GOODNEWS
  HOME  GOODNEWS  2016 DEC
 


အမှာစာ

မင်္လာပါ။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် ဤစာ စောင်ဖတ်ရှုသူအယောက်တိုင်း အပေါ် သက်ရောက်ပါစေသော်။ ၂၀၁၆ ခုနှစ် ကုန်ဆုံးတော့မည်။ ၂၀၁ရ ခုနှစ်သို့ ကူးကြတော့မည်။ နှစ်များ ကုန်ဆုံးသည်နှင့်အမျှ ဝိညာဉ်ရေးရာ၌ ကြီးထွားရင့်ကျက်ဘို့ လိုသည်။ အသက် ငယ် သူများ အတွက်အသက်ကြီး လာသည်နှင့် အမျှ စွမ်းအား ပို၍ တိုးလာကာလ ုပ်ဆောင်နိုင် စွမ်းများ ပြားလာသည်။ အသက်ကြီးသူ များအတွက်မူ စွမ်းအင်များ လျော့နည်း လာ၍ စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့်အ​ခြေအနေသို့ ရောက်လာ ကြသည်။ မည်သို့ပင်ဖြစ်စေ၊ “ငါမသေရသေး၊၊ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်ကို ကြားပြောရဦးမည်၊၊ “(ဆာ ၁၁၈:၁ရ) ဟူသော ဆောင်ပုဒ်ကို စွဲကိုင်ထားကြ ပါစို့။ အချို့သော ယုံကြည်သူများအပြစ် ကျူးလွန် သောကြောင့်၊ “ထာဝရဘုရားသည် ငါ့ကို ကျပ်တည်းစွာ ဆုံးမသော်လည်း သေခြင်း၌ အပ်တော်မမူသေး၊၊ ” (ဆာ ၁၁၈:၁၈) ဟူ၍ ကျေးဇူးတော်ကို ချီမွမ်းလျက် အသက်တာကို ဆင်ခြင်ကြပါစို့။  

ကယ်တင်ခြင်း စိတ်မချ သူများ၊ သေလျှင် ကောင်းကင်နိင်ငံရောက်မည်ဟု မသေချာ သူများ အနေဖြင့် အမြန်ဆုံး ကယ်တင်ခြင်း စိတ်ချမှု ရှိဘို့ရန် ရှာဖွေ ကြ ပါစို့။ သင်တို့အတွက် နှစ်သစ်သည် ဝမ်းမြောက်စရာ မဟုတ်၊ ငရဲသို့ တနှစ်ပို၍ နီးသည်ဟု သိစေချင်သည်။ “အသီးအနှံသိမ်းရာကာလ လွန်ပြီ။ နွေကာလ ကုန်ပြီ။ ငါတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။” (ယေရမိ ၈:၂၀)ဟု ပရောဖက် ယေရမိ ကမြည်တမ်းဘူးခဲ့သည်။ သင်သည် ကယ်တင်ခြင်းသို့ မရောက်လျှင် မမွေးလျှင် သာ၍ ကောင်းသည်။ အကြောင်းမှာ ထာဝရ ငရဲမီးအိုင် ထဲ၌ ဒုက္ခ ခံဘို့ ရှိသောကြောင့်၊ သင်သည် အလွန် သနားစရာ ကောင်းသည်။ ကယ်တင်ခြင်း အကြောင်း သိလိုလျှင် ဆရာမောဇက်ထံဆက်သွယ်စေလို ပါသည်။ ဘုရားသခင်က သင်၏ ဝိညာဉ် မျက်စိဖွင့်ပေး၍ နားကြားခွင့်ပေးပါစေသော်။  

ယခုလအတွက်...

  • ခရစ္စမတ်
  • ခရစ်တော် ပုံသက်သေပြဖို့လူဇာတိခံ 
  • ခရစ်တော် လူ့ဇာတိမခံခဲ့သော်
  • မှောင်မိုက်ထဲ၌ အလင်းပေါ်ထွန်း
  • ကျမ်းစာဖတ်ကြစို့ (ဟေဗြဲ ၁၃)
  • အသင်းတော် ဖွင့်ပွဲ
  • အမှုတော်ဆောင်သင်တန်း
  • အမှုတော်ဆောင်ရန်
  • ခရီး စဉ်

 

ခရစ္စမတ်


 ယခုနှစ်လည်း ခရစ္စမတ်ပွဲကို ကမ္ဘာ့ အဝှမ်း ကျင်းပကြတော့မည်။ ခရစ္စမတ် ပွဲအတွက် ပြင်ဆင်ပြီး ပြီလားဟု မေးတတ်ကြသည်။ အမေရိကန်လူမျိုးများ ပြင်ဆင် ပုံမှာ၊ အိမ်ကို ရောင်စုံလျှပ်စစ်မီးများ ထွန်းခြင်း၊ ခရစ္စမတ်ထင်းရှိုးပင်ဝယ်၍ ဧည့်ခန်း၌ စိုက်ထားကာအောက်၌ မိသားစုအချင်းချင်းပေးမည့် လက်ဆောင်များ ချထား၍၊ သစ် ပင်ပေါ်၌ ပို့စကပ်ရထားသောအရာ နှင့် အလှပစ္စည်း အမျိုးမျိုး ချိတ်ထားခြင်းများဖြစ်သည်။ ဒီဇဘ်ာလ ၂၄ ရက်နေ့ညတွင် ဘုရားကျောင်း၌ ဘုရားရှိခိုး ကြသည်။ ထိုညတွင် တနှစ်လုံးဘုရားကျောင်းမသွားသောသူများလည်း သွားတတ်ကြသည်။ ခရစ္စ မတ်ပွဲသည် မိသားစုထမင်းစားပွဲ ဖြစ်သည်။ မြန်မာနိင်ငံမှ ခရစ်ယာန် များ၏ ကျင်းပ ပုံမှာ၊ ခရစ္စမတ်မတိုင်မှီအိမ်များ လှည့်လည်၍ သီချင်းဆိုခြင်း၊ အသင်းတော် အလိုက် စားပွဲ ပြုလုပ်ခြင်း၊ ခင်မင်သော မိတ်ဆွေ သူငယ်ချင်းများ လက်ဆောင်ပေးခြင်း၊ ဘုရားကျောင်း၌ ဝတ်ပြုခြင်းများပြုလုပ် တတ်ကြသည်။ သင်မည်ကဲ့သို့ ခရစ္စမတ်ပွဲကို ပြင်ဆင်သနည်း။ ကျမ်းစာထဲမှခရစ္စမတ် ကျင်းပ သူများ၏ အကြောင်းကို လေ့လာကြစို့။ 

ယောသပ်

ယောသပ်သည် ခရစ္စမတ်ကို ၉ လ ကြိုတင်၍ ပြင်ဆင် ခဲ့သည်။ သူသည် မာရိနှင့် လက်ထပ်ဘို့ရန် စေ့စပ်ထားသူ ဖြစ်သည်။ သို့သော် သူတို့သည် လက်မထပ်မှီတွင် မာရိသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋ္ဋိသန္ဓေစွဲနေ၏။ ထိုအခါ မာရိကို စွန့်ဘို့ရန် ရည်ရွယ်သော်လည်း ကောင်းကင်တမန်က မာရိစွဲသော ပဋ္ဋိသန္ဓေသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဖြစ်ကြောင်း၊ သူသည်သားယောက်ျားကို မွေး၍ လူများကို အပြစ် မှ ကယ်ချွတ်မည့်သူ ဖြစ်သောကြောင့် ယေရှုဟု မှည့်ရမည်ဟု ရှင်း ပြခဲ့သည်။ ထို့ကြောင့် မာရိကို မစွန့်ပစ်တော့ဘဲ စောင့်ရှောက်လိုက်သည်။ ယောသပ် ကသာ ဘုရား စကား နားမထောင်လျှင် မာရိသည် ကျောက်ခဲနှင့် အပြစ် ခံရကာသူ့အ ထဲမှယေရှုလည်း သေသွားစရာ အကြောင်းရှိသည်။ ထို့ကြောင့် ယောသပ်၏ အခန်း ကဏ္ဍသည် အလွန် အရေးကြီးသည်။ ယောသပ်သည် ခရစ်တော် မွေးဘွားခြင်း၌ စောင့် ရှောက်သူအဖြစ် ပါဝင်ခဲ့သည်။ ဗက်လင်မြို့နွားတင်းကုတ်၌ သူ၏ ခင်ပွန်းသား မွေးခြင်းကို ပြုစုရသည်မှာ အလွန် ခက်ခဲပေလိမ့်မည်။ ဟေရုဒ်မင်းကသူငယ်တော် ယေရှုကို သတ်မည်ကြံသောအခါ၌လည်း ဘုရား ခိုင်းသည့်အတိုင်း အဲဂုတ္တု ပြည်သို့ ခေါ်ဆောင် သွားခဲ့သည်။ ယောသပ်၏ ခရစ္စမတ်သည်သား မွေးသောကြောင့် ဝမ်းမြောက်မည် ဖြစ်သော်လည်း၊ နေရာထိုင်ခင်းအဆင် မပြေသောကြောင့် အလွန် ခက်ခဲပေလိမ့်မည်။ ​ကျွန်ပ်တို့လည်း ကိုယ့်ရည်ရွယ်ထားသည့်အတိုင်း မဟုတ်၊ ဘုရားသခင် လမ်းပြခြင်းကို နာခံခြင်းအားဖြင့် ခရစ္စမတ် ကျင်းပကြပါစို့။ (မ ၁:၁၈-၂၅၊ ၂:၁၃-၁၄) 

မာရိ

မယ်တော်မာရိလည်း ခရစ္စမတ်ကို ၉ လ ကြိုတင်၍ ပြင်ဆင် ခဲ့သည်။ သူသည်ယောက်ျားနှင့် မပေါင်းသေးခင် ကိုယ်ဝန်ဆောင်သောကြောင့် ရှက်စရာလည်း ကောင်းမည်။ သူ၏ ခင်ပွန်းလောင်းယောသပ်ကအထင်လွဲကာ စွန့်ပစ်ခဲ့သည် ရှိသော်အသက် အန္တရာယ်လည်း စိုးရိမ်စရာ ရှိသည်။သား ဦး ဖြစ်၍ အတွေ့အကြုံမရှိသည်သာမက ဆင်းရဲ နွမ်းပါးသောကြောင့် အလွန် ခက်ခဲပေမည်။ ကောင်းကင်တမန် တော်က၊ “သင်သည် ပဋ္ဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။” ဟု ပြောသောအခါ အံ့ ဩ၍ မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့သော်လည်း၊ “အ​ကျွန်ုပ်သည် ထာဝရဘုရား၏ ​ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏ စကား အတိုင်း အ​ကျွန်ုပ်၌ ဖြစ်ပါစေသော” ဟု ပြန်လည်ဝန်ခံ ခဲ့သည် (လု ၁:၃၁၊ ၃၈)။ အကယ်၍ မာရိကသာ ဘုရား၏ စကားကို ငြင်းပယ်ခဲ့သည် ရှိသော် အခြားမျိုးသမီးကို အသုံးပြုနိ်ုင်သည်။ ​ကျွန်ပ်တို့လည်း ဘုရား ခိုင်းသောအရာကို ဆောင်ရွက်ခြင်းအားဖြင့် ဘုရာအလိုတော်ကို ပြည့်စုံစေသောသူ ဖြစ်ကြပါစို့။ 

ပညာရှိများ 

အရှေ့ပြည် ကပညာရှိများသည် ယုဒရှင်ဘုရင်ကို မရမက၊ တွေ့သည် အထိ ရှာ၍ ဖူးမျှော်ခဲ့ ကြသည်။ သူတို့သည် ကြယ်၏ လမ်းပြမှုကို လိုက်၍ ရောက်ခါနီးမှလူ့ဦး နှောက်သုံး၍ ဖြစ်မည်၊ ဗက်လင်မြို့သို့ မသွားဘဲ ယေရုရှလင်မြို့ဟေရုဒ်နေထိုင်သော နန်းတော်သို့ ရောက်သွားခဲ့ကြသည် (မ ၂:၁-၈)။ ထိုသို့ ဟေရုဒ်ဆီရောက်သွားသောကြောင့် နောက်ပိုင်း၌ ဗက်လင်မြို့နှင့် ပတ်ဝန်းကျင်ရှိနှစ်နှစ်အောက်ယောက်ျား ခလေးများဟေရုဒ်ကသတ်လိုက်သည် (မ ၂:၁၆)။ ​ကျွန်ပ်တို့လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ကျမ်းစာအားဖြင့် ဝိညာဉ် ခရီး သွားရာမှမိမိ ဦးနှောက်ကို အသုံးပြုလျှင် ကိုယ်တိုင် မှစ၍ အခြားသူများ ဒုက္ခ ရောက်နိုင်သည်။ သတိထားကြပါစို့။ ထိုပညာရှိများသည် မှားယွင်းခဲ့သော်လည်း သူတို့၏ ရှင်ဘုရင် မဟုတ်သော ယေရှုကို တိုင်း တပါးမှတ ကူးတက သွား၍ ရှာဖွေ ကြသည်။ တွေ့သောအခါ၌လည်း အလွန် ဝမ်းမြောက် ကြ၍ လက်ဆောင်များ ပေးကာဆက်ကပ်ပူဇော်ကြသည် (မ ၂:၁၁-၁၂)။ ​ကျွန်ပ်တို့လည်း သခင်ယေရှုကို မတွေ့မချင်းရှာဖွေ၍ တွေ့သောအခါ မိမိအသက်တာကို ဆက်ကပ်ပူ ဇော်ကြပါစို့။ 

