် တည်း ဟူသော ခရစ်တော်သည်၊ ကောင်းကင် ဇိအုန်တောင်ပေါ်၌ ရပ်နေခြင်း ဖြစ်သည်။
၂။ သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ကောင်းကင် ကအသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည်၊ စောင်းသမားများ စောင်းတီးသော အသံကဲ့သို့ဖြစ်၏။
ယောဟန်ကြားသော အသံသည် ကောင်းကင် ကအသံ ဖြစ်သည်။ ဤနေရာ၌လည်း ကောင်းကင် အခင်းအကျင်းကို ဖေါ်ပြသည်။ သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ဟုဆိုခြင်းသည်၊ အသံကျယ်လောင်ခြင်း၊ ကြီးခြင်းကို ဆိုလိုသည်။ ထိုအသံသည် စောင်းသမားများ၏ စောင်းတီးသံ ဖြစ်သည်။ ကောင်းကင် နိင်ငံ၌ တူရိယာများရှိ၍ အသံကြီးစွာဖြင့် တီးခပ် ကြသည်။
၃။ ပလ္လင်တော် ရှေ့၌၎င်း၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီး မှရွေးနှုတ်သော သူတသိန်းလေးသောင်းလေးထောင်မှတပါး၊ အဘယ်သူ မျှထိုသီချင်းကို သင်၍ မရနိုင်။
အသစ်သော သီချင်းဆို သူများသည်၊ တသိန်းလေးသောင်းလေးထောင်တို့ ဖြစ်သည်။ အကြောင်းမှာ အခြားသော သူများက၊ ထိုသီချင်းကို သင်၍ မရနိင်ဟုဆိုသည်။ သူတို့သည် ပလ္လင်တော် ရှေ့၌၎င်း၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ ရှေ့၌၎င်း၊ သီဆို ကြသည်။ ပလ္လင်တော် ပေါ်၌ ဘုရားသခင် ရှိသည်။ သူရှေ့နှင့် သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ ရှေ့၌၎င်း၊ သီဆိုသောကြောင့်၊ ထိုနေရာသည် ကောင်းကင် နိင်ငံ ဖြစ်သည်။
၄။ ထိုသူတို့သည် ကညာ ဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူး သောသူ ဖြစ်ကြ၏။ သိုးသငယ် သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူ ဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍၊ ဘုရားသခင်နှင့် သိုးသငယ် အဘို့၊ အဦးသီးသော အသီး ဖြစ်ကြ၏။
ခရစ်တော်နှင့် ခမည်းတော်၏ နာမကို နဖူး၌ တင်သောသူ၊ တစ်သိန်းလေးသောင်းလေးထောင်တို့သည် မည်သူတို့ ဖြစ်သနည်း။ ဗျာဒိတ်(ရ) ၌တွေ့ရသောသူများဖြစ်ကြသလော။ ဗျာဒိတ် (ရ) ၌ တွေ့ရသော သူများသည် တပါးအမျိုးသားများထဲမှ မဟုတ်၊ ဣသရေလ ၁၂ မျိုးအထဲမှ ဖြစ်သည်။ သို့သော် ယခုတွေ့ရသော သူများသည်၊ လူတို့ အထဲကရွေးနှုတ်၍၊ ဘုရားသခင့် သိုးသငယ် အဘို့၊ အဦးသီးသော အသီး ဖြစ်ကြသည်ဟုဆိုသည်။ ထို့ကြောင့် ထိုနှစ်ဖွဲ့သည် အရေအတွက် ချင်းတူသော်လည်း နှစ်ဖွဲ့ ဖြစ်သည်ဟု ယူဆနိင်သည်။ သို့သော် လုံး၀ခြားနားသော အဖွဲ့ ဖြစ်သည်ဟု ယတိပြတ် မပြောနိင်ချေ။ ထိုသူများသည် ကညာ ဖြစ်၍၊ မေထုန်အမှုနှင့် မညစ်ညူးသော သူများ ဖြစ်သည်၊ ဟုဆိုခြင်းသည် လူပျိုများ ဖြစ်ကြသည်။ ခရစ်တော်က၊ “အချို့တို့သည် ကောင်းကင် နိုင်ငံတော် အဘို့ အလို့ငှါ၊ မိမိကိုယ်ကို ဆုံးမ၍ မိန်းမလျှာ ဖြစ်ကြ၏။” (မဿဲ ၁၉:၁၂) ဟုဆိုခဲ့သည်။ မိန်းမလျှာသည် မိန်းမမယူသော ယောက်ျားကို ဆိုလိုသည်။ ခရစ်တော် ကလူအချို့တို့သည်၊ ကောင်းကင် နိင်ငံတော် အဘို့ အလို့ငှါ၊ မိန်းမလျှာ ဖြစ်သည်ဟုဆိုသည်။ ဆိုလိုသည် မှဘုရား နိင်ငံတော် အတွက်၊ မိန်းမမယူတော့ဘဲ အမှု ဆောင်ခြင်း ဖြစ်သည်။ ဥပမာ၊ ရှင်ပေါလုသည် ကောင်းကင် နိင်ငံတော် အတွက် မိန်းမမယူဘဲ နေခဲ့သည်။ သူကိုယ်တိုင်က၊ “ကေဖနှင့် သခင်ဘုရား၏ ညီများ မှစ၍ ကြင်းသော တမန်တော်များကဲ့သို့၊ ငါတို့သည်ဒေသစာရီလှည့်လည်သည် တွင်၊ နှမ ဖြစ်သော မယားပါစေခြင်းငှါ အခွင့်မရှိသလော။” (၁ ကော ၉:၅) ဟု သူသည် မိန်းမမယူဘဲ နေခြင်းကို ရေးခဲ့သည်။ တဖန်၊ “မယားမရှိသော သူတို့နှင့် မုတ်ဆိုးမတို့ကို ငါဆိုသည်ကား၊ ထိုသူတို့သည် ငါကဲ့သို့ နေလျှင် ကောင်း၏။ သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်း နိုင်လျှင် ထိမ်းမြား စုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာစိတ်ပူပန်ခြင်းရှိသည် ထက်၊ ထိမ်းမြား စုံဘက်ခြင်း ပြုသော်သာ၍ ကောင်း၏။” (၁ ကောရ:၈-၉) ဟုဆိုခဲ့သည်။ အထက်က ဖေါ်ပြသော တသိန်းလေးသောင်းလေးထောင်တို့သည်၊ ပေါလုကဲ့သို့ ဘုရားသခင် အတွက် မိန်းမမယူဘဲ၊ လူပျိုဘ၀ဖြင့် ဆက်ကပ်သော သူများ ဖြစ်ကြသည်။ သူတို့သည် သိုးသငယ် သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူ ဖြစ်ကြ၏။ ဆိုလိုသည် မှာ ခရစ်တော် ကဲ့သို့ အသက် ရှင်သော သူများ ဖြစ်ကြသည်။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီး ဖြစ်ကြ၏။
၅။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍သူတို့ နှုတ်၌မုသာမရှိ။
အပြစ်နှင့် ကင်းလွတ် ကြသည်ဟုဆိုရာတွင်၊ အာဒံ၏ အပြစ် မျိုးစေ့မပါခြင်း မဟုတ်ဘဲ၊ ခရစ်တော်နှင့်အတူ သွားလေရာရာ၌ လိုက်သောကြောင့်၊ အပြစ် မလုပ်ဘဲ နေခြင်းကို ဆိုလိုသည်။ ဘုရားသခင်နှင့်အတူ မိဿဟာယဖွဲ့သော သူများသည်၊ လောကနှင့် ကင်းဝေးသောကြောင့်၊ အပြစ် လုပ်ချိန်မရတတ်ချေ။ ဘုရား တရားနှင့် နေသောကြောင့်၊ မုသာပြောမည့်အချိန်လည်းမရှိချေ။ ဗတ္တိဇံယောဟန်ကဲ့သို့၊ လူ့မျက်နှာမကြည့်ဘဲ၊ ဘုရားသခင် ၏ အလိုတော် များကိုသာ၊ ပြောသောသူ ဖြစ်ကြသည်။ ယုံကြည်သူများလည်း၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့လေလေ၊ လောကနှင့် ဝေးဝေးလေလေ ဖြစ်၍၊ မုသာစကားကို ပြောဘို့ နည်းလေလေ ဖြစ်မည်။
ကောင်းကင်တမန်ကတရားဟော
၆။ မြေကြီး ပေါ်မှာ နေသော သူတည်း ဟူသော၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ််သိမ်းတို့ အား၊ ထာ၀ရ ဧ၀ံဂေလိတရားကို ဟောရသော ကောင်းကင်တမန် တပါးက၊ ရ။ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင် တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်း တို့ကို ဖန်ဆင်း တော်မူသော အရှင်ကိုကိုး ကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍၊ ကောင်းကင် အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။
