Periodical: Good News, February 2009

Home  >  Periodicals > February 2009

GN022009

FEBRUARY 2009
GOOD NEWS PERIODICAL

မာတိကာ

  • အမှာစာ
  • ၀တ်ပြုခြင်း ဆိုင်ရာပညတ်နှင့် ယဇ်ပူဇော်ခြင်းများ
  • ကျေးဇူးတရားနှင့် ပညတ်တရား
  • အဘယ်ကြောင့်ပေးလှူရကြသနည်း
  • အဘယ့်ကြောင့်ကျေးဇူးတော် မချီးမွမ်းကြသနည်း
    .

    အမှာစာ

    ၂၀၀၉ ခုနှစ်ဖေဖေါ်ဝါရီလအတွက် ဤသတင်းကောင်း စာစောင်ကို ထုတ်ဝေခွင့်ပေးသော ဘုရားရှင်နာမတော် ကမ္ဘာအဆက်ဆက်ဘုန်း ကြီး၍ မင်္လာရှိပါစေသော်။

    ယုံကြည်သူများဝိညာဉ်ရေးရာကြီး ထွားရင့်ကျက်၍ ဘုရားသခင်၏ အလိုတော်ကို သိရှိ နားလည်နိုင်ရန် သမ္မာကျမ်းစာဖတ်ရှုလေ့လာ ရုံ တင်မကဘဲ ဝိညာဉ်ရေးရာနှင့် ပတ်သက်သော စာစောင်များ ဖတ်ရှုလေ့ လာခြင်းသည်လည်း အလွန် အရေးကြီး ပါသည်။

    ယခုကဲ့သို့ စာစောင်များ လေ့လာခြင်းအားဖြင့် ယုံကြည်သူများခရစ်ယာန် အသက်တာ တိုးတက်လာ သကဲ့သို့ မယုံကြည် သေးသောသူများ ပင်လျှင် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံလာခဲ့ ကြသည်။

    ထို့ကြောင့် လူသားများအားလုံး အတွက် အကျိုးပြုသော ယခု ကဲ့သို့ စာစောင်များကို ကိုယ်တိုင် ဖတ်ရှုလေ့လာ ရုံမကဘဲ သူတပါးအား ထပ်ဆင့်ဝေငှခြင်း၊ မိမိအသက်တာ၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းများကို စာမူများ၊ ကဗျာများရေးသား ပေးပို့ခြင်း အားဖြင့်သော်လည်း ကောင်း၊ ဆုတောင်း ပေးခြင်း အားဖြင့်သော်လည်း ကောင်းပါဝင်ပေးကြ ပါရန် ခရစ်တော်၏ နာမတော်အားဖြင့် နိူးဆော်အပ်ပါသည်။

    ဤစာစောင်ဖတ်ရှုသူအယောက်စီတိုင်း ပေါ် ဘုရားသခင်က ကောင်းကြီး ပေးပါစေ။

    ဆရာနော်ဂျာ

    .

    ၀တ်ပြုခြင်း ဆိုင်ရာပညတ်နှင့် ယဇ်ပူဇော်ခြင်းများ

    ၄။ စားသောက်ခြင်း ဆိုင်ရာပညတ် (Dietary Law)
    မည်သည့်အစားအစာများ စား၍ မည်သည့်အရာများရှောင်ရမည်ဟူသော ပညတ်များ ဖြစ်သည်။

    လူအများစုကကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပညတ်နှင့် အုပ်ချုပ်ရေးဆိုင် ရာပညတ်များကိုသာ သိ၍ စားသောက်ခြင်း ဆိုင်ရာပညတ်နှင့် ဝတ်ပြုခြင်း ဆိုင်ရာ ပညတ်များကို မသိကြ။ အရေးကြီးသည်ဟု မထင်သောကြောင့် မိမိကြိုက်နှစ်သက် သလိုစားသောက်ကြ၊ ကိုးကွယ် ကြသည်။

    စားသောက်ခြင်း ဆိုင်ရာပညတ်ချိုးဖေါက်လျှင် ကိုယ်ခန္ဓာကခံစားရသည်။ ဝတ်ပြုခြင်း ဆိုင်ရာပညတ်ချိုးဖေါက်ပါက ဝိညာဉ် ကခံစားရသည်။ ကိုယ်ကျင့်ပိုင်းဆိုင် ရာပညတ်ချိုးဖေါက်ပါက အဓိကအားဖြင့် စိတ်ကခံစားရသည်။

