Book: Law and Offering (a)

Home  > Bookstore > Law and Offering

Law-and-Offering

ပညတ်တော်နှင့် ယဇ်ပူဇော်ခြင်းများ

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

***PDF DOWNLOAD***
PART A

ကျေးဇူးတော် ချီးမွမ်းခြင်း

ဤဝတ်ပြုခြင်း ဆိုင်ရာပညတ်များနှင့် ယဇ်ပူဇော်ခြင်း စာအုပ်ကို၊ ထုတ်လုပ်ခွင့်ပေးသော အဘ ဘုရားသခင်ကို ပဌမ ဦးစွာ ကျေးဇူးတော် ချီးမွမ်းလိုပါသည်။ ဤစာအုပ်ကို သင်ခန်းစာအဖြစ် ပြုလုပ် ရခြင်းသည် စာဖတ် သူများ အနေဖြင့် တိကျမှန်ကန်စွာ နားလည်နိုင်ဘို့ရန် ဖြစ်သည်။ မေးခွန်းမမေးလျှင် ပေါ့လျော့တတ်သောကြောင့် မေးခွန်းများ မေးရခြင်း ဖြစ်သည်။ အဖြေများကို စာရွက်များဖြင့် ဖြေဆိုကာပြန်လည်စစ်ဆေးနိုင်ရန်၊   ကျွန်ပ်ထံပေးပို့စေချင်ပါသည်။ ဤစာပေးစာယူဖြေဆိုခြင်းအားဖြင့် မိတ်ဆွေ၏ ဘုရားကို ယုံကြည်ကိုးကွယ်ခြင်းမှန်ကန်၍ ကောင်းကြီးများခံစားနိုင်ပါစေ။ အခြားသော သူများကိုလည်း ဖြေဆိုနိုင်ရန် မိတ်ဆက်ပေးစေချင်ပါသည်။ ဝတ်ပြုခြင်းဆိုင်ရာပညတ်တော်နှင့် ယဇ်ပူဇော်ခြင်းများသည်၊ ဘုရားသခင်ကို ကိုးကွယ်သောသူတိုင်း သိဘို့လိုအပ်သောအရာဖြစ်သည်။ ဘုရားသခင်ကို ကိုးကွယ်နည်း မသိလျှင် ဘုရားသခင် အထံတော် မှကောင်ကြီး မရသည်သာမက၊ ကျိန်ခြင်းအမင်္ဂလာသာခံစားနိုင်သည်။ ဘုရားသခင်ကို ကိုယ်လိုချင်သလို၊ ကိုးကွယ်၍မရပါ။ ဘုရားသခင်၏ အလိုတော်အတိုင်းကိုးကွယ်ဘို့ လိုအပ်သည်။ ဘုရားသခင်က သူ၏အလိုတော်များကို ကျမ်းစာထဲ၌ ရေးထားပြီး ဖြစ်သည်။ ထို့ကြောင့် ထိုဘုရားသခင်၏ အလိုတော်များကို လေ့လာရကြမှာဖြစ်သည်။

ခရစ်တော်၌
Rev.Moses R. Cung

.

မာတိကာ

                                              သင်ခန်းစာ (၁)

               ပညတ်လေးမျိုး

ကျမ်းစာထဲ၌ ပညတ်တော် ပေါင်း ၆၁၃ ပါးရှိသည်။ ထိုပညတ်တော်များသည် မောရှေရေးထားသော ပညတ္တိကျမ်းများဖြစ်သော

ကမ္ဘာဦးကျမ်း (Genesis)
ထွက်မြောက်ရာကျမ်း (Exodus)
ဝတ်ပြုရာကျမ်း (Leveticus)
တောလည်ရာကျမ်း (Numbers)
တရားဟောရာကျမ်း (Deuteronomy)    များ၌ရှိသည်။ ထိုပညတ်တော်များကို လေးပိုင်းပိုင်းနိုင်သည်။

၁။ ဝတ်ပြုခြင်းဆိုင်ရာပညတ် (Ceremonial law)
မည်သည့်ဘုရားကို မည်ကဲ့သို့ ကိုးကွယ်မည့် အကြောင်းများကိုဖေါ်ပြသည်။ ပညတ်တော် ဆယ်ပါးအထဲ၌ ပဌမ မှစတုတ္ထပညတ်အထိ၌ပါသော၊ ငါမှတပါးအခြားသောဘုရားကို မကိုးကွယ်ရ၊ ရုပ်တုမကိုးကွယ်ရ၊ ဘုရားနာမကို အလွဲမသုံးရ၊ ဥပုသ်နေ့စောင့်ပါဟူသော အရာတို့သည် ဝတ်ပြုခြင်းဆိုင်ရာပညတ်များဖြစ်သည်။

၂။ အုပ်ချုပ်ရေးဆိုင်ရာပညတ် (Civil law)
လူလူချင်းမည်ကဲ့သို့ အုပ်ချုပ်မည့် အရာများကိုဖေါ်ပြထားသောပညတ်ဖြစ်သည်။ အုပ်ချုပ်ရေးဆိုင်ရာပညတ်တချက်ကိုဖေါ်ပြပါက၊ "လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူကို အပြစ်လွတ်စေခြင်း ငှါ၎င်း၊ ဆိုးသောသူကို အရှုံးခံစေခြင်းငှါ၎င်း၊ စီရင်ရမည်။ ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူကြီးသည်ကိုယ်မျက်မှောက်၌ သူ့ကိုချ၍၊ အပြစ်နှင့်အလျောက် မည်မျှသော ဒဏ်ချက်ဖြင့် ရိုက်စေရမည်။ သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန်စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့်ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိမည်ဟု စိုးရိမ်စရာရှိ၏။ (တရား၂၅:၁-၃)

၃။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ် (Moral law)
လူလူချင်းမည်ကဲ့သို့ ပေါင်းသင်းဆက်ဆံကြမည့် အကြောင်းများကိုဖေါ်ပြထားသော ပညတ်ဖြစ်သည်။ ပညတ်တော်ဆယ်ပါးအထဲ၌ ပဉ္စမပညတ်မှဒသမပညတ်အထိ၌ ပါသော အောက်ပါပညတ်များသည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ်များဖြစ်သည်၊ "သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည်အကြောင်း၊ သင်၏မိဘကိုရိုသေစွာပြုလော့။ လူအသက်ကိုမသတ်နှင့်။ သူ့မယားကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သော သက်သေကို မခံနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကိုတပ်မက်လိုချင်သော စိတ်မရှိစေနှင့်။ ကိုယ်နှင့် စပ်ဆိုင်သောသူ၏မယား၊ သူ၏ကျွန်ယောကျာ်းမိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစုံတခုကိုမျှတပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟု မိန့်တော်မူ၏။ (ထွက်၂၀:၁၂-၁ရ)

၄။ စားသောက်ခြင်း ဆိုင်ရာပညတ် (Dietary law)
မည်သည့်အစားအစာများစား၍၊ မည်သည့်အစာများရှောင်ရမည်ဟူသော ပညတ်များ ဖြစ်သည်။ လူအများစုကကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ်နှင့် အုပ်ချုပ်ရေးဆိုင်ရာပညတ်များကိုသာသိ၍ စားသောက်ခြင်းဆိုင်ရာပညတ်နှင့်ဝတ်ပြုခြင်းဆိုင်ရာပညတ်များကိုမသိကြ၊ အရေးကြီးသည်ဟု မထင်သောကြောင့် မိမိကြိုက်နှစ်သက်သလိုစားသောက်ကြ၊ ကိုးကွယ်ကြသည်။ စားသောက်ခြင်းဆိုင်ရာ ပညတ်ချိုးဖေါက်လျှင် ကိုယ်ခန္ဓာကခံစားရသည်။ ဝတ်ပြုခြင်းဆိုင်ရာပညတ်ချိုးဖေါက်ပါက ဝိညာဉ်ကခံစားရသည်။ ကိုယ်ကျင့်ပိုင်းဆိုင်ရာပညတ်ချိုးဖေါက်ပါက၊ အဓိကအားဖြင့်စိတ်ကခံစားရသည်။ စားသောက်ခြင်း ဆိုင်ရာနှင့်ပတ်သက်၍၊ ဘုရားသခင်က သန့်ရှင်းသော အစားအစာနှင့် မသန့်ရှင်းသော အစားအစာကို ဝတ်ပြုရာကျမ်းအခန်းကြီး၁၁၌ ဤသို့ ဖေါ်ပြထားသည်။ "ခွါကွဲပြား၍ စားမြုံ့ပြန်သောသားများကို သင်တို့သည် စားရသောအခွင့်ရှိ၏။ သို့သော်လည်း၊ စားမြုံ့ပြန်သောသား၊ ခွါကွဲပြားသောသားတို့တွင် မစားရသောသားဟူမူကား၊ ကုလားအုပ်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌မစင်ကြယ်။ ရှာဖန် (ယုန်) သည် စားမြုံ့ပြန်သော်လည်း၊ ခွါမကွဲပြားသောကြောင့် သင်တို့၌မစင်ကြယ်။ အာရနဘက် (ယုန်) သည်စားမြုံပြန်သော်လည်း၊ ခွါမကွဲပြားသောကြောင့် သင်တို့၌မစင်ကြယ်။ ဝက်သည် ခွါကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌မစင်ကြယ်။ ထိုသို့သော တိရစ္ဆာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့ မှတ်ရကြမည်။ (ဝတ်၁၁:၃-၈)

အသွေးနှင့် တိရစ္ဆန်ဆီ
ဘုရားသခင်သည် သူဖန်ဆင်းသော တိရစ္ဆန်များ၏ ဆီနှင့် အသွေးများကို မစားဘို့ရန် ပညတ်ထားခဲ့သည်။
"သင်တို့ အမျိုးအစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကို မစားရ၊ အသွေးကို မစားရ၊ ထာဝရ ပညတ်တော် ဖြစ်သည်ဟု မိန့်တော်မူ၏။" (ဝတ်၃:၁ရ)
"သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သား သွေးမှစ၍ အသွေးမည်မျှကို မစားရ။" (ဝတ်ရ:၂၆)
" ဣသရေလ အမျိုးသား မှစ၍၊ သင်တို့တွင် တည်း နေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေးတမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှငါပယ်ရှင်းမည်။ အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်၏။ သင်တို့ ပြုသော အပြစ်ကို ဖြေစေ  ခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ပါပေးပြီ။ လူအပြစ်ကို ဖြေသော အရာကား၊ အသွေး ဖြစ်သတည်း။ ထိုကြောင့် သင်တို့၌ အဘယ်သူ မျှအသွေးကို မစားရ။ သင်တို့တွင် တည်း နေသော တပါးအမျိုးသားလည်း အသွေးကို မစားရဟု ဣသရေလ အမျိုးသား တို့အား ငါအမိန့်တော် ရှိ၏။ ဣသရေလ အမျိုးသား မှစ၍ သင်တို့တွင် တည်း နေသော၊ တပါးအမျိုးသား တစုံတယောက်သည် မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကို သွန်၍ မြေနှင့် ဖုံးရမည်။ အသွေးသည် ခပ်သိမ်းသောကိုယ်ခန္ဓာအသက် ရှင်ရာအကြောင်း ဖြစ်၏။" (ဝတ်၁ရ:၁၀-၁၄) အချို့သော သူများက အသွေးနှင့် အဆီစားခြင်း ဖြင့် ကယ်တင်ခြင်းရှုံးမည်လောဟု မေးနိုင်သည်။ ကယ်တင်ခြင်းသည် ဆီနှင့် အသွေးစားခြင်း ဖြင့် မဆုံးရှုံးနိုင်ပါ။ သို့သော် အသွေး၌ ရောဂါများ၍ အဆီသည် သွေးကြောပိတ်စေနိုင်သည်။ ထို့ကြောင့် မိမိကိုယ်ခန္ဓာကို ကျန်းမာစေလို၍ အသက်တာရှည်လိုလျှင် အသွေးနှင့် ဆီကို မစားသင့်ချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများကို သိသည်။ ထို့ကြောင့် လူအတွက် မစားမည့် အရာများကို သတိပေးသည်။ နားမထောင်သော သူသည် နာတာရှည် ရောဂါရနိုင်သည် သာမကလောက၌ အသက်တာတိုတောင်းနိုင်သည်။ အသွေးနှင့် အဆီသာမက မစားသင့်သော အရာများမှာ၊ ကြက်ဥအနှစ်၊ ရိုးတွင်း ခြင်ဆီမှန်သမျှ၊ ဦးနှောက်၊ မလိုင်၊ တိရစ္ဆန်အရေခွံများ မစားသင့်ချေ။ အရသာရှိသည်ဟုဆိုသော အချိုအစိမ့်များကို ရှောင်သင့်သည်။ အထူးသဖြင့် တိုးတက်သော နိုင်ငံ၌ နေသော သူများရှောင်သင့်သည်။ ထိုအရာများ အစားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများများများ စားသင့်သည်။ အစားအသောက်မဆင်ခြင်သောကြောင့် အချို့သော သူများ လေဖြတ် ရောဂါ၊ နှလုံးသွေးကြော၊ ဦးနှောက်သွေးကြောပိတ်ကာမ မျှော်လင့်ဘဲ အသေစော ကြသည်။ ထိုအခါ ယုံကြည်သူ ဖြစ်လျှင် ဘုရား၏ အလိုတော်ကြောင့်ဟုဆို ကြသည်။ မယုံကြည်သူ ဖြစ်လျှင် ကံဆိုးသည်ဟုဆို ကြသည်။ အမှန်မှာ ဘုရားသခင်က ရှည်သော အသက်တာကို ပေးလိုသော်လည်း သူပညတ်ထားသော စားသောက်ခြင်း ဆိုင်ရာပညတ်ကို ချိုးဖေါက်သောကြောင့် စောစော စီးစီးသေရ ကြသည်။ သေသော သူသည် ဘာမျှ မသိတော့သော်လည်း ကျန်ရစ်သူမိသား စုများ အလွန် နာကျင်စွာ ခံစားရကြသည်။

ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ်
ကောင်းကင် နိုင်ငံရောက်မရောက်လည်းကိုယ်ကျင့်တရားဖြင့် တိုင်း တာ ကြသည်။ ကိုယ်ကျင့်တရားကောင်းပါကကောင်းကင် နိုင်ငံသို့ ပို့ဆောင်၍ မကောင်းပါကငရဲသို့ ချပစ် ကြသည်။ သို့သော်ကောင်းကင် ပိုင်ရှင် ဘုရားသခင်က မူဝတ်ပြုခြင်း ဆိုင်ရာပညတ်ဖြင့် တိုင်း တာကြောင်း တွေ့ရသည်။ ထိုအရာကို မည်ကဲ့သို့ သိရသနည်းဟူမူကား၊ သခင်ယေရှု ကကိုယ်ကျင့်တရားပိုင်း၌ အလွန် လိုက်စားသော ဖါရိရှဲများထံ၊ "အခွန်ခံတို့နှင့် ပြည် တန်ဆာတို့သည် သင်တို့ အရင် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်တတ်ကြ၏၊ "ဟုဆိုခဲ့သည်။ (မ၂၁:၃၁) အခွန်ခံနှင့် ပြည့်တန်ဆာတို့သည် သူတို့ ခေတ်၌ အလွန် အပြစ် ကြီးသည်ဟု သတ်မှတ်ခြင်း ခံရ၍ မည်သူကမျှ မပေါင်းဖေါ်လိုကြ။ သို့သော်သခင်ယေရှု ကသင်တို့ အရင်ကောင်းကင် နိုင်ငံသို့ ရောက်မည်ဟုဆိုသည်။ ဘုရား တရား၌ အလွန် စိတ်အားကြီးသော ဣသရေလ များနှင့် ပတ်သက်၍ ရှင်ပေါလုက ဤသို့ ဆိုခဲ့သည်။ "ညီအစ်ကိုတို့၊ ဣသရေလ လူတို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏ စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်း လေ့ရှိ၏။ ထိုသူတို့သည် မှန်သော ပညာမရှိသော်လည်း၊ ဘုရားသခင် ဘက်၌ စိတ်အားကြီးသည်ဟု သူတို့ အဘို့ ငါသက်သေခံ၏။ ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ။" (ရော၁၀:၁-၃)။ ဣသရေလ လူများသည် ဘုရား ဖက်၌ စိတ်အားကြီးသော်လည်း အဘယ်ကြောင့် ကယ်တင်ခြင်းသို့ မရောက်သနည်းဟူမူကား ဘုရားသခင် ကိုးကွယ်နည်း မမှန်သောကြောင့် ဖြစ်သည်။ သူတို့သည် ဝတ်ပြုခြင်း ဆိုင်ရာ၌ မှားယွင်း၍ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ၌ ကြိုးစားအား ထုတ် ကြသည်။ သူတို့ ကဲ့သို့ ဘုရားသခင်ကို ကိုးကွယ်မမှားဘို့ အရေးကြီးသည်။

