Periodical: Good News June 2021

Home >   Periodicals > June 2021

gn062021

JUNE 2021
GOOD NEWS PERIODICAL

.

မာတိကာ

.

 

ကျွန်ုပ်တို့ခံရသော ကျေးဇူးတော်အကြောင်း

ပီတာထူး

ဘုရားသခင်၏နာမတော်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီး၍ မင်္ဂလာရှိစေသတည်း...အာမင်။

ထိုအကြောင်းအရာနှင့် ဆက်စပ်၍ တမန်တော်ကြီး ရှင်ပေတရုက သူ၏သြဝါဒစာ ပဌမ‌စောင်တွင် "ယေရှုခရစ်၏ တမန်တော် ငါပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖြန်းခြင်းကျေး ဇူးကိုခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော်ဘုရားသခင်၏ အနာဂတံ သဥာဏ်တော်အတိုင်း ရွေးကောက်တော်မူသောသူတည်းဟူသော၊ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာ ရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ် သက်ခြင်းသည် သင်တို့၌များပြားပါစေသော။" (၁ပေ ၁း၁-၂) ဟုအစချီ၍ ရေးသားသကဲ့သို့ ကျွန်ုပ်တို့ခံရသော ကျေးဇူးတော်အကြောင်းကို အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတိုင်းနိုင်ငံအသီးသီးမှ ဤစာစောင်ကိုဖတ်ခွင့်ရသော ယုံကြည်သူများကိုရည်မှတ်၍ ဘုရားသခင်၏ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို စေတနာစိတ်နှင့် ချီးမွမ်းနိုင်ရန်အတွက် ရေးသားတင်ပြအပ်ပါသည်။

၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့မှ ၁၁ရက်နေ့ထိ ကျေးဇူးတော်ကြောင့် မန်နီဆိုးတားပြည်နယ် အော်စတင်မြို့ သတင်းကောင်းနှစ်ခြင်းအသင်းတော်၌ သာသနာပြု ဒါရိုက်တာ ဆရာကြီးမောဇက်ထောင်ကျုံးဦးဆောင်၍ သာသ နာပြုအမှုတော်ဆောင်ဆရာများ မွမ်းမံသင်တန်းကို ပြုလုပ်ခွင့်ရခဲ့ပါသည်။ အဆီးအတား၊ အနှောက်အယှက်မရှိ အောင်မြင်စွာ လုပ်ဆောင်ခွင့်ကိုပေးသော ဘုရားသခင်၏ ကျေးဇူးတော်ကို အထူးချီးမွမ်းရပါသည်။ ထိုသင်တန်း အတွင်း၌ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဥ်ပိုင်းဆိုင်ရာများကို ဆရာကြီးကိုယ်တိုင်ဦးဆောင်၍ တက်ရောက်လာသော ဆ ရာ/ ဆရာမများမှတဆင့် မြောက်များစွာ သင်ယူခွင့်ရခဲ့ပါသည်။ တကယ်ပင် ကျွန်ုပ်တို့၌ အကျိုးရှိပါသည်။ တ လုံးတဝတည်းဖြစ်ခြင်း၊ ဘုရားသခင်ကို အားကိုးတတ်ခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ အစားအ သောက်၊ အနေအထိုင်၊ ကျန်းမာရေးဂရုစိုက်တတ်ဖို့ရန်မှစ၍ အမှုတော်ဆောင်တိုင်းအတွက် မရှိမဖြစ်လိုအပ် သောအရာများစွာကို လေ့လာခွင့်၊ ခံယူခွင့်ရခဲ့ပါသည်။ နှစ်ကာလအပိုင်းအခြားတခုအတွင်းတိုးတက်လာသော ဝိညာဥ်ပကတိအသက်တာများကိုလည်း တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် ဝိုင်းဝန်းလုပ်ဆောင်ပေး ကြသော ယုံကြည်သူညီအစ်ကိုမောင်နှမများ၏ အသက်တာများအားဖြင့် ထပ်ဆင့်သင်ယူခွင့်ရခဲ့ပါသည်။ သင်ယူ ၍ မကုန်နိုင်သော ဘုရားသခင်၏ကျေးဇူးတော်သည် များပြားလှပါ၏။

