GOODNEWS
  HOME  GOODNEWS  2018 DEC
 


 

အမှာစာ

 ဘုရားသခင်၏ ကျေးဇူးတော် ကာလ မကုန်ဆုံး သေးသောကြောင့် ယနေ့ တိုင်အောင် အသက်ရှင်သွားလာလှုပ်ရှားနိုင်ကြသေးသည်။ ခရစ်တော် ကြွလာခါ အလွန် နီးသောကြောင့် တကမ္ဘာလုံး၌ သဘာဝ ဘေးအန္တရာယ်များနေ့တိုင်း လိုလိုကြုံတွေ့နေ ရသည်။ ထိုဘေးများကြောင့် အသက် အိုးအိမ်မြောက် များစွာ သေကျေ ပျက်စီးဆုံးရှုံး နေကြသည်။ သို့သော် ကိုယ်တိုင် ဘေးဒုက္ခ မကြုံတွေ့လျှင် သဘော မပေါက်၊ ဂရုမစိုက်နိုင်ပါ။ ခရစ်တော် ကတနိုင်ငံနှင့် တနိုင်ငံ၊ လူတမျိုးနှင့် တမျိုးရန်ဘက်ပြုကြလိမ့်မည် ဟုဆိုသည့်အတိုင်း ယခုအခါ တိုင်းနိုင်ငံကြီး များသည် ရန်ဆောင် နေကြပြီ။ ယခုအခါ အမေရိ ကန်စီးပွားရေးသည် တိုးတက်နေသော်လည်း မကြာမှီကျဆင်းသွားဘို့ ရှိနေသည်။ ဘုရားသခင်ကိုလည်း ဆန့်ကျင်၍ လူမှု ကျင့်ဝတ်များလည်း အစွမ်းကုန်ဆိုးသွမ်း နေကြပြီ။ ခရစ်တော် ကြွလာမည့် အ နိမိတ်လက္ခဏာများ အားလုံး ပြည့်စုံနေပြီ ဖြစ်သည်။ အစ္စရေး တိုင်း ပြည်လည်းရုရှား ဦးဆောင်ပြီး၊ အီရန်၊ တူရကီနိုင်ငံများ ကတိုက်မည့် အရာလည်း ဆီးရီးယားနိုင်ငံ၌ စုစည်း နေကြပြီ။ အစ္စရေးနှင့် အာရပ်များလည်း ငြိမ်းချမ်းရေး စာချုပ် ချုပ်ခါနီးပြီ။ ယေရုရှလင်မြို့၌ တတိယဗိမာန်တော်လည်း တည်ဆောက်ခါနီးပြီ။ ထို့ကြောင့် အချိန်မရွေး ချီဆောင်ခြင်း ဖြစ်နိုင် ပြီ။ မိတ်ဆွေ အသင့် ပြင်ဆင်ပြီး ပြီလော။ သခင်ယေရှုခရစ်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် စိတ်နှလုံးထဲမှ လက်ခံပါ။ ဘုရား၌ သာလုံခြုံမှု ရှိသည်။ ဤလောက၌ မည့်သည့်နေရာ၌ မျှ လုုံခြုံမှု မရှိတော့ပါ။ ရွှေငွေ၊ ပညာ၊ အာ ဏာများအားဖြင့် မကယ်တင်နိုင်ပါ။ ဘုရား၏ ကယ်တင်ခြင်းကို လက်ခံပါ။ 

ယခုလစာစောင်တွင်...

  • ခရစ္စမတ်
  • ခရစ္စမတ်ဆိုတာ
  • ဤလောကကို မည်ကဲ့သို့ မြင်ကြသနည်း
  • ဇာတိနှင့် ဝိညာဉ် 
  • ကျမ်းစာဖတ်ခြင်း 
  • ကျမ်းစာဖတ်ကြစို့ (ယော ၁၆) 
  • မီဒီယာကဏ္ဍ
  • သာသနာ ပြုဌါန
  • သတင်းများ 


 
 
 ခရစ္စမတ်
 
 

ခရစ္စမတ်ရာသီရောက်လာပြန်ပြီ။ အသင်းတော် အသီးသီး၌ ခရစ္စမတ်ပွဲကျင်း ပကြရတော့မည်။ ထိုသို့ ကျင်းပသောအခါ အဓိပ္ပါယ်ရှိရှိ၊ ကျင်းပနိုင်ဘို့ရန် ဤစာကို ရေးရခြင်း ဖြစ်ပါသည်။ ခရစ္စမတ်သည် ခရစ်တော်၏ လူ့ဇာတိခံယူချိန်၊ လူသား အနေဖြင့် မွေးဖွားခြင်းကို ကြိုဆိုခြင်း၊ ခရစ်တော်၏ မွေးနေ့ ကျင်းပခြင်း ဖြစ်သည်။ ကျမ်းစာထဲ၌ ဤပွဲ ကျင်းပဘို့ မပြောထားသော လည်း၊ အစဉ်အလာ ဖြစ်နေပြီ။ အချို့သောသူများက ခရစ္စမတ်ပွဲ ကျင်းပခြင်းကို အပြစ် မြင်၍ မကျင်းပကြချေ။ သို့သော် ခရစ္စမတ်ပွဲသည် ခရစ် ယာန် မဟုတ် သူများ ကပင်လျှင် သိနေကြသည်။ ထိုအချိန်တွင် ခရစ်တော်၏ အကြောင်းကို ပြောပြလျှင် လက်အခံနိုင်ဆုံးသောအချိန် ဖြစ်သည်။ ထို့ကြောင့် ခရစ္စမတ်ရာသီတွင် ခရစ်တော် အကြောင်းကို တတ်နိုင်သမျှ ပြောကြစို့။ 

 သာသနပလူများက ခရစ်တော်ကို မသိကြချေ။ လက်ဝါးကပ်တိုင်၌ အသေခံခြင်း၏ အကြောင်းရင်း မသိသောကြောင့် သူကိုယ်တိုင် အပြစ်သား ဖြစ်သောကြောင့် အသတ် ခံရသည်ဟု ယူဆကြသည်။ ခရစ်တော်သည် အပြစ်သား မဟုတ်၊ ဘုရား ဖြစ်သည်။ သို့သော် အပြစ်သားများကိုယ်စားအပြစ် ဒဏ်ကို ခံကာ၊ အသတ်ခံရခြင်း ဖြစ်သည်။ ပေတရုက၊ “ငါတို့သည် အပြစ်နှင့် ဆိုင်သောအရာ၌ အသေ ဖြစ်၍၊ ​ဖြောင့်မတ်ခြင်း အရာ၌ အသက်ရှင် စေမည်အကြောင်း၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ၊ ” (၁ ပေ ၂:၂၄)ဟု ရေးထားသည်။ ပေါလုကလည်း၊ “ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏။” (၁ ကော ၁၅:၃)ဟု ရေးထားသည်။ သို့သော် သူတို့ အမြင်၌ ကိုယ်လုပ်သောအရာကို ကိုယ်တိုင် ခံရသည် ဟုဆိုသည်။ ထို့ကြောင့် ခရစ်တော်က လူသားများအတွက် အသေခံခြင်းသည် လုံးဝ အဓိပ္ပါယ်မရှိချေ။ 

မူစလင်များက ခရစ်တော်ကို ပရောဖက် အနေဖြင့် လက်ခံသော်လည်း၊ ဘုရား အဖြစ် လက်မခံနိုင်ကြချေ။ ခရစ်တော်ကို ဘုရား အဖြစ် လက်ခံခြင်းသည် ငရဲသို့ ဆင်းရ မည့် အလွန် အပြစ်ကြီး ဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် ခရစ်တော် လာခြင်း၊ ခရစ္စ မတ်ပွဲသည် အဓိပ္ပါယ်မရှိချေ။ ယေဟောဝါ သက်သေခံများကလည်း ခရစ်တော်ကို ဘုရား အဖြစ် လက်မခံကြချေ။ သူ့ကို ကောင်းကင်တမန် မိက္ခေလ ဟုဆိုကာ မကိုးကွယ်ကြချေ။ ထို့ကြောင့် မရစ္စမတ်ပွဲလည်း မကျင်းပကြချေ။ နာမည်ခံ ခရစ်ယာန်များအနေဖြင့် ခရစ်တော်ကို ဘုရား ဖြစ်သည်၊ ကယ်တင်ရှင် ဖြစ်သည်ဟု ယုံကြည် ခံယူကြသော်လည်း၊ စိတ်နှ လုံးအထဲမှ မဟုတ်သောကြောင့် ခရစ္စမတ်ပွဲသည် ပျော်ပွဲရွှင်ပွဲသာလျှင် ဖြစ်သည်။ ခရစ်တော်ကို ကြိုဆို လက်ခံသည်ထက်၊ အစားအသောက်၊ တယောက်နှင့် တယောက် လက် ဆောင်ပေးဘို့၊ ပျော်ပွဲရွှင်ပွဲလုပ်ဘို့ သာလျှင် အဓိက ဖြစ်သည်။ ထို့ကြောင့် သဘော တ ရားပွဲလုပ် ကြသည်။ သူတို့ အလိုဆန္ဒပြည့်လျှင် ခရစ္စမတ်ပွဲလုပ်ခြင်းသည် အောင်မြင် သည်ဟု ခံယူ ကြသည်။ သင်သည် မည်ကဲ့သို့ ခရစ္စမတ်ပွဲကို မြင်သနည်း။ သင်၏ အမြင် အတိုင်းပွဲ ကျင်းပမည် ဖြစ်သည်။ 