ကိုးကွယ်မှားခြင်း
စကားပုံ၌ ကုန်သွယ်မှားလျှင် တခေါက်၊ တောင်ယာခုတ်မှားလျှင် တနှစ်၊ အိမ်ထောင်ပြုမှားလျှင် တသက်၊ ဟုဆိုသည်။ ထိုစကား ပုံသည် အဆုံး၌ကိုးကွယ်မှားလျှင်ထာဝရဟု ထပ်ထည့်ဘို့ လိုသည်။ ကုန်သွယ်မှားလျှင် ငွေများစွာ ရှုံးသောကြောင့် နောင်တ ရစရာ ပင်။ တောင်ယာ ခုတ်မှားလျှင် တနှစ် လုံးဝမ်းစာဆုံးရှုံးသောကြောင့် ပြသနာ၊ အိမ်ထောင်ပြုမှားလျှင် တသက်လုံးစိတ်ဒုက္ခ ရောက်နိုင်သည်။ သို့သော်ထိုအရာအားလုံးထက် အလွန် အရေးကြီးသော အမှားမခံရမည့် အရာသည်ကိုးကွယ်ခြင်း ပင် ဖြစ်သည်။ ကိုးကွယ်မှားခြင်းသည် သေပြီးမှသာလျှင် သိရမှာ ဖြစ်၍၊ ထာဝရ ကာလတိုင်အောင် ခံစားရမှာ ဖြစ်သောကြောင့်၊ အလွန် သတိထားရမည်။ သို့သော်လူအများစုကလှစ်လျှိုရှု ကြသည်။

သင်ခန်းစာ (၁) မေးခွန်းများ

၁။ ကျမ်းစာ၌ ပညတ်တော် ဘယ်နှစ်ပါးရှိသနည်း။ ……..
၂။ ပညတ္တိကျမ်းများကို ဖေါ်ပြပါ။ ………..
၃။ ပညတ်တော်များကို၏ ပိုင်းပိုင်းနိုင်သည်။ ထိုအရာများ မှာ၏တို့ ဖြစ်သည်။ ……
၄။ လူအများ သိ၍ အဓိကထားသော အရာသည် ……………………….ဆိုင်ရာပညတ် ဖြစ်သည်။
၅။ စားသောက်ခြင်း ဆိုင်ရာပညတ်မလိုက်လျှင် ………………….ကခံစား၍ ဝတ်ပြုခြင်း ဆိုင်ရာပညတ်ချိုးဖေါက်လျှင် --------------ကခံစားရမှာ ဖြစ်သည်။
၆။ မည်သို့သော တိရစ္ဆန်၏ အသားများမစားရသနည်း……………
ရ။ တိရစ္ဆန်အဆီသည် သွေးကြော---------စေနိုင်သည်။
၈။ လူအများ ထင်မှတ်သည် မှာ…………………….ပိုင်းရာပညတ်ဖြင့် ကောင်းကင် နိုင်ငံရောက်မရောက်သတ်မှတ်သော်လည်း ဘုရားသခင်က မူ………………………………ဆိုင်ရာပညတ်ဖြင့် သတ်မှတ်သည်။
၉။ ဣသရေလ လူများ ဘုရား ဖက်၌ စိတ်အားကြီးသော်လည်း၊ အဘယ်ကြောင့် ကယ်တင်ခြင်းသို့ မရောက်ကြသနည်း။ ……………………………………….
၁၀။ ကိုးကွယ်မှားခြင်းသည် အရေးကြီး ပါသလား။ အဘယ်ကြောင့် နည်း။ ……………………

.

သင်ခန်းစာ (၂)

လူနှစ်မျိုး

လောက၌ လူများစွာ ရှိသော်လည်း နှစ်မျိုးအားဖြင့် ခွဲခြားနိုင်သည်။ ထိုအရာမှာကိုးကွယ်ခြင်း ဘာသာရှိသော သူနှင့်ကိုးကွယ်ခြင်း ဘာသာမရှိသော သူတို့ ဖြစ်သည်။

ကိုးကွယ်ခြင်း ဘာသာရှိသောသူ
ကိုးကွယ်ခြင်း ဘာသာရှိသော သူများသည် ဤလောက အသက် ရှင်စဉ်အတွက် သာ မဟုတ်ဘဲ၊ တမလွန်ဘဝအတွက် ပါ ပြင်ဆင်သော သူများ ဖြစ်ကြသည်။

ကိုးကွယ်ခြင်း ဘာသာမရှိသောသူများ
ဤ သူများသည် တမလွန်ဘဝအတွက် ဘာမျှမစဉ်းစား၊ လောလောဆယ်ဘဝအတွက် သာလျှင် အသက် ရှင် ကြသည်။ ထိုသူများကို ဘုရားသခင်က လူမိုက်များဟု ခေါ်သည်။ သခင်ယေရှုက၊ "တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများ လှ၏။ ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာ အရပ်မရှိ။ ပြုမည်အကြံမူကား၊ ငါ့တိုက်များကို ဖျက်၍ ကျယ်သော တိုက်တို့ကို တည်ပြီးမှ၊ ငါ၏ အသီးအနှံဥစ္စာရှိသမျှ တို့ကို သိုထားမည်။ ငါ့ဝိညာဉ်အား လည်း၊ အချင်း ဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာ သုံးဆောင်ရန်ဥစ္စာများကို သိုထားလျက် ရှိပြီ။ ငြိမ်ဝပ်စွာ နေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့၊ ငါပြောမည်ဟု သူဌေးအကြံရှိ၏။ ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ ညဉ့်ပင်သင်၏ ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာကို အဘယ်သူ ပိုင်မည်နည်းဟု၊ သူဌေးအား မိန့်တော်မူ၏။"ဟု ဥပမာပေးခဲ့သည်။ (လု၁၂:၁၆-၂၀)။ ထို့ကြောင့် တမလွန်ဘဝအတွက် ပြင်ဆင်မှု မရှိ၊ စဉ်းစားခြင်း မရှိသော သူတို့သည် လူမိုက်များ ပင် ဖြစ်သည်။ လူမိုက်များ အတွက် ကောင်းကင်နိုင်ငံ ရောက်မရောက်သည် စဉ်းစားစရာ မရှိ။ ငရဲသည် ထိုသူများ အတွက် ဖြစ်သည်။ အကြောင်းမှာ ကောင်းကင် ဘုံအရှင်ကို မကိုးကွယ်လျှင်၊ အဘယ်ကဲ့သို့ ထိုနိုင်ငံသို့ ရောက်နိုင်မည်နည်း။ အလွန် ဝမ်းနည်းစရာပင်။

ကိုးကွယ်သောဘုရားနှစ်မျိုး
ကိုးကွယ်ခြင်း ပြုသော သူတို့ကို၊ သူတို့ကိုးကွယ်သည့်အရာပေါ်မှာ မူတည်၍ နှစ်မျိုးထပ်မံ ခွဲခြားနိုင်သည်။ ၎င်းတို့ မှာအခြားဘုရားကိုးကွယ်သော သူနှင့် အသက် ရှင် တော်မူသော ဘုရားကိုးကွယ်သော သူတို့ ဖြစ်သည်။

အခြားဘုရားကိုးကွယ်သောသူ
ကမ္ဘာပေါ်၌ကိုးကွယ်သည့်ဘာသာမြောက်များစွာ ရှိ၍ ကိုးကွယ်သော သူများလည်း များစွာ ရှိသော်လည်း အသက် ရှင် တော်မူသော ဘုရား မဟုတ်၊ အခြားဘုရားကိုးကွယ်သော သူများရှိသည် ကျမ်းစာ၌ ဤသို့ ရေးထားသည်။ " သာသနာ ပလူတို့သည်၊ ပူဇော်သော ယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည် မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။" (၁ကော၁၀:၂၀)။ ထိုသို့ အသက် ရှင် တော်မူသော ဘုရားကို မကိုးကွယ်သော သူမှန်သမျှ တို့သည် နတ်ဆိုးတို့ အားကိုးကွယ်သဖြင့် သူတို့၏ ဝိညာဉ် မည်သည့်နေရာသို့ ရောက်မည်ဟု ထင်ရှားလျက် ရှိသည်။ နတ်ဆိုး စာတန် ကိုးကွယ်သောကြောင့် စာတန် နေမည့် နေရာငရဲအိုင်ထဲသို့ ရောက်ရကြမှာ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ အကျင့်၊ ကောင်းမှု ကုသိုလ်နှင့် ကြိုးစားအား ထုတ်မှုများ ထည့်တွက်စဉ်းစားစရာ မလိုတော့ချေ။ အလွန် ဝမ်းနည်းစရာ ပင်။

အသက် ရှင်သော ဘုရားကိုးကွယ် သူများ
အသက် ရှင်သော ဘုရားကိုးကွယ် သူများရှိကြသည်။ ထိုသူများသည် ကောင်းကင် ပိုင်ရှင်ကိုကိုးကွယ်သောကြောင့် ကောင်းကင် ရောက်ဘို့ရန် နီးစပ်သည်။ သို့သော်အားလုံးကောင်းကင် နိုင်ငံဝင်ရကြမည် မဟုတ်။ အကြောင်းမှာ သူတို့၏ကိုးကွယ်နည်း အပေါ်မှာ အဆုံးအဖြတ်ပေးမှာ ဖြစ်သည်။

ကိုးကွယ်နည်းနှစ်နည်း

အသက် ရှင်သော ဘုရားကို ကိုးကွယ်သော သူများကို နှစ်မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ၊ ကိုယ့်အလိုအတိုင်းကိုးကွယ်သော သူများနှင့် ဘုရား အလိုတော် အတိုင်းကိုးကွယ်သော သူများ ဖြစ်သည်။

ကိုယ့်အလိုအတိုင်း ဘုရားကိုးကွယ် သူများ

ဤလူများသည် အသက် ရှင်သော ဘုရားကို ကိုးကွယ်ကြပါသည်။ ကိုယ့်အလိုအတိုင်း ဘုရားကိုးကွယ်သော သူအမျိုးမျိုးရှိကြသည်။ အချို့သော သူများသည် ဘုရားသခင်ကို အမှန်ပင်ချစ် ကြသည်။ ဘုရား အလိုတော် အတိုင်းလည်း အသက် ရှင်လိုသော်လည်း မသိသောကြောင့် မှားယွင်းသော သူများရှိသည်။ ထိုသူများသည် ရိုးသားစွာ မှားယွင်းသော သူများ ဖြစ်သည်။ အချို့သော သူများသည် ဘုရားကို မချစ်။ သို့သော်မိဘများ လက်ထက် မှစ၍ ဘုရားကိုးကွယ်သောကြောင့်၊ အစဉ်အလာ ဖြစ်၍ ကိုးကွယ်သည်။ ထိုကဲ့သို့သော သူများသည် ဘုရားသခင်ကို ယုံကြည် အားကိုးခြင်း မရှိ။ ထိုကြောင့် ဘုရားသခင်၏ အလိုတော်သည် သူတို့အတွက် အရေးမကြီး၊ မိမိ အလိုဆန္ဒပြည့်ခြင်းသည် သာအရ:ကြီးသည်။ ဘုရား၏ အလိုတော်ကို စိတ်မဝင်စား။ နားလည်း မထောင်။ ပြော၍ လည်း မရ။ အလွန် သနားစရာ ပင်။ အချို့သော သူများသည် ဘုရားကို ယုံကြည် သောကြောင့် မဟုတ်၊ အသက် မွေးဝမ်းကြောင်း အတွက်ကိုးကွယ်သော သူများ ဖြစ်သည်။ ထိုသူများသည် အမည်ခံဘုရား အမှု ဆောင်များ ဖြစ်သည်။ အချို့သော သူများသည် အခြား သူများနှင့် မတူညီမှာစိုးသောကြောင့် သာကိုးကွယ် ကြသည်။ ထို့ကြောင့် ဘုရား အလိုတော်သည် လုံးဝ အရေးမကြီး။ အချို့သော သူများသည်လောက ဥစ္စာပစ္စည်းရှာဖွေခြင်း၊ လောက ပျော်ရွှင်မှုများ ရှာဖွေ နေသောကြောင့် ဘုရား၏ အလိုတော်ကို ဂရုမစိုက်ကြချေ။ ဘုရား ကျောင်းရောက်နိုင်ခြင်းသည် ထိုသူများ အတွက်တော်လောက်ပြီ။ လူငယ်များ အတွက် ဘုရားကျောင်း သွားခြင်းသည် လူပျိုအပျိုငန်းဘို့ သာလျှင် ဖြစ်သောကြောင့် ဘုရားသခင်၏ အလိုတော်သည် သူတို့ အတွက် လုံးဝ အရေးမကြီးချေ။ ဘုရား ကျောင်းသည် သီချင်း နားထောင်သော နေရာလူများ တွေ့ဆုံရာသော နေရာသာလျှင် ဖြစ်သည်။ အချို့သော သူများ အတွက် အသင်းတော်၏ လုပ်ထုံးလုပ်နည်းသည် အလွန် အရေးကြီးသည်ဟု ထင်ပြန်၍ ဘုရားသခင်၏ အလိုတော် ပင် မသိနိုင်တော့ချေ။ အသင်းတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ၊ စည်းကမ်းစည်းမျဉ်းများကို သာစိတ်ဝင်စားသည်။ အသင်းတော် ဘဏ္ဍာတိုးတက်ဘို့ သာလျှင် စိတ်ဝင်စားတတ်သည်။ ကျမ်းစာ ထဲမှကိုယ့်အလိုအတိုင်း ဘုရားကိုးကွယ် သူများ လေ့လာကြပါစို့။

ကာဣန
အာဒံ၏သား ကြီး ကာဣနသည် လယ်ထွက်သီးနှံများနှင့် ဘုရားသခင်ကို ပူဇော် သောအခါ၊ ဘုရားသခင်က လက်မခံခဲ့ချေ။ လက်မခံရခြင်း၏ အကြောင်းရင်းကိုလည်း ဘုရားသခင်က ဤသို့ ပြောခဲ့သည်။ "ထာဝရ ဘုရား ကလည်း၊ သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက်သနည်း။ သင်သည် ကောင်းမွန်စွာ ပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ် ဖြေသော ယဇ်ကောင်သည် တံခါးနားမှာဝပ်လျက် ရှိ၏။ သူသည် သင်၏ အလိုသို့ လိုက်၍၊ သင်သည် သူ့ကို အုပ်စိုးရ၏ဟု ကာဣနကို မိန့်တော်မူ၏။" (ကမ္ဘာ၄:၆၊ ရ)။ ကာဣနသည် ဘုရားသခင်ကို ကိုးကွယ်မှားခဲ့သည်။ ဘုရားသခင် အလိုရှိသော အရာကို မပေးဘဲ မိမိ အလိုရှိသော အရာကို ပေးခဲ့သည်။ ထိုအခါ ဘုရားသခင်က လက်မခံချေ။ ထိုကဲ့သို့ ကိုးကွယ်မှားပြီးသော်လည်း ဘုရားသခင်က သူ၏ အလိုတော်ကို ပြန်လည် ဖေါ်ပြသည်။ တံခါးနား၌ အပြစ် ဖြေသော ယဇ်ကောင်ကို ထားပေးခဲ့သည်။ ထိုအရာကို အသုံးပြုဘို့ ဖြစ်သည်။ ကာဣနသည် ဘုရား စီစဉ်ပေးသော ထိုယဇ်ကောင်ကို အသုံးပြုခဲ့သော်သူ့ကို ဘုရားသခင်က လက်ခံမှာ ဖြစ်သည်။ သို့သော် ကာဣနသည် ထိုယဇ်ကောင်ကို အသုံးမပြုဘဲ၊ သူ့ညီကို သတ်ခဲ့သည်။ နောက်ဆုံး၌ ဘုရားသခင် အထံတော်မှ ထွက်ခွါသွားခဲ့သည်။ ကာဣနသည် ဘုရား ကိုးကွယ်မှားသောကြောင့် ဆက်တိုက်အပြစ် ကျူးလွန်သည်။ ပဌမ ဦးစွာ စိတ်ဆိုး၍ မျက်နှာပျက်သည်။ ဘုရား ပြောသော အရာကို လက်မခံချေ။ သူ့ညီကို မနာလို ဖြစ်၍ ရန်ရှာကာ သတ်ခဲ့သည်။ ထာဝရ ဘုရား ကလည်း၊ "သင့်ညီအာဗေလသည် အဘယ်မှာ ရှိသနည်းဟု၊ ကာဣနကို မေးတော်မူ လျှင်၊ အကျွန်ုပ် မသိပါ။ အကျွန်ုပ်သည် ညီကို စောင့်ရသောသူ ဖြစ်ပါသလောဟု လျှောက်ဆို၏။" (ကမ္ဘာ၄:၉)။ သူသည် လိမ်ပြောသည်။ နောက်ဆုံး၌ ဘုရားသခင် ထံမှ ထွက်သွားသည် ကာဣနကဲ့သို့ ဘုရားသခင်က ို၊ ကိုးကွယ်မှားလျှင် အပြစ် တခုပြီး တခုကျူးလွန် မည်သာ ဖြစ်သည်။