ထိုကျမ်းစာ၌ (၁ပေ ၁း၈-၉) "ထိုသခင်ကိုသင်တို့သည် မမြင်ဘူးသော်လည်းချစ်ကြ၏။ ယခုမှာလည်းမ မြင်ဘဲလျက်၊ ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏ အကျိုးကိုခံရကြ၏။" ဟုဆိုထားသည်။ တမန်တော်ကြီးရှင်ပေတရုသည် ခရစ်တော်ကို မျက်မြင်ကိုယ်တွေ့ ပေါင်းဖော်ဖူးသည်။ သို့သော် လည်း အရပ်ရပ်သို့ ကွဲပြားလျက်ရှိသော ယုံကြည်သူများသည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ယုံကြည်ခြင်း အားဖြင့်ချစ်ခြင်းအကြောင်းကို ချီးမွမ်းခဲ့သည်။ မမြင်ဖူးသော်လည်း ခရစ်တော်ကို ယုံကြည်သောအားဖြင့် ထာဝရ အသက်ရှင်ခြင်း၊ ကောင်းကင်နိုင်ငံတော်နှင့်စပ်ဆိုင်သော ဘုန်းအသရေနှင့်တကွ၊ လောကအမြင်နှင့် ဖော်ပြ၍ မကုန်နိုင်သော ရွှင်လန်းခြင်း၊ ဝမ်းမြောက်ခြင်းရှိကြသည်ဖြစ်၍ စိတ်ဝိညာဥ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံ ကြည်ခြင်း၏ အကျိုးကိုခံရကြ၏ဟု သွန်သင်ခဲ့သည်။ ထိုကဲ့သို့ပင် ယခုပင် ကျွန်ုပ်တို့သည် ဖော်ပြပါသင်တန်း အားဖြင့် တလုံးတဝတည်းခံစားခဲ့ကြရသည်။ လုပ်ဖော်ဆောင်ဖက် ဆရာ/ ဆရာမများနှင့် သင်တန်းနှင့်စပ်ဆိုင် သော ယုံကြည်သူညီအစ်ကိုမောင်နှမှအားလုံး၌လည်း ထိုကဲ့သို့သော အသက်တာကို မြင်တွေ့ခွင့်ရခဲ့သည်။ ယုံကြည်ခြင်း၏ အကျိုးကိုခံရသော သက်သေပေါင်းများစွာကို ဘုရားသခင်ရှေ့တော်၌ ကြားနာခံယူခွင့်ရခဲ့သည်။

ကျွန်ုပ်တို့ယနေ့ခံစားရသော ကျေးဇူးတော်အကြောင်းကို ရှေးယုံကြည်သူ၊ သန့်ရှင်းသူ ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေခဲ့ကြကြောင်းကို (၁ပေ ၁း၁၀) "ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက် တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။" ဟု သွန်သင်ခဲ့သည်။ ထိုအရာသည် အလွန်မြတ်သောအရာဖြစ်သောကြောင့် သာ၍ပြုစုကြဖို့ရန်လည်း လိုအပ်ပေသည်။

ထိုသူတို့သည် ထိုနက်နဲသောအရာများကို ကာလအချိန်စေ့စုံသည့်နေ့တိုင်အောင် ဖုံးကွယ်ထားခြင်းခံခဲ့ရ ကြောင်းကို (၁ပေ ၁း၁၁) "ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်း စည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို ၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။" ဖော်ပြခဲ့သည်။ ကျွန်ုပ်တို့ ၌မူကား ယခုပင် ထိုကျေးဇူးတော်ကို ခံစားလျက်ရှိကြ၏။