ကျမ်းစာ ထဲ၌ ဧ၀ံဂေလိတရားကို၊ ယုံကြည်သူများသာလျှင် ဟောခိုင်းသည်ကို တွေ့ရသည်။ အကြောင်းမှာ ယုံကြည်သူများကို ၀မ်းမြောက်စေချင်သည်၊ ဆုချချင်သည်၊ ၀ိညာဥ် သဘော ရှိစေချင်သည်။ ထို့ကြောင့် ခရစ်တော်၏ ကယ်တင်ခြင်း အကြောင်းကို ယုံကြည်သူများကသာလျှင် ဟောရသည်။ ဘေးဒဏ်ကြီး ကာလ ကပဌမ ပိုင်းသုံးနှစ်ခွဲ၌၊ ဣသရေလ လူမျိုး၁၄၄၀၀၀တို့ကို တံဆိပ်ခပ်ခြင်းသည်၊ တကမ္ဘာလုံး၌ ဧ၀ံဂေလိတရားဟောဘို့ ဖြစ်သည်ဟု ယူဆရသည်။ အကြောင်းမှာ သူတို့ အကြောင်းကို ဖေါ်ပြပြီး နောက်၊ မရေတွက်နိင်အောင်များပြားသော လူမျိုး အပေါင်းတို့၊ ကယ်တင်ခြင်းသို့ ရောက်ကြောင်းကို ဖေါ်ပြထားသည် (ဗျာ ရ:၉-၁ရ)။ ထိုသူတို့ အပြင်သက်သေခံနှစ်ပါးကတရားဟော၍၊ နောက်ဆုံး၌ အသေသတ်ခံကာရှင်ပြန်ထမြောက်၍၊ ကောင်းကင်သို့ တက်သွားကြကြောင်း ဗျာ ၁၁၌ တွေ့ရသည်။ ထိုအရာများသည် ဘေးဒဏ်ကြီး ကာလ၏ ပဌမ ပိုင်းတွင် ဖြစ်ပြီး၊ ဒုတိယပိုင်းသုံးနှစ်ခွဲအတွင်း တွင်၊ မြေကြီး ပေါ်သို့ စာတန်ကို ကောင်းကင် မှချလိုက်သောကြောင့်၊ မည်သူမျှတရားမဟောနိင်တော့ချေ။ ထို့ကြောင့် ကောင်းကင်တမန်က၊ အထက်က ဖေါ်ပြ သကဲ့သို့ တရားဟောခြင်း ဖြစ်သည်ဟု ယူဆရသည်။
ကောင်းကင်တမန် ဟောသော တရားမှာ၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြဘို့ ဖြစ်သည်။ အန္တီ ခရစ်နှင့် စာတန်ကို မကိုး ကွယ်ကြဘို့ ဟောပြောခြင်း ဖြစ်သည်။ ထိုအချိန်တွင် စာတန်၏ တန်ခိုးအားဖြင့်၊ အန္တီ ခရစ်နှင့် မေစ္ဆာပရောဖက် တို့သည်၊ ကြီးစွာသော တန်ခိုးများကို ပြမည်၊ အန္တီ ခရစ်ကိုကိုး ကွယ်ဘို့ရန် အတင်း ခိုင်းမည်၊ သူ့ကို မကိုး ကွယ်သော သူများကို နှိပ်စက်ညှင်းဆဲ၍ သတ်ဖြတ်မည်။ သို့သော် သူတို့ကို မကြောက်ဘဲ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်း တို့ကို ဖန်ဆင်း တော်မူသော အရှင်ကို သာကိုး ကွယ်ကြဘို့၊ တိုက်တွန်းဟောပြောခြင်း ဖြစ်သည်။ အကြောင်းမူကား၊ အန္တီ ခရစ်နှင်မေစ္ဆာပရောဖက်တို့ မှစ၍၊ လူအားလုံးကို တရားစီရင် တော်မူသောအချိန် ရောက်လာပြီ။ ထို့ကြောင့် သူတို့ကို ကြောက်စရာ မလိုဟုအား ပေးခြင်း ဖြစ်သည်။ ထိုကဲ့သို့ လူသားများတရားဟောခွင့်မရသောအချိန် ကာလသည်၊ များမကြာမှီရောက်တော့မှာ ဖြစ်သောကြောင့်၊ ယခုအချိန် ကောင်းရှိစဥ်တွင် ယုံကြည်သူ တိုင်း သက်သေခံခြင်း၊ တရားဟောခြင်း များကို ပြုလုပ် သင့်သည်။ ယခုပင်လျှင် မူစလင်အယူပြင်းထန်သော ဆော်ဒီအရဗျနိင်ငံတွင်၊ ကယ်တင်ခြင်း တရားဟောခွင့်မရှိသည် သာမက၊ ကျမ်းစာ ပင်လျှင် ယူသွားခွင့်မရှိချေ။ ခရစ်တော်၏ ကယ်တင်ခြင်း တရားဟောခွင့်သည်၊ အမေရိကန်နိင်ငံကဲ့သို့ ဒီမိုကရေစီနိင်ငံ၌ပင်လျှင်၊ နေရာတိုင်း၌ ဟောခွင့်မရှိတော့ချေ။ လုပ်ငန်းခွင်၊ လူထုများသော နေရာများ၌ သက်သေခံခြင်း၊ ဝေစာဝေခြင်းများမပြုလုပ် နိင်တော့ချေ။ အထူးသဖြင့် သမ္မာတရား စစ်ဟောပြောသော သူများကို၊ တဖက်စွန်းရောက်ဘာသာရေးသမားများ၊ ဟု ကင်ပွန်းတပ်ကာ၊ အကြမ်းဖက်သမားများ စာရင်း၌၊ ပါ၀င်ကြောင်း ဤသို့ တွေ့ရသည်။ Army Reserve training material lists Catholics, evangelical Christians and some Jews in ‘religious extremism’ category along with the KKK, Hamas and Al Qaeda.(http://www.dailymail.co.uk/news/article-2304739/Army-Reserve-training).