ရှင်ဘုရင်ရှောလု
ဣသရေလ လူများ၏ ပဌမ ဦးဆုံးသော ရှင်ဘုရင်သည် ရှောလု ဖြစ်သည်။ ၁ရာ၁၃ထဲ၌ ဣသရေလ လူများသည် ဖိလိတ္တိလူများနှင့် စစ်တိုက်ဘို့ ဖြစ်သည်။ ယဇ်ပုရောဟိတ် ရှာမွေလကရှောလုထံ၊ "သင် သည်လည်း ငါ့ရှေ့မှာ ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ခြင်းငှါ၊ သင်ရှိရာသို့ လာမည်။ ငါလာ၍ သင်ပြုရသော အမှုကို မပြမှီတိုင်အောင် သင်သည် ငံ့နေရမည်ဟုဆို၏။" (၁ ရာ ၁၀:၈) သို့သော်ရှောလုသည် စိုးရိမ် လာသည်။ ရန် သူများလည်း တဖြည်းဖြည်းနီးကပ်လာပြီ။ သူ၏ စစ်သား များလည်း တယောက်ပြီး တယောက် ထွက်ပြေးကြပြီ။ ရှောလုကယဇ်ပုရောဟိတ် ရှာမွေလကို ခြောက်ရက်လုံးလုံး စောင့်နိုင်သော်လည်း ခုနှစ်ရက်မြောက်သော နေ့၌ မစောင့်နိုင်တော့ချေ။ သူကိုယ်တိုင် ယဇ်ပူဇော်လိုက်သည်။ ရှောလုကလည်း၊ " မီးရှို့ရာယဇ်နှင့် မိဿဟာယပူဇော်သက္ကာတို့ကို ငါ့ထံသို့ ယူခဲ့ကြဟုဆိုသဖြင့်၊ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။ မီးရှို့ရာယဇ်ပူဇော်ခြင်း အမှု ပြီးသည်။ အဆုံး၌ ရှမွေလသည် လာ၏။ ရှောလုသည် ကောင်းကြီး ပေး၍ ခရီး ဦးကြိုပြုခြင်းငှာ ထွက်သွားလျှင်၊ ရှမွေလက၊ သင်သည် အဘယ်သို‹ပြုသနည်းဟု မေးသော်၊ ရှောလုက၊ လူများ တို့သည် အကျွန်ုပ်ထံမှ ထွက်ပြေးကြောင်း၊ ကိုယ်တော်သည် ချိန်းချက်သော အချိန်၌ မရောက်ကြောင်း၊ ဖိလိတ္တိ လူတို့သည် မိတ်မတ်မြို့၌ စုဝေးကြောင်း များကို သိမြင် သောအခါ၊ ဖိလိတ္တိလတို့သည် ငါရှိရာဂိလဂါလမြို့သို့ စစ်ချီကြလိမ့်မည်။ ထာဝရ ဘုရားကို ငါမတောင်းပန်သေးဟု အကျွန်ုပ်အောက်မေ့သဖြင့်၊ ကိုယ်ကို အနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီဟု ပြန်ပြော၏။ ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ ဘုရားသခင် ထာဝရ ဘုရား ထား တော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရ ဘုရားသည် ဣသရေလ အမျိုး၌ သင်၏ အာဏာကို ယခုမှစ၍ အစဉ်အမြဲတည်စေ တော်မူ ပြီ။ ယခုမူကား သင်၏ အာဏာမတည်ရ။" (၁ရာ၁၃:၉-၁၄) ဟုဆိုသည်။ ရှောလုသည် မှားပြီ။ ဘုရား ထား တော်မူသော ပညတ်ကို မစောင့်။ သူမစောင့်သော ပညတ်သည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ် မဟုတ်။ ဝတ်ပြုခြင်း ဆိုင်ရာပညတ်တည်း ဟူသော ယဇ်ပုရောဟိတ် အလုပ်ကို လုပ်လိုက်ခြင်း ဖြစ်သည်။ ယဇ်ပုရောဟိတ် မဟုတ်ဘဲ ယဇ်ပူဇော်ခြင်းသည် အလွန် အပြစ် ကြီးသည်။ ရှင်ဘုရင် ရှောလုသည် ဘုရားသခင်ကို ကိုးကွယ်သော်လည်း ကောင်းကြီး မရသည် သာမက ဘုရားသခင်၏ ပယ်ခြင်းကို ခံခဲ့ရသည်။

ဣသရေလများ
ဣသရေလ များလည်း ဘုရားသခင်ကို ကိုးကွယ်ကြသော်လည်း မှားယွင်းကြကြောင်း ပရောဖက် ဟေရှာယအားဖြင့် ဤသို့ ဆိုခဲ့သည်။ "ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်အများကို ငါသည် အဘယ်သို့ ဆိုင်သနည်း၊ မီးရှို့ပူဇော်သော သိုးကောင်၊ ဆူဖြိုးအောင် ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ၊ နွားနှင့် သိုးသငယ်၊ ဆိတ်တို့၏ အသွေးကို ငါမနှစ်သက်၊ သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသော သင်တို့၌၊ ထိုသို့သော ဝတ်ကို အဘယ်သူ တောင်းသနည်း၊ အချည်းနှီးသော ပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊ သင်တို့ မီးရှို့သော နံ့သာပေါင်းကို ငါရွံရှာ၏၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ် စည်းဝေးသော နေ့ကိုလည်းရွံ့ရှာ၏၊ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ ကိုသည်း မခံနိုင်၊ ငါ့ ဝိညာဉ်သည် သင်တို့ လဆန်းနေ့များနှင့် သင်တို့ ပွဲများကို မုန်း၏၊ ငါ့ကို နှောက်ရှက်စရာ ဖြစ်၏၊ သည်း ခံခြင်း အားဖြင့် ငါပင်ပန်း၏၊ သင်တို့သည် လက်ဝါးတို့ကို ဖြန့်ကြ သောအခါ၊ ငါသည် မျက်စိကို လွှဲမည်၊ များစွာသော ပဌာနကို ပြုကြ သောအခါ ငါသည် နားမထောင်။ သင်တို့ လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။" (ဟေရှာယ၁:၁၁-၁၅) ဣသရေလ လူများသည် ဘုရားသခင်ကို ကိုးကွယ် ကြသည်။ များစွာသော ပူဇော်သက္ကာများ ကိုလည်း ယူဆောင်လာ ကြသည်။ ပွဲများ ကိုလည်း ကျင်းပ ကြသည်။ သို့သော် ဘုရားသခင်က သူတို့၏ကိုးကွယ်ခြင်းကို လက်မခံကြောင်း တွေ့ရသည်။ သူတို့၏ ကိုးကွယ်ခြင်းသည်။ ဘုရားသခင်ကို နှောက်ရှက်ခြင်း သာ ဖြစ်စေသည်။ ဘုရားသခင်က သူတို့ ကိုသည်း ခံနေရသည်။ သို့သော်သူတို့သည် ထိုသို့ ဘုရား အလိုတော် မပြည့်ကြောင်းကို မသိကြ။ အဘယ်ကြောင့် မသိကြသနည်း ဟူမူကား၊ သူတို့၏ အလိုအတိုင်း ကိုးကွယ်ခြင်းကို ဦးစားပေး၍ ဘုရားသခင်၏ အလိုတော်ကို ဂရုမစိုက်သောကြောင့် ဖြစ်သည်။ ကျွန်ပ်တို့လည်း ဘုရားသခင် နှောက်ရုက်ဘို့ကိုးကွယ် နေကြလျှင် အလွန် ဝမ်းနည်းစရာ ဖြစ်ပေမည်။ တဖန် ထာဝရ ဘုရား ကပရောဖက် ဟေရှာယအားဖြင့် ဤသို့ ဆိုခဲ့သည်။ "ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏၊ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။" (ဟေရှာ၂၉:၁၃) ဟုဆိုခဲ့သည်။ ခရစ်တော် လက်ထက်၌ လည်း ဟေရှာယလက်ထက် ကကဲ့သို့ ပင်ပြောင်းလဲခြင်း မရှိ။ ဘုရားသခင်ကို အချည်းနှီး ကိုးကွယ်ကြကြောင်းကို သခင်ယေရှု ကဤကဲ့သို့ ဆိုခဲ့သည်။ "လျှို့ဝှက်သော သူတို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက် ပင်၊ ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏၊ ဟု နောက် ဖြစ်လတံ့သော အရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍ မိန့်တော်မူ၏။" (မ၁၅:ရ-၉) ဣသရေလ လူများသည် ဘုရား၏ အလိုတော်ကို ဂရုမစိုက်ဘုရားကို နှုတ်နှင့် သာကိုးကွယ် ကြသည်။ လူတို့ စီရင်သော ပညတ်တို့ကို ပို၍ ဂရုစိုက် ကြသည်။ ထို့ကြောင့် ဘုရားကိုးကွယ် နေကြသော်လည်း အချည်းနှီး ဖြစ်သည်ဟုဆိုသည်။ လူတိုင်း သိကြလျှင် အချည်းနှီးသော အလုပ်ကို လုပ်လိုကြမည် မဟုတ်။ ကျွန်ပ်တို့လည်း ဘုရားကိုးကွယ် နေကြသော်လည်း၊ ဘုရား၏ အလိုတော်ကို မရှာ၊ ကိုယ့်အလိုကို သာဦးစားပေးနေလျှင် ဘုရားသခင်ကို ကိုးကွယ်ရကျိုးနပ်မည် မဟုတ်။ ရှင်ပေါလုကလည်း ဤသို့ ရေးခဲ့သည်။ "ညီအစ်ကိုတို့၊ ဣသရေလ လူတို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏ စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်း လေ့ရှိ၏။ ထိုသူတို့သည် မှန်သော ပညာမရှိသော်လည်း၊ ဘုရားသခင် ဘက်၌ စိတ်အားကြီးသည်ဟု သူတို့ အဘို့ ငါသက်သေခံ၏။ ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ။" (ရော၁၀:၁-၃) ရှင်ပေါလုက ဣသရေလ များ၏ ကယ်တင်ခြင်း အတွက် ဆုတောင်း ပေးသောကြောင့်၊ သူတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြောင်း ထင်ရှားသည်။ အဘယ်ကြောင့် မရောက်ကြသနည်း ဟူမူကား ဘုရားသခင် ပေးသော ဖြောင့်မတ်ခြင်း လက်မခံကြ။ သူတို့သည် ဘုရားသခင်ကို ကိုးကွယ်ကြသော်လည်း ဘုရား၏ အလိုတော်ကို မသိဘဲ မိမိတို့ အလိုဆန္ဒအတိုင်း ကိုးကွယ်သောကြောင့် အချည်းနှီး ကိုးကွယ် ကြသည်။ မိတ်ဆွေ၊ ဘရားသခင်ကို အချည်းနှီးကိုးကွယ်လိုပါသလား။ ချည်းနှီးကိုးကွယ်ခြင်းကို ယခုဘဝတွင် မသိသာသော်လည်း နောင်ဘဝတွင် သိသာမှာ ဖြစ်သည်။ ထိုအချိန်တွင် အလွန် နောက်ကျသွားမှာ ဖြစ်သောကြောင့် ယခုအချိန် ရှိစဉ်တွင် ဂရုစိုက်ကြစို့။

သင်ခန်းစာ (၂) မေးခွန်းများ

၁။ လောက၌ လူဘယ်နှစ်မျိုးရှိသနည်း။ ………………….မည်သည့်အရာများ ဖြစ်သနည်း။ ……………………….
၂။ ကိုးကွယ်ခြင်း ဘာသာမရှိ သူများကို ဘုရားသခင်က ……………………………….ဟု ခေါ်သည်။ ကောင်းကင် နိုင်ငံရောက်နိုင်ပါမည်လော။ …………………………………….
၃။ ကိုးကွယ်သော အရာနှစ်မျိုးကို ဖေါ်ပြပါ။ ……………………………….
၄။ အခြားဘုရားကိုးကွယ် သူများသည် မည်သူ့ထံပူဇော်ကြသနည်း။ …………………………………
၅။ အသက် ရှင်သော ဘုရားကိုးကွယ်နည်း၏ နည်းရှိသည်။ ၎င်းတို့ မှာ……………………………..
၆။ ကိုယ့်အလိုအတိုင်းကိုးကွယ်သော သူများသည် အဘယ်ကြောင့် ထိုသို့ကိုးကွယ်ကြသနည်း။ …………………..
ရ။ ကာဣနသည် ဘုရား ပေးသော ……………………..ကို အသုံးမပြုသောကြောင့် ဘုရားကိုးကွယ်…….…..သည်။
၈။ ရှောလုရှင်ဘုရင်ချိုးဖေါက်သော ပညတ်သည် ………………… ဆိုင်ရာပညတ် ဖြစ်၍ သူမှားသော အရာသည် …………………….. ဖြစ်သည်။
၉။ ဣသရေလ လူများ၏ များစွာသော ယဇ်ပူဇော်ခြင်းသည် ဘုရားသခင်ကို ………………………..စရာ ဖြစ်သည်။
၁၀။ ဣသရေလ လူများသည် ကယ်တင်ခြင်းသို့ ရောက်ကြပါသလား။ အဘယ်ကြောင့် နည်း။ ………………….

.

သင်ခန်းစာ (၃)

ဘုရားအလိုတော်အတိုင်း ကိုးကွယ်ကြသူများ

             ဘုရား အလိုတော် အတိုင်း ကိုးကွယ်သော သူများ အနေဖြင့် မိမိတို့၏ အလိုကို အဓိကမထားကြချေ။ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေ ကြသည်။

အာဗေလ
အာဗေလသည် ဘုရား အလိုတော် အတိုင်းကိုးကွယ်ခဲ့သောကြောင့် သူ၏ ပူဇော်သက္ကာကို ဘုရားသခင်က လက်ခံခဲ့သည်။ ဟေဗြဲ၁၁:၄၌၊ "အာဗေလသည် ကာဣနပူဇော်သော ယဇ်ထက် သာ၍ မြတ်သော ယဇ်ကို၊ ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သော ယဇ်ကို ပူဇော်၍၊ မိမိ ဖြောင့်မတ်သည် ဟု သက်သေခံ တော်မူခြင်းကို ရလေ၏။ အဘယ်သို့ နည်းဟူမူကား၊ သူလှူသော အလှူကို ဘုရားသခင်သည် လက်ခံ တော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။"ဟု ရေးထားသည်။ အာဗေလသည် အကို၏ မနာလိုမှုကြောင့် အသတ်ခံခဲ့ရသော်လည်း ဘုရားသခင်၏ အလိုတော် အတိုင်း ပူဇော်သောကြောင့်၊ ဘုရားသခင်နှင့်အတူ ကောင်းကင်၌ အစဉ်ထာဝရ နေရသောကြောင့်၊ အသက် ရှင်ရကျိုး၊ ကိုးကွယ်ရကျိုးနပ်သည်။ လောက၌ အသက်တာရှည်၍ ငရဲရောက်သည်ထက်၊ အသက် တိုတောင်းသော်လည်း ကောင်းကင် နိုင်ငံ၌ ထာဝရ နေရခြင်းသည် နှိုင်းဆာ၍ မရလောက်အောင် တန်ဘိုး ကြီးသည်။

ဧနောက်
ဘုရား အလိုတော်၊ စိတ်တော်နှင့် တွေ့သော သူဧနောက်အကြောင်းကို ကျမ်းစာ ထဲ၌ ဤသို့ တွေ့ရသည်။ "ဧနောက်သည် အသက် ခြောက်ဆယ်ငါးနှစ်ရှိသော်၊ သား မသုရှလကို မြင်လေ၏။ မသုရှလဘွားမြင်သော နောက်၊ ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူ သွားလာ၍၊ သားသမီး များကို မြင်လေ၏။ ဧနောက်အသက် နှစ်ပေါင်း သုံးရာခြောက်ဆယ်ငါး နှစ်တည်း။ ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည် မရှိ။ အကြောင်းမူကား၊ ဘုရားသခင် သိမ်းယူ တော်မူသောကြောင့် တည်း။" (က ၅:၂၁၂၅) ဟေဗြဲရေးသော သူကလည်း သူ့အကြောင်းကို ဤသို့ ရေးသား ခဲ့သည်။ "ဧနောက်သည် ယုံကြည်ခြင်း အားဖြင့် သေခြင်းနှင့် လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေ တော်မူသောကြောင့်၊ သူသည် နောက်တဖန် မပေါ်မရှိ။ သူသည် ဘဝ မပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူ ဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။" (ဟေ၁၁:၅)။ ဧနောက်သည် ဘုရားသခင်၏ အလိုတော် အတိုင်းကိုးကွယ်သောသူ ဖြစ်သောကြောင့် ချီဆောင်ခြင်း ခံခဲ့ရသည်။ ဘုရားသခင်သည် ဧနောက်နှင့် သွားလာခြင်းကို အလွန် ပျော်မွေ့သောကြောင့် သူ့ကိုလောက၌ မထားတော့ဘဲ ကောင်းကင်သို့ စောစော ခေါ်သွားခြင်း ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ပ်နှင့်အတူ သွားလာပါသလား။

နောဧ
"နောဧခေတ်ကလူများသည် အလွန် ဆိုးသွမ်းကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသညြ်မြေကြီး ပေါ်မှာ လူအပြစ် ကြီး၍၊ သူ၏ စိတ်နှလုံးအကြံ အစည်ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင် တော်မူ လျှင်၊ " (က ၆:၅)။ ထို့ကြောင့် ဘုရားသခင်က သူတို့ကို ဖျက်စီးဘို့ ရည်ရွယ်သည်။ "သို့သော်နောဧသည် ဖြောင့်မတ်သောသူ၊ မိမိ အမျိုး၌ စုံလင်သောသူ ဖြစ်၏။ ဘုရားသခင်နှင့်အတူ သွားလာ၏။" (က၆:၉) နောဧသည် ဘုရားသခင်နှင့်အတူ သွားလာသည်ဟုဆိုသောကြောင့် ဘုရား၏ အလိုတော် အတိုင်း အသက် ရှင်သောသူ၊ ဘုရားသခင်ကို မှန်ကန်စွာကိုးကွယ်သောသူ ဖြစ်သည်။ "နောဧသည် မမြင် သေးသော အမှုအရာ တို့ကို ဘော်ပြသော ဗျာဒိတ်တော်ကို ခံယူပြီးမှ၊ ယုံကြည်ခြင်း အားဖြင့် ကြောက်ရွံ့သော စိတ်ရှိ၍၊ မိမိ အိမ်သူအိမ်သား တို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကို တည်လေ၏။ ထိုသို့ ယုံကြည်ခြင်း အားဖြင့်လောကီသား တို့ကို အပြစ် တင်၍ ယုံကြည်ခြင်း နှင့် ယှဉ်သော ဖြောင့်မတ်ခြင်း ကိုလည်း အမွေခံ ရ၏။" (ဟေ ၁၁:ရ)

အဗြာဟံ
အဗြာဟံသည် ရုပ်တုကိုးကွယ်သောသူ ဖြစ်ခဲ့သည်။ ဟေဗြဲရေးသော သူက၊ "အာဗြဟံသည် အမွေခံ ရလတံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ် တော်မူ သောအခါ၊ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင် မသိဘဲ လျက်၊ ယုံကြည်ခြင်း အားဖြင့် နားထောင်၍ ထွက်သွားလေ၏။" (ဟေ ၁၁:၈) ဟု ရေးခဲ့သည်။ သူသည် ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ခြင်းရကြောင်း ဤသို့ တွေ့ရသည်။ "အာဗြံသည် ထာဝရ ဘုရားကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ် တော်မူ၏။" (က ၁၅:၆)။ အဗြာဟံသည် ရုပ်တုကိုးကွယ်ခဲ့ရာမှ၊ ဘုရားသခင်ကို ကိုးကွယ်၍၊ ဘုရား အလိုတော် အတိုင်း မှန်ကန်စွာကိုးကွယ်သောကြောင့် ဘုရားသခင်က ယုံကြည်ခြင်း၏ ဘခင်အဖြစ် သတ်မှတ်သည်။

ဒါဝိဒ်
ဘုရား၏ အလိုတော်ကို သိသော ဒါဝိဒ်ကဤသို့ ဆိုသည်။ "ယဇ်ပူဇော်ခြင်းကို အလိုတော် မရှိ၊ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်၊ မီးရှို့သော ယဇ်ပူဇော်ခြင်းကို ပင်နှစ်သက်တော် မမူ၊ ဘုရားသခင် နှစ်သက် တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း၊ အို ဘုရားသခင်ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော် မမူတတ်ပါ။" (ဆာလံ ၅၁:၁၆..၁ရ) ဘုရားသခင်သည်ယဇ်ပူဇော် ခြင်း ထက်၊ ကျိုးပဲ့ကြေမွသော စိတ်နှလုံးအလိုရှိကြောင်း ဒါဝိဒ်မင်းသိသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူ ဖြစ်သည်။

ပေါလု
ပေါလုသည် ရှောလု ဖြစ်ခဲ့စဉ်တွင် ဘုရားသခင်၏ အလိုတော် မသိသောကြောင့်၊ အသင်းတော်ကို ညှင်းဆဲသောသူ ဖြစ်ခဲ့သည်။ အသင်းတော်သည် လမ်းလွဲသော သူများဟု ထင်မှတ်သောကြောင့် ဖျက်စီးဘို့ ကြိုးစား ခဲ့သည်။ သို့သော်ဒမသက်မြို့အဝင်၌၊ အလင်းရောင်၏ ထိုးခြင်း ခံရပြီး၊ သခင် ခရစ်တော်ကို သိရှိပြီး နောက်ပိုင်းတွင် ဘုရားသခင်၏ အလိုတော်ကို ပြန်သိရသည်။ ထို့ကြောင့် ဇာတိအားဖြင့်သူ ကြိုးစား ခဲ့သမျှသည် ဘာမျှ မဟုတ်ကြောင်း ဤသို့ ရေးသား ခဲ့သည်။ "ငါသည် ရှစ်ရက်မြောက်သော နေ့၌ အရေဖျားလှီးခြင်းကို ခံရ၏။ ဣသရေလ အမျိုး၊ ဗင်္ယာမိန်အနွယ် ဖြစ်၏။ ဟေဗြဲလူမှဆင်းသက်သော ဟေဗြဲလူစစ် ဖြစ်၏။ တရားအားဖြင့် ဖာရိရှဲ ဖြစ်၏။ စိတ်အားကြီးခြင်းကို မေးသော်၊ ငါသည် အသင်းတော်ကို ညဉ်းဆဲသောသူ ဖြစ်၏။ ပညတ်တရားအားဖြင့် ရသော ဖြောင့်မတ်ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ် တင်ခွင့်နှင့် ကင်းလွတ် သောသူ ဖြစ်၏။ သို့သော်လည်း ငါ၏ အကျိုးစီပွါးကို ပြုစုသော အရာရှိသမျှ တို့ကို ရှုံးစေသော အရာကဲ့သို့ ခရစ်တော်ကြောင့် ငါထင်မှတ်၏။ ထိုမျှမကငါ၏ သခင် ယေရှုခရစ်ကို သိသော ပညာသည် အဘယ်မျှလောက်မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသော အရာတို့ကို ရှုံးစေသော အရာကဲ့သို့ ငါထင်မှတ်၏။ ထိုသခင်ကြောင့် ခပ်သိမ်းသော အရာတို့ကို အရှုံးခံရပြီ။ သေခြင်း မှထမြောက်သော အခွင့်ကို ငါရနိုင်ကောင်းလျှင်၊ ကိုယ်တော်သည် အသေခံ တော်မူသည် နည်းတူ၊ ငါသည်လည်း အသေခံ၍ ထိုသခင်ကို၎င်း၊ ထမြောက် တော်မူခြင်း၏ တန်ခိုးကို၎င်း၊ ဆင်းရဲ ခံတော်မူခြင်းကို ဆက်ဆံ၍ ခံခြင်းကို၎င်း၊ သိကျွမ်းခြင်းငှါ၊ ပညတ်တရားအားဖြင့် ရသောကိုယ်ဖြောင့်မတ်ခြင်းကို မကိုး စားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် ရသော ဖြောင့်မတ်ခြင်း တည်း ဟူသော၊ ယုံကြည်ခြင်း အတွက်ကြောင့် ဘုရားသခင် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုး စားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အကြောင်း၊ ခပ်သိမ်းသော အရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။" (ဖိလိ၃:၅-၁၁) ရှင်ပေါလုသည် ဘုရားသခင်၏ အလိုတော် သိရှိသော နောက်၊ ယခင်ဘုရားကိုးကွယ်နည်းများကို ပယ်၍ သူကိုယ်တိုင်ဖျက်စီးခဲ့သော အသင်းတော် အတွက်၊ အသက် ပေးဆောင်ရွက်ခဲ့သည်။ ဒုက္ခ မျိုးစုံညှင်းဆဲခြင်း မျိုးစုံကြားမှအမှု ဆောင်ခဲ့သည်။ ဇာတိအားဖြင့် တည်ဆောက်ခဲ့သော အရာများသည် မစင်ကဲ့သို့ ထင်မှတ်သည်။ ဘုရား၏ အလိုတော် အတိုင်းကိုးကွယ်သောကြောင့်၊ ဘုရားသခင်၏ နက်နဲသော အရာများကို သိ၍ သြဝါဒစာစောင်များစွာ ရေးသား နိုင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်ပ်တို့လည်း အကျိုးခံစား ကြသည်။

သင်ခန်းစာ (၃) မေးခွန်းများ

၁။ ဘုရားသခင် အလိုတော် အတိုင်းကိုးကွယ်နိုင်ရန် ………………အလိုကို ပယ်ဘို့ လိုသည်။
၂။ အာဗေလသည် မည်သူ၏ အလိုတော် အတိုင်းကိုးကွယ်ခဲ့သနည်း။ …………………………..
၃။ ဧနောက်သည် ဘုရားသခင်က အဘယ်ကြောင့် ချီဆောင်သွားသနည်း။ …………………………….
၄။ နောဧသည် သူ့ခေတ်ကလူများ ဆိုးသွမ်းသော်လည်း သူတို့ ကဲ့သို့ ဆိုးသွမ်းပါသလား………………………
၅။ အာဗြာဟံသည် ယုံကြည်ခြင်း အားဖြင့် ဘာရသနည်း။ ………………………………
၆။ အာဗြာဟံသည် ဘုရားသခင်က ခေါ် သောအခါ သူသွားမည့် နေရာသိပါသလား။ …………မိတ်ဆွေကို ဘုရားသခင်က သူကဲ့သို့ ခေါ်လျှင် လိုက်နိုင်ပါမည်လား။ ………………………….
ရ။ ဒါဝိဒ်သည် အဘယ်ကြောင့် ဘုရားသခင်၏ စိတ်ထိတွေ့သောသူ ဖြစ်ရပါသနည်း။ ……………………….
၈။ ပေါလုသည် အဘယ်ကြောင့် အသင်းတော်ကို ညှင်းဆဲခဲ့သနည်း။ ………………………….
၉။ ပေါလုက ခရစ်တော်ကြောင့် ခပ်သိမ်းသော အရာတို့ကို ဘာကဲ့သို့ မှတ်သနည်း။ ……………………
၁၀။ ပေါလုသည် အဘယ်ကြောင့် ဆင်းရဲ ဒုက္ခ ခံရသနည်း။ ……………………………………

.

သင်ခန်းစာ (၄)

ဝတ်ပြုခြင်းဆိုင်ရာပညတ်

             ဝတ်ပြုခြင်း ဆိုင်ရာပညတ်သည် များစွာ ရှိသော်လည်း၊ အရေးကြီး ဆုံးသော အရာလေးခုကို ဖေါ်ပြလိုသည်။ ထိုအရာများ မှာ

  • ၁။ အသက် ရှင် တော်မူသော ဘုရားကို သာကိုးကွယ်ရမည်။
  • ၂။ ဘုရားရှိသော နေရာ၌ သာကိုးကွယ်ရမည်။
  • ၃။ ယဇ်ပုရောဟိတ် အားဖြင့် သာကိုးကွယ်ရမည်။
  • ၄။ ယဇ်ကောင် အားဖြင့် သာကိုးကွယ်ရမည်။

  အသက်ရှင်တော်မူသောဘုရားကိုသာကိုးကွယ်ရမည်
ကောင်းကင် ဘုံနှင့် ငရဲပိုင်ရှင်သည် အသက် ရှင် တော်မူသော ဖန်ဆင်းရှင် ဘုရားသခင် ဖြစ်သည်။ ထိုဘုရားသခင်ကို မကိုးကွယ်ဘဲ အခြားသော ဘုရားကို ကိုးကွယ်လျှင်၊ မည်ကဲ့သို့ ကောင်းကင် နိုင်ငံသို့ ရောက်နိုင်မည်နည်း။ ဘုရားရှင်ကိုယ်တော်တိုင် ကဤသို့ ပညတ်ထားခဲ့သည်။ "ငါမှတပါးအအခြားသော ဘုရားကို မကိုးကွယ်နှင့်။ အထက် မိုဃ်းကောင်းကင်၌ ၎င်းအောက်အရပ်မြေကြီး ပေါ်၌၎င်းမြေကြီး အောက်ရေထဲ၌၎င်းရှိသော အရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတုကိုကိုယ်အဘို့ မလုပ်နှင့်။" (ထွက်၂၀:၃-၄)။ ထို့ကြောင့် အခြားသော ဘုရားကိုးကွယ်သော သူသည် ကောင်းကင် နိုင်ငံရောက်ဘို့၊ မရောက်ဘို့ စဉ်းစားစရာ မလိုတော့ချေ။ မရောက်ဘို့ရန် သေချာပြီး ဖြစ်သည်။ ဘုရားသခင်သည် သူ၏ ဘုန်းကို အဘယ်သူ မျှမပေးချင်။ ပညတ်တော် ဆယ်ပါးပေး သောအခါ သူမှတပါးအခြားသော ဘုရား များကို ကိုးကွယ်မှာ စိုးရိမ် သောကြောင့်၊ အခြားဘုရားများမကိုးကွယ်ဘို့ရန် အတန်တန်မှာထားခဲ့သည်။ "အခြားသော ဘုရားကို သင်သည် မကိုးကွယ်ရ။ အပြစ် ရှိယုံလွယ်အမည်ရှိသော ထာဝရ ဘုရားသည် အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရားသခင် ဖြစ်တော်မူ၏။" (ထွက်၃၄:၁၄)။ ဤကျမ်းပိုဒ်ကို အင်္ဂလိပ် ကျမ်းစာ၌ ဤသို့ ရေးထားသည်။ "For you shall not worship any other god, for the LORD, whose name is Jealous, is a jealous God." ထာဝရ ဘုရားသည်၊ သဝန်တိုတတ်သော ဘုရား ဖြစ်သည် ဟုဆိုသည်။ သဝန်တိုခြင်းသည် လင်နှင့် မယားကြား၊ ရီးစားကြား၌ ဖြစ်တတ်သော အရာ ဖြစ်သည်။ အချစ်ကြီးလျှင် ပို၍ သဝန်တိုတတ်သည်။ ဘုရားသခင်လည်း သူ့ကို မကိုးကွယ်ဘဲ အခြားသော ဘုရားကို ကိုးကွယ်လျှင် အလွန် သဝန်တိုသည်။ ထို့ကြောင့် မောရှေမှတဆင့် ဣသရေလ လူများ ထံဤကဲ့သို့ အထပ်ထပ်မှာထားခဲ့သည်။ "ငါပညတ်သမျှ တို့၌ သတိပြုကြလော့။ အခြားသော ဘုရား၏ နာမကို မြွက်မဆိုနှင့်။ သင်၏ နှုတ်ထဲကမြွက်သံကို သူတပါးမကြားစေနှင့်။" (ထွက်၂၃:၁၃) ထာဝရ ဘုရားသည်၊ အခြားသော ဘုရား များကို နှုတ်နှင့် ပင်မမြွက်စေချင်။ မည်မျှသဝန်တိုကြောင်းကို သိနိုင်သည်။

               "သင်၏ ဘုရားသခင် ထာဝရ ဘုရားကို ကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကို သာဝတ်ပြုရမည်။ နာမတော် အားဖြင့်လည်း ကျိန်ဆိုခြင်းကို ပြုရမည်။ အခြားတပါးသော ဘုရား၊ သင့်ပတ်လည်၌ နေသော လူမျိုးတို့၏ ဘုရားကို မဆည်းမကပ်ရ။ သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့၌ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏။ သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် သင့်ကို အမျက်ထွက်၍ မြေကြီး ပြင်မှာသုတ်သင် ပယ်ရှား တော်မူ မည်ဟု စိုးရိမ်စရာ ရှိ၏။" (တရား ၆:၁၃-၁၅) ဘုရားသခင်သည် သူ့ကို မကိုးကွယ်ဘဲ၊ အခြားသော ဘုရားကို ကိုးကွယ်လျှင်၊ မြေကြီး ပြင်မှသုတ်သင် ပယ်ရှား တော်မူသည့်တိုင်အောင်၊ အမျက်ထွက်မည့် အရာကို ကြိုတင် သတိပေး တော်မူ ခဲ့သည်။ ထို့ကြောင့် အခြားသော ဘုရားကိုးကွယ် သူများ အပေါ်၌၊ ထာဝရ ဘုရား မည်မျှအမျက်ထွက် တော်မူကြောင်း သိနိုင်သည်။ သိလည်း သိသင့်သည်။ သို့သော်ယနေ့ ခရစ်ယာန်ဟုဆို သူများသည်၊ ထိုအရာကို အလေးအနက်မထား၊ သားသမီး များကို လည်း၊ ထာဝရ ဘုရား မကိုးကွယ်သော်လည်း၊ ရာထူးကောင်းသော၊ ချမ်းသာသော သူများနှင့် လက်ထပ်စေ ကြသည်။ ထာဝရ ဘုရားအား အမျက်နှိုးဆော် ကြသည်။

"သင်၏ ညီအစ်ကိုရင်း၊ သင်၏ သားသမီး၊ သင်၏ ရင်ခွင်၌ နေသော မယား၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်းတစုံတယောက်က၊ သွားကြစို့၊ သင်လည်း မသိ၊ ဘိုးဘေးတို့လည်း မသိသော၊ အခြားတပါးသော ဘုရား၊ သင့်ပတ်လည်အနီးအဝေး၌ နေသောသူ၊ မြေကြီး စွန်းတဘက်မှသည် တဘက်တိုင်အောင်၊ ကိုးကွယ်သော ဘုရားကို ဝတ်ပြုကြစို့ဟု၊ တိတ်ဆိတ်စွာ သွေးဆောင်လျှင်၊ သင်သည် ဝန်မခံရ။ သူ၏ စကားကို နားမထောင်ရ။ သူ့ကို မြင် သောအခါ မသနားရ။ နှမြောသဖြင့် ဖွက်၍ မထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်၊ သူသည် အသေသတ်ခြင်းကို ခံစိမ့်သော ငှာ၊ သင်သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ကျွန်ခံနေရာအဲဂုတ္တု ပြည် မှသင်တို့ကို နှုတ်ဆောင် တော်မူသော၊ သင်၏ ဘုရားသခင် ထာဝရ ဘုရား ထံတော် မှလွဲစေခြင်းငှာ၊ ကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့် ပစ်၍ အသေသတ်ရကြမည်။ ထိုသိတင်းကို ဣသရေလ အမျိုးသား အပေါင်းတို့သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တဖန် မပြုဝံ့ဘဲ နေကြလိမ့်မည်။" (တရားဟော ၁၃:၆-၁၀)။ ကိုယ်မိသား စုထဲမှအခြားဘုရားကို ကွယ်ဘို့ရန်၊ သွေးဆောင် သူများကို ကိုယ်တိုင်သတ်ရမည်ဟု၊ ဘုရားသခင် ပညတ်ထားသည်။ ထို့ကြောင့် ထာဝရ ဘုရားသခင်သည် အခြားသော ဘုရားကိုးကွယ်သော သူများကို မည်မျှ အလိုမရှိကြောင်းကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ သို့သော်ယနေ့ ခရစ်ယာန် များသည် ထိုအရာကို အလေးအနက်မထားကြ။ ဘုရား အမြင်၌ အခြားဘုရားကိုးကွယ်ခြင်းသည် ပြည့်တန်ဆာလုပ်ခြင်းနှင့် တူကြောင်း ဤသို့ တွေ့ရသည်။ "သင်သည် ယခုသွားသော ပြည် သူပြည်သား တို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သင့်အလယ်၌ တိုက်မိ၍ လဲစရာ အကြောင်း မဖြစ်စေခြင်းငှါ၊ ကိုယ်ကိုကိုယ်သတိပြုလော့။ သူတို့ ယဇ်ပလ္လင်များကို ဖျက်ဆီးရမည်။ သူတို့ ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည်။ သူတို့ အာရှရပင်များကို ခုတ်လှဲရမည်။ အခြားသော ဘုရားကို သင်သည် မကိုးကွယ်ရ။ အပြစ် ရှိယုံလွယ်အမည်ရှိသော ထာဝရ ဘုရားသည်၊ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ထိုပြည် သူပြည်သား တို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ ဘုရားနှင့် မှားယွင်းခြင်းကို ပြု၍၊ ထိုဘုရား တို့အား ယဇ်ပူဇော် သောအခါ၊ သင့်ကို ခေါ်၍ သင်သည် ထိုယဇ်ကောင်ကို စားမည်ဟူ၍ ၎င်းသင်သည် သူတို့ သမီးများကို ယူ၍၊ ကိုယ်သား တို့နှင့် ထိမ်းမြား ပေးစားသဖြင့်၊ ထိုသမီးတို့သည် မိမိတို့ ဘုရားနှင့် မှားယွင်းခြင်းကို ပြု၍၊ သင်၏သား တို့ကို ထိုဘုရား တို့နှင့် မှားယွင်းစေမည်ဟူ၍ ၎င်း စိုးရိမ်စရာ ရှိ၏။ သင်သည်ကိုယ်အဘို့ သွန်းသော ဘုရား တို့ကို မလုပ်ရ။" (ထွက်၃၄:၁၂-၁ရ)။

မြန်မာကျမ်းစာအုပ်၌ မှားယွင်းသည်ဟုဆိုသော်လည်း အင်္ဂလိပ် ကျမ်းစာ၌၊ ပြည့်တန်ဆာလုပ်သည်ဟု ဤကဲ့သို့ တွေ့ရသည်။ (for you shall worship no other god, for the LORD,whose nameis Jealous,is a jealous God) ,lest you make a covenant with the inhabitants of the land,and they play the harlot with their gods and make sacrifice to their gods,and one of them invites you and you eat of his sacrifice, and you take of his daughters for your sons, and his daughters play the harlot with their gods and makeyour sons play the harlot with their gods. (Ex34:14-16) ထို့ကြောင့် အခြားဘုရားကိုးကွယ်ခြင်းသည်၊ ဘုရားသခင် အလွန် အမျက်ဒေါသထွက်၍ မည်မျှအပြစ် ကြီး ကြောင်းကို သိနိုင်သည်။ ထိုသို့ အတန်တန်မှာထားသော်လည်း၊ ဣသရေလ လူမျိုးများသည် အဲဂုတ္တု ပြည်မှ ထွက်ကတည်း ကစ၍၊ ဗာဗုလုန်ကျွန်ခံသည်အထိ ရုပ်တုများကို သာကိုးကွယ် ကြသည်။ ထာဝရ ဘုရား ယုံကြည်သော ဘုရင်များ ဖြစ်သည့်ဒါဝိဒ်မင်း၊ အာသမင်း၊ ယေဟောရှဖတ်မင်း၊ ဟေဇကိမင်း၊ ယောရှမင်းတို့ လက်ထက်၌ သာအခြားဘုရား မကိုးကွယ်ဘဲ၊ ထာဝရ ဘုရားကို ကိုးကွယ် ကြသည်။ ပရောဖက် များကို စေလွှတ်၍ သတိပေးသော်လည်း နားမထောင်ကြ၊ ဂရုမစိုက်ကြ။ ထို့ကြောင့် နောက်ဆုံး၌ ဣသရေလ ပြည်ကို အာရှုရိလက်၌၎င်းယုဒပြည်ကို ဗာဗုလုန်လက်၌၎င်းကျွန်ခံ စေခဲ့သည်။ ထာဝရ ဘုရားကို မကိုးကွယ်ဘဲ အခြားသော ဘုရား များကိုးကွယ်ခြင်းသည် ကောင်းကင် ဘုံရှင်ထာဝရ ဘုရား အတွက် သာမညအပြစ် မဟုတ်၊ အကြီးမား ဆုံးသော အပြစ်၊ အပြစ် တကာတို့၌ အကြီးမား ဆုံးသော အပြစ် ဖြစ်သည်။ သို့သော်ယနေ့ ခရစ်ယာန် များ၏ အမြင်၌၊ အခြားဘုရားကိုးကွယ်ခြင်းသည် အရေးမကြီး။ ထို့ထက်ကိုယ်ကျင့်တရားဖေါက်ဖျက်ခြင်းသည် အလွန် အပြစ် ကြီးသည်ဟု ယူဆ ကြသည်။

သင်ခန်းစာ (၄) မေးခွန်းများ

၁။ ကိုးကွယ်ခြင်း ဆိုင်ရာပညတ်၌ အဓိကအချက်လေးချက်များမှာ၊

  • (၁) ……………………………………………………
  • (၂) …………………………………………………….
  • (၃) ……………………………………………………
  • (၄) …………………………………………………….

၂။ ဘုရားသခင်သည် သူ၏ ဘုန်းကို အဘယ်သူအား ပေးချင် သနည်း။ ………………………………
၃။ ဘုရားသခင်သည်။ မည်ကဲ့သို့သော ဘုရား ဖြစ်သနည်း။ ………………………………
၄။ ထာဝရ ဘုရားသခင်က လူများ အခြားသော ဘုရားကိုးကွယ်ခြင်းကို မည်မျှမုန်းသနည်း။ ………………………………..
၅။ အခြားသော ဘုရားကိုးကွယ်သူကို မည်ကဲ့သို့ အရေးယူခိုင်းသနည်း။ …………………………………………
၆။ အခြားဘုရားကိုးကွယ်ခြင်းသည်။ဘုရား အမြင်၌ မည်ကဲ့သို့သော အပြစ် ကျူးလွန်ခြင်း ဖြစ်သနည်း။ ………………….

.

သင်ခန်းစာ (၅)

ဘုရားရှိသောနေရာ၌သာကိုးကွယ်ရမည်

နေရာတိုင်း၌
ကမ္ဘာဦးမှစ၍ ပညတ်တော် ပေးသည် အထိ၊ ဘုရားသခင်ကို မိမိတို့ ကြိုက်နှစ်သက်သော နေရာတိုင်း မှကိုးကွယ်နိုင် ကြသည်။ အဗြာဟံ၊ ဣဇက်၊ ယာကုပ်တို့သည်၊ ရောက်လေရာအရပ်ရပ်၌ ယဇ်ပလ္လင်များကို တည်ဆောက်၍ ကိုးကွယ်တတ် ကြသည်။

တဲတော်၌
ဘုရားသခင်က မောရှေအား သိနာတောင်ခြေ၌ တဲတော် ဆောက်ခိုင်းသည်။ ထိုအချိန် မှစ၍ ဘုရားသခင်အား တဲတော်၌ သာကိုးကွယ်ရသည်။

ဗိမာန်တော်၌သာ
ရှောလမုန်မင်းကတဲတော် အစား၊ ဗိမာန်တော် ဆောက် သောအခါ ဗိမာန်တော် ထဲမှသာကိုးကွယ်ရသည်။ အဘယ့်ကြောင့် ဆိုသော်၊ ဗိမာန်တော်၌သာ ဘုရားသခင်ကျိန်းဝပ် တော်မူခဲ့သည်။ သို့သော် ဣသရေလ လူများသည် သစ္စာ မရှိသောကြောင့်၊ ဘုရားသခင်ကို စွန့်၍ အခြားသော ဘုရား များကို ကိုးကွယ် သောအခါ၊ စိမ်းသော သစ်ပင်အောက်တိုင်း နှင့်၊ တောင်ကုန်းတိုင်း ပေါ်၌ ယဇ်ပူဇော်တတ် ကြသည်။ ထိုသို့ဖြစ်မည့် အရာကို ကြိုသိသောကြောင့်၊ ဘုရားသခင်က၊ "သင်တို့သည် မြေကြီး ပေါ်မှာ အသက် ရှင်သမျှသော ကာလ ပတ် လုံးဝင်စားစေခြင်းငှာ၊ သင်တို့ ဘိုးဘေးကိုးကွယ်သော ဘုရားသခင် ထာဝရ ဘုရား ပေးတော်မူသော ပြည်၌၊ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင်ထုံးဖွဲ့ချက်များ ဟူမူကား၊ သင်တို့ အစိုးရသော လူမျိုးတို့သည် တောင်ကြီး၊ တောင်ငယ် အပေါ်၊ စိမ်းသော သစ်ပင်အောက်၌၊ မိမိတို့ ဘုရား များကို ဝတ်ပြုရာအရပ်ရှိသမျှ တို့ကို ရှင်းရှင်း ဖျက်ဆီးရမည်။ သူတို့ ယဇ်ပလ္လင်များ ကိုလည်း ဖျက်ရမည်။ ရုပ်တုများကို ဖြိုချရမည်။ အာရှရပင်များကို မီးရှုံ့ရမည်။ ထုလုပ်သော ဘုရား ဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရား တို့၏ နာမကို ပင်ပယ်ရှင်းရမည်။ သူတို့ ပြု သကဲ့သို့ သင်တို့သည်၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအား မပြုဘဲ၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားသည်၊ သင်တို့ အမျိုးအနွယ်ရှိသမျှတို့ တွင်၊ နာမတော်ကို တည်စေဘို့ ရာရွေးကောက် တော်မူသော အရပ်တည်း ဟူသော၊ ကျိန်းဝပ် တော်မူ ရာအရပ်ကို ရှာ၍ လာရကြမည်။ ထိုအရပ်သို့ သင်တို့သည် မီးရှုံ့ရာယဇ်အစရှိသော ယဇ်များ၊ ဆယ်ဘို့ တဘို့ ပူဇော်သက္ကာ၊ ချီမြှောက်ရာပူဇော်သက္ကာ၊ သစ္စာ ဂတိနှင့် ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှစ၍၊ သိုးနွားတွင် အဦးဘွားသောသား ငယ်တို့ကို ဆောင်ခဲ့ရကြမည်။ ထိုအရပ်၌ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌၊ စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရား ကောင်းကြီး ပေးတော်မူ သဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သား တို့သည်၊ ရွှင်လန်းခြင်းကို ပြုရကြမည်။" (တရားဟော ၁၂:၁-၈) "တွေ့မြင်ရာရာအရပ်၌ မီးရှုံ့ရာယဇ်ကို မပူဇော်ရမည်အကောင်း၊ သတိပြုကြလော့။ သင်တို့ အမျိုးတမျိုးတွင် ထာဝရ ဘုရားရွေးကောက် တော်မူသော အရပ်၌ မီးရှုံ့ရာယဇ်ကို ပူဇော်၍၊ ငါမှာထားသမျှ တို့ကို ပြုရကြမည်။" (တရားဟော ၁၂:၁၃-၁၄) ဟု ထာဝရ ဘုရားသည် မောရှေအားဖြင့် အထပ်ထပ် မှာထားသည်။ ထို့ကြောင့် ဣသရေလ လူများသည် တဲတော် သို့မဟုတ် ဗိမာန်တော်၌ သာကိုးကွယ်ခြင်း အမှုကို ပြုလုပ် ကြသည်။ သို့သော်အခြားသော ဘုရားကိုးကွယ်သော အချိန်တွင်မူ၊ နေရာတကာမှကိုးကွယ်တတ် ကြသည်။

အသွင်ကူးပြောင်းကာလ
ဣသရေလ လူများသည် တောလည်ရာ၌ တဲတော် ထဲမှဘုရားကို ကိုးကွယ်၍၊ ယေရုရှလင် မြို့၌ ဗိမာန်တော် တည်ဆောက်ချိန်မှစ၍ ဗိမာန်တော်၌ သာ၊ ကိုးကွယ်လေ့ရှိသည်။ ထို့ကြောင့် ရှမာရိအမျိုးသမီးကသခင်ယေရှုထံ၊ "အကျွန်ုပ်တို့ ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင် မြို့၌ သာကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊ " သခင်ယေရှုက၊ "အချင်းမိန်းမ၊ ငါ့စကားကို ယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင် မြို့သို့ မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည်အချိန်ကာလ ရောက်ဆဲရှိ၏၊ "ဟု ဖြေခဲ့သည်။ (ယော၄:၂၀-၂၁)။ သခင်ယေရှု ကကိုးကွယ်မည့် နေရာပြောင်းတော့မည့် အကြောင်းကို ရှမာရိ အမျိုးသမီးထံ ပြောပြခြင်း ဖြစ်သည်။

ဗိမာန်တော် ဖျက်စီး
သခင်ယေရှု အသေခံ သောအခါ၊ ဗိမာန်တော် အထဲမှအ သန့်ရှင်းဆုံးနှင့် သန့်ရှင်းရာဌါနကို ကာထားသော ကုလားကာသည် ကွဲသွားကြောင်း ဤသို့ တွေ့ရသည်။ "ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက် စွန်းမှအောက်စွန်းတိုင်အောင်၊ စုတ်ကွဲလေ၏။" (မ၂ရ:၅၁)။ အဘယ့်ကြောင့် သခင်ယေရှု အသေခံ သောအခါ ဗိမာန်တော် ကုလားကာစုတ်ကွဲသနည်းဟူမူကား၊ ဘုရားသခင်ကို ဗိမာန်တော် မှကိုးကွယ်ချိန် ကုန်ဆုံးကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူဆောက်သော ဗိမာန်တော်၌ မရှိတော့သောကြောင့်၊ ဗိမာန်တော်၌ ကိုးကွယ်၍ မရတော့ကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ ထိုဗိမာန်တော်သည် အေဒီ ရဝ တွင် ရောမစစ်သားများကဖျက်စီး၍ မရှိတော့ချေ။ ဣသရေလလူများ ကအေဒီ ၁၃၅ ခန့်တွင် ပြန်လည်တည်ဆောက်ဘို့ရန် ကြံစည်သော်လည်း မအောင်မြင် ခဲ့ချေ။ ယနေ့ တိုင်အောင် ဗိမာန်တော် မရှိသောကြောင့်၊ ယဇ်ပူဇော်ခြင်း မပြုလုပ် နိုင်ကြချေ။ ဣသရေလ များ၏ အဓိကရည်မှန်းချက် တခုမှာဗိမာန်တော် ပြန်လည်တည်ဆောက်၍၊ ယဇ်ပူဇော်ဘို့ရန် ဖြစ်သည်။ သို့သော်ဗိမာန်တော် နေရာ၌ မူစလင်များ ကဗလီဆောက်ထားသောကြောင့် သူတို့၏ စိတ်ကူးယဉ်မ ပြည့်စုံနိုင်ချေ။ ဘုရားသခင်က အကောင်းဆုံးသော အစောင့်များကို ချထားသည်။ အခြား သူများ ကဗိမာန်တော် နေရာကို ပိုင်ခဲ့သည် ရှိသော်၊ ဣသရေလ လူများ ကဝယ်ယူ၍ ဗိမာန်တော် တည်ဆောက်လောက်ပြီ။ ထိုအရာကို သိသောကြောင့် ဘုရားသခင်က အကောင်းဆုံးအစောင့်များ ဖြစ်သော၊ မူစလင်များကို အစောင့်များ အဖြစ်ချထားခြင်း ဖြစ်သည်။ ယနေ့ ခရစ်ယာန် များက ဘုရားသခင်ကို လူ့လက်နှင့် ဆောက်သော ဘုရားရှိခိုးကျောင်း၌ကိုးကွယ်နိုင်သည်ဟု ထင်မှတ် ကြသည်။ တနည်းအားဖြင့် မှန်ပါသည်။ သို့သော်မ ပြည့်စုံချေ။ ကက်သလိပ် အသင်းတော်သည် ဣသရေလများလုပ်သော အရာကို ဆက်လက်ထိမ်းသိမ်း၍၊ သူတို့ ရှိသော နေရာတိုင်း၌ ဗိမာန်တော် များကို ဆောက် ကြသည်။ သန့်ရှင်းရာဌါနများကို ပြုလုပ်၍ သူတို့၏ ဘုန်းကြီးများသာဝင်ခွင့်ရှိသည်။ အခြားသော ခရစ်ယာန် အဖွဲ့များသည် ထိုကဲ့သို့သော သန့်ရှင်းရာဌါနမပြုလုပ် ကြသောကြောင့်၊ ဆင်မြင့်ပေါ်၌ လူတိုင်း တက်ခွင့်ရှိ ကြသည်။ ကက်သလိပ်များ ကအရိပ်ကို အတုယူထိန်းသိမ်း၍၊ အခြားသော ခရစ်ယာန် များသည် အရိပ်ကိုလည်း မသိ၊ ထိန်းသိမ်းရမှန်းလည်း မသိ၊ မိမိတို့ ကြိုက်နှစ်သက်သလိုလုပ် ကြသည်။ သို့သော်၊ ဣသရေလ များ၏ ရည်ရွယ်သည့်အတိုင်း ဗိမာန်တော် တည်ဆောက်လျှင် လည်း၊ အကျိုးမရှိချေ။ အကြောင်းမှာ၊ ဘုရားသခင်သည် လူဆောက်သော ဗိမာန်တော်၌ မရှိပြီ။ ကက်သလိပ်များ ဆောက်သော ဗိမာန်တော်များလည်း၊ အဓိပ္ပါယ်မရှိချေ။ အခြားသော ခရစ်ယာန် များ၏ ဘုရား ကျောင်းများ၌ လည်း၊ ဘုရားသခင် မကျိန်ဝပ်ချေ။ သို့ဖြစ်လျှင် မည်သူမှန်သနည်း။ ဘုရားသခင်ကို မည်သည့်နေရာ၌ကိုးကွယ်ရမည်နည်း။ ထိုအရာများကို ဆက်လက်လေ့လာရကြဦးမည်။ ဆက်ဖတ်ပါ။

