Periodical: Good News February 2022

Home >   Periodicals > February 2022

GN022022a

FEBRUARY 2022
GOOD NEWS PERIODICAL

ထာ၀ရတည်မည်လော

ဤလောကရှိလူသားများ၌လုပ်စရာ၊ စိတ်ဝင်စားစရာမြောက်များစွာရှိသည်။ အလွန်အရေးကြီးသည် ဟု အချိန်၊ စွမ်းအားရှိသမျှ၊ အသက်သေနိုင်သည်အထိ၊ လုပ်ဆောင်မှု များ လုပ်ဆောင်နေကြသည်။ လူများအ ထင်ကြီးပြီး၊ ဩဘာပေးချီးမွမ်းစရာအမှုများစွာလုပ်ဆောင်ကြသည်။ သို့သော်ထိုအရာများသည်လုပ်သင့်လုပ် ထိုက်သလော၊အချိန် ဘဏ္ဍာ စွမ်းအားအကုန်အသုံးပြုသင့်သလောဟူသောအရာကိုစဉ်းစားဘို့လိုသည်။ သမတဝန်ကြီးချုပ်ရာထူးများ၊ သူဌေးသူကြွယ်ဖြစ်နိုင်သောအရာများ၊ နာမည်ကျော်ကြားနိုင်သော အရာများ၊ လောကီ ပညာရေးများ၊ ဘွဲ့ဂုဏ်ထူးများ၊ ဖြစ်ဘို့လုပ်သင့်သလောမလုပ်သင့်သလောဟူသောအရာကိုသိချင်ပါက၊ ထို အောင်မြင်မှုများသည်ထာ၀ရကာလ တိုင်တည် မည်လော၊ မတည်မည်လော၊ ဟူသောအရာအားဖြင့်၊ ချိန်ထိုး တိုင်းတာနိုင်သည်။ ထာ၀ရကာလ၌မတည်မြဲလျှင်မလုပ်သင့်ချေ။ လောကမှာတသက်သာအသက်ရှင် ရမှာ ဖြစ်သည်။ ထိုအသက်သည်လည်းအလွန်တိုတောင်းသည်။ တိုတောင်းလှသောလောကအသက်တာ၌၊ ထာ၀ရ ကာလတိုင်မတည်မည့်အရာကိုရွေးချယ်လိုက်လျှောက်မိလျှင်၊ ထာ၀ရ နောင်တ ရမှာဖြစ်သည်။ ထို့ကြောင့် ထာ၀ရကာလ တိုင်တည်မည့်အရာများကို စမ်းစစ်၍လိုက်ရှောက်ဘို့ရန် အကြံပေးလိုပါသည်။ ဘုရားသခင်က လူ့အသက်နှင့်အောင်မြင်မှုများကိုမည်ကဲ့ သို့ဆိုပါသနည်း။

လူသည်မြက်ပင်
ကျမ်းစာ၌၊ “တဖန်ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင်ငါက၊ အဘယ်အရာကိုဟစ်ကြော်ရမည် နည်းဟုမေးသော်၊ လူမျိုးရှိသမျှသည်မြက်ပင်ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှ သည်လည်းတောအပွင့်ကဲ့သို့ဖြစ် ၏။ ထာဝရဘုရား၏လေတိုက်သောအခါ၊ မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်သည်လည်း ကြွေတတ်၏။ အကယ်စင်စစ်လူတို့ သည်မြက်ပင်ဖြစ်ကြ၏။ မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ ထာဝရဘုရား၏နှုတ်ကပတ်တရားမှုကား၊ ကာလအစဉ်အမြဲတည်၏ဟုဆိုသ တည်း။“ (ဟေရှာယ ၄၀း၆-၈)

