Periodical: Good News January 2020

Home  >   Periodicals > January 2020

gn0120

JANUARY 2020

GOOD NEWS PERIODICAL

.

မာတိကာ


အမှာ

ဘုရားသခင်၏ ကျေးဇူးတော် ကြောင့်နှစ်သစ်ထဲသို့ ရောက်ကြပြီ။ နှစ်သစ်သို့ မကူးနိုင်သော ညီအစ်ကို မောင်နှမ မိဘများစွာ နှစ်ဟောင်း၌ အသက် ကုန်ဆုံးသွားခဲ့ကြ ပြီ။ နှစ်သစ်ကူးနိုင်သော ကြောင့်လူတိုင်း အားရဝမ်းမြောက် ကြသည်။ သို့သော် နှစ်သစ် အတွင် းမှာကောင်းကြီး မင်္ဂလာ မဟုတ်ဘဲ၊ အမင်္ဂလာနှစ်ဖြစ်မှာ စိုးရိမ် ရသည်။ နှစ်သစ့်မင်္ဂလာ အပေါင်းနှင့်ပြည့်စုံဘို့ ရန်အသက် တာကို၊ ဘုရားသခင် ဦးဆောင်ခိုင်းကြပါစို့။ ဘုရားသခင်က၊ "ကြည့်ပါတော့၊ အသက် ရှင်ခြင်း ချမ်းသာ နှင့် သေခြင်း ဆင်းရဲ တို့ကို သင်ရှေ့မှာယနေ့ ငါထား၏။ ၁၆သင်သည် အသက် ရှင်၍ တိုးပွားမည်အကြောင်း နှင့်သင် ဝင်စား လတံ့သော ပြည့်၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် သင့်ကို ကောင်း ကြီး ပေးတော်မူ မည်အကြောင်း၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားကို ချစ်သဖြင့် နောက်တော်သို့ လိုက်၍၊ စီရင်ထုံးဖွဲ့တော်မူ ချက်ပညတ်တရားတော် တို့ကို စောင့် ရှောက်လော့ဟု ငါမှာထား၏။ " (တရားဟော ၃ဝး၁၅-၁၆)ဟု ဆိုထားသည်။ ဘုရားသခင်သည် လူတိုင်းကို ကောင်းကြီး ပေးချင်သော်လည်း၊ လူများကသူ့ကို ဂရုမစိုက်ကြသော ကြောင့်၊ ကောင်းကြီး ပေးသင့်သလောက် မပေးနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့်ယ ခုနှစ်သည် မင်္ဂလာရှိသော နှစ်ဖြစ်စေချင် လျှင်၊ ဘုရားကို ချစ်၍ သူ့စကားကို နားထောင် ပါ။ လူလူချင်းလည်း ချက်ခြင်း မချစ်မခင်တတ်ကြပါ။ အတူ တူအမြဲနေလာကြသော အခါ သံရောယဉ်တွယ်လာတတ်ကြသည်။ ထို့ကြောင့် ဘုရားသခင်ကို ချစ်ဘို့ ရန်မှာသူ့အ နားမှာနေဘို့ လိုသည်။ သူနှင့်ကျွမ်းဝင်ဘို့ လိုသည်။ မည်ကဲ့သို့ ရင်းနှီး လာနိုင်မည်နည်း ဟူမူကား၊ ပုံမှန်ကျမ်းစာ ဖတ်ဆင်ခြင်ခြင်း၊ ဆုတောင်းခြင်း၊ ဘုရား လူများနှင့်မိ၏ ဟာ ယဖွဲ့ခြင်း၊ ဘုရား ခိုင်းသော အရာများကို လုပ်ခြင်း များအားဖြင့် ရင်းနှီး ကျွမ်းဝင်လာပါ မည်။ ထိုသို့ ဖြစ်ဘို့ ရန်ကို ယ့်ကို ကိုယ်ခိုင်းဘို့ လိုသည်။ အလုပ်လည်း လုပ်ချင်သော ကြောင့်လုပ်ရသည် မဟုတ်၊ လိုအပ်သော ကြောင့်လုပ်ရသည်။ မနက် ၅ နာရီ ထဘို့သည် လုံးဝ မလွယ်သော်လည်း၊ နာရီ နိူးစက်အားဖြင့် မထချင် လျှင်လည်း ထရသည်။ ထ ခါစတွင် အိပ်ချင် သေးသော ကြောင့်မလန်းဆန်းပါ။ သို့သော် ကြာလာသော အခါ လန်း ဆန်းလာသည်။ ထခါစ့အားမရှိသော်လည်း၊ တဖြည်းဖြည်းအားပြန်ရှိလာသည်။ ထို နည်းတူ ဝိညာဉ် ပိုင်း၌လည်း အစပိုင်း၌ စိတ်မဝင်စား၊ မလုပ်ချင်သော်လည်း အကျိုး ရှိ ကြောင်းကို သိခြင်း အားဖြင့်ကို ယ့်ကို ကိုယ်အမိန့်ပေးရသည်။ ကျမ်းစာ ဖတ်၊ ဆုတောင်း မိ၏ ဟာယဖွဲ့၊ သက်သေ ခံဖန်များလာသော အခါ အကျင့်ပါလာမှာ ဖြစ်သည်။ ယခုနှစ်သည် နောက်ဆုံးအချိန်လည်း ဖြစ်နိုင်သည်။ ချီဆောင်ခြင်းလည်း အလွန် နီးပြီ ဖြစ်သည်။ ထို့ကြောင့်အစွမ်းကုန် ကြိုးစား ကြပါစို့။

ဆရာမောဇက်

.

နှစ်သစ်ဆုံးဖြတ်ချက်

"ညီအစ်ကို တို့၊ ငါကိုင်မိပြီဟု ကိုယ်ကို ကိုယ်မထင်သော်လည်း၊ ငါပြုသော အမှု တခုဟူမူကား၊ နောက်ကျသော အရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသော အရာ တို့ကို လှမ်းကမ်း၍၊ ၁၄ယေရှု ခရစ်အားဖြင့် ဘုရားသခင်သည် အထက် အရပ်မှခေါ်တော်မူခြင်း နှင့်ဆိုင်သော ဆုကို ရခြင်း ငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ ၁၅ထိုကြောင့် စုံလင်သော သူရှိသမျှ တို့သည် ဤသို့သော သဘောကို စွဲလမ်းရကြမည်။ " (ဖိလိ ၃:၁၃-၁၅)

ပေါလုကသူသည် နောက်ကျသော အရာတို့ကို မမှတ်ဘဲဟု ဆိုသည်။ နှစ်သစ် ကူးသော အခါ လွန်ခဲ့ပြီးသော အရာများကို ထားခဲ့ဘို့ လိုသည်။ အောင်မြင် မှု ရရှိခဲ့သူအ နေနှင့်လည်း၊ ထိုအောင်မြင် မှု ့အရသာခံမနေဘဲ၊ ရှေ့လုပ်ဆောင်ရမည့်အရာကို အာ ရုံစိုက်ဘို့ လိုသည်။ ကျဆုံးခဲ့သူအနေနှင့်လည်း၊ ဝမ်းနည်း ကျေကွဲ ပြီး ဆွေးမနေ၊ မကျေမ နပ်ဖြစ်မနေဘဲ၊ ရှေ့အနာဂတ့်အောင်မြင် ဘို့ ကြိုးစား ရမည်။ ပေါလုကအထက် အရပ် မှခေါ်ခြင်း နှင့်ဆိုင်သော ပန်းတုံးတိုင်သို့ ပြေးသည်ဟု ဆိုသည်။ ပန်းတုံးတိုင်သည် ကိုယ်တိုင်ထားသည်ထက် ဘုရား ထားသော အရာကို လိုက်လျှင် ပိုကောင်းသည်။ အားက စားပြိုင်ပွဲလုပ်သော အခါ ပန်းတုံးတိုင်ကို သက်ဆိုင်သူ၊ တာဝန် ရှိ သူများ ကထားတတ်သည်။ သို့ မှသာလူတိုင်း ကအာရုံစိုက်၍၊ ဆုပေးခြင်းလည်း ခံရမှာ ဖြစ်သည်။ ကိုယ်တိုင်ထားသော ပန်းတုံးတိုင်သည် အောင်မြင် သည့်တိုင်၊ အားပေးသူမရှိ၊ ဆုပေးသော သူလည်း မရှိ၊ အရသာမရှိချေ။ ထို့နည်းတူလောက လူသား များထားတတ်သော ပန်း တုံးတိုင်များသည် ဤလောကနှင့်အတူ ပျက်စီး ကုန်ဆုံးသွားမှာ ဖြစ်သည်။ ဘုရား ပေးသော ပန်းတုံးတိုင်မူကား ထာဝရ ကာလ တိုင်အောင် တည်တံ့ခိုင်မြဲမှာ ဖြစ်သော ကြောင့် ထိုဘုရား ထားပေးသော ပန်းတုံးတိုင်သို့ ဆုရဘို့ ရန်ပြေးသင့်သည်။ သို့သော် အလွန် ဝမ်းနည်းစရာ ကောင်းသည် မှာ၊ ဘုရား ပေးသော ပန်းတုံးတိုင်ကို ဂရုမစိုက်ကြဘဲ၊ လူလူ ချင်းထားသော ပန်းတုံးတိုင်ကို သာလျှင် ရောက်ဘို့ အာရုံစိုက်ပြေးနကြေသည်။ ထို့ ကြောင့်ဘုရား ပေးသော ဆုမရဘဲ၊ နကြေမည့်သူအလွန် များလွန်းသည်။

လူသည် ကိုယ်ခန္ဓာ့အသက် ရှင်စဉ် မိမိ တို့ အလိုဆန္ဒများ နောက်သို့ လိုက် ကြသော်လည်း အဆုံး၌ ဘုရားသခင် နှင့်စာရင်းပြန်ရှင်းရမည့်အရာကို ပေါလုကဤသို့ ရေးထားသည်၊ "ငါတို့ ရှိသမျှသည် ကိုယ်ခန္ဓာ့ကျင့်သော အကျင့်၊ ကောင်းမကောင်း ရှိသည် အတိုင်း အကျိုး အပြစ်ကို အသီးအသီးခံခြင်း ငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။ "(၂ ကော ၅:၁၀)။ ထိုအချိန့်အရှက်ကွဲဝမ်းနည်းစရာ မဖြစ်ရလေ အောင်၊ ယခုကတည်း ကဘုရား ပေးထားသော ပန်းတိုင်သို့ ပြေးသင့်သည်။ ပေါလုက၊ "မြေတလင်း၌ ပြိုင်၍ ပြေးကြသော သူ အပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း၊ တယောက် တည်း သာလျှင် ဆုကို ရသည်ဟု သင်တို့ မသိကြသလော။ ဆုကို ရမည်အ ကြောင်း ပြေးကြလော့။ ၂၅။ ပွဲ့ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည် ကား၊ အရာ ရာ့တပ်မက်ခြင်းကို ချုပ်တည်း တတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်ဆီး တတ်သော ပန်းဦးရစ်ကို ရခြင်း အလိုငှါ ပြုကြ၏။ ငါတို့ မူကား မညှိုးနွမ်းမပျက်ဆီး နိုင်သော ပန်းဦးရစ်ကို ရခြင်း အလိုငှါ ပြုကြ၏။ ၂၆။ ထိုကြောင့်ငါပြေးသော အခါ အမှတ်တမဲ့ပြေးသည် မဟုတ်၊ လက်ပွေ့ သတ်သော အခါ အာကာသကောင်းကင်ကို သာထိုး၍ သတ်သည် မဟုတ်။ ၂ရ။ သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသော သူ မဖြစ်ရမည်အကြောင်း၊ ကိုယ်ကို ထိုး၍ နှိပ်စက်လေ့ရှိ၏။ "(၁ ကော ၉:၂၄-၂ရ)

ပေါလုကယုံကြည်သူ တိုင်း ဆုရစေချင်သည်။ ထို့ကြောင့်ပြေးကြဘို့ တိုက် တွန်းအားပေးသည်။ ပြိုင်ပွဲ့ပြေးခြင်း ဖြင့် အရာရာ တပ်မက်ခြင်းကို ချုပ်တည်း တတ်သည်ဟု ဆိုသည်။ ယနေ့ များစွာသော ခရစ်ယာန်များအဘယ်ကြောင့် ကိုယ်ကာယ တပ်မက်ခြင်းကို မချုပ်တည်း နိုင်ကြသနည်း။ ပြိုင်ပွဲမဝင်၊ မပြေးသော ကြောင့် ဖြစ်သည်။ ပွဲကြည့်ပရိသတ်ဘဲ ဖြစ်နကြေသည်။ လောကအပြေးပြိုင်ပွဲဝင် သူများသည်၊ ညှိုးနွမ်း ပျက်ဆီး တတ်သော ပန်းဦးရစ်ကို သာရရှိကြသည်။ ငါတို့ မူကား မညှိုးနွမ်းမပျက်ဆီး နိုင်သော ပန်းဦးရစ်ကို ရခြင်း အလိုငှါ ပြုကြ၏။ ယခုခေတ်တွင် ပေးသော ဆုများသည် ရေကျပ်ငွေ၊ ကား တိုက်အိမ်များပေးသော်လည်း၊ ထိုအရာများလည်း ထာဝရ တည်တန့်မည့်အရာများမဟုတ်၊ ဤလောကကြီး နှင့်အတူ မီးလောင်သွားမှာ ဖြစ်သည် (၂ ပေ ၃:၁၀)။ ဘုရား ပေးသော ဆုသည် ထာဝရ တည်မည့်အရာ ဖြစ်သော ကြောင့် လိုလားတောင့်တ သင့်သည်။

ပေါလုသည် သူ ကိုယ်တိုင်ပြေးကြောင်း၊ "ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသော လမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့် ရှောက်ပြီ။ " (၂ တိ ၄:ရ)ဟု ရေးခဲ့သည်။ ပေါလုသည် ဤလောက့ထာဝရ အသက် မရှင်ပါ။ သေသွားပါပြီ။ သူ့ခေတ့်အသက် ရှင်ကြသော သူများလည်း သေကုန်ကြပြီ။ သို့သော် မိမိ တို့ အလိုဆန္ဒအတိုင်း၊ မိမိ တို့ ထားသော ပန်းတုံးတိုင်သို့ လိုက်သော သူ များသည် ပေါလုကဲ့သို့ ဆုရစရာ ရှိမည်မဟုတ်။ ပေါလုကဘုရား ပေးသော ပန်းတိုင်သို့ အဆုံးတိုင်ပြေးသော ကြောင့်ဤသို့ ဆိုနိုင်သည်၊ "ယခုမှစှု ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက် ရှိ၏။ ထိုနေ့ရက့်တရားသဖြင့် စီရင်သော သူတည်း ဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ့ အပ်ပေးတော်မူ မည်။ ထိုမျှ မက၊ ပေါ်ထွန်းတော်မူခြင်း ကို တောင့်တသော သူ အပေါင်းတို့၌ လည်း အပ်ပေးတော်မူ မည်။ "(၂ တိ ၄:၈)။ ပေါလုကဲ့သို့ သခင်ဘုရားကြွလာခြင်းကို မြော်လင့်သော သူများလည်း ထိုဓမ္မသရဖူပေး မည်ဟု ဆိုသည်။ ထိုသရဖူရရှိဘို့ ရန် ကြိုးစား ကြစို့။

