Periodical: Good News May 2022

Home >   Periodicals > May 2022

GN052022

May 2022

GOOD NEWS PERIODICAL

ဘေးဒဏ်ကြီးကာလနီးကြောင်း

သခင်ယေရှုကသူကြွလာခြင်းနှင့်ပတ်သက်သောနိမိတ်လက္ခဏာတခုအဖြစ်၊ အစာခေါင်းပါးခြင်း ဖြစ်မည့်အကြောင်းကိုပြော သွားခဲ့ပါသည်၊ “အရပ်ရပ်တို့၌အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်။” (မ ၂၄းရ)။ သခင်ဘုရားကယောဟန်အားဖြင့်လည်းဤ သို့ ဟောပြောထားသည်၊ “တတိယတံဆိပ်ကိုဖွင့်သောအခါ၊ တတိယသတ္တဝါက၊ လာ၍ ကြည့်လော့ဟုဆို သည် ကို ငါကြား၏။ ထိုအခါငါကြည့်လျှင်၊ မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူသည်ချိန်ခွင်ကိုကိုင်၏။ သတ္တဝါ လေးပါးအလယ်၌ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့်ဂျုံဆန်တခွက်ကိုရ၏။ မုယောဆန်သုံး ခွက် ကိုရ၏။ ဆီနှင့်စပျစ်ရည်ကိုမ ပျက် စေနှင့်ဟု ဆိုသည်ကိုငါကြား၏။” (ဗျာဒိတ် ၆း၅-၆)။ ဘေးဒဏ် ကြီး ကာလတွင်အစာရေစာအလွန်ခေါင်းပါးမည့်အကြောင်းရေးထား ခြင်းဖြစ်သည်။ ချိန်ခွင်ကိုင်ခြင်းဆို သည်မှာ၊ အစားအသောက်များကို၊ လိုချင်သလောက်ဝယ်ခွင့်မရှိဘဲ၊ ခွဲတန်းဖြင့်ရောင်းချမည့်အရာ ကို ဆိုလိုခြင်းဖြစ်သည်။ ဒေနာရိတပြားသည်ကျမ်းစာခေတ်၌လူကြီးတယောက်၏တနေ့လုပ်အားခဖြစ် သည် (မဿဲ ၂၀း၂)။ ထိုတနေ့ လုပ်အားခဖြင့်ဂျုံဆန်တခွက်ကိုသာရရှိသောကြောင့်၊ မိသားစုတခုလုံး စားဘို့ရန် လုံလောက်မည်မဟုတ်။ မုယောဆန်သည်ဂျုံထက် စျေးပေါသောကြောင့်သုံးခွက်ရသည်။ ယခုအခါအမေရိကန်ပြည်ထောင်စု၌၊ ကုန်စျေးနှုန်းများတရိပ်ရိပ်တက်နေပါသည်။ ယခုနှစ်အ တွင်း၌ ဆက် ၍ကုန်စျေးနှုန်းများ တက်သည်သာမက၊ အချို့ပစ္စည်းများမရနိုင်ဘဲရှိမည့်အရာကိုဟော ကိန်းထုတ် နေကြပါပြီ။ ကုန်စျေး နှုန်းတက်ရသည့်အကြောင်းရင်းများမှာ၊

၁။ ရာသီဥတုဖေါက်ပြန်ခြင်း
ကမ္ဘာအနှံ့နိုင်ငံများစွာ၊ နေရာများစွာ၌မိုဃ်းမရွာခြင်းကြောင့်သော်၎င်း၊ မိုဃ်းများလွန်၍ရေကြီး သောကြောင့်သော်၎င်း၊ လယ် ထွက်သီးနှံများအထွက်နည်းသည်။

၂။ ရောဂါကြောင့်အလုပ်လုပ်သူလျော့နည်းခြင်း
ခရိုနာကပ်ရောဂါကြောင့်အလုပ်သမားများအလုပ်မလုပ်နိုင်ခြင်း၊ ကာကွယ်ဆေးမထူးခြင်းကြောင့် အလုပ်မှနှုတ်ထွက်ခြင်း၊ အဖြုတ်ခံခြင်း၊ အလွန်များသည်။ ထို့ကြောင့်အလုပ်လုပ်သူနည်းပါး ကုန် သည်။

၃။ ကုန်စည်ဖြတ်သန်းမှုနှောင့်နှေးခြင်း
ကိုဗစ်ရောဂါကြောင့်၎င်း၊ ကာကွယ်ဆေးမထူးချင်သောကြောင့်၎င်း၊ ကုန်စည်ပစ္စည်းများသယ်ယူ ပို့ဆောင်ခြင်းများနှောင့်နှေး ခြင်း၊ လုံး၀ပြတ်တောက်ခြင်းများရှိသည်။ ထို့ကြောင့်စားသုံးသူလူထု ထံ ကုန် ပစ္စည်းများယခင်ကဲ့သို့မရောက်လာနိုင်တော့ချေ။

၄။ ဓာတ်မြေဩဇာထုတ်လုပ်မှုနည်းခြင်း
လယ်ထွက်သီးနှံများသည်၊ ဓါတ်မြေဩဇာအားဖြင့်အထွက်တိုးခြင်းဖြစ်သည်။ ယခုအခါဓါတ်မြေ ဩဇာထုတ်လုပ်ခစျေး တက်ကုန်သည်။ ထုတ်လုပ်မှုလည်းလျော့နည်းသည်။ ထို့ကြောင့်လယ်ယာ ထွက်ကောက်ပဲသီးနှံများအထွက်နည်းသည်သာမက၊ စျေးနှုန်းလည်းတနေ့တခြားမြင့်မားလာသည်။ အမေရိကန်ပြည်ထောင်စု၌ဒုတိယအကြီးဆုံးရထားကုမ္ပဏီဖြစ်သော Pacific Union ကလည်းဓါတ် မြေ ဩဇာများတင်ဆောင်မှုကန့်သတ်ခြင်းကြောင့်၊ လယ်သမားများထံဓါတ်မြေဩဇာမရောက်ခြင်း ဖြင့်သီး နှံအထွက်လျော့နည်းလာလိမ့်မည်။

၅။ စစ်ဖြစ်ခြင်း
ရုရှားနှင့်ယူကရင်းနိုင်ငံသည်ကမ္ဘာ့စားနပ်ရိက္ခာတင်ပို့ရောင်းချမှု၏သုံးပုံတပုံရောင်းချသောနိုင်ငံများဖြစ်သည်။ သို့သော်ထို နှစ်နိုင်ငံသည်စစ်ဖြစ်နေသောကြောင့်၊ စားနပ်ရိက္ခာများတင်ပို့ရောင်းချမှုမပြုလုပ်နိုင်ကြ တော့ချေ။

၆။ ကုန်သိုလှောင်ရုံများနှင့်စက်ရုံအလုပ်ရုံများမီးရှို့ဖျက်ဆီးခြင်း
အမေရိကန်ပြည်ထောင်စုနှင့်ကနေဒါနိုင်ငံရှိကုန်သိုလှောင်ရုံများ၊ စက်ရုံများယခုခြောက်လ အတွင်း တွင်၊ ၃၅ လောင်ကျွမ်း ပျက်စီးသွားကြသည်။ ထိုအရာများသည်ရှို့မီးများဟုဆိုသည်။ ကုန် စည်ဖြန့်ဖြိုးမှုများနှောင့်နှေးစေရန်ရည်ရွယ်ချက်ရှိရှိမီးရှို့ခြင်း ဖြစ်သည်ဟုသိရသည်။

ရ။ ကမ္ဘာ့လူဦးရေတိုးပွားခြင်း
ကမ္ဘာ့လူဦးရေသည် သန်းပေါင်းရှစ်ထောင်နီးပါးရှိနေပြီ။ ထို့ကြောင့်စားသောက်သောသူအ လွန်တိုးပွားနေသည်။

၈။ နိုင်ငံများကသီးနှံတင်ပို့မှုကန့်သတ်ခြင်း
ကမ္ဘာ့နိုင်ငံအချို့ကမိမိတို့နိုင်ငံထွက်စားသောက်ကုန်များနိုင်ငံခြင်းသို့တင်ပို့မှုကန့်သတ်ကြသည်။ အကြောင်းမှာ ပြည်တွင်းစားသုံးသူများအတွက်ရောင်းဝယ်စရ့ာမရှိမှာစိုးရိမ်ကြသည်။