    စားသောက်ခြင်း ဆိုင်ရာနှင့် ပတ်သက်၍ ဘုရားသခင်က သန့်ရှင်းသော အစားအစာနှင့် မသန့်ရှင်းသော အစားအစာကို ဝတ်ပြုရာကျမ်း အခန်းကြီး ၁၁၌ ဤသို့ ဖေါ်ပြထားသည်။

    ခွါကွဲပြား၍ စားမြှုံ့ပြန်သော အသားများကို သင်တို့သည် စားရသော အခွင့် ရှိ၏။ သို့သော်လည်း၊ စားမြှုံပြန်သော အသား၊ ခွါကွဲပြားသော အသားတို့တွင် မစားရသော အသား ဟူမူကား၊ ကုလားအုပ်သည် စားမြှုံပြန်သော်လည်း ခွါမကွဲပြား သောကြောင့် သင်တို့၌ မစင်ကြယ်။ ရှာဖန်သည် စားမြှုံ့ပြန်သော်လည်း၊ ခွါမကွဲပြား သောကြောင့် သင်တို့၌ မစင်ကြယ်။ အာရနဘက်သည် စားမြံုပြန်သော်လည်း၊ ခွါမ ကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။ ဝက်သည် ခွါကွဲပြားသော်လည်း၊ စားမြှုံ့မ ပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ ထိုသို့သော တိရဈာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့ မှတ်ရကြမည်။ (ဝတ် ၁၁:၃-၈)

    အသွေးနှင့် တိရစ္ဆာန်ဆီ
    ဘုရားသခင်သည် သူဖန်ဆင်းသော တိရစ္ဆာန်များ၏ ဆီနှင့် အသွေးများကို မစားဘို့ရန် ပညတ်ထားခဲ့သည်။
    သင်တို့ အမျိုးအစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကို မစားရ၊ အသွေးကို မစားရ၊ ထာဝရ ပညတ်တော် ဖြစ်သည်ဟု မိန့်တော်မူ၏။ (ဝတ် ၃:၁ရ)
    သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သား သွေးမှစ၍ အသွေးမည်မျှကို မစားရ။ (ဝတ်ရး၂၆)

    ဣသရေလ အမျိုးသား မှစ၍၊ သင်တို့တွင် တည်းနေသော တပါအမျိုးသား တစုံတယောက်သည်၊ အသွေးတမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှငါပယ်ရှင်းမည်။ ဤကြောင်း မူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်၏။ သင်တို့ ပြုသော အပြစ်ကို ​ဖြေစေခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပ†င်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ​ဖြေသောအရာ ကား၊ အသွေး ဖြစ်သတည်း။ ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကို မစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုးသားလည်း အသွေးကို မစားရဟု ဣသရေလ အမျိုးသားတို့အား ငါအ မိန့်တော် ရှိ၏။ ဣသရေလ အမျိုးသား မှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကို သွန်၍ မြေနှင့် ဖုံးရမည်။ အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်ရှင်ရာအကြောင်း ဖြစ်၏။ (ဝတ် ၁ရး၁၀-၁၄)

    အချို့သောသူများ ကအသွေးနှင့် အဆီစားခြင်းဖြင့် ကယ်တင်ခြင်းရှုံးမည်လောဟု မေးနိင်သည်။ ကယ်တင်ခြင်းသည် ဆီနှင့် အသွေးစားခြင်းဖြင့် မဆုံးရှုံးနိင်ပါ။ သို့သော် အသွေး၌ ရောဂါများ၍ အဆီသည် သွေးကြောပိတ်စေနိုင်သည်။ ထို့ကြောင့် မိမိ ကိုယ်ခန္ဓာကို ကျန်းမာစေလို၍ အသက်တာရှည်လိုလျှင် အသွေးနှင့် ဆီကို မစားသင့်ချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများကို သိသည်။ ထို့ကြောင့် လူအတွက် မစားမည့် အရာများကို သတိပေးသည်။ နားမထောင်သော သူသည် နာတာရှည် ရောဂါရနိင်သည်သာမက လောက၌ အသက်တာတိုတောင်း နိင်သည်။

