Periodical: Good News, September 2019

Home  >  Periodicals > September 2019

gn092019

SEPTEMBER 2019

GOOD NEWS PERIODICAL

.

မာတိကာ

  • ခြိမ်း​ခြောက်ခြင်း
  • ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ပါ
  • အဘယ်​ကြောင့် ကယ်တင်ဘို့ လိုသနည်း
  • လူ၏တန်ဘိုး
  • ချီဆောင်ခြင်း
  • ကျမ်းစာ ဖတ်ကြစို့
  • မီဒီယာကဏ္ဍ
  • အမှာစာ

    ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယနေ့ တိုင် အသက် ရှင်သွားလာလှုပ် ရှားနိုင် ကြသည်။ ယခုလ၊ စက်တဘ်ာလ ၃၀ ရက်နေ့သည် ဣသရေလ များ၏ တံပိုး မှုတ်ပွဲ ကျင်းပနေ့ ဖြစ်သည်။ တံပိုးမှုတ်ခြင်းသည် စစ်တိုက်ဘို့ ရန်စစ်သား စုဆောင်းခြင်း ဖြစ်သည်။ ယခု ဣသရေလ များသည် သူတို့ နိုင်ငံ၌ အများ ဆုံးပြန်လာကြပြီ။ ဒုတိယအများဆုံးသည် အမေရိကန်ပြည် ထောင်စု၌ ဖြစ်သည်။ အဘယ်ကြောင့်ဥရောပတိုက်၌မူ စလင်များ မြောက်များစွာ ၀င်ကြသနည်းဟူမူကား၊ ဣသရေလ လူများကို နှောက်ရှက်၍ သူတို့ တိုင်း ပြည်သို့ ပြန်လာဘို့ တွန်းပို့ဘို့ ရန် ဖြစ်သည်။ တတိယအများ ဆုံးနေထိုင် သော တိုင်း ပြည်သည် ပြင်သစ်ပြည်တွင် ဖြစ်၍၊ မူစလင်များ၏ နှောင့်ရှက်မှု ဖြင့် များစွာ သူတို့ ပြည်သို့ ပြန်လာကြပြီ။ ထို့ကြောင့် ခရစ်တော် ကြွလာဘို့ ရန်အလွန် နီးပြီ။

    တံပိုးမှုတ်ခြင်းသည် ခရစ်တော်ကို ယုံကြည်သူများအတွက် ကောင်းကင်သို့ တက်ဘို့ ရန်ခေါ်ခြင်း ဖြစ်မည်။ ကျမ်းစာ က၊ နောက်ဆုံးသော တံပိုးမှုတ် သောအခါ ခရစ် တော်သည် ယုံကြည်သူ များကို ချီဆောင်ဘို့ ရန်ကြွလာမည်ဟု ဆိုသည် (၁ ကော ၁၅:၅၁-၅၃၊ ၁ သက် ၄:၁၄-၁ရ)။ အကယ်၍ တံပိုးမှုတ်ပွဲ၌ ခရစ်တော် ကြွလာခဲ့သည် ရှိသော်သင်ပါ၀င်မည်လော။ ခရစ်တော်သည် သူ့ကို ရရှိထား သူများ သာလျှင် ချီဆောင် သွားမှာ ဖြစ်သည်။ ထို့ကြောင့် အမြန် ဆုံး ခရစ်တော် ရရှိဘို့ တိုက်တွန်းလိုပါသည်။ ခရစ်တော် ရရှိပြီး လျှင်၊ မိသားစု၀င်များ၊ သူငယ်ချင်းများ၊ ကိုယ့်အနားမှာရှိသော သူများ ကို ခရစ်တော် ရရှိဘို့ တိုက်တွန်းသတိပေးဘို့ လိုသည်။ ချီဆောင်ခြင်း၌ မပါပါက၊ ဘေးဒဏ် ကြီး ကာလ၌ အလူးအလိမ့်ဒုက္ခ ခံကြရမှာ ဖြစ်သည်။ ယခုဘေးဒဏ်ကြီး ကာလ အလွန် နီးသောကြောင့် သဘာ၀ဘေးဒဏ်များလည်း အလွန်များ၍ ပြင်းထန်လာသည်။ လူမှု ကျင့်၀တ်များလည်း အလွန် ယုိယွင်းပျက်ဆီး နေကြပြီ။ နတ်ဆိုး၀ိညာဥ်ဆိုးများ၏ လှုပ် ရှားမှု များလည်း အလွန်များလာသည်။ ကမ္ဘာနိုင်ငံများလည်း စစ်ပွဲတိုက်ဘို့ ရန်နေ့ တိုင်း ကြားနေရသည်။ ရောဂါလည်းများ၍ အစာ ငတ်မွတ် ခေါင်းပါး မှုလည်း အလွန် ပြန့် နှံ့နေပြီ။ စာတန်ကိုး ကွယ်သော သူများ လည်း အလွန်များပြားလှပြီ။ မြို့ကြီးများ၌ တ နေ့တခြားယုိယွင်းပျက်ဆီး၍၊ ဒုစရိုက်များလည်း အလွန် တိုးပွားနေသည်။ ကမ္ဘာလူသား များလည်း ပြောင်းရွှေ့မှု အလွန်များပြားပြီ။ မြန်မာပြည်သား များလည်း တတိယ နိုင်ငံများသို့ အများ အပြားပြောင်းရွှေ့ နေကြပြီ။ ထို့ကြောင့် ချီဆောင်ခြင်းသို့ ရောက် ဘို့ ရန်သည် အရေးကြီး ဆုံး ဖြစ်သည်။ ဤစာစောင်အား ဖြင့် သင်၏ ၀ိညာဥ်မျက်စိမြင် ကာအဆင်သင့် ပြင်ဆင် ကာ ချီဆောင်ခြင်း၌ ပါ၀င်သူ ဖြစ်နိုင် ပါစေ။

    ဆရာမောဇက်ထောင်ကျုံး

    .

    ခြိမ်း​ခြောက်ခြင်း

    ချီဆောင်ခြင်း အကြောင်း ပြော သောအခါ အချို့သော သူများ ကအဘယ်ကြောင့် ခြိမ်း​ခြောက်ခြင်းဟု ထင်ကြသနည်း။ အမှန်မှာ ချီဆောင်ခြင်းသည် ယုံကြည် သူများ အတွက် သက်သာခြင်း၊ မျှော်လင့်ခြင်း၊ ၀မ်းမြောက်ခြင်း ဖြစ်သည်။ ပေါလုက ယုံ ကြည် သူများ ချီဆောင်မည့် အကြောင်းကို သက်သာလောနိတ် အသင်းသားများထံစာ ရေး၍၊ "ဤစကားများအားဖြင့် အချင်းချင်း တယောက်ကို တယောက် သက်သာစေ ကြလော့။ " (၁ သက် ၄:၁၈) ဟု ဆိုခဲ့သည်။ ပေါလုကဤစကားများအား ဖြင့် အချင်း ချင်း၊ ခြိမ်း​ခြောက်ကြလော့ဟု မရေးခဲ့ပါ။ ချီဆောင်ခြင်းသည် ယုံကြည်သူ များ၏ မဂ်လာ ရှိသော မြော်လင့်ခြင်း ဖြစ်ကြောင်း တိတုထံဤသို့ စာရေးခဲ့သည်၊ "မဂ်လာရှိသော မြော်လင့်ရာကို၎င်း၊ ကြီး မြတ်သော ဘုရားသခင် တည်း ဟူသော၊ ငါတို့ကို ကယ်တင် တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျက်၊ ဘုရား မဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘ၀၌ ဣ​ေ¹န​ြစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရား ၀တ်၌ မွေ့လေျာ်ခြင်း တို့ကို ပြုနေရမည်အကြောင်း၊" (တိ ၂:၁၁-၁၂)။

    ထိုသို့ သခင်ဘုရားကြွလာမည့် အရာသည် ယုံကြည်သူ များ၏ သက်သာခြင်း၊ မဂ်လာရှိသော မြော်လင့်ရာ ဖြစ်မည့် အစား၊ ကြောက်စရာ ဖြစ်ခြင်းသည် မိမိတို့ တပ် မက်ခြင်း အတိုင်း ကျင့်နေသောကြောင့် ဖြစ်ကြောင်း ပေတရုကဤသို့ ရေးထားသည်၊ "နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း နေ၍၊ ၄သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ် မှာရှိ သနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းစက ဖြစ် သကဲ့သို့၊ ဖြစ်မြ​ဲ ဖြစ်ကြ၏ဟု ဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့် တကွပေါ်လာကြလိမ့်မည်။ " (၂ ပေ ၃:၃-၄)။ သင်သည် ထိုသို့ သောသူ ဖြစ်နေပါသလော။

    ချီဆောင်ခြင်းသည် ကောင်းကင် သတို့သား ဖြစ်သော ခရစ်တော် က၊ သတို့သမီး တည်း ဟူသော ယုံကြည်သူ များကို လက်ထပ်ဘို့ ရန်အတွက် ကြိုဆိုခြင်း ဖြစ်သည်။ သတို့သမီး သည် မိမိကို လက်ထပ်မည့် သတို့ သား၏ ကြိုဆိုမည့် အချိန်ကို စိတ်လှုပ်ရှားစွာ ဖြင့် ကြိုမည့် အချိန် ဖြစ်သည်။ ယခုမူကြောက်ရွံ့နေလျှင် သတို့သမီး လောင်း မဟုတ် သောကြောင့် ဖြစ်မည်။ ချီဆောင်ခြင်း အပြီးတွင် ဘေးဒဏ်ကြီး ကလာ၌ ခံရမည့် အရာကို ကြောက်သောကြောင့် ခြိမ်း​ခြောက်ခြင်းဟု ဆိုခြင်း ဖြစ်မည်။ ဘေးဒဏ်ကြီး ကာလသည် သိုးသငယ် တည်း ဟူသော ခရစ်တော်၏ အမျက်​ေဒါသ မြေကြီး အပေါ်လောင်းချိန် ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ "လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူ ကြွကယ်၊ ခွန်အား ကြီး သော သူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း ၌ ၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌ ၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များ တို့ကို ခေါ်လျက်၊ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင် တော်မူသော သူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြ ပါ။ အမျက်တော် ထင်ရှားသော နေ့ကြီး ရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင် မည်နည်းဟု ပြောဆို ကြ၏။ " (ဗျာ ၆:၁ရ)။

    အဘယ်ကြောင့် သိုးသငယ်သည် အမျက်ထွက်သနည်း။ အကြောင်းမှာ သိုး သငယ်တည်း ဟူသော ယေရှု ကလောကသား များကို သူ၏ မိန်းမ ဖြစ်ဘို့ တောင်းဆိုခြင်းကို လက်မခံသောကြောင့် ဖြစ်သည်။ ပေါလုကကောရိန်သုအသင်းတော် ထံဤသို့ စာ ရေးခဲ့သည်၊ "ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ကညာကဲ့သို့ ခရစ်တော်အား ဆက်သအံ့သော ငှါ၊ သင်တို့ကို လင်တဦးနှင့် စေ့စပ်ပြီး သောကြောင့် ၀ိညာဥ် ပိုင်းသ၀န်တိုသော စိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။ " (၂ ကော ၁၁:၂) ပေါလုကကောရိန်သု အသင်းသား များကို ခရစ်တော် နှင့် လက်ထပ်ဘို့ ရန် စေ့စပ်ပေး ထားသည်။ စေ့စပ်ခြင်းသည် အပျိုမက လက်ခံမှသာ ဖြစ်မြောက်နိုင်သည်။ ကောရိန်သု အသင်းသား များက ခရစ်တော်ကို လက်ထပ်ဘို့ ရန် သဘောတူသည်။ ပေါလုသည်သူ တို့၏ အောင် သွယ် ဖြစ်သည်။ ထို့ကြောင့် ကောရိန်သု အသင်းသား များက သစ္စာ ​ေဖါက် မှာကို စိုးရိမ် တကြီး နှင့် စောင့်ရှောက်လျက် နေသည်။

    ယနေ့ အမှုတော် ဆောင်များ၊ သက်သေ ခံ သူများ ကလည်း၊ ခရစ်တော်ကိုယ် စားအောင် သွယ်လုပ် နေ ကြသည်။ ခရစ်တော်ကို လက်ထပ်ဘို့ စေ့စပ်ဘို့ ကမ်းလှန်းနေ ကြသည်။ လက်ခံ သူများ ကို မကြာမှီ ခရစ်တော် ကကြိုဆို၍ ကောင်းကင်သို့ ခေါ်သွားမှာ ဖြစ်သည်။ ထို သူများ အတွက် ချီဆောင်ခြင်းသည် မဂ်လာရှိသော မြော်လင့်ရာ ဖြစ်သည်။ သို့ သော် ခရစ်တော်ကို လက်မခံ၊ မစေ့စပ်လိုသော သူများ မူဘေးဒဏ်ကြီး ကာလ၌၊ ခရစ်တော်၏ အမျက်​ေဒါသမီးလောင်ခြင်း ခံရတော့မှာ ဖြစ်သည်။ ထို့ကြောင့် ကြောက် နေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့် ခရစ်တော်ကို လက်မခံချင် ကြသနည်း။ ဤလောကကို ချစ်သောကြောင့် ဖြစ်သည်။ ယောဟန်က၊ "လောကကို၎င်း၊ လောက၌ ရှိသော အရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သော သူမည်သည် ကား၊ ခမည်းတော်ကို ချစ်ခြင်း မေတ္တာမရှိ။ လောက၌ ရှိသမျှ သော အရာတည်း ဟူသောကိုယ် ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ၀ါကြွားခြင်း တို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့် သာစပ်ဆိုင်ကြ၏။ " (၁ ယော ၂:၁၅-၁၆) ဟု ရေးထားသည်။ လောကကို ချစ်သော သူသည် စာတန်ကို ချစ်သောသူ ဖြစ်သည်။ အကြောင်းမှာ ဤလောကသည် စာတန်၏ အပိုင် ဖြစ်သည်။ ထို့ကြောင့် လောကကို ချစ် သော သူကို ယာကုပ်က၊ "မတရားသော မေထုန်၌ မှီဝဲသော ယောကျ်ားမိန်းမတို့၊ လော ကီမိ၏ ဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင့်ဘက် ဖြစ်သည်ကို မသိကြသလော။ ဤလောက နှင့် မိ၏ ဟာယဖွဲ့လိုသော သူသည် ဘုရားသခင်၏ ရန်သူ ဖြစ်၏။ " (ယာ ၄:၄) ဟု ပြင်းပြင်းထန်ထန်ရေးရခြင်း ဖြစ်သည်။ လောက ချစ်သူသည် ​ေဖါက်ပြန်သောသူ ဖြစ်သည်။ ​ေဖါက်ပြန်သော သူသည် ခင်ပွန်းသည် တွေ့မှာကို ကြောက်သည်။ ခရစ်တော်က လည်း၊ "အဘယ်သူ မျှသခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကို မုန်း၍ တဦးကို ချစ် မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏ အစေကို၎င်းမခံနိုင်ကြ။ " (မ ၆:၂၄) ဟု ဆိုခဲ့သည် မဟုတ်လော။ ဘုရားကို မချစ်နိုင်ခြင်းသည်လောကကို ချစ်နေသောကြောင့် ဖြစ်သည်။ လော ကကို ချစ်သော သူသည် သစ္စာ မရှိ​ေဖါက်ပြန်သောသူ ဖြစ်သည်။ သင်သည် ထိုသို့ သော သူမ ဖြစ်ဘို့ ဤစာအား ဖြင့် သတိပေးလိုပါသည်။ ​ေဖါက်ပြန်ပြီး သော သူအနေဖြင့် နောင် တရ၍ သခင်ဘုရား ထံအပြစ် ၀န်ချတောင်းပန်သင့်သည်။ ယောဟန်က၊ "ကိုယ်အပြစ် တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ် များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင် စေခြင်းငှါ ဘုရားသခင်သည် သစ္စာ တရားနှင့်၎င်း၊ ​ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံ တော်မူ၏။ " (၁ ယော ၁:၉) ဟု ရေးထားသည်။ သခင်ဘုရားက၊ "ငါ့ထံသို့ လာသော သူကို ငါသည် အလျှင်း မပယ်။ " (ယော ၆:၃ရ) ဟု ဆိုသည်။ ယခုအချိန် အနည်းငယ်ရှိ သေးစဥ် ခရစ်တော်ကို အမြန် ဆုံး လက်ခံပါ။ သူက၊ "ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက် လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါ၀င်၍ သူနှင့် အတူ စား သောက်မည်။ သူ သည်လည်း ငါနှင့် အတူ စားသောက်ရ လိမ့်မည်။ " (ဗျာ ၃:၂၀) ဟု ဆိုသည်။ ခရစ်တော်သည် သင်၏ စိတ်နှလုံးတံခါးကို ခေါက်နေပါသည်။ သင်၏ တံခါးကို ဖွင့်၍ ၀င်ခွင့်ပေးပါ။ ဤသို့ ဆုတောင်းခြင်း ဖြင့် ဘိတ်ခေါ်နိုင်သည်။ "သ ခင်ယေရှု ဘုရား၊ ​ကျွန်ုပ်၏ စိတ်နှလုံးတံခါးဖွင့်ပါပြီ။ ဂတိတော် အတိုင်း ၀င် တော်မူ ပါ။ ​ကျွန်ုပ်၏ အသက် တာကို အုပ်စိုး တော်မူ ပါ။ အလိုတော် များကို ​ေဖါ်ပြ တော်မူ ပါ။ " အာ မင်။ သင်သည် အမှန်တကယ် စိတ်နှလုံးဖြင့် ခေါ်ဘိတ်လျှင် သူသည် သင်၏ စိတ်နှလုံးထဲ၌ ၀င်ပါလိမ့်မည်။ ဆက်လက်သိလိုိပါက၊ ဆရာမောဇက်ထံ၌ ဖုန်းအား ဖြင့် ဖြစ်စေ၊ စာအား ဖြင့် ဖြစ်စေဆက်လက်မေးမြန်းပါ။ ဖုန်းနံပတ် 301-663-0168. Face book account mosescung. Email. mosescung1 (at) gmail.com.

    .

    ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ပါ

    အဘယ်ကြောင့် ဘုရားသခင်၏ အလိုတော်ကို မဆောင်နိုင်ကြသနည်း။ အဘယ်ကြောင့် ဘုရား အမှုတော် ဆောင်ခြင်းသည် အလွန် ခက်ခဲသည်ဟု မြင် နေကြသ နည်း။ အဘယ်ကြောင့်ကောင်းကင် နိုင်ငံမစွဲလန်းကြသနည်း။ အဘယ်ကြောင့် ခရစ်တော် ကြွလာမည့် အရာကို မမျှော်လင့်သည် သာမက၊ မကြားချင် ပြက်ရယ်ပြု နေကြသ နည်း။ ဘုရား နှင့် ပတ်သက်လာလျှင် စိတ်မ၀င်စားမကြားချင်၊ မေးခွန်းမြောက်များစွာ ရှိ နေ ကြသည်။ ထိုသို့ ဖြစ်ရခြင်းသည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့မချစ်သောကြောင့် ဖြစ်သည်။ ကိုယ်မချစ်၊ မနှစ်သက်သေ ာ သူနှင့် မတွေ့ချင် ကြချေ။ မချစ်သောသူ လာလည်လျှင် အခန်းထဲမှ ထွက်ဘို့ ပင်လျှင် အလွန် ရင်လေးသည်၊ မြန်မြန်ပြန်သွားစေ ချင်သည်။ မချစ်သော သူကို ဘာမျှမပေးချင်၊ ချစ်သူ ဖြစ်လျှင် ရှိသမျှ မက၊ အကြွေးနှင့် ပင်လျှင် ပေးချင်၊ ကေွျးချင်သည်။ ချစ်သူတွေ့ဘို့ ဖြစ်လျှင် မည်မျှပင် ဝေးပါစေသွားချင်သည်။ ချစ်သူနှင့် စကား ပြောလျှင် မ၀နိုင်၊ အချိန် ကုန်လွယ်လွန်းသည်ဟု ထင်သည်။ များစွာ သော ခရစ်ယာန်များ၊ ဘုရား မချစ်သောကြောင့် ပင်ပန်းစွာ ဘုရားကိုး ကွယ် နေကြသည်ကို သနားဖွယ်တွေ့မြင်နေရသည်။ ဘုရားကို ချစ်လျှင် သူ့ကိုကိုး ကွယ်ခြင်းသည် လွန်လွယ်ကူသည် သာမက၊ ၀မ်းမြောက်စရာ ဂုဏ်ယူစရာ ဖြစ်သည်။

    ဘုရား ချစ်ဘို့ ပညတ်

    ဘုရားသခင်ကိုယ်တော်တိုင် က၊ "သင်၏ ဘုရားသခင် ထာ၀ရ ဘုရားကို စိတ် နှလုံး အကြွင်းမဲ့၊ အစွမ်းသတိျွှရှိသမျှနှင့် ချစ်လော့။ ၆ယနေ့ ငါမှာထား သော စကားကို နှလုံးသွင်းရမည်။ ၇ထိုစကားကို သင်၏ သားသမီး တို့အား }ကိုး စား၍ သွန်သင်ရမည်။ အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ၊ အိပ်လျက်၊ ထလျက် ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။ ၈ထိုစကား ကိုလည်း သင်၏ လက်၌ လက္ခဏ ာသက် သေဘို့ ရာ၎င်း၊ သင်၏ မျက်စိကြားမှာသင်းကျစ်ကဲ့သို့၎င်းချည်ထားရမည်။ ၉အိမ်တံခါး၊ +မို့တံခါးတို့၌ လည်း ရေးထားရမည်။ " (တရားဟော ၆:၅-၈) ဟု မှာထားခဲ့သည်။

    ချစ်ဘို့ ရန်ခိုင်း၍ ရပါသလော။ လူတိုင်း ကမရဘူးဟု ဆို ကြသည်။ သို့ ဖြစ်လျှင် အဘယ်ကြောင့်ဘုရားက၊ သူ့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ဘို့ ခိုင်းသနည်း။ မိဘများ၊ သားသမီး များမတတ်နိုင် သော အလုပ်ကို ခိုင်းကြသလော။ သူတို့ တတ်နိုင်သော အမှု များကို သာခိုင်းကြသည် မဟုတ်လော။ ဘုရားသခင်က သူ့ချစ်ဘို့သည် ခိုင်း၍ ရသောကြောင့် ခိုင်းခြင်း ဖြစ်သည်။ သွေးသား တောင့်တမှု တဏှာရာဂစိတ်သည် အပြင်ပန်းလှခြင်း အပေါ်မူတည်၍ ဖြစ်ပွားသည်။ မိန်းမချောချောကယောက်ျားချစ်ခြင်းသည်၊ ရာ ထူး၊ ဂုဏ်ပကာသန၊ ဥစ္စာကြွယ်၀မှု အပေါ်ချစ်တတ်သည်။ ယောက်ျားကလည်း မိန်းမကို ချောသောကြောင့် ချစ်တတ်သည်။ ထိုအရာများ ပျောက်ကွယ်သွားလျှင် မချစ်တော့ ချေ။ သို့ သော်ခလေးများကမိဘများကို အဘယ်ကြောင့်ချစ်သနည်း။ လူတိုင်း ကမိဘ ဖြစ်သောကြောင့်၊ သွေးသားတော် စပ်သောကြောင့် ဟု ​ဖြေ ကြသည်။ မဟုတ်ပါ။ သွေးသား မတော် စပ်သော်လည်း၊ ငယ်ရွယ်စင်ကတည်း ကကြည့်ရှုပြုစုသော သူကို ခလေး တိုင်း ကချစ် ကြသည်။ ခလေးများကလူအထောင်အသောင်းကြားတွင်၊ သူ့ကို ပြုစုယု ယသော သူကို သာလျှင် ရှာတတ်သည်။ ခလေးများကမိဘများကို အရုပ်ချောသောကြောင့်၊ ချမ်းသာ သောကြောင့်၊ ပညာရှိသောကြောင့်၊ တတ်စွမ်းနိုင်သောကြောင့် ချစ်သည် မဟုတ်။ မိဘများ ကခလေး များကို သူတို့ကိုယ်တိုင်ဘာမျှ မသိတတ်ခင်ကတည်း ကပွေ့ပိုက်၊ ယုယ၊ ချစ်မေတ္တာပြသောကြောင့် ချစ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ချစ်ခြင်း မေတ္တာသည် မိ၏ ဟာယဖွဲ့ခြင်းအား ဖြင့် ဖြစ်သည်။ ခလေးများသာမက၊ လူကြီး များလည်း နှစ်ပေါင်းများစွာ ပေါင်းသင်းသော သူများ ကို သံရောဇဥ်တွယ် ကြသည်။ သံရော ဇဥ်သည် ပင့်ကူမျှင်နှင့် တူသည်။ ပင့်ကူမျှင်သည် တချောင်းတည်း ဖြစ်လျှင် မခိုင်သော် လည်း၊ များများ ချည်နှောင်လျှင် အကောင်များကို လုံး၀လှုပ်၍ မရအောင် ချုပ်နိုင်သည်။ ထို့နည်းတူချစ်ခြင်း မေတ္တာ သည်လည်း တနေ့၊ တပတ်တည်း ဖြင့် ဖြစ်သည် မဟုတ်၊ အနှစ်နှစ်အလလပေါင်းသင်းဆက်ဆံရာမှ ဖြစ်ပွားခြင်း ဖြစ်သည်။ ချစ်လာပြီး ဆိုလျှင် ရုပ် ရည်လည်း မကြည့်တော့ပါ။ ယပိုင်ဆိုင်မှု အစွမ်းလည်း မဂရုမစိုက်တော့ပါ။

    သို့ ဖြစ်လျှင် ဘုရားသခင်က သူ့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ဘို့သည်၊ သူ့နှင့် အ နှစ်နှစ်အလလမိ၏ ဟာယဖွဲ့ခိုင်းခြင်း ဖြစ်သည်ဟု ယူဆရသည်။ ဘုရား ချစ်ဘို့ ပညတ်ကို နားဖြင့် ကြား၍ ဦးနှောက်ကသိသည်။ ထိုသို့ သိသော်လည်း သူ့ကို မချစ်နိုင်ချေ။ ချစ်ခြင်း သည် ဦးနှောက်၏ အလုပ် မဟုတ်၊ နှလုံးသား၏ အလုပ် ဖြစ်သည်။ လူပျိုကအပျိုကို မြင် သောအခါ၊ ချစ်စရာ ကောင်းသည်၊ လှသည်ဟု ဦးနှောက်အားဖြင့် သိသော်လည်း၊ သူ့ကို မလိုက်ပါ။ ရင်ခုန်လာမှသာလျှင် မရမကလိုက်လာသည်။ ထို့နည်းတူအပျို ကလည်း လူပျိုကို ရင်ခုန်လာလျှင် မိသားစုကို ပင် စွန့်ပြီး၊ လူပျိုနောက်ကို ဘ၀ တခုလုံးပုံအပ်၍ လိုက်တတ်သည်။ ယနေ့ များစွာ သော ခရစ်ယာန်များ၊ ဘုရား စကား နားထောင် ဘို့ လိုမှန်းသိကြသော်လည်း အဘယ်ကြောင့်နားမထောင်ကြသနည်း။ အဘယ်ကြောင့် ဘုရား အမှုတော်ကို လုံး၀မဆောင်ချင် ကြသနည်း။ အဘယ်ကြောင့်ဘုရား အတွက် အချိန်စွမ်းအား ဘ¾ာမပေးနိုင်ကြသနည်းဟူမူကား၊ သူ့ကို မချစ်ကြသောကြောင့် ဖြစ်သည်။ ထိုသို့ ဘုရားကို မချစ်ဘဲကိုး ကွယ်ခြင်းသည် အလွန် ပင်ပန်း၍ စိတ်ဆင်းရဲသည်။ မချစ်ကာဘဲ အောင့်ကာနမ်းဆို သကဲ့သို့ ဒုက္ခ ရောက်ရ ကြသည်။ ရှစ်နာရီ အလုပ်လုပ်၍ ပင်ပန်းသော်လည်း၊ ချစ်သူနှင့် တွေ့ဘို့ ဖြစ်လျှင် ပင်ပန်းသမျှ ပျောက်၍ လန်းဆန်းသွား တတ်သည်။ ယခုမူဘုရား ရှိခိုးလျှင် ပို၍ ပင်ပန်နွမ်းလျသွားတတ် ကြသည်။ ထိုသို့ ဖြစ်ခြင်း သည် ဘုရားကို လုံး၀မချစ်ကြသောကြောင့် ဖြစ်သည်။

    နှလုံးသွင်းရမည်

    ချစ်ခြင်းသည် ဦးနှောက်အား ဖြင့် မဟုတ်၊ နှလုံးသား ရေးရာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က၊ "ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ "ဟု ဆိုရခြင်း ဖြစ်သည်။ သူမှာထားသော စကားသည်၊ သူ့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ဘို့ ဖြစ်သည်။ ခရစ်ယာန် တိုင်း ဦးနှောက်အားဖြင့် ဘုရား ချစ်ဘို့ သိသော်လည်း၊ နှလုံးမသွင်း ကြသောကြောင့် မချစ်ကြခြင်း ဖြစ်သည်။ မည်ကဲ့သို့ နှလုံးသွင်းရမည်နည်း။ နှလုံးသွင်း ဘို့ ရန်အချိန် ယူရသည်။ ထို့အပြင်၊ ဆင်ခြင်ရသည်။ လူပျိုသည် တယောက် တည်း နေ သော အချိန်၊ ကား မောင်းချိန်၊ အလုပ်လုပ်ချိန်၊ ထမင်းစားသော အချိန်၊ မည်သည့်အ ချိန်၌ မဆိုသူ၏ ရီးစားကို စဥ်းစားနေတတ်သည် မဟုတ်လော။ သူ့မျက်နှာကို မြင်ယောင် မိသည် မဟုတ်လော၊ သူပြောသော စကား များကို စားမြုံ့ပြန်တတ်သည် မဟုတ်လော။ ဘုရားသခင်က ိုလည်း ထိုကဲ့သို့၊ သူ၏ ကောင်းမြတ်ခြင်း၊ ကြီး မြတ် တော်မူခြင်း၊ တန်ခိုး ကြီးခြင်း၊ လူသား များကို ချစ်ခြင်း၊ မစ တော်မူခြင်း များကို စဥ်းစားဘို့၊ စားမြံု့ပြန်ဘို့ ဖြစ်သည်။ ဆာလံဆရာက၊ "အိုငါ့၀ိညာဥ်၊ ထာ၀ရ ဘုရားကို ကောင်းကြီး ပေးလော့။ ငါ၏ အထဲမှ ာရှိသမျှတို့၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီး ပေးကြလော့။ ၂အိုငါ့ ၀ိညာဥ်၊ ထာ၀ရ ဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့ နှင့်။ ၃သင်၏ အပြစ် အလုံးစုံတို့ကို ​ဖြေလွှတ်၍ သင်၏ အနာ ရောဂါရှိသမျှ တို့ ကိုလည်း ပျောက်စေ တော်မူ၏။ ၄သင်၏ အသက်ကို ဖျက်ဆီးခြင်း ထဲကရွေး၍ ကျေးဇူူူးတော် ကရုဏာတော် များနှင့် သင်၏ ခေါင်းကို ရစ်ပတ် တော်မူ၏။ ၅သင့်ကို အသက် ကြီး စဥ်၊ ကောင်းသော အရာနှင့် ရောင့်ရဲစေ တော်မူ သဖြင့်၊ သင်၏ အရွယ်သည် လင်းယုန်၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်း ရှိ၏။ " (ဆာ ၁၀၃:၁-၃) ဟု သူ့ကိုယ်သူ၊ ဘုရား ချီးမွမ်းခိုင်းသည်။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့ ဘို့ မှာထားသည်။

    ဒါ၀ိဒ်သည် အဘယ်ကြောင့်ဘုရားကို ချစ်နိုင်သနည်းဟူမူကား၊ နေ့ညမပြတ် ဘုရားကို ဆင်ခြင်အောက်မေ့သောကြောင့် ဖြစ်သည်။ သူသည် သိုးကျောင်းရာတော၌ ဘုရားကို အမြ​ဲဆင်ခြင်အောက်မေ့ပေလိမ့်မည်။ ထို့ကြောင့် ဤသို့ ရေးထားသည်၊ "မတရားသော သူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊ လူဆိုးတို့၏ လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင် ပြုသောသူ တို့၏ အစည်းအဝေး၌ မထိုင်၊ ထာ၀ရ ဘုရား၏ တရားတော်၌ မွေ့ လေျာ်၍ တရားတော်ကို နေ့ညဥ့်မပြတ် ဆင်ခြင်အောက်မေ့သော သူသည် မဂ်လာရှိ၏၊၊" (ဆာ ၁:၁-၃)။ ထို့ကြောင့် လူတိုင်း ဘုရားကို ချစ်ဘို့ ရန်ဘုရား နှင့် တရားတော်ကို ဆင်ခြင်အောက်မေ့ဘို့ လိုသည်။ ယခုမူကျမ်းစာ က၊ "လောကကို၎င်း၊ လောက၌ ရှိ သော အရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သော သူမည်သည် ကား၊ ခမည်းတော်ကို ချစ်ခြင်း မေတ္တာမရှိ။ " (၁ ယော ၂:၁၅-၁၆) ဟု သတိပေးနေသော်လည်း၊ လုံး၀ နားမထောင်၊ လောကကို သာချစ် နေ ကြသည်။ လောက ချစ်သော သူသည် ဘုရားကို လုံး၀မချစ်နိုင်ချေ။ ယေရှု က၊ "အဘယ်သူ မျှသခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကို မုန်း၍ တဦးကို ချစ်မည်။ သခင် တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏ အစေကို၎င်းမခံနိုင်ကြ။ " (မ ၆:၂၄) ဟု ဆိုသော်လည်း ဂရုမစိုက်ကြ၊ နားမထောင်ကြချေ။ ထို့ကြောင့် ယေရှု ညီယာကုပ်က၊ "မတရားသော မေထုန်၌ မှီဝဲ သော ယောကျ်ားမိန်းမတို့၊ လောကီမိ၏ ဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင့်ဘက် ဖြစ်သည်ကို မသိကြသလော။ ဤလောက နှင့် မိ၏ ဟာယဖွဲ့လိုသော သူသည် ဘုရားသခင်၏ ရန်သူ ဖြစ်၏။ " (ယာ ၄:၄) ဟု ဆိုရခြင်း ဖြစ်သည်။ ဘုရား ချစ်ဘို့ လိုကြောင်း သိပြီ။ ဦးနှောက်အား ဖြင့် သိရုံ မဟုတ်တော့ဘဲ၊ နှလုံးသား၌ သိုဘို့ လိုကြောင်း သိပြီ။ ယခုမှစ၍ ဘုရား ချစ်ဘို့ ရန်နှလုံးသား မှချစ်ဘို့ ရန်ဘုရား နှင့် မိ၏ ဟာယဖွဲ့ကြစို့။

    သားသမီး များသွန်သင်ပါ

    "ထိုစကားကို သင်၏ သားသမီး တို့အား }ကိုး စား၍ သွန်သင်ရမည်။ အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ၊ အိပ်လျက်၊ ထလျက် ရှိသည် ဖြစ် စေ၊ ထိုစကားကို ပြောရမည်။ " မိဘများသည်ကိုယ်တိုင် ဘုရားသခင်ကို စိတ်နှလုံးအ ကြွင်းမဲ့ချစ်သည် သာမက၊ သားသမီး များကိုလည်း ထိုစကားကို ကြိုးစား၍ သွန်သင်ခိုင်းသည်။ ထိုစကားသည် ဘုရားကို ချစ်ဘို့ ဆိုလိုခြင်း ဖြစ်သည်။ ယနေ့ ခရစ်ယာန်ဟု ခေါ် သော သူများသည် သားသမီး များကို ဘုရား ချစ်ဘို့ မသွန်သင်ကြချေ။ အကြောင်းမှာ ကိုယ်ကိုယ်တိုင်လည်း ဘုရားကို မချစ်သောကြောင့် ဖြစ်သည်။ ကိုယ်ကိုယ်တိုင်ဘုရား ချစ်သည် သာမက၊ သားသမီး များကိုလည်း ဘုရား ချစ်ဘို့ ရန်သွန်သင်ရမည်။ အဘယ်ကြောင့် ကြိုးစား၍ သွန်သင်ခိုင်းသနည်း။ မလွယ်ကူသောကြောင့် ဖြစ်သည်။ မည်သည့် အချိန်၌ သွန်သင်ရမည်နည်း။ အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ် စေ၊ အိပ်လျက်၊ ထလျက် ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်ဟု ပညတ်ထားသည်။ ဆိုလိုသည် မှာအချိန် မရွေး၊ အဆက်မပြတ် ဖြစ်သည်။ ထို့ကြောင့် ချစ်ခြင်း မေတ္တာရှိဘို့သည် အဆက်မပြတ် သင်ပေးဘို့ လိုကြောင်း သိရသည်။ ယနေ့ မိဘများသည်သား သမီးများ ဘုရား ချစ်ဘို့ထက်လောက ချစ်ဘို့ကို ဦးစားပေး ကြသည်။ မည်ကဲ့သို့ ဦးစားပေး သနည်း။ ကိုယ်တိုင်ဘုရား အကြောင်း မသင်ပေးသည် သာမက၊ သားသမီး များလော ကကျောင်းတက်ဘို့ အရေးကို အလွန် အရေးထား ကြသည်။ လောက ကျောင်းမည်သည့်နေရာ၌ ကောင်းသည်ကို ကြည့်၍ အိမ်၀ယ် ကြသည်။ အမှန်မှာလောက ကျောင်း များသည် ဘုရား ယုံကြည်သည် ထက်၊ မယုံကြည် ဘို့ သွန်သင် နေ ကြသည်။ အဘယ်သို့ သွန်သင်သနည်း။ ကျောင်းသားများထံ၊ ဤလောကသည် ဘုရားကဖန်ဆင်းသည်ဟု မသင်ဘဲ၊ လူသည် မျောက်မှဆင်းသက်ကြောင်း၊ ဤလောက လဲပေါက်ကွဲမှု ကြီး မှစ တင်ကြောင်း၊ ကျောက် ဖြစ်ရုပ်ကြွင်းများလည်း နှစ်ပေါင်းသန်းပေါင်းများစွာ ကြာ ​ေညာင်းကြောင်းများသာသွန်သင် နေ ကြသည်။ ထို့ကြောင့် လောက ကျောင်းအဆင့် မြင့်မြင့်တက်လေလေ၊ ဘုရား ပျောက်လေလေ၊ မယုံကြည် လေလေ ဖြစ် ကြသည်။ သို့ သော်ဘွ​ဲ့ထူး ဂုဏ်ထူးများ၊ ရာထူးကြီး ကြီးများရရှိ၍ အလုပ်အကိုင်ကောင်းကောင်းရလျှင် ကျေနပ် နေ ကြသည်။ ဘုရား မယုံကြည် လျှင်လည်းလောက၌ ဥစ္စာရွှေငွေရှိလျှင် ကျေနပ်အား ရ၊ ဂုဏ်ယူ နေ ကြသည်။ အော် မသိကြပါတကား။ အလွန် ၀မ်းနည်းစရာ ပင် ဖြစ်သည်။

    သင်းကျစ်ကဲ့သို့

    "ထိုစကား ကိုလည်း သင်၏ လက်၌ လက္ခဏ ာသက်သေ ဘို့ ရာ၎င်း၊ သင်၏ မျက်စိကြားမှာသင်းကျစ်ကဲ့သို့၎င်းချည်ထားရမည်။ " သင်းကျစ်သည် နဖူးမျက်စိကြား၌ ချီထားရသော အရာ ဖြစ်သည်။ အဂ်လိပ်လိုု Phylacteries or frontletဟု ခေါ်သည်။ ဣသရေလ လူများ ကဘုရား၏ ဆိုလိုရင်းကို နားမလည် သောကြောင့်၊ ဗူးမဲမဲ လေးကို လုပ်၍ ထိုဗူးထဲ၌၊ (ထွက် ၆:၄-၉၊ ၁၃-၂၃၊ ၁၃:၂-၁၀၊ ၁၁-၁ရ) ကျမ်းပိုဒ်များကို ရေး၍ ထည့်ထားကား၊ နဖူး၌ ချီထားတတ် ကြသည်။ (Christianity.com မှကိုး ကားခြင်း ဖြစ်သည် )

    အမှန်မှာ ထိုကဲ့သို့ ကျမ်းပိုဒ်ကို ချီထားခြင်း ဖြင့် ဘာမျှအဓိပ္ပါယ်မရှိပါ။ ထို့ထက် ဘုရားကို ချစ်ဘို့၊ အလေးထားဘို့၊ ဂရုစိုက်ဘို့ကို ဆိုလိုခြင်း ဖြစ်သည်။ မျက်စိကြားနဖူး၌ ပရွက်ဆိတ်ရှိလျှင် ဂရုမစိုက်ဘဲ မနေနိုင် သကဲ့သို့ ဘုရားကို အဓိကထားချစ်ဘို့၊ ပဌမ ချစ်ဘို့ကို ဆိုလိုခြင်း ဖြစ်သည်။ ယေရှု ကဧဖက်အသင်းတော်ထံ၊ "သင်သည် ရှေ့ဦးစွာ သော ချစ်ခြင်း မေတ္တာလျော့ပြီဟု သင်၌ အပြစ် တင်စရာ ရှိ၏။ ထိုကြောင့်၊ သင်သည် မရွေ့လျော့မှီ၊ အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင်တ ရလော့။ ရှေ့ဦးစွာ သော အကျင့်ကို ကျင့်လော့။ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင် အမြန် လာမည်။ နောင်တ မရလျှင်၊ သင်၏ မီးခွက်ကို နေရာမှရွေ့မည်။ " (ဗျာ ၂:၄-၅) ဟု သတိပေးခဲ့သည်။ သို့ သော်ယုံကြည်သူများကလုံး၀ဂရုမစိုက်ကြချေ။ ဘုရားထက်လောကကို ချစ် မြ​ဲတိုင်း ချစ် နေ ကြသည်။ ဘုရားကို ချစ်ဘို့ ရန်သည် စိတ်ကူးထဲ၌ ပင်မရှိ၊ လုံး၀မ ဖြစ်နိုင်၊ မလိုအပ်ဟု ထင်မှတ် ကြသည်။ ဘုရားကို ချစ်သော သူများ ကို၊ ဘုရား ရူးရူးသည်ဟု သရော် ကြသည်။

    ဣသရေလ လူမျိုးများ ကသင်းကျစ်ကို နဖူး၌ ချီထား သကဲ့သို့၊ ခရစ်ယာန်များကလည်း လက်၀ါးကပ်တိုင်ကို၊ ရွှေငွေကျောက်ကောင်းများ နှင့် ပြုလုပ်၍ လည်ပင်း၌၎င်း နားကပ် ဖြစ်၎င်း၊ ဆွ​ဲထားကြပြန်သည်။ ထို့အပြင်တောင်ကုန်းထိပ်များ၌ ဖြစ်စေ၊ ဘုရားကျောင်းနှင့် ပလ္လင်များ၌ ဖြစ်စေကပ်ထား ကြသည်။ အမှန်မှာ လက်၀ါးကပ်တိုင်သည် သေသော နေရာ ဖြစ်သည်။ လူဟောင်းနှင့် ဇာတိသေ၍၊ လူသစ်နှင့် အသက် ရှင်ရမှာ ဖြစ်သည်။ သို့ သော်လက်၀ါးကပ်တိုင်လည်ပင်း၌ ချိတ်ဆဲွရင်းဖြင့် အတင်း ပြောကြသည်၊ အရက်သောက်၊ လောဘကြီး၊ ၀ါကြွား နေ ကြသည်။ ထို့ကြောင့် သာသနာ ပလူများ က၊ ခရစ်ယာန် များကို ထူးခြားမှု မတွေ့၊ သူတို့ ကဲ့သို့ ပင်မြင်ကြခြင်း ဖြစ်သည်။ လက်၀ါး ကပ်တိုင်သည် အပြင်၌ ချိတ်ထားဘို့၊ ပြဘို့ မဟုတ်ဘဲ လူဟောင်းနှင့် ဇာတိသေစေဘို့ ရန် ဖြစ်သည်။

    "အိမ်တံခါး၊ မြို့တံခါးတို့၌ လည်း ရေးထားရမည်။ " ဘုရားကို ချစ်ရမည်ဟူ သော စကားကို အိမ်တံခါး၊ မြို့တံခါးတို့၌ လည်း ရေးထားရမည်ဟု မိန့်မှာထားသည်။ အဘယ်ကြောင့်ထိုသို့ မှာထားသနည်း။ ထိုစာသားကို မြင်ခြင်း အားဖြင့် သတိရ ဘို့ ရန် ဖြစ်သည်။ သို့ သော်ယနေ့ ယုံကြည်သူ များသည် ဘုရား ချစ်ဘို့ကို မရေးထားဘဲ၊ လော ကအရာများကို သာလျှင် ချိတ်ဆဲွထား ကြသည်။ ဧည့်ခန်း၌လည်း ဘွ​ဲ့၀တ်စုံနှင့် ဓါတ်ပုံများ၊ ကိုယ်နှင့် မဆိုင်သော ရုပ်ရှင်မင်းသား၊ မင်းသမီးပုံများ၊ လောက ဓါတ်ပုံများ ချိတ် ဆွ​ဲထား ကြသည်။ လောကကို ချစ်သထက် ချစ်ဘို့၊ သတိရ ဘို့ ပုံများကို သာလျှင် ဆွ​ဲ ထား ကြသည်။

    အထက် ​ေဖါ်ပြပါဘုရား ချစ်ဘို့ အရာသည် လူဘက်မှလုပ်ရမည့် အရာများ ဖြစ်သည်။ အကျဥ်းချုပ်အားဖြင့် ​ေဖါ်ပြရပါက၊ ဘုရားကို ချစ်ဘို့သည် ခိုင်း၍ ရသည်။ စစ် မှန်သော ချစ်ခြင်း မေတ္တာသည် အပေါ်ယံအမြင်၌ မမူူတည်၊ မိ၏ ဟာယဖွဲ့ရာမှ ဖြစ်ပေါ် လာသည်။ ထို့ကြောင့် ဘုရား ချစ်ဘို့ ရန်မှာ၊ ကျမ်းစာကို စေ့စေ့ကြည့်ရှုဖတ်ရှုလေ့လာ ရမည်။ ဆုတောင်းခြင်း တည်း ဟူသော ဘုရား နှင့် အစဥ်စကား ပြောရမည်။ ယုံကြည်သူများနှင့် မိ၏ ဟာယဖွဲ့ရမည်။ သမ္မာတရား သင်တန်းများများတက်ရမည်။ ဘုရား မယုံ ကြည် သူများ ကို၊ ကိုယ်ကမဆွ​ဲဆောင်နိုင်လျှင် ရှောင်ရမည်။ ဘုရား ခိုင်းတာကို လုပ်ရ မည်။ ဘုရား တရားကို ဆင်ခြင်အောက်မေ့ရမည်။ ဘုရား အကြောင်းကို ယုံကြည်သူများထံ၌ သော်၎င်း၊ မယုံကြည်သူများထံ၌ သော်၎င်းသက်သေ ခံရမည်။ ဘုရား ချစ် သော အရာများကို ချစ်၍၊ ဘုရား မုန်းသော အရာများကို မုန်းရမည်။ ဘုရား ချစ်ဘို့ ရန် တရက်တည်း နှင့် မရပါ၊ အချိန် ပေးဘို့ လိုသည်။ ယခုမှစ၍ ဘုရား ချစ်နိုင်ဘို့ ရန်အထက်၌ အကြံပေးသမျှကို လက်တွေ့ ပြုလုပ် ပါ။

    စိတ်နှလုံးသစ်ပေး

    ဘုရားကို်ချစ်မည့် နေရာသည် ဦးနှောက် မဟုတ်၊ စိတ်နှလုံး ဖြစ်သည်။ သို့ သော်လူ၏ စိတ်နှလုံးသည် လုံး၀မကောင်းကြောင်း ကျမ်းစာ ကဤသို့ ရေးထားသည်၊ "စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဥ်းလဲတတ်၏။ အလွန် ယိုယွင်းသော သဘော ရှိ၏။ စိတ်နှလုံး သဘောကို အဘယ်သူ သိနိုင်သနည်း။ " (ယေရမိ ၁ရ:၉) ထို ကဲ့သို့ ယုိယွင်းနေသော စိတ်နှလုံးဖြင့် ဘုရားသခင်ကို မည်သို့ မျှမချစ်နိုင်ပါ။ တဖန်၊ "စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘော သစ်ကို သွင်းထားမည်။ သင်တို့ ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသား နှလုံးကို ပေးမည်။ ငါ့၀ိညာဥ်ကိုလည်း သင်တို့ အထဲသို့ သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏ တရားလမ်းသို့ လိုက်၍၊ ငါစီရင် တော်မူ ချက် တို့ကို စောင့်ရှောက်ကြလိမ့်မည်။ " (ယေဇကျေလ ၃၆:၂၆) ဟု ရေးထားသည်။ လူတိုင်း၏ စိတ်နှလုံးသည် ကျောက်နှလုံး ဖြစ်သည်။ ကျောက်နှလုံးသည် မာကျောခြင်း၊ ခိုင်မာခြင်းကို ယ့် သဘောကို သာလျှင် နှစ်သက်ခြင်းကို ဆိုလိုသည်။ ထိုကျောက်နှလုံးဖြင့် ဘုရားကို ချစ်ဘို့သည် လုံး၀မ ဖြစ်နိုင် ချေ။ ထို့ကြောင့် ဘုရားသခင်က၊ ကျောက်နှလုံးကို နှုတ်၍ အသား နှလုံးပေးဘို့ ရန်ဘိတ်ခေါ်နေသည်။ သင်သည် ထိုအသား နှလုံးကို ရလိုပါသလား။ ရလိုလျှင် ဘုရားသခင်က ပေးဘို့ ရန်အဆင်သင့် ဖြစ်သည်။ အသား နှလုံးရှိမှတရား လမ်းသို့ လိုက်၍ စီရင် တော်မူ ချက်များ လိုက်ရှောက်နိုင်မည်ဟု ဆိုသည်။

    ဘုရား၏ မေတ္တာကို ပေး

    ယခုဘုရား ဖက်မှသူ့ကို ချစ်နိုင်ဘို့ ရန် မေတ္တာပေးကြောင်း ပေါလုက ဤသို့ ရေးထား၊ "ဘုရားသခင်သည် ကြောက် တတ်သော စိတ် သဘောကို ငါတို့အား ပေး တော်မူသည် မဟုတ်။ တန်ခိုးပါသော စိတ်၊ ချစ်တတ်သော စိတ်၊ ရှင်းလင်းသော စိတ် သဘောကို ပေး တော်မူ၏။ " (၂ တိ ၁:ရ) ဟု ရေးထားသည်။ တဖန်၊ "ငါတို့အား ပေး တော်မူသော သန့်ရှင်းသော ၀ိညာဥ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ဍွန်းလောင်း တော်မူ၏။ " (ရော ၅:၅) ဟု ရေးထားသည်။ လူသည် မိခင် ၀မ်းမှ မွေးဘွား သောအခါ လူ၏ မေတ္တာပါလာသည်။ ၀ိညာဥ်တော် နှင့် ဒုတိယ မွေးဘွား သောအခါ၊ ဘုရား၏ မေတ္တာပါလာသည်။ လူ၏ မေတ္တာသည်ကိုယ့် အကျိုးကို သာ ကြည့်၍ ဘုရား၏ မေတ္တာသည် သူ့ အကျိုးကို ကြည့်သည်။ လူမေတ္တာသည် ရယူလို၍ ဘုရား၏ မေတ္တာသည် ပေးလိုသည်။ လူ့မေတ္တာသည် အပေါ်ယံကြည့်၍ ဘုရား မေတ္တာသည် အထဲကို ကြည့်သည်။ ၀ိညာဥ်အားဖြင့် ဒုတိယ မွေးဘွားသူတိုင်း ဘုရား၏ မေတ္တာ ရှိသည်။ သို့ သော်ရှိရုံနှင့် မပြီး ပါ၊ အသုံးပြုဘို့ လိုသည်။ မည်ကဲ့သို့ အသုံးပြုမည်နည်း။ ဘုရားကို အသက် တာ၌ အုပ်စိုးစေရမည်။ ဘုရားက အသက် တာကို အုပ်စိုးလျှင် ၀ိညာဥ်တော်၏ အသီးများ ဖြစ်သော၊ ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းများအသက်တာ၌ သီးလာမှာ ဖြစ်သည်။

    အရက်သောက်၍ မူး သောအခါ မူလကို ယ့်စိတ်ပျောက်၍၊ အရက်ကအုပ်စိုး သောကြောင့် သတ္တိရှိလာသည်။ ကြောက်တတ်သော သူူ၊အား နာတတ်သောသူ လည်း၊ မကြောက်၊အား မနာတော့ဘဲ ပြောရဲ ဆိုရဲလာတတ်သည်။ ထိုအရာသည် အရက်၏ တန်ခိုး၊ အုပ်စိုးခြင်းကြောင့် ဖြစ်သည်။ ထိုနည်းတူ၊ ၀ိညာဥ်တော် ကအုပ်စိုးလျှင် ဇာတိအား ဖြင့် မဖြစ်နိုင် သော ချစ်ခြင်းလည်း ဖြစ်လာနိုင်မည်။ ချစ်ခြင်းဟု ဆို သောအခါ လင်မယား၊ ရီးစားကြားရှိသော ချစ်ခြင်းကို သာမြင်တတ်ကြပေမည်။ ချစ်ခြင်း ဆိုသည်မှာ၊ သနားခြင်း၊ ဂရုစိုက်ခြင်း၊ တန်ဘိုး ထားခြင်း၊ သတိရခြင်း၊ ကူညီမစခြင်း တို့ ဖြစ်သည်။ ပေါလုက၊ "၄မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြု တတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်း မရှိ၊ ၀ါကြွားခြင်း မရှိ၊ မာန်မာန မရှိ။ ၅မလေျာက်ပတ်စွာ မကျင့်တတ်၊ ကိုယ် အကျိုးကို မရှာတတ်၊ ​ေဒါသအမျက်မထွက်တတ်၊ အပြစ် ရှိသည်ဟု မထင်တတ်၊ ၆မတရားသော အမှု၌ ၀မ်းမြောက်ခြင်း မရှိတတ်၊ သမ္မာတရား၌ ၀မ်း မြောက်တတ်၏။

    ၇ခပ်သိမ်းသော အရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသော အရာကို ယုံတတ်၏။ ခပ်သိမ်း သော အရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသော အရာကိုသည်း ခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်း သဘောနှင့် အစဥ်ကင်းလွတ်၏။ " (၁ ကော ၁၃:၄-၈) ဟု ရေး ထားသော အရာများသည် အသက် တာ၌ ဖြစ်လာပေမည်။

    ဇာတိချစ်ခြင်းသည်၊ လှမှ၊ ချမ်းသာ မှ၊ အားကိုး ၍ ရမှသာလျှင် ဖြစ်သည်။ ထို့ကြောင့် မလှသော သူများ၊ ဆင်းရဲ သူများ၊ သုံး၍ မရကူညီဘို့ သာလိုသော သူများ ကို မချစ်နိုင်ချေ။ ၀ိညာဥ်တော်အား ဖြင့် အုပ်စိုးလျှင် ချစ်စရာ မကောင်းသော သူများ၊ ရန်သူများပင်လျှင် ချစ်နိုင်သည်။ ၀ိညာဥ်တော် ကအုပ်စိုးလျှင် လူကို လူ့အမြင် နှင့် မမြင်တော့ ဘဲ ဘုရား၏ အမြင်အား ဖြင့် မြင်သောကြောင့်၊ သနားခြင်း၊ တန်ဘိုး ထားခြင်း၊ ဂရုစိုက်ခြင်းများအလိုအလေျာက် ဖြစ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရား ချစ်ဘို့၊ သူတပါး ချစ်ဘို့သည် သိရုံနှင့် မပြီး၊ ဘုရား၏ အုပ်စိုးခြင်း ခံဘို့ လိုအပ်သည်။ ယခုမှစ၍ သင်၏ အသက်တာ၌ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍၊ သူတပါးကိုကိုယ်နှင့် အမျှချစ်နိုင်သောသူ ဖြစ်ပါစေ။

    .

    အဘယ်​ကြောင့် ကယ်တင်ဘို့ လိုသနည်း

    ဣသရေလ လူမျိုးများသည် အဲဂုတ္တု ​ကျွန်ခံရာမှအဘယ်ကြောင့် ဘုရားသခင်က ကယ်တင်ဘို့ လိုသနည်း။ အကြောင်းမှာ သူတို့ကိုယ်တိုင်​ကျွန်ဘ၀မှ လွတ်မြောက် ဘို့ ရန် မတတ်နိုင် သောကြောင့် ဖြစ်သည်။ ဘုရားသခင်က မောရှေကို အသုံးပြု၍ မဟာ တန်ခိုးတော်အား ဖြင့် အဲဂုတ္တု လူများ နှင့် တိုင်း ပြည်ကို တရားစီရင်ပြီးမှသာလျှင် အဲဂုတ္တု လူများ ကထွက်ခွင့်ပေးခဲ့သည်။ ထိုနည်းတူယနေ့ လူသား များလည်း၊ စာတန် ​ကျွန်မှ လွတ်မြောက်ဘို့ ရန် ဘုရားသခင်၏ တန်ခိုးအား ဖြင့် မကယ်တင်လျှင် မထွက်မြောက်နိုင် ကြပါ။ ဣသရေလ လူမျိုးများကို ဖါရောဘုရင်ကထွက်ခွင့်မပေး သကဲ့သို့၊ စာတန် ကလူသား များကို သူ့​ကျွန်မှ ထွက်ခွင့်မပေးချေ။ ဘုရားသခင်က မောရှေနှင့် အာရုန်ကို အသုံး ပြု၍ နိမိတ်လက္ခဏ ာများ ပြသော်လည်း၊ ဖါရောဘုရင်က ဣသရေလ လူမျိုးများကို ပို၍ ဒုက္ခ ပေးသည်။ ယခင်အုတ်ဖုတ် သောအခါ ကောက်ရိုးများကို ပေးတတ်သော်လည်း၊ ထိုသို့ ထွက်ဘို့ ပြော သောအခါ၊ ကောက်ရိုးများ မပေးတော့ဘဲ အရင်အုတ်အရေအ တွက်အတိုင်း ထုတ်လုပ်ဘို့ ခိုင်းလာသည်။ ယနေ့ လူများလည်း ဘုရားသခင်က ကယ် တင်ခြင်း သတင်းကောင်း ပြော သောအခါ၊ ဤလောကကို အစိုးရသော စာတန်က နား မထောင်နိုင်အောင် အချိန် ပိုလုပ်ခိုင်းခြင်း၊ တနဂ်​ေနွနေ့ပါလုပ်ခိုင်းခြင်းများပြုလုပ် နေ ပြီ။ အလုပ်လျှောက် သောအခါ၊ တနဂ်​ေနွနေ့လုပ်နိုင်မှအလုပ်ခန့်မည်ဟု ဆို သောအခါ လူအများစုသည် အလုပ်မရမှာ စိုးရိမ် သောကြောင့်၊ ဘုရား ရှေ့ခိုးခြင်း ပင်ဂရုမစိုက် နိုင်တော့ဘဲ၊ လုပ်နိုင်မည်၀န်ခံကာတနဂ်​ေနွနေ့၌ အလုပ်လုပ် နေကြပြီ။ ဘုရားသခင်က၊ "ငါသည် သင်တို့ကို အဲဂုတ္တု လူတို့ လက်မှလွှတ်သော သင်တို့၏ ဘုရားသခင် ထာ၀ရ ဘုရား ဖြစ်ကြောင်း ကို သင်တို့ သိကြလိမ့်မည်။ ၈ငါသည် လည်း၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ပေးမည်ဟု ကျိန်ဆိုသော ပြည်သို့ ငါပို့ဆောင်၍၊ အမွေခံစရာ ဘို့ ပေးမည်။ ငါသည် ထာ၀ရ ဘုရား ဖြစ်၏ဟု မိန့် တော်မူ၏။ ထိုသို့ မောရှေသည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန် စိတ်ပင်ပန်း၍ ကြမ်းတမ်းစွာ ညှဥ်းဆဲခြင်းကို ခံရသောကြောင့်၊ မောရှေစကားကို နားမထောင်ဘဲ နေကြ၏။ " (ထွက် ၆:ရ-၉)။