ဗာဗုလုန်မြို့ကြီး ဗြုလဲပြီ
၈။ ကောင်းကင်တမန် တပါးကလည်း၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ မိမိမတရားသော မေထုန်၏အဆိပ်အတောက်တည်းဟူသောစပျစ်ရည်ကိုလူမျိုးအပေါင်းတို့အားတိုက်လေပြီးသော၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု လိုက်၍ ပြောဆို၏။
ဗာဗုလုန်မြို့ကြီးသည် ဘာကို ဆိုလိုသနည်း။ မိမိ မတရားသော မေထုန်၏ အဆိပ်အတောက်တည်း ဟူသော၊ စပျစ်ရည်ကို လူမျိုး အပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်၊ ဟုဆိုသောကြောင့် ဆိုလိုရင်းကို ရှာဘို့ လိုသည်။ ဗျာ ၁ ရ၌လည်း ဤသို့ ရေးထားသည်၊ “ခေါင်း ခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော၊ နာမတို့နှင့် အပြည့်ရှိသောသားရဲနီ အပေါ်မှာ၊ ထိုင်လျက် ရှိသော မိန်းမတဦးကို ငါမြင်၏၊ ထိုမိန်းမသည် အ၀တ်နီ၊ အ၀တ်မောင်းကို ၀တ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက် ရှိ၏။ စက်ဆုပ်ရွံရှာဘွယ်သောအရာ နှင့်၎င်း၊ မိမိ မတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း၊ ပြည့်သော ရွှေဖလားကိုကိုင်လျက် ရှိ၏။ နဖူး၌ အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည် တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုတ်ရွံရှာဘွယ်သောအရာ တို့၏ အမိပေတည်း။ ထိုမိန်းမသည် သန့်ရှင်း သူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့ မြင် သောအခါ အလွန် အံ့ဩ မိန်းမော၍ နေ၏။” (ဗျာ ၁ရ:၃-၆)။သားရဲ အပေါ်၌ ထိုင်သော မိန်းမ၏ နဖူး၌ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည် တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုတ်ရွံရှာဘွယ်သောအရာ တို့၏ အမိဟု အက္ခရာတင်ထားသည်။ ထိုမိန်းမသည် လူမဟုတ်၊ ဘေးဒဏ်ကြီး ကာလတွင် ပေါ်ပေါက်လာမည့် ကမ္ဘာ့ ဘာသာရေး ဖြစ်သည်။ အသင်းတော်သည် ခရစ်တော်၏ သတို့သမီး လောင်း ဖြစ်၍၊ မိန်းမအဖြစ် တင်စားသည်။ ထိုနည်းတူ ပေါ်ပေါက်လာမည့် ကမ္ဘာ့ ဘာသာရေးသည် လည်း၊ မိန်းမအဖြစ် တင်စားသည်။ မိခင် အသင်းတော်ဟုဆိုသည် မဟုတ်လော။
“မိမိမတရားသော မေထုန်၏ အဆိပ်အတောက်တည်း ဟူသော၊ စပျစ်ရည်ကို လူမျိုး အပေါင်းတို့ အား၊ တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး” မတရားသော မေထုန်ဆိုသည်မှာ၊ လက်ထပ်သော လင်မယား မဟုတ်ဘဲ၊ ဆက်ဆံခြင်းကို ဆိုလိုသည်။ ဤနေရာ၌ မေထုန်ပြုသော သူသည်၊ ဗာဗုလုန်မြို့ကြီး ဖြစ်သည်။ ထိုမြို့သည် တကဲ့မြို့ မဟုတ်ဘဲ၊ ဘာသာရေး ဖြစ်သည်ဟု အထက်၌ ဖေါ်ပြခဲ့ပြီး ပြီ။ အဘယ်ကြောင့်ဘာသာရေးကို၊ ထိုကဲ့သို့ ခေါ်သနည်းဟူမူကား၊ ဘုရား အမြင်၌ သူ့ကို မကိုး ကွယ်ဘဲ၊ အခြားဘုရားကိုး ကွယ်သောကြောင့် ဖြစ်သည်။ လင်ယောက်ျားအမြင်၌၊ မိန်းမဖေါက်ပြန်ခြင်းသည် အပြစ် ကြီး သကဲ့သို့၊ ဘုရား အမြင်၌ အခြားဘုရားကိုး ကွယ်ခြင်းသည်၊ အပြစ် ကြီး မတရားသော မေထုန်ပြုခြင်း ဖြစ်သည်။ အထက်က ဖေါ်ပြသော ဗာဗုလုန်မြို့ကြီးသည်၊ သူကိုယ်တိုင်မက၊ လူမျိုး အပေါင်းတို့ကို အခြားဘုရားကိုး ကွယ်စေသည်။ အဘယ်ကြောင့်အဆိပ်အတောက်ဟုဆိုသနည်းဟူမူကား၊ အဆိပ်သည် သေစေနိင်သည်။ အခြားဘုရားကို ကိုး ကွယ်သည် လည်း၊ ၀ိညာဥ်ပိုင်းသေစေနိင်သည်။