    အသွေးနှင့် အဆီသာမက မစားသင့်သော အရာများ မှာကြက်ဥအနှစ်၊ ရိုးတွင်း ခြင်ဆီမှန်သမျှ၊ ဦးနှောက်၊ မလိုင်၊ တိရစ္ဆာန်အရေခွံများ မစားသင့်ချေ။ အရ သာရှိသည် ဟုဆိုသော အချိုအစိမ့်များကို ရှောင်သင့်သည်။ အထူးသဖြင့် တိုးတက်သော နိင်ငံ၌ နေသောသူများရှောင်သင့်သည်။ ထိုအရာများ အစားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများများ များ စားသင့်သည်။ အစားအသောက် မဆင်ခြင်သောကြောင့် အချို့သောသူများ လေဖြတ် ရောဂါ၊ နှလုံးသွေးကြော၊ ဦးနှောက်သွေးကြော ပိတ်ကာမ မျှော်လင့်ဘဲ အသေစော ကြသည်။ ထိုအခါ ယုံကြည်သူ ဖြစ်လျှင် ဘုရား၏ အလိုတော်ကြောင့် ဟုဆို ကြသည်။ မယုံကြည်သူ ဖြစ်လျှင် ကံဆိုးသည် ဟုဆို ကြသည်။ အမှန်မှာ ဘုရားသခင်က ရှည်သော အသက်တာကို ပေးလိုသော်လည်း သူ ပညတ်ထားသော စားသောက်ခြင်း ဆိုင်ရာပညတ်ကို ချိုးဖေါက်သောကြောင့် စော စောစီးစီးသေရ ကြသည်။ သေသောသူသည် ဘာမျှ မသိတော့သော်လည်း ကျန်ရစ် သူမိသားစုများ အလွန် နာကျင်စွာ ခံစားရကြသည်။

    .

    ကျေးဇူးတရား နှင့် ပညတ်တရား

    By: Alfred Sang Nawn

    ပညတ်တရား
    ကျေးဇူးတရား
    ၁။ ပညတ်တရားကို မောရှေအားဖြင့် ပေး ထားသည် (ယောဟန် ၁:၁ရ)။
    ၁။ ကျေးဇူးတရားကို ယေရှုခရစ်ဖြင့် ပေးသည် (ယောဟန် ၁:၁ရ)
    ၂။ ပညတ်တရားကို ကျောက်ပေါ်တွင် ရေးထားသည် (ထွက်၊ ၃၂:၁၅၊ ၁၆)။
    ၂။ ကျေးဇူးတရားကို နှလုံးသား ထဲ၌ ရေးထားသည် (ယေဇကျေလ ၃၆:၂၆၊ ၂ရ။ ဟေဗြဲ ၈:၁၀)
    ၃။ ပညတ်တရားကို သိနာတောင်ပေါ်၌ ပေးခဲ့သည်။
    ၃။ ကျေးဇူးတရားကို ကရာနီတောင်၌ ပေးခဲ့သည်။
    ၄။ ပညတ်တရားသည် ပဋ္ဋိညာဉ်တရားဟောင်း ဖြစ်သည်။
    ၄။ ကျေးဇူးတရားသည် ပဋ္ဋိညာဉ်တရားသစ် ဖြစ်သည်
    ၅။ ပညတ်တရားသည် သေခြင်းကို ဖြစ်စေသည် (ရောမ ၅း၂၀ ∙ ၂၁။ ရး၂၀)
    ၅။ ကျေးဇူးတရားသည် အသက်ရှင်ခြင်း ( ကယ်တင်ခြင်း)ကို ဖြစ်စေသည် (ဧဖက် ၂:၈)။
    ၆။ ပညတ်တရားကနှုတ်ပိတ်စေသည် (ရောမ ၃း၁၉)။
    ၆။ ကျေးဇူးတရားကား ချီးမွမ်းခြင်းကို ဖြစ်စေသည် ( တမန်တော် ၃:၆ · ၈၊ လုကာ ၁ရး၁၅၊ ၁၆)။
    ၇။ ပညတ်တရားသည် အပြစ်ကို ဖေါ်ပြသည်။ သို့ဖြစ်၍ ဘုရားသခင်နှင့် လူကို ဝေးကွာစေသည် (ရောမ ၃:၂၃)
    ၇။ ကျေးဇူးတရားသည် လူကို ဘုရား သခင်နှင့် ပြန်လည်သင့်မြတ်စေသည် (ယောဟန် ၁:၁၂၊ ၁၃။ ၆:၃၇)
    ၈။ သိုးတို့သည် အပြစ်သားများအတွက်အသေခံ ကြရသည်။
    ၈။ ကျေးဇူးတရားမူကား သိုးထိန်းသည် သိုးတို့အတွက် အသေခံသည် (ယောဟန် ၁၀:၁၁၊ ၁၂)
    ၉။သားဆိုးသည် ကျောက်ခဲဖြင့် ပစ်သတ်ခြင်းကို ခံရမည် ( တရားဟော ၂၁း၁၈-၂၁)
    ၉။သားဆိုးသည် ကျေးဇူးတရားကြောင့် အကောင်းဆုံးဝတ်လုံဝတ်ပေးခြင်း ခံရသည် (လု ၁၅:၁၁ · ၂၂)။
    ၁၀။ ပညတ်တရားကမှားယွင်းသည့်မိန်းမ ကို ကျောက်ခဲဖြင့် ပစ်သတ်ခိုင်းသည်။(ဝတ် ၂၀း၁၀)
    ၁၀။ ကျေးဇူးတရားမူကား ‘ငါသည် သင်၏ အမှုကို မစီရင်၊ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့် ’ဟု ဆိုသောကြောင့် အပြစ် စီရင်ခြင်းမခံရ၊ လွတ်ခြင်း အခွင့်ရခဲ့သည် (ယောဟန် ၈း၃ · ၁၁)။
    ၁၁။ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်။ လူကို ဒုစရိုက်အပြစ်နှင့် ချုပ်နှောင်ထားသည်(ရောမ ၃:၂၀)
    ၁၁။ ကျေးဇူးတရားမူကား အပြစ်သားကို လွတ်ခွင့်ပေးသည် ဧဖက် ၂း၈။ လုကာ ၁၈:၁၃၊ ၁၄)။
    ၁၂။ ပညတ်တရားသည် ကျိန်ခြင်း အမင်္ဂလာနှင့်စပ်ဆိုင်သည် (ဂလာတိ ၃း၁၀။ တရားဟော ၂ရး၂၆)။
    ၁၂။ ကျေးဇူးတရားသည် ကျိန်ခြင်း မှလွတ်စေသည် (ဟေရှယ် ၅၃း ၄ · ၉။ ဂလာတိ ၃:၁၃)။
    ၁၃။ ပညတ်တရားအားဖြင့် ​ဖြောင့်မတ်ခြင်း မရနိုင် (ဂလာတိ ၂:၁၅၊ ၂၁)။
    ၁၃။ အဖိုးအခပေးစရာ မလိုဘဲ ကျေးဇူးတရားအားဖြင့် ​ဖြောင့်မတ်ခြင်းရသည်(ဧဖက် ၂:၈၊ ၉)။
    ၁၄။ ပညတ်တရားသည် ငြိမ်သက်ခြင်းကို မပေးနိုင် (လုကာ ၁၈:၁၄။ရောမ ၄:၁၅)။
    ၁၄။ ကျေးဇူးတရား (ယေရှု)သည် ငြိမ်သက်ခြင်းကို ပေးသည် (ယောဟန် ၁၄:၂၇)။
    ၁၅။ ပညတ်တရားသည် လူ့ဘဝကို မပြောင်းလဲစေနိုင်ပါ (ယေရမိ ၁၃:၂၃)။
    ၁၅။ ကျေးဇူးတ ၇ ားကလူကို ခရစ်တော်၏ ပုံသဏ္ဍန်အဖြစ် ပြောင်းလဲစေသည် (၂ ကော ၅:၁၇၊ ဂလာတိ ၂:၂၀၊ ကောလောသဲ ၃:၁၀)။
    ၁၆။ ပညတ်တရားသည် အကျင့်အားဖြင့် အသက်ရှင်ခိုင်းသည် (ဂလာတိ ၃ ;၁၀ · ၁၂)။
    ၁၆။ ကျေးဇူးတရားမူကား ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခိုင်းသည် (ဂလာတိ ၃:၁၁)။
    ၁၇။ ပညတ်တရား၌ ဧဝံဂေလိ လုပ်ငန်းမရှိ။
    ၁၇။ ကျေးဇူးတ ၇ ားမူကား လူမျိုးအ ပေါင်းတို့ ထံခရစ်တော် အကြောင်းပြောခိုင်းသည် (မဿဲ ၂၈:၁၉)။
    ၁၈။ ပညတ်တရားသည် ရန်သူကို မုန်းခိုင်းပြီး တူညီသည့်တုန့်ပြန်မှု ပေးခိုင်းသည် (ဝတ် ၂၄:၂၀)။
    ၁၈။ ကျေးဇူးတ ၇ ားမူကရန်သူကို ချစ်ခိုင်းသည် (မဿဲ ၅:၄၄)။
    .