သခင်ဘုရားကြွလာမည့်အရာကို မြော်လင့်သော သူတို့သည် ဤလောကအ ညစ်အကြေးနှင့်မညစ်ညူး ရလေအောင် သတိ ထားကြကြောင်း ဤသို့ ရေးထားသည်၊ "မင်္ဂလာရှိသော မြော်လင့်ရာကို ၎င်း၊ ကြီး မြတ်သော ဘုရားသခင် တည်း ဟူသော ၊ ငါ တို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှု ခရစ်၏ ဘုန်းအသရေတော် ထင်ရှား ပေါ်ထွန်းခြင်းကို ၎င်း၊ ငါတို့သည် မြော်လင့်လျက်၊ ဘုရား မဲ့တရားမဲ့နေခြင်း၊ လောကီ တပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ့ဣနြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရား ဝတ့်မွေ့လျော်ခြင်း တို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍၊ လူ အပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှား ပေါ်ထွန်းလျက် ရှိ၏။ "(တိတု ၂:၁၁-၁၃)

ဘုရား ပေးထားသော ပန်းတိုင်များသည်၊ ခရစ်တော် ကြွလာမည့်အရာကို မြော်လင့်ခြင်း၊ ဘုရား တရားနှင့်နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားခြင်း၊ ယခု ဘဝ့ဣနြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရား ဝတ့်မွေ့လျော်ခြင်း တို့ ဖြစ်သည်။ ထိုအရာများကို သင်သည် ပြုလုပ် နေပြီလော။ မလုပ်သေးလျှင် မပြေးသေးချေ။ ထို့အပြင် ကယ်တင်ခြင်းသို့ မရောက်သေးသော သူမြောက်များစွာ ရှိသည်။ ထို သူများသည် နိုင်ငံခြား၌ ရှိသည် မဟုတ်၊ ကိုယ်အနားပတ်ဝန်းကျင်မှာရှိသော လူများ ဖြစ်သည်။ ကို ယ့်မိသား စုဝင်များ၊ လုပ်ဘော်ဆောင်ဖက်များ၊ သူငယ်ချင်းများ၊ အိမ်နီးချင်းများ၊ ကျောင်းနေဖက်များ၊ ကိုယ်နှင့်နေ့စဉ် တွေ့ထိသော သူများကို ဘုရားသခင်၏ ကယ်တင်ခြင်း အကြောင်းကို ပြောပြရမည် (တမန် ၁:၈)။ ထို သူများကို ပြောပြလျှင် ပြေးလမ်း၌ ပြေးသော သူဖြစ်ပြီ။ ကျမ်းစာ က၊ "လူအများတို့ကို ဖြောင့်မတ်ခြင်း တရားလမ်းထဲသို့ သွင်းသော သူတို့သည် လည်း၊ ကြယ်များကဲ့သို့ ၎င်းအစဉ်အမြဲထွန်းလင်းကြ လိမ့် မည်။ " (ဒံယေလ ၁၂:၃)။ လူများကို ဖြောင့်မတ်ခြင်း လမ်းတည်း ဟူသော ခရစ်တော် ထံသို့ ခေါ်ဆောင်ကြစို့။

.

ထာဝရ ဘုရား၏ အလိုတော်

များစွာသော ခရစ်ယာန်များသည် ထာဝရ ဘုရား၏ အလိုတော်ကို သိချင် ကြသည်။ ထို့ကြောင့်ပရောဖက် ပြုတတ်သော သူများ ထံ့သော်၎င်း၊ တရားဟောဆရာ များထံ ့သော်၎င်း၊ အိပ်မက်ရူပါရုံများ၌သော်၎င်း၊ အားကိုး တတ်ကြသည်။ သို့သော် ဘုရားသခင်က သူ၏ အလိုတော်ကို ကျမ်းစာ အားဖြင့် ဖေါ်ပြပြီး ဖြစ်သည်။ ထိုကျမ်းစာကို ဖတ်ရှုလေ့လာှု၊ ဆိုလိုရင်းကို နားလည်ကာ၊ အသက် တာ့အသက် ရှင်ဘို့ ဖြစ်သည်။

ဘုရား၏ အလိုတော်သည် လူတိုင်း ကယ်တင်ခြင်းသို့ ရောက်ဘို့ ရန် ဖြစ်သည် (၁ တိ ၂:၄)။ ထို့ကြောင့်သင်သည် ကယ်တင်ခြင်းသို့ မရောက်သေးလျှင် သင် အပေါ် ဘုရားသခင်၏ အလိုတော်သည် မပြည့်စုံသေးချေ။ ဘုရား အလိုတော် သင့် အပေါ်ပြည့် စုံဘို့ ရန်သူ၏ ကယ်တင်ခြင်းကို သိအောင် လေ့လာ နားထောင် ဖတ်ရှု၍၊ ကယ်တင်ခြင်း စိတ်ချမှု ရှိသည် အထိလိုက်သင့်သည်။ ထိုအရာသည် ဘုရား၏ အလိုတော် ဖြစ်သည်။

ကယ်တင်ခြင်းသို့ ရောက်ပြီးသော သူသည် ဝိညာဉ် ပိုင်း၌ ဒုတိယ မွေးဘွားသော သူဖြစ်သည်။ ထိုသူအတွက် ဘုရား၏ အလိုတော်သည် ကြီး ထွားရင့်ကျက်ဘို့ ဖြစ်သည်။ မိဘ တိုင်းကို ယ့်ခလေး မကြီး ထွား မရင့်ကျက်လျှင် အလွန် ဝမ်းနည်းရသည်။ ကျမ်းစာ က၊ "သင်တို့သည် ကာလ ကြာသော ကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော့်ရှေ့ဦးစွာ သင်ရသော တရားနုတို့ကို သူတပါးထံ့ တဖန် သင်ရသော အကြောင်း ရှိသည် ဖြစ်၍၊ ကြေခဲသော အစာကို မသုံးဆောင်၊ နို့ကို သာ သုံးဆောင်ရသော သူ ဖြစ်ကြ၏။ ၁၃နို့ကို သာသုံးဆောင်သော သူမည်သည် ကား၊ သူငယ် ဖြစ်သော ကြောင့်ဖြောင့်မတ်ခြင်း တရား၌ လေ့လာခြင်း မရှိ။ "(ဟေ ၅:၁၂-၁၃)ဟု ရေး ထားသည်။ ထို့ကြောင့်သင်သည် ကြီး ထွားရင့်ကျက်ရမည်။ ထို့သို့ ကြီး ထွားရင့်ကျက် ဘို့ ရန်၊ ပေတရုက၊ "သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည် ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်း ရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီး ပွား မည်အကြောင်း ဘွားစသော သူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လို ချင်သော စိတ်ရှိ ကြလော့။ "(၁ ပေ ၂:၁-၃)ဟု ဘုရား၏ အလိုတော်ကို ဖေါ်ပြထားသည်။ မကြီး ထွားမ ရင့်ကျက်လျှင် အလုပ်မလုပ်နိုင်သည် သာမက၊ ပြသနာ များလွန်းသည်။ ခလေး များသည် အလုပ်မလုပ်နိုင်သည် သာမက၊ သူတို့ ကိုယ်သူတို့လည်း မကြည့်ရှုနိုင်ချေ။ လူကြီး များကို အလုပ်ပိုပေးထားသည်။ သူတို့ကို ကြည့်ရှုခြင်း အားဖြင့် လုပ်အားနှင့်အချိန် များစွာ ဆုံးရှုံးရသည်။

ယုံကြည်သူ အတွက် ဘုရား၏ အလိုတော်သည်၊ ဘုရား၏ အကြောင်းကို သက်သေ ခံဘို့ ဖြစ်သည်။ ယေရှု က၊ "သင်တို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သော အခါ သင်တို့သည် တန်ခိုးကို ခံရှု ယေရုရှလင် ြမို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြကြေီးစွန်းတိုင်အောင် ငါ၏ သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ ၏။ " (တမန် း ၁:၈)။ သန့်ရှင်းသော ဝိညာဉ် တော်သည် တန်ခိုးဖြစ်၍၊ သက်သေ ခံနိုင်ဘို့ ရန် ပေးထားခြင်း ဖြစ်သည်။ သို့သော် ယုံကြည်သူ များသည် သက်သေ မခံဘဲ နကြေခြင်း ဖြင့် ဘုရား၏ အလိုတော်ကို ဆန့်ကျင် မှန်းမသိဆန့်ကျင် နကြေသည်။

ဘုရား၏ အလိုတော် မှာယုံကြည်သူ များက သူ့ကို အကြွင်းမဲ့အားကိုး ဘို့ ဖြစ်သည် ကြောင်း ဤသို့ ရေးထားသည်၊ "ကိုယ် အမှု အရာကို ထာဝရ ဘုရား၌ အပ်လော့၊၊ ကိုယ်တော်ကို ကိုး စားလော့၊၊ ၆သို့ ပြုလျှင် စီရင်တော်မူ မည်၊၊ သင်၏ ဖြောင့်မတ်ခြင်း အကြောင်းကို အလင်းကဲ့သို့ ၎င်း၊ တရားသဖြင့် ပြုခြင်း အရာကို မွန်းတည့် ရောင်ခြည် ကဲ့သို့ ၎င်း၊ ဘော်ပြတော်မူ မည်၊၊ "(ဆာလံ ၃ရ:၅-၆)။ သင်သည် ဘုရားသခင်ကို စိတ် နှလုံးအကြွင်းမဲ့အားကိုးလျှင် ဘုရားသခင်၏ အလိုတော် ဖြစ်သည်။
လောကနှင့်ပတ်သက်၍ ဘုရားသခင်က ဤသို့ ရေးထားသည်၊ "လောကကို ၎င်း၊ လောက့ရှိသော အရာတို့ကို ၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သော သူမည်သည် ကား၊ ခမည်းတော်ကို ချစ်ခြင်း မေတ္တာမရှိ။ ၁၆လောက့ ရှိသမျှသော အရာတည်း ဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ့် ဝါကြွားခြင်း တို့သည် ခမည်းတော် နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ ၁ရလောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော် နှင့်အညီကျင့်သော သူမူကား၊ နိစဏထာဝရ တည်၏။ "(၁ ယော ၂:၁၅-၁ရ)။ သို့သော် ယုံကြည်သူ များသည် ဘုရား၏ အလိုတော်ကို သိသော်လည်း၊ လုံးဝ နားမထောင်လော ကကို အလွန် ချစ်ကြသည်။ ဘုရားကို မချစ်သော ကြောင့်လောကကို ချစ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့်လောကကို မုန်း၍ ဘုရားကို ချစ်ဘို့သည် ဘုရား၏ အလိုတော် ဖြစ်သည်။

ခင်ပွန်းသည် ရွေးခြင်း နှင့်ပတ်သက်၍ ကျမ်းစာ ကဤသို့ ရေးထားသည်၊ "မယုံ ကြည်သော သူတို့ နှင့်တွဲဘက်၍ ဆန့်ကျင် ဘက် ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသော အမှုသည် မတရားသော အမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့်အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ "(၂ ကော ၆:၁၄)။ ထို့ကြောင့် ကယ်တင်ခြင်းသို့ ရောက်ပြီးသော ဘုရား သားသမီး များအနေဖြင့်၊ ကယ်တင်ခြင်းသို့ မရောက်သေးသော လောကသားကို ခင်ပွန်းသည် အဖြစ် မရွေးသင့်ချေ။ ဘုရား၏ အလိုတော်ကို နားမထောင်ဘဲ ရွေးလျှင် အိမ်ထောင်သက်တန်း၌ များစွာသော ပြသနာများကြုံတွေ့ လာမှာ ဖြစ်သည်။ မိမိ၏ ခံစား ချက် ဖြစ်သော ချစ်ခြင်းကို ဦးစားမပေးရချေ။ ထို့ ကြောင့်ရီးစားမထားခင် ဘုရား စကားကို နားထောင် ရမည်။ သံရောယဉ်တွယ်ပြီးမှ ဘုရား စကား နားထောင် ဘို့သည် အလွန် ခက်သည်။

ဆက်လက် ဖေါ်ပြပါက ဘုရား၏ အလိုတော် များသည် အလွန် များသည်။ ခင် ပွန်းသည် အတွက်၊ သားသမီး များအတွက်၊ လူများ အပေါ်ထားရှိမည့်စိတ်ထား၊ ကိုယ်ခန္ဓာ အတွက်၊ မည်သည့်အစားအစာစားရမည်၊ မည်ကဲ့သို့ ပြောဆို ဆက်ဆံရမည်၊ အစိုးရ အပေါ်ထားရှိရမည့်စိတ်ထား၊ စသည် ဖြင့် ကျမ်းစာ ထဲ့ အားလုံး ရေးထားပြီး ဖြစ်သည်။ သို့သော် လူသည် ကျမ်းစာကို မဖတ်သော ကြောင့်ဘုရား၏ အလိုတော်ကို နားမ လည်၊ နားလည်လျှင်လည်း မလုပ်သော အခါ ဘုရား၏ ကောင်းကြီးထက် ကြိမ်ခြင်း ခံရ ကြသည်။ ထိုသို့ မဖြစ်ရလေအောင် ယခုမှစှုကျမ်းစာ စေ့စေ့ဖတ်ရှုလေ့လာပြီး ဘုရား အလိုတော် အတိုင်း အသက် ရှင်သော သူများ ဖြစ်ကြပါစို့။

.