ခရစ်တော် ဤလောကသို့ ကြွလာခြင်းသည် အလွန် အရေး ကြသည်။ သူသာ ဤလောကသို့ မကြွလာခဲ့လျှင် လူသား အားလုံး သည် မျှော်လင့်စရာ မရှိ၊ ကိုယ့်အပြစ်ကြောင့် ငရဲသွားကြမည် ဖြစ်သည်။ လူသည် ဘုရား၏ ရန်သူ၊ စာတန်၏ သားသမီး၊ အပြစ်သား အဖြစ် မွေးဘွား ကြသည်။ ထို့ကြောင့် ဘုရားနှင့် အမြင် ချင်း လုံးဝ မတူချေ။ ဘုရား ခိုင်းသောအရာကို လုံးဝ မလုပ်ချင်၊ အမြဲဆန့်ကျင် ချင်သည်။ ဘုရားကိုလည်း အား မကိုးချင် ကြ၊ သဘော တရားသာလျှင်ကိုးကွယ် ကြသည်။ “ထာဝရဘုရားကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။” (ဟေရှာယ ၂၉:၁၃) ဟုဆိုသည်။ သို့သော် ဘုရားသခင်သည် သူ၏ ရန်သူ လူသားများကို ချစ်သောကြောင့် သူတို့ ကိုယ်စားအပြစ် ဒဏ်ခံမည့်သူ၊ သားတော်ကို ဤလောကသို့ စေလွှတ်ခဲ့သည်။ ပေါလုက၊ “ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသော သူတို့အတွက် ကြောင့် အသေခံတော်မူ၏။ ၇ ​ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံ မည့်သူ ရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံ ဝံ့သောသူ ရှိကောင်းရှိလိမ့်မည်မှန်စေတော့။ ၈ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေခံတော်မူသည် ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။” (ရော ၅:၆-၈)ဟု ရေး ထားသည်။ 

“ခရစ်တော်သည် ဤလောက ကသို့ ကြွ လာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အ​ကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ ၆ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ၇ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်ကို်အမှတ​ြ်ပု၍ ရေးထားသည်နှင့် အညီ၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ် ဝန်ခံပါသည်ဟု လျှောက်ဆို၏။” (ဟေ ၁၀:၅ -ရ)ဟု တွေ့ရသည်။ ခရစ်တော်သည် ဤလောကသို့ လူ့ဇာတိခံဘို့ ကောင်းကင်မှ ဆင်းခါနီး ခမည်းတော် ထံပြောသောစကား ဖြစ်သည်။ သူသည် အပြစ် ​ဖြေရာနှင့် မီးရှို့ရာယဇ်အဖြစ် ကိုယ်ခန္ဓာအပူဇော်ခံဘို့ ဆင်း ကြွလာခြင်း ဖြစ်သည်။ ကျမ်းစာက၊ “ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။” (ဟေ ၁၀:၁၀) ဟုဆိုသည်။ သို့ဖြစ်လျှင် သင်သည် ဘုရားသခင် ရှေ့၌ စင်ကြယ်ပြီလော။ မစင် ကြယ်သေးလျှင် ယေရှုခရစ် ဤလောကသို့ ကြွလာခြင်းသည် အဓိပ္ပါယ်မရှိ၊ ခရစ္စမတ်ပွဲ  ကျင်းပခြင်းသည်လည်း အကျိုးမရှိချေ။ 

ပေါလုကလည်း ခရစ်တော် လာခြင်းသည် ငါတို့ကို ​ဖြောင့်မတ်စေဘို့ဟု ဤသို့ ရေးသား ခဲ့သည်၊ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ​ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်း တည်း။” (၂ ကော ၅:၂၁)။ ငါတို့သည် လူရှေ့မှာ မဟုတ်၊ ဘုရားသခင် ရှေ့တော်၌ ​ဖြောင့်မတ်ဘို့ ဖြစ်သည် ဟုဆိုသည်။ သင်သည် ဘုရားသခင် ရှေ့၌ ခရစ်တော်ကြောင့် ​ဖြောင့်မတ်ပြီဟု မယုံကြည် နိုင်သေးလျှင် ခရစ်တော် လာရကျိုးမနပ်ချေ။ ယခုနှစ်ခရစ္စမတ်ရာသီ၌ သင်သည် ခရစ်တော် ယူဆောင်လာသော ဝိညာဉ်ပိုင်းကောင်းကြီး များစွာ ခံစား နိုင်ဘို့ ဘုရားသခင်က သင်၏ ဝိညာဉ် မျက်စိမြင်နိုင်သော အခွင့် ပေးတော်မူပါစေသော်။  
 

ခရစ္စမတ်စ်ဆိုတာ
Lal Than Puia


ခရစ္စမတ်စ်ဆိုတာ၊ ဘုရားသခင်ကလောကီသား တွေကို ချစ်လို့၊ သူ့ရဲ့တပါး တည်းသော သားတော်ကို အခမဲ့ပေးလိုက်တဲ့ “သတင်းကောင်း လက်ဆောင်” ပါ။ ခရစ္စ မတ်စ်ဆိုတာမိမိ လူ(အပြစ်သား)တို့ကို အပြစ်မှ ကယ်တင်မည့်သူ လို့ အဓိပ္ပါယ်ရတဲ့ “ယေရှု”၊ ဘုရား သားတော် ဟာသင်နဲ့​ကျွန်ုပ်ကို အပယ်ငရဲမှ ကယ်တင်ဖို့မွေးဖွားခြင်းပါ၊ မိတ်ဆွေ (မ၊ ၁:၂၁)။ ခရစ္စမတ်စ်ဆိုတာ၊ အမင်္လာမှမင်္လာထုတ်ဖေါ်ဘို့၊ လူ့ဇာတိကို ခံယူခဲ့တဲ့ ကယ်တင်ရှင်ယေရှု ဘုရား မြတ်ရဲ့ “မွေးနေ့တော်” ဖြစ်တယ်။ 

“မချစ်ထိုက်ပေမဲ့”၊ တဖက်သတ်မေတ္တာဖြင့် သင့်ကို ချစ်သောကြောင့်၊ ယေရှု ကသူ့ရဲ့ကြီး မြတ်တဲ့ဘုရား ဖြစ်ခြင်း ဂုဏ်တော် အပေါင်း၊ ကောင်းကင် ပလ္လင်ဘုန်းစည်း စိမ် အပေါင်းကို စွန့်ပြီး၊ လူ့ဇာတိကို ခံယူတယ်။   “အပြစ် အခသေခြင်း” ဆိုတဲ့ကျိန်ခြင်းက လွတ်မြောက်ဘို့၊ လက်ဝါးကပ်တိုင်တော် ပေါ်မှာ ယေရှုခရစ် အသေခံ တယ်။ ငရဲတံ ခါးကို ပိတ်တယ်။ ထာဝရ အပ္ပါယ်ငရဲမှ လွတ်မြောက်တဲ့ ကောင်းကင်ဘုံတံခါးကို ဖွင့်ပေး လိုက်တယ်။ ဒါသင့်အတွက် “အခမဲ့သတင်းကောင်း လက်ဆောင်” ဖြစ်တယ်။

“လက်ဆောင်” ဆိုတာ၊ အခမဲ့ပါ။ ဒါပေမဲ့၊ လက်ဆောင်ကို ယုံကြည်ခြင်း နဲ့ဖွင့်ဘို့ လိုသေးတယ်၊ မိတ်ဆွေ။ တမလွန်အရေး၊ စိတ်အေးရမယ့်လက်ဆောင်လေး၊ ကိုယ့် ဘဝထဲရောက်လာဖို့ဖွင့်တဲ့ “ယုံကြည်ခြင်းသော့” လိုသေးတယ်။ ဒီလက်ဆောင်ကို ဒီသော့နဲ့ဘဲ ဖွင့်လို့ရတယ်။ ယုံကြည်စွာ နဲ့ဖွင့်လိုက်ပါ။ ကောင်းကင် ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး စေတော်မူ သတည်း။ မြေကြီး ပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေသ တည်း။ (လု၊ ၂:၁၄) အယောက်တိုင်း အပေါ် ဘုရားသခင်၏ ကောင်းကြီး မင်္လာသက် ရောက်ပါစေ။ 

 

ဤလောကကို မည်ကဲ့သို့မြင်ကြသနည်း

 

အမြင်သည် အလွန် အရေးကြီးသည်။ လူသည်များသောအားဖြင့် မိမိအမြင် အတိုင်း ဆုံးဖြတ်လုပ်ကိုင်တတ်ကြသည်။ ကိုယ်မမြင်နိုင်သောအရာ အတွက် လုပ်ဘို့ အလွန်ခက်သည်။ လူ့အမြင်၌ ချေးသည် အလွန်စရာ ကောင်းသော်လည်း၊ ခွေးနှင့် ဝက်တို့အတွက် အလွန် အရသာရှိသော၊ လုံးငြင်းပယ်၍ မရသော အစာ ဖြစ်သည်။ ချေးသည် ညစ်ညူး ကြောင်း၊ ရောဂါရှိကြောင်း၊ ရွံစရာ ကောင်းကြောင်း မည်မျှပင်ပြောသော်လည်း ခွေးနှင့် ဝက်က ထိုသို့ မမြင်ကြချေ။ ထို့ကြောင့် ချေးကို မရွံမရှာ အားရပါးရစားသွားမည် ဖြစ်သည်။ ဤလောကသည် ဘုရား အမြင်၌ အလွန် ရွံစရာ ကောင်းသည်။ ထို့ကြောင့် ဤသို့ သတိပေးထားသည်၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ် ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ် မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက် တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီကျင့်သောသူမူကား၊ နိစ္စထာဝရ တည်၏။” (၁ ယော ၂:၁၅-၁ရ)။ သို့သော် လူသည် ဘုရားထက်လောကကို ရွေးချယ် ကြသည်။ ယာကုပ်က ဤသို့ ပြင်းပြင်း ထန်ထန် သတိပေးထားသည်၊ “မတရားသော မေ ထုန်၌ မှီဝဲသော ယောကျ်ားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့် ကျင့်ဘက် ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူ ဖြစ်၏။” (ယာ ၄:၄)။ လောကကို ချစ်သောသူသည် မတရားသော မေထုန်၌ မှီဝဲသူ၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်၊ ဘုရားသခင်၏ ရန်သူ ဟုဆိုသော် လည်း၊ လူသားများကဂရုမစိုက်ကြချေ။ ဘုရားထက်လောကကို ချစ်မြဲတိုင်း ချစ် ကြသည်။ အကြောင်းမှာ လောကကို ချစ်စရာဟု မြင်နေသောကြောင့် ဖြစ်သည်။ လူသည် ဘုရား မြင် သကဲ့သို့ မမြင်မချင်းလောကကို ချစ်မြဲတိုင်း ချစ်၍ သတိပေးခြင်းကို ဂရုစိုက်မည် မဟုတ်ချေ။ ထို့ကြောင့် လောကကို မချစ်ဘို့ရန်မှာ ဘုရား မြင် သကဲ့သို့ မြင်မှသာလျှင်ဖြစ်နိုင် ပေမည်။ 