သင်ခန်းစာ (၅) မေးခွန်းများ

၁။ မောရှေလက်ထက် မှစ၍ ဘုရားသခင်က ………………..မှာ၎င်း၊ ရှောလမုန်လက်ထက် မှစ၍ ………………………..၌၎င်းကိုးကွယ်ရသည်။
၂။ တဲတော်နှင့် ဗိမာန်တော် မှမကိုးကွယ်သော အရာသည် အဘယ်ကြောင့် ဘုရားသခင်က လက်မခံနိုင်သနည်း။
၃။ သခင်ယေရှု ကရှမရိအမျိုးသမီးကို အဘယ်အရာပြောသနည်း။ …………………………
၄။ အဘယ်ကြောင့် သခင်ယေရှု သေ သောအခါ ဗိမာန်တော် ကုလားကာစုတ်ကွဲသနည်း။ …………………….
၅။ ဣသရေလ များ၏ အဓိကရည်ရွယ်ချက်သည် အဘယ်အရာ ဖြစ်သနည်း။ ……………………………….
၆။ ဗိမာန်တော် နေရာ၌ အဘယ်အရာဆောက်ထားသနည်း။ …………..အဘယ်ကြောင့် နည်း။ …………………………………

.

သင်ခန်းစာ (၆)

ယဇ်ပုရောဟိတ်အားဖြင့်သာကိုးကွယ်ရမည်

          အလုပ်သမားများက၊ ကုမ္ပဏီအကြီး အကဲကို တွေ့ချင် သောအခါ အားလုံးရုံးခန်းထဲသို့ မသွားဘဲ သူတို့၏ ခေါင်းဆောင် သာလျှင် သွားတတ်သည်။ အကြောင်းမှာ အလုပ်သမားများ အားလုံးရုံးခန်းထဲ၌ မဆန့်သည် သာမက၊ အားလုံးကစကား ပြောမှာ မဟုတ်၊ သူတို့၏ကိုယ်စားလှယ်ကသာ ပြောမှာ ဖြစ်သည်။ ထို့နည်းတူလူတိုင်းက ဘုရားသခင်ကို မတွေ့ဘဲ၊ ခေါင်းဆောင် ကသာလျှင် ဘုရား တွေ့ရသည်။ ထိုသို့ လူများကိုယ်စားဘုရား တွေ့သော သူသည် ယဇ်ပုရောဟိတ် ဟု ခေါ်သည်။

အိမ်ထောင်ဦးစီး
ကမ္ဘာဦးမှစ၍ မောရှေလက်ထက်၌ ဝတ်ပြုခြင်း ဆိုင်ရာပညတ်တော် ပေးသည် အထိ၊ သတ်မှတ်ထားသော ယဇ်ပုရောဟိတ် မရှိချေ။ အိမ်ထောင်ဦးစီး ယောကျာ်းများသည် ယဇ်ပုရောဟိတ် များ ဖြစ်သည်။ ကာဣနနှင့် အာဗေလတို့သည် သူတို့ကိုယ်တိုင်ယဇ်ပူဇော် ကြသည်။ (က ၄:၁-၅)။ နောဧသည် သူကိုယ်တိုင်ယဇ်ပုရောဟိတ် ဖြစ်သည်။ (က၈:၂၀)။ အဗြာဟံလည်း သူကိုယ်တိုင်ယဇ်ပူဇော်သည်။ (က ၁၂:ရ)။ ဣဇက်နှင့် ယာကုပ်တို့လည်း သူတို့ကိုယ်တိုင်ယဇ်ပူဇော်ခဲ့ ကြသည်။ (က ၂၆:၂၅၊ ၃၅:၁)။

အာရုန်နှင့်သားများသာ

ဣသရေလများအဲဂုတ္တု ပြည်မှ ထွက်လာကြ၍ သိနာတောင်ခြေသို့ ရောက်ကြ သောအခါ၊ မောရှေအားဖြင့် ဝတ်ပြုခြင်း ဆိုင်ရာပညတ်ပေးခဲ့သည်။ ထိုအချိန် မှစ၍ လူတိုင်း ယဇ်ပုရောဟိတ် လုပ်ခွင့်မရှိတော့ချေ။ အာရုန်နှင့် သူ၏ သားများသာလျှင် လူတိုင်း အတွက် ယဇ်ပုရောဟိတ် ဖြစ်၍ ယဇ်ပူဇော်နိုင်သည်။ ဘုရားသခင်က မောရှေထံဤသို့ မှာကြားခဲ့သည်။ "သင်၏ အစ်ကို အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရမည်အကြောင်း၊ သူနှင့် သူ၏သား တည်း ဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကို၊ ဣသရေလ အမျိုးသားတို့ အထဲကရွေးချယ်၍ သင့်အောက်၌ ခန့်ထားလော့။" (ထွက်၂၈:၁)။

ယဇ်ပုရောဟိတ်အရာရှာသူများ
ကောရ၊ ဒါသန်၊ အဘိရံတို့ ကအာရုန်၏ နေရာ၊ ယဇ်ပုရောဟိတ် အရာကို လုယူသောကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရ၍၊ မြေမျိုခြင်း ဖြင့် သေဆုံးခဲ့ကြကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်။ "ထာဝရ ဘုရား ကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံတို့၏ တဲများကို ရှောင်၍ နေစေခြင်းငှါ၊ ပရိသတ်တို့အား ဆင့်ဆိုလော့ဟု မောရှေအား မိန့်တော်မူသည် အတိုင်း၊ မောရှေထ၍ ဣသရေလ အမျိုးအသက် ကြီး သူတို့နှင့် တကွ၊ ဒါသန်၊ အဘိရံနေရာသို့ သွားပြီးမှ၊ ဤလူဆိုးတို့၏ နေရာတဲများကို ရှောင်၍ နေကြပါလော့။ သူတို့၏ ဥစ္စာတစုံ တခုကို မျှမထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့် အတူ၊ သူတို့ အပြစ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်ဟု၊ ပရိသတ်တို့အား ဆင့်ဆိုလျှင်၊ လူများ တို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲပတ်ဝန်းကျင်၌ မနေဘဲ ရှောင်လွှဲ၍ သွားကြသဖြင့် ဒါသန်၊ အဘိရံသည်သား မယားကလေးများနှင့် တကွထွက်၍၊ မိမိတို့ တဲတံခါးဝ၌ ရပ် နေကြ၏။ မောရှေကလည်း၊ ဤအမှု အလုံးစုံတို့ကို ငါသည် အလိုလိုမပြု၊ ထာဝရ ဘုရား စေခိုင်း တော်မူ၍ ငါပြုသည်။ အကြောင်းကို၊ သင်တို့သည် အဘယ်သို့ သိရမည်နည်းဟူမူကား၊ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော သေခြင်း၊ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကို သာဤလူတို့ ခံရလျှင်၊ ထာဝရ ဘုရားသည် ငါ့ကို စေလွှတ်တော် မမူ။ သို့မဟုတ် ထာဝရ ဘုရားသည် အသစ်ဖန်ဆင်း တော်မူ သဖြင့်၊ မြေကြီး ကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့နှင့် ဆိုင်သမျှကို၎င်းမျို၍၊ သူတို့သည် အသက် ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရ ဘုရား၌ ပြစ်မှားကြောင်းကို သင်တို့သည် သိနားလည်ရကြလိမ့်မည်ဟု၊ ပြောဆို ပြီးသည်။ အဆုံး၌၊ သူတို့ နင်းရာမြေကြီးသည် ကွဲ၍၊ မိမိ ခံတွင်းကို ဖွင့်သဖြင့် သူတို့နှင့် သူတို့ အိမ်များကို၎င်းကောရနှင့် ဆိုင်သမျှသော သူတို့နှင့် သူတို့ ဥစ္စာရှိသမျှကို ၎င်းမျိုလေ၏။ ထိုသူတို့သည်ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသော သူတို့နှင့် တကွ၊ အသက် ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသက်၍၊ သူတို့ အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှပယ်ရှင်းခြင်းကို ခံရကြ၏။" (တော၁၆:၂၃-၃၃) သူတို့နှင့် သဘောခြင်း တူ၍ ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားသော လူ၂၅၀တို့လည်း သေဆုံးခဲ့ကြကြောင်း ဤသို့ ရေးထားသည်။ "နံ့သာပေါင်းကို မီးရှုံ့၍ ပူဇော်သော သူနှစ်ရာငါးဆယ်တို့ကို လည်း၊ ထာဝရ ဘုရား ထံတော် ကမီးထွက်၍ လောင်လေ၏။" (တော၁၆:၃၅)။ ယဇ်ပုရောဟိတ် အရာသည် အာရုန်နှင့် သားများအတွက် သာ ဖြစ်ကြောင်းကို ကျမ်းစာ၌ ဤသို့ ရေးထားသည်၊ "တဖန် ထာဝရ ဘုရားသည် အာရုန်အား မိန့်တော်မူသည်ကား၊ သင်နှင့် သင်၏ မြေးအဆွေအမျိုးတို့သည် သန့်ရှင်းရာ ဌာနတော်နှင့် ဆိုင်သော အပြစ်၊ သင်တို့ ယဇ်ပုရောဟိတ် အရာနှင့် ဆိုင်သော အပြစ်ကို ခံရကြမည်။ သင်၏ ဘိုးဘအဆွေအမျိုး၊ လေဝိအမျိုးသား ညီအစ်ကို ချင်းတို့သည်၊ သင်နှင့်အတူ ကူညီ၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှါ ခေါ်ထားလော့။သို့ ရာတွင် သင်နှင့် တကွသင်၏သား တို့သည်၊ သက်သေခံချက်တဲတော် ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။ လေဝိသား တို့သည် သင့်ကို၎င်းတဲတော် ရှိသမျှ တို့ကို ၎င်းစောင့်ရကြမည်။သို့ ရာတွင် သင်တို့နှင့် သူတို့သည် သေဘေးလွတ်မည်အကြောင်း၊ သူတို့သည် တဲတော် တန်ဆာ၊ ယဇ်ပလ္လင်တန်ဆာများကို မချဉ်းကပ်ရကြ။ သူတို့သည် သင်တို့နှင့်အတူ ကူညီ၍၊ ပရိသတ်စည်းဝေးရာတဲတော်ကို စောင့်လျက် တဲတော် အမှု ရှိသမျှကို ထမ်းရကြမည်။ မဆိုင်သော သူသည် သင်တို့ အနီးသို့ မချဉ်းမကပ်ရ။ နောက်တဖန် အမျက်တော် ထွက်၍ ဣသရေလ အမျိုးသားတို့ အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့သည် သန့်ရှင်းရာ ဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြမည်။ ထိုသို့ သင်တို့၏ ညီအစ်ကို လေဝိသား တို့ကို၊ ဣသရေလ အမျိုးသားတို့ ထဲကရွေးယူ၍၊ ပရိသတ် စည်းဝေးရာ တဲတော် အမှုကို ထမ်းစေခြင်းငှါ၊ ထာဝရ ဘုရားအား ပြုသော ပူဇော်သက္ကာထဲသို့ သင်တို့အား ငါပေး၏။ ထိုကြောင့် သင်နှင့် သင်၏သား တို့သည်၊ ယဇ်ပလ္လင်နှင့် ဆိုင်သော အမှု၊ ကုလားကာအတွင်း ၌ ဆောင်ရွက်စရာ အမှု ရှိသမျှ တို့ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက်ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေးပြီ။ မဆိုင်သော သူသည် အနီးအပါးသို့ ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်၊ ဟု မိန့်တော်မူ၏။" (တော၁၈:၁-ရ)။

ရှောလု
ရှင်ဘုရင်ရှောလုကယဇ်ပုရောဟိတ် ရှမွေလကို မစောင့်နိုင်ဘဲ ယဇ်ပူဇော် သောအခါ၊ ဘုရားသခင်က သူ့ကို ရှင်ဘုရင်အရာမှပယ်ရှားခဲ့ကြောင်း သိခဲ့ရပြီ (၁ ရာ ၁၃)။

ယေရောဗောင်
ယေရောဗောင်သည် ရှင်ဘုရင် ဖြစ်လာ သောအခါ၊ ဝတ်ပြုခြင်း ဆိုင်ရာပညတ်အားလုံးကို ကျူးလွန်သည်။ ထာဝရ ဘုရား အစားရွှေနွားရုပ်တုကိုကိုးကွယ်သည်။ သာမန်လူများကို လည်း၊ ယဇ်ပုရောဟိတ် အဖြစ် ခန့်ထားကြောင်း ဤသို့ တွေ့ရသည်။ "ယေရောဗောင်သည် လည်း၊ မြင့်သော အရပ်ပေါ်မှာ အိမ်ကို ဆောက်၍၊ လေဝိသား မဟုတ်သော သာမညလူတို့ကို၊ ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားလေ၏။" (၃ ရာ ၁၂:၃၁) ယေရောဗောင်သည် ရုပ်တုကိုးကွယ်၍၊ သာမန်လူများအား ယဇ်ပုရောဟိတ် ခန့်ထားခြင်း နှင့်၊ ပွဲနေ့များကို သတ်မှတ်ခြင်း များကြောင့်၊ ဘုရားသခင်၏ ပရောဖက် အားဖြင့် ဆုံးမခြင်း ခံခဲ့ရသည်။ သို့သော်နောင်တ မရ၊ ဆက်၍ လမ်းမှားလိုက် နေကြောင်း အောက်ပါကျမ်းပိုဒ်များ အားဖြင့် သိရသည်။ "ထိုနောက်မှ ယေရောဗောင်သည် မိမိ အဓမ္မလမ်းကို မရှောင်၊ သာမညလူတို့ကို မြင့်သော အရပ်တွင် ယဇ်ပုရောဟိတ် အရာ၌ ထပ်၍ ခန့်ထား၏။ ယဇ်ပုရောဟိတ် လုပ်ချင်သော လူရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သော အရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။ ထိုသို့ ပြုသောကြောင့် ယေရောဗောင်အမျိုးကို မြေကြီး ပြင်မှသုတ်သင် ပယ်ရှားစေသော အပြစ် ရောက်သတည်း။" (၃ရာ၁၃:၃၃-၃၄) ထို့ကြောင့် သူ့ အပေါ်၌ ထာဝရ ဘုရား အလွန် အမျက်ထွက်၍၊ ပရောဖက် အဟိယအားဖြင့် ဤသို့ ဆိုခဲ့သည်။ "သင်သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ အမိန့်တော်ကို၊ ယေရောဗောင်ထံသို့ သွား၍ ဆင့်ဆိုရမည်မှာ၊ သင့်ကို လူစုထဲကငါရွေး၍ ငါ၏ လူဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်လျက်၊ နိုင်ငံတော်ကို ဒါဝိဒ် မင်းမျိုးလက်မှ နှုတ်၍ သင့်အား ပေးသော်လည်း၊ သင်သည် ငါ့ကျွန်ဒါဝိဒ်ကဲ့သို့ မဟုတ်၊ သူသည် ငါ့ပညတ်တို့ကို စောင့်ရှောက်၏။ ငါ့ရှေ့မှာ ကောင်းသော အကျင့်ကို သာကျင့်မည်ဟု စိတ်နှလုံးအကြွင်းမဲ့ငါ့ကို ဆည်းကပ်၏။ သင်မူကား သင့်ရှေ့မှာ ဖြစ်ဘူးသောသူ အပေါင်းတို့ကို လွန်၍၊ ဒုစရိုက်ကို ပြုလေပြီ။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားနှင့် သွန်းသော ရုပ်တုတို့ကို လုပ်၍၊ ငါ့ကို သင့်ကျောနောက်သို့ ပစ်ထားပြီ။ ထိုကြောင့် ယေရောဗောင်အမျိုး အပေါ်သို့ ဘေးဥပါဒ်ရောက်စေမည်။ ဣသရေလ မြို့ရွာ၌ အချုပ်ခံသောသူ ဖြစ်စေအလွတ်ပြေးသောသူ ဖြစ်စေ၊ ယေရောဗောင်အမျိုး ယောကျာ်းများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန်အစင်ကျုံးသွား သကဲ့သို့၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးကို ပယ်သွားမည်။ ယေရောဗောင်အမျိုးသားသည် မြို့ထဲမှာသေလျှင် အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင် ငှက်စားလိမ့်မည်အကြောင်း ထာဝရ ဘုရား မိန့်တော်မူ ပြီ။" (၃ရာ၁၄:ရ-၁၁)