ခေတ်ကာလ များ

၂၀၁၉ ခုနှစ်အတွင်း၌ သဘာဝ ဘေးဒဏ်များ ဖြစ်သော တောမီးလောင်ခြင်း၊ မြေငလျှင် လှုပ်ခြင်း၊ မိုးခေါင်ခြင်း၊ မိုးရေ များလွန်း၍ ရေလျှံခြင်း၊ လေပြင်းမုန်တိုင်း တိုက်ခြင်း၊ လေဆင်နှမောင်းတိုက်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း များကမြာပေါ့်အကြိမ် ၃၀၀ ကျော်ဖြစ်ပွါးခဲ့သည်။ ထိုဘေးဒဏ်များကြောင့်လူ ၅၀၀၀ ကျော်အသက် ဆုံးရှုံး၍၊ လူပေါင်း ၂၂ သန်း အိုးအိမ်မဲ့ဖြစ်သွားခဲ့ကြသည်။ ယခုလတွင်လည်း ဩစ တေးလျပြည့်မီးအကြီး အကျယ်ဆက်လောင်နေဆဲ ဖြစ်သည်။ ထိုမီးကြောင့်လူ ၂၈ ဦး၊ တောတိရစ္ဆန် သန်းပေါင်း ၁၀၀၀ ကျော်၊ အိမ် ၂၆၀၀ ကျော်လောင်၍ စီးပွားရေးအ ကြီး အကျယ်ထိခိုက်ဆုံးရှုံးသည်။

အမေရိကန်နှင့်အီရန်နိုင်ငံလည်း ပို၍ ပို၍ တိုက်ခိုက် လာကြပြီ။ အီရန်နို်င်ငံက အီရတ်နိုင်ငံကို ဦးဆောင်ချယ်လှယ်လာှု၊ အမေရိကန်ဆောက်လုပ်ရေးကွန်ထက် ထားကို အီရန်ကသတ်လိုက်သော ကြောင့်၊ အမေရိကန်ကလည်း၊ အီရန်ဘက်တော် သား များကို တိုက်ခိုက် ကာလ ူ ၂၅ ယောက်သကြေသည်။ ထို့အပြင်အီရန်စစ်ဗိုလ်ချုပ် ဆူလီမာန ီကိုလည်း ဗုံးကြဲသတ်လိုက်သော ကြောင့်အီရန်က၊ အမေရိကန်စစ်စခန်းနှစ် ခုကို ဒုံးပျံများဖြင့် ပစ်သော်လည်း၊ လူအသေအပျောက်မရှိပါ။ အီရန်ကယူခရင်းအရပ် လေယဉ်ကို ပစ်လိုက်သော ကြောင့်အီရန်နိုင်ငံသား ၁၄၀ ကျော်အပါအဝင် အားလုံး ၁ရ၆ သေဆုံးကြသည်။ ထိုကိစ္စနှင့်ပတ်သက်၍ အီရန်နိုင်ငံသား များကသူတို့၏ ခေါင်း ဆောင်များကို ဆန္ဒပြကြသည်။ အီရတ်နိုင်ငံပါလီမန်ကလည်း၊ အမေရိကန်စစ်သား များအီရတ်နိုင်ငံမှဆုတ်ခွါဘို့ ဆုံးဖြတ်ကြသည်။ ထိုသို့ ဖြစ်ယေဇကျေလ ၃၈-၃၉့ဖေါ် ပြသော ဂေါဂ၊ မာဂေါဂစစ်ဖြစ်ဘို့ ရန်ပို်၍ ပို၍ နီးလာပြီ ဖြစ်သည်။

အမေရိကန်နိုင်ငံရေးလောက့လည်း မဖြစ်စဘူးသော အရာဖြစ်နေသည်။ သမတထမ်းတက်လာချိန်မှစှုယခုထိ၊ သမတကို ရာထူးမှဖြုတ်ချရေးကို ဒီမိုခရေး တိတ်ပါတီမှ ကြိုးစားခြင်း သည် ၃ နှစ်ရှိသွားပြီ ဖြစ်သည်။ အောက်လွှတ်တော့်မဲခွဲဆုံး ဖြတ်ပြီး၍ ဤစာရေးချိန်တွင် အထက် လွှတ်တော့် ဆွေးနွေးဆုံးဖြတ်ဘို့ တင်သွင်းနေ ချိန် ဖြစ်သည်။ သမတကို ဖြုတ်ချနိုင်ဘို့ အလားအလာမရှိသော်လည်း၊ မရမကကြိုး စားနကြေခြင်း ဖြစ်သည်။ ထိုသို့ သမတကို ဖြုတ်ချဘို့ ကြိုးစားခြင်း သည် သတမအတွက် ယခုနှစ်နိုင်ဝင်္ဘာလရွေးကောက်ပွဲအတွက် အနိုင်ရရှိနိုင်ဘို့ တွန်းအားပေးသလို ဖြစ်နိုင်သည်ဟု နိုင်ငံရေးလောကအကဲခတ် သူများ ကခန့်မှန်းကြသည်။

အမေရိကန်မက်သဒစ်အသင်းတော်လည်း လိင်တူဆက်ဆံခြင်း ထောက်ခံသူ နှင့်ကန့်ကွက်သများကြား သဘောတူ ညီမှု မရရှိနိုင်သော ကြောင့်လမ်းခွဲနိုင်ကြောင်း သတင်း ကြားနေရသည်။ မက်သဒစ် အသင်းသားသည် ကမြာပေါ့် ၁၃ သန်းရှိ၍ အမေရိ ကန်ပြည် ထောင်စု့ ရ သန်းရှိသည်။ ထိုအရာသည်လည်း နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာ တခု ဖြစ်သည်။ ထိုအချိန် တွင် မူစလင် ဘာသာဝင် အမြောက်အမြားသည် သူတို့၏ ဘာသာကို စွန့်၍ ခရစ်တော်ကို ကယ်တင်ရှင်ဘုရား အဖြစ် လက်ခံကြသည်ကို အားရစွာ တွေ့မြင်ရသည်။ ထို သူများသည် မိရိုးဖလာ ခရစ်ယာန်များထက် တက်ကြွကြပြီး၊ မူစလင်အချင်းချင်းထံသို့ သက်သေ ခံဝေငှနကြေသည်။ ခရစ်တော် က "နောက်ကျသော သူအများတို့သည် အရင်ကျကြလိမ့်မည်၊ အရင်ကျသော သူအများ တို့သည် နောက်ကျကြလိမ့်မည်။ "(မ ၁၉:၃၀) ဟူသော အရာပြည့်စုံခြင်း ဖြစ်သည်။

.

အဘယ်ကြောင့်နည်း

လူတိုင်း၌ ပြသနာ အနည်းနှင့်အများရှိနကြေသည်။ ဘုရားသခင်ကို ယုံကြည်သူ ဖြစ်စေ၊ မယုံကြည်သူ ဖြစ်စေ ပြသနာ ရှိကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်း ရင်းများစွာ ရှိသည်။ ထိုအထဲမှ ကိုယ်နှင့်သက်ဆိုင်သော အရာကို သိ၍ ပြုပြင်လျှင် ပြသ နာနည်းသွားပါလိမ့်မည်။ ထိုအကြောင်း ရင်းများကို ကြည့်ကြပါစို့။

လူတိုင်းကို ယ့်ဘဝကို ကိုယ်ဆောက်ချင် ကြသည်။ လူသည်ကို ယ့်ဟာကိုယ် ဖြစ်ပွားသည် မဟုတ်။ ဘုရား ဖန်ဆင်းသော ကြောင့် ဖြစ်သည်။ ထို့ကြောင့်ဖန်ဆင်းရှင် ကလူကို တည်ဆောက်လိုသည်။ သို့သော် လူသည် ဘုရားသခင်၏ တည်ဆောက်ခြင်းကို အလိုမရှိ။ ကို ယ့်ဘဝကို ကိုယ်စိတ်တိုင်း ကျတည်ဆောက်လိုကြသည်။ ထိုလက္ခဏ ာသည် ခလေး လေးမှစှုထင်ရှားပြီး ဖြစ်သည်။ ခလေး လေးသည် ကိုယ်တိုင်ပါးစပါပေါက် တည့်အောင် အစာမစားနို်င်သော်လည်း၊ လူကြီး မိဘခွံ့ကြွေးသော အရာကို မကြိုက် တတ်ချေ။ ဘုရားသခင်က၊ "ထာဝရ ဘုရား မိန့်တော်မူသည် ကား၊ လူကို ကိုး စား၍ လူသတျဤဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ့ ထာဝရ ဘုရား ထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သော သူဖြစ်၏။ ၆ထိုသူသည် လွင်ပြင့်ရှိသော သစ်ပင်ခြောက်ကဲ့သို့ ဖြစ်၍၊ ကောင်းကျိုး ရောက်ကြောင်းကို မသိရ။ အဘယ်သူမျှ မနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင့်နေရလိမ့်မည်။ ရထာဝရ ဘုရားကို ကိုး စားသော သူ၊ ထာဝရ ဘုရားကို မိမိ ကိုး စားရာအကြောင်း ဖြစ်စေသော သူသည် ကောင်းကြီး မင်္ဂလာကို ခံအပ်သော သူဖြစ်၏။ ၈ထိုသူသည် ကား၊ ရေရှိသော အရပ့် စိုက်၍ မြစ်နားမှာ အမြစ် ဖြာသဖြင့်၊ ပူသော အရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ ့ စိုးရိမ်စရာ မရှိဘဲ၊ အစဉ်အမြဲအသီးကို သီးတတ်သော အပင်နှင့်တူ၏။ " (ယေရမိ ၁ရ:၅-၈)ဟု သူ့ကို ုကိုး စားသူနှင့်မကိုး စားသော သူအကြောင်းကို ပြောသော်လည်း လူသည်၊ ဘုရားထက် လူကို သာလျှင် ကိုး စားနေချင် ကြသည်။ ထို့ကြောင့်အ မင်္ဂလာဖြစ်၍ သွေ့ခြောက်ခြင်း ခံစား ရခြင်း ဖြစ်သည်။

ခရစ်တော် ကလည်း၊ သူ့ကို ကိုး စား ဘို့ အတွက် ဤသို့ ခေါ်ဘိတ်နေသည်၊ "ဝန်လှေုးပင်ပန်းသော သူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် နား ရသော အခွင့်ကို ပေးမည်။ ၂၉ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထှုံ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘော ရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ ၃ဝအကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ ၏။ "(မ ၁၁:၂၈-၃၀)။ သို့သော် ယုံကြည်သူ များပင်လျှင် မိမိ ဝန်ကို ထမ်းချင် နကြေသည်။ ယခုမှစှုကိုယ် ဝန်ကို ယ့် ပြသနာကို ခရစ်တော် ထံစိတ်နှလုံးအ ကြွင်းမဲ့အပ်နှံကြပါစို့။ သို့ ပြီးမှသူ့ထမ်းဘိုးကို ထမ်းကြစို့။ သူကသူ့ထမ်းဘိုးသည် ထမ်း လွယ်သည်၊ ပေါ့သည်ဟု ဆိုသည်။ သူ့ထမ်းဘိုးသည် သူ့ခိုင်းသော အရာ ဖြစ်သည်။ သူ ခိုင်းသော အရာသည် လူများကသူ့ကို အားကိုး ဘို့ ပြောပြခြင်း ဖြစ်သည်။ သို့သော် လူသည် ထိုအရာကို လုံးဝ မလုပ်လိုကြချေ။ သူတပါးမကောင်းကြောင်းကို အလွယ်တကူ ခိုင်းစရာ မလိုဘဲ ပြောတတ်ကြသော်လည်း၊ ခရစ်တော် ကဝန်များကို ထမ်းပေးမည့်အ ကြောင့်ကိုမူ လုံးဝ မပြောလိုကြခြင်းသည် အလွန် အံ့ဩစရာ ဖြစ်သည်။ လူတိုင်းကို ကိုယ်ကာယအားဖြင့် ဖြစ်စေ၊ ငွေကျေးအားဖြင့် ဖြစ်စေ၊ နည်းပညာအားဖြင့် ဖြစ်စေ၊ ကျွန်ုပ် တို့ မကူညီနိုင်ပါ။ သို့သော် ကူညီနိုင်သော သူ ခရစ်တော် နှင့်မိတ်ဆက်ပေးနိုင်သည်။ စကား နားမလည်သော လူများထံ မပြောပြနိုင်သော်လည်း၊ ကို ယ့်မိသား စုအဝင်၊ ဆွေ မျိုးသား ချင်းများ၊ မိတ်ဆွေ ယောင်းယင်းများ၊ လုပ်ဘော်ဆောင်ဘက်များ၊ အိမ်ချင်း များထံ ပြောပြနိုင်သည်။ ပါးစပ်အားဖြင့် ဖြစ်စေ၊ စာအုပ်စာပေးများအားဖြင့် ဖြစ်စေ၊ ဖုန်းအားဖြင့် ဖြစ်စေ၊ ပြောပြနိုင်သည်။ အစပျိုးလုပ်ဆောင်ဘို့ သာလိုသည်။ လုပ်ဖန် များလာသော အခါ၊ ကျွမ်းကျင်သွားမှာ ဖြစ်သည်။

.

တလုံးတဝ တည်း

အဘယ်ကြောင့်လင်မယား ချစ်ချစ်ခင် ခင်နှင့်လက်ထပ်ကြသော်လည်း၊ နောက် ပိုင်း၌ ရန်သူကဲ့သို့ ရန် ဖြစ်ကြကာသေသွားလျှင်လည်း မနှမျော၊ ကွဲလျှင်လည်း စိတ်အေးသည်ဟု ဖြစ်လာကြသနည်း။ အဘယ်ကြောင့်မိဘများနှင့် သားသမီး များလည်း လုံးဝ အစေးမကပ်၊ ရန်သူကဲ့သို့ စကား မပြောနိုင်ဘဲ ဖြစ်တတ်ကြသနည်း။ အဘယ်ကြောင့် အသင်းတော် များလည်း စကား များ၊ အပြစ် တင်၊ ရန်ဖြစ်ပြီး နောက်ဆုံးအသင်းကွဲတတ် ကြသနည်း။ အကြောင်း ရင်းမှာတလုံးတဝ တည်း မဖြစ်သော ကြောင့် ဖြစ်သည်။

ခမည်းတော် နှင့် ခရစ်တော်
ခရစ်တော် က၊ "ငါသည် ငါ့ခမည်းတော် နှင့် တလုံးတဝတည်း ဖြစ်သည်ဟု မိန့်တော်မူ ၏။ "(ယော ၁ဝး၃၀)။ ထို့ကြောင့်ခမည်းတော် နှင့်သား တော်သည် လုံးဝ ကွဲပြားခြင်း မရှိချေ။ တလုံးတဝတည်း ဆိုသည်မှာ၊ အမြင် တူ၊ အကြံတူ၊ စီမံကိန်းတူ၊ လုပ်ဆောင်မှု တူညီခြင်း ဖြစ်သည်။ "ယေရှု ကလည်း၊ သင်တို့ အား ငါ့အမှန်အကန်ဆိုသည် ကား၊ ခမည်းတော် ပြုတော်မူသော အမှုကို သား တော်သည် မြင်၍ သာပြု၏။ မိမိ အလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူ သမျှ အတိုင်း သား တော်လည်း ပြု၏။ "(ယော ၅:၁၉)။ ခမည်းတော်၏ လုပ်ဆောင်မှု အားလုံးကို သားတော် ကမြင်သည်။ သား တော်သည် ထိုသို့ မြင်သည့်အတိုင်း ပြုသည်။ ထို့ကြောင့်တ လုံးတဝတည်း ဖြစ်ဘို့ ရန်၊ ပြုမူခြင်း များကို တယောက် နှင့်တယောက် မြင်ဘို့ လိုသည်။

တဖန်၊ ယေရှု က၊ "ငါသည်ကို ု်ယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြု နိုင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော် နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။ "(ယော ၅:၃၀)ဟု ဆိုသည်။ ယေရှု က သူသည် ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်ဟု သူ့ကိုယ် သူပြဌါန်းသည်။ ထိုမျှ သာမက ခမည်းတော် ပြောသော အရာများကို သားတော် ကကြားသည်။ ထို့ ကြောင့်ဘုရား အလိုတော် အတိုင်း လုပ်နိုင်ဘို့ ရန်မှာ၊ ဘုရား ပြောသော အရာများကို ကြားရမည်။ ကို ယ့်အလိုအလျောက်လည်း အဘယ်အမှုကိုမျှ မပြုဘို့ ဖြစ်သည်။

ဘုရား နှင့်ယုံကြည်သူ များ
ယနေ့ များစွာသော ခရစ်ယာန်များသည် ဘုရားသခင်၏ အလိုတော်ကို လိုက် ချင် ကြသော်လည်း၊ ဘုရား ပြောသော အရာကို မကြားကြချေ။ အဘယ်ကြောင့်မကြား ကြသနည်း။ ဘုရားသခင်က အသံအားဖြင့် မပြောတော့ပါ။ ကျမ်းစာ အားဖြင့် သာလျှင် ပြောသည်။ ထို့ကြောင့်ဘုရား၏ အသံကြားနိုင်ရန်ကျမ်းစာ ဖတ်ရမည်။ ကျမ်းစာဖတ်သော အခါ ့တာဝန် ကျေရုံ၊ ဩတ္တပ္ပစိတ်ကျေရုံမဖတ်ဘဲ၊ ဘုရား၏ အလိုတော်ကို နားလည်သည် အထိဖတ်ရမည်။

မောရှေက ဣသရေလ လူများထံ၊ "တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက်မည်အကြောင်း၊ ကောင်းကင်သို့ အဘယ်သူ တက်၍ ငါတို့ ထံသို့ ဆောင် ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှါ ကောင်းကင့်ရှိသည် မဟုတ်။ ၁၃တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက်မည် အကြောင်း၊ ပင်လယ်ကို အဘယ်သူ ကူး၍ ငါ တို့ ထံသို့ ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်း ငှါ၊ ပင်လယ်တဘက့်ရှိသည် မဟုတ်။ ၁၄တရားတော်သည် သင်စောင့်ရှောက် ဘို့ ရာသင်နှင့်အလွန် နီး၏။ သင်၏ နှုတ့်၎င်း၊ သင်၏ နှလုံး၌ ၎င်းရှိ၏။ "(တရားဟော ၃ဝး၁၂-၁၄)ဟု ရေးထားသည်။ သူတို့သည် ကျမ်းစာကို အလွတ်ကျက်ကြသော ကြောင့်၊ တရားတော်သည် သင်၏ နှုတ်နှင့်နှလုံး၌ ရှိသည်ဟု ဆိုခြင်း ဖြစ်သည်။ ယနေ့ ခရစ်ယာန်အချို့လည်း ကျမ်းစာကို ဖတ်သော်လည်း၊ ကြားသော်လည်း နားမလည်ကြချေ။ ထိုအခါ ဘုရား၏ အလိုတော်ကို အသံအားဖြင့် ၎င်း၊ အိပ်မက်ရူပါရုံအားဖြင့် ၎င်း၊ ပရောဖက် အားဖြင့် ၎င်း၊ ကြားဘို့ မေဋာ်လင့်ကြသည်။ ထို သူများကို စာတန် အသုံးပြုသော ဆရာအတု၊ ပရောဖက် အတုများက အလွယ်တကူလိမ်လည်သွားတတ်ကြသည်။ ဘုရား အလိုတော်ကို သိနားလည်နိုင်ရန် ကျမ်းစာကို မှန်မှန်အချိန် ယူပြီး ဖတ်ပါ။

ဘုရား၏ အလိုတော် မသိသော အခါ၊ ကိုယ်အလိုဆနကြိုလိုက်၍ လုပ်ဆောင် ကြ၊ စီမံကြ၊ ကို ယ့်စီမံကိန်းကို အောင်မြင် ဘို့ ရန် ဆုတောင်း ကြသည်။ ဘုရား၏ အလို တော်သည် ဤလောကပိုင်ဘို့၊ ဇိမ်ခံဘို့၊ မဟုတ်ပါ။ လူတိုင်း ကောင်းကင် နိုင်ငံသွား ဘို့ (၁ တိ ၂:၄)၊ ထာဝရ အသက် ရရှိဘို့ (၁ ယော ၅:၁၁-၁၂)၊ လောကကို မချစ်ဘို့ (၁ ယော ၂:၁၅)၊ ဘုရားသခင်ကို အားကိုး ဘို့ (သုတ္တံ ၃:၅-၈)၊ သူ၏ ကယ်တင်ခြင်းကို လူတိုင်း ထံဟောပြောသက်သေ ခံဘို့ (မ ၂၈:၁၉၊ တမန် ၁:၈)၊ ဝိညာဉ် ပိုင်း၌ ကြီး ထွား ရင့်ကျက်ဘို့ (ဟေဗြဲ ၅:၁၂)၊ ခရစ်တော် ကြွလာမှာကို မြော်လင့်၍ သန့်ရှင်းသော အသက်တာနှင့်အသက် ရှင်ဘို့ (တိတု ၂:၁၁-၁၄) တို့ ဖြစ်သည်။ သို့သော် ထိုအရာများကို မလိုချင် ဘဲ၊ ဤလောက့ကောင်းစား ဘို့၊ အောင်မြင် ဘို့၊ လောကပညာရှိဘို့၊ ဘွဲ့ ထူး ဂုဏ်ထူးများရရှိဘို့၊ နာမည်ကျော်ကြားပြီး လူများ၏ ချီးမွမ်းဂုဏ်ပြုခြင်း ခံဘို့၊ လူများအပေါ်ဩဇာအာဏာရှိဘို့ တို့ကို သာလျှင် ရှာဖွကြေသည်။ ထို့ကြောင့် ဆုတောင်း နေလျှင်လည်း ဘုရားသခင် နားမညောင်းချေ။ ကျမ်းစာ ဖတ်၍ ကျမ်းစာ ကျောင်းအောင်သော်လည်း ဘုရား နှင့်မဆိုင်သော ကြောင့်တန်ခိုးမထွက်လာချေ။ လောကသားများကဲ့သို့ ရည်ရွယ်၍ လုပ်ဆောင်နကြေသည်။

အမှန်မှာ ဘုရား၏ အလိုတော် လိုက်ဘို့သည် လုံးဝ မခဲယဉ်းချေ။ ကုမြဏီ့အ လုပ်လုပ်သော အခါ၊ မာန ေဂျာမှစှုအလုပ်သမားတိုင်း ကပိုင်ရှင်သူဌေး၏ အလိုဆန္ဒ အတိုင်း သာလျှင် လုပ်တတ်ကြသည်။ ထိုသို့ လုပ်သော ကြောင့်ငြင်းခုံစရာ၊ တွေးတော စရာ၊ ပူပန်စရာ မရှိချေ။ အလုပ်သမားများအနေဖြင့် အထက် မှခိုင်း သကဲ့သို့ သာလုပ် ရသည်။ ထို့နည်းတူ၊ လူသား များကို ဘုရားသခင်က ဖန်ဆင်းသည်။ ကြွေးမွေးပြုစု စောင့်ရှောက်သည်။ သို့သော် ဘုရားသခင်၏ အလိုတော်ကို လုံးဝ ဂရုမစိုက်ကြချေ။ မိမိ တို့ ဆန္ဒ၊ အမြင် အတိုင်း သာလုပ်ဆောင်နကြေသည်။ ထိုကြောင့်အစကတည်း ကမှား ယွင်းနကြေသည်။ ကျမ်းစာ က၊ "ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုး စားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ ၆သွားလေရာ့ ထာဝရ ဘုရားကို မျက်မှောက်ပြုလော့။ သို့ ပြုလျှင် သင်၏ လမ်းခရီး တို့ကို ပဲ့ပြင်တော်မူ မည်။ ရငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရ ဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။ "(သုတ္တံ ၃:၅-ရ) ဟူသော အရာကို သိနေသော်လည်း၊ လုံးဝ နားမထောင်၊ ကို ယ့်ဉာဏ်ကို သာလျှင် သုံးကြသည်။ ဘုရားသခင်ကို မျက်မှောက်မပြုကြချေ။ ဘုရား ထံ ဆုတောင်း သူများ အနေနှင့်လည်း မိမိ တို့၏ ပန်းတိုင်ဆန္ဒဖြည့်ဆည်းပေးဘို့ တောင်းရှောက်ကြသည်။ ဘုရား အနေ ဖြင့် မည်ကဲ့သို့ ကောင်းကြီး ပေးနိုင်မည်နည်း။

ထို့ကြောင့် ဘုရားသခင်က၊ "သင်တို့ ပူဇော်သော ယဇ်အများကို ငါသည် အဘယ်သို့ ဆိုင်သနည်း၊၊ မီးရှို့၍ ပူဇော်သော သိုးကောင်၊ ဆူဖြိုးအောင် ကြွေးသော တိရိစ္ဆန် တို့၏ ဆီဥနှင့်ငါ၀ပြီ၊၊ နွားနှင့် သိုးသငယ်၊ ဆိတ်တို့၏ အသွေးကို ငါမနှစ်သက်၊၊ ၁၂သင်တို့သည် ငါရှေ့မှာမျက်နှာပြခြင်းငှါ လာကြသော အခါ ငါ့တန်တိုင်းတော်ကို ကျော် နင်းသော သင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူ တောင်းသနည်း၊၊ ၁၃အချည်းနှီးသော သူ ပူဇော်သက့ာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊၊ သင်တို့ မီးရှို့သော နံ့သာ ပေါင်းကို ငါရွံရှာ၏၊၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသော နေ့ကိုလည်း ရွံ့ ရှာ၏၊၊ အဓမ္မအမှု နှင့်ရောနှောသော ဓမ္မစည်းဝေးခြင်း တို့ ကိုသည် းမခံနိုင်၊၊ ၁၄ငါ့ ဝိညာဉ်သည် သင်တို့ လဆန်းနေ့များနှင့်သင်တို့ ပွဲများကို မုန်း၏၊၊ ငါ့ကို နှောက်ရှက်စရာ ဖြစ်၏၊၊သည် းခံခြင်း အားဖြင့် ငါပင်ပန်း၏၊၊ ၁၅သင်တို့သည် လက်ဝါးတို့ကို ဖြန့်ကြသော အခါ၊ ငါသည် မျက်စိကို လဲကျပ်မည်၊၊ များစွာသော ပဌနာကို ပြုကြသော အခါ ငါသည် နားမထောင်။ သင်တို့ လက်တို့သည် အသွေးနှင့်ပြည့်ကြ၏။ "(ဟေရှာယ ၁:၁၁-၁၅)ဟု ဆိုသည်။ ဂုဏ်တော် ချီးမွမ်းနကြေသော်လည်း၊ ဘုရားသခင်က လက်မခံ၊ မနှစ်သက်ကြောင်း ဤသို့ ရေးထားသည်၊ "သင်တို့ စောင့်သော ပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ချိုးြခံစွာ ကျင့်သော နေ့ရက်တို့၌ ငါမမွေ့လျော်၊ ၂၂ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက့ာတို့ကို ဆက်ကပ်သော်လည်း ငါလက်မခံ။ ဆူဝသော တိရစ္ဆန် တို့ကို မိ၏ ဟာယယဇ်ပူ ဇော်သော်လည်း ငါသည် ပမာဏမပြု။ ၂၃သင်တို့ သီချင်းဆိုသံကို ပယ်ရှားကြလော့။ တ ယောထိုးသံကို ငါနားြငီးလှ၏။ "(အာ မုတ် ၅:၂၁-၂၃)။ သို့သော် ဘုရား ကျေနပ် ဘို့ ရန်မရည်ရွယ်၊ ကိုယ်စိတ် ကျေနပ် ဘို့ ရန်ရည်ရွယ်ကြသော ကြောင့်၊ ဘုရား မကျေနပ် မှန်းလည်း မသိကြ၊ ပြောလျှင်လည်း ဂရုမစိုက်၊ ပြောသော သူကို မုန်းကြသည်။ တဖန်၊ "ထာဝရ ဘုရားကလည်း ဤလူမျိုးသည် နှုတ်နှင့်ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့်ငါ့ကို ရိုသကြေ၏၊၊ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။ "(ဟေရှာယ ၂၉:၁၃)ဟု ဆိုသည်။ ထိုအရာကို ယေရှု ကကိုး ကား၍ ဤသို့ ဆိုသည်၊ "ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့်ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသကြေ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက် ပင်ငါ့ကို အချည်း နှီးကိုး ကွယ်ကြ၏ဟု နောက်ဖြစ်လတံ့သော အရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍ မိန့်တော်မူ ၏။ "(မ ၁၅:ရ-၉)

သင်နှင့်ကျွန်ုပ်သည် ဘုရားသခင် နှင့်တလုံးတဝ တည်း ဖြစ်ပါသလော။ ဘုရား နှစ်သက်သေ ာ အရာ၊ အလိုတော်ကို ရှာကြသလော။ ကိုယ်အလိုဆနကြိုသာလျှင် ဦး စားပေးရှာဖွေ နကြေပါသလော။ ဆုတောင်း ကျမ်းစာ ဖတ်လျှင် လည်း၊ ကိုယ်အလိုဆန္ဒ ဖြည့်ဆည်းဘို့ သာလျှင် ကြည့်ကြတောင်းလျှောက် နေကြသလော။

ကိုယ်ကို ကိုယ်ငြင်းပယ်
သခင်ယေရှု က၊ "ငါ့ဆည်းကပ်လိုသော သူဖြစ်လျှင် ကိုယ်ကို ကိုယ်ငြင်းပယ် ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ "(မ ၁၆:၂၄)ဟု ဆိုသည်။ ကိုယ်ကို ကိုယ်ငြင်းပယ်ခြင်း ဆိုသည်မှာ၊ ကိုယ်သဘော၊ ကို ယ့်အကြိုက်၊ ကို ယ့် အမြင်၊ ကို ်ယ့်ဝါသနာ၊ ကို ယ့်ဆန္ဒ အားလုံးကို ငြင်းပယ်ရမည်။ သို့ ပြီးမှ ဘုရားသခင်၏ အမြင်၊ အလိုတော် ဆန္ဒ၊ ကို သာလျှင် လက်ခံရမည်။ ထိုအရာသည် လူတိုင်း အတွက် အခက်ဆုံး ဖြစ်သည်။ အဘယ်ကြောင့်ခက်ရသနည်း။ အကြောင်းမှာ မွေးကတည်း က ငါ့ သဘောဟု မွေးလာကြသည်။ ထို့အပြင်တသက်လုံးကို ယ့်အလိုဆန္ဒကို လိုက်၍ အသက်ရှင် ကြှုအကျင့်ပါသည်။ သို့သော် ဘုရား အလိုတော် အတိုင်း အသက် ရှင်လို လျှင်ကို ယ့်ကို ကိုယ်ငြင်းပယ်ရမည်။ ကို ယ့်လက်ဝါးကပ်တိုင်ထမ်း၍ ခရစ်တော် နောက် လိုက်ရမည်။ လက်ဝါးကပ်တိုင်ထမ်းခြင်း ဆိုသည်မှာ ကို ယ့်အလိုဆန္ဒသေခြင်း ဖြစ်သည်။ လက်ဝါးကပ်တိုင်ထမ်းသော သူတိုင်း သူထမ်းသော လက်ဝါးကပ်တိုင်မှာရိုက် သတ်ရသည်။

အဘယ်ကြောင့်အရာရှိနောက်သို့ ငယ်သား များကလိုက်နိုင်သနည်း။ အရာရှိကို ကြောက်သော ကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ကို ယ့်ရီးစားအလိုလိုက်နိုင် သနည်း။ အလွန် ချစ်သော ကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နာမည်ကျော်များအ တွက်အလိုလိုက်နိုင်သနည်း။ ကြည်ညိုလေးစားသော ကြောင့် ဖြစ်သည်။ အဘယ် ကြောင့်ဘုရား အလိုတော် မလိုက်နိုင်ကြသနည်း၊ ဘုရားကို မကြောက်၊ မချစ်၊ မကြည် ညိုမလေးစားသော ကြောင့် ဖြစ်သည်။

ယုံကြည်သူ အချင်းချင်း
ခရစ်တော် ကသူနှင့်ခမည်းတော် တလုံးတဝတည်း ဖြစ် သကဲ့သို့၊ ယုံကြည်သူ များလည်း တလုံးတဝတည်း ဖြစ်စေချင် ကြောင်း ဤသို့ ဆုတောင်းသည်၊ " သန့်ရှင်းတော်မူသော အဘ၊ ကိုယ်တော် နှင့်အကျွန်ုပ်သည် တလုံးတဝတည်း ဖြစ် သကဲ့သို့ အကျွန်ုပ်အားပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ့တည်စေတော်မူ ပါ။ "(ယော ၁ရ:၁၁) ဆက်၍၊ "ကိုယ် တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည် ကိုလောကီ သား တို့သည် ယုံကြမည်အကြောင်း၊ ထိုသူ အပေါင်းတို့သည် တလုံးတဝတည်း ဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ့်ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော့်ရှိ သကဲ့သို့၊ ထိုသူ အပေါင်းတို့သည် ငါတို့၌ တလုံးတဝတည်း ဖြစ်စေခြင်းငှါ ဆုတောင်း ပါ၏။ ၂၂ငါတို့သည် တလုံးတဝတည်း ဖြစ် သကဲ့သို့ အကျွန်ုပ်သည် သူတို့၌ ရှိ၍၊ ၂၃ကိုယ် တော်သည်လည်း အကဋ္ဌန်ုပ့်ရှိတော်မူသော အားဖြင့် သူတို့သည် တလုံးတဝတည်း ဖြစ်၍၊ တလုံးတဝတည်း၌ စုံလင်စေခြင်းငှါ ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူ ကြောင်း နှင့်အကျွန်ုပ်ကို ချစ်တော်မူ သကဲ့သို့ သူတို့ ကိုလည်း ချစ်တော်မူ ကြောင်းကိုလောကီသား တို့သည် သိစေခြင်းငှါ ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည် သူတို့ အားပေးပါပြီ။ " (ယော ၁ရ:၂၁-၂၃)

အဘယ်ကြောင့်လူများသည် တလုံးတဝတည်း မဖြစ်နိုင် ကြသနည်း။ အမြင်ခြင်း အကြိုက်ခြင်း မတူညီကြသော ကြောင့် ဖြစ်သည်။ အမြင်ခြင်း မတူညီလျှင် မည်သို့မျှ အကြိုက်ခြင်း မတူညီနိုင်ပါ။ အမြင် အကြိုက်မတူညီသူနှစ်ယောက်သည် အတူ သွား လာှုမရကြောင်း ကျမ်းစာ ကဤသို့ ဆိုထားသည်၊ "လူနှစ်ဦးသည် သဘော မတူလျှင် ပေါင်းဘော်ှုခရီး သွားနိုင်သလော " (အာမုတ် ၃:၃)။ အဘယ်ကြောင့်အမြင် မတူကြ သနည်း။ လူသည် အမြင် မတူညီဘဲ မွေးလာကြသည်။ သား အမိသား အဖ၊ လင်မယား မတူညီသော အမြင် အကြိုက်များနှင့် မွေးဘွားလာကြသည်။ စိတ်မြန်သော သူနှင့်နှေးသော သူ၊သည် းခံနိုင်သော သော နှင့်နှိမ့်မချနိုင်သော သူ၊ အစပ်စားနိုင်သော သူနှင့်မ စားနိုင်သော သူ၊ အပူကြိုက်သော သနှင့်အအေးကြိုက်သော သူ၊ အစဉ်ပြောင်းလဲခြင်း ကြိုက်သော သူနှင့်အပြောင်းအလဲမကြိုက်သော သူစသည် ဖြင့် လူသည် အမျိုးမျိုး နှင့် မွေးဘွားကြသည်။ အသုံးအဖြုန်းကြီးသော သူနှင့်ကပ်ဆည်းနည်း၊ ချွေတာစုဆောင်း သူစသည် ဖြင့်ကို ယ့်အမြင် နှင့်သွားလာလုပ်ဆောင်သော သူများ ဖြစ်ကြသည်။

လင်မယား
လင်မယား ကြား၌ အဘယ်ကြောင့် ပြသနာ ရှိကြသနည်း။ အိမ်ထောင်ကို ဘုရား မတည်ဆောက်ခိုင်းဘဲ ကို ယ့်အလိုဆန္ဒအတိုင်း တည်ဆောက်ကြသော ကြောင့် ဖြစ်သည်။ ကျမ်းစာ က၊ "ထာဝရ ဘုရားသည် အိမ်ကို ဆောက်တော် မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ "ဟု ရေးထားသော်လည်း၊ ထာဝရ ဘု ရားကို မဆောက်ခိုင်း၊ ကိုယ်တိုင်ဆောက်နကြေသည်။ အစပိုင်း၌ ချစ်အားကြီးသော ကြောင့်အဆင်ပြေခဲ့သော်လည်း နောက်ပိုင်း၌ ပြသနာ ဖြစ်လာကြသည်။ ပြသနာများလာှုလင်မယား ခဏ ခဏ ရန်ဖြစ်ကာကွဲချင် လာကြသည်။ အဘယ်ကြောင့်ထိုသို့ ဖြစ်သည်ကို နားမလည်နိုင်ကြ၊ ဘုရား ထံသို့ မလာတတ်၊ ငါ့ သဘော ကပို၍ ပို၍ များလာ ကာနောက်ဆုံး၌၊ ရိုက်ပုတ်ခြင်း၊ တရားစွဲခြင်း၊ ကွာရှင်းခြင်း အထိဖြစ်တတ်ကြသည်။ သမီးရီးစားဘဝ့ချစ်ခြင်း မေတ္တာကြောင့်ကို ယ့်အမြင်ကို ချုပ်တည်း နိုင်ခဲ့သော်လည်း၊ လင်မယား ဖြစ်လာကြသော အခါ မိမိ ဆန္ဒအတိုင်း အသက် ရှင်လာကြှု လင်မယား ကြား ပြသနာ ရှိလာကြခြင်း ဖြစ်သည်။ ထိုအခါကို ယ့်ခင်ပွန်းသည်ကို နားမလည်နိုင် တော့ဘဲ၊ ဘယ်လိုယောက်ျား၊ မိန်းမယူမိသလဲဟု အံ့ဩ လာတတ်ကြသည်။ ထိုပြသ နာကို မဖြေရှင်း နိုင်မ ဖြေရှင်း တတ်သော အခါ နောက်ဆုံး၌ လမ်းခွဲတတ်ကြသည်။ ထိုသို့ လမ်းခွဲခြင်း ဖြင့် ဘဝပျက်၊ စိတ်ဓါတ်ကျ၊ ဝမ်းနည်း ကျေကွဲ ရသည်။ လင်မယား ကွဲသွားသော အခါ၊ စိတ်ဆိုးသော ကြောင့်၊ စိတ်နာသော ကြောင့် ကျေနပ် အားရသော်လည်း၊ သားသမီး များအလွန် ခံရသည်။

ဘုရားသခင် တည်ဆောက်လိုသော အိမ်ထောင်ကို ကျမ်းစာ ထဤဲ့သို့ ရေး ထားသည်၊ "ထာဝရ အရှင် ဘုရားသခင်က လည်း၊ ယောက်ျားသည် တယောက် တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ ၏။ "(ကမြာ ၂:၁၈) ဘုရားကမိန်းမကို ယောက်ျား၏ အထောက်အမနှင့် ဖန်ဆင်းထားသည်။ ထို့ကြောင့်မိန်းမသည် ယောက်ျားကို အုပ်စိုးခြင်း မပြုဘဲ အထောက်အမဖြစ်ရမည်။ ပေါလုက၊ " ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူ သကဲ့သို့၊ ယောက်ျားသည် မိ မိခင် ပွန်း၏ အပေါ်မှာ ခေါင်းဖြစ်၏။ " (ဧဖက် ၅:၂၃)ဟု ရေးထားသည်။ သို့သော် မိန်းမသည် ယောက်ျားထက်တော် နေလျှင် မည်ကဲ့သို့ လုပ်ရမည်နည်း။ သို့မဟုတ် ယောက်ျားသည် ဘာမျှ မလုပ်ချင်၊ မလုပ်တတ်လျှင် မည်ကဲ့သို့ ဖြေရှင်း ရမည်နည်း။ မိန်းမကကို ယ့်ယောက်ျားကို အကြံပေးရမည်။ သူ့ကို ဆုံးဖြတ်ခိုင်းရမည်။ ကိုယ်ထက် အားနည်းသော ယောက်ျားကို နှိမ်ခြင်း၊ အပြစ် တင်ခြင်း မပြုဘဲသူ သဘော ပေါက်အောင် ရှင်းပြပြီး၊ သဘောတူ ညီမှအရာရာ ကို လုပ်သင့်သည်။ ထို့ကြောင့်အစကတည်း က၊ ကို ယ့်ထက် ညံ့သော ယောက်ျားကို မယူသင့်ချေ။ သို့သော် ယူပြီးသော သူများ အနေဖြင့်၊ ဆုတောင်းခြင်း၊သည် းခံခြင်း ဖြင့် ယောက်ျားကို စောင့်ဘို့ လိုသည်။ ထိုသို့သည် းခံခြင်း၊ စိတ်ရှည်ခြင်း တို့သည် မလွယ်ကူပါ။ သန့်ရှင်းသော ဝိညာဉ်တော် ကအုပ်စိုးမှသာလျှင် တတ်နိုင်မှာ ဖြစ်သည်။ ထို့ကြောင့်မိန်းမများ အနေဖြင့် ဘုရားကို အားကိုး ဘို့ လိုသည်။ ထိုသို့ မိမိ ယောက်ျားကို ဦးခေါင်းနေရာ့ထား တတ်လျှင် ဘုရားသခင်၏ အလိုတော် ဖြစ်၍၊ ဘုရား နှင့်တလုံးတဝ တည်း ဖြစ်သည်။

ယောက်ျားများအနေဖြင့် ဦးခေါင်း ဖြစ်သည် ဟူ၍ မိန်းမကို အနိုင်ကျင့်ဘို့ မဟုတ်ပါ။ ကျမ်းစာ က၊ "ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ်ခင်ပွန်း၌ မှီဝဲသ ဖြင့်၊ ထိုသူတို့သည် တသား တကိုယ် တည်း ဖြစ်ရလိမ့်မည်။ "(ကမြာ ၂:၂ရ)ဟု ဆိုသည်။ ပေါလုကလည်း၊ "ယောက်ျားတို့သည် မိမိ ကိုယ်ကို ချစ် သကဲ့သို့ မိ မိခင် ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကို ချစ်သော သူသည် ကိုယ်ကို ချစ်သော သူ ဖြစ်၏။ ၂၉ကိုယ် အသားကို မုန်းသော သူတယောက်မျှ မရှိ။ ခရစ်တော်သည် အသင်းတော်ကို ကြွေးမွေးပြု စုတော်မူ သကဲ့သို့၊ ခပ်သိမ်းသော သူတို့သည် မိမိ တို့ အသားကို ကြွေးမွေးပြုစုတတ် ကြ၏။ "(ဧဖက် ၅:၂၈-၂၉)ဟု ရေးထားသည်။ ယောက်ျားကမိန်းမကို ချစ်လျှင် မနှိပ် ဆက်ဗိုလ်မကျဘဲ၊ ကြွေးမွေးပြုစုရမည်။ ထိုသို့ မိ မိခင် ပွန်း အပေါ်ဘုရား အလိုတော် အတိုင်း ပြုလျှင် ဘုရားသခင် နှင့်တလုံးတဝ တည်း ဖြစ်သည်။

ဣဇက်မိသား စု (ကမ္ဘာဦး ၂ရ)
ဣဇက်မိသား စု့ ဘုရားသခင် နှင့်တလုံးတဝ တည်း မရှိကြောင်း တွေ့ရသည်။ ဘုရားသခင်က အမိဝမ်းထဲမှ ယာကုပ်ကို ရွေးကောက်ခဲ့သည်။ သို့သော် ဖခင်ကသား ကြီး ဧသော ကို ကောင်းကြီး ပေးဘို့ ကြံစည်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ဂရုမစိုက်ခြင်း ဖြစ်သည်။ ထိုနည်းတူမိန်းမရေဗက္ကလည်း သူ၏ ယောက်ျားဣဇက်ကို ဘုရားသခင်၏ အကြံ အစည်ကို ပြောလိုက်ရုံ ဖြစ်သော်လည်း မပြောဘဲ၊ သား ငယ်ယာ ကုပ်ကို လိမ်ခိုင်းပြီး ဖခင်၏ ကောင်းကြီးကို ယူခိုင်းခြင်းသည်၊ လင်မယား ကြားဆက်ဆံမှု လိုကြောင်း ထင်ရှားသည်။ ထို့ကြောင့်သား ကြီး ဧသော ကသူ့ညီယာကုပ်ကို သတ်ဘို့ ကြံစည်သည် အထိဖြစ်လာသည်။ ယာကုပ်ကလည်း ဘုရား၏ ရွေးချယ်ခြင်း ခံပြီး သား ဖြစ်သော်လည်း သူ့အကို၏ သား ဦးအရိုက်အရာကို အစာနှင့်ဝယ်ခြင်းသည် ဘုရား သ ခင်နှင့်တလုံးတဝ တည်း မဖြစ်ကြောင်း ထင်ရှားသည်။ အမှန်မှာ သား ဦးကို မလိုချင် ရမှာ ဖြစ်သည်။ အကြောင်းမှာ သား ဦးဖြစ်လျှင် ဘုရား၏ ကောင်းကြီးကို ရရှိမှာ မဟုတ်ချေ။ သူ့အဖေကို လိမ်သော ကြောင့်လည်း မိဘအိမ်မှာမနေနိုင်ဘဲ၊ ဦးလေးလာဗန်ထံ့ထွက် ပြေးဘို့ လိုသည်။ ရေဗက္ကအသေစောခြင်းသည် လည်း၊ ဝမ်းနည်းခြင်း ကြောင့် ဖြစ်နိုင်သည်။ ဧသော လည်း သား ဦး ဖြစ်သော ကြောင့်ဘုရားကမရွေးချယ်ကြောင်း သိသော် လည်း၊ ဖခင်ထံမှ ကောင်းကြီး မရသော အခါ သူ့ညီအရင်းကို ပင်သတ်ဘို့ ကြံစည်သည်။ ဤမိသား စုသည် အားလုံး သူတို့ သဘော နှင့်အသက် ရှင်ကြသည်။ ဘုရားသခင် နှင့်တ လုံးတဝတည်း မဖြစ်ကြသော ကြောင့်မလိုအပ်ဘဲ ကွဲပြား ကြသည်။ ကျွန်ုပ်တို့လည်း ဘုရားသခင် နှင့်တလုံးတဝ တည်း မဖြစ်လျှင်၊ ပြသနာ များနှင့်ရင်ဆိုင်ရမှာ ဖြစ်သည်။ ထို့ကြောင်း ကျမ်းစာ ဖတ်၊ ဆုတောင်း၊ ဆင်ခြင်ခြင်း အားဖြင့် ဘုရား နှင့်တလုံးတဝ တည်း ဖြစ်ဘို့ ကြိုးစား ကြပါစို့။

အသင်းတော်
အသင်းတော် တိုင်း၌ လည်း၊ ပြသနာ ရှိခြင်းသည် အမြင် ချင်းအလိုဆနခြျင်းမ တူညီသော သူများ စုစည်းသော ကြောင့် ဖြစ်သည်။ မိမိ အလိုဆနကြိုဦးစားပေးသော အခါ အခြား သူများ၏ ဆနနြှင့်မတူညီသော ကြောင့် ငြင်းခုံကြရာမှ အသင်းတော် များကွဲ တတ်သည်။ အသင်းတော်၏ ပိုင်ရှင်နှင့်ဦးခေါင်းသည် ခရစ်တော် ဖြစ်သည် (မ ၁၆:၁၈၊ ကော ၁:၁၈)။ ထို့ကြောင့်အသင်းတော်သည် ခရစ်တော် နှင့်တလုံးတဝ တည်း ဖြစ်ရ မည်။ သို့သော် အသင်းတော် တိုင်းသည် ခရစ်တော် နှင့်တလုံးတဝ တည်း မဖြစ်ဘဲ၊ သင်း အုပ်ဆရာအလိုဆန္ဒ၊ အသင်းတော် လူကြီး များ၏ အလိုဆန္ဒ၊ အသင်းသူ အသင်းသား များ၏ ဆနနြှင့်သွားသော အခါ၊ ပြသနာ ရှိကြခြင်း ဖြစ်သည်။ အသင်းတော် ပိုင်ရှင် ခရစ်တော် က အသင်းတော် တည်ထောင်ခြင်း၏ ရည်ရွယ်ချက်ကို ဤကဲ့သို့ ပြောထားခဲ့ပါသည်၊ "ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည် ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။ ၁၉ကောင်းကင် နိုင်ငံတော်၏ သော ့တို့ ကိုလည်း သင့်အားငါပေးမည်။ သင်သည် မြကြေီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင် ဘုံ့ ချည်နှောင်လဋက်ရှိလိမ့်မည်။ မြကြေီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင် ဘုံ့ ဖြေလွှတ်လျက် ရှိလိမ့်မည်"(မ ၁၆:၁၈-၁၉)။ ထို့ကြောင့်အသင်းတော်၏ အလုပ်သည် လူများကောင်းကင် တံခါးသော ဖွင့်ပှေုး၊ ငရဲတံခါးပိတ်ပေးဘို့ ဖြစ်သည်။

အသင်းတော် အများစုသည် ခရစ်တော် နှင့်တလုံးတဝ မရှိဘဲ၊ မိမိ တို့ အမျိုး စုစည်းဘို့၊ စကား ထိန်းသိမ်းဘို့၊ ကောင်းကြီး ခံစား ဘို့၊ လူ့အကြိုက်လွတ်လပ်စွာ ပြု လုပ်ဘို့ အနေဖြင့် ဖွဲ့စည်းတည်ထောင်ကြသည်။ အသင်းတော်သည် မျိုးချစ်စိတ်ကြီးသော အခါ၊ လုပ်ချင်သော အရာတူညီသော အခါ စည်းလုံးနိုင်သည်။ သို့သော် စည်းလုံးခြင်း တခုတည်း ဖြင့် အမှားအမှန်ကို ဆုံးဖြတ်၍ မရပါ။ နောဧခေတ်ကလူများသည် ဘုရား တဖက့်စည်းလုံးကြသော်လည်း၊ အားလုံး ရေနစ်သေဆုံးကြသည်။ ဣသရေလ လူများလည်း ခရစ်တော်ကို သတ်ဘို့ ရန်စည်းလုံးကြသော်လည်း၊ ဘုရားသခင်ကို ဆန့်ကျင်၍ အပြစ်သို့ ရောက်ကြသည်။ စည်းစည်းလုံးလုံးနှင့်ငရဲလားရကြသည်။ သင်၏ အသင်းတော်သည် ခရစ်တော် က ယပိုင်ဆိုင်ပါသလော။ ခရစ်တော် က ယပိုင်ဆိုင်လျှင် သူ့ အလိုဆန္ဒ ဖြစ်သော လူများ ကယ်တင်ခြင်းသို့ ရောက်အောင် အဓိကထားဟောပြောပါ သလော။ ခရစ်တော် က၊ "အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံ သကဲ့သို့ ဤသူ တို့သည် မဆက်ဆံသော ကြောင့်လောကီသား တို့သည် ဤသူတို့ကို မုန်းကြပါ၏။ " (ယော ၁ရ:၁၄) ဟူ၍ ၎င်း "အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံ သကဲ့သို့ ဤသူ တို့သည် မဆက်ဆံကြပါ။ "(ယော ၁ရ:၁၆)ဟု ဆုတောင်း ခဲ့သည်။ ငါတို့၏ အသင်း တော်သည် ခရစ်တော် က ဆုတောင်း ပေး သကဲ့သို့ ဖြစ်ပါသလော။ မဖြစ်လျှင် ခရစ်တော် နှင့်တလုံးတဝ တည်း မဖြစ်သော ကြောင့်ပျက်စီးခြင်းသို့ လမ်းဆုံးမှာ ဖြစ်သည်။

.

ကျမ်းစာ ဖတ်ကြစို့

၁ သက် ၄

၁။ ကြွင်းသေးသော စကား ဟူမူကား၊ ညီအစ်ကို တို့၊ သင်တို့သည် အဘယ်သို့ ကျင့်ရ မည်၊ ဘုရားသခင်ကို အဘယ်သို့ နှစ်သက်စေရမည်ကို ငါတို့ ထံ့နည်းခံကြသည် နှင့် အညီ တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကို အမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏။
ပေါလုတို့ အဖွဲ့ကသက်သာလောနိတ် အသင်းသား ယုံကြည်သူ များထံ၊ အဘယ်သို့ ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့ နှစ်သက်စေရမည်တို့ကို နည်း ပြခဲ့သည်။ ယနေ့ အမှုတော် ဆောင်များနှင့် ဝိညာဉ် ရေးရာ့ရင့်ကျက်သော သူများ က ဝိညာဉ် ပိုင်း၌ နုနယ်သေးသော သူများကို ထိုကဲ့သို့ သင်ပေးသင့်သည်။ သို့သော် များသော အားဖြင့် ပုံသက်သေ မကောင်း၊ အပြောသာလျှင် ရှိကြသော ကြောင့် ခရစ်ယာန် အသက် တာ့တိုးတက်ထူးခြားမှု မရှိဘဲ၊ လောကသား များနည်းတူဖြစ်နကြေသည်။ ပေါလုကယုံကြည်သူ များသည် တို့ ပွါး၍ ကြွယ်ဝပြည့်စုံစေချင်သည်။ တိုးပွားခြင်း ကြွယ် ဝပြည့်စုံခြင်းဟု ဆိုသည် နှင့်တပြိုင်နက်၊ လောကပိုင်းဆိုင်ရာဥစဏာ ပစဏည်းတိုးပွားကြွယ် ဝဘို့ စဉ်းစားကြမည်ဟု ယူဆပါသည်။ အကြောင်းမှာ လောက အရာကို သာ စွဲလန်း ကြသော ကြောင့် ဖြစ်သည်။ တိုးပွားကြွယ်ဝခြင်း တွင် ဝိညာဉ် ပိုင်းကို ဆိုလိုခြင်း ဖြစ်မည်။ အကြောင်းမှာ ပေါလုသည်လောကီအရာကို ရှာသည် မဟုတ်။ သူ၏ ဩဝါဒ စာတိုင်း၌ ဝိညာဉ် ရေးရာ့တိုးပွားခြင်းကို တိုက်တွန်းနိူးဆော်တတ်သည်။ ယုံကြည်သူ များသည် ဝိညာဉ် ရေးရာ့တိုးပွားကြွယ်ဝပြည် စုံဘို့ တိုက်တွန်းသွေးဆောင်သည်။ သင်သည် ယုံ ကြည်ပြီးသော နောက်တနှစ်ထက် တနှစ်တိုးပွားကြွယ်ဝပါသလား။ မတိုးပွါး မကြွယ်ဝလျှင် ဝိညာဉ် ပိုင်း၌ ရောဂါရှိနေပြီ။

၂။ အဘယ်သို့သော ပညတ်တို့ကို သခင်ယေရှု၏ အခွင့်တော် နှင့် ငါတို့သည် အပ်ပေးသည်ကို သင်တို့ သိကြ၏။
ပေါလုကသူတို့သည် သူတို့ သဘော နှင့်ပေါက်ကရပညတ်ပေးသည် မဟုတ်ဘဲ၊ သခင်ယေရှု၏ အခွင့်တော် နှင့်ပညတ်ပေးကြောင်းကို ရေးသား သွားသည်။

၃။ ဘုရားသခင်၏ အလိုတော် ဟူမူကား၊ သင်တို့သည် မတရားသော မေထုန်ကို ကြဉ် ရှောင်၍ သန့်ရှင်းစေခြင်းငှါ ၎င်း၊
ဘုရားသခင်၏ အလိုတော် ထဲ့ကိုယ် ခန္ဓာ သန့်ရှင်းခြင်းလည်း ပါဝင်သည်။ မတရားသော မေထုန်ပြုခြင်းကို ဘုရားသခင်က ခွင့်မပြုနိုင်ချေ။ ဘုရားသခင်က လူတိုင်း ကိုယ်ခင်ပွန်းနှင့်ပေါင်းသင်းဆက်ဆံခြင်းကို အလိုတော် ရှိသည်။ သို့သော် ခင်ပွန်းမဟုတ်ဘဲ အပြင်လူနှင့်မတရားသော မေထုန်ပြုခြင်းကို လုံးဝ ခွင့်မပြုချေ။ မတရားသော မေထုန့်မှီဝဲခြင်းသည်၊ သူတပါး၏ ခင်ပွန်းနှင့်မှားယွင်းခြင်း (ထွက် ၂ဝး၁၄၊ ယုဒ ၁:ရ)၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း (မ ၁၅:၁၉)၊ ပြည့်တန်ဆာနှင့်မှားယွင်းခြင်း၊ (တရားဟော ၂၃:၁ရ-၁၈)၊ ယောက်ျားအချင်းချင်းမှားယွင်းခြင်း၊ မိန်းမအချင်းချင်း မှားယွင်းခြင်း (ဝတ်ပြုရာ ၁၈:၂၂၊ ၂ဝး၁၃ ရော ၁:၂၆ ၁ တိ ၁:၉)၊ တိရစ္ဆန် များနှင့်မှားယွင်းခြင်း (ထွက် ၂၂:၁၉၊ တရားဟော ၂ရ:၂၁) ခလေး များနှင့်မှားယွင်းခြင်း အားလုံး ပါဝင်သည်။ ခရစ်တော် က၊ ကိုယ်ထိလက်ရောက်မက၊ စိတ်ထဲမှ ပစ်မှားခြင်း ပင်လျှင် အပြစ် ရှိသည်ဟု ဆိုသည် (မ ၅:၂ရ-၂၈)။ ထိုအပြစ်ကို ရှောင်နိုင်ဘို့ ရန်မှာ၊ စိတ်နှလုံးကို သန့် ရှင်းသော ဝိညာဉ်တော် ကအုပ်စိုးမှသာလျှင် ဖြစ်နိုင်သည်။ ထို့ကြောင့်စိတ်နှလုံးကို အစဉ် သန့်ရှင်းသော ဝိညာဉ်တော် အုပ်စိုးခွင့်ပေးရမည်။

၄။ ဘုရားသခင်ကို မသိသော သာသနာ ပလူတို့သည် ကိလေသာတပ်မက်ခြင်း ရှိ သကဲ့သို့ မရှိ၊
သာသနာ ပဟူသော အခြားဘုရားကိုး ကွယ်သော သူများသည်၊ ကိလေသာ တပ်မက်ခြင်းကို အပြစ် ဟူ၍ မမှတ်ကြချေ။ အကြောင်းမှာ ဘုရားသခင်က စိတ်နှလုံးကို မအုပ်စိုးဘဲ၊ ဇာတိကအုပ်စိုးသော ကြောင့် ဖြစ်သည်။ သာသနာ ပလူတို့သည် နှုတ် အားဖြင့်လည်း ကိလေသာညစ်ဍူးသော စကား များကို သာပြောတတ်ကြသည်။ ထို သူများသည် ဘုရားကို မသိသော ကြောင့်၊ စာတန်၏ အသုံးပြုခြင်း ခံရသော သူများ ဖြစ် ကြသည်။
၅။ သင်တို့ အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်း နှင့်မိမိ ကိုယ်ကို မိမိ ထိန်းတတ်စေခြင်းငှါ ၎င်း၊
ထာဝရ ဘုရားကို ယုံကြည်သူ၊ ခရစ်တော်ကို လက်ခံရရှိသော သူသည် သန့် ရှင်းခြင်း၊ အသရေတင့်တယ်ခြင်း ရှိခြင်းသည်၊ အလွန် အရေးကြီးသည်။ လောကသား များကဲ့သို့ ညစ်ဍူးသော အသက် တာ၊ အသရေမရှိသော အသက် တာနှင့်အသက် မရှင် ရချေ။ အထူးသဖြင့် ကိလေသာညစ်ဍူးခြင်းမှ သန့်ရှင်းခြင်းကို ဆိုလိုသည်။