မြေငလျှင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မီးတောင်ပေါက်ခြင်း၊ စစ်ဖြစ်ခြင်းတို့သည်နေရာတိုင်း၌မဖြစ် သောကြောင့်ထိုဘေးဒဏ်များကိုမခံစားသောသူများအနေဖြင့်၊ ဂရုမစိုက်ကြချေ။ ကာလနာများပြားခြင်း တည်းဟူသောဗိုင်းရပ်ပြန့်နှံ့ခြင်းအားဖြင့်တကမ္ဘာလုံးတုန်လှုပ်စေခဲ့သည်။ သို့သော်ကြာလာသောအခါမ ကြောက်ကြတော့ချေ။ ထို့အပြင်လူတိုင်းရောဂါခံစားသည်မဟုတ်၊ လူတိုင်းသေသည်မဟုတ်။ သို့သော် အစာငတ်ပြတ်ခြင်းတည်းဟူသောကပ်သည်၊ ဂရုမစိုက်၍ရမည်မဟုတ်။ အကြောင်းမူကားနေ့တိုင်း၊ လူ တိုင်းမစားမသောက်ဘဲအသက်မရှင်နိုင်ကြချေ။ ထို့ကြောင့်ဤဘေးသည်ကြောက်စရာအကောင်းဆုံး သောဘေးဖြစ်သည်။

ထိုအစာငတ်မွတ်ခြင်းဘေးမရောက်မှီချီဆောင်ခြင်းဖြစ်နိုင်သည်။ အကယ်၍ချီဆောင်ခြင်းဖြစ်ပါ က၊ သင်သည်ချီဆောင်ခြင်း၌ပါဘို့လိုအပ်သည်။ ကျန်ရစ်သောသူဖြစ်လျှင်ဘေးဒဏ်ကြီးကာလ၌အလွန် ဆင်းရဲခြင်း၊ ငတ်ပြတ်ခြင်း၊ သေခြင်းများကြုံတွေ့ရမှာဖြစ်သည်။ ထို့ကြောင့်ကယ်တင်ခြင်းသို့ရောက်ဘို့ ရန်သေချာဘို့လိုသည်။ ကယ်တင်ခြင်းအကြောင်းသိရုံဖြင့်ချီဆောင်ခြင်း၌ပါမည်မဟုတ်။ ကယ်တင်ခြင်း ကိုယုံကြည်လက်ခံဘို့လိုသည်။ ကယ်တင်ခြင်းသို့ရောက်သောသူသည်၊ မိမိကိုယ်ကိုကိုယ်သိဘို့လိုသည်။ ထမင်းစားပြီးကြောင်းစားပြီးသူတိုင်းကသိသည်။ ထမင်းဆာနေလျှင်စိတ်တိုသည်၊ စိတ်ဆိုးသည်၊ အားမ ရှိချေ။ ထမင်း၀သောအခါ၊ အားရှိသည်၊ ဝမ်းမြောက်ရွှင်လန်းသည်။ ထို့နည်းတူယေရှုခရစ်ရရှိသောသူ သည်ဝမ်းမြောက်ခြင်း၊ ငြိမ်သက်စိတ်ချခြင်းရှိရမှာဖြစ်သည်။ သေလျှင်ကောင်းကင်နိုင်ငံရောက်မည်ဟု စိတ်ချမှုရှိသည်။ ပေါလုက၊ “သင်တို့သည်ယုံကြည်ခြင်း၌တည်သလော၊ မတည်သလောဟု၊ ကိုယ်ကို ကိုယ်စစ်ကြောကြလော့။ ကိုယ်ကိုကိုယ်စုံစမ်းကြလော့။”(၂ ကော ၁၃း၅) ဟုသင်ကိုသတိပေးနှိုးဆောင် ပါသည်။

သင်သည်ကယ်တင်ခြင်းစိတ်ချမှုရှိပြီးပါက၊ ကိုယ့်မိသားစုဝင်များ၊ ညီအစ်ကိုမောင်နှမမိဘများ၊ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းလုပ်ဘော်ဆောင်ဘက်များ၊ ကိုယ်နှင့်နီးစပ်သောသူများကိုသတိပေး နှိုးဆော်ဘို့လိုသည်။ ကယ်တင်ခြင်းအကြောင်းကိုသင်ပေးခြင်း၊ ဝေငှခြင်းများပြုလုပ်ဘို့လိုသည်။

 

အသင်းတော်သစ်ဖွင့်ခြင်း

ဘုရားသခင်၏ကျေးဇူးတော်ကြောင့်အမေရိကန်ပြည်ထောင်စုသတင်းကောင်းနှစ်ခြင်းအသင်း တော်များ၊ သာသနာပြုဌါနအားဖြင့်၊ အပါးနှစ်ဆယ်မြောက်အသင်းတော်ကို၊ မေလ ၁၄ ရက်စနေနေ့ တွင်မယ်နေဆောတားပြည်နယ်၊ အယ်ဘလီမြို့တွင်အောင် မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီ။ အသင်းတော် ကို သာသနာပြုဆရာဖိလေမုန်ကိုထူးမိသားစုကဦးဆောင်ခြင်းဖြစ်ပါသည်။ ဆရာဖိလိမုန်သည် အော်စတင် ဧမာနွေလသတင်းကောင်းအသင်းသားဖြစ်ခဲ့ပြီ၊ သင်းအုပ်ဆရာပီတာထူးကအမှုတော်ဆောင်ဖြစ်ဘို့ ရန်နှင့်အယ်ဘလီမြို့ ၌သာသနာပြုဖြစ်ဘို့ရန်လမ်းညွှန်ဦးဆောင်ခဲ့ပါသည်။ အသင်းသား (၂၄) ယောက်ဖြင့် စတင်နိုင်ပါသည်။ အသင်းတော်ဖွင့်ပွဲ၌ရပ်နီး ရပ်ဝေးမှသတင်းကောင်းနှစ်ခြင်းအသင်းတော် ၁၆ ပါးမှ အမှုတော်ဆောင်ဆရာ၊ ဆရာမများနှင့်ယုံကြည်သူအယောက်ပေါင်း ၂၀၀ ခန့်တက်ရောက်ပါဝင်ကြ ပါသည်။ ဖွင့်ပွဲ၌ဆရာမောဇက်ကတရားဟောပြီး၊ ဆရာဧလိရှဲနှင့်ဆရာဂျွန်ရီးရယ်၊ ဆရာပီတာထူး၊ ဆရာမဟန္နတို့က အားပေးစကားပြောကြပါသည်။ ဆရာအောင်နန်းဦးဆောင်သောအိုမဟာသတင်း ကောင်းအသင်းသားများကသီချင်းကိုဦးဆောင်သွားပါသည်။ ဖွင့်ပွဲအပြီး၌ရှင်ပေါလ်သတင်းကောင်း နှစ်ခြင်းအသင်းတော်နှစ်ပါးနှင့်အော်စတင်သတင်းကောင်းနှစ်ခြင်းအသင်းသား များကချက်ပြုတ်ယူ ဆောင်လာသောထမင်း ဟင်းများကိုအတူတကွစားသောက်ကြပါသည်။ အသင်းတော်မဖွင့်မှီဆရာ မောဇက်အားဖြင့်ယုံကြည်သူ (၅) ဦးကိုသောကြာနေ့တွင်ဗတ္တိဇံမင်္ဂလာပေးခဲ့ပါသည်။

ထိုအသင်းတော်ပိုင်ရှင်သည်ခရစ်တော်ဖြစ်၍၊ တည်ဆောက်သူလည်းခရစ်တော်ပင်ဖြစ်သည်။ ခရစ်တော်၏ရည်ရွယ်ချက်ဖြစ်သော၊ လူတိုင်းအတွက်ငရဲတံခါးပိတ်ပေး၍၊ ကောင်းကင်တံခါးဖွင့်ပေး ခြင်းအလုပ်ကိုချီဆောင်ခြင်းနေ့ရက်တိုင်အောင်၊ အသင်းသားများကပြုလုပ်နိုင်ရန်ဆုတောင်းအားပေး ကြပါစို့။ မှားယွင်းသောဩဝါဒကိုရှောင်၍သမ္မာတရားများကိုသာလျှင်သွန်သင်ခြင်း၊ ကျင့်သုံးခြင်းပြုလုပ် နိုင်ဘို့ရန်ကူညီကြပါစို့။