ယဇ်ပုရောဟိတ် အရာကို ရှာသော ကောရအဖွဲ့၏ နိဂုံးသိရပြီ။ ယဇ်ပုရောဟိတ်အား မကိုးသော ရှောလုရှင်ဘုရင် ဘုရားသခင်၏ ပယ်ရှားခြင်း ခံရကြောင်း သိရပြီ။ လိုချင်သော သူတိုင်းကို ယဇ်ပုရောဟိတ် ခန့်သော ယေရောဗောင်၏ ပြစ်ဒဏ်များလည်း သိရပြီ။ ထို့ကြောင့် ယဇ်ပုရောဟိတ် သည် အလွန် အရေးကြီးသည်။ သို့ဖြစ်လျှင် ကျွန်ပ်တို့၏ ယဇ်ပုရောဟိတ် သည် မည်သူနည်း။ ကက်သလိပ်ဘုန်းကြီး များသည် ယဇ်ပုရောဟိတ် ဖြစ်သလော။ သင်းအုပ်ဆရာများသည် ယဇ်ပုရောဟိတ် ဖြစ်သလော။ အာရုန်အနွယ်များသည် ယဇ်ပုရောဟိတ် ဖြစ်သေးသလော။ သင်ကိုယ်တိုင်သည် ယဇ်ပုရောဟိတ် ဖြစ်သလော။ ယဇ်ပုရောဟိတ် မသိလျှင် မည်သို့ အားကိုး နိုင်မည်နည်း။ ယဇ်ပုရောဟိတ် မရှိလျှင် မည်သို့ ဘုရားသခင် ထံချဉ်းကပ် ကိုးကွယ်နိုင်မည်နည်း။ ထိုအရာများကို ဆက်လေ့လာမည်။ ဆက်ဖတ်ပါ။

သင်ခန်းစာ (၆) မေးခွန်းများ

၁။ ကမ္ဘာဦးမှစ၍ မောရှေလက်ထက် တိုင်အောင် မည်သူသည် ယဇ်ပုရောဟိတ် ဖြစ်သနည်း။ …………………….
၂။ ဝတ်ပြုခြင်း ဆိုင်ရာပညတ်အရမည်သူသည် သာယဇ်ပုရောဟိတ် ဖြစ်နိုင် သနည်း။ ……………………………
၃။ အာရုန်၏ သားများနာမည် ဖေါ်ပြပါ။ …………………………..
၄။ အာရုန်၏ ယဇ်ပုရောဟိတ် ရာထူးကို လိုချင် ကြသော သူများသည် ……………………………တို့ ဖြစ်သည်။
၅။ ကောရနှင့် အဖွဲ့များကို ဘုရားသခင်က မည်ကဲ့သို့ စီရင်သနည်း။ ………………………….
၆။ ယဇ်ပုရောဟိတ် ဖြစ်ချင် ကြသော လူ၂၅၀တို့ကို ဘုရားသခင်က မည်ကဲ့သို့ တရားစီရင်သနည်း။ …………….
ရ။ ရှောလုမင်း၏ အပြစ်သည် အဘယ်အရာနည်း။ ……………………………………..
၈။ ယေရောဗောင်ကျူးလွန်သော ဝတ်ပြုခြင်း ဆိုင်ရာပညတ်များကို ဖေါ်ပြပါ။ …………………………….
၉။ ဘုရားသခင်သည် ယေရောဗောင်ကို မည်ကဲ့သို့ တရားစီရင်သနည်း။ ………………………………..
၁၀။ ကက်သလိပ်ဘုန်းကြီးများ၊ သင်းအုပ်များ၊ သင်ကိုယ်တိုင်သည် ယဇ်ပုရောဟိတ် ဖြစ်သလော။ ……………………………

.

သင်ခန်းစာ (၇)

 ယဇ်ကောင်အားဖြင့်သာကိုးကွယ်ရမည်

              ဘုရားသခင် ထံလက်ချည်းချဉ်းကပ်ကိုးကွယ်၍ မရပါ။ ထာဝရ ဘုရားကိုယ်တိုင်ဤသို့ မိန့်မှာခဲ့သည်။ "တနှစ်တွင် သုံးကြိမ်ငါ့အဘို့ ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်။ အတိုင်း၊ အဗိဗလ (တန်ခူးလ) ချိန်းချက်သော နေ့ရက်အချိန်၌ အဇုမ (တဆေးမဲ့မုန့်) ပွဲကို ခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သော မုန့်ကို စားရမည်။ အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တု ပြည် ကထွက်လာသတည်း။ ထိုပွဲကို ခံစဉ်ငါ့ထံသို့ အဘယ်သူ မျှလက်ချည်းမပေါ်မလာရ။" (ထွက်၂၃:၁၄-၁၅) "သင်သည် အဗိဗလ၌ အဲဂုတ္တု ပြည်မှ ထွက်သောကြောင့်၊ ငါပညတ်သည် အတိုင်း၊ အဗိဗ (တန်ခူး) လတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စား၍ အဇုမ (တဆေးမဲ့မုန့်) ပွဲကို ခံရမည်။သား ဦး အပေါင်းတို့သည် ငါ့ဥစ္စာ ဖြစ်ကြ၏။ သင်၏ တိရစ္ဆာန်တို့တွင် လည်း၊ နွား ဖြစ်စေ၊ သိုး ဖြစ်စေ၊ သား ဦး အပေါင်းတို့သည် ငါ့ဥစ္စာ ဖြစ်ကြ၏။သို့ ရာတွင်၊ မြည်းသား ဦးကို သိုးသငယ်နှင့် ရွေးယူရမည်။ မရွေးလိုလျှင်၊ မြည်းသငယ်၏ လည်ပင်းကို ချိုးရမည်။ သင်၏သား ဦး အပေါင်းတို့ကို ရွေးရမည်။ ငါ့ထံသို့ အဘယ်သူ မျှလက်ချည်း မပေါ်မလာရ။" (ထွက်၃၄:၁၈-၂၀) "အဇုမ (တဆေးမဲ့မုန့်) ပွဲခံချိန်၊ ခုနှစ်သိတင်း ပွဲခံချိန်၊ သကေနေ (တဲတော်) ပွဲခံချိန်တည်း ဟူသော တနှစ်တွင် သုံးကြိမ်မြောက်အောင်၊ သင်တို့ ယောက်ကျား အပေါင်းတို့သည်၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားရွေးကောက် တော်မူသော အရပ်၌ ရှေ့တော် မှာမျက်နှာပြရကြမည်။ ထိုအခါ ထာဝရ ဘုရား ထံတော်သို့ အဘယ်သူ မျှလက်ချည်း မပေါ်မလာရ။ သင်၏ ဘုရားသခင် ထာဝရ ဘုရား ကောင်းကြီး ပေးတော်မူ သဖြင့်၊ လူအသီးသီးတို့သည် တတ်နိုင်သည် အတိုင်း ဆက်ရကြမည်။" (တရားဟော၁၆:၁၆-ရ) "ယဇ်ပုရောဟိတ် မင်းမည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကို ပူဇော်စေခြင်းငှါ ခန့်ထားလျက် ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ် မင်းသည် လည်း၊ ပူဇော်စရာ ယဇ်တစုံ တခုရှိရ၏။" (ဟေဗြဲ၈:၃)။ ထို့ကြောင့် ဘုရားသခင် ထံချဉ်းကပ် သောအခါ လက်ချည်းမလာရ၊ တခုခုပါလာရသည်။ ဣသရေလ လူများသည် နွားသိုးဆိတ်ခိုနှင့် ချိုးငှက်များ မုန့်ညက်နှင့် မုန့်အမျိုးမျိုး ပါလာတတ် ကြသည်။ မိတ်ဆွေ၊ ထာဝရ ဘုရား ထံချဉ်းကပ်ရာတွင် မည်သည့်အရာပါလာမည်နည်း။ ဆုတောင်းခြင်း၊ အလှူငွေပေးသော အရာ၊ ကုသိုလ်ကောင်းမှုများ၊ ကောင်းသော အကျင့်များ ယူဆောင်လာမည်လော။ ထိုအရာများ အားဖြင့် ဘုရားသခင် ရှေ့၌ မျက်နှာရပါမည်လော။ ဘုရားသခင်ကလည်း သူ့ထံသို့ လက်ချည်းမလာရဟု၊ ပညတ်ထားသည်။ ကိုယ်ပါလာသော အရာကို စဉ်းစားမိဘူးပါသလား။

ကာဣန
ကာဣနသည် မှားယွင်းသော အရာကို ယူဆောင်လာခဲ့ကြောင်း သိခဲ့ပြီ။ သူသည် လယ်ထွက်သီးနှံများကို ဘုရားသခင် ထံယူဆောင်လာခဲ့သည်။ သို့သော် ဘုရားသခင်က လက်မခံခဲ့ချေ။ ဘုရားသခင် ထံ၌ သီးနှံများ၊ မုန့်ညက်များ၊ ကင်သော မုန့်ကြော်သော မုန့်၊ ဖုတ်သော မုန့်များ ပူဇော်တတ်ကြပါသည်။ (ဝတ်၂)။ သို့သော် ဘုရားသခင်က၊ ကာဣနကို လက်မခံရသည့် အကြောင်းရင်းကို ဖေါ်ပြထားသည်။ အင်္ဂလိပ် ကျမ်းစာအုပ်များတွင် ကမ္ဘာ၄:ရကို ဤသို့ ရေးထားသည်။ "အပြစ်သည် တံခါးနားမှာဝပ်လျက် ရှိသည်။" (sin is crouching at the door)။ သို့သော် မြန်မာကျမ်းစာအုပ်၌၊ "အပြစ် ဖြေသော ယဇ်ကောင်သည်။ တံခါးနားမှာဝပ်လျက် ရှိ၏။"ဟုဆိုထားသည်။ မည့်သည့်အရာမှန်သနည်း။ ဟေဗြဲစကား လုံးခထပ်ကို အပြစ် သို့မဟုတ် အပြစ် ဖြေသော ယဇ်ကောင်ဟု အဓိပ္ပါယ်နှစ်မျိုးဖြင့် ပြန်နိုင်သည်။ ထိုနှစ်မျိုးအနက်၊ မြန်မာကျမ်းစာ၌ ပါသည့်အတိုင်း၊ အပြစ် ဖြေသော ယဇ်ကောင် သာလျှင် မှန်နိုင်စရာ ရှိသည်။ အကြောင်းမှာ အပြစ်သည် အကောင် မဟုတ်သောကြောင့် တံခါးနားမှာဝပ်နိုင်မည် မဟုတ်။ ဝပ်နိုင်သော အရာသည် အပြစ် ဖြေသော ယဇ်ကောင် သာလျှင် ဖြစ်သည်။ ဘုရားသခင်က၊ ကာဣနကို ယဇ်ကောင် ပေးသော်လည်း အသုံးမပြုခဲ့ချေ။ သူသည် ဘုရားသခင် ပေးသော ယဇ်ကောင်ကို ငြင်းပယ်သောကြောင့်၊ ဘုရားသခင်ကလည်း သူ့ကို ငြင်းပယ်ခဲ့သည်။ ထိုသို့ ငြင်းပယ်ခြင်း ခံခဲ့၍ ဘုရားသခင် အထံတော်မှ ထွက်ခွါသွားခဲ့သည်။ ဘုရားသခင် အထံတော်မှ ထွက်ခွါသွားလျှင်၊ မည်သို့ မျှထာဝရ အသက်နှင့် ကောင်းကြီး မင်္ဂလာရစရာ အကြောင်း မရှိချေ။

ဣသရေလများ
ဣသရေလ များသည် ထာဝရ ဘုရား ထံ၌၊ ယဇ်ကောင်များယူဆောင်လာကြသော်လည်း မကောင်းသော အကောင်များ ယူဆောင်လာသောကြောင့်၊ ထာဝရဘုရား ကငြင်းပယ်ကြောင်းကို ဤသို့ တွေ့ရသည်။ "သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင် ငါ့ကို အဘယ်သူ ရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ်သူ ကြောက်ရွံ့သနည်း၊ ဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် နာမတော်ကို မထိမဲ့မြင် ပြုသော ယဇ်ပုရောဟိတ် တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင် ပြုပါသနည်း၊ ဟု သင်တို့ မေးရာတွင်၊ ညစ်ညူးသော အစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင်ခဲ့ ကြသည် တကား။ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်း၊ ဟု မေးရာတွင်၊ ထာဝရ ဘုရား၏ စားပွဲသည် ယုတ်မာ၏ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။ မျက်စီကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ် ရှိသည် မဟုတ်လော။ ခြေဆွံ့သော အကောင်နှင့် နာသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ် ရှိသည် မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏ စိတ်နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့်မည်လော၊ ဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။" (မာလခိ၁:၆-၈) "သင်တို့က၊ ထာဝရ ဘုရား၏ စားပွဲတော်သည် ညစ်ညူး၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ၏ဟုဆိုသောကြောင့်၊ စားပွဲတော်ကို ရှုတ်ချကြပြီ။ တဖန် သင်တို့ ကအမှုတော်ကို ဆောင်ရွက်၍၊ ပင်ပန်းစွတကားဟုဆိုလျက်၊ ကဲ့ရဲ့သံကို ပြုတတ် ကြသည် ဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။ လုယူသော အကောင်၊ ခြေဆွံ့သော အကောင်၊ နာသော အကောင်ကို၊ ဆောင်ခဲ့ကြပြီ။ ထိုသို့သော ပူဇော်သက္ကာကို ဆောင်ခဲ့ကြပြီတကား၊ သင်တို့ လက်မှငါခံရမည်လောဟု ထာဝရ ဘုရား မေးတော်မူ၏။ သစ္စာ ဂတိထားပြီးမှမိမိ သိုးစု၌ အထီးရှိလျက် ပင်၊ လှည့်စား၍၊ ထာဝရ ဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သော သူသည် အမင်္ဂလာရှိစေသတည်း။ ငါသည် ကြီး မြတ်သော ရှင်ဘုရင် ဖြစ်၏။ ငါ၏ နာမတော်သည် လူအမျိုးမျိုး တို့တွင် ကြောက်မက်ဘွယ် ဖြစ်ရမည်၊ ဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။" (မာလခိ၁:၁၂-၁၄) ဣသရေလူများသည် ထာဝရ ဘုရားကို စွန့်၍ အခြားသော ဘုရား များကို ကိုးကွယ်သည်။ ထို့ကြောင့် ဗာဗုလုန်ကျွန်ခံစေ၍ သူတို့၏ နားများကို ဖေါက်လိုက်သည်။ ဗာဗုလုန်ကျွန်ခံရာမှပြန်လာ သောအခါ၊ သင်ခန်းစာရ၍ ရုပ်တုများ မကိုးကွယ်တော့ဘဲ၊ ထာဝရ ဘုရားသခင်ကို သာလျှင်ကိုးကွယ် ကြသည်။ ထာဝရ ဘုရားကို သာကိုးကွယ်၍ ယဇ်ကောင် များကို ပူဇော်သော်လည်း၊ မာလခိထဲမှာရေးထားသည့်အတိုင်း၊ အကျိုးအပဲ့အကန်းများကို ပူဇော် ကြသည်။ ထိုကြောင့် ထာဝရ ဘုရား က သူတို့၏ ပူဇော်သက္ကာများနှင့် တကွသူတို့ ကိုယ်တိုင်ကို ပါငြင်းပယ်သည်။ ယခုအချိန်တွင် ဘုရားသခင် ထံ၌ မိတ်ဆွေ၊ ဘယ်အရာကို ယူဆောင်လာမည်နည်း။ မိမိ၏ အလှူတော် ငွေ၊ ကောင်းမှု ကုသိုလ်၊ ဆုတောင်းခြင်း၊ ကျမ်းစာ ဖတ်ခြင်း၊ ကောင်းသော အကျင့်၊ မိမိ၏ အသက်တာများကို ယူဆောင်လာရမည်လော။ ထိုအရာများကို ဘုရားသခင် လက်ခံ တော်မူ မည်လော။ လက်၌ ယူဆောင်လာသော အရာမရှိလျှင်၊ ဘုရားသခင်က သင့်ကို လက်ခံ တော်မူ မည်လော။ ထိုအရာများကို ဆက်လေ့လာရကြမည်။ ဤအရာများကို မိတ်ဆွေ မသိဘဲ ဖြစ်ကောင်း ဖြစ်မည်။ အကြောင်းမူကား ဤအရာများကို မဟော မပြောသောကြောင့် သော်၎င်း၊ မလေ့လာသောကြောင့်သော်၎င်း ဖြစ်သည်။ ထိုအခါ မိမိ ကြိုက်နှစ်သက်သလိုကိုးကွယ် ကြသည်။ ဣသရေလများမှားယွင်းခဲ့ကြပြီ။ ယခု ခရစ်ယာန် များလည်း မှားယွင်းကြပြန်ပြီ။ ထိုသို့ မမှားရလေအောင် ဆက်လေ့လာကြပါစို့။

သင်ခန်းစာ (ရ) မေးခွန်းများ

၁။ ထာဝရ ဘုရားက ဣသရေလများအား တနှစ်ဘယ်နှစ်ကြိမ်ပွဲခံခိုင်းသနည်း။ ………………….
၂။ ထာဝရ ဘုရား ထံအဘယ်သူ မျှ……………..မပေါ်လာရ။
၃။ ယဇ်ပုရောဟိတ်၌ ပူဇော်စရာ ………….ရှိရ၏။
၄။ ဣသရေလ များသည် မည်သည့်အရာများကို ပူဇော်တတ်ကြသနည်း။ …………………
၅။ ကာဣနကို ဘုရားသခင်က တံခါးဝ၌ အဘယ်အရာထားပေးသနည်း။ ……………..
၆။ ကာဣနသည် ဘုရား ပေးသော ယဇ်ကောင်ကို အသုံးပြုပါသလား။ …………..
ရ။ ဘုရားသခင်က ကာဣနကို အဘယ်ကြောင့် လက်မခံသနည်း။ ……………
၈။ ဣသရေလ လူများသည် ဘုရားသခင် ထံမည်ကဲ့သို့သော တိရစ္ဆာန်များ ယူဆောင်တတ်ကြသနည်း။ ……………………
၉။ ဘုရားသခင် ထံမိတ်ဆွေ မည်သည့်အရာများ ယူဆောင်လာမည်နည်း။ …………..
၁၀။ ဘုရားသခင် ထံမည်သည့်အရာယူဆောင်ရမည့် အရာသည် အရေးကြီးသည်ဟု သင်ယူဆပါသလော။ …………..