၆။ ဤအမှု အရာ့လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှါ ၎င်း၊ အလိုတော် ရှိ၏။ ငါတို့သည် အထက် ကဟောပြောှုသစဏာပေးနှင့်သည် အတိုင်း၊ သခင်ဘုရားသည် ထိုသို့သော ပြစ်မှားခြင်းကို ခံသော သူ အပေါင်းတို့ ဘက့် တရား စီရင်တော်မူ လိမ့်မည်။
ယုံကြည်သူ များသည် ယုံကြည်ခြင်းကို အကြောင်း ပြု၍ အခွင့်ကောင်းယူကာ ကိလေသာစိတ်များကို မထိန်းဘဲ၊ ပြစ်မှားတတ်သည်။ ထိုသို့ မဖြစ်ရလေအောင် ကြို တင်ကာကွယ်ရမည်။ ကိုယ်ခင်ပွန်းနှင့်မှအပ၊ မိန်းမသည် ယောက်ျားနှင့်အခန်း ထဲ့ နှစ်ယောက်ထဲ မနေကောင်းချေ။ ထို့နည်းတူယောက်ျားလည်း မိန်းမနှင့်အတူ တူ မနေ ကောင်းချေ။ အပြစ် မလုပ်လျှင် လည်း၊ ပြောစရာ ရှိသည် သာမက၊ ဖိုမသည် လျှပ်စစ် ကဲ့သို့ ဓါတ်လိုက်တတ်သည်။ ထို့ကြောင့်မီးမလောင်ခင်တား သကဲ့သို့ မလွန်ကျူးခင် သတိ ထားဘို့ လိုသည်။ ကိလေသာညစ်ဍူးသော သူတို့ကို ဘုရားသခင်က တရားစီ ရင်ဦးမှာ ဖြစ်သည်။

ရ။ ဘုရားသခင်သည် ညစ်ညူး စေခြင်းငှါ ငါတို့ကို ခေါ်တော်မူသည် မဟုတ်၊ သန့်ရှင်းစေခြင်းငှါ ခေါ်တော်မူ ၏
ဘုရားသခင်က ညစ်ဍူးစေခြင်းငှါ ငါတို့ကို မခေါ် သန့်ရှင်းစေခြင်းငှါ ခေါ်သည်။
ပေတရုကလည်း၊ "အထက် ကသင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်း တရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင် တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊ ၁၅သင်တို့ကို ခေါ်တော်မူသော သူသည် သန့်ရှင်းတော်မူသည် နည်းတူ၊ ကျင့်ြကံပြုမူသမျှ တို့၌ သန့် ရှင်းခြင်း ရှိကြလော့။ ၁၆အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသော ကြောင့် သင် တို့သည်လည်း သန့်ရှင်းခြင်း ရှိကြလော့ဟု ကျမ်းစာ လာသတည်း။ "(၁ ပေ ၁:၁၄-၁၆)

၈။ ထိုကြောင့်၊ ငါတို့ကို ငြင်းပယ်သော သူသည် လူကို သာငြင်းပယ်သည် မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့ အားပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။
အဘယ်ကြောင့်ပေါလုတို့ကို ငြင်းပယ်သော သူသည် ဘုရားသခင်ကို ငြင်းပယ်သည်ဟု ဆိုသနည်း။ ပေါလုတို့သည် သူတို့ သဘော နှင့်တရားဟောသင်ကြားပေးသည် မဟုတ်၊ ဘုရားသခင် စေခိုင်းသည့်အတိုင်း ဟောပြောခြင်း ဖြစ်သည်။ ထို့ကြောင့် တရားဟောသော သူများ၊ ဘုရားသခင်၏ စစ်မှန်သော အမှုတော် ဆောင်များ၏ ဟော ပြောခြင်းကို ငြင်းပယ်လျှင်၊ ဘုရားသခင်ကို ငြင်းပယ်ခြင်း ဖြစ်သည်။

၉။ ညီအစ်ကို ချင်းချစ်ခြင်း အရာကို သင်တို့ အားရှေုး ပေးလိုက်စရာ အကြောင်း မရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ သင်တို့သည် အချင်းချင်းချစ်စေခြင်း ငှါ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူ သော သူ ဖြစ်ကြ၏။
ညီအစ်ကို ချင်းချစ်ဘို့သည် ပြောစရာ မလိုဟု ဆိုသည်။ စစ်မှန်သော ဘုရားသခင်၏ သားသမီး များသည် ညီအစ်ကိုများဖြစ်ကြသည်။ ထို့ကြောင့်ဇာတိအားဖြင့် လူမျိုးကွဲ၊ ပညာအရည်အချင်း၊ အသက် အရွယ်အားဖြင့် ကွာခြားလျှင်လည်း ဝိညာဉ် ညီအစ်ကို များသည် အချင်းချင်းချစ်ခင် ကြသည်။ ဘုရားသခင်က ညီအစ်ကို အချင်းချင်း ချစ်ဘို့ သင်ပေးသည် (ယော ၁၅:၁၂၊ ၁ ယော ၄:ရ)။ ဇာတိညီအစ်ကို များသည် အချင်းချင်းချစ်ကြသည့်နည်းတူ၊ ဝိညာဉ် ညီအစ်ကို များလည်း အချင်းချင်းချစ်ကြသည်။ သင်သည် မည်သူ့ကိုမျှ မချစ်နိုင်လျှင် သင်၏ ကယ်တင်ခြင်းကို ပြန်စစ်ဆေးဘို့ လိုအပ်သည်။

၁၀။ ထိုမျှ မက၊ မာကေဒေါနိပြည် တွင် အရပ်ရပ့်ရှိသော ညီအစ်ကို အပေါင်း တို့ကို ထိုသို့ ပြုကြ၏။
သက်သာလောနိတ် အသင်းသား များသည် သူတို့ နယ် ဖြစ်သော မာကေဒေါ နိပြည် တွင် အရပ်ရပ့်ရှိသော ညီအစ်ကို အပေါင်းတို့ ကိုလည်း ချစ်ကြသည်။ စစ်မှန်သော ယုံကြည်သူ များသည် ခရစ်တော့်ညီအစ်ကို များကို အမှန်တကယ် ချစ်နိုင်သည်။ ယခုပင်လျှင် ယုံကြည်သူ များသည် အချင်းချင်းချစ်ကြသည်ကို တွေ့မြင်ရသည်။ သို့သော်အတုအယောင်များမူ၊ အခြားသော သူများကို မချစ်နိုင်ကြချေ။
သို့သော် လည်း၊ ညီအစ်ကို တို့၊ သင်တို့သည် တိုးပွား၍ ကြွယ်ဝပြည့်စုံ မည်အကြောင်း နှင့်၊ ၁၁-၁၂။ ပြင်ပလူတို့ ရှေ့၌ လျောက်ပတ်စွာ ကျင့်၍ အဘယ်အရာမျှ မလိုရအောင်၊ ငါတို့သည် အထက် ကမှာထားသည် နှင့်အညီ ြငိမ်ဝပ်စွာ နှေု၊ ကိုယ်အမှုကို ဆောင် ရွက်လျက်၊ ကိုယ်လက်နှင့်လုပ်ဆောင်ခြင်းငှါ စေတနာစိတ်နှင့် ကြိုးစား အားထုတ်မည် အကြောင်း ကို၊ ငါတို့သည် တိုက်တွန်းသွေးဆောင်ကြ၏။
ပေါလုကယုံကြည်သူ များသည် ချစ်ခြင်း မေတ္တာရှိကြသည် သာမက၊ မပျင်းမရိ ဘဲ ကြိုးစား လုပ်ဆောင်၍ အဘယ်အရာမျှ မလို၊ လိုအပ်သော အရာများကို ယပိုင်ဆိုင်နိုင်သော သူများ ဖြစ်စေချင် ကြောင်း ရေးသားခြင်း ဖြစ်သည်။ ယုံကြည်သူ များသည် ဘုရားကို ယုံကြည်၍ ရိုးသားစွာ ကြိုးလုပ်ဆောင်လျှင်၊ ငတ်မွတ်စရာ မလို၊ တောင်းစားစရာ မလို၊ ဘုရားသခင်က လုပ်ဆောင်သည့်အတိုင်း အောင်မြင် မှုကို ပေးနိုင်သည်။ သို့ မှသာ ပြင်ပလူတည်း ဟူသော မယုံကြည်သူ များရှေ့မှာလည်း မျက်နှာရှုဘုရား၏ ဘုန်းတော်လည်း ထင်ရှားမှာ ဖြစ်သည်။ ယုံကြည်သူ တိုင်း အလုပ်ကို ကြိုးစား လုပ်လျှင် သူတပါးနှင့် ရန်ဖြစ်စရာ မရှိ၊ ငြိမ်ဝပ်စွာ အသက် ရှင်နိုင်မှာ ဖြစ်သည်။

၁၃။ ညီအစ်ကို တို့၊ မြော်လင့်ခြင်း မရှိသော အခြားသူတို့သည် ဝမ်းနည်း သကဲ့သို့၊ သင် တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမူ အရာကို မသိဘဲ နေ စေခြင်းငှါ ငါတို့ အလိုမရှိ။
သက်သာလောနိတ် အသင်းသား များသည် အနည်းငယ်သာလျှင် ဖြစ်မည်။ မယုံကြည်သူ များ၏ ညှင်းဆဲနှိပ်စက်ခြင်း ခံသည့် အကြား၌၊ အသင်းသား များထဲမှ သေ ဆုံးသူရှိကြသော အခါ အလွန် ဝမ်းနည်းအားငယ်တတ်ကြသည်။ ထို့ကြောင့်ယုံကြည် သူများ သေရာတွင် သူတို့ ဘယ်နေရာသို့ သွားသည်ကို ပေါလုကသိစေချင်သည်။ မယုံ ကြည် သူများသည် သေ သူများ အတွက် မြော်လင့်ချက်မရှိသော ကြောင့်၊ အလွန် ဝမ်း နည်းတတ်ကြသည်။ ထို သူများ ကဲ့သို့ မဟုတ်၊ ယုံကြည်သူ များသည် မြော်လင့်စရာ ရှိ ကြောင်းကို အောက်တွင် ဆက်လက် ဖေါ်ပြသွားပါသည်။

၁၄။ ယေရှုသည် သေပြီးမှတဖန် ထမြောက်တော်မူသည် ကို ငါတို့သည် ယုံကြည် လျှင်၊ ထိုနည်းတူယေရှု ့ အိပ်ပျော်သော သူတို့ကို လည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ ဆောင်တော်မူ လိမ့်မည်
ယေရှု၌ အိပ်ပျော်သော သူတို့ ဆိုသည်မှာ၊ ယေရှုကို ယုံကြည် ပြီးမှသေလွန်သော သူတို့ကို ဆိုလိုခြင်း ဖြစ်သည်။ သူတို့၏ ကိုယ်ခန္ဓာသည် မြေမှု န့် ဖြစ်သော်လည်း၊ သူတို့၏ ဝိညာဉ်သည် ကောင်းကင် တို့ ရောက်ပြီး ဖြစ်သည် (လု ၂၃:၄၃၊ ၂ ကော ၅:၁)။ ခရစ်တော်သည် မြကြေီးပေါ့်ရှိသေးသော ယုံကြည်သူ များကို သိမ်းဆည်းဘို့ ရန်ဆင်း သက်သေ ာ အခါ၊ ထိုသေလွန်ပြီးသော ဝိညာဉ် များကို သူတို့၏ ကိုယ်ခန္ဓာ မြှုပ်နှံရာ သင်္ချိုင်းသို့ ဘုရားသခင်က ပို့ဆောင်လိမ့်မည်။ ထိုသူတို့သည် ဝိဉာဏကိုယ် ခန္ဓာ နှင့် ထမြောက်ကြမှာ ဖြစ်သည်။

၁၅။ သခင်ဘုရား၏ ဗျာဒိတ်တော် အားဖြင့် တဖန် ငါတို့ ဆိုသည် ကား၊ သခင်ဘုရားကြွ လာတော်မူ သော အခါ၊ အသက် ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည် မဟုတ်။
သခင်ဘုရားသည် ယေရှု ခရစ်ကို ဆိုလိုသည်။ ဗျာဒိတ်တော်သည် သူ၏ နှုတ် ထွက်စကားကို ဆိုလိုသည်။ ပေါလုသည် သခင်ယေရှု ကိုယ်တိုင်ပြောခဲ့သော စကားကို ရည်ဍကျပ်န်း၍ ဤစာကို ရေးသားခြင်း ဖြစ်သည်။ သခင်ယေရှု ကြွလာသော အခါ အသက် ရှင်သော ငါတို့ဟု ပေါလုကပြောရာတွင်၊ သူ ကိုယ်တိုင်အသက် ရှင်စဉ်ယေရှု ကြွလာလိမ့် မည်ဟု နားလည်ခဲ့သည်။ သို့သော် ပေါလုသည် သေသွားခဲ့ပါပြီ။ သူအသက် ရှင်စဉ်တွင် ယေရှု မကြွလာခဲ့ပါ။ အကြောင်းမှာ ပရောဖက် များသည် သူတို့ ပြောသော အရာများကို အကုန် အချိန် အတိအကျမသိကြောင်း ပေတရုကဤသို့ ရေးထားသည်၊ "ထိုကယ် တင်ခြင်း အကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖဤေု၊ သင် တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြပြီ။ ၁၁ ခရစ်တော် ခံတော်မူ ရသော ဆင်းရဲကို ၎င်း၊ ဆင်းရဲ ခံပြီးမှ ဝင်စားတော်မူ ရသော ဘုန်းစည်းစိမ်ကို ၎င်း၊ သူတို့ အထဲ့ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေ ခံနှင့်သော အခါ၊ အဘယ်မည်သော သူကို ၎င်း၊ အဘယ်သို့သော အချိန် ကာလကို ၎င်း၊ ဆိုလိုတော်မူသည် ဟု မေးမြန်ရှာဖွေ ကြ၏။ ၁၂ကိုယ် ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့ မဟုတ်၊ သင်တို့ အဘို့ ဖြစ်သည်ဟု ထိုသူတို့ အားဖွင့်ပြတော်မူ ၏။ " (၁ ပေ ၁:၁၀-၁၂)။
ပေါလုက အသက် ရှင်သော သူတို့သည် သေပြီးသော သူတို့ထက် အရင် ကောင်းကင်သို့ ချီဆောင်ခြင်း ခံရမည် မဟုတ်ဟု ဆိုသည်။ အောက်တွင် မည်ကဲ့သို့ ဖြစ် မည်ကို ဆက်၍ ဖေါ်ပြသွားပါသည်။