ဆက်လက်၍ ထိုကျမ်းစာ၌ (၁ပေ ၁း၁၂) "ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မ ဟုတ်၊ သင်တို့အဘို့ဖြစ်သည်ဟု ထိုသူတို့အားဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်း သော ဝိညာဉ်တော်ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည်၊ ထိုအရာများကို သင်တို့ အား ယခုကြားပြောကြပြီ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင် သောစေတနာ စိတ်ရှိကြ၏။" ဟု ဖော်ပြသွန်သင်ခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်တခုလောက်က ယခုဖော်ပြပါသင်တန်း၌ ပါဝင် သော ဆရာ/ ဆရာမများနှင့် ယုံကြည်သူများသည် အဘယ်သို့သောနေရာ၊ အဘယ်သို့သောအရပ်၌ ရှိနေကြသည် ကို တစ်ဦးနှင့် တစ်ဦးပင် မသိရှိခဲ့ကြပေ။ သို့သော်လည်း ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသော ဝိ ညာဥ်တော်ပါလျက် ခရစ်တော်၏ ဧဝံဂေလိတရားကို ကြားနာရခြင်းအားဖြင့် ထိုတရားနှင့်စပ်ဆိုင်သော အကျိုးကို ကျွန်ုပ်တို့အားလုံးတို့သည် ကိုယ်တကိုယ်၊ တစ်ဝိညာဥ်တည်း ခံစားခဲ့ရကြောင်း သက်သေခံရေးသားလိုက်ရပါ သည်။

ပြုတော်မူသော ဘုရားသခင်သည် ဘုန်းကြီးပါစေသတည်း။... အာမင်

.

^

NWA အသင်းတော်များ၏ လှုပ်ရှားဆောင်ရွက်မှုများ

NORTH WEST ASSOCIATION အသင်းတော်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ကျေးဇူးတော်ချီးမွမ်းခြင်း

၁။ ဆရာပေါလုဆက်ကပ်လျက်ရှိသောအသင်းတော်နှင့် ဧမာနွေလသတင်းကောင်းနှစ်ခြင်းအသင်းတော် (အော်စ တင်) တို့၏ ၃နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်းကို ပြုလုပ်ခဲ့ကြသည်။

၂။ အဖွဲ့ချုပ်၏ အမျိုးသမီးကော်မတီမှ ဦးဆောင်၍ (၇) ကြိမ်မြောက် အမျိုးသမီးများကျမ်းစာသင်ကြားခြင်းနှင့် မိဿဟာယအစီအစဥ်ကို Zoom Meeting အားဖြင့် ဇွန်လ ၂၂ရက်နေ့မှ ၂၄ရက်နေ့ထိ လုပ်ဆောင်နိုင်ခဲ့သည်။ သင်ကြားခြင်းကို ဆရာမ ဟန္နမှဦးဆောင်၍ နေစဥ် ကင်မရာအလုံးပေါင်း (၉၀) ကျော်အားဖြင့် ရပ်ဝေးရပ်နီးမှ အမျိုးသမီး၊ အမျိုးသားများစွာ တက်ရောက်ခွင့်ရခဲ့သည်။

၃။ ဆရာဂျွန်ရီရယ်နှင့် ဆရာမ ရုသတို့သည် ဇွန်လ ၁၂ရက်နေ့မှ ၁၉ထိ ခရီးစဥ်သွားခဲ့ပြီး၊ Milwakee ရှိ သတင်းကောင်းနှစ်ခြင်းအသင်းတော်၌ ကလေး၊ လူငယ်များ တပတ်တာကျမ်းစာသင်တန်းကို ပြုလုပ်နိုင်ခဲ့ပြီး အသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်းများ၌ပါဝင်ခဲ့ကြသည်။ ထိုသင်တန်းတွင် ကလေး၊ လူငယ်အယောက် (60) ကျော်ပါဝင်တက်ရောက်နိုင်ခဲ့သည်။

၄။ အဖွဲ့ချုပ်အသင်းတော်ဆရာများ နှစ်ပတ်တကြိမ် ပုံမှန်တွေ့ဆုံ ဆုတောင်းခြင်းများကို စဥ်ဆက်မပြတ်လုပ် ဆောင်လျက်ရှိပါသည်။

၅။ စိန်ပေါလ်သတင်းကောင်းနှစ်ခြင်းအသင်းတော်မှာ ဆရာယောရှုသည် ကိုလံဘီယာအသင်းတော်သို့ ဧဝံဂလိခ ရီးစဥ်ကို ဇွန်လ ၂၁ရက်နေ့မှ ၂၉နေ့ထိ ခရီးထွက်လျက်ရှိပြီး အသင်းတော်နှင့်အတူ အောင်မြင်လျက်ရှိကြောင်း ကြားသိရသည်။

၆။ အဖွဲ့ချုပ် အမျိုးသမီးကော်မတီဝင်များ အပတ်စဥ်နှင့် လစဥ်တွေ့ဆုံခြင်းများကို Zoom Meeting အားဖြင့် လုပ် ဆောင်လျက်ရှိပါသည်။

၇။ Bowling Green အသင်းတော်မှ ဆရာအားဆာသည်လည်း ဇွန်လ ၁၃ရက်မှ ၂၁ရက်နေ့ထိ အသင်းတော်သို့ လာရောက်ကူညီ တည်ဆောက်ပေးခဲ့သည်။

၈။ စိန့်ပေါလ် ကရင် သတင်းကောင်းနှစ်ခြင်းအသင်းတော်၌လည်း သာသနာပြုဆရာ ဆရာစတီဗင်အားဖြင့် ကလေး၊ လူကြီးသင်တန်းများကို တပတ်တာလုံး နေ့ညမပြတ်လုပ်ဆောင်လျက်ရှိပါသည်။

ပြုတော်မူသော ဘုရားသခင်၏နာမတော်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးပါစေသတည်း။

.

^

သတင်းကောင်းနှစ်ခြင်း သာသနာ ပြုမွမ်းမံသင်တန်း

တလုံးတဝတည်း
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဇွန်လ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ၊ အမေရိကန်ပြည် ထောင်စု သတင်းကောင်းနှစ်ခြင်း အသင်းတော် သာသနာ ပြုဌါနမှ အမှုတော်ဆောင်များ မွမ်းမံသင်တန်းကို ​Minnesota ပြည်နယ် Austin မြို့၌ အောင်မြင် စွာ ကျင်းပနိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ အမှုတော်ဆောင်များသာမက၊ အချိန် ပိုင်းအမှုတော်ဆောင်များ၊ အမှုတော်မြတ်ကို စိတ်ဝင်စားသူများ အယောက် (၄၈) တက်ရောက်ကြပါသည်။ သင်တန်းကို နံနက် ရ- ၈ နာရီ အတွင်း မာလခိကျမ်းကို အတူတကွ လေ့လာ ဆွေးနွေးခြင်းဖြင့် အစပြု၍ ၈-၉ နာရီ အတွင်း နံနက်စာစားကြပါသည်။ ၉-၁၀ နာရီ အတွင်း စုပေါင်း ဆုတောင်း ကြ၍၊ ၁၀ -၁၂ နာရီ အတွင်း နံနက်ပိုင်းကျမ်းစာ တင်တန်းကို ဆရာမောဇက်ထောင်ကျုံး ဦးဆောင်ခြင်းဖြင့် သင်ကြားကြပါသည်။ နေ့လည် စာကို ၁၂-၁ နာရီ အတွင်း စားသောက်ကြ၍၊ ညနေပိုင်းသင်တန်းကို ၁-၅ နာရီ အထိ ပြုလုပ် ကြသည်။ ညနေစာကို ၆ နာရီတွင် စား၍ ညပိုင်းအစီအစဉ်ကို ရမှ ၉ နာရီ အတွင်း ဝတ်ပြုခြင်းဖြင့် ပြုလုပ် ကြကာ ပဌမ နေ့၌ ဆရာဘွဲလျန်ကင်း၊ ဒုတိယည၌ ဆရာနိုင်လင်း၊ တတိယည၌ ဆရာအား ဆာ တရားဟောခြင်းအားဖြင့် အလွန် ခွန် အားရရှိကြပါသည်။သော ကြာ နေ့တွင် နံနက်နှင့် နေ့လည်အစာရှောင်၍ နံနက် ၈ နာရီမှ ညနေ ၄ နာရီ အထိ ကျေးဇူးတော် ရေတွက်ချီမွမ်း ခြင်းအားဖြင့် အားရဝမ်းမြောက်စွာ အချိန်ကို အသုံးပြုကြပါသည်။ သင်တန်းတက်သူ အားလုံး ဆီးချိုရှိမရှိကိုလည်း စစ်ဆေးကြပါသည်။ ညနေ ၄ နာရီတွင် ဗိယက်နမ် soup ကို အိမ်ရှင် အသင်းတော် မှကျွေးပြီး ဝလင်စွာ စားသောက်ပြီး နောက်၊ ဆရာပီတာသား ထူးအိမ်၌ မိဿဟာယပြုကာ အားရပါးရ အတွေ့အကြုံများ၊ ပြောကြပြီး နောက် အများစုသည် St. Paul Karen Gospel Baptist Church သုံးနှစ်မြောက်ကျေးဇူးတော် ချီးမွမ်းခြင်း ပြုလုပ် ဘို့ရန် ထွက်ခွါသွားကြပါသည်။ သင်တန်းတရှောက်လုံးအိမ်ရှင် ဧမာနွေလ သတင်းကောင်း နှစ်ခြင်း အသင်းတော် မှကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများဖြင့် ကျွေးမွေးဧည့်ခံကြပါသည်။ ဤကဲ့သို့သော သင်တန်းကို ဧည့်ခံမကျွေးမွေးဘူးသော်လည်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အကောင်းဆုံး ပြုလုပ် နိုင်ကြသောကြောင့် အိမ်ရှင်အသင်းတော်ကို အထူးကျေးဇူးတင်ရှိပါသည်။ အသင်းတော် အဆောက်အဦးပိုင်ရှင် Grace Baptist Church ကလည်း အဆောက် အဦးကို လွတ်လပ်စွာ စေတနာအပြည့် အသုံးပြုခွင့် ပေးသောကြောင့် ကျေးဇူး အထူးတင်ရှိပါသည်။ သင်းအုပ်ဆရာ Daniel လည်း အလွန် အားရစွာ အားပေးတတ်ပါသည်။