ဟေရုဒ်

ဟေရုဒ်မင်းသည် သခင်ယေရှု မွေးဘွားကြောင်း ကြားသိသောအခါ စိုးရိမ် ပူပန်သည် (မ ၂:၁-၃)။ ဟေရုဒ်သည် အဘယ်ကြောင့် စိုးရိမ် ပူပန်သနည်း။ သူသည် အသက် ကြီး၍ မင်း ဖြစ်နေပြီ။ သခင်ယေရှုသည် မွေးကင်းစ ခလေးသာ ဖြစ်သေးသည်။ သူ၏ ထီးနန်းကို လုနိင်မည် မဟုတ်။ သခင်ယေရှုကြီး ပြင်း လာသောအခါ သူသည် သေလောက်ပြီ။ သူ၏ စိုးရိမ်ခြင်းမှ ာသခင်ယေရှု ကသူ၏သား မြေးများ မင်းလုမည့် အရာကို ပူပန်ခြင်း ဖြစ်မည်။ ထို့ကြောင့် ဗက်လင်မြို့နှင့် ပတ်ဝန်းကျင်ရှိ ခလေး မျာ မလိုအပ်ဘဲ သတ်ခြင်းအားဖြင့် ကြီးစွာသော အပြစ် ကျူးလွန် ခဲ့သည်။ ထိုကဲ့သို့ သူ၏သား မြေးများအတွက် ကာကွယ်သော်လည်း ဘုရားသခင်၏ သားတော်ကို မသတ်နိုင်ခဲ့ပါ။ ဘုရား အလိုတော်ကို ဆန့်ကျင် သူသာ ဖြစ်ရသည်။ ​ကျွန်ပ်တို့လည်း စိုးရိမ်ခြင်းအားဖြင့် အဘယ်အရာကိုမျှ မပြုလုပ် ကြဘို့ သတိိပြုကြပါစို့။ ဘုရား အလိုတော် မရှိလျှင် အဘယ်အရာမျှ မဖြစ်နိုင်ပါ။ 

ယေရုရှလင်မြို့သားများ

ယေရုရှလင်မြို့သား များသည် ကယ်တင်ရှင်ရောက်လာမည့် အရာကိုမျှော်လင့်တောင့်တနေ သူများ ဖြစ်ကြသည်။ ခရစ်တော်၏ နာမည်ကို ပင်ပြောစရာ မလိုဘဲ၊ “ဤမည်သောသူ” ဟုပြောရုံဖြင့် သိနိုင် ကြသည်။ ဣသရေလ လူမျိုးများ ကသာ မက ရှမာရိအမျိုးသားများကပါ ခရစ်တော် လာမည့် အကြောင်းကို သိကြကြောင်း၊ ရှမာရိ အမျိုးသမိီး၏ စကားအားဖြင့် သိနိုင်သည်၊ “မိန်းမကလည်း၊ မေရှိကြွလာတော်မူသည်ဟု အ​ကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အ​ကျွန်ုပ်တို့အား အလုံးစုံတို့ကို ဘော်ပြတော်မူ မည်ဟု လျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော် ဟုဆိုလို သတည်း။” (ယော ၄:၂၅)။ ထိုသို့ ခရစ်တော် ကြွလာမည့် အရာကိုမျှ ော်လင့်သိရှိ ကြသော်လည်း၊ ပညာရှိများက ခရစ်တော် မွေးခြင်း အကြောင်းကို ပြောသောအခါ၊ ဝမ်းမြောက်ဝမ်းသာရှာဖွေခြင်း မပြုကြချေ။ ထို့ထက် စိုးရိမ် ပူပန် ကြသည်။ အဘယ်ကြောင့် ခရစ်တော်ကို မရှာဖွေ ကြသနည်း။ ခရစ်တော်ကို အမှန်တကယ် မမျှော်လင့် သောကြောင့် ဖြစ်သည်။ ထိုရာသည် ခရစ်တော် ကိုယ်တိုင် တရားဟောသောအခါ ထင်ရှားသည်။ လူ များစွာ ကသူ့ နောက်လိုက် ခဲ့ကြသော်လည်း၊ အစာစားချင် သောကြောင့်၊ အနာရောဂါငြိမ်းခြင်း လိုချင် သောကြောင့်၊ နိမိတ်လက္ခဏာမြင်ချင် သောကြောင့်၊ အပြစ် ရှာချင် သောကြောင့် လိုက်ကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်နောက်ဆုံး၌ သူ့ကို သတ်လိုက် ကြသည်။ 

ယနေ့ ခရစ်ယာန် အများစုလည်း ခရစ်တော်ကို ကိုးကွယ်သည် ဟုဆိုကြသော်လည်း၊ သူ့စကား ပင်နားမထောင်ကြသည် မဟုတ်လော။ သူကိုယ်တိုင်က၊ “ငါ့ စကားကို နားမထောင်ဘဲလျက်၊ ငါ့ကို သခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း။” (လု ၆:၄၆) ဟုဆိုခဲ့သည်။ များစွာသော တရားဟောဆရာများလည်း သူ့အတွက်အမှုတော်ဆောင် နေကြသော်လည်း၊ ခရစ်တော် ကသူနှင့် မဆိုင်ကြောင်း ဤသို့ ပြောမည် ဟုဆိုသည်၊ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အ​ကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီ မဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်း မသိ။ အဓမ္မအမှုကို ပြုသော သူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထို သူတို့အား အတည့်အလင်း ငါပြောမည်။” (မ ရး၂၂-၂၃) ဟုဆိုခဲ့သည်။ သူ ကိုယ်တိုင်က၊ လျှို့ဝှက်သော သူတို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ (မ ၁၅:၁၅:ရ- ၉) ဟုဆိုခဲ့သည်။ ယနေ့ သင်သည် မည်ကဲ့သို့ ခရစ်တော်ကို လက်ခံသနည်း။ မည်ကဲ့သို့ ခရစ္စမတ်ကို ကျင်းပသနည်း။ မည်ကဲ့သို့ အမှုတော်ဆောင်မည်နည်း။ ယခုနှစ်ခရစ္စမတ်ကို မည်ကဲ့သို့ ကြိုဆို ကျင်းပမည်နည်း။ နှစ် စဉ် ကျင်းပ သကဲ့သို့ အသက်တာမှာ ဘာမျှထူးခြားခြင်း မရှိဘဲ ကျင်းပမည်လော။ ခရစ္စ မတ်သီချင်းများကို အားရပါးရသီဆိုခြင်းအားဖြင့် ကျေနပ် ရမည်လော။ 

 

ခရစ်တော် ပုံသက်သေပြဘို၏ လူဇာတိခံ

ခရစ္စမတ်ပွဲ ကျင်းပသော်လည်း အနှစ်သာရ မသိမခံစားလျှင် အချည်းနှီး ဖြစ်သည်။ များသောအားဖြင့် ခရစ္စမတ်ပွဲသည် အဝတ်အစားသစ်ဝယ်ဝတ်သည့်ပွဲ၊ အစားအသောက်ကောင်းကောင်း စား သောက်ခြင်း၊ အချင်းချင်းလက်ဆောင်ပေးခြင်း အပျော်အပါး ပြု လုပ်သည့်ပွဲ ဖြစ်သည်။ သို့သော် ခရစ္စမတ်ပွဲသည် ခရစ်တော် လူ့ဇာတိ ခံယူခြင်းကို ကြိုဆိုဂုဏ်ပြုသည့်ပွဲ ဖြစ်သည်။ ခရစ်တော် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ် ချက်သည် မြောက် များစွာ ရှိသည်။ ထိုအထဲမှ တခုကို အဓိကထားဝေငှလိုပါသည်။ ထိုအရာမှာ ဘုရား သားသည် မည်ကဲ့သို့ အသက်ရှင်ရမည်ဟူသောအရာကို ပုံသက် သေပြလိုခြင်း ဖြစ်သည်။ ဒုတိယ မွေးဘွားခြင်း တည်းဟူသော ဝိညာဉ် ပိုင်းမွေးသောသူများသည်၊ ဘုရားသခင်၏ သားများဖြစ် ကြသည်။ ထိုသို့ ဘုရား သားများဖြစ်ခြင်းကို အားရဂုဏ်ယူ၍ ဝမ်းမြောက် တတ်ကြသည်။ သို့သော် ဘုရား သားများဖြစ်လျှင်မည် ကဲ့သို့ အသက်ရှင်ရမည်ဟူသောအရာကို မသိတတ်ကြချေ။ ဘုရားသား ဖြစ်သောကြောင့်၊ ဘုရား၏ အမွေခံ ဖြစ်ရမည် (ရော ၈:၁၆)ဟု သာသိ၍၊ ဘုရား၏ ကောင်းကြီး များကိုသာလျှင် လိုချင် တတ်ကြသည်။ မှန်ပါသည်၊ ဘုရားသား ဖြစ်သောကြောင့် ဘုရား၏ အိမ်တော် ရှိရာကောင်းကင်သို့ တက်ရဦးမည်။ သို့သော် ဤလောက၌ ဘုရား၏ သားများအဖြစ်သာမက၊ ဘုရား၏ ​ကျွန်များလည်း ဖြစ်ကြသေးသည် ဟူသောအရာကို သိသင့်သည်။ 

ဘုရား၏​ကျွန်

ယုံကြည်သူ ဘုရားသား များသည် ဘုရား၏ ​ကျွန်လည်း ဖြစ်ကြောင်း ကျမ်းစာက ဤသို့ ရေးထားသည်၊ “ယခုမူကား၊ သင်တို့သည် အပြစ် တရား၏ လက်မှလွတ်၍၊ ဘုရားသခင်၏ ​ကျွန် ဖြစ်ကြသည်နှင့် အညီ၊ သန့်ရှင်းခြင်း အကျိုးကို ရကြ၏။” (ရော ၆:၂၂) “သခင်ဘုရား၏ ​ကျွန်သည် ရန် မတွေ့ရ။” (၂ တိ ၂:၂၄) “အိုထာဝရဘုရား၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ ​ကျွန်မှန်ပါ၏၊၊ ကိုယ်တော်၏ ​ကျွန်မတွင် မြင်သော သားလည်း မှန်ပါ၏၊၊ ” (ဆာလံ ၁၁၆:၁၆)။ “အ​ကျွန်ုပ်သည် ကိုယ်တော်၏ ​ကျွန် ဖြစ်ပါ၏၊၊ (ဆာ ၁၁၉:၁၂၅၊ ၁၄၃:၁၂) “မာရိက၊ အ​ကျွန်ုပ်သည် ထာဝရဘုရား၏ ​ကျွန်မဖြစ်ပါ၏၊ ” (လု ၁ ; ၃၈) “ငါ၏ ​ကျွန် ဒါဝိဒ်ကို ငါတွေ့၍၊ သန့်ရှင်းသော ဆီနှင့် ဘိသိက်ပေးပြီ။” (ဆာ ၈၉:၂၀)။ ထို့ကြောင့် ယုံကြည်သူများသည် ဘုရားသား ဖြစ်သည့်နည်းတူ၊ ဘုရား၏ ​ကျွန်လည်း ဖြစ်ကြသည်။  

ယေရှုခရစ် ဘုရား၏​ကျွန်

သခင်ယေရှုလည်း ဘုရား၏ ​ကျွန် ဖြစ်ကြောင်း ကုုိ ဟေရှာယက ဤသို့ ရေး သွားခဲ့သည်၊ “ထာဝရဘုရား၏ ​ကျွန်သည် အညွန့်ကဲ့သို့၎င်း၊ သွေ့​ခြောက်သော မြေ၌ ပေါက်သော အတက်ကဲ့သို့၎င်း၊ ရှေ့တော်၌ ကြီး ပွား၏၊၊ ထိုသူသည် ငါတို့ အနာရော ဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏၊၊ ငါတို့ လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏၊၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏၊၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်တင်တော်မူ၏၊၊ ထိုသူသည် ညှင်းဆဲခြင်းနှင့် နှိမ့်ချခြင်းကို ခံ၍ နှုတ်ကို မဖွင့်ဘဲ နေ၏၊၊ မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွားကြသည်၊၊ အသက်ရှင်သော သူတို့၏ နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည် ဖြစ််၍၊ ပြစ်မှားခြင်းကို မပြု၊၊ သူ၏ နှုတ်၌ မုသား မရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင်ကြ၏၊၊ သို့ရာတွင် သေ ပြီးမှသူဌေး၌ ရှိ၏၊၊ ” (ဟေရှာယ ၅၃:၂-၉) 