၁၆။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှု တ်ခြင်း နှင့်တကွ၊ ကောင်းကင် ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော့်သေလွန်သော သူတို့သည် အဦးထမြောက်ကြလိမ့်မည်။
ယေရှုသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ တံပိုးတော်ကို မှု တ်ခြင်း နှင့်ဆူညံစွာ ကြွလာတော်မူ မည်။ ထိုအရာသည် ဒုတိယ အကြိမ် ကြွလာခြင်း မဟုတ်ပါ၊ ယုံကြည်သူ ( သန့်ရှင်းသူ)များကို ချီဆောင်ဘို့ ကြွလာခြင်း ဖြစ်သည်။ ထိုသို့ ဆူညံစွာ ကြွလာသော်လည်း၊ မယုံကြည်သူလောကီသား များက မည်ကဲ့သို့ ကြားမည်ကို မသိနိုင်ပါ။ မိုဃ်းချုန်းသံဟု ကြားနိုင်သည်။ အကြောင်းမှာ ယေရှု က "အိုအဘ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက်တော်မူ ပါဟု မိန့်မြွက်တော်မူ ၏။ ထို အခါကောင်း ကင်မှစကား သံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန် ချီးမြှောက်ဦးမည်ဟု လာ၏။ ဝန်းရံလျက် ရှိသော လူအစုအဝေးတို့သည် ကြားလျှင် မိုဃ်းချုန်းသည်ဟု ဆိုကြ၏။ အချို့ကလည်း ကိုယ်တော် အား ကောင်းကင်တမန် မြွက်သည်ဟု ဆိုကြ၏။ "(ယော ၁၂:၂၈-၂၉)။ အသက် ရှင်သော လူသား များက ကောင်းကင်တမန် မင်း၏ အသံကို နား မလည်ဘဲ နေချိန်တွင်၊ သင်္ချိုင်းထဲမှ ယုံကြည် ပြီး သေဆုံး သူများ ကထိုအသံကို ကြား၍ ဝိညာဏကိုယ် ခန္ဓာ နှင့်ထမြောက်ကြလိမ့်မည်။

၁ရ။ ထိုအခါ အသက် ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင့် သခင်ဘုရား ထံတော်သို့ ရောက်စေခြင်း ငှါ၊ ထိုသူတို့ နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသော အားဖြင့် သခင်ဘုရား နှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။
ချီဆောင်ခြင်း ဖြစ်ချိန်တွင် အသက် ရှင်လက်ရှိသော သူများသည် မျက်စိတ မှိတ်အတွင် းမှာ ကိုယ်ခန္ဓာ ပြောင်းလဲမည့်အကြောင်း ပေါလုကဤသို့ ရေးထားသည်၊ "နောက်ဆုံးသော တံပိုးမှု တ်သော အခါ၊ တခဏခြင်း တွင် မျက်စိတမှိတ့် ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှု တ်ချိန်ရောက်သော အခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ့်တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ "(၁ ကော ၁၅:၅၂)။ ထိုကိုယ် ခန္ဓာကို ယုံကြည်သူ တိုင်း ကမြော်လင့်ကြောင်း ဤသို့ ရေးသား သေးသည်၊ "ထိုမျှ မက ဝိညာဉ်တော်၏ ကျေး ဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည် လည်း၊ သား အရာ့ချီးမြှောက်ခြင်း အကြောင်း တည်း ဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်း ချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ့ညည်းတွားလျက် နကြေ၏။ " (ရော ၈:၂၃)။ သို့သော် များစွာသော ယုံကြည်သူ များသည် ထိုအရာထက်၊ ပုပ်ပျက်တတ်သော ကိုယ်ခန္ဓာ ကျန်းမာရေး၊ လှပရေး၊ အရသာခံ ဘို့ အရေးကို သာလျှင် ဂရုစိုက်၊ တန်ဘိုး ထားတတ်ကြသည်။ ယုံကြည်သူ များသည် ချီ ဆောင်ခြင်း ခံပြီးသော အခါ သခင်ဘုရား (ယေရှု ) နှင့်အစဉ်မပျက်နကြေမည်။ လင်မ ယားလက်ထပ်ပြီးသော အခါ မခွဲဘဲ အတူ တကွနေထိုင် သကဲ့သို့ နကြေမည်။

၁၈။ သို့ ဖြစ်၍၊ ဤစကား များအားဖြင့် အချင်းချင်း တယောက်ကို တယောက် သက် သာစကြေလော့။
သခင်ဘုရားကြွလာ၍ ယုံကြည်သူများချီဆောင်မည့်အရာသည်၊ ယုံကြည် သူများ၏ မင်္ဂလာရှိသော မြော်လင့်ရာ ဖြစ်သည် (တိတု ၂:၁၁)။ သို့သော် ယခုယုံကြည်သူ ဟု ဆို သူများသည် ချီဆောင်ခြင်း အကြောင်း ပြောလျှင် ကြောက်နကြေသည်။ ထိုအ ရာကို ပြောသော အခါ ခြိမ်းချောက်သည်ဟု ထင်ကြသည်။ ထိုသို့ ဖြစ်ခြင်းသည် ယေရှု နှင့်မဆိုင်သော ကြောင့်၊ ချီဆောင်ခြင်း၌ မပါဝင်ဘဲ ဘေးဒဏ်ကြီး ကာလသို့ ဝင်မှာဖြစ်သော ကြောင့်ဖြစ်မည်။ အမှန်မှာ ချီဆောင်ခြင်း အကြောင်းသည် ယုံကြည်သူ များ၏
စိတ်သက်သာစေသော သတင်းကောင်း ဖြစ်သည်။ ချီဆောင်ခြင်း ခံရသော အခါ၊ လူ သား တိုင်း ကြောက်သော ၊ သေခြင်း၊ နာခြင်း၊ အိုခြင်း၊ ဒုက္ခ ပြသနာ များကင်းဝေး တော့ မှာ ဖြစ်သည်။ သင်သည် ချီဆောင်ခြင်း၌ ပါဝင်မည်လော၊ သို့မဟုတ် ခြိမ်းချောက်ခြင်း ကဲ့သို့ ခံစားသော သူဖြစ်သလော။

.

မှတ်သား ခံယူသင့်သော ကျမ်းပိုဒ်များ

"ကောင်းစားသည် ကာလ၌ဝမ်းမြောက်လော့။ ဆင်းရဲ ခံရသည် ကာလ့ ဆင်ခြင်လော့။ လူသည် မိမိ နောက်မှာဖြစ်လတံ့သော အမှု အရာကို သိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်း နှင့်ဆင်းရဲခြင်းကို အလှည့်လှည့်ပေးတော်မူ ၏။ " (ဒေ ရ:၁၄)
"ရှေးကာလသည် ယခုကာလထက် အဘယ်ကြောင့်သာှုကောင်းသနည်းဟု မမေးနှင့်။ ထိုသို့ မေးလျှင်၊ ပညာတရားအတိုင်း မေးသည် မဟုတ်။ " (ဒေ ရ:၁၀)
"အကျွန်ုပ်ကို အိုသော အခါ ပယ်တော် မမူပါနှင့်။ အားလျော့သော အခါ စွန့် ပစ်တော် မမူပါနှင့်။ (ဆာ ရ၁:၉)
"အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှထက် သာှု ချီးမွမ်းပါမည်။ ၁၅ဖြောင့်မတ်တော်မူခြင်း နှင့် ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်း အစဉ် ညွန်ကြားပါမည်။ ကျေးဇူးတော် တို့ကို ရေတွက်၍ မကုန်နိုင်ပါ။ ၁၆အရှင်ထာဝရ ဘုရား၏ ဘုန်းတန်ခိုးတော် များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့် မတ်ခြင်း တရားကို သာ ပြသပါမည်။ ၁ရအို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်သော အရွယ်မှ စှု သွန်သင်တော်မူ ပါပြီ။ ယခုတိုင် အောင် အံ့ဘွယ်သော အမှုတော် တို့ကို အကျွန်ုပ်ပြပါပြီ။ ၁၈တဖန်တုံအို ဘုရားသခင်၊ အကျွန်ုပ် အသက် ကြီး၍ ဆံပင်ဖြူသည် ကာလ တိုင်အောင်၊ ယခုလူများတို့ အား ကိုယ်တော်၏ အစွမ်း သတျဤိကို ၎င်း၊ နောက်ဖြစ်လတံ့သော သူ အပေါင်းတို့ အားတန်ခိုးတော်ကို ၎င်း၊ အကျွန်ုပ်မပြ မှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ်တော် မမူပါနှင့်။ "(ဆာ ရ၁:၁၄-၁၈)

.

အမှုတော် ဆောင်သင်တန်း

ဘုရားသခင်က ခွင့်ပြုလျှင် နောက်လဖေဖဝါရီလ ၃ ရက်နေ့တနင်္လာနေ့မှစ၍ ၂၈ ရက်နေ့သော ကြာနေ့အထိအမှုတော် ဆောင်သစ်သင်တန်း ပြုလုပ် မှာဖြစ်သည်။ လူတိုင်း၏ စိတ်နှလုံးထဲ့အမှုတော် ဆောင်ဘို့ ရန်၊ ကျမ်းစာ ကျောင်းတက်ရမည် အင်္ဂလိပ် စကား တတ်ရမည်၊ လောကပညာရှိရမည်ဟု ခံယူထားကြသည်။ ထို့ကြောင့် အမှုတော် ဆောင်ချင်သော်လည်း၊ လုံးဝ မဆောင်နိုင်၊ မဆောင်ရဲဘဲ ရှိနကြေသည်။ သ ခင်ယေရှု ကအမှုတော် ဆောင်ဘို့ ရန်ကျမ်းတတ်ပုဂ္ဂိုလ်များမရွေးပါ။ သာမန်လူများကို သာရွေးချယ်ခဲ့သည်။ ကျမ်းတတ်ပုဂ္ဂိုလ်ထဲမှ ပေါလုတယောက် သာလျှင် နောက်ပိုင်း၌ အသုံးပြုခဲ့သည်။ တံငါသည် ဖြစ်ကြသော ပေတရု၊ ယောဟန်တို့ ရေးသော စာများကို သင်၍ ယခုခေတ့်ဘွဲ့ထူး ဂုဏ်ထူးများပေးကြသော်လည်း၊ ဝိညာဉ်တော် ဘုရားကို အားမကိုး တတ်သော အခါ၊ ပျောက်ဆုံး ဝိညာဉ်လည်း မဖမ်းနိုင်၊ ဝိညာဉ် ခလေး များကိုလည်း မပြုစုမပျိုးထောင်နိုင်၊ အသင်းတော် ကိုလည်း မတည်ထောင်နိုင်ဘဲ ရှိနကြေသည်။ သို့သော် ယခုအခါ သခင်ဘုရား လုပ် သကဲ့သို့ ဘုရား အတွက် အမှုတော် ဆောင် ချင် သူတိုင်း ဆောင်နိုင်သော နည်းလမ်းကို သင်ကြားနိုင်ပြီ ဖြစ်သည်။ စစ်မှန်သော ကယ် တင်ခြင်းသို့ ရောက်၍၊ ပျောက်ဆုံး ဝိညာဉ် များကို သနားသော သူတိုင်း၊ အမှုတော် ဆောင်သင်တန်းတက်နိုင်ပါသည်။ အသွားအပြန်စရိတ်ကလွဲလျှင်၊ နေစရိတ်၊ စား စရိတ်ငြိမ်းသင်ယူနိုင်ပါသည်။ တက်ရောက်လို သူများ ဆရာမောဇက်ထံဖုံးဆက်နိုင်ပါသည်။ ဖုံး ၂၄၀-၃၆ရ-၅၃၆၆

.

အသင်းတော် အသစ်

ဘုရားသခင်၏ ကျေးဇူးတော် ကြောင့်သတင်းကောင်း နှစ်ခြင်း အသင်းတော် သစ်၊ သာသနာ ပြုဌါန၏ လှူပ်ရှားမှု အားဖြင့် သာသနာ ပြုအသင်းတော် သစ်ကို Wisconsin ပြည် နယ် Milwaukee မြို့ တွင် မတ်လ ၁၄ စနေနေ့၌ ဖွင့် ဘို့ စီစဉ် ထားပါသည်။ ဦးဆောင်သူ သာသနာ ပြုဆရာသည် ဧလိရှဲဖြစ်ပါသည်။ လူ ကိုယ်တိုင်ပါ ဝင်နိုင်သည်။ ဆုတောင်းခြင်း အားဖြင့်လည်း ပါဝင်နို်င်သည်။

.

ကျောက်ကပ် သန့်ရှင်းရေး

ယခုအခါ ကျောက်ကပ်မကောင်းသော ကြောင့် ဒုက္ခ ရောက်နေသော သူများ စွာ ရှိသည်။ ထိုသို့ မဖြစ်ရလေအောင် ကြိုတင် ကာကွယ်ဘို့ အကြံပေးလိုပါသည်။ ကျောက်ကပ် သန့်ရှင်းမှကောင်းစွာ အလုပ်လုပ်နိုင်မှာ ဖြစ်သော ကြောင့် အောက်ပါအ ချက်ဆယ့်နှစ်ချက်ကို လိုက်နာကြပါစို့။
၁။ ရေမှန်မှန်သောက်ပါ။
၂။ ဆီးမချုပ်မပါနှင့်။ အပေါ့သွားလိုလျှင် မချုပ်တည်း ရ။
၃။ ဆားများများမစားပါနှင့်။
၄။ အိပ်ရေးဝအောင် အိပ်ပါ။ တည ၈ နာရီ အိပ်ပါ။
၅။ ခယ်ဖင်း (Caffeine) များများမသောက်ရ၊ Energy drink Monster များမ
သောက်ရ။ ခရီး သွားပြီး အိပ်ချင် မှသာသောက်ပါ။ နေ့တိုင်း မသောက်ရ။
၆။ အရက်နှင့်ဘီယာများမသောက်ရ။
ရ။ ဆေးလိပ်မသောက်ရ။
၈။ ဆီးချို ရောဂါမရှိအောင် သတိ ထားပါ။ မပေါ့ဆပါနှင့်။ သကြားနှင့်အချိုများရှောင်ပါ။
ဆီးချို ရောဂါရှိလျှင် အခြား ရောဂါ အားလုံး ခေါ်ဘိတ်မှာ ဖြစ်သည်။
၉။ သွေးတိုးရှိလျှင် ဂရုစိုက်ကုသပါ။ သွေးတိုးစာများမစားရ။ တိရစ္ဆန် အဆီများ၊ ရိုး
တွင် းချင် ဆီများ၊ ကြက်အရေခွံများ၊ မလိုင်များမစားရ။
၁၀။ မဝအောင် သတိ ထားပါ။
၁၁။ ပရိုတင်းများများအထူးသဖြင့် အသား များများမစားရ။ အသား အစားပဲအမျိုးမျိုး
စားပါ။
၁၂။ အကိုက်အခဲသက်သာစေသော ဆေးများ၊ Tylenol, Advil, Ibuprofen, Paracetamol, Aspirin ခဏ ခဏ မသောက်ရ။ လုံးဝ မခံနိုင်မှသောက်ပါ။