    အဘယ်ကြောင့်ပေးလှူရကြသနည်း

    Henry P. Crowell
    Henry P. Crowell သည်လူငယ်ဘဝ၌တီဘီရောဂါကြောင့်ကျောင်း မတက်နိုင်သောသူဖြစ်သည်။ D. L. Moody ၏တရားကိုနာပြီးသောအခါ၊ ​ကျွန်ပ်သည် တရားဟောဆရာမဖြစ်နိုင်၊ သို့သော်ကောင်းသောလုပ်ငန်းရှင်ဖြစ်နိုင်သည်။ ဘုရားရှင်​ကျွန်ပ်ကိုငွေရှာဖွေခွင့်ပေးလျှင်၊ ကိုယ်တော်၏အမှုတော်မြတ်၌အသုံးပြုပါမည်ဟုဆုတောင်းခဲ့သည်။

    ဆရာဝန်၏ညွှန်ကြားချက်အရအိမ်ပြင်၌ခုနစ်နှစ်အလုပ်လုပ်ပြီးသောအခါ၊ ကျန်းမာလာသည်။ ထိုနောက် Ohio ပြည်နယ် Ravanna မြို့ ၌ယိုယွင်းနေသောကွေကာ စက်ရုံ (quaker mill) ငယ်လေးကိုဝယ်လိုက်သည်။ ဆယ်နှစ်အတွင်းတွင်၊ ကွေကာအုတ်သည်သန်းပေါင်းများစွာသောအိမ်များ၌၊ အသုံးပြုကြသောစကားလုံးဖြစ်လာသည်။ စက်ရုံကြီးကြီးတခုကိုလည်းပိုင်ဆိုင်လုပ်ဆောင်ခဲ့သည်။ အစပိုင်း၌ဆယ်ဘို့ တဘို့ပေးရာမှ၊ နှစ်ပေါင်းလေးဆယ်အတွင်းသူ၏ဝင်ငွေအထဲမှဆယ်ဘို့ခြောက်ဘို့မှခုနစ်ဘို့အထိ၊ ဘုရားသခင်အတွက်ပေးသောသူဖြစ်လာခဲ့သည်။

    Rockefeller
    တခါတုံးက Rockefeller  ကိုဆယ်ဘို့တဘို့ပေးမပေးမေးခဲ့သည်။ သူကဟုတ်ကဲ့၊ ပေးပါတယ်။ ဘယ်လိုဖြစ်လာသလဲဆိုတာကိုပြောချင်ပါတယ်။ ​ကျွန်ုပ်ငယ်ငယ်တုံးကအမေကိုကူညီဘို့ရန်၊ အလုပ်စလုပ်ခဲ့ပါတယ်။ ပဌမဦးဆုံးရတဲ့လုပ်ခက၊ တပတ်မှာတစ်ဒေါ်လာခွဲဘဲဖြစ်တယ်။ ပဌမဦးဆုံးရရှိခဲ့တဲ့လုပ်ခတစ်ဒေါ်လာခွဲကို၊ အမေ့ဆီမှာယူလာတော့အမေကသူ့ပေါင်ပေါ်မှာတင်ပြီးတော့၊ ​ကျွန်တော်ထိုအထဲမှဆယ်ဘို့တဘို့ကိုဘုရားသခင်ထံပေးရင်တော့အမေအလွန်ဝမ်းမြောက်လိမ့်မယ်၊ လို့ရှင်းပြခဲ့ပါတယ်။ ​ကျွန်တော်ပေးခဲ့ပါတယ်။ ပြီးတော့ထိုအချိန်ကစပြီး ယနေ့တိုင်အောင်ဘုရားသခင်ကအပ်နှံထားသမျှသောငွေထဲမှ၊ ဆယ်ဘို့တဘို့ကို ပေးပါတယ်။ နောက်ပြီးကျွန်တော်ပြောချင်တာက၊ အကယ်၍အဲဒီပဌမငွေကိုဆယ်ဘို့တဘို့မပေးခဲ့ရင်၊ ပဌမဦးဆုံးကျွန်တော်ရတဲ့ဒေါ်လာတစ်သန်းလဲ၊ ဆယ်ဘို့တဘို့ ပေးမှာမဟုတ်ဘူးဟုဆိုသည်။

    William Colgate
    William Colgate  သည်အိမ်မှထွက်၍အလုပ်ရှာသောအခါ၊ အသက်ဆယ့်​ခြောက်နှစ်သာရှိသေးသည်။ တူးမြောင်းဘုတ်မောင်းသူအဘိုးကြီးနှင့်တွေ့သောအခါ၊ သူ့အဖေသည်အလွန်ဆင်းရဲသောကြောင့်၊ သူ့ကိုမကျွေးမွေးနိုင်၊ သူလုပ်တတ်သော အလုပ်လည်း၊ ဖရောင်းတိုင်လုပ်ခြင်းသာလျှင်ဖြစ်ကြောင်းပြောပြခဲ့သည်။ ထိုအခါ အဘိုးကြီးသည်ဒူးထောက်၍၊ ရိုးသားစွာဆုတောင်းပေးကာ၊ ဤသို့အကြံပေးသည်။ လူတယောက်ယောက်သည်နယူးယောက်မြို့၌ဆပ်ပြာထုတ်လုပ်သူခေါင်းဆောင် ဖြစ်လိမ့်မယ်။ ထိုသူဟာမင်းလည်းဖြစ်နိုင်တယ်၊ တခြားသူလည်းဖြစ်နိုင်တယ်။ ကောင်းသောလူဖြစ်ပါ၊ သင်ရဲ့စိတ်နှလုံးကိုခရစ်တော်အားပေးပါ၊ ကိုယ်တော်ပိုင်သောအရာအားလုံးကို၊ ကိုယ်တော်အားပေးပါ၊ ရိုးသားစွာဆပ်ပြာလုပ်ပါ၊ ပေါင်ချိန်ပြည့်နဲ့ပေးပါ၊ သို့ပြုလျှင်သင်သည်အောင်မြင်သောသူဌေးဖြစ်ဘို့သေချာပါတယ်။

    ထိုသို့ William သည် မြို့ထဲသို့သွားရာ၊ အသင်းတော်တပါးကိုတွေ့သည်။ ပဌမဦးဆုံးရသောဒေါ်လာထဲမှဆယ်ဘို့တဘို့ကိုဘုရားအားပေးလိုက်သည်။ တဒေါ် လာအထဲမှဆယ်ပြားတိုင်းသည်၊ ဘုရားအတွက်သီးသန့်ဖယ်ထားလေ့ရှိသည်။ နောက်ဆုံး၌၊ သူလုပ်သောအလုပ်ရုံ၏ပိုင်ရှင်ဖြစ်လာသည်။ အဘိုးကြီး၏ အကြံပေးခြင်းကိုလိုက်နာသည်။ ဆပ်ပြာကိုရိုးသားစွာထုတ်လုပ်သည်။ အလေးချိန်ပြည့်နှင့်ပေး၍ ၊သူ၏ ငွေစာ ရင်းကိုင်အား ဘုရားသခင် အတွက် ဝင်ငွေအားလုံး မှဆယ်ဘို့ တဘို့ စာရင်းကို ဖွင့်ခိုင်းသည်။ လုပ်ငန်း တိုးတက် လာသောအခါ ဆယ်ဘို့ နှစ်ဘို့ သုံးဘို့ လေးဘို့ ငါးဘို့ နောက်ဆုံး၌ ဝင်ငွေအားလုံး ကို ပေးလိုက်သည်။ အနည်းငယ်ကလေးအားဖြင့် စခဲ့သောအရာကို ဘုရားသခင်က တိုးပွါးစေသည့်အတိုင်း ခရစ်တော် အတွက် သန်းပေါင်း များစွာ ပေးလှူ ခဲ့သည်။