ယုံကြည်ခြင်း၏ ဘခင်ကြီး အာဗြဟံနှင့် သူ၏သား ဣဇက်၊ မြေးယာကုပ်တို့နှင့် ပတ်သက်၍ ဟေဗြဲစာရေးသောသူက ဤသို့ ရေးထားသည်၊ “ယခုဆိုခဲ့ပြီးသောသူအ ပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော် မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှ ာ တ​ကျွန်းသူတ နိုင်ငံသား၊ ဧည့်သည် အာဂန္တု ဖြစ်သည်ကို ထင်ရှားစွာ ဝန်ခံလျက်၊ ယုံကြည်ခြင်း စိတ်နှင့် သေလွန်ကြ၏။ ၁၄ ထိုသို့ ဝန်ခံသော သူတို့သည် မိမိတို့ အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏။ ၁၅ ထို သူတို့သည် အထက်က ထွက်သွားသော ပြည်ကို အောက်မေ့သည် မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။ ၁၆ ထိုပြည်ကို မအောက် မေ့ဘဲ၊ ကောင်းကင် ပြည် တည်းဟူသော သာ၍ မြတ်သော ပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့နှင့် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ သူတို့ နေစရာဘို့ မြို့ကို တည်ထောင်တော်မူပြီ။” (ဟေ ၁၁:၁၃-၁၆)။ ထိုရှေးယုံ ကြည် သူများသည် ဂတိပေးသော ခါ နန်ပြည်၌ အိမ်ရှင်ကဲ့သို့ မနေဘဲ၊ ဧည့်သည် အဂန္တု ကဲ့သို့ နေခဲ့ ကြသည်။ သူတို့သည် ထွက်ခွွါခဲ့သော မေဆိုပေါတာမိ (​ြနျသစသအ​ောင​ေ)သို့ ပြန်သွားနိုင်သည်။ သို့သော် ဘုထိုပြည်ထက် ကောင်းကင် ပြည်ကို တောင့်တခြင်းရှိကြသည် ဟုဆိုသည်။ ထို့ကြောင့် ဘုရားသခင်သည်၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်၏ ဘုရားဟု သူ့ကိုယ်သူခေါ်၍ ရှက်တော်မမူ ဟုဆိုသည်။ 

တဖန် ဟေဗြဲဆရာက၊ “ထိုမှတပါး၊ အဘယ်သို့ ပြောစရာ ရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလမှစ၍ ပရောဖက်တို့ အကြောင်းများကို ပြော၍ မကုန်နိုင်။ ၃၃ ထို သူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသော တိုင်းနိုင်ငံကို အောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကို ဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကို ပိတ်ခြင်း၊ ၃၄ မီးအရှိန်ကို ငြိမ်းစေခြင်း၊ ထားလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ အနာမှထ မြောက်၍ ကျန်းမာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့် ပြည့်စုံခြင်း၊ တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်း အမှုများကို ပြုကြ၏။ ၃၅ မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့ သားကို ရပြန်ကြ၏။ အချို့သော သူတို့သည်၊ သာ၍ မြတ်သော ထမြောက် ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကို မခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။ ၃၆ အချို့သော သူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကို ခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။ ၃၇ ကျောက်ခဲနှင့် ပစ်ခြင်း၊ လွှနှင့် အပိုင်း ပိုင်းတိုက်ဖျက်ခြင်း၊ စုံစမ်း နှောက်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန် ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့် လည်ရကြ၏။ ၃၈ ဤလောကသည် ထို သူတို့နှင့် မထိုက်မတန်။ သူတို့သည် တော ကြိုတောင်ကြား၊ ဥမင်မြေတွင်း ထဲမှာအပြောင်း ပြောင်းအလည်လည်နေရကြ၏။” (ဟေ ၁၁:၃၂-၃၈) ဟုဆိုသည်။ ဤလောကသည် ထို သူတို့အတွက် နေဘို့ရန် မတန်ဟု မြင် ကြသည်။ သင်မည်ကဲ့သို့ မြင်သနည်း။ ဤလောကသည် သင့်အတွက် နေဘို့ရန် အ လွန်တန်သည်ဟု မြင်နေသရွေ့ကာလ ပတ်လုံး ဤလောကကို မုန်းနိုင်မည် မဟုတ်ချေ။ ဘုရားသခင် မြင်စေလိုသည့်အတိုင်း မမြဲသော ဤလောကကို မတပ်မက်တော့ဘဲ မြဲမြံခိုင်ခံ့သော ကောင်းကင်ကို စွဲလမ်းသောသူ ဖြစ်နိုင် ပါစေ။

 

ဇာတိနှင့် ဝိညာဉ် 


 “ဇာတိပကတိ ရှိသော သူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာ တို့ကို စွဲလမ်းသောစိတ်သဘော ရှိကြ၏။ ၆ ဇာတိပကတိစိတ်သဘောသည် သေခြင်း အကြောင်း ဖြစ်၏။ ဝိညာဉ်ပကတိစိတ် သဘောသည် အသက်ရှင်ခြင်း အကြောင်းနှင့် ငြိမ်သက်ခြင်း အကြောင်း ဖြစ်၏။ ၇ အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင်၏ တရားတော် အလိုသို့ မလိုက် တတ်။ ထိုမျှမက မလိုက်နိုင်။” (ရော ၈:၅ -ရ) 

 “ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ ကျင့်လျှင် ဇာတိပကတိ၏ အလိုသို့ မလိုက်ဘဲ နေကြလိမ့်မည်။ ၁၇ အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တပါးနှင့်တပါး ဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင့်တပါး ဆန့် ကျင့်ဘက် ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ။” (ဂလာတိ ၅:၁ရ) 

ပေါလုကဇာတိလူနှင့် ဝိညာဉ်လူကို ကောင်းစွာ၊ ပြတ်သားစွာ ခွဲခြားပြသခဲ့သည်။ သင်သည် ဇာတိလူ ဖြစ်ပါက၊ ဇာတိပကတိနှင့် စပ်ဆိုင်သောအရာကိုသာ စိတ် စွဲလမ်းလိမ့်မည်။ သင်သည် ဝိညာဉ်လူဖြစ်လျှင် ဝိညာဉ်နှင့် စပ်ဆိုင်သော အရာများကိုသာလျှင် စွဲလမ်းလိမ့်မည်။ ဇာတိလူဆိုသည်မှာ၊ ခရစ်တော်ကို ကယ်တင်ရှင်နှင့် အရှင် သခင်အဖြစ် လက်မခံသောသူ ဖြစ်သည်။ နာမည်ခံ ခရစ်ယာန် များသည် ဇာတိလူများ စာရင်း၌ ပါသည်။ ဇာတိပကတိစိတ်သဘောသည် သေခြင်း အကြောင်း ဖြစ်သည်ဟု ပေါလုကဆိုသည်။ သေခြင်းသည် ကိုယ်ခန္ဓာသေခြင်းလည်း ဆိုလိုနိုင်သည်။ အဘယ်ကြောင့် ဆိုသော် ဇာတိအလို ဆန္ဒလိုက်သောကြောင့် အရက်မူးခြင်းအားဖြင့် ဒဏ်ရာ ရရှိ၍ သေနိုင် သကဲ့သို့ အစားအသောက်လွန်ကျူးခြင်းအားဖြင့် မလိုအပ်သော ရောဂါများရှိကာအသေစောတတ်ကြသည်။ သေခြင်းသည် ဝိညာဉ်ပိုင်းကိုလည်း ဆိုလိုသည်။ အကြောင်းမှာ ဝိညာဉ် အသက်သည် ခရစ်တော် ဖြစ်သောကြောင့်၊ ခရစ်တော်ကို လက် မခံခြင်းအားဖြင့် ထာဝရ အသက် မရှိခြင်းဖြင့် ထာဝရ သေခြင်း တည်းဟူသော ငရဲသို့ ရောက်သွားနိုင်သည်။ ဝိညာဉ်ပကတိစိတ် သဘော မူကား အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်း ဖြစ်သည်။ ဝိညာဉ် အလိုအတိုင်း အသက်ရှင်သောသူသည်၊ ဝိညာဉ် အသက် တည်းဟူသော ခရစ်တော်ကို ရရှိထားသောကြောင့် ထာဝရ အသက်ရှင်မည် ဖြစ်သည်။ ထိုမျှသာမက အစားအသောက်အနေအထိ ုင်ဆင်ခြင်သောကြောင့် ကိုယ်ခန္ဓာပိုင်းလည်း၊ ကျန်းမာပြီး အသက် ရှည်နိုင်သည်။ ထို့အပြင် ဝိညာဉ်စိတ်သဘောနှင့် နေသောသူသည် စိတ်ပိုင်းဆိုင်ရာ ၌လည်း ငြိမ်သက်ခြင်း ဖြစ်စေသည်။ ဝိညာဉ်လူဖြစ်သော ခင်ပွန်းသည်သည် ဇာတိလူထက် စိတ်ချရ သကဲ့သို့၊ ဝိညာဉ်လူဖြစ်သော သားသမီး များသည်လည်း မိဘများက၊ ဇာတိ သဘော ရှိသော သားသမီး များထက် အစစအရာရာ၌ စိတ်ချကာ၊ သူတို့အတွက် ပူပန်မှု ပို၍ နည်းသည်။ ထို့ကြောင့် ငြိမ်သက်မှု ရှိခြင်း ဖြစ်သည်။ 

ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်၍ ဘုရား၏ အလိုတော် သို့လည်း မလိုက်နိုင်ချေ။ ဇာတိစိတ် သဘောသည်၊ “ငါ့ သဘော” ဟု ခံယူသောကြောင့် ဘုရား၏ အလိုတော်ကို မလိုက်ချင်ပေ။ ဘုရား၏ အလိုတော် မလိုက်လျှင် ဘုရားသခင်ကလည်း ကောင်းကြီး ပေးသင့်သလောက်လည်း ပေးမှာ မဟုတ်။ ထို့အ ပြင် ဘုရားသခင်သည် သူ၏ ရန်သူ ဖြစ်သောကြောင့် ဘုရားသခင်ကိုယ်တိုင်က သူ့ကို တိုက်ခိုက် ဟန့်တားနေမည် ဖြစ်သည်။ ထို့ကြောင့် အသင်းတော်နှင့် အမှုတော် မြတ်၌လည်း ဇာတိလူများကို လက်တွဲ၍ မရတတ်ချေ။ ဇာတိလူများ အလည်၌ ဘုရားသခင် အလုပ်မလုပ်နိုင်ချေ။ ဇာတိလူများ ဦးဆောင်သော အိမ်ထောင်၊ အသင်းတော်နှင့် လူမှု အဖွဲ့အစည်းများ၌၊ တိုက်ခိုက်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အပြစ်တင်ခြင်းများပြားတတ်သည်။ နောက်ဆုံး၌ ကွဲပြားခြင်းဖြင့် နိဂုံးချုပ်တတ်သည်။ ထို့ကြောင့် ဇာတိလူများကို ပြောင်း လဲဘို့ ဆုတောင်း ပေး၊ လက်တွဲခေါ်ရသော်လည်း၊ ကိုယ့်ကို ပါဆွဲချမည့် အ​ခြေအနေရှိ လာလျှင် လှစ်လှုိရှုဘို့ လိုသည်။ ပညာရှိ၊ ရာထူးရှိဇာတိလူထက်၊ ပညာမဲ့ ဝိညာဉ်လူနှင့် ပို၍ အလုပ် ဖြစ်မြောက်နိုင်သည်။ ဇာတိလူသည် ဘုရား၏ အလိုတော်ကို မလိုက်တတ်သည်သာမက၊ မလိုက်နိုင် ဟုဆိုသည်။ ဇာတိလူများ ကဘုရား အမှုတော်ဆောင်သောအခါ၊ ဘုရားကို အစေခံသည်ထက် ဘုရားကို နှောင့်ရှက်ခြင်း၊ တိုက်ခိုက်ခြင်း သာလျှင် ဖြစ်တတ်ကြသည်။ သို့သော် သူတို့ကို သူတို့ မသိ နားမလည် သောကြောင့်၊ တား၍လည်း မရ၊ အကြံပေးလျှင်လည်း မရချေ။ ခရစ်တော် ပင်လျှင် ဇာတိလူများ ဖြစ်သော ယဇ်ပုရော ဟိတ်နှင့် ဖါရိရဲှများကို ပြုပြင်ပေးသောကြောင့် အသတ်ခံရသည်။ 


 
ကျမ်းစာဖတ်ခြင်း 


 ယုံကြည်သူများ၏ အသက်တာကျဆင်းခြင်းသည် ဘုရားသခင်ကို အဓိကမ ထား၊ ဘုရားသခင်ကိုအား မကိုး ခြင်းကြောင့် ဖြစ်သည်။ မည်ကဲ့သို့အား မကိုး သနည်း ဟူမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်ခြင်း၊ မဆင်ခြင်ခြင်းဖြင့် ဘုရားသခင်ကို ကျောခိုင်း ကြသည်။ ကျမ်းစာဖတ်ရှုလေ့လာ ဆင်ခြင်မည့်အစား ဖုန်းထဲမှကျမ်းစာ နားထောင်ခြင်း၊၌ သက အကဘန ထဲမှ တရားဟောချက်များ နားထောင်ခြင်းဖြင့် ကျေနပ် နေကြသည်။ ဖုန်းထဲမှကျမ်းစာ နားထောင်ခြင်းသည် ကောင်းသည့်နေရာများရှိသော်လည်း ကျမ်းစာဖတ်ခြင်းကို အစားထိုးဘို့ မဟုတ်ပါ။ အကြောင်းမှာ ဖုန်းထဲမှကျမ်းစာ နားထောင်လျှင် ဆင်ခြင်ချိန်မရပါ။ နားထောင်ခြင်းသည် အတ္ထ္ဂုပတ္တိများ၊ အကြောင်း ဆက်သော အရာများ ဖြစ်လျှင် နားလည်နိုင်သည်။ အကြောင်း အရာပြောင်းလဲများသော သုတ္တံကျမ်း၊ ဆာလံကျမ်း၊ ဩဝါဒကျမ်းများသည် နားထောင် ချိန်မှာပင်လျှင် အပြောင်းအလဲများ လွန်းသောကြောင့် မမှတ်မိနိုင်ချေ။ ထို့ကြောင့် ကျမ်းစာကိုအချိန်ယူ ဖတ်ဘို့ လိုသည်။ 

ကျမ်းစာဖတ်ခြင်းသည် ဘုရားသခင်က လူကို စကားပြောခြင်း ဖြစ်သည်။ သင်သည် လူတယောက်ကို မျက်နှာချင်းဆိုင်သော်၎င်း၊ ဖုန်းထဲမှသော်၎င်း စကား ပြောသော ခါ၊ နားထောင်သောသူထံမှ တုံ့ပြန်မှု မရှိလျှင် ဝမ်းမြောက် ကျေနပ် ပါမည်လော။ တဖက် လူကဘာမျှ မပြောလျှင် ဆက် မပြောတော့ဘဲ ထွက်သွားမည် မဟုတ်လော။ ဖုန်းနှင့် ပြောသောအခါ၌လည်း မတုံ့ပြန်လျှင် ဖုန်းချလိုက်မည် မဟုတ်လော။ မတုံ့ပြန်ခြင်းသည် သင့်ကို မထီမဲ့မြင် ပြုခြင်း မဟုတ်လော။ ထို့ကြောင့် ကျမ်းစာ မဖတ်သောသူသည် ဘုရားသခင်ကို မထီမဲ့မြင် ပြုခြင်း၊ မလေးစားခြင်း၊ ဂရုမစိုက်ခြင်း ဖြစ်သည်။ ထိုသို့သောသူကို ဘုရားသခင်က ကျေနပ် နိုင်ပါမည်လော။ ဘုရားသခင် ကိုယ်တော်တိုင် ကကျမ်းစာကို ဖတ်ရှု လေ့လာနှလုံးသွင်းဘို့ ကြိမ်ဖန် များစွာ ဤကဲ့သို့ တိုက်တွန်းထားသည်၊

“ထိုပညတ္တိ ကျမ်းစာ၌ ရေးထားသမျှ အတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်း အလိုငှါ၊ ကျမ်းစာကို မဘတ်မရွတ်ဘဲ မနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံ ထမြောက်၍ အောင်မြင် လိမ့်မည်။” (ယောရှု ၁:၈)။

“ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္လာရှိ၏၊၊ ၃ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိ အချိန်တန်မှ အသီးကို သီး၍ အရွက်မညှိနွမ်းတတ်သော အပင်နှင့် တူ၏၊၊ ပြုလေသမျှတို့၌ အောင် လိမ့်သတည်း၊၊ ” (ဆာ ၁:၂-၃)။

ကျမ်းစာဖတ်ခြင်းသည် အောင်မြင်ခြင်း ဖြစ်သည်။ အကြောင်းမှာ ကျမ်းစာဖတ်သောအခါ ဘုရား၏ အလိုတော် သိ၍၊ ထိုအလိုတော်အတိုင်း ပြုသောအခါ ဘု ရားသခင်ကအောင်မြင်ခြင်း ပေးနိုင်သည်။ ကျမ်းစာသည် လူအတွက် အကောင်းဆုံးသော ဆရာ ဖြစ်ကြောင်း ဤသို့ တွေ့ရသည်၊

“ထိုကျမ်းစာ ရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍၊ ၁၇ ဘုရားသခင်၏ လူသည် စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်း အလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကို ဘော်ပြခြင်း၊ ​ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။” (၂ တိ ၃:၁၆-၁ရ)။

ကျမ်းစာ ကလူကို အပြစ် ပြုလုပ်ဘို့ တားဆီး နိုင်သည်၊

“လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊ ၁၀ အ​ကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏၊၊ ပညတ်တော် လမ်းမှလွဲစေတော်မမူပါနှင့်၊၊ ၁၁ ကိုယ်တော်ကို မပြစ််မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားပါပြီ၊၊ ” (ဆာ ၁၁၉:၉-၁၁)။ 

ကျမ်းစာ၏ အကျိုးကို သိသော ဆာလံဆရာက ဤသို့ ဆိုထားသည်၊

“ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူ ချက်သည်ဟုတ်မှန်သည် ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။ ၈ ထာဝရဘုရား၏ နည်းဥပဒေသ တို့သည် ​ဖြောင့်မတ်သည် ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည် ဖြစ်၍ မျက်စိကို ရှင်းလင်းစေတတ်၏၊၊ ၉ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း သဘောသည် သန့်ရှင်းသည် ဖြစ်၍ ကာလ အစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူ ချက်တို့သည် သစ္စာ တရားနှင့် ညီ၍ တညီတညွတ်တည်း ​ဖြောင့်မတ်ကြ၏၊၊ ၁၀ ရွှေထက် မက များစွာသော ရွှေစင်ထက် နှစ်သက်ဘွယ် ဖြစ်၍ ပျားရည်ထက် မကပျားလပို့ထက် ချိုကြ၏။ ၁၁ တရားတော်အားဖြင့် ကိုယ်တော်၏ ​ကျွန်သည် သတိရ၍ တရားစောင့်ခြင်း အကျိုးသည်ကြီး လှပါ၏။” (ဆာ ၁၉:ရ- ၁၀)။ 

ထိုမျှလောက်ကောင်းသော ကျမ်းစာကို သင်သည် အဘယ်ကြောင့် မဖတ်သနည်း။ အဘယ်ကြောင့်ဂရုမစိုက်သနည်း။ ကျမ်းစာကို တန်ဘိုး ထားသော “ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သ ဖြင့်၊ အလွန် ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။” (တ ၁ရး၁၁)။ ယခုမှစ၍ သင်လည်း ကျမ်းစာကို နေ့တိုင်း ဖတ်ရှုလေ့လာ ဆင်ခြင်ပါ။ 

သို့သော် ကျမ်းစာဖတ်မည်ကြံသောအခါ၊ အနှောင့်အရှက်များပေါ်လာတတ်သည်။ ဖုန်းလာခြင်း၊ ခလေး ငိုခြင်း၊ စိတ်မပါသောကြောင့် အိပ်ငိုက်ခြင်းများဖြစ်လာ တတ်သည်။ ထို့ကြောင့် ကျမ်းစာဖတ်ချိန်ကို သတ်မှတ်၍ ထိုအချိန်တွင် အခြားအရာကို ထားခဲ့၍ အကျင့်ပါလာသည် အထိ ဖတ်ရမည်။ အရှိန်ရ လာသောအခါ အကျင့်ပါလာ၍ ဖတ်၍ အဓိပ္ပါယ်လည်းရှိလာမည်။ ဖတ်သောအခါ၌လည်း ​ဖြေး​ဖြေးအဓိပ္ပါယ်စဉ်းစားပြီး ဖတ်မှ နားလည်လာမည်။ ဩတ္တပ္ပစိတ်ကျေဘို့ရန် မဖတ်ရ။ ဖတ်၍ နားလည် လာသောအခါ မှတ်စုစာအုပ်ထဲ၌ ရေးမှတ်ရမည်။ သို့မှသာ နောက်ပိုင်း၌ ပြန်လည်ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏ သွန်သင်မှု အပေါ် အားရကျေနပ် ပါလိမ့်မည်။ 


 
ကျမ်းစာဖတ်ကြစို့
ယော ၁၆


၁။ သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါပြော၏။ ၂လောကီသားတို့သည် သင်တို့ကို တရားစရပ်မှ နှင်ထုတ် လိမ့်မည်။ သင်တို့ကို သတ်သောသူ မည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သော အချိန်ကာလ ရောက်လိမ့်မည်။ 

သခင်ယေရှုက ယုံကြည်သူများစိတ်မပျက်ဘို့ရန် သူတို့ တွေ့ကြုံရမည့် အရာများကို ကြိုတင် ပြောထားသည်။ ယုံကြည်သူများကိုလောကီသားများက တရားစရပ်မှ နှင်ထုတ် ကြလိမ့်မည် ဟုဆိုသည်။ တရားစရပ်သည် အခြား ဘာသာဝင် များ၏ တရား စရပ်များကို ဆိုလိုမည် မထင်၊ ထာဝရဘုရားကို ကိုးကွယ်သော ဂျူးများနှင့် ခရစ်ယာန် များ၏ တရားစရပ်များ ဖြစ်မည်။ ယုံကြည်သူများကို တရားစရပ်တို့ မှ နှင်ထုတ်သည်သာ မက၊ သူတို့ကို သတ်မည် ဟုဆိုသည်။ ထိုသို့ သတ်ခြင်းသည် ဘုရား မယုံကြည် သောကြောင့် မဟုတ်ဘဲ၊ ဘုရား ဘက်၌ စိတ်အားကြီး သောကြောင့် ဖြစ်မည်။ သူတို့ အမြင်၌ ယုံကြည်သူများသည် လမ်းလွှဲသောသူများဟု မြင်သောကြောင့် တရားလမ်းမလွှဲစေ ဘို့ရန် သတ်ခြင်း ဖြစ်သည်။ ထိုသို့ သတ်သော သူတို့က ဘုရားဝတ်ပြုပြီဟု ထင်မှတ်လိမ့်မည် ဟုဆိုသည်။ ယနေ့ ခရစ်ယာန်များကို သတ်သော သူတို့သည် သာသနာ ပများသာ မက ခရစ်ယာန် အချင်းချင်းလည်း ဖြစ်တတ်သည်။ ထို့ကြောင့် ထိုသို့ ခံရလျှင် စိတ်မပျက် ရ၊ သခင်ဘုရား၏ စကား မှန်ကန်ကြောင်း သက်သေ ဖြစ်သည်။ 

၃။ ခမည်းတော်ကို မသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ ပြုကြလိမ့်မည်။ ၄ ထိုအ ချိန်ကာလ ရောက်သောအခါ၊ ငါသည် အထက်က ဤသို့ ပြောပြီးသည်ကို သင်တို့ အောက်မေ့စေခြင်းငှါ ယခုပင်ငါဟောပြော၏။ အစအဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့ မပြောဘူးသေး။ 

ယုံကြည်သူများကို အဘယ်ကြောင့် နှင်ထုတ်ခြင်း၊ သတ်ဖြတ်ခြင်း ဖြစ်မည်နည်း ဟူမူကား၊ ခမည်းတော်ဘုရားကိုလည်း မသိ၊ ခရစ်တော် ကိုလည်း မသိသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်သူတိုင်း၊ ဘုရားသခင်ကို ကောင်းစွာ သိကြသည် မဟုတ်။ ခရစ်တော်သည် တပည့်တော်တို့ထံမှ ခွဲခွါခါနီးပြီ ဖြစ်သောကြောင့် ထိုအရာများကို ပြောခြင်း ဖြစ်သည်။ 

၅။ ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခုငါသွားရမည် ဖြစ်၍ အဘယ်အရပ်သို့ သွား မည်နည်းဟု သင်တို့ မမေးကြ။ 

သခင်ယေရှုသည် ခမည်းတော် ရှိရာ ကောင်းကင်သို့ ပြန်သွားရတော့မည် ဖြစ်သည်။ 

၆။ ဤကြောင်း အရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည် အလွန် ဝမ်းနည်းခြင်းသို့ ရောက်ကြ၏

တပည့်တော် များသည် သခင်ဘုရားကသူသွားမည့် အကြောင်းကို ပြောသောအခါ အလွန် ဝမ်းနည်း ကြသည်။ ကျွန်ုပ်တို့လည်း အချင်းချင်းခွဲခွါမည့် အခါ အလွန် ဝမ်း နည်းတတ်ကြသည် မဟုတ်လော။ 

၇။ ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့ အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့ မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါ စေလွှတ်မည်။

သခင်ယေရှု ကသူသွားခြင်းသည် သူတို့အတွက် ကောင်းသည် ဟုဆိုသည်။ အကြောင်းမှာ သူသည် ကိုယ်ခန္ဓာအားဖြင့် သူတို့နှင့် နေလျှင် တနေရာထဲ၌ သာရှိမည်။ ဥပဇဏျယ်ဆရာ တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော် ရောက်လာလျှင် ယုံကြည်သူတိုင်း ထံ၌ ရှိနိုင်မည်။ ဥပဇဏျယ်ဟူသော စကားသည် ပဠိစကား ဖြစ်၍ ဂရိတ်လို (ဏမေ​ေုူ။ အသျ) ပါရာခလေတော့၊ ကူညီမည့်သူဟု အဓိပ္ပါယ်ရှိသည်။ 

၈။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်းလောကီသားတို့အား ထင်ရှားစွာ ဘော်ပြမည်။ ၉ ငါ့ကို မယုံကြည် ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။ 

ဥပဇဏျာယ်ဆရာ တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်က ပြုလုပ်မည့် အရာများကို သခင်ယေရှုက ကြိုတင် ပြောပြခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆ ရာဝန်ကဲ့သို့ လုပ်မည်။ ဆရာဝန်သည် လူနာ၏ ရောဂါကို ရှာ၍၊ ရောဂါကို မည်ကဲ့ကုသမည်၊ မကုသလျှင် ဘာ ဖြစ်မည်ဟူသော အရာများကို လူနာအား ပြောပြတတ်သည်။ ထို့နည်းတူ သန့်ရှင်းသော ဝိညာဉ်တော်က လူများ သူတို့၏ အပြစ်ကို ဖေါ်ပြမည်။မည် ကဲ့သို့ အပြစ်ကင်း (​ဖြောင့်မတ်) နိုင်မည်၊ အပြစ်ကို မည်ကဲ့သို့ စီရင်မည်ဟူသော အရာများကို ဖေါ်ပြမည် ဟုဆိုသည်။ သို့သော် ယနေ့ သန့်ရှင်းသောဝိညာဉ်တော် လက်ခံသည် ဟုဆိုသောသူများ ကပေါက်ကရအလုပ်များကို လုပ် ကြသည်။ ဝိညာဉ်၌ လဲခြင်း၊ မူးခြင်း၊ ပြေးလွှားခြင်း၊ အတောမသတ်နိုင်အောင် ရီခြင်း၊ တိရစ္ဆာန်ကဲ့သို့ ဟောင်ခြင်း အူခြင်း အသံပြုခြင်းများပြုလုပ် ကြသည်။ ထိုသူများက သူတို့ ကဲ့သို့ လက်မခံသောသူများကို၊ သန့်ရှင်းသောဝိညာဉ်တော် လက်မခံ သူများဟု စွပ်စွဲ ကြသည်။ သူတို့ လက်ခံသော ဝိညာဉ်သည် သန့်ရှင်းသောဝိညာဉ်တော် မဟုတ်၊ ညစ်ညူးသော နတ်ဆိုး၏ ဝိညာဉ် ဖြစ်သည်။ တမန်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောအခါ ရဲရင့်စွာ တရား ဟောသည်ဟု သာတွေ့ရသည်။ ယနေ့ ခံယူကြသော၊ လဲခြင်း၊ အမျိုးမျိုးသော အသံ ပြုခြင်း၊ ရီခြင်းများ မတွေ့ရချေ။ 

၁၀။ ငါသည် ခမည်းတော်ထံသို့ သွားမည် ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကို မတွေ့ မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။ 

သခင်ယေရှုသည် ခမည်းတော်ထံသို့ ပြန်သွားသောအခါ သူတို့ သာကျန်ရစ် သောကြောင့် အပြစ်ကင်းခြင်းကို ဖေါ်ပြမည် ဟုဆိုသည်။ လူသည် ခေါင်းရှေ့တွင် အပြစ် မလုပ်ရဲ၊ မလုပ်တတ်ကြသော်လည်း၊ နောက်ကွယ်တွင် အပြစ် မျိုးစုံလုပ်တတ်သည် မဟုတ်လော။ ထို့ကြောင့် သူတို့၏ ခေါင်းမရှိတော့သော်လည်း သန့်ရှင်းသောဝိညာဉ်တော်က ယုံကြည်သူများကို အပြစ်ကင်းဘို့ ဖေါ်ပြမည် ဖြစ်သည်။ 

၁၁။ ဤလောကကို အစိုးရသော မင်းသည် အပြစ် စီရင်ခြင်းကို ခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည်။ 

ဤလောကကို အစိုးရသော မင်းသည် စာတန် ဖြစ်သည်။ လူသည် စာတန်ကို ကြောက်သောကြောင့် အပြစ်လုပ်တတ်ကြသည်။ သို့သော် စာတန်ကို ဘုရားကပြစ်စီ ရင်မည် ဖြစ်သောကြောင့် ကြောက်စရာ မရှိချေ။ ထိုစာတန်ကို ဘုရားသခင်က အပြစ် စီ ရမည့် အရာကို သိလျှင် သူ့ကို ကြောက်စရာ မလိုတော့ချေ။ 

၁၂။ သင်တို့အား ငါပြောစရာ စကား အများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ 

သခင်ယေရှုက တမန်တော်များကို စကားပြောစရာ အများရှိသော်လည်း၊ သူတို့သည် ဝိညာဉ်ပိုင်း၌ နုနယ် သေးသောကြောင့် များများ မပြောနိုင်ခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း ဝိညာဉ်ပိုင်း၌ ခလေး ဖြစ်နေလျှင် နက်နဲသောအရာ၊ ကျေခဲသော စကားများကို ပြော၍ မရချေ။ ပြောလျှင်လည်း နည်းမလည်နိုင်သည်သာမက အလွှဲယူခြင်းဖြင့် ပြသ နာများ တတ်သည်။ 

၁၃။ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက် လာသောအခါ၊ သမ္မာ တရားကို သင်တို့အား အကြင်းမဲ့သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည် မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင် လာလတံ့သောအရာ တို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။ 

ခရစ်တော်က ဝိညာဉ်တော်သည် သမ္မာတရားကို သင်တို့အား အကြွင်းမဲ့သွန် သင်ပြသလိမ့်မည် ဟုဆိုသောကြောင့် ဝိညာဉ်တော်သည် ပုဂ္ဂိုလ် ဖြစ်ကြောင်း ထင်ရှားသည်။ အဘယ်ကြောင့်နာမည်ခံ ခရစ်ယာန်များသမ္မာတရား မသိနိုင်သနည်းဟူမူကား ဝိညာဉ်တော် မရရှိသောကြောင့် ဖြစ်သည်။ ဒုတိယမွေးသော ခရစ်ယာန် အများစုလည်း အဘယ်ကြောင့် သမ္မာတရား မသိနိုင်သနည်းဟူမူကား၊ ဝိညာဉ်တော်၏ အုပ်စိုးခြင်းကို လက်မခံသောကြောင့် ဖြစ်သည်။ ထို့အပြင် ကျမ်းစာ မဖတ်ကြသောကြောင့် ဖြစ်သည်။ ဝိညာဉ်တော်သည် အသစ်သော အရာများ မဟုတ်ဘဲ၊ ကြားသမျှ ဟောပြောမည် ဟုဆိုသည်။ ထိုကြားသမျှတို့သည် ကျမ်းစာထဲ၌ ဖေါ်ပြပြီး ဖြစ်သည်။ ထို့ကြောင့် သမ္မာတရား သိဘို့ရန် ကျမ်းစာကို ဝိညာဉ်တော်၏ အလင်းပေးမှုအားဖြင့် ဖတ်ရှု၊ ဆင်ခြင်ရမည်။ 

၁၄။ ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့် စပ်ဆိုင်သောအရာကို ယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။ ၁၅ ခမည်းတော်နှင့် စပ်ဆိုင်သမျှသည် ငါနှင့် စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့် စပ်ဆိုင်သောအရာကို ယူ၍ သင်တို့အား ဘော်ပြလိမ့် မည်ဟု ငါပြော၏။ 

သန့်ရှင်းသော ဝိညာဉ်တော်၏ အဓိကအ လုပ်သည် ခရစ်တော်၏ ဘုန်းကို ထင်ရှားစေဘို့ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်နှင့် ဆိုင်သော အရာများကို ယုံကြည်သူများအား ဘော်ပြလိမ့်မည်။ ခရစ်တော်နှင့် ခမည်းတော်သည်လည်း စပ်ဆိုင် ကြသည်။ ထို့ကြောင့် ခမည်းတော်ဘုရားနှင့် ခရစ်တော်နှင့် မဆိုင်သော ဝိညာဉ်သည်၊ စာတန်၏ ဝိညာဉ် ဖြစ်၍ ဝေးဝေးမှရှောင်ဘို့ ဖြစ်သည်။ 

၁၆။ ခဏကြာပြီးမှသင်တို့သည် ငါ့ကို မမြင်ရကြ။ တဖန် ခဏကြာပြီးမှငါ့ကို မြင်ပြန်ကြ လိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။ ၁ရ တပည့်တော် အချို့ကလည်း၊ ခဏကြာပြီးမှသင်တို့သည် ငါ့ကို မမြင်ရကြ။ တဖန် ခ ဏကြာပြီးမှငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍၎င်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍၎င်း၊ မိန့်တော်မူသော စကားသည် အဘယ်သို့ နည်း။ ၁၈ ခဏဟူ၍ မိန့်တော်မူသော်အဘယ်သို့ ဆိုလိုသနည်း။ မိန့်တော်မူသော စကားကို အ​ကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်း ပြောဆို ကြ၏။ 

အဘယ်ကြောင့်ယေရှု ကသူ့တပည့်များက ခဏကြာပြီးမှ သူ့ကို မမြင်ဘဲ၊ ခဏ ကြာပြီးမှ ပြန်မြင်ကြမည်နည်းဟူမူကား၊ သူသည် သူ့ ခမည်းတော် ထံသို့်သွားမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရာသည် အသေခံ ပြီးမှသုံးရက်သင်္ဂြိုလ်ခြင်းကို ခံချိန်တွင် သူ့ဝိညာဉ် ကောင်းကင် တက်မည့်အရာကို ဆိုလိုခြင်း ဖြစ်သည်။ ရှင်ပြန်ထမြောက် လာသောအခါ သူ့ကို ပြန်မည်ကြလိမ့်မည်။ 

၁၉။ တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှု သိမြင်တော်မူ လေျှင်၊ ခဏ ကြာပြီးမှသင်တို့သည် ငါ့ကို မမြင်ရကြ။ တဖန် ခဏကြာပြီးမှငါ့ကို မြင်ပြန်ကြလိမ့်မည်ဟု ငါပြောသော စကားကို သင်တို့သည် အချင်းချင်းဆင်ခြင်ကြသလော။ ၂၀ ငါအမှန်အ ကန်ဆိုသည်ကား၊ သင်တို့သည် ငို​ကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့ မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။ 

အဘယ်ကြောင့် တပည့်တော်များငိုကြွေးမြည်တမ်းချိန်တွင်လောကီသားများဝမ်းမြောက် ကြမည်နည်း။ အကြောင်းမှာ သခင်ယေရှု သေသောကြောင့် တပည့်တော် များသည် ငိုကြွေးမြည်တမ်း၍ လောကီသား များသည် သူ့ကို သတ်နိုင်သောကြောင့် ဝမ်းမြောက်ကြမည့် အရာကို ဆိုလိုသည်။ တပည့်တော် များ၏ ဝမ်းနည်းခြင်းသည် သူရှင်ပြန် ထမြောက် လာသောအခါ ဝမ်းမြောက်ခြင်း သို့ဖြစ်လိမ့်မည်။

၂၁။ မိန်းမသည် သားကို ဘွားစဉ်အခါ ဘွားရသောအချိန် စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဘွားမြင်ပြီးမှ ဤလောက၌ လူတယောက်ကို ဘွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍၊ အထက် ခံရသော ဝေဒနာကို မေ့လျော့ တတ်၏။ ၂၂ ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း နောက်တဖန် သင်တို့ကို ငါတွေ့မြင် သဖြင့် သင်တို့သည် စိတ်နှလုံး ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူဖျက်ဆီးခြင်းငှါ မတတ်နိုင်။ 

သခင်ယေရှု ကသူအသေခံခြင်းကို မိန်းမကသား ဘွားခြင်းနှင့် နှိုင်းယှဉ်ထားသည်။ မိန်းမသည် သားဘွားမည့် အရာကို အလိုရှိသော်လည်း သူခံရမည့် ဝေဒနာကို စဉ်းစားပြီး ဝမ်းနည်းတတ်သည်။ သို့သော် သားဘွားပြီးလျှင် သူခံရသော ဝေဒနာကို မေ့ လျော့တတ်သည် ဟုဆိုသည်။ တပည့်တော် များလည်း သူတို့၏ သခင်အသေခံ ချိန်တွင် ခဏဝမ်းနည်းသော်လည်း၊ ရှင်ပြန်ထမြောက် လာသောအခါ ဝမ်းမြောက်ခြင်းရှိကြမည် ဟုဆိုသည်။ ထိုဝမ်းမြောက်ခြင်းသည် အဘယ်သူ ကမျှ လုယူဖျက်ဆီးနိုင်မည် မဟုတ် ဟုဆိုသည်။ တပည့်တော် များ၏ အဓိက သက်သေခံခြင်းသည် သခင်ယေရှု အသက်ရှင်ကြောင်း ဖြစ်၍ (တ ၂:၃၂၊ ၃:၁၅)၊ ထိုအရာကို ယုံကြည် သောကြောင့် ဘာသာရေး ခေါင်းဆောင်များကထိုအကြောင်းကို မဟောပြောဘို့ ခြိမ်း​ခြောက်ကြသော်လည်း လုံး ဝမကြောက်ကြတော့ချေ။ သေသည် အထိ ထိုအရာကို ဟောပြော ကြသည်။ 

၂၃။ ထိုနေ့၌ သင်တို့သည် ငါ့ကို အလျှင်း မမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်း သမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။ ၂၄ ယခုတိုင်အောင် ငါ၏ နာမကို အမှီပြု၍ သင်တို့သည် အဘယ် ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာ အကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။ 

ထိုနေ့၌ ဟူသောအရာသည် ရှင်ပြန်ထမြောက် ပြီးသောအရာကို ဆိုသည်။ ရှင် ပြန်ထမြောက်ပြီးသောအခါ တမန်တော်များသည် မေးခွန်းများများ မမေးခဲ့ကြတော့ချေ။ ယေရှုက သူ့နာမနှင့် ဆုတောင်းဘို့ မပြော သေးသောကြောင့် မတောင်းကြခြင်း ဖြစ်သည်။ ထိုအချိန် မှစ၍ သူ့နာမနှင့် ခမည်းတော်ထံ ဆုတောင်းဘို့ သင်ပေးသည်။ ယနေ့ အချို့သောသူများက သခင်ယေရှု နာမနှင့် သူ့ထံ၌ ဆုတောင်း ကြသည်။ သခင်ယေရှု သင်ပေးသည် မှာသူ့နာမအားဖြင့် ခမည်းတော်ထံသို့ ဆုတောင်းဘို့ ဖြစ်သည်။ ဆုတောင်းခြင်းသည် ဝမ်းမြောက်စရာ စုံလင်စေဘို့ရန် ဖြစ်သည် ဟုဆိုသည်။ ဘုရား အလိုတော် အတိုင်းများများ ဆုတောင်းသောသူများသည် ဝမ်းမြောက်သောသူများ ဖြစ်သည်။ အကြောင်းမှာ သူတို့ တောင်းသော ဆုများကို ရရှိ ကြသည်။ သို့သော် များစွာသော လူများသည် အဘယ်ကြောင့် ဆုမတောင်းချင် ကြသနည်း။ သူတို့ တောင်းသော ဆု မရရှိသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် မရရှိကြသနည်း။ အလိုတော်အတိုင်း မတောင်း၊ သူတို့ ဇာ တိ အလိုဆန္ဒအတိုင်း သာတောင်းကြသည် (ယာ ၄:၃)။ ဝမ်းမြောက်စရာ စုံလင်မည့် အကြောင်း ယခုမှစ၍ များများ ဆုတောင်း ကြပါစို့။ 

၂၅။ ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟော မပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာ တို့ကို သင်တို့အား အတိအလင်းဘော်ပြသော အချိန်ကာလ ရောက်လိမ့်မည်။ 

ပုံဥပမာအားဖြင့် ဟောပြောခြင်းသည် နားမလည် တတ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် မဟောပြောခြင်းသည် နားလည်သောကြောင့် ဖြစ်သည်။ ဆိုလိုရင်း နားလည်သောသူကို ဥပမာအားဖြင့် ပြောနေစရာ မလိုချေ။ ဝိညာဉ်ပိုင်းရင့်ကျက် လာသောအခါ သမ္မာတရားများကို အလွယ်တကူ နားလည်လာလိမ့်မည်။ အရိပ်ပြလျှင် အကောင် မြင်လာကြလိမ့်မည်။ 

၂၆။ ထိုကာလ၌ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ ဆုတောင်း ကြလိမ့်မည်။ သင်တို့ အဘို့ အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟု မဆို။ ၂၇ အကြောင်းမူကား၊ သင်တို့သည် ငါ့ကို ချစ်ကြ၍၊ ငါသည် ဘုရားသခင် အထံတော် မှကြလာသည်ကို ယုံကြသောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကို ချစ်တော်မူ၏။ 

ထိုကာလ ဆိုသည်မှာ သခင်ဘုရား အသေခံ၍ ရှင်ပြန်ထမြောက် ပြီး၊ သန့်ရှင်းသောဝိညာဉ်တော် ပေးသည့်ကာလကို ဆိုလိုသည်။ ထိုအချိန် မှစ၍ ယနေ့ တိုင် ယုံကြည်သူများ ကသခင်ယေရှု၏ နာမဖြင့် ဆုတောင်း နေကြပြီ။ သခင်ယေရှုက ခမည်းတော်သည် ယုံကြည်သူများကို ချစ်တော်မူကြောင်းကို ဖေါ်ပြသည်။ သခင်ယေရှုသည် လူများနှင့် ခမည်းတော် အကြား ပေါင်းကူးပေးသောသူ ဖြစ်သည်။ ခမည်းတော် ကသင်နှင့် ​ကျွန်ုပ်ကို ချစ်ကြောင်း သိလျှင် ကြောက်စရာ မလို၊ ခင်မြင်ရင်းနှီးစွာ မိဿဟာယဖွဲ့ပြီး လိုအပ် သမျှကို တောင်းရှောက်နိုင်သည်။ 

၂၈။ ငါသည် ခမည်းတော်ထံမှ ထွက်၍ ဤလောကသို့ ကြလာပြီ။ တဖန် ဤလောကမှ ထွက်၍ ခမည်းတော်ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။ 

သခင်ဘုရားကသူသည် ခမည်းတော်ထံမှ လာ၍ ခမည်းတော် ထံပြန်သွား မည့် အရာများကို တပည့်တော်များအား ထပ်မန်၍ ပြောပြန်သည်။ 

၂၉။ တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင် ပုံဥပမာကို မဆောင်ဘဲ အတည့်အလင်း ဟောတော်မူ၏။ ၃၀ အလုံးစုံတို့ကို သိတော်မူသည် ကို၎င်း၊ အဘယ်သူမျှ ကိုယ်တော်ကို မေးမြန်းစေခြင်းငှါ အလိုတော် မရှိသည်ကို၎င်း၊ ယခုတွင် အ​ကျွန်ုပ်တို့ သိကြပါ၏။ အ​ကျွန်ုပ်တို့သည် ဤအကြောင်းကို ထောက်၍ ကိုယ်တော်သည် ဘုရား သခင့်အထံတော်မှ ကြလာတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။ 


 ယခုတိုင်သခင်ယေရှု သာလျှင် စကားပြောသော်လည်း ဤနေရာ၌ တပည့်တော်များကလည်း တုံ့ပြန်လာ ကြသည်။ ပုံဥပမာမဆောင်ဘဲ အတည့်အလင်း ဟောပြောခြင်း အထက်၌ ဖေါ်ပြ သကဲ့သို့ နားလည်လာခြင်း၊ ရင့်ကျက်လာခြင်းကို ဖေါ်ပြသည်။ တပည့်တော်များကသူသည် ဘုရားသခင်ထံမှ ကြွလာတော်မူကြောင်းကို ယုံပါသည်ဟု ဝန်ခံ ကြသည်။ 

၃၁။ ယေရှုကလည်း၊ ယခုတွင် ယုံကြပြီလော။ ၃၂ သင်တို့သည် ကွဲပြား၍ ငါ့ကို တကိုယ် တည်းနေစေခြင်းငှါ စွန့်ပစ်လျက် အသီးအသီး မိမိတို့ နေရာသို့ ပြေးသွားမည့်အချိန် ကာလသည် လာ၍ ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည် တကိုယ်တည်း နေသည် မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူ ရှိတော်မူ၏။ 

 တပည့်တော်များက သူ့ကို ယုံကြပြီ ဟုဆိုပြီးမှ သူတို့သည် ကွဲပြား၍ သူ့ကို စွန့်ပစ်မည့် အရာကို ဟောသွားသည်။ အဘယ်ကြောင့် စွန့်ပစ်ကြမည်နည်း။ ကြောက် သောကြောင့် ဖြစ်သည်။ ယုံကြည်သူများလည်း ဘုရားကို ယုံကြည်သည်ဟု ဝန်ခံပြီးမှ စိုးရိမ် တတ်ကြသည်။ တပည့်တော်များက စွန့်သော်လည်း သခင်ယေရှု ကသူသည် တ ကိုယ်တည်း မနေ ခမည်းတော်သည် သူနှင့်အတူ အမြဲရှိကြောင်း ပြောသည်။ ​ကျွန်ုပ်တို့လည်း ဒုက္ခ ရောက်သောအခါ တယောက် တည်းဟု ထင်တတ်သော်လည်း ထိုအချိန်၌ ပင် ဘုရားသည် ငါတို့နှင့်အတူ ရှိကြောင်း သတိရကြစို့။ 

၃၃။ သင်တို့သည် ငါ့ကို အမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည်လောက၌ ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ် ကြနှင့်။ ငါသည်လောကကိုအောင် ပြီဟု မိန့်တော်မူ၏။ 

သခင်ယေရှု ကငြိမ်သက်ခြင်းသည် သူ့ကို အမှီပြုပြီးမှရှိမည် ဟုဆိုသည်။ လူသည် ငွေ အပေါ်၊ အားကိုးရသော လူအပေါ်၊ ကျန်းမာရေးအာမခံ အပေါ်အမှီပြု၍ ငြိမ်သက်တတ်သည်။ ထိုအရာများသည် ပျောက်နိုင်၊ ပြောင်းလဲနိုင်သောကြောင့် အမှီမပြုသင့်ချေ။ ဘယ်သောအခါ၌ မျှ မပြောင်းမလဲ ကူညီမစနိုင်သော သခင်ယေရှုကို အမှီ ပြုမှသာလျှင်စစ်မှန်သော ငြိမ်သက်ခြင်းရရှိနိုင်မည် ဖြစ်သည်။ သခင်ယေရှု ကလောကမှာ ဆင်းရဲ ဒုက္ခ ခံရမည့် အရာကို ပြောသွားသည်။ လူသည် ဤလောက၌ ကောင်းကင် ကဲ့သို့ နေချင် ကြသည်။ သို့သော် ဤလောကသည် ရန်သူ စာတန် နယ်မြေ ဖြစ်၍ မသိမ်းရသေးချေ။ ထို့ကြောင့် ဤလောက၌ ဇိမ်ခံဘို့ မရည်ရွယ်သင့်ချေ။ ဤလောက၌ ဇိမ်ခံ လိုခြင်းသည် ယုံကြည်သူ၏ အမှား ဖြစ်သည်။ ရန်သူနယ်မြေ ဖြစ်၍ စာတန် နှောက်ရှက်ခြင်းကြောင့် ဒုက္ခ ဆင်းရဲခြင်းရှိမည်။ သို့သော် စိုးရိမ်စရာ မလို၊ သခင်ယေရှု ကလောကကိုအောင် ပြီ။ ထို့ကြောင့် သူကို မှီခိုခြင်းအားဖြင့် ငြိမ်သက်ခြင်းရရှိနိုင်သည်။ 


မီဒီယာကဏ္ဍ


 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သတင်းကောင်း စာစောင်ကို ၂၀၀၉ ခု နှစ်မှစ၍ ၁၀ နှစ်တိုင်တိုင်လတိုင်း ထုတ်ဝေနိုင်သောကြောင့် ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းပါသည်။ စာအုပ်နှင့် စာစောင်များ ထုတ်လုပ်ခြင်း၌ ပါဝင် ကြ သူများ ဖြစ်သော၊ ဦးလာလ်အောင် (ပုံနှိပ်)၊ ဦးသ$အောင် (စာအုပ်ဖုံးဒီဇိုင်း)၊ နှင့် စာမူ ရေးပေး သူများ၊ ဖြန့်ချိပေးသူအားလုံး အတွက် ဆုတောင်း ပေးကြပါစို့။ တရားဟော ချက်များကို၌ သက ဤကဘန ၌ တင်လွှင့်ပေးသူ ဦးဗန်ထန်ကိုလည်း ဆုတောင်း ပေးကြရ အောင်။ တရားနာချင် ပါက၌ သက ဤကဘန ​ေိိမနျျ၌ ါဘခ၏ ငညတွင် ကြည့်ရှုတရားနာ ဆင်နိုင်ပါသည်။ 


 သာသနာ ပြုဌါန


 ပြည်တွင်း သာသနာ ပြုလုပ် ငန်းလည်း၂၀၀၉ ခုနှစ်မ ှစတင်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှသာ စတင်အောင်မြင် ခဲ့ပါသည်။ ယုံကြည်ခြင်းဖြင့် အမှုတော်ဆောင်သင် တန်းကိုလည်း အကြိမ်ပေါင်းလေးဆယ်ခန့် ပြုလုပ် နိုင်ခဲ့သည်။ ငွေအား၊ ပညာအားဖြင့် မဟုတ်၊ ဝိညာဉ်တော်အားဖြင့် အောင်မြင် စွာ ပြုလုုပ်နိုင်ပြီး၊ အမှုတော်ဆောင် ၃၀ ခန့် ဘုရားသခင်က ပေးသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ ယခုအခါ သာသနာ ပြုရာမှ အသင်းတော် ၁၁ ပါးရှိလာပါပြီ။ များစွာသောသူများ ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားလည်း သိလာကြပြီ။ နောက်ထပ်လည်း အမှုတော်ဆောင်အသစ်များနှင့် ဝိညာဉ် များစွာ ပေးဦးမည်၊ သာသနာ ပြု အသင်းတော် သစ်များလည်း ပေးဦးမည်ဟု မြော်လင့်ရပါသည်။ သင်လည်း အမှုတော် မြတ်၌ ဆုတောင်းခြင်း၊ ပေးလှူခြင်း၊ ကိုယ်တိုင် ဆက်ကပ်ခြင်းဖြင့် ပါဝင်ဘို့ရန် ဘိတ်ခေါ်ပါသည်။ 


သတင်းကောင်း နှစ်ခြင်း အသင်းတော် သာသနာ ပြုဌါနအနေဖြင့် ၂၀၁၈ ခု နှစ်အတွင်း၌ အောက်ပါ အသင်းတော်များကို စတင်နိုင်သောကြောင့်၊ ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ 

June 10, 2018 (Sunday)

     Karen Gospel Baptist Church, St. Paul, Minnesota 

     Minister: Saya Saw Luh

October 14, 2018 (Sunday)

      Emmanuel Gospel Baptist Church, Austin, Minnesota 

      Minister: Saya Tha Too

December 15, 2018 (Saturday)

      Gospel Baptist Church, Kansas City, Kansas

      Minister: Saya John Ree Reh

သာသနာ ပြုဌါနမှအမှုတော်၌ ပါဝင်လှူဒါန်းလို သူများ အနေဖြင့် လစဉ်ပုံမှန် လှူဒါန်းနိုင်ပါသည်။ တလလျှင် မိမိဘဏ်မှသာ သနာပြုဌါနဘဏ်သို့ အော်တိုလှူဒါန်းခြင်းဖြင့် အမှုတော် မြတ်ကြီး၌ ပါဝင်နိုင်ကြောင်း၊ အလုံးအခဲဖြင့် မလွယ်သော်လည်း၊ တ လလျှင် ဆယ်ဒေါ်လာမှနှစ်ဆယ်သုံးဆယ်ဒေါ်လာလှူခြင်းဖြင့် ပါဝင်နိုင်သည်။ ထိုသို့ လှူဒါန်းလို သူများအတွက် ဘဏ္ဍာရေးမှူး ဦးကော်လျံမှုန်းထံဆက်သွယ်မေးမြန်းစီစဉ် နိုင်ပါသည်။ သူ့ဖုန်းနံပါတ် (၃၀၁) ၃၀၀-၈၂၉၃


 
သတင်းများ


 သာသနာ ပြုဌါနမှအမှုတော်ဆောင်မွန်းမံသင်တန်းကို ဒီဇဘ်ာလ ၄မှ ရရက်နေ့အတွင်း အောင်မြင် စွာ ပြုလုပ် နိုင်ခဲ့သည်။ ထိုသင်တန်း၌ အမှုတော်ဆောင်နှင့် ယုံကြည်သူ စုစုပေါင်း၂၅ယောက်တက်ရောက်နိုင်ခဲ့ ကြသည်။ ချီဆောင်ခြင်း မဖြစ်သေးပါက လာမည့် နှစ်မတ်လ ၅မှ ၈ ရက်နေ့များတွင် ပြုလုပ်မည် ဖြစ်သည် 


အမှုတော်ဆောင်ဆရာ Andrew Lal Tan Puia  သည် Lalawmpuii Sawnset  နှင့် ဒီဇဘ်ာလ ၁ ရက်နေ့တွင် Indianapolis Gospel Baptist Church  ဦးဆောင်မှုဖြင့် အောင်မြင် စွာ မင်္လာဆောင်နှင်းပြီး ပါကြောင်း သတင်းကောင်း ပါးလိုက် ပါသည်။ မင်္လာဆောင်ပွဲကို သင်းအုပ်ဆရာမောဇက်ထောင်ကျုံးမှ လက်ထပ်ပေးမည် ဖြစ်သော်လည်း ရုပ်တရက်နေမကောင်းသောကြောင့် မီဇို ခရစ်ယာန် အသင်းအုပ် ဆရာ ဠ​ေည ူ​ေူီငညါ​ေ ကလက်ထပ်ပေးလိုက်ပါသည်။ ဆရာတို့ လင်မယား ဇနီး မောင်နှံကို ဘုရားသခင်က တည်ဆောက်ကောင်းကြီး ပေးပါစေ။ 

Indianapolis Gospel Baptist Church သည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် လူဦးရေ တိုးတက် လာသောအခါ ကျယ်ဝန်းသော ဘုရားကျောင်းအ ဆောက်အဦးဝယ်နိုင်ဘို့ကို ရှာကြရာတွင် ​ခြောက်နေရာမြောက်မှနောက်ဆုံး၌ ပြင်စ ရာမလိုသော အဆောက်အဦးကို ဘုရားသခင်က ပြင်ဆင် ပေးသောကြောင့်၊ ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ထိုအဆောက်အဦးအတွက် မပေးမနေရ မဟုတ်ဘဲ၊ ယုံကြည်သူများကမိမိတို့ ဆန္ဒရှိသည် အလျောက် ပါဝင်ကြရာ ဝန်မပိဘဲ အလွယ်တကူဝယ်ယူနိုင်ခြင်း ဖြစ်သည်။ ဘုရားကျောင်းလိပ်စာသည်631 N Meridian St, Greenwood, IN 46143   ဖြစ်၍ Indianapolis မြို့၌ နေသူများနှင့် ထိုမြို့သို့ လာရောက်လည်ပတ်သူတိုင်း၊ လာရောက်ပါဝင်ဘို့ရန် လှိုက်လှဲစွာ ကြိုဆို ပါသည်။ ဘုရားကျောင်းဝယ်နိုင်ဘို့ ဆုတောင်း ပေးသူအားလုံး ဘုရားရှင်ကောင်းကြီး ပေးပါစေ။  

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG