GOODNEWS
  HOME  GOODNEWS  2013 DEC
 


အမှာစာ
 
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ကျွန်တော် အမှုတော်ဆောင် သက်တန်းတလျှောက်လုံးအလိုရှိသောအရာကို ဘုရားသခင်က ယခုနှစ်မှစ၍ အကောင်အထည်ဖေါ်ပေးသောကြောင့် အလွန် အားရဝမ်းမြောက် မိပါသည်။ ဘုရားသခင်ကိုလည်း အလွန် ချီးမွမ်းမိပါသည်။ ထိုအရာမှာ ယုံကြည်သူတိုင်း ခရစ်တော်၏ ကယ်တင်ခြင်း သက်သေခံရမည်၊ ပျောက်ဆုံးဝိညာဉ် များချစ်၍ ဖမ်းသော အမှုတော်ဆောင်များ မွေးထုတ်ဘို့ ဖြစ်သည်။ ထိုရည်ရွယ်ချက်များကို အသင်းတော် အတွင်းနှင့် ရောက်လေရာရာ၌ ဟောပြောသော်လည်း မဖြစ်မြောက် နိင်ပါ။ ထိုရည်ရွယ်ချက်ဖြင့် ပျောက်ဆုံးဝိညာဉ် ဖမ်းနည်းနှင့် အမှုဆောင်သင် တန်းများ သုံးကြိမ် (၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ်များ၌ ) ပြုလုပ် ခဲ့ပါသည်။ မျှော် လင့် သကဲ့သို့ မအောင်မြင် ခဲ့ပါ။ 

သို့သော် ယခုနှစ် နိုဝင်ဘာလ ၄-၁၀ ရက်နေ့များတွင် Creek GBC ၌ အမှုတော်ဆောင်သင်တန်း ပြုလုပ်သောအခါ အမှုတော်ဆောင် မဟုတ်သောသူများနှင့် သင်တန်းသား၂၀ ခန့်တက်ရောက်ကြပါသည်။ ထိုသူများကို ညနေပိုင်းတွင် နှစ်ယောက်တွဲ ၁၀ တွဲဖြင့် တံခါးခေါက် သက်သေခံဘို့ လွှတ်သောအခါ အလွန် အောင်မြင် ကြပါသည်။ သင်တန်းသားများ အလွန် ကြောက်ရွံ့ခဲ့ ကြသော်လည်း သက်သေခံခြင်းအားဖြင့် လူ များစွာ ကယ်တင်ခြင်းနှင့် သမ္မာ တရားသိရှိ လက်ခံကြသောအခါ အလွန် အားရကာအချိန် ပြည့်အမှု ဆောင်လိုသောသူများလည်း ဆက်ကပ်လာကြပါသည်။ ယခုအခါအချိန် ပြည့်အမှုတော်ဆောင်ဘို့ရန် ၆ ဦးကဆက်ကပ်လာပြီ ဖြစ်သောကြောင့် ဘုရားရှင်အား ကျေးဇူး တင်ပါသည်။ 

ထို့အပြင် ရောက်လေရာမြို့တို့၌ အိမ်ရှင် ယုံကြည်သူများနှင့် ဝိညာဉ်များကို ဖမ်းကြသောအခါ ယုံကြည်သူများလည်း အားရလာ၍ ဝိညာဉ်များချစ်တတ်၊ တန်ဘိုး ထားတတ်လာကြသောကြောင့် ခွန် အားရကြောင်း ဝေငှလိုပါသည် 
 

ယခုလစာစောင်တွင်...

ခရစ်တော် မွေးဖွားသော နေ့
ခရစ်တော် ကြွရောက် လာခြင်း အကြောင်းများမှတချို့
ခရစ်တော် မည်ကဲ့သို့ ဆိုင်သနည်း
သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြစို့
ယဇ်ပုရောဟိတ် 
ဧဝံဂေလိ ခရီး စဉ်
အဘယ်ကြောင့် ပျောက်ဆုံးဝိညာဉ် များဖမ်းရမည်နည်း
 
 
ခရစ်တော် မွေးဖွားသည့်နေ့
ဆရာဂိဒေါင်

ယနေ့ ကမ္ဘာက ခရစ်တော်သည် ဒီဇင်ဘာလ ၂၅တွင် မွေးသည်ဟု ခံယူသောကြောင့် ဤလ၊ ဤနေ့ရက်ကိုကိုးကွယ်အမြတ်နိုးထားကြသည်၊၊ ယေရူ၏ သေခြင်းထက်၊ မွေးနေ့ကိုသာ၍ အောက်မေ့လာကြသည်၊၊ ဒီဇင်ဘာလကို ကြိုသည့်အနေဖြင့် ညလုံးပေါက် ဆုတောင်း ကြသည်၊၊ အခြားလ၊ ရက်တွင်မူ ဆုတောင်းခြင်း မရှိပေ၊၊ သမ္မာကျမ်းစာထဲတွင် မခြားမလပ် ဆုတောင်း ဖို့မိန့်မှာထားသည် (၁ သက် ၅:၁၇)၊၊ ထို့ကြောင့် ယုံကြည်သူများ၊ မိမိအလိုထက် ခရစ်တော်၏ အလိုတော်ကို ဆောင်ချင်သောသူများ အနေဖြင့် ခရစ်တော်၏ မွေးနေ့ကို အောက်မေ့သောအခါ ခရစ်တော် နှစ်သက်မည်လော၊၊ ထို့ကြောင့် ခရစ်မစ်နှင့် ပတ်သက်၍ ဘုရားသခင်၏ အလိုတော်နှင့် အညီမည်ကဲ့သို့ ကျင်းပနိုင်ရန် ဆင်ခြင်စေချင် သောကြောင့် ရေးထားခြင်း ဖြစ်သည်၊၊ 

ခရစ်ဝင်ကျမ်းကို ၄ ဦးကရေးသော်လည်း ခရစ်တော် မွေးသည့်လ၊ နေ့ကို အတိကျမဖော်ပြသည် မှာစဉ်းစားစရာပင် ဖြစ်သည်၊၊ အခြားတဖက်မှာမူ ခရစ်တော်၏ သေခြင်းကို အောက်မေ့ဖို့ရန်အလိုတော် ရှိသောကြောင့် မိန့်မှာထားခဲ့ရုံမကသူသေသည့်လ၊ နေ့၊ နာရီနှင့် ရှင်ပြန်ထမြောက် သည့်နေ့များကိုပင်ကျမ်းစာထဲတွင် ဖော်ပြ ထားခဲ့သည် (မာကု ၁၅:၄၂၊ မဿဲ ၂၈:၁၊ မဿဲ ၂၇ ;၊ လုကာ ၂၂:၁၉၊ ၁ ကော ၁၁:၂၄၊ ၂၅)၊၊ သို့သော် လ၊ နေ့ကို အောက်မေ့ဖို့ မဟုတ် သူ့ကို အောက်မေ့ဖို့ ဖြစ်သည်၊၊ ထို့ကြောင့် ခရစ်တော်၏ အနီးစပ်ဆုံး တမန်တော်များ၊ တပည့်တော်များ၊ ကဏဦးအ သင်းတော်များခရစ်တော်၏ မွေးနေ့ကို ကျင်းပခြင်း မတွေ့ရပေ၊၊ သို့သော် ခရစ်တော် ထမြောက် သည့်နေ့တွင် သူ၏ သေခြင်းကို အောက်မေ့သတိရသည့်အနေဖြင့် မုန့်များ ဖဲ့ခြင်း၊ စပျစ်ရည်သုံးဆောင်ခြင်းများပြုတတ်ကြသည် (တမန် ၂၀:၇)၊၊ 

တပည့်တော် များသည် ခရစ်တော် မွေးသည့်နေ့လကို မသိသော်ကြောင့်မှတ် တမ်းမတင်ခဲ့တာ မဟုတ်ပေ၊၊ မာရိနှင့် ယောသပ်ဆီမှသိနိုင်သည်၊၊ ထို့ကြောင့် သူတို့သည် လုံးဝ သူ့မွေးနေ့ ကျင်းပခြင်းကို မတွေ့ရပေ၊၊ ယနေ့ ယုံကြည်သူများသည် ခရစ်တော် မခိုင်းသည့်အရာကိုသာ၍ ဦးစားပေးလုပ်ချင် ကြသနည်း၊၊ ခရစ်တော် ခိုင်းသောအရာ ကိုမူဂရုမစိုက်နားမထောင်လုပ်တတ်ကြသည်၊၊ ခရစ်တော် နှစ်သက်မည်လော၊၊ 

ယနေ့ အသင်းတော် အများစုက “ံစေစပ ​ြငမအ့ိပေ ​ဲနျကျ” ဆိုပြီး သူ့မွေးနေ့ကို ဖယောင်း တိုင်များ ထွန်းပေးကာ ကျင်းပကြသည်၊၊ ခရစ်တော် ဝမ်းသာမည်လော၊၊ အဓိပ္ပယ်လည်း လုံးဝ မရှိပေ၊၊ 
 ကျမ်းစာထဲတွင် သူ့မွေးနေ့ကို သျင်းပခြင်း ဟာသူ၏ အလိုတော် မဟုတ်ကြောင်း ; သေချာသည်၊၊ လူ၏ အလိုသာ ဖြစ်သည်၊၊ ခရစ်တော်ကို နှစ်စဉ်၊ လတိုင်း၊ အချိန် တိုင်း၊ နာရီ တိုင်း၊ စက္ကန့်တိုင်း အောက်မေ့သတိရစေချင်သည်၊၊ ဘာကြောင့်နည်း ခရစ်တော်သည် ထာဝရဘုရား ဖြစ်သည် “ငါသည် အာလဖ ဖြစ်၏၊၊ ဩမေဃလည်း ဖြစ်၏ဟု အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏” ဗျာဒိတ်ကျမ်း၁:၈တွင် ဖော်ပြထားပါသည်၊၊ ခရစ်တော်သည် သူ၏ ပုံများကိုလည်း ဆွဲခြင်း အရုပ်လုပ်ခြင်းများအလိုမရှိပေ၊၊ သူသည် နံဝိညာဉ် ဘုရား ဖြစ်တော်မူ၏၊၊ ကိုးကွယ်သောသူမှန်သမျှသည် နံဝိညာဉ်နှင့် သမ္မာတရားနှင့်ကိုးကွယ်ရမည်ဟု ယောဟန် ၄:၂၄တွင် မိန့်မှာခဲ့သည်၊၊ ထို့ကြောင့် ဘုရား ခိုင်းသည့် အရာကိုသာ လုပ်ဆောင်တတ်ဖို့ဆင်ခြင်ကြပါစို့၊၊ ထို့ကြောင့် ခရစ်မတ်ပွဲလုပ်သောအခါ သူ၏ မွေးနေ့ထက်၊ သူ၏ သေခြင်း၊ ရှင်ပြန်ထမြောက် ခြင်းကို အောက်မေ့သော ပွဲ၊ ထိုအ ကြောင်းကို လူတိုင်းအား ဟောပြောသော ပွဲအဖြင့် ကျင်းပမည်ဆိုပါက ဘုရား ဘုန်းထင်ရှားနိုင်သည်၊၊ မယုံကြည်သူများလည်း ကယ်တင်ခြင်းရနိုင်သည်၊၊ 
 
ခရစ်တော် ကြွရောက်လာရခြင်း အကြောင်းများ မှတချို့
 
MOSES R CUNG

အလင်း ဖြစ်ဘို့ 

ခရစ္စမတ်ရာသီရောက်လာပြီ။ ခရစ္စမတ်သည် ခရစ်တော်၏ မွေးနေ့ကို ဂုဏ််ပြုသောပွဲ ဖြစ်သည်။ သို့သော် ခရစ်တော် ကိုယ်တိုင် မပါသောပွဲ ကျင်းပမှာစိုးရသည်။ ခရစ် တော်သည် ဤလောကသို့ လူ့ဇာတိခံယူခဲ့ခြင်းသည် အကြောင်း အရာမြောက်များ လှသည်။ ထိုအရာများ ထဲမှ တခုကို ဖေါ်ပြလိုသည်။ သူသည် ဤလောက၏ အလင်း ဖြစ်ဘို့ရန် ကြွရောက် ခဲ့ခြင်း ဖြစ်သည်။ 

ယေရှုက၊ ငါသည် ဤလောက၏ အလင်း ဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏ အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏ (ယော ၈:၁၂)။ တဖန်၊ အလင်းသည် ဤလောကသို့ ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍ နှစ်သက်ကြ၏။ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူ အပေါင်းတို့သည် အလင်းကို မြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ ချဉ်းကပ်သည်ဟု ဟောတော်မူ၏ (ယော ၃:၁၉-၂၁)။ 
 
သခင်ယေရှုသည် အလင်း ဖြစ်ကြောင်း ပရောဖက် ဟေရှာယဟောပြော ခဲ့သောအရာ ကိုကိုးကား၍ မဿဲက ဤသို့ ရေးခဲ့သည်၊ ယောဟန်သည် ထောင်ထဲသို့ ရောက်ကြောင်းကို ယေရှုသည် ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊ နာဇ ရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့် နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။ ဤအကြာင်းအရာကား၊ ပရော ဖက်ဟေရှာယ၏ နှုတ်ထွက် ပြည့်စုံမည်အကြောင်း တည်း။ နှုတ်ထွက်အချက် ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင် တည်းဟူသော အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဖက်၊ တပါးအမျိုးသား နေရာဂါလိလဲပြည်၊ မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသော အလင်းကို မြင်ရ၍၊ သေမင်း၏ နိုင်ငံအရိပ်တွင် ရှိနေသော သူတို့၌ အလင်းပေါ်ထွက်လျက် ရှိ၏ဟု ဟောထားသတည်း။ (မ ၄:၁၂-၁၆) 
လောကီသား များသည် အမှောင်ထဲ၌ ရှိကြသည်။ 

ထိုကြောင့် အပြစ်လုပ်လျှင်လည်း ဩတ္တပ္ပစိတ်ကြည်လင်စွာဖြင့် ပြုလုပ် ကြသည်။ ဆိုလိုသည်မှာ အပြစ် လုပ်ရာတွင် စိတ်မသာခြင်း၊ ရှက်ခြင်း မရှိကြချေ။ ဥပမာ အရက်သောက်လျှင်လည်း ပြသနာ မရှိ၊ အပြစ်ဟု မမြင်ချေ။ ထိုသို့ဖြစ်ခြင်းသည် သူတို့၏ ဝိညာဉ် မျက်စိကန်းသောကြောင့် ဖြစ်သည်။ အလင်းသည် မျက်စိနှင့်သာဆိုင်သည်။ သခင်ယေရှုက၊ မျက်စိကား ကိုယ်၏ ဆီမီး ဖြစ်၏။ ထိုကြောင့် မျက်စိကြည် လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက် ဖြစ်လျှင် ထိုအမိုက်သည် အလွန် မိုက်စွတ ကား (မ ၆:၂၂-၂၃) ဟုဆိုခဲ့သည်။ 
သခင် ယေရှုခရစ်က ဣသရေလ လူများ အလင်းပေးပုံကို ဤသို့ တွေ့ရသည်။ မှားယွင်းခြင်း အမှုကို ပြုလျက် နေသော မိန်းမတယောက်ကို တွေ့လျှင်၊ ကျမ်း ပြုဆရာတို့နှင့် ဖာရိရှဲတို့သည် ခေါ်ခဲ့၍ အလယ်၌ ထားပြီးမှ၊ အရှင်ဘုရား၊ ဤမိန်း မသည် မှားယွင်းခြင်း အမှုကို ပြုစဉ်တွင် ပင်တွေ့မိပါသည်။ ထိုသို့သော မိန်းမကို ကျောက် ခဲနှင့် ပစ်ရမည်ဟု မောရှေသည် အ​ကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူ မည်နည်းဟု လျှောက်ကြ၏။ ထိုသို့ လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ စုံစမ်း နှောင့်ရှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ ရေးသား၍ နေတော်မူ၏။ ထို သူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကို လှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့် ပစ်စေဟု မိန့်တော်မူပြီးမှ၊ တဖန် အောက်သို့ ငုံ့၍ မြေ၌ ရေးသားတော်မူ ပြန်၏။ ထို သူတို့သည် ကြားရလျှင် မိမိတို့ စိတ်နှလုံးသည် မိမိတို့ အပြစ်ကို ဘော်ပြသဖြင့်၊ အသက်ကြီးသောသူမှစ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက် နောက်တယောက် ထွက်သွားကြ၏။ (ယော ၈:၃-၈) 
ကျမ်းပြုဆရာနှင့် ဖာရိရဲှတို့ အသည် အဘယ်ကြောင့်ထိုမိန်းမကို ခဲနှင့် မပစ်ဘဲ ထွက်သွားကြသနည်း။ သူတို့၏ အပြစ်ကို မြင်သောကြောင့် ဖြစ်သည်။ ဘယ်အရာက သူတို့၏ အပြစ်ကို မြင်စေသနည်း။ ခရစ်တော်၏ စကား ကမြင်စေသည်။ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့် ပစ်စေဟူသော ကိုယ်တော်၏ စကားက သူတို့၏ မျက်စိကို ပွင့်စေသည်။ သူတို့သည် မျက်စိမပွင့်ခင်၌ မှောင်မိုက်ထဲမှာနေ၍ ကိုယ့် အပြစ်ကို မမြင်၊ မှားယွင်းသော မိန်းမ၏ အပြစ်ကိုသာ မြင်ခဲ့သည်။ သို့သော် ခရစ်တော်က သူတို့၏ မျက်စိကို ဖွင့်ပေးသောအခါ တယောက် ကမျှထိုမိန်းမကို ခဲနှင့် ပစ်ရဲသောသူမရှိသောကြောင့် ထွက်သွား ကြသည်။ 

အဘယ်ကြောင့် အတင်း ပြောခြင်း၊ အပြစ်တင်ခြင်းများရှိသနည်း။ အမှောင်ထဲ၌ နေ၍ မျက်စိကန်းသောကြောင့် ဖြစ်သည်။ သူတပါးအပြစ်ကိုသာ မြင်နေလျှင် သင်သည် အမှောင်ထဲမှာရှိသေးကြောင်း ထင်ရှားသည်။ သခင်ယေရှု ကအမိဝမ်းတွင်း မှမျက်စိကန်း ဘူးသောသူကို သူ၏ မျက်စိ၌ ရွှံ့လူး၍ ရှိလောင်ရေကန်၌ ဆေးစေခြင်းအားဖြင့် ပြန်မြင်စေ ခဲ့သည် (ယော ၉:၁ -ရ)။ ထိုသူသည် မျက်စိကန်းချိန်တွင် အလင်းကို မတွေ့မှောင်မိုက်၌ နေခဲ့သည်။ ထိုအရာနှင့် ပတ်သက်၍ ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင် စေလွှတ်တော်မူသောသူ မဟုတ် ဟုဆိုကြ၏ (ယော ၉:၁၆)။ အဘယ့်ကြောင့် ဖာရိရှဲတို့ ကသခင်ယေရှုကို ထိုသို့ မြင်သနည်းဟူမူကား သူတို့၏ မျက်စိကန်းခြင်း၊ မှောင်မိုက် ထဲ၌ နေခြင်းကြောင့် ဖြစ်သည်။ မျက်စိကန်းဘူးသောသူလည်း အစ၌ သခင်ယေရှုက ကိုယ်ကာယမျက်စိကို ဖွင့်ပေးလိုက်သည်။ သို့သော် နောက်ပိုင်း၌ သူ၏ ဝိညာဉ် မျက်စိကို ပါပြန်ဖွင့်ပေးလိုက်ကြောင်း ဤသို့ ရေးထားသည်။ သခင်ယေရှုက၊ သင်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည် သလောဟု မေးတော်မူ၏။ သခင်၊ အ​ကျွန်ပ်ယုံကြည် ရမည်အကြောင်း ဘုရားသခင်၏ သားတော် ကား အဘယ်သူ နည်းဟု မေးလျှောက်သော်၊ ယေရှုက၊ သင်သည် ထိုသူကို မြင်ခဲ့ပြီးသည်သာမက၊ သင်နှင့် ယခု စကား ပြောသောသူသည် ဘုရားသခင်၏ သားတော် ဖြစ်၏ဟု မိန့်တော်မူလျှင်၊ သခင်၊ အ​ကျွန်ုပ်ယုံကြည် ပါ
၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။ (ယော ၉:၃၅-၃၈) 

ထိုသူသည် တနေ့ချင်းတွင် ကိုယ်ကာယမျက်စိနှင့် ဝိညာဉ် မျက်စိပြန်မြင်သွားသည်။ သို့သော် ဖာရိရှဲများ မူကား ကိုယ်ကာယမျက်စိကိုသာ မြင်၍ ဝိညာဉ် မျက်စိမမြင် သောကြောင့် မှောင်မိုက်၌ ကျင်လည် နေကြသေးသည်။ ထိုအခါ ယေရှုကလည်း၊ မျက်စိ မမြင်သောသူသည် မြင်စေခြင်း ငှါ၎င်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်း ငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။ အထံတော်၌ ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကို ကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည် မှန်လျှင် အပြစ် မရှိ။ ငါတို့ မျက် စိမြင်သည်ဟု ယခုဆိုကြ၏။ ထိုကြောင့် သင်တို့၌ အပြစ် တည်သည်ဟု မိန့်တော်မူ၏။ (ယော ၉:၃၉-၄၁) 

ဖာရိရှဲများ ကဲ့သို့ ငါမျက်စိမြင်သည် ဟုဆိုလျှင် အပြစ်ရှိမှာစိုးရသည်။ ခရစ် တော်သည် မိတ်ဆွေ၏ ဝိညာဉ် မျက်စိမြင်စေခြင်း ငါှကြွရောက် လာခဲ့သည်။ ဝိညာဉ် မျက်စိမြင်သည် မမြင်သည်ကို မည်ကဲ့သို့ သိနိင်မည်နည်း။ ဝိညာဉ် မျက်စိမြင်မမြင် အလွယ်ကူဆုံးသိနိင်သည်မှာ ကျမ်းစာဖတ်သောအခါ နားမလည်နိင်လျှင် သင်၏ ဝိညာဉ် မျက်စိကန်းသည်။ ကျမ်းစာသည် အဓိပ္ပါယ်မရှိ၊ စိတ်မဝင်စား၊ ဖတ်လျှင်လည်း အိပ်ငိုက်တတ်လျှင် ဝိညာဉ် မျက်စိကန်းသည်။ ဝိညာဉ် မျက်စိကန်းသောသူသည် ခရစ်တော် ကြွလာမှာကိုလည်း မသိ၊ ကြားလျှင်လည်း စိတ်မဝင်စား၊ ပြင်ဆင် မှုလည်းရှိမည် မဟုတ်။ ယခုနှစ်ခရစ္စမတ်ရာသီ၌ မိတ်ဆွေ၏ ဝိညာဉ် မျက်စိ ခရစ်တော် ကမြင်စေခြင်းငှါ ဆုတောင်းပါ။ 
 
ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ပြည့်စုံစေရန်

သခင်ယေရှု ဤလောကသို့ ရောက်ရှိလာခြင်းသည် အကြောင်းရင်း များစွာ ရှိသည်။ ထိုအထဲမှသူကိုယ်တိုင် ဤကဲ့သို့ ပြောခဲ့သည်၊ ပညတ္တိကျမ်း၊ အနာဂတ္တိ ကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည် မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း (မ ၅:၁ရ)။ သို့ဖြစ်လျှင် သခင်ယေရှုက ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းများကို မည်ကဲ့သို့ ပြည် စုံစေသနည်း။ ပဌမ ဦးစွာ ပညတ္တိ ကျမ်းသည် မောရှေရေးထားသော၊ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ ဝတ်ပြု ရာကျမ်း၊ တောလည်ရာကျမ်းနှင့် တရားဟောရာကျမ်းများကို ဆိုလိုသည်။ အနာဂတ္တိ ကျမ်းများသည် ဟေရှာယ အနာဂတ္တိကျမ်း မှ မာလာခိ အနာဂတ္တိကျမ်း အထိကို ဆိုလိုသည်။ သို့သော် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း များ ဟုဆိုရာတွင် ဓမ္မဟောင်းအားလုံး ကို ဆိုလိုသည်။ ခရစ်တော်သည် မည်ကဲ့သို့ ဓမ္မဟောင်းကျမ်းကို ပြည့်စုံစေသနည်း။ 

ပညတ္တိကျမ်းနှင့် ပတ်သက်၍ ခရစ်တော် ကမည်ကဲ့သို့ ပြည့်စုံစေသည်ကို လေ့လာကြပါစို့။ ပညတ္တိကျမ်း၌ ခရစ်တော်နှင့် ပတ်သက်၍ ပုံဆောင်ချက် များစွာ ရှိသည်။ ထိုပုံဆောင်ချက်အားလုံး ကို ဖေါ်ပြလျှင် အလွန်များမည် ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖျဉ်းအားဖြင့် မည်ကဲ့သို့ ပြည့်စုံစေသည်ကို လေ့လာကြရမည် ဖြစ်သည်။ ပညတ္တိကျမ်းကို လေးပိုင်းပိုင်းနိင်သည်။ ဝတ်ပြုခြင်း ဆိုင်ရာပညတ်၊ အုပ်ချုပ်ရေးဆိုင် ရာပညတ်၊ ကိုယ်ကျင့်ပိုင်းဆိုင်ရာ ပညတ်နှင့် စားသောက်ခြင်း ဆိုင်ရာပညတ်တို့ ဖြစ်သည်။ ပညတ်တော် ၁၀ ပါးထဲမှငါမှတပါး အခြားသော ဘုရားများကို မကိုးကွယ်ရ၊ ရုပ် တုဆင်းတုကို မကိုးကွယ်ရ၊ ဘုရား၏ နာမကို အလွှဲမသုံးရ၊ ဥပုသ်နေ့စောင့်ပါဟူသော အရာများသည် ဘုရားနှင့် ဆိုင်၍ စောင့်ရသော ပညတ်များ ဖြစ်သည်။ ထိုပညတ်များကို အပေါ်ယံအားဖြင့် စောင့်နိင်သည်ဟု ထင်ရသော်လည်း ဘုရား၏ အမြင်၌ မစောင့် နိင်ကြပါ။ ဣသရေလ လူများက ဘုရားသခင်ကို ကိုးကွယ်သည် ဟုဆိုသော်လည်း ဘုရားသခင်က ဤသို့ အပြစ်တင်သည်၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏ (ဟေရှာယ ၂၉:၁၃)။ ခရစ်တော်ကလည်း ဟေရှာယပြောသောအရာ ကိုကိုးကား၍ ဤသို့ ဆိုသည်၊ လျှို့ဝှက်သော သူတို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ
၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက် ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍ မိန့်တော်မူ၏။ (မ ၁၅:ရ- ၉) ဣသရေလ များနှင့် ခရစ်ယာန် များသည် အခြားဘုရားကို မကိုးကွယ်၊ ထာဝရဘုရားကိုသာ လျှင်ကိုးကွယ်ကြသော်လည်း စိတ်နှလုံး၌ ဘုရားသခင်နှင့် ဝေးလှသည်။ ထာဝရဘုရားကိုသာ လျှင်ကိုးကွယ်သည်ဟု ယူဆသော်လည်း ဘုရားထက် အရေးကြီးသောအရာ၊ ချစ်သောအရာ၊ နာခံသောအရာ၊ စိတ်ဝင်စားသောအရာ၊ ကြောက်သောအရာ မြောက် များစွာ ရှိသည်။ ထိုကြောင့် ဘုရားသခင်ကိုသာ ကိုးကွယ်သည်ဟု မဆိုနိင်ချေ။ 

ပညတ်တော် ၁၀ ပါထဲမှ သင်၏ မိဘကို ရိုသေစွာ ပြုလော့။ လူ့အသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ ကိုယ်နှင့် စပ်ဆိုင်သောသူတ ဘက်၌ မမှန်သော သက်သေကို မခံနှင့်။ ကိုယ်နှင့််စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လို ချင်သော စိတ်မရှိစေနှင့်။ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ မယား၊ သူ၏ ​ကျွန်ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ ဥစ္စာတစုံတခုကိုမျှ တပ်မက်လိုချင်သော စိတ်မရှိစေနှင့် (ထွက် ၂၀:၁၃-၁ရ) ဟူသော လူအပေါ်စောင့်ရသော ပညတ်တို့ ကိုလည်း လူ့အမြင်၌ စောင့်ကြသည်ဟု ထင်တတ်ကြသည်။ သို့သော် ဘုရားသခင်၏ အမြင်အားဖြင့် စစ်ဆေးသောအခါ လိုက်နိင်သောသူမရှိကြောင်း ခရစ်တော်၏ စကားအားဖြင့် သိရသည်။ ခရစ်တော်က၊ လူအသက်ကို မသတ်ရ၊ သတ်သောသူသည် ရုံး၌ အပြစ် စီရင်ခြင်းကို ခံထိုက်ပေ၏ ဟူသော ရှေးပညတ်စကားကို သင်တို့ ကြားရပြီ။ ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန်အမျက်ထွက်သောသူသည် ရုံး၌ အပြစ် စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌ အပြစ် စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကြိမ်ဆဲသောသူသည် ဂေဟန်ာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏ (မ ၅:၂၁-၂၂) ဟုဆိုသောကြောင့် ညီအစ်ကိုကို အထောက်မတန်အမျက်ထွက်သောသူ၊ ကဲ့ရ့သောသူနှင့် ကြိမ်ဆဲသောသူသည် လူ့အသက် သတ်သောသူနှင့် တူသည်။ ရှင်ယောဟန်ကလည်း၊ မိမိ ညီအစ်ကိုကို မုန်းသောသူ မည်သည်ကား၊ လူအသက်ကို သတ် သောသူ ဖြစ်၏ (၁ ယော ၃:၁၅) ဟုဆိုသည်။ 

တဖန် ခရစ်တော်က၊ သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ ကြားရပြီ။ ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကို ကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ (မ ၅:၂ရ- ၂၈) ဟုဆိုသည်။ ထို့ကြောင့် သူ့မယားကို ကိုယ်ထိလက်ရောက်ပြစ်မှားမှ မဟုတ်၊ စိတ်နှလုံးအထဲမှပြစ် မှားနိင်သည်၊ ပြစ်မှား နေကြသည်။ ခရစ်တော်၏ စကားအရ ထိုပညတ်တော် တခုပင် စောင့်နိင်ဘို့ ခက်သည်။ ထို့ကြောင့် လူသားများအနေဖြင့် ပညတ်တော် လိုက်လျှောက်ဘို့ မဖြစ်နိင်ချေ။ ထိုကြောင့် ခရစ်တော်က၊ မောရှေသည် ပညတ်တရားကို သင်တို့အား ပေးသည် မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက်မျှ မကျင့် (ယော ရး၁၉)။ ဟုဆိုလိုက်ရာ ဣသရေလ လူများ ပင်မကျင့်နိင်သော ပညတ်ကို အဘယ်သူ ကျင့်နိင်မည်နည်း။ ရှင်ပေါလုကလည်း၊ ထိုသို့ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည် ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ အဘယ်သူမျှ ​ဖြောင့်မတ်ရာသို့ မရောက်ရာ (ရော ၃:၂၀)ဟု ရေးထားသည်။ ထိုအပြင်၊ ရှင်ယာကုပ်ကလည်း၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု၌ မှားမိလျှင်၊ ပညတ်တရားအလုံးစုံကို လွန်ကျူးသော အပြစ်ရှိ၏။ သူ့မယားကို မပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူ သေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကို မပြစ်မှားဘဲ နေသော်လည်း၊ လူအသက်ကို သတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူ ဖြစ်၏။ (ယာ ၂:၁၀-၁၁) ဟုဆိုသည်။ ထိုကြောင့် လူတို့ အထဲ၌ ပညတ်တော် လိုက်လျှောက်နိင်သောသူတယောက်မျှမရှိ။ 

ထိုသို့ လူများ မလိုက်ရှောက်နိင်သော ပညတ်တော်ကို ပြည့်စုံစေဘို့ရန် ခရစ်တော် ကကြွလာသည် ဟုဆိုသည်။ မည်ကဲ့သို့ ပြည့်စုံစေသနည်း။ ယေရှုက၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဥာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမ ပညတ် ဖြစ်၏။ကြီး မြတ်သော ပညတ်လည်း ဖြစ်၏။ ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။ ဤပညတ်နှစ်ပါးတို့ ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင် ဖြစ်သတည်းဟု မိန့်တော်မူ၏။ (မ ၂၂:၃ရ- ၄၀) 
ထိုပညတ်နှစ်ပါးတို့သည် မည်ကဲ့သို့ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့၏ အချုပ်အခြာ ဖြစ်နိင်သနည်း။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ဥာဏ်ရှိသမျှနှင့် ချစ်လျှင်၊ အခြားဘုရားများကို ကိုးကွယ်ချင် တော့မည် မဟုတ်၊ ရုပ်တုဆင်းတုကိုလည်း ကိုးကွယ်တော့မည် မဟုတ်။ ဘုရားသခင်ကို ချစ်လျှင် သူ၏ နာမကို ရှုတ်ချစရာ အဖြစ်သုံး မည်ဟုတ်၊ ဥပုသ်နေ့စောင့်ခြင်းလည်း ခက်ခဲမည် မဟုတ်။ ထိုနည်းတူ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်လျှင် ချစ်သူကို သတ်မည် မဟုတ်၊ သူ့ဥစ္စာကိုလည်း ခိုးမည် မဟုတ်၊ သူ့ဥစ္စာကိုလည်း တပ်မက်တော် မည့် အဟုတ်၊ မမှန်သော သက်သေလည်း မခံဘဲ နေနိင်မည် ဖြစ်သည်။ ထိုကြောင့် ပညတ်အားလုံး သည် ဘုရားနှင့် လူကို ချစ်ခြင်းဖြင့် ပြည့်စုံနိင်သည်။ ထိုအကြီး မြတ်ဆုံးသော ပညတ်နှစ်ပါးကို ပြည့်စုံစေနိင်သောအရာသည် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သို့သော် လူ၌ ထိုမေတ္တာမရှိ၊ ဘုရားသခင်၌ သာရှိသည်။ ထိုမေတ္တာသည် ဘုရား၏ ချစ်ခြင်းမေတ္တာ၊ အာဂပေမေတ္တာ၊ ဖြစ်သည်။ ထိုမေတ္တာကို ဘုရားသခင်က ယုံကြည်သူများ အားပေးထားကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ ငါတို့ အားပေးသနားတော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့၏ စိတ်နှလုံးအထဲသို့ ညွှန်းလောင်းတော်မူ၏၊ (ရော ၅:၅)၊ ဟူ၍၎င်း၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သ ဘောကို ငါတို့ အားပေးတော်မူသည် မဟုတ်။ တန်ခိုးပါသော စိတ်၊ ချစ်တတ်သော စိတ်၊ ရှင်း လင်းသောစိတ်သဘောကို ပေးတော်မူ၏ (၂ တိ ၁:ရ) ဟူ၍၎င်းတွေ့ရသည်။ ထိုကြောင့် လူ၌ မွေးရာပါလူ၏ ချစ်ခြင်းမေတ္တာကို မသုံးဘဲ ဘုရား ပေးသော ဘုရား၏ မေတ္တာကို အသုံးပြုရမည်။ ထိုမေတ္တာသည် ဘုရားသခင် ပင် ဖြစ်ကြောင်း ကျမ်းစ၌ ဤသို့ တွေ့ရသည်၊ ချစ်ခြင်း မရှိသောသူသည် ဘုရားသခင်ကို မသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏ (၁ ယော ၄:၈)။ သခင်ယေရှုသည် ဘုရား ဖြစ်သောကြောင့် သူသည် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ထိုကြောင့် သခင်ယေရှု ရရှိထားသောသူသည် ဘုရား၏ မေတ္တာ ပိုင်ရှင်များ ဖြစ်ကြသည်။ 

သို့ဖြစ်လျှင် မည်ကဲ့သို့ ပညတ်တော်များကို ပြည့်စုံစေသနည်း။ သခင်ယေရှုကို ရရှိသောသူသည် သူ့ကို အသက်တာ၌ အုပ်စိုးစေရမည်။ သခင်ယေရှုကို အုပ်စိုးစေလျှင် ဝိညာဉ် အသီး တည်းဟူသော ချစ်ခြင်း မေတ္တာသီးပွင့်လာမည် ဖြစ်သည်။ ထိုချစ်ခြင်း မေတ္တာဖြင့် ဘုရားသခင်နှင့် ကိုယ်နှင့် ဆိုင်သောသူများကို ချစ်လာမည်။ ထိုသို့ ချစ်လာလျှင် ဘုရားနှင့် ဆိုင်သော ပညတ်များနှင့် လူနှင့် ဆိုင်သော ပညတ်များကို လိုက်ရှောက်နိင်မည် ဖြစ်သည်။ ထိုသို့သော နည်းအားဖြင့် ယုံကြည်သူများအထဲမှပညတ်တော်များကို ပြည့်စုံစေမည် ဖြစ်သည်။ ထိုကြောင့် ပဌမဦးဆုံး ခရစ်တော်ကို ရရှိ၍ သူ့ကို အုပ်စိုးစေခြင်းအားဖြင့် ပညတ်တော်များကို ပြည့်စုံစေသောသူ ဖြစ်ကြစို့။ 
 
 
ခရစ်တော်နှင့် မည်ကဲ့သို့ ဆိုင်သနည်း

ကမ္ဘာပေါ်၌ လူသန်းပေါင်းရဝ ၀၀ ရှိသည်။ ထိုအထဲ၌ ခရစ်တော်နှင့် ဆက် နွယ်ပုံသည် မတူညီကြချေ။ ခရစ်တော်၌ တဦးချင်းဆက်နွယ်ပုံကို အောက်ပါအတိုင်း တွေ့ရသည်။ ထိုဆက်နွယ်ပုံနှင့် ပတ်သက်၍ သူတို့ အသက်တာသည်လည်း ကွာ ခြားကြကြောင်း တွေ့နိင်သည်။ အဘယ်ကြောင့် ခရစ်တော် ကြွလာမှာကို စိတ်မဝင် စားကြသနည်းဟူသောအရာလည်း အောက်ပါအချက်များ ကြည့်ခြင်းဖြင့် သိနိင်သည်။ 
 
၁။ မသိ

ကမ္ဘာလူဦးရေအများစုသည် ခရစ်တော်ကို မသိကြချေ။ကိုယ် မသိသော လူကို စိတ်ဝင်စားခြင်း မရှိ။ သိချင်သော စိတ်လည်း မရှိ။ကိုယ် မသိသောသူနှင့် ပတ် သက်ခြင်း ဆက်နွယ်မှုလည်း မရှိ။ ထို့ကြောင့် ထိုသူများ အနေဖြင့် ခရစ်တော် ကြွလာ မည့် အရာသည် စိတ်လှုပ်ရှားခြင်းလည်း မရှိသောကြောင့် ပြင်ဆင် မှုလည်း မလုပ် ကြချေ။ 
 
၂။ မျက်မှန်းတမ်း

 ခရစ်ယာန် အများစု ၉၀ ရာခိုင်နှုန်းခန့်သည် ခရစ်တော်ကို ကိုးကွယ်နေ ကြသော်လည်း ကောင်းကောင်း မသိကြချေ။ မျက်မှန်းတမ်းရုံမျှသာသိ ကြသည်။ ထိုကြောင့် ခရစ်တော် အကြောင်း ပြောခိုင်းသောအခါ ပြောစရာ မရှိ၊ ကြောက်၍ ဒူးတုန်ကြခြင်း ဖြစ်သည်။ ခရစ်တော် အကြောင်း ပြောလျှင်လည်း စိတ်မဝင်စား ကြချေ။ သို့ဖြစ်လျှင် အဘယ်ကြောင့်ဘုရားကျောင်းသွားကြသေးသနည်းဟူမေးစရာ ရှိသည်။ ထို သူတို့ ဘုရားကျောင်းသွားခြင်းသည် ခရစ်တော် အကြောင်း သိဘို့ထက် အဖေါ်များ တွေ့ဘို့၊ သီချင်းဆိုဘို့၊ အစဉ်အလာ ဖြစ်သောကြောင့်၊ လူအများသွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် ကဘာလုပ်ပေးသည် ကိုလည်း မသိ၊ သိလျှင်လည်း ဂရုမစိုက်ကြခြင်း ဖြစ်သည်။ ခရစ်တော် ကြွလာမှာကိုလည်း စိတ်မဝင်စား၊ အလိုလည်း မရှိသောကြောင့် မကြားချင်ကြခြင်း ဖြစ်သည်။ ထိုသူများသည် ချီဆောင်ခြင်း၌ ပါဝင်ကြမည် မဟုတ်။ ဘေးဒဏ်ကြီး ကာလ၌ ကျန်ရစ် မည့်သူများဖြစ်သည်။ 

၃။ ခင်မင်ရင်းနှီး 

လူလူချင်းခင်မင်ရင်းနှီး တတ်ကြသည်။ ခင်မင်ရင်းနှီးခြင်းသည်လည်း တွေ့ဖန်များသောအခါ ဖြစ်သည်။ ခင်မင်ရင်းနှီးသောသူ၏ အကြောင်းကို များစွာ သိရသည်။ ခင် မင်ရင်းနှီးသောသူခရီး မှပြန်လာလျှင် အလုပ်ပျက်ခံ၍ မကြိုတတ်ကြချေ။ တွေ့သောအခါ မှသာလျှင်နှုတ်ဆက် စကား ပြောတတ်သည်။ ခင်မင်ရင်းနှီးသောသူကို ငါပိုင်သည်ဟု မဆိုနိင်ချေ။ ထိုနည်းတူ အချို့သာ ခရစ်ယာန်များ၌ ခရစ်တော်ကို ခင်မင်ရင်းနှီးသော အဆင့်အားဖြင့် သိသောသူများရှိသည်။ အထူးသဖြင့် ကျမ်းစာကျောင်းတက် သူများ၊ ကျမ်းစာဖတ် သူများ၊ ဘုရားတရား၌ ပါဝင် သူများ၊ တရားဟောသောသူများသည် ခရစ်တော် အကြောင်းကို အတော် အတန်သိ ကြသည်။ သို့သော် ထိုသူများသည် ခရစ်တော်ကို ပိုင်သည်ဟု မဆိုနိင်ချေ။ ထိုသူများ အနေဖြင့် ခရစ်တော်ကို သိကြခြင်းသည် တာဝန် ရှိသောကြောင့်သော်၎င်း၊ ဝါသနာပါသောကြောင့်သော်၎င်း၊ သိကြခြင်း ဖြစ်သည်။ ခရစ်တော်နှင့် ပတ်သက်သော အကြောင်း အရာများကို ပြောနိင်သော်လည်း သူနှင့် မပတ်သက်သောကြောင့် ခရစ်တော် ကြိုက်နှစ်သက်သော အရာများကိုလည်း ဂရုမစိုက်ကြချေ။ မိမိတို့ ကြိုက်နှစ်သက်သောအရာကိုသာ ဦးစားပေးလုပ်ဆောင် ပြောဆို ကြသည်။ ထိုသူများ အနေဖြင့် ခရစ်တော် ကြွလာမှာကို စိတ်မဝင်စားကြချေ။ ထို့ကြောင့် ပြင်ဆင် မှုလည်း မရှိ၊ စိတ်လှုပ်ရှားမှုလည်း မရှိခြင်း ဖြစ်သည်။ 
 
၄။ ချစ်သူရီးစား

ချစ်သူရီးစားများသည် တယောက်နှင့် တယောက် စိတ်ဝင်စားကာတယောက် အကြောင်း တယောက်လည်း သိကြသည်။ ချစ်သူနှင့် ခဏခဏတွေ့၍ အချိန် များစွာ သုံးချင် ကြသည်။ ချစ်သူနှင့် တွေ့ဘို့ ဖြစ်လျှင် ဝေးဝေးလည်း သွားနိင်သည်။ ကုန်ကျစရိတ်လည်း ဂရုမစိုက်၊ ချစ်သူနှင့် တွေ့ဘို့ ဖြစ်လျှင် အကုန်အကျခံနိင်သည်။ မည်မျှပင်ကုန်စေ ကာမူတန်သည်ဟု မြင်သည်၊ ကျေနပ်သည်။ သို့သော် ရီးစားကို ငါပိုင်သည်ဟု မဆိုနိင်ချေ။ ထိုကြောင့် မမျှော်လင့်ဘဲ ကိုယ့်ရီးစားက သူများနှင့် လက်ထပ်ကသူတပါးကပိုင်သွား နိင်သည်။ 

ခရစ်ယာန်များထဲ၌ ခရစ်တော်ကို ရီးစားကဲ့သို့ ချစ်ခင်သောသူများ အနည်းငယ် ရှိသည်။ ခရစ်တော်နှင့် အလွန် ရင်းနှီး၍ ခရစ်တော် အကြောင်းလည်း တဖွဖွပြောချင်သည်။ ခရစ်တော် အတွက် ဖြစ်လျှင် အပင်ပန်းခံနိင်သည်၊ ငွေကုန်ကျေးကျလည်း ခံနိင်သည်။ သို့သော် ထိုအဆင့်၌ ခရစ်တော်ကို ပိုင်သည်ဟု မဆိုနိင်သေးချေ။ ထိုကြောင့် ချီဆောင်ခြင်း၌ ထိုသူများသည် ပါသွားမည် မဟုတ်။ 
 
၅။ စေ့စပ်

စေ့စပ်ထားသောသူများသည် တဦးနှင့် တဦးလက်မထပ် သေးသော်လည်း လက်ထပ်ဘို့ရန် သဘောတူ ထားသောကြောင့် တယောက်နှင့်ယောက် ယပိုင်ဆိုင်သည် ဟုဆိုနိင်သည်။ စေ့စပ်ထားသောသူသည် ကိုယ်ခင်ပွန်းလောင်း၏ အထင်လွဲမှာကို စိုးရိမ်သောကြောင့် အနေအထိ ုင်၊ အပြောအဆို၊ အပေါင်းအသင်း၊ အသွားအလာများကို ဂရုစိုက်တတ်သည်။ ခင်ပွန်းလောင်းနှင့် တွေ့ဘို့ ကိုလည်း မျှော်လင့်၍ စိတ်လှုပ်ရှား ကာ ပြင်ဆင်သည်။ ခင်ပွန်းလောင်းလာမည့် အချိန်ကို စောင့်မျှော်နေသည်။ 

ထိုနည်းတူ ခရစ်ယာန်များအထဲ၌ ခရစ်တော်နှင့် စေ့စပ်ထားသောသူအနည်း ငယ်ရှိသည်။ ထိုသူများ အနေဖြင့် ခရစ်တော် ခင်ပွန်းလောင်းကို စိတ်ဝင်စား၍ သူကြွ လာမည့် အချိန်ကိုမျှ ော်လင့်ကာ ကြိုတင် ပြင်ဆင် ထားသည်။ ခရစ်တော်နှင့် တွေ့သောအခါ လှလှပပ ဖြစ်ဘို့ အရေတွန့်ခြင်း၊ ညစ်ညူးခြင်း မရှိဘို့ရန် ခရစ်တော် ပေးထားသော သန့်ရှင်းရေးရေ တည်းဟူသော နှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ကို သန့်ရှင်းရေးလုပ် နေတတ်သည်။ ခရစ်တော်နှင့် စေ့စပ်ခြင်း အကြောင်းနှင့် ပတ်သက်၍ ရှင်ပေါလုက ဤသို့ ရေးထားသည်၊ ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြား ဆောင်နှင်းပြီး သောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သော စိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏ (၂ ကော ၁၁:၂) For I am jealous for you with godly jealousy. For I have betrothed you to one husband, that I may present you as a chaste virgin to Christ.(NKJV) မြန်မာကျမ်းစာအုပ်၌ လင်တဦးနှင့် ထိမ်းမြား ဆောင်နှင်းပြီး သောကြောင့် ဟုဆိုသော်လည်း အင်္လိပ် ကျမ်းစာအုပ်များ၌ စေ့စပ်ထားပြီး သောကြောင့် betrothed ဟု တွေ့ရသည်။ 


ကောရိနုျွှ အသင်းသားများကို ရှင်ပေါလုက ခရစ်တော်နှင့် စေ့စပ်ပေးထားသည် ဟုဆိုသည်၊ လက်မထပ်ရသေးပါ။ ရှင်ပေါလုသည်အောင် သွယ်သူ ဖြစ်သည်။အောင် သွယ်သူသည် သတို့သမီး လောင်း သစ္စာ မရှိမှာကို စိုးရိမ် တတ်သည်။ အကြောင်းမူကား သူ့သူငယ်ချင်းအတွက်အောင် သွယ်ပေးသောကြောင့် သူငယ်ချင်းအတွက် ပူပန်ပေးတတ်သည်။ ထိုကြောင့် ရှင်ပေါလုကလည်း ကောရိနုျွှ အသင်းသားများဖေါက်ပြန်မှာကို စိုးရိမ် သောကြောင့် စိုးရိမ်သော စိတ်နှင့် သူတို့ကို စောင့်ရှောက်လျက် နေသည် ဟုဆိုသည်။ ယနေ့ ဝိညာဉ် ဖခင်များကလည်း ဝိညာဉ် သားသမီးများကို ခရစ်တော်နှင့် စေ့စပ် ပေးထားသောကြောင့် သီလနှင့် ပြည့်စုံ၍ ပြောစရာ မရှိရန်စောင့်ရှောက်တတ်သည်။ 

စေ့စပ်ပြီးသော သတို့သမီး လောင်းသည် သတို့ သားလောင်းကို ချစ်ပါက လက် ထပ်မည့် နေ့ကိုမျှ ော်လင့်သည်။ သတို့ သား၏ အထင်လွဲမှာကို စိုးရိမ်သည်။ ထိုကြောင့် အနေအထိ ုင်အပြောအဆို အပေါင်းအသင်းကို ဆင်ခြင်၍ ပေါင်းသင်းသည်။ သတို့သား လာမည့်အချိန် ကိုလည်း မျှော်လင့်လျက် လက်ချိုးရေတွက်တတ်သည်။ ခရစ်ယာန်များအထဲ၌လည်း ခရစ်တော်နှင့် လက်ထပ်ဘို့ သဘောတူ၍ စေ့စပ်ထားသောသူများသည် ခရစ်တော် ကြွလာမှာကို စောင့်မျှော် နေကြသည်။ သင်သည် ခရစ်တော်နှင့် စေ့စပ်ထား ပြီလော။ စေ့စပ်ထားသောသူသည် လက်မထပ် သေးသော်လည်း သတို့ သားလောင်း၏ အပိုင် ဖြစ်သောကြောင့် အခြားလူပျိုများနှင့် မရောနှောတော့ချေ။ သတို့ သားလောင်းကို ချစ်လျှင် ထိုသို့ နေခြင်းသည် လုံးဝ မခက်ချေ။ 

အချို့စေ့စပ်ပြီးသော သတို့သမီး လောင်းများသည် သတို့ သားလောင်းကို မချစ် မနှစ်သက်၊ အ​ခြေအနေအရ သဘောတူ သောကြောင့် သတို့သား ကိုလည်း မမျှော်လင့်၊ အနေအထိ ုင်လည်း မဆင်ခြင်ကြချေ။ နဂုိအတိုင်း အသက်ရှင်တတ်သည်။ ထို့နည်းတူ ခရစ်တော်နှင့် စေ့စပ်ပြီးသောသူများသည် ခရစ်တော် မချစ်သောကြောင့် အနေအထိ ုင်မထူးခြားနဂုိအတိုင်း အသက်ရှင်၍ သန့်ရှင်းရေးလည်း မလုပ်၊ လောကအရာများကိုလည်း နှစ်သက်၍ လောကသားများနှင့်လည်း ပေါင်းဖေါ်ကာကြိုက်သလိုအသက်ရှင် တတ်သည်။ ထိုသို့သောသူမဖြစ်ဘို့ အရေးကြီးသည်။ 
 
၆။ လက်ထပ်

စေ့စပ်ပြီးသောသူများသည် မင်္လာဆောင်ပွဲနေ့၌ တယောက်နှင့် တယောက် ယပိုင်ဆိုင် ကြသည်။ ခရစ်တော်နှင့် စေ့စပ်ပြီး သူများသည် ချီဆောင်ခြင်း အပြီး ကောင်းကင်၌ ခရစ်တော်နှင့် မင်္လာဆောင်ကြရမည် ဖြစ်သည်။ ထိုအချိန် မှစ၍ အပြစ် မလုပ်တော့ဘဲ ခင်ပွန်းသည် ခရစ်တော်၏ အလိုတော်အတိုင်း အသက်ရှင်ကာသူနှင့် မခွဲဘဲ ထာဝရ နေထိုင် သွားမည် ဖြစ်သည်။ 
 
ဆင်ခြင်ရန်

မိတ်ဆွေ၊ သင်သည် ခရစ်တော်နှင့် မည်သို့ ဆိုင်သနည်း။ မျက်မှန်တမ်းရုံမျှသာ ဖြစ်နေသေးသလော၊ သို့မဟုတ် ခင်မင်ရင်းနှီးရုံမျှသာ ဖြစ်နေသလော။ သို့မဟုတ် ခရစ်တော်ကို ချစ်သောလည်း စေ့စပ်ခြင်းကို မလုပ် သေးသောသူ ဖြစ်နေသလော။ ခရစ်တော်နှင့် ယခုပင်စေ့စပ်လိုက်ပါ။ သူ့ကို ခင်ပွန်သည် ဖြစ်ဘို့ အတွက် သဘောတူပါ။ သို့မဟုတ်ပါက ချီဆောင်ခြင်း၌ မိတ်ဆွေ ပါဝင်မည် မဟုတ်ပါ။ ခရစ်တော်သည် သူ၏ ခင်ပွန်းလောင်း သတို့သမီးကို ခေါ်ဘို့ရန် လာမည် ဖြစ်သောကြောင့် သင်သည် ခရစ်တော်ကို ဆုတောင်းခြင်းဖြင့် စိတ်နှလုံးထဲ၌ ခေါ်ဘိတ် လက်ခံပါဟု အကြံပေးလိုက်ပါသည်။ 
 
 

သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြစို့
 
ထိုမှတပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊ ညဉ့်အချိန် ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော်ရာမှနိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက် ကြူးခြင်း၊ မတရားသော မေထံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ် ပြိုင်ခြင်း အမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့် ဆောင်ပြုမူကြကုန်အံ့။ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တက်မက်ခြင်း အလို့ငှါ မကြံစည်ကြနှင့်။ (ရော ၁၃:၁၁-၁၄) 

အထက်ပါ ကျမ်းပိုဒ်များကို တကြောင်း ချင်းလေ့လာကြစို့။ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့် ဟူသောအရာသည် အဘယ်အရာကို ဆိုလိုသနည်း။ ငါတို့ကို ကယ်တင်သော ကျေးဇူးတော် ဟူသောအရာကို သိနိင်ရန် ကယ်တင်ခြင်း သုံးမျိုးသိဘို့ လိုသည်။ ဘုရားသခင်ကငါတို့ကို ကယ်တင်ခဲ့ပြီး ပြီ၊ ကယ်တင်နေဆဲ ဖြစ်သည်၊ ကယ်တင်ရဦးမည်။ ကယ် တင်ပြီး ပြီဟူသောအရာသည် အပြစ် ငါရဲမှ၊ အပြစ် စီရင်ခြင်းမှ ကယ်တင်ခဲ့ပြီ။ အပြစ် အခသေခြင်းမှ ငါတို့ ကိုယ်စားသခင် ယေရှုခရစ် အသေခံခြင်းအားဖြင့် ကယ်တင်ခဲ့ပြီး ပြီ (၁ ကော ၁၅:၃)။ ထိုကြောင့် ခရစ်တော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ (ယော ၃:၁၈)။ ဘုရားသခင်သည် ယုံကြည်သူများကို နေ့စဉ် အသက်တာ၌ ကယ်တင်နေဆဲ ဖြစ်သည်။ ယုံကြည်သူသည် အပြစ် မလုပ်ဘို့ရန် ဘုရားသခင်က ကယ်တင်နေသည်။ မည်ကဲ့သို့ ကယ်တင်သနည်း။ ကျမ်းစာအားဖြင့် အပြစ် မလုပ်ဘို့ သတိပေးနေသည်။ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါ မည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊ ကိုယ်တော်ကို မပြစ်် မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားပါပြီ၊၊ (ဆာလံ ၁၁၉:၉၊ ၁၁)။ ရှင်ပေါလုကလည်း ခရစ်တော်သည် အသင်းတော်ကို နှုတ်ကပတော်နှင့် ဆေးကြောသည် (ဧဖက် ၅:၂၆) ဟုဆိုသည်။ သို့သော် ကျမ်းစာ မဖတ်လျှင် ဆေးကြော၍ မရချေ။ ထိုကြောင့် နေ့တိုင်း ကျမ်းစာဖတ်ရမည်။ ဘုရားသခင်သည် ယုံကြည်သူကို အပြစ်လောက ထဲမှ ကယ်တင်ဦးမည်။ ဤလောက၌ ကိုယ်ခန္ဓာအားဖြင့် ရှိနေ သရွေ့အပြစ် လုပ်ရဦးမည်။ ထိုကြောင့် နောက်ဆုံး ကိုယ်ခန္ဓာကို ကယ်တင်ရဦးမည်။ ထိုကယ်တင်မည့် နေ့သည် ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့် ဟုဆိုသောအရာသည် ငါတို့ ကယ်တင်ခြင်း သဘောပေါက် လက်ခံသော နေ့ရက်၌ ထက် ယခုသာ၍ နီးသည် ဟုဆိုခြင်း ဖြစ်သည်။ 

ညဉ့်အချိန် ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်၎င်း၊ ဟုဆိုရာတွင် ညဉ့် အကြောင်းကို သိဘို့ လိုသည်။ ဘုရားသခင်သည် အလင်း ဖြစ်သည် (၁ ယော ၁:ရ)။ ခရစ် တော်လည်း အလင်း ဖြစ်သည် (ယော ၉:၅)။ ထိုကြောင့် ဘုရား မရှိသော ဤလောကသည် ညဉ့် ဖြစ်သည်။ ထိုကြောင့် ယုံကြည်သူများသည် အလင်းဟု ခေါ်၍ (မ ၅:၁၄၊ ဧဖက် ၅:၈) ဤလောက မှောင်မိုက်၌ လင်းဘို့ ပြောခြင်း ဖြစ်သည်။ ယခုအခါ ညဉ့်အချိန် ကုန်လု၍ ဟုဆိုသောကြောင့် နံနက်ပိုင်းမိုးလင်းခါနီး ဖြစ်သည်။ သခင် ခရစ်တော် ကသူသည် မိုး သောက်ကြယ် ဖြစ်ကြောင်း ဗျာဒိတ် ၂၂:၁၆၌ ရေးထားသည်။ မိုးသောက်ကြယ်သည် ဆောင်းတွင်း နံနက်မိုးမလင်းမှီတွင် ထွက်တတ်သည်။ နံနက် စောစော ထသူများသာမြင် နိင်သည်။ ခရစ်တော်သည် နေမင်းကြီး (မာလခိ ၄:၁) အဖြစ် ဒုတိယအကြိမ် မကြွလာ မှီတွင် မိုဃ်းသောက်ကြယ်အဖြစ် ယုံကြည်သူများကို ချီဆောင်ဘို့ ကြွလာမည် ဖြစ်သည်။ ထိုအချိန်သည် အလွန် နီးနေပြီ ဖြစ်သည်။ 
 ယခုအခါ အိပ်ပျော်ရာမှနိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ဟုဆိုခြင်းသည် မအိပ်တော့ဘို့ရန် ဆိုခြင်း ဖြစ်သည်။ လူအများစုသည် ဝိညာဉ်ပိုင်း၌ အိပ်ပျော် နေကြသည်။ အိပ်ပျော်ခြင်းသည် အသက်ရှင် သူများ ဖြစ်သည်။ ဝိညာဉ် အသက်ရှင်သော်လည်း ဝိညာဉ်ပိုင်း၌ မလှုပ်ရှား၊ လူသေကဲ့သို့ဖြစ် ကြသည်။ သို့ဖြစ်လျှင် ယုံကြည်သူများ မည်ကဲ့သို့ မည်သည့်အရာများ၌ အိပ်ပျော် နေကြသနည်း။ အများစုသည်လော ကအလုပ်၌ အိပ်ပျော် နေကြသည်။ ကိုယ်ကာယအားဖြင့် အလုပ်လုပ် နေကြသော်လည်း ဝိညာဉ်ပိုင်း၌ သေ နေကြသည်။ ကျောင်းသား များလည်း ကျောင်းစာ၌ သော်၎င်း၊ ကွန်ပြူ တာနှင့် ဖုန်း၌ သော်၎င်း၊ ပျော် နေကြ၊ အလုပ်ရှုပ် နေကြ၍ ဝိညာဉ်ပိုင်း၌ သေ နေကြသည်။ ခလေး များလည်း ကွန်ပြူတာ၊နှင့် ဗီဒီယိုကင်းများ၌ သေ နေကြသည်။ အရက်သမားများ၊ မူးယစ်ဆေးဝါးသုံးသောသူများလည်း ထိုအရာများ၌ သေ နေကြသည်။ ဘုရားကျောင်း သွားသောသူများလည်း ဝိညာဉ်ပိုင်း၌ သေ နေကြသောကြောင့် ဘုရားရှိခိုးလျှင်လည်း အသက်မဝင်ချေ။ ထိုကြောင့် ရီစရာ ပြောမှသာ နားထောင်ချင် ကြသည်။ သီချင်းဆိုမှသာလျှင်စိတ်ဝင်စား ကြသည်။ သမ္မာတရားနှင့် ခရစ်တော် ကြွလာမည့် အရာများကို မကြားချင် ကြချေ။ ထို့ကြောင့် အိပ်ပျော်ရာမှနိုးဘို့ လိုလာပြီ။ သို့မဟုတ်ပါက နောက်ကျသွားမည်။ 
ကာလ အချိန်ကို ထောက်လျက်၊ လူအများစုသည် ကာလ အချိန်ကို အသိကြ။ သခင်ယေရှုကလည်း သူ့ခေတ်လူများက ကာလ အချိန်ကို မသိသောကြောင့် ဤသို့ ပြောခဲ့ဘူးသည်၊ သင်တို့သည် ညဦးယံ၌ ပြောဆို တတ်သည်ကား၊ ယခုမိုဃ်းတိမ်နီသည် ဖြစ်၍ မိုဃ်းကြည်လင်လိမ့်မည် ဟုဆိုတတ်ကြ၏။ နံနက်ယံ၌ကား၊ ယခုမိုဃ်းအုံ့လျက် ရှိ၏။ နီမောင်းသော အဆင်းလည်းရှိ၏။ ယနေ့ မိုဃ်းသက်မုန်တိုင်း လာလိမ့်မည် ဟုဆို တတ်ကြ၏။ လျှို့ဝှက်သော သူတို့၊ သင်တို့သည် မိုဃ်းကောင်းကင်၏ မျက်နှာကို ပိုင်း ခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ (မ ၁၆ ; ၂-၄)။ ကပ်ကာလ မသိခြင်း၌ အဘယ် ပြသနာ ရှိသနည်း ဟုဆိုနိင်သည်။ ကပ်ကာလ မသိလျှင် ပြင်ဆင်မှု မရှိ။ ယခုလူများသည် ခရစ်တော် ပြောခဲ့သော၊ ထိုအချိန် နာရီကို ကား အဘယ်သူမျှ မသိ။ ကောင်းကင်တမန် မသိ။ ငါ့ ခမည်းတော် တပါးတည်း သာသိတော်မူ၏။ (မ ၂၄:၃၆) ဟူသောအရာကို အသေအလဲဆွဲကိုင် ကြသည်။ မှန်ပါသည် ခရစ်တော် လာမည့်အချိန် နာရီကို အဘယ်သူမျှ မသိပါ။ သို့သော် ထိုစကား အရင်သခင်က ဤသို့ ဆိုသည်၊ သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေ တခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလ နီးသည်ကို သင်တို့ သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်း အရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့ (မ ၂၄:၃၂-၃၃)။ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည် ကိုမူ မသိလိုကြချေ။ အဘယ်ကြောင့် မသိလိုကြသည်ကို ရှင်ပေတရုက ဤသို့ ရေးခဲ့သည်၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုင်း ကျင့်နေ၍၊ သခင်ဘု ရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည် (၂ ပေ ၃:၃-၄)။ ရှင်ပေတရုရေးသည့် အတိုင်း ကပ်ကာလ မသိလိုသောသူများသည် မိမိတို့ တပ်မက်သည့်အတိုင်း ကျင့်လိုသောကြောင့် ဖြစ်သည်။ 

မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင် ရွက်ကြကုန်အံ့။ သခင်ယေရှု ကြွလာတော့မည်။ နေ့အချိန် ရောက်တော့မည် ဖြစ်သောကြောင့် မှောင်မိုက်၏ အကျင့်ကို ပယ်ရှားရမည် ဟုဆိုသည်။ မှောင်မိုက်၏ အကျင့်များသည် အဘယ်အရာများ နည်း။ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း အမှုတို့ကို ကြဉ် ရှောင်၍၊ ဟု ဘော်ပြထားသည်။ လူအများစုသည် ပွဲကို နှစ်သက် ကြသည်။ ပွဲလုပ်ခြင်းသည် ဝိညာဉ် ရေး၌ အားနည်းစေသည်။ အပြစ်များပြားစေသည်။ ယစ်မျိုးသောက်ကြူးခြင်းသည်လည်း မှောင်မိုက်အကျင့် ဖြစ်သည်။ မတရားသော မေထုန်ဆိုသည်မှာ တရား ဝင်လက်ထပ်ခြင်း မပြု၊ သူများ ခင်ပွန်းသည်နှင့် မေထုန်ပြုခြင်း၊ လူလွတ်များနှင့် ပြစ်မှားခြင်းများကို ဆိုလိုသည်။ ထိုအရာများသည် ယခုခေတ်တွင် အပြစ်ဟု မယူဆ၊ မမြင်ကြ တော့ချေ။ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းရှိသောသူများ အနေဖြင့် ခရစ်တော် ကြွလာမည့် အရာကို မကြားချင် ကြချေ။ အကြောင်းမှာ ထိုသူများသည် ခရစ်တော်နှင့် မဆိုင်ချေ။ 

နေ့အချိန်၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ အပြစ်အများစုသည် ညအမှောင်ကို ခို၍ လုပ် ကြသည်။ နေ့အချိန်၌ အလင်းကြောင့်အပြစ် မလုပ်ရဲကြချေ။ နေ့အချိန်၌ တင့်တယ်လျောက်ပတ်စွာ ဝတ်စားဆင်ရင် ကြသည်။နေ့ အချိန်၌ ကောင်းသော အရာများကိုသာ လုပ် ကြသည်။ ထိုကြောင့် ယုံကြည်သူများအနေဖြင့် နေ့အချိန်၌ နေသကဲ့သို့ လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူဘို့ ရှင်ပေါလုကသတိ ပေးနိုးဆော်ခြင်း ဖြစ်သည်။

သခင် ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ဤနေရာ၌ သခင်ယေရှုခရစ်ကို အဝတ်ကဲ့သို့ နှိုင်း၍ ဝတ်ဆင်ဘို့ ရေးထားသည်။ သခင်ယေရှုကို အဘယ်ကြောင့်ဝတ် ဆင်ဘို့ လိုသနည်း။ မည်ကဲ့သို့ ဝတ်ဆင်မည်နည်း။ အာဒံနှင့် ဧဝတို့သည် အပြစ်လုပ်သောအခါ မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို မြင်လျှင်၊ မိမိတို့ ဝတ်ရန်ဘို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကို လုပ်ကြ၏ (က ၃:၈)။ သူတို့သည် အဝတ်မဝတ်ဘဲ အဘယ်ကဲ့သို့ နေနိင်ခဲ့ကြသနည်း။ ဘုရားသခင်၏ ဘုန်းတော် ကပတ်ရစ်သော်ကြောင့် ဖြစ်မည်။ အပြစ်လုပ်သောအခါ ထိုဘုန်းတော် ပျောက် သွားကာကိုယ်တုံးလုံး ဖြစ်သွားသည်။ ထိုကြောင့် အပြစ် ကျူးလွန်သောသူများသည် သူတပါးရှေ့၌ အဝတ်အချည်းစည်းရှိ သကဲ့သို့ဖြစ်သောကြောင့် ရှက်ရခြင်း ဖြစ်သည်။ အာဒံနှင့် ဧဝလည်းရှက်သောကြောင့် သင်္ဘောသဖန်းရွက်ကို ချုပ်စပ်၍ ဝတ်ရ ကြသည်။ သို့သော် သစ်ရွက်သည် ကြာရှည်ခံမည် မဟုတ်။ ထိုကြောင့် ဘုရားသခင်က သနား၍ လူလင်မယား ဘို့သားရေဖြင့် ဝတ်လုံကို လုပ်၍ ဝတ်ခြုံစေတော်မူ၏ (က ၃:၂၁)။ ထိုသရေ ရဘို့ရန် တိရစ္ဆာန်ကို သတ်ဘို့ လိုသည်။ သူတို့၏ အပြစ် ဖုံးဘို့ရန် တိရစ္ဆာန်သည် အသက် ပေးရသည်။ သို့သော် သားရေသည် အရိပ်သာ ဖြစ်သည်။ ထာဝရ အပြစ် ဖုံးရန်မ ဖြစ်သောကြောင့် ဘုရားသခင်သည် လူသားများ၏ အပြစ် ဖုံးဘို့ရန် သားတော် ယေရှုကိုလော ကသို့ စေလွှတ်ကာအသေခံ ခိုင်းသည်။ ထိုသားတော်ကိုသားရေကဲ့သို့ ခြုံခြင်းအားဖြင့် အပြစ် အားလုံး ဖုံးနိင်သည်။ ထိုကြောင့် ရှင်ပေါလုက၊ သခင်ယေရှုခရစ်ကို ယူတင်ဝတ် ဆောင်ကြလော့ ဟုဆိုခြင်း ဖြစ်သည်။ 
သားရေအစကား လူသားများကအဝတ် အမျိုးမျိုးကို ဝတ် ကြသည်။ အမှန်မှာ ဝတ်အထည်များသည် လူ၏ အပြစ်ကို ဖုံးဘို့ရန် ဖြစ်သည်။ အပြစ်ကို မမြင်နိင်ရန်လှပသော၊ စျေးကြီးသော အဝတ်အစားများကို ဝယ်၍ ဝတ် ကြသည်။ ထိုအခါ အချင်းချင်းအား ကျ၍ လှ လိုက်တာဟု ချီးမွမ်း ကြသည်။ သို့သော် ထိုအဝတ်အစားများသည် လူရှေ့မှာ သာဖုံး၍ ဘုရားရှေ့၌ မူကိုယ်တုံးလုံး ဖြစ်နေသည်။ သခင်ယေရှုခရစ်က လောဒိကိ အသင်းတော် ထံ၌ ဤသို့ အပြစ် ဖေါ်ပြ၍ အကြံပေးသည်၊ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းဖူးပြီ။ တစုံတခုကိုမျှ မလိုဟု ပြောဆို၍၊ ကိုယ်တိုင် ပင်ပန်းခြင်း၊ သနားဘွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။ သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့် ချွတ်ပြီးသော ရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အဝတ်ကို၎င်းငါ့ထံမှာဝယ်လော့ (ဗျာ ၃:၁ရ- ၁၈)။ လောဒိကိ အသင်းတော်သည် ယုံ ကြည် သူများကို ပုံဆောင်သည်။ ယုံကြည်သူများလည်း ဥစ္စာကို ရှာ၍ စုဆောင်း ကြသည်။ ဘဏ်၌ ပိုက်ဆံရှိလျှင် လုံလောက်ပြီဟု ထင်ကြသည်။ အိမ်၊ ကား၊ အဝတ်အစားများရှိလျှင်တော် ပြီဟု ထင်ကြသည်။ သို့သော် သခင်ဘုရား၏ အမြင်၌ ပင် ပန်းခြင်း၊ သနား ဘွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း ဖြစ်နေသည်ကို မသိကြ။ ထိုမျှသာမက ဘုရားကျောင်း၌ အကောင်းဆုံးသော အဝတ်အစားများကို ဝတ်၍ လာကြသော်လည်း သခင်ဘုရားက ကိုယ်တုံးလုံးနှင့် မြင်သည်ကို မသိကြသောကြောင့် မရှက်ကြခြင်းသည် အလွန် ဝမ်းနည်းစရာပင် ဖြစ်သည်။ ထိုကြောင့် သခင်ဘုရားက အဝတ်အချည်း စည်းရှိ၍ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့ ဖြူသော အဝတ်ကို ငါ့ထံမှာဝယ်လော့ဟု အကြံပေးရခြင်း ဖြစ်ပါသည်။ မိတ်ဆွေသည် သခင်ဘုရားရှေ့၌ အဝတ်အချည်း စည်း ဖြစ်နေပါသလား။ 

သို့ဖြစ်လျှင် အမည်ကဲ့သို့ အဝတ်ကို ဝယ်၍ ဝတ်ရမည်နည်း။ သခင်ဘုရားက ထိုအဝတ်ကို အခမဲ့ပေးနေသည်။ သူကိုယ်တိုင်သည် ​ဖြောင့်မတ်ခြင်း ဝတ်လုံ ဖြစ်သည်။ ရှင်ပေါလုက၊ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည် အတိုင်း၊ ငါတို့၌ ပညာ မှစ၍ ​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏ (၁ ကော ၁:၃၀) ဟုဆိုထားသည်။ ခရစ်တော်သည် ​ဖြောင့်မတ်ခြင်း ဝတ်လုံ ဖြစ်သည်။ ထိုကြောင့် သူ့ကို ဝတ် ဆင်ရမည်။ မည်ကဲ့သို့ ဝတ်ဆင်ရမည်နည်း။ ကိုယ့်​ဖြောင့်မတ်ခြင်းကိုအား မကိုးဘဲ၊ သူ၏ ​ဖြောင့်မတ်ခြင်း (အပြစ် ကင်းခြင်း)သည် ငါ၏ ​ဖြောင့်မတ်ခြင်းဟု ယုံကြည် ခံယူရမည်။ သူ့ကို ယုံကြည်လျှင် ဘုရားသခင် ရှေ့၌ ​ဖြောင့်မတ်ပြီ၊ သန့်ရှင်းပြီဟု ခံယူရမည်။ ဘုရားသခင်က နားလည် သဘောပေါက်စေတော်မူပါစေသော်။ 
 
 
ယဇ်ပုရောဟိတ် 

အချို့သောသူများ ကအဘယ်ကြောင့် ဘုရားသခင်သည် ဣသရေလ လူမျိုးကိုသာ ချစ်၍ ကောင်းကြီး ပေးသနည်းဟု မေးခွန်းထုတ်၍ မကျေနပ် ကြချေ။ ဘုရားသခင်သည် မျက်နှာလိုက်သည်ဟု ထင်တတ်ကြသည်။ ယခုအခါ ဣသရေလ လူမျိုးကို ုမုန်းသောသူများလည်း တနေ့တခြား ပို၍ များလာသည်။ ဘုရားသခင်က ဣသရေလ အမျိုးကို ရွေး ကောက်ခြင်းသည် ယဇ်ပုရောဟိတ် အမျိုး ဖြစ်ဘို့ ဖြစ်သည်။ 
 
ယဇ်ပုရောဟိတ် ဖြစ်ဘို့ 

ဘုရားသခင်က ဣသရေလ လူများရွေးရခြင်း၏ အကြောင်းကို အောက်ပါကဲ့သို့ တွေ့ရသည်၊ ယခုတွင် သင်တို့သည် ငါ့စကားကို အမှန် နားထောင်၍ ငါ့ပဋ္ဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသော လူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ ဥစ္စာ ဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး ဖြစ်ရကြ လိမ့်မည်ဟူသော အမိန့်တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။ (ထွက် ၁၉:၅-၆) အထက်ပါ ဘုရားသခင်၏ နှုတ်တော် ထွက်အရ ဣသရေလ လူများသည် ဘုရားသခင်၏ စကားကို နားထောင်၍ သူ၏ ပဋ္ဋိညာဉ်ကို စောင့်ရှောက်မှ ဘုရားသခင် ပိုင်သော ဘဏ္ဍာတော် (အမန​ေျကမနိ စသျျနျျငသည) ဖြစ်မည် ဟုဆိုသည်။ ဘဏ္ဍာသည် ပိုင်ရှင်ကသိသည်၊ ဂရုစိုက်သည်၊ စောင့်ရှောက်သည်။ ထို့ကြောင့် သူတို့လည်း ဘုရားသခင်က သိ၍ ဂရုစိုက်စောင့်ရှောက်မည်။ ထိုအပြင်မင်း

စည်းစိမ်ရှိသော 

ယဇ်ပုရောဟိတ် မျိုး (ုငညါိသာ သ် စမငနျအျ ​ေညိ ​ေ့သူပ ညအေငသည) ဖြစ်မည် ဟုဆိုသည်။ မင်းစည်းစိမ်ဆိုသည်မှာ အကောင်းဆုံးသော စည်းစိမ်ခံစားသူ ဖြစ်သည်။ ယဇ်ပုရောဟိတ် များသည် မင်းစည်းစိမ်ခံစား ကြသည်။ အကြောင်းမှာ လူများက ဘုရားသခင်ထံ အကောင်းဆုံးသော အသားနှင့် မုန့်များကို ပူဇော်သောအခါ ဘုရားသခင်က အားလုံး မစားဘဲ သူ၏ ယဇ်ပုရောဟိတ်များကို ပေးထားသည်။ ထိုကြောင့် ယဇ်ပုရောဟိတ် များသည် မင်းစည်းစိမ်ခံစား ကြသည်။ 

ဘုရားသခင်၏ အကြံတော်မှာ ဣသရေလ များသည် ယဇ်ပုရောဟိတ် ဖြစ်ဘို့ ဖြစ်သည်။ ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာကို၎င်း၊ အပြစ် ​ဖြေရာယဇ်ကို၎င်းပူဇော်၍၊ လူတို့အတွက် ဘုရားဝတ်ကို ပြုစေခြင်းငှါ ခန့်ထားတော်မူသောသူ ဖြစ်၏ (ဟေ ၅:၁၊ ၈:၃)ဟု ဖေါ်ပြထားသည်။ သို့ဖြစ်လျှင် ဣသရေလ လူများသည် မည်သူအတွက် ယဇ်ပုရောဟိတ် လုပ်ရမည်နည်း။ တကမ္ဘာလုံးရှိ လူသားများအတွက် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သူတို့ကို အဲဂုတ္တု ပြည်၌ အထူးမွေးထုတ်၍ မဟာတန်ခိုးတော်အားဖြင့် ရွေးနှုတ်ကာသူ့အမှုတော်ဆောင်ဘို့ရန် သီးသန့်သွန် သင်ခဲ့သည်။ သူတို့သည် ယဇ်ပုရောဟိတ် အမျိုး ဖြစ်သောကြောင့် အခြားသော လူမျိုးများ နှင့်လည်းရောနှောခြင်း မပြုဘို့ အတန်တန်မှာထားခဲ့သည်။ စားသောက်ခြင်းမှ စ၍ နေ့စဉ် အသက်တာ၌ သန့်ရှင်းခြင်းရှိဘို့ သွန်သင်ခဲ့သည်။ နှစ်ပေါင်းလေးဆယ် လုံးလုံးလူအားဖြင့် သို့မဟုတ် သဘာဝအားဖြင့် မဖြစ်နိင်သော သဲကန္တာရ၌ သင်တန်း ပေးခဲ့သည်။ ကျောက်ထဲမှရေကို ပေး၍ ကောင်းကင်မှ မန္နမုန့်ကို ​ကျွေးသည်။ မိုဃ်းတိမ်အားဖြင့် အပူအအေးကိုမျှ တစေ၍ အဝတ်လည်း မဟောင်းမနွမ်း၊ ​ခြေတောက်လည်း မပွန်းမရောင် စေခဲ့။ ရန်သူများကိုလည်း တိုက်ပေး၍ လိုလေသေးမရှိကာကွယ်မစခဲ့သည်။ ဘုရားသခင်၏ အစွမ်းအဆကို နားလည်စေသည်။ ဘုရားသခင်ကို မမြင်နိင်သော်လည်း နေ့ခင်း၌ မိုဃ်းတိမ်၊ ည၌ မီးတိုင်အားဖြင့်၊ တဲတော် ထဲမှအသံတော်အားဖြင့် ထင်ရှားခဲ့သည်။ ထိုအရာအားလုံး သည် ယဇ်ပုရောဟိတ် လုပ်ဘို့ သင်တန်းပေး နေခြင်း ဖြစ်သည်။ သူတို့သည် တကမ္ဘာလုံးရှိ လူသားများအတွက် ယဇ်ပုရောဟိတ် အဖြစ် လူသားများကို ဘုရားသခင်၏ အကြောင်းကို သင်ပေး၍ ဆုတောင်း ပေးမည့်သူများဖြစ်သည်။ 

သို့သော် သူတို့သည် စကား နားမထောင်မိဘကို ဆန့်ကျင်၍ မိုက်ရိုင်းသောသူဌေးသား ကဲ့သို့ ဘုရားသခင်ကိုတော် လှန်ပုန်ကန်ကာ၊ ဘုရား ဖြစ်စေလိုသော ယဇ် ပုရောဟိတ် ဖြစ်ဘို့ နေနေသာသာ အခြားဘုရားများကို ကိုးကွယ်သောကြောင့် ဘုရားသခင်၏ အကြံတော် အထမမြောက်နိင်ခဲ့ချေ။ ထို့ကြောင့် ဘုရားသခင်က သူတို့ကို ရန် သူတို့ လက်သို့ အပ်နှံခြင်းဖြင့် သေကျေ ပျက်စီးခြင်း၊ တိုင်း တပါးသို့ စစ်သုံ့ပန်းအဖြစ် နှင်ထုတ်ခြင်းဖြင့် ဒဏ်ခတ်ခဲ့သည်။ 
 
ယဇ်ပုရောဟိတ် သစ်များ 

ဣသရေလ လူများ ထိုကဲ့သို့ ဘုရားသခင်၏ ယဇ်ပုရောဟိတ် များအလုပ်ကို မလုပ်နိင်သောအခါ ဘုရားသခင်က ခရစ်တော်ကို လက်ခံယုံကြည်သောသူများကို ပဋ္ဋိညာဉ် ပြုလုပ်ခြင်း မရှိဘဲ ယဇ်ပုရောဟိတ် အရာကို ပေးလိုက်ကြောင်း ရှင်ပေတရုက ဤကဲ့သို့ ရေးထားသည်၊ သင်တို့ မူကား မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏ (၁ ပေ ၂:၉)။ ပေတရုက ဤစာကို ယုံကြည်သူများထံရေးခြင်း ဖြစ်သည်။ ယုံကြည်သူများသည် မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ် များဖြစ်သည် ဟုဆိုသည်။ ယုံကြည်သူများသည် မင်းစည်းစိမ်ကို လိုချင်သော်လည်း ယဇ်ပုရောဟိတ် အလုပ်ကို မလုပ်လိုကြချေ။ ယဇ်ပုရောဟိတ် အဖြစ် ဘုရား၏ ဂုဏ်ကျေးဇူးတော်များကို ဘော်ပြစေခြင်း ငါှရွေးချယ်ထားသော အမျိုး ဟုဆိုသည်။ 

ယနေ့ ယုံကြည်သူများသည် အဘယ်ကြောင့်ယဇ်ပုရောဟိတ် အလုပ်ကို မလုပ်ကြသနည်းဟူမူကား၊ ပဌမ အချက်မှာမိမိတို့ အဖြစ်ကို မသိသောကြောင့် ဖြစ်သည်။ မိမိတို့သည် ယဇ်ပုရောဟိတ် များဖြစ်ကြောင်းကို မသိကြချေ။ ဒုတိယအချက် မှာယဇ်ပုရောဟိတ် အလုပ်ကို မလုပ်လိုကြချေ။ ထိုအရာထက်လောကသားများနည်း တူလောက အလုပ်ကိုသာလျှင် လုပ်လို ကြသည်။ ယဇ်ပုရောဟိတ် အလုပ်ထက်လောက အလုပ်ကို မက်မော ကြသည်။ အကြောင်းမှာ လောက အ လုပ်သည် ဝင်ငွေကောင်းခြင်း၊ လူများ၏ ချီးမွမ်းခြင်း၊ အထင်ကြီးခြင်း ခံရသောကြောင့် ဖြစ်သည်။ သို့သော် အမှန်ယဇ် ပုရောဟိတ် အ လုပ်သည် အလွန် မွန်မြတ်၍ အကျိုးလည်းများလှသည်။ လူတိုင်း အတွက်လည်း ကောင်း၍ စားဝတ်နေရေးမှစ၍ လိုအပ်သော အရာများကို ဘုရားသခင်က တာ ဝန်ယူမည် ဖြစ်သည်။ သို့သော် ဘုရားသခင်သည် လူကဲ့သို့ အမြန် အကျိုးမပေးတတ်သောကြောင့် စိတ်မရှည်နိင်ကြခြင်း ဖြစ်သည်။ ဣသရေလ လူများ ကဲ့သို့ ဘုရား၏ အကြံတော်ကို မဆန့်ကျင်ဘဲ ယဇ်ပုရောဟိတ် အလုပ်ကို လိုလိုချင် ချင်ဖြင့် လုပ်သောသူများ ဖြစ်ကြ ဘို့ရန် တိုက်တွန်းနိုးဆော်လိုပါသည်။ 
 မိမိ ခမည်းတော် ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက်ဘုန်းအသရေ၊ အစွမ်း သတ္တိရှိတော်မူ စေသတည်း။ (ဗျာ ၁:၉) 
 

ဧဝံဂေလိ ခရီး စဉ်


ဆရာမောဇက်ထောင်ကျုံး ဦးဆောင်၍ အင်ဒီယားနားမှအမှုတော်ဆောင်လောင်းသုံးယောက် ဖြစ်သော ဦးဘွဲလျံကင်း၊ ဦးပါးတာနှင့်ကို ဗန်ထာအုပ်တို့သည် နိုဝင်ဘာ လ ၁၉မှ ၂၂ ရက်နေ့ထိ Battle Creek, MI  မြို့သို့ ယခင်သင်တန်း၌ သက်သေခံသောသူများကို ပြန်လည်တည်ဆောက်ဘို့ရန် သွားခဲ့ကြပါသည်။ နံနက်ပိုင်း၌ သင် တန်း ပြုလုပ်၍ ညနေပိုင်း၌ အိမ်များသို့ သွားရောက် သက်သေခံကြပါသည်။ ညပိုင်း၌ ွ​ြဃ အသင်းတော်၌ ဝတ်ပြုစည်းဝေးများ ပြုလုပ် ကာညတိုင်း လူရဝ ခန့်ပါဝင်ကြပါသည်။ ယခုကဲ့သို့ ပြန်သွားခြင်းဖြင့် ကယ်တင်ခြင်း စိတ်ချ သူများ ထပ်မံရှိကြကာ အလွန် အားရဝမ်းမြောက် ကြပါသည်။ ဒေသခံ အသင်းတော် မှလူငယ်များလည်း သက်သေခံထွက်ခြင်း၌ ပါဝင်ကြပါသည်။ အိမ်ရှင် အသင်းတော် မှနေ့နှင့် ညစားသောက်စရာများအားဖြင့် ​ကျွေးမွေး ကာလ ှုိက်လဲှစွာ ကြိုဆိုဧည့်ခံသောကြောင့် ကျေးဇူးတင်ပါသည်။


ထိုအဖွဲ့ Battle Creek မြို့မှ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကားဖြင့် ပြန်လည်ထွက်ခွာကာ Buffalo,NY  မြို့သို့ ရောက်ရှိသွားကြပါသည်။ ထိုမြို့၌ မြန်မာ တိုင်းရင်းသား ခရစ်ယာန် အသင်းတော် ပိုင်အိမ်၌ တည်းခိုကြ၍ ထိုအသင်းတော်မှ လှိုက်လှဲစွာ ကြိုဆိုဧည့်ခံကြပါသည်။ ထိုမြို့၌ တနင်္နွေနေ့တွင် လေးယောက်စလုံးအ သင်းတော် လေးပါး၌ တယောက် စီသွားရောက်ကာ ဧဝံဂေလိတရားများ ဟောကြပါသည်။ တနလ်လာနေ့နှင့် အင်္ဂါနေ့ညပိုင်းတွင် မြန်မာနိင်ငံတိုင်းရင်းသားများ အသင်းတော်၌ ဆရာမောဇက်ကသင်တန်းပေးကာလ ူ ၅၀မှ ၆၀ ခန့် အလွန် အေးချမ်းလှသည့်ကြားမှသင်တန်းတက်နိင်ကြပါသည်။ နေ့ခင်းပိုင်းတွင်လည်း အိမ်တံခါးများ ခေါက်၍ သက်သေခံကြပါသည်။ ထိုမြို့၌ ဒေသခံ ဝိညာဉ် ချစ်သူကို ဆန်လျံနှင့် New Jersey မှ သာသနာ ပြုဆရာ James Hmung တို့လည်း ပါဝင်ကပို၍ အောင်မြင် စွာ သက်သေခံနိင် ကြသည်။ အိမ်ရှင် အသင်းတော် မှလူငယ်များလည်း ပါဝင်ကြပါသည်။ 


Buffalo,NY  မြို့မှနိုဝင်ဘာလ ၂ရ ရက်နေ့တွင် ဧဝံဂေလိ အဖွဲ့​ခြောက်ယောက်တို့သည် ပြန်လည်ထွက်ခွာကာ Syracuse,NY  မြို့သို့ ရောက်ရှိသွားကြပါသည်။ ရောက်သည့်ညမှစ၍ ကြိုတင် စီစဉ်ထားသည့်အတိုင်း ဆရာမောဇက်သည် Chin Christian Church  အသင်းတော်၌ ငါးညနှင့် လေးရက်သင်တန်းကို ဟားခါး ဘာသာစကားဖြင့် ပို့ချပါသည်။ လိုက်ပါလာသောသူများကို နံနက်ပိုင်း၌ သင်တန်းပေး၍ ညနေပိုင်း၌ အိမ်တံခါးများ ခေါက်၍ သက်သေခံကြပါသည်။ ရာသီဥတု အလွန် အေးသော်လည်း နေ့တိုင်း သက်သေခံနိင်ကြပါသည်။ သွေးရင်းသားရင်ကရင်နှင့် ကယား လူမျိုးများ ထံ၌ အဓိကသွားရောက်နိင်ကြပါသည်။ ထိုမြို့၌လည်း အားလုံး ကို ဘုရားသခင်က အသုံးပြုကြပါသည်။Syracuse မြန်မာနှစ်ခြင်း အသင်းတော် မှသင်းအုပ်ဆ ရာဆရာဇော်ဂျာနှင့် အသင်းတော် လူကြီးများ၊ အသင်းသူ အသင်းသားများကလှုိက် လဲှစွာ ဧဝံဂေလိ ထွက်သောသူများကို ဦးဆောင်၍ သက်သေခံကြခြင်း ဖြစ်ပါသည်။ Chin Christian Church  အသင်းသား များလည်း အလွန် အားရနှစ်သက်ကြောင်း၊ ဘုရားသခင်သည် အလွန် လှုပ်ရှားကြောင်း၊ အသင်းအုပ်ဆရာလည်း အလွန် အားရကျေနပ်ကြောင်း တွေ့ရှိရပါသည်။ 


 ဝိညာဉ် ချစ် သူများ၊ (Passion for souls)  ၆ယောက်သည် van ကား နှစ် စီးဖြင့် ဒီဇဘ်ာလနှစ် ရက်နေ့တွင် Maryland ပြည်နယ် Laurel မြို့သို့ ဆက်လက်၍ ခရီး ဆက််ကြပါသည်။ ဦးအောင် ဘိတ်တို့ အိမ်၌ တည်းခို၍ သူတို့ ဧည့်ခံ​ကျွေးမွေးသော အစားအစာများကို စားသုံးကြပါသည်။ သူတို့ အိမ်၌ သင်တန်းကိုလည်း ပြုလုပ် ကြသည်။ နံနက်ပိုင်း ဆုတောင်း ဝတ်ပြုပြီးတွင် အိမ်ရှင်များ ပေးသော နံနက်စာကို စား ကြသည်။ ထိုနောက် နံနက် ၉ နာရီမှ ၁၂ နာရီ အထိ သင်တန်း ပြုလုပ် ကြပါသည်။ ဆရာနော်ဂျာနှင့် ဆရာအောင် မိုင်တို့ အပါအဝင်ဒေသခံ ယုံကြည်သူများလည်း ပါဝင်သဖြင့် ၁၅-၂၀ယောက်ခန့်နေ့တိုင်း သင်တန်းတက်ကြရသည်။ နေ့လည်စာစားပြီးသောအခါ ညနေ ၁ နာရီမှ ၅ နာရီ အထိ Baltimore Alan Drive Apartment များတွင််တံခါးများ ခေါက်၍ သက်သေခံကြပါသည်။ သင်တန်းမှပြန် လာသောအခါ အချင်းချင်း သက်သေခံ ရာမှအတွေ့အကြုံများကို ဝေငှသောအခါ အလွန် အားရစရာ ကောင်းသည်။ သက်သေ ခံခြင်းကို အင်္ဂါနေ့မှစနေနေ့အထိ ပြုလုပ် ကြရာလူ များစွာက ချီဆောင်ခြင်း၊ ၆၆၆ တံဆိပ် ခတ်မည့် အကြောင်းနှင့် ကယ်တင်ခြင်း အကြောင်းများကြားသိသွားကြပါသည်။ ကယ် တင်ခြင်း စိတ်ချသွားသောသူများလည်းရှိကြဟု သိရှိရပါသည်။ ညပိုင်းတွင် ဝတ်ပြုစည်း ဝေးခြင်းကို Promise Land Church, Baltimore တွင် ပြုလုပ် ကြသည်။ တနင်္နွေ နေ့တွင် Rockville GBC ၌ နောက်ဆုံးဝတ်ပြုစည်းဝေး ပြုလုပ် ကာဝတ်ပြုအပြီးတွင် အသင်းသားများယူဆောင်လာသော နေ့လည်စာကို အားရဝမ်းမြောက်စွာ စားသုံးကြ ပါသည်။ ရာသီဥတု အလွန် ဆိုးဝါးသောကြောင့် အချို့ ယုံကြည်သူများဘုရားကျောင်းမ ရောက်နိင်ဘဲ ပြန်လှည့်သွားကြသော်လည်း အများစုလာနိင် ကြသည်။ စားသောက်ခြင်း အပြီး ညနေ ၃ နာရီမှ ၆ နာရီ အထိ သက်သေခံ သူများ၏ အတွေ့အကြုံများကို ဝေငှကြသောအခါ အလွန် အားရစရာ ကောင်းပါသည်။ 

ဒီဇဘ်ာလ ၉ ရက် တနလ်ာနေ့တွင် သက်သေခံအဖွဲ့ ၆ယောက်သည် Indianapolis ဖက်သို့ ဆက်လက်ခရီး ပြုကြပါသည်။ ထိုနေ့၌ ဆရာမှုန်းမှုန်းသည် တယောက် တည်း Durham, NC  မြို့သို့ ခရီး ဆက်သွားပါသည်။ Indiana သို့ ရောက်သွားသောသူများသည် ဆက်လက်၍ နံနက်ပိုင်း ဆုတောင်းခြင်းနှင့် ကျမ်းစာ သင်ခြင်း၊ ညနေပိုင်းအိမ် တံခါးခေါက်ခြင်းနှင့် သက်သေခံခြင်း၊ ညပိုင်း အသင်းတော်၌ ကျမ်းစာ သင်ခြင်းများကို ဆက် လက် ပြုလုပ် နေကြပါသည်။ 
 
 
အဘယ်ကြောင့်ပျောက်ဆုံး ဝိညာဉ်များဖမ်းရမည်နည်း
 
၁။ ဘုရားသခင်၏ အလိုတော် ဖြစ်သည် 

လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော် ရှိ၏။ (၁ တိ ၂:၄)။ များစွာသော ယုံကြည်သူများကဘုရား၏ အလိုတော်ကို သိချင် ကြသည်။ ဘုရားသခင်၏ အလိုတော် မှာလူတိုင်း ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိဘို့ ဖြစ်သည်။ ထိုသို့ဖြစ်ရန် ယုံကြည်သူများကပြော ပြဘို့ လိုသည်။ လူများသည် ကယ်တင်ခြင်းနှင့် သမ္မာတရားကို အလိုလိုသိမည် မဟုတ်၊ ပြောပြမှသာ သိနိင်မည်။ 

အဘယ်သို့ ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည် လမ်း လွဲ၍ ပျောက်လျှင်၊ ထိုသူသည်ကိုးဆယ်ကိုး ကောင်သော သိုးတို့ကို တောင်ပေါ်မှာ ထား ခဲ့ပြီးမှ၊ လမ်းလွှဲ၍ ပျောက်သော သိုးတကောင်ကို သွား၍ ရှာတတ်သည် မဟုတ်လော။ တွေ့ပြီးလျှင်၊ လမ်းမလွှဲမပျောက်သော သိုးကိုးဆယ်ကိုး ကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတကောင်၌ သာ၍ ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက် စီးစေခြင်းငှါ အလိုတော် မရှိ (မ ၁၈:၁၂-၁၄)။ အထက်ပါ ခရစ်တော်၏ စကားကို ယုံ ကြည်သူတိုင်း ကြားဘူးကြပေလိမ့်မည်။ သို့သော် ပျောက်သော သိုးကို ရှာချင်သော စိတ် မရှိကြလျှင် မည်သို့ တွေ့နိင်မည်နည်း။ ဘုရားသခင်၏ အလိုတော် ပြည့်ဘို့ရန် ပျောက်သော သိုးများကို ရှာဖွေဘို့ လိုသည်။ ဘုရားသခင်၏ အလိုတော်ကို သိနေကြသော်လည်း မလုပ်လျှင် အချည်းနှီး ဖြစ်သည်။ 
မတရားသောသူသည် မိမိအကျင့်တို့ကို ရှောင်၍ အသက်မရှင်၊ အသေခံခြင်း အမှု၌ ငါသည် အနည်းငယ်သော ပျော်မွေ့ခြင်းရှိသလော (ယေဇ ၁၈:၂၃)။ ဘုရားသခင်သည် မတရားသောသူအသေခံခြင်း၌ ဝမ်းမမြောက်ကြောင်း အတိအလင်းဖေါ် ပြထားသည်။ သို့သော် မပြောပြလျှင် မတရားသောသူသည် မည်ကဲ့သို့ အကျင့်ရှောင် နိင်မည်နည်း။ 

အို ဣသရေလ အမျိုးသင်တို့ အသီးအသီး ကျင့်ကြသည် အတိုင်း အကျိုးအပြစ်ကို ငါစီရင်မည်။ သင်တို့သည် အဓမ္မအမှု ရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့ မရောက်ကြနှင့်။ သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်း အမှုတို့ကို ု စွန့်ပစ်၍ အသစ်သော နှလုံး၊ အသစ်သောစိတ်သဘောကို ပြင်ဆင် ကြလော့။ အို ဣသရေလ အမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလိုသနည်း။ အသေခံ ရသောသူ၏ အသေခံခြင်း အမှု၌ ငါသည် ပျော်မွေ့ခြင်း မရှိ။ ထိုကြောင့် ပြောင်းလဲ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏ (ယေဇ ၁၈:၃၀-၃၂)။ ဘုရားသခင်က ဣသရေလ လူများ သေဆုံးခြင်းကို အလိုမရှိကြောင်း ဖေါ်ပြသည်။ ထိုနည်းတူ လူသား တိုင်း အသေခံခြင်း၊ မီးအိုင် ထဲသို့ ဆင်းခြင်း၌ ဘုရားသခင် ပျော်မွေ့သည် မဟုတ်။ 

အချင်း လူသား သင့်ကို ဣသရေလ အမျိုး၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထား သောကြောင့်၊ သင်သည် ငါ၏ နှုတ်ထွက်စကားကို နာခံ၍ သူတို့ကို သတိပေးရမည်။ ငါသည် လူဆိုးအား၊ အိုလူဆိုး၊ အကယ်စင်စစ် သင်သည် အသေခံရမည် ဟုဆိုသောအခါ ဆိုးသောသူကို သူ၏ လမ်းမှလွှဲစေခြင်းငှါ သင်သည် သတိမပေးလျှင်၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့်အသက် ဆုံးလိမ့်မည်။ သို့ရာတွင်၊ သူ၏ အသက်ကို သင်၌ ငါတောင်းမည်။ သို့မဟုတ် လူဆိုးကို သူ၏ လမ်းမှလွှဲစေခြင်းငှါ သင်သည် သတိပေး၍ သူသည် မလွှဲဘဲ နေလျှင်၊ မိမိအပြစ်ကြောင့် အသက် ဆုံးသော်လည်း သင်သည် ကိုယ်အသက်ကို ကယ်တင်ပြီ (ယေဇ ၃၃:ရ- ၉)။ ယုံကြည်သူများသည် ပရောဖက် ကဲ့သို့ ကင်းစောင့်များ ဖြစ်ကြသည်။ ကင်း စောင့်များသည် ရန်သူလာသည်ကို မြင်လျှင် ကျန်သောသူများကို ပြောဘို့ တာဝန် ပေးထားသည်။ ယုံကြည်သူများလည်း ကင်းစောင့်ကဲ့သို့ ဘုရားသခင်၏ တရားစီရင်မည့် အရာကို လူတိုင်းထံသို့ ပြောဘို့ တာဝန် ရှိသည်။ ထိုတာဝန်ကို မထမ်းဆောင်လျှင် ဘုရားသခင်၏ အပြစ်တင်ခြင်း ခံမှာစိုးရသည်။ 
 
၂။ ဘုရားသခင်၏ အကြံတော် ဖြစ်သည် 

ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်း လွတ်လျက် ဖြစ်မည်အကြောင်း၊ ဤကမ္ဘာမတည်မရှိမှီငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့် အညီ၊ ကောင်းကင်ဘုံနှင့် ဆိုင်သောအရာ တို့၌ ခပ်သိမ်းသော ဓမ္မမင်္လာတို့ကို ခရစ်တော်အားဖြင့် ငါတို့ အားပေးသနားတော်မူသော ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္လာရှိတော်မူ စေသတည်း။ (ဧဖက် ၁:၃-၄)


 မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီး ကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်ဆီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည် မဟုတ်။ အဘယ် အပြစ်မျှမရှိ၊ အညစ်အ​ကြေးနှင့် ကင်းစင်သော သိုးသငယ် ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။ ထိုခရစ်တော် ကား ဤကမ္ဘာ မတည်မရှိမှီခန့်ထားတော်မူခြင်းကို ခံနှင့်သည် ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့ အဘို့၊ ဤနောက်ဆုံးသော ကာလ၌ ထင်ရှားတော်မူပြီီ။ (၁ ပေ ၁:၁၈-၂၀) 

အထက်ပါ ကျမ်းပိုဒ်များ အရ ဘုရားသခင်၏ ကယ်တင်ခြင်းသည် ကမ္ဘာမတည် မရှိမှီကတည်းက ကြိုတင် ပြင်ဆင် ထားသော မဟာအကြံတော် ဖြစ်သည်။ ထိုမဟာအ ကြံစည်တော်ကိုသားတော် ခရစ်တော် ကအကောင်အထည် ဖေါ်ပြီးသော နောက် ယခု  ယုံကြည်သူများကကိုယ်တိုင် ခံယူပြီးသောအခါ တဆင့် မသိ သေးသောသူများကို ပြော ပြဘို့ တာဝန် ပေးထားသည်။ သို့သော် ယုံကြည်သူများကထို ကယ်တင်ခြင်း အကြောင်းကို မပြောပြဘဲ နေလျှင် အဘယ်သို့ ဘုရားသခင်၏ အလိုတော် ပြည့်နိင်မည်နည်း။ 

၃။ ခရစ်တော်၏ အဓိကအလုပ် ဖြစ်သည် 

ထိုမှတပါး လူသားသည် ပျောက်သော သူတို့ကို ကယ်တင်အံ့သောငှါ ကြွလာ သတည်း (မ ၁၈:၁၁)။ ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသော သူတို့သည် ဆေး သမားကို အလိုမရှိကြ။ နာသော သူတို့ သာလျှင် အလိုရှိကြ၏။ ​ဖြောင့်မတ်သော သူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ ငါလာသည် မဟုတ်၊ ဆိုးသော သူတို့ကို ခေါ်ခြင်းငှါ ငါလာသ တည်းဟု မိန့်တော်မူ၏ (မာ ၂:၁ရ)။ လူသားသည် ပျောက်သော သူတို့ကို ရှာ၍ ကယ် တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခ​ဲကို မိန့်တော်မူ၏။ (လု ၁၉:၁၀) ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။ (ယော ၄:၃၄) ယေရှုခရစ်သည် အပြစ်ရှိသော သူတို့ကို ကယ် တင်ခြင်းငှါ၊ ဤလောကသို့ ကြွလာတော်မူသည် ဟူသော စကားသည် သစ္စာ (အမကျအ တသမအ့ပ) စကား ဖြစ်၏။ (၁ တိ ၁:၁၅) 

အထက်ပါ ခရစ်တော်၏ စကားများဖတ်သောအခါ ခရစ်တော် ဤလောကသို့ ကြွလာခြင်းသည် ပျောက်သောသူများကို ရှာဘို့ရန်၊ အပြစ်သားများကို ကယ်တင် ဘို့ရန် ဖြစ်သည်။ ခရစ်တော်သည် အပြစ်နှင့် ပြည့်သော ဤလောက၌ အပြစ်သားများကို ကယ်တင်ဘို့ မှတပါး အခြားလုပ်စရာနှင့် လိုချင်စရာ မရှိပါ။ ထိုအပြစ် သားများကယ် တင်ဘို့ အတွက် အပြစ်၏ အဘိုးအခကို အသက် ပေး၍ သေခြင်းဖြင့် ပေးဆပ်ခဲ့ပြီး ပြီ။ ထိုပြီးစီးပြီးသောသူ၏ ကယ်တင်ခြင်း အကြောင်းကို ု ယုံကြည်သူများမှတဆင့်ပြောချင်သည်။ သို့သော် ယုံကြည်သူများက သူတို့၏ ကိုယ်ခန္ဓာ၊ အချိန်နှင့် တတ်စွမ်းသော အရာများကို အသုံးပြုခွင့် မပေးလျှင် မည်သို့မျှ ကယ်တင်ခြင်း အကြောင်း မပြန့်နိင်ပါ။ ထိုကြောင့် ယုံကြည်သူတိုင်း မိမိတို့ အသက်တာကို ခရစ်တော်က အသုံးပြုခွင့် ပေးကြဘို့ လိုအပ်သည်။ 
 
၄။ ခရစ်တော်၏ အလိုတော် ဖြစ်သည် 

ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများ ခံရသော အနာရောဂါ အမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီလှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်း စိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထို သူတို့သည် ပင်ပန်းသည် ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသော သိုးကဲ့သို့ဖြစ်ကြ၏။ ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာ များစွာ ရှိ၏။ ရိတ်သော သူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သော သူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူ မည်အကြောင်း၊ စပါးရှင်ကို ဆုတောင်း ကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ (မ ၉:၃၅-၃၈၊ လု ၁၀:၂) 

သခင်ယေရှု ကလူများကို သိုးထိန်းမရှိသော သိုးများ ကဲ့သို့ မြင်ကာသနားသည်။ ထို့အပြင် အမှည့်လွန်နေပြီ ဖြစ်သော စပါးနှံများ ကဲ့သို့ မြင်သည်။ ထို့ကြောင့် အလွန် နှမြောသော စိတ်နှင့် စပါးရိတ်မည့် အလုပ်သမားများ စေလွှတ်ဘို့ စပါးရှင်ထံ ဆုတောင်း ဘို့ရန် ပြောခြင်း ဖြစ်သည်။ ယုံကြည်သူများသည် စပါးရိတ်မည့်သူများဖြစ်သည်။ လောက အ လုပ်သည် အဓိက မဟုတ်၊ ဘုရား ခိုင်းသော စပါးရိတ်ခြင်း တည်းဟူသော ပျောက်ဆုံးဝိညာဉ် များဖမ်းခြင်းသည် အဓိက ဖြစ်သည်။ ဘုရား အလိုရှိသောအရာကို မလုပ်ဘဲ မိမိလိုချင်သောအရာကိုသာ လုပ်၍ ကောင်းကြီးကို တောင်းနေခြင်းသည် အလွန် ရှက်စရာ ကောင်းသည် မဟုတ်လော။ 
 
၅။ သန့်ရှင်းသော ဝိညာဉ်တော်၏ အဓိကအလုပ် ဖြစ်သည် 

ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာ ဘော်ပြမည်။ ငါ့ကို မယုံ ကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။ ငါသည် ခမည်းတော်ထံသို့ သွားမည် ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကို မတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။ ဤလောကကို အစိုးရသော မင်းသည် အပြစ် စီရင်ခြင်းကို ခံရသောကြောင့် အပြစ် စီရင်ခြင်းကို ဘော်ပြမည်။ (ယော ၁၆:၈-၁၁) သခင်ဘုရားကဥပဇ္ဈာယ် ဆရာ တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော် ရောက် လာသောအခါ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်းလောကီသားတို့အား ထင်ရှားစွာ ဘော်ပြမည် ဟုဆိုသည်။ သို့သော် ဝိညာဉ်တော်သည် ကိုယ်ခန္ဓာမရှိသောကြောင့် မိတ်ဆွေ၏ ကိုယ်ခန္ဓာကို အသုံးပြုဘို့ လိုသည်။ ပင်တေကုတ္တေနေ့၌ ပေတရု၏ ကိုယ်ခန္ဓာကို အသုံးပြု၍ လူ၃၀၀၀ကို အပြစ် ဘော်ပြ သကဲ့သို့ မိတ်ဆွေ၏ ကိုယ်ခန္ဓာကို အသုံးပြု လိုသည်။ မိတ်ဆွေ၏ ကိုယ်ခန္ဓာကို အသုံးပြုခွင့် ပေမည်လော။ မိတ်ဆွေ ပြောတတ်စရာ မလိုပါ။ သန့်ရှင်းသောဝိညာဉ်တော် ကပြောသွားမှာပါ။ မိတ်ဆွေ၏ ကိုယ်ခန္ဓာကို အသုံးပြုခွင့် ပေးလျှင် ကိုယ်ခန္ဓာအတွက် လိုအပ်သောအရာနှင့် ပြောဆို မည့် စကား လုံးကို သန့်ရှင်းသောဝိညာဉ်တော် ကတာဝန် ယူသွားမည် ဖြစ်သည်။ 
 
၆။ သန့်ရှင်းသော ဝိညာဉ် ပေးရခြင်း 

ခရစ်တော် ကကောင်းကင် မတက်မှီ၌ ဤသို့ ပြောသွားသည်၊ သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရု ရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏ (တမန် ၁:၈)။ သခင်ဘုရားက ယုံကြည်သူများအား သန့်ရှင်းသောဝိညာဉ်တော် ပေးရခြင်းသည် တန်ခိုးကို ခံရ၍ မြေကြီးစွန်းတိုင်အောင် သက်သေခံဘို့ အတွက် ဖြစ်သည် ဟုဆိုသည်။ ထိုကြောင့် သန့်ရှင်းသောဝိညာဉ်တော် ရရှိသောသူတိုင်း တန်ခိုးရရှိထားသည်။ သက်သေခံခြင်းသည် တမန်တော်များသာခိုင်းသည် မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော် ရသောသူတိုင်းကို ခိုင်း ဖြစ်သည်။ ထိုကြောင့် သင်လည်း သန့်ရှင်းသော ဝိညာဉ်တော်ကို ရရှိလျှင် သက်သေခံရမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုး ဖြစ်သည်။ ယုံကြည်သူများက သန့်ရှင်းသော ဝိညာဉ်တော်ကို လှုပ်ရှားခွင့်မပေးသောကြောင့် တန်ခိုးမပြနိင်၊ မထုတ်နိင်ခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်း ကိုယ်ခန္ဓာ၊ နှုတ်ကို အလွန် အသုံးပြုချင် နေသည်။ သို့သော် အဘယ်ကြောင့် ယခုတိုင် အသုံးပြုခွင့် မပေးသနည်း။ 
 
၇။ ခရစ်တော်၏ အမိန့်တော် ဖြစ်သည်

သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ (မ ၂၈:၁၉-၂၀) 

သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရား (နက​ေါါနူငသည)ကို ဟောကြလော့။ ယုံကြည်၍ ဗတ္တိဇံကို ခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ် စီရင်ခြင်းကို ခံရလတံ့။ ယုံကြည်သော သူတို့၌ ဖြစ်အံ့သော နိမိတ် လက္ခဏာဟူမူကား၊ ငါ၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ် ကြလတံ့။ ထူးခြားသော ဘာသာစကား မျိုးတို့ကို ပြောကြလတံ့။ မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေ တတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ် ကြလတံ့။ မကျန်းမမာသော သူတို့အပေါ်မှာ လက်ကို တင်၍ ချမ်းသာ ပေးကြလတံ့ဟု မိန့်တော်မူ၏။ (မာ ၁၆:၁၅-၁၈) 

အထက်ပါ အမိန့်တော်သည် ကိုယ်နှင့် မဆိုင် သကဲ့သို့ ယုံကြည်သူ တိုင်းက လှစ်လှုိရှုထား ကြသည်။ ထိုအမိ့တော်သည် အမှုတော်ဆောင်များအတွက် ဖြစ်သည်ဟု ယူဆကြသည်။ သို့သော် ထိုအမိန့်တော်သည် ယုံကြည်သူ တိုင်းကို ပေးခြင်း ဖြစ်သည်။ မာကုထဲ၌ ပြောသကဲ့သို့ နိမိတ်လက္ခဏာများကို ပြလိုသော်လည်း ယုံကြည်သူများ ကသခင်ဘုရား၏ အမိန့်တော်ကို နားမထောင်၊ မလုပ်ကြသောကြောင့် ဘုရားသခင်အနေဖြင့် အဘယ် နိမိတ်လက္ခဏာကိုမျှ မပြနိင်ခြင်း ဖြစ်သည်။ ဧဝံဂေလိ သတင်းကောင်းဟောပြောသည့်နေရာတိုင်း၌ သန့်ရှင်းသောဝိညာဉ်တော် ကတန်ခိုးကို ပြ၍ နမိတ်လက္ခဏာများကို တွေ့မြင်လေ့ရှိသည်။ ယခုမှစ၍ သခင်ဘုရား၏ အမိန့်တော်ကို ပဌမ ဦးစားပေး၍ သက်သေခံပါဟု တိုက်တွန်းနိုးဆော်လိုပါသည်။ 

၈။ လူများ၏ အဓိကလိုအပ်ချက် ဖြစ်သည် 

သခင်ယေရှုက၊ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း (မ ၁၆:၂၆) ဟုဆိုထားသည်။ လူသည် စကြဝဠာပိုင်ဘို့ အထိ မမျှော်မှန်းကြသော်လည်း မိမိအ​ခြေအနေအရအိမ်၊ ကား၊ တီဗီ၊ ကွန်ပြူတာ၊ စမတ်ဖုန်းစသည်ဖြင့် ပိုင် ဘို့ရန် မျှော်မှန်း ကြသည်။ ထိုအရာများ ရရှိရေးအတွက် အလွန် ကြိုးစား ကြ၊ လုပ်ကိုင် ကြသည်။ ထိုအရာများရရှိသော်လည်း မိမိဝိညာဉ်ဆုံးရှုံးလျှင် အဘယ်ကျေးဇူးမျှမရှိဘူးဟု သခင်ယေရှု ကပြောထားပါသည်။ မှန်ပါသည်လောက၌ လိုတရသော်လည်း မိိမိ ဝိညာဉ် ငရဲထဲမှာသွားလျှင် အသက်ရှင်ရကျိုးမနပ်ပါ။ သို့သော် လူအများစုသည် ထိုအ ရာကို နားမလည် သောကြောင့် ကောင်းကင် တက်မည့် အရေးထက်လောကအရာများကို ရှာရင်းဖြင့်အချိန် ကုန်၊ ပင်ပန်း နေကြသည်။ လောကအရာကိုသာ ရှာသောကြောင့် ကျမ်းစာ သင်တန်းလည်း မတက်နိင်၊ ဘုရားကိုလည်း မကိုးကွယ်နိင်ကြချေ။

တဖန် ခရစ်တော် ကသူဌေးတဦး၏ အကြောင်းနှင့် လူ၏ လိုအပ်ချက်ကို ဤသို့ ဖေါ်ပြသွားသည်၊ သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများ လှ၏။ ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာ အရပ်မရှိ။ ပြုမည်အကြံ မူကား၊ ငါ့တိုက်များကို ဖျက်၍ ကျယ်သော တိုက်တို့ကို တည်ပြီးမှ၊ ငါ၏ အသီးအနှံဥစ္စာ ရှိသမျှတို့ကို သိုထားမည်။ ငါ့ ဝိညာဉ်အား လည်း၊ အချင်း ဝိညာဉ်၊ သင်သည် နှစ်ပေါင်း များစွာ သုံးဆောင်ရန်ဥစ္စာများကို သိုထားလျက် ရှိပြီ။ ငြိမ်ဝပ်စွာ နေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့၊ ငါပြောမည်ဟု သူဌေးအကြံရှိ၏။ ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင်သင်၏ ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက် လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာကို အဘယ်သူ ပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။ ထိုအတူ ကိုယ်အဘို့ ဘဏ္ဍာများကို ဆည်းဖူး၍၊ ဘုရားသခင် ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား၊ ထိုသူဌေးနှင့် တူသည်ဟု မိန့်တော်မူ၏။ (လု ၁၂:၁၆-၂၁) ဤဥပမာကို ခရစ်ယာန် တိုင်း နီးပါးသိမည်ဟု ယူဆမိပါသည်။ သို့သော် သင် ခန်းစာမရကြချေ။ ထိုကြောင့် ထိုသူဌေးကဲ့သို့ဖြစ်ဘို့ရန် ကြိုးစား ကြသည်။

ခဲယဉ်းဆိုးယုတ်သော ကာလ၌ ငါ၏ အရာတို့ လုယူချင်သော သူတို့၏ ဒုစရိုက်အ မှုသည် ငါ့ကို ဝိုင်းသော်လည်း ငါသည် အဘယ်ကြောင့်ကြောက်ရမည်နည်း၊၊ ထို သူတို့သည် ကိုယ်ဥစ္စာကိုကိုးစား၍ ကိုယ်စည်းစိမ်များ သောကြောင့် ဝါကြွားသော်လည်း မိမိညီ အစ်ကိုကို အဘယ်သူမျှ အလျှင်း မရွေးနိုင်၊၊ ရွေးရန်အဘိုးကို ဘုရားသခင်၌ မပေးနိုင်၊၊ သူတို့ အသက် ဝိညာဉ်၏ ရွေးရန်အဘိုးကြီး လှပေ၏၊၊ သို့ဖြစ်၍ အစဉ်ရှုံးလျက် နေရမည်၊၊ ရွေးလျှင် အစဉ်အမြဲအသက်ရှင်ရာ၏၊၊ ပုပ်စပ်ခြင်းသို့ မရောက်ရာ၊၊ ထင်ရှားသောအရာ ဟူမူကား ပညာရှိသော သူတို့သည် သေတတ်ကြ၏၊၊ ထိုအတူ မိုက်သောသူနှင့် တိရစ္ဆာန် သဘော ရှိသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်၍ မိမိတို့ ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏၊၊ မိမိတို့ အိမ်သည် ထာဝရ ဖြစ်လိမ့်မည်၊၊ မိမိတို့ နေရာလည်း လူမျိုးအစဉ်အဆက်တည်လိမ့်မည်၊၊ မိမိတို့ နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့ စိတ်ထင်ရှိကြ၏၊၊ သို့ရာတွင် လူသည် ဂုဏ်အသရေ၌ မတည်မနေတတ်၊၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့် တူ၏၊၊ ထိုသို့ ပြုမူခြင်း အရာသည် သူတို့၏ကိုးစားရာ ဖြစ်၍ သူတို့သား မြေးတို့သည် သူတို့ စကားကို နှစ်သက်တတ်ကြ၏၊၊ ထို သူတို့ကို သိုးများ ကဲ့သို့ မရဏနိုင်ငံ၌ ချထား၍ သေမင်းစားလိမ့်မည်၊၊ ကာလ မကြာမြင့်မှီ​ဖြောင့်မတ်သော သူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာ ဖြစ်၏၊၊ မရဏာနိုင်ငံသည် သူတို့၏ နေရာ ဖြစ်၏၊၊ ငါ့ကိုမူကား ဘုရားသခင် သိမ်းယူတော်မူသောကြောင့် ငါ၏ ဝိညာဉ်ကို မရဏာနိုင်ငံ၏ တန်ခိုိးမှရွေးတော်မူမည်၊၊ (ဆာ ၄၉:၅-၁၅) 

ဆာလံဆရာကလူ၏ အသက် ဝိညာဉ်သည် အဘိုးကြီး လှသည် ဟုဆိုသည်။ လူသည် ဤလောကကို ထာဝရ အိမ်မှတ်၍ ဥစ္စာများကို များစွာ ရှာဖွေ တတ်ကြသည်။ သို့သော် သူတို့ သေဆုံးသောအခါ သူတို့ စုဆောင်းသမျှ၊ ရှာဖွေ သမျှကို သူတပါးထံ၌ ချန် ထားတတ်ကြသည်။ သူနာမည်လည်း မြေကြီး ပေါ်၌ ကျော်စောလိမ့်မည်တို့၏ဟု ထင်ကြသည်။ သို့သော် နာမည်နှင့် ဂုဏ်အသရေလည်း ထာဝရ မတည်တတ်။ အကယ်၍ တည်လျှင်လည်း ဝိညာဉ် ငရဲရောက်လျှင် အဘယ် အကျိုးရှိသနည်း။ ထိုသို့ ကယ်တင်ခြင်းသို့ မရောက်သောသူတိုင်းသည် ငရဲသွားမည် ဖြစ်သော်လည်း မသိကြသောကြောင့် ပူပင်ခြင်း မရှိကြသောကြောင့် သိသောသူများ ကပူပင်ပေးဘို့ လိုသည်။ 

၉။ လူများကို အရေးကြီးဆုံး ကူညီနိင်သောအရာ ဖြစ်သည် 


လူများကို အရေးကြီးဆုံး ကူညီနိင်သောအရာသည် ငွေကျေးပေးခြင်း၊ ကျန်းမာ ရေးအတွက် ကူညီခြင်း၊ ခန္ဓာကိုယ်အသက် ကယ်ခြင်း၊ ပညာသင်ပေးခြင်း တည်းဟူသော လောကပိုင်းဆိုင်ရာ ကူညီခြင်း မဟုတ်ပါ။ ဝိညာဉ် ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် ကူ ညီခြင်းသည် အခြားသော အရာများထက် နှိုင်းဆ၍ မရလောက်အောင် တန်ဘိုးရှိပါသည်။ ခရစ်တော်က၊ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း (မ ၁၆:၂၆) ဟုဆိုသည် မဟုတ်လော။ ကိုယ်ခန္ဓာပိုင်း၊ လောကအရာကူညီခြင်းသည် အလွန် ကောင်းပါသည်။ သို့သော် ထိုအရာများသည် ထာဝရ ကာလ၌ တည်မည်မဟုတ်။ ဝိညာဉ်ပိုင်းဆိုင်ရာ သည် ထာဝရ တန်ဘိုးရှိသော ကြောင် အလွန် အရေးကြီးသည်။ 
 
၁၀။ ခရစ်ယာန် အသက်တာ၏ အဓိကသော့ချက် ဖြစ်သည် 

ခရစ်ယာန် အသက်တာအသက်ရှင်ဘို့ရန် အတွက် ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းသည် မရှိမ ဖြစ်အဓိကလိုအပ်ချက် ဖြစ်သည်။ အကြောင်းမှာ ငရဲသွားမည့်သူများကို ဂရုမစိုက်လျှင် မည်ကဲ့သို့ ချစ်ခြင်းမေတ္တာ၌ ကျင်လည်သည် ဟုဆိုနိင်မည်နည်း။ ဝိညာဉ်များကို မချစ်၊ မကယ်လျှင် စိတ်မရှည်နိင်၊ လောဘစိတ်မကုန်နိင်၊ ဇာတိ သဘောဖြင့် အသက်ရှင်နေမည် ဖြစ်သည်။ ဝိညာဉ်လူဖြစ်လိုလျှင် ပျောက်ဆုံးဝိညာဉ် ချစ်ပါ၊ ဖမ်းပါ၊ ပြု စုပါ။သို့ပြုလျှင် ဝိညာဉ်တော် အလိုအတိုင်း အသက်ရှင်နိင်မည်။ 
 
၁၁။ စာတန်ကိုအောင် နိင်ခြင်း ဖြစ်သည်

ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောနိမြို့ကို ရှောက် သွား၍ သက်သာလော နိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့မှာယုဒတရားစရပ်ရှိ၏။ ပေါလုသည် မိမိထုံးစံရှိသည် အတိုင်း ထိုစရပ်သို့ ဝင်၍၊ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကို အမှီပြု၍ ထို သူတို့နှင့် ဆွေး​ေန$းနှီး နှောသဖြင့်၊ ခရစ်တော်သည် အသေခံရမည် ။ သေခြင်းမှ ထမြောက် ရမည်။ ငါဟောပြောသော ယေရှုသည် ခရစ်တော် ဖြစ်သည် ဟူသော အကြောင်း အရာတို့ကို ရှင်းလင်းစွာ ဖွင့် ပြလေ၏။ ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ ရောက်၍၊ ပေါလု၊ သိလတို့နှင့် ပေါင်း ဘော်ကြ၏။ ဘုရားကို ကိုးကွယ်သော ဟေလသလူ အပေါင်းတို့နှင့် ထင်ရှားသော မိန်းမ အများတို့လည်း ယုံကြည် ကြ၏။ ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သောသူအချို့တို့ကို ခေါ်၍ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲပြုကြ၏။ ယာသုန်၏ အိမ်ကို ဝိုင်း၍ သူတို့ကို လူများရှေ့သို့ ဆွဲထုတ်ခြင်းငှါ ရှာကြ၏။ မတွေ့လျှင် ယာသုန်နှင့် ညီအစ်ကို အချို့တို့ကို မင်းအရာရှိတို့ထံသို့ ဆွဲငင်၍၊ လောကီနိုင်ငံကို မှောက်လှန်သော ဤ သူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါပြီ။ (တ ၁ရး၁-၆) 

အဘယ်ကြောင့်ပေါလုတို့ကိုလောကီနိင်ငံကို မှောက်လှန်သော သူတို့ဟု ပြောသနည်းဟူမူကားလောကီသားများကို ဘုရားသခင် ယုံကြည် စေသောကြောင့် ဖြစ်သည်။ ဤလောကသည် စာတန် ကအုပ်ချုပ်၍ လူများလည်း သူ၏ လက်ထဲ၌ ရှိသည်။ ယောဟန်က၊ ငါတို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည်ကို၎င်း၊ လောကီသား အပေါင်းတို့သည် မာရ်နတ်၏ လက်၌ ရှိကြသည်ကို၎င်းငါတို့ သိကြ၏ (၁ ယော ၅:၁၉) ဟုဆိုထားသည်။ ထို့ကြောင့် စာတန် လက်ထဲမှလောကီသားများကို ကယ်နှုတ်လျှင် စာတန်ကိုအောင် နိင်ခြင်း ဖြစ်သည်။ တဖန်၊ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။ (ဟေ ၂:၁၄-၁၅) ခရစ်တော် လူ့ဇာတိခံယူ၍ အသေခံခြင်းသည် မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးဘို့ရန် ဖြစ်သည်။ မည်သို့ ဖျက်ဆီးသနည်း။ သူကိုယ်တိုင် အသေခံ၍ ပြန်လည်ထမြောက်ခြင်းအားဖြင့် ဖျက်ဆီးသည်။ လူတိုင်း ကြောက်သောအရာသည် သေရမည် ဖြစ်သည်။ သို့သော် သေခြင်းကို ခရစ်တော်က ရှင်ပြန်ထမြောက်ခြင်းဖြင့် အောင်မြင် သောကြောင့် စာတန်၏ တန်ခိုးကို ကြောက်စရာ မလိုတော့ချေ။ ထိုအရာကို လူတိုင်း ထံပြောပြမှအ ကျိုးရှိမည်။ လူများက မသိလျှင် ခရစ်တော်၏ အောင်မြင်ခြင်းသည် အကျိုးမရှိချေ။ ထိုကြောင့် ထိုသတင်းကို လူတိုင်း ထံကြားသိစေဘို့ ယုံကြည်သူ တိုင်း၏ အလုပ်တာဝန် ဖြစ်သည်။ 
 
၁၂။ ယုံကြည်သူများ၏ ဝမ်းမြောက်စရာ ဖြစ်သည်

ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏ (ယော ၄:၃၄) ဟုဆိုခဲ့သည်။ ထိုစကားကို ရှာမရိအမျိုးသမီးထံ မေရှိ ဖြစ်ကြောင်း ပြောပြီးမှပြောခြင်း ဖြစ်သည်။ သခင်ယေရှုသည် လူ့အမြင်အားဖြင့် တန်ဘိုး မရှိသော ထိုအမျိုးသမီးကို ဝိညာဉ် ကယ်တင်သောအခါ အစာပင်စားစရာ မလိုလောက်အောင် ဝမ်းမြောက်သည်။ ယနေ့ ဝမ်းမြောက် လိုလျှင်လောကီနည်းအတိုင်း မရှာပါနှင့်။ လောကီနည်းဖြင့် ဝမ်းမြောက်မှု ရှာလျှင် ငွေ ကုန်၍ ပျက်စီးခြင်းသို့ ရောက်မည်။ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းဖြင့် ရသော ဝမ်းမြောက်ခြင်းသည် သန့်ရှင်း၍ အကျိုးကြီး လှသည်။ 

ထိုခုနစ်ကျိပ်သော တပည့်တော်တို့သည် ဝမ်းမြောက်သော စိတ်နှင့် ပြန်လာ၍၊ သခင်၊ ကိုယ်တော်၏ နာမအားဖြင့် အ​ကျွန်ုပ်တို့သည် နတ်ဆိုးကို ပင်နိုင်ပါသည်ဟု လျှောက်ကြ၏၊ ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှ ကျသည်ကို ငါမြင်ပြီ။ သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသော အခွင့်နှင့် ရန်သူများကို နိုင် ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှမညှဉ်းဆဲရ။ သို့သော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့်သာဝမ်းမြောက်ခြင်း မရှိကြနှင့်။ သင်တို့၏ နာမည်များသည် ကောင်းကင် စာရင်း၌ ဝင်သည်ကို ဝမ်းမြောက်ခြင်းရှိကြလော့ဟု မိန့်တော်မူ၏ (လု ၁၀:၁ရ- ၂၀)။ သခင်ယေရှုက တပည့်တော် ရဝတို့ကို သတင်းကောင်း ပြောဘို့ရန် စေလွှတ်ခဲ့၍ ဝမ်းမြောက်ဝမ်းသာဖြင့် ပြန်လာ ကြသည်။ ဤနေရာ၌ သခင်ဘုရားကနတ်ဆိုး နိင်သောကြောင့် ဝမ်းမမြောက်ပါနှင့် ဟုဆိုသည် မဟုတ်။ နတ်ဆိုးကို နိင်ရသောကြောင့်သာဝမ်းမမြောက်ကြနှင့် ဟုဆိုခြင်း ဖြစ်သည်။ သာဟူသောစကား လုံးသည် အဓိပ္ပါယ် ရှိသည်။ နတ်ဆိုးနိင်ခြင်းကြောင့်လည်း ဝမ်းမြောက် ရမည်။ သူတို့၏ နာမည်စာရင်းကောင်း ကင်၌ ဝင်သောကြောင့်လည်း ဝမ်းမြောက် ရမည်။ 
 
 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG