Periodical: Good News, February 2016

Home  >  Periodicals > February 2016

gn022016

February 2016

GOOD NEWS PERIODICAL

.

မာတိကာ

  • မိုဃ်းသောက်ကြယ်ထွက်ပေါ်ခါနီးပြီ
  • မူစလင်များ
  • ကျမ်းစာ ဖတ်ကြစို့
  • သက်ဆိုင်မှုနှင့် မိဿဟာယဖွဲ့ခြင်း၏ တန်ခိုး
  • သန့်ရှင်းသော ဝိညာဉ်တော်
  • အသင်းတော်လှုပ်ရှားမှု

    အမှာစာ
    ဘုရားသခင်၏ ဂရုဏာပလ္လင်တော်သည်၊ ယနေ့ တိုင်ဂရုဏာပလ္လင် ဖြစ်သေးသည်။ မကြာမှီဘေးဒဏ်ကြီးကာလ ရောက်ပါက ၊ အမျက်တော် ထွက်ရာပလ္လင် ဖြစ်လာမည်။ ထိုအချိန်၌ အဘယ်သူ မျှခံနိင်မည် မဟုတ်။ ကျမ်းစာက၊ “လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသော သူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း ၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌ ၎င်း၊ ပုန်းရှောင်လျက် နေ၍ ၊ ထိုတောင်များ၊ ကျောက်များ တို့ကို ခေါ်လျက်၊ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍ ၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆို ကြ၏။” (ဗျာ ၆:၁၅-၁ရ) ဤအရာသည် မကြာမှီလာတော့မည်။ လူသည် ဘုရား၏ အကြံတော်၊ အချိန်ကို နားမလည်၊ နားမလည် ချင် သောကြောင့် မိမိ အလိုဆန္ဒကို သာရှေ့တန်းထား၍ ၊ အသက် ရှင် ကြသည်။ ထို့ကြောင့် ကမ္ဘာ့ အဖြစ်အပျက်များကိုလည်း ၊ ဂရုမစိုက်၊ သတိမထား၊ အချိန် ကုန်ခါနီးမှန်းလည်း မသိကြချေ။ ထို့ကြောင့် ပြင်ဆင် မှုလည်း မလုပ်ကြချေ။ ယခုမှစ၍ ပြင်ဆင် ကြပါစို့။ ခရစ်တော် မရရှိ သေးသော သူများ၊ ခရစ်တော်ကို လက်ခံကြပါ။ ခရစ်တော် ရရှိပြီးသော သူများ၊ ခရစ်တော် မရရှိ သေးသော သူများကို အမြန်ဆုံး ပြောကြပါ။ မပြောပြတတ်လျှင်လည်း သင်ကြပါ။ လောက အရာများကို မစွဲလမ်းတော့ဘဲ၊ မိမိဝိညာဉ်ကို အစာ​ကျွေးပါ။ ကောင်းကင် ဖက်ကို စွဲလမ်းကြပါစို့။

    .

    ^

    မိုဃ်းသောက်ကြယ်ထွက်ပေါ်ခါနီးပြီ

    လေယဉ်ပျံထွက်ခါနီး သောအခါ၊ အခြားအရာများကို ထားခဲ့၍ ၊ လေယဉ်ကွင်းသို့ အမြန်ဆုံး သွားတတ် ကြသည်။ ချစ်သူနှင့် ခလေး များကိုလည်း ၊ ထားခဲ့ရသည်။ အခြားအရာများကို လုံးဝ ဂရုမစိုက်နိင်တော့ချေ။ လေယဉ်ရုံးမှာလည်း၊ လေယဉ်ပျံထဲဝင်ခါနီး သောအခါ၌၊ အိမ်သာသွားလိုလျှင်လည်း ချုပ်တည်းရသည်။ ဗိုက်ဆာလျှင်လည်း အစားအစာဝယ်မစားတော့ဘဲ၊ အငတ်ခံရသည်။ ​ကျွန်တော် အတ္တလန်တာမှမေရိလင်သို့ ပြန်ဘို့ရန်၊ လေယဉ်ရုံးသို့ ရောက်၍ ဂိတ်ဝရှေ့ထိုင်ခုံတွင် စောင့်နေသည်။ စောသေးသည်ဟု ထင်၍ ကောင်တာမှစာရေးများကိုလည်း ၊ မမေးမိချေ။ ကြာလွန်း၍ မခေါ်သောကြောင့် မေးမြန်း သောအခါ၊ ​ကျွန်တော် စီးမည့် လေယဉ်သည်၊ ထွက်ခွါသွားပြီဟု ပြောသည်။ သို့သော် နောက်အခေါက်၌၊ ငွေထပ်မပေးဘဲ ​ကျွန်တော့ကို ပြန်ထည့်လိုက်သည်။ နောက်ကျသော်လည်း၊ နောက်အခေါက်ရှိ သေးသောကြောင့်၊ တော် သေးသည်။ ကြိုမည့်သူ များကို အကြောင်း ကြားလိုက်သည်။ ချီဆောင်ခြင်းသည်၊ တခါသာလျှင် ရှိမည်။ ရှိလည်း မရှိဘူးချေ။ နောက်တသုတ်လည်းရှိတော့မည် မဟုတ်။ ထို့ကြောင့် ချီဆောင်ခြင်း၌၊ ပါသွားနိင်ဘို့ရန် အလွန် အရေးကြီးသည်။ ချီဆောင်ခြင်း၌ မပါသော်လည်း၊ ကယ်တင်ခြင်းသို့ ရောက်နိင်သေးသည်။ သို့သော် ၊ မသေချာချေ။ ယုံကြည်ခြင်း အတွက် လည်ပင်းဖြတ်အသေခံ နိင်မှသာလျှင်၊ ရောက်နိင်မှာ ဖြစ်သည်။ ထိုအချိန် တွင်၊ သတ္တိရှိ၍ လည်ပင်းမဖြတ်ခံနိင်မည်ဟု၊ သေချာပေါက် မပြောနိင်သောကြောင့်၊ ယခုယုံကြည်ခြင်း အတွက် လည်ပင်းဖြတ်ခံဘို့ မလို၊ ကျေးဇူးတော် ကာလ၌၊ ယုံကြည် ဘို့ရန် အတွက် မေတ္တာနှင့် သတိပေးလိုပါသည်။

    သေနေသောလောက သားများ
    “သင်တို့သည် အထက် ကလောကီတရားသို့ လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း တည်းဟူသောငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏ အလိုနှင့် အညီ၊ ဒုစရိုက်အပြစ် တို့၌ ကျင်လည်ကြ၍ ၊ ထိုဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော သင်တို့ကို ပင် ဘုရားသခင်သည် အသက် ရှင်စေ တော်မူပြီ။” (ဧဖက် ၂:၁-၂)

    ရှင်ပေါလုက၊ ဧဖက် အသင်းသားများထံ၊ သင်တို့သည် ယခင်ဘဝ၌လောကီတရားသို့ လိုက်၍ ဟုဆိုသည်။ လောကီတရားသည်၊ ဘုရားတရား မဟုတ်သောအရာ ကို ဆိုလိုသည်။ ယနေ့ လူသားများသည်၊ ဘုရားတရား နှင့် မနေကြပါ။ အလုပ်လုပ် သောအခါ၊ ဘုရား ထံအကူအညီမတောင်းကြချေ။ စားသောက် သောအခါ၌လည်း၊ ကျေးဇူးတော် မချီးမွမ်းကြ။ ဘုရား အလိုတော် ကိုလည်း မရှာ၊ အလိုချင်သော စိတ်လည်း မရှိ၊ လုပ်လည်း မလုပ်လိုကြ။ မိမိတို့ ဆန္ဒအတိုင်း သာလျှင် အသက် ရှင် ကြသည်။ မိမိဘဝမှစ၍ ၊ မိသားစု၊ အသင်းတော်၊ မြို့ရွာ၊ တိုင်း ပြည်ကို ဘုရား မတည်ဆောက်ခိုင်းဘဲ၊ မိမိ အလိုဆန္ဒအတိုင်း တည်ဆောက် ကြသည်။ ထိုအရာအားလုံးသည်လောကီတရား ဖြစ်သည်။

    “အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း၊ တည်းဟူသောငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်” အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်းသည်၊ ဘုရားသခင်ကို ဆိုလိုသည် မဟုတ်၊ စာတန် ဖြစ်သည်။ ငြင်းဆန်သော သူတို့သည်၊ မ ယုံကြည်သူများဖြစ်သည်။ မ ယုံကြည်သူများကို စာတန် ကပြုပြင်သည်။ ပြုပြင်ခြင်းသည် ကောင်းဘို့ရန် မဟုတ်ဘဲ၊ ဆိုးဘို့ရန် ဖြစ်သောကြောင့် အုပ်စိုးခြင်းဟု နားလည်ရသည်။ မ ယုံကြည်သူများကို စာတန် ကအုပ်စိုးသည်။ မိတ်ဆွေ၊ သင်သည် စာတန် ကအုပ်စိုးနေပါသလား။

    “ဒုစရိုက်အပြစ် တို့၌ ကျင်လည်ကြ၍ ” လူသည် စာတန် ကအုပ်စိုးသောကြောင့်၊ ဒုစရိုက်အပြစ်၌ ကျင်လည် ကြသည်။ သန့်ရှင်းသော ဘုရားနှင့် ကောင်းကင်တမန် များ၏ အကျင့်ကို မမြင်နိင်သောကြောင့်၊ ကိုယ်ကိုယ်ကို အပြစ်ရှိမှန်း မသိကြချေ။ ပတ်ဝန်းကျင်၌ ရှိသော လူသား တိုင်း လည်း၊ အပြစ်၌ ကျင်လည်ကြသောကြောင့်၊ ထိုအရာသည် သာမန်ဟု ထင်ကြသည်။ အပြစ် ဒုစရိုက်ဟူသောအရာ လည်း၊ လူ့အသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ သူ့ဥစ္စာခိုးခြင်း ပြုလုပ် မှသာလျှင် မဟုတ်။ ဘုရား အလိုတော် အတိုင်း အသက် မရှင််ခြင်း မှန်သမျှသည်၊ အပြစ် ဒုစရိုက် ဖြစ်သည်။ ထိုအပြစ် တို့၌ ကျင်လည်သောကြောင့်၊ ဘုရား၏ အမြင်၌ သေ နေကြသည်။ ကိုယ်ခန္ဓာအသက် ရှင်သော်လည်း၊ ဝိညာဉ် ပိုင်းသေ နေကြသည်။

    ခရစ်တော်က သန့်ရှင်း သူများကို ချီဆောင်မည့် အချိန်သည်၊ အလွန် နီးပြီ ဖြစ်သော်လည်း၊ ယခုတိုင်အောင် သေ နေကြသောကြောင့်၊ ပူပင်ရမှန်းလည်း မသိ၊ ကြောက်ရမှန်းလည်း မသိ၊ ချီဆောင်ခြင်းနှင့် ကယ်တင်ခြင်း ပြော သူများကို၊ ကျေးဇူးတင်မည့် အစား၊ မုန်းကြသည်၊ တဖက်စွန်းရောက် သူများ၊ အဆိုးမြင်ဝါဒရှိ သူများဟု စွတ်စွဲ ကြသည်။ အလွန် ဝမ်းနည်းစရာ ပင် ဖြစ်သည်။ ထိုသူများသည်၊ သမ္မာတရားကို နားမထောင်နိင်ကြချေ။ နားလည်း မလည်သောကြောင့်၊ စိတ်မဝင်စားကြ၊ ဘုရားကျောင်းတက်ခြင်းသည်၊ လူမှုရေးအရတက်ခြင်း ဖြစ်သည်။ ထုံးစံရှိ၍ သာတက် ကြသည်။ သူတို့၏ ဝိညာဉ်သည်၊ သေနေသောကြောင့်၊ နှုတ်ကပတ်တော်ကို ဆာငတ်ခြင်းလည်း မရှိ၊ တန်ဘိုးလည်း မထားကြချေ။ ဘုရားကျောင်း၌၊ ပျော်ရွှင်ပွဲလုပ်မှသာအားရကြသည်။ လှူဒါန်း သောအခါ၌လည်း၊ လူများရှေ့၌ ဝါကြွားလိုသော စိတ်ရှိသည်။ ထိုသို့သော သူများကို၊ ခရစ်တော်က ချီဆောင်မည် မဟုတ်။ ကျန်ရစ်မှာ ဖြစ်သည်။ အလွန် ဝမ်းနည်းစရာ ဖြစ်သည်။

    သင်သည် ထိုသို့ သောသူ ဖြစ်နေပါသလား။ ထိုသို့ဖြစ်လျှင် အမြန်ဆုံး၊ ခရစ်တော်ကို လက်ခံပါ။ ခရစ်တော် မပါလျှင် သင်သည် ဝိညာဉ် ပိုင်း၌ သေနေသည်။ ထို့ကြောင့် တရားဟော သက်သေခံရှည်လျှင်၊ သင်မခံနိင်၊ မကြိုက်နှစ်သက်ခြင်း ဖြစ်သည်။ ခရစ်တော်သည် မကြာမှီကြွလာတော့မည်။အချိန် မနှောင်းမှီသူ့ကို မိမိစိတ်နှလုံးထဲဝင်ဘို့ ခေါ်ဘိတ်ပါ။ ခရစ်တော်က၊ “ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူ သည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။” ဟုဆိုသည် (ဗျာ ၃:၂၀)။ ဆုတောင်းခြင်းဖြင့် ဤသို့ ဘိတ်ခေါ်ပါ။ သခင်ယေရှု ဘုရား၊ ကိုယ်တော်ကို အ​ကျွန်ပ်၏ ဘုရား အဖြစ် လက်ခံပါ၏။ ​ကျွန်ပ်၏ အပြစ်များကို အသွေးတော် အားဖြင့် ဆေးကြောကြောင်း ယုံကြည် လက်ခံပါ၏။ ယခု​ကျွန်ပ်နှလုံးတံခါးကို ဖွင့်ပါ၏။ ကိုယ်တော် ပြောသည့်အတိုင်း ဝင် တော်မူပါ။ ​ကျွန်ပ်၏ အသက်တာကို အုပ်စိုး တော်မူပါ။ အာမင်။ ထိုသို့ အမှန်တကယ်၊ စိတ်နှလုံးအထဲမှခေါ်ဘိတ်လျှင်၊ ခရစ်တော်သည် သင်၏ အထဲ၌ ဝင်၍ ၊ သင့်ကို အုပ်စိုးပါလိမ့်မည်။ ခရစ်တော် ရရှိလာလျှင်၊ အသက်တာ၌ ချက်ချင်းသော်၎င်း၊ ဖြည်းဖြည်းချင်းသော်၎င်း၊ ထူးခြားမှု၊ ပြောင်းလဲမှု ရှိလာပါလိမ့်မည်။ သခင်ဘုရားက၊ မိတ်ဆွေကို၊ ထိတွေ့ တော်မူ ပါစေသော်။

    အိပ်ပျော်နေသော ခရစ်ယာန်များ
    စစ်မှန်သော ယုံကြည်သူများ၊ ကယ်တင်ခြင်း စိတ်ချပြီးသော သူများသည်၊ ခရစ်တော် ကြွလာမည့် အချိန်ကို၊ ဂရုမစိုက်ဘဲ အိပ်ပျော် နေကြသည်ကို၊ ရှင်ပေါလုကဤသို့ နိုးဆော်စာရေးခဲ့သည်။ “ထိုမှတပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊ ညဉ့်အချိန် ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော်ရာမှနိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍ ၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ဗြုင်ခြင်း အမှု တို့ကို ကြဉ်ရှောင်၍ ၊ နေ့အချိန်၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တက်မက်ခြင်း အလို့ငှါ မကြံစည်ကြနှင့်။” (ရော ၁၃:၁၁-၁၄)

    “ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည်” သည် ချီဆောင်ခြင်း နေ့၌ ကယ်တင်ခြင်းကို ဆိုလိုသည်။ လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ ခန့်ကလက်ဝါးကပ်တိုင်တော်အားဖြင့်၊ ငါတို့၏ ဝိညာဉ်ကို ကယ်တင်ခဲ့သည်။ သို့သော် ကိုယ်ခန္ဓာနှင့် စိတ်သည် အပြည့်အဝ ကယ်တင်ခြင်းသို့ မရောက်သေးချေ။ ထို့ကြောင့် ကယ်တင်ခြင်းသို့ ရောက်ပြီဟုဆိုသော်လည်း၊ စိတ်ဆင်းရဲ ရသေးသည်။ ကိုယ်ခန္ဓာလည်း နာရ၊ သေရသေးသည်။ သို့သော် ချီဆောင်ခြင်း နေ့၌၊ ဝိညာဏကိုယ်ခန္ဓာပေး သောအခါ၊ မသေနိင်၊ မနာနိင်၊ စိတ်မဆင်းရဲ ရတော့ဘဲ၊ ကယ်တင်ခြင်းကို အပြည့်အဝ ခံစားရကြမှာ ဖြစ်သည်။ ထိုအရာသည် မင်္လာရှိသော မြော်လင့်ရာ ဖြစ်သည် (တိတု ၂:၁၁)။ ယုံကြည်သူများသည် ထိုနေ့ရက်ကို မမြော်ဘဲ၊ စာတန် ပိုင်သော ဤလောက၌၊ ချမ်းသာဘို့၊ တိုးတက်ဘို့၊ ပျော်ရွှင်ဘို့ သာလျှင် မြော်လင့်တောင့်တ ကြသည်။ “ငါတို့ ယုံကြည်သော နေ့ရက်” ကယ်တင်ခြင်းကို သဘောပေါက် လက်ခံ၍ ၊ ကောင်းကင်နိင်ငံဝင်ခွင့်ရမည်ဟု၊ ယုံကြည်သောနေ့၊ ဝိညာဉ် ပိုင်းမွေးနေ့ ဖြစ်သည်။ သင်သည် ဝိညာဉ် ပိုင်းမမွေးသေးလျှင်၊ နာမည်ခံ ခရစ်ယာန် ဖြစ်၍ ၊ ချီဆောင်ခြင်း၌ ပါဝင်မည် မဟုတ်။ ထို့ကြောင့် ဝိညာဉ် ပိုင်း၌ မွေးဘွားဘို့ လိုသည်။

    “နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း” ဆိုလိုသည်မှာ၊ ချီဆောင်ခြင်း၊ စိတ်နှင့်ကိုယ်ခန္ဓာ ကယ်တင်ခြင်းသည်၊ ဝိညာဉ် ပိုင်းမွေးခဲ့စဉ်ကထက်၊ ယခုသာ၍ နီးသည်ဟုဆိုသည်။ ဥပမာ၊ ​ကျွန်တော်သည် ၁၉ရ ၅ ခုနှစ်တွင်၊ ဝိညာဉ်၌ ဒုတိယအကြိမ် မွေးခဲ့သည်။ ထိုသို့ ​ကျွန်တော် ယုံကြည် ခဲ့စဉ်ထက်၊ ယခု ၂၀၁၆ ခုနှစ်တွင်၊ ချီဆောင်ခြင်းသည် သာ၍ နီးသည်။

    “ညဉ့်အချိန် ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်၎င်း၊ ” ယခုအချိန်သည် ဝိညာဉ် ပိုင်း၌၊ ညအချိန် ဖြစ်သည်။ ညသည် မှောင်မိုက်သည်။ ဘုရားသခင်သည် အလင်း ဖြစ်သည် (၁ ယော ၁:၅)။ ခရစ်တော်သည် အလင်း ဖြစ်သည် (ယော ၉:၅)။ ဤလောက၌ ခမည်းတော်နှင့် သားတော် မရှိသောကြောင့်၊ ဤလောကသည် မှောင်မိုက်၍ ညဉ့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်က၊ ယုံကြည်သူများထံ၊ “သင်တို့သည် ဤလောက၏ အလင်း ဖြစ်သည်” ဟုဆိုရခြင်း ဖြစ်သည် (မ ၅:၁၄)။ ရှင်ပေါလုကလည်း၊ “အထက် ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်း ဖြစ်ကြ၏။” ဟုဆိုခဲ့သည် (ဧဖက် ၅:၈)။ ထို့ကြောင့် ဤလောကသည် ညဉ့် ဖြစ်သည်။

    ညဉ့်ကို ခရစ်တော် ကလေးပိုင်းဖြင့် ဖေါ်ပြသွားသည်။ “ဥပမာကား၊ လူတဦးသည် အခြားသော ပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့ အပ်၍ ၊ သူတို့ ဆောင်ရွက်စရာ အမှုကို အသီးအသီးခွဲခန့်စီမံ၍ ၊ တံခါးမªးကို စောင့်နေစေဟု မှာထားပြီးမှသွားသည် ဖြစ်၍ ၊ အိမ်ရှင်သည် ညဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန် တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့ မသိသောကြောင့် စောင့် နေကြလော့။ သို့မဟုတ် အမှတ်တမဲ့လာ၍ သင်တို့ အိပ်ပျော်သည်ကို တွေ့လိမ့်မည်။ စောင့် နေကြလော့ဟု သင်တို့အား ငါဆိုသည် အတိုင်း၊ ခပ်သိမ်းသော သူတို့အား ငါဆိုသည်ဟု မိန့်တော်မူ၏။” (မာကု ၁၃:၃၄-၃ရ)

    ညဉ့်ဦးသည် ညနေ ၆-၉ နာခန့်အတွင်း ဖြစ်၍ ၊ အသင်းတော် သမိုင်း၌ အေဒီ ၃၃မှ ၃၁၃ အတွင်း ဖြစ်သည်။ သန်းခေါင်းသည် ည ၉-၃ နာရီ ခန့်အတွင်း ဖြစ်၍ ၊ အေဒီ ၃၁၃-၁၅၁ရအတွင်း ဖြစ်သည်။ ကြက်ဦးတွန်ချိန်သည် နံနက် ၃-၅ နာရီ ခန့်အတွင်း ဖြစ်၍ အေဒီ ၁၅၁ရ- ၁၉၀၀ အတွင်း ဖြစ်သည်။ နံနက်အချိန်သည် နံနက် ၅-၆ နာခန့်အတွင်း ဖြစ်၍ ၊ အေဒီ ၁၉၀၀မှ ချီဆောင်ခြင်း နေ့အထိ ဖြစ်သည်။ အိမ်ရှင်သည် ခရစ်တော် ဖြစ်၍ ၊ အခြားသော ပြည်သည်၊ ကောင်းကင်နိင်ငံ ဖြစ်သည်။ သူသည် ကောင်းကင်သို့ အေဒီ ၃၃၌ တက်သွားခဲ့သော်လည်း၊ ညဉ့်ဦးအချိန််၊ သန်းခေါင်းအချိန်၊ ကြက်ဦးတွန်ချိန်တွင် ပြန်မလာခဲ့ချေ။ ယခုနေ့ရက်ကာလသည်၊ ဝိညာဉ် ပိုင်း၌ နံနက်အချိန် ဖြစ်နေပြီ။ ထို့ကြောင့် ခရစ်တော် ကြွလာတော့မည့်အချိန် ဖြစ်သည်။ ခရစ်တော် ကသူသည်၊ “မိုဃ်းသောက်ကြယ် ဖြစ်သည်” ဟုဆိုသည် (ဗျာ ၂၂:၁၆)။ မိုဃ်းသောက်ကြယ်သည်၊ ဆောင်းတွင်း နံနက်ပိုင်းမိုဃ်းမလင်းမှီတွင် ထွက်တတ်သည်။ အအိပ်မက်သော သူများသည်၊ မိုဃ်းသောက်ကြယ်မမြင်ဘူူးကြချေ။ နံနက် စောစော ထသော သူများ သာလျှင် မိုဃ်းသောက်ကြယ်မြင်တတ် ကြသည်။ ခရစ်တော်သည်၊ အသင်းတော် ချီဆောင်ဘို့ရန် ကြွလာသောအခါ၊ မ ယုံကြည်သူများနှင့်၊ အမည်ခံ ခရစ်ယာန်များကမြင်ကြမည် မဟုတ်။ နံနက် စောစော ထသော သူတည်း ဟူသော၊ ဒုတိယမွေးသော သူများ သာလျှင် မြင်၍ ၊ ချီဆောင်ခြင်း ခံရမှာ ဖြစ်သည်။ သူ့ကို လူတိုင်း ကမြင်မှာ မဟုတ်သောကြောင့်၊ မိုဃ်းသောက်ကြယ်ဟု နှိုင်းထားခြင်း ဖြစ်သည်။

    “နေ့အချိန်” ခရစ်တော် ကဤလောကကို၊ အုပ်စိုးသော အနှစ်တထောင်ကာလကို၊ ဆိုလိုသည်။ အကြောင်းမှာ ခရစ်တော်သည် အလင်း ဖြစ်၍ ၊ ဤလောက၌ လင်းမည်။ ထို့ကြောင့် အပြစ် ဒုုစရိုက်ရှိမည် မဟုတ်။ ယခုအချိန််သည် ညဉ့် ဖြစ်သောကြောင့် အပြစ် ဒုစရိုက်ပေါများရခြင်း ဖြစ်သည်။

    “ ယခုအခါ အိပ်ပျော်ရာမှနိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍” လူသည် ညဉ့်အချိန်တွင် အိပ်ပျော်တတ် ကြသည်။ ကိုယ်ကာယပိုင်း အိပ်ပျော် သောအခါ၊ ကိုယ်ခန္ဓာသည် လူသေကဲ့သို့၊ ဘာမျှမလုပ်ဘဲ ငြိမ်သက်စွာ နေတတ်သည်။ ညဉ့်အချိန် တွင်၊ ကောင်းသော အလုပ်များ မလုပ်တော့့ဘဲ၊ အပြစ်များကို သာလျှင် လုပ်တတ် ကြသည်။ ညဉ့်၏ အလုပ်များကို ရှင်ပေါလုက၊ ဤသို့ ရေးထားသည်၊ “ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ဗြုင်ခြင်း” ။ ထို့ကြောင့် သင်သည် ပွဲလုပ်ခြင်းကို အလွန် နှရစ်သက်အားရလျှင်၊ ဝိညာဉ် ပိုင်း၌ အိပ်ပျော်နေသူ ဖြစ်သည်။ ပွဲလုပ်ခြင်းဟုဆိုရာတွင်၊ ပျော်ပွဲရွှင်ပွဲမှစ၍ ၊ အမျိုးသား ပွဲ၊ ဘော်လုံးပွဲ၊ အား ကစကား ပွဲများ အပါအဝင်၊ အားလုံးသော ပွဲများ ဖြစ်သည်။ အဘယ်ကြောင့်ထိုပွဲများ နှစ်သက်ခြင်းသည်၊ အိပ်ပျော်ခြင်းဟုဆိုနိင်သနည်းဟူမူကား၊ ထိုပွဲများ၌ ပျော်မွေ့သော သူသည်၊ ဝိညာဉ် ရေးရာ၌ လုံးဝ စိတ်မဝင်စားနိင်ချေ။ ထို့ကြောင့် ပွဲနှစ်သက်သော သူများသည်၊ တရားနာ သောအခါ အိပ်ငိုက်လာသည်။ ဝတ်ပြုစည်းဝေးလည်း တနာရီထက် ပိုလာလျှင်၊ စိတ်ဆိုးစိတ်ညစ်လာသည်။ တရားဟောရှည်သော သူကိုလည်း မုန်းလာသည်။ ကျမ်းစာ ကိုလည်း မဖတ်ချင်၊ ဆုမတောင်းချင်၊ ဝိညာဉ် ပိုင်းဆိုင်ရာမှန်သမျှ စိတ်မဝင်စားချေ။ ထိုကဲ့သို့ပင်၊ ယစ်မျိုးတည်း ဟူသော၊ အရက််၊ ဘီယာ၊ မူးယစ်ဆေးဝါး၊ ခိုင်နီး၊ ကွမ်းယာ၊ ကွမ်းပေါင်း၊ ဆေးရွက်ငုံ၊ တတ်သော သူများ လည်း၊ အိပ်ပျော်သော သူများ ဖြစ်ကြသည်။ မတရားသော မေထုန်မှီဝဲသော သူတည်း ဟူသော၊ လက်မထပ်ဘဲအတူ တူနေခြင်း၊ သူ့မယား၊ သူ့ယောက်ျားနှင့် မှားယွင်းခြင်း၊ ကိလေသာညစ်ညူးခြင်း၊ အပြာရုပ်ရှင်ကြည့်ရှုစွဲလမ်းခြင်း တို့သည် လည်း၊ အိပ်ပျော်သော သူများ ဖြစ်ကြသည်။ အကြောင်းမှာ၊ ထိုအရာများသည် ဘုရားနှင့် မဆိုင်၊ မှောင်မိုက်တန်ခိုးရှင် စာတန်နှင့် သာဆိုင်သည်။ သင်သည် ထိုအရာများကို စွဲလမ်းပါက ၊ အမြန်ဆုံး နောင်တ ရ၍ ဘုရား ဘက်၌ ပြန်လည်ဆက်ကပ်ဘို့ လိုသည်။

    ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းများလည်း၊ အိပ်ပျော်သော သူများ ဖြစ်ကြသည်။ အကြောင်းမှာ ဝိညာဉ်တော် အုပ်စိုးသော သူများသည်၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းများမရှိတော့ချေ။ ထိုမျှသာမကအလုပ်ကို သာလျှင် ဦးစားပေး၍ ၊ အချိန်နှင့် စွမ်းအားရှိသမျှကို အလုပ်ထဲ၌ မြှုပ်နှံသော သူများ လည်း၊ အိပ်ပျော်သော သူများ ဖြစ်ကြသည်။ အကြောင်းမှာ အလုပ်သာဦးစားပေး သူများသည်၊ ဝိညာဉ် ရေးရာ၌ စိတ်မဝင်စား၊ အိပ်ငိုက်နေမှာ ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ် ရေးရာ မဟုတ်သော၊ နိင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ တိုးတက်ရေးသာလျှင် ဦးစားပေးသူတိုင်းသည်၊ အိပ်ပျော်သော သူများ ဖြစ်သည်။ ထိုအရာများထက် အသိရခက်ဆုံး အိပ်ပျော် သူများသည်၊ ဘာသာရေးသမားများ ဖြစ်ကြသည်။ သူတို့သည်၊ ဘုရား အတွက် ဟူ၍ လုပ်ဆောင် နေကြသော်လည်း၊ အိပ်ပျော် နေကြသောကြောင့်၊ ည အိပ်မက်ကဲ့သို့ဖြစ်ကာ၊ လုပ်သမျှ အကောင်အထည်မဖေါ်နိင်ကြချေ။ အကြီးအကျယ် ဆွေးနွေးတိုင်ပင်၊ ဆုံးဖြတ်ချက် ချကြသော်လည်း၊ အကောင်အထည်ဖေါ်နိင်မှု အလွန်နည်းပါသည်။ အကြောင်းမှာ အိပ်မက်အားဖြင့်၊ လုပ်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ အိပ်ပျော်ခြင်း အမျိုးမျိုးရှိရာ၊ သင်သည် မည်သည့်အရာ၌ အိပ်ပျော်နေသနည်း။ စဉ်းစားပါ။

    “နေ့အချိန်၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။” ညအချိန်တွင် ညဝတ်များဖြင့် နေရသော်လည်း၊ နေ့အချိန်တွင် ညဝတ်များကို မသုံးတတ်ကြချေ။ ညအမှောင်ကို အကာအကွယ်ပြု၍ ၊ အကောင်းသော အကျင့်များကို ကျင့်တတ် ကြသည်။ နေ့အချိန်တွင်မူ၊ ကောင်းသောအရာ များကို သာလျှင် ပြုလုပ် တတ်ကြသည်။ ယခုအချိန်သည်၊ မိုဃ်းသောက်ကြယ်ထွက်ခါနီး တည်းဟူသောချီဆောင်ခြင်း ဖြစ်ခါနီး ဖြစ်သောကြောင့်၊ နေ့အချိန်၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ မည်ကဲ့သို့ ကျင့်ကြမည်နည်း။ သခင်ယေရှုခရစ်ကို ဝတ်ဆောင်ကြဘို့ ဖြစ်သည်။ မည်ကဲ့သို့ ဝတ်ဆောင်ရမည်နည်း။ လူသည် ဘုရား အမြင်၌ အဝတ်အချည်းဆည်း ဖြစ်သည်။ မည်မျှပင် အဝတ်အစားကောင်းဝတ်သော်လည်း၊ ဘုရား အမြင်၌ ကိုယ်တုံးလုံး ဖြစ်သည်။ ထိုအရာကို သိနိင်ရန်မှာ၊ အပြစ် လုပ်သော သူသည်၊ ကိုယ်တုံးလုံးနှင့် တူသည်။ မည်မျှပင် ဥပဒိရုပ်ရှိသော်လည်း၊ သူခိုး ဖြစ်လျှင် လူတိုင်း ကရှောင်ချင် ကြသည်။ မည်မျှပင် လှသော်လည်း၊ အကျင့်ပျက်လျှင်၊ ကိုယ်တုံးလုံး ဖြစ်သောကြောင့်၊ မည်သူကမျှ မယူချင် ကြချေ။ ကိုယ်တုံးလုံး ဖြစ်သော သူကို မည်သူကမျှ မလိုချင်သော်လည်း၊ အဝတ်လှလှလေးဝတ်လျှင်၊ ချစ်တတ် သကဲ့သို့၊ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်လျှင်၊ မည်မျှပင် အပြစ်ရှိခဲ့သော်လည်း၊ ဘုရားရှေ့လူရှေ့၌ တင့်တယ်လှပလာတတ်သည်။ လူတိုင်းကလည်း သူ၏ အပြစ်ကို မမြင်တော့ဘဲ၊ လက်ခံပေါင်းသင်းလိုတတ် ကြသည်။ ပြည်တန်ဆာရာခပ်သည်၊ အကျင့်ပျက်ခဲ့သော်လည်း၊ ဘုရားသခင် ထံခိုလှုံ၍ ၊ သူလျှုိများကို ကာကွယ် သောအခါ၊ ဘုရားသခင်က သူ၏ အပြစ်ကို လွှတ်၍ ၊ ယုဒအမျိုးသား စာလမန်ကယူ၍ သား ဘောဇရရှိခဲ့သည်။ ဘောဇနှင့် ရုသလက်ထပ်၍ ဩဗက် မွေးဘွားကာ၊ ဩဗက်သားသည် ယေရဲှ၊ ယေရှဲသား ဒါဝိဒ် ဖြစ်သည်။ အဘယ်ကြောင့်ပြည်တန်ဆာရာခပ်သည် ထိုကဲ့သို့ ဒါဝိဒ်၏ အဘိုးဘွား ဖြစ်နိင်သနည်း။ အဘယ်ကြောင့်အကျင့်မကောင်းသော်လည်း၊ ဘုရားသခင်က သူ၏ အမျိုးထဲမှ၊ ဒါဝိဒ်ကို မွေးဘွားစေသနည်း။ ဘုရားသခင်ကို ခိုလှူံသောကြောင့် ဖြစ်သည်။ သင်လည်း ဘုရားသခင်ကို ခုံလှူံ၍ ၊ သခင်ယေရှုကို ဝတ်ဆင်ပါက ၊ ဘုရား ကောင်းကြီးခံစား မှာ ဖြစ်သည်။

    .

    ^

    မူစလင်များ

    ယနေ့ ခရစ်ယာန် များသည် အိပ်ပျော်၍ ဟောက်လျက် နေချိန်တွင်၊ မူစလင်များသည် အကြီး အကျယ် အလုပ်လုပ် နေကြသည်။ သူတို့ အကြောင်းကို သိဘို့ လိုသည်ဟု ယူဆသည်။ အကြောင်းမှာ သူတို့၏ ရည်ရွယ်ချက် မသိသောကြောင့်၊ အန္တရာယ် ရှိကြောင်း ကိုလည်း မသိ၊ ကျမ်းစာ ပြည့်စုံခြင်းများကိုလည်း မသိကြချေ။ သူတို့၏ အကြောင်းကို ပါလက်စတင်း၊ အကြမ်းဖက်သမားများ မှပြောင်းလဲကာ၊ ခရစ်ယာန် ဖြစ်သွားသော သူများအားဖြင့် သိရသည်။ ထိုသူတို့ အထဲ၌ နာမည်ကြီးသော သူသည် Walid Shoebet ဖြစ် သည်။ သူ၏ နာမည်ကို၊ You Tube address bar ၌ ရေးလိုက်လျှင်၊ သူဟောပြောသောအရာ များ စွာ၊ နားထောင်စရာ ရှိသည်။ https://youtu.be/ZauZZmz1dRE

    ခရစ်တော်နှင့် ပတ်သက်၍
    မူစလင်များသည် ခရစ်တော်ကို ယုံကြည်သည်ဟုဆိုသော်လည်း၊ ကျမ်းစာ ထဲ၌ ဖေါ်ပြသည့်အတိုင်း ယုံကြည် ကြသည် မဟုတ်။ သူတို့ ကယေရှုသည် သူတို့ ဘုရား အလ္လာ၏ ပရောဖက် ဖြစ်၍ ၊ လူများအတွက် လက်ဝါးကပ်တိုင်၌ကိုယ်စားခံသေသည် မဟုတ်၊ မသေဘဲ ကောင်းကင်သို့ တက်သွားသည်။ ယခုပြန်လာ၍ သူသည် ခရစ်ယာန်များယုံကြည်သည့်အတိုင်း၊ သူတို့အတွက် အသေမခံခဲ့ပါ၊ သူ့ကို မယုံကြည် ကြနှင့်၊ အလ္လာကို ယုံကြည် ကြပါဟု ပြောလိမ့်မည်ဟုဆိုသည်။ မူစလင်များ အတွက်၊ ယေရှုကို ဘုရား အဖြစ်ယုံကြည်ခြင်း သည်၊ အကြီးမားဆုံး သော အပြစ်၊ ငရဲသွားစေမည့် အပြစ် ဖြစ်သည်ဟု ယုံကြည် ကြသည်။ ထိုအရာကို မသိသော ခရစ်ယာန်များက၊ သူတို့လည်း ယေရှုကို ယုံကြည်သည်ဟု၊ အပေါ်ယံသိရုံဖြင့် ခရစ်ယာန် များ၏ ညီအစ်ကိုဟု လက်ခံယုံကြည် ကြသည်။

    ကျမ်းစာနှင့် ပတ်သက်၍
    မူစလင်များက၊ ဂျူးများနှင့် ခရစ်ယာန် များ၏ ကျမ်းစာ၊ ဓမ္မဟောင်းနှင့် ဓမ္မသစ်သည်၊ အစ၌ မှန်သော်လည်း အပြောင်းအလဲများစွာ ရှိသောကြောင့် မှားယွင်းနေပြီဟု၊ ယုံကြည် ကြသည်။ ထို့ကြောင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းသည်၊ ယုံကြည်ဘို့ မသင့်တော်ဟု ယူဆကြသည်။ သူတို့၏ကို ရန်ကျမ်းသာလျှင် မှန်သည်ဟု ယူဆကြသည်။ အမှန်မှာကို ရန်ကျမ်းသည်၊ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းကို၊ ကိုးကား၍ အမှားမှားအယွင်းယွင်းရေးထားသောအရာ ဖြစ်သည်။ ဥပမာ၊ အာဗြဟံကမောရိတောင်ပေါ်တွင်၊ ပူဇော်ခဲ့သော သူသည် ဣဇက် ဖြစ်သော်လည်း၊ သူတို့ ကဣရှမေလ ဖြစ်သည်ဟု ပြောင်းလဲရေးလိုက်သည်။

    ဘုရားနှင့် ပတ်သက်၍
    ဂျူးများနှင့် ခရစ်ယာန် များ၏ ထာဝရ ဘုရားသည်၊ စစ်မှန်သော ဘုရား မဟုတ်၊ အလ္လာသာလျှင် စစ်မှန်သော ဘုရား ဖြစ်၍ တဆူတည်းရှိသည်ဟု ယုံကြည်သည်။ ထို့အပြင် ဘုရား၌ သားတော် မရှိ။ ထို့ကြောင့် ယေရှုသည် ဘုရား၏သား ဖြစ်သည် မဟုတ်။ ဘုရား၌ သားရှိသည်ဟု ယုံကြည်ခြင်း သည်၊ ဘုရားကို ကြီးမားသော ပြစ်မှားခြင်း ဖြစ်သည်၊ ငရဲရောက်စေမည့် အပြစ် ဖြစ်သည်၊ဟု ယုံကြည် ကြသည်။ သူတို့သည် တခုခုလုပ်တိုင်း၊ အလ္လာဟူအပ်ဘာရ်ဟု အော်တတ် ကြသည်။ ဆိုလိုသည်မှာ၊ အလ္လာသည် သာ၍ ကြီးသည်ဟုဆိုလိုခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် အလ္လာသည် မည်သူထက် ကြီး သနည်း။ အလ္လာသည် ဂျူးနှင့် ခရစ်ယာန် များ၏ ဘုရား ဖြစ်သော၊ ထာဝရ ဘုရားထက် ကြီးမားသည်ဟုဆိုလိုခြင်း ဖြစ်သည်။ ထာဝရ ဘုရားထက် ကြီးမား လိုသော သူသည်၊ စာတန် သာလျှင် ဖြစ်သည်။ သူတို့ အမြင်၌၊ ဂျူးလူမျိုးများသည် စနေလူများ၊ ခရစ်ယာန် များသည် တနင်္နွေလူများ ဖြစ်သည်။ သူတို့သည်သော ကြ်ာလူများ ဖြစ်၍ ၊ သော ကြ်ာနေ့၌ သူတို့၏ ဘုရားကို ကိုးကွယ် ကြသည်။

    ကယ်တင်ခြင်း
    မူစလင်များအတွက် ကောင်းကင်နိင်ငံရောက်နိင်သော နည်းသည်၊ နှစ်နည်းသာလျှင် ရှိသည်။ ကောင်းသော အကျင့်ကျင့်ခြင်းဖြင့် ရောက်နိင်သည်။ သို့သော် ထိုအရာသည် မလွယ်ကူပါ။ တခြားနည်းသည်၊ အလ္လာအတွက် အခြားဘုရားကိုးကွယ်သော သူများ၊ ဒိတ်ဌိများကို သတ်လျှင် ချက်ချင်း ကောင်းကင် ရောက်နိင်သည် ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အခြား ဘာသာဝင်များ၊ ဂျူးလူမျိုးမှစ၍ ခရစ်ယာန်များသတ်ဖြတ်ဘို့ရန် ကြိုးစား ကြသည်။ မူစလင် မိခင် တဦးက၊ သူ၏ သားကိုး ယောက်၊ ကိုယ်ကိုယ်ကို သတ်သေခြင်းဖြင့် ဗုံးဖေါက်သေဆုံးကြပြီး နောက်ငိုကြွေးသည်ဟုဆိုသည်။ သူမသည် သားကိုး ယောက်စလုံးအလ္လာအတွက် ဆက်ကပ်ခဲ့ပြီ၊ ယခုနောက်ထပ်ပေးစရာသား မရှိတော့သောကြောင့် ဝမ်းနည်းသည်ဟုဆိုသည်။ ထို့ကြောင့် မူစလင်များသည် သေဘို့ရန် လုံးဝ ကြောက်သည် မဟုတ်၊ ဂရုလည်း စိုက်သည် မဟုတ်။ ထို့ကြောင့် အလွန် ကြောက်စရာ ကောင်းသော သူများ ဖြစ်သည်။ သူတို့၌ ကယ်တင်ရှင်မရှိ၊ ဘုရား ကသူတို့အတွက် အသေမခံ၊ သူတို့ ကဘုရား အတွက် အသေခံဘို့ လိုသည်ဟု သင်ပေးကာ၊ ထိုသို့ ယုံကြည် ကြသည်။ မက္ကာမြို့ရှိကျောက်တုံးကြီး ပတ်၍ ပြေးတတ် ကြသည်။ ထိုသို့ ပြေးကြ သောအခါ၊ တယောက်နှင့် တယောက် နင်းမိကာ၊ များစွာ သေဆုံးတတ် ကြသည်။ သို့သော် ထိုသို့ သေဆုံးခြင်းသည် သူတို့အတွက် ဝမ်းနည်းစရာ မဟုတ်။ ထိုသို့ နင်းမိရာမှသေဆုံးသွားသော သူများသည်၊ ကောင်းကင်သို့ တန်းရောက်မည်ဟု ယုံကြည် သောကြောင့်၊ ဝမ်းနည်းခြင်း မရှိချေ။

    သူတို့၏ ရည်ရွယ်ချက်
    မူစလင်များ၏ ရည်ရွယ်ချက်မှာ၊ တကမ္ဘာလုံးရှိ လူသား တိုင်း၊ မူစလင် ဖြစ်စေဘို့ ဖြစ်သည်။ ထိုသို့ဖြစ်ဘို့ အလို့ငှါ သူတို့၏ အချိန်၊ ဘဏ္ဍာ၊ စွမ်းအား မှစ၍ ၊ အသက် အထိ ပေးအပ် ကြသည်။ ယခုအနောက်အုပ်နိင်ငံများ ဖြစ်သော၊ ဥရောပ၊ အမေရိကတို်က်၌ အကြီး အကျယ်ဝင်ရောက်လာ ကြသည်။ အနောက်နိင်ငံများ ကလည်း၊ ဝိညာဉ် မျက်စိကန်းသောကြောင့်၊ သူတို့ကို လှုိက်လှ​ဲစွာ ကြိုဆို ကြသည်။ မူစလင်များ အနေဖြင့် သူတို့၏ အသက်၊ သားသမီး၊ လင်ယောက်ျားမိန်းမကို၊ သူတို့၏ ဘုရား အတွက်၊ အသေခံ ဆက်ကပ်နေချိန်တွင်၊ ခရစ်ယာန် များသည်၊ မိမိတို့ ဘုရား အတွက် ဘာမျှမပေးချင်၊ လောက နောက်လိုက် ရင်းဖြင့်၊ တခေါခေါ အိပ်ပျော် နေကြသည်။ မိမိတို့၏ ယုံကြည်ခြင်း ပင်၊ ကောင်းစွာ ပြောနိင်သော သူသည်၊ အလွန်နည်းပါးလှသည်။

    ပြောင်းလဲနေ
    မူစလင်များသည် အထက်ပါ ကဲ့သို့၊ သူတို့ ဘာသာ၌ အသေအလဲယုံကြည်၍ ၊ အလွန် ကြိုးစား ကြသော်လည်း၊ စိတ်ထဲ၌ ငြိမ်သက်မှု မရရှိကြချေ။ ထိုသူများထံ၊ သခင်ဘုရား ကရူပါရုံအားဖြင့်ကိုယ်ယောင်ပြကာ၊ များစွာသော မူစလင်များ ခရစ်တော် လက်ခံလာ ကြသည်။ အထူးသခြင်း အီရန်နိင်ငံနှင့် ဆော်ဒီအာရဗျားနိင်ငံတို့ တွင်၊ ပြောင်းလဲမှုများတွေ့ရသည်။ ထိုသူများ၏ သက်သေခံခြင်း များကို နားထောင် လိုပါက You Tube ထဲ၌ Muslim converted to Christian ဟု ရေးပါ။ များစွာ တွေ့မြင် နားထောင် နိင်ပါလိမ့်မည်။ ဤYou Tube ကို ကြည့်ပါ၊ https://youtu.be/fDAICrsmTpA

