Periodical: Good News, October 2019

Home  >  Periodicals > October 2019

gn1019

OCTOBER 2019

GOOD NEWS PERIODICAL

.

မာတိကာ

  • ကယ်တင်ခြင်း
  • တံပိုးမှုတ်ပွဲ နှင့် ချီဆောင်ခြင်း
  • ဇာတိနှင့်၀ိညဥ်လူ
  • ခေတ်ကာလများ
  • အမေရိကန်နိုင်ငံအ​ခြေအနေ
  • ကျမ်းစာဖတ်ကြစို့
  • အမှုတော် ဆောင်သင်တန်း

  • အမှာစာ

    စက်တင်ဘာလ၃၀ ရက်နေ့သည် တံပိုးမှုတ်ပွဲ ဖြစ်သောကြောင့် ချီဆောင်ခြင်း ဖြစ်နိုင်သည်ဟု ခရစ်တော်ကို မျှော်လင့်နေသော သူများက မျှော်လင့်ကြပါသည်။ သို့ သော် ချီဆောင်ခြင်း မဖြစ်လာပါ။ ထိုသို့ မဖြစ်ခြင်းသည် ဘုရားသခင်၏ အချိန် မကျရောက် သေးသောကြောင့် ဖြစ်သည်။ ခရစ်ယာန် အများစုသည် အဘယ်ကြောင့် ချီဆောင်ခြင်းကို မမျှော်ကြသနည်း။ ပေတရုက၊ မိမိတို့၏ တပ်မက်ခြင်း အတိုင်း ကျင့်နေသောကြောင့် (၂ပေ၃:၃)ဟု ဆိုထားပါသည်။ ဆက်လက်၍၊ "လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည် အတိုင်း၊ ထာ၀ရ ဘုရားသည် ဂတိတော် အရာမှာနှေးတော် မမူ။ ငါတို့တွင် အဘယ်သူ မျှမပျက်စီးဘဲ၊ ရှိသမျှ တို့သည် နောင်တ ရစေခြင်းငှါ အလိုတော် ရှိ၍၊ ငါတို့ ကိုသည်း ခံတော်မူ၏။" (၂ပေ၃:၉)ဟု ရေးထားပါသည်။ သင့်ကို မပျက်စီးစေချင် သောကြောင့် ခရစ်တော် မကြွရောက်လာသေးခြင်း ဖြစ်သည်။သို့ သော်လူအများစုသည် ထိုအရာကို မသိသောကြောင့် ဂရုမစိုက်၊ ပျက်ရယ်ပြုကြခြင်း ဖြစ်သည်။

    ယုံကြည်သူ များသည် ခရစ်တော်၏ သတို့သမီးလောင်းများ ဖြစ်သည်။ ခရစ်တော် နှင့်စေ့စပ်ထား သူများ ဖြစ်ကြသည် (၂ကော၁၁:၂)။ စေ့စပ်ထားသော သတို့သမီးလောင်းသည် သတို့သား လာ၍ လက်ထပ်မည့် အရာကို မမျှော်လင့်၊ ဂရုမစိုက်၊ မကြားလိုပါက၊ သတို့ သားလောင်းမည်မျှ၀မ်းနည်းစိတ်ပျက်မည်နည်း။ သတို့သမီးလောင်းသည် အဘယ်ကြောင့်သတို့သား လာမည့် အရာကို မမျှော်လင့်သနည်းဟူမူကား အခြားချစ်သူရှိနေသောကြောင့် ဖြစ်သည်။သို့ ဖြစ်လျှင် ယုံကြည်သူ များသည် အဘယ်အရာကို ချစ် နေကြသနည်း။လောက အရာကို ချစ် နေကြသည်။ ယောဟန်က၊လောကကို ချစ်သော သူသည် ခမည်းတော်ကို ချစ်ခြင်း မေတ္တာမရှိဟု ဆိုသည် (၁ယော၂:၁၅)။ သင်သည် ခရစ်တော်ထက်လောကကို ချစ်နေပါသလော။လောကသည် ခင်ပွန်းသည်၊ သားသမီး၊ မိဘ၊ ငွေ၊ အိမ်၊ အလုပ်၊ အပျော်အပါး၊ ၀ါသနာ၊ အားလုံး ဖြစ်သည်။ ထိုအရာများကို အဓိကထားနေလျှင် ထိုအရာများကို ချစ်ခြင်း ဖြစ်သည်။ ခရစ်တော် ကြွလာမည့် အရာကို မျှော်လင့်သော သူသည်၊လောကကို မချစ်တော့ချေ။ ပြသနာလည်း မလုပ်ဘဲ၊ စိတ်ရှည်သီးခံနိုင်သည်။ ခရစ်တော် ကြွလာမည့် အရာမျှော်လင့်သူသည် ခရစ်တော် နှစ်သက်သေ ာ ပျောက်ဆုံး၀ိညာဥ်များကို ဖမ်းချင်သည်။ ၀ိညာဥ် သဘော နှင့်ပို၍ အသက် ရှင်လာနိုင်သည်။လောကီရေးနှင့်နှင့် မညစ်ညူး ဘို့ ရန်သတိထားလာသည်။ လူများကို ဂရုစိုက်၍ ကူညီမစလာနို်င်သည်။ ထို့ကြောင့်သင်သည်လည်း ခရစ်တော် ကြွလာမည့် အရာကို မျှော်လင့်သောသူ ဖြစ်ပါစေဟု တိုက်တွန်းပါသည်။

    ဆရာမောဇက်ထောင်ကျုံး

    .

    ကယ်တင်ခြင်း

    ကယ်တင်ခြင်းသည် လူ၏ လုပ်ဆောင်ချက်အား ဖြင့် မဟုတ်ပါ။ဟုတ်ပါက ကယ်တင်ခြင်းဟု ဆိုစရာ မရှိပါ။ လူ၏ စိတ်ထဲ၌ သင်ပေးစရာ မလိုဘဲ၊ကိုယ်လုပ်မှရသည်ဟု သော ဆောင်ပုဒ်သည် စွဲ နေကြသည်။ ကျမ်းစာ က၊ "ငါတို့ ကျင့်သော ​ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိ သနားခြင်း ကရုဏာတော်နှင့် အညီဒုတိယမွေးခြင်းနှင့် ဆိုင်သော ဆေးကြောခြင်း အားဖြင့်၎င်း၊ သန့်ရှင်းသော ၀ိညာဥ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။" (တိတု၃:၅)ဟု ဆိုထားသည်။

    "ဘုရားသခင်သည် ငါတို့ ကျင့်သော အကျင့်ကို ထောက်တော် မမူ။ ရှေးကပ်ကာလ မရောက်မှီ၊ ယေရှုခရစ် အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင် ကြံစည်တော်မူသော ကျေးဇူးတော် နှင့်အညီ၊ ငါတို့ကို ကယ်တင်၍၊ သန့်ရှင်း၊ သော အရာ၌ ခေါ်သွင်းတော်မူ၏။" (၂တိ၁:၉)

    "ယုံကြည် သော အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ကိုယ်အလိုအလျာက်ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူ ရာ ဖြစ်သတည်း။ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်း သို့ ရောက်သည် မဟုတ်။သို့ ဖြစ်၍ အဘယ်သူ မျှ၀ါကြွားစရာ အခွင့်မရှိ။" (ဧဖက်၂:၈-၉)

    ပေါလုကအထက် ပါက ျမ်းပိုဒ်များ၌ ငါတို့၏ လုပ်ဆောင်မှု မပါဘဲ၊ ကျေးဇူးတော်ကြောင့် ကယ်တင်သည်ဟု ဆိုသည်။ ထိုအရာကို သဘောတူ လက်ခံဘို့ သာလျှင် ဖြစ်ပါသည်။

    အကျင့်နှင့်ကျေးဇူးတော်

    "ကျေးဇူးတော် အားဖြင့် ရှိလျှင်၊ကိုယ်ကျင့်သော အကျင့်အားဖြင့် မရှိ။ ရှိလျှင် ကျေးဇူးသည် ကျေးဇူး မဟုတ်။ကိုယ်ကျင့်သော အကျင့်အားဖြင့် ရှိလျှင်၊ ကျေးဇူးအားဖြင့် မရှိ။ ရှိလျှင်ကိုယ်ကျင့်သော အကျင့်သည် အကျင့် မဟုတ်။" (ရော၁၁:၆)

    ပေါလုကအကျင့်နှင့်ကျေးဇူးတော်သည် ဆန့်ကျင် ဖက် ဖြစ်ကြောင်း ကို အထက် ပါက ဲ့သို့ ရှင်းပြသွားခဲ့သည်။ ကျေးဇူးတော်သည် သနားခြင်း ဂရုဏာကို ဆိုလိုသည်။ အလုပ်လုပ်သူတိုင်း လုပ်ခရရှိကြသည်။ လုပ်အား ခသည် သူဌေးကသနားသောကြောင့့်ပေးသည် မဟုတ်၊ အလုပ်လုပ်သောကြောင့် ပေးခြင်း ဖြစ်သည်။ အလုပ်မလုပ်နိုင်သော်လည်း သူဌေးကပိုက်ဆံပေးလျှင် ထိုအရာသည် သနားသောကြောင့်၊ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ ထိုနည်းတူ ကယ်တင်းခြင်းသည်လည်း ဘုရား၏ လူသား များအပေါ်သနားခြင်း သက်သက်ကြောင့်ပေးသော အရာ ဖြစ်သည်။

    ဖြောင့်မတ်ခြင်း

    လူသည် ဘုရား ရှေ့၌ မ​ဖြောင့်မတ်ကြပါ။ကိုယ့်ကိုကိုယ်လည်း သိ နေကြသည်။ ထို့ကြောင့် ဘုရားသခင်က လက်ခံလာအောင် ​ဖြောင့်မတ်ဘို့ ကြိုးစား ကြသည်။သို့ သော်လူသည် ဘုရားသခင် ရှေ့တော်၌ မည်သို့ မျှမ​ဖြောင့်မတ်နိုင်ကြပါ။ ပေါလုက၊ "ငါတို့ အဘအာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ် အကျိုးကို ရသနည်း။ ၂အာဗြဟံသည် အကျင့်အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်သည် မှန်လျှင် ၀ါကြွားစရာ အကြောင်း ရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထို သို့မဟုတ်။ ၃ကျမ်းစာ၌ အဘယ်သို့ လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည် ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ​ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်တော်မူ၏။ ၄အကျင့်ရှိသော သူမည်သည် ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည် မဟုတ်။ ခံထိုက်သော အားဖြင့် ခံရ၏။ ၅အကျင့်မရှိသော သူမည်သည် ကား၊ မတရားသော သူ၏ အပြစ်ကို ​ဖြေသော သူကို ုယုံကြည် လျှင်၊ သူ၏ ယုံကြည်ခြင်းကို ​ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်လျက် ရှိ၏။" (ရော၄:၁-၅)

    အပြစ် စီရင်ခြင်း

    လူတိုင်း အပြစ် အတွက် တရားစီရင်ခြင်း ခံရမည်ဟု ယုံကြည် ကြသော်လည်း၊ ထိုအပြစ် စီရင်ခြင်း မှလွတ်မြောက်ဘို့ ရန်မ ကြိုးစား ကြချေ။သို့ သော် ဘုရားသခင်က ဤသို့ လူတိုင်းကို ဘိတ်ခေါ်နေသည်၊ "ထာ၀ရ ဘုရား မိန့်တော်မူသည် ကား၊ လာကြ၊၊ တရားစီရင်ကြကုန်အ့့့ံ၊၊ သင်တို့ အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့် အမျှနီသော်လည်း၊ သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်၊၊" (ဟေရှာယ၁:၁၈)မည်သည့်တရားရုံးကမျှအထက် ပါက ဲ့သို့ မခေါ်တတ်ကြချေ။ ဘုရားသခင်က တရားစီရင်ဘို့ ခေါ်သော်လည်း အ​ဖြေပါပြောလိုက်သည်။ လူ၏ အပြစ်သည် နီသော်လည်း မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ့်မည်ဟု ဆိုသည်။ ဆိုလိုသည် မှာအပြစ် ကင်းမည်ဟု ဆိုခြင်း ဖြစ်သည်။

    တဖန် ခရစ်တော် က၊ "သားတော်ကို ယုံကြည် သော သူသည် အပြစ် စီရင်ခြင်းကို မခံရ။ မယုံကြည် သော သူမူကား၊ ဘုရားသခင်၌ တပါးတည်း သော သားတော်ကို မယုံကြည် သောကြောင့် ယခုပင်အပြစ် စီရင်ခြင်းကို ခံရ၏။" (ယော၃:၁၈)ဟု သူ့ကို ယုံကြည် ဘို့ ရန်ပြောထားသည်။ သင်သည် သားတော် ယေရှုကို ယုံကြည်လျှင် အပြစ် စီရင်ခြင်းကို မခံရ။ အပြစ် စီရင်ခြင်း မခံရလျှင် ငရဲမီးအိုင် သွားစရာ မလိုတော့ချေ။ သခင်ယေရှုကို သင်ယုံကြည် ပါသလား။

    ထာ၀ရ အသက်

    သက်ရှိသတ္တ၀ါတိုင်း မသေချင် ကြချေ။ လူတိုင်း အသက် ရှင်ချင် ကြသည်။ အသက် သေမှာစိုးသောကြောင့်၊ အလုပ်လုပ်ကြသည်။ နေမကောင်းသောအခါ၌ လည်း ဆေးသောက်ကြ၊ ဆရာ၀န်ဆီသွားကြ၊ ကုသခြင်း ခံကြသည်။သို့ သော်ကိုယ်ခန္ဓာအသက်သည် မည်မျှပင် ကျန်းမာ၍ ရှည်ပါစေ၊ တနေ့ကျလျှင် သေမှာသေချာနေသည်။သို့ သော်လူသည် အမျှော်အမြင် မရှိသောကြောင့် ကိုယ်ခန္ဓာအသက်ကို သာလျှင် တန်ဘိုး ထား၍ ဂရုစိုက်ကြသည်။ကိုယ်ခန္ဓာအသက်သည် ခဏ သာရှင်မှာ ဖြစ်သောကြောင့် ဘုရားသခင်က ထာ၀ရ အသက်ကို လူတိုင်း ထံပေးသည်။ ထိုအရာကို ကျမ်းစာ၌ ဤသို့ ရေးထားသည်၊ "ဘုရားသခင်သည် ငါတို့အား ထာ၀ရ အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသော သူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော် မရသော သူမူကား အသက်ကို မရ။" (၁ယော၅:၁၁-၁၂)

    မိတ်ဆွေ၊ ထာ၀ရ အသက်ကို လက်ခံလိုက်ပါ။ အခမဲ့ပေးခြင်း ဖြစ်သည်။ ဂရုမစိုက်ဘဲ မနေပါနှင့်။ ထာ၀ရ အသက် မရလျှင် ထာ၀ရ သေခြင်း တည်း ဟူသော၊ မီးငရဲအိုင်ထဲ၌ ထာ၀ရ ဒုက္ခ ခံမှာ ဖြစ်သည်။ ထိုနေရာရောက်မှနောင်တ ရနေသော်လည်း၊ မည်သို့ မျှလွတ်လမ်းရှိတော့မည် မဟုတ်။ ထို့ကြောင့်သင်၏ကိုယ်ခန္ဓာအသက် မကုန်မှီဘုရား ပေးထားသော ထာ၀ရ အသက်ကို ရယူလိုက်ပါ။ ထိုအသက်သည် သားတော် ယေရှု၌ ရှိသည်။ သားတော်ကို မိမိ စိတ်နှလုံးတံခါးဖွင့်၍ ခေါ်ဘိတ်လက်ခံလိုက်ပါ။ ဆုတောင်းခြင်း ဖြင့် ရိုးရိုးလေးခေါ်ဘိတ်လိုက်ရုံ ဖြစ်သည်။

    .

    တံပိုးမှုတ်ပွဲနှင့် ချီဆောင်ခြင်း

    စက်တင်ဘာလ၃၀ ရက်နေ့၌ ချီဆောင်ခြင်း ဖြစ်နိုင်သည်ဟု စာအား ဖြင့် ဖြစ်စေ၊ နှုတ်အား ဖြင့် ဖြစ်စေ​ကျွန်တော် သတိပေးခဲ့သည်။သို့ သော်မ ဖြစ်လာခဲ့ပါ။ ထိုသို့ မဖြစ်သေးခြင်းသည် ဘုရားသခင်၏ အချိန် မကျရောက် သေးသောကြောင့် ဖြစ်သည်။ သတိပေးခဲ့စဥ်ကလည်း ဖြစ်နိုင်သည်ဟု ဆိုခဲ့သည်။ ဖြစ်ကို ဖြစ်ရမည်ဟု မဆိုခဲ့ပါ။ ယခုနှစ်မ ဖြစ်လျှင် နောက်တနှစ် စောင့်ကြည့် ရမှာ ဖြစ်သည်။ အဘယ်ကြောင့်ထိုနေ့၌ ဖြစ်နိုင်သည်ဟု ဆိုခဲ့ရသနည်း။ အကြောင်း ရင်းရှိသည်။ ရက်သတ်မှတ်ခြင်း မဟုတ်ပါ။

    ပွဲခုနှစ်မျိုး

    ဘုရားသခင်က ဣသရေလ လူများကို တနှစ်လျှင် ပွဲခုနှစ်မျိုး ကျင်းပခိုင်းသည် (၀တ်၂၃)။ ထိုပွဲများသည် အရိပ် ဖြစ်၍ ခရစ်တော် ကအားလုံး ပြည့်စုံစေမှာ ဖြစ်သည်။ သူကိုယ်တိုင်က၊ "ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည် မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသည် တည်း။" (မ၅:၁ရ)ဟု ဆိုခဲ့သည်။ ပေါလုကလည်း၊ "စားသောက်ခြင်း အမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်း အမှုတွင် သင်တို့ကို အဘယ်သူ မျှမစစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့သည် နောက် ဖြစ်လတံ့သော အရာတို့၏ အရိပ် ဖြစ်ကြ၏။ကိုယ်မူကား ခရစ်တော်၏ကိုယ် ဖြစ်၏။" (ကော၂:၁၆)ဟု ရေးခဲ့သည်။ ပွဲနေ့များသည် မည်ကဲ့သို့ အရိပ် ဖြစ်၍ ခရစ်တော် ကမည်ကဲ့သို့ ပြည့်စုံစေခဲ့သနည်း။ ကြည့်ကြပါစို့။

    ပသခါပွဲ

    ဘုရားသခင်က အဲဂုတ္တု ပြည်၌ ​ကျွန်ခံသော ဣသရေလ လူများကို ကယ်နှုတ်သောအခါ၊ နိသန်(တန်ခူး)လ၁၄ ရက်နေ့ညတွင် ပသခါပွဲကို ကျင်းပခိုင်းခဲ့သည်။ ပသခါ သိုးသငယ်၏ အသွေးအား ဖြင့် ဣသရေလ လူများသည် သေခြင်း မှလွတ်မြောက်ခဲ့သည် (ထွက်၁၂)။ ထိုအရာသည် အရိပ် ဖြစ်သည်။ တလောက လုံး၏ ပသခါ သိုးသငယ်သည် သခင်ယေရှု ဖြစ်သည် (၁ကော၅:ရ)။ သခင်ယေရှုအား ဖြင့် ယုံကြည်သူ များသည် အပြစ် စီရင်ခြင်း မှလွတ်မြောက်နိုင်သည်။ ဣသရေလ လူများက ခရစ်တော်ကို ပသခါပွဲနေ့၌ မသတ်ချင် ကြသော်လည်း၊ သူတို့ကိုယ်တိုင်မနေနိုင်ဘဲ တညလုံးတရားစွဲပြီးမှပွဲနေ့တွင် သတ်လိုက်ကြသည်။ သခင်ယေရှုသည် ပသခါပွဲနေ့တွင် အသတ်ခံခြင်းအား ဖြင့် ပသခါပွဲသည် ပြီး ပြည့်စုံခဲ့ပြီ။ နောက်ထပ်ပသခါပွဲ ပြုလုပ်စရာ မလိုတော့ချေ။ ပသခါပွဲအကြောင်း အသေးစိပ်ကို ထွက်မြောက်ရာ၁၂တွင် ဖတ်ပါ။

    အဇုမပွဲ

    နိသန်(တန်ခူး)လ၁၅ ရက်နေ့မှစ၍ ၂၁ ရက်နေ့အထိတပတ်တိတိ်အဇုမတည်း ဟူသော တဆေးမဲ့မုန့်ပွဲကို ကျင်းပခိုင်းသည်။ "ပဌမ လဆယ်လေး ရက်နေ့ညဦးယံ၌၊ ထာ၀ရ ဘုရား၏ ပသခါပွဲ ဖြစ်၏။၎င်းလဆယ်ငါး ရက်နေ့၌ ထာ၀ရ ဘုရား အဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကို စားရကြမည်။" (၀တ်၂၃:၅-၆)။ ဣသရေလ လူများသည် ပသခါပွဲအပြီးတွင် တဆေးများကို အိမ်မှရှင်းလင်းကာတဆေးမဲ့မုန့်ကို တပတ်စားရကြသည်။ တဆေးသည် အပြစ် ဖြစ်သည် (၁ကော၅:ရ)။ ခရစ်တော် ကဖရိရှဲတဆေး၊ ဇဒ္ဒုကဲတဆေး၊ ဟေရုဒ်၏ တဆေးတို့ကို ရှောင်ခိုင်းသည် (မ၁၆:၆၊ မာ၈:၁၅)။ ထိုတဆေးများ တည်း ဟူသော အပြစ် အားလုံးကို ဘုရားသခင်က၊ သခင်ယေရှု အပေါ်တွင် တင်၍ သူ့ကို သင်္ဂြိုလ်သောအခါ၊ မြှုပ်နှံခြင်းအား ဖြင့် ပြည့်စုံသွားပြီး ဖြစ်သည်။

    အဦးသီးသော အသီးပွဲ

    နိသန်(တန်ခူး)လ၁၆ ရက်နေ့တွင် အဦးသီးသော အသီးပွဲ ကျင်းပရသည်။ "သင်တို့သည် ငါပေးသော ပြည်သို့ ရောက်၍ စပါးရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှုိင်းတစည်းကို၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။ သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်း ငှါ၊ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှုိင်းကို ထာ၀ရ ဘုရား ရှေ့တော်၌ ချီလွှဲရမည်။" (၀တ်၂၃:၁၀-၁၁) ဘုရားသခင် အတွက် အဦးသီးသော အသီးသည် သခင်ယေရှု ဖြစ်ကြောင်း ပေါလုကဤသို့ ရေးထားသည်၊ "ခရစ်တော်သည် သေခြင်း မှထမြောက်တော်မူ၍၊ အိပ်ပျော်သော သူတို့တွင် အဦးသီးသော အသီး ဖြစ်တော်မူ ပြီ။" (၁ကော၁၅:၂၀)။ ခရစ်တော်သည် အဦးသီးသော အသီး ဖြစ်သောကြောင့် နိသန်လ၁၆ ရက်နေ့တနဂ်​ေနွနေ့တွင် ထမြောက်ခဲ့ပြီ ဖြစ်သောကြောင့် အရိပ်သည် ပြည့်စုံခဲ့ပြီ။

    ပင်တေကုတ္တေပွဲ

    စီဗန်(နယုန်)လတွင် သတင်းများ(ပင်တေကုတ္တေ)ပွဲ ကျင်းပရသည်။ "ချီလွှဲရာပူ​ဇော်သက္ကာကောက်လှုိင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။ သတ္တမဥပုသ်နေ့အလွန် နက်ဖြန်နေ့အထိအရက်ငါးဆယ်တိုင်တိုင်ရေတွက်ပြီး လျှင်၊ ထာ၀ရ ဘုရားအား ဘောဇဥ်ပူ​ဇော်သက္ကာအသစ်ကို ဆက်ရကြမည်။" (၀တ်၂၃:၁၅-၁၆)အဦးသီးသော ပွဲမှရက်ပေါင်း၅၀ရှိသောအခါ သတင်းများပွဲ ကျင်းပရသည်။ ထိုနေ့တွင် ကောက်သစ်မှ ပြုလုပ် သော တဆေးပါသော မုန့်နှစ်လုံးကို ဘုရား ထံပူ​ဇော်ရသည် (၀တ်၂၃:၁ရ)။ ထိုမုန့်နှစ်လုံးသည် တဆေးပါသည်။ ထိုမုန့်နှစ်လုံးသည် ဣသရေလ လလူမျိုးနှင့်တပါးအမျိုးသား နှစ်မျိုးပေါင်းခြင်း ဖြင့် တည်ဆောက်သော အသင်းတော်ကို ပုံဆောင်သည်။ ထိုနေ့ကို ပင်တေကုတ္တေနေ့ဟု ခေါ်သည်။ ပင်တေကုတ္တေစကား လုံးသည် ဓမ္မသစ်ကျမ်းတွင်၊ တ၂:၁၊ ၂၀:၁၆နှင့်၁ကော၁၆:၈များတွင် သာတွေ့ရသည်။ ထိုနေ့တွင် ၀ိညာဥ်တော် ဆင်းသက်၍ အသင်းတော် စတင်ခြင်းအား ဖြင့် ပြည့်စုံသွားပြီး ဖြစ်သည်။ ကျင်းပစရာ နှင့်စောင့်စရာ မလိုတော့ချေ။

    အထက် ပါပွဲများသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်နီးပါးတွင် ခရစ်တော်အား ဖြင့် တိတိကျကျ ပြည့်စုံခဲ့ပြီ။ ဣသရေလ လူများ ကထိုသို့ ပြည့်စုံပြီး ကြောင်းကို မသိကြသောကြောင့် ယနေ့ တိုင် ကျင်းပ နေကြသေးသည်။ ခရစ်ယာန် များလည်း ထိုပွဲများ၏ အကြောင်းကို မသိသောကြောင့် အရိပ်လည်း မမြင်၊ ပြည့်စုံခြင်းလည်း မသိကြသောကြောင့် ဂရုမစိုက်ကြချေ။

    ယခုမ ပြည့်စုံ သေးသော ပွဲ၊ မကြာမှီ ပြည့်စုံမည့် ပွဲသုံးမျိုးကို ဆက်လေ့လာကြပါစို့။ ပွဲလေးမျိုးသည် သတ်မှတ်ထားသော နေ့ရက်များတွင် တိတိကျကျ ပြည့်စုံခဲ့သောကြောင့် လာမည့် ပွဲသုံးမျိုးလည်း၊ သတ်မှတ်ထားသော နေ့ရက်များတွင် ပြည့်စုံမည်ဟု ယူဆရသည်။

    တံပိုးမှုတ်ပွဲ

    "သင်တို့သည် သတ္တမလ၊ ပဌမ နေ့ရက်၌ တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။" (၀တ်၂၃:၂၄)ထီးစရီး(သတင်း ​ကျွတ်)လပဌမ နေ့တွင် တံပိုးမှုတ်ပွဲ ကျင်းပရသည်။ တံပိုးမှုတ်ခြင်းသည် လူစုခြင်း ဖြစ်သည်။ စစ်တိုက်ဘို့ ရန်စစ်သား စုဆောင်းခြင်း နှင့် ဘုရားသခင် ထံစည်းဝေးဘို့ ရန်တံပိုးမှုတ်တတ်ကြသည်။ ခရစ်တော် ကြွလာသောအခါ တံပိုးမှုတ်မည့် အကြောင်း ပေါလုကဤသို့ ရေးထားသည်၊ "နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။" (၁ကော၁၅:၅၂)"သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့် တကွ၊ ကောင်းကင် ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ၁၇ထိုအခါ အသက် ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်း ငှါ၊ ထိုသူတို့နှင့် တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသော အားဖြင့် သခင်ဘုရားနှင့် အတူ အစဥ်မပြတ် နေရကြလိမ့်မည်။" (၁သက်၄:၁၆-၁ရ)။

    ပဌမ လေးပွဲသည် တိတိကျကျပွဲနေ့တွင် ပြည့်စုံခဲ့သည်။ ထို့ကြောင့်တံပိုးမှုတ်ပွဲလည်း ပွဲနေ့တွင် ပြည့်စုံလိမ့်မည်ဟု ယူဆရသည်။ ၂၀၁၉ခုနှစ်တံပိုးမှုတ်ပွဲသည် စက်တင်ဘာလ၃၀ ရက်နေ့ ဖြစ်သည်။ ထိုနေ့တွင် ချီဆောင်ခြင်း မဖြစ်ခဲ့ပါ။ ထို့ကြောင့်၂၀၂၀ခုနှစ်တွင် ပြည့်စုံလိမ့်မည်ဟု မျှော်လင့်ရသည်။ ၂၀၂၀တံပိုးမှုတ်ပွဲနေ့သည် စက်တင်ဘာလ၁၉-၂၀ ရက်နေ့များ ဖြစ်သည်။

    အပြစ် ​ဖြေရာနေ့

    "သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ် ​ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ ဖြစ်၏။ ခြိုးခြံစွာ ကျင့်ရမည်။ ထာ၀ရ ဘုရားအား မီးဖြင့် ပြုသော ပူ​ဇော်သက္ကာကို ဆက်ကပ်ရမည်။ ထိုနေ့၌ အဘယ်အလုပ်ကို မျှမလုပ်ရ။ သင်တို့ ဘုရားသခင် ထာ၀ရ ဘုရား ရှေ့တော်၌ ကိုယ်အပြစ် ​ဖြေခြင်းကို ပြုရသောနေ့ ဖြစ်၏။" (၀တ်၂၃:၂ရ-၂၈)အပြစ် ​ဖြေရာနေ့အကြောင်းကို ၀တ်၁၆တွင် အသေးစိပ်ဖတ်နိုင်သည်။ ဤပွဲကို (စက်တင်ဘာ-အောက်တိုဘာ)သတ္တမလတည်း ဟူသော သတင်း ​ကျွတ်လ၁၀ ရက်နေ့တွင် ကျင်းပသည်။ ထိုနေ့၌ သာလျှင် ယဇ်ပုရောဟိတ်သည် အသန့်ရှင်းဆုံးဌါန၌ ၀င်၍ ဣသရေလ လူများ၏ အပြစ်များအတွက် ပဋ္ဋိညာဥ်သေတ္တာရှေ့နှင့် အပေါ်၌ နွားအသွေး၊ ဆိပ်အသွေးကို ဖြန်းရသည်။ အသက် ရှင်သော ဆိတ်ခေါင်း အပေါ်၌လည်း ပရိသတ်၏ အပြစ် များကို တင်၍ တောသို့ စေလွှတ်ရသည်။ ထိုအရာများသည် အရိပ် ဖြစ်၍ ခုနစ်နှစ်ဘေးဒဏ်ကြီး ကာလ အပြီး သခင်ယေရှု ဒုတိယအကြိမ်ကြွလာသောအခါ ပြည့်စုံမှာ ဖြစ်သည်။ ထို့ကြောင့်အနာဂတ်မှာရှိသေးသည်။ ယခုအခါ ဣသရေလ လူအနည်းငယ်ကသာသခင်ယေရှုကို လက်ခံကြ၍ မျက်စိကန်း နေကြဆဲ ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၏ ခက်ခဲမှုအား ဖြင့် သူလာမည့် အရာကို မျှော်လင့်ကြ၍၊ မသေသော သူအနည်းငယ်က သူတို့၏ ရှင်ဘုရင်အဖြစ် လက်ခံကာ သူတို့၏ အပြစ်များကိုလည်း ​ဖြေလွှတ်ခြင်း ဖြင့် ပြည့်စုံမှာ ဖြစ်သည်။

    တဲပွဲ

    "သင်တို့သည် သတ္တမလဆယ်ငါး ရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံးထာ၀ရ ဘုရား ဘို့ သကေနေပွဲကို ခံရကြမည်။" (၀တ်၂၃:၃၄)ဤပွဲသည် သတ္တမလသတင်း ​ကျွတ်လ၁၅-၂၂ ရက်နေ့များတွင် ကျင်းပသည်။ ဣသရေလ လူများသည် တော၌ နှစ်ပေါင်းလေးဆယ်လှည့်လည်သောအခါ၊ အလုပ်မလုပ်ဘဲ ဘုရားသခင်က ​ကျွေးမွေး၍၊ ဘုရား၏ ​ကျွေးမွေး စောင့်ရှောက်ခြင်းကို သတိရ အောက်မေ့ဘို့ ရန် ကျင်းပခိုင်းသောပွဲ ဖြစ်သည်။ ထိုအရာသည် အရိပ် ဖြစ်၍၊ သခင်ယေရှု ကအနှစ်တစ်ထောင်အုပ်စိုးသောအခါ တကမ္ဘာလုံးရှိ လူသား များကို၊ ၀လင်စွာ ​ကျွေးမွေး မည့် အရာကို ညွှန်ပြခြင်း ဖြစ်သည်။ ထိုအခါ တဲပွဲသည် ပြည့်စုံခြင်းသို့ ရောက်မှာ ဖြစ်သည်။ ထိုသို့ ဘုရားသခင်သည် ပွဲများကို ရည်ရွယ်ချက်အပြည့်၊ အဓိပ္ပါယ်ရှိရှိ ကျင်းပခိုင်းသော်လည်း၊ ဣသရေလ လူများ ကအရိပ်ကို သာသိ၍၊ ပြည့်စုံခြင်းကို မသိသောကြောင့် အချည်းနှီး ကျင်းပကြသည်။ အသင်းတော်သည် ထိုအရာများကို မသိကြသောကြောင့် အရိပ်လည်း မမြင်ပြည် စုံခြင်းလည်း မသိကြချေ။

    .

    ဇာတိနှင့်၀ိညဥ်လူ

    "ဇာတိပကတိနှင့် ၀ိညာဥ်ပကတိသည် တပါးနှင့်တပါးဆန့်ကျင် သော အလိုရှိကြ၏။ တပါးနှင့်တပါးဆန့်ကျင့်ဘက် ဖြစ်၍၊ သင်တို့သည် ကျင့်ချင် သော အကျင့်ကို မကျင့်နိုင်ကြ။" (ဂလာ၅:၁ရ)

    "ညီအစ်ကိုတို့၊ အထက် ကငါသည် ၀ိညာဥ်လူတို့အား ဟောပြော သကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့ အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့ အား၎င်း၊ ဟောပြော သကဲ့သို့ ဟောပြောရ၏။" (၁ကော၃:၁)

    "ဘုရားသခင် ပေးတော်မူသော အရာတို့ကို ငါတို့သည် လူပညာကို အမှီပြု၍ နားလည်သော စကား နှင့်မဟော။ သန့်ရှင်းသော ၀ိညာဥ်တော်သည် ၀ိညာဥ်နှင့် စပ်ဆိုင်သော အရာကို ၀ိညာဥ်စကား အားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသော စကား နှင့်ငါတို့သည် ဟောကြ၏။ ၁၄။ ဇာတိပကတိလူသည် ဘုရားသခင်၏ ၀ိညာဥ်တော် အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသော အရာ ဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ၀ိညာဥ်အားဖြင့် သာပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။" (၁ကော၂:၁၃-၁၄)

    "၀ိညာဥ်သာလျှင် အသက် ရှင်စေ၏။ကိုယ်ကာယသည် အလျှင်း မတတ်နိုင်။ ငါပြောသော စကားသည် ၀ိညာဥ် ဖြစ်၏။ အသက်လည်း ဖြစ်၏။" (ယော၆:၆၃)

    "ဇာတိပကတိနှင့် ၀ိညာဥ်ပကတိသည် တပါးနှင့်တပါးဆန့်ကျင် သော အလိုရှိကြ၏။ တပါးနှင့်တပါးဆန့်ကျင့်ဘက် ဖြစ်၍၊ သင်တို့သည် ကျင့်ချင် သော အကျင့်ကို မကျင့်နိုင်ကြ။" (ဂလာ၅:၁ရ)

    ဇာတိပကတိဟု ပြောသောအခါ ဒုစရိုက်အပြစ် ပြုလုပ်ခြင်းကို သာဆိုလိုသည် မဟုတ်၊ ဘုရားသခင်၏ အလိုတော် နှင့်မညီသော အရာအားလုံးကို ဆိုလိုသည်။ ဇာတိပကတိဟု ဆိုရာတွင် လူ့အမြင်၌ ကောင်းသော အရာ၊ အထူးသဖြင့် ဘုရား တရား၌ စိတ်အား ကြီးခြင်း၊ အမှုတော် ဆောင်ရွက်ခြင်း များလည်း ပါ၀င်သည်။ ယခုဘုရား ဘက်၌ စိတ်အား ကြီး သော ဇာတိပကတိအရာများကို စဥ်းစားကြမှာ ဖြစ်သည်။

    ဣသရေလ လူများသည် ဘုရား ဘက်၌ စိတ်အား ကြီး သော်လည်း ဘုရားကအပြစ် မြင်ခဲ့သည်ကို ဟေရှာယအား ဖြင့် ဤသို့ ဆိုခဲ့သည်၊ "ထာ၀ရ ဘုရား မိန့်တော်မူသည် ဖြစ်၍၊ အကောင်းကင်၊ ကြားလော့၊ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူ ချက်ဟူမူကား၊ ငါ​ကျွေးမွေး ပြုစုသော သားသမီး တို့သည် ငါ့ကို ပုန်ကန်ကြပြီ၊၊ ၃နွားသော်လည်း မိမိ အရှင်ကို သိ၏၊၊ မြည်းသော်လည်း မိမိ သခင်၏ မြင်း​ဇောင်းကို သိ၏၊၊ ဣသရေလ အမျိုးသား တို့ မူကား ငါ့ကို မသိကြ၊၊ ငါ၏ လူမျိုးမူကား၊ မဆင်ချင် တတ်ပါတကား၊၊ ၄ဆိုးယုတ်သော အမျိုး၊ ဒုစရိုက်၀န်ကို ထမ်းရွက်သော လူစု၊ မတရားသဖြင့် ပြုသော အနွယ်၊ ဖောက်ပြန်သော သားသမီး ပါတကား၊၊ ထာ၀ရ ဘုရားကို စွန့်ကြပြီ၊၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ၊၊ ကျောခိုင်း၍ ခွာသွားကြပြီ၊၊" (ဟေရှာယ၁:၂-၄)

    ဘုရားသခင်က ဣသရေလ လူများသည် သူ့ကို မသိကြ၊ မဆင်ချင် တတ်ကြ၊ ဆိုးယုတ်၍ ဒုစရိုက်၀န်ကို ထမ်းရွက်သည်၊ မတရားသဖြင့် ပြုသည်၊ ဖောက်ပြန်သည်၊ ဘုရားကို စွန့်ကြပြီ၊ ဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ၊ ကျောခိုင်း၍ ခွာသွားကြပြီဟု အဘယ်ကြောင့်ပြောသနည်း။ သူတို့သည် ဘုရား တရား၌ အလွန် စိတ်အား ကြီး ကြောင်း ဘုရားကိုယ်တိုင်ကဤသို့ ဆိုထားသည်၊ "ထာ၀ရ ဘုရား မိန့်တော်မူသည် ကား၊ သင်တို့ ပူ​ဇော်သော ယဇ်အများကို ငါသည် အဘယ်သို့ ဆိုင်သနည်း၊၊ မီးရှို့၍ ပူ​ဇော်သော သိုုးကောင်၊ ဆူဖြိုးးအောင် ​ကျွေးသော တိရိစ္ဆာန်တို့၏ ဆီဥနှင့် ငါ၀ပြီ၊၊ နွားနှင့် သိုးသငယ်၊ ဆိတ်တို့၏ အသွေးကို ငါမနှစ်သက်၊၊ ၁၂သင်တို့သည် ငါရှေ့မှာမျက်နှာပြခြင်းငှါ လာကြသောအခါ ငါ့တန်တိုင်းတော်ကို ကျော်နင်းသော သင်တို့၌ ထိုသို့ သော ၀တ်ကို အဘယ်သူ တောင်းသနည်း၊၊ ၁၃အချည်းနှီးသော သူပူ​ဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊၊ သင်တို့ မီးရှို့သော နံ့သာပေါင်းကို ငါရွံ့ရှာ၏၊၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသော နေ့ကိုလည်း ရွံ့ရှာ၏၊၊ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်း တို့ ကိုသည်း မခံနိုင်၊၊ ၁၄ငါ့၀ိညာဥ်သည် သင်တို့ လဆန်းနေ့များနှင့် သင်တို့ ပွဲများကို မုန်း၏၊၊ ငါ့ကို နှောက်ရှက်စရာ ဖြစ်၏၊၊သည်း ခံခြင်း အားဖြင့် ငါပင်ပန်း၏၊၊ ၁၅သင်တို့သည် လက်၀ါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည် မျက်စိကို လွှဲမည်၊၊ များစွာ သော ပဌနာကို ပြုကြသောအခါ ငါသည် နားမထောင်။ သင်တို့ လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။" (ဟေရှာယ၁:၁၁-၁၅)

    ဣသရေလ လူများသည် ဘုရား ဘက်၌ စိတ်အား ကြီး သောကြောင့် များစွာ သော ယဇ်များလည်း ပူ​ဇော်ကြသည်။ ဘုရား ရှေ့မှာလည်း လာကြသည်။ နံ့သာပေါင်းများ ကိုလည်း မီးရှို့ကြသည်။ လဆန်းနေ့၊ ဥပုသ်နေ့များ ကိုလည်း စောင့်ကြသည်။ ဘုရား ခိုင်းသော ပွဲများ ကိုလည်း ကျင်းပကြသည်။ များစွာ သော ပဌနာ ( ဆုတောင်းခြင်း )ခြင်းများကိုလည်း ပြုလုပ် ကြသည်။သို့ သော်အဘယ်ကြောင့် ဘုရားသခင်က၊ သူတို့ကို ရွံရှာ၍သည်း မခံနိုင်သနည်း။ အဘယ်ကြောင့် သူတို့၏ ပွဲများကို မုန်း၍ သူ့ကို နှောက်ရှက်သည်ဟု ဆိုသနည်း။ အဘယ်ကြောင့်သူတို့ တောင်းသော အရာများကို မပေးဘဲ မျက်စိလွှဲပြီး နားမထောင်သနည်း။

    အကြောင်းမှာ သူတို့သည် ဘုရား စိတ်တော် နှင့်တွေ့ဘို့ မဟုတ်၊ မိမိတို့ စိတ်တွေ့ဘို့ ရန်ကိုး ကွယ်ကြသောကြောင့် ဖြစ်သည်။ ဟေရှာယ၂၉:၁၃၌၊ "ထာ၀ရ ဘုရားကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဥ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။"ဟု ဆိုထားသည်။

    သခင်ယေရှု နှင့်ယုဒလူများသည် တချိန်လုံးငြင်းခုံခဲ့ကြသည်။ အကြောင်းမှာ သခင်ယေရှုသည် ၀ိညာဥ်လူ ဖြစ်၍၊ ယုဒလူများသည် ဇာတိလူ ဖြစ်ကြသည်။ သခင်ယေရှု က၀ိညာဥ်စကား ပြောသောအခါ၊ ယုဒလူများ ကနားမလည်နိုင်ကြချေ။ သခင်ယေရှု လက်ထက်၌ ယုဒလူများသည် ဘုရား ဘက်၌ စိတ်အား ကြီး ကြချိန် ဖြစ်သည်။သို့ သော် ဘုရားသခင်၏ အလိုတော်ကို မသိဘဲ စိတ်အား ကြီး ကြသည်။ ယေရှု ကဟေရှာယပြောခဲ့သော အရာကိုကိုး ကား၍ ဤသို့ အပြစ် တင်ခဲ့သည်၊ "လျှို့၀ှက်သော သူတို့ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဥ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပ​ေဒသပေးလျက် ပင်ငါ့ကို အချည်းနှီးကိုး ကွယ်ကြ၏ဟု နောက် ဖြစ်လတံ့သော အရာကို လေျာက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍ မိန့်တော်မူ၏။" (မ၁၅:ရ-၉)။

    ပေါလုကလည်း "ညီအစ်ကိုတို့၊ ဣသရေလ လူတို့သည် ကယ်တင်တော်မူခြင်း သို့ ရောက်စေခြင်း ငှါ၊ ငါ၏ စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်း လေ့ရှိ၏။ ၂ထိုသူတို့သည် မှန်သော ပညာမရှိသော်လည်း၊ ဘုရားသခင် ဘက်၌ စိတ်အား ကြီးသည်ဟု သူတို့ အဘို့ ငါသက်သေ ခံ၏။ ၃ထိုသူတို့သည် ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကို ၀န်မခံကြ။" (၁ကော၁၀:၁-၃)ဟု ရေးခဲ့သည်။ ဣသရေလ လူတို့သည် ဘုရား ဘက်၌ စိတ်အား ကြီး သော်လည်း ကယ်တင်ခြင်းသို့ မရောက်ခဲ့ကြချေ။ ကယ်တင်ခြင်းသို့ မရောက်လျှင် သူတို့၏ စိတ်အား ကြီးခြင်း သည် အချည်းနှီး ဖြစ်သည်။

    ယနေ့ ခရစ်ယာန်လောက၌ လည်း ဘုရား ဘက်၌ စိတ်အား ကြီး သူများ ရှိကြသည်။ ဘုရား အမှုတော်ကို ဆင်းရဲ ပင်ပန်းစွာ ဖြင့် ဆောင်ရွက်သော သူများ ရှိကြ သကဲ့သို့၊ ဘုရား အမှုတော်ကိုလောက စည်းစိမ်ခံစား လိုသောကြောင့် ဆောင်သော သူရိှကြသည်။ ဘုရားသခင်ကို အစွမ်းကုန်အော်ဟစ်၍ ချီးမွမ်းကြ၍၊ ဘုရားကောင်းမြတ်ခြင်းကို ပလ္လင်ပေါ်မှအသား ကုန်ဟစ်ကြသည်။ ဘုရားကြောင့်သာအသက် ရှင်သည်၊ ဘုရားကြောင့်သာကောင်းစားသည် စသည် ဖြင့် အမျိုးစုံပရိသတ်ရှေ့မှာပြောသော်လည်း နေ့စဥ်အသက် တာ၌ ပလ္လင်ပေါ်မှကြွေးကြော် သကဲ့သို့ မဟုတ်ဘဲ၊ ညည်းတွားခြင်း၊ မူးယစ်ဆေး၀ါးများ သုံးစွဲခြင်း၊ သာသနာ ပလူများ ကဲ့သို့ ကျင့်ကြံခြင်း ဖြင့်၊ ဘုရား၏ မျက်နှာကို အိုးမဲသုတ် နေကြသည်။ သူတို့၏ အသက် တာ၌ ၀ိညာဥ် သဘော မရှိခြင်းသည် အဘယ်ကြောင့်နည်း။ အဆံမရှိ၊ အခွံသာလျှင် ဖြစ်သောကြောင့် ဖြစ်သည်။ ပါးစပ်ကသာဘုရားကို နီးကပ်၍ စိတ်နှလုံးမူကား ဘုရား နှင့်ဝေးလှသောကြောင့် ဖြစ်သည်။ သမ္မာတရားအား ဖြင့် ဒုတိယမမွေးကြဘဲ၊ ခံစား ချက်အား ဖြင့် ဘုရားကို ကိုး ကွယ်ကြသောကြောင့် ဖြစ်သည်။ နှုတ်ကပတ်တော်ကို အ​ခြေမခံဘဲ၊ လူ့အကြိုက်ကို လိုက်ကြသောကြောင့် ဖြစ်သည်။ သီချင်းနှင့်တီးသံကို သာအာရုံစိုက်၍၊ သမ္မာတရား၌ အုတ်မြစ်မချကြသောကြောင့် ဖြစ်သည်။ ထို သူများ နောက်သို့ လိုက်ချင် သော သူများ လည်း သူတို့ ကဲ့သို့ သော သူများ ဖြစ်၍ ခဏ လေးဖြင့် လူအုပ်များ တတ်သည်။သို့ သော်အသက် တာကြည့်သောအခါလောက သားများကဲ့သို့ ဖြစ် နေကြသည်။ သင်သည် ထိုသို့ သောသူ ဖြစ်နေပါသလား။ ထိုသို့ သောသူ ဖြစ်လျှင် အမြန် ဆုံး သမ္မာတရား၌ အုတ်မြစ်ချပါ။ နှုတ်ကပတ်တော်ကို ဖတ်ပါ။ နှုတ်ကပတ်တော် အတိုင်း ဟောပြောသော သူများ ကို ရှာပါ။ နားထောင် ပါ။

    .

    ခေတ်ကာလများ

    လူအများစုသည် ခေတ်ကာလ များကို မသိကြ၊ ဂရုမစိုက်ကြချေ။ ခေတ်ကာလ မသိခြင်းသည် များစွာ ဆုံးရှုံးမှု ရှိသည်။ ခေတ်ကာလ မသိသောအခါ မလိုလားအပ်သော အရာများကို စီမံကိန်းချ၍ အချိန် ကုန်လူပင်ပန်းစေသည်။ ခေတ်ကာလ များသည် ဘုရား၏ စီစဥ်မှု ဖြစ်၍ လူတိုင်း သိဘို့ လိုအပ်သည်။ ခေတ်ကလမသိသော ဖာရိရှဲများကို ခရစ်တော် ကဤသို့ ဆိုဘူးသည်၊ "ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည်ကိုယ်တော်ကို စုံစမ်း နှောင့်ရှက်ခြင်းငှါ ချဥ်းကပ်၍၊ မိုဃ်းကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏ ာကို ပြတော်မူ မည်အကြောင်း တောင်းပန်ကြ၏။ ၂ကိုယ်တော် ကလည်း၊ သင်တို့သည် ညဦးယံ၌ ပြောဆို တတ်သည် ကား၊ ယခုမိုဃ်းတိမ်နီသည် ဖြစ်၍ မိုးကြည်လင်လိမ့်မည်ဟု ဆိုတတ်ကြ၏။ ၃နံနက်ယံ၌ ကား၊ ယခုမိုဃ်းအုံ့လျက် ရှိ၏။ နီမောင်းသော အဆင်းလည်း ရှိ၏။ ယနေ့ မိုဃ်းသက်မုန်တိုင်း လာလိမ့်မည်ဟု ဆိုတတ်ကြ၏။ လျှို့၀ှက်သော သူတို့၊ သင်တို့သည် မိုဃ်းကောင်းကင်၏ မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏ ာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။ ၄ဆိုးညစ်၍ မျောက်မထားသော အမျိုးသည် နိမိတ်လက္ခဏ ာကို တောင်းသည် မှာ၊ ပရောဖက် ယောန၏ နိမိလက္ခဏ ာမှတပါးအဘယ်လက္ခဏ ာကို မျှသူတို့အား မပြရာဟု မိန့်တော်မူ ပြီးလျှင် ထိုသူတို့ ရှိရာမှ ထွက်၍ ကြွတော်မူ၏။" (မ၁၆:၁-၄) ခရစ်တော် ကခေတ်ကာလကို မသိသော ဖာရိရဲှများ အား၊ လှုိ့၀ှက်သော သူ(့ပစသခမနအန)ဟူ၍၎င်း၊ ဆိုးညစ်၍ မျောက်မထားသော အမျိုးဟူ၍၎င်းဆိုသည်။ သင်သည်လည်း ခေတ်ကာလကို မသိလျှင် ဖာရိရှဲများ ကဲ့သို့ ဖြစ်၍ ခရစ်တော်၏ အပြစ် တင်ခြင်း ခံရမှာ ဖြစ်သည်။

    ဂေါဂမာဂေါဂစစ်

    ဂေါဂမာဂေါဂစစ်တိုက်မည့် အကြောင်းကို ယေဇကျေလ၃၈နှင့်၃၉၌ ​ေဖါ်ပြထားသည်။ ထိုစစ်သည် ရုရှားဦးဆောင်ခြင်း ဖြင့် အီရန်၊ တူရကီနိုင်ငံတို့ ကအစ္စရေးနိုင်ငံကို တိုက်မည့် စစ် ဖြစ်သည်။ ထိုအကြောင်းကို လွန်ခဲ့သော နှစ်ပေါင်း၂၆၀၀ခန့်က​ေဖါ်ပြခြင်း ဖြစ်သည်။ ထိုစစ်သည် ၁၉၄၈ခုနှစ်မတိုင်မှီတွင် လုံး၀မ ဖြစ်နိုင် သော စစ် ဖြစ်သည်။ အကြောင်းမှာ ထိုနှစ်မတိုင်မှီတွင် တိုက်စရာ အစ္စရေးနိုင်ငံမရှိခဲ့သောကြောင့် ဖြစ်သည်။ အစ္စရေးနိုင်ငံကို ၁၉၄၈ခုနှစ်တွင် စတင်ထူထောင်သောအခါ ထိုစစ် ဖြစ်လာနိုင်သည်။

    ဂေါဂမာဂေါစစ်သည် ၁၉ရ၉ခုနှစ်မတိုင်မှီတွင် မဖြစ်နိုင် ချေ။ အကြောင်းမှာ ထိုနှစ်မတိုင်မီှအထိပါးရှား(အီရန်)နိုင်ငံသည် အစ္စရေး၏ မိတ်ဆွေ နိုင်ငံ ဖြစ်သည်။ ထိုနှစ်တွင် အီရန်နိုင်ငံကို ဘာသာရေးအစွန်းရောက်ခေါင်းဆောင်များကအုပ်စိုးလာသောအခါ၊ ရေနံမှရရှိသော ငွေဖြင့် အစ္စရေးတိုက်ဘို့ လက်နက်မျိုးစုံကို ထုတ်လုပ်၍ အစ္စရေးကို ကမ္ဘာ့ မြေပုံမှ​ေဖျာက်ဘို့ သာလျှင် ရည်ရွယ်ကာ၊ အမြ​ဲတမ်းခြိမ်း​ခြောက်နေသည်။ ယခုအခါ အနှစ်၄၀ရှိပြီ ဖြစ်သည်။ အီရန်နိုင်ငံသည် အစ္စရေးတိုက်ခိုက် ဘို့ ရန်ဟက်စဘောလအကြမ်းဖက်သမားများကို လေဘနုန်နိုင်ငံတွင် မွေးထုတ်၍ ဒုံပျံ၁သိန်းခဲွပေးသည်။ အီရတ်နိုင်ငံကိုလည်း လွှမ်းမိုးနေ၍ အီရန်နိုင်ငံ၏ တပည့် ဖြစ်နေပြီ။ ဆီးရီးယားနိုင်ငံတွင်လည်း ​ခြေကုပ်ယူ၍ စစ်စခန်းများ၊ လက်နက်စက်ရုံများ တည်ဆောက်နေသည်။ တောင်ဖက်တွင်လည်း ယေမင်နိုင်ငံ၌ ဟူတီသူပုန်များကို လက်နက်တပ်ဆင်ပေးနေသည်။ အချိန် မရွေးအစ္စရေးနိုင်ငံကို တိုက်နိုင်သည်။

    တူရကီနိုင်ငံသည် ၂၀၁၀ခုနှစ်မတိုင်ခင်အထိအစ္စရေးနှင့်မဟာမိတ်နိုင်ငံ ဖြစ်၍ စစ်ပူးတွ​ဲလေ့ကျင့်ခြင်းများကိုလည်း ပြုလုပ် တတ်ကြသည်။ အစ္စရေးစစ်လက်နက်များ ကိုလည်း တူရကီက၀ယ်ယူကာမိတ်ဆွေ နိုင်ငံ ဖြစ်ခဲ့သည်။သို့ သော်တူရကီသမတအယ်ဒုိ၀န်တက်ချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးတင်းမာကာ၊ ယခုအခါ ရန်သူနိုင်ငံများ ဖြစ် နေကြပြီ။ တူရကီနိုင်ငံသည် အမေရိကန်ဦးဆောင်သော မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့၀င် ဖြစ်သောကြောင့် အစ္စရေးနှင့်ရန်သူနိုင်ငံ ဖြစ်ဘို့သည် လုံး၀မ ဖြစ်နိုင် ခဲ့ချေ။ တူရကီနိုင်ငံသည် ရုရှားနိုင်ငံနှင့်လည်း ရန်သူနိုင်ငံ ဖြစ်ခဲ့သည်။သို့ သော်ယခုအခါ တူရကီနိုင်ငံသည် ရုရှားနိုင်ငံနှင့်ဖက်လှ​ဲတကင်း ဖြစ် နေကြပြီ။ တူရကီနိုင်ငံသည် ဆူနီမူစလင်များ ဖြစ်၍ အီရန်သည် ရှိအာမူစလင်များ ဖြစ်သည်။ ထိုမူစလင်နှစ်ဂုိဏ်းသည် လုံး၀မတည့်ကြချေ။သို့ သော်တူရကီနိုင်ငံနှင့် အီရန်နိုင်ငံသည် အစ္စရေးရန် သူများ ဖြစ်ကြသောကြောင့် ပြေလည် နေကြသည်။ ထိုနှစ်နိုင်ငံနှင့်ရုရှားသည် ဆီးရီးယားနိုင်ငံ၌ စုကြ၍ မကြာခဏ စည်းဝေးပွဲများ ပြုလုပ်ခြင်း ဖြင့် အစ္စရေးနိုင်ငံကို မြောက်ဘက်မှတိုက်ဘို့သည် အဆင်သင့် ဖြစ်နေပြီ။

    ရုရှားနိုင်ငံသည် အစ္စရေးအာရပ်စစ်ပွဲများတွင် အာရပ်နိုင်ငံများကို ထောက်ခံ၍ စစ်လက်နက်များလည်း ထောက်ပံ့တတ်သည်။ ၁၉ရ၃စစ်ပွဲတွင် အာရပ်နိုင်ငံများ စစ်ရှုံးမည့် အ​ခြေအနေရှိသောအခါ ရုရှား(ဆိုဗိယက်ယူနီယံ)နိုင်ငံစစ်သား များကိုယ်တိုင်ကအစ္စရေးနိုင်ငံကို တိုက်ဘို့ အထိရှိလာသည်။ အမေရိကန်ပြည် ထောင်စုကလည်း ရုရှားပါလာလျှင် အစ္စရေးဘက်မှတိုက်ပေးမည်ဟု ဆိုသောကြောင့် ပြန်ရုပ်သိမ်းရသည်။ အစ္စရေးနိုင်ငံသား အများစုသည် ရုရှားပြည် မှပြန်လာသော သူများ ဖြစ်၍ ရုရှားစကား ပြောသော သူများ၊ ရုရှားစစ်မှု ထမ်းဟောင်းများစွာ ရှိသည်။ ယခုလည်း ရုရှားသမတနှင့်အစ္စရေး၀န်ကြီး ချုပ်တို့သည် မကြာခဏ ဆွေး​ေနွးပွဲ ပြုလုပ် တတ်ကြသည်။သို့ သော်ကျမ်းစာ ကရုရုားနိုင်ငံသည် အစ္စရေးကို တိုက်ဘို့ ရှိသည်။

    ယခုအမေရိကန်သမတထမ်းက၊ ဆီးရီးယားပြည် မှအမေရိကန်စစ်သား များကို ရုပ်သိမ်းမည်ဟု ကျေညာသောအခါ၊ တူရကီနို်င်ငံအကြိုက် ဖြစ်သွားသည်။ တူရကီနိုင်ငံကဆီးရီးယားပြည် ရှိခပ်(ုကမိျ)လူမျိုးများကို ​ခြေမှု န်းဘို့ ကြံစည်ကာဤစာရေးချိန်တွင် လေတပ်မှဗုံးကြ​ဲ နေကြပြီ။ ထိုသို့ သောအား ဖြင့် ဂေါဂမာဂေါဂစစ် ဖြစ်ဘို့သည် အလွန် နီးနေပြီ။ အစ္စရေးနိုင်ငံလည်း အမေရိကန်တပ်များ ရုပ်သိမ်းခြင်းကြောင့် အလွန် စိုးရိမ် နေကြပြီ။ ထိုတိုက်ပွဲမတိုင်မှီတွင် ယုံကြည်သူများချီဆောင်သွားမည်ဟု ယူဆရသည်။ ထို့ကြောင့် ချီဆောင်ခြင်း အလွန် နီးကြောင်း သိနိုင်သည်။

    .

    အမေရိကန်နိုင်ငံအ​ခြေအနေ

    အမေရိကန်နိုင်ငံသည် နှစ်ခြမ်းကွဲနေသည်။ သမတထမ်းအရွေးခံချိန်မှစ၍ သူ့ကို ဖြုပ်ချဘို့ကို သာဒီမိုခရက်ပါတီအမတ်များက ကြိုးစား နေကြသည်။ သမတသည် ၂၀၁၆ခုနှစ်ရွေးကောက်ပွဲတွင် သူအနိုင်ရရှိဘို့၊ ဟီလရီရှုံးနိမ့်ဘို့ အတွက် ရုရှားနှင့်ပူးပေါင်းဆောင်ရွက်သည်ဟု အစွပ်စွဲခံရသည်။ ထိုအရာကို နှစ်နှစ်လုံးလုံးစုံစမ်း ပြီး ​ေဒါ်လာ၂၅သန်းထက် မနည်းကုန်ကျသည်။သို့ သော်သမတထမ်းသည် ရုရှားနှင့်ပူးပေါင်းမှု မရှိကြောင်း စုံစမ်း သူမူလာကထွက်ဆိုသည်။ ယခုအခါ ယူခရိမ်းနို်င်ငံသမတနှင့်မသင့်လျှော်သော စကား ပြောသည်ဟု စွပ်စွဲခြင်း ခံရပြန်သည်။ ဤမျှလောက်သမတကို တိုက်ခိုက်ခြင်း သည် အမေရိကန်သမိုင်း၌ မရှိဘူးချေ။ အမှန်မှာ ဒီမိုခရက်ပါတီသည် ကမ္ဘာ့ နိုင်ငံတည်ထောင်ချင် သူများ ဖြစ်ကြသည်။ ထိုအရာကို (Globalist)ဟု ခေါ်သည်။ ကမ္ဘာ့ နိုင်ငံထူထောင်ချင် သူများ သည်၊ သူဌေးများ ဖြစ်သည်။ သူတို့၏ ပစ္စည်းများကို အကန့်အသတ်မရှိနိုင်ငံတိုင်း၌ ရောင်းချခြင်းအား ဖြင့် ပို၍ ပို၍ ချမ်းသာ ချင် ကြသည်။ ကမ္ဘာ့ ဘီးလျံနာများ (Bill Gate, Jeff Bazos, Warren Buffet, George Soros)၊ ဆက်သွယ်ရေးသူဌေးများ (Google, You tube, facebook)များသည် (Globalist)များ ဖြစ်ကြသည်။ သမတနှင့်၀န်ကြီး ချုပ်များသည် သူတို့၏ တပည့်များ ဖြစ်ကြသည်။ http://honoranddaring.com/who-are-the-globalists/

    ဘေးဒဏ်ကြီး ကာလတွင် ကမ္ဘာကို အန္တိ ခရစ်ကအုပ်စိုးမည်။ ထိုအချိန်သည် ယခုကမ္ဘာ့ အဖြစ်အပျက်များ ကြည့်ခြင်းအား ဖြင့် သိနို်င်သည်။ ွူသဘ​ေူငျအများ ကတိုင်း နိုင်ငံနယ်နိမိတ်များ မရှိဘဲ၊ တနိုင်ငံ တည်း နေလိုကြသည်။ ထိုအကြံကို အောင်မြင် နိုင်ရန်ကမ္ဘာ့ ကုလသမဂ္ဂ(U​ြ)ကို အသုံးပြု နေကြသည်။ မြန်မာန ိုင်ငံသားများတတိယနိုင်ငံသို့ ရောက်ကြခြင်းသည်လည်း ထိုအစီစဥ်အား ဖြင့် ဖြစ်သည်။ ထို့ကြောင့်​ကျွန်ုပ်တို့ကိုယ်တိုင်၊ တတိယနိုင်ငံများ၌ ပြောင်းရွှေ့ခြင်းသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏ ာ ဖြစ်သည်။သို့ သော်ထိုအရာကို မသိသောအခါ ဤလောက၌ တိုးတက်ပျော်ရွှင်ဘို့ကို နည်းမျိုးစုံနှင့်ရှာဖွေ နေကြဆဲ ဖြစ်သည်။ အော်မသိကြပါတကား။

    .

    ကျမ်းစာ ဖတ်ကြစို့

    ဂလာတိ၅

    ၁။ ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်း အခွင့်၌ တည်နေသဖြင့်၊ ​ကျွန်ခံရာထမ်းဘိုးကို ထမ်း၍ ချည်နှောင်ခြင်းကို တဖန် မခံကြနှင့်။

    ဤကျမ်းသည် အခန်း၄၏ အဆက် ဖြစ်သည်။ အခန်း၄၌ ယုံကြည်သူ များသည် ​ကျွန်မဟာဂရ၏သား ဣရှမေလကဲ့သို့ မဟုတ်၊ ​ကျွန်မ မဟုတ်သော စာရာ၏သား ဣဇက်ကဲ့သို့ လူလွတ်များ ဖြစ်သည်ဟု ဆိုခဲ့သည်။ ထိုသို့ ဖြစ်ခြင်းသည် ခရစ်တော်ကို ယုံကြည်ခြင်းအား ဖြင့် ဖြစ်သည်။ ထိုသို့ လူလွတ် ဖြစ်သောကြောင့် ​ကျွန်ခံရာထမ်းဘိုးကို မထမ်း၍ ချည်နှောင်ခြင်း မခံဘို့ ပြောထားသည်။ ထမ်းဘိုးသည် ဘာကို ဆိုလိုသနည်း။ ​ဖြောင့်မတ်ခြင်းသို့ ရောက်ဘို့ ရန်ပညတ်တော် လိုက်လျှောက်ခြင်းကို ဆိုလိုသည်။ ချည်နှောင်ခြင်းသည်လည်း ထိုပညတ်တော် လိုက်လျှောက်ခြင်းကို ဆိုလိုသည်။ ပညတ်တော် လိုက်လျှောက်ခြင်းအား ဖြင့် ဘုရားသခင် ရှေ့၌ ​ဖြောင့်မတ်ဘို့ ကြိုးစားခြင်း သည် ချည်နှောင်ခြင်း ခံသောသူ ဖြစ်သည်။

    ၂။ ငါပေါလုဆိုသည် ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကို ခံလျှင်၊ ခရစ်တော် အားဖြင့် အဘယ် အကျိုးကို မျှမရနိုင်ကြ။

    ဣသရေလ ယောက်ျားတိုင်းသည် ယောက်ျားအဂ်ါ၏ အရေဖျားကို လှီးရသည်။ ထိုသို့ လှီးခြင်းသည် ဘုရားသခင်က အာဗြဟံထံပညတ်ထားခြင်း ဖြစ်၍၊ ဘုရားသခင်၏ လူ၊ ဘုရား နှင့်ပဋ္ဋိညာဥ်ပြုခြင်း၏ အမှတ်အသား ဖြစ်သည် (က၁ရ:၁၀-၁၄)။

    ဘုရားသခင်က ကိုယ်ခန္ဓာအရေဖျားလှီးခြင်းကို ခိုင်းသော်လည်း၊ စိတ်နှလုံးအရေဖျားလှီးကြဘို့ ဤသို့ ခိုင်းထားသည်၊ "သင်၏ နှှလုံးအရေဖျားကို လှီးဖြတ်လော့။ နောက်တဖန် ခိုင်မာသော လည်ပင်းမရှိစေနှင့်။" (တရားဟော၃၀:၆)။ စိတ်နှလုံးခိုင်မာခြင်းသည် အရေဖျားမလှီးခြင်း၏ လက္ခဏ ာ ဖြစ်သည်။ ယုံကြည်သူများ၊ ဒုတိယ မွေးဘွားပြီး သော သူများသည် အရေဖျားလှီးပြီး ဖြစ်ကြောင်း ပေါလုကဤသို့ ရေးထားသည်၊ "ခရစ်တော်၏ အရေဖျားလှီးခြင်း အားဖြင့် ဇာတိပကတိအပြစ်၏ကိုယ်ကို ပယ်ရှင်း၍၊ လက်ဖြင့် မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည် ဖြစ်၍၊ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။" (ကော၂:၁၁-၁၂)။သို့ သော်စိတ်နှလုံးခိုင်မာ၍ ဘုရား စကား နားမထောင်လျှင်၊ အရေဖျားမလှီးသော သူနှင့်တူသည်။ ခရစ်တော် အသေခံ ပြီး နောက်ပိုင်းတွင် ခန္ဓာအရေဖျားလှီးခြင်းသည် အကျိုး မရှိတော့ပါ။ စိတ်နှလုံးအရေဖျားလှီးခြင်း သာလျှင် အကျိုး ရှိသည်။

    ၃။ အရေဖျားလှီးခြင်းကို ခံသောသူ အပေါင်းတို့အား ငါတဖန် သက်သေ ခံသည် ကား၊ ထိုသို့ သော သူသည် ပညတ်တရားကို အကြွင်းမဲ့ကျင့်အံ့သောငှါ ကြွေးတင်သောသူ ဖြစ်၏။

    ကိုယ်ခန္ဓာအရေဖျားလှီးသော သူတို့သည် အဘယ်ကြောင့်ပညတ်တရားကို အကြွင်းမဲ့ကျင့်ဘို့ ရန်ကြွေးတင်သောသူ ဖြစ်သည်ဟု ဆိုသနည်း။ အရေဖျားလှီးသော သူသည် အာဗြဟံသား ဖြစ်၍ ပဋ္ဋိညာဥ်တရားနှင့်ဆိုင်ကာပညတ်တော် လိုက်လျှောက်ဘို့ ဖြစ်သည်။ ဂလာတိယုံကြည်သူ များသည် အရေဖျားပြန်လှီးလျှင် ပညတ်တော်ကို အကုန်အစင်ပြန်လိုက်ဘို့ ဖြစ်သည်။ ခရစ်တော်ကို ယုံကြည် သော သူသည် ပညတ်တရားလက်မှလွတ်သောသူ ဖြစ်သည်။ ပေါလုက၊ "သင်သည် ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်း အားဖြင့် အကျိုး ရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏ အရေဖျားလှီးခြင်းသည် အရေဖျားမလှီးဘဲ ဖြစ်ပြန်၏။" (ရော၂:၂၅)ဟု ရောမအသင်းတော် ထံ၌ စာရေးခဲ့သည်။

    ၄။ ပညတ်တရားအားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်သမျှ သော သင်တို့သည် ခရစ်တော် နှင့်ကွာ၍ ကျေးဇူးတရား၌ မတည်၊ ရေွ့လေျာ့ကြပြီ။

    အဘယ်ကြောင့်ပညတ်တရားအား ဖြင့် ​ဖြောင့်မတ်ရသို့ ရောက်သော သူတို့သည် ခရစ်တော် နှင့်ကွာ၍ ကျေးဇူးတရား၌ မတည်ရေွ့လေျာ့ပြီဟု ဆိုသနည်း။ အမှန်မှာ ပညတ်တရားလိုက်လျှောက်ခြင်းအား ဖြင့် မည်သူမျှ ဘုရားသခင် ရှေ့၌ မ​ဖြောင့်မတ်နိုင်ချေ(ရော၃:၂၀)။ ဣသရေလ လူများသည် ပညတ်တရားအား ဖြင့် ​ဖြောင့်မတ်ဘို့ ကြိုးစား ခဲ့သောကြောင့် ​ဖြောင့်မတ်ခြင်း မရနိုင်ဟု ပေါလုကဆိုခဲ့သည် (ရော၉:၃၁-၃၂)။ ထို့ကြောင့်သင်သည်လည်း ပညတ်တရားလိုက်လျှောက်ခြင်း ဖြင့် ​ဖြောင့်မတ်ဘို့ ကြိုးစား သေးလျှင် ခရစ်တော် နှင့်ကွာ၍ ကျေးဇူးတရား၌ မတည် ရွေ့လျော့ပြီ။

    ၅။ ငါတို့ မူကား၊ ယုံကြည်ခြင်း အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်မည်ဟု မြော်လင့်သော ကျေးဇူးတော်ကို ၀ိညာဥ်တော် အားဖြင့် ငံ့လင့်၍ နေကြ၏။

    ဣသရေလ လူများ ကပညတ်တော် လိုက်လျှောက်ခြင်းအား ဖြင့်၊ ​ဖြောင့်မတ်ဘို့ ကြိုးစား ကြသည်။သို့ သော်ငါတို့ မူကား လူ့အပိုင်းမှယုံကြည်ခြင်း၊ ဘုရား အပိုင်းမှကျေးဇူးတော်အား ဖြင့် ​ဖြောင့်တ်ခြင်းကို ရမည်ဟု မြော်လင့်သည်ဟု ဆိုသည်။ ထိုကျေးဇူးတော်ကို ၀ိညာဥ်တော်အား ဖြင့် ဖြစ်သည်။ သင်သည် ယုံကြည်ခြင်း အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်မည်ဟု မြော်လင့်သောသူ ဖြစ်ပါသလော။

    ၆။ ယေရှုခရစ် ထံ၌ အရေဖျားလှီးခြင်း အကျိုး မရှိ။ မခံဘဲ နေခြင်းလည်း အကျိုး မရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်း သာ အကျိုး ရှိ၏။

    အဘယ်ကြောင့် ယေရှုခရစ်၌ အရေဖျားလှီးခြင်း အကျိုး မရှိသနည်း။ အရေဖျားလှီးခြင်း ဖြင့် ​ဖြောင့်မတ်ခြင်း မရနိုင်သောကြောင့် ဖြစ်သည်။ အရေဖျားလှီးခြင်းသည် ဣသရေလ လူများ နှင့်သာဆိုင်၍၊ ဘုရား နှင့်ပတ်သက်သေ ာသူ ဖြစ်ကြောင်း အမှတ်အသား ဖြစ်သည်။ ယေရှုကို ယုံကြည်သူ များသည် စိတ်နှလုံးအရေဖျားလှီးပြီး သောကြောင့် ထိုအမှတ်အသား မလိုတော့ချေ။ ဘုရား နှင့်ဆိုင်သောသူ ဖြစ်ကြပြီ။

    ရ။ အထက် ကသင်တို့သည် ကောင်းမွန်စွာ ပြေးကြ၏။သို့ ဖြစ်၍ သမ္မာတရားကို နားမထောင်စေခြင်းငှါ အဘယ်သူ ဆီးတားသနည်း။

    ယုံကြည်သူ များကို အပြေးသမားနှင့်နှုိင်းယှဥ်ထားသည်။ ဂလာတိယုံကြည်သူ များသည် အစ၌ ယုံကြည်ခြင်းအား ဖြင့် သွားကြသည်။သို့ သော်ဤစာရေးချိန်တွင် ယုံကြည်ခြင်းအား ဖြင့် မဟုတ်တော့ဘဲ ပညတ်တော် လိုက်လျှောက်ခြင်းအား ဖြင့် ဘုရား ရှေ့၌ ​ဖြောင့်မတ်ဘို့ ကြိုးစား လာသောကြောင့် သမ္မာတရားကို နားမထောင်ဘဲ လမ်းလွှဲခြင်း ဖြစ်သည်။ ပေါလုကဂလာတိလူများ ထံ သမ္မာတရားကို နားမထောင်ခြင်းငှါ မည်သူကတားဆီး သနည်းဟု မေးခွန်းထုတ်သည်။

    ၈။ ယခုယူသော အယူကား၊ သင်တို့ကို ခေါ်တော်မူသော သူ၏ ဩ၀ါဒကို အမှီပြု၍ ယူသော အယူ မဟုတ်။

    အယူဆိုသည်မှာ အယူ၀ါဒ သို့မဟုတ် ခံယူချက်၊ ယုံကြည်ခြင်းကို ဆိုလိုသည်။ သူတို့သည် ပေါလုတို့ အစပြောခဲ့သည့်အတိုင်း မဟုတ်တော့ဘဲ၊ ပညတ်တရားလိုက်လျှောက်ဘို့ ပြောသော သူတို့၏ ဩ၀ါဒကို ခံယူကြသောကြောင့်၊ သူတို့ကို ခေါ်တော်မူသော ဘုရား၏ ဩ၀ါဒ မဟုတ်ဟု ပေါလုကဆိုခြင်း ဖြစ်သည်။

    ၉။ အနည်းငယ်သော တဆေးသည် မုန့်စိမ်းတပုံလုံးကို ဖောင်းကြွစေတတ်၏။

    တဆေးသည် မုန့်စိမ်းကို ဖောင်းကြွစေတတ် သကဲ့သို့ အယူ၀ါဒသည်လည်း လမ်းလွှဲစေတတ်သည်။ ထို့ကြောင့် သမ္မာတရား နှင့်ခြားနားသော ဩ၀ါဒများကို ရှောင်ဘို့ လိုသည်။ ဩ၀ါဒမှားခြင်းသည် အလွန် ကြောက်စရာ ကောင်းသည်။ လင်မယား၊သား အမိသား အဖလည်း ကွဲစေနိုင်သည်။ အသင်းတော်လည်း ကွဲစေနိုင်သည်။

    ၁၀။ သင်တို့သည် ကဲွပြားသော အယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု၍ စိတ်စွဲလမ်းခြင်း ရှိ၏။ သင်တို့ကို နှောင့်ရှက်သော သူမည်သည် ကား၊ မိမိ အပြစ် ဒဏ်ကို ခံရလိမ့်မည်။

    ပေါလုကဂလာတိပြည် ရှိယုံကြည်သူများအယူ၀ါဒလွှဲရာမှအမှန်သို့ ပြန်လာလိမ့်မည်ဟု ယုံကြည် မျှော်လင့်သည်။ ၀ိညာဥ်ဖခင်များ အတွက် သားသမီး များအယူ၀ါဒလွှဲမှားလျှင် အလွန် ၀မ်းနည်းရသည်။ အယူ၀ါဒလဲွမှားလျှင် ၀ိညာဥ်ဖခင်များ ကိုလည်း အထင်လွှဲကာပေါင်း၍ မရတော့ချေ။ ထို့ကြောင့်ပေါလုကသူတို့ကို လွှဲမှာစေသော သူများသည် အပြစ် ဒဏ်ခံမည့် အကြောင်း ပြောခြင်း ဖြစ်သည်။

    ၁၁။ တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်း တရားကို ဟောပြောသေးသည် မှန်လျှင်၊ အဘယ်ကြောင့်ညှဥ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ ဟောပြောလျှင်၊ လက်၀ါးကပ်တိုင်တော်ကို ထိမိ၍ လဲစရာ အကြောင်း ပယ်ရှင်းလျက် ရှိ၏။

    ပေါလုသည် အရေဖျားလှီးမည့် အတရားကို မဟောတော့ချေ။ သခင်ယေရှုကို ယုံကြည်ခြင်းအား ဖြင့် ​ဖြောင့်မတ်မည့် အကြောင်း၊ ကျေးဇူးတော် တရားကို သာလျှင် ဟောတော့သည်။ အကယ်၍ အရေဖျားလှီးခြင်း တရားဟောသေးလျှင် ယုဒလူများ ထံမှ ညှဥ်းဆဲခြင်း ခံစရာ မလိုချေ။ ထိုမျှသာမကအရေဖျားလှီးဘို့ ဟောပြောသေးလျှင် လက်၀ါးကပ်တိုင်တော် တရားဟောသောအခါ ထိမိ၍ လဲစရာ အကြောင်း မရှိချေ။ ယုဒလူများ ကလက်၀ါးကပ်တိုင်တော် အကြောင်းကို ကြားသောအခါ၊ ထိမိ၍ လဲကြသည်။ ဆိုလိုသည် မှာစိတ်ဆိုးကြသည်။ အကြောင်းမှာ ခရစ်တော်ကို လက်၀ါးကပ်တို်င်၌ သူတို့ ရိုက်သတ်ကြောင်း အပြစ် တင်ခြင်း ဖြစ်သည်။

    ၁၂။ သင်တို့ကို မေှာက်မှားစေသော သူတို့ကို ပယ်ရှားနှင်ထုတ် စေခြင်းငှါ ငါအလိုရှိ၏။

    ဂလာတိပြည်၍ အသင်းတော်များ၌ မှားယွင်းသော ဆရာများ ကအရေဖျားလှီးခြင်း ခံဘို့ အကြောင်း ပြောကြသည်။ ထို သူများသည် သူတို့ကို မေှာက်မှားစေသော သူများ ဟု ပေါလုကဆိုသည်။ ထိုဆရာများကို ပေါလုကပယ်ရှားနှင့် ထုတ်ဘို့ အလိုရှိသည်။

    ၁၃။ ညီအစ်ကိုတို့၊ သင်တို့သည် လွှတ်ခြင်း အခွင့်ကို ရသောသူ ဖြစ်၏။သို့ သော်လည်း ဇာတိပကတိအား အခွင့်ကို ပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှု ချင်းကို ဆောင်ရွက်ကြလော့။

    ခရစ်တော်ကို ရရှိသောသူ၊ ယုံကြည် သော သူသည် ပညတ်တရားလက်မှ၎င်း၊ အပြစ် ​ကျွန်မှ၎င်း၊ လွတ်သော သူများ ဖြစ်သည်။သို့ သော်ထိုသို့ လွတ်ခြင်းသည်ကိုယ်

    နှစ်သက်သလိုကျင့်ဘို့ မဟုတ်ချေ။ ယုံကြည်သူ သည် လွတ်ခြင်းကို ရသော်လည်း ဇာတိရှိသေးသည်။ ထိုဇာတိအလိုကို မလိုက်ဘဲ ဘုရား အလိုတော်ကို သာလျှင် လိုက်ဘို့ ဖြစ်သည်။ ယုံကြည်သူ အချင်းချင်း၏ အမှုကို ဆောင်ရွက်ခြင်း ဖြင့် ချစ်ခြင်း မေတ္တာကို အသုံးပြုဘို့ ဖြစ်သည်။

    ၁၄။ အကြောင်းမူကား၊ကိုယ်နှင့်စပ်ဆိုင်သော သူကိုကိုယ်နှင့် အမျှချစ်လော့ဟူသော ပညတ်တပါးကို ကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာရောက်၏။

    ကိုယ်နှင့်ဆိုင်သော သူကိုကိုယ်နှင့်အမျှချစ်ခြင်းနှင့် ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်းသည် အကြီးမား ဆုံးပညတ်ပြစ်၍၊ ပညတ်အားလုံး၏ အချုပ် ဖြစ်သည်ဟု သခင်ယေရှု ကဆိုခဲ့ပြီ(မ၂၂:၃ရ-၃၉)။ အကြောင်းမှာ သူတပါးကိုကိုယ်နှင့်အမျှချစ်လျှင် သူ့ကို မပြစ်မှားသည် သာမက၊ သနားမည်၊ ကူညီမစမည်။သို့ သော်သူတပါးကို မချစ်နိုင်ခြင်းသည် ပြသနာ ဖြစ်သည်။ သူတပါးကို ချစ်နိုင်ဘို့ ရန်မှာသခင်ယေရှုကို အုပ်စိုးခိုင်းဘို့ လိုသည်။ သူသည် ချစ်ခြင်း မေတ္တာ ဖြစ်သည် (၁ယော၄:၈)။ ဘုရားသခင်က ၀ိညာဥ်တော်အား ဖြင့် သူ၏ ချစ်ခြင်း မေတ္တာကို ပေးပြီ။ အသုံးပြုဘို့ သာလျှင် လိုအပ်သည်။ အသက် တာကို ဘုရား အုပ်စိုးစေလျှင်၊ သူမြင် သကဲ့သို့ မြင်၍၊ သူကြိုက်နှစ် သကဲ့သို့ ကြိုက်နှစ်သက်မည်။ လူများ ကိုလည်း သူကသနား သကဲ့သို့ သနားလာမှာ ဖြစ်သည်။

    ၁၅။ သို့မဟုတ် အချင်းချင်းကိုက်စားလျှင် အချင်းချင်းဖျက်ဆီးမည်ဟု စိုးရိမ်၍ သတိရ ှိကြလော့။

    အသက် တာကို ဇာတိတည်း ဟူသောကိုယ့်စိတ်ကအုပ်စိုးလျှင် အချင်းချင်းပင်လျှင် မချစ်နိုင်ပါ။ ကိုက်စား၍ ဖျက်ဆီးမှာသေချာသည်။ ထို့ကြောင့်အသက် တာ၌ ဘုရားကို အစဥ်သဖြင့် အုပ်စိုးစေကြစို့။

    ၁၆။ ငါပညတ်သည် ကား၊ ၀ိညာဥ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ ကျင့်လျှင် ဇာတိပကတိ၏ အလိုသို့ မလိုက်ဘဲ နေကြလိမ့်မည်။

    လူသည် အလိုလိုဇာတိကအုပ်စိုးသည်။ ၀ိညာဥ်တော်ကို အုပ်စိုးစေမှသာလျှင် ၀ိညာဥ်တော် ကအုပ်စိုးမှာ ဖြစ်သည်။ ၀ိညာဥ်တော် အုပ်စိုးခိုင်းလျှင် ဇာတိအလိုမလိုက်ဘဲ နေနိုင်မည်။ စားပင်များသည် မကြည့်ရှုဘဲ မကောင်းနိုင်သော်လည်း၊ မြက်ပင်များ မူကား မကြည့်ရှုသော်လည်း အလိုလိုကောင်းနေတတ်ကြသည်။ ထို့နည်းတူဇာတိသည် ကြိုးစားစရာ မလိုဘဲ အလိုလို ဖြစ်လာတတ်သော်လည်း၊ ၀ိညာဥ်မူကား သတိမထား၊ ဂရုမစိုက်၊ အခွင့်မပေးလျှင် အလိုလိုမအုပ်စိုးတတ်ချေ။ ထို့ကြောင့်ဇာတိနှင့်မကျင့်ဘဲ ၀ိညာဥ်အား ဖြင့် ကျင့်ဘို့သည်ကိုယ့်တာ၀န် ဖြစ်သည်။

    ၁ရ။ အကြောင်းမူကား၊ ဇာတိပကတိနှင့် ၀ိညာဥ်ပကတိသည် တပါးနှင့်တပါးဆန့်ကျင် သော အလိုရှိကြ၏။ တပါးနှင့်တပါးဆန့်ကျင့်ဘက် ဖြစ်၍၊ သင်တို့သည် ကျင့်ချင် သော အကျင့်ကို မကျင့်နိုင်ကြ။

    ဇာတိအလိုနှင့်၀ိညာဥ်အလိုသည် ဆန့်ကျင် ဘက် ဖြစ်သည်။ ဇာတိကလောကကို ချစ်၍ အပြစ်ကို ကျူးလွန် ချင်သည်။ ၀ိညာဥ်ကဘုရားကို ချစ်၍ ဘုရား အလိုတော်ကို သာလျှင် လုပ်ချင်သည်။ ထိုကြောင့်ဇာတိအလိုကို မလိုက်ဘဲ ၀ိညာဥ်အလိုကို လိုက်ဘို့သည်၊ ယုံကြည်သူ၏ တာ၀န်နှင့်ရွေးချယ်မှု ဖြစ်သည်။ ဘုရားကယုံကြည်သူကို အတင်း အုပ်စိုးမည် မဟုတ်၊ကိုယ်ကအုပ်စိုးခွင့်ပေးမှသာလျှင် အုပ်စိုးမှာ ဖြစ်သည်။

    ၁၈။သို့ သော်လည်း ၀ိညာဥ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့်လွတ်ကြ၏။

    ၀ိညာဥ်အလိုလိုက်လျှင် ပညတ်တရားနှင့် လွတ်သည်ဟု ဆိုခြင်းသည် နားလည်လွှဲနိုင်သည်။ ၀ိညာဥ်အလိုလိုက်လျှင် ဇာတိအလိုမလိုက်တော့သောကြောင့် ပညတ်နေစရာ မလို၊ အလိုလိုဘုရား အလိုတော်ကို လိုက်သဖြင့် လွတ်လပ်သည်။ အပျိုမသည် သူ့ဟာသူထမင်းမချက်သောကြောင့် ခိုင်းဘို့၊ ပညတ်ဘို့ လိုသည်။ အိမ်ထောင်ရှင်မသည် အလိုလိုထမင်းချက်သောကြောင့် ခိုင်းစရာ မလို၊ အလိုလိုအသိစိတ်နှင့်ချက်သောကြောင့် ခိုင်းခြင်း မှလွတ်သည်။

    ၁၉။ ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာ ကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ၂၀ရုပ်တုကိုကိုး ကွယ်ခြင်း၊ သူတပါးကို ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကဲွပြားခြင်း၊ သင်းခဲွခြင်း၊ ၂၁သူ့ အကျိုးကို ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်း မှစ၍ ထိုသို့ သော အကျင့်ပေတည်း။ ထိုသို့ သော အကျင့်ကို ကျင့်သော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြဟု အထက် ကငါပြောနှင့် ခဲ့ပြီးသည် အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။

    အထက် ပါဇာတိပကတိအကျင့်များသည် မကောင်းသော အကျင့်များ ဖြစ်သည်။ ထိုအရာများ သင်၌ ကျင့်နေလျှင်၊ သို့မဟုတ် ကျင့်ချင် နေလျှင်ကိုယ့်ကိုယ်ကို သိ၍ ဆုတောင်း ပါ။ ထိုအကျင့်များသည် စိတ်နှလုံးမထွက်လာ၍ (မ၁၂:၃၄)ကောင်းကျိုးမပေးသောကြောင့် စွန့်ရမည်။ ထိုသို့ စွန့်နိုင်ဘို့ ရန်၊ ၀ိညာဥ်တော် အုပ်စိုးခိုင်းပါ။ ကျမ်းစာ မှန်မှန်ဖတ်ပါ။ ၀ိညာဥ်လူများ နှင့်ပေါင်းသင်းပါ။ ကျမ်းစာ သင်တန်းများ၌ မဖြစ် ဖြစ်အောင် ပါ၀င်ပါ။ ဇာတိလူများကို ရှောင်ပါ။ မကောင်းသော အတွေးများကို ဦးနှောက်ထဲမှ ဖယ်ရှားပါ။

    ၂၂။ ၀ိညာဥ်ပကတိ၏ အကျိုး မူကား၊ ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ စောင့်ခြင်း၊ ၂၃နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ပေတည်း။ ထိုသို့ သော အကျင့်ကို အဘယ်တရားမျှမမြစ်တား။

    ဂရိတ်မူရင်းကျမ်း၌ ၀ိညာဥ်၏ အသီးဟု ဆိုသည်။ ၀ိညာဥ်၏ အသီးများသည် သန့်ရှင်းသော ၀ိညာဥ်တော်အား ဖြင့် ဖြစ်သည်။ ဇာတိအသီးနှင့်ဆန့်ကျင် ဘက် ဖြစ်သည်။ ၀ိညာဥ်အသီးများ သိီးဘို့ ရန်တောင်း၍ မရပါ။ ထိုအသီးသီးနိုင်ရန်ကိုယ်ကိုကို်ယ်ငြင်းပယ်၍၊ သန့်ရှင်းသော ၀ိညာဥ်တော်ကို အုပ်စိုးခိုင်းရမည်။

    ၂၄။ ခရစ်တော် နှင့်စပ်ဆိုင်သော သူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို၎င်း၊ လက်၀ါးကပ်တိုင်မှာရိုက်ထားထားကြပြီ။

    ဇာတိစိတ်နှင့်အလိုဆန္ဒများသည် သေဘို့ လိုသည်။ ထိုသို့ သေနိုင်ရန်သခင်ယေရှု အသေခံခြင်း၌ ပါ၀င်ဘို့ လိုသည်။ သခင်ယေရှု အသေခံ သောအခါ၊ ​ကျွန်ုပ်တို့၏ ဇာတိလည်း သေပြီဟု ခံယူရသည်။ လက်ထပ်သောအခါ အပျိုဘ၀သေသောကြောင့် အပျိုကဲ့သို့ မနေရတော့ပါ။ အအိုကဲ့သို့ နေရသည်။ အကျင့်မပါသောကြောင့် အစပိုင်း၌ မနေတတ်သော်လည်း ကြာလာသောအခါ နေသား ကျလာတတ်သည်။ ထို့နည်းတူယေရှု နှင့်အတူ ဇာတိသေခြင်းကို အသိဥာဏ်အား ဖြင့် ၀န်ခံ၍ ကြာလာသောအခါ အသက် တာ ဖြစ်လာပါလိမ့်မည်။

    ၂၅။သို့ ဖြစ်၍ ငါတို့သည် ၀ိညာဥ်ပကတိကြောင့်အသက် ရှင်လျှင်၊ ၀ိညာဥ်ပကတိအတိုင်း ကျင့်ကြကုန်အံ့။ ၂၆။ အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ရှက်ခြင်း၊ အချင်းချင်းငြူစူခြင်း တို့ကို ရှောင်၍ နေကြကုန်အံ့။

    ၀ိညာဥ်ပကတိတိုင်း အသက် ရှင်ခြင်း နှင့်ဇာတိပကတိတိုင်း အသက် ရှင်ခြင်းသည် ယုံကြည်သူ၏ ရွေးချယ်မှု အပေါ်မူတည်ကြောင်း ထင်ရှားသည်။ ဇာတိအတိုင်း အသက် ရှင်ခြင်းသည် ဆုတောင်းစရာ မလို၊ မည်သူကို မျှအားကိုး စရာ မလို၊ကိုယ် သဘော နှင့်အသက် ရှင်လိုက်ရုံသာ ဖြစ်သည်။သို့ သော်၀ိညာဥ်ပကတိအတိုင်း အသက် ရှင်ဘို့ ရန်မူဘုရား အားကိုး ဘို့ လိုသည်။ ဆုတောင်း ကျမ်းစာ ဖတ်ဘို့ လိုသည်။သို့ သော်ဘုရား အားကိုး ခြင်းသည် အမှန်မှာ ပို၍ လွယ်ကူသော အရာ ဖြစ်သည်။ ထို့ကြောင့်ပေါလုက၀ိညာဥ်ပကတိအတိုင်း အသက် ရှင်ဘို့ တိုက်တွန်းနိုးဆော်ခြင်း ဖြစ်သည်။

    .

    အမှုတော် ဆောင်သင်တန်း

    ဘုရား အလိုတော် ရှိလျှင် လူသစ်များ အမှုတော် ဆောင်သင်တန်းကို ၂၀၂၀​ေဖဖ၀ါရီလတလလုံးလုံး ပြုလုပ် မှာ ဖြစ်သည်။ ထိုသင်တန်း၌ လူသစ်များ နှင့်အမှုတော် ဆောင်ခါစလူများကို သာလက်ခံမှာ ဖြစ်သည်။ ကယ်တင်ခြင်းသို့ ရောက်ပြီး၍ ၀ိညာဥ်များကို ချစ်သော သူများ သာလျှင် လာကြပါ။ ပျောက်ဆုံး၀ိညာဥ်ဖမ်းနည်း၊ ၀ိညာဥ်ခလေးများပြုစုနည်း၊ အသင်းတော် တည်ထောင်နည်း၊ ခေတ်ကာလများအကြောင်း သင်ပေးမှာ ဖြစ်သည်။ ၀င်ကျေး၊ နှင့်စရိတ်များ မလိုပါ။ အခမဲ့သင်ပေးမှာ ဖြစ်သည်။ နေရာ၊ Gospel Baptist Church, 631 N. Meridian St.Greenwood, IN 46143. Saya Moses Cung (240) 367-5366. Email- mosescung1 (at) gmail.com. Facebook-moses cung