    သတင်းကောင်း ကြားပြောသော ဆရာ၊ ဆရာမများ အနေဖြင့် ထိုအရာကို သိခြင်း ဖြင့် ခွန်အား ယူကြစု လူသည် စာတန် ​ကျွန်ခံကြသောကြောင့် သော်၎င်း၊ သူပိုင် သော ဤလောကကို စွဲလမ်းသောကြောင့် သော်၎င်း၊ ဘုရား ပေးသော ကောင်းကင် ရွှေ ပြည်ကို ပင်ဂရုမစိုက်နိုင်ဘဲ၊ ကယ်တင်ခြင်း သမ္မာတရားကို နားမထောင်နိုင်ဘဲ ဖြစ်နေ ကြသည်။ သို့ သော်မောရှေနှင့် အာရုန်တို့သည်၊ ဘုရား ခိုင်းသည့်အတိုင်း ဖါရောဘုရင် ထံဆက်သွား သောအခါ၊ နောက်ပိုင်း၌ ဖါရောဘုရင်သည် ဣသရေလ လူများကို မညှင်း ဆဲနိုင်တော့ဘဲ၊ အဂုတ္တုလူများကို သာ ဘုရားသခင်က၊ ဒုက္ခ တခုပြီး တခုပေးကြောင်း တွေ့ရသည်။ မိန်းမများကို်ယ်၀န်ဆောင်၍ မွေးခါနီးလျှင် အလွန် နာတတ်သော်လည်း မွေးဘွားပြီးလျှင် သက်သာခွင့်ရရှိ၍ ၀မ်းမြောက်ခြင်း ရှိ သကဲ့သို့၊ လူများ ကယ်တင်ခြင်း သို့ ရောက်ပြီးလျှင် ၀မ်းမြောက်ခြင်း ရှိနိုင်သည်။ ထို့ကြောင့် ကယ်တင်ခြင်းသို့ မရောက် သူများ လည်း၊ စိတ်ဓါတ်မကျဘဲ သဘော ပေါက်၍ ကယ်တင်ခြင်း စိတ်ချမှု ရှိသည် အထိ၊ ကယ်တင်ခြင်း သမ္မာတရားကို လိုက်ရှာ နားထောင် ပါ။ သက်သေ ခံ၊ ဝေငှသော သူများ အနေဖြင့် လည်း၊ လက်မလျှော့ဘဲ ကယ်တင်ခြင်း အကြောင်းကို ဟောပြောသက်သေ ခံ ကြပါ။

    .

    လူ၏ တန်ဘိုး

    လူသည် မိမိ တန်ဘိုး မသိ သောအခါ၊ အမှားမှားအယွင်းယွင်းဖြင့်၊ အချိန်၊ စွမ်းအား၊ ဘဏ္ဍာကို အသုံးပြုတတ် ကြသည်။ လူသည် သုံးပိုင်းနှင့် ဖန်ဆင်းခြင်း ဖြစ်ရာ ခန္ဓာကိုယ်၊ စိတ် နှင့် ၀ိညာဥ်တို့ ဖြစ်သည်။ ထိုသုံးပိုင်းထဲ၌ လူသည် ခန္ဓာနှင့် စိတ်ကို သာ သိ၍ တန်ဘိုး ထား ကြသည်။ မိမိ ၀ိညာဥ်အကြောင်းကို မသိသောကြောင့် ဂရုမစိုက်ဘဲ သူ့အတွက် အချိန်၊ ဘ¾ာ၊ စွမ်းအားကို အသုံးမပြုလိုကြချေ။ ထို့ကြောင့် လူကို ဖန် ဆင်းသော ဘုရား ရှုထောင့်မှလူ၏ တန်ဘိုးကို ကြည့်ကြပါစို့။

    ကိုယ်ခန္ဓာတန်ဘိုး

    လူ့အမြင်၌ ကိုယ်ခန္ဓာသည် အလွန် တန်ဘိုး ရှိသည်။ ထို့ကြောင့် အချိန် စွမ်းအား နှင့် ယပိုင်ဆိုင်သမျှ ငွေနှင့် ပစ္စည်းများကို ကိုယ်ခန္ဓာအတွက် အသုံးပြု ကြသည်။ အလုပ်လုပ်ခြင်းသည် ငွေရဘို့ ဖြစ်၍၊ ငွေရှိလျှင် နေအိမ်ငှါး နို်င်သည်၊ ၀ယ်နိုင်သည်။ ငွေရှိမှ အစားအစာ၀ယ်စားနိုင်မည်။ ကိုယ်ခန္ဓာအတွက် အ၀တ်အထည်များ ၀ယ်နိုင်မည်။ လို အပ်သော ကား ပိုင်ခြင်းအား ဖြင့် လိုရာခရီး သွားနိုင်မည်။ ထို့ကြောင့် ကိုယ်ခန္ဓာအတွက် အချိန် အကောင်းဆုံးနှင့် အများ ဆုံးအသုံးပြု ကြသည်။ အကြမ်းအား ဖြင့် ရှစ်နာရီ အိပ်ရသည်။ ရှစ်နာရီ အလုပ်လုပ်ရသည်။ ကျန်သော ရှစ်နာရီကို အစားအသောက် ပြင်ဆင်ခြင်း၊ သွားလာခြင်း၊ အိမ်နှင့် ကိုယ်ခန္ဓာ သန့်ရှင်းရေးလုပ်ခြင်းများအတွက် အသုံးပြု ကြသည်။ စိတ်အတွက် ဖုန်းပြောခြင်း၊ တီဗီကြည့်ခြင်း၊ ဗီဒီယုိကင်းကစားခြင်း မှစ၍ အပျော်အပါးအတွက် အချိန် နှင့် စွမ်းအားများအသုံးပြု ကြသည်။ ငွေရှိသမျှ အထဲမှ ၈၀ ရာခိုင်နှုန်းခန့်သည်ကို ိယ်ခန္ဓာအတွက် အသုံးပြု ကြသည်။ စိတ်အတွက် ကျန် ၂၀ ရာ ခိုင်နှုန်း အသုံးပြု ကြသည်။ ၀ိညာဥ်အတွက် မူအချိ််န်အနည်းငယ်၊ ငွေနှင့် စွမ်းအား အနည်းငယ် မပြောစလောက်ကို အသုံးပြု ကြသည်။ ထိုသို့ကိုယ်ခန္ဓာအတွက် အချိန်၊ ငွေနှင့် စွမ်းအား၊ အားလုံး နီးပါးအသုံးပြုခြင်းသည်၊ တန်သလော၊ မှန်သလော ဟူသော အရာကို ဖန်ဆင်းရှင်ဘုရား၏ အမြင်အား ဖြင့် ကြည်ဘို့ လိုသည်။

    ဘုရား အမြင်၌ ကိုယ်ခန္ဓာသည် လိုအပ်သောကြောင့် ဖန်ဆင်းသည်။ သို့ သော် အမှန်မှာကိုယ်ခန္ဓာသည် အခွံ ဖြစ်၍ အဆံသည် ၀ိညာဥ် ဖြစ်သည်။ ဘုရားသခင်ကကိုယ်ခန္ဓာနှင့် ပတ်သက်၍ ဤသို့ ရေးထားသည်၊ "အဘသည်သား တို့ကို သနားစုံမက်သည် နည်းတူ၊ ထာ၀ရ ဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက် တော်မူ၏။ ၁၄အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိ တော်မူ၏။ ငါတို့သည် မြေမှု န့် ဖြစ်ကြောင်း ကို အောက်မေ့ တော်မူ၏။ ၁၅လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင်၌ ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။ ၁၆လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏ နေရာသည် နောက်တဖန် သူ့ကို မသိရာ။ " (ဆာ ၁၀၃:၁၃-၁၆) ဖန်ဆင်းရှင်၏ အမြင်၌ လူ၏ကိုယ်ခန္ဓာသည် မြေမှု န့်သာလျှင် ဖြစ်သောကြောင့် အလွန် အမင်းဂရုစိုက်ခြင်း သည် မတန်ချေ။ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းဘို့ ရန်စောင့်ရှောက်ခြင်းသည် လိုအပ်သည်။ သို့ မှသာလျှင် ကောင်းစွာ လှုပ်ရှားအလုပ်လုပ်နိုင်မည်။ သို့ သော်လိုအပ်သည်ထက်ကိုယ်ခန္ဓာကို ဂရိုစိုက်ခြင်းသည် ပညာရှိ မဟုတ်နိုင်ချေ။

    ခရစ်တော် က၊ "ထိုကြောင့်ငါဆိုသည် ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက် အဘို့ မစိုးရိမ် ကြနှင့်။ အဘယ်သို့ ၀တ်ရမည်ဟုကိုယ်အဘို့ မစိုးရိမ် ကြနှင့်။ အစာထက် အသက် မြတ်သည် မဟုတ်လော။ အ၀တ်ထက်ကိုယ်မြတ်သည် မဟုတ်လော။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထို ငှက်တို့သည် မျိုးစေ့ကို မစိုက်မ}ကဲ၊ စပါးကို မရိတ်၊ ကျီ၌ မစုမသွင်း။ သို့ သော်လည်း ကောင်း ကင်ဘုံ၌ ရှိ တော်မူသော သင်တို့ အဘသည် သူတို့ကို ​ကျွေးမွေး တော်မူ၏။ ထို ငှက်တို့ထက် သင် တို့သည် အလွန် မြတ်သည် မဟုတ်လော။ အဘယ်သူသည် စိုးရိမ်ခြင်း အားဖြင့် မိမိ အသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။ အ၀တ်အ ဘို့၌ အဘယ်ကြောင့် စိုးရိမ် ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့ သော အားဖြင့် ကြီး ပွားသည်ကို ဆင် ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်း မလုပ်၊ ချည် ဖြစ်စေခြင်းငှါ မငင်မ၀င့်။ သို့ သော်လည်း ဘုန်းကြီး သော ရှောလမုန်မင်း ကြီး၏ အ၀တ်သည် ထိုအပင် တပင်မျှ၏ အ၀တ်ကို မမှီဟု ငါဆို၏။ ယုံကြည်အား နည်း သော သူတို့၊ ယနေ့ အသက် ရှင်လျက် နက်ဖြန်မီးဖိုထဲသို့ ရောက်သော တောမြက် ပင်ကို ဘုရားသခင်သည် ထိုသို့ သော အ၀တ်နှင့် ဖုံးလွှမ်း တော်မူ လျှင်၊ ထိုမျှမက သင်တို့ကို အ၀တ်နှင့် ဖုံးလွှမ်း တော်မူ မည် မဟုတ်လော။ ထိုကြောင့်အဘယ်သို့ စားသောက် ရ အံ့နည်း၊ အဘယ်သို့ ၀တ်ရအံ့နည်းဟူ၍ မစိုးရိမ် ကြနှင့်။ ထိုအရာ များကို သာ သာ သနာပလူတို့သည် ရှာဖွေ တတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလို ကြောင်းကို ကောင်းကင် ဘုံ၌ ရှိ တော်မူ သော သင်တို့ အဘသည် သိ တော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာ ကြလော့။ နောက် မှထို အရာ များကို ထပ်၍ ပေး တော်မူ လတံ့။ ထိုကြောင့် နက်ဖြန် အဘို့ မစိုးရိမ် ကြ နှင့်။ နက်ဖြန်နေ့သည် မိမိ အဘို့ စိုးရိမ် လိမ့်မည်။ ယခုနေ့၌ ရှိသော မကောင်း မသင့် သော အရာသည် ယခုနေ့ ဘို့လောက်ပေ၏။ " (မ ၆:၂၅-၃၄) ဟု ဆိုအကြံပေးသွားသည်။

    ဤစကားကို လူတိုင်း နီးပါက သိကြသော်လည်း လုံး၀နားမ၀င်၊ ဂရုမစိုက်ကြ ချေ။ ထို့ကြောင့် နေ့ရှိသရွေ့အချိန် ရှိသရွေ့ကိုယ်ခန္ဓာအတွက် သာလျှင် စဥ်းစား၊ လုပ် ဆောင် နေ ကြသည်။ ဤကျမ်းပိုဒ်သည် အလွတ်ကျက်ဘို့၊ သိဘို့ သာ မဟုတ်၊ လက် တွေ့အသုံးချဘို့၊ အသက် တာ ဖြစ်ဘို့ အရေးကြီးသည်။

    စိတ်တန်ဘိုး ရွှေထက်

    လူတိုင်း ဒုတိယအရေးကြီး ဆုံးထားသော အရာသည်၊ စိတ်နှလုံး ဖြစ်သည်။ စိတ်နှလုံး၀မ်းမြောက်ဘို့၊ ကျေနပ်ဘို့၊အား ရဘို့ကို ရှာဖွေ တတ် ကြသည်။ သို့ သော် ဘုရား၏ အလိုတော် မသိဘဲ၊ ကိုယ်ခန္ဓာနှင့် စိတ်အလိုသာလိုက်ခြင်းသည် ဘုရား၏ အမျက်တော် ခံကြောင်း ပေါလုကဤသို့ ရေးထားသည်၊ "ငါတို့ ရှိသမျှသည် အထက်ကကိုယ်ကာယ၏ အလိုသို့၎င်း၊ စိတ်၏ အလိုသို့၎င်း၊ လိုက်သဖြင့်၊ ကာမဂုဏ် တို့၌ ကျင် လည်သည် ဖြစ်၍၊ ကြွင်းသော သူတို့ ကဲ့သို့ ပင်ပကတိအတိုင်း အမျက်တော်ကို ခံရသောသူ ဖြစ်ကြ၏။ " (ဧဖက် ၂:၃)။ ထိုသို့ ဘုရား၏ အမျက်တော် ခံရသောကြောင့်၊ စိုးရိမ်ကြောင့် ကျခြင်း၊ ပူပန်ခြင်း၊ ၀မ်းနည်းခြင်း၊အား ငယ်ခြင်း၊ ကြောက်ခြင်းများခံစား ရခြင်း ဖြစ်သည်။ သို့ သော် နားမလည် သောကြောင့် မည်ကဲ့သို့ ​ ဖြေရှင်း ရမှန်း မသိဘဲ၊ တိုး၍ စိတ် အလိုလိုက်ကာအ​ခြေအနေပိုစိုးလာ ကြသည်။

    ဘုရားသခင်ကို ယုံကြည် အားကိုး သော သူများ၏ စိတ်နှလုံးသည်၊ ရွှေထက် တန်ဘိုး ရှိကြောင်း ဤသို့ တွေ့ရသည်၊ "အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီး တတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်း ထက်၊ သင်တို့ ယုံကြည်ခြင်းကို စစ်ကြော စုံစမ်း သော အရာသည် သာ၍ မြတ်သည် နှင့်၊ ယေရှုခရစ် ပေါ်ထွန် တော်မူ သောအခါ အ ချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှါ ဖြစ်မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသော အကြောင်း ရှိလျှင်၊ သင်တို့သည် ယခုခဏ ခံရ၍ ၀မ်းနည်းသော်လည်း၊ အထက် ဆိုခဲ့ပြီး သော ကျေးဇူးတော်ကို ထောက်၍ ရွှင်လန်းသော စိတ်ရှိကြ၏။ " (၁ ပေ ၁:၆-ရ)။ သင်သည် ယုံကြည်သူ ဖြစ်လျှင်၊ သင်၏ ယုံကြည်ခြင်း သည် ရွှေထက် တန်ဘိုး ရှိကြောင်း သိစေချင်သည်။ ယုံကြည်ခြင်း သည် စိတ် နှလုံး၏ တာ၀န် ဖြစ်သည်။ များစွာ သော သူများသည် ဘုရား၏ စကားကို ကြားရသော် လည်း၊ မယုံကြည် နိုင်ကြချေ။ သို့ သော် ဘုရားသခင်ကို ယုံကြည် သော စိတ်သည် အလွန်တန်ဘိုး ရှိသည်။ ထို့ကြောင့် လောက ပညာ၊ ရွှေငွေ၊ ရာထူးအာဏာမရှိသော်လည်း ယုံကြည်ခြင်း ရှိသော သူတိုင်း ၀မ်းမြောက်ကြစို့။ "လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်း ပေတည်း။ " (၁ ယော ၅:၄)။

    ယုံကြည်ခြင်း သည် ထိုသို့ တန်ဘိုး ရှိသောကြောင့် စစ်မစစ်ကို ဒုက္ခ ဆင်းရဲခြင်း အမျိုးမျိုး အားဖြင့် စစ်ဆေးရသည်။ ထိုကြောင့်ဒုက္ခ ဆင်းရဲ ခံ သောအခါ စိတ်မပျက်ဘဲ စောင့်ကြစို့။ ဘုရားသခင်က ထိုဒုက္ခ ဆင်းရဲကို ​ ဖြေရှင်း လိမ့်မည်။ စာမေးပွဲသည် ​ဖြေရစဥ်တွင် ခက်ခဲသော်လည်း၊ စာမေးပွဲအောင် သောအခါ အလွန် ၀မ်းမြောက်တတ် သကဲ့သို့ ဒုက္ခ ဆင်းရဲခြင်း လည်း ခံရစဥ်တွင် ခက်ခဲသော်လည်း၊ ဘုရား၏ ဘုန်းတော် ထင်ရှားမည်။ အဆုံး၌ ၀မ်းမြောက်မှုလည်း ရှိမှာကို သိခြင်း ဖြင့် ၀မ်းမြောက်ကြပါစို့။

    ၀ိညာဥ်တန်ဘိုး

    လူ၏ တန်ဘိုး အရှိဆုံးအပိုင်းသည် ၀ိညာဥ် ဖြစ်သည်။ သို့ သော်ထို၀ိညာဥ်အ ကြောင်းကို ပိုင်ရှင် လူသား များက မသိသောကြောင့်၊ တန်ဘိုး မထားကြ၊ ဂရုမစိုက်ကြ၊ လှစ်လှူရှုထား ကြသည်။ ဆာလံဆရာက၊ "ထိုသူတို့သည်ကိုယ်ဥစ္စာကိုကိုး စား၍ကိုယ်စည်းစိမ်များ သောကြောင့် ၀ါကြွားသော်လည်း မိမိ ညီအစ်ကိုကို အဘယ်သူ မျှ အလျှင်း မရွေးနိုင်၊၊ ရွေးရန်အဘိုးကို ဘုရားသခင်၌ မပေးနိုင်၊၊ သူတို့ အသက် ၀ိညာဥ်၏ ရွေးရန်အဘိုးကြီး လှပေ၏၊၊ သို့ ဖြစ်၍ အစဥ်ရှုံးလျက် နေရမည်၊၊ ရွေးလျှင် အစဥ်အ+မဲ အသက် ရှင်ရာ၏၊၊" (ဆာ ၄၉:၆-၉) ဟု ဆိုထားသည်။ သင်၏ ၀ိညာဥ်တန်ဘိုးသည် အဘိုးကြီး လွန်းသည်။ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်း၌ တန်ဘိုး မရှိလျှင်လည်း သင်၏ ၀ိညာဥ်သည် ရွေး၍ မရနိုင်အောင် တန်ဘိုး ကြီး လွန်းလှကြောင်း သိ၍ တန်ဘိုး ထားပါ။

    ခရစ်တော် က၊ "လူသည် ဤစကြ၀ဗာကို အကြွင်းမဲ့အစိုးရ၍ မိမိ အသက် ၀ိညာဥ်±ံှုးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိ အသက် ၀ိညာဥ်ကို အဘယ်ဥစ္စာနှင့် ရွေး နိုင်သနည်း။ " (မ ၁၆:၂၆) ဟု ဆိုသည်။ သင်၏ ၀ိညာဥ်သည် ခရစ်တော် အမြင်၌ စကြ၀ ဗာထက် တန်ဘိုး ရှိသည်။ သို့ သော် သင် နားမလည် သောကြောင့် သင်၏ ၀ိညာဥ်အ တွက်ဘာမျှဦးစားမပေးခြင်း ဖြစ်သည်။

    ရှင်ပေါလုကလူ၏ ခန္ဓာနှင့် ၀ိညာဥ်ကို ဘုရားသခင်က ရွေး၀ယ်ကြောင်း ဤသို့ ရေးထားသည်၊ "အဘယ်သို့ နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေး သနား တော်မူသော ၀ိညာဥ်တော် တည်း ဟူသော၊ သင်တို့ အထဲ၌ ကျိန်း၀ပ်၍ သန့်ရှင်းသော ၀ိညာဥ်တော်၏ ဗိမာန် ဖြစ်ကြောင်း ကို၎င်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ သင်တို့သည် အဘိုးနှင့် ၀ယ် တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင် တော်မူသော သင်တို့၏ကိုယ်ခန္ဓာနှင့် စိတ်၀ိညာဥ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားကြစေလော့။ " (၁ ကော ၆:၁၉-၂၀)

    ဘုရားသခင်က လူကို အဘိုးနှင့် ၀ယ် တော်မူသည် ဟု ဆို သောအခါ အဘယ်အ ပိုင်းကို အဓိကထား၀ယ် တော်မူ သနည်းဟူမူကား ၀ိညာဥ် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော်ကိုယ်ခန္ဓာသည် မြေမှု န့် ဖြစ်သည်ဟု ဘုရားသခင်က ဆိုခဲ့ပြီ (ဆာ ၁၀၃:၁၄)။ စိတ်နှလုံးလည်း အလွန် ယုိယွင်းသည်ဟု ဆိုသည် (ယေရမိ ၁ရ:၉)။ ထို့အပြင်၊ "စိတ် နှလုံးသစ်ကို ငါပေးမည်။ သဘော သစ်ကို သွင်းထားမည်။ သင်တို့ ခန္ဓာထဲက ကျောက် နှလုံးကို နှုတ်၍ အသား နှလုံးကို ပေးမည်။ "ဟု ဆိုသည် (ယေဇကျေလ ၃၆:၂၆)။

    ထိုကြောင့်ဘုရား ရွေး၀ယ်သော အရာသည် ၀ိညာဥ် ဖြစ်သည်ဟု ဆိုုနိုင်သည်။ သို့ သော်၀ိညာဥ်ရွေး၀ယ် ပြီး နောက်စိတ်နှလုံးလည်း ကျောက်နှလုံးမှအသား နှလုံးသို့ ပြောင်းပေးသည်။ ကိုယ် ခန္ဓာလည်း ချီဆောင်ခြင်း နေ့၌ ၀ိညာဏကိုယ်ခန္ဓာသို့ ပြောင်း လဲ ပေးမှ သာတန်ဘိုး ရှိ လာပေမည်။

    .

    ချီဆောင်ခြင်း

    ယခုလ ၃၀ ရက်နေ့သည် ဣသရေလ လူမျိုးများ၏ တံပိုးမှုတ်ပွဲ ဖြစ်သည်။ ထို တံပိုးမှုတ်ပွဲသည် ဣသရေလ လူမျိုးများ အတွက် အလွန် အရေးကြီး သော အရာ ဖြစ်သည်။ မြန်မာပြည် တောရွာများ၌ သံချောင်းခေါက်ခြင်း ဖြင့် အချက်ပြတတ် ကြသည်။ ရွာထဲ၌ မီးလောင်လျှင် သံချောင်းကို မြန်မြန်ခေါက်၍၊ လူသေလျှင် ဖြည်းဖြည်းခေါက်သည်။ ဘုရား ရှိခိုးဘို့ ဖြစ်လျှင် ပုံမှန်ခေါက် ကြသည်။ ထို့နည်းတူ ဣသရေလ လူမျိုးများသည် စစ်တိုက်ဘို့ စစ်သား စုဆောင်းလျှင် တံပိုးမှုတ်ခြင်း ဖြင့် ခေါ်တတ်သည်။ ဘုရား ရှိခိုး ဘို့ ခေါ်လျှင်လည်း တံပိုးမှုတ်တတ်သည်။ သို့ ဖြစ်လျှင် တံပိုးမှုတ်ပွဲသည် မည်သို့ သော အရာကို ​ေဖါ်ပြခြင်း ဖြစ်မည်နည်း။

    ဣသရေလ လူမျိုးများ အတွက် တံပိုးမှုတ်ပွဲသည်၊ သူတို့ တိုင်း ပြည်သို့ ပြန်လာဘို့၊ စစ်တိုက်ဘို့ ဖြစ်လိမ့်မည်။ သို့ သော်ယုံကြည်သူများအတွက် တံပိုးမှုတ်ပွဲသည် ကောင်းကင် တက်ဘို့ ရန်ခေါ်ဘိတ်ခြင်း၊ ကိုယ်ခန္ဓာပြောင်းလဲပေးခြင်း၊ ဖြစ်မည့် အကြောင်းကို ပေါလုကဤသို့ ရေးထားသည်၊ "နက်န​ဲသော အရာ တခုကို ငါပြ ဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြ မည် မဟုတ်။ သို့ သော်လည်း၊ နောက်ဆုံးသော တံပိုး မှုတ် သောအခါ၊ တခဏခြင်းတွင် မျက်စိ တမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက် သောအခါ သေလွန် သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်း သို့ ရောက်ရကြမည်။ " (၁ ကော ၁၅:၅၁-၅၂) "သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့် တကွ၊ ကောင်းကင် ဘုံမှ ကိုယ် တိုင် ဆင်းသက် တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူ တို့သည် အဦးထမြောက် ကြလိမ့်မည်။ ၁၇ထိုအခါ အသက် ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်း ကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်း ငှါ၊ ထိုသူ တို့နှင့် တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသော အားဖြင့် သခင်ဘုရားနှင့် အတူ အစဥ်မပြတ် နေရကြ လိမ့်မည်။ " (၁ သက် ၄:၁၄-၁ရ)

    .

    ကျမ်းစာဖတ်ကြစို့

    ဂလာတိ ၄

    ၁။ တဖန်တုံ၊ အမွေခံ မည်သည် ကား၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သောသူ ဖြစ်သော်လည်း၊ အရွယ်မရောက်မှီ ကာလ ပတ်လုံး အစေအပါ​ကျွန်နှင့် တူ၏။ ၂။ အဘစီရင်နှင့် သော အချိန် ကာမရောက်မှီတိုင်အောင် အစောင့် အထိ န်းအအုပ်အချုပ်တို့ လက်၌ ရှိ၏။

    သားသမီး များသည် မိဘ၏ အမွေခံ မည့်သူများ ဖြစ်ကြသော်လည်း၊ အရွယ်မ ရောက်မှီသူတို့ ပိုင်သော ဥစ္စာများကို ကြိုက်သလိုသုံးစွဲ၍ မရ၊ အစေခံများ၊ သူတို့ကို ထိန်းသော သူများ၏ စီမံထားသည့်အတိုင်း နေရသည်။ နို့နှင့် မုန့်များကို ခလေး ထိန်းထံ၌ မိဘကအပ်နှံထား၍၊ အထိ န်းကပေးသမျှ သာစားသောက်ရသည်။

    ၃။ ထိုနည်းတူငါတို့သည် အရွယ်မရောက်မှီလောကီတရားနုလက်၌ ​ကျွန်ခံရကြ၏။

    ထို့နည်းတူယုံကြည်သူ များသည် ဘုရား၏ အမွေခံများ ဖြစ်ကြသော်လည်း အရွယ်မရောက်သေးခင်အထိ လောကီတရားနုလက်၌ ကွျန်ခံရသည်ဟု ဆိုသည်။ လော ကီတရားနုဆိုသည်မှာ၊ လောကီစည်းကမ်းသွန်သင်မှုကို ဆိုလိုသည်။ လောကီတရား နုလက်၌ ​ကျွန်ခံသည် ဆိုသည်မှာ လောကီစည်းကမ်းကို လိုက်နာခြင်း ဖြစ်သည်။

    ၄။ အချိန်ကာလ စေ့သောအခါ၊ ငါတို့သည် သား၏ အခွင့်အရာကို ခံရမည်အကြောင်း၊

    ၅။ ပညတ်တရားလက်၌ ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်း ငှါ၊ မိန်းမ၀မ်း၌ ပဋ္ဋိသ​ေန္ဓယူ၍ ပညတ်တရားအောက်၌ ဘွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ် တော်မူ၏။

    လောကီတရားနုကို ဤနေရာ၌ ပညတ်တရားဟု ဆိုသည်။ ငါတို့ကို ပညတ် တရား၏ လက်မှရွေးနှုတ်ဘို့ ရန် ဘုရားသခင်က ကြိုတင် စီမံထားခဲ့ပြီ။ သူ၏ အချိန် စေ့ သောအခါ ထိုပညတ်တရားလက်၌ ​ကျွန်ခံနေသော ငါတို့ကို ရွေးနှုတ်ဘို့ ရန် ဘုရားသခင်သည် သူ၏ သားကို ဤလောကသို့ စေလွှတ်သည်။ ထိုသားသည် လူသား များကဲ့သို့ တူ ညီရန်မိန်းမ၀မ်း၌ ပဋ္ဋိသ​ေန္ဓယူ၍ လူကဲ့သို့ ဘွားမြင်သည်။

    ၆။ ထိုသို့ သင်တို့သည်သား ဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ ၀ိညာဥ်တော်ကို သင်တို့ စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ် တော်မူ၏။

    ဤနေရာ၌ ယုံကြည်သူ များကို ဘုရား၏ သားဟု ခေါ်လိုက်သည်။ ဘုရား၏ သားများကခမည်းတော် ဘုရားကို အဗ္ဗအဘဟု ခေါ်ရသည်။ အAŠဟူသော စကား လုံးသည် အာရမိတ်စကား ဖြစ်၍ အဘဟု အဓိပ္ပါယ်ရသည်။ အထူးသဖြင့် ခလေး ကသူ၏ အ​ေဖကို ခေါ်သော စကား ဖြစ်သည်။ ထိုသို့ ခေါ်နိုင်ရန် ဘုရားသခင်က သန့်ရှင်းသော ၀ိညာဥ်တော်ကို ယုံကြည်သူ၏ စိတ်နှလုံးထဲ၌ စေလွှတ်သည်။ ထို့ကြောင့် သန့်ရှင်း သော ၀ိညာဥ်တော် ရရှိသူတိုင်းက ဘုရားသခင်ကို အဘဟု ခေါ်နိုင်သည်၊ ခေါ်သင့်သည်။

    ရ။ သို့ ဖြစ်၍ သင်တို့သည် နောက်တဖန် အစေအပါ​ကျွန်မ ဖြစ်၊သား ပင် ဖြစ်ကြ၏။သား ဖြစ်လျှင် ခရစ်တော် အားဖြင့် ဘုရားသခင်၏ အမွေခံလည်း ဖြစ်ကြ၏။

    ယုံကြည်သူ များသည် ပညတ်တရား၏ ​ကျွန် မဟုတ်တော့ချေ၊ ဘုရား၏သား အမွေခံများ ဖြစ်ကြပြီ။ ထိုသို့ ဘုရား၏သား ဖြစ်ရသောကြောင့်၊ ဘုရား၏ သားများကဲ့သို့ အသက် ရှင်ရမည်၊ ​ကျွန်စိတ်မထားတော့ဘဲသား စိတ်ထား၍၊ အဘမျက်နှာမပျက် ရလေအောင် အသက် ရှင်ရမည်။

    ၈။ သို့ သော်လည်း အထက် ကသင်တို့သည် ဘုရားသခင်ကို မသိ သောအခါ၊ ဇာတိအား ဖြင့် ဘုရား မဟုတ်သော သူတို့၏ အမှုကို ဆောင်ရွက်ကြ၏။

    အထက် ကဟူသော အရာသည် ယခင်ဘုရား မသိခင်ဘ၀ကို ဆိုလို်သည်။ ယုံ ကြည် သူများသည် ဘုရား မသိ သောအခါ၊ ဘုရား မဟုတ်သော သူတို့၏ အမှုကို ဆောင် ရွက်သည်ဟု ဆိုခြင်းသည်၊ လောကီအမှု ဆောင်ရွက်ခြင်း၊ အခြားဘုရား များ၏ အမှုကို ဆောင်ရွက်ခြင်း ဖြစ်သည်။

    ၉။ ယခုမူကား သင်တို့သည် ဘုရားသခင်ကို သိပြီးမှဟူ၍ မဆို၊ ဘုရားသခင်သည် သင် တို့ကို သိ တော်မူ ပြီးမှ၊အား မရှိ၊ ချမ်းသာ မပေးနိုင်သော တရားနုဘက်သို့ အဘယ်ကြောင့် တဖန် ပြောင်းလဲကြသနည်း။ ထိုလောကီတရား၌ တဖန် ​ကျွန်ခံခြင်းငှါ အလိုရှိ ကြပြီတကား။

    လူကဘုရားကို အရင်သိခြင်း မဟုတ်ဘဲ ဘုရားကလူကို သိသည်။ အမှန်မှာ ဘုရားသည် လူတိုင်းကို သိသည်။ သို့ သော်ဤသိခြင်းသည် အသိအမှတ်ပြုခြင်းကို ဆို လိုခြင်း ဖြစ်မည်။ တရားနုတည်း ဟူသော ပညတ်တရားသည်၊အား မရှိ၊ ချမ်းသာ မပေး နိုင်ဟု ဆိုသည်။ ဂလာတိယုံကြည်သူ များသည် ပေါလုတို့၏ ကျေးဇူးတော်အား ဖြင့် ကယ်တင်ခြင်းကို ကြားချိန်မှစ၍ ထိုတရားကို ယုံကြည် ပြီးမှပညတ်တရားစောင့်ရှောက်ခြင်း ဘက်၌ ပြန်လှည့်သွားကြသောကြောင့် ပေါလုကအပြစ် တင်ခြင်း ဖြစ်သည်။ ဤနေ ရာ၌ ကောင်းကောင်းရှင်းလင်းဘို့ လိုသည်။ ပေါလုဆိုလိုသည် မှာ၊ ကယ်တင်ခြင်း၊ ဘုရားသား ဖြစ်ခြင်း တို့သည် ပညတ်တော် လိုက်လျှောက်ခြင်းအား ဖြင့် မဟုတ်၊ ကျေး ဇူးတော်ကို ယုံကြည်ခြင်းအား ဖြင့် ဖြစ်သည်။ ထိုသို့ ယုံကြည် ပြီး သော သူသည် ပညတ် တရားအတိုင်း အသက် ရှင်ရမှာ ဖြစ်သော်လည်း၊ ထိုတရား လိုက်နာခြင်းအား ဖြင့် ကယ် တင်ခြင်း၊ ဘုရားသား ဖြစ်ဘို့ ကြိုးစားခြင်းကို မပြုလုပ် သင့်ကြောင်း ရှင်းပြနေခြင်း ဖြစ်သည်။

    ၁၀။ နှစ်၊ လ၊ နေ့ရက်၊ အချိန် ကာလ များကို စောင့်ကြပြီတကား။

    ဘုရားသခင်က ဣသရေလ လူများကို နှစ်လနေ့ရက်များ စောင့်ဘို့ ပြောထားသည် (၀တ် ၂၃)။ ဥပုသ်နေ့၊ လဆန်းနေ့၊ ပွဲနေ့များကို ဆိုလိုသည်။ ထိုအရာများသည် အရိပ်များ ဖြစ်သည်။ ခရစ်တော် ကအသက် တာအား ဖြင့် ပြည့်စုံ စေခဲ့ပြီ (ကော ၂:၁၆-၁ရ)။ သို့ သော် ခရစ်ယာန်များကအရိပ်လည်း မမြင်၊ အကောင်လည်း မမြင် ဖြစ် နေကြသည်ကို ၀မ်းနည်းဖွယ် ဖြစ်သည်။ ဂလာတိယုံကြည်သူ များသည် ယေရှုကို ယုံ ကြည် လက်ခံပြီး သော်လည်း၊ ဣသရေလ လူများ ကဲ့သို့ နှစ်လနေ့ရက်များ စောင့်ခြင်း ဖြင့် ​ဖြောင့်မတ်မည်၊ ကယ်တင်ခြင်းသို့ ရောက်မည်၊ ဘုရားက လက်ခံမည်ဟု ယူဆခြင်းကို ပေါလုကအပြစ် တင်ခြင်း ဖြစ်သည်။

    ၁၁။ ငါသည် သင်တို့ ဆီမှာ အချည်းနှီး ကြိုးစား အားထုတ်သည်ဟု သင်တို့၏ အကြောင်းကြောင့် စိုးရိမ် လျက် ရှိ၏။

    ပေါလုက ဂလာတိပြည်၌ ရှိသော ယုံကြည်သူများ၊ ယုံကြည်ခြင်းအား ဖြင့် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရား သိရှိဘို့ ရန်၊ သန့်ရှင်းသော ၀ိညာဥ်တော် ရရှိ ဘို့ ရန်အလွန် ကြိုးစား ခဲ့သည်။ သူရှိစဥ်၌ သူတို့သည် ယုံကြည် ကြသော်လည်း၊ သူမရှိ သော နောက်ပိုင်း၌ မှားယွင်းသော သွန်သင်မှုများကြောင့်၊ သူ၏ ကြိုးစား မှု များသည် အကျိုးမရှိဘဲ အချည်းနှီး ဖြစ်မည်ဟုသူ စိုးရိမ်ခြင်းကို ရေးခြင်း ဖြစ်သည်။

    ၁၂။ ညီအစ်ကိုတို့၊ သင်တို့ ကဲ့သို့ ငါ ဖြစ်၏။ ငါကဲ့သို့ သင်တို့ ဖြစ်ကြလော့ဟု ငါတောင်း ပန်၏။ သင်တို့သည် ငါ့ကို အလျှင်း မပြစ်မှားကြ။

    ပေါလုကသူသည် သူတို့ ကဲ့သို့ လူသား ဖြစ်၍ အ​ခြေအနေတူသည်။ ထို့ကြောင့် သူကဲ့သို့ ဘုရားသခင်ကို ယုံကြည် သောသူ ဖြစ်ဘို့ ပြောနေခြင်း ဖြစ်သည်။ သူ တို့သည် ပေါလု အပေါ်မ ဖြစ်မှားသော်လည်း၊ လွှဲမှားသော အယူ၀ါဒကို လက်ခံကြသောကြောင့် ပေါလု၏ စိတ်ထိခိုက်ခြင်း ဖြစ်သည်။

    ၁၃။ ငါသည်ကိုယ်နာခြင်း ရောဂါနှင့် တကွ၊ ဧ၀ံဂေလိတရားကို သင်တို့အား အထက် ကဟောပြောကြောင်းကို သင်တို့ သိကြ၏။

    ပေါလုသည် ဂလာတိလူတို့ ထံ တရားဟော သောအခါ၊ ကိုယ်ခန္ဓာမကျန်းမာ ခဲ့ကြောင်း သူကိုယ်တိုင်ကရေးသား ထားသည်။ ထိုအရာကို ဂလာတိယုံကြည်သူများကသိ ကြသည်။ မည်ကဲ့သို့ သော ရောဂါခံစားသည်ကို မ​ေဖါ်ပြသောကြောင့် မသိရပါ။

    ၁၄။ ကိုယ်ကာယ၌ ငါခံရသော စုံးစမ်းခြင်းကို သင်တို့သည် မထီမဲ့မြင် မပြု၊ ငါ့ကို မပယ်၊ ဘုရားသခင်၏ ကောင်းကင်တမန် ကဲ့သို့၎င်း၊ ယေရှုခရစ် ကဲ့သို့၎င်း၊ လက်ခံကြ၏။

    ပေါလုက၊ ကိုယ်ခန္ဓာကျန်းမာခြင်း မရှိဘဲ၊ တရားဟောသော်လည်း ဂလာတိ လူများ ကသူ့ကို မထီမဲ့မြင် ပြုခြင်း မရှိ၊ သူ့ကို မပယ်ဘဲ ကောင်းကင်တမန် ကဲ့သို့၎င်း၊ ယေ ရှု ခရစ်ကဲ့သို့၎င်း၊ လက်ခံကြသည်ဟု ဆိုသည်။ စစ်မှန်သော ကယ်တင်ခြင်းသို့ ရောက် သော သူတိုင်း က၊ သူတို့၏ ၀ိညာဥ်ဖခင်များကို အလွန် ချစ်တတ် ကြသည်။ ထို၀ိညာဥ် ပိုင်းမေတ္တာဖြင့်ကိုယ်ကာယပိုင်းချစ်ခြင်း အဖြစ်သို့ လွန်သွားမှာကို သတိထားဘို့ လိုသည်။ သို့မဟုတ်၊ ကိုယ်ကာယပိုင်းလွန်ကျူးစွာ ချစ်ခြင်း ဖြင့် အမှားမှားအယွင်းယွင်း ဖြစ်နိုင်သည်။

    ၁၅။ သို့ ဖြစ်လျှင် သင်တို့ ခံရ သော မဂ်လာကား အဘယ်မဂ်လာနည်း။ အထက်ကကိုယ်မျက်စိကို ထုတ်၍ ငါ့အား ပေးနိုင်လျှင်၊ ပေးခြင်းငှါ သင်တို့ အလိုရှိသည်ဟု ငါ သက်သေ ခံ၏။

    ဂလာတိယုံကြည်သူများကပေါလုကို ချစ်ခြင်းသည်၊ မည်မျှကြီး သနည်း ဟူမူကား မျက်စိကို ထုတ်၍ သူ့အား ပေးနိုင်လျှင် ပေးချင်လောက်အောင် ချစ် ကြသည်။ ထို အရာသည် ယနေ့ ဧ၀ံဂေလိတရားဟောသော သူများ ထံတရားနာသော သူများ ကချစ်ခြင်း၌ တွေ့မြင်ရတတ်သည်။

    ၁၆။ ယခုမူကား၊ ငါသည် သမ္မာတရားကို သင်တို့အား ဟောပြော သောကြောင့် သင် တို့၏ ရန်သူ ဖြစ်သလော။
    ပေါလုက သမ္မာတရား ဟော သောအခါ၊ ဂလာတိယုံကြည်သူ များ၏ အပြစ် ​ေဖါ်ပြ သကဲ့သို့ ဖြစ်သည်။ ထိုသို့ သမ္မာတရား ဟောခြင်းသည် သူတို့၏ ရန်သူ ဖြစ်ခြင်းကြောင့် လော၊ မဟုတ်ပါ။ သူတို့ကို ချစ်သောကြောင့် သာလျှင် ဖြစ်သည်။

    ၁ရ။ သူတထူးတို့သည် သင်တို့ကို အလွန် ချစ်ကြသည် မှန်စေတော့။ လေျာက်ပတ်စွာ ချစ်ကြသည် မဟုတ်။ သင်တို့သည် သူတို့ကို အလွန် ချစ်မည်အကြောင်း၊ သူတို့သည် သင်တို့ကို ပယ်ခြင်းငှါ အလိုရှိကြ၏။

    မှားယွင်းသော ဆရာ သို့မဟုတ် လူတို့သည် ယုံကြည်သူ များကို အမှန်ချစ်ကြသည် မဟုတ်။ သူတို့ကို ဖျက်ဆီးဘို့ ရန်ကြံရွယ်သော သူများ ရှိ ကြသည်။ သို့ သော် ၀ိညာဥ်ပိုင်းနုနယ်သော သူများ အတွက် ထိုအကြံသမားများကို ယုံ၍၊ သူတို့၏ ၀ိညာဥ် ဖခင်များကို အထင်လွှဲတတ်သည်။

    ၁၈။ သို့ သော်လည်း သင်တို့နှင့် အတူ ငါရှိစဥ်တွင် သာ ကောင်းသော အရာကို အလွန် ချစ်အပ်သည် မဟုတ်။ အစဥ်မပြတ် အလွန် ချစ်အပ်၏။

    ပေါလုကကောင်းသော အရာဟု ဆိုခြင်းသည်၊ သမ္မာတရားကို ဆိုုလိုခြင်း ဖြစ် မည်။ ထိုအရာကို သူရှိစဥ်သာလျှင် မဟုတ်ဘဲ၊ သူမရှိလျှင်လည်း အစဥ်မပြတ် ချစ်အပ်သည်ဟု ဆိုသည်။ များစွာ သော ၀ိညာဥ်ခလေး များသည် တရားဟောဆရာရှိစဥ်တွင် သာလျှင် တက်ကြွ၍၊ ဆရာမရှိလျှင် လေျာရဲသွားတတ် ကြသည်။

    ၁၉။ ခရစ်တော်သည် သင်တို့ အထဲ၌ တည်လျက် ရှိ တော်မူသည် တိုင်အောင် သင်တို့ အဘို့ သားဘွားခြင်း ဝေဒနာကို ငါခံရသော ငါ့ချစ်သားတို့၊

    ပေါလုကဂလာတိယုံကြည်သူများ ခရစ်တော်၌ ဒုတိယ မွေးဘွားခြင်း ခံရန်ကိုယ်၀န်ဆောင်မိန်းမက သားဘွားခြင်း ဝေဒနာ ခံ သကဲ့သို့ တင်စား၍ ရေးခြင်း ဖြစ်သည်။ မှန်ပါသည်၊ ၀ိညာဥ်ဖခင်များသည် ၀ိညာဥ် သားသမီး များမွေးဘွားဘို့ ရန်အတွက် ဆုတောင်း ပေးခြင်း၊ သင်ပေးခြင်း၊ ပင်ပန်းခံခြင်းများပြုလုပ် ကြသည်။ ထို့ကြောင့် ၀ိညာဥ် သားသမီး များကို ချစ်ကြ၍၊ သူတို့ လဲမှာ​ဖေါက်ပြန်မှာကို စိုးရိမ် တတ် ကြသည်။

    ၂၀။ သင်တို့ကို ငါယုံမှားခြင်း ရှိသောကြောင့်၊ ယခုသင်တို့ကို ကိုယ်တိုင်တွေ့၍ ထူးခြား သော စကားကို ပြောခြင်းငှါ အလိုရှိ၏။

    ၂၁။ ပညတ်တရားအောက်၌ နေချင် သော သူတို့၊ သင်တို့သည် ပညတ်တရားကို နား မလည်ကြသလော။

    ဂလာတိယုံကြည်သူ များသည် ပညတ်တရားအောက်၌ နေချင်သည်ဟု ပေါလုကဆိုသည်။ ပညတ်တရားအောက်၌ နေခြင်း ဆိုသည်မှာ၊ ပညတ်တော် လိုက် ရှောက်ခြင်းအား ဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်၊ ​ဖြောင့်မတ်မည်ဟု ဆိုခြင်း ဖြစ်သည်။

    ၂၂။ ပညတ္တိကျမ်းစာ၌ လာသည် ကား၊ အာဗြဟံ၌သား နှစ်ယောက်ရှိ၏။သား တ ယောက်ကား၊ ​ကျွန်မ၏သား ဖြစ်၏ တယောက် ကား ​ကျွန်မ မဟုတ်သော မိန်မ၏သား ဖြစ်၏ဟု လာသတည်း။

    အာဗြဟံ၏သား နှစ်ယောက်သည်၊ ဣရှမေလနှင့် ဣဇက် ဖြစ်သည်။ ဣရှမေ လသည် ​ကျွန်မ၏သား ဖြစ်၍ ဣဇက်သည် ​ကျွန်မ မဟုတ်သော မိန်းမသား ဖြစ်သည်။

    ၂၃။ ​ကျွန်မ၏ သားသည် ဇာတိပကတိ အားဖြင့် ဘွားသောသား ဖြစ်၏။ ​ကျွန်မ မဟုတ် သော မိန်းမ၏ သားသည် ဂတိတော် အားဖြင့် ဘွားသောသား ဖြစ်၏။

    ​ကျွန်မ၏သား ဖြစ်သော ဣရှမေလသည် ဘုရား၏ ဂတိတော်အား ဖြင့် မဟုတ် ဘဲ၊ လူ့အကြံ အစည်အား ဖြင့် ဘွားသောသား ဖြစ်သည်။ အာဗြဟံနှင့် ဇနီးစာရာတို့သည် အသက် ကြီး ပြီ ဖြစ်သောကြောင့် သားဘွားနိုင်တော့မည် မဟုတ်ဟု စိုးရိမ် ပြီး စာ ရာကအာဗြဟံကို ​ကျွန်မဟာဂရနှင့် ပေးစားရာမှ မွေးဘွားသောကြောင့် ဇတိပကတိအား ဖြင့် ဘွားသော သားဟု ဆိုခြင်း ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း ဘုရားကို မစောင့်နိုင် သောအခါ ဇာတိအား ဖြင့် ကြံစည်ဆုံးဖြတ်ကြသောကြောင့် နောက်ပိုင်း၌ ဒုက္ခ ပြသနာ ရင်ဆိုင်တတ် ကြသည်။ ဣဇက်သည် ဘုရား ဂတိတော်အား ဖြင့် ဇနီးစာရာမှ မွေးဘွား သောသား ဖြစ်သည်။

    ၂၄။ ထိုအကြောင်း အရာကို ပုံပမာအားဖြင့် ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋ္ဋိညာဥ်တရားနှစ်ပါးကို ဆိုလိုသတည်း။ ဟာဂရအမည်ရှိသော မိန်းမ တည်း ဟူသော ပဋ္ဋိညာဥ်တရားတပါးသည် သိနာတောင် ပေါ်မှာ စီရင်၍၊ ​ကျွန်များကို ဘွားတတ် သော တရား ဖြစ်၏။

    ​ကျွန်မဟာဂရသည် သိနာတောင်ပေါ်မှာ စီရင်သော ပဋ္ဋိညာဥ်တရားဟောင်းနှင့် နှုိင်းယှဥ်ထားသည်။ ထိုပဋ္ဋိညာဥ်တရားသည် ပညတ်တော် ဖြစ်၍၊ လူများကို ပညတ်တော်၏ ​ကျွန် ဖြစ်စေသည်။ များစွာ သော ခရစ်ယာန်များနှင့် ဂျူးလူမျိုးများသည် ပညတ်တော်၏ ​ကျွန် ဖြစ်ကြ၍၊ ကောင်းကင် နိုင်ငံရောက်ဘို့ ရန်ပညတ်တော် လိုက်လျှောက်ရ မည်ဟု ခံယူကြွေးကြော် နေ ကြသည်။ သို့ သော်သူတို့သည် ​ကျွန် ဖြစ်မှန်းပင် မသိဘဲ ​ကျွန် ဖြစ် နေ ကြသည်။

    ၂၅။ အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ ရှိသော သိနာတောင် ဖြစ်၏။ ယခု ရှိသော ယေရုရှလင်မြို့ နှင့် တူ၏၊ မိမိ သားများနှင့် တကွ​ကျွန်ခံရ၏။

    ဟာဂရသည် အဲဂုတ္တု ပြည် မှခေါ်လာသော၊ အာဗြဟံနှင့် စာရာတို့၏ ​ကျွန် ဖြစ်သည်။ သူသည် စာရာ၏ အကြံပေးမှု အားဖြင့် အာဗြဟံနှင့်သား ဣရှမေလကို ရရှိခဲ့သည်။ ဣရှမေလသည် အာဗြဟံ၏သား ဖြစ်သော်လည်း၊ အငယ် ၃၀၌ အမေနှင့် အ တူနှင်ထုတ်ခြင်း ခံရသည်။ ဟာဂရသည် ပညတ်တော် ပေးသော သိနာတောင်နှင့် ၎င်း၊ မြေကြီး ပေါ်၌ ရှိသော ယေရုရှလင် မြို့နှင့် ၎င်းခိုင်းနှုိင်းထားသည်။ ယေရုရှလင် မြို့သား များသည်၊ ဇာတိအား ဖြင့် အာဗြဟံ၏ သားများ ဖြစ်ကြသော်လည်း၊ ဘုရား၏ ဂတိတော်ကို လက်မခံကြသောကြောင့်၊ ပညတ်တော်၏ ​ကျွန်များ ဖြစ် ကြသည်။

    ၂၆။ အပေါ်မှာ ရှိသော ယေရုရှလင် မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်း ဟူသော ​ကျွန်မ မဟုတ်သော မိန်းမ ဖြစ်သတည်း။

    ကောင်းကင်၌ ရှိသော ယေရုရှလင် မြို့သည်၊ ​ကျွန်မ မဟုတ်သော စာရာနှင့် ခိုင်းနှုိင်းထားသည်။ ကောင်းကင် ယေရုရှလင် မြို့နှင့် ပတ်သက်၍ ဤသို့ ရေးထားသည်၊ "သန့်ရှင်းသော မြို့တည်း ဟူသော ယေရုရှလင် မြို့သစ်သည် မိ မိခင် ပွန်းဘို့ တန်ဆာ ဆင်သော မဂ်လာဆောင် သတို့သမီး ကဲ့သို့ ပြင်ဆင် လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင် ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ " (ဗျာ ၂၁:၂)

    ၂ရ။ ကျမ်းစာ လာသည် ကား၊သား မဘွားသော အမြံုမ၊ ၀မ်းမြောက်လော့။ သားဘွားခြင်း ဝေဒနာကို မခံ သေးသော မိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူ ကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသော မိန်းမထက် သာ၍များသောသား တို့ကို ဘွား မြင်ပြီဟု လာသတည်း။ (ဟေရှာ ၅၄:၁)

    စာရာသည် အာဗြဟံ၏ မိန်းမ ဖြစ်သော်လည်း နှစ်ပေါင်းများစွာ မြံုခဲ့သည်။ ​ကျွန်မဟာဂရမူကား ချက်ချင်း သားဘွားသောကြောင့်၊ သူ၏ သခင်မကို မထီမဲ့မြင် ပြုခဲ့သည် (က ၁၆:၄)။ သို့ သော်ဘုရား၏ တန်ခိုးတော်အား ဖြင့်၊ စာရာသည်သား ပြန်ရ ကာများစွာ သောသား စဥ်မြေးဆက်များ ပွားများ ခဲ့သည်။

    ၂၈။ ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့ ဂတိတော် နှင့် စပ်ဆိုင်သောသား ဖြစ်ကြ၏။

    ယုံကြည်သူ များသည် ဇာတိအား ဖြင့် မွေးဘွားသော ဣရှမေလကဲ့သို့ မဟုတ်၊ ဂတိတော်အား ဖြင့် မွေးဘွားသော ဣဇက်ကဲ့သို့ ဖြစ် ကြသည်။

    ၂၉။ ထိုအခါ ဇာတိပကတိ အားဖြင့် ဘွားသော သားသည် ၀ိညာဥ်တော် အားဖြင့် ဘွား သော သားကို ညှဥ်းဆဲကဲ့သို့၊ ထိုနည်းတူ ယခုပင် ဖြစ်၏။

    ဣရှမေလက ဣဇက်ကို ဆဲခဲ့ကြောင်း ဤသို့ တွေ့ရသည်၊ "အဲဂုတ္တု အမျိုးသား ဟာဂရတွင် အာဗြဟံရသော သားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊ ဤ ​ကျွန်မနှင့် သူ၏ သားကို နှင်ထုတ် ပါလော့။ ဤ​ကျွန်မသားသည် အ​ကျွန်ုပ်၏သား ဣဇက် နှင့် အတူ အမွေမခံရဟု၊ အာဗြဟံအား ဆိုလေ၏။ " (က ၂၁:၉-၁၀)။ ယုံကြည်သူများ၌ လူဟောင်းကလူသစ်ကို ညှဥ်းဆဲတတ်သည်။ ဆိုလိုသည် မှာလူသစ်ကြိုက်သော အရာကို မလိုက်ဘို့ ရန်လူဟောင်းကကန့်ကွက်တတ်သည်။ လူသစ်ကဘုရား အလိုတော်ကို လိုက်ချင် သော်လည်း လူဟောင်းကမလိုက်ချင်၊ ဇာတိအလို လိုက်ချင်သည်။

    ၃၀။ သို့ သော်လည်း အဘယ်သို့ ကျမ်းစာ လာသနည်းဟူမူကား၊ ​ကျွန်မနှင့် သူ၏ သားကို နှင်ထုတ်လော့။ ​ကျွန်မ၏ သားသည် ​ကျွန်မ မဟုတ် သော မိန်းမ၏သား နှင့် အတူ အမွေမခံရဟု လာသတည်း။

    အာဗြဟံသည် မိမိသား ဖြစ်သောကြောင့်၊ ဣရှမေလနှင်ထုတ် ဘို့သည် သူ့ အတွက် အလွန် ခက်သည်။ သို့ သော် ဘုရားသခင်က နှင်ထုတ် ခိုင်းသည်။ အကြောင်းမှာ ဣဇက်၌ သာအမျိုးတည်မည်ဟု ဆိုသည်။ (က ၂၁:၁၁-၁၂)။ ယုံကြည်သူ လည်း လူ ဟောင်းကို နှင်ထုတ်၍ လူသစ်သာလျှင် ဘုရား၏ အမွေခံ ဖြစ်မည်ကို ပုံဆောင်ခြင်း ဖြစ်သည်။ အာဗြဟံကသား ဣရှမေလနှင်ထုတ် ဘို့ ခက်ခဲ သကဲ့သို့၊ ယုံကြည်သူများလည်း၊ ဇာတိ၏ အလိုဆန္ဒများ ငြင်းဘို့သည် အလွန် ခက်ခဲတတ်သည်။

    ၃၁။ ယခုတွင် ညီအစ်ကိုတို့၊ ငါတို့သည် ​ကျွန်မ၏သား မဟုတ်၊ ​ကျွန်မ မဟုတ်သော မိန်း မ၏သား ဖြစ်ကြ၏။
    ယုံကြည်သူ များသည် အာဗြဟံသားများ ဖြစ်ကြသော်လည်း၊ ​ကျွန်မ၏သား ဣရှမေလကဲ့သို့ မဟုတ်၊ ကွျန်မ မဟုတ်သော စာရာ၏သား ဣဇက်ကဲ့သို့ ဖြစ် ကြသည်။ ထို့ကြောင့် အမွေးစားအမွေခံများ ဖြစ်ကြ၍ နှင်ထုတ်ခြင်း ခံမည့်သူများ မဟုတ်ချေ။

    .

    မီဒီယာကဏ္ဍ

    ဘုရားသခင်၏ ကယ်တင်ခြင်း နှင့် သမ္မာတရားကို မီဒီယာကဏ္ဍမှအတတ်နိုင် ဆုံးဖြန့်ဖြိုးလျက် ရှိပါသည်။ ဆရာမောဇက်ဟောပြောသော သမ္မာတရားများနား ထောင်လိုပါက You tube ထဲမှ နားထောင် နိုင်ပါသည်။ လိပ်စာမှာ၊ You tube address bar၌ gbc.inကို နှိပ်ပါ။ ထိုနောက် American အလံကို နှိပ်ပါ။ နောက်ဆုံး videoကို နှိပ်ပါ။ စာဖတ်လိုလျှင် GBC website ထဲမှ ာလာလည်နိုင်ပါသည်။ website လိပ်စာကတော့ gbcusa.org ဖြစ်ပါသည်။ ဝေစာများ လိုချင် ပါက ပို့ခ ပေးလျှင် အခမဲ့ဆရာမောဇက်ထံမှ ာယူနိုင်ပါသည်။ ကယ်တင်ခြင်း စာအုပ် (မြန်မာ၊ ဖလမ်း၊ ဟားခါး၊ မီဇိုး၊ မတူ၊ အဂ်လိပ်၊ ကရင်နှင့် ကယား) စာအုပ်များ အခမဲ့ပေး နေပါသည်။