    မေတ္တာပြပါ
    အမှန်မှာ မူစလင်များသည် သနားစရာ ကောင်းသည်။ သူတို့သည် စာတန်၏ လိမ်လည်လှည့်ဖျားမှု ခံနေ သူများ ဖြစ်ကြသည်။ အပေါ်ယံ၌ သူတို့သည် သူတို့၏ ခံယူချက်၌ ပြင်းထန်သော်လည်း၊ အတွင်း နှလုံးသား၌ လုံခြုံမှု၊ စိတ်ချမှု မရှိသော သူများ ဖြစ်ကြသည်။ ဘုရားသခင်သည် သူတို့ ကိုလည်း ချစ်၍ ၊ ခရစ်တော်သည် သူတို့အတွက် အသေခံ ခဲ့သည်။ နားမလည်၊ စာတန် အုပ်စိုးခြင်း ခံသောကြောင့်၊ ခရစ်တော်နှင့် သမ္မာတရားကို လက်မခံခြင်း ဖြစ်သည်။ သူတို့က ခရစ်တော်သည်၊ လူသားများအတွက် အသေမခံနိင်၊ မည်သူမဆိုကိုယ်ကျင့်မှကိုယ်ရသည်၊ ကိုယ်စားပြု၍ မရဟုဆိုကြသော်လည်း၊ အလ္လာအတွက် အသေခံသော သူများသည်၊ မိသားစု ဆွေမျိုးများအတွက် ကောင်းကင် ရောက်ဘို့ အသနားခံနိင်သည်ဟုဆို ကြသည်။ သူတို့သည် လျှာနှစ်ခွနှင့် စကားပြောနေမှန်း မသိကြချေ။

    ခရစ်တော် လက်ခံလာသော သူများသည် အလွန် ချစ်စရာ ကောင်း ကြသည်။ ခရစ်တော် လက်ခံသွားသော မူစလင်များ၌ တူညီသော အချက်များရှိသည်။ ထိုအရာများမှာ၊ အလွန် ဝမ်းမြောက် ကြသည်။ ငြိမ်သက်မှု ကျေနပ်မှု အပြည့်အဝ ရှိ ကြသည်။ ခရစ်တော် လက်ခံသောကြောင့်၊ မိသားစုမှစ၍ ကျန်သော မူစလင်များက၊ နှိပ်စက်ညှင်းဆဲမည်ဟု သိရသော်လည်း၊ မကြောက်၊ နောက်မဆုတ်၊ သူတို့ကို ပို၍ သနားလာတတ် ကြသည်။ သူတို့သည် နှိမ့်ချကာ အခြား သူများကို အခွင့်ရလျှင် ရသလို သက်သေခံချင် ကြသည်။ ခရစ်တော် အတွက် အဘိုးအခပေးဘို့ ဝန်မလေးကြချေ။

    မူစလင်များစွာ ပြောင်းလဲ
    မူစလင်ဘာသာပြင်းထန်သော အီရန်နှင့် ဆော်ဒီအရဗျားနိင်ငံများ၌၊ မြေအောက် ခရစ်ယာန် အသင်းတော် များစွာရှိသည်။ မူစလင်များ အလွန် ရက်စက်သော၊ အဖရိကတိုက်ရှိဆူဒန်နိင်ငံ၌ ခရစ်ယာန် ငါးသန်းခွဲ၊ ခရစ်ယာန် များကို အလွန် နှိပ်စက်သော ပါက စ္စတန်နိင်ငံ၌၊ နှစ်သန်းခွဲမှသုံးသန်း၊ အီဂျစ်ပြည်၌ နှစ်သန်းခွဲ၊ မူစလင်ဘာသာအတွက် ရှိသမျှ အရာကို အလွန် ဆက်ကပ်၍ ၊ အကြီး အကျယ်အော်ဟစ်နေသော အီရန်နိင်ငံ၌၊ ၁၉ရ ၉ ခုနှစ်တွင် ခရစ်ယာန် ၅၀၀ ခန့်သာရှိရာမှ ၂၀၀၀ ခုနှစ်နှစ်တွင် နှစ်သိန်းနှစ်သောင်းရှိလာသည်ဟုဆိုသည်။ ယခုဆိုလျှင် ပို၍ များပြားလာသည်။ http://worldrevivalnetwork. blogspot.sg/2015/09/the-underground-revival-in-middle-east.html ၌ ဖတ်ရှုနိင်သည်။

    .

    ^

    ကျမ်းစာ ဖတ်ကြစို့

    ဟေဗြဲဩဝါဒစာ ၃

    ၁။ ထိုသို့ဖြစ်လျှင်၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော ခေါ်ဘိတ် တော်မူခြင်း ကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့ ဝန်ခံသော တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်း တည်းဟူသောယေရှု၏ အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။

    “ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော ခေါ်ဘိတ် တော်မူခြင်း ကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ” ယနေ့ ယုံကြည်သူများသည်၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်၍ ခေါ်ဘိတ်ခြင်း ခံရသော သူများ ဖြစ်ကြသည်။ ဘေးဒဏ်ကြီးကာလ ဝင်ဘို့ ခေါ်ဘိတ်ခြင်း ခံရသည် မဟုတ်။ သို့သော် ယုံကြည်သူများသည်၊ ထိုခေါ်ဘိတ်ခြင်းကို တန်ဘိုး မထားကြချေ။ ကောင်းကင်ဘုံရောက်ဘို့ ထက်၊ မြေကြီး ပေါ်၌ ပျော်မွေ့ နေကြသေးသည်။ အရေးကြီးသော ပုဂ္ဂိုလ်များ၏ ခေါ်ဘိတ်ခြင်း ခံရလျှင်၊ အလွန် ဂုဏ်ယူ ဝါကြွား၍ မပျက်မကွက်သွားချင် တတ်ကြသည်။ သို့သော် ဘုရားသခင်၏ ခေါ်ဘိတ်ခြင်းကိုမူဂရုမစိုက်တန်ဘိုး မထားတတ်ကြချေ။

    “ငါတို့ ဝန်ခံသော တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်း၊ တည်းဟူသောယေရှု၏ အကြောင်းကို၊ စေ့စေ့ဆင်ခြင်ကြလော့” တမန်တော် ဆိုသည်မှာ ကိုယ်စားလှယ် ဖြစ်သည်။ ခရစ်တော်သည် ခမည်းတော် ဘုရားကိုယ်စား ဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းသည် ဘုရားနှင့် လူအကြား ဆက်သွယ်ပေးသောသူ ဖြစ်သည်။ ထိုအရာကို စေ့စေ့ဆင်ခြင်ဘို့ ဖြစ်သည်။

    ယေရှုသည် မောရှေထက်သာ၍ကြီး
    ၂။ မောရှေသည် ဘုရားသခင်၏ အိမ်တော် တအိမ်လုံး၌ သစ္စာ စောင့် သကဲ့သို့၊ ယေရှုသည် မိမိကို ခန့်ထား တော်မူသော သူ၏ အမှုတော်၌ သစ္စာ စောင့် တော်မူ၏။
    ယေရှုကို မောရှေနှင့် နှိုင်းထားသည်။ မောရှေသည် ဘုရား၏ အိမ်တော် တည်း ဟူသော၊ ဣသရေလ လူမျိုးများကို သစ္စာရှိစွာ ဦးဆောင်ခဲ့သည်။ ထို့နည်းတူ ယေရှုသည် လည်း၊ မိမိကို ခန့်ထား တော်မူသော သူတည်း ဟူသော၊ ခမည်းတော် ဘုရား၏ အမှု၌ သစ္စာ စောင့်ကြောင်း၊ သူကိုယ်တိုင်ဤသို့ ပြောခဲ့သည်၊ “အ​ကျွန်ုပ်သည် မြေကြီး ပေါ်မှာကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အ​ကျွန်ုပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ုပ်၌ အပ် ပေးတော်မူ သော အမှုကို၊ အ​ကျွန်ုပ်ဆောင်ရွက်၍ ပြီး ပါပြီ။” (ယော ၁ရး၄)။

    ၃။ အိမ်ကို ဆောက်သော သူသည်၊ အိမ်ထက် သာ၍ ကြီးသော အသရေရှိ သကဲ့သို့၊ ယေရှုသည် မောရှေထက် သာ၍ ကြီးသော အသရေကို ခံထိုက်သောသူ ဖြစ်သည်ဟု ထင်မှတ်စရာ အကြောင်းရှိ၏။
    ကြီးမား သော၊ လှပသော အိမ်ကို လူတိုင်း ကချီးမွမ်းတတ် ကြသည်။ သို့သော် ထိုအိမ်ကို ဆောက်သော သူသည်၊ အိမ်ထက် သာ၍ ချီးမွမ်းသင့်သည်ဟုဆိုသည်။ လူတိုင်း ကဖန်ဆင်းထားသောအရာ များကို၊ အံ့ဩ ချီးမွမ်းတတ် ကြသည်။ သို့သော် ထိုအရာများ ထက်၊ ထိုအရာများကို ဖန်ဆင်းသူကို ချီးမွမ်းသင့်သည်။ ဟေဗြဲရေးသော သူက၊ ယေရှုသည် မောရှေထက် သာ၍ ကြီးသော အသရေကို ခံထိုက်သည်၊ ဟုဆိုသည်။ ဣသရေလ လူများက၊ မောရှေကို အလွန် လေးစားကြည်ဍို ကြသည်။ သူ့လက်ထက် ကလူများ ကမကြည်ဍိုကြသော်လည်း၊ နောင်လာနောက်သားများက၊ အလွန် လေးစားသည်။ သို့သော် ယေရှုသည်၊ မောရှေထက် သာ၍ ကြီးမားသည်ဟုဆိုသည်။

    ၄။ အိမ်မည်သည်ကား၊ တစုံတယောက်သော သူဆောက်သောကြောင့် ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သော သူကား၊ ဘုရားသခင် ပေတည်း။
    လက်သမားများသည် အိမ်ကို သာဆောက်တတ် ကြသည်။ သို့သော် ဘုရားသခင်သည် အရာခပ်သိမ်းကို ဆောက်သည်။ ဘုရား ဆောက်သောအရာ များသည်၊ စစ်၍ မကုန်များ လွန်းသောကြောင့်၊ ဘုရား ကဆောက်သည်ဟု မထင်မှတ်တော့ဘဲ၊ သဘာဝ ဖြစ်သည်ဟု ထင်မှတ် ကြသည်။ သင်သည် ဘုရား ဖန်ဆင်းသောအရာ များကို၊ စဉ်းစားဆင်ခြင်ဘူးပါသလား။

    ၅။ မောရှေသည်၊ နောက်ဟောပြောလတံ့သောအရာ တို့ကို သက်သေခံခြင်း အလိုငှါ၊ အစေခံကဲ့သို့ အိမ်တော် တအိမ်လုံး၌ သစ္စာ စောင့်၏။
    မောရှေသည် နောက် ဖြစ်လတံံ့သောအရာ တို့၏ အရိပ် ဖြစ်သည်။ သူသည် အစေခံ​ကျွန်ကဲ့သို့ဖြစ်သည်။ အိမ်ရှင် မဟုတ်ချေ။ သူခေတ်လူများက၊ မောရှေကို ဂရုမစိုက်ပုန်ကန်ခဲ့ကြသည် (တော ၁၄၊ ၁၆)။ သို့သော် နောက်ပိုင်းလူများက၊ သူ့ကို အလွန် ကြည်ညို ကြသည်။ ဖာရိရဲှများ ကမျက်စိကန်းဘူးသော သူထံ၊ “သင်သည် သူ့တပည့် ဖြစ်၏။ ငါတို့ မူကား မောရှေ၏ တပည့် ဖြစ်ကြ၏။ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထား တော်မူ ကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟု ကဲ့ရဲ့၍ ပြောဆို ကြလျှင်၊ ” (ယော ၉:၂၈-၂၉) ဣသရေလ လူများက၊ ယေရှုထက် မောရှေကို ပို၍ ရိုသေလေးစား ကြသည်။ သခင်ထက် ​ကျွန်ကို အလေးထား သကဲ့သို့ဖြစ်သည်။

    ၆။ ခရစ်တော်မူကား၊ သား ကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာ စောင့် တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌ ၎င်း၊ မြော်လင့်ခြင်းနှင့် စပ်ဆိုင်သော ဝါကြားဝမ်းမြောက်ခြင်း၌ ၎င်း၊ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ထိုအိမ်တော် ဖြစ်သတည်း။
    ခရစ်တော်သည်သား ကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ ၊ သစ္စာ စောင့် တော်မူ၏ဟုဆိုသည်။ သားသည် အဘပိုင်သောအရာ ကို၊ အဘကိုယ်စားစီမံကွက်ကဲ့တတ်သည် မဟုတ်လော။ ငါတို့သည် ထိုအိမ်တော် ဖြစ်သည်ဟုဆိုပြန်သည်။ ယုံကြည်သူများအားလုံးသည် ဘုရားသခင်၏ အိမ်တော်များဖြစ်သည်။ အိမ်တော် သားများဖြစ်ဘို့ရန်၊ ရဲရင့်ခြင်း၊ မြော်လင့်ခြင်း၊ အဆုံးတိုင်အောင် တည်ကြည်ခြင်းရှိမှဟုဆိုသည်။ ထိုအရာများသည် ယုံကြည်ခြင်း၏ အသီးအပွင့်များ ဖြစ်သည်။ စစ်မှန်သော ယုံကြည်သော သူသည်၊ ရဲရင့်ခြင်း၊ မြော်လင့်ခြင်း၊ နှင့် တည်ကြည်ခြင်းရှိကြသည်။ သို့သော် ကြားရုံ၊ သိရုံသာရှိသော သူတို့သည်၊ ယုံကြည်သော သူများ မဟုတ်သောကြောင့်၊ ရဲရင့်ခြင်း၊ မြော်လင့်ခြင်းနှင့် တည်ကြည်ခြင်းရှိကြသည် မဟုတ်။

    ရ။ ထိုကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ရှိသည် ဖြစ်၍ ၊ ၈-၉။ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့ အဘများသည် အနှစ်လေးဆယ်ပတ်လုံးငါ့ကို အနည်းနည်းစုံစမ်း၍ ၊ ငါ၏ အမှု တို့ကို မြင်ရသော တောတွင်၊ ငါ့ကို ဆန့်ကျင် ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။
    ဟေဗြဲစာရေးသော သူက၊ ဤစာကို လက်ခံသော သူတို့ လည်း၊ ဣသရေလ လူများ ကဲ့သို့ ခိုင်မာသော စိတ်နှလုံးမရှိကြဘို့ သတိပေးထားသည်။ ယခုအချိန်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ခေတ် ဖြစ်သည်။ ဗျာဒိတ်တော်သည် နှုတ်ကပတ်တော်ကို ဆိုလိုသည်။ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်း သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ နှုတ်ကပတ်တော် မယုံကြည်သော သူသည်၊ ဘုရားသခင်ကို မထီမဲ့မြင် ပြုသောသူ ဖြစ်သည်။ စိတ်နှလုံးခိုင်မာခြင်းသည်၊ ကိုယ့် သဘော ဖြစ်သည်။ ထို့ကြောင့် စိတ်နှလုံးမခိုင်မာဘို့ အကြံပေး၊ သတိပေးခြင်း ဖြစ်သည်။
    ဣသရေလ လူများသည် နှစ်ပေါင်းလေးဆယ်၊ တောလည်ရခြင်းသည်၊ စိတ်နှလုံးခိုင်မာခြင်းကြောင့် ဖြစ်သည်။ သူတို့သည် နှစ်နှစ်အတွင်း ခါနန်ပြည်သို့ ဝင်ဘို့ရန် ဘုရား၏ အစီအစဉ် ဖြစ်သည်။ သို့သော် ဘုရားသခင်ကို မယုံကြည် သောကြောင့်၊ မလိုအပ်ဘဲ နောက်ထပ်သုံးဆယ်ရှစ်နှစ်တောလည်ရသည်။ ယနေ့ သင်လည်း၊ ဘုရားသခင်က တိုတောင်းသောအချိန် အတွင်း ၌၊ ခါနန်ပြည် တည်း ဟူသော၊ အောင်မြင်သော ခရစ်ယာန် အသက်တာထဲသို့ သွင်းလိုသည်။ သို့သော် ၊ မယုံကြည် ခြင်းအားဖြင့် ၊ မလိုလားအပ်ဘဲ နှစ်ပေါင်းများ စွာ၊ ဇာတိအသက်တာဖြင့် အသက် ရှင်ရမှာ ဖြစ်သည်။

    ၁၀။ ထိုလူမျိုးကို ငါရွံသည် ဖြစ်၍ ၊ သူတို့သည် အစဉ်စိတ် သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာတို့ကို နားမလည် ကြဟု ငါဆိုရ၏။
    ဘုရားသခင်သည် ၊ ဣသရေလ လူများကို အလွန် ချစ်သော်လည်းရွံရှာသည်ဟုဆိုသည်။ အချစ်ကြီးလျှင် အမျက်ကြီးသည် မဟုတ်လော။ သူတို့သည် အစဉ်စိတ် သဘော မှားယွင်းတတ်ကြည်သည်ဟုဆိုသည်။ ဘုရား၏ အလိုတော်ကို နားမလည် ကြချေ။ ထိုသို့ နားမလည် ခြင်းသည် လည်း၊ ဘုရားကို မချစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရား၏ အလိုတော်ကို ဆန့်ကျင်ဘို့ သာလျှင် လုပ်ဆောင်ကြံစည် ကြသည်။ သင်သည် ဘုရားသခင်၏ အလေ့အလာ၊ အလိုတော်ကို နားလည်ပါသလော။ နားလည်ချင် သလော။

    ၁၁။ ထိုကြောင့်၊ သူတို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု မိန့်တော်မူ ချက်ရှိသည်နှင့် အညီ၊ ၁၂ ညီအစ်ကိုတို့၊ သင်တို့သည် အသက် ရှင် တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသော အားဖြင့် မယုံကြည် တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။
    ဘုရား၏ ချမ်းသာ ဆိုသည်မှာ၊ ဣသရေလ လူများကို ဂတိပြုသော ခါနန်ပြည်ကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်က ခါနန်ပြည်ကို၊ နို့နှင့် ပျားရည်စီးသော ပြည်ဟုဆိုလေ့ရှိသည်။ နို့စီးခြင်းသည် နွားပေါများခြင်း၊ နွားပေါများခြင်းသည် မြက်ပေါများခြင်း၊ မြက်ပေါများခြင်း သည်၊ မိုဃ်းမှန်စွာ ရွာခြင်းနှင့် မြေဩဇာကောင်းခြင်းကို ဖေါ်ပြသည်။ ပျားရည်စီးခြင်းလည်း ပျားပေါများခြင်း၊ ပျားပေါများခြင်း သည်လည်း ပန်းပေါများခြင်း၊ ပန်းပေါခြင်း သည်လည်း မြေဩဇာကောင်းခြင်းကို ဆိုလိုသည်။ သို့သော် ထိုပြည်ကို ဣသရေလ လူတို့သည် မထီမဲ့မြင် ပြု ကြသည်။ ခါနန်ပြည်ကို ဝင်ချင်သော စိတ်မရှိကြချေ။ ထို့ထက် အဲဂုတ္တု ပြည်ကို ပြန်လှည့်ချင် ကြသည်။ ထို့ကြောင့် ဘုရားသခင်က သူတို့ကို ခါနန်ပြည် မဝင်နိင်ဘို့ ကျိန်လိုက်သည်ဟုဆိုသည် (ဆာ ၉၅:၈-၁၁)။ သူတို့ကို ဘုရားသခင်က တောထဲ၌ သေကျေ ပျက်စီးစေ ကြသည်။ ယနေ့ ခရစ်ယာန် များလည်း သူတို့ ကဲ့သို့ဖြစ် ကြသည်။ ပါးစပ်အားဖြင့် ဘုရား ဘုရား ဖြစ်သော်လည်း လက်တွေ့မှာ၊ ကိုယ်လုပ်ချင်သောအရာ များကို လုပ် နေကြသည်။ ထို့ကြောင့် ဟေဗြဲရေးသော သူက၊ သင်တို့သည် အသက် ရှင် တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသော အားဖြင့် မယုံကြည် တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့၊ဟု သတိပေးထားသောစာ ဖြစ်သည်။

    ၁၃။ ဒုစရိုက်၏ လှည့်ဖြားခြင်း အားဖြင့် သင်တို့ စိတ်နှလုံးမခိုင်မာစေခြင်းငှါ၊ ယနေ့ ဟူ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်း အစဉ်အချင်းချင်းတယောက်ကို တယောက် တိုက်တွန်းနိုးဆော်ကြလော့။
    ဒုစရိုက်၏ လှည့်ဖြားခြင်း ဆိုသည်မှာ၊ အပြစ် ဒုစရိုက်တိုင်းသည် မလုပ်ခင်မှာ၊ အလွန် ကောင်းမည့် ပုံရှိသော်လည်း၊ ကျူးလွန်ပြီး သောအခါ၊ အလွန် ရွံစရာ ကောင်းမှန်းသိတတ်သည်။ ထိုဒုစရိုက်အပြစ် လုပ် ခြင်းအားဖြင့် ၊ ဘုရား စကား နားထောင်ဘို့ စိတ်နှလုံးခိုင်မာတတ်သည်။ ထိုသို့ မဖြစ်ရလေအောင်၊ နေ့တိုင်း အစဉ်အချင်းချင်းတယောက်ကို တယောက် တိုက်တွန်းနိုးဆော်ကြလော့၊ဟု အကြံပေးထားသည်။ တိရစ္ဆာန်များသည် တကောင်တည်း နေလျှင်၊ သားရဲများ ကအလွယ်တကူကိုက်စားနိင်သည်။ အုပ်စုလိုက်နေလျှင် အင်အားရှိသည်။ ယုံကြည်သူများလည်း တယောက် တည်း နေလျှင်၊ စာတန်၏ အကြိုက် ဖြစ်သည်။ အကြောင်းမှာ ကိုက်စားဘို့ရန် လွယ်ကူသည်။ ထို့ကြောင့် ယုံကြည်သူများနေ့တိုင်း အချင်းချင်းတွန်းနိုးဆော်ဘို့၊ အားပေးဘို့ လိုအပ်သည်။

    ၁၄။ ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြု သကဲ့သို့ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ခရစ်တော်နှင့် ဆက်ဆံသောသူ ဖြစ်ကြ၏။
    “ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြု သကဲ့သို့” ဟုဆိုခြင်းသည်၊ ယုံကြည် ခါစ၌ ရှိသော စိတ်တက်ကြွခြင်းကို ဆိုလိုသည်။ ထိုစိတ်သည် ကြာလာသောအခါ၊ အရှိန်လျော့တတ်သည်။ ထိုစိတ်ကို အဆုံးတိုင်အောင် ရှိရမည်ဟုဆိုသည်။ ထိုသို့ ရှိလျှင် ခရစ်တော်ကို ဆက်ဆံသောသူ ဖြစ်သည်ဟုဆိုသည်။

    ၁၅။ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ရှိသည် ဖြစ်၍ ၊ ဆန့်ကျင် ဘက်ပြုရာကာလ၌ ရှိသကဲ့သို့၊ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ကျမ်းစာ လာသည် အရာမှာ၊ ၁၆။ ကြားပြီးမှဆန့်ကျင် ဘက်ပြုသော သူတို့ကား၊ အဘယ်သူ နည်း။ မောရှေနောက်သို့ လိုက်၍ အဲဂုတ္တု ပြည်မှ ထွက်လာသောသူ အပေါင်းတို့သည်၊ ထိုသို့ ပြုကြသည် မဟုတ်လော့။
    ဤကျမ်းပိုဒ်သည်၊ ဆာလံ ၉၅:၈-၉မှ ဖြစ်သည်။ ဣသရေလ လူများသည်၊ ဘုရား၏ အသံတော်ကို ကြားရကြသော်လည်း ဆန့်ကျင် ဘက်ပြု၍ စိတ်နှလုံးခိုင်မာ ကြသည်။ ဣသရေလ လူများသည်၊ အနှစ်လေးဆယ်အတွင်း၊ အသံတော် ကြားခြင်း၊ အံ့ဩဘွယ်နိမိတ်လက္ခဏာများစွာ တွေ့မြင်ခြင်း၊ သူတို့ မလုပ်၊ မစိုက်သော မန္နမုန့်စားခြင်း၊ မဖြစ်နိင်သော ကျောက်ထဲမှရေသောက်ခြင်း၊ အနှစ်လေးဆယ်ပတ်လုံးမဖျားမနာ၊ ​ခြေထောက်ပင်မရောင်ခြင်း၊ ကန္တာရထဲ၌ သွားရသော်လည်း နေပူဒဏ်မခံခြင်း စသည့် ဘုရားသခင်၏ ​ကျွေးမွေး စောင့်ရှောက်ခြင်းများခံစား ခဲ့ ကြသည်။ သို့သော် သူတို့သည်၊ ဘုရားသခင်ကို မယုံကြည်၊ အားမကိုး၊ အမြဲဆန့်ကျင် ဘက် ပြုလုပ် ခဲ့ ကြသည်။ ခါနန်ပြည်ကို မဝင်ချင်၊ မထီမဲ့မြင် ပြု၍ အဲဂုတ္တု ပြည်သို့ ပြန်လှည့်ချင် ကြသည်။ ယနေ့ ယုံကြည်သူများလည်း၊ သူတို့ ကဲ့သို့ပင် ဘုရားသခင်၏ ​ကျွေးမွေး ပြုစုခြင်း အမျိုးမျိုးကို ခံစားသော်လည်း၊ ဘုရား အလိုတော်ကို မရှာ၊ ရှာလျှင်လည်း သဘော တရားသာလျှင် ရှာ ကြသည်။

    ၁၇။ အနှစ်လေးဆယ်ပတ်လုံးနှစ်သက်တော် မမူသော သူတို့ကား၊ အဘယ်သူ နည်း။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့် တော၌ လဲ၍ သေသော သူပင် မဟုတ်လော။ ၁၈။ သင်တို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင်ရကြဟု၊ ကျိန်ဆို တော်မူသော သူတို့ကား၊ မယုံကြည်သော သူမှတပါးအဘယ်သူ နည်း။ ၁၉။ သို့ဖြစ်၍ ၊ သူတို့သည် မယုံကြည် သောကြောင့် သာမဝင်နိုင်သည်ကို ငါတို့ သိမြင်ကြ၏။
    ဘုရားသခင်က ဣသရေလကို အလွန် ချစ်သော်လည်း၊ အနှစ်လေးဆယ်ပတ်လုံးနှစ်သက်တော် မမူဟုဆိုသည်။ သူတို့သည် ဘုရားသခင်ကို အမြဲဆန့်ကျင် ခြင်းအားဖြင့် ၊ ဒုစရိုက်ကို ပြု၍ တော၌ လဲသေရ ကြသည်။ အမှန်မှာ သူတို့သည် တော၌ လဲသေဘို့ရန်၊ ဘုရား ကထုတ်ဆောင်သည် မဟုတ်။ သူတို့၏ အပြစ်များကြောင့် သာလဲသေရ ကြသည်။ ဘုရားသခင်က၊ နို့နှင့် ပျားရည်စီးသော ခါနန်ပြည်သို့ သွင်းဘို့ရန်၊ အကြိမ်ကြိမ်ပြောသော်လည်း၊ သူတို့ ကအဲဂုတ္တု ပြည်သို့ သာပြန်လှည့်ချင် သောကြောင့်၊ သူ၏ ချမ်းသာ တည်းဟူသောခါနန်ပြည်သို့ မဝင်ရဟု၊ သူကိုယ်တိုင်က ျိန်ဆိုလိုက်သည်။ ထို့ကြောင့် အဲဂုတ္တု ပြည် မှအသက် ၂၀ ကျော်ယောက်ျား၆ သိန်းထွက်ခဲ့ကြသော်လည်း၊ ယောရှုနှင့် ကာလက်သာလျှင်၊ အသက် ချမ်းသာ ရ၍ ခါနန်ပြည် ဝင်ခဲ့ ကြသည်။ ခါနန်ပြည်သော သူတို့သည်၊ အဲဂုတ္တုမှ ထွက်စဉ်တွင်၊ အသက် နှစ်ဆယ်အောက်နှင့် လမ်းမှာမွေးဖွားသော သူများ သာလျှင် ဖြစ်ကြသည်။ ရှင်ပေါလုက၊ “ထိုအကြောင်း အရာရှိသမျှ တို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာအဆုံးတွင် ဖြစ်သော ငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက် ရှိသတည်း။” ဟု ရေးထားသည် (၁ ကော ၁၀:၁၁)။

    .

    ^

    သက်ဆိုင်မှုနှင့် မိဿဟာယဖွဲ့ခြင်း၏ တန်ခိုး

    The power of Relationship and Fellowship

    သက်ဆိုင်မှုနှင့် မိဿဟာယဖွဲ့ခြင်း (Relationship & Fellowship)၌ တန်ခိုးရှိကြောင်း သိရှိဘို့ လိုသည်။ ဘုရားသခင်နှင့် ပတ်သက်၍ ၊ လူတိုင်းက ဘုရားသခင်၏ တန်ခိုးနှင့် အစွမ်းအစကို နားလည်ကြ၊ ယုံကြည် ကြသည်။ ဘုရားသခင်သည် ၊ မပြောနိင်သော အနန္တတန်ခိုးရှိကြောင်း၊ ဘုရားသခင်၌ မတတ်နိင်သောအမှု မရှိကြောင်း သိရှိ ကြသည်။ သို့သော် အဘယ်ကြောင့်ထိုမျှလောက်တန်ခိုးကြီး သော၊ ဘုရားသခင်ကို အသုံးမပြုကြသနည်း။ သူဌေးကြီး၌ ငွေအမြောက်အများရှိသောကြောင့်၊ ကား သစ်ဝယ်ပေးနိင်သည်ဟု ယုံကြည်သော်လည်း၊ ဝယ်ပေးမည်ဟုအား မကိုး၊ စိတ်မချရဲချေ။ အကြောင်းမှာ၊ ထိုသူဌေးကြီး၏ အစွမ်းအစသိရုံဖြင့် ဝယ်ပေးမည် မဟုတ်။ သူနှင့် ဆိုင်သောသူ ဖြစ်မှသာလျှင်၊ တောင်းရဲ၊ အားကိုးရဲ၊ ယုံကြည် ရဲသည်။ ထို့နည်းတူ ၊ ဘုရား၏ အစွမ်းအစသိရုံဖြင့်၊ ဘုရားကိုအား မကိုးရဲကြ၊ မယုံကြည် ရဲကြချေ။ အကြောင်းမှာ၊ သူနှင့် သက်ဆိုင်မှု၊ တော် စပ်မှု မရှိသောကြောင့် ဖြစ်သည်။

    မည်ကဲ့သို့ ဆိုင်မည်နည်း
    လူသည် ဘုရား၏သား အဖြစ် မွေးဘွားကြသည် မဟုတ်၊ စာတန်၏သား အဖြစ် မွေးဘွားကြသည် (ယော ၈:၄၄၊ ၁ ယော ၅:၁၉)။ ထို့ကြောင့် ဘုရား၏ ရန် သူများ ဖြစ်ကြသည် (ရော ၅:၁၀၊ ၂ ကော ၅:၁၈-၂၀)။ သူ၏ သားလည်း မဟုတ်၊ ရန်သူလည်း ဖြစ်သော ဘုရားကို မည်သူက၊ အားကိုးရဲမည်နည်း။ ဝိညာဉ် ပိုင်း၌ ဒုတိယအကြိမ် မွေးဘွားခြင်း ဖြင့်၊ ဘုရား၏သား ဖြစ်နိင်သည်။ သို့သော် ဒုတိယမွေးခြင်းကို အဓိပ္ပါယ်လွှဲမှားစွာ နားလည် ကြသည်။ ရေနှစ်ခြင်း ခံလျှင်သော်၎င်း၊ ဘုရားတရား ၌ ကြိုးစားလျှင်သော်၎င်း၊ အကျင့်ဆိုးမှပြောင်းလဲ၍ အကျင့်ကောင်းလာလျှင်သော်၎င်း၊ ဘုရားသခင်၏သား ဖြစ်နိင်သည်ဟု ထင်မှတ် ကြသည်။ ဘုရားသား ဖြစ်ဘို့ရန်မှာ၊ သားတော် ယေရှုကို လက်ခံယုံကြည်ဘို့ လိုသည် (ယော ၁:၁၂)။ သို့သော် ၊ သားတော်ကို ယုံကြည်ခြင်းကို ရှင်းပြဘို့ လိုသည်။ များစွာသော သူတို့သည်၊ သားတော်ကို ယုံကြည်သည်ဟုဆိုသော်လည်း၊ ဘုရားသား မဖြစ်ကြပါ။ အကြောင်းမှာ ဘုရားသား ဖြစ်ဘို့ရန်မှာ၊ မွေးဘွားဘို့ လိုသည်။ လူသည် မိခင် ဝမ်းမှ မွေးဘွား သောအခါ၊ အာဒံသား၊ စာတန် သား၊ အပြစ်သား ဖြစ်သည်။ ထိုသူကို ဘုရားသခင်က ယေရှုခရစ် အထဲ၌ ထည့်လိုက်သည် (၁ ကော ၁:၃၀)။ ထိုနောက် ယေရှုခရစ် နှင့်အတူ လက်ဝါးကပ်တိုင်၌ သေခံစေသည် (ရော ၆:၆၊ ဂလာ ၂:၂၀)။ ယေရှုခရစ် နှင့်အတူ သင်္ချိုင်း၌ မြှုပ်နှံလိုက်သည်။ ထိုအရာကို ဗတ္တိဇံဟု ခေါ်သည် (ရော ၆:၄)။ ယေရှုခရစ် ထမြောက် သောအခါ၊ အသစ်သော အသက်တာဖြင့် ထမြောက် စေသည် (ရော ၆:၄၊ ဧဖက် ၂:၆)။ ထိုသို့ အသစ်သော အသက်တာဖြင့် ထမြောက်သော သူသာလျှင်၊ ဘုရား၏သား ဖြစ်သည်။ ဘုရားသား ဖြစ်နိင်ဘို့ရန် လူ၏ ကြိုးစား မှု၊ လုပ်ဆောင်မှု တခုမျှမရှိချေ။ ဘုရာသခင်က ခရစ်တော်အားဖြင့် လုပ်ဆောင်ပြီးသောအရာ ကို၊ ယုံကြည်သောအားဖြင့် သာ ဖြစ်နိင်သည်။ ထိုသို့ မွေးဘွားသော သူသည်၊ ဘုရားနှင့် ဆိုင်သောသူ ဖြစ်သည်။

    မည်ကဲ့သို့ မိဿဟာယဖွဲ့နိင်မည်နည်း
    သားသမီး တိုင်းသည်၊ မိဘနှင့် ဆိုင်သော်လည်း၊ မိဿဟာယမဖွဲ့နိင်သော သူများရှိကြသည်။ အကြောင်းမှာ၊ အကြောင်း အမျိုးမျိုးကြောင့်၊ မိဘနှင့်အတူ မနေ၊ အဘိုးအဘွားနှင့်သော်၎င်း၊ အခြား သူများ နှင့်သော်၎င်း၊ နေရသည်။ ထိုသို့သော သားသမီး များသည်၊ မိဘနှင့် မရင်းနှီး သောကြောင့်၊ ဦးနှောက်အားဖြင့် မိဘဟု သိနေသော်လည်း၊ မိဘကိုအား မကိုးရဲ၊ မိဘ၏ ဥစ္စာပစ္စည်းများကို မသုံးရဲဘဲ နေတတ် ကြသည်။ သွေးသား မတော် စပ်သော်လည်း၊ အတူ တကွအချိန် ကြာမြင့်စွာ နေထိုင်သော သူများကိုမူ၊ အားကိုးရဲသည်၊ သူတို့၏ ပစ္စည်းများ ကိုလည်း သုံးရဲသည်။ မိဿဟာယမရှိသော သူသည်၊ သေလျှင်လည်း စိတ်မထိခိုက်ချေ။ ထို့ထက် အမြဲတမ်းအတူ နေသော သူဆုံးလျှင်၊ အလွန် ကျေကဲွကာငို​ကျွေးတတ်သည်။ ထို့ကြောင့် သံရောယဉ်သည်၊ တော် စပ်မှု ထက်၊ မိဿဟာယဖွဲ့ခြင်းအားဖြင့် ဖြစ်သည်။ မိဿဟာယဖွဲ့ခြင်း ကြာလေလေ၊ သံရောယဉ်ငြိတွယ်လေလေ ဖြစ်သည်။ သို့ဖြစ်၍ အဘယ်ကြောင့် ဘုရားသခင်ကိုအား မကိုး ကြသနည်း၊ ဟူသောအရာသည် ရှင်းလင်းစွာ နားလည်နိင်ပြီ။ များစွာသော သူတို့သည်၊ ဘုရားနှင့် မဆိုင်၊ နာမည်ခံ ခရစ်ယာန် ဖြစ်သောကြောင့်၊ ဘုရားသခင်နှင့် မိဿဟယမဖွဲ့ခြင်း ဖြစ်သည်။ ဘုရား သားသမီး များသည် မည်ကဲ့သို့ ဘုရားနှင့် မိဿဟာယဖွဲ့မည်နည်း။

    ကျမ်းစာ ဖတ်ခြင်းအားဖြင့်
    ဘုရားသခင်သည် ဓမ္မဟောင်းကာလ၌ ကဲ့သို့၊ သူ၏ သားသမီးများကို အသံအားဖြင့် ဖြစ်စေ၊ ပရောဖက်အားဖြင့် ဖြစ်စေ၊ အိပ်မက်ရူပရုံအားဖြင့် ဖြစ်စေ၊ စကား မပြောတော့ဘဲ၊ ကျမ်းစာ အားဖြင့် စကားပြောသည်။ ကျမ်းစာကို ဖတ်ရှုလေ့လာ ခြင်း အားဖြင့် ဘုရား၏ အလိုတော်ကို သိနိင်သည်။ များစွာသော ခရစ်ယာန် များသည်၊ ကျမ်းစာ မဖတ်ဘဲ ဘုရားသခင်၏ အလိုတော်ကို သိချင် ကြသည်။ ထို့ကြောင့် အလိုတော် ဖေါ်ပြဘို့ရန် အသေအလဲ ဆုတောင်း တတ်ကြသည်။ အမှန်မှာ၊ ဘုရား၏ အလိုတော်ကို သိလိုလျှင် ကျမ်းစာကို ဖတ်ရမည်။ သို့သော် ကျမ်းစာ ဖတ် သောအခါ၊ အဓိပ္ပါယ်ဆိုလိုရင်း နားမလည်လျှင်၊ အလွှဲလွှဲအချော်ချော်ယူနိင်သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က ဖေါ်ပြဘို့ လိုသည်။ ထိုအပြင်၊ နားလည်သော ဆရာများ ကရှင်းပြဘို့ လိုသည်။ ဆရာများ ခန့်ထားခြင်းသည်၊ ကျမ်းစာ အနက်များကို ဖေါ်ပြပေးဘို့ရန် ဖြစ်သည်။ သို့သော် ၊ ဆရာအတုများ လွန်းသောကြောင့် သတိထားဘို့ လိုသည်။ ကျမ်းစာ ဖတ် သောအခါ၌လည်း၊ ဗေရိမြို့သားများကဲ့သို့ အလွန် ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တော်ကို ခံယူ၍ ၊ မှန်သည် မမှန်သည်ကို သိခြင်းငှါ ကျမ်းစာကို နေတိုင်း အစဉ်စေ့စေ့ကြည့်ရှုရမည် (တ ၁ရး၁၁)။ ကျမ်းစာကို တာဝန် ကျေရုံ၊ ဩတ္တပစိတ်ကျေရုံဖတ်လျှင် နားမလည်နိင်ချေ။ ကျမ်းစာ လာသည် ကားဟုဆိုရုံဖြင့် မပြီးပါ၊ ကျမ်းစာ၏ ဆိုလိုရင်းကား ဟူ၍ ၊ လိုရင်းချက်ကို နားလည်သည် အထိ ဖတ်ရှုလေ့လာ ဘို့ လိုသည်။ ကျမ်းစကား လုံးများသည် အဓိပ္ပါယ်ရှိသော်လည်း၊ စာကြောင်း (ခသညအနထအ) ကိုလည်း ကြည့်ဘို့ လိုအပ်သည်။

    ထို့အပြင် ကျမ်းစာ ဖတ် သောအခါ ဘုရားသခင်က ယောရှုထံမှ ာ သကဲ့သို့ ဖတ်ရမည်။ ဘုရား ကယောရှုအား၊ “ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှ အတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်း အလိုငှါ၊ ကျမ်းစာကို မဖတ်မရွတ်ဘဲ မနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။” ဟု မှာသည် (ယောရှု ၁:၈)။ လူတဦးတယောက် ကစာရေးလျှင်၊ သူ၏ အလိုဆန္ဒကို သိ၍ သူ၏ ဆန္ဒကို ဖြည့်ပေးနိင်သည်။ ဘုရားသခင်၏ အလိုတော်ကို သူ၏ စာကို သိ နားလည်သည် အထိ ဖတ်ရှုလေ့လာ ၍ ၊ သူ၏ အလိုတော်ကို ဖြည့်ဆည်းပေးနိင်သည်။ ထိုသို့သောအားဖြင့် ဘုရားသခင်နှင့် ပို၍ ရင်းနှီး လာပေမည်။ ခရစ်တော်က၊ “အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြားနာ၍ နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။” ဟုဆိုသည် (မရး၂၄)။ ထိုကြောင့်ဘုရား စကား နားထောင် ဘို့ရန် ကျမ်းစာ ဖတ်ဘို့ လိုသည်။ ခရစ်တော် ကကျမ်းစာကို၊ ကျောက်နှင့် နှိုင်းထားသည်။ ကျောက်သည် မာသောကြောင့် တူးဘို့ရန် ခက်သည်။ ထို့နည်းတူ ကျမ်းစာ သည်လည်း နားလည်ဘို့ရန် ခက်ခဲသည်။ သို့သော် စိတ်မပျက်ဘဲ ဖတ်လျှင် နားလည်နိင်သည်။ ကျမ်းစာ အားလုံးကို မည်သူကမျှ နားမလည်နိင်သော်လည်း၊ စေ့စေ့ ဖတ်ရှုလေ့လာ နေလျှင်၊ မဖတ်သည်ထက် များစွာ သိရှိ နားလည်လာနိင်မှာ ဖြစ်သည်။ ကျမ်းစာ ဖတ် သောအခါ နားမလည် ခြင်း၊ အိပ်ငိုက်လာခြင်းသည်၊ ဘုရားနှင့် မရင်းနှီးကြောင်း ထင်ရှားသည်။ ထို့ကြောင့် သာ၍ ကြိုးစား ဖတ်ရှုလေ့လာ ဘို့ လိုသည်။ ယခုမှစ၍ ကျမ်းစာ ဖတ်ရှုလေ့လာ ခြင်းအားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ကြပါစို့။

    ဆုတောင်းခြင်းအားဖြင့်
    ဘုရားသခင်ကို ဆုတောင်းခြင်းအားဖြင့် မိဿဟာယဖွဲ့နိင်သည်။ ဆုတောင်းခြင်းသည် ဘုရားကို စကားပြောခြင်း ဖြစ်သည်။ ဘုရားသခင်က၊ လူကို ကျမ်းစာအားဖြင့် စကားပြော၍ ၊ လူက ဆုတောင်းခြင်းအားဖြင့် ပြန်ပြောသည်။ ဘုရားသခင်သည် သူ၏ သားသမီး များ၏ စကားပြောခြင်းကို အလွန် နှစ်သက်သည်။ ခရစ်တော်က ယုံကြည်သူ တို့သည် စိတ်မပျက်ဘဲ၊ ဆုတောင်းဘို့ လိုကြောင်းကို၊ လုကာ ၁၂:၁-၆နှင့် ၁၈:၁-၈၌ ပြောထားသည်။ သူကိုယ်တိုင်လည်းလောက၌ နေစဉ်တွင်၊ ခမည်းတော်ထံ ဆုတောင်းခြင်းဖြင့် မိဿဟာယဖွဲ့တတ်သည် (မ ၁၁:၂၅-၂၆၊ မ၁၄:၂၃၊ မာ ၁:၃၅၊ လု ၆:၁၂၊ လု ၂၂:၃၂၊ ၄၂-၄၄၊ ယော ၁၁:၄၁-၄၂၊ ယော ၁ရ)။ ရှင်ပေါလုကလည်း၊ မခြားမလပ် ဆုတောင်းဘို့ ရေးထားသည် (၁ သက် ၅:၁၈)။ သူကိုယ်တိုင်လည်း များစွာ ဆုတောင်း ကြောင်း၊ သူ၏ ဩဝါဒစာများ၌ တွေ့နိင်သည်။ ယုံကြည်သူများအား နည်းခြင်းသည် မထူးဆန်းပါ။ ဘုရားသခင်နှင့် စကားပြောခြင်း နည်းလွန်းသောကြောင့် ဖြစ်သည်။ ဆုတောင်းခြင်းသည် အလွန် ခက်သည်။ အကြောင်းမှာ၊ မရင်းနှီးသော တစိမ်းနှင့် ကြာရှည်စကား ပြောဘို့ ခက်သည်။ ထို့နည်းတူ ၊ မရင်းနှီးသော ဘုရားသခင်နှင့် စကားပြောခြင်းသည် အလွန် ခက်သည်။ ရင်းနှီးသော သူနှင့် စကားပြောလျှင် မဝနိင်ချေ။ ထို့ကြောင့် မိတ်ဆွေ၊ ဆုတောင်းခြင်းသည် ခက်ခဲနေလျှင် သင်သည် ဘုရားသခင်နှင့် ရင်းနှီး ဘို့ရန်၊ များများ စကားပြောဘို့ အပ်ကြောင်း ထင်ရှားသည်။ ဘုရားသခင်နှင့် ရင်းနှီး ဘို့ရန် ဖြတ်လမ်းမရှိပါ။ စကားပြောပါ။ ထိုသို့ ဘုရားသခင်နှင့် ရင်းနှီး၍ အမြဲစကား ပြောလျှင်၊ သူ့ကို အားကိုးရဲမည်၊ တောင်းရဲမည်၊ အရသာတွေ့မည်။ ဘုရား ဘုန်းတော်လည်း ထင်ရှား၍ ၊ သင်ကိုယ်တိုင်လည်း၊ အားရဝမ်းမြောက် ရွှင်လန်းလိမ့်မည်။ [ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်းအားဖြင့်]

    .

    ^

    သန့်ရှင်းသော ဝိညာဉ်တော်

    ဓမ္မဟောင်းကာလသည်၊ ခမည်းတော် ဘုရား ခေတ် ဖြစ်သည်။ ထို့ကြောင့်၊ ခမည်းတော်သည် ရုပ်အားဖြင့် မထင်ရှားသော်လည်း၊ အသံတော်အားဖြင့် စကားပြောတတ်သည်။ ပင်တေကုတ္တေ နေ့မှစ၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ခေတ် ဖြစ်သည်။ အနှစ်တစ်ထောင်ကာလသည် သားတော် ခေတ် ဖြစ်မည်။ ထိုအချိန် တွင်၊ သားတော်သည် ယေရုရှလင် မြို့မှ၊ တကမ္ဘာလုံးကို အုပ်စိုးမှာ ဖြစ်သည်။ ယခုအချိန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ခေတ် ဖြစ်သောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော် အကြောင်းကို လေ့လာကြပါစို့။

    ဝိညာဉ်တော် ပေးခြင်း အကြောင်းရင်းများ

    ဓမ္မဟောင်းခေတ်တွင်၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို၊ လူတိုင်း ထံမပေးဘဲ၊ ဣသရေလ ခေါင်းဆောင်များဖြစ်ကြသော၊ ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်၊ တရားသူကြီး များသာလျှင် ပေးခဲ့သည်။ ထိုသူများ အပြစ် လုပ်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်က စွန့်သွားတတ်သည်။ ရှောလုမင်းနှင့် ရှံဆုန်ထံမှ ဝိညာဉ်တော် ထွက်သွားခဲ့သည်။ သို့သော် ၊ ပင်တေကုတ္တေ နေ့မှစ၍ ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို၊ ယုံကြည်သူ တိုင်း ထံ၌ ပေးလာသည်။ ထိုသို့ ပေးရာတွင်၊ ဓမ္မဟောင်းခေတ်ကဲ့သို့ အပြစ် လုပ် သောအခါ မစွန့်ခွါတော့ချေ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်သည် စိတ်နာနိင်သည်။ ရှင်ပေါလုက၊ “ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ် တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။” ဟု ရေးခဲ့သည် (ဧဖက် ၄:၃၀)။ ရွေးနှုတ်ခြင်း နေ့ရက်သည်၊ ချီဆောင်ခြင်း နေ့ရက်ကို ဆိုလိုခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ပေးရခြင်း၏ အကြောင်းရင်းများကို၊ ကျမ်းစာ ကဤသို့ ပြောသွားခဲ့သည်။

    အပြစ် ဖေါ်ပြရန်
    သန့်ရှင်းသော ဝိညာဉ်တော် ပေးရခြင်း အကြောင်းကို၊ ခရစ်တော် ကဤသို့ ကြိုတင် ပြောခဲ့သည်၊ “ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ် ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်းလောကီသား တို့အား ထင်ရှားစွာ ဘော်ပြမည်။” (ယော ၁၆:၈)။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည်၊ ဆရာဝန်ကဲ့သို့ဖြစ်သည်။ လူတယောက် ဆရာဝန်ဆီလာသောအခါ၊ အနာ ရောဂါကို ရှာဖွေ၍ ဘာ ရောဂါ ဖြစ်ကြောင်းကို ဖေါ်ပြသည်။ ရောဂါ မဖေါ်ပြ နိင်လျှင် အကျိုးမရှိချေ။ ထို့နည်းတူ သန့်ရှင်းသော ဝိညာဉ်တော်၏ ပဌမ ဦးဆုံးအလုပ်သည်၊ လူများ၏ အပြစ်ကို ဖေါ်ပြခြင်းသည်။ အမှောင်ထဲ၌ ညစ်ညူးသောအရာ ကို မတွေ့နိင်ချေ။ အလင်းလင်းသည်နှင့် တပြိုင်နက်ညစ်ညူးသောအရာ များကို ချက်ချင်း မြင်ရ သကဲ့သို့၊ လူသည် ဝိညာဉ် ပိုင်းမှောင်မိုက်နေသောကြောင့် ကိုယ့်အပြစ်ကို မမြင်နိင်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော် ရောက်လာသောအခါ၊ မိမိအပြစ်ကို မြင်စေသည်။

    ပေတရုအားဖြင့် ဖေါ်ပြ
    ပင်တေကုတ္တေ နေ့၌ တမန်တော်များနှင့် ယုံကြည်သူ ၁၂၀ တို့သည်၊ အမျိုးမျိုးသော ဘာသာစကားများအားဖြင့် တရားဟော ကြသည်။ ထိုအခါ လူများက၊ သူတို့သည် စပျစ်ရည်မူးကြသည်ဟု သရော် ကြသည်။ ပေတရုသည် ထ၍ ၊ သူတို့သည် စပျစ်ရည်မူးကြသည် မဟုတ်၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဟောကြခြင်း ဖြစ်သည်ဟု၊ ရိုးရိုးပြောနိင်သည်။ သို့သော် သူက၊ “သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်သော ယေရှုကို ဘုရားသခင်သည် ခရစ်တော် အရာ၌၎င်း၊ အစိုးရသော အရှင်အရာ၌၎င်း၊ ခန့်ထား တော်မူသည် အကြောင်းကို၊ ဣသရေလ အမျိုးသား အပေါင်းတို့၊ အတပ်အမှန်သိမှ တ်ကြလော့ဟု ပေတရုဟောလေ၏။” (တမန် ၂:၃၆)။ ပေတရုသည်၊ လူ၃၀၀၀ကို ထိုကဲ့သို့ သူတို့၏ အပြစ်ကို တည့်တည့်ပြောလိုက်သည်။ အမှန်မှာ ပေတရုသည် ခရစ်တော် ဖမ်းဆီးချိန်တွင်၊ အလွန် သတိကြောင်သောသူ ဖြစ်ခဲ့သည်။ အိမ်ဖေါ်မလေးကို ပင်ကြောက်သောသူ ဖြစ်ခဲ့သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝ သောအခါ၊ လုံးဝ ကြောက်ရွံ့စိတ်မရှိတော့ကြောင်း တွေ့ရသည်။ အမှန်မှာ လူ၃၀၀၀တို့ စိတ်ဆိုးလျှင် သူတို့ကို အစိတ်စိတ်အမွှာမွှာရိုက်သတ်နိင်သည်။ သို့သော် သူသည် ဝိညာဉ်တော်နှင့် ပြည့်ဝ သောအခါ၊ အထက်ပါ ကဲ့သို့ လူများ၏ အပြစ်ကို ဖေါ်ပြခြင်း ဖြစ်သည်။

    အပြစ်ကင်းခြင်းဖေါ်ပြရန်
    “ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ် ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်းလောကီသား တို့အား ထင်ရှားစွာ ဘော်ပြမည်။” (ယော ၁၆:၈)။”

    ဆရာဝန်သည် ရောဂါ ဖေါ်ပြပြီးသော နောက်၊ အနာ ရောဂါကို မည်ကဲ့သို့ ကုသမည့် အကြောင်းကို ဖေါ်ပြတတ်သည်။ ထို့နည်းတူ ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်၊ မည်ကဲ့သို့ အပြစ် ကင်းစင်နိင်ကြောင်း၊ အပြစ် ကင်းခြင်း အကြောင်းကို ဖေါ်ပြမှာ ဖြစ်သည်။ ဘုရားသခင်သည် လူ၏ အပြစ်ကို၊ ခရစ်တော်အားဖြင့် သန့်ရှင်း​ဖြောင့်မတ်စေသည်။ ထိုအရာကို သန့်ရှင်းသော ဝိညာဉ်တော် ကကျမ်းစာအားဖြင့် ဖေါ်ပြမှာ ဖြစ်သည်။ အပြစ် စီရင်ခြင်းကို ဖေါ်ပြရန် “ဥပဇÆာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ် ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်းလောကီသား တို့အား ထင်ရှားစွာ ဘော်ပြမည်။” (ယော ၁၆:၈)။”

    ဆရာဝန်သည်၊ ကုသနည်း ဖေါ်ပြပြီးသည့်နောက်၊ အကယ်၍ ရောဂါကို မကုသပါက ၊ မည်ကဲ့သို့ဖြစ်မည်ဟူသောအရာ ကို ဖေါ်ပြမှာ ဖြစ်သည်။ ထို့နည်းတူ ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်၊ အပြစ်ကြောင့် တရားစီရင်ခြင်း အကြောင်း များကို ဖေါ်ပြသွားမှာ ဖြစ်သည်။

    သမ္မာတရား သွန်သင်ရန်
    “သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။” (ယော ၁၆:၁၃) သမ္မာတရားသည်၊ ဘုရား၏ အလိုတော်နှင့် အကြံတော် ဖြစ်သည်။ ထိုအရာများကို သန့်ရှင်းသော ဝိညာဉ်တော်က ယုံကြည်သူများကို ဖေါ်ပြမည်ဟုဆိုသည်။ သမ္မာတရားသည် ကျမ်းစာလည်း ဖြစ်သည် (ယော ၁ရး၁ရ)။ ထိုကျမ်းစာကို နားလည်နိင်ရန် သန့်ရှင်းသော ဝိညာဉ်တော်က ဖေါ်ပြမှာ ဖြစ်သည်။

    ခပ်သိမ်းသောအရာ ဖေါ်ပြမည်
    “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ် တော်မူသော ဥပဇ္ဈာယ်ဆရာ တည်းဟူသောသန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာ တို့ကို ပြသသွန်သင် တော်မူ၍ ၊ ငါပြောခဲ့သမျှသော စကား တို့ကို မှတ်မိသော ဥာဏ်ကို သင်တို့ အားပေးတော်မူမည်။” (ယော ၁၄:၂၆) ခပ်သိမ်းသောအရာ ဟုဆိုရာတွင် အဓိကအားဖြင့်၊ ဝိညာဉ် ရေးရာ၊ ဘုရားနှင့် ပတ်သက်သောအရာ များကို ဆိုလိုခြင်း ဖြစ်မည်။ အကြောင်းမှာ လောက အရာများကို၊ လောကီသားများကလည်း သိနိင် ကြသည်။

    သက်သေခံရန်
    “သင်တို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက် သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင် မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီး စွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တ ၁:၈) သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုး ဖြစ်သည်။ ထိုတန်ခိုးသည် မျက်လှည့်ဆရာကဲ့သို့ ပြစားဘို့ မဟုတ်ဘဲ၊ သက်သေခံမည့် နေရာမှာအသုံးပြုဘို့ ဖြစ်ကြောင်း၊ ခရစ်တော်က ကြိုတင် ပြောခဲ့သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော် ရထားသော သူများသည်၊ သက်သေမခံဘဲ နေနေကြသည်။ ထို့ကြောင့် တန်ခိုးမထွက်နိင်ချေ။ ကားသည် ဓါတ်ဆီအားဖြင့်အားရ၍ ကုန်များစွာကို တင်နိင်သော်လည်း၊ စက်မနိုးလျှင် ဘာမျှမလုပ်နိင်ချေ။ ကား ထဲ၌ ဓါတ်ဆီအပြည့်ရှိနေသော်လည်း၊ အသုံးမပြုသောကြောင့် ​ခြေလျှင်ဖြင့် သွားရသည် သာမက၊ ကုန်များ ပါထမ်းသေးလျှင် အလွန် ပင်ပန်၍ ၊ အရာမရောက်နိင်ချေ။ ထို့နည်းတူ ၊ သန့်ရှင်းသော ဝိညာဉ်တော် အသုံးမပြုသောကြောင့်၊ ခရစ်ယာန် အသက်တာကို ပင်ပန်းစွာ ရှောက်လှမ်း နေကြသည်။

    ပိုင်ဆိုင်မှု ဖေါ်ပြရန်
    “သင်တို့ သည်လည်း ကယ်တင် တော်မူခြင်း အကြောင်းနှင့် ယှဉ်သော ဧဝံဂေလိ တရား တည်းဟူသောသမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည် ပြီးမှ၊ ဂတိတော်နှင့် ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။” (ဧဖက် ၁:၁၃) တံဆိပ်ခပ်ခြင်းသည် ယပိုင်ဆိုင်မှုကို ဖေါ်ပြသည်။ စာအုပ်မျက်နှာဖုံး၌ နာမည်ရေးထားခြင်းသည်၊ ယပိုင်ဆိုင်မှုကို ဖေါ်ပြသည်။ စာမတတ် သူများက မဖတ်တတ်သောကြောင့်၊ နာမည်ထိုးထားခြင်းသည် အဓိပ္ပါယ်မရှိသော်လည်း၊ စာတတ်သော သူများ ကမူ၊ ယပိုင်ဆိုင်သူကို ချက်ချင်း သိနိင်သောကြောင့် အလွန် အရေးကြီးသည်။ ဝိညာဉ်လောက၌ ရှိကြသော သူများက၊ ယုံကြည်သူများသည် ဘုရားသခင်၏ အပိုင် ဖြစ်ကြောင်းကို သိကြမှာ ဖြစ်သည်။ “ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ် တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။” (ဧဖက် ၄:၃၀)

    နောင်လာတတံ့သောအရာ
    “ထို ဝိညာဉ်တော်သည်၊ ကိုယ်အလိုအလျောက်ဟောပြောမည် မဟုတ်။ ကြားသမျှ တို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာ တို့ကိုလည်း ၊ သင်တို့အား ဘော်ပြလိမ့်မည်။” (ယော ၁၆:၁၃) သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် တခုမှာ၊ နောင် ဖြစ်မည့် အရာများကို ဖေါ်ပြမည်ဟုဆိုသည်။ ထိုအရာသည် လူတဦးချင်း၏ နောင် ဖြစ်မည့် အရာကို ဆိုလိုသလော။ သို့မဟုတ်၊ ကျမ်းစာ ရေးသော သူများ ဖေါ်ပြသော ကမ္ဘာ၌ ဖြစ်ပျက်မည့် အရာများလော။ ထိုအရာသိဘို့ရန်၊ သခင်ယေရှု ပြောသောအရာ များ ကြည့်ဘို့ လိုပေလိမ့်မည်။ သခင်ယေရှုသည် နောင်၌ ဖြစ်ပျက်မည့် အရာများကို ဟောပြောတတ်သော်လည်း၊ တဦးချင်း၌ ဖြစ်မည့် အရာများကို ပြောလေ့မရှိချေ။ ကမ္ဘာ၌ ဖြစ်ပျက်မည့် အရာများကို သာလျှင်၊ ဟောပြောလေ့ရှိသည်။ ထိုသို့နှင့် အညီ၊ ပေတရုသည် သူ၏ ဩဝါဒစာများ၌၊ နောက်ဆုံးသော ကာလ အကြောင်း များကို ရေးသား ခဲ့သည် (၂ ပေ ၃)။ ပေါလုလည်း ချီဆောင်ခြင်းနှင့် နောက်ဆုံး ဖြစ်မည့် အရာများကို ရေးသား ခဲ့သည် (၁ ကော ၁၅:၅၁-၅၄၊ ၁ သက် ၄:၁၃-၁၈)။ ယောဟန်ကလည်း၊ ဘေးဒံကြီး ကာလနှင့် မိုဃ်း ကောင်းကင်သစ်၊ မြေကြီးသစ်အကြောင်း များကို ရေးသား ခဲ့သည် (ဗျာ ၂-၂၂)။ လူတဦးချင်း၏ ရှေ့ရေးဟောသောအရာသည် မများချေ။ သခင်ဘုရားက၊ ပေတရုသည် မည်ကဲ့သို့ ဘုရား ဘုန်းတော် ထင်ရှားစေမည့် အရာကို ဖေါ်ပြခဲ့သည် (ယော ၂၁:၁၈-၁၉)။ ယုဒရှကာရုတ်ကရောင်းစားမည့် အရာကို ဖေါ်ပြခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်က၊ ပေါလုမည်ကဲ့သို့ ခံစား မည်ကို ဖေါ်ပြခဲ့သည် (တ ၉:၁၆)။ ပရောဖက် အာဂဗုကပေါလုခံရမည့် အရာကို ဟောခဲ့သည် (တ ၂၁:၁၀-၁၁)။

    ခရစ်တော်၏ ဘုန်းထင်ရှားစေမည်
    ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့် စပ်ဆိုင်သောအရာ ကို ယူ၍ ၊ သင်တို့အား ဘော်ပြလိမ့်မည်။ ခမည်းတော်နှင့် စပ်ဆိုင်သမျှသည် ငါနှင့် စပ်ဆိုင်၏။ ထိုကြောင့်ငါနှင့် စပ်ဆိုင်သောအရာ ကို ယူ၍ ၊ သင်တို့အား ဘော်ပြလိမ့်မည်ဟု ငါပြော၏။” (ယော ၁၆:၁၄-၁၅) ခရစ်တော်သည်၊ ခမည်းတော်၏ ဘုန်းကို ထင်ရှားစေ သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်သည် လည်း၊ ခရစ်တော်၏ ဘုန်းကို ထင်ရှားစေမှာ ဖြစ်သည်။ ထိုသို့နှင့် အညီ၊ တမန်တော်များကတရားဟော သောအခါ၊ ခရစ်တော်၏ အကြောင်းကို အဓိကဟောပြော ကြသည်။ ထို့ကြောင့် ခရစ်တော်၏ ဘုန်း မထင်ရှားစေသော ဝိညာဉ်သည်၊ ဝိညာဉ် ဆိုး ဖြစ်သည်။

    ဝိညာဉ်ဆိုးများ
    ယနေ့လောက၌ ဝိညာဉ် ဆိုးများ အကြီး အကျယ် အလုပ်လုပ်နေသည်။ ခရစ်တော်နှင့် တမန်တော်များက၊ ထိုဝိညာဉ် များကို စစ်ဆေးဘို့ သတိပေးထားသည်။ ယောဟန်က၊ “ချစ်သူတို့၊ ခပ်သိမ်းသော စိတ် ဝိညာဉ် တို့ကို မယုံကြနှင့်။ စိတ် ဝိညာဉ် တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်း ကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက် အများ တို့သည် ဤလောကသို့ သွားကြပြီ။ ဘုရားသခင်၏ ဝိညာဉ်တော်ကို အဘယ်သို့ သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာ တော်မူသော ယေရှုခရစ်ကို ဝန်ခံသော ဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့် စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာ တော်မူသော ယေရှုခရစ်ကို ဝန်မခံသော ဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သော ဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည် အတိုင်း၊ ဤလောကသို့ လာမည် ဖြစ်၍ ၊ ယခုပင်လာလျက် ရှိသော အန္တိ ခရစ်၏ ဝိညာဉ် ဖြစ်၏။” ဟု ရေးထားသည် (၁ ယော ၄:၁-၃)။ ဘုရားသခင်၏ ဝိညာဉ် ဖြစ်မ ဖြစ်သည်၊ လူဇာတိအားဖြင့် ကြွလာသော ယေရှုခရစ်ကို ဝန်ခံရမည်ဟုဆိုသည်။ ထိုသို့ ဝန်ခံသော ဝိညာဉ် သာလျှင်၊ ဘုရားနှင့် ဆိုင်သည်ဟုဆိုသည်။ သို့သော် ယနေ့ ဝိညာဉ် များသည်၊ ယေရှုကို လက်ခံ ကြသည်။ ထို့ကြောင့် ဤပေတံနှင့် တိုင်း၍ မရတော့ချေ။

    ခရစ်တော်ကိုယ်တိုင်က ၊ “သခင်၊ သခင်ဟု ငါ့ကို လျှောက်သော သူတိုင်း၊ ကောင်းကင် နိုင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သော သူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အ​ကျွန်ုပ်တို့သည်ကိုယ်တော် အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော် အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ် ပါပြီ မဟုတ်လော။ ကိုယ်တော် အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီ မဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြ သောအခါ သင်တို့ကို ငါအလျှင်း မသိ။ အဓမ္မအမှုကို ပြုသော သူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်းငါပြောမည်။” ဟု သတိပေးခဲ့သည် (မရး၂၁-၂၃)။ ခရစ်တော်၏ စကား အရ၊ ဝိညာဉ် ဆိုးများလည်း ခရစ်တော်၏ အခွင့်၊ နာမကို သုံးကြကြောင်း တွေ့ရသည်။

    ထို့ကြောင့် ဝိညာဉ် တိုင်း ယုံကြည်၍ မရပါ။ ဓမ္မဟောင်းကျမ်းကြည့် သောအခါ၊ ဘုရား၏ ပရောဖက် ထက်၊ စာတန်၏ ပရောဖက်များကအဆမတန်များ တတ်ကြောင်း တွေ့ရသည်။ ပရောဖက် ဧလိယသည် တယောက် တည်း ဖြစ်သော်လည်း၊ ဗာလဘုရား၏ ပရောဖက်နှင့် အာရှရဘုရား၏ ပရောဖက် များသည်၊ ၈၅၀ ရှိခဲ့သည် (၃ရာ ၁၈)။ အာခပ်နှင့် ယေဟောရှဖတ်မင်းလက်ထက်၌လည်း၊ ဗာလပရောဖက် ၄၀၀ ယောက်ရှိချိန်တွင်၊ ဘုရား ပရောဖက်သည် တယောက် တည်းရှိသည် (၆ရာ ၁၈)။ ထာဝရ ဘုရား၏ ပရောဖက်သည် ယေရမိတယောက် တည်းရှိခဲ့သော်လည်း၊ ပရောဖက် အတုများသည် များစွာ ရှိခဲ့သည်။ ထို့ကြောင့်၊ စစ်မှန်သော ပရောဖက် များသည် အလွန်နည်းပါးတတ်သော်လည်း၊ ပရောဖက် အတုများသည် အလွန်များတတ်ကြောင်း တွေ့ရသည်။ ယခုခေတ် တွင် လည်း၊ စစ်မှန်သော တရားဟောဆရာနည်းပါး၍ ၊ မှားယွင်းသော ဆရာသည် အလွန် များသည်။ ထိုအရာသည် ထူးဆန်းသည် မဟုတ်။ ခေတ်အဆက်ဆက်၌ ရှိခဲ့ပြီး ပြီ။

    ဝိညာဉ်၌လဲခြင်း
    ယခုခေတ် တွင်၊ ဝိညာဉ်၌ လဲခြင်း၊ ဝိညာဉ်၌ မူးခြင်း၊ ဝိညာဉ်၌ ရယ်ခြင်း၊ တိရစ္ဆာန်ကဲ့သို့ အသံပြုခြင်းများအလွန် ခေတ်စားကာ၊ တောမီးကဲ့သို့လျှင် မြန်စွာ ခရစ်ယာန်များထဲ၌ ပြန့်နှံ့နေသည်။ ထိုသို့ဖြစ်ခြင်းသည် သမ္မာတရားကို မသိခြင်းကြောင့် ဖြစ်သည်။ ကျမ်းစာ၌ ထိုကဲ့သို့ လဲခြင်း၊ မူးခြင်း၊ ရယ်ခြင်း၊ အသံပြုခြင်းများလုံးဝ မရှိပါ။ သို့သော် ထိုအရာများ မမှန်ကြောင်း ပြောဆိုသော သူများကို၊ သန့်ရှင်းသော ဝိညာဉ်တော် လက်မခံ၊ တိုက်ခိုက်သည်ဟု ပြောင်းပြန်စွပ်စွဲတတ် ကြသည်။ ထိုအရာများကို ခရစ်တော် ကမလုပ်ဘူးပါ။ တမန်တော်များကလည်း မလုပ်ဘူးပါ။ လုပ်ဘို့ရန်လည်း မတိုက်တွန်းပါ။ သမ္မာကျမ်းစာကို မဖတ်ကြ၊ ဖတ်လျှင်လည်း မိမိခံယူပြီးသော ဩဝါဒကို၊ ထောက်ခံဘို့ရန် ကုတ်ကပ်ပြီး ဖတ် ကြသည်။ ထို့ကြောင့် စာတန်၏ လိမ်လည်လှည့်ဖျားမှုကို ခံရ ကြသည်။ ထို့ကြောင့် ထိုသို့ မမှားယွင်းရလေအောင်၊ ကျမ်းစာကို သေချာစွာ ဖတ်ပါ။ သူတပါးသင်ပေးတိုင်းလည်း မယုံရပါ။ ကိုယ်တိုင်က ျမ်းစာကို စေ့စေ့ဖတ်ရှုဘို့ လိုသည်။ ညစ်ညူးသော ဝိညာဉ် များ၏ လှုပ်ရှားမှုများပြားခြင်းသည်၊ နောက်ဆုံးသော ကာလ၏ လက္ခဏာ တခု ဖြစ်သည်။ ဤကျမ်းပိုဒ်များကို ဖတ်ပါ။ မ၂၄:၁၅-၂၃၊ ၂၄:၅၊ ၁၁၊ ၂၄။ ၁ တိ ၄:၁-၂။ ၂ တိ ၃:၁-၉။ ၂ ပေ ၂:၁-၃။ ၂ တိ ၄:၃-၄။

    .

    ^

    အသင်းတော်လှုပ်ရှားမှု


    ခရီးသွားခြင်း
    ဆရာမောဇက်ထောင်ကျုံးသည်၊ ၂၀၁၅ ဒီဇဘ်ာလ ၂၃ ရက်နေ့တွင် ဩစ​ေ=တလျနိင်ငံသို့ ခရီး ပြုခဲ့ပါသည်။ Melbourne မြို့အနောက်ဖက်တနာရီ ခရီး အကွာ အဝေးမှ ာရှိသော၊ ​ြနူအသညမြို့ရှိသတင်းကောင်း နှစ်ခြင်း အသင်းတော် လေး၌၊ ပျောက်ဆုံး ဝိညာဉ် ဖမ်းနည်းသင်တန်းကို၊ လေးပတ်လုံးလုံးနံနက်ပိုင်းနှင့် ညပိုင်း၌ သင်ပေးပါသည်။ သင်တန်းသား များသည် နံနက်ပိုင်း၌ ငါးယောက်မှဆယ်ယောက်၊ ညပိုင်းတွင်၊ ဆယ့်ငါးယေက်မှနှစ်ဆယ်အထိ၊ တက်ရောက်နိင် ကြသည်။ နံနက် ၈ နာရီမှ ၉ နာရီ အထိ ဆုတောင်း အပြီး၊ ၉ နာရီမှ ၁၂ နာရီ အထိ သင်တန်း ပြုလုပ် တတ်ကြပါသည်။ ညနေပိုင်းတွင်၊ သင်တန်းသားများ သက်သေခံထွက်တတ် ကြသည်။ ညပိုင်းတွင် ရနာရီမှ ၉ နာရီ အထိ သင်တန်းပြန်တက်ကြပါသည်။ ထိုသင်တန်းမှအချိန် ပြည့်အမှုတော်ဆောင်ဘို့ ဆက်ကပ်သူမရှိသော်လည်း၊ သက်သေခံလုပ်ငန်းကို လုပ်ကြဘို့ရန်၊ စိတ်အားထက် သန်၍ ၊ နည်းလမ်းများ ကိုလည်း သိရှိ နားလည်လာကြပါသည်။

    ထိုနောက်​ Melbourne မြိ့တွင် ရှိသော သတင်းကောင်း နှစ်ခြင်း အသင်းတော်သို့ လည်း၊ သွားရောက်ကာသုံးရက်သင်တန်းပေးခဲ့ကြရာ၊ နေ့ခင်းပိုင်း၌ အယောက် ၁၀ ခန့်၊ ညပိုင်း၌ အယောက် ၃၀မှ ၄၀ ခန့်သင်တန်းတက်နိင်ကြပါသည်။ ထို့နောက်ထိုနှစ်မြို့ အသင်းတော် မှ၊ အသင်းတော် လူကြီး သုံးယောက်စီ၊ အားလုံး၆ ယောက်တို့သည်၊ နှစ်နာရီ ပျံသန်းရသော၊ Brisbane မြိ့သို့ ဇန္နဝါရီလ ၂၂မှ ၂၅ ရက်နေ့အတွင်း သွားရောက်ကာ၊ ထိုမြို့ရှိသတင်းကောင်း နှစ်ခြင်း အသင်းတော်နှင့် မိဿဟာယဖွဲ့ခဲ့ကြပါသည်။ ဩစ​တြေးလျနိင်ငံတွင်၊ သတင်းကောင်း နှစ်ခြင်း အသင်းတော် သုံးပါးရှိရာ၊ အဖွဲ့ချုပ် ပြုလုပ်ဘို့ ဆွေးနွေးကြပါသည်။ လာမည့် ဖေဖဝါရီလတွင်၊ အသင်းတော်တိုင်း မှဆုံးဖြတ်ချက်ကို ဖုန်းအားဖြင့် ပြန်လည် ဆွေးနွေးအတည်ပြုဘို့ ရှိပါသည်။

    ထိုနောက်ဆရာမောဇက်သည် တယောက် တည်း၊ ဇန္နဝါရီလ ၂၅ ရက်နေ့တွင် Perth မြို့သို့ သွား၍ တပတ်တိတိ၊ Zanniat အမျိုးသားများထံ၌ သင်တန်းပေးခဲ့ပါသည်။ ထိုသင်တန်းအားဖြင့်၊ စက်တယ်လိုက်သင်တန်း ပြုလုပ်ဘို့ သဘောတူ ဆုံးဖြတ်ကြပါသည်။ ထို အသင်းတော်သည်၊ အသင်းသား ဦးရေနည်း၍ ၊ သင်းအုပ်ဆရာမရှိချေ။ ထို့ကြောင့်၊ အွန်လိုင်းဗီဒီယိုအားဖြင့် ဆရာမောဇက်က၊ တနင်္နွေနေ့တိုင်း၊ တရားဟောဘို့ ဖြစ်ပါသည်။ Zanniat စကား နားလည်သူတိုင်း၊ မိမိရှိသည့်နေရာမှ နားထောင် နိင်မှာ ဖြစ်ပါသည်။အချိန် မှာစနေနေ့ည Indianapolis စံတော်ချိန် ည ၁၀ မှ ၁၁ နာရီ၊ ဏနမအ့စံတော် ချိန်တနင်္နွေနေ့၊ နံနက် ၁၁မှ ၁၂ နာရီ အတွင်း ဖြစ်ပါမည်။ ဘုရား အလိုတော် ရှိလျှင်၊ အခြားဘာသာစကားများနှင့်လည်း ပြုလုပ်ဘို့ ရည်ရွယ်ထားပါသည်။

    ဆရာမောဇက်သည် ဖေဖဝါရီလ ၁ ရက်နေ့တွင် ဏနမအ့မြို့မှ​ြနတီနူ့ငမြို့သို့ သွားကာ တပတ်ကြာ၊ သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ နေ့ခင်းပိုင်း၊ Rohinger ခရစ်ယာန်များထံ၌ ညပိုင်းသင်တန်းပေးခဲ့ပါသည်။ Rohinger ခရစ်ယာန် များသည် အယောက် ၁၃၀လောက်ရှိသည်။ သူတို့သည်၊ မြေပိုင်ရှင်ထံ၌ မြေကွက်လပ်ကိုငှါး ၍ ၊ ပလပ်စတိပ်တဲများ ထိုးကာနေထိုင် ကြသည်။ သူတို့ အထဲမှလူငယ် ၁၁ ယောက်ကို မြို့ထဲ၌၊ ကနေဒါနိင်ငံမှ ယုံကြည်သူ တဦးက၊ အိမ်ခန်းငှါး ပေး၍ ဆရာခင်မောင်ထွန်း (ထွန်းထွန်း)နှင့် သူ့လက်ထောက်ဆရာမကကျမ်းစာနှင့် အင်္လိပ်စာကို သင်ပေးလျက် ရှိပါသည်။ ထိုခလေး များသည် ဆယ်ကျော်သက်အရွယ်များ ဖြစ်ကြပါသည်။ အင်္လိပ်လိုအနည်းငယ်ပြောတတ်လာ ကြသည်။ ဝိညာဉ် ပိုင်း၌ အလွန် စိတ်အားထက် သန် ကြသည်။ ထိုလူငယ်များ အားဖြင့်၊ ပျောက်ဆုံး ဝိညာဉ် ဖမ်းဘို့ အတွက် ရည်ရွယ်ထားပါသည်။ ဆုတောင်းခြင်းဖြင့် သတိရကြပါစို့။

    ^