သင်တန်း၌ အတွေ့အကြုံမတူညီကြသောကြောင့်၊ သိသောအရာများ၊ ပြသနာ များလည်း မတူညီကြပါ။ ယခုမှသတန်း စတက်သောသူများနှင့် ​ခြောက်နှစ်အတွင်း အကြိမ်ပေါင်း လေးဆယ်လောက်တက်ပြီး သူများ ဖြစ်ကြသောကြောင့် သင်ပေးမည့် အရာများလည်း စဉ်းစားရခက်ပါသည်။ သို့သော် ယုံကြည်ခြင်း၊ တလုံးတဝတည်း ဖြစ်ခြင်း၊ ပျောက်ဆုံးဝိညာဉ် ဖမ်း၍ ပြုစုပျိုးထောင်ခြင်း၊များကို သင်ကြားကြရာ၊ အားလုံး ခွန် အားရရှိကြောင်း သက်သေခံကြပါသည်။ သင်တန်းသီချင်းအဖြစ် ရှင်ပေါလုရေးထား သော ဧဖက် ၄:၂-၄ စာသားကို ဆရာမောဇက်ကသံစဉ်တပ်ခြင်းအားဖြင့် သင်ကြားကြကာ၊ St. Paul Karen Gospel Baptist Church သုံးနှစ်မြောက်ကျေးဇူးတော် ချီးမွမ်းခြင်း၌ မြိုင်ဆိုင်စွာဖြင့် သီဆိုကြပါသည်။ ထိုသီချင်း၌ စိတ်နှိမ့်ချခြင်း ချစ်ခြင်း၊ သည်း ခံ ခြင်း၊ တလုံးတဝတည်း ဖြစ်ခြင်းများကို အဓိကထားရာ၊ အားလုံး စိတ်တ သဘော ထဲ၊ တကိုယ်တ ဝိညာဉ် တည်းရှိသောကြောင့် သီဆိုရာတွင် အလွန် အသက် ဝင်လှပါသည်။

St. Paul Karen Gospel Baptist Church သုံးနှစ်မြောက်ကျေးဇူးတော် ချီးမွမ်းခြင်းကို စနေနေ့နံနက် ၉ နာရီ ခွဲမှ ၁၂နာရီ အထိ ပြုလုပ် ကြကာ အသင်းတော်မှ ချက်ပြုတ်ပေးသော နေ့လည်စာကို ဝလင်စွား စားသောက်ခြင်းအားဖြင့် အစီအစဉ်ပြီး ဆုံးကာ အမှုတော်ဆောင်အများစုသည် မိမိတို့ နေရာမြို့များသို့ ပြန်သွားကြပါသည်။ အချို့သော အမှုတော်ဆောင်များသည် အသင်းတော် အသီးသီး၌ ကူညီ၍ ခလေးများလူကြီးများသင်တန်းပေးဘို့ရန် သွားကြပါသည်။ သင်တန်းသည် လေးရက်မျှသာရှိသော်လည်း အလွန် အားရစရာ ကောင်းပါသည်။ နောက်သင်တန်းကို စက်တင်ဘာလ ဒုတိယအပတ်၌ Ottumwa Gospel Baptist Church တွင် ပြုလုပ်ဘို့ သဘောတူ ဆုံးဖြတ်ကြပါသည်။ ထိုသင်တန်း၌ သာသနာ ပြုဆရာဝါရင့်များက၊ နောက်ပိုင်းမှပါဝင်လာသော ဆရာ များကို သင်ပေးဘို့ ဖြစ်ပါသည်။