“ဗာဗုလုန်မြို့ကြီးပြိုလဲပြီ” ပြိုလဲသောအရာ သည် ပျက်စီးခြင်း၊ ရပ်တည်မနေနိင်တော့ခြင်းကို ဆိုလိုသည်။ ဗာဗုလုန်မြို့ကြီး တည်း ဟူသော၊ ဘေးဒဏ်ကြီး ကာလ၌ ရှိမည့် ကမ္ဘာ့ ဘာသာသည် ပျက်စီးခြင်းကို ဆိုလိုသည်။
၉။ ထိုမှတပါး၊ တတိယ ကောင်းကင်တမန်က၊ အကြင်သူသည်သားရဲနှင့် သူ၏ ရုပ်တုကိုကိုး ကွယ်၍၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ၁၀။ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌၊ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ ရှေ့၊ သိုးသငယ် ရှေ့တွင် ကန့်နှင့် ရောသော မီးထဲမှာပြင်းစွာသော ညှဥ်းဆဲခြင်းကို ခံရလိမ့်မည်။
သားရဲ၏ တံဆိပ်သည် ဗျာ ၁၃:၁၈ ၌ဖေါ်ပြထားသော ၆၆၆ ဖြစ်သည်။ ထိုတံဆိပ်ရှိသော သူသာလျှင် ရောင်း၀ယ်ခွင့်ရသောကြောင့် အဆင်ပြေခဲ့သည်။ သို့သော် ကောင်းကင်တမန် ကထိုတံဆိပ်ကို မခပ်ကြဘို့ရန် သတိပေးသည်။ ထိုတံဆိပ်ခပ်သော သူသည်လောလောဆယ်အဆင်ပြေသော်လည်း၊ ဘုရားသခင်၏ ေဒါသလောင်းသော အမျက်တော် ခံရမည့်သူများဖြစ်ကြောင်း၊ သတိပေးသည်။ ဘုရားသခင်၏ အမျက်ေဒါသခံခြင်းသည်၊ ကန့်နှင့် ရောသော မီးထဲမှာပြင်းစွာသော ညှဥ်းဆဲခြင်းကို ခံရမှာ ဖြစ်သည်။ လူအများစုသည် ရေရှည်မှာဒုက္ခ ရောက်မည့် အရေးထက်၊ လောလောဆယ် ပြသနာ ပြေလည်ရေးကို သာဦးစားပေးတတ် ကြသည်။ ထိုညှင်းဆဲခြင်းသည် ကွယ်ရာမှာ မဟုတ်၊ ကောင်းကင်တမန် များ၊ သိုးသငယ် တည်း ဟူသော သခင်ယေရှု ရှေ့မှာ ဖြစ်၍ ပြင်းစွာ ခံရကြလိမ့်မည်။
၁၁။ ထိုညှဥ်းဆဲခြင်း၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက်ရှိ၏။ သားရဲနှင့်သူ၏ ရုပ်တုကိုကိုးကွယ်၍၊ သူ၏နာမတံဆိပ်လက်မှတ်ကိုခံသောသူတို့သည်၊ နေ့ညမပြတ် သက်သာမရကြဟုလိုက်၍ကြီးသောအသံနှင့်ပြောဆို၏။
ကမ္ဘာအဆက်ဆက်ဟူသောအရာသည် ထာ၀ရကာလပတ်လုံး (forever and ever) ဟု အဓိပ္ပါယ်ရသည်။ ဗုဒ္ဓဘာသာအယူ၀ါဒကဲ့သို့၊ ကမ္ဘာပေါင်းများစွာရှိသည်မဟုတ်။ ဘုရားသခင်သည်၊ လူသားများကသူ့ကိုမကိုးကွယ်ဘဲသားရဲနှင့်သူ၏ရုပ်တုကိုးကွယ်ခြင်းကိုအလွန်သ၀န်တို၍၊ ထိုကဲ့သိုဒုက္ခခံစေမှာဖြစ်သည်။ ဘုရားသခင်အမြင်၌လူသားများပြုလုပ်သောအပြစ်တွင်၊ အခြားဘုရားကိုးကွယ်ခြင်းသည်၊ အကြီးမားဆုံးသောအပြစ် ဖြစ်သည်။ ထို့ကြောင့်ရုပ်တုကိုးကွယ်ကြသောသူများခံရမည့်အရာကို၊ အထူးသတိပေးလျက်ရှိသည်။
၁၂။ ဘုရားသခင်၏ ပညတ်တို့ကို၎င်း၊ ယေရှု၏ ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည်၊ ဤအရာ၌သည်း ခံစရာ အကြောင်းရှိ၏။
အဘယ်ကြောင့် ဘုရားသခင်၏ ပညတ်တို့ကို၎င်း၊ ယေရှု၏ ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌သည်း ခံစရာ အကြောင်းရှိ၏ဟုဆိုသနည်း။ ဘယ်အရာကိုသည်း ခံရမည်နည်း။သားရဲ၏ တံဆိတ်မခံခြင်းအားဖြင့် အလွန် ခက်ခဲမှာ ဖြစ်သည်။ ထိုအရာကိုသည်း ခံနိင်ဘို့ရန် အလွန် ခက်ခဲမည်။ ထို့ကြောင့် ကျမ်းစာ ကသူတို့သည်သည်း ခံဘို့ရန် တိုက်တွန်းထားခြင်း ဖြစ်သည်။
၁၃။ တဖန်တုံ၊ ကောင်းကင် အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသော သူတို့သည်၊ မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု၊ ပြောဆိုသည်ကို ငါကြား၏။ ၀ိညာဥ်တော် ကလည်း၊ ထိုသို့ မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည် လည်း၊ သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။
သေခြင်းသည် အမင်္ဂလာဟု လူတိုင်း ကခံယူသည်။ သေခြင်းသည် ခါးသီးသည်၊ စိတ်နာစေသည်။ သေခြင်းသည် ရန်သူ ဖြစ်သည်။ သေခြင်းကို လိုချင်သော သူမရှိ။ ကျမ်းစာက၊ “ခရစ်တော်သည် အသေခံ တော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသော သူတည်း ဟူသော၊ မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက် ၍ တသက်လုံးကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ” (ဟေဗြဲ ၂:၁၄-၁၅) ဟု ရေးထားသည်။ ထို့ကြောင့် သေခြင်းသည်၊ မာရ်နတ်၏ တန်ခိုး ဖြစ်၍၊ လူသည် သေခြင်းကို ကြောက်သောကြောင့်၊ တသက်လုံးကျွန်ခံရ ကြသည်။ သို့သော် အထက်၌ ကောင်းကင်တမန်က၊ သခင်ဘုရား၌ သေသော သူတို့သည်၊ အဘယ်ကြောင့်မင်္ဂလာရှိသည်ဟုဆိုသနည်း။ အကြောင်းမူကား သခင်ဘုရား၌ ရှိသော သူတည်း ဟူသော၊ ယုံကြည်သူများသည်၊ ဘေးဒဏ်ကြီး ကာလ၌ အလွန် ဆင်းရဲ ဒုက္ခ ခံစားရကြသည်။ ထို့ကြောင့် မြေကြီး ပေါ်၌ကိုယ်ခန္ဓာအသက် ရှင်ရကျိုးမနပ်ချေ။ ကိုယ်ခန္ဓာသေမှသာထိုဒုက္ခများမှ လွတ်မြောက်နိင်သည်။ ထို့ကြောင့် ၀ိညာဥ်တော် ကလည်း၊ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်။ ထို့အပြင် သူတို့၏ အကျင့်တို့သည် လည်း၊ သူတို့နှင့်အတူ လိုက်ကြ၏ဟုဆိုသည်။ မိတ်ဆွေ သင်သည် ဤလောက၌ အသက် ရှင်ရကျိုးနပ်ပါသလား။
၁၄။ တဖန်ငါကြည့်လျှင်၊ ဖြူသောမိုးတိမ်ရှိ၏။ လူသားတော်နှင့်တူသောသူသည်၊ ခေါင်းတော်ပေါ်၌ရွှေသရဖူကိုဆောင်းလျက်၊ ထက်သောတံစဥ်ကိုကိုင်လျက်၊ မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏။
လူသားတော်နှင့်တူသောသူသည်ခရစ်တော်ဖြစ်သည်။ ခရစ်တော်ကသူ့ကိုသူလူသားဟု ခေါ်လေ့ရှိသည်။ ထက်သောတံစဥ်သည်၊ စပါးနှင့်မြက်ရိတ်သိမ်းရာတွင်အသုံးပြုလေ့ရှိသည်။ ခရစ်တော်သည်စပါးသို့မဟုတ်မြက်ရိတ်သိမ်းဘို့ရန်ဖြစ်သည်။ မိုးတိမ်ပေါ်မှာထိုင်ခြင်းသည်၊ ၀ိညာဏကိုယ်ခန္ဓာနှင့်ရှိကြောင်းထင်ရှားသည်။ ဇာတိကိုယ်ခန္ဓာနှင့်ရှိပါက၊ မိုးတိမ်ပေါ်၌ထိုင်နိင်မည်မဟုတ်ချေ။ ရွှေသရဖူသည်အောင်မြင်သောသရဖူဖြစ်သည်။
၁၅။ ကောင်းကင်တမန်တပါးသည်၊ ဗိမာန်တော်ထဲကထွက်၍၊ ကိုယ်တော်၏တံစဥ်ကို လွှတ်၍၊ စပါးကို ရိတ် တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ၊ မြေကြီး၌ ရိတ်စရာ စပါးမှည့်ပါပြီဟု၊ မိုဃ်းတိမ်ပေါ်မှာ ထိုင်သော သူကို၊ ကြီးသော အသံနှင့် ဟစ်လေ၏။ ၁၆။ မိုးတိမ်ပေါ်မှာ ထိုင်သော သူသည်၊ မိမိ တံစဥ်ကို မြေကြီး၌ သွင်း၍၊ မြေကြီး၏ စပါးကို ရိတ် တော်မူ၏။
ကောင်းကင်တမန် တပါးသည်၊ ဗိမာန်တော် ထဲကထွက်သည်ဟုဆိုသည်။ ထိုဗိမာန်သည် ကောင်းကင် ဗိမာန် ဖြစ်၍၊ ဘုရားသခင် ထံတော်မှ ဖြစ်သည်။ ခရစ်တော်ကို စပါးရိတ်ဘို့ရန်၊ အချိန် တန်ကြောင်း ပြောဆိုသည်။ စပါးသည် မည့် မှသာရိတ်လေ့ရှိသည်။ စပါးသည် ယုံကြည်သူများကို ပုံဆောင်လေ့ရှိသည်။ သို့ဖြစ်လျှင် သူရိတ်မည့်သူ များသည်မည် သူများ ဖြစ်သနည်း။ ဘေးဒဏ်ကြီး ကာလ၌ မှည့်လာသော (ယုံကြည်လာသော) သူများ ဖြစ်မည်။ စပါးရိတ်ရာကာလ၌ မိုးမရွာတော့ဘဲ နေပူတတ်သည်။ ဘေးဒဏ်ကြီး ကာလ၏ ခက်ခဲခြင်းက၊ ယခုမမှည့် သေးသော လူသား များကို မှည့်စေမည်။ ထိုကာလကို ကျမ်းစာက၊ “မီးဖို၌ မီးလောင် သကဲ့သို့ လောင်သော နေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသော သူနှင့် ဒုစရိုက်ကို ပြုသောသူ အပေါင်းတို့သည်၊ အမှိုက်ခြောက် ဖြစ်လိမ့်မည်။ သူတို့ အရင်းအဖျားမျှမကျန်ကြွင်းစေခြင်းငှါ၊ ထိုနေ့ရက်သည်လောင်လိမ့်မည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာ၀ရ ဘုရား မိန့်တော်မူ၏။ ငါ၏ နာမတော်ကို ကြောက်ရွံ့သော သင်တို့၌ ကား၊ တရားတော် နေမင်းသည်၊ အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက်သွား၍၊ တင်းကုပ်၌ နွားသငယ် သကဲ့သို့ ခုန်ကြလိမ့်မည်။” (မာလခိ ၄:၁) ဟု ရေးထားသည်။ စပါးသည် ရိတ်ပြီးလျှင် စပါးကျီ၌ သွင်းထားလေ့ရှိသည်။ ထိုသို့ ရိတ်သော စပါး၊ ယုံကြည်သူများကို စပါးကျီတည်း ဟူသော ကောင်းကင် နိင်ငံ၌ သိမ်းရမည်။
၁၇။ ကောင်းကင်တမန် တပါးသည်၊ ကောင်ကင်ဘုံ၌ ရှိသော ဗိမာန်တော် ထဲကထွက်၍၊ သူ၌လည်းထက်သော တံစဥ်ပါ၏။ ၁၈။ မီးကို အစိုးရသော ကောင်းကင်တမန် တပါးသည်၊ ယဇ်ပလ္လင်ထဲကထွက်၍၊ ထက်သောတံစဥ်ပါသောသူကို၊ ကြီးစွာသောကြွေး ကြော် ခြင်းနှင့်ခေါ်လျက်၊ သင်၏ထက်သော တံစဥ်ကို လွှတ်၍၊ မြေကြီး၏ စပျစ်သီးပြွတ်တို့ကို ရိတ်လော့။ အသီးမှည့်ပြီဟုပြောဆို၏။
စပါးသာမကစပျစ်သီးလည်းရိတ်ရမှာ ဖြစ်သည်။ စပျစ်သီးရိတ်မည့် သူသည် ကောင်းကင်တမန် ဖြစ်သည်။ ကောင်းကင်တမန် များသည်၊ ရိတ်သိမ်းမည့်သူများဖြစ်ကြောင်း ခရစ်တော် ကဤသို့ ဆိုခဲ့သည်၊ “ကိုယ်တော်က၊ ကောင်းသော မျိုးစေ့ကို ကြဲသော သူသည် လူသား ဖြစ်၏။ လယ်ကား ဤလောက ဖြစ်၏။ ကောင်းသော အစေ့ကား နိုင်ငံတော်သား ဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသား ဖြစ်၏။ တောမျိုးစေ့ကို ကြဲသော ရန်သူကား မာရ်နတ် ဖြစ်၏။ စပါးရိတ်သော ကာလ ကား ဤကမ္ဘာကုန်သော ကာလ ဖြစ်၏။ စပါးရိတ်သော သူကား ကောင်းကင်တမန် ဖြစ်၏။ တောပင်တို့ကို ရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ ဖြစ်လတံ့။ လူသားသည် မိမိ ကောင်းကင် တမန် တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသော သူတို့နှင့် မတရားသော အမှုကို ပြုသော သူရှိသမျှ တို့ကို နိုင်ငံတော် ထဲကရွေးနှုတ်၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချကြလံ့။” (မ ၁၃:၃ရ-၄၂) ဟုဆိုခဲ့ဘူးသည်။ ထို့ကြောင့်ကောင်းကင်တမန် များသည်၊ ရိတ်သိမ်းခြင်းအမှု၌ပါ၀င်ကြကြောင်းတွေ့ရသည်။ စပျစ်သီးရိတ်ခြင်းနှင့် ပတ်သက်၍ အောက်၌ ဆက်လက် ဖေါ်ပြထားသည်။
၁၉။ ကောင်းကင်တမန်သည်လည်း၊ မိမိတံစဥ်ကိုမြေကြီး၌သွင်း၍၊ မြေကြီး၏စပျစ်သီးကိုရိတ်ပြီးမှ၊ ဘုရားသခင်အမျက်တော်တည်းဟူသောနယ်ရာတန်ဆာကြီးထဲသို့ချလေ ၏။ ၂၀။ မြို့ပြင်၌နယ်ရာတန်ဆာကိုဖိနင်း၍၊ အသွေးသည် တဆယ်ခြောက်ယူဇနာခရီး တရှောက်လုံး၌၊ မြင်းဇက်ကြိုးကို မှီသည် တိုင်အောင်၊ နယ်ရာတန်ဆာထဲကထွက်လေ၏။
စပျစ်သီးရိတ်သိမ်းခြင်းသည်၊ ယုံကြည်သူများကို ကောင်းကင်သို့ ခေါ်ဆောင်ခြင်း မဖြစ်နိင်ချေ။ အကြောင်းမူကား ဘုရားသခင်၏ အမျက်တော် တည်း ဟူသော၊ နယ်ရာတန်ဆာကြီး ထဲသို့ ချ၍ ဖိနင်းသည်ဟု၊ ဆိုသောကြောင့် မယုံကြည်သူများ၊ ဘုရားသခင်၏ တရားစီရင်မှု ခံခြင်းကို ဆိုလိုသည်။ ထိုသူများသည်၊ ခရစ်တော် ကပြောခဲ့သော တောပင်တို့ ဖြစ်သည်။ တဖန် အသွေးသည် တဆယ်ခြောက်ယူဇနာတည်းဟူသော မိုင် ၂၀၀ တရှောက်လုံးမြင်းဇက်ကြိုးကို မှီသည်ဟုဆိုသည်။ မြင်းဇက်ကြိုးသည် လေးငါးပေလောက်ရှိသည်။ ထိုမျှသော သွေးချောင်းသည် စီးမှာ ဖြစ်သောကြောင့်၊ ထိုအရာသည် အလွန် ခြောက်ခြားဘွယ်ကောင်းသော တရားစီရင်ခြင်း ဖြစ်မည်။ ထိုအရာသည် ဘေးဒဏ်ကြီး ကာလ၏ အဆုံး၊ ခရစ်တော် ဒုတိယအကြိမ် ကြွလာ သောအခါ၊ အမေဂဒုန်စစ်ပွဲ၌ ဖြစ်နိင်သည်။
ဗျာ ၁၄ မေးခွန်းများ
၁။ ဇိအုန်တောင်ဘယ်နှစ်ခုရှိသနည်း။ ——————————မည်သည့်နေရာ၌ ရှိကြသနည်း။ ————————————————————
၂။ သိုးသငယ်နှင့် ၁၄၄၀၀၀တို့သည် မည်သည့်တောင်၌ ရပ် နေကြသနည်း။ ——————————
၃။ ကောင်းကင်၌ ဘာတူရိယာရှိသနည်း။ ——————————မည်ကဲ့သို့ တီးခတ်ကြသနည်း။ ——————————
၄။ ၁၄၄၀၀၀တို့သည် အဘယ်ကြောင့်ကောင်းကင်၌ ဟုဆိုနိင်သနည်း။ ——————————————————————————————
၅။ လူအချို့တို့သည် အဘယ်ကြောင့်မိန်းမမယူကြသနည်း။ ——————————ထို သူများကို မည်ကဲ့သို့ ခေါ်သနည်း။ ——————————
၆။ ၁၄၄၀၀၀တို့သည် မည်သူ နောက်လိုက် နေကြသနည်း။ ——————————
ရ။ မည်သူနှင့် နီးလေလေ၊ အပြစ် လုပ်ဘို့ နည်းလေလေ ဖြစ်သနည်း—————။ သင်သည် ထိုသို့ဖြစ်ချင် ပါသလား။ ——————————
၈။ ယခုအချိန်တွင် မည်သူကတရားဟောရမည်နည်း။ ဘေးဒဏ်ကြီး ကာလ ပဌမ ပိုင်းတွင် မည်သူတို့ ကဟောသနည်း။
၉။ ကောင်းကင်တမန် ကမည်သည့်အချိန်တွင် တရားဟောသနည်း။ ——————————အဘယ်ကြောင့်ဟောသနည်း။ ————————————————————
၁၀။ ကောင်းကင်တမန် ဟောသော တရားသည် ဘာ ဖြစ်မည်နည်း။ ———————————————————————————————————
၁၁။ မည်သည့်နိင်ငံ၌ ခရစ်ယာန် တရားဟောခွင့်မရှိသနည်း။ —————————-
၁၂။ အမေရိကန်နိင်ငံ၌၊ ဧ၀ံဂေလိအသင်းတော်များကို၊ မည်ကဲ့သို့ သတ်မှတ်နေပြီနည်း။ ——————————————
၁၃။ ဗာဗုလုန်မြို့ကြီးသည် ဘာကို ဆိုလိုသနည်း။ —————————————
၁၄။ ဘုရား အမြင်၌ မတရားသော မေထုန်ပြုခြင်းသည် ဘာကို ဆိုလိုသနည်း။ —————————————
၁၅။ ကောင်းကင်တမန်က၊ သားရဲ၏ တံဆိပ်ခံသော သူတို့သည်၊ ဘာ ဖြစ်မည်ဟု သတိပေးသနည်း။ —————————————————————————-
၁၆။ လူအများစုသည် ရည်ရှည်ဒုက္ခ ရောက်မည့် အစား၊ ဘာကို ဦးစားပေးတတ်ကြသနည်း။ —————————————
၁ရ။ ကမ္ဘာအဆက်ဆက်သည် ဘာကို ဆိုလိုသနည်း။ —————————————
၁၈။ ဘုရား အမြင်၌ အပြစ် အကြီး ဆုံးသည်၊ ဘာ ဖြစ်သနည်း။ —————————————
၁၉။ သန့်ရှင်းသူတို့သည်း ခံရမည့် အရာသည်၊ ဘာ ဖြစ်မည်နည်း။ —————————————
၂၀။ သေခြင်းသည် အမင်္ဂလာလော၊ မင်္ဂလာလော။ —————————————
၂၁။ အဘယ်ကြောင့်သခင်ဘုရား၌ သေသော သူတို့သည် မင်္ဂလာရှိကြ၏ဟုဆိုသနည်း။ —————————————————————–
၂၂။ လူသားသည် မည်သူနည်း။ ——————-ဘာလုပ်ဘို့ မိုဃ်းတိမ်ပေါ်မှာ ထိုင် တော်မူ သနည်း။ —————————————
၂၃။ လူသားရိတ်သိမ်းသော စပါးများသည်၊ မည်သူတို့ ဖြစ်မည်နည်း။ —————————————
၂၄။ စပျစ်သီးရိတ်သိမ်းမည့်သူ များသည် မည်သူတို့ ဖြစ်သနည်း။ —————————————
၂၅။ စပျစ်သီးများသည် ဘာကို ပုံဆောင်သနည်း။ ——————————————————————————
၂၆။ စပျစ်သီးရိတ်၍ နယ်ရာတန်ဆာကြီး ထဲ၌ ဖိနင်းခြင်းသည် ဘာကို ဆိုလိုသနည်း။ —————————————
၂ရ။ သွေးသည် မည်မျှစီးမည်နည်း။ —————————————
ဆက်ဖတ်ရန် (PART D)