ဘုရားကလူမျိုးရှိသမျှသည်မြက်ပင်ဖြစ်သည်ဟုဆိုသည်။ မြက်ပင်ဖြစ်သည်ဟုဆိုခြင်းသည်ကြာရှည် အသက်မရှင်ခြင်းကိုဆိုလိုသည်။ လူသည်လည်းနှစ်ပေါင်းများစွာ အသက်မရှင်ရပါ။ မောရှေက၊ “အကျွန်ုပ် တို့၏အသက်အရွယ်သည်အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်း ခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်းမြန်မြန်လွန်၍၊ အကျွန်ုပ်တို့ သည်စုတေ့ကြပါ၏။“ ဟုဆိုထားပါသည် (ဆာလံ ၉၀း၁၀) လူတိုင်းအသက် ခုနစ်ဆယ်ရှစ်ဆယ် သာအသက် ရှင်မည်ကိုသိကြသော်လည်း၊ လေးနက်စွာမစဉ်းစားကြပါ။ ထိုအရွယ်ရောက်လျှင်လည်းမသေချင်သေးကြပါ။

အသက်ခုနစ်ဆယ်ရှစ်ဆယ်အသက်ရှင်လျှင်လည်း၊ များသောအားဖြင့်ဘ၀အရသာကိုမခံစားကြတော့ပါ။ မောရှေက၊ အားကြီး၍အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည်ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ ၏ဟုဆိုသည်။ အလွန်မှန်သည်။ အသက်ရှစ်ဆယ်ကျော်လာလျှင်ကိုယ်စွမ်း၊ ဉာဏ်စွမ်းမရှိတော့ပါ။ စက်ရုံအ လုပ်ရုံ၊ ရုံးဌါနများ၌သုံး၍မရတော့ပါ။ သို့သော်လူသည်သဘောမပေါက်ကြသောကြောင့်မသေခင်အထိ၊ ခန္ဓာ အကြိုက်ကိုရှာဖွေနေကြသည်။

ဘုရားသခင်က၊ လူ၏ဘုန်းသည်လည်းတောအပွင့်နှင့်တူသည်ဟုဆိုသည်။ ပညာလိုက်စား၍ဘွဲ့ထူး ဂုဏ်ထူးများသည်တောအပွင့်သာလျှင်ဖြစ်သည်။ လှပခြင်း၊ နာမည်ကျော်ကြားခြင်းများလည်း၊ တောအပွင့် သာလျှင်ဖြစ်သည်။ သို့သော်လည်းထိုအရာများကိုမျှော်လင့်ချက်ကြီးစွာဖြင့်၊ လိုက်စားရှာဖွေနေကြဆဲဖြစ် သည်။ အသက်ကြီး၍အသုံးမရတော့သောသူများကို၊ တွေ့မြင်နေရသော်လည်းမမြင်နိုင်ကြ၊ သင်ခန်းစာမရရှိ တတ်ကြပါ။ ထို့ကြောင့်ကိုယ်လိုချင်သောပန်းတိုင်သို့၊ မရမကအစွမ်းကုန်ကြိုးစားနေကြခြင်းဖြစ်သည်။ အ လွန်သနားစရာများဖြစ်သည်။

မောရှေမူကားဤသို့ရေးထားသည်၊ “အကျွန်ုပ်တို့သည်ပညာတရားကိုနှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကိုရေတွက်နိုင်ခြင်းငှာ၊ သွန်သင်တော်မူပါ။“ (ဆာလံ ၉၀း၁၂) ကိုယ်နေ့ရက်ကာလကိုရေ တွက်ခြင်းဆိုသည်မှာဘာကိုဆိုလိုခြင်းဖြစ်မည်နည်း။ လူတိုင်းမိမိအသက်ကိုရေတွက်တတ်သည်။ မောရှေဆို လိုသည်မှာ၊ အသက်တာကိုအကျိုးရှိစွာအသုံးပြုတတ်မည့်အရာကိုဆိုလိုခြင်းဖြစ်မည်။ အသက်တာကိုမည်ကဲ့ သို့အကျိုးရှိစွာအသုံးပြုနိုင်မည်နည်း။ အသက်ကိုဖန်ဆင်းသောသူ၏အလိုတော်အတိုင်းအသုံးပြုခြင်းဖြစ် သည်။ ဘုရားသခင်ကလူ၏သက်တန်းကိုဤလောက၌၊ အနှစ်ခုနစ်ဆယ်ရှစ်ဆယ်ဟုသတ်မှတ်လိုက်သည်။ သို့ သော်ထိုအရာသည်၊ ကိုယ်ခန္ဓာ၏သက်တန်းဖြစ်သည်။ ဝိညာဉ်၏သက်တန်းသည်ထာ၀ရဖြစ်သည်။ လူသည် ကိုယ်ခန္ဓာ၌အသက်ရှင်စဉ်တွင်၊ ဝိညာဉ်ထာ၀ရအသက်ရှင်မည့်နေရာကိုရွေးချယ်ဘို့ဖြစ်သည်။ သို့သော်လူ သည်ဘုရားသခင်၏အကြံပေးခြင်းကိုနားမလည်၊ လက်မခံနိုင်ကြချေ။ ကိုယ်ခန္ဓာအသက်သည်အနှစ်ခုနစ် ဆယ်ဟုဆိုသော်လည်း၊ လူတိုင်းထိုအသက်ရွယ်အထိအသက်မရှင်ကြပါ။ ခန္ဓာသေခြင်းသည်အမိဝမ်းမှစတင် ၍၊ မည်သည့်အချိန်တွင်ပင်ဖြစ်နိုင်သည်။ ခန္ဓာအသက်သည်အချိန်မရွေးကုန်ဆုံးနိုင်သောကြောင့်၊ ထိုအချိန်မ ကုန်ဆုံးမှီဝိညာဉ်အသက်ရှင်မည့်နေရာကိုရွေးချယ်ဘို့ဖြစ်သည်။

ပညာရှိသောသူ၊ ဝိညာဉ်မျက်စိမြင်သောသူများသည်၊ ခန္ဓာအသက်မကုန်မှီဘုရားပေးထားသောထာ၀ရ အသက်ကိုရွေးယူကြသည်။ ထာ၀ရအသက်သည်ကိုယ်တိုင်လုပ်ယူနိုင်သည်မဟုတ်ချေ။ ဘုရားပေးမှသာရရှိ နိုင်သည်။ ခရစ်တော်က၊ “လူသည်ဤစကြဝဠာကိုအကြွင်းမဲ့အစိုးရ ၍မိမိအသက်ဝိညာဉ်ရှုံးလျှင်အဘယ် ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကိုအဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။“ (မ ၁၆း၂၆) ဟုဆိုသည်။ သို့သော် လူအများစုသည်၊ ခရစ်တော်သတိပေးသောအရာကိုဂရုမစိုက်ကြပါ။ မိမိဝိညာဉ်အသက်ရှင်ရေးထက်၊ ဤ လောကကိုစွဲလန်းတပ်မက်နေကြသည်။ လောကအရာကိုစွဲလန်းတပ်မက်နေသောကြောင့်၊ ဝိညာဉ်ထာ၀ရအ သက်ရရှိမည့်အရာကိုဂရုမစိုက်ကြချေ။ အလွန်ဝမ်းနည်းစရာ၊ နှမျောစရာ၊ ရင်နာစရာပင်ဖြစ်သည်။ သင် သည်ထိုအုပ်စုထဲမှာမနေဘဲ၊ မရေရာသောခန္ဓာကိုယ်အသက်မထွက်မှီဘုရားပေးထားသော၊ ထာ၀ရအသက် ကိုရွေးယူပါဟုအကြံပေးလိုပါသည်။

ခန္ဓာသည်မြေမှုန့်သက်သက်
ဆာလံဆရာက၊ “အဘသည်သားတို့ကိုသနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့ သောသူတို့ကိုသနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေ မှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။ လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူသည် လယ်ပြင်၌ ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏ နေရာ သည် နောက်တဖန် သူ့ကို မသိရာ။ ထာဝရဘုရား၏ ကရုဏာတော်မူကား၊ ကြောက်ရွံ့သော သူတို့ အ ပေါ်သို့ ကာလ အစဉ်အဆက် သက်ရောက်တတ်၏။“ (ဆာလံ ၁၀၃း၁၃-၁ရ)

ဆာလံဆရာကလူ၏ကိုယ်ခန္ဓာသည်မြေမှုန့်သက်သက်ဖြစ်သည်ဟုဆိုသည်။ ခန္ဓာသည်အခွံဖြစ်၍ အ ဆံသည်ဝိညာဉ် ဖြစ်သည်။ အဘယ်ကြောင့်လူတိုင်းအခွံကိုသာဦးစားပေး၍၊ အဆံဖြစ်သောဝိညာဉ်အတွက် အသက်မရှင်ကြသနည်း။ အဆံကို မသိသောကြောင့်ဖြစ်သည်။ လူသည်ဝိညာဉ်မျက်စိကမ်းသောကြောင့် ကိုယ်ခန္ဓာကိုသာလျှင်လွန်လွန်းစွာဦးစားပေးနေကြ ခြင်းဖြစ်သည်။ အမှန်မှာလူသည်ဝိညာဉ်ဖြစ်သည်။ ကိုယ် ခန္ဓာကိုမည်မျှပင် ယုယပြုစု ကျွေးမွေးသော်လည်း၊ တနေ့ပြန်ကြွေသွား မည်ဖြစ်သည်။ ဝိညာဉ်မူကားထာ၀ရ အသက်ရှင်နေမှာဖြစ်သည်။ ထို့ကြောင့်ထာ၀ရအသက်ရှင်နေမည့်ဝိညာဉ် အတွက်ဦး စားပေးအသက်ရှင်ဘို့ အကြံပေးလိုပါသည်။

 

အချိုမှုန့်

၁၉၀၈-ခုနှစ်မှ စ၍ ဂျပန်ပါမောက္ခ ကီရာနအဲ အီကဲဒါဆိုသူက ဂျုံ၊ကြံ၊ ပီလောပီနံဥ၊ ရေညှိစသည့် သဘာဝပစ္စည်းများနှင့် ပေါင်းစပ်ကာ ဂလူတာမိတ်(GLUTAMAIE)ဓာတ်ကို ထုတ်လုပ်၍ ဆိုဒီယမ်ဆားတို့ ပေါင်းခံလိုက်သောအခါ ဟင်းခပ်လျှင် အရသာရှိသော (MONOSODIUMGLUTAMATE) MSGခေါ် အချိုမှုန့်ကို ရသည်။အဆိုပါအချိုမှုန့်ကို အာဂျီနိုမိုတိုဟု အမည်ပေး၍(AJINOMOTO)ကမ္ဘာသို့ ဖြန့်ချီ လိုက် ရာ လူသားတို့နှစ်သက်စွဲလန်းသွားကြသည်။ နောက်ပိုင်း၌ ပီလောပီနံဥစသော သဘာဝပစ္စည်းတို့ကို အသုံး မပြုတော့ဘဲ ဓာတုဗေဒနည်းဖြင့် အစားထိုးခဲ့သည်။ဓာတုနည်းဖြင့်ထုတ်လုပ်ထားခြင်း ကြောင့် ရောဂါအမျိုး မျိုးဖြစ်ခဲ့ကြရသည်။ အချိုမှုန့်အန္တရာယ်ကို ကမ္ဘာက သိလာကြသဖြင့် စီးပွားရေးသမားများက နောက်ပုံစံ တစ်မျိုးနှင့် ဟင်းခပ်မှုန့်ပြောင်းလဲထုတ်လုပ်ခဲ့သည်။ တံဆိပ်အမျိုးမျိုးတပ် ထားကြသော ကြက်သားမှုန့် တို့မှာ မူလအချိုမှုန့်များပါဝင်နေသဖြင့် အချိုမှုန့် ကြက်သားမှုန့်ကို ဓာတ်ခွဲလျှင် မိုနိုဆိုဒီယမ်ဂလူတာမိတ်ကို တွေ့ရ၏။ (MONOSODIUM GLUTAMATE)ကြက်သားအနံ့ဓာတုအရောင်တင်ထားသဖြင့်ပိုမိုအန္တရာယ် ဘေးဆိုးဖြစ်စေနိုင်သည်။ (ငါး၊ပုဇွန်၊ ပြည်ကြီးငါးတို့ဖြင့် ပြုလုပ်ထားသော ငံပြာရည်တို့၌လည်း အချိုမှုန့်ပါ နေသည်။) အဆိုပါကြက်သားမှုန့်ကို တာရှည်စွာသုံးစွဲခြင်းကြောင့် #အသားပွစိစိ#ဗိုက်ပူ#ခါးတုတ်#ဂုတ်သားတက်#မေးစိနှစ်ထပ်#မျက်လုံးအစ်#လက်မောင်းတုတ်#ပေါင်မှာအထစ်ထစ်နှင့် #ခြေသလုံး ကြီး ဖြစ်နေကြ၏။ အချိုမှုန့်လွန်စွာစားသူများမှာ အဝလွန်ပြီး ကင်ဆာအမျိုးမျိုး၊ နှလုံးခုန်မြန်၊ သွေးတိုး၊ အရေပြားကြမ်း၊ အပိန့်ထွက်၊ မျက်စိမှုန်၊ ရင်ကျပ်၊ ပန်းနာ၊ ကျောက်ကပ်ပျက်စီး၊ ကိုယ်ဖောကိုယ်ရောင်၊ စိတ်ဂယောင်ခြောက်ခြား၊ ဆီးချို၊ ကျောက်တည်၊ လေပြေသွေးတွင်းအဆီမြင့်တက်အစရှိသော ဘေးထွက် ဆိုး ကျိုးများ ခံစားရနိုင်သည်။ (ပင်လယ်စာ၊ ငါး၊ စပျက်၊ မုန့်ညင်းတို့ဖြင့် ထုတ်လုပ်ထားသော သဘာဝဟင်း ခပ်မှုန့်များကို သုံးစွဲသင့်သည်။) စားသောက်ဖွယ်များအရသာရှိပြီး စားကောင်းစေလိုလျှင် အရောင်မချွတ် ထန်း လျက်ကို ပါးပါးလှီး၍ ဆားသင့်ရုံထည့်သုံးလျှင် အန္တရာယ်ကင်းသော ဟင်းခပ်မှုန့်ဖြစ်သည်။

အချိုမှုန့်ဆိုတာ ဘာလဲ

~~~~~~~~~

ဘယ်လောက်များအန္တရာယ် ပေးနိုင်လဲ သိစေချင်

~~~~~~~~~~~~~~~~~~~~

ရေရှည် မှန်မှန်စားသွားရင် ဒီလောက်အန္တရာယ်များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate(MSG)လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုးပါ၀င်ပြီး စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခပ်ပစ္စည်းတစ်ခု ဟုတ်ပါသလား? ပုံမှန်သုံးသင့်တဲ့ ဟင်းခပ်အမွှေးအကြိုင်တစ်ခု လုံး၀ မဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည်စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်)ရဲ့အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံး၀ မပါပါဘူး။ အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ။

(၁) ဆီးချိုမဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက် တစ်ရပ်ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာအလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့ အဖော်အပေါင်းတွေပါ'ပါ လာပါလိမ့်မယ်။

(၃) ဦးဏှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်းစေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီးစားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်းယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက် ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေးပညာရှင်တွေ ဘာတွေ့ရလို့လဲဆိုတာ စာဖတ်သူတို့ သိပါသလား။

အချိုမှုန့်စားတဲ့ ကိုယ်၀န်ဆောင်တွေ မွေးလာတဲ့ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာတွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်၀န်ဆောင်မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးဏှောက်အစိတ်အပိုင်းတွေမှာရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးဏှောက် ဧရိယာတွေဖြစ်လို့ ဒီလိုကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံ စားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေထူစေတတ်တာ ကမ္ဘာတစ်၀န်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်၀န်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်းနဲ့ တကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါအပါအ၀င် ကိုယ်တွင်းကလီစာတစ်ခုခု ရောင်ယမ်းတဲ့ရောဂါရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခုပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

Facebook ထဲမှကူးယူခြင်းဖြစ်ပါသည်။