    အကြွေးရှိသောသူများ
    ငါ၌ အကြွေးရှိတယ်။ ဘယ်လိုလုပ်ငါ့အကြွေးတွေတောင်မပေးနိင်တဲ့အ ချိန်မှာ ဆယ်ဘို့ တဘို့ကို ပေးနိင်မလဲဟု သင်ဆိုပါလိမ့်မည်။ သင်၏ မေးခွန်းကို ဤ သက်သေခံချက်ဖြင့် ​ဖြေဆိုပါမည်။ သန်းကြွယ်သူဌေးကြီး ဗ၏ ဗ၏ ံပိန ကသူ၌ အကြွေး ဒေါ်လာ တသိန်းရှိချိန်တွင် ဆယ်ဘို့ တဘို့ စတင်ပေးသည်။ လူ များစွာတို့ ကအကြွေးရှိလျက် နဲ့ဝင်ငွေအထဲမှဆယ်ဘို့ တဘို့ ပေးခြင်းသည် မရိုးသား ဘူးဟု ထင်ကြသည်။ ​ြမ၏ ံပိနလည်း ထိုကဲ့သို့ ထင် ခဲ့သည်။ သို့သော် တနေ့တွင် သူ၏ ပဌမ ကြွေးရှင်သည် ဘုရားသခင် ဖြစ်သည်ဟု သဘောပေါက်သွားသည့်အချိန် မှစ၍ ဘုရားသခင်ကို ပဌမဦးဆုံး အကြွေးဆပ်ခဲ့ရာမှသူ၏ အခြားအကြွေးများကို အားလုံး ဆပ်နိင်ခဲ့သည်။

    စီးပွါးရေးကပ်ဆိုက်ရောက်ချိန်
    ဘုရားသခင်၏ နည်းသည် မှန်ကန်ကြောင်းကို အောက်ပါသက်သေအားဖြင့် ထင်ရှားသည်။ စီးပွါးရေးကပ်ဆိုက်ရောက်ချိန်တွင် Florida  ပြည်နယ်မှအိမ်ပွဲစား Kenneth S. Keyes ၏ ုနပနျသည် ဆယ်ဘို့ တဘို့ကို စတင်ပေးခဲ့သည်။ သူသည် ဘုရားသခင်က ကူညီမစဘို့ အတွက် ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ ဘုရားသခင်သည် သူ့အသက်တာ၌ ပဌမ ဆုံးအရာ ဖြစ်သည်ဟု ယုံကြည်ခြင်းဖြင့် ပေးခြင်း ဖြစ်သည်။

    ဘုရားသခင်က သူ၏ လုပ်ငန်းကို အောင်မြင် စေသည့်အတိုင်း Keyes သည် အခြားအိမ်ရောင်းအိမ်ဝယ်လုပ်ငန်းနှင့်
    ငွေချေးခြင်းနှင့် အိမ်များ စီမံခန့်ခွဲခြင်း ကော်ပို ရေးရှင်းခုနှစ်ခုကို ဦးဆောင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် သူ၏ ကော်ပိုရေးရှင်းများလည်း ဆယ်ဘို့ တဘို့ ပေးဘို့ ဆုံးဖြတ်ခဲ့သည်။

    .

    အဘယ့်ကြောင့်ကျေးဇူးတော် မချီးမွမ်းကြသနည်း

    ရေး ဆရာမောဇက်ထောင်ကျုံး

    ဘုရားနှင့် မဆိုင်သောကြောင့်
    များစွာသော သူတို့ ဘုရားသခင် ထံကျေးဇူးတော် မချီးမွမ်းခြင်းသည် ဘုရားသခင်နှင့် မစပ်ဆိုင်သောကြောင့် ဖြစ်သည်။ ကိုယ်နှင့် မဆိုင်သောသူ၏ အကြောင်းကို မသိ၊ ချီးမွမ်းစရာလည်း မရှိ။ များစွာသော သူတို့သည် ဘုရားသခင်နှင့် မဆိုင်သောကြောင့် မချီးမွမ်းချင် ကြ။

    မသိသောကြောင့်  
    များစွာသော လူတို့သည် ဘုရားသခင်၏ ကျေးဇူးကို မချီးမွမ်းကြ။ အကြောင်းမူကား ကျေးဇူးရှင်ကို မသိသောကြောင့် ဖြစ်သည်။ သူတို့ ခံစားသမျှသော အရာများသည် သူတို့တော် သောကြောင့် သို့ မဟုတ် သူတို့ လုပ်သောကြောင့်ဟု ထင်မှတ် ကြသည်။ ထို့ကြောင့် မိမိကိုယ်ကို ချီး မွမ်း ကြသည်။ သူတပါးက သူတို့ကို ချီးမွမ်းစေချင် သောကြောင့် သူတို့၏ လုပ် ဆောင်မှုများကိုလည်း ဝါကြွားတတ်ကြသည်။ ဘုရားသခင်ထံ ကျေးဇူးတော် မချီးမွမ်းကြခြင်း၏ အကြောင်းရင်းတခုမှာခပ်သိမ်းသောအရာသည် သဘာဝအားဖြင့် ဖြစ်သည်ဟု ထင်မှတ်သောကြောင့် ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်ကို ချီးမွမ်းစရာ အကြောင်း မရှိ။ ဘုရားသခင်ကို ကျေးဇူးတော် မချီးမွမ်းခြင်းသည် ဘာမျှမစဉ်းစားသောကြောင့် ဖြစ်သည်။ ခံစားရသော အရာများသည် အဘယ်မှလာသည်ကို စဉ်း စားသည်ထက် မိမိ အလိုဆန္ဒပြည့် စုံခြင်းသည် သာလျှင် အရေးကြီးသည်။ ထို့ကြောင့် ကျေးဇူးတင်ရမှန်း မသိ။ ခွေးလောက်တောင်မှအသိညဏ်မရှိ။ ခွေးများသည် အစာကို ကျွေးလျှင် ကျေးဇူးတင်ကြောင်းကို အမြီးလှူပ်ခြင်းအားဖြင့် ဖေါ်ပြတတ်ကြသည်။   ဘုရားသခင်က ကျေးဇူးရှင်ကို သိသော ဣသရေလ လူများနှင့် ပတ်သက်၍ ဤသို့ ဆိုခဲ့သည် နွားသော်လည်း မိမိအရှင်ကို သိ၏၊၊ မြည်းသော်လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏၊၊ ဣသရေလ အမျိုးသားတို့ မူကား ငါ့ကို မသိကြ၊၊ ငါ၏ လူမျိုးမူကား၊ မဆင်ချင် တတ်ပါတကား (ဟေရှာယ ၁:၃)။

    စိတ်မဝင်စားသောကြောင့်
    ကျေးဇူးတော် မချီးမွမ်းရခြင်း၏ အကြောင်းရင်းတခုမှာစိတ်မဝင် စားခြင်းကြောင့် ဖြစ်သည်။ ကိုယ်စိတ်ဝင်စားသောသူကို ချီးမွမ်းဘို့ရန် ဝန် မလေးတတ်ချေ။ ထိုမျှသာမက ကိုယ်စိတ်ဝင်စားသောသူကို ချီးမွမ်းချင်၍ ချီးမွမ်းဘို့လည်း သိတတ်သည်။ အကြောင်းမှာ ကိုယ်စိတ်ဝင်စားသောသူ၏ အကြောင်း အရာများကို လေ့လာ၍ ချီးမွမ်းမည့် အချက်အလက်များသိထားသည်။

    ကျေးဇူးကန်းသောကြောင့်  
    အချို့သောသူများသည် ကျေးဇူးကန်းသောကြောင့် ဘုရားသခင်ကို မချီးမွမ်းကြ။ ကျေးဇူးကန်းခြင်းသည် အပြစ် ဖြစ်သည်။ ထိုသူထဲ၌ မိတ် ဆွေမပါဘို့ အရေးကြီးသည်။

  • ၊ သူ၏ဝင်ငွေအထဲမှဆယ်ဘို့ ​ခြောက်ဘို့ မှခုနှစ်ဘို့ အထိ ဘုရားသခင် အတွက် ပေးသောသူ ဖြစ်လာခဲ့သည်။