တရားဟောချက်များ
ဆရာဘွဲလျန်ကင်း- ဘုရားကို ယုံကြည် အားကိုး ခြင်းသည် အလွန် ခက်ခဲဟန်ရှိသော်လည်း အလွန် လွယ်သည်
ဆရာနိုင်လင်း-ငါတို့ လုပ်ဆောင်သမျှသည် လူ့ရှေ့ မဟုတ်ဘုရားရှေ့မည် ဖြစ်သောကြောင့် လောင်​ကျွမ်းသွားမည့် အရာမ ဖြစ်သင့်
ဆရာအားဆာ- အားရစွာ ချီးမွမ်းခြင်းသည် မလုံလောက်၊ ဘုရား အလိုတော် သမ္မာတရား နားလည်လုပ်ဆောင်ဘို့ လိုသည်

သင်တန်းသင်ခန်းစာများ
ဆရာမောဇက်-ဘုရားကို ယုံကြည် အားကိုး ခြင်းအားဖြင့် ဘာမဆိုအောင်မြင် စွာ ဆောင်ရွက်နိုင်သည်
-ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်နည်း၊ သူတပါးကိုကိုယ်နှင့် အမျှချစ်နည်း
-ဘုရား၏ အမှုတော်ကို ပေါ့ပါးစွာ ဆောင်ရွက်နည်း
-သတင်းကောင်း နှစ်ခြင်း အသင်းတော် များ၏ သမိုင်းအကျဉ်းချုပ်

တလုံးတဝ

တေးရေး စာသား - ရှင်ပေါလု
သံစဉ်- မောဇက်
ဧဖက် ၄:၂-၇
Key A

၁။ စိတ်နှိမ့်ချ နူးညံ့သိမ်မွေ့ စိတ်ရှည်ခြင်း ပြည့်စုံသဖြင့်၊ မေတ္တာစိတ် နှင့်သည်း ခံခြင်း အသင့် တင့် ပေါင်းဘော်ခြင်း အဖွဲ့စည်း အားဖြင့်၊စိတ်သဘော မခြားမနား တလုံးတဝ တည်းဖြစ်အံ့ငှါ ကြိုးစားအား ထုတ်ကြလော့။ သင်တို့ကို ခေါ်တော်မူခြင်း စပ်ဆိုင်သော မြော်လင့်ခြင်း တပါးထဲသို့ ခေါ်သွင်းသည်ကိုယ်တကိုယ် တ ဝိညာဉ် တည်း။

၂။ သခင်တပါး၊ ယုံကြည်ခြင်း တပါး၊ ဗတ္တိဇံတပါး၊ ၆ ခပ်သိမ်းသော ငါတို့၏ အဘ ဖြစ်သော ဘုရား တဆူတည်းရှိတော်မူ၏။ ဘုရားသည် ခပ်သိမ်းသော ငါတို့ ပေါ် မှာရှိမူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားစေတော်မူ၏။ ခပ်သိမ်းသော ငါတို့ အထဲ၌ ရှိတော်မူ ၇သို့သော်လည်း ခရစ်တော်သည် ဆုပေးသည် အတိုင်း ကျေးဇူးတော်ကိုယ်စီခံကြပြီ။


သတင်းကောင်း နှစ်ခြင်း သာသနာ ပြုမွမ်းမံသင်တန်းတက်ရောက် သူများ ပုံ

.


သတင်းကောင်း နှစ်ခြင်း သာသနာ ပြုမွမ်းမံသင်တန်းတက်ရောက်သူအမျိုးသမီးများ ပုံ

^