.

သင်ခန်းစာ (၈)

စစ်မှန်သောကိုးကွယ်ခြင်း

              ဝတ်ပြုခြင်း ဆိုင်ရာပညတ်၌ ထာဝရ ဘုရားကို သာကိုးကွယ်ရမည်ဟု ပါခဲ့သည်။ ခရစ်ယာန်များအနေဖြင့် ထာဝရ ဘုရားကို သာလျှင်ကိုးကွယ်ကြသည်ဟု ယူဆပါစို့။ (အမှန်မှာ ဘုရားသခင်ကို သာကိုးကွယ်လျှင်၊ သူ့ကို အချစ်ဆုံး၊ အနာခံဆုံး၊ အရိုသေဆုံး၊ အကြောက်ရွံဆုံး ဖြစ်ရမည်။ ယခုမူကား၊ ဒုက္ခ ရောက်မှတရသော ဘုရား အကူအညီလိုမှ၊ ကမန်းကတန်းကိုးကွယ်သော ဘုရား၊ အကျင့်ပါသောကြောင့် တာဝန် ကျေကိုးကွယ်သော ဘုရား ဖြစ်သည်။) ထိုဘုရားကို ကိုးကွယ် သောအခါ၊ ဘုရားသခင် အလိုတော် အတိုင်းကိုးကွယ်ဘို့ လိုသည်။

စစ်မှန်သောတဲတော်

ဘုရားသခင်ကို ကိုးကွယ် သောအခါ၊ သူရှိသော နေရာမှာသာကိုးကွယ်ရမည်။ ဘုရားသခင်သည် နေရာတကာ၌ ရှိသည်။ ဆာလံဆရာပြော သကဲ့သို့ မိုးကောင်းကင်၌ ၎င်း၊ အောက်မြေကြီး အရပ်၌၎င်းပင်လယ်အောက်၌၎င်း၊ ဘုရားသခင်သည် ရှိသည်။ သို့သော်သူသည် သတ်မှတ်ထားသောနေရာ၊ သူ၏ ပလ္လင်တော်၌ ကျိန်ဝပ်သည်။ ထိုနေရာသည် ကောင်းကင်ဘုံဖြစ်သည်။ ကောင်းကင်ဘုံသည် အစကတည်း ကတဲတော်၊ အသန့်ရှင်းဆုံးငှါနဖြစ်သည်။ သို့သော်လူများ ကထိုအရာကိုမသိ။ ကောင်းကင် ဘုံသို့လည်းမရောက်နိုင်သောကြောင့် ဘုရားသခင်ကိုယ်တိုင်ဤလောသို့ ဆင်းကြွလာ၍၊ လူများထံ၌ကျိန်ဝပ်သည်။ ဘုရားသခင်က မောရှေထံ၌ ဤကဲ့သို့ မှာထားသည်။ "ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကိုလုပ်ကြစေ။ ငါပြသမျှသော တဲတော်ပုံ၊ တဲတော် တန်ဆာပုံနှင့် အညီလုပ်ရမည်။" (ထွက်၂၅:၈-၉)။ ဘုရားသခင်၏ စေခိုင်းချက်အတိုင်း မောရှေသည် တော၌ တဲတော်ကို တည်ဆောက်ခဲ့သည်။ ဘုရားသခင်သည် တဲတော် အထဲ၌ ကျိန်းဝပ်သောကြောင့်၊ ယဇ်ပုရောဟိတ်မှတပါးအဘယ်သူမျှတဲတော် အထဲသို့ ဝင်ခွင့်မရှိပေ။ အကယ်၍ ဝင်ခဲ့သည် ရှိသော်သေရမှာဖြစ်သည်။ ထိုတဲတော်ကို ဘုရားသခင်က မောရှေအား သိနာတောင်ပေါ်၌ ရက်ပေါင်းလေးဆယ်နေသောအခါ ပြခြင်းဖြစ်သည်။ ထို့ကြောင့်ကောင်းကင်၌ ရှိသောတဲတော်သည် အစစ်ဖြစ်၍၊ မြေကြီး ပေါ်ရှိတဲတော်သည် အရိပ်ဖြစ်သည်။ ကောင်းကင်တဲတော် အစစ်ကို ပဌမ ဆုံးမောရှေကမြင်ခဲ့သည်။ ထို့နောက်ဓမ္မဟောင်းခေတ်ပရောဖက်များဖြစ်ကြသော ဟေရှယ၊ ယေဇကျေလတိုလည်း မြင်ခွင့်ရကြသည်။ ကောင်းကင် တဲတော်ကို ရှင်ပေါလုကမြင်ခဲ့ကြောင်း ဤသို့ ရေးသားခဲ့သည်။ "ငါသည် ဝါကြွားခြင်းကို မပြုသင့်လျှင်၊ ခင်ဘုရား ပြတော်မူသော ထူးဆန်းသော ရူပါရုံနှင့် ဗျာဒိတ်တော် များကို တဖန် ပြောဦးမည်။ တဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့် ဖြစ်သော လူတယောက်ကို တတိယကောင်းကင်သို့ တိုင်အောင် ချီဆောင်သည် အကြောင်းကို ငါသိ၏။ ထိုအခါ သူ၌ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင် သိတော်မူ၏။ ထိုသူသည် ပရဒိသုဘုံသို့ ချီဆောင်ခြင်းကို ခံရ၍၊ လူမပြောအပ် မပြောနိုင်သော စကားကို ကြားသည် အကြောင်းကို ငါသိ၏။" (၂ ကော ၁၂:၁-၃) ထိုကောင်းကင် တဲတော်ကို ရှင်ယောဟန်ကလည်း မြင်၍ ဗျာဒိတ်ကျမ်းထဲ၌ များစွာရေးသားခဲ့သည်။ (ဗျာ ၁၊ ၄၊ ၅)

နှစ်ပေါင်း ၁၅၀ဝ အရိပ်၌
လောက၌ ရှိသော တဲတော်သည်၊ ကောင်းကင်ဘုံ၌ ရှိသော တဲတော်၏ အရိပ် ဖြစ်ကြောင်း ဤသို့ ရေးသားသည်၊ "မောရှေသည်တဲတော်ကို ဆောက်လုပ်အံ့သောအခါ၊ တောင်ပေါ်မှာသင့်အားပြခဲ့ပြီးသောပုံနှင့်ညီလျော်စွာ အလုံးစုံတို့ကိုလုပ်ခြင်းငှါ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ်ပုရောဟိတ်တို့သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။" (ဟေ ၈:၅) ဣသရေလများ သည် မောရှေဆောက်သော တဲတော်၌ အကြမ်းအားဖြင့် နှစ်ပေါင်း ၅၀ဝ ခန့်ကိုးကွယ်ခဲ့ ကြသည်။ ထို့နောက်ရှောလမုန်မင်းကတဲတော်အစား ဗိမာန်တော်ကိုတည်ဆောက်၍၊ ထိုဗိမာန်တော်၌ နှစ်ပေါင်း ၃ရ၅ ခန့်ကိုးကွယ်ခဲ့ကြသည်။ သူတို့အပြစ်ကြောင့် ရှောလမုန်ဗိမာန်တော်ကို၊ ဗာဗုလုန်များကဘီစီ ၅၈၅ တွင်မီးရှို့ဖျက်ဆီးလိုက်သည်။ တဖန် ပါးရှားဘုရင်ကုရုမင်းကို ဘုရားသခင်ကစေခိုင်းသည့်တိုင်း၊ ဒုတိယဗိမာန်ကို ယေရုဗဗေလဦးဆောင်ခြင်းဖြင့် ပြန်ဆောက်ကာ၊ ဘီစီ ၅၁၆ တွင်ပြီးစီးခဲ့သည်။ ထိုဒုတိယဗိမာန်တော်ကို အေဒီရဝတွင် ရောမစစ်သားများက၊ မီးရှို့ဖျက်ဆီးလိုက်ကြသည်။ ထို့ကြောင့် ပဌမနှင့် ဒုတိယ ဗိမာန်တော်တွင် အကြမ်းအားဖြင့် နှစ်ပေါင်း ၁၀ဝ၀ ခန့်ကိုးကွယ်ခဲ့ကြသည်။ အဘယ်ကြောင့်ဘုရားသခင်က၊ လောကရှိလူ့လက်နှင့်ဆောက်သောတဲတော်နှင့်ဗိမာန်တော်၌၊ ထိုမျှလောက်ကြာအောင် သူ့ကိုကိုးကွယ်ခိုင်းသနည်းဟူမူကား၊ လူသားများ သည် အပြစ်ရှိ၍ ကောင်းကင်ဘုံသို့မတက်နိုင်ကြ။ ထို့ကြောင့်မြေကြီးပေါ်၌မည်ကဲ့သို့ ဘုရားကို ကိုးကွယ်ရမည်ကိုနှစ်ပေါင်းများစွာ အရိုးစွဲအောင်၊ နောကြေနေအောင်ကို လေ့ကျင့်ခိုင်းခြင်းဖြစ်သည်။

တဲတော်အစစ်၌
ဘုရားသခင်၏ မူလရည်ရွယ်ချက်အတိုင်း၊ လောကရှိလူ့လက်နှင့် ဆောက်သောတဲတော်၌၊ သူ့ကို ထာဝရကိုးကွယ်ဘို့ မဟုတ်။ ထို့ကြောင့် တဲတော် အစစ်သို့ ပြောင်းရမည့် အရိပ်အရောင်ကို၊ သခင်ယေရှု ကရှမာရိအမျိုးသမီးထံသို့ ပြောဆို ခဲ့သည်။ ရှာမရိအမျိုးသမီးက၊ "အကျွန်ုပ်တို့ ဘိုးဘေးများသည် ဤတောင်ပေါ်၌ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင် မြို့၌ သာကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကို ယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင် မြို့သို့ မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့် အချိန်ကာလ ရောက်ဆဲရှိ၏။" (ယော၄:၂၀-၂၁) ထိုသို့နှင့် အညီသခင်ယေရှု အသက်တော် စွန့် သောအခါ၊ ဗိမာန်တော် ကုလားကာစုတ်ကွဲကြောင်း ဤသို့ ရေးထားသည်၊ "ယေရှုသည် ကြီးသော အသံနှင့် တဖန် ကြွေးကြော်ပြီး လျှင်၊ အသက်တော်ကို လွှတ် တော်မူ၏။ ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက် စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီး လှုပ်လေ၏။ ကျောက်များ တို့သည် ကွဲပြား ကြ၏။" (မ၂ရ:၅၀-၅၁)။ အဘယ်ကြောင့် ဗိမာန်တော် ကုလားကာကွဲသနည်းဟူမူကား၊ မြေကြီး ပေါ်ရှိလူ့လက်နှင့် ဆောက်သော ဗိမာန်တော်၌ ဘုရားသခင်ကို ကိုးကွယ်ခြင်း ကုန်ဆုံးကြောင်းကို ပြခြင်း ဖြစ်သည်။ ထို့ကြောင့် ဟေဗြဲကျမ်းစာ၌ ဤသို့ ရေးသား ထားသည်။ "ယခုမှာလူလက်ဖြင့် မလုပ်၊ ဤလောက ဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ ကြီး မြတ်စုံလင်သော တဲတော်၌၊ နောက်မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ် မင်း ဖြစ်သော ခရစ်တော်သည် ငါတို့အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍၊ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိ အသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တခါတည်း ဝင် တော်မူ၏။" (ဟေ၉:၁၁-၁၂) ငါတို့၏ ယဇ်ပုရောဟိတ် မင်း ဖြစ်သော ခရစ်တော်သည် လောက ရှိလူ့လက်နှင့် ဆောက်သော တဲတော် (သို့မဟုတ်) ဗိမာန်တော် ထဲသို့ မဝင်ဘဲ၊ ကောင်းကင် ရှိဘုရားသခင် တည်ဆောက်ထားသော ဗိမာန်တော် အစစ်ထဲသို့ မိမိ အသွေးကို ပူဇော်ခြင်းငှါ ဝင်ခဲ့သည်။ ထို့ကြောင့်လောက ရှိဗိမာန်တော်သည် မလိုတော့ချေ။ တဖန် ကျမ်းစာ၌ ဤသို့ တွေ့ရသည်။ "ယခုဆိုခဲ့ပြီးသော အကြောင်း အရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ် မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင် ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လကျာ်ဘက်မှာထိုင်နေ တော်မူ၏။ လူမဆောင်ဘဲ ထာဝရ ဘုရား ဆောက် တော်မူသော တဲတော် စစ်တည်း ဟူသော၊ သန့်ရှင်းရာ ဌာန၌ ဘုရားဝတ်ကို ပြုသောသူ ဖြစ်တော်မူ၏။" (ဟေဗြဲ၈:၁-၂) ခရစ်တော်သည် ကောင်းကင် တဲတော်၌ ယုံကြည်သူများအတွက် ဘုရားဝတ်ပြုသောသူ ဖြစ်သည် ဟု အထက်ပါ ကျမ်းစာ၌ ဆိုထားသည်။ ထိုသို့ ခရစ်တော် ကဝတ်ပြုပေးသောကြောင့်၊ ဘုရားသခင်က ယုံကြည်သူ များ၏ မြေကြီး ပေါ်မှဝတ်ပြုခြင်းကို လက်ခံနိုင်ခြင်း ဖြစ်သည်။ ထိုသမ္မာတရားကို သိဘို့ လိုသည်။

သင်ခန်းစာ (၈) မေးခွန်းများ

၁။ ဘုရားသခင်ကို မည်သည့်နေရာ၌ကိုးကွယ်ရမည်နည်း။ …………………………..
၂။ စစ်မှန်သော တဲတော်သည် မည်သည့်နေရာ၌ ရှိသနည်း။ ………………………………..
၃။ မြေကြီး ပေါ်၌ တည်ဆောက်သော တဲတော်သည် အ…………………………. ဖြစ်သည်။
၄။ ကောင်းကင် တဲတော်ကိုမည် သူများ ကမြင်ခဲ့ကြသနည်း။ ………………………………………
၅။ ဣသရေလ လူများသည် တဲတော်၌ နှစ်ပေါင်း၏ ခန့်နှင့် ဗိမာန်တော်၌ နှစ်ပေါင်း………………ခန့်ကိုးကွယ် ကြသည်။
၆။ ခရစ်တော် ကရှာမရိအမျိုးသမီးထံဘာပြောခဲ့သနည်း။ ……………………………….
ရ။ အဘယ်ကြောင့် ဗိမာန်တော် အထဲရှိကုလားကာစုတ်ကွဲခဲ့သနည်း။ ……………………………
၈။ မည်သည့်အချိန်၌ မြေကြီး ပေါ်ရှိတဲတော်၌ ကိုးကွယ်ချိန် ကုန်ဆုံးခဲ့သနည်း။ ………………………..
၉။ ယဇ်ပုရောဟိတ် ခရစ်တော်သည် မည်သည့်တဲတော်၌ ဝင်ခဲ့သနည်း။ ………………………………
၁၀။ ခရစ်တော်သည် မည်သူအတွက် ဝတ်ပြုပေးပါသနည်း။ …………………………………..

PART B (ဆက်ဖတ်ရန်)

Scroll to Top