ရှင်ပေါလုကလည်း သခင်ယေရှုသည် ​ကျွန် ဖြစ်ကြောင်း ဤသို့ ရေးသွားသည်၊ “ယေရှုခရစ်၌ ရှိသော ထိုစိတ် သဘောကို သင်တို့၌လည်းရှိစေကြလော့။ ထိုသခင်သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သော အမှုကို လုယူခြင်း အမှု ဟူ၍ မထင်မမှတ်လျက် ပင်၊ မိမိအသရေကို စွန့်၍ အစေခံ​ကျွန်၏ သဏ္ဍာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။”  (ဖိလိ ၂:၅-၆) 

သခင်ယေရှုသည် ထိုကဲ့သို့ ဘုရားသခင်၏ ​ကျွန်ကဲ့သို့ နေသောကြောင့် ခမည်းတော် စကားကို တသဝေမတိမ်း နားထောင် ခဲ့သည်။ “ယေရှုကလည်း၊ သင်တို့အား ငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍ သာပြု၏။ မိမိအလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှ အတိုင်း သားတော်လည်း ပြု၏။” (ယော ၅:၁၉)၊ ဟုဆိုခဲ့သည်။ တဖန်၊ “ငါသည်ကိုယ် အလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရား စီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။”  (ယော ၅:၃၀) ဟုဆိုခဲ့သေးသည်။ အဘယ်ကြောင့်သခင်ယေရှုသည် ထိုကဲ့သို့ ခမည်းတော် အလိုတော်ကို လိုက်သနည်းဟူမူကား၊ သူသည် ဘုရား၏ ​ကျွန်နေရာကို ယူ၍ ​ကျွန်ပ်တို့ကို ပုံသက်သေပြချင် သောကြောင့် ဖြစ်သည်။ 

ပုံသက်သေပြ

သခင်ယေရှုသည် ဘုရား စင်စစ် ဖြစ်သော်လည်း ​ကျွန်၏ နေရာကို ယူလျက် ခမည်းတော်၏ စကားကို နားထောင်ခြင်းအားဖြင့် လက်တွေ့ပုံသက်သေပြသွားခဲ့သည်။ ထို့ကြောင့် ရှင်ပေါလုက၊ “ယေရှုခရစ်၌ ရှိသော ထိုစိတ် သဘောကို သင်တို့၌လည်းရှိစေကြလော့။” (ဖိလိ ၂:၅)ဟု ရေးခဲ့သည်။ သခင်ယေရှု ကိုယ်တိုင်က “ငါ၌ ဆည်းကပ်လိုသောသူ ဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ် တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။” (မ ၁၆:၂၄၊ လု ၉:၂၃) ဟုဆိုခဲ့သည်။ ရှင် ပေါလုကလည်း၊ “ငါသည် ခရစ်တော်၏ နည်းတူ ကျင့် သကဲ့သို့ သင်တို့လည်း ငါ့နည်း တူကျင့်ကြလော့။” (၁ ကော ၁၁:၁)ဟု ရေးခဲ့သည်။ ဟေဗြဲရေးသူကလည်း၊ “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြ ကုန်အံ့။” (ဟေ ၁၂:၂)ဟု ရေးထားသည်။ ပေတရုသည် သခင်ယေရှုကို စေ့စေ့ကြည့် ရှုချိန်တွင် ရေပေါ်၌ သွားနိုင်ခဲ့သည်။ သို့သော် ယေရှုကို မကြည့်ဘဲ လေပြင်းကို ကြည့်သောအခါ နစ်မွန်းသွားခဲ့သည် (မ ၁၄:၂၉-၃၀)။ ယနေ့ ယုံကြည်သူများလည်း သခင်ယေရှုကို ကြည့်လျှင် မဖြစ်နိ်ုင်သော အရာများကိုလည်း ပြုလုပ် နိုင်မည် ဖြစ်သည်။ သို့သော် သခင်ယေရှုကို မကြည့်ဘဲ၊ ပတ်ဝန်းကျင်ကို ကြည့်လျှင် ချက်ချင်း ပေတရုရေထဲနစ် သကဲ့သို့ လောက ပြသနာ ထဲ၌ နစ်မွန်းသွားမည် ဖြစ်သည်။ 

မကျင့်သုံးသောကြောင့် 

ဘော်လုံးပွဲကြည့်ရှုသောသူသည် ဘယ်သောအခါ မျှဘော်လုံးမကန်တတ်ပါ။ အကြောင်းမှာ ဘော်လုံးကန်ဘို့ ကြည့်သည် မဟုတ်၊ မျက်စိအရသာခံဘို့ ကြည့်သည်။ ဘော်လုံးကန်ဘို့ ရည်ရွယ်ချက်နဲ့လာ၍ ကွင်းထဲ၌ ဆင်း၍ ကန်မှသာလျှင်ကန် တတ်လာမည် ဖြစ်သည်။ ထိုသို့ ကန်လျှင်လည်း ချက်ချင်း ကန်တတ်မည် မဟုတ်၊ စိတ် မပျက်ဘဲ အမြဲကန်မှတဖြည်းဖြည်းတတ်လာမည် ဖြစ်သည်။ 

အဘယ်ကြောင့် ယုံကြည်သူများသည် ယေရှု ကဲ့သို့ အောင်မြင်သော အသက်တာဖြင့် အသက်မရှင်နိုင်ကြသနည်း။ အကြောင်းမှာ သူကဲ့သို့ အသက်ရှင်ဘို့ ရည်ရွယ်ချက်မရှိသော ကြာင့် ဖြစ်သည်။ ဘုရားရှေ့ခိုးခြင်း၊ သီချင်းဆိုခြင်း၊ တရားနာခြင်းမှ စ၍ ခရစ္စမတ်နေ့ကို ပျော်ပွဲရွှင်ပွဲအဖြစ် ဆင်န$​ဲ နေကြသောကြောင့် ဖြစ်သည်။ ယေရှုခရစ် နောက်လိုက်ဘို့၊ သူကဲ့သို့ ဘုရား စကား နားထောင်ဘို့ တရားမနာ၊ သီ ချင်းမဆို၊ ပွဲမ ကျင်းပ၊ အပျော်အပါးရှာနေသရွေ့ကာလ ပတ်လုံး အကျိုးမရှိ၊ အသက်တာလည်း ပြောင်းလဲမည် မဟုတ်။ “ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည် ဖြစ်၍ ​ခြေတော် ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကို ထားတော်မူပြီ။” (၁ ပေ ၂ ; ၂၁)။ မိတ်ဆွေ သခင်ယေရှုသည် သူ၏ ​ခြေတော် ရာကို အတင်း လိုက်ခိုင်းမည် မဟုတ်ပါ၊ ကိုယ်၏ စိတ်ဆန္ဒဖြင့် ဆုံးဖြတ်လိုက်ဘို့ ဖြစ်သည်။ ယခုနှစ်မှစ၍ ခရစ်တော်၏ ​ခြေတော် ရာကို လိုက်ကြပါစို့။ 

ခရစ်တော် သာလူဇာတိမခံခဲ့သော်

အခြား ဘာသာဝင်များဖြစ်သော ဗုဒဝနှင့် မူစလင်များက ခရစ်တော် လူ့ဇာ တိခံခြင်းနှင့် လူဆိုးကဲ့သို့ လက်ဝါးကပ်တိုင်၌ အသေသတ်ခံရခြင်းများကို နားမလည် နိုင်ကြချေ။ အကြောင်းမှာ ခရစ်တော်သည် ဘုရား မှန်လျှင် အဘယ်ကြောင့် အသေ ဆိုးနှင့် အသတ်ခံရသနည်း။ သူ့ကိုယ်သူပင်မ ကယ်တင်နိုင်ဘဲ၊ လူဆိုးကဲ့သို့ အသတ် ခံရသောသူက မည်ကဲ့သို့ လူသားများကို ကယ်တင်နိုင်မည်နည်းဟု မေးတတ်ကြသည်။ မှန်ပါသည် အကျိုးအကြောင်း မရှင်းပြ၊ နားမလည်ပါက ခရစ်တော် လူ့ဇာတိ ခံ၍ အသေခံခြင်းများကို လုံးဝ နားမလည် နိုင်ပါ။ အဓိပ္ပါယ်လည်း မရှိပါ။ ထို့ကြောင့် ခရစ်တော် လူဇာတိခံရခြင်း၏ အကြောင်းရင်းများကို နားလည်ဘို့ လိုသည်။ 

အပြစ် ဒဏ်သေခြင်း ခံဘို့ 

ဘုရားသခင်သည် တရားသူကြီး ဖြစ်သည် (ဟေရှာ ၃၃:၂၂)။ မိဘများက သူတို့ မွေးဘွားသော သားသမီးများကို ဆုံးမပိုင်ခွင့်ရှိ သကဲ့သို့၊ ဘုရားသခင်သည် သူဖန်ဆင်းထားသော လူသားများကို တရားစီရင်ပိုင်ခွင့်ရှိသည်။ ဘုရားသခင်၏ တရားရုံးတော် မှစီရင်ချက်မှာ၊ အပြစ် အတွက် ပြစ်ဒဏ်သည် သေခြင်း ခံဘို့ ဖြစ်သည် (ရော ၃:၂၃)။ လူသားများလုပ်သော ဥပဒေမှာအပြစ် အတွက် ထောင်ဒဏ်၊ ကြိမ်ဒဏ်၊ ငွေကျေးလျော်ခြင်း၊ အလုပ်ကြမ်း၊ နယ်နှင်ဒဏ်၊ သေဒဏ်စသည်ဖြင့် အမျိုးမျိုးရှိသည်။ သို့သော် ဘုရားသခင်၏ တရားရုံးတော် မှစီရင်ချက်မှာ အပြစ် အတွက် သေဒဏ်သာလျှင် ရှိသည်။ 

ဘုရားသခင်သည် လူအာဒံနှင့် ဧဝကို ဖန်ဆင်း၍ အလွန် ချစ်သည်။ အလုပ် လုပ်စရာလည်း မလိုဘဲ ဧဒင်ဥယာဉ်၌ ထားခဲ့သည်။ သို့သော် သူတို့အတွက် တခုတည်းသော ဥပဒေကို ပေးခဲ့သည်။ ထိုအရာမှာ၊ ဥယျာဉ်အလယ်၌ ရှိသော ကောင်းမကောင်း သိ​ကျွမ်းရာအပင်၏ အသီးကို မစားဘို့ ဖြစ်သည်။ ကျမ်းစာ၌၊ “ထိုအခါ ထာဝရ အရှင် ဘုရားသခင်သည် လူကို ယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှါ ထားတော်မူ၏။ ထာဝရ အရှင် ဘုရားသခင်ကလည်း ကောင်းမကောင်းကို သိ​ကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏ အသီးကို သင်သည် စားရသော အခွင့်ရှိ၏။ ထိုအ ပင်၏ အသီးကို ကား မစားရ။ စားသော နေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ် ထားတော်မူ၏။” (က ၂:၁၅-၁ရ)။ လူလင်မယားတို့သည် ဘုရား တားမြစ်ထားသော အသီးကို စားဘို့ရန် စာတန်က ဤကဲ့သို့ လိမ်ညာခဲ့သည်၊ “သင်တို့သည် ဧကန်အမှန် သေရမည် မဟုတ်။ အကြောင်းမူကား၊ ထိုအသီးကို စားသော နေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍၊ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင် သိတော်မူသည်ဟု မိန်းမအား ဆိုလေ၏။” (က ၃:၄-၅) လူလင်မယားတို့သည် ဘုရား၏ စကားကို နားထောင်လျှင် ထိုအသီးကို မစားဘဲ နေနိုင်သည်။ သို့သော် ဘုရား၏ စကားထက် စာတန်၏ စကားကို နားထောင်၍ စားလိုက်သောကြောင့် အပြစ်သားများဖြစ်သွား ကြသည်။ ထို့ကြောင့် သူတို့သည် ဘုရားနှင့် အဆက်အသွယ် ပြတ်တောက် သွား၍၊ ကိုယ်ခန္ဓာလည်း သေဘို့ရန် ဘုရားသခင်က အမိန့်တော် ချမှတ် လိုက်သည်။ 

ဤနေရာ၌ အဘယ်ကြောင့် ဘုရားသခင်က လူများ မှားယွင်းစေမည့် ကောင်း မကောင်း သိ​ကျွမ်းရာအပင်ကို ဖန်ဆင်းခဲ့သနည်းဟု အပြစ်တင်နိုင်သည်။ သူကသာ ထိုအပင်ကို မဖန်ဆင်းခဲ့လျှင် လူသည် အပြစ် ကျူးလွန်စရာ မလို၊ ပြစ်ဒဏ်လည်း ခံစရာ လိုမည် မဟုတ် ဟုဆိုနိုင်သည်။ အဘယ်ကြောင့်ဘုရားက ထိုအပင်ဖန်ဆင်းသည်ကို ကျမ်းစာက မဖေါ်ပြ သောကြောင့် အကြောင်းရင်း မသိရပါ။ သို့သော် လူသည် ဘုရားသခင်ကို မည်မျှချစ်၍ စကား နားထောင်သည်ကို သိဘို့ရန် ဖြစ်နိုင်သည်။ မိဘများလည်း သားသမီးများကို ရရှိသောအခါ ပျက်စီးဘို့ မဟုတ်၊ ကောင်းစား ဘို့ရန် မွေးဘွား ကြသည်။ သားသမီးများကို ပျက်စီးဘို့ရန် မွေးဘွားကြသည် မဟုတ်။ သို့သော် မိဘစကား နားမထောင်ဘဲ ပျက်စီးတတ်ကြသည် မဟုတ်လော။ နားမထောင်သော သားသမီးများကို မိဘများ ကချစ်မြဲတိုင်း ချစ် ကြသည်။ ထို့ကြောင့် သူတို့ကို ဆုံးမသော်လည်း ​ကျွေးမွေး တတ်သည်။ ဘုရားသခင်လည်း အပြစ်သားများဖြစ်သော အာဒံနှင့် ဧဝကို ချစ်မြဲတိုင်း ချစ်သည်။ ​ကျွန်ပ်တို့လည်း အာဒံနှင့် ဧဝတို့မှ ဆင်းသက်လာသောကြောင့် အပြစ်သားများဖြစ်သွား ကြသည်။ သို့သော် ​ကျွန်ပ်တို့ကို ချစ်သောကြောင့် ထာဝရ ပျက်စီးခြင်း တည်းဟူသော ငရဲမီးအိုင် ထဲမှ လွတ်မြောက်ဘို့ရန် ကယ်တင်ခြင်း လမ်းကို ပြင်ဆင် ပေးသည်။ 

ကယ်တင်ခြင်း 

အာဒံနှင့် ဧဝတို့သည် အပြစ်သား ဖြစ် သွား၍ သေရမည် ဖြစ်သော်လည်း၊ ဘုရားသခင်က သူတို့ကို ချစ်သောကြောင့် အပြစ်မှ ပြန်လည် သန့်ရှင်း​ဖြောင့်မတ် နိုင်ဘို့နှင့် ထာဝရ အသက်ရှင်နိုင်ဘို့ အတွက် စီစဉ်ပေးထားသည်။ သူတို့ အပြစ် ဆေး ကြောသန့်စင်ဘို့ အတွက် အသွေးအားဖြင့်သာရသည်ဟု ဘုရားသခင်က ဆိုသည်။ ထို့ကြောင့် ဣသရေလ လူမျိုးများသည် အပြစ် ကျူးလွန်သောအခါ တိရစ္ဆာန်အသွေးအားဖြင့် ဆေးကြောစေသည် (ဝတ်ပြု ၄)။ ထို့အပြင် တနှစ်တခါအပြစ် ​ဖြေရာနေ့ဟူ၍ သတ်မှတ်ကာ၊ သတင်း ​ကျွတ်လတွင် အပြစ် ဆေးကြောခြင်းကို ပြုလုပ် ခိုင်းသည် (ဝတ်ပြု ၁၆)။ အပြစ် ဆေးကြောခြင်း သိဘို့ရန် အပြစ်ကို သိဘို့ လိုသည်။ အနာသိမှ ဆေးရှိသည် မဟုတ်လော။ လူသည် လူလူချင်း အပေါ်ပြစ်မှားခြင်းကိုသာလျှင် သိကြသည်။ သို့သော် ထိုအပြစ်များ၏ ဇစ်မြစ်သည် ဘုရား အပေါ်ပြစ်မှားခြင်း ဖြစ်သည်။ ဘုရား အပေါ်မည်ကဲ့သို့ ပြစ်မှားကြသနည်း။ ဘုရားသခင်က လူကို သူ၏ အလိုဆန္ဒအ တိုင်း အသက်ရှင်ဘို့ ဖန်ဆင်းထားသည်။ သို့သော် လူကမိမိ အလိုဆန္ဒအတိုင်းသာ အသက်ရှင်သည်။ ထိုအရာသည် အပြစ် ဖြစ်သည်။ ဘုရားသခင်က သူ့အလိုတော်အတိုင်း အသက်မရှင်သောကြောင့် လူထံမှ အသက်ကို ပြန်တောင်းသည်။ သို့သော် လူသည် မိမိအသက်ကို မပေးနိုင်ပါ။ ပေးလိုက်ပါက သေ သွား၍ ငရဲရောက်ဘို့ ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်က လူထံမှ မိမိအသက် ကိုယ်စားတိရစ္ဆာန်အသက်ကို တောင်းဆိုသည်။ လူသည် မိမိအသက် အတွက် သိုး၊ နွား၊ ဆိတ်၊ ချိုး၊ ခိုကောင်များကို ပေးတတ်သည်။ ထိုတိရစ္ဆာန်များသည် လူကိုယ်စားအသေခံ ရသည်။ သူတို့ သေပြီး ကြောင်းကို ဘုရားရှေ့၌ အသွေးဖြန်းခြင်းအားဖြင့် သက်သေပြသည်။ ဣသရေလ လူများ ပေးသော တိရစ္ဆာန်များသည် အမှန်တကယ် လူကို ကိုယ်စားမပြုနိုင်ပါ။ ထိုအရာများသည် အရိပ်များသာလျှင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကိုယ်တိုင် သူ၏ သားတော် ယေရှုကို ဤလောကသို့ ဆင်းစေ၍ ကိုယ်ခန္ဓာကို ပေးခဲ့သည်။ ခရစ်တော်သည် ​ကျွန်ပ်တို့ ကိုယ်စားအသေခံဘို့ လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ထိုသို့ လူ့ဇာတိခံခြင်းကို ခရစ္စမတ်ဟု ခေါ်သည်။ သူသည် ဘုရား အစီအစဉ်အတိုင်း သင့်အတွက် အသေခံ ခဲ့ပြီ။ သူသေ ကြောင်းကို အသွေးအားဖြင့် ခမည်းတော်ဘုရား ထံ၌ သက်သေထူခဲ့သည်။ ထို့ကြောင့် လူသည် မိမိအပြစ် အတွက် သေစရာ မလိုတော့ချေ။ ထိုအရာကို ယုံကြည် လက်ခံဘို့ ဖြစ်သည်။ ထိုသို့ ခရစ်တော်၏ ကိုယ်စားခံသေခြင်းကို ယုံကြည်သူသည် ထာဝရ သေခြင်း တည်းဟူသော ငရဲမီးအိုင်မှ လွတ်မြောက်သောသူ ဖြစ်၍ ကိုယ်ခန္ဓာသေလျှင်လည်း ပြန်ရှင်မည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ခရစ်တော်က ကိုယ်စားခံသေခြင်းကို မသိသောကြောင့် မယုံကြည်သောသူများသည်၊ ကိုယ်ခန္ဓာသေလျှင် ဝိညာဉ် မီးငရဲအိုင်သို့ ဆင်း၍ ထာဝရ ဒုက္ခ ဆင်းရဲ ခံရမည် ဖြစ်သည်။ 

လက်ခံယုံကြည်ပါ

မိတ်ဆွေ သင်သည် တရားခံသာ ဖြစ်၍ တရားသကြီး မဟုတ်ပါ။ ဘုရားသခင်က မေတ္တာအားဖြင့် သင့်အတွက် သားတော် ယေရှုကို အသေခံ စေသော်လည်း၊ ဂရုမ စိုက်၊ မယုံကြည်ပါက မလိုလားအပ်ဘဲ ဒုက္ခ ခံမည် ဖြစ်သည်။ ထိုကြောင့် ခရစ်တော် အသေခံပေးခြင်းကို ယုံကြည်ပြီး ဤကဲ့သို့ ဆုတောင်းပါ။ သခင်ယေရှု ဘုရား၊ ကိုယ်တော်သည် ​ကျွန်ပ်ခံရမည့် ပြစ်ဒဏ်သေခြင်းကို ခံပေးသောကြောင့် ကျေးဇူးတင်ပါ၏။ ​ကျွန်ပ်၏ စိတ်နှလုံးထဲ၌ ဝင်၍ နေတော်မူပါ။ ​ကျွန်ပ်၏ အသက်တာကို အုပ်စိုးတော်မူပါ။ အလိုရှိသည့်အတိုင်း ​ကျွန်ပ်ကို ဦးဆောင်တော်မူပါ။ အာမင်။ 

သင်သည် အမှန်တကယ် အထက်ပါကဲ့သို့ ဆုတောင်းလျှင် ခ ရစ်တော်သည် သင်၏ အသက်တာ၌ ဝင်၍ သင့်ကို ဦးဆောင်ပါလိမ့်မည်။ ထိုအရာများကို ပိုမိုသိရှိ နားလည်ဘို့ လိုအပ်သည်။ ထို့ကြောင့် ဤသတင်းကောင်း စာစောင်ကို လစဉ်မှန်မှန်ဖတ်ပါ။ ကျမ်းစာအုပ်နှင့် အခြားသော ဝိညာဉ် စာအုပ်များကိုလည်း ဖတ်ပါ။ ဆရာမောဇက် ရေးထားသော၊ ကယ်တင်ခြင်း သင်ခန်းစာများ၊ ယဇ်ပူဇော်ခြင်းနှင့် ပညတ်တော်များ၊ သန့်ရှင်းသော ဝိညာဉ်တော်၊ ချီဆောင်ခြင်းနှင့် ဒုတိယအကြိမ် ကြွလာခြင်း စာအုပ်များ၊ သတင်းကောင်း ပေါင်းချုပ် ၂၀၀၉မှ ၂၀၁၆ အထိ ဖတ်ပါ။ ဘုရားရှင်ကောင်းကြီး ပေးပါ စေ။ 

 

မှောင်မိုက်ထဲ၌ အလင်းပေါ်ထွန်း
ဟေရှာယ ၉:၁-၇


ခရစ်တော် လူ့ဇာတိခံမည့် အရာကို ပရောဖက် ဟေရှာယက နှစ်ပေါင်းရဝ ၀ ကျော် ကြိုတင်၍ ဤသို့ ရေးသား ခဲ့သည်၊ ။ 

၁။ သို့သော်လည်း၊ ဒုက္ခ ဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှမှောက်မိုက်နှင့် ကင်းလွတ် လိမ့်မည်၊၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်ကရှုတ်ချတော်မူသော်လည်း၊ နောက်တဖန် အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါး အမျိုးသား နေရာ၊ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏၊၊ ၂။ မှောင်မိုက် ထဲမှာသွားလာသော လူများတို့သည် ကြီးစွာသော အလင်းကို မြင်ရ၍၊ သေမင်း၏ နိုင်ငံ အရိပ်တွင် ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက် ရှိ၏၊၊ 

ဣသရေလ တိုင်း ပြည်၌ ဇာဗုလုန်နှင့် နဿလိခရိုင်သည် အထင် သေးသော နေရာများ ဖြစ်သည်။ ထိုနေရာ၌ နေသောသူများသည် ဒုက္ခ ဆင်းရဲ ခံရသော ပြည်၊ မှောင်မိုက်အရပ်ဟု ရှုတ်ချသော နေရာများ ဖြစ်သည်။ သို့သော် ထိုနေရာများ၌ ဂုဏ် အသရေနှင့် ပြည့်စုံစေသည် ဟုဆိုသည်။ မည်ကဲ့သို့ နည်း။ အောက်၌ ဆက်လက်ဖေါ် ပြသွားသည်။ သင်လည်း ထိုပြည်သားများကဲ့သို့ ခံစား နိုင်သည်။ လူများ၏ နှိမ်ခြင်း၊ အထင်သေးခြင်း ခံ၍၊ ကြံရာမရမှောင်မိုက်ထဲ၌ နေသကဲ့သို့ဖြစ်နိုင်သည်။ 

မှောင်မိုက်ထဲမှာသွားလာသောသူများသည် ကြီးစွာသော အလင်းကို မြင်၍၊ သေမင်း၏ နိင်ငံအရိပ်တွင် ရှိနေသော သူတို့၌ အင်းပေါ်ထွန်းသည် ဟုဆိုသည်။ ဤ ပရောဖက် ပြုစဉ်တွင် မည်သည့်အလင်းမျှ မထင်ရှားခဲ့ပါ။ သို့သော်၊ “ယောဟန်သည် ထောင်ထဲသို့ ရောက်ကြောင်းကို ယေရှုသည် ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊ နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့် နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။ ဤအကြာင်းအရာကား၊ ပရောဖက် ဟေရှာယ၏ နှုတ်ထွက် ပြည့်စုံမည်အကြောင်း တည်း။ နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင် တည်းဟူသော အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသား နေရာဂါလိလဲပြည်၊ မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသော အလင်းကို မြင်ရ၍၊ သေမင်း၏ နိုင်ငံအရိပ်တွင် ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက် ရှိ၏ဟု ဟောထားသတည်း။” (မ ၁၂-၁၅)ဟု သခင်ယေရှု ဂါလိလဲပြည်သို့ ကြွ လာသောအခါ တပိုင်း ပြည့်စုံကြောင်း ဖေါ်ပြသည်။  
 
၃။ ကိုယ်တော်သည် အမျိုးသားတို့ ကိုများပြားစေ၍၊ သူတို့၏ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏၊၊ စပါးကို စုသိမ်းရာကာလ၌ ဝမ်းမြောက် သကဲ့သို့၎င်း၊ လုယူသော ဥစ္စာကို ဝေသောသူဝမ်းမြောက် သကဲ့သို့၎င်း၊ ရှေ့တော်၌ သူတို့သည် ဝမ်းမြောက် ကြပါ၏၊၊ ၄။ အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော်မူ သကဲ့သို့၊ ကိုယ်တော်သည် သူတို့ ထမ်းရသော ထမ်းဘိုး၊ ကျော၌ ခံရသော တုတ်ကို၎င်း၊ ညှဉ်းဆဲသောသူ၏ လံှတံကို၎င်းချိုးတော်မူပြီ၊၊ ၅။ စစ်တိုက်သောသူရဲ၏ ​ခြေစွပ်နှင့် အသွေးလူးသော အဝတ်တန် ဆာရှိသမျှတို့သည် မီးရှို့ဘို့ မီးဇာ ဖြစ်ရကြလိမ့်မည်။ 

အထက် ဖေါ်ပြပါပရောဖက် ပြုချက်သည် သခင်ယေရှု လူဇာတိခံ၍ ကြွလာ ခဲ့စဉ်က အနည်းငယ်သာလျှင် ပြည့်စုံခဲ့သည်။ အထက်၌ ဖေါ်ပြသော၊ ဝမ်းမြောက်ခြင်းသည် ခရစ်တော် ဒုတိယအကြိမ် ကြွလာမှသာလျှင်အပြည့်အဝ ပြည့်စုံမည် ဖြစ်သည်။ ဒုတိယအကြိမ် ဤလောကကို အုပ်စိုးဘို့ရန် ကြွ လာသောအခါ၊ အနည်းငယ်သာလျှင် ကျန်ကြွင်းသော ဣသရေလ လူများသည် အလွန် ပွားများ လာလိမ့်မည်။ အကြောင်းမူကား အစာရေစာပေါများ၍ အနာရောဂါလည်းရှိတော့မည် မဟုတ်။ ထိုအချိန်တွင် လယ်သမားများ စပါးရိပ်၍ အလွန် ဝမ်းမြောက် သကဲ့သို့၎င်း၊ ရန်သူကို နိင်၍ သူတို့ ပစ္စည်းများ သိမ်း၍ ဝေသောသူ ဝမ်းမြောက် သကဲ့သို့၎င်း၊ ရှေ့တော်၌ သူတို့သည် ဝမ်းမြောက် ကြလိမ့်မည်။ ခရစ်တော် ပဌမ ကြွရောက် ခဲ့စဉ်၌ ထိုကဲ့သို့ မရှိပါ။ အနာရော ဂါငြိမ်းစေသောကြောင့်၎င်း၊ နတ်ဆိုးများ နှင်ထုတ် ပေး၍၊ အစာ​ကျွေးသောကြောင့်၎င်း၊ ဝမ်းမြောက် ခဲ့ကြသော်လည်း အပြည့်အဝ မဟုတ်ခဲ့ပါ။ 

၆။ အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံံ့ ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူ လိမ့်မည်။ 

ဤပရောဖက် ပြုချက်သည် ခရစ်တော် လူဇာတိခံယူခြင်းအားဖြင့် ပြည့်စုံ ခဲ့သည်။ ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏ ဟုဆိုခြင်းဖြင့် ခရစ်တော်သည် လူကြီးဖြင့် မလာဘဲ သူငယ် ခလေး အဖြင့် လာမည့် အရာကို ဖေါ်ပြခြင်း ဖြစ်သည်။ ငါတို့အား သားကို သနားတော်မူ၏ ဟုဆိုရာတွင်၊ ထိုသားသည် ငါတို့အတွက် အရာခပ်သိမ်း ဖြစ်မည့် အရာကို ဖေါ်ပြသည်။ လူတိုင်း ခရစ်တော် ရရှိ၍ သူ့ကို အုပ်စိုးခွင့်ပေးလျှင် အရာခပ်သိမ်းသည် အဆင်ပြေမည် ဖြစ်သည်။ ထို့ကြောင့် လူတိုင်း၏ လိုအပ်ချက်သည် ခရစ်တော် ဖြစ်သည်။ 

ခရစ်တော်သည် “အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်” ဟုဆိုသည်။ ပဌမ ကြွလာခဲ့စဉ် ခရစ်တော်သည် အုပ်စိုးခြင်း မရှိခဲ့ချေ။ နိင်ငံတော် တည်ထောင်ဘို့၊ “ကောင်းကင်နိင်ငံတော်သည် တည်လုနီးပြီ။ ထို့ကြောင့် နောင်တရကြလော့။ 
” (မ ၃:၁-၂)ဟု ယောဟန်ကကြွေးကြော်ခဲ့သည်။ သူကိုယ်တိုင်ကလည်း၊ “နောင် တရကြလော့။ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။” (မ ၄:၁ရ)ဟု ဟောခဲ့သည်။ သူသည် ယုဒရှင်ဘုရင်ဟု လူများက လက်ခံသော်လည်း၊ ဘာသာရေးခေါင်းဆောင်များက လက်မခံခဲ့ကြချေ။ သေခါနီး၌၊ “ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကို မေးလျှင်၊ မင်းကြီး မေးသည် အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။” (လု ၂၃:၃)။ သို့သော် ယုဒလူများက သူတို့၏ ရှင်ဘုရင်ကို သတ်လိုက် ကြသည်။ ထိုကြောင့် သူသည် နိင်ငံတော် မတည် ထောင်နိုင်ဘဲ နိင်ငံတော်သည် အနှစ်နှစ်ထောင်ရွေ့သွားသည်။ ဒုတိယအကြိမ် ကြွလာမှသာလျှင်အုပ်စိုးရတော့မည် ဖြစ်သည်။ 

“နာမတော်မူကား အံံ့ဩဖွယ်၊ တိုင်ပင်ဘက်” တိုင်ပင်ဘက်ဆိုသည်မှာ အကြံပေးပုဂ္ဂိုလ် ဖြစ်သည်။ လူလူချင်းပင်လျှင် အကြံပေးဘို့ လိုသည်။ “အကြံပေး နိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူအများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။” (သု ၁၁:၁၄၊ ၂၄:၆)ဟု ရှောလမုန်မင်းက ရေးခဲ့သည်။ ပညာမရှိအသောသူသည် အကြံပေးခြင်းကို မနှစ်သက်တတ်ကြချေ။ သမ္မတများကို အကြံပေးဘို့ အစိုးရကလခ များစွာ ပေး၍ အကြံပေးအရာရှိများကို ခန့်ထားသည်။ သို့သော် အကောင်းဆုံးသော အကြံပေးပုဂ္ဂိုလ်သည် ယေရှုခရစ် တော် ဖြစ်သည်။ 

“တန်ခိုးကြီးသော ဘုရားသခင်၊ ” မူစလင်နှင့် ယေဟောဝါ သက်သေခံများက ခရစ်တော်ကို ဘုရား အဖြစ် လက်မခံသော်လည်း၊ သူသည် ဘုရား ဖြစ်ကြောင်း ဟေရှာယကကြိုရေးထားသည်။ ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း ကျမ်းစာ၌ များစွာ ဖေါ်ပြထားသည်။ သူသည် ဖန်ဆင်းရှင် ဖြစ်သည် “ထိုသားတော်သည် ကောင်းကင် ပေါ်၊ မြေကြီးပေါ်မှ ာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်း တန်ခိုး ဖြစ်စေ၊ အထွဋ္ဋ်အမြတ် ဖြစ်စေ၊ အာဏာစက် ဖြစ်စေ၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။” (ကော ၁:၁၆)။ ယေရှုကို ကောင်းကင်တမန် အားလုံး ကကိုးကွယ်ကြသည် (ဟေ ၁:၆)၊ ဒူးတိုင်း ကသူ့ရှေ့မှာ ထောက် ရဦးမည် (ဖိလိ ၂:၁၀)။ တမန်တော်များကကိုးကွယ်ကြသည် (မ ၁၄:၃၂)။ အရှေ့ ပြည် မှပညာရှိများ ကကိုးကွယ်ကြသည် (မ ၂:၁၁)။ 

 “ထာဝရ အဘ၊ ” ထာဝရအဘသည် ဘုရား၏ နာမ တခု ဖြစ်သည်။ လောက အဘများသည် သေခြင်းဖြင့် ကုန်ဆုံးသွားတတ်သည်။ ခရစ်တော်မူကား ထာဝရ အသက်ရှင် သောကြောင့် ထာဝရအဘ ဖြစ်သည်။ ဇာတိဘခင် မရှိသူများ၊ အား မငယ်ကြ ပါနှင့်။ သင်တို့၌ ထာဝရအဘရှိသည်။ 

 “ငြိမ်သက်ခြင်းအရှင်” လူသားများ၌ ငြိမ်သက်ခြင်း မရှိချေ။ ငြိမ်းချမ်းရေး အတွက် ဟူ၍ စစ်တိုက် ကြသည်။ ငြိမ်းချမ်းရေး စာချုပ်များ လက်မှတ်ထိုးကြသော်လည်း ကြာရှည်မခံနိုင်ပါ။ သို့သော် ခရစ်တော် အုပ်စိုးသော နေရာ၌ ငြိမ်သက်မှု ရှိသည်။ သူက၊ “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း မရှိစေနှင့်။” (ယော ၁၄:၂ရ) ဟုဆိုခဲ့သည်။ အပြည့်အဝ ငြိမ်သက်ခြင်းသည် အနှစ်တစ်ထောင်အုပ်စိုးခြင်း၌ ရှိမည်။ 

၇။ ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာ ထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလ အစဉ်မပြတ်၊ တ ရားတော် အတိုင်း ​ဖြောင့်မတ်စွာ စီရင်၍ အမြဲတည်စေတော်မူ မည်အကြောင်း၊ အာ ဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားသည် အလိုတော် အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူ လိမ့်မည်။ 

ခရစ်တော် ပဌမ ကြွခဲ့စဉ်က နိင်ငံတော် တည်ဘို့ စာတန်နှင့် သူ၏ လူများ ကဟန့်တားနိင်ခဲ့သော်လည်း၊ ဒုတိိယအကြိမ်ကြွ လာသောအခါတွင် မူဟန့်တားနိုင် တော့မည် မဟုတ်။ ထိုအချိန်တွင် ယေရုရှလင်မြို့၌ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်တွင် ထိုင်၍ တကမ္ဘာလုံးကို အုပ်စိုးရဦးမည်။ သူ၏ နိင်ငံတော်သည် ကာလ အစဉ်မပြတ် ဖြစ်မည်။ ထာဝရ ကာလ တိုင်အောင် အုပ်စိုးသွားမည် ဖြစ်သည်။ တရားတော် အတိုင်း ​ဖြောင့် မတ်စွာ စီရင်မည် ဟုဆိုသည်။ ယခု စာတန် အုပ်စိုးသောကြောင့် တရားမျှတမှု လုံးဝ မရှိနိုင်ချေ။ ထိုအချိန်တွင်မူ မတရားမှုသည် လုံးဝ ရှိတော့မည် မဟုတ်ချေ။ ဘုရား၏ အစီအစဉ်ကို စာတန်နှင့် လူသားများကဖျက်နိုင်တော့မည် မဟုတ်သောကြောင့် ယခု ကတည်းက သူ၏ အုပ်စိုးခြင်းကို ဝန်ခံသင့်သည်။ ယခုနှစ်ခရစ္စမတ်အချိန်တွင် ခရစ်တော်၏ အုပ်စိုးခြင်းကို ဝန်ခံ၍ ငြိမ်သက်ခြင်းနှင့် ပြည့်ဝပါစေသော်။ 

 

ကျမ်းစာဖတ်ကြစို့
ဟေဗြဲ ၁၃


၁။ ညီအစ်ကိုခြင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည် ဝတ်ပြုခြင်း အမှုကို မမေ့ မလျော့ကြနှင့်။ 

ချစ်ခြင်း မေတ္တာ၌ တည်ခြင်းသည် ခရစ်တော်၏ အမိန့်တော် ဖြစ်သည်သာမက၊ သူ၏ တပည့်တော် ဖြစ်ကြောင်း အမှတ်အသား ဖြစ်သည်။ သူကိုယ်တိုင်က၊ “သင်တို့သည် အချင်းချင်းတယောက်ကို တယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏ တပည့် ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။” (ယော ၁၃:၃၄-၃၅) 

“ဧည့်သည် ဝတ်ပြုခြင်း အမှုကို မမေ့မလျော့ကြနှင့်” ဧည့်သည် ဝတ်ပြုခြင်းသည် ရင့်ကျက်ခြင်း၏ လက္ခဏာ တခု ဖြစ်သည်။ မရင့်ကျက် သူများအတွက် မလွယ် ကူချေ။ ဘုရားသခင်က ဣသရေလ လူများထံ၊ “မိဘမရှိသောသူငယ်၊ မုတ်ဆိုးမဘက်၌ တရားစီရင်၍၊ ဧည့်သည် အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသ နားသော ဘုရား ဖြစ်တော်မူ၏။ ၁၉သို့ဖြစ်၍ ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တု ပြည်၌ ဧည့်သည် ဖြစ်ကြဘူးပြီ။” ဟု မှာကြားခဲ့သည် (တရား၁၀:၁၈-၁၉)။ 

၂။ အချို့သော သူတို့သည် ဧည့်သည် ဝတ်ကို ပြုသည် တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ။

အာဗြဟံသည် ကောင်းကင်တမန်များကို ဧည့်ခံဘူးသည် (က ၁၈)။ ထို့ကြောင့်သော ဒုံမြို့မီးမိုဃ်းရွာမည့် အကြောင်းကို သိခဲ့၍၊ လောတမိသားစုအတွက် တောင်းပန်နိင်ခဲ့သည်။ လောတသည်လည်း ကောင်းကင်တမန်များကို အတင်းခေါ်၍ ဧည့်ခံသောကြောင့် သေကျေ ပျက်စီးခြင်းမှ လွတ်မြောက်ခဲ့သည် (က ၁၉) 

၃။ အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရ သကဲ့သို့ မှတ်၍၊ သူတို့ကို အောက်မေ့ ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာနှင့် မကင်းမလွတ်သောသူ ဖြစ်၍၊ ညှဉ်းဆဲခံရသော သူတို့ကို အောက်မေ့ကြလော့။ 

သခင် ယေရှုခရစ်က၊ “ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့ လာကြ၏။” (မ ၂၅:၃၆)ဟု သိုးတို့ ထံ၌ ဆိုခဲ့သည်။ အကျဉ်းသားများထံ၌ သက်သေခံခြင်းသည် ထိရောက်မှု ရှိနိုင်သည်။ အကြောင်းမှာ သူတို့သည် ဒုက္ခ ရောက်နေ ကြသောကြောင့် အာရုံစိုက်နိုင်သည်။ ကယ်တင်ရှင်ကို တမ်းတ ကြသည်။ 

၄။ ခပ်သိမ်းသော သူတို့၌ မင်္လာဆောင်ခြင်း အမှုနှင့် သစ္စာ သံဝါသပြုခြင်း အမှုသည် အသရေရှိစေလော့။ မတရားသော မေထုန်ကိ ုပြုသောသူနှင့် သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင် စစ်ကြောစီရင်တော်မူ လိမ့်မည်။ 

မင်္လာဆောင်ခြင်းသည် ဘုရားသခင်က စတင်ပေးခြင်း ဖြစ်သည်။ အာဒံနှင့် ဧဝကို လင်မယား ဖြစ်ဘို့ ဖန်ဆင်းခဲ့သည် (က ၂:၂၄)။ လင်မယား အကြား သစ္စာ သံဝါ သပြုခြင်းသည်လည်း သန့်ရှင်း၍ ဘုရား၏ အလိုတော် ဖြစ်သည်။ သို့သော် မတရားသော မေထုန်ပြုခြင်းကိုမူ ဘုရားသခင် အလွန် မုန်း၍ တရားစီရင်မည် ဖြစ်သည်။ ဘုရားသခင်သည် ဒါဝိဒ်ကို ချစ်သော်လည်း မတရားသော မေထုန်ပြုသောအခါ တရားမစီရင်ဘဲ မနေချေ (၂ရာ ၁၂)။ 

၅။ သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကို တပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ ရှိသော ဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကို မစွန့်၊ သင့်ကို အလျှင်း ပစ်၍ မထားဟု ဂတိတော် ရှိ၏။ 

ဘုရားသခင်သည် ငွေတပ်မက်ခြင်းကို မနှစ်သက်ချေ။ ပေါလုက၊ “ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှု အပေါင်းတို့တွင် မူလအမြစ် ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်း တရားလမ်းမှလွှဲ သွား၍၊ ပူပန်ခြင်း ဝေဒနာ များနှင့် ကိုယ်ကိုကိုယ် ထုတ်ခြင်း ခပ်အောင် ထိုးကြပြီ။” (၁ တိ ၆:၁၀)ဟု ရေးခဲ့သည်။ လူသည် အလိုအလျောက်ငွေကို နှစ်သက်အားကိုး ကြသည်။ အဘယ်ကြောင့် ဆိုသော်ငွေရှိလျှင် ဘာမဆိုတတ်နိုင်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။ ငွေသည် သုံးတတ်လျှင် ​ကျွန် ဖြစ်သည်။ ဘယ်အရာမဆိုငွေအားဖြင့် လုပ်နိုင်သည်။ သို့သော် မသုံးတတ်လျှင် ငွေ၏ ​ကျွန် ဖြစ်သွားနိုင်သည်။ ငွေ၏ ​ကျွန်ဆိုသည်မှာ ငွေရဘို့ အတွက်ဆိုလျှင် ဘာမဆိုလုပ်မည်၊ ကိုယ်ခန္ဓာပင်ပန်းခြင်း ကိုလည်း ဂရုမစိုက်နိုင်အလုပ် လုပ်လိုလာသည်သား မယားကိုလည်း မကြည့်ရှုနိုင်၊ ငွေရမည်ဆိုလျှင် အိပ်ရေးပျက်၊ အစာငတ်ခံနိုင်သည်။ ထိုသို့ဖြစ်လျှင် သင်သည် ငွေ၏ ​ကျွန် ဖြစ်သည်ကို သိပါ။ 

 “ကိုယ်၌ ရှိသော ဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။” လူ၏ အလိုဆန္ဒသည် အံ့ဩဘွယ် ဖြစ်သည်။ ကိုယ်၌ ရှိသောအရာ နှင့် မရောင့်ရဲနိင်ကြချေ။ ထိုအရာလည်း ဘေးနားမှာရှိသော လူများ၏ ယပိုင်ဆိုင်မှု ှုကိုအား ကျသောကြောင့် ဖြစ်သည်။ ဤလော ကပစ္စည်းများသည် မရှိလျှင်လည်း ဖြစ်သော်လည်း အခြားလူများ ကရှိလာလျှင် မရမက အား ကျ၍ လိုချင် တတ်ကြသည်။ အောင်မြင် သောသူ ဝမ်းမြောက်သောသူသည် တင်းတိမ်ရောင့်ရဲသောသူ ဖြစ်သည်။ ရှင်ပေါလုက၊ “ငါတို့သည် ဤလောက ထဲသို့ အဘယ်အရာမျှ မပါဘဲ လာသည် ဖြစ်၍ ထွက်သွားလျှင် လည်း၊ အဘယ်အရာကိုမျှ 
ယူ၍ မသွားနိုင်ဟု ထင်ရှားလျှက်ရှိ၏။ ၈သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျှက် နေကြကုန်အံ့။” (၁ တိ ၆:ရ- ၈) ဟုဆိုခဲ့သည်။ 

 “ငါသည် သင့်ကို မစွန့်၊ သင့်ကို အလျှင်း ပစ်၍ မထားဟု ဂတိတော် ရှိ၏။” ဤကျမ်းပိုဒ်သည်   “သင်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင် ကြွ၍ သင်နှင့် ရှိတော်မူ လိမ့်မည်။ သင့်ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ် နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသား အပေါင်းတို့ ရှေ့မှာ ပြောဆို၏။” ( တရားဟော ၃၁:၈) “သင့် အသက် တည်သည် ကာလ ပတ်လုံးသင့်ရှေ့မှာ အဘယ်သူမျှ မခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကို ပစ်၍ မထား။” (ယောရှု ၁:၅)ကို ကိုးကားခြင်း ဖြစ်သည်။ ဤကတိတော်သည် ယုံကြည်သူတိုင်း အသုံးပြုရမည့် အရာ ဖြစ်သည်။  

၆။ ထိုကြောင့် ထာဝရဘုရားသည် ငါ့ကို မစတော်မူသည် ဖြစ်၍၊ လူသည် ငါ၌ ပြုနိုင်သ မျှကို မကြောက်ဟု၊ ငါတို့သည် ရဲရင့်သော စိတ်နှင့် ပြောဆို ရသော အခွင့်ရှိကြ၏။ 

ဆာလံဆရာက၊ “ထာဝရဘုရားသည် ငါ့ဘက်၌ ရှိတော်မူသည် ဖြစ်၍ ကြောက်စရာ မရှိ၊၊ လူသည် ငါ၌ အဘယ်သို့ပြုနိုင်သနည်း၊ ” (ဆာ ၁၁၈:၆)ဟု ရေးခဲ့သည်။ ထာဝရဘုရားသည် အရာခပ်သိမ်းထက်ကြီး မြတ်၍ တန်ခိုးကြီး သောကြောင့်၊ သူ့ကို အမှီပြုလျှင် ဘာမျှကြောက်စရာ မရှိတော့ချေ။ သို့သော် ထာဝရဘုရားရှိကြောင်းကို သတိမထားကြသောကြောင့် အလိုလိုကြောက် လာတတ်ကြသည်။ ယခုမှစ၍ ထာဝ ရဘုရားကို ခိုလှုံကြပါစို့။ 

၇။ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကို အုပ်သော သူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ ယုံကြည်ခြင်းကို မှီအောင် လိုက်ကြလော့။ 

ယုံကြည်သူများ၊ အသင်းသား များသည် သူတို့၏ သင်းအုပ်များ၊ ဝိညာဉ်ရေးရာ ဦးဆောင်လမ်းပြ သူများကို သတိရအောက်မေ့ဘို့ နိုးဆော်ထားသည်။ မည်ကဲ့သို့ အောက်မေ့ရမည်နည်း။ သူတို့၏ ကျင့်ကြံပြုမူစေုတေ့သည့်များကို ဆင်ခြင်ရမည်။ သူတို့၏ ယုံကြည်ခြင်းကို မှီအောင် လိုက်ရမည်။ ဦးဆောင်သူနှင့် အသင်းသားများယုံကြည်ခြင်း၌ မမှီလျှင် ပြသနာများ၍ နောက်ဆုံး၌ မလိုလားအပ်ဘဲ သင်းကွဲခြင်း၊ အစဉ်သဖြင့် ဆန့်ကျင်ခြင်းများရှိနိင်သည်။  

၈။ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။ 

လူသည် နှစ်ပေါင်းကြာ လာသောအခါ၊ အို လာသောအခါ၊ နေရာပြောင်း လဲ လာသောအခါ၊ အ​ခြေအနေပြောင်လဲ လာသောအခါ နဂုိအတိုင်း မဟုတ်တော့ဘဲ လုံးဝ ခြားနားတတ်သည်။ ယခင်ကကဲ့သို့ အာဏာမရှိ၊ မတတ်စွမ်းနိုင်၊ စိတ်ပြောင်း လဲသွားနိုင်သည်။ သို့သော လွန်ခဲ့သော အနှစ်နှစ်ထောင်နီးပါက တန်ခိုးပြခဲ့သော ယေရှု၊ ကယ်တင်ရှင်ယေရှုသည် ယနေ့ တိုင်အောင် အားကိုး၍ ရသည်။ မပြောင်းမ လဲတည်ရှိသည်။ ထိုအရာကသူသည် သာမန်ရိုးရိုးလူ မဟုတ်ဘဲ၊ ဘုရား ဖြစ်ကြောင်းကို ထင်ရှားစေသောအရာ ဖြစ်သည်။ 

၉။ အထူးထူး အပြားပြားသော အယူဝါဒသစ်ကို လိုက်၍ မဖောက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခံ့မြဲ+မံခြင်း မရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲ+မံလျှင် အကျိုးရှိ၏။ အစာများကို အမှု ထားသော သူတို့သည် အကျိုးကို ရကြပြီ မဟုတ်။ 

ဤစာရေးသော အချိန်၌ အယူဝါဒမျိုးစုံရှိခဲ့ပြီ။ ယခုနောက်ဆုံးသော ကာလ၌ ပို၍ အလွန် များသည်။ ထို့ကြောင့် အယူဝါဒသစ်၌ မဖေါက်ပြန်ဘို့ အရေးကြီးသည်။ ဘုရား၏ အလိုတော်ကို ရိုးရိုးသိလိုလျှင်၊ ကျမ်းစာကို အားကိုး၍ တန်ဘိုး ထားလျှင်၊ ကျမ်းစာကို စေ့စေ့လေ့လာလျှင် အယူဝါဒဖေါက်ပြန်စရာ မရှိပါ။ ဝတ်ပြုရာကျမ်း၁၁၌ ဘုရားသခင်က သန့်ရှင်းသော အသားနှင့် မသန့်ရှင်းသော အသားများအကြောင်းကို ဖေါ်ပြထားသည်။ ထိုအသားများစားခြင်း မစားခြင်းသည် ကိုယ်ခန္ဓာအတွက် အကျိုးရှိသော်လည်း၊ စိတ်ဝိညာဉ် အတွက် မကျိုးမရှိချေ။ ကျေးဇူးတော်အားဖြင့်သာလျှင် အကျိုးရှိစေသည်။ 

၁၀။ တဲတော်၌ ဝတ်ပြုသော သူတို့ စားရသော အခွင့်မရှိသော ယဇ်ပလ္လင်သည် ငါတို့၌ ရှိ၏။ 

“တဲတော်၌ ဝတ်ပြုသော သူတို့” သူတို့သည် ဓမ္မဟောင်းခေတ်၌ ပူဇော်သောသူများ ဖြစ်သည်။ “စားရသော အခွင့်မရှိသော ယဇ်ပလ္လင်သည် ငါတို့၌ ရှိ၏” ဓမ္မဟောင်းခေတ်ပူဇော်သောသူများက၊ ခရစ်တော်၏ ယဇ်ပူဇော်ခြင်းကို မသိ၊ နားမ လည်ကြချေ။ “ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကို မစား၊ အသွေးကို မသောက်လျှင် သင်တို့၌ အသက် မရှိ။ ငါ၏ အသားကို စား၍ ငါ၏ အသွေးကိုလည်း သောက်သောသူသည် ထာဝရ အသက်ကို ရ၏။ ထိုသူကို နောက်ဆုံးသော နေ့၌ ငါထမြောက် စေမည်။ ငါ၏ အသားသည် စားစရာ ကောင်း၏။ ငါ၏ အသွေးလည်း သောက်စရာ ကောင်း၏။ ငါ၏ အသား အသွေးကို သောက်စားသောသူသည် ငါ၌ တည်၏။ ထိုသူ၌လည်း ငါတည်၏။” (ယော ၆:၅၃-၅၆) ဟုဆိုသော်လည်း တဲတော်၌ ဝတ်ပြုသောသူ တည်းဟူသော ယုဒလူများက နားမလည် နိုင်ချေ။ ဤနေရာ၌ ခရစ်တော်က သူ့ကို ဝိညာဉ်အားဖြင့် စားရမည့် အကြောင်းကို ပြောခြင်း ဖြစ်သည် (ယော ၆:၆၃)။ ခရစ်တော်ကို ယုံကြည် လက်ခံသောသူများသည် ခရစ်တော်ကို ဝိညာဉ်အားဖြင့် စားသောသူများ ဖြစ်သည်။  

၁၁။ အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ် ​ဖြေသော ယဇ်ကောင်၏ အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။ 

အထက် ဖေါ်ပြပါ ယဇ်ပူဇော်ခြင်းသည် ဝတ်ပြုရာ ၄၌ ဖေါ်ပြသော အပြစ် ​ဖြေ ရာယဇ်ကို ဆိုလိုခြင်း ဖြစ်သည်။ ထိုကျမ်း၌၊ “နွား၏ ခေါင်း၊ ​ခြေထောက်၊ အအူ၊ ချေးနုနှင့် တကွအရေ၊ အသား၊ ရှိသမျှ တည်းဟူသော၊ နွားတကောင်လုံးကိုးရာရှင်းလင်းသော အရပ်သို့ ယူ သွား၍ ထင်း အပေါ်၌ မီးရှို့ရမည်။ ပြာသွန်၍ ထားရာအရပ်၌ မီးရှို့ရမည်။” (ဝတ် ၄:၁၀-၁၂) 

၁၂။ ထိုသို့နှင့် အညီ၊ ယေရှုသည် မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှါ၊ မြို့ တံခါးပြင်၌ အသေခံတော်မူ၏။ 

ယေရှုသည် ပုံဆောင်ခြင်း များစွာကို ပြည့်စုံ စေခဲ့သည်။ ယခုအပြစ် ​ဖြေရာယဇ် ပူဇော်ခြင်းကို ဟေဗြဲရေးသောသူက ဖေါ်ပြနေခြင်း ဖြစ်သည်။ ယေရှု အသေခံတော်မူသော ဦးခေါင်းခွံအရပ်သည် ယေရုရှလင်မြို့အပြင်ဖက်၌ ရှိသည်။ “ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကို ထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သော အရပ်သို့ ထွက်တော်မူ၏။ ထိုအရပ်ကား ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။” (ယော ၁၉:၁ရ) 

၁၃။ သို့ဖြစ်၍၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကို ခံ၍၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြကုန်အံ့။ 

သခင်ယေရှုသည် မြို့ပြင်၌ ကဲ့ရဲ့ခြင်းကို ခံလျက် အသေခံသည့်နည်းတူ၊ သူ့ကို ယုံကြည်သူများလည်း မြို့တွင်း တည်းဟူသော အဆင်ပြေသည့်နေရာ၊ ချီးမွမ်းခြင်း ခံရာအသိုင်းအဝိုင်းထဲမှ ထွက်၍ ကဲ့ရဲ့ခြင်း ခံရာ၊ ဘုရား၏ အလိုတော် ရှိရာသို့ ထွက်သွားဘို့ တိုက်တွန်းခြင်း ဖြစ်သည်။ လူအများစုသည် သမ္မာတရားကို သိသော်လည်း၊ ဘုရား ပေးသော ဘုန်းထက် လူပေးသော ဘုန်းကို ကြိုက်နှစ်သက်သောကြောင့် (ယော ၅:၄၄) အသိုင်းအဝိုင်း၊ အမျိုး၊ အသင်းတော်ကို မစွန့်ရဲ့ကြချေ။ မျက်စိကန်းဘူးသောသူသည် ယေရှုကို ထောက်ခံသောကြောင့် တရားစရပ်မှ နှင်ထုတ်ခြင်း ခံခဲ့ရသည် (ယော ၉:၃၄)။ ထိုသို့ နှင်ထုတ် လိုက်သောအခါ သခင်ယေရှုနှင့် ပြန်တွေ့ရသည်။ သင်လည်း သခင်ယေရှု မရှိသော အသင်းတော်၊ အသိုင်းအဝိုင်းမှ ထွက်ပါ။ သို့မှသာ သခင်ယေရှုနှင့် ပြန်တွေ့ရမည် ဖြစ်သည်။  

၁၄။ အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သော မြို့မရှိ။ နောက် ဖြစ်လတံ့သော မြို့ကို ရှာကြ၏။ 

ယုံကြည်သူများထာဝရ နေရမည့် မြို့သည် ပျက်စီးမည့် ဤလောက၌ မရှိချေ။ ထာဝရ တည်တန့်သော ယေရုရှလင်မြို့၌ နေရကြမည် ဖြစ်သည်။ ထိုမြို့ကို ရှာကြသော် လည်း၊ ဤလောကကိုသာ ပြန်စွဲလန်းသောသူ များစွာ ရှိသည်။ 

၁၅။ ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီး တည်းဟူသော ချီးမွမ်းခြင်း ယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။ 

နှုတ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းခြင်းသည် အလွယ်ကူဆုံး၊ အကုန်အကျမရှိသောအရာ ဖြစ်သည်။ ဘုရားသခင်သည် ယုံကြည်သူ သားသမီး များ၏ ချီးမွမ်းခြင်းကို တန်ဘိုး ထားနှစ်သက်သည်။ ချီမွမ်းခြင်းသည် နှုတ်ခမ်းအသီး ဟုဆိုသည်။ ထိုအရာပင်လျှင် မလုပ်ချင်ပါက မည်ကဲ့သို့သော ယုံကြည်သူ ဖြစ်မည်နည်း။ ယ ခုမှစ၍ ရက်ရောစွာ ချီးမွမ်းကြကုန်အံ့။  

၁၆။ ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်း အမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သော ယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။ 

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သူတပါးလိုအပ်သောသူများကို ဥစ္စာ ဝေမျှနိင်သော အ​ခြေအနေ၌ ထားသောကြောင့် ရက်ရောစွာ ဝေမျှကြပါစို့။ လူူသည် အဆင်ပြေသောအခါ သူတပါး ခက်ခဲခြင်းကို မေ့လျော့ တတ်သည်။ ဝေမျှခြင်းသည် ဘုရား၏ အလိုတော် ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်သည် ပေးဝေသောသူ ဖြစ်သည်။ 
 
၁၇။ သင်တို့ကို အုပ်သော သူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက် နေကြလော့။ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှါ စောင့် နေကြ၏။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်း မရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက် နေကြလော့။ 

လူ၌ အလွယ်ဆုံးနှင့် အခက်ဆုံးအရာသည် နားထောင်ခြင်း ဖြစ်သည်။ အာဒံသည် ဘုရား စကား နားမထောင်၊ စာတန် စကားကို နားထောင်ကြောင့် အပြစ်သား ဖြစ်ရသည်။ ခရစ်တော်သည် ဘုရား စကား နားထောင်ခြင်းကြောင့် လူတိုင်း ​ဖြောင့် မတ်သော အခွင့်ကို ရရှိစေနိုင်သည် (ရော ၅:၁၉)။ နားမထောင်ခြင်းသည် စိတ်မနှိမ့်ချ သောကြောင့် ဖြစ်သည်။ မတတ်နိုင်သော အချိန်တွင် စိတ်နှိမ့်ချဘို့ လွယ်သော်လည်း၊ တတ်နိင်သော အချိန်တွင် စိတ်နှိမ့်ချခြင်းသည် အလွန် ခက်သည်။ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင် စကားကို နားထောင်၍ စိတ်နှိမ့်ချဘို့ လိုအပ်သည်။ ဝိညာဉ်ပိုင်း ဦးဆောင် သူများသည် ယုံကြည်သူများ၏ အကျိုးကို စောင့် နေကြသောသူများများဖြစ်သည်။ ထို့ကြောင့် သူတို့၏ ဦးဆောင်မှုကို နာခံသင့်သည်။ ခေါင်းဆောင် အတုများသည် အသင်းသား များ၏ အကျိုးကို ဂရုမစိုက်သော်လည်း၊ အစစ်များမူ အသင်းသားများဝမ်း နည်းခြင်း မရှိ၊ ဝမ်းမြောက် စေဘို့ရန် အစဉ်သတိပြုကြသည်ကို သိသင့်သည်။  
 
၁၈။ ငါတို့အဘို့ ဆုတောင်း ကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ် သိသော စိတ်ကြည် လင်လျက်၊ အရာရာတို့၌ ကောင်းမွန်စွာ ကျင့်နေခြင်းငှါ အလိုရှိသောသူ ဖြစ်သည်ဟု စိတ်စွဲလန်းခြင်းရှိကြ၏။ ၁၉။ ငါသည် သင်တို့ ရှိရာသို့ အလျှင်အမြန် ပြန်ရသော အခွင့် ရှိစေခြင်းငှါ၊ ငါတို့အဘို့ ဆုတောင်း မည်အကြောင်း ငါသည် သာ၍ နိုးဆော်တောင်းပန်၏။ 

 “ငါတို့အဘ ို့ ဆုတောင်း ကြလော့” ယုံကြည်သူများသည် အချင်းချင်းဆု တောင်းပေးဘို့ လိုအပ်သည်။ ဝိညာဉ်ရေးရာ၌ ကြိီးရင့်သောသူများ ကသာ ဆုတောင်း ပေးဘို့ မဟုတ်၊ ငယ်ရွယ်သောသူများကလည်း ဆုတောင်း ပေးဘို့ လိုသည်။ ဆုတောင်းရမည့် အချက်မှာ စာရေသူသည် ယုံကြည်သူများထံ အမြန် ပြန်လာနိုင်သော အခွင့် ရှိဘို့ ဆုတောင်း ခိုင်း ဖြစ်သည်။ ယခုမှစ၍ ဆရာများထံ ဆုတောင်း ခံခြင်းသာမက၊ ဆရာများအတွက် ဆုတောင်း ပေးကြပါစို့။ 

၂၀။ ထာဝရ ပဋ္ဋိညာဉ်တရား၏ အသွေးတော် အားဖြင့်၊ သိုးများကို ထိန်းသော သိုး ထိန်းကြီး ဖြစ်သော ငါတို့ သခင်ယေရှုကို သေခြင်းမှ နှုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏ အရှင် ဘုရားသခင်သည်၊ ၂၁။ မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ် အားဖြင့်၊ သင်တို့၌ ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသော အကျင့် အမျိုးမျိုး၌ သင်တို့ကို ပြုပြင်တော်မူပါစေသော။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူ စေသတည်း။ အာမင်။ 

“ထာဝရ ပဋ္ဋိညာဉ်တရား၏ အသွေးတော် အားဖြင့်၊ ” ခရစ်တော်က၊ “ဤ ခွက်ကား ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများတို့၏ အပြစ်ကို လွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေး ဖြစ်၏။” (မ ၂၆:၂၈) ဟုဆိုခဲ့သည်။ ခရစ်တော်အားဖြင့် ပြုသော ပဋ္ဋိညာဉ်သည် ထာဝရ တည်တန့််မည် ဖြစ်သည်။ 

“သိုးများကို ထိန်းသော သိုးထိန်းကြီး ဖြစ်သော ငါတို့ သခင်ယေရှု” သခင်ယေရှုက၊ “ငါသည် ကောင်းသော သိုးထိန်းလည်း ဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့ အလိုငှါ၊ မိမိအသက်ကို စွန့်တတ်၏။” (ယော ၁၀:၁၁) ဟုဆိုခဲ့သည်။ သခင်ယေရှုသည် ရိုးရိုးသိုးထိန်း မဟုတ်၊ ကောင်းသော သိုးထိန်း ဖြစ်သည်။ ကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့ မိမိအသက်ကို စွန့်တတ်သည်။ ဒါဝိဒ်လည်း ကောင်းသော သိုးထိန်း ဖြစ်သည်။ အကြောင်းမှာ သိုးတို့ကို ကိုက်စားမည့် ခြင်္သေ့နှင့် ဝံကို သတ်ခဲ့သည် (၁ရာ ၁ရး၃၄-၃၆)။ ကောင်းသော သိုးထိန်း (သင်းအုပ်) များသည် သိုး တည်းဟူသော အသင်းသားများအတွက် အနစ်နာခံနိုင်သည်။ 

 “သခင်ယေရှုကို သေခြင်းမှ နှုတ်ဆောင်တော်မူသော၊ ” သခင်ယေရှုကို သေခြင်းမှ နှုတ်ဆောင်တော်မူသောသူသည်၊ ခမည်းတော်ဘုရား ပင် ဖြစ်သည် (ရော ၆:၄)။ 

“ငြိမ်သက်ခြင်း၏ အရှင် ဘုရားသခင်သည်၊ ” ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် ခ မည်းတော်နှင့် သခင်ယေရှု ဖြစ်သည်။ သခင်ယေရှုက၊ “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း မရှိစေနှင့်။” (ယော ၁၄:၂ရ) ဟုဆိုခဲ့သည်။ ထို့ကြောင့် ငြိမ်သက်လိုလျှင် ဘုရားသခင်၏ အုပ်စိုးခြင်းကို ဝန်ခံရမည်။ 

“မိမိ နှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ် အားဖြင့်၊ သင်တို့၌ ပြုတော်မူ၍၊ ” ဘုရားသခင်သည် သူနှစ်သက်သောအရာကို ယေရှုခရစ်အားဖြင့် ​ကျွန်ပ်တို့ အပေါ် ပြုလုပ် ချင်သည်။ ထိုအရာကို ကိုယ်ကခွင့်ပေးဘို့ ဖြစ်သည်။ 

“သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသော အကျင့် အမျိုးမျိုး၌ သင်တို့ကို ပြုပြင်တော်မူပါစေသော” ဘုရား အလိုတော်အတိုင်း လိုက်၍ ကောင်းသော အကျင့် အမျိုးမျိုး ပြုလုပ် ဘို့ရန်၊ လူအားဖြင့် မဖြစ်ပါ၊ ဘုရားကသာ ပြုလုပ်နိုင်သည်။ 
 
၂၂။ ညီအစ်ကိုတို့၊ ငါသည် အကျဉ်းအားဖြင့် ရေးထား၍ ကြားလိုက်သော ဤ ဆုံးမခြင်း ဩဝါဒစကား ကိုသည်း ခံမည်အကြောင်း၊ ငါသည် သင်တို့ကို နိုးဆော်တောင်းပန်၏။ ၂၃။ ငါတို့ ညီတိမောသေကို အခြားသို့ လွှတ်လိုက်သည် အရာကို သိမှတ်ကြလော့။ သူသည် မကြာမမြင့်မှီရောက်လျှင်၊ ငါသည် သူနှင့်အတူ လာ၍ သင်တို့ကို တွေ့မြင် လိမ့်မည်။ 

ဤဟေဗြဲစာရေးသောသူသည် မည်သူ ဖြစ်မှန်း မထင်ရှားပါ။ အငယ် ၂၃၌ တိမောသေနာနှင့်အတူ လာမည်ဟု ရေးထားသောကြောင့် ပေါလု ဖြစ်မည်ဟုယူ ဆရသည်။ စာရေးသူကဟေဗြဲစာကို ရေးခြင်းသည် ဆုံးမခြင်း ဩဝါဒစကား ဖြစ်သည် ဟုဆိုသည်။ အထူးသဖြင့်၊ “ထိုမေလခိဇေဒက်၏ အကြောင်းကို ငါတို့ ပြောစရာ စကား အများရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြော ခက်လှ၏။ သင်တို့သည် ကာလ ကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော် လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသော တရားနုတို့ကို သူတပါး ထံ၌ တဖန် သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ​ကြေခဲသော အစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူ ဖြစ်ကြ၏။” (ဟေ ၅:၁၁-၁၂)ဟု အပြစ်တင်ခဲ့သည်။ 

၂၄၊၊ သင်တို့ကို အုပ်သောသူ အပေါင်းတို့ကို၎င်း၊ သန့်ရှင်းသူ အပေါင်းတို့ကို၎င်း၊ နှုတ် ဆက်ကြလော့။ ဣတလိပြည် သူပြည်သားတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ ၂၅။ သင်တို့ အပေါင်း၌ ကျေးဇူးတော် ရှိစေသတည်း။ အာမင်။ 

စာရေးသူသည် ဣတလိပြည် မှာရှိကြောင်း ထင်ရှားသည်။ စာရေးသူသည် အခြားသော ယုံကြည်သူများ၏ နှုတ်ဆက်ခြင်း ကိုလည်း ရေးသား ထားသည်။ ယုံကြည်သူများသည် သွေးသား မတော် စပ်လျှင် လည်း၊ ဘုရား၏ သားသမီး များဖြစ်ကြ သောကြောင့် တယောက်နှင့် တယောက် ချစ်ကြ၊ ခင်ကြ၊ ဂရုစိုက် ကြသည်။  

 

အသင်းတော် သစ်ဖွင့်ပွဲ


 ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဦးဆောင်မှုကြောင့်Kentucky ပြည်နယ် Bowling Green မြို့၌ သတင်းကောင်း နှစ်ခြင်း အသင်းတော်ကို ဒီဇဘ်ာ လ ၁၈ ရက်တနင်္နွေနေ့၌ စတင်ဘို့ ရှိပါသည်။ ထိုမြို့ရှိကယားလူမျိုးများ ထံ၌ ကယ်တင်ခြင်း သတင်းကောင်းကို သတင်းကောင်း နှစ်ခြင်း အမှုတော်ဆောင်များက ၂၀၁၅ ခု နှစ်မှစ၍ ဝေငှခဲ့ရာ ယခုအခါ ကယ်တင်ခြင်းသို့ ရောက် သူများက အသင်းတော် အဖြစ် ရပ်တည်ဘို့ လိုလားခြင်း ဖြစ်သည်။ အသင်းသား၈၀ ကျော်ဖြင့် စတင်မည် ဖြစ်သည်။ ဘုရားရှိခိုးမည့်အဆောက်အဦးရရှိဘို့ရန် ဆု တောင်းပေးစေလို ပါသည်။ 

 

အမှုတော်ဆောင်သင်တန်း


 ဘုရားသခင်က ၂၀၁ရသို့ ကူးမြောက်သော အခွင့်ပေးလျှင်၊ တလတာအ မှုတော် ဆောင်သင်တန်းကို ဩဂုတ်လ၌ ပြုလုပ်ဘို့ ရည်ရွယ်ထားပါသည်။ အမှန်တ ကယ်ယုံကြည်ခြင်းဖြင့် အမှုတော်ဆောင်လို သူများ ပါဝင်နိုင်ကြောင်း သတင်းကောင်း ပါးလိုပါသည်။ အမှုတော်ဆောင်ရာတွင် အမှန်တကယ် ပျောက်ဆုံးဝိညာဉ် များဖမ်းခြင်းနှင့် ပြုစုပျိုးထောင်ခြင်း ပြုလုပ် လို သူများသာလျှင် အောင်မြင်မည် ဖြစ်သည်။ လော ကအလုပ်မလုပ်လိုသောကြောင့် ဖြစ်စေ၊ တခုခု မျှော်လင့်ချက်ဖြင့် အမှုတော်ဆောင်ပါက အောင်မြင်မှာ မဟုတ်သောကြောင့် အစကနေမပါဝင်လျှင် ပို၍ ကောင်းသည်။ ထို့ကြောင့် ခက်ခဲသည် ဖြစ်စေ၊ ယုံကြည်ခြင်း၊ နာခံခြင်းရှိသောသူများသာလျှင် တက် ရောက်ကြပါရန်မေတ္တာရပ်ခံလိုပါသည်။  


 
အမှုတော်ဆောင်ရန်


 ဘုရားသခင်က လူတိုင်း သူ၏ သက်သေခံ ဖြစ်စေချင်သော်လည်း၊ လူတိုင်း နှုတ်အားဖြင့် မပြောနိုင်ကြပါ။ လူတိုင်း ကယ်တင်ခြင်းသို့ ရောက်၍ ဝိညာဉ်ရေးရာ၌ ကြီးထွားရင့်ကျက်နိုင်ရန် နည်းမျိုးစုံဖြင့် ပါဝင်နိုင်သည်။ ယခုအခါ သတင်းကောင်း နှစ်ခြင်း အသင်းတော် မှဆရာ၊ ဆရာမများနှင့် ယုံကြည်သူ အချို့တို့သည် ပျောက်ဆုံးဝိညာဉ် များဖမ်းလျက် အသက်တာကြီး ထွားရန် သက်သေခံခြင်း၊ သင်တန်းပေးခြင်း၊ ပြုစုပျိုးထောင်ခြင်းများပြုလုပ်လျက် ရှိပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၁၆ ခုနှစ်အတွင်း အသင်းတော် ၅ ပါးစတင်နိုင်ခဲ့ပါသည်။ သို့သော် သင်တန်းပေး၊ ဝတ်ပြုမည့် နေရာများ အဆင် မပြေမှုများရှိနေပါသည်။ ထို့အပြင် အမှုဆောင်လုပ်ငန်း၌၊ ကား၊ စရိတ်များ လိုအပ်ပါသည်။ ထိုအရာများကို ယုံကြည်သူ တိုင်းက အနည်းအများပါဝင်ပါက ယခုထက် ပို၍ အမှုတော် မြတ်လုပ်ငန်းသည်အောင် နိုင်စရာ အကြောင်းရှိသည်။ ထို့ကြောင့် ဘုရားသခင်က စိတ်တို့ ထိ၍ ပါဝင်လိုသောသူများရှိပါက ဆရာ မောဇက်ထံတွင် ဆက်သွယ်၍ ပါဝင်နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။ တ လလျှင် ဒေါ်လာ ၁၀၊ ၂၅၊ ၅၀၊ ၁၀၀ဖြင့် ပါဝင်နိုင်သလို၊ တနှစ်တခါ ဒေါ်လာ ၅၀၀၊ ၁၀၀၀၊ ၃၀၀၀ စသည် ဖြင့်လည်း ပါဝင်နိုင်သည်။ ဘုရားသခင်ထံမှ ကောင်းကြီးများကို သူ၏ နိင်ငံတော် အတွက် ပါဝင်ခြင်းသည် အလွန် အကျိုးကြီး လှသည်။ ကောင်းကင်နိင်ငံ၌ ဘဏ္ဍာစုခြင်းလည်း ဖြစ်သည်။ 

ဆရာမောဇက်ဆက်သွယ်ရန်ဖုန်း၂၄၀-၃၆၇-၅၃၆၆၊ 
Email-mosescung1@gmail.com. 


ပါဝင်သော အလှူငွေများကို GBC နာမည်ဖြင့် ပေးပို့နိုင်ပါသည်။ ထိုအလှူ ငွေများကို Tax Return ၌ အသုံးပြုနိုင်ပါသည်။ 

ခရီးစဉ်


ဆရာမောဇက်နှင့် ဇနီးဟန္နတို့သည် ဇန္နဝါရီလ ၃ ရက်နေ့တွင် မြန်မာနိင်ငံသို့ ခရီး ထွက်မည် ဖြစ်ပါသည်။ ရန်ကုန်မြို့၊ မြစ်ကြီး နားမြို့၊ ကလေးမြို့နှင့် ချောင်းသာ အပန်း​ဖြေစခန်းတို့တွင် သင်တန်းများ ပေးဘို့ရန် ဖြစ်ပါသည်။ ဆုတောင်းခြင်းဖြင့် ပါဝင် ကူညီကြပါစို့။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG