GOODNEWS
  HOME  GOODNEWS  2017 DEC
 


 အမှာစာ
 ၂၀၁ရခုနှစ်ကုန်သည် အထိ အသက်ရှင်လှုပ်ရှားသွားလာခွင့်ပေးသော၊ အဘ ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းပါသည်။ နှစ်များသည် ဟောင်း၍ အသစ်ရောက် လာသော်လည်း လူသည် အသက် ပို၍ ကြီးလာ ကြသည်။ ခလေးများနှင့် မြီးကောင် ပေါက်အရွယ်တွင် အသက်ကြီးချင် ကြသော်လည်း၊ အသက်ကြီး လာသောအခါ ပြန်လည်နုပျိုလာချင် တတ်ကြသည်။ နှစ်သစ်နှင့် မွေးနေ့များကို အားရဝမ်းမြောက်စွာ ကြို ဆိုတတ်ကြသော်လည်း၊ ငရဲဆင်းမည့်သူများအတွက် မသိသောကြောင့် ဝမ်းမြောက်ခြင်း ဖြစ်သည်။ အမှန်မှာ ငရဲသွားမည့်သူများအနေဖြင့် တနှစ်ငရဲနှင့် နီးသောကြောင့် အလွန် ကြောက်လန့်မည့် အရာ ဖြစ်သည်။ ကောင်းကင် သွားမည့်သူများအနေဖြင့်မူ ဝမ်းမြောက်စရာ ဖြစ်သည်။ သင်သည် ကောင်းကင် သွားမည်ဟု စိတ်ချမှု ရှိပြီလား။ မရှိသေးလျှင် အမြန်ဆုံးရှိဘို့ စိတ်နှလုံးအ​ကျွင်းမဲ့ရှာစေချင်သည်။ 

၂၀၀၉ ခုနှစ်မှစ၍ ၉ နှစ်တိုင်တိုင်လတိုင်း ဤစာစောင်ကို ထုတ်ဝေနိုင်သောကြောင့် ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို အလွန် ချီးမွမ်းမိပါသည်။ ကွန် ပြူတာရှေ့တွင် နေ့တိုင်း ထိုင်၍ ၂၉ နှစ်စာရေးရသော်လည်း၊ မျက်စိမပျက်၊ လက်၊ ခါး မ​ညောင်းဘဲ ရေးနိုင်ခြင်းသည် ဘုရား၏ ခွန်အားဖြင့်သည်။ ထို့အပြင် ရေးစရာများကိုလည်း အစဉ်ပေးသောကြောင့် ဘုရားရှင်ကို ချီးမွမ်းပါသည်။ အမှုတော်ဆောင်သင် တန်းလည်း၂၀၁၃ ခုနှစ်မှစ၍ အကြိမ်ပေါင်း၃၀ မက ပြုလုပ် နိုင်ခြင်းသည် ဘုရား၏ လုပ်ဆောင်မှု ဖြစ်သည်။ အမှုတော်ဆောင်လည်း အယောက်ပေါင်း၂၀ ကျော်၊ အသင်းတော် ရပါးကိုလည်း ဘုရားသခင်က တည်ထောင်ပြုစုပေးပါသည်။ ဝိညာဉ် များစွာ ကိုလည်း ဘုရားသခင်က ကယ်တင်ခြင်းသို့ ရောက်စေသည်။ ဘုရားသခင်သည် ထာဝရ ချီးမွမ်းခြင်း၊ ဂုဏ်ပြုခြင်း ခံပါစေသော်။ 

ယေရုရှလင်မြို့ကို သမ္မတထမ်းကအစ္စရေးမြို့တော် အဖြစ် ယခုလ ၆ ရက်နေ့တွင် ကျေညာလိုက်ခြင်းသည် ခေတ်ကာလနှင့် ပတ်သက်ထူးခြားချက် ဖြစ်သည်။ အစ္စရေးများ အလွန် အားရကျေနပ်၍ အာရပ်နှင့် မူစလင်များ၊ လက်ဝဲယိမ်းနိင်ငံများ စိတ်ဆိုး ကြသည်။ သခင်ယေရှု ကြွလာမည်အချိန် နီးကြောင်း အချက်ပြ ဖြစ်သည်။ ကယ်လီဖိုးနီး ယားပြည်နယ်၌လည်း လွန်ခဲ့သော လနှင့် ယခုလတွင် မီးအကြီး အကျယ်လောင်ခြင်းသည် အချည်းအနှီးမ ဖြစ်နိုင်ပါ။ လုံးဝ မီးမသတ်နိုင်အောင် လေပြင်းတိုက်၍ တန်ဘိုး ကြီးသော အိမ်များလောင်ခြင်းသည် ဘုရားသခင်၏ လက်တော် ဖြစ်နိုင်သည်။ လောက ကြီးသည် မငြိမ်တော့ပါ။ အပေါ်ကြည့်မျှော်၍ သခင်ဘုရာကြွလာခြင်းကို မြော်လင့်ကြ ပါစို့။ 

ယခုလအတွက်...

  • ခရစ္စမတ်
  • မျှောင်လင့်ခြင်း 
  • ကျမ်းစာဖတ်ကြစို့ (ယော-၆) 
  • အမှုတော်ဆောင်သင်တန်း

 

ခရစ္စမတ်


 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၁ရ ခုနှစ်ခရစ္စမတ်သို့ ရောက်ရပြီ။ ခရစ္စမတ်ရောက်လေတိုင်း လူတိုင်း၌ ခံစားချက် တမျိုးစီရှိကြမည် ဖြစ်သည်။ ခရစ္စမတ်နှင့် နှစ်သစ်သည် ခရစ်တော်၏ မွေးနေ့ကို ဂုဏ်ပြုခြင်း၊ မွေးနေ့ပွဲ ဖြစ်သည်။ ခရစ်တော်၏ မွေးနေ့အမှန်ကို မသိရချေ။ ကျမ်းစာကလည်း မွေးနေ့ ကျင်းပဘို့ရန် မခိုင်းချေ။ သို့သော် ကမ္ဘာပေါ်၌ လူသိအများ ဆုံးနှင့် မွေးနေ့ပွဲ ကျင်းပသူအများ ဆုံး ဖြစ်သည်။ ခရစ်တော်၏ မွေးနေ့ဟု ကျင်းပသော်လည်း၊ များသောအားဖြင့် အလေးမထားကြချေ။ မိမိတို့ ပျော်ဘို့၊ စားသောက်ဘို့၊ လက်ဆောင်ပေးဘို့ များကိုသာလျှင် အလေးထား ကြသည်။ ခရစ်တော် ဤလောကသို့ အဘယ်ကြောင့် ကြွလာဘို့ လိုသနည်းဟူသောအရာကို ဖေါ်ပြလိုသည်။ 


ကမ္ဘာမတည်မှီခန့်ထားလို့

“ထို ခရစ်တော် ကား ဤကမ္ဘာမတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည် ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့ အဘို့၊ ဤ နောက်ဆုံးသော ကာလ၌ ထင်ရှားတော်မူပြီ။” (၁ ပေ ၁:၂၀) 

ကမ္ဘာပေါ်၌ လူသန်းပေါင်း များစွာ မွေးဘွားခဲ့သော်လည်း မည်သူမျှနာမည်နှင့် နေရာမှစ၍ မည်ကဲ့သို့ သောသူ ဖြစ်မည်ဟု ကြိုတင် ပြောထားသောသူမရှိပါ။ ကျမ်းစာထဲ၌ မမွေးဘွားမှီ နှစ်ပေါင်း များစွာ ကြိုတင် နာမည်နှင့် အတိအကျ ပြောထားသောသူသုံးယောက်ရှိသည်။ ထို သူတို့မှာ၊ ဣသရေလ တိုင်း ပြည်ကို သန့်ရှင်းရေးလုပ်မည် ယောရှိမင်း (၃ရာ ၁၃:၂)၊ ယေရုရှလင်မြို့၌ ဗိမာန်တော် ပြန်လည်တည်ဆောက်ခွင့် ပေးမည့် ပါးရှားဘုရင်ကုရုမင်း (ဟေရှာယ ၄၄:၂၈)၊ တကမ္ဘာလုံးကို ကယ်တင်၍ အုပ် ချုပ်မည့် ဘုရား သားတော် ယေရှုတို့ ဖြစ်သည် (ဟေရှာယ ရး၁၄၊ ၉:၆)။ ထိုသူများ အထဲ၌ ယေရှု သာလျှင် ကမ္ဘာမတည်မရှိမှီခန့်ထားသောသူ ဖြစ်သည်။ ထို့ကြောင့် ယေရှု လူ့ ဇာတိခံယူခြင်းသည် မဟာစီမံကိန်းကြီး ဖြစ်သည်။ သူ မွေးဘွားမည့် အကြောင်းနှင့် သူ၌ ဖြစ်ပျက်မည့် အရာများကို ကြိုတင် ဟောထား၍၊ အားလုံး ပြည့်စုံခြင်းအားဖြင့် သူသည် သာမန်လူ မဟုတ်ဘဲ၊ ဘုရား စင်စစ် ဖြစ်ကြောင်း ထင်ရှားသည်။ 

အပြစ်ရှိသော သူတို့ကို ကယ်တင်ဘို့ 

 “ယေရှုခရစ်သည် အပြစ်ရှိသော သူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ ကြွလာတော်မူသည် ဟူသော စကားသည် သစ္စာ စကား ဖြစ်၏။” (၁ တိ ၁:၁၅)။ “လော ကီသားတို့ကို အပြစ် စီရင်အံ့သောငှါ ငါလာသည် မဟုတ်၊ လောကီသားတို့ကို ကယ် တင်အံ့သောငှါ ငါလာ၏။” (ယော ၁၂:၄ရခ) မည်သူမဆို မွေးဘွား လာသောအခါ သူတပါးအပြစ်ကို ​ ဖြေရှင်း ပေးဘို့၊ အပြစ် ကြွေးဆပ်ပေးဘို့ရန် မမွေးကြပါ။ သို့သော် သခင်ယေရှု မူကား လူတိုင်း၏ အပြစ် ကြွေးဆပ်ဘို့ရန်၊ လူများကို အပြစ် ထဲမှ ကယ်တင်ဘို့ရန် မွေးဘွားသည်။ ထို့ကြောင့် သူအမည်ပင်လျှင်၊ “သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ် မှ ကယ်ချွတ်မည်သူ ဖြစ်သောကြောင့်၊ ယေရှု ဟူသော အမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန် ဆို၏။” (မ ၁:၂၁) ယေရှုသည် သင်၏ အပြစ်ကြောင့်အသေခံ ပြီ (၁ ကော ၁၅:၃)။ သူ့ကို ယုံကြည်လျှင် အပြစ် စီရင်ခြင်း မခံရ တော့ပါ (ယော ၃:၁၈)။ သင်ကို ထိုကဲ့သို့ အပြစ် ထဲမှ ကယ်တင်သူယေရှုကို ကျေးဇူးတင်၍ ယုံကြည် လက်ခံပါ။ 

လူများနှင့် နေဘို့ 

“ဗျာဒိတ်တော် အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီး ကညာသည် ပဋ္ဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် ဟုဆိုလိုသတည်း။” (မ ၁:၂၃)။ ဘုရားသခင်က လူကို သူနှင့် မိဿဟာယ ဖွဲ့ဘို့ ဖန်ဆင်းခဲ့သော်လည်း အပြစ်ကြောင့် ထိုအစီအစဉ်မ ဖြစ်နိုင် တော့ပါ။ ထို့ကြောင့် လူသည် ဘုရား မပါဘဲ စာတန် အုပ်စိုးသော ဤလောက အမှောင်ထဲ၌ နေခဲ့ရသည်။ သို့သော် ဘုရားသည် မေတ္တာမကုန်နိုင်သောကြောင့် လူ့ဇာတိခံယူကာအပြစ်ရှိသော လူသားများထဲ၌ နေထိုင်ဘို့ စီစဉ်သည်။ ထိုအရာကို ပြည့်စုံဘို့ ခရစ်တော်သည် လူ့ဇာတိ ခံယူ၍ ဧမာနွေလဟု နာမည်ပေးမည့် အရာကို ပရောဖက် ဟေရှာယက နှစ်ပေါင်းရဝ ၀ ကျော် ကြိုတင်၍ ဟောခဲ့သည် (ဟေရှာယ ရး၁၄)။ သူသည် ယနေ့ ဝိညာဉ်တော်အားဖြင့် လူတိုင်းနှင့် နေချင်သည်။ သင်နှင့်အတူ ဘုရားသခင်အတူ နေပါသလား။ မနေလျှင် သင်သည် စာတန် လက်ထဲ၊ မှောင်မိုက်ထဲမှာ စိုးရိမ်စရာ အန္တရာယ် ရှိကြောင်း သတိပေး လိုပါသည်။ ခရစ်တော်ကို အသက်တာ၌ အမြန် လက်ခံပါ။ 
 
လူနှင့် ဘုရားရန်ငြိမ်းစေဘို့ရန် 

“ရန်သူ ဖြစ်လျက် ပင် ဘုရားသခင်၏ သားတော် အသေခံတော်မူခြင်း အားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည် မှန်လျှင်၊ မိဿဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟု သာ၍ မျှော်လင့်စရာ ရှိ၏။” (ရော ၅:၁၀) “ဘုရားသခင်သည် ခရစ်တော် အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။” (၂ ကော ၅:၁၉) 

လူသည် ဘုရား၏ ရန်သူ စာတန်ကို ထောက်ခံကာ၊ သူ၏ စကား နားထောင် သောကြောင့် ဘုရား၏ ရန်သူ ဖြစ်သွားသည်။ ထို့ကြောင့် လူသည် ဘုရားနှင့် ပတ်သက် လာလျှင် လုံးဝ မလိုချင်၊ ရန်တွေ့ချင်သည်။ သို့သော် ဘုရားသခင် ဘက်မှ သားတော်ကို ဤလောကသို့ စေလွှတ်ပြီး၊ အသေခံ စေခြင်းအားဖြင့် ရန်ငြိမ်းခြင်းကို ပြုလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ဘုရားနှင့် ရန်မ ဖြစ်တော့ဘဲ လူတိုင်းရန်ငြိမ်းဘို့ရန် လိုအပ်သည်။ ထိုအရာကို ဂရုမစိုက်ဘဲ ဘုရားနှင့် ရန်သူ ဖြစ်နေလျှင် ကောင်းကင်နိင်ငံသို့ ဝင်ခွင့်မရှိဘဲ၊ စာတန် သွားမည့် မီးအိုင် ထဲသို့ ဆင်းသွားရမည် ဖြစ်သည်။ ထို့ကြောင့် ယခုနှစ်ခရစ္စမတ် အချိန်၌ စာတန် သင်ပေးသော အပျော်အပါးအတွက် ပွဲမ ကျင်းပတော့ဘဲ ဘုရားနှင့် ရန် ငြိမ်းကြဘို့ရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။ 

လူလူချင်းရန်ငြိမ်းစေဘို့ရန် 

“ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်း အကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအ ထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရား တည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူ သဖြင့်၊ ပိုင်းခြားလျက် ရှိသော စပ်ကြားအုတ်တန် တိုင်း နံရံကို ဖြိုးဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေတော်မူ၏။” (ဧဖက် ၂:၁၄-၁၅) 

လူသည် ဘုရားနှင့်သာ မဟုတ်၊ လူမျိုးအချင်းချင်းကြား၌လည်းရန် ဖြစ်နေကြသည်။ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ၊ စကားများ မတူညီသောကြောင့် ရန်ငြိုးဖွဲ့ခြင်းကို ခရစ်တော်၏ ကိုယ်ခန္ဓာသေခံခြင်းဖြင့် ရန်ငြိမ်းစေသည်။ ထို့ကြောင့် ခရစ်တော်၌၊ လူမျိုး၊ အဆင့်အတန်း၊ ဆင်းရဲ ချမ်းသာ၊ ပညာတတ်ပညာမဲ့မရှိတော့ချေ (ဂလာ ၃:၂၈)။ အားလုံး သည် တမိသားစုကဲ့သို့ ပေါင်းဖေါ်နိုင်ကြပြီ။ ထိုသို့ လူလူချင်း အကြားရန်ငြိမ်းစေ ဘို့ရန် ယေရှုသည်လောကသို့ ဆင်းကြွလာခဲ့ခြင်း ဖြစ်သည်။ သင်သည် ထိုခရစ်တော်အားဖြင့် ရန်ငြိမ်းခြင်း ခံစားပြီး ပြီလော။ မခံစား သေးလျှင် ခရစ်တော် ဤလောကသို့လာ ရကျိုးမနပ်သေးချေ။ 

ပညတ္တိကျမ်း၊ အနာဂလ္လိကျမ်းများ ပြည့်စုံစေဘို့ 

 “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင် ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည် မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသည် တည်း။” (မ ၅ ; ၁ရ) “ကိုယ်တော်ကလည်း၊ ပရောဖက် ဟောပြောသော စကားများကို ယုံနိုင်အောင် ဥာဏ်မရှိ၊ စိတ်ခိုင်မာသော သူတို့၊ ၂၆ ခရစ်တော်သည် ဤသို့ ပင်အသေခံ၍ မိမိဘုန်း စည်းစိမ်တော်ကို ဝင်စားရမည် မဟုတ်လောဟု မိန့်တော်မူ၏။ ၂၇ ထိုအခါ မောရှေ၏ ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကို ရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာ ချက်အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။” (လု ၂၄:၂၅-၂ရ) 
 တိတိကျကျပြောလျှင် ပညတ္တိကျမ်းသည် ကမ္ဘာဦးကျမ်းမှ တရားဟောရာ ကျမ်းအထိ ငါးကျမ်း ဖြစ်သည်။ အနာဂတ္တိကျမ်း များသည် ဟေရှာယမှမာလခိအထိ ဆယ့်ခုနှစ်ကျမ်း ဖြစ်သည်။ သို့သော် ယေရှု ကဆာလံကိုလည်း ပညတ္တိကျမ်း ဟုဆိုသည် (ယော ၁၀:၃၄)။ ထို့ကြောင့် ဓမ္မဟောင်းကျမ်းအားလုံး ကို ဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော် ကြွလာမည့် အရာကို ဓမ္မဟောင်းကျမ်းအားလုံး ၌ ဖေါ်ပြထားသည်။ ထိုအရာများကို ပြည့်စေဘို့ ခရစ်တော်သည် ကြွလာခြင်း ဖြစ်သည်။ ထို့ကြောင့် ရှင်ပြန်ထမြောက်ပြီး နောက် ဧမောက်မြို့သို့ သွားရာလမ်း၌ တပည့်တော် နှစ်ပါးထံယေရှု ကိုယ်တိုင် ကသူ၌ ဖြစ်ပျက်မည့် အရာများကို ဓမ္မဟောင်းကျမ်းစာများမှရှင်းပြခဲ့သည်။ 

ပျောက်သောသူကို ရှာ၍ ကယ်ရန်

“လူသားသည် ပျောက်သော သူတို့ကို ရှာ၍ ကယ်တင်အံ့သောငှါ ကြွလာ သတည်းဟု ဇက္ခ​ဲကို မိန့်တော်မူ၏။” (မ ၁၈:၁၁၊ လု ၁၉:၁၀) လူသားများသည် ဘုရား အမြင်၌ ပျောက် နေကြသည်။ ကိုယ့်ကိုယ်ကို ဗဟိုပြု၍ ကြည့်ပါက ကိုယ်ပျောက် နေမှန်းသိနိုင်မည် မဟုတ်ချေ။ ပစ္စည်းပျောက်သောအခါ သူရှိသော နေရာ၌ ရှိသည်။ ပျောက်ခြင်း ဆိုသည်မှာ ပိုင်ရှင် မျှော်လင့်သော နေရာ၌ မရှိခြင်းကို ဆိုလိုသည်။ သိုး ပျောက်သောအခါ ပိုင်ရှင်ကမတွေ့ခြင်းကို ဆိုလိုသည်။ ဒင်္ါးပျောက်သောအခါ ပိုင်ရှင် ကမတွေ့ခြင်းကို ဆိုလိုသည်။ ထိုကြောင့် လူပျောက်သည် ဟုဆိုသောအခါ ဘုရားသခင်၏ အမြင်၌ ဖြစ်သည်။ လူသည် ယေရှု၌ မရှိသောအခါ ဘုရား အမြင်၌ ပျောက်နေသည်။ ထို့ကြောင့် ယေရှု၌ မနေသောသူများကို ရှာဘို့ရန် သခင်ယေရှု ကြွလာခြင်း ဖြစ်သည်။ သင်သည် ဘုရား အမြင်၌ ပျောက်ပါသလား။ ပျောက်နေလျှင် အမြန် သူ့ထံသို့ ပြန်လာပါ။ 

သူတပါးအစေကို ခံခြင်းငှါ 

 “လူသားသည် သူတပါးကို စေစားခြင်းငှါ မလာ၊ သူတပါးအစေကို ခံခြင်း ငှါ၎င်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်း ငှါ၎င်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။” (မာ ၁၀ ; ၄၅၊ မ၂၀:၂ရ- ၂၈)။ “ထိုသခင်သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သော အမှုကို လုယူခြင်း အမှု ဟူ၍ မထင်မမှတ်လျက် ပင်၊ ၇ မိမိအသရေကို စွန့်၍ အစေခံ​ကျွန်၏ သဏ္ဍာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာ မဟုတ်၊ လက်ဝါးကပ်တိုင်မှာအသေခံခြင်း တိုင်အောင် အစေ​ကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။” (ဖိလိ ၂:၆-၈)။ 

 လူသဘောသည် သူတပါးအစေမခံလိုကြချေ။ သူတပါးကို စေစားချင် ကြသည်။ သို့သော် ယေရှုသည် ပြောင်းပြန် ဖြစ်သည်။ သူတပါးအစေခံခြင်းငှါ ကြွလာသည်။ ဘုရား သားတော် ပင်လျှင် အစေ​ကျွန်ခံလျှင် သင်နှင့် ​ကျွန်ုပ်သည် အဘယ်ကြောင့်အစေ​ကျွန် မခံချင် ကြသနည်း။ သခင်ယေရှုသည် ထိုသို့ အစေ​ကျွန်ခံသောကြောင့်၊ “ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက်ကြီး မြတ်သောဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။” (ဖိလိ ၂:၉) ယခုမှစ၍၊ “ယေရှုခရစ်၌ ရှိသော ထိုစိတ် သဘောကို သင်တို့၌လည်းရှိစေကြလော့။” (ဖိလိ ၂:၅) 

အသက်နှင့် ပြည့်စုံစေခြင်းငှါ 

“ငါမူကား၊ သိုးတို့သည် အသက် လွတ်ရုံမျှမက၊ အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။” (ယော ၁၀:၁၀)။ အသက်နှင့် ပြည့်စုံခြင်းသည် ကျန်း မာခြင်း၊ လောက စည်းစိမ်ချမ်းသာ ကြွယ်ဝခြင်းဟု နားလည်တတ်ကြသည်။ လော ကစည်းစိမ်များသည် ခဏသာတည်၍ ပျက်စီးသွားတတ်သည်။ ထို့ကြောင့် ခရစ်တော်က၊ ဘဏ္ဍာများကို ကောင်းကင်၌ သိုထားခိုင်းသည် (မ ၆:၁၉-၂၀)။ သူကိုယ်တိုင်လည်း ကောင်းကင် ဘုန်းစည်းစိမ်ကို စွန့်၍ ဤလောက၌ ဆင်းရဲ ခံခဲ့ရသည်။ အချို့့သောသူများက၊ “ငါတို့ သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက် ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။” (၂ ကော ၈:၉) ကိုလောကီစည်းစိမ်နှင့် ပြော ကြသည်။ လောကီစည်းစိမ် မဟုတ်ပါ။ ကောင်းကင် စည်းစိမ် ဖြစ်သည်။ သို့ဖြစ်လျှင် အသက်နှင့် ပြည့်စုံခြင်းသည် အဘယ်အရာနည်း။ သူ၏ ဦးဆောင်ခြင်းကို လက်ခံခြင်း အသက်တာကို ဆိုုလိုသည်။ သူက ဦးဆောင်လျှင် ​ကျွန်ုပ်တို့ အလိုဆန္ဒအတိုင်း မဟုတ်၊ သူ့အလိုတော်အတိုင်း ပြည့်စုံစေမည် ဖြစ်သည်။ 

 ခမည်းတော်ကို ထင်ရှားစေရန် 

 “ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။” (ယော ၁:၁၈) “ယေရှုက၊ ဖိလိပ္ပု ဤမျှကာလ ပတ်လုံးငါသည် သင်တို့နှင့်အတူ ရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။” (ယော ၁၄:၉) “ငါ၏ ခမည်းတော်သည် ခပ်သိမ်းသောအရာ တို့ကို ငါ၌ အပ်ပေးတော်မူ ပြီ။ ခမည်းတော် မှတပါး အဘယ်သူမျှ သားတော်ကို မသိ။ သားတော်နှင့်သားတော်သည် လင်းစေလိုသောသူမှတပါး အဘယ်သူမျှ ခမည်းတော်ကို မသိ။” (မ ၁၁:၂ရ) 
 ခမည်းတော်ဘုရားသည် လူ့မျက်စိနှင့် မမြင်နိုင်ပါ။ ကျမ်းစာ ကဘုရားသည် လူကို သူ့ပုံသဏ္ဍာန်နှင့် ဖန်ဆင်းသည် ဟုဆိုရာတွင် လူများ ကဘုရားသည် မည်ကဲ့သို့သော သဏ္ဍာန်ရှိမည်နည်းဟု သိချင် ကြမည် ဖြစ်သည်။ ထိုကြောင့် ဘုရားသည် လူပုံ သဏ္ဍာန်နှင့် တူကြောင်းကို သိစေဘို့ရန် ယေရှုသည်လောကသို့ ကြွရောက် လာခြင်း ဖြစ်သည်။ သို့သော် ဘုရားသည် ဘုန်း အလွန် ကြီး၍ လူသည် အလွန် နိမ့်သည်။ လူ၌လည်း လှပသောသူများသည် ရှုမငြေး ဖြစ်သော်လည်း အရုပ် ဆိုးသောသူများသည် ကြည့်၍ မရဖြစ်သည် မဟုတ်လော။ လူလူချင်း၌ ပင်လျှင် အလွန် ကွာခြားသောကြောင့် ဘုရားနှင့် လူသည် နှိုင်းယှဉ်၍ မရပါ။ 

 ခမည်းတော် အလိုတော် ဆောင်ဘို့

 “ယေရှုကလည်း၊ သင်တို့အား ငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍ သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှ အတိုင်း သားတော်လည်း ပြု၏။” (ယော ၅:၁၉) “ငါသည်ကိုယ် အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။” (ယော ၅:၃၀) 
 သခင်ယေရှုသည် ဤလောက၌ နေစဉ်တွင် ခမည်းတော်၏ အလိုတော် ဆောင်ဘို့ သာလျှင် သူ၏ ရည်ရွယ်ချက် ဖြစ်ကြောင်း သူကိုယ်တိုင် အထက်ပါကဲ့သို့ ဆိုခဲ့သည်။ သူကငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိင် ဟုဆိုသည်။ ကိုယ့်အ လိုသို့ မလိုက် ခမည်းတော်၏ အလိုကိုသာ လိုက်သည် ဟုဆိုသည်။ သူ၌လည်း သူ့အ လိုဆန္ဒရှိသော်လည်း မလိုက် ဟုဆိုသည်။ သူပင်လျှင် ခမည်းတော် အလိုကိုသာ လိုက်လျှင် အဘယ်ကြောင့်​ကျွန်ုပ်တို့သည် ကိုယ့်အလိုကိုသာလျှင် ဆောင်ချင် ကြသနည်း။ ယေရှု ကဲ့သို့ ဘုရား အလိုတော်ကိုသာ မဆောင်သင့်သလော။ ဘုရား အလိုတော်ကို ရှာ၍၊ သိ၍ ဆောင်သင့်သည် မဟုတ်လော။ ဘုရားကို ုးကွယ်သော်လည်း၊ အမှုတော်ဆောင်သော်လည်း ကိုယ် အလိုဆန္ဒသာလုပ်နေလျှင် အဓိပ္ပါယ်မရှိ၊ အကျိုးလည်း မရှိ၊ အောင်မြင် မှုလည်း မရှိချေ။ ယခုမှစ၍ ဘုရား အလိုတော် သာလျှင် ရှာ၍ ဆောင်ကြစို့။ 

 ယဇ်ကောင် ဖြစ်ဘို့ 

“ခရစ်တော်သည် ဤလောက ကသို့ ကြွ လာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အ​ကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ ၆ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ၇ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်အမှတ​ြ်ပု၍ ရေးထားသည်နှင့် အ ညီ၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ် ဝန်ခံပါသည်ဟု လျှောက်ဆို၏။” (ဟေ ၁၀:ရ၊ ဆာ ၄၀:၆-၈) 

ယဇ်ကောင် များသည် အသတ်ခံ၍ မီးရှို့ရသည်။ ထို့ကြောင့် ယေရှု ဤလော ကသို့ ကြွလာခြင်းသည် အသတ်ခံ၍ မီးရှို့ဘို့ရန် ဖြစ်သည်။ သင်သည် ယဇ်ကောင် ဖြစ်မည်ဆိုပါက လိုချင် ပါမည်လော။ အာဗြဟံကသား ဣဇက်ကို ယဇ်ကောင် အဖြစ် မီးရှို့ မည်ဟု သိပါက သူ့အဖေနှင့်အတူ သွားချင် ပါမည်လော။ ယေရှုသည် ကောင်းကင်မှ ဆင်း၍ လူ့ဇာတိခံယူဘို့ သွားခါနီးတွင် သူ့ ခမည်းတော်ထံ၊ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေ ရာယဇ်များကို အားရနှစ်သက်တော်မမူသောကြောင့် ကိုယ်တော်၏ အလိုတော်ကို ဆောင်အံ့ငှါ သွားပါမည် ဟုဆိုခဲ့သည်။ ထိုသို့ နောက်ဆုံးနှုတ်ဆက်ခြင်းသည် လွယ်ကူ ပါ့မည်လော။ ဟေဗြဲရေးသူက၊ “ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။” (ဟေ ၁၀ ; ၁၀)ဟု ရေးခဲ့သည်။ ယေရှုသည် ဤလောက၌ ဇိမ်ခံဘို့ရန် ကြွမလာခဲ့ပါ။ အထက်ပါကဲ့သို့ ယဇ်ကောင် အဖြစ်ပူဇော်ခံဘို့ရန် ကြွလာ၍ အပူဇော်ခံခဲ့သည်။ ထိုသို့ ပူဇော်ခံခဲ့ သောကြောင့် သင်နှင့် ​ကျွန်ုပ်သည် သန့်ရှင်းခြင်း၊ ​ဖြောင့်မတ်ခြင်း၊ ကယ်တင်ခြင်းသို့ ရောက်ရသည်။ သို့သော် ယနေ့ များစွာသော အမှုတော်ဆောင်များသည် ထိုကဲ့သို့ သခင်ယေရှု၏ ပူဇော်ခြင်းကို ကျေးဇူးတင်၍ အလိုတော် ဆောင်မည့်အစား၊ ကျေးဇူးကမ်းစွာဖြင့် ကိုယ်ကျိုးစီးပွားရှာ နေကြသည်။ သခင်ယေရှုကို အကြောင်း ပြု၍ လောက စည်း စိမ်ခံစားဘို့ ကြိုးစား နေကြခြင်းသည် အဘယ်မျှလောက်ရှက်စရာ၊ ရင်နာစရာ ကောင်း ပါသနည်း။ ယခုမှစ၍ သခင်ဘုရားကဲ့သို့ အသက်တာကို ဆက်ကပ်ကြပါစို့။ 

ခမည်းတော်၏ မေတ္တာထင်ရှားစေဘို့ 

“ဘုရားသခင်၏ သားတော်ကို ယုံကြည် သောသူ အပေါင်းတို့သည် ပျက်ဆီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။” 
 (ယော ၃:၁၆) 

စာတန်နှင့် သူ၏ လူများက ဘုရားသခင်ကို အပြစ် မြင် ကြသည်။ အဘယ်ကြောင့် လူများ သွားမည့် ငရဲမီးအိုင်ကို ဖန်ဆင်း၍ သူ့ကို မယုံကြည်သူများကို ငရဲမီးအိုင်၌ ထာဝရ ဒုက္ခ ခံစေသနည်းဟု အပြစ်တင် ကြသည်။ ဘုရားသခင်က ငရဲမီးအိုင်ကို လူသားများအတွက် မဖန်ဆင်းပါ။ ခရစ်တော်က၊ “မာရ်နတ်နှင့် သူ၏ တမန်တို့ အဘို့ ပြင်ဆင်သော ထာဝရ မီး” (မ ၂၅:၄၁) ဟုဆိုထားသည်။ လူသားများသည် စာတန် မာရ် နတ်၏ လှည့်စားမှုကြောင့် သူ့နောက်တကောက်ကောက်လိုက်၍ သူနှင့်အတူ မီးအိုင် ထဲသို့ ဆင်းရမည် ဖြစ်သည်။ ထိုမီးအိုင် ထဲမဆင်းစေချင် သောကြောင့်သားတော်ကို စေလွှတ်၍ လူများကို ကယ်တင်ကာ ထာဝရ အသက် ပေးနေသည်။ ထိုဘုရား၏ မေတ္တာကို အလွှဲမယူဘဲ လက်ခံယုံကြည်ပါ။ 

လူသားများချစ်သောကြောင့် 

“ခရစ်တော်သည် ငါတို့အဘို့ အလိုငှါ အသက်တော်ကို စွန့်တော်မူသည် အရာကို ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။” (၁ ယော ၃:၁၆) “ခရစ် တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ကိုယ်ကိုကိုယ် ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည် နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။” (ဧဖက် ၅:၂) 

 ခရစ်တော်သည် လူသားများကို ချစ်သောကြောင့် အသက်ကို စွန့်ခဲ့သော်လည်း သူ၏ မေတ္တာကို နားမလည် သောကြောင့် သူ့ကို အပြစ် ရှာ၍ သတ်ပစ်လိုက် ကြသည်။ သင်လည်း ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို နားမလည်လျှင် သူ့ကို ဂရုမစိုက်၊ ကျေးဇူးမတင်ဘဲ နေမည် ဖြစ်သည်။ သူ၏ မေတ္တာကို သိလျှင် သူပြုသော အရာများကို ခံစား၍ သူကဲ့သို့ မေတ္တာတရား၌ ကျင်လည်ဘို့ ဖြစ်သည်။ 

တရားဟောဘို့ 

“ကိုယ်တော်ကလည်း ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိ တ ရားကို အခြားသော မြို့ရွာတို့၌ ငါဟောပြောရမည်။ ထိုသို့ အလိုငှါ ငါ့ကို စေလွှတ်လျက် ရှိသည်ဟု မိန့်တော်မူ၍ ဂါလိလဲပြည် မှာတရားစရပ်တို့၌ တရားဟောပြောလျက် နေတော်မူ၏။” (လု ၄:၄၃၊ မာ ၁:၃၈) သခင်ယေရှု ကသူသည် ခမည်းတော်ဘုရားက ဧဝံဂေလိ တရားဟောဘို့ စေလွှတ်သည် ဟုဆိုသည်။ ထိုသို့ စေလွှတ်ခံသည့်အတိုင်း သစ္စာရှိစွာ တရားဟောခဲ့သည်။ ကျွန်ုပ်တို့ အမှုတော်ဆောင်များလည်း မပျင်းမရိမခို မကပ် တရားဟောကြစို့။ သခင်ယေရှုက၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒ ပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တမန် ၁:၈) ဟုဆိုခဲ့သည်။ 
 သန့်ရှင်းသောဝိညာဉ်တော် ရသောသူတိုင်းသည် တန်ခိုးရှိ၍ သက်သေခံဘို့ ဖြစ်သည်။ သခင်ယေရှုက သက်သေခံနိုင်ဘို့ရန် တန်ခိုးပေးထားသော်လည်း သက်သေ မခံကြသောကြောင့် ဆုံးရှုံး နေကြသည်။ ထို့ကြောင့် အမှုတော်ဆောင်များသာမက သန့်ရှင်းသောဝိညာဉ်တော် ရထားသောသူတိုင်း ပတ်ဝန်းကျင်၌ သက်သေခံကြပါစို့။ 

ဗလ္လိဇံခံဘို့ 

 “ဗတ္တိဇံ တခုကိုလည်း ငါခံစရာ ရှိ၏။ ၅၀ ထိုဗတ္တိဇံကို မခံမှီတိုင်အောင် ငါသည် အလွန်+ငီးငွေ့သော စိတ်ရှိ၏။” (လု ၁၂:၄၉) 

ယေရှု ပြောသော ဗတ္တိဇံသည် ရေနှစ်ခြင်း မဟုတ်ချေ။ အသေခံ၍ သင်္ဂြိုလ်ခြင်းကို ဆိုလိုသည်။ ပေါလုက၊ “ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေ ခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ၄ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသော အားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။” (ရော ၆:၃-၄) ဟုဆိုခဲ့သည်။ 

မျက်စိမြင်စေဘို့နှင့် ကန်းစေဘို့

 “ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်း ငှါ၎င်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်း ငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။” (ယော ၉:၃၉) မွေးစကမျက်စိကန်းသောသူကို ယေရှု ကအထက်ပါ ကဲ့သို့ ဆို်ခဲ့သည်။ ထိုမျက်စိကန်းသောသူသည် တနေ့ချင်းတွင် ကိုယ်ခန္ဓာနှင့် ဝိညာဉ် မျက်စိမြင်သော အခွင့်ကို သခင်ယေရှု ကပေးခဲ့သည်။ များစွာသောသူများသည် ဝိညာဉ် မျက်စိကန်းကြသောကြောင့် အကွက်မမြင်နိုင်ကြချေ။ မျက်စိကန်းသောသူကို သခင်ယေရှုက၊ သူ၏ မျက်စိ၌ ရွှံ့လူးပြီးမှရှိလောင်ရေကန်၌ ဆေးခိုင်းသည်ကို နာခံသောအခါ သူ၏ မျက်စိမြင်သွားသည် (ယော ၉:၆ -ရ)။ သူ၏ ဝိညာဉ် မျက်စိမူကား သူပြောသော စကားအားဖြင့် မြင်စေသည် (ယော ၉:၃ရ- ၃၈)။ ကျွန်ုပ်တို့လည်း နှုတ်ကပတ်တော် ဖတ်ရှုလေ့လာ ခြင်းနှင့် ဝိညာဉ်တော်၏ ဖေါ်ပြခြင်းအားဖြင့် မျက်စိကောင်းစွာ မြင်နိုင်သည်။ 

ဘုရင် ဖြစ်ဘို့ 

“ယုဒပြည် ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီး လက်ထက်၊ ယေရှုသည် ဘွားမြင်ခြင်းကို ခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာ ကြလျှင်၊ ၂ ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူ သနည်း။ အရှေ့ ပြည်၌ သူ၏ ကြယ်ကို ငါတို့ မြင်ရသည် ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟ ုမေး မြန်း ပြောဆို ကြ၏။” (မ ၂:၁-၂) “ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည် ရှင် ဘုရင်မှန်သလောဟု မေးသော်၊ ယေရှုက၊ မင်းကြီး မေးသည် အတိုင်း ငါသည် ရှင်ဘုရင် မှန်၏။” (ယော ၁၈:၃ရ) “တပည့်တော်တို့သည် သွား၍ အမိန့်တော် အတိုင်း ပြုသဖြင့်၊ ၇ မြည်းမနှင့် မြည်းကလေးကို ဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့ အဝတ်ကို တင်ကြ ပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။ ၈ အတိုင်း မသိ များစွာသော လူတို့သည် မိမိတို့ အဝတ်ကို လမ်း၌ ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခက်များကို ခုတ်၍ လမ်း၌ ခင်း ကြ၏။ ၉ ရှေ့ နောက်လိုက် သွားသော အခြံအရံများတို့ က၊ ဒါဝိဒ်၏ သားတော်အား ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္လာ ရှိစေသတည်း။ ကောင်းကင် ဘဝက်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။” (မ ၂၁:၆-၉) 

သခင်ယေရှုသည် ရှင်ဘုရင်အဖြစ် မွေးဘွား၍ ရှင်ဘုရင်မ ဖြစ်ခဲ့ရချေ။ အကြောင်းမှာ ယုဒခေါင်းဆောင်များက လက်မခံခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့ လက် မခံခဲ့ကြသောကြောင့် သူတို့လည်း အသေသတ်ခံခြင်း၊ အသက်ရှင်သောသူများလည်း အတိုင်း တိုင်း အပြည် ပြည်သို့ နှင်ထုတ်ခြင်း ခံခဲ့ ကြသည်။ အကယ်၍ သူတို့၏ ဘုရင်ကို လက်ခံခဲ့သည် ရှိသော်၊ သူတို့၏ သမိုင်းသည် တမျိုး ဖြစ်မည် ဖြစ်သည်။ ယနေ့ လူသားများလည်း သခင်ယေရှုကို ရှင်ဘုရင်အဖြစ် လက်ခံဘို့ လိုသည်။ သို့သော် လက်မခံကြသောကြောင့် ဒုက္ခ ပေါင်းမြောက် များစွာ ခံစား ကြရသည်။ ယနေ့ ယုံကြည်သူများလည်းနေ့ စဉ်အသက်တာ၌ သခင်ယေရှုကို ရှင်ဘုရင်အဖြစ် လက်ခံဘို့ လိုသည်။ ရှင်ဘုရင်အဖြစ် လက်ခံခြင်းသည် သူ၏ အုပ်စိုးခြင်းကို ဝန်ခံခြင်း ဖြစ်သည်။ ထိုသို့ ဝန်ခံခြင်းဖြင့် သူ၏ ကြည့် ရှုစောင့်ရှောက်​ကျွေးမွေးခြင်းကို ခံစား ကြရမည် ဖြစ်သည်။ 

 သမ္မာတရား သက်သေခံခြင်းငှါ 

“သမ္မာတရား ဘက်၌ သက်သေခံခြင်းငှါ ငါသည် မွေးဘွားခြင်းကို ခံ၍ ဤလောကသို့ ကြလာပြီ။ သမ္မာတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကို နားထောင်ကြသည်ဟု မိန့်တော်မူ၏။” (ယော ၁၈:၃ရ) “ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။” (ယော ၁၄:၆) 
 သမ္မာတရားသည် ဘုရားသခင်၏ အကြံတော်နှင့် အလိုတော် ဖြစ်သည်။ ထိုအရာကို လူက နားမလည် နိုင်ချေ။ သခင်ယေရှုသည် ထိုအရာကို လူသားများ နားလည် နိင်ရန်ပြောပြဘို့ ဆင်းကြွလာခြင်း ဖြစ်သည်။ နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်သောကြောင့် လူ့ဥာဏ်ဖြင့့် နားမလည် နိုင်ပါ။ ထို့ကြောင့် ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် သခင်ယေရှု အမြဲငြင်းခုံခဲ့ကြခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က ဖေါ်ပြ နားလည်စေမှသာလျှင်သမ္မာတရားကို နားလည်နိုင်သည်။ သင်သည် သမ္မာတရားကို နားလည်နိုင်ပါသလား။ နားလည်လိုပါသလား။ 

အပြစ် ​ ဖြေရှင်းဘို့ 

 “ယေရှုခရစ်သည် အပြစ်ရှိသော သူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ ကြွလာတော်မူသည် ဟူသော စကားသည် သစ္စာ စကား ဖြစ်၏။” (၁ တိ ၁:၁၅) “နက် ဖြန်နေ့၌ ယေရှု ကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။” (ယော ၁:၂၉) “ကိုယ်တော်သည် ငါတို့၏ အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ၏။” (၁ ယော ၃:၅) “အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ​ဖြောင့် မတ်သောသူ ဖြစ်မည်အကြောင်း တည်း။” (၂ ကော ၅:၂၁) “ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည် ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်တင်တော်မူ၏၊၊ ” (ဟေရှာယ ၅၃:၆) 

လူသားများ၏ အဓိက ပြသနာသည် အပြစ် ဖြစ်သည်။ ကိုယ်ခန္ဓာ၌ အနာဆိုးရှိလျှင် နာ၍ နောက်ဆုံး၌ သေရ သကဲ့သို့၊ အပြစ်သည် ဝိညာဉ် အတွက် အနာ ဖြစ်၍ နောက်ဆုံး၌ ငရဲပို့မည့် အရာ ဖြစ်သည်။ ထိုအပြစ်ကို လူ့နည်းအားဖြင့် မည်သို့ မျှမ​ဖြေ ရှင်းနိုင်သောကြောင့် ယေရှုသည် ဤလောကသို့ ဆင်း၍ ခမည်းတော်ဘုရားကလူသား အားလုံး ၏ အပြစ်များကို သူ့အပေါ်၌ တင်လိုက်သည်။ လူသား အားလုံး ကိုယ်စား အပြစ် အခသေခြင်းကို ခံခဲ့သည်။ ထို့ကြောင့် သူ့ကို ယုံကြည်လျှင် မည်သူမျှအပြစ်ကြောင့် ငရဲသွားစရာ မလိုတော့ချေ။ ထိုအရာကို ယုံကြည်ဘို့ သာလျှင် ဖြစ်သည်။ ထိုသို့ သခင်ယေရှုက အပြစ် ပြသနာကို ​ ဖြေရှင်းပြီး သွားပြီ ဖြစ်သောကြောင့် အဘယ်သူမျှ အပြစ်ကြောင့် ငရဲသွားစရာ မလိုတော့ချေ။ ယေရှု ခံပေးသောအရာကို မယုံကြည်ခြင်းကြောင့် သာလျှင် သွားရမည် ဖြစ်သည်။ ထိုအရာကို သင်ယုံကြည် ပါသလား။ 

မာရ်နတ်တန်ခိုးပယ်ဖျက်ရန်

“မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။” (၁ ယော ၃:၈)။ “ထို သူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။” (ဟေ ၂:၁၄-၁၅) “ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကို ခံရ၏။ ယခုတွင် ဤလောကကို အစိုးရသော မင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရလိမ့်မည်။” (ယော ၁၂:၃၁) 

လူသည် စာတန် လက်အောက်၌ ကျရောက်သွားသည် နောက် စာတန်ကို ကြောက်သောကြောင့် တသက်လုံး​ကျွန်ခံရ ကြသည်။ စာတန်၏ အဓိကလက်နက်မှာ သေခြင်း ဖြစ်သည်။ လူသည် သေရမှာကြောက်သောကြောင့် ဘုရား၏ အလိုတော်ကို မဆောင်နိုင်ကြခြင်း ဖြစ်သည်။ ဘုရား အမှုတော်ဆောင်လျှင် ငတ်မည်၊ ဆင်းရဲ မည်ဟု ထင် နေကြသည်။ ကျမ်းစာ ကလူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည် မဟုတ် (တရား၈:၃၊ မ၄ ;) ဟုဆိုသော်လည်း ကြောက် နေကြဆဲ ဖြစ်သည်။ ယေရှု ကသူသည် ရှင်ပြန်ထမြောက် ခြင်းနှင့် အသက်ရှင်ခြင်း အကြောင်း ဖြစ်သည် (ယော ၁၁:၂၅) ဟုဆို ခဲ့သည်။ သူကိုယ်တိုင် သေ၍ ရှင်ပြန်ထမြောက်ခြင်းဖြင့် သေခြင်းကို အောင်မြင်ကြောင်း သက်သေပြခဲ့ပြီီ။ ထိုသို့သောအားဖြင့် စာတန်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးဘို့ လူ့ဇာတိ ခံယူခြင်း ဖြစ်သည်။ သင်သည် စာတန်နှင့် သူ၏ တန်ခိုးကို ကြောက်ပါသေးသလော။ 

ပုံသက်သေ ဖြစ်ဘို့ 

“ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည် ဖြစ်၍ ​ခြေတော် ရာကို ရှောက် လိုက်စေခြင်းငှါ ပုံသက်သေကို ထားတော်မူပြီ။” (၁ ပေ ၂:၂၁) “ယေရှုခရစ်၌ ရှိသော ထိုစိတ် သဘောကို သင်တို့၌လည်းရှိစေကြလော့။” (ဖိလိ ၂:၅)။ 

သခင်ယေရှုသည် ယုံကြည်သူများဘုရား အလိုတော်အတိုင်း မည်ကဲ့သို့ အသက်ရှင် ရမည်ဟူသောအရာကို သူကိုယ်တိုင် ဤလောက၌ အသက်ရှင်ပြခြင်းဖြင့် သက်သေပြခဲ့သည်။ ထို့ကြောင့် ယုံကြည်သူတိုင်း သူ၏ ပုံသက်သေကို ကြည့်ဘို့ လိုသည်။ 

သိုးထိန်း ဖြစ်ဘို့ 

“ငါသည် ကောင်းသော သိုးထိန်းလည်း ဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့ အလိုငှါ မိမိအသက်ကို စွန့်တတ်၏။” (ယော ၁၀:၁၁) ဣသရေလ လူများ၏ သိုးထိန်းများသည်၊ ရှင်ဘုရင်များ၊ မူးမတ်များ၊ ယဇ်ပုရောဟိတ် များဖြစ်သည်။ သူတို့သည် ပုံသက်သေကောင်းမပြ၊ သိုးများကို မထိန်းဘဲ အနိုင်ကျင့် ကြသည်။ လမ်းလွှဲဦး ဆောင်ခဲ့ ကြသည်။ ထို့ကြောင့် သခင်ယေရှုသည် သူကိုယ်တိုင် သိုးထိန်းကောင်း ဖြစ်ဘို့ရန် ဤလောကသို့ ဆင်းကြလာခြင်း ဖြစ်သည်။ သင်သည် သူ၏ သိုး ဖြစ်လျှင် သူ့နောက်သို့ လိုက်၍ သူ့စကား နားထောင် ရမည်။ သူ၏ အသံကိုလည်း ​ကျွမ်းမည် ဖြစ်သည် (ယော ၁၀:၁၁-၁၅)။ သင်သည် သိုးထိန်းယေရှု နောက်ကို လိုက်ပါသလား၊ သို့မဟုတ် ကိုယ့် လမ်းကို လိုက်နေပါသလား။ 

အချင်းချင်းကွဲပြား စေဘို့ 


 “မြေပေါ်၌ မီးလောင်းစေခြင်းငှါ ငါလာသတည်း။ ထိုမီးမညှိမှီတိုင်အောင် ငါ၏ အလိုမ ပြည့်စုံ။” (လု ၁၂:၄၉) “မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟု မထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည် မဟုတ်။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း။ ၃၅ အဘနှင့်သား၊ အမိနှင့် သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်းကွဲပြား စေခြင်းငှာ ငါလာသတည်း။ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်။” (မ ၁၀:၃၄-၃၆၊ လု ၁၂:၅၁-၅၃) 
 အဘယ်ကြောင့်ယေရှုက အိမ်ထောင်အတွင်း မညီညွတ်စေခြင်းငှါ မီးညိှသနည်း။ အိမ်ထောင်အတွင်းမှာ သူ့ကို ယုံကြည် လက်ခံသောသူနှင့် လက်မခံသောသူရှိ သောကြောင့် ဖြစ်သည်။ နာမည်ခံ ခရစ်ယာန် အိမ်ထောင်တွင် ပြသနာ အကြီးအကျယ် မရှိဘဲ ဖြစ်နိုင်သည်။ သို့သော် ခရစ်တော် အလိုအတိုင်း အသက်ရှင်ချင်သောသူနှင့် ဇာ တိအတိုင်း အသက်ရှင်ချင် သောသူ အကြား၌ ပြသနာကြီး နိုင်သည်။ အခြားဘာသာ ဝင်မိသားစု၌ ခရစ်တော် လက်ခံသောသူကို အသေသတ်သည် အထိ ပြသနာ ဖြစ်နိုင်သည်။ သင်၏ မိသားစုသည် ခရစ်တော်ကြောင့် ပြသနာ ရှိပါသလား။ ရှိပါက ခရစ်တော်ကို မစွန့်ဘို့ အကြံပေးလိုသည်။ သူကိုယ်တိုင်က၊ “အကြင်သူသည် ငါ့ကို ချစ်သည်ထက် မိဘကိုသာ၍ ချစ်၏၊ ထိုသူသည် ငါနှင့် မထိုက်တန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကိုသာ၍ ချစ်၏၊ ထိုသူသည် ငါနှင့် မထိုက်တန်။” (မ ၁၀:၃ရ) ဟုဆိုထားသည်။ 
 
 

မျှော်လင့်ခြင်း 
Lal Tan Puia


 “၁ ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ၍၊ သင်၏ ပြည်နှင့် တကွ အမျိုးသားချင်း ပေါင်းဘော်များ ထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့ သွားလော့။ ၄ ထိုသို့ ထာဝရဘုရား မိန့်တော််မူသည် အတိုင်း၊ အာဗြံထွက် သွား၍ လောတလည်း လိုက်လေ၏။ အာဗြဟံသည် အမွေခံ ရလတံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင် မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။ ၉ သူတပါးပိုင်သော ပြည်၌ ဧည့်သည် နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ ယုံကြည်ခြင်းအားဖြင့် ဧည့်သည် ဖြစ်၍ နေ၏။ ထိုဂတိတော်ကို အမွေခံ ရသော အဘော်အဘက် တည်းဟူသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲ၌ နေလေ၏။” (က၊ ၁၂:၁၊ ၄။ ဟေ၊ ၁၁ ; ၈-၉) 
 အာဗြဟံသည် သူ့ကို ဘုရားကခေါ်သောအခါ နားထောင်၍ ထွက်သွားသည်။ သင်နှင့် ​ကျွန်ုပ်ကိုလည်း ဘုရားသခင်က ခေါ်နေသည်။ မည်သည့်အတွက် ခေါ်သနည်း။ မပြရသေးသည့်ပြည်ကို သွားခိုင်းသည်။ ​ကျွန်ုပ်တို့အား ခေါ်သော ဘုရားသည် မည်သည့်အရာကို စေခိုင်းသနည်း။ ယနေ့ ယုံကြည်သူတိုင်း အတွက် ဘုရားသခင်၏ မဟာ စေစားချက်နှစ်ခုရှိသည်။ ပထမ တစ်ခုမှာ မာကု၊ ၁၆:၁၅၌ “သင်တို့သည်လောကီ နိုင်ငံအရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။” ဟူသည့်ပျောက်ဆုံးဝိညာဉ် ကယ်တင်ခြင်း လုပ်ငန်း၊ မွေးဖွါးခြင်း လုပ်ငန်းကို လုပ်ဆောင်ကြရန် စေစားချက် ဖြစ်သည်။ ဒုတိယ တစ်ခုမှာမ၊ ၂၈:၁၉-၂၀၌ “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။” ဟူသည့် ခရစ်တော်၏ တပည့်တော် မွေးထုတ်ခြင်းနှင့် အသင်းတော်ကို ပြုစု ပျိုးထောင်ရန်စေစားခြင်း ဖြစ်သည်။ ဘုရားကခေါ်၍ ခိုင်းသောအခါ အာဗြဟံသည် ယုံ ကြည်ခြင်းအားဖြင့် ချက်ခြင်း လုပ်ဆောင်နိုင်သည်မှာ အဘယ့်ကြောင့်နည်း။ သူ၏ ယုံ ကြည်ခြင်းကြောင့် ဖြစ်သည်။ ​ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အာဗြဟံ၏ ယုံကြည်ခြင်းနှင့် တူဟန်ရှိသော်လည်း မတူညီချက်များရှိနေသည်။ ၂ ကော၊ ၁၃:၅ ကမိမိ ယုံကြည်ခြင်းကို စမ်းစစ်ဘို့ သတိပေးထားသည်။ ဟေဗြဲ ၁၁:၆ တွင်လည်း ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင် စိတ်တော်နှင့် မတွေ့နိုင်ကြောင်း၊ ဘုရားသခင် အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင် ရှိတော်မူကြောင်းနှင့် ကိုယ်တော်ကို ရှာသော သူတို့အား အကျိုး ပေးတော်မူကြောင်း ယုံကြည်ဘို့ မိန့်တော်မူ ထားသည်။ သင်ဘာလုပ်နေသလဲ။ မိတ်ဆွေ ပြန်စမ်းစစ်ပါ။ 

အာဗြဟံဘာကို ဘယ်လိုယုံကြည် သနည်း

ဟေ၊ ၁၁:၁၀တွင် အာဗြဟံသည် ဘုရားသခင် တည်သော၊ ခိုင်ခန့်သော မြို့ကို ယုံကြည်ခြင်းအားဖြင့် ‘မျှော်လင့်’ကြောင်း တွေ့ရသည်။ သို့သော် အာဗြဟံသည် မိန့်တော်မူသည် အတိုင်း ‘ထွက်သွား’ (ဗခအငသည) သည်။ အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင် မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားသည့်အဖြစ်ကို သေချာစွာ ဆင်ခြင်ဘို့ လိုသည်။ အဘယ့်ကြောင့်သူ ထိုသို့ လုပ်နိုင်သနည်း။ စစ် မှန်သော ယုံကြည်ခြင်းတွင် လက်တွေ့လုပ်ဆောင်ခြင်းရှိကြောင်း သိရသည်။ “ဝိညာဉ်နှင့် ကင်းသော ကိုယ်သည် အသေ ဖြစ်သကဲ့သို့၊ အကျင့် (ျွှသမု၊ ဗခအငသည)နှင့် ကင်းသော ယုံကြည်ခြင်းသည် အသေ ဖြစ်၏။” ဟု (ယာ၊ ၂:၂၆) ကဆိုထားသည့်အတိုင်း ယုံ ကြည်ခြင်း စစ်ပါက သက်ဝင်လှုပ်ရှားမှု (ဗခအငသည) ပါလာပြီး၊ ထိုသက်ဝင်လှုပ်ရှားမှု (ဗခအငသည) ကစိတ်ချမှု အသက်တာ (ဃသည် ငိနညခန)ကို ရရှိစေပြန်သည်။ နောက်ဆုံးတွင် အာဗြဟံသည် သူ၏ တစ်ဦးတည်းသောသား ဣဇက်ကို မောရိယတောင်တွင် ပူဇော် နိုင်သည် အထိ ဘုရားသခင်ကို ကိုးစား ( ဤမကျအ)ခြင်းဖြင့် ယုံကြည် အပ်နှံနိုင်ခဲ့သည်။

 “ယုံကြည်ခြင်းသည် မြော်လင့်သောအရာ တို့ကို မျက်မှောက်ပြုခြင်း ဖြစ်၏။” ( ဟေ၊ ၁၁:၁) မျှော်လင့်သောအရာ ဆိုသည်မှာ အဘယ်နည်း။ အာဗြဟံကို ဘုရားက ပေးမည့် ကောင်းကြီးများမှာ၊ 

 (က) သင့်ကို လူမျိုးကြီး ဖြစ်စေမည်။ 

 ( ခ) သင်၏ နာမကိုကြီး မြတ်စေမည်။ 

 ( ဂ) သင်အားဖြင့် လူမျိုး အပေါင်းတို့သည်လည်း ကောင်းကြ်းမင်္လာခံရကြလိမ့်မည်။ 

 (ဃ) ကောင်းကင် ကြယ်တို့ ကဲ့သို့ ၄င်း၊ သမုဒ္ဒ​ရာကမ်းနား၌ မရေမတွက်နိုင်သော သဲလုံး ကဲ့သို့ ၄င်း၊ များစွာသော သူတို့၏ အဘ ဖြစ်လိမ့်မည်။ သို့သော် အာဗြဟံ အဘယ်အရာကိုမျှ ော်လင့်ခဲ့သနည်း။ အာဗြဟံမျှေင်လင့်သည့်အရာကား ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခန့်သော မြို့ ဖြစ်သည်။ 

သင်နဲ့​ကျွန်ုပ်ဘာကိုမျှ ော်လင့်ရမည်နည်း။ သင်ကောဘာကိုမျှ ော်လင့်နေသနည်း။ ​ကျွန်ုပ်တို့ မျှော်လင့်သောအရာကို စာတန် ကကောင်းကောင်း သိသည်။ ဒို့အ ရေး (၃) ပါး ဖြစ်သည့်စားရေး၊ ဝတ်ရေး၊ နေရေးသည် ​ကျွန်ုပ်တို့၏ ပထမ မျှော်လင့်ချက် ဖြစ်သည်။ ထို့ကြောင့်မ၊ ၆:၂၅-၃၁တွင် သာသနာပလူတို့ ရှာဖွေသည့်အတိုင်း ​ကျွန်ုပ်တို့လည်း စားဝတ် နေရေးကိုသာ ဦးစားပေး နေကြသည် မဟုတ်ပါလား။ တနေ့တနေ့ ​ကျွန်ုပ်တို့ မျှော်လင့်သောအရာ အရာများမှာ “ဘယ်တော့လစာတိုးမလဲ။ ဘယ်တော့ ငါးမျှားထွက်ရမလဲ။ ဘယ်တော့အမဲလိုက်ထွက်မလဲ” စသည်တို့သာ ဖြစ်နေပါသလား။ မိခင်၊ အမျိုးသမီးများလည်း အိမ်လည်ခြင်း၊ ရှော့ပင်ထွက်၊ အလှပြင်ပြီး၊ အတင်း တုပ်ခြင်းတွင် သာပျော်မွေ့စွဲလန်း နေကြသလား။ အိမ်တွင်း ပုန်းများက တနေကုန်တီဗီထိုင် ကြည့်၊ ကိုးရီးယားဇတ်လမ်းတွဲတွေနေ့ညမပြတ် ဆက်တိုက်ကြည့်၊ ခလေးများကအိုင် ပက်နဲ့ဂိမ်းကစား၊ စမတ်ဖုံးတွေနဲ့နေချင် သလိုနေ၊ အဖေအမေကလည်း ပြဒါးတလမ်း၊ သံတလမ်း ဖြစ်နေပါသလား။ နှစ်သစ်ကူးပြီဆိုသည်နှင့် ( ဤထေ Rနအကမည) တက်စ်ရီတန်းကိုဘဲ မျှော်နေသလား။ ငွေစုငွေချေးကဲ့သို့သော အစိုးရဖိုးအိုဝမ်းကေ (၄၀၁ ု)ကိုသာ မျှော်နေသလား။ ကျောင်းသား မှန်လျှင် စားမေးပွဲကိုမျှ ော်မည်။အား ကစားသမား မှန်လျှင် ပြိုင်ပွဲကိုမျှ ော်မည်။ စောင့်နေသူမှန်လျှင် ပြန်လာမည့်သူကိုမျှ ော်နေမည်။ ထီ ထိုး၊ ချ​ဲထိုးသူမှန်လျှင် ပေါက်စဉ်ထွက်ချိန်မျှော်နေမည်။ တောင်သူ၊ လယ်သမားမှန်လျှင် ရိတ်သိမ်းချိန်ကိုမျှ ော်နေမည်။ မိဘမှန်လျှင် အိမ်မပြန်လာသေးသည့်သား။ သမီးကိုမျှ ော်နေမည်။ အလုပ်သမားသည် လုပ်ခကိုမျှ ော်မည်။ ဝန်ထမ်းသည် လစာကိုမျှ ော်မည်။ ရေငတ်သော သမင်၊ ဒရယ်သည် ရေစီးသော ချောင်းကိုမျှ ော်မည်။သား စားသတ္တဝါသည်လည်း သား ကောင်ကိုမျှ ော်သလို၊ မုဆိုးသည်လည်း သား ကောင်ကိုမျှော်မည်။ 

သို့ဖြစ်လျှင် ယုံကြည်သူသည် ဘာကိုမျှ ော်သနည်း။ ယုံကြည်သူ မျှော်လင့်သောအရာသည် အဘယ်နည်း။ ဧဖက် ၂:၆ အရ ယုံကြည်သူ တွေအတွက် ကောင်းကင်အရပ်မှာ နေရာပေးထားပြီ ဖြစ်တဲ့အတွက်အချိန် တန်၍ အိမ်ပြန်ချိန်ရောက်ခဲ့သော် အဖ၊ ခမည်းတော်၏ အိမ်တော်၊ သခင် ခရစ်တော်၏ ရင်ခွင်တော် မြတ်ဆီသို့ ပြန်ရန်မျှော် လင့်ရမည်။ အိမ်ရှင်သခင်သည် မိမိကို လာခေါ်သည့်အခါ သတို့သား ခေါ်ရာသတို့သမီး ပျော်ရွှင်စွာ လိုက်သွား သကဲ့သို့ ရင်ခုန်ခြင်း များစွာဖြင့် လာခေါ်သူကိုမျှ ော်နေရမည် ဖြစ်ပါသည်။ အချစ်၊ မျှော်လင့်ခြင်းနှင့် ပတ်သက်သော မြန်မာစကား ပုံလေး တခုက “ယောက်ျားကြိုက်တော့ဆိုက်ဆိုက်လာ၊ မိန်းမကြိုက်တော့မျှော်ကာနေ” ဟုဆိုပါသည်။ ရှင် ပေါလုက ယုံကြည် သူတို့အား ခရစ်တော်နှင့် မိတ်ဆက်ပေးခြင်းကို သတို့သမီးနှင့် စေ့စပ်ခြင်းဖြင့် ခိုင်းနိှုင်းထားသည်။ ထို့ကြောင့် တနေ့ပြန်လာမည့် သတို့ သားလောင်းကို ယနေ့ သတို့သမီး ဖြစ်သော ယုံကြည်သူ တွေက ရင်ခုန်ခြင်း များနှင့် ကြိုဆိုစောင့်မျှော်နေ သင့်သည်။ ထို့ကြောင့်၊ ပြန်လာမည့် နေ့ရက်၊ ဘုန်းထင်ရှားမည့် နေ့ရက်ကိုမျှ ော်နေ ရန်၊ ပြင်ဆင် ရန်၊ စောင့်နေရန် ခရစ်တော်က ယုံကြည်သူ တွေကို မှာထားပြီး ဖြစ်သည်။ 
 “ကောင်းကင်ဘုံ၌ ရှိသော နေစရာ အခန်းများ” (ယော၊ ၁၄:၁-၂) “သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာ အရပ်ကို ပြင်ဆင် ပြီးမှတဖန် လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ ငါသိမ်းဆည်းမည်။” “ဘုန်းထင်ရှားမည့် နေ့ရက်” (ကော၊ ၃:၁-၄) ခရစ်တော် စိုးစံလျက် ရှိသော ကောင်းကင် အရာတို့ကိုသာ ရှာဘို့၊ စွဲလန်းဘို့နှင့် ခရစ်တော်သည် ဘုန်းတော်ဖြင့် ထင်ရှားလာမည့် နေ့ရက်၊ သန့်ရှင်း သူတို့လည်း ဘုန်းကြီး၍ ထင်ရှားရမည့် နေ့ရက်ကိုသာ မျှော်လင့်ဘို့ မှာထားသည်။ “သေခြင်းမှ ရှင်ပြန်ထမြောက် ခြင်း” (တ၊ ၂၃:၆) “သေသော သူတို့သည် ထမြောက် မည်ဟု မြော်လင့်ခြင်း အကြောင်းကြောင့်၊ အ​ကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု လွှတ်တော်အပေါ်မှာ ကြွေးကြော်လေ၏။” ဟုဆိုထားသည့်အတိုင်း ယုံကြည် သူတို့၏ မျှော်လင့်သောအရာသည် သေခြင်းမှ ပြန်လည်ရှင်ပြန် ထမြောက် ခြင်းလည်း ဖြစ်သည်။ “ခရစ်တော်ကိုမျှ ော်လင့်ခြင်း” (ကော၊ ၁:၂၇) “တပါး အမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့် ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်း သူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ “ဘုန်းအသရေကို မြော်လင့်ခြင်း” အကြောင်း တည်းဟူသော သင်တို့ အထဲ၌ တည်တော်မူသော ခရစ်တော် ပေတည်း။” “ကိုယ်တော်နှင့် တူခြင်း” (၁ ယော၊ ၃:၂) “ချစ် သူတို့၊ ယခုတွင် ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြ၏။ နောက် မှအဘယ်သို့ သောသူ ဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း၊ ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ “ငါတို့သည် ကိုယ်တော်နှင့် တူကြလတ့့ံ” ဟု ငါတို့ သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည် အတိုင်းကို ငါတို့သည် မြင်ရကြ လတံ့။” “အို၊ နာ၊ သေခြင်းနှင့် ငိုကြွေးခြင်း မရှိတော့သည့်ထာဝရ သုခဘုံ” (ဗျာ၊ ၂၁:၄)။ 

“ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေး ဖြစ်ဘူးသောအရာ တို့သည် ရွေ့သွားကြပြီ။” မျက်မှောက်ပြုခြင်း။ အာဗြဟံသည် သူ၏ အသက်တာ၌ ဘုရားသခင်ကို မည်ကဲ့သို့ မျက်မှောက်ပြုခဲ့သနည်း။ “ဧည့်သည် ဖြစ်ခြင်း၊ တဲ၌ နေခြင်း” (ဟေ၊ ၁၁:၉) သူတပါး ပိုင်သော ပြည်၌ ဧည့်သည် နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ ယုံကြည်ခြင်းအားဖြင့် ဧည့်သည် ဖြစ်၍ နေ၏။ ထိုဂတိတော်ကို အမွေခံ ရသော အဘော်အဘက် တည်းဟူသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲ၌ နေလေ၏။ 

ခရီး သွားဖူးသူတိုင်း ဧည့်သည် ဖြစ်ခြင်းကို နားလည်သည်။ မည်သူမျှခရီး သွားသည့်နေရာတွင် တိုက်တာအိုးအိမ်အခိုင်အမာဆောက်လုပ်ပြီး နေထိုင်လေ့မရှိ။ ခရီးသည် ဖြစ်သောကြောင့် အသုံးအစွဲ၊ နေထိုင်မှု အသက်တာအစစချိန်ဆပြီး၊ ကာလ တိုသာ ဖြစ်သောကြောင့် စိတ်နေစိတ်ထား၊ စိတ်ကူးစိတ်သန်းသည်လည်း အ​ခြေအနေ အရသာ ဖြစ်သည်။ အလုပ်ကိစ္စ၊ အစည်းအဝေး၊ အပျော်ခရီး စဉ်ပြီးလျှင် ပြန်ရဦးမည်။ တွေ့ကြုံသမျှ အားလုံး သည် ယာယီ ဖြစ်ကြောင်း သိထားသောကြောင့် အနေ၊ အထိ ုင် အစဉ် မပြေလျှင်လည်း နေတတ်အောင် ကျင့်သည်။ ရာသီဥတုပူသည် ဖြစ်စေ၊ အေးသည် ဖြစ်စေသည်း ခံတတ်သည်။ အနေအစားဆင်းရဲ လျှင်လည်းရောင့်ရဲတင်းတိမ်တတ်သည်။ ပေါင်းသင်းဆက်ဆံနေရသော ပတ်ဝန်းကျင်မကောင်းလျှင်လည်း လိုက်လျော အစဉ်ပြေအောင် နေတတ်လာသည်၊ အကြောင်းမှာ ခေတ္တဧည့်သည်၊ အာဂန္တု ဖြစ်ခြင်း ကအရာရာကို သီးခံသော စိတ်၊ နိှမ့်ချသော စိတ်၊ ခွင့်လွှတ်သော စိတ်ဖြင့် နားလည်ဆက် ဆံလာတတ်စေသောကြောင့် ဖြစ်သည်။ ဤကဲ့သို့ နေထိုင်ခြင်းသည် ဧည့်သည် ကဲ့သို့ နေထိုင်ခြင်း ဖြစ်သည်။ 

တဖန် ဧည်သည် ကဲ့သို့ နေထိုင်ခြင်းသာ မဟုတ်ပဲ၊ ဂတိတော်နှင့် ဆိုင်သော ပြည်၌ ပင် ဧည့်သည် လုံးဝ ဖြစ်သွားကြောင်း တွေ့ရသည်။ ခရီး သွားရင်းသူတစ်ပါးအိမ်၌ တည်းခိုသောအခါ မျိုးတွင် မိမိ၏ အိမ် မဟုတ်သည့်အတွက် နေထိုင်စားသောက်ကျင့် ကြံပြုမူသမျှသည် ဧည့်သည် နေသကဲ့သို့ဖြစ်သည်။ ခရီး မှအိမ်အပြန်မိမိ အိမ်သို့ ရောက်လျှင် လူတိုင်း အိမ်ရှင် ဖြစ်သွားစမြဲရှိသော်လည်း၊ အာဗြဟံမူကား သူ့အားပေးထားသည့် ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ ပင် ယုံကြည်ခြင်းအားဖြင့် ဧည့်သည် စစ်စစ် ဖြစ်သွား ကြောင်းကို သတိထားမိသည်။ နာမည်ကြီး သရုပ်ဆောင်ကိုအား ကျသူတစ်ယောက်သည် သူနှစ်သက်စွဲလန်းသော သရုပ်ဆောင်တစ်ဦး၏ ဝတ်စားဆင်ယဉ်ပုံ၊ သွားလာ လှုပ်ရှားပုံများကို အတုယူခြင်းအားဖြင့် သရုပ်ဆောင်တစ်ဦးကဲ့သို့ နေထိုင်၍ ရသည်။ မင်းသား တစ်ဦး၏ စတိုင်ကို ဖမ်းပြီး အသက်ရှင်ခြင်းသာ ဖြစ်ပြီး၊ မင်းသား ကဲ့သို့ နေထိုင်ခြင်း ဖြစ်သည်။ သို့သော်၊ ထိုသို့ မင်းသား တစ်ယောက်ကဲ့သို့ နေထိုင်ခြင်းသည် မင်းသား ဖြစ်သွားခြင်း မဟုတ်ပါ။ ရုပ်ရှင်မင်းသားကို သဘော ကျ၊ အား ကျ၍ နောက်ဆုံး ကိုယ်တိုင် ရုပ်ရှင်အနုပညာလောက ထဲသို့ ​ခြေစုံပစ်ဝင်ကာ ဟန်လုပ်သရုပ်ပါစေသည့်သရုပ် ဆောင်ဘဝကို အ​ခြေခံမှစတင်ရင်း၊ တနေ့အောင်မြင် သွားသောအခါမူ သူ၏ နေထိုင် ပြုမူသမျှသည် မင်းသား ကဲ့သို့ နေထိုင်ပြုမူခြင်း သက်သက် မဟုတ်တော့ပဲ၊ မင်းသား လုံး လုံး ဖြစ်သွားခြင်းသာ ဖြစ်သည်။ အလားတူပင်၊ အာဗြဟံသည် ဘုရားသခင် တည်သော မြို့၊ ခိုင်ခန့်သော မြို့ကို မည်မျှမျှောင်လင့်သနည်းဟူမူကား သူတပါးပိုင်သော ပြည်၌ ဧည့်သည် ကဲ့သို့ နေထိုင်ရင်း၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ ပင် အိမ်ရှင်စိတ်မထား၊ ယုံကြည်ခြင်းအားဖြင့် “ဧည့်သည်” ဖြစ်၍ နေ၏ ဟုဆိုခြင်းသည် မမြဲသော ဤလောကတွင် ခေတ္တနေထိုင်ရကြောင်း မိမိကို မိမိကောင်းကောင်း သဘောပေါက်၍ ကောင်းကင်ဘုံမရောက်မချင်း အိမ်မရောက်သေးကြောင်း ခံယူအသက်ရှင်ခြင်း ဖြစ်သည်။ 

“မိမိတို့သည် မြေကြီးပေါ်မှ ာ တ​ကျွန်းသူတနိုင်ငံ သား၊ ဧည့်သည် အာဂန္တု ဖြစ်သည်ကို ထင်ရှားစွာ ဝန်ခံလျက်၊ ယုံကြည်ခြင်း စိတ်နှင့် သေလွန်ကြ၏။” (ဟေ၊ ၁၁:၁၃ ခ) မည်ကဲ့သို့ ထင်ရှားစွာ ဝန်ခံခဲ့ကြသလဲ။ အာဗြဟံသည် သူ၏ အသက်တာတလျှောက် လုံးအတည်တကျမရှိ၊ တနေရာမှ အခြားတနေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။က၊ ၁၂:၉၌ “အာဗြံသည် ခရီး သွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ ရောက်လေ၏” ဟု သူ၏ နေထိုင်မှု ဘဝကို တွေ့မြင်ရသည်။ ရောက်သည့်နေရာတိုင်း တွင်လည်း ယာ ယီတဲထိုး၍သာ နေထိုင်ကြောင်းလည်း သိမှတ်ရသည်။ “ထိုဂတိတော်ကို အမွေခံ ရသော အဘော်အဘက် တည်းဟူသော ဣဇက်၊ ယာကုပ်တို့ နှင့်အတူ တဲ၌ နေလေ၏ (ဟေ၊ ၁၁:၉ ခ)” ။ 

​ကျွန်ုပ်တို့ ကောဘာကို မျက်မှောက်ပြုကြသနည်း

အာဒံနှင့် ဧဝသည် အစားဖြင့် သွေးဆောင်ခြင်း ခံရကာ၊ စုံစမ်းခြင်းကို ကျရှုံးခဲ့သည်။ အလားတူပင်၊ ​ကျွန်ုပ်တို့လည်း အကျဉ်းသား ကဲ့သို့ စားဝတ်နေရေးအရေးသုံး ပါးအောက်အကျဉ်းကျကာ၊ တသက်လုံးကျရှုံးနေပြီလား၊ မိတ်ဆွေ။ စာတန်သည် အလားတူပင် ကျောက်ခဲကို မုန့် ဖြစ်စေ၍ စားခိုင်းသော်လည်း၊ ခရစ်တော်က “လူသည် မုန်အားဖြင့်သာ အသက် မွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်” ဟု ပြန်၍ မိန့်တော်မူခြင်းအားဖြင့် သွေးဆောင်ခြင်းကိုအောင် ခဲ့သည်။ ​ကျွန်ုပ်တို့လည်း ခရစ်တော် ပေးခဲ့သည့်ဂတိတော်များအား မျှော်လင့်ခြင်းအားဖြင့် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့ ကဲ့သို့ ဤလောက၌ နေထိုင်သော တဲသည် ယာယီ ဖြစ်ကြောင်း ဝန်ခံလျက်၊ ဧည်သည် လိုနေထိုင်ခြင်းသာမက နောက်ဆုံးလောက အတွက် ဧည့်သည် စစ်စစ် ဖြစ်သွားမည့် အကြောင်း၊ မမြဲသည့်လောက စည်းစိမ်၊ မမြဲသည့်ခန္ဓာ ဤယာယီတဲနှင့် လူတို့ ပေး၍ မမြဲသော ဘုန်းတို့ကို မချစ်ပဲ၊ အာဗြဟံ၏ မျှော်လင့်ခြင်း အကြောင်းကို ရေးရင်းစာရေးသူ၏ စိတ်တွင် ဓမ္မသီချင်းတစ်ပုဒ်ထွက်ပေါ်လာသည်။ “ငါ မျှော်လင့်ခြင်း အမြစ်တည်ရာ၏၏ နာမတော် ကုသိုလ်အောင် သတည်း။ လေပြင်းကျ၍ မုန်တိုင်း ထလျှင် လည်း၊ ကုလားကာထဲကျောက်စွဲနေမည်။ ငါ့ကို ထောက်မကိုယ်တော် သာလျှင်၊ ငါမျှော်လင့်ခြင်းမှ ီဝဲရာပင်။” “ကျောက်မြဲ ခရစ်တော် ငါခိုလှုံ၊ အခြားရှိရာ၊ ရှိရှိသဲနုန်း၊ အခြားရှိရာ ရှိရှိသဲနုန်း” ဟု ချီးမွမ်းထောပနာပြုရင်း၊ ဓမ္မမိတ်ဆွေ အပေါင်းတို့လည်း ကျောက်မြဲ ခရစ်တော်ကို ချီးမွမ်းခိုလှုံနိုင်ပါစေကြောင်း မေတ္တာပို့ ဆုတောင်း မိပါသည်။ 


  
ကျမ်းစာဖတ်ကြစို့
ယော ၆


၁။ ထိုနောက်မှယေရှုသည် တိဗေရိအိုင် တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။ ၂ အနာရောဂါစွဲသော သူတို့၌ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို လူအစုအဝေးအ ပေါင်းတို့သည် မြင်ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။ 

ဂါလိလဲအိုင်ကို အမျိုးမျိုး ခေါ် ကြသည်။ ဤနေရာ၌ တိဗေရိအိုင်ဟူ၍၎င်း၊ (လု ၅:၁)၌ ဂနေ်သရက်အိုင်ဟူ၍၎င်း၊ ခေါ်သည်။ ခရစ်တော်၌ နောက်လိုက်သောသူအမျိုး မျိုးရှိသည်။ အံ့ဩဘွယ်သူပြုသော အရာများကို မြင်ချင် သောသူ၊ အနာရောဂါငြိမ်းခြင်း ခံဘို့ လိုက်သောသူ၊ အပြစ်တင်ဘို့ လိုက်သောသူ (ဖါရိရှဲများ၊ ဇဒ္ဒုက္က​ဲများနှင့် ယဇ်ပုရော ဟိတ်များ)၊ အစာ​ကျွေးတတ်သောကြောင့် လိုက်သောသူ၊ သူများ လိုက်၍ လိုက်သောသူဟူ၍ အအကြောင်း အမျိုးမျိုးကြောင့် လိုက် ကြသည်။ ယနေ့ တိုင်အောင် အကြောင်း အမျိုးမျိုးကြောင့် လိုက် ကြသည်။ သင်သည် မည်သည့် ရည်ရွယ်ချက်ကြောင့် လိုက်သနည်း။ အထက်ပါ ကျမ်းပိုဒ်၌ နိမိတ်လက္ခဏာမြင်သောကြောင့် လိုက်ကြသည် ဟုဆိုသည်။ 

၃။ ယေရှုသည် တောင်ပေါ်သို့ တက်ကြွ၍ တပည့်တော်တို့ နှင့်အတူ ထိုင်တော်မူ၏။ ၄ ထိုအခါ ယုဒလူတို့၏ ပသခါပွဲခံချိန်ရောက်လုနီးသတည်း။ 
 ယေရှုသည် ဗိမာန်တော်၊ အခန်းများ၌သာမက နေရာတိုင်း၌ အမှုတော်ဆောင်သည်။ ခုတောင်ပေါ်၌ ရှိသည်။ ယနေ့ အမှုတော်ဆောင်များသည် ဘုရားရှိခိုးကျောင်းနှင့် အိမ်များ၌သာ တရားဟော ကြသည်။ အချို့သောသူများ ကဘုရားသည် သန့်ရှင်း သောကြောင့် လုပ်ငန်းခွင်နှင့် နေရာတကာ၌ ဘုရား အကြောင်း မဟော မပြောသင့် ဟုဆိုသောသူရှိသည်။ အမှန်မှာ ဘုရား အကြောင်းသည် နေရာတိုင်း၌ ပြောရ၊ ကျင့်ရမည် ဖြစ်သည်။ နေ့စဉ် အသက်တာ ဖြစ်ရမည်။ ဘုရားကျောင်းနှင့် အပြင်၌ နေပုံထိုင်ပုံ၊ ပြော ပုံများသည် တူညီနေရမည်။ 

၅။ ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေး အပေါင်းတို့သည် အထံတော်သို့ လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤ သူတို့ စားစရာ မုန့်ကို အဘယ်မှာ ဝယ်မည် နည်းဟု မေးတော်မူ၏။ ၆ ထိုသို့ မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကို သိတော်မူလျက် ပင်ဖိလိပ္ပုကို စုံစမ်းခြင်းငှါ သာမေးတော်မူ၏။ 

သခင်ယေရှုသည် လူအစုအဝေးကို တရားသာမဟော၊ အနာရောဂါများကိုသာ မငြိမ်းစေဘဲ၊ ကိုယ်ကာယလိုအပ်သော အစာများကိုလည်း ​ကျွေးချင်သည်။ “ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း၊ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ် ကြနှင့်။ ထိုအရာများကိုသာ သာသနာပလူတို့သည် ရှာဖွေ တတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် သိတော်မူ၏။” (မ ၆:၃၁-၃၂) ဟုပြောခဲ့သည်။ ယခုလည်း တရားနာ ပရိသတ်များကို ကျွေးဘို့ရန် ရည်ရွယ်ပြီ။ သို့သော် ဖိလိပ္ပုကို စုံစမ်းခြင်းငှါ မေးတော်မူသည်။ ဘုရားသခင်သည် သူလုပ်မည့် အရာများကို သိသောကြောင့် သူ့သားသမီး များအနေဖြင့် စိတ်ချ လက်ချစောင့်ဘို့ လိုအပ်သည်။ 

ရ။ ဖိလိပ္ပုကလည်း ဤ သူတို့သည် မုန့်တဖဲ့စီစေ့ငှအောင် ဒေနာရိအပြားနှစ်ရာအ ဘိုးထိုက်သော မုန့်မလောက်ပါဟု လျှောက်လေ၏။ ၈ ရှိမုန်ပေတရု၏ ညီ အနြွှေအမည် ရှိသော တပည့်တော်က၊ ၉ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသောသူငယ် တယောက် ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသော လူတို့သည် ရှိကြသည် ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်းဟု လျှောက်၏။ 

ဖိလိပ္ပုသည် သူ၏ ဦးနှောက်ကို သုံးလိုက်သည်။ ချက်ခြင်း တွက်၍ ဒေနာရိအ ပြားနှစ်ရာ (လူတယောက် ရက်ပေါင်း နှစ်ရာလုပ်စာ)ဖြင့် မလောက်ဘူးဟု ​ဖြေလိုက်သည်။ ​ကျွန်ုပ်တို့လည်း ဦးနှောက်သုံးလိုက်တတ်ကြသည်။ ကျမ်းစာက၊ “ထာဝရ ဘု ရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။” (သု ၃:၅) ဟုဆိုသော်လည်း ကိုယ်ဥာဏ်ကို အသုံးပြုတတ်ကြသည်။ 

၁၀။ ယေရှုကလည်း၊ လူများတို့ကို လျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက် ပင်ထူပြောလျက် ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။ 

ယခုခေတ်တွင် လူငါးထောင်စုစည်းလျှင် အလွန် ရှုပ်ထွေးမည် ဖြစ်သည်။ သူတို့ ခေတ်တွင် စံနစ်တကျရှိဘို့ လျောင်း (ထိုင်) ခိုင်းသောအခါ ခဏလေးတွင် ထိုင်နိုင် ကြသည်။ ယေရှုသည် မြက်ပေါသော တော၌လည်း တရားဟော၍ အစာလည်း ကျွေး နိုင်သည်။ ယခုခေတ် တွင်လည်း ဝိညာဉ်တော်က ဦးဆောင်လျှင် ထိုကဲ့သို့ ချက်ခြင်း နေရာတိုင်း၌ ပြုလုပ် နိုင်မည်။ ယခုခေတ်တွင် လူအနည်းအများ မေးသောအခါ အလွန် များသည်၊ နည်းသည်ဟု သာပြောတတ်ကြသည်။ အတိအကျ မပြောနိုင်ကြ။ သူတို့ မူကား လူငါးထောင်ခန့်မျှဟု ချက်ခြင်း ပြောနိင်သည်။ 

၁၁။ ယေရှုသည် မုန့်ကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသော သူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါး နှစ်ကောင်ကို လူများ လိုချင် သမျှ ဝေငှကြ၏။ 

ယေရှုသည် သူကိုယ်တိုင် ရှိသော အစာ မဟုတ်၊ ခလေး တယောက်၏ အစာဖြင့် လူများကို ကျွေးမွေးသည်။ သူတပါး၏ အစာဖြင့် ဧည့်သည်ကို မည်သူမျှကျွေးချင်မည် မဟုတ်။ သခင်ယေရှုသည် ဤလောက၌ မည်သည့်အရာမျှ မပိုင်။ မယ်တော်မာရိ၏သား အိမ်ကိုငှါး၍ မွေးဖွားသည်။ ပေတရု၏ လှေကိုငှါး သည်။ သူတပါး၏ မြည်းကိုငှါး၍ စီးသည်။ သူတပါး၏ အိမ်တွင် တပည့်တော်များကို နောက်ဆုံးညစာကျွေးသည်။ သူတပါး၏ သင်္ချိုင်းတွင် မြှုပ်ခြင်း ခံရသည်။ သူသည် ဤလောက၌ အိမ်ရှင်ကဲ့သို့ မနေ၊ ဧည့်သည် အဂန္တုကဲ့သို့ နေသည်။ ယုံကြည်သူများ၏ အသက်တာ၌ သာလျှင် အိမ်ရှင်လိုနေ ချင်သည် (ဗျာ ၃:၂၀)။ ​ကျွန်ုပ်တို့၏ ပြသနာသည် ဤလောက၌ ထာဝရ နေအိမ်မှတ်လျက် အိမ်ရှင်ကဲ့သို့ နေချင် သောကြောင့် ဖြစ်သည်။ 

၁၂။ ထို သူတို့သည် ဝကြပြီးမှ ကိုယ်တော် ကဘာမျှမပျောက်စေခြင်းငှါ ကျန်ကြွင်းသော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည် ဖြစ်၍၊ ၁၃ စားသော သူတို့၌ ကျန်ကြွင်းသော မုယောမုန့်ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။

မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် လူငါးထောင်မကကို ကျွေး၍ ဝသည်သာမက ကျန်ကြွင်းသော အကျိုးအပဲ့ကို ကောက်သိမ်းသောအခါ တဆယ်နှစ်တောင်းရသည်။ ထိုအရာသည် လူအတွက် အလွန် အံ့ဩစရာ ရှိသော်လည်း ဘုရား အတွက် ဘာမှအံ့ ဩစရာ မရှိပါ။ ဣသရေလ လူသိန်း၃၀ ခန့်ကို နှစ်ပေါင်းလေးဆယ်မန္နမုန့်နှင့် ကျွေးမွေး ခဲ့သည် မဟုတ်ပါလော။ ဘုရား အတွက် အလွန် လွယ်ကူသည်။ ထို့ကြောင့် အဘယ်သို့ စားသောက်ရအံ့နည်းဟု မစိုးရိမ်နှင့်ဟု ယေရှု ကပြောခဲ့သည် မဟုတ်လော။ ဘုရား အပေါ်လည်း လုံးဝ ယုံကြည် အားကိုး ကြပါစို့။ ​ကျွန်ုပ်တို့ ဖြစ်လျှင် အကျိုးအပဲ့များကို ကောက် သိမ်းကြမည် မဟုတ်။ သူတို့သည် တောလည်း ဖြစ်သောကြောင့် ဂရုစိုက်စရာလည်း မလို။ သို့သော် ဘုရားသည် စည်းကမ်းရှိသည်။ ယခုမှစ၍ အရာခပ်သိမ်း၌ စည်းကမ်းရှိကြ ပါစို့။ 

၁၄။ ထိုသို့ ယေရှု ပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည် မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက် အမှန် ဖြစ်သည် ဟုဆိုကြ၏။ ၁၅ ထို သူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ လာ၍ အနိုင်အထက် ပြု ကြမည်အကြောင်းကို ယေရှုသည် သိတော်မူလျှင်၊ တောင်ပေါ်သို့ တယောက် တည်းကြွတော်မူ ပြန်၏။ 

လူများသည် ယေရှု၏ တန်ခိုးအစွမ်းကို တွေ့မြင်ကြသောအခါ ရှင်ဘုရင်အရာ၌ ချီးမြှောက်ဘို့ ကြံစည် ကြသည်။ သို့သော် သခင်ယေရှုက လက်မခံလိုသောကြောင့် တောင်ပေါ်သို့ တယောက် တည်းကြွသွားသည်။ အဘယ်ကြောင့် လက်မခံသနည်း။ သူ၏အချိန် မတန်သောကြောင့် ဖြစ်သည်။ သူ့ကို လူများက မဟုတ်၊ ခမည်းတော်ဘုရားက ချီးမြှောက်မည် ဖြစ်သည်။ ထို့အပြင် လူများ၏ ချီးမြှောက်ခြင်းသည် ခဏသာခံမည် ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း လူများ မဟုတ်ဘဲ ဘုရားသခင်၏ ချီးမြှောက်ခြင်းကိုသာ လိုချင် ကြစို့။ 

၁၆။ ညအချိန် ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့ သွား၍ လှေထဲသို့ ဝင်ပြီးလျှင်၊ ကပေရနောင်မြို့သို့ ရောက်အံ့သောငှါ အိုင်ကို ကူးကြ၏။ ၁၇ ထိုအခါ မှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့ မရောက်သေး။ ၁၈ လေပြင်းမုန်တိုင်း လာ၍ လှိုင်း တံပိုးထလေ၏။ ၁၉ ခရီး တတိုင်ခွဲနှစ်တိုင်လောက်တက်ခတ်၍ ရောက်သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော် ဖြန့်၍ လှေအနီးသို့ ချဉ်းတော်မူသည်ကို သူတို့သည် မြင်၍ ကြောက်လန့်ခြင်းရှိကြ၏။ ၂၀ ကိုယ်တော်ကလည်း၊ ငါပင် ဖြစ်သည်၊ မကြောက်လန့် ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော်ကို ဝမ်းမြောက်စွာ ခံယူကြ၏။ ၂၁ လှေသည်လည်း ရောက်လိုသော အရပ်သို့ တခဏခြင်းတွင် ဆိုက်လေ၏။ 

လူများသည် အိမ်သို့ ပြန်သွားကြ၍၊ တပည့်တော် များသည် အိုင်ကို လှေဖြင့် ကူး ကာကပေရနောင်မြို့ဖက်သို့ သွားကြသည်။ ယေရှု မူကား တောင်ပေါ်တွင် တယောက် တည်းနေသည်။ ခမည်းတော်နှင့် မိဿဟာယဖွဲ့ခြင်း ဖြစ်မည်။ တပည့်တော် များသည် အိုင်ထဲ၌ လေပြင်းမုန်တိုင်းနှင့် ရင်ဆိုင် ကြသည်။ ယေရှုသည် တောင်ပေါ်မှဆင်း၍ ရေပေါ်၌ လမ်းလျှောက်၍ တပည့်တော်တို့ ထံသွားသည်။ တပည့်တော်များကယေရှုကို ဖုတ် တစေဈဟု ထင်မှတ်ကြ၍ ကြောက် ကြသည်။ ပေတရုကကိုယ်တော် မှန်လျှင် သူလည်း ယေရှု ထံလာဘို့ လျှောက်ခဲ့သည်။ ယေရှု ကလာခွင့်ပြု၍ ပေတရုသည် ရေပေါ်၌ သွား နိုင်ခဲ့သော်လည်း ဘေးနား၌ လေပြင်းမုန်တိုင်းကို မြင်သောအခါ ကြောက်၍ ရေနစ်ခဲ့သည်။ ယေရှုက သူ့ကို ယုံကြည်ခြင်း အားနည်းသောသူ ဟုဆိုခဲ့သည် (မ ၁၄:၂၃-၃၃)။ ကျွန်ုပ်တို့လည်း လေပြင်းမုန်တိုင်း တည်းဟူသော ပြသနာ များကိုသာ ကြည့်မြင်သောအခါ ကြောက်လန့်၍ မလုပ်သင့််သော အရာများကို လုပ်မိတတ်ကြသည်။ ပေတရုလည်း ယေရှုကို ကြည့်ခဲ့စဉ်တွင် ရေပေါ်၌ လမ်းလျှောက်နိုင်ခဲ့သော်လည်း ဘေးကြည့်၍ လေပြင်းမုန်တိုင်းကို ကြည့်သောအခါ ကြောက်၍ ရေနစ်ခဲ့သည်။ ​ကျွနိုပ်တို့လည်း ပြသနာကို မကြည့်ဘဲ ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့ (ဟေ ၁၂:၂)။ ယေရှု ပါသောအခါ လှိုင်းတံပိုးလည်း ချက်ခြင်း ငြိမ်း၍ ရောက်လိုသော အရပ်သို့လည်း တခဏတွင် ရောက် သွားသည်။ လောကကို ကြည့်လျှင် မကြောက်လျှင်လည်း တပ်မက်မည်။ ကြောက် လျှင်လည်း ဆုံးရှုံးမည်။ ထို့ကြောင့် ယေရှုကို မျက်​ခြေမပျက်ကြည့်ဘို့ လိုသည်။ 

၂၂။ အိုင်တဘက်၌ နေသော လူအစုအဝေးတို့သည်ကား၊ ၂၃ အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကို စားကြရာအရပ်နှင့် အနီး၊ တိဗေရိ မြို့မှ အခြားသော လှေငယ်များ လာသော်လည်း၊ မနေ့၌ တပည့်တော်တို့ ဝင်သော လှေ မှတပါး အဘယ်လှေမျှမရှိသည်ကို၎င်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်တို့ နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့်တော်တို့ သာသွားကြသည်ကို၎င်းမြင်ကြ၍၊ ၂၄ ထိုအရပ်၌ ယရှုမှစသော တပည့်တော်တို့ မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကို ရှာခြင်းငှါ ကပေရနောင်မြို့သို့ သွားကြ၏။ ၂၅ အိုင်တဘက်၌ တွေ့လျှင် အရှင် ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူ သနည်းဟု မေးလျှောက်ကြ၏။ 

လူများသည် ယေရှုကို ရှာ ကြသည်။ တပည့်တော် များသည် ယေရှု မပါဘဲ လှေဖြင့် တဖက်ကမ်းသို့ ကူးကြသည်ကို လူများ ကသတိထားမိ ကြသည်။ အခြားသော လှေလည်း မရှိ။ သို့သော် မည်ကဲ့သို့ ယေရှုသည် တပည့်တော်များနှင့် အိုင်တဘက်သို့ ရောက် သွားသည်ကို မသိကြသောကြောင့် အံ့ ကြသည်။ ယေရှု ရေပေါ်၌ စက်တော် ဖြန့် (လမ်း လျှောက်) သည်ကို မသိမမြင်ကြ။ ထို့ကြောင့် အံ့ဩ နေကြခြင်း ဖြစ်သည်။ 

၂၆။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကို ရှာသည် မဟုတ်။ ၂၇ မုန့်ကို စား၍ ဝသောကြောင့်သာရှာ ကြ၏။ ပျက်စီးတတ်သော အစာကို ရခြင်းငှာ မကြိုးစား ကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရ အသက်နှင့် အမျှ တည်တတ်သော အစာကို ရခြင်းငှါ ကြိုးစား ကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏ တံဆိပ်ခတ်ခြင်းကို ခံသောသူ ဖြစ်သည်ဟု မိန့်တော်မူ၏။ 

လူများက သူ့ကို ရှာကြသော်လည်း ယေရှုသည် သူတို့၏ ရည်ရွယ်ချက်မမှန် သောကြောင့် အလိုမကျချေ။ လူများသည် ထာဝရ တည်မည့် ဝိညာဉ် အစာကို ရှာစေ ချင်သည်။ သို့သော် သူတို့သည် လူ့ထုံးစံအတိုင်း ခဏသာခံသော ကိုယ်ကာယအစာကိုသာ ရှာ နေကြသည်။ ယုဒလူများသာမက ယနေ့ ခရစ်ယာန် အများစုလည်း ဝိညာဉ် အစာထက်၊ ခန္ဓာအစာကိုသာလျှင် ရှာ နေကြသည်။ သခင်ယေရှု၏ အကြံပေးချက်အ တိုင်း ထာဝရ အသက်နှင့် အမျှ တည်တတ်သော အစာကို ရှာကြစို့။ ထိုအစာကို လူသား တည်းဟူသော သခင်ယေရှု ကပေးမည် ဖြစ်သည်။ ပရောဖက် ဟေရှယအားဖြင့်လည်း ဤ ကဲ့သို့ အကြံပေးခဲ့ဘူးပြီ၊ “၁ အိုရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသော သူတို့၊ လာကြ၊၊ ဝယ်၍ စားသောက်ကြလော့၊၊ ငွေမပါဘဲ အဘိုးကို မပေးဘဲ လာ၍ စပျစ်ရေနှင့် နို့ကို ဝယ်ကြလော့။ ၂ အစာ မဟုတ်သောအရာ ဘို့ သင်တို့ ငွေကို၎င်း၊ အမွတ် မပြေနိုင်သောအရာ အဘို့ သင်တို့ ဥစ္စာကို၎င်းအဘယ်ကြောင့် ကုန်စေ ကြသနည်း။ ငါ့စကားကို စေ့စေ့ နားထောင့်လျက်၊ ကောင်းသော အစာကို စားကြလော့။ သင်တို့၏ ဝိညာဉ်သည် ချိုသောအရာ တို့၌ မိမိကို မိမိမွေ့လျော်စေလိမ့်မည်။ ၃ နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင် ကြလော့။သို့ ပြုလျင်သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။” (ဟေရှာ ၅၅:၁-၃) 

သခင်ယေရှုသည် ဘုရား၏ တံဆိပ်ခတ်ခြင်း ခံသောသူ ဖြစ်သည် ဟုဆိုခြင်းသည် အသိအမှတ်ပြုခြင်းကို ဆိုုလိုသည်။ သူကိုယ်တိုင်၊ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏၊၊ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက် ပေးတော်မူ ပြီ၊၊ ” ဟုဆိုခဲ့သည် (လု ၄ ; ၁၈၊ ဟေရှာယ ၆၁:၁) 
 
၂၈။ ထို သူတို့ကလည်း၊ ဘုရားသခင်၏ အလိုတော်နှင့် ညီသော အကျင့်ကို ကျင့်ခြင်းငှါ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်ကြ၏။ ၂၉ ယေရှုကလည်း ဘုရားသခင် စေလွှတ်တော်မူသောသူကို ယုံခြင်း အကျင့်ကား၊ အလိုတော်နှင့် ညီသော အကျင့်တည်းဟု မိန့်တော်မူ၏။ 

ယုဒလူများက ဘုရား၏ အလိုတော်နှင့် ညိီသော အကျင့်သည် အဘယ်အရာ ဖြစ်သည်ကို မေးမြန်း ကြသည်။ ထိုအခါ ယေရှုက ဘုရား စေလွှတ်တော်မူသောသူကို ယုံ ကြည်ခြင်းသည် အလိုတော်နှင့် ညီသော အကျင့် ဖြစ်သည် ဟုဆိုသည်။ ဘုရား စေလွှတ်တော်မူသောသူသည် သူကိုယ်တိုင် ပင် ဖြစ်သည်။ ယေရှုကို ယုံကြည်ခြင်းသည် ဘုရား၏ အလိုတော် ဖြစ်သည် အကြောင်းမှာ ကယ်တင်ခြင်းနှင့် အရာခပ်သိမ်းသည် ယေရှု၌ ရှိသည်။ 

၃၀။ ထို သူတို့ကလည်း၊ အ​ကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့် မြင်၍ ကိုယ်တော်ကို ယုံကြည် မည်အကြောင်း အဘယ်နိမိတ်လက္ခာကို ပြတော်မူ သနည်း။ အဘယ်အမှုကို ပြုတော်မူ သနည်း။ ၃၁ ကျမ်းစာ၌ လာသည်ကား၊ ထို သူတို့ စားစရာဘို့ ကောင်းကင်မှ မုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ၊ ငါတို့ ဘိုးဘေးများသည် တော၌ မန္နကို စားကြသည်ဟု လျှောက်ကြ၏။ 

ယုဒလူများသည် ယေရှု ပွားစေသော မုန့်နှင့် ငါးကို စားခဲ့ပြီးသော်လည်း နိမိတ် လက္ခဏာကို ထပ်တောင်းခြင်းသည် အံ့ဩစရာ ဖြစ်သည်။ သူတပါးထံ၌ ပြုသော နိမိတ် လက္ခဏာပင် မဟုတ်၊ သူတို့ ကိုယ်တိုင် သူ​ကျွေးသော အစာကို ဝစွာ စားပြီးမှ ထိုသို့ ဆိုခြင်းသည် သူ့ကို မသိခြင်း၊ လက်မခံခြင်း၊ နှလုံးခိုင်မာခြင်း ဖြစ်သည်။ သူတို့ ဘိုးဘေးများ တော၌ နှစ်ပေါင်းလေးဆယ်မန္နမုန့်ဖြင့် ​ကျွေးခြင်း သာလျှင် အသိအမှတ်ပြု ကြသည်။ ကျွန်ုပ်တို့လည်း များစွာသော ကောင်းကြီးများခံစားရရှိသော်လည်း မသိတတ်ကြချေ။ 

၃၂။ ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် ကောင်းကင် မုန့်ကို သင်တို့အား မပေး။ ခမည်းတော်သည် မှန်သော ကောင်းကင် မုန့်ကို သင်တို့အား ပေးတော်မူ၏။ ၃၃ ဘုရားသခင်၏ မုန့်မူကား၊ ကောင်းကင်မှ ဆင်းသက်၍ လောကီသားတို့အား အသက်ကို ပေးသော မုန့်ပေတည်းဟု မိန့်တော်မူလျှင်၊ ၃၄ သခင်၊ ထိုမုန့်ကို အ​ကျွန်ုပ်တို့အား အစဉ်မပြတ် ပေးတော်မူပါဟု လျှောက်ကြ၏။ 

ယုဒလူများက သူတို့၏ ဘိုးဘေးများ၊ ဘုရားသခင်က မန္နမုန့်ပေးခြင်းကို ဂုဏ်ယူ ကြသည်။ ဆိုလိုရင်းမှာ ဘုရားသခင်က ဂရုစိုက်​ကျွေးမွေးသော လူမျိုး ဖြစ်ကြောင်း၊ သူတို့သည် သာမန်လူများ မဟုတ်ကြောင်းကို ဖေါ်ပြလို ကြသည်။ သို့သော် ယေရှုက သူတို့ ဘိုးဘေးများ စားသော မန္နသည် မှန်သော မုန့်၊ ထာဝရ အသက် ပေးသော မုန့်မဟုတ်ကြောင်း၊ ယခုမှန်သော အသက် မုန့် ပေးတော်မူကြောင်းကို ပြောပြသည်။ ထိုမုန့်သည် ကောင်းကင်မှ ဆင်းသက်၍ လောကီသားတို့အား အသက်ကို ပေးသော မုန့်ဟု သူ့ကို သူဆိုလိုသည်။ သို့သော် ယုဒလူများက သဘော မပေါက်ကြချေ။ ထို့ကြောင့် ထိုု မုန့်ကို ထပ်၍ တောင်းခြင်း ဖြစ်သည်။ များစွာသော ခရစ်ယာန် များလည်း ယေရှုကို လက် ခံသည်၊ ယုံကြည်သည်ဟု ဝန်ခံကြသော်လည်း၊ သူ့ကို မစားကြဘဲ နေကြသည်။ သင်သည် ထိုမုန့်ကို စားပြီး ပြီလော။ 

၃၅။ ယေရှုကလည်း၊ ငါသည် အသက် မုန့် ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် နောက် တဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။ ၃၆သို့သော်လည်း သင်တို့သည် ငါ့ကို မြင်လျက် ပင် မယုံကြည် ကြဟု ငါဆိုခဲ့ပြီ။ ၃၇ ခမည်း တော်သည် ငါ့ အားပေးတော်မူသမျှသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် အလျှင်း မပယ်။ 

ယုဒလူများက မသိနိုင်သောကြောင့် ယေရှု ကငါသည် အသက် မုန့် ဖြစ်၏ဟု တည့်တည့်ပြောလိုက်သည်။ သူ့ထံလာသောသူသည် တဖန် မဆာမမွတ်ရ ဟုဆိုသည်။ သို့သော် ယုဒများက သူ့ကိုယ်မြင်လျက် ပင်ယုံကြည် ကြပါသလော၊ မယုံကြည် ကြပါ။ ယနေ့ ​ကျွန်ုပ်တို့ အနေဖြင့် ယေရှုကို ကိုယ်ခန္ဓာအားဖြင့် မမြင်ရသော်လည်း စိတ်ဝိညာဉ်အားဖြင့် မြင်နိုင်သည်။ သို့သော် ယုဒလူများ နည်းတူ မယုံကြည်သူ ကအများစု ဖြစ်နေသည်။ ခမည်းတော် ကပေးမှသာလျှင်ယေရှုထံသို့ လာနိုင်သည် ဟုဆိုသည်။ သူ့ထံသို့ လာသောသူကို ယေရှုက အလျှင်း မပယ်ကြောင်း ပြောထားသည်။ ဘုရားကအဘယ် သူကိုမျှ အတင်း မခေါ်၊ သူ့ထံလာလျှင်လည်း လုံးဝ မပယ် ဟုဆိုသောကြောင့်၊ လူတိုင်း သူ့ထံသို့ လာသင့်သည်။ သင်သည် ယေရှုထံသို့ စိတ်နှလုံးအ​ကျွင်းမဲ့လာပါသလား။ လာလျှင် သင့်ကို မပယ်၊ လုံးဝ လက်ခံကြောင်း စိတ်ချပါ။ 

 

အမှုတော်ဆောင်သင်တန်း


 ယခုလ ၄-၈ နေ့အထိ အမှုတော်ဆောင်သင်တန်းကို အင်ဒီယားနားပိုလစ် တောင်ဖက် အသင်းတော်၌ ပြုလုပ် ကြရာ အမှုတော်ဆောင် ၂၀ ခန့်တက်ရောက်ကြ ပါသည်။ ဆရာနိုင်လင်းက အဓိကဒိုင်ခံသင်ကြားပေးပါသည်။ ပျောက်ဆုံးဝိညာဉ် ဖမ်း နည်းနှင့် ပြုစုပျိုးထောင်နည်းများကို အဓိကသင်ကြားပေးပါသည်။ ဘုရား အလိုတော် ရှိ၍ အချိန် ရှိသေးလျှင် ဇန္နဝါရီလကုန်၌ ပြန်လည်သင်ကြားဘို့ ရှိပါလိမ့်